သူတော်ငတေ၏မကြောက်တရား(စ/ဆုံး)

Unicode Version

သူတော်ငတေ၏မကြောက်တရား(စ/ဆုံး)
————————————————

ကျွန်ုပ် တို့ ရွာ နှင့် လယ်ကွင်းကြီး တစ်ကွင်း သာ ခြား နေသော ကညင်စု ယာတဲ တွင် နွေ တစ်ည ၌ အသုဘ တစ်ခု ဖြစ်သည် ။ သေသွားသူ မှာ မုဆိုးမ ဒေါ်ထား ၏ သား မောင်အောင်ပွင့် ဖြစ်၏ ။ သူ သည် နေမွန်းစောင်းကြီး လောက် တွင် တော ထဲ ထင်း သွား တိုက်သည် ။ အပြန် တွင် ပူလွန်း အိုက်လွန်း သည် ဟု ဆိုပြီး ချောင်း ထဲ ရေ ဆင်း ချိုးသည် ။ ည ကျ လျှင် အပြင်း ဖျား ပြီး ရုတ်တရက် သေဆုံး သွား၏ ။
လူပျိုကာလသား မောင်အောင်ပွင့် နှင့် သူတော်ငတေ တို့ မှာ ဆွေမျိုး နီးစပ် တော် ကြသည် ။ ထို့ကြောင့် လည်း မောင်အောင်ပွင့် အလောင်း ရှိ ရာ ယာတဲ ထဲ သို့ ည အခါ သူတော်ငတေ ရောက် လာသည် ။ မောင်အောင်ပွင့် ၏ အမေ သူ့ နှမ တော်သူ အား မောင်အောင်ပွင့် သေဆုံးရ သည် နှင့် ပတ်သက်၍ သတင်း မေး ၊ အသုဘ ရှု ရန် လာခြင်း ဖြစ်ပေမည် ။
မောင်အောင်ပွင့် အသုဘ သို့ သူတော်ငတေ ရောက်လာချိန် မှာ ည ခုနစ်နာရီ ကျော်
ရှစ်နာရီ ခန့် ဖြစ်သည် ။ မောင်အောင်ပွင့် ၏ အလောင်း ကို တော ထုံးစံ အတိုင်း ရွာ ထဲ သို့ လည်း အသွင်း မခံကြ သဖြင့် ယာတဲ ၌ ပင် အလောင်း ပြင် ထားကြသည် ။
မောင်အောင်ပွင့် အလောင်း နား တွင် ဆီမီးခွက်လေး တစ်လုံး သာ မှိတ်တုတ် မှိတ်တုတ် ထွန်း ထားပြီး ရွာသားကြီး သုံးလေးယောက် က အာလာပ သလ္လာပ ထိုင် ပြော နေကြ သည် ။ ထို ရွာသားကြီး သုံးလေးယောက် ထဲ တွင် ဦးကြာပန်း ဆိုသူ လူပြန်တော် ပဉ္စင်းလူထွက် တစ်ယောက် လည်း ပါသည် ။ ဦးကြာပန်း မှာ ရပ်ရွာ ၌ စာတတ် ပေတတ် ဟု သတ်မှတ် ခံထားရ သူ ဖြစ်၏ ။ ထို့ကြောင့်လည်း ဦးကြာပန်း မှာ ဘယ် အသုဘ ဖြစ်ဖြစ် အမြဲ လိုလို ခေါင်းရင်းခန်း ထိုင် ၍ တရားဓမ္မ နှင့် ပတ်သက်သည် များ ကို ပြောဆိုနေကျ ဖြစ်သည် ။ ယခု လည်း သူ့ ထုံးစံ အတိုင်း ကျန် ရွာသား နှစ်ယောက် သုံးယောက် အား အာပေါင် အာရင်း သန်သန် နှင့် သေခြင်းတရား နှင့် ပတ်သက်သော သံဝေဂ ရဖွယ် တရား စကားများ ကို ပြောဆို နေလေသည် ။
အထူးသဖြင့် ယခု သေဆုံး သွားသူ မောင်အောင်ပွင့် မှာ လူပျိုကာလသား အရွယ် ကောင်း အချိန် တွင် သေဆုံးရခြင်း ဖြစ် သဖြင့် ဖြေ မဆည်နိုင် ဖြစ် နေ ရှာ သော မုဆိုးမ ဒေါ်ထား ကို ဦးကြာပန်း က တရားချ စကား ဆို နေသည် ။
“ မထား ရေ ၊ လူတွေ အားလုံး ဟာ သေမျိုးချည်း ပဲ ဟ ။ ဇာတိ ဖြစ် လာရင် ဇရာမရဏ ဆိုတာ မြေကြီး လက်ခတ် မလွဲ တွေ့ကြုံရမြဲ ဓမ္မတာ ပါ ။ သေခြင်း နဲ့ … ”
“ ဒါ ၊ ဒါကို ကျွန်မ လည်း သိပါတယ် ကိုကြီးကြာပန်း ရယ် ၊ ဒါ .. ဒါပေမဲ့ ကျွန်မ သားလေး က နုတုန်း ပျိုတုန်း ငယ်ငယ်ရွယ်ရွယ်လေး နဲ့ ရုတ်တရက် ဆုံးပါး သွားတာ ၊ ကျွန် … ကျွန်မ မဖြေနိုင်လွန်းလို့ပါ ”
“ ဟဲ့ မိထား ၊ သေခြင်းတရား ဆိုတာ ငယ်တယ် ကြီးတယ် ရယ် ဘယ် ဟုတ် မလဲ ဟ ။ ကံ ကုန်ရင် လူတိုင်း သေကြ ရမှာပဲ ၊ အမှည့် တဝင်းဝင်း အကင်း တဖြိုက်ဖြိုက် ဆို မဟုတ်ဘူးလား ဟ ။ သေခြင်းတရား ဆိုတာ လေးမျိုး ရှိတယ် ။ ကံ ကုန် လို့ သေခြင်း ၊ သက်တမ်း ကုန် လို့ သေခြင်း ၊ အသက် ကံ နှစ်ပါး ကုန်လို့ သေ … သေ ၊ အဲ … ”
သူတော်ငတေ ယာတဲ ပေါ် တက် လာသည် ကို မြင် သဖြင့် ဦးကြာပန်း က တုံ့ဆိုင်း သွားလေသည် ။ ဦးကြာပန်း နှင့် သူတော်ငတေ တို့ မှာ ငယ်စဉ် က ပင် သူ ဖြူ လျှင် ငါ မည်း ဘု နှင့် ဘောက် ချည်း ဖြစ် ကြရာ ဦးကြာပန်း ၏ စကား ကို ခြံဝ က ပင် ကြား နေ ရသော သူတော်ငတေ က လည်း ထိုင် ပင် မထိုင်သေး –
“ ဘာ ကံ ကုန်လို့ သေတာ မှ မဟုတ်ဘူး ၊ ကျုပ် ကြား တော့ ရေချိုး မှားလို့ သေတယ် ဆိုဗျ ”
ဟု လှမ်း ပြောလိုက်ရာ ဤ သူတော် ခွစကား ပြောပြီ ဟု သိလိုက် သဖြင့် ဦးကြာပန်း ဒေါသ ဖြစ် သွား၏ ။ သို့သော် သေသူ မှာ သူ့ ဆွေမျိုး ဖြစ်နေ သဖြင့် ဦးကြာပန်း က သူတော်ငတေ ကို အဖက် လုပ်ပြီး မပြောချင် သလို ခဏ ငြိမ် နေ လိုက်သည် ။
ထိုအခါ သူတော်ငတေ က –
“ မသာအိမ် လာပြီး တောပြော တောင်ပြော ဘာ ကံ ကုန်တာလဲ ၊ ခု ကျုပ် တူ သေရတာ မသေသင့် ဘဲ သေရတာ ။ မဆင်မခြင် ရေချိုး မှား လို့ သေ တာ ။ အမေ လုပ်တဲ့ သူ က လည်း ဆုံးမ မညွှန်ပြ တတ်ဘူး ။ ကလေး က မသိ လို့ နေပူ ထဲ က လာပြီး ရေချိုး မှာ ကို ဟန့်တား ပြောဆိုရမှန်း မသိဘူး ။ နေပူ ထဲ က လာပြီး ရေ ချိုး လိုက်တော့ အပူ နဲ့ အအေး ဆန့်ကျင်ဘက် ဖြစ်ပြီး သေတော့တာ ပေါ့ ။ လူ ရဲ့ ခန္ဓာကိုယ် ဆိုတာ က ပထဝီ ၊ တေဇော ၊ အာပေါ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါး နဲ့ ဖွဲ့စည်း ထားတာဗျ ၊ ခင်ဗျား ဘာ ပြော
ဦးမလဲ ကိုကြာပန်း ”
“ ကျုပ် က ဘာ ပြောလို့လဲ ”
“ ဟောဗျာ ၊ စောစော က ပဲ ကျုပ် တူ မောင်အောင်ပွင့် ကို ခင်ဗျား ပဲ ကံ ကုန် လို့ သေတယ် ဆို ဗျ ”
“ မဟုတ်ဘူးလား ၊ ကံ မကုန်ဘဲ လူ က ဘယ်လိုလုပ် သေ မလဲ ”
“ ဟင် ၊ စောစောက ခင်ဗျား ပြောနေ တဲ့ သေခြင်းတရား လေးပါး ထဲ မှာ ဥပစ္ဆေဒကကံ ဆိုတာ ဘယ် သွား ထား မလဲ ”
သူတော်ငတေ က ဦးကြာပန်း နား ကို ဖင် ရွှေ့ တိုး လာ၍ ဦးကြာပန်း မျက်နှာ ကို စေ့စေ့ ကြည့် ကာ မေး လိုက်သည် ။
“ သိပ် သိတာပေါ့ ၊ ဥပစ္ဆေဒကကံ ဆိုတာ အဲသလို ဥပစ္ဆေဒကကံ နဲ့ ကို သေရမယ့် လူ မို့ သေ ကို သေရတာလေဗျာ ဦးသူတော် ”
“ ခင်ဗျား မသေမချင်း မှတ်ထား ၊ ဥပစ္ဆေဒကကံ ဆိုတာ ဆင်ခြင်တတ် ရင် ရှောင်လွှဲ လို့ ရတယ်ဗျ ”
“ ဥပစ္ဆေဒကကံ ပါ လာ ပါတယ် ဆိုတာ ဘယ်လို ရှောင်လွှဲမလဲ ”
“ နား ဝေးလိုက်တာ ၊ ဥပမာ ကဲ ခု ခင်ဗျား ကို ကျုပ် ဓား နဲ့ ခုတ်မယ် ၊ ခင်ဗျား အခုတ် ခံ ရင် သေ မှာပဲ ၊ အခုတ် မခံရင် သေမလား ။ ကဲ ပြော ၊ ဓား ခုတ်ခံ – သေရတာ ဥပစ္ဆေဒကကံ မဟုတ်လား ”
“ ဒါ ၊ ဒါ ၊ ဦးသူတော် ကတ်ဖဲ့ လုပ် ပြောတာပဲ ၊ ကျုပ် ပြောတာ က ”
“ ကျုပ် က ကတ်ဖဲ့ လု ပ်ပြောတာ မဟုတ်ဘူး ။ ခင်ဗျား သာ ကံတရား ဆိုတာ ဘာမှန်း မသိ ဘဲ နဲ့ တောပြော တောင်ပြော လူတွေ ကို လျှောက် ပြော နေတာ ”
ဦးကြာပန်း က သူတော်ငတေ နှင့် အဖက်လုပ် ပြော နေလျှင် စကား များ ရန်ဖြစ်ကြရုံ သာ ရှိသည် ကို သိ သဖြင့် တစ်ဆင့် လျှော့ ၍ –
“ ကျုပ် သိ သလောက် ပြော ဟော ပြတဲ့ သဘောပါ ဗျာ ၊ ဦးသူတော် လို ကျုပ် က စာပေကျမ်းဂန် မနှံ့စပ် တော့ လည်း လွဲမှားတာ ပါကောင်း ပါမှာ ပေါ့ဗျာ ” ဟု လေသံပျော့ နှင့် ပြန် ပြော လိုက်၏ ။
“ ဟဲ ဟဲ အဲသလို ဝန်ခံစမ်းပါ ။ ခင်ဗျား တောပြော တောင်ပြော ပြော လာတာ များပြီ ။ မသာ တိုင်း ခင်ဗျား စကားချည်း ပဲ ”
ဟု သူတော်ငတေ က ဦးကြာပန်း ကို တမင် ဒေါ သဖြစ်အောင် စ လိုက် ပြန်သည် ။
ဤသည် ကို ပင် ဦးကြာပန်း က လည်း –
“ ဦးသူတော် တမင် ကျုပ် ကို ဒေါသ ဖြစ် အောင် စ နေတယ် ဆိုတာ ကျုပ် သိပါတယ် ။ ကျုပ် က တော့ ဘယ်သူ ဘာပဲ ပြောပြော ဒေါသ မကြီးတတ်ပါဘူး ။ ဒေါသ ကြီးတဲ့ လူ ဟာ လောဘ မောဟ ကြီးပြီး အတ္တ လည်း ကြီးတယ် ။ အတ္တကြီး တဲ့ လူ ဟာ သေခြင်းတရား နဲ့ ရင်ဆိုင် တွေ့တဲ့ အခါ အကြောက် လည်း ကြီးတတ်တယ် တဲ့ ဗျ ”
သူ ငယ်စဉ် က တေတေပေပေ နှင့် ဒေါသ ကြီး ခဲ့ ကြောင်း ကို ရည်ရွယ်ပြီး ဦးကြာပန်း ပြော နေမှန်း သိ သော သူတော်ငတေ က –
“ ကိုကြာပန်း ၊ ခင်ဗျား က တော့ သေခြင်းတရား ကို မကြောက်ဘူး ပေါ့နော် ”
“ လုံးဝ မကြောက်ဘူးရယ် လို့ တော့ ဘယ် ဟုတ်မလဲ ဦးသူတော် ရယ် ။ ကျုပ် လည်း ပုထုဇဉ် ပဲ ဗျ ။ ကြောက်တော့ ကြောက်တာ ပေါ့ ။ ဒါပေမဲ့ ကျုပ် က တော့ ဆင်ဆင်ခြင်ခြင် နဲ့ ကြောက်သင့် မှ ကြောက်တာ ”
“ ဟုတ်လား ၊ ဒါဆို ခင်ဗျား ခု ကျုပ် တူ မသာအလောင်း ကို မကြောက်ဘူး လား ”
“ မသာ ကို ဘာ ကြောက်စရာ ရှိလဲ ဗျာ ၊ လူတိုင်း တစ်နေ့ ကျ မသာ ဖြစ်ကြရမှာပဲ ”
“ ဟုတ်လိုက်လေ ဗျာ ၊ ဒါဆို ခင်ဗျား ဒီ ည မသာစောင့် အိပ်ပေါ့နော် ”
“ စောင့် အိပ်မလို့ လာတာပဲ ”
“ ကျေးဇူးပဲ ကိုကြာပန်း ရယ် ၊ ကျုပ် က လည်း ကျုပ် တူ မသာ က ရွာ ထဲ လည်း အသွင်း မခံကြတော့ စောင့် အိပ် ပေးမယ့် လူ မှ ရှိပါ့ မလား လို့ ၊ မသာစောင့် အိပ် ပေးရအောင် လာ တာ ၊ ခု ခင်ဗျား စောင့်အိပ်ပေးမယ် ဆို တော့ ကျုပ် ပြန်မယ် ”
“ ဟာ ဦးသူတော် ၊ လာ လက်စ နဲ့ မပြန်ပါနဲ့တော့ ။ ဦးကြာပန်း နဲ့ ဦးသူတော် တို့ ဒီ ည တော့ စောင့် အိပ် လိုက်ကြဗျာ ။ မနက်ဖြန် ကျ တော့ ကျုပ်တို့ တစ်လှည့် စောင့် ပါ့မယ် ။ မနက် မှာ မင်းရွာ ကို ငရုတ် သွား ရောင်းစရာ ရှိ လို့ပါ ။ ဒီ ည တော့ ကျုပ် ပြန်ပါရစေ ”
ငရုတ် ရောင်းစရာ ရှိသည် ဆိုသော ဦးကောင်းလှ က ပြောလိုက်သော အခါ မသာစောင့် အိပ်ရန် လာ ကြရသော နောက်ရွာသားကြီး နှစ်ယောက် က လည်း ထင်းတိုက် သွားရန် ရှိ၍ ပြန်ပါရစေ ဤ နေ့ ည တွင် ဦးသူတော် နှင့် ဦးကြာပန်း တို့ ပဲ စောင့်ကြပါ ။ မနက်ဖြန် မှ သူတို့ စောင့်မည် ဟု ပြောပြီး ပြန် သွားကြသည် ။
သည်လိုနှင့် မသာ အသုဘ ယာတဲ မှာ ရွာ နှင့် လည်း အတန် လှမ်း နေလေ ရာ သက်ကြီး ခေါင်းချ ချိန် မရောက် တရောက် မှာ ပင် အသုဘ သတင်း လာ မေးသူများ မှာ လည်း အလျှိုအလျှို ပြန် သွားကြ သော အခါ မောင်အောင်ပွင့် အမေ ပါ ရွာ ထဲ ပြန် လိုက်သွား သဖြင့် မသာတဲ မှာ ဦးကြာပန်း နှင့် သူတော်ငတေ တို့ နှစ်ယောက် သာ ကျန် လိုက်ကြသည် ။
ထိုအခါ သူတော်ငတေ က –
“ ကိုကြာပန်း ၊ ခင်ဗျား လူသေ အလောင်းတွေ ဘာတွေ ဖုတ်ဝင်တယ် ဆိုတာ ယုံလားဗျ ”
ဟု မေး၏ ။
သူတော်ငတေ ဘာ ရည်ရွယ်ချက် နှင့် မေးပါလိမ့် ဟု စိတ်ထဲ ထင့်ခနဲ တော့ ဖြစ်သွားလေ၏ ။ သို့သော် သူ က မသာအလောင်း ကို ကြောက်စရာ မဟုတ်ကြောင်း လည်း စောစောက ပြောထား လေ ရာ –
“ အလကား ပေါက်ကရတွေ ပြောကြတာပါဗျာ ။ လူသေအလောင်း ဖုတ် ဝင်တယ် ဆိုတာ ဘယ်လူ မြင်ဖူးလို့လဲ ”
ဟု ပြန် ပြောလိုက်၏ ။
“ တချို့က တော့ လူသေအလောင်း ကို ကြောင် ကျော် ရင် ဖုတ် ဝင်တတ်တယ် လို့ ယုံကြည်ကြတယ် ဗျ ။ အဲဒါကြောင့် လည်း ခု ခင်ဗျား နဲ့ ကျုပ် စောင့် အိပ် သလို မသာအလောင်း ကို စောင့် အိပ်ကြတဲ့ အလေ့အထ ဖြစ်လာတယ်တဲ့ ဗျ ”
“ အလကားပါ ဦးသူတော် ရာ ၊ ကျုပ် တော့ မယုံပါဘူး ”
“ မယုံဘူး လို့ ကံသေ ကံမ လည်း မပြောနဲ့ဦးဗျ ။ ရှေ့တုန်း က လူတွေ သေ ရင် ခေါင်ရန်းပန်း နီနီရဲရဲ ပန် ပေး လိုက်တာနဲ့ မသာ က သူ့ ဘာသာ သူ သင်္ချိုင်း ကို ထွက်သွားတယ် တဲ့ ။ ဟိုတုန်း က အဲဒီ နည်း နဲ့ အသုဘ ချကြတာတဲ့ ဗျာ ။ ဟိုတုန်း က လူ သေရင် သွား မြှုပ်တဲ့ အလေ့အထ မရှိဘူးတဲ့ လေ ”
“ အလကား ပြောကြတာပါဗျာ မဖြစ်နိုင်ပါဘူး ”
“ ဟဲ ဟဲ ၊ ကျုပ် က လက်တွေ့သမား ဆိုတော့ အမှန်တကယ် ဟုတ် မဟုတ် ခင်ဗျား နဲ့ ကျုပ် ဒီ ည စမ်း ကြည့်ကြရင် မကောင်းဘူးလား ဗျာ ”
သူတော်ငတေ မှာ ပေါက်ကရ အင်မတန် လုပ်တတ် သူ မို့ ဦးကြာပန်း မှာ ချက်ချင်း ကျောချမ်း သွားပြီး –
“ ပေါက်ကရ မလုပ်စမ်းပါနဲ့ ဗျာ ၊ အတော်ကြာ ကျုပ်တို့ တရားခံ ဖြစ်နေပါဦးမယ် ”
ဟု ကမန်းကတန်း ဟန့်တား လိုက်ရလေသည် ။
ဤသည် ကို သူတော်ငတေ က တော့ တဟဲဟဲ ရယ် နေလေ၏ ။
သည်လိုနှင့် ဦးကြာပန်း နှင့် သူတော်ငတေ တို့ သည် မောင်အောင်ပွင့် အလောင်း နား တွင် ဘယ် တစ်ယောက် ညာ တစ်ယောက် ကျော ချ ရင်း မသာ စောင့် နေကြသည် ။ အချိန် မှာ သန်းခေါင် နီးပါး ခန့် ရှိနေပြီ ဖြစ် ရာ ဦးကြာပန်း မှာ သူတော်ငတေ ပေါက်ကရ ထ လုပ်မှာ စိုး၍ သတိ နှင့် နားစွင့် နေ၏ ။ သန်းခေါင်ကျော် သော အခါ ဦးကြာပန်း မှေးခနဲ မှေးဖြစ် သွားသည် ။ ထိုအချိန် မှာ ပင် ခွေးတွေ အူသံ ကြောင့် ဦးကြာပန်း လန့် နိုးလာ၏ ။
ဖျိုးဖျိုးဖျပ်ဖျပ် အသံ ကြား ၍ မောင်အောင်ပွင့် အလောင်းစင် ဘက် လှည့် ကြည့် လိုက်ရာ မောင်အောင်ပွင့် အလောင်း မှာ ဖူးဖူးရောင် နေသလို အုပ် ထားသော စောင် ထဲ မှ လက် တစ်ဖက် ထုတ် ကာ ယပ်ခတ် နေလေသည် ။
ဦးကြာပန်း မှာ ချက်ချင်း ခေါင်းနားပန်း ကြီးသွား၏ ။ ညဦး က လူသေအလောင်း ဖုတ် ဝင်တာ ဟုတ် မဟုတ် ဒီ ည စမ်း ကြည့်ရအောင် ဟု လည်း သူတော်ငတေ က ပြော ထား လေရာ သူတော်ငတေ တော့ ပေါက်ကရ လုပ်ပြီ ဟု ချက်ချင်း တစ်ကိုယ်လုံး ကြက်သီး ထ ကာ ဇောချွေး တွေ ပြန် လာ၏ ။
သူတော်ငတေ သည် ယခင့် ယခင် က မည်သည့် အသုဘ မျှ ရောက် မလာ ယခု မသာ မှာ မှ တူ တော်သည် ကို အကြောင်း ရှာ ပြီး ရောက်လာခြင်း မှာ ဆေးဝါး တစ်ခု ခု ပြုလုပ်ရန် အကြံအစည် နှင့် လာခြင်း ဖြစ်ရမည် ဟု တွေး ပြီး မသာ အလောင်းကောင် ဘက် ကို လှမ်း ကြည့် လိုက် ပြန်ရာ မသာ မှာ လက် တစ်ဖက် ထုတ် ၍ ယပ်ခတ် နေသည် မှာ အမှန်ပင် ဖြစ် လေသည် ။
သည်အတိုင်း ဆို လျှင် သူတော်ငတေ ဆေး စီရင် ထားသော မောင်အောင်ပွင့် အလောင်း မှာ သူ့ လည်ပင်း ကို ပင် လာ ညှစ်လေမလား ဟု အကြောက်ကြီး ကြောက် လာ ကာ ပြေး မှ ဖြစ်တော့မည် ဟု မသိမသာ ကုန်း ထ လိုက်ရာ မောင်အောင်ပွင့် မသာ က လည်း ကုန်း ထ လာသည် ။
“ ဟိုက် ” ဟူသော အာမေဍိတ်သံ နှင့် အတူ ဦးကြာပန်း ယာတဲ ပေါ် က ချက်ချင်း ဆင်းပြေး လေသည် ။ ဝုန်းဝုန်းဒိုင်းဒိုင်း ကြမ်းခင်း ကို ဖနောင့် ပေါက်လိုက်သံ နှင့် အတူ မသာ အလောင်းကောင်ကြီး က သူ့ နောက် ဆင်း လိုက်လာပလား ဟု နောက်ပြန် တစ်ချက် လှည့် ကြည့် လိုက်ရာ စောင် ခေါင်းမြီးခြုံ ထားသော မောင်အောင်ပွင့် အလောင်းကောင်ကြီး မှာ အမှန် ပင် သူ့ နောက် လိုက် လာ လေသည် ။
“ ကူကြပါဦး ဗျို့ ၊ ကယ်ကြပါဦး ၊ မောင်အောင်ပွင့် မသာ ငတေ လုပ်လိုက် လို့ ဖုတ် ဝင်လာပြီး ကျုပ် နောက် ကို လိုက်လာ နေပြီ ။ လုပ် လုပ်ကြပါဦး ၊ ကယ်ကြပါဦး ”
အော် လည်း အော် ပြေး လည်း ပြေး နှင့် ဦးကြာပန်း သည် မောင်အောင်ပွင့် မသာ ရှိရာ ကညင်စု မှ ကွင်းပြင် ကို ဖြတ်ကာ ယာတောင်ရွာ ဘက် အော် ပြေး လာသည် ။ ဦးကြာပန်း အော်ပြေး လာ သံ ကို ကြားလိုက်ရ သော အခါ ရွာသူ ရွာသားတွေ မှာ လည်း အထိတ်တလန့် နိုး လာကြပြီး ရွာ က ပြေးထွက် ကြည့် ကြသည် ။
“ ကူကြပါဦး ဗျို့ … ကယ်ကြပါဦး ။ မောင်အောင်ပွင့်မသာ ငတေ လုပ် လိုက်လို့ ဖုတ်ဝ င်လာပြီ ၊ ကျုပ် နောက် ကို လိုက် လာနေပြီ ကယ်ကြပါဦး ”
မောင်အောင်ပွင့် မသာ ရှိရာ ကညင်စု မှ လယ်ကွင်း ကို ဖြတ် ပြေးလာသော ဦးကြာပန်း ကို ရွာ အစ မှ ထွက် ကြည့် ကြသူများ ဝိုင်း ဖမ်းချုပ် လိုက်ကြပြီး –
“ ဟင် ဘယ်မှာလဲ ၊ မောင်အောင်ပွင့် မသာ ဖုတ်ကောင် ”
ဟု ဝိုင်း မေးကြရာ ဦးကြာပန်း သည် နောက် သို့ လှည့် ကြည့် ကာ –
“ အမယ်လေး … လေး ဟို ဟိုမှာ မသာဖုတ်ကောင် လယ်ကွင်း ထဲ ရပ် နေတာ ခင် … ခင်ဗျား တို့ မမြင်ကြဘူးလား ”
ဟု ဟောဟဲ ဆိုက်ကာ လက်ညှိုး ထိုး ပြပြီး ပြော လိုက်၏ ။
လူတွေ အားလုံး မှာ –
“ ဟိုက် ၊ ဟာ တကယ်ပဲ တကယ်ပဲ ”
ဟု ဝိုင်း အော်လိုက်ကြ ပြန်သည် ။ လဆန်း ကိုးရက်လ ၏ လရောင် ပျပျ ထဲ တွင် တကယ် ပင် လယ်ကွင်း ထဲ ရှိ ကန်သင်း ပေါ် တွင် မောင်အောင်ပွင့် မသာ ဖုတ်ကောင် ရပ် နေသည် ကို မြင်လိုက်ကြ ရသည် ။
“ ဟာ တကယ်ပါ ၊ တကယ်ပဲ ။ မောင်အောင်ပွင့် မသာဖုတ်ကောင် လယ်ကွင်း ထဲ မှာ ရပ်နေတယ် ဗျို့ ဟိုမှာ ၊ ဟိုမှာ ”
အကြောက် ကြီးသော ရွာသားကြီး တစ်ယောက် ၏ စကား မဆုံးမီ ပင် –
“ ဘယ်မှာလဲ ဗျ ၊ မောင်အောင်ပွင့် မသာ ဖုတ်ကောင် ၊ ကျုပ် ပါ ဗျ ”
ဟု သူတော်ငတေ က ပြော လည်း ပြော ၊ ရွာ ဘက် ကို လည်း လျှောက် လာ ရာ သူတော်ငတေ အသံ ကို မှတ်မိ သော ရွာလူကြီး တစ်ယောက် က –
“ ဦးသူတော် ၊ မလုပ်ကောင်း လုပ်ကောင်း မသိဗျာ ။ ဘာလို့ မသာ ရှိနေ တုန်း မဟုတ်တရုတ် လိုက် လုပ်နေတာလဲ ”
ဟု မာန်သလို ပြော လိုက်၏ ။
“ ကျုပ် က မဟုတ်တရုတ် လိုက် လုပ်တာ မဟုတ်ဘူး ၊ ခင်ဗျားတို့ ဦးကြာပန်း က မသာ ကို မကြောက်ပါဘူး ပြော လို့ ဒီ လူ တကယ် ကြောက် မကြောက် ကျုပ် စမ်း ကြည့်တာပါ ဗျာ ။
ခု ဘယ်မှာလဲ ဦးကြာပန်း ၊ ခင်ဗျား မကြောက်ဘူး ဆို ဗျ ။ ဆင်ဆင်ခြင်ခြင် ပဲ ကြောက်ရတယ် ဆိုဗျ ။ ခု ကျုပ် မောင်အောင်ပွင့် အလောင်း ပေါ် တက် အိပ် ၊ ကမ္မဋ္ဌာန်း ရှုပြီး ပူ လို့ ယပ်ခတ် နေတာ ကြောက်စရာလား ဗျ ဟဲ ဟဲ ။ သူရဲကောင်းကြီး အော် ပြေး လိုက်တာ
ခုဆို ကျုပ်တူ မောင်အောင်ပွင့် အလောင်းကောင် တကယ် ဖုတ် ဝင် သွားပြီလား မသိဘူး ၊ မြန်မြန် သွား ကြည့်လိုက်မှ ဗျို့ ၊ ဦးကြာပန်း လိုက်ဦး မလား မသာစောင့် လေ ဟား ဟား ”
ဟု ပြောကာ သူတော်ငတေ သည် သူ့ တူ မောင်အောင်ပွင့် အလောင်း ရှိရာ ကညင်စု သို့ ပြန် သွားလေသည် ။
ဝေယံလင်းခေါင်
crd
စာအုပ်စင်

Zawgyi Version

သူေတာ္ငေတ၏မေၾကာက္တရား(စ/ဆံုး)
————————————————

ကြၽႏ္ုပ္ တို႔ ႐ြာ ႏွင့္ လယ္ကြင္းႀကီး တစ္ကြင္း သာ ျခား ေနေသာ ကညင္စု ယာတဲ တြင္ ေႏြ တစ္ည ၌ အသုဘ တစ္ခု ျဖစ္သည္ ။ ေသသြားသူ မွာ မုဆိုးမ ေဒၚထား ၏ သား ေမာင္ေအာင္ပြင့္ ျဖစ္၏ ။ သူ သည္ ေနမြန္းေစာင္းႀကီး ေလာက္ တြင္ ေတာ ထဲ ထင္း သြား တိုက္သည္ ။ အျပန္ တြင္ ပူလြန္း အိုက္လြန္း သည္ ဟု ဆိုၿပီး ေခ်ာင္း ထဲ ေရ ဆင္း ခ်ိဳးသည္ ။ ည က် လွ်င္ အျပင္း ဖ်ား ၿပီး ႐ုတ္တရက္ ေသဆုံး သြား၏ ။
လူပ်ိဳကာလသား ေမာင္ေအာင္ပြင့္ ႏွင့္ သူေတာ္ငေတ တို႔ မွာ ေဆြမ်ိဳး နီးစပ္ ေတာ္ ၾကသည္ ။ ထို႔ေၾကာင့္ လည္း ေမာင္ေအာင္ပြင့္ အေလာင္း ရွိ ရာ ယာတဲ ထဲ သို႔ ည အခါ သူေတာ္ငေတ ေရာက္ လာသည္ ။ ေမာင္ေအာင္ပြင့္ ၏ အေမ သူ႔ ႏွမ ေတာ္သူ အား ေမာင္ေအာင္ပြင့္ ေသဆုံးရ သည္ ႏွင့္ ပတ္သက္၍ သတင္း ေမး ၊ အသုဘ ရႈ ရန္ လာျခင္း ျဖစ္ေပမည္ ။
ေမာင္ေအာင္ပြင့္ အသုဘ သို႔ သူေတာ္ငေတ ေရာက္လာခ်ိန္ မွာ ည ခုနစ္နာရီ ေက်ာ္
ရွစ္နာရီ ခန႔္ ျဖစ္သည္ ။ ေမာင္ေအာင္ပြင့္ ၏ အေလာင္း ကို ေတာ ထုံးစံ အတိုင္း ႐ြာ ထဲ သို႔ လည္း အသြင္း မခံၾက သျဖင့္ ယာတဲ ၌ ပင္ အေလာင္း ျပင္ ထားၾကသည္ ။
ေမာင္ေအာင္ပြင့္ အေလာင္း နား တြင္ ဆီမီးခြက္ေလး တစ္လုံး သာ မွိတ္တုတ္ မွိတ္တုတ္ ထြန္း ထားၿပီး ႐ြာသားႀကီး သုံးေလးေယာက္ က အာလာပ သလႅာပ ထိုင္ ေျပာ ေနၾက သည္ ။ ထို ႐ြာသားႀကီး သုံးေလးေယာက္ ထဲ တြင္ ဦးၾကာပန္း ဆိုသူ လူျပန္ေတာ္ ပၪၥင္းလူထြက္ တစ္ေယာက္ လည္း ပါသည္ ။ ဦးၾကာပန္း မွာ ရပ္႐ြာ ၌ စာတတ္ ေပတတ္ ဟု သတ္မွတ္ ခံထားရ သူ ျဖစ္၏ ။ ထို႔ေၾကာင့္လည္း ဦးၾကာပန္း မွာ ဘယ္ အသုဘ ျဖစ္ျဖစ္ အၿမဲ လိုလို ေခါင္းရင္းခန္း ထိုင္ ၍ တရားဓမၼ ႏွင့္ ပတ္သက္သည္ မ်ား ကို ေျပာဆိုေနက် ျဖစ္သည္ ။ ယခု လည္း သူ႔ ထုံးစံ အတိုင္း က်န္ ႐ြာသား ႏွစ္ေယာက္ သုံးေယာက္ အား အာေပါင္ အာရင္း သန္သန္ ႏွင့္ ေသျခင္းတရား ႏွင့္ ပတ္သက္ေသာ သံေဝဂ ရဖြယ္ တရား စကားမ်ား ကို ေျပာဆို ေနေလသည္ ။
အထူးသျဖင့္ ယခု ေသဆုံး သြားသူ ေမာင္ေအာင္ပြင့္ မွာ လူပ်ိဳကာလသား အ႐ြယ္ ေကာင္း အခ်ိန္ တြင္ ေသဆုံးရျခင္း ျဖစ္ သျဖင့္ ေျဖ မဆည္ႏိုင္ ျဖစ္ ေန ရွာ ေသာ မုဆိုးမ ေဒၚထား ကို ဦးၾကာပန္း က တရားခ် စကား ဆို ေနသည္ ။
“ မထား ေရ ၊ လူေတြ အားလုံး ဟာ ေသမ်ိဳးခ်ည္း ပဲ ဟ ။ ဇာတိ ျဖစ္ လာရင္ ဇရာမရဏ ဆိုတာ ေျမႀကီး လက္ခတ္ မလြဲ ေတြ႕ႀကဳံရၿမဲ ဓမၼတာ ပါ ။ ေသျခင္း နဲ႔ … ”
“ ဒါ ၊ ဒါကို ကြၽန္မ လည္း သိပါတယ္ ကိုႀကီးၾကာပန္း ရယ္ ၊ ဒါ .. ဒါေပမဲ့ ကြၽန္မ သားေလး က ႏုတုန္း ပ်ိဳတုန္း ငယ္ငယ္႐ြယ္႐ြယ္ေလး နဲ႔ ႐ုတ္တရက္ ဆုံးပါး သြားတာ ၊ ကြၽန္ … ကြၽန္မ မေျဖႏိုင္လြန္းလို႔ပါ ”
“ ဟဲ့ မိထား ၊ ေသျခင္းတရား ဆိုတာ ငယ္တယ္ ႀကီးတယ္ ရယ္ ဘယ္ ဟုတ္ မလဲ ဟ ။ ကံ ကုန္ရင္ လူတိုင္း ေသၾက ရမွာပဲ ၊ အမွည့္ တဝင္းဝင္း အကင္း တၿဖိဳက္ၿဖိဳက္ ဆို မဟုတ္ဘူးလား ဟ ။ ေသျခင္းတရား ဆိုတာ ေလးမ်ိဳး ရွိတယ္ ။ ကံ ကုန္ လို႔ ေသျခင္း ၊ သက္တမ္း ကုန္ လို႔ ေသျခင္း ၊ အသက္ ကံ ႏွစ္ပါး ကုန္လို႔ ေသ … ေသ ၊ အဲ … ”
သူေတာ္ငေတ ယာတဲ ေပၚ တက္ လာသည္ ကို ျမင္ သျဖင့္ ဦးၾကာပန္း က တုံ႔ဆိုင္း သြားေလသည္ ။ ဦးၾကာပန္း ႏွင့္ သူေတာ္ငေတ တို႔ မွာ ငယ္စဥ္ က ပင္ သူ ျဖဴ လွ်င္ ငါ မည္း ဘု ႏွင့္ ေဘာက္ ခ်ည္း ျဖစ္ ၾကရာ ဦးၾကာပန္း ၏ စကား ကို ၿခံဝ က ပင္ ၾကား ေန ရေသာ သူေတာ္ငေတ က လည္း ထိုင္ ပင္ မထိုင္ေသး –
“ ဘာ ကံ ကုန္လို႔ ေသတာ မွ မဟုတ္ဘူး ၊ က်ဳပ္ ၾကား ေတာ့ ေရခ်ိဳး မွားလို႔ ေသတယ္ ဆိုဗ် ”
ဟု လွမ္း ေျပာလိုက္ရာ ဤ သူေတာ္ ခြစကား ေျပာၿပီ ဟု သိလိုက္ သျဖင့္ ဦးၾကာပန္း ေဒါသ ျဖစ္ သြား၏ ။ သို႔ေသာ္ ေသသူ မွာ သူ႔ ေဆြမ်ိဳး ျဖစ္ေန သျဖင့္ ဦးၾကာပန္း က သူေတာ္ငေတ ကို အဖက္ လုပ္ၿပီး မေျပာခ်င္ သလို ခဏ ၿငိမ္ ေန လိုက္သည္ ။
ထိုအခါ သူေတာ္ငေတ က –
“ မသာအိမ္ လာၿပီး ေတာေျပာ ေတာင္ေျပာ ဘာ ကံ ကုန္တာလဲ ၊ ခု က်ဳပ္ တူ ေသရတာ မေသသင့္ ဘဲ ေသရတာ ။ မဆင္မျခင္ ေရခ်ိဳး မွား လို႔ ေသ တာ ။ အေမ လုပ္တဲ့ သူ က လည္း ဆုံးမ မၫႊန္ျပ တတ္ဘူး ။ ကေလး က မသိ လို႔ ေနပူ ထဲ က လာၿပီး ေရခ်ိဳး မွာ ကို ဟန႔္တား ေျပာဆိုရမွန္း မသိဘူး ။ ေနပူ ထဲ က လာၿပီး ေရ ခ်ိဳး လိုက္ေတာ့ အပူ နဲ႔ အေအး ဆန႔္က်င္ဘက္ ျဖစ္ၿပီး ေသေတာ့တာ ေပါ့ ။ လူ ရဲ႕ ခႏၶာကိုယ္ ဆိုတာ က ပထဝီ ၊ ေတေဇာ ၊ အာေပါ ဝါေယာ ဆိုတဲ့ ဓာတ္ႀကီးေလးပါး နဲ႔ ဖြဲ႕စည္း ထားတာဗ် ၊ ခင္ဗ်ား ဘာ ေျပာ
ဦးမလဲ ကိုၾကာပန္း ”
“ က်ဳပ္ က ဘာ ေျပာလို႔လဲ ”
“ ေဟာဗ်ာ ၊ ေစာေစာ က ပဲ က်ဳပ္ တူ ေမာင္ေအာင္ပြင့္ ကို ခင္ဗ်ား ပဲ ကံ ကုန္ လို႔ ေသတယ္ ဆို ဗ် ”
“ မဟုတ္ဘူးလား ၊ ကံ မကုန္ဘဲ လူ က ဘယ္လိုလုပ္ ေသ မလဲ ”
“ ဟင္ ၊ ေစာေစာက ခင္ဗ်ား ေျပာေန တဲ့ ေသျခင္းတရား ေလးပါး ထဲ မွာ ဥပေစၦဒကကံ ဆိုတာ ဘယ္ သြား ထား မလဲ ”
သူေတာ္ငေတ က ဦးၾကာပန္း နား ကို ဖင္ ေ႐ႊ႕ တိုး လာ၍ ဦးၾကာပန္း မ်က္ႏွာ ကို ေစ့ေစ့ ၾကည့္ ကာ ေမး လိုက္သည္ ။
“ သိပ္ သိတာေပါ့ ၊ ဥပေစၦဒကကံ ဆိုတာ အဲသလို ဥပေစၦဒကကံ နဲ႔ ကို ေသရမယ့္ လူ မို႔ ေသ ကို ေသရတာေလဗ်ာ ဦးသူေတာ္ ”
“ ခင္ဗ်ား မေသမခ်င္း မွတ္ထား ၊ ဥပေစၦဒကကံ ဆိုတာ ဆင္ျခင္တတ္ ရင္ ေရွာင္လႊဲ လို႔ ရတယ္ဗ် ”
“ ဥပေစၦဒကကံ ပါ လာ ပါတယ္ ဆိုတာ ဘယ္လို ေရွာင္လႊဲမလဲ ”
“ နား ေဝးလိုက္တာ ၊ ဥပမာ ကဲ ခု ခင္ဗ်ား ကို က်ဳပ္ ဓား နဲ႔ ခုတ္မယ္ ၊ ခင္ဗ်ား အခုတ္ ခံ ရင္ ေသ မွာပဲ ၊ အခုတ္ မခံရင္ ေသမလား ။ ကဲ ေျပာ ၊ ဓား ခုတ္ခံ – ေသရတာ ဥပေစၦဒကကံ မဟုတ္လား ”
“ ဒါ ၊ ဒါ ၊ ဦးသူေတာ္ ကတ္ဖဲ့ လုပ္ ေျပာတာပဲ ၊ က်ဳပ္ ေျပာတာ က ”
“ က်ဳပ္ က ကတ္ဖဲ့ လု ပ္ေျပာတာ မဟုတ္ဘူး ။ ခင္ဗ်ား သာ ကံတရား ဆိုတာ ဘာမွန္း မသိ ဘဲ နဲ႔ ေတာေျပာ ေတာင္ေျပာ လူေတြ ကို ေလွ်ာက္ ေျပာ ေနတာ ”
ဦးၾကာပန္း က သူေတာ္ငေတ ႏွင့္ အဖက္လုပ္ ေျပာ ေနလွ်င္ စကား မ်ား ရန္ျဖစ္ၾက႐ုံ သာ ရွိသည္ ကို သိ သျဖင့္ တစ္ဆင့္ ေလွ်ာ့ ၍ –
“ က်ဳပ္ သိ သေလာက္ ေျပာ ေဟာ ျပတဲ့ သေဘာပါ ဗ်ာ ၊ ဦးသူေတာ္ လို က်ဳပ္ က စာေပက်မ္းဂန္ မႏွံ႔စပ္ ေတာ့ လည္း လြဲမွားတာ ပါေကာင္း ပါမွာ ေပါ့ဗ်ာ ” ဟု ေလသံေပ်ာ့ ႏွင့္ ျပန္ ေျပာ လိုက္၏ ။
“ ဟဲ ဟဲ အဲသလို ဝန္ခံစမ္းပါ ။ ခင္ဗ်ား ေတာေျပာ ေတာင္ေျပာ ေျပာ လာတာ မ်ားၿပီ ။ မသာ တိုင္း ခင္ဗ်ား စကားခ်ည္း ပဲ ”
ဟု သူေတာ္ငေတ က ဦးၾကာပန္း ကို တမင္ ေဒါ သျဖစ္ေအာင္ စ လိုက္ ျပန္သည္ ။
ဤသည္ ကို ပင္ ဦးၾကာပန္း က လည္း –
“ ဦးသူေတာ္ တမင္ က်ဳပ္ ကို ေဒါသ ျဖစ္ ေအာင္ စ ေနတယ္ ဆိုတာ က်ဳပ္ သိပါတယ္ ။ က်ဳပ္ က ေတာ့ ဘယ္သူ ဘာပဲ ေျပာေျပာ ေဒါသ မႀကီးတတ္ပါဘူး ။ ေဒါသ ႀကီးတဲ့ လူ ဟာ ေလာဘ ေမာဟ ႀကီးၿပီး အတၱ လည္း ႀကီးတယ္ ။ အတၱႀကီး တဲ့ လူ ဟာ ေသျခင္းတရား နဲ႔ ရင္ဆိုင္ ေတြ႕တဲ့ အခါ အေၾကာက္ လည္း ႀကီးတတ္တယ္ တဲ့ ဗ် ”
သူ ငယ္စဥ္ က ေတေတေပေပ ႏွင့္ ေဒါသ ႀကီး ခဲ့ ေၾကာင္း ကို ရည္႐ြယ္ၿပီး ဦးၾကာပန္း ေျပာ ေနမွန္း သိ ေသာ သူေတာ္ငေတ က –
“ ကိုၾကာပန္း ၊ ခင္ဗ်ား က ေတာ့ ေသျခင္းတရား ကို မေၾကာက္ဘူး ေပါ့ေနာ္ ”
“ လုံးဝ မေၾကာက္ဘူးရယ္ လို႔ ေတာ့ ဘယ္ ဟုတ္မလဲ ဦးသူေတာ္ ရယ္ ။ က်ဳပ္ လည္း ပုထုဇဥ္ ပဲ ဗ် ။ ေၾကာက္ေတာ့ ေၾကာက္တာ ေပါ့ ။ ဒါေပမဲ့ က်ဳပ္ က ေတာ့ ဆင္ဆင္ျခင္ျခင္ နဲ႔ ေၾကာက္သင့္ မွ ေၾကာက္တာ ”
“ ဟုတ္လား ၊ ဒါဆို ခင္ဗ်ား ခု က်ဳပ္ တူ မသာအေလာင္း ကို မေၾကာက္ဘူး လား ”
“ မသာ ကို ဘာ ေၾကာက္စရာ ရွိလဲ ဗ်ာ ၊ လူတိုင္း တစ္ေန႔ က် မသာ ျဖစ္ၾကရမွာပဲ ”
“ ဟုတ္လိုက္ေလ ဗ်ာ ၊ ဒါဆို ခင္ဗ်ား ဒီ ည မသာေစာင့္ အိပ္ေပါ့ေနာ္ ”
“ ေစာင့္ အိပ္မလို႔ လာတာပဲ ”
“ ေက်းဇူးပဲ ကိုၾကာပန္း ရယ္ ၊ က်ဳပ္ က လည္း က်ဳပ္ တူ မသာ က ႐ြာ ထဲ လည္း အသြင္း မခံၾကေတာ့ ေစာင့္ အိပ္ ေပးမယ့္ လူ မွ ရွိပါ့ မလား လို႔ ၊ မသာေစာင့္ အိပ္ ေပးရေအာင္ လာ တာ ၊ ခု ခင္ဗ်ား ေစာင့္အိပ္ေပးမယ္ ဆို ေတာ့ က်ဳပ္ ျပန္မယ္ ”
“ ဟာ ဦးသူေတာ္ ၊ လာ လက္စ နဲ႔ မျပန္ပါနဲ႔ေတာ့ ။ ဦးၾကာပန္း နဲ႔ ဦးသူေတာ္ တို႔ ဒီ ည ေတာ့ ေစာင့္ အိပ္ လိုက္ၾကဗ်ာ ။ မနက္ျဖန္ က် ေတာ့ က်ဳပ္တို႔ တစ္လွည့္ ေစာင့္ ပါ့မယ္ ။ မနက္ မွာ မင္း႐ြာ ကို င႐ုတ္ သြား ေရာင္းစရာ ရွိ လို႔ပါ ။ ဒီ ည ေတာ့ က်ဳပ္ ျပန္ပါရေစ ”
င႐ုတ္ ေရာင္းစရာ ရွိသည္ ဆိုေသာ ဦးေကာင္းလွ က ေျပာလိုက္ေသာ အခါ မသာေစာင့္ အိပ္ရန္ လာ ၾကရေသာ ေနာက္႐ြာသားႀကီး ႏွစ္ေယာက္ က လည္း ထင္းတိုက္ သြားရန္ ရွိ၍ ျပန္ပါရေစ ဤ ေန႔ ည တြင္ ဦးသူေတာ္ ႏွင့္ ဦးၾကာပန္း တို႔ ပဲ ေစာင့္ၾကပါ ။ မနက္ျဖန္ မွ သူတို႔ ေစာင့္မည္ ဟု ေျပာၿပီး ျပန္ သြားၾကသည္ ။
သည္လိုႏွင့္ မသာ အသုဘ ယာတဲ မွာ ႐ြာ ႏွင့္ လည္း အတန္ လွမ္း ေနေလ ရာ သက္ႀကီး ေခါင္းခ် ခ်ိန္ မေရာက္ တေရာက္ မွာ ပင္ အသုဘ သတင္း လာ ေမးသူမ်ား မွာ လည္း အလွ်ိဳအလွ်ိဳ ျပန္ သြားၾက ေသာ အခါ ေမာင္ေအာင္ပြင့္ အေမ ပါ ႐ြာ ထဲ ျပန္ လိုက္သြား သျဖင့္ မသာတဲ မွာ ဦးၾကာပန္း ႏွင့္ သူေတာ္ငေတ တို႔ ႏွစ္ေယာက္ သာ က်န္ လိုက္ၾကသည္ ။
ထိုအခါ သူေတာ္ငေတ က –
“ ကိုၾကာပန္း ၊ ခင္ဗ်ား လူေသ အေလာင္းေတြ ဘာေတြ ဖုတ္ဝင္တယ္ ဆိုတာ ယုံလားဗ် ”
ဟု ေမး၏ ။
သူေတာ္ငေတ ဘာ ရည္႐ြယ္ခ်က္ ႏွင့္ ေမးပါလိမ့္ ဟု စိတ္ထဲ ထင့္ခနဲ ေတာ့ ျဖစ္သြားေလ၏ ။ သို႔ေသာ္ သူ က မသာအေလာင္း ကို ေၾကာက္စရာ မဟုတ္ေၾကာင္း လည္း ေစာေစာက ေျပာထား ေလ ရာ –
“ အလကား ေပါက္ကရေတြ ေျပာၾကတာပါဗ်ာ ။ လူေသအေလာင္း ဖုတ္ ဝင္တယ္ ဆိုတာ ဘယ္လူ ျမင္ဖူးလို႔လဲ ”
ဟု ျပန္ ေျပာလိုက္၏ ။
“ တခ်ိဳ႕က ေတာ့ လူေသအေလာင္း ကို ေၾကာင္ ေက်ာ္ ရင္ ဖုတ္ ဝင္တတ္တယ္ လို႔ ယုံၾကည္ၾကတယ္ ဗ် ။ အဲဒါေၾကာင့္ လည္း ခု ခင္ဗ်ား နဲ႔ က်ဳပ္ ေစာင့္ အိပ္ သလို မသာအေလာင္း ကို ေစာင့္ အိပ္ၾကတဲ့ အေလ့အထ ျဖစ္လာတယ္တဲ့ ဗ် ”
“ အလကားပါ ဦးသူေတာ္ ရာ ၊ က်ဳပ္ ေတာ့ မယုံပါဘူး ”
“ မယုံဘူး လို႔ ကံေသ ကံမ လည္း မေျပာနဲ႔ဦးဗ် ။ ေရွ႕တုန္း က လူေတြ ေသ ရင္ ေခါင္ရန္းပန္း နီနီရဲရဲ ပန္ ေပး လိုက္တာနဲ႔ မသာ က သူ႔ ဘာသာ သူ သခ်ႋဳင္း ကို ထြက္သြားတယ္ တဲ့ ။ ဟိုတုန္း က အဲဒီ နည္း နဲ႔ အသုဘ ခ်ၾကတာတဲ့ ဗ်ာ ။ ဟိုတုန္း က လူ ေသရင္ သြား ျမႇဳပ္တဲ့ အေလ့အထ မရွိဘူးတဲ့ ေလ ”
“ အလကား ေျပာၾကတာပါဗ်ာ မျဖစ္ႏိုင္ပါဘူး ”
“ ဟဲ ဟဲ ၊ က်ဳပ္ က လက္ေတြ႕သမား ဆိုေတာ့ အမွန္တကယ္ ဟုတ္ မဟုတ္ ခင္ဗ်ား နဲ႔ က်ဳပ္ ဒီ ည စမ္း ၾကည့္ၾကရင္ မေကာင္းဘူးလား ဗ်ာ ”
သူေတာ္ငေတ မွာ ေပါက္ကရ အင္မတန္ လုပ္တတ္ သူ မို႔ ဦးၾကာပန္း မွာ ခ်က္ခ်င္း ေက်ာခ်မ္း သြားၿပီး –
“ ေပါက္ကရ မလုပ္စမ္းပါနဲ႔ ဗ်ာ ၊ အေတာ္ၾကာ က်ဳပ္တို႔ တရားခံ ျဖစ္ေနပါဦးမယ္ ”
ဟု ကမန္းကတန္း ဟန႔္တား လိုက္ရေလသည္ ။
ဤသည္ ကို သူေတာ္ငေတ က ေတာ့ တဟဲဟဲ ရယ္ ေနေလ၏ ။
သည္လိုႏွင့္ ဦးၾကာပန္း ႏွင့္ သူေတာ္ငေတ တို႔ သည္ ေမာင္ေအာင္ပြင့္ အေလာင္း နား တြင္ ဘယ္ တစ္ေယာက္ ညာ တစ္ေယာက္ ေက်ာ ခ် ရင္း မသာ ေစာင့္ ေနၾကသည္ ။ အခ်ိန္ မွာ သန္းေခါင္ နီးပါး ခန႔္ ရွိေနၿပီ ျဖစ္ ရာ ဦးၾကာပန္း မွာ သူေတာ္ငေတ ေပါက္ကရ ထ လုပ္မွာ စိုး၍ သတိ ႏွင့္ နားစြင့္ ေန၏ ။ သန္းေခါင္ေက်ာ္ ေသာ အခါ ဦးၾကာပန္း ေမွးခနဲ ေမွးျဖစ္ သြားသည္ ။ ထိုအခ်ိန္ မွာ ပင္ ေခြးေတြ အူသံ ေၾကာင့္ ဦးၾကာပန္း လန႔္ ႏိုးလာ၏ ။
ဖ်ိဳးဖ်ိဳးဖ်ပ္ဖ်ပ္ အသံ ၾကား ၍ ေမာင္ေအာင္ပြင့္ အေလာင္းစင္ ဘက္ လွည့္ ၾကည့္ လိုက္ရာ ေမာင္ေအာင္ပြင့္ အေလာင္း မွာ ဖူးဖူးေရာင္ ေနသလို အုပ္ ထားေသာ ေစာင္ ထဲ မွ လက္ တစ္ဖက္ ထုတ္ ကာ ယပ္ခတ္ ေနေလသည္ ။
ဦးၾကာပန္း မွာ ခ်က္ခ်င္း ေခါင္းနားပန္း ႀကီးသြား၏ ။ ညဦး က လူေသအေလာင္း ဖုတ္ ဝင္တာ ဟုတ္ မဟုတ္ ဒီ ည စမ္း ၾကည့္ရေအာင္ ဟု လည္း သူေတာ္ငေတ က ေျပာ ထား ေလရာ သူေတာ္ငေတ ေတာ့ ေပါက္ကရ လုပ္ၿပီ ဟု ခ်က္ခ်င္း တစ္ကိုယ္လုံး ၾကက္သီး ထ ကာ ေဇာေခြၽး ေတြ ျပန္ လာ၏ ။
သူေတာ္ငေတ သည္ ယခင့္ ယခင္ က မည္သည့္ အသုဘ မွ် ေရာက္ မလာ ယခု မသာ မွာ မွ တူ ေတာ္သည္ ကို အေၾကာင္း ရွာ ၿပီး ေရာက္လာျခင္း မွာ ေဆးဝါး တစ္ခု ခု ျပဳလုပ္ရန္ အႀကံအစည္ ႏွင့္ လာျခင္း ျဖစ္ရမည္ ဟု ေတြး ၿပီး မသာ အေလာင္းေကာင္ ဘက္ ကို လွမ္း ၾကည့္ လိုက္ ျပန္ရာ မသာ မွာ လက္ တစ္ဖက္ ထုတ္ ၍ ယပ္ခတ္ ေနသည္ မွာ အမွန္ပင္ ျဖစ္ ေလသည္ ။
သည္အတိုင္း ဆို လွ်င္ သူေတာ္ငေတ ေဆး စီရင္ ထားေသာ ေမာင္ေအာင္ပြင့္ အေလာင္း မွာ သူ႔ လည္ပင္း ကို ပင္ လာ ညႇစ္ေလမလား ဟု အေၾကာက္ႀကီး ေၾကာက္ လာ ကာ ေျပး မွ ျဖစ္ေတာ့မည္ ဟု မသိမသာ ကုန္း ထ လိုက္ရာ ေမာင္ေအာင္ပြင့္ မသာ က လည္း ကုန္း ထ လာသည္ ။
“ ဟိုက္ ” ဟူေသာ အာေမဍိတ္သံ ႏွင့္ အတူ ဦးၾကာပန္း ယာတဲ ေပၚ က ခ်က္ခ်င္း ဆင္းေျပး ေလသည္ ။ ဝုန္းဝုန္းဒိုင္းဒိုင္း ၾကမ္းခင္း ကို ဖေနာင့္ ေပါက္လိုက္သံ ႏွင့္ အတူ မသာ အေလာင္းေကာင္ႀကီး က သူ႔ ေနာက္ ဆင္း လိုက္လာပလား ဟု ေနာက္ျပန္ တစ္ခ်က္ လွည့္ ၾကည့္ လိုက္ရာ ေစာင္ ေခါင္းၿမီးၿခဳံ ထားေသာ ေမာင္ေအာင္ပြင့္ အေလာင္းေကာင္ႀကီး မွာ အမွန္ ပင္ သူ႔ ေနာက္ လိုက္ လာ ေလသည္ ။
“ ကူၾကပါဦး ဗ်ိဳ႕ ၊ ကယ္ၾကပါဦး ၊ ေမာင္ေအာင္ပြင့္ မသာ ငေတ လုပ္လိုက္ လို႔ ဖုတ္ ဝင္လာၿပီး က်ဳပ္ ေနာက္ ကို လိုက္လာ ေနၿပီ ။ လုပ္ လုပ္ၾကပါဦး ၊ ကယ္ၾကပါဦး ”
ေအာ္ လည္း ေအာ္ ေျပး လည္း ေျပး ႏွင့္ ဦးၾကာပန္း သည္ ေမာင္ေအာင္ပြင့္ မသာ ရွိရာ ကညင္စု မွ ကြင္းျပင္ ကို ျဖတ္ကာ ယာေတာင္႐ြာ ဘက္ ေအာ္ ေျပး လာသည္ ။ ဦးၾကာပန္း ေအာ္ေျပး လာ သံ ကို ၾကားလိုက္ရ ေသာ အခါ ႐ြာသူ ႐ြာသားေတြ မွာ လည္း အထိတ္တလန႔္ ႏိုး လာၾကၿပီး ႐ြာ က ေျပးထြက္ ၾကည့္ ၾကသည္ ။
“ ကူၾကပါဦး ဗ်ိဳ႕ … ကယ္ၾကပါဦး ။ ေမာင္ေအာင္ပြင့္မသာ ငေတ လုပ္ လိုက္လို႔ ဖုတ္ဝ င္လာၿပီ ၊ က်ဳပ္ ေနာက္ ကို လိုက္ လာေနၿပီ ကယ္ၾကပါဦး ”
ေမာင္ေအာင္ပြင့္ မသာ ရွိရာ ကညင္စု မွ လယ္ကြင္း ကို ျဖတ္ ေျပးလာေသာ ဦးၾကာပန္း ကို ႐ြာ အစ မွ ထြက္ ၾကည့္ ၾကသူမ်ား ဝိုင္း ဖမ္းခ်ဳပ္ လိုက္ၾကၿပီး –
“ ဟင္ ဘယ္မွာလဲ ၊ ေမာင္ေအာင္ပြင့္ မသာ ဖုတ္ေကာင္ ”
ဟု ဝိုင္း ေမးၾကရာ ဦးၾကာပန္း သည္ ေနာက္ သို႔ လွည့္ ၾကည့္ ကာ –
“ အမယ္ေလး … ေလး ဟို ဟိုမွာ မသာဖုတ္ေကာင္ လယ္ကြင္း ထဲ ရပ္ ေနတာ ခင္ … ခင္ဗ်ား တို႔ မျမင္ၾကဘူးလား ”
ဟု ေဟာဟဲ ဆိုက္ကာ လက္ညႇိဳး ထိုး ျပၿပီး ေျပာ လိုက္၏ ။
လူေတြ အားလုံး မွာ –
“ ဟိုက္ ၊ ဟာ တကယ္ပဲ တကယ္ပဲ ”
ဟု ဝိုင္း ေအာ္လိုက္ၾက ျပန္သည္ ။ လဆန္း ကိုးရက္လ ၏ လေရာင္ ပ်ပ် ထဲ တြင္ တကယ္ ပင္ လယ္ကြင္း ထဲ ရွိ ကန္သင္း ေပၚ တြင္ ေမာင္ေအာင္ပြင့္ မသာ ဖုတ္ေကာင္ ရပ္ ေနသည္ ကို ျမင္လိုက္ၾက ရသည္ ။
“ ဟာ တကယ္ပါ ၊ တကယ္ပဲ ။ ေမာင္ေအာင္ပြင့္ မသာဖုတ္ေကာင္ လယ္ကြင္း ထဲ မွာ ရပ္ေနတယ္ ဗ်ိဳ႕ ဟိုမွာ ၊ ဟိုမွာ ”
အေၾကာက္ ႀကီးေသာ ႐ြာသားႀကီး တစ္ေယာက္ ၏ စကား မဆုံးမီ ပင္ –
“ ဘယ္မွာလဲ ဗ် ၊ ေမာင္ေအာင္ပြင့္ မသာ ဖုတ္ေကာင္ ၊ က်ဳပ္ ပါ ဗ် ”
ဟု သူေတာ္ငေတ က ေျပာ လည္း ေျပာ ၊ ႐ြာ ဘက္ ကို လည္း ေလွ်ာက္ လာ ရာ သူေတာ္ငေတ အသံ ကို မွတ္မိ ေသာ ႐ြာလူႀကီး တစ္ေယာက္ က –
“ ဦးသူေတာ္ ၊ မလုပ္ေကာင္း လုပ္ေကာင္း မသိဗ်ာ ။ ဘာလို႔ မသာ ရွိေန တုန္း မဟုတ္တ႐ုတ္ လိုက္ လုပ္ေနတာလဲ ”
ဟု မာန္သလို ေျပာ လိုက္၏ ။
“ က်ဳပ္ က မဟုတ္တ႐ုတ္ လိုက္ လုပ္တာ မဟုတ္ဘူး ၊ ခင္ဗ်ားတို႔ ဦးၾကာပန္း က မသာ ကို မေၾကာက္ပါဘူး ေျပာ လို႔ ဒီ လူ တကယ္ ေၾကာက္ မေၾကာက္ က်ဳပ္ စမ္း ၾကည့္တာပါ ဗ်ာ ။
ခု ဘယ္မွာလဲ ဦးၾကာပန္း ၊ ခင္ဗ်ား မေၾကာက္ဘူး ဆို ဗ် ။ ဆင္ဆင္ျခင္ျခင္ ပဲ ေၾကာက္ရတယ္ ဆိုဗ် ။ ခု က်ဳပ္ ေမာင္ေအာင္ပြင့္ အေလာင္း ေပၚ တက္ အိပ္ ၊ ကမၼ႒ာန္း ရႈၿပီး ပူ လို႔ ယပ္ခတ္ ေနတာ ေၾကာက္စရာလား ဗ် ဟဲ ဟဲ ။ သူရဲေကာင္းႀကီး ေအာ္ ေျပး လိုက္တာ
ခုဆို က်ဳပ္တူ ေမာင္ေအာင္ပြင့္ အေလာင္းေကာင္ တကယ္ ဖုတ္ ဝင္ သြားၿပီလား မသိဘူး ၊ ျမန္ျမန္ သြား ၾကည့္လိုက္မွ ဗ်ိဳ႕ ၊ ဦးၾကာပန္း လိုက္ဦး မလား မသာေစာင့္ ေလ ဟား ဟား ”
ဟု ေျပာကာ သူေတာ္ငေတ သည္ သူ႔ တူ ေမာင္ေအာင္ပြင့္ အေလာင္း ရွိရာ ကညင္စု သို႔ ျပန္ သြားေလသည္ ။
ေဝယံလင္းေခါင္
crd
စာအုပ္စင္