“ကဝေ”(စ/ဆုံး)

Unicode Version

“ကဝေ”(စ/ဆုံး)
——————-
ဝိညာဉ်စုတ်တဲ့ နတ်မိစ္ဆာကြီးကို ငရဲပို့ဖို့
အဘိုးဆရာကြီးအဖေရှင်ကိုယ်တိုင်ကြွ
လာခဲ့ရတယ်။

လူသတ်မိစ္ဆာကြီးကို ကျုပ်ကိုယ်တိုင်
အဝီစိက တက်လာတဲ့ ငရဲမီးတောက်ထဲ
ကို ပစ်ထည့်ခဲ့တယ်။ ကိစ္စပြီးတာနဲ့ အ
ဘိုးဆရာကြီးလည်း ပြန်ကြွသွားပြီး
ကျုပ်လည်း အိမ်ပြန်ခဲ့တယ်။

ဒီတော့မှ အနယ်ထိုင်နေပြီဖြစ်တဲ့ ကျုပ်
ရဲ့ နှလုံးအိမ်မှာ အနယ်တွေ ပြန်ထခဲ့တော့
တာပေါ့ဗျာ။ ကျုပ်ရင်နဲ့အမျှ ချစ်ခဲ့ရတဲ့
လှယဉ်ကို ကျုပ်သတိရတယ်။ လွမ်း
တယ်။ အမှန်အတိုင်း ပြောရရင် တာ
တေ့ ရင်ထဲမှာ ဆို့နင့်နေအောင် လွမ်းရ
ပြန်ပြီဗျာ။

လှယဉ်ရဲ့မောင် သံခဲရောက်လာတာက
စတာပေါ့ဗျာ။ သံခဲ အိမ်ပေါ်ကို တက်
လာကတည်းက ကျုပ်ရင်တွေ ဗလောင်
ဆူတော့တာဗျ။ သံခဲကလည်း သူ့ချစ်သူ
ခင်သိန်းနွယ် ကောက်ကာငင်ကာထရူး
သွားတော့ သူကိုယ်တိုင် ရူးမတတ် ခံ
စားရတော့တာပေါ့ဗျာ။

သူ့မှာလည်း အားကိုးစရာဆိုလို့ ကျုပ်ပဲ
ရှိတာလေ။ ကျုပ်ဆီကို ပြေးချလာတော့
တာပေါ့။ ဒီတော့လည်း ကျုပ်ရင်ထဲမှာ
အတိတ်တွေက အရိပ်တွေ ပြန်ပေါ်လာ
ရောဗျာ။ လှယဉ်ကို သတိရလိုက်၊ နဂါး
ဆေးပေါ့လိပ်ကလေး ကောက်ဖွာလိုက်
ပြန်ချထားလိုက်နဲ့ ကျုပ်စိတ်တွေ ဂဏှာ
မငြိမ်တော့ဘူးဗျာ။

“လွမ်းလိုက်တာ လှရယ်ရယ်”
.
ကျုပ်စိတ်ထဲမှာ အော်ပြောလိုက်တာဗျ။
အော်လိုက်တာမှ တကယ့်ကို အကျယ်ကြီး
ဗျ။ ဒါပေမဲ့ ကျုပ်ပဲ ကြားတာပေါ့ဗျာ။ခင်
ဗျားကို ကျုပ်ပြောရဦးမယ်ဗျ။ အမေဆို
တာ သားသမီးတွေအတွက် တုနှိုင်းစရာ
မရှိတဲ့ အနန္တမေတ္တာရှင်ပါဗျာ။ ကျုပ်ဂဏှာ
မငြိမ် ဖြစ်နေတာကို မသိမသာ အကဲခတ်
နေတာက ကျုပ်အမေဗျ။

“တာတေရေ၊ သေတဲ့လူတွေလည်း သေ
သွားပြီ၊ ကောင်းတဲ့သူတွေလည်း ကောင်း
သွားပြီ၊ နောက်ဆုံး နင်ရူးသွားဦးမယ်၊
သတိထားနော်”

“ဟာ…အမေကလည်းဗျာ ကျုပ် မရူးပါ
ဘူးဗျ”

“အေး..ရူးသာ မရူးတယ်၊ နင့်စိတ်တွေက
ဂဏှာမငြိမ်ကို ဖြစ်နေတာ ဘာလဲ နင်လှ
ယဉ်ကို သတိရလာပြန်ပြီလား”

“မဟုတ်ပါဘူးဗျာ”

ကျုပ်က အမေ့ကို ဗြောင်လိမ်လိုက်ရတယ်

“တာတေ ငါက နင့်ကို မွေးထုတ်ထားတဲ့
အမေဟဲ့၊ နင့်မျက်နှာတစ်ချက်ကြည့်တာ
နဲ့ နင်ဘာဖြစ်နေတယ်ဆိုတာ စိတ်ထဲမှာ
သိတယ်”

“သံခဲကိုတွေ့လိုက်တော့ ကျုပ် ကျုပ်လှ
ယဉ်ကို သတိရသွားလို့ဗျ”

ကျုပ်အသံက တိမ်ဝင်သွားတယ်။ ငိုသံ
မပါအောင် ကျုပ်မနည်းကို သတိထားပြီး
ပြောလိုက်ရတာဗျ။

“သြော်…ငါသားနှယ် ၊ ဒီဘဝမှာ နင်နဲ့ လှ
ယဉ်နဲ့က ဖူးစာဖက်ဖို့ကံမှ မပါခဲ့တာ၊ နောင်
ဘဝတွေ ဆုံပါစေလို့ ဆုတောင်းပေါ့ဟယ်”

ကျုပ်အမေ့ကို ဘာမှပြန်မပြောတော့ပါ
ဘူးဗျာ။ နဂါးဆေးပေါ့လိပ်ကလေးကိုပဲ
ဆက်တိုက်ဖွာနေလိုက်တော့တယ်။အ
လွမ်းဆိုတာ ထိုင်နေရင် ပိုလွမ်းတာပေါ့
ဗျာ။ ကျုပ်လုပ်စရာရှိတာတွေ ထလုပ်
တယ်။ အဘ ဆီကြိတ်မလို့လုပ်နေတာ
ကို ချက်ချင်းသွားပြီး ကူလိုက်တယ်။

ကျုပ်ဆီဆုံထဲကို နှမ်းထည့်တယ်။ အဘ
က ဆီစကြိတ်ပြီ၊ ကျုပ်က လိုတာတွေ
လိုက်လုပ်ပေးတယ်။ အလုပ်နဲ့ လက်နဲ့
မပြတ်အောင် လုပ်နေတော့ နည်းနည်း
တော့ ခံသာသွားတာပေါ့ဗျာ။

တစ်နေ့လုံး ဝိုင်းထဲမှာ အလုပ်ရှာပြီး လုပ်
နေလိုက်တယ်။ အလုပ်တွေကတော့ လုပ်
မယ်ဆိုရင် ရှိပြီးသားပေါ့ဗျာ။ တစ်နေ့လုံး
အလုပ်တွေ လုပ်ထားလို့လား မသိဘူးဗျ။
ညမိုးချုပ်တာနဲ့ အိပ်ချင်နေရောဗျို့။ကျုပ်
စောစောပဲ အိပ်ရာဝင်ခဲ့ရောဗျို့။ ကျုပ်တို့
တောအရပ်ဆိုတာက ကိုးနာရီလောက်ဆို
ရင် တော်တော်ကို ညဉ့်နက်နေပြီဗျ။ခေါင်း
အုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ တစ်ပြိုက်နက်တည်း
အိပ်ပျော်တော့တာဗျ။

အိမ်မက်ဗျ။ ကျုပ်အိပ်မက် မက်တာ ထူး
တော့ ထူးဆန်းသားဗျို့။ ကျုပ်မက်တဲ့ အိပ်
မက်က အသံချည်းမက်တာ။ ရုပ်မပါဘူး။
အသံက တိုးတိုးလေးကနေ တဖြည်းဖြည်း
ကျယ်လာတာဗျို့။ ကျုပ်က အသံကို သေ
သေချာချာ နားထောင်တယ်။ တစ်ခုခုတော့
ပြောနေတာဗျ။ ဟော ကြားလာရပြီ။ ကြား
လာရပြီ။

“တာတေ ကိုယ်ပွားနဲ့လာ၊ ရွှေတောင်ကုန်း
ဘုရားကို လာခဲ့”

ဟာ ဒါ ဒါ လှယဉ်ဗျ။ လှယဉ်အသံ။ ကျုပ်
လန့်နိုးသွားတယ်။ဒါ အိပ်မက်လား။ ကျုပ်
စိတ်စွဲတာလား ။ တစ်နေ့လုံး လှယဉ်ကို သ
တိရနေလို့ အိပ်မက် မက်တာထင်ပါတယ်
လို့ ကျုပ်တွေးပြီး ပြန်အိပ်လိုက်တယ်။

“တာတေ ရွှေတောင်ကုန်းဘုရားကို လာခဲ့၊
ကိုယ်ပွားနဲ့ လာ”

မက်ပြန်ပြီဗျို့။အိပ်လိုက်တိုင်း ဒီအိပ်မက်
ကိုပဲ ကျုပ်မက်နေတာဗျ။ ကျုပ်စဉ်းစား
တယ်။ တကယ်များလားလို့၊ ကျုပ်သွား
ရင် ကောင်းမလား။

ကိုယ်ပွားမထုတ်တော့ပါဘူးလို့ အမေ့ကို
ကတိပေးပြီးသားဗျ။ ကျုပ်ဘာလုပ်ရင်
ကောင်းမလဲ။ အို…သွားကြည့်လိုက်တာ
ကောင်းမယ်၊ ဘာမှမဟုတ်တော့လည်း
ချက်ချင်းပြန်လာတာပေါ့ဗျာ။

ကျုပ်မလုပ်တာ ကြာနေပြီဖြစ်တဲ့ ကိုယ်ပွား
ထုတ်တဲ့အလုပ်ကို ကျုပ်လုပ်လိုက်ပြီ၊ အိပ်
ရာထဲမှာ အိပ်နေတဲ့ ကျုပ်ကိုယ်ကို ကျုပ်ပြန်
မြင်နေရတယ်။ ရွှေတောင်ကုန်းဘုရားကို
ကျုပ်အာရုံညွှတ်လိုက်တယ်။ ရောက်ပြီ။

ဘုရားရင်ပြင်မှာ ကျုပ်ရပ်နေတယ်။ လော
ကကြီးတစ်ခုလုံး မှောင်လို့။ မိုးသားပါးပါး
လေးကို ဖောက်ထွက်လာတဲ့ လရဲ့အလင်း
ရောင်ဖျော့ဖျော့လေးက ဘုရားရင်ပြင်ပေါ်
မှာ ဖျော့ဖျော့လေး လင်းနေတယ်။

“တာတေ”

ကျုပ်ရင်ထဲမှာ လှပ်ကနဲ ဖြစ်သွားတယ်။
ဒါ လှယဉ်အသံဗျ။ ကျုပ်နောက်က လာ
တာ။ ကျုပ် နောက်ကို ဆတ်ကနဲ လှည့်
ကြည့်တယ်။

“ဟာ…လှယဉ်၊ လှယဉ် မင်းလား၊ မင်း
ဟုတ်ရဲ့လား”

လှယဉ်က ဘာမှ ကျုပ်ကိုပြန်မပြောဘဲ
ကျုပ်ကို ငေးကြည့်နေတယ်ဗျာ။ လှယဉ်
က သရဲဆိုပေမယ့် ပုံဆိုးပန်းဆိုးကြီး မ
ဟုတ်ဘူးဗျ။ လူတုန်းက ပုံစံအတိုင်းပဲ။
ကျုပ်အံ့သြနေတယ်။ နာနာဘာဝဆိုတာ
တွေကလည်း ကာမဇိဒ္ဓိရှိကြတာဗျ။ လှ
ယဉ်ပုံစံဆောင်ပြီး ရောက်လာတာများ
လား ကျုပ်လည်း ဝေခွဲမရတာနဲ့ ငေး
ကြည့်နေမိတာပေါ့ဗျာ။

“တာတေ၊ အဲဒါ နင့်ရည်းစာ လှယဉ်”

ဟာ အသံတစ်သံ ကျုပ်ကြားလိုက်ရတယ်
ဟိုအဝေးကြီးကနေ လွင့်လာတဲ့အသံဗျ။ဒီ
အသံကိုတော့ ကျုပ်ကောင်းကောင်းသိတာ
ပေါ့ဗျာ။ ဆယ့်နှစ်ရာသီ အဝါပင်အောက်
မှာ ကျုပ်တွေ့နေကျ မဖဲဝါရဲ့ အသံလေဗျာ

ဒီတော့မှ ကျုပ်ရင်တွေ တကယ်ခုန်တော့
တာဗျ။ လှယဉ်လည်း ကျုပ်ကို တော်တော်
လွမ်းနေပုံပဲ။ကျုပ် လှယဉ်လက်ကလေး
တွေ ကိုင်လိုက်တယ်။ဟာ ကိုင်လို့ရတယ်
ဗျ။ သြော် ကျုပ်က ကိုယ်ပွားကို။

ဒါကြောင့် ဝိညာဉ်ကိုကိုင်လို့ရတာပေါ့ဗျာ။
တောင်ပလဲကုန်းမှာ သွားကစားတာကို
ကျုပ်ချက်ချင်းသတိရသွားတယ်။ ကိုယ်
ပွားက ဝိညာဉ်တွေကို ကိုင်လို့ရတယ်။ အ
တူတူလည်း ကစားလို့ရတယ်။ တခြားဘုံ
ဘဝတွေကိုလည်း သွားလို့ရတယ်ဆိုတာ
ကျုပ် ခုမှသတိရသွားတာဗျို့။

လှယဉ်က ကျုပ်ရင်ခွင်ထဲကို တိုးဝင်ပြီး
ရှိုက်ကြီးတငင်နဲ့ ငိုတယ်။ ကျုပ်စဉ်းစား
တယ်။ လှယဉ် အခု ဘာဖြစ်နေတာတုံး။
နဂိုရုပ်ရည်အတိုင်းပဲ ရှိနေတာ ဘာသ
ဘောတုံး။ ကျုပ်နဲ့တွေ့ဖို့ တမင်ဖန်ဆင်း
ထားတဲ့ ရုပ်များလား၊ ကျုပ်စဉ်းစားလို့
မရတော့ မေးလိုက်တယ်။

“လှယဉ် မင်း အခု ဘယ်မှာနေတာတုံးဟင်”

“မြောက်ဘက်ရှင်မရဲ့ ဗိမာန်မှာ နေရတယ်
တာတေ”

“ဒါဆိုရင် နင်က သရဲ၊ တစ္ဆေလား”

“ငါက အဲဒါထက် အဆင့်မြင့်တယ် တာတေ”

“ဟင် ဟုတ်လား လှယဉ်၊ နင်က ဘယ်လို
အဆင့်မျိုးလဲဟ”

“မြောက်ဘက်ရှင်မ လက်ဝဲဘက်မှာနေတဲ့
‘နတ်စုန်း’ဟဲ့”

“ဒါဆိုရင် နင်က နတ်မိစ္ဆာတစ်မျိုးပဲပေါ့”

“အေး ….အဲဒီလိုမျိုးပေါ့လေ၊ ဒါပေမဲ့ တူ
တော့ မတူဘူးဟဲ့၊ ငါတို့က ပညာသည်နတ်
တွေ၊ ရှင်မခိုင်းတာကို လုပ်ပေးကြရတယ်၊
ရှင်မက ငါတို့မှာ လိုနေတဲ့ ပညာအဆင့်တွေ
ကို ထပ်ထပ် ဖြည့်ပေးတယ်”

“လှယဉ် ငါ နင့်ကို အရမ်းလွမ်းနေတာ
သိလား”

“သိတယ် တာတေ၊ နင့်အကြောင်းတွေကို
ရှင်မနန်းမှာ နေပေမယ့် ငါအမြဲလို ကြား
နေရတယ်”

“ဟေ…ဟုတ်လား၊ နင်က ငါ့အကြောင်းတွေ
ကို ဘယ်လိုလုပ်ပြီး ကြားတာတုံး”

“သြော်.. ဟုတ်လား လှယဉ်၊ နင်နဲ့ အောက်
လမ်းနဲ့တိုက်ကြတုန်းက ငါ မဖဲဝါကို လှမ်း
ပင့်တာ နောက်ကျသွားလို့လား မသိဘူး
လှယဉ်၊ မဖဲဝါရောက်တော့ လက်လွန်
နေပြီ”

“မဟုတ်ပါဘူး တာတေ၊ အဲဒီနေ့ဟာငါ
လူ့ဘဝမှာ နောက်ဆုံးနေရမယ့် နေ့မို့ပါ
ဘယ်သူကယ်လို့မှ မရပါဘူး”

“အခု နင် ဒီကိုလာတော့ နင်တို့ ရှင်မ သိ
လား၊ နင့်ကို အပြစ်တွေဘာတွေ ပေးနေ
ပါဦးမယ် လှယဉ်ရယ်”

“သိတယ် တာတေ၊ ရှင်မနန်းကို နင့်သ
တင်းရောက်တယ်”

“ဟေ…ဘယ်လို ဘယ်လို၊ မြောက်ဘက်
ရှင်မရဲ့နန်းထဲကို ငါ့သတင်းရောက်တယ်
ဟုတ်လား လှယဉ်”

“ရှင်မဆီကို မဖဲဝါ အခစားဝင်တဲ့အခါ
မဖဲဝါ သူလုပ်တာကိုင်တာတွေကို ရှင်မ
ဆီမှာ လျှောက်တင်ရတယ်။ အဲဒီအခါ
ကျရင် နင့်အကြောင်းက ပါလာတယ်
လေ၊ ဟိုတလောက အဖေရှင် ကြွလာ
ပြီး နတ်မိစ္ဆာကို ငရဲ့ပို့တုန်းကလည်း
နင်ပါတယ်မို့လား၊ အဲဒီသတင်းလည်း
ရှင်မဆီကို ရောက်တာပဲဟဲ့”

ကျုပ်နဲ့ လှယဉ် ဟိုတုန်းက ချိန်းတွေ့ရင်
ထိုင်နေကျ အုတ်ခုံလေးမှာ ထိုင်နေကြ
တာဗျ။ အကျော်ပင်လေးတွေ အောက်
မှာလေဗျာ။ အကျော်ပွင့်ဖြူဖြူလေး
တွေ လေတိုက်လို့ ကြွေကျရင် လှယဉ်
က ပြေးကောက်တာဗျ။ အခုတော့ ပန်း
တွေလည်းမကြွေဘူး။ လရောင်ဖျော့
ဖျော့လေးအောက်မှာတော့ ပန်းပွင့်ဖြူ
ဖြူလေးတွေက ကျုပ်နဲ့လှယဉ်ကို ငေး
တိငေးငိုင်နဲ့ ကြည့်နေကြတယ်။

ခါတိုင်း လှယဉ်နဲ့ ကျုပ်နဲ့ ချိန်းတွေ့ရင်
သူ့ခေါင်းမှာ ကျုပ်က အကျော်ပွင့်ဖြူ
ဖြူလေးတစ်ပွင့် ပန်းပေးနေကြလေဗျာ
ကျုပ် အကျော်ပွင့်လေးတစ်ပွင့်ခူးပြီး
လှယဉ်ခေါင်းမှာ ပန်ပေးလိုက်တယ်။
လှယဉ်က အရင်တုန်းကလိုပဲ အပြစ်
ကင်းတဲ့ အပြုံးလှလှလေးနဲ့ ကျုပ်ကို
ငေးငေးလေး ကြည့်တယ်။

“တာတေ၊ ငါ နင့်ဆီကို ကိစ္စရှိလို့လာတာ၊
ရှင်မကိုယ်တိုင် လွှတ်လိုက်တာ”

“ဟေ..ဟုတ်လား၊ ဘာကိစ္စတုံး လှယဉ်”

“ရော့… ဟောဒီပစ္စည်းလေး နင်ယူထား၊
ရှင်မက နင့်ဆီကို ပို့ခိုင်းလိုက်တာ၊ ဒီပ
စ္စည်းလေးက တစ်နေ့ အသုံးဝင်လိမ့်
မယ်တဲ့ တာတေ၊ ဒါပေမဲ့ ဒီပစ္စည်းကို
နင် နောက်ဆုံးအခြေအနေရောက်တော့
မှ သုံးရမယ်လို့ ရှင်မ မှာလိုက်တယ်”

လှယဉ်က သူ့ရဲ့ လက်ဝါးဖြူဖြူလေးကို
ဖြန့်ပြတယ်။ ရွှေရောင်လက်နေတဲ့ မြွေ
ရုပ်ကလေးဗျ။ မျက်လုံးနှစ်လုံးက ရဲ ပြီး
နီနေတယ်။

ပါးပျဉ်းထောင်ထားပြီး မာန်ဖီနေတဲ့ မြွေ
တစ်ကောင်ဗျ။ လျှာကလည်း နီရဲနေတာ။
မြွေက အခွေလေးခွေပြီး ပါးပျဉ်းထောင်
ထားတာ။ သေးသေးလေးဗျ။ငွေဒဂ်ါး
တစ်ကျပ်ဝိုင်းလောက်ပဲရှိတာ

ကျုပ်က လှယဉ်ပေးတဲ့ မြွေရုပ်ကလေး
ကို လက်ခံပြီး ယူလိုက်တယ်။

“လှယဉ် ငါက ဒါကို ဘယ်တော့သုံးရမှာ
တုံး”

“ဒါကို သုံးဖို့အချိန် ရောက်လာလိမ့်မယ်။
နင် ယူသာထားလိုက်ပါ”

“အေးပါ ငါ ယူထားပါမယ်”

“ရော့… ဒီစာရွက်ထဲမှာ မန္တန်ပါတယ်။ အဲဒီ
မန္တန်ကို ရွတ်ပြီးမှ ဒီမြွေကို ပစ်ရမှာ ကြား
လား ဒီမြွေနဲ့ပစ်ရင် ဘယ်လိုရန်သူမှ မခံ
နိုင်ဘူးလို့ ရှင်မက ပြောတယ်။ ဒါကို
‘မြွေစကြာ’လို့ ခေါ်တယ် တာတေ”

“သြော်…. နင် ငါ့ဆီကို ဒါလာပေးတာလား
လှယဉ်”

“အေး..ဟုတ်တယ် နင်နဲ့ ငါနဲ့ လူ့ဘဝတုန်း
က အကြောင်းရှိတာကို ရှင်မ သိတယ်
တာတေ၊ ဒါကြောင့် နင့်ဆီကို ဒီပစ္စည်း
ပို့ဖို့ ငါ့ကို လွှတ်လိုက်တာ၊ နင်နဲ့ ငါနဲ့ကို
လည်း တွေ့ခွင့်ပေးတာပေါ့ဟယ်။ ဒါပေ
မဲ့ ဒီအတိုင်း လွှတ်လိုက်တာတော့ မဟုတ်
ဘူး၊ မဖဲဝါက ငါတို့ကို တစ်နေရာကနေ
စောင့်ကြည့်နေမှာ၊ သူ့ကို ရှင်မက တာ
ဝန်ပေးထားတာ”

“သြော်…လှယဉ်ရယ် ဘာပဲဖြစ်ဖြစ် အခုလို
လွမ်းနေရတဲ့အချိန်မှာ တွေ့လိုက်ရတာကိုပဲ
ငါကျေနပ်လှပါပြီဟယ်၊ ပြီးတော့ နင့်ကို အ
ခုလို နဂိုပုံစံအတိုင်း ပြန်တွေ့ရတာ၊ ငါအ
ရမ်းဝမ်းသာတယ်”

လှယဉ်က အရင်တုန်းကလိုပဲ ကျုပ်ရင်ခွင်
ထဲကို သူ့ကိုယ်လုံးလေး ကပ်ထားတယ်။
ကျုပ်က လှယဉ်ကို ဖက်လိုက်ပြီး ပါးချင်း
ကပ်ထားလိုက်တယ်။ လှယဉ်ခေါင်းမှာ
ကျုပ်ပန်ပေးထားတဲ့ အကျော်ပန်းက
လေးက မွှေးလို့ဗျ။ ခဏနေတော့ လှ
ယဉ်ရဲ့ ကိုယ်လေး တွန့်ကနဲဖြစ်သွား
တယ်။

“တာတေ ငါပြန်ရတော့မယ်၊ အချိန်စေ့
သွားပြီ၊ ငါ့ကို ပြန်ခေါ်နေပြီ”

လှယဉ်သွားတော့မယ်ဆိုတော့မှ ကျုပ်ရင်
ထဲမှာ ဆိုနင့်သွားသလိုပဲဗျာ။ ရင်ဘတ်တစ်
ခုလုံး နာကျင်သွားသလိုပဲ။ ကျုပ်လှယဉ်
ကို လွှတ်မပေးဘဲ တအားဖက်ထားတယ်။

“တာတေ လှယဉ်ကို ပြန်လွှတ်လိုက်တော့”

အမိန့်ပေးတာ မဟုတ်ပေမယ့် သတိပေး
တဲ့အသံဗျ။ မဖဲဝါရဲ့အသံပေါ့ဗျာ။ ဆယ့်
နှစ်ရာသီပင်အောက်မှာ ကျုပ်မြင်နေကျ။
မဖဲဝါရဲ့အသံပေါ့။ ကောင်မလေးတစ်
ယောက်ရဲ့ အသံမျိုးလေဗျာ။ ဒီတော့မှ
သတိရပြီး ကျုပ် လှယဉ်ကို လွှတ်ပေး
လိုက်တယ်။ လှယဉ်က အုတ်ခုံလေးက
ထပြီး ကျုပ်ကို တစ်ချက်စိုက်ကြည့်တယ်
ဗျ။ ဟာ ပျောက်သွားပြီ။ လှယဉ်ပျောက်
သွားပြီ။

ကျုပ်လက်ထဲက ‘မြွေစကြာ’ရုပ်ကလေး
ကို တစ်ချက်ကြည့်လိုက်ပြီး အိမ်ကို ကျုပ်
စိတ်က ညွှတ်လိုက်တယ်။ ကျုပ်အိပ်နေ
ရာက လန့်နိုးသွားတော့တာပေါ့ဗျာ။.ဒါ
ပေမဲ့ ကျုပ်ပြန်အိပ်ပျော်သွားတယ်။ မ
နက်မိုးလင်းတော့ ညကအကြောင်းတွေ
ကို သတိရသွားပြီး ကျုပ်အိပ်ရာထဲမှာ
လိုက်ရှာကြည့်တယ်။

‘မြွေစကြာ’ရုပ်ကလေးက ကျုပ်ခေါင်းအုံး
ဘေးမှာဗျ။ ကျုပ်အရုပ်ကလေးကို သေ
သေချာချာ ကြည့်လိုက်တယ်။ ငွေနဲ့လုပ်
ထားတာဗျာ။ လက်ရာတော်တော်ကို
မြောက်တာဗျ။ မျက်လုံးနေရာမှာက နီ
ရဲနေတာ ပတ္တမြားလေးမြှုပ်ထားတာ
ထင်တယ်။ မာန်ဖီပြီးဟထားတဲ့ ပါးစပ်
ထဲမှာ လျှာလေးက နီရဲနေတာဗျ။

ဘယ်လိုသတ္တုနဲ့ လုပ်ထားတယ်ဆိုတာ
တော့ မသိဘူးဗျ။ လျှာကို ငွေနဲ့ လုပ်ထား
တာတော့ မဟုတ်ဘူး။ကျုပ်က မြွေစကြာ
ရုပ်ကလေးကို စက္ကူနဲ့ပတ်ပြီး ဆေးလွယ်
အိတ်ထဲမှာ သေသေချာချာ သိမ်းလိုက်
တယ်။

“တာတေ တစ်ယောက်ကတော့ မနေ့က
သေသွားတဲ့ရည်းစားကို လွမ်းရတာနဲ့၊
အိမ်အလုပ်တွေ လုပ်ရတာနဲ့ ဆိုတော့
စိတ်ရောလူရော တော်တော်ပင်ပန်းသွား
တင်ထင်တယ်၊ ညက အိပ်လိုက်တာမှ
တုံးထိုးထားသလိုပဲ လှုပ်သံတောင် မ
ကြားဘူးတော်”

အမေက ကျုပ်ကို ပြောတာဗျ။

“အမေ ကျုပ် ညက ဒီမှာမရှိဘူးဗျ၊ ရွှေ
တောင်ကုန်းမှာ လှယဉ်နဲ့ သွားတွေ့နေ
တာ”

လို့တော့ ကျုပ်ပြောလို့ ဘယ်ဖြစ်မလဲဗျာ၊
ကျုပ်ကိုယ်ပွားမထုတ်တော့ပါဘူးလို့ အ
မေ့ကို ကတိပေးထားတာလေဗျာ။ ကျုပ်
စဉ်းစားလို့ မရဘူးဗျ။ မြောက်ဘက်ရှင်
မက ကျုပ်ဆီကို ‘မြွေစကြာ’ရုပ်ကလေး
ပို့ပေးတာ။ ဘာရည်ရွယ်ချက်တုံးဆိုတာ
ကျုပ်စဉ်းစားပေမယ့် မရဘူးဗျာ။

ဘာပဲဖြစ်ဖြစ် ကျုပ်ချစ်သူ လှယဉ်ကို
ညက တွေ့လိုက်ရတော့ ကျုပ် လွှတ်
ပျော်တယ်ဗျာ။ သီတင်းကျွတ်တော့
ကျုပ်တို့ နှမ်းနှုတ်တယ်။ သီတင်း
ကျွတ်လကုန်ကာနီး နှုတ်တဲ့နှမ်းတွေ
က တန်ဆောင်မုန်းရောက်မှ ပြတ်တာ
ပေါ့ဗျာ။ နှမ်းတွေ အားလုံး အိတ်ထဲ
သွတ်ပြီးတော့ပဲ တန်ဆောင်တိုင်ပွဲ
တော် ရောက်ပြီဗျ။

အလုပ်အားလုံးပြီးတော့ ကျုပ်လည်း နား
နေတာပေါ့ဗျာ။အမေကတော့ ကျုပ်ကြိုက်
တဲ့ ဝက်သားကို ရိုးရိုးတစ်ခွက်၊ ပုန်းရည်
နဲ့ တစ်ခွက်၊ ကလီစာပါ ချက်ကျွေးတာ
ဗျ။ ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်
လည်း ပို့ရတာပေါ့ဗျာ။

ကျုပ်ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်
သွားပို့တော့မှ ဒီသတင်းကို ကျုပ်ကြား
တာဗျာ။ မကြားဆို ကျုပ်နဲ့ အဘလည်း
ယာထဲမှာတင် မိုးလင်းမိုးချုပ် အချိန်
ကုန်နေကြရတာလေဗျာ။ ဘယ်သူနဲ့မှ
မတွေ့ဖြစ်တော့ ဘာသတင်းမှလည်း
မကြားဘူးပေါ့ဗျာ။

“တာတေ”

“ဘုရား”

ကျုပ်က ဆွမ်းချိုင့်ကပ်နေတုန်း ဆရာ
တော်က မိန့်တာဗျ။

“ဘာသတင်းထူးများ ကြားသေးတုံး”
.
“တပည့်တော်တော့ ဘာမှမကြားဘူးဘု
ရား၊ အလုပ်တွေလည်း တစ်နေ့ကမှ ပြီး
သွားတာဘုရား၊ ဘယ်မှကို မသွားနိုင်
တာ”

“အေး အေး ဟုတ်တာပေါ့၊ မင်းအလုပ်
တွေ များနေတာကိုး၊ ဒီအနီးအနားမှာ
အောက်လမ်းတွေ ခြေရှုပ်နေသတဲ့ တာ
တေရဲ့”

“ဟာ… ဟုတ်လားဘုရား”

“အေး…အဲဒါကို မင်းနည်းနည်း လေ့လာ
ကြည့်လိုက်ဦး၊ အလုပ်တွေလည်း ပြီး
သွားပြီမို့လား”

“မှန်ပါ့ဘုရား၊ တပည့်တော် စုံစမ်းကြည့်
လိုက်ပါ့မယ်ဘုရား”

“အေး အေး၊ ကိုယ့်ရပ်ကိုယ်ရွာကို ဒီလို
မကောင်းတဲ့ အတတ်ပညာသယ်တွေ
ဝင်တာထွက်တာကို သတိထားပြီး စောင့်
ကြည့်ရမယ်၊ ဒီကောင်မျိုးတွေက ဘယ်
သူ့ကိုမှ ကောင်းကျိုးပေးမယ့်ကောင်
တွေ မဟုတ်ဘူး တာတေရဲ့”

“မှန်ပါတယ်ဘုရား၊ တပည့်တော် စုံစမ်း
လိုက်ပါ့မယ်ဘုရား”

ကျုပ်က ဆရာတော်နဲ့ စကားပြောဆိုပြီး
ဆွမ်းချိုင့်လှယ်တယ်။ ဆရာတော် နေ့
ဆွမ်းဘုဉ်းမယ့် စားပွဲဝိုင်းပေါ်မှာ ဆွမ်း
ဟင်းပွဲတွေကို သေသေချာချာ ပြင်ပေး
ခဲ့တယ်။ ဆွမ်းခံထွက်တဲ့ ကိုရင်တွေ
ကျောင်းသားတွေ ဆွမ်းခံမဝင်ကြသေး
ဘူးဗျ။ဆရာတော့်ကျောင်းက အိမ်ပြန်
ရောက်တော့ ဆရာတော်ပြောတဲ့ကိစ္စ
ကို စုံစမ်းဖို့၊ ကျုပ် ကျောက်ခဲနဲ့သံမဏိ
ကို လူကြုံနဲ့ မှာလိုက်တယ်။

လူကြုံက တခြားမဟုတ်ဘူးဗျ။ ကျောက်
ခဲတို့ ဝိုင်းနဲ့ကပ်လျက် မြောက်ဘက်ဝိုင်း
က လက်မလို့ခေါ်တဲ့ ကောင်နဲ့ မှာလိုက်
တာ။ လက်မက ကျောက်ခဲထက် နည်း
နည်းကြီးတယ်။ ဒါပေမဲ့ လူက ညှက်စိ
လေးဆိုတော့ သူ့ကို ငလက်မလို့ ကျုပ်
တို့ ရွာသားတွေက ခေါ်ကြတာ။

ကြီးလာတော့လည်း လက်မလို့ပဲ ခေါ်
တော့တယ်။ သိပ်မကြာဘူးဗျ။ကျောက်
ခဲနဲ့ သံမဏိ ကျုပ်ဆီကို ရောက်လာတယ်
ဒီကောင်နှစ်ကောင် ဝိုင်းထဲကို သုတ်သီး
သုတ်ပျာနဲ့ကို ဝင်ချလာတာဗျို့။ ကျုပ်
က မန်ကျည်းပင်အောက်က သစ်သား
ကွပ်ပျစ်မှာ ထိုင်ပြီး နဂါးဆေးပေါ့လိပ်
ကလေး ဖွာနေတာဗျ။ ကျုပ်ဘေးမှာ
ဒီကောင်နှစ်ကောင် ဝင်ထိုင်လိုက်ကြ
တယ်။ ကျုပ်မျက်နှာကိုလည်း အကဲ
ခတ်နေကြတာဗျ။

“ကိုကြီးတာတေ ဘာများအကြောင်းထူး
ရှိလို့တုံး”

ကျောက်ခဲက အာသွက်တဲ့ကောင်ဆိုတော့
ဒီကောင်က မေးတာဗျ။

“ငါ စောစောက ဆရာတော့်ကျောင်းကို
ဆွမ်းချိုင့်သွားပို့တာကွ၊ ဆရာတော်က
မေးတယ်၊ ဒီအနီးတစ်ဝိုက်မှာ အောက်
လမ်းတွေ ခြေရှုပ်နေတယ်လို့ ကြား
တယ်တဲ့ကွ၊ အဲဒါ သိလားလို့ ငါ့ကို
ဆရာတော်က မေးလို့ကွ၊ ငါကလည်း
နှမ်းသိမ်းနေရတာဆိုတော့ ဘာမှမ
ကြားမိဘူးကွ၊ မင်းတို့ရော ကြားမိ
သလား”

ကျောက်ခဲက ခေါင်းညိတ်ပြီး
ပြောတယ်ဗျ။

“ကျုပ်တွေ့ခဲ့တယ်ဗျ၊ ကိုကြီးတာတေရ”

“ဟေ…ဟုတ်လား ကျောက်ခဲ၊ မင်းကိုယ်
တိုင် တွေ့တာလား”

“ကျုပ်ရော သံမဏိရော တွေ့တာဗျ၊
အခု ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျုပ်
နဲ့ သံမဏိ မီးလောင်ကုန်းကို သွားကြ
တာဗျ။ သံမဏိ အမေခိုင်းလိုက်လို့”

“ဟုတ်တယ်ဗျ၊ ကိုကြီးတာတေရ၊ မီး
လောင်ကုန်းက အရီးလေးမပုတို့အိမ်
ကိုသွားတာ၊ ကျုပ်တို့ဆီက နှမ်းမျိုးယူ
ထားလို့၊ အမေက နှမ်းဖိုးသွားတောင်း
ခိုင်းတာဗျ”

“အေး ဟုတ်ပြီ၊ ပြောပါဦးကွ သံမဏိရ”

ကျုပ်က အင်မတန် စကားနည်းတဲ့ သံ
မဏိကို တမင်မေးတာဗျ၊ သံမဏိက
ကျောက်ခဲကို လှည့်ကြည့်တယ်။

“ပြောလိုက်လေကွာ၊ ကိုကြီးတာတေက
မင်းပြောတာကို နားထောင်ချင်လို့ မင်း
ကို ပြောခိုင်းတာနေမှာပေါ့”

သံမဏိက ဘာပြောရမလဲလို့ စဉ်းစား
နေရောဗျ

“ဒီလိုဗျ၊ ကျုပ်နဲ့ ကျောက်ခဲနဲ့ မီးလောင်
ကုန်းက ပြန်လာတော့ ကျုပ်ရှေ့ကနေ
လူနှစ်ယောက် လျှောက်သွားတယ်။တစ်
ယောက်က သျှောင်ထုံးနဲ့ဗျ။ နောက်တစ်
ယောက်က ကတုံးနဲ့ နှစ်ယောက်စလုံး
ခေါင်းမှာ ပုဝါတွေပေါင်းလို့၊ သူတို့ချင်း
ပြောတဲ့ စကားကို ကျုပ်တို့ ကြားခဲ့တာ
ဗျ၊ မင်းလည်း ကြားတယ်နော် ကျောက်
ခဲ”

“အေးပေါ့ ကြားပါတယ် ဆက်သာပြော
ပါ သံမဏိရဲ့”

“အေး ဟုတ်ပြီ သံမဏိ၊ အဲဒီလူနှစ်ယောက်
က ဘာတွေ ပြောလို့တုံးကွ”

ကျုပ်က သံမဏိစကားကို ဝင်ပြီးထောက်
ပေးတယ်။

“သျှောင်ထုံးလူက ပြောတာဗျ

‘ဟေ့ကောင် ကတုံး၊ ဒီနေရာမှာ မြောက်
ဘက်ရှင်မရဲ့ အသက်ဗူးထားတယ်ဆို
တာ ဟုတ်ပါ့မလားကွ”

“ဟ သျှောင်ကြီးဗွေရာ၊ ဆရာကြီးက
မဟုတ်ဘဲ ပြောပါ့မလားကွ၊ ဟုတ်လို့
ပြောတာပေါ့၊ အသက်ဗူးရော ထားတာ
တဲ့ဟေ့၊ အဲဒီမြောက်ဘက်ရှင်မသိုက်
ကို မဖဲဝါ စောင့်ရတာတဲဗျာ၊ မဖဲဝါဆို
ပေမဲ့ ပေါ့သေးသေး သရဲမလို့တော့ မ
ထင်နဲ့ဟေ့၊ မြောက်ဘက်ရှင်မက သူ့ကို
ပညာစက်ရော အပ်ထားတာတဲ့ကွ၊ ဒါ
မှ သူ့ရဲ့သိုက်ကို စောင့်လို့ရမှာလေကွာ”

“ဟေ…ဟုတ်လား၊ အဲဒီသိုက်ထဲမှာ ရွှေ
တွေ ငွေတွေရော ရှိသတဲ့ကွ ကတုံးရဲ့”

“ဒီသိုက်က ရတနာတွေရှိတဲ့ သိုက်မဟုတ်
ဘူးလေကွာ၊ မြောက်ဘက်ရှင်မရဲ့ ပညာ
သိုက်ကွ သျှောင်ကြီးဗွေရဲ့၊ ဘာတုံး၊ မင်း
က ရွှေတွေလိုချင်လို့လား”

“ဟာ ကတုံးကလည်း မလိုချင်ဘဲ ရှိပါ့
မလားကွာ၊ မင်းရော မလိုချင်ဘူးလား”

“ငါက မင်းနဲ့ အတွေးချင်း မတူဘူးကွ၊
ငါက ရွှေထက် ပညာကို ပိုပြီးမက်တာ”

“နေပါဦး ကတုံးရဲ့၊ အဲဒီပညာဗူးကိုရရင်
တို့ဆရာကြီးက ဘာလုပ်မှာတဲ့တုံး”

“ဟာ…ဒီကောင်သျှောင်ကြီးဗွေ၊ မင်းမ
လည်း အ ချက်ကွာ၊ ပညာဗူးရရင် ဘာ
လုပ်ရမှာတုံး၊ မျိုချလိုက်မှာပေါ့၊ အဲဒီ
ပညာဗူးဝမ်းထဲ ရောက်သွားရင် တို့ဆ
ရာကြီးက ဇမ္ဗူတလူဆိုတာလိုပဲ ပညာ
စခန်းမှာ ပြိုင်ဘက်ကင်းပြီပေါ့ကွ၊ မှော်
စုံ၊ ကြိုးစုံ၊ ရေစုံ၊ မီးစုံ အကုန်ပိုင်တဲ့လူ
ဖြစ်ပြီပေါ့ကွ”

“ဟေ… ဒါဆိုရင် မြောက်ဘက်ရှင်မရဲ့
အသက်ဗူးကိုရော ဘာလုပ်မှာတုံးကွ”

“မင်း တော်တော်ကို အတဲ့ကောင်ပဲ
သျှောင်ကြီးဗွေရဲ့၊ အသက်ဗူးကို ဆ
ရာကြီးက သိမ်းထားလိုက်ရင် မြောက်
ဘက်ရှင်မကို တစ်သက်လုံးခိုင်းလို့
ရပြီပေါ့ကွ၊ မြောက်ဘက်ရှင်မရဲ့
လက်အောက်မှာ လိပ်ပြာအင်မတန်
လှတဲ့ ပညာသယ်လေးတွေ ရှိသေး
တာတဲ့ကွ”

“ဟေ…ဟုတ်လား၊ သူတို့က လူတွေလား
ကတုံး”

“ဘယ်ကလူတွေရမှာတုံး၊ နတ်တွေက
နတ်ဆိုပေ ပညာသယ်နတ်တွေပေါ့ကွာ
နတ်စုန်းလို့ ခေါ်တယ်ကွ”

“ဟ ကတုံး၊ မင်းက တော်တော်ကို သိနေ
တာပါလား”

“သိဆို ဆရာကြီး ပြောပြတာကိုး သျှောင်
ကြီးဗွေရဲ့၊ တို့ဆရာကြီးဆီမှာ ပညာယူ
တဲ့အခါကျတော့ အခြေခံအဆင့်မှာ မင်း
တို့လိုပဲ သျှောင်တစ်စောင်းတွေ ထားရ
တယ်၊ ပညာအဆင့်မြင့်သွားပြီဆိုတော့
ငါတို့လို အမြဲတမ်း ကတုံးနဲ့ပဲ နေရတယ်
မို့လား၊ အေး ကတုံးအဆင့် ပညာသယ်
ဖြစ်ရင် ဆရာကြီးက ပြောသင့်တာတွေ
အကုန်ပြောပြထားတာကွ၊ မင်းကိုလည်း
နောက်တော့ ဆရာကြီး ပြောပြမှာပေါ့
သျှောင်ကြီးဗွေရဲ့”

“ဒီလိုဖြင့် မြောက်ဘက်ရှင်မရဲ့ တပည့်
နတ်စုန်းတွေက ဘယ်လောက်များနေ
မှန်းမှ မသိတာ၊ ဆရာကြီးနိုင်ပါ့မလား
ကွ ကတုံးရဲ့”

“ဟေ့ကောင် သျှောင်ကြီးဗွေ၊ မင်းပြောတဲ့
စကားသာဆရာကြီး ကြားသွားရင် မင်းကို
ပါးထရိုက်မှာ သေချာတယ် သိလား၊ မင်း
လို စိတ်လျှော့တတ်တဲ့လူမျိုးကို ဆရာကြီး
က သိပ်ဒေါသဖြစ်တာကွ တိုက်ပွဲဆိုတာ
နိုင်တာနဲ့ ရှုံးတာ နှစ်မျိုးပဲရှိတာ၊ နိုင်ရင်
နိုင်မယ်၊ မနိုင်ရင် ရှုံးမယ်၊ တန်ဖိုးကြီးတဲ့
အရာတစ်ခုကို လိုချင်ရင်တော့ တန်ရာ
တန်ဖိုးပေးပြီး ယူရမှာပဲ သျှောင်ကြီးဗွေ၊
အဲဒီလို အရေးကြီးလို့လည်း မင်းတို့ ငါ
တို့တွေကို ရှေ့ပြေးလွှတ်ပြီး ရှင်းခိုင်းလင်း
ခိုင်းနေတာပေါ့ကွ၊ အခုဆိုရင် ဒီနားက
ထနောင်းကုန်း၊ ဘန့်ဘွေ့ကုန်း၊ မီးလောင်
ကုန်း၊ ငွေတွင်းကုန်း၊ သံခနောက်၊ ကျဟုန်း
ဆိုတဲ့ ရွာတွေအားလုံးမှာ ငါတို့လူတွေ
ရောက်နေပြီ၊ ကြိုတင်ရှင်းလင်းနေကြ
တာ မဟုတ်လား”

“အေး ဟုတ်ပါတယ်၊ ဆရာကြီးတို့က
ဘယ်တော့ ရောက်မှာတုံး”

“လကွယ်ညမတိုင်ခင် ရောက်မှာပေါ့
သျှောင်ကြီးဗွေရဲ့၊ တို့ဆရာကြီးက လ
ကွယ်ညမှာ အလုပ်လုပ်မှာလေကွာ”

“သြော်…သိပ်မလိုတော့ဘူးပဲကွ၊ ရှေ့ပြေး
လွှတ်ထားတဲ့ ငါတို့အဖွဲ့တွေက မင်းနဲ့ ငါ
လိုပဲ သခ်ျိုင်းကုန်းဇရပ်တွေမှာပဲ နေရ
တယ်၊ ဆရာကြီးမှာတဲ့အတိုင်း အားလုံး
ကို ထောက်လှမ်းပြီး ရှင်းသင့်တာတွေ
အားလုံး ရှင်းလင်းကြရတယ်”

“ခုအချိန်ထိတော့ ထူးထူးခြားခြား ဘာမှ
မတွေ့သေးဘူးမို့လား ကတုံး”

“အခု မင်းနဲ့ ငါနဲ့ ထနောင်းကုန်းသခ်ျိုင်း
ဇရပ်ကို သွားနေကြတာလေကွ၊ ထူးလို့
သွားရတာပေါ့ ၊ငါတို့တာဝန်က မီးလောင်
ကုန်းဇရပ်မို့လား”

“ဟေ ထူးလို့ဟုတ်လား၊ ဘယ်လိုများ
ထူးလို့တုံးကွ”

“ထနောင်းကုန်းရွာကို ညဘက်ပတ်ပြီး
စက်တွေလွှတ်ကြည့်တာ၊ အဆင်ပြေ
တယ်တဲ့၊ ဒါပေမဲ့ ရွာကိုကျော်ပြီ။ စက်
လွှတ်ကြည့်တာ မရဘူးတဲ့ကွ၊ စက်
တွေ ပြတ်တောင်ထွက်ကုန်သတဲ့”

“ဟေ…ဟုတ်လားကွ”

“အေး…အဲဒါ ဆရာကြီးဆီကို သတင်းပို့
တော့ ဆရာကြီးက ဒီည ငါသွားပြီး ပူး
ပေါင်းရမယ်ဆိုလို့ သျှောင်ကြီးဗွေရဲ့၊
ဒီည အဲဒီကိစ္စပြီးမှ မင်းနဲ့ငါ မီးလောင်
ကုန်းသခ်ျိုင်းကို ပြန်ရမှာ”

“သြော် ဒီလိုလား၊ အဲဒါ ဘယ်လိုကြောင့်
ဖြစ်တာတုံးကွ၊ ကတုံးရဲ့”

“အင်း ရွာထဲမှာ အထက်လမ်းဆရာ ရှိ
နေသလား၊ ဒါမှမဟုတ်ရင်လည်း အ
ထက်ဆရာကြီးတွေက ရွာရဲ့ထောင့်
လေးထောင့်မှာ အစွမ်းထက်တဲ့ အ
ထက်အင်းတွေ မြှုပ်ပေးထားလို့လား
ဆိုတာ လေ့လာကြည့်ရမှာပေါ့ကွာ”

“တကယ်လို့ ဆရာရှိတယ်ဆိုရင် တို့က
ဘယ်လိုလုပ်ရမှာတုံးကွ”

“ဟ ဆရာရှိတယ်ဆိုရင်တော့ ရွာပြင်ကို
ရအောင်ခေါ်ထုတ်ပြီး ရှင်းပစ်သင့်ရင်
ရှင်းပစ်ရမှာပေါ့ကွာ၊ သျှောင်ကြီးဗွေရဲ့၊
ဆရာကြောင့် မဟုတ်ဘဲ အင်းတွေဘာ
တွေကြောင့် ဆိုရင်တော့ ဒီအတိုင်းထား
လိုက်ရုံပေါ့၊ ထနောင်းကုန်းထဲကို တို့လူ
အလွယ်တကူ မဝင်ဖို့ ရွာပြင်ကပဲ ပတ်
သွားဖို့ ဆရာကြီး ပြောမှာပေါ့ကွာ၊ဘာ
ကြောင့်ဆိုတာ တိတိကျကျ အဖြေရှာ
ပေးရမှာပေါ့”

“သြော်…မင်းတို့ကတုံးတွေရဲ့ အဆင့်က
တော်တော်ကို မြင့်တာပဲနော်”

“အေး.. ကတုံးအဆင့်ကိုရောက်ရင် အ
ပေါ်မှာ သုံးဆင့်ပဲ ကျန်တော့တယ်ကွ၊
ဒါတောင် ထနောင်းကုန်းဇရပ်က ကတုံး
နဲ့ ငါနဲ့ နှစ်ယောက်ပေါင်းပညာနဲ့ ဒီည
ရှာရမှာ၊ ပြီးရင် မင်းနဲ့ငါ မီးလောင်ကုန်း
ဇရပ်ကို ပြန်အိပ်ကြတာပေါ့ကွာ”

“ဟာ…မင်းတို့ ဆရာကြီးဆီကို သတင်း
သွားမပို့တော့ဘူးလား”

“ဟား ဟား ဟား ဟား မင်း သိမှမသိ
သေးတာပဲကိုး သျှောင်ကြီးဗွေရဲ့၊ ငါတို့
က ဆရာကြီးဆီကို လူကိုယ်တိုင် သွား
ပြီးသတင်းပို့ဖို့ မလိုဘူးကွ၊ ဒီကနေ
လှမ်းလျှောက်လို့ရတယ်”

“ဟေ…မင်းတို့ပညာက ဒီလောက်တောင်
မြင်နေပြီလား”

“ဟာ မြင့်ပါတယ်ဆိုမှ သျှောင်ကြီးဗွေရာ”

သံမဏိက စကားကို ရပ်လိုက်တယ်။
ကျုပ် သံမဏိ ပြောတာကို စဉ်းစား
နေတာဗျ။

“အဲဒါ ဘယ်နေ့က တွေ့ခဲ့တာတုံးကွ
ကျောက်ခဲရဲ့”

“တနေ့ကဗျ၊ နှစ်ရက်ရှိပြီပေါ့ ကိုကြီးတာ
တေ”

ဒီလူတွေ ကျုပ်တို့ ထနောင်းကုန်းမှာ ဘာ
တွေ တွေ့သွားတုံး၊ ရွာပေါ်ကို စက်လွှတ်
လို့မရတာ၊ ကျုပ် ဆေးအိတ်ကြီးထဲမှာ
ရှိတဲ့ ဆရာကြီးတွေ ပေးထားတဲ့ အင်း
ချပ်တွေ အရုပ်တွေ ဆေးဝါးတွေ ရှိနေ
လို့ ဖြစ်မယ်ဗျ။

“တို့ထနောင်းကုန်စဇရပ်ထဲမှာ ဒီလူတွေ
ရှိတုန်းပဲလား”

“ဟာ ရှိတယ် ကိုကြီးတာတေ၊ မနက်က
ရွာပြင်ထွက်တော့ လူနှစ်ယောက် ထိုင်
နေတာကို ကျုပ်လှမ်းမြင်ခဲ့တယ်”

“မင်းတို့ ဒီလူတွေကို တွေ့ခဲ့ရဲ့သားနဲ့ ငါ့
ကို ဘာလို့ လာမပြောတုံး ကျောက်ခဲရဲ့၊
ဆရာတော်ပြောလို့ ငါသိရတာ”

“ကျုပ်တို့လည်း ပြောမလို့ပဲဗျ၊ ဒီလိုပဲ
အောက်လမ်းဆရာတွေ လာတတ်သွား
တတ်တာပဲလေ ကိုကြီးတာတေရာ၊ သူ
တို့ပြောတဲ့ မြောက်ဘက်ရှင်မတို့ ဘာ
တို့ ဆိုတာတွေကို ကျုပ်တို့နားမှမလည်
တာ၊ မဖဲဝါဆိုတာတော့ သိတာပေါ့ဗျာ၊
ကိုကြီးတာတေနဲ့ ကျုပ်တို့ သခ်ျိုင်းထဲ
ကို လိုက်နေကျပဲလေဗျာ၊ ပြီးတော့ ဒီ
လူတွေက ကျုပ်တို့ရွာထဲကို ဝင်တာပြု
တာမှ မရှိတာ၊ ဒါကြောင့် ကျုပ်က
နောက်မှပြောတာပေါ့ကွာ၊ ကိုကြီးတာ
တေလည်း ယာထဲမှာပဲ တစ်နေ့လုံး ကုန်
နေတာကွလို့ သံမဏိကို ကျုပ်က ပြော
ထားတာ”

“အေး..မင်းပြောတာလည်း ဟုတ်ပါတယ်
ငါကိုယ်တိုင်လည်း ဒီလူတွေကို ဘာတွေ
မှန်း မသိဘူးကွ၊ အခု မင်းတို့ပြောပုံကို
ထောက်ရင်တော့ ဒီလူတွေဟာ အောက်
လမ်းတွေလား၊ ကဝေတွေလား၊ တစ်ခု
ခုပဲကွ၊ ပြီးတော့ မြောက်ဘက်ရှင်မရဲ့
ပညာဗူးတွေ အသက်ဗူးတွေကို ဒီနယ်
မှာ ထားတယ်ဆိုတာတော့ ငါဖြင့် ကြား
တောင် မကြားဖူးပါဘူးကွာ၊ ငါတို့ သွား
လာနေကြတာပဲ၊ ဒီနေရာတွေမှာ အ
ဆောက်အဦးတွေ ဘာတွေ ရှိတာမှ
မဟုတ်တာ၊ အင်း…ဒါပေမဲ့ ဒီလူတွေ
လည်း ဒီကို အကြောင်းမဲ့တော့ လာနေ
မှာ မဟုတ်ဘူးကွ၊ သတိတော့ ထားရ
လိမ့်မယ်၊ မင်းတို့ ကြားခဲ့တဲ့အတိုင်း
ဆိုရင် လကွယ်နေ့ညမှာ တစ်ခုခုတော့
ထူးလိမ့်မယ်ထင်တယ် ကျောက်ခဲရဲ့”

“ဒါဆိုရင် ကိုကြီးတာတေ ဘာလုပ်မှာတုံး”

“ဟေ…ငါက ဘာလုပ်ရမှာတုံး ကျောက်
ခဲရဲ့၊ ဘာမှန်းမှမသိတာ၊ ပြီးတော့ ငါက
ဆရာမှ မဟုတ်တာ၊ ဘာလုပ်တတ်မှာ
တုံး၊ ကိုယ့်ရွာကို မထိအောင်တော့ သ
တိထားရမှာပေါ့ကွာ”

“ဒါပေါ့ ကိုကြီးတာတေရာ၊ ရွာထဲဝင်လာ
လို့ကတော့ ပညာချင်း မယှဉ်နိုင်ရင် ဓားနဲ့
ခုတ်ပစ်တာပေါ့ဗျာ”

ကျောက်ခဲက အာဂကောင်ဗျ။ နည်းနည်း
မှ ကြောက်စိတ်ရှိတဲ့ကောင် မဟုတ်ဘူး။

“အေး အေး မင်းတို့လည်း မျက်စိရော
နားရော ဖွင့်ထားကြ၊ ငါလည်း သတိအ
ပြည့်ထားမယ်၊ တစ်ခုခုထူးတာနဲ့ ငါ့ကို
ချက်ချင်းလာပြောကြကွာ၊ ပြီးတော့ ဒီ
သတင်းကို ရွာထဲမှာ လုံးဝမပြောနဲ့ ကြား
လား၊ တို့ရွာသားတွေအကြောင်းလည်း
မင်းတို့သိသားပဲ၊ တစ်စိတ်ဆိုရင် တစ်
အိတ်လုပ်ပြီး ပြောတတ်ကြတာ၊ တစ်
ရွာလုံး အုန်းအုန်းကျွက်ကျွက်တွေ ဖြစ်
ကုန်လိမ့်မယ်”

“စိတ်ချပါ ကိုကြီးတာတေ၊ ဒီအကြောင်း
ကို ကျုပ်တို့နှစ်ယောက်ရယ် ကိုကြီးတာ
တေရယ်ပဲ သိစေရမယ်”

“အေး အေး မင်းတို့နှစ်ယောက်ကိုတော့
ငါက စိတ်ချပြီးသားပါကွာ သတိပေးရုံ
ပြောတာပါ”

သိပ်တော့မကြာဘူးဗျ။ တန်ဆောင်မုန်း
လကွယ်ညရောက်လာတယ်။ကြယ်ရောင်
တွေနဲ့ မှုန်ပြပြတော့ လင်းတာပေါ့ဗျာ။
ညနေကတည်းက ကျောက်ခဲက ကျုပ်
ကို သတင်းပို့ပြီးပြီဗျ။မီးလောင်ကုန်း
သခ်ျိုင်းထဲက ဇရပ်ပေါ်မှာ သျှောင်ထုံး
နဲ့ လူတွေရော ကတုံးနဲ့လူတွေရော အား
လုံးဆယ်ယောက် စုနေကြတယ်တဲ့ဗျ။

ညကိုးနာရီထိုးတော့ ကျောက်ခဲနဲ့ သံမဏိ
က ကျုပ်ကို လာခေါ်ကြတယ်။ ကျုပ်က
တစ်ပတ်လောက်ကတည်းက ကြိုပြီး ပြင်
ဆင်ထားပြီးပါဗျာ။ အင်းတွေ ဆေးတွေ
ကို မန္တန်တွေ ရွတ်ပြီး နေ့တိုင်း နှိုးထား
တာ။ ဒီအထဲမှာ လှယဉ် ယူလာတဲ့ မြွေ
စကြာရုပ်လေးလည်း ပါတာပေါ့ဗျာ။

လှယဉ်က မြွေစကြာကို ပေးကတည်း
ကမန္တန်ပါတွဲပြီး ပေးသွားတာလေဗျာ။
နောက်ဆုံး အချိန်ကျမှ ဒီမြွေစကြာကို
သုံးရမယ့်လို့လည်း ပြောသွားတယ်။
ခုတော့ ကျုပ်သဘောပေါက်ပြီပေါ့ဗျာ
အုံလိုက်ကျင်းလိုက် ရောက်လာပြီး
မြောက်ဘက်ရှင်မရဲ့ ပညာသိုက်ကို
ဖော်ကြတော့မှာကိုး။

ဒီကိစ္စဟာ ကျုပ်နဲ့တော့ ဘာမှမဆိုင်ဘူး
ဗျ။ ဒါပေမဲ့ ကျုပ်ချစ်သူ လှယဉ်နဲ့ ပတ်
သက်နေတော့ ကျုပ်သွားကိုသွားရမှာ
ပေါ့ဗျာ။ ကျုပ်တို့က မီးလောင်ကုန်းသ
ခ်ျိုင်း အနောက်ဘက်က ကုက္ကိုပင်ကြီး
တွေဘက်က ပတ်ဝင်တယ်။

အဲဒီဘက်က ခြုံတွေထူတာဗျ။ ကျုပ်တို့
ကို ဘယ်သူမှ မြင်ကြမှာ မဟုတ်ဘူးလေ။
ပြီးတော့ အဲဒီဘက်မှာက ရှေးက မြို့စား
တစ်ယောက်ရဲ့ ဂူဟောင်းကြီးလည်း ရှိ
တယ်လေဗျာ။ ဒီအကြောင်းကို’ ကွင်းပိုင်
နှမ မဖဲဝါ’မှာ ရေးခဲ့ပြီးပါပြီ၊ ကျုပ်တို့
အဲဒီနေရာမှာ ငြိမ်ပြီး အခြေအနေကြည့်
နေကြတယ်။

ဇရပ်နဲ့ဆိုရင်တော့ ကျုပ်တို့အခုရောက်
နေတဲ့နေရာက အတော်ကလေး လှမ်းသေး
တာဗျ။ ကျုပ်တို့ကို ဘယ်သူမှ မြင်ရမှာ
မဟုတ်ဘူး။ စကားတိုးတိုးပြောရင်တောင်
ကြားမှာ မဟုတ်ဘူးဗျ။ ဇရပ်ထဲက ကတုံး
တွေရော၊ သျှောင်ထုံးတွေရော ငြိမ်နေကြ
လေရဲ့။ သူတို့စောင့်နေကြတာဗျ။လူတစ်
ယောက်ကို စောင့်နေတဲ့ပုံပဲ။ သူတို့ရဲ့ ဆ
ရာကြီးဆိုတဲ့လူကို စောင့်နေပုံရတယ်။

“အောက် အီ အီး အွတ်”

မီးလောင်ကုန်းရွာထဲမှာ သန်းခေါင်ကြက်
တွေ တွန်ကြပြီဗျို့။

“ဟာ ဟေ့ကောင်နှစ်ကောင် ငြိမ်နေ ငြိမ်
နေ၊ လာနေကြပြီ၊ တို့မြောက်ဘက်က
လာတာကွ၊ ငြိမ်နေ၊ ငြိမ်နေ”

ဟုတ်ပါ့ဗျာ၊ ရှေ့ဆုံးကလူက ဆံပင်ပွပွ
ကြီးကို ဖားလျားကြီးချထားတာဗျ။ အ
ရပ်ကလည်း တော်တော်ရှည်တယ်။လွယ်
အိတ်ကြီးတစ်လုံးကို စလွယ်သိုင်း လွယ်
ထားတယ်။ သူ့နောက်မှာလည်း လွယ်
အိတ်စလွယ်သိုင်းနဲ့ လူ ငါးယောက်ဗျ။
ဒါ အောက်လမ်းကြီးတွေပဲဗျ။

ဟော သွားကြပြီ၊ မီးလောင်ကုန်းသခ်ျိုင်း
ဟိုဘက် ဇရပ်ထဲကို ဝင်သွားကြပြီဗျ။ ဒီ
လူစုလာတာကို ဇရပ်ပေါ်ကလူတွေ မြင်
တော့ အားလုံးလှုပ်လှုပ်ရှားရှားဖြစ်ပြီး
မတ်တတ်ထရပ်ကြတယ်။

“အေး…မင်းတို့တွေတော်တယ်။ ဘာမှ
မရှိအောင် ရှင်းထားနိုင်ကြတယ်။ ငါ
လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ ဘာအ
ထစ်အထောက်မှ မရှိခဲ့ဘူး၊ ကဲ တပည့်
တို့ နားထောင်ကြ၊ မကြာခင်မှာ မြောက်
ဘက်ရှင်မရဲ့ ပညာဗူးရှိတဲ့ ပညာသိုက်
ကို ငါဖော်တော့မယ်။

ဆရာက မြောက်ဘက်ရှင်မရဲ့ ပညာဗူး
ကို မျိုချပြီးတာနဲ့ ဆရာရဲ့ မူလပညာ
တွေဟာ အံမခန်းအောင် အရောင်တွေ
ထွက်လာလိမ့်မယ်၊ အဲဒီနောက်တော့
ဆရာဟာ အသက်တွေ ထောင်ချီပြီး
နေရမယ့် မှော်ဝိဇ္ဇာကြီးတစ်ယောက်
ဖြစ်ပြီကွဲ့၊ အဲဒီအခါကျရင် ငါ့တပည့်
များကိုလည်း ဇမ္ဗူတလူဖြစ်အောင်
ဆရာက ပညာတွေ အဆင့်မြှင့်မြှင့်
ပေးမယ်။အေး တစ်ခုပဲပြောချင်
တယ်။ သစ္စာတော့ ရှိကြပါ။

သစ္စာပျက်ရင်တော့ ကိုယ်ထိုက်နဲ့ ကိုယ်
ကံပဲနော်၊ ကဲ..လာကြ၊ ဆရာ့ကို ဘေးက
ဝိုင်းထားကြ၊ သျှောင်ကြီးဗွေတွေက ပ
ညာအဆင့်နိမ့်သေးတာ၊ နောက်မှာ နေ
ကြ၊ အန္တရာရယ်က ဘယ်လောက်ကြီး
မယ်ဆိုတာ မသိနိုင်ဘူးကွဲ့၊ ကတုံးတွေ
က ပညာအလယ်အလတ်တွေဆိုတော့
ရှေ့ကနေကြ၊ ငါ့ရဲ့ လက်ဝဲ လက်ယာ
မှာ နှစ်ယောက်၊ ငါရှေ့မှာ သုံးယောက်၊

အေး ဟုတ်ပြီ၊ ငါ စည်းတားတော့မယ်၊
စည်းဝိုင်းထဲကနေ အပြင်ကို ခြေတစ်
လှမ်းတောင် မထွက်နဲ့၊ ကြားကြလား၊
စည်းပေါက်တာနဲ့ ငါတို့ ရှုံးပြီသာ
မှတ်ပေတော့ ကြားကြလား”

“ကြားပါတယ် ဆရာကြီး”

ဆံပင်ဖားလျားနဲ့ မှော်ဝိဇ္ဇာဖြစ်ဖို့ ကြိုးစား
နေတဲ့ အောက်လမ်းကြီးက သူ့တပည့်တွေ
ကို ပတ်ပြီး စည်းချတယ်။ ပြီးတာနဲ့ သူ့နေ
ရာမှာသူ ဝင်ရပ်တယ်။ခြေထောက်နှစ်ဖက်
ကို ကားရပ်ပြီး ခေါင်းကို ကောင်းကင်ပေါ်
မော့ထားတယ်။ ဟာ ရွတ်ပြီဗျို့။

အသံအကျယ်ကြီးနဲ့ မန္တန်တွေ စပြီးရွတ်
ပြီဗျို့။ သူ့တပည့်တွေကလည်း သူတို့ရဲ့
စက်တွေကို နှိုးနေကြတယ်။ သူတို့ကိုယ်
ဘေးမှာ တစ်ချက် တစ်ချက် အရောင်
လေးတွေ လက်ကနဲ လက်ကနဲ ဖြစ်သွား
တယ်ဗျ။ ကျုပ်ကတော့ လွယ်အိတ်ထဲ
က မြွေစကြာအရုပ်ကလေးကို လက်နဲ့
ဆုပ်ထားတယ်။ မျက်ကွင်းဆေး ကွင်း
ပြီဆိုတော့ အားလုံးကို ကျုပ်မြင်မှာ
ပေါ့ဗျာ။

“ဝုန်း၊ ဝုန်း၊ ဂျိမ်း၊ ဂျိမ်း”

ဟာ မြေကြီးထဲက မြည်တဲ့အသံကြီးဗျ၊
ကျောက်ခဲနဲ့ သံမဏိတောင် လန့်သွား
ပြီး ကျုပ်လက်ကို ဆုပ်ထားကြတယ်။

“ကိုကြီးတာတေ ဒီဆရာ တော်တော်စွမ်း
ပုံရတယ်ဗျ”

“အေးကွ၊ ကျောက်ခဲရ၊ ကြည့်ကြသေး
တာပေါ့ကွာ”

အောက်လမ်းဆရာကြီးက မန္တန်ကို အ
ဆက်မပြတ် ရွတ်တယ်။ ဟာ ပေါ်လာ
ပြီဗျို့။ မြေကြီးထဲက ပေါ်လာပြီ။အုတ်
နဲ့ ဆောက်ထားတဲ့ အဆောက်အဦးဗျ။
ဆယ်ပေပတ်လည်လောက်ရှိတဲ့ အ
ဆောက်အဦးလေးဗျ။ ရှေ့မှာ အုတ်
လှေကားလေး ပါတယ်။ ပိတ်ထားတဲ့
တံခါးတစ်ချပ်လည်း ပါတယ်။ တံခါး
က အနီရောင်ဗျ။

အောက်လမ်းဆရာကြီးက အားတက်
သွားပြီး မန္တန်တွေကိုအဆက်မပြတ်
ရွတ်နေတယ်။ မြောက်ဘက်ရှင်မရဲ့
ပညာသိုက်က ပေါ်နေပြီဗျ။ ဒါပေမဲ့
တံခါးက မပွင့်ဘူး။ အောက်လမ်းဆ
ရာကြီးက ဒေါသဖြစ်လာပြီး အသံနက်
ကြီးနဲ့ ထအော်လိုက်တယ်။

“ဟဲ့ ကောင်မတွေ၊ နင်တို့တွေ ကိစ္စတုံး
မသွားချင်ရင် တံခါး ခုချက်ချင်းဖွင့်
လိုက်၊ ငါ့စက်နဲ့ ထိုးလိုက်လို့ ပွင့်သွား
ရင် နင်တို့အားလုံးကို ငါ့မယားလုပ်ပစ်
မယ်၊ မြောက်ဘက်ရှင်မရဲ့ အစေအပါး
မတွေ တံခါးဖွင့်ဆို ခုချက်ချင်းဖွင့်ကြ
စမ်း”

တံခါးအနီကြီးက လှုပ်တောင် မလှုပ်
ဘူးဗျ။

“ကဲ…တပည့်တို့ စက်တွေ ဆက်ကြစမ်း
ဟေ့”

ပြောပြောဆိုဆိုနဲ့ အောက်လမ်းဆရာ
ကြီးက သူ့တပည့်တွေရဲ့ ရှေ့ဆုံးကို
ထွက်လိုက်တယ်။ သူ့တပည့်တွေက
တစ်ယောက်နဲ့တစ်ယောက် ပခုံးတွေ
ကိုင်ပြီး စက်တွေစထုတ်ကြတယ်။
နောက်ဆုံးတစ်ယောက်က သူတို့ဆ
ရာရဲ့ ပခုံးကို လှမ်းကိုင်လိုက်တယ်။

အောက်လမ်းကြီးက သူတို့ရဲ့အောက်
လမ်းမန္တန်တွေကို ရွတ်တယ်။ ဟော
ထွက်လာပြီဗျို့။ စက်ရောင်စုံတွေ
ထွက်လာပြီ။ အောက်လမ်းဆရာကြီး
က ထွက်လာတဲ့ စက်တွေကို လက်ဝါး
နှစ်ဖက်နဲ့ လုံးသလို လုပ်လိုက်တယ်။
ခဏနေတော့ သူ့လက်ဝါးနှစ်ဖက်
ကြားက စက်လုံးကြီးနဲ့ တံခါးအနီ
ကြီးကို ပစ်ပေါက်လိုက်တယ်။ အ
ရောင်တွေ တလက်လက်ထွက်နေ
တဲ့ စက်လုံးကြီးက တံခါးကို သွား
ထိတယ်။

“ဝုန်း”

ဟာ ထိသွားပြီဗျို့။ တံခါးအနီကြီး ပွင့်
သွားပြီ။ ဟာ အထဲမှာ ရွှေကလပ်နဲ့ တင်
ထားတဲ့အရာလေးနှစ်ခုဗျ။ အရောင်တွေ
ဖြာထွက်နေတယ်။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ကဲ အခုတော့
ဘာတတ်နိုင်သေးတုံးဟဲ့ မြောက်ဘက်
ရှင်မရဲ့၊ နင် ဖွက်ထားတဲ့ နင့်ရဲ့ပညာဗူး
နဲ့ အသက်ဗူးကို ငါရတော့မယ်၊ နင့်ကို
ငါတစ်သက်လုံး ခိုင်းစားလို့ ရပြီဟဲ့
မယ်တော်ဆိုတဲ့ ဟာမရဲ့၊ ဟား ဟား
ဟား ဟား”

ဟာ မဖဲဝါကြီး ပြေးလာပြီဗျို့။ ကျူပ်
တစ်သက်မှာ မဖဲဝါ ဒီလောက်ကြမ်း
ကြမ်းတမ်းတမ်းနဲ့ ပြေးတာလွှားတာ
တစ်ခါမှ မမြင်ဖူးဘူးဗျာ။ ဆံပင်ဖား
လျားကြီးနဲ့ဗျို့။ အရပ်ဆယ့်နှစ်ပေ
လောက်ကြီးနဲ့ဗျာ။ မျက်လုံးကြီးက
လည်း နီရဲပြီး ပြူးထွက်နေတာဗျ။

ဟင်…မဖဲဝါရဲ့ ပခုံးပေါ်မှာ ခေါင်းကြီး
တစ်လုံး ထမ်းလာတာဗျို့။ မြောက်
ဘက်ရှင်မရဲ့ ပညာသိုက်ရှေ့မှာ မဖဲ
ဝါ ဘွားကနဲ ပေါ်လာတယ်။ ပခုံးပေါ်
မှာ ခေါင်းကြီးထမ်းလို့ဗျ။

“ဟာ…အောင်မယ်လေး၊ မဖဲဝါကြီးဗျ”

အောက်လမ်းကြီးရဲ့ တပည့်တွေထဲက
သျှောင်ကြီးဗွေငါးယောက်က ပညာက
လည်း နုသေးတော့ မဖဲဝါကို တအား
လန့်သွားကြတာ။ ဒီမှာတင် ဒီလူငါး
ယောက် ထွက်ပြေးရောဗျို့။

“ဟာ ဟေ့ကောင်တွေ ဟေ့ကောင်တွေ”

အောက်လမ်းကြီး စကားတောင် မဆုံး
သေးဘူးဗျ။ မဖဲဝါက ထွက်ပြေးတဲ့
သျှောင်ကြီးဗွေငါးယောက်ဆီကို သူ့
ပခုံးပေါ်မှာ ထမ်းထားတဲ့ ခေါင်းကြီး
ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ခေါင်းကြီး
ကို လေထဲမှာ ဝှေ့လိုက်တယ်။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”

မဖဲဝါလက်ထဲက ခေါင်းတလားကြီး လေ
ထဲမှာ ‘ဝီ၊ ဝီ၊ ဝီ’နဲ့ မြည်နေတာဗျ။ ဟာ ပစ်
လိုက်ပြီဗျို့။ ပစ်လိုက်ပြီ။ လက်ထဲက
ခေါင်းကြီးနဲ့ ပစ်လိုက်တာဗျာ။

“ဝီ၊ ဝီ၊ ဝီ ဝီ”

ဟော မဖဲဝါရဲ့ ခေါင်းကြီးက လေထဲမှာ
‘ဝီ၊ ဝီ၊ ဝီ’နဲ့ အော်ပြီး ပျံထွက်သွားတယ်၊

“ဘုန်း၊ ဘုန်း၊ အား၊ အား၊ ဘုန်း”

ထွက်ပြေးသွားတဲ့ သျှောင်ကြီးဗွေတွေ
ကို ဘုန်းကနဲ ဘုန်းကနဲ ရိုက်ပစ်လိုက်
တာ ငါးယောက်စလုံး သခ်ျိုင်းကုန်းထဲ
မှာ ဝမ်းလျားကြီးတွေ မှောက်သွား
တယ်ဗျို့။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ ဝီ”

ဟော လေထဲမှာ ပျံနေတဲ့ ခေါင်းကြီးက
မဖဲဝါဆီကို ပြန်ရောက်သွားပြီဗျို့။ မဖဲ
ဝါက ခေါင်းကြီးကို လက်နှစ်ဖက်နဲ့ ဖမ်း
ယူပြီး ပခုံးပေါ်မှာ ပြန်ထမ်းထားလိုက်
တယ်

“တောက်၊ ငါ အတန်တန်ပြောရဲ့သားနဲ့
ဒီကောင်တွေကွာ”

“ဆရာကြီး စည်းပေါက်သွားပြီနော်”

“အေး ငါသိတယ် သာဂိ၊ မကြောက်ကြ
နဲ့ အားလုံး သတိထားပြီးနေကြ၊ ကဲ စက်
တွေ ဆွဲထုတ်လိုက်၊ ဒီကောင်မဆီကို
တစ်ယောက်ချင်း စက်လွှတ်ကြစမ်း”

အောက်လမ်းကြီးရဲ့ တပည့်တွေက မဖဲဝါ
ဆီကို စက်တွေ ဝိုင်းလွှတ်ကြတယ်ဗျို့။

“ဝုန်း”

ဟော မဖဲဝါက ခေါင်းကြီးထမ်းလျက်သား
နဲ့ ပျောက်သွားပြီ။

“သတိထားကြဟေ့၊ သရဲမ ပျောက်သွားပြီ”

“ဝုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ခွပ်၊ အား၊ အား”

မဖဲဝါက အောက်လမ်းတွေရဲ့ နောက်က
နေ ဘွားကနဲ ပေါ်လာပြီး ခေါင်းကြီးနဲ့
လွဲပြီး ရိုက်တယ်။ ကတုံးတွေ အကုန်
လုံး ဟပ်ထိုးကြီးတွေ လဲကျကုန်ရော
ဗျို့၊ အောက်လမ်းတွေက နောက်ကို
ဆတ်ကနဲ လှည့်ပြီး မဖဲဝါကို စက်တွေ
နဲ့ ဝိုင်းပစ်ကြတယ်။

“ဝုန်း”

မဖဲဝါ ပျောက်သွားပြန်ပြီဗျို့။ အောက်
လမ်းတွေ ဘာလုပ်ရမှန်း မသိအောင်
ဖြစ်ကုန်ရောဗျို့။ ဘေးပတ်လည်ကို
လှည့်ပြီး ကြည့်နေကြတယ်။ ဟာ မဖဲ
ဝါက ခြုံပုတ်ထဲက ထွက်လာတာဗျ။
အရွယ်က တစ်တောင်လောက်က
လေး ရှိတယ်ဗျ။

ပခုံးမှာလည်း ခေါင်းသေးသေးတစ်လုံး
ထမ်းလို့ဗျ။ ဟော ပြေးပြီ၊ ပြေးပြီ၊ မဖဲ
ဝါ ပြေးပြီး ပခုံးပေါ်က ခေါင်းနဲ့ လွဲပြီး
ရိုက်ပြီဗျို့။

“ဘုန်း၊ ဘုန်း၊ ဘုန်း၊ အား၊ အား”

အောက်လမ်းဆရာကြီးရဲ့ လက်ဝဲဘက်
က နှစ်ယောက် လဲကျသွားပြန်ပြီဗျို့။
ဒီတော့မှ အောက်လမ်းတွေက မဖဲဝါ
ကို တွေ့သွားပြီ။

“ဟာ….ဟိုမှာ၊ ဟိုမှာ”

ဆိုပြီး မြေကြီးပေါ်မှာ ပြေးနေတဲ့ နှစ်
တောင်လောက်ရှိတဲ့ မဖဲဝါဆီကို စက်
တွေ လွှတ်ကြပြန်ရောဗျာ။

“ဝုန်း”

မဖဲဝါက ပျောက်သွားပြန်ပြီဗျို့။ ဒီတစ်
ခါ မဖဲဝါ ပျောက်သွားတာ တော်တော်
ကြာတယ်ဗျ။

“ဟိုသရဲမ ဘယ်ရောက်သွားတုံးကွ”

အောက်လမ်းဆရာတွေလည်း ဟိုကြည့်
ဒီကြည့် လုပ်နေကြရောဗျ။ ဒီတုန်းမှာ
မဖဲဝါက မြေကြီးထဲက ခုန်ထွက်လာ
ရောဗျာ။

“ဝုန်း၊ ဟာ၊ ဘုန်း၊ ဘုန်း၊ ခွပ်၊အား၊ အား”

ရိုက်သံ အော်သံတွေက မီးလောင်ကုန်း
သခ်ျိုင်းထဲမှာ ဆူညံသွားတော့တာပေါ့
ဗျာ။ ကျောက်ခဲနဲ့ သံမဏိကတော့ ဘာ
မှ မမြင်တော့ အောက်လမ်းတွေ လဲကျ
သွားပြီး သွေးတွေ အန်ကြတာတွေ၊ဆန့်
ငင် ဆန့်ငင်ဖြစ်ပြီး ငြိမ်သွားကြတာတွေ
ပဲ တွေ့ကြတာပေါ့ဗျာ။

“ကိုကြီးတာတေ ၊ ဟိုဆရာတွေ သေကုန်
တာ ဘာဖြစ်လို့တုံးဗျ”

လို့ ကျောက်ခဲက ကျုပ်ကို အသံအုပ်အုပ်
ကလေးနဲ့ မေးတယ်။

“မဖဲဝါကြီး ခေါင်းနဲ့ရိုက်သတ်နေတာကွ”

ကျုပ် ကျောက်ခဲကို လှည့်ပြောတုန်းမှာ
ပဲ အောက်လမ်းဆရာကြီးရဲ့ ညာဘက်
က တပည့်နှစ်ယောက် လဲကျသွားပြီဗျာ
ဆရာကြီးနဲ့ သူ့တပည့်တစ်ယောက်ပဲ
ကျန်တော့တာဗျာ။ ဟာ နောက်ကျသွား
ပြီဗျို့။ ဒီတစ်ခါတော့ မဖဲဝါ ကိုယ်
ဖျောက်တာ နောက်ကျသွားပြီဗျ။

အောက်လမ်းဆရာကြီးရဲ့ စက်တွေ
က မဖဲဝါရဲ့ တစ်ကိုယ်လုံးကို ပတ်
သွားပြီဗျို့။ ပခုံးပေါ်က ခေါင်းကြီး
လည်း ပြုတ်ကျသွားပြီဗျို့။ ဒီတုန်း
မှာပဲ အောက်လမ်းဆရာကြီးက တံ
ခါးပွင့်နေတဲ့ ပညာသိုက်ထဲကို လှစ်
ကနဲ ပြေးဝင်လိုက်တယ်။ ဒါပေမဲ့
အထဲကို မရောက်ဘူးဗျ။

“ဘုန်း”

ဟာ အောက်လမ်းဆရာကြီးရဲ့ ရင်ဘတ်
ကို ခြေထောက်နဲ့ ကန်ထုတ်လိုက်တာဗျ
အောက်လမ်းဆရာကြီး နောက်ပြန်လဲ
ကျသွားတယ်။

“ဟာ…ဆရာကြီး”

သူ့တပည့်က ပြေးပွေ့တယ်။ အောက်
လမ်းဆရာကြီးက သူ့ရင်ဘတ်ကို
ဆောင့်ကန်လိုက်တဲ့သူကို မျက်လုံး
ထဲက မီးတွေ ဝင်းဝင်းတောက်ပြီး
လှမ်းကြည့်လိုက်တယ်။ ဟာ…လှ
ယဉ်၊ လှယဉ်ပါလား။ တစ်ကိုယ်လုံး
မှာ အနီရောင် ဝတ်ထားတာဗျ။
ကြယ်ရောင်တွေအောက်မှ လှ
ယဉ်ရဲ့အလှက ထင်းနေအောင်
ပေါ်နေတာပေါ့ဗျာ။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ငါ့မယားလေး
က တယ်လှပါလား၊ ဟား၊ ဟား၊ ဟား၊
ပညာဗူးမျိုပြီးရင် နင့်ကို ငါ့မယားလေး
အဖြစ် သိမ်းပိုက်မယ် ကြားလား၊ ဟား
ဟား၊ ဟား၊ ဟား၊ ဟား”

အဲဒါ အောက်လမ်းဆရာကြီးရဲ့ အမှားပဲ
ဗျ။ လှယဉ်က အော်ရယ်နေတဲ့ အောက်
လမ်းဆရာကြီးရဲ့ ပါးစပ်ထဲကို စက်တွေ
ပစ်ထည့်လိုက်တယ်။ ဟာ…. ဂျွမ်းပြန်
သွားပြီဗျို့။ လှယဉ်ရဲ့စက်တွေ ပါးစပ်
ထဲ ဝင်သွားတဲ့အချိန်မှာ အောက်လမ်း
ဆရာကြီး ဂျွမ်းပြန်သွားတယ်။

ဒီမှာတင် သူ့တပည့်က လှယဉ်ဆီကို
အစိမ်းရောင် စက်တွေနဲ့ လှမ်းပစ်
လိုက်တယ်။ လှယဉ်က အနီစက်တွေ
လွှတ်ပေးလိုက်တာ စက်လုံးကြီးနှစ်
ခုတွေ့ပြီး….

“အုန်း”

ဆိုတဲ့ အသံကြီး ထွက်လာပြီး အောက်
လမ်းကြီးရဲ့ တပည့်နောက်ကို ခြေတစ်
လှမ်းဆုတ်သွားတယ်။ ဒီမှာတင် မထင်
မှတ်တာ ဖြစ်တော့တာဗျို့။

မြေကြီးပေါ်ကို ဂျွမ်းပြန်ပြီး ကျသွားတဲ့
အောက်လမ်းဆရာကြီးက သူ့ကိုယ်ထဲ
က လှယဉ်ရဲ့ စက်တွေကို ထိန်းလိုက်
တယ်။ ပြီးတာနဲ့ ချက်ချင်းမတ်တတ်
ထပြီး ပါးစပ်ထဲက စက်တွေထုတ်
လိုက်တယ်။ ထွက်လာတဲ့ စက်တွေ
က အရောင်တွေ တောက်လွန်းလို့
လှယဉ်မှာ ခုခံဖို့နေနေသာသာ ကြည့်
တောင် မကြည့်နိုင်လို့ မျက်လုံးကို
လက်နဲ့ ကာထားလိုက်ရတယ်။

သွားပြီပေါ့ဗျာ။ အောက်လမ်းရဲ့စက်
တွေက လှယဉ်ကို ချက်ချင်းပတ်တော့
တာပဲဗျာ။ လှယဉ် လှုပ်ကို မလှုပ်နိုင်
တော့ဘူးဗျ။

“ဟား၊ ဟား၊ ဟား၊ နင့်စက်က မြောက်
ဘက်ရှင်မရဲ့ စက်မို့လား၊ ငါက ရအောင်
ထိန်းလိုက်တော့ ချက်ချင်းတန်ပြန်လို့ရ
သွားတာပေါ့၊ ငါ့မယားလေးရဲ့၊ ဟား၊
ဟား၊ ဟား၊ လှလိုက်တဲ့ ငါ့မယားလေး
ရယ်၊ ဘာလို့ဖြစ်လို့များ မြောက်ဘက်
ရှင်မရဲ့ အစေအပါး ဖြစ်နေရတာတုန်း
ကွယ်၊ အစ်ကိုကြီး ကယ်နိုင်ပါပြီကွယ်၊
ဘာမှမပူနဲ့၊ အစ်ကိုကြီး နင့်သခင်မရဲ့
ပညာဗူးကို မျိုလိုက်ဦးမယ်”

ပြောပြောဆိုဆိုနဲ့ အောက်လမ်းဆရာ
ကြီးနဲ့ သူ့တပည့်က ပညာသိုက်ထဲကို
ဝင်ဖို့ ပြင်ဆင်ကြတော့တာပေါ့ဗျာ။

“တာတေ ပစ်တော့”

လှယဉ်အသံဗျ။ ဒီအသံကို သူ့မှာ မနည်း
ကို ညှစ်ဖျစ်ပြောလိုက်ရတာဗျ။

“မင်းတို့နှစ်ယောက် ဒီမှာနေခဲ့ ကျောက်
ခဲ”

ပြောပြောဆိုဆိုနဲ့ ကျုပ်က မီးလောင်
ကုန်းသခ်ျိုင်းထဲကို ပြေးဝင်လာပြီး
လက်ထဲက ‘မြွေစကြာ’ရုပ်ကလေးကို
မန္တန်ရွတ်ပေးလိုက်တယ်။

“ဝေါ၊ ဝေါ၊ ဝေါ”

ဟာ ကျုပ်လက်ထဲက မြွေစကြာရုပ်
ကလေးက လေထဲကို ပျံထွက်သွားပြီး
မီးတောက်တွေ ထွက်လာတယ်ဗျို့။
ဟာ မြွေ၊ မြွေ။ မြွေကြီးဖြစ်သွားပြီ
ဗျို့။ ပါးပျဉ်းကြီးထောင်လို့ဗျာ။လူ
ကြီးလက်မောင်းလုံးလောက်ရှိတယ်၊
အရှည်က ငါးပေလောက် ရှိမယ်ဗျ။
မီးတွေတောက်ပြီး လေထဲမှာ ပတ်
ပျံနေတာဗျို့။

အောက်လမ်းဆရာကြီးနဲ့ သူ့တပည့်က
ကျောချင်းကပ်လိုက်ပြီး မြေစကြာကို
စက်တွေနဲ့ ပစ်ကြတယ်ဗျ။ ဒါပေမဲ့ သူ
တို့ပစ်တဲ့စက်က မြွေစကြာကို မှန်ဖို့နေ
နေသာသာ အနားတောင် မရောက်ဘူး
ဗျ။

“ဝေါ၊ ဝေါ၊ ဝေါ၊ ဝေါ”

မြေစကြာကတော့ ပါးပျဉ်းကြီးထောင်
ပြီး လေထဲမှာ ဝေါကနဲ ဝေါကနဲ ပျံနေ
တာဗျ။ ဟာ…လွှတ်ပြီဗျို့။ မြွေစကြာရဲ့
ပါးစပ်ထဲက မီးတန်းကြီး လွှတ်လိုက်ပြီ
ဗျို့။ ဟာ မီးတန်းကြီးက ကျောချင်း
ကပ်ပြီး ရပ်နေတဲ့ အောက်လမ်းဆရာ
ကြီးတို့ ဆရာတပည့်နှစ်ယောက်ကို
ပတ်လိုက်ပြီဗျာ။ ပတ်ပြီဗျို့။ ပတ်တာ
မှ တစ်ကိုယ်လုံးကို ပတ်နေတော့တာ
ဗျာ။

“အား၊ အား၊ အား၊ အား အား”

မြေစကြာက ပတ်ပျံရင်းကနေ မီးတန်း
ကြီး လွှတ်နေတုန်းဗျ။

“အောင်မယ်လေးဗျ၊ ပူလှချည့်ရဲဗျာ
ကြောက်ပါပြီဗျာ”

အောက်လမ်းဆရာတပည့်ရဲ့ အော်သံ
ကြီးက ညအမှောင်ထဲမှာ လွှမ်းသွား
တော့တာပေါ့ဗျာ။ ဟော ဒူးကြီးတွေ
ထောင်ကျသွားပြီဗျို့။ ဟာ ခေါင်း
ကြီးတွေ စိုက်ကျသွားပြီဗျာ။

“ဝေါ့၊ ဝေါ့၊ ဝေါ့”

ဟာ သွေးတွေထိုးအန်ကြတာဗျာ။ မြင်
လို့တောင် မကောင်းဘူးဗျာ၊ ဟော လှ
ယဉ်ကိုယ်ပေါ်က စက်တွေရော၊ မဖဲဝါ
ရဲ့ ကိုယ်ပေါ်က စက်တွေရော ပျောက်
သွားပြီဗျို့။

“တာတေ ဖမ်းလိုက်”

လှယဉ်က ကျုပ်ကို အော်ပြောလိုက်တာ
ဗျ။ အဲဒီလိုပြောပြီး ပျံနေတဲ့ မြွေစကြာ
ကို သူ့လက်နဲ့ ယမ်းလိုက်တာ။ မီးတွေ
တောက်နေတဲ့ မြွေစကြာကြီး ‘ဝုန်း’က
နဲ မြည်ပြီး ပျောက်သွားတယ်။ ကျုပ်
က လက်နှစ်ဖက်ကို ရှေ့ထုတ်ပြီး ဖြန့်
ထားလိုက်ရောဗျ။

“ဖျတ်”

ဟော မြွေစကြာရုပ်ကလေးက ကျုပ်
လက်ဝါးပေါ်ကို ပြန်ရောက်လာရောဗျို့၊
ဒီအချိန်မှာပဲ မဖဲဝါကြီးက ထလာပြီး
ပြုတ်ကျသွားတဲ့ ခေါင်းကြီးကို ပြန်
ကောက်တယ်။ ပြီးတော့ လေထဲမှာ
ဝှေ့တယ်ဗျ။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ”

ခေါင်းကြီးကို လေထဲမှာဝှေ့ပြီး
အောက်လမ်းဆရာနှစ်ယောက်
လွှဲရိုက်လိုက်တယ်

“ဘုန်း၊ ခွမ်း၊ အား၊ အား”

သွေးပွက်ပွက်အန်နေတဲ့ အောက်လမ်း
နှစ်ယောက်မြေကြီးပေါ်ကို ဘုန်းကနဲ လဲ
ကျသွားရောဗျာ။ သူတို့ကိုယ်ပေါ်က မီး
တောက်တွေလည်း ငြိမ်းသွားရောဗျ။

မဖဲဝါက ခေါင်းကြီးကို ပခုံးမှာထမ်းပြီး
ဂူတွေပေါ်ကနေ ရိပ်ကနဲ ပျံထွက်သွား
တယ်။ လှယဉ်ကတော့ မြောက်ဘက်
ရှင်မရဲ့၊ ပညာသိုက်ဘက်ကို လှည့်ပြီး
သူ့လက်တွေနဲ့ ယမ်းလိုက်တာ ပွင့်နေ
တဲ့ တံခါးအနီကြီး ပိတ်သွားရောဗျို့။

“ဝုန်း” “ဂျိမ်း၊ ဂျိမ်း၊ ဂျိမ်း”

လှယဉ်က လက်နဲ့ ထပ်ယမ်းလိုက်တယ်
ပညာသိုက်က မြေကြီးထဲကို တဖြည်း
ဖြည်း မြုပ်ပြီး ပျောက်သွားတယ်။
ကျုပ်ကတော့ ကျုပ်ချစ်သူ လှယဉ်
လုပ်သမျှကို ငေးကြည့်နေမိတာပေါ့
ဗျာ။ လှယဉ်က ကျုပ်ဘက်ကို လှည့်
ကြည့်လိုက်ပြီး….

“တာတေ၊ ရှင်မ လွှတ်တဲ့နေ့ကျရင်
ငါလာယူမယ်၊ သေသေချာချာ သိမ်း
ထား”

လို့ ပြောပြီးတာနဲ့ ဖျက်ကနဲ ပျောက်
သွားတယ်။ ကျုပ်ကတော့ အတုံးအ
ရုန်းလဲပြီး သေနေတဲ့ အောက်လမ်း
ဆရာတွေကို ကြည့်ရင်း လှယဉ်ပြော
သွားတဲ့ အသံလေးကိုပဲ နားထဲမှာ
ကြားနေတော့တာပေါ့ဗျာ။

ငိုင်ငိုင်ကြီးရပ်နေတဲ့ ကျုပ်ကို ကျောက်
ခဲက ပခုံးလာပုတ်တယ်ဗျ။

“ကိုကြီးတာတေ ကိုကြီးတာတေ”

“ကိုကြီးတာတေ၊ နေကောင်းရဲ့လား”

“ဟာ အေး ကောင်း ကောင်းပါတယ်ကွာ”

လို့ ပြောလိုက်ရပေမယ့် ကျုပ်ရင်ထဲမှာ
ကြိတ်ပြီးလွမ်းနေခဲ့ရတာကိုတော့ ဘယ်
သူ သိမှာတုံးဗျာ။ ကျုပ်က မြွေစကြာ
ရုပ်ကလေးကို ကြည့်လိုက်တယ်။

ဒီမြွေစကြာရုပ်ကလေးကို လှယဉ်
လာပြန်ယူမှာတဲ့။ မြောက်ဘက်ရှင်
မ လွှတ်တဲ့နေ့ကို လှယဉ်လာမှာ။
အဲဒီနေ့ကို ကျုပ်မျှော်ရတော့မှာ
ပေါ့ဗျာ။

“လွမ်းလိုက်တာ လှယဉ်ရယ်”

လို့ ကျုပ်ပါးစပ်က တိုးတိုးလေးပြော
လိုက်တာကိုတော့ ကျောက်ခဲရော
သံမဏိရော မကြားလိုက်ကြဘူးဗျ။

မူရင်းရေးသူ ဆရာတာတေ

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)

credit

Zawgyi Version

“ကေဝ”(စ/ဆုံး)
——————-
ဝိညာဥ္စုတ္တဲ့ နတ္မိစာၦႀကီးကို ငရဲပို႔ဖို႔
အဘိုးဆရာႀကီးအေဖရွင္ကိုယ္တိုင္ႂကြ
လာခဲ့ရတယ္။

လူသတ္မိစာၦႀကီးကို က်ဳပ္ကိုယ္တိုင္
အဝီစိက တက္လာတဲ့ ငရဲမီးေတာက္ထဲ
ကို ပစ္ထည့္ခဲ့တယ္။ ကိစၥၿပီးတာနဲ႔ အ
ဘိုးဆရာႀကီးလည္း ျပန္ႂကြသြားၿပီး
က်ဳပ္လည္း အိမ္ျပန္ခဲ့တယ္။

ဒီေတာ့မွ အနယ္ထိုင္ေနၿပီျဖစ္တဲ့ က်ဳပ္
ရဲ႕ ႏွလုံးအိမ္မွာ အနယ္ေတြ ျပန္ထခဲ့ေတာ့
တာေပါ့ဗ်ာ။ က်ဳပ္ရင္နဲ႔အမွ် ခ်စ္ခဲ့ရတဲ့
လွယဥ္ကို က်ဳပ္သတိရတယ္။ လြမ္း
တယ္။ အမွန္အတိုင္း ေျပာရရင္ တာ
ေတ့ ရင္ထဲမွာ ဆို႔နင့္ေနေအာင္ လြမ္းရ
ျပန္ၿပီဗ်ာ။

လွယဥ္ရဲ႕ေမာင္ သံခဲေရာက္လာတာက
စတာေပါ့ဗ်ာ။ သံခဲ အိမ္ေပၚကို တက္
လာကတည္းက က်ဳပ္ရင္ေတြ ဗေလာင္
ဆူေတာ့တာဗ်။ သံခဲကလည္း သူ႔ခ်စ္သူ
ခင္သိန္းႏြယ္ ေကာက္ကာငင္ကာထ႐ူး
သြားေတာ့ သူကိုယ္တိုင္ ႐ူးမတတ္ ခံ
စားရေတာ့တာေပါ့ဗ်ာ။

သူ႔မွာလည္း အားကိုးစရာဆိုလို႔ က်ဳပ္ပဲ
ရွိတာေလ။ က်ဳပ္ဆီကို ေျပးခ်လာေတာ့
တာေပါ့။ ဒီေတာ့လည္း က်ဳပ္ရင္ထဲမွာ
အတိတ္ေတြက အရိပ္ေတြ ျပန္ေပၚလာ
ေရာဗ်ာ။ လွယဥ္ကို သတိရလိုက္၊ နဂါး
ေဆးေပါ့လိပ္ကေလး ေကာက္ဖြာလိုက္
ျပန္ခ်ထားလိုက္နဲ႔ က်ဳပ္စိတ္ေတြ ဂဏွာ
မၿငိမ္ေတာ့ဘူးဗ်ာ။

“လြမ္းလိုက္တာ လွရယ္ရယ္”
.
က်ဳပ္စိတ္ထဲမွာ ေအာ္ေျပာလိုက္တာဗ်။
ေအာ္လိုက္တာမွ တကယ့္ကို အက်ယ္ႀကီး
ဗ်။ ဒါေပမဲ့ က်ဳပ္ပဲ ၾကားတာေပါ့ဗ်ာ။ခင္
ဗ်ားကို က်ဳပ္ေျပာရဦးမယ္ဗ်။ အေမဆို
တာ သားသမီးေတြအတြက္ တုႏႈိင္းစရာ
မရွိတဲ့ အနႏၲေမတၱာရွင္ပါဗ်ာ။ က်ဳပ္ဂဏွာ
မၿငိမ္ ျဖစ္ေနတာကို မသိမသာ အကဲခတ္
ေနတာက က်ဳပ္အေမဗ်။

“တာေတေရ၊ ေသတဲ့လူေတြလည္း ေသ
သြားၿပီ၊ ေကာင္းတဲ့သူေတြလည္း ေကာင္း
သြားၿပီ၊ ေနာက္ဆုံး နင္႐ူးသြားဦးမယ္၊
သတိထားေနာ္”

“ဟာ…အေမကလည္းဗ်ာ က်ဳပ္ မ႐ူးပါ
ဘူးဗ်”

“ေအး..႐ူးသာ မ႐ူးတယ္၊ နင့္စိတ္ေတြက
ဂဏွာမၿငိမ္ကို ျဖစ္ေနတာ ဘာလဲ နင္လွ
ယဥ္ကို သတိရလာျပန္ၿပီလား”

“မဟုတ္ပါဘူးဗ်ာ”

က်ဳပ္က အေမ့ကို ေျဗာင္လိမ္လိုက္ရတယ္

“တာေတ ငါက နင့္ကို ေမြးထုတ္ထားတဲ့
အေမဟဲ့၊ နင့္မ်က္ႏွာတစ္ခ်က္ၾကည့္တာ
နဲ႔ နင္ဘာျဖစ္ေနတယ္ဆိုတာ စိတ္ထဲမွာ
သိတယ္”

“သံခဲကိုေတြ႕လိုက္ေတာ့ က်ဳပ္ က်ဳပ္လွ
ယဥ္ကို သတိရသြားလို႔ဗ်”

က်ဳပ္အသံက တိမ္ဝင္သြားတယ္။ ငိုသံ
မပါေအာင္ က်ဳပ္မနည္းကို သတိထားၿပီး
ေျပာလိုက္ရတာဗ်။

“ေၾသာ္…ငါသားႏွယ္ ၊ ဒီဘဝမွာ နင္နဲ႔ လွ
ယဥ္နဲ႔က ဖူးစာဖက္ဖို႔ကံမွ မပါခဲ့တာ၊ ေနာင္
ဘဝေတြ ဆုံပါေစလို႔ ဆုေတာင္းေပါ့ဟယ္”

က်ဳပ္အေမ့ကို ဘာမွျပန္မေျပာေတာ့ပါ
ဘူးဗ်ာ။ နဂါးေဆးေပါ့လိပ္ကေလးကိုပဲ
ဆက္တိုက္ဖြာေနလိုက္ေတာ့တယ္။အ
လြမ္းဆိုတာ ထိုင္ေနရင္ ပိုလြမ္းတာေပါ့
ဗ်ာ။ က်ဳပ္လုပ္စရာရွိတာေတြ ထလုပ္
တယ္။ အဘ ဆီႀကိတ္မလို႔လုပ္ေနတာ
ကို ခ်က္ခ်င္းသြားၿပီး ကူလိုက္တယ္။

က်ဳပ္ဆီဆုံထဲကို ႏွမ္းထည့္တယ္။ အဘ
က ဆီစႀကိတ္ၿပီ၊ က်ဳပ္က လိုတာေတြ
လိုက္လုပ္ေပးတယ္။ အလုပ္နဲ႔ လက္နဲ႔
မျပတ္ေအာင္ လုပ္ေနေတာ့ နည္းနည္း
ေတာ့ ခံသာသြားတာေပါ့ဗ်ာ။

တစ္ေန႔လုံး ဝိုင္းထဲမွာ အလုပ္ရွာၿပီး လုပ္
ေနလိုက္တယ္။ အလုပ္ေတြကေတာ့ လုပ္
မယ္ဆိုရင္ ရွိၿပီးသားေပါ့ဗ်ာ။ တစ္ေန႔လုံး
အလုပ္ေတြ လုပ္ထားလို႔လား မသိဘူးဗ်။
ညမိုးခ်ဳပ္တာနဲ႔ အိပ္ခ်င္ေနေရာဗ်ိဳ႕။က်ဳပ္
ေစာေစာပဲ အိပ္ရာဝင္ခဲ့ေရာဗ်ိဳ႕။ က်ဳပ္တို႔
ေတာအရပ္ဆိုတာက ကိုးနာရီေလာက္ဆို
ရင္ ေတာ္ေတာ္ကို ညဥ့္နက္ေနၿပီဗ်။ေခါင္း
အုံးနဲ႔ ေခါင္းနဲ႔ ထိတာနဲ႔ တစ္ၿပိဳက္နက္တည္း
အိပ္ေပ်ာ္ေတာ့တာဗ်။

အိမ္မက္ဗ်။ က်ဳပ္အိပ္မက္ မက္တာ ထူး
ေတာ့ ထူးဆန္းသားဗ်ိဳ႕။ က်ဳပ္မက္တဲ့ အိပ္
မက္က အသံခ်ည္းမက္တာ။ ႐ုပ္မပါဘူး။
အသံက တိုးတိုးေလးကေန တျဖည္းျဖည္း
က်ယ္လာတာဗ်ိဳ႕။ က်ဳပ္က အသံကို ေသ
ေသခ်ာခ်ာ နားေထာင္တယ္။ တစ္ခုခုေတာ့
ေျပာေနတာဗ်။ ေဟာ ၾကားလာရၿပီ။ ၾကား
လာရၿပီ။

“တာေတ ကိုယ္ပြားနဲ႔လာ၊ ေ႐ႊေတာင္ကုန္း
ဘုရားကို လာခဲ့”

ဟာ ဒါ ဒါ လွယဥ္ဗ်။ လွယဥ္အသံ။ က်ဳပ္
လန႔္ႏိုးသြားတယ္။ဒါ အိပ္မက္လား။ က်ဳပ္
စိတ္စြဲတာလား ။ တစ္ေန႔လုံး လွယဥ္ကို သ
တိရေနလို႔ အိပ္မက္ မက္တာထင္ပါတယ္
လို႔ က်ဳပ္ေတြးၿပီး ျပန္အိပ္လိုက္တယ္။

“တာေတ ေ႐ႊေတာင္ကုန္းဘုရားကို လာခဲ့၊
ကိုယ္ပြားနဲ႔ လာ”

မက္ျပန္ၿပီဗ်ိဳ႕။အိပ္လိုက္တိုင္း ဒီအိပ္မက္
ကိုပဲ က်ဳပ္မက္ေနတာဗ်။ က်ဳပ္စဥ္းစား
တယ္။ တကယ္မ်ားလားလို႔၊ က်ဳပ္သြား
ရင္ ေကာင္းမလား။

ကိုယ္ပြားမထုတ္ေတာ့ပါဘူးလို႔ အေမ့ကို
ကတိေပးၿပီးသားဗ်။ က်ဳပ္ဘာလုပ္ရင္
ေကာင္းမလဲ။ အို…သြားၾကည့္လိုက္တာ
ေကာင္းမယ္၊ ဘာမွမဟုတ္ေတာ့လည္း
ခ်က္ခ်င္းျပန္လာတာေပါ့ဗ်ာ။

က်ဳပ္မလုပ္တာ ၾကာေနၿပီျဖစ္တဲ့ ကိုယ္ပြား
ထုတ္တဲ့အလုပ္ကို က်ဳပ္လုပ္လိုက္ၿပီ၊ အိပ္
ရာထဲမွာ အိပ္ေနတဲ့ က်ဳပ္ကိုယ္ကို က်ဳပ္ျပန္
ျမင္ေနရတယ္။ ေ႐ႊေတာင္ကုန္းဘုရားကို
က်ဳပ္အာ႐ုံၫႊတ္လိုက္တယ္။ ေရာက္ၿပီ။

ဘုရားရင္ျပင္မွာ က်ဳပ္ရပ္ေနတယ္။ ေလာ
ကႀကီးတစ္ခုလုံး ေမွာင္လို႔။ မိုးသားပါးပါး
ေလးကို ေဖာက္ထြက္လာတဲ့ လရဲ႕အလင္း
ေရာင္ေဖ်ာ့ေဖ်ာ့ေလးက ဘုရားရင္ျပင္ေပၚ
မွာ ေဖ်ာ့ေဖ်ာ့ေလး လင္းေနတယ္။

“တာေတ”

က်ဳပ္ရင္ထဲမွာ လွပ္ကနဲ ျဖစ္သြားတယ္။
ဒါ လွယဥ္အသံဗ်။ က်ဳပ္ေနာက္က လာ
တာ။ က်ဳပ္ ေနာက္ကို ဆတ္ကနဲ လွည့္
ၾကည့္တယ္။

“ဟာ…လွယဥ္၊ လွယဥ္ မင္းလား၊ မင္း
ဟုတ္ရဲ႕လား”

လွယဥ္က ဘာမွ က်ဳပ္ကိုျပန္မေျပာဘဲ
က်ဳပ္ကို ေငးၾကည့္ေနတယ္ဗ်ာ။ လွယဥ္
က သရဲဆိုေပမယ့္ ပုံဆိုးပန္းဆိုးႀကီး မ
ဟုတ္ဘူးဗ်။ လူတုန္းက ပုံစံအတိုင္းပဲ။
က်ဳပ္အံ့ၾသေနတယ္။ နာနာဘာဝဆိုတာ
ေတြကလည္း ကာမဇိဒၶိရွိၾကတာဗ်။ လွ
ယဥ္ပုံစံေဆာင္ၿပီး ေရာက္လာတာမ်ား
လား က်ဳပ္လည္း ေဝခြဲမရတာနဲ႔ ေငး
ၾကည့္ေနမိတာေပါ့ဗ်ာ။

“တာေတ၊ အဲဒါ နင့္ရည္းစာ လွယဥ္”

ဟာ အသံတစ္သံ က်ဳပ္ၾကားလိုက္ရတယ္
ဟိုအေဝးႀကီးကေန လြင့္လာတဲ့အသံဗ်။ဒီ
အသံကိုေတာ့ က်ဳပ္ေကာင္းေကာင္းသိတာ
ေပါ့ဗ်ာ။ ဆယ့္ႏွစ္ရာသီ အဝါပင္ေအာက္
မွာ က်ဳပ္ေတြ႕ေနက် မဖဲဝါရဲ႕ အသံေလဗ်ာ

ဒီေတာ့မွ က်ဳပ္ရင္ေတြ တကယ္ခုန္ေတာ့
တာဗ်။ လွယဥ္လည္း က်ဳပ္ကို ေတာ္ေတာ္
လြမ္းေနပုံပဲ။က်ဳပ္ လွယဥ္လက္ကေလး
ေတြ ကိုင္လိုက္တယ္။ဟာ ကိုင္လို႔ရတယ္
ဗ်။ ေၾသာ္ က်ဳပ္က ကိုယ္ပြားကို။

ဒါေၾကာင့္ ဝိညာဥ္ကိုကိုင္လို႔ရတာေပါ့ဗ်ာ။
ေတာင္ပလဲကုန္းမွာ သြားကစားတာကို
က်ဳပ္ခ်က္ခ်င္းသတိရသြားတယ္။ ကိုယ္
ပြားက ဝိညာဥ္ေတြကို ကိုင္လို႔ရတယ္။ အ
တူတူလည္း ကစားလို႔ရတယ္။ တျခားဘုံ
ဘဝေတြကိုလည္း သြားလို႔ရတယ္ဆိုတာ
က်ဳပ္ ခုမွသတိရသြားတာဗ်ိဳ႕။

လွယဥ္က က်ဳပ္ရင္ခြင္ထဲကို တိုးဝင္ၿပီး
ရႈိက္ႀကီးတငင္နဲ႔ ငိုတယ္။ က်ဳပ္စဥ္းစား
တယ္။ လွယဥ္ အခု ဘာျဖစ္ေနတာတုံး။
နဂို႐ုပ္ရည္အတိုင္းပဲ ရွိေနတာ ဘာသ
ေဘာတုံး။ က်ဳပ္နဲ႔ေတြ႕ဖို႔ တမင္ဖန္ဆင္း
ထားတဲ့ ႐ုပ္မ်ားလား၊ က်ဳပ္စဥ္းစားလို႔
မရေတာ့ ေမးလိုက္တယ္။

“လွယဥ္ မင္း အခု ဘယ္မွာေနတာတုံးဟင္”

“ေျမာက္ဘက္ရွင္မရဲ႕ ဗိမာန္မွာ ေနရတယ္
တာေတ”

“ဒါဆိုရင္ နင္က သရဲ၊ တေစၦလား”

“ငါက အဲဒါထက္ အဆင့္ျမင့္တယ္ တာေတ”

“ဟင္ ဟုတ္လား လွယဥ္၊ နင္က ဘယ္လို
အဆင့္မ်ိဳးလဲဟ”

“ေျမာက္ဘက္ရွင္မ လက္ဝဲဘက္မွာေနတဲ့
‘နတ္စုန္း’ဟဲ့”

“ဒါဆိုရင္ နင္က နတ္မိစာၦတစ္မ်ိဳးပဲေပါ့”

“ေအး ….အဲဒီလိုမ်ိဳးေပါ့ေလ၊ ဒါေပမဲ့ တူ
ေတာ့ မတူဘူးဟဲ့၊ ငါတို႔က ပညာသည္နတ္
ေတြ၊ ရွင္မခိုင္းတာကို လုပ္ေပးၾကရတယ္၊
ရွင္မက ငါတို႔မွာ လိုေနတဲ့ ပညာအဆင့္ေတြ
ကို ထပ္ထပ္ ျဖည့္ေပးတယ္”

“လွယဥ္ ငါ နင့္ကို အရမ္းလြမ္းေနတာ
သိလား”

“သိတယ္ တာေတ၊ နင့္အေၾကာင္းေတြကို
ရွင္မနန္းမွာ ေနေပမယ့္ ငါအၿမဲလို ၾကား
ေနရတယ္”

“ေဟ…ဟုတ္လား၊ နင္က ငါ့အေၾကာင္းေတြ
ကို ဘယ္လိုလုပ္ၿပီး ၾကားတာတုံး”

“ေၾသာ္.. ဟုတ္လား လွယဥ္၊ နင္နဲ႔ ေအာက္
လမ္းနဲ႔တိုက္ၾကတုန္းက ငါ မဖဲဝါကို လွမ္း
ပင့္တာ ေနာက္က်သြားလို႔လား မသိဘူး
လွယဥ္၊ မဖဲဝါေရာက္ေတာ့ လက္လြန္
ေနၿပီ”

“မဟုတ္ပါဘူး တာေတ၊ အဲဒီေန႔ဟာငါ
လူ႔ဘဝမွာ ေနာက္ဆုံးေနရမယ့္ ေန႔မို႔ပါ
ဘယ္သူကယ္လို႔မွ မရပါဘူး”

“အခု နင္ ဒီကိုလာေတာ့ နင္တို႔ ရွင္မ သိ
လား၊ နင့္ကို အျပစ္ေတြဘာေတြ ေပးေန
ပါဦးမယ္ လွယဥ္ရယ္”

“သိတယ္ တာေတ၊ ရွင္မနန္းကို နင့္သ
တင္းေရာက္တယ္”

“ေဟ…ဘယ္လို ဘယ္လို၊ ေျမာက္ဘက္
ရွင္မရဲ႕နန္းထဲကို ငါ့သတင္းေရာက္တယ္
ဟုတ္လား လွယဥ္”

“ရွင္မဆီကို မဖဲဝါ အခစားဝင္တဲ့အခါ
မဖဲဝါ သူလုပ္တာကိုင္တာေတြကို ရွင္မ
ဆီမွာ ေလွ်ာက္တင္ရတယ္။ အဲဒီအခါ
က်ရင္ နင့္အေၾကာင္းက ပါလာတယ္
ေလ၊ ဟိုတေလာက အေဖရွင္ ႂကြလာ
ၿပီး နတ္မိစာၦကို ငရဲ႕ပို႔တုန္းကလည္း
နင္ပါတယ္မို႔လား၊ အဲဒီသတင္းလည္း
ရွင္မဆီကို ေရာက္တာပဲဟဲ့”

က်ဳပ္နဲ႔ လွယဥ္ ဟိုတုန္းက ခ်ိန္းေတြ႕ရင္
ထိုင္ေနက် အုတ္ခုံေလးမွာ ထိုင္ေနၾက
တာဗ်။ အေက်ာ္ပင္ေလးေတြ ေအာက္
မွာေလဗ်ာ။ အေက်ာ္ပြင့္ျဖဴျဖဴေလး
ေတြ ေလတိုက္လို႔ ေႂကြက်ရင္ လွယဥ္
က ေျပးေကာက္တာဗ်။ အခုေတာ့ ပန္း
ေတြလည္းမေႂကြဘူး။ လေရာင္ေဖ်ာ့
ေဖ်ာ့ေလးေအာက္မွာေတာ့ ပန္းပြင့္ျဖဴ
ျဖဴေလးေတြက က်ဳပ္နဲ႔လွယဥ္ကို ေငး
တိေငးငိုင္နဲ႔ ၾကည့္ေနၾကတယ္။

ခါတိုင္း လွယဥ္နဲ႔ က်ဳပ္နဲ႔ ခ်ိန္းေတြ႕ရင္
သူ႔ေခါင္းမွာ က်ဳပ္က အေက်ာ္ပြင့္ျဖဴ
ျဖဴေလးတစ္ပြင့္ ပန္းေပးေနၾကေလဗ်ာ
က်ဳပ္ အေက်ာ္ပြင့္ေလးတစ္ပြင့္ခူးၿပီး
လွယဥ္ေခါင္းမွာ ပန္ေပးလိုက္တယ္။
လွယဥ္က အရင္တုန္းကလိုပဲ အျပစ္
ကင္းတဲ့ အၿပဳံးလွလွေလးနဲ႔ က်ဳပ္ကို
ေငးေငးေလး ၾကည့္တယ္။

“တာေတ၊ ငါ နင့္ဆီကို ကိစၥရွိလို႔လာတာ၊
ရွင္မကိုယ္တိုင္ လႊတ္လိုက္တာ”

“ေဟ..ဟုတ္လား၊ ဘာကိစၥတုံး လွယဥ္”

“ေရာ့… ေဟာဒီပစၥည္းေလး နင္ယူထား၊
ရွင္မက နင့္ဆီကို ပို႔ခိုင္းလိုက္တာ၊ ဒီပ
စၥည္းေလးက တစ္ေန႔ အသုံးဝင္လိမ့္
မယ္တဲ့ တာေတ၊ ဒါေပမဲ့ ဒီပစၥည္းကို
နင္ ေနာက္ဆုံးအေျခအေနေရာက္ေတာ့
မွ သုံးရမယ္လို႔ ရွင္မ မွာလိုက္တယ္”

လွယဥ္က သူ႔ရဲ႕ လက္ဝါးျဖဴျဖဴေလးကို
ျဖန႔္ျပတယ္။ ေ႐ႊေရာင္လက္ေနတဲ့ ေႁမြ
႐ုပ္ကေလးဗ်။ မ်က္လုံးႏွစ္လုံးက ရဲ ၿပီး
နီေနတယ္။

ပါးပ်ဥ္းေထာင္ထားၿပီး မာန္ဖီေနတဲ့ ေႁမြ
တစ္ေကာင္ဗ်။ လွ်ာကလည္း နီရဲေနတာ။
ေႁမြက အေခြေလးေခြၿပီး ပါးပ်ဥ္းေထာင္
ထားတာ။ ေသးေသးေလးဗ်။ေငြဒဂ္ါး
တစ္က်ပ္ဝိုင္းေလာက္ပဲရွိတာ

က်ဳပ္က လွယဥ္ေပးတဲ့ ေႁမြ႐ုပ္ကေလး
ကို လက္ခံၿပီး ယူလိုက္တယ္။

“လွယဥ္ ငါက ဒါကို ဘယ္ေတာ့သုံးရမွာ
တုံး”

“ဒါကို သုံးဖို႔အခ်ိန္ ေရာက္လာလိမ့္မယ္။
နင္ ယူသာထားလိုက္ပါ”

“ေအးပါ ငါ ယူထားပါမယ္”

“ေရာ့… ဒီစာ႐ြက္ထဲမွာ မႏၲန္ပါတယ္။ အဲဒီ
မႏၲန္ကို ႐ြတ္ၿပီးမွ ဒီေႁမြကို ပစ္ရမွာ ၾကား
လား ဒီေႁမြနဲ႔ပစ္ရင္ ဘယ္လိုရန္သူမွ မခံ
ႏိုင္ဘူးလို႔ ရွင္မက ေျပာတယ္။ ဒါကို
‘ေႁမြစၾကာ’လို႔ ေခၚတယ္ တာေတ”

“ေၾသာ္…. နင္ ငါ့ဆီကို ဒါလာေပးတာလား
လွယဥ္”

“ေအး..ဟုတ္တယ္ နင္နဲ႔ ငါနဲ႔ လူ႔ဘဝတုန္း
က အေၾကာင္းရွိတာကို ရွင္မ သိတယ္
တာေတ၊ ဒါေၾကာင့္ နင့္ဆီကို ဒီပစၥည္း
ပို႔ဖို႔ ငါ့ကို လႊတ္လိုက္တာ၊ နင္နဲ႔ ငါနဲ႔ကို
လည္း ေတြ႕ခြင့္ေပးတာေပါ့ဟယ္။ ဒါေပ
မဲ့ ဒီအတိုင္း လႊတ္လိုက္တာေတာ့ မဟုတ္
ဘူး၊ မဖဲဝါက ငါတို႔ကို တစ္ေနရာကေန
ေစာင့္ၾကည့္ေနမွာ၊ သူ႔ကို ရွင္မက တာ
ဝန္ေပးထားတာ”

“ေၾသာ္…လွယဥ္ရယ္ ဘာပဲျဖစ္ျဖစ္ အခုလို
လြမ္းေနရတဲ့အခ်ိန္မွာ ေတြ႕လိုက္ရတာကိုပဲ
ငါေက်နပ္လွပါၿပီဟယ္၊ ၿပီးေတာ့ နင့္ကို အ
ခုလို နဂိုပုံစံအတိုင္း ျပန္ေတြ႕ရတာ၊ ငါအ
ရမ္းဝမ္းသာတယ္”

လွယဥ္က အရင္တုန္းကလိုပဲ က်ဳပ္ရင္ခြင္
ထဲကို သူ႔ကိုယ္လုံးေလး ကပ္ထားတယ္။
က်ဳပ္က လွယဥ္ကို ဖက္လိုက္ၿပီး ပါးခ်င္း
ကပ္ထားလိုက္တယ္။ လွယဥ္ေခါင္းမွာ
က်ဳပ္ပန္ေပးထားတဲ့ အေက်ာ္ပန္းက
ေလးက ေမႊးလို႔ဗ်။ ခဏေနေတာ့ လွ
ယဥ္ရဲ႕ ကိုယ္ေလး တြန႔္ကနဲျဖစ္သြား
တယ္။

“တာေတ ငါျပန္ရေတာ့မယ္၊ အခ်ိန္ေစ့
သြားၿပီ၊ ငါ့ကို ျပန္ေခၚေနၿပီ”

လွယဥ္သြားေတာ့မယ္ဆိုေတာ့မွ က်ဳပ္ရင္
ထဲမွာ ဆိုနင့္သြားသလိုပဲဗ်ာ။ ရင္ဘတ္တစ္
ခုလုံး နာက်င္သြားသလိုပဲ။ က်ဳပ္လွယဥ္
ကို လႊတ္မေပးဘဲ တအားဖက္ထားတယ္။

“တာေတ လွယဥ္ကို ျပန္လႊတ္လိုက္ေတာ့”

အမိန႔္ေပးတာ မဟုတ္ေပမယ့္ သတိေပး
တဲ့အသံဗ်။ မဖဲဝါရဲ႕အသံေပါ့ဗ်ာ။ ဆယ့္
ႏွစ္ရာသီပင္ေအာက္မွာ က်ဳပ္ျမင္ေနက်။
မဖဲဝါရဲ႕အသံေပါ့။ ေကာင္မေလးတစ္
ေယာက္ရဲ႕ အသံမ်ိဳးေလဗ်ာ။ ဒီေတာ့မွ
သတိရၿပီး က်ဳပ္ လွယဥ္ကို လႊတ္ေပး
လိုက္တယ္။ လွယဥ္က အုတ္ခုံေလးက
ထၿပီး က်ဳပ္ကို တစ္ခ်က္စိုက္ၾကည့္တယ္
ဗ်။ ဟာ ေပ်ာက္သြားၿပီ။ လွယဥ္ေပ်ာက္
သြားၿပီ။

က်ဳပ္လက္ထဲက ‘ေႁမြစၾကာ’႐ုပ္ကေလး
ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အိမ္ကို က်ဳပ္
စိတ္က ၫႊတ္လိုက္တယ္။ က်ဳပ္အိပ္ေန
ရာက လန႔္ႏိုးသြားေတာ့တာေပါ့ဗ်ာ။.ဒါ
ေပမဲ့ က်ဳပ္ျပန္အိပ္ေပ်ာ္သြားတယ္။ မ
နက္မိုးလင္းေတာ့ ညကအေၾကာင္းေတြ
ကို သတိရသြားၿပီး က်ဳပ္အိပ္ရာထဲမွာ
လိုက္ရွာၾကည့္တယ္။

‘ေႁမြစၾကာ’႐ုပ္ကေလးက က်ဳပ္ေခါင္းအုံး
ေဘးမွာဗ်။ က်ဳပ္အ႐ုပ္ကေလးကို ေသ
ေသခ်ာခ်ာ ၾကည့္လိုက္တယ္။ ေငြနဲ႔လုပ္
ထားတာဗ်ာ။ လက္ရာေတာ္ေတာ္ကို
ေျမာက္တာဗ်။ မ်က္လုံးေနရာမွာက နီ
ရဲေနတာ ပတၱျမားေလးျမႇဳပ္ထားတာ
ထင္တယ္။ မာန္ဖီၿပီးဟထားတဲ့ ပါးစပ္
ထဲမွာ လွ်ာေလးက နီရဲေနတာဗ်။

ဘယ္လိုသတၱဳနဲ႔ လုပ္ထားတယ္ဆိုတာ
ေတာ့ မသိဘူးဗ်။ လွ်ာကို ေငြနဲ႔ လုပ္ထား
တာေတာ့ မဟုတ္ဘူး။က်ဳပ္က ေႁမြစၾကာ
႐ုပ္ကေလးကို စကၠဴနဲ႔ပတ္ၿပီး ေဆးလြယ္
အိတ္ထဲမွာ ေသေသခ်ာခ်ာ သိမ္းလိုက္
တယ္။

“တာေတ တစ္ေယာက္ကေတာ့ မေန႔က
ေသသြားတဲ့ရည္းစားကို လြမ္းရတာနဲ႔၊
အိမ္အလုပ္ေတြ လုပ္ရတာနဲ႔ ဆိုေတာ့
စိတ္ေရာလူေရာ ေတာ္ေတာ္ပင္ပန္းသြား
တင္ထင္တယ္၊ ညက အိပ္လိုက္တာမွ
တုံးထိုးထားသလိုပဲ လႈပ္သံေတာင္ မ
ၾကားဘူးေတာ္”

အေမက က်ဳပ္ကို ေျပာတာဗ်။

“အေမ က်ဳပ္ ညက ဒီမွာမရွိဘူးဗ်၊ ေ႐ႊ
ေတာင္ကုန္းမွာ လွယဥ္နဲ႔ သြားေတြ႕ေန
တာ”

လို႔ေတာ့ က်ဳပ္ေျပာလို႔ ဘယ္ျဖစ္မလဲဗ်ာ၊
က်ဳပ္ကိုယ္ပြားမထုတ္ေတာ့ပါဘူးလို႔ အ
ေမ့ကို ကတိေပးထားတာေလဗ်ာ။ က်ဳပ္
စဥ္းစားလို႔ မရဘူးဗ်။ ေျမာက္ဘက္ရွင္
မက က်ဳပ္ဆီကို ‘ေႁမြစၾကာ’႐ုပ္ကေလး
ပို႔ေပးတာ။ ဘာရည္႐ြယ္ခ်က္တုံးဆိုတာ
က်ဳပ္စဥ္းစားေပမယ့္ မရဘူးဗ်ာ။

ဘာပဲျဖစ္ျဖစ္ က်ဳပ္ခ်စ္သူ လွယဥ္ကို
ညက ေတြ႕လိုက္ရေတာ့ က်ဳပ္ လႊတ္
ေပ်ာ္တယ္ဗ်ာ။ သီတင္းကြၽတ္ေတာ့
က်ဳပ္တို႔ ႏွမ္းႏႈတ္တယ္။ သီတင္း
ကြၽတ္လကုန္ကာနီး ႏႈတ္တဲ့ႏွမ္းေတြ
က တန္ေဆာင္မုန္းေရာက္မွ ျပတ္တာ
ေပါ့ဗ်ာ။ ႏွမ္းေတြ အားလုံး အိတ္ထဲ
သြတ္ၿပီးေတာ့ပဲ တန္ေဆာင္တိုင္ပြဲ
ေတာ္ ေရာက္ၿပီဗ်။

အလုပ္အားလုံးၿပီးေတာ့ က်ဳပ္လည္း နား
ေနတာေပါ့ဗ်ာ။အေမကေတာ့ က်ဳပ္ႀကိဳက္
တဲ့ ဝက္သားကို ႐ိုး႐ိုးတစ္ခြက္၊ ပုန္းရည္
နဲ႔ တစ္ခြက္၊ ကလီစာပါ ခ်က္ေကြၽးတာ
ဗ်။ ဆရာေတာ့္ေက်ာင္းကို ဆြမ္းခ်ိဳင့္
လည္း ပို႔ရတာေပါ့ဗ်ာ။

က်ဳပ္ဆရာေတာ့္ေက်ာင္းကို ဆြမ္းခ်ိဳင့္
သြားပို႔ေတာ့မွ ဒီသတင္းကို က်ဳပ္ၾကား
တာဗ်ာ။ မၾကားဆို က်ဳပ္နဲ႔ အဘလည္း
ယာထဲမွာတင္ မိုးလင္းမိုးခ်ဳပ္ အခ်ိန္
ကုန္ေနၾကရတာေလဗ်ာ။ ဘယ္သူနဲ႔မွ
မေတြ႕ျဖစ္ေတာ့ ဘာသတင္းမွလည္း
မၾကားဘူးေပါ့ဗ်ာ။

“တာေတ”

“ဘုရား”

က်ဳပ္က ဆြမ္းခ်ိဳင့္ကပ္ေနတုန္း ဆရာ
ေတာ္က မိန႔္တာဗ်။

“ဘာသတင္းထူးမ်ား ၾကားေသးတုံး”
.
“တပည့္ေတာ္ေတာ့ ဘာမွမၾကားဘူးဘု
ရား၊ အလုပ္ေတြလည္း တစ္ေန႔ကမွ ၿပီး
သြားတာဘုရား၊ ဘယ္မွကို မသြားႏိုင္
တာ”

“ေအး ေအး ဟုတ္တာေပါ့၊ မင္းအလုပ္
ေတြ မ်ားေနတာကိုး၊ ဒီအနီးအနားမွာ
ေအာက္လမ္းေတြ ေျခရႈပ္ေနသတဲ့ တာ
ေတရဲ႕”

“ဟာ… ဟုတ္လားဘုရား”

“ေအး…အဲဒါကို မင္းနည္းနည္း ေလ့လာ
ၾကည့္လိုက္ဦး၊ အလုပ္ေတြလည္း ၿပီး
သြားၿပီမို႔လား”

“မွန္ပါ့ဘုရား၊ တပည့္ေတာ္ စုံစမ္းၾကည့္
လိုက္ပါ့မယ္ဘုရား”

“ေအး ေအး၊ ကိုယ့္ရပ္ကိုယ္႐ြာကို ဒီလို
မေကာင္းတဲ့ အတတ္ပညာသယ္ေတြ
ဝင္တာထြက္တာကို သတိထားၿပီး ေစာင့္
ၾကည့္ရမယ္၊ ဒီေကာင္မ်ိဳးေတြက ဘယ္
သူ႔ကိုမွ ေကာင္းက်ိဳးေပးမယ့္ေကာင္
ေတြ မဟုတ္ဘူး တာေတရဲ႕”

“မွန္ပါတယ္ဘုရား၊ တပည့္ေတာ္ စုံစမ္း
လိုက္ပါ့မယ္ဘုရား”

က်ဳပ္က ဆရာေတာ္နဲ႔ စကားေျပာဆိုၿပီး
ဆြမ္းခ်ိဳင့္လွယ္တယ္။ ဆရာေတာ္ ေန႔
ဆြမ္းဘုဥ္းမယ့္ စားပြဲဝိုင္းေပၚမွာ ဆြမ္း
ဟင္းပြဲေတြကို ေသေသခ်ာခ်ာ ျပင္ေပး
ခဲ့တယ္။ ဆြမ္းခံထြက္တဲ့ ကိုရင္ေတြ
ေက်ာင္းသားေတြ ဆြမ္းခံမဝင္ၾကေသး
ဘူးဗ်။ဆရာေတာ့္ေက်ာင္းက အိမ္ျပန္
ေရာက္ေတာ့ ဆရာေတာ္ေျပာတဲ့ကိစၥ
ကို စုံစမ္းဖို႔၊ က်ဳပ္ ေက်ာက္ခဲနဲ႔သံမဏိ
ကို လူႀကဳံနဲ႔ မွာလိုက္တယ္။

လူႀကဳံက တျခားမဟုတ္ဘူးဗ်။ ေက်ာက္
ခဲတို႔ ဝိုင္းနဲ႔ကပ္လ်က္ ေျမာက္ဘက္ဝိုင္း
က လက္မလို႔ေခၚတဲ့ ေကာင္နဲ႔ မွာလိုက္
တာ။ လက္မက ေက်ာက္ခဲထက္ နည္း
နည္းႀကီးတယ္။ ဒါေပမဲ့ လူက ညႇက္စိ
ေလးဆိုေတာ့ သူ႔ကို ငလက္မလို႔ က်ဳပ္
တို႔ ႐ြာသားေတြက ေခၚၾကတာ။

ႀကီးလာေတာ့လည္း လက္မလို႔ပဲ ေခၚ
ေတာ့တယ္။ သိပ္မၾကာဘူးဗ်။ေက်ာက္
ခဲနဲ႔ သံမဏိ က်ဳပ္ဆီကို ေရာက္လာတယ္
ဒီေကာင္ႏွစ္ေကာင္ ဝိုင္းထဲကို သုတ္သီး
သုတ္ပ်ာနဲ႔ကို ဝင္ခ်လာတာဗ်ိဳ႕။ က်ဳပ္
က မန္က်ည္းပင္ေအာက္က သစ္သား
ကြပ္ပ်စ္မွာ ထိုင္ၿပီး နဂါးေဆးေပါ့လိပ္
ကေလး ဖြာေနတာဗ်။ က်ဳပ္ေဘးမွာ
ဒီေကာင္ႏွစ္ေကာင္ ဝင္ထိုင္လိုက္ၾက
တယ္။ က်ဳပ္မ်က္ႏွာကိုလည္း အကဲ
ခတ္ေနၾကတာဗ်။

“ကိုႀကီးတာေတ ဘာမ်ားအေၾကာင္းထူး
ရွိလို႔တုံး”

ေက်ာက္ခဲက အာသြက္တဲ့ေကာင္ဆိုေတာ့
ဒီေကာင္က ေမးတာဗ်။

“ငါ ေစာေစာက ဆရာေတာ့္ေက်ာင္းကို
ဆြမ္းခ်ိဳင့္သြားပို႔တာကြ၊ ဆရာေတာ္က
ေမးတယ္၊ ဒီအနီးတစ္ဝိုက္မွာ ေအာက္
လမ္းေတြ ေျခရႈပ္ေနတယ္လို႔ ၾကား
တယ္တဲ့ကြ၊ အဲဒါ သိလားလို႔ ငါ့ကို
ဆရာေတာ္က ေမးလို႔ကြ၊ ငါကလည္း
ႏွမ္းသိမ္းေနရတာဆိုေတာ့ ဘာမွမ
ၾကားမိဘူးကြ၊ မင္းတို႔ေရာ ၾကားမိ
သလား”

ေက်ာက္ခဲက ေခါင္းညိတ္ၿပီး
ေျပာတယ္ဗ်။

“က်ဳပ္ေတြ႕ခဲ့တယ္ဗ်၊ ကိုႀကီးတာေတရ”

“ေဟ…ဟုတ္လား ေက်ာက္ခဲ၊ မင္းကိုယ္
တိုင္ ေတြ႕တာလား”

“က်ဳပ္ေရာ သံမဏိေရာ ေတြ႕တာဗ်၊
အခု ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က က်ဳပ္
နဲ႔ သံမဏိ မီးေလာင္ကုန္းကို သြားၾက
တာဗ်။ သံမဏိ အေမခိုင္းလိုက္လို႔”

“ဟုတ္တယ္ဗ်၊ ကိုႀကီးတာေတရ၊ မီး
ေလာင္ကုန္းက အရီးေလးမပုတို႔အိမ္
ကိုသြားတာ၊ က်ဳပ္တို႔ဆီက ႏွမ္းမ်ိဳးယူ
ထားလို႔၊ အေမက ႏွမ္းဖိုးသြားေတာင္း
ခိုင္းတာဗ်”

“ေအး ဟုတ္ၿပီ၊ ေျပာပါဦးကြ သံမဏိရ”

က်ဳပ္က အင္မတန္ စကားနည္းတဲ့ သံ
မဏိကို တမင္ေမးတာဗ်၊ သံမဏိက
ေက်ာက္ခဲကို လွည့္ၾကည့္တယ္။

“ေျပာလိုက္ေလကြာ၊ ကိုႀကီးတာေတက
မင္းေျပာတာကို နားေထာင္ခ်င္လို႔ မင္း
ကို ေျပာခိုင္းတာေနမွာေပါ့”

သံမဏိက ဘာေျပာရမလဲလို႔ စဥ္းစား
ေနေရာဗ်

“ဒီလိုဗ်၊ က်ဳပ္နဲ႔ ေက်ာက္ခဲနဲ႔ မီးေလာင္
ကုန္းက ျပန္လာေတာ့ က်ဳပ္ေရွ႕ကေန
လူႏွစ္ေယာက္ ေလွ်ာက္သြားတယ္။တစ္
ေယာက္က ေသွ်ာင္ထုံးနဲ႔ဗ်။ ေနာက္တစ္
ေယာက္က ကတုံးနဲ႔ ႏွစ္ေယာက္စလုံး
ေခါင္းမွာ ပုဝါေတြေပါင္းလို႔၊ သူတို႔ခ်င္း
ေျပာတဲ့ စကားကို က်ဳပ္တို႔ ၾကားခဲ့တာ
ဗ်၊ မင္းလည္း ၾကားတယ္ေနာ္ ေက်ာက္
ခဲ”

“ေအးေပါ့ ၾကားပါတယ္ ဆက္သာေျပာ
ပါ သံမဏိရဲ႕”

“ေအး ဟုတ္ၿပီ သံမဏိ၊ အဲဒီလူႏွစ္ေယာက္
က ဘာေတြ ေျပာလို႔တုံးကြ”

က်ဳပ္က သံမဏိစကားကို ဝင္ၿပီးေထာက္
ေပးတယ္။

“ေသွ်ာင္ထုံးလူက ေျပာတာဗ်

‘ေဟ့ေကာင္ ကတုံး၊ ဒီေနရာမွာ ေျမာက္
ဘက္ရွင္မရဲ႕ အသက္ဗူးထားတယ္ဆို
တာ ဟုတ္ပါ့မလားကြ”

“ဟ ေသွ်ာင္ႀကီးေဗြရာ၊ ဆရာႀကီးက
မဟုတ္ဘဲ ေျပာပါ့မလားကြ၊ ဟုတ္လို႔
ေျပာတာေပါ့၊ အသက္ဗူးေရာ ထားတာ
တဲ့ေဟ့၊ အဲဒီေျမာက္ဘက္ရွင္မသိုက္
ကို မဖဲဝါ ေစာင့္ရတာတဲဗ်ာ၊ မဖဲဝါဆို
ေပမဲ့ ေပါ့ေသးေသး သရဲမလို႔ေတာ့ မ
ထင္နဲ႔ေဟ့၊ ေျမာက္ဘက္ရွင္မက သူ႔ကို
ပညာစက္ေရာ အပ္ထားတာတဲ့ကြ၊ ဒါ
မွ သူ႔ရဲ႕သိုက္ကို ေစာင့္လို႔ရမွာေလကြာ”

“ေဟ…ဟုတ္လား၊ အဲဒီသိုက္ထဲမွာ ေ႐ႊ
ေတြ ေငြေတြေရာ ရွိသတဲ့ကြ ကတုံးရဲ႕”

“ဒီသိုက္က ရတနာေတြရွိတဲ့ သိုက္မဟုတ္
ဘူးေလကြာ၊ ေျမာက္ဘက္ရွင္မရဲ႕ ပညာ
သိုက္ကြ ေသွ်ာင္ႀကီးေဗြရဲ႕၊ ဘာတုံး၊ မင္း
က ေ႐ႊေတြလိုခ်င္လို႔လား”

“ဟာ ကတုံးကလည္း မလိုခ်င္ဘဲ ရွိပါ့
မလားကြာ၊ မင္းေရာ မလိုခ်င္ဘူးလား”

“ငါက မင္းနဲ႔ အေတြးခ်င္း မတူဘူးကြ၊
ငါက ေ႐ႊထက္ ပညာကို ပိုၿပီးမက္တာ”

“ေနပါဦး ကတုံးရဲ႕၊ အဲဒီပညာဗူးကိုရရင္
တို႔ဆရာႀကီးက ဘာလုပ္မွာတဲ့တုံး”

“ဟာ…ဒီေကာင္ေသွ်ာင္ႀကီးေဗြ၊ မင္းမ
လည္း အ ခ်က္ကြာ၊ ပညာဗူးရရင္ ဘာ
လုပ္ရမွာတုံး၊ မ်ိဳခ်လိုက္မွာေပါ့၊ အဲဒီ
ပညာဗူးဝမ္းထဲ ေရာက္သြားရင္ တို႔ဆ
ရာႀကီးက ဇမၺဴတလူဆိုတာလိုပဲ ပညာ
စခန္းမွာ ၿပိဳင္ဘက္ကင္းၿပီေပါ့ကြ၊ ေမွာ္
စုံ၊ ႀကိဳးစုံ၊ ေရစုံ၊ မီးစုံ အကုန္ပိုင္တဲ့လူ
ျဖစ္ၿပီေပါ့ကြ”

“ေဟ… ဒါဆိုရင္ ေျမာက္ဘက္ရွင္မရဲ႕
အသက္ဗူးကိုေရာ ဘာလုပ္မွာတုံးကြ”

“မင္း ေတာ္ေတာ္ကို အတဲ့ေကာင္ပဲ
ေသွ်ာင္ႀကီးေဗြရဲ႕၊ အသက္ဗူးကို ဆ
ရာႀကီးက သိမ္းထားလိုက္ရင္ ေျမာက္
ဘက္ရွင္မကို တစ္သက္လုံးခိုင္းလို႔
ရၿပီေပါ့ကြ၊ ေျမာက္ဘက္ရွင္မရဲ႕
လက္ေအာက္မွာ လိပ္ျပာအင္မတန္
လွတဲ့ ပညာသယ္ေလးေတြ ရွိေသး
တာတဲ့ကြ”

“ေဟ…ဟုတ္လား၊ သူတို႔က လူေတြလား
ကတုံး”

“ဘယ္ကလူေတြရမွာတုံး၊ နတ္ေတြက
နတ္ဆိုေပ ပညာသယ္နတ္ေတြေပါ့ကြာ
နတ္စုန္းလို႔ ေခၚတယ္ကြ”

“ဟ ကတုံး၊ မင္းက ေတာ္ေတာ္ကို သိေန
တာပါလား”

“သိဆို ဆရာႀကီး ေျပာျပတာကိုး ေသွ်ာင္
ႀကီးေဗြရဲ႕၊ တို႔ဆရာႀကီးဆီမွာ ပညာယူ
တဲ့အခါက်ေတာ့ အေျခခံအဆင့္မွာ မင္း
တို႔လိုပဲ ေသွ်ာင္တစ္ေစာင္းေတြ ထားရ
တယ္၊ ပညာအဆင့္ျမင့္သြားၿပီဆိုေတာ့
ငါတို႔လို အၿမဲတမ္း ကတုံးနဲ႔ပဲ ေနရတယ္
မို႔လား၊ ေအး ကတုံးအဆင့္ ပညာသယ္
ျဖစ္ရင္ ဆရာႀကီးက ေျပာသင့္တာေတြ
အကုန္ေျပာျပထားတာကြ၊ မင္းကိုလည္း
ေနာက္ေတာ့ ဆရာႀကီး ေျပာျပမွာေပါ့
ေသွ်ာင္ႀကီးေဗြရဲ႕”

“ဒီလိုျဖင့္ ေျမာက္ဘက္ရွင္မရဲ႕ တပည့္
နတ္စုန္းေတြက ဘယ္ေလာက္မ်ားေန
မွန္းမွ မသိတာ၊ ဆရာႀကီးႏိုင္ပါ့မလား
ကြ ကတုံးရဲ႕”

“ေဟ့ေကာင္ ေသွ်ာင္ႀကီးေဗြ၊ မင္းေျပာတဲ့
စကားသာဆရာႀကီး ၾကားသြားရင္ မင္းကို
ပါးထ႐ိုက္မွာ ေသခ်ာတယ္ သိလား၊ မင္း
လို စိတ္ေလွ်ာ့တတ္တဲ့လူမ်ိဳးကို ဆရာႀကီး
က သိပ္ေဒါသျဖစ္တာကြ တိုက္ပြဲဆိုတာ
ႏိုင္တာနဲ႔ ရႈံးတာ ႏွစ္မ်ိဳးပဲရွိတာ၊ ႏိုင္ရင္
ႏိုင္မယ္၊ မႏိုင္ရင္ ရႈံးမယ္၊ တန္ဖိုးႀကီးတဲ့
အရာတစ္ခုကို လိုခ်င္ရင္ေတာ့ တန္ရာ
တန္ဖိုးေပးၿပီး ယူရမွာပဲ ေသွ်ာင္ႀကီးေဗြ၊
အဲဒီလို အေရးႀကီးလို႔လည္း မင္းတို႔ ငါ
တို႔ေတြကို ေရွ႕ေျပးလႊတ္ၿပီး ရွင္းခိုင္းလင္း
ခိုင္းေနတာေပါ့ကြ၊ အခုဆိုရင္ ဒီနားက
ထေနာင္းကုန္း၊ ဘန႔္ေဘြ႕ကုန္း၊ မီးေလာင္
ကုန္း၊ ေငြတြင္းကုန္း၊ သံခေနာက္၊ က်ဟုန္း
ဆိုတဲ့ ႐ြာေတြအားလုံးမွာ ငါတို႔လူေတြ
ေရာက္ေနၿပီ၊ ႀကိဳတင္ရွင္းလင္းေနၾက
တာ မဟုတ္လား”

“ေအး ဟုတ္ပါတယ္၊ ဆရာႀကီးတို႔က
ဘယ္ေတာ့ ေရာက္မွာတုံး”

“လကြယ္ညမတိုင္ခင္ ေရာက္မွာေပါ့
ေသွ်ာင္ႀကီးေဗြရဲ႕၊ တို႔ဆရာႀကီးက လ
ကြယ္ညမွာ အလုပ္လုပ္မွာေလကြာ”

“ေၾသာ္…သိပ္မလိုေတာ့ဘူးပဲကြ၊ ေရွ႕ေျပး
လႊတ္ထားတဲ့ ငါတို႔အဖြဲ႕ေတြက မင္းနဲ႔ ငါ
လိုပဲ သခ္်ိဳင္းကုန္းဇရပ္ေတြမွာပဲ ေနရ
တယ္၊ ဆရာႀကီးမွာတဲ့အတိုင္း အားလုံး
ကို ေထာက္လွမ္းၿပီး ရွင္းသင့္တာေတြ
အားလုံး ရွင္းလင္းၾကရတယ္”

“ခုအခ်ိန္ထိေတာ့ ထူးထူးျခားျခား ဘာမွ
မေတြ႕ေသးဘူးမို႔လား ကတုံး”

“အခု မင္းနဲ႔ ငါနဲ႔ ထေနာင္းကုန္းသခ္်ိဳင္း
ဇရပ္ကို သြားေနၾကတာေလကြ၊ ထူးလို႔
သြားရတာေပါ့ ၊ငါတို႔တာဝန္က မီးေလာင္
ကုန္းဇရပ္မို႔လား”

“ေဟ ထူးလို႔ဟုတ္လား၊ ဘယ္လိုမ်ား
ထူးလို႔တုံးကြ”

“ထေနာင္းကုန္း႐ြာကို ညဘက္ပတ္ၿပီး
စက္ေတြလႊတ္ၾကည့္တာ၊ အဆင္ေျပ
တယ္တဲ့၊ ဒါေပမဲ့ ႐ြာကိုေက်ာ္ၿပီ။ စက္
လႊတ္ၾကည့္တာ မရဘူးတဲ့ကြ၊ စက္
ေတြ ျပတ္ေတာင္ထြက္ကုန္သတဲ့”

“ေဟ…ဟုတ္လားကြ”

“ေအး…အဲဒါ ဆရာႀကီးဆီကို သတင္းပို႔
ေတာ့ ဆရာႀကီးက ဒီည ငါသြားၿပီး ပူး
ေပါင္းရမယ္ဆိုလို႔ ေသွ်ာင္ႀကီးေဗြရဲ႕၊
ဒီည အဲဒီကိစၥၿပီးမွ မင္းနဲ႔ငါ မီးေလာင္
ကုန္းသခ္်ိဳင္းကို ျပန္ရမွာ”

“ေၾသာ္ ဒီလိုလား၊ အဲဒါ ဘယ္လိုေၾကာင့္
ျဖစ္တာတုံးကြ၊ ကတုံးရဲ႕”

“အင္း ႐ြာထဲမွာ အထက္လမ္းဆရာ ရွိ
ေနသလား၊ ဒါမွမဟုတ္ရင္လည္း အ
ထက္ဆရာႀကီးေတြက ႐ြာရဲ႕ေထာင့္
ေလးေထာင့္မွာ အစြမ္းထက္တဲ့ အ
ထက္အင္းေတြ ျမႇဳပ္ေပးထားလို႔လား
ဆိုတာ ေလ့လာၾကည့္ရမွာေပါ့ကြာ”

“တကယ္လို႔ ဆရာရွိတယ္ဆိုရင္ တို႔က
ဘယ္လိုလုပ္ရမွာတုံးကြ”

“ဟ ဆရာရွိတယ္ဆိုရင္ေတာ့ ႐ြာျပင္ကို
ရေအာင္ေခၚထုတ္ၿပီး ရွင္းပစ္သင့္ရင္
ရွင္းပစ္ရမွာေပါ့ကြာ၊ ေသွ်ာင္ႀကီးေဗြရဲ႕၊
ဆရာေၾကာင့္ မဟုတ္ဘဲ အင္းေတြဘာ
ေတြေၾကာင့္ ဆိုရင္ေတာ့ ဒီအတိုင္းထား
လိုက္႐ုံေပါ့၊ ထေနာင္းကုန္းထဲကို တို႔လူ
အလြယ္တကူ မဝင္ဖို႔ ႐ြာျပင္ကပဲ ပတ္
သြားဖို႔ ဆရာႀကီး ေျပာမွာေပါ့ကြာ၊ဘာ
ေၾကာင့္ဆိုတာ တိတိက်က် အေျဖရွာ
ေပးရမွာေပါ့”

“ေၾသာ္…မင္းတို႔ကတုံးေတြရဲ႕ အဆင့္က
ေတာ္ေတာ္ကို ျမင့္တာပဲေနာ္”

“ေအး.. ကတုံးအဆင့္ကိုေရာက္ရင္ အ
ေပၚမွာ သုံးဆင့္ပဲ က်န္ေတာ့တယ္ကြ၊
ဒါေတာင္ ထေနာင္းကုန္းဇရပ္က ကတုံး
နဲ႔ ငါနဲ႔ ႏွစ္ေယာက္ေပါင္းပညာနဲ႔ ဒီည
ရွာရမွာ၊ ၿပီးရင္ မင္းနဲ႔ငါ မီးေလာင္ကုန္း
ဇရပ္ကို ျပန္အိပ္ၾကတာေပါ့ကြာ”

“ဟာ…မင္းတို႔ ဆရာႀကီးဆီကို သတင္း
သြားမပို႔ေတာ့ဘူးလား”

“ဟား ဟား ဟား ဟား မင္း သိမွမသိ
ေသးတာပဲကိုး ေသွ်ာင္ႀကီးေဗြရဲ႕၊ ငါတို႔
က ဆရာႀကီးဆီကို လူကိုယ္တိုင္ သြား
ၿပီးသတင္းပို႔ဖို႔ မလိုဘူးကြ၊ ဒီကေန
လွမ္းေလွ်ာက္လို႔ရတယ္”

“ေဟ…မင္းတို႔ပညာက ဒီေလာက္ေတာင္
ျမင္ေနၿပီလား”

“ဟာ ျမင့္ပါတယ္ဆိုမွ ေသွ်ာင္ႀကီးေဗြရာ”

သံမဏိက စကားကို ရပ္လိုက္တယ္။
က်ဳပ္ သံမဏိ ေျပာတာကို စဥ္းစား
ေနတာဗ်။

“အဲဒါ ဘယ္ေန႔က ေတြ႕ခဲ့တာတုံးကြ
ေက်ာက္ခဲရဲ႕”

“တေန႔ကဗ်၊ ႏွစ္ရက္ရွိၿပီေပါ့ ကိုႀကီးတာ
ေတ”

ဒီလူေတြ က်ဳပ္တို႔ ထေနာင္းကုန္းမွာ ဘာ
ေတြ ေတြ႕သြားတုံး၊ ႐ြာေပၚကို စက္လႊတ္
လို႔မရတာ၊ က်ဳပ္ ေဆးအိတ္ႀကီးထဲမွာ
ရွိတဲ့ ဆရာႀကီးေတြ ေပးထားတဲ့ အင္း
ခ်ပ္ေတြ အ႐ုပ္ေတြ ေဆးဝါးေတြ ရွိေန
လို႔ ျဖစ္မယ္ဗ်။

“တို႔ထေနာင္းကုန္စဇရပ္ထဲမွာ ဒီလူေတြ
ရွိတုန္းပဲလား”

“ဟာ ရွိတယ္ ကိုႀကီးတာေတ၊ မနက္က
႐ြာျပင္ထြက္ေတာ့ လူႏွစ္ေယာက္ ထိုင္
ေနတာကို က်ဳပ္လွမ္းျမင္ခဲ့တယ္”

“မင္းတို႔ ဒီလူေတြကို ေတြ႕ခဲ့ရဲ႕သားနဲ႔ ငါ့
ကို ဘာလို႔ လာမေျပာတုံး ေက်ာက္ခဲရဲ႕၊
ဆရာေတာ္ေျပာလို႔ ငါသိရတာ”

“က်ဳပ္တို႔လည္း ေျပာမလို႔ပဲဗ်၊ ဒီလိုပဲ
ေအာက္လမ္းဆရာေတြ လာတတ္သြား
တတ္တာပဲေလ ကိုႀကီးတာေတရာ၊ သူ
တို႔ေျပာတဲ့ ေျမာက္ဘက္ရွင္မတို႔ ဘာ
တို႔ ဆိုတာေတြကို က်ဳပ္တို႔နားမွမလည္
တာ၊ မဖဲဝါဆိုတာေတာ့ သိတာေပါ့ဗ်ာ၊
ကိုႀကီးတာေတနဲ႔ က်ဳပ္တို႔ သခ္်ိဳင္းထဲ
ကို လိုက္ေနက်ပဲေလဗ်ာ၊ ၿပီးေတာ့ ဒီ
လူေတြက က်ဳပ္တို႔႐ြာထဲကို ဝင္တာျပဳ
တာမွ မရွိတာ၊ ဒါေၾကာင့္ က်ဳပ္က
ေနာက္မွေျပာတာေပါ့ကြာ၊ ကိုႀကီးတာ
ေတလည္း ယာထဲမွာပဲ တစ္ေန႔လုံး ကုန္
ေနတာကြလို႔ သံမဏိကို က်ဳပ္က ေျပာ
ထားတာ”

“ေအး..မင္းေျပာတာလည္း ဟုတ္ပါတယ္
ငါကိုယ္တိုင္လည္း ဒီလူေတြကို ဘာေတြ
မွန္း မသိဘူးကြ၊ အခု မင္းတို႔ေျပာပုံကို
ေထာက္ရင္ေတာ့ ဒီလူေတြဟာ ေအာက္
လမ္းေတြလား၊ ကေဝေတြလား၊ တစ္ခု
ခုပဲကြ၊ ၿပီးေတာ့ ေျမာက္ဘက္ရွင္မရဲ႕
ပညာဗူးေတြ အသက္ဗူးေတြကို ဒီနယ္
မွာ ထားတယ္ဆိုတာေတာ့ ငါျဖင့္ ၾကား
ေတာင္ မၾကားဖူးပါဘူးကြာ၊ ငါတို႔ သြား
လာေနၾကတာပဲ၊ ဒီေနရာေတြမွာ အ
ေဆာက္အဦးေတြ ဘာေတြ ရွိတာမွ
မဟုတ္တာ၊ အင္း…ဒါေပမဲ့ ဒီလူေတြ
လည္း ဒီကို အေၾကာင္းမဲ့ေတာ့ လာေန
မွာ မဟုတ္ဘူးကြ၊ သတိေတာ့ ထားရ
လိမ့္မယ္၊ မင္းတို႔ ၾကားခဲ့တဲ့အတိုင္း
ဆိုရင္ လကြယ္ေန႔ညမွာ တစ္ခုခုေတာ့
ထူးလိမ့္မယ္ထင္တယ္ ေက်ာက္ခဲရဲ႕”

“ဒါဆိုရင္ ကိုႀကီးတာေတ ဘာလုပ္မွာတုံး”

“ေဟ…ငါက ဘာလုပ္ရမွာတုံး ေက်ာက္
ခဲရဲ႕၊ ဘာမွန္းမွမသိတာ၊ ၿပီးေတာ့ ငါက
ဆရာမွ မဟုတ္တာ၊ ဘာလုပ္တတ္မွာ
တုံး၊ ကိုယ့္႐ြာကို မထိေအာင္ေတာ့ သ
တိထားရမွာေပါ့ကြာ”

“ဒါေပါ့ ကိုႀကီးတာေတရာ၊ ႐ြာထဲဝင္လာ
လို႔ကေတာ့ ပညာခ်င္း မယွဥ္ႏိုင္ရင္ ဓားနဲ႔
ခုတ္ပစ္တာေပါ့ဗ်ာ”

ေက်ာက္ခဲက အာဂေကာင္ဗ်။ နည္းနည္း
မွ ေၾကာက္စိတ္ရွိတဲ့ေကာင္ မဟုတ္ဘူး။

“ေအး ေအး မင္းတို႔လည္း မ်က္စိေရာ
နားေရာ ဖြင့္ထားၾက၊ ငါလည္း သတိအ
ျပည့္ထားမယ္၊ တစ္ခုခုထူးတာနဲ႔ ငါ့ကို
ခ်က္ခ်င္းလာေျပာၾကကြာ၊ ၿပီးေတာ့ ဒီ
သတင္းကို ႐ြာထဲမွာ လုံးဝမေျပာနဲ႔ ၾကား
လား၊ တို႔႐ြာသားေတြအေၾကာင္းလည္း
မင္းတို႔သိသားပဲ၊ တစ္စိတ္ဆိုရင္ တစ္
အိတ္လုပ္ၿပီး ေျပာတတ္ၾကတာ၊ တစ္
႐ြာလုံး အုန္းအုန္းကြၽက္ကြၽက္ေတြ ျဖစ္
ကုန္လိမ့္မယ္”

“စိတ္ခ်ပါ ကိုႀကီးတာေတ၊ ဒီအေၾကာင္း
ကို က်ဳပ္တို႔ႏွစ္ေယာက္ရယ္ ကိုႀကီးတာ
ေတရယ္ပဲ သိေစရမယ္”

“ေအး ေအး မင္းတို႔ႏွစ္ေယာက္ကိုေတာ့
ငါက စိတ္ခ်ၿပီးသားပါကြာ သတိေပး႐ုံ
ေျပာတာပါ”

သိပ္ေတာ့မၾကာဘူးဗ်။ တန္ေဆာင္မုန္း
လကြယ္ညေရာက္လာတယ္။ၾကယ္ေရာင္
ေတြနဲ႔ မႈန္ျပျပေတာ့ လင္းတာေပါ့ဗ်ာ။
ညေနကတည္းက ေက်ာက္ခဲက က်ဳပ္
ကို သတင္းပို႔ၿပီးၿပီဗ်။မီးေလာင္ကုန္း
သခ္်ိဳင္းထဲက ဇရပ္ေပၚမွာ ေသွ်ာင္ထုံး
နဲ႔ လူေတြေရာ ကတုံးနဲ႔လူေတြေရာ အား
လုံးဆယ္ေယာက္ စုေနၾကတယ္တဲ့ဗ်။

ညကိုးနာရီထိုးေတာ့ ေက်ာက္ခဲနဲ႔ သံမဏိ
က က်ဳပ္ကို လာေခၚၾကတယ္။ က်ဳပ္က
တစ္ပတ္ေလာက္ကတည္းက ႀကိဳၿပီး ျပင္
ဆင္ထားၿပီးပါဗ်ာ။ အင္းေတြ ေဆးေတြ
ကို မႏၲန္ေတြ ႐ြတ္ၿပီး ေန႔တိုင္း ႏႈိးထား
တာ။ ဒီအထဲမွာ လွယဥ္ ယူလာတဲ့ ေႁမြ
စၾကာ႐ုပ္ေလးလည္း ပါတာေပါ့ဗ်ာ။

လွယဥ္က ေႁမြစၾကာကို ေပးကတည္း
ကမႏၲန္ပါတြဲၿပီး ေပးသြားတာေလဗ်ာ။
ေနာက္ဆုံး အခ်ိန္က်မွ ဒီေႁမြစၾကာကို
သုံးရမယ့္လို႔လည္း ေျပာသြားတယ္။
ခုေတာ့ က်ဳပ္သေဘာေပါက္ၿပီေပါ့ဗ်ာ
အုံလိုက္က်င္းလိုက္ ေရာက္လာၿပီး
ေျမာက္ဘက္ရွင္မရဲ႕ ပညာသိုက္ကို
ေဖာ္ၾကေတာ့မွာကိုး။

ဒီကိစၥဟာ က်ဳပ္နဲ႔ေတာ့ ဘာမွမဆိုင္ဘူး
ဗ်။ ဒါေပမဲ့ က်ဳပ္ခ်စ္သူ လွယဥ္နဲ႔ ပတ္
သက္ေနေတာ့ က်ဳပ္သြားကိုသြားရမွာ
ေပါ့ဗ်ာ။ က်ဳပ္တို႔က မီးေလာင္ကုန္းသ
ခ္်ိဳင္း အေနာက္ဘက္က ကုကၠိဳပင္ႀကီး
ေတြဘက္က ပတ္ဝင္တယ္။

အဲဒီဘက္က ၿခဳံေတြထူတာဗ်။ က်ဳပ္တို႔
ကို ဘယ္သူမွ ျမင္ၾကမွာ မဟုတ္ဘူးေလ။
ၿပီးေတာ့ အဲဒီဘက္မွာက ေရွးက ၿမိဳ႕စား
တစ္ေယာက္ရဲ႕ ဂူေဟာင္းႀကီးလည္း ရွိ
တယ္ေလဗ်ာ။ ဒီအေၾကာင္းကို’ ကြင္းပိုင္
ႏွမ မဖဲဝါ’မွာ ေရးခဲ့ၿပီးပါၿပီ၊ က်ဳပ္တို႔
အဲဒီေနရာမွာ ၿငိမ္ၿပီး အေျခအေနၾကည့္
ေနၾကတယ္။

ဇရပ္နဲ႔ဆိုရင္ေတာ့ က်ဳပ္တို႔အခုေရာက္
ေနတဲ့ေနရာက အေတာ္ကေလး လွမ္းေသး
တာဗ်။ က်ဳပ္တို႔ကို ဘယ္သူမွ ျမင္ရမွာ
မဟုတ္ဘူး။ စကားတိုးတိုးေျပာရင္ေတာင္
ၾကားမွာ မဟုတ္ဘူးဗ်။ ဇရပ္ထဲက ကတုံး
ေတြေရာ၊ ေသွ်ာင္ထုံးေတြေရာ ၿငိမ္ေနၾက
ေလရဲ႕။ သူတို႔ေစာင့္ေနၾကတာဗ်။လူတစ္
ေယာက္ကို ေစာင့္ေနတဲ့ပုံပဲ။ သူတို႔ရဲ႕ ဆ
ရာႀကီးဆိုတဲ့လူကို ေစာင့္ေနပုံရတယ္။

“ေအာက္ အီ အီး အြတ္”

မီးေလာင္ကုန္း႐ြာထဲမွာ သန္းေခါင္ၾကက္
ေတြ တြန္ၾကၿပီဗ်ိဳ႕။

“ဟာ ေဟ့ေကာင္ႏွစ္ေကာင္ ၿငိမ္ေန ၿငိမ္
ေန၊ လာေနၾကၿပီ၊ တို႔ေျမာက္ဘက္က
လာတာကြ၊ ၿငိမ္ေန၊ ၿငိမ္ေန”

ဟုတ္ပါ့ဗ်ာ၊ ေရွ႕ဆုံးကလူက ဆံပင္ပြပြ
ႀကီးကို ဖားလ်ားႀကီးခ်ထားတာဗ်။ အ
ရပ္ကလည္း ေတာ္ေတာ္ရွည္တယ္။လြယ္
အိတ္ႀကီးတစ္လုံးကို စလြယ္သိုင္း လြယ္
ထားတယ္။ သူ႔ေနာက္မွာလည္း လြယ္
အိတ္စလြယ္သိုင္းနဲ႔ လူ ငါးေယာက္ဗ်။
ဒါ ေအာက္လမ္းႀကီးေတြပဲဗ်။

ေဟာ သြားၾကၿပီ၊ မီးေလာင္ကုန္းသခ္်ိဳင္း
ဟိုဘက္ ဇရပ္ထဲကို ဝင္သြားၾကၿပီဗ်။ ဒီ
လူစုလာတာကို ဇရပ္ေပၚကလူေတြ ျမင္
ေတာ့ အားလုံးလႈပ္လႈပ္ရွားရွားျဖစ္ၿပီး
မတ္တတ္ထရပ္ၾကတယ္။

“ေအး…မင္းတို႔ေတြေတာ္တယ္။ ဘာမွ
မရွိေအာင္ ရွင္းထားႏိုင္ၾကတယ္။ ငါ
လာခဲ့တဲ့ လမ္းတစ္ေလွ်ာက္မွာ ဘာအ
ထစ္အေထာက္မွ မရွိခဲ့ဘူး၊ ကဲ တပည့္
တို႔ နားေထာင္ၾက၊ မၾကာခင္မွာ ေျမာက္
ဘက္ရွင္မရဲ႕ ပညာဗူးရွိတဲ့ ပညာသိုက္
ကို ငါေဖာ္ေတာ့မယ္။

ဆရာက ေျမာက္ဘက္ရွင္မရဲ႕ ပညာဗူး
ကို မ်ိဳခ်ၿပီးတာနဲ႔ ဆရာရဲ႕ မူလပညာ
ေတြဟာ အံမခန္းေအာင္ အေရာင္ေတြ
ထြက္လာလိမ့္မယ္၊ အဲဒီေနာက္ေတာ့
ဆရာဟာ အသက္ေတြ ေထာင္ခ်ီၿပီး
ေနရမယ့္ ေမွာ္ဝိဇၨာႀကီးတစ္ေယာက္
ျဖစ္ၿပီကြဲ႕၊ အဲဒီအခါက်ရင္ ငါ့တပည့္
မ်ားကိုလည္း ဇမၺဴတလူျဖစ္ေအာင္
ဆရာက ပညာေတြ အဆင့္ျမႇင့္ျမႇင့္
ေပးမယ္။ေအး တစ္ခုပဲေျပာခ်င္
တယ္။ သစၥာေတာ့ ရွိၾကပါ။

သစၥာပ်က္ရင္ေတာ့ ကိုယ္ထိုက္နဲ႔ ကိုယ္
ကံပဲေနာ္၊ ကဲ..လာၾက၊ ဆရာ့ကို ေဘးက
ဝိုင္းထားၾက၊ ေသွ်ာင္ႀကီးေဗြေတြက ပ
ညာအဆင့္နိမ့္ေသးတာ၊ ေနာက္မွာ ေန
ၾက၊ အႏၲရာရယ္က ဘယ္ေလာက္ႀကီး
မယ္ဆိုတာ မသိႏိုင္ဘူးကြဲ႕၊ ကတုံးေတြ
က ပညာအလယ္အလတ္ေတြဆိုေတာ့
ေရွ႕ကေနၾက၊ ငါ့ရဲ႕ လက္ဝဲ လက္ယာ
မွာ ႏွစ္ေယာက္၊ ငါေရွ႕မွာ သုံးေယာက္၊

ေအး ဟုတ္ၿပီ၊ ငါ စည္းတားေတာ့မယ္၊
စည္းဝိုင္းထဲကေန အျပင္ကို ေျခတစ္
လွမ္းေတာင္ မထြက္နဲ႔၊ ၾကားၾကလား၊
စည္းေပါက္တာနဲ႔ ငါတို႔ ရႈံးၿပီသာ
မွတ္ေပေတာ့ ၾကားၾကလား”

“ၾကားပါတယ္ ဆရာႀကီး”

ဆံပင္ဖားလ်ားနဲ႔ ေမွာ္ဝိဇၨာျဖစ္ဖို႔ ႀကိဳးစား
ေနတဲ့ ေအာက္လမ္းႀကီးက သူ႔တပည့္ေတြ
ကို ပတ္ၿပီး စည္းခ်တယ္။ ၿပီးတာနဲ႔ သူ႔ေန
ရာမွာသူ ဝင္ရပ္တယ္။ေျခေထာက္ႏွစ္ဖက္
ကို ကားရပ္ၿပီး ေခါင္းကို ေကာင္းကင္ေပၚ
ေမာ့ထားတယ္။ ဟာ ႐ြတ္ၿပီဗ်ိဳ႕။

အသံအက်ယ္ႀကီးနဲ႔ မႏၲန္ေတြ စၿပီး႐ြတ္
ၿပီဗ်ိဳ႕။ သူ႔တပည့္ေတြကလည္း သူတို႔ရဲ႕
စက္ေတြကို ႏႈိးေနၾကတယ္။ သူတို႔ကိုယ္
ေဘးမွာ တစ္ခ်က္ တစ္ခ်က္ အေရာင္
ေလးေတြ လက္ကနဲ လက္ကနဲ ျဖစ္သြား
တယ္ဗ်။ က်ဳပ္ကေတာ့ လြယ္အိတ္ထဲ
က ေႁမြစၾကာအ႐ုပ္ကေလးကို လက္နဲ႔
ဆုပ္ထားတယ္။ မ်က္ကြင္းေဆး ကြင္း
ၿပီဆိုေတာ့ အားလုံးကို က်ဳပ္ျမင္မွာ
ေပါ့ဗ်ာ။

“ဝုန္း၊ ဝုန္း၊ ဂ်ိမ္း၊ ဂ်ိမ္း”

ဟာ ေျမႀကီးထဲက ျမည္တဲ့အသံႀကီးဗ်၊
ေက်ာက္ခဲနဲ႔ သံမဏိေတာင္ လန႔္သြား
ၿပီး က်ဳပ္လက္ကို ဆုပ္ထားၾကတယ္။

“ကိုႀကီးတာေတ ဒီဆရာ ေတာ္ေတာ္စြမ္း
ပုံရတယ္ဗ်”

“ေအးကြ၊ ေက်ာက္ခဲရ၊ ၾကည့္ၾကေသး
တာေပါ့ကြာ”

ေအာက္လမ္းဆရာႀကီးက မႏၲန္ကို အ
ဆက္မျပတ္ ႐ြတ္တယ္။ ဟာ ေပၚလာ
ၿပီဗ်ိဳ႕။ ေျမႀကီးထဲက ေပၚလာၿပီ။အုတ္
နဲ႔ ေဆာက္ထားတဲ့ အေဆာက္အဦးဗ်။
ဆယ္ေပပတ္လည္ေလာက္ရွိတဲ့ အ
ေဆာက္အဦးေလးဗ်။ ေရွ႕မွာ အုတ္
ေလွကားေလး ပါတယ္။ ပိတ္ထားတဲ့
တံခါးတစ္ခ်ပ္လည္း ပါတယ္။ တံခါး
က အနီေရာင္ဗ်။

ေအာက္လမ္းဆရာႀကီးက အားတက္
သြားၿပီး မႏၲန္ေတြကိုအဆက္မျပတ္
႐ြတ္ေနတယ္။ ေျမာက္ဘက္ရွင္မရဲ႕
ပညာသိုက္က ေပၚေနၿပီဗ်။ ဒါေပမဲ့
တံခါးက မပြင့္ဘူး။ ေအာက္လမ္းဆ
ရာႀကီးက ေဒါသျဖစ္လာၿပီး အသံနက္
ႀကီးနဲ႔ ထေအာ္လိုက္တယ္။

“ဟဲ့ ေကာင္မေတြ၊ နင္တို႔ေတြ ကိစၥတုံး
မသြားခ်င္ရင္ တံခါး ခုခ်က္ခ်င္းဖြင့္
လိုက္၊ ငါ့စက္နဲ႔ ထိုးလိုက္လို႔ ပြင့္သြား
ရင္ နင္တို႔အားလုံးကို ငါ့မယားလုပ္ပစ္
မယ္၊ ေျမာက္ဘက္ရွင္မရဲ႕ အေစအပါး
မေတြ တံခါးဖြင့္ဆို ခုခ်က္ခ်င္းဖြင့္ၾက
စမ္း”

တံခါးအနီႀကီးက လႈပ္ေတာင္ မလႈပ္
ဘူးဗ်။

“ကဲ…တပည့္တို႔ စက္ေတြ ဆက္ၾကစမ္း
ေဟ့”

ေျပာေျပာဆိုဆိုနဲ႔ ေအာက္လမ္းဆရာ
ႀကီးက သူ႔တပည့္ေတြရဲ႕ ေရွ႕ဆုံးကို
ထြက္လိုက္တယ္။ သူ႔တပည့္ေတြက
တစ္ေယာက္နဲ႔တစ္ေယာက္ ပခုံးေတြ
ကိုင္ၿပီး စက္ေတြစထုတ္ၾကတယ္။
ေနာက္ဆုံးတစ္ေယာက္က သူတို႔ဆ
ရာရဲ႕ ပခုံးကို လွမ္းကိုင္လိုက္တယ္။

ေအာက္လမ္းႀကီးက သူတို႔ရဲ႕ေအာက္
လမ္းမႏၲန္ေတြကို ႐ြတ္တယ္။ ေဟာ
ထြက္လာၿပီဗ်ိဳ႕။ စက္ေရာင္စုံေတြ
ထြက္လာၿပီ။ ေအာက္လမ္းဆရာႀကီး
က ထြက္လာတဲ့ စက္ေတြကို လက္ဝါး
ႏွစ္ဖက္နဲ႔ လုံးသလို လုပ္လိုက္တယ္။
ခဏေနေတာ့ သူ႔လက္ဝါးႏွစ္ဖက္
ၾကားက စက္လုံးႀကီးနဲ႔ တံခါးအနီ
ႀကီးကို ပစ္ေပါက္လိုက္တယ္။ အ
ေရာင္ေတြ တလက္လက္ထြက္ေန
တဲ့ စက္လုံးႀကီးက တံခါးကို သြား
ထိတယ္။

“ဝုန္း”

ဟာ ထိသြားၿပီဗ်ိဳ႕။ တံခါးအနီႀကီး ပြင့္
သြားၿပီ။ ဟာ အထဲမွာ ေ႐ႊကလပ္နဲ႔ တင္
ထားတဲ့အရာေလးႏွစ္ခုဗ်။ အေရာင္ေတြ
ျဖာထြက္ေနတယ္။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ကဲ အခုေတာ့
ဘာတတ္ႏိုင္ေသးတုံးဟဲ့ ေျမာက္ဘက္
ရွင္မရဲ႕၊ နင္ ဖြက္ထားတဲ့ နင့္ရဲ႕ပညာဗူး
နဲ႔ အသက္ဗူးကို ငါရေတာ့မယ္၊ နင့္ကို
ငါတစ္သက္လုံး ခိုင္းစားလို႔ ရၿပီဟဲ့
မယ္ေတာ္ဆိုတဲ့ ဟာမရဲ႕၊ ဟား ဟား
ဟား ဟား”

ဟာ မဖဲဝါႀကီး ေျပးလာၿပီဗ်ိဳ႕။ က်ဴပ္
တစ္သက္မွာ မဖဲဝါ ဒီေလာက္ၾကမ္း
ၾကမ္းတမ္းတမ္းနဲ႔ ေျပးတာလႊားတာ
တစ္ခါမွ မျမင္ဖူးဘူးဗ်ာ။ ဆံပင္ဖား
လ်ားႀကီးနဲ႔ဗ်ိဳ႕။ အရပ္ဆယ့္ႏွစ္ေပ
ေလာက္ႀကီးနဲ႔ဗ်ာ။ မ်က္လုံးႀကီးက
လည္း နီရဲၿပီး ျပဴးထြက္ေနတာဗ်။

ဟင္…မဖဲဝါရဲ႕ ပခုံးေပၚမွာ ေခါင္းႀကီး
တစ္လုံး ထမ္းလာတာဗ်ိဳ႕။ ေျမာက္
ဘက္ရွင္မရဲ႕ ပညာသိုက္ေရွ႕မွာ မဖဲ
ဝါ ဘြားကနဲ ေပၚလာတယ္။ ပခုံးေပၚ
မွာ ေခါင္းႀကီးထမ္းလို႔ဗ်။

“ဟာ…ေအာင္မယ္ေလး၊ မဖဲဝါႀကီးဗ်”

ေအာက္လမ္းႀကီးရဲ႕ တပည့္ေတြထဲက
ေသွ်ာင္ႀကီးေဗြငါးေယာက္က ပညာက
လည္း ႏုေသးေတာ့ မဖဲဝါကို တအား
လန႔္သြားၾကတာ။ ဒီမွာတင္ ဒီလူငါး
ေယာက္ ထြက္ေျပးေရာဗ်ိဳ႕။

“ဟာ ေဟ့ေကာင္ေတြ ေဟ့ေကာင္ေတြ”

ေအာက္လမ္းႀကီး စကားေတာင္ မဆုံး
ေသးဘူးဗ်။ မဖဲဝါက ထြက္ေျပးတဲ့
ေသွ်ာင္ႀကီးေဗြငါးေယာက္ဆီကို သူ႔
ပခုံးေပၚမွာ ထမ္းထားတဲ့ ေခါင္းႀကီး
ကို လက္ႏွစ္ဖက္နဲ႔ ကိုင္ၿပီး ေခါင္းႀကီး
ကို ေလထဲမွာ ေဝွ႔လိုက္တယ္။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”

မဖဲဝါလက္ထဲက ေခါင္းတလားႀကီး ေလ
ထဲမွာ ‘ဝီ၊ ဝီ၊ ဝီ’နဲ႔ ျမည္ေနတာဗ်။ ဟာ ပစ္
လိုက္ၿပီဗ်ိဳ႕။ ပစ္လိုက္ၿပီ။ လက္ထဲက
ေခါင္းႀကီးနဲ႔ ပစ္လိုက္တာဗ်ာ။

“ဝီ၊ ဝီ၊ ဝီ ဝီ”

ေဟာ မဖဲဝါရဲ႕ ေခါင္းႀကီးက ေလထဲမွာ
‘ဝီ၊ ဝီ၊ ဝီ’နဲ႔ ေအာ္ၿပီး ပ်ံထြက္သြားတယ္၊

“ဘုန္း၊ ဘုန္း၊ အား၊ အား၊ ဘုန္း”

ထြက္ေျပးသြားတဲ့ ေသွ်ာင္ႀကီးေဗြေတြ
ကို ဘုန္းကနဲ ဘုန္းကနဲ ႐ိုက္ပစ္လိုက္
တာ ငါးေယာက္စလုံး သခ္်ိဳင္းကုန္းထဲ
မွာ ဝမ္းလ်ားႀကီးေတြ ေမွာက္သြား
တယ္ဗ်ိဳ႕။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ ဝီ”

ေဟာ ေလထဲမွာ ပ်ံေနတဲ့ ေခါင္းႀကီးက
မဖဲဝါဆီကို ျပန္ေရာက္သြားၿပီဗ်ိဳ႕။ မဖဲ
ဝါက ေခါင္းႀကီးကို လက္ႏွစ္ဖက္နဲ႔ ဖမ္း
ယူၿပီး ပခုံးေပၚမွာ ျပန္ထမ္းထားလိုက္
တယ္

“ေတာက္၊ ငါ အတန္တန္ေျပာရဲ႕သားနဲ႔
ဒီေကာင္ေတြကြာ”

“ဆရာႀကီး စည္းေပါက္သြားၿပီေနာ္”

“ေအး ငါသိတယ္ သာဂိ၊ မေၾကာက္ၾက
နဲ႔ အားလုံး သတိထားၿပီးေနၾက၊ ကဲ စက္
ေတြ ဆြဲထုတ္လိုက္၊ ဒီေကာင္မဆီကို
တစ္ေယာက္ခ်င္း စက္လႊတ္ၾကစမ္း”

ေအာက္လမ္းႀကီးရဲ႕ တပည့္ေတြက မဖဲဝါ
ဆီကို စက္ေတြ ဝိုင္းလႊတ္ၾကတယ္ဗ်ိဳ႕။

“ဝုန္း”

ေဟာ မဖဲဝါက ေခါင္းႀကီးထမ္းလ်က္သား
နဲ႔ ေပ်ာက္သြားၿပီ။

“သတိထားၾကေဟ့၊ သရဲမ ေပ်ာက္သြားၿပီ”

“ဝုန္း၊ ဘုန္း၊ ဘုန္း၊ ဘုန္း၊ ခြပ္၊ အား၊ အား”

မဖဲဝါက ေအာက္လမ္းေတြရဲ႕ ေနာက္က
ေန ဘြားကနဲ ေပၚလာၿပီး ေခါင္းႀကီးနဲ႔
လြဲၿပီး ႐ိုက္တယ္။ ကတုံးေတြ အကုန္
လုံး ဟပ္ထိုးႀကီးေတြ လဲက်ကုန္ေရာ
ဗ်ိဳ႕၊ ေအာက္လမ္းေတြက ေနာက္ကို
ဆတ္ကနဲ လွည့္ၿပီး မဖဲဝါကို စက္ေတြ
နဲ႔ ဝိုင္းပစ္ၾကတယ္။

“ဝုန္း”

မဖဲဝါ ေပ်ာက္သြားျပန္ၿပီဗ်ိဳ႕။ ေအာက္
လမ္းေတြ ဘာလုပ္ရမွန္း မသိေအာင္
ျဖစ္ကုန္ေရာဗ်ိဳ႕။ ေဘးပတ္လည္ကို
လွည့္ၿပီး ၾကည့္ေနၾကတယ္။ ဟာ မဖဲ
ဝါက ၿခဳံပုတ္ထဲက ထြက္လာတာဗ်။
အ႐ြယ္က တစ္ေတာင္ေလာက္က
ေလး ရွိတယ္ဗ်။

ပခုံးမွာလည္း ေခါင္းေသးေသးတစ္လုံး
ထမ္းလို႔ဗ်။ ေဟာ ေျပးၿပီ၊ ေျပးၿပီ၊ မဖဲ
ဝါ ေျပးၿပီး ပခုံးေပၚက ေခါင္းနဲ႔ လြဲၿပီး
႐ိုက္ၿပီဗ်ိဳ႕။

“ဘုန္း၊ ဘုန္း၊ ဘုန္း၊ အား၊ အား”

ေအာက္လမ္းဆရာႀကီးရဲ႕ လက္ဝဲဘက္
က ႏွစ္ေယာက္ လဲက်သြားျပန္ၿပီဗ်ိဳ႕။
ဒီေတာ့မွ ေအာက္လမ္းေတြက မဖဲဝါ
ကို ေတြ႕သြားၿပီ။

“ဟာ….ဟိုမွာ၊ ဟိုမွာ”

ဆိုၿပီး ေျမႀကီးေပၚမွာ ေျပးေနတဲ့ ႏွစ္
ေတာင္ေလာက္ရွိတဲ့ မဖဲဝါဆီကို စက္
ေတြ လႊတ္ၾကျပန္ေရာဗ်ာ။

“ဝုန္း”

မဖဲဝါက ေပ်ာက္သြားျပန္ၿပီဗ်ိဳ႕။ ဒီတစ္
ခါ မဖဲဝါ ေပ်ာက္သြားတာ ေတာ္ေတာ္
ၾကာတယ္ဗ်။

“ဟိုသရဲမ ဘယ္ေရာက္သြားတုံးကြ”

ေအာက္လမ္းဆရာေတြလည္း ဟိုၾကည့္
ဒီၾကည့္ လုပ္ေနၾကေရာဗ်။ ဒီတုန္းမွာ
မဖဲဝါက ေျမႀကီးထဲက ခုန္ထြက္လာ
ေရာဗ်ာ။

“ဝုန္း၊ ဟာ၊ ဘုန္း၊ ဘုန္း၊ ခြပ္၊အား၊ အား”

႐ိုက္သံ ေအာ္သံေတြက မီးေလာင္ကုန္း
သခ္်ိဳင္းထဲမွာ ဆူညံသြားေတာ့တာေပါ့
ဗ်ာ။ ေက်ာက္ခဲနဲ႔ သံမဏိကေတာ့ ဘာ
မွ မျမင္ေတာ့ ေအာက္လမ္းေတြ လဲက်
သြားၿပီး ေသြးေတြ အန္ၾကတာေတြ၊ဆန႔္
ငင္ ဆန႔္ငင္ျဖစ္ၿပီး ၿငိမ္သြားၾကတာေတြ
ပဲ ေတြ႕ၾကတာေပါ့ဗ်ာ။

“ကိုႀကီးတာေတ ၊ ဟိုဆရာေတြ ေသကုန္
တာ ဘာျဖစ္လို႔တုံးဗ်”

လို႔ ေက်ာက္ခဲက က်ဳပ္ကို အသံအုပ္အုပ္
ကေလးနဲ႔ ေမးတယ္။

“မဖဲဝါႀကီး ေခါင္းနဲ႔႐ိုက္သတ္ေနတာကြ”

က်ဳပ္ ေက်ာက္ခဲကို လွည့္ေျပာတုန္းမွာ
ပဲ ေအာက္လမ္းဆရာႀကီးရဲ႕ ညာဘက္
က တပည့္ႏွစ္ေယာက္ လဲက်သြားၿပီဗ်ာ
ဆရာႀကီးနဲ႔ သူ႔တပည့္တစ္ေယာက္ပဲ
က်န္ေတာ့တာဗ်ာ။ ဟာ ေနာက္က်သြား
ၿပီဗ်ိဳ႕။ ဒီတစ္ခါေတာ့ မဖဲဝါ ကိုယ္
ေဖ်ာက္တာ ေနာက္က်သြားၿပီဗ်။

ေအာက္လမ္းဆရာႀကီးရဲ႕ စက္ေတြ
က မဖဲဝါရဲ႕ တစ္ကိုယ္လုံးကို ပတ္
သြားၿပီဗ်ိဳ႕။ ပခုံးေပၚက ေခါင္းႀကီး
လည္း ျပဳတ္က်သြားၿပီဗ်ိဳ႕။ ဒီတုန္း
မွာပဲ ေအာက္လမ္းဆရာႀကီးက တံ
ခါးပြင့္ေနတဲ့ ပညာသိုက္ထဲကို လွစ္
ကနဲ ေျပးဝင္လိုက္တယ္။ ဒါေပမဲ့
အထဲကို မေရာက္ဘူးဗ်။

“ဘုန္း”

ဟာ ေအာက္လမ္းဆရာႀကီးရဲ႕ ရင္ဘတ္
ကို ေျခေထာက္နဲ႔ ကန္ထုတ္လိုက္တာဗ်
ေအာက္လမ္းဆရာႀကီး ေနာက္ျပန္လဲ
က်သြားတယ္။

“ဟာ…ဆရာႀကီး”

သူ႔တပည့္က ေျပးေပြ႕တယ္။ ေအာက္
လမ္းဆရာႀကီးက သူ႔ရင္ဘတ္ကို
ေဆာင့္ကန္လိုက္တဲ့သူကို မ်က္လုံး
ထဲက မီးေတြ ဝင္းဝင္းေတာက္ၿပီး
လွမ္းၾကည့္လိုက္တယ္။ ဟာ…လွ
ယဥ္၊ လွယဥ္ပါလား။ တစ္ကိုယ္လုံး
မွာ အနီေရာင္ ဝတ္ထားတာဗ်။
ၾကယ္ေရာင္ေတြေအာက္မွ လွ
ယဥ္ရဲ႕အလွက ထင္းေနေအာင္
ေပၚေနတာေပါ့ဗ်ာ။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ငါ့မယားေလး
က တယ္လွပါလား၊ ဟား၊ ဟား၊ ဟား၊
ပညာဗူးမ်ိဳၿပီးရင္ နင့္ကို ငါ့မယားေလး
အျဖစ္ သိမ္းပိုက္မယ္ ၾကားလား၊ ဟား
ဟား၊ ဟား၊ ဟား၊ ဟား”

အဲဒါ ေအာက္လမ္းဆရာႀကီးရဲ႕ အမွားပဲ
ဗ်။ လွယဥ္က ေအာ္ရယ္ေနတဲ့ ေအာက္
လမ္းဆရာႀကီးရဲ႕ ပါးစပ္ထဲကို စက္ေတြ
ပစ္ထည့္လိုက္တယ္။ ဟာ…. ဂြၽမ္းျပန္
သြားၿပီဗ်ိဳ႕။ လွယဥ္ရဲ႕စက္ေတြ ပါးစပ္
ထဲ ဝင္သြားတဲ့အခ်ိန္မွာ ေအာက္လမ္း
ဆရာႀကီး ဂြၽမ္းျပန္သြားတယ္။

ဒီမွာတင္ သူ႔တပည့္က လွယဥ္ဆီကို
အစိမ္းေရာင္ စက္ေတြနဲ႔ လွမ္းပစ္
လိုက္တယ္။ လွယဥ္က အနီစက္ေတြ
လႊတ္ေပးလိုက္တာ စက္လုံးႀကီးႏွစ္
ခုေတြ႕ၿပီး….

“အုန္း”

ဆိုတဲ့ အသံႀကီး ထြက္လာၿပီး ေအာက္
လမ္းႀကီးရဲ႕ တပည့္ေနာက္ကို ေျခတစ္
လွမ္းဆုတ္သြားတယ္။ ဒီမွာတင္ မထင္
မွတ္တာ ျဖစ္ေတာ့တာဗ်ိဳ႕။

ေျမႀကီးေပၚကို ဂြၽမ္းျပန္ၿပီး က်သြားတဲ့
ေအာက္လမ္းဆရာႀကီးက သူ႔ကိုယ္ထဲ
က လွယဥ္ရဲ႕ စက္ေတြကို ထိန္းလိုက္
တယ္။ ၿပီးတာနဲ႔ ခ်က္ခ်င္းမတ္တတ္
ထၿပီး ပါးစပ္ထဲက စက္ေတြထုတ္
လိုက္တယ္။ ထြက္လာတဲ့ စက္ေတြ
က အေရာင္ေတြ ေတာက္လြန္းလို႔
လွယဥ္မွာ ခုခံဖို႔ေနေနသာသာ ၾကည့္
ေတာင္ မၾကည့္ႏိုင္လို႔ မ်က္လုံးကို
လက္နဲ႔ ကာထားလိုက္ရတယ္။

သြားၿပီေပါ့ဗ်ာ။ ေအာက္လမ္းရဲ႕စက္
ေတြက လွယဥ္ကို ခ်က္ခ်င္းပတ္ေတာ့
တာပဲဗ်ာ။ လွယဥ္ လႈပ္ကို မလႈပ္ႏိုင္
ေတာ့ဘူးဗ်။

“ဟား၊ ဟား၊ ဟား၊ နင့္စက္က ေျမာက္
ဘက္ရွင္မရဲ႕ စက္မို႔လား၊ ငါက ရေအာင္
ထိန္းလိုက္ေတာ့ ခ်က္ခ်င္းတန္ျပန္လို႔ရ
သြားတာေပါ့၊ ငါ့မယားေလးရဲ႕၊ ဟား၊
ဟား၊ ဟား၊ လွလိုက္တဲ့ ငါ့မယားေလး
ရယ္၊ ဘာလို႔ျဖစ္လို႔မ်ား ေျမာက္ဘက္
ရွင္မရဲ႕ အေစအပါး ျဖစ္ေနရတာတုန္း
ကြယ္၊ အစ္ကိုႀကီး ကယ္ႏိုင္ပါၿပီကြယ္၊
ဘာမွမပူနဲ႔၊ အစ္ကိုႀကီး နင့္သခင္မရဲ႕
ပညာဗူးကို မ်ိဳလိုက္ဦးမယ္”

ေျပာေျပာဆိုဆိုနဲ႔ ေအာက္လမ္းဆရာ
ႀကီးနဲ႔ သူ႔တပည့္က ပညာသိုက္ထဲကို
ဝင္ဖို႔ ျပင္ဆင္ၾကေတာ့တာေပါ့ဗ်ာ။

“တာေတ ပစ္ေတာ့”

လွယဥ္အသံဗ်။ ဒီအသံကို သူ႔မွာ မနည္း
ကို ညႇစ္ဖ်စ္ေျပာလိုက္ရတာဗ်။

“မင္းတို႔ႏွစ္ေယာက္ ဒီမွာေနခဲ့ ေက်ာက္
ခဲ”

ေျပာေျပာဆိုဆိုနဲ႔ က်ဳပ္က မီးေလာင္
ကုန္းသခ္်ိဳင္းထဲကို ေျပးဝင္လာၿပီး
လက္ထဲက ‘ေႁမြစၾကာ’႐ုပ္ကေလးကို
မႏၲန္႐ြတ္ေပးလိုက္တယ္။

“ေဝါ၊ ေဝါ၊ ေဝါ”

ဟာ က်ဳပ္လက္ထဲက ေႁမြစၾကာ႐ုပ္
ကေလးက ေလထဲကို ပ်ံထြက္သြားၿပီး
မီးေတာက္ေတြ ထြက္လာတယ္ဗ်ိဳ႕။
ဟာ ေႁမြ၊ ေႁမြ။ ေႁမြႀကီးျဖစ္သြားၿပီ
ဗ်ိဳ႕။ ပါးပ်ဥ္းႀကီးေထာင္လို႔ဗ်ာ။လူ
ႀကီးလက္ေမာင္းလုံးေလာက္ရွိတယ္၊
အရွည္က ငါးေပေလာက္ ရွိမယ္ဗ်။
မီးေတြေတာက္ၿပီး ေလထဲမွာ ပတ္
ပ်ံေနတာဗ်ိဳ႕။

ေအာက္လမ္းဆရာႀကီးနဲ႔ သူ႔တပည့္က
ေက်ာခ်င္းကပ္လိုက္ၿပီး ေျမစၾကာကို
စက္ေတြနဲ႔ ပစ္ၾကတယ္ဗ်။ ဒါေပမဲ့ သူ
တို႔ပစ္တဲ့စက္က ေႁမြစၾကာကို မွန္ဖို႔ေန
ေနသာသာ အနားေတာင္ မေရာက္ဘူး
ဗ်။

“ေဝါ၊ ေဝါ၊ ေဝါ၊ ေဝါ”

ေျမစၾကာကေတာ့ ပါးပ်ဥ္းႀကီးေထာင္
ၿပီး ေလထဲမွာ ေဝါကနဲ ေဝါကနဲ ပ်ံေန
တာဗ်။ ဟာ…လႊတ္ၿပီဗ်ိဳ႕။ ေႁမြစၾကာရဲ႕
ပါးစပ္ထဲက မီးတန္းႀကီး လႊတ္လိုက္ၿပီ
ဗ်ိဳ႕။ ဟာ မီးတန္းႀကီးက ေက်ာခ်င္း
ကပ္ၿပီး ရပ္ေနတဲ့ ေအာက္လမ္းဆရာ
ႀကီးတို႔ ဆရာတပည့္ႏွစ္ေယာက္ကို
ပတ္လိုက္ၿပီဗ်ာ။ ပတ္ၿပီဗ်ိဳ႕။ ပတ္တာ
မွ တစ္ကိုယ္လုံးကို ပတ္ေနေတာ့တာ
ဗ်ာ။

“အား၊ အား၊ အား၊ အား အား”

ေျမစၾကာက ပတ္ပ်ံရင္းကေန မီးတန္း
ႀကီး လႊတ္ေနတုန္းဗ်။

“ေအာင္မယ္ေလးဗ်၊ ပူလွခ်ည့္ရဲဗ်ာ
ေၾကာက္ပါၿပီဗ်ာ”

ေအာက္လမ္းဆရာတပည့္ရဲ႕ ေအာ္သံ
ႀကီးက ညအေမွာင္ထဲမွာ လႊမ္းသြား
ေတာ့တာေပါ့ဗ်ာ။ ေဟာ ဒူးႀကီးေတြ
ေထာင္က်သြားၿပီဗ်ိဳ႕။ ဟာ ေခါင္း
ႀကီးေတြ စိုက္က်သြားၿပီဗ်ာ။

“ေဝါ့၊ ေဝါ့၊ ေဝါ့”

ဟာ ေသြးေတြထိုးအန္ၾကတာဗ်ာ။ ျမင္
လို႔ေတာင္ မေကာင္းဘူးဗ်ာ၊ ေဟာ လွ
ယဥ္ကိုယ္ေပၚက စက္ေတြေရာ၊ မဖဲဝါ
ရဲ႕ ကိုယ္ေပၚက စက္ေတြေရာ ေပ်ာက္
သြားၿပီဗ်ိဳ႕။

“တာေတ ဖမ္းလိုက္”

လွယဥ္က က်ဳပ္ကို ေအာ္ေျပာလိုက္တာ
ဗ်။ အဲဒီလိုေျပာၿပီး ပ်ံေနတဲ့ ေႁမြစၾကာ
ကို သူ႔လက္နဲ႔ ယမ္းလိုက္တာ။ မီးေတြ
ေတာက္ေနတဲ့ ေႁမြစၾကာႀကီး ‘ဝုန္း’က
နဲ ျမည္ၿပီး ေပ်ာက္သြားတယ္။ က်ဳပ္
က လက္ႏွစ္ဖက္ကို ေရွ႕ထုတ္ၿပီး ျဖန႔္
ထားလိုက္ေရာဗ်။

“ဖ်တ္”

ေဟာ ေႁမြစၾကာ႐ုပ္ကေလးက က်ဳပ္
လက္ဝါးေပၚကို ျပန္ေရာက္လာေရာဗ်ိဳ႕၊
ဒီအခ်ိန္မွာပဲ မဖဲဝါႀကီးက ထလာၿပီး
ျပဳတ္က်သြားတဲ့ ေခါင္းႀကီးကို ျပန္
ေကာက္တယ္။ ၿပီးေတာ့ ေလထဲမွာ
ေဝွ႔တယ္ဗ်။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ”

ေခါင္းႀကီးကို ေလထဲမွာေဝွ႔ၿပီး
ေအာက္လမ္းဆရာႏွစ္ေယာက္
လႊဲ႐ိုက္လိုက္တယ္

“ဘုန္း၊ ခြမ္း၊ အား၊ အား”

ေသြးပြက္ပြက္အန္ေနတဲ့ ေအာက္လမ္း
ႏွစ္ေယာက္ေျမႀကီးေပၚကို ဘုန္းကနဲ လဲ
က်သြားေရာဗ်ာ။ သူတို႔ကိုယ္ေပၚက မီး
ေတာက္ေတြလည္း ၿငိမ္းသြားေရာဗ်။

မဖဲဝါက ေခါင္းႀကီးကို ပခုံးမွာထမ္းၿပီး
ဂူေတြေပၚကေန ရိပ္ကနဲ ပ်ံထြက္သြား
တယ္။ လွယဥ္ကေတာ့ ေျမာက္ဘက္
ရွင္မရဲ႕၊ ပညာသိုက္ဘက္ကို လွည့္ၿပီး
သူ႔လက္ေတြနဲ႔ ယမ္းလိုက္တာ ပြင့္ေန
တဲ့ တံခါးအနီႀကီး ပိတ္သြားေရာဗ်ိဳ႕။

“ဝုန္း” “ဂ်ိမ္း၊ ဂ်ိမ္း၊ ဂ်ိမ္း”

လွယဥ္က လက္နဲ႔ ထပ္ယမ္းလိုက္တယ္
ပညာသိုက္က ေျမႀကီးထဲကို တျဖည္း
ျဖည္း ျမဳပ္ၿပီး ေပ်ာက္သြားတယ္။
က်ဳပ္ကေတာ့ က်ဳပ္ခ်စ္သူ လွယဥ္
လုပ္သမွ်ကို ေငးၾကည့္ေနမိတာေပါ့
ဗ်ာ။ လွယဥ္က က်ဳပ္ဘက္ကို လွည့္
ၾကည့္လိုက္ၿပီး….

“တာေတ၊ ရွင္မ လႊတ္တဲ့ေန႔က်ရင္
ငါလာယူမယ္၊ ေသေသခ်ာခ်ာ သိမ္း
ထား”

လို႔ ေျပာၿပီးတာနဲ႔ ဖ်က္ကနဲ ေပ်ာက္
သြားတယ္။ က်ဳပ္ကေတာ့ အတုံးအ
႐ုန္းလဲၿပီး ေသေနတဲ့ ေအာက္လမ္း
ဆရာေတြကို ၾကည့္ရင္း လွယဥ္ေျပာ
သြားတဲ့ အသံေလးကိုပဲ နားထဲမွာ
ၾကားေနေတာ့တာေပါ့ဗ်ာ။

ငိုင္ငိုင္ႀကီးရပ္ေနတဲ့ က်ဳပ္ကို ေက်ာက္
ခဲက ပခုံးလာပုတ္တယ္ဗ်။

“ကိုႀကီးတာေတ ကိုႀကီးတာေတ”

“ကိုႀကီးတာေတ၊ ေနေကာင္းရဲ႕လား”

“ဟာ ေအး ေကာင္း ေကာင္းပါတယ္ကြာ”

လို႔ ေျပာလိုက္ရေပမယ့္ က်ဳပ္ရင္ထဲမွာ
ႀကိတ္ၿပီးလြမ္းေနခဲ့ရတာကိုေတာ့ ဘယ္
သူ သိမွာတုံးဗ်ာ။ က်ဳပ္က ေႁမြစၾကာ
႐ုပ္ကေလးကို ၾကည့္လိုက္တယ္။

ဒီေႁမြစၾကာ႐ုပ္ကေလးကို လွယဥ္
လာျပန္ယူမွာတဲ့။ ေျမာက္ဘက္ရွင္
မ လႊတ္တဲ့ေန႔ကို လွယဥ္လာမွာ။
အဲဒီေန႔ကို က်ဳပ္ေမွ်ာ္ရေတာ့မွာ
ေပါ့ဗ်ာ။

“လြမ္းလိုက္တာ လွယဥ္ရယ္”

လို႔ က်ဳပ္ပါးစပ္က တိုးတိုးေလးေျပာ
လိုက္တာကိုေတာ့ ေက်ာက္ခဲေရာ
သံမဏိေရာ မၾကားလိုက္ၾကဘူးဗ်။

မူရင္းေရးသူ ဆရာတာေတ

စာဖတ္သူကို ကူးယူေဝမွ်သူ လက္ခ(ေ႐ႊေပါက္ကံ)

credit