ကျူးကျော်မြေ

ကျူးကျော်မြေ (စ/ဆုံး)

 

မူရင်းရေးသားသူ – အလင်းရောင်

 

မြန်မာပြည်ကြီး…လွတ်လပ်ရေး….ရပြီးကာလတုန်းက….

စစ်ပြေးရှောင်.. ပုန်းအောင်းနေကြတဲ့..တိုင်းရင်းသားအများစုသည်…မိမိတို့ဒေသ သို့မပြောင်းရွေ့

တော့ဘဲ တောင်ခြေ အောက်..မှာပဲ…ရွာကြီးကျေးရွာ တည်ထောင်…ကြလေတော့သည်။

 

ဒီသတင်းကြားပြီး.မြန်မာအစိုးရက..

မြို့ပြနှင့် အရမ်းဝေးကွာလွန်းတာ

ကြောင့်…ရွှေ့ပြောင်းနေထိုင်ကြဖို့..တောင်းဆိုသော်လည်း…

၎င်း ကမ်းလှမ်းမူကို.တရွာလုံးက ကန့်ကွက် ကြသဖြင့်..ဤ ရွာသစ်

ကြီးကျေးရွာမှာပဲဆက်လျက်နေထိုင်ခွင့်ရရှိခဲ့လေသည်၊၊

 

ရာသီပေါ် သီးပင်စားပင်များအဓိကထားပြီးစိုက်ပျိုးကြလေတော့သည်၊၊

မြေသြဇာ ကောင်းမွန်မူကြောင့်.

.သီးနှံ အထွက်နူန်းအများအပြားရရှိခဲ့ကြလေသည်.။နှစ်ကာလ အတန်ကြာပြီးနောက်.ခေတ်နဲ့အညီ့

ရွာကြီးလည်းတိုးတတ်ပြောင်းလဲ လာခဲ့သလို…..ကလေး တွေရဲ့ပညာရေးသင်ကြားရေးလဲ…

တိုးတတ်ပြောင်းလဲလာခဲ့လေ

သည်၊၊ဒီလိုပြောင်းလဲလာခဲ့သည့်မှာ…်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကြောင့်ပင်ဖြစ်သည် ၊

ဆရာတော်ဘုရားကြီးရဲ့ အမြော်အမြင်ကြီးမားမူကြောင့်ဖြင့်…

ပညာရေး.၊.ကျန်းမာရေး စသည့်ကိစ္စများကိုဆောင်ရွက်ပေးခဲ့ခြင်း

ကြောင့် အခုလိုရွာလေးအေးအေး

ချမ်းချမ်း ရှိနေခဲ့လေသည်၊၊

 

နေ့စဉ်နေ့တိုင်း..ဗုဒ္ဓ ယဉ်ကျေးမူစာပေများ ၊ပညာရေးဆိုင်ရာ

စာပေများ စသည့်..ပညာများကို ကလေးတွေ…အားလုံးအပေါ်

မေတ္တာစေတနာ.ဖြင့် သင်ကြား

ပေးလေခဲ့သည်။

 

အသက်အရွယ်နှင့်အမျှ….ဆရာတော်ဘုရားကြီးလဲ နာမကျန်း ဖြစ်ကာ….ဘဝနိဗ္ဗာန်သို့ကူးပြောင်းသွားခဲ့လေသည်၊၊

 

ဆရာတော်ဘုရားမရှိတော့တဲ့ နောက်ပိုင်းမှာတော့တပည့်ဖြစ်သူ အရှင်ဝိရမိတ က ဆရာတော်ဘုရားကြီးရဲ့….အမွေကို ဆက်လျက် လုပ်ဆောင်ခဲ့လေသည်၊၊….

 

အရှင်ဝိရမိတ သည်… သက်တော်ငယ်ရွယ်သူပီပီ၊စကားအပြေအဆို၊ အနေအထိုင်ကအစ.မဆင်မချေ ပြုလုပ်တတ်လေသည်၊….

 

တချို့ကလေးတွေအပေါ်လဲ စာမရတဲ့အခါမျိုးဆိုစိတ်မရှည်စွာဖြင့်

ရိုက်နှဲ့ဆဲးဆိုကြိမ်းမောင်းတတ်လေသည်၊အရှင်ဝိရမိတအပြုအမူ

ကြောင့်..ကျောင်းသို့ပင်

တချို့ကလးတွေ မလာရဲဝံ့ကြတော့ဘူး….၎င်း အဖြစ်အပျက်တွေကို မိဘများကတွေ့မြင်ခဲ့ကြသော်လဲ..

 

.ဆရာတော်ဘုရားကြီး ကျေးဇူးတော်တွေ..ထောက်ထားသောအား

ုဖင့်.အရှင်ဝိရမိတ အပေါ် သည်းခံနားလည်ပေးခဲ့ကြလေသည်၊၊

…………………………………………………..

 

“ဆရာတော်..ဘုရား..ဘာများ.အရေးကိစ္စရှိလို့ပါလိမ့်ဘုရား…..´´

 

သူကြီးဦးဘကောင်း လျှောက်တင်မူကြောင့်….

 

အရှင်ဝိရမိတ လည်း ခေါင်းတညိမ့် ညိမ့်ဖြင့်..ခဏစဉ်စားပြီး….

 

“ဒီလို ဒကာကြီးရေ…ကျောင်းဝန်းကြီးကိုချဲ့ပြီး ကျောင်းဆောင်အသစ် ဆောက်ချင်တယ်ကွယ်….

ငါ.အမျိုးတွေ..ဒကာ၊ ဒကာမတွေ

မြို့ကနေလာပြီးအလှူကြီးလုပ်ချင်လို့တယ်ကွဲ့…

ဒီရွာက ကလေးတွေနဲ့ ဆို မြို့က ဧသည့်တွေ မျက်စိနောက်နေမှာလဲ.စိုးရတယ်ကွယ်၊…´´

 

အရှင်ဝိရမိတ စကားကြားလိုက်ရ၍

သူကြီးဦးဘကောင်းလည်း မျက်နာ ကွက်ခနဲ

မဖြစ်လေအောင် အနည်းထိန်းထားရလေသည်၊

 

“ဟို..ဟို…

ဆောက်တာက..ဆောက်လို့ရပါတယ်ဘုရား….

ဒါပေမယ့် နေရာက…ဘယ်နေရာလဲဘုရား…´´

 

“အော် ဒကာကြီးရယ် နေရာကအဓိကမဟုတ်ပါဘူး…ဒီကျောင်းနောက်ဘက်က….

မြေနီကုန်းပေါ်မှာ ပဲ ချုံနွယ်ပင်တွေ ရှင်းပြီး..

ဆောက်ကြတာပေါ့..

 

“ဗျာ´´

သူကြီးလည်း အံ့သြာအပြုအမူ ဖြစ်….အနည်းငယ်

ထိပ်လန့် သွားမိလေသည်၊..

 

ဟို..ဟို…အဲ အဲ့ဒီမြေက ကျတ်ကုန်းမြေ ကြီးပါ

ဘုရား…

ကျောင်းဆောက်ဖို့.အသင့်တော်ပါဘူးဘုရား…

ဆရာတော်ဘုရားကြီးလည်းမိန့်ကြားဖူးတယ်၊..

အဲ့နေရာမှာ..ဘာမှ မဆောက်ကြဖို့…

မှာသွားတယ် တပည့်တော်ကို…´´

 

“အို.

ဘာလို့အသင့်တော်ရမှာလဲ ဒကာကြီးရဲ့….

ဆရာတော်ဘုရားကြီးက ကျတ်ကုန်းက မကောင်း

ဆိုးဝါးတွေ ကို သနားလို့ ကျောင်းမဆောက်တာ

ဖြစ်မှာပေါ့….

ခု ကျောင်းဆောက်ဖို့ အခက်အခဲ ဖြစ်နေတော့…

အခုလိုပဲ လုပ်ရတော့မှာပဲ..မတတ်နိုင်ဘူး…

နေရာဆိုလို့ အဲ့နေမှာပဲရှိတာ၊ ဒကာကြီးရဲ့

အခြားနေရာမှာဆောက်ဖို့ဆိုတာအဆင်မပြေဘူး..ဒီ…ကျတ်ကုန်းမြေက နာနာဘာဝကောင်တွေကိုလဲ ပရိတ်ရေနဲ့ပတ်ပြီး..

မောင်းထုတ်ရမှာဘဲ…..´´

 

ပေါ့ပျက်ပျက် ပြောလိုက်တဲ့စကားလုံးနဲ့အတူ.

ဦးဘကောင်းလည်း ရဟန်းနဲ့အပြိုင်ပြောဖို့

မသင့်တော်တာနဲ့ အရှင်ဝိရမိတ ဆန္ဒအတိုင်း

လိုက်နာလိုက်ရလေသည်၊

 

ရွာက ရန်ပုံငွေတချို့နဲ့လိုအပ်သည်

ငွေများကိုတော့ ရွာထဲ လိုက်လံအလှူကောက်

ခံနေမိတော့သည် ၊

 

ရွာသူရွာသားများဖြင့်…

မြေနီကုန်းပတ်လည်က မြက်တော၊မြတ်ပင်များ

ရှင်းလင်းကြလေသည်..

 

ရူုးရှူး ………အသံကြားရာ..ကြည့်မိလိုက်တော့

မြွေဖြူကြီးတစ်ကောင်….ဖြစ်လေသည်

မကျေမနှပ်မျက်လုံးကြီးတွေ ..တရှူးရှူးနဲ နှာမူတ်

ပြလေတော့သည်၊

 

ဟ…မြွေမြွေကြီး…ဟ….ပြေး ကြပြေးကြ…..

ွမြက်တောများ ရှင်းလင်းနေတဲ့…ရွာသူရွာသား တွေလည်း..ဆူညံပူညံ စွာဖြင့် အော်ဟစ်ပြေး.ကြလာကြသည်၊

 

အရှင်ဝိရမိတ ဆရာတော်အား ဝိုင်းဝံလျှောက်တင်

ကြလေသည်။

 

“အရှင်ဘုရား…အဲ့.နေရာမဆောက်ပါနဲ့လားဘုရား..´´

သူကြီးအပါအဝင် တရွာလုံးက လူတွေ လည်း

ကြောက်လန့်တကြားဖြင့် ဝိုင်းဝန်းပြောကြလေတော့သည်၊

 

“အရှင်ဝိရမိ က လက်မခံ……သူ့လုပ်ငန်းကို

အောင်မြင်အောင်လုပ်မယ်၊

ဘာမဟုတ်တဲ့ နာနာဘာဝ သတ္တဝါ တွေကို

ကြောက်နေစရာမလိုဘူး….ဟေ့….´´

 

ဘာသာတရား လေးလေးနက်နက် ယုံကြည်ကြတဲ့

တရွာလုံးကလဲ အရှင်ဝိရမိ အာဏာကို..မဆန့်ကျင်ရဲကြတော့ဘူး….

နောက်ထပ် ဖြစ်လာမယ့်

အန္တာရယ်ကိုပဲ ရင်တထိပ်ထိပ်နဲ့စောင့်ကြည့်နေကြတော့သည်၊

…………………………………………………..

 

“ဆရာတော် ဘုရား ၊ ဆရာတော်ဘုရား……´´

 

နားထဲ ကြားယောင်လိုက်မိတဲ့ အသံတစ်ခုကြောင့်

အရှင်ဝိရမိ လန့် နိုးလာလေတော့သည်၊

အသံကြားရာသို့ လိုက်လံရှာဖွေလိုက်ရာ…..

မြေနီကုန်းနားက မီးတုတ်တွေများဖြင့်

လူအုပ်ကြီးတစ်စု ဖြစ်လေသည်၊..

 

စိတ်ဝင်တစားဖြင့် အနီးကပ်ကြည့်မိလိုက်ရာ….

အားလုံးသောမျက်နာတွေက ညိုးနွမ်း စွာဖြင့်…

တွေ့လိုက်ရလေသည်..

 

“ဟဲ့..ဘယ်သူတွေလဲ…..ညကြီးမိုးချုပ် ´´

အရှင်ဝိရမိ အမေးကြောင့်

 

လူအုပ်ကြီးကြားထဲက အသားညိုညို လူကြီးတစ်ဦးထွက်လာကာ….

 

“တပည့်တော်က .ဒီမြေနီကုန်းက

အကြီးကဲတစ်ယောက်ပါ..ဘုရား……

အခု ပြဿနာက ဆရာတော်ဘုရား ကျောင်းဆောက်မယ့်ဆိုတဲ့ သတင်း..ကြောင့်

တရွာလုံး ထိပ်လန့်တုန်လူပ်နေပါတယ်ဘုရား…

ဘိုးဘွားအစဉ်အဆက်ကတည်းက တည်ရှိနေတဲ့

ရွာလေးမို့….ဤမြေကုန်း ကနေ

စွန့်လွတ်ဖို့မဖြစ်နိုင်လို့ပါဘုရား…….

အရှင်ဘုရားအနေနဲ့ တပည့်တော် တို့..့အားလုံးအပေါ် မေတ္တာ၊ ဂရုဏာုသက်ရောက်စွာဖြင့်…

ဤ နေရာလေးမှာ…ကျောင်းမဆောက်ဖို့

မေတ္တာ ရပ်ခံချင်လို့ပါဘုရား….

ရိုသေစွာလက်အုပ်ချီပြီး

ထိုအမျိုးသား ပြောက်ကွယ်သွားလေတော့…ကျန်တဲ့လူတွေပါ…..ချက်ချင်း….

ရုတ်တရပ် အားလုံးပြောက်ကွယ်သွားလေပါ

တော့သည်၊

 

အရှင်ဝိရမိတလည်း .

အိပ်ယာက လန့်၍ နိုးလာလေတော့.. ချွေးသီးချွေးပေါက်များ..ကျကာ ထူးဆန်းတဲ့

အိပ်မက်ကြောင့် တော်တော်လေးပင် စဉ်စားရ

ခက်နေမိတာအမှန်….

 

“ငါ အတ္တဆန်လေသွားသလား.?…

ငါ မျက်နှာရဖို့ အခြားအိုးအိမ်တွေ ဖျက်စီးမိသလို

ဖြစ်မိသွားသလဲ..´´

..ကောင်းတဲ့အတွေးအခေါ်ဝေါ်

လေးဝင်လာမိတော့သည်၊..

 

ထိုအတွေးခေါ်လဲ အတ္တက လွှမ်းမိုးလိုက်ပြန်ပြီး

လေ……

 

“အို…ဘာပဲဖြစ်ဖြစ် ငါ လုပ်ငန်းကိုတော့ဆက်လုပ်ရမှာပဲ…

 

အတွေးကိုယ်စီဖြင့်မိုးလင်းခဲ့လေသည်………

 

မနက်မိုးလင်းတော့ အရှင်ဝိရမိတ ကိုယ်တိုင် ဦးဆောင်ကာ ရွာသူကြီး အပါအဝင် ရွာသားတွေလဲ..မြေနီကုန်းနားက ပေါက်ရောက်နေတဲ့ မြက်တောများ နွယ်ပင်များ

ထပ်မံ ရှင်းလင်းကြလေသည်…..

 

အံမယ်လေး ..အရိုးတွေဗျ အရိုးတွေ…

……….

ဟေ!!

ဖိုးကြိုင် တစ်ယောက် အော်လိုက်တဲ့ အသံကြောင့်

အားလုံးလည်း စိတ်ဝင်တစား ပြေးလာလိုက်ကြလေသည်…..

ဖိုးကြိုင်နားရောက် တော့ ဝိုင်းဝန်းကြည့်လိုက်တော့…ရှေးဟောင်း လူအရိုးစု

တွေ့ရလေတော့သည်၊

“ဦးခေါင်းခွံကြီးတွေ နည်းနည်းနောနောမဟုတ်ဘူး ဗျ´´

“ဟုတ်ပ ကြောက်စရာကြီး…´´

တစ်ယောက်တပေါက် ပြောဆိုသံတွေနောက်က..

 

“ဘာမှ မပူကြပါနဲ့….ပရိတ်ရေနဲ့မန်းထုတ်ပြီး…

မြေသန့်အောင်လုပ်ရမယ် ´´

အရှင်ဝိရမိတ စကားကြောင့်….

အားလုံးသောစကားသံတွေလဲငြိမ်သက်သွားလေ

ကြတော့သည်၊…

 

အရှင်ဝိရမိတက ယူဆောင်လာတဲ့ ရေမန်းဖြင့်…

လိုက်လံပတ်ဖြန်းကာ….အဆောက်ဦးဆောက်ဖို့

တွင်းများတူးခိုင်းနေစဉ်အခိုက်….

တောက်´´

ရုတ်တရပ်…တောက်ကတည်း ခေါက်လိုက်..တဲ့..

 

အသံတစ်ခုကြောင့် ရွာသားတွေ လည်း ကြောက်လန့်တကြားဖြစ်နေကြတော့သည်၊…… ဘယ်ကလာတဲ့ တောင်ခေါင်သံကြီးလဲ မသိ

ထင်ထင်ရှားရှား ကြားလိုက်ရ၍ ရွာသားတွေ လဲ

ရင်တထိတ် နဲ့လုပ်ငန်းကို အပြီးသတ်ရန်ကြိုးစား

နေမိကြတော့သည်၊

ညနေစောင်းရောက်တော့…လုပ်ငန်းကို ခဏရပ်က မိမိအိမ်သို့..အပြေးအလွှား ပြန်ပြေးကြလေတော့သည်၊

 

နေဝင်ချိန်ရောက်လာတော့…..ရွာထဲကခွေးတွေ…

ဆူညံပူညံ စွာ ထိုးဟောင်နေသောကြောင့်.

တစ်ရွာလုံးကလူတွေလဲ အိမ်ခြံတံခါးများပိတ်ကာ…..

အိမ်ထဲမှာပဲပုန်းအောင်းပြီးဘယ်နေရာမှာ

ဘာတွဖြစ်မလဲဆိုတာ အသံ နားဆွံနေကြလေတော့သည်၊

………………………………………………….

 

အူး….အူး…..ဝူး……….

ညနက့်အချိန် မရပ်မနား ထိုးဟောင်….နေတဲ့..

ခွေးအူသံကြီးတွေကတော့ အရှင်ဝိရမိတ သီတင်းသုံးနေထိုင်တဲ့ ကျောင်းဝန်းကြီးဘက်ဖြစ်သည်၊…..

 

“ဂီး´´

ဖျန်း…ဖျန်း…ဖျန်း…

ရုတ်တရက် နားမခံသာအောင်ကြားလိုက်ရတဲ့

ငှက်ဆိုးထိုးသံကြီးနဲ့အတူ တဖျန်းဖျန်း..တောင်ပံ

ိရိုက်ခိုက်သံကြီးတွေက ကျောင်းဝန်းကြီး ထဲက

အပင်မြင့်ဆီက ထွက်ပေါ်လာတဲ့အသံဆိုးကြီးတွေကြောင့် အရှင်ဝိရမတ လန့်၍အိပ်ယာထဲကနေ

နိုးလာလေသည်

ခဏ ထထိုင်ပြီး.ဆီမီးအိမ်လေး…ဖြင့်….

ကျောင်းအောက်ထပ်သို့ တစ်ပါးတည်း

ို့ဆင်းလာခဲ့လေတော့သည်၊….

ကျောင်း တံခါးဖွင့်လိုက်သည့် တပြိုင်နက် ထဲ

ဝုတ်…ဝုတ်…ဝုတ်….

ကျောင်းကခွေးနီမ တစ်ကောင်.အရှင်ဝိရမိတ အား ကြည့်ပြီး အဆက်မပြက်.ထိုးဟောင်းနေမိတော့သည်၊..

 

၎င်းအဖြစ်ပျက်တွေကြည့်ပြီး..၊ အရှင်ဝိရမိ အရမ်းစိတ်တိုသွားလေတော့သည်၊

 

“ကျွေးထားတဲ့ ကျေးဇူးတရားတောင်

မထောက်တဲ့..သုံးစားမရတဲ့ခွေးဝဲစားမ

“ကဲ..ကြာ´´

စိတ်တိုစွာဖြင့်..အနီးနားက..တုတ်ချောင်း ကြီးဖြင့် လုန်းထုလိုက်လေသည်၊

လက်ကဖြောင့်၊..၍ ခွေးမ ဦးခေါင်းအားထိမှန်သွား၍..

အနာတရ နဲ့အတူ.ခွေးနီမလေး တဂိန်ဂိန်ဖြင့်…

ခြံစည်းရိုးနားတိုးဝှေ့ကာ ပြောက်ကွယ်သွားပါလေတော့သည်……

 

ခွေးနီမ ထိုးဟောင်းနေတာ အရှင်ဝိရမိ မဟုတ်.

အရှင်ဝိရမိ ကနောက်က…မြွေကြီးတစ်ကောင်ရှိနေ၍ထိုးဟောင်ခြင်းပင်ဖြစ်သည်၊ ၎င်းအဖြစ်အပျက်ကို.

.အရှင်ဝိရမိ သတိမထားမိလိုက်ပါ……..

ထိုအချိန်…ဝုန်း..ဝုန်း..ဆိုတဲ့ အသံကြောင့်….

 

အရှင်ဝိရမိ တစ်ပါးတည်း အကြောက်မဲ့ကင်းမယ့်

စွာဖြင့်. …ကျောင်းဝန်းကြီးထဲသို့ဆင်းကာခဲ့

လေသည်……

 

အဆက်မပြက် ဝုန်း..ဝုန်း……ဒုန်း…ဒုန်းဖြင့်

 

တစ်စုံတစ်ယောက် ကျောင်းဝန်းတံခါးအား

လူပ်ရမ်း.နေတဲ့မြင်ကွင်းကြောင့်

 

အရှင်ဝိရမိတ က….

“ဟိတ် ဘယ်သူလဲကွ…..ညကြီးအချိန်မတော်´´

 

ကြောက်စိတ်ဖြင့် အသံပြုလိုက်လေသည်၊

အရှင်ဝိရမိတ အသံကြောင့်

တံခါးက ရုတ်တရပ်ငြိမ်သက်သွားလေသည်၊

 

အရှင်ဝိရမိတလည်း..

မီးအိမ်ကို မြှောက်ပြီး….ခြံစည်းရိုးတံခါးပေါက်ဝနားသို့ချည်းကပ်ကာ

တံခါးအပေါက်ဝအား..ဖွင့်ချလိုက်ရာ……

 

“အံမယ်လေး..ဗုဒ္ဓေါ.. ….တ တရဲ..သရဲ..တွေ´´

 

လျက်တပြက်မြင်က်ကွင်းကြောင့်…

အရှင်ဝိရမိတ လန့် ၍ ယောင်အော်မိလိုက်ကာ…

ခန္တာကိုယ် လှဲကျသွားလေတော့သည်၊

 

အရင်အခါ အိပ်မက်ထဲက .. အမျိုးသားကြီးတစ်ဦးနှင့်ရွာသူရွာသားများ

ကျောင်းဝန်းအပေါက်ဝမှာ..ကြောက်မက်ဖွယ်

အသွင်သဏ္ဌာန် မြင်လိုက်ရခြင်းကြောင့်ဖြစ်သည်၊

 

.တကိုယ်လုံး …ဖြူဖက်ဖြူရော် ဖြစ်နေတဲ့ ထိုအမျိုးသားကြီးက မျက်ဆံမပါတဲ့ မဖြူရောင်

ုမျက်လုံးပြုးပြုးကြီးဖြင့် မကျေမနှပ်ကြည့်နေကြလေသည်၊

ထိုအတူ ကျတ်ကုန်းက ရွာသူရွာသားတွေလဲ.မကျေမနှပ်စွာဖြင့်..အရှင်ဝိရမိတ ကို.စိုက်ကြည့်

နေရင်း ရှေ့သို့တိုးလာကြကာ…..

 

န င်…ကို ..သတ်..မယ်…..သ တ်…မယ်…..

နင်…က…ငါ ..တို့..မြေ.ပေါ် ကျူးကျော်ပြီး

ငါတို့ရွာ ကို ပါ..ဖျက်..စီး..ဖို့

ကြိုး..စား..နေတဲ့…သူ……

 

နင်..က.ပုထုဇဉ်.. လူနဲ့မခြား..မနား..တဲ့

ရဟန်းပဲ……

 

ထိုမြင်ကွင်းကြောင့် အရှင်ဝိရမိလည်း ဘယ်လိုမှ

ဟန်မဆောင်နိုင်တော့ဘူး….ဇောချွေးတွေတောင် ကျလာကာ……..

 

“မ..လာ..နဲ.. ..ထွက်..သွား….ငါ…ဆီ..မလာ.နဲ

မကောင်းဆိုးဝါး.. တွေ….ထွက်..သွား…..သွား´´

 

ဝါး…ဟား.ဟားဟား.. ……

 

အရှင်ဝိရမိတ စကား…ကြောင့်….

အမျိုးသားကြီးက..နှင့်တကွ.ထို ကျတ် သရဲတွေလဲ.တဟား..ဟားဖြင့်..သဘောကာ

ေ..ကျာင်းပေါက်ဝနားသို့တရွေ့ရွေ့တိုးကပ်..လာလေသည်၊.

 

အရှင်ဝိရမိ လည်း…တစ်စုံတစ်ခု သတိရ၍.

အသက်ဝဝရူ့ကာ .ကျောင်းပေါ်သို့

ကုန်းရုန်းထပြေးဖို့.ကြိုးစားလေတော့သည်၊….

 

.ဘယ်အချိန်ကတည်းကမှ စောင့်နေတဲ့

မြွေကြီးလည်း မသိ..အရှင်ဝိရမိကျောင်းပေါ်တတ်

ပြေးဖို့ကြိုးစားနေချိန်မှာပဲ…..

လှေခါးထစ်နားအရောက်…

..အရှင်ဝိရမိ ခြေထောက်အား… မြွေကြီး.

အညိုးကြီးစွာဖြင့် ပေါက်ချလိုက်လေတော့သည်..

 

“အား.း.း´´

…..အား..ကနဲ…အရှင်ဝိရမိတ အော်သံကြီး…က….

ည..အမှောင်ကို လွှမ်းမိုးသွားပါလေတော့သည်၊၊

…………………………………………………..

 

အော်သံကြီးတွေကြောင့်….အားလုံးသော

ရွာသူရွာသားတွေ..လန့်၍ နိုးလာလေတော့သည်၊

 

“ဟဲ့..ဘာအသံကြီးတွေလဲ ကြားမိလိုက်လား

မနမ်ခမ်း..´´

 

“အေး.ကြားတယ်ဝှေ….တစ်ညလုံးလဲ အိပ်

မရပါဘူးဝှေ…´´

 

“ဟိုဟို..အသံက..ဘုန်းကြီးကျောင်းက..လာတာ

ထင်တယ်´´

 

“အေးဟုတ်လောက်တယ်…..

မဟုတ်မှလွယ်၍..

တို့.ေ.ကျာင်းထိုင်ဆရာတော်.တစ်ခုခု ဖြစ်နေမလား….?

 

တစ်အိမ်နဲ့တစ်အိမ် စကားတွေ.. အပြိုင်အဆိုင်

ပြောဆိုနေကြလေတော့သည်၊

ဒါဟာ နိုးနိုးကြားကြား ရှိတဲ့သဘောပါ…

အရေးအကြောင်းရှိရင်….တစ်ရွာလုံးစည်းလုံး

ဖို့မဟုတ်လား…ခဏာ အကြာ…သူကြီးတို့အုပ်စု…မီးတုတ်တွေဖြင့် ရောက်ရှိလာကာ.တစ်ရွာလုံးလူစု.ပြီး.ရွာဦးကျောင်းဝန်းကြီးသို့…

တတ်ညီလက်ညီနဲ ရှေ့တတ်လာကြလေသည်၊

ကျောင်းဝန်းကြီးထဲရောက်တော့..အရှင်ဝိရမိတ

ကျောင်းဆောင်နားက..ခွေခွေလေး လှဲနေ၍

အားလုံးကလဲ…စိုးရိမ်စွာဖြင့်..အရှင်ဝိရမိတ အနားသို့ပြေးလာကြလေသည်….

အနားရောက်တော့ အရှင်ဝိရမိ ဆရာတော်

အသက်မရှိတော့၍ ..အားလုံးကလဲ ဘယ်လိုကြောင့်သေဆုံးသွားသလဲဆိုတာ

အံ့အားသင့် ဖြစ်နေကြလေသည်၊

 

“ဘယ်လိုဖြစ်တာလဲသူကြီး…

ကျတ်ကုန်းက ပါရလောကသားတွေများ

သတ်လိုက်တာလား..´´

 

“ဟဲ့..ငါ ဘယ်လိုသိမလဲ..အောင်ကြီးရ..

နေအုန်း.

ဆရာတော်ကြည့်ရတာ..အဆိပ်တစ်ခုခုတတ်

နေပုံပဲ..၊

သူကြီးကဗဟုသုတရှိစွာဖြင့်…ဆရာတော်.

ခန္တာကိုယ်အားလိုက်လံရှာဖွေလိုက်တော့…..

သူကြီးမျက်လုံးပြုးသွားလေသည်….

 

“မြွေကိုက်လိုက်တာပဲ…..ဆရာတော်ကို.´´

 

!!ဗျာ….

သူကြီးစကားကြောင့်..အားလုံးကလဲ.

အံ့အားသင့်ဖြစ်နေကြလေသည်….

 

“ဒါဒါ..မြေနီကုန်းက မြွေကြီးကိုက်လိုက်

ထင်တယ်…´´

 

“အင်….ဖြစ်နိုင်တယ်..ဖြစ်နိုင်တယ်..

သူ့မြေပေါ်..ကျောင်းလာဆောက်လို့.

ကျတ်တွေက မြွေယောင်ဖန်ဆင်းပြီး..ဆရာတော်ကို သတ်လိုက်တာ…´`

 

“ဟုတ်…ပ….ဟုတ်ပ……….´´

 

တစ်ယောက်တစ်ပေါက်…ပြောဆိုသံတွေ

ထွက်ပါလာပါတော့သည်၊

သူကြီးက ထိုစကားဝိုင်းခဏရပ်ခိုင်းပြီး…

 

ဆရာတော်အလောင်းအားညတွင်းချင်း

မီးသဂြိုဟ် ဖို့သေချာပြုပြင်ကြလေတော့သည်…

ခဏအကြာ…ထင်းပုံကြီးပေါ်သို့

ဆရာတော်..အလာင်းအား တင်၍

လောင်စာဆီများဖြင့်.မီးရိူ့လိုက်ကြလေတော့သည်၊

 

အားလုံးကလဲ..စိတ်မကောင်းစွာဖြစ်နေကြပြီး.

တချို့လူတွေက…တရိုက့်ရိူက့်နဲ ငိုကြွေး နေကြ

တော့သည်၊

 

အခုအဖြစ်အပျက်လေးနဲ့ပတ်သတ်ပြီး…မည်သူမှ

မအိပ်ရဲကြဘူး…ဒါနဲ့ပဲ…မိုးလင်းခဲ့ရလေသည်၊

မနက်မိုးလင်းတော့…သူကြီးအမိန့်ဖြင့်..မြေနီကုန်းက ထိုကျောင်းဆောင်သစ်ကြီးကို…

ရွာအန္တာရယ် ကင်းဖို့..ဖျက်စီးလိုက်ကြကာ…

 

ကန့်သတ်နယ်မြေဖြင့်တားမြစ်လိုက်ကြတော့သည်

 

ပြီးပါပြီ။

ကျူးကျော်မြေ (စ/ဆုံး)





ပေးလေခဲ့သည်။





…………………………………………………..






“ဟို..ဟို…

ဆောက်ကြတာပေါ့..

“ဗျာ´´
ထိပ်လန့် သွားမိလေသည်၊..

ဘုရား…

“အို.
ဖြစ်မှာပေါ့….
မောင်းထုတ်ရမှာဘဲ…..´´

လိုက်နာလိုက်ရလေသည်၊

ခံနေမိတော့သည် ၊

ရှင်းလင်းကြလေသည်..

ပြလေတော့သည်၊


ကြလေသည်။



နောက်ထပ် ဖြစ်လာမယ့်
…………………………………………………..



တွေ့လိုက်ရလေသည်..



တော့သည်၊

အရှင်ဝိရမိတလည်း .
ခက်နေမိတာအမှန်….

“ငါ အတ္တဆန်လေသွားသလား.?…
ဖြစ်မိသွားသလဲ..´´
လေးဝင်လာမိတော့သည်၊..

လေ……




……….
ဟေ!!
တွေ့ရလေတော့သည်၊
“ဟုတ်ပ ကြောက်စရာကြီး…´´

ကြတော့သည်၊…


တောက်´´

နေမိကြတော့သည်၊

………………………………………………….

အူး….အူး…..ဝူး……….

“ဂီး´´
ဖျန်း…ဖျန်း…ဖျန်း…
နိုးလာလေသည်
ဝုတ်…ဝုတ်…ဝုတ်….


“ကဲ..ကြာ´´


လေသည်……



အရှင်ဝိရမိတ က….


အရှင်ဝိရမိတလည်း..





န င်…ကို ..သတ်..မယ်…..သ တ်…မယ်…..
ကြိုး..စား..နေတဲ့…သူ……

ရဟန်းပဲ……



ဝါး…ဟား.ဟားဟား.. ……



လှေခါးထစ်နားအရောက်…

“အား.း.း´´
…………………………………………………..


မနမ်ခမ်း..´´

မရပါဘူးဝှေ…´´

ထင်တယ်´´

“အေးဟုတ်လောက်တယ်…..
မဟုတ်မှလွယ်၍..


သတ်လိုက်တာလား..´´

နေအုန်း.
နေပုံပဲ..၊


!!ဗျာ….

ထင်တယ်…´´


“ဟုတ်…ပ….ဟုတ်ပ……….´´

ထွက်ပါလာပါတော့သည်၊

လောင်စာဆီများဖြင့်.မီးရို့လိုက်ကြလေတော့သည်၊

တချို့လူတွေက…တရိုက့်ရိုက့်နဲ ငိုကြွေး နေကြ
တော့သည်၊



ပြီးပါပြီ။