သေသူပစ္စည်း(စ/ဆုံး)

သေသူပစ္စည်း(စ/ဆုံး)
——————————
ဂွမ်းတုံကျေးရွာ၏အသုဘတစ်ခု၌ လိုက်ပါပို့ဆောင်သူများပြားလှသည်။ သေဆုံးသူအမျိုးသမီးကအသက်(၂၅)အရွယ်သာရှိသေးသည့် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဖြစ်သည်။ ထိုအမျိုးသမီးသေဆုံးရခြင်းကား ဤသို့ဖြစ်၏။ ပန်းဝါအမည်ရမိန်းကလေးတစ်ယောက်သည် ဂွမ်းတုံရွာရှိ ကိုစိုးကျော်ဆိုသူနှင့်ကံအကြောင်းပါ၍ ဖူးစာဆုံပေါင်းဖက်ခွင့်ရခဲ့ကြသည်။ အချောအလှတွင် ဂုဏ်သတင်းကြီးခဲ့သော မပန်းဝါသည် ဂွမ်းတုံရွာ၏အညတရ ကိုစိုးကျော်လို အသားမဲအရုပ်ဆိုးသည့်လူနဲ့ညားခဲ့သောကြောင့် ကျီးကန်းဘဲဥချီသည်ဟု ရွာသူရွာသားတို့ပြောဆိုနေကြ၏။
ပြောလည်းပြောချင်စရာပင်။ ကိုစိုးကျော်ဆိုသည့်လူကား အသားမဲမဲ၊သွားခေါခေါနှင့် အလွန်အရုပ်ဆိုးလွန်းသည့်လူဖြစ်၏။ သို့သော်မင်းကုသလို ကံထူးသည့်လူဖြစ်သဖြင့် ပပဝတီလို ဇနီးမယားမျိုးကို ရရှိခဲ့၏။ မပန်းဝါသည် လင်ယောကျာ်းအပေါ်အလွန်ချစ်ခင်ရှာသူဖြစ်သည်။ သို့သော် ကံအကြောင်းမလှခဲ့သဖြင့် အိမ်ထောင်ကျပြီး ငါးလအကြာ၌ မပန်းဝါကိုပိုးထိလေရာ ရွှေမင်းသမီးလေးသည် ကိုစိုးကျော်၏ထံပါးမှ မရဏသေခြင်းတရားက ခေါ်ဆောင်သွားခဲ့ချေပြီ။
ကိုစိုးကျော်ကား ချစ်မဝသေးသည့်ဇနီးသည်အပေါ် သံယောဇဉ်မဖြတ်နိုင်ချေ။ တစ်ရွာလုံးကလည်း ကိုစိုးကျော်အတွက် စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ချေ။ အိမ်ရှေ့ရှိ ကနဖျင်းစင်ပေါ်ရှိ ခေါင်းတလားထဲမှ အိပ်မောကျနေသော ဇနီးသည်မပန်းဝါကိုကြည့်ပြီး ကိုစိုးကျော်တစ်ယောက် သောကအပူမီးလောင်ကျွမ်းနေ၏။
” ပန်းဝါရယ်…မင်းငါ့ကိုဘယ်တော့မှခွဲမသွားဘူးဆို….သိပ်ချစ်လှပါတယ်ဆို…ခုကျငါ့ကိုတစ်ယောက်ထဲ ပစ်ထားခဲ့ပြီလား…ငါနင်မရှိရင်မနေနိုင်ဘူးဟာ…နင်ငါ့အနားပြန်လာခဲ့ပေးပါကွာ…အဟင့်….”
ယောကျာ်းကြီးတန်မဲ့ ကိုစိုးကျော်ဖြေမဆည်နိုင်လောက်အောင် ငိုနေမိသည်။ လူရှေ့သူရှေ့ပင်ဖြစ်သော်ကြား သူမရှက်နိုင်တော့ပါ။ အသုဘကိုသုသာန်သို့ ပို့ချိန်ရောက်ပြီဖြစ်သဖြင့် လူကြီးတစ်ယောက်က
” ကဲစိုးကျော်ရေ….သုဿာန်ပို့ဖို့အချိန်ရောက်ပြီကွာ…သွားလေသူစိတ်ချမ်းသာအောင် မင်းစိတ်ကိုတရားနဲ့ဖြေလိုက်ပါကွာ…”
” ကျွန်တော်ဖြေမဆည်နိုင်ဘူးဘကြီးရယ်…ကျွန်တော့မိန်းမလေး ကျွန်တော့ကိုထားသွားခဲ့ပြီဗျ….”
” ဘယ်တတ်နိုင်မလဲကွယ်…သေခြင်းတရကို ဘယ်သူမွ မတားဆီးနိုင်ဘူးလေ…ကြီးသည်ငယ်သည်မရွေးဘဲ အချိန်တန်အိမ်ပြန်ကြရတာဘဲကွယ်….”
” ပန်းဝါရေ…ငါ့ဆီပြန်လာပါကွာ…ငါမင်းကိုချစ်လို့မဝသေးဘူးဟ…ဟင့်….ဟင့်….”
ယောက္ခမနှင့် သူကြီးတို့ကပါဝင်ရောက်ပြောဆိုမှ စိုးကျော်ကအလောင်းကို သုဿာန်သို့ သယ်ခွင့်ပေးတော့သည်။ သုဿာန်သို့ရောက်သော် အသုဘရှုတရားနာပြီး ပန်းဝါကိုမြေချ၏။ မပန်းဝါကားအိပ်မောကျနေသကဲ့သို့ လှပနေဆဲပင်။ အလောင်းမြေဖို့ပြီး အားလုံးပြန်သွားကြ၏။
ချစ်ဦး၊ဝင်းရွှေနှင့် သာစိန်တို့သုံးယောက် သူငယ်ချင်းဖြစ်သူစိုးကျော်ကိုအဖော်လုပ်ပေးနေ၏။ ခုနှစ်ရက်ခုနှစ်လီလုံး အိမ်တံခါးကိုဖွင့်ထားကြရသဖြင့် ဖဲသမားတို့ကလည်း အိပ်မငိုက်အောင် ထိန်းထားကြရ၏။ စိုးကျော်ကား ထုံးစံအတိုင်းဇနီးသည်ပြန်လာနိုးဖြင့် တံခါးဝဘက်မျက်နှာမူပြီး မျှော်နေရှာ၏။
” ဟေ့ကောင်ချစ်ဦး…ငါတို့သူငယ်ချင်းကိုကြည့်ပါဦးကွာ…မအိပ်မစားနဲ့သွားလေသူဇနီးလေးကို လွမ်းနေရှာတာ သနားပါတယ္ကြာ….”
” အေးကွာ…ငါတို့လည်းမဖြေသိမ့်ပေးတတ်တော့ဘူးကွာ…ဒီကောင်ကြီးကြာရင် လုံးပါးပါးလိမ့်မယ်….နည်းနည်းပါးပါးကြည့်ပြောရအောင်…”
သူငယ်ချင်းများတိုင်ပင်ပြီး စိုးကျော်ဆီလာထိုင်၏။
” သူငယ်ချင်းရာ….ဘယ်ချိန်ရှိနေပြီလဲကွာ…နည်းနည်းတော့အိပ်ဦးပေါ့ကြာရင်ကျန်းမာရေးထိလိမ့်မယ်ကွ…”
” ခုလိုစိုးရိမ်ပေးလို့ ကျေးဇူးပါသူငယ်ချင်းတို့ရာ…ငါသေချင်နေတာကွာ…ငါသေရင်တမလွန်မှာပန်းဝါနဲ့တွေ့ရမှာလေ…”
” ဖြဟဲ့…မပြောကောင်းမဆိုကောင်းငါ့ကောင်ရာ…”
” ငါတကယ်ပြောတာကွာ…ငါအရမ်းသေချင်တယ်…လူကြီးသူမတွေပြောတာ လူတွေကသေပြီးရင် ခုနှစ်ရက်အတွင်းအိမ်ကိုပြန်လာနိုင်ကြတယ်တဲ့…ပန်းဝါကျဘာလို့ပြန်မလာတာလဲ…ပန်းဝါရေမောင့်ဆီပြန်လာပေးပါကွာ…အဟင့်…”
” ဟာကြာ..ပြောလေကဲလေပါလားစိုးကျော်ရာ…ကဲကွာအဲလောက်မှအဖြစ်သည်းနေရင်လည်းမပြောတော့ဘူးကွာ…”
သူငယ်ချင်းများစိတ်မရှည်ကြတော့သဖြင့် စိုးကျော်အနားမှ ထွက်လာကြပြီး ဖဲဝိုင်းတွင်ပြန်လာထိုင်ကြ၏။ စိုးကျော်ကားဇနီးသည်၏ဓာတ်ပုံကလေးကိုကြည့်ပြီး ပူဆွေးသောကရောက်နေရရှာ၏။
တစ်ခုသောညလူခြေတိတ်ချိန်တွင် လူသုံးယောက်သည် မီးအိမ်တစ်လုံးနှင့်အတူ သုဿာန်သို့ဦးတည်လာခဲ့ကြသည်။ လေလည်းတဖျောဖျောတိုက်ခတ်နေသဖြင့် သုဿာန်အတွင်းရှိ ဇရပ်ခေါင်မိုးရှိသွပ်ပြားမှာ တဗြန်းဗြန်းအသံမြည်ပြီး ခြောက်ချားစရာကောင်းလှ၏။ ထိုနေရာသို့ အမှတ်မထင်ကြည့်မိပါက မကောင်းဆိုးဝါးကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသည့်ပုံနှယ်။ သို့သော်လူသုံးယောက်က အကြောက်အလန့်မရှိ သုဿာန်ထဲသို့ဝင်လာခဲ့ကြ၏။ မြေပုံမို့မို့များကိုကျော်ခွသွားကြရင်း အသစ်စက်စက်မြေပုံဘေးသို့ရောက်လျှင် မီးအိမ်ကိုချထားလိုက်၏။ ပြီးသော်ပုဆိုးကိုခါးတောင်းကျိုက်လိုက်ပြီး ပါလာသောပေါက်ပြားတို့ဖြင့် မြေပုံမို့မို့လေးကို စတင်ဖော်လေတော့၏။
” အူး…ဝု…ဝူး….ဝူး….”
လေလွင့်ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင်အော်သံကား ကျောချမ်းဖွယ်ရာပင်။ သို့သော်လူသုံးယောက်က ခွေးအူသံကိုမမှုဘဲ မိမိတို့၏အလုပ်ကိုသာ အာရုံစိုက်နေ၏။
” ဒုတ်…ဒုတ်….”
” ရပြီဟေ့ကောင်…ပေါက်ပြားနှင့်ဆက်မတူးနဲ့တော့….အခေါင်းနားရောက်ပြီ….လက်နှင့်ဘဲမြေကိုယက်ထုတ်ကြမယ်…”
ဒုတ်ခနဲအသံမြည်သွားသောကြောင့် တစ်ယောက်ကလက်ကာပြီးတားလိုက်၏။ မြေကြီးကိုတူးနေသည့်တစ်ယောက်ကလည်း ပေါက်ပြားကိုမြေကြီးပေါ် ပစ္ခ်ကာ လက်ဖြင့်ဆက်ယက်ထုတ်လိုက်၏။
” ဝေါ့အော့….နံလိုက္တာကြာ…”
ခဏအကြာမြေကြီးကိုယက်နေသည့်လူက အနံ့တစ်ခုကြောင့် ပျို့တက်လာပြီး ဝေါ့ခနဲအန်ချလိုက်၏။
” ဟာ…မင်းကလဲကွာအသေကောင်ဘဲ ပုပ်တော့နံမှာပေါ့ကွ…မြေကြီးတွေဆက်ယက်ထုတ်ထားအခေါင်းကိုမြင်နေရပြီ…”
ကျန်နှစ်ယောက်က ပျို့အန်နေသည့်လူကိုငေါက်လိုက်၏။
” ရပြီဒီလောက်ဆို…ငါ့ကိုတူပေးလာ…အခေါင်းသံတွေကလော်ထုတ်ရအောင်…”
ဟုဆိုလေရာ ကျန်တစ်ယောက်က ဂွပါသည့်တူကိုလှမ်းပေးလိုက်၏။
” ကျွီ….ကျွီ….ကျွီ….”
တူဖြင့်အခေါင်းဖုံးကိုရိုက်ထားသည့်သံကိုကလော်ထုတ်တိုင်း အသံတကျွီကျွီမြည်နေ၏။ သံများအားလုံးကလော်ထုတ်ပြီးသော် အခေါင်းအဖုံးမှာကြွတက်လာသဖြင့် အပုပ်နံ့များ ပို၍ဆိုးဆိုးဝါးဝါးထြက္လာ၏။ ဤတစ်ကြိမ်တွင်ကား သုံးယောက်သား ပျို့အန်မိလိုက်ကြသည်။
” ဝေါ့….”
” အော့…ဝေါ့…ထွီး….”
” နံလိုက္တာကြာ…ဝေါ့အော့….”
” လုပ်စရာရှိတာမြန်မြန်လုပ်ကြကွာ…အချိန်မရှိဘူး…မင်းတို့နှစ်ကောင်အခေါင်းဖုံးကိုဖွင့်ကြ…. ငါယူမယ်…”
” ကျွီ…ကျွီ…”
” ဝုန်း…”
တစ်ယောက်ကထိုသို့ပြောလိုက်ရာ ကျန်နှစ်ယောက်ကအခေါင်းဖုံးကို ကျွီခနဲမြည်အောင်ဖွင့်လိုက်ကြရာ အကြောတင်းနေသောအလောင်းကောင်မှာ ဝုန်းခနဲထထိုင်နေတော့၏။
” အမလေးသရဲမကြီး….”
” ရှူးတိုးတိုး…စိတ်ထိန်းကြပါကွ…. သရဲမဟုတ္ဘူးဟ…လူတွေကသေပြီးရင်အကြောတွေကျုံ့ပြီး ထထိုင်သလိုဖြစ်သွားတာ…လုပ်စရာရှိတာလုပ်ပြီးရင် သေချာပြန်မြုပ်ပေးရမယ်…”
အလောင်းကောင်ကား မြေကြီးထဲမြုပ်ထားသည်မှာ လေးရက်ပင်ရှိနေပြီဖြစ်သဖြင့် ပွယောင်းလာပြီး ပုံစံပျက်နေချေပြီ။ မျက်နှာတွင်မသာအလှဆင်ထားသော သနပ်ခါးတို့သည်ကား ပုပ်ရိနေသောအသားအရေကြောင့် ပျက်နေချေပြီ။
” ဟေ့ကောင်မြန်မြန်လုပ်ကွာ…ငါကျောချမ်းလာပြီ…”
” အေးပါကွာ…”
” ဗျစ်…”
အလောင်းကောင်ကိုအံ့ဩစွာငေးကြည့်နေကြပြီး တစ်ခဏမျှသတိလွတ်သွားကြ၏။ ကျန်တစ်ယောက်က သတိပေးလိုက်မှကျန်တစ်ယောက်က အလောင်းကောင်နားကပ်သွားလိုက်ပြီး အလောင်းကောင်၏ ဆံပင်ရှည်ရှည်ကြီးကို ဗျစ်ခနဲမြည်အောင် ဆွဲဖြုတ်လိုက်၏။ အလောင်းမှာပုပ်ပွနေသဖြင့် ဆံပင်အုံကြီးမှာ ဦးရေပြားမှစ၍ အုံလိုက်ကျွတ်ထွက်သွား၏။ အလောင်းကောင်ကား ဦးပျဉ်းကတုံးကြီးဖြင့်သာကျန်ခဲ့တော့သည်။
” ဟေ့ကောင်…ရော့ကွာမင်းအိတ်ထဲထည့်လိုက်…မြန်မြန်လုပ်အချိန်မရှိဘူး…အလောင်းကိုမြေပြန်မြုပ်ပေးကြရအောင်…”
ကျန်တစ်ယောက်က ပေးလာသောဆံပင်အုံကြီးကို မဝံ့မရဲဖြင့်လှမ်းယူလိုက်ပြီးပါလာသော အိတ်ထဲသို့ထည့်ထားလိုက်၏။ အလောင်းမြေပြန်ဖို့သည့်အခါတွင်ကား အခက်တွေ့သွားကြ၏။ အကြောင်းမှာ ငုတ်တုတ်ထိုင်နေသောအလောင်းသည် အခေါင်းထဲပြန်လှဲချ၍မရ။ အကြောများဆွဲနေသဖြင့် အလောင်းကောင်၏လက်နှစ်ဖက်မှာ အခေါင်းကိုချိတ်ထိုင်ထားသကဲ့သို့ဖြစ်နေ၏။
” လုပ်ကြဦးကွာ…ဒီကောင်မ ပြန်မအိပ်ချင်တာလားမသိဘူး…အခေါင်းကြီးကိုတံတောင်နဲ့ချိတ်ထားလိုက်တာမြဲနေတာဘဲ…”
” မထူးတော့ဘူးကွာ…လက်နှစ်ဖက်ကိုရိုက်ချိုးပစ်လိုက်တော့…အချိန်ကုန်တယ်…”
တစ်ယောက်ကထိုသို့ပြောလိုက်ရာ အလောင်းပြန်ထည့်နေသည့်နှစ်ယောက်ကလည်း တူဖြင့်အလောင်း၏လက်နှစ်ဖက်ကို ဂွက်ကနဲမြည်အောင်ရိုက်ချိုးပစ်လိုက်ကြ၏။
ပြီးမှ အလောင်းကောင်ကို အခေါင်းထဲပြန်လှဲချပေးလိုက်ပြီး အခေါင်းဖုံးကိုသံရိုက်ကာ မြေပြန်ဖို့ပစ်လိုက်၏။ အားလုံးပြီးစီးသော် ခြေရောလက်ရာဖျောက်ပြီး နေအိမ်သို့ပြန်လာခဲ့ကြတော့သည်။
နောက်တစ်နေ့တွင်ဆံပင်ကိုသန့်ရှင်းရေးလုပ်ပေးလိုက်ကြပြီး မြို့သို့သွားရောင်းပစ်လိုက်ကြ၏။ ဆံပင်သည်နက်မှောင်နေပြီး ရှည်လျားသဖြင့်ထိုလူသုံးယောက် အတော်အတန်ရလိုက်ကြ၏။
ဇနီးသည်သေဆုံးပြီး တစ်လခန့်အကြာ၌ စိုးကျော်သည်ပိန်ချုံးပြီး ကမ္မဋ္ဌာန်းရုပ်ပေါက်နေလေပြီ။ စိတ်လည်းသိပ်ပြီးမူမမှန်တော့ချေ။ ရွာသူရွာသားတို့ကလည်း စိုးကျော်ကို ကြည့်ပြီးသနားနေကြ၏။
တစ်နေ့သော် ဝင်းရွှေသည်မျက်တွင်းများညိုနေပြီး အိပ်ရေးပျက်နေသည့်ပုံစံဖြင့်သာစိန်၏အိမ်သို့ရောက်လာခဲ့၏။
” သာစိန်…သာစိန်ရေ…ငါဝင်းရွှေကွ…မင်းအထဲမှာရှိလား….”
” အေး…ငါရှိတယ်ဟေ့ကောင်ရေဝင်လာခဲ့ကွာ…”
သာစိန်လည်း အိမ်ထဲသို့ဝင်လာခဲ့ပြီး
” ဟာ…မင်းစောစောစီးစီးဆွဲနေပါလားကွငါ့ကောင်ရ…”
” အေးကွာ…စိတ်တွေညစ်နေတာနဲ့ငါလည်းဆွဲလိုက်တာကွ…”
” မင်းလည်းငါ့လိုဘဲ ကြုံရသလားကိုယ့်လူ…”
” ရှူးတိုးတိုး…အေကွာ….ငါအိပ်မရပေါင်းများနေပြီ…ဟိုသရဲမကငါ့ကိုညတိုင်းလာလာနှိပ်စက်တယ်ကွာ…ငါတို့လုပ်တာမှားပြီထင်တယ်….”
” ငါလည်းကောင်းကောင်းမအိပ်ရဘူးကွာ…ညကအဲကောင်မရောက်လာပြီး သူ့ဆံပင်တွေပြန်လာပေးတဲ့…မဟုတ်ရင်ငါတို့ကိုအသေ သတ်မယ်တဲ့ကွာ…ကြောက်စရာကောင်းတဲ့ရုပ်ရည်နဲ့ ငါ့ကိုခြောက်တာလိပ်ပြာလွင့်မတတ်ပါဘဲကွာ….”
” အေးကွာ…ငါတို့တော့မလုပ်သင့်တာလုပ်မိပြီထင်တယ်….ဟိုကောင်ချစ်ဦးကောနေလို့ကောင်းရဲ့လားမသိဘူး…ငါတို့သွားကြည့်ကြမလား…ပြီးမှဘာဆက်လုပ်ရမလဲစဉ်းစားကြတာပေါ့…”
ဤသို့ဖြင့်သူငယ်ချင်းနှစ်ယောက် ချစ်ဦး၏အိမ်ရှေ့သို့ရောက်လာကြ၏။
” ဝုန်း….ဒုန်း….”
” ဂလွမ်း….ခွမ်း….”
” သြားကြာ…သြား…ငါမလိုက်နိုင်ဘူး….သြားထြက်သြား….”
အိမ်ရှေ့ရောက်သည်နှင့် အိမ်အပေါ်ထပ်မှ ချစ်ဦးသောင်းကျန်းသည့်အသံကိုကြားလိုက်ရသဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။ အိမ်အောက်ရှိ ကုလားထိုင်ပေါ်တွင်ကား ချစ်ဦး၏အမေဒေါ်ညွှန့်ရွှေက စိတ်ပျက်စွာထိုင်နေ၏။ ဝင်းရွှေတို့နှစ်ယောက်လည်း ဘာမှမဖြစ်သည့်ပုံစံဖြင့် ဝင်လာကြပြီး
” ဂျီးတော်…ချစ်ဦးရှိလားဗျ…”
” ဪဝင်းရွှေတို့သာစိန်တို့ပါလား…လာကြကွယ်…နင်တို့သူငယ်ချင်းလည်းရှိပါ့…ခုတလောဘာတွေဖြစ်နေလဲမသိပါဘူးကွယ်….နေ့နေ့ညညသောင်းကျန်းနေတော့တာဘဲ…ဒီသားတစ်ယောက်နှင့်တော့ငါ့စိတ်ညစ်ပါတယ်ကွယ်…”
” ဒီလိုဖြစ်တာကြာပြီလား…ဂျီးတော်…”
” သိပ်တော့မကြာသေးဘူး…မောင်စိုးကျော်မိန်းမဆုံးလို့အဲဒီမှာ ညစောင့်ကူအိပ်ပြီး ပြန်လာပြီးထဲက ခုလို့ဖြစ်တော့တာဘဲအေ…”
” ဒါဆို စိုးကျော်မိန်းမ မကျွတ်မလွတ်ဖြစ်ပြီး ဒီကောင်ကိုခြောက်လှန့်တာနေမယ်….ကျွန်တော်တို့လည်း ဟိုကောင်စိုးကျော်ကိုအဖော်စောင့်အိပ်ပေးကတည်းကခုထိ ကောင်းကောင်းအိပ်မရဘူးဂျီးတော်ရာ…”
” ဟင်…ဘာဖြစ်ကြလို့လဲတော့….”
” ဘာဖြစ်ရမလဲဂျီးတော်ရာ….ဟိုကောင့်မိန်းမမကျွတ်မလွတ်ဖြစ်ပြီး ကျုပ်တို့ကိုလိုက်လံခြောက်လှန့်နေတယ်လေ…”
” လက်စသပ်တော့ဟိုကောင်မကြောင့် ငါ့သားဒီလိုဖြစ်နေတာကိုး…ဒင်းကိုငါကိုယ်တိုင်ဆုံးမရမယ်…လူဖြစ်တဲ့အချိန်တုန်းကငါ့သားကိုဖြင့် ပြန်မကြိုက်ဘဲဟိုငမဲကိုရွေးချယ်လိုက်ပြီး….ခုသရဲဖြစ်တော့မှငါ့သားနားလာကပ်လို့ရမလား…ဟင်း…”
ဒေါ်ညွှန့်ရွှေကား မပန်းဝါလူ့ဘဝရှိစဉ်ကပင် မပန်းဝါကိုမလိုမုန်းတီးနေသူဖြစ်၏။ အကြောင်းမှာ မိမိ၏သားဖြစ်သူချစ်ဦးကို ပန်းဝါနှင့်အိမ်ထောင်ချပေးလို၏။ ချစ်ဦး၏ကိုယ်၌ကလည်း ပန်းဝါကိုအရူးအမူးချစ်နေသူဖြစ်၏။ သို့သော် ပန်းဝါကချစ်ဦးကိုစိတ်မဝင်စားဘဲ စိုးကျော်ကိုသာချစ်သူအဖြစ်ရွေးချယ်လေရာ ဒေါ်ညွှန့်ရွှေရော ချစ်ဦးပါ စိုးကျော်ကို မနာလိုမုန်းတီးနေကြ၏။ သို့သော်ငယ်ပေါင်းဖော်ဖြစ်နေသဖြင့် မျက်မှာပျက်မည်စိုးပြီး မိမိ၏ခံစားချက်ကိုမြိုသိပ်ကာ စိုးကျော်ကို ပေါင်းသင်းဆက်ဆံနေ၏။ စိတ်ထဲ၌ကား စိုးကျော်ကိုကြည့်မရချေ။
” ဂျီးတော်…ဂျီးတော်… ”
အတွေးလွန်နေသောဒေါ်ညွှန့်ရွှေက သာစိန်၏ခေါ်သံကြားမှ အသိပြန်ဝင်လာပြီး
” အေး…သားဘာတုံး…”
” ဂျီးတော်မှာဒီကိစ္စနှင့်ပတ်သက်ပြီး သရဲမကိုရှင်းနိုင်မဲ့အစီအစဉ်ရှိလား…”
” အေး…သရဲတွေကလက်ဖွဲ့ယန္တယားတွေကိုကြောက်တယ်တဲ့…ခုငါတို့ဘုန်းကြီးကျောင်းမှာ အထက်လမ်းဆရာတပည့်ရောက်နေတယ်…ငါ့သားအတွက်လက်ဖွဲ့တွေသွားတောင်းဝယ်ရမယ်…”
” ဟုတ်လားဂျီးတော်…အဲဒီဆရာကဘယ်ချိန်ကျွန်တော်တို့ကိုရောက်လာတာလဲ…တကယ်ရောစွမ်းလို့လားဂျီးတော်ရ…”
” ငါလည်းသေချာတော့မသိဘူး…မနေ့ကမိအေးမ ဆွမ်းသွားပို့တော့ ဧည့်သည်ကောင်လေးနှစ်ယောက် ဘုန်းကြီးကျောင်းကိုရောက်လာတယ်တဲ့…သူစပ်စုကြည့်တော့ အထက်လမ်းဆရာတွေလို့ပြောတယ်တဲ့…”
” ဒါဆိုလည်း ခုဘဲသွားကြရအောင်ဂျီးတော်…ကြာရင်ကျွန်တော်တို့တွေလန့်ပြီးသေကြရတော့မယ်…”
” အေး…ဒါဆိုလည်းနင်တို့သူငယ်ချင်းတွေပါသွားခေါ်ခဲ့…ခုချက်ချင်း ဘုန်းကြီးကျောင်းကိုသွားကြမယ်…”
သာစိန်နှင့်ဝင်းရွှေလည်း ချစ်ဦးကိုချော့မော့ပြီး ဘုန်းကြီးကျောင်းသို့ဒေါ်ညွှန့်ရွှေနှင့်အတူလာခဲ့ကြ၏။
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်သည် အထက်၏အမိန့်ပေးမှုကြောင့် ဂွမ်းတုံဘုန်းကြီးကျောင်းသို့ရောက်လာခဲ့ကြ၏။ ဘုန်းကြီးကိုအခွင့်တောင်းပြီး တညတာတည်းခိုခွင့်တောင်းလိုက်သည်။ မနက်ရောက်သော် ဆရာတော်အားဝတ်ဖြည့်ပြီး စကားစမြည်ပြောနေကြ၏။ ထိုစဉ်ကျောင်းပေါ်သို့ မိန်းမကြီးတစ်ဦးနှင့်အတူ လူငယ်သုံးယောက် ရောက်လာခဲ့၏။
” လာကြဒကာမကြီးတို့…လူစုံတက်စုံနဲ့ပါလားကွဲ့….”
ထိုလေးယောက်က ဘုရားဝတ်ဖြည့်ပြီး ဆရာတော်ဘုရားကိုထပ်မံဝတ်ဖြည့်လိုက်၏။ ပြီးမှ
” တင့်ပါဘုရား…ဆရာတော့်ကျောင်းမှာ အထက်လမ်းဆရာတွေ ရောက်နေတယ်ဆိုလို့ အဆောင်လက်ဖွဲ့လေးတွေ တောင်းရအောင်လာခဲ့တာပါဘုရား….”
” ဪ…ဒီလိုလားကွဲ့…အေးအး…ဒါဆိုဒီကဒကာလေးတို့ကိုမေးကြည့်ပေါ့…သူတို့ပေးရင်ဒကာမကြီးတို့ရမှာပေါ့ကွယ်…”
ဆရာတော်ဘုရားကထိုသို့သာမိန့်ပြီး ကွမ်းအစ်ကိုယူကာ ကွမ်းယာစားနေ၏။
ဒေါ်ညွှန့်ရွှေက မောင်ရေခဲ တို့ဘက်လှည့်ပြီး
” အထက်လမ်းဆရာဆိုလို့ အသက်ကြီးကြီးမှတ်နေတာ…ငယ်ငယ်ရွယ်ရွယ်လေးတွေဘဲရှိကြသေးတာကိုးကွဲ့ …”
” ဆရာလို့လည်းမဟုတ်ပါဘူးအဒေါ်ရယ်…အထက်လမ်းစဉ်ကိုလိုက်စားနေတုန်းဘဲရှိပါသေးတယ်ဗျ…”
” အို…ဘယ်လိုဖြစ်ဖြစ်ပေါ့ကွယ်…ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုပညာတွေသင်ယူနိုင်တာအဒေါ်တော့ လေးစားတယ်ကွယ်…”
” ထားတော့…အဒေါ်တို့လာရင်းကိစ္စသိပါရစေ…”
မောင်ရေခဲကလမ်းဖွင့်ပေးလိုက်ရာ စကားပလ္လင်ခံနေသော ဒေါ်ညွှန့်ရွှေက
” ဪ…ဟိုလေ…ဆရာလေးဆီကအဆောင်လက်ဖွဲ့လေးလိုချင်လို့ပါ…”
” ဪ…ဘယ်လိုအတိုက်အခိုက်မျိုးကိုနိုင်တဲ့အဆောင်မျိုးလိုချင်တာလဲဗျ…”
ထိုစဉ် ချစ်ဦးကကပြာကယာဖြင့် အရှေ့သို့တိုးလာပြီး
” သရဲတစ္ဆေတွေကို နိုင်တဲ့အဆောင်လက်ဖွဲ့မျိုး လိုချင်တာပါဆရာလေး….”
” ဟင်…သရဲတစ္ဆေတွေကိုနိုင်တဲ့လက်ဖွဲ့မျိုး…သရဲတစ္ဆေကညီလေးတို့ကိုဘာလုပ်နေလို့လဲဗျ…”
” ကျုပ်တို့တွေအိပ်မရအောင် ခြောက်လှန့်နေလို့ပါဆရာလေး….”
မောင်ရေခဲကအကြောင်းစုံကိုသိသော်လည်း မသိချင်ယောင်ဆောင်ကာ မေးလိုက်၏။ ထိုအခါဝင်းရွှေက
” ဒီသရဲမကအတော့ကိုသောင်းကျန်းလွန်းတယ်ဆရာလေး…ကျုပ်တို့နှင့်သူ့ရဲ့ကြားမှာ ဘာရန်ညိုးရန်စမှမရှိဘဲ ခုလိုခြောက်လှန့်နေတာတော့ လွန်လွန်းတယ်ထင်လို့ပါ…”
ထိုအချိန်စိုးကျော်လည်း ဇနီးသည်၏လလည်ဆွမ်းကိုလာပို့သဖြင့် ကျောင်းတွင်အားလုံးဆုံမိကြ၏။ စိုးကျော်ကိုတွေ့သောအခါ ချစ်ဦးတို့သုံးယောက်လုံး မျက်စိမျက်နှာပျက်သွားကြ၏။ ဆရာတော်ဘုရားက
” ဒကာလေးစိုးကျော်….လလည်ဆွမ်းလာပို့တာလားကွဲ့…”
” တင့်ပါဘုရား…ရက်လည်ဆွမ်းလည်းလာပို့ရင်း တပည့်တော်ရဲ့ဇနီးက ကျောင်းမှာဆရာလေးတို့ရောက်နေတယ် ဆိုပြီးအိပ်မက်ပေးလို့ ရောက်လာတာပါဘုရား…”
” ဟေ…တယ်ထူးဆန်းပါလားကွဲ့…သေလွန်ပြီးတဲ့ဒကာရဲ့ဇနီးကဘာအတွက်ဆရာလေးတို့ကို လာတွေ့ခိုင်းတာလဲဒကာလေး…”
” တပည့်တော်လည်းအသေချာမသိပါဘူးဘုရား…သူပြောတာကသူ့ပိုင်တဲ့အရာကို ခိုးယူသွားတဲ့သူကိုထိုက်သင့်တဲ့အပြစ်ပေးဖို့ပါတဲ့ဘုရား…”
” ဟင်…”
ဒီတစ်ခါ အာမေဋိက်အသံထွက်လာသူကား ဆရာတော်ဘရားမဟုတ်ဘဲ ချစ်ဦးတို့သုံးယောက်ဖြစ်နေ၏။ သုံးယောက်စလုံး၏မျက်နှာမှာလည်း ထိတ်လန့်သည့်အမူအရာပေါ်လာပြီး ဇီးရွက်လောက်သာကျန်တော့၏။
မောင်ရေခဲလည်းလူစုံပြီဖြစ်သဖြင့်
” ဒီကညီလေးတို့ဘာဖြစ်ကြတာလဲဗျ…”
” ဟို…ဟို…ဘာမှမဖြစ်ဘူးဆရာလေး…”
” ဟဲ့…နင်တို့တွေဘာဖြစ်လို့မျက်နှာကအီးမှန်သွားသလိုဖြစ်သွားကြတာလဲ…ဘာလဲစိုးကျော်ကနင်တို့ကိုဘာပြောထားလို့လဲ…”
ဒေါ်ညွှန့်ရွှေက ချစ်ဦးတို့သုံးယောက်ဖြစ်ပျက်နေသည်ကိုကြည့်ပြီး ပြောလိုက်၏။ စိုးကျော်လည်း သူ့နာမည်ပါလာသဖြင့်
” ပေါက်ကရဒေါ်လေးရာ…ကျွန်တော်ကကျွန်တော့်သူငယ်ချင်းတွေကို ဘာပြောရမှာလဲဗျာ…”
” တော်ကြပါတော့…ဒီကိစ္စမှာ မထင်မှတ်မှုတွေအတုအယောင်တွေပေါ်လာတော့မယ်…ကဲညီလေးတို့ အဖြစ်မှန်ကိုဝန်ခံလိုက်တော့…”
” ဗ်ာ…ဘာကိုလဲဆရာလေး…”
မောင်ရေခဲ၏စကားကြောင့် သုံးယောက်စလုံးနားမလည်နိုင်သလိုဖြစ်သွားပြီး ပြန်မေး၏။
” ဟန်မဆောင်ကြပါနဲ့တော့…သင်တို့တွေသေပြီးသားလူရဲ့ဆံပင်ကိုယူပြီး ရောင်းစားလိုက်လို့ ဟိုကမကျေနပ်ဘဲ လိုက်ခြေါက်လှန့်နေတာပါ…”
မောင်ရေခဲ၏စကားကြောင့် ဒေါ်ညွှန့်ရွှေရော ချစ်ဦးတို့ပါဒေါသထွက်သွား၏။ သို့ကြောင့်
” ဒီမှာဆရာလေး…ငါ့သားကိုဘာလို့ဒီလိုစွပ်စွဲနေရတာလဲ…ဟန်ပန်ကြည့်ပြီးငါ့မှာအထင်တွေကြီးလိုက်ရတာ…ခုတော့ဘာမှန်းမသိဘဲ လူကိုတဖက်သတ်စွပ်စွဲနေပါလား…”
” ဟုတ်တယ်အမေ…ဒီလူကအရူးဘဲ…”
” လာပြန်ကြမယ်ဟေ့ကောင်တွေ…”
” ပြန်လေ…ကျောင်းမုခ်ဦးလွန်တာနဲ့ သင်တို့တွေဘာဖြစ်သွားကြမလဲဆိုတာ တွေးကြပေတော့…”
ထိုစဉ်မုခ်ဦးအပြင်ဘက်သို့ကြည့်လိုက်ရာ ဦးပျဉ်းကတုံးသရဲမနှင့်အတူ အရပ်အမောင်းရှည်လျားသော မဖဲဝါကြီးကိုပါထင်ထင်ရှားရှားတွေ့လိုက်ရသဖြင့် ကြောက်လန့်ကာ မူလနေရာတွင်ပြန်ထိုင်လိုက်ကြ၏။ ဘာမှမမြင်သောဒေါ်ညွှန့်ရွှေကား
” ဟဲ့…ပြန်မယ်ဆိုပြီးဘာလို့ပြန်ထိုင်နေကြတာလဲ…ထ…ပြန်ကြမယ်…”
ဆရာတော်ကားဘာမှနားမလည်သဖြင့် သည်အတိုင်းကြည့်နေ၏။
” မ…မျပန္ဘူး…မျပန္ဘူး…”
” ဟယ်…နင်တို့တွေဘယ်လိုဖြစ်ကုန်ကြတာလဲဟဲ့…”
” မုခ်…မုခ်ဦးအပြင်မှာ သရဲတွေရှိတယ်…မပြန်ရဲဘူး…”
ဒေါ်ညွှန့်ရွှေက မုခ်ဦးအပြင်ဘက်သို့်ကြည့်လိုက်သော်လည်း ခွေးတွေကလွဲ၍ဘာကောင်မှမမြင်ချေ။
” ဟဲ့…ရူးများသွားကြကုန်ပြီလား…နေ့ခင်းကြောင်တောင်ကြီးဘယ်ကလာသရဲရှိရမှာလဲဟဲ့….”
” ဝုတ်…ဝုတ်…ဝုတ်…”
” အူး…ဝူး…ဝူး…ဝူး….”
ထိုစဉ်ခွေးများကလည်း မုခ်ဦးအပြင်ကိုထိုးဟောင်ကြကုန်၏။ မောင်ရေခဲက
” ကိုယ့်အပြစ်ကိုဝန်ခံရင်တော့ ငါကယ်နိုင်လိမ့်မယ်…မဟုတ်ရင်တော့ငါလည်းမတတ်နိုင်ဘူး…”
” တောင်း…တောင်းပန်ပါတယ်ဆရာလေးရယ်….ကျုပ်တို့ကိုကယ်ပါ…ကျုပ်တို့မိုက်မဲခဲ့မိပါတယ်…”
” ငါ့ကိုတောင်းပန်လိုမရဘူး…ကာယကံရှင်ကိုတောင်းပန်မှရမှာ…”
” ဟင်…ဘယ်သူ့ကိုလဲဆရာလေး…”
” သင်တို့်အပြစ်လုပ်ခဲ့တဲ့သူကိုပေါ့….”
” ဗ်ာ…”
သုံးယောက်လုံးမျက်လုံးပြူးသွားကြကုန်၏။
” ဘယ်…ဘယ္လို…တောင်း…တောင်းပန်ရမလဲဆရာလေး…”
” ငါခေါ်ခဲ့မယ်…သူ့ကိုသင်တို့ကိုယ်တိုင်တောင်းပန်ကြ…ကဲကျောင်းစောင့်နတ်ကြီး…သူ့ကိုကျောင်းဝန်းထဲဝင်ခွင့်ပေးလိုက်…”
မောင်ရေခဲကထိုသို့အမိန့်ပေးလိုက်သည်နှင့် ကျောင်းစောင့်နတ်ကြီးသည် ဦးပျဉ်းကတုံးဖြင့် ကောင်မလေးအားကျောင်းဝန်းထဲသို့ဝင်ခွင့်ပေးလိုက်၏။ ထိုစဉ်ဒေါ်ညွှန့်ရွှေမှာဆံထုံးကိုဖြေချလိုက်ပြီး ဝင်းရွှေတို့်သုံးယောက်အား မျက်ထောင့်နီကြီးဖြင့်ကြည့်လိုက်၏။
” ရောက်ရင် ဘုရားဦးတိုက်လိုက်ဦးနှမငယ်…”
မောင်ရေခဲကထိုသို့ပြောလိုက်သော် ဒေါ်ညွှန့်ရွှေက ဘုရားကိုဦးတိုက်လိုက်ပြီး
” မောင်…မောင်အရမ်းပိန်သွားလိုက်တာ..”
စိုးကျော်ဘက်လှည့်ပြီး ထိုသို့ပြောလိုက်ရာ စိုးကျော်လည်း ပါးစပ်အဟောင်းသားဖြင့်
” ဟင်…ပန်း…ပန်းဝါ…မင်း…တကယ်ဘဲမင်းလား…”
” ဟုတ်တယ်မောင်ရယ်…ပန်းဝါပါ…မောင်ဘာလို့အစားအသောက်တွေမစားဘဲနေနေရတာလဲကွယ်…”
” မောင်ပန်းဝါကို လွမ်းလို့ပေါ့…ပန်းဝါရယ်….”
” မောင်ရယ်…ပန်းဝါတို့ကဘဝခြားသွားခဲ့ပြီလေ…ဒါပေမဲ့ပန်းဝါမကျွတ်လွတ်နိုင်သေးဘူး…ဟိုကောင်တွေပန်းဝါအမြတ်တနိူးထားတဲ့ဆံပင်ကိုလာယူရုံမကဘူး ပန်းဝါရဲ့လက်နှစ်ဖက်လုံးကိုပါရိုက်ချိုးပစ်ခဲ့ကြတယ်မောင်ရယ်…”
” ဘာကွပန်းဝါ…ဒီကောင်တွေပန်းဝါကိုသုဿာန်အထိလိုက်ဒုက္ခပေးနေတာလား….တောက်! …”
စိုးကျော်ကဒေါသထွက်သွားပြီး ချစ်ဦးတို့်သုံးယောက်အား မီးဝင်းဝင်းတောက်နေသောမျက်လုံးဖြင့်ကြည့်လိုက်ပြီး လက်သီးဖြင့် ထိုးရန်ရွယ်လိုက်၏။
” တော်ကြတော့…တော်ကြတော့…အေးအေးဆေးဆေးဖြေရှင်းကြ…”
ဆရာတော်က ထိုသို့မိန့်လိုက်မှ စိုးကျော်မှာစိတ်လျှော့ပြီး ပြန်ထိုင်သွား၏။ မောင်ရေခဲက
” ကဲ…ညီလေးတို့သင်တို့အပြစ်တွေဝန်ခံပြီး မပန်းဝါကိုတောင်းပန်လိုက်ကြ…”
” ဟုတ်…ဟုတ်ဆရာလေး…”
သုံးယောက်လုံးဒေါ်ညွှန့်ရွှေဘက်လှည့်လိုက်ကြပြီး
” တောင်း…တောင်းပန်ပါတယ်မပန်းဝါ…ကျွန်တော် တို့ကိုခွင့်လွတ်ပေးပါ…”
” ဟား…ဟား…ဟား…အပြစ်လုပ်တုန်းကလုပ်ပြီး ခုမှလာတောင်းပန်နေလို့ရမလား…နင်တို့တွေကလေကျီးအာသီးလိုလူတွေဘဲ…အပြင်ပန်းကျလှပြီးအထဲမှာပုပ်သိုးနေကြတာ…နင်တို့ကိုအမေမဖဲဝါထံမှာအပြစ်ခံယူခိုင်းရမယ်…”
” မ…မလုပ်ပါနဲ့မပန်းဝါ…ကျွန်တော်တို့တကယ်တောင်းပန်ပါတယ်…မဖဲဝါကြီးဆီကိုတော့မအပ်လိုက်ပါနဲ့…တခြားအပြစ်ပေးပါကျွန်တော်တို့ခံယူပါ့မယ်…မဖဲဝါကြီးဆီကိုတော့မအပ်ပါနဲ့ဗျာ…ဆရာလေး…ကူပြောပေးပါဦးဆရာလေးရယ်…”
ထိုသုံးယောက်ကမောင်ရေခဲထံစစ်ကူတောင်းနေ၏။ မောင်ရေခဲလည်း ထိုလူတို့၏ အနာဂတ်ကိုကြည့်လိုက်ရာ သာသနာအကျိုးကိုသယ်ပိုးမည့်သူဖြစ်ကြောင်း တွေ့လိုက်ရသဖြင့်
” ကဲနှမငယ်…ဒီတစ်ခါတော့ သူတို့ကိုခွင့်လွတ်ပေးလိုက်ဖို့ အစ်ကိုတောင်းပန်တယ်…ခွင့်လွတ်ပေးလိုက်ပါ…”
” မရဘူးဆရာလေး…ဒီလူတွေကလောဘသားကောင်တွေ…ဒီတစ်ခါခွင့်လွတ်လိုက်ရင် နောက်နောင်လည်းဒီလိုတွေ လုပ်နေကြဦးမှာဘဲ…သူတို့ကိုအမေကြီးလက်အပ်မှရမယ်…”
ထိုအခါဆရာတော်ဘုရားလည်းမနေနိုင်တော့သဖြင့်
” ကဲဒကာမေလး…ဒီသုံးယောက်ရဲ့အသက်ကို ဘုန်းကြီးအလှူခံတယ်…လှူပါသလား…”
ဆရာတော်ဘုရားကထိုသို့မိန့်လိုက်ရာ မပန်းဝါအဖြစ်တလဲဒေါ်ညွှန့်ရွှေက တချက်မျှစဉ်းစားလိုက်ပြီး
” ဆရာလေးနှင့်ဆရာတော်ဘုရားတို့ကဒီလောက်တားနေမှတော့ ဒီသုံးယောက်ရဲ့အသက်ကို ဆရာတော်ဘုရားဆီလှူလိုက်မယ်….”
” သာဓု…သာဓု…သာဓုပါဒကာမေလး…ကဲဒီနေ့ကဒကာမလေးရဲ့ လလည်ဆွမ်းကိုဒကာမလေးရဲ့လင်သားကလာကပ်ပေးတယ်ဆိုတော့ ဒကာမလေးလည်း တရားနာယူပြီး ကောင်းရာဘုံဝကိုကူးပြောင်းပေတော့…”
” တင့်ပါဘုရား…”
ဆရာတော်ဘုရားလည်း မပန်းဝါ၏လလည်ဆွမ်းအကျိူးကိုဟောပေးလိုက်ရာ မပန်းဝါလည်းဝမ်းမြောက်စွာသာဓုခေါ်ဆိုလေ၏။
” မောင်…ပန်းဝါသွားရတော့မယ်…မောင်ပန်းဝါကိုမေ့လိုက်တော့နော်…မောင်လိမ်လိမ်မာမာနေခဲ့နော်…အစားအသောက်တွေလည်းပုံမှန်စား…ဘာသာ သာသနာအကျိုးလည်းတတ်စွမ်းသမျှထမ်းဆောင်ပါမောင်….”
” ပန်းဝါစကားကိုမောင်နားထောင်ပါ့မယ်ကွယ်…မောင့်ပန်းဝါလေး ကောင်းရာဘုံဘဝရောက်သွားပြီဆိုရင်ဘဲ မောင်ဝမ်းသာလွန်းလှပါပြီကွယ်…”
စိုးကျော်က ဆို့နင့်နေသောအသံကြီးဖြင့် ဂတိပေးလိုက်၏။ မျက်ဝန်းအစုံမှ မျက်ရည်စတို့မှာ ပါးပြင်ပေါ်သို့လှိမ့်ဆင်းလာခဲ့၏။ ပန်းဝါမှာအားလုံးကိုနူတ်ဆက်ပြီး ဒေါ်ညွှန့်ရွှေ၏ကိုယ်မှခွာလိုက်ရာ သေဆုံးစဉ်ကဝတ်ထားသောအဝတ်အစားနှင့်အတူ ဒကောက်ကွေးထိရှည်လျားနေသောဆံပင်များတို့မှာလေထဲတွင်တဖြတ်ဖြတ်လွှင့်ပြီး တဖြည်းဖြည်းဝေဝါးပျောက်ကွယ်သွားလေတော့သည်။
” ဪ…လောဘလောဘ…အတော်ကြောက်စရာကောင်းလှပါလားကွယ်…ကဲဒကာလေးတို့သုံးယောက်ရဲ့အသက်ကို ဘုန်းကြီးကအလှူခံထားလိုက်ပြီဆိုတော့ ဒီနေ့ကစပြီး မကောင်းမှုတွေကိုပယ်ပြီး ဒီကျောင်းမှာကပ္ပယကြီးလာလုပ်ကြကွဲ့..ကြားကြလား…”
” ကြားပါတယ်ဘုရား…တပည့်တော်တို့ဒီနေ့ကစပြီးမမိုက်မဲတော့ဘူးဘုရား…ဆရာတော်ဘုရားနှင့်ဆရာလေးတို့ကိုလည်းကျေးဇူးတင်ပါတယ်…ကိုစိုးကျော်ကိုလည်းတောင်းပန်ပါတယ်…ခွင့်လွတ်ပေးပါ… ”
” ငါခွင့်လွတ်ပါတယ်ကွာ…နင်တို့ကငါ့သူငယ်ချင်းတွေဘဲ…”
” ကျေးဇူးပါသူငယ်ချင်းရာ..”
မောင်ရေခဲလည်း သတိလစ်နေသောဒေါ်ညွှန့်ရွှေကိုရေစင်ဖြင့် ပက်ဖျန်းပြီးနိူးလိုက်၏။
” ငါဘာဖြစ်သွားတာလဲ…”
” ဘာမှမဖြစ်ပါဘူးဒကာမကြီးရေ…ဒကာမကြီးလည်းဒီနေ့ကစပြီး ဘုရားတရားတွေများများလုပ်တော့…သေရင်ကိုယ့်နောက်ပါတာဆိုလို့ကုသိုလ်နှင့်အကုသိုလ်ဘဲရှိတယ်…”
” တင့်ပါဘုရား..ကဲပြန်ကြမယ်သား…”
” သားတို့မလိုက်တော့ဘူးအမေ…သားတို့ဘုန်းကြီးကျောင်းမှာဘဲတသက်လုံးနေတော့မယ်…”
” ဘုရားဘုရား…အရက်သမား ဖဲသမားပါးစပ္က နတ်စကားတွေထွက်လာပါလား…ဘာတွေဖြစ်ကုန်ပြီလဲ…အေးမပြန်ရင်လည်းနေခဲ့ကြ…နင်တို့တွေကြောင့်ငါလည်းရူးတော့မယ်…ငါပြန်ပြီ…”
ဒေါ်ညွှန့်ရွှေကားဘာမှနားမလည်နိုင်တော့သဖြင့် ဘုရားနှင့်ဆရာတော်ဘုရားကိုဝတ်ပြုပြီးအိမ်သို့ပြန်ခဲ့တော့သည်။ မောင်ရေခဲ တို့်လည်းမိမိတို့၏တာဝန်ပြီးစီးသွားသဖြင့် ဆရာတော်ကိုဦးချကာ ဆက်လက်ခရီးဆက်ကြတော့သည်။……။
( စိတ်ကူးမျှသာဖြစ်သည်။ စာရှုသူအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာကြစေသောဝ်)
# ပြီး
# ခွန်း