” အောင်မြတ်သာနှင့်မြွေဟောက်သိုက် ”(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်မြွေဟောက်သိုက် ”(စ/ဆုံး)
———————————————————
စာရေးဆရာ -ဇေယန(ရာမည)

” ခင်ကြည် ထစမ်း.. ထစမ်း… ”
ညသန်း​ခေါင်အချိန် ခေါ်လိုက်တဲ့အသံကြောင့် ဒေါ်ခင်ကြည်တစ်ယောက် မျက်လုံးကိုပွတ်သပ်ကာ ထကြည့်လိုက်တဲ့ချိန် ခြင်ထောင်အပြင်မှာရပ်နေတဲ့ လူတစ်ယောက်။

” သားကြီးလား… ဘယ်သူလဲရပ်နေတာ”

” ဟဲ့ ခင်ကြည်မ… ငါ့နာမည် ဖိုးတာတားလို့ခေါ်တယ်၊ မနက်ဖြန်ညသန်းခေါင်အချိန် ထမင်းချက်တဲ့အောက်တည့်တည့်ကို တူးရမယ်နော်၊ နင်တစ်ယောက်ပဲသွား အဖော်မခေါ်သွားနဲ့ ကြားလား”

ဒေါ်ခင်ကြည်လဲ မှုန်မှုန်ဝါးဝါးမြင်နေရတဲ့ လူရဲ့စကားကိုသေချာမှတ်ထားပြီး ခေါင်းငြိမ့်ပြလိုက်တဲ့အချိန် ဖျတ်ခနဲလန့်နိုးလာခဲ့တယ်။
++++
” ငါဘာကိုစိတ်စွဲပြီး မက်တာပါလိမ့်… ”

ထမင်းရည်ငှဲ့ရင်း အတွေးနယ်ချဲ့နေချိန် နှာခေါင်းထဲကို ဆေးပြင်းလိပ်နံ့တစ်ခုတိုးဝင်လာခဲ့တယ်။

” ဒီနားမှာ ဆေးပြင်းလိပ်သောက်တဲ့သူလဲမရှိပါဘူး.. ဘယ်ကလာတဲ့အနံ့ပါလိမ့်နော်”

ဒေါ်ခင်ကြည်တစ်ယောက် တောင်တွေးမြောက်တွေးလုပ်နေတဲ့အချိန် သားဖြစ်သူ မောင်ဦး ခြံထဲဝင်လာတာကိုမြင်လိုက်ရတယ်။

” သားကြီး.. နင် ဇက်ဆိပ်မသွားဘူးလား”

” ခုပဲသွားပြီးလို့ပြန်လာတာလေ … ဒီမှာ ကုန်တင်ကုန်ချလို့ရတဲ့ငွေ… ဟူး ဒီနေ့က အဆင်မပြေပါဘူးအမေရာ ခရီးသည်တွေသိပ်မလာကြဘူး”

ငွေအကြွေအချို့ကိုကမ်းပေးရင်းပြောလိုက်တဲ့ သားဖြစ်သူစကားကြောင့် ဒေါ်ခင်ကြည်က မနက်ကဝယ်ထားတဲ့ မုန့်လိပ်ပြာတစ်ထုပ်ကိုကမ်းပေးလိုက်ပြီး
” မင်းလဲဆာနေရောပေါ့… ဒီမုန့်ကိုအရင်စားထားလိုက်… အော် ဒါနဲ့ ညကအမေအိမ်မက်မက်တယ်သိလား” လို့ပြောကာ သားဖြစ်သူကိုအိမ်မက်အကြောင်းပြောပြလိုက်မိတယ်။

” ညသန်းခေါင်အချိန် အမေတစ်ယောက်ထဲဖြစ်ပါ့မလား… အဖေကလဲ အူတိုတာနဲ့ ရန်ဖြစ်နေဦးမယ်နော်”

” သူမသိတဲ့ချိန်သွားမှာပေါ့… အမေ နှိုးရင်မင်းသာလိုက်ခဲ့”

ဒေါ်ခင်ကြည်လဲ သားဖြစ်သူနဲ့တိုင်ပင်ပြီး ညသန်းခေါင်အချိန်ရောက်အောင်စောင့်နေခဲ့လိုက်တယ်။
++++
” ဒုတ် ဒုတ် ဒုတ်’
ညသန်းခေါင်အချိန် အိမ်အောက်ကနေ ထွက်လာတဲ့အသံကြောင့် ကိုအေးတင်တစ်ယောက် လန့်နိုးလာခဲ့တယ်။ နိုးလာတဲ့အချိန် ဘေးကိုကြည့်လိုက်တော့ မိန်းမဖြစ်သူကိုမမြင်ရတဲ့အပြင် အိမ်အောက်ကနေ ထွက်လာတဲ့အသံကြောင့် လက်နှိပ်ဓါတ်မီးကိုယူကာ ပန်းကန်ဆေးတဲ့ကွပ်ပြစ်အောက်ကနေ ထိုးကြည့်လိုက်ရာ သံတူရွင်းတစ်လက်နဲ့ မြေကြီးကိုတူးဆွနေတဲ့ သားမိနှစ်ယောက်ကိုမြင်လိုက်ရတယ်။

” ခင်ကြည်နဲ့ မောင်ဦး … နင်တို့ကညသန်းခေါင်အချိန် ဘာလုပ်နေကြတာလဲဟမ်”

ကိုအေးတင်က ဘုမသိဘမသိနဲ့ လှမ်းပြောလိုက်တဲ့ချိန် သံတူရွင်းကိုင်ထားတဲ့ မောင်ဦးရဲ့အနောက်မှာ မုန့်ထည့်တဲ့ပန်းကန်ပြားအဝိုင်းနီးပါးရှိတဲ့ ပါးပျဉ်းကိုထောင်ထားတဲ့ မြွေဟောက်တစ်ကောင်ကိုမြင်လိုက်ရတယ်။

” သားကြီး … မင်း မင်းအနောက်မှာ မြွေ… မြွေ… ခင်ကြည်မ မြန်မြန်ထွက်လာစမ်း”

ကိုအေးတင်အသံကြောင့် မောင်ဦးက လှည့်အထွက် ရွှီးဆိုတဲ့အသံနဲ့အတူ သံတူရွင်းကိုလှမ်းပေါက်လိုက်တဲ့မြွေခေါင်းကို ရိပ်ခနဲမြင်လိုက်ရတယ်။

” မြွေ… မြွေဗျို့… လာ​ကြပါဦး”

လူခြေတိတ်ချိန်ဖြစ်ပေမယ့် တစ်အိမ်နဲ့တစ်အိမ်ကပ်နေတာကြောင့် အနီးနားကလူတွ တုတ်တွေကိုင်ပြီးရောက်လာခဲ့ပေမယ့် ခုနကမြင်လိုက်ရတဲ့ မြွေက အစနပင်မတွေ့လောက်အောင် ပျောက်ကွယ်သွားခဲ့တယ်။
+++++++
” ကံသီပေါ့လို့သာပဲကွာ… နောက်ဆို မင်းအနေနဲ့မိန်းမတောင်ရလိုက်မှာမဟုတ်ဘူး”

ဖက်ကြမ်းဆေးလိပ်ကို ဖွာရှိုက်ရင်း သားမိနှစ်ယောက်ကို စိုက်ကြည့်ကာပြောလိုက်တဲ့စကားကြောင့် ဒေါ်ခင်ကြည်ရော… မောင်ဦးပါ ဇက်ကလေးပုသွားခဲ့တယ်။

” အမေရာ … ကျွန်တော်ပြောသားပဲ… အိမ်မက်ဆိုတာ သွေးလေချောက်ချားပြီးမက်တာပါလို့၊ ခုတော့ အသက်မသေတာကံကောင်း ဟူး.. နောက်ဆို အမေလဲ ပေါက်ကရတွေလိုက်မလုပ်နဲ့တော့”

” ခင်ကြည်မ နင်ကဘာအိမ်မက်တွေမက်လို့တုန်း”

” ဘာမှမဟုတ်ပါဘူး တော်ရေ… ညလဲနက်နေပီဆိုတော့ အိပ်စရာရှိအိပ်တော့”

ဒေါ်ခင်ကြည်လဲ ကိုအေးတင်ကို မျက်စောင်းထိုးကာပြောလိုက်ပြီး ခြင်ထောင်ထဲဝင်ကာ အိပ်နေလိုက်တယ်။ မနက်အရုဏ်တက်ချိန်နားရောက်တော့ ဒေါ်ခင်ကြည်ဆီကို ပဝါအဖြူပေါင်းထားတဲ့ အဖိုးကြီးတစ်ယောက်ရောက်လာပြီး စိတ်ဆိုးတဲ့လေသံနဲ့
” ဒီလောက်သေချာမှာထားတာတောင် အခြားသူတွေကိုခေါ်လာပါလား… နင်က ငါတို့ပေးတာကိုရထိုက်တဲ့သူမဟုတ်ဘူး… သွား သွား နောက်နေ့ကစပြီး ဘာမှရဖို့စိတ်မကူးနဲ့” လို့ပြောကာ အိမ်နံရံကိုထိုးဖောက်ပြီးဆင်းသွားခဲ့တယ်။
+++++
” ရွှီး … ရွှီး… ရွှီး…”
သံပြတ်အော်လိုက်တဲ့ မြွေဆိုးတွန်သံကြောင့် အိမ်သာတက်နေတဲ့ မောင်ဦးတစ်ယောက် လက်နှိပ်ဓါတ်မီးကိုယူပြီး ထရံပေါက်ကနေထိုးကြည့်လိုက်ရာ လူကြီးလက်ကောက်ဝတ်ခန့်ရှိပြီး မဲပြောင်နေတဲ့ မြွေဟောက်တစ်ကောင်က အိမ်ဘက်ကို မျက်နှာမူပြီး ကြည့်နေတာကိုမြင်လိုက်ရတယ်။

” အမလေး… နဲတဲ့ကောင်မဟုတ်ပါလား… အရင်က ဒီနေရာမှာ မြွေနဲ့တူတာဆိုလို့ ဘာမှမရှိပါဘူး… ခုတစ်လောမှဘယ်လိုဖြစ်တာပါလိမ့်”

ကိစ္စဝိစ္စတွေပြီးတဲ့တိုင်အောင် မြွေဟောက်ကြီးက လုံးဝမလှုပ်ပဲရပ်ကြည့်နေတာကြောင့် မောင်ဦးတစ်ယောက် အနားမှာရှိတဲ့ထင်းခြောက်နဲ့ ကောက်ပစ်လိုက်ပြီးခြောက်လှန့်လိုက်တော့မှ အိမ်အောက်ထဲကို လျောခနဲတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

အဲဒီညက မောင်ဦးရဲ့အိမ်မက်ထဲမှာ မရေတွက်နိုင်တဲ့ မြွေအကောင်ပေါင်းများစွာက သူ့အနောက်ကနေလိုက်တာကို မြင်မက်ခဲ့တယ်။

ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ ညဘက်တွေတင်မကပဲ နေ့ခင်းကြောင်တောင်အချိန်မှာတောင် မြွေတွန်သံတွေကြားရတဲ့အပြင် အိမ်ထုပ်တန်းတွေပေါ်မှာ ရစ်ခွေနေတဲ့မြွေအချို့ပါမြင်တွေ့ခဲ့ကြရတယ်။ တစ်ခါတစ်လေ အဝတ်ခြင်းတောင်းတွေထဲမှာ ခွေနေတဲ့မြွေတွေအပြင် အိမ်အောက်က မီးသွေးအိတ်ကြားတွေထဲမှာ ဆန့်ဆန့်ကြီးခိုနေတတ်တာကြောင့် အိမ်ထဲမှာစိတ်ချလက်ချနေဖို့ကိုတောင် မဝံ့မရဲဖြစ်လာခဲ့ကြတယ်။

ကိုအေးတင်ကတော့ မူးလာတိုင်း မြွေတွေ့တာနဲ့သတ်မယ်ဖြတ်မယ်လို့ကြိမ်းဝါးနေသလို မြွေတွေကလဲ တစ်နေ့တစ်ခြား ပေါများလာခဲ့တယ်။ တစ်ညမှာကိုတော့ ကိုအေးတင် အိမ်သာတက်ချင်လို့ လက်နှိပ်ဓါတ်မီးယူပြီး အိမ်သာတံခါးကိုဆွဲဖွင့်လိုက်ရာ အိမ်သာအမိုးထုပ်တန်းပေါ်မှာ ရစ်ပတ်တွဲခိုနေကြတဲ့ မြွေဟောက်နှစ်ကောင်ကိုမြင်လိုက်ရတယ်။

” အမလေး… လန့်လိုက်တာကွာ… ငလခွမ်းထဲမှ”

ညဦးပိုင်းကသောက်ထားတဲ့အရက်ရှိန်ကြောင့် အနီးနားမှာရှိတဲ့ထင်းခြောင်းကို ကောက်ယူကာ အမိုးတန်းပေါ်တွယ်တက်နေတဲ့ မြွေနှစ်ကောင်ကို ဗိုင်းခနဲရိုက်ချလိုက်ပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ နာကျင်စွာလွန့်လူးပြီး အိမ်အောက်ထဲကိုတိုးဝင်သွားတာကိုမြင်လိုက်ရတယ်။

” အေးတင်ကို ဒီလိုလာလုပ်ရင် အကုန်မသာပေါ်ကုန်မယ်… ”

တစ်ယောက်ထဲ စိတ်ရူးပေါက်ပြီး ကြိမ်းဝါးကာ အိမ်ထဲပြန်ဝင်ဖို့အလုပ် ခြံအနောက်ဘက်အမှောင်ထုထဲမှာ မတ်တပ်ရပ်နေတဲ့လူရိပ်တစ်ခုကိုဖျတ်ခနဲမြင်လိုက်ရတယ်။

” ဟိတ်… ဘယ်သူလဲကွ..”လို့ပြောပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်ပေမယ့် ဘာမှမတွေ့ရပဲ လေတိုက်လို့လှုပ်နေတဲ့ ငှက်ပျောရွက်အချို့ကိုသာမြင်လိုက်ရတယ်။
++++++
” အမေ… အမေ … အိမ်အောက်မှာ တောင်ပို့တစ်လုံးပေါက်နေတယ် ကြည့်ကြည့်ပါဦး”

သားဖြစ်သူမောင်ဦးစကားကြောင့် ဒေါ်ခင်ကြည်တစ်ယောက် ကြမ်းခင်းပေါက်ကနေ ချောင်းကြည့်လိုက်ရာ အဟုတ်ကိုတောင်ပို့တစ်လုံးထွက်နေတာကိုမြင်လိုက်ရတယ်။

“လွန်ခဲ့တဲ့တစ်ပတ်လောက်ကတောင် မတွေ့မိပါဘူး… ခုမှရုတ်တရက်ကြီးဘယ်ကပေါ်လာတာလဲ”

” ဒါတော့ဘယ်သိပါ့မလဲအမေရဲ့… အခုတစ်လော အိမ်ထဲမှာပေါ်ပေါ်လာတဲ့ မြွေတွေက ဒီတောင်ပို့နဲ့များဆိုင်နေမလား”

” အမေလဲသေချာမပြောတတ်ဘူး… မင်းလဲအိမ်အောက်တွေထဲအရမ်းအရမ်းလိုက်ဝင်မနေနဲ့… ကြားလား”

” မဝင်ပါဘူးအမေရဲ့… အော် မနက်က ခြေရင်းအိမ်ကို ဘိုးတော်တစ်ပါးကြွလာတာသိပီးပီလား”

” ဘယ်ကဘိုးတော်လဲ .. အမေလဲမသိရပါလား”

” ဦးကျင်စိန်တို့ကိုးကွယ်တဲ့ ဘိုးတော်လို့ ပြောတာပဲ၊ ခုနကတောင် ဒေါ်စိန်သီတို့ ဗေဒင်မေးဖို့ဝင်သွားကြတယ်”

ဗေဒင်ဆိုတဲ့အသံကြောင့် ဒေါ်ခင်ကြည်တစ်ယောက် အနည်းငယ်စိတ်ဝင်စားသွားပြီး နပ်လုဆဲဆဲ​ဖြစ်နေတဲ့ ထမင်းအိုးကို ဘယ်ညာခါယမ်းကာ မီးသွေးခဲတွေကို အိုးအလွတ်တစ်လုံးထဲ ထိုးထည့်လိုက်တယ်။
++++++
” နာမည်က… ခင်ကြည်နော်…”

” ဟုတ်ပါတယ်”

” ခင်ကြည်.. တနင်္လာသမီး… သိုက်ဖွား… လူနက္ခတ်… ဂြိုလ်နက္ခတ်သဘောအရ ဒီလအတွင်း ရတနာဝင်ကိန်းရှိတယ်၊ ဒါပေမယ့် အိမ်ထဲမှာ ခြေနှစ်ချောင်းထွက်ကိန်းလဲမြင်နေရတယ်”

ပိတ်ဖြူဝတ်ဘိုးတော်စကားကြောင့် ဒေါ်ခင်ကြည်တစ်ယောက် ဘုရားတလိုက်ပြီး
” ခြေနှစ်ချောင်းထွက်ကိန်းတော့မဖြစ်ပါရစေနဲ့ဆရာရယ်၊ ကျွန်မဘယ်လိုလုပ်ရင် အဆင်ပြေမလဲ”

” နေဦး.. နေဦး… ခြံထဲမှာ မမြင်အပ်တဲ့အစောင့်အရှောက်တွေ အသိုက်လာဖွဲ့ထားတာကိုလဲမြင်နေရတယ်”

ဘိုးတော်က မျက်လုံးကိုစုံမှိတ်ပြီး တစ်ခုခုကိုအာရုံခံနေရာကနေ
” အိမ်အောက်မှာ သင်္ကန်းစုတ်နဲ့ထုပ်ထားတဲ့ပစ္စည်းရှိနေတယ်၊ ဒါကိုစောင့်နေကြတဲ့သူတွေက သင်တို့ကို မနေရဲအောင် အမျိုးမျိုးနှောက်ယှက်ကြလိမ့်မယ်နော်”

” မှန်လိုက်တာ ဆရာရယ်… အခုတစ်လော အိမ်ထဲမှာ ဘယ်ကနေရောက်လာမှန်းမသိတဲ့ မြွေဟောက်တွေအများကြီးမှအများကြီးပဲ၊ တစ်ခါတစ်လေ ညဘက်အပေါ့အပါးသွားရင်တောင် မြေကြီးမှာလူးလွန့်သွားနေကြတာ”

” ဒါပေမယ့် သူတို့က လူကိုတော့အန္တရာယ်မပြုဘူးမဟုတ်လား”

” ဒါတော့ဟုတ်တယ်၊ သူတို့က လူကိုတော့ ဘာမှမလုပ်ကြဘူး”

” သင်တို့ဘက်ကလဲ သူတို့ကို ရန်မပြုပါနဲ့၊ မသတ်ပါနဲ့… သူတို့ကိုသတ်တဲ့နေ့​က သင်တို့မိသားစုထဲကနေ ခြေနှစ်ချောင်းထွက်တဲ့နေ့ပဲ”

“ဒါပေမယ့် ဆရာရယ်… ခုလိုကြီးမြင်နေတွေ့နေတာကတော့ နေရတာအဆင်မပြေလှဘူး၊ သူတို့ကိုနေရာရွေ့ပေးလို့မရဘူးလား”

” ဟင်း… ခက်တော့ခက်နေပြီ၊ သင်တို့အတွက်အကောင်းဆုံးအကြံပေးချင်တာက ဒီနေရာကနေပြောင်းဖို့ လုံလောက်တဲ့တန်ကြေးတစ်ခု တောင်းပါ၊ သူတို့ပေးလာခဲ့ရင်တော့ ကတိအတိုင်း နေရာပြောင်းပေးလိုက်ပါ”

” ကျွန်မ ဘယ်လိုတောင်းရမလဲဆိုတာ လမ်းညွှန်ပေးပါဆရာ”

” လပြည့်နေ့ည ၇ နာရီကျရင် အိမ်ခေါင်းရင်းမြေလွတ်တစ်ခုမှာ နွားနို့တစ်ခွက်၊ ပေါက်ပေါက်ဆုပ်တစ်ဆုပ်၊ အမွှေးတိုင် ဖယောင်းတိုင်ထွန်းပြီး ၁နာရီတိတိမေတ္တာပို့​ပေးပါ၊ မေတ္တာသုတ်၊ ခန္ဓသုတ်၊ ပရိမိတ္တဇာလသုတ်တို့ရရင် ရွတ်ဖတ်ပေးပါ၊ တစ်ခုခုထူးခြားလာပါလိမ့်မယ်”

​ဒေါ်ခင်ကြည်လဲ ဘိုးတော်မှာတဲ့အတိုင်းမှတ်သားပြီး လပြည့်နေ့ညမှလုပ်ဆောင်ခဲ့ရာ မနက်အရုဏ်တက်ချိန်အရောက်မှာတော့ အိပ်နေတဲ့ ခေါင်းရင်းထရံကိုလက်နဲ့ပုတ်နှိုးတဲ့အသံကြားလိုက်ရတယ်။

” ဘုတ် ဘုတ် ဘုတ်… ခင်ကြည် … ထစမ်း၊ ဒီတစ်ခါ လွဲရင် တစ်သက်လုံးဘာမှရဖို့စိတ်မကူးနဲ့ ကြားလား”

ခပ်အုပ်အုပ်ပြောနေတဲ့အသံကြောင့် ခင်ကြည်တစ်ယောက် ထထိုင်လိုက်ပြီး အသံကြားရာဘက်ကို နားစွင့်နေလိုက်တယ်။

” အခုချက်ချင်း အိမ်ခေါင်းရင်းသရက်ပင်အောက်ကိုသွား၊ မြောက်ဘက်ကိုထွက်နေတဲ့သစ်ကိုင်းတည့်တည့်ကို တူးပြီးရတာကိုယူလိုက်၊ တစ်ခုခုရပီဆိုတာနဲ့ အနောက်ကိုလှည့်မကြည့်ပဲ ဆန်အိုးထဲသာထည့်ထားပေတော့၊ မြန်မြန်လုပ်”

ဒေါ်ခင်ကြည်လဲအသံကြားတာနဲ့ ပထမတစ်ခါလိုမဖြစ်အောင် အိမ်သားတွေအိပ်မောကျမကျကြည့်ကာ အိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်။ အောက်ရောက်တော့ အသင့်ရှိနေတဲ့ သံတူရွင်းတစ်ချောင်းကိုယူကာ မြောက်ဘက်အရပ်ကိုထိုးထွက်နေတဲ့ သရက်ပင်ကိုင်းအောက်ကို တူးဆွနေခဲ့လိုက်တယ်။

တစ်တောင်သာသာလောက်တူးပြီးတဲ့ချိန်မှာတော့ “ခွပ်”ဆိုတဲ့အသံနဲ့အတူ မြေအိုးတစ်လုံးကိုထိတဲ့အသံထွက်လာတာကြောင့် လက်နဲ့နှိုက်ပြီးစမ်းကြည့်လိုက်ရာ အတန်သင့်ထူတဲ့မြေသားနဲ့ပြုလုပ်ထားတဲ့အိုးတစ်လုံးထွက်လာခဲ့တယ်။

ဒေါ်ခင်ကြည်လဲ မြေအိုးကိုရတာနဲ့ အနောက်ကိုလှည့်မကြည့်ပဲ အိမ်ပေါ်ကိုတက်လာတဲ့ချိန် သရက်ပင်ခြေရင်းကနေ တရွှီးရွှီးနဲ့အော်မြည်နေကြတဲ့ မြွေတွန်သံတွေကိုကြားခဲ့ရတယ်။ အိမ်ပေါ်ရောက်တာနဲ့ ရလာတဲ့အိုးကိုဆန်အိုးထဲထည့်ကာအဖုံးပိတ်ပြီး မနက်အလင်းရောင်ရတဲ့ချိန်ထိကို စောင့်ဆိုင်းနေခဲ့လိုက်တယ်။

မနက်အလင်းရောင်ရတာနဲ့ ဆန်အိုးထဲထည့်ထားတဲ့ အရာကိုထုတ်ကြည့်လိုက်ရာ ရွှေကြယ်သီး၊ လက်ကောက်၊ ဆွဲကြိုးအချို့ကို မြေသားတွေနဲ့ရောနှောနေတာကို မြင်လိုက်ရတယ်။

ဒီလိုနဲ့ ဒေါ်ခင်ကြည်တို့လဲနေ့ချင်းညချင်းဆိုသလို ကြွယ်ဝလာပြီး လက်ရှိနေနေတဲ့ခြံဝင်းကနေ ပြောင်းရွှေ့ဖို့စီစဉ်ခဲ့ကြတယ်။ ဒါကိုမကျေနပ်သူက ကိုအေးတင်။

” ခင်ကြည်ရယ်… ငါတို့ပိုင်တဲ့နေရာလေကွာ၊ ဒီတိုင်းကြီးတော့မရွေ့နိုင်ပါဘူး၊ အခြားသူတွေကို ရောင်းလိုက်ရင် ငွေပိုငွေလျှံမထွက်လာဘူးလား”

” မဖြစ်ဘူးရှင့်.. ကျွန်မတို့ကို ထိုက်သင့်တဲ့အဖိုးခပေးပီးပီမဟုတ်လား၊ လူဆိုတာကတိတည်ရတယ်၊ ရှင်မပြောင်းဘူးဆို တစ်ယောက်ထဲနေခဲ့၊ ကျွန်မတို့ကတော့ပြောင်းမယ်”

ကိုအေးတင်က စိတ်ထဲအစာမကြေပေမယ့် ရထားတဲ့ပစ္စည်းတွေကဘယ်လောက်ရှိတယ်ဆိုတာ သေချာမသိသေးတဲ့အတွက် ဒေါ်ခင်ကြည်ကိုအချိုသပ်ကာ အလိုက်သင့်နေထိုင်ခဲ့လိုက်တယ်။
++++
ပိုက်ဆံလေးနည်းနည်းရှိလာတော့ ကိုအေးတင်က အလုပ်ကိုမယ်မယ်ရရမလုပ်တော့ပဲ သောက်လိုက်စားလိုက်နဲ့ ဖြစ်လာသလို သားဖြစ်သူ မောင်ဦးကလဲ သူဌေးသားပုံစံနဲ့သုံးဖြုန်းလာခဲ့တာ နှစ်နှစ်အတွင်း ရထားတဲ့ငွေတစ်ဝက်နီးပါးလောက် ကုန်သွားခဲ့တယ်။
” ခင်ကြည် … နင်တို့အိမ် လူငှားမတင်ဘူးလား”

” မတင်ပါဘူး သေးတင်ရယ်… ဘာဖြစ်လို့လဲ”

” ဘာမှမဟုတ်ပါဘူး… ငါ့အသိဆရာတစ်ယောက်က ဒီရွာမှာ ဓါတ်ခန်းဖွင့်မလို့ နေရာရွေးတာ နင်တို့အိမ်အဟောင်းနေရာကအဆင်​ပြေတယ်ပြောလို့ လာပြောပြတာ၊ အိမ်ငှားခကိုလဲ နင်တို့ပြောတဲ့ဈေးထက် နှစ်ဆပို​ပေးမယ်ပြောတယ်”

သေးတင်စကားကြောင့် ​ဒေါ်ခင်ကြည်မျက်နှာ ဝင်းခနဲဖြစ်သွားပြီး
” ငှားတော့ငှားချင်ပါတယ် ဒါပေမယ့် ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်မှာစိတ်ပူလို့ပါ”

” ဘယ်က ရှုပ်ရမှာလဲ… ဆရာက ဘုရားတရားသမား… နောက်ပြီး စိတ်ထားလဲကောင်းပါတယ်”

” ဒီလိုလုပ်ဟာ … ငါကငှားတာထက်ကို အပြတ်ရောင်းချင်တာဆိုတော့ သူကဝယ်နိုင်လားဆိုတာ အရင်မေးလိုက်ဟာ၊ နင့်အတွက်ပွဲခလဲမနည်းစေရပါဘူး”

ဒေါ်ခင်ကြည်စကားကြောင့် သေးတင် မျက်နှာပြုံးရွှင်သွားပြီး ထွက်သွားခဲ့တယ်။
++++
တစ်ပတ်လောက်ကြာတော့ အရပ်မြင့်မြင့် ဥပဓိရုပ်သန့်သန့်နဲ့လူတစ်ယောက် ဒေါ်ခင်ကြည်တို့အိမ်ကိုရောက်လာပြီး ယခင်အိမ်ဟောင်းကို ဈေးအဆမတန်ပေးဝယ်သွားခဲ့တယ်။ ဒီလိုနဲ့ အိမ်ရောင်းပြီးတစ်လလောက်ကြာတော့ အိမ်မက်ထဲကို ပိတ်ဖြူဝတ်အဖိုး​ရာက်လာပြီး လက်ညိုးငေါက်ငေါက်ထိုးကာ
” ခင်ကြည်… ခင်ကြည်.. နင်က ပေးထားတဲ့ကတိကို ဖျက်ခဲ့တာပဲ၊ ဒီနေ့ဒီချိန်ကစပြီး နင်တို့ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး” လို့ ဒေါသတစ်ကြီးပြောပြီး ပျောက်ကွယ်သွားခဲ့တယ်။

ဒေါ်ခင်ကြည်နဲ့ကိုအေးတင်လဲ အိမ်မက်ကိုဂရုမစိုက်ပဲ အိမ်ရောင်းလို့ရထားတဲ့​ငွေအချို့နဲ့ လက်ထဲရှိတဲ့ငွေတွေကိုပေါင်းပြီး လယ်ဧကအချို့ဝယ်ကာ စီးပွားရေးလုပ်ကိုင်ခဲ့ကြတယ်။

” အရီးခင်ကြည်… အရီးခင်ကြည်… ဘကြီးအေးတင် ပိုးထိလို့တဲ့”

သူရင်းငှားဖိုးအော်ရဲ့စကားကြောင့် ဒေါ်ခင်ကြည်တစ်ယောက် ပြာပြာသလဲလဲနဲ့ဆင်းလာပြီး
” ဟင်…ဘယ်မှာပိုးထိတာလဲ… ”
” လယ်ထဲကနေ အိမ်အပြန် သုံးမြှောင့်လယ်စပ်နားမှာ ထိသွားတာ”
” ဒုက္ခပါပဲ… မောင်ဦးရော.. သူ့ကိုလိုက်ရှာပြီး ခေါ်ကြပါဦး”

ဒေါ်ခင်ကြည်တစ်ယောက် ဖိနပ်တောင်မစီးနိုင်ပဲ လိုက်သွားကြည့်ရာ လယ်ကွင်းအစပ်မှာ သတိလစ်မေ့မျောနေတဲ့ ကိုအေးတင်ကိုမြင်လိုက်ရတယ်။

” ဆေးရုံပို့ဖို့ပြင်ကြလေ… ဒီတိုင်းရပ်ကြည့်နေကြတော့မှာလား”

” အရီး ခင်ကြည် … စိတ်ကိုလျော့လိုက်ပါဗျာ၊ ဘကြီးအေးတင် အသက်မရှိတော့ဘူး”

ဒေါ်ခင်ကြည်လဲ ချက်ချင်းဆိုသလို နှာခေါင်းဝကိုလက်တေ့ကြည့်ပြီး ခေါင်းထဲမိုက်ခနဲဖြစ််ကာ လဲကျသွားခဲ့တယ်။
+++++++
” ရွှီး…. ရွှီး…. ”
အိမ်ခေါင်းရင်းမြေကွက်လပ်ကနေ ကြားလိုက်ရတဲ့မြွေတွန်သံကြောင့် ဆရာဒေဝက တီးစိပ်ကို ဂျောက်ခနဲမြည်အောင် ဆွဲတင်လိုက်ပြီး

” ဒီည သူတို့ထွက်တဲ့နေ့ပဲထင်တယ်… ခိုင်းထားတဲ့ကိစ္စတွေအကုန်လုပ်​ပြီးပြီလား” လို့ပြောလိုက်တော့ ကွမ်းအစ်ထဲက ထုံးဘူးကိုလှမ်းယူနေတဲ့ လူက

” ဆရာ.. ပြောတဲ့အတိုင်းလုပ်ပြီးပါပြီ…”

” အင်း… ဒီနေရာမှာ သင်္ကန်းစုတ်နဲ့ထုပ်ထားတဲ့ ရတနာတွေရှိတယ်ဆိုတာ ဘိုးတော်စိန်ပွင့် ပြောပြတာမှတ်မိတယ်မဟုတ်လား”

” မှတ်မိတာပေါ့ဆရာရယ်… ဒါကြောင့် ဆရာက ဒီနေရာကိုမရမကဝယ်ခဲ့တာလေ”

” ဟက်ဟက်… ငါလဲမင်းတို့လိုတွေးပြီးဝယ်ခဲ့တာပဲ၊ ဒါပေမယ့် ဒီလအတွင်း ငါသိလိုက်ရတာက ရတနာထုပ်ကနှစ်ထုပ်တောင်ရှိနေတယ်ဆိုတာပဲ”

” ဗျာ… ဘယ်လို ”

“ဟုတ်တယ်.. ဒီမြေကြောမှာရှိနေတဲ့ ရတနာထုပ်က ဘာဘူအဖိုးကြီးပိုင်တဲ့ပစ္စည်း၊ နောက်ထပ်မြေကြောတစ်ခုမှာရှိနေတဲ့ပစ္စည်းက ဒီထက်ပိုများတယ်၊ ဒီမြေကြောနှစ်ခုက သွေးကြောမျှင်တွေလို ယှက်နေတာလဲမြင်တယ်ကွ”

” ဒီကောင်တွေကအစုအဖွဲ့လိုက်နေတာနော်ဆရာ… အန္တရာယ်တော့များမယ်ထင်တယ်”

” အန္တရာယ်များလဲ လုပ်သင့်တာကိုလုပ်ရမှာပဲမဟုတ်လား.. မင်းလဲမကြာခင် ထူးဆန်းတာတွေကြုံရင်ကြုံရမှာ”

ဆရာဒေဝက စကားဆုံးတာနဲ့ ယွန်းသေတ္တာထဲမှာထည့်ထားတဲ့ လက်ညိုးအရွယ်ရွှေရောင်တုတ်တံတစ်ချောင်းကိုယူထုတ်ပြီး လက်သီးဆုပ်သာသာရှိတဲ့ ဗုံကိုတီးပါလေရော။

ဗုံသံက တစ်ဖြေးဖြေးမြန်လာလေလေ ခေါင်းရင်းမြေကွက်လပ်ကနေ မြွေတွန်သံတွေတဖြည်းဖြည်းကျယ်လာခဲ့တယ်။

” မောင်သာ… ထရံပေါက်ကနေ ချောင်းကြည့်စမ်း.. ”
ဆရာ​ဒေဝစကားကြောင့် မောင်သာက ဟနေတဲ့ထရံပေါက်ကနေ ချောင်းကြည့်လိုက်ရာ အရွယ်စုံဆိုဒ်စုံမြွေ​ဟောက်တွေက ပါးပျဉ်းတွေတကားကားနဲ့ ယိမ်းထိုးလှုပ်ရှားနေတာမြင်လိုက်ရတယ်။

” အပါးပါး.. နည်းနည်းနောနော အကောင်ရေမဟုတ်ဘူး ဆရာ… ဒီကောင်တွေအိမ်ပေါ်တက်လာရင်တော့ မလွယ်ဘူးနော်”

ဆရာဒေဝက မောင်သာစကားကိုကြားတော့ ဗုံသေးသေးလေးရဲ့ စောင်းဘက်ကို ရွှေရောင်တုတ်တံနဲ့ ခပ်ဆတ်ဆတ်ခေါက်လိုက်ချိန် အိမ်လှေကားပေါ်ကနေ တောင်ဝှေးတစ်ဒေါက်ဒေါက်ထောက်ပြီးတက်လာတဲ့အသံကိုကြားလိုက်ရတယ်။

” မောင်သာ တံခါးသွားဖွင့်လိုက်… သူတို့ရဲ့အဓိပတိရောက်လာပြီထင်တယ်”

မောင်သာလဲ မင်းတုန်းချထားတဲ့တံခါးကို ဖွင့်လိုက်တဲ့ချိန်မှာတော့ မြွေဟောက်တစ်ကောင် မာန်ပြင်း​နေတဲ့ဟန်ထုဆစ်ထားတဲ့ တောင်ဝှေးကို ထောက်ပြီး မျက်ထောင့်နီနဲ့စိုက်ကြည့်နေတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။

” မင်းတို့မို့ မကြောက်မရွံ့နဲ့ ငါတို့နေရာကို ကျူးကျော်ရဲရတယ်လို့ တောက်စ်”

အဖိုးအိုက မောင်သာက ကြောက်မက်ဖွယ်ကောင်းတဲ့ မျက်နှာထားနဲ့ကြိမ်းမောင်းလိုက်တဲ့ချိန် ဆရာဒေဝက လက်ထဲက ဗုံကိုအောက်ချလိုက်ပြီး
” အဖိုးက ကျုပ်အမိန့်ကို မလွန်ဆန်နိုင်လို့ ကိုယ်တိုင်လာတွေ့နေရတာမဟုတ်လား… ဒါကြောင့် ရန်လိုတဲ့စကားကိုမပြောပါနဲ့ဗျာ၊ ကဲကဲ အိမ်ပေါ်တက်ခဲ့ပါဦး”

အဖိုးအိုက ဆရာ​ဒေဝကိုစူးရှတဲ့အကြည့်တွေနဲ့ ကြည့်ရင်း အောင့်သက်သက်နဲ့အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

” ကျူပ်ကိုခေါ်တာ ဘာကိစ္စလဲ လိုရင်းပြော”

” ကောင်းပြီလေ အဖိုးကလိုရင်းဆိုတော့ ကျုပ်လဲလိုရင်းပဲပြောတော့မယ်… ဒီအိမ်အောက်မှာ သင်္ကန်းစုတ်နဲ့ထုပ်ထားတဲ့ ရတနာတွေရှိတယ်ဆိုတာ ကျုပ်သိတယ်၊ အဲဒီရတနာထုပ်ထဲက ပတ္တမြားမျက်ရှင်လက်စွပ်ကို ကျုပ်လိုချင်တယ်”

” မရဘူး…. ကျုပ်ပေးလို့မရဘူး၊ ကျုပ်ကိုသေအောင်နှိပ်စက်လဲ ကျုပ်မပေးဘူး”

ပြတ်သားစွာပြောလိုက်တဲ့ အဖိုးအိုစကားကြောင့် ဆရာ​ဒေဝမျက်နှာတင်းခနဲဖြစ်သွားပြီး ကြေးပြားပေါ်မှာရေးထားတဲ့ အင်းတစ်ချပ်ကို လက်ဝါးနဲ့ရိုက်ကာ အဖိုးအိုဘက်ကိုလှည့်ပြလိုက်တဲ့ချိန် ပိတ်ဖြူဝတ်ထားတဲ့ အဖိုးအိုရဲ့ရုပ်သွင်က အဖြူရောင်ဧရာမမြွေကြီးတစ်ကောင်အဖြစ်ပြောင်းသွားခဲ့တယ်။

အင်းပြားစမကထွက်တဲ့ ငွေမျှင်ရောင်ကြိုးတွေက မြွေဖြူကြီးရဲ့ကိုယ်ကိုတင်းသထက်တင်းအောင်ရစ်ပတ်ထားရာ မြွေကြီးမှာ နာကျင်လွန်းတဲ့အတွက် တဖူးဖူး နှာမှုတ်ရုန်းကန်လူးလွန့်နေခဲ့တယ်။

ဆရာဒေဝကတော့ နှုတ်ကနေ မန္တာန်လိုလို ဂါထာလိုလိုစာပုဒ်ကိုမဆက်မပြတ်ရွတ်ရင်း လူးလွန့်နေတဲ့မြွေဖြူကိုစိုက်ကြည့်နေတဲ့ချိန် ခြံတံခါးကိုအသာယာတွန်းဖွင့်ပြီး ဝင်လာတဲ့ လူတစ်ယောက်ကို လအလင်းရောင်နဲ့ မြင်လိုက်ရတယ်။

” ဆရာ… အိမ်ထဲကိုလူတစ်ယောက်ဝင်လာပါလား.. အနှောင့်ယှက်တော့စပြီထင်တယ်”

မောင်သာစကားကြောင့် ဆရာဒေဝက မန္တာန်ကိုစိတ်ဖြောင့်အောင်မရွတ်နိုင်တော့ပဲ မျက်လုံးကိုစောင်းကြည့်လိုက်တဲ့ချိန် မြွေတစ်ကောင်က ထုပ်တန်းပေါ်ကနေ ကျလာခဲ့တယ်။

” ဆရာ စည်းပေါက်ပြီ ထင်တယ်… အမလေး အိမ်နောက်ဘက်မှာလဲ မြွေတွေတက်လာနေပြီ”

မြွေတွေက ရုတ်ချည်းဆိုသလို တုတ်တန်းတွေ ထရံပေါက်တွေကနေ တိုးဝှေ့ဝင်လာခဲ့ကြပြီး ဆရာဒေဝနဲ့ မောင်သာတို့ကို တရှူးရှူးတရှဲရှဲနဲ့ ပေါက်သတ်ဖို့ ဟန်ပြင်နေတဲ့ချိန် ခြံထဲဝင်လာတဲ့လူက ခပ်တည်တည်နဲ့အိမ်ပေါ်ကိုတက်လာခဲ့တယ်။

အိမ်ပေါ်ရောက်တာနဲ့ ဒေါသကြီးနေတဲ့ မြွေဖြူကြီးရှေ့တည့်တည့်ကိုသွားပြီး ညာဘက်လက်ကိုထောင်ပြလိုက်ရာ နာကျင်စွာလူးလွန့်နေတဲ့ မြွေကြီးက ချက်ချင်းငြိမ်သက်သွားခဲ့တယ်။

” ကဲကဲ … အားလုံး ကိုယ့်နေရာ ကိုယ်ပြန်သွားကြ၊ သင်တို့အဖိုးဘာမှမဖြစ်ဘူး မကြာခင်ပြန်ရောက်လာလိမ့်မယ်၊ သွားကြ သွားကြ”

မျက်နှာစိမ်းလူက အကောင်ငါးဆယ်လောက်ရှိတဲ့ မြွေအုပ်ကို လက်တယမ်းယမ်းနဲ့မောင်းထုတ်လိုက်ချိန်မှာတော့ ဒေါသကြီးနေကြတဲ့မြွေတွေက လူစကားနားလည်တဲ့အလား အိမ်အပြင်ဘက်ကို အလျှိုလျှိုပြန်ထွက်သွားခဲ့ကြတယ်။ အဲဒီတော့မှ ကြောက်လန့်တကြားဖြစ်နေတဲ့ တရာတပည့်နှစ်ယောက်ရဲ့ရှေ့တည့်တည့် မတ်တပ်ရပ်ပြီး

” လောကမှာ ကိုယ့်ဘက်ကအနိုင်ရတယ်ဆိုတိုင်း နိုင်ပြီလို့ တသမတ်ထဲတွက်မရဘူး” လို့ပြောလိုက်တော့ ဆရာဒေဝက အံကိုကြိတ်ပြီး

” မင်း ဘယ်သူလဲ… ငါတို့အလုပ်အောင်မြင်ခါနီးကာမှ ဘယ်ကနေ ရောက်လာခဲ့တာလဲ”

” ကျုပ်ဘယ်သူဆိုတာထက်… ခင်ဗျားတို့ဒီနေရာကနေ အသက်ရှင်လျက်ထွက်နိုင်ဖို့က ပိုအရေးကြီးပါတယ်၊ ဒါကြောင့် စီရင်ထားတာတွေကို ကိုယ်တိုင်ဖျက်ပီး ဒီကနေထွက်သွားကြပါ”

” ဒီအိမ်ကို အဖိုးခကြေးပေးပြီး ဝယ်ထားတာ၊ ဒါကြောင့် မသွားနိုင်ဘူး”

” ကောင်းပြီလေ… မသွားဘူးဆိုလဲ သင်တတ်တဲ့ပညာနဲ့ ဒီမြွေသိုက်ကိုထိန်းကြည့်ပေါ့”

မျက်နှာစိမ်းလူက နှစ်ခမ်းဖျားလေးတွန့်ရုံရယ်လိုက်ပြီး ချုပ်နှောင်ထားတဲ့အရာတွေကို လက်ဝါးစောင်းနဲ့ခုတ်ချလိုက်ရာ အင်းပြားစမက အပေါ်ကိုတစ်ထွာလောက်ခုန်တက်သွားခဲ့တယ်။

” သင်တို့က မရိုးဖြောင့်တဲ့စိတ်နဲ့ ဒီအိမ်ကိုရယူခဲ့တာဆိုတော့ ကျုပ်လဲ ရတဲ့နည်းနဲ့ထွက်သွားအောင်လုပ်ရမှာပဲ” လို့ပြောကာ ဥုံခံတဲ့ဂါထာတစ်ပုဒ်ကို ရွတ်လိုက်တယ်ဆိုရင်ပဲ ငြိမ်သက်သွားတဲ့ မြွေတွန်သံတွေက တမဟုတ်ချင်း ပြန်ထွက်လာခဲ့တယ်။

” ရွှီး… ရွှီး….”
အင်းပြားအစီရင်ကြောင့် ချုပ်နှောင်ခံထားရတဲ့ မြွေဖြူကြီးကလဲ ဒေါသတကြီးနဲ့ ပါးပျဉ်းထောင်ပြီး ဆရာဒေဝတို့နှစ်ဦးကို စိုက်ကြည့်နေသလို ဘယ်ကနေရောက်လာမှန်းမသိတဲ့ မြွေဟောက်တွေကလဲ ဝလုံကွက်ပေါ်တဲ့ထိ ပါးပျဉ်းတွေမိုးအုပ်ကာ အစီရီဝင်လာခဲ့ကြတယ်။

ဆရာဒေဝက သူ့မှာရှိတဲ့ပညာနဲ့ မြွေတွေကိုမောင်းထုတ်ပေမယ့် ထင်သလောက်​ဖြစ်မလာတဲ့အတွက် နောက်ဆုံးမှာတော့ မျက်လုံးကိုစုံမှိတ်ကာ
” မြွေတွေ မြွေတွေ တက်လာနေပြီ…. လုပ်ကြပါဦး.. အမလေး ကြောက်ပါပြီဗျ” ဆိုပြီး အော်ပါလေရော။

” ဒါဖြင့် ဆက်နေဦးမှာလား… ”

” မနေတော့ပါဘူး… ရတဲ့​ဈေးနဲ့ရောင်းပြီး သွားပါတော့မယ် ”

ဆရာဒေဝနဲ့တပည့်ဖြစ်သူလဲ ကြောက်လန့်တကြားနဲ့ ကတိပေးပြီးတဲ့ချိန်ရောက်မှ မျက်နှာစိမ်းလူက ဒေါသထွက်နေတဲ့မြွေတွေကို ကြည့်ကာ မေတ္တာပို့ပြီး လာရာအရပ်ကိုပြန်ခိုင်းခဲ့တယ်။

မြွေဖြူအဖြစ်ရုပ်သွင်ပြောင်းထားတဲ့ အဖိုးအိုကတော့ အိမ်ပေါ်ကဆင်းခါနီးမှာ တံခါးကိုအမြှီးနဲ့​ဖြောင်းခနဲမြည်အောင် ရိုက်ချိုးပြီး လျောခနဲဆင်းကာပျောက်ကွယ်သွားခဲ့တယ်။

နောက်တစ်နေ့မနက်အရောက်မှာတော့ ဆရာဒေဝတို့ဆရာတပည့်နှစ်ယောက် အထုပ်တွေအပိုးတွေနဲ့ပြန်ပြေးသွားခဲ့သလို ဒေါ်ခင်ကြည်တစ်ယောက်လဲ လင်ဖြစ်သူဆုံးပါးပြီးထဲက ညဘက်အိပ်ပျော်တာနဲ့ အိမ်မက်ထဲမှာ ပါးပျဉ်းတကားကားနဲ့မြွေဟောက်တွေလိုက်ပေါက်တာကိုနေ့စဉ်ရက်ဆက်မြင်မက်ခဲ့တယ်။

တစ်နေ့မှာတော့ ခြံဝင်းထဲကို အရပ်မြင့်မြင့် မျက်နှာသွယ်သွယ် ဥပဓိရုပ်ကောင်းကောင်းလူတစ်ယောက်ဝင်လာပြီး
” ဒေါ်ခင်ကြည်ဆိုတာများလား…”

” ဟုတ်ပါတယ်… ဘာကိစ္စရှိလို့လဲ”

” ကိုယ်လုပ်ခဲ့တဲ့အပြစ်တွေကို သိတယ်ဆိုရင် နွားနို့သန့်သန့်တစ်အိုး၊ အမွှေးနံ့သာတွေနဲ့ ပြန်တောင်းပန်လိုက်ပါ၊ ဒီလိုမှမဟုတ်ရင် တစ်အိမ်လုံး ဒုက္ခရောက်ကြလိမ့်မယ်နော်”

” မောင်ရင်က ဘယ်သူမို့လို့ ဒီလိုစကားတွေလာပြောရတာလဲ”

” ကျုပ်ဘယ်သူဆိုတာအရေးမကြီးပါဘူး.. ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် အသက်ဘေးကနေ လွတ်ပါလိမ့်မယ်”

ဒေါ်ခင်ကြည်လဲ တစ်ခါမှမမြင်ဖူးတဲ့ လူရဲ့စကားကို အလေးမထားတဲ့ဟန်နဲ့ အင်တင်တင်လုပ်ပြီး အိမ်ပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။
+++++
” သဗ္ဗာသီဝိသဇာတီနံ… “အစချီပြီးရွတ်ဖတ်နေတဲ့ ခန္ဓသုတ်တော်က ရွာပြင်ဇရပ်ထဲကနေ ကြည်လင်စွာထွက်ပေါ်လာခဲ့တယ်။

” ဒေါက် ဒေါက် ဒေါက်”

ရွတ်နေရင်း ဇရပ်ပေါ်ကိုတက်လာတဲ့အသံကြောင့် ရွတ်နေတာကိုရပ်ပြီးလှည့်ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး နီကျင်ကျင်ဖြစ်နေပြီး မျက်လုံးထဲကနေ အခိုးငွေ့တွေထွက်နေတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။

” ဆရာလေး… ကူညီလို့ ကျုပ်ရဲ့အသိုက်မြုံလေးပျက်ဆီးခြင်းဘေးကလွတ်ကင်းခဲ့ရပါတယ်၊ ဒီအတွက် ဆရာလေးကို ကျေးဇူးတင်ကြောင်းလာပြောတာပါ”

” ကျေးဇူးသိတတ်ခြင်းက မင်္ဂလာတစ်ပါးပါပဲဗျာ.. ဒါနဲ့ အသိုက်မြုံကိုဘာကြောင့် လူနေအိမ်ခြေတွေနားကနေမရွေ့ပြောင်းကြတာလဲ”

” နှစ်မပြည့်သေးတဲ့အတွက် ရွေ့ပြောင်းလို့မရသေးတာပါဆရာလေး၊ ဒီအတွက်လဲ သူတို့တွေကို လူတွေနဲ့လိုက်လျောညီထွေဖြစ်အောင်နေဖို့ ဆုံးမခဲ့တယ်။ ဒါပေမယ့် လူတွေက ကတိမတည်ကြဘူး.. နောက်ဆုံး တောင်းပန်ရမယ်ဆိုတာကိုတောင် မသိကျိုးနွံပြုခဲ့တာ ဆရာလေးအမြင်ပဲမဟုတ်လား”

” စိတ်လျော့ပါ အဖိုး… သူ့အပြစ်နဲ့သူလမ်းသူသွားပါလိမ့်မယ်..”

” ဟက်ဟက်.. ဟုတ်တာပေါ့၊ သူ့လမ်းသူသွားရမှာပေါ့ဆရာလေးရယ်.. ၊ သူ့လမ်းသူ သွားရတော့မှာပါ”

အဖိုးအိုက ခေါင်းတငြိမ့်ငြိမ့်နဲ့ပြောရင်း ဇရပ်ပေါ်ကနေထွက်သွားတဲ့ချိန်မှာပဲ မိန်းမတစ်ယောက်ရဲ့ နာကျင်စွာအော်ဟစ်သံတစ်ချက်ကို ထွက်လာခဲ့တယ်။

မကြာခင် ရွာထဲမှာ လူအချို့ ရေးကြီးသုတ်ပြာနဲ့ ပြေးလွှားနေတဲ့အသံတွေအပြင် ဝမ်းခေါင်းသံနဲ့လှိုက်ခနဲရယ်မောတဲ့အသံတွေကိုလဲကြားလိုက်ရတယ်။

အရုဏ်တက်ချိန်အရောက်မှာတော့ အလင်းရောင်ပျောက်ဆုံးနေတဲ့ မှောင်ကြီးမဲမဲထဲမှာ လူတစ်ယောက်က တရွေ့ရွေ့ထွက်သွားခဲ့တယ်။ သူ့ရဲ့နောက်မှာတော့ အမျက်ဒေါသတွေ၊ လောဘတရားတွေလွှမ်းခြုံနေတဲ့ ရွာကတော့ မှိန်ပြစွာကျန်ရစ်လျက်။
++++++
” ပတောက်… ပတောက်…ပတောက်”
နှင်းစက်တွေက သစ်ရွက်တွေကနေတစ်ဆင့် မြေကြီးပေါ်ကိုကျဆင်းနေတဲ့ ဆောင်းဦးမနက်ခင်းမှာတော့ လူတစ်ယောက်က အဝတ်စုတ်တစ်ခုနဲ့ထုပ်ထားတဲ့အရာတစ်ခုကိုရင်ဘတ်ထဲထည့်ပြီး ခပ်သုတ်သုတ်လျောက်လာနေခဲ့တယ်။

သူ့ပုံစံက တစ်စုံတစ်ခုကိုကြောက်လန့်နေသလိုဖြစ်နေပြီး မျက်လုံးတွေက ကျီးကန်းတောင်းမှောက်သလို ဘေးဘီဝဲယာကို ပြူးကြောင်ကြောင်လိုက်ကြည့်နေတယ်။

” ဟီး ဟီး ဟား ဟား ဟား … ငါ့ကိုဘယ်ခေါ်သွားမလို့လဲဟင်”

ရုတ်တရက်ဆိုသလို ရင်ဘတ်ထဲပိုက်ထားတဲ့အရာကနေ ထွက်လာတဲ့အသံကြောင့် ကြောက်ရွံ့မှုတွေကငယ်ထိပ်ထိတက်ဆောင့်ပြီး သတိလစ်လဲကျသွားပါလေရော။

သူယူလာတဲ့အရာက ဘာများဖြစ်မလဲ…??
သူကရော ဘာကိုကြောက်လန့်တုန်လှုပ်နေရတာလဲ ဆိုတာကိုတော့ အောင်မြတ်သာနှင့်နာမ်စွဲခေါင်းပြတ်အရုပ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)🔰

Zawgyi Version

” ေအာင္ျမတ္သာႏွင့္ေႁမြေဟာက္သိုက္ ”(စ/ဆုံး)
———————————————————
စာေရးဆရာ -ေဇယန(ရာမည)

” ခင္ၾကည္ ထစမ္း.. ထစမ္း… ”
ညသန္း​ေခါင္အခ်ိန္ ေခၚလိုက္တဲ့အသံေၾကာင့္ ေဒၚခင္ၾကည္တစ္ေယာက္ မ်က္လုံးကိုပြတ္သပ္ကာ ထၾကည့္လိုက္တဲ့ခ်ိန္ ျခင္ေထာင္အျပင္မွာရပ္ေနတဲ့ လူတစ္ေယာက္။

” သားႀကီးလား… ဘယ္သူလဲရပ္ေနတာ”

” ဟဲ့ ခင္ၾကည္မ… ငါ့နာမည္ ဖိုးတာတားလို႔ေခၚတယ္၊ မနက္ျဖန္ညသန္းေခါင္အခ်ိန္ ထမင္းခ်က္တဲ့ေအာက္တည့္တည့္ကို တူးရမယ္ေနာ္၊ နင္တစ္ေယာက္ပဲသြား အေဖာ္မေခၚသြားနဲ႔ ၾကားလား”

ေဒၚခင္ၾကည္လဲ မႈန္မႈန္ဝါးဝါးျမင္ေနရတဲ့ လူရဲ႕စကားကိုေသခ်ာမွတ္ထားၿပီး ေခါင္းၿငိမ့္ျပလိုက္တဲ့အခ်ိန္ ဖ်တ္ခနဲလန႔္ႏိုးလာခဲ့တယ္။
++++
” ငါဘာကိုစိတ္စြဲၿပီး မက္တာပါလိမ့္… ”

ထမင္းရည္ငွဲ႔ရင္း အေတြးနယ္ခ်ဲ႕ေနခ်ိန္ ႏွာေခါင္းထဲကို ေဆးျပင္းလိပ္နံ႔တစ္ခုတိုးဝင္လာခဲ့တယ္။

” ဒီနားမွာ ေဆးျပင္းလိပ္ေသာက္တဲ့သူလဲမရွိပါဘူး.. ဘယ္ကလာတဲ့အနံ႔ပါလိမ့္ေနာ္”

ေဒၚခင္ၾကည္တစ္ေယာက္ ေတာင္ေတြးေျမာက္ေတြးလုပ္ေနတဲ့အခ်ိန္ သားျဖစ္သူ ေမာင္ဦး ၿခံထဲဝင္လာတာကိုျမင္လိုက္ရတယ္။

” သားႀကီး.. နင္ ဇက္ဆိပ္မသြားဘူးလား”

” ခုပဲသြားၿပီးလို႔ျပန္လာတာေလ … ဒီမွာ ကုန္တင္ကုန္ခ်လို႔ရတဲ့ေငြ… ဟူး ဒီေန႔က အဆင္မေျပပါဘူးအေမရာ ခရီးသည္ေတြသိပ္မလာၾကဘူး”

ေငြအေႂကြအခ်ိဳ႕ကိုကမ္းေပးရင္းေျပာလိုက္တဲ့ သားျဖစ္သူစကားေၾကာင့္ ေဒၚခင္ၾကည္က မနက္ကဝယ္ထားတဲ့ မုန႔္လိပ္ျပာတစ္ထုပ္ကိုကမ္းေပးလိုက္ၿပီး
” မင္းလဲဆာေနေရာေပါ့… ဒီမုန႔္ကိုအရင္စားထားလိုက္… ေအာ္ ဒါနဲ႔ ညကအေမအိမ္မက္မက္တယ္သိလား” လို႔ေျပာကာ သားျဖစ္သူကိုအိမ္မက္အေၾကာင္းေျပာျပလိုက္မိတယ္။

” ညသန္းေခါင္အခ်ိန္ အေမတစ္ေယာက္ထဲျဖစ္ပါ့မလား… အေဖကလဲ အူတိုတာနဲ႔ ရန္ျဖစ္ေနဦးမယ္ေနာ္”

” သူမသိတဲ့ခ်ိန္သြားမွာေပါ့… အေမ ႏႈိးရင္မင္းသာလိုက္ခဲ့”

ေဒၚခင္ၾကည္လဲ သားျဖစ္သူနဲ႔တိုင္ပင္ၿပီး ညသန္းေခါင္အခ်ိန္ေရာက္ေအာင္ေစာင့္ေနခဲ့လိုက္တယ္။
++++
” ဒုတ္ ဒုတ္ ဒုတ္’
ညသန္းေခါင္အခ်ိန္ အိမ္ေအာက္ကေန ထြက္လာတဲ့အသံေၾကာင့္ ကိုေအးတင္တစ္ေယာက္ လန႔္ႏိုးလာခဲ့တယ္။ ႏိုးလာတဲ့အခ်ိန္ ေဘးကိုၾကည့္လိုက္ေတာ့ မိန္းမျဖစ္သူကိုမျမင္ရတဲ့အျပင္ အိမ္ေအာက္ကေန ထြက္လာတဲ့အသံေၾကာင့္ လက္ႏွိပ္ဓါတ္မီးကိုယူကာ ပန္းကန္ေဆးတဲ့ကြပ္ျပစ္ေအာက္ကေန ထိုးၾကည့္လိုက္ရာ သံတူ႐ြင္းတစ္လက္နဲ႔ ေျမႀကီးကိုတူးဆြေနတဲ့ သားမိႏွစ္ေယာက္ကိုျမင္လိုက္ရတယ္။

” ခင္ၾကည္နဲ႔ ေမာင္ဦး … နင္တို႔ကညသန္းေခါင္အခ်ိန္ ဘာလုပ္ေနၾကတာလဲဟမ္”

ကိုေအးတင္က ဘုမသိဘမသိနဲ႔ လွမ္းေျပာလိုက္တဲ့ခ်ိန္ သံတူ႐ြင္းကိုင္ထားတဲ့ ေမာင္ဦးရဲ႕အေနာက္မွာ မုန႔္ထည့္တဲ့ပန္းကန္ျပားအဝိုင္းနီးပါးရွိတဲ့ ပါးပ်ဥ္းကိုေထာင္ထားတဲ့ ေႁမြေဟာက္တစ္ေကာင္ကိုျမင္လိုက္ရတယ္။

” သားႀကီး … မင္း မင္းအေနာက္မွာ ေႁမြ… ေႁမြ… ခင္ၾကည္မ ျမန္ျမန္ထြက္လာစမ္း”

ကိုေအးတင္အသံေၾကာင့္ ေမာင္ဦးက လွည့္အထြက္ ႐ႊီးဆိုတဲ့အသံနဲ႔အတူ သံတူ႐ြင္းကိုလွမ္းေပါက္လိုက္တဲ့ေႁမြေခါင္းကို ရိပ္ခနဲျမင္လိုက္ရတယ္။

” ေႁမြ… ေႁမြဗ်ိဳ႕… လာ​ၾကပါဦး”

လူေျခတိတ္ခ်ိန္ျဖစ္ေပမယ့္ တစ္အိမ္နဲ႔တစ္အိမ္ကပ္ေနတာေၾကာင့္ အနီးနားကလူတြ တုတ္ေတြကိုင္ၿပီးေရာက္လာခဲ့ေပမယ့္ ခုနကျမင္လိုက္ရတဲ့ ေႁမြက အစနပင္မေတြ႕ေလာက္ေအာင္ ေပ်ာက္ကြယ္သြားခဲ့တယ္။
+++++++
” ကံသီေပါ့လို႔သာပဲကြာ… ေနာက္ဆို မင္းအေနနဲ႔မိန္းမေတာင္ရလိုက္မွာမဟုတ္ဘူး”

ဖက္ၾကမ္းေဆးလိပ္ကို ဖြာရႈိက္ရင္း သားမိႏွစ္ေယာက္ကို စိုက္ၾကည့္ကာေျပာလိုက္တဲ့စကားေၾကာင့္ ေဒၚခင္ၾကည္ေရာ… ေမာင္ဦးပါ ဇက္ကေလးပုသြားခဲ့တယ္။

” အေမရာ … ကြၽန္ေတာ္ေျပာသားပဲ… အိမ္မက္ဆိုတာ ေသြးေလေခ်ာက္ခ်ားၿပီးမက္တာပါလို႔၊ ခုေတာ့ အသက္မေသတာကံေကာင္း ဟူး.. ေနာက္ဆို အေမလဲ ေပါက္ကရေတြလိုက္မလုပ္နဲ႔ေတာ့”

” ခင္ၾကည္မ နင္ကဘာအိမ္မက္ေတြမက္လို႔တုန္း”

” ဘာမွမဟုတ္ပါဘူး ေတာ္ေရ… ညလဲနက္ေနပီဆိုေတာ့ အိပ္စရာရွိအိပ္ေတာ့”

ေဒၚခင္ၾကည္လဲ ကိုေအးတင္ကို မ်က္ေစာင္းထိုးကာေျပာလိုက္ၿပီး ျခင္ေထာင္ထဲဝင္ကာ အိပ္ေနလိုက္တယ္။ မနက္အ႐ုဏ္တက္ခ်ိန္နားေရာက္ေတာ့ ေဒၚခင္ၾကည္ဆီကို ပဝါအျဖဴေပါင္းထားတဲ့ အဖိုးႀကီးတစ္ေယာက္ေရာက္လာၿပီး စိတ္ဆိုးတဲ့ေလသံနဲ႔
” ဒီေလာက္ေသခ်ာမွာထားတာေတာင္ အျခားသူေတြကိုေခၚလာပါလား… နင္က ငါတို႔ေပးတာကိုရထိုက္တဲ့သူမဟုတ္ဘူး… သြား သြား ေနာက္ေန႔ကစၿပီး ဘာမွရဖို႔စိတ္မကူးနဲ႔” လို႔ေျပာကာ အိမ္နံရံကိုထိုးေဖာက္ၿပီးဆင္းသြားခဲ့တယ္။
+++++
” ႐ႊီး … ႐ႊီး… ႐ႊီး…”
သံျပတ္ေအာ္လိုက္တဲ့ ေႁမြဆိုးတြန္သံေၾကာင့္ အိမ္သာတက္ေနတဲ့ ေမာင္ဦးတစ္ေယာက္ လက္ႏွိပ္ဓါတ္မီးကိုယူၿပီး ထရံေပါက္ကေနထိုးၾကည့္လိုက္ရာ လူႀကီးလက္ေကာက္ဝတ္ခန႔္ရွိၿပီး မဲေျပာင္ေနတဲ့ ေႁမြေဟာက္တစ္ေကာင္က အိမ္ဘက္ကို မ်က္ႏွာမူၿပီး ၾကည့္ေနတာကိုျမင္လိုက္ရတယ္။

” အမေလး… နဲတဲ့ေကာင္မဟုတ္ပါလား… အရင္က ဒီေနရာမွာ ေႁမြနဲ႔တူတာဆိုလို႔ ဘာမွမရွိပါဘူး… ခုတစ္ေလာမွဘယ္လိုျဖစ္တာပါလိမ့္”

ကိစၥဝိစၥေတြၿပီးတဲ့တိုင္ေအာင္ ေႁမြေဟာက္ႀကီးက လုံးဝမလႈပ္ပဲရပ္ၾကည့္ေနတာေၾကာင့္ ေမာင္ဦးတစ္ေယာက္ အနားမွာရွိတဲ့ထင္းေျခာက္နဲ႔ ေကာက္ပစ္လိုက္ၿပီးေျခာက္လွန႔္လိုက္ေတာ့မွ အိမ္ေအာက္ထဲကို ေလ်ာခနဲတိုးဝင္ေပ်ာက္ကြယ္သြားခဲ့တယ္။

အဲဒီညက ေမာင္ဦးရဲ႕အိမ္မက္ထဲမွာ မေရတြက္ႏိုင္တဲ့ ေႁမြအေကာင္ေပါင္းမ်ားစြာက သူ႔အေနာက္ကေနလိုက္တာကို ျမင္မက္ခဲ့တယ္။

ဒီလိုနဲ႔ တစ္ပတ္ေလာက္ၾကာေတာ့ ညဘက္ေတြတင္မကပဲ ေန႔ခင္းေၾကာင္ေတာင္အခ်ိန္မွာေတာင္ ေႁမြတြန္သံေတြၾကားရတဲ့အျပင္ အိမ္ထုပ္တန္းေတြေပၚမွာ ရစ္ေခြေနတဲ့ေႁမြအခ်ိဳ႕ပါျမင္ေတြ႕ခဲ့ၾကရတယ္။ တစ္ခါတစ္ေလ အဝတ္ျခင္းေတာင္းေတြထဲမွာ ေခြေနတဲ့ေႁမြေတြအျပင္ အိမ္ေအာက္က မီးေသြးအိတ္ၾကားေတြထဲမွာ ဆန႔္ဆန႔္ႀကီးခိုေနတတ္တာေၾကာင့္ အိမ္ထဲမွာစိတ္ခ်လက္ခ်ေနဖို႔ကိုေတာင္ မဝံ့မရဲျဖစ္လာခဲ့ၾကတယ္။

ကိုေအးတင္ကေတာ့ မူးလာတိုင္း ေႁမြေတြ႕တာနဲ႔သတ္မယ္ျဖတ္မယ္လို႔ႀကိမ္းဝါးေနသလို ေႁမြေတြကလဲ တစ္ေန႔တစ္ျခား ေပါမ်ားလာခဲ့တယ္။ တစ္ညမွာကိုေတာ့ ကိုေအးတင္ အိမ္သာတက္ခ်င္လို႔ လက္ႏွိပ္ဓါတ္မီးယူၿပီး အိမ္သာတံခါးကိုဆြဲဖြင့္လိုက္ရာ အိမ္သာအမိုးထုပ္တန္းေပၚမွာ ရစ္ပတ္တြဲခိုေနၾကတဲ့ ေႁမြေဟာက္ႏွစ္ေကာင္ကိုျမင္လိုက္ရတယ္။

” အမေလး… လန႔္လိုက္တာကြာ… ငလခြမ္းထဲမွ”

ညဦးပိုင္းကေသာက္ထားတဲ့အရက္ရွိန္ေၾကာင့္ အနီးနားမွာရွိတဲ့ထင္းေျခာင္းကို ေကာက္ယူကာ အမိုးတန္းေပၚတြယ္တက္ေနတဲ့ ေႁမြႏွစ္ေကာင္ကို ဗိုင္းခနဲ႐ိုက္ခ်လိုက္ၿပီး ဓါတ္မီးနဲ႔ထိုးၾကည့္လိုက္ရာ နာက်င္စြာလြန႔္လူးၿပီး အိမ္ေအာက္ထဲကိုတိုးဝင္သြားတာကိုျမင္လိုက္ရတယ္။

” ေအးတင္ကို ဒီလိုလာလုပ္ရင္ အကုန္မသာေပၚကုန္မယ္… ”

တစ္ေယာက္ထဲ စိတ္႐ူးေပါက္ၿပီး ႀကိမ္းဝါးကာ အိမ္ထဲျပန္ဝင္ဖို႔အလုပ္ ၿခံအေနာက္ဘက္အေမွာင္ထုထဲမွာ မတ္တပ္ရပ္ေနတဲ့လူရိပ္တစ္ခုကိုဖ်တ္ခနဲျမင္လိုက္ရတယ္။

” ဟိတ္… ဘယ္သူလဲကြ..”လို႔ေျပာၿပီး ဓါတ္မီးနဲ႔ထိုးၾကည့္လိုက္ေပမယ့္ ဘာမွမေတြ႕ရပဲ ေလတိုက္လို႔လႈပ္ေနတဲ့ ငွက္ေပ်ာ႐ြက္အခ်ိဳ႕ကိုသာျမင္လိုက္ရတယ္။
++++++
” အေမ… အေမ … အိမ္ေအာက္မွာ ေတာင္ပို႔တစ္လုံးေပါက္ေနတယ္ ၾကည့္ၾကည့္ပါဦး”

သားျဖစ္သူေမာင္ဦးစကားေၾကာင့္ ေဒၚခင္ၾကည္တစ္ေယာက္ ၾကမ္းခင္းေပါက္ကေန ေခ်ာင္းၾကည့္လိုက္ရာ အဟုတ္ကိုေတာင္ပို႔တစ္လုံးထြက္ေနတာကိုျမင္လိုက္ရတယ္။

“လြန္ခဲ့တဲ့တစ္ပတ္ေလာက္ကေတာင္ မေတြ႕မိပါဘူး… ခုမွ႐ုတ္တရက္ႀကီးဘယ္ကေပၚလာတာလဲ”

” ဒါေတာ့ဘယ္သိပါ့မလဲအေမရဲ႕… အခုတစ္ေလာ အိမ္ထဲမွာေပၚေပၚလာတဲ့ ေႁမြေတြက ဒီေတာင္ပို႔နဲ႔မ်ားဆိုင္ေနမလား”

” အေမလဲေသခ်ာမေျပာတတ္ဘူး… မင္းလဲအိမ္ေအာက္ေတြထဲအရမ္းအရမ္းလိုက္ဝင္မေနနဲ႔… ၾကားလား”

” မဝင္ပါဘူးအေမရဲ႕… ေအာ္ မနက္က ေျခရင္းအိမ္ကို ဘိုးေတာ္တစ္ပါးႂကြလာတာသိပီးပီလား”

” ဘယ္ကဘိုးေတာ္လဲ .. အေမလဲမသိရပါလား”

” ဦးက်င္စိန္တို႔ကိုးကြယ္တဲ့ ဘိုးေတာ္လို႔ ေျပာတာပဲ၊ ခုနကေတာင္ ေဒၚစိန္သီတို႔ ေဗဒင္ေမးဖို႔ဝင္သြားၾကတယ္”

ေဗဒင္ဆိုတဲ့အသံေၾကာင့္ ေဒၚခင္ၾကည္တစ္ေယာက္ အနည္းငယ္စိတ္ဝင္စားသြားၿပီး နပ္လုဆဲဆဲ​ျဖစ္ေနတဲ့ ထမင္းအိုးကို ဘယ္ညာခါယမ္းကာ မီးေသြးခဲေတြကို အိုးအလြတ္တစ္လုံးထဲ ထိုးထည့္လိုက္တယ္။
++++++
” နာမည္က… ခင္ၾကည္ေနာ္…”

” ဟုတ္ပါတယ္”

” ခင္ၾကည္.. တနလၤာသမီး… သိုက္ဖြား… လူနကၡတ္… ၿဂိဳလ္နကၡတ္သေဘာအရ ဒီလအတြင္း ရတနာဝင္ကိန္းရွိတယ္၊ ဒါေပမယ့္ အိမ္ထဲမွာ ေျခႏွစ္ေခ်ာင္းထြက္ကိန္းလဲျမင္ေနရတယ္”

ပိတ္ျဖဴဝတ္ဘိုးေတာ္စကားေၾကာင့္ ေဒၚခင္ၾကည္တစ္ေယာက္ ဘုရားတလိုက္ၿပီး
” ေျခႏွစ္ေခ်ာင္းထြက္ကိန္းေတာ့မျဖစ္ပါရေစနဲ႔ဆရာရယ္၊ ကြၽန္မဘယ္လိုလုပ္ရင္ အဆင္ေျပမလဲ”

” ေနဦး.. ေနဦး… ၿခံထဲမွာ မျမင္အပ္တဲ့အေစာင့္အေရွာက္ေတြ အသိုက္လာဖြဲ႕ထားတာကိုလဲျမင္ေနရတယ္”

ဘိုးေတာ္က မ်က္လုံးကိုစုံမွိတ္ၿပီး တစ္ခုခုကိုအာ႐ုံခံေနရာကေန
” အိမ္ေအာက္မွာ သကၤန္းစုတ္နဲ႔ထုပ္ထားတဲ့ပစၥည္းရွိေနတယ္၊ ဒါကိုေစာင့္ေနၾကတဲ့သူေတြက သင္တို႔ကို မေနရဲေအာင္ အမ်ိဳးမ်ိဳးေႏွာက္ယွက္ၾကလိမ့္မယ္ေနာ္”

” မွန္လိုက္တာ ဆရာရယ္… အခုတစ္ေလာ အိမ္ထဲမွာ ဘယ္ကေနေရာက္လာမွန္းမသိတဲ့ ေႁမြေဟာက္ေတြအမ်ားႀကီးမွအမ်ားႀကီးပဲ၊ တစ္ခါတစ္ေလ ညဘက္အေပါ့အပါးသြားရင္ေတာင္ ေျမႀကီးမွာလူးလြန႔္သြားေနၾကတာ”

” ဒါေပမယ့္ သူတို႔က လူကိုေတာ့အႏၲရာယ္မျပဳဘူးမဟုတ္လား”

” ဒါေတာ့ဟုတ္တယ္၊ သူတို႔က လူကိုေတာ့ ဘာမွမလုပ္ၾကဘူး”

” သင္တို႔ဘက္ကလဲ သူတို႔ကို ရန္မျပဳပါနဲ႔၊ မသတ္ပါနဲ႔… သူတို႔ကိုသတ္တဲ့ေန႔​က သင္တို႔မိသားစုထဲကေန ေျခႏွစ္ေခ်ာင္းထြက္တဲ့ေန႔ပဲ”

“ဒါေပမယ့္ ဆရာရယ္… ခုလိုႀကီးျမင္ေနေတြ႕ေနတာကေတာ့ ေနရတာအဆင္မေျပလွဘူး၊ သူတို႔ကိုေနရာေ႐ြ႕ေပးလို႔မရဘူးလား”

” ဟင္း… ခက္ေတာ့ခက္ေနၿပီ၊ သင္တို႔အတြက္အေကာင္းဆုံးအႀကံေပးခ်င္တာက ဒီေနရာကေနေျပာင္းဖို႔ လုံေလာက္တဲ့တန္ေၾကးတစ္ခု ေတာင္းပါ၊ သူတို႔ေပးလာခဲ့ရင္ေတာ့ ကတိအတိုင္း ေနရာေျပာင္းေပးလိုက္ပါ”

” ကြၽန္မ ဘယ္လိုေတာင္းရမလဲဆိုတာ လမ္းၫႊန္ေပးပါဆရာ”

” လျပည့္ေန႔ည ၇ နာရီက်ရင္ အိမ္ေခါင္းရင္းေျမလြတ္တစ္ခုမွာ ႏြားႏို႔တစ္ခြက္၊ ေပါက္ေပါက္ဆုပ္တစ္ဆုပ္၊ အေမႊးတိုင္ ဖေယာင္းတိုင္ထြန္းၿပီး ၁နာရီတိတိေမတၱာပို႔​ေပးပါ၊ ေမတၱာသုတ္၊ ခႏၶသုတ္၊ ပရိမိတၱဇာလသုတ္တို႔ရရင္ ႐ြတ္ဖတ္ေပးပါ၊ တစ္ခုခုထူးျခားလာပါလိမ့္မယ္”

​ေဒၚခင္ၾကည္လဲ ဘိုးေတာ္မွာတဲ့အတိုင္းမွတ္သားၿပီး လျပည့္ေန႔ညမွလုပ္ေဆာင္ခဲ့ရာ မနက္အ႐ုဏ္တက္ခ်ိန္အေရာက္မွာေတာ့ အိပ္ေနတဲ့ ေခါင္းရင္းထရံကိုလက္နဲ႔ပုတ္ႏႈိးတဲ့အသံၾကားလိုက္ရတယ္။

” ဘုတ္ ဘုတ္ ဘုတ္… ခင္ၾကည္ … ထစမ္း၊ ဒီတစ္ခါ လြဲရင္ တစ္သက္လုံးဘာမွရဖို႔စိတ္မကူးနဲ႔ ၾကားလား”

ခပ္အုပ္အုပ္ေျပာေနတဲ့အသံေၾကာင့္ ခင္ၾကည္တစ္ေယာက္ ထထိုင္လိုက္ၿပီး အသံၾကားရာဘက္ကို နားစြင့္ေနလိုက္တယ္။

” အခုခ်က္ခ်င္း အိမ္ေခါင္းရင္းသရက္ပင္ေအာက္ကိုသြား၊ ေျမာက္ဘက္ကိုထြက္ေနတဲ့သစ္ကိုင္းတည့္တည့္ကို တူးၿပီးရတာကိုယူလိုက္၊ တစ္ခုခုရပီဆိုတာနဲ႔ အေနာက္ကိုလွည့္မၾကည့္ပဲ ဆန္အိုးထဲသာထည့္ထားေပေတာ့၊ ျမန္ျမန္လုပ္”

ေဒၚခင္ၾကည္လဲအသံၾကားတာနဲ႔ ပထမတစ္ခါလိုမျဖစ္ေအာင္ အိမ္သားေတြအိပ္ေမာက်မက်ၾကည့္ကာ အိမ္ေအာက္ကိုဆင္းလာခဲ့လိုက္တယ္။ ေအာက္ေရာက္ေတာ့ အသင့္ရွိေနတဲ့ သံတူ႐ြင္းတစ္ေခ်ာင္းကိုယူကာ ေျမာက္ဘက္အရပ္ကိုထိုးထြက္ေနတဲ့ သရက္ပင္ကိုင္းေအာက္ကို တူးဆြေနခဲ့လိုက္တယ္။

တစ္ေတာင္သာသာေလာက္တူးၿပီးတဲ့ခ်ိန္မွာေတာ့ “ခြပ္”ဆိုတဲ့အသံနဲ႔အတူ ေျမအိုးတစ္လုံးကိုထိတဲ့အသံထြက္လာတာေၾကာင့္ လက္နဲ႔ႏႈိက္ၿပီးစမ္းၾကည့္လိုက္ရာ အတန္သင့္ထူတဲ့ေျမသားနဲ႔ျပဳလုပ္ထားတဲ့အိုးတစ္လုံးထြက္လာခဲ့တယ္။

ေဒၚခင္ၾကည္လဲ ေျမအိုးကိုရတာနဲ႔ အေနာက္ကိုလွည့္မၾကည့္ပဲ အိမ္ေပၚကိုတက္လာတဲ့ခ်ိန္ သရက္ပင္ေျခရင္းကေန တ႐ႊီး႐ႊီးနဲ႔ေအာ္ျမည္ေနၾကတဲ့ ေႁမြတြန္သံေတြကိုၾကားခဲ့ရတယ္။ အိမ္ေပၚေရာက္တာနဲ႔ ရလာတဲ့အိုးကိုဆန္အိုးထဲထည့္ကာအဖုံးပိတ္ၿပီး မနက္အလင္းေရာင္ရတဲ့ခ်ိန္ထိကို ေစာင့္ဆိုင္းေနခဲ့လိုက္တယ္။

မနက္အလင္းေရာင္ရတာနဲ႔ ဆန္အိုးထဲထည့္ထားတဲ့ အရာကိုထုတ္ၾကည့္လိုက္ရာ ေ႐ႊၾကယ္သီး၊ လက္ေကာက္၊ ဆြဲႀကိဳးအခ်ိဳ႕ကို ေျမသားေတြနဲ႔ေရာေႏွာေနတာကို ျမင္လိုက္ရတယ္။

ဒီလိုနဲ႔ ေဒၚခင္ၾကည္တို႔လဲေန႔ခ်င္းညခ်င္းဆိုသလို ႂကြယ္ဝလာၿပီး လက္ရွိေနေနတဲ့ၿခံဝင္းကေန ေျပာင္းေ႐ႊ႕ဖို႔စီစဥ္ခဲ့ၾကတယ္။ ဒါကိုမေက်နပ္သူက ကိုေအးတင္။

” ခင္ၾကည္ရယ္… ငါတို႔ပိုင္တဲ့ေနရာေလကြာ၊ ဒီတိုင္းႀကီးေတာ့မေ႐ြ႕ႏိုင္ပါဘူး၊ အျခားသူေတြကို ေရာင္းလိုက္ရင္ ေငြပိုေငြလွ်ံမထြက္လာဘူးလား”

” မျဖစ္ဘူးရွင့္.. ကြၽန္မတို႔ကို ထိုက္သင့္တဲ့အဖိုးခေပးပီးပီမဟုတ္လား၊ လူဆိုတာကတိတည္ရတယ္၊ ရွင္မေျပာင္းဘူးဆို တစ္ေယာက္ထဲေနခဲ့၊ ကြၽန္မတို႔ကေတာ့ေျပာင္းမယ္”

ကိုေအးတင္က စိတ္ထဲအစာမေၾကေပမယ့္ ရထားတဲ့ပစၥည္းေတြကဘယ္ေလာက္ရွိတယ္ဆိုတာ ေသခ်ာမသိေသးတဲ့အတြက္ ေဒၚခင္ၾကည္ကိုအခ်ိဳသပ္ကာ အလိုက္သင့္ေနထိုင္ခဲ့လိုက္တယ္။
++++
ပိုက္ဆံေလးနည္းနည္းရွိလာေတာ့ ကိုေအးတင္က အလုပ္ကိုမယ္မယ္ရရမလုပ္ေတာ့ပဲ ေသာက္လိုက္စားလိုက္နဲ႔ ျဖစ္လာသလို သားျဖစ္သူ ေမာင္ဦးကလဲ သူေဌးသားပုံစံနဲ႔သုံးျဖဳန္းလာခဲ့တာ ႏွစ္ႏွစ္အတြင္း ရထားတဲ့ေငြတစ္ဝက္နီးပါးေလာက္ ကုန္သြားခဲ့တယ္။
” ခင္ၾကည္ … နင္တို႔အိမ္ လူငွားမတင္ဘူးလား”

” မတင္ပါဘူး ေသးတင္ရယ္… ဘာျဖစ္လို႔လဲ”

” ဘာမွမဟုတ္ပါဘူး… ငါ့အသိဆရာတစ္ေယာက္က ဒီ႐ြာမွာ ဓါတ္ခန္းဖြင့္မလို႔ ေနရာေ႐ြးတာ နင္တို႔အိမ္အေဟာင္းေနရာကအဆင္​ေျပတယ္ေျပာလို႔ လာေျပာျပတာ၊ အိမ္ငွားခကိုလဲ နင္တို႔ေျပာတဲ့ေဈးထက္ ႏွစ္ဆပို​ေပးမယ္ေျပာတယ္”

ေသးတင္စကားေၾကာင့္ ​ေဒၚခင္ၾကည္မ်က္ႏွာ ဝင္းခနဲျဖစ္သြားၿပီး
” ငွားေတာ့ငွားခ်င္ပါတယ္ ဒါေပမယ့္ ရႈပ္ရႈပ္ယွက္ယွက္ေတြျဖစ္မွာစိတ္ပူလို႔ပါ”

” ဘယ္က ရႈပ္ရမွာလဲ… ဆရာက ဘုရားတရားသမား… ေနာက္ၿပီး စိတ္ထားလဲေကာင္းပါတယ္”

” ဒီလိုလုပ္ဟာ … ငါကငွားတာထက္ကို အျပတ္ေရာင္းခ်င္တာဆိုေတာ့ သူကဝယ္ႏိုင္လားဆိုတာ အရင္ေမးလိုက္ဟာ၊ နင့္အတြက္ပြဲခလဲမနည္းေစရပါဘူး”

ေဒၚခင္ၾကည္စကားေၾကာင့္ ေသးတင္ မ်က္ႏွာၿပဳံး႐ႊင္သြားၿပီး ထြက္သြားခဲ့တယ္။
++++
တစ္ပတ္ေလာက္ၾကာေတာ့ အရပ္ျမင့္ျမင့္ ဥပဓိ႐ုပ္သန႔္သန႔္နဲ႔လူတစ္ေယာက္ ေဒၚခင္ၾကည္တို႔အိမ္ကိုေရာက္လာၿပီး ယခင္အိမ္ေဟာင္းကို ေဈးအဆမတန္ေပးဝယ္သြားခဲ့တယ္။ ဒီလိုနဲ႔ အိမ္ေရာင္းၿပီးတစ္လေလာက္ၾကာေတာ့ အိမ္မက္ထဲကို ပိတ္ျဖဴဝတ္အဖိုး​ရာက္လာၿပီး လက္ညိဳးေငါက္ေငါက္ထိုးကာ
” ခင္ၾကည္… ခင္ၾကည္.. နင္က ေပးထားတဲ့ကတိကို ဖ်က္ခဲ့တာပဲ၊ ဒီေန႔ဒီခ်ိန္ကစၿပီး နင္တို႔ဘာျဖစ္ျဖစ္ ငါနဲ႔မဆိုင္ဘူး” လို႔ ေဒါသတစ္ႀကီးေျပာၿပီး ေပ်ာက္ကြယ္သြားခဲ့တယ္။

ေဒၚခင္ၾကည္နဲ႔ကိုေအးတင္လဲ အိမ္မက္ကိုဂ႐ုမစိုက္ပဲ အိမ္ေရာင္းလို႔ရထားတဲ့​ေငြအခ်ိဳ႕နဲ႔ လက္ထဲရွိတဲ့ေငြေတြကိုေပါင္းၿပီး လယ္ဧကအခ်ိဳ႕ဝယ္ကာ စီးပြားေရးလုပ္ကိုင္ခဲ့ၾကတယ္။

” အရီးခင္ၾကည္… အရီးခင္ၾကည္… ဘႀကီးေအးတင္ ပိုးထိလို႔တဲ့”

သူရင္းငွားဖိုးေအာ္ရဲ႕စကားေၾကာင့္ ေဒၚခင္ၾကည္တစ္ေယာက္ ျပာျပာသလဲလဲနဲ႔ဆင္းလာၿပီး
” ဟင္…ဘယ္မွာပိုးထိတာလဲ… ”
” လယ္ထဲကေန အိမ္အျပန္ သုံးေျမႇာင့္လယ္စပ္နားမွာ ထိသြားတာ”
” ဒုကၡပါပဲ… ေမာင္ဦးေရာ.. သူ႔ကိုလိုက္ရွာၿပီး ေခၚၾကပါဦး”

ေဒၚခင္ၾကည္တစ္ေယာက္ ဖိနပ္ေတာင္မစီးႏိုင္ပဲ လိုက္သြားၾကည့္ရာ လယ္ကြင္းအစပ္မွာ သတိလစ္ေမ့ေမ်ာေနတဲ့ ကိုေအးတင္ကိုျမင္လိုက္ရတယ္။

” ေဆး႐ုံပို႔ဖို႔ျပင္ၾကေလ… ဒီတိုင္းရပ္ၾကည့္ေနၾကေတာ့မွာလား”

” အရီး ခင္ၾကည္ … စိတ္ကိုေလ်ာ့လိုက္ပါဗ်ာ၊ ဘႀကီးေအးတင္ အသက္မရွိေတာ့ဘူး”

ေဒၚခင္ၾကည္လဲ ခ်က္ခ်င္းဆိုသလို ႏွာေခါင္းဝကိုလက္ေတ့ၾကည့္ၿပီး ေခါင္းထဲမိုက္ခနဲျဖစ္္ကာ လဲက်သြားခဲ့တယ္။
+++++++
” ႐ႊီး…. ႐ႊီး…. ”
အိမ္ေခါင္းရင္းေျမကြက္လပ္ကေန ၾကားလိုက္ရတဲ့ေႁမြတြန္သံေၾကာင့္ ဆရာေဒဝက တီးစိပ္ကို ေဂ်ာက္ခနဲျမည္ေအာင္ ဆြဲတင္လိုက္ၿပီး

” ဒီည သူတို႔ထြက္တဲ့ေန႔ပဲထင္တယ္… ခိုင္းထားတဲ့ကိစၥေတြအကုန္လုပ္​ၿပီးၿပီလား” လို႔ေျပာလိုက္ေတာ့ ကြမ္းအစ္ထဲက ထုံးဘူးကိုလွမ္းယူေနတဲ့ လူက

” ဆရာ.. ေျပာတဲ့အတိုင္းလုပ္ၿပီးပါၿပီ…”

” အင္း… ဒီေနရာမွာ သကၤန္းစုတ္နဲ႔ထုပ္ထားတဲ့ ရတနာေတြရွိတယ္ဆိုတာ ဘိုးေတာ္စိန္ပြင့္ ေျပာျပတာမွတ္မိတယ္မဟုတ္လား”

” မွတ္မိတာေပါ့ဆရာရယ္… ဒါေၾကာင့္ ဆရာက ဒီေနရာကိုမရမကဝယ္ခဲ့တာေလ”

” ဟက္ဟက္… ငါလဲမင္းတို႔လိုေတြးၿပီးဝယ္ခဲ့တာပဲ၊ ဒါေပမယ့္ ဒီလအတြင္း ငါသိလိုက္ရတာက ရတနာထုပ္ကႏွစ္ထုပ္ေတာင္ရွိေနတယ္ဆိုတာပဲ”

” ဗ်ာ… ဘယ္လို ”

“ဟုတ္တယ္.. ဒီေျမေၾကာမွာရွိေနတဲ့ ရတနာထုပ္က ဘာဘူအဖိုးႀကီးပိုင္တဲ့ပစၥည္း၊ ေနာက္ထပ္ေျမေၾကာတစ္ခုမွာရွိေနတဲ့ပစၥည္းက ဒီထက္ပိုမ်ားတယ္၊ ဒီေျမေၾကာႏွစ္ခုက ေသြးေၾကာမွ်င္ေတြလို ယွက္ေနတာလဲျမင္တယ္ကြ”

” ဒီေကာင္ေတြကအစုအဖြဲ႕လိုက္ေနတာေနာ္ဆရာ… အႏၲရာယ္ေတာ့မ်ားမယ္ထင္တယ္”

” အႏၲရာယ္မ်ားလဲ လုပ္သင့္တာကိုလုပ္ရမွာပဲမဟုတ္လား.. မင္းလဲမၾကာခင္ ထူးဆန္းတာေတြႀကဳံရင္ႀကဳံရမွာ”

ဆရာေဒဝက စကားဆုံးတာနဲ႔ ယြန္းေသတၱာထဲမွာထည့္ထားတဲ့ လက္ညိဳးအ႐ြယ္ေ႐ႊေရာင္တုတ္တံတစ္ေခ်ာင္းကိုယူထုတ္ၿပီး လက္သီးဆုပ္သာသာရွိတဲ့ ဗုံကိုတီးပါေလေရာ။

ဗုံသံက တစ္ေျဖးေျဖးျမန္လာေလေလ ေခါင္းရင္းေျမကြက္လပ္ကေန ေႁမြတြန္သံေတြတျဖည္းျဖည္းက်ယ္လာခဲ့တယ္။

” ေမာင္သာ… ထရံေပါက္ကေန ေခ်ာင္းၾကည့္စမ္း.. ”
ဆရာ​ေဒဝစကားေၾကာင့္ ေမာင္သာက ဟေနတဲ့ထရံေပါက္ကေန ေခ်ာင္းၾကည့္လိုက္ရာ အ႐ြယ္စုံဆိုဒ္စုံေႁမြ​ေဟာက္ေတြက ပါးပ်ဥ္းေတြတကားကားနဲ႔ ယိမ္းထိုးလႈပ္ရွားေနတာျမင္လိုက္ရတယ္။

” အပါးပါး.. နည္းနည္းေနာေနာ အေကာင္ေရမဟုတ္ဘူး ဆရာ… ဒီေကာင္ေတြအိမ္ေပၚတက္လာရင္ေတာ့ မလြယ္ဘူးေနာ္”

ဆရာေဒဝက ေမာင္သာစကားကိုၾကားေတာ့ ဗုံေသးေသးေလးရဲ႕ ေစာင္းဘက္ကို ေ႐ႊေရာင္တုတ္တံနဲ႔ ခပ္ဆတ္ဆတ္ေခါက္လိုက္ခ်ိန္ အိမ္ေလွကားေပၚကေန ေတာင္ေဝွးတစ္ေဒါက္ေဒါက္ေထာက္ၿပီးတက္လာတဲ့အသံကိုၾကားလိုက္ရတယ္။

” ေမာင္သာ တံခါးသြားဖြင့္လိုက္… သူတို႔ရဲ႕အဓိပတိေရာက္လာၿပီထင္တယ္”

ေမာင္သာလဲ မင္းတုန္းခ်ထားတဲ့တံခါးကို ဖြင့္လိုက္တဲ့ခ်ိန္မွာေတာ့ ေႁမြေဟာက္တစ္ေကာင္ မာန္ျပင္း​ေနတဲ့ဟန္ထုဆစ္ထားတဲ့ ေတာင္ေဝွးကို ေထာက္ၿပီး မ်က္ေထာင့္နီနဲ႔စိုက္ၾကည့္ေနတဲ့ အဖိုးအိုတစ္ေယာက္ကိုျမင္လိုက္ရတယ္။

” မင္းတို႔မို႔ မေၾကာက္မ႐ြံ႕နဲ႔ ငါတို႔ေနရာကို က်ဴးေက်ာ္ရဲရတယ္လို႔ ေတာက္စ္”

အဖိုးအိုက ေမာင္သာက ေၾကာက္မက္ဖြယ္ေကာင္းတဲ့ မ်က္ႏွာထားနဲ႔ႀကိမ္းေမာင္းလိုက္တဲ့ခ်ိန္ ဆရာေဒဝက လက္ထဲက ဗုံကိုေအာက္ခ်လိုက္ၿပီး
” အဖိုးက က်ဳပ္အမိန႔္ကို မလြန္ဆန္ႏိုင္လို႔ ကိုယ္တိုင္လာေတြ႕ေနရတာမဟုတ္လား… ဒါေၾကာင့္ ရန္လိုတဲ့စကားကိုမေျပာပါနဲ႔ဗ်ာ၊ ကဲကဲ အိမ္ေပၚတက္ခဲ့ပါဦး”

အဖိုးအိုက ဆရာ​ေဒဝကိုစူးရွတဲ့အၾကည့္ေတြနဲ႔ ၾကည့္ရင္း ေအာင့္သက္သက္နဲ႔အိမ္ေပၚကိုတက္လာခဲ့လိုက္တယ္။

” က်ဴပ္ကိုေခၚတာ ဘာကိစၥလဲ လိုရင္းေျပာ”

” ေကာင္းၿပီေလ အဖိုးကလိုရင္းဆိုေတာ့ က်ဳပ္လဲလိုရင္းပဲေျပာေတာ့မယ္… ဒီအိမ္ေအာက္မွာ သကၤန္းစုတ္နဲ႔ထုပ္ထားတဲ့ ရတနာေတြရွိတယ္ဆိုတာ က်ဳပ္သိတယ္၊ အဲဒီရတနာထုပ္ထဲက ပတၱျမားမ်က္ရွင္လက္စြပ္ကို က်ဳပ္လိုခ်င္တယ္”

” မရဘူး…. က်ဳပ္ေပးလို႔မရဘူး၊ က်ဳပ္ကိုေသေအာင္ႏွိပ္စက္လဲ က်ဳပ္မေပးဘူး”

ျပတ္သားစြာေျပာလိုက္တဲ့ အဖိုးအိုစကားေၾကာင့္ ဆရာ​ေဒဝမ်က္ႏွာတင္းခနဲျဖစ္သြားၿပီး ေၾကးျပားေပၚမွာေရးထားတဲ့ အင္းတစ္ခ်ပ္ကို လက္ဝါးနဲ႔႐ိုက္ကာ အဖိုးအိုဘက္ကိုလွည့္ျပလိုက္တဲ့ခ်ိန္ ပိတ္ျဖဴဝတ္ထားတဲ့ အဖိုးအိုရဲ႕႐ုပ္သြင္က အျဖဴေရာင္ဧရာမေႁမြႀကီးတစ္ေကာင္အျဖစ္ေျပာင္းသြားခဲ့တယ္။

အင္းျပားစမကထြက္တဲ့ ေငြမွ်င္ေရာင္ႀကိဳးေတြက ေႁမြျဖဴႀကီးရဲ႕ကိုယ္ကိုတင္းသထက္တင္းေအာင္ရစ္ပတ္ထားရာ ေႁမြႀကီးမွာ နာက်င္လြန္းတဲ့အတြက္ တဖူးဖူး ႏွာမႈတ္႐ုန္းကန္လူးလြန႔္ေနခဲ့တယ္။

ဆရာေဒဝကေတာ့ ႏႈတ္ကေန မႏၲာန္လိုလို ဂါထာလိုလိုစာပုဒ္ကိုမဆက္မျပတ္႐ြတ္ရင္း လူးလြန႔္ေနတဲ့ေႁမြျဖဴကိုစိုက္ၾကည့္ေနတဲ့ခ်ိန္ ၿခံတံခါးကိုအသာယာတြန္းဖြင့္ၿပီး ဝင္လာတဲ့ လူတစ္ေယာက္ကို လအလင္းေရာင္နဲ႔ ျမင္လိုက္ရတယ္။

” ဆရာ… အိမ္ထဲကိုလူတစ္ေယာက္ဝင္လာပါလား.. အေႏွာင့္ယွက္ေတာ့စၿပီထင္တယ္”

ေမာင္သာစကားေၾကာင့္ ဆရာေဒဝက မႏၲာန္ကိုစိတ္ေျဖာင့္ေအာင္မ႐ြတ္ႏိုင္ေတာ့ပဲ မ်က္လုံးကိုေစာင္းၾကည့္လိုက္တဲ့ခ်ိန္ ေႁမြတစ္ေကာင္က ထုပ္တန္းေပၚကေန က်လာခဲ့တယ္။

” ဆရာ စည္းေပါက္ၿပီ ထင္တယ္… အမေလး အိမ္ေနာက္ဘက္မွာလဲ ေႁမြေတြတက္လာေနၿပီ”

ေႁမြေတြက ႐ုတ္ခ်ည္းဆိုသလို တုတ္တန္းေတြ ထရံေပါက္ေတြကေန တိုးေဝွ႔ဝင္လာခဲ့ၾကၿပီး ဆရာေဒဝနဲ႔ ေမာင္သာတို႔ကို တရႉးရႉးတရွဲရွဲနဲ႔ ေပါက္သတ္ဖို႔ ဟန္ျပင္ေနတဲ့ခ်ိန္ ၿခံထဲဝင္လာတဲ့လူက ခပ္တည္တည္နဲ႔အိမ္ေပၚကိုတက္လာခဲ့တယ္။

အိမ္ေပၚေရာက္တာနဲ႔ ေဒါသႀကီးေနတဲ့ ေႁမြျဖဴႀကီးေရွ႕တည့္တည့္ကိုသြားၿပီး ညာဘက္လက္ကိုေထာင္ျပလိုက္ရာ နာက်င္စြာလူးလြန႔္ေနတဲ့ ေႁမြႀကီးက ခ်က္ခ်င္းၿငိမ္သက္သြားခဲ့တယ္။

” ကဲကဲ … အားလုံး ကိုယ့္ေနရာ ကိုယ္ျပန္သြားၾက၊ သင္တို႔အဖိုးဘာမွမျဖစ္ဘူး မၾကာခင္ျပန္ေရာက္လာလိမ့္မယ္၊ သြားၾက သြားၾက”

မ်က္ႏွာစိမ္းလူက အေကာင္ငါးဆယ္ေလာက္ရွိတဲ့ ေႁမြအုပ္ကို လက္တယမ္းယမ္းနဲ႔ေမာင္းထုတ္လိုက္ခ်ိန္မွာေတာ့ ေဒါသႀကီးေနၾကတဲ့ေႁမြေတြက လူစကားနားလည္တဲ့အလား အိမ္အျပင္ဘက္ကို အလွ်ိဳလွ်ိဳျပန္ထြက္သြားခဲ့ၾကတယ္။ အဲဒီေတာ့မွ ေၾကာက္လန႔္တၾကားျဖစ္ေနတဲ့ တရာတပည့္ႏွစ္ေယာက္ရဲ႕ေရွ႕တည့္တည့္ မတ္တပ္ရပ္ၿပီး

” ေလာကမွာ ကိုယ့္ဘက္ကအႏိုင္ရတယ္ဆိုတိုင္း ႏိုင္ၿပီလို႔ တသမတ္ထဲတြက္မရဘူး” လို႔ေျပာလိုက္ေတာ့ ဆရာေဒဝက အံကိုႀကိတ္ၿပီး

” မင္း ဘယ္သူလဲ… ငါတို႔အလုပ္ေအာင္ျမင္ခါနီးကာမွ ဘယ္ကေန ေရာက္လာခဲ့တာလဲ”

” က်ဳပ္ဘယ္သူဆိုတာထက္… ခင္ဗ်ားတို႔ဒီေနရာကေန အသက္ရွင္လ်က္ထြက္ႏိုင္ဖို႔က ပိုအေရးႀကီးပါတယ္၊ ဒါေၾကာင့္ စီရင္ထားတာေတြကို ကိုယ္တိုင္ဖ်က္ပီး ဒီကေနထြက္သြားၾကပါ”

” ဒီအိမ္ကို အဖိုးခေၾကးေပးၿပီး ဝယ္ထားတာ၊ ဒါေၾကာင့္ မသြားႏိုင္ဘူး”

” ေကာင္းၿပီေလ… မသြားဘူးဆိုလဲ သင္တတ္တဲ့ပညာနဲ႔ ဒီေႁမြသိုက္ကိုထိန္းၾကည့္ေပါ့”

မ်က္ႏွာစိမ္းလူက ႏွစ္ခမ္းဖ်ားေလးတြန႔္႐ုံရယ္လိုက္ၿပီး ခ်ဳပ္ေႏွာင္ထားတဲ့အရာေတြကို လက္ဝါးေစာင္းနဲ႔ခုတ္ခ်လိုက္ရာ အင္းျပားစမက အေပၚကိုတစ္ထြာေလာက္ခုန္တက္သြားခဲ့တယ္။

” သင္တို႔က မ႐ိုးေျဖာင့္တဲ့စိတ္နဲ႔ ဒီအိမ္ကိုရယူခဲ့တာဆိုေတာ့ က်ဳပ္လဲ ရတဲ့နည္းနဲ႔ထြက္သြားေအာင္လုပ္ရမွာပဲ” လို႔ေျပာကာ ဥဳံခံတဲ့ဂါထာတစ္ပုဒ္ကို ႐ြတ္လိုက္တယ္ဆိုရင္ပဲ ၿငိမ္သက္သြားတဲ့ ေႁမြတြန္သံေတြက တမဟုတ္ခ်င္း ျပန္ထြက္လာခဲ့တယ္။

” ႐ႊီး… ႐ႊီး….”
အင္းျပားအစီရင္ေၾကာင့္ ခ်ဳပ္ေႏွာင္ခံထားရတဲ့ ေႁမြျဖဴႀကီးကလဲ ေဒါသတႀကီးနဲ႔ ပါးပ်ဥ္းေထာင္ၿပီး ဆရာေဒဝတို႔ႏွစ္ဦးကို စိုက္ၾကည့္ေနသလို ဘယ္ကေနေရာက္လာမွန္းမသိတဲ့ ေႁမြေဟာက္ေတြကလဲ ဝလုံကြက္ေပၚတဲ့ထိ ပါးပ်ဥ္းေတြမိုးအုပ္ကာ အစီရီဝင္လာခဲ့ၾကတယ္။

ဆရာေဒဝက သူ႔မွာရွိတဲ့ပညာနဲ႔ ေႁမြေတြကိုေမာင္းထုတ္ေပမယ့္ ထင္သေလာက္​ျဖစ္မလာတဲ့အတြက္ ေနာက္ဆုံးမွာေတာ့ မ်က္လုံးကိုစုံမွိတ္ကာ
” ေႁမြေတြ ေႁမြေတြ တက္လာေနၿပီ…. လုပ္ၾကပါဦး.. အမေလး ေၾကာက္ပါၿပီဗ်” ဆိုၿပီး ေအာ္ပါေလေရာ။

” ဒါျဖင့္ ဆက္ေနဦးမွာလား… ”

” မေနေတာ့ပါဘူး… ရတဲ့​ေဈးနဲ႔ေရာင္းၿပီး သြားပါေတာ့မယ္ ”

ဆရာေဒဝနဲ႔တပည့္ျဖစ္သူလဲ ေၾကာက္လန႔္တၾကားနဲ႔ ကတိေပးၿပီးတဲ့ခ်ိန္ေရာက္မွ မ်က္ႏွာစိမ္းလူက ေဒါသထြက္ေနတဲ့ေႁမြေတြကို ၾကည့္ကာ ေမတၱာပို႔ၿပီး လာရာအရပ္ကိုျပန္ခိုင္းခဲ့တယ္။

ေႁမြျဖဴအျဖစ္႐ုပ္သြင္ေျပာင္းထားတဲ့ အဖိုးအိုကေတာ့ အိမ္ေပၚကဆင္းခါနီးမွာ တံခါးကိုအျမႇီးနဲ႔​ေျဖာင္းခနဲျမည္ေအာင္ ႐ိုက္ခ်ိဳးၿပီး ေလ်ာခနဲဆင္းကာေပ်ာက္ကြယ္သြားခဲ့တယ္။

ေနာက္တစ္ေန႔မနက္အေရာက္မွာေတာ့ ဆရာေဒဝတို႔ဆရာတပည့္ႏွစ္ေယာက္ အထုပ္ေတြအပိုးေတြနဲ႔ျပန္ေျပးသြားခဲ့သလို ေဒၚခင္ၾကည္တစ္ေယာက္လဲ လင္ျဖစ္သူဆုံးပါးၿပီးထဲက ညဘက္အိပ္ေပ်ာ္တာနဲ႔ အိမ္မက္ထဲမွာ ပါးပ်ဥ္းတကားကားနဲ႔ေႁမြေဟာက္ေတြလိုက္ေပါက္တာကိုေန႔စဥ္ရက္ဆက္ျမင္မက္ခဲ့တယ္။

တစ္ေန႔မွာေတာ့ ၿခံဝင္းထဲကို အရပ္ျမင့္ျမင့္ မ်က္ႏွာသြယ္သြယ္ ဥပဓိ႐ုပ္ေကာင္းေကာင္းလူတစ္ေယာက္ဝင္လာၿပီး
” ေဒၚခင္ၾကည္ဆိုတာမ်ားလား…”

” ဟုတ္ပါတယ္… ဘာကိစၥရွိလို႔လဲ”

” ကိုယ္လုပ္ခဲ့တဲ့အျပစ္ေတြကို သိတယ္ဆိုရင္ ႏြားႏို႔သန႔္သန႔္တစ္အိုး၊ အေမႊးနံ႔သာေတြနဲ႔ ျပန္ေတာင္းပန္လိုက္ပါ၊ ဒီလိုမွမဟုတ္ရင္ တစ္အိမ္လုံး ဒုကၡေရာက္ၾကလိမ့္မယ္ေနာ္”

” ေမာင္ရင္က ဘယ္သူမို႔လို႔ ဒီလိုစကားေတြလာေျပာရတာလဲ”

” က်ဳပ္ဘယ္သူဆိုတာအေရးမႀကီးပါဘူး.. ေျပာတဲ့အတိုင္းလုပ္မယ္ဆိုရင္ အသက္ေဘးကေန လြတ္ပါလိမ့္မယ္”

ေဒၚခင္ၾကည္လဲ တစ္ခါမွမျမင္ဖူးတဲ့ လူရဲ႕စကားကို အေလးမထားတဲ့ဟန္နဲ႔ အင္တင္တင္လုပ္ၿပီး အိမ္ေပၚကိုျပန္တက္လာခဲ့လိုက္တယ္။
+++++
” သဗၺာသီဝိသဇာတီနံ… “အစခ်ီၿပီး႐ြတ္ဖတ္ေနတဲ့ ခႏၶသုတ္ေတာ္က ႐ြာျပင္ဇရပ္ထဲကေန ၾကည္လင္စြာထြက္ေပၚလာခဲ့တယ္။

” ေဒါက္ ေဒါက္ ေဒါက္”

႐ြတ္ေနရင္း ဇရပ္ေပၚကိုတက္လာတဲ့အသံေၾကာင့္ ႐ြတ္ေနတာကိုရပ္ၿပီးလွည့္ၾကည့္လိုက္ရာ မ်က္ႏွာတစ္ခုလုံး နီက်င္က်င္ျဖစ္ေနၿပီး မ်က္လုံးထဲကေန အခိုးေငြ႕ေတြထြက္ေနတဲ့ အဖိုးအိုတစ္ေယာက္ကိုျမင္လိုက္ရတယ္။

” ဆရာေလး… ကူညီလို႔ က်ဳပ္ရဲ႕အသိုက္ၿမဳံေလးပ်က္ဆီးျခင္းေဘးကလြတ္ကင္းခဲ့ရပါတယ္၊ ဒီအတြက္ ဆရာေလးကို ေက်းဇူးတင္ေၾကာင္းလာေျပာတာပါ”

” ေက်းဇူးသိတတ္ျခင္းက မဂၤလာတစ္ပါးပါပဲဗ်ာ.. ဒါနဲ႔ အသိုက္ၿမဳံကိုဘာေၾကာင့္ လူေနအိမ္ေျခေတြနားကေနမေ႐ြ႕ေျပာင္းၾကတာလဲ”

” ႏွစ္မျပည့္ေသးတဲ့အတြက္ ေ႐ြ႕ေျပာင္းလို႔မရေသးတာပါဆရာေလး၊ ဒီအတြက္လဲ သူတို႔ေတြကို လူေတြနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနဖို႔ ဆုံးမခဲ့တယ္။ ဒါေပမယ့္ လူေတြက ကတိမတည္ၾကဘူး.. ေနာက္ဆုံး ေတာင္းပန္ရမယ္ဆိုတာကိုေတာင္ မသိက်ိဳးႏြံျပဳခဲ့တာ ဆရာေလးအျမင္ပဲမဟုတ္လား”

” စိတ္ေလ်ာ့ပါ အဖိုး… သူ႔အျပစ္နဲ႔သူလမ္းသူသြားပါလိမ့္မယ္..”

” ဟက္ဟက္.. ဟုတ္တာေပါ့၊ သူ႔လမ္းသူသြားရမွာေပါ့ဆရာေလးရယ္.. ၊ သူ႔လမ္းသူ သြားရေတာ့မွာပါ”

အဖိုးအိုက ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ေျပာရင္း ဇရပ္ေပၚကေနထြက္သြားတဲ့ခ်ိန္မွာပဲ မိန္းမတစ္ေယာက္ရဲ႕ နာက်င္စြာေအာ္ဟစ္သံတစ္ခ်က္ကို ထြက္လာခဲ့တယ္။

မၾကာခင္ ႐ြာထဲမွာ လူအခ်ိဳ႕ ေရးႀကီးသုတ္ျပာနဲ႔ ေျပးလႊားေနတဲ့အသံေတြအျပင္ ဝမ္းေခါင္းသံနဲ႔လႈိက္ခနဲရယ္ေမာတဲ့အသံေတြကိုလဲၾကားလိုက္ရတယ္။

အ႐ုဏ္တက္ခ်ိန္အေရာက္မွာေတာ့ အလင္းေရာင္ေပ်ာက္ဆုံးေနတဲ့ ေမွာင္ႀကီးမဲမဲထဲမွာ လူတစ္ေယာက္က တေ႐ြ႕ေ႐ြ႕ထြက္သြားခဲ့တယ္။ သူ႔ရဲ႕ေနာက္မွာေတာ့ အမ်က္ေဒါသေတြ၊ ေလာဘတရားေတြလႊမ္းၿခဳံေနတဲ့ ႐ြာကေတာ့ မွိန္ျပစြာက်န္ရစ္လ်က္။
++++++
” ပေတာက္… ပေတာက္…ပေတာက္”
ႏွင္းစက္ေတြက သစ္႐ြက္ေတြကေနတစ္ဆင့္ ေျမႀကီးေပၚကိုက်ဆင္းေနတဲ့ ေဆာင္းဦးမနက္ခင္းမွာေတာ့ လူတစ္ေယာက္က အဝတ္စုတ္တစ္ခုနဲ႔ထုပ္ထားတဲ့အရာတစ္ခုကိုရင္ဘတ္ထဲထည့္ၿပီး ခပ္သုတ္သုတ္ေလ်ာက္လာေနခဲ့တယ္။

သူ႔ပုံစံက တစ္စုံတစ္ခုကိုေၾကာက္လန႔္ေနသလိုျဖစ္ေနၿပီး မ်က္လုံးေတြက က်ီးကန္းေတာင္းေမွာက္သလို ေဘးဘီဝဲယာကို ျပဴးေၾကာင္ေၾကာင္လိုက္ၾကည့္ေနတယ္။

” ဟီး ဟီး ဟား ဟား ဟား … ငါ့ကိုဘယ္ေခၚသြားမလို႔လဲဟင္”

႐ုတ္တရက္ဆိုသလို ရင္ဘတ္ထဲပိုက္ထားတဲ့အရာကေန ထြက္လာတဲ့အသံေၾကာင့္ ေၾကာက္႐ြံ႕မႈေတြကငယ္ထိပ္ထိတက္ေဆာင့္ၿပီး သတိလစ္လဲက်သြားပါေလေရာ။

သူယူလာတဲ့အရာက ဘာမ်ားျဖစ္မလဲ…??
သူကေရာ ဘာကိုေၾကာက္လန႔္တုန္လႈပ္ေနရတာလဲ ဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္နာမ္စြဲေခါင္းျပတ္အ႐ုပ္ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)
#မူရင္းေရးသားေသာသူမ်ားႏွင့္
စာေရးဆရာ-ေဇယန(ရာမည)အားေလးစားလ်က္ေမတၱာျဖင့္မွ်ေဝသည္။🙏🙏🙏

🔰(Like & Share ေလးနဲ႔အား ေပးသြားခဲ့ၾကပါ)🔰