စုန်းပညာသည်နှင့်ပေါက်ဖော်ကြီး(စ/ဆုံး)

Unicode Version

စုန်းပညာသည်နှင့်ပေါက်ဖော်ကြီး(စ/ဆုံး)
————————————————-
ခရီးသွားရင်းအဖွားတစ်ယောက်ပြောပြတဲ့အဖြစ်သူကိုယ့်တွေ့ကလေးပါပြောထားတာကြာခဲ့ပြီအခုမှပြန်သတိရတာအဲအဖွားတောင်အသက်ရှိသေးလားမသိတော့ပါ
အဲဒီတုန်းကစာလည်းမရေးသေးပါဟာသအနေနဲ့သာနားထောင်ဖြစ်ခဲ့တာလေးသတိရသွားမိတာ
ဂျပန်ခေတ်တုန်းကခေတ်ကြီးကမငြိမ်မသက်ဖြစ်နေသောအခါစီးပွားရေးကလည်းမကောင်းလှပါ

ဒေါ်ကလေးမတို့နေသောရွာသည်မြန်မာပြည်အလယ်ပိုင်းတွင်ရှိကာလယ်ယာစီးပွားရေးကိုအဓိကလုပ်ကိုင်စားသောက်ကြပေသည်။
စစ်၏အကျိူးသက်ရောက်မှု့ဒဏ်ကိုဒေါ်ခလေးမတို့အလူးအလဲခံခဲ့ရပေသည်။စစ်ကြီးပြီးတော့ပြန်လည်ထူထောင်၍အစပျိူ းချိန်ဖြစ်ပေသည်။
သူမတို့ရွာကရွာကြီးတစ်ရွာဆိုတော့ရွာတောင်ပိုင်းမြောက်ပိုင်းအရှေ့ပိုင်းအနောက်ပိုင်းခွဲထားသတဲ့
ဟိုတုန်းကရွာတွေမှာစုန်းပညာတတ်တဲ့သူတွေလည်းပေါတာဆိုတော့သူတို့ရွာမှာလဲစုန်းရှိသတဲ့

သူတို့ရွာကဦးဘအိုဆိုတဲ့ဘကြီးကတော့အတော်နံမည်ကြီးဆိုပဲသူကပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်တာကြောင့်
ရွာသူရွာသားတွေကိုမကြာခဏစနောက်တတ်လေ့ရှိ၏သူစတာကလည်းရိုးရိုးစတာမဟုတ်သူ့ပညာနဲ့လုပ်ပြီးစနောက်တာဖြစ်တာကြောင့်သူစမှာအလွန်ကြောက်ကြ၏
တောတွေဘာတွေထဲသွားသည့်အခါလည်းသူနှင့်ပါလာသူအဖော်များအကောင်းမနေရဧရာမမြွေကြီးလိုက်လို့ပြေးလာရသူနဲ့ကျားလိုက်လို့ပြေးလာရသူနဲ့သေပြေးရှင်ပြေးပြေးကြရပေသည်။

အမှန်တော့ဘာကောင်မှလိုက်တာမဟုတ်ပဲသူ့ပညာနှင့်ရွာသူရွာသားတွေအထိတ်တလန့်ဖြစ်အောင်စခြင်းဖြစ်ပေသည်။
သို့ပေမဲ့သူကဘယ်သူ့ကိုမှဒုက္ခအကြီးအကျယ်ရောက်အောင်အသက်သေအောင်လုပ်လေ့မရှိ

သူနှင့်ပညာလာပြိုင်သူများကတော့အရှုံးနှင့်ပြန်သွားကြတာများတဲ့အတွက်သူ့ပညာကမခေဘူးလို့တစ်ရွာလုံးကယုံကြည်ထားကြသည်။

ရွာထဲကကာလသားများကတော့အားတဲ့အခါတိုင်းသူနားတွင်လူစုကာတရုံးရုံးတအုန်းအုန်းနှင့်သူပြသည့်ပညာများကိုကြည့်ရင်းပွဲကျနေလေ့ရှိသည်။

များသောအားဖြင့်စုန်းပညာသည်ဆိုသည်နှင့်လူအများကကြောက်ရွံ့ကာဝေးဝေးရှောင်ကြပေမဲ့
ဦးဘအိုကိုတော့တစ်ရွာလုံးကမကြောက်သည့်အပြင်ခင်မင်ကြ၏လူတွေကိုဒုက္ခမပေးဆိုတာသိပေမဲ့အစသန်တဲ့အတွက်လူကြီးတွေကတော့အနားမကပ်ရဲကြပေ

သူစလို့အရှက်ကွဲကာလူရီခံရတဲ့အဖြစ်မျိူ းတော့မဖြစ်ချင်ကြပေ
ဦးဘအိုကရွာသားတွေပင်စတာမဟုတ်သူ့ဆီလာသည့်ဧည့်သည်များပင်စလိုက်သေး၏
တစ်ခါကရွာထဲစပါးပွဲစားများစပါးလာဝယ်ကြရာဈေးကိုနှိမ့်ပေး၍ရွာသားများဖြင့်စကားများကြ၏
နောက်ဆုံးဦးဘအိုအိမ်ရောက်လာကြကာဦးဘအိုကသူ့အိမ်မှာထမငိးစားခိုင်း၏

””စပါးဈေးနောက်မှညှိတာပေါ့လောလောဆယ်ထမင်းစားချိန်ရောက်နေတော့ထမင်းအရင်းစားရအောင်စီစဉ်လိုက်အုံး’မယ်””
သူ့အကြောင်းမသိသောမျက်နှာစိမ်းပွဲစားများကလည်းစားဖို့သဘောတူလိုက်၏
””ဟဲ့သမီးရေဧည့်သည်တွေထမင်းကြွေးရအောင်ဟင်းလေးဘာလေးအမြန်ချက်စမ်းကွဲ့””’
ဦးဘအိုကသူ၏သမီးဖြစ်သူအားခိုင်လိုက်ရာသမီးဖြစ်သူကဦးဘအိုနားရောက်လာကာ

””အဖေကလည်းအိမ်မှာဘာဟင်းမှမရှိဘူးလေမနေ့ကဟင်းကျန်တွေပဲရှိတာဘယ်လိုချက်မလဲ””’
””အောင်မလေးသမီးရယ်ဒါများဘာခက်တာမှတ်လို့””
ဦးဘအိုကထိုသို့ပြောကာသူတို့ထိုင်နေရာအိမ်ရှေ့အဖီကလေးအမိုးပေါ်ကသက်ကယ်ရွက်သုံးရွက်ဆွဲ၍

””ရော့ဒီငါးသုံးကောင်သွားချက်လိုက်စမ်း””

ဦးဘအိုပြော၍သူတို့ထိုင်နေရာအလယ်သို့ပစ်ချလိုက်ရာငါးသုံးကောင်ဖြစ်သွား၍တဖျက်ဖျက်ခုန်၍နေရာ

စပါးပွဲစားများထမင်းမစားရဲတော့ပဲဖိနပ်များခါးထိုးခါပြေးကြပေတော့သည်။
ထိုသတင်းကြားကထဲကနောက်ကိုမမှန်မကန်လုပ်မည့်ကလိမ်ကကျစ်ပွဲစားများဦးဘအိုတို့ရွာသို့မလာရဲတော့ပေ

ဦးဘအိုတို့ရွာတွင်ငွေတိုးချီးစားသောတရုတ်ပေါက်ဖော်တစ်ယောက်လည်းရှိသေး၏
ထိုတရုတ်ကအတိုးများ၍ငွေပြန်မပေးနိုင်သောရွာသူရွာများထံမှအတိုးအဖြစ်အိမ်ရှိသည့်ပစ္စည်းများတိရစ္ဆာန်များသိမ်းလေ့ရှိရာတစ်ရွာလုံးကအမြင်ကပ်ကြ၏

သို့ပေမဲ့ပေါက်ဖော်ကြီးနှင့်မကင်းသူကများလှ၏စပါးပေါ်ပဲပေါ်ရာသီများတွင်ပေါက်ဖော်ကြီးကအဝတ်အထည်များရွာမှာလိုအပ်တာများကိုဈေးနှစ်ဆတင်လာရောင်းတတ်သလို
ငွေလို၍နွားဝက်စသည်တိရစ္ဆာန်များခေါ်ရောင်းသည့်အခါမှာဈေးများစွာနှိမ်၍ဝယ်လေ့ရှိသည်။

ဦးဘအိုကပေါက်ဖော်ကြီးကိုကြည့်၍မရပေမဲ့သမီးဖြစိသူကပေါက်ဖော်ကြီးဆီကအထည်များအကြွေးဝယ်ထား၏

””သမီးဒီပေါက်ဖော်ကြီးနဲ့မပတ်သတ်ဖို့အဖေမှာထားတာမေ့နေသလား—တော်ကြာအိမ်မှာကြွေးလာတောင်းရင်တော့အဖေ့အဆိုးမဆိုနဲ့နော်””’

””အဖေကလဲတစ်ရွာလုံးဝယ်နေတာကိုသမီးလည်းလိုချင်တာပေါ့””
”’အေးငါမပြောလိုက်ချင်ဘူးနင်တို့မိန်းကလေးတွေကလှဖို့ပဖို့ပဲသိတယ်””

ဦးဘအိုကတစ်နေ့တခြားရွာသူရွာသားများကိုနလန်မထူနိုင်အောင်ဂုတ်သွေးစုတ်နေသောပေါက်ဖော်ကိုပညာပေးရန်စဉ်းစားထား၏

တစ်နေ့တော့ပေါက်ဖော်ရွာရောက်လာကာအကြွေးများလာသိမ်း၏
ဦးဘအိုကသူ၏အိမ်သားများအားလယ်ထဲဆင်းခိုင်းလိုက်ကာသူကပေါက်ဖော်အလာစောင့်နေ၏

ဒီလိုနဲ့ရွာထဲအကြွေးတွေပတ်သိမ်းပြီးပေါက်ဖော်ကသူ့အိမ်ရောက်လာ၏

””ဟေ့အိမ်စားတွေ-”’ဝ”အီကြွေးလာတောင်းဆယ်””

‘အိမ်ပေါက်ဝကရပ်အော်နေသောပေါက်ဖော်ကိုဦးဘအိုကအိမ်ပါ်မှာအိပ်နေရင်းလှမ်းခေါ်လိုက်၏

””လာလေအိမ်ထဲဝင်လာခဲ့ပေါက်ဖော်”’

ပေါက်ဖော်အိမ်ထဲရောက်သည်အခါအိမ်ရှေ့ခန်းတွင်အိပ်နေသောဦးဘအိုအားတွေ့ရာ

”’မီး(မင်း)နေလို့မီကောင်းဘူးလား”’

”’ဟုတ်တယ်ကျူပ်နေမကောင်းဘူးမထနိုင်ဘူးခင်ဗျားဆီမှာကျူပ်သမီးယူထားတဲ့ကြွေးကိုလည်းမပေးနိုင်သေးတော့အိမ်ဘေးကဝက်ကလေးဆွဲသာသွားဗျာ””’

””ရတယ်လေ”’ဝ”’ဝက်ပဲယူသွားမယ်”’

”’အဲဒါဆိုကိုယ့်ဘာသာခြံဘေးကသွားဆွဲယူသွားဗျာ””

ဦးဘအိုစကားကြောင့်ပေါက်ဖော်လည်းခြံဘေးကဝက်ကိုသွားကြည့်ရာဝက်သေးသေးလေးများငါးကောင်သာတွေ့ရ၏

ဒါနဲ့အကြီးဆုံးဝက်တစ်ကောင်အားဆွဲလိုက်ရာမျက်စိရှေ့မှာပင်ဝက်ကလေးကနေတဖြေးဖြေးကြီးသွားလိုက်တာနွားသာသာလောက်ဖြစ်သွားသတဲ့

တရုတ်ပေါက်ဖော်လည်းအလွန်စိတ်ချောက်ချားသွားကာဝက်ကိုမယူရဲတော့ပဲဒီအကြောင်းဦးဘအိုအားသွားပြောမယ်ဆိုကာဦးဘအိုအားလာနှိုး၏

””ဟေ့လူထပါအုံး—ထပါအုံး””

ပေါက်ဖော်ဘယ်လိုနှိုးနှိုးဦးဘအိုကမနိုးနှစ်ချိူက်စွာအိပ်ပျော်နေရာလက်ကိုဆွဲလိုက်၍နှိုးလိုက်ရာလက်ကြီးကအရင်းကပြုတ်၍ပေါက်ဖော်လက်ထဲပါလာ၏

ထိုအခါပေါက်ဖော်ကကြောက်လန့်တကြားလက်ကြီးကိုပစ်ချလိုက်ကာကတုန်ကရင်ဖြင့်ပြောလိုက်၏

””ဝ လုပ်တာမဟုတ်ဘူးနော်သူ့ဖာသာပြုတ်သွားတာ ဝနဲ့မီဆိုင်ဘူး”’

ပေါက်ဖော်ပြောတာဦးဘအိုမကြားလက်တစ်ဖက်ပြုတ်သွားပေမဲ့သွေးမထွက်သလိုဦးဘအိုကလည်းအအိပ်မပျက်ပေ

အလွန်ထိတ်လန့်သွားသောပေါက်ဖေါ်ကလက်ကိုမထိရဲတော့ပဲမထိရဲထိရဲဖြင့်ဦးဘအို၏ခြေထောက်ကိုခပ်ဖြေးဖြေးဆွဲကာနှိုးလိုက်သည့်အခါမှာလည်း

ဦးဘအို၏ခြေထောက်တစ်ဖက်ပြုတ်ထွက်ကာသူ့လက်ထဲပါလာပြန်ရာ

ပေါက်ဖော်တစ်ယောက်ခြေထောက်ကြီးအားပစ်ချကာအကြီးအကျယ်တုန်လှုတ်သွား၏သူကိုင်လိုက်လို့ခြေကောလက်ကောပြုတ်သွားသည်ထင်ကာအထိတ်တလန့်ဖြင့်

”” ဝ လုပ်တာမဟုတ်ဘူးသူ့ဖာသာပြုတ်တာ””

ပေါက်ဖော်ကခြေကောလက်ကောပြုတ်နေသောဦးဘအိုအားကြည့်ကာသွေးပျက်စွာဖြင့်အိမ်ပေါ်ကပြေးဆင်းရင်းရွာလမ်းတရှောက်အော်ကာပြေးလေတော့၏

”’ ဝ လုပ်တာမဟုတ်ဘူး ဝ နဲ့မီဆိုင်ဘူး”””’

ရွာသူရွာသားအများကတော့ဦးဘအိုအိမ်ထဲကသွေးရူးသွေးတန်းပြေးထွက်လာကာပါးစပ်ကဂယောင်ချောက်ချားအော်ကာသေပြေးရှင်ပြေးပြေးသွားသောပေါက်ဖော်အားကြည့်၍ပြုံးစိစိဖြစ်နေကြသလို

တချို့ကလည်းခွက်ထိုးခွက်လန်အော်ရယ်ကာကျန်ခဲ့ကြပေသည်။

အဲဒီနေ့ကတည်းပေါက်ဖော်လည်းဒေါ်ကလေးမတို့ရွာသို့နောက်ထပ်ရောက်မလာတော့ပေ

တိမ်လွှာမိုး

Zawgyi Version

စုန္းပညာသည္ႏွင့္ေပါက္ေဖာ္ႀကီး(စ/ဆုံး)
————————————————-
ခရီးသြားရင္းအဖြားတစ္ေယာက္ေျပာျပတဲ့အျဖစ္သူကိုယ့္ေတြ႕ကေလးပါေျပာထားတာၾကာခဲ့ၿပီအခုမွျပန္သတိရတာအဲအဖြားေတာင္အသက္ရွိေသးလားမသိေတာ့ပါ
အဲဒီတုန္းကစာလည္းမေရးေသးပါဟာသအေနနဲ႔သာနားေထာင္ျဖစ္ခဲ့တာေလးသတိရသြားမိတာ
ဂ်ပန္ေခတ္တုန္းကေခတ္ႀကီးကမၿငိမ္မသက္ျဖစ္ေနေသာအခါစီးပြားေရးကလည္းမေကာင္းလွပါ

ေဒၚကေလးမတို႔ေနေသာ႐ြာသည္ျမန္မာျပည္အလယ္ပိုင္းတြင္ရွိကာလယ္ယာစီးပြားေရးကိုအဓိကလုပ္ကိုင္စားေသာက္ၾကေပသည္။
စစ္၏အက်ိဴးသက္ေရာက္မႈ႕ဒဏ္ကိုေဒၚခေလးမတို႔အလူးအလဲခံခဲ့ရေပသည္။စစ္ႀကီးၿပီးေတာ့ျပန္လည္ထူေထာင္၍အစပ်ိဴ းခ်ိန္ျဖစ္ေပသည္။
သူမတို႔႐ြာက႐ြာႀကီးတစ္႐ြာဆိုေတာ့႐ြာေတာင္ပိုင္းေျမာက္ပိုင္းအေရွ႕ပိုင္းအေနာက္ပိုင္းခြဲထားသတဲ့
ဟိုတုန္းက႐ြာေတြမွာစုန္းပညာတတ္တဲ့သူေတြလည္းေပါတာဆိုေတာ့သူတို႔႐ြာမွာလဲစုန္းရွိသတဲ့

သူတို႔႐ြာကဦးဘအိုဆိုတဲ့ဘႀကီးကေတာ့အေတာ္နံမည္ႀကီးဆိုပဲသူကေပ်ာ္ေပ်ာ္ေနတတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္
႐ြာသူ႐ြာသားေတြကိုမၾကာခဏစေနာက္တတ္ေလ့ရွိ၏သူစတာကလည္း႐ိုး႐ိုးစတာမဟုတ္သူ႔ပညာနဲ႔လုပ္ၿပီးစေနာက္တာျဖစ္တာေၾကာင့္သူစမွာအလြန္ေၾကာက္ၾက၏
ေတာေတြဘာေတြထဲသြားသည့္အခါလည္းသူႏွင့္ပါလာသူအေဖာ္မ်ားအေကာင္းမေနရဧရာမေႁမြႀကီးလိုက္လို႔ေျပးလာရသူနဲ႔က်ားလိုက္လို႔ေျပးလာရသူနဲ႔ေသေျပးရွင္ေျပးေျပးၾကရေပသည္။

အမွန္ေတာ့ဘာေကာင္မွလိုက္တာမဟုတ္ပဲသူ႔ပညာႏွင့္႐ြာသူ႐ြာသားေတြအထိတ္တလန႔္ျဖစ္ေအာင္စျခင္းျဖစ္ေပသည္။
သို႔ေပမဲ့သူကဘယ္သူ႔ကိုမွဒုကၡအႀကီးအက်ယ္ေရာက္ေအာင္အသက္ေသေအာင္လုပ္ေလ့မရွိ

သူႏွင့္ပညာလာၿပိဳင္သူမ်ားကေတာ့အရႈံးႏွင့္ျပန္သြားၾကတာမ်ားတဲ့အတြက္သူ႔ပညာကမေခဘူးလို႔တစ္႐ြာလုံးကယုံၾကည္ထားၾကသည္။

႐ြာထဲကကာလသားမ်ားကေတာ့အားတဲ့အခါတိုင္းသူနားတြင္လူစုကာတ႐ုံး႐ုံးတအုန္းအုန္းႏွင့္သူျပသည့္ပညာမ်ားကိုၾကည့္ရင္းပြဲက်ေနေလ့ရွိသည္။

မ်ားေသာအားျဖင့္စုန္းပညာသည္ဆိုသည္ႏွင့္လူအမ်ားကေၾကာက္႐ြံ႕ကာေဝးေဝးေရွာင္ၾကေပမဲ့
ဦးဘအိုကိုေတာ့တစ္႐ြာလုံးကမေၾကာက္သည့္အျပင္ခင္မင္ၾက၏လူေတြကိုဒုကၡမေပးဆိုတာသိေပမဲ့အစသန္တဲ့အတြက္လူႀကီးေတြကေတာ့အနားမကပ္ရဲၾကေပ

သူစလို႔အရွက္ကြဲကာလူရီခံရတဲ့အျဖစ္မ်ိဴ းေတာ့မျဖစ္ခ်င္ၾကေပ
ဦးဘအိုက႐ြာသားေတြပင္စတာမဟုတ္သူ႔ဆီလာသည့္ဧည့္သည္မ်ားပင္စလိုက္ေသး၏
တစ္ခါက႐ြာထဲစပါးပြဲစားမ်ားစပါးလာဝယ္ၾကရာေဈးကိုႏွိမ့္ေပး၍႐ြာသားမ်ားျဖင့္စကားမ်ားၾက၏
ေနာက္ဆုံးဦးဘအိုအိမ္ေရာက္လာၾကကာဦးဘအိုကသူ႔အိမ္မွာထမငိးစားခိုင္း၏

””စပါးေဈးေနာက္မွညႇိတာေပါ့ေလာေလာဆယ္ထမင္းစားခ်ိန္ေရာက္ေနေတာ့ထမင္းအရင္းစားရေအာင္စီစဥ္လိုက္အုံး’မယ္””
သူ႔အေၾကာင္းမသိေသာမ်က္ႏွာစိမ္းပြဲစားမ်ားကလည္းစားဖို႔သေဘာတူလိုက္၏
””ဟဲ့သမီးေရဧည့္သည္ေတြထမင္းေႂကြးရေအာင္ဟင္းေလးဘာေလးအျမန္ခ်က္စမ္းကြဲ႕””’
ဦးဘအိုကသူ၏သမီးျဖစ္သူအားခိုင္လိုက္ရာသမီးျဖစ္သူကဦးဘအိုနားေရာက္လာကာ

””အေဖကလည္းအိမ္မွာဘာဟင္းမွမရွိဘူးေလမေန႔ကဟင္းက်န္ေတြပဲရွိတာဘယ္လိုခ်က္မလဲ””’
””ေအာင္မေလးသမီးရယ္ဒါမ်ားဘာခက္တာမွတ္လို႔””
ဦးဘအိုကထိုသို႔ေျပာကာသူတို႔ထိုင္ေနရာအိမ္ေရွ႕အဖီကေလးအမိုးေပၚကသက္ကယ္႐ြက္သုံး႐ြက္ဆြဲ၍

””ေရာ့ဒီငါးသုံးေကာင္သြားခ်က္လိုက္စမ္း””

ဦးဘအိုေျပာ၍သူတို႔ထိုင္ေနရာအလယ္သို႔ပစ္ခ်လိုက္ရာငါးသုံးေကာင္ျဖစ္သြား၍တဖ်က္ဖ်က္ခုန္၍ေနရာ

စပါးပြဲစားမ်ားထမင္းမစားရဲေတာ့ပဲဖိနပ္မ်ားခါးထိုးခါေျပးၾကေပေတာ့သည္။
ထိုသတင္းၾကားကထဲကေနာက္ကိုမမွန္မကန္လုပ္မည့္ကလိမ္ကက်စ္ပြဲစားမ်ားဦးဘအိုတို႔႐ြာသို႔မလာရဲေတာ့ေပ

ဦးဘအိုတို႔႐ြာတြင္ေငြတိုးခ်ီးစားေသာတ႐ုတ္ေပါက္ေဖာ္တစ္ေယာက္လည္းရွိေသး၏
ထိုတ႐ုတ္ကအတိုးမ်ား၍ေငြျပန္မေပးႏိုင္ေသာ႐ြာသူ႐ြာမ်ားထံမွအတိုးအျဖစ္အိမ္ရွိသည့္ပစၥည္းမ်ားတိရစာၦန္မ်ားသိမ္းေလ့ရွိရာတစ္႐ြာလုံးကအျမင္ကပ္ၾက၏

သို႔ေပမဲ့ေပါက္ေဖာ္ႀကီးႏွင့္မကင္းသူကမ်ားလွ၏စပါးေပၚပဲေပၚရာသီမ်ားတြင္ေပါက္ေဖာ္ႀကီးကအဝတ္အထည္မ်ား႐ြာမွာလိုအပ္တာမ်ားကိုေဈးႏွစ္ဆတင္လာေရာင္းတတ္သလို
ေငြလို၍ႏြားဝက္စသည္တိရစာၦန္မ်ားေခၚေရာင္းသည့္အခါမွာေဈးမ်ားစြာႏွိမ္၍ဝယ္ေလ့ရွိသည္။

ဦးဘအိုကေပါက္ေဖာ္ႀကီးကိုၾကည့္၍မရေပမဲ့သမီးျဖစိသူကေပါက္ေဖာ္ႀကီးဆီကအထည္မ်ားအေႂကြးဝယ္ထား၏

””သမီးဒီေပါက္ေဖာ္ႀကီးနဲ႔မပတ္သတ္ဖို႔အေဖမွာထားတာေမ့ေနသလား—ေတာ္ၾကာအိမ္မွာေႂကြးလာေတာင္းရင္ေတာ့အေဖ့အဆိုးမဆိုနဲ႔ေနာ္””’

””အေဖကလဲတစ္႐ြာလုံးဝယ္ေနတာကိုသမီးလည္းလိုခ်င္တာေပါ့””
”’ေအးငါမေျပာလိုက္ခ်င္ဘူးနင္တို႔မိန္းကေလးေတြကလွဖို႔ပဖို႔ပဲသိတယ္””

ဦးဘအိုကတစ္ေန႔တျခား႐ြာသူ႐ြာသားမ်ားကိုနလန္မထူႏိုင္ေအာင္ဂုတ္ေသြးစုတ္ေနေသာေပါက္ေဖာ္ကိုပညာေပးရန္စဥ္းစားထား၏

တစ္ေန႔ေတာ့ေပါက္ေဖာ္႐ြာေရာက္လာကာအေႂကြးမ်ားလာသိမ္း၏
ဦးဘအိုကသူ၏အိမ္သားမ်ားအားလယ္ထဲဆင္းခိုင္းလိုက္ကာသူကေပါက္ေဖာ္အလာေစာင့္ေန၏

ဒီလိုနဲ႔႐ြာထဲအေႂကြးေတြပတ္သိမ္းၿပီးေပါက္ေဖာ္ကသူ႔အိမ္ေရာက္လာ၏

””ေဟ့အိမ္စားေတြ-”’ဝ”အီေႂကြးလာေတာင္းဆယ္””

‘အိမ္ေပါက္ဝကရပ္ေအာ္ေနေသာေပါက္ေဖာ္ကိုဦးဘအိုကအိမ္ပၚမွာအိပ္ေနရင္းလွမ္းေခၚလိုက္၏

””လာေလအိမ္ထဲဝင္လာခဲ့ေပါက္ေဖာ္”’

ေပါက္ေဖာ္အိမ္ထဲေရာက္သည္အခါအိမ္ေရွ႕ခန္းတြင္အိပ္ေနေသာဦးဘအိုအားေတြ႕ရာ

”’မီး(မင္း)ေနလို႔မီေကာင္းဘူးလား”’

”’ဟုတ္တယ္က်ဴပ္ေနမေကာင္းဘူးမထႏိုင္ဘူးခင္ဗ်ားဆီမွာက်ဴပ္သမီးယူထားတဲ့ေႂကြးကိုလည္းမေပးႏိုင္ေသးေတာ့အိမ္ေဘးကဝက္ကေလးဆြဲသာသြားဗ်ာ””’

””ရတယ္ေလ”’ဝ”’ဝက္ပဲယူသြားမယ္”’

”’အဲဒါဆိုကိုယ့္ဘာသာၿခံေဘးကသြားဆြဲယူသြားဗ်ာ””

ဦးဘအိုစကားေၾကာင့္ေပါက္ေဖာ္လည္းၿခံေဘးကဝက္ကိုသြားၾကည့္ရာဝက္ေသးေသးေလးမ်ားငါးေကာင္သာေတြ႕ရ၏

ဒါနဲ႔အႀကီးဆုံးဝက္တစ္ေကာင္အားဆြဲလိုက္ရာမ်က္စိေရွ႕မွာပင္ဝက္ကေလးကေနတေျဖးေျဖးႀကီးသြားလိုက္တာႏြားသာသာေလာက္ျဖစ္သြားသတဲ့

တ႐ုတ္ေပါက္ေဖာ္လည္းအလြန္စိတ္ေခ်ာက္ခ်ားသြားကာဝက္ကိုမယူရဲေတာ့ပဲဒီအေၾကာင္းဦးဘအိုအားသြားေျပာမယ္ဆိုကာဦးဘအိုအားလာႏႈိး၏

””ေဟ့လူထပါအုံး—ထပါအုံး””

ေပါက္ေဖာ္ဘယ္လိုႏႈိးႏႈိးဦးဘအိုကမႏိုးႏွစ္ခ်ိဴက္စြာအိပ္ေပ်ာ္ေနရာလက္ကိုဆြဲလိုက္၍ႏႈိးလိုက္ရာလက္ႀကီးကအရင္းကျပဳတ္၍ေပါက္ေဖာ္လက္ထဲပါလာ၏

ထိုအခါေပါက္ေဖာ္ကေၾကာက္လန႔္တၾကားလက္ႀကီးကိုပစ္ခ်လိုက္ကာကတုန္ကရင္ျဖင့္ေျပာလိုက္၏

””ဝ လုပ္တာမဟုတ္ဘူးေနာ္သူ႔ဖာသာျပဳတ္သြားတာ ဝနဲ႔မီဆိုင္ဘူး”’

ေပါက္ေဖာ္ေျပာတာဦးဘအိုမၾကားလက္တစ္ဖက္ျပဳတ္သြားေပမဲ့ေသြးမထြက္သလိုဦးဘအိုကလည္းအအိပ္မပ်က္ေပ

အလြန္ထိတ္လန႔္သြားေသာေပါက္ေဖၚကလက္ကိုမထိရဲေတာ့ပဲမထိရဲထိရဲျဖင့္ဦးဘအို၏ေျခေထာက္ကိုခပ္ေျဖးေျဖးဆြဲကာႏႈိးလိုက္သည့္အခါမွာလည္း

ဦးဘအို၏ေျခေထာက္တစ္ဖက္ျပဳတ္ထြက္ကာသူ႔လက္ထဲပါလာျပန္ရာ

ေပါက္ေဖာ္တစ္ေယာက္ေျခေထာက္ႀကီးအားပစ္ခ်ကာအႀကီးအက်ယ္တုန္လႈတ္သြား၏သူကိုင္လိုက္လို႔ေျခေကာလက္ေကာျပဳတ္သြားသည္ထင္ကာအထိတ္တလန႔္ျဖင့္

”” ဝ လုပ္တာမဟုတ္ဘူးသူ႔ဖာသာျပဳတ္တာ””

ေပါက္ေဖာ္ကေျခေကာလက္ေကာျပဳတ္ေနေသာဦးဘအိုအားၾကည့္ကာေသြးပ်က္စြာျဖင့္အိမ္ေပၚကေျပးဆင္းရင္း႐ြာလမ္းတေရွာက္ေအာ္ကာေျပးေလေတာ့၏

”’ ဝ လုပ္တာမဟုတ္ဘူး ဝ နဲ႔မီဆိုင္ဘူး”””’

႐ြာသူ႐ြာသားအမ်ားကေတာ့ဦးဘအိုအိမ္ထဲကေသြး႐ူးေသြးတန္းေျပးထြက္လာကာပါးစပ္ကဂေယာင္ေခ်ာက္ခ်ားေအာ္ကာေသေျပးရွင္ေျပးေျပးသြားေသာေပါက္ေဖာ္အားၾကည့္၍ၿပဳံးစိစိျဖစ္ေနၾကသလို

တခ်ိဳ႕ကလည္းခြက္ထိုးခြက္လန္ေအာ္ရယ္ကာက်န္ခဲ့ၾကေပသည္။

အဲဒီေန႔ကတည္းေပါက္ေဖာ္လည္းေဒၚကေလးမတို႔႐ြာသို႔ေနာက္ထပ္ေရာက္မလာေတာ့ေပ

တိမ္လႊာမိုး