ကျိန်စာသင့်မြေ(စ/ဆုံး)

Unicode Version

ကျိန်စာသင့်မြေ(စ/ဆုံး)
—————————-

စပ်ခွန်ဖနှင့်နန်းယိမ်းဆိုင်တို့လင်းမယားသည်ရှမ်းပြည်နယ်စပ်မြို့တမြို့တွင်နေထိုင်ကြရင်း

စီးပွားရေးလုပ်ကိုင်ကြရာအဆင်ပြေလာသဖြင့်စီးပွားရေးလုပ်ငန်းကြီးထူထောင်ရန်အတွက်

ရန်ကုန်မြို့ရှိစက်မှု့ဇုန်တစ်ခုတွင်မြေကွက်တစ်ကွက်ဝယ်လိုက်လေသည်။

မြေကွက်သည်တစ်ဧကကျော်ရှိရာစက်ရုံတစ်လုံးဆောက်ပြီးဘေးမြေကွက်တွင်သူတို့နေဘို့

အိမ်တစ်လုံးပင်အကျအနဆောက်ထားသည်သူတို့လင်မယားလဲနယ်စပ်ကအလုပ်နှင့်

သွားလိုက်လာလိုက်အလုပ်မျာလှိက်ရှိနေကာစက်ရုံဝင်းထဲကအိမ်တွင်အေးအေးဆေးဆေးမနေဖြစ်သေးပေ

စက်ရုံစဖွင့်ပြီးမကြာခင်တွင်သူတို့လင်မယားအတွက်စိတ်ရှုတ်စရာများကြုံလာရသည်။

သူတို့လင်မယားအားစက်ရုံမှုးကမရဲတရဲစကားဆိုလာသည်။

””သဌေးတို့ကိုပြောရမှာအားတော့နာပါတယ်——စက်ရုံမှာအခြောက်အလှန့်တွေရှိနေတယ်ခင်ဗျ——-တချို့အလုပ်သမားတွေကကြောက်လို့ထွက်ကုန်ကြတယ်—–”””

”””မဖြစ်နိုင်တာကွာ—–စက်ရုံကအသစ်ကြီးဟာ—–ဘာမှလဲဖြစ်ထားတာမဟုတ်မင်းတို့စိတ်ထင်လို့နေမှာပါ”””’

””ဒီကိစ္စကိုရှောက်ပြောမနေနဲ့နော်—-ကောလဟာလတွေနေမှာပါ—–ယုံထင်ကြောင်ထင်တွေပါ””’

သူတို့လင်မယားစကားကြောင့်စက်ရုံမှုးလဲဘာမှထပ်မပြောရဲတော့ပဲနေလိုက်သည်။

သို့ပေမဲ့စက်ရုံသည်ဖွင့်ကာစတွင်သာအလုပ်အနည်းငယ်ဖြစ်ကာတစတစလုပ်ငန်းကျဆင်းလာသည်။

ဒါနဲ့သူတို့လင်မယားစက်ရုံတွင်အခြေချနေထိုင်ကြည့်ကြသည်ထိုအခါစက်ရုံဝင်းအတွင်းထူးဆန်းသည်များတွေ့ရလေသည်။

တစ်ညတွင်သူတို့လင်မယားအိပ်မပျော်သေးဘဲသူတို့အိမ်ဝရံတာမှာစကားပြောနေရင်း

စက်ရုံဝင်းထဲအရိပ်မဲများသွားလာနေသည်ကိုမြင်ကြရာအလွန်လန့်သွားကြသည်။

ထိုအရိပ်မဲများသည်ရွှေ့လျားသွားလာနေသည်မှာလျှင်မြန်လွန်းနေကာမျက်စိရှေ့မှာပင်

ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကာနီးလာလိုက်ဝေးသွားလိုက်ဖြင့်ခြောက်ခြားစရာကောင်းနေသည်။

သူတို့လင်မယားမထဘူးသောကြက်သီးများထနေကာခေါင်းနပန်းများကြီး၍လာသည်။

မကြောက်စဖူးအရမ်းကိုတုန်လှုပ်သွားကာတံခါးများပိတ်၍စောစောအိပ်ရာဝင်လိုက်သည်။

ထိုညကသူတို့လင်းမယားအလွန်းထူးဆန်းသောအိမ်မက်ကိုပြိုင်တူမက်နေကြသည်။

အိမ်မက်ထဲတွင်လူတစုသည်လယ်မြေဟုယူဆရသည့်မြေကွက်တခုပေါ်တွင်

ဖရောင်းတိုင်များအမွှေးတိုင်များထွန်းကာမြေပေါ်တွင်ဌက်ပျောဖက်များခင်းထားသည့်

အပေါ်၌သားစိမ်းငါးစိမ်းနှင့်စားသောက်ဖွယ်ရာများခင်းကျင်းကာလက်အုပ်ချီ၍

နှုတ်မှတစုံတစ်ရာကိုရွှတ်ဆိုနေကြလေသည်ထိုသို့ရွတ်ဆိုနေရင်းသူ့တို့ပတ်ဝန်းကျင်တွင်

မဲမဲအခိုးအငွေ့များလွှမ်းခြုံ၍လာသည်ကိုအံ့သြဖွယ်မြင်ကြရလေသည်။

ထိုသူများသည်ဘာတွေရွတ်နေသည်မသိအဆက်မပြတ်ရွတ်ဆိုသံကသူတို့အားအိမ်မက်ကလန့်နိုးသွားစေသည်။

မနက်မိုးလင်းတော့သူတို့လင်မယားညကအိမ်မက်နှင့်ညဘက်စက်ရုံဝင်းထဲကထူးဆန်းမှု့များအဖြေရှာရင်း

””မိန်းမရေဒီမြေကွက်က—-မြေမသန့်ဘူးလို့ငါသံသယဖြစ်တယ်——အလုပ်အကိုင်ကလဲအဆင်မပြေဘူး—–””’

””’ဟုတ်တယ်ကျွန်မအထင်တော့ဒီနေရာဟာအရင်ကင်္သချီူ င်းအဟောင်းတွေဘာတွေများဖြစ်နေသလားဘဲထင်မိတယ်”’

””မန်နေဂျာအကြံပေးတဲ့အတိုင်းဘုန်းကြီး၁၀ပါးလောက်ပင့်ပြီးရွတ်ရင်မကောင်းဘူးလား””’

””စောင့်ကြည့်ကြတာပေါ့ကွာ””’

နောက်ညများတွင်လဲသူတို့လင်မယားအိပ်ပျော်နေတုန်းငိုသံများကြားနေရကာ

လန့်နိုးသွားကြသည်သူတို့လင်မယားအလွန်စိုးရိမ်စိတ်သောကတွေဖြစ်လာသည်။

စက်ရုံအစောင့်များလဲရှိနေပေမဲ့သူတို့ကြည့်ရသည်မှာတစ်စုံတစ်ရာကိုကြောက်လန့်နေပုံရလေသည်။

””’ဟီးးးးးဟီးးငါတို့မြေတွေပြန်ပေး—””’

””ဒီမြေမှာမနေကြနဲ့——ဖယ်ပေး—–””

‘ငိုသံသည်ပီပီသသကျယ်လာကာသူတို့လင်မယားအိမ်ထဲကလာသည့်အသံဟုထင်ကာ

ကြောက်ကြောက်လန့်လန့်နှင့်လိုက်ရှာကြလေသည်

ငိုသံသည်ဆွဲဆွဲငင်ငင်ငိုနေသလိုသူတို့အိမ်ထဲမှထင်ပေမဲ့ဘာမှမတွေ့ရပါ

ထိုငိုသံများသည်သူတို့နားထဲဝေးသွားလိုက်နီးလာလိုက်တိုးလိုက်ကျယ်လိုက်နှင့်စိတ်ခြောက်ခြားစေသည်။

သူတို့ကအယူသီးသူများမဟုတ်သလိုအယုံအကြည်မရှိသူများလဲဖြစ်သည်။

သိုပေမဲ့သူတို့အတွက်စိတ်အနှောက်အယှက်အလွန်ဖြစ်နေသည်မမြင်ရသောအရာများကခြောက်လှန့်နေသည်ဟုထင်သည်ဘာမှန်းသဲကွဲစွာမသိပါ။

တစ်ချို့အကြံပေးကြသည့်အတိုင်းစက်ရုံဝင်းထဲမှမြေကိုစတိအဖြစ်မြေလှန်လိုက်ပေမဲ့ဘာမှအကြောင်းမထူးပါ

စက်ရုံထဲဘုန်းကြီးပဋ္ဌာန်းကိုအကျယ်ကြီးဖွင့်ထားရာပို၍ဆိုးကာဟို့လူ့ဝင်ပူးသလိုလိုဒီလူ့ဝင်ပူးသလိုလိုဖြစ်လာသည်။

နောက်ရက်များတွင်တော့သူတို့အတွက်အကုသိုလ်များဆက်တိုက်ဆိုသလိုရောက်၍လာသည်။

စက်ရုံစောင့်သည်ညဘက်စောင့်ရင်းဗိုက်ဆာရင်စားဘို့ထမင်းဗူးထည့်၍လာသည်။

ဟင်းကလဲအမဲသားဟင်းဖြစ်ကာထမင်းဘူးအားစက်ရုံဂိတ်ဝအစောင်ခန်းလေးထဲ၌ထားကာ

စက်ရုံတစ်ပတ်ပတ်ကြည့်လေသည်သ့ူအခန်လေးထဲပြန်ရောက်တော့ထမင်းဘူးထဲ

ဘာမှမရှိတော့ပေသူတံခါးပိတ်ထား၍ခွေးဝင်စရာလဲမရှိခြေရာလက်ရာလဲမပျက်ပဲထမင်းဟင်းများ

ပျောက်ချင်းမလှပျောက်၍သွားရာဘာမှန်းညာမှန်းမသိစိတ်တိုတိုနှင့်ကလော်တုတ်ပြစ်လိုက်သည်။

””’ငါ#$%&*@$%#@သားတွေ”””

သူလဲစားစရာမရှိတော့၍လိုရမယ်ရဝယ်လာသောဆေးပေါ့လိပ်ကလေးခိုးသောက်မည်ဟုမီးညှိတုန်းရှိသေး

သူ့နောက်ကျောဘက်မှအရိပ်မဲတစ်ခုပေါ်လာကာသူလှည့်ကြည့်လိုက်တော့

အရိပ်မဲကြီးသည်ရှည်၍သွားလေသည်သူလဲအလွန်လန့်၍လက်ထဲကဆေးလိပ်လွတ်ချလိုက်မိရာ

သူ့ဆေးလိပ်သည်လေထဲတွင်မြောက်နေကာမီးခိုးများထွက်၍ဖွာနေသလိုဖြစ်နေသည်။

သူ့တစ်ကိုယ်လုံးနတ်ပူးနေသလိုတုန်တက်နေကာကြက်သီးများတဖျန်းဖျန်းထ၍နေသည်။

သူအသားကုန်အော်ချင်ပေမဲ့သူ့အသံဝင်နေသလိုမသံကထွက်၍မလာပေ။

သူလဲဘယ်လိုမှသည်းညီးမခံနိုင်တော့မိုးလင်းအောင်လဲမစောင့်နိုင်တော့ပဲတစ်ချိူးတည်းလစ်လေသည်။

ညဘက်အလုပ်ဆင်းသည့်အလုပ်သမားများလည်းဟိုနေရာအခြောက်ခံရဒီနေရာအခြောက်ခံရနှင့်

တိုးတိုးတိုးတိုးပြောရင်းထိုသတင်းကတောမီးပမာတစ်ဖြေးဖြေးကျယ်ပြန်၍လာသည်

စက်ရုံအလုပ်သမားများအလုပ်ထဲထိခိုက်ဒဏ်ရာရသဖြင့်သွေးသံတစ်ရဲရဲဆေးရုံပြေးကြပြန်သည်။

ဒီလိုရက်ခြား၍အလုပ်သမားများဖြစ်လာသောအခါစက်ကိုင်မည့်အလုပ်သမားများကြောက်၍လာသည်။

စက်ရုံထဲပြသာနာပေါင်းစုံနှင့်စိတ်ရှုတ်နေရသည့်အထဲအော်ဒါပစ္စည်းများအရည်အသွေးမမှီ၍ပြန်ပို့ရာ

လျှော်လိုက်ရသည်မှာသောက်သောက်လဲနောက်ဆုံးလုံးလုံးအရှုံးပေါ်လာတော့ကြံရာမရဖြစ်၍လာသည်။

သူတို့လင်မယားအားအသိတစ်ယောကိအကူအညီနှင့်အလွန်နံမည်ကြီးနေသောဘုန်းကြီးတစ်ပါးဆီခေါ်သွားလေသည်။

ဆရာတော်ကြီးကဟိတ်ဟန်မရှိပကတိအေးချမ်းသောအသွင်ရှိကာသူတို့လင်းမယားကိုမိန့်လိုက်သည်။

””တကာတို့မြေက—ကျိန်စာသင့်မြေဖြစ်နေတယ်ကွဲ့——-
ကျိန်စာတိုက်သူတွေလဲအပြစ်မဆိုသာပါဘူး——–သူတို့ခင်ဗျာလုပ်ကိုင်စားသောက်နေတဲ့နေရာလေးအသိမ်းခံရတော့မကျေနပ်လို့—–ကျိန်စာတိုက်ထားကြတာကွဲ့’—

တစ်ချို့လဲသေကုန်တော့စွဲမိစွဲရာစွဲပြီးဒီမြေရောက်လာကြတာပေါ့ကွယ်—–အတော်ကြောက်စရာကောင်းတဲ့အစွဲတွေပေါ့ကွယ်—–ကံနိမ့်တဲ့သူကခံရတာပေါ့ကွယ်—

အကောင်းဆုံးကဒီမြေကိုရောင်းပြစ်လိုက်ပါ—-””’

ဆရာတော်ကြီးစကားကြားတော့သူတို့လင်မယားအလွန်စိတ်ဆင်းရဲသွားလေသည်။

အလုပ်သမားများကလည်းဆန္ဒပြမည်တကဲကဲဖြစ်နေ၍နောက်ဆုံး၃လစာကြိုထုတ်ပေးကာ

စက်ရုံကိုရတဲ့ရတဲ့ဈေးနှင့်ရောင်းလိုက်၍အကြွေးများပင်ထိုး၍ဆပ်လိုက်ရသည်။

နောက်ဝယ်သူကလည်းအဆင်မပြေဒေဝါလီခံလိုက်ရကာစက်ရုံပိတ်ပြစ်လိုက်ရပြန်သည်။

ကျိန်စာတိုက်သည်မှာအလွန်ပင်ကြောက်စရာကောင်းလှပေသည်ရှေးခေတ်ကဘုရင်များ

လက်ထက်တွင်တစ်ချို့ဘုရားပုထိုးစေတီများအားမဖျက်စီးနိုင်အောင်ကျိန်စာတိုက်သည်ကိုဖတ်ရပေသည်။

ယုံတာမယုံတာအပထားတစ်ချို့ကျိန်စာများသည်နှစ်ပေါင်းများစွာတည်ရှိနေတာညင်း၍မရပေ

ထို့ကြောင့်ရှေးလူကြီးများကသူတစ်ပါးပဲကျိန်ကျိန်မိမိကိုယ်ပဲကျိန်ကျိန်

မကျိန်ရဘူးဟုသွန်သင်လေ့ရှိသည်အကဟ်၍မမှန်မကန်ကျိန်မိပါက

ကိုယ်တိုင်ပြန်ခံစားရသည့်ဥပမာများစွာလဲရှိနေသည့်အတွက်ကျိန်စာအကြောင်း

ကြောက်စရာကောင်းပုံကိုတင်ပြပေးလိုက်ပါသည်။

ပြီး

D Moe Moe

Zawgyi Version

က်ိန္စာသင့္ေျမ(စ/ဆံုး)
—————————-

စပ္ခြန္ဖႏွင့္နန္းယိမ္းဆိုင္တို့လင္းမယားသည္ရွမ္းျပည္နယ္စပ္ျမိဳ႕တျမိဳ႕တြင္ေနထိုင္ႀကရင္း

စီးပြားေရးလုပ္ကိုင္ႀကရာအဆင္ေျပလာသျဖင့္စီးပြားေရးလုပ္ငန္းႀကီးထူေထာင္ရန္အတြက္

ရန္ကုန္ျမို႔ရွိစက္မႈ႕ဇုန္တစ္ခုတြင္ေျမကြက္တစ္ကြက္ဝယ္လိုက္ေလသည္။

ေျမကြက္သည္တစ္ဧကေက်ာ္ရွိရာစက္ရုံတစ္လံုးေဆာက္ျပီးေဘးေျမကြက္တြင္သူတို့ေနဘို့

အိမ္တစ္လံုးပင္အက်အနေဆာက္ထားသည္သူတို့လင္မယားလဲနယ္စပ္ကအလုပ္ႏွင့္

သြားလိုက္လာလိုက္အလုပ္မ်ာလိွက္ရွိေနကာစက္ရုံဝင္းထဲကအိမ္တြင္ေအးေအးေဆးေဆးမေနျဖစ္ေသးေပ

စက္ရုံစဖြင့္ျပီးမႀကာခင္တြင္သူတို့လင္မယားအတြက္စိတ္ရႈတ္စရာမ်ားႀကံဳလာရသည္။

သူတို့လင္မယားအားစက္ရုံမႈးကမရဲတရဲစကားဆိုလာသည္။

””သေဌးတို့ကိုေျပာရမွာအားေတာ့နာပါတယ္——စက္ရုံမွာအေျခာက္အလွန႔့္ေတြရွိေနတယ္ခင္ဗ်——-တခ်ိဳ႕အလုပ္သမားေတြကေႀကာက္လို့ထြက္ကုန္ႀကတယ္—–”””

”””မျဖစ္ႏုိင္တာကြာ—–စက္ရုံကအသစ္ႀကီးဟာ—–ဘာမွလဲျဖစ္ထားတာမဟုတ္မင္းတို့စိတ္ထင္လို့ေနမွာပါ”””’

””ဒီကိစၥကိုေရွာက္ေျပာမေနနဲ႔ေနာ္—-ေကာလဟာလေတြေနမွာပါ—–ယံုထင္ေႀကာင္ထင္ေတြပါ””’

သူတို့လင္မယားစကားေႀကာင့္စက္ရုံမႈးလဲဘာမွထပ္မေျပာရဲေတာ့ပဲေနလိုက္သည္။

သို့ေပမဲ႔စက္ရုံသည္ဖြင့္ကာစတြင္သာအလုပ္အနည္းငယ္ျဖစ္ကာတစတစလုပ္ငန္းက်ဆင္းလာသည္။

ဒါနဲ႔သူတို့လင္မယားစက္ရုံတြင္အေျခခ်ေနထိုင္ႀကည့္ႀကသည္ထိုအခါစက္ရုံဝင္းအတြင္းထူးဆန္းသည္မ်ားေတြ႔ရေလသည္။

တစ္ညတြင္သူတို့လင္မယားအိပ္မေပ်ာ္ေသးဘဲသူတို့အိမ္ဝရံတာမွာစကားေျပာေနရင္း

စက္ရုံဝင္းထဲအရိပ္မဲမ်ားသြားလာေနသည္ကိုျမင္ႀကရာအလြန္လန့္သြားႀကသည္။

ထိုအရိပ္မဲမ်ားသည္ေရႊ႔လ်ားသြားလာေနသည္မွာလ်ွင္ျမန္လြန္းေနကာမ်က္စိေရွ့မွာပင္

ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနကာနီးလာလိုက္ေဝးသြားလိုက္ျဖင့္ေျခာက္ျခားစရာေကာင္းေနသည္။

သူတို့လင္မယားမထဘူးေသာႀကက္သီးမ်ားထေနကာေခါင္းနပန္းမ်ားႀကီး၍လာသည္။

မေႀကာက္စဖူးအရမ္းကိုတုန္လႈပ္သြားကာတံခါးမ်ားပိတ္၍ေစာေစာအိပ္ရာဝင္လိုက္သည္။

ထိုညကသူတို့လင္းမယားအလြန္းထူးဆန္းေသာအိမ္မက္ကိုျပိဳင္တူမက္ေနႀကသည္။

အိမ္မက္ထဲတြင္လူတစုသည္လယ္ေျမဟုယူဆရသည့္ေျမကြက္တခုေပၚတြင္

ဖေရာင္းတိုင္မ်ားအေမႊးတိုင္မ်ားထြန္းကာေျမေပၚတြင္ဌက္ေပ်ာဖက္မ်ားခင္းထားသည့္

အေပၚ၌သားစိမ္းငါးစိမ္းႏွင့္စားေသာက္ဖြယ္ရာမ်ားခင္းက်င္းကာလက္အုပ္ခ်ီ၍

ႏႈတ္မွတစံုတစ္ရာကိုရႊတ္ဆိုေနႀကေလသည္ထိုသို့ရြတ္ဆိုေနရင္းသူ့တို့ပတ္ဝန္းက်င္တြင္

မဲမဲအခိုးအေငြ႔မ်ားလႊမ္းျခံု၍လာသည္ကိုအံ႕ႀသဖြယ္ျမင္ႀကရေလသည္။

ထိုသူမ်ားသည္ဘာေတြရြတ္ေနသည္မသိအဆက္မျပတ္ရြတ္ဆိုသံကသူတို့အားအိမ္မက္ကလန့္ႏုိးသြားေစသည္။

မနက္မိုးလင္းေတာ့သူတို့လင္မယားညကအိမ္မက္ႏွင့္ညဘက္စက္ရုံဝင္းထဲကထူးဆန္းမႈ႕မ်ားအေျဖရွာရင္း

””မိန္းမေရဒီေျမကြက္က—-ေျမမသန့္ဘူးလို့ငါသံသယျဖစ္တယ္——အလုပ္အကိုင္ကလဲအဆင္မေျပဘူး—–””’

””’ဟုတ္တယ္က်ြန္မအထင္ေတာ့ဒီေနရာဟာအရင္ကသၤခ်ီဴ င္းအေဟာင္းေတြဘာေတြမ်ားျဖစ္ေနသလားဘဲထင္မိတယ္”’

””မန္ေနဂ်ာအႀကံေပးတဲ႔အတိုင္းဘုန္းႀကီး၁၀ပါးေလာက္ပင့္ျပီးရြတ္ရင္မေကာင္းဘူးလား””’

””ေစာင့္ႀကည့္ႀကတာေပါ့ကြာ””’

ေနာက္ညမ်ားတြင္လဲသူတို့လင္မယားအိပ္ေပ်ာ္ေနတုန္းငုိသံမ်ားႀကားေနရကာ

လန့္ႏုိးသြားႀကသည္သူတို့လင္မယားအလြန္စိုးရိမ္စိတ္ေသာကေတြျဖစ္လာသည္။

စက္ရုံအေစာင့္မ်ားလဲရွိေနေပမဲ႔သူတို့ႀကည့္ရသည္မွာတစ္စံုတစ္ရာကိုေႀကာက္လန့္ေနပံုရေလသည္။

””’ဟီးးးးးဟီးးငါတို့ေျမေတြျပန္ေပး—””’

””ဒီေျမမွာမေနႀကနဲ႔——ဖယ္ေပး—–””

‘ငိုသံသည္ပီပီသသက်ယ္လာကာသူတို့လင္မယားအိမ္ထဲကလာသည့္အသံဟုထင္ကာ

ေႀကာက္ေႀကာက္လန့္လန့္ႏွင့္လိုက္ရွာႀကေလသည္

ငိုသံသည္ဆြဲဆြဲငင္ငင္ငိုေနသလို္သူတို့အိမ္ထဲမွထင္ေပမဲ႔ဘာမွမေတြ႔ရပါ

ထိုငိုသံမ်ားသည္သူတို့နားထဲေဝးသြားလိုက္နီးလာလိုက္တိုးလိုက္က်ယ္လိုက္ႏွင့္စိတ္ေျခာက္ျခားေစသည္။

သူတို့ကအယူသီးသူမ်ားမဟုတ္သလိုအယံုအႀကည္မရွိသူမ်ားလဲျဖစ္သည္။

သိုေပမဲ႔သူတို့အတြက္စိတ္အေႏွာက္အယွက္အလြန္ျဖစ္ေနသည္မျမင္ရေသာအရာမ်ားကေျခာက္လွန့္ေနသည္ဟုထင္သည္ဘာမွန္းသဲကြဲစြာမသိပါ။

တစ္ခ်ိဳ႕အႀကံေပးႀကသည့္အတိုင္းစက္ရုံဝင္းထဲမွေျမကိုစတိအျဖစ္ေျမလွန္လိုက္ေပမဲ႔ဘာမွအေႀကာင္းမထူးပါ

စက္ရုံထဲဘုန္းႀကီးပ႒ာန္းကိုအက်ယ္ႀကီးဖြင့္ထားရာပို၍ဆိုးကာဟို့လူ႔ဝင္ပူးသလိုလိုဒီလူ့႔ဝင္ပူးသလိုလိုျဖစ္လာသည္။

ေနာက္ရက္မ်ားတြင္ေတာ့သူတို့အတြက္အကုသိုလ္မ်ားဆက္တိုက္ဆိုသလိုေရာက္၍လာသည္။

စက္ရုံေစာင့္သည္ညဘက္ေစာင့္ရင္းဗိုက္ဆာရင္စားဘို့ထမင္းဗူးထည့္၍လာသည္။

ဟင္းကလဲအမဲသားဟင္းျဖစ္ကာထမင္းဘူးအားစက္ရုံဂိတ္ဝအေစာင္ခန္းေလးထဲ၌ထားကာ

စက္ရုံတစ္ပတ္ပတ္ႀကည့္ေလသည္သ့ူအခန္ေလးထဲျပန္ေရာက္ေတာ့ထမင္းဘူးထဲ

ဘာမွမရွိေတာ့ေပသူတံခါးပိတ္ထား၍ေခြးဝင္စရာလဲမရွိေျခရာလက္ရာလဲမပ်က္ပဲထမင္းဟင္းမ်ား

ေပ်ာက္ခ်င္းမလွေပ်ာက္၍သြားရာဘာမွန္းညာမွန္းမသိစိတ္တိုတိုႏွင့္ကေလာ္တုတ္ျပစ္လိုက္သည္။

””’ငါ#$%&*@$%#@သားေတြ”””

သူလဲစားစရာမရွိေတာ့၍လိုရမယ္ရဝယ္လာေသာေဆးေပါ့လိပ္ကေလးခိုးေသာက္မည္ဟုမီးညိွိတုန္းရွိေသး

သူ့ေနာက္ေက်ာဘက္မွအရိပ္မဲတစ္ခုေပၚလာကာသူလွည့္ႀကည့္လိုက္ေတာ့

အရိပ္မဲႀကီးသည္ရွည္၍သြားေလသည္သူလဲအလြန္လန့္၍လက္ထဲကေဆးလိပ္လြတ္ခ်လိုက္မိရာ

သူ႔ေဆးလိပ္သည္ေလထဲတြင္ေျမာက္ေနကာမီးခိုးမ်ားထြက္၍ဖြာေနသလိုျဖစ္ေနသည္။

သူ႔တစ္ကိုယ္လံုးနတ္ပူးေနသလိုတုန္တက္ေနကာႀကက္သီးမ်ားတဖ်န္းဖ်န္းထ၍ေနသည္။

သူအသားကုန္ေအာ္ခ်င္ေပမဲ႔သူ႔အသံဝင္ေနသလိုမသံကထြက္၍မလာေပ။

သူလဲဘယ္လိုမွသည္းညီးမခံႏုိင္ေတာ့မိုးလင္းေအာင္လဲမေစာင့္ႏုိင္ေတာ့ပဲတစ္ခ်ိဴးတည္းလစ္ေလသည္။

ညဘက္အလုပ္ဆင္းသည့္အလုပ္သမားမ်ားလည္းဟိုေနရာအေျခာက္ခံရဒီေနရာအေျခာက္ခံရႏွင့္

တိုးတိုးတိုးတိုးေျပာရင္းထိုသတင္းကေတာမီးပမာတစ္ေျဖးေျဖးက်ယ္ျပန္၍လာသည္

စက္ရုံအလုပ္သမားမ်ားအလုပ္ထဲထိခိုက္ဒဏ္ရာရသျဖင့္ေသြးသံတစ္ရဲရဲေဆးရုံေျပးႀကျပန္သည္။

ဒီလိုရက္ျခား၍အလုပ္သမားမ်ားျဖစ္လာေသာအခါစက္ကိုင္မည့္အလုပ္သမားမ်ားေႀကာက္၍လာသည္။

စက္ရုံထဲျပသာနာေပါင္းစံုႏွင့္စိတ္ရႈတ္ေနရသည့္အထဲေအာ္ဒါပစၥည္းမ်ားအရည္အေသြးမမွီ၍ျပန္ပို့ရာ

ေလ်ွာ္လိုက္ရသည္မွာေသာက္ေသာက္လဲေနာက္ဆံုးလံုးလံုးအရႈံးေပၚလာေတာ့ႀကံရာမရျဖစ္၍လာသည္။

သူတို့လင္မယားအားအသိတစ္ေယာကိအကူအညီႏွင့္အလြန္နံမည္ႀကီးေနေသာဘုန္းႀကီးတစ္ပါးဆီေခၚသြားေလသည္။

ဆရာေတာ္ႀကီးကဟိတ္ဟန္မရွိပကတိေအးခ်မ္းေသာအသြင္ရွိကာသူတို့လင္းမယားကိုမိန့္လိုက္သည္။

””တကာတို့ေျမက—က်ိန္စာသင့္ေျမျဖစ္ေနတယ္ကြဲ႔——-
က်ိန္စာတိုက္သူေတြလဲအျပစ္မဆိုသာပါဘူး——–သူတို့ခင္ဗ်ာလုပ္ကိုင္စားေသာက္ေနတဲ႔ေနရာေလးအသိမ္းခံရေတာ့မေက်နပ္လို့—–က်ိန္စာတိုက္ထားႀကတာကြဲ႔’—

တစ္ခ်ိဳ႕လဲေသကုန္ေတာ့စြဲမိစြဲရာစြဲျပီးဒီေျမေရာက္လာႀကတာေပါ့ကြယ္—–အေတာ္ေႀကာက္စရာေကာင္းတဲ႔အစြဲေတြေပါ့ကြယ္—–ကံနိမ့္တဲ႔သူကခံရတာေပါ့ကြယ္—

အေကာင္းဆံုးကဒီေျမကိုေရာင္းျပစ္လိုက္ပါ—-””’

ဆရာေတာ္ႀကီးစကားႀကားေတာ့သူတို့လင္မယားအလြန္စိတ္ဆင္းရဲသြားေလသည္။

အလုပ္သမားမ်ားကလည္းဆႏၵျပမည္တကဲကဲျဖစ္ေန၍ေနာက္ဆံုး၃လစာႀကိုထုတ္ေပးကာ

စက္ရုံကိုရတဲ႔ရတဲ႔ေစ်းႏွင့္ေရာင္းလိုက္၍အေႀကြးမ်ားပင္ထိုး၍ဆပ္လိုက္ရသည္။

ေနာက္ဝယ္သူကလည္းအဆင္မေျပေဒဝါလီခံလိုက္ရကာစက္ရုံပိတ္ျပစ္လိုက္ရျပန္သည္။

က်ိန္စာတိုက္သည္မွာအလြန္ပင္ေႀကာက္စရာေကာင္းလွေပသည္ေရွးေခတ္ကဘုရင္မ်ား

လက္ထက္တြင္တစ္ခ်ိဳ႕ဘုရားပုထိုးေစတီမ်ားအားမဖ်က္စီးႏုိင္ေအာင္က်ိန္စာတိုက္သည္ကိုဖတ္ရေပသည္။

ယံုတာမယံုတာအပထားတစ္ခ်ိဳ႕က်ိန္စာမ်ားသည္ႏွစ္ေပါင္းမ်ားစြာတည္ရွိေနတာညင္း၍မရေပ

ထို့ေႀကာင့္ေရွးလူႀကီးမ်ားကသူတစ္ပါးပဲက်ိန္က်ိန္မိမိကိုယ္ပဲက်ိန္က်ိန္

မက်ိန္ရဘူးဟုသြန္သင္ေလ့ရွိသည္အကဟ္၍မမွန္မကန္က်ိန္မိပါက

ကိုယ္တိုင္ျပန္ခံစားရသည့္ဥပမာမ်ားစြာလဲရွိေနသည့္အတြက္က်ိန္စာအေႀကာင္း

ေႀကာက္စရာေကာင္းပံုကိုတင္ျပေပးလိုက္ပါသည္။

ျပီး

D Moe Moe