” တစ်နှစ်တစ်ယောက်စားမယ် ”(စ/ဆုံး)

Unicode Version

” တစ်နှစ်တစ်ယောက်စားမယ် ”(စ/ဆုံး)
———————————————-

“ဗွမ်း… ”
ကန်ထောင့်မှာ ကျယ်လောင်သော အသံကြီး
ကြားလိုက်သဖြင့် ကန်၏ အပြင် ဘေးစောင်းမှာ
ရေချိုးရင်း အဝတ်လျှော်နေသော မမြရင်တို့
ထိုင်ရာမှ ထပြီး ကြည့်လိုက်သည်။
“ဗွမ်း… ဗွမ်း”
“ဟဲ့… ဟဲ့ …ကန်ထဲမှာ လူကျလို့ လာကြပါဦး ”
မမြရင်နှင့် ဒေါ်အေးကျင်တို့ သံကုန်အော်တော့သည်။
ကန်ဘောင်နှင့် ဝါးတစ်ပြန် အနေအထားလောက်မှာ
မိန်းမလား ယောင်္ကျားလား မသိ၊ လက်နှစ်ဖက်
ယက်ကန်ယက်ကန် ပေါ်လိုက်၊ မြုပ်လိုက် ဖြစ်နေသည်ကို
တွေ့ရသည်။
“လာကြပါဦး …ရေကန်ထဲမှာ ရေနစ်နေလို့ …သေတော့မယ် ”
နေ့လယ်ပိုင်းဖြစ်၍ နေပူရှိန်ကြောင့် အပြင်မှာ
လူမရှိသလောက် ဖြစ်နေသည်။ ထိုစဉ် ယောင်္ကျား
မိန်းမ လေးငါးယောက် ကန်ပေါ် ပြေးတက်လာသည်။
ယောင်္ကျားနှစ်ယောက်က …ရေနစ်နေသော
နေရာသို့ မှန်းပြီး ခုန်ချကာ ရေကူးသွားသည်။
တစ်စတစ်စ လူတွေ ကန်ပေါ် ရောက်လာသည်။
“ဟော …ဟော …တွေ့သွားပြီ”
ရေထဲ ဆင်းမယ့်သူ နှစ်ယောက်က ရေနစ်နေသူထံ
ရောက်သွားကာ ကမ်းဘက်သို့က ဆွဲခေါ်လာခဲ့သည်။
ရေကန်အနီး နေထိုင်သူ သိန်းစိုးက ရေနစ်နေသူကို
ရေထဲမှ မပြီး ကမ်းပေါ်က လူများကို တွန်းတင်
ပေးလိုက်သဖြင့် အပေါ်မှ ဆွဲယူကြသည်။
“ဟင် …မိတင်ရီပါလား ”
ကန်ကြီးထောင့်စွန်းအနီးက အိမ်မှာနေသော
ဒေါ်တင်ရီဆိုသူ ဖြစ်နေသည်။
“ရေမွန်းနေတယ် …သတိရအောင် လုပ်ကြဦး”
နားလည်သူတစ်ယောက်က ရေများ ပါးစပ်မှ
ထွက်အောင် ပြုလုပ်ပေးလိုက်ပါသည်။
မကြာခင်မှာပင် ဒေါ်တင်ရီ သတိရလာတော့သည်။
“ဘယ်လို ဖြစ်တာလဲ …တင်ရီ”
“ငါ့ကို ဘာလို့ကယ်တာလဲ …သေမလို့ ခုန်ဆင်းတာ ”
“ဟဲ့ နင်သေလို့ ဖြစ်မလား၊ နင့်မှာ ကလေးတွေရော
ဖအေနဲ့ မအေရော ရှိသေးတယ်လေ”
“ရှိရှိ …ကြည်စိုး လုပ်ကျွေးလိမ့်မယ် ”
ထိုအချိန် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော
လူကြီးတစ်ယောက်က …
“အင်း …ဒီမိန်းကလေး ကံကောင်းသွားတယ်
နောက်သုံးလကျော်ရင် …အခုလို အပေါ်ပြန်တက်
လာလို့ ရတော့မှာ မဟုတ်ဘူး ”
မည်သူမှ မကြားအောင် တီးတိုးရွတ်ရင်း
ထိုနေရာမှ ထွက်သွားတော့သည်။
ရေထဲဆင်း သေကြောင်းကြံသူ ဒေါ်တင်ရီက
အသက်လေးဆယ့်ငါးရှိပြီ။ ယောင်္ကျားဖြစ်သူ
ဦးကြည်စိုးက ဆိုက်ကားနင်းသည်။
ဆိုက်ကားနင်း၍ ရသမျှ အိမ်ပြန်မပေး၊
နှစ်လုံးထိုးသည်၊ ဘောပွဲလောင်းသည်၊
တစ်ခါမှ ပိုက်ဆံပြန်ရသည် မရှိ၊ အကြွေးပင်
တင်နေသည်။
သူ့အကြွေးက ဘယ်တော့မှ ကျေသည်မရှိ။
နှစ်လုံးကြောင့် ကိုယ်ပိုင် ဆိုက်ကားနှစ်စီးရှိခဲ့ရာမှ
နှစ်စီးလုံး အကြွေးနှင့် အသိမ်းခံလိုက်ရသည်။
အကြွေးအတွက် ဆိုက်ကားတန်ဖိုးနှင့်
သင့်ပြီး ဆပ်လိုက်ရခြင်းဖြစ်သည်။
ထိုစဉ်က နောက်ကို နှစ်လုံး သုံးလုံး မလောင်းတော့ပါဘူး
ဟု ကတိတွေ အတန်တန် ပေးသဖြင့် ဒေါ်တင်ရီက
ယောင်္ကျား စိတ်ချမ်းသာအောင် သူကိုယ်တိုင်
ဖြေရှင်းပေးပြီး ဆိုက်ကားများ ထိုးပေးခဲ့သည်။
ဆိုက်ကား မနင်းလျှင် အခြားဝင်ငွေရအောင်
မရှာနိုင်သဖြင့် အုံနာခပေးပြီး ဆိုက်ကားနင်းစေသည်။
အစပိုင်းတော့ မိန်းမဖြစ်သူကို ပိုက်ဆံပြန်အပ်နိုင်သည်
နောက်ပိုင်း အုံနာခပင် မပေးနိုင်သည့်အတွက်
ကုန်စိမ်းရောင်းနေရသော မတင်ရီလည်း
စျေးဖိုးထဲမှ ဆိုက်ကားအုံနာခ ပေးချေခဲ့ရသည်။
နေ့စဉ် နှစ်လုံးဂဏန်း လောင်းနေသော ယောင်္ကျားကို
နစ်နစ်နာနာ ပြောဆိုသည်။ မကျေနပ်လျှင် ဆဲဆို
မိသည်အထိ ဖြစ်သော်လည်း ဦးကြည်စိုးက
ရပ်မသွား၊ ကြာတော့၊ စျေးရင်းမရှိတော့။
အိမ်မှာ ရှိသော လူကြီးနှစ်ယောက်က ဦးကြည်စိုး၏
မိဘနှစ်ပါး ဖြစ်သည်။
သူတို့လည်း သားဖြစ်သူကို ဆိုဆုံးမ မနိုင်။
ဒေါ်တင်ရီက စျေးရင်းဖိုး၊ နေ့ပြန်တိုးယူသည်။
အမြတ်ကို လင်ပေးရ အတိုးပေးရနှင့် နေ့စဉ်
အပူသောဂမီးက သူ့အပေါ် ကျရောက်နေသည်။
ဦးကြည်စိုးက မိုးလင်းက မိုးချုပ်ဆိုက်ကားအကြောင်း
ပြပြီး အပြင်မှသာ အချိန်ကုန်သည်။ ထမင်းစားချိန်
ပြန်လာသည်။ ညနေ မူးလာသေးသည်။
အုံနာက လို၍ ဒေါ်တင်ရီကို မစိုက်ပေးလျှင်
ဆူဆဲတော့သည်။ ကလေးတွေကို အပြစ်ရှာ
ရိုက်နှက်တတ်သည်။
ကြာတော့ ဒေါ်တင်ရီ အသက်ရှင်နေတာ
ဘာမှ အဓိပ္ပါယ်မရှိတော့ဟု မှတ်ယူလိုက်သည်။
သူသေသွားလျှင် ခါးသီးသော လူနေမှုဘဝအကြောင်းကို
လင်ဖြစ်သူ ဦးကြည်စိုး သဘောပေါက်နားလည်းသွားမည်
သူ့အဖေ၊ သူ့အမေ၊ သူ့ကလေး လေးယောက်နဲ့
နေရစ်တော့ဟု စိတ်ဆုံးဖြတ်ပြီး ကန်ပေါ် ပြေးတက်ကာ
အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။
ဒေါ်တင်ရီ မသေထိုက်သဖြင့် သူခုန်ဆင်းသော
နေရာနှင့် ပေသုံးဆယ်ခန့်အကွာ
ကန်စောင်းမှာ အဝတ်လျှော်နေသော
မမြရင်နှင့် ဒေါ်အေးကျင်တို့ကြောင့်
သေချင်ပေမဲ့ သေခွင့် မကြုံတော့ …
လောဓံ၏ ဒုက္ခကို ခါးစည်းရင်ဆိုင်ရန်
အိမ်သို့ ပြန်ရောက်ခဲ့သည်။
ထိုအချိန်ထိ ဆိုက်ကားဆရာကြီး
ဦးကြည်စိုး …ဇနီးအကြောင်း သတင်း
မကြားသေး၍လားမသိ၊ အိမ်သို့
ပြန်ရောက်မလာသေး။
ညဘက် ဦးကြည်စိုး မူးပြီး ပြန်ရောက်လာသည်။
အပြင်က ဇနီးဖြစ်သူ၏ သတင်းလည်း
ကြားသိခဲ့သည်။ မူးမူးနှင့် နောက်ကို
နှစ်လုံးမထိုးတော့ပါဘူးဟူ၍ ကတိတွေ
ပေးခဲ့သည်။ ဦးကြည်စိုးကပဲ ကတိ
တည်ခဲ့သည်လား မသိ၊ ဒေါ်တင်ရီ သေကြောင်း
ကြံစည်သည့်သတင်း မကြားရတော့ပါ။
ထိုကဲ့သို့ ကန်ထဲ ခုန်ဆင်းသတ်သေသော်လည်း
မသေခဲ့သော ဒေါ်တင်ရီ၏ သတင်းထွက်ပြီး
နှစ်လခန့်အကြာမှာ ကန်ကြီးထဲ အသက်
နှစ်ဆယ့်ငါးနှစ်ခန့် အမျိုးသမီးတစ်ယောက်
သတ်သေရန် ခုန်ဆင်းပြန်သည်။
“ဟာ …အစ်မကြီးတစ်ယောက် ရေထဲခုန်ဆင်း
သွားတယ် …ဟိုမှာ ဟိုမှာ …”
ကန်ပေါ်မှာ ကစားနေသော ကလေးတစ်အုပ်
ကန်ထဲခုန်ချသော အမျိုးသမီးတစ်ယောက်ကို
တွေ့သဖြင့် အော်ဟစ်ကာ ထိုအနီးသို့ ပြေးလာကြသည်။
ကလေးများ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့်အတွက်…
ကန်ဘေးလမ်းမှာ သွားနေသော လူအချို့
ကန်ပေါ် တက်လာကြသည်။
“ဟင် …အဲဒါ ရေချိုးမလို့ ရေကူးနေတာ မဟုတ်ဘူး
နစ်နေတာ”
ထိုလူက ပြောလည်းပြော ရေထဲ ခုန်ချသွားတော့သည်။
မကြာခင်မှာပင် ထိုလူလက်ထဲ အမျိုသမီး ပါလာသည်။
အချိန် သိပ်မကြာသေးသဖြင့် ရေမွန်းကာ
သတိမလစ်သေး၊ ကမ်းပေါ်မှာ ထိုင်ငိုနေသည်။
“မကြူပါလား …ဘယ်လိုဖြစ်တာလဲ ”
“သိပါဘူး…ကျုပ်လည်း ကန်ထဲ လူခုန်ချတယ်
ဆိုလို့ ပြေးလာတာ…အိမ်ထောင်ရေး အဆင်မပြေဘူးလို့
ကြားတာပဲ ”
“ကလေးတစ်ယောက် မွေးပြီးမှ …ယောင်္ကျား
နောက်မိန်းမနဲ့ ရှုပ်နေတယ်ဆိုတဲ့ သတင်းတော့
လမ်းထဲမှာ ပြောနေကြတာပဲ …ဟုတ် မဟုတ်တော့
မသိပါဘူး ”
ရေနစ်တယ် သတင်းကြားသဖြင့် လာကြည့်သူ
အမျိုးသမီးနှစ်ယောက်လည်း ရေနစ်သော
အမျိုးသမီးကို မြင်ပြီး ဝေဖန်မှု ပြုနေကြသည်။
“အင်း …ခက်တော့နေပါပြီ…ဒီမိန်းကလေးတွေ
ကံကောင်းသေးတယ်…ဒီကန်ကြီးက တစ်နှစ်
တစ်ယောက် ပုံမှန်လူစားနေတာလည်း သိရက်နဲ့
သေချင်လို့ သေသွားရင်တော့လည်း ကောင်းသား
မသေသင့်တဲ့လူတွေ မသေတော့ဘူးပေါ့”
အသက်ခြောက်ဆယ်ငါးနှစ်ခန့် ဦးလေးကြီး
တစ်ယောက်က ခပ်လှမ်းလှမ်းမှာ ရပ်ရင်း
တစ်ဦးတည်း ပြောသလို၊ ပြောနေစဉ်
အနီးမှာ ရပ်နေသော လူတစ်ယောက်က
စိတ်ဝင်စားပြီး မေးမြန်းစပ်စုလိုက်သည်။
“ဘယ်လို သေသင့်တဲ့လူနဲ့ မသေသင့်တဲ့လူလဲ
အဘ၊ ဒီကန်ကြီးကလည်း တကယ် လူစားလို့လား ”
“သေသင့်တဲ့လူဆိုတာကတော့ အခုလိုမျိုးပေါ့ကွာ၊
လူ့ဘဝရဖို့ ခဲယဉ်းတယ်ဆိုတာ လူတိုင်းအသိပဲ
မဟုတ်လား၊ လူဖြစ်လာမှတော့ ဆင်းရဲချင်ဆင်းရဲ
ဒုက္ခဘယ်လိုပဲ ခံရခံရ ကြံကြံခံပြီး ကျော်လွှား
နိုင်ရမယ်ပေါ့…အခုတော့၊ ထစ်ခနဲဆို သတ်သေမယ်
သတ်သေမယ်နဲ့ ၊ သူတို့သေရုံနဲ့ ပြီးမလားကွ၊
နောက်မှာ ဒုက္ခနဲ့ ကျန်ရစ်ခဲ့ကြမှာ ၊ ဒါကြောင့်
ထစ်ခနဲဆို သေချင်တဲ့ လူတွေ ဒီလိုလူမျိုးတွေ
သေသင့်တယ်လို့ ပြောတာ …
မသေသင့်ဘူးဆိုတာက…ရေတွေ့လို့ အပျော်ရေဆင်း
ကူးတဲ့လူတွေ …ကမ်းဘေး ငါးထိုင်မျှားတဲ့
လူတွေပေါ့ကွာ ။ ဒီလို လူမျိုးတွေ မသေသင့်
ဘူးလို့ ပြောတာ…ဦးလေး ပြောချင်တာကို
အရှည်ကြီး တွေးမနေနဲ့ လူ့လောကကြီးထဲက
သေသင့် မသေသင့်တဲ့ လူတွေ အကြောင်း
ပြောရမယ်ဆို အရှည်ကြီးပေါ့…ငါ့တူ။
ဦးလေးပြောနေတာက ဒီရေကန်ထဲမှာ
သေချင်လို့ ခုန်ချသေတဲ့လူနဲ့
မသေချင်သေးဘဲ ရေကန်ကြောင့်
သေရတဲ့လူအကြောင်းပဲပြောတာ။
အခုပဲကြည့် …လွန်ခဲ့တဲ့ သုံးလလောက်က
အမျိုးသမီးတစ်ယောက် ရေထဲ ခုန်ဆင်းတယ်
လူတွေ တွေ့လို့ ဆယ်ပေးတယ် …မသေဘူး
အခုလည်း သေကြောင်း ကြံပြီး ခုန်ချတယ်
လူတွေ ဆယ်တယ် …မသေဘူး၊ နောက်
တစ်လနှစ်လကျော်တဲ့ နောက်ပိုင်း ရေထဲ
ဆင်းကြည့် မသေနဲ့ အသေ…လောင်းချင်သေးတယ်
“ဦးလေးက…ဘာအထောက်အထားနဲ့ ပြောနေတာလဲ
ကျနော် မသိလို့ မေးတာနော် …စိတ်တော့
မရှိပါနဲ့ ”
“အေး …မရှိပါဘူးကွာ ။ ပြီးခဲ့တဲ့ ဆယ်လကျော်
ဆယ့်တစ်လလောက်က ဦးလေးတူတစ်ယောက်
ကန်စောင်းက ရေထဲ ငိုက်နေတဲ့ ကုက္ကိုပင်
အကိုင်းပေါ် ခွထိုင်ပြီး ငါးမျှားနေတယ်
ဦးလေးတူက အရက်လည်း မသောက်ဘူး။
အိပ်ရေးလည်း မပျက်ဘူး။ ငါးသွားမျှားတာ
နာရီဝက်လောက်ပဲရှိတယ်…ရေထဲ ကျပြီး
သေသွားပါရောလား …အဲဒီသစ်ပင်ကို
ခုတ်ပစ်လိုက်ပြီ မရှိတော့ဘူး ”
“ရေမကူးတတ်လို့ …ဖြစ်မှာပေါ့ ”
“ရေမကူးတတ်လည်း သူနဲ့အတူ
ငါးမျှားနေတဲ့ လူတွေ ရှိတယ်
သူတို့ဆင်းဆယ်တယ်။ ကျတဲ့
နေရာပဲ မဲရှာနေတာ ဆယ်မိနစ်
ဆယ့်မိနစ်လောက်ရှိတယ်
ရှာလို့ကို မတွေ့တာ …အဲဒါနဲ့
ရေငုပ်တဲ့လူတွေ ကန်မျက်နှာပြင်အနှံ့
ငုပ်ရှာလိုက်တာ…ကန်အလယ်က
ရေအောက်မှာ သွားတွေ့တယ်
ဦးလေးတူက ရေလည်း မကူးတတ်ဘူး
ဒီလောက် ကျယ်တဲ့ ကန်အလယ်ကို
သူဘယ်လို ရောက်သွားလဲ
စဉ်းစားပေါ့ …”
“မမြင်နိုင်…မသိနိုင်တဲ့ အရာတစ်ခုခုကြောင့်
ကန်အလယ် ရောက်သွားတာ ဖြစ်နိုင်တာပေါ့
ဦးလေး ”
သူတို့လူစု စကားမပြတ်သေးသော်လည်း
ကန်ပေါ်မှာတော့ လူရှင်းသလောက်
ဖြစ်သွားသည်။
ကန်အကြောင်း ပြောနေသူ ဦးလေးကြီးအနီးမှာ
စိတ်ဝင်စား၍ ရပ်နားထောင်နေသူ လူငါးယောက်သာ
ရှိတော့သည်။
“ဦးလေးတူမကဘူး…ဦးလေးမိသားစုကို
ဒီကန်ကြီးမကောင်းတဲ့အကြောင်း
အိပ်မက်,မက်ပြောပြီး ကန်ကို မသွားဖို့
မှာထားတာ …အဲဒီ သေသွားတဲ့
ဦးလေးတူက မယုံဘူး၊ မယုံလို့
သွားပြီး ငါးမျှားတာ သေတဲ့အထိ
ဖြစ်သွားတာပေါ့ ”
“ဦးလေးက ဘယ်လို အိပ်မက် မက်တာလဲ ”
“ဦးလေး အိပ်မက်တာက …တစ်ည …ဦးလေး
ကန်ဘေးက အိမ်ကို ဖြတ်ပြန်လာတုန်း
ကန်ထဲက သရဲလိုလို မည်းမည်းအကောင်ကြီး
တက်လာတာ တွေ့တယ်၊ ငါ…ဗိုက်ဆာနေပြီ၊
တစ်နှစ်တစ်ယောက် စားနေတာ တစ်နှစ်
ကျော်နေပြီ ၊ ကန်ထဲ ဘယ်သူမှ မလာလို့
မင်း …ကန်ထဲ ဆင်းလာပါလားလို့
လှမ်းပြောတယ်၊ ဦးလေးက ကန်တစ်ဘက်စောင်း
ရောက်နေပြီဆိုတော့ နောက်လှည့်မကြည့်ဘဲ
ပြေးဆင်းခဲ့တာ သရဲလိုက်မလာလို့
တော်သေးတာပေါ့။ ငါ့မှာ အိမ်အရောက်
ခြေကုန်သုတ်ပြေးလာရတာ ပြီးမှ…
အိပ်မက် မက်နေမှန်း သိတယ်…
ဟုတ်သော်ရှိ မဟုတ်သော်ရှိ အိပ်မက်အကြောင်း
ပြောပြပြီး ကန်ကြီးနဲ့ ဝေးဝေးရှောင်ဖို့ ပြောတာ
ဦးလေးစကား မယုံတဲ့ ဦးလေးတူ ရေထဲကျ
သေသွားတာပဲ …အခုဆို သူသေတာ ဆယ်လ
ကျော်ပြီ၊ တစ်နှစ်ဝန်းကျင် တစ်နှစ်ကျော်ရင်တော့
သတိထားရတော့မှာပေါ့”
“ဦးလေး စကားအတိုင်းဆို…နောက်တစ်လ
နှစ်လ နောက်ပိုင်း ဒီကန်ကို ရေလာမကူးဖို့
ကန်ဘောင်ပေါ် မကစားဖို့ ကလေးတွေကို
မှာထားရမယ် ”
“ဘာပဲဖြစ်ဖြစ်…သတိထား ဆင်ခြင်နိုင်ရင်
ကောင်းတာပေါ့ကွာ၊ ကဲ …ကန်ပေါ်မှာလည်း
ဘယ်သူမှ မရှိတော့ဘူး ဦးလေး …သွားမယ်
ဦးလေးအိမ်က ဒီကန်ဘောင်က ဟိုရှေ့ကို
ဆင်းသွားရင် ကန်ကို ကျောပေးထားတဲ့
လမ်းထဲမှာပဲ ”
“ဟုတ်ကဲ့ …အခုလို ပြောပြတာ ကျေးဇူးပါပဲ ”
ထို့နောက် ဦးလေးကြီး၏ စကား သတင်းပြန့်သွား၍လား
မသိ…ကန်ထဲမှာ ငါးလာမျှားသူများ ရေဆင်းကူးသူများ
မရှိသလောက် ဖြစ်သွားသည်။ တစ်ရက် ကန်ဘေး
ကပ်လျက် လမ်းမှာ နာရေး ဖြစ်သည်။
ရက်လည်ဆွမ်းသွတ်ရန် အကြိုညမှာ မုန့်ဟင်းခါး
ဟင်းရည် ချက်နေသည်။ ရပ်ဝေးမှ ဧည့်သည်များလည်း
ရောက်နေသည်။ ဒလမြို့မှ နာရေးအိမ်သို့ ညအိပ်
ညနေ ရောက်နေသူ ကိုထွန်းဆိုင်က မုန့်ဟင်းခါး
အိုးတည်သည့်နေရာမှာ ဝိုင်းဝန်းကူညီလုပ်ကိုင်
ပေးနေစဉ် အိုက်သည်ဆိုကာ အင်္ကျီပုဆိုး
ချွတ်ပြီး ဘောင်းဘီးတိုနှင့် ကန်ပေါင်တက်သွားကာ
ရေထဲ ဒိုင်ဗင်ထိုးချလိုက်သည်။
သူ့ကဲ့သို့ပင် ရေချိုးမည်ဆိုကာ နောက်က
လိုက်သွားသူ ကိုကြိုင် ရှေ့မှာပင် ရေထဲ
ဒိုင်ဗင်ထိုးချလိုက်သည်ကို တွေ့လိုက်သည်။
ကန်ဘောင်ပေါ်ရောက်တော့ ရေမျက်နှာပြင်
လှုပ်ရှားနေသည်ကိုသာ တွေ့သည်။
ရေဆင်းကူးသည့် ကိုထွန်းဆိုင်ကို မတွေ့။
“ကိုထွန်းဆိုင် …ကိုထွန်းဆိုင် ”
ဘယ်မှာမှ မရှိ …ရေထဲ ငုပ်နေသည်ထင်ပြီး
ခဏစောင့်သည် …ထူးခြားမလာ။
သို့ကြောင့် ကန်ဘောင်ပေါ်မှ လှမ်း၍…
“ကိုစိုးမောင် …ဦးချစ်တင်၊ လာပါဦးဗျ
ကိုထွန်းဆိုင်ရေထဲ ဆင်းသွားတာ ပေါ်မလာလို့ ”
ကိုကြိုင်၏အော်သံကြောင့် မုန့်ဟင်းခါးအိုးအနီး
ထိုင်နေသော ဦးချစ်တင်နှင့် ကိုစိုးမောင်အပြင်
ဖဲဝိုင်းမှ ကိုကြိုင် အော်သံကြားလိုက်သော
လူအချို့ ပြေးလာကြသည်။
“ဘယ်သူ …ရေထဲ ကျလို့လဲ ”
“ထွန်းဆိုင် အိုက်တယ်ဆိုပြီး …ရေထဲ
ခုန်ချတာ ပြန်ပေါ်မလာလို့ ”
“ဟ…ဒီကောင် ပန်းဆိုးတန်းနဲ့ ဒလ ပဲ့ထောင့်
ပို့နေတာပဲ …ရေကူး ကျွမ်းမှကျွမ်း ရေနစ်တာတော့
မဖြစ်နိုင်ဘူး…ရေငုပ်ပြီး နောက်ပြောင်နေလားမှ
မသိတာ ”
“ဟာ …ငါးမိနစ်ကျော်ပြီ၊ ဒီလောက်ကြာအောင်
မလုပ်နိုင်ပါဘူး ”
“ရေ…ဘယ်လောက်နက်လဲ ”
“ဆယ်ပေလောက်နက်မယ် …ကန်အလယ်မှာ
ဆယ့်ငါးပေလောက် နက်တယ် ”
” ကဲ …ရေကူးတတ်တဲ့ကောင်တွေ
ဆင်းကြည့်ကြပါဦး”
ဒလမှ ဧည့်သည်နှစ်ယောက်နှင့် နယ်ခံသုံးယောက်ခန့်
ရေထဲ ဆင်းကြသည်။
“ဒီနားက…ခုန်ဆင်းသွားတာ”
လူသုံးယောက် ရေထဲ ငုပ်သွားသည်
မကြာခင်မှာပဲ ရေထဲမှ ကိုထွန်းဆိုင်ဆိုသူကို
အပေါ်ဆယ်တင်လာသည်။
“အသက်မရှိတော့ဘူး…ခေါင်းက နုံးထဲမှာ
စိုက်နေတယ် ”
“ဟာ…ဘယ်လိုဖြစ်တာလဲ။ ရေက ဆယ်ပေလောက်
နက်တာ…ဒီကန်ဘောင်က ဒိုင်ဗင်ထိုးချရင်
ဘယ်လိုမှ အောက်ခြေထိ ခေါင်းစိုက်ဝင်သွား
စရာအကြောင်း မရှိဘူး …ပြီးတော့ ဒီကောင်က
ဒလဆိပ်ကမ်းမှာ ရေကူးတာတို့ ဒိုင်ဗင်ထိုးတာတို့
ကျွမ်းပြီးသား သေစရာ အကြောင်း မရှိဘူး ”
“ဒီကန်က လူစားကာနီးလို့ လူတွေ
ရေထဲ ဆင်းမကူးဘဲ ရှောင်နေကြတာ”
“ဟုတ်တယ်…တစ်နှစ်တစ်ယောက် ကန်ထဲမှာ
သေတာ ထုံးစံလို ဖြစ်နေပြီ”
“ဟုတ်တယ်…ဦးလေးကြီးတစ်ယောက်က
ပြောဖူးတယ် ကန်ထဲမှာ လူသေသွားတာ၊
တစ်နှစ်နီးပါးရှိပြီ…ကန်နားမလာကြနဲ့
လူစားတော့မယ်တဲ့ ”
တစ်ယောက်တစ်မျိုး ပြောနေကြသည်။
ဟုတ်သော်လည်း မဟုတ်သော်လည်းရှိ
ပြီးခဲ့သည့် လူသေပြီး တစ်နှစ်နှင့် ဆက်ရက်
အကျော်မှာပင် လူသေခဲ့ပြီဖြစ်သည်။
နာရေးအိမ်မှာ လူတွေစုံတော့
ပြောကြသည်။ ကန်က တစ်နှစ်
တစ်ယောက် စားလာခဲ့သည်မှာ
သည်တစ်ယောက်နဲ့ ဆို ငါးယောက်
ငါးနှစ်ရှိပြီဟု ဆိုသည်။
သို့ဖြစ်၍ လာမယ့်နှစ် ထိုကဲ့သို့
အဖြစ်မျိုး မကြုံရန် တားဆီးနိုင်သော
ပုဂ္ဂိုလ်မျိုး ပေါ်လာစေရန်သာ
ဆုတောင်းနေကြပါတော့သည်။
ဆရာ ဧကန်မင်း၏ မဖဲဝါနဲ့ ခေါင်းပြတ်သရဲမကြီး
စာအုပ်မှ ကူးယူဝေမျှလိုက်သည်။

Zawgyi Version

” တစ္ႏွစ္တစ္ေယာက္စားမယ္ ”(စ/ဆုံး)
———————————————-

“ဗြမ္း… ”
ကန္ေထာင့္မွာ က်ယ္ေလာင္ေသာ အသံႀကီး
ၾကားလိုက္သျဖင့္ ကန္၏ အျပင္ ေဘးေစာင္းမွာ
ေရခ်ိဳးရင္း အဝတ္ေလွ်ာ္ေနေသာ မျမရင္တို႔
ထိုင္ရာမွ ထၿပီး ၾကည့္လိုက္သည္။
“ဗြမ္း… ဗြမ္း”
“ဟဲ့… ဟဲ့ …ကန္ထဲမွာ လူက်လို႔ လာၾကပါဦး ”
မျမရင္ႏွင့္ ေဒၚေအးက်င္တို႔ သံကုန္ေအာ္ေတာ့သည္။
ကန္ေဘာင္ႏွင့္ ဝါးတစ္ျပန္ အေနအထားေလာက္မွာ
မိန္းမလား ေယာက်ၤားလား မသိ၊ လက္ႏွစ္ဖက္
ယက္ကန္ယက္ကန္ ေပၚလိုက္၊ ျမဳပ္လိုက္ ျဖစ္ေနသည္ကို
ေတြ႕ရသည္။
“လာၾကပါဦး …ေရကန္ထဲမွာ ေရနစ္ေနလို႔ …ေသေတာ့မယ္ ”
ေန႔လယ္ပိုင္းျဖစ္၍ ေနပူရွိန္ေၾကာင့္ အျပင္မွာ
လူမရွိသေလာက္ ျဖစ္ေနသည္။ ထိုစဥ္ ေယာက်ၤား
မိန္းမ ေလးငါးေယာက္ ကန္ေပၚ ေျပးတက္လာသည္။
ေယာက်ၤားႏွစ္ေယာက္က …ေရနစ္ေနေသာ
ေနရာသို႔ မွန္းၿပီး ခုန္ခ်ကာ ေရကူးသြားသည္။
တစ္စတစ္စ လူေတြ ကန္ေပၚ ေရာက္လာသည္။
“ေဟာ …ေဟာ …ေတြ႕သြားၿပီ”
ေရထဲ ဆင္းမယ့္သူ ႏွစ္ေယာက္က ေရနစ္ေနသူထံ
ေရာက္သြားကာ ကမ္းဘက္သို႔က ဆြဲေခၚလာခဲ့သည္။
ေရကန္အနီး ေနထိုင္သူ သိန္းစိုးက ေရနစ္ေနသူကို
ေရထဲမွ မၿပီး ကမ္းေပၚက လူမ်ားကို တြန္းတင္
ေပးလိုက္သျဖင့္ အေပၚမွ ဆြဲယူၾကသည္။
“ဟင္ …မိတင္ရီပါလား ”
ကန္ႀကီးေထာင့္စြန္းအနီးက အိမ္မွာေနေသာ
ေဒၚတင္ရီဆိုသူ ျဖစ္ေနသည္။
“ေရမြန္းေနတယ္ …သတိရေအာင္ လုပ္ၾကဦး”
နားလည္သူတစ္ေယာက္က ေရမ်ား ပါးစပ္မွ
ထြက္ေအာင္ ျပဳလုပ္ေပးလိုက္ပါသည္။
မၾကာခင္မွာပင္ ေဒၚတင္ရီ သတိရလာေတာ့သည္။
“ဘယ္လို ျဖစ္တာလဲ …တင္ရီ”
“ငါ့ကို ဘာလို႔ကယ္တာလဲ …ေသမလို႔ ခုန္ဆင္းတာ ”
“ဟဲ့ နင္ေသလို႔ ျဖစ္မလား၊ နင့္မွာ ကေလးေတြေရာ
ဖေအနဲ႔ မေအေရာ ရွိေသးတယ္ေလ”
“ရွိရွိ …ၾကည္စိုး လုပ္ေကြၽးလိမ့္မယ္ ”
ထိုအခ်ိန္ အသက္ေျခာက္ဆယ္ငါးႏွစ္ရွိေသာ
လူႀကီးတစ္ေယာက္က …
“အင္း …ဒီမိန္းကေလး ကံေကာင္းသြားတယ္
ေနာက္သုံးလေက်ာ္ရင္ …အခုလို အေပၚျပန္တက္
လာလို႔ ရေတာ့မွာ မဟုတ္ဘူး ”
မည္သူမွ မၾကားေအာင္ တီးတိုး႐ြတ္ရင္း
ထိုေနရာမွ ထြက္သြားေတာ့သည္။
ေရထဲဆင္း ေသေၾကာင္းႀကံသူ ေဒၚတင္ရီက
အသက္ေလးဆယ့္ငါးရွိၿပီ။ ေယာက်ၤားျဖစ္သူ
ဦးၾကည္စိုးက ဆိုက္ကားနင္းသည္။
ဆိုက္ကားနင္း၍ ရသမွ် အိမ္ျပန္မေပး၊
ႏွစ္လုံးထိုးသည္၊ ေဘာပြဲေလာင္းသည္၊
တစ္ခါမွ ပိုက္ဆံျပန္ရသည္ မရွိ၊ အေႂကြးပင္
တင္ေနသည္။
သူ႔အေႂကြးက ဘယ္ေတာ့မွ ေက်သည္မရွိ။
ႏွစ္လုံးေၾကာင့္ ကိုယ္ပိုင္ ဆိုက္ကားႏွစ္စီးရွိခဲ့ရာမွ
ႏွစ္စီးလုံး အေႂကြးႏွင့္ အသိမ္းခံလိုက္ရသည္။
အေႂကြးအတြက္ ဆိုက္ကားတန္ဖိုးႏွင့္
သင့္ၿပီး ဆပ္လိုက္ရျခင္းျဖစ္သည္။
ထိုစဥ္က ေနာက္ကို ႏွစ္လုံး သုံးလုံး မေလာင္းေတာ့ပါဘူး
ဟု ကတိေတြ အတန္တန္ ေပးသျဖင့္ ေဒၚတင္ရီက
ေယာက်ၤား စိတ္ခ်မ္းသာေအာင္ သူကိုယ္တိုင္
ေျဖရွင္းေပးၿပီး ဆိုက္ကားမ်ား ထိုးေပးခဲ့သည္။
ဆိုက္ကား မနင္းလွ်င္ အျခားဝင္ေငြရေအာင္
မရွာႏိုင္သျဖင့္ အုံနာခေပးၿပီး ဆိုက္ကားနင္းေစသည္။
အစပိုင္းေတာ့ မိန္းမျဖစ္သူကို ပိုက္ဆံျပန္အပ္ႏိုင္သည္
ေနာက္ပိုင္း အုံနာခပင္ မေပးႏိုင္သည့္အတြက္
ကုန္စိမ္းေရာင္းေနရေသာ မတင္ရီလည္း
ေစ်းဖိုးထဲမွ ဆိုက္ကားအုံနာခ ေပးေခ်ခဲ့ရသည္။
ေန႔စဥ္ ႏွစ္လုံးဂဏန္း ေလာင္းေနေသာ ေယာက်ၤားကို
နစ္နစ္နာနာ ေျပာဆိုသည္။ မေက်နပ္လွ်င္ ဆဲဆို
မိသည္အထိ ျဖစ္ေသာ္လည္း ဦးၾကည္စိုးက
ရပ္မသြား၊ ၾကာေတာ့၊ ေစ်းရင္းမရွိေတာ့။
အိမ္မွာ ရွိေသာ လူႀကီးႏွစ္ေယာက္က ဦးၾကည္စိုး၏
မိဘႏွစ္ပါး ျဖစ္သည္။
သူတို႔လည္း သားျဖစ္သူကို ဆိုဆုံးမ မႏိုင္။
ေဒၚတင္ရီက ေစ်းရင္းဖိုး၊ ေန႔ျပန္တိုးယူသည္။
အျမတ္ကို လင္ေပးရ အတိုးေပးရႏွင့္ ေန႔စဥ္
အပူေသာဂမီးက သူ႔အေပၚ က်ေရာက္ေနသည္။
ဦးၾကည္စိုးက မိုးလင္းက မိုးခ်ဳပ္ဆိုက္ကားအေၾကာင္း
ျပၿပီး အျပင္မွသာ အခ်ိန္ကုန္သည္။ ထမင္းစားခ်ိန္
ျပန္လာသည္။ ညေန မူးလာေသးသည္။
အုံနာက လို၍ ေဒၚတင္ရီကို မစိုက္ေပးလွ်င္
ဆူဆဲေတာ့သည္။ ကေလးေတြကို အျပစ္ရွာ
႐ိုက္ႏွက္တတ္သည္။
ၾကာေတာ့ ေဒၚတင္ရီ အသက္ရွင္ေနတာ
ဘာမွ အဓိပၸါယ္မရွိေတာ့ဟု မွတ္ယူလိုက္သည္။
သူေသသြားလွ်င္ ခါးသီးေသာ လူေနမႈဘဝအေၾကာင္းကို
လင္ျဖစ္သူ ဦးၾကည္စိုး သေဘာေပါက္နားလည္းသြားမည္
သူ႔အေဖ၊ သူ႔အေမ၊ သူ႔ကေလး ေလးေယာက္နဲ႔
ေနရစ္ေတာ့ဟု စိတ္ဆုံးျဖတ္ၿပီး ကန္ေပၚ ေျပးတက္ကာ
အဆုံးစီရင္ခဲ့ျခင္းျဖစ္သည္။
ေဒၚတင္ရီ မေသထိုက္သျဖင့္ သူခုန္ဆင္းေသာ
ေနရာႏွင့္ ေပသုံးဆယ္ခန္႔အကြာ
ကန္ေစာင္းမွာ အဝတ္ေလွ်ာ္ေနေသာ
မျမရင္ႏွင့္ ေဒၚေအးက်င္တို႔ေၾကာင့္
ေသခ်င္ေပမဲ့ ေသခြင့္ မႀကဳံေတာ့ …
ေလာဓံ၏ ဒုကၡကို ခါးစည္းရင္ဆိုင္ရန္
အိမ္သို႔ ျပန္ေရာက္ခဲ့သည္။
ထိုအခ်ိန္ထိ ဆိုက္ကားဆရာႀကီး
ဦးၾကည္စိုး …ဇနီးအေၾကာင္း သတင္း
မၾကားေသး၍လားမသိ၊ အိမ္သို႔
ျပန္ေရာက္မလာေသး။
ညဘက္ ဦးၾကည္စိုး မူးၿပီး ျပန္ေရာက္လာသည္။
အျပင္က ဇနီးျဖစ္သူ၏ သတင္းလည္း
ၾကားသိခဲ့သည္။ မူးမူးႏွင့္ ေနာက္ကို
ႏွစ္လုံးမထိုးေတာ့ပါဘူးဟူ၍ ကတိေတြ
ေပးခဲ့သည္။ ဦးၾကည္စိုးကပဲ ကတိ
တည္ခဲ့သည္လား မသိ၊ ေဒၚတင္ရီ ေသေၾကာင္း
ႀကံစည္သည့္သတင္း မၾကားရေတာ့ပါ။
ထိုကဲ့သို႔ ကန္ထဲ ခုန္ဆင္းသတ္ေသေသာ္လည္း
မေသခဲ့ေသာ ေဒၚတင္ရီ၏ သတင္းထြက္ၿပီး
ႏွစ္လခန္႔အၾကာမွာ ကန္ႀကီးထဲ အသက္
ႏွစ္ဆယ့္ငါးႏွစ္ခန္႔ အမ်ိဳးသမီးတစ္ေယာက္
သတ္ေသရန္ ခုန္ဆင္းျပန္သည္။
“ဟာ …အစ္မႀကီးတစ္ေယာက္ ေရထဲခုန္ဆင္း
သြားတယ္ …ဟိုမွာ ဟိုမွာ …”
ကန္ေပၚမွာ ကစားေနေသာ ကေလးတစ္အုပ္
ကန္ထဲခုန္ခ်ေသာ အမ်ိဳးသမီးတစ္ေယာက္ကို
ေတြ႕သျဖင့္ ေအာ္ဟစ္ကာ ထိုအနီးသို႔ ေျပးလာၾကသည္။
ကေလးမ်ား ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနသည့္အတြက္…
ကန္ေဘးလမ္းမွာ သြားေနေသာ လူအခ်ိဳ႕
ကန္ေပၚ တက္လာၾကသည္။
“ဟင္ …အဲဒါ ေရခ်ိဳးမလို႔ ေရကူးေနတာ မဟုတ္ဘူး
နစ္ေနတာ”
ထိုလူက ေျပာလည္းေျပာ ေရထဲ ခုန္ခ်သြားေတာ့သည္။
မၾကာခင္မွာပင္ ထိုလူလက္ထဲ အမ်ိဳသမီး ပါလာသည္။
အခ်ိန္ သိပ္မၾကာေသးသျဖင့္ ေရမြန္းကာ
သတိမလစ္ေသး၊ ကမ္းေပၚမွာ ထိုင္ငိုေနသည္။
“မၾကဴပါလား …ဘယ္လိုျဖစ္တာလဲ ”
“သိပါဘူး…က်ဳပ္လည္း ကန္ထဲ လူခုန္ခ်တယ္
ဆိုလို႔ ေျပးလာတာ…အိမ္ေထာင္ေရး အဆင္မေျပဘူးလို႔
ၾကားတာပဲ ”
“ကေလးတစ္ေယာက္ ေမြးၿပီးမွ …ေယာက်ၤား
ေနာက္မိန္းမနဲ႔ ရႈပ္ေနတယ္ဆိုတဲ့ သတင္းေတာ့
လမ္းထဲမွာ ေျပာေနၾကတာပဲ …ဟုတ္ မဟုတ္ေတာ့
မသိပါဘူး ”
ေရနစ္တယ္ သတင္းၾကားသျဖင့္ လာၾကည့္သူ
အမ်ိဳးသမီးႏွစ္ေယာက္လည္း ေရနစ္ေသာ
အမ်ိဳးသမီးကို ျမင္ၿပီး ေဝဖန္မႈ ျပဳေနၾကသည္။
“အင္း …ခက္ေတာ့ေနပါၿပီ…ဒီမိန္းကေလးေတြ
ကံေကာင္းေသးတယ္…ဒီကန္ႀကီးက တစ္ႏွစ္
တစ္ေယာက္ ပုံမွန္လူစားေနတာလည္း သိရက္နဲ႔
ေသခ်င္လို႔ ေသသြားရင္ေတာ့လည္း ေကာင္းသား
မေသသင့္တဲ့လူေတြ မေသေတာ့ဘူးေပါ့”
အသက္ေျခာက္ဆယ္ငါးႏွစ္ခန္႔ ဦးေလးႀကီး
တစ္ေယာက္က ခပ္လွမ္းလွမ္းမွာ ရပ္ရင္း
တစ္ဦးတည္း ေျပာသလို၊ ေျပာေနစဥ္
အနီးမွာ ရပ္ေနေသာ လူတစ္ေယာက္က
စိတ္ဝင္စားၿပီး ေမးျမန္းစပ္စုလိုက္သည္။
“ဘယ္လို ေသသင့္တဲ့လူနဲ႔ မေသသင့္တဲ့လူလဲ
အဘ၊ ဒီကန္ႀကီးကလည္း တကယ္ လူစားလို႔လား ”
“ေသသင့္တဲ့လူဆိုတာကေတာ့ အခုလိုမ်ိဳးေပါ့ကြာ၊
လူ႔ဘဝရဖို႔ ခဲယဥ္းတယ္ဆိုတာ လူတိုင္းအသိပဲ
မဟုတ္လား၊ လူျဖစ္လာမွေတာ့ ဆင္းရဲခ်င္ဆင္းရဲ
ဒုကၡဘယ္လိုပဲ ခံရခံရ ႀကံႀကံခံၿပီး ေက်ာ္လႊား
ႏိုင္ရမယ္ေပါ့…အခုေတာ့၊ ထစ္ခနဲဆို သတ္ေသမယ္
သတ္ေသမယ္နဲ႔ ၊ သူတို႔ေသ႐ုံနဲ႔ ၿပီးမလားကြ၊
ေနာက္မွာ ဒုကၡနဲ႔ က်န္ရစ္ခဲ့ၾကမွာ ၊ ဒါေၾကာင့္
ထစ္ခနဲဆို ေသခ်င္တဲ့ လူေတြ ဒီလိုလူမ်ိဳးေတြ
ေသသင့္တယ္လို႔ ေျပာတာ …
မေသသင့္ဘူးဆိုတာက…ေရေတြ႕လို႔ အေပ်ာ္ေရဆင္း
ကူးတဲ့လူေတြ …ကမ္းေဘး ငါးထိုင္မွ်ားတဲ့
လူေတြေပါ့ကြာ ။ ဒီလို လူမ်ိဳးေတြ မေသသင့္
ဘူးလို႔ ေျပာတာ…ဦးေလး ေျပာခ်င္တာကို
အရွည္ႀကီး ေတြးမေနနဲ႔ လူ႔ေလာကႀကီးထဲက
ေသသင့္ မေသသင့္တဲ့ လူေတြ အေၾကာင္း
ေျပာရမယ္ဆို အရွည္ႀကီးေပါ့…ငါ့တူ။
ဦးေလးေျပာေနတာက ဒီေရကန္ထဲမွာ
ေသခ်င္လို႔ ခုန္ခ်ေသတဲ့လူနဲ႔
မေသခ်င္ေသးဘဲ ေရကန္ေၾကာင့္
ေသရတဲ့လူအေၾကာင္းပဲေျပာတာ။
အခုပဲၾကည့္ …လြန္ခဲ့တဲ့ သုံးလေလာက္က
အမ်ိဳးသမီးတစ္ေယာက္ ေရထဲ ခုန္ဆင္းတယ္
လူေတြ ေတြ႕လို႔ ဆယ္ေပးတယ္ …မေသဘူး
အခုလည္း ေသေၾကာင္း ႀကံၿပီး ခုန္ခ်တယ္
လူေတြ ဆယ္တယ္ …မေသဘူး၊ ေနာက္
တစ္လႏွစ္လေက်ာ္တဲ့ ေနာက္ပိုင္း ေရထဲ
ဆင္းၾကည့္ မေသနဲ႔ အေသ…ေလာင္းခ်င္ေသးတယ္
“ဦးေလးက…ဘာအေထာက္အထားနဲ႔ ေျပာေနတာလဲ
က်ေနာ္ မသိလို႔ ေမးတာေနာ္ …စိတ္ေတာ့
မရွိပါနဲ႔ ”
“ေအး …မရွိပါဘူးကြာ ။ ၿပီးခဲ့တဲ့ ဆယ္လေက်ာ္
ဆယ့္တစ္လေလာက္က ဦးေလးတူတစ္ေယာက္
ကန္ေစာင္းက ေရထဲ ငိုက္ေနတဲ့ ကုကၠိဳပင္
အကိုင္းေပၚ ခြထိုင္ၿပီး ငါးမွ်ားေနတယ္
ဦးေလးတူက အရက္လည္း မေသာက္ဘူး။
အိပ္ေရးလည္း မပ်က္ဘူး။ ငါးသြားမွ်ားတာ
နာရီဝက္ေလာက္ပဲရွိတယ္…ေရထဲ က်ၿပီး
ေသသြားပါေရာလား …အဲဒီသစ္ပင္ကို
ခုတ္ပစ္လိုက္ၿပီ မရွိေတာ့ဘူး ”
“ေရမကူးတတ္လို႔ …ျဖစ္မွာေပါ့ ”
“ေရမကူးတတ္လည္း သူနဲ႔အတူ
ငါးမွ်ားေနတဲ့ လူေတြ ရွိတယ္
သူတို႔ဆင္းဆယ္တယ္။ က်တဲ့
ေနရာပဲ မဲရွာေနတာ ဆယ္မိနစ္
ဆယ့္မိနစ္ေလာက္ရွိတယ္
ရွာလို႔ကို မေတြ႕တာ …အဲဒါနဲ႔
ေရငုပ္တဲ့လူေတြ ကန္မ်က္ႏွာျပင္အႏွံ႔
ငုပ္ရွာလိုက္တာ…ကန္အလယ္က
ေရေအာက္မွာ သြားေတြ႕တယ္
ဦးေလးတူက ေရလည္း မကူးတတ္ဘူး
ဒီေလာက္ က်ယ္တဲ့ ကန္အလယ္ကို
သူဘယ္လို ေရာက္သြားလဲ
စဥ္းစားေပါ့ …”
“မျမင္ႏိုင္…မသိႏိုင္တဲ့ အရာတစ္ခုခုေၾကာင့္
ကန္အလယ္ ေရာက္သြားတာ ျဖစ္ႏိုင္တာေပါ့
ဦးေလး ”
သူတို႔လူစု စကားမျပတ္ေသးေသာ္လည္း
ကန္ေပၚမွာေတာ့ လူရွင္းသေလာက္
ျဖစ္သြားသည္။
ကန္အေၾကာင္း ေျပာေနသူ ဦးေလးႀကီးအနီးမွာ
စိတ္ဝင္စား၍ ရပ္နားေထာင္ေနသူ လူငါးေယာက္သာ
ရွိေတာ့သည္။
“ဦးေလးတူမကဘူး…ဦးေလးမိသားစုကို
ဒီကန္ႀကီးမေကာင္းတဲ့အေၾကာင္း
အိပ္မက္,မက္ေျပာၿပီး ကန္ကို မသြားဖို႔
မွာထားတာ …အဲဒီ ေသသြားတဲ့
ဦးေလးတူက မယုံဘူး၊ မယုံလို႔
သြားၿပီး ငါးမွ်ားတာ ေသတဲ့အထိ
ျဖစ္သြားတာေပါ့ ”
“ဦးေလးက ဘယ္လို အိပ္မက္ မက္တာလဲ ”
“ဦးေလး အိပ္မက္တာက …တစ္ည …ဦးေလး
ကန္ေဘးက အိမ္ကို ျဖတ္ျပန္လာတုန္း
ကန္ထဲက သရဲလိုလို မည္းမည္းအေကာင္ႀကီး
တက္လာတာ ေတြ႕တယ္၊ ငါ…ဗိုက္ဆာေနၿပီ၊
တစ္ႏွစ္တစ္ေယာက္ စားေနတာ တစ္ႏွစ္
ေက်ာ္ေနၿပီ ၊ ကန္ထဲ ဘယ္သူမွ မလာလို႔
မင္း …ကန္ထဲ ဆင္းလာပါလားလို႔
လွမ္းေျပာတယ္၊ ဦးေလးက ကန္တစ္ဘက္ေစာင္း
ေရာက္ေနၿပီဆိုေတာ့ ေနာက္လွည့္မၾကည့္ဘဲ
ေျပးဆင္းခဲ့တာ သရဲလိုက္မလာလို႔
ေတာ္ေသးတာေပါ့။ ငါ့မွာ အိမ္အေရာက္
ေျခကုန္သုတ္ေျပးလာရတာ ၿပီးမွ…
အိပ္မက္ မက္ေနမွန္း သိတယ္…
ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ အိပ္မက္အေၾကာင္း
ေျပာျပၿပီး ကန္ႀကီးနဲ႔ ေဝးေဝးေရွာင္ဖို႔ ေျပာတာ
ဦးေလးစကား မယုံတဲ့ ဦးေလးတူ ေရထဲက်
ေသသြားတာပဲ …အခုဆို သူေသတာ ဆယ္လ
ေက်ာ္ၿပီ၊ တစ္ႏွစ္ဝန္းက်င္ တစ္ႏွစ္ေက်ာ္ရင္ေတာ့
သတိထားရေတာ့မွာေပါ့”
“ဦးေလး စကားအတိုင္းဆို…ေနာက္တစ္လ
ႏွစ္လ ေနာက္ပိုင္း ဒီကန္ကို ေရလာမကူးဖို႔
ကန္ေဘာင္ေပၚ မကစားဖို႔ ကေလးေတြကို
မွာထားရမယ္ ”
“ဘာပဲျဖစ္ျဖစ္…သတိထား ဆင္ျခင္ႏိုင္ရင္
ေကာင္းတာေပါ့ကြာ၊ ကဲ …ကန္ေပၚမွာလည္း
ဘယ္သူမွ မရွိေတာ့ဘူး ဦးေလး …သြားမယ္
ဦးေလးအိမ္က ဒီကန္ေဘာင္က ဟိုေရွ႕ကို
ဆင္းသြားရင္ ကန္ကို ေက်ာေပးထားတဲ့
လမ္းထဲမွာပဲ ”
“ဟုတ္ကဲ့ …အခုလို ေျပာျပတာ ေက်းဇူးပါပဲ ”
ထို႔ေနာက္ ဦးေလးႀကီး၏ စကား သတင္းျပန္႔သြား၍လား
မသိ…ကန္ထဲမွာ ငါးလာမွ်ားသူမ်ား ေရဆင္းကူးသူမ်ား
မရွိသေလာက္ ျဖစ္သြားသည္။ တစ္ရက္ ကန္ေဘး
ကပ္လ်က္ လမ္းမွာ နာေရး ျဖစ္သည္။
ရက္လည္ဆြမ္းသြတ္ရန္ အႀကိဳညမွာ မုန္႔ဟင္းခါး
ဟင္းရည္ ခ်က္ေနသည္။ ရပ္ေဝးမွ ဧည့္သည္မ်ားလည္း
ေရာက္ေနသည္။ ဒလၿမိဳ႕မွ နာေရးအိမ္သို႔ ညအိပ္
ညေန ေရာက္ေနသူ ကိုထြန္းဆိုင္က မုန္႔ဟင္းခါး
အိုးတည္သည့္ေနရာမွာ ဝိုင္းဝန္းကူညီလုပ္ကိုင္
ေပးေနစဥ္ အိုက္သည္ဆိုကာ အက်ႌပုဆိုး
ခြၽတ္ၿပီး ေဘာင္းဘီးတိုႏွင့္ ကန္ေပါင္တက္သြားကာ
ေရထဲ ဒိုင္ဗင္ထိုးခ်လိုက္သည္။
သူ႔ကဲ့သို႔ပင္ ေရခ်ိဳးမည္ဆိုကာ ေနာက္က
လိုက္သြားသူ ကိုႀကိဳင္ ေရွ႕မွာပင္ ေရထဲ
ဒိုင္ဗင္ထိုးခ်လိုက္သည္ကို ေတြ႕လိုက္သည္။
ကန္ေဘာင္ေပၚေရာက္ေတာ့ ေရမ်က္ႏွာျပင္
လႈပ္ရွားေနသည္ကိုသာ ေတြ႕သည္။
ေရဆင္းကူးသည့္ ကိုထြန္းဆိုင္ကို မေတြ႕။
“ကိုထြန္းဆိုင္ …ကိုထြန္းဆိုင္ ”
ဘယ္မွာမွ မရွိ …ေရထဲ ငုပ္ေနသည္ထင္ၿပီး
ခဏေစာင့္သည္ …ထူးျခားမလာ။
သို႔ေၾကာင့္ ကန္ေဘာင္ေပၚမွ လွမ္း၍…
“ကိုစိုးေမာင္ …ဦးခ်စ္တင္၊ လာပါဦးဗ်
ကိုထြန္းဆိုင္ေရထဲ ဆင္းသြားတာ ေပၚမလာလို႔ ”
ကိုႀကိဳင္၏ေအာ္သံေၾကာင့္ မုန္႔ဟင္းခါးအိုးအနီး
ထိုင္ေနေသာ ဦးခ်စ္တင္ႏွင့္ ကိုစိုးေမာင္အျပင္
ဖဲဝိုင္းမွ ကိုႀကိဳင္ ေအာ္သံၾကားလိုက္ေသာ
လူအခ်ိဳ႕ ေျပးလာၾကသည္။
“ဘယ္သူ …ေရထဲ က်လို႔လဲ ”
“ထြန္းဆိုင္ အိုက္တယ္ဆိုၿပီး …ေရထဲ
ခုန္ခ်တာ ျပန္ေပၚမလာလို႔ ”
“ဟ…ဒီေကာင္ ပန္းဆိုးတန္းနဲ႔ ဒလ ပဲ့ေထာင့္
ပို႔ေနတာပဲ …ေရကူး ကြၽမ္းမွကြၽမ္း ေရနစ္တာေတာ့
မျဖစ္ႏိုင္ဘူး…ေရငုပ္ၿပီး ေနာက္ေျပာင္ေနလားမွ
မသိတာ ”
“ဟာ …ငါးမိနစ္ေက်ာ္ၿပီ၊ ဒီေလာက္ၾကာေအာင္
မလုပ္ႏိုင္ပါဘူး ”
“ေရ…ဘယ္ေလာက္နက္လဲ ”
“ဆယ္ေပေလာက္နက္မယ္ …ကန္အလယ္မွာ
ဆယ့္ငါးေပေလာက္ နက္တယ္ ”
” ကဲ …ေရကူးတတ္တဲ့ေကာင္ေတြ
ဆင္းၾကည့္ၾကပါဦး”
ဒလမွ ဧည့္သည္ႏွစ္ေယာက္ႏွင့္ နယ္ခံသုံးေယာက္ခန္႔
ေရထဲ ဆင္းၾကသည္။
“ဒီနားက…ခုန္ဆင္းသြားတာ”
လူသုံးေယာက္ ေရထဲ ငုပ္သြားသည္
မၾကာခင္မွာပဲ ေရထဲမွ ကိုထြန္းဆိုင္ဆိုသူကို
အေပၚဆယ္တင္လာသည္။
“အသက္မရွိေတာ့ဘူး…ေခါင္းက ႏုံးထဲမွာ
စိုက္ေနတယ္ ”
“ဟာ…ဘယ္လိုျဖစ္တာလဲ။ ေရက ဆယ္ေပေလာက္
နက္တာ…ဒီကန္ေဘာင္က ဒိုင္ဗင္ထိုးခ်ရင္
ဘယ္လိုမွ ေအာက္ေျခထိ ေခါင္းစိုက္ဝင္သြား
စရာအေၾကာင္း မရွိဘူး …ၿပီးေတာ့ ဒီေကာင္က
ဒလဆိပ္ကမ္းမွာ ေရကူးတာတို႔ ဒိုင္ဗင္ထိုးတာတို႔
ကြၽမ္းၿပီးသား ေသစရာ အေၾကာင္း မရွိဘူး ”
“ဒီကန္က လူစားကာနီးလို႔ လူေတြ
ေရထဲ ဆင္းမကူးဘဲ ေရွာင္ေနၾကတာ”
“ဟုတ္တယ္…တစ္ႏွစ္တစ္ေယာက္ ကန္ထဲမွာ
ေသတာ ထုံးစံလို ျဖစ္ေနၿပီ”
“ဟုတ္တယ္…ဦးေလးႀကီးတစ္ေယာက္က
ေျပာဖူးတယ္ ကန္ထဲမွာ လူေသသြားတာ၊
တစ္ႏွစ္နီးပါးရွိၿပီ…ကန္နားမလာၾကနဲ႔
လူစားေတာ့မယ္တဲ့ ”
တစ္ေယာက္တစ္မ်ိဳး ေျပာေနၾကသည္။
ဟုတ္ေသာ္လည္း မဟုတ္ေသာ္လည္းရွိ
ၿပီးခဲ့သည့္ လူေသၿပီး တစ္ႏွစ္ႏွင့္ ဆက္ရက္
အေက်ာ္မွာပင္ လူေသခဲ့ၿပီျဖစ္သည္။
နာေရးအိမ္မွာ လူေတြစုံေတာ့
ေျပာၾကသည္။ ကန္က တစ္ႏွစ္
တစ္ေယာက္ စားလာခဲ့သည္မွာ
သည္တစ္ေယာက္နဲ႔ ဆို ငါးေယာက္
ငါးႏွစ္ရွိၿပီဟု ဆိုသည္။
သို႔ျဖစ္၍ လာမယ့္ႏွစ္ ထိုကဲ့သို႔
အျဖစ္မ်ိဳး မႀကဳံရန္ တားဆီးႏိုင္ေသာ
ပုဂၢိဳလ္မ်ိဳး ေပၚလာေစရန္သာ
ဆုေတာင္းေနၾကပါေတာ့သည္။
ဆရာ ဧကန္မင္း၏ မဖဲဝါနဲ႔ ေခါင္းျပတ္သရဲမႀကီး
စာအုပ္မွ ကူးယူေဝမွ်လိုက္သည္။