အောက်လမ်း ဦးသံချောင်း(စ/ဆုံး)

Unicode Version

အောက်လမ်း ဦးသံချောင်း(စ/ဆုံး)
——————————————
ဇာတ်လမ်းလေးကား နမ္မတူမြို့နယ်ကလေး၏ ၁၉၈၀ ခုနစ်ဝန်းကျင်ခန့်လောက်ကဖြစ်ပေလိမ့်မည်။ ယခုတလော ရုရှားတောင် ဟုခေတ်စားနေသည့် နေရာလေးနှင့် မနီးမဝေး မြို့ငယ်လေး လို့ဆိုသော်ကားလည်း မမှားပေ။ သမိုင်းဝင် အမွေအနှစ်များ နှင့် ပြည့်နှက်နေသော ထိုမြို့ကလေး ကား သမိုင်းဝင် ဇာတ်လမ်းများ နှင့်လည်း ပြည့်နှက်လို့နေပေ၏။
ထိုဇာတ်လမ်းများထဲမှ အောက်လမ်း ဦးသံချောင်းဆိုသော ဇာတ်လမ်းလေး အား ယခုလို ကောက်နုတ်တင်ပြလိုက်ရပါသည်။
နမ္မတူမြို့သို့ရောက်ဖူးသူများအတွက်တော့ ထိုမြို့ကလေး၏ အသံကိုကြားလိုက်သည် နှင့်တစ်ပြိုင်နက် အင်္ဂလိပ်ခေတ်က ကျောက်မီးသွေး ရထားများ စက်ရုံဟောင်း တိုင်းရုံးတံတား သုံးဆယ့်နှစ်မိုင်တံတား အစရှိသဖြင့် ရှေးဟောင်း လက်ရာများကို ပြေးမြင်မိကြမည်မှာ မလွဲပေ။
မြို့လည်ခေါင်က ဖြတ်သန်းစီးဆင်းနေသော နမ္မတူချောင်း ခေါ် ဘီလူးမ ချောင်းကိုလည်း ကောင်းမွန်စွာသိကျွမ်းကြလိမ့်မည်။ ယခုရေးသားတင်ပြမည့် အောက်လမ်း ဦးသံချောင်းဟု အများသိကြသော ထိုလူမှာ အလွန် အစွမ်းထက်သော ယောကျာ်းစုန်း အောက်လမ်း ဆရာတစ်ယောက်လည်း ဖြစ်လေ၏။
ရှေ့မှီနောက်မှီ များအဖို့တော့ ထိုအောက်လမ်း ဆရာအား နာမည်ကြားသည်နှင့် သိကြလိမ့်မည်မှာ မလွဲပေ။
ဦးသံချောင်းကား အောက်လမ်းဆရာ တစ်ယောက်ပီပီ စိတ်ဆတ်သည့် သဘောရှိပေလိမ့်မည်။ သူ မကြည်ဖြူတော့ပါက ထိုသူအား ထိခိုက်ရုံပင် မက အသက်သေစေနိုင်သည်အထိ ပြုစားတတ်သော ၎င်း၏ ပညာစွမ်းကား ကြောက်မက်ဖွယ်ကောင်းလှ၏။
ယခုဇာတ်လမ်းလေး‌တွင်လည်း ဦးသံချောင်း၏ ပြုစား ချက်ကြောင့် အသက်ဘေးမှ သီသီကလေး လွှတ်မြောက်လာခဲ့သော မြို့ခံ ဦးလေး တစ်ယောက်ဖြစ်သည့် စံမောင် ခေါ် ဦးစံမောင် အကြောင်းကို ရေးသားဖော်ပြလိုက်ရပါ၏။
+++++++
အချိန်ကား မနက်ကိုးနာရီ ခန့်လောက်ပင် ရှိပေလိမ့်အုံးမည်။ ရုံးပိတ်ရက်လည်း ဖြစ်သည်မို့မောင်ဝင်း တစ်ယောက် အိမ်သန့်ရှင်းရေး လုပ်ကာ အချိန်ကို ကုန်လွန်စေ၏။မောင်ဝင်း၏ သားငယ်လေး ဖိုးသား မှာတော့ တောင်ပြေးလိုက် မြောက်ပြေးလိုက်ဖြင့် သူ၏ ဖခင်အနီးတွင် ကစားလို့နေသည်။ ထိုစဉ်မှာ ပင် ၎င်း၏ ခြံထဲသို့ လူတစ်ယောက်ဝင်လာလေတော့၏။
“ဟာ … ကိုသံချောင်းပါလား … ဘာကိစ္စရှိလို့လဲ ”
မောင်ဝင်းက ခြံထဲသို့ဝင်လာသော ဦးသံချောင်း အား လောကွတ်ပြုစကားစလိုက်လေ၏။ ဦးသံချောင်းကား အသက် လေးဆယ် လေးဆယ့်ကျော်ခန့်သာ ရှိသေးသော အရွယ်ကောင်းတစ်ယောက်ဖြစ်၏။
အမြဲလိုလို စူးရှတောက်ပေ နေသော ၎င်း၏ မျက်လုံး အစုံ ကလည်း ကြာကြာစိုက်ကြည့်ဖို့ရန် ခက်ခဲ၏။ ဦးသံချောင်းအား အောက်လမ်း ဆရာ/ ယောကျာ်းစုန်း အဖြစ် သိသူကလည်း မများလှပေ။
“အေ … မောင်ဝင်း … ဆေးလိပ်ရှိရင် ပေးစမ်းပါအုံး ”
“ဟာ … ကိုသံချောင်းကလည်း … ကျုပ်မှ ဆေးလိပ်မသောက်တတ်တာ … ဘယ်နှယ့်လုပ် ဆေးလိပ်ရှိရမှာလဲ ”
“အော်အေ … ဟုတ်သလားဟ … ငါဆေးလိပ် လိုချင်လို့တောင်းတာပါ …. ရှိရင်ပေးလှည့်စမ်းပါ ”
“မရှိပါဘူးဆိုဗျာ … မရှိတာ ကိုကျုပ်က ဘယ်လို ပေးရမှာလဲ … အိမ်မှာလဲ ဆေးလိပ်သောက်တဲ့ လူမရှိတော့ … ဝယ်မထားဘူး … ”
မောင်ဝင်းက အနည်းငယ် လေသံမာမာဖြင့် ပြောလိုက်မိ၏။ ထိုအခါမှာတော့ ဦးသံချောင်းလည်း မည်သို့မျှ ဆက်မပြောတော့ဘဲ မောင်ဝင်း ခြံထဲမှ ခေါင်းတညိမ့်ညိမ့် နှင့် ထွက်သွားလေတော့၏ ။
မောင်ဝင်းမှာတော့ ခေါင်းလာစားသော ဦးသံချောင်းအား စိတ်ထဲမှ မကျေမချမ်းဖြင့် တီးတိုးရေရွတ်ကာ ကျန်ရစ်ခဲ့ပါတော့သည်။ မောင်ဝင်း တစ်ယောက် သူဘာလုပ်လိုက်မှန်းလည်း သူမသိလိုက်ပေ။
သူ့ထံတွင် ဆေးလိပ်မရှိ၍ မရှိဘူးဟုဆိုကာ ငြင်းလွှတ်လိုက်ခြင်းအတွက်တော့ သူအပြစ်မရှိပေ။ သို့သော် အငြိုးကြီးသော အောက်လမ်း ဆရာကြီး ဦးသံချောင်း အဖို့တော့ အနည်းငယ် စိတ်ကွက်သွားခဲ့ရလေတော့၏။
နေ့လည် ဆယ့်နှစ်နာရီ ခန့်သို့ရောက်လာခဲ့တော့သည်။ မောင်ဝင်း၏ ဇနီး သန်းမြလည်း ဈေးက ပြန်ရောက်ကာ နေ့လည်စာအတွက် ချက်ပြုတ် ပြင်ဆင်‌နေလေ ၏။ မောင်ဝင်းမှာတော့ ခြံသန့်ရှင်းရေးလုပ်ပြီးနောက် ရေမိုးချိုးနေ၏။
မနက်ကတည်းက ဖခင်ဖြစ်သူ အနား ဆော့ကစားနေသည့် ငါးနှစ်အရွယ်သာသာရှိသော ဖိုးသားလေးမှာတော့ ကစားနေရင်းမှ ရုတ်တရက် ဘိုင်းကနဲ ပစ်လဲ ကျသွားလေတော့၏။ ဖိုးသားလေး ရုတ်တရက်လဲ ကျသွားသည်ကို မောင်ဝင်း တစ်ယောက် ရေချိုးရင်းမှ လှမ်းမြင်‌နေရ၏။
“ဟာ … သန်းမြ … ဖိုးသား ချော်လဲသွားပြီ … လာထူပါအုံး ဟ”
“လာပါပြီတော် …”
သန်းမြလည်း မောင်ဝင်း အသံကြောင့် ချက်ပြုတ်နေ‌ရာမှ အပြေးတပိုင်းဖြင့် ထွက်လာလေတော့၏။ ဖိုးသားလေးမှာတော့ လဲကျသွားရာ မှ ချက်ချင်းမထနိုင်ပေ။ မသန်းမြလည်း ကလေး အား လဲကျနေရာမှ ထူလိုက်သော်လည်း ကလေးမှာ ပျော့ခွေသတိလစ်လို့နေလေ၏။
“အမလေး … ကိုမောင်ဝင်းရေ … လာပါအုံး … တော့်သား … ခေါ်မရတော့ဘူး ”
“ဟေ ….”
အမှန်ပင် ဖိုးသားလေးမှာ လဲကျသွားရာမှ သတိလစ်သွားခဲ့လေတော့သည်။ ဆော့နေရင်းမှ ရုတ်တရက်ပစ်လဲကာ သတိလစ်သွားသော သားတော်မောင်ကြောင့် မိဘ နှစ်ပါးစလုံး ပျာယာခတ်သွားလေတော့၏။
လင်မယားနှစ်‌ယောက် ရုတ်ရုတ်သဲသဲဖြစ်သွားဖြစ်သွားသည့် အသံကြောင့် အိမ်နီးနားချင်းများပါ ချက်ချင်းဆိုသလို ရောက်လာကြတော့သည်။
“ဟဲ့ … ဟဲ့ … မောင်ဝင်း … ကလေးက ဘယ်လိုဖြစ်ရတာတုန်း ”
“မသိဘူး … အရီးစိန် … ဆော့နေရင်းက ခေါက်ကနဲ လဲပြီး သတိလစ်သွားတာ … အခုခေါ်လို့မရတော့ဘူး ”
“နင်တို့နဲ့လည်းအေ … ကလေးကို ဂရုမစိုက်ကြဘူး … ကလေးက ပြေးရင်းလွှားရင်း လဲသလား ”
“မဟုတ်ဘူး … အရီးစိန် … ကျုပ်ရေချိုးရင်းကြည့်နေတာ … ဒီတိုင်း အနောက်က တစ်ယောက်ယောက် ပစ်တွန်းလိုက်သလို လဲသွားတာပဲ ”
“ဘုရား … ဘုရား … ဒါဆို ညည်းတို့သား … သွေးရိုးသားရိုး တော့မဟုတ်ဘူး … ကလေးကို အိမ်ထဲ ‌ထည့်ကြပါအုံး … အပြင်မှာ နေကလဲ ပူပါဘိသနဲ့ ”
အရီးစိန်၏ အပြောကြောင့် မောင်ဝင်းလည်း ဖိုးသားအား ပွေ့ချီကာ အိမ်ထဲရှိ ကုတင်ပေါ်၌ တင်ထားလေ၏။ မသန်းမြ နှင့် အခြားသော မိန်းမကြီး တစ်ယောက်မှာတော့ ဆရာဝန် ပြေးပင့်နေကြသည်။
အိမ်ထဲတွင်တော့ သတိလစ်နေသော ဖိုးသားလေး နှင့်အတူ မောင်ဝင်း အရီးစိန်သာ ကျန်ခဲ့လေ၏။
“မောင်ဝင်း … ငါ့ကိုပြောစမ်း … ဖိုးသား ဘယ်နေရာတွေသွားသေးလဲ … ”
“ဘယ်မှမသွားဘူး အရီးစိန် … တမနက်လုံး ကျုပ်နဲ့ ရှိနေတာ … ”
“ဒါဆို … မနက်က နင်တို့ ဆီဘယ်သူလာသေးလဲ”
အရီးစိန်၏ အမေးကြောင့် ကိုမောင်ဝင်းလည်း အတန်ကြာအောင် စဉ်းစားလိုက်ကာ
“မနက်က … ကိုသံချောင်းတော့ … ဆေးလိပ်လာတောင်းတယ် ”
“နင်ပေးလိုက်သလား … မောင်ဝင်း ”
“မပေးလိုက်ဘူးဗျ … ကျုပ်မှာလည်း ဆေးလိပ်မရှိလို့ … ဒါကိုသူက မကျေမနပ်တဲ့ ပုံနဲ့ ထွက်သွားတယ် ”
“တော်တော်မိုက်ပါ့လား … မောင်ဝင်းရယ် … သံချောင်း အကြောင်းလည်း နင်တို့ မသိတာ မဟုတ်ဘူး … သူကမကြည်ရင် မကြည်သလို ဖယောင်းတိုင်ထွန်းပြီး တိုက်တာ … နင်တို့ အသိပဲ… ကဲကဲ … ကလေး ငါကြည့်ထားမယ် …စံမောင် ဆီသွား အကျိုး အကြောင်းပြောပြီး …. သံချောင်းဆီသွားချေ ”
“ဟုတ် … ဟုတ် … အရီးစိန် ”
မောင်ဝင်းလည်း ထိုသို့ပြောပြီး ကိုစံမောင့်ဆီထွက်လာခဲ့လိုက်တော့သည်။ စံမောင်ထံရောက်တော့ အကျိုးအကြောင်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေ၏။
ဦးသံချောင်းကား စံမောင် တို့၏ ခြံထဲတွင် ဌားနေသော လူတစ်ယောက်ဖြစ်လေ၏။ ထို့ကြောင့်လည်း ၎င်းနှင့် ပတ်သက်သမျှ ကိစ္စများကို စံမောင်က အိမ်ရှင်ပီပီ လိုက်ဖြေရှင်း ပေးရသည်မှာလည်း မနည်းတော့ပေ။
စံမောင်မှာ အသက် နှစ်ဆယ်ကျော် နှစ်ဆန့်ငါးဝန်းကျင်လောက်ရှိပြီး အသားမဖြူမညို ရှိလေ၏။ လူမှာလည်း ခပ်ပိန်ပိန် ခပ်သေးသေး နှင့်အတူ ကျိုးတိုးကျဲတဲ ပေါက်နေသော ၎င်း၏ နှုတ်ခမ်းမွေး က လူနှင့် လိုက်ဖက်လှသည်။
“ကိုသံချောင်း … ဗျို့ ကိုသံချောင်း ”
ဦးသံချောင်းမှာတော့ အသက်အရွယ်အားဖြင့် စံမောင်ထက် ကြီးလေ၏။ ထို့ကြောင့်လည်း စံမောင်က လေးစားသမှုဖြင့် ကိုသံချောင်းဟုခေါ်လေ၏။
“ဟေ့ … ဘယ်သူလဲ ”
“ကျုပ် … စံမောင်ပါ ”
“စံမောင် … ဘာကိစ္စရှိလို့လဲ ”
“ခင်များ … ဖယောင်းတိုင် ထွန်းထားလို့ မောင်ဝင်းသား သတိလစ်နေပြီ …အဲ့ဒါကြောင့်လာတာ ”
“ငါမထွန်းဘူး … မင်းတို့ပြန်ကြတော့”
ဦးသံချောင်းက ၎င်း၏ အိမ်ခန်းထဲမှ နေ၍ မထွန်းဘူးဟု ငြင်းကာ စံမောင်တို့အား ပြန်လွှတ်လေ၏။ ထိုအခါ စံမောင်ကလည်း
“ဟေ့လူ … ကျုပ်အေးဆေး ပြောနေတယ်နော် … ကျုပ်တို့ တံခါးဖျက်ပြီး ဝင်လာရမလား … ခင်များ ဖယောင်းတိုင် မှုတ်ပေးမလား … အေ အထဲရောက်လာမှတော့ စံမောင့် အဆိုးမဆိုနဲ့နော် … ကို‌သံချောင်း ”
စံမောင်လည်း စိတ်မရှည်တော့ဘဲ အပြင်မှ နေ၍ လှမ်းကြိမ်းလိုက်လေတော့သည်။ ထိုအခါမှာတော့ အိမ်ထဲက အသံလည်း အတန်ကြာအောင်တိတ်ဆိတ်သွားလေတော့၏။
“ဘာလို့ … အဲ့လိုလုပ်ရတာလဲ … ကိုသံချောင်း … ကျုပ်နှစ်ခါ မပြောဘူးနော် … ဖယောင်းတိုင် ချက်ချင်းမှုတ်လိုက် ”
“ငါ မကျေနပ်လို့လုပ်တာ … မောင်ဝင်းက လိပ်ပြာ အားကောင်းနေတော့ … သူ့သားကို ထိတာပဲ”
ဦးသံချောင်း ထိုသို့ပြန်ပြောလေ၏။
“ဘာကို မကျေနပ်တာလဲ … သူတို့က ခင်များကို ဘာလုပ်နေလို့လဲ ”
“ငါဆေးလိပ်တောင်းတာကို မပေးလို့ လုပ်တာကွာ ”
“ခင်များနှယ့် …တံခါးလာဖွင့် ”
“မဖွင့်ဘူး ….”
ဦးသံချောင်းကား ခေါင်းမာလှပေသည်။ ထိုအခါမှာ‌တော့၎င်း ထက်ပိုကာ စိတ်ဆတ်လှသော ကိုစံမောင်က တံခါးကို ကန်ချိုးကာ အထဲသို့ဝင်လိုက်လေတော့၏။ အမှန်ပင် ဦးသံချောင်းမှာ အရိုးခေါင်းပေါ် ဖယောင်းတိုင်ထွန်းထားလေ၏။
ဖယောင်းတိုင်မှာ အတော်ပင်အရည်ပျော်ကျကာ လက်နှစ်လုံးခန့်သာ ကျန်တော့၏။ ထိုဖယောင်းတိုင်ကုန်သွားပါက ကိုမောင်ဝင်းသားမှာ မြေကြီးလက်ခတ် မလွဲ သေပေတော့မည်။
“ဖယောင်းတိုင်မီးကိုညှိမ်းလိုက်နော် … ကိုသံချောင်း … နောက်တခါဆိုရင်တော့ … ကျုပ်က ပါးစပ်နဲ့ပြောမှာမဟုတ်ဘူး … ”
ကိုစံမောင်လည်း ထိုသို့ပြောလိုက်တော့မှ မိမိဘက်က အရေးမသာတော့မှန်းသိကာ ဦးသံချောင်း တစ်ယောက် ၎င်း၏ ဖယောင်းတိုင်မီးငြိမ်းပေးလိုက်ရလေ၏။ ထူးဆန်းစွာပင် ဦးသံချောင်း ဂါထာများ ရွတ်ဖတ်ကာ ဖယောင်းတိုင်မီးငြိမ်းပြီးနောက်တွင်တော့ ကိုမောင်ဝင်းသား ဖိုးသားလေး မှာ အကောင်းပကတိအတိုင်း သတိပြန်လည်လာခဲ့ပါလေတော့သတည်း ။
ဖိုးသား လေး သတိပြန်ရလာပြီး‌နောက်တွင်တော့ မောင်ဝင်း တို့လည်း ဦးသံချောင်းအား ရဲတိုင်ခြင်း အရေးယူခြင်းများ မလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဦးသံချောင်းထံမှ အမုန်းသံသရာရှည်မည်ကို သူတို့မလိုလားသောကြောင့်ပင်။ သို့တစ်ဖန် အောက်လမ်း နှင့်လုပ်သည်ဟု ရဲသွားတိုင်ပါကလည်း သက်သေ သာဓကများ မရှိသည်မို့ အကျိုးထူးမည်မဟုတ်ပေ။ ထို့ကြောင့်လည်း ဤကိစ္စလေး သည် ကိုမောင်ဝင်းတို့ဖက်မှ ကြေအေးကာ အဆုံးသတ်ခဲ့လိုက်ရတော့၏။
ဤသို့လျှင် ဦးသံချောင်းအား အရေးမယူနိုင်ခြင်း ထိထိရောက်ရောက် မဆုံးမခြင်းများကြောင့် ၎င်းမှာ ကောင်းလာဖို့ရန် ဝေးစွ တစ်ဆထက်တစ်ဆ ဆိုးသွမ်းလာကာ အောက်လမ်း ဦးသံချောင်း ဟူ၍ ပင် နာမည် ကမ္ဗည်း အသစ်တွင်လို့သွားခဲ့ရပါလေ တော့၏။
++++++++++
( ၂ )
ထိုအဖြစ်အပျက်ကလေး ဖြစ်ပွားပြီး မကြာမီ ကိုစံမောင်၏ နေအိမ်၌ ငယ်ပေါင်း သူငယ်ချင်းဟောင်းဖြစ်သည့် အောင်ကြီးက အရက်လာသောက်လေသည်။ စံမောင်ကလည်း အရက်ကြိုက်တတ်သော သူမို့ နှစ်ယောက်သား သောက်ရင်း စားရင်း စကားပြောရင်းက အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ရလေ၏။ ညခုနစ်နာရီ ကတည်းက ထိုင်သောက်က စကားပြောနေရင်းမှ ယခု ည သန်းခေါင်ကျော်လာသည်အထိပင်။
“ပြောကို မပြောချင်ပါဘူး စံမောင်ရာ ”
“ဟာ … ဘာကိုမပြောချင်တာလဲ … မင်းမလည်း စသောက်ကတည်းက ညည်းနေညူနေလိုက်တာ … ငါတောင် မျက်ရည်စို့လာပြီ … ကဲကဲ မင်း ဘာကိုမပြောချင်တာလဲ ပြော အောင်ကြီး ”
နှစ်ယောက်သား အသံဩဗလုံးဗထွေးကြီး ဖြင့် တစ်ယောက် နှင့်တစ်ယောက် အပြန်အလှန်ပြောဆို နေကြ၏။
“မပြောချင်ပေမယ့်လည်း … မင်းက ပြောဆိုတော့ ပြောရတော့မာပေါ့ကွာ … ငါ ခုတလော ကံတွေ အရမ်းညံ့နေတယ်လို့ ခံစားရတယ်ကွာ … အလုပ်ထဲက သူဌေးကလည်း ငါ့ကို အမြင် မကြည်ဘူး … ငါသာ တခုခု ခြေချော်လက်ချော် ဖြစ်ရင် အလုပ်က တန်းထုတ်ခံရမာ ”
“ဟာ … မဖြစ်သေးတာကို ကြိုတွေးပူမနေစမ်းပါနဲ့ … အောင်ကြီးရာ … ကံလေး ဘာလေး တက်အောင် ယတြာလေး ဘာလေး ချေလိုက် … ဒါဆို အဆင်ပြေလောက်မှာပါ … အေ့ ”
“မင်းပြောတာ ဟုတ်သကွ … နို့ ဗေဒင်ဆရာ ကဘယ်မှာ ရှိလို့တုန်း … ခုခေတ်က လူလိမ်တွေ ခပ်များများရယ် … အမှန်အကန်ကရှားဟ ”
ကိုအောင်ကြီး၏ အပြောကြောင့် ကိုစံမောင်လည်း တဒင်္ဂ ငြိမ်သက်သွားပြီး ဗေဒင်ဆရာ ကောင်းကောင်း တစ်ယောက်ကို စဉ်းစားနေလိုက်သည်။ စဉ်းစားနေရင်းမှ လက်ကြားထဲ ညှပ်ထားသော ဖက်ကြမ်းအတိုကို တစ်ရှိုက်မျှ ရှိုက်လိုက်ရင်း
“‌ကိုသံချောင်းတော့ရှိတယ်ကွ … သူက အောက်လမ်း ဆရာယောင်ယောင် ဗိန္ဒောဆရာ ယောင်ယောင် ဗေဒင်ဆရာ ယောင်ယောင်ပဲ … ဒါပေမယ့် သူယတြာလုပ်ပေးလိုက်ရင် အဆင်ပြေသွား ကြတဲ့ လူတွေတော့ များသား ” ဟူ၍ စကားစလိုက်တော့သည်။
“အေ … လုပ်စမ်းပါအုံး စံမောင်ရာ … အားကိုးပါတယ်”
“နေအုံးကွ … ခုချိန်ဆို သူလည်းအိပ်နေလောက်ရောပေါ့ … ဘယ်နနာရီ ရှိပြီတုန်း ”
“မိုးကုတ်ကျောင်းကတော့ … နှစ်ချက်တီး တာကြားလိုက်တယ် … မနက်မှ သွားမေးရင်မကောင်းဘူးလား ”
ကိုအောင်ကြီးက ထိုသို့ပြောလေ၏။
“မနက်ဆို အဆင်မပြေဘူး … အောင်ကြီးရ … တခြားလူတွေ လာရင် ဇယားရှုပ်တယ် … ခုထကွာ … လာမင်းနဲ့ငါ သူ့ဆီသွားမယ် ”
“ဟာဖြစ်ပါ့မလား … စံမောင်ရာ ”
“စံမောင် ကြံရင် … ဘယ်ကောင်မှ မခံနိုင်ဘူး … လာလာ ထစမ်းပါကွာ ”
စံမောင်လည်း ထိုင်သောက်နေရာမှ ဝုန်းကနဲ ဒယီးဒယိုင် ဖြင့်ကောက်ထကာ အောင်ကြီးကိုပါ ဆွဲထူပေးလိုက်သေးသည်။ ထို့နောက် ၎င်းတို့နှစ်ယောက် သောက်လက်စ အရက်ဝိုင်းလေးကို စွန့်ခွာကာ ဦးသံချောင်း နေထိုင်ရာ အခန်းဖက်သို့ ဦးတည်လာခဲ့လိုက်ကြတော့သည်။
ဦးသံချောင်း ၏ အခန်းလေး ရှေ့ အရောက်မှာတော့ စံမောင်က တံခါးကို ခပ်ဖွဖွ ခေါက်လိုက်ရင်း
“ကိုသံချောင်း … ကိုသံချောင်း … ”
ဟူ၍ အသံခပ်အုပ်အုပ်ဖြင့် ခေါ်လိုက်သည်။ ခပ်အုပ်အုပ်ဟု ဆိုရသော်လည်း အရက်မူးနေသည့် လေသံ ခပ်ဩဩ ဟုပြောပါက ပိုမှန်ပေလိမ့်မည်။
“ကိုသံချောင်း … ခင်များ မအိပ်သေးတာ ကျုပ်သိတယ် … တံခါးဖွင့်ပေးစမ်းပါအုံးဗျ … အကူညီလိုနေလို့ပါ ”
“ဟေ့ … ဘယ်သူလဲ ”
အိမ်ထဲမှ အသံထွက်လာလေတော့သည်။ ထိုအသံကား ဦးသံချောင်း၏ အသံ
“ကျုပ်ပါ … စံမောင် ပါ … လက္ခဏာ နည်းနည်း လောက်ကြည့်ချင်လို့ ”
“ဟေ့ကောင် … မင်းမူးနေရင် အေးဆေး ပြန်အိပ်စမ်းပါကွာ … မနက်မှ လာခဲ့ ”
“မရဘူးဗျ … အရေးကြီးတယ် … တံခါးသာ အမြန်လာဖွင့်စမ်းပါ ”
ဦးသံချောင်းလည်း ၎င်းကိုယ်တိုင် မထပါက စံမောင် တစ်ယောက်ပြန်မည် မဟုတ်ကြောင်းရိပ်မိလေ၏။ ထို့ကြောင့်လည်း မတတ်သာတော့သည့် အဆုံး တံခါးထဖွင့်ပေးရလေတော့၏။
“ဟော … ကျေးဇူးကြီးလှပါတယ် ကိုသံချောင်းရာ … ဟောဒီက ကျုပ် သူငယ်ချင်းက … လက္ခဏာ နည်းနည်းကြည့်ချင်လို့တဲ့ … ကူညီစမ်းပါအုံး ”
စံမောင်စကား ပြောလိုက်သည် နှင့် သောက်ထားသော အရက်နံ့တို့က ထောင်းကနဲထလို့နေလေသည်။ အောင်ကြီးမှာတော့ စံမောင်လုပ်သမျှကို နောက်မှသာ ငြိမ်လျက်သား ကြည့်နေလိုက်သည်။
“မနက်လာရင် … ခင်များကို အနှောက် အယှက် ဖြစ်မှာဆိုးလို့ပါ … ကိုသံချောင်းရယ် ”
“ကဲကွာ … လာလာ အထဲလာထိုင် … ကြည့်ပေးပြီး တန်းပြန် ကြကွာ … ဟုတ်ပလား … ငါလည်း လုပ်စရာရှိသေးတယ် ”
“ဘာလဲ … ခင်များက ငြိုငြင်တာလား … ကျုပ်မို့လို့ ခင်များလို စုန်းယောင်ယောင် … ဗေဒင်ယောင်ယောင် လူကို ခြံထဲ ခေါ်ထည့်ထားတာနော် … လူပါးမဝနဲ့ … ကျုပ်သူငယ်ချင်းကို ကြည့်ပေးလိုက် ”
အရက်မူးနေသော စံမောင်က တော့ ပါးစပ်ကို ဘရိတ်မထိန်းနိုင်ဘဲ ပြောချင်ရာစွတ်ပြောချလိုက်တော့သည်။ ဦးသံချောင်းလည်း စံမောင်အား မျက်လုံးစိမ်းကြီးဖြင့် ကြည့်ကာ ဘာမျှဆက်မပြောတော့ဘဲ ၎င်းဗေဒင်ကြည့်သည့် နေရာသို့ အသင့်ဝင်ထိုင်လိုက်တော့သည်။ ပြီးနောက် ၎င်းတတ်စွမ်းသမျှ ပညာများဖြင့် အောင်ကြီးအား လက္ခဏာကြည့်ပေးလေ၏ ။
သို့သော်လည်း စံမောင် နှင့် အောင်ကြီးမှာ မူး နေသော သူများဖြစ်သည့်အလျောက် တချက်တချက် ထရယ်လိုက် ။တချက်တချက် မဟုတ်ကြောင်း မမှန်ကြောင်း လက်မခံနိုင်ကြောင်း အစရှိသဖြင့် ကန့်လန့်တိုက်ကြလေ၏ ။ ဦးသံချောင်းက မည်သို့မျှ ပြန်လည် ချေပ မပြောဆိုခဲ့ပေ သို့သော် …..
+++++++++
ညက အသောက်များသွားသလို အိပ်ရာဝင်လည်း နောက်ကျခဲ့ရသည်မို့ စံမောင် တစ်ယောက် နေ့လည် မွန်းတည့်ချိန်လောက်မှ နိုးလာလေတော့သည်။ ခေါင်းထဲကလည်း နောက်ကျိကျိ ဖြစ်နေသလို ညက ဦးသံချောင်းအား ပြဿနာရှာခဲ့ပုံ များကိုလည်း ဝိုးတိုးဝါးတား သတိရလို့နေလေ၏။
ထိုစဉ်မှာပင် ခန္ဓာကိုယ်က ယားယံမှုများဖြစ်လာသည် မို့ စံမောင်လည်း ၎င်း၏ လက်နှစ်ဖက်ဖြင့် ကျော ရင်ဘက် ပေါင် အစရှိသည့် နေရာများသို့ တဗျင်းဗျင်းကုပ်လေတော့သည်။ ညက အင်္ကျီချွတ်ကာ အိပ်လိုက်သည်မို့ ဂျပိုးများ ကိုက်လေသလား ဟုတွေးမိသေးသည်။ ထိုစဉ်မာပင်
“ဟေ့ကောင် စံမောင် … အခုထ ”
ဘယ်ကမှန်း မသိသော အသံကြီးက စံမောင့် ခေါင်းထဲ က ထွက်ပေါ်လာလေတော့၏။ အသံကြီးမှာ ခပ်ပြတ်ပြတ်နိုင်ကာ ဩဇာ ပြင်းလွန်းလှသည်။ စံမောင်လည်း ဘာရယ်ကြောင့်မှန်းမသိ အိပ်ရာထဲမှ ဝုန်းကနဲ ကောက်ထလိုက်မိတော့သည်။
“ချောင်းစပ်ကို … ခုချက်ချင်းပြေး … ”
အသံက ထပ်မံထွက်ပေါ်လာလေ၏။ စံမောင်လည်း ဘယ်သူပြောနေမှန်းမသိရဘဲ တောင်ကြည့် မြောက်ကြည့်ကြည့်ကာ စတင်ပြေးရတော့၏။ သူ့စိတ်က မပြေးသော်လည်း ခြေထောက်များက သူ့အမိန့်ကို မနာခံဘဲ ချောင်းစပ်ကို တဟုန်ထိုးပြေးလေ၏။ ချောင်းစပ် ရောက်သည် နှင့် တစ်ပြိုင် စောစောက အသံမှာ တစ်ဖန် ထပ်ပေါ်လို့ လာပြန်၏။
“ဟေ့ကောင် … ရေကူးစမ်း …”
“ဝုန်း … ဗွမ်း ”
နေကလည်း ကျစ်ကျစ်တောက်ပူလို့နေသည်။ ပေနှစ်ဆယ် သုံးဆယ် သာသာ ကျယ်သော နမ္မတူချောင်း လေးထဲမှာတော့ လူတစ်ယောက်က တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းကို လက်ပစ်ကူးလို့နေလေ၏။ ထိုလူကား စံမောင် ။ နေ့လည် မွန်းတည့်ချိန်လည်း ဖြစ်သည်မို့ လမ်းမ ပေါ်၌ လမ်းသွားလမ်းလာများလည်းရှိလေသည်။ စံမောင့်အား လှမ်းမြင်သော လူများကတော့
“ဟာ … ဟေ့ … ချောင်းထဲမှာ လူမို့လား ”
“ဟယ် … ဟုတ်တယ်တော့ ”
“ဘယ်သူလည်း …ကြည့်ကြစမ်း ကြည့်ကြစမ်း ”
စသဖြင့် နေ့ခင်းကြောင်တောင်ကြီး အထူးအဆန်းလုပ်ပြနေသော စံမောင့်အား ချောင်းအပေါ် တံတားအပေါ် နေရာများမှ ကြည့်နေသည့် လူအုပ်ကြီးထံမှ အသံဗလံများ ဆူညံလာလေတော့သည်။ စံမောင်မှာတော့ ဟိုဖက်ကမ်းမှ ဒီဖက်ကမ်းရောက်သည် နှင့် ၊ တစ်ဖန် ရေထဲ ဒိုင်ဗင်ထိုးကာ မနားတမ်းကူးပြန်၏။
“ကိုသောင်းစိန် … စံမောင် မဟုတ်လား ”
“တယ် … ဒီကောင်နဲ့တော့ကွာ … နေပူပူကြီး သေနေအုံးမယ် … အော်ကြပါဟ ”
“ဟေ့ကောင် … စံမောင် … ကမ်းပေါ်တက် … ဟေ့ကောင်ပြောနေတာကြားလား ”
စံမောင်လည်း တံတား ပေါ်မှ အော်သံများကိုကြားသွားသည်ထင် ။ ထို့ကြောင့် ရေကူးနေရင်းမှ
“ကျုပ်ရပ်လို့မရဘူး … ကျုပ်ကို ရေကူးခိုင်းနေလို့ … ရပ်လို့မရဘူးဗျ ”
ဟူ၍ လှမ်းအသံပြုလေ၏။ အတန်ကြာအောင် ကူးခတ်ပြီးနောက်မှာတော့ စံမောင်လည်း ခြေကုန်လက်ပန်းကျနေဟန်တူလေသည်။ ယက်ကန်ယက်ကန်ဖြစ်လာကာ ရေထဲသို့ မြုပ်လိုက်ပေါ်လိုက်ဖြစ်နေလေတော့၏။ ထိုအခါ ကိုသောင်းစိန် တို့ အဖွဲ့မှ
“ဟာ …. ဟာ … စံမောင် နစ်ပဟ … ဆင်းဆယ်ကြအုံး ”
“သေကုန်တော့မှာပဲ ”
စသဖြင့် လူများလည်း ဝရုန်းသုန်းကား ဖြစ်ကာ အရွယ်ကောင်းကောင်း ကာလသားများက စံမောင့်အား ချောင်းထဲ ဆင်းဆယ်ကြ‌ရတော့သည်။ ကမ်းပေါ်ဆွဲတင်လာပြီးနောက်မှာတော့ စံမောင်မှာ ဟောဟိုက်ဆိုက်ကာ မျက်ဖြူပင်လှန်နေချေပြီ။
ရင်ဘက်ကြီးမှာလည်း ဖားဖိုကြီးလို နိမ့်ချည်မြင့်ချည်။ ကံကောင်းစွာဖြင့် ရေမမွန်းဘဲ ပင်ပန်းလွန်း သဖြင့်သာ စံမောင်တစ်ယောက် သတိလစ်သွားခဲ့ရပါတော့၏။ ကိုသောင်းစိန် တို့အဖွဲ့လည်း စံမောင့်အား ထမ်းပိုးကာ ၎င်းအိမ်သို့ အရောက်ပို့ဆောင်ပေးခဲ့သည်။ အိမ်ရောက်မှသာ အဝတ်အစားများ လဲလှယ်ပေးရင်း အိပ်ယာထက်၌ အိပ်စက်စေခဲ့၏။ စံမောင့်မှာတော့ သတိလစ်နေဆဲပင်။
+++++++++
( ၃ )
နောက်တစ်နေ့ နေ့လည်ခင်းလောက်ရောက်တော့မှ စံမောင်လည်း သတိရလာလေတော့သည်။ မနေ့က နာရီပေါင်းများစွာ ရေကူးခဲ့သောကြောင့် လက်မောင်းများ ခြေထောက်များက ပျော့ခွေလို့နေလေ၏။ ယခုအချိန်ထိလည်း သူဘာဖြစ်မှန်း မသိသလို ဖြစ်ခဲ့သမျှ ကိစ္စများကိုတော့ သူ ဝိုးတဝါးတား သတိရနေလေသည်။
ထိုစဉ်မှာပဲ ၎င်း လဲလျောင်းနေရာ အခန်းထဲသို့ အမွေးရနံ့ အချို့က လေကြောင်းအတိုင်း ဝင်လာလေတော့၏။ မကြာပေ ထို အမွေးရနံ့တို့ နှင့်အတူ အသက်နှစ်ဆယ် ကျော်ခန့်အရွယ်သာ ရှိသော မိန်းကလေး နှစ်ယောက်က သူ့ထံသို့ တရွေ့ရွေ့ ချဉ်းကပ်လာလေတော့၏။
မိန်းကလေး နှစ်ယောက်မှာ ရာဇဝင်ထဲက မင်းသမီးများကဲ့သို့ ဝတ်စုံများကို ဆင်မြန်းထားလေ၏။ အသားအရေများကလည်း ဝင်းမွတ်ကာ ခန္ဓာကိုယ်အလှတရားများကလည်း ရင်ဖုံး အင်္ကျီ ချိတ်ထမီထဲမှ ရုန်းကန်ထွက်ချင်သယောင်။ စံမောင်လည်း ထိုမိန်းမငယ်လေး နှစ်ယောက်အား အကြောင်သားပြူးကြည့်နေမိ၏။
လဲနေရာမှ ထရန်ကြိုးစားသော်လည်း ၎င်း၏ ‌ခြေလက်များက အကြောဆိုင်းနေသလို နည်းနည်းမျှ လုပ်၍ မရပေ။ ချက်ချင်းဆိုသလို အမျိုးသမီးငယ်လေး တစ်ယောက်က စံမောင် ကုတင်ပေးတွင် ဝင်ထိုင်လိုက်ကာ
“ကိုစံမောင် … ကျွန်မတို့နဲ့ အတူလိုက်ခဲ့ပါလား … အရမ်းပျော်စရာကောင်းမှာ… သိလား ”
ရုပ်ရည်ရူပကာ တင်မက အသံလေးမှာလည်း အိစက်ညက်ညောပြီး သာယာ နာပျော်ဖွယ်ကောင်းလှပေ၏။ စံမောင်လည်း ထိုမိန်းကလေးအား ကြည့်ကာ ရှူမိသော ရနံ့များနှင့် အတူ လူပါ မူးနောက်နောက် ဖြစ်လာလေ‌၏။ သို့သော် သတိကို မလွတ်စေဘဲ စံ‌မောင်တစ်ယောက် စိတ်ကို ချုပ်တည်းထားလေသည်။
“မလိုက်ဘူး … မလိုက်နိုင်ဘူး … နင်တို့က ငါ့ကိုသတ်မာ … နင်တို့က လူတွေ မဟုတ်ဘူး ”
“ဟုတ်ပါတယ် … ကျွန်မ တို့က လူတွေမဟုတ်ပါဘူး … ဒါပေမယ့် ကိုစံမောင့်ကို ဒုက္ခမပေးပါဘူ … ကျွန်မတို့ နဲ့ အတူလိုက်ခဲ့ပါနော် ”
“မလိုက်ဘူး … မလိုက်နိုင်ဘူးကွာ … သွား … သွား ”
စံမောင်လည်း သွေးရူးသွေးတန်းဖြင့် အသံ‌ကုန်ဟစ်ကာ အော်ပစ်လိုက်တော့သည်။ ထိုအခါ စံမောင့် ကုတင်ဘေးတွင် ရပ်နေသော မိန်းကလေးက
” သူ့ကို ချက်ချင်းဝိညာဉ် နုတ်ပစ်လိုက်ရင်ကောင်းမယ် … ဒီလူက တော်တော် ခေါင်းမာတာပဲ ”
ဟူ၍ ပြောလိုက်သော စကားသံကို စံမောင်တစ်ယောက် ကြက်သီးထဖွယ်ကြားလိုက်ရတော့သည်။ စောစောက ချစ်ဖွယ်ကောင်းလှသော အမျိုးသမီး လေးမှာ ယခုမှာတော့ ခက်ထန်ကြမ်းတမ်းလာသလို ခံစားလိုက်ရ၏။ ထိုအခါ စံမောင့်ဘေး တွင်ထိုင်နေသော တစ်ယောက်က
“အစ်မတော် … ချော့ပြီး ခေါ်လာခဲ့ပါမယ် … ညီမတော် ပြန်ရင်ပြန်နှင့်ပါ … ”
“အိုမဟုတ်တာ … သူ့လိပ်ပြာ ပါမလာရင် … ဆရာက ကျွန်မတို့ကိုသတ်လိမ့်မယ် ”
ထိုမိန်းကလေး နှစ်ယောက်မှာ ညီအမ ဖြစ်ဟန်တူလေသည်။ စံမောင့်ဘေးတွင် ထိုင်နေသော အမျိုးသမီးမှာ အစ်မဖြစ်ပြီး ရပ်နေသော တစ်ယောက်မှာ ညီမဖြစ်ပေလိမ့်မည်။ အစ်မဖြစ်သူက တည်ငြိမ်သော်လည်း ညီမ ဖြစ်သူက ကြမ်းတမ်း ပုံရ၏။
“ဟုတ်ပါတယ် … ကိုစံမောင်ရယ် … ကျွန်မတို့က ကုလားသင်္ချိုင်းက တစ္ဆေညီအမ ပါ … ကိုစံမောင် ပါမလာရင် … ဆရာက ကျွန်မတို့ကို အငတ်ထားလိမ့်မယ် … လိုက်ခဲ့ပါ ကိုစံမောင်ရယ် ”
“ဟာ … မလိုက်ပါဘူးဆိုကွာ … မလိုက်ဘူး မလိုက်နိုင်ဘူး ”
စံမောင်လည်း ထိုသို့ပြောရင်း အားယူကာ အိပ်ရာ နဘေးမှ ထင်းချောင်းကိုယူပြီး ထိုမိန်းကလေး နှစ်ယောက်အား လွှဲပစ်ချလိုက်တော့သည်။
“ဝုန်း … ခွမ်း ”
ထင်းချောင်းကြီးမှာ ထိုမိန်းကလေး နှစ်ယောက်အား မထိမှန်ဘဲ နံရံတောင့်တွင်ထားထားသော ရေအိုကြီးအား ထိမှန်သွားလေတော့၏။ မိန်းကလေး နှစ်ယောက်မှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့ပါတော့သည်။
“ကိုစံမောင် … ကိုစံမောင် … သတိရလာပြီလား ”
“အေ … ဖိုးပိန် ”
ရေအိုးကွဲသွားသော အသံကြောင့် ဖိုးပိန် လည်း စံမောင်ရှိရာ အခန်းထဲသို့ပြေးဝင်လာတော့သည်။
“ခင်များသတိလစ်နေတာ … နှစ်ရက်တောင်ရှိပြီ … အစ်မစိုးမြင့် အကူညီတောင်းလို့ … ကျုပ်က လာစောင့်ပေးနေတာ ”
” မင်းလာ‌တော့… စောစောက မိန်းကလေး နှစ်ယောက်ကို တွေ့လိုက်သေးလား … ဖိုးပိန်”
“ဘယ်က မိန်းကလေး နှစ်ယောက်လဲဗျ … ကျုပ်တော့ မတွေ့မိဘူး ကိုစံမောင်… ဗိုက်မကောင်းလို့ နောက်ဖေး ခန သွားနေတာ အခုအသံကြားလို့ သာပေါ့ ”
“အေအေ … မင်းလည်း ပြန်နားရင်နားတော့ကွာ … ငါနေပြန်ကောင်းနေပါပြီ ”
“ဟုတ် … ဟုတ် … ကျုပ် ခင်များ သတိရနေပြီလို့အစ်မ စိုးမြင့်ကို ဝင်ပြောပေးခဲ့မယ် …”
ဖိုးပိန်လည်း စံမောင့်အား နှုတ်ဆက်ကာ ထွက်သွား လေတော့သည်။ စံမောင်လည်း အိပ်ရာထဲ ပြန်လဲ ရင်းမှ ဘာကြောင့် ယခုလိုတွေ ဖြစ်နေရသည့် အကြောင်းကို တွေးနေမိသည်။ သူ့အား တစ်စုံတစ်ယောက်က နှောက်ယှက်နေသည်မှာ ဧကန်မလွဲပေ။
အတန်ကြာအောင်စဉ်းစားပြီးမှ အောင်ကြီး နှင့် သူ အရက်အတူ သောက်ခါ ဦးသံချောင်း အား ပြဿနာရှာခဲ့ပုံများကို သတိရလာလေတော့သည်။ ထိုစဉ်မှာပဲ
“ဟေ့ကောင် … စံမောင် ”
“ဗျာ … ဗျာ ”
အသံဩကြီး တစ်ခုကို သူ့ခေါင်းထဲမှ ကြားလိုက်ရပြန်တော့သည်။
“ကုတင်ပေါ်က … ခုချက်ချင်းဆင်း ”
အသံပိုင်ရှင်ကို မမြင်ရ ထို အမိန့်ပေးနေသော အသံကိုသာ ကြားနေရ၏။ ချက်ချင်းဆိုသလို စံမောင်လည်း ကုတင်ပေါ်က ဆင်းလိုက်ရတော့သည်။ သူမဆင်းချင်သော်လည်း ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ ရောက်နှင့်နေချေပြီ။
“အပေါ်ထပ် တက်ပြီး ခုန်ချကွာ ”
စံမောင်နေသော အိမ်မှာ ခြေတံရှည် နှစ်ထပ် ပျဉ်ထောင်အိမ်ဖြစ်လေ၏။ စံမောင်လည်း ထိုအမိန့်ပေးသံကြီးကို မလွန်ဆန်နိုင်တော့ဘဲ နံဘေး လှေကားမှ တစ်ဆင့် ရှစ်ပေခန့်မြင့်သော အိမ်အပေါ် ဝရံတာထိတက်တာ ခုန်ချလေတော့သည်။
“ဟေ့ကောင် … ပြန်ခုန်တက် ”
အောက်ကို ခုန်ချပြီးသည် နှင့်တစ်ပြိုင်နက် ထို ရှစ်ပေကျော်ကျော် ရှိသော ဝရံတာ ဆီသို့ စံမောင် တစ်ယောက် ခုန်တက်ရပြန်၏။ တော်ရုံ သိုင်းဆရာ များပင် မခုန်နိုင်သော နေရာကို ရောက်အောင် စံမောင် ခုန်တက်ရ၏ ။ အပေါ်ရောက်သည် နှင့်တစ်ပြိုင်နက် ဟေ့ကောင် ခုန်ချ ဟူသော အသံ အောက်ရောက်သည် နှင့် ဟေ့ကောင် ခုန်တက် ဟူသော အမိန့်ပေးသံကြီးက မနားတမ်းထွက်ပေါ်လို့နေလေတော့သည်။ အတန်ကြာအောင် ခုန်တက်ခုန်ဆင်း လုပ်ပြီးသည့်နောက်တွင်တော့
“ဟေ့ကောင် … ကြက်ဖခွပ်စမ်းကွာ ”
စံမောင်လည်း မည်သို့မျှ မတုန့်ပြန်နိုင်တော့ဘဲ မြေကြီးပေါ်တွင် တစ်ယောက်တည်း ဘယ်ညာ ဘယ်ညာ ကြက်ဖခွပ်နေရတော့သည်။ လူသားဖြစ်သည့် အလျောက် ချွေးများလည်း သီးလာကာ မောဟိုက်လာလေသည်။ ခုန်တက်ခုန်ဆင်း လုပ်ထားရသည်မို့လည်း ခြေထောက်များက နာနေချေ၏။ မျက်လုံးများပြာဝေလာသည်။
နောက်ထပ် မိနစ်နှစ်ဆယ်လောက်သာ ခုလိုဖြစ်နေပါက သေချာပေါက် အသက်ပျောက်ရပေတော့မည်။ သို့သော်လည်း ၎င်း စိတ်ကို တတ်နိုင်သလောက်တင်းကာ ကြက်ဖခွပ်နေလေ၏။ မကြာပေ
“ဟဲ့ … စံမောင် … ဘာလုပ်နေတာလဲ ”
မစိုးမြင့်က ခြံထဲဝင်လာသည် နှင့် ကြက်ဖခွပ်နေသောစံမောင့် အားတွေ့သွားတော့သည်။
“မသိဘူး … ကြက်ဖ ခွပ်ဆိုလို့ ”
“နင်ဘာဖြစ်တာလဲ စံမောင် … နင့်ကို ဘယ်သူ ဘာလုပ်နေတာလဲ … ဘယ်သူကြက်ဖ ခွပ်ခိုင်းတာလဲ ”
“သံ … သံချောင်း ”
စံမောင်လည်း ကြက်ဖ ခွပ်နေရင်းမှ သံချောင်း ဟုပြောကာ အမောဆို့ ပစ်လဲကျသွားလေတော့သည်။ ညနေစောင်းရောက်တော့ ၎င်းအိပ်ရာထက်တွင်ပင် တစ်ဖန် သတိပြန်ရလာတော့သည်။ မျက်စိနှစိလုံးကို ဖွင့်လိုက်သည် နှင့် သူ့နံဘေးတွင် မိန်းကလေး ခြောက်ယောက်က ပတ်ပတ်လည်ဝန်းရံထားလေ၏။
ခါး တစ်ဖက်တစ်ချက်တွင် တစ်ယောက်စီ ခြေ‌ထောက် ဘယ်ညာ တွင် တစ်‌ယောက်စီ လက်ဘယ်ညာတွင် တစ်ယောက်စီ အသင့်ရှိနေလေ၏။ ပြီးနောက် စံမောင့်အား သူတို့လက်များဖြင့် အပေါ်မှ အောက်ဆွဲကာ ပွတ်သပ်ချလေ၏။ ထိုအရသာကား စာဖြင့် ရေးဖွဲ့ပြရန်ပင် မစွမ်းနိုင်ပေ။ လက်ထိပ် ‌ခြေထိပ် ဦးခေါင်းထိပ် အစရှိသော နေရာများမှ တဖျင်းဖျင်း ကြက်သီးများထကာ ခံစားလို့ကောင်းလှပေသည်။
အတန်ကြာအောင် မိန်းကလေး ခြောက်ယောက်မှာ ထိုသို့ ပွတ်သပ်ချပြီးနောက် အခန်းထဲမှ ထွက်သွားကြတော့သည်။ စံမောင်လည်း စောစောက လေးလံနေမှု ပင်ပန်းမှု ခေါင်းမကြည်မှုများက ချက်ချင်း ယူပစ်သလို သက်သာသွားလေတော့သည်။ ထို့နောက် မစိုးမြင့်က ၎င်းအခန်းထဲဝင်လာကာ
“စံမောင် … ဘယ်လိုနေသေးလဲ … ”
“သက် … သက်သာ ပြီး နေလို့ကောင်းနေတယ် ”
“အေ … ဟုတ်တယ် … အဲ့ဒါ နင့်ကို သံချောင်းက အောက်လမ်းလုပ်ထားတာ … အပင်းတိုက်ထားတာ … နင်သတိလစ်နေတုန်း တို့တွေ သွားပြောလို့ အခုသူထုတ်ပေးလိုက်တာပဲ ”
မစိုးမြင့် အပြောကြောင့် စံမောင်လည်း ဒေါသထွက် သွားကာ အိပ်ရာထဲမှ ကျုံးထလေ၏။
“တောက် … ခွေးမသား … လူပါးဝလို့ကွာ ”
“ဟဲ့ … ဟဲ့ … ပြီးတာတွေ ပြီးပစေတော့ … နင်လည်း သက်သာနေပြီပဲ … ရန်သွားမစချင်စမ်းပါနဲ့‌ တော့အေ ”
မစိုးမြင့် တားနေသည်က တစ်ကြောင်း သူကိုယ်တိုင် လည်း စိတ်မကြည်သေးသည်က တစ်ကြောင်းမို့ စံမောင်တစ်ယောက် အလျော့ပေးလိုက်တော့သည်။
“နောက် … တခါဆိုရင်တော့ … ကျုပ်က ခုတ်ပြီ ”
“အေးပါဟယ် … သည်းခံလိုက်ပါ … အိမ်နီးနားချင်းတွေပဲ ”
ဤသို့ဖြင့် စံမောင်လည်း ရေမိုးချိုးကာ ညစာစားပြီး အိပ်ရာ ဝင်လိုက်တော့သည်။နေ့ခင်းဘက် နိုးလာသည့်အချိန်တွင် တော့ ၎င်း စိတ်တွေကြည်နေသည်။
စိတ်သစ်လူသစ် ဖြစ်လာသလို ခန္ဓာကိုယ်၌ အားအင်များ ပြည့်လာသည်ဟုလည်း ခံစားရလေ၏။ ထို့နောက် ဆေးလိပ်သောက်ရန် အတွက် အိမ်ထဲမှ ထွက်ကာ ဒေါ်အေးမြ ဆိုင်ဖက်သို့ ဆင်းလာခဲ့လိုက်တော့သည်။
“ဟဲ့ … စံမောင် … နေကောင်းသွားပြီလား ”
“ကောင်းသွားပါပြီ … အရီးမြ … ”
“နင် တော်တော် ကံကောင်းတယ်နော် … တို့ဖြင့် သေပြီတောင်ထင်တာ ”
“စံမောင်ပါဗျ … လွယ်လွယ်သေတဲ့ ထဲဘယ်ပါလိမ့် မတုန်း လူသာပိန်သာ … ဘုန်းတန်ခိုးကြီးပါတယ် … ကဲကဲ ကျုပ်ကို ဂဠုန်လေးလိပ် လောက်ပေးပါအုံး ”
“အေအေ ”
ဒေါ်အေးမြလည်း ဂဠုန်ဆေးလိပ် အစည်းထဲက လေးလိပ်ထုတ်ကာ စံမောင့်အားပေးလေ၏။ ထိုစဉ်မှာပဲ
“ဦးဦး စံမောင် ဆေးလိပ်ပေး … ဦးဦး စံမောင် ဆေးလိပ်ပေး ”
ကလေး တစ်ယောက်၏ အသံကို စံမောင် တစ်ယောက် အတိုင်းသား ကြားလိုက်ရတော့သည်။ အသံလာရာကိုကြည့်လိုက်တော့ ပေနှစ်ဆယ် ကျော်မြင့်သော ပိန္နဲပင်ပေါ်က ကလေး တစ်ယောက်ကို လှမ်းမြင်ရလေ၏။ ထိုကလေးမှာ ရိုးရိုးကလေး တစ်ယောက် မဟုတ် ဦးသံချောင်းမွေးထားသော ကလေးသရဲ တစ်ကောင်ဖြစ်လိမ့်မည် ကို စံမောင် အတပ်သိလေ၏။
“ဦးဦးစံမောင် ကပ်စေးကုပ် … ဦးဦးစံမောင် ကပ်စေးကုပ် ”
စံမောင်လည်း ထိုပိန္နဲပင် ထိပ်ဖျားမှ ကလေး အားကြည့်ကာ ချက်ချင်းဆိုသလို ၎င်း အိမ်သို့ တစ်ဟုန်ထိုးပြေးသွားလေတော့သည်။ အိမ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် နံရံပေါ်တွင် အသင့်ချိတ်ထားသော ဌက်ကြီးတောင် ဓားကိုဖြုတ်ကာ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်လေတော့၏။
“ရွှက် ….”
“သံချောင်း ရေ … ဒီနေ့တော့ မင်းနဲ့ ငါ တွေ့ပပေါ့ ဟေ့ ”
ဟူ၍ ကျုံးဝါးကာ အိမ်ပေါ်က ခုန်ဆင်းလိုက်တော့သည်။ ပြီးနောက် ဦးသံချောင်း၏ အိမ်ခန်းအရှေ့ အရောက်
“ဟေ့ကောင် … သံချောင်း … ငါလာပြီကွ … စံမောင်လာပြီ ”
ယခင်လို ကိုသံချောင်းဟုပင် မခေါ်နိုင်တော့ ။ စံမောင့် ဒေါသတွေ ငယ်ထိပ်ရောက်နေချေပြီ။ ပြီးနောက် အိမ်ခန်း တံခါးကို ဝုန်းကနဲ ဆောင့်ကန်ကာ ဌက်ကြီးတောင် ဓားကို ဝင့်ရင်း ဝင်သွားလေ၏။ စံမောင် အိမ်ထဲ ရောက်သွားချိန်၌ ဦးသံချောင်း ရှိ‌မနေတော့ပါ ။ နောက်ဖေး ပြတင်းပေါက်ကနေ၍ ခုန်ဆင်းကာ ထွက်ပြေးသွားချေပြီ ။ အချိန်ကား ညနေ‌စောင်းနေဝင်ချိန် လောက် ဖြစ်လေ၏ ။ စံမောင်လည်း ပြတင်းပေါက်မှ နေ၍ ဟိုးအဝေးကြီးမှ ခပ်ရေးရေးသာ သွားနေသော ဦးသံချောင်း၏ ကျောပြင်ကို လှမ်းလို့မြင်ရနေသည်။
ထိုသို့မြင်ရခြင်းကား ဦးသံချောင်းအား ထိုနေရာတွင် နောက်ဆုံး သောမြင်ရခြင်း တစ်ခုသာ ဖြစ်နေပါတော့၏။ စံမောင် စောစောက မြင်ခဲ့ရသော ကလေးသရဲမှာ ဦးသံချောင်းက သူ့အား ကျီစားသွားခြင်းလား ။
ဦးသံချောင်းမှာတော့ ထိုနေ့မှစကာ လူရော သတင်းပါ အစအန မကြားရတော့ပေ။သူ အားလုံးကို ကျောခိုင်းထွက်ခွာသွားခဲ့‌ချေပြီ ။ ထို့နောက်တွင်တော့ စံမောင် တစ်ယောက် လည်း ယခင်လို အနှောက် အယှက်များ မရှိတော့ဘဲ အဆင်ပြေပြေ နေနိုင်သွားခဲ့ပါတော့၏ ။ ဦးသံချောင်းကား အောက်လမ်း ဦးသံချောင်းလော/ ယောကျာ်းစုန်း ဦးသံချောင်းလော ………
( ပြီးပါပြီ )
( ထိုဖြစ်ရပ်မှန် အကြောင်းလေးအား ခရေစေ့တွင်းကျ ပြောပြပေးသည့် လေးလေး ဦးစံမောင် အား ဤ နေရာမှ ကျေးဇူးတင်စကားပြောရင်း ဂါရ၀ ပြုလိုက်ပါသည်။
ကျွန်ုပ်ရေးသားသော အောက်လမ်း ဦးသံချောင်း အမည်ရ ဇာတ်လမ်းတိုလေး ဤတွင်ပြီး၏။
စာဖတ်သူတို့အား အစဉ်လေးစားလျက်
သူရေး
Since 2018

Zawgyi Version

ေအာက္လမ္း ဦးသံေခ်ာင္း(စ/ဆံုး)
——————————————
ဇာတ္လမ္းေလးကား နမၼတူၿမိဳ႕နယ္ကေလး၏ ၁၉၈၀ ခုနစ္၀န္းက်င္ခန႔္ေလာက္ကျဖစ္ေပလိမ့္မည္။ ယခုတေလာ ႐ုရွားေတာင္ ဟုေခတ္စားေနသည့္ ေနရာေလးႏွင့္ မနီးမေဝး ၿမိဳ႕ငယ္ေလး လို႔ဆိုေသာ္ကားလည္း မမွားေပ။ သမိုင္း၀င္ အေမြအႏွစ္မ်ား ႏွင့္ ျပည့္ႏွက္ေနေသာ ထိုၿမိဳ႕ကေလး ကား သမိုင္း၀င္ ဇာတ္လမ္းမ်ား ႏွင့္လည္း ျပည့္ႏွက္လို႔ေနေပ၏။
ထိုဇာတ္လမ္းမ်ားထဲမွ ေအာက္လမ္း ဦးသံေခ်ာင္းဆိုေသာ ဇာတ္လမ္းေလး အား ယခုလို ေကာက္ႏုတ္တင္ျပလိုက္ရပါသည္။
နမၼတူၿမိဳ႕သို႔ေရာက္ဖူးသူမ်ားအတြက္ေတာ့ ထိုၿမိဳ႕ကေလး၏ အသံကိုၾကားလိုက္သည္ ႏွင့္တစ္ၿပိဳင္နက္ အဂၤလိပ္ေခတ္က ေက်ာက္မီးေသြး ရထားမ်ား စက္႐ုံေဟာင္း တိုင္း႐ုံးတံတား သုံးဆယ့္ႏွစ္မိုင္တံတား အစရွိသျဖင့္ ေရွးေဟာင္း လက္ရာမ်ားကို ေျပးျမင္မိၾကမည္မွာ မလြဲေပ။
ၿမိဳ႕လည္ေခါင္က ျဖတ္သန္းစီးဆင္းေနေသာ နမၼတူေခ်ာင္း ေခၚ ဘီလူးမ ေခ်ာင္းကိုလည္း ေကာင္းမြန္စြာသိကြၽမ္းၾကလိမ့္မည္။ ယခုေရးသားတင္ျပမည့္ ေအာက္လမ္း ဦးသံေခ်ာင္းဟု အမ်ားသိၾကေသာ ထိုလူမွာ အလြန္ အစြမ္းထက္ေသာ ေယာက်ာ္းစုန္း ေအာက္လမ္း ဆရာတစ္ေယာက္လည္း ျဖစ္ေလ၏။
ေရွ႕မွီေနာက္မွီ မ်ားအဖို႔ေတာ့ ထိုေအာက္လမ္း ဆရာအား နာမည္ၾကားသည္ႏွင့္ သိၾကလိမ့္မည္မွာ မလြဲေပ။
ဦးသံေခ်ာင္းကား ေအာက္လမ္းဆရာ တစ္ေယာက္ပီပီ စိတ္ဆတ္သည့္ သေဘာရွိေပလိမ့္မည္။ သူ မၾကည္ျဖဴေတာ့ပါက ထိုသူအား ထိခိုက္႐ုံပင္ မက အသက္ေသေစႏိုင္သည္အထိ ျပဳစားတတ္ေသာ ၎၏ ပညာစြမ္းကား ေၾကာက္မက္ဖြယ္ေကာင္းလွ၏။
ယခုဇာတ္လမ္းေလး‌တြင္လည္း ဦးသံေခ်ာင္း၏ ျပဳစား ခ်က္ေၾကာင့္ အသက္ေဘးမွ သီသီကေလး လႊတ္ေျမာက္လာခဲ့ေသာ ၿမိဳ႕ခံ ဦးေလး တစ္ေယာက္ျဖစ္သည့္ စံေမာင္ ေခၚ ဦးစံေမာင္ အေၾကာင္းကို ေရးသားေဖာ္ျပလိုက္ရပါ၏။
+++++++
အခ်ိန္ကား မနက္ကိုးနာရီ ခန႔္ေလာက္ပင္ ရွိေပလိမ့္အုံးမည္။ ႐ုံးပိတ္ရက္လည္း ျဖစ္သည္မို႔ေမာင္၀င္း တစ္ေယာက္ အိမ္သန႔္ရွင္းေရး လုပ္ကာ အခ်ိန္ကို ကုန္လြန္ေစ၏။ေမာင္၀င္း၏ သားငယ္ေလး ဖိုးသား မွာေတာ့ ေတာင္ေျပးလိုက္ ေျမာက္ေျပးလိုက္ျဖင့္ သူ၏ ဖခင္အနီးတြင္ ကစားလို႔ေနသည္။ ထိုစဥ္မွာ ပင္ ၎၏ ၿခံထဲသို႔ လူတစ္ေယာက္၀င္လာေလေတာ့၏။
“ဟာ … ကိုသံေခ်ာင္းပါလား … ဘာကိစၥရွိလို႔လဲ ”
ေမာင္၀င္းက ၿခံထဲသို႔၀င္လာေသာ ဦးသံေခ်ာင္း အား ေလာကြတ္ျပဳစကားစလိုက္ေလ၏။ ဦးသံေခ်ာင္းကား အသက္ ေလးဆယ္ ေလးဆယ့္ေက်ာ္ခန႔္သာ ရွိေသးေသာ အ႐ြယ္ေကာင္းတစ္ေယာက္ျဖစ္၏။
အၿမဲလိုလို စူးရွေတာက္ေပ ေနေသာ ၎၏ မ်က္လုံး အစုံ ကလည္း ၾကာၾကာစိုက္ၾကည့္ဖို႔ရန္ ခက္ခဲ၏။ ဦးသံေခ်ာင္းအား ေအာက္လမ္း ဆရာ/ ေယာက်ာ္းစုန္း အျဖစ္ သိသူကလည္း မမ်ားလွေပ။
“ေအ … ေမာင္၀င္း … ေဆးလိပ္ရွိရင္ ေပးစမ္းပါအုံး ”
“ဟာ … ကိုသံေခ်ာင္းကလည္း … က်ဳပ္မွ ေဆးလိပ္မေသာက္တတ္တာ … ဘယ္ႏွယ့္လုပ္ ေဆးလိပ္ရွိရမွာလဲ ”
“ေအာ္ေအ … ဟုတ္သလားဟ … ငါေဆးလိပ္ လိုခ်င္လို႔ေတာင္းတာပါ …. ရွိရင္ေပးလွည့္စမ္းပါ ”
“မရွိပါဘူးဆိုဗ်ာ … မရွိတာ ကိုက်ဳပ္က ဘယ္လို ေပးရမွာလဲ … အိမ္မွာလဲ ေဆးလိပ္ေသာက္တဲ့ လူမရွိေတာ့ … ၀ယ္မထားဘူး … ”
ေမာင္၀င္းက အနည္းငယ္ ေလသံမာမာျဖင့္ ေျပာလိုက္မိ၏။ ထိုအခါမွာေတာ့ ဦးသံေခ်ာင္းလည္း မည္သို႔မွ် ဆက္မေျပာေတာ့ဘဲ ေမာင္၀င္း ၿခံထဲမွ ေခါင္းတညိမ့္ညိမ့္ ႏွင့္ ထြက္သြားေလေတာ့၏ ။
ေမာင္၀င္းမွာေတာ့ ေခါင္းလာစားေသာ ဦးသံေခ်ာင္းအား စိတ္ထဲမွ မေက်မခ်မ္းျဖင့္ တီးတိုးေရ႐ြတ္ကာ က်န္ရစ္ခဲ့ပါေတာ့သည္။ ေမာင္၀င္း တစ္ေယာက္ သူဘာလုပ္လိုက္မွန္းလည္း သူမသိလိုက္ေပ။
သူ႔ထံတြင္ ေဆးလိပ္မရွိ၍ မရွိဘူးဟုဆိုကာ ျငင္းလႊတ္လိုက္ျခင္းအတြက္ေတာ့ သူအျပစ္မရွိေပ။ သို႔ေသာ္ အၿငိဳးႀကီးေသာ ေအာက္လမ္း ဆရာႀကီး ဦးသံေခ်ာင္း အဖို႔ေတာ့ အနည္းငယ္ စိတ္ကြက္သြားခဲ့ရေလေတာ့၏။
ေန႔လည္ ဆယ့္ႏွစ္နာရီ ခန႔္သို႔ေရာက္လာခဲ့ေတာ့သည္။ ေမာင္၀င္း၏ ဇနီး သန္းျမလည္း ေဈးက ျပန္ေရာက္ကာ ေန႔လည္စာအတြက္ ခ်က္ျပဳတ္ ျပင္ဆင္‌ေနေလ ၏။ ေမာင္၀င္းမွာေတာ့ ၿခံသန႔္ရွင္းေရးလုပ္ၿပီးေနာက္ ေရမိုးခ်ိဳးေန၏။
မနက္ကတည္းက ဖခင္ျဖစ္သူ အနား ေဆာ့ကစားေနသည့္ ငါးႏွစ္အ႐ြယ္သာသာရွိေသာ ဖိုးသားေလးမွာေတာ့ ကစားေနရင္းမွ ႐ုတ္တရက္ ဘိုင္းကနဲ ပစ္လဲ က်သြားေလေတာ့၏။ ဖိုးသားေလး ႐ုတ္တရက္လဲ က်သြားသည္ကို ေမာင္၀င္း တစ္ေယာက္ ေရခ်ိဳးရင္းမွ လွမ္းျမင္‌ေနရ၏။
“ဟာ … သန္းျမ … ဖိုးသား ေခ်ာ္လဲသြားၿပီ … လာထူပါအုံး ဟ”
“လာပါၿပီေတာ္ …”
သန္းျမလည္း ေမာင္၀င္း အသံေၾကာင့္ ခ်က္ျပဳတ္ေန‌ရာမွ အေျပးတပိုင္းျဖင့္ ထြက္လာေလေတာ့၏။ ဖိုးသားေလးမွာေတာ့ လဲက်သြားရာ မွ ခ်က္ခ်င္းမထႏိုင္ေပ။ မသန္းျမလည္း ကေလး အား လဲက်ေနရာမွ ထူလိုက္ေသာ္လည္း ကေလးမွာ ေပ်ာ့ေခြသတိလစ္လို႔ေနေလ၏။
“အမေလး … ကိုေမာင္၀င္းေရ … လာပါအုံး … ေတာ့္သား … ေခၚမရေတာ့ဘူး ”
“ေဟ ….”
အမွန္ပင္ ဖိုးသားေလးမွာ လဲက်သြားရာမွ သတိလစ္သြားခဲ့ေလေတာ့သည္။ ေဆာ့ေနရင္းမွ ႐ုတ္တရက္ပစ္လဲကာ သတိလစ္သြားေသာ သားေတာ္ေမာင္ေၾကာင့္ မိဘ ႏွစ္ပါးစလုံး ပ်ာယာခတ္သြားေလေတာ့၏။
လင္မယားႏွစ္‌ေယာက္ ႐ုတ္႐ုတ္သဲသဲျဖစ္သြားျဖစ္သြားသည့္ အသံေၾကာင့္ အိမ္နီးနားခ်င္းမ်ားပါ ခ်က္ခ်င္းဆိုသလို ေရာက္လာၾကေတာ့သည္။
“ဟဲ့ … ဟဲ့ … ေမာင္၀င္း … ကေလးက ဘယ္လိုျဖစ္ရတာတုန္း ”
“မသိဘူး … အရီးစိန္ … ေဆာ့ေနရင္းက ေခါက္ကနဲ လဲၿပီး သတိလစ္သြားတာ … အခုေခၚလို႔မရေတာ့ဘူး ”
“နင္တို႔နဲ႔လည္းေအ … ကေလးကို ဂ႐ုမစိုက္ၾကဘူး … ကေလးက ေျပးရင္းလႊားရင္း လဲသလား ”
“မဟုတ္ဘူး … အရီးစိန္ … က်ဳပ္ေရခ်ိဳးရင္းၾကည့္ေနတာ … ဒီတိုင္း အေနာက္က တစ္ေယာက္ေယာက္ ပစ္တြန္းလိုက္သလို လဲသြားတာပဲ ”
“ဘုရား … ဘုရား … ဒါဆို ညည္းတို႔သား … ေသြး႐ိုးသား႐ိုး ေတာ့မဟုတ္ဘူး … ကေလးကို အိမ္ထဲ ‌ထည့္ၾကပါအုံး … အျပင္မွာ ေနကလဲ ပူပါဘိသနဲ႔ ”
အရီးစိန္၏ အေျပာေၾကာင့္ ေမာင္၀င္းလည္း ဖိုးသားအား ေပြ႕ခ်ီကာ အိမ္ထဲရွိ ကုတင္ေပၚ၌ တင္ထားေလ၏။ မသန္းျမ ႏွင့္ အျခားေသာ မိန္းမႀကီး တစ္ေယာက္မွာေတာ့ ဆရာ၀န္ ေျပးပင့္ေနၾကသည္။
အိမ္ထဲတြင္ေတာ့ သတိလစ္ေနေသာ ဖိုးသားေလး ႏွင့္အတူ ေမာင္၀င္း အရီးစိန္သာ က်န္ခဲ့ေလ၏။
“ေမာင္၀င္း … ငါ့ကိုေျပာစမ္း … ဖိုးသား ဘယ္ေနရာေတြသြားေသးလဲ … ”
“ဘယ္မွမသြားဘူး အရီးစိန္ … တမနက္လုံး က်ဳပ္နဲ႔ ရွိေနတာ … ”
“ဒါဆို … မနက္က နင္တို႔ ဆီဘယ္သူလာေသးလဲ”
အရီးစိန္၏ အေမးေၾကာင့္ ကိုေမာင္၀င္းလည္း အတန္ၾကာေအာင္ စဥ္းစားလိုက္ကာ
“မနက္က … ကိုသံေခ်ာင္းေတာ့ … ေဆးလိပ္လာေတာင္းတယ္ ”
“နင္ေပးလိုက္သလား … ေမာင္၀င္း ”
“မေပးလိုက္ဘူးဗ် … က်ဳပ္မွာလည္း ေဆးလိပ္မရွိလို႔ … ဒါကိုသူက မေက်မနပ္တဲ့ ပုံနဲ႔ ထြက္သြားတယ္ ”
“ေတာ္ေတာ္မိုက္ပါ့လား … ေမာင္၀င္းရယ္ … သံေခ်ာင္း အေၾကာင္းလည္း နင္တို႔ မသိတာ မဟုတ္ဘူး … သူကမၾကည္ရင္ မၾကည္သလို ဖေယာင္းတိုင္ထြန္းၿပီး တိုက္တာ … နင္တို႔ အသိပဲ… ကဲကဲ … ကေလး ငါၾကည့္ထားမယ္ …စံေမာင္ ဆီသြား အက်ိဳး အေၾကာင္းေျပာၿပီး …. သံေခ်ာင္းဆီသြားေခ် ”
“ဟုတ္ … ဟုတ္ … အရီးစိန္ ”
ေမာင္၀င္းလည္း ထိုသို႔ေျပာၿပီး ကိုစံေမာင့္ဆီထြက္လာခဲ့လိုက္ေတာ့သည္။ စံေမာင္ထံေရာက္ေတာ့ အက်ိဳးအေၾကာင္း ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပလိုက္ေလ၏။
ဦးသံေခ်ာင္းကား စံေမာင္ တို႔၏ ၿခံထဲတြင္ ဌားေနေသာ လူတစ္ေယာက္ျဖစ္ေလ၏။ ထို႔ေၾကာင့္လည္း ၎ႏွင့္ ပတ္သက္သမွ် ကိစၥမ်ားကို စံေမာင္က အိမ္ရွင္ပီပီ လိုက္ေျဖရွင္း ေပးရသည္မွာလည္း မနည္းေတာ့ေပ။
စံေမာင္မွာ အသက္ ႏွစ္ဆယ္ေက်ာ္ ႏွစ္ဆန႔္ငါး၀န္းက်င္ေလာက္ရွိၿပီး အသားမျဖဴမညိဳ ရွိေလ၏။ လူမွာလည္း ခပ္ပိန္ပိန္ ခပ္ေသးေသး ႏွင့္အတူ က်ိဳးတိုးက်ဲတဲ ေပါက္ေနေသာ ၎၏ ႏႈတ္ခမ္းေမြး က လူႏွင့္ လိုက္ဖက္လွသည္။
“ကိုသံေခ်ာင္း … ဗ်ိဳ႕ ကိုသံေခ်ာင္း ”
ဦးသံေခ်ာင္းမွာေတာ့ အသက္အ႐ြယ္အားျဖင့္ စံေမာင္ထက္ ႀကီးေလ၏။ ထို႔ေၾကာင့္လည္း စံေမာင္က ေလးစားသမႈျဖင့္ ကိုသံေခ်ာင္းဟုေခၚေလ၏။
“ေဟ့ … ဘယ္သူလဲ ”
“က်ဳပ္ … စံေမာင္ပါ ”
“စံေမာင္ … ဘာကိစၥရွိလို႔လဲ ”
“ခင္မ်ား … ဖေယာင္းတိုင္ ထြန္းထားလို႔ ေမာင္၀င္းသား သတိလစ္ေနၿပီ …အဲ့ဒါေၾကာင့္လာတာ ”
“ငါမထြန္းဘူး … မင္းတို႔ျပန္ၾကေတာ့”
ဦးသံေခ်ာင္းက ၎၏ အိမ္ခန္းထဲမွ ေန၍ မထြန္းဘူးဟု ျငင္းကာ စံေမာင္တို႔အား ျပန္လႊတ္ေလ၏။ ထိုအခါ စံေမာင္ကလည္း
“ေဟ့လူ … က်ဳပ္ေအးေဆး ေျပာေနတယ္ေနာ္ … က်ဳပ္တို႔ တံခါးဖ်က္ၿပီး ၀င္လာရမလား … ခင္မ်ား ဖေယာင္းတိုင္ မႈတ္ေပးမလား … ေအ အထဲေရာက္လာမွေတာ့ စံေမာင့္ အဆိုးမဆိုနဲ႔ေနာ္ … ကို‌သံေခ်ာင္း ”
စံေမာင္လည္း စိတ္မရွည္ေတာ့ဘဲ အျပင္မွ ေန၍ လွမ္းႀကိမ္းလိုက္ေလေတာ့သည္။ ထိုအခါမွာေတာ့ အိမ္ထဲက အသံလည္း အတန္ၾကာေအာင္တိတ္ဆိတ္သြားေလေတာ့၏။
“ဘာလို႔ … အဲ့လိုလုပ္ရတာလဲ … ကိုသံေခ်ာင္း … က်ဳပ္ႏွစ္ခါ မေျပာဘူးေနာ္ … ဖေယာင္းတိုင္ ခ်က္ခ်င္းမႈတ္လိုက္ ”
“ငါ မေက်နပ္လို႔လုပ္တာ … ေမာင္၀င္းက လိပ္ျပာ အားေကာင္းေနေတာ့ … သူ႔သားကို ထိတာပဲ”
ဦးသံေခ်ာင္း ထိုသို႔ျပန္ေျပာေလ၏။
“ဘာကို မေက်နပ္တာလဲ … သူတို႔က ခင္မ်ားကို ဘာလုပ္ေနလို႔လဲ ”
“ငါေဆးလိပ္ေတာင္းတာကို မေပးလို႔ လုပ္တာကြာ ”
“ခင္မ်ားႏွယ့္ …တံခါးလာဖြင့္ ”
“မဖြင့္ဘူး ….”
ဦးသံေခ်ာင္းကား ေခါင္းမာလွေပသည္။ ထိုအခါမွာ‌ေတာ့၎ ထက္ပိုကာ စိတ္ဆတ္လွေသာ ကိုစံေမာင္က တံခါးကို ကန္ခ်ိဳးကာ အထဲသို႔၀င္လိုက္ေလေတာ့၏။ အမွန္ပင္ ဦးသံေခ်ာင္းမွာ အ႐ိုးေခါင္းေပၚ ဖေယာင္းတိုင္ထြန္းထားေလ၏။
ဖေယာင္းတိုင္မွာ အေတာ္ပင္အရည္ေပ်ာ္က်ကာ လက္ႏွစ္လုံးခန႔္သာ က်န္ေတာ့၏။ ထိုဖေယာင္းတိုင္ကုန္သြားပါက ကိုေမာင္၀င္းသားမွာ ေျမႀကီးလက္ခတ္ မလြဲ ေသေပေတာ့မည္။
“ဖေယာင္းတိုင္မီးကိုညႇိမ္းလိုက္ေနာ္ … ကိုသံေခ်ာင္း … ေနာက္တခါဆိုရင္ေတာ့ … က်ဳပ္က ပါးစပ္နဲ႔ေျပာမွာမဟုတ္ဘူး … ”
ကိုစံေမာင္လည္း ထိုသို႔ေျပာလိုက္ေတာ့မွ မိမိဘက္က အေရးမသာေတာ့မွန္းသိကာ ဦးသံေခ်ာင္း တစ္ေယာက္ ၎၏ ဖေယာင္းတိုင္မီးၿငိမ္းေပးလိုက္ရေလ၏။ ထူးဆန္းစြာပင္ ဦးသံေခ်ာင္း ဂါထာမ်ား ႐ြတ္ဖတ္ကာ ဖေယာင္းတိုင္မီးၿငိမ္းၿပီးေနာက္တြင္ေတာ့ ကိုေမာင္၀င္းသား ဖိုးသားေလး မွာ အေကာင္းပကတိအတိုင္း သတိျပန္လည္လာခဲ့ပါေလေတာ့သတည္း ။
ဖိုးသား ေလး သတိျပန္ရလာၿပီး‌ေနာက္တြင္ေတာ့ ေမာင္၀င္း တို႔လည္း ဦးသံေခ်ာင္းအား ရဲတိုင္ျခင္း အေရးယူျခင္းမ်ား မလုပ္ခဲ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ဦးသံေခ်ာင္းထံမွ အမုန္းသံသရာရွည္မည္ကို သူတို႔မလိုလားေသာေၾကာင့္ပင္။ သို႔တစ္ဖန္ ေအာက္လမ္း ႏွင့္လုပ္သည္ဟု ရဲသြားတိုင္ပါကလည္း သက္ေသ သာဓကမ်ား မရွိသည္မို႔ အက်ိဳးထူးမည္မဟုတ္ေပ။ ထို႔ေၾကာင့္လည္း ဤကိစၥေလး သည္ ကိုေမာင္၀င္းတို႔ဖက္မွ ေၾကေအးကာ အဆုံးသတ္ခဲ့လိုက္ရေတာ့၏။
ဤသို႔လွ်င္ ဦးသံေခ်ာင္းအား အေရးမယူႏိုင္ျခင္း ထိထိေရာက္ေရာက္ မဆုံးမျခင္းမ်ားေၾကာင့္ ၎မွာ ေကာင္းလာဖို႔ရန္ ေဝးစြ တစ္ဆထက္တစ္ဆ ဆိုးသြမ္းလာကာ ေအာက္လမ္း ဦးသံေခ်ာင္း ဟူ၍ ပင္ နာမည္ ကမၺည္း အသစ္တြင္လို႔သြားခဲ့ရပါေလ ေတာ့၏။
++++++++++
( ၂ )
ထိုအျဖစ္အပ်က္ကေလး ျဖစ္ပြားၿပီး မၾကာမီ ကိုစံေမာင္၏ ေနအိမ္၌ ငယ္ေပါင္း သူငယ္ခ်င္းေဟာင္းျဖစ္သည့္ ေအာင္ႀကီးက အရက္လာေသာက္ေလသည္။ စံေမာင္ကလည္း အရက္ႀကိဳက္တတ္ေသာ သူမို႔ ႏွစ္ေယာက္သား ေသာက္ရင္း စားရင္း စကားေျပာရင္းက အခ်ိန္ေတြ ကုန္မွန္းမသိ ကုန္ခဲ့ရေလ၏။ ညခုနစ္နာရီ ကတည္းက ထိုင္ေသာက္က စကားေျပာေနရင္းမွ ယခု ည သန္းေခါင္ေက်ာ္လာသည္အထိပင္။
“ေျပာကို မေျပာခ်င္ပါဘူး စံေမာင္ရာ ”
“ဟာ … ဘာကိုမေျပာခ်င္တာလဲ … မင္းမလည္း စေသာက္ကတည္းက ညည္းေနညဴေနလိုက္တာ … ငါေတာင္ မ်က္ရည္စို႔လာၿပီ … ကဲကဲ မင္း ဘာကိုမေျပာခ်င္တာလဲ ေျပာ ေအာင္ႀကီး ”
ႏွစ္ေယာက္သား အသံဩဗလုံးဗေထြးႀကီး ျဖင့္ တစ္ေယာက္ ႏွင့္တစ္ေယာက္ အျပန္အလွန္ေျပာဆို ေနၾက၏။
“မေျပာခ်င္ေပမယ့္လည္း … မင္းက ေျပာဆိုေတာ့ ေျပာရေတာ့မာေပါ့ကြာ … ငါ ခုတေလာ ကံေတြ အရမ္းညံ့ေနတယ္လို႔ ခံစားရတယ္ကြာ … အလုပ္ထဲက သူေဌးကလည္း ငါ့ကို အျမင္ မၾကည္ဘူး … ငါသာ တခုခု ေျခေခ်ာ္လက္ေခ်ာ္ ျဖစ္ရင္ အလုပ္က တန္းထုတ္ခံရမာ ”
“ဟာ … မျဖစ္ေသးတာကို ႀကိဳေတြးပူမေနစမ္းပါနဲ႔ … ေအာင္ႀကီးရာ … ကံေလး ဘာေလး တက္ေအာင္ ယၾတာေလး ဘာေလး ေခ်လိုက္ … ဒါဆို အဆင္ေျပေလာက္မွာပါ … ေအ့ ”
“မင္းေျပာတာ ဟုတ္သကြ … ႏို႔ ေဗဒင္ဆရာ ကဘယ္မွာ ရွိလို႔တုန္း … ခုေခတ္က လူလိမ္ေတြ ခပ္မ်ားမ်ားရယ္ … အမွန္အကန္ကရွားဟ ”
ကိုေအာင္ႀကီး၏ အေျပာေၾကာင့္ ကိုစံေမာင္လည္း တဒဂၤ ၿငိမ္သက္သြားၿပီး ေဗဒင္ဆရာ ေကာင္းေကာင္း တစ္ေယာက္ကို စဥ္းစားေနလိုက္သည္။ စဥ္းစားေနရင္းမွ လက္ၾကားထဲ ညႇပ္ထားေသာ ဖက္ၾကမ္းအတိုကို တစ္ရႈိက္မွ် ရႈိက္လိုက္ရင္း
“‌ကိုသံေခ်ာင္းေတာ့ရွိတယ္ကြ … သူက ေအာက္လမ္း ဆရာေယာင္ေယာင္ ဗိေႏၵာဆရာ ေယာင္ေယာင္ ေဗဒင္ဆရာ ေယာင္ေယာင္ပဲ … ဒါေပမယ့္ သူယၾတာလုပ္ေပးလိုက္ရင္ အဆင္ေျပသြား ၾကတဲ့ လူေတြေတာ့ မ်ားသား ” ဟူ၍ စကားစလိုက္ေတာ့သည္။
“ေအ … လုပ္စမ္းပါအုံး စံေမာင္ရာ … အားကိုးပါတယ္”
“ေနအုံးကြ … ခုခ်ိန္ဆို သူလည္းအိပ္ေနေလာက္ေရာေပါ့ … ဘယ္နနာရီ ရွိၿပီတုန္း ”
“မိုးကုတ္ေက်ာင္းကေတာ့ … ႏွစ္ခ်က္တီး တာၾကားလိုက္တယ္ … မနက္မွ သြားေမးရင္မေကာင္းဘူးလား ”
ကိုေအာင္ႀကီးက ထိုသို႔ေျပာေလ၏။
“မနက္ဆို အဆင္မေျပဘူး … ေအာင္ႀကီးရ … တျခားလူေတြ လာရင္ ဇယားရႈပ္တယ္ … ခုထကြာ … လာမင္းနဲ႔ငါ သူ႔ဆီသြားမယ္ ”
“ဟာျဖစ္ပါ့မလား … စံေမာင္ရာ ”
“စံေမာင္ ႀကံရင္ … ဘယ္ေကာင္မွ မခံႏိုင္ဘူး … လာလာ ထစမ္းပါကြာ ”
စံေမာင္လည္း ထိုင္ေသာက္ေနရာမွ ဝုန္းကနဲ ဒယီးဒယိုင္ ျဖင့္ေကာက္ထကာ ေအာင္ႀကီးကိုပါ ဆြဲထူေပးလိုက္ေသးသည္။ ထို႔ေနာက္ ၎တို႔ႏွစ္ေယာက္ ေသာက္လက္စ အရက္ဝိုင္းေလးကို စြန႔္ခြာကာ ဦးသံေခ်ာင္း ေနထိုင္ရာ အခန္းဖက္သို႔ ဦးတည္လာခဲ့လိုက္ၾကေတာ့သည္။
ဦးသံေခ်ာင္း ၏ အခန္းေလး ေရွ႕ အေရာက္မွာေတာ့ စံေမာင္က တံခါးကို ခပ္ဖြဖြ ေခါက္လိုက္ရင္း
“ကိုသံေခ်ာင္း … ကိုသံေခ်ာင္း … ”
ဟူ၍ အသံခပ္အုပ္အုပ္ျဖင့္ ေခၚလိုက္သည္။ ခပ္အုပ္အုပ္ဟု ဆိုရေသာ္လည္း အရက္မူးေနသည့္ ေလသံ ခပ္ဩဩ ဟုေျပာပါက ပိုမွန္ေပလိမ့္မည္။
“ကိုသံေခ်ာင္း … ခင္မ်ား မအိပ္ေသးတာ က်ဳပ္သိတယ္ … တံခါးဖြင့္ေပးစမ္းပါအုံးဗ် … အကူညီလိုေနလို႔ပါ ”
“ေဟ့ … ဘယ္သူလဲ ”
အိမ္ထဲမွ အသံထြက္လာေလေတာ့သည္။ ထိုအသံကား ဦးသံေခ်ာင္း၏ အသံ
“က်ဳပ္ပါ … စံေမာင္ ပါ … လကၡဏာ နည္းနည္း ေလာက္ၾကည့္ခ်င္လို႔ ”
“ေဟ့ေကာင္ … မင္းမူးေနရင္ ေအးေဆး ျပန္အိပ္စမ္းပါကြာ … မနက္မွ လာခဲ့ ”
“မရဘူးဗ် … အေရးႀကီးတယ္ … တံခါးသာ အျမန္လာဖြင့္စမ္းပါ ”
ဦးသံေခ်ာင္းလည္း ၎ကိုယ္တိုင္ မထပါက စံေမာင္ တစ္ေယာက္ျပန္မည္ မဟုတ္ေၾကာင္းရိပ္မိေလ၏။ ထို႔ေၾကာင့္လည္း မတတ္သာေတာ့သည့္ အဆုံး တံခါးထဖြင့္ေပးရေလေတာ့၏။
“ေဟာ … ေက်းဇူးႀကီးလွပါတယ္ ကိုသံေခ်ာင္းရာ … ေဟာဒီက က်ဳပ္ သူငယ္ခ်င္းက … လကၡဏာ နည္းနည္းၾကည့္ခ်င္လို႔တဲ့ … ကူညီစမ္းပါအုံး ”
စံေမာင္စကား ေျပာလိုက္သည္ ႏွင့္ ေသာက္ထားေသာ အရက္နံ႔တို႔က ေထာင္းကနဲထလို႔ေနေလသည္။ ေအာင္ႀကီးမွာေတာ့ စံေမာင္လုပ္သမွ်ကို ေနာက္မွသာ ၿငိမ္လ်က္သား ၾကည့္ေနလိုက္သည္။
“မနက္လာရင္ … ခင္မ်ားကို အေႏွာက္ အယွက္ ျဖစ္မွာဆိုးလို႔ပါ … ကိုသံေခ်ာင္းရယ္ ”
“ကဲကြာ … လာလာ အထဲလာထိုင္ … ၾကည့္ေပးၿပီး တန္းျပန္ ၾကကြာ … ဟုတ္ပလား … ငါလည္း လုပ္စရာရွိေသးတယ္ ”
“ဘာလဲ … ခင္မ်ားက ၿငိဳျငင္တာလား … က်ဳပ္မို႔လို႔ ခင္မ်ားလို စုန္းေယာင္ေယာင္ … ေဗဒင္ေယာင္ေယာင္ လူကို ၿခံထဲ ေခၚထည့္ထားတာေနာ္ … လူပါးမ၀နဲ႔ … က်ဳပ္သူငယ္ခ်င္းကို ၾကည့္ေပးလိုက္ ”
အရက္မူးေနေသာ စံေမာင္က ေတာ့ ပါးစပ္ကို ဘရိတ္မထိန္းႏိုင္ဘဲ ေျပာခ်င္ရာစြတ္ေျပာခ်လိုက္ေတာ့သည္။ ဦးသံေခ်ာင္းလည္း စံေမာင္အား မ်က္လုံးစိမ္းႀကီးျဖင့္ ၾကည့္ကာ ဘာမွ်ဆက္မေျပာေတာ့ဘဲ ၎ေဗဒင္ၾကည့္သည့္ ေနရာသို႔ အသင့္၀င္ထိုင္လိုက္ေတာ့သည္။ ၿပီးေနာက္ ၎တတ္စြမ္းသမွ် ပညာမ်ားျဖင့္ ေအာင္ႀကီးအား လကၡဏာၾကည့္ေပးေလ၏ ။
သို႔ေသာ္လည္း စံေမာင္ ႏွင့္ ေအာင္ႀကီးမွာ မူး ေနေသာ သူမ်ားျဖစ္သည့္အေလ်ာက္ တခ်က္တခ်က္ ထရယ္လိုက္ ။တခ်က္တခ်က္ မဟုတ္ေၾကာင္း မမွန္ေၾကာင္း လက္မခံႏိုင္ေၾကာင္း အစရွိသျဖင့္ ကန႔္လန႔္တိုက္ၾကေလ၏ ။ ဦးသံေခ်ာင္းက မည္သို႔မွ် ျပန္လည္ ေခ်ပ မေျပာဆိုခဲ့ေပ သို႔ေသာ္ …..
+++++++++
ညက အေသာက္မ်ားသြားသလို အိပ္ရာ၀င္လည္း ေနာက္က်ခဲ့ရသည္မို႔ စံေမာင္ တစ္ေယာက္ ေန႔လည္ မြန္းတည့္ခ်ိန္ေလာက္မွ ႏိုးလာေလေတာ့သည္။ ေခါင္းထဲကလည္း ေနာက္က်ိက်ိ ျဖစ္ေနသလို ညက ဦးသံေခ်ာင္းအား ျပႆနာရွာခဲ့ပုံ မ်ားကိုလည္း ဝိုးတိုးဝါးတား သတိရလို႔ေနေလ၏။
ထိုစဥ္မွာပင္ ခႏၶာကိုယ္က ယားယံမႈမ်ားျဖစ္လာသည္ မို႔ စံေမာင္လည္း ၎၏ လက္ႏွစ္ဖက္ျဖင့္ ေက်ာ ရင္ဘက္ ေပါင္ အစရွိသည့္ ေနရာမ်ားသို႔ တဗ်င္းဗ်င္းကုပ္ေလေတာ့သည္။ ညက အက်ႌခြၽတ္ကာ အိပ္လိုက္သည္မို႔ ဂ်ပိုးမ်ား ကိုက္ေလသလား ဟုေတြးမိေသးသည္။ ထိုစဥ္မာပင္
“ေဟ့ေကာင္ စံေမာင္ … အခုထ ”
ဘယ္ကမွန္း မသိေသာ အသံႀကီးက စံေမာင့္ ေခါင္းထဲ က ထြက္ေပၚလာေလေတာ့၏။ အသံႀကီးမွာ ခပ္ျပတ္ျပတ္ႏိုင္ကာ ဩဇာ ျပင္းလြန္းလွသည္။ စံေမာင္လည္း ဘာရယ္ေၾကာင့္မွန္းမသိ အိပ္ရာထဲမွ ဝုန္းကနဲ ေကာက္ထလိုက္မိေတာ့သည္။
“ေခ်ာင္းစပ္ကို … ခုခ်က္ခ်င္းေျပး … ”
အသံက ထပ္မံထြက္ေပၚလာေလ၏။ စံေမာင္လည္း ဘယ္သူေျပာေနမွန္းမသိရဘဲ ေတာင္ၾကည့္ ေျမာက္ၾကည့္ၾကည့္ကာ စတင္ေျပးရေတာ့၏။ သူ႔စိတ္က မေျပးေသာ္လည္း ေျခေထာက္မ်ားက သူ႔အမိန႔္ကို မနာခံဘဲ ေခ်ာင္းစပ္ကို တဟုန္ထိုးေျပးေလ၏။ ေခ်ာင္းစပ္ ေရာက္သည္ ႏွင့္ တစ္ၿပိဳင္ ေစာေစာက အသံမွာ တစ္ဖန္ ထပ္ေပၚလို႔ လာျပန္၏။
“ေဟ့ေကာင္ … ေရကူးစမ္း …”
“ဝုန္း … ဗြမ္း ”
ေနကလည္း က်စ္က်စ္ေတာက္ပူလို႔ေနသည္။ ေပႏွစ္ဆယ္ သုံးဆယ္ သာသာ က်ယ္ေသာ နမၼတူေခ်ာင္း ေလးထဲမွာေတာ့ လူတစ္ေယာက္က တစ္ဖက္ကမ္းမွ တစ္ဖက္ကမ္းကို လက္ပစ္ကူးလို႔ေနေလ၏။ ထိုလူကား စံေမာင္ ။ ေန႔လည္ မြန္းတည့္ခ်ိန္လည္း ျဖစ္သည္မို႔ လမ္းမ ေပၚ၌ လမ္းသြားလမ္းလာမ်ားလည္းရွိေလသည္။ စံေမာင့္အား လွမ္းျမင္ေသာ လူမ်ားကေတာ့
“ဟာ … ေဟ့ … ေခ်ာင္းထဲမွာ လူမို႔လား ”
“ဟယ္ … ဟုတ္တယ္ေတာ့ ”
“ဘယ္သူလည္း …ၾကည့္ၾကစမ္း ၾကည့္ၾကစမ္း ”
စသျဖင့္ ေန႔ခင္းေၾကာင္ေတာင္ႀကီး အထူးအဆန္းလုပ္ျပေနေသာ စံေမာင့္အား ေခ်ာင္းအေပၚ တံတားအေပၚ ေနရာမ်ားမွ ၾကည့္ေနသည့္ လူအုပ္ႀကီးထံမွ အသံဗလံမ်ား ဆူညံလာေလေတာ့သည္။ စံေမာင္မွာေတာ့ ဟိုဖက္ကမ္းမွ ဒီဖက္ကမ္းေရာက္သည္ ႏွင့္ ၊ တစ္ဖန္ ေရထဲ ဒိုင္ဗင္ထိုးကာ မနားတမ္းကူးျပန္၏။
“ကိုေသာင္းစိန္ … စံေမာင္ မဟုတ္လား ”
“တယ္ … ဒီေကာင္နဲ႔ေတာ့ကြာ … ေနပူပူႀကီး ေသေနအုံးမယ္ … ေအာ္ၾကပါဟ ”
“ေဟ့ေကာင္ … စံေမာင္ … ကမ္းေပၚတက္ … ေဟ့ေကာင္ေျပာေနတာၾကားလား ”
စံေမာင္လည္း တံတား ေပၚမွ ေအာ္သံမ်ားကိုၾကားသြားသည္ထင္ ။ ထို႔ေၾကာင့္ ေရကူးေနရင္းမွ
“က်ဳပ္ရပ္လို႔မရဘူး … က်ဳပ္ကို ေရကူးခိုင္းေနလို႔ … ရပ္လို႔မရဘူးဗ် ”
ဟူ၍ လွမ္းအသံျပဳေလ၏။ အတန္ၾကာေအာင္ ကူးခတ္ၿပီးေနာက္မွာေတာ့ စံေမာင္လည္း ေျခကုန္လက္ပန္းက်ေနဟန္တူေလသည္။ ယက္ကန္ယက္ကန္ျဖစ္လာကာ ေရထဲသို႔ ျမဳပ္လိုက္ေပၚလိုက္ျဖစ္ေနေလေတာ့၏။ ထိုအခါ ကိုေသာင္းစိန္ တို႔ အဖြဲ႕မွ
“ဟာ …. ဟာ … စံေမာင္ နစ္ပဟ … ဆင္းဆယ္ၾကအုံး ”
“ေသကုန္ေတာ့မွာပဲ ”
စသျဖင့္ လူမ်ားလည္း ၀႐ုန္းသုန္းကား ျဖစ္ကာ အ႐ြယ္ေကာင္းေကာင္း ကာလသားမ်ားက စံေမာင့္အား ေခ်ာင္းထဲ ဆင္းဆယ္ၾက‌ရေတာ့သည္။ ကမ္းေပၚဆြဲတင္လာၿပီးေနာက္မွာေတာ့ စံေမာင္မွာ ေဟာဟိုက္ဆိုက္ကာ မ်က္ျဖဴပင္လွန္ေနေခ်ၿပီ။
ရင္ဘက္ႀကီးမွာလည္း ဖားဖိုႀကီးလို နိမ့္ခ်ည္ျမင့္ခ်ည္။ ကံေကာင္းစြာျဖင့္ ေရမမြန္းဘဲ ပင္ပန္းလြန္း သျဖင့္သာ စံေမာင္တစ္ေယာက္ သတိလစ္သြားခဲ့ရပါေတာ့၏။ ကိုေသာင္းစိန္ တို႔အဖြဲ႕လည္း စံေမာင့္အား ထမ္းပိုးကာ ၎အိမ္သို႔ အေရာက္ပို႔ေဆာင္ေပးခဲ့သည္။ အိမ္ေရာက္မွသာ အ၀တ္အစားမ်ား လဲလွယ္ေပးရင္း အိပ္ယာထက္၌ အိပ္စက္ေစခဲ့၏။ စံေမာင့္မွာေတာ့ သတိလစ္ေနဆဲပင္။
+++++++++
( ၃ )
ေနာက္တစ္ေန႔ ေန႔လည္ခင္းေလာက္ေရာက္ေတာ့မွ စံေမာင္လည္း သတိရလာေလေတာ့သည္။ မေန႔က နာရီေပါင္းမ်ားစြာ ေရကူးခဲ့ေသာေၾကာင့္ လက္ေမာင္းမ်ား ေျခေထာက္မ်ားက ေပ်ာ့ေခြလို႔ေနေလ၏။ ယခုအခ်ိန္ထိလည္း သူဘာျဖစ္မွန္း မသိသလို ျဖစ္ခဲ့သမွ် ကိစၥမ်ားကိုေတာ့ သူ ဝိုးတဝါးတား သတိရေနေလသည္။
ထိုစဥ္မွာပဲ ၎ လဲေလ်ာင္းေနရာ အခန္းထဲသို႔ အေမြးရနံ႔ အခ်ိဳ႕က ေလေၾကာင္းအတိုင္း ၀င္လာေလေတာ့၏။ မၾကာေပ ထို အေမြးရနံ႔တို႔ ႏွင့္အတူ အသက္ႏွစ္ဆယ္ ေက်ာ္ခန႔္အ႐ြယ္သာ ရွိေသာ မိန္းကေလး ႏွစ္ေယာက္က သူ႔ထံသို႔ တေ႐ြ႕ေ႐ြ႕ ခ်ဥ္းကပ္လာေလေတာ့၏။
မိန္းကေလး ႏွစ္ေယာက္မွာ ရာဇ၀င္ထဲက မင္းသမီးမ်ားကဲ့သို႔ ၀တ္စုံမ်ားကို ဆင္ျမန္းထားေလ၏။ အသားအေရမ်ားကလည္း ၀င္းမြတ္ကာ ခႏၶာကိုယ္အလွတရားမ်ားကလည္း ရင္ဖုံး အက်ႌ ခ်ိတ္ထမီထဲမွ ႐ုန္းကန္ထြက္ခ်င္သေယာင္။ စံေမာင္လည္း ထိုမိန္းမငယ္ေလး ႏွစ္ေယာက္အား အေၾကာင္သားျပဴးၾကည့္ေနမိ၏။
လဲေနရာမွ ထရန္ႀကိဳးစားေသာ္လည္း ၎၏ ‌ေျခလက္မ်ားက အေၾကာဆိုင္းေနသလို နည္းနည္းမွ် လုပ္၍ မရေပ။ ခ်က္ခ်င္းဆိုသလို အမ်ိဳးသမီးငယ္ေလး တစ္ေယာက္က စံေမာင္ ကုတင္ေပးတြင္ ၀င္ထိုင္လိုက္ကာ
“ကိုစံေမာင္ … ကြၽန္မတို႔နဲ႔ အတူလိုက္ခဲ့ပါလား … အရမ္းေပ်ာ္စရာေကာင္းမွာ… သိလား ”
႐ုပ္ရည္႐ူပကာ တင္မက အသံေလးမွာလည္း အိစက္ညက္ေညာၿပီး သာယာ နာေပ်ာ္ဖြယ္ေကာင္းလွေပ၏။ စံေမာင္လည္း ထိုမိန္းကေလးအား ၾကည့္ကာ ရႉမိေသာ ရနံ႔မ်ားႏွင့္ အတူ လူပါ မူးေနာက္ေနာက္ ျဖစ္လာေလ‌၏။ သို႔ေသာ္ သတိကို မလြတ္ေစဘဲ စံ‌ေမာင္တစ္ေယာက္ စိတ္ကို ခ်ဳပ္တည္းထားေလသည္။
“မလိုက္ဘူး … မလိုက္ႏိုင္ဘူး … နင္တို႔က ငါ့ကိုသတ္မာ … နင္တို႔က လူေတြ မဟုတ္ဘူး ”
“ဟုတ္ပါတယ္ … ကြၽန္မ တို႔က လူေတြမဟုတ္ပါဘူး … ဒါေပမယ့္ ကိုစံေမာင့္ကို ဒုကၡမေပးပါဘူ … ကြၽန္မတို႔ နဲ႔ အတူလိုက္ခဲ့ပါေနာ္ ”
“မလိုက္ဘူး … မလိုက္ႏိုင္ဘူးကြာ … သြား … သြား ”
စံေမာင္လည္း ေသြး႐ူးေသြးတန္းျဖင့္ အသံ‌ကုန္ဟစ္ကာ ေအာ္ပစ္လိုက္ေတာ့သည္။ ထိုအခါ စံေမာင့္ ကုတင္ေဘးတြင္ ရပ္ေနေသာ မိန္းကေလးက
” သူ႔ကို ခ်က္ခ်င္းဝိညာဥ္ ႏုတ္ပစ္လိုက္ရင္ေကာင္းမယ္ … ဒီလူက ေတာ္ေတာ္ ေခါင္းမာတာပဲ ”
ဟူ၍ ေျပာလိုက္ေသာ စကားသံကို စံေမာင္တစ္ေယာက္ ၾကက္သီးထဖြယ္ၾကားလိုက္ရေတာ့သည္။ ေစာေစာက ခ်စ္ဖြယ္ေကာင္းလွေသာ အမ်ိဳးသမီး ေလးမွာ ယခုမွာေတာ့ ခက္ထန္ၾကမ္းတမ္းလာသလို ခံစားလိုက္ရ၏။ ထိုအခါ စံေမာင့္ေဘး တြင္ထိုင္ေနေသာ တစ္ေယာက္က
“အစ္မေတာ္ … ေခ်ာ့ၿပီး ေခၚလာခဲ့ပါမယ္ … ညီမေတာ္ ျပန္ရင္ျပန္ႏွင့္ပါ … ”
“အိုမဟုတ္တာ … သူ႔လိပ္ျပာ ပါမလာရင္ … ဆရာက ကြၽန္မတို႔ကိုသတ္လိမ့္မယ္ ”
ထိုမိန္းကေလး ႏွစ္ေယာက္မွာ ညီအမ ျဖစ္ဟန္တူေလသည္။ စံေမာင့္ေဘးတြင္ ထိုင္ေနေသာ အမ်ိဳးသမီးမွာ အစ္မျဖစ္ၿပီး ရပ္ေနေသာ တစ္ေယာက္မွာ ညီမျဖစ္ေပလိမ့္မည္။ အစ္မျဖစ္သူက တည္ၿငိမ္ေသာ္လည္း ညီမ ျဖစ္သူက ၾကမ္းတမ္း ပုံရ၏။
“ဟုတ္ပါတယ္ … ကိုစံေမာင္ရယ္ … ကြၽန္မတို႔က ကုလားသခ်ႋဳင္းက တေစၦညီအမ ပါ … ကိုစံေမာင္ ပါမလာရင္ … ဆရာက ကြၽန္မတို႔ကို အငတ္ထားလိမ့္မယ္ … လိုက္ခဲ့ပါ ကိုစံေမာင္ရယ္ ”
“ဟာ … မလိုက္ပါဘူးဆိုကြာ … မလိုက္ဘူး မလိုက္ႏိုင္ဘူး ”
စံေမာင္လည္း ထိုသို႔ေျပာရင္း အားယူကာ အိပ္ရာ နေဘးမွ ထင္းေခ်ာင္းကိုယူၿပီး ထိုမိန္းကေလး ႏွစ္ေယာက္အား လႊဲပစ္ခ်လိုက္ေတာ့သည္။
“ဝုန္း … ခြမ္း ”
ထင္းေခ်ာင္းႀကီးမွာ ထိုမိန္းကေလး ႏွစ္ေယာက္အား မထိမွန္ဘဲ နံရံေတာင့္တြင္ထားထားေသာ ေရအိုႀကီးအား ထိမွန္သြားေလေတာ့၏။ မိန္းကေလး ႏွစ္ေယာက္မွာလည္း ေပ်ာက္ခ်င္းမလွ ေပ်ာက္ကြယ္ သြားခဲ့ပါေတာ့သည္။
“ကိုစံေမာင္ … ကိုစံေမာင္ … သတိရလာၿပီလား ”
“ေအ … ဖိုးပိန္ ”
ေရအိုးကြဲသြားေသာ အသံေၾကာင့္ ဖိုးပိန္ လည္း စံေမာင္ရွိရာ အခန္းထဲသို႔ေျပး၀င္လာေတာ့သည္။
“ခင္မ်ားသတိလစ္ေနတာ … ႏွစ္ရက္ေတာင္ရွိၿပီ … အစ္မစိုးျမင့္ အကူညီေတာင္းလို႔ … က်ဳပ္က လာေစာင့္ေပးေနတာ ”
” မင္းလာ‌ေတာ့… ေစာေစာက မိန္းကေလး ႏွစ္ေယာက္ကို ေတြ႕လိုက္ေသးလား … ဖိုးပိန္”
“ဘယ္က မိန္းကေလး ႏွစ္ေယာက္လဲဗ် … က်ဳပ္ေတာ့ မေတြ႕မိဘူး ကိုစံေမာင္… ဗိုက္မေကာင္းလို႔ ေနာက္ေဖး ခန သြားေနတာ အခုအသံၾကားလို႔ သာေပါ့ ”
“ေအေအ … မင္းလည္း ျပန္နားရင္နားေတာ့ကြာ … ငါေနျပန္ေကာင္းေနပါၿပီ ”
“ဟုတ္ … ဟုတ္ … က်ဳပ္ ခင္မ်ား သတိရေနၿပီလို႔အစ္မ စိုးျမင့္ကို ၀င္ေျပာေပးခဲ့မယ္ …”
ဖိုးပိန္လည္း စံေမာင့္အား ႏႈတ္ဆက္ကာ ထြက္သြား ေလေတာ့သည္။ စံေမာင္လည္း အိပ္ရာထဲ ျပန္လဲ ရင္းမွ ဘာေၾကာင့္ ယခုလိုေတြ ျဖစ္ေနရသည့္ အေၾကာင္းကို ေတြးေနမိသည္။ သူ႔အား တစ္စုံတစ္ေယာက္က ေႏွာက္ယွက္ေနသည္မွာ ဧကန္မလြဲေပ။
အတန္ၾကာေအာင္စဥ္းစားၿပီးမွ ေအာင္ႀကီး ႏွင့္ သူ အရက္အတူ ေသာက္ခါ ဦးသံေခ်ာင္း အား ျပႆနာရွာခဲ့ပုံမ်ားကို သတိရလာေလေတာ့သည္။ ထိုစဥ္မွာပဲ
“ေဟ့ေကာင္ … စံေမာင္ ”
“ဗ်ာ … ဗ်ာ ”
အသံဩႀကီး တစ္ခုကို သူ႔ေခါင္းထဲမွ ၾကားလိုက္ရျပန္ေတာ့သည္။
“ကုတင္ေပၚက … ခုခ်က္ခ်င္းဆင္း ”
အသံပိုင္ရွင္ကို မျမင္ရ ထို အမိန႔္ေပးေနေသာ အသံကိုသာ ၾကားေနရ၏။ ခ်က္ခ်င္းဆိုသလို စံေမာင္လည္း ကုတင္ေပၚက ဆင္းလိုက္ရေတာ့သည္။ သူမဆင္းခ်င္ေသာ္လည္း ခႏၶာကိုယ္က ၾကမ္းျပင္ေပၚသို႔ ေရာက္ႏွင့္ေနေခ်ၿပီ။
“အေပၚထပ္ တက္ၿပီး ခုန္ခ်ကြာ ”
စံေမာင္ေနေသာ အိမ္မွာ ေျခတံရွည္ ႏွစ္ထပ္ ပ်ဥ္ေထာင္အိမ္ျဖစ္ေလ၏။ စံေမာင္လည္း ထိုအမိန႔္ေပးသံႀကီးကို မလြန္ဆန္ႏိုင္ေတာ့ဘဲ နံေဘး ေလွကားမွ တစ္ဆင့္ ရွစ္ေပခန႔္ျမင့္ေသာ အိမ္အေပၚ ၀ရံတာထိတက္တာ ခုန္ခ်ေလေတာ့သည္။
“ေဟ့ေကာင္ … ျပန္ခုန္တက္ ”
ေအာက္ကို ခုန္ခ်ၿပီးသည္ ႏွင့္တစ္ၿပိဳင္နက္ ထို ရွစ္ေပေက်ာ္ေက်ာ္ ရွိေသာ ၀ရံတာ ဆီသို႔ စံေမာင္ တစ္ေယာက္ ခုန္တက္ရျပန္၏။ ေတာ္႐ုံ သိုင္းဆရာ မ်ားပင္ မခုန္ႏိုင္ေသာ ေနရာကို ေရာက္ေအာင္ စံေမာင္ ခုန္တက္ရ၏ ။ အေပၚေရာက္သည္ ႏွင့္တစ္ၿပိဳင္နက္ ေဟ့ေကာင္ ခုန္ခ် ဟူေသာ အသံ ေအာက္ေရာက္သည္ ႏွင့္ ေဟ့ေကာင္ ခုန္တက္ ဟူေသာ အမိန႔္ေပးသံႀကီးက မနားတမ္းထြက္ေပၚလို႔ေနေလေတာ့သည္။ အတန္ၾကာေအာင္ ခုန္တက္ခုန္ဆင္း လုပ္ၿပီးသည့္ေနာက္တြင္ေတာ့
“ေဟ့ေကာင္ … ၾကက္ဖခြပ္စမ္းကြာ ”
စံေမာင္လည္း မည္သို႔မွ် မတုန႔္ျပန္ႏိုင္ေတာ့ဘဲ ေျမႀကီးေပၚတြင္ တစ္ေယာက္တည္း ဘယ္ညာ ဘယ္ညာ ၾကက္ဖခြပ္ေနရေတာ့သည္။ လူသားျဖစ္သည့္ အေလ်ာက္ ေခြၽးမ်ားလည္း သီးလာကာ ေမာဟိုက္လာေလသည္။ ခုန္တက္ခုန္ဆင္း လုပ္ထားရသည္မို႔လည္း ေျခေထာက္မ်ားက နာေနေခ်၏။ မ်က္လုံးမ်ားျပာေဝလာသည္။
ေနာက္ထပ္ မိနစ္ႏွစ္ဆယ္ေလာက္သာ ခုလိုျဖစ္ေနပါက ေသခ်ာေပါက္ အသက္ေပ်ာက္ရေပေတာ့မည္။ သို႔ေသာ္လည္း ၎ စိတ္ကို တတ္ႏိုင္သေလာက္တင္းကာ ၾကက္ဖခြပ္ေနေလ၏။ မၾကာေပ
“ဟဲ့ … စံေမာင္ … ဘာလုပ္ေနတာလဲ ”
မစိုးျမင့္က ၿခံထဲ၀င္လာသည္ ႏွင့္ ၾကက္ဖခြပ္ေနေသာစံေမာင့္ အားေတြ႕သြားေတာ့သည္။
“မသိဘူး … ၾကက္ဖ ခြပ္ဆိုလို႔ ”
“နင္ဘာျဖစ္တာလဲ စံေမာင္ … နင့္ကို ဘယ္သူ ဘာလုပ္ေနတာလဲ … ဘယ္သူၾကက္ဖ ခြပ္ခိုင္းတာလဲ ”
“သံ … သံေခ်ာင္း ”
စံေမာင္လည္း ၾကက္ဖ ခြပ္ေနရင္းမွ သံေခ်ာင္း ဟုေျပာကာ အေမာဆို႔ ပစ္လဲက်သြားေလေတာ့သည္။ ညေနေစာင္းေရာက္ေတာ့ ၎အိပ္ရာထက္တြင္ပင္ တစ္ဖန္ သတိျပန္ရလာေတာ့သည္။ မ်က္စိႏွစိလုံးကို ဖြင့္လိုက္သည္ ႏွင့္ သူ႔နံေဘးတြင္ မိန္းကေလး ေျခာက္ေယာက္က ပတ္ပတ္လည္၀န္းရံထားေလ၏။
ခါး တစ္ဖက္တစ္ခ်က္တြင္ တစ္ေယာက္စီ ေျခ‌ေထာက္ ဘယ္ညာ တြင္ တစ္‌ေယာက္စီ လက္ဘယ္ညာတြင္ တစ္ေယာက္စီ အသင့္ရွိေနေလ၏။ ၿပီးေနာက္ စံေမာင့္အား သူတို႔လက္မ်ားျဖင့္ အေပၚမွ ေအာက္ဆြဲကာ ပြတ္သပ္ခ်ေလ၏။ ထိုအရသာကား စာျဖင့္ ေရးဖြဲ႕ျပရန္ပင္ မစြမ္းႏိုင္ေပ။ လက္ထိပ္ ‌ေျခထိပ္ ဦးေခါင္းထိပ္ အစရွိေသာ ေနရာမ်ားမွ တဖ်င္းဖ်င္း ၾကက္သီးမ်ားထကာ ခံစားလို႔ေကာင္းလွေပသည္။
အတန္ၾကာေအာင္ မိန္းကေလး ေျခာက္ေယာက္မွာ ထိုသို႔ ပြတ္သပ္ခ်ၿပီးေနာက္ အခန္းထဲမွ ထြက္သြားၾကေတာ့သည္။ စံေမာင္လည္း ေစာေစာက ေလးလံေနမႈ ပင္ပန္းမႈ ေခါင္းမၾကည္မႈမ်ားက ခ်က္ခ်င္း ယူပစ္သလို သက္သာသြားေလေတာ့သည္။ ထို႔ေနာက္ မစိုးျမင့္က ၎အခန္းထဲ၀င္လာကာ
“စံေမာင္ … ဘယ္လိုေနေသးလဲ … ”
“သက္ … သက္သာ ၿပီး ေနလို႔ေကာင္းေနတယ္ ”
“ေအ … ဟုတ္တယ္ … အဲ့ဒါ နင့္ကို သံေခ်ာင္းက ေအာက္လမ္းလုပ္ထားတာ … အပင္းတိုက္ထားတာ … နင္သတိလစ္ေနတုန္း တို႔ေတြ သြားေျပာလို႔ အခုသူထုတ္ေပးလိုက္တာပဲ ”
မစိုးျမင့္ အေျပာေၾကာင့္ စံေမာင္လည္း ေဒါသထြက္ သြားကာ အိပ္ရာထဲမွ က်ဳံးထေလ၏။
“ေတာက္ … ေခြးမသား … လူပါး၀လို႔ကြာ ”
“ဟဲ့ … ဟဲ့ … ၿပီးတာေတြ ၿပီးပေစေတာ့ … နင္လည္း သက္သာေနၿပီပဲ … ရန္သြားမစခ်င္စမ္းပါနဲ႔‌ ေတာ့ေအ ”
မစိုးျမင့္ တားေနသည္က တစ္ေၾကာင္း သူကိုယ္တိုင္ လည္း စိတ္မၾကည္ေသးသည္က တစ္ေၾကာင္းမို႔ စံေမာင္တစ္ေယာက္ အေလ်ာ့ေပးလိုက္ေတာ့သည္။
“ေနာက္ … တခါဆိုရင္ေတာ့ … က်ဳပ္က ခုတ္ၿပီ ”
“ေအးပါဟယ္ … သည္းခံလိုက္ပါ … အိမ္နီးနားခ်င္းေတြပဲ ”
ဤသို႔ျဖင့္ စံေမာင္လည္း ေရမိုးခ်ိဳးကာ ညစာစားၿပီး အိပ္ရာ ၀င္လိုက္ေတာ့သည္။ေန႔ခင္းဘက္ ႏိုးလာသည့္အခ်ိန္တြင္ ေတာ့ ၎ စိတ္ေတြၾကည္ေနသည္။
စိတ္သစ္လူသစ္ ျဖစ္လာသလို ခႏၶာကိုယ္၌ အားအင္မ်ား ျပည့္လာသည္ဟုလည္း ခံစားရေလ၏။ ထို႔ေနာက္ ေဆးလိပ္ေသာက္ရန္ အတြက္ အိမ္ထဲမွ ထြက္ကာ ေဒၚေအးျမ ဆိုင္ဖက္သို႔ ဆင္းလာခဲ့လိုက္ေတာ့သည္။
“ဟဲ့ … စံေမာင္ … ေနေကာင္းသြားၿပီလား ”
“ေကာင္းသြားပါၿပီ … အရီးျမ … ”
“နင္ ေတာ္ေတာ္ ကံေကာင္းတယ္ေနာ္ … တို႔ျဖင့္ ေသၿပီေတာင္ထင္တာ ”
“စံေမာင္ပါဗ် … လြယ္လြယ္ေသတဲ့ ထဲဘယ္ပါလိမ့္ မတုန္း လူသာပိန္သာ … ဘုန္းတန္ခိုးႀကီးပါတယ္ … ကဲကဲ က်ဳပ္ကို ဂဠဳန္ေလးလိပ္ ေလာက္ေပးပါအုံး ”
“ေအေအ ”
ေဒၚေအးျမလည္း ဂဠဳန္ေဆးလိပ္ အစည္းထဲက ေလးလိပ္ထုတ္ကာ စံေမာင့္အားေပးေလ၏။ ထိုစဥ္မွာပဲ
“ဦးဦး စံေမာင္ ေဆးလိပ္ေပး … ဦးဦး စံေမာင္ ေဆးလိပ္ေပး ”
ကေလး တစ္ေယာက္၏ အသံကို စံေမာင္ တစ္ေယာက္ အတိုင္းသား ၾကားလိုက္ရေတာ့သည္။ အသံလာရာကိုၾကည့္လိုက္ေတာ့ ေပႏွစ္ဆယ္ ေက်ာ္ျမင့္ေသာ ပိႏၷဲပင္ေပၚက ကေလး တစ္ေယာက္ကို လွမ္းျမင္ရေလ၏။ ထိုကေလးမွာ ႐ိုး႐ိုးကေလး တစ္ေယာက္ မဟုတ္ ဦးသံေခ်ာင္းေမြးထားေသာ ကေလးသရဲ တစ္ေကာင္ျဖစ္လိမ့္မည္ ကို စံေမာင္ အတပ္သိေလ၏။
“ဦးဦးစံေမာင္ ကပ္ေစးကုပ္ … ဦးဦးစံေမာင္ ကပ္ေစးကုပ္ ”
စံေမာင္လည္း ထိုပိႏၷဲပင္ ထိပ္ဖ်ားမွ ကေလး အားၾကည့္ကာ ခ်က္ခ်င္းဆိုသလို ၎ အိမ္သို႔ တစ္ဟုန္ထိုးေျပးသြားေလေတာ့သည္။ အိမ္သို႔ေရာက္သည္ႏွင့္တစ္ၿပိဳင္နက္ နံရံေပၚတြင္ အသင့္ခ်ိတ္ထားေသာ ဌက္ႀကီးေတာင္ ဓားကိုျဖဳတ္ကာ ဓားအိမ္ထဲမွ ဆြဲထုတ္လိုက္ေလေတာ့၏။
“႐ႊက္ ….”
“သံေခ်ာင္း ေရ … ဒီေန႔ေတာ့ မင္းနဲ႔ ငါ ေတြ႕ပေပါ့ ေဟ့ ”
ဟူ၍ က်ဳံးဝါးကာ အိမ္ေပၚက ခုန္ဆင္းလိုက္ေတာ့သည္။ ၿပီးေနာက္ ဦးသံေခ်ာင္း၏ အိမ္ခန္းအေရွ႕ အေရာက္
“ေဟ့ေကာင္ … သံေခ်ာင္း … ငါလာၿပီကြ … စံေမာင္လာၿပီ ”
ယခင္လို ကိုသံေခ်ာင္းဟုပင္ မေခၚႏိုင္ေတာ့ ။ စံေမာင့္ ေဒါသေတြ ငယ္ထိပ္ေရာက္ေနေခ်ၿပီ။ ၿပီးေနာက္ အိမ္ခန္း တံခါးကို ဝုန္းကနဲ ေဆာင့္ကန္ကာ ဌက္ႀကီးေတာင္ ဓားကို ၀င့္ရင္း ၀င္သြားေလ၏။ စံေမာင္ အိမ္ထဲ ေရာက္သြားခ်ိန္၌ ဦးသံေခ်ာင္း ရွိ‌မေနေတာ့ပါ ။ ေနာက္ေဖး ျပတင္းေပါက္ကေန၍ ခုန္ဆင္းကာ ထြက္ေျပးသြားေခ်ၿပီ ။ အခ်ိန္ကား ညေန‌ေစာင္းေန၀င္ခ်ိန္ ေလာက္ ျဖစ္ေလ၏ ။ စံေမာင္လည္း ျပတင္းေပါက္မွ ေန၍ ဟိုးအေဝးႀကီးမွ ခပ္ေရးေရးသာ သြားေနေသာ ဦးသံေခ်ာင္း၏ ေက်ာျပင္ကို လွမ္းလို႔ျမင္ရေနသည္။
ထိုသို႔ျမင္ရျခင္းကား ဦးသံေခ်ာင္းအား ထိုေနရာတြင္ ေနာက္ဆုံး ေသာျမင္ရျခင္း တစ္ခုသာ ျဖစ္ေနပါေတာ့၏။ စံေမာင္ ေစာေစာက ျမင္ခဲ့ရေသာ ကေလးသရဲမွာ ဦးသံေခ်ာင္းက သူ႔အား က်ီစားသြားျခင္းလား ။
ဦးသံေခ်ာင္းမွာေတာ့ ထိုေန႔မွစကာ လူေရာ သတင္းပါ အစအန မၾကားရေတာ့ေပ။သူ အားလုံးကို ေက်ာခိုင္းထြက္ခြာသြားခဲ့‌ေခ်ၿပီ ။ ထို႔ေနာက္တြင္ေတာ့ စံေမာင္ တစ္ေယာက္ လည္း ယခင္လို အေႏွာက္ အယွက္မ်ား မရွိေတာ့ဘဲ အဆင္ေျပေျပ ေနႏိုင္သြားခဲ့ပါေတာ့၏ ။ ဦးသံေခ်ာင္းကား ေအာက္လမ္း ဦးသံေခ်ာင္းေလာ/ ေယာက်ာ္းစုန္း ဦးသံေခ်ာင္းေလာ ………
( ၿပီးပါၿပီ )
( ထိုျဖစ္ရပ္မွန္ အေၾကာင္းေလးအား ခေရေစ့တြင္းက် ေျပာျပေပးသည့္ ေလးေလး ဦးစံေမာင္ အား ဤ ေနရာမွ ေက်းဇူးတင္စကားေျပာရင္း ဂါရ၀ ျပဳလိုက္ပါသည္။
ကြၽႏ္ုပ္ေရးသားေသာ ေအာက္လမ္း ဦးသံေခ်ာင္း အမည္ရ ဇာတ္လမ္းတိုေလး ဤတြင္ၿပီး၏။
စာဖတ္သူတို႔အား အစဥ္ေလးစားလ်က္
သူေရး
Since 2018