Unicode Version
ဘုရားပြိုသိုက်(စ/ဆုံး)
—————————
ရွာဘက်သို့ဦးတည်ကာ လျှောက်လာနေကြသည့် လူသုံးယောက်ကို နွားစာမြက်ရိတ်နေရာမှ ငမိုးလှမ်းကြည့်လိုက်
သည်။ ရှေ့ဆုံးမှဦးဆောင်ပြီး ခြေလှမ်းသွက်သွက်ဖြင့်လျှောက်လာသူက ဘန့်ဘွေးကုန်းရွာသား ကိုစိန်လှ။ ကိုစိန်လှ၏အ
နောက်မှပါလာသူနှစ်ယောက်ကိုတော့ ငမိုးမသိပါ။ ငမိုးနေထိုင်သည့် ဘုရားပြိုရွာနှင့် အနီးအနားမှရွာများဖြစ်ကြသည့် ဆပ်
သွား၊ အုတ်ခုတ်ကုန်း၊ ကျကိုက်( ကျားကိုက် )၊ ညောင်ကြတ် စသည့်ရွာများတွင်နေထိုင်ကြသူများကို ငမိုး ကောင်းကောင်း
သိသလို ထိုရွာများမှ ရွာသူရွာသားများသာမက ကလေးကအစ ခွေးအဆုံး ငမိုးအား သိကြပါသည်။
ထိုရွာငါးရွာက တစ်ရွာနှင့်တစ်ရွာ ဝေးလံလှသည်မဟုတ်ပေ။ ဆပ်သွား၊ ကျကိုက်၊ ညောင်ကြတ်နှင့် အုတ်ခုတ်ကုန်း
ရွာများက ပြိုကျနေသည့် စေတီဟောင်းကြီးအား လေးဘက်လေးတန် ဝန်းရံထားပြီး ဘုရားပြိုရွာက စေတီပျက်ကြီးအနီး
တွင် ကပ်လျက်ရှိနေသည်။ ရွာငါးရွာသည် ရွာကြီးများမဟုတ်ကြဘဲ အိမ်ခြေလေးငါးဆယ်ခန့်သာရှိသည့် ရွာများသာဖြစ်
ကြသည်။ အုတ်ခုတ်ကုန်းရွာသည် တောင်ကုန်းအမြင့်ပေါ်တွင်ရှိပြီး ကျန်ရွာလေးရွာက မြေပြန့်တွင်ရှိနေကြသည်။ ညောင်
ကြတ်ရွာက ပဲခူးရိုးမနှင့် အနီးစပ်ဆုံးရှိနေပြီး ရွာ၏အရှေ့ဘက်တွင် ဂူပေါက်တစ်ခုရှိပေသည်။ ထိုဂူပေါက်သည် လူတစ်
ကိုယ်စာဝင်ရောက်နိုင်သည့် ဂူပေါက်ဖြစ်သော်လည်း မည်သူမျှ မဝင်ရဲကြပါ။ ဂူပေါက်မှ နားထောင်ကြည့်ပါက ရေသံများ
ကြားနေရပြီး ဂူထဲတွင် မှောင်မည်းနေလေသည်။ စေတီပျက်ကြီးသည် ဘုရားပြိုရွာတောင်ဘက်ရှိ တောအုပ်အနီးတွင်ရှိ
ပြီး စေတီပျက်ကြီးအား ချုံနွယ်ပိတ်ပေါင်းများက ဖုံးအုပ်လျက်ရှိနေကြသည်။ စေတီပျက်အနီးသို့ ငမိုး မကြာခဏရောက်
သော်လည်းထိုတောအုပ်ထဲသို့ မဝင်ရဲသဖြင့် တစ်ခါမှမရောက်ခဲ့ဖူးပေ။
ငမိုးသည် မည်သူ့ကိုမဆို ယိုင်းပင်းကူညီတတ်သည့်အတွက် လူချစ်လူခင်ပေါများသည်။ အခြားရွာများသို့ ငမိုးသွား
လျှင် ဆန်တစ်တင်း ဟင်းတစ်ဆွဲက လက်ဆောင်အဖြစ်ပါလာတတ်သည်။ ကိုစိန်လှသည် အလုပ်အကိုင်မယ်မယ်ရရရှိသူ
မဟုတ်သည့်အပြင် လက်ကြောတင်းအောင်လည်း လုပ်ကိုင်သူမဟုတ်ပါ။ ကိုစိန်လှက ငမိုးနှင့် တစ်ရွာတည်းသားဖြစ်သော်
လည်း ကိုစိန်လှ၏ဇနီး မသန်းရွှေက ဆပ်သွား ရွာသူဖြစ်သောကြောင့် ဇနီးသည်နှင့်အတူ ဆပ်သွားရွာတွင်နေထိုင်သည်။ ကို
စိန်လှသည် သူရင်းငှားလုပ်လည်း အဆင်မပြေ၊ လယ်လုပ်လည်း လက်ကြောမတင်းသဖြင့် ကိုစိန်လှအား အလုပ်အကိုင်ပေး
မည့်သူ အတော်ရှားသည်။ ကိုစိန်လှက လက်ကြောမတင်းသော်လည်း လူရည်လည်သည်။ ပေါင်းတတ်သင်းတတ်၊ ပြောတတ်
ဆိုတတ်သည်။ ထို့ကြောင့်လည်း သူနှင့်ကိုက်ညီမည့် စပါးပွဲစားအလုပ်ကိုတော့ စိတ်ဝင်တစားလုပ်လေ့ရှိသည်။ စပါးပေါ်ချိန်
မဟုတ်ပါက ဇနီးဖြစ်သူ မသန်းရွှေလုပ်ကိုင်ရှာဖွေသမျှကို တစ်မိုးတွင်းလုံးထိုင်စားနေတတ်သည်။ အမြီးရ အမြီးစား၊ ခေါင်း
ရခေါင်းစားတတ်သည့် ကိုစိန်လှအတွက် မိတ်ဆွေကောင်းရှားပါးသလို အလုပ်အကိုင်ပေးမည့်သူလည်း နည်းပါးလေသည်။
ကိုစိန်လှနှင့်အတူပါလာသူများသည် မျက်နှာစိမ်းများဖြစ်ကြောင်း ငမိုးရိပ်မိလိုက်သည်။ ကိုစိန်လှနှင့်အတူလိုက်လာသူ
နှစ်ယောက်သည် သျှောင်တစောင်းထုံးထားပြီး ခေါင်းပေါင်းအနက်၊ တိုက်ပုံအနက်၊ အနက်ရောင်လွယ်အိတ်နှင့် အနက်ရောင်
ရှမ်းဘောင်းဘီကို ဝတ်ဆင်ထားကာ ဝါးတောင်ဝှေးကိုယ်စီကိုင်ဆောင်ထားကြသဖြင့် သိုင်းဆရာများဖြစ်ဟန်တူသည်ဟု
ငမိုးကောက်ချက်ချလိုက်မိသည်။
ကိုစိန်လှက ထိုသူနှစ်ယောက်ကို ရွာထဲသို့ခေါ်ဆောင်လာခဲ့ရသည့် အကြောင်းရင်းကို ငမိုး သိချင်မိသည်။ ကိုစိန်လှတို့
လူစုက မြက်ရိတ်နေသည့်ငမိုးကို မမြင်ဘဲ ရှေ့တူရှုသို့သာ အာရုံစိုက်၍ အလောတကြီးသွားနေကြသည်။ ကိုစိန်လှအနေဖြင့်
အကြောင်းမရှိဘဲ သူစိမ်းများကို ရွာထဲသို့ခေါ်ဆောင်လာမည်မဟုတ်ကြောင်း ငမိုးသဘောပေါက်မိသည်။
အခြေအနေကိုသိလိုသဖြင့် ရိတ်ပြီးသည့်မြက်များကို အမြန်ထုံးကာ ထမ်းပိုးတွင်လျှို၍ ရွာဘက်သို့ ထွက်လာခဲ့လေ
သည်။
*******************
ရွာသို့ရောက်လျှင် မြက်ထုံးများကို အမြန်ချပြီး ကိုစိန်လှတို့လူစုသွားသည့်နေရာကို စုံစမ်းကာ ငါးရွာသူကြီး ဦးမောင်
နီ၏အိမ်သို့ခပ်သွက်သွက် ထွက်သွားလေသည်။ ငါးရွာသူကြီးဆိုသည်က ဘုရားပြို၊ အုတ်ခုတ်ကုန်း၊ ညောင်ကြတ်၊ ဆပ်သွား၊
ကျကိုက် ( ကျားကိုက် ) ရွာငါးရွာကို အုပ်ချုပ်ခွင့်ရသည့် ရွာသူကြီးဖြစ်ပေသည်။
ငါးရွာသူကြီး ဦးမောင်နီ၏ခြံဝိုင်းအတွင်းသို့ဝင်လိုက်သည့်အခါ အိမ်အောက်တွင်ထိုင်နေသည့် သူကြီးကတော် ဒေါ်
မယ်ရင်အား အခန့်သင့်တွေ့လိုက်ရသည်။
“ ဘွားလေး….ကိုစိန်လှတို့ ဒီကိုလာသလား ”
“ လာတယ်လေ။ အိမ်ပေါ်မှာ စကားပြောနေကြတယ်။ နင်က ဘာလုပ်ဖို့လဲ ”
“ ဘာမှမဟုတ်ဘူး ဘွားလေး။ ကိုစိန်လှနဲ့ လူစိမ်းနှစ်ယောက်ပါလာလို့ ဘာများလဲဆိုပြီး လာကြည့်တာပါ ”
“ ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ ငမိုးရယ်။ ဘာတွေစပ်စုမလို့လဲ ”
“ စပ်စုတာမဟုတ်ပါဘူး ဘွားလေး။ လူစိမ်းတွေပါလာလို့ ဘာလုပ်တာလဲဆိုတာ သိချင်လို့ပါ ”
“ အဲဒါ စပ်စုတာပေါ့ ငမိုးရဲ့ ”
“ စပ်စုတာ မဟုတ်ပါဘူး ဘွားလေးရယ် ”
“ နင့်ဟာနင် ဟောဒီမှာထိုင်ပြီး စပ်စုပေတော့။ ငါလည်း နွားစာစဉ်းလိုက်ဦးမယ် ”
“ ကျွန်တော် စဉ်းပေးရမလား ဘွားလေး ”
“ နေပါစေ ငမိုးရယ်။ ထိုင်တာများရင် အညောင်းမိမှာစိုးလို့ ငါ့ဟာငါပဲ စဉ်းလိုက်ပါ့မယ် ”
“ လေးချိုမရှိဘူးလား၊ ဘယ်သွားလဲ ဘွားလေး ”
“ ထုံးစံအတိုင်း ရွာထဲလျှောက်သွားနေမှာပေါ့။ နင်မတွေ့ခဲ့ဘူးလား ”
“ မတွေ့ခဲ့ဘူး ဘွားလေး ”
“ ကဲ…နင့်ဟာနင်သာ အေးအေးဆေးဆေး စပ်စုပေတော့ ငမိုးရေ။ ငါလည်း နွားစာစဉ်းလိုက်ဦးမယ် ”
“ ဟုတ်ကဲ့ ဘွားလေး ”
ငမိုးက အိမ်အောက်ထပ်ရှိ ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ အိမ်ပေါ်ထပ်မှ စကားပြောသံများကို နားစွင့်လိုက်သည်။
“ သူကြီး၊ ဒီကဆရာတွေက သူကြီးနဲ့တွေ့ချင်လို့တဲ့ ”
“ ဘယ်ကလာကြတာတုန်းဗျ ”
“ စကုမြို့က လာကြတာပါ။ ကျုပ်နာမည်ကိုတော့ ငနက်ကျော်လို့သာ မှတ်ထားလိုက်ပါ သူကြီး။ သူက ကျုပ်ရဲ့လက်ရုံး
တပည့် အောင်ထွန်း ”
“ လာရင်းကိစ္စကိုပြောပါဦး ”
“ မောင်စိန်လှ…၊ မင်းပဲ ပြောပြလိုက်တော့ကွာ ”
“ ဟုတ်ကဲ့ ဆရာ ”
ငမိုးက သူကြီးနှင့် ကိုစိန်လှတို့ပြောဆိုနေကြသည့် စကားသံကို အသေအချာနားစွင့်နေသည်။
“ ဒီလို သူကြီးရာ။ ဟောဒီက ဆရာငနက်ကျော်တို့က ဘုရားပြိုသိုက်ကို ဖော်ချင်တယ်တဲ့။ အကယ်လို့ သိုက်အောင်ပြီး ရွှေ
ငွေနဲ့ကျောက်သံပတ္တမြားတွေရရင် ဘုရားပြိုရွာအတွက်တစ်ဝက်ပေးပြီး သူတို့ရမယ့် ဝေစုတစ်ဝက်ထဲက စေတီကို အကောင်း
အတိုင်းဖြစ်အောင် ပြန်တည်ပေးမယ်တဲ့ ”
ကိုစိန်လှပြောလိုက်သည့်စကားကို ကြားလိုက်ရသည့်အခါ ငမိုး၏မျက်ခုံးနှစ်ဖက် မြင့်တက်သွားလေသည်။
“ ခွင့်မပြုနိုင်ဘူး စိန်လှ။ သူတို့ဟာသူတို့ အေးအေးဆေးဆေးနေကြတာကို မနှောက်ယှက်ချင်စမ်းပါနဲ့ ”
“ စဉ်းစားပါဦး သူကြီးရာ ”
“ ငါခွင့်မပြုနိုင်ဘူး စိန်လှ။ မင်းလည်း ဘုရားပြိုသိုက်အကြောင်း ကောင်းကောင်းသိတဲ့သူပဲ။ တစ်ရွာလုံးဒုက္ခရောက်အောင်
မလုပ်နဲ့။ ငါ ခွင့်မပြုဘူး ”
“ သူကြီးကလည်းဗျာ။ အဆင်ပြေရင် တစ်ရွာလုံးချမ်းသာကြမယ့်ကိစ္စကို ဘာဖြစ်လို့ငြင်းနေရတာလဲ ”
“ ဘာမှမဖြစ်စေရပါဘူး။ ကျုပ်တို့က အခြားသိုက်ဆရာတွေလိုမဟုတ်ဘူးသူကြီး။ ဘယ်သူမှ ဒုက္ခမရောက်စေရဘူး ”
“ ကျုပ်ကို အရင်ဆုံးခွင့်တောင်းတဲ့အတွက် ကျေးဇူးတော့တင်ပါတယ်။ ဒါပေမဲ့ ကျုပ် ခွင့်မပြုနိုင်ဘူး ”
“ ဘာဖြစ်လို့လဲဗျ ”
“ ကျုပ် အသက်ဆယ်နှစ်ကျော်လောက်မှာ ခင်ဗျားလို သိုက်ဆရာနှစ်ယောက် သိုက်လာတူးဖူးတယ်။ အဲဒီတုန်းက ရွာငါးရွာ
ကို အုပ်ချုပ်ရတဲ့ ငါးရွာသူကြီးဦးဖေရှိန်ဆိုတာ ကျုပ်ရဲ့အဖေပဲ။ သိုက်ဆရာတွေက ကျုပ်ရဲ့အဖေဆီမှာ ခွင့်မတောင်းဘဲ သိုက်
တူးကြတယ်။ ဘုရားပြိုနားကို ဘယ်သူမှမသွားရဲကြဘူး။ သွားခွင့်လည်း မပေးဘူး။ ကျုပ်တို့က ကလေးသာသာဆိုတော့ ဘာ
ရယ်ညာရယ် နားလည်ကြတာမဟုတ်ဘူး။ ဘုရားပြိုအနီးတစ်ဝိုက်က ကျုပ်တို့အတွက် ကစားလို့ကောင်းတဲ့နေရာပေါ့။ သိုက်
ဆရာတွေဘာတွေဆိုတာလည်း ကျုပ်တို့တွေမသိပါဘူး။ ဘုရားပျက်ကြီးနားမှာ ပွဲတွေထိုးပြီး စည်းတွေသားထားတာတွေ့လို့
ဘုရားလာကန်တော့ကြတယ်ပဲထင်တာ။ နောက်တစ်ရက် ကျုပ်တို့တွေ အဲဒီနေရာရောက်သွားတဲ့အခါ အဲဒီလူနှစ်ယောက်သေ
နေတာကိုမြင်ရတော့တာပဲ။ သေတာတောင်ရိုးရိုးသေတာမျိုးမဟုတ်ဘူးနော်။ လျှာက တစ်တောင်လောက်ထွက်ပြီး မျက်လုံး
တွေပြူးပြီးသေနေတာ။ ကျုပ်အဖေတို့ပြောမှပဲ အဲဒီလူတွေကို သိုက်ဆရာတွေမှန်းသိတာ ”
“ စည်းပေါက်သွားလို့ပါ သူကြီး။ သိုက်ဆရာချင်းတူပေမယ့် ပညာချင်းမတူဘူး။ မောင်စိန်လှကိုပြောပြထားတဲ့အတိုင်း နှစ်ပုံ
ပုံပြီး ကျုပ်ကတစ်ပုံယူမယ်။ အဲဒီတစ်ပုံထဲကနေ ဘုရားကိုပြန်ပြုပြင်ပေးမယ်ဗျာ။ ဘယ်လိုလဲ ”
“ နေစမ်းပါဦးဗျ သိုက်ဆရာရ။ ဘုရားပြိုအကြောင်း ခင်ဗျားက ဘယ်လိုလုပ်သိတာလဲ။ စိန်လှပြောတာလား ”
“ မောင်စိန်လှပြောတာမဟုတ်ပါဘူး သူကြီး။ ဘုရားပြိုသိုက်ကို ကျုပ်သိတာကြာပြီ။ ကျုပ်မိတ်ဆွေတစ်ယောက်က ရွာခံ
မောင်စိန်လှနဲ့တွေ့ပေးလို့ ပြောဖြစ်ဆိုဖြစ်ခဲ့ကြတာ ”
“ ထိပ်တုံးစာမိချင်ပြီလား စိန်လှ
“ မောင်စိန်လှနဲ့ မဆိုင်ပါဘူး ”
“ ဆိုင်တာပေါ့ဗျ။ ကိုယ့်ရွာကိုယ် ဒုက္ခပြန်ပေးဖို့လုပ်တဲ့ကောင်၊ မင်းနဲ့ ငါနဲ့တွေ့မယ် ”
“ ကျုပ်နဲ့မဆိုင်ဘူးလေ သူကြီးရာ။ ဒီဆရာက ကျုပ်ကို သူကြီးဆီလိုက်ပို့ခိုင်းလို့ ခေါ်လာခဲ့တာ ”
“ ခင်ဗျားတို့ ပြန်ကြတော့ဗျာ။ ကျုပ်ကတော့ ခွင့်မပြုနိုင်ဘူး ”
“ ခွင့်မပြုလည်း ပြန်ရုံပေါ့ဗျာ။ သွားကြစို့ အောင်ထွန်း ”
“ သူကြီး …..”
“ ဟေ့ကောင် စိန်လှ….ဘာမှထပ်မပြောနဲ့၊ မင်းလည်းပြန်တော့ ”
ကိုစိန်လှနှင့် သိုက်ဆရာဆိုသူတို့ ပြန်ရန်ဟန်ပြင်နေကြစဉ် ငမိုးလည်း အိမ်သို့ အမြန်ပြန်သွားလေတော့သည်။
*******************
“ လောဘက အတောမသတ်နိုင်ကြပါလား။ ဘုရားကသိုက်တောင် မနေရလောက်အောင် လောဘဇောတက်ကြတယ်။ အဲဒီ
သိုက်ဆရာဆိုတဲ့သူတွေ ပြန်သွားကြပြီလား လူလေး ”
“ အဲဒါတော့ မသိဘူးအဘိုး။ သူတို့ အိမ်ပေါ်ကဆင်းမလာခင် ကျွန်တော်ပြန်လာခဲ့တာ ”
“ စိန်လှလည်း လူမိုက်တွေနဲ့ပေါင်းပြီး ရွာကို ဒုက္ခပေးတော့မှာပါလား ”
“ ဘယ်လိုဖြစ်လို့လဲ အဘိုး ”
“ သိုက်ဆရာတွေလာရင် ရွာကလူတွလည်း ကောင်းကောင်းမနေရတော့ဘူးပေါ့ကွာ။ အထူးသဖြင့် ငါတို့တွေပေါ့။ စေတီကို
စောင့်ရှောက်ရမယ့် တာဝန်ရှိတာတောင် ကောင်းကောင်းမစောင့်ရှောက်နိုင်ရင် အပြစ်ပေးခံရတော့မှာပေါ့ကွာ”
အဘိုးပြောသည့်စကားကို ငမိုး နားမလည်ပါ။ သို့သော်လည်း ထိုစေတီပျက်ကြီး၏အကြောင်းကိုတော့ အနည်းအကျဉ်း
ကြားခဲ့ဖူးသည်။ ထိုစေတီပျက်ကြီးအနီးသို့ ငမိုး မကြာခဏရောက်ခဲ့ဖူးသည်။ ခါးလယ်မှပြတ်ပြီး ပြိုကျပျက်စီးနေသည့် စေ
တီကြီးကို မည်သူမျှ မပြုမပြင်ကြသဖြင့် ချုံနွယ်များရစ်ပတ်ကာ အရောင်အဆင်း ကင်းမဲ့နေလေသည်။ ပြိုကျသွားခဲ့သည့်
စေတီအထက်ပိုင်းသည်လည်း အုတ်ပုံကြီးကဲ့သို့ ဖြစ်နေခဲ့လေပြီ။ စေတီပျက်ကြီး၏အနီးတစ်ဝိုက်တွင်လည်း ချုံနွယ်ပိတ်
ပေါင်းများဖုံးအုပ်လျက်ရှိသည်။ ထိုစေတီကြီးအား မည်သူက တည်ခဲ့သည်၊ သစ်ပင်ထူထပ်ပြီး လူသူမနီးသည့် တောထဲ၌
မည်သည့်အတွက်ကြောင့် တည်ထားခဲ့သည်ကိုလည်း ရွာငါးရွာတွင်နေထိုင်ကြသူ အတော်များများ မသိကြပါ။ သို့ပါသော်
လည်း သိရှိသူတစ်ချို့တစ်လေတော့ ရှိနေပါသည်။ ထိုသူများက ငမိုး၏အဘိုး ဦးမောင်ထော်နှင့် ငမိုး၏ အဘိုးလေး ငါးရွာ
သူကြီး ဦးမောင်နီ၊ ကျကိုက်( ကျားကိုက် ) ရွာမှ အသက်တစ်ရာ့သုံးနှစ်ရှိပြီဖြစ်သည့် အဘိုး ဦးကုလား၊ ဆပ်သွားရွာမှ အဘွား
ဒေါ်အေးစိန်နှင့်၊ ဦးဗမာကြီးတို့ဖြစ်ကြသည်။ ထိုသူများသည်ထဲတွင် အသက်အငယ်ဆုံးဆို၍ ငမိုး၏အဘိုးလေးဖြစ်သည့်
ငါးရွာသူကြီး ဦးမောင်နီဖြစ်ပေသည်။ ဦးမောင်နီ၏အသက်သည် ခုနစ်ဆယ်ကျော်ရှိနေပြီး ဦးမောင်ထော်က ရှစ်ဆယ်အတွင်း
သို့ ချဉ်းနင်းဝင်ရောက်နေလေပြီ။ ထိုသူများသည် အသက်အရွယ်အိုမင်းကြသော်လည်း သန်မာကြသည်။ သွားနိုင်လာနိုင်၊
လုပ်နိုင်ကိုင်နိုင်ကြသေးသည်။ ထူးခြားချက်က ထိုသူများအားလုံးအသက်သတ်လွတ်သာစားသုံးကြခြင်းဖြစ်ပေသည်။ ငမိုး
၏အဘိုး ဦးမောင်ထော်နှင့် ဦးမောင်နီတို့သည် ညီအစ်ကိုဝမ်းကွဲများဖြစ်ကြလေသည်။ ဦးမောင်နီတွင် မောင်ချိုဟု အမည်ရ
သည့် သားတစ်ယောက်ရှိပြီး မွေးရာပါ စိတ်ဝေဒနာသည်တစ်ဦးဖြစ်ပြီး ဆွံ့အ နေရှာသူလည်းဖြစ်သည်။ အသက်ငါးဆယ်နီး
ပါးရှိပြီဖြစ်သည့် စိတ်ဝေဒနာသည် ကိုမောင်ချိုသည် သွက်သွက်ခါ ရူးသွပ်နေခြင်းမဟုတ်ပေ။ မိဘများပိုင်ဆိုင်သည့် လယ်
မြေတွင် လယ်ထွန်ခြင်း၊ စပါးရိတ်သိမ်းခြင်းများကိုလည်း ဝင်ရောက်လုပ်ကိုင်ပေးတတ်ပြီး နွားကျောင်းခြင်း နွားစာစဉ်းခြင်း
များကိုလည်း လုပ်ကိုင်ပေးတတ်သူဖြစ်ပေသည်။ ကိုမောင်ချို၏ ထူးခြားချက်က အလွန်အဆိပ်ပြင်းပါသည်ဆိုသည့် မြွေများ
ကို ကိုင်တွယ်ဆော့ကစားခြင်းဖြစ်ပေသည်။
အလွန်အဆိပ်ပြင်းသည့်မြွေများသည် ကိုမောင်ချို၏လက်ပေါ်သို့ရောက်သည်နှင့် ကစားစရာအရုပ်များသဖွယ်ဖြစ်သွား
တတ်ကြသည်က ကိုမောင်ချို၏ထူးခြားမှုတစ်ခုဖြစ်ပေသည်။ ကိုမောင်ချိုကို မွေးဖွားခဲ့စဉ်က ကိုမောင်ချို၏အနီးတွင် တော
ကြီးမြွေဟောက်နှင့် ငန်းတော်ကြားမြွေများ စောင့်ရှောက်နေတတ်သည်ဟုလည်း ငမိုးကြားဖူးသည်။
ငမိုး၏ မိဘနှစ်ပါးက ငမိုး အသက်သုံးနှစ်သားအရွယ်တွင် ဆုံးပါးသွားခဲ့ကြသည်။ မည်သည့်ရောဂါဖြင့် ဆုံးပါးခဲ့သည်
ကိုလည်း အဘိုးက မပြောပြသလို တစ်ရွာလုံးကလည်း ရေငုံနှုတ်ပိတ်ထားခဲ့ကြသည်။ သို့ပါသော်လည်း ဖခင်နှင့် မိခင်တို့
အား ဘုရားပြိုသိုက်မှ ပြန်ခေါ်သွားခဲ့သည်ဟု ငမိုး ကြားသိခဲ့ရသည်။ ထို့ကြောင့်လည်း ဖခင်နှင့် မိခင်ကို တွေ့လိုတွေ့ငြား
ဘုရားပြိုအနီးတစ်ဝိုက်သို့ မကြာခဏ သွားရောက်တတ်လေသည်။ ယခုအခါ ငမိုး၏အသက်သည် ဆယ့်ခြောက်နှစ်ရှိနေလေ
ပြီ။
“ ဘုရားပြိုမှာ သိုက်တကယ်ရှိလို့လား အဘိုး ”
“ ရှိတာပေါ့ကွာ ”
“ ဘုရားက ဘယ်အချိန်ကတည်းက ပြိုကျနေတာလဲ အဘိုး ”
“ လူလေးသိချင်ရင် ပြောပြရတာပေါ့ကွာ။ သို့ပေမယ့် အဘိုးပြောပြတဲ့အကြောင်းကို ဘယ်သူ့မှ ပြန်မပြောဖို့တော့ မှာချင်
တယ် ”
“ သိချင်ပါတယ် အဘိုး။ ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးပါတယ် ”
“ ပြိုကျနေတဲ့ စေတီကြီးက အခုဆို နှစ်ပေါင်းလေးရာနီးပါးရှိခဲ့ပြီ ”
“ ဟာ…နှစ်ပေါင်း မနည်းတော့ပါလား အဘိုး ”
“ ဟုတ်တယ် လူလေး။ ဟံသာဝတီကို ဘုရင့်နောင်မင်းတရားကြီး ဝင်တိုက်တော့ သမိန်ထောရာမ အရေးနိမ့်ပြီး ထွက်ပြေး
သွားတယ်။ သမိန်ထောရာမရဲ့ သစ္စာခံအမတ်ကြီးတစ်ယောက်နဲ့အတူသစ္စာခံ မောင်းမ မိသံတွေနဲ့ရဲမက်တွေ ဟံသာဝတီက
နေ ထွက်ပြေးရင်း အခုနေရာကို ရောက်လာခဲ့ကြတယ်။ ဟံသာဝတီကနေ ပြေးလာကြတဲ့သူတွေက လေးကျိပ်လောက်ရှိတယ်
လို့ဆိုကြတယ်။ သူတို့နဲ့အတူ ရွှေ ငွေ ကျောက်သံပတ္တမြားတွေလည်ပါလာကြပြီး မွန်အမတ်ကြီးနဲ့အတူ ရွှေသားအတိပြီးတဲ့
ဘုရားဆင်းတုတော်တစ်ဆူပါလာခဲ့တယ်။ အဲဒီအချိန်က ဟောဒီနေရာမှာ ရွာနှစ်ရွာပဲရှိခဲ့တယ်လို့ဆိုကြတယ်။ အဲဒီရွာနှစ်ရွာက
ညောင်ကြတ်နဲ့ ဆပ်သွားရွာပဲ လူလေး”
“ ဟုတ်လား အဘိုး။ ကျကိုက်တို့ အုတ်ခုတ်ကုန်းတို့ကရော ”
“ နောက်ပိုင်းတည်တဲ့ရွာတွေက ကျကိုက် ( ကျားကိုက် )၊ အုတ်ခုတ်ကုန်း၊ ဘုရားပြိုဆိုပြီး အမည်ပေးခဲ့ကြတာက ကျားကိုက်
ဆိုတဲ့ရွာက ဟံသာဝတီကနေပြေးလာတဲ့ သမိန်ထောရာမရဲ့ သစ္စာခံအချို့ ကျားကိုက်ခံရတယ်။ အဲဒီနေရာကို ကျားကိုက်လို့
အမည်ပေးခဲ့တယ်ဆိုသတဲ့။ ညောင်ကြတ်တို့ ဆတ်သွားတို့ကတော့ အဲဒီမှာပေါက်တဲ့အပင်တွေကို အစွဲပြုပြီးခေါ်ခဲ့တာပေါ့။
အုတ်ခုတ်ကုန်းဆိုတာက စေတီတည်တော့ တောင်နံရံကို တူးပြီး ဂဝံအုတ်တွေခုတ်ကြတယ်။ အဲဒီနေရာကို အုတ်ခုတ်ကုန်း
ဆိုပြီး အမည်တွင်ခဲ့တယ်။ ဘုရားပြိုကတော့ ပြောစရာမလိုတော့ဘူးပေါ့ လူလေး ”
“ စေတီက ဘယ်တုန်းကတည်းက ပြိုကျသွားတာလဲ အဘိုး ”
“ နောက်တော့ပြောပြမယ်ကွယ့် ”
“ ဟုတ်ကဲ့ အဘိုး ”
“ သမိန်ထောရာမရဲ့နောက်ကို ဘုရင့်နောင်ရဲ့တပ်တွေက လိုက်ပြီးနှိမ်နင်းနေတော့ ဒီနေရာကိုရောက်နေတဲ့ သစ္စာခံတွေလည်း
အခက်ကြုံရတာပေါ့ကွယ်။ လူကလည်းများတော့ စားရေးရိက္ခာကလည်းခက်ခဲနေပြီ။ ငတ်ပြတ်ဆင်းရဲလာတော့ ထွက်ပြေး
ဖို့ပြင်ကြတယ်။ ညောင်ကြတ်နားက ဂူထဲမှာ ပြေးပုန်းကြတယ်။ ဂူထဲဝင်ပုန်းတဲ့သူတွေကတော့ လွတ်သွားသလား သေသွား
ကြသလားဆိုတာ မသိနိုင်ဘူး။ အဲဒီဂူက လူတစ်ကိုယ်စာဝင်နိုင်ရုံရှိတဲ့အပြင် အထဲမှာ မှောင်မည်းနေလို့ ရွာခံတွေတောင် မ
ဝင်ကြဘူး။ ထွက်ပြေးတဲ့သူတွေထဲက ဖမ်းမိတဲ့သူတွေကို သုတ်သင်ပစ်တယ်။ ပြေးလာကြတုန်းကလေးကျိပ်လောက်ရှိရာ
ကနေ အမတ်ကြီးရဲ့လက်ချက်ကြောင့် သုံးကျိပ်နီးပါးလောက်ပဲ ကျန်တော့တယ်။ အမတ်ကြီးက ဒေါသလည်းကြီးတယ်။
ဆင်ခြင်တုံတရားလည်းကင်းတယ်။ ဒါပေမဲ့ အမတ်ကြီးနဲ့အတူပါလာတဲ့ တပ်မှုးကတော့ သဘောကောင်းသတဲ့။ အဲဒီတပ်မှုး
ကအရေးနိမ့်လို့ ပြေးလာကြတဲ့မွန်လူမျိုးချင်းကို သတ်ဖြတ်သုတ်သင်တာကို သဘောမကျလို့ အမတ်ကြီးကို တားမြစ်တဲ့အခါ
အမတ်ကြီးနဲ့ တပ်မှုးတို့ အခြေအတင်ဖြစ်ကြသတဲ့။ အမတ်ကြီးက တပ်မှုးကိုအငြိုးအတေးထားပြီး တပ်မှုးအိပ်ပျော်နေတဲ့အ
ချိန်မှာ လက်သုံးတော်ဓားနဲ့ ခေါင်းကိုခုတ်ဖြတ်ပြီး သတ်လိုက်တယ် ”
“ အချင်းချင်း ရက်စက်လိုက်တာ အဘိုးရယ် ”
“ ရက်စက်တာတော့ မပြောနဲ့လူလေးရေ။ ခေါင်းပြတ်သွားတဲ့ တပ်မှုးရဲ့လျှာကိုပါ ဖြတ်ပစ်လိုက်ပြီး အလောင်းကို ညတွင်း
ချင်း မြေမြှုပ်လိုက်တယ်တဲ့ ”
“ ဟာ…..”
“ တပ်မှုးကိုင်ခဲ့တဲ့ဓားက မောင်နီဆီမှာ အခုထိရှိသေးတယ် ”
“ ဗျာ…. တပ်မှုးရဲ့ဓားကို ဘယ်ကနေရတာလဲ အဘိုး ”
“ အဲဒါတော့ အဘိုးလည်း မသိဘူးကွယ့်။ ရွာသူကြီးတွေ အစဉ်အဆက်ထိန်းသိမ်းလာခဲ့ကြရတာ ”
“ ဆက်ပြောပြပါဦး အဘိုး ”
“ အဲဒီအချိန်မှာ ဘုရင့်နောင်ရဲ့တပ်တွေကလည်း သမိန်ထောရာမကို မြေလှန်ရှာနေကြတော့ တစ်ချိန်ချိန်မှာ သူတို့ကိုတွေ့
တော့မယ်ဆိုတာ တွက်ဆထားကြတယ်။ ရွှေငွေ ကျောက်သံပတ္တမြားတွေကို သယ်သွားဖို့ကလည်းမဖြစ်နိုင်တော့ဘူး။ ဒီတော့
စေတီတစ်ဆူတည်ခဲ့ပြီး အမတ်ကြီးပင့်ဆောင်လာတဲ့ ဆင်းတုတော်နဲ့အတူ ရွှေငွေ ကျောက်သံပတ္တမြားတွေကို ဌာပနာကြ
ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ ရဲမက်တွေ၊ မောင်းမမိသံတွေနဲ့အတူ ရွာခံတွေကိုပါ စေတီတည်ဖို့ စေခိုင်းတော့တာပေါ့
။ မူလရည်ရွယ်ချက်က ရတနာတွေကို စေတီတည်ပြီး ဖျောက်ဖျက်ထားဖို့ပဲဆိုတော့ ထီးတော်မပါဘဲ စေတီတည်ဖို့ ကြံကြ
တယ်။ ဘုရားပုထိုးစေတီအမျိုးမျိုးတည်တယ်ဆိုတာ ဘုန်းကံရှိတဲ့သူ၊ သီလသမာဓိပြည့်စုံတဲ့သူမျိုးမှ တည်လို့ရတယ်။ ဗေ
ဒင်ကိန်းခန်းနဲ့ တွက်ချက်ပြီး နက္ခတ်ကောင်း၊ အချိန်အခါကောင်းနဲ့ နေ့ကောင်းရက်သာ ရွေးရတယ်။ နေရာသန့် မြေသန့်
ကို ရွေးရတယ်။ ပြေးလာကြတဲ့သူတွေထဲမှာ စေတီပုထိုးတည်ဖူးတဲ့ပန်းရံပညာရှင်တွေပါတယ်ဆိုပေမယ့် စံနစ်တကျတွက်
ချက်တတ်တဲ့ ဗိသုကာပညာရှင်တွေမဟုတ်ကြဘူး။ ဗေဒင်ကိန်းခန်းတွက်ချက်တတ်တဲ့ပညာရှင်တွေမပါကြတဲ့အပြင် သမိန်
ထောရာမရဲ့သစ္စာခံအမတ်ကြီးက သီလသမာဓိရှိတဲ့သူမဟုတ်လေတော့ စေတီတည်ပြီး သုံးရက်အတွင်းမှာပဲ ခါးလယ်ကကျိုး
ပြီး မြေခသွားခဲ့တယ်။ စေတီကြီး မြေခသွားတဲ့အချိန်မှာ စေတီအနားမှာရှိတဲ့ မောင်းမ မိသံတွေ၊ ရဲမက်တွေ အတော်များများ
စေတီပိပြီး သေဆုံးကုန်ကြတယ်။ စေတီပြိုကျပြီး ပိတဲ့သူတွေထဲမှာ သမိန်ထောရာမရဲ့သစ္စာခံ အမတ်ကြီးလည်းပါတယ်။
ပြိုကျလာတဲ့စေတီက အမတ်ကြီးရဲ့ ခန္တာကိုယ်အောက်ပိုင်းကို ပိသွားတယ်။ ဘုရားပြိုနားက သင်္ချိုင်းက အမတ်ကြီးရဲ့အ
လောင်းနဲ့ မောင်းမမိသံတွေ၊ ရဲမက်တွေရဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေ အလောင်းတွေကို မြှုပ်နှံထားတဲ့ နေရာပေါ့ ”
“ ဟာ……”
“ သေလုမြောပါးဖြစ်နေတဲ့အချိန်မှာ ကျိန်စာဆိုခဲ့တယ် ”
“ ဗျာ…ဘယ်လို ကျိန်စာဆိုခဲ့တာလဲ အဘိုး ”
“ လူလေး နားလည်အောင်ပြောရရင် သူသတ်ခဲ့တဲ့သူတွေ၊ စေတီပိပြီး သေသွားတဲ့သူတွေအားလုံး စေတီထဲမှာ ဌာပနာထား
တဲ့ ရတနာတွေကို စောင့်ရှောက်ရမယ်။ ရတနာတွေကို လာရောက်ယူငင်တဲ့သူမှန်သမျှ အသေဆိုးနဲ့သေရမယ်။ စသည်ဖြင့်
ပေါ့ကွယ်။ အဲဒီအပြင် ညောင်ကြတ်နဲ့ ဆပ်သွားရွာက ရွာသူရွာသားတွေကလည်း ဆွေစဉ်မျိုးဆက်အလိုက် ဌာပနာတွေကို
စောင့်ရှောက်ရမယ်။ အကယ်၍ မစောင့်ရှောက်ခဲ့ရင် အသေဆိုးနဲ့သေရမယ်၊ ရွာနှစ်ရွာစလုံး မီးလောင်ပြာကျမယ်ပေါ့ကွယ်။
အမတ်ကြီးရဲ့ကျိန်စာက အရမ်းကြမ်းတော့ ကျန်တာတွေ အဘိုးမပြောပြချင်တော့ဘူး လူလေး။ ရွာငါးရွာမှာနေထိုင်တဲ့သူတစ်
ယောက်ယောက်က သစ္စာပျက်ပြီး ဘုရားပြိုသိုက်ကိုဖျက်လိုဖျက်စီးလုပ်ခဲ့မယ်ဆိုရင် အဲဒီလူရော တစ်ရွာလုံးရော ဒုက္ခရောက်
ကြရလိမ့်မယ် လူလေး ”
“ ဟုတ်ကဲ့ အဘိုး။ အဲဒီ အမတ်ကြီးက သေသွားရောလား ”
“ ခန္တာကိုယ်အောက်ပိုင်းတစ်ခုလုံး ပြတ်နေမှတော့ မသေဘဲနေပါ့မလားကွယ် ”
“ ဒါဆို အမတ်ကြီးလည်း ဌာပနာကို စောင့်နေမှာပေါ့နော် အဘိုး ”
“ သေချာတာပေါ့ လူလေး ”
“ သူတို့က ဥစ္စာစောင့်တွေ ဖြစ်နေမှာပေါ့နော် ”
“ သိုက်ဆိုတဲ့အဓိပ္ပါယ်နဲ့ ဥစ္စာစောင့်ဆိုတဲ့စကားကို အဘိုးရှင်းပြမယ် ”
“ ဟုတ်ကဲ့ အဘိုး ”
“ သိုက်ဆိုတာ အစုအဖွဲ့လို့အဓိပ္ပါယ်ရတယ်။ ရတနာသိုက်ဆိုတာ ရတနာတွေအမြောက်အများ အစုအဖွဲ့နဲ့ရှိနေတဲ့နေရာပေါ့
ကွယ်။ လူလေးပြောတဲ့ ဥစ္စာစောင့်ဆိုတာ အမျိုးမျိုးရှိသကွယ့်။ မိမိပိုင်ဆိုင်တဲ့ အရာဝတ္ထုတွေအပေါ်မှာ စွဲလန်းတဲ့စိတ်ကြောင့်
သေတဲ့အခါ မကျွတ်မလွတ်ဘဲ အဲဒီအရာဝတ္ထုတွေအနားမှာပဲ တဝဲလည်လည်ရှိနေတတ်ကြတယ်။ သူပိုင်ဆိုင်ခဲ့တဲ့ အရာဝတ္ထု
တွေကို သူတစ်ပါး ယူသွားမှာ မလိုလားကြဘူး။ လောဘဇကမ္မလို့ခေါ်တဲ့လောဘကြောင့်ဖြစ်ရတဲ့ အကုသိုလ်ကံအလိုက် ပြိတ္တ
ဘဝနဲ့နေရရှာတယ်။ အဲဒါကို ပေတလို့လည်း ခေါ်တယ်လူလေး ”
“ ဟုတ်ကဲ့ အဘိုး ”
“ နောက်တစ်ခုက တိုင်းပြည်ကို အစိုးရတဲ့ မင်းမိန့်နဲ့ စောင့်ရှောက်ခိုင်းခံထားရတဲ့ ပေတလည်းရှိတယ်။ သူတို့ကတော့ မြို့
စည်းရိုးကိုစောင့်ရတဲ့ ပေတ၊ ဘဏာတိုက်ကိုစောင့်ရှောက်ရတဲ့ ပေတ၊ မြို့တံခါးကို စောင့်ရှောက်ရတဲ့ ပေတ၊ စစ်ထိုးတဲ့အခါ
တစ်ဖက်ရန်သူတွေရဲ့ တိုက်ဆင် တိုက်မြင်းနဲ့ စစ်သည်တော်တွေကို ကြောက်ရွံ့ထိတ်လန့်အောင် အမျိုးမျိုးအနှောက်အယှက်
ပေးရတဲ့ ပေတတွေလည်းရှိတယ်။ စေတီပုထိုးနဲ့ ဌာပနာတွေကို စောင့်ရှောက်ရတဲ့ ပေတတွေလည်းရှိတယ်။ လူတိုင်းအလွယ်
ပြောနေကြတဲ့ ဘုရားသိုက်ဆိုတာ စေတီပုထိုးထဲမှာ ဌာပနာထားတဲ့ ရတနာတွေ ကျောက်သံပတ္တမြားတွေပေါ့လူလေး။ များ
သောအားဖြင့် ဌာပနာကြတာက ဘုရားရှင်ရဲ့ ဓာတ်တော်မွေတော်တွေ၊ ရဟန္တာမြတ်တွေရဲ့ ဓာတ်တော်တွေပေါ့ လူလေး။ ရွှေ
ငွေ ကျောက်သံပတ္တမြားတွေကို ဌာပနာရတဲ့ ရည်ရွယ်ချက်ကတော့ နောင်ပွင့်တော်မူမယ့် မြတ်စွာဘုရားရှင်လက်ထက်တော်
မှာ သာသနာအကျိုးအတွက် အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပြီး တန်ဖိုးမဖြတ်နိုင်၊ တန်ဖိုးကြီးမားတဲ့ရတနာတွေကို ထည့်သွင်းဌာ
ပနာကြတာပေါ့ကွယ်။ အဲဒီရတနာတွေကို ခိုးယူမယ့်မိစ္ဆာဒိဌိတွေရဲ့ရန်ကနေ ကာကွယ်နိုင်ဖို့အတွက် ပေတဘုံသားတွေကို
ဘုရားဒါယကာရဲ့မေတ္တာရပ်ခံချက်၊ ဒါမှမဟုတ် ဘုရားဒါယကာဟာ မင်းစိုးရာဇာဖြစ်ခဲ့မယ်ဆိုရင် မင်းအာဏာစက်အမိန့်နဲ့
စေခိုင်းကြတယ်။ သာသနာစောင့်နတ်မင်းကြီးလေးပါးကို တိုင်တည်ပြီး နတ်မင်းကြီးလေးပါးရဲ့ အမိန့်နဲ့ အစောင့်အရှောက်
ထားကြတယ်။ အချို့က အပြစ်ကျူးလွန်လို့ ကွက်မျက်ခံရမယ့်သူတွေကို ကွက်မျက်ပြီး အသွေးအသားနဲ့စတေးကြတယ်။
ရတနာတွေကို စောင့်ရှောက်ကြတဲ့သူတွေကို ဥစ္စာစောင့်လို့ အလွယ်တကူခေါ်ကြတယ်။ တကယ်က သူတို့အားလုံးဟာ ပေ
တဆိုတဲ့ ပြိတ္တာတွေပဲ လူလေး။ အဲဒီအထဲမှာမှ မဟိဒ္ဓိကပေတဖြစ်တဲ့ ပြိတ္တာကတော့ တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံကြတယ်။ သူတို့
က ဦးဆောင်ဦးရွက်ပြုကြတယ်။ သူတို့ကိုတော့ သိုက်ချုပ်လို့ဆိုကြတယ် လူလေး။ မဟိဒ္ဓိနဲ့ပြည့်စုံတဲ့ ပေတတွေက အခြား
ပေတတွေလိုမဟုတ်ကြဘူး။ ရှေးကပြုခဲ့တဲ့ကုသိုလ်ကံကြောင့် သေလွန်ပြီးတဲ့နောက် အခြားဘဝမှာ မဟိဒ္ဓိတန်ခိုးရတဲ့သူတွေ
ပေါ့။ အကုသိုလ်ကံအကြောင်းကြောင့်သာ ပေတဖြစ်နေရပေမယ့် ပြုခဲ့တဲ့ကုသိုလ်ကံအကျိုးဆက်ကြောင့် ဘုံဗိမာန်နဲ့နေကြ
ရတယ်။ နောင်ပွင့်တော်မူမယ့် မြတ်စွာဘုရားရှင်လက်ထက်တော်မှာ ကျွတ်တမ်းဝင်ကြမယ့်သူတွေပေါ့ကွယ် ”
“ ဟုတ်ကဲ့ အဘိုး ”
“ အဘိုးရဲ့ ဦးလေးတော်တဲ့ ငါးရွာသူကြီး ဦးဖေရှိန်လက်ထက်မှာ သိုက်လာတူးတဲ့ဆရာနှစ်ယောက် အသေဆိုးနဲ့သေခဲ့ကြ
တယ်။ ရွာတွေလည်း အတော်ဒုက္ခရောက်ခဲ့တယ် ”
“ ဘယ်လိုဖြစ်တာလဲ အဘိုး ”
“ ရွာသူရွာသားတွေမသိလိုက်တဲ့အချိန်မှာ သိုက်ဆရာနှစ်ယောက်က အခွင့်ကောင်းယူပြီး သိုက်တူးကြတာကိုး။ အဲဒီတော့
အဘိုးတို့ရွာတွေလည်း ကျိန်စာမိကုန်ကြတာပေါ့။ အကြောင်းမရှိဘဲ တစ်ရက်တစ်ယောက်နှုန်းနဲ့သေလိုက်ကြတာ။ ပွဲပေးပြီး
တောင်းပန်တော့မှ သက်သာရာရတော့တယ်။ ညဆိုရင် ဘုရားပြိုဘက်မှာ ကြောက်စရာကောင်းတဲ့ အော်သံတွေနဲ့ ဆူညံ
နေတယ်။ ရွာငါးရွာမှာ ဘာထူးခြားချက်ရှိသလဲဆိုတာ သတိထားမိလား လူလေး ”
“ မသိဘူးအဘိုး၊ ကျွန်တော် သတိမထားမိဘူး”
“ ရွာငါးရွာစလုံးမှာ ဘုန်းကြီးကျောင်းရှိသလား ”
“ ဟာ….ဟုတ်တယ်၊ မရှိဘူးအဘိုး ”
“ ဘုန်းကြီးကျောင်းလည်း ထားခွင့်မပေးဘူး။ နောက်တစ်ခုက ဘုရားရှိခိုးပြီးရင်လည်း အမျှအတန်းဝေခွင့်မရတာ အဘိုးတို့
ဟောဒီရွာငါးရွာရဲ့ ထူးခြားချက်ပဲ။ အခြားနေရာမှာဆိုရင်တော့ အမျှဝေလို့ရတယ်။ ဟောဒီရွာတွေမှာသာ ခွင့်မပြုတာကွယ့် ”
“ ကျွန်တော်က ရွာငယ်လို့ ဘုန်းကြီးကျောင်းမရှိတာလို့ထင်နေတာ။ ဘယ်လိုကြောင့်လဲ အဘိုး ”
“ ဘုရားပြိုက ရတနာတွေကို စောင့်နေရတဲ့သူတွေက သာသနာအကျိုးအတွက်ဌာပနာထားတဲ့ ရတနာတွေကို စောင့်နေကြ
တာမဟုတ်ဘူး။ အမတ်ကြီးရဲ့ အမိန့်နဲ့ကျိန်စာကြောင့် စောင့်နေရတာ။ ကျွတ်လွတ်သွားလို့မဖြစ်လို့ အမျှဝေခွင့် ဘုန်းကြီးရ
ဟန်း သတင်းသုံးခွင့် မပေးခဲ့တာ ”
“ သာသနာအတွက်ပဲ အဘိုးရာ။ သူတို့ကိုကြောက်စရာမှမလိုတာ ”
“ ဘိုးစဉ်ဘောင်ဆက်ကတည်းက လိုက်နာခဲ့ကြတော့ အဘိုးတို့လည်း မလွန်ဆန်ရဲကြဘူး လူလေး။ ကျိန်စာဆိုတာ အင်မ
တန်ကြောက်ဖို့ကောင်းတယ် ”
“ အဘိုး….ကျွန်တော် မေးစရာရှိလို့ ”
“ မေးလေ….လူလေး ”
“ အဖေနဲ့အမေက ဘယ်လိုဖြစ်လို့ ဆုံးသွားခဲ့တာလဲ ”
“ အင်း………တစ်နေ့နေ့မှာပြောပြမလို့ပါဘဲ။ အချိန်မတန်သေးလို့ မပြောတာပါ။ လူလေးကသိချင်တော့လည်း ပြောပြရ
တော့မှာပေါ့ကွယ် ”
“ ပြောပြပါ အဘိုးရယ် ”
“ လူလေးရဲ့အဖေ မောင်စံသိန်းနဲ့ လူလေးရဲ့အမေ မယဉ်ထွေးတို့ ဆုံးပါးခဲ့တာကလည်း ဘုရားပြိုနဲ့ပတ်သက်နေတယ် ”
“ ဗျာ……”
“ ဒီလိုကွယ့်။ လူလေး သုံးနှစ်သားအရွယ်လောက်မှာ လူလေးရဲ့မိဘတွေက ဘုရားပြိုနားကိုရောက်တော့ နားတောင်းတစ်ခု
ကောက်ရခဲ့တယ်။ မြေကြီးထဲမှာ နှစ်ပေါင်းအတော်ကြာကြာရှိနေခဲ့တဲ့လက်ဝတ်ရတနာက အကြောင်းတစ်စုံတစ်ရာကြောင့်
မြေပေါ်ရောက်လာခဲ့တယ်။ နားတောင်းကိုတွေ့တော့ လူလေးရဲ့မိဘတွေက ကောက်ယူခဲ့ပြီး အဘိုးကိုပြတယ်။ အဘိုးက သူ့
နေရာမှာပြန်ထားဖို့ပြောပေမယ့် ပြန်မထားခဲ့ကြဘူး။ အဲဒီညမှာပဲ သူတို့နှစ်ယောက် တစ်ကိုယ်လုံးယားပြီး လူးလှိမ့်နေတယ်။
တစ်ညလုံး ယားယံတဲ့ဒုက္ခကို ခံစားရပြီးညည်းညူအော်ဟစ်ရာကနေ မနက်အရုဏ်တက်လောက်မှာ သွေးအန်ပြီး ဆုံးပါးသွား
ခဲ့ကြတယ် လူလေး။ လူလေးလည်း ဘုရားပြိုအကြောင်းကိုသိပြီဆိုတော့ ဟိုသိုက်ဆရာတွေနဲ့ မောင်စိန်လှကိုသာ စောင့်ကြည့်
ပေတော့ ”
“ စိတ်ချပါ အဘိုး ”
*******************
အဘိုးမှာထားသည့်အတိုင်း ကိုစိန်လှကို ငမိုးစောင့်ကြည့်သည်။ သိုက်ဆရာ ငနက်ကျော်ဆိုသူနှင့် သူ၏တပည့်ဖြစ်သူ
တို့ ဆပ်သွားရွာရှိ ကိုစိန်လှတို့အိမ်တွင် ခေတ္တတည်းခိုနေသည့်အကြောင်း ငမိုးသတင်းရခဲ့သည်။ ထိုအတိုင်းဆိုပါက သိုက်ဆ
ရာငနက်ကျော်သည် လွယ်လွယ်နှင့် လက်လျှော့လိမ့်မည်မဟုတ်ကြောင်း ငမိုးသဘောပေါက်လိုက်မိသည်။ ဆပ်သွားရွာမှ အ
ဘွားဒေါ်အေးစိန်နှင့် ဦးဗမာကြီးတို့က ကိုစိန်လှနှင့် သိုက်ဆရာတို့အကြောင်း သိချင်မှသိပေလိမ့်မည်။
ကိုစိန်လှအကြောင်းကို ငမိုးကောင်းကောင်းသိသည်။ လူရည်လည်သည့် ကိုစိန်လှနှင့် သိုက်ဆရာ ငနက်ကျော်တို့က အ
ဘွားဒေါ်အေးစိန်နှင့် ဦးဗမာကြီးတို့အား သိုက်အကြောင်းကို မသိမသာတီးခေါက်ကြပေလိမ့်မည်။ အကောင်းဆုံးက ဆပ်သွား
ရွာသို့သွားပြီး အဘွားဒေါ်အေးစိန်နှင့် အဘိုးဦးဗမာကြီးတို့ကို ကြိုတင်သတင်းပေးထားမှဖြစ်မည်ဟု ငမိုး တွေးလိုက်မိသည်။
“ အဘိုး….”
“ ဘာပြောမလို့လဲ လူလေး ”
“ ကျွန်တော် ဆပ်သွားကိုသွားမယ်။ ဟိုမှာ တစ်ညလောက်နေပြီးမှပြန်လာမယ်အဘိုး ”
“ အဘိုးသိတယ်။ မအေးစိန်နဲ့ ကိုဗမာကြီးဆီသွားမလို့မဟုတ်လား ”
“ ဟာ…အဘိုးက ဘယ်လိုလုပ်သိတာလဲ ”
“ တွေးကြည့်ရင် ပြေးကြည့်တာထက်မှန်သကွယ့် လူလေးရဲ့။ စိန်လှက ဟိုကောင်တွေကို ဆပ်သွားက သူ့အိမ်မှာတည်းခိုင်း
ထားတယ်ဆိုတာ အဘိုးသိပြီးပြီ ”
“ ဗျာ…….”
“ အဘိုးကို ဘယ်သူပြောတာလဲ ”
“ ဘယ်သူရှိရမလဲ၊ မအေးစိန်ပေါ့ ”
“ ဟင်…..အဘွားဒေါ်အေးစိန်လာတာမတွေ့မိပါဘူး ”
“ အဘိုးဆီမလာပါဘူး။ မောင်နီ့ဆီကို တန်းသွားတာ။ ကိုဗမာကြီးတောင်ပါသေး။ လူလေးမသိလိုက်လို့ဖြစ်မှာပါ ”
“ အဘွားဒေါ်အေးစိန်တို့က ဘာပြောကြသေးလဲ အဘိုး ”
“ စိန်လှက သူတို့ကိုလာပြောလို့ မလုပ်ဖို့တားပေမယ့် စိန်လှကိုမယုံဘူးဆိုပြီး မောင်နီ့ကို လာတားခိုင်းတာ ”
“ ကိုစိန်လှနဲ့တော့ ဒုက္ခပဲ ”
“ အကုန်လုံးဒုက္ခရောက်ကုန်မယ့်ကိစ္စဆိုတော့ စောင့်ကြည့်ရမှာပေါ့လူလေးရယ် ”
*******************
စောင့်ကြည့်နေသည့်ကြားမှ လူမိုက်ငနက်ကျော်တို့ဆရာတပည့်နှစ်ယောက် သိုက်တူးကြပါတော့သည်။ ထိုနေ့သည်
အုတ်ခုတ်ကုန်းရွာမှ မင်္ဂလာဆောင်သို့ ရွာလုံးကျွတ်မျှ သွားနေကြချိန်ဖြစ်ပေသည်။ ရွာတစ်ရွာတွင် အလှူမင်္ဂလာ၊ သာရေး
နာရေး တစ်ခုခုရှိပါက ရွာငါးရွာစလုံး မီးခိုးတိတ်သွားရောက်ကူညီလုပ်ကိုင်ပေးကြသည်က ထုံးစံဖြစ်သည်။ ထိုအချိန်ကို
အခွင့်ကောင်းယူရန် ကိုစိန်လှက အကြံပေးပြီး အုတ်ခုတ်ကုန်း မင်္ဂလာဆောင်တွင် လူလုံးပြထားကာ ငနက်ကျော်တို့ကို
သိုက်တူးစေသည်။
သီတင်းကျွတ်လပြည့်ကျော်သုံးရက်နေ့မို့ ကောင်းကင်ယံတွင် လမင်းကြီးက ထိန်ထိန်သာနေသည်။ အုတ်ခုတ်ကုန်းရွာမှ
ဦးဘိုးလှ၊ ဒေါ်မိငယ်တို့၏အိမ်ခြံဝိုင်းအတွင်း စည်ကားလျက်ရှိနေသည်။ လူကြီးပိုင်း၊ လူလတ်ပိုင်း၊ လူငယ်ပိုင်းဟူ၍ အသက်
အရွယ်အလိုက် ဝိုင်းဖွဲ့ကာစကားပြောဆိုနေကြသလို ချက်ရေးပြုတ်ရေးအတွက်တာဝန်ယူထားသူများကလည်း ချက်ပြုတ်ရန်
ပြင်ဆင်နေကြသည်။ ကလေးများကလည်း ခြံဝိုင်းရှေ့ မြေကွက်လပ်တွင် ဆော့ကစားနေကြလေသည်။
ထိုရွာသို့ရောက်မလာသူက ဘုရားပြိုရွာမှ ငမိုးတို့မြေးအဘိုးဖြစ်ပေသည်။ အဘိုးစေခိုင်းထားသဖြင့် ကိုစိန်လှနှင့် ငနက်
ကျော်တို့ဆရာတပည့်ကို ငမိုးစောင့်ကြည့်နေခဲ့သည်။ အုတ်ခုတ်ကုန်းရွာမှ မင်္ဂလာဆောင်မတိုင်ခင်တစ်ရက်အလို ညနေစောင်း
၌ ငနက်ကျော်တို့ဆရာတပည့်နှစ်ယောက် ကိုစိန်လှ၏အိမ်မှထွက်သွားသဖြင့် ငမိုးက နောက်မှလိုက်လံခြောင်းမြောင်းခဲ့သည်။
ငနက်ကျော်တို့ဆရာတပည့်နှစ်ယောက် ဆပ်သွားရွာမှထွက်ပြီး တာရိုးဘက်သို့သွားရမည့်အစား ဘုရားပြိုစေတီအနီးရှိ
သုသာန်ဟောင်းသို့ ဦးတည်ပြီးသွားနေကတည်းက ငမိုး မသင်္ကာဖြစ်နေမိသည်။
ဘုရားပြိုအနီးရှိ သုသာန်ဟောင်းသည် ပြိုကျနေသည့် စေတီကြီးနှင့်မလှမ်းမကမ်းမှ တောစပ်တွင်ရှိပြီး ချုံနွယ်ပိတ်
ပေါင်းများဖြင့် ပြည့်နှက်လျက်ရှိသည်။ ထိုသုသာန်ဟောင်းသည် အမတ်ကြီးနှင့် မောင်းမမိသံများကို မြှုပ်နှံထားသည့် သု
သာန်ဟုဆိုသော်လည်း အုတ်ဂူများ၊ မြေပုံများ၊ အမှတ်အသားများလုံးဝမရှိပေ။ ရွာငါးရွာမှ အသုဘအလောင်းများကိုလည်း
ထိုသုသာန်တွင်မြှုပ်နှံသင်္ဂြိုဟ်ခြင်းမရှိဘဲ ကျားကိုက်ရွာအနီးမှ သုသာန်၌သာ သင်္ဂြိုဟ်မြှုပ်နှံကြသည်။
သိုက်ဆရာ ငနက်ကျော်တို့ဆရာတပည့်နှစ်ယောက်သည် ပြိုကျနေသည့် စေတီဆီသို့မသွားကြဘဲ သုသာန်ထဲမှ ချုံနွယ်
ပိတ်ပေါင်းများကိုရှင်းလင်းကာ လွယ်အိတ်ထဲမှသစ်သားငုတ်တိုလေးများကိုထုတ်ယူပြီး မြေကြီးထဲသို့ ရိုက်သွင်းကြသည်။
လေးဖက်လေးတန် ရိုက်သွင်းထားသည့် သစ်သားငုတ်လေးများအား အနက်ရောင်ကြိုးမျှင်ဖြင့် စည်းခတ်သကဲ့သို့ ပတ်ပတ်
လည် ချည်နှောင်ကာရံလိုက်ကြသည်။
ခြင်အလွန်ကိုက်သဖြင့် ပုဆိုးခြုံထားသည့်ကြားမှ လွတ်သည့်နေရာများကို ကိုက်ခဲနေကြသည့်တိုင် မရိုက်ရဲ၊ မကုတ်ဖဲ့ရဲ
ဘဲ အသံမထွက်အောင် ငမိုးတစ်ယောက် ကြိတ်မှိတ်သည်းခံနေရသည်။
တဖြည်းဖြည်းနှင့် သန်းခေါင်ယံသို့ရောက်လာခဲ့လေပြီ။ တွင်းအောင်းသတ္တဝါငယ်များ၏ အော်သံ၊ ပြေးလွှားသံများမှအ
ပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဆယ်ကောင်ခန့်ရှိမည့် လင်းနို့အုပ်က စေတီပျက်ကြီးနှင့် တောစပ်
ထဲသို့ ခေါက်တုန့်ခေါက်ပြန် ကူးချည်သန်းချည်ဖြင့် ပျံဝဲနေကြသည်။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားကြသည့် ငနက်ကျော်
တို့ဆရာတပည့်နှစ်ယောက်သည် ထိန်ထိန်သာနေသည့် လရောင်အောက်တွင် မကောင်းဆိုးဝါးများကဲ့သို့ဖြစ်နေကြသည်။
ခဏအကြာတွင် ငနက်ကျော်တို့ဆရာတပည့်နှစ်ယောက် အနက်ရောင်ကြိုးဖြင့်ခတ်ထားသည့် စည်းအတွင်း၌ တင်ပျဉ်
ခွေထိုင်ကာ ငြိမ်သက်နေကြသည်။ ငနက်ကျော်တို့ထံမှ တစ်ခုခုရွတ်ရွတ်ဆိုနေသံကို ငမိုးကြားနေရသည်။ မည်သည့်ဂါထာ
မန္တန်ကိုရွတ်ဆိုနေမှန်းမသိသော်လည်း ပရိတ်တရားတော်နှင့် တရားဂါထာတော်များမဟုတ်နိုင်ကြောင်း ငမိုးသိနေသည်။
တိတ်ဆိတ်သည့် ညဉ့်ယံကို ထိုးဖောက်ကာ တစ်ချက်တစ်ချက်ထွက်ပေါ်လာသည့် ငနက်ကျော်၏ တောက်ခတ်သံ၊ အံကြိတ်
ကြုံးဝါးသံများက ကြက်သီးမွေးညင်းထဖွယ်ကောင်းလှသည်။
ထိုအချိန်တွင် တော်လဲသံကဲ့သို့အသံကြီးကြားလိုက်ရပြီး စေတီပျက်ကြီးအနီးတစ်ဝိုက်မှ အသံနက်ကြီးများဖြင့် အော်
ဟစ်ဆူညံနေသည့်အသံများကို ကြားလိုက်ရလေသည်။
“ အခု ရှေ့ကို လာကြစမ်း၊ ငါဘယ်သူလဲဆိုတာ သဘောပေါက်ကြပြီလား ”
ငနက်ကျော်က အသံကို ခပ်အုပ်အုပ်ပြောသော်လည်း အသံဩဇာကောင်းသဖြင့် ငမိုးအတိုင်းသားကြားနေရသည်။
“ ဖျောင်း ”
“ ငါ့ကို ပညာမစမ်းကြနဲ့၊ ရှေ့ကို ချက်ချင်းလာကြ။ ငါခေါ်နေတဲ့အချိန်မလာရင် အကုန်လုံး ကျွမ်းပျံသွားစေရမယ် ”
ငမိုး အထိတ်တလန့်ဖြင့်ကြည့်နေစဉ် စေတီပျက်ကြီးအနောက်ဘက်မှ ထွက်လာသည့် လူတစ်ယောက်ကို မြင်တွေ့လိုက်ရ
လေသည်။
“ ဟာ……လေးချို ”
စေတီအနောက်မှထွက်လာသည့်သူကိုမြင်လိုက်သည့်အခိုက် ငမိုး တအံ့တဩဖြစ်သွားပြီး နှုတ်မှ လွှတ်ကနဲထွက်သွားသ
ဖြင့် ပါးစပ်ကို လက်ဖြင့်ကာလိုက်သည်။ စေတီအနောက်ဘက်မှထွက်လာသူသည် ဥစ္စာစောင့်မဟုတ်ဘဲ ကိုမောင်ချိုဖြစ်နေလေ
သည်။ ကိုမောင်ချို၏ ခန္တာကိုယ်ပေါ်တွင် မြွေများကရစ်ပတ်ထားကြပြီး ပခုံးနှစ်ဖက်ပေါ်တွင် ပါးပျဉ်းထောင်နေကြသည်။
“ ငါ့အမိန့်ကို မလွန်ဆန်နိုင်ကြဘူး မဟုတ်လား။ မင်းဘယ်သူလဲဆိုတာ ပြောစမ်း ”
“ ငါ့နာမည် မောင်ချို။ အရင်ဘဝနာမည်က ဗညားထော၊ တပ်မှုး ဗညားထော။ အမောင်တို့ လုပ်ရပ်ကို ရပ်တန်းကရပ်ဖို့ လာ
သတိပေးတာ။ ဆက်လုပ်မယ်ဆိုရင်တော့ ငါ့အဆိုးမဆိုနဲ့”
ဆွံ့အနေသည့် ကိုမောင်ချိုထံမှ ပီပြင်ခန့်ညားလှသည့် စကားသံကိုကြားလိုက်ရသဖြင့် ငမိုး ကြက်သီးဖြန်းဖြန်းထသွား
လေသည်။
“ မင်းက လူလား ဥစ္စာစောင့်လား ”
“ လူတစ်ပိုင်း ဥစ္စာစောင့်တစ်ပိုင်း၊ ဟောဒီစေတီထဲက ဥစ္စာတွေကို ဘယ်သူမှယူလို့မရအောင် စောင့်ရှောက်ဖို့က ငါ့တာဝန်ပဲ ”
“ မင်းနဲ့မဆိုင်ရင် ကိုယ့်လမ်းကိုယ်သွားပါ။ မင်းပြောတာကိုလည်း ငါမယုံဘူး ”
“ အမောင်တို့မယုံရင် သက်သေပြရတာပေါ့ ”
ကိုမောင်ချိုက လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းလိုက်သည့်အခါ ကိုမောင်ချို၏တစ်ဖက်တစ်ချက်တွင် ကြောက်စရာ
ကောင်းလောက်အောင် ခန္တာကိုယ်ကြီးမားပြီးတစ်ကိုယ်လုံးအမွေးအမှင်များဖြင့်ပြည့်နှက်နေသည့်သတ္တဝါကြီးများရုတ်ချည်း
ထွက်ပေါ်လာကြသည်။ လူနှစ်ရပ်စာခန့်မြင့်မားပြီး ခန္တာကိုယ်က ကျွဲနှစ်ကောင်စာခန့်ရှိမည့်သတ္တဝါကြီးများ၏မျက်လုံးများ
က အုန်းသီးတစ်လုံးစာခန့်ရှိပြီး ရဲရဲနီနေကြသည်။
“ အမောင်တို့ အေးအေးဆေးဆေးပြန်ကြပါ။ အခုမြင်နေရတာက ငါ့ရဲ့ရဲမက်တွေပဲ အမောင်တို့”
ငနက်ကျော်နှင့် ကိုမောင်ချိုတို့ မည်သို့မည်ပုံဆက်ဖြစ်ကြမည်ကို သိလိုသဖြင့် ငနက်ကျော်တို့အနီးသို့ မသိမသာတိုးကပ်
သွားရန် ဟန်ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က ပခုံးကို ကိုင်လိုက်သဖြင့် လှည့်ကြည့်လိုက်လေသည်။
“ အန္တရာယ်များတယ်။ အနားကို မသွားနဲ့ လူလေး ”
“ ဟင်….အဘိုး….ဘယ်…”
“ ရှုး …..အသံမထွက်နဲ့”
အဘိုးက လက်ညှိုးကို နှုတ်ခမ်းဝတွင်တေ့ကာ အသံမထွက်ရန် လေသံဖြင့် အချက်ပေးလိုက်သဖြင့် အဘိုးကို ခေါင်းညိမ့်
ပြလိုက်ပြီး ငနက်ကျော်တို့ဆရာတပည့်နှင့် ကိုမောင်ချိုတို့ မည်သို့ဆက်ဖြစ်ကြမည်ကို ကြည့်နေလေသည်။
“ တောက်……”
“ ဘုံး…ဘုံး….ဘုံး ”
ငနက်ကျော်က လက်ထဲမှတောင်ဝှေးကို မြေပြင်ပေါ်သို့သုံးချက်ရိုက်ချလိုက်ပြီး တောင်ဝှေးလက်ကိုင်ကို ဆွဲထုတ်လိုက်
သည့်အခါတောင်ဝှေးထဲမှ ပြောင်လက်နေသည့် ဓားရှည်တစ်လက်ထွက်လာလေသည်။
“ အမောင့်ဓားက မြက်ခုတ်ဖို့သာ အသုံးဝင်မယ်ကွယ့် ”
ကိုမောင်ချိုက ငနက်ကျော်ကို ပြောဆိုလိုက်ပြီး ကျောတွင်လွယ်ထားသည့်ဓားကို ဆွဲထုတ်လိုက်သည့်အခါ ဓားသွား
ကလရောင်အောက်တွင် အရောင်တဖိတ်ဖိတ်လက်နေလေသည်။ ကိုမောင်ချို၏လက်ထဲမှ ဓားကိုမြင်လိုက်သည်နှင့် ငနက်
ကျော်က သူ၏တပည့်အနီးသို့ကပ်ပြီး တစ်စုံတစ်ရာပြောဆိုနေသည်ကို ငမိုးမြင်တွေ့လိုက်ရသည်။
ငနက်ကျော်၏တပည့်က လွယ်အိတ်ထဲမှ ပစ္စည်းအချို့ကို နှိုက်ယူလိုက်ပြီး မြေကြီးပေါ်သို့ချကာ ဂါထာမန်းမှုတ်၍ ဖ
နောင့်ဖြင့် အဆက်မပြတ်ပေါက်လိုက်သည့်အခါ ကိုမောင်ချို၏အနားမှ သတ္တဝါကြီးများ ကြောက်လန့်တကြား ထွက်ပြေးသွား
ကြသည်။ ထိုအချိန်မှာပင် ကိုမောင်ချိုက ရှေ့သို့တိုးလာပြီး ငနက်ကျော်တို့၏စည်းကို လက်တွင်ကိုင်ထားသည့်ဓားဖြင့် ဝှေ့
ယမ်းကာ ဖျက်စီးလိုက်လေသည်။
“ ဟာ….ဟေ့ကောင်၊ မင်း…မင်းဘာလုပ်တာလဲ။ စည်း….စည်းပျက်သွားပြီ ”
“ သတိပေးနေတဲ့ကြားက ဆက်မိုက်ချင်ကြတော့ အမောင်တို့ကို ဟောဒီသုသာန်မှာ အစောင့်ထားရတော့မှာပေါ့ ”
“ ဘာကွ….မင်းဘာပြောတယ် ”
ငနက်ကျော် အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်စဉ် ကိုမောင်ချို၏ကိုယ်ပေါ်မှ မြွေများက ခုန်ဆင်းသွားကြပြီး ငနက်
ကျော်တို့ထံသို့ ပြေးသွားကြသည့်အချိန်မှာပင် ကျယ်လောင်သည့် တောတိုးသံကြီးပေါ်ထွက်လာပြီး တောစပ်မှ သတ္တဝါကြီး
တစ်ကောင် ပြေးထွက်လာလေသည်။
“ ဝရော……….”
“ ကိုယ့်နေရာကိုယ်ပြန်တော့ အမတ်ကြီး။ ကျုပ်တာဝန် ကျုပ်လုပ်နေတယ်။ ရွာသူရွာသားတွေကို ဘာမှမလုပ်ပါနဲ့ ”
ကိုမောင်ချိုက တောစပ်မှ ပြေးထွက်လာသည့် သတ္တဝါကြီးကို ပြောဆိုလိုက်သည့်အခါ သတ္တဝါကြီးသည် ကြောက်မက်
ဖွယ်ရာ သတ္တဝါကြီးအသွင်မှ နန်းဝတ်နန်းစားဝတ်ဆင်ထားသည့် လူသားအသွင်သို့ ပြောင်းလဲသွားလေသည်။ နန်းဝတ်နန်း
စားဝတ်ဆင်ထားသည့် အမတ်ကြီးကို ငမိုးအသေအချာကြည့်မိသည်။ ခန္တာကိုယ်တုတ်ခိုင်ပြီး မျက်နှာက ခက်ထန်သည်။ သို့
သော်လည်း ကိုမောင်ချိုကိုတော့ လေးစားပုံရသည်။ အမိန့်သံပါနေသည့် ကိုမောင်ချို၏စကားကို နာခံသည့်သဘောဖြင့်တော
စပ်ထဲသို့ပြန်ဝင်သွားလေသည်။ ထိုအမတ်ကြီးသည် အဘိုးပြောသည့် အမတ်ကြီးပင်ဖြစ်လိမ့်မည်ဟု ငမိုးတွေးလိုက်မိသည်။
“ အမလေး…လုပ်ကြပါဦး…… ကယ်ကြပါဦးဗျ ”
“ ကယ်ကြပါဦးဗျို့…..”
စေတီအနီးတစ်ဝိုက်နှင့် တောစပ်မှ အလျှိုလျှိုထွက်လာကြသည့် မြွေမျိုးစုံက ငနက်ကျော်တို့ဆရာတပည့်နှစ်ယောက်ကို
လုံးထွေးရစ်ပတ်ပြီး ကိုက်ခဲနေကြလေပြီ။
“ လောဘဇောကပ်တော့ အသက်ပါပေးလိုက်ရပြီ။ လူလေး ပြန်တော့နော်၊ အခုအကြောင်းတွေကို မင်းအဘိုးကလွဲပြီး ဘယ်
သူ့ကိုမှ မပြောပါနဲ့ ”
“ ဟင်…..”
ငမိုး၏အနီးတွင်ရှိနေသည့် အဘိုးထံမှ အမျိုးသမီးတစ်ယောက်၏အသံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည့်အ
ခါအဘိုးမဟုတ်ဘဲ အမျိုးသမီးတစ်ဦးဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ အမျိုးသမီးဝတ်ဆင်ထားသည့် အဝတ်အ
စားသည် နန်းဝတ်နန်းစားမဟုတ်ဘဲ သာမန်အမျိုးသမီးဝတ်ဆင်သည့်အဝတ်အစားသာဖြစ်ပေသည်။ လက်ယာဘက်ပါးပြင်
ပေါ်မှ မှဲ့နက်ကို လရောင်ဖြင့် အထင်အရှားမြင်တွေ့နေရသည်။ ရွာငါးရွာမှ လူအတော်များများကို ငမိုးသိသော်လည်း ထိုအ
မျိုးသမီးကိုတော့ မမြင်တွေ့ဖူးပေ။ ထိုအမျိုးသမီးသည် ဥစ္စာစောင့်လား လူသားလားဆိုသည်ကို ငမိုး သိချင်နေမိသည်။
“ အ..အဘိုးရော….။ ခင်…ခင်ဗျား ဘယ်သူလဲ။ ဘယ်ရွာကလဲ ”
“ အဲဒါတွေ မေးမနေနဲ့။ လူလေး အိမ်ပြန်တော့။ အခုမြင်ခဲ့တွေ့ခဲ့တာတွေကိုလည်း ဘယ်သူ့ကိုမှ မပြောပါနဲ့ ”
“ ခင်ဗျား ဘယ်သူလဲဆိုတာ ပြောပါ။ ကျွန်တော့် အဘိုးဘယ်မှာလဲ ”
“ လူလေးရဲ့အဘိုးက အိမ်မှာပဲရှိနေတယ် ”
“ ဟာ…ဒါ…ဒါဆို ”
“ ကိစ္စကတော့ ပြီးသွားကြပြီ။ လောဘဆိုတာ ကောင်းတဲ့အရာမဟုတ်ဘူး။ လူမိုက်နှစ်ကောင်ကတော့ သုသာန်စောင့်
တွေဖြစ်သွားကြပြီပေါ့ ”
အမျိုးသမီးက ကိုမောင်ချိုနှင့် ငနက်ကျော်တို့ဘက်သို့ကြည့်ရင်း ပြောဆိုလိုက်သဖြင့် ငမိုး လှည့်ကြည့်လိုက်သည့်အခါ
ကိုမောင်ချိုကို မတွေ့ရတော့ဘဲ မြေကြီးပေါ်တွင်လဲကျနေကြသည့် ငနက်ကျော်တို့ဆရာတပည့်ကိုသာ မြင်တွေ့လိုက်ရသည်။
အမျိုးသမီးဘက်သို့ပြန်လှည့်ကြည့်သည့်အခါ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရတော့သဖြင့် အိမ်သို့အပြေးပြန်သွား
လေတော့သည်။
အိမ်သို့ရောက်သည့်အခါ အဘိုးကိုနှိုးပြီး အကျိုးအကြောင်းပြောပြလိုက်သည်။ အဘိုးက အုတ်ခုတ်ကုန်းတွင်ရောက်
နေသည့် ငါးရွာသူကြီး ဦးမောင်နီနှင့် လူကြီးအချို့ကို မနက်အရုဏ်တက်မှ သွားရောက်အကြောင်းကြားပြီး ခေါ်ဆောင်ခဲ့ရန်
ပြောဆိုသဖြင့် မနက်စောစော အရုဏ်မတက်မီ အုတ်ခုတ်ကုန်းရွာတွင်ရောက်ရှိနေသည့် ငါးရွာသူကြီး ဦးမောင်နီနှင့် လူကြီး
အချို့ကို ငမိုး ပြေးခေါ်ရသည်။ သူကြီးဦးမောင်နီရောက်ရှိလာပြီး ငနက်ကျော်တို့ဆရာတပည့်နှစ်ယောက်ကို ကြည့်ရှုကြသည့်
အခါတစ်ကိုယ်လုံးမည်းနက်ပြီး မျက်လုံးများပြူးကာ သေဆုံးနေကြသည်ကို တွေ့လိုက်ကြရလေသည်။
ငမိုး၏အဘိုးက ငါးရွာသူကြီးဦးမောင်နီနှင့် လူကြီးများကို ငမိုးပြောပြသည့်အတိုင်း ပြောပြလိုက်လေသည်။
“ ဒါဆို မောင်ချိုက တပ်မှုးဝင်စားတာပေါ့ ”
“ ငမိုးပြောတဲ့အတိုင်းဆိုရင် ဟုတ်နေတာပေါ့ဗျာ ”
“ လူမိုက်နှစ်ကောင်လုပ်တာနဲ့ ရွာသူရွာသားတွေ ဒုက္ခမရောက်သွားတာ ကံကောင်းတာဗျ ”
“ လူမိုက်နှစ်ကောင်ကတော့ သင်္ချိုင်းစောင့်ဖြစ်နေပြီပေါ့ ”
“ ငမိုး……”
သူကြီးဦးမောင်နီ လှမ်းခေါ်လိုက်သဖြင့် စိတ်ဝင်တစားနားထောင်နေရာမှ သူကြီးကိုလှည့်ကြည့်ပြီး ပြန်ထူးလိုက်သည်။
“ ဟုတ်ကဲ့ အဘိုးလေး ”
“ မင်းမြင်ခဲ့တာ တွေ့ခဲ့တာတွေကို မေ့လိုက်တော့။ ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့။ ကတိပေးနိုင်လား ”
“ ကတိပေးပါတယ် အဘိုးလေး ”
“ လူလေး…..လူလေးရဲ့အနားမှာရှိနေခဲ့တဲ့အမျိုးသမီးက လူလေးရဲ့အမေ မယဉ်ထွေးဖြစ်နိုင်တယ်ကွယ့် ”
“ ဗျာ…..အဘိုး ”
“ လူလေးပြောတယ်မဟုတ်လား။ ညာဘက်ပါးမှာ မှဲ့ပါတယ်ဆိုတယ်လေ ”
“ ဟုတ်တယ် အဘိုး။ မှဲ့နက်က ထင်းနေတာပဲ ”
“ သေချာပါတယ် လူလေးရယ်။ အဲဒါ လူလေးရဲ့အမေ မယဉ်ထွေးပါပဲ။ လူလေးကိုမြင်ပြီး စိတ်မချလို့ အနားမှာ စောင့်ရှောက်
နေတာနဲ့တူပါတယ် ”
“ အမေက ဥစ္စာစောင့်ဖြစ်နေတာလားဟင် အဘိုး။ အဖေကရော ”
“ မောင်စံသိန်း ဘယ်ဘဝရောက်နေတယ်ဆိုတာ အဘိုးတို့မသိနိုင်ဘူး။ လူလေးပြောတဲ့အတိုင်းဆို အဲဒီအမျိုးသမီးက မယဉ်
ထွေးပဲ။ အဘိုးထင်တာတော့ မယဉ်ထွေးတို့က သုသာန်စောင့်တွေဖြစ်နေပုံရတယ် ”
“ ဖြစ်နိုင်တယ် ကိုမောင်ထော်။ သုသာန်စောင့်လဲမယ့်အချိန်မှာ နားတောင်းကို သူတို့မြင်အောင်ပြပြီး အသက်နှုတ်လိုက်တာ
ဖြစ်နိုင်တယ်။ ယဉ်ထွေးနဲ့ မောင်စံသိန်းတို့သာ လောဘမရှိခဲ့ရင်တော့ သူတို့ဘာမှလုပ်လို့မရဘူးပေါ့ ”
“ လူတိုင်းမှာ လောဘဆိုတာရှိကြတာပဲ မောင်နီ။ သူတို့လင်မယားမဟုတ်ရင်တောင် တစ်ယောက်ယောက်တော့ ထိမှာပဲ ”
“ အဘိုး…..အမေက အခုဘယ်ရောက်သွားပြီလဲဟင် ”
“ အဘိုး ဘယ်လိုလုပ်သိမလဲကွယ်။ ဟိုလူမိုက်နှစ်ကောင် လူစားဝင်ပေးလုပ်ပြီဆိုတော့ အခြားဘဝတစ်ခုခုကို ပြောင်းသွားပြီ
ပေါ့ ”
“ ငမိုး…..အဘိုးလေးတို့လူကြီးတွေ စကားပြောစရာရှိတယ်။ လုပ်စရာရှိတာ သွားလုပ်တော့ ”
“ ဟုတ်ကဲ့ အဘိုးလေး။ ကျွန်တော်လည်း အိမ်ပြန်ပြီး နွားတွေအစာကျွေးလိုက်ဦးမယ် ”
ငမိုး အိမ်ပေါ်မှဆင်းလာသည့်အခါ အိမ်အောက်တွင်ရပ်နေသည့် ကိုမောင်ချိုကို မြင်လိုက်သဖြင့် ခြေလှမ်းများတုန့်ကနဲ
ဖြစ်သွားလေသည်။
“ လေးချို…… ဘာထိုင်လုပ်နေတာလဲ ”
“ အ..ဘာ….အ ”
ကိုမောင်ချိုက နွားစာစဉ်းမည့်အကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြောနေသည့်အခါမှ ငမိုးလည်း စိတ်သက်သာရာ
ရသွားလေတော့သည်။
*******************
ထိုအဖြစ်အပျက်ပြီးဆုံးသွားပြီးနောက် ၁၉၄၂ခုနှစ် နွေဦးကာလ တစ်ခုသောရက်တွင် ဘုရားပြိုရွာသို့ ကိုစိန်လှနှင့်အတူ
ဖက်ဆစ်ဂျပန်များရောက်လာခဲ့ကြသည်။ ဂျပန်စစ်သားအချို့က ဘုရားပြိုရွာရှိ ရွာသူရွာသားများကို စေတီပျက်အနီးတွင် စု
ရုံးထားပြီး ကိုစိန်လှနှင့်အတူ စကားပြန်အဖြစ်ပါလာသည့် မြန်မာအမျိုးသားတစ်ဦးနှင့် ဂျပန်စစ်ဗိုလ်အပါအဝင် ဂျပန်စစ်သား
ရှစ်ယောက်က ငါးရွာသူကြီး ဦးမောင်နီအား လာရောက်တွေ့ဆုံလေသည်။
စကားပြန်က ဦးမောင်နီအား စေတီပျက်ကြီးကို မိုင်းဖြင့်ဖျက်စီးပြီး ရတနာသိုက်ရှာဖွေမည့်အကြောင်း ပြောဆိုလာ
သည်ကို ဦးမောင်နီက အပြင်းအထန်ကန့်ကွက်သဖြင့် ဂျပန်တို့က သူကြီးဦးမောင်နီအား ထိပ်တုံးခတ်ပြီး နည်းမျိုးစုံဖြင့် နှိပ်
စက်ကြလေသည်။ ထိုအချိန်တွင် ငမိုးလည်း သူကြီးကတော် ဒေါ်မယ်ရင်နှင့်အတူ အိမ်အောက်တွင် ရှိနေလေသည်။ ငမိုးနှင့်
ဒေါ်မယ်ရင်တို့ သူကြီးဦးမောင်နီထံသို့ ပြေးသွားသည့်အခါ ဂျပန်စစ်သားနှစ်ယောက်က သေနတ်ဒင်ဖြင့်ဆီးကြိုပြီး ရင်ဝကို
ထုနှက်လိုက်သဖြင့် ဒေါ်မယ်ရင်နှင့် ငမိုးတို့နှစ်ယောက် ပက်လက်လန်ကာ လဲကျသွားလေသည်။ ရင်ဝသို့ ထုနှက်ခြင်းခံလိုက်
ရသဖြင့် နှစ်ယောက်စလုံး အသက်မရှုနိုင်ကြဘဲ နေရာမှာတင် လူးလိမ့်နေကြလေသည်။
“ သူကြီး..အသားအနာမခံပါနဲ့ဗျာ။ သူကြီးခွင့်မပြုလည်း သူတို့လုပ်မှာပဲ။ ခင်ဗျားရဲ့ ကိုယ်ပိုင်ပစ္စည်းမှမဟုတ်တာဗျာ။ အခု
တောင် ဘုရားပြိုကို မိုင်းထောင်နေကြပြီ ”
“ ခွေးသား၊ အမျိုးယုတ် စိန်လှ။ ငါပိုင်တဲ့ပစ္စည်းမဟုတ်ပေမယ့် ငါ့လူမျိုးတွေပိုင်တဲ့ပစ္စည်း၊ ငါ့တိုင်းပြည်က ရတနာတွေကွ
သစ္စာဖောက် မျိုးမစစ်တဲ့ကောင်ရ ”
“ ခင်ဗျားက မွန်လူမျိုးမဟုတ်ပါဘူး သူကြီးရာ။ ခင်ဗျားတို့က မွန်အမတ်ကြီးရဲ့ ကျွန်တွေဖြစ်နေတာ သိရဲ့လား။ ခင်ဗျားတို့
က ဥစ္စာစောင့်တွေဖြစ်နေကြပြီ ”
“ မွန်လူမျိုးလည်း တို့တိုင်းပြည်မှာ အတူနေကြတဲ့ တိုင်းရင်းသားပဲ စိန်လှ။ ငါခွင့်မပြုလည်း ဂျပန်ငပုတွေက လုပ်မယ်ဆိုတာ
ငါသိတယ်။ ငါသေချင်သေပါစေ၊ ငါ့ကိုသတ်ချင်သတ်ပါစေ။ ငါတို့လူမျိုးပိုင်တဲ့ ရတနာတွေ၊ ငါ့တိုင်းပြည်က ရတနာတွေကို
တိုင်းတစ်ပါးသားလက်ထဲမရောက်စေရဘူး။ ငါ့ပါးစပ်ကနေ ဘယ်တော့မှ ခွင့်ပြုတယ်ဆိုတဲ့စကားမထွက်စေရဘူး စိန်လှ”
စကားပြန်က သူကြီးဦးမောင်နီပြောသည့်စကားကို ဂျပန်စစ်ဗိုလ်အား ဘာသာပြန်ပြလိုက်သည့်အခါ ဂျပန်စစ်ဗိုလ်၏
မျက်နှာတစ်ခုလုံး နီရဲသွားပြီး ခါးတွင်ချိတ်ဆွဲထားသည့် ခြောက်လုံးပြူးကိုဆွဲထုတ်ကာ ဦးမောင်နီ၏ရင်ဝသို့ ပစ်လိုက်လေ
တော့သည်။
“ ဒိုင်း….. ”
သေနတ်ပြောင်းဝမှ မီးပွင့်သွားသည့်အချိန်တွင် အိမ်ပေါ်ထပ်ပြူတင်းပေါက်မှ တစ်ပတ်ကျွမ်းထိုးပြီးခုန်ဆင်းလာသည့်
ကိုမောင်ချို၏လက်ထဲမှအရာက နေရောင်တွင်လက်ကနဲဖြစ်သွားပြီး ဂျပန်စစ်ဗိုလ်၏ဦးခေါင်း တိကနဲပြတ်ကျသွားလေတော့
သည်။
“ ဟာ…..”
မြေပြင်ပေါ်သို့လှပစွာကျလာခဲ့သည့် ကိုမောင်ချို၏ လှုပ်ရှားမှုများက အလွန်လျင်မြန်လှသည်။ ဂျပန်များ သေနတ်မောင်း
တင်ချိန်ပင်မရလိုက်ဘဲ ကိုမောင်ချို၏ဓားချက်အောက်တွင် အတုံးအရုံးလဲကျကုန်သည်။ အခြေအနေမဟန်တော့သဖြင့် ထွက်
ပြေးရန်ပြင်နေသည့် ကိုစိန်လှ၏အရှေ့သို့ လေထဲတွင်ကျွမ်းပစ်ကာ ခုန်ဝင်သွားသည့် ကိုမောင်ချိုကို အသက်မရှုနိုင်သည့်ကြား
မှ ငမိုး တအံ့တဩကြည့်နေမိသည်။ ကိုမောင်ချို သိုင်းပညာတတ်မြောက်ခြင်းမရှိကြောင်း ငမိုး အသိဆုံးဖြစ်ပေသည်။ ကို
မောင်ချို၏မျက်နှာသည် တည်ကြည်ရဲရင့်နေသည်။ တည်တည်ငြိမ်ငြိမ်ဖြင့် ခုန်ပျံကာ သွင်သွက်လက်လက်ထိုးခုတ်သွားပုံက
သိုင်းပညာရှင်ကြီးတစ်ယောက်ကဲ့သို့ဖြစ်နေလေသည်။ ထွက်ပြေးလွတ်မြောက်သွားသည့် စကားပြန်မှလွဲ၍ ဂျပန်စစ်ဗိုလ်အပါ
အဝင် ဂျပန်စစ်သားရှစ်ယောက်တို့ ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြစ်ပြီး သူကြီးဦးမောင်နီ၏ အိမ်ရှေ့မြေကွက်လပ်တွင် သွေး
ချောင်းစီးနေလေပြီ။ ထိပ်တုံးခတ်ခံထားရပြီး ရင်ဝကိုသေနတ်ဖြင့်ပစ်ခံရသဖြင့် ခေါင်းငိုက်စိုက်ကျကာ အသက်ကင်းမဲ့နေ
သည့် သူကြီးဦးမောင်နီအား ဒေါ်မယ်ရင်က ပွေ့ဖက်ထားရင်း အော်ဟစ်ငိုကျွေးနေလေသည်။
“ မလုပ်…မလုပ်ပါနဲ့ မောင်ချို။ ငါ့ကို မသတ်ပါနဲ့ ”
ကြောက်ကြောက်လန့်လန့်ဖြင့် ထိုင်ကန်တော့ရန်ဟန်ပြင်နေသည့် ကိုစိန်လှ၏ ဦးခေါင်းပေါ်သို့ ကိုမောင်ချို၏ဓားသွား
က လက်ကနဲဝဲပျံသွားပြီး ကိုစိန်လှ၏ဦးခေါင်း မြေပေါ်သို့ လွင့်စင်ကျသွားသည့်အချိန်တွင် ကျယ်လောင်သည့်အသံကြီးတစ်
ခုကို ကြားလိုက်ရလေသည်။
“ ဝုန်း……..ဂျိမ်း….”
ကျယ်လောင်သည့် အသံနှင့်အတူ မြေငလျင်လှုပ်သကဲ့သို့ တုန်ခါသွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွား
လေသည်။ ထိုအချိန်မှာပင် အပြေးအလွှားလာနေကြသည့် စစ်ဖိနပ်သံများကို ကြားလိုက်ရသဖြင့် ကိုမောင်ချိုက ဒေါ်မယ်ရင်
ကို ပခုံးပေါ်သို့ထမ်းကာ ထွက်ပြေးသလို ငမိုးကလည်း အိမ်နောက်ဘက်သို့ ထပြေးလေသည်။
“ ဒိုင်း….ဒိုင်း…ဒိုင်း ”
အဆက်မပြတ်ပစ်ခတ်လိုက်သည့် သေနတ်သံများကို ကြားလိုက်ရသဖြင့် ငမိုး နောက်သို့လှည့်ကြည့်လိုက်သည့်အခါ
ကိုမောင်ချိုကို မြေပြင်ပေါ်တွင် ဒူးထောက်လျက်သားတွေ့လိုက်ရပြီး ဒေါ်မယ်ရင်က ပက်လက်ဖြစ်နေလေပြီ။ ဂျပန်စစ်သား
များက ငမိုးကိုမြင်တွေ့သွားကြပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ပြေးလိုက်လာကြသဖြင့် ငမိုးလည်း ထိုနေရာမှ အမြန်ပြေးလေ
တော့သည်။
စက်သေနတ်သံများဆူညံပြီး ပဲ့တင်ထပ်နေသလို မီးခိုးများက ကောင်းကင်ယံသို့ အလိပ်လိုက်တက်နေကြသည်ကို
ငမိုးမြင်တွေ့လိုက်ရသည်။ အဘိုးကို စိတ်ပူသော်လည်း ဂျပန်စစ်သားများက နေရာအနှံ့ရှိနေသဖြင့် ရွာသို့ပြန်မသွားရဲတော့ဘဲ
ညောင်ကြတ်ရွာဘက်သို့ပြေးလေသည်။ ညောင်ကြတ်ရွာသို့ရောက်သည့်အခါ တစ်ရွာလုံး မီးတောက်မီးညွန့်များဟုန်းဟုန်း
တောက်နေပြီး မီးခိုးများဖုံးနေလေပြီ။ ငမိုး၏ရင်ထဲတွင် နင့်ကနဲခံစားလိုက်ရပြီး မျက်ရည်များလည်း တသွင်သွင်စီးကျလာခဲ့
သည်။ လုံခြုံမည့်နေရာကို ရှာဖွေလိုက်သည့်အခါ တောင်စောင်းနေရာမှ လူတစ်ကိုယ်စာဝင်ရုံမျှရှိသည့် ဂူပေါက်တစ်ခုကို မြင်
တွေ့လိုက်ရသဖြင့် ထိုဂူထဲသို့ တိုးဝင်လိုက်လေသည်။
ဂူပေါက်ဝမှအလင်းရောင်က ဂူတစ်ဆစ်ချိုးသို့ရောက်သည့်အခါ အလင်းရောင်မရတော့ဘဲ မှောင်မည်းနေသဖြင့် နား
ခိုရန် နေရာရှာဖို့ အခက်တွေ့နေသည်။ ရေစီးသံကိုကြားနေရသောကြောင့် ရေဆာလောင်လာခဲ့သည်။ မည်သည့်နေရာတွင်
ရေရှိကြောင်း မသိနိုင်သဖြင့် ရေသံကြားရာသို့ စမ်းတဝါးဝါး သွားရလေသည်။ ရေညှိများဖြင့်ချောနေသဖြင့် နံရံကို ကုတ်
တွယ်ကာ ခက်ခက်သွားနေသည့်ကြားမှ ခြေချော်ကာ တလိမ့်ခေါက်ကွေး ကျသွားလေတော့သည်။
*******************
“ အင်း…….ဟင်း..ဟင်း…။ ကျွတ်..ကျွတ်…ကျွတ် ”
နာကျဉ်လွန်းသဖြင့် ညည်းတွားရင်း နားထဲတွင် လူသံများကြားနေရသဖြင့် မျက်လုံးကို အသာဖွင့်ကြည့်လိုက်သည့်အခါ
နံဘေးတွင် မုဆိုးဒူးထောက်ထိုင်နေသည့် အမျိုးသားကြီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။ ခေါင်းပေါင်းကို သပ်သပ်ရပ်ရပ်
ပေါင်းထားပြီး နှုတ်ခမ်းမွေးစစနှင့် အမျိုးသားကြီး၏ဝတ်ပုံစားပုံသည် ရှေးခေတ် မင်းညီမင်းသားများ ဝတ်ဆင်သည့်ပုံစံနှင့်
တူနေသဖြင့် ငမိုး၏စိတ်ထဲတွင် သံသယဝင်လာပြီး ငုတ်တုပ်ထထိုင်မည်ပြုစဉ် အမျိုးသားကြီးက ငမိုး၏မျက်နှာရှေ့သို့ ကြေး
ရေခွက်တစ်ခွက်ကို ထိုးပေးလေသည်။
“ ကောင်လေး…..ရေသောက်လိုက်ဦး ”
“ ကျွန်…ကျွန်တော် ”
“ နောက်မှမေး၊ နောက်မှပြော။ ရေအရင်သောက် ”
“ ဟုတ်ကဲ့ ”
အမျိုးသားကြီး၏စကားသံသည် ငမိုးတို့ပြောဆိုနေသည့်လေယူလေသိမ်းနှင့်မတူဘဲ ဝဲနေသဖြင့် မည်သည့်လူမျိုးဖြစ်
ကြောင်း မေးလိုသော်လည်း ရေအလွန်ငတ်နေသောကြောင့် အမျိုးသားကြီး၏လက်ထဲမှ ကြေးရေခွက်ကိုယူကာ အားရပါးရ
မော့သောက်လိုက်လေသည်။
“ မင်းချော်ကျပြီး ခြေထောက်ရိုးကျိုးသွားတယ် ”
“ ဗျာ…..”
အမျိုးသားကြီး ပြောသည့်အခါမှ နာကျဉ်နေသည့် ယာဘက်ခြေထောက်ကို ကြည့်လိုက်မိသည်။ သစ်ရွက်များအုံပြီးကျပ်
စည်းထားသည့်နေရာသည် ခြေသလုံးဖြစ်နေသဖြင့် ခြေသလုံးရိုးကျိုးသွားခြင်းဖြစ်နိုင်သည်ဟု ငမိုး တွေးလိုက်မိသည်။ မီး
တုတ်များထွန်းညှိထားသဖြင့် လင်းထိန်နေသည့်နေရာကို အသအချာကြည့်လိုက်သည့်အခါ စိုစွတ်နေသည့် ကျောက်သားနံရံ
ကို သတိထားမိလိုက်သည်။ ယခုရောက်ရှိနေသည့်နေရာသည် ညောင်ကြတ်ရွာအနီးမှ ဂူဖြစ်ကြောင်း ငမိုးသိလိုက်သည်။ ဂူ
ထဲတွင် အမျိုးသားတစ်ဦးကိုသာ မြင်တွေ့ရသော်လည်း လူသံသူသံများနှင့် ရေစီးသံသဲ့သဲ့ကို ကြားနေရသည်။
“ ကျွန်တော် ဘယ်ရောက်နေတာလဲဟင် ”
“ မင်းအတွက် လုံခြုံစိတ်ချရတဲ့နေရာမှာရောက်နေတယ်။ မင်းတို့ရွာတွေအားလုံး ပြာဖြစ်ကုန်ပြီကောင်လေး ”
“ ဗျာ…..ကျွန်တော့်အဘိုးရော၊ အဘိုးကို တွေ့မိသေးလား ”
“ မင်းအဘိုးကို ငါတို့မသိဘူး။ ရွာတွေကတော့ တစ်ရွာမှမရှိတော့ဘူး။ လူသူလည်းမရှိတော့ဘူး။ စေတီလည်း တစ်စစီဖြစ်
သွားပြီ ”
“ ဗျာ…….။ တောက်…….”
ငမိုး၏ရင်ထဲတွင် ဝမ်းနည်းခြင်း ခံပြင်းခြင်းများက တလိပ်လိပ်တက်လာနေကြသည်။
“ ဘာဖြစ်လို့လဲ ကောင်လေး ”
“ ဂျပန်ငပုတွေ စေတီကြီးကိုဖျက်ပြီး ရတနာတွေယူသွားကြပြီ။ ရွာတွေကိုလည်း မီးရှို့ဖျက်စီးလိုက်ကြပြီ။ ကျွန်တော့်ရဲ့အ
ဘိုးလည်း သေသလား ရှင်သလား မသိတော့ဘူး…ဟီး ”
“ ရတနာတွေ ပါမသွားပါဘူးကွ။ မင်းအဘိုးတော့ မပြောတတ်ဘူး။ ဒီနားတစ်ဝိုက်မှာ လူသူဆိုလို့ မင်းတစ်ယောက်ပဲရှိတော့
တယ် ”
“ ဗျာ….ဒါဆို ဦးကြီးက ဟို…ဟို.. ဥစ္စာစောင့်လား ”
“ ဟုတ်တယ် ကောင်လေး ”
“ ဗျာ…….”
“ မကြောက်ပါနဲ့။ မင်းကို ဘာမှမလုပ်ပါဘူး။ မင်းရဲ့ခြေထောက်က အနာသက်သာသွားရင် ပြန်နိုင်ပါပြီ ”
“ ရွာတွေမရှိတော့ဘူးဆို။ ကျွန်တော်က ဘယ်ကိုပြန်ရမှာလဲ ”
“ မပြန်လို့တော့ မဖြစ်ဘူးကွ။ မင်းနဲ့ငါတို့က ဘဝချင်းမတူကြဘူး။ ငါတို့ဆီမှာလည်း မထားနိုင်ဘူး ”
“ ဦးကြီးတို့ဆီမှာလည်း မနေပါဘူး။ ကျွန်တော့်ခြေထောက်က ဘယ်တော့လောက်ပြန်ကောင်းမှာလဲဦးကြီး ”
“ နောက် သုံးလေးရက်ဆို အကောင်းပကတိဖြစ်သွားပါလိမ့်မယ် ”
“ ဟုတ်ကဲ့ ဦးကြီး ”
*******************
ဂူထဲတွင်ရောက်ရှိနေသည်မှာ သုံးလေးရက်ခန့်ရှိပြီဟု ငမိုး တွက်ဆနေမိသည်။ ခြေထောက်ဒဏ်ရာပင် သက်သာပျောက်
ကင်းစပြုလာခဲ့လေပြီ။ ထူးခြားသည်က အမျိုးသားကြီးတိုက်သည့် ရေတစ်ခွက်သောက်ပြီးကတည်းက ဆာလောင်မွတ်သိပ်
ခြင်းမရှိဘဲ ရက်ပေါင်းအတော်ကြာနေထိုင်နိုင်ခြင်းဖြစ်ပေသည်။ နောက်ထပ်ထူးခြားချက်က စကားပြောဆိုနေကြသည့် အသံ
များကို ကြားနေရသော်လည်း ရေတိုက်သည့် အမျိုးသားကြီးမှလွဲပြီး မည်သူ့ကိုမျှ မမြင်တွေ့ရခြင်းဖြစ်ပေသည်။ စကားပြော
ဆိုနေကြသည့် အမျိုးသမီးနှင့် အမျိုးသားတို့၏အသံများကိုကြားနေရသော်လည်း ထိုစကားကို ငမိုး နားမလည်ပေ။ စကား
သံများက ကျောက်နံရံများမှ ထွက်ပေါ်လာနေသည်ဟု ငမိုး ထင်မိသည်။ ငမိုး အိပ်စက်ရသည့်နေရာသည် ကျောက်ဖျာချပ်
ဖြစြသော်လည်း မာကြောခြင်း၊ အေးစက်ခြင်းမရှိဘဲ နူးညံ့အိစက်ကာ နွေးထွေးနေသည်ကလည်း နောက်ထပ်ထူးခြားမှုတစ်
ခုဖြစ်ပေသည်။
“ ကောင်လေး….ဒီနေ့ မင်းပြန်ရတော့မယ်။ ငါတို့လည်း အခြားနေရာကို သွားရတော့မယ်။ မင်းကို ပြန်မပို့ခင် ပြစရာတွေ
ရှိတယ်။ ငါနဲ့လိုက်ခဲ့ ”
“ ဗျာ…..”
“ ငါနဲ့ အခုလိုက်ခဲ့ ”
အမျိုးသားကြီး၏ ပြတ်သားသည့်စကားသံကြောင့် ထိုင်ရာမှအမြန်ထကာ လိုက်သွားလေသည်။ အမျိုးသားကြီးကို
မီရန် နောက်မှအမီလိုက်နေရသော်လည်း ခြေထောက်က နာကျဉ်ခြင်းမရှိသဖြင့် ငမိုး ကျေနပ်သွားလေသည်။ ဝင်္ကပါလိုဏ်ဂူ
ထဲ၌ ဟိုဝင်သည်ထွက်သွားလာနေသည့် အမျိုးသားကြီး၏အနောက်သို့လိုက်ရင်း မကြာမီ အခန်းကျယ်တစ်ခုထဲသို့ရောက်
သွားလေသည်။ အခန်းကျယ်ထဲတွင် မီးတုတ်များထွန်းထားသဖြင့် ထိန်ထိန်ညီးနေပြီး အမွှေးနံ့သာရနံ့က သင်းပျံ့နေသည်။
လူသူတစ်ယောက်တစ်လေမျှပင်မရှိဘဲ တိတ်တိတ်ငြိမ်သက်နေလေသည်။
“ ကိုင်း…..ဒီမှာကြည့် ”
အမျိုးသားကြီးက နံရံတစ်ခုကိုတွန်းဖွင့်လိုက်သည့်အခါ ကျောက်ကလပ်ပေါ်တင်ထားသည့် ရွှေဆင်းတုတော်တစ်ဆူ
နှင့် ဆင်းတုတော်အောက်ခြေရှိ ကျောက်ဖျာချပ်ပေါ်တင်ထားသည့် လက်ဝတ်ရတနာများ၊ ကျောက်သံပတ္တမြားများကို မြင်
တွေ့လိုက်ရသည်။ ရွှေဆင်းတုတော်သည် အဘိုးပြောပြခဲ့သည့် အမတ်ကြီးပင့်ဆောင်လာသော ဆင်းတုတော်ဖြစ်ရမည်ဟု
ငမိုး တွေးလိုက်ပြီး ရုတ်တရက်ထိုင်ချကာ တရိုတသေဖြင့် ဦးချကန်တော့လိုက်လေသည်။
“ မင်းအခုဖူးမျှော်ရတဲ့ ဆင်းတုတော်နဲ့ ရတနာတွေက ဘုရားပြိုသိုက်လို့မင်းတို့ပြောနေတဲ့ နေရာကပဲ ကောင်လေး ”
“ ဟင်…ဒါဆို ကျွန်တော်က ဘုရားပြိုသိုက်ထဲကို ရောက်နေတာပေါ့။ ဟုတ်လား ဦးကြီး ”
“ ဟုတ်တယ် ကောင်လေး။ ဟောဒီဆင်းတုတော်နဲ့ ရတနာတွေကို ဒီနေရာကနေ ရွှေ့ပြောင်းပစ်တော့မယ် ”
“ ဘယ်ကိုရွှေ့မှာလဲ ဦးကြီး ”
“ မင်းက ဘာဖြစ်လို့သိချင်ရတာလဲ ”
“ သိချင်လို့တော့ မဟုတ်ပါဘူး။ ဘုရားပြိုမရှိတော့မှာစိုးလို့ပါ ”
“ ဒီနေရာမှာ ဘာမှရှိမှာမဟုတ်တော့ဘူး ကောင်လေး။ ကဲ…..မင်းကြည့်လို့ဝပြီလား ”
“ ဟုတ်ကဲ့ ဦးကြီး ”
“ ငါ့နောက်က လိုက်ခဲ့ပေတော့ ”
အမျိုးသားကြီးအနောက်မှ ထပ်ချပ်မကွာလိုက်လာရင်း တစ်နေရာသို့အရောက်တွင် ဂူနံရံပေါ်သို့ကျနေသည့် အလင်း
ရောင်ကို မြင်တွေ့လိုက်ရသည်။
“ ရှေ့မှာ ဂူပေါက်ကို မြင်နေရပြီ။ မင်းရှေ့ကသွား ”
အမျိုးသားကြီးပြောသည့်အတိုင်း အလင်းရောင်ဝင်နေသည့်ဂူပေါက်ဝရှိရာသို့ တဖြည်းဖြည်းချဉ်းကပ်သွားလေသည်။
နေ့အလင်းရောင်ကို မမြင်တွေ့ရသည်မှာ ရက်အတော်ကြာခဲ့သဖြင့် အလင်းရောင်က အလွန်စူးရှနေလေသည်။ အလင်းရောင်
ကို မကြည့်မိစေရန် မျက်လုံးကိုလက်ဖြင့်ကာရင်း ဂူပေါက်ဝဆီသို့ လျှောက်သွားလေသည်။ ဂူပေါက်ဝသို့ရောက်သည့်အခါ
အမျိုးသားကြီးက အနောက်မှ ဆောင့်တွန်းလိုက်သဖြင့် ဂူအပြင်ဘက်သို့ တရှိန်ထိုးထွက်သွားပြီး လဲကျသွားလေတော့သည်။
“ ဟင်……ဘုရား….ဘုရား ”
လဲကျနေရာမှ လူးလဲထပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ သစ်ပင်များ၊ ချုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နှက်နေ
သည့် တောအုပ်တစ်ခုဖြစ်နေလေသည်။ ယခင်က ထိုနေရာသည် ညောင်ကြတ်ရွာ တည်ရှိခဲ့သည့်နေရာဖြစ်ကြောင်း ငမိုး သိ
လိုက်သည်။ မည်သည့်နေရာသို့သွားရမည်ကို မသိသဖြင့် ဖြစ်လိုရာဖြစ်ဟုသဘောထားကာ ရှေ့တူရှုသို့ လျှောက်လာခဲ့သည်။
အတန်ကြာလျှောက်ပြီးသည့်အခါ သစ်ပင်၊ ချုံပင်များ လျော့ပါးလာသည်ကို သတိထားလိုက်မိသည်။ မကြာခင်မှာပင်
စိမ်းစိုနေသည့် စပါးခင်းများနှင့် တဲအိမ်လေးများကို မြင်တွေ့လိုက်ရသဖြင့် ငမိုး အလွန်ပျော်ရွှင်သွားလေသည်။ မောဟိုက်
လွန်းသော်လည်း တဲအိမ်လေးများဆီသို့ အားတင်းကာလျှောက်သွားလေသည်။ တဲအနီးတွင် ကလေးခါးတစ်ခွင်ချီထားသည့် အြမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရသဖြင့် အားတက်သွားလေသည်။
“ ဒေါ်လေး…..အခုဒီနေရာကို ဘယ်လိုခေါ်ပါသလဲ ”
“ အဘ…ကျွန်မကို ဘယ်လိုခေါ်လိုက်တယ် ”
“ ဗျာ……..ဒေါ်လေးလို့ခေါ်တာလေ ”
“ ငရဲကြီးအောင်မလုပ်ပါနဲ့ အဘရယ် ”
“ ကျွန်တော်က ဒေါ်လေးထက် အသက်အများကြီးငယ်ပါတယ်ဗျာ။ ကိုယ့်အဒေါ်အရွယ်မို့ ဒေါ်လေးလို့ခေါ်တာပါ ”
“ ကိုယ့်ရုပ်ကို မှန်ထဲမှာပြန်ကြည့်ဦး ”
“ ဗျာ…… ”
အမျိုးသမီးပြောလိုက်သည့်စကားကြောင့် ငမိုး ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်။ ရှုံ့တွကာ မွဲခြောက်နေသည့် အရေပြား
ကို မြင်တွေ့လိုက်ရသည့်အခိုက် ငမိုး အလွန်ထိတ်လန့်သွားသည်။
“ မှန်…..မှန်ရှိလားဗျာ ”
“ ရှိတယ်။ ခဏစောင့် ”
အမျိုးသမီးက ကလေးကို အောက်သို့ချပြီး တဲပေါ်သို့တက်သွားသည်။ ခဏအကြာတွင် လက်တစ်ဝါးသာသာခန့်ရှိ
သည့် ကြည့်မှန်တစ်ချပ်ကိုယူလာပြီး ငမိုးကို ပေးလိုက်လေသည်။ အမျိုးသမီးလက်ထဲမှကြည့်မှန်ကို ယူလိုက်ပြီး ကြည့်လိုက်
ပြီးနောက် ချုံးပွဲချ ငိုကြွေးလေတော့သည်။
ရှိုက်ကြီးတငင်ငိုကြွေးနေသည့် ငမိုးကို အမျိုးသမီးက နားမလည်သလိုကြည့်ရင်းမေးလိုက်သည်။
“ အဘက ဘယျရှာကလဲ ”
“ ဘုရားပွိုရှာကပါ ”
“ မကြားဖူးဘူး။ ဒီနားမှာ ဘုရားပြိုရွာဆိုတာ မရှိဘူး ”
“ ဗျာ…….အခု ကျွန်တော်ရောက်နေတဲ့နေရာက ဘယ်နေရာလဲဗျာ ”
“ ကျွန်မတို့နေရာက ပဲခူးနဲ့ ဝေါကြားထဲမှာပါ။ ရွာတွေကတော့ နည်းနည်းလှမ်းတယ်။ ကျွန်မတို့က လယ်လုပ်ကြတော့ လယ်
စောင့်ရင်း ဒီမှာပဲနေတယ် ”
ဂူထဲတွင် နေထိုင်ခဲ့သည်မှာ ရက်အနည်းငယ်ကြာမျှသာရှိမည်ဟုထင်မှတ်ထားခဲ့သော်လည်း ဂူထဲမှထွက်လာသည့်
အချိန်တွင် အိုမင်းရင့်ရော်နေလေပြီ။ ဆံပင်မွေးညင်းများက ရှည်ထွက်မလာကြသော်လည်း ဆံပင်ဖြူများက တစ်ခေါင်းလုံး
နီးပါး ဖွေးဖြူနေလေပြီ။ လက်သည်းခြေသည်းများက နဂိုမူလအတိုင်းရှိနေသော်လည်း အသားအရေက မွဲခြောက်ကာ အိုမင်း
ရွတ်တွနေလေပြီ။
ေ နေရေးထိုင်ရေးအတွက် စဉ်းစားမရနိုင်သဖြင့် နီးစပ်ရာမြို့တစ်မြိုံသို့သွားရောက်ပြီး အဆင်ပြေသလို နေထိုင်စား
သောက်မည်ဟု စိတ်ကူးလိုက်လေသည်။
“ ဒီနေရာနဲ့ အနီးဆုံးက ဘယ်မြို့လဲဗျ ”
“ နီးတာတော့ မနီးဘူး။ ပဲခူးဆိုရင်တော့ ဝေါထက်ပိုနီးမယ် ”
“ လမ်းညွှန်လို့ရရင် ညွှန်ပေးပါဗျာ။ နေရေးထိုင်ရေး စားရေးသောက်ရေး ဒုက္ခရောက်နေလို့ပါ ”
“ ဒီလယ်ကွင်းတွေကိုကျော်ရင် တာလမ်းမကြီးတွေ့ရလိမ့်မယ်။ တာလမ်းမကြီးကိုရောက်ရင် ပဲခူးသွားမယ့်ကားကို လက်
တားပြီးစီးသွား ”
“ ဗျာ…ကားဆိုတာ ဘာလဲဗျ ”
“ အဘ…ကျွန်မကို နောက်နေတာလား ”
“ မဟုတ်ပါဘူးဗျာ။ မနောက်ရပါဘူး။ ကျွန်တော် တကယ်မသိလို့ပါ ”
“ ကိုယ့်ဟာကိုသာသွားတော့။ ကျွန်မ ဆက်မရှင်းပြနိုင်တော့ဘူး ”
အမျိုးသမီးက စိတ်မရှည်သည့်ဟန်ဖြင့် အော်ငေါက်နေသဖြင့် ငမိုးလည်း ထိုနေရာမှအမြန်ထွက်လာခဲ့ပြီး လယ်ကွင်း
များကိုကျော်ဖြတ်ကာ အမျိုးသမီးပြောသည့် တာလမ်းမဆီသို့ မျှော်လင့်ချက်များဖြင့် အားတင်းလျှောက်ခဲ့လေသည်။
နေမွန်းတည့်ချိန်မှစတင်၍ လယ်ကွင်းများကို ကျော်ဖြတ်ကာ လျှောက်လာခဲ့သည်မှာ ညနေစောင်းမှ တာလမ်းမဆိ
သည့်နေရာသို့ ရောက်ခဲ့လေသည်။ တာလမ်းမကြီးပေါ်တွင် သွားလာနေကြသည့် အရာများသည် အမျိုးသမီးပြောသည့် ကား
များဖြစ်လိမ့်မည်ဟု ငမိုးတွေးလိုက်မိသည်။ တစ်သက်နှင့်တစ်ကိုယ် မမြင်တွေ့ဖူးသည့်အရာမို့ တအံတဩဖြစ်နေမိသည်။ တာ
လမ်းမဘေးတွင်စောင့်ဆိုင်းရင်း လာသမျှကားကို လက်တားသော်လည်း ရပ်မပေးသဖြင့် ငမိုး စိတ်ဓာတ်ကျလာလေသည်။
ညနေ မှောင်ရိပ်သမ်းချိန်တွင် ကားကြီးတစ်စီးက ရပ်ပေးသဖြင့် ပဲခူးသို့သွားလိုကြောင်းတောင်းပန်ပြောဆိုသည့်အခါ ကား
သမားများက ငမိုးကို သနားသဖြင့် ပဲခူးမြို့သို့ခေါ်ဆောင်သွားလေတော့သည်။
ပဲခူးမြို့သို့ရောက်သည့်အခါ ဆာလောင်မွတ်သိပ်လွန်းသဖြင့် တွေ့သည့်ထမင်းဆိုင်သို့ဝင်ပြီး တောင်းရမ်းစားသောက်
ရလေသည်။ နေစရာမရှိသဖြင့် ကြုံရာနေရာတွင်အိပ်ရသည်။ အဆင်ပြေသလို တောင်းရမ်းစားသောက်ပြီး ကြုံသလိုအိပ်နေ
ရသည့် ငမိုးခေါ် ဦးငမိုးသည် သူတောင်းစားတစ်ယောက်ဘဝသို့ အလိုလိုရောက်သွားခဲ့ရရှာလေတော့သည်။
ရွှေမောဓောဘုရား၊ ရွှေသာလျောင်းဘုရားများသည် ဦးငမိုးအတွက် တောင်းရမ်းစားသောက်ရန် အဆင်ပြေဆုံးနေရာ
များဖြစ်လာခဲ့သည်။ ခင်မင်ရင်းနှီးသူများကို သူတွေ့ကြုံခဲ့ရသည့်အကြောင်းများ ပြောပြသော်လည်း မည်သူမျှ အယုံအကြည်
မရှိကြပေ။ ဦးငမိုးအား စိတ်မနှံ့သည့် တောင်းရမ်းစားသောက်သူတစ်ယောက်အဖြစ်သာ သတ်မှတ်ထားခဲ့ကြလေသည်။
ဦးငမိုး၏အသက် မည်မျှရှိကြောင်းကိုလည်း မည်သူမျှမသိသလို ဦးငမိုးကိုယ်တိုင်လည်း မသိတော့ပေ။ ကြုံရာနေ၊
ကြုံရာစားသောက်နေရရှာသည့် ဦးငမိုးသည် ရောဂါဝေဒနာဖိစီးလာသဖြင့် ယခင်ကလို တောင်းရမ်းစားသောက်နိုင်ခြင်းမရှိ
တော့ဘဲဘုရားကြို ဘုရားကြားတွင် လဲလျောင်းနေရရှာသည်။
သက္ကရာဇ် ၂၀၀၁ခုနှစ် နိုဝင်ဘာလ၏ တစ်ရက်သော မနက်ခင်းတွင် ဘုရားပြိုသိုက်ကို ကိုယ်တိုင်မြင်တွေခဲ့ဖူးသည့် ဦးင
မိုးတစ်ယောက် ပဲခူးမြို့မှ ဘုရားကြီးသို့မရောက်မီ လမ်းခုလတ်တစ်နေရာ၌ သေဆုံးနေသည်ကို တွေ့မြင်ခဲ့ကြရပါတော့သည်။
ဦးငမိုးသည် သူနေထိုင်ခဲ့သည့် ဘုရားပြိုရွာနေရာ၌သာ ခေါင်းချချင်သည်ဟု ပြောဆိုခဲ့ဖူးသဖြင့် သူသေဆုံးမည့်အချိန်တွင်
သူ၏ဇာတိချက်မြှုပ်ဖြစ်သည့် ဘုရားပြိုရွာရှိရာသို့ ထွက်သွားခဲ့ခြင်းဖြစ်နိုင်ပေသည်။ ဘုရားပြိုသိုက် ဧကန်ရှိသည် မရှိသည်
ကို ဦးငမိုးတစ်ယောက်သာ သိပေလိမ့်မည်။ ခင်မင်ရင်းနှီးသူတိုင်းအား ရွာငါးရွာနှင့် ဘုရာပြိုသိုက်အကြောင်း လုံးစေ့ပတ်စေ့
ပြောပြတတ်သည့် ဦးငမိုးသည် စိတ်ဝေဒနာသည်တစ်ယောက်မဟုတ်နိုင်သည်ကတော့ အသေအချာဖြစ်ပေတော့သည်။