“ဝက်သတ်သမားကိုတက်ခါး “(စ-ဆုံး)

“ဝက်သတ်သမားကိုတက်ခါး “(စ-ဆုံး)
——————————-
ရေးသားသူ –  အောင်ဓူဝံ

ရပ်ထဲရွာထဲတွင်ကိုတက်ခါးဆိုလျှင်
မသိသူမရှိသလောက်ပင်။

ကိုတက်ခါးပုံစံကအရပ်ရှည်ရှည်ခါးကိုင်းကိုင်း
မျက်နှာကြီးကအမြဲနီရဲနေတတ်သည်။

ကိုတက်ခါးကအသက်မွေးဝမ်းကြောင်း
အဖြစ်ဝက်သတ်ခြင်းကိုလုပ်ကိုင်နေသူ
ဖြစ်လေသည်။
ဘယ်ရွာကဝက်ပေါ်ချင်လို့ ဘယ်အလှူက
ဝက်ပေါ်ချင်လို့ဘယ်နှကောင်ပေါ်ပေးပါ
ဆိုလျှင်ကိုတက်ခါးကိုပဲလာခေါ်တတ်ကြ
လေသည်။

ကိုတက်ခါးကလည်းမငြင်းဆန်ပဲ
အမြဲလိုက်သတ်ပေးတတ်လေသည်။
အဲ့သလိုဝက်ပေါ်ပေးသည့်အခါတိုင်း
ဝက်ပေါ်ပေးခပိုက်ဆံနှင့်အတူ
ဝက်သားများလည်းရလာသေးသည်။

ဤအလုပ်မှလွဲ၍ကိုတက်ခါးတခြား
အလုပ်မလုပ်တတ်။
ဒီအလုပ်ကိုသာအားသွန်ခွန်စိုက်လုပ်လေသည်။
ကြာလာတော့အကုသိုလ်တွေများလာပြီး
လူရုပ်ပင်မပေါ်ချင်တော့ပေ။

ထို့ကြောင့်ကိုတက်ခါးအားမြင်လျှင်
ကလေးများကကြောက်လန့်ပြီးအော်ငို
တတ်ကြသေးသည်။

ကိုတက်ခါးကလူပျိုကြီးမိမရှိဖမရှိ
တစ်ကိုယ်တည်းသမားဖြစ်လေသည်။
ထို့ကြောင့်သူ့အားဆုံးမပဲ့ပြင်မည့်သူ
မရှိခဲ့ပေ။

ရှိခဲ့လျှင်လည်းဆိုဆုံးမ၍ရနိုင်မည့်အထဲ
မှာကိုတက်ခါးပါမည်မဟုတ်ပေ။

ယနေ့လည်းသဖန်းရွာမှဝက်ပေါ်ပေးရန်
မနက်အစောကြီးလာခေါ်သဖြင့်ကိုတက်ခါး
သဖန်းရွာသို့ရောက်ရှိနေလေသည်။

================

“တက်ခါးရေ သန်ဘက်ခါအလှူအတွက်
မင်းပေါ်ရမယ့်ဝက်အကောင်ရေက
များတယ်ကွမင်းတစ်ယောက်တည်းဖြစ်ပ့ါမလား”

“ဖြစ်ပါတယ်ကိုစိန်သောင်းရာ
ဘယ်နှကောင်လာမလဲအကောင်တစ်ရာလား
နှစ်ရာလားကြိုက်သလောက်လာ
ကျုပ်သတ်ပေးနိုင်တယ်။
ကျုပ်အကြောင်းခင်ဗျားသိပါတယ်ဗျာ”

“သိလို့ပဲမင်းကိုလာခေါ်ခဲ့တာပေါ့ကွ
ရော့အရက်လေးလည်းချစမ်းပါဦး”

“ပေးဗျာ”

“ဂလု ဂလု “

“အား…လည်ချောင်းထဲကိုပူဆင်း
သွားတာပဲ”

“မင်းအတွက်အားဆေးဝင်သွားပြီဆိုတော့
အလုပ်လေးနဲ့သက်သေပြလိုက်ဦး”

“ဘယ်မှာလဲဝက်တွေ”

“ဝက်တွေကခြံထဲမှာပေါ့ကွ
အဲ့ဒီဝက်အကုန်ပေါ်ပေးရမှာကွ
အလှူကအတော်ကြီးတယ်
ဒါကြောင့်ဝက်သားအချိန်ရေ
များများရမှဖြစ်မယ်တက်ခါးရေ”

(မှတ်ချက်.အလှူလုပ်တဲ့အခါသူတစ်ပါး
အသက်ကိုသေချာခိုင်းစေသတ်ပြီးမှ
လုပ်တဲ့အလှူမျိုးသဘောမကျပါ)

ဆက်ရန်

“စိတ်ချ ကျုပ်ပုဆိန်နဲ့ဓါးက
ခေါင်းမရွေးဘူးဗျ။
တစ်ချက်တည်းထိတုံးကနဲဖြစ်သွားစေရမယ်”

“ရွှမ်”

“တောင်”

“ကဲသွားပြီဗျို့”

ကိုတက်ခါးလည်းပုဆိန်နှင့်ဓါးအား
ကိုင်ကာဝက်ခြံထဲသို့ဝင်ရောက်လာခဲ့လေ
သည်။

“ဂွီး ဂွီး ဂွီး”

“အူး အူး”

ဝက်ခြံထဲကိုတက်ခါးဝင်လာသည်ကို
မြင်လိုက်သည်နှင့်ဝက်များကဂဏှာမငြိမ်
ဖြစ်ကာအော်ဟစ်နေကြလေသည်။

သေရတော့မည့်အရေးကိုသိနေကြသဖြင့်
ဝက်များကအော်ဟစ်နေကြလေသည်။

ကိုတက်ခါးလည်းသူစိတ်ကြိုက်
သတ်နိုင်မည့်ဝက်တစ်ကောင်အား
လိုက်လံရှာဖွေလိုက်ပြီးပထမဆုံးသတ်မည့်
အကောင်အားစိတ်တိုင်းကျရွေးပြီး
သည်နှင့်လက်ထဲမှပုဆိန်ကြီးနှင့်အားကုန်
ပေါက်ချလိုက်လေတော့သည်။

“ဂွီး ဂွီး”

ငယ်ထိပ်အားပုဆိန်ဖြင့်အပေါက်ခံလိုက်ရ
သဖြင့်ဝက်ကြီး၏အော်ညဉ်းသံက
ကြောက်မက်ဖွယ်လွင့်ပျံလာလေသည်။

ဝက်ခေါင်းကြီးမှာဟက်တက်ကွဲလျက်
သွေးအလိမ်းလိမ်းထွက်ကာမြေပြင်ပေါ်တွင်
ဆန့်ငင်ဆန့်ငင်ဖြင့်သေဆုံးသွားတော့သည်။

ဝက်ခြံထဲမှဝက်များအားတစ်ကောင်ပြီး
တစ်ကောင်ဇိမ်ပြေနပြေသတ်နေသည့်
ကိုတက်ခါး၏ခန္ဓာကိုယ်တစ်ခုလုံးလည်း
ဝက်သွေးများဖြင့်နီရဲနေတော့သည်။

နာကျင်မှုကြောင့်အော်ဟစ်လိုက်သည့်
ဝက်များရဲ့အော်ဟစ်သံကပတ်ဝန်းကျင်သို့
စိတ်မကောင်းဖွယ်ရာပျံ့လွင့်နေပေတော့သည်။

“ကဲ ကိုစိန်သောင်း ဝက်တွေလည်း
သတ်ပြီးပြီ သေချာလည်းတုံးတစ်ပေးထားတယ်
လုပ်အားခလေးတော့လုပ်လိုက်ဦးဗျ”

“ပေးမှာပါတက်ခါးရာ ငါထွက်မပြေးပါဘူးကွ
အလှူရှင်ဆီကနေပိုက်ဆံတောင်းထားပြီးသား
ပါကြာ။

“ကျုပ်ပြန်ရင်ဝက်သားတစ်တွဲယူသွားဦးမယ်
ကိုစိန်သောင်း”

“ယူဗျာယူဗျာကြိုက်သလောက်သာယူသွား”

“အဟဲ ဒီလိုမွေပါ့”

“ရော့မင်းလုပ်အားခ”

“ကျေးဇူးပဲ ကိုစိန်သောင်း နောက်လည်း
လိုရင်လာခေါ်ပေါ့ဗျာ”

“အေးပါ”

ကိုတက်ခါးလည်းလုပ်အားခငွေနှင့်အတူ
ဝက်သားတစ်တွဲအားစိတ်ကြိုက်ရွေးယူပြီး
နေအိမ်သို့ပြန်လာခဲ့တော့သည်။

=================

ကိုတက်ခါးလည်းအိမ်အပြန်လမ်းမှ
ဝယ်လာခဲ့သောအရက်ပုလင်းအား
ထမင်းစားပွဲဝိုင်းပေါ်သို့တင်ထားလိုက်ပြီး
မီးဖိုချောင်ဘက်သို့ထွက်လာခဲ့လေသည်။

မီးဖို၌မီးမွှေးလိုက်ပြီးပါလာသည့်
ဝက်သားအားတစ်ဝက်ကိုအရက်ဖြင့်မြည်းရန်
ကြော်လိုက်သည်။
ကျန်သည့်တစ်ဝက်ကိုတော့ချက်ရန်လုပ်ထားလေသည်။

အားလုံးပြီးတော့ဝက်သားကြော်ပန်းကန်အား
စားပွဲဝိုင်းပေါ်သို့တင်ကာအရက်ဖြင့်မြည်း
လေသည်။

“ဝူး ဝေါ ဝေါ ဝုန်း”

“ဟ…လေတွေတိုက်လာပါလား
လှန်းထားတဲ့အဝတ်တွေသွားရုတ်အုံးမှ”

ကိုတက်ခါးအရက်သောက်နေစဉ်
လေပြင်းများတိုက်လာသဖြင့်အိမ်ထဲမှ
ထွက်လာပြီးလှန်းထားသည့်အဝတ်များအား
ရုတ်လိုက်သည်။

“ဝေါ ဝေါ “

“ဂျိန်း ဂလိမ်း”

“ဂျွတ် ဂျွတ်”

“ဖြောင်း”

“ဟာ…”

လေပြင်းများဆောင့်တိုက်မှုကြောင့်
သစ်ကိုင်းကြီးတစ်ကိုင်းကြီးကျိုးကျလာပြီး
ကိုတက်ခါး၏ဦးခေါင်းတည့်တည့်သို့
အရှိန်ဖြင့်ထိုးကျသွားလေသည်။

“အား…”

“အား သေပါပြီဗျ “

ကိုတက်ခါးလည်းနာကျင်လွန်းသဖြင့်
လက်နှစ်ဖက်ဖြင့်ခေါင်းအားဖိထားမိလေသည်။

“အားကျွတ်ကျွတ် “

“ဟာသွေးတွေထွက်နေပါလား
အ အား ကျွတ် ကျွတ်”

ကိုတက်ခါး၏လက်နှစ်ဖက်လုံး
သွေးများဖြင့်နီရဲနေလေသည်။
ဦးခေါင်းပေါ်မှစီးကျလာသည့်သွေးများအား
ကြည့်ကာကိုတက်ခါးထိတ်လန့်နေလေသည်။

“ကယ်ကြပါဦး ကယ်ကြပါဦး
ကျုပ်ခေါင်းပေါက်သွားလို့ကူညီကြပါဦး”

လေပြင်းများကြားထဲမှအိမ်နီးချင်းများ
ကြားစေရန်အသံကုန်အော်ကာအကူအညီ
တောင်းလိုက်လေသည်။

အိမ်နီးချင်းကလည်းတော်တော်နှင့်
ရောက်မလာကြပေ။
ထို့ကြောင့်ကိုတက်ခါးလည်းဆက်မအော်တော့ပဲ
အားတင်းပြီးအိမ်ထဲပြန်ဝင်လာခဲ့လေသည်။

“အားကျွတ်ကျွတ်ကျွတ်”

“နာလိုက်တာ”

ကိုတက်ခါးလည်းအဝတ်တစ်ထည်အား
ယူလိုက်ပြီးခေါင်းအားဖိထားလိုက်လေသည်။

သွေးတိတ်ရန်အတွက်သွေးတိတ်ဆေး
အမှုန့်အနည်းငယ်ကိုယူကာခေါင်းတွင်
သိပ်လိုက်လေသည်။

“အား…”

“အား စပ်လိုက်တာကွာ”

ကိုတက်ခါးအိမ်ထဲတွင်တစ်ယောက်တည်း
အော်ဟစ်နေပေမယ့်မည်သူမှရောက်လာပြီး
ကူညီပေးကြခြင်းမရှိပေ။

ကိုတက်ခါးလည်းဦးခေါင်းကွဲသော
ဒဏ်ရာအားအင်္ကျီဖြင့်စည်းပြီးပေပေတေတေ
နေကာအိပ်လိုက်လေသည်။

================

“ဟာ တက်ခါးခေါင်းမှာလည်းအင်္ကျီစကြီး
ပေါင်းလို့ ဘာဖြစ်ထားတာလဲ”

အိမ်နီးချင်းဖြစ်သူကိုထိန်ဝင်းက
မေးလိုက်ခြင်းဖြစ်သည်။

“မနေ့ကလေပြင်းတွေတိုက်တော့
အပြင်မှာလှန်းထားတဲ့အဝတ်တွေသွား
ရုတ်တုန်းသစ်ကိုင်းကျိုးကျပြီး
ခေါင်းကိုထိသွားတာခင်ဗျားတို့ကို
လှမ်းပြီးအကူအညီတောင်းသားပဲ
ခင်ဗျားတို့မှမလာကြတာ”

“ေဟဟုတ္လား ငါတို့မျကားလို့ပါကြာ
ကြားရင်လာမှာပေါ့ကွ။
ငါတို့ကအဲ့သလောက်လည်းလူမှုရေး
မခေါင်းပါးပါဘူးတက်ခါးရာ
အခုဆေးသွားပြမလို့လား”

“မဟုတ်ဘူး ကိုအောင်မောင်းတို့အိမ်မှာ
ဝက်သွားပေါ်ပေးမလို့”

“ဟာ တက်ခါးရာ မင်းမလည်း
ဒီလောက်ဒဏ်ရာကြီးနဲ့ကိုမင်းကဝက်သတ်
သွားအုံးမလို့လားကွ။
မင်းဒီအကုသိုလ်အလုပ်ကိုနားလိုက်ပါ
တော့လားတက်ခါးရာ”

“ဟာဘယ်ဖြစ်မလဲဗျ။
ဒါကျုပ်ကျွမ်းကျင်တဲ့လုပ်ငန်းလေ
ဒါမှမလုပ်ရင်ကျုပ်ထမင်းငတ်သွားမှာပေါ့
ခင်ဗျားကကျုပ်အလုပ်မရှိရင်
တင်ကျွေးထားမှာမလို့လား”

“ငါကစေတနာနဲ့ ပြောတာပါကွာ
မင်းမကြိုက်ရင်ငါမပြောတော့ပါဘူး”

“ကဲ ကျုပ်သွားမယ်”

“အင်း တက်ခါး တက်ခါး မင်းတစ်နေ့
မင်းပြုတဲ့အကုသိုလ်တွေကမင်းကို
ဒဏ်ခက်ကြလိမ့်ဦးမယ် ဟူး”

ကိုထိန်ဝင်းလည်းကိုတက်ခါးအား
ကြည့်ကာသက်ပြင်းတစ်ချက်အားချလိုက်
မိတော့သည်။

“ကိုအောင်မောင်းရေ “

“ဟာတက်ခါးခေါင်းမှာလည်း
ဖိုးချစ်ခေါင်းပေါင်းကြီးနဲ့ပါလားကွ
ဘာဖြစ်လာတာလဲ”

“ဘာဖြစ်ရမလဲဗျာ။မနေ့ကလေပြင်းတိုက်တုန်း
အဝတ်သွားရုတ်တာသစ်ကိုင်းကကျိုးပြီး
ကျုပ်ခေါင်းပေါ်လာကျတာလေ”

“ဖြစ်ရမယ်ဖြစ်ရမယ်”

“ဒါနဲ့ဝက်ကဘယ်အကောင်ပေါ်ပေးရမှာလဲ”

“ဟိုမယ် အမည်းစက်ပါတဲ့အကောင်ပဲကွာ
ဒီကောင်ကဘာမှသုံးစားမရတော့ဘူး
ရောဂါဖြစ်နေတာကွ။
ရောဂါနဲ့မသေခင်မင်းကိုပေါ်ခိုင်းလိုက်တာ
အသားလည်းရောင်းရမင်းလည်းပိုက်ဆံရ
ပေါ့ကွာ”

“ရွာထဲကရောဂါဖြစ်နေတဲ့ဝက်သားကို
ဝယ်ပါ့မလားကိုအောင်မောင်းရ”

“သြော် အလိုက်ပါဘိတက်ခါးရယ်
ဘယ်သူကငါ့ဝက်ရောဂါဖြစ်နေတယ်လို့
သိမှာလဲတက်ခါးရယ်လိမ်ရောင်းရမှာပေါ့ကွ”

“အင်းပါ ကျုပ်အလုပ်ကတော့
သတ်ပေးဖို့ပါပဲဗျာ”

“ကဲ အချိန်ရှိတုန်းလုပ်လိုက်ဦးပေါ့ကွာ”

ကိုတက်ခါးလည်းခါးကြားမှဓားမအား
ထုတ်လိုက်ပြီးချည်ထားတဲ့ဝက်ဆီသို့
လှမ်းလာခဲ့လေသည်။

“စွတ်”

“ဒုတ်”

“အွန်း ဂွီး ဂွီး”

ဓားမဖြင့်ခေါင်းတည့်တည့်အား
ခုတ်လိုက်သဖြင့်ဝက်လေးမှာမချိမဆန့်
ဝေဒနာကိုခံစားပြီးသေဆုံးသွားတော့သည်။

သေသွားသောဝက်အားအပိုင်းပိုင်း
ခုတ်ထစ်ပြီးခြေလက်များပါမကျန်
ခုတ်ထစ်ထားလိုက်လေသည်။

“ကိုအောင်မောင်း တစ်ခါတည်းတုံးတစ်
ထားခဲ့ပြီဗျို့  “

“အေးအေး တက်ခါးတို့ကတော့
ဝက်ပေါ်တဲ့နေရာမှာကျွမ်းကျင်သလို
အသားတုံးတဲ့နေရာမှာလည်းပြိုင်စံရှားပဲဟေ့”

“သိပ်လည်းမြှောက်မနေပါနဲ့
ပေးဝက်ပေါ်ခပိုက်ဆံ”

“ရော့ပါဗျာ ရော့ပါ
မင်းစားဖို့ဝက်သားလိုချင်ယူသွားဦးလေ”

“ကျုပ်အတွက်မပူနဲ့ သေချာလုပ်ထားပြီးသားပါ
သွားဦးမယ်ဗျို့ ။
ဟိုအကောင်ကိုလည်းပေါ်ချင်ပေါ်လို့
ရသေးတယ်နော့”

“ဟာမလုပ္ပါနဲ့ကြာ
ဒီအကောင်လေးကငယ်ပါသေးတယ်ဟ”

“ဟဲဟဲ စတာပါဗျာ သွားပြီဗျို့ “

ကိုတက်ခါးလည်းဝက်သားတွဲအား
ဆွဲကာကိုအောင်မောင်းအိမ်မှထွက်သွားလေသည်။

တစ်နေ့တစ်နေ့ ဝက်လိုက်သတ်ပေးရင်းနဲ့
အချိန်တွေကုန်လာခဲ့လေသည်။
အကုသိုလ်အထုပ်အပိုးများကလည်း
ကိုတက်ခါးအတွက်မရေမတွက်နိုင်
အောင်များပြားလာခဲ့လေသည်။

သူပြုဖူးသည့်အကုသိုလ်ဝဋ်ကံကြမ္မာက
အတုံ့အလှည့်အဖြစ်ကိုတက်ခါးထံသို့
ရောက်ရှိလာခဲ့တော့သည်။

“အား ကိုက်လို့ပါဗျ ကျုပ်ခေါင်းကြီးကို
ဖြတ်ပေးကြပါ။ သေပါတော့မယ်”

“အမယ်လေးဗျ ကိုက်လိုက်တာဗျာ”

ကိုတက်ခါးတစ်ယောက်လက်နှစ်ဖက်ဖြင့်
ခေါင်းကိုထုကာအိမ်ထဲတွင်လူးလွန့်နေ
လေသည်။

သစ်ကိုင်းဖြင့်ထိခိုက်ထားသောဒဏ်က
ကိုတက်ခါး၏ဦးခေါင်းအားသေမတတ်
နာကျင်နေရလေသည်။

အိမ်နီးချင်းများကလည်းကိုတက်ခါး၏
အော်ဟစ်ညဉ်းတွားသံကြောင့်စိတ်မချမ်း
မသာဖြစ်နေကြရလေသည်။

တချို့ သူများကကိုတက်ခါးအား
ပြစ်တင်ပြောဆိုကြပြန်သေးသည်။

“ဝဋ်ဆိုတာနောင်ဘဝမကူးဘူးဆိုတာ
တက်ခါးလိုလူမျိုးကိုပြောတာအေ့
အခုကြည့်ပါလားသူသတ်ဖူးတဲ့ဝက်တွေလိုပဲ
အိမ်ထဲမှာလူးလိမ့်ပြီးအော်ဟစ်နေတာ
မသေမချင်းခံပေဦးပေါ့အေ”

“အေးဟဲ့သူများအသတ်ကိုရက်ရက်စက်စက်
သတ်ခဲ့သလိုအခုသူလည်းဝေဒနာဆိုးနဲ့
သေရတော့မှာလေ။
ဝဋ်တွေများကြောက်ဖို့ကောင်းလိုက်တာ”

ရွာထဲမှလူများကထိုကဲ့သို့ ပြောဆိုကြလေသည်။

ကိုတက်ခါး၏ဝေဒနာက
တစ်နေ့တစ်နေ့သက်သာမလာပဲ
ပို၍ပို၍သာဆိုးရွားလာခဲ့လေသည်။

အချိန်ပြည့်ခေါင်းကြီးအားကိုင်ကာ
အော်ဟစ်ငိုယိုနေပေတော့သည်။

၁လခန့်ကြာတော့ ကိုတက်ခါး၏
နောက်ဆုံးနေ့သို့ရောက်လာခဲ့လေသည်။

ကိုတက်ခါးတစ်ယောက်
အိမ်ဝိုင်းထဲတွင်ဝက်တစ်ကောင်သဖွယ်
မြေမှာလူးလှိမ့်ကာအော်ဟစ်နေရှာသည်။

အိမ်နီးချင်းများကဝိုင်းထိန်းကြပေမယ့်
ကိုတက်ခါးကတော့နာကျင်မှုကြောင့်
ဟန်မဆောင်နိုင်အောင်ခံစားနေရလေသည်။

“အူး အူး ဂှီး”

“ဟင်…တက်ခါး တက်ခါး သတိထားပါဦးဟ”

“ဟေ့တက်ခါး ဘုရားကိုစိတ်ထဲကနေ
မှန်းကန်တော့လိုက်လေ”

“တက်ခါး ဘုရားတရားကိုအာရုံပြု”

“ဂွီး ဂွီး အူး”

“ဟာ…တက်ခါး တက်ခါး”

“တက်ခါးအသက်မရှိတော့ဘူး”

“အင်း ဖြစ်မှဖြစ်ရလေ တက်ခါးရယ်
မင်းဝဋ်ကြွေးတွေကမင်းကိုပြန်ပြီး
ဒဏ်ခက်လိုက်ပြီပေါ့ တက်ခါးရာ
နောင်ဘဝတွေမှာမင်းဒီလိုအဖြစ်မျိုး
ထပ်မကြုံပါစေနဲ့လို့ငါဆုတောင်းပါတယ်”

“တက်ခါးရဲ့ဘဝဇာတ်သိမ်းမလှတာ
သူပြုခဲ့ဖူးတဲ့အကုသိုလ်တွေကြောင့်ပဲ
ဝဋ်မှာအမြဲငရဲမှာအပတဲ့ တက်ခါးအဖြစ်ကို
နမူနာယူကြကွယ့်”

လူကြီးများကတရားသဘောဖြင့်
ဆင်ခြင်သုံးသပ်ကာဆုံးမကြလေသည်။

ဝက်တွေအပေါ်ကိုရက်ရက်စက်စက်
သတ်ဖြတ်ခဲ့တဲ့ကိုတက်ခါးတစ်ယောက်
မသေခင်မှာရက်ပေါင်းများစွာ
ကြီးစွာသောဝေဒနာကိုခံစားရပြီး
သူ့ရဲ့အကုသိုလ်အပြစ်တွေကပဲသူ့ကို
ဒဏ်ခက်သွားလေတော့သည်။

ပြီးပါပြီ…………

ကြိုးစားပါဦးမည်။       ။
ရွှင်လန်းကြပါစေ.

#အောင်ဓူဝံ