နင်ငါ့ကိုသတ်ခဲ့တယ်(စ/ဆုံး)

Unicode Version

နင်ငါ့ကိုသတ်ခဲ့တယ်(စ/ဆုံး)
————————————
အချိန်ကားညနေစောင်း နေဝင်မိုးချုပ်သည့်
အချိန် တရွက်ငယ်ရွာလေးမှ နေ့ပြန်တိုးပေးသူ
မတင်ဌေး တစ်ယောက် တစ်ဖက်ရွာမှ ရစရာရှိသည့် ငွေများအားတောင်းယူကာ
အိမ်သို့ ပြန်လာခဲ့လေသည်။
ရွာနှစ်ရွာအကြား တောလမ်းခရီးလေးတွင်
လူခြေပြတ်နေပြီဖြစ်သည်။
မတင်ဌေးတစ်ယောက်သာ ခပ်သွက်သွက်လျှောက်လှမ်းလာနေသည်။
ထိုစဉ်နောက်မှ ခြေသံကြားသဖြင့်လှည့်ကြည့်လိုက်ရာ
ဖဲသမားဖြစ်သူ ကိုသက်ဖေဖြစ်နေသည်။
“ဟာ မတင်ဌေးပါလား တစ်ယောက်တည်းလား
ဘယ်သူမှမပါဘူးလား အေ့ ဂေ့
ကျုပ်တောင် ဒီရွာကအိမ်မှာဖဲရိုက်နေတာ
အခုပါသမျှအကုန်ပြောင်သွားလို့ ပြန်လာခဲ့တာပဲ”
“နင်မျက်လုံးမပါဘူးလား သက်ဖေ
ငါတစ်ယောက်တည်းမလာလို့
ဘယ်သူပါလာလို့လဲ ဟင် အရက်စော်ကလည်း
နံဟောင်နေတာပဲ ”
မတင်ဌေးက ဖဲသမားကိုသက်အောင်အား
နှာခေါင်းရှုံကာပြောလိုက်လေသည်။
“မျက်လုံးတော့ပါတာပေါ့ဗျ
ဒါနဲ့လက်ထဲမှာလည်း ပိုက်ဆံအိတ်ကြီးနဲ့
အကြွေးတောင်းပြီးပြန်လာတာထင်တယ်
မတင်ဌေး ကျွန်တော့်ကို ပိုက်ဆံချေးပါလား
ကျွန်တော်ဖဲရိုက်ဖို့ ငွေလိုနေလို့”
“နင့်လိုကောင်မျိုးကို ငါကပိုက်ဆံချေးလိုက်ရင်
ပြန်ရပါ့မလား သွား သွား နင်နင့်လမ်းနင်သွားစမ်းပါ သက်ဖေရယ်
ငါ့ကိုမနှောင့်ယှက်စမ်းပါနဲ့ ”
မတင်ဌေးလည်းခပ်ပြတ်ပြတ်ပြောလိုက်မိ
လေသည်။
“မတင်ဌေး ခင်ဗျား အသာတကြည်
ပြောလို့မရရင် ကျုပ်အကြောင်းသိတယ်မလား
ဒီမယ် ကြည့်”
ဖဲသမား သက်ဖေက ခါးကြား၌ဖွက်ထားသောဓါးမြှောင်အား
ထုတ်ပြလိုက်သည်။
“ဟင်…သက်ဖေ နင်ငါ့ကိုမတရားမလုပ်နဲ့နော်
ငါငြိမ်ခံနေမှာမဟုတ်ဘူး သိထား”
“ဟား ဟား မတင်ဌေး ခင်ဗျားက
စွာလှချေလား ဟမ်
သူများဆီကနေအမြတ်ကြီးစားထားတဲ့
ပိုက်ဆံတွေ ဘယ်မလဲ အခုထုတ်ပေး
ကြာတယ်ကွာ”
ပြောရင်းဆိုရင်း မတင်ဌေးလက်ထဲမှ
ငွေအိတ်အား လုယူတော့သည်။
“နင်လွှတ်နော် သက်ဖေ ကဲဟယ်”
“အား…”
မတင်ဌေးလည်း သက်ဖေ၏လက်အား
ကိုက်ဆွဲပစ်လိုက်သည့်အတွက် သက်ဖေ
အလွန်ဒေါသဖြစ်သွားပြီး
“တောက်”
“ခွေးမ နင်သေစမ်း”
“စွပ် စွပ် ”
“အင့်…”
“အောင်မယ်လေး အ အား”
“ကဲ မှတ်ပြီလား နင်လိုကောင်မဆီက
ငွေကိုဟောဒီလို ယူပစ်လိုက်လို့ရတယ်ဆိုတာ
သိထား”
မတင်ဌေးလက်ထဲမှလွတ်ကျသွားသော
ပိုက်ဆံအိတ်အား သက်ဖေကခြေထောက်ဖြင့်
ညှပ်ကာယူလိုက်ပြီး ထိုနေရာမှ
ထွက်သွားတော့သည်။
တောလမ်းနံဘေး၌ မတင်ဌေး၏ ခန္ဓာကိုယ်မှာ
သွေးအလိမ်းလိမ်းထွက်ကာ အသက်မဲ့စွာ
ကျန်နေခဲ့တော့သည်။
================
နောက်တစ်နေ့ မိုးလင်သည်နှင့်
တရွက်ငယ်ရွာလေး၌ လှုပ်လှုပ်ရှားရှား
ဖြစ်သွားလေသည်။
“ဟဲ့ မြင့်မေ မနေ့က နေ့ပြန်တိုးပေးတဲ့
မိတင်ဌေး အသတ်ခံရလို့တဲ့ ”
“ဟင်…ဟုတ်လား မစိုးရဲ့ ဘယ်သူက
သတ်သွားတာတုန်းတော့”
“ဒါတော့ ငါလည်းမသိဘူးအေ့
ရွာထဲကလူတွေ မနက်အစောပိုင်းက
အလောင်းကိုသွားကြည့်ကြတာ
လူတွေမှမနည်းကြဘူး သွားကြည့်ကြတာ”
“ဟုတ်လားဘယ်နားမှာအသတ်ခံရတာလဲ
မစိုးရဲ့”
“တို့ရွာ ကနေဟိုဘက်ရွာကို သွားတဲ့
တောလမ်းလေးလေ အဲ့အနားမှာ
အသတ်ခံရတာအေ့”
“အင်း စိတ်မကောင်းစရာပါ မစိုးရယ်
သူ့အမေ ဒေါ်တင်မေ တော့ရင်ကွဲနေရှာမှာပဲ”
“အေးဟဲ့ ငါသွားဦးမယ် နင်လည်း
သွားကြည့်မနေနဲ့ ဦး”
“စိတ်ချပါ မစိုးရယ် ကျွန်မမကြည့်ရဲပါဘူး”
မစိုးလည်း မြင့်မေအားနှုတ်ဆက်ပြီး
ထွက်သွားလေသည်။
==============
“အောင်မယ်လေး သမီးရဲ့
အဖြစ်ဆိုးလိုက်တာ ငါ့သမီးလေးရယ်
ငါ့သမီးကိုဘယ်လိုလူကများ ရက်ရက်စက်စက် အခုလို လုပ်ရက်ကြတာလဲ သမီးလေးရဲ့
အီး ဟီး ဟီး”
“စိတ်ကိုလျှော့ဦးမှပေါ့ ဒေါ်တင်မေရယ်
သေတဲ့သူကသေပြီပဲ မလား”
“ကျွန်မဝမ်းနည်းလွန်းလို့ပါတော်
ကျွန်မတို့မှာ ဒီသားအမိ၂ယောက်ပဲ
ရှိကြတာမလား အခုတော့ သမီးလေးက
ကျွန်မကိုတစ်ယောက်တည်းထားခဲ့ပြီလေ
သမီးလေးရေ ထကြည့်ပါဦး သမီးလေးရဲ့”
“ဒေါ်တင်မေ စိတ်ထိန်းပါဗျာ
ခင်ဗျားသမီးကိုသတ်တဲ့သူကို
ကျုပ်ကိုယ်တိုင်ဖမ်းပေးပါ့မယ်
စိတ်ချ ”
“သူကြီးရယ် ကျွန်မသမီးကိုသ_တ်သွားတဲ့သူကို
ကျွန်မလုံးဝမကျေနပ်ဘူး ဒင်းကိုမိလို့ကတော့
ကျွန်မကိုယ်တိုင် သ_တ်ရမှကျေနပ်မယ်တော့်
အီး ဟီး ဟီး”
================
မတင်ဌေး ၏နာရေးအားအဆင်ပြေစွာဖြင့်
ချနိုင်ခဲ့လေသည်။
သူကြီးဖြစ်သူလည်း ရွာထဲမှ ဆိုးပေ့မိုက်ပေ့ဆိုသော လူမိုက်များအား ခေါ်ယူစစ်ဆေးလေသည်။
“ဟေ့ကောင် သက်ဖေ မင်းမနေ့က
ဘယ်တွေသွားသေးလဲ ”
“ကျုပ် ဟိုဘက်ရွာကဖဲဝိုင်းသွားပြီးဖဲရိုက်တယ်
ဖဲဝိုင်းက
တိုက်တဲ့အရက်ကိုသောက်တယ်
ပြီးတော့အိမ်ကို ပြန်လာတယ် ဒါပဲ
ဒါနဲ့သူကြီးကဘာလို့ ကျုပ်ကိုဒီလိုတွေမေးနေတာလဲဗျ
ကျုပ်နားမရှင်းဘူး”
“အေး မင်းနားရှင်းအောင်ပြောရရင်
မနေ့က မတင်ဌေးအသ-တ်ခံရတာ မင်းလည်း
သိမှာပါ
မင်းမနေ့က ဟိုဘက်ရွာကို ဖဲသွားရိုက်တယ်
ပြီးတော့ မတင်ဌေးလည်း ဟိုဘက်ရွာကို
အကြွေးသွားတောင်းသေးတယ်ဆိုတော့
ငါမင်းကို မတင်ဌေးအသ-တ်ခံရတဲ့ ကိစ္စနဲ့
မင်းကိုသံသယဖြစ်နေမိတယ် သက်ဖေ”
“ဒီမယ် သူကြီး သူကြီးကကျုပ်ကို
လူသ-တ်တရားခံလို့ စွပ်စွဲနေတာလား
ဘယ်မလဲ သက်သေ သက်သေမရှိပဲ
လာစွပ်စွဲလို့ ဘယ်ရမလဲ မဟုတ်ဘူးလား
သူကြီး”
“ဟုတ်ပါတယ် ဒါပေမယ့် ငါက
ဒီရွာကိုအုပ်ချုပ်နေတဲ့ သူကြီး
ဒီရွာရဲ့ လူဆိုးလူမိုက်တွေကို
တာဝန်အရစစ်ဆေးမေးမြန်းရမှာ
ငါ့တာဝန်ပဲ မင်းပြောသလိုသက်သေမရှိသေးတော့ မင်းလို့ငါ အတတ်မပြောနိုင်သေးဘူး
ဒါပေမယ့် ငါစောင့်ကြည့်နေမယ်
မင်းသွားလို့ရပြီ”
“ကောင်းပါပြီ သူကြီး”
သက်ဖေလည်း စားပွဲခုံးအား လက်ထောက်လိုက်ပြီး ထလိုက်လေသည်။
ထိုစဉ် သက်ဖေ လက်မှ အကိုက်ခံရသည့်
သွားရာအား အမှတ်မထင် သူကြီးမြင်လိုက်လေသည်။
“ဒါနဲ့ သက်ဖေ မင်းလက်က ဒဏ်ရာက
ဘယ်လိုဖြစ်တာလဲ”
သူကြီးကမေးလိုက်သဖြင့် သက်ဖေတစ်ယောက်
အနည်းငယ်တုန်လှုပ်သွားလေသည်။
ထိုအမူအရာကို သူကြီးကောင်းစွာမြင်လိုက်ပါသည်။
“သြော် ဒါလား ဒီဒဏ်ရာက ကျုပ်အစ်ကိုကမွေးတဲ့ ကျုပ်တူမက ကိုက်တာ သူ့ကိုမုန့်ဝယ်
မကျွေးလို့တဲ့ဗျာ ”
“သြော် ဒီလိုလား အေးပါ ကောင်းပါပြီ”
သူကြီးလည်း အံ့သြသည့်အမူအရာဖြင့်
နေလိုက်လေသည်။
===============
“မိတုတ်ရေ မိတုတ်”
“ရှင် သူကြီးပါလား မိတုတ်ကိုခေါ်တာ
ဘာပြောမလို့လဲဟင် ”
“သြော် ဒီလိုပါ မိတုတ်ကို ဦးဦးက
မုန့်ကျွေးမလို့လေ ဟောဒီမှာ”
“ဟာ ဒါမိတုတ်စားချင်နေတဲ့ မုန့်ပဲ
ကျေးဇူးပါနော် မိတုတ်ကိုကျွေးလို့”
“ဒါနဲ့ မိတုတ်ကိုမေးရဦးမယ်
မိတုတ်အမှန်အတိုင်းပြောမှာလား”
“မိတုတ် အမှန်အတိုင်းပြောမှာပေါ့
လိမ်ရင် ငရဲကြီးတတ်တယ်တဲ့ အမေက
သင်ထားတယ်”
“ဒါဆို ဦးဦး မေးမယ် မိတုတ် မနေ့က
သမီး ဦးဦး ဦးသက်ဖေကို သွားနဲ့ကိုက်လိုက်သေးလား ”
“ဟင့်အင်း…မိတုတ်မကိုက်ပါဘူး
ဦးဦးသက်ဖေနဲ့ တွေ့တောင်မတွေ့ဘူး”
“အေးအေး ဘာရယ်မဟုတ်ပါဘူး
ဦးကဒီအတိုင်းသိချင်လို့မေးတာ
ဒီအကြောင်းကို မိတုတ်ဘယ်သူ့ကိုမှ
မပြောရဘူးနော် လိမ္မာတယ် နောက်လည်း
မုန့်ကျွေးဦးမယ် ဦးက”
“မိတုတ် ဘယ်သူ့ကိုမှမပြောပါဘူး ”
သူကြီးလည်း သက်ဖေ၏ တူမမိတုတ်အား သိလိုသမျှမေးပြီး ပြန်လာခဲ့တော့သည်။
==============
“အူ ဝူး ဝူး ဝူး”
“အူ ဝူ ဝူး”
“ဒီနေ့ညမှပဲ ခွေးတွေကအူလိုက်တာ လှမြိုင်ရာ”
“ခွေးတွေရဲ့ သဘာဝကိုက အူမယ် ဟောင်မယ်
မလား အထူးအဆန်းလုပ်လို့ ဖိုးတွတ်ရာ”
“ထူးဆန်းတာပေါ့ကွ မင်းနဲ့ငါ ရွာကင်းတဲ
စောင့်လာတာကြာပေါ့ ဒီနေ့ ညလောက်
ခွေးအူတာမင်းကြားဖူးလို့လားကွ”
“အေး အဲ့ဒါတော့ ဟုတ်တယ်ကွ
ဟူး ချမ်းလိုက်တာ ဖိုးတွတ်ရာ
အရက်လေးဘာလေး မပါဘူးလား”
“ဟ ကင်းစောင့်ပါတယ်ဆိုမှ ဘယ်ကအရက်ပါပါ့မလဲ လှမြိုင်ရ”
“ဒါဆို မင်းရွာထဲပြန်ပြီး အရက်တစ်ပုလင်း
လောက်သွားဝယ်ချေကွာ
ဒီပုံအတိုင်းဆို အတော်အေးမှာကွ
နည်းနည်းပါးပါး သောက်လိုက်မှ
နွေးသွားမှာ ဖိုးတွတ်ရ ”
“ဖြစ်ပါ့မလား သူကြီးသိရင် မင်းရောငါရော
မလွယ်ဘူး ”
“မင်းကလည်း လုပ်စမ်းပါကွာ ရှည်ကိုရှည်တယ်”
“ဒါဆို ခဏစောင့် ငါရွာထဲပြန်ပြီး
သွားဝယ်လိုက်ဦးမယ် ”
“အေးအေး မြန်မြန်သွား မြန်မြန်ပြန်လာခဲ့”
“အေးပါ ငါသိပါတယ်”
ဖိုးတွတ်လည်း ကင်းတဲပေါ်မှဆင်းကာ
ရွာထဲထွက်သွားလေတော့သည်။
လှမြိုင်လည်း ကင်းတဲပေါ်၌ တစ်ယောက်တည်း
စောင့်ကာကျန်ခဲ့တော့လေသည်။
“အူ ဝူး ဝူး ဝူ ဝူး”
“တောက် ဘယ်ကသောက်ခွေးတွေက
ထထအူနေသလည်း မသိဘူး
အောင်မယ်လေး ကြက်သီးတောင်ထတယ်”
ထိုစဉ် ခပ်လှမ်းလှမ်းအမှောင်ရိပ်ဆီမှ
တရွေ့ရွေ့ လာနေသော လူတစ်ဦးအား
ကင်းတဲ့ပေါ်မှ လှမ်းမြင်လိုက်လေသည်။
“ဟင် ဒီအချိန်ကြီး ဘယ်သူများပါလိမ့်
တို့ရွာက လူတော့ဟုတ်ပါ့မလား ”
လှမြိုင်လည်း ဓာတ်မီးကို လက်တစ်ဖက်ကိုင်ပြီး
ကျန်လက်တစ်ဖက်မှ တုတ်ကိုကိုင်ထားပြီး
ကင်းတဲပေါ်မှကြည့်နေလိုက်သည်။
ထိုလူက တဖြည်းဖြည်းနှင့် ကင်းတဲ့အနီးသို့
ရောက်လာမှ အမျိုးသမီးဖြစ်မှန်း သိလိုက်ရလေသည်။
ထိုအမျိုးသမီး၏ သွားလာသောပုံစံမှာ
တစ်ခုခုကို အသည်းအသန်လိုက်လံရှာဖွေနေသည့်ပုံစံဖြစ်
သည်။
ကင်းတဲ့ပေါ်၌ ထိုင်နေသော လှမြိုင်ကိုလည်း
အာရုံမထားပဲ သွားလာလှုပ်ရှားနေပေသည်။
ထို့ကြောင့် လှမြိုင်လည်း မနေသာတော့ပဲ
ကင်းတဲပေါ်မှဆင်းလာပြီး
“ဟေ့ မင်းဘယ်သူလဲ ဘယ်ကလဲ
ဘာကြောင့်ဒီကင်းတဲအနားမှာ တဝဲလည်လည်လုပ်နေရတာလဲ”
လှမြိုင်၏ ပြောစကားကို ဂရုမစိုက်
လှမြိုင်ကိုလှည့်မကြည့်ပါပဲ
ရွာဘက်ကိုသာ မျက်နှာမူပြီး ရပ်ကြည့်နေလေသည်။
လှမြိုင်လည်း ကျွဲမြှီးတိုသွာကာ
“ဟေ့ ငါပြောနေတာမကြားဘူးလား
မင်းဘယ်သူလဲ”
လှမြိုင် စိတ်တိုကာ အော်ပြီးမေးလိုက်တော့သည်။
ထိုအခါမှ အမျိုးသမီးက လှမြိုင်ဘက်သို့
တဖြည်းဖြည်းလှည့်လာပြီး
“ငါ့နာမည် တင်ဌေး ငါ့ကိုသတ်သွားတဲ့ကောင်ကိုငါလာရှာတာဟဲ့”
“ဟင်…”
“တင် တင် တင်ဌေး သ သ သရဲ ”
“အား သရဲ သရဲ ”
သွေးအလိမ်းလိမ်းထွက်ကျနေသော
ကိုယ်ခန္ဓာ ရဲရဲတောက်နေသော မျက်လုံး
တစ်စုံ၏အကြည့်ကြောင့် လှမြိုင် အကြောက်လွန်ပြီး ထိုနေရာမှ ထွက်ပြေးကာ
ရွာထဲသို့ပြေးလာခဲ့လေသည်။
=============
“သရဲ သရဲ”
“ဟဲ့ လှမြိုင် ဘာဖြစ်လို့ အတင်းပြေးလာတာလဲ
ဘာဖြစ်လို့လဲ ”
ရွာထဲမှ လူများလှမြိုင်၏အော်သံကြောင့်
အိမ်အပြင်ထွက်လာကြပြီးမေးကြလေသည်။
“ဘာဖြစ်တာလည်း ဘယ်ကသရဲလဲ”
“ကျုပ် ကျုပ်ကို တင် တင်ဌေးခြောက်လို့ဗျ”
“ဟင်…တင်ဌေးဟုတ်လား ဘယ်မှာအခြောက်ခံရတာလဲ လှမြိုင်”
“ကျုပ်ရွာထိပ်မှာ ကင်းစောင့်နေတုန်း
ကင်းတဲနားမှာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေတဲ့ မိန်းကလေးကိုမြင်တော့
ကျုပ်က ဘယ်သူလဲ ဘယ်ကလဲ မေးမိတယ်
ပထမတော့ သူကဘာမှပြန်မပြောဘူး
ရွာထဲကိုပဲ စိုက်ကြည့်နေတယ်
ဒါနဲ့ ကျုပ်လည်း စိတ်မရှည်တာနဲ့ ဒေါသနဲ့အော်ပြီးမေးလိုက်တော့
သူ့မျက်နှာက ကျုပ်ဘက်ကို လှည့်လာပြီး
ပြောတယ်ဗျ ငါ့ကိုသတ်သွားတဲ့ကောင်ကို
ငါလာရှာတာတဲ့ ငါ့နာမည် တင်ဌေး ဆိုပြီး
ပြောတယ်ဗျာ အသံကြီးကလည်း ဒေါသဖြစ်နေတဲ့အသံဗျ သူ့မျက်လုံးကြီးနှစ်လုံးကလည်း ရဲရဲတောက်နေတာပဲ ဒါနဲ့ ကျုပ်လည်း ကြောက်ပြီး ရွာထဲပြေးလာခဲ့တာပဲ”
“မင်းပြောပုံအရဆို တင်ဌေးက ရွာထဲဝင်ချင်နေပုံပဲ
ဝင်လို့မရလို့ ရွာပြင်မှာပဲ ခေါက်တုံ့ခေါက်ပြန်
လျှောက်နေတာဖြစ်မယ်
ပြီးတော့ သူ့ကိုသတ်သွားတဲ့ကောင်ကို
လာရှာတာဆိုတော့ တို့ရွာထဲက
လူတစ်ယောက်ယောက်က သူ့ကိုသတ်သွားလို့
မကျေမနပ်ဖြစ်ပြီး ရွာထဲဝင်ချင်ပုံပဲ”
“ဘာတွေဖြစ်ကြတာလဲ”
“ဟာ သူကြီးလာတယ်ဟေ့ ”
“သူကြီး ရောက်လာပြီဟ”
“လှမြိုင် မင်းဘာဖြစ်လာတာလဲ”
“ဟို ဟို ”
“ဘာလဲ တဟိုဟိုနဲ့ လိုရင်းကိုပြောစမ်း”
“ဒီ ဒီလိုပါ သူကြီး”
လှမြိုင်လည်း သူကြီးအားဖြစ်ကြောင်းကုန်စင်ပြောပြလိုက်
လေသည်။
“အေး မင်းပြောတဲ့ပုံအရဆို
တင်ဌေးကိုသတ်တာ တို့ရွာထဲကဆိုတာတော့
သေချာသွားပြီ ပြီးတော့ တင်ဌေးက
ရွာထဲကိုဝင်ချင်နေတာ ဝင်မရဖြစ်နေပုံပဲ
တင်ဌေးကိုသတ်သွားတဲ့သူကို
တင်ဌေးသာအသိဆုံးဆိုတော့
တင်ဌေးကို မေးရမယ် ဟုတ်ပြီ ဟုတ်ပြီ”
“သူကြီးက တင်ဌေးကိုဘယ်လိုမေးမှာလဲ
သူကသေပြီးသွားပြီလေ ”
“ငါ့မှာ နည်းလမ်းရှိပါတယ် မကြာခင်
သိရမှာပါကွာ”
ထိုသို့ပြောပြီး သူကြီးလည်းလှည့်ပြန်သွားလေသည်။
===============
နောက်တစ်နေ့ ရောက်တော့
“စိုးမောင်ရေ စိုးမောင်”
“ဗျာ သူကြီး ဘာခိုင်းချင်လို့လဲ သူကြီး”
“အေး ဒီကနေ့ပဲ ငါခရီးသွားစရာရှိတယ်
မင်းပါလိုက်ခဲ့ရမယ် ကြားလား
သွားပြင်စရာရှိတာပြင်တော့”
“ဟုတ်ကဲ့ သူကြီး”
စိုးမောင်လည်း သူကြီးခိုင်း၍သာ
ပြင်ဆင်လိုက်ရပေမယ့် ဘာမှနားမလည်ပဲရှိ
နေသည်။
“သူကြီး အားလုံးအဆင်သင့်ဖြစ်ပါပြီ”
“အေး ဒါဖြင့် သွားကြစို့ ရှင်မရေ
အိမ်ကိုသေချာကြည့်ဦး အပြင်တွေပဲ
ထွက်မနေနဲ့ မင်းခိုင်းချင်ရင် လှမြိုင်တို့ကို
ခေါ်ခိုင်းကြားလား”
“ကျုပ်သိပါတယ်တော့ ရှင်သာဂရုစိုက်ပြီးသွား”
“အေးပါ ကဲ ငါသွားပြီဟေ့”
ဤသို့ဖြင့် သူကြီးလည်း စိုးမောင်နှင့်အတူ ရွာမှထွက်ခဲ့ကြလေသည်။
============
သူကြီးနှင့်ကိုစိုးမောင် တို့ရွာသို့၂ရက်ခန့်
ကြာမှပြန်ရောက်လာကြလေသည်။
“ဟာ သူကြီးပြန်လာပြီ ဧည့်သည်လည်းပါလာတယ်”
လှမြိုင်မှ တအံ့တသြပြောလိုက်ခြင်းပင်။
“လာဦး လှမြိုင် ပစ္စည်းတွေကူချပေးဦး”
“ဟုတ်ကဲ့ လာပါပြီ သူကြီး”
“ဆရာ လှည်းပေါ်ကဖြည်းဖြည်းဆင်း”
ယောင်ထုံးအား ပုဝါ အဖြူလေးပေါင်းထားသည့်
အသက်၆၀ခန့် လူကြီးအား
သူကြီးမှ လှည်းပေါ်ကနေ ဆင်းရန်
ကူပေးလိုက်ကြလေသည်။
“ထိုင်ပါဦးရှင့် ဆရာလည်းပါလာတာပဲ”
“ရှင်မရေ ဒါ ငါ့အသိဆရာကြီး ဦးမင်းခိုင်တဲ့
စုန်း၊ကဝေ၊နာနာဘာဝ၊အောက်လမ်း
ဒါတွေကို ကုသပေးနေတဲ့ ဆရာကြီးလေ”
“သြော် ဟုတ်ကဲ့ ဆရာကြီးမင်္ဂလာပါ”
“မင်္ဂလာပါ ခင်ဗျာ”
“ဒါနဲ့ သူကြီး သူကြီးကပယောဂဆရာကြီးကို
ပင့်လာတယ်ဆိုတော့ ကိစ္စအထူးရှိလို့လား
သူကြီး”
“ဟ ရှိတာပေါ့ လှမြိုင်ရ ”
“ဘာကိစ္စများတုံး သူကြီးရ”
“နောက်တော့ မင်းသိမှာပါ လှမြိုင်ရာ”
“ဟုတ်ကဲ့ သူကြီး”
“ဒါနဲ့ သူကြီးပြောတဲ့ ကလေးမက
အသတ်ခံရတာ ဘယ်နှရက်လောက်ရှိနေပြီလဲ”
“ဒီကနေ့နဲ့ဆို ၄ရက်လောက်တော့ရှိပါပြီဆရာကြီး”
“ဒါဆိုရင် ဒီကနေ့ညပဲ အစီအစဉ်ကို
အကောင်အထည်ဖော်ကြတာပေါ့
သူကြီး”
“ဟုတ်ကဲ့ ဆရာကြီး ဆရာကြီးလိုတာအကုန်ပြောပါကျွန်တော်
အားလုံးစီစဉ်ပေးပါ့မယ်ခင်ဗျာ”
“ဘာတွေလိုအပ်လည်းဆိုတော့
ကန်တော့ပွဲအတွက်လိုအပ်တာအားလုံးစီစဉ်ပေးပါ ပြီးတော့ သတ္တိရှိတဲ့လူ သုံးလေးယောက်လောက်
လိုချင်တယ်ပြီးတော့ နတ်ဝင်သည်တစ်ယောက်ကိုပါ ခေါ်ပေးနိုင်မလား သူကြီး”
“သိပ်ဖြစ်တာပေါ့ ဆရာရယ် အားလုံးဖြစ်စေရပါ့မယ်
စိုးမောင် မင်းက ကန်တော့ပွဲအတွက်လိုအပ်တာမှန်သမျှအားလုံး
ဝယ်ထား လှမြိုင် မင်းက ရွာတောင်ပိုင်းက
နတ်ဝင်သည် မိမျိုးကို သူကြီးကညနေစောင်းရောက်အောင်လာခဲ့
လို့ပြောကြားလား”
“ဟုတ်ကဲ့ သူကြီး”
စိုးမောင်နှင့်လှမြိုင်တို့၂ယောက်သား
ပြိုင်တူဖြေလိုက်ကြလေသည်။
===============
“သူကြီးရေ သူကြီး”
“ဟာ လာဟေ့ မိမျိုး လာလာ”
“ထိုင် မိမျိုး”
“သူကြီးကျွန်မကိုခေါ်တယ်ဆိုလို့ ”
“အေး ဟုတ်တယ်ဟ ငါနင့်ကိုအကူအညီ
တောင်းချင်လို့ဟ”
“ဘာများတုန်း သူကြီးရဲ့ ကျွန်မကူညီနိုင်တာဆိုရင်
ကူညီတာပေါ့ရှင်”
“အေး ကျေးဇူးပါဟာ နင်ဘာလုပ်ရမလဲဆိုတာ
ဟောဒီကဆရာကြီး ဦးမင်းခိုင်က
ပြောပါလိမ့်မယ်”
“အင်း ဒီလိုပါ တူမကြီးရဲ့ ညကြရင်
အစီအရင်တစ်ခုအတွက် တူမကြီးက
ကြားခံအနေနဲ့ ဝင်ရောက်ပူးကပ်ခြင်း
ခံပေးရမှာပါ ဆရာတို့ကိုကူညီနိုင်မလားကွယ်”
“သြော် ရပါတယ်ရှင် မိမျိုး ကူညီနိုင်ပါတယ်
ဒါမျိုးတွေက မိမျိုး လုပ်နေကြပဲဟာကို”
“ကျေးဇူးတင်ပါတယ် မိမျိုးရယ်”
“ရပါတယ် သူကြီးရယ် မလိုပါဘူး
ဒါနဲ့ဘာအတွက်ကြောင့် ဒီလိုလုပ်တာလည်း
သူကြီးရှင့်”
“ဒါတွေညကြသိရမှာပါ မိမျိုး အဲ့အခါကြမှ
နင်အားလုံးနားလည်သွားပါလိမ့်မယ်”
“သြော် ဟုတ်ကဲ့ သူကြီး ဒါဆိုကျွန်မပြန်ဦးမယ်
အိမ်မှာလုပ်စရာလေးတွေရှိသေးလို့
ညမှတစ်ခေါက်ပြန်လာခဲ့မယ်နော် သူကြီး”
“အေးအေး နင်သာရောက်အောင်လာခဲ့”
“စိတ်ချ သူကြီး စိတ်ချ”
===============
ည၇နာရီခန့်ရောက်တော့ သူကြီး
ဆရာကြီးဦးမင်းခိုင်။စိုးမောင်၊လှမြိုင်နှင့်
နတ်ဝင်သည် မိမျိုးတို့ ရွာအပြင်သို့ထွက်လာခဲ့ကြလေသည်။
“ကိုင်း ကန်တော့ပွဲကို ယူလာတဲ့စားပွဲခုံပေါ်ကိုတင်ထားလိုက်
ဖယောင်းတိုင်နဲ့အမွှေးတိုင်းကိုထွန်းလိုက်ကြ”
“ဟုတ်ကဲ့ ဆရာကြီး”
စိုးမောင်နှင့်လှမြိုင်လည်း ဆရာကြီးဦးမင်းခိုင်
ခိုင်းသည့်အတိုင်းလုပ်ပေးကြလေသည်။
“ငါ့တူမကြီး စတော့မယ် အဆင်သင့်ပြင်ထားပါ”
“ဟုတ်ကဲ့ ဆရာကြီး”
မမိမျိုးလည်း ဆံပင်အားဖားလျားချထားလိုက်ပြီးစိတ်ကို
လျှော့ထားလိုက်လေသည်။
ထို့နောက်တွင်ဆရာကြီးက အောင်မြင်သော
လေသံဖြင့် ရွတ်ဆိုလိုက်လေသည်။
“အထက်ဆရာကြီးများရဲ့ အမိန့်
ငါဆရာ၏အမိန့်ဖြင့် ကွယ်လွန်သူ မတင်ဌေး၏
ဝိညာဉ်အား ဆင့်ခေါ်တယ် မဆိုင်သူ တစ်ဦးတစ်ယောက်မှ မနှောင့်ယှက်စေရ အမိန့်
ရွာတော်များလည်း တားဆီးခြင်းမပြုစေရ
ငါဆရာ ၏စေခိုင်းချက်အရ မတင်ဌေး၏
ဝိညာဉ်အားတားဆီးခြင်းမပြုရ ”
သူကြီးနှင့်စိုးမောင်၊လှမြိုင်တို့ မျက်လုံးအဝိုင်းသားဖြင့် ဟိုကြည့်သည်ကြည့်
လိုက်လံရှာဖွေကြည့်ရှုနေကြလေသည်။
“ဝူး ဝူး ရွဲ ရွဲ ရွဲ”
ရုတ်တရက် လေပြင်းခပ်သဲ့သဲ့တိုက်ခက်သွားပြီးနောက်
နတ်ဝင်သည်မမိမျိုး ၏ကိုယ်ခန္ဓာတစ်ခုလုံး
တုန်ရင်လာကာ
“မကျေနပ်ဘူး မကျေနပ်ဘူးဟေ့”
“ဟာ”
“အလိုလေး”
“ဗုဒ္ဓေါ”
သူကြီးတို့၃ဦးသား ပါးစပ်အဟောင်းသားဖြင့်
တအံ့တသြကြည့်နေမိသည်။
“အခုဝင်ရောလာတာ ဘယ်သူလဲဟေ့
မတင်ဌေးဟုတ်သလား”
ဆရာကြီးဦးမင်းခိုင်က လေသံခပ်ပြတ်ပြတ်မေး
လိုက်လေသည်။
“အင်း…”
ဆရာကြီး၏မေးခွန်းအား ဝင်ရောက်ပူးကပ်ခြင်းကို
ခံနေရသော မိမျိုးက ခေါင်းညှိတ်ပြရင်း
“အင်း” ဟုတစ်ခွန်းတည်းဖြေလိုက်လေသည်။
“ဒါဆို ဆရာမေးမယ် မင်းကိုသတ်တာဘယ်သူလဲ
မင်းကိုသတ်တဲ့သူကို ဆရာတို့ကိုပြပေးနိုင်မလား”
“အင်း ဟင်း ဟင်း”
ဆရာကြီး၏အမေးအား “အင်း ဟင်းဟင်း”ဟု
ဖြေကာရွာထဲသို့ ကြောက်စရာကောင်းသော
မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေပေသည်။
“ဒါဖြင့် ကောင်းပြီ မင်းကိုသတ်တဲ့သူကို
ဆရာကြီးတို့ကို လိုက်ပြပါ”
“ဟား ဟား ဟား ဟား ”
“အီး ဟီး ဟီး”
“ဘုတ် ဘုတ် ဘုတ်”
“ဟာပြေးပြီ ဆရာကြီး ပြေးပြီ”
မတင်ဌေးဝင်ရောက်ပူးကပ်ခြင်းအား
ခံနေရသော နတ်ဝင်သည်မမိမျိုးတစ်ယောက်
ဒေါသတကြီးဖြစ်ကာ တရွက်ငယ်ရွာလေးထဲသို့
သုတ်ခြေတင်ပြေးဝင်သွားလေတော့သည်။
“လာ ဆရာကြီးတို့ သူ့နောက်ကိုလိုက်ရမယ်”
“ဟုတ်ကဲ့ ဆရာကြီး”
သူကြီးနှင့်လှမြိုင်၊စိုးမောင် တို့တပြိုင်နက်
ဖြေလိုက်ကြပြီး ရွာထဲသို့ပြေးဝင်သွားသော
နတ်ဝင်သည်မိမျိုးနောက် လိုက်လာကြလေသည်။
မတင်ဌေးဝင်ပူးခြင်းအားခံနေရသော
မိမျိုးတစ်ယောက် ရွာထဲဆီသို့ပြေးလာပြီး
တစ်အိမ်ပြီးတစ်အိမ် ကျော်လာခဲ့ပြီးနောက်
ကိုသက်ဖေ၏အိမ်ရှေ့ရောက်မှ ရပ်တန့်သွားလေတော့သည်။
“သူကြီး သူသက်ဖေတို့အိမ်ရှေ့မှာ
ရပ်နေတယ်”
“အေး ဟုတ်တယ်ကွ လာလာခပ်မြန်မြန်”
ရွာထဲမှ လူများလည်း သူကြီးနှင့်သူ၏တပည့်များ
ဆရာကြီးဦးမင်းခိုင် နတ်ဝင်သည်မမိမျိုးတို့အား မြင်ပြီးစူးစမ်းလိုစိတ်များကြောင့်
အိမ်ထဲမှ ကိုယ်စီကိုယ်စီအပြင်ထွက်
ကြည့်နေကြလေသည်။
…………………………
“သက်ဖေ နင်ထွက်လာခဲ့စမ်း သက်ဖေ”
“ဟေ့ဘယ်သူလဲ ငါ့အိမ်ရှေ့လာပြီး
အော်ဟစ်နေတာ”
ကိုသက်ဖေလည်း အိမ်ထဲမှထွက်လာပြီး
သူ့အားရန်တွေ့နေသော သူအားသိရန်
အိမ်အပြင်သို့ထွက်လာခဲ့သည်။
“ဟင်…နတ်ကတော် မိမျိုးပါလား
ဘာကိစ္စ ငါ့အိမ်ရှေ့လာပြီး အော်နေတာလဲ
ဒါနင့်လင်အိမ်မဟုတ်ဘူး နားလည်လား”
“ဟား ဟား ဟား ငါမိမျိုးမဟုတ်ဘူး
ကောင်စုတ်ရဲ့ ငါဘယ်သူလည်း နင်သိလား”
“နင်က မိမျိုးမဟုတ်လို့ ဘာလဲ
ဘယ်သူလဲပြောလေ ”
“ငါ့နာမည် တင်ဌေးဟေ့ တင်ဌေး”
“ဟင်…”
“နင်ငါ့ကိုသတ်ခဲ့တယ် နင်ငါ့ကိုသတ်ခဲ့တာလေ
နင်မေ့နေပြီလား”
“မ မ မဟုတ်ဘူး နင့်ကိုဘယ်မှာ
ငါသတ်လို့လဲ ငါ့ကိုမဟုတ်တာတွေ
လာမပြောနဲ့ ”
နတ်ဝင်သည်မိမျိုးနှင့်ကိုသက်ဖေတို့
ပြောဆိုနေသောစကားများအား
ရွာထဲမှလူများ သူကြီးနှင့်တပည့်များ
ဆရာကြီးဦးမင်းခိုင်တို့ စိတ်ဝင်တစား
ကြည့်နေကြလေသည်။
“နင်ငါ့ကိုရွာအစပ်တောရိုးနားမှာ
ဓါးနဲ့_ထိုး_သ_တ်ခဲ့တာနင်မေ့နေပြီလား”
“မ မဟုတ်ဘူးနော် မိမျိုး နင်လျှောက်မပြောနဲ့”
“ဘာမိမျိုးလဲ ငါတင်ဌေးပဲ နင်ငါ့ဆီက
ငွေတွေလုနေတုန်း ငါနင့်လက်ကို
ကိုက်ခဲ့တာနင်သိတယ်မလား
နင့်လက်မှာ သွားကိုက်ရာအခုထိ ရှိနေတယ်မဟုတ်လား သက်ဖေ”
“မောင်သက်ဖေ မင်းမလိမ်ချင်ပါနဲ့တော့
မင်းလက်ကသွားကိုက်ရာက သက်သေပဲ
မင်းတူမ မိတုတ်ကိုလည်း ငါမေးပြီးပြီ
သူကိုက်တာမဟုတ်ပါဘူးတဲ့
မင်းထပ်မလိမ်ပါနဲ့တော့ ဝန်ခံလိုက်တာ
မင်းအတွက်အပြစ်လျော့စေမှာပါ
မောင်သက်ဖေ မင်း မတင်ဌေးကို
သတ္ခဲ့တာမလား”
“နင်ငါ့ကိုသ-တ်ခဲ့တယ် သက်ဖေ ငါ့ကိုနင်
သ-တ်တာ”
ထိုသို့ပြောပြီး နတ်ဝင်သည်မိမျိုးအား
ဝင်ရောက်ပူးကပ်နေသော မတင်ဌေးလည်း
ထွက်ခွာသွားတော့သည်။
“သတိရအောင် လုပ်လိုက်ကြဦး လဲသွားပြီ”
“မိမျိုး ဟဲ့မိမျိုး ”
“ရော့ ရေမန်းလေးတောက်လိုက်”
လူတစ်ယောက်မှရေမန်းခွက်အား
ပေးသဖြင့် မိမျိုး၏မျက်နှာအားတောက်လိုက်ကာမှ
“အင်း ဟင်း ‘
“သတိရလာပြီ သတိရလာပြီ”
“ဘာဖြစ်နေကြတာလဲဟင်”
မိမျိုးတစ်ယောက် လူတွေဝိုင်းအုံနေ၍ဘာဖြစ်မှန်းမသိ၍
မေးလိုက်လေသည်။
“နင့်ကို တင်ဌေးဝင်ပူးတာဟဲ့ ”
“ဟုတ်တယ်ဟဲ့ နင့်ကိုတင်ဌေးဝင်ပူးသွားတာ
သက်ဖေက တင်ဌေးကိုသတ်လိုက်တာလို့
ပြောသွားတယ်”
“သြော် ဒီလိုလား”
“ဝန်ခံလိုက်ပါ သက်ဖေ မင်းမသတ်ပဲ
မတင်ဌေးကဝင်ပူးပြီးပြောပါ့မလားကွ”
“ဟုတ်တယ် ဟုတ်တယ် မင်းသ-တ်တာပဲ
မဟုတ်လား”
“အခုကတည်းကဝန်ခံလိုက်တာ
အကောင်းဆုံးပဲ မောင်သက်ဖေ”
ရွာထဲမှလူများက တစ်ယောက်တစ်ခွန်း
ဝိုင်းပြောနေကြလေသည်။
ထိုအခါမှ ကိုသက်ဖေက
“ဟုတ် ဟုတ်ပါတယ်သူကြီး ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော် မတင်ဌေးကိုသတ်ခဲ့မိပါတယ်
ကျွန်တော့်ရဲ့အမှားတွေပါ
ဖဲကြွေးတွေနစ်ပြီး ကြံရာမရတဲ့အဆုံး
အခုလိုလုပ်ခဲ့မိတာပါ သူကြီး”
“ဟင်”
“ထင်တော့ထင်သားပဲ သူမသ-တ်လို့
ဘယ်သူကသ-တ်မှာလဲအေ”
ရွာထဲမှအမျိုးသမီးများ တစ်ယောက်တပေါက်
ပြောဆိုနေကြလေသည်။
“ကိုင်း မင်းလည်းမင်းအပြစ်ကို
ဝန်ခံပြီးပြီဆိုတော့ ငါလည်းလုပ်စရာရှိတာ
လုပ်ရမှာပဲ သက်ဖေ လာငါ့အိမ်ကို
မင်းလိုက်ခဲ့ရမယ် ဟေ့ကောင်တွေ
သက်ဖေကိုခေါ်ခဲ့ကြ”
“ဟုတ်ကဲ့ သူကြီး”
ကိုသက်ဖေအား စိုးမောင်နှင့်လှမြိုင်တို့က
လက်မှချုပ်ကိုင်ပြီး သူကြီးအိမ်သို့ခေါ်လာခဲ့ကြလေသည်။
…………………………
“သူ့ကိုထိပ်တုံး ခက်လိုက်ကြ မနက်လင်းမှ
သူ့ကိုမြို့ ကစခန်းကိုပို့ပြီးအရေးယူ ထောင်ချခိုင်းမယ်”
“ဟုတ်ကဲ့ သူကြီး လာသက်ဖေ”
“အင်း သက်ဖေ သက်ဖေ ဖဲလောင်းကစားကြောင့်
မင်းမလုပ်သင့်တာလုပ်ပြီး
မဖြစ်သင့်တာတွေဖြစ်ရပြီမဟုတ်လား”
“ဟုတ်တယ် သူကြီးရေ လူတွေက
မလုပ်သင့်တာတွေလုပ် မကြံကောင်းတာတွေကြံပြီး
အခုလိုမဖြစ်သင့်တာတွေဖြစ်ကုန်ကြတာပေါ့ဗျာ”
“ဆရာကြီး ကူညီလို့ အခုလိုအဖြစ်မှန်ပေါ်ပေါက်သွားရတဲ့အတွက်
ဆရာကြီးကိုကျေးဇူးတင်ပါတယ်ဗျာ”
“မလိုပါဘူး သူကြီးရယ် ဒါတွေက
အမှန်တရားတွေပဲလေ အမှန်တရားကို
ဘယ်သူမှကြာကြာဖုံးဖိမထားနိုင်ကြပါဘူးလေ”
“ဒါနဲ့ ဆရာကြီးရေ အခုအားလုံးလည်း
့ပြီးသွားပြီဆိုတော့ ဆရာကြီး ဘယ်နေ့လောက်
ပြန်ဖို့စဉ်းစားထားလည်းခင်ဗျ”
“သူကြီးက ဆရာ့ကိုပြန်စေချင်နေပြီလား”
“ဟား ဟား ဟား မဟုတ်ရပါဘူး
ဆရာကြီးရယ် ကျွန်တော်ကမေးကြည့်ရုံပါ
ဆရာကြီးသာနေမယ်ဆိုရင် တစ်သက်လုံးလည်း
နေလို့ရပါတယ်ဗျာ”
“စတာပါဗျာ ဆရာလည်း သန်ဘက်ခါ
ပြန်မယ်လို့စိတ်ကူးထားတယ်
ဟိုမှာလည်း လုပ်စရာလေးတွေကရှိနေသေး
တယ်မလား”
“ဆရာကြီးပြန်ရင် လိုက်ပို့ပါရစေဗျာ”
“ကောင်းပါပြီဗျာ ကောင်းပါပြီ”
================
နောက်တစ်နေ့ ရောက်သည်နှင့်
တရွက်ငယ်ရွာသူကြီးနှင့်ရွာမှ လူများက
မတင်ဌေးအားရက်ရက်စက်စက်
သ_တ်ခဲ့သော ဖဲသမားကိုသက်ဖေအား
မြို့ မှ စခန်းသို့ပို့ကာ လူသ-တ်မှုဖြင့်
အရေးယူစေခဲ့ကြလေသည်။
================
“သာဓု သာဓု သာဓု စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဆရာကြီးရှင်
ဆရာကြီးကူညီလို့ ကျွန်မသမီးလေးကို
သ-တ်သွားတဲ့ သူကိုလည်း ဖမ်းမိခဲ့ပါပြီ
ဆရာကြီးကိုကျေးဇူးအထူးတင်လို့ ဒီပစ္စည်းလေးတွေနဲ့လာကန်တော့ရတာပါ
ဆရာကြီးရှင် ”
“ရပါတယ်ဗျာ ရပါတယ်
ဒီရွာရဲ့ နွေးထွေးတဲ့စေတနာမေတ္တာတွေနဲ့တင်
လုံလောက်ပါပြီ”
“လှမြိုင်ရေ ဆရာကြီးကိုလိုက်ပို့ဖို့ လှည်းအဆင်သင့်လုပ်ထားကွာ”
“လုပ်ထားပြီးပါပြီ သူကြီး အားလုံးအဆင်သင့်ပါပဲ”
“အေးအေး”
“ကဲ ပြန်ဦးမယ် သူကြီးရေ ကံမကုန်ရင်ပြန်ဆုံကြဦးစို့ ”
“ဆုံနိုင်ပါစေဗျာ ဆုံနိုင်ပါစေ”
ဆရာကြီးဦးမင်းခိုင်လည်း တရွက်ငယ်ရွာမှ
နှုတ်ဆက်ကာပြန်သွားတော့လေသည်။
သူကြီးလည်း ဆရာကြီး၏အကူအညီဖြင့်
သူဖော်ထုတ်ချင်နေသော လူသတ်တရားခံကို
လည်းအမြန်ဆုံးဖော်ထုတ်နိုင်ခဲ့ပေပြီဖြစ်သည်။
အသ-တ်ခံရသည့် မတင်ဌေးတစ်ယောက်လည်း
ဆရာကြီးအကူအညီကြောင့် အမှန်တရားကို
ပြောပြနိုင်ခဲ့ကာ တမလွန်ဘဝ၌ အေးချမ်းစွာနေနိုင်ခဲ့ပြီဖြစ်လေသည်။
ပြီးပါပြီ… #အောင်ဓူဝံ
လိုအပ်ချက်များစွာဖြင့်
ဇာတ်လမ်းလေးဖတ်ပြီးရင် လက်မလေးနှိပ်ပြီး
အားပေးခဲ့ကြနော်

Zawgyi Version

နင္ငါ့ကိုသတ္ခဲ့တယ္(စ/ဆံုး)
————————————
အခ်ိန္ကားညေနေစာင္း ေနဝင္မိုးခ်ုပ္သည့္
အခ်ိန္ တရြက္ငယ္ရြာေလးမွ ေန႔ျပန္တိုးေပးသူ
မတင္ေဌး တစ္ေယာက္ တစ္ဖက္ရြာမွ ရစရာရွိသည့္ ေငြမ်ားအားေတာင္းယူကာ
အိမ္သို့ ျပန္လာခဲ့ေလသည္။
ရြာႏွစ္ရြာအျကား ေတာလမ္းခရီးေလးတြင္
လူေျချပတ္ေနျပီျဖစ္သည္။
မတင္ေဌးတစ္ေယာက္သာ ခပ္သြက္သြက္ေလ်ွာက္လွမ္းလာေနသည္။
ထိုစဥ္ေနာက္မွ ေျခသံျကားသျဖင့္လွည့္ျကည့္လိုက္ရာ
ဖဲသမားျဖစ္သူ ကိုသက္ေဖျဖစ္ေနသည္။
“ဟာ မတင္ေဌးပါလား တစ္ေယာက္တည္းလား
ဘယ္သူမွမပါဘူးလား ေအ့ ေဂ့
က်ုပ္ေတာင္ ဒီရြာကအိမ္မွာဖဲရိုက္ေနတာ
အခုပါသမ်ွအကုန္ေျပာင္သြားလို့ ျပန္လာခဲ့တာပဲ”
“နင္မ်က္လံုးမပါဘူးလား သက္ေဖ
ငါတစ္ေယာက္တည္းမလာလို့
ဘယ္သူပါလာလို့လဲ ဟင္ အရက္ေစာ္ကလည္း
နံေဟာင္ေနတာပဲ ”
မတင္ေဌးက ဖဲသမားကိုသက္ေအာင္အား
နွာေခါင္းရံႈကာေျပာလိုက္ေလသည္။
“မ်က္လံုးေတာ့ပါတာေပါ့ဗ်
ဒါနဲ့လက္ထဲမွာလည္း ပိုက္ဆံအိတ္ျကီးနဲ့
အေျကြးေတာင္းျပီးျပန္လာတာထင္တယ္
မတင္ေဌး က်ြန္ေတာ့္ကို ပိုက္ဆံေခ်းပါလား
က်ြန္ေတာ္ဖဲရိုက္ဖို့ ေငြလိုေနလို့”
“နင့္လိုေကာင္မ်ိုးကို ငါကပိုက္ဆံေခ်းလိုက္ရင္
ျပန္ရပါ့မလား သြား သြား နင္နင့္လမ္းနင္သြားစမ္းပါ သက္ေဖရယ္
ငါ့ကိုမေႏွာင့္ယွက္စမ္းပါနဲ႔ ”
မတင္ေဌးလည္းခပ္ျပတ္ျပတ္ေျပာလိုက္မိ
ေလသည္။
“မတင္ေဌး ခင္ဗ်ား အသာတျကည္
ေျပာလို့မရရင္ က်ုပ္အေျကာင္းသိတယ္မလား
ဒီမယ္ ျကည့္”
ဖဲသမား သက္ေဖက ခါးျကား၌ဖြက္ထားေသာဓါးေျမွာင္အား
ထုတ္ျပလိုက္သည္။
“ဟင္…သက္ေဖ နင္ငါ့ကိုမတရားမလုပ္နဲ့ေနာ္
ငါျငိမ္ခံေနမွာမဟုတ္ဘူး သိထား”
“ဟား ဟား မတင္ေဌး ခင္ဗ်ားက
စြာလွေခ်လား ဟမ္
သူမ်ားဆီကေနအျမတ္ျကီးစားထားတဲ့
ပိုက္ဆံေတြ ဘယ္မလဲ အခုထုတ္ေပး
ျကာတယ္ကြာ”
ေျပာရင္းဆိုရင္း မတင္ေဌးလက္ထဲမွ
ေငြအိတ္အား လုယူေတာ့သည္။
“နင္လႊတ္ေနာ္ သက္ေဖ ကဲဟယ္”
“အား…”
မတင္ေဌးလည္း သက္ေဖ၏လက္အား
ကိုက္ဆြဲပစ္လိုက္သည့္အတြက္ သက္ေဖ
အလြန္ေဒါသျဖစ္သြားျပီး
“ေတာက္”
“ေခြးမ နင္ေသစမ္း”
“စြပ္ စြပ္ ”
“အင့္…”
“ေအာင္မယ္ေလး အ အား”
“ကဲ မွတ္ျပီလား နင္လိုေကာင္မဆီက
ေငြကိုေဟာဒီလို ယူပစ္လိုက္လို့ရတယ္ဆိုတာ
သိထား”
မတင္ေဌးလက္ထဲမွလြတ္က်သြားေသာ
ပိုက္ဆံအိတ္အား သက္ေဖကေျခေထာက္ျဖင့္
ညွပ္ကာယူလိုက္ျပီး ထိုေနရာမွ
ထြက္သြားေတာ့သည္။
ေတာလမ္းနံေဘး၌ မတင္ေဌး၏ ခႏၶာကိုယ္မွာ
ေသြးအလိမ္းလိမ္းထြက္ကာ အသက္မဲ့စြာ
က်န္ေနခဲ့ေတာ့သည္။
================
ေနာက္တစ္ေန့ မိုးလင္သည္ႏွင့္
တရြက္ငယ္ရြာေလး၌ လႈပ္လႈပ္ရွားရွား
ျဖစ္သြားေလသည္။
“ဟဲ့ ျမင့္ေမ မေန့က ေန့ျပန္တိုးေပးတဲ့
မိတင္ေဌး အသတ္ခံရလို့တဲ့ ”
“ဟင္…ဟုတ္လား မစိုးရဲ႕ ဘယ္သူက
သတ္သြားတာတုန္းေတာ့”
“ဒါေတာ့ ငါလည္းမသိဘူးေအ့
ရြာထဲကလူေတြ မနက္အေစာပိုင္းက
အေလာင္းကိုသြားျကည့္ျကတာ
လူေတြမွမနည္းျကဘူး သြားျကည့္ျကတာ”
“ဟုတ္လားဘယ္နားမွာအသတ္ခံရတာလဲ
မစိုးရဲ႕”
“တို့ရြာ ကေနဟိုဘက္ရြာကို သြားတဲ့
ေတာလမ္းေလးေလ အဲ့အနားမွာ
အသတ္ခံရတာေအ့”
“အင္း စိတ္မေကာင္းစရာပါ မစိုးရယ္
သူ့အေမ ေဒၚတင္ေမ ေတာ့ရင္ကြဲေနရွာမွာပဲ”
“ေအးဟဲ့ ငါသြားဦးမယ္ နင္လည္း
သြားျကည့္မေနနဲ့ ဦး”
“စိတ္ခ်ပါ မစိုးရယ္ က်ြန္မမျကည့္ရဲပါဘူး”
မစိုးလည္း ျမင့္ေမအားႏႈတ္ဆက္ျပီး
ထြက္သြားေလသည္။
==============
“ေအာင္မယ္ေလး သမီးရဲ႕
အျဖစ္ဆိုးလိုက္တာ ငါ့သမီးေလးရယ္
ငါ့သမီးကိုဘယ္လိုလူကမ်ား ရက္ရက္စက္စက္ အခုလို လုပ္ရက္ျကတာလဲ သမီးေလးရဲ႕
အီး ဟီး ဟီး”
“စိတ္ကိုေလ်ွာ့ဦးမွေပါ့ ေဒၚတင္ေမရယ္
ေသတဲ့သူကေသျပီပဲ မလား”
“က်ြန္မဝမ္းနည္းလြန္းလို့ပါေတာ္
က်ြန္မတို့မွာ ဒီသားအမိ၂ေယာက္ပဲ
ရွိျကတာမလား အခုေတာ့ သမီးေလးက
က်ြန္မကိုတစ္ေယာက္တည္းထားခဲ့ျပီေလ
သမီးေလးေရ ထျကည့္ပါဦး သမီးေလးရဲ႕”
“ေဒၚတင္ေမ စိတ္ထိန္းပါဗ်ာ
ခင္ဗ်ားသမီးကိုသတ္တဲ့သူကို
က်ုပ္ကိုယ္တိုင္ဖမ္းေပးပါ့မယ္
စိတ္ခ် ”
“သူျကီးရယ္ က်ြန္မသမီးကိုသ_တ္သြားတဲ့သူကို
က်ြန္မလံုးဝမေက်နပ္ဘူး ဒင္းကိုမိလို့ကေတာ့
က်ြန္မကိုယ္တိုင္ သ_တ္ရမွေက်နပ္မယ္ေတာ့္
အီး ဟီး ဟီး”
================
မတင္ေဌး ၏နာေရးအားအဆင္ေျပစြာျဖင့္
ခ်နိုင္ခဲ့ေလသည္။
သူျကီးျဖစ္သူလည္း ရြာထဲမွ ဆိုးေပ့မိုက္ေပ့ဆိုေသာ လူမိုက္မ်ားအား ေခၚယူစစ္ေဆးေလသည္။
“ေဟ့ေကာင္ သက္ေဖ မင္းမေန့က
ဘယ္ေတြသြားေသးလဲ ”
“က်ုပ္ ဟိုဘက္ရြာကဖဲဝိုင္းသြားျပီးဖဲရိုက္တယ္
ဖဲဝိုင္းက
တိုက္တဲ့အရက္ကိုေသာက္တယ္
ျပီးေတာ့အိမ္ကို ျပန္လာတယ္ ဒါပဲ
ဒါနဲ့သူျကီးကဘာလို့ က်ုပ္ကိုဒီလိုေတြေမးေနတာလဲဗ်
က်ုပ္နားမရွင္းဘူး”
“ေအး မင္းနားရွင္းေအာင္ေျပာရရင္
မေန့က မတင္ေဌးအသ-တ္ခံရတာ မင္းလည္း
သိမွာပါ
မင္းမေန့က ဟိုဘက္ရြာကို ဖဲသြားရိုက္တယ္
ျပီးေတာ့ မတင္ေဌးလည္း ဟိုဘက္ရြာကို
အေျကြးသြားေတာင္းေသးတယ္ဆိုေတာ့
ငါမင္းကို မတင္ေဌးအသ-တ္ခံရတဲ့ ကိစၥနဲ့
မင္းကိုသံသယျဖစ္ေနမိတယ္ သက္ေဖ”
“ဒီမယ္ သူျကီး သူျကီးကက်ုပ္ကို
လူသ-တ္တရားခံလို့ စြပ္စြဲေနတာလား
ဘယ္မလဲ သက္ေသ သက္ေသမရွိပဲ
လာစြပ္စြဲလို့ ဘယ္ရမလဲ မဟုတ္ဘူးလား
သူျကီး”
“ဟုတ္ပါတယ္ ဒါေပမယ့္ ငါက
ဒီရြာကိုအုပ္ခ်ုပ္ေနတဲ့ သူျကီး
ဒီရြာရဲ႕ လူဆိုးလူမိုက္ေတြကို
တာဝန္အရစစ္ေဆးေမးျမန္းရမွာ
ငါ့တာဝန္ပဲ မင္းေျပာသလိုသက္ေသမရွိေသးေတာ့ မင္းလို့ငါ အတတ္မေျပာနိုင္ေသးဘူး
ဒါေပမယ့္ ငါေစာင့္ျကည့္ေနမယ္
မင္းသြားလို့ရျပီ”
“ေကာင္းပါျပီ သူျကီး”
သက္ေဖလည္း စားပြဲခံုးအား လက္ေထာက္လိုက္ျပီး ထလိုက္ေလသည္။
ထိုစဥ္ သက္ေဖ လက္မွ အကိုက္ခံရသည့္
သြားရာအား အမွတ္မထင္ သူျကီးျမင္လိုက္ေလသည္။
“ဒါနဲ့ သက္ေဖ မင္းလက္က ဒဏ္ရာက
ဘယ္လိုျဖစ္တာလဲ”
သူျကီးကေမးလိုက္သျဖင့္ သက္ေဖတစ္ေယာက္
အနည္းငယ္တုန္လႈပ္သြားေလသည္။
ထိုအမူအရာကို သူျကီးေကာင္းစြာျမင္လိုက္ပါသည္။
“ေျသာ္ ဒါလား ဒီဒဏ္ရာက က်ုပ္အစ္ကိုကေမြးတဲ့ က်ုပ္တူမက ကိုက္တာ သူ့ကိုမုန့္ဝယ္
မေက်ြးလို့တဲ့ဗ်ာ ”
“ေျသာ္ ဒီလိုလား ေအးပါ ေကာင္းပါျပီ”
သူျကီးလည္း အံ့ျသသည့္အမူအရာျဖင့္
ေနလိုက္ေလသည္။
===============
“မိတုတ္ေရ မိတုတ္”
“ရွင္ သူျကီးပါလား မိတုတ္ကိုေခၚတာ
ဘာေျပာမလို့လဲဟင္ ”
“ေျသာ္ ဒီလိုပါ မိတုတ္ကို ဦးဦးက
မုန့္ေက်ြးမလို့ေလ ေဟာဒီမွာ”
“ဟာ ဒါမိတုတ္စားခ်င္ေနတဲ့ မုန့္ပဲ
ေက်းဇူးပါေနာ္ မိတုတ္ကိုေက်ြးလို့”
“ဒါနဲ့ မိတုတ္ကိုေမးရဦးမယ္
မိတုတ္အမွန္အတိုင္းေျပာမွာလား”
“မိတုတ္ အမွန္အတိုင္းေျပာမွာေပါ့
လိမ္ရင္ ငရဲျကီးတတ္တယ္တဲ့ အေမက
သင္ထားတယ္”
“ဒါဆို ဦးဦး ေမးမယ္ မိတုတ္ မေန့က
သမီး ဦးဦး ဦးသက္ေဖကို သြားနဲ့ကိုက္လိုက္ေသးလား ”
“ဟင့္အင္း…မိတုတ္မကိုက္ပါဘူး
ဦးဦးသက္ေဖနဲ့ ေတြ့ေတာင္မေတြ့ဘူး”
“ေအးေအး ဘာရယ္မဟုတ္ပါဘူး
ဦးကဒီအတိုင္းသိခ်င္လို့ေမးတာ
ဒီအေျကာင္းကို မိတုတ္ဘယ္သူ့ကိုမွ
မေျပာရဘူးေနာ္ လိမၼာတယ္ ေနာက္လည္း
မုန့္ေက်ြးဦးမယ္ ဦးက”
“မိတုတ္ ဘယ္သူ့ကိုမွမေျပာပါဘူး ”
သူျကီးလည္း သက္ေဖ၏ တူမမိတုတ္အား သိလိုသမ်ွေမးျပီး ျပန္လာခဲ့ေတာ့သည္။
==============
“အူ ဝူး ဝူး ဝူး”
“အူ ဝူ ဝူး”
“ဒီေန့ညမွပဲ ေခြးေတြကအူလိုက္တာ လွျမိုင္ရာ”
“ေခြးေတြရဲ႕ သဘာဝကိုက အူမယ္ ေဟာင္မယ္
မလား အထူးအဆန္းလုပ္လို့ ဖိုးတြတ္ရာ”
“ထူးဆန္းတာေပါ့ကြ မင္းနဲ့ငါ ရြာကင္းတဲ
ေစာင့္လာတာျကာေပါ့ ဒီေန့ ညေလာက္
ေခြးအူတာမင္းျကားဖူးလို့လားကြ”
“ေအး အဲ့ဒါေတာ့ ဟုတ္တယ္ကြ
ဟူး ခ်မ္းလိုက္တာ ဖိုးတြတ္ရာ
အရက္ေလးဘာေလး မပါဘူးလား”
“ဟ ကင္းေစာင့္ပါတယ္ဆိုမွ ဘယ္ကအရက္ပါပါ့မလဲ လွျမိုင္ရ”
“ဒါဆို မင္းရြာထဲျပန္ျပီး အရက္တစ္ပုလင္း
ေလာက္သြားဝယ္ေခ်ကြာ
ဒီပံုအတိုင္းဆို အေတာ္ေအးမွာကြ
နည္းနည္းပါးပါး ေသာက္လိုက္မွ
ေႏြးသြားမွာ ဖိုးတြတ္ရ ”
“ျဖစ္ပါ့မလား သူျကီးသိရင္ မင္းေရာငါေရာ
မလြယ္ဘူး ”
“မင္းကလည္း လုပ္စမ္းပါကြာ ရွည္ကိုရွည္တယ္”
“ဒါဆို ခဏေစာင့္ ငါရြာထဲျပန္ျပီး
သြားဝယ္လိုက္ဦးမယ္ ”
“ေအးေအး ျမန္ျမန္သြား ျမန္ျမန္ျပန္လာခဲ့”
“ေအးပါ ငါသိပါတယ္”
ဖိုးတြတ္လည္း ကင္းတဲေပၚမွဆင္းကာ
ရြာထဲထြက္သြားေလေတာ့သည္။
လွျမိုင္လည္း ကင္းတဲေပၚ၌ တစ္ေယာက္တည္း
ေစာင့္ကာက်န္ခဲ့ေတာ့ေလသည္။
“အူ ဝူး ဝူး ဝူ ဝူး”
“ေတာက္ ဘယ္ကေသာက္ေခြးေတြက
ထထအူေနသလည္း မသိဘူး
ေအာင္မယ္ေလး ျကက္သီးေတာင္ထတယ္”
ထိုစဥ္ ခပ္လွမ္းလွမ္းအေမွာင္ရိပ္ဆီမွ
တေရြ့ေရြ့ လာေနေသာ လူတစ္ဦးအား
ကင္းတဲ့ေပၚမွ လွမ္းျမင္လိုက္ေလသည္။
“ဟင္ ဒီအခ်ိန္ျကီး ဘယ္သူမ်ားပါလိမ့္
တို့ရြာက လူေတာ့ဟုတ္ပါ့မလား ”
လွျမိုင္လည္း ဓာတ္မီးကို လက္တစ္ဖက္ကိုင္ျပီး
က်န္လက္တစ္ဖက္မွ တုတ္ကိုကိုင္ထားျပီး
ကင္းတဲေပၚမွျကည့္ေနလိုက္သည္။
ထိုလူက တျဖည္းျဖည္းႏွင့္ ကင္းတဲ့အနီးသို့
ေရာက္လာမွ အမ်ိုးသမီးျဖစ္မွန္း သိလိုက္ရေလသည္။
ထိုအမ်ိုးသမီး၏ သြားလာေသာပံုစံမွာ
တစ္ခုခုကို အသည္းအသန္လိုက္လံရွာေဖြေနသည့္ပံုစံျဖစ္
သည္။
ကင္းတဲ့ေပၚ၌ ထိုင္ေနေသာ လွျမိုင္ကိုလည္း
အာရံုမထားပဲ သြားလာလႈပ္ရွားေနေပသည္။
ထို့ေျကာင့္ လွျမိုင္လည္း မေနသာေတာ့ပဲ
ကင္းတဲေပၚမွဆင္းလာျပီး
“ေဟ့ မင္းဘယ္သူလဲ ဘယ္ကလဲ
ဘာေျကာင့္ဒီကင္းတဲအနားမွာ တဝဲလည္လည္လုပ္ေနရတာလဲ”
လွျမိုင္၏ ေျပာစကားကို ဂရုမစိုက္
လွျမိုင္ကိုလွည့္မျကည့္ပါပဲ
ရြာဘက္ကိုသာ မ်က္ႏွာမူျပီး ရပ္ျကည့္ေနေလသည္။
လွျမိုင္လည္း က်ြဲျမွီးတိုသြာကာ
“ေဟ့ ငါေျပာေနတာမျကားဘူးလား
မင္းဘယ္သူလဲ”
လွျမိုင္ စိတ္တိုကာ ေအာ္ျပီးေမးလိုက္ေတာ့သည္။
ထိုအခါမွ အမ်ိုးသမီးက လွျမိုင္ဘက္သို့
တျဖည္းျဖည္းလွည့္လာျပီး
“ငါ့နာမည္ တင္ေဌး ငါ့ကိုသတ္သြားတဲ့ေကာင္ကိုငါလာရွာတာဟဲ့”
“ဟင္…”
“တင္ တင္ တင္ေဌး သ သ သရဲ ”
“အား သရဲ သရဲ ”
ေသြးအလိမ္းလိမ္းထြက္က်ေနေသာ
ကိုယ္ခႏၶာ ရဲရဲေတာက္ေနေသာ မ်က္လံုး
တစ္စံု၏အျကည့္ေျကာင့္ လွျမိုင္ အေျကာက္လြန္ျပီး ထိုေနရာမွ ထြက္ေျပးကာ
ရြာထဲသို့ေျပးလာခဲ့ေလသည္။
=============
“သရဲ သရဲ”
“ဟဲ့ လွျမိုင္ ဘာျဖစ္လို့ အတင္းေျပးလာတာလဲ
ဘာျဖစ္လို့လဲ ”
ရြာထဲမွ လူမ်ားလွျမိုင္၏ေအာ္သံေျကာင့္
အိမ္အျပင္ထြက္လာျကျပီးေမးျကေလသည္။
“ဘာျဖစ္တာလည္း ဘယ္ကသရဲလဲ”
“က်ုပ္ က်ုပ္ကို တင္ တင္ေဌးေျခာက္လို့ဗ်”
“ဟင္…တင္ေဌးဟုတ္လား ဘယ္မွာအေျခာက္ခံရတာလဲ လွျမိုင္”
“က်ုပ္ရြာထိပ္မွာ ကင္းေစာင့္ေနတုန္း
ကင္းတဲနားမွာ ေခါက္တံု့ ေခါက္ျပန္ လမ္းေလ်ွာက္ေနတဲ့ မိန္းကေလးကိုျမင္ေတာ့
က်ုပ္က ဘယ္သူလဲ ဘယ္ကလဲ ေမးမိတယ္
ပထမေတာ့ သူကဘာမွျပန္မေျပာဘူး
ရြာထဲကိုပဲ စိုက္ျကည့္ေနတယ္
ဒါနဲ့ က်ုပ္လည္း စိတ္မရွည္တာနဲ့ ေဒါသနဲ့ေအာ္ျပီးေမးလိုက္ေတာ့
သူ့မ်က္ႏွာက က်ုပ္ဘက္ကို လွည့္လာျပီး
ေျပာတယ္ဗ် ငါ့ကိုသတ္သြားတဲ့ေကာင္ကို
ငါလာရွာတာတဲ့ ငါ့နာမည္ တင္ေဌး ဆိုျပီး
ေျပာတယ္ဗ်ာ အသံျကီးကလည္း ေဒါသျဖစ္ေနတဲ့အသံဗ် သူ့မ်က္လံုးျကီးႏွစ္လံုးကလည္း ရဲရဲေတာက္ေနတာပဲ ဒါနဲ့ က်ုပ္လည္း ေျကာက္ျပီး ရြာထဲေျပးလာခဲ့တာပဲ”
“မင္းေျပာပံုအရဆို တင္ေဌးက ရြာထဲဝင္ခ်င္ေနပံုပဲ
ဝင္လို့မရလို့ ရြာျပင္မွာပဲ ေခါက္တံု့ေခါက္ျပန္
ေလ်ွာက္ေနတာျဖစ္မယ္
ျပီးေတာ့ သူ့ကိုသတ္သြားတဲ့ေကာင္ကို
လာရွာတာဆိုေတာ့ တို့ရြာထဲက
လူတစ္ေယာက္ေယာက္က သူ့ကိုသတ္သြားလို့
မေက်မနပ္ျဖစ္ျပီး ရြာထဲဝင္ခ်င္ပံုပဲ”
“ဘာေတြျဖစ္ျကတာလဲ”
“ဟာ သူျကီးလာတယ္ေဟ့ ”
“သူျကီး ေရာက္လာျပီဟ”
“လွျမိုင္ မင္းဘာျဖစ္လာတာလဲ”
“ဟို ဟို ”
“ဘာလဲ တဟိုဟိုနဲ့ လိုရင္းကိုေျပာစမ္း”
“ဒီ ဒီလိုပါ သူျကီး”
လွျမိုင္လည္း သူျကီးအားျဖစ္ေျကာင္းကုန္စင္ေျပာျပလိုက္
ေလသည္။
“ေအး မင္းေျပာတဲ့ပံုအရဆို
တင္ေဌးကိုသတ္တာ တို့ရြာထဲကဆိုတာေတာ့
ေသခ်ာသြားျပီ ျပီးေတာ့ တင္ေဌးက
ရြာထဲကိုဝင္ခ်င္ေနတာ ဝင္မရျဖစ္ေနပံုပဲ
တင္ေဌးကိုသတ္သြားတဲ့သူကို
တင္ေဌးသာအသိဆံုးဆိုေတာ့
တင္ေဌးကို ေမးရမယ္ ဟုတ္ျပီ ဟုတ္ျပီ”
“သူျကီးက တင္ေဌးကိုဘယ္လိုေမးမွာလဲ
သူကေသျပီးသြားျပီေလ ”
“ငါ့မွာ နည္းလမ္းရွိပါတယ္ မျကာခင္
သိရမွာပါကြာ”
ထိုသို့ေျပာျပီး သူျကီးလည္းလွည့္ျပန္သြားေလသည္။
===============
ေနာက္တစ္ေန့ ေရာက္ေတာ့
“စိုးေမာင္ေရ စိုးေမာင္”
“ဗ်ာ သူျကီး ဘာခိုင္းခ်င္လို့လဲ သူျကီး”
“ေအး ဒီကေန့ပဲ ငါခရီးသြားစရာရွိတယ္
မင္းပါလိုက္ခဲ့ရမယ္ ျကားလား
သြားျပင္စရာရွိတာျပင္ေတာ့”
“ဟုတ္ကဲ့ သူျကီး”
စိုးေမာင္လည္း သူျကီးခိုင္း၍သာ
ျပင္ဆင္လိုက္ရေပမယ့္ ဘာမွနားမလည္ပဲရွိ
ေနသည္။
“သူျကီး အားလံုးအဆင္သင့္ျဖစ္ပါျပီ”
“ေအး ဒါျဖင့္ သြားျကစို့ ရွင္မေရ
အိမ္ကိုေသခ်ာျကည့္ဦး အျပင္ေတြပဲ
ထြက္မေနနဲ့ မင္းခိုင္းခ်င္ရင္ လွျမိုင္တို့ကို
ေခၚခိုင္းျကားလား”
“က်ုပ္သိပါတယ္ေတာ့ ရွင္သာဂရုစိုက္ျပီးသြား”
“ေအးပါ ကဲ ငါသြားျပီေဟ့”
ဤသို့ျဖင့္ သူျကီးလည္း စိုးေမာင္ႏွင့္အတူ ရြာမွထြက္ခဲ့ျကေလသည္။
============
သူျကီးႏွင့္ကိုစိုးေမာင္ တို့ရြာသို့၂ရက္ခန့္
ျကာမွျပန္ေရာက္လာျကေလသည္။
“ဟာ သူျကီးျပန္လာျပီ ဧည့္သည္လည္းပါလာတယ္”
လွျမိုင္မွ တအံ့တျသေျပာလိုက္ျခင္းပင္။
“လာဦး လွျမိုင္ ပစၥည္းေတြကူခ်ေပးဦး”
“ဟုတ္ကဲ့ လာပါျပီ သူျကီး”
“ဆရာ လွည္းေပၚကျဖည္းျဖည္းဆင္း”
ေယာင္ထံုးအား ပုဝါ အျဖူေလးေပါင္းထားသည့္
အသက္၆၀ခန့္ လူျကီးအား
သူျကီးမွ လွည္းေပၚကေန ဆင္းရန္
ကူေပးလိုက္ျကေလသည္။
“ထိုင္ပါဦးရွင့္ ဆရာလည္းပါလာတာပဲ”
“ရွင္မေရ ဒါ ငါ့အသိဆရာျကီး ဦးမင္းခိုင္တဲ့
စုန္း၊ကေဝ၊နာနာဘာဝ၊ေအာက္လမ္း
ဒါေတြကို ကုသေပးေနတဲ့ ဆရာျကီးေလ”
“ေျသာ္ ဟုတ္ကဲ့ ဆရာျကီးမဂၤလာပါ”
“မဂၤလာပါ ခင္ဗ်ာ”
“ဒါနဲ့ သူျကီး သူျကီးကပေယာဂဆရာျကီးကို
ပင့္လာတယ္ဆိုေတာ့ ကိစၥအထူးရွိလို့လား
သူျကီး”
“ဟ ရွိတာေပါ့ လွျမိုင္ရ ”
“ဘာကိစၥမ်ားတံုး သူျကီးရ”
“ေနာက္ေတာ့ မင္းသိမွာပါ လွျမိုင္ရာ”
“ဟုတ္ကဲ့ သူျကီး”
“ဒါနဲ့ သူျကီးေျပာတဲ့ ကေလးမက
အသတ္ခံရတာ ဘယ္ႏွရက္ေလာက္ရွိေနျပီလဲ”
“ဒီကေန့နဲ့ဆို ၄ရက္ေလာက္ေတာ့ရွိပါျပီဆရာျကီး”
“ဒါဆိုရင္ ဒီကေန့ညပဲ အစီအစဥ္ကို
အေကာင္အထည္ေဖာ္ျကတာေပါ့
သူျကီး”
“ဟုတ္ကဲ့ ဆရာျကီး ဆရာျကီးလိုတာအကုန္ေျပာပါက်ြန္ေတာ္
အားလံုးစီစဥ္ေပးပါ့မယ္ခင္ဗ်ာ”
“ဘာေတြလိုအပ္လည္းဆိုေတာ့
ကန္ေတာ့ပြဲအတြက္လိုအပ္တာအားလံုးစီစဥ္ေပးပါ ျပီးေတာ့ သတိၱရွိတဲ့လူ သံုးေလးေယာက္ေလာက္
လိုခ်င္တယ္ျပီးေတာ့ နတ္ဝင္သည္တစ္ေယာက္ကိုပါ ေခၚေပးနိုင္မလား သူျကီး”
“သိပ္ျဖစ္တာေပါ့ ဆရာရယ္ အားလံုးျဖစ္ေစရပါ့မယ္
စိုးေမာင္ မင္းက ကန္ေတာ့ပြဲအတြက္လိုအပ္တာမွန္သမ်ွအားလံုး
ဝယ္ထား လွျမိုင္ မင္းက ရြာေတာင္ပိုင္းက
နတ္ဝင္သည္ မိမ်ိုးကို သူျကီးကညေနေစာင္းေရာက္ေအာင္လာခဲ့
လို့ေျပာျကားလား”
“ဟုတ္ကဲ့ သူျကီး”
စိုးေမာင္ႏွင့္လွျမိုင္တို့၂ေယာက္သား
ျပိုင္တူေျဖလိုက္ျကေလသည္။
===============
“သူျကီးေရ သူျကီး”
“ဟာ လာေဟ့ မိမ်ိုး လာလာ”
“ထိုင္ မိမ်ိုး”
“သူျကီးက်ြန္မကိုေခၚတယ္ဆိုလို့ ”
“ေအး ဟုတ္တယ္ဟ ငါနင့္ကိုအကူအညီ
ေတာင္းခ်င္လို့ဟ”
“ဘာမ်ားတုန္း သူျကီးရဲ႕ က်ြန္မကူညီနိုင္တာဆိုရင္
ကူညီတာေပါ့ရွင္”
“ေအး ေက်းဇူးပါဟာ နင္ဘာလုပ္ရမလဲဆိုတာ
ေဟာဒီကဆရာျကီး ဦးမင္းခိုင္က
ေျပာပါလိမ့္မယ္”
“အင္း ဒီလိုပါ တူမျကီးရဲ႕ ညျကရင္
အစီအရင္တစ္ခုအတြက္ တူမျကီးက
ျကားခံအေနနဲ့ ဝင္ေရာက္ပူးကပ္ျခင္း
ခံေပးရမွာပါ ဆရာတို့ကိုကူညီနိုင္မလားကြယ္”
“ေျသာ္ ရပါတယ္ရွင္ မိမ်ိုး ကူညီနိုင္ပါတယ္
ဒါမ်ိုးေတြက မိမ်ိုး လုပ္ေနျကပဲဟာကို”
“ေက်းဇူးတင္ပါတယ္ မိမ်ိုးရယ္”
“ရပါတယ္ သူျကီးရယ္ မလိုပါဘူး
ဒါနဲ့ဘာအတြက္ေျကာင့္ ဒီလိုလုပ္တာလည္း
သူျကီးရွင့္”
“ဒါေတြညျကသိရမွာပါ မိမ်ိုး အဲ့အခါျကမွ
နင္အားလံုးနားလည္သြားပါလိမ့္မယ္”
“ေျသာ္ ဟုတ္ကဲ့ သူျကီး ဒါဆိုက်ြန္မျပန္ဦးမယ္
အိမ္မွာလုပ္စရာေလးေတြရွိေသးလို့
ညမွတစ္ေခါက္ျပန္လာခဲ့မယ္ေနာ္ သူျကီး”
“ေအးေအး နင္သာေရာက္ေအာင္လာခဲ့”
“စိတ္ခ် သူျကီး စိတ္ခ်”
===============
ည၇နာရီခန့္ေရာက္ေတာ့ သူျကီး
ဆရာျကီးဦးမင္းခိုင္။စိုးေမာင္၊လွျမိုင္ႏွင့္
နတ္ဝင္သည္ မိမ်ိုးတို့ ရြာအျပင္သို့ထြက္လာခဲ့ျကေလသည္။
“ကိုင္း ကန္ေတာ့ပြဲကို ယူလာတဲ့စားပြဲခံုေပၚကိုတင္ထားလိုက္
ဖေယာင္းတိုင္နဲ့အေမႊးတိုင္းကိုထြန္းလိုက္ျက”
“ဟုတ္ကဲ့ ဆရာျကီး”
စိုးေမာင္ႏွင့္လွျမိုင္လည္း ဆရာျကီးဦးမင္းခိုင္
ခိုင္းသည့္အတိုင္းလုပ္ေပးျကေလသည္။
“ငါ့တူမျကီး စေတာ့မယ္ အဆင္သင့္ျပင္ထားပါ”
“ဟုတ္ကဲ့ ဆရာျကီး”
မမိမ်ိုးလည္း ဆံပင္အားဖားလ်ားခ်ထားလိုက္ျပီးစိတ္ကို
ေလ်ွာ့ထားလိုက္ေလသည္။
ထို့ေနာက္တြင္ဆရာျကီးက ေအာင္ျမင္ေသာ
ေလသံျဖင့္ ရြတ္ဆိုလိုက္ေလသည္။
“အထက္ဆရာျကီးမ်ားရဲ႕ အမိန့္
ငါဆရာ၏အမိန့္ျဖင့္ ကြယ္လြန္သူ မတင္ေဌး၏
ဝိညာဥ္အား ဆင့္ေခၚတယ္ မဆိုင္သူ တစ္ဦးတစ္ေယာက္မွ မေႏွာင့္ယွက္ေစရ အမိန့္
ရြာေတာ္မ်ားလည္း တားဆီးျခင္းမျပုေစရ
ငါဆရာ ၏ေစခိုင္းခ်က္အရ မတင္ေဌး၏
ဝိညာဥ္အားတားဆီးျခင္းမျပုရ ”
သူျကီးႏွင့္စိုးေမာင္၊လွျမိုင္တို့ မ်က္လံုးအဝိုင္းသားျဖင့္ ဟိုျကည့္သည္ျကည့္
လိုက္လံရွာေဖြျကည့္ရႈေနျကေလသည္။
“ဝူး ဝူး ရြဲ ရြဲ ရြဲ”
ရုတ္တရက္ ေလျပင္းခပ္သဲ့သဲ့တိုက္ခက္သြားျပီးေနာက္
နတ္ဝင္သည္မမိမ်ိုး ၏ကိုယ္ခႏၶာတစ္ခုလံုး
တုန္ရင္လာကာ
“မေက်နပ္ဘူး မေက်နပ္ဘူးေဟ့”
“ဟာ”
“အလိုေလး”
“ဗုေဒၶါ”
သူျကီးတို့၃ဦးသား ပါးစပ္အေဟာင္းသားျဖင့္
တအံ့တျသျကည့္ေနမိသည္။
“အခုဝင္ေရာလာတာ ဘယ္သူလဲေဟ့
မတင္ေဌးဟုတ္သလား”
ဆရာျကီးဦးမင္းခိုင္က ေလသံခပ္ျပတ္ျပတ္ေမး
လိုက္ေလသည္။
“အင္း…”
ဆရာျကီး၏ေမးခြန္းအား ဝင္ေရာက္ပူးကပ္ျခင္းကို
ခံေနရေသာ မိမ်ိုးက ေခါင္းညွိတ္ျပရင္း
“အင္း” ဟုတစ္ခြန္းတည္းေျဖလိုက္ေလသည္။
“ဒါဆို ဆရာေမးမယ္ မင္းကိုသတ္တာဘယ္သူလဲ
မင္းကိုသတ္တဲ့သူကို ဆရာတို့ကိုျပေပးနိုင္မလား”
“အင္း ဟင္း ဟင္း”
ဆရာျကီး၏အေမးအား “အင္း ဟင္းဟင္း”ဟု
ေျဖကာရြာထဲသို့ ေျကာက္စရာေကာင္းေသာ
မ်က္လံုးျကီးမ်ားျဖင့္ စိုက္ျကည့္ေနေပသည္။
“ဒါျဖင့္ ေကာင္းျပီ မင္းကိုသတ္တဲ့သူကို
ဆရာျကီးတို့ကို လိုက္ျပပါ”
“ဟား ဟား ဟား ဟား ”
“အီး ဟီး ဟီး”
“ဘုတ္ ဘုတ္ ဘုတ္”
“ဟာေျပးျပီ ဆရာျကီး ေျပးျပီ”
မတင္ေဌးဝင္ေရာက္ပူးကပ္ျခင္းအား
ခံေနရေသာ နတ္ဝင္သည္မမိမ်ိုးတစ္ေယာက္
ေဒါသတျကီးျဖစ္ကာ တရြက္ငယ္ရြာေလးထဲသို့
သုတ္ေျခတင္ေျပးဝင္သြားေလေတာ့သည္။
“လာ ဆရာျကီးတို့ သူ့ေနာက္ကိုလိုက္ရမယ္”
“ဟုတ္ကဲ့ ဆရာျကီး”
သူျကီးနွင့္လွျမိုင္၊စိုးေမာင္ တို့တျပိုင္နက္
ေျဖလိုက္ျကျပီး ရြာထဲသို့ေျပးဝင္သြားေသာ
နတ္ဝင္သည္မိမ်ိုးေနာက္ လိုက္လာျကေလသည္။
မတင္ေဌးဝင္ပူးျခင္းအားခံေနရေသာ
မိမ်ိုးတစ္ေယာက္ ရြာထဲဆီသို့ေျပးလာျပီး
တစ္အိမ္ျပီးတစ္အိမ္ ေက်ာ္လာခဲ့ျပီးေနာက္
ကိုသက္ေဖ၏အိမ္ေရွ့ေရာက္မွ ရပ္တန့္သြားေလေတာ့သည္။
“သူျကီး သူသက္ေဖတို့အိမ္ေရွ့မွာ
ရပ္ေနတယ္”
“ေအး ဟုတ္တယ္ကြ လာလာခပ္ျမန္ျမန္”
ရြာထဲမွ လူမ်ားလည္း သူျကီးႏွင့္သူ၏တပည့္မ်ား
ဆရာျကီးဦးမင္းခိုင္ နတ္ဝင္သည္မမိမ်ိုးတို့အား ျမင္ျပီးစူးစမ္းလိုစိတ္မ်ားေျကာင့္
အိမ္ထဲမွ ကိုယ္စီကိုယ္စီအျပင္ထြက္
ျကည့္ေနျကေလသည္။
…………………………
“သက္ေဖ နင္ထြက္လာခဲ့စမ္း သက္ေဖ”
“ေဟ့ဘယ္သူလဲ ငါ့အိမ္ေရွ့လာျပီး
ေအာ္ဟစ္ေနတာ”
ကိုသက္ေဖလည္း အိမ္ထဲမွထြက္လာျပီး
သူ့အားရန္ေတြ့ေနေသာ သူအားသိရန္
အိမ္အျပင္သို့ထြက္လာခဲ့သည္။
“ဟင္…နတ္ကေတာ္ မိမ်ိုးပါလား
ဘာကိစၥ ငါ့အိမ္ေရွ့လာျပီး ေအာ္ေနတာလဲ
ဒါနင့္လင္အိမ္မဟုတ္ဘူး နားလည္လား”
“ဟား ဟား ဟား ငါမိမ်ိုးမဟုတ္ဘူး
ေကာင္စုတ္ရဲ႕ ငါဘယ္သူလည္း နင္သိလား”
“နင္က မိမ်ိုးမဟုတ္လို့ ဘာလဲ
ဘယ္သူလဲေျပာေလ ”
“ငါ့နာမည္ တင္ေဌးေဟ့ တင္ေဌး”
“ဟင္…”
“နင္ငါ့ကိုသတ္ခဲ့တယ္ နင္ငါ့ကိုသတ္ခဲ့တာေလ
နင္ေမ့ေနျပီလား”
“မ မ မဟုတ္ဘူး နင့္ကိုဘယ္မွာ
ငါသတ္လို့လဲ ငါ့ကိုမဟုတ္တာေတြ
လာမေျပာနဲ့ ”
နတ္ဝင္သည္မိမ်ိုးႏွင့္ကိုသက္ေဖတို့
ေျပာဆိုေနေသာစကားမ်ားအား
ရြာထဲမွလူမ်ား သူျကီးႏွင့္တပည့္မ်ား
ဆရာျကီးဦးမင္းခိုင္တို့ စိတ္ဝင္တစား
ျကည့္ေနျကေလသည္။
“နင္ငါ့ကိုရြာအစပ္ေတာရိုးနားမွာ
ဓါးနဲ့_ထိုး_သ_တ္ခဲ့တာနင္ေမ့ေနျပီလား”
“မ မဟုတ္ဘူးေနာ္ မိမ်ိုး နင္ေလ်ွာက္မေျပာနဲ့”
“ဘာမိမ်ိုးလဲ ငါတင္ေဌးပဲ နင္ငါ့ဆီက
ေငြေတြလုေနတုန္း ငါနင့္လက္ကို
ကိုက္ခဲ့တာနင္သိတယ္မလား
နင့္လက္မွာ သြားကိုက္ရာအခုထိ ရွိေနတယ္မဟုတ္လား သက္ေဖ”
“ေမာင္သက္ေဖ မင္းမလိမ္ခ်င္ပါနဲ့ေတာ့
မင္းလက္ကသြားကိုက္ရာက သက္ေသပဲ
မင္းတူမ မိတုတ္ကိုလည္း ငါေမးျပီးျပီ
သူကိုက္တာမဟုတ္ပါဘူးတဲ့
မင္းထပ္မလိမ္ပါနဲ့ေတာ့ ဝန္ခံလိုက္တာ
မင္းအတြက္အျပစ္ေလ်ာ့ေစမွာပါ
ေမာင္သက္ေဖ မင္း မတင္ေဌးကို
သတၡဲ့တာမလား”
“နင္ငါ့ကိုသ-တ္ခဲ့တယ္ သက္ေဖ ငါ့ကိုနင္
သ-တ္တာ”
ထိုသို့ေျပာျပီး နတ္ဝင္သည္မိမ်ိုးအား
ဝင္ေရာက္ပူးကပ္ေနေသာ မတင္ေဌးလည္း
ထြက္ခြာသြားေတာ့သည္။
“သတိရေအာင္ လုပ္လိုက္ျကဦး လဲသြားျပီ”
“မိမ်ိုး ဟဲ့မိမ်ိုး ”
“ေရာ့ ေရမန္းေလးေတာက္လိုက္”
လူတစ္ေယာက္မွေရမန္းခြက္အား
ေပးသျဖင့္ မိမ်ိုး၏မ်က္နွာအားေတာက္လိုက္ကာမွ
“အင္း ဟင္း ‘
“သတိရလာျပီ သတိရလာျပီ”
“ဘာျဖစ္ေနျကတာလဲဟင္”
မိမ်ိုးတစ္ေယာက္ လူေတြဝိုင္းအံုေန၍ဘာျဖစ္မွန္းမသိ၍
ေမးလိုက္ေလသည္။
“နင့္ကို တင္ေဌးဝင္ပူးတာဟဲ့ ”
“ဟုတ္တယ္ဟဲ့ နင့္ကိုတင္ေဌးဝင္ပူးသြားတာ
သက္ေဖက တင္ေဌးကိုသတ္လိုက္တာလို့
ေျပာသြားတယ္”
“ေျသာ္ ဒီလိုလား”
“ဝန္ခံလိုက္ပါ သက္ေဖ မင္းမသတ္ပဲ
မတင္ေဌးကဝင္ပူးျပီးေျပာပါ့မလားကြ”
“ဟုတ္တယ္ ဟုတ္တယ္ မင္းသ-တ္တာပဲ
မဟုတ္လား”
“အခုကတည္းကဝန္ခံလိုက္တာ
အေကာင္းဆံုးပဲ ေမာင္သက္ေဖ”
ရြာထဲမွလူမ်ားက တစ္ေယာက္တစ္ခြန္း
ဝိုင္းေျပာေနျကေလသည္။
ထိုအခါမွ ကိုသက္ေဖက
“ဟုတ္ ဟုတ္ပါတယ္သူျကီး က်ြန္ေတာ္ေတာင္းပန္ပါတယ္
က်ြန္ေတာ္ မတင္ေဌးကိုသတ္ခဲ့မိပါတယ္
က်ြန္ေတာ့္ရဲ႕အမွားေတြပါ
ဖဲေျကြးေတြနစ္ျပီး ျကံရာမရတဲ့အဆံုး
အခုလိုလုပ္ခဲ့မိတာပါ သူျကီး”
“ဟင္”
“ထင္ေတာ့ထင္သားပဲ သူမသ-တ္လို့
ဘယ္သူကသ-တ္မွာလဲေအ”
ရြာထဲမွအမ်ိုးသမီးမ်ား တစ္ေယာက္တေပါက္
ေျပာဆိုေနျကေလသည္။
“ကိုင္း မင္းလည္းမင္းအျပစ္ကို
ဝန္ခံျပီးျပီဆိုေတာ့ ငါလည္းလုပ္စရာရွိတာ
လုပ္ရမွာပဲ သက္ေဖ လာငါ့အိမ္ကို
မင္းလိုက္ခဲ့ရမယ္ ေဟ့ေကာင္ေတြ
သက္ေဖကိုေခၚခဲ့ျက”
“ဟုတ္ကဲ့ သူျကီး”
ကိုသက္ေဖအား စိုးေမာင္ႏွင့္လွျမိုင္တို့က
လက္မွခ်ုပ္ကိုင္ျပီး သူျကီးအိမ္သို့ေခၚလာခဲ့ျကေလသည္။
…………………………
“သူ့ကိုထိပ္တံုး ခက္လိုက္ျက မနက္လင္းမွ
သူ့ကိုျမို့ ကစခန္းကိုပို့ျပီးအေရးယူ ေထာင္ခ်ခိုင္းမယ္”
“ဟုတ္ကဲ့ သူျကီး လာသက္ေဖ”
“အင္း သက္ေဖ သက္ေဖ ဖဲေလာင္းကစားေျကာင့္
မင္းမလုပ္သင့္တာလုပ္ျပီး
မျဖစ္သင့္တာေတြျဖစ္ရျပီမဟုတ္လား”
“ဟုတ္တယ္ သူျကီးေရ လူေတြက
မလုပ္သင့္တာေတြလုပ္ မျကံေကာင္းတာေတြျကံျပီး
အခုလိုမျဖစ္သင့္တာေတြျဖစ္ကုန္ျကတာေပါ့ဗ်ာ”
“ဆရာျကီး ကူညီလို့ အခုလိုအျဖစ္မွန္ေပၚေပါက္သြားရတဲ့အတြက္
ဆရာျကီးကိုေက်းဇူးတင္ပါတယ္ဗ်ာ”
“မလိုပါဘူး သူျကီးရယ္ ဒါေတြက
အမွန္တရားေတြပဲေလ အမွန္တရားကို
ဘယ္သူမွျကာျကာဖံုးဖိမထားနိုင္ျကပါဘူးေလ”
“ဒါနဲ့ ဆရာျကီးေရ အခုအားလံုးလည္း
့ျပီးသြားျပီဆိုေတာ့ ဆရာျကီး ဘယ္ေန့ေလာက္
ျပန္ဖို့စဥ္းစားထားလည္းခင္ဗ်”
“သူျကီးက ဆရာ့ကိုျပန္ေစခ်င္ေနျပီလား”
“ဟား ဟား ဟား မဟုတ္ရပါဘူး
ဆရာျကီးရယ္ က်ြန္ေတာ္ကေမးျကည့္ရံုပါ
ဆရာျကီးသာေနမယ္ဆိုရင္ တစ္သက္လံုးလည္း
ေနလို့ရပါတယ္ဗ်ာ”
“စတာပါဗ်ာ ဆရာလည္း သန္ဘက္ခါ
ျပန္မယ္လို့စိတ္ကူးထားတယ္
ဟိုမွာလည္း လုပ္စရာေလးေတြကရွိေနေသး
တယ္မလား”
“ဆရာျကီးျပန္ရင္ လိုက္ပို့ပါရေစဗ်ာ”
“ေကာင္းပါျပီဗ်ာ ေကာင္းပါျပီ”
================
ေနာက္တစ္ေန့ ေရာက္သည္ႏွင့္
တရြက္ငယ္ရြာသူျကီးႏွင့္ရြာမွ လူမ်ားက
မတင္ေဌးအားရက္ရက္စက္စက္
သ_တ္ခဲ့ေသာ ဖဲသမားကိုသက္ေဖအား
ျမို့ မွ စခန္းသို့ပို့ကာ လူသ-တ္မႈျဖင့္
အေရးယူေစခဲ့ျကေလသည္။
================
“သာဓု သာဓု သာဓု စိတ္၏ခ်မ္းသာျခင္း
ကိုယ္၏က်န္းမာျခင္းႏွင့္ျပည့္စံုပါေစ”
“ေပးတဲ့ဆုနဲ့ ျပည့္ပါေစ ဆရာျကီးရွင္
ဆရာျကီးကူညီလို့ က်ြန္မသမီးေလးကို
သ-တ္သြားတဲ့ သူကိုလည္း ဖမ္းမိခဲ့ပါျပီ
ဆရာျကီးကိုေက်းဇူးအထူးတင္လို့ ဒီပစၥည္းေလးေတြနဲ့လာကန္ေတာ့ရတာပါ
ဆရာျကီးရွင္ ”
“ရပါတယ္ဗ်ာ ရပါတယ္
ဒီရြာရဲ႕ ေႏြးေထြးတဲ့ေစတနာေမတၱာေတြနဲ့တင္
လံုေလာက္ပါျပီ”
“လွျမိုင္ေရ ဆရာျကီးကိုလိုက္ပို့ဖို့ လွည္းအဆင္သင့္လုပ္ထားကြာ”
“လုပ္ထားျပီးပါျပီ သူျကီး အားလံုးအဆင္သင့္ပါပဲ”
“ေအးေအး”
“ကဲ ျပန္ဦးမယ္ သူျကီးေရ ကံမကုန္ရင္ျပန္ဆံုျကဦးစို့ ”
“ဆံုနိုင္ပါေစဗ်ာ ဆံုနိုင္ပါေစ”
ဆရာျကီးဦးမင္းခိုင္လည္း တရြက္ငယ္ရြာမွ
ႏႈတ္ဆက္ကာျပန္သြားေတာ့ေလသည္။
သူျကီးလည္း ဆရာျကီး၏အကူအညီျဖင့္
သူေဖာ္ထုတ္ခ်င္ေနေသာ လူသတ္တရားခံကို
လည္းအျမန္ဆံုးေဖာ္ထုတ္နိုင္ခဲ့ေပျပီျဖစ္သည္။
အသ-တ္ခံရသည့္ မတင္ေဌးတစ္ေယာက္လည္း
ဆရာျကီးအကူအညီေျကာင့္ အမွန္တရားကို
ေျပာျပနိုင္ခဲ့ကာ တမလြန္ဘဝ၌ ေအးခ်မ္းစြာေနနိုင္ခဲ့ျပီျဖစ္ေလသည္။
ျပီးပါျပီ… #ေအာင္ဓူဝံ
လိုအပ္ခ်က္မ်ားစြာျဖင့္
ဇာတ္လမ္းေလးဖတ္ျပီးရင္ လက္မေလးႏွိပ္ျပီး
အားေပးခဲ့ျကေနာ္