” ရေတွင်းထဲက တစ္ဆေ ”(စ/ဆုံး)

Unicode Version

” ရေတွင်းထဲက တစ္ဆေ ”(စ/ဆုံး)
———————————

( ၁ )

ကိုဘမောင် ကား စည်ပင် အရာရှိတစ်ဦး ဖြစ်သလို အစိုးရ၀န်ထမ်းဖြစ်သည့် အလျောက် ကျရာ နယ်မြေ အသီးသီးတွင် တာ၀န်ထမ်းဆောင်ရစမြဲဖြစ်သည်။ ယခုလည်း ရာထူးတိုးဖြင့် ဧရာ၀တီတိုင်း ဘိုကလေး မြို့နယ်သို့ ရွှေ့ပြောင်းရမည်ဟု အထက်က စာကျလာသဖြင့် ပြောင်းရန် ရွှေ့ရန်ပြင်ဆင်ရပြန်ပါတော့သည်။

ကိုဘမောင်မှာ အသက်လေးဆယ်ကျော် ၀န်းကျင် အမျိုးသားတစ်ယောက်ဖြစ်ပြီး နှင်းမြဆိုသော အမျိုးသမီး နှင့် အိမ်ထောင်ဖက်ဖြစ်လေသည်။ အိမ်ထောင်ပြု နောက်ကျသည်မို့လည်း ကိုဘမောင်၏ သားလေး ဖြိုးကိုသည် ယခု မှ အသက်ခြောက်နှစ်သာ ရှိလို့နေသည်။ ယခုလည်း မဖြစ်မနေ ပြောင်းရတော့မည်က တစ်ကြောင်းမို့ သားလေး၏ ကျောင်းပြောင်းဖို့ အရေးဘာညာ စသည်တို့ကလည်း အလုပ်ရှုပ်ရပြန်သည်။ သို့သော်လည်း အဆင်ပြေ ချောမွေ့သွားခဲ့သည်မို့ သိပ်မကြာခင် အချိန်လေး အတွင်းမှာပင် ကိုဘမောင် တို့ မိသားစု သုံးယောက်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှ နေ၍ ဧရာ၀တီတိုင်း ဘိုကလေး မြို့နယ်သို့ရောက်ခဲ့လေပါတော့၏။

+++++++++++

သူတို့ရောက်တော့ နယ်ခံ၀န်ထမ်းများကလည်း ဖော်ရွေကြပေသည်။ ၀န်ထမ်းလည်း ဖြစ်သလို မိသားစုလိုက်ဖြစ်သောကြောင့် သူတို့ နေထိုင်ရန် အတွက် လုံးချင်းအိမ်လေးတစ်ခုကို စီစဉ်ပေးကြသည်။

“ကဲ … ဆရာ ဘမောင် … ဆရာတို့က မိသားစု လိုက်နေမှာဆိုတော့ … ဒီအိမ်လေးက အသင့်တော်ဆုံးပါဗျာ … လူမနေတာတော့ နည်းနည်းကြာပြီဗျ ”

လိုက်ပါပို့ဆောင်ပေးသူ ဦးဘကြည်က ထိုသို့ပြောတော့ ကိုဘမောင်လည်း အိမ်ကလေးကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ အိမ်ကလေးမှာ တစ်ထပ် ပျဉ်ထောင်အိမ်ကလေး ။ ဆေးအမည်းများလား ရေနံချေးများလား မသဲကွဲပေမယ့်လည်း အပြင်ပန်းသဏ္ဍာန်လေးကို ကြည့်ရုံဖြင့် ထိုအိမ်ကလေးမှာ နေချင့်စဖွယ်တော့ ကောင်းနေသည်။

“မီးကြိုး ….ဘာညာလည်း … အရန်သင့်ပဲ ဆရာဘမောင် … ရေချိုးချင်ရင်တော့ အိမ်အနောက်က ရေတွင်းမှာ တုံကင် ရှိတယ် … အဲ့က နှိပ်ချိုးရုံပဲဗျ ”

“အင်းဗျ … ဆိုးတော့ မဆိုးလှဘူး … ဘေးခြံတွေကလည်း သူ့ဟာသူ တစ်သီးပုဂ္ဂလ နေပုံရတယ်နော် …. ဆူတာညံတာ စပ်စုတာတွေ မတွေ့ဘူးဗျ”

“ဟဲဟဲ … ဆိတ်ငြိမ်တော့ … ဆရာတို့လို အလုပ်များတဲ့ အရာရှိတွေ အတွက် သိပ်ဟန်ကျတာပေါ့ဗျာ … မဟုတ်ဖူးလား ”

“ဟုတ်ပဗျာ … ဟုတ်ပ ”

ကိုဘမောင်လည်း ဦးဘကြည် အပြောကိုထောက်ခံရင်း အိမ်ပတ်၀န်းကျင်ကိုကြည့်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်နေလိုက်သည်။ ပြီးမှ အိမ်အရှေ့ဖက် ခြံတောင့်တစ်နေရာတွင် ရှိနေသော အရာတစ်ခုဆီသို့ အကြည့်ကရောက်သွားလေတော့သည်။

“ဒါနဲ့ … ဟောဟိုကလည်း ရေတွင်းပဲ မဟုတ်လား … ဦးဘကြည် ”

ကိုဘမောင်က ထိုသို့ပြောရင်း သူတွေ့လိုက်ရာ ရေတွင်းဖက်သို့ ခပ်သွက်သွက်လျှောက်သွားလိုက်တော့သည်။ ဇနီးသည် နှင်းမြ နှင့် သားငယ်လေး ဖြိုးကို မှာတော့ ပစ္စည်းပစ္စယ များကို နေရာချရန် အတွက် အိမ်‌ထဲတောင် ၀င်သွားကြချေပြီ။

ကိုဘမောင်လည်း ထိုရေတွင်းအနားကိုရောက်တော့

“ဒီရေတွင်းက … ဘာဖြစ်လို့လဲဗျ ”

ဦးဘကြည်လည်း ကိုဘမောင် အမေးကို ဖြေဖို့ရာ ခက်ခဲနေသည်မို့ ခေါင်းကိုသာ တဗျင်းဗျင်းကုတ်နေတော့သည်။ ရေတွင်းကား ရေတွင်းပျက်ကလေး တစ်ခုသာ ။ သို့သော် ရေတွင်း နှုတ်ခမ်း၀ တွင်တော့ သစ်သား ပျဉ်ပြားများကို ကြက်ခြေခတ် သဏ္ဍာန် ထူးဆန်းစွာ ရိုက်ခတ်ထားလေ၏။

“ဒါက ရေတွင်းပျက် သပ်သပ်ပါ ဆရာဘမောင်ရယ် … ရေလည်း မထွက်တာ ကြာပြီလေ … အဲ့တော့ အပေါ်ကနေ ခုလို အဆင်ပြေသလိုလေး ပိတ်ထားလိုက်တာပါ ”

“အော် … ရေတွင်းပျက်ကလေးကိုး ”

“ရေ အတွက်ကတော့ … ပူစရာမလိုပါဘူး … အနောက်က တွင်းကတော့ ရေကြောရှိတယ် … ဆရာဘမောင် … အကြိုက်သာ သုံးပေတော့ ”

“အမလေး … ကျေးဇူးပါဗျာ … ကျုပ်တို့ မိသားစုလည်း ခင်များတို့လို ဖော်ရွေတဲ့ နယ်ခံတွေ နဲ့ တွေ့ရတာ သိပ်ကံကောင်းတယ်ဗျို့ ”

ကိုဘမောင်က ကျေနပ်အားရစွာပြောလိုက်လေတော့သည်။ ထိုအခါ ဦးဘကြည်လည်း

“ကဲဗျာ … ဆရာလေး တို့လည်း ခရီးပန်းလာကြရောပေါ့ … နဲနဲလောက် နားကြပါအုံးလား … လိုတာရှိရင်တော့ ကျုပ်ကို အချိန်မရွေးခေါ်ပါ … အားမနာနဲ့ ဟုတ်ပြီလား ”

“ကောင်းပါပြီဗျာ … ကောင်းပါပြီ ”

ထိုသို့ နှုတ်ဆက်ကာ ကိုဘမောင်တို့ ခြံကလေးထဲမှ ထွက်လာခဲ့လိုက်တော့သည်။ ခြံအပြင် အရောက် ရေတွင်းပျက်လေးကိုကြည့်လိုက်မိချိန်မှာတော့

“ဟာ …”

ဟု ရေရွတ်ကာ ထိုနေရာမှ ခပ်သုတ်သုတ်လစ်ထွက်ခဲ့လိုက်တော့သည်။ ဦးဘကြည်မြင်လိုက်ရသည်ကား အသက် နှစ်ဆယ့်ငါး သုံးဆယ်အကြား မိန်းကလေး တစ်ဦး ။ ရေတွင်း၏ နှုတ်ခမ်း၀တွင် ငုတ်တုတ်ထိုင်လို့ ။ အချိန်ကား ညနေ လေးနာရီ ။

+++++++++++

( ၂ )

“ဘယ်လိုလဲ … အိမ်က အဆင်ပြေရဲ့လား နှင်းရဲ့ ”

“ပြေပါတယ် … ရေကလည်း ပေါ … အရင်နေရာကလို ဆူဆူညံညံ အသံတွေလည်း မကြားရတော့ … စိတ်ချမ်းသာဖို့တော့ ကောင်းတယ်ရှင့် ”

“အင်းပါကွာ … မိန်းမသဘောကျရင် ပြီးတာပါပဲ ”

စသဖြင့် ကိုဘမောင် နှင့် နှင်းမြလည်း နယ်မြေ အသစ်မှာ ထွေရာလေးပါးစကားများကို ပြောရင်း အိပ်ရာ၀င်ချိန်ကိုစောင့်လိုက်ကြတော့ ။ သားငယ်လေး ဖြိုးကိုမှာလည်း သူ၏ ဖတ်လက်စ ကာတွန်းစာအုပ်ကို သေချာသိမ်းကာ အိပ်ရာထဲ၀င်သွားတော့သည်။ သိပ်မကြာခင်မှာပဲ ကိုဘမောင် နှင့် နှင်းမြ လည်း အသီးသီး အိပ်ရာ၀င်ခဲ့ကြပါတော့သည်။

မနက်ရောက်တော့ ကိုဘမောင်လည်း သူတာ၀န် ကျရာ ရုံးသို့တက်ရောက် အလုပ်ဆင်းလေပါတော့သည်။

“ဘယ်နှယ့်လဲ ဆရာ … နေရထိုင်ရ အဆင်ပြေရဲ့လား ”

ရုံးအကူ ဦးဘကြည်က ထိုသို့မေးလိုက်တော့

“ပြေတာတော့ ပြေပါတယ်ဗျ … ဒါပေမယ့် ”

“ဒါပေမယ့် … ဘာဖြစ်လို့လဲ ဆရာ”

“ဘာမှတော့ မဖြစ်ပါဘူး … နေရာ အသစ်ကို စရောက်တာဆိုတော့ … တော်တော် နဲ့ အိပ်လို့ဘယ်ပျော်ပါ့မလဲ ”

“ဟုတ်ပဗျာ … ဒီလိုပါပဲ … ကျုပ်က ဘာများ တစ်ခုခု ထူးခြားတာလဲလို့ ”

ကိုဘမောင်လည်း ဦးဘကြည်၏ ရုတ်တရက် လွှတ်ခနဲ ထွက်သွားသော စကားကြောင့်

“အရင်ကရော … ကျွန်တော် နေတဲ့ အိမ်က ဘာထူးခြားတာ ရှိလို့လဲ ”

“ဘာ … ဘာမှ မရှိပါဘူး … ကျုပ်လည်း လုပ်စရာလေး ရှိသေးလို့ ခွင့်ပြုပါအုံး ”

ဟုဆိုကာ ဦးဘကြည်လည်း သူ့အနီးမှ ထွက်သွားပါတော့သည်။ ကိုဘမောင်မှာတော့ စိတ်ထဲ ဇဝေဇဝါ ဖြစ်ကာ အတွေးမြောက်များစွာဖြင့် ကျန်ရစ်ခဲ့ပါလေတော့၏။

ထိုအိမ်လေးကို ရောက်ပြီး နှစ်ရက်မြောက်သည်အထိ ပကတိအေးဆေးနေတုန်းပင် ။ သို့သော် သုံးရက်မြောက်သည့်ည တွင်တော့ သူတို့ အိပ်ခန်းရှေ့မှ တရှပ်ရှပ် နှင့် ခြေသံ အချို့ကို အအိပ်ဆတ်သော ကိုဘမောင် ကြားလိုက်ရပါတော့သည်။

“သူခိုးများ ကပ်တာလား ” ဟူသော အတွေး နှင့်အတူ အိပ်ရာပေါ်မှ အသာဆင်းကာ အိပ်ခန်း ရှေ့သို့ထွက်ခဲ့လိုက်တော့သည်။ အချိန်ကား မနက်သုံးနာရီ ပင်ထိုးလုတော့မည်။ အိပ်ခန်းအပြင်ရောက်တော့ သူ့အားကျောပေးကာ အိမ်တံခါးမ ဖက်သို့ လျှောက်သွားနေသော အမျိုးသမီးတစ်ဦးကို ကိုဘမောင် တွေ့လိုက်ရတော့သည်။ ထိုအမျိုးသမီးမှာ ၀န်ထမ်း ၀တ်စုံလေးကို ၀တ်ဆင်ထားပြီး သက်လတ်ပိုင်း အရွယ်မျှသာရှိပေအုံးမည်။ ဆံပင်ကိုလည်း ဖားလျားကြီး ချထားကာ အိမ်အပြင်ဖက်ကို တစ်ရွှေ့ရွှေ့လျှောက်သွားနေလေသည်။ ကိုဘမောင် လည်း ဘယ်သူဘယ်ဝါ ဆိုသည်ကို သိလိုသည်ကတစ်ကြောင်း ဘယ်ချိန်တည်းက အိမ်ထဲရောက်နေသည်က တစ်ကြောင်း သိချင်စိတ် ပြင်းပြနေသည်မို့ နောက်မှ အသာကပ်လိုက်သွားလိုက်သည်။

ထိုအမျိုးသမီးလည်း တဖြေးဖြေး လျှောက်သွားရင်းမှ အိမ်ရှေ့တံခါး လှေကားထစ်လေးပေါ်မှ တလှမ်းချင်းဆင်းသွားလေသည်။ အိမ်ထောင့် ရေတွင်း နားအရောက်မှာတော့ ရုတ်ချည်းပျောက်ကွယ်သွားသည်ကို လရောင်ဖြင့် ကိုဘမောင် ထိတ်လန့်ဖွယ် တွေ့လိုက်ရလေတော့သည်။

“ဟာ …..”

ထိုအခါမှ ကိုဘမောင်လည်း ၎င်းအား သရဲခြောက်နေပြီကို သတိပြုမိကာ အိမ်ထဲ အမြန်ပြေး၀င်ပြီး တံခါးချက်ကိုထိုးလိုက်တော့သည်။ ပြီးနောက် အိပ်ရာထဲ ပြန်၀င်ကာ တတ်သမျှ ဘုရားစာများကို ရွတ်ဖတ်ရင်း ဘယ်ချိန်မှ အိပ်ပျော်သွားသည်မသိ။

“ကိုဘမောင် … ကိုဘမောင် … ထတော့လေ … အော် … ရုံးနောက်ကျတော့မယ် ”

ဇနီးသည် နှင်းမြ၏ အသံကြားမှာ ကိုဘမောင်လည်း အိပ်ရာထဲမှ လူးလဲထလိုက်လေတော့သည်။ လက်ပတ်နာရီလေးကိုကြည့်လိုက်တော့ မနက်ခုနစ်နာရီတောင် ခွဲလို့နေချေပြီ။ ညက အဖြစ်အပျက်ကြောင့် လူကလည်း အိပ်ရေးမ၀သလို မျက်လုံးများ ကျိန်းစက်လို့။ သို့သော်လည်း မနက်စာကို ကပျာကယာ စားသောက်ပြီး ရုံးသို့ရောက်အောင်သွားခဲ့လိုက်ပါတော့သည်။

ထိုမျှမကသေး ခြေသံများမှာ ညစဉ်ညတိုင်းကြားလာရသည်မို့ ကိုဘမောင် တစ်ယောက် အိပ်ရေးပျက်သောက ရောက်ရပါတော့သည်။ သို့သော်လည်း ချက်ချင်းပြောင်းပစ်ရန် မလွယ်သလို သူပြောလိုက်ပါက ဇနီး နှင့်သား ကြောက်လိမ့်မည်ကို စိုးရိမ်သောကြောင့် တစ်ယောက်တည်း ကြိတ်မှိတ်ခံစား နေရသည်။ ရက်သတ္တပတ် ခန့်ကြာတော့ ကိုဘမောင်လည်း အိပ်ရေးပျက်သည့် ဒဏ် များကြောင့် လူပင် အနည်းငယ် ယိုယွင်းလာလေတော့သည်။ သို့သော် တစ်ခုသော ညနေ သူတို့ ထမင်းစားနေချိန်တွင် ဖြစ်၏။

“ဖေဖေ … ဟိုမှာ အန်တီကြီး တစ်ယောက် သားတို့ ထမင်းစားနေတာကို ကြည့်နေတယ် ”

ဖြိုးကိုလည်း ထိုသို့ ပြောရင်း ဧည့်ခန်းမှ စတီခုံကြီးကို လက်ညှိုးထိုးပြလေ၏။ ထမင်းစားခန်းမှ နေ၍ ဧည့်ခန်းကို လှမ်းမြင်နေရသည်မဟုတ်ပါလား။ ထိုအခါ ဖြိုးကိုလေး၏ မိခင် နှင်းမြက

“ဘယ်မှာလဲ … သားရဲ့ … ဘယ်သူမှ မရှိပါဘူး ”

“ရှိတယ် … သားတို့ကိုကြည့်နေတာ … အဲ့အန်တီ မျက်နှာကြီးကလည်း ကြောက်စရာကြီး ဖေဖေ အလုပ်သွားရင် ၀တ်တဲ့ အ၀တ်တွေကိုလည်း ၀တ်ထားသေးတယ် ”

ဟူ၍သာ တွင်တွင်ပြောလေတော့သည်။ ကိုဘမောင်လည်း သားလေး၏ အပြောကြောင့် ဧည့်ခန်းရှိ စတီခုံနား ထသွားမည် အပြု ၎င်းခုံကြီးမှာ တစ်စုံတစ်ယောက်က ထိုင်ရာမှ ထသွားသည့်အလား ကျွီ ကနဲနေအောင် လှုပ်သွားလေပါတော့၏။

နောက်တစ်နေ့ညကား ကိုဘမောင်၏ ဇနီးဖြစ်သည် နှင်းမြ၏ အလှည့်သို့ရောက်ခဲ့ပြီ။ ၀တ္ထုစာအုပ်လေးကို ဖတ်ရင်း ငိုက်မြည်းလာသည်မို့ အပေါ့သွားရန် အိမ်ထဲမှ ထွက်ခဲ့လိုက်သည်။ ပြီးနောက် အိမ်သာ ထဲ၀င်ကာ အပေါ့သွားနေတုန်းမှာပင် အိမ်သာကို ပတ်လျှောက်နေသော ခြေသံ တရှပ်ရှပ်ကို ဦးစွာကြားလိုက်ရလေတော့သည်။

“ကိုဘမောင်လား …”

အပြင်က တုံ့ပြန်သံမကြားရ။ တစ်ဖန်

“အီး … ဟီး …ဟီး ”

ဆိုပြီး မိန်းမတစ်ယောက်၏ ငိုညည်းသံကြီးကို နှင်းမြ ကြားလိုက်ရပြန်လေတော့သည်။ ထိုခြံထဲတွင် မိန်းမသား ဟူ၍ သူမ တစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလား ။ နှင်းမြလည်း ထိုငိုညည်းသံ ကြီး နှင့်အတူ တစ်နေ့က သားလေး ဖြိုးကို ပြောသော ကြောက်စရာမိန်းမကြီးကို မျက်စိထဲ ပြန်မြင်ယောင်လာပါတော့သည်။ ကြက်သီးများလည်း တဖြန်းဖြန်း ထလာကာ ကိစ္စများကို အမြန်အပြီး သတ်လိုက်ပြီး အိမ်ထဲသို့ အပြေးတစ်ပိုင်းနှင့် ပြေးထွက်ခဲ့လိုက်ပါတော့သည်။ ခြေသံများက သူမ အနောက်သို့ ကပ်လိုက်နေဆဲပင်။

“နှင်းမြ …. ဘာဖြစ်လာတာလဲ ”

“မ … မသိဘူး … ကိုဘမောင် … မိန်းမ … မိန်းမ တစ်ယောက်ရဲ့ ငိုသံကြီး …. ပြီးတော့ ခြေသံတွေရော ”

ဆိုပြီး ငိုသံကြီးဖြင့်ပြောကာ ကိုဘမောင်၏ ရင်ခွင်ထဲကို ကလေးတစ်ယောက်လို တိုး၀င်နေပါတော့သည်။ ကိုဘမောင်လည်း နှင်းမြ ရဲ့ခေါင်းကို ပွတ်သပ်ရင်း

“မနက်ဖြန် …. ရုံးပိတ်တယ် … တို့ ဘုန်းကြီး ပင့်ပြီး အန္တရာယ်ကင်းလေး ဘာလေးရွတ်ကြတာပေါ့ ”

ထိုသို့ပြောတော့

“ကိုဘမောင် … သဘောပါ … နှင်းမြကတော့ သားလေး ကိုတစ်ခုခုလုပ်မှာပဲစိုးရိမ်တယ် ”

ဟူ၍ပြော‌လိုက်လေပေါတော့၏။ ထိုတစ်ညတာကတော့ သူတို့ ဇနီးမောင်နှံအတွက် အရှည်ဆုံးညဟုပင် ဆိုရပေတော့မည်။ နှစ်ယောက်သား ဘုရားစင်ရှေ့တွင် မနက်ဖြန်အတွက် တိုင်ပင် နှီးနှောရင်း မိုးအတော်ချုပ်မှသာ အိပ်ရာ၀င်ဖြစ်ခဲ့ကြတော့သည်။

++++++++++

( ၃ )

မနက်အာရုဏ်ဦးတော့ မြို့ဦးကျောင်းက ဆရာတော် ငါးပါး‌ပင့်ကာ လိုအပ်သော ပစ္စည်း ပရိတ်အက္ခရာများ ၀ယ်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတော့သည်။ ကိုဘမောင်မှာ ၀န်ထမ်း အကြီးအကဲလည်း ဖြစ်သည်မို့ တစ်ရုံးလုံးက ၀န်ထမ်းများက ထို အန္တရာယ်ကင်း ပရိတ်တရားနာပွဲသို့ တက်ရောက်ကြလေသည်။ အိမ်နီးနားချင်းများလည်းပါလေသည်။

ပရိတ်ရွတ်နေတုန်းမှာပင် ထူးဆန်းမှုတစ်ခုက ရုတ်ချည်း ဆိုသလိုဖြစ်ပေါ်လာတော့၏။ တရားနာနေသော ဧည့်ပရိတ်သတ်ထဲမှ အမျိုးသမီးတစ်ဦးက ထအော်လေတော့သည်။

“ဆက်မရွတ်ကြပါနဲ့ … ကျွန်မ တအားပူနေပါပြီ … ကျေးဇူးပြုပြီး ဆက်မရွတ်ကြပါနဲ့ ”

ထိုအခါ ကျောင်းထိုင်ဆရာတော် ဖြစ်ဟန်တူသော ဘုန်းဘုန်းက ပရိတ်ရွတ်နေသည်ကို ခေတ္တမျှ ရပ်ထားလိုက်တော့သည်။ ထိုအမျိုးသမီးမှာတော့ ဇက်ကြီး စောင်းကာ လက်အုပ်ချီရင်း တဆတ်ဆတ်တုန်ယင်လို့ ။

“ဒကာမကြီးက … ဘယ်သူတုန်း ”

ဆရာတော်ကြီးက ထိုသို့မေးလိုက်တော့

“တပည့်တော်မ နာမည်က …. အေးမြနွယ် ပါ …လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီမြို့ဒီနယ်လေးမှာ တာ၀န်ကျတဲ့ … ၀န်ထမ်းတစ်ယောက်ပါ ”

ဟူ၍ ပြောလေပါတော့သည်။

++++++++++++

ကိုဘမောင်တို့ မိသားစု မရောက်ခင် လွန်ခဲ့သော ဆယ် နှစ်ခန့်က ထိုအိမ်ကလေးတွင် အေးမြနွယ် ဆိုသော မိန်းကလေး တစ်ယောက်နေခဲ့ဖူးလေသည်။ အေးမြနွယ် မှာ အသက် နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက် ၀န်းကျင် ဖြစ်ပြီး ချောမော လှပသော အမျိုးသမီး တစ်ယောက်ဖြစ်လေသည်။ ထိုဒေသလေးတွင်ပင် စည်ပင် ၀န်ထမ်း ရာထူးဖြင့် တာ၀န်ချထားခြင်းခံရသူလည်းဖြစ်လေသည်။ လူကလေးမှာလည်း နာမည် နှင့်လိုက်အောင်ပင် ချစ်စရာကောင်းလှပေသည်။ မည်မျှပင် လှပနေစေမူကား လူသားတိုင်းတွင် ချစ်တတ်သည့် အသည်း နှလုံးရှိလေသည် မဟုတ်ပါလား။

ထို့အတွက်ကြောင့်လည်း ထိုဒေသကလေးတွင် တာ၀န် ကျပြီး မကြာမီမှာဘဲ ဒေသခံ ကောင်လေး တစ်ယောက် နှင့်မေတ္တာမျှ ခဲ့ကြသည်။ ထိုကောင်လေးမှာလည်း သူမ နှင့် သက်တူရွယ်တူ သာဖြစ်ပြီး ရုပ်ရည်လေးက ကြည့်ပျော်ရှုပျော်ရှိလှသည်။ နာမည်ကား အောင်ကောင်း ဆိုသူပင်။ တာ၀န်နှင့် ထိုဒေသသို့ ရောက်လာသော အေးမြနွယ် မှာတော့ အသက်အရွယ်လေးအရ အုပ်ထိန်းမှု ကင်းမဲ့နေပြီ မဟုတ်ပါလား။ ထို့ကြောင့်လည်း ရည်းစားဖြစ်သူ အောင်ကောင်း နှင့် ထိုအိမ်ထိုခြံကလေးမှာပင် အကြိမ်ကြိမ် ကျူးလွန် ချစ်တင်းနှောမိကြလေသည်။

အချစ် ဖြင့် အရာရာ ဖန်တီးနိုင်သည်။ အချစ်ကြောင့်လည်း အရာရာ ပျက်စီးပျက်သုဉ်းခြင်းသို့ ရောက်နိုင်လေ၏။ ထိုသို့ သမီးရည်းစား ဘ၀ ဖြင့် အတူတူ နေထိုင်လာရာမှ အေးမြနွယ် တွင် ကိုယ်၀န် ရ‌လာလေတော့သည်။ အောင်ကောင်း မှာတော့ ညဖက်များမှသာ သူမဆီ လာတတ်သည်။ တစ်ညမှာတော့

“အကို …. ‌အေး အကို့ကိုပြောစရာတစ်ခုရှိတယ် ”

အေးမြနွယ် လည်း အောင်ကောင်း၏ ရင်ခွင်ထဲတွင် ခေါင်းချထားရင်း ချိုသာသော လေသံဖြင့် စကားစလိုက်သည်။

“ပြောလေ … အေး … ဘာဖြစ်လို့လဲ ”

“အေးမှာ … ကိုယ်၀န် ရှိနေပြီ အကို ”

အေးမြနွယ် ထိုသို့ပြောလိုက်တော့ အောင်ကောင်းလည်း သူ့ရင်ခွင်ထဲက သူမကို တွန်းဖယ်လိုက်ရင်း လှဲလျောင်းနေရာမှ ငုတ်တုတ်ထထိုင်လိုက်တော့သည်။

“ဘာ … ကိုယ်၀န်ရှိနေပြီ ဟုတ်လား ”

“ဟုတ်တယ် … အကို … မပျော်ဘူးလား ”

“ဟာ … ဘာကိစ္စ ငါက ပျော်ရမာလဲ … ငါမှ ကလေး မလိုချင်သေးတာ ”

အောင်ကောင်း၏ လေသံက တဖြေးဖြေး တင်းမာလာလေ၏။

“ဟင် … ဒါဆို … အေးက ဒီဗိုက်ထဲက ကလေးကို ဘာလုပ်ပစ်ရမာလဲ ”

“မင်းဘာသာ လုပ်ချင်တာလုပ်ပေါ့ကွာ ”

အောင်ကောင်းမှာတော့ ယောကျာ်းတစ်ယောက်၏ လုပ်ရပ်နှင့် မညီသော စကားများကို စတင်ပြောပါတော့သည်။

“မဟုတ်ဘူးလေ အကို …. အကို အေးကို အခု လက်ထပ်လိုက်ရင် … ဒီပြဿနာတွေက အလိုလို ရှင်းသွားမှာပါ ”

“ဟာ … ငါမှ မိန်းမ မလိုချင်သေးတာ … မင်းကိုလည်း ခုလောလောဆယ်တော့ ငါမယူနိုင်သေးဘူး ”

“ကိုအောင်ကောင်း … ရှင်ဒီလို တာ၀န် မဲ့တဲ့စကား‌တွေ မပြောပါနဲ့ …. ဒီဗိုက်ထဲက ကလေး က ရှင်နဲ့ ကျွန်မ ရဲ့ကလေးလေ ”

“ဒါတွေငါ့ကို လာမပြောနဲ့ … ငါမိန်းမလည်း မလိုချင်ဘူး … ကလေး လည်းမလိုချင်ဘူး ”

အောင်ကောင်းက ပြင်းပြင်းထန်ထန်ငြင်းလာတော့ အေးမြနွယ် လည်း ပါးပြင်ပေါ်စီးကျလာသော မျက်ရည် တို့ကို သုတ်လိုက်ရင်း

“ကောင်းပြီလေ … ရှင်တာ၀န် မယူနိုင်ဘူးဆိုတော့ … ကျွန်မကလည်း တရားဥပဒေ အတိုင်း သွားမယ် … ရှင့်ကို လူယုတ်မာ အဖြစ် လူသိရှင်ကြားကြေညာပစ်မယ် ”

ဆိုပြီး ကုတင်ပေါ်မှ ဆင်းလိုက်တော့သည်။ ထိုအခါ အောင်ကောင်းလည်း

“ဒီကောင်မ ”

ဟု ခက်ထန်စွာ ကြိမ်းဝါးလိုက်ရင်း ခါးလည်လောက်ရှိသော သူမ၏ ဆံပင်ကို ဆောင့်ဆွဲကာ ကုတင်ပေါ်တွန်းလဲ ချလိုက်လေတော့သည်။

“ရှင် … ရှင် … ဒါဘာလုပ်တာလဲ ….”

“မင်းက … ငါ့ကို ထောင်ထဲပို့မှာဆိုတော့ … ထောင်ထဲတော့ ငါမသွားနိုင်ဘူး … မင်းကိုပဲ တမလွန် ရောက်အောင် ငါပို့ပေးရတာပေါ့ ”

ဟုဆိုကာ သူ၏ သန်မာ တုတ်ခိုင်သော လက်အစုံဖြင့် အေးမြနွယ် ၏ လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားလိုက်တော့သည်။ အားချင်းလည်းမမျှသလို မိန်းမသား နှင့် ယောကျာ်းသား ဖြစ်သည်မို့ တစ်အောင့်လောက်အကြာမှာတော့ အေးမြနွယ် လည်း ခြေထောက်များ စုံကန်ကာ အကြောဆန့်ရင်း မျက်ဖြူလှန်သွားလေတော့သည်။ အနည်းငယ်မျှပင် မလှုပ်တော့ ။ သူမ နောက်ဆုံးမြင်လိုက်ရသည်ကား အောင်ကောင်း၏ ချွေးများစီးနေသော ကြောက်မက်ဖွယ်မျက်နှာကြီးပင် ဖြစ်ပါလေတော့သည်။

ပြီးနောက် အောင်ကောင်းမှာ သူမ၏ အလောင်းကို ခြံရှေ့ရေတွင်းထဲ ပစ်ချကာ အပေါ်မှ ပျဉ်များဖြင့် ရိုက်ပိတ်ထားလိုက်တော့သည်။ သူကိုယ်တိုင်လည်း ထိုဒေသလေးမှ အပြီးတိုင် ထွက်ခွာပျောက်ကွယ်သွားပါတော့သည်။ အေးမြနွယ် ၏ အလောင်းကို သက်ဆိုင်ရာများ ရေတွင်းထဲက ဆယ်ယူပြီးချိန်မှာတော့ အောင်ကောင်းမှာ ထိုဒေသတွင် မရှိတောပြီ မဟုတ်ပါလား။ ထို့ကြောင့် ထိုအမှုမှာလည်း သိပ်မကြာခင်မှာဘဲ မေ့မေ့ပျောက်ပျောက်နဲ့ ပိတ်ခဲ့လိုက်ကြရတော့သည်။

++++++++++++

ထိုအကြောင်းအလုံးစုံကို ကြားလိုက်ရတော့ တရားနာနေသော ဧည့်ပရိတ်သတ်များလည်း ကြေကွဲ ဒေါသဖြစ်ကြရတော့သည်။

“မိုက်ရိုင်းလိုက်တဲ့ကောင်ကွာ ”

“တောက် ”

စသဖြင့် အသံများ အမျိုးမျိုးထွက်လာလေတော့သည်။ အေးမြနွယ် ၀င်ပူးထားသော အမျိုးသမီးမှာလည်း လက်အုပ်ကလေးချီကာ တရှုံ့ငိုလို့။ ကိုဘမောင်တို့ လင်မယားလည်း ၀မ်းနည်းစိတ်မကောင်းဖြစ်ကာ နေကြရသည်။ ထိုအခါ အေးမြနွယ် ၀င်ပူးထားသော အမျိုးသမီးကပင်

“တပည့်တော်မ …. အောင်ကောင်းကို လက်စားချေဖို့ စောင့်ရင်း …. အခု ဆယ်နှစ်ကျော်တဲ့အထိ အပါယ်ဘုံသားဘ၀မှာ အနေအစား ဆင်းဆင်းရဲရဲ နဲ့ နေနေရပါတယ် ဘုရား ”

ထိုအခါ ဆရာတော်ကြီးလည်း

“အိမ်း … ကြားရတာ အင်မတန် စိတ်ထိခိုက်ဖို့ ကောင်းသကွဲ့ … သို့ပေမယ့်လည်း … အကုသိုလ်ကို အကုသိုလ်က အကျိုးပေးလိမ့်မယ် … ဒါကာမကြီး … ဒေါသကို ဖြေဖျောက်ပြီး … ကောင်းရာ ဘုံဘ၀ကို တက်လှမ်းပါ ”

“တင်ပါ့ဘုရား ”

“ဒေါသစိတ်အစွဲ အလမ်းကြောင့် … အခု ဒါကာမကြီး … အပါယ်ဘုံမှာ ကျင်လည်နေရတာပဲ … လက်စားချေတယ်ဆိုတာ သံသရာ အတွက်လည်း မကောင်းဘူးကွယ့် … ”

ဤသို့ဖြင့် ဆရာတော်ကြီးလည်း အေးမြနွယ် နှင့်အတူ လာရောက်သော ဧည့်ပရိတ်သတ်များကို ဒေါသ၏ ဆိုးကျိုးများ ကလဲ့စား ချေခြင်း၏ မကောင်းသော အကျိုးတရားများကို ဥပမာ သာဓကများဖြင့် ဟောကြားပေးလေတော့သည်။ ထိုသို့ တရားဒေသနာများကို နာကြားပြီးစီးချိန်မှာတော့ အေးမြနွယ် ၀င်ပူးထားသော အမျိုးသမီးလည်း နေရာမှာပင် အရုပ်ကြိုးပြတ်လဲကျသွားလေတော့သည်။

“အိမ်း … ‌လောဘ ဒေါသ မောဟ သိပ်ကြောက်ဖို့ ကောင်းသကွဲ့ …. ကဲ ဒကာကြီး ဘမောင်လည်း ကွယ်လွန်သူ ဒကာမကြီး အေးမြနွယ် အတွက် ရည်းစူး ကုသိုလ်ပြုပေးပါ ”

ဆိုပြီး တောင်းဆိုလာလေတော့သည်။

“တင်ပါ့ဘုရား … တပည့်တော် ‌ဆက်စပ် လုပ်ပေးပါ့မယ် … နောက်ပြီး တရားခံ အောင်ကောင်းကိုလည်း ဥပဒေအတိုင်း အပြစ်ပေးနိုင်အောင် အမြန်ဆုံး ကြိုးစားပါ့မယ် ဘုရား ”

“သာဓုကွယ် … သာဓု သာဓု ”

+++++++++++

အေးမြနွယ် အတွက် ရေစက်ချ အမျှဝေပြီးချိန်တွင်တော့ ထိုအိမ်ကလေး တွင် တစ်စုံတစ်ရာ ခြောက်လှန့်ခြင်း မရှိတော့ပေ။ သို့သော် ထိုနေ့ညမှာပင်

“အကိုဘမောင် …. ကျွန်မ အေးမြနွယ် ပါ ”

အေးမြနွယ် ဆိုသည့် အသံကြားတော့ ကိုဘမောင်လည်း ကြက်သီးထမိသွားတော့သည်။ ပြီးမှ အသံက တဖြေးဖြေး နီးလာသယောင်ဖြစ်ကာ လူရိပ်တစ်ခုက ပီပီသသပေါ်လာလေတော့သည်။

“ကိုဘမောင်ကို … ကျေးဇူးတင်ချင်လို့ပါ ”

အင်္ကျီ အဖြူ လုံချည်အဖြူကို ၀တ်ဆင်ထားပြီး တစ်ကိုယ်လုံးက တောက်ပလို့နေ၏။ ယခင်လို ဆံပင်ဖားလျားကြီး နှင့်ကြောက်စရာ အမူအရာ မဟုတ်တော့ဘဲ အလွန်ချောမောလှပသော မိန်းမပျို လေးအသွင်ကို ဆောင်နေသည်။

“အခု ကျွန်မ အသိတရား ရသွားပါပြီ … ကလဲ့စားလည်း မချေချင်တော့ပါဘူး … ကိုဘမောင် တို့ လင်မယားရဲ့ကျေးဇူးနဲ့ … ကျွန်မ ဒီထက်ကောင်းတဲ့ ဘုံဘ၀ ကိုတက်လှမ်းရတော့မယ် … ဒါကြောင့် လာနှုတ်ဆက်တာပါ ”

ကိုဘမောင်လည်း အေးမြနွယ် ကို ကြည့်ပြီး ၀မ်းနည်း၀မ်းသာ ဖြစ်ကာ မျက်ရည်များရစ်ဝဲနေလေ၏။

“ကျွန်မ ရဲ့ ကျေးဇူးရှင် … ကိုဘမောင်ကို … ကန်တော့ပါရစေ ”

ကိုဘမောင် ခေါင်းကို အသာငြိမ့်ပြလိုက်တော့ အေးမြနွယ် လည်း ရိုရိုကျိုကျိုးလေးထိုင်ကာ သူ့အား လက်အုပ်ချီပြီး ဦးသုံးကြိမ်ချပါတော့သည်။

“သာဓုပါဗျာ … သာဓု … သာဓု ”

ကိုဘမောင် သာဓုခေါ်ပြီး ချိန်မှာတော့ အေးမြနွယ် လည်း အဖြူရောင် အလင်းတန်းများဖြင့် သူ့အရှေ့မှ ပျောက်ကွယ်သွားပါလေတော့သည်။ ကိုဘမောင်လည်း အိပ်ရာမှ နိုးလာပြီး

“အေးမြဖြူရေ … အမျှ အမျှ အမျှ ”

ဟူ၍ ပြောလိုက်လေပါတော့သတည်း ။

+++++++++

တိုက်ဆိုင်မှုပေလား ဘာလားတော့ မပြောတတ် ။ ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး မကြာမှီမှာပဲ ထိုဒေသလေး တွင် ဖောက်ထွင်းမှု တစ်ခုဖြစ်ခဲ့လေသည်။ ထိုဖောက်ထွင်းမှု၏ တရားခံမှာ အောင်ကောင်း ဆိုသူဖြစ်ပြီး အချိန်မှီလက်ရဖမ်းဆီးနိုင်ခဲ့ကြသည်ကို ကိုဘမောင် သတင်းကြားလိုက်ရသည်။ ထိုကြောင့် သက်ဆိုင်ရာသို့ သွားကာ ယခင် အမှုတွဲဟောင်းများ နှင့် တိုက်ကြည့်ရာမှာတော့ ယခု တရားခံမှာ ယခင် လူသတ်မှု၏ တရားခံ ပင် ဖြစ်နေကြောင်းကို အံ့ဩဖွယ် တွေ့လိုက်ရပြန်တော့သည်။

“အော် … ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား ”

ဟုရေရွတ်ရင်း မိမိ၏ နေအိမ်လေးသို့ပြန်ခဲ့လိုက်တော့သည်။ မတရားမှုဟုသည် ဆိတ်ကွယ်မရှိပေ။ မကောင်းသောသူသည် မကောင်းမှုအကုသိုလ် ၏ ဒဏ်ကို သေပြီးသည့် အချိန်တွင်လည်းကောင်း အသက်ရှင်ချိန်တွင်လည်းကောင်း ခံစားကြရပေမည်။ ထင်းခွေမကြုံ ရေခပ်ကြုံဆိုသလို စကားလေး အတိုင်း ကျွန်ုပ် တို့လူသား တိုင်းသည်လည်း သံတရာ တကွေ့ကွေ့တွင်တော့ ပုခုံးချင်း မတော်တဆ တိုက်မိကြလိမ့်မည် ဟု ယုံကြည်နေရင်းဖြင့် ။

++++++++++

( ပြီးပါပြီ )

Zawgyi Version

” ေရတြင္းထဲက တေစၦ ”(စ/ဆုံး)
———————————

( ၁ )

ကိုဘေမာင္ ကား စည္ပင္ အရာရွိတစ္ဦး ျဖစ္သလို အစိုးရ၀န္ထမ္းျဖစ္သည့္ အေလ်ာက္ က်ရာ နယ္ေျမ အသီးသီးတြင္ တာ၀န္ထမ္းေဆာင္ရစၿမဲျဖစ္သည္။ ယခုလည္း ရာထူးတိုးျဖင့္ ဧရာ၀တီတိုင္း ဘိုကေလး ၿမိဳ႕နယ္သို႔ ေ႐ႊ႕ေျပာင္းရမည္ဟု အထက္က စာက်လာသျဖင့္ ေျပာင္းရန္ ေ႐ႊ႕ရန္ျပင္ဆင္ရျပန္ပါေတာ့သည္။

ကိုဘေမာင္မွာ အသက္ေလးဆယ္ေက်ာ္ ၀န္းက်င္ အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး ႏွင္းျမဆိုေသာ အမ်ိဳးသမီး ႏွင့္ အိမ္ေထာင္ဖက္ျဖစ္ေလသည္။ အိမ္ေထာင္ျပဳ ေနာက္က်သည္မို႔လည္း ကိုဘေမာင္၏ သားေလး ၿဖိဳးကိုသည္ ယခု မွ အသက္ေျခာက္ႏွစ္သာ ရွိလို႔ေနသည္။ ယခုလည္း မျဖစ္မေန ေျပာင္းရေတာ့မည္က တစ္ေၾကာင္းမို႔ သားေလး၏ ေက်ာင္းေျပာင္းဖို႔ အေရးဘာညာ စသည္တို႔ကလည္း အလုပ္ရႈပ္ရျပန္သည္။ သို႔ေသာ္လည္း အဆင္ေျပ ေခ်ာေမြ႕သြားခဲ့သည္မို႔ သိပ္မၾကာခင္ အခ်ိန္ေလး အတြင္းမွာပင္ ကိုဘေမာင္ တို႔ မိသားစု သုံးေယာက္မွာ ျမန္မာႏိုင္ငံ အလယ္ပိုင္းမွ ေန၍ ဧရာ၀တီတိုင္း ဘိုကေလး ၿမိဳ႕နယ္သို႔ေရာက္ခဲ့ေလပါေတာ့၏။

+++++++++++

သူတို႔ေရာက္ေတာ့ နယ္ခံ၀န္ထမ္းမ်ားကလည္း ေဖာ္ေ႐ြၾကေပသည္။ ၀န္ထမ္းလည္း ျဖစ္သလို မိသားစုလိုက္ျဖစ္ေသာေၾကာင့္ သူတို႔ ေနထိုင္ရန္ အတြက္ လုံးခ်င္းအိမ္ေလးတစ္ခုကို စီစဥ္ေပးၾကသည္။

“ကဲ … ဆရာ ဘေမာင္ … ဆရာတို႔က မိသားစု လိုက္ေနမွာဆိုေတာ့ … ဒီအိမ္ေလးက အသင့္ေတာ္ဆုံးပါဗ်ာ … လူမေနတာေတာ့ နည္းနည္းၾကာၿပီဗ် ”

လိုက္ပါပို႔ေဆာင္ေပးသူ ဦးဘၾကည္က ထိုသို႔ေျပာေတာ့ ကိုဘေမာင္လည္း အိမ္ကေလးကို တစ္ခ်က္ေစာင္းငဲ့ၾကည့္လိုက္သည္။ အိမ္ကေလးမွာ တစ္ထပ္ ပ်ဥ္ေထာင္အိမ္ကေလး ။ ေဆးအမည္းမ်ားလား ေရနံေခ်းမ်ားလား မသဲကြဲေပမယ့္လည္း အျပင္ပန္းသ႑ာန္ေလးကို ၾကည့္႐ုံျဖင့္ ထိုအိမ္ကေလးမွာ ေနခ်င့္စဖြယ္ေတာ့ ေကာင္းေနသည္။

“မီးႀကိဳး ….ဘာညာလည္း … အရန္သင့္ပဲ ဆရာဘေမာင္ … ေရခ်ိဳးခ်င္ရင္ေတာ့ အိမ္အေနာက္က ေရတြင္းမွာ တုံကင္ ရွိတယ္ … အဲ့က ႏွိပ္ခ်ိဳး႐ုံပဲဗ် ”

“အင္းဗ် … ဆိုးေတာ့ မဆိုးလွဘူး … ေဘးၿခံေတြကလည္း သူ႔ဟာသူ တစ္သီးပုဂၢလ ေနပုံရတယ္ေနာ္ …. ဆူတာညံတာ စပ္စုတာေတြ မေတြ႕ဘူးဗ်”

“ဟဲဟဲ … ဆိတ္ၿငိမ္ေတာ့ … ဆရာတို႔လို အလုပ္မ်ားတဲ့ အရာရွိေတြ အတြက္ သိပ္ဟန္က်တာေပါ့ဗ်ာ … မဟုတ္ဖူးလား ”

“ဟုတ္ပဗ်ာ … ဟုတ္ပ ”

ကိုဘေမာင္လည္း ဦးဘၾကည္ အေျပာကိုေထာက္ခံရင္း အိမ္ပတ္၀န္းက်င္ကိုၾကည့္ကာ ေခါင္းတဆတ္ဆတ္ၿငိမ့္ေနလိုက္သည္။ ၿပီးမွ အိမ္အေရွ႕ဖက္ ၿခံေတာင့္တစ္ေနရာတြင္ ရွိေနေသာ အရာတစ္ခုဆီသို႔ အၾကည့္ကေရာက္သြားေလေတာ့သည္။

“ဒါနဲ႔ … ေဟာဟိုကလည္း ေရတြင္းပဲ မဟုတ္လား … ဦးဘၾကည္ ”

ကိုဘေမာင္က ထိုသို႔ေျပာရင္း သူေတြ႕လိုက္ရာ ေရတြင္းဖက္သို႔ ခပ္သြက္သြက္ေလွ်ာက္သြားလိုက္ေတာ့သည္။ ဇနီးသည္ ႏွင္းျမ ႏွင့္ သားငယ္ေလး ၿဖိဳးကို မွာေတာ့ ပစၥည္းပစၥယ မ်ားကို ေနရာခ်ရန္ အတြက္ အိမ္‌ထဲေတာင္ ၀င္သြားၾကေခ်ၿပီ။

ကိုဘေမာင္လည္း ထိုေရတြင္းအနားကိုေရာက္ေတာ့

“ဒီေရတြင္းက … ဘာျဖစ္လို႔လဲဗ် ”

ဦးဘၾကည္လည္း ကိုဘေမာင္ အေမးကို ေျဖဖို႔ရာ ခက္ခဲေနသည္မို႔ ေခါင္းကိုသာ တဗ်င္းဗ်င္းကုတ္ေနေတာ့သည္။ ေရတြင္းကား ေရတြင္းပ်က္ကေလး တစ္ခုသာ ။ သို႔ေသာ္ ေရတြင္း ႏႈတ္ခမ္း၀ တြင္ေတာ့ သစ္သား ပ်ဥ္ျပားမ်ားကို ၾကက္ေျခခတ္ သ႑ာန္ ထူးဆန္းစြာ ႐ိုက္ခတ္ထားေလ၏။

“ဒါက ေရတြင္းပ်က္ သပ္သပ္ပါ ဆရာဘေမာင္ရယ္ … ေရလည္း မထြက္တာ ၾကာၿပီေလ … အဲ့ေတာ့ အေပၚကေန ခုလို အဆင္ေျပသလိုေလး ပိတ္ထားလိုက္တာပါ ”

“ေအာ္ … ေရတြင္းပ်က္ကေလးကိုး ”

“ေရ အတြက္ကေတာ့ … ပူစရာမလိုပါဘူး … အေနာက္က တြင္းကေတာ့ ေရေၾကာရွိတယ္ … ဆရာဘေမာင္ … အႀကိဳက္သာ သုံးေပေတာ့ ”

“အမေလး … ေက်းဇူးပါဗ်ာ … က်ဳပ္တို႔ မိသားစုလည္း ခင္မ်ားတို႔လို ေဖာ္ေ႐ြတဲ့ နယ္ခံေတြ နဲ႔ ေတြ႕ရတာ သိပ္ကံေကာင္းတယ္ဗ်ိဳ႕ ”

ကိုဘေမာင္က ေက်နပ္အားရစြာေျပာလိုက္ေလေတာ့သည္။ ထိုအခါ ဦးဘၾကည္လည္း

“ကဲဗ်ာ … ဆရာေလး တို႔လည္း ခရီးပန္းလာၾကေရာေပါ့ … နဲနဲေလာက္ နားၾကပါအုံးလား … လိုတာရွိရင္ေတာ့ က်ဳပ္ကို အခ်ိန္မေ႐ြးေခၚပါ … အားမနာနဲ႔ ဟုတ္ၿပီလား ”

“ေကာင္းပါၿပီဗ်ာ … ေကာင္းပါၿပီ ”

ထိုသို႔ ႏႈတ္ဆက္ကာ ကိုဘေမာင္တို႔ ၿခံကေလးထဲမွ ထြက္လာခဲ့လိုက္ေတာ့သည္။ ၿခံအျပင္ အေရာက္ ေရတြင္းပ်က္ေလးကိုၾကည့္လိုက္မိခ်ိန္မွာေတာ့

“ဟာ …”

ဟု ေရ႐ြတ္ကာ ထိုေနရာမွ ခပ္သုတ္သုတ္လစ္ထြက္ခဲ့လိုက္ေတာ့သည္။ ဦးဘၾကည္ျမင္လိုက္ရသည္ကား အသက္ ႏွစ္ဆယ့္ငါး သုံးဆယ္အၾကား မိန္းကေလး တစ္ဦး ။ ေရတြင္း၏ ႏႈတ္ခမ္း၀တြင္ ငုတ္တုတ္ထိုင္လို႔ ။ အခ်ိန္ကား ညေန ေလးနာရီ ။

+++++++++++

( ၂ )

“ဘယ္လိုလဲ … အိမ္က အဆင္ေျပရဲ႕လား ႏွင္းရဲ႕ ”

“ေျပပါတယ္ … ေရကလည္း ေပါ … အရင္ေနရာကလို ဆူဆူညံညံ အသံေတြလည္း မၾကားရေတာ့ … စိတ္ခ်မ္းသာဖို႔ေတာ့ ေကာင္းတယ္ရွင့္ ”

“အင္းပါကြာ … မိန္းမသေဘာက်ရင္ ၿပီးတာပါပဲ ”

စသျဖင့္ ကိုဘေမာင္ ႏွင့္ ႏွင္းျမလည္း နယ္ေျမ အသစ္မွာ ေထြရာေလးပါးစကားမ်ားကို ေျပာရင္း အိပ္ရာ၀င္ခ်ိန္ကိုေစာင့္လိုက္ၾကေတာ့ ။ သားငယ္ေလး ၿဖိဳးကိုမွာလည္း သူ၏ ဖတ္လက္စ ကာတြန္းစာအုပ္ကို ေသခ်ာသိမ္းကာ အိပ္ရာထဲ၀င္သြားေတာ့သည္။ သိပ္မၾကာခင္မွာပဲ ကိုဘေမာင္ ႏွင့္ ႏွင္းျမ လည္း အသီးသီး အိပ္ရာ၀င္ခဲ့ၾကပါေတာ့သည္။

မနက္ေရာက္ေတာ့ ကိုဘေမာင္လည္း သူတာ၀န္ က်ရာ ႐ုံးသို႔တက္ေရာက္ အလုပ္ဆင္းေလပါေတာ့သည္။

“ဘယ္ႏွယ့္လဲ ဆရာ … ေနရထိုင္ရ အဆင္ေျပရဲ႕လား ”

႐ုံးအကူ ဦးဘၾကည္က ထိုသို႔ေမးလိုက္ေတာ့

“ေျပတာေတာ့ ေျပပါတယ္ဗ် … ဒါေပမယ့္ ”

“ဒါေပမယ့္ … ဘာျဖစ္လို႔လဲ ဆရာ”

“ဘာမွေတာ့ မျဖစ္ပါဘူး … ေနရာ အသစ္ကို စေရာက္တာဆိုေတာ့ … ေတာ္ေတာ္ နဲ႔ အိပ္လို႔ဘယ္ေပ်ာ္ပါ့မလဲ ”

“ဟုတ္ပဗ်ာ … ဒီလိုပါပဲ … က်ဳပ္က ဘာမ်ား တစ္ခုခု ထူးျခားတာလဲလို႔ ”

ကိုဘေမာင္လည္း ဦးဘၾကည္၏ ႐ုတ္တရက္ လႊတ္ခနဲ ထြက္သြားေသာ စကားေၾကာင့္

“အရင္ကေရာ … ကြၽန္ေတာ္ ေနတဲ့ အိမ္က ဘာထူးျခားတာ ရွိလို႔လဲ ”

“ဘာ … ဘာမွ မရွိပါဘူး … က်ဳပ္လည္း လုပ္စရာေလး ရွိေသးလို႔ ခြင့္ျပဳပါအုံး ”

ဟုဆိုကာ ဦးဘၾကည္လည္း သူ႔အနီးမွ ထြက္သြားပါေတာ့သည္။ ကိုဘေမာင္မွာေတာ့ စိတ္ထဲ ဇေဝဇဝါ ျဖစ္ကာ အေတြးေျမာက္မ်ားစြာျဖင့္ က်န္ရစ္ခဲ့ပါေလေတာ့၏။

ထိုအိမ္ေလးကို ေရာက္ၿပီး ႏွစ္ရက္ေျမာက္သည္အထိ ပကတိေအးေဆးေနတုန္းပင္ ။ သို႔ေသာ္ သုံးရက္ေျမာက္သည့္ည တြင္ေတာ့ သူတို႔ အိပ္ခန္းေရွ႕မွ တရွပ္ရွပ္ ႏွင့္ ေျခသံ အခ်ိဳ႕ကို အအိပ္ဆတ္ေသာ ကိုဘေမာင္ ၾကားလိုက္ရပါေတာ့သည္။

“သူခိုးမ်ား ကပ္တာလား ” ဟူေသာ အေတြး ႏွင့္အတူ အိပ္ရာေပၚမွ အသာဆင္းကာ အိပ္ခန္း ေရွ႕သို႔ထြက္ခဲ့လိုက္ေတာ့သည္။ အခ်ိန္ကား မနက္သုံးနာရီ ပင္ထိုးလုေတာ့မည္။ အိပ္ခန္းအျပင္ေရာက္ေတာ့ သူ႔အားေက်ာေပးကာ အိမ္တံခါးမ ဖက္သို႔ ေလွ်ာက္သြားေနေသာ အမ်ိဳးသမီးတစ္ဦးကို ကိုဘေမာင္ ေတြ႕လိုက္ရေတာ့သည္။ ထိုအမ်ိဳးသမီးမွာ ၀န္ထမ္း ၀တ္စုံေလးကို ၀တ္ဆင္ထားၿပီး သက္လတ္ပိုင္း အ႐ြယ္မွ်သာရွိေပအုံးမည္။ ဆံပင္ကိုလည္း ဖားလ်ားႀကီး ခ်ထားကာ အိမ္အျပင္ဖက္ကို တစ္ေ႐ႊ႕ေ႐ႊ႕ေလွ်ာက္သြားေနေလသည္။ ကိုဘေမာင္ လည္း ဘယ္သူဘယ္ဝါ ဆိုသည္ကို သိလိုသည္ကတစ္ေၾကာင္း ဘယ္ခ်ိန္တည္းက အိမ္ထဲေရာက္ေနသည္က တစ္ေၾကာင္း သိခ်င္စိတ္ ျပင္းျပေနသည္မို႔ ေနာက္မွ အသာကပ္လိုက္သြားလိုက္သည္။

ထိုအမ်ိဳးသမီးလည္း တေျဖးေျဖး ေလွ်ာက္သြားရင္းမွ အိမ္ေရွ႕တံခါး ေလွကားထစ္ေလးေပၚမွ တလွမ္းခ်င္းဆင္းသြားေလသည္။ အိမ္ေထာင့္ ေရတြင္း နားအေရာက္မွာေတာ့ ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားသည္ကို လေရာင္ျဖင့္ ကိုဘေမာင္ ထိတ္လန႔္ဖြယ္ ေတြ႕လိုက္ရေလေတာ့သည္။

“ဟာ …..”

ထိုအခါမွ ကိုဘေမာင္လည္း ၎အား သရဲေျခာက္ေနၿပီကို သတိျပဳမိကာ အိမ္ထဲ အျမန္ေျပး၀င္ၿပီး တံခါးခ်က္ကိုထိုးလိုက္ေတာ့သည္။ ၿပီးေနာက္ အိပ္ရာထဲ ျပန္၀င္ကာ တတ္သမွ် ဘုရားစာမ်ားကို ႐ြတ္ဖတ္ရင္း ဘယ္ခ်ိန္မွ အိပ္ေပ်ာ္သြားသည္မသိ။

“ကိုဘေမာင္ … ကိုဘေမာင္ … ထေတာ့ေလ … ေအာ္ … ႐ုံးေနာက္က်ေတာ့မယ္ ”

ဇနီးသည္ ႏွင္းျမ၏ အသံၾကားမွာ ကိုဘေမာင္လည္း အိပ္ရာထဲမွ လူးလဲထလိုက္ေလေတာ့သည္။ လက္ပတ္နာရီေလးကိုၾကည့္လိုက္ေတာ့ မနက္ခုနစ္နာရီေတာင္ ခြဲလို႔ေနေခ်ၿပီ။ ညက အျဖစ္အပ်က္ေၾကာင့္ လူကလည္း အိပ္ေရးမ၀သလို မ်က္လုံးမ်ား က်ိန္းစက္လို႔။ သို႔ေသာ္လည္း မနက္စာကို ကပ်ာကယာ စားေသာက္ၿပီး ႐ုံးသို႔ေရာက္ေအာင္သြားခဲ့လိုက္ပါေတာ့သည္။

ထိုမွ်မကေသး ေျခသံမ်ားမွာ ညစဥ္ညတိုင္းၾကားလာရသည္မို႔ ကိုဘေမာင္ တစ္ေယာက္ အိပ္ေရးပ်က္ေသာက ေရာက္ရပါေတာ့သည္။ သို႔ေသာ္လည္း ခ်က္ခ်င္းေျပာင္းပစ္ရန္ မလြယ္သလို သူေျပာလိုက္ပါက ဇနီး ႏွင့္သား ေၾကာက္လိမ့္မည္ကို စိုးရိမ္ေသာေၾကာင့္ တစ္ေယာက္တည္း ႀကိတ္မွိတ္ခံစား ေနရသည္။ ရက္သတၱပတ္ ခန႔္ၾကာေတာ့ ကိုဘေမာင္လည္း အိပ္ေရးပ်က္သည့္ ဒဏ္ မ်ားေၾကာင့္ လူပင္ အနည္းငယ္ ယိုယြင္းလာေလေတာ့သည္။ သို႔ေသာ္ တစ္ခုေသာ ညေန သူတို႔ ထမင္းစားေနခ်ိန္တြင္ ျဖစ္၏။

“ေဖေဖ … ဟိုမွာ အန္တီႀကီး တစ္ေယာက္ သားတို႔ ထမင္းစားေနတာကို ၾကည့္ေနတယ္ ”

ၿဖိဳးကိုလည္း ထိုသို႔ ေျပာရင္း ဧည့္ခန္းမွ စတီခုံႀကီးကို လက္ညႇိဳးထိုးျပေလ၏။ ထမင္းစားခန္းမွ ေန၍ ဧည့္ခန္းကို လွမ္းျမင္ေနရသည္မဟုတ္ပါလား။ ထိုအခါ ၿဖိဳးကိုေလး၏ မိခင္ ႏွင္းျမက

“ဘယ္မွာလဲ … သားရဲ႕ … ဘယ္သူမွ မရွိပါဘူး ”

“ရွိတယ္ … သားတို႔ကိုၾကည့္ေနတာ … အဲ့အန္တီ မ်က္ႏွာႀကီးကလည္း ေၾကာက္စရာႀကီး ေဖေဖ အလုပ္သြားရင္ ၀တ္တဲ့ အ၀တ္ေတြကိုလည္း ၀တ္ထားေသးတယ္ ”

ဟူ၍သာ တြင္တြင္ေျပာေလေတာ့သည္။ ကိုဘေမာင္လည္း သားေလး၏ အေျပာေၾကာင့္ ဧည့္ခန္းရွိ စတီခုံနား ထသြားမည္ အျပဳ ၎ခုံႀကီးမွာ တစ္စုံတစ္ေယာက္က ထိုင္ရာမွ ထသြားသည့္အလား ကြၽီ ကနဲေနေအာင္ လႈပ္သြားေလပါေတာ့၏။

ေနာက္တစ္ေန႔ညကား ကိုဘေမာင္၏ ဇနီးျဖစ္သည္ ႏွင္းျမ၏ အလွည့္သို႔ေရာက္ခဲ့ၿပီ။ ၀တၳဳစာအုပ္ေလးကို ဖတ္ရင္း ငိုက္ျမည္းလာသည္မို႔ အေပါ့သြားရန္ အိမ္ထဲမွ ထြက္ခဲ့လိုက္သည္။ ၿပီးေနာက္ အိမ္သာ ထဲ၀င္ကာ အေပါ့သြားေနတုန္းမွာပင္ အိမ္သာကို ပတ္ေလွ်ာက္ေနေသာ ေျခသံ တရွပ္ရွပ္ကို ဦးစြာၾကားလိုက္ရေလေတာ့သည္။

“ကိုဘေမာင္လား …”

အျပင္က တုံ႔ျပန္သံမၾကားရ။ တစ္ဖန္

“အီး … ဟီး …ဟီး ”

ဆိုၿပီး မိန္းမတစ္ေယာက္၏ ငိုညည္းသံႀကီးကို ႏွင္းျမ ၾကားလိုက္ရျပန္ေလေတာ့သည္။ ထိုၿခံထဲတြင္ မိန္းမသား ဟူ၍ သူမ တစ္ေယာက္တည္းသာ ရွိသည္ မဟုတ္ပါလား ။ ႏွင္းျမလည္း ထိုငိုညည္းသံ ႀကီး ႏွင့္အတူ တစ္ေန႔က သားေလး ၿဖိဳးကို ေျပာေသာ ေၾကာက္စရာမိန္းမႀကီးကို မ်က္စိထဲ ျပန္ျမင္ေယာင္လာပါေတာ့သည္။ ၾကက္သီးမ်ားလည္း တျဖန္းျဖန္း ထလာကာ ကိစၥမ်ားကို အျမန္အၿပီး သတ္လိုက္ၿပီး အိမ္ထဲသို႔ အေျပးတစ္ပိုင္းႏွင့္ ေျပးထြက္ခဲ့လိုက္ပါေတာ့သည္။ ေျခသံမ်ားက သူမ အေနာက္သို႔ ကပ္လိုက္ေနဆဲပင္။

“ႏွင္းျမ …. ဘာျဖစ္လာတာလဲ ”

“မ … မသိဘူး … ကိုဘေမာင္ … မိန္းမ … မိန္းမ တစ္ေယာက္ရဲ႕ ငိုသံႀကီး …. ၿပီးေတာ့ ေျခသံေတြေရာ ”

ဆိုၿပီး ငိုသံႀကီးျဖင့္ေျပာကာ ကိုဘေမာင္၏ ရင္ခြင္ထဲကို ကေလးတစ္ေယာက္လို တိုး၀င္ေနပါေတာ့သည္။ ကိုဘေမာင္လည္း ႏွင္းျမ ရဲ႕ေခါင္းကို ပြတ္သပ္ရင္း

“မနက္ျဖန္ …. ႐ုံးပိတ္တယ္ … တို႔ ဘုန္းႀကီး ပင့္ၿပီး အႏၲရာယ္ကင္းေလး ဘာေလး႐ြတ္ၾကတာေပါ့ ”

ထိုသို႔ေျပာေတာ့

“ကိုဘေမာင္ … သေဘာပါ … ႏွင္းျမကေတာ့ သားေလး ကိုတစ္ခုခုလုပ္မွာပဲစိုးရိမ္တယ္ ”

ဟူ၍ေျပာ‌လိုက္ေလေပါေတာ့၏။ ထိုတစ္ညတာကေတာ့ သူတို႔ ဇနီးေမာင္ႏွံအတြက္ အရွည္ဆုံးညဟုပင္ ဆိုရေပေတာ့မည္။ ႏွစ္ေယာက္သား ဘုရားစင္ေရွ႕တြင္ မနက္ျဖန္အတြက္ တိုင္ပင္ ႏွီးေႏွာရင္း မိုးအေတာ္ခ်ဳပ္မွသာ အိပ္ရာ၀င္ျဖစ္ခဲ့ၾကေတာ့သည္။

++++++++++

( ၃ )

မနက္အာ႐ုဏ္ဦးေတာ့ ၿမိဳ႕ဦးေက်ာင္းက ဆရာေတာ္ ငါးပါး‌ပင့္ကာ လိုအပ္ေသာ ပစၥည္း ပရိတ္အကၡရာမ်ား ၀ယ္ၿပီး အႏၲရာယ္ကင္း ပရိတ္႐ြတ္ၾကေတာ့သည္။ ကိုဘေမာင္မွာ ၀န္ထမ္း အႀကီးအကဲလည္း ျဖစ္သည္မို႔ တစ္႐ုံးလုံးက ၀န္ထမ္းမ်ားက ထို အႏၲရာယ္ကင္း ပရိတ္တရားနာပြဲသို႔ တက္ေရာက္ၾကေလသည္။ အိမ္နီးနားခ်င္းမ်ားလည္းပါေလသည္။

ပရိတ္႐ြတ္ေနတုန္းမွာပင္ ထူးဆန္းမႈတစ္ခုက ႐ုတ္ခ်ည္း ဆိုသလိုျဖစ္ေပၚလာေတာ့၏။ တရားနာေနေသာ ဧည့္ပရိတ္သတ္ထဲမွ အမ်ိဳးသမီးတစ္ဦးက ထေအာ္ေလေတာ့သည္။

“ဆက္မ႐ြတ္ၾကပါနဲ႔ … ကြၽန္မ တအားပူေနပါၿပီ … ေက်းဇူးျပဳၿပီး ဆက္မ႐ြတ္ၾကပါနဲ႔ ”

ထိုအခါ ေက်ာင္းထိုင္ဆရာေတာ္ ျဖစ္ဟန္တူေသာ ဘုန္းဘုန္းက ပရိတ္႐ြတ္ေနသည္ကို ေခတၱမွ် ရပ္ထားလိုက္ေတာ့သည္။ ထိုအမ်ိဳးသမီးမွာေတာ့ ဇက္ႀကီး ေစာင္းကာ လက္အုပ္ခ်ီရင္း တဆတ္ဆတ္တုန္ယင္လို႔ ။

“ဒကာမႀကီးက … ဘယ္သူတုန္း ”

ဆရာေတာ္ႀကီးက ထိုသို႔ေမးလိုက္ေတာ့

“တပည့္ေတာ္မ နာမည္က …. ေအးျမႏြယ္ ပါ …လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္က ဒီၿမိဳ႕ဒီနယ္ေလးမွာ တာ၀န္က်တဲ့ … ၀န္ထမ္းတစ္ေယာက္ပါ ”

ဟူ၍ ေျပာေလပါေတာ့သည္။

++++++++++++

ကိုဘေမာင္တို႔ မိသားစု မေရာက္ခင္ လြန္ခဲ့ေသာ ဆယ္ ႏွစ္ခန႔္က ထိုအိမ္ကေလးတြင္ ေအးျမႏြယ္ ဆိုေသာ မိန္းကေလး တစ္ေယာက္ေနခဲ့ဖူးေလသည္။ ေအးျမႏြယ္ မွာ အသက္ ႏွစ္ဆယ့္ငါး ႏွစ္ဆယ့္ေျခာက္ ၀န္းက်င္ ျဖစ္ၿပီး ေခ်ာေမာ လွပေသာ အမ်ိဳးသမီး တစ္ေယာက္ျဖစ္ေလသည္။ ထိုေဒသေလးတြင္ပင္ စည္ပင္ ၀န္ထမ္း ရာထူးျဖင့္ တာ၀န္ခ်ထားျခင္းခံရသူလည္းျဖစ္ေလသည္။ လူကေလးမွာလည္း နာမည္ ႏွင့္လိုက္ေအာင္ပင္ ခ်စ္စရာေကာင္းလွေပသည္။ မည္မွ်ပင္ လွပေနေစမူကား လူသားတိုင္းတြင္ ခ်စ္တတ္သည့္ အသည္း ႏွလုံးရွိေလသည္ မဟုတ္ပါလား။

ထို႔အတြက္ေၾကာင့္လည္း ထိုေဒသကေလးတြင္ တာ၀န္ က်ၿပီး မၾကာမီမွာဘဲ ေဒသခံ ေကာင္ေလး တစ္ေယာက္ ႏွင့္ေမတၱာမွ် ခဲ့ၾကသည္။ ထိုေကာင္ေလးမွာလည္း သူမ ႏွင့္ သက္တူ႐ြယ္တူ သာျဖစ္ၿပီး ႐ုပ္ရည္ေလးက ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိလွသည္။ နာမည္ကား ေအာင္ေကာင္း ဆိုသူပင္။ တာ၀န္ႏွင့္ ထိုေဒသသို႔ ေရာက္လာေသာ ေအးျမႏြယ္ မွာေတာ့ အသက္အ႐ြယ္ေလးအရ အုပ္ထိန္းမႈ ကင္းမဲ့ေနၿပီ မဟုတ္ပါလား။ ထို႔ေၾကာင့္လည္း ရည္းစားျဖစ္သူ ေအာင္ေကာင္း ႏွင့္ ထိုအိမ္ထိုၿခံကေလးမွာပင္ အႀကိမ္ႀကိမ္ က်ဴးလြန္ ခ်စ္တင္းေႏွာမိၾကေလသည္။

အခ်စ္ ျဖင့္ အရာရာ ဖန္တီးႏိုင္သည္။ အခ်စ္ေၾကာင့္လည္း အရာရာ ပ်က္စီးပ်က္သုဥ္းျခင္းသို႔ ေရာက္ႏိုင္ေလ၏။ ထိုသို႔ သမီးရည္းစား ဘ၀ ျဖင့္ အတူတူ ေနထိုင္လာရာမွ ေအးျမႏြယ္ တြင္ ကိုယ္၀န္ ရ‌လာေလေတာ့သည္။ ေအာင္ေကာင္း မွာေတာ့ ညဖက္မ်ားမွသာ သူမဆီ လာတတ္သည္။ တစ္ညမွာေတာ့

“အကို …. ‌ေအး အကို႔ကိုေျပာစရာတစ္ခုရွိတယ္ ”

ေအးျမႏြယ္ လည္း ေအာင္ေကာင္း၏ ရင္ခြင္ထဲတြင္ ေခါင္းခ်ထားရင္း ခ်ိဳသာေသာ ေလသံျဖင့္ စကားစလိုက္သည္။

“ေျပာေလ … ေအး … ဘာျဖစ္လို႔လဲ ”

“ေအးမွာ … ကိုယ္၀န္ ရွိေနၿပီ အကို ”

ေအးျမႏြယ္ ထိုသို႔ေျပာလိုက္ေတာ့ ေအာင္ေကာင္းလည္း သူ႔ရင္ခြင္ထဲက သူမကို တြန္းဖယ္လိုက္ရင္း လွဲေလ်ာင္းေနရာမွ ငုတ္တုတ္ထထိုင္လိုက္ေတာ့သည္။

“ဘာ … ကိုယ္၀န္ရွိေနၿပီ ဟုတ္လား ”

“ဟုတ္တယ္ … အကို … မေပ်ာ္ဘူးလား ”

“ဟာ … ဘာကိစၥ ငါက ေပ်ာ္ရမာလဲ … ငါမွ ကေလး မလိုခ်င္ေသးတာ ”

ေအာင္ေကာင္း၏ ေလသံက တေျဖးေျဖး တင္းမာလာေလ၏။

“ဟင္ … ဒါဆို … ေအးက ဒီဗိုက္ထဲက ကေလးကို ဘာလုပ္ပစ္ရမာလဲ ”

“မင္းဘာသာ လုပ္ခ်င္တာလုပ္ေပါ့ကြာ ”

ေအာင္ေကာင္းမွာေတာ့ ေယာက်ာ္းတစ္ေယာက္၏ လုပ္ရပ္ႏွင့္ မညီေသာ စကားမ်ားကို စတင္ေျပာပါေတာ့သည္။

“မဟုတ္ဘူးေလ အကို …. အကို ေအးကို အခု လက္ထပ္လိုက္ရင္ … ဒီျပႆနာေတြက အလိုလို ရွင္းသြားမွာပါ ”

“ဟာ … ငါမွ မိန္းမ မလိုခ်င္ေသးတာ … မင္းကိုလည္း ခုေလာေလာဆယ္ေတာ့ ငါမယူႏိုင္ေသးဘူး ”

“ကိုေအာင္ေကာင္း … ရွင္ဒီလို တာ၀န္ မဲ့တဲ့စကား‌ေတြ မေျပာပါနဲ႔ …. ဒီဗိုက္ထဲက ကေလး က ရွင္နဲ႔ ကြၽန္မ ရဲ႕ကေလးေလ ”

“ဒါေတြငါ့ကို လာမေျပာနဲ႔ … ငါမိန္းမလည္း မလိုခ်င္ဘူး … ကေလး လည္းမလိုခ်င္ဘူး ”

ေအာင္ေကာင္းက ျပင္းျပင္းထန္ထန္ျငင္းလာေတာ့ ေအးျမႏြယ္ လည္း ပါးျပင္ေပၚစီးက်လာေသာ မ်က္ရည္ တို႔ကို သုတ္လိုက္ရင္း

“ေကာင္းၿပီေလ … ရွင္တာ၀န္ မယူႏိုင္ဘူးဆိုေတာ့ … ကြၽန္မကလည္း တရားဥပေဒ အတိုင္း သြားမယ္ … ရွင့္ကို လူယုတ္မာ အျဖစ္ လူသိရွင္ၾကားေၾကညာပစ္မယ္ ”

ဆိုၿပီး ကုတင္ေပၚမွ ဆင္းလိုက္ေတာ့သည္။ ထိုအခါ ေအာင္ေကာင္းလည္း

“ဒီေကာင္မ ”

ဟု ခက္ထန္စြာ ႀကိမ္းဝါးလိုက္ရင္း ခါးလည္ေလာက္ရွိေသာ သူမ၏ ဆံပင္ကို ေဆာင့္ဆြဲကာ ကုတင္ေပၚတြန္းလဲ ခ်လိုက္ေလေတာ့သည္။

“ရွင္ … ရွင္ … ဒါဘာလုပ္တာလဲ ….”

“မင္းက … ငါ့ကို ေထာင္ထဲပို႔မွာဆိုေတာ့ … ေထာင္ထဲေတာ့ ငါမသြားႏိုင္ဘူး … မင္းကိုပဲ တမလြန္ ေရာက္ေအာင္ ငါပို႔ေပးရတာေပါ့ ”

ဟုဆိုကာ သူ၏ သန္မာ တုတ္ခိုင္ေသာ လက္အစုံျဖင့္ ေအးျမႏြယ္ ၏ လည္ပင္းကို တင္းက်ပ္စြာ ညႇစ္ထားလိုက္ေတာ့သည္။ အားခ်င္းလည္းမမွ်သလို မိန္းမသား ႏွင့္ ေယာက်ာ္းသား ျဖစ္သည္မို႔ တစ္ေအာင့္ေလာက္အၾကာမွာေတာ့ ေအးျမႏြယ္ လည္း ေျခေထာက္မ်ား စုံကန္ကာ အေၾကာဆန႔္ရင္း မ်က္ျဖဴလွန္သြားေလေတာ့သည္။ အနည္းငယ္မွ်ပင္ မလႈပ္ေတာ့ ။ သူမ ေနာက္ဆုံးျမင္လိုက္ရသည္ကား ေအာင္ေကာင္း၏ ေခြၽးမ်ားစီးေနေသာ ေၾကာက္မက္ဖြယ္မ်က္ႏွာႀကီးပင္ ျဖစ္ပါေလေတာ့သည္။

ၿပီးေနာက္ ေအာင္ေကာင္းမွာ သူမ၏ အေလာင္းကို ၿခံေရွ႕ေရတြင္းထဲ ပစ္ခ်ကာ အေပၚမွ ပ်ဥ္မ်ားျဖင့္ ႐ိုက္ပိတ္ထားလိုက္ေတာ့သည္။ သူကိုယ္တိုင္လည္း ထိုေဒသေလးမွ အၿပီးတိုင္ ထြက္ခြာေပ်ာက္ကြယ္သြားပါေတာ့သည္။ ေအးျမႏြယ္ ၏ အေလာင္းကို သက္ဆိုင္ရာမ်ား ေရတြင္းထဲက ဆယ္ယူၿပီးခ်ိန္မွာေတာ့ ေအာင္ေကာင္းမွာ ထိုေဒသတြင္ မရွိေတာၿပီ မဟုတ္ပါလား။ ထို႔ေၾကာင့္ ထိုအမႈမွာလည္း သိပ္မၾကာခင္မွာဘဲ ေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ ပိတ္ခဲ့လိုက္ၾကရေတာ့သည္။

++++++++++++

ထိုအေၾကာင္းအလုံးစုံကို ၾကားလိုက္ရေတာ့ တရားနာေနေသာ ဧည့္ပရိတ္သတ္မ်ားလည္း ေၾကကြဲ ေဒါသျဖစ္ၾကရေတာ့သည္။

“မိုက္႐ိုင္းလိုက္တဲ့ေကာင္ကြာ ”

“ေတာက္ ”

စသျဖင့္ အသံမ်ား အမ်ိဳးမ်ိဳးထြက္လာေလေတာ့သည္။ ေအးျမႏြယ္ ၀င္ပူးထားေသာ အမ်ိဳးသမီးမွာလည္း လက္အုပ္ကေလးခ်ီကာ တရႈံ႕ငိုလို႔။ ကိုဘေမာင္တို႔ လင္မယားလည္း ၀မ္းနည္းစိတ္မေကာင္းျဖစ္ကာ ေနၾကရသည္။ ထိုအခါ ေအးျမႏြယ္ ၀င္ပူးထားေသာ အမ်ိဳးသမီးကပင္

“တပည့္ေတာ္မ …. ေအာင္ေကာင္းကို လက္စားေခ်ဖို႔ ေစာင့္ရင္း …. အခု ဆယ္ႏွစ္ေက်ာ္တဲ့အထိ အပါယ္ဘုံသားဘ၀မွာ အေနအစား ဆင္းဆင္းရဲရဲ နဲ႔ ေနေနရပါတယ္ ဘုရား ”

ထိုအခါ ဆရာေတာ္ႀကီးလည္း

“အိမ္း … ၾကားရတာ အင္မတန္ စိတ္ထိခိုက္ဖို႔ ေကာင္းသကြဲ႕ … သို႔ေပမယ့္လည္း … အကုသိုလ္ကို အကုသိုလ္က အက်ိဳးေပးလိမ့္မယ္ … ဒါကာမႀကီး … ေဒါသကို ေျဖေဖ်ာက္ၿပီး … ေကာင္းရာ ဘုံဘ၀ကို တက္လွမ္းပါ ”

“တင္ပါ့ဘုရား ”

“ေဒါသစိတ္အစြဲ အလမ္းေၾကာင့္ … အခု ဒါကာမႀကီး … အပါယ္ဘုံမွာ က်င္လည္ေနရတာပဲ … လက္စားေခ်တယ္ဆိုတာ သံသရာ အတြက္လည္း မေကာင္းဘူးကြယ့္ … ”

ဤသို႔ျဖင့္ ဆရာေတာ္ႀကီးလည္း ေအးျမႏြယ္ ႏွင့္အတူ လာေရာက္ေသာ ဧည့္ပရိတ္သတ္မ်ားကို ေဒါသ၏ ဆိုးက်ိဳးမ်ား ကလဲ့စား ေခ်ျခင္း၏ မေကာင္းေသာ အက်ိဳးတရားမ်ားကို ဥပမာ သာဓကမ်ားျဖင့္ ေဟာၾကားေပးေလေတာ့သည္။ ထိုသို႔ တရားေဒသနာမ်ားကို နာၾကားၿပီးစီးခ်ိန္မွာေတာ့ ေအးျမႏြယ္ ၀င္ပူးထားေသာ အမ်ိဳးသမီးလည္း ေနရာမွာပင္ အ႐ုပ္ႀကိဳးျပတ္လဲက်သြားေလေတာ့သည္။

“အိမ္း … ‌ေလာဘ ေဒါသ ေမာဟ သိပ္ေၾကာက္ဖို႔ ေကာင္းသကြဲ႕ …. ကဲ ဒကာႀကီး ဘေမာင္လည္း ကြယ္လြန္သူ ဒကာမႀကီး ေအးျမႏြယ္ အတြက္ ရည္းစူး ကုသိုလ္ျပဳေပးပါ ”

ဆိုၿပီး ေတာင္းဆိုလာေလေတာ့သည္။

“တင္ပါ့ဘုရား … တပည့္ေတာ္ ‌ဆက္စပ္ လုပ္ေပးပါ့မယ္ … ေနာက္ၿပီး တရားခံ ေအာင္ေကာင္းကိုလည္း ဥပေဒအတိုင္း အျပစ္ေပးႏိုင္ေအာင္ အျမန္ဆုံး ႀကိဳးစားပါ့မယ္ ဘုရား ”

“သာဓုကြယ္ … သာဓု သာဓု ”

+++++++++++

ေအးျမႏြယ္ အတြက္ ေရစက္ခ် အမွ်ေဝၿပီးခ်ိန္တြင္ေတာ့ ထိုအိမ္ကေလး တြင္ တစ္စုံတစ္ရာ ေျခာက္လွန႔္ျခင္း မရွိေတာ့ေပ။ သို႔ေသာ္ ထိုေန႔ညမွာပင္

“အကိုဘေမာင္ …. ကြၽန္မ ေအးျမႏြယ္ ပါ ”

ေအးျမႏြယ္ ဆိုသည့္ အသံၾကားေတာ့ ကိုဘေမာင္လည္း ၾကက္သီးထမိသြားေတာ့သည္။ ၿပီးမွ အသံက တေျဖးေျဖး နီးလာသေယာင္ျဖစ္ကာ လူရိပ္တစ္ခုက ပီပီသသေပၚလာေလေတာ့သည္။

“ကိုဘေမာင္ကို … ေက်းဇူးတင္ခ်င္လို႔ပါ ”

အက်ႌ အျဖဴ လုံခ်ည္အျဖဴကို ၀တ္ဆင္ထားၿပီး တစ္ကိုယ္လုံးက ေတာက္ပလို႔ေန၏။ ယခင္လို ဆံပင္ဖားလ်ားႀကီး ႏွင့္ေၾကာက္စရာ အမူအရာ မဟုတ္ေတာ့ဘဲ အလြန္ေခ်ာေမာလွပေသာ မိန္းမပ်ိဳ ေလးအသြင္ကို ေဆာင္ေနသည္။

“အခု ကြၽန္မ အသိတရား ရသြားပါၿပီ … ကလဲ့စားလည္း မေခ်ခ်င္ေတာ့ပါဘူး … ကိုဘေမာင္ တို႔ လင္မယားရဲ႕ေက်းဇူးနဲ႔ … ကြၽန္မ ဒီထက္ေကာင္းတဲ့ ဘုံဘ၀ ကိုတက္လွမ္းရေတာ့မယ္ … ဒါေၾကာင့္ လာႏႈတ္ဆက္တာပါ ”

ကိုဘေမာင္လည္း ေအးျမႏြယ္ ကို ၾကည့္ၿပီး ၀မ္းနည္း၀မ္းသာ ျဖစ္ကာ မ်က္ရည္မ်ားရစ္ဝဲေနေလ၏။

“ကြၽန္မ ရဲ႕ ေက်းဇူးရွင္ … ကိုဘေမာင္ကို … ကန္ေတာ့ပါရေစ ”

ကိုဘေမာင္ ေခါင္းကို အသာၿငိမ့္ျပလိုက္ေတာ့ ေအးျမႏြယ္ လည္း ႐ို႐ိုက်ိဳက်ိဳးေလးထိုင္ကာ သူ႔အား လက္အုပ္ခ်ီၿပီး ဦးသုံးႀကိမ္ခ်ပါေတာ့သည္။

“သာဓုပါဗ်ာ … သာဓု … သာဓု ”

ကိုဘေမာင္ သာဓုေခၚၿပီး ခ်ိန္မွာေတာ့ ေအးျမႏြယ္ လည္း အျဖဴေရာင္ အလင္းတန္းမ်ားျဖင့္ သူ႔အေရွ႕မွ ေပ်ာက္ကြယ္သြားပါေလေတာ့သည္။ ကိုဘေမာင္လည္း အိပ္ရာမွ ႏိုးလာၿပီး

“ေအးျမျဖဴေရ … အမွ် အမွ် အမွ် ”

ဟူ၍ ေျပာလိုက္ေလပါေတာ့သတည္း ။

+++++++++

တိုက္ဆိုင္မႈေပလား ဘာလားေတာ့ မေျပာတတ္ ။ ထိုအျဖစ္အပ်က္မ်ား ျဖစ္ပြားၿပီး မၾကာမွီမွာပဲ ထိုေဒသေလး တြင္ ေဖာက္ထြင္းမႈ တစ္ခုျဖစ္ခဲ့ေလသည္။ ထိုေဖာက္ထြင္းမႈ၏ တရားခံမွာ ေအာင္ေကာင္း ဆိုသူျဖစ္ၿပီး အခ်ိန္မွီလက္ရဖမ္းဆီးႏိုင္ခဲ့ၾကသည္ကို ကိုဘေမာင္ သတင္းၾကားလိုက္ရသည္။ ထိုေၾကာင့္ သက္ဆိုင္ရာသို႔ သြားကာ ယခင္ အမႈတြဲေဟာင္းမ်ား ႏွင့္ တိုက္ၾကည့္ရာမွာေတာ့ ယခု တရားခံမွာ ယခင္ လူသတ္မႈ၏ တရားခံ ပင္ ျဖစ္ေနေၾကာင္းကို အံ့ဩဖြယ္ ေတြ႕လိုက္ရျပန္ေတာ့သည္။

“ေအာ္ … ကမာၻႀကီးက က်ဥ္းက်ဥ္းေလးပါလား ”

ဟုေရ႐ြတ္ရင္း မိမိ၏ ေနအိမ္ေလးသို႔ျပန္ခဲ့လိုက္ေတာ့သည္။ မတရားမႈဟုသည္ ဆိတ္ကြယ္မရွိေပ။ မေကာင္းေသာသူသည္ မေကာင္းမႈအကုသိုလ္ ၏ ဒဏ္ကို ေသၿပီးသည့္ အခ်ိန္တြင္လည္းေကာင္း အသက္ရွင္ခ်ိန္တြင္လည္းေကာင္း ခံစားၾကရေပမည္။ ထင္းေခြမႀကဳံ ေရခပ္ႀကဳံဆိုသလို စကားေလး အတိုင္း ကြၽႏ္ုပ္ တို႔လူသား တိုင္းသည္လည္း သံတရာ တေကြ႕ေကြ႕တြင္ေတာ့ ပုခုံးခ်င္း မေတာ္တဆ တိုက္မိၾကလိမ့္မည္ ဟု ယုံၾကည္ေနရင္းျဖင့္ ။

++++++++++

( ၿပီးပါၿပီ )