စေတီဟောင်းမှဥစ္စာစောင့်(စ/ဆုံး)

Unicode Version

စေတီဟောင်းမှဥစ္စာစောင့်(စ/ဆုံး)
—————————————-
မိုးသည်မွန်းတည့်ချိန်မှစ၍ရွာသွန်းခဲ့ရာမှ
မိုးစုပ်စုပ်ချုပ်လေမှ လုံးဝတိတ်သွားခဲ့၏။
သောင်ထွန်းတစ်ရွာလုံး
တိတ်ဆိတ်ငြိမ်သက်အိပ်မောကျနေစဉ်…
“ဘွားမယ်စိန်ရှိလားရှင့်…”
ဟုသောခြံဝိုင်းအပြင်မှခေါ်သံကြောင့်
ဘွားမယ်စိန်လည်းအိမ်အပေါ်ထပ်မှ
မီးခွက်လေးကိုင်ကာဆင်းလာခဲ့ရသည်။
“ဘယ်သူလဲ”
ဟုမေးရင်း မိုးရွာထားသောကြောင့်စိုစွတ်နေသော
မြေသားကိုနင်းလျှောက်ရင်း ခြံတံခါးအနီးသို့ရောက်လာခဲ့၏။
ခြံတံခါးဆီရောက်တော့အပြင်၌ရပ်နေသူကို
မြင်ရသောအခါ…
“ကလေးမ…ညည်းကဘယ်သူတုန်း”
ဟု…မေးလိုက်သည်။
ခြံပြင်၌ရှိသောမိန်းကလေးသည်ရုပ်ရည်ချောမော၏။
“ဘွားဆီကိုကျွန်မအကူအညီတောင်းချင်လို့လာခဲ့တာပါ”
ဟု…ပြောသောထိုမိန်းကလေး၏အသံသည်က
ချိုသာလွန်းလှပေသည်။
ဘွားမယ်စိန်က မိန်းကလေးကိုသေချာကြည့်ပြီး
“ကောင်းပြီလေ…ဝင်ခဲ့ပါ…”
ဟုပြောကာ ခြံတံခါးကိုဖွင့်ပေးလိုက်သည်။
မိန်းကလေးကလည်းအိမ်ဝိုင်းထဲသို့ဝင်လိုက်လာခဲ့သည်။
မိန်းကလေးဆီကမွှေးပျံ့သော ရနံ့ကိုလည်း
ဘွားမယ်စိန်ရှုရှိုက်မိ၏။
မိုးချုပ်နေသော်လည်း ဘွားမယ်စိန်ထွန်းထားသော
မီးခွက်အလင်းထက် ပတ်ဝန်းကျင်ကအလင်းရနေခဲ့သည်။
ကွပ်ပျစ်ခင်း၌ ဝင်ထိုင်လိုက်ကြသည်နှင့်…
“ကဲ…ပြော ဘယ်ကနေဒီကိုရောက်လာခဲ့တာလဲ”
“အမေကြီး…ကျွန်မက ရွာသစ်ရွာအနောက်ဖက်
စေတီဟောင်းနားက ဥစ္စာစောင့်ပါ…”
“အေး…ညည်းကိုမြင်တာနဲ့ ဘွားက
ဥစ္စာစောင့်မှန်းသိပါတယ်…”
“ဟုတ်ကဲ့…ကျွန်မအခုလာရတာကလည်း
ကျွန်မတို့သိုက်အတွက်အနှောက်အယှက်ပေါ်လာလို့ပါ…
အထက်ကလည်းဒီရက်ပိုင်းအတွင်းသိုက်နေရာပြောင်းရွေ့ဖို့
အမိန့်ချထားပါတယ်အမေကြီး”
“ဘယ်လိုအနှောက်ယှက်တွေရှိနေလို့လဲ”
“ကျွန်မတို့သိုက်နေရာကို သဘက်ခါကျ
သိုက်ဆရာတွေ ရောက်လာတော့မယ်အမေကြီး…
ဒင်းတို့ကကျွန်မတို့သိုက်ပစ္စည်းတွေကိုမတော်လောဘနဲ့
လာတူးကြသူတွေမလို့…ဒင်းတို့ကိုတိုက်ထုတ်ပစ်ဖို့က
ကျွန်မတို့အပြင်အမေကြီးကိုပါ
အကူအညီတောင်းချင်လို့ပါအမေကြီးရယ်…”
“အင်း…လောဘသားတွေကပေါ်လာပြန်တာကိုး…
စိတ်ချအေ…သဘက်ခါမိုးလင်းတာနဲ့
ညည်းတို့သိုက်နဲ့မနီးမဝေးမှာ
အမေကြီးတို့အရောက်လာပေးမယ်…
ဘာမှစိတ်မပူကြနဲ့”
“ကျေးဇူးတင်ပါတယ်အမေကြီးရယ်…
ဒါဆိုရင်ကျွန်မပြန်ပါဦးမယ်…”
“အေး…အေး…အေး…”
မိန်းကလေးက ဘွားမယ်စိန်ကိုနှုတ်ဆက်ပြီး
ပြန်သွားခဲ့သည်။
ဘွားမယ်စိန်ကထိုမိန်းကလေး၏ကျောပြင်ကိုငေးကြည့်ရင်း
ကွပ်ပျစ်ခင်း၌ထိုင်မြဲအတိုင်းထိုင်နေလေသည်။
နောက်တစ်နေ့နံနက်ခင်း၌…
“အမေ…ဒီမှာကောက်ညှင်းပေါင်းလေးနဲ့
ပဲကြော်လေး နံနက်စာပြင်ပေးထားတယ်”
“အေး…အေး…အေး…”
ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌တည်ခင်းပေးထားသော
ဒေါ်ဝင်းပြင်ဆင်ပေးထားသည့် နံနက်စာကို
မစားဖြစ်သေးဘဲ အတွေးများနေခဲ့ပေသည်။
သူ၏အတွေးသည် ညကအိမ်မက်အတွင်းလာရောက်သွားသော
ဥစ္စာစောင့်မလေး၏အကြောင်းပင်။
“အမေ…စားတော့လေ…
ကျုပ်ငှဲ့ပေးထားတဲ့ရေနွေးကြမ်းတွေတောင်အေးကုန်ပြီ
အမေရဲ့…”
ဒေါ်ဝင်းကသတိပေးလေတော့မှ…
“အေးပါမိဝင်းရယ်…
စားမှာပါဟဲ့…”
ဟု…ဘွားမယ်စိန်ကပြန်ကာပြောသည်။
ကောက်ညှင်းပေါင်းနဲ့အကြော်ကိုရော၍စားရင်း
အကြမ်းရည်လေးကိုသောက်၏။
စားလို့ပြီးချိန်၌…
“ဒီနေ့ညည်းရွာထဲသွားဦးမှာလား”
ဟု…အနီး၌ထိုင်ကာ ကန်စွန်းရွက်ခြွေနေသော
ဒေါ်ဝင်းကိုမေးလိုက်ပြန်သည်။
“အမေက ကျုပ်ကိုဘာခိုင်းချင်လို့လဲ”
“ညည်းရွာထဲသွားဖြစ်ရင်…ညည်းတူမောင်တိုးတို့ကို
အိမ်လာခဲ့ကြဖို့ခေါ်ခိုင်းမလို့လေ…”
“ဒါများအမေရယ်…
ခါတိုင်းလည်းမကြုံရင်တောင်သွားခေါ်နေတာပဲ…
ကျုပ်သွားခေါ်ပေးပါ့မယ်….
ဒါနဲ့ခရီးထွက်ဖို့ရှိလို့လားအမေ”
“အေး…ရှိတယ်လို့ပြောရမှာပေါ့…”
“ဒါဖြင့်…ကျုပ်ထမင်းအိုးချပြီးတာနဲ့
သွားခေါ်ပေးမယ်အမေ…”
“အေး…အေး…အေး…”
ဘွားမယ်စိန်သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
မီးတို့လိုက်ပြီး အငွေ့များတဖွားဖွားထွက်သည်အထိ
ဖွာရှိုက်လိုက်တော့သည်။
ပြီးနောက် မည်သည့်စကားမှဆက်မပြောတော့ဘဲ
သူ့အတွေးဖြင့်သူနေရှာ၏။
ဒေါ်ဝင်းသည်လည်းကန်စွန်းရွက်များထည့်ထားသော
စကောကိုယူ၍ မီးဖိုထဲသို့ဝင်သွားတော့သည်။
နန်းကြိုင်လေးသည်က အိပ်ရာနိုးလာ၍
အိမ်အပေါ်ထပ်မှဆင်းလာပြီး မျက်နှာသစ်ဖို့ပြင်ဆင်နေခဲ့သည်။
“အမေ…”
“ဟေ…”
“သမီးဗိုက်ဆာပြီ…”
“ဗိုက်ဆာရင်လာလေ…
မျက်နှာကိုတဘက်နဲ့သေချာသုတ်ဦး…
ပြီးရင်မီးဖိုထဲလာခဲ့…”
“ဟုတ်…”
မျက်နှာကိုတဘက်ဖြင့်သုတ်ပြီးသည်နှင့်
နန်းကြိုင်လည်းမီးဖိုထဲဝင်သွားတော့သည်။
မီးဖိုထဲရှိသစ်သားစားပွဲဝိုင်းလေးပေါ်တွင်တင်ထားသော
ကောက်ညှင်းပေါင်းနဲအကြော်ပန်းကန်ကိုမြင်တော့…
“အမေ…ဘွားက စားပြီးပြီလား”
“ညည်းဘွားက အခုလေးတင် စားပြီးပြီ…
အဲ့တာသမီးဖို့…စားစား”
“အမေရော…စားပြီးပြီလား”
“အမေက စားပြီးတာကြာပေါ့…
ဒါနဲ့သမီးကိုမှာထားရဦးမယ်…
ညည်းဘွားနားကိုမသွားနဲ့ဦးနော်…
ညည်းဘွားကိုကြည့်ရတာ
အတွေးတွေများနေပုံရတယ်သမီးရဲ့…
ဒါ့ကြောင့်ကိုယ့်ဘာသာနေနော်….
တော်နေငါ့သမီးကိုအဆူခံထိမှာစိုးတယ်”
“ဟုတ်ကဲ့အမေ”
နန်းကြိုင်လေးက ကောက်ညှင်းပေါင်းနဲ့
အကြော်များကိုပလုတ်ပလောင်းစားရင်းဖြေသည်။
ထမင်းအိုးချပြီးသည်နှင့်ဒေါ်ဝင်းက
နန်းကြိုင်လေးကိုခေါ်ကာ မောင်တိုးတို့အိမ်ဆီကို
ထွက်လာခဲ့၏။
“ဟဲ့…မောင်တိုး…”
ပုဆိုးကိုတိုတိုဝတ်ကာ
ခြံဝိုင်းထဲ၌တံမြက်စည်းလှည်းနေသောမောင်တိုးကို
ဒေါ်ဝင်းလှမ်းခေါ်လိုက်သည်။
“အရီး…ဘယ်တုန်း…
ဟိုကလေးမ မျက်နှာမသစ်ဘဲလိုက်လာပြန်တာလား”
“ဘယ်မှမဟုတ်ဘူးဟေ့…
နင့်ဆီကိုလာခဲ့တာ…”
“ဗျာ…ကျုပ်ဆီကို…”
“အေး…နင့်အဘွားကနင်တို့ကို
အိမ်ကိုလာခဲ့ကြဦးလို့ ပြောခိုင်းလိုက်လို့ဟဲ့…”
“သြော်…ဟုတ်ပြီအရီး…ကျုပ်ရေမိုးချိုးပြီးတာနဲ့
ကိုကြီးအုန်းကိုခေါ်ပြီးလာခဲ့မယ်လေ”
“အေး…အေး…ဒါဆိုရင်ငါတို့ပြန်တော့မယ်…
မနက်စာဟင်းကမချက်ရသေးလို့မောင်တိုးရဲ့”
“ဟုတ်ကဲ့အရီး”
ဒေါ်ဝင်းက ခြံပြင်မှမောင်တိုးကို စကားပြောခဲ့ခြင်းပင်။
ပြန်လေတော့ နန်းကြိုင်လေးက မောင်တိုးကိုလျှာထုတ်ကာ
ပြောင်ပြလေရာ မောင်တိုးကတဟားဟားရယ်မော၍
ပြန်ကာပြောင်ပြနေခဲ့သည်။
နေ့လယ်ပိုင်းအချိန်ရောက်တော့
မောင်တိုးနဲ့မောင်အုန်း တို့ဘွားမယ်စိန်အိမ်သို့
ရောက်ချလာခဲ့ကြသည်။
“ဘွားရေ…”
“အရီး…ဗျို့…အရီးဝင်း…”
ခြံတံခါးကိုပိတ်ထားပြီး ခြံဝိုင်းထဲ၌လူရိပ်မတွေ့သောကြောင့်
မောင်တိုးတို့ကအော်ကာခေါ်ကြသည်။
“လာပြီဟဲ့…”
အိမ်အပေါ်ထပ်မှဒေါ်ဝင်းဆင်းလာကာ ခြံတံခါးကို
ဖွင့်ပေးလိုက်သည်။
“အရီး…ဘယ်ရောက်နေကြတာလဲဗျ…
ကျုပ်တို့က
လူရိပ်မတွေ့လို့အော်ခေါ်နေတာ…”
“မိုးလေးအေးတော့မနက်စာစားပြီးတာနဲ့
အိမ်ပေါ်မှသွားလှဲနေကြလို့ပါဟယ်…”
“သြော်…ဒါကြောင့်မတွေ့တာကိုးဗျ…
ဘွားရောအပေါ်မှာပဲလား”
“ဟော…ဟိုမှာဘွားဆင်းလာပြီ”
သူတို့ကွပ်ပျစ်နားသို့မရောက်ခင်ဘွားမယ်စိန်က
အိမ်ပေါ်မှဆင်းလာခဲ့၏။
“လာကြကွဲ့…ကွပ်ပျစ်မှာပဲထိုင်ကြတာပေါ့”
“ဟုတ်ကဲ့ဘွား…”
မောင်တိုးတို့လည်း ဘွားမယ်စိန်နဲ့အတူ
ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြသည်။
“မောင်ရင်တို့ညနေမှလာမယ်ထင်နေတာ…
ဒါကြောင့်ဘွားတို့သားအမိတွေ
အိမ်ပေါ်တက်အိပ်နေကြတာကွဲ့…”
“ကျုပ်သဘောဆိုမနက်ရေချိုးပြီးကတည်းက
လာတယ်ဘွားရဲ့…
ဒီကိုကြီးအုန်းပေါ့ဗျာ…
သူ့ရည်းစား မနုယဉ်အိမ်မှာ ထင်းသွားခွဲပေးနေတော့
သူ့စောင့်နေရတာဗျ”
ဟု…ပြောတော့ မောင်အုန်းက
မောင်တိုး၏ပေါင်ကိုလက်သီးလေးဆုပ်ကာထိုးလိုက်ပြီး…
“မင်းကလည်းကွာ…”
ဟု…ပြောလေသည်။
ဘွားမယ်စိန်ကတော့ပြုံးလို့နေ၏။
ထိုအချိန် ဒေါ်ဝင်းက လက်ဖက်ပန်းကန်နဲ့ရေနွေးအကြမ်းအိုးလေးကိုယူကာ ကွပ်ပျစ်ဆီရောက်လာလေတော့
မောင်တိုးကဝိုင်းကူနေရာချပေးရှာသည်။
ရေနွေးပန်းကန်များထဲသို့လည်းအကြမ်းရည်ကို
ငှဲ့ကာပေးထားလေသည်။
ဘွားမယ်စိန်ကိုအကြမ်းရေတစ်ခွက်ကမ်းကာပေးလေတော့
ဘွားမယ်စိန်က မောင်တိုးလက်ထဲက
အကြမ်းရည်ခွက်ကိုယူရင်း…
“ဘွားက မောင်ရင်တို့ကိုပြောစရာရှိလို့
ခေါ်ခိုင်းလိုက်တာကွဲ့…”
ဟုပြောလေတော့…
“ဟုတ်…ပြောပါ ဘွား”
“အင်း…ဘွားတို့သုံးယောက် မနက်ဖြန်မိုးလင်းတာနဲ့
ရွာသစ်ရွာရဲ့ အနောက်ဘက်မှာရှိတဲ့
စေတီဟောင်းဆီကိုသွားကြရမယ်ကွဲ့…”
“ရွာသစ်ရွာအနောက်ဘက်ကစေတီဟောင်း…
အဲ့သည်ကိုကျုပ်တို့က ဘာသွားလုပ်ကြမှာလဲဘွားရဲ့…”
“ဒါက…ဒီလိုကွဲ့…………….”
ဘွားမယ်စိန်က သူ၏အိမ်မက်အတွင်းသို့
လာရောက်သွားသော
ဥစ္စာစောင့်မလေး၏အကူအညီတောင်းပုံကို
မောင်တိုးတို့အားပြောပြလေသည်။
ဒေါ်ဝင်းကလည်းအကြမ်းရည်လေးသောက်ရင်းမှ
နားထောင်နေခဲ့၏။
“ဘွားပြောတာဟုတ်မယ်ဗျ…
အဲ့သည်နားတဝိုက်မှာသိုက်ရှိတယ်လို့
လူပြောများတယ်လေ”
“အင်း…ဒါ့ကြောင့်မတော်လောဘသားတွေရဲ့
မျက်စိကျတာကိုခံရတာပေါ့…
အခုကိစ္စမှာလည်း သူတို့သိုက်စောင့်တွေ
မနိုင်မှဘွားက ဝင်ကူတိုက်ပေးမှာပါ…
သူတို့နိုင်တဲ့လူတွေဆိုရင်တော့
ဒီအတိုင်းပဲရပ်ကြည့်နေကြယုံပေါ့ကွယ်…”
“ဟုတ်ကဲ့ဘွား…လူလူချင်းဆိုရင်တော့
ကျုပ်တို့လည်းကူနိုင်ပါတယ်ဗျာ…”
“အေး…အေး…ဒါဖြင့်မနက်ဖြန်အာရုံမတက်ခင်
ဘွားတို့အရောက်သွားကြတာပေါ့…
ရွာသစ်ထဲကတော့ဖြတ်သွားလို့မဖြစ်ဘူးကွဲ့…
တော်နေလူတွေသိကုန်ရင်
သိုက်ဆရာတွေသတိထားမိသွားနိုင်တယ်…
ဒီတော့ရွာပြင်လမ်းကနေပဲ ပတ်သွားကြတာပေါ့ကွယ်…”
“အဲ့သည်လိုသွားတာပဲကောင်းပါတယ်ဘွား”
ဒီလိုဖြင့်မောင်တိုးတို့ကို ပြောသင့်ပြောထိုက်သည်များ
ပြောပြီးနောက် အကြမ်းရည်လေးသောက်…
လက်ဖက်လေးစားဖြင့်စကားဝိုင်းကတိတ်ဆိတ်သွားခဲ့သည်။
ဒေါ်ဝင်းကစကားပြန်စလေမှ မောင်တိုးတို့မှာဒေါ်ဝင်းနဲ့
စကားကျသွားပြန်သည်။
****************************
နောက်တစ်နေ့နံနက်၌
အာရုံမတက်ခင်အစောကြီးထ၍
မောင်တိုးနဲ့မောင်အုန်းကဘွားမယ်စိန်ကိုလာခေါ်ကြသည်။
မောင်တိုးကနွားလှည်းကို ရွာသစ်ရွာအပြင်မှ
ပတ်၍မောင်းခဲ့၏။
ရွာသစ်ရွာအနောက်ဘက်ရှိ စေတီဟောင်းသည်
ရှေးခေတ်ဘုရားဟောင်းတစ်ဆူပင်ဖြစ်ပြီး
ပြုပြင်ခြင်းမရှိ၍ ယိုယွင်းပျက်စီးလို့နေလေသည်။
ထိုစေတီဟောင်းအနီး၌ ခြုံနွယ်ပိတ်ပေါင်းများကထူထပ်လို့နေပြီး စေတီ၏အရှေ့ဘက်ဆီ၌က လယ်ကွင်းများရှိနေခဲ့၏။
ဘွားမယ်စိန်တို့နွားလှည်းလေးကို
ခြုံပင်များနှင့်ကွယ်ကာရပ်နားထားသည်။
“ဒီကောင်တွေလာရင် လယ်တောလမ်းက
လာဖို့ပဲရှိတယ်ဘွား…ကျုပ်တို့ကိုမမြင်အောင်ခြုံကွယ်မှာ
နေဖို့ပဲလိုတယ်…”
ဟု…ပြောသောမောင်အုန်း၏စကားအတိုင်း
နွားလှည်းရပ်ထားကြခြင်းဖြစ်သည်။
နေ့လယ်ရောက်တော့ ဒေါ်ဝင်းထည့်ပေးလိုက်သော
ထမင်းနဲ့ဟင်းကိုစားကြရသည်။
ရွာအပြင်ပေမို့လူသွားလူလာကနည်း၏။
ဘွားမယ်စိန်ကတော့အရိပ်ရသောအပင်အောက်၌ထိုင်ကာ
ပုတီးစိပ်နေခဲ့ပြီး မောင်တိုးနဲ့မောင်အုန်းတို့လည်း
တစ်နေကုန်လုံးစကားများပြောရင်း
အချိန်ဖြုန်းနေခဲ့ကြရ၏။
ညမိုးချုပ်လာတော့ မီးလည်းထွန်းဖို့က
အဆင်မပြေကြ၍ခြင်များက ကိုက်လှသည်။
ခြင်ကိုက်ခြင်းကိုကြိတ်မှိတ်သည်းခံကာနေရင်း
စေတီဟောင်းပတ်ဝန်းကျင်ကိုလည်း
သတိဖြင့်လှမ်းကြည့်နေကြရ၏။
“ဘွား…ဟိုမှာမီးတုတ်တစ်ချောင်းနဲ့လူသုံးယောက်
စေတီဘက်ကိုလာနေကြတယ်ဗျ”
မောင်တိုးကလေသံတိုးတိုးနဲ့သတိပေးလေရာ
ဘွားမယ်စိန်တို့လှမ်းကြည့်သောအခါ အမှန်ပင်
လယ်ကန်သင်းအတိုင်းလမ်းလျှောက်လာကြသည့်
လူသုံးယောက်ကိုမြင်လိုက်ကြရ၏။
ဘွားမယ်စိန်လည်းခြုံအကွယ်မှတောင်ဝှေးကြီးကိုထောက်၍ရပ်ကြည့်နေပြီး
မောင်တိုးနဲ့မောင်အုန်းတို့ကလည်း
ဓားရှည်တစ်ချောင်းဆီကို
လက်မှကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကြလေသည်။
“လာကြဟေ့…”
လူသုံးယောက်အနက်မှ ဆရာဖြစ်ဟန်တူသူက
ကန်တော့ပွဲများပိုက်လာသောသူ၏
တပည့်များကိုခေါ်လိုက်သည်။
ကန်တော့ပွဲတွေပေး…အစီအရင်ဖယောင်းတိုင်တွေကို
စေတီ၏အခြေမှာထွန်းညှိ့ပြီး စည်းချလေသည်။
“မင်းတို့နှစ်ယောက်ဒီစည်းဝိုင်းထဲမှာပဲနေကြရမယ်…
ဘယ်သူခေါ်ခေါ်မထူးရဘူး…
ဘယ်သူဘာလာပြောပြောပြန်မပြောရဘူး…
တစ်ယောက်ယောက်က စားစရာတွေ
လာပေးရင်လည်းမယူရဘူးနော်…
စည်းပေါက်..စည်းကျိုးရင် ငါတို့ဒီနေရာမှာပဲ
သေကုန်ကြမယ်ဆိုတာ မမေ့ကြနဲ့…ကြားရဲ့လားကွ”
“ဟုတ်ကဲ့ဆရာကြီး…”
တပည့်နှစ်ယောက်ကိုစည်းဝိုင်းထဲ၌နေစေပြီး
မှာကြားစရာများကိုမှာကြားလေသည်။
ပြီးနောက်…
“ကိုင်း…ဤစေတီဟောင်းဝန်းကျင်မှာရှိသော
တောစောင့်နတ်…တောင်စောင့်နတ်…ရုက္ခစိုးကြီးများခင်ဗျား…
ကျွန်ုပ်တို့ရဲ့ဥစ္စာသိုက်တူးဖော်သည့်ကိစ္စမှာ
ကူညီစောင့်ရှောက်ပေးကြပါ…
ဒီကိစ္စအောင်မြင်ခဲ့ရင်သင်တို့အတွက်
နတ်နန်းများကိုဆောက်လုပ်ပြီးစားဖွယ်များကို
ဆက်သပေးပါ့မယ်…….
အနှောက်အယှက်များကိုဖယ်ရှားပေးတော်မှုပါ…
ဥုံ………………………….”
ဟုအစချီကာဂါထာများကိုရွတ်ဆိုလေတော့
လေများမိုးများက…
“ဝေါ….”
“ဝူး…”
တဝေါဝေါ…တဝူးဝူးတိုက်ခတ်၍လာတော့သည်။
လေများမိုးများကတစတစပြင်းထန်လာလေတော့
သိုက်ဆရာ၏တပည့်နှစ်ယောက်မှာ
စည်းဝိုင်းထဲ၌ ကြောက်ဒူးများတုန်ရီလို့နေ၏။
“ဟာ…ရေတွေ…ရေတွေလာနေပြီ….
ဆရာကြီး…ရေတွေလာနေပြီ…”
“ကယ်ကြပါဦး….ရေတွေ…အ….
ကယ်ကြပါဦး…”
“ဟာ….”
သိုက်ဆရာ၏တပည့်တစ်ယောက်က
လေများထန်နေပြီးရေလုံးကြီးများပြေးလာသည်ကိုမြင်
လေတော့ ကြောက်လန့်တကြားထွက်ပြေးလေသည်။
သိုက်ဆရာမှာအတော်လေးထိတ်လန့်သွားတော့၏။
“လွတ်ရာပြေးကြဟေ့…”
“ဟီးးးးးးဟီးးးးးးဟီးးးးးးဟီးးးးး”
“ဟားးး….ဟားးး…ဟားးး…ဟားးး…”
သူတို့သုံးဦးရေများကြားထဲ၌ မျောပါသွားကြပြီး
ကူးပါသော်လည်းရေအားကအတော်များနေ၍အရာမထင်ခဲ့။
ထိုကြားထဲ တဟီးဟီး…တဟားဟားရယ်မောသံကြီးများကိုပါနား၌အတိုင်းသားကြားကြ ရပြန်၏။
နောက်ဆုံး၌ရေထဲတွင်ကူးရတာခြေကုန်လက်ပန်းကျပြီး
စုံးစုံးမြုပ်ကာသွားတော့၏။
အခြေအနေကိုလှမ်းကာကြည့်နေသော
မောင်တိုးနဲ့မောင်အုန်းမှာက
မျက်လုံးအပြူးသားဖြစ်နေကြသည်။
“ဘွား…ဟိုလူတွေဘာတွေအော်နေတာလဲဗျ…
နောက်ပြီးရေလည်းမရှိဘဲ…ဘာလို့ရေတွေလာနေပြီလို့
အသားကုန်အော်ပြီး
မြေပြင်မှာကူးခတ်နေကြရတာလဲ…”
ဘွားမယ်စိန်ကမြေပြင်၌ငြိမ်သက်ကာလဲကျနေသော
သိုက်ဆရာနဲ့သူ၏တပည့်များကိုကြည့်၍…
“ဒင်းတို့ကိုသိုက်ကဒဏ်ခတ်တာကွဲ့…
သိုက်စောင့်တွေက သူတို့အမြင်ကိုလှည့်စားပြီး
စည်းကျိုးအောင်လုပ်လိုက်တာ….
စည်းလည်းကျိုးရော မြေပြင်ကိုရေထင်ပြီး
ကူးကြရတာပေါ့…”
“ဟာ…အဲ့သည်လိုလားဗျ…
ဒါဆိုဒီလူတွေသေကုန်ပြီလား ဘွား”
“ဒါပေါ့ကွယ်…မောင်ရင်တို့
မယုံရင်သွားကြည့်လိုက်ကြ…
ဘုရားသိုက်တို့ဥစ္စာသိုက်တို့ကို
မတော်လောဘနဲ့လာတူးရင် သိုက်စောင့်တွေဘက်က
ခွင့်မလွှတ်ကြဘူး”
ဘွားမယ်စိန်စကားကြောင့်
မောင်တိုးနဲ့မောင်အုန်းကအပြေးသွားကြည့်ကြသည်။
ပြီးနောက်ပြန်လှည့်ပြေးလာကြပြီး…
“ဘွား…မျက်နှာကြီးတွေက ကြောက်စရာကြီးဗျ…
ပါးစပ်ကြီးတွေဟ..မျက်လုံးကြီးတွေ
ပြူးပြီးကိုသေနေကြတာ…”
မောင်တိုးစကားကိုဘွားမယ်စိန်က
ခေါင်းလေးညိတ်ရင်းမှ…
“အင်း…ဒါဆိုအခုကိစ္စမှာဘွားတို့ကူစရာမလိုတော့ဘူး…
ဒီတော့ရွာသူကြီးဥိးမျိုးသစ်ကိုဝင်အကြောင်းကြားပြီး
ဒီအလောင်းတွေကိုမြုပ်ခိုင်းရမယ်
ပြီးရင်တော့ ဘွားတို့လည်းရွာကိုပြန်ကြတာပေါ့ကွယ်…”
“ဟုတ်ကဲ့ဘွား…”
ဒီလိုဖြင့်ညသန်းခေါင်အချိန်ကြီး၌
ဘွားမယ်စိန်တို့လည်း စေတီဟောင်းဆီမှပြန်လာခဲ့ကြပြီး
ရွာသစ်ရွာထဲသို့ဝင်ကာ ရွာသစ်ရွာ၏သူကြီးဦးမျိုးသစ်ကို
အကြောင်းကြားရ၏။
ရွာသူကြီးဦးမျိုးသစ်ကလည်းဘွားမယ်စိန်ကိုလေးစား
ရိုသေသူပီပီ…သူကြည့်၍စီစဉ်ပေးပါ့မယ်ပြော၍
ဘွားမယ်စိန်တို့လည်းအာရုံမတက်ခင်ရွာသို့
ပြန်ရောက်လာကြတော့သည်။
မောင်တိုးနဲ့မောင်အုန်းတို့လည်းသူတို့၏အိမ်သို့ပြန်သွားချိန်ဘွားမယ်စိန်ကခြေရေ၊လက်ရေများဆေးကြောပြီး
အိပ်ရာထဲ၌တရေးဝင်ကာအိပ်လိုက်၏။
ထိုသို့အိပ်ပျော်သွားစဉ်
ဘွားမယ်စိန်၏အိမ်မက်ထဲသို့
ဥစ္စာစောင့်မလေးရောက်လာပြီး…
“ဘွားတို့ရောက်လာတာကိုကျွန်မတို့မြင်ပါတယ်…
သိုက်ဆရာတွေစည်းပေါက်သွားလို့ကျွန်မတို့ဘက်က
အနိုင်ရခဲ့ပေမယ့် ကျွန်မတို့ကိုကူညီဖို့လာပေးတဲ့အတွက်
ကျေးဇူးတင်ကြောင်းလာပြောတာပါ….
နောက်ပြီးမနက်ဖြန်သန်းခေါင်ကျရင်ကျွန်မတို့
သိုက်လည်းနေရာပြောင်းတော့မှာမလို့
ဘွားကိုလာနှုတ်ဆက်တာပါရှင်…”
ဟု…နှုတ်ဆက်စကားများ…
ကျေးဇူးတင်စကားများပြောသွားခဲ့လေသည်။
ထိုသို့ဖြင့်ရွာသစ်ရွာရဲ့စေတီဟောင်းအနီး၌
သေဆုံးနေသောသိုက်ဆရာများအကြောင်းကလည်း
သတင်းပျံ့လွှင့်လို့လာခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းကလည်းသူတို့တွေ့မြင်ခဲ့ရသည့်
သိုက်ဆရာတွေရဲ့အဖြစ်အပျက်အစ…အဆုံးကို
ပြန်လည်ပြောပြလေရာ
ရွာကာလသားများနဲ့ရွာသူ.တို့မှာ
တအံ့တသြဖြစ်လို့နေကြသည်။
ဒီလိုဖြင့် ဘွားမယ်စိန်နှင့်စေတီဟောင်းမှဥစ္စာစောင့်
စာမူလေးပြီးဆုံးသွားပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

ေစတီေဟာင္းမွဥစၥာေစာင့္(စ/ဆံုး)
—————————————-
မိုးသည္မြန္းတည့္ခ်ိန္မွစ၍႐ြာသြန္းခဲ့ရာမွ
မိုးစုပ္စုပ္ခ်ဳပ္ေလမွ လုံးဝတိတ္သြားခဲ့၏။
ေသာင္ထြန္းတစ္႐ြာလုံး
တိတ္ဆိတ္ၿငိမ္သက္အိပ္ေမာက်ေနစဥ္…
“ဘြားမယ္စိန္ရွိလားရွင့္…”
ဟုေသာၿခံဝိုင္းအျပင္မွေခၚသံေၾကာင့္
ဘြားမယ္စိန္လည္းအိမ္အေပၚထပ္မွ
မီးခြက္ေလးကိုင္ကာဆင္းလာခဲ့ရသည္။
“ဘယ္သူလဲ”
ဟုေမးရင္း မိုး႐ြာထားေသာေၾကာင့္စိုစြတ္ေနေသာ
ေျမသားကိုနင္းေလွ်ာက္ရင္း ၿခံတံခါးအနီးသို႔ေရာက္လာခဲ့၏။
ၿခံတံခါးဆီေရာက္ေတာ့အျပင္၌ရပ္ေနသူကို
ျမင္ရေသာအခါ…
“ကေလးမ…ညည္းကဘယ္သူတုန္း”
ဟု…ေမးလိုက္သည္။
ၿခံျပင္၌ရွိေသာမိန္းကေလးသည္႐ုပ္ရည္ေခ်ာေမာ၏။
“ဘြားဆီကိုကြၽန္မအကူအညီေတာင္းခ်င္လို႔လာခဲ့တာပါ”
ဟု…ေျပာေသာထိုမိန္းကေလး၏အသံသည္က
ခ်ိဳသာလြန္းလွေပသည္။
ဘြားမယ္စိန္က မိန္းကေလးကိုေသခ်ာၾကည့္ၿပီး
“ေကာင္းၿပီေလ…ဝင္ခဲ့ပါ…”
ဟုေျပာကာ ၿခံတံခါးကိုဖြင့္ေပးလိုက္သည္။
မိန္းကေလးကလည္းအိမ္ဝိုင္းထဲသို႔ဝင္လိုက္လာခဲ့သည္။
မိန္းကေလးဆီကေမႊးပ်ံ႕ေသာ ရနံ႔ကိုလည္း
ဘြားမယ္စိန္ရႈရႈိက္မိ၏။
မိုးခ်ဳပ္ေနေသာ္လည္း ဘြားမယ္စိန္ထြန္းထားေသာ
မီးခြက္အလင္းထက္ ပတ္ဝန္းက်င္ကအလင္းရေနခဲ့သည္။
ကြပ္ပ်စ္ခင္း၌ ဝင္ထိုင္လိုက္ၾကသည္ႏွင့္…
“ကဲ…ေျပာ ဘယ္ကေနဒီကိုေရာက္လာခဲ့တာလဲ”
“အေမႀကီး…ကြၽန္မက ႐ြာသစ္႐ြာအေနာက္ဖက္
ေစတီေဟာင္းနားက ဥစၥာေစာင့္ပါ…”
“ေအး…ညည္းကိုျမင္တာနဲ႔ ဘြားက
ဥစၥာေစာင့္မွန္းသိပါတယ္…”
“ဟုတ္ကဲ့…ကြၽန္မအခုလာရတာကလည္း
ကြၽန္မတို႔သိုက္အတြက္အေႏွာက္အယွက္ေပၚလာလို႔ပါ…
အထက္ကလည္းဒီရက္ပိုင္းအတြင္းသိုက္ေနရာေျပာင္းေ႐ြ႕ဖို႔
အမိန႔္ခ်ထားပါတယ္အေမႀကီး”
“ဘယ္လိုအေႏွာက္ယွက္ေတြရွိေနလို႔လဲ”
“ကြၽန္မတို႔သိုက္ေနရာကို သဘက္ခါက်
သိုက္ဆရာေတြ ေရာက္လာေတာ့မယ္အေမႀကီး…
ဒင္းတို႔ကကြၽန္မတို႔သိုက္ပစၥည္းေတြကိုမေတာ္ေလာဘနဲ႔
လာတူးၾကသူေတြမလို႔…ဒင္းတို႔ကိုတိုက္ထုတ္ပစ္ဖို႔က
ကြၽန္မတို႔အျပင္အေမႀကီးကိုပါ
အကူအညီေတာင္းခ်င္လို႔ပါအေမႀကီးရယ္…”
“အင္း…ေလာဘသားေတြကေပၚလာျပန္တာကိုး…
စိတ္ခ်ေအ…သဘက္ခါမိုးလင္းတာနဲ႔
ညည္းတို႔သိုက္နဲ႔မနီးမေဝးမွာ
အေမႀကီးတို႔အေရာက္လာေပးမယ္…
ဘာမွစိတ္မပူၾကနဲ႔”
“ေက်းဇူးတင္ပါတယ္အေမႀကီးရယ္…
ဒါဆိုရင္ကြၽန္မျပန္ပါဦးမယ္…”
“ေအး…ေအး…ေအး…”
မိန္းကေလးက ဘြားမယ္စိန္ကိုႏႈတ္ဆက္ၿပီး
ျပန္သြားခဲ့သည္။
ဘြားမယ္စိန္ကထိုမိန္းကေလး၏ေက်ာျပင္ကိုေငးၾကည့္ရင္း
ကြပ္ပ်စ္ခင္း၌ထိုင္ၿမဲအတိုင္းထိုင္ေနေလသည္။
ေနာက္တစ္ေန႔နံနက္ခင္း၌…
“အေမ…ဒီမွာေကာက္ညႇင္းေပါင္းေလးနဲ႔
ပဲေၾကာ္ေလး နံနက္စာျပင္ေပးထားတယ္”
“ေအး…ေအး…ေအး…”
ဘြားမယ္စိန္က ကြပ္ပ်စ္ခင္း၌တည္ခင္းေပးထားေသာ
ေဒၚဝင္းျပင္ဆင္ေပးထားသည့္ နံနက္စာကို
မစားျဖစ္ေသးဘဲ အေတြးမ်ားေနခဲ့ေပသည္။
သူ၏အေတြးသည္ ညကအိမ္မက္အတြင္းလာေရာက္သြားေသာ
ဥစၥာေစာင့္မေလး၏အေၾကာင္းပင္။
“အေမ…စားေတာ့ေလ…
က်ဳပ္ငွဲ႔ေပးထားတဲ့ေရေႏြးၾကမ္းေတြေတာင္ေအးကုန္ၿပီ
အေမရဲ႕…”
ေဒၚဝင္းကသတိေပးေလေတာ့မွ…
“ေအးပါမိဝင္းရယ္…
စားမွာပါဟဲ့…”
ဟု…ဘြားမယ္စိန္ကျပန္ကာေျပာသည္။
ေကာက္ညႇင္းေပါင္းနဲ႔အေၾကာ္ကိုေရာ၍စားရင္း
အၾကမ္းရည္ေလးကိုေသာက္၏။
စားလို႔ၿပီးခ်ိန္၌…
“ဒီေန႔ညည္း႐ြာထဲသြားဦးမွာလား”
ဟု…အနီး၌ထိုင္ကာ ကန္စြန္း႐ြက္ေႁခြေနေသာ
ေဒၚဝင္းကိုေမးလိုက္ျပန္သည္။
“အေမက က်ဳပ္ကိုဘာခိုင္းခ်င္လို႔လဲ”
“ညည္း႐ြာထဲသြားျဖစ္ရင္…ညည္းတူေမာင္တိုးတို႔ကို
အိမ္လာခဲ့ၾကဖို႔ေခၚခိုင္းမလို႔ေလ…”
“ဒါမ်ားအေမရယ္…
ခါတိုင္းလည္းမႀကဳံရင္ေတာင္သြားေခၚေနတာပဲ…
က်ဳပ္သြားေခၚေပးပါ့မယ္….
ဒါနဲ႔ခရီးထြက္ဖို႔ရွိလို႔လားအေမ”
“ေအး…ရွိတယ္လို႔ေျပာရမွာေပါ့…”
“ဒါျဖင့္…က်ဳပ္ထမင္းအိုးခ်ၿပီးတာနဲ႔
သြားေခၚေပးမယ္အေမ…”
“ေအး…ေအး…ေအး…”
ဘြားမယ္စိန္သည္ ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကို
မီးတို႔လိုက္ၿပီး အေငြ႕မ်ားတဖြားဖြားထြက္သည္အထိ
ဖြာရႈိက္လိုက္ေတာ့သည္။
ၿပီးေနာက္ မည္သည့္စကားမွဆက္မေျပာေတာ့ဘဲ
သူ႔အေတြးျဖင့္သူေနရွာ၏။
ေဒၚဝင္းသည္လည္းကန္စြန္း႐ြက္မ်ားထည့္ထားေသာ
စေကာကိုယူ၍ မီးဖိုထဲသို႔ဝင္သြားေတာ့သည္။
နန္းႀကိဳင္ေလးသည္က အိပ္ရာႏိုးလာ၍
အိမ္အေပၚထပ္မွဆင္းလာၿပီး မ်က္ႏွာသစ္ဖို႔ျပင္ဆင္ေနခဲ့သည္။
“အေမ…”
“ေဟ…”
“သမီးဗိုက္ဆာၿပီ…”
“ဗိုက္ဆာရင္လာေလ…
မ်က္ႏွာကိုတဘက္နဲ႔ေသခ်ာသုတ္ဦး…
ၿပီးရင္မီးဖိုထဲလာခဲ့…”
“ဟုတ္…”
မ်က္ႏွာကိုတဘက္ျဖင့္သုတ္ၿပီးသည္ႏွင့္
နန္းႀကိဳင္လည္းမီးဖိုထဲဝင္သြားေတာ့သည္။
မီးဖိုထဲရွိသစ္သားစားပြဲဝိုင္းေလးေပၚတြင္တင္ထားေသာ
ေကာက္ညႇင္းေပါင္းနဲအေၾကာ္ပန္းကန္ကိုျမင္ေတာ့…
“အေမ…ဘြားက စားၿပီးၿပီလား”
“ညည္းဘြားက အခုေလးတင္ စားၿပီးၿပီ…
အဲ့တာသမီးဖို႔…စားစား”
“အေမေရာ…စားၿပီးၿပီလား”
“အေမက စားၿပီးတာၾကာေပါ့…
ဒါနဲ႔သမီးကိုမွာထားရဦးမယ္…
ညည္းဘြားနားကိုမသြားနဲ႔ဦးေနာ္…
ညည္းဘြားကိုၾကည့္ရတာ
အေတြးေတြမ်ားေနပုံရတယ္သမီးရဲ႕…
ဒါ့ေၾကာင့္ကိုယ့္ဘာသာေနေနာ္….
ေတာ္ေနငါ့သမီးကိုအဆူခံထိမွာစိုးတယ္”
“ဟုတ္ကဲ့အေမ”
နန္းႀကိဳင္ေလးက ေကာက္ညႇင္းေပါင္းနဲ႔
အေၾကာ္မ်ားကိုပလုတ္ပေလာင္းစားရင္းေျဖသည္။
ထမင္းအိုးခ်ၿပီးသည္ႏွင့္ေဒၚဝင္းက
နန္းႀကိဳင္ေလးကိုေခၚကာ ေမာင္တိုးတို႔အိမ္ဆီကို
ထြက္လာခဲ့၏။
“ဟဲ့…ေမာင္တိုး…”
ပုဆိုးကိုတိုတိုဝတ္ကာ
ၿခံဝိုင္းထဲ၌တံျမက္စည္းလွည္းေနေသာေမာင္တိုးကို
ေဒၚဝင္းလွမ္းေခၚလိုက္သည္။
“အရီး…ဘယ္တုန္း…
ဟိုကေလးမ မ်က္ႏွာမသစ္ဘဲလိုက္လာျပန္တာလား”
“ဘယ္မွမဟုတ္ဘူးေဟ့…
နင့္ဆီကိုလာခဲ့တာ…”
“ဗ်ာ…က်ဳပ္ဆီကို…”
“ေအး…နင့္အဘြားကနင္တို႔ကို
အိမ္ကိုလာခဲ့ၾကဦးလို႔ ေျပာခိုင္းလိုက္လို႔ဟဲ့…”
“ေၾသာ္…ဟုတ္ၿပီအရီး…က်ဳပ္ေရမိုးခ်ိဳးၿပီးတာနဲ႔
ကိုႀကီးအုန္းကိုေခၚၿပီးလာခဲ့မယ္ေလ”
“ေအး…ေအး…ဒါဆိုရင္ငါတို႔ျပန္ေတာ့မယ္…
မနက္စာဟင္းကမခ်က္ရေသးလို႔ေမာင္တိုးရဲ႕”
“ဟုတ္ကဲ့အရီး”
ေဒၚဝင္းက ၿခံျပင္မွေမာင္တိုးကို စကားေျပာခဲ့ျခင္းပင္။
ျပန္ေလေတာ့ နန္းႀကိဳင္ေလးက ေမာင္တိုးကိုလွ်ာထုတ္ကာ
ေျပာင္ျပေလရာ ေမာင္တိုးကတဟားဟားရယ္ေမာ၍
ျပန္ကာေျပာင္ျပေနခဲ့သည္။
ေန႔လယ္ပိုင္းအခ်ိန္ေရာက္ေတာ့
ေမာင္တိုးနဲ႔ေမာင္အုန္း တို႔ဘြားမယ္စိန္အိမ္သို႔
ေရာက္ခ်လာခဲ့ၾကသည္။
“ဘြားေရ…”
“အရီး…ဗ်ိဳ႕…အရီးဝင္း…”
ၿခံတံခါးကိုပိတ္ထားၿပီး ၿခံဝိုင္းထဲ၌လူရိပ္မေတြ႕ေသာေၾကာင့္
ေမာင္တိုးတို႔ကေအာ္ကာေခၚၾကသည္။
“လာၿပီဟဲ့…”
အိမ္အေပၚထပ္မွေဒၚဝင္းဆင္းလာကာ ၿခံတံခါးကို
ဖြင့္ေပးလိုက္သည္။
“အရီး…ဘယ္ေရာက္ေနၾကတာလဲဗ်…
က်ဳပ္တို႔က
လူရိပ္မေတြ႕လို႔ေအာ္ေခၚေနတာ…”
“မိုးေလးေအးေတာ့မနက္စာစားၿပီးတာနဲ႔
အိမ္ေပၚမွသြားလွဲေနၾကလို႔ပါဟယ္…”
“ေၾသာ္…ဒါေၾကာင့္မေတြ႕တာကိုးဗ်…
ဘြားေရာအေပၚမွာပဲလား”
“ေဟာ…ဟိုမွာဘြားဆင္းလာၿပီ”
သူတို႔ကြပ္ပ်စ္နားသို႔မေရာက္ခင္ဘြားမယ္စိန္က
အိမ္ေပၚမွဆင္းလာခဲ့၏။
“လာၾကကြဲ႕…ကြပ္ပ်စ္မွာပဲထိုင္ၾကတာေပါ့”
“ဟုတ္ကဲ့ဘြား…”
ေမာင္တိုးတို႔လည္း ဘြားမယ္စိန္နဲ႔အတူ
ကြပ္ပ်စ္ခင္း၌ဝင္ထိုင္ၾကသည္။
“ေမာင္ရင္တို႔ညေနမွလာမယ္ထင္ေနတာ…
ဒါေၾကာင့္ဘြားတို႔သားအမိေတြ
အိမ္ေပၚတက္အိပ္ေနၾကတာကြဲ႕…”
“က်ဳပ္သေဘာဆိုမနက္ေရခ်ိဳးၿပီးကတည္းက
လာတယ္ဘြားရဲ႕…
ဒီကိုႀကီးအုန္းေပါ့ဗ်ာ…
သူ႔ရည္းစား မႏုယဥ္အိမ္မွာ ထင္းသြားခြဲေပးေနေတာ့
သူ႔ေစာင့္ေနရတာဗ်”
ဟု…ေျပာေတာ့ ေမာင္အုန္းက
ေမာင္တိုး၏ေပါင္ကိုလက္သီးေလးဆုပ္ကာထိုးလိုက္ၿပီး…
“မင္းကလည္းကြာ…”
ဟု…ေျပာေလသည္။
ဘြားမယ္စိန္ကေတာ့ၿပဳံးလို႔ေန၏။
ထိုအခ်ိန္ ေဒၚဝင္းက လက္ဖက္ပန္းကန္နဲ႔ေရေႏြးအၾကမ္းအိုးေလးကိုယူကာ ကြပ္ပ်စ္ဆီေရာက္လာေလေတာ့
ေမာင္တိုးကဝိုင္းကူေနရာခ်ေပးရွာသည္။
ေရေႏြးပန္းကန္မ်ားထဲသို႔လည္းအၾကမ္းရည္ကို
ငွဲ႔ကာေပးထားေလသည္။
ဘြားမယ္စိန္ကိုအၾကမ္းေရတစ္ခြက္ကမ္းကာေပးေလေတာ့
ဘြားမယ္စိန္က ေမာင္တိုးလက္ထဲက
အၾကမ္းရည္ခြက္ကိုယူရင္း…
“ဘြားက ေမာင္ရင္တို႔ကိုေျပာစရာရွိလို႔
ေခၚခိုင္းလိုက္တာကြဲ႕…”
ဟုေျပာေလေတာ့…
“ဟုတ္…ေျပာပါ ဘြား”
“အင္း…ဘြားတို႔သုံးေယာက္ မနက္ျဖန္မိုးလင္းတာနဲ႔
႐ြာသစ္႐ြာရဲ႕ အေနာက္ဘက္မွာရွိတဲ့
ေစတီေဟာင္းဆီကိုသြားၾကရမယ္ကြဲ႕…”
“႐ြာသစ္႐ြာအေနာက္ဘက္ကေစတီေဟာင္း…
အဲ့သည္ကိုက်ဳပ္တို႔က ဘာသြားလုပ္ၾကမွာလဲဘြားရဲ႕…”
“ဒါက…ဒီလိုကြဲ႕…………….”
ဘြားမယ္စိန္က သူ၏အိမ္မက္အတြင္းသို႔
လာေရာက္သြားေသာ
ဥစၥာေစာင့္မေလး၏အကူအညီေတာင္းပုံကို
ေမာင္တိုးတို႔အားေျပာျပေလသည္။
ေဒၚဝင္းကလည္းအၾကမ္းရည္ေလးေသာက္ရင္းမွ
နားေထာင္ေနခဲ့၏။
“ဘြားေျပာတာဟုတ္မယ္ဗ်…
အဲ့သည္နားတဝိုက္မွာသိုက္ရွိတယ္လို႔
လူေျပာမ်ားတယ္ေလ”
“အင္း…ဒါ့ေၾကာင့္မေတာ္ေလာဘသားေတြရဲ႕
မ်က္စိက်တာကိုခံရတာေပါ့…
အခုကိစၥမွာလည္း သူတို႔သိုက္ေစာင့္ေတြ
မႏိုင္မွဘြားက ဝင္ကူတိုက္ေပးမွာပါ…
သူတို႔ႏိုင္တဲ့လူေတြဆိုရင္ေတာ့
ဒီအတိုင္းပဲရပ္ၾကည့္ေနၾကယုံေပါ့ကြယ္…”
“ဟုတ္ကဲ့ဘြား…လူလူခ်င္းဆိုရင္ေတာ့
က်ဳပ္တို႔လည္းကူႏိုင္ပါတယ္ဗ်ာ…”
“ေအး…ေအး…ဒါျဖင့္မနက္ျဖန္အာ႐ုံမတက္ခင္
ဘြားတို႔အေရာက္သြားၾကတာေပါ့…
႐ြာသစ္ထဲကေတာ့ျဖတ္သြားလို႔မျဖစ္ဘူးကြဲ႕…
ေတာ္ေနလူေတြသိကုန္ရင္
သိုက္ဆရာေတြသတိထားမိသြားႏိုင္တယ္…
ဒီေတာ့႐ြာျပင္လမ္းကေနပဲ ပတ္သြားၾကတာေပါ့ကြယ္…”
“အဲ့သည္လိုသြားတာပဲေကာင္းပါတယ္ဘြား”
ဒီလိုျဖင့္ေမာင္တိုးတို႔ကို ေျပာသင့္ေျပာထိုက္သည္မ်ား
ေျပာၿပီးေနာက္ အၾကမ္းရည္ေလးေသာက္…
လက္ဖက္ေလးစားျဖင့္စကားဝိုင္းကတိတ္ဆိတ္သြားခဲ့သည္။
ေဒၚဝင္းကစကားျပန္စေလမွ ေမာင္တိုးတို႔မွာေဒၚဝင္းနဲ႔
စကားက်သြားျပန္သည္။
****************************
ေနာက္တစ္ေန႔နံနက္၌
အာ႐ုံမတက္ခင္အေစာႀကီးထ၍
ေမာင္တိုးနဲ႔ေမာင္အုန္းကဘြားမယ္စိန္ကိုလာေခၚၾကသည္။
ေမာင္တိုးကႏြားလွည္းကို ႐ြာသစ္႐ြာအျပင္မွ
ပတ္၍ေမာင္းခဲ့၏။
႐ြာသစ္႐ြာအေနာက္ဘက္ရွိ ေစတီေဟာင္းသည္
ေရွးေခတ္ဘုရားေဟာင္းတစ္ဆူပင္ျဖစ္ၿပီး
ျပဳျပင္ျခင္းမရွိ၍ ယိုယြင္းပ်က္စီးလို႔ေနေလသည္။
ထိုေစတီေဟာင္းအနီး၌ ၿခဳံႏြယ္ပိတ္ေပါင္းမ်ားကထူထပ္လို႔ေနၿပီး ေစတီ၏အေရွ႕ဘက္ဆီ၌က လယ္ကြင္းမ်ားရွိေနခဲ့၏။
ဘြားမယ္စိန္တို႔ႏြားလွည္းေလးကို
ၿခဳံပင္မ်ားႏွင့္ကြယ္ကာရပ္နားထားသည္။
“ဒီေကာင္ေတြလာရင္ လယ္ေတာလမ္းက
လာဖို႔ပဲရွိတယ္ဘြား…က်ဳပ္တို႔ကိုမျမင္ေအာင္ၿခဳံကြယ္မွာ
ေနဖို႔ပဲလိုတယ္…”
ဟု…ေျပာေသာေမာင္အုန္း၏စကားအတိုင္း
ႏြားလွည္းရပ္ထားၾကျခင္းျဖစ္သည္။
ေန႔လယ္ေရာက္ေတာ့ ေဒၚဝင္းထည့္ေပးလိုက္ေသာ
ထမင္းနဲ႔ဟင္းကိုစားၾကရသည္။
႐ြာအျပင္ေပမို႔လူသြားလူလာကနည္း၏။
ဘြားမယ္စိန္ကေတာ့အရိပ္ရေသာအပင္ေအာက္၌ထိုင္ကာ
ပုတီးစိပ္ေနခဲ့ၿပီး ေမာင္တိုးနဲ႔ေမာင္အုန္းတို႔လည္း
တစ္ေနကုန္လုံးစကားမ်ားေျပာရင္း
အခ်ိန္ျဖဳန္းေနခဲ့ၾကရ၏။
ညမိုးခ်ဳပ္လာေတာ့ မီးလည္းထြန္းဖို႔က
အဆင္မေျပၾက၍ျခင္မ်ားက ကိုက္လွသည္။
ျခင္ကိုက္ျခင္းကိုႀကိတ္မွိတ္သည္းခံကာေနရင္း
ေစတီေဟာင္းပတ္ဝန္းက်င္ကိုလည္း
သတိျဖင့္လွမ္းၾကည့္ေနၾကရ၏။
“ဘြား…ဟိုမွာမီးတုတ္တစ္ေခ်ာင္းနဲ႔လူသုံးေယာက္
ေစတီဘက္ကိုလာေနၾကတယ္ဗ်”
ေမာင္တိုးကေလသံတိုးတိုးနဲ႔သတိေပးေလရာ
ဘြားမယ္စိန္တို႔လွမ္းၾကည့္ေသာအခါ အမွန္ပင္
လယ္ကန္သင္းအတိုင္းလမ္းေလွ်ာက္လာၾကသည့္
လူသုံးေယာက္ကိုျမင္လိုက္ၾကရ၏။
ဘြားမယ္စိန္လည္းၿခဳံအကြယ္မွေတာင္ေဝွးႀကီးကိုေထာက္၍ရပ္ၾကည့္ေနၿပီး
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔ကလည္း
ဓားရွည္တစ္ေခ်ာင္းဆီကို
လက္မွက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားၾကေလသည္။
“လာၾကေဟ့…”
လူသုံးေယာက္အနက္မွ ဆရာျဖစ္ဟန္တူသူက
ကန္ေတာ့ပြဲမ်ားပိုက္လာေသာသူ၏
တပည့္မ်ားကိုေခၚလိုက္သည္။
ကန္ေတာ့ပြဲေတြေပး…အစီအရင္ဖေယာင္းတိုင္ေတြကို
ေစတီ၏အေျခမွာထြန္းညႇိ႔ၿပီး စည္းခ်ေလသည္။
“မင္းတို႔ႏွစ္ေယာက္ဒီစည္းဝိုင္းထဲမွာပဲေနၾကရမယ္…
ဘယ္သူေခၚေခၚမထူးရဘူး…
ဘယ္သူဘာလာေျပာေျပာျပန္မေျပာရဘူး…
တစ္ေယာက္ေယာက္က စားစရာေတြ
လာေပးရင္လည္းမယူရဘူးေနာ္…
စည္းေပါက္..စည္းက်ိဳးရင္ ငါတို႔ဒီေနရာမွာပဲ
ေသကုန္ၾကမယ္ဆိုတာ မေမ့ၾကနဲ႔…ၾကားရဲ႕လားကြ”
“ဟုတ္ကဲ့ဆရာႀကီး…”
တပည့္ႏွစ္ေယာက္ကိုစည္းဝိုင္းထဲ၌ေနေစၿပီး
မွာၾကားစရာမ်ားကိုမွာၾကားေလသည္။
ၿပီးေနာက္…
“ကိုင္း…ဤေစတီေဟာင္းဝန္းက်င္မွာရွိေသာ
ေတာေစာင့္နတ္…ေတာင္ေစာင့္နတ္…႐ုကၡစိုးႀကီးမ်ားခင္ဗ်ား…
ကြၽႏ္ုပ္တို႔ရဲ႕ဥစၥာသိုက္တူးေဖာ္သည့္ကိစၥမွာ
ကူညီေစာင့္ေရွာက္ေပးၾကပါ…
ဒီကိစၥေအာင္ျမင္ခဲ့ရင္သင္တို႔အတြက္
နတ္နန္းမ်ားကိုေဆာက္လုပ္ၿပီးစားဖြယ္မ်ားကို
ဆက္သေပးပါ့မယ္…….
အေႏွာက္အယွက္မ်ားကိုဖယ္ရွားေပးေတာ္မႈပါ…
ဥဳံ………………………….”
ဟုအစခ်ီကာဂါထာမ်ားကို႐ြတ္ဆိုေလေတာ့
ေလမ်ားမိုးမ်ားက…
“ေဝါ….”
“ဝူး…”
တေဝါေဝါ…တဝူးဝူးတိုက္ခတ္၍လာေတာ့သည္။
ေလမ်ားမိုးမ်ားကတစတစျပင္းထန္လာေလေတာ့
သိုက္ဆရာ၏တပည့္ႏွစ္ေယာက္မွာ
စည္းဝိုင္းထဲ၌ ေၾကာက္ဒူးမ်ားတုန္ရီလို႔ေန၏။
“ဟာ…ေရေတြ…ေရေတြလာေနၿပီ….
ဆရာႀကီး…ေရေတြလာေနၿပီ…”
“ကယ္ၾကပါဦး….ေရေတြ…အ….
ကယ္ၾကပါဦး…”
“ဟာ….”
သိုက္ဆရာ၏တပည့္တစ္ေယာက္က
ေလမ်ားထန္ေနၿပီးေရလုံးႀကီးမ်ားေျပးလာသည္ကိုျမင္
ေလေတာ့ ေၾကာက္လန႔္တၾကားထြက္ေျပးေလသည္။
သိုက္ဆရာမွာအေတာ္ေလးထိတ္လန႔္သြားေတာ့၏။
“လြတ္ရာေျပးၾကေဟ့…”
“ဟီးးးးးးဟီးးးးးးဟီးးးးးးဟီးးးးး”
“ဟားးး….ဟားးး…ဟားးး…ဟားးး…”
သူတို႔သုံးဦးေရမ်ားၾကားထဲ၌ ေမ်ာပါသြားၾကၿပီး
ကူးပါေသာ္လည္းေရအားကအေတာ္မ်ားေန၍အရာမထင္ခဲ့။
ထိုၾကားထဲ တဟီးဟီး…တဟားဟားရယ္ေမာသံႀကီးမ်ားကိုပါနား၌အတိုင္းသားၾကားၾက ရျပန္၏။
ေနာက္ဆုံး၌ေရထဲတြင္ကူးရတာေျခကုန္လက္ပန္းက်ၿပီး
စုံးစုံးျမဳပ္ကာသြားေတာ့၏။
အေျခအေနကိုလွမ္းကာၾကည့္ေနေသာ
ေမာင္တိုးနဲ႔ေမာင္အုန္းမွာက
မ်က္လုံးအျပဴးသားျဖစ္ေနၾကသည္။
“ဘြား…ဟိုလူေတြဘာေတြေအာ္ေနတာလဲဗ်…
ေနာက္ၿပီးေရလည္းမရွိဘဲ…ဘာလို႔ေရေတြလာေနၿပီလို႔
အသားကုန္ေအာ္ၿပီး
ေျမျပင္မွာကူးခတ္ေနၾကရတာလဲ…”
ဘြားမယ္စိန္ကေျမျပင္၌ၿငိမ္သက္ကာလဲက်ေနေသာ
သိုက္ဆရာနဲ႔သူ၏တပည့္မ်ားကိုၾကည့္၍…
“ဒင္းတို႔ကိုသိုက္ကဒဏ္ခတ္တာကြဲ႕…
သိုက္ေစာင့္ေတြက သူတို႔အျမင္ကိုလွည့္စားၿပီး
စည္းက်ိဳးေအာင္လုပ္လိုက္တာ….
စည္းလည္းက်ိဳးေရာ ေျမျပင္ကိုေရထင္ၿပီး
ကူးၾကရတာေပါ့…”
“ဟာ…အဲ့သည္လိုလားဗ်…
ဒါဆိုဒီလူေတြေသကုန္ၿပီလား ဘြား”
“ဒါေပါ့ကြယ္…ေမာင္ရင္တို႔
မယုံရင္သြားၾကည့္လိုက္ၾက…
ဘုရားသိုက္တို႔ဥစၥာသိုက္တို႔ကို
မေတာ္ေလာဘနဲ႔လာတူးရင္ သိုက္ေစာင့္ေတြဘက္က
ခြင့္မလႊတ္ၾကဘူး”
ဘြားမယ္စိန္စကားေၾကာင့္
ေမာင္တိုးနဲ႔ေမာင္အုန္းကအေျပးသြားၾကည့္ၾကသည္။
ၿပီးေနာက္ျပန္လွည့္ေျပးလာၾကၿပီး…
“ဘြား…မ်က္ႏွာႀကီးေတြက ေၾကာက္စရာႀကီးဗ်…
ပါးစပ္ႀကီးေတြဟ..မ်က္လုံးႀကီးေတြ
ျပဴးၿပီးကိုေသေနၾကတာ…”
ေမာင္တိုးစကားကိုဘြားမယ္စိန္က
ေခါင္းေလးညိတ္ရင္းမွ…
“အင္း…ဒါဆိုအခုကိစၥမွာဘြားတို႔ကူစရာမလိုေတာ့ဘူး…
ဒီေတာ့႐ြာသူႀကီးဥိးမ်ိဳးသစ္ကိုဝင္အေၾကာင္းၾကားၿပီး
ဒီအေလာင္းေတြကိုျမဳပ္ခိုင္းရမယ္
ၿပီးရင္ေတာ့ ဘြားတို႔လည္း႐ြာကိုျပန္ၾကတာေပါ့ကြယ္…”
“ဟုတ္ကဲ့ဘြား…”
ဒီလိုျဖင့္ညသန္းေခါင္အခ်ိန္ႀကီး၌
ဘြားမယ္စိန္တို႔လည္း ေစတီေဟာင္းဆီမွျပန္လာခဲ့ၾကၿပီး
႐ြာသစ္႐ြာထဲသို႔ဝင္ကာ ႐ြာသစ္႐ြာ၏သူႀကီးဦးမ်ိဳးသစ္ကို
အေၾကာင္းၾကားရ၏။
႐ြာသူႀကီးဦးမ်ိဳးသစ္ကလည္းဘြားမယ္စိန္ကိုေလးစား
႐ိုေသသူပီပီ…သူၾကည့္၍စီစဥ္ေပးပါ့မယ္ေျပာ၍
ဘြားမယ္စိန္တို႔လည္းအာ႐ုံမတက္ခင္႐ြာသို႔
ျပန္ေရာက္လာၾကေတာ့သည္။
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔လည္းသူတို႔၏အိမ္သို႔ျပန္သြားခ်ိန္ဘြားမယ္စိန္ကေျခေရ၊လက္ေရမ်ားေဆးေၾကာၿပီး
အိပ္ရာထဲ၌တေရးဝင္ကာအိပ္လိုက္၏။
ထိုသို႔အိပ္ေပ်ာ္သြားစဥ္
ဘြားမယ္စိန္၏အိမ္မက္ထဲသို႔
ဥစၥာေစာင့္မေလးေရာက္လာၿပီး…
“ဘြားတို႔ေရာက္လာတာကိုကြၽန္မတို႔ျမင္ပါတယ္…
သိုက္ဆရာေတြစည္းေပါက္သြားလို႔ကြၽန္မတို႔ဘက္က
အႏိုင္ရခဲ့ေပမယ့္ ကြၽန္မတို႔ကိုကူညီဖို႔လာေပးတဲ့အတြက္
ေက်းဇူးတင္ေၾကာင္းလာေျပာတာပါ….
ေနာက္ၿပီးမနက္ျဖန္သန္းေခါင္က်ရင္ကြၽန္မတို႔
သိုက္လည္းေနရာေျပာင္းေတာ့မွာမလို႔
ဘြားကိုလာႏႈတ္ဆက္တာပါရွင္…”
ဟု…ႏႈတ္ဆက္စကားမ်ား…
ေက်းဇူးတင္စကားမ်ားေျပာသြားခဲ့ေလသည္။
ထိုသို႔ျဖင့္႐ြာသစ္႐ြာရဲ႕ေစတီေဟာင္းအနီး၌
ေသဆုံးေနေသာသိုက္ဆရာမ်ားအေၾကာင္းကလည္း
သတင္းပ်ံ႕လႊင့္လို႔လာခဲ့သည္။
ေမာင္တိုးနဲ႔ေမာင္အုန္းကလည္းသူတို႔ေတြ႕ျမင္ခဲ့ရသည့္
သိုက္ဆရာေတြရဲ႕အျဖစ္အပ်က္အစ…အဆုံးကို
ျပန္လည္ေျပာျပေလရာ
႐ြာကာလသားမ်ားနဲ႔႐ြာသူ.တို႔မွာ
တအံ့တၾသျဖစ္လို႔ေနၾကသည္။
ဒီလိုျဖင့္ ဘြားမယ္စိန္ႏွင့္ေစတီေဟာင္းမွဥစၥာေစာင့္
စာမူေလးၿပီးဆုံးသြားပါၿပီ။
ယဥ္မင္း(ကန႔္ဘလူ)