မြွေသားဟင်းကြိုက်သူ(စ/ဆုံး)

Unicode Version

မြွေသားဟင်းကြိုက်သူ(စ/ဆုံး)
—————————————
ဂဠုန်ကြီးကိုဘယ်မြွေကိုက်ရမှာလဲတဲ့။ မြွေမှန်သမျှကိုဂဠုန်ကြီးစားတာ မြွေတောင် အရုပ်ရေးပြရမလိုဖြစ်နေတာတဲ့။
ဒါလည်းဟုတ်တာပဲ။
ကိုဂဠုန်ကြီးက မြွေမှန်ရင် ဘာမြွေမှမထားဘူး။
မြွေသားစားချင်သူမှန်သမျှလည်း ကိုဂဠုန်ကြီး အသက်ရှည်ပါစေ
ဆုတောင်းကြတာကလား။
ဂဠုန်ကြီး အသက်ရှည်မှ မြွေသားဟင်းစပါယ်ရှယ်ကို စားကြရမှာကိုး။ ခုတော့ – ဂဠုန်ကို မြွေကိုက်လိုက်ပြီ။
ဟောဒီမြို့ပေါ်မှာဂဠုန်ကြီးတွင်းအောင်းသားရှယ်ချက်ဆိုင်ဆိုရင်တွင်း အောင်းသားကြိုက်တဲ့လူ၊ စားတဲ့လူ အကုန်သိတယ်။ တွင်းအောင်းသားဆိုတာလူကြားကောင်းအောင်ပြောတာ။
အမှန်ကမြွေသားဟင်းရှယ်ချက်ဆိုင်။
မြွေနဲ့ အကျိုးပေးသလားမပြောနဲ့။ ဟိုတုန်းက ကိုဂဠုန်ကြီးက ချောက် ချီးချောက်ချက်ထမင်းကြော်ဆိုင်လေးဖွင့်ပြီးဝမ်းစာရှာတာရယ်။
ဈေးရှေ့နယ်ကားဂိတ်က တာပေါ်လင်အဝါမိုးကြီးနဲ့ရောင်းတဲ့ ထမင်း
ကြော်ဆိုင်လေးပေါ့။
မနက်စောစော ဂိတ်ထိုးတဲ့ကားသမား။
ဆိုင်ကယ်ကယ်ရီသမားနှင့် ဈေးသည်လေးတွေ အဆာပြေဖြစ်ဖြစ်၊ မနက်စာသဘောမျိုးဖြစ်ဖြစ် ဝယ်စားကြတဲ့ဆိုင်။
နောက်ပိုင်းမှာဂဠုန်ကြီးကကြွက်ကြော်နှင့်ကြွက်သားဟင်းလေးစီစဉ်
ရောင်းရော။ ကြွက်ကြော်နှင့်ကြွက်သား လူကြိုက်များပါရောဗျာ။
ဒီလိုနဲ့ – ဂဠုန်ကြီးကြွက်သားဟင်းဆိုတာ နာမည်ရလာတယ်။ ဆီပြန် ချက်စားရတယ်။ မနက်(၈)နာရီကျော်ရင် လာမစားနှင့်။

ကြွက်ကြော်နှင့်ကြွက်သားဆီပြန်ကုန်ပြီ။
ကြွက်ကိုလယ်ထဲယာထဲကွင်းထဲမှာကိုယ်တိုင်ရှာတာဆိုတော့ အရင်း
ငွေမစိုက်ရဘူးပေါ့ဗျာ။
ကနဦးကတော့ ဟိုး – ရွာတွေက ကြွက်ထိုးသမားတွေ လာပို့တဲ့ကြွက် သေအရေဆုပ်ဝယ်ရတာပေါ့။နောင်တော့-မနက်(၁ဝ)နာရီဆိုင်သိမ်းပြီးရင် အိမ်ပြန်နား။ ညနေစောင်းရင် ကြွက်ရှာထွက်။
သူကြွက်ထိုးသွားရင် အများအားဖြင့် ညဘက်သွားတာများတယ်။ ကြွက်ကြီး၊ မြေကြွက်၊ လယ်ကြွက်က ညမှ အစာရှာထွက်တာကိုး။ သူများတွေကကြွက်တွင်းရှာပြီး စူးထိုးတယ်။
ကိုဂဠုန်ကြီး ဒီနည်းကို မသုံးဘူး။ ဝါးရွတ်ကိုင်းပျော့ပျော့ကို လေထဲမှာ အသံမြည်အောင် မြန်မြန်ယမ်းလိုက်တာ။
“ရွိ-ရွှီ-ကျွဲ-ကျွိ” “ကျွိ-လျှို-ရွိ-ရ်ဟိ”
လေတိုးသံနှင့် ဝါးရွတ်ကိုင်းပျော့ လေထဲ ယမ်းသံဟာ ကြွက်တွေအော် တဲ့အသံအတိုင်းပဲ။
ဒီမှာဖားမီးခွက်ကိုမြေကြီးပေါ်ထောင်ထားတာ။
မြေကြွက်အစစ်တွေက သူတို့နဲ့ မျိုးတူကြွက်ကြီးတွေ အော်တယ်မှတ် ပြီးအသံကြားရာကိုထွက်လာကြရော။
အဲဒါ-မီးရောင်ရှေ့မှာဟိုရှာဒီကြည့်လုပ်နေတုန်းဓားတံမြက်စည်းရိုးခန့် တုတ်တဲ့ကြိမ်လုံးကြီးနဲ့မြေကြွက်၊လယ်ကြွက်ရဲ့ဦးခေါင်းကိုရိုက်ချလိုက်ရင်း ကြွက်ဟာ တစ်ပတ်ကျွမ်းပစ်ပြီး အကြောဆွဲလို့သေရော။
အဲဒီလိုနဲ့ မြေကြွက်၊ လယ်ကြွက်၊ ယာကြွက် တစ်နေ့ကို နှစ်ပိဿာ သုံးပိဿာရတာ။ ထောတာပေါ့။
ပြီး – ကိုဂဠုန်ကြီးကဟင်းချက်ထမင်းချက်ကောင်းတယ်။ ဆားပျားအချို အပေါ့ နိုင်တယ်။ ခွေးတောက်ရွက်နှင့် ကြက်ခေါင်းဟင်းချိုဆိုရင် သူ့ဆိုင် အရောင်းကောင်းဆုံးပဲ။

ပြောရရင် မြွေမကြောက်၊ သရဲမကြောက်၊ ကြွက်ထိုး ကြွက်ရှာကောင်း တော့ အရင်းငွေ မစိုက်ရဘူးလေ။
ပေါ့။
လုပ်အားပဲ စိုက်ရတာ။
ကြော်ရောင်း၊ ချက်ရောင်း၊ ကင်ရောင်းတော့ ငွေအသားတင် ရနေတာ
ငွေတော့ အတော်စုတဲ့လူပဲဗျာ။ ဝဝဖိုင့်ဖိုင့်ကြီး။ ဝပေမယ့် သွက်လက် ဖျတ်လတ်တယ်။ တစ်လကိုတစ်ခါ ရွှေတစ်မတ်သားဝယ်စုတယ်။ “ကိုဂဠုန်ကြီး- ဘာလို့ လတိုင်း ရွှေဝယ်စုတာတုံးဗျ”

မဖြေဘူး။ ရယ်နေတာပဲ။ ဒါနဲ့ – ခင်ရွှေကပြောရော။
“အိုစာမင်းစာစုတာပေါ့- ဟုတ်လား”
“ဟဲ-ဟဲ-ဟဲ-ဟဲ”
“ကြည့်ရတာ ဘုရားတည်မလို့နဲ့တူပါရဲ့ကွာ”
“ဟ- ကိုသိန်းရ။ ဘုရားတည်ဖို့ ငွေစုတဲ့လူက ညဘက်ကြွက်ထိုးပြီး
စုမှာလားဗျ”
“အေးဟ -ဒီကောင် မေးလို့လည်းမရပါဘူးကွာ” အမှန်က သူမိန်းမယူဖို့ ငွေစုနေတာကြာပြီ။ သူကြိတ်ပိုးနေတဲ့ မိန်းကလေးတစ်ဦးရှိတယ်။
နာမည်ကမကျည်းဆန်တဲ့။ ညိုညိုတုတ်တုတ်တောင့်တောင့်ကလေး။ ကောင်မလေးကသူ့ကိုမကြိုက်ပါဘူးဗျာ။ သို့သော် ….။
မကျည်းဆန်ရဲ့အမေမုဆိုးမကြီးကကိုဂဠုန်ကြီးကို သဘောကျတယ်။
ဂဠုန် စီးပွားရှာကောင်းတယ်။ အပေါင်းအသင်းဆန့်တယ်။ အရက်ကိုနည်းနည်းပါးပါး အပင်ပန်းဖြေပဲသောက်တယ်လေ။

ငွေကိုကျစ်ကျစ်ပါအောင် စုတာလည်း မကျည်းဆန်အမေ ဒေါ်ကြေးနီ သူတောင်ငွေလိုရင်ဂဠုန်ဆီကချေးယူသုံးတာမျိုးရှိတယ်ကိုး။
က သိတယ်။
ဂဠုန် သူ့သမီးကို ကြိုက်နေမှန်း ဒေါ်ကြေးနီ သိတာပေါ့ဗျာ။ ဒါကြောင့် စောင်းပါးရိပ်ခြည်ပြောရတာပေါ့။
“မောင်ဂဠုန် – မိန်းမယူဖို့ အစီအစဉ်ရှိလား”
“စဉ်းစားတုန်းပါဗျာ – အမေကြေးရာ”
“ကျည်းဆန်ကလည်းကိုဂဠုန်ကြီးက အလုပ်ကြိုးစားတယ် – အမေရဲ့။
ငါ့ကိုပြောသတဲ့”
“ဟုတ်လား – အဟီး။ ကြိုးစားရတာပေါ့- အမေကြေးရာ – အဟီး” “မိန်းမတစ်ယောက်ယူရင်ငွေထုပ်ရွှေထုပ်ပါဖို့အရေးကြီးတယ်သိလား” “ကျုပ် စုနေပါတယ်ဗျ။ ရွှေတစ်ကျပ်သားရနေပါပြီ”
“အေး-အေး-ကြိုးစားစု။ နင့်ညီမကျည်းဆန်လည်းစောင့်ရှောက်နော်
မောင်ဂဠုန်”
“စိတ်ချပါဗျ – အဟီး။ ကျုပ် – ကျုပ်ကလည်း ကျည်းဆန်ကို – အဲ- အဲ ကျုပ်နှမလေးလို ခင် – ခင်တာဗျ”
“အေး-အေး-ငါ့ကိုငွေနှစ်ရာပေးခဲ့စမ်းဟဲ့။ ဒီညနေတွဲလုံးလေးကောင်း
လို့တဲ့-ငါ့တူကြီးရဲ့”
အဲလိုပေါ့ဗျာ။
ကျည်းဆန်နဲ့စပ်လျဉ်းပြီးကိုဂဠုန်ကသူ့အမေဒေါ်ကြေးနီကိုပိုင်တယ်။
ချဲထိုးဖို့ ချေးရင် ပေးတယ်။
တစ်ညကိုဂဠုန် ကြွက်ထိုးသွားတယ်။
ထုံးစံအတိုင်း ဝါးရွတ်ကိုင်းဖျားကို လေထဲမှာ ယမ်းလိုက်တော့ ကြွက်
အော်သံ မြည်ရော။
တစ်ခါတလေဝါးသုတ်ကိုင်းနဲ့အသံပေးလို့ကြွက်မလာရင်ပါးစပ်ကနေ
နှုတ်ခမ်းကိုစုစုပ်ပြီး ကြွက်သံအတုလုပ်တယ်။ ဒါလည်း သူကျွမ်းကျင်တယ်။ “ကျွိကျွိ-ကျွိကျွိ”

“ဟော- မီးရောင်အောက်ကိုဝင်လာပဟ”
ဒီမှာ ကြိမ်တုတ်နဲ့ လှမ်းရိုက်မလို့လုပ်တုန်းမှာ မြွေဟောက်ကြီးတစ် ကောင်ကကြွက်ကိုဝင်ပေါက်လိုက်တာတဲ့။
ကြွက်နှယ် ကျွီခနဲအော်ပြီးလွင့်ခုန်လို့ အကြောဆွဲနေပါရော။ “ဟင်း – မြွေဟောက်ကြီး”
မြွေဟောက်ကြောင့် ကျန်တဲ့ကြွက်တွေပါပြေးပြီ။
မြွေဟောက်ကြီးက လက်ဖျံလုံးလောက်ရှိပြီး ဦးခေါင်းလုံးမျောကြီးနဲ့ ကြွက်သေကိုလှမ်းဆွဲပြီး နောက်ကိုအရွံ့၊ “ငါ့အစာကိုလုချင်တဲ့မြွေ-သေဟာ-ကိုင်း”
“ဖောင်း”
“ဦး-ဖူး” “ကိုင်းဟာ”
ကြိမ်တုတ်နဲ့မြွေဟောက်ရဲ့ဦးခေါင်းကိုလေးငါးခြောက်ချက်ရိုက်လိုက်
တာ။ မြွေဟောက်ဦးခေါင်းကြေမွပြီးသေရော
အမ်မယ် – ခေါင်းကြေနေတာတောင် ကိုယ်လုံးကလွန့်နေတုန်း။ ကိုယ်လုံးနဲ့အမြီးကိုပါ ထပ်ရိုက်လိုက်မှ ငြိမ်သွားရော။ မြွေသားငယ်ငယ်ကသူစားဖူးတယ်။ ချိုတယ်။ အသားများတယ်။ ဟန် ကျပြီ။ နှစ်ပိဿာခန့်ရှိမယ့် တစ်လံကျော်မြွေဟောက်ကြီးကို ကြိုးနဲ့ချည်ပြီး အိမ်ကိုယူလာခဲ့လိုက်တယ်။
အိမ်ရောက်တော့မြွေဆိပ်ရှိမည့်ဦးခေါင်းကိုဖြတ်ပြီးဇောက်ထိုးဆွဲထား
လိုက်တယ်။
ပြီး – မီးမွှေး၊ ရေနွေးအိုးကြို။ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ မဆလာရောထောင်းလိုက်တယ်။
ရေနွေးအိုးဆူရော၊ ခေါင်းဖြတ်ကန့်လန့်ချထားတဲ့မြွေကိုရေနွေးဖျော။ အရေခွံကိုဆွဲချ။ တစ်ခါအသားနူးအောင်ထပ်ပြုတ်။ ကျက်တာနဲ့အသားကို တုံးတစ်ပြီး ရွှင်လိုက်တယ်။

ငါးရှဉ့်မီး အုံးနွှင်ရသလိုပဲ၊ အမြှောင်းလိုက်ရတယ်။ အသားကို ဖွေးနေတာပဲ။
နွှင်ပြီးသားအချို့ကို ငရုတ်သီးစုံသပ်ပြီး ကြော်။ ကျန်တဲ့အတုံးအချို့ကို ဝက်သားတုံးသလို တုံးပြီးချက်၊
မိုးလင်းလို့ ထမင်းကြော်ဆိုင်ဖွင့်ရော။
ဒီနေ့ – မြွေသားရပြီလို့ ကြော်ငြာလိုက်တာရယ်။ သူတစ်ပွဲ၊ ငါတစ်ပွဲနှင့်
မြွေသားဟင်းတွေကုန်တာပဲ။
“ကိုဂဠုန်ကြီး”
“ဘယ်နှယ်တုံးဟေ့-မြွေသားကောင်းရဲ့လား-ငါ့လူရ”

“ရှယ်ပဲဗျာ။ နောက်နေ့ရရင် ချန်ထားပါဦးဗျ” ဒီလိုနဲ့မြွေသားကိုစားသုံးသူကြိုက်မှန်းသိရောမြွေရှာတဲ့သူတွေထံမှာ
ရတော့တယ်။ လင်းမြွေ၊ မြွေပွေး၊ မြွေဟောက် ရရာဝယ်ရတယ်။ ဈေး တယ် ကြီးပဲကိုး။
အခု – ကိုဂဠုန်ရဲ့ မြွေသားဟင်းနှင့် ကြွက်သားဟင်းကို မြို့ခံစားသုံးသူ တင်မကဘူး။ တရုတ်စီးပွားရေးသမားတွေရန်ကုန်က၊ နယ်ကလာသူတွေပါ လှိုက်လှိုက်လှဲလှဲအားပေးစားသုံးလိုက်ကြတာ။
လေးလအတွင်း ကိုဂဠုန် ကိုယ်ပိုင်ဆိုင်ခန်းနဲ့ ဖြစ်သွားပြီး လူငှားနှစ် ယောက်ပါခေါ်ထားရတဲ့အထိ တိုးတက်ခဲ့ပါရော။
“ဂဠုန်ကြီး ရှယ်စားသောက်ဆိုင်”ဆိုလူတိုင်းသိဖြစ်သွားပြီ။
အခု-မြွေမျိုးစုံကိုကိုယ်တိုင်ရှာတယ်။
ခွတုတ်နဲ့ သံညှပ်ပါရင် မြွေပွေး၊ မြွေဟောက်၊ လင်းမြွေ ရတာပဲ၊ ကျွမ်း ကျင်ဖို့နဲ့ လျင်ဖို့တော့ အရေးကြီးတာပေါ့။
မြွေကိုတွေ့ရင် ခွထောက်နဲ့ လည်ပင်းကိုဖိ၊ မြွေဟောက်ကို အမြီးက ကိုင်ပြီး ပခြုပ်ထဲထည့်၊ အရှင်ရရော၊
မြွေပွေးကိုကိုင်ရင် အရမ်းသတိထားရတယ်။
မြွေဟောက်ဆို ရှေ့ကနောက်က ကိုင်လို့ရတယ်။
မြွေပွေးကျတော့ သူ့ကိုထိရင် နောက်ပြန်ပစ်တာ။ ပစ်ပြီး ကိုက်ပြီးပဲ။ မြွေပွေးကို သံညှပ်နဲ့ လည်ကုပ်ကို မလွတ်တမ်းမိမှ။ ဒါတောင် – အကောင် ကြီးလို့ရုန်းရင် အတော်ကြမ်းတယ်။
မြွေပွေးကိုညှပ်နဲ့လည်ကုပ်မိထားရင်မြွေဟောက်လိုအမြီးကကိုင်ပြီး
ပခြုပ်ထဲထည့်လို့မရဘူး။
မြွေပွေးတွပ်ရင် မြန်တယ်။
မြွေပွေးကိုက်မိရင် သူ့ရဲ့အဆိပ်က သွေးပြန်ကြောကနေ ကိုယ်တွင်း သွေးကြောကို ချက်ချင်းပျံ့နှံ့သွားတာ။ အကိုက်ခံရတဲ့နေရာ ယောင်ယမ်း နာကျင်ပြီး အစွယ်နေရာကနေ သားနံရည်ထွက်တာ။

ပြီးရင် – ပျို့အန်မယ်။ ကြည့်လို့မရအောင် မူးဝေနေမယ်။
လက်ကြောပူး၊လက်ဖျား၊ ခြေဖျားတွေရေခဲရိုက်ထားသလိုအေးစက်ပြီး
နောက်ဆုံးလုံးဝသတိလစ်မေ့မြောသွားပြီးအချိန်မီဆေးမကုနိုင်ရင်၊အဆိပ်
ပြေဆေးမထိုးနိုင်ရင် အသက်ပါ ဆုံးရော။ မြွေဟောက် …။
မြွေဟောက်ကိုက်ခံရရင်လည်း မြွေပွေးကိုက်ခံရသလိုပဲ ခေါင်းပေါ်
မိုးကြိုးပစ်ချခံရသလို မျက်လုံးကမီးပွင့်သွားရော။
သူ့မြွေဆိပ်ကတော့ တစ်မျိုး။
မြွေဆိပ်က ကိုက်ခံရတာနဲ့ အာရုံကြောတွေရှိရာကို ပျံ့နှံ့သွားတာရယ်၊
ချက်ချင်းအသက်ရှူကျပ်လာမယ်။
ဦးနှောက်အာရုံကြောကိုထိသွားတာမို့။
ခေါင်းငိုက်ဇက်ကျိုးကျလာမယ်။
ပြီး – ကမ္ဘာကြီး ပတ်ချာလည်နေသလို မူးဝေပြီးနောက် ခြေတွေ၊ လက် တွေ မလှုပ်ရှားနိုင်ပဲ အကြောတွေ သေသလိုဖြစ်ရော။
ဆေးမီလို့ ပြန်ကောင်းသည့်တိုင် အကြောတွေ မသန်တော့လို့ စားသောက်ရာမှ အလွန်ခက်ခဲတယ်။ လမ်းလျှောက်ရလည်း ခက်တယ်။ အဆိပ်ရှိတဲ့မြွေဟောက်အမျိုးအစားထဲမှာ-
မြွေဟောက်၊ ငန်းစောင်း၊ ငန်းဝါ၊ ငန်းပုပ်တို့ပါပြီး အဆိပ်ပြင်းတဲ့မြွေပွေး အုပ်စုထဲမှာ မြွေပွေး၊ ဂျပ်မြွေနဲ့ ပင်လယ်မြွေတို့ ပါဝင်ကြတယ်။
လင်းမြွေက အဆိပ်မရှိဘူး။ သို့သော် လင်းမြွေက ပြေးတာမြန်တယ်။ ချုံပေါ်လည်းပြေးနိုင်တာပဲ။ လင်းမြွေကိုမြင်ရင်အမြန်ပြေးလိုက်ပြီးအမြီးက ကိုင်၊ လေထဲမှာ မွေ့ယမ်းလိုက်။ အရိုးအဆစ်တွေ ပြုတ်ပြီး သေတာပဲ။ လင်းမြွေသားက ချိုတယ်။
ဒါကြောင့်- မြွေသားကြိုက်သူတွေအတွက်မြွေရှာရတာအသက်နှင့်ရင်း ရတယ်။ အခန့်မသင့်ရင် မြွေရှာရင်း သေရတဲ့ဘဝ။
မသိ။
တစ်ခါတလေ မြွေကိုက်လို့ ကွင်းထဲ၊ တောထဲ သေနေတာ ဘယ်သူမှ

ဒါကြောင့် – မြွေသားဟင်းတစ်ပန်းကန်နှစ်ထောင်၊ သုံးထောင်ယူရတာ ပါ။ မြွေမျိုးစုံကို တရုတ်ပရဆေးနဲ့ စိမ်ထားတဲ့အရက်တစ်ပက်ကို အခု တစ် ထောင်ကျော်ရောင်းမှ ကိုက်တယ်လေ။
တိုတိုပြောရရင် ကိုဂဠုန်ကြီး မြွေသားချက်၊ မြွေသားကြော်၊ မြွေသား စွပ်ပြုတ်ဟင်းချိနဲ့ နာမည်ကျော်ပြီး စီးပွားတက်နေပြီဗျာ။
မြွေပွေးသားကကင်ဆာရောဂါ သက်သာပျောက်ကင်းတယ်လို့ဟိုလူ
ဒီလူပြောကြတော့ မြွေပွေးသားဟင်းကဈေးကောင်းပိုရပါရော။ မြွေပွေးအရှင်တစ်ပိဿာကို ဟိုတုန်းက သုံးထောင်ပေးရတယ်။ အခု ငါးထောင်လည်းဟုတ်၊ တစ်သောင်းလည်းဟုတ်ပဲ။
တရုတ်ပြည်ဘက်ကို ရောင်းနေတော့ ဈေးကြီးတာပေါ့။
ကိုယ်တိုင်ဖမ်းပြီး အသေချက်၊ အရှင်ချက် လက်တွေ့လုပ်ပေးတယ်။ မြွေပွေးသေတ္တာ၊ မြွေဟောက်သေတ္တာ၊ လင်းမြွေ စသည်ရှိတယ်။ အထဲက ကြိုက်တဲ့မြွေကို လက်ညှိုးထိုးပြ။ ပြရင် – မြွေပွေး၊ မြွေဟောက်ကို လက်ဝါး လောက်ပတ္တာတံခါးလေးဖွင့်၊ လက်ကိုင်ရှည်သံညှပ်နဲ့မြွေရဲ့လည်ပင်းကိုညှပ် ပြီးဆွဲထုတ်။
စဉ်းတီတုံးပေါ်တင်၊ဓားရှည်ကြီးနဲ့ဇက်နေရာကနေခုတ်ချ။မြွေကိုယ်လုံး ကိုပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲထည့်။ အရေခွံ ရေနွေးဖျော။
စားချင်တဲ့သူကိုမေးမယ်။ “ပြုတ်ကြော်လား”
“အတုံးဟင်းလား”
“ပေါင်းပေးရမလား”
“စွပ်ပြုတ်ဟင်းချို
ကြိုက်တာပြော။ကိုဂဠုန်ချက်ချင်းလုပ်ပေးနိုင်တယ်။ လတ်လတ်ဆတ်
ဆတ် မြွေသားမှ အမျိုးမျိုး ရောင်းပေးနေတော့။ နယ်က မြွေသားကြိုက်သူ၊ မြို့ခံမြွေသားကြိုက်သူ။ တရုတ်၊ ရှမ်း၊ မြန်မာတွေနဲ့ သူ့ဆိုင် စည်ကားပါ့ဗျာ။

အခု- စားပွဲထိုးနှစ်ယောက်။ အချက်အပြုတ်အကူနှစ်ယောက်။
ကဲ-တစ်နေ့ဝင်ငွေနည်းရော့လား။
ခုတော့ -စားသုံးသူတွေကရော၊ သူ့အလုပ်သမားတွေကပါ ကိုရီးယား ကားထဲက လေသံအတိုင်း သူ့ကို …။
“သူဌေး”လို့ နောက်ပြောင်ခေါ်ကြပြီ။
အခု – သူ့ကို သူဌေးလို့ခေါ်ရင် သွား(၃၂)ချောင်း ပေါ်အောင်ပြုံးပြီး တရုတ်ပေါက်ဖော်ကြီးလေသံနှင့်-
“ဘာစားမီလဲ – ဆရာကီး”တဲ့။ ပြန်ပြောပါပြီခင်ဗျား။
ကိုဂဠုန်ကြီးက မိန်းမလည်း အရမ်းလိုချင်တယ်။ ပြီး – ဗေဒင်လည်း ဝါသနာပါတယ်။ မိန်းမရွယ်တွေက သူ့ကိုမယူရဲဘူး။
ညတိုင်း၊ နေ့တိုင်း ကြွက်နဲ့ မြွေရှာသတ်နေ၊ အကုသိုလ်ကောင်ကြီးလို့ သတ်မှတ်ပြီး ရှောင်တယ်လေ။
ဟုတ်လည်း ဟုတ်တာပဲဗျာ။
သူ့အိမ်ပေါ်မှာ မြွေမျိုးစုံ၊ ပခြုပ်တွေ ရှိနေတယ်။
မြွေဆိုးတွေရဲ့ “ရွှီး-ဖြီး-ရွှီ” စတဲ့မှုတ်သံ၊ တွန်သံ၊ မာန်ဖီသံတွေ နေ့စဉ် နေ့နေ့ညညကြားနေရတာဥစ္စာ။
ဒီလိုမြွေဆိုးပေါင်းစုံ၊ အသံပေါင်းစုံ၊ အညှီနံ့ပေါင်းစုံနဲ့နေတဲ့ လူကြမ်းလို
ဘယ်မိန်းမက လင်တော်ဝံ့မှာတုံး။
သို့သော်- ကိုဂဠုန် တွက်ထားတာက သူ့မှာ အိမ်နှင့်ခြံ ရှိတယ်။
ရွှေနဲ့ငွေ ရှိတယ်။ သူ အရွယ်ကောင်း၊ မအိုသေးဘူး။
ဒါကြောင့် – သူ့ကိုကြိုက်တဲ့မိန်းမ ရှိရမယ်။
သို့သော် – သူက မကျည်းဆန်ကိုပိုသဘောကျတယ်။
မကျည်းဆန်အမေကို သူကပိုင်ပြီးသားလေ။
သို့သော်- မကျည်းဆန်က သူလာတာမြင်ရင် နောက်ဖေးသို့ ဝင်သွား ရော။ အိမ်ပြင်ကို ရှောင်သွားရော။ ရင်ထဲမှာ ခံစားနေရတာ အဲဒါပဲ။
ဒါကြောင့် – ဗေဒင်ပညာမှာ နာမည်ရှိတဲ့ ဆရာကြီးဦးကြိုင်စိုးထံမှာ ဗေဒင်လာကြည့်တာ။
“နာမည်- ဘယ်လိုခေါ်တုံးကွယ့်”
“ကိုဂဠုန်လို့ ခေါ်ပါတယ် – ဆရာကြီး” “ဒီနာမည်ကမွေးနာမည်ပဲလား”
“မဟုတ်ပါဘူး ခင်ဗျ။ နာမည်အရင်းက“မောင်တက်ဝိုင်း”ပါခင်ဗျ” “စနေသားပဲ။ မွေးသက္ကရာဇ်ကရော”
“…..ပါ – ဆရာကြီး”
“အင်း-အင်း”
ဗေဒင်ဆရာကြီးဦးစိုးကကျောက်သင်ပုန်းမှာမဟာဘုတ်တိုင်ထူတယ်။ ပြီး-အောင်လံထူစစ်သူကြီးပွဲ နေရာချတယ်။ ပြီး- အသက်ကို ရှစ်နှင့်စားပြီး
တိုင်ထူပြီးနောက် –
“မင်းကလူချမ်းသာဖြစ်နေပြီပဲကွယ်” “အဟဲ-ဟဲ–အဲ-အဲ-ဟုတ် – ဟုတ်ပါတယ် ခင်ဗျ” “ဒီနှစ်ထဲမှာမြွေဆိုး သတိထား”
“ဗျာ – ဘယ်လိုဖြစ်လို့ပါလဲ ဟင် – ဆရာကြီး”
“မြွေအန္တရာယ်ပေးလိမ့်မယ် – ကြားလား” “ဟုတ်- ဟုတ်”
“အလုပ်က ဘာလုပ်တုံး”
“အဲ-အဲ-ဟို-ထ-ထမင်းဆိုင် ဖွင့်ပါတယ် ခင်ဗျ”
“ဒီနှစ် မြွေရှောင်ရမယ်။ မြွေမသတ်ရဘူး။ မြွေတွေ့ရင် မေတ္တာပို့ရမယ်။
နွားနို့တိုက်ရမယ်။ အဲဒါဆိုမင်းကံကောင်းပြီ”

“ဆရာကြီး-ဟို-ဟို-အိမ်ထောင်ရေးအခြေအနေလေး-သိ-သိ”
“အင်း – အင်း – အိမ်ထောင်ရေးကဓမ္မာ၊ သောက၊ အင်းဝရာဇာဆိုတော့ ကြာသပတေးသားသမီးကိုရှောင်။ ဗုဒ္ဓဟူးသမီးတွေ့ရင် ခုတွေ့ခုယူ။ ညတွေ့ ညယူ – အချိန်မဆိုင်းနဲ့”
“ဘာလို့ပါလဲ – ဆရာကြီး”
“စနေနဲ့ ဗုဒ္ဓဟူးကမိတ်ဆက်လေကွာ။ စနေသားနဲ့ ဗုဒ္ဓဟူးသမီးညားရင် ရူးတောင် ထမင်းမငတ်ဘူးကွ – မှတ်ထား”
ကိုဂဠုန်ကြီးခေါ်(ကိုတက်ဝိုင်း) ဆရာကြီးထံကပြန်လာပြီး-
မကျည်းဆန်အမေဒေါ်ကြေးနီကို မေးရော။
“အမေကြေး”
“ဘာတုံး – ဂဠုန်
“ဟိုလေ-ဟို-မကျည်းဆန်က ဘာ- ဘာနေ့သမီးလဲဟင်”
“ဘာလုပ်မလို့တုံး”
“အဲ-အဲ-သိ-သိချင်လို့ပါခင်ဗျာ။ဒါ- အမေကြေးစားဖို့ခေါက်ဆွဲထုပ်
ပါ ခင်ဗျား- အဟဲ – ဟဲ”
ခေါက်ဆွဲထုပ်မြင်တော့ အဖွားကြီးပြုံးသွားရော။
“မိကျည်းက ဗုဒ္ဓဟူးသမီး”
“ဗျာ – အဟုတ်လားဟင် – ဟင်လို့”
“ဟုတ်တယ် – သင်းနာမည်အရင်းက “မလှစိန်”တဲ့။ သူငယ်ချင်းတွေ နောက်ပြောင်ခေါ်ရင်းကကျည်းဆန်ဖြစ်သွားတာဟဲ့”
“အို-ဟုတ်လား။ ဗုဒ္ဓဟူးသမီး – စနေနဲ့ ဗုဒ္ဓဟူး။ ဟန်ကျပြီဟေ့။ ေဩာ်
အမေကြေး-ကျွန်တော် ပြန်ဦးမယ်နော်-နော်”
“ပြန်တော့မလားဟဲ့- ငါ့တူကြီးရဲ့” “ဟုတ် – ဟုတ်”

“ဒီနေ့“အပူး”ကောင်းတယ်ဟဲ့။ ငါ့ကိုငွေတစ်ထောင်လောက်ချေးခဲ့ပါ ဦး – မောင်ဂဠုန်ကြီးရယ်”
ဒီလိုအပူးကောင်းတယ်၊ တွဲလုံးကရှေ့တန်း၊နောက်ပိတ်ကငါး၊အလယ် ထိုင်တနင်္လာနဲ့။ ဟိုတွက်ဒီတွက်ချဲထိုး။တစ်သက်လုံးမပေါက်။ပိုက်ဆံချေး ဖြုန်းနေတဲ့ ယောက္ခမကို မနှစ်မြို့ပါသော်လည်း သူ့သမီးမျက်နှာကြောင့်ငွေ တစ်ထောင်ကို ပြုံးပြုံးကြီး ပေးခဲ့လိုက်ရင်း ဂဠုန် ပြန်လာခဲ့လိုက်တယ်။ သူ အရမ်းပျော်နေတယ်လေ။
သူကစနေသားs
ကျည်းဆန်လေးက ဗုဒ္ဓဟူးသမီး။
စနေနဲ့ဗုဒ္ဓဟူးညားရင် ရူးတာတောင် ထမင်းမငတ်တဲ့။ အဟီး -ငါကောင်းစားတော့မယ်ဟေ့ – အဟတ်။
ဖြစ်ချင်တော့ – ဆိတ်မွေးတဲ့ ကိုမြမောင်ရဲ့သမီး မြွေကိုက်ခံရလို့ သေပါ ရော။ အသုဘရက်လည်ပြီး နောက်နေ့မှာ ကိုမြမောင်ကြီး ကိုဂဠုန်ရှိရာကို ရောက်လာတယ်။
“ကိုမြမောင် – ကျုပ်- ဘာကူညီရမလဲ-ပြော” “ငါ့သမီးကိုက်တဲ့မြွေကို သတ်ပေးပါ – ဂဠုန်”
“ဗျာ-မြွေကရှိသေးလို့လား- ကိုမြမောင်”
“ရှိတယ်- မြွေဟောက်ကွ။ မြွေဟောက်ခေါင်းဖြူကြီး”
“မြွေဟောက်ခေါင်းဖြူ”
“ဟုတ်တယ် – ငါ့သမီးကိုကိုက်တာ ဒီမြွေပဲ။ ခင်ရှိန်ရဲ့ ဇီးနဲ့ဝက်မကြီး ပေါက်သတ်တာလည်းဒီမြွေပဲ။ မခင်လှတို့အိမ်ကကြက်တွေ ဆွဲတာလည်း သူပဲ။ ဘဲမွေးတဲ့တရုတ်အရှိန်ရဲ့ဘဲတွေဝင်ဝင်ဆွဲတာလား – ဒီမြွေပဲ။ သင်းကို

ဖမ်းမိရင်
ဖမ်းလို့မမိဘူး။ ငါ့သမီး- အိမ်သာက အဆင်းမှာ ကိုက်လိုက်တာ။ ဒီမှာ ဂဠုန် အဲဒီမြွေဟောက်ရဲ့အသားကိုငါစားချင်တယ်။မင်းဖမ်းပေးပါကွာ။ ငွေတစ်သောင်းငါမင်းကို သီးသန့်ဆုချပါ့မယ် – သိလား”
“ကောင်းပြီလေ -ကျုပ် ဆိုင်သိမ်းပြီးရင် လာခဲ့မယ်”
နေ့ခင်းဆိုင်သိမ်းပြီးမြွေပခြုပ်နှင့် သံညှပ်ကိုယူလို့မြွေဟောက်ခေါင်းဖြူ သောင်းကျန်းတဲ့ ကြက်ခြံနဲ့ ဘဲခြံရှိရာကို လာခဲ့လိုက်တယ်။ ဟိုဟိုဒီဒီ အသံ စွင့်လိုက်ပြီးနေရာကောင်းကောင်းလေး ကြည့်ပြီးရော။
ကြွက်ပေါက်အရှင်နှစ်ကောင်နှစ်ကောင်ကိုကြိုးနဲ့ခါးချည်ပြီးလွှတ်ပေး
ထားလိုက်တာ။
ကြွက်ကလေးတွေရဲ့အော်သံကြားရော သင်း- မြွေတွင်းထဲကနေပြေး ထွက်လာတာ။ ပြီး- ပြေးလွှားကြောက်လန့်နေတဲ့ ကြွက်ကို ပေါက်သတ်လို့ မျိုနေတဲ့အချိန်။
အဲဒီမှ ကိုဂဠုန်က သံညှပ်နဲ့ လည်ပင်းညှပ်လိုက်တာ။ နည်းတဲ့မြွေလား။ တစ်လံကျော်ကြီး။
လူကြီးလက်ဖျံလုံးခန့်ရှိတယ်။
မရှိဘူးဆိုဒီကောင်ကြီးသုံးပိဿာအောက်ထစ်ပဲ။ သံညှပ်ကိုလိမ်ပတ်
နေလို့မနည်းလုပ်ပြီးပခြုပ်ထဲထည့်ခဲ့ရတယ်။
မြွေကောင်ခေါင်းဖြူကြီးကိုလှောင်အိမ်သေတ္တာထဲထည့်ပြထားတော့
မြွေသားစားတဲ့လူတွေကြည့်လိုက်ကြတာ အံ့အံ့ဩဩပဲဗျာ။
မြွေရဲ့ဦးခေါင်းပေါ်မှာကျပ်ပြားဝိုင်းခန့်အဖြူကွက်ပါနေတာပဲကို။လှောင် အိမ်ထဲမှာပါးပျဉ်းတထောင်ထောင်နဲ့ဒေါသတွေဖြစ်နေတာ။ လူကိုကိုက်တဲ့
မြွေမို့အချို့က မစားရဲကြဘူး။ မကပ်ရဲကြဘူး။
မကြာပါဘူးဗျာ။
သမီး မြွေကိုက်ခံရလို့ မြွေဟောက်ခေါင်းဖြူကြီးကို နာကြည်းနေတဲ့ ကိုမြမောင်ကြီး အရက်မူးမူးနဲ့ ဆိုင်ထဲကို ရောက်လာတယ်။

ပြီဆို”
“အေ့-ဂျေ-ဂျေ-ဂဠုန်ကြီး – ဂဠုန်ကြီး” “ဗျာ – ကိုမြကြီး – ကျုပ်ဒီမှာပါဗျာ”
“မင်း – မင်း – ငါ့သမီးကိုကိုက်တဲ့မြွေဟောက်ခေါင်းဖြူကြီး-မိ-မိ-လာ
“ဟုတ်တယ်-ဟောဟို-လှောင်အိမ်ထဲမှာဗျ-ကြည့်” ကိုမြမောင်ကြီးမြွေလှောင်သေတ္တာရှေ့မှာ ရပ်လိုက်ရော။
“ချီး”
“အမ်မာ-ငါရိုးမသားမြွေကငါ့ကိုများ-တယ်”
မြွေဟောက်ခေါင်းဖြူက ကိုမြမောင်ကြီးကိုမြင်တော့ “ကျီး”လို အော်ပြီး
ပါးပျဉ်းထောင်ပါရောဗျာ။

“ဂဠုန်”
“ဗျာ”
“သင်းပဲကွ – သင်းပဲ။ ငါ့သမီးကို ကိုက်သတ်တာ။ ဟား- ဟား- ဟား- ဟား-ဒီနေ့ – ငါ ကလဲ့စားချေရတော့မှာပေါ့ကွာ။ ဂဠုန်ရေ – ရော့ – ငါ့ကတိ အတိုင်းမြွေဖမ်းခငွေတစ်သောင်း။ အဲဒီမြွေဟောက်ကိုသတ်ပြီးပြုတ်ကြော် လေးလုပ်ပေး။ ငါ-ဒီမှာ-ဟောဒီအရက်ပုလင်းနဲ့ တစ်နေကုန်သောက်မယ် ဟေ့။ မြွေသားဟင်းအတွက် ကျသင့်ငွေ ပြီးရင်ရှင်းမယ်”
“ကိုမြမောင်ကြီး”
“အေ့ဟေ့- ပြော – ဂဠုန်”
“မြွေသားကပြုတ်ကြော်စားမလား၊ စွပ်ပြုတ်ရောသောက်ဦးမှာလား” “သိပ်ကြိုက်ပေါ့ကွာ။ အကုန်လုပ်ပေး – အေ့ဟေ့”
“အဲဒါဆို- တစ်သောင်းလောက်ကျမှာနော်”
“ကျ- ကျကွာ။ မင်းက တယ်ငွေစကား ပြောချင်တဲ့စီးပွားရေးသမားပဲ။ သေသွားတဲ့ငါ့သမီးအတွက် အငြိုးနဲ့စားမှာ။ အကုန်ချက်- ကျသလောက်
ပေးမယ်ဟေ့-ဟေ့-ထွီ”
ကိုဂဠုန်ပျော်နေတာပေါ့။
သူကစီးပွားရေးသမားလေ။
ငွေပိုရအောင် မြွေတွေကို မြွေသမားတွေထံက ဈေးကြီးပေးမဝယ်ပဲ ကိုယ်တိုင် တောတွေ၊ ချုံတွေ၊ မြောင်းတွေ၊ ကွင်းတွေထဲ အပင်ပန်းခံ သက်စွန့်ဆံဖျား ရှာခဲ့တာလေ။
သပိတ်ဝင်၊ အိတ်ဝင်ရနေတဲ့ငွေ။
အခု-ရွှေချည်း (၁၅)ကျပ်သားကျော် စုပြီးပြီ။
ငွေသားအသားတင် ဆယ်သိန်းရှိတယ်။
တစ်နေ့ဝင်ငွေကလေးငါးသောင်းဝင်နေတာရယ်။

သူဌေးလေးကနေသူဌေးကြီးဖြစ်မှကျည်းဆန်သူ့အပေါ်ညွတ်မှာကိုး။
ဒါနဲ့မှကျည်းဆန်ကိုမရရင်ပျံနေတဲ့အချောအလှတွေကိုတစ်နေ့တစ်ယောက်
အိမ်ပေါ်ခေါ်အိပ်လိုက်မှာပေါ့။
အရေးကြီးတာ ငွေရဖို့ပဲ။
ငွေရဖို့ကတော့ ဘယ်သူ့မှ အားမနာနိုင်ပေါင်။
“ကိုမြမောင်ကြီး – ခဏစောင့်”
“မြန်မြန်လုပ်နော် – ဂဠုန်”
“ဆယ်မိနစ်ပဲ ကြာမယ် – ကိုမြမောင်ကြီးရေ” “ဂဠုန်-ငါ့သမီးကိုကိုက်တဲ့မြွေဟောက်ခေါင်းဖြူနော်”
“ကြည့်နေပါဗျာ – မမှားရစေပါဘူး။ စိတ်ချစမ်းပါ- ကိုမြမောင်ကြီးရ” သည့်နောက်- မြွေဟောက်ခေါင်းဖြူကြီးထည့်ထားတဲ့သေတ္တာအဖုံးကို
ဖွင့်လိုက်ရော။
“ချီး-ကျီး” “ဟီး”
“အမ်မာ-ငါရိုးမမြွေကငါ့ကိုများ။ စိတ်ချ – မြန်မြန်သေစေရမယ်”
ကိုဂဠုန် ဆဲရေးတိုင်းထွာရင်း သံညှပ်နဲ့ မြွေရဲ့လည်ပင်းညှပ်ဖို့ဟာ မြွေဟောက်ကပါးပျဉ်းထောင်နေလို့ ညှပ်မရဘူးဖြစ်နေ။
“ဂဠုန်-အေ့-ဟေ့-ငါသတ်-ပေးရ-မ-မလား”
“ရတယ် – ကိုမြမောင်ကြီး။ ဒီမြွေကို မပြောနဲ့ – နဂါးတောင် ရှိရင် ကျုပ် ကဖမ်းချင်တာ – ကဲဟာ -ကဲဟာ”
တုတ်တစ်ချောင်းနဲ့မြွေရဲ့ခေါင်းကိုရိုက်ချတော့မှမြွေဟောက်ကပါးပျဉ်း
ကိုချပြီး ခေါင်းငုံ့နေတုန်း။
လေးပေခန့်ရှည်တဲ့ သံညှပ်နဲ့ မြွေလည်ပင်းကို ညှပ်လိုက်ရော။ မြွေဟောက်ကြီးကနာလွန်းလို့သံညှပ်ရဲ့အရိုးကိုလိမ်ပတ်နေတုန်းအသာဆွဲ
ထုတ်လိုက်တယ်။

“ကိုမြမောင်ကြီး- ကြည့်ထားဗျ။ ဒါ – ခင်ဗျားသမီးကိုကိုက်တဲ့မြွေ” “အလှည့်ရှိတော့ သေပေါ့ကွာ – ဟား- ဟား- ဟား- ဟား” ကိုဂဠုန်ကြီးက သံညှပ်ရိုးပတ်နေတဲ့မြွေဟောက်ကြီးကိုစားသုံးသူများ မြင်အောင် မြှောက်ပြလိုက်သေးတယ်ဗျ။
“စားသုံးသူ မိတ်ဆွေများ ခင်ဗျာ – ဟောဒီမြွေဟောက်ခေါင်းကြီးဟာ လူကို သေအောင်ကိုက်ခဲ့တဲ့ မြွေဟောက်ခေါင်းဖြူကြီးပါပဲ ခင်ဗျာ။ ဒီရှားပါး မြွေကိုကျုပ်ကိုယ်တိုင်လက်ရဖမ်းပြီးဟင်းသုံးမျိုးချက်ပြမှာပါ။ ဒီမြွေသားကို အားရပါးရစားမည့်သူကတော့ ဟောဟိုမှာ -ထိုင်နေတဲ့ ဦးမြမောင်ကြီးပါပဲ
ခင်ဗျာ”
ဆိုင်ထဲမှာ စားနေတဲ့လူတွေက အသည်းယားဖို့ကောင်းတဲ့ တွန့်လိမ် လူးလွန့်မြွေကြီးနဲ့မြွေဆိုးကြီးကို သံညှပ်နဲ့ ညှပ်ပြောပြီးဂုဏ်ယူဝံ့ကြွားနေတဲ့ ဆိုင်ရှင် ကိုဂဠုန်ကြီးကို ကြည့်ပြီး အသည်းယားသူယားကြ။ အားရကျေနပ် ချီးကျူးသူက ချီးကျူး။
ရဲ့။
မြွေဖမ်းတင်မကဘူး။ ဟင်းချက်လည်းရှယ်ပဲ။
ဆီဒိုးနားမှာ ချက်ရောင်းရင် ကမ္ဘာကျော်မှာ ဘာညာနဲ့ ဝိုင်းပင့်ကြလေ
ဒီမှာပဲ-ကိုဂဠုန်ကြီးက မြွေဟောက်ခေါင်းဖြူကြီးရဲ့ဦးခေါင်းကို စဉ်းတီ တုံးပေါ်တင်လိုက်တယ်။
မြွေဟောက်ကစဉ်းတီတုံးပေါ်ကမြွေသေတွေရဲ့အနံ့ကိုရပြီးမျက်လုံးပြူး
လို့ ရုန်းတွန့်နေချိန်။
တာ။
ကိုဂဠုန်ကြီးကငါးရှဉ့်ခေါင်း ဦးချွန်ဓားနဲ့မြွေရဲ့လည်ပင်းကို ခုတ်ချလိုက်
“ဒုန်း…”
တစ်ချက်တည်းပါပဲဗျာ။မြွေဟောက်ခေါင်းဇက်ကနေပြတ်ပြီးအောက်
ခံသမံတလင်းပေါ်ကို ပြုတ်ကျသွားတော့တယ်။

သံညှပ်ကို ပတ်ထားတဲ့ မြွေဟောက်ကိုယ်လုံးက နာကျင်လွန်းလို့ ရုန်း လွန့်နေတာကိုဓားချပြီး လက်နှစ်ဖက်နှင့် ဖြေနေတုန်း –
“အား”
“ဟ-ဟ-ဘာဖြစ်တာလဲဟ”
“အမလေး – အား – အား – လုပ်-လုပ်-ကြ-ပါ”
“ဝုန်း”
“ဝရော”
ကိုဂဠုန်ကြီးဝုန်းခနဲပစ်လဲကျလို့အော်ဟစ်ရင်းလူးလှိမ့်နေတာမြင်လို့ အလုပ်သမားတွေနဲ့ ကိုမြမောင်ကြီးတို့ စားသုံးသူတွေ ပြေးလာကြည့်လိုက်
ရော။
ကိုဂဠုန်ကြီးရဲ့ဖိနပ်မပါတဲ့ခြေမကိုခေါင်းပြတ်ကျသွားတဲ့ မြွေဟောက် ဖြူကြီးရဲ့ဦးခေါင်းက ခဲထားတာကို မြင်ရပြီး အားလုံး လန့်ဖျပ်အော်ဟစ်ကြ။
အလုပ်သမားတစ်ဦးကဓားနဲ့ခြေမကိုခဲကိုက်ထားတဲ့မြွေဆိုးရဲ့ဦးခေါင်း
ကို ရိုက်ချပြီး ဓားနှင့် နပ်နပ်ပါအောင် စဉ်းကော ပစ်လိုက်တယ်။ ကိုဂဠုန်ကြီးက အသက်ရှူကျပ်နေပြီ။
ခြေရော၊ လက်ရော အေးစက်ပြီး လှုပ်လို့မရတော့ဘူး။ မျက်စိလည်း ဘာမှမမြင်ရတော့ပဲ ခေါင်းက ကမ္ဘာကြီး ပတ်ချာလည်
ဖြစ်ပြီး ညည်းနေပြီ။
မြွေဟောက်ရဲ့အဆိပ်က အာရုံကြောထိ ပြန့်သွားပြီလေ။
“ကား မြန်မြန်ခေါ်ကြပါဟ။ ဆေးရုံကို ပို့မှဖြစ်မယ်ဟေ့” “ကားရပြီဗျို့- ပွေ့ခေါ်ခဲ့တော့”
အလုပ်သမားတွေ ကိုဂဠုန်ကြီး ဝိုင်းပွေ့လိုက်ကြတယ်။ သို့သော် ကိုဂဠုန်ကြီး ဇက်ကျိုးကျသွားပါပြီ။
ခုတော့-မြွေဆိုးတွေကိုမကြောက်မရွံ့ဖမ်းခဲ့တဲ့မြွေသမားကြီး။ မြွေသားဟင်းကိုစားသုံးသူလျှာစွဲအောင်အမျိုးမျိုး ချက်ပြုတ်ရောင်းချ
နာမည်ကျော်ခဲ့တဲ့ဟင်းချက်သမား ဆိုင်ပိုင်ရှင်ကြီး။

တစ်လတစ်ခါရွှေဒင်္ဂါးဝယ်စုပြီးတစ်ဖက်သတ်ချစ်နေရတဲ့မကျည်းဆန်
ကို ထိုက်ထိုက်တန်တန် တင်တောင်းလက်ထပ်ဖို့ အားကြိုးမာန်တက် သူဌေးလေးဘွဲ့ခံ ကြိုးစားနေသူကြီး။
ဇက်ကျိုးကျပြီး ပါးစပ်ထဲက အမြှုပ်တစီစီတွေနဲ့ သားရေတွေ စီးကျ အသက်ပျောက်သွားခဲ့ပါပြီလေ။

Unicode Version

ေႁမြသားဟင္းႀကိဳက္သူ(စ/ဆုံး)
—————————————
ဂဠဳန္ႀကီးကိုဘယ္ေႁမြကိုက္ရမွာလဲတဲ့။ ေႁမြမွန္သမွ်ကိုဂဠဳန္ႀကီးစားတာ ေႁမြေတာင္ အ႐ုပ္ေရးျပရမလိုျဖစ္ေနတာတဲ့။
ဒါလည္းဟုတ္တာပဲ။
ကိုဂဠဳန္ႀကီးက ေႁမြမွန္ရင္ ဘာေႁမြမွမထားဘူး။
ေႁမြသားစားခ်င္သူမွန္သမွ်လည္း ကိုဂဠဳန္ႀကီး အသက္ရွည္ပါေစ
ဆုေတာင္းၾကတာကလား။
ဂဠဳန္ႀကီး အသက္ရွည္မွ ေႁမြသားဟင္းစပါယ္ရွယ္ကို စားၾကရမွာကိုး။ ခုေတာ့ – ဂဠဳန္ကို ေႁမြကိုက္လိုက္ၿပီ။
ေဟာဒီၿမိဳ႕ေပၚမွာဂဠဳန္ႀကီးတြင္းေအာင္းသားရွယ္ခ်က္ဆိုင္ဆိုရင္တြင္း ေအာင္းသားႀကိဳက္တဲ့လူ၊ စားတဲ့လူ အကုန္သိတယ္။ တြင္းေအာင္းသားဆိုတာလူၾကားေကာင္းေအာင္ေျပာတာ။
အမွန္ကေႁမြသားဟင္းရွယ္ခ်က္ဆိုင္။
ေႁမြနဲ႔ အက်ိဳးေပးသလားမေျပာနဲ႔။ ဟိုတုန္းက ကိုဂဠဳန္ႀကီးက ေခ်ာက္ ခ်ီးေခ်ာက္ခ်က္ထမင္းေၾကာ္ဆိုင္ေလးဖြင့္ၿပီးဝမ္းစာရွာတာရယ္။
ေဈးေရွ႕နယ္ကားဂိတ္က တာေပၚလင္အဝါမိုးႀကီးနဲ႔ေရာင္းတဲ့ ထမင္း
ေၾကာ္ဆိုင္ေလးေပါ့။
မနက္ေစာေစာ ဂိတ္ထိုးတဲ့ကားသမား။
ဆိုင္ကယ္ကယ္ရီသမားႏွင့္ ေဈးသည္ေလးေတြ အဆာေျပျဖစ္ျဖစ္၊ မနက္စာသေဘာမ်ိဳးျဖစ္ျဖစ္ ဝယ္စားၾကတဲ့ဆိုင္။
ေနာက္ပိုင္းမွာဂဠဳန္ႀကီးကႂကြက္ေၾကာ္ႏွင့္ႂကြက္သားဟင္းေလးစီစဥ္
ေရာင္းေရာ။ ႂကြက္ေၾကာ္ႏွင့္ႂကြက္သား လူႀကိဳက္မ်ားပါေရာဗ်ာ။
ဒီလိုနဲ႔ – ဂဠဳန္ႀကီးႂကြက္သားဟင္းဆိုတာ နာမည္ရလာတယ္။ ဆီျပန္ ခ်က္စားရတယ္။ မနက္(၈)နာရီေက်ာ္ရင္ လာမစားႏွင့္။

ႂကြက္ေၾကာ္ႏွင့္ႂကြက္သားဆီျပန္ကုန္ၿပီ။
ႂကြက္ကိုလယ္ထဲယာထဲကြင္းထဲမွာကိုယ္တိုင္ရွာတာဆိုေတာ့ အရင္း
ေငြမစိုက္ရဘူးေပါ့ဗ်ာ။
ကနဦးကေတာ့ ဟိုး – ႐ြာေတြက ႂကြက္ထိုးသမားေတြ လာပို႔တဲ့ႂကြက္ ေသအေရဆုပ္ဝယ္ရတာေပါ့။ေနာင္ေတာ့-မနက္(၁ဝ)နာရီဆိုင္သိမ္းၿပီးရင္ အိမ္ျပန္နား။ ညေနေစာင္းရင္ ႂကြက္ရွာထြက္။
သူႂကြက္ထိုးသြားရင္ အမ်ားအားျဖင့္ ညဘက္သြားတာမ်ားတယ္။ ႂကြက္ႀကီး၊ ေျမႂကြက္၊ လယ္ႂကြက္က ညမွ အစာရွာထြက္တာကိုး။ သူမ်ားေတြကႂကြက္တြင္းရွာၿပီး စူးထိုးတယ္။
ကိုဂဠဳန္ႀကီး ဒီနည္းကို မသုံးဘူး။ ဝါး႐ြတ္ကိုင္းေပ်ာ့ေပ်ာ့ကို ေလထဲမွာ အသံျမည္ေအာင္ ျမန္ျမန္ယမ္းလိုက္တာ။
“႐ြိ-႐ႊီ-ကြၽဲ-ကြၽိ” “ကြၽိ-လွ်ိဳ-႐ြိ-ရ္ဟိ”
ေလတိုးသံႏွင့္ ဝါး႐ြတ္ကိုင္းေပ်ာ့ ေလထဲ ယမ္းသံဟာ ႂကြက္ေတြေအာ္ တဲ့အသံအတိုင္းပဲ။
ဒီမွာဖားမီးခြက္ကိုေျမႀကီးေပၚေထာင္ထားတာ။
ေျမႂကြက္အစစ္ေတြက သူတို႔နဲ႔ မ်ိဳးတူႂကြက္ႀကီးေတြ ေအာ္တယ္မွတ္ ၿပီးအသံၾကားရာကိုထြက္လာၾကေရာ။
အဲဒါ-မီးေရာင္ေရွ႕မွာဟိုရွာဒီၾကည့္လုပ္ေနတုန္းဓားတံျမက္စည္း႐ိုးခန႔္ တုတ္တဲ့ႀကိမ္လုံးႀကီးနဲ႔ေျမႂကြက္၊လယ္ႂကြက္ရဲ႕ဦးေခါင္းကို႐ိုက္ခ်လိုက္ရင္း ႂကြက္ဟာ တစ္ပတ္ကြၽမ္းပစ္ၿပီး အေၾကာဆြဲလို႔ေသေရာ။
အဲဒီလိုနဲ႔ ေျမႂကြက္၊ လယ္ႂကြက္၊ ယာႂကြက္ တစ္ေန႔ကို ႏွစ္ပိႆာ သုံးပိႆာရတာ။ ေထာတာေပါ့။
ၿပီး – ကိုဂဠဳန္ႀကီးကဟင္းခ်က္ထမင္းခ်က္ေကာင္းတယ္။ ဆားပ်ားအခ်ိဳ အေပါ့ ႏိုင္တယ္။ ေခြးေတာက္႐ြက္ႏွင့္ ၾကက္ေခါင္းဟင္းခ်ိဳဆိုရင္ သူ႔ဆိုင္ အေရာင္းေကာင္းဆုံးပဲ။

ေျပာရရင္ ေႁမြမေၾကာက္၊ သရဲမေၾကာက္၊ ႂကြက္ထိုး ႂကြက္ရွာေကာင္း ေတာ့ အရင္းေငြ မစိုက္ရဘူးေလ။
ေပါ့။
လုပ္အားပဲ စိုက္ရတာ။
ေၾကာ္ေရာင္း၊ ခ်က္ေရာင္း၊ ကင္ေရာင္းေတာ့ ေငြအသားတင္ ရေနတာ
ေငြေတာ့ အေတာ္စုတဲ့လူပဲဗ်ာ။ ဝဝဖိုင့္ဖိုင့္ႀကီး။ ဝေပမယ့္ သြက္လက္ ဖ်တ္လတ္တယ္။ တစ္လကိုတစ္ခါ ေ႐ႊတစ္မတ္သားဝယ္စုတယ္။ “ကိုဂဠဳန္ႀကီး- ဘာလို႔ လတိုင္း ေ႐ႊဝယ္စုတာတုံးဗ်”

မေျဖဘူး။ ရယ္ေနတာပဲ။ ဒါနဲ႔ – ခင္ေ႐ႊကေျပာေရာ။
“အိုစာမင္းစာစုတာေပါ့- ဟုတ္လား”
“ဟဲ-ဟဲ-ဟဲ-ဟဲ”
“ၾကည့္ရတာ ဘုရားတည္မလို႔နဲ႔တူပါရဲ႕ကြာ”
“ဟ- ကိုသိန္းရ။ ဘုရားတည္ဖို႔ ေငြစုတဲ့လူက ညဘက္ႂကြက္ထိုးၿပီး
စုမွာလားဗ်”
“ေအးဟ -ဒီေကာင္ ေမးလို႔လည္းမရပါဘူးကြာ” အမွန္က သူမိန္းမယူဖို႔ ေငြစုေနတာၾကာၿပီ။ သူႀကိတ္ပိုးေနတဲ့ မိန္းကေလးတစ္ဦးရွိတယ္။
နာမည္ကမက်ည္းဆန္တဲ့။ ညိဳညိဳတုတ္တုတ္ေတာင့္ေတာင့္ကေလး။ ေကာင္မေလးကသူ႔ကိုမႀကိဳက္ပါဘူးဗ်ာ။ သို႔ေသာ္ ….။
မက်ည္းဆန္ရဲ႕အေမမုဆိုးမႀကီးကကိုဂဠဳန္ႀကီးကို သေဘာက်တယ္။
ဂဠဳန္ စီးပြားရွာေကာင္းတယ္။ အေပါင္းအသင္းဆန႔္တယ္။ အရက္ကိုနည္းနည္းပါးပါး အပင္ပန္းေျဖပဲေသာက္တယ္ေလ။

ေငြကိုက်စ္က်စ္ပါေအာင္ စုတာလည္း မက်ည္းဆန္အေမ ေဒၚေၾကးနီ သူေတာင္ေငြလိုရင္ဂဠဳန္ဆီကေခ်းယူသုံးတာမ်ိဳးရွိတယ္ကိုး။
က သိတယ္။
ဂဠဳန္ သူ႔သမီးကို ႀကိဳက္ေနမွန္း ေဒၚေၾကးနီ သိတာေပါ့ဗ်ာ။ ဒါေၾကာင့္ ေစာင္းပါးရိပ္ျခည္ေျပာရတာေပါ့။
“ေမာင္ဂဠဳန္ – မိန္းမယူဖို႔ အစီအစဥ္ရွိလား”
“စဥ္းစားတုန္းပါဗ်ာ – အေမေၾကးရာ”
“က်ည္းဆန္ကလည္းကိုဂဠဳန္ႀကီးက အလုပ္ႀကိဳးစားတယ္ – အေမရဲ႕။
ငါ့ကိုေျပာသတဲ့”
“ဟုတ္လား – အဟီး။ ႀကိဳးစားရတာေပါ့- အေမေၾကးရာ – အဟီး” “မိန္းမတစ္ေယာက္ယူရင္ေငြထုပ္ေ႐ႊထုပ္ပါဖို႔အေရးႀကီးတယ္သိလား” “က်ဳပ္ စုေနပါတယ္ဗ်။ ေ႐ႊတစ္က်ပ္သားရေနပါၿပီ”
“ေအး-ေအး-ႀကိဳးစားစု။ နင့္ညီမက်ည္းဆန္လည္းေစာင့္ေရွာက္ေနာ္
ေမာင္ဂဠဳန္”
“စိတ္ခ်ပါဗ် – အဟီး။ က်ဳပ္ – က်ဳပ္ကလည္း က်ည္းဆန္ကို – အဲ- အဲ က်ဳပ္ႏွမေလးလို ခင္ – ခင္တာဗ်”
“ေအး-ေအး-ငါ့ကိုေငြႏွစ္ရာေပးခဲ့စမ္းဟဲ့။ ဒီညေနတြဲလုံးေလးေကာင္း
လို႔တဲ့-ငါ့တူႀကီးရဲ႕”
အဲလိုေပါ့ဗ်ာ။
က်ည္းဆန္နဲ႔စပ္လ်ဥ္းၿပီးကိုဂဠဳန္ကသူ႔အေမေဒၚေၾကးနီကိုပိုင္တယ္။
ခ်ဲထိုးဖို႔ ေခ်းရင္ ေပးတယ္။
တစ္ညကိုဂဠဳန္ ႂကြက္ထိုးသြားတယ္။
ထုံးစံအတိုင္း ဝါး႐ြတ္ကိုင္းဖ်ားကို ေလထဲမွာ ယမ္းလိုက္ေတာ့ ႂကြက္
ေအာ္သံ ျမည္ေရာ။
တစ္ခါတေလဝါးသုတ္ကိုင္းနဲ႔အသံေပးလို႔ႂကြက္မလာရင္ပါးစပ္ကေန
ႏႈတ္ခမ္းကိုစုစုပ္ၿပီး ႂကြက္သံအတုလုပ္တယ္။ ဒါလည္း သူကြၽမ္းက်င္တယ္။ “ကြၽိကြၽိ-ကြၽိကြၽိ”

“ေဟာ- မီးေရာင္ေအာက္ကိုဝင္လာပဟ”
ဒီမွာ ႀကိမ္တုတ္နဲ႔ လွမ္း႐ိုက္မလို႔လုပ္တုန္းမွာ ေႁမြေဟာက္ႀကီးတစ္ ေကာင္ကႂကြက္ကိုဝင္ေပါက္လိုက္တာတဲ့။
ႂကြက္ႏွယ္ ကြၽီခနဲေအာ္ၿပီးလြင့္ခုန္လို႔ အေၾကာဆြဲေနပါေရာ။ “ဟင္း – ေႁမြေဟာက္ႀကီး”
ေႁမြေဟာက္ေၾကာင့္ က်န္တဲ့ႂကြက္ေတြပါေျပးၿပီ။
ေႁမြေဟာက္ႀကီးက လက္ဖ်ံလုံးေလာက္ရွိၿပီး ဦးေခါင္းလုံးေမ်ာႀကီးနဲ႔ ႂကြက္ေသကိုလွမ္းဆြဲၿပီး ေနာက္ကိုအ႐ြံ႕၊ “ငါ့အစာကိုလုခ်င္တဲ့ေႁမြ-ေသဟာ-ကိုင္း”
“ေဖာင္း”
“ဦး-ဖူး” “ကိုင္းဟာ”
ႀကိမ္တုတ္နဲ႔ေႁမြေဟာက္ရဲ႕ဦးေခါင္းကိုေလးငါးေျခာက္ခ်က္႐ိုက္လိုက္
တာ။ ေႁမြေဟာက္ဦးေခါင္းေၾကမြၿပီးေသေရာ
အမ္မယ္ – ေခါင္းေၾကေနတာေတာင္ ကိုယ္လုံးကလြန႔္ေနတုန္း။ ကိုယ္လုံးနဲ႔အၿမီးကိုပါ ထပ္႐ိုက္လိုက္မွ ၿငိမ္သြားေရာ။ ေႁမြသားငယ္ငယ္ကသူစားဖူးတယ္။ ခ်ိဳတယ္။ အသားမ်ားတယ္။ ဟန္ က်ၿပီ။ ႏွစ္ပိႆာခန႔္ရွိမယ့္ တစ္လံေက်ာ္ေႁမြေဟာက္ႀကီးကို ႀကိဳးနဲ႔ခ်ည္ၿပီး အိမ္ကိုယူလာခဲ့လိုက္တယ္။
အိမ္ေရာက္ေတာ့ေႁမြဆိပ္ရွိမည့္ဦးေခါင္းကိုျဖတ္ၿပီးေဇာက္ထိုးဆြဲထား
လိုက္တယ္။
ၿပီး – မီးေမႊး၊ ေရေႏြးအိုးႀကိဳ။င႐ုတ္သီး၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္း၊ မဆလာေရာေထာင္းလိုက္တယ္။
ေရေႏြးအိုးဆူေရာ၊ ေခါင္းျဖတ္ကန႔္လန႔္ခ်ထားတဲ့ေႁမြကိုေရေႏြးေဖ်ာ။ အေရခြံကိုဆြဲခ်။ တစ္ခါအသားႏူးေအာင္ထပ္ျပဳတ္။ က်က္တာနဲ႔အသားကို တုံးတစ္ၿပီး ႐ႊင္လိုက္တယ္။

ငါးရွဥ့္မီး အုံးႏႊင္ရသလိုပဲ၊ အေျမႇာင္းလိုက္ရတယ္။ အသားကို ေဖြးေနတာပဲ။
ႏႊင္ၿပီးသားအခ်ိဳ႕ကို င႐ုတ္သီးစုံသပ္ၿပီး ေၾကာ္။ က်န္တဲ့အတုံးအခ်ိဳ႕ကို ဝက္သားတုံးသလို တုံးၿပီးခ်က္၊
မိုးလင္းလို႔ ထမင္းေၾကာ္ဆိုင္ဖြင့္ေရာ။
ဒီေန႔ – ေႁမြသားရၿပီလို႔ ေၾကာ္ျငာလိုက္တာရယ္။ သူတစ္ပြဲ၊ ငါတစ္ပြဲႏွင့္
ေႁမြသားဟင္းေတြကုန္တာပဲ။
“ကိုဂဠဳန္ႀကီး”
“ဘယ္ႏွယ္တုံးေဟ့-ေႁမြသားေကာင္းရဲ႕လား-ငါ့လူရ”

“ရွယ္ပဲဗ်ာ။ ေနာက္ေန႔ရရင္ ခ်န္ထားပါဦးဗ်” ဒီလိုနဲ႔ေႁမြသားကိုစားသုံးသူႀကိဳက္မွန္းသိေရာေႁမြရွာတဲ့သူေတြထံမွာ
ရေတာ့တယ္။ လင္းေႁမြ၊ ေႁမြေပြး၊ ေႁမြေဟာက္ ရရာဝယ္ရတယ္။ ေဈး တယ္ ႀကီးပဲကိုး။
အခု – ကိုဂဠဳန္ရဲ႕ ေႁမြသားဟင္းႏွင့္ ႂကြက္သားဟင္းကို ၿမိဳ႕ခံစားသုံးသူ တင္မကဘူး။ တ႐ုတ္စီးပြားေရးသမားေတြရန္ကုန္က၊ နယ္ကလာသူေတြပါ လႈိက္လႈိက္လွဲလွဲအားေပးစားသုံးလိုက္ၾကတာ။
ေလးလအတြင္း ကိုဂဠဳန္ ကိုယ္ပိုင္ဆိုင္ခန္းနဲ႔ ျဖစ္သြားၿပီး လူငွားႏွစ္ ေယာက္ပါေခၚထားရတဲ့အထိ တိုးတက္ခဲ့ပါေရာ။
“ဂဠဳန္ႀကီး ရွယ္စားေသာက္ဆိုင္”ဆိုလူတိုင္းသိျဖစ္သြားၿပီ။
အခု-ေႁမြမ်ိဳးစုံကိုကိုယ္တိုင္ရွာတယ္။
ခြတုတ္နဲ႔ သံညႇပ္ပါရင္ ေႁမြေပြး၊ ေႁမြေဟာက္၊ လင္းေႁမြ ရတာပဲ၊ ကြၽမ္း က်င္ဖို႔နဲ႔ လ်င္ဖို႔ေတာ့ အေရးႀကီးတာေပါ့။
ေႁမြကိုေတြ႕ရင္ ခြေထာက္နဲ႔ လည္ပင္းကိုဖိ၊ ေႁမြေဟာက္ကို အၿမီးက ကိုင္ၿပီး ပျခဳပ္ထဲထည့္၊ အရွင္ရေရာ၊
ေႁမြေပြးကိုကိုင္ရင္ အရမ္းသတိထားရတယ္။
ေႁမြေဟာက္ဆို ေရွ႕ကေနာက္က ကိုင္လို႔ရတယ္။
ေႁမြေပြးက်ေတာ့ သူ႔ကိုထိရင္ ေနာက္ျပန္ပစ္တာ။ ပစ္ၿပီး ကိုက္ၿပီးပဲ။ ေႁမြေပြးကို သံညႇပ္နဲ႔ လည္ကုပ္ကို မလြတ္တမ္းမိမွ။ ဒါေတာင္ – အေကာင္ ႀကီးလို႔႐ုန္းရင္ အေတာ္ၾကမ္းတယ္။
ေႁမြေပြးကိုညႇပ္နဲ႔လည္ကုပ္မိထားရင္ေႁမြေဟာက္လိုအၿမီးကကိုင္ၿပီး
ပျခဳပ္ထဲထည့္လို႔မရဘူး။
ေႁမြေပြးတြပ္ရင္ ျမန္တယ္။
ေႁမြေပြးကိုက္မိရင္ သူ႔ရဲ႕အဆိပ္က ေသြးျပန္ေၾကာကေန ကိုယ္တြင္း ေသြးေၾကာကို ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားတာ။ အကိုက္ခံရတဲ့ေနရာ ေယာင္ယမ္း နာက်င္ၿပီး အစြယ္ေနရာကေန သားနံရည္ထြက္တာ။

ၿပီးရင္ – ပ်ိဳ႕အန္မယ္။ ၾကည့္လို႔မရေအာင္ မူးေဝေနမယ္။
လက္ေၾကာပူး၊လက္ဖ်ား၊ ေျခဖ်ားေတြေရခဲ႐ိုက္ထားသလိုေအးစက္ၿပီး
ေနာက္ဆုံးလုံးဝသတိလစ္ေမ့ေျမာသြားၿပီးအခ်ိန္မီေဆးမကုႏိုင္ရင္၊အဆိပ္
ေျပေဆးမထိုးႏိုင္ရင္ အသက္ပါ ဆုံးေရာ။ ေႁမြေဟာက္ …။
ေႁမြေဟာက္ကိုက္ခံရရင္လည္း ေႁမြေပြးကိုက္ခံရသလိုပဲ ေခါင္းေပၚ
မိုးႀကိဳးပစ္ခ်ခံရသလို မ်က္လုံးကမီးပြင့္သြားေရာ။
သူ႔ေႁမြဆိပ္ကေတာ့ တစ္မ်ိဳး။
ေႁမြဆိပ္က ကိုက္ခံရတာနဲ႔ အာ႐ုံေၾကာေတြရွိရာကို ပ်ံ႕ႏွံ႔သြားတာရယ္၊
ခ်က္ခ်င္းအသက္ရႉက်ပ္လာမယ္။
ဦးေႏွာက္အာ႐ုံေၾကာကိုထိသြားတာမို႔။
ေခါင္းငိုက္ဇက္က်ိဳးက်လာမယ္။
ၿပီး – ကမာၻႀကီး ပတ္ခ်ာလည္ေနသလို မူးေဝၿပီးေနာက္ ေျခေတြ၊ လက္ ေတြ မလႈပ္ရွားႏိုင္ပဲ အေၾကာေတြ ေသသလိုျဖစ္ေရာ။
ေဆးမီလို႔ ျပန္ေကာင္းသည့္တိုင္ အေၾကာေတြ မသန္ေတာ့လို႔ စားေသာက္ရာမွ အလြန္ခက္ခဲတယ္။ လမ္းေလွ်ာက္ရလည္း ခက္တယ္။ အဆိပ္ရွိတဲ့ေႁမြေဟာက္အမ်ိဳးအစားထဲမွာ-
ေႁမြေဟာက္၊ ငန္းေစာင္း၊ ငန္းဝါ၊ ငန္းပုပ္တို႔ပါၿပီး အဆိပ္ျပင္းတဲ့ေႁမြေပြး အုပ္စုထဲမွာ ေႁမြေပြး၊ ဂ်ပ္ေႁမြနဲ႔ ပင္လယ္ေႁမြတို႔ ပါဝင္ၾကတယ္။
လင္းေႁမြက အဆိပ္မရွိဘူး။ သို႔ေသာ္ လင္းေႁမြက ေျပးတာျမန္တယ္။ ခ်ဳံေပၚလည္းေျပးႏိုင္တာပဲ။ လင္းေႁမြကိုျမင္ရင္အျမန္ေျပးလိုက္ၿပီးအၿမီးက ကိုင္၊ ေလထဲမွာ ေမြ႕ယမ္းလိုက္။ အ႐ိုးအဆစ္ေတြ ျပဳတ္ၿပီး ေသတာပဲ။ လင္းေႁမြသားက ခ်ိဳတယ္။
ဒါေၾကာင့္- ေႁမြသားႀကိဳက္သူေတြအတြက္ေႁမြရွာရတာအသက္ႏွင့္ရင္း ရတယ္။ အခန႔္မသင့္ရင္ ေႁမြရွာရင္း ေသရတဲ့ဘဝ။
မသိ။
တစ္ခါတေလ ေႁမြကိုက္လို႔ ကြင္းထဲ၊ ေတာထဲ ေသေနတာ ဘယ္သူမွ

ဒါေၾကာင့္ – ေႁမြသားဟင္းတစ္ပန္းကန္ႏွစ္ေထာင္၊ သုံးေထာင္ယူရတာ ပါ။ ေႁမြမ်ိဳးစုံကို တ႐ုတ္ပရေဆးနဲ႔ စိမ္ထားတဲ့အရက္တစ္ပက္ကို အခု တစ္ ေထာင္ေက်ာ္ေရာင္းမွ ကိုက္တယ္ေလ။
တိုတိုေျပာရရင္ ကိုဂဠဳန္ႀကီး ေႁမြသားခ်က္၊ ေႁမြသားေၾကာ္၊ ေႁမြသား စြပ္ျပဳတ္ဟင္းခ်ိနဲ႔ နာမည္ေက်ာ္ၿပီး စီးပြားတက္ေနၿပီဗ်ာ။
ေႁမြေပြးသားကကင္ဆာေရာဂါ သက္သာေပ်ာက္ကင္းတယ္လို႔ဟိုလူ
ဒီလူေျပာၾကေတာ့ ေႁမြေပြးသားဟင္းကေဈးေကာင္းပိုရပါေရာ။ ေႁမြေပြးအရွင္တစ္ပိႆာကို ဟိုတုန္းက သုံးေထာင္ေပးရတယ္။ အခု ငါးေထာင္လည္းဟုတ္၊ တစ္ေသာင္းလည္းဟုတ္ပဲ။
တ႐ုတ္ျပည္ဘက္ကို ေရာင္းေနေတာ့ ေဈးႀကီးတာေပါ့။
ကိုယ္တိုင္ဖမ္းၿပီး အေသခ်က္၊ အရွင္ခ်က္ လက္ေတြ႕လုပ္ေပးတယ္။ ေႁမြေပြးေသတၱာ၊ ေႁမြေဟာက္ေသတၱာ၊ လင္းေႁမြ စသည္ရွိတယ္။ အထဲက ႀကိဳက္တဲ့ေႁမြကို လက္ညႇိဳးထိုးျပ။ ျပရင္ – ေႁမြေပြး၊ ေႁမြေဟာက္ကို လက္ဝါး ေလာက္ပတၱာတံခါးေလးဖြင့္၊ လက္ကိုင္ရွည္သံညႇပ္နဲ႔ေႁမြရဲ႕လည္ပင္းကိုညႇပ္ ၿပီးဆြဲထုတ္။
စဥ္းတီတုံးေပၚတင္၊ဓားရွည္ႀကီးနဲ႔ဇက္ေနရာကေနခုတ္ခ်။ေႁမြကိုယ္လုံး ကိုပြက္ပြက္ဆူေနတဲ့ေရေႏြးအိုးထဲထည့္။ အေရခြံ ေရေႏြးေဖ်ာ။
စားခ်င္တဲ့သူကိုေမးမယ္။ “ျပဳတ္ေၾကာ္လား”
“အတုံးဟင္းလား”
“ေပါင္းေပးရမလား”
“စြပ္ျပဳတ္ဟင္းခ်ိဳ
ႀကိဳက္တာေျပာ။ကိုဂဠဳန္ခ်က္ခ်င္းလုပ္ေပးႏိုင္တယ္။ လတ္လတ္ဆတ္
ဆတ္ ေႁမြသားမွ အမ်ိဳးမ်ိဳး ေရာင္းေပးေနေတာ့။ နယ္က ေႁမြသားႀကိဳက္သူ၊ ၿမိဳ႕ခံေႁမြသားႀကိဳက္သူ။ တ႐ုတ္၊ ရွမ္း၊ ျမန္မာေတြနဲ႔ သူ႔ဆိုင္ စည္ကားပါ့ဗ်ာ။

အခု- စားပြဲထိုးႏွစ္ေယာက္။ အခ်က္အျပဳတ္အကူႏွစ္ေယာက္။
ကဲ-တစ္ေန႔ဝင္ေငြနည္းေရာ့လား။
ခုေတာ့ -စားသုံးသူေတြကေရာ၊ သူ႔အလုပ္သမားေတြကပါ ကိုရီးယား ကားထဲက ေလသံအတိုင္း သူ႔ကို …။
“သူေဌး”လို႔ ေနာက္ေျပာင္ေခၚၾကၿပီ။
အခု – သူ႔ကို သူေဌးလို႔ေခၚရင္ သြား(၃၂)ေခ်ာင္း ေပၚေအာင္ၿပဳံးၿပီး တ႐ုတ္ေပါက္ေဖာ္ႀကီးေလသံႏွင့္-
“ဘာစားမီလဲ – ဆရာကီး”တဲ့။ ျပန္ေျပာပါၿပီခင္ဗ်ား။
ကိုဂဠဳန္ႀကီးက မိန္းမလည္း အရမ္းလိုခ်င္တယ္။ ၿပီး – ေဗဒင္လည္း ဝါသနာပါတယ္။ မိန္းမ႐ြယ္ေတြက သူ႔ကိုမယူရဲဘူး။
ညတိုင္း၊ ေန႔တိုင္း ႂကြက္နဲ႔ ေႁမြရွာသတ္ေန၊ အကုသိုလ္ေကာင္ႀကီးလို႔ သတ္မွတ္ၿပီး ေရွာင္တယ္ေလ။
ဟုတ္လည္း ဟုတ္တာပဲဗ်ာ။
သူ႔အိမ္ေပၚမွာ ေႁမြမ်ိဳးစုံ၊ ပျခဳပ္ေတြ ရွိေနတယ္။
ေႁမြဆိုးေတြရဲ႕ “႐ႊီး-ၿဖီး-႐ႊီ” စတဲ့မႈတ္သံ၊ တြန္သံ၊ မာန္ဖီသံေတြ ေန႔စဥ္ ေန႔ေန႔ညညၾကားေနရတာဥစၥာ။
ဒီလိုေႁမြဆိုးေပါင္းစုံ၊ အသံေပါင္းစုံ၊ အညႇီနံ႔ေပါင္းစုံနဲ႔ေနတဲ့ လူၾကမ္းလို
ဘယ္မိန္းမက လင္ေတာ္ဝံ့မွာတုံး။
သို႔ေသာ္- ကိုဂဠဳန္ တြက္ထားတာက သူ႔မွာ အိမ္ႏွင့္ၿခံ ရွိတယ္။
ေ႐ႊနဲ႔ေငြ ရွိတယ္။ သူ အ႐ြယ္ေကာင္း၊ မအိုေသးဘူး။
ဒါေၾကာင့္ – သူ႔ကိုႀကိဳက္တဲ့မိန္းမ ရွိရမယ္။
သို႔ေသာ္ – သူက မက်ည္းဆန္ကိုပိုသေဘာက်တယ္။
မက်ည္းဆန္အေမကို သူကပိုင္ၿပီးသားေလ။
သို႔ေသာ္- မက်ည္းဆန္က သူလာတာျမင္ရင္ ေနာက္ေဖးသို႔ ဝင္သြား ေရာ။ အိမ္ျပင္ကို ေရွာင္သြားေရာ။ ရင္ထဲမွာ ခံစားေနရတာ အဲဒါပဲ။
ဒါေၾကာင့္ – ေဗဒင္ပညာမွာ နာမည္ရွိတဲ့ ဆရာႀကီးဦးႀကိဳင္စိုးထံမွာ ေဗဒင္လာၾကည့္တာ။
“နာမည္- ဘယ္လိုေခၚတုံးကြယ့္”
“ကိုဂဠဳန္လို႔ ေခၚပါတယ္ – ဆရာႀကီး” “ဒီနာမည္ကေမြးနာမည္ပဲလား”
“မဟုတ္ပါဘူး ခင္ဗ်။ နာမည္အရင္းက“ေမာင္တက္ဝိုင္း”ပါခင္ဗ်” “စေနသားပဲ။ ေမြးသကၠရာဇ္ကေရာ”
“…..ပါ – ဆရာႀကီး”
“အင္း-အင္း”
ေဗဒင္ဆရာႀကီးဦးစိုးကေက်ာက္သင္ပုန္းမွာမဟာဘုတ္တိုင္ထူတယ္။ ၿပီး-ေအာင္လံထူစစ္သူႀကီးပြဲ ေနရာခ်တယ္။ ၿပီး- အသက္ကို ရွစ္ႏွင့္စားၿပီး
တိုင္ထူၿပီးေနာက္ –
“မင္းကလူခ်မ္းသာျဖစ္ေနၿပီပဲကြယ္” “အဟဲ-ဟဲ–အဲ-အဲ-ဟုတ္ – ဟုတ္ပါတယ္ ခင္ဗ်” “ဒီႏွစ္ထဲမွာေႁမြဆိုး သတိထား”
“ဗ်ာ – ဘယ္လိုျဖစ္လို႔ပါလဲ ဟင္ – ဆရာႀကီး”
“ေႁမြအႏၲရာယ္ေပးလိမ့္မယ္ – ၾကားလား” “ဟုတ္- ဟုတ္”
“အလုပ္က ဘာလုပ္တုံး”
“အဲ-အဲ-ဟို-ထ-ထမင္းဆိုင္ ဖြင့္ပါတယ္ ခင္ဗ်”
“ဒီႏွစ္ ေႁမြေရွာင္ရမယ္။ ေႁမြမသတ္ရဘူး။ ေႁမြေတြ႕ရင္ ေမတၱာပို႔ရမယ္။
ႏြားႏို႔တိုက္ရမယ္။ အဲဒါဆိုမင္းကံေကာင္းၿပီ”

“ဆရာႀကီး-ဟို-ဟို-အိမ္ေထာင္ေရးအေျခအေနေလး-သိ-သိ”
“အင္း – အင္း – အိမ္ေထာင္ေရးကဓမၼာ၊ ေသာက၊ အင္းဝရာဇာဆိုေတာ့ ၾကာသပေတးသားသမီးကိုေရွာင္။ ဗုဒၶဟူးသမီးေတြ႕ရင္ ခုေတြ႕ခုယူ။ ညေတြ႕ ညယူ – အခ်ိန္မဆိုင္းနဲ႔”
“ဘာလို႔ပါလဲ – ဆရာႀကီး”
“စေနနဲ႔ ဗုဒၶဟူးကမိတ္ဆက္ေလကြာ။ စေနသားနဲ႔ ဗုဒၶဟူးသမီးညားရင္ ႐ူးေတာင္ ထမင္းမငတ္ဘူးကြ – မွတ္ထား”
ကိုဂဠဳန္ႀကီးေခၚ(ကိုတက္ဝိုင္း) ဆရာႀကီးထံကျပန္လာၿပီး-
မက်ည္းဆန္အေမေဒၚေၾကးနီကို ေမးေရာ။
“အေမေၾကး”
“ဘာတုံး – ဂဠဳန္
“ဟိုေလ-ဟို-မက်ည္းဆန္က ဘာ- ဘာေန႔သမီးလဲဟင္”
“ဘာလုပ္မလို႔တုံး”
“အဲ-အဲ-သိ-သိခ်င္လို႔ပါခင္ဗ်ာ။ဒါ- အေမေၾကးစားဖို႔ေခါက္ဆြဲထုပ္
ပါ ခင္ဗ်ား- အဟဲ – ဟဲ”
ေခါက္ဆြဲထုပ္ျမင္ေတာ့ အဖြားႀကီးၿပဳံးသြားေရာ။
“မိက်ည္းက ဗုဒၶဟူးသမီး”
“ဗ်ာ – အဟုတ္လားဟင္ – ဟင္လို႔”
“ဟုတ္တယ္ – သင္းနာမည္အရင္းက “မလွစိန္”တဲ့။ သူငယ္ခ်င္းေတြ ေနာက္ေျပာင္ေခၚရင္းကက်ည္းဆန္ျဖစ္သြားတာဟဲ့”
“အို-ဟုတ္လား။ ဗုဒၶဟူးသမီး – စေနနဲ႔ ဗုဒၶဟူး။ ဟန္က်ၿပီေဟ့။ ေဩာ္
အေမေၾကး-ကြၽန္ေတာ္ ျပန္ဦးမယ္ေနာ္-ေနာ္”
“ျပန္ေတာ့မလားဟဲ့- ငါ့တူႀကီးရဲ႕” “ဟုတ္ – ဟုတ္”

“ဒီေန႔“အပူး”ေကာင္းတယ္ဟဲ့။ ငါ့ကိုေငြတစ္ေထာင္ေလာက္ေခ်းခဲ့ပါ ဦး – ေမာင္ဂဠဳန္ႀကီးရယ္”
ဒီလိုအပူးေကာင္းတယ္၊ တြဲလုံးကေရွ႕တန္း၊ေနာက္ပိတ္ကငါး၊အလယ္ ထိုင္တနလၤာနဲ႔။ ဟိုတြက္ဒီတြက္ခ်ဲထိုး။တစ္သက္လုံးမေပါက္။ပိုက္ဆံေခ်း ျဖဳန္းေနတဲ့ ေယာကၡမကို မႏွစ္ၿမိဳ႕ပါေသာ္လည္း သူ႔သမီးမ်က္ႏွာေၾကာင့္ေငြ တစ္ေထာင္ကို ၿပဳံးၿပဳံးႀကီး ေပးခဲ့လိုက္ရင္း ဂဠဳန္ ျပန္လာခဲ့လိုက္တယ္။ သူ အရမ္းေပ်ာ္ေနတယ္ေလ။
သူကစေနသားs
က်ည္းဆန္ေလးက ဗုဒၶဟူးသမီး။
စေနနဲ႔ဗုဒၶဟူးညားရင္ ႐ူးတာေတာင္ ထမင္းမငတ္တဲ့။ အဟီး -ငါေကာင္းစားေတာ့မယ္ေဟ့ – အဟတ္။
ျဖစ္ခ်င္ေတာ့ – ဆိတ္ေမြးတဲ့ ကိုျမေမာင္ရဲ႕သမီး ေႁမြကိုက္ခံရလို႔ ေသပါ ေရာ။ အသုဘရက္လည္ၿပီး ေနာက္ေန႔မွာ ကိုျမေမာင္ႀကီး ကိုဂဠဳန္ရွိရာကို ေရာက္လာတယ္။
“ကိုျမေမာင္ – က်ဳပ္- ဘာကူညီရမလဲ-ေျပာ” “ငါ့သမီးကိုက္တဲ့ေႁမြကို သတ္ေပးပါ – ဂဠဳန္”
“ဗ်ာ-ေႁမြကရွိေသးလို႔လား- ကိုျမေမာင္”
“ရွိတယ္- ေႁမြေဟာက္ကြ။ ေႁမြေဟာက္ေခါင္းျဖဴႀကီး”
“ေႁမြေဟာက္ေခါင္းျဖဴ”
“ဟုတ္တယ္ – ငါ့သမီးကိုကိုက္တာ ဒီေႁမြပဲ။ ခင္ရွိန္ရဲ႕ ဇီးနဲ႔ဝက္မႀကီး ေပါက္သတ္တာလည္းဒီေႁမြပဲ။ မခင္လွတို႔အိမ္ကၾကက္ေတြ ဆြဲတာလည္း သူပဲ။ ဘဲေမြးတဲ့တ႐ုတ္အရွိန္ရဲ႕ဘဲေတြဝင္ဝင္ဆြဲတာလား – ဒီေႁမြပဲ။ သင္းကို

ဖမ္းမိရင္
ဖမ္းလို႔မမိဘူး။ ငါ့သမီး- အိမ္သာက အဆင္းမွာ ကိုက္လိုက္တာ။ ဒီမွာ ဂဠဳန္ အဲဒီေႁမြေဟာက္ရဲ႕အသားကိုငါစားခ်င္တယ္။မင္းဖမ္းေပးပါကြာ။ ေငြတစ္ေသာင္းငါမင္းကို သီးသန႔္ဆုခ်ပါ့မယ္ – သိလား”
“ေကာင္းၿပီေလ -က်ဳပ္ ဆိုင္သိမ္းၿပီးရင္ လာခဲ့မယ္”
ေန႔ခင္းဆိုင္သိမ္းၿပီးေႁမြပျခဳပ္ႏွင့္ သံညႇပ္ကိုယူလို႔ေႁမြေဟာက္ေခါင္းျဖဴ ေသာင္းက်န္းတဲ့ ၾကက္ၿခံနဲ႔ ဘဲၿခံရွိရာကို လာခဲ့လိုက္တယ္။ ဟိုဟိုဒီဒီ အသံ စြင့္လိုက္ၿပီးေနရာေကာင္းေကာင္းေလး ၾကည့္ၿပီးေရာ။
ႂကြက္ေပါက္အရွင္ႏွစ္ေကာင္ႏွစ္ေကာင္ကိုႀကိဳးနဲ႔ခါးခ်ည္ၿပီးလႊတ္ေပး
ထားလိုက္တာ။
ႂကြက္ကေလးေတြရဲ႕ေအာ္သံၾကားေရာ သင္း- ေႁမြတြင္းထဲကေနေျပး ထြက္လာတာ။ ၿပီး- ေျပးလႊားေၾကာက္လန႔္ေနတဲ့ ႂကြက္ကို ေပါက္သတ္လို႔ မ်ိဳေနတဲ့အခ်ိန္။
အဲဒီမွ ကိုဂဠဳန္က သံညႇပ္နဲ႔ လည္ပင္းညႇပ္လိုက္တာ။ နည္းတဲ့ေႁမြလား။ တစ္လံေက်ာ္ႀကီး။
လူႀကီးလက္ဖ်ံလုံးခန႔္ရွိတယ္။
မရွိဘူးဆိုဒီေကာင္ႀကီးသုံးပိႆာေအာက္ထစ္ပဲ။ သံညႇပ္ကိုလိမ္ပတ္
ေနလို႔မနည္းလုပ္ၿပီးပျခဳပ္ထဲထည့္ခဲ့ရတယ္။
ေႁမြေကာင္ေခါင္းျဖဴႀကီးကိုေလွာင္အိမ္ေသတၱာထဲထည့္ျပထားေတာ့
ေႁမြသားစားတဲ့လူေတြၾကည့္လိုက္ၾကတာ အံ့အံ့ဩဩပဲဗ်ာ။
ေႁမြရဲ႕ဦးေခါင္းေပၚမွာက်ပ္ျပားဝိုင္းခန႔္အျဖဴကြက္ပါေနတာပဲကို။ေလွာင္ အိမ္ထဲမွာပါးပ်ဥ္းတေထာင္ေထာင္နဲ႔ေဒါသေတြျဖစ္ေနတာ။ လူကိုကိုက္တဲ့
ေႁမြမို႔အခ်ိဳ႕က မစားရဲၾကဘူး။ မကပ္ရဲၾကဘူး။
မၾကာပါဘူးဗ်ာ။
သမီး ေႁမြကိုက္ခံရလို႔ ေႁမြေဟာက္ေခါင္းျဖဴႀကီးကို နာၾကည္းေနတဲ့ ကိုျမေမာင္ႀကီး အရက္မူးမူးနဲ႔ ဆိုင္ထဲကို ေရာက္လာတယ္။

ၿပီဆို”
“ေအ့-ေဂ်-ေဂ်-ဂဠဳန္ႀကီး – ဂဠဳန္ႀကီး” “ဗ်ာ – ကိုျမႀကီး – က်ဳပ္ဒီမွာပါဗ်ာ”
“မင္း – မင္း – ငါ့သမီးကိုကိုက္တဲ့ေႁမြေဟာက္ေခါင္းျဖဴႀကီး-မိ-မိ-လာ
“ဟုတ္တယ္-ေဟာဟို-ေလွာင္အိမ္ထဲမွာဗ်-ၾကည့္” ကိုျမေမာင္ႀကီးေႁမြေလွာင္ေသတၱာေရွ႕မွာ ရပ္လိုက္ေရာ။
“ခ်ီး”
“အမ္မာ-ငါ႐ိုးမသားေႁမြကငါ့ကိုမ်ား-တယ္”
ေႁမြေဟာက္ေခါင္းျဖဴက ကိုျမေမာင္ႀကီးကိုျမင္ေတာ့ “က်ီး”လို ေအာ္ၿပီး
ပါးပ်ဥ္းေထာင္ပါေရာဗ်ာ။

“ဂဠဳန္”
“ဗ်ာ”
“သင္းပဲကြ – သင္းပဲ။ ငါ့သမီးကို ကိုက္သတ္တာ။ ဟား- ဟား- ဟား- ဟား-ဒီေန႔ – ငါ ကလဲ့စားေခ်ရေတာ့မွာေပါ့ကြာ။ ဂဠဳန္ေရ – ေရာ့ – ငါ့ကတိ အတိုင္းေႁမြဖမ္းခေငြတစ္ေသာင္း။ အဲဒီေႁမြေဟာက္ကိုသတ္ၿပီးျပဳတ္ေၾကာ္ ေလးလုပ္ေပး။ ငါ-ဒီမွာ-ေဟာဒီအရက္ပုလင္းနဲ႔ တစ္ေနကုန္ေသာက္မယ္ ေဟ့။ ေႁမြသားဟင္းအတြက္ က်သင့္ေငြ ၿပီးရင္ရွင္းမယ္”
“ကိုျမေမာင္ႀကီး”
“ေအ့ေဟ့- ေျပာ – ဂဠဳန္”
“ေႁမြသားကျပဳတ္ေၾကာ္စားမလား၊ စြပ္ျပဳတ္ေရာေသာက္ဦးမွာလား” “သိပ္ႀကိဳက္ေပါ့ကြာ။ အကုန္လုပ္ေပး – ေအ့ေဟ့”
“အဲဒါဆို- တစ္ေသာင္းေလာက္က်မွာေနာ္”
“က်- က်ကြာ။ မင္းက တယ္ေငြစကား ေျပာခ်င္တဲ့စီးပြားေရးသမားပဲ။ ေသသြားတဲ့ငါ့သမီးအတြက္ အၿငိဳးနဲ႔စားမွာ။ အကုန္ခ်က္- က်သေလာက္
ေပးမယ္ေဟ့-ေဟ့-ထြီ”
ကိုဂဠဳန္ေပ်ာ္ေနတာေပါ့။
သူကစီးပြားေရးသမားေလ။
ေငြပိုရေအာင္ ေႁမြေတြကို ေႁမြသမားေတြထံက ေဈးႀကီးေပးမဝယ္ပဲ ကိုယ္တိုင္ ေတာေတြ၊ ခ်ဳံေတြ၊ ေျမာင္းေတြ၊ ကြင္းေတြထဲ အပင္ပန္းခံ သက္စြန႔္ဆံဖ်ား ရွာခဲ့တာေလ။
သပိတ္ဝင္၊ အိတ္ဝင္ရေနတဲ့ေငြ။
အခု-ေ႐ႊခ်ည္း (၁၅)က်ပ္သားေက်ာ္ စုၿပီးၿပီ။
ေငြသားအသားတင္ ဆယ္သိန္းရွိတယ္။
တစ္ေန႔ဝင္ေငြကေလးငါးေသာင္းဝင္ေနတာရယ္။

သူေဌးေလးကေနသူေဌးႀကီးျဖစ္မွက်ည္းဆန္သူ႔အေပၚၫြတ္မွာကိုး။
ဒါနဲ႔မွက်ည္းဆန္ကိုမရရင္ပ်ံေနတဲ့အေခ်ာအလွေတြကိုတစ္ေန႔တစ္ေယာက္
အိမ္ေပၚေခၚအိပ္လိုက္မွာေပါ့။
အေရးႀကီးတာ ေငြရဖို႔ပဲ။
ေငြရဖို႔ကေတာ့ ဘယ္သူ႔မွ အားမနာႏိုင္ေပါင္။
“ကိုျမေမာင္ႀကီး – ခဏေစာင့္”
“ျမန္ျမန္လုပ္ေနာ္ – ဂဠဳန္”
“ဆယ္မိနစ္ပဲ ၾကာမယ္ – ကိုျမေမာင္ႀကီးေရ” “ဂဠဳန္-ငါ့သမီးကိုကိုက္တဲ့ေႁမြေဟာက္ေခါင္းျဖဴေနာ္”
“ၾကည့္ေနပါဗ်ာ – မမွားရေစပါဘူး။ စိတ္ခ်စမ္းပါ- ကိုျမေမာင္ႀကီးရ” သည့္ေနာက္- ေႁမြေဟာက္ေခါင္းျဖဴႀကီးထည့္ထားတဲ့ေသတၱာအဖုံးကို
ဖြင့္လိုက္ေရာ။
“ခ်ီး-က်ီး” “ဟီး”
“အမ္မာ-ငါ႐ိုးမေႁမြကငါ့ကိုမ်ား။ စိတ္ခ် – ျမန္ျမန္ေသေစရမယ္”
ကိုဂဠဳန္ ဆဲေရးတိုင္းထြာရင္း သံညႇပ္နဲ႔ ေႁမြရဲ႕လည္ပင္းညႇပ္ဖို႔ဟာ ေႁမြေဟာက္ကပါးပ်ဥ္းေထာင္ေနလို႔ ညႇပ္မရဘူးျဖစ္ေန။
“ဂဠဳန္-ေအ့-ေဟ့-ငါသတ္-ေပးရ-မ-မလား”
“ရတယ္ – ကိုျမေမာင္ႀကီး။ ဒီေႁမြကို မေျပာနဲ႔ – နဂါးေတာင္ ရွိရင္ က်ဳပ္ ကဖမ္းခ်င္တာ – ကဲဟာ -ကဲဟာ”
တုတ္တစ္ေခ်ာင္းနဲ႔ေႁမြရဲ႕ေခါင္းကို႐ိုက္ခ်ေတာ့မွေႁမြေဟာက္ကပါးပ်ဥ္း
ကိုခ်ၿပီး ေခါင္းငုံ႔ေနတုန္း။
ေလးေပခန႔္ရွည္တဲ့ သံညႇပ္နဲ႔ ေႁမြလည္ပင္းကို ညႇပ္လိုက္ေရာ။ ေႁမြေဟာက္ႀကီးကနာလြန္းလို႔သံညႇပ္ရဲ႕အ႐ိုးကိုလိမ္ပတ္ေနတုန္းအသာဆြဲ
ထုတ္လိုက္တယ္။

“ကိုျမေမာင္ႀကီး- ၾကည့္ထားဗ်။ ဒါ – ခင္ဗ်ားသမီးကိုကိုက္တဲ့ေႁမြ” “အလွည့္ရွိေတာ့ ေသေပါ့ကြာ – ဟား- ဟား- ဟား- ဟား” ကိုဂဠဳန္ႀကီးက သံညႇပ္႐ိုးပတ္ေနတဲ့ေႁမြေဟာက္ႀကီးကိုစားသုံးသူမ်ား ျမင္ေအာင္ ေျမႇာက္ျပလိုက္ေသးတယ္ဗ်။
“စားသုံးသူ မိတ္ေဆြမ်ား ခင္ဗ်ာ – ေဟာဒီေႁမြေဟာက္ေခါင္းႀကီးဟာ လူကို ေသေအာင္ကိုက္ခဲ့တဲ့ ေႁမြေဟာက္ေခါင္းျဖဴႀကီးပါပဲ ခင္ဗ်ာ။ ဒီရွားပါး ေႁမြကိုက်ဳပ္ကိုယ္တိုင္လက္ရဖမ္းၿပီးဟင္းသုံးမ်ိဳးခ်က္ျပမွာပါ။ ဒီေႁမြသားကို အားရပါးရစားမည့္သူကေတာ့ ေဟာဟိုမွာ -ထိုင္ေနတဲ့ ဦးျမေမာင္ႀကီးပါပဲ
ခင္ဗ်ာ”
ဆိုင္ထဲမွာ စားေနတဲ့လူေတြက အသည္းယားဖို႔ေကာင္းတဲ့ တြန႔္လိမ္ လူးလြန႔္ေႁမြႀကီးနဲ႔ေႁမြဆိုးႀကီးကို သံညႇပ္နဲ႔ ညႇပ္ေျပာၿပီးဂုဏ္ယူဝံ့ႂကြားေနတဲ့ ဆိုင္ရွင္ ကိုဂဠဳန္ႀကီးကို ၾကည့္ၿပီး အသည္းယားသူယားၾက။ အားရေက်နပ္ ခ်ီးက်ဴးသူက ခ်ီးက်ဴး။
ရဲ႕။
ေႁမြဖမ္းတင္မကဘူး။ ဟင္းခ်က္လည္းရွယ္ပဲ။
ဆီဒိုးနားမွာ ခ်က္ေရာင္းရင္ ကမာၻေက်ာ္မွာ ဘာညာနဲ႔ ဝိုင္းပင့္ၾကေလ
ဒီမွာပဲ-ကိုဂဠဳန္ႀကီးက ေႁမြေဟာက္ေခါင္းျဖဴႀကီးရဲ႕ဦးေခါင္းကို စဥ္းတီ တုံးေပၚတင္လိုက္တယ္။
ေႁမြေဟာက္ကစဥ္းတီတုံးေပၚကေႁမြေသေတြရဲ႕အနံ႔ကိုရၿပီးမ်က္လုံးျပဴး
လို႔ ႐ုန္းတြန႔္ေနခ်ိန္။
တာ။
ကိုဂဠဳန္ႀကီးကငါးရွဥ့္ေခါင္း ဦးခြၽန္ဓားနဲ႔ေႁမြရဲ႕လည္ပင္းကို ခုတ္ခ်လိုက္
“ဒုန္း…”
တစ္ခ်က္တည္းပါပဲဗ်ာ။ေႁမြေဟာက္ေခါင္းဇက္ကေနျပတ္ၿပီးေအာက္
ခံသမံတလင္းေပၚကို ျပဳတ္က်သြားေတာ့တယ္။

သံညႇပ္ကို ပတ္ထားတဲ့ ေႁမြေဟာက္ကိုယ္လုံးက နာက်င္လြန္းလို႔ ႐ုန္း လြန႔္ေနတာကိုဓားခ်ၿပီး လက္ႏွစ္ဖက္ႏွင့္ ေျဖေနတုန္း –
“အား”
“ဟ-ဟ-ဘာျဖစ္တာလဲဟ”
“အမေလး – အား – အား – လုပ္-လုပ္-ၾက-ပါ”
“ဝုန္း”
“ဝေရာ”
ကိုဂဠဳန္ႀကီးဝုန္းခနဲပစ္လဲက်လို႔ေအာ္ဟစ္ရင္းလူးလွိမ့္ေနတာျမင္လို႔ အလုပ္သမားေတြနဲ႔ ကိုျမေမာင္ႀကီးတို႔ စားသုံးသူေတြ ေျပးလာၾကည့္လိုက္
ေရာ။
ကိုဂဠဳန္ႀကီးရဲ႕ဖိနပ္မပါတဲ့ေျခမကိုေခါင္းျပတ္က်သြားတဲ့ ေႁမြေဟာက္ ျဖဴႀကီးရဲ႕ဦးေခါင္းက ခဲထားတာကို ျမင္ရၿပီး အားလုံး လန႔္ဖ်ပ္ေအာ္ဟစ္ၾက။
အလုပ္သမားတစ္ဦးကဓားနဲ႔ေျခမကိုခဲကိုက္ထားတဲ့ေႁမြဆိုးရဲ႕ဦးေခါင္း
ကို ႐ိုက္ခ်ၿပီး ဓားႏွင့္ နပ္နပ္ပါေအာင္ စဥ္းေကာ ပစ္လိုက္တယ္။ ကိုဂဠဳန္ႀကီးက အသက္ရႉက်ပ္ေနၿပီ။
ေျခေရာ၊ လက္ေရာ ေအးစက္ၿပီး လႈပ္လို႔မရေတာ့ဘူး။ မ်က္စိလည္း ဘာမွမျမင္ရေတာ့ပဲ ေခါင္းက ကမာၻႀကီး ပတ္ခ်ာလည္
ျဖစ္ၿပီး ညည္းေနၿပီ။
ေႁမြေဟာက္ရဲ႕အဆိပ္က အာ႐ုံေၾကာထိ ျပန႔္သြားၿပီေလ။
“ကား ျမန္ျမန္ေခၚၾကပါဟ။ ေဆး႐ုံကို ပို႔မွျဖစ္မယ္ေဟ့” “ကားရၿပီဗ်ိဳ႕- ေပြ႕ေခၚခဲ့ေတာ့”
အလုပ္သမားေတြ ကိုဂဠဳန္ႀကီး ဝိုင္းေပြ႕လိုက္ၾကတယ္။ သို႔ေသာ္ ကိုဂဠဳန္ႀကီး ဇက္က်ိဳးက်သြားပါၿပီ။
ခုေတာ့-ေႁမြဆိုးေတြကိုမေၾကာက္မ႐ြံ႕ဖမ္းခဲ့တဲ့ေႁမြသမားႀကီး။ ေႁမြသားဟင္းကိုစားသုံးသူလွ်ာစြဲေအာင္အမ်ိဳးမ်ိဳး ခ်က္ျပဳတ္ေရာင္းခ်
နာမည္ေက်ာ္ခဲ့တဲ့ဟင္းခ်က္သမား ဆိုင္ပိုင္ရွင္ႀကီး။

တစ္လတစ္ခါေ႐ႊဒဂၤါးဝယ္စုၿပီးတစ္ဖက္သတ္ခ်စ္ေနရတဲ့မက်ည္းဆန္
ကို ထိုက္ထိုက္တန္တန္ တင္ေတာင္းလက္ထပ္ဖို႔ အားႀကိဳးမာန္တက္ သူေဌးေလးဘြဲ႕ခံ ႀကိဳးစားေနသူႀကီး။
ဇက္က်ိဳးက်ၿပီး ပါးစပ္ထဲက အျမႇဳပ္တစီစီေတြနဲ႔ သားေရေတြ စီးက် အသက္ေပ်ာက္သြားခဲ့ပါၿပီေလ။