ဆယ့်နှစ်ကြိုးကဝေမ

*ဆယ့်နှစ်ကြိုး ကဝေမ*📖📖📖
••••••••••••••••••••
****************

ပြွန်တန်ဆာမြို့တောင်ဘက် မြို့နှင့် တစ်ဆက်
တည်းရှိနေသော အိမ်ခြေနှစ်ထောင် ကျော်ရှိ
သည့် ချောင်းရင်းရွာ။ ယခင်က ထိုရွာကြီးမှာ
နေထိုင်ကြသော ရွာသားအားလုံးနီးပါး လယ်
ယာလုပ်ငန်းဖြင့် အသက်မွေးမြူကြသည်။

နောက်ပိုင်းမှာတော့ ရွာရှိအိမ်ထောင်စု သုံးပုံ
တစ်ပုံလောက် လယ်ယာအလုပ်ကို စွန့်လွှတ်
ပြီး ခြံအလုပ်ကိုသာ အသက်မွေးဝမ်းကြောင်း
ပြုကြသည်။ ခြံများက ကျယ်ဝန်းလှသည်ဖြစ်
၍ မိသားစု တစ်ဝမ်းတစ်ခါးအတွက် မိမိခြံအ
တွင်းမှာပင် စိုက်ပျိုးစား၍ လုံလောက်ပေသည်။

များအားဖြင့် ခြံအတွင်း ပန်းမျိုးစုံ စိုက်ပျိုးခြင်း
ဖြစ်သည်။ ယခင်က ခြံများအတွင်း  ဇော်စိမ်း၊
ဇော်ကြား၊ တောင်စွန်ဖက်တို့သာ အစိုက်များ
သည်။  တောင်စွန်ဖက်မှာ ယခင်က  အလွန်
တွင်ကျယ်သော  ရောင်းကုန်ဖြစ်သည်။   အ
သားငါး အမျိုးမျိုး၊ စားစရာအမျိုးမျိုးတို့ ထုတ်
ရာတွင် သူမပါလျှင် မပြီးပေ။

ယခု ကျွတ်ကျွတ်အိတ်များက တောင်စွန်ဖက်
နေရာမှာ အစားဝင်ယူသွားသဖြင့် တောင်စွန်
ဖက် စိုက်ပျိုးခြင်းက အလုပ်မဖြစ်တော့၊ ယခု
ဇော်စိမ်း၊ ဇော်ကြား၊ တောင်စွန်ဖက်တို့ စိုက်
ပျိုးရာမှ စီးပွားဖြစ် လူကြိုက်များသော ပန်း
များကို ပြောင်းလဲ စိုက်ပျိုးကြသည်။

ခြံကြီးများက အကျယ်ပေတစ်ရာ၊ အရှည်ပေ
နှစ်ရာကျော်မျှ ကျယ်သော ခြံကြီးများဖြစ်သ
ဖြင့် မျက်စိဖွင့် နားပွင့်ဖြစ်ကာ ခြံလွတ်များ
မထားတော့ဘဲ ယနေ့ အရောင်းအဝယ် ဖြစ်
ထွန်းသော ပန်းများကို ခြံလုံးပြည့်မျှ စိုက်ကြ
တော့သည်။ ပိုက်ဆံအရင်းအနှီ်း တတ်နိုင်
သူများက အဝီစိတွင်း တူးကြသည်။

များသောအားဖြင့် ရေတုံကင်ကို အဓိက အတူး
များသည်။ ရေတုံကင်ကို မော်တာတပ်ကာ ရေ
တင်ကြသည်။ ရေက အနက်ကြီး မတူးရ။ ဆယ်
ပေမှ ဆယ့်ငါးပေ တူးသည်နှင့် ရေထွက်သဖြင့်

ရေတုံကင်များဖြင့်သာ ရေတပ်ကြသည်။ တစ်ခြံ
ကို ရှေ့ပိုင်းတစ်တွင်း နောက်ဘက်တစ်တွင်း တူး
ကြသည်။

ယခု…ပြဿနာ စဖြစ်ရသည်မှာ ပန်းခြံပိုင်ရှင်
များတစ်ဦးနှင့်တစ်ဦး ဖောက်သည်လု ရောင်း
ချရင်းမကျေမနပ် ရန်လိုမုန်းထား အငြိုးကြီး
ကာ ဖြစ်ပေါ်လာသော အဖြစ်အပျက်တစ်ခု
ဖြစ်သည်။

ပန်းဝယ်ယူ ရောင်းချနေသော ပန်းကုန်သည်
များက ခြံများအတွင်း ဆင်း၍ အချို့က ခြံချုပ်
ဝယ်သည်။ အချို့က အပတ်စဉ် ထွက်သမျှ
ပန်းအားလုံး လက်ငင်းရှင်း၍ ပုံမှန်ဝယ်ခြင်း
ဖြစ်သည်။

ထိုကုန်သည်များက ပန်းများကို ညောင်လေး
ပင်၊ ဒိုက်ဦး၊ ပဲခူး၊ ရန်ကုန် ပန်းစျေးကွက်အထိ
ပို့ချရောင်းချခြင်းဖြစ်သည်။ဒေါ်ဖွားရှင်နှင့် ဒေါ်
ခင်မျိုးအေးတို့က ခြံခြင်းကပ်ရက် ပန်းစိုက်ပျိုး
သူများ ဖြစ်သည်။ ထိုပန်းမျိုးက အရိပ်ရ အပင်
ကြီးများအောက် ပိုမိုဖြစ်ထွန်းသည်။

ထို့ကြောင့် အုန်းပင်များ၊ သရက်ပင်များ၊ အပင်
ကြီးများ၊ အောက်မှာ အတန်းလိုက် စိုက်ထား
သည်။ ပင်ကြီးများ မရှိသော နေရာလွတ်များ
မှာ ဗူးပင်၊ ပဲစင်၊ ပဲပုစွန်များ ထိုးထားကာ စိုက်
ပျိုးထားသည်။

သို့ကြောင့် ပန်းအပြင် ရာသီအပေါ်  စားစရာ ဗူးပဲတောင့်ရှည်၊ ပဲပုစွန်များကို  လည်း   ခူး၍
ရောင်းချခြင်းဖြင့် ဝင်ငွေရရှိပြန်သည်။

ဒေါ်ခင်မျိုးအေးတို့ခြံကို ပုံမှန်လာဝယ်နေသည့်
ပန်းကုန်သည်က ကိုစိုးလွင်နှင့် မနှင်းတို့ လင်
မယား ဖြစ်သည်။ ဒေါ်ဖွားရှင်ခြံကို ဒေါ်အေး
တင်က ပုံမှန်ဝယ်သည်။ ထိုပန်းကုန်သည်နှစ်
ဦးတွင် ဒေါ်အေးတင်က ငွေကြေးပို၍ ပြည့်စုံ
သည်။ ဒေါ်အေးတင်က ဒေါ်ဖွားရှင်ခြံအပြင်
အခြား နှစ်ခြံ သုံးခြံကိုလည်း ငွေကြိုပေး၍
ချုပ်ထားသေးသည်။

ကိုစိုးလွင်နှင့် မနှင်းတို့က ငွေကို ကြိုမပေးဘဲ
အပတ်စဉ် ထွက်သမျှ အပင်အရေအတွက်သာ
လက်ငင်းငွေချေ စနစ်ဖြင့် ဒေါ်ခင်မျိုးအေးခြံ
တစ်ခြံတည်းသာ ပုံမှန်လာသည်။

မြလက်ကောက်မှ ဝယ်လက်ကြိုက်သော အပင်
ဖြစ်သဖြင့် ပွဲစားတိုင်း ရသမျှ ယူသည်။ တစ်ပင်
ကို သုံးလေးခက်မျှ ပင်စည်ပတ်လည်က ထွက်
နေသည်။ ထိုအခက်မှ ရင့်သော အခက်ကိုသာ
ချိုးယူရသည်။ (ဝါးထက်ထက်ဖြင့် လှီးဖြတ်ခြင်း
ဖြစ်သည်)

ထိုအခက်ကို လှီးဖြတ်ပြီးပါက ရေနိုင်နိုင်လောင်း
ပြီး အပင်သြဇာ ကျွေးပေးလျှင် တစ်ပတ်ဆယ်
ရက်အတွင်း ကျန်ပင်စည်အခက်များကို ခူးဖြတ်
၍ ရပြီဖြစ်သည်။ ခြံတစ်ခြံကို ပြည့်အောင် သုံး
ရက်လျှင် တစ်ကြိမ် ကုန်သည်ဝင်သည်။

သုံးကြိမ် လေးကြိမ်ဝင်မှ တစ်ခြံလုံး ခူးဖြတ်ပြီး
ဖြစ်သည်။

တစ်ခြံလုံး နောက်ဆုံးလက်ကျန် ခူးဖြတ်ပြီးသည့် အပင်လည်း ပြန်လည်ခူးဖြတ်ရသည့်အရွယ်သို့
ရောက်နေပြီဖြစ်သည်။ သို့ဖြင့် ကုန်သည်တို့ သုံး
ရက်တစ်ကြိမ် ခြံဝင်ကာ ပန်းခူးဖြတ်ကြသဖြင့်
ခြံသမားတို့လည်း ဝင်ငွေပုံမှန် ဖြစ်ကာ စီးပွား
လမ်းဖြောင့်လာကြသည်။

တစ်ရက် ဒေါ်ခင်မျိုးအေးခြံသို့ ဝယ်နေကျ လင်
မယား ရောက်လာချိန် ရောက်မလာခဲ့။

တစ်ကြိမ်ချိုးရက်၊ နှစ်ကြိမ်ချိုးရက် လာမည့်ရက်
ရောက်မလာသဖြင့် ဝင်ငွေ ပုံမှန်မရတော့။ ပန်း
ခက်များကလည်း ချိုးဖြတ်ရမည့်အချိန် မချိုးဖြတ်
သဖြင့် အပင်များ ကြပ်လာတော့သည်။

ထို့ကြောင့် ဒေါ်ခင်မျိုးအေးက ယောက်ျားဖြစ်သူ
နှင့် တိုင်ပင်၍ ဒေါ်ဖွားရှင်ထံ ဝယ်နေကျ ဖောက်
သည် ဒေါ်အေးတင်အား ခြံထွက်ပန်းများကို တတ်
နိုင်ပါက ဝယ်ပါရန် ပြောသည်။ ဒေါ်အေးတင်က
လည်း ကိုစိုးလွင်တို့ ပေးသော စျေးထက် တစ်
ခက်ကို နှစ်ကျပ်လျော့စျေးဖြင့် ပေးဝယ်သည်။

ထိုစျေးကို သဘောတူပါက ရသမျှ အကုန်ဝယ်
မည်ဟု ဆိုသဖြင့် စျေးတည့်ကာ ဒေါ်အေးတင်
က ခြံထွက်ပန်းများကို လူငှား၍ ရသမျှ ချိုးဖြတ်
ယူသည်။ ထို့နောက်တော့ ဒေါ်ဖွားရှင်ခြံထက်
စျေးလျော့၍ရသော ဒေါ်ခင်မျိုးအေးခြံသို့သာ
အဓိက ဦးစားပေး ဝယ်တော့သည်။

ကြိုတင်ငွေပေးပြီး ချုပ်ထားသော ခြံဖြစ်၍ ဘယ်
အချိန်ပဲ ဝင်ဖြတ်ဖြတ် အခြားသူအား ရောင်း၍
မရဘဲ မိမိကိုသာရောင်းရမည် ဖြစ်သည်။ သို့
ကြောင့် အမြတ်ပိုကျန်မည့် ဒေါ်ခင်မျိုးအေးခြံသို့
မကြာ မကြာ လာချိုးဖြတ်ခဲ့သည်။

တစ်ခက်ကို နှစ်ကျပ်လျော့နှင့် တစ်ခါဖြတ်လျှင်
အခက် နှစ်ထောင် သုံးထောင်ရသဖြင့် အနည်း
ဆုံးသယ်ယူစရိတ် သက်သာသကဲ့သို့ ဖြစ်သ
ဖြင့် ဒေါ်ခင်မျိုးအေးခြံက ထွက်သမျှ ဒေါ်အေး
တင် ယူသည်။ ဒေါ်ခင်မျိုးအေးခြံ သုံးခါလောက်
ဝင်မှ ဒေါ်ဖွားရှင်ခြံ တစ်ခေါက်ဝင်သည်။ သို့
ကြောင့် သူ့လူကို စျေးလျော့ပြီး ခေါ်ယူရမည်
လား ဟူ၍ ကွယ်ရာမှာ လျှောက်ပြောသလို
ခြံခြင်းကပ်လျက်ဖြစ်သဖြင့် မကြားချင်လည်း
မရ၊ စောင်းမြောင်းပြောသည်။

သူ၏ စီးပွားရေးပျက်အောင် စျေးဖျက်သည်ဟု
လည်း ပြောသည်။ ဒေါ်ခင်မျိုးအေးက ယခုကဲ့
သို့ မပြောရန် ကိုယ့်ခြံက ထွက်သော ကိုယ်
ရောင်းချင်သည့်စျေး ရောင်းမည်ဟု ပြန်ပြော
ခဲ့သည်။ ထိုအခါ စိန်ခေါ်သည်အထိ တိုးတိုး
ကနေ ကျယ်ကျယ် ဖြစ်လာသည်။

သားသမီးများနှင့် ဒေါ်ခင်မျိုးအေးယောက်ျားက
ဝင်၍ ပြန်ဖြေသဖြင့် ရန်ပွဲအကြီးအကျယ် မဖြစ်
တော့ဘဲ ထိုမျှနှင့်ပင် ပြီးသွားတော့သည်။

ရန်မဖြစ်ပေမင့် ဒေါ်ခင်မျိုးအေး ရေလောင်းချိန်
တစ်ဘက်ခြံမှ နေ၍ မလိုမုန်းထားအကြည့်များနှင့်
ကြည့်နေလေ့ရှိသည်။

“ဒင်း…ငါ့အကြောင်း သိစေရမယ်၊ စားထားသမျှ
ပြန်အန်ထုတ်စေရမယ်”

“တောက်”

ဒေါ်ဖွားရှင်လည်း ပြောချင်ရာပြောပြီး ခြံစပ်က
တောက်ခေါက်ပြီး ထွက်သွားသည်။ ထိုအချိန်
ဒေါ်ဖွားရှင်အား ကဝေပညာ အောက်လမ်းအ
တတ် တတ်သည်ဟု မည်သူမျှ သိမထား။

ဤသို့နှင့်ပင် တစ်လနီးပါး ကြာသွားသည်။ ဒေါ်
ခင်မျိုးအေးနှင့် ဒေါ်ဖွားရှင်တို့လည်း ရန်မဖြစ်ကြ
ပေမယ့် အခေါ်အပြော မရှိကြတော့။ တစ်ရက်
ဒေါ်ခင်မျိုးအေးခြံရှေ့မှာ ရေတုံကင်နှိပ်ပြီး ရေ
တင်နေသည်။ ပန်းခြံများအတွင်း ရေတိုင်ကီများ
ထားရှိကာ ရေတုံကင်မှ ရေတင်ပြီး ပို့ပေးသည်။

“ဒေါ်ကြီး …သား၊ ဝိုင်းပြီး တုံကင်နှိပ်ပေးမယ်”

“အမလေး…ဖိုးသားရယ်၊ ကိုယ့်အိမ်ကို မပြန်ဘဲ
ဒီခြံထဲ ဝင်လာတယ်။ ဖွားစိတ်တိုကြီး တွေ့လို့
အရိုက်ခံလိုက်ရဦးမယ်”

“အဖွား အိမ်မှာ မရှိဘူး၊ ထော်လဂျီ တစ်စီးနဲ့
ပြွန်တန်ဆာကို လိုက်သွားတယ်”

“နေပါစေ ဖိုးသား၊ ရေတင်နေတာ ပြည့်တော့
မယ်”

“ဒေါ်ကြီးက မော်တာနဲ့ ရေမတင်ဘူးလား”

“ရေတင်တဲ့ မော်တာက ပျက်နေတယ် နောက်
ဘက်တုံကင်က မော်တာတစ်လုံးပဲ ကောင်းတယ်၊
ဒီမော်တာပြင်ပြီးမှပဲ သက်သာတော့မယ်၊ ဒါနဲ့ သား
ရဲ့လက်ထဲက ဘာအထုတ်လဲ”

“ဆီးချိုသီး…ဦးလေးပေးလိုက်တာ၊ ဒေါ်ကြီး
စားဦးမလား၊ ချိုတယ်”

“အေး…ဆီးချိုသီးဆို ဒေါ်ကြီးကြိုက်တယ်…
တစ်လုံး နှစ်လုံးလောက်ပေးစမ်း”

“စားလေ…ဒေါ်ကြီး ယူထားလိုက်”

“မင်းမစားတော့ဘူးလား”

“သားတစ်လမ်းလုံး စားလာတာ၊ သွားကျိန်း
နေပြီ”

“သြော် …အထဲမှာ၊ ငါးလုံးပဲ ကျန်တော့တယ်
သားမစားတော့ရင် အဲဒီအပေါ်မှာ တင်ထားခဲ့
လေ၊ ဒေါ်ကြီး ရေတင်ပြီး လက်ဆေးပြီးမှပဲ
စားတော့တယ်”

ဒေါ်ခင်မျိုးအေးက အဖွားဆိုသော်လည်း အ
သက်ငါးဆယ်သာ ရှိသေးသည်။ ဒေါ်ဖွားရှင်
ကတော့ အသက် ခြောက်ဆယ်နီးပါးရှိပြီ၊ ဖိုး
သားက ဒေါ်ဖွားရှင်သမီးက မွေးသော သား
ဖြစ်သည်။ အသက် ဆယ့်သုံးနှစ်သာ ရှိသေး
သည်။ ခါတိုင်း တစ်အိမ်နှင့်တစ်အိမ် အဝင်
အထွက် ရှိသည်။

ခါတိုင်း တစ်အိမ်နှင့်တစ်အိမ် အဝင်အထွက် ရှိ
သည်။ တစ်အိမ်မှာ စားစရာရှိလျှင် တစ်အိမ်သို့
ပို့ပေးတတ်သလို ကလေးများကလည်း သူ့အိမ်
ကိုယ့်အိမ် မခွဲခြားဘဲ စားစရာရှိလျှင် ယူစား
တတ်ကြသည်အထိ ရင်းနှီးခဲ့ကြသည်။

သို့ကြောင့် ဒေါ်ခင်မျိုးအေးက ဒေါ်ဖွားရှင်နှင့် မ
ခေါ်မပြောရှိခဲ့ပေမင့် ဖိုးသားကျွေးသော ဆီးသီး
အား စိတ်လိုက်လက်ရ စားယူထားလိုက်ခြင်းဖြစ်
သည်။ ထိုဆီးသီးကို ဒေါ်ဖွားရှင်က ဖိုးသားအား
မုန့်ဖိုးငွေတစ်ထောင်ကျပ်ပေးပြီး ဒေါ်ခင်မျိုးအေး
အား သွင်း၍ ကျွေးခိုင်းခြင်း ဖြစ်သည်။

ဒေါ်ခင်မျိုးအေး စိတ်ချ လက်ချစားရန် ဖိုးသား
အား အသေအချာ သင်ပေးလိုက်သည်။  ဒေါ်
ဖွားရှင် ဖြစ်စေချင်သော ဇာတ်ညွှန်းအတိုင်း ကွက်
တိ ကသွားနိုင်သလို၊ ဒေါ်ခင်မျိုးအေးကလည်း
ဆီးချိုသီးနှစ်လုံးမျှ နှိုက်စားလိုက်သည်။

ထိုဆီးသီးစားလိုက်ခြင်းက ဒေါ်ခင်မျိုးအေး အပင်း
သွင်းခံရခြင်း မသိ။ စားကောင်းကောင်းနှင့် နှစ်လုံး
စားလိုက်သည်။ ကျန်သုံးလုံးက ဒေါ်ခင်မျိုးအေး
ကျွတ်ကျွတ်အိတ်ထဲ နှိုက်ယူလိုက်စဉ် အောက်သို့
ပြုတ်ကျသွားသည်။

ထိုဆီးသီးစားမိသည့်နောက်ပိုင်း ဒေါ်ခင်မျိုးအေး
အစားအသောက်ပျက်လာသည်။ အလုပ်အကိုင်
ကိုလည်း အားတက်သရော မလုပ်ချင်သလို ဖြစ်
လာသည်။ သို့ကြောင့် ဒေါ်ခင်မျိုးအေး၏ ခင်ပွန်း
ဦးသန်းမောင်က ခြံကို အားစိုက်ပြီး ဝင်လုပ်ကိုင်
ရတော့သည်။

ဒေါ်ခင်မျိုးအေးတွင် သားသမီးငါးယောက် ရှိသည်။
နှစ်ယောက်က အိမ်ထောင်ကျကုန်ကာ အိမ်ခွဲနေ
ကြသည်။ အိမ်မှာ အပျိုမအကြီးဆုံး ဆယ့်ရှစ်နှစ်
အရွယ် ခင်ခင်သိန်းနှင့် ဆယ့်ငါးနှစ်အရွယ် သား
တစ်ယောက်၊ ဆယ်တစ်နှစ်အရွယ် သားတစ်
ယောက် မိသားစုငါးယောက် ကျန်ရှိ်တော့သည်။

သမီးကြီး  ခင်ခင်သိန်းနှင့် သားလတ်မျိုးမင်းက
အိမ်မှာ လုပ်ပေးသည်။ သားအငယ်ဆုံးက ဆူနိုင်
အော်နိုင်မှ ရေပိုက်ဆွဲ ပေးသည်။ ပေါင်းနှုတ်ပေး
သည်။  ယခု ဒေါ်ခင်မျိုးအေး အိမ်ရာအတွင်း လဲ
သည့်အခြေအနေသို့ ရောက်လာခဲ့သဖြင့် ဦးသန်း
မောင်လည်း ဇနီး၏ရောဂါ ပျောက်ကင်းရန် အ
တွက် ပြွန်တန်ဆာမြို့ပေါ်က ဆေးခန်းများသို့
သွားရောက်ပြသသည်။

ဆေးခန်းတစ်ခုက မထူးခြားလျှင် နောက်ဆေးခန်း
တစ်ခုပြောင်း၍ ပြသည်။ထိုကဲ့သို့ ဆေးခန်းများ ပြ
သသည်။ ဆေးခန်းတစ်ခုက မထူးခြားလျှင် နောက်
ဆေးခန်းတစ်ခု ပြောင်း၍ ပြသည်။ ထိုကဲ့သို့ ဆေး
ခန်းများ ပြသလာခဲ့သလို ဆရာဝန်များပေးသော
ဆေး သောက်လာရင်းက အရိုးပေါ် အရည်တင်
လာသလို မည်သည့်အစားမှ မစားမသောက်တော့။

ယခင်က ဝဝဖိုင့်ဖိုင့် ယခုတော့ ပိန်လှီခြောက်ကပ်
သော အသားအရည်နှင့် လူအများက မီးယပ်သွေး
ဆုံးရောဂါဟု ပြောကြသည်။

ထိုကဲ့သို့ ဒေါ်ခင်မျိုးအေး အိပ်ရာထဲ လဲနေသည့်
နောက်ပိုင်း ဒေါ်ဖွားရှင်တစ်ယောက် အသံစာစာ
နှင့် စကားပြောသံကြားလာရသလို တဟားဟား
နှင့် အော်ရယ်သံတို့ပါ မကြာမကြာ ကြားရသည်။

တစ်ရက်မှာ ခြံအတွင်းသို့ ရောက်လာသော ဦး
သန်းမောင်၏ အသိတစ်ယောက်က အကြံပေး
သည်။

“ကိုသန်းမောင် ခင်ဗျား ယုံမယုံတော့ မသိဘူး၊
ခင်ဗျား မိန်းမ တိုင်းရင်းဆေးရော၊ အင်္ဂလိပ်ဆေး
ပါ မတိုးတဲ့အတွက် ပယောဂကုဆရာတစ်ယောက်
ရှာပြီး ကုသကြည့်ပါလား၊ ကျတော်ရဲ့အမျိုးထဲမှာ
အဲဒီလို ရောဂါမျိုးဖြစ်သေးတယ်။ မိန်းမရောဂါ
ကြောင့် စိတ်ကယောင်ဂတမ်း ဖြစ်တယ်ထင်
တာ။ ဆရာနဲ့ စစ်လိုက်ရော စုန်းမတစ်ယောက်
က ပြုစားထားတာကို သိလိုက်ရတယ်၊ နောက်
ပိုင်း အဲဒီဆရာနဲ့ ကုလိုက်တာ ရှင်းရှင်းလင်းလင်း
ပျောက်သွားတယ်။ ဒါကြောင့် ဖြစ်နိုင်တယ်ထင်
လို့ အကြံပေးရတာပါ။ ခင်ဗျားမိန်းမရဲ့ ရောဂါ
ပယောဂလုပ်ထားတာ မှန်ရင် ပယောဂဆရာနဲ့
ကုလိုက်တာ အကောင်းဆုံးပါပဲ”

“အင်း…အားတော့နာပါတယ်၊ ကျတော်ကတော့
အယုံအကြည် မရှိဘူး”

“မယုံကြည့်လဲဗျာ ဘာပဲ့သွားတာမှတ်လို့လဲ၊
ပယောဂ ဟုတ်မဟုတ် စစ်ဆေးသင့်တယ်”

“ဒါဆိုလည်း ကျနော်ပြချင်တဲ့အချိန် ခင်ဗျားကို
အသိပေးမယ်၊ ခင်ဗျားက တဆင့် ဆက်သွက်
ပေးပေါ့ဗျာ”

ဦးသန်းမောင်၏ စကားကြောင့် ဦးသန်းမောင်
မိတ်ဆွေလည်း ပယောဂအကြောင်း ဆက်မ
ပြောတော့ဘဲ နှုတ်ဆက်ပြီး ပြန်သွားသည်။

လူမမာကတော့ ဆရာပေါင်းစုံသွားသလို ဆေး
လည်းမျိုးစုံခဲ့သည်။ ညောင်လေးပင်၊ ဒိုက်ဦးမြို့
များမှာရှိသော နာမည်ကြီးသည့် ဆေးခန်းများ
သို့ပါ ရောက်ခဲ့သည်။ ပိုက်ဆံတွေလည်း ကုန်
လှပြီး ထူးခြားမလာ။

သို့ကြောင့် ဦးသန်းမောင်လည်း သူ၏မိတ်ဆွေ
စကားကို ကြားယောင်လာသည်။ သူတို့ပြော
သလိုများ စုန်းပယောဂ အတိုက်အခိုက်များ
ဖြစ်နေလားမသိ၊ ကုကြည့်လိုက်တာက မမှား
ဟူသော အတွေးများ ဝင်လာသည်။

ထို့ကြောင့် ပယောဂကုဆရာရှိရာကို ညွှန်နိုင်
မည့် ဦးသန်းမောင်၏ မိတ်ဆွေ ရှိရာသို့ သွား
ကြသည်။ ဦးသန်းမောင်၏ မိတ်ဆွေက ပရော
ဂ ကုသပေးသော ဆရာကြီးမှာ အခြားတစ်မြို့
တစ်ရွာမှာနေသူ မဟုတ်။ ပြွန်တန်ဆာမှာပင်
ရှိကြောင်း ပြောလေသည်။

သို့ကြောင့် ဆရာကြီးနေသော ပြွန်တန်ဆာမြို့၊
မြို့မ(၄)ရပ်ကွက်၊ ဓံဒွန်းကုန်းသို့ လူမမာကို
ထော်လာဂျီပေါ်တင်ကာ ထွက်လာခဲ့သည်။
ဆရာကြီးအိမ်က ဓံဒွန်းကုန်းလမ်းမတန်းမှာ
ရှိသဖြင့် ထော်လာဂျီကို အိမ်ရှေ့မှာပင် ရပ်
လိုက်သည်။

ထို့နောက် လူမမာကို တွဲခေါ်ပြီး အိမ်ပေါ်သို့
တက်ခဲ့သည်။ အိမ်ပေါ်သို့ ရောက်တော့ အိမ်
မှာ ဆရာကြီးမရှိ။ ကမာဖရုံရွာက လာပင့်သွား
သည်ဟု သိလိုက်ရသည်။ အားကိုးတကြီးနှင့်
လာခဲ့သူများ အမောဆို့သွားရသည်။

ဆရာကြီး၏ သမီးဆိုသူက …

“အစ်ကိုကြီးတို့ စောင့်နိုင်ရင် တစ်နာရီလောက်
စောင့်ပါလား အဖေ ပြန်လာချိန် နီးပါပြီ”

“အင်း ဓံဒွန်းကုန်းနဲ့ ကမာဖရုံရွာ သိပ်မဝေး
တော့ ပြန်လာမယ်ဆိုရင် မကြာနိုင်ပါဘူး”

“ဟုတ်ပါတယ်၊ သွားတာလည်း ကြာပြီဆိုတော့
ပြန်လာတော့မှာပါ”

ထို့နောက် ရေနွေးကြမ်း လာချပေးသည်။

“ရေနွေးနဲ့ လက်ဖက်သုပ် သုံးဆောင်ကြပါဦး”

“ဦးလေးတို့ ခဏစောင့်လိုက်ဦးမယ်…လုပ်
စရာ ရှိတာ သွားလုပ်ပါ …အားမနာပါနဲ့ “

“လူမမာကို ဒီနားမှာ တုံးလုံးလှဲခိုင်းထားပါ”

အလိုက်သိသော ဆရာကြီး၏ သမီးက သင်ဖြူး
ဖျာ တစ်ချပ်နှင့် ခေါင်းအုံးလာချကာ ဒေါ်ခင်မျိုး
အေးကို အိပ်ခိုင်းလိုက်သည်။

သူတို့  အိမ်ရောက်လာပြီး နာရီဝက်ခန့်ကြာတော့
အိမ်ရှေ့မှာ ဆိုင်ကယ်တစ်စီး ရပ်လာသည်။ ဆိုင်
ကယ်နောက်က ဆရာကြီးက ထိုင်လျက်ပါလာ
သည်။ ဆရာကြီးနှင့် အတူ လိုက်ပို့သူပါ အိမ်ပေါ်
တက်ခဲ့သည်။

ဆရာကြီး အိမ်ပေါ်တက်လာသည်နှင့် ဒေါ်ခင်မျိုး
အေး ထထိုင်ရန် ကြိုးစားနေသည်ကို ဆရာကြီး
က မြင်သဖြင့် …

“နေ…နေ …နေသာသလိုနေ …လှဲရက်အတိုင်း
ပဲနေ”

ဆရာကြီးက အလိုက်သိစွာ ပြောလိုက်သဖြင့်
ဒေါ်ခင်မျိုးအေးလည်း ထထိုင်ရန် ပြင်နေရာမှ
အိပ်လျက်အတိုင်း ပြန်နေလိုက်သည်။ ဆရာ
ကြီးက လွယ်လာသော ဆေးလွယ်အိတ်ကို
ခေါင်းရင်း ထရံမှာ ထောင်လျက်ချလိုက်ပြီး
ဘုရားစင်ရှေ့မှာ ထိုင်လိုက်သည်။

“အင်း လူမမာမိန်းကလေးကို ဖြစ်ဖြစ်ချင်း ကု
ရမှာ၊ အခု အနာတခြား ဆေးကတခြား ဖြစ်နေ
ပုံရတယ်”

“ဗျာ”

ဦးသန်းမောင်ပါးစပ်မှ ဗျာဟူသော အသံသာ
ထွက်သွားသည်။ ဦးသန်းမောင်စိတ်က မိန်းမ
ရောဂါတစ်မျိုးမျိုးဟုသာ အထင်ရှိသည်။

ပယောဂ အောက်လမ်းကြောင့် ရသည့်ဆိုသော
ရောဂါကို သူမမြင်ဘူး။ သို့ကြောင့် ဆရာဝန်မျိုးစုံ၊
ဗိန္ဓောဆရာမျိုးစုံနှင့် ကုသခဲ့ခြင်းဖြစ်သည်။ ဆရာ
ကြီး ဆိုသူကပါ အနာတခြား ဆေးတခြားဟု ဆို
လာသည်။ ဘယ်လိုရောဂါမျိုးပါလိမ့်။ ဆရာကြီး
က ထိုမျှသာ ပြောပြီး စကားမဆက်သေးဘဲ ဒေါ်
ခင်မျိုးအေးကို အကဲခတ်ကြည့်ရင်း ရေနွေးကြမ်း
ငှဲ့သောက်နေသည်။ ဆရာကြီးအသက်က ခုနှစ်
ဆယ်နီးပါးခန့် ရှိမည်ဟု ခန့်မှန်းရသည်။

“ဒီကလေးမ အပြုစားခံနေရတာ အနည်းဆုံး ရက်
ပေါင်း ငါးဆယ်ကျော်နေပြီ၊ လူနာ အတော်ပင်ပန်း
နေပြီ”

ဆရာကြီးက ရေနွေးကြမ်းသောက်ရင်း ဒေါ်ခင်မျိုး
အေးကို အကဲခတ်ကြည့်လိုက်၊ မြင်သည့်အတိုင်း
ပြောလိုက် လုပ်နေသည်။

“ခဏ နေကြဦးနော်၊ ဆိုက်ကယ်နောက်က လိုက်
လာတာ၊ လမ်းလျှောက်ရပေမယ့် ကတ္တရာလမ်း
မဟုတ်တော့ နည်းနည်းပင်ပန်းသလို ဖြစ်လာတယ်
ဆယ့်ငါးမိနစ်လောက် အချိန်ရတယ် မဟုတ်လား”

“ဟာ …ရပါတယ် ဆရာကြီး၊ ကျတော်တို့ကလည်း
ဆရာကြီး အိမ်ပေါ်ရောက်နေပြီပဲ အေးအေးဆေး
ဆေး အနားယူပါ”

ဆရာကြီးက ရေနွေးပူပူကို သုံးခွက်မျှ သောက်
လိုက်သည်။ ခဏနေတော့ ဆရာကြီးက ရေနွေး
ဗန်းကို လာယူခိုင်းလိုက်သည်။

“ကဲ …ကဲ၊ လုပ်ငန်းစကြစို့”

” ကလေးမကို …ဆရာရှေ့ လာခိုင်းလိုက်”

ဦးသန်းမောင်က တွဲပြီး ဒေါ်ခင်မျိုးအေးကို ဆရာ
ရှေ့သို့ ခေါ်လာခဲ့သည်။

“အင်း…ပုံစံကြည့်ရတာ စီးပွားရေး အပြိုင်အဆိုင်
တစ်ခုကြောင့် ပညာသည်နှင့် လုပ်ထားပုံရတယ်
မိန်းကလေးရဲ့ နာမည်ကို ပြောထားဦး”

“ခင်မျိုးအေးပါ ဆရာကြီး”

“ဘာမှ စိတ်မပူပါနဲ့ ဆရာကြီး ပညာသည်ကို
ဖော်ထုတ်ပေးမယ်”

ဆရာကြီးက နေရာကို ပြင်ထိုင်လိုက်ပြီး…

“ကဲ …ခင်မျိုးအေး ဘုရားကို အာရုံပြုပြီး လက်
အုပ်ချီလိုက်… ဟဲ့ …ခင်မျိုးအေးကို ပြုစားထား
တဲ့ ပညာသည် အခု ဝင်စမ်း”

တစ်ကြိမ် ဝင်ပူးခိုင်းသည်၊ ဝင်ပူးခြင်း မရှိ။

“ဟဲ့ …ငါ အမိန့်ပေးနေတယ်၊ ဝင်ပူးစမ်း”

ဆရာကြီး ပါးစပ်မှ သူတို့နားမလည်သော စကား
များ  ရွတ်ဖတ်နေသည်။ ပြီးတော့ ဒေါ်ခင်မျိုးအေး
အား စိုက်ကြည့်ပြီး…

“ငါ့ကို ပမာမခန့် လုပ်မနေနဲ့၊ ဝင်ပူးစမ်း၊ အခု လူ
စိတ်ပျောက်အောင် ဝင်ပူးစမ်း”

ဆရာကြီးက ခပ်ထန်ထန် အမိန့်ပေးလိုက်မှ ဒေါ်
ခင်မျိုးအေး တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်လာ
ကာ ရှေ့နောက် ဝဲယာ ယိမ်းထိုးနေပါသည်။

“ဟဲ့ …နင် ခင်မျိုးအေးကို ပြုစားထားတဲ့ ပညာ
သည် မဟုတ်လား”

“ဟုတ်တယ်…ဆရာစုတ်၊ ငါလုပ်ထားတာ”

“ဘာဖြစ်လို့ အခုလို တစ်ပါးသူ ဒုက္ခရောက်အောင်
လုပ်ရတာလဲ”

“ဟဲ့ …နင်က ဘာသိလို့လဲ၊ ဒီကောင်မက ငါ့စီး
ပွားကို ဖျက်လိုစိတ်နဲ့ ငါ့စျေးကွက်ကို လာလုပြီး
ငါ့စျေးကွက်ကို ဖျက်တယ်”

“သူက နင့်ရဲ့ ပစ္စည်းစျေးကွက်ကို ဖျက်တယ်၊
ဘယ်လို ဖျက်တာလဲ”

“ငါနဲ့ အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်ကို
စျေးလျော့ပေးပြီး သူ့ပစ္စည်းတွေ ဝယ်ဖို့ ခေါ်သွား
တယ်၊ သူက စျေးလျော့ရောင်းတဲ့အတွက် ကျုပ်
ပစ္စည်းတွေ အဝယ်နည်းသွားတယ်။ သူ့ခြံကပဲ
ဝယ်တော့တယ်၊ ဒါကြောင့် သူ့ကို မကျေနပ်လို့
အခုလို ပညာနဲ့ လုပ်လိုက်တာပဲ”

ဦးသန်းမောင်လည်း ဇနီးဖြစ်သူ ပါးစပ်မှ ထွက်နေ
သော စကားများအရ ဒေါ်ဖွားရှင်က ပညာနှင့် ပြု
စားထားကြောင်း သိလိုက်သည်။ ဒေါ်ဖွားရှင် ပညာ
တတ်မှန်း ဦးသန်းမောင် မသိ။ ယခု ဒေါ်ခင်မျိုးအေး
ပါးစပ်က ဒေါ်ခင်မျိုးအေး အသံ မဟုတ်သော အသံ
မျိုးနှင့် ပြောလာသည်။ ဆရာကြီးက ဘုရားစင်ဘက်
သို့ လှည့်ပြီး လက်အုပ်ချီကာ ပါးစပ်မှ တိုးတိုးရွတ်
နေသည်။

ရွတ်ဖတ်ပြီးသည်နှင့် ဒေါ်ခင်မျိုးအေးဘက်သို့
လှည့်ကာ ရွတ်ဖတ်နေပြန်သည်။

“ကဲ …အထက်ဆရာကြီးများအမိန့်နဲ့ နင့်ကို ကြိုးနဲ့
တုတ်ပြီး ငါဆုံးမရမယ်”

“မလုပ်နဲ့ …မလုပ်နဲ့”

“ဘာ…အခုမှ ကြောက်တာလဲ၊ ဒီကဝေမကို ကြိုးနဲ့
တုတ်ပစ်လိုက်ကြစမ်း”

ဆရာကြီး၏ အမိန့်အောက်မှာ ခင်မျိုးအေးအား
ကြိုးနှင့် တုတ်လိုက်သကဲ့သို့ ပုံမျိုး မြင်လိုက်ရ
သည်။

“ကဲ …နင့်ကို အခုအချိန်ကစပြီး ကောင်းကောင်း
ပညာပေးရမယ် ကဲ…ကဝေမ၊ နင် ကြိုးနဲ့ တုတ်
ထားပြီးပြီဆိုတော့ ဘယ်မှ သွားလို့ မရဘူး။ ဒါ
ကြောင့် နင့်နဖူးနဲ့ ကြမ်းပြင်ကို ဆောင့်စမ်း”

ဆရာကြီးစကား ဆုံးသည်နှင့် …

“ဒုံး …ဒုံး…ဒုံး”

“စောင့်ဦး …ငါက ရပ်ဆိုမှရပ်”

“ဒုံး…ဒုံး…ဒုံး”

ဒေါ်ခင်မျိုးအေးနဖူးမှ သွေးများ ကျလာသည်။
နဖူးတပြင်လုံး ရဲနေသည်။ နဖူးကွဲသွားသည်။
သွေးများကလည်း မျက်နှာပေါ်ကျလာသည်မှာ
မြင်မကောင်း။

“နင့်ပညာတွေကို နင်အခု ပြန်နှုတ်စမ်း”

“မနှုတ်ဘူး သေပစေ”

“အေး …မနှုတ်ချင်လည်း ရတယ်၊ နင့်ခေါင်းကို
ရှစ်စိတ်ကွဲအောင် ခွဲမယ်”

“ဆောင့်စမ်း…နင့်နဖူးနဲ့ ကြမ်းပြင် ဆောင့်စမ်း”

ဒေါ်ခင်မျိုးအေးလည်း ဆရာကြီးနှုတ်မှ မိန့်သည့်
အတိုင်း ခေါင်းနှင့်  ကြမ်းပြင်ကို  ကုန်းကုန်းပြီး
ဆောင့်နေသည်။ နဖူးကွဲရာသုံးခု မြင်နေရသလို
ထိုအတွဲများမှ သွေးများကလည်း မြင်မကောင်း
အောင် ကျနေသည်။ နဖူးလည်း ယောင်တက်
လာသည်။

“ကဲ …ဆရာရဲ့ အစောင့်တစ်ယောက်က ဒီက
ဝေမရဲ့ ပါးကို ရိုက်ပစ်စမ်း”

“ဖောင်း”

ဘယ်ပြန်ညာပြန် ရိုက်ပစ်သည်

“ဖောင်း”

လူမမြင်ရဘဲ ဒေါ်ခင်မျိုးအေးခေါင်းက လည်သွား
ကာ ပါးနှစ်ဘက်စလုံး အညိုအမဲများ ဖြစ်လာသည်။
ပါးနှစ်ဘက်လုံး သွေးခြေ ဥလာသည်။ ထို့နောက်
မှာတော့ မျက်နှာတစ်ပြင်လုံး ဖောယောင်နေသည့်
အပုပ်ကောင်မျက်နှာမျိုး ဖြစ်လာသည်။ ကဝေမ
ကတော့ အရှုံးပေးပုံမရ။

ဦးသန်းမောင်က မိမိဇနီးသည်၏ ခံစားနေရပုံကို
ကြည့်ပြီး ရင်ထဲမှာ မကောင်း၊ ဒီဆရာထံ ခေါ်လာ
မိသည်မှာ မှားများမှားနေပြီးလားဟုပင် ထင်မိသည်။
ဆရာကြီးကတော့ မာန်ပါပါနှင့် ကြည့်နေသည်။

“အင်း…ဆယ့်နှစ်ကြိုး ကဝေမတော့၊ အသာတ
ကြည် တောင်းပန်ပြီး ပညာစက်ကို ပြန်နှုတ်ခိုင်း
တာ မရဘူး၊ ဒီတော့ အထက်ဆရာကြီးများရဲ့
အမိန့်နဲ့ နင့်ရဲ့ ပညာစက်ကို ငါဖျက်ရတော့မှာပဲ”

ဆရာကြီးက ဆေးလွယ်အိတ်ကို ယူလိုက်သည်။
ဆရာကြီးက သူ၏သမီးကို…

“အေးအေး …အဖေ့ကို ရေဖလားနဲ့ ရေတစ်ခွက်
ခပ်ခဲ့ပေးစမ်း”

ဆရာကြီး၏ သမီးက ရေဖလားတစ်လုံးယူ၍
သောက်ရေအိုးမှ ရေတစ်ခွက် ခပ်ပေးလိုက်သည်။

ရေဖလားခွက်ကို ဘုရားစင်ပေါ်တင်လိုက်ပြီး မတ်
တတ်ရပ်လျက် လက်အုပ်ချီကာ ရွတ်ဖတ်နေပါသည်။

ရွတ်ဖတ်၍ ပြီးဆုံးလျှင် ထိုရေဖလားခွက်ကို ယူ
ကာ ဒေါ်ခင်မျိုးအေးအား ရေနှင့်တောက်ရန် ပြင်
လိုက်စဉ်…

“မလုပ်နဲ့ …မလုပ်နဲ့ “

“မလုပ်စေချင်ရင် …ပညာစက်တွေ ပြန်နှုတ်မှာလား”

“မနှုတ်ဘူး”

“ငါ့စကား နားမထောင်ဘဲ ငါ့ကို အာခံနေမှတော့
ငါက နင့်ကို ဂရုဏာထားနေလည်း အပိုပဲ …ကဲ”

“မလုပ်နဲ့ …မလုပ်နဲ့ …အား…အား…ပူတယ်…ပူ
တယ် မလုပ်နဲ့”

ဆရာကြီးက ဒေါ်ခင်မျိုးအေးထံမှ ဝင်ပူးကပ်နေသည့်
ကဝေမကို ဖလားထဲမှာ ရေမန်းနှင့် တောက်လိုက်ရာ
မခံနိုင်သည့်အလား ကြမ်းပြင်မှာ လှဲလိုက်ပြီး လူးလှိမ့်
နေသည်။

“အား…အား…ပူတယ်…ကြောက်ပါပြီ…ကြောက်
ပါပြီ…ဖြည်ပေးပါ…ဖြည်ပေးပါ ကြောက်ပါပြီ”

ဆရာကြီးလည်း အထက်ဆရာကြီးများ၏ အမိန့်ခံ
ယူပြီး ရေမန်းနှင့် တောက်ရာ မီးနှင့် အရှို့ခံနေရသ
လို မခံမရပ်နိုင် လူးလှိမ့်အော်ဟစ်တောင်းပန်နေ
ရတော့သည်။

“အမယ်လေး ကြောက်ပါပြီ”

“အမယ်လေး သေပါပြီ”

ကဝေမက အော်လေ ရေမန်းရေစက်များကို
လက်ဖြင့် တို့ထိပြီးတောက်လေ လုပ်နေသည်။

ကဝေမ၏ အသံက အသံနက်ကြီးဖြင့် အော်လိုက်၊
အသံကြီး တုန်လာလိုက်၊ ငယ်သံပါအောင် အော်
လိုက်နှင့် မြင်ရသူတွေပင် သနားချင်ဖြစ်လာရသည်။

“ကယ်ပါ …ကျမ …အရှုံးပေးပါပြီ၊ ကျမ လုပ်ထား
တဲ့ ပညာစက်တွေကို ပြန်နှုတ်ယူပါ့မယ်”

“အဲ …ဒီလိုနဲ့ ငါက ကျေနပ်ရမှာလား နင်လုပ်ထား
တဲ့ အပြစ်မှန်သမျှ ပြန်ယူသွားရမယ်”

“ကဲ…သမီး၊ နောက်ထပ် သောက်ရေခွက်…သွား
ခပ်ပေးဦး”

ဆရာကြီး၏သမီးက သောက်ရေအိုးကို သွားခပ်
ပေးသည်။ ဆရာကြီးက လက်ထဲမှ ရေမန်းထား
သော ဖလားခွက်ကို ဘေးမှာ ချထားလိုက်သည်။

ရေတစ်ခွက် ရောက်လာသောအခါ…

“ကဲ …သစ္စာရေ တိုက်မယ်၊ ငါဆိုပေးတဲ့အတိုင်း
လိုက်ဆို”

“ဘုရားတပည့်မ နောက်ကို၊ ခုနှစ်ရက်သားသမီး
များအား အောက်လမ်းပညာများဖြင့် ပြုစားခြင်း
မလုပ်တော့ပါ၊ ပြုလုပ်ခဲ့ပါက သွေးပွက်ပွက်အံပြီး
မဟာအဝီစိငရဲမှာ မကျွတ်မလွတ်ဘဲ ခံရပါစေ
သစ္စာကတိအတိုင်း တည်ပါက မိမွေးတိုင်း ဖမွေး
တိုင်း ဖြစ်ပြီး ကာယကံရှင် ကျန်းမာချမ်းသာပါစေ”

သစ္စာရေတိုက်လိုက်ပြီး ဆရာကြီးလည်း ကဝေ
မကြီး မထွက်ခွာခင်…

“ကဲ…ချက်ချင်း မထွက်နဲ့ဦး…ကာယကံရှင်မှာ ဖြစ်
ပေါ်နေတဲ့ ဒဏ်ရာတွေ အကုန်ပြန်ယူပြီးမှ မိမွေး
တိုင်း ဖမွေးတိုင်း မဖြစ်သေးရင် နင်လည်း မထွက်
နဲ့ဦး”

ကဝေပညာသည်လည်း ထိုစကားကို ပြောပြီး မျက်
နှာကို လက်နှင့် အကြိမ်ကြိမ် သပ်ချနေသည်။ ဒေါ်
ခင်မျိုးအေး၏ မျက်နှာလည်း တဖြည်းဖြည်း ဒဏ်ရာ
များ ကြီးရာက သေးလိုက်လာသည်။ ဖူးယောင်ကိုင်း
နေသော မျက်နှာလည်း တဖြည်းဖြည်း အယောင်
ကျလာသည်။

မကြာခင်မှာပင် မိမွေးတိုင်း ဖမွေးတိုင်း မျက်နှာမျိုး
သို့ ပြန်ရောက်လာသဖြင့် ကြည့်နေသူအားလုံး အံ့
သြနေကြသည်။ ထိုအခါ ဆရာကြီးက ကဝေမကို
ထွက်ခွာခွင့် ပြုလိုက်သဖြင့် တုန်တုန်ရီရီ ဖြစ်ရာက
ငြိမ်သက်သွားသည်။

ဦးသန်းမောင်လည်း ဒေါ်ခင်မျိုးအေးအနားသွားကာ
နဖူးမှ ဒဏ်ရာများကို အကဲခတ်ကြည့်သည်။ နဖူးမှာ
မည်သည့်ဒဏ်ရာမှ မတွေ့တော့။ အသားအရောင်
က နဂိုအသားအတိုင်း ပြန်ဖြစ်နေသည်ကို အံ့သြစွာ
တွေ့လိုက်ရသည်။

ဦးသန်းမောင်က ဆရာကြီးအား အိမ်နီးနားချင်း
အဒေါ်ကြီးနှင့် သူ၏ ဇနီးတို့ ကုန်ပစ္စည်းစျေးကွက်
လုရင်း စကားများရန်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ဆရာကြီးက ဦးသန်းမောင်အား…

“အခု ပညာသည် ဘယ်သူလည်း သိရပြီ…သူနဲ့
လည်း ခြံခြင်းကပ်လျက်နေရတာဆိုတော့ အပြော
အဆို ဂရုစိုက်နေကြပေါ့ သူက သစ္စာရေတိုက်လို့
သောက်လိုက်ပြီပေမယ့် အောက်လမ်းပညာတွေ
က ခေါင်းက အမာသား၊ သူတို့က ချက်ချင်း သေ
ချင်သေပစေ …သစ္စာရေ သောက်ထားတာကို
မေ့ချင် မေ့ပစ်တတ်တာ၊ ဒါကြောင့် သူတို့နဲ့ အနီး
ကပ်နေရင် အစားအသောက် အပြောအဆို သ
တိထား”

“ဟုတ်ကဲ့ ဆရာကြီး …အစစအရာရာ သတိထား
နေပါ့မယ်”

ထိုနောက် ဦးသန်းမောင်တို့လည်း ဆရာကြီးအိမ်မှ
ပြန်ရန် ဆရာကြီးအား ကန်တော့လိုက်သည်။

ဒေါ်ခင်မျိုးအေးက လာတုန်းကနှင့်မတူ၊ လူကောင်း
တစ်ယောက် ပုံစံအတိုင်း ပြန်ပြီး ထူထူထောင်
ထောင် ဖြစ်သွားသည်။ မကြာခင် အားလုံး ပြန်
လာခဲ့ကြသည်။

အိမ်သို့ပြန်ရောက်သော်…

သမီးခင်ခင်သိန်းက မိခင်ဖြစ်သူ ကျန်းမာလာသည်
ကိုတွေ့၍ ဝမ်းမြောက်ဝမ်းသာနှင့် အိမ်ခြံဝသို့ လာပြီး
တွဲခေါ်သည်။

“ရတယ် …သမီး၊ အမေ နေကောင်းသွားပြီ”

“ဟယ် …ဝမ်းသာလိုက်တာ”

“အဖေတို့ ဘယ်သွားတာလဲ”

“ဆိမ့်ပြန်ကြီးကို သွားတာ၊ ဆရာက တော်တော်
စွမ်းတယ်”

“ကဲလာ…အိမ်ပေါ်တက်ကြမယ်၊ သမီးလည်း အိမ်
ပေါ်ကို လိုက်ခဲ့ဦး”

“လိုက်မှာပေါ့ …စောစောကသာ ဆရာကြီးနဲ့ တိုး
လိုက်ရင် အမေလည်း ဒီလောက် ခံရမှာ မဟုတ်ဘူး
ဘယ်သူ ပြုစားထားတာလဲ”

“သမီး…စကားများမနေနဲ့၊ အိမ်ပေါ်လိုက်ခဲ့”

ဖခင်စကားကြောင့် ခင်ခင်သိန်းလည်း ဘာမှ မစပ်
စုတော့ဘဲ အိမ်ပေါ်သို့ တက်လိုက်လာခဲ့သည်။ အိမ်
ပေါ်ကို တက်လိုက်လာခဲ့သည်။ အိမ်ပေါ်ကို အား
လုံး ရောက်ခဲ့သည်။

“ကဲ …ထိုင်ဦး သမီး၊ အဖေ မေးစရာရှိလို့ သမီး
ပြီးခဲ့တဲ့ တစ်နာရီကျော်လောက်က ဘယ်မှာရှိလဲ”

“သမီး အိမ်ရှေ့ခြံထဲမှာ ရေလောင်းနေတယ်”

“ထူးခြားတာ ရှိလား”

“ဘာမှ မထူးခြားပါဘူး၊ ဘာဖြစ်လို့လဲ”

“အဖေတို့ အိမ်က မဟုတ်ဘူးလေ၊ ခြေရင်းအိမ်
ကများ ထူးခြားတဲ့အသံ ကြားရလားလို့ “

“ဟာ…ကြားရတယ် အဖေ၊ တမျိုးကြီးဘဲ သူ့
ယောက်ျားက လူမသိအောင် ကြိတ်ပြီး ရိုက်နှက်
နေတာလို့ သမီး ထင်လိုက်သေးတယ်”

“သမီး ဘာကြားလို့လဲ”

“တအင်းအင်းနဲ့ ညည်းသံလည်း ကြားရတယ်၊
ကြောက်ပါပြီ …ကြောက်ပါပြီ၊ ပူတယ် ပူတယ်
မလုပ်နဲ့၊ မလုပ်နဲ့ ဆိုတဲ့ နာနာကျင်ကျင် အော်
သံမျိုးလည်း ကြားရတယ်၊ ပြီးခဲ့တဲ့ နာရီဝက်
လောက်က ဒေါ်ဖွားရှင်ကြီး ယောင်ကိုင်းနေတဲ့
မျက်နှာကြီးနဲ့ အပြင်ကို ထွက်သွားတာ သမီး
မြင်လိုက်တယ် …သူ့ယောက်ျား နောက်က
ပါသွားတယ်”

“သမီးအမေကို ပညာနဲ့ လုပ်တာ …အဲဒီဒေါ်ဖွား
ရှင်တဲ့သမီး၊ အဖေ ဆရာကြီးစကားကြားတော့
အတော် အံ့သြသွားတယ်”

ဦးသန်းမောင်၏ စကားကို ခင်ခင်သိန်းလည်း အံ့
သြသွားသည်။

“ဟုတ်လို့လား အဖေ၊ သမီးတော့ မယုံနိုင်ဘူး”

“ပန်းကုန်သည်ကို ခေါ်ရောင်းမိရာက မကျေမနပ်
ဖြစ်ပြီး အခုလို အောက်လမ်းပညာနဲ့ လုပ်တာပဲ၊
နောက်ကို သမီးတို့ အပြောအဆို အနေအထိုင်
ဆင်ခြင်၊ မောင်လေးတွေကိုလည်း ဒီအကြောင်း
လုံးဝ မသိစေနဲ့၊ ခါတိုင်းလိုပဲ နေပစေ…သမီးက
လည်း သိထားတဲ့အကြောင်း မျက်နှာရိပ် မျက်နှာ
ကဲ မပြနဲ့ ဟုတ်လား”

“သမီး သဘောပေါက်ပါတယ်”

သို့ဖြင့် ဒေါ်ခင်မျိုးအေးလည်း စီးပွားရှာရာမှာ လော
ဘဇောတက်သည်စိတ်၊ ချိုးနှိမ်ပြီး ရိုးရိုးသားသား
အေးအေးဆေးဆေး လုပ်ကိုင်ခဲ့သည်။ ဒေါ်ဖွားရှင်
တစ်ယောက်လည်း တစ်ကြိမ်ခိုးစား တစ်ကြိမ်ပေါ်
သကဲ့သို့ ဖြစ်သွားသဖြင့် စိတ်ဓါတ်ကျသွားပုံရသည်။

သူလည်း ယခင်ကကဲ့သို့ စီးပွားရေးလောဘ မတက်
တော့ဘဲ အိမ်ထဲမှ အိမ်ပြင် မထွက်တော့။

သားသမီး လင်ယောက်ျားများကသာ ခြံအလုပ်ကိုဦးစီးလုပ်ကိုင်ခဲ့သည်။

နောက်ငါးနှစ်ခန့်အကြာ ဒေါ်ဖွားရှင်တစ်ယောက်
လူကြီးရောဂါနှင့် အသက်ဆုံးသွားတော့သည်။

ထိုအခါမှ ဒေါ်ခင်မျိုးအေးတို့ မိသားစုလည်း ချုပ်
တည်းထားသမျှ စိတ်လက်ပေါ့ပါး လွတ်လပ်ခြင်း
ကို အပြည့်အဝ ခံစားရပါတော့သည်။

ကလေးများလည်း အနေအထိုင် အပြောအဆို
ချုပ်တည်းခဲ့ကြသမျှ လွတ်လပ်ပျော်ရွှင်မှု အပြည့်အဝ ရရှိကြတော့သည်။

မူရင်း ဆရာ ဧကန်မင်း

မဖဲဝါ နဲ့ လေလွင့်တစ္ဆေ စာအုပ်မှ ကောက်နုတ်
တင်ပြထားပါသည်။

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

#ပရလောက
#ညမဖတ်ရ #Credit