ဝဠ်ကြွေးကြမ္မာမရှောင်သာ

ဝဠ်ကြွေးကြမ္မာမရှောင်သာ
%%%%%%%%%%%

စာရေးနိုင်တုန်းကလေးစာဖတ်သူများဗဟုသုတရရန်ရေးပေးထာပါသည်ကိုယ့်accထဲကတိတ်တစိတ်စာဖတ်သူများအတွက်

ဖြစ်ရပ်မှန်( 179 )ပုဒ်မြောက်
______||_____

ကျူ ပ်အလုပ်ကကြေးစားဗလမရှိပေမဲ့ဇရှိတယ်လက်စလက်နကတိကျတယ်တစ်ချက်တည်းနဲ့ဝဇိန်ချွေနိုင်တယ်နံမည်တစ်လုံးနဲ့နေလာတဲ့ကောင်

ကျူ ပ်လက်နဲ့သတ်လာခဲ့တာနဲတဲ့အသက်တွေမှမဟုတ်တာတစ်နေ့တစ်နေ့သတ်လိုက်ရတာလက်မလည်ဘူး

ဒီအလုပ်လုပ်တယ်ဆိုတာတွေဝေနေလို့မရဘူးလျင်မြန်ဖျတ်လက်ရတယ်သနားငဲ့ညှာစရာမလိုဘူး

ကျူပ်ရဲ့မွေးကထဲကသတ်ချင်ဖြတ်ချင်စိတ်ကအရိုးနုစဉ်ကထဲကစွဲလာတဲ့ဗီဇကိုအရိုးရင့်မှပြောင်လဲဖို့ဆိုတာမလွယ်ဘူး

အော်တလွဲမထင်ကြနဲ့အုံးနော်ကျူပ်အလုပ်ကဝက်တွေနွားတွေကြက်တွေသတ်တဲ့သားသတ်သမား

ကျူပ်ကိုဧရာဝတီတိုင်းကျောင်းကုန်းမြို့နယ်ထဲကရွာတစ်ရွာမှာမွေးတယ်အဖေကအရက်အသောက်လွန်ပြီးရူးကြောင်မူးကြောင်ဖြစ်နေပြီးသွားချင်ရာရှောက်သွားနေတယ်အိမ်ပြန်မလာတာကြာပေါ့

အမေကဆရာဝန်တစ်ယောက်အိမ်မှာအိမ်အကူလုပ်ရင်းဆရာဝန်အိမ်နောက်ကအစေခံတန်းလျှားလေးမှာကျူပ်တို့မောင်နှမနှစ်ယောက်နဲ့အတူနေတယ်

ဆရာဝန်အိမ်ကနေစရာပေးပြီးစားစရာကြွေးထား၍ကျူပ်တို့ထမင်းမငတ်ပေမဲ့ပိုက်စံဆိုတာမူးလို့ရှုစရာမရှိဘူး

ကျူပ်ကငယ်စဉ်ကလေးဘဝကထဲကလေးခွတစ်ချောင်းဆွဲပြီးဌက်ပစ်လိုက်ချောင်ရိုးထဲငါးဖမ်းလိုက်လယ်ကွက်ထဲဂဏ္ဍန်းဖမ်းလိုက်ကြွက်ထိုးလိုက်တွေ့သမျှသတ္တာဝါသတ်လိုက်ဖြင့်ကိုယ်ဝမ်းကိုယ်ကျောင်းပြီးစားလာတဲ့ကောင်

မိုးလင်းလို့မျက်စိနှစ်လုံးပွင့်တာနဲ့လေးခွတစ်လက်ဆွဲပြီးသူများအသက်သက်ဖို့တာဆူနေကျဆိုတော့ငရဲမင်းကမျက်စိနောက်နေပြီကျူ ပ်ကတော့မကြောက်ပေါင်နောင်ခါလာနောင်ခါစျေးလက်ရှိဘဝမှာအူစိုဖို့ကအဓိကမဟုတ်လား

ကျူ ပ်အမေကလည်းကျူ ပ်လုပ်နေတာအားမပေးပါဘူးမကြိုက်လို့အပ်ကြောင်းထပ်အောင်ဆူနေတာဓတ်ပြားဟောင်းကြီးပြန်ပြန်ရစ်ပြီးဖွင့်ပြနေသလိုမျိူ းနားကိုညီးနေရော

””ဟဲ့နင့်ကိုသူများအသတ်တွေမသတ်ပါနဲ့လို့ပြောထားတာမကြားဘူးလားနင်ဝဠ်လည်မှာမကြောက်ဘူးလားနင်တော့တစ်နေ့နေ့ဒုက္ခရောက်မယ်ဘယ်လိုမှဆုံးမမရတော့ပါလားငါ့နှယ်ဘယ်လိုသူများအသတ်မသတ်ရမနေနိုင်တဲ့အကောင်ကိုမွေးထားမိပါလိမ့်နော်”””’

ကြာတော့ကျူပ်အမေကကျူ ပ်ကိုပြောရတာမောလာလို့မပြောတော့ဘူးဘေးမဲ့ပေးထားတယ်နောက်တော့အရပ်ထဲကဝက်တွေနွားတွေသတ်ရာမှာကျူ ပ်ကိုအခကြေးငွေပေးပြီးခိုင်းလာကြတယ်

ကျူ ပ်ကလည်းဒါမျိူ းဆိုဘယ်တော့မှမငြင်းဘူးဝါသနာအရမ်းပါတယ်ရတဲ့ပိုက်စံနဲ့အရက်ဝယ်ပြီးတွေ့သမျှသတ္တဝါသတ်ကာအမြည်းလုပ်နေကြ

ကြာတော့အရက်သောက်လိုက်သတ္တဝါတွေသတ်လိုက်လုပ်နေတဲ့ကျူ ပ်နဲ့လူအသက်ကိုကယ်နေတဲ့ဆရာဝန်ကြီးနဲ့ကဖြောင့်ဖြောင့်ကြီးဆန့်ကျင်ဘက်ဖြစ်နေတော့ဆရာဝန်ကြီးကကြည့်မရတော့လို့ကျူ ပ်ကိုသူခြံထဲကမောင်းထုတ်လိုက်တယ်

အဲဒီမှာကျူ ပ်ဘဝကပြောင်းလဲချိန်တန်ပြီလို့ဆိုရမယ်ကျူ ပ်တို့နဲ့ရွှေမျိူ းနီးစပ်တော်တဲ့လင်မယားအိမ်မှာသွားနေလိုက်တယ်သူတို့အိမ်ကကြက်မွေးတယ်

သူ့မိန်းမကမြို့စျေးထဲမှာကြက်သားရောင်းတယ်ကျူ ပ်ရောက်သွားတော့ကျူပ်ကနွားတွေဝက်တွေသတ်ပြီးရလာတဲ့ငွေနဲ့ကြက်ခြံတိုးချဲ့ကာစိတ်တူကိုယ်တူကြက်မွေးပြီးသတ်ရောင်းတယ်

အလျူ ရှိတဲ့ရက်တွေဆိုတနေ့အကောင်၆၀ကျော်၇၀လောက်ကိုတစ်နေ့ထဲသတ်ရတယ်အကုသိုလ်နဲ့အကျိူ းပေးတယ်ဆိုတာကျူပ်လိုလူမျိူ းဖြစ်မယ်

ကျူ ပ်ရောက်ကတည်းကအော်ဒါတွေလက်မလည်ဘူးမနက်မိုးလင်းတာနဲ့ကြက်သတ်ရန်ရေနွေးအိုးကြီးပွက်ပွက်ဆူအောင်တည်ထားလိုက်တယ်

ရေနွေးအိုးပေါ်မှာစင်ထိုးပြီးသတ်မဲ့ကြက်တွေတင်ထားတာထွက်ပြေးတဲ့ကောင်အိုးထဲကျသေရောဘယ်ကောင်မှမပြေးရဲဘူး

ကြက်တွေကိုတစ်ကောင်ခြင်းလည်လိမ်၍တောင်ပံနှစ်ခုကြားထိုးထည့်ထားပြီးမန်ကျည်းသားအနှစ်နဲ့လုပ်ထားတဲ့လူကြီးလက်ကောက်လုံးလောက်ရှိသည်တုတ်ဖြင့်ခါးစစ်ရိုးဖြတ်ရိုက်လိုက်တယ်

ထိုအခါကြက်များမချိမဆန့်သေသွားရလေသည်ကျု ပ်လက်ကလည်းကျင့်သားရနေပြီအသက်ပျင်းသည့်ကြက်လည်းရေနွေးပူထဲရောက်တာနဲ့ကိစ္စချောသွားတာပဲ

သတ်ပြီးသားကြက်တွေကိုရေနွေးပူထဲနှစ်ထားလိုက်တာကိုးပြီးမှရေနွေးအိုးထဲကဆယ်ယူပြီးအမွေးနှုတ်လိုက်ရုံဖြင့်တမနက်ကိုကျူပ်အတွက်ကြက်အကောင်၆၀လောက်ကအေးဆေးပဲ

တဖြေးဖြေးကျူ ပ်မှာရွှေတွဲလဲငွေတွဲလဲဖြစ်လာတယ်ဒီအလုပ်ကပိုက်စံရလွယ်တယ်လေလူတွေနေ့တိုင်းထမင်းစားနေသ၍ကျူ ပ်အလုပ်ကမပြတ်ဘူးလေ

ဒီကြားထဲအခြားသတ္တဝါတွေလည်းအားတဲ့အချိန်ကြေးစားပြေးသတ်ရသေးတယ်တစ်နေ့ထက်တစ်နေ့လက်မလည်အောင်သတ်လိုက်ရတာမပြောပါနဲ့တော့

တစ်နေ့မှာတော့ကျူ ပ်ဝဠ်လည်သည့်နေ့့ရောက်လာခဲ့တယ်
အဲဒီနေ့ကကျူ ပ်ကအခြားမြို့ကကြက်တွေသွားသယ်ရင်းကားကလမ်းမှာနွားတစ်ကောင်ရှောင်ရင်းမှောက်တယ်

ကြက်တွေလည်းငယ်သံပါအောင်အော်ဝရုန်းသုန်းကားဘေးစောင်းမှောက်သွားတာကျူ ပ်လည်းမလွတ်တော့ကျူပ်ဘက်စောင်းမှောက်သွားတာကိုး

ကျူ ပ်ကကားအောက်ပိနေပြီးကားဆီတီကိုင်ပွင်ကာကျူပ်ကိုယ်ပေါ်လောင်းလိုက်သလိုဖြစ်ကာမီးထလောင်တာလူကလုံးဝလှုပ်မရငယ်သံပါအောင်အော်လိုက်၏

ဒရိုင်ဘာကကျုပ်ကိုဆွဲထုတ်ပေမဲ့မရပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်လိုက်သည်။

””’ကယ်ကြပါအုံးဗျိူ့ ””

””လာကြပါအုံး””
သူများအသက်သတ်တုန်းကတော့တက်ကြွပြီးဘာမှခံစားချက်မရှိပေမဲ့ကိုယ်တစ်ကယ်သေရတော့မည့်အဖြစ်ကြုံလာသောအခါဆောက်တည်ရာမရအကြောက်လွန်း၍ထိတ်လန့်တုန်လှုပ်နေမိသည်။

သတ္တိခဲကျူ ပ်မှာမျက်ရည်တွေရောနှာရည်တွေရောသေးတွေရောကြေက်လွန်းလို့ထွက်နေတာမနည်းမနောအကြောက်လွန်တဲ့စိတ်ကအရာရာကိုလွှမ်းမိုးထားကာသတိလစ်သွားလေသည်။

နောက်ဆုံးတော့အနီးအနားရွာကလူများလာကယ်၍အသက်မသေခဲ့ပေမဲ့ရလဒ်ကတော့ကျူ ပ်ခါးဆစ်ရိုးကျိူ းသွားကာအောက်ပိုင်းသေသွား၏ကြက်တွေကိုအရှင်လတ်လတ်ခါးဆစ်ရိုးရိုက်ချိူ းခဲ့သည်ကံဟုထင်ပါသည်။

ခန္တာကိုယ်အနှံမီးလောင်ဒဏ်ရာများဖြင့်အော်ဟစ်ညီးညူနေရင်းဆေးရုံရောက်သွား၏

ကျူ ပ်စိတ်ထဲတစ်ခါထဲသေသွားတာကမှကောင်းမည်ဟုတွေးမိကာခံစားနေရသောဒုက္ခဝေဒနာကပြင်းထန်လှပေသည်။
ကျူပ်မျက်လုံးထဲကျူ ပ်သတ်ခဲ့သောကြက်တွေဝက်တွေနွားတွေသာမြင်နေ၍အရှင်လတ်လတ်ငရဲခံနေရသလိုခံစားရပေသည်။

ပြင်းထန်သောဝေဒနာများနှိပ်စက်၍ကြက်လိုနွားလိုဝက်လိုအော်မိသလားလို့ကျူ ပ်ကိုယ်တိုင်မသဲကွဲကြက်အော်သံဝက်အော်သံနွားအော်သံဌက်အော်သံများသာကြားနေရပေသည်။

ကျူပ်မှာဘာအဝတ်အစားမှမကပ်နိုင်ဝဋ်မှာအမြဲငရဲမှာအပဆိုသောစကားအတိုင်းအကုသိုလ်အလုပ်ဖြင့်တစ်ဘဝလုံးနေသားကျလာခဲ့တာသေခါနီးမှာနေသားမကျတော့ကြမ္မာဝဋ်ကိုမလွတ်နိုင်မှန်းသိသည့်အချိန်သည်အလွန်နောက်ကျနေပြီတကား

သုံလလုံးလုံးအော်ဟစ်နေရင်းနောက်ဆုံးကွယ်လွန်သွားချိန်တွင်ယမမင်းကပြုံး၍စောင့်နေမှာမလွဲပေ

ပြီး

D Moe Moe