သခွတ်ပင်မှော်နှင့်အမဲသားဟင်း(စ/ဆုံး)

Unicode Version

သခွတ်ပင်မှော်နှင့်အမဲသားဟင်း(စ/ဆုံး)
————————————————
သခွတ်ပင်မှော်က ပြောရရင် စိန်
တစ်လုံးမှော်နဲ့ ကျောက်တစ်လုံးမှော်
ကြားမှာရှိတဲ့မှော်ပါ။ နဘူးတောင်မှော်
လို့ခေါ်တဲ့ နဘူးတောင်ကြောကြီးနဲ့
ကျောချင်းကပ်လို့လည်း ဆိုလို့ရတယ်။
သခွတ်ပင်မှော်ကနေလူသွားတောလမ်း
အတိုင်းတက်၊ တောင်ကြားပေါ်လူတစ်
ရပ်မကရှိတဲ့ အညာမြက်ရိုင်းတောကြီး
ထဲ လျှောက်လို့ မိနစ်နှစ်ဆယ်ကျော်
လောက် တောင်ခါးလယ်ကနေ ဖြတ်
ဆင်းလိုက်ရင် အောက်ဘက် နဘူး
တောင်မှော်ထဲရောက်ရော။မှော်ဆိုတာ
ကကိုယ့်နေရာကိုယ့်ရွှေမည်းရှာဖွေရာ

တောင်ကြောလျှိုပြတ်ကမ်းပါးမှာရှိတဲ့ ထင်ရှားသိလွယ်မြင်လွယ်တဲ့
သစ်ပင်၊
အရာတစ်ခုကို အမှတ်အသားပြု အစွဲ ပြု ခေါ်ဝေါ်ရင်းနဲ့ မှော်အမည်မှော်ကွက် ရယ်လို့ ဖြစ်လာတာ။ အဲ တချို့မှော်တွေ
ကတော့မှော်လုပ်ကွက်၊ကျင်းစတင်တူး
တဲ့သူ၊ ရှာဖွေတဲ့သူတွေမှော်အခေါ်မှော်
လူကြီးတွေက စုပေါင်းပြီး အတိတ်နဲ့
နိမိတ်နဲ့အဓိပ္ပာယ်လှလှကဗျာဆန်ဆန်
မှည့်ကြ၊ ခေါ်ကြတာလည်း ရှိရဲ့၊ ဥပမာ
ပြောရရင် ဟေဝန်မှော်တို့ စိန်တစ်လုံး
တို့ပေါ့။ များသောအားဖြင့် အထက်က
ပြောခဲ့သလိုတွေ့ကရာ၊ထင်ရှားရာအစွဲ

ပြုအမှတ်အသားပြု
ခေါ်ဝေါ်ရင်းကနေ
အများခေါ်တဲ့ မှော်နာမည် ဖြစ်သွားကြ
တာပဲ။ အဲ – တချို့မှော်နာမည်တွေကဆီး ပင်တွေရှိလို့ဆီးပင်ချိုင့်၊ကျောက်တုံးကြီး
ရှိနေလို့ ကျောက်တစ်လုံး။ ရွှေမည်းကိုး
တောင်နဲ့ ပေါက်ကျင်းရလို့ ကိုးတောင်
မှော် အဲသလိုလည်း အစွဲပြုခေါ်ကြတာ
ရယ်။ သခွတ်ပင်မှော်ဆိုတာကလည်း
အဲဒီမှော်နယ်မြေအစနဘူးတောင်ကြော
လှည်းလမ်းအဆင်း ညာဘက်ကမ်းပါး ထိပ်မှာ လူနှစ်ဖက်စာလောက် ပင်စည် ရှိတဲ့ သခွတ်ပင်ကြီးကပေနှစ်ဆယ်၊ သုံး
ဆယ်မကမြင့်မားဟည်းထပြီးပေါက်နေ တာမို့ သခွတ်ပင်မှော်ရယ်လို့ အမည် တွင်တာ။ သခွတ်ပင်ကြီးကလည်းဘယ် တောင်ကြောကလှမ်းကြည့်ကြည့် ထီး ထီးကြီးရှိနေတာကိုး။
သခွတ်ပင်ကြီးဆိုလို့လည်း ပေါ့ သေးသေး မထင်နဲ့။ သူ့ရာဇဝင်နဲ့သူ။ အဲဒီရာဇဝင်ကြောင့်ပဲဒီနေရာတစ်
ဝိုက် မှော်လုပ်ကွက်မဖြစ်ခင်ထဲက ရွာခံ တွေ၊ ကိုင်းသမားတွေက နဘူးတောင် တို့၊ ကျောက်တစ်လုံးပြန့်ဘက်က ကိုင်း တွေဆီလာရင် လမ်းတိုတဲ့ သခွတ်ပင် ကြီးရှိရာ လှည်းလမ်းကနေ မသွားဘဲ ထမင်းတစ်အိုးချက်ခန့် ပိုကြာတဲ့တစ် ဘက်၊ ကျောက်တစ်လုံးတောင်ကြီးကို

ပတ်နေရတဲ့ဟေဝန်တဲတိုက်တွေဘက်
ကနေလာကြတာ၊ တဲတိုက်ဆိုတာက
ကိုင်းသမားတွေ၊ တောထဲတောင်ထဲ
ရိုးမထဲရေမိုးသာရာနေရာမှာစခန်းချပြီး
ကိုင်းတဲလေးငါးဆယ်လုံးချပြီးနေကြတဲ့
တဲစုလေးတွေကို ခေါ်တာပါ။ တဲတိုက်
လို့ပဲခေါ်ကြရဲ့။တောထဲက သစ်ဝါးတွေနဲ့
တိုင်ထူ၊ သက်ကယ်မိုး၊ သက်ကယ်အလုံ
ပိတ်ကာထားတဲ့ ခြေတံရှည်တဲတွေပါ။
ရှေးတုန်းက တောထဲမျက်စိလည်လမ်း
မှားလာတဲ့ တောကောင်ကြီးတွေ မသူ
တော်တွေ ရုတ်တရက် အန္တရာယ်မပြု
နိုင်အောင်ခြေတံရှည်တွေဆောက်တာ။
သစ်ဝါးကလည်း လွယ်လင့်တကူကိုး။
လိုတဲ့သစ်၊ လိုတဲ့တောင်မှာ သွားခုတ်ရုံ
ပဲ။ ခြေတံရှည်အမြင့်က အနည်းဆုံး
ဆယ်ပေမကဘူး။ တဲပေါ်တက်တဲ့ လှေ ကားကလည်း ခပ်မတ်မတ်ရယ်။ ပြီးတော့ သဘာဝနဲ့ရာသီဥတုလေ
မိုးဒဏ်ခံနိုင်ဖို့ သက်ငယ်တွေအလုံပိတ်
ကာရံထားကြတာ။ ပြတင်းပေါက်တို့
လေဝင်ပေါက်တို့ မရှိဘူး။ တောင်ပေါ်
တဲတိုက်တွေအားလုံး အဲဒီအတိုင်းပဲ။
ရိုးမကြီးထဲ နေကြရတာကိုး။ ညအိပ်
တဲပေါ့။ တချို့လည်း ကိုင်းသုံးပစ္စည်း ပစ္စယတွေပဲထားပြီးလှည်းနဲ့ ရွာပြန်ကြ တာ။ ကိုင်းခုတ်ချိန်ပဲခါချိန်ကြမှတဲတိုက်

ကို ပြန်လာကြတယ်။ တချို့တဲတိုက် တွေဆိုရွာမပြန်တဲ့မုဆိုးအလုပ်ဝါသနာ
ပါတဲ့ တစ်ယောက်နှစ်ယောက်စပဲ နေ ကြတာ များတယ်။ ရွာမှာလည်း တချို့
လုပ်ငန်းတွေကရှိသေးတာကိုး။မိသားစု
လည်း ရှိသေးတာကိုး။ သခွတ်ပင်မှော်
မှာကဟိုးနဂိုမူလထဲကတဲတိုက်မရှိဘူး။ ဘယ်သူမှလည်း ကိုင်းမလုပ်ကြဘူး။ ပြောပြီးပြီ။ ရာဇဝင်နဲ့ပါဆို။
ထန်မန်းတို့ ရွှေမည်းစတူးတော့မှ အတောင်တိမ်တိမ်နဲ့ ဆီကလေး ဘာ လေးထပေါက်တော့အခြားမှော်တွေက ရွှေမည်းမုဆိုးတွေ၊ ရွှေမည်းသိုက်ရှာသူ တွေ၊ ဟိုတစ်စင် ဒီတစ်တဲနဲ့ ကျင်း ထောင်စင်တွေများလာကြတာ။ ဘယ်- လွန်ခဲ့တဲ့နှစ် ထန်မန်းတို့ ရောက်တုန်း ကဆို ကမ်းပါးအထက် သစ်ပင်ချုံရိုင်း
တွေ စဉ်မန်ကျည်းပင်၊ သန်းပင်တွေ
ကြားမှာ အဲဒီသခွတ်ပင်ကြီးက ထီးထီး
ရယ်။ ထန်မန်းတို့ကျင်းစဖောက်တာက
အဲဒီသခွတ်ပင်ကြီးရဲ့မြောက်ဘက်
ကျောက်တစ်လုံးလျှိုအစပ်ကကမ်းပါးယံ
မှာပါ။
သူတို့တဲကနေ လှမ်းကြည့်လိုက် ရင် သခွတ်ပင်ကြီးက ထီးထီးကြီး။ ဒီ နေရာကိုထန်မန်းရဲ့ကျင်းသူဌေးကိုထွန်း နဲ့မွန်ကြော၊ ကျောက်တန်းလိုက်ရှာရင်း

နေရာလေးကောင်းလို့တဲမထိုးခင်ထဲက သခွတ်ပင်ကြီးအကြောင်း တခြားမှော်
နဲ့ ရွာနယ်ခံအချို့ ဟိုပြောဒီပြောနဲ့
သတင်းကြားပြီးသားပါ။ အဲဒါက သခွတ်
ပင်ကြီးရာဇဝင်နဲ့နတ်ကြမ်းတယ်၊ ကုန်း
ကြမ်းတယ်။ အစောင့်အရှောက်ကြီး
တယ်။ ဘာညာပေါ့လေ။ ထန်မန်း
ကတော့ ချင်းရခိုင်စပ်တစ်ဦးပီပီ အဲဒါ
တွေ ဘာတွေ သိပ်မယုံစား။ ထည့်
မတွက်ပါဘူး။ ထန်မန်းသိတာက ဘယ်
နေရာမှာ ရွှေမည်းသိုက်ရှိသလဲ။ ဘယ်
လျှိုကြား ကမ်းပါးစောင်းက ရွှေမည်း
ထွက်မလဲ။ ဒါပဲ။ သူသိတာက ပိုက်ဆံ ရဖို့ပဲ။ ဆီကျင်းပေါက်ဖို့ပဲ။ ကျန်တာတွေ သူ့ခေါင်းထဲ သိပ်မရှိဘူး။ မရှိဘူးဆိုတာ ထက်ရှိလို့လည်းမရဘူးဆို ပိုမှန်တယ်။ ဘာပြုလို့လည်းဆို ဒီလောက် အသွားအလာခက်ခဲ၊ ပင်ပန်းဆင်းရဲ ကြမ်းတမ်းတဲ့ ရိုးမထဲရောက်နေတာ
ပိုက်ဆံရှာဖို့ပဲ။ အပျော်မှမဟုတ်ဘဲ။
မှော်ဆိုတာ မြို့မှမဟုတ်ဘဲ။ သွားရေး
လာရေးက ခက်ခဲပင်ပန်းကြမ်းတမ်း
တယ်။တစ်ခါတစ်ရံကွမ်းလေးဆေးလိပ်
လေး သောက်ဖွာဖို့ ပြတ်လို့ ပိုက်ဆံရှိ
လျက်သွားဝယ်ချင်ရင်တောင်ကျောက်
တစ်လုံးမှော်ထဲ သွားရတာ။ တောင် ကြောနှစ်ကြောနဲ့ လျှိုလှမ်းလမ်းနှစ်ခု

ဖြတ်ပြီးဆင်းမှ ရတယ်။ လက်ဖက်ရည်
သောက်၊ ဗီဒီယိုကြည့်ချင်လည်း ညကြီး
မင်းကြီး ဓာတ်မီးတစ်လက်နဲ့ အဲလို
အပင်ပန်းခံသွာမှ လက်ဖက်ရည်
သောက်ရတာ။ အဲဒီအချိန်က ကျောက်
တစ်လုံးမှော်က ဆီပေါက်ကျင်းများလို့
ကျင်းစင်တွေနဲ့ပြည့်နှက်စည်ကားနေပြီ။
ဈေးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အရက်
ဆိုင်တွေလည်း ရှိနေပြီ။ ဗီဒီယိုရုံတို့
ဖုန်းတို့လည်း ရှိနေပြီ။ သခွတ်ပင်ကို
ဘယ်သူမှ ခြေမချသေးဘူး။ ပြောခဲ့
သလိုပဲ ဖြတ်သွားဖြတ်လာတောင် သိပ်
မလုပ်ကြပါဘူးဆို။လူဆိုတာက
လောကသားတွေပဲ မသေချာတဲ့မနက်
ဖြန်ထက် သေချာတဲ့ ဒီနေ့ ပစ္စုပ္ပန်တည့်
တည့်ပဲ ကြည့်ကြတာလေ။ ဘယ်မှော်
သစ်မှာ ဘယ်မှော်သစ်မှာ ဘယ်သူ့စမ်း
တွင်းတူးလို့ ဘယ်သူ့ဆီပေါက်သလဲပဲ
နားစွင့်နေတာ။ လက်တို့မေးနေတာ။ ကိုယ်ပိုင်ဒုက္ခခံ စွန့်စားသူ မရှိဘူး။ အဲ- ဘယ်မှော်သစ်မှာ ဘယ်သူ့ဆီ ပေါက်သတဲ့ဆိုတဲ့ သတင်းအနံ့လေး မထွက်လိုက်နဲ့ သိပ်မကြာဘူး။ အဲဒီ ဆီပေါက်တဲ့နေရာတစ်ဝိုက်၊ ရက်ပိုင်း အတွင်း တဲတွေ၊ ကျင်းထောင်စင်တွေ အလျှိုလျှိုနဲ့ ပြည့်လာပြီမှတ်။ အမဲသား တုံးကို ခွေး,အများ ဝိုင်းဆွဲကြသလိုပဲ။

နေ့ချင်းညချင်းဘတ်ထရီမီးတထိန်ထိန်၊ ကတ်ဆက်သံတညံညံ၊ ကျင်းထောင်း
သံ တတုံတုံနဲ့ ဆူညံလာတော့တာပဲ။
ဒါသဘာဝပဲ။ မှော်လောကရဲ့စတိုင်ပဲ။
အပြစ်ပြောလို့မရသလို၊ ဘယ်သူမှ
လည်း ဟန့်တားလို့မရဘူး။ ပြောပြီးပြီ။
ရွှေမည်းမုဆိုးတွေပါဆို။ ဘဝကို ကြွေ
တစ်လှည့်ကြက်တစ်ခုန်နေ့ချင်းညချင်း
ပေါက်ကျင်းပိုင်သူဌေးဖြစ်၊ လောပန်
ဘဝရောက်အောင် ရိုးမကြီးထဲဘယ်သူ
မမက်ရှိပါ့မလဲ။ ဘယ်သူမချမ်းသာချင်
ရှိပါ့မလဲ။လောဘသားတွေချည်းပဲကိုး။
သူတစ်ပါးခူးပြီးခပ်ပြီး လက်ဆေးဇလုံ
ပါ သေချာမှ ထမင်းဝိုင်းဝင်ထိုင် လက်
နှိုက်စားကြတတ်တာမျိုး။ ကိုယ်လည်း
အဲဒီအစားထဲကပဲ။ အတူတူနဲ့ အနူန
ဆိုတော့ ဘယ်သူ့ကို မတူးရ မလာရ
အမိန့်ထုတ်လို့ရမှာလဲ။ ပြီးတော့တောထဲ
တောင်ထဲမယ်။ ဥပဒေက မိုင်သုံးလေး
ဆယ်ကျော် အဝေးကြီး။ ပြောသတိ၊
သွားသတိ၊ စားသတိနဲ့ နေကြရတာ
ချည်း။
လက်နက်ပစ္စည်းတွေဆိုတာက လက်တစ်ကမ်းမှာ အဆင့် သင့်။ သူ့ ရာဇဝင်၊ ကိုယ့်ရာဇဝင် ဘယ်သူမှ အတွင်းကျကျ သေချာစေ့ငု ဇာတ်မြစ် သိကြတာ မဟုတ်ဘူး။ မြန်မာနိုင်ငံ

အထက်အောက် လူစုံ အသွေးစုံ အရောင်စုံစရိုက်စုံအမူအကျင့်စုံပဲ။ ရိုးမ
ထဲ စွန့်စားပြီး ရောက်လာကြသူတွေဆို
တော့ သာမညတွေတော့ မဟုတ်ဘူး။
ရာမညပြန်တွေချည်းပဲ။ စိတ်ကြမ်း လူ
ကြမ်း ယောက်ျားသားတွေချည်း။ ကျင်း
တဲတွေဆိုတာ နှစ်တောင်သာသာ ဝါး
ကြမ်းခင်းက မြင့်ပေမယ့် ဆင့်တို့ဒေါက်
တို့ သိပ်ခံစရာ မလိုဘူး။ သောက်တဲ့
အရက်ပုလင်းတွေ တဲအောက် တန်းစီ ထပ်ထားတာနဲ့အောက်ကဆင့်ခံထားပြီး
သားပဲ။ ဝါးကြမ်းခင်းမကျိုးဘူး။ တဲတိုင်း မှာ ပုလင်းခွံတွေက အဲသလောက်ထိ။ ဧည့်စာရင်းမရှိ၊ သန်းခေါင်စာရင်းမရှိ၊ အုပ်ချုပ်ရေးမှူးလည်းမရှိတဲ့နေရာမျိုး။ မှော်က အကျယ်ကြီး၊ ရိုးမက တစ် ပြန့်တစ်လျားကြီးကို။ ဘယ်သူကမျက်စိ ထောက်ထောက်ကြည့်နေနိုင်မှာလဲ၊
ကိုယ့်အသိနဲ့ ကိုယ့်နားလည်မှုနဲ့ ကိုယ့်
မှော်လူကြီးဆိုတဲ့ ဦးစီးခေါင်းဆောင်
အချို့စု ဖွဲ့ခန့်ထားတာပဲရှိတယ်။ (အဲဒီ
တုန်းကအခုလိုမှော်တွေထဲမှာ အုပ်ချုပ်
ရေးရုံးတို့၊ ဆေးခန်းတို့ စသဖြင့် စည်း
ကမ်းတကျ မပွင့်လင်းသေးပါ – စကား ချပ်) အရေးအကြောင်း သာရေးနာရေး ဆိုရင်လည်း အနီးဆုံး နှစ်မိုင်ခန့်ကွာတဲ့ ကျောက်ပယ်တို့ ရေချိုတို့ရွာက ရဟန်း

သံဃာနဲ့ မှော်လူကြီးတွေကပဲ ဆောင်
ရွက်ကြတယ်။ ဘယ်သူမဆို မှော်ထဲ
ဝင်ရင် အဲဒီရွာတွေကမှ တစ်ဆင့်လာ
ကြရတာကိုး။ မင်းလှကျင်း၊ ကျောက်
ပယ်၊ ရေချိုရွာတွေက ရွာခံနယ်ခံတွေ
လည်းရွှေမည်းတူးကြ၊ လှည်းလိုက်ကြ၊
ဈေးလာရောင်းကြနဲ့ ခြေချင်းလိမ်နေ
ကြပါရဲ့။ မင်းဘူး၊ ပဒါန်းမြို့ပေါ်က မှော်
ဈေးသည်တွေလည်း မှော်ကားနဲ့ ဈေး
လာရောင်းကြပါတယ်။ ခြံထွက်သီးနှံက
စလို့ အမဲသားငါး အစုံပေါ့။ မှော်ထဲမှာ
အသားငါးစားချင်ရင် ရွာဈေးသည်တွေ
ကိုပဲမျှော်ရတယ်။ ရွာခံနယ်ခံဈေးသည်
တွေက ရွာကနေ မှော်အထိ နှစ်မိုင်
နောက်သုံးလေးမိုင်မကတဲ့မှော်ကြီးအနှံ့ တောင်တက်တောင်ဆင်း၊ လျှိုဖြတ်၊
ကမ္ဘာကျော်၊ ခြေကျင်လှည့်ရောင်းကြ
တာ။ ကျင်းတဲတွေ၊ ထောင်းစင်တွေ
ကလည်း တစ်ခုတည်းမဟုတ်၊ ဟိုကုန်း ထိပ် တစ်တဲ နှစ်တဲ။ လျှိုအောက်ထဲ သုံးလေးတဲ။ ဟိုးကမ်းပါးစောင်း ဒီသစ် ပင်အောက် အဲသလို ပြန့်ကျဲနေတာ။ ကျောက်တစ်လုံးကတော့ ပြန့်ကြီး မို့လို့ တစ်ခုတည်းဖြစ်ပြီး မှော်ကကြီး တယ်။ မှော်ကားဂိတ်လည်းရှိတော့ ပိုစည်တယ်။ ကျန်တဲ့မှော်လေးတွေက ကျိုးတိုးကျဲတဲရယ်။ ဟေဝန်မှော်ပြီးရင်

ကျောက်တစ်လုံးမှော်က အကြီးဆုံးပဲ။
ဟေဝန်မှော်ကတော့ ဒုတိယပေါ်တဲ့
မှော်ဖြစ်ပြီးဆီပေါက်အားလည်းကောင်း
တော့ ပိုမှော်ကြီးတယ်။ ပြောရရင် ထန်
မန်းတို့က ကျောက်တစ်လုံးနဲ့ နဘူး
တောင်မှော်ကြားကနေ ဒီသခွတ်ပင်
မှော်ကိုကူးလာကြတာ။ နေရာသစ်ပေါ့။
သခွတ်ပင်မှော်က ဘယ်သူမှ မတို့မထိ ရဲတဲ့လက်ရှောင်ကြတဲ့နယ်မြေ၊ ထန်မန်းကိုဒီအကြံသူ့ကျင်းပိုင်ရှင် ကိုထွန်းအောင်ကျော်ကစပြီး ပေးတာ ပါ။ ကျောက်တစ်လုံးအနောက်ဘက် တောင်စောင်းမှာ သူတို့တူးနေတာ သုံး လေးလရှိနေပြီ။တစ်ကျင်းမှဖြစ်လောက်
အောင်ဆီမပေါက်ဘူး။ အတောင်လည်း
နက်တယ်။ အတောင်တစ်ရာ သုံးလေး ဆယ်ကျော်တာတောင် မွှန်းနံ့ပေး။ ဆီ
ဂိတ်တွေလည်းဖြတ်ရက်နဲ့ နောက်ဆုံး
နှစ်ပေပါ သုံးပေပါလောက်နဲ့ ဂါလံကျင်း ပဲ ရတော့ရဲ့။ စားရိတ် ရှုံး၊ လူပင်ပန်းတာ
ပဲရှိရဲ့။ရိက္ခာထောက်တောင်မှအနိုင်နိုင်။ လူငါးယောက်စားစရိတ်လောက်နဲ့ဂါလံ ကျင်းပဲရတော့ရဲ့၊ စားရိတ်ရှုံး၊ လူပင်ပန်း တာရှိရဲ့။ ရိက္ခာထောက်တောင်မှ အနိုင် နိုင်။ လူငါးယောက် စားစရိတ်၊ နေ့စဉ် အသုံးစရိတ်ကနည်းမှတ်လို့။ မုံးကျင်းလို့ ခေါ်တဲ့ တစ်နေ့တစ်ပုံးလောက် ဆီခပ်

လို့ရမှ မှော်မှာက စားရိတ်ပဲရတာ။ ဂါလံ လောက်ရတဲ့ကျင်းဆိုကွမ်းဖိုး၊ဆေးလိပ်
ဖိုး၊ အရက်ဖိုးတောင် မကာမိဘူး။ နံ မဆွတ်ဘူး ပြောရမယ်။ ဆီဈေးက တစ်
ဂါလံမှ တစ်ထောင်ရယ်။ မှော်ထဲမှာက
ဆေးလိပ်ကွမ်းယာကအစ မြို့ပေါ်မှာ
စက် သုံးဆကြီးတယ်။ သယ်ယူစရိတ်
ကအရမ်းကြီးတာကိုး။မြို့မှာတစ်သောင်း
ခွဲတန် ဆန်တစ်အိတ်ကို မှော်ဈေးနဲ့ သုံး
သောင်းရှိတယ်။
အလုပ်ကလည်း ပင်ပန်းသလို ကျင်းထောင်းသမားတိုင်းလည်းစားနိုင်
ကြတယ်။ သူတို့မှော်အခေါ်ကတော့
သံတူးရွင်းစားတာလို့ ရယ်မော နောက်
ပြောင်ကြရဲ့၊ ကျင်းထောင်းသမားရဲ့ကျင်း
ထောင်းတဲ့ အလုပ်ဆိုတာကလည်း
ဉာဏ်မပါ ကာယခွန်အားနဲ့ပဲ အချိန်
တစ်ဆယ်နီးပါးရှိတဲ့တူးရွင်းကိုကျင်းစင်
ထိပ်ကဝိက်သီးကတစ်ဆင့်မြေအောက်
အတောင်တစ်ရာကျော်၊ နှစ်ရာထိ။
မနီလာကြိုးကြီးနဲ့ တိုင်ပင်ကိုက်၊ လက်
ဆွဲလက်ချညီ နေကုန်နေခန်း၊ ကျောက် ကမ်းပါး ခြေကန်ပြီး ဆွဲတင်ရ၊ တူးရတာ ကိုး။ သုံးယောက်သားတက်ညီလက်ညီ မခိုမကတ်မှ ထောင်းချက်က မှန်းတာ။ ထန်မန်းက ကျင်းဆရာ။ ကျင်းဆရာ လည်း ထောင်းပိုက်ကိုင်ရတာပဲ။

ကျင်းအလုပ်က အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ – ရွှေမည်းလို့ခေါ်တဲ့ တွင်းထွက်
ရတနာထဲမှာ ရေနံက အခြားရွှေမှော်၊
ကျောက်မှော်တွေလိုအသက်အန္တရာယ်
သိပ်မများဘူး။ မြေပေါ်မှာတင် လုပ်ကိုင်
ရတာ။ ထန်မန်း ကျောက်မှော်တွေကို
မတူးဖူးပေမဲ့ ကြားဖူးတယ်။
သူတို့က မြေအောက်ထိ လူးကျင်း တွေထဲဆင်းပြီး ကြွက်များလို ဂလိုင် ဖောက်တူးကြရတာ။ အခန့်မသင့်ရင် ကံဆိုးရင် တွင်းပြိုတွင်းပိတ်ပြီး အသက်
ဆုံးရှုံးရတယ်။ ရွှေမည်းက မြေပေါ်က
အလုပ်။ အဲ ဒါပေမဲ့လည်း ကိုယ်မသိ
မမြင်ရတဲ့ ဟိုး မြေအောက်ထဲက ရွှေ
မည်းကြောကို သံတူရွင်းထောင်းပိုက် ၂
လက်မခွဲတစ်ချောင်းနဲ့ အတွေ့အကြုံနဲ့
သမ္ဘာနဲ့ ကံတရားပေါ်ဘဝနဲ့ အချိန်တွေ၊
အရင်းအနှီးတွေ ပစ်တင်ထားရတာ။
တွင်းထွက်ရတနာဆိုတာအတွေ့အကြုံ
သမ္ဘာဘယ်လောက်ရင့်ရင့် ကံတရား
ကလည်းလိုတယ်။ ကံမရှိ ဉာဏ်ရှိတိုင်း မွဲဆိုတဲ့ ဆိုရိုးအတိုင်းပဲ။ ဆီက ပေါက် ချင်မှ ပေါက်တာ။ သူများဆီ ပေါက်လို့ ပေါက်တဲ့ ကျင်းနဲ့ သုံးလေးတောင် အကွာ။ ကိုယ်ကတူး။ ဆီအစား ရေပဲ ပေါက်ချင် ပေါက်ရဲ့။ ကျောက်ခံရင် ခံတယ်။ ကဲ- မဆန်းပေဘူးလား။ ဂမ္ဘီရ

မဆန်ပေဘူးလား။ အဲဒါကြောင့်လည်း မှော်လို့ခေါ်ကြတာနေမယ်။
မျက်လှည့်
ဆန်လွန်းလို့လေး။ ခုလည်း ကျောက်
တစ်လုံးမှာ သူများတွေက လျှံကျင်း
ပေပါကျင်းတွေ အလျှိုလျှိုပေါက်ပြီး
ကိုယ့်ရှေ့မှာတင် ဆွဲကြိုးနဲ့ ဟမ်းမ်ချိန်းနဲ့
ဆိုင်ကယ်တဝေါဝေါ ပိုက်ဆံအထပ်
လိုက်နဲ့ချမ်းသာသွားကြပေမယ့်“လူကို
ပြိုင်လို့ရပေမယ့် ကံကို ပြိုင်လို့ ရချင်မှ
ရမယ်”ဆိုတာ ဟုတ်မှာကွ ထန်မန်ရ”
လို့ ညည်းရှာတယ်။ ဒါလည်းမှန်မှာပဲ။
မြေကြီးထဲ တူးကြစတမ်းသာ ရွှေမည်း
တွေဒလဟောထွက်နေရင်ကျင်းသမား
တွေ ရွှေမည်းသိုက်ရှာတဲ့မုဆိုးတွေ
အကုန် လောပန်တွေ ဖြစ်နေကြမှာပေါ့။
ထန်မန်းတို့လည်း ပါမှာပေါ့။ အဲဒါနဲ့ပဲ
ကိုထွန်းနဲ့ထန်းမန်းတိုင်ပင်ပြီးဘယ်သူမှ
ခြေမချသေးတဲ့၊ မတူးကြသေးတဲ့ ဟော
ဒီသခွတ်ပင်နားကိုရွေ့လာကြတာ။
ထန်မန်းတို့ သခွတ်ပင်လျှိုကုန်း ဘက် နေရာသစ်ရှာ စမ်းတူးကြမယ်ဆို တော့ ခင်မင်ရင်းနှီးသူတွေနဲ့ မိတ်ဆွေ တွေရွာဈေးသည်တွေ၊ ရေလှည်းသမား တွေကတောင် တအံ့တသြနဲ့ ဝိုင်းတား မြစ်ကြ၊ သတိပေးကြသေးတယ်။ အဲဒီ ထဲမှာ ထန်မန်းတို့နဲ့ အတော်ကြီး ရင်းနှီး ခင်မင်နေတဲ့ ရေချိုလိုက်ရောင်းတဲ့

ရေချိုရွာသားကြီးတစ်ဦးဖြစ်တဲ့ ဘကြီး
မွေးက-
“ကြည့်လည်းလုပ်ပါ၊ မောင်ထွန်းနဲ့
ထန်းမန်ရာ၊ လူဆိုတာ ကြီးပွားချင်လို့
အညွန့်စားခံချင်လို့ စွန့်စားပြီး တောထဲ
တောင်ထဲ စီးပွားလာရှာတာ။ ဘကြီး
နားလည်ပါတယ်။ ဘကြီးတောင်
အသက်ရှစ်ဆယ်နီးနေတာတောင် နှစ်
မိုင်မကတဲ့ခရီးကို မနက်အစောကြီး
ရေချိုခပ်၊ လှည်းပေါ်တင်၊ ဒီမှော်ထဲ
ရောက်အောင် မိသားစုစားဝတ်နေရေး
အဆင်ပြေအောင် တစ်ကုန်းတက်
တစ်ကုန်းဆင်း ရေချိုလိုက်ရောင်းနေ
ရတာပဲ။ မင်းတို့တဲကိုလည်း ဘကြီး
ရေချိုပို့ပေးနေတာ။
မင်းတို့စပြီးရောက်လာကတည်းက
ဆိုတော့ ကိုယ့်ဆွေမျိုးတူသားနောင် မယ်တွေလို ခင်မင်လို့ ထားတာပါ။ အဲဒီ
သခွတ်ပင်ကုန်းပေါ်ဘယ်သူမှ တောင် ယာမရှိ ကိုင်းမလုပ်ကြတာပဲ ကြည့်
တော့။ အဲဒီနေရာနဲ့အပင်က နည်းနည်း
ကြမ်းတယ်ကွယ့်။ ဘကြီးတို့မိဘတွေ
လက်ထက်က အဲဒီကုန်းကြောထိပ်မှာ
ဘုရားပျက်ငုတ်တိုလေးရှိတယ်လို့
ပြောဖူးတယ်။ ဘကြီးတို့ အရွယ်
မရောက်ခင်က တောင်ကျရေတွေ
ဆင်းလို့ကမ်းပါးပြိုတဲ့အထဲပါသွားတယ်

ပြောတာပဲ။ ခုဆို မြေကြီးထဲ မြုပ်နေ
ရောပေါ့။ သခွတ်ပင်ကြီးကလည်း
ဘကြီးတို့ ငယ်ငယ်တည်းကရှိနေတာ။
ဘကြီးတို့လူပျိုပေါက်ကကျောက်
ပယ်ရွာက ဦးဘဌေးကြီးလည်း အဲဒီ
သခွတ်ပင်ကြီးအနား ဘာမှားမိသလဲ
မဆိုနိုင်ဘူး။ တောတက်သစ်ဝါးခုတ်ရင်း
ကျွဲခတ်လို့သေပါ့ရောလား။ ခက်တာက
အဲဒီကျွဲနက်ကြီးက ဘယ်ရွာကဘယ်သူ့
ကျွဲမှန်းလည်းမသိကြ၊ ရွာလို့မရကြဘူး
ကွယ့်။ နောက်ပဒါန်းက မုဆိုးညီအစ်ကို
တောပစ်ရင်း အဲဒီသခွတ်ပင်ကြီးရဲ့
အနောက်ဘက်လျှိုထဲမှာ တောမှားလို့
သေနတ်ဒဏ်ရာကိုယ်စီနဲ့ ရင်ပွင့်သေပါ
ရောလား။ အဲဒါကြောင့် ဒီရိုးမထဲက ရွာ
တွေ တဲတိုက်တွေက သခွတ်ပင်ဆိုရင် ရှောင်ကြတယ်။ မသွားလာကြဘူး။ အခြားကျောက်တန်းတွေ ရှာတူးစမ်း ပါကွယ်။ ဘကြီးကစေတနာနဲ့တားတာ
ပါ”
“ရပါတယ် ဘကြီးပွား၊ ဘကြီး စေတနာကို ကျွန်တော် နားလည်ပါ
တယ်။ဒါပေမဲ့ဘကြီးပြောသလိုချမ်းသာ
ကြွယ်ဝချင်လို့ မယားစွန့် သားစွန့်ပြီး
ပင်ပန်းအဆင်းရဲခံ၊ ငှက်ဖျားခြင်ကိုက်ခံ၊
ပုလင်းကြီးချိတ်ခံပြီးရွှေမည်းရှာနေတာ။
အဲဒီသခွတ်ပင်ကြီးရဲ့ရာဇဝင်လည်းကျွန်

တော်တို့လူပြောသူပြောနဲ့ကြားပါတယ်။
ဒါပေမဲ့ကျွန်တော်တို့တွင်းဖောက်မှာက
သူနဲ့အတော်ဝေးတဲ့ လျှိုစောင်းမှာပါ။
အဲဒီနေရာအနေအထားလေးကိုကြိုက်
လို့၊ သေရင်မြေကြီး ရှင်ရွှေထီးပဲ ဘကြီး
ရာ။ ကျွန်တော်လည်း ရွာမှရှိသမျှ ကုန်
သလောက်ရှိနေပြီမထူးဘူး။ စွန့်ရမှာပဲ။ ကျွန်တော်တို့တစ်ကျင်းမှမအောင်သေး
ဘူး။ နောက် ကျွန်တော် ဒီနယ်ဒီပယ်မှာ စောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်တွေ ဆိုင်ရာ ပိုင်ရာ မြင်အပ်မမြင်အပ်တွေကိုမေတ္တာ ပို့နေတာပဲ။ ကိစ္စမရှိပါဘူး” ဘာသာရေးသမားလည်းဖြစ်၊ လုပ် မယ်ဆို ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်
တတ်တဲ့ကိုထွန်းအောင်ကျော်ကဘကြီး
ရွှေပွားကိုပြောအပြီး သုံးရက်အကြာမှ
ခုပြောတဲ့နေရာမှာ ထန်မန်းတို့ ကျင်း
ထောင်းဖို့ တဲ စတင်ထိုးကြတော့တာပဲ။
ကျောက်တစ်လုံးကနေ ပစ္စည်းတွေ ရွှေ့
လာပြီးသူတို့တဲထိုးနေကြ၊နေရာရှင်းနေ
ကြစဉ်မှာပဲ ကိုထွန်းအောင်ကျော်က
ဘာမပြောညာမပြောနဲ့ဖယောင်းတိုင်နဲ့
အမွှေးတိုင်ထုပ်လေးယူပြီး သခွတ်ပင်
ကြီးရှိတဲ့နေရာ၊ သစ်ပင်တွေချုံနွယ်တွေ
ကြားထဲကနေ တိုးဝင်ရင် ပျောက်သွား တယ်။ ထန်မန်းရဲ့စိတ်ထဲမှာထူးဆန်းနေ သလိုပဲ။ တဲတိုင်တွေ ထူပြီး သက်ငယ်

ပျစ်တွေ မိုးတဲ့အချိန်ကျမှ ကိုထွန်း အောင်ကျော် ပြန်ရောက်လာတယ်။ ထန်မန်းအပြင် ကျင်းထောင်း သမားတွေဖြစ်တဲ့ ဆင်ကြီး၊ လှပိန်၊ မိုးမင်းတို့က ဘာမှ မမေးကြပါဘူး။
ကိုထွန်းအောင်ကျော်ကသူတို့ရဲ့အလုပ်
ရှင်၊ ကျင်းပိုင်သူဌေးကိုး။ ထန်မန်း
ကတော့ အလုပ်လုပ်ရင်း ကိုထွန်း အောင်ကျော်ရဲ့ အမူအရာကို အရိပ် အကဲကြည့်နေမိရဲ့၊ သခွတ်ပင်ကြီးဘက် ကို ဘာသွားလုပ်တာလဲလို့လည်း မေး ချင်နေမိတယ်။ မွန်းတည့်လို့ ထမင်းစား
ကြတော့ –
“ထန်မန်းအပါအဝင် ဆင်ကြီးတို့
မိုးမင်းတို့ကို ကျွန်တော် သတိပေးထား
မယ်။ ဒီနေရာအကြောင်းလည်း ကြား
ပြီးသားပဲ။ ဒီနေ့ကစပြီး ကျင်းစထောင်း
တဲ့အချိန်၊ ကျင်းအောင်တဲ့အချိန်အထိ
ဘယ်သူမှ အရင်လို ဟေးလားဝါးလား
နဲ့နင်ပဲငဆဆဲဆိုတာတွေရုန့်ရင်းကြမ်း
တမ်းတဲ့ ဝစီတွေ မပြောကြပါနဲ့။ အဓိက
ငါပြောချင်တာကတော့ ရိက္ခာကို ငါ ချက်ခိုင်းတဲ့ဟင်းစားပဲချက်ပါ။ အထူး
သဖြင့် ရွာကလာရောင်းတဲ့အမဲသားကို လုံးဝမဝယ်ပါနဲ့ မချက်ပါနဲ့၊ စားလည်း မစားပါနဲ့။ ဒါ သတိပေးတာ၊ တားမြစ် တာပါ။ ဆင်ကြီး မင်းသတိထားပါ၊ မင်း

က အဲဒါဆို အသေရရ အရှင်ရရ ကြိုက်
တဲ့ကောင်၊
အဲ-ငါသတိပေးပြီးမှစားကြ
ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ”
“ဟို.. ကျွန်… ကျွန်တော် ကျောက် တစ်လုံးထဲမှာ စား – စားချင်ရင်ကော
ကို- ကိုထွန်း”
“အဲဒါ မင်းသဘောပဲ ဆင်ကြီး- ဒီမှာနေသရွေ့ ကျင်းထောင်းနေသမျှ အားလုံးမစားကြပါနဲ့ ငါတားမြစ်တယ်” အမဲသားကြိုက်နှစ်သက်သော
ဆင်ကြီး၊ ဘာတစ်ခွန်းမှ အဓွန့်မတက်
တော့ဘဲ ငြိမ်သွားပြီး အလုပ်ဆက်လုပ်
နေလေရဲ့။ ဟိုတုန်းကဆို ရွာတွေကနေ
လာရောင်းတဲ့အမဲတွဲကို တစ်ပတ်နှစ်
ကြိမ်လောက် ချက်တာပါ။ အမဲက ရွာ
တွေကိုခိုးပေါ်ကြသလိုမှော်ထဲမှာလည်း
ဈေးကောင်းတယ်။ ကိုထွန်းအောင်
ကျော်က သူသာ အမဲသား၊ ဝက်သား
မစားပေမဲ့ အစားအသောက်နဲ့ပတ်
သက်လို့ မတင်းကျပ်၊ မချုပ်ချယ်ပါဘူး။ ကျင်းသမားတွေကြိုက်ရာစားပဲ။
ဒါပေမဲ့ ခု သခွတ်ပင်ရောက်မှ ဗြုန်း စားကြီးအမဲသားမစားရ၊ မဝယ်မချက်ရ အမိန့် ထုတ်လိုက်တော့ ထန်မန်းရော ကျင်းထောင်းသမားတွေပါ ထူးဆန်း သွားမိတာ အမှန်ပဲ။ ဒါပေမဲ့ ကိုထွန်း အောင်ကျော်က ကျင်းပိုင်သူဌေး၊ သူ့

အမိန့်ကို ကျင်းနဲ့ပတ်သက်သူ အလုပ်
သမားတိုင်း နာခံလိုက်နာကြရမှာပဲ။
မစားနဲ့ဆိုမစားနဲ့ပေါ့။ဒါပေမဲ့အမဲသားကို
အခြားငါးနုပ်ငါးဖွဲထက်ပိုပီးအာလူးတွေ
ကြိုက်နှစ်သက်တဲ့ ဆင်ကြီး ကျောက်
တစ်လုံးမှော်ထဲဆင်းပြီး စားမှာကိုတော့
ထန်မန်းက တင်ကြိုပြီး သိနေလေရဲ့။
လူဆိုတာ အကြိုက်ကို မစွန့်လွှတ်နိုင်
ဘူးမဟုတ်လား။
နေထိုင်ဖို့ကျင်းထဲနဲ့ထောင်စင်တွေ
ဘာတွေဆောက်ပြီး သုံးရက်မြောက်
နေ့မှာပဲကိုထွန်းအောင်ကျော်နဲ့ထန်မန်း
တို့ရွေးချယ်ထားတဲ့ကျောက်တန်းနေရာ
မှာ ကျင်းစရိုက်ဖို့ စီစဉ်တယ်။ ထုံးစံ
အတိုင်းကျင်းအတွက်ပွဲကို ကျင်းဆရာ ဖြစ်တဲ့ ထန်မန်းပဲ ပြင်ဆင်တယ်။ မှော် ထဲမှာ ဓလေ့တစ်ခုရှိတယ်။ အဲဒါက
ကျင်းမထောင်ခင်ကျင်းစမယ့်နေ့ကျင်း
နေရာနဘေးမှာနေရာဒေသပိုင်ဆိုင်ရာ
မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကို ကျင်း
အတွက် ကူညီဖို့ ပံ့ပိုးစောင့်ရှောက်ဖို့
တောင်းပန်တိုးလျှိုးပြီး ပွဲပေးကြတယ်။ အဲဒါက မှော်တိုင်း၊ တဲတိုင်း၊ ကျင်းတိုင်း
ဆိုပါတော့။ ပွဲအတွက် လိုအပ်တဲ့ အုန်း
ငှက်ပျောကိုတော့ရွာတွေကအခိုင်လိုက်
လာရောင်းကြတယ်။အားလုံးသိကြတာ
ကတော့ ဒီမှော်ဒေသကို စောင့်ရှောက်

နေတာကတော့နတ်ကိုးတောင်အဘိုးနဲ့ ဗောင်းတော်ရှင်သခင်မပဲ။ ဒါကလည်း
မယုံလို့မရဘူး။
ဒီရိုးမတောကြီးထဲ ရှေးအစဉ် အဆက်ထဲက နေထိုင်လုပ်ကိုင် စား
သောက်ကြတဲ့ရွာတွေနဲ့ ရွာခံနယ်ခံတွေ
လည်း ရိုသေလေးစားကြရဲ့၊ ပွဲလည်း
မပြတ်ကြဘူး။ ကြုံဖူးတွေ့ဖူးကြတဲ့ ရွာခံ
နယ်ခံတွေရဲ့စကားအရ နတ်ကိုးတောင်
အဘိုးက အစ်ကိုဖြစ်ပြီး အေးပေးမယ့်
ညီမဖြစ်တဲ့ ဗောင်းတော်ရှင်သခင်မ
ကတော့ ထက်မြက်တယ်လို့ ဆိုကြရဲ့၊
ရှေးတုန်းက မင်းဆက်မင်းမျိုးနွယ်တွေ
ဖြစ်ပြီးမင်းပြစ်ဒဏ်သင့်လို့တိမ်းပါးကွယ်
လွန်ခဲ့ကြသူတွေလို့ ဆိုကြတယ်။ ဒီ
နယ်မြေကိုပိုင်ဆိုင်ပြီး စောင့်ရှောက်နေ
ကြတာ နှစ်တွေရာချီပြီတဲ့။ ညီမဖြစ်တဲ့
ဗောင်းတော်ရှင်က ထက်မြက်သလို
စိတ်လည်းကြီးတယ်။ သွားလေရာ
ဆောင်ဓားနှစ်လက်ပါပြီး ကိုးတောင်
ပြည့်ကျားကြီးနှစ်ကောင် အမြဲပါတယ်
လို့ ဆိုကြတယ်။ ဟုတ်မဟုတ်တော့
မသိပေမယ့် ကြားရတဲ့ဇာတ်လမ်းလေး
ကတော့ရင်ဆို့ကြေကွဲစရာပါ။ဂမ္ဘီရဆန်
တဲ့ဖြစ်ရပ်တွေလည်းကြားရတာအများ
ကြီးပါပဲ။

ဘာပဲပြောပြော ထန်မန်းတို့
ကတော့ ရခိုင်ရိုးမကြီးထဲ ကြီးပြင်းလာ ရတာဆိုတော့ ရိုးမစည်းကမ်း၊ တော
စည်းကမ်း၊ တောင်စည်းကမ်းတွေကို တော့ မထီမဲ့မြင် မချိုးမဖောက်ပါဘူး။
ရောမရောက် ရောမလို ကျင့်လိုက်တာ ပဲ။ လုပ်တာကလည်း စီးပွားရေး။ မြေ အောက်သယံဇာတ ရွှေမည်းရတနာ ရှာဖွေတဲ့အလုပ်။
ကျင်းက ထောင်းနေပြီ။ တစ်ပတ် အတွင်း အပေါ်ယံမွန်ဂိတ်တွေ ဖြတ်နိုင် အောင် အားလုံးက တက်ညီလက်ညီ ကျင်းထောင်းကြတယ်။ အတောင်က အတော်ကျသွားပြီ။ပင်ပန်းပေမယ့်ဆင်
ကြီးတို့၊ လှပိန်တို့တစ်ချက်မညည်းဘူး။
အရင်ကဆို ကျင်းထောင်းရင် နှုတ်က
ဗလရွတ်တ၊ ဟုတ်တာရောမဟုတ်တာ
တဲ့ မိုးမင်းလည်း ဒီသခွတ်ပင်တူးကျင်း
ရော၊အယုတ္တအနတ္တအလေ့စိပြောတတ်
ရောက်မှနှုတ်ဆိတ်နေလေရဲ့။ ကျင်းပိုင်
ကိုထွန်း ဟန့်ထားတာလည်းပါတာပေါ့ လေ။ ဟိုသီချင်းအော်ဆို၊ ဒီသီချင်းတစ် ပိုင်းတစ်စ ဟစ်နဲ့။ ကျင်းပိုင်ကိုထွန်း အောင်ကျော်ကတော့ မနက်တိုင်း ထန် မန်းကို မှာစရာရှိတာတွေများပြီးများ သောအားဖြင့် ရိက္ခာအတွက် ကျောက် တစ်လုံးမှော်ဘက် သွားနေတာ များ

တယ်။ ထန်မန်းလည်း ကိုထွန်းအောင် ကျော်ကို သနားမိပါရဲ့။ ခုတူးနေတဲ့ကျင်းကလည်း ပေပါ ကျင်းလောက်ပေါက်ရင်ကိုထွန်းအောင်
ကျော်ကံမလိုက်၊ဆီမပေါက်လို့အရှုံးပေါ်
နေတာတွေ မှော်ထဲလှည့်ပြီး ဆွဲရလွဲရ
ချေးငှားရတာအဆုံး၊ ထန်မန်းက သိနေ
ကြားနေရတာကိုး။ ကျင်းပိုင်တစ်
ယောက်အနေနဲ့ ကျင်းက ဆီပေါက်
ပေါက်၊ မပေါက်ပေါက် ကျင်းထောင်း
သမားနဲ့ ကျင်းဆရာအတွက် ပုံမှန်
လစာက တစ်လ တစ်သိန်းခွဲ ရှင်းရမှာ။
ဒါက ဆေးလိပ်၊ ကွမ်း၊ အရက် အစ
အထွေထွေနဲ့စားသောက်စားရိတ်ရိက္ခာ
မပါဘူး။ လူကြမ်း၊ စိတ်ကြမ်း ပင်ပန်းတဲ့
ခွန်အားအလုပ်ဆိုတော့ လုပ်နိုင် သလောက် စားနိုင်တယ်။ မနက်ကြီး
အဆာပြေ၊ကျင်းထောင်းမစခင်စားတာ တင်တစ်ယောက် သံဇလုံတစ်လုံး
အပျော့ပဲ။ တစ်ယောက်ကို နှစ်လုံးချက်
လောက် ကြိတ်ကြတာ။ နေ့ခင်းတစ်ခါ၊
ညနေတစ်ခါ ထွက်သာကြည့်တော့။ တစ်လ ဆန်နှစ်အိတ် အပျော့ပျော့ပဲ။ ကျင်းပိုင်က အစားအသောက်နဲ့ပတ် သက်လို့ မတွန့်တိုပါဘူး။ ဆင်ကြီးတို့ လှပိန်တို့ဆိုတာ ဧရာဝတီတိုင်းဒေသ ကြီး ဟင်္သတ၊ မြန်အောင်ဘက်က။ ဒီ

တော့ စားကြကြိတ်ကြတာပေါ့။ သုံးလ ဆိုတစ်သိန်းခွဲပိုက်ရုံပဲ။
ဆီပေပါကျင်း၊ လျှံကျင်းများ ထ ပေါက်လိုက်ရင် အတိုင်းထက်အလွန်
ပေါ့။ ရွာအပြန် မျက်နှာပန်းလှတာပေါ့။
ဒါကြောင့် ခုထောင်းတဲ့ကျင်းကို ပေါက်
စေချင်တာ။ ဒါပေမဲ့ ကျင်းကလည်း
အတောင်တစ်ရာ ကျော်လာပြီ။ ဆီဂိတ်
တွေလည်း ဖြတ်ပါရဲ့။ ဒါပေမဲ့ – ကိုထွန်း
အောင်ကျော်က ဆီဂိတ်မကြိုက်တာနဲ့
ဆက်တူးခိုင်းနေတုန်း။တစ်ခုကံကောင်း
တာကကျောက်မခံသေးတာပဲ။ကျောက်
မခံပါစေနဲ့လို့ ထောင်းပိုက်ကိုင်ရင်း
ထန်မန်းဆုတောင်းနေရတာ အမော။
ကျောက်ခံရရင်တော့သွားပြီ။ခဲလေသမျှ
သဲရေကျပဲ။ ကျောက်ကို ကျင်းသမား
တိုင်းလန့်တယ်။ မှော်လောကမှာလည်း
စာဆိုရှိတယ်လေ။ ရေပေါက်ကျောက်ခံ
နောက်ကြောင်းပြန်ဆိုတဲ့စကား။ ဘာမှ
လှည့်ကြည့်မနေနဲ့တော့။ လာရာလမ်း
ပြန်တော့ပဲ။ ကံကောင်းတာက မနေ့
ညနေစောင်းလောက်မှာ သဲဝါဖြတ်ပြီး
ကျောက်ကြောတွေ့တယ်။ ဒါပေမဲ့
သိပ်မတူလို့ ထန်မန်းသက်မချမိရဲ့။
ဒါတောင်လေးငါးဆယ်ဆုံထောင်းလိုက်
ရသေးတယ်။ မနက်ကတော့ ကိုထွန်း
အောင်ကျော်က-

“ထန်မန်း – ဆီနီးပြီလား” “နီးပြီထင်တာပဲ။ ကိုထွန်း ဆီဂိတ် ဝေးသွားပြီ။ဒါပေမဲ့-ထူးတာကဆုံထဲမှာ
ဆီနံ့ပါလာတယ်ဗျ”
“သေချာတူးဗျာ၊ ကျုပ်စိတ်ထဲ ဒီ
ကျင်းက ပေါက်ကျင်းလို့ ထင်နေတယ်။
ပေပါကျင်းဖြစ်ဖို့ များတယ်။ ညတုန်း
ကလည်း အိပ်မက်ထဲမှာ ဆီးတွေ ပန်း
ထွက်နေတာ သွားမက်တယ်။ ကျုပ်ပဲ
စိတ်စွဲနေလို့လား မသိဘူး။ အိပ်မက်က
ထူးတာတော့ အမှန်ပဲဗျ။ ဒီကျင်းပေါက်
မှ ဖြစ်မှာ။ ကျုပ်လည်း မြို့ပေါ်က အိမ်ခွံပဲ
ကျန်တော့တာ။ ရိက္ခာလည်း ထန်မန်း
သိတဲ့အတိုင်းပဲ။ ပြတ်လုပြတ်ခင် ဖြစ်
နေပြီ။မှော်ထဲလည်းကြွေးများနေပြီ”
“အားမလျှော့ပါနဲ့ – ကိုထွန်းရာ။ ပေါက်မှာပါ။ အနည်းအများ တစ်ခုခုပဲ။
ကျွန်တော်လည်း ထင်နေသလိုပဲ”
ဂျောင်မထောင်းခင် ကျောက်တစ်
လုံးမှော်ထဲကနေ အသံချဲ့စက်ဖြင့် မှန်း
လာနေတာ အော်နေသဖြင့် ကိုထွန်း
အောင်ကျော် တဲပေါ်ကဆင်းသွားလေ
ရဲ့။ သူတို့ကျင်းထောင်းပြီး သုံးလေးဆုံ
အကျမှာ ကိုထွန်းအောင်ကျော် အပြေး ပြန်ရောက်လာတယ်။ မြို့မှာ သူ့သား အငယ်ကောင်ကို သုံးဘီးဆိုင်ကယ် ဝင် ထိုးလို့မကွေးမြို့ပေါ်ကသူ့မိန်းမကလှမ်း

ဖုန်းဆက်တာပါ။ ချက်ချင်း မကွေးကို ပြန်ဖို့ ကိုထွန်းအောင်ကျော် ပြင်တယ်။
ထန်မန်းကိုလည်း မှာစရာရှိတာ မှာ တယ်။ နှစ်ရက်သုံးရက်တော့ ကြာမှာ ပေါ့။ မှော်ထဲနဲ့ မကွေးမြို့ဆိုတာ နေ့တစ်
ဝက်ခရီးပါပဲ။ ကိုထွန်းအောင်ကျော် လျှို
ကုန်းပေါ်တက်သွားပြီး သိပ်မကြာခင်
မှာဆင်ကြီးကပြောတယ်။ကျင်းထောင်း
နေရင်းပြောတာပါ။ “ကိုထန်မန်း” “ဘာတုံးကွ – ဆင်ကြီးရ”
“ကျောက်တစ်လုံးမှာ မနေ့ညက
အမဲပေါ်တယ်ဗျ။ ကိုထွန်းမြို့သွားတုန်း
ကျွန်တော်တို့ စားစားကြရအောင်ဗျာ၊ ကျွန်တော်အကြွေးယူလို့ ရတယ်ဗျ” “ဟေ့ကောင်ဆင်ကြီး၊ အရေးထဲ မင်းက ငတ်ကြီးကျနေသေးတယ်။
ကိုထွန်းဘာမှာထားသလဲ၊ မင်းပါးစပ်ကို ပိတ်ထားစမ်း၊ရှီးထဲမှဆီကပေါက်ခါနီးမှ
ဖောက်နေပြန်ပြီ။ မလုပ်နဲ့ဟေ့ကောင်၊
မိုးမီးလောင်သွားမယ်”
“သူဘာသိမှာလဲဗျာ၊ ကျွန်တော်
တို့ပဲ သိတဲ့ဥစ္စာ၊ သူပြောတာ အဓိပ္ပာယ်
မရှိပါဘူးဗျာ။ ကျင်းတူးတာနဲ့ အမဲသားနဲ့
ဘာဆိုင်လည်း စားတဲ့သူလည်း ပေါက်
နေကျတာပဲ။ ကံပါဗျာ၊ မဆီမဆိုင်တွေ
ပါ”

“ဆင်ကြီး ကိုထွန်းက ကျင်းပိုင်၊ မင်းဘာသာစားချင်တဲ့နေရာစား၊ ဘာမှ
ဆက်မပြောနဲ့တော့၊ ကျင်းထောင်းမှာ သာထောင်းစမ်းကွာ”
ထန်မန်း ပစ်ဟန့်လိုက်မှ ဆင်ကြီး
မကျေမနပ်ပုံစံနဲ့ ငြိမ်သွားရဲ့။ ဒါပေမဲ့
အဲဒီနေ့ညနေမှာပဲ ဆင်ကြီး ပြဿနာ
တက်တော့တယ်။ ထန်မန်း ကျောက်
တစ်လုံးဘက် ခဏလေးဆင်းသွားတဲ့
အချိန်မှာ ဖြစ်ကြတာပါ။ လှပိန် မူးမူးနဲ့
ပြောတာက သူတို့အရက်သောက်ကြ
တော့ ဆင်ကြီးက ဘယ်ကဘယ်လို
ဝှက်ထားမှန်းမသိတဲ့ အမဲသားဟင်းနဲ့
မြည်းတယ်တဲ့။ သူတို့ အရက်ဝိုင်းဖွဲ့ကြ တော့ မှောင်နေပါပြီ။ ထန်မန်း တဲကို
ပြန်ရောက်တော့ ည ရှစ်နာရီ တီးနေပြီ။
အဲဒီအချိန်မှာ ဆင်ကြီးပုံစံက မုန်ယိုနေ
တဲ့ဆင်တစ်ကောင်လိုပဲ။ တဲပေါ်မှာ လည်း သောင်းကျန်းထားလိုက်တာ။ တဲတစ်ပြင်လုံး အိုးတွေခွက်တွေ လှန် မှောက်လို့ဗြောင်းဆန်နေတာပဲ။ မိုးမင်း နဲ့လှပိန်တောင်တဲရှေ့ကွက်လပ်မှာငုတ် တုတ်။ မမူးတမူး လှပိန်ပြောတာက- “သောက်နေရင်းကအကောင်းကြီး ထပြီး ဖောက်တာပဲ ကိုထန်မန်းရာ၊ ဆွဲ လို့လွဲလို့လည်း မနိုင်ဘူး၊ ဘီလူးစီးနေ သလိုပဲ၊ ကျုပ်တို့လည်း ကြောက်တာနဲ့

တဲရှေ့ဆင်းပြီး ထိုင်နေရတာ။ တဲတစ်ခု လုံးလည်း အိုးခွက်တွေကုန်ပြီ”
“ကြည့်ရတာ ဒီကောင့် ပင်ကိုစိတ်
မဟုတ်ဘူးထင်တယ်ကိုထန်မန်း၊တော
စီးတာပဲလား၊ အပမှီတာပဲလားမသိဘူး။
မျက်ထောင့်ကြီးလည်း နီ၊ အံကြိတ်၊
လက်သီးဆုပ်ပြီး ဝုန်းဒိုင်းကျဲနေတာပဲ။
သွားတွေတောင်ကျိုးပဲ့ကြေကုန်ပြီလား။
မသိဘူး။ ဒါ- ဒီကောင် ဟို အမဲသား
သွားစားလို့ နေမှာ သိလား” “ဘာ-အမဲသား – ဟုတ်လား”
“ဟုတ်- ဟုတ်တယ် ကိုထန်မန်း၊ ဒီကောင် ဘယ်က ရလာမှန်း မသိဘူး၊
မြည်းတော့မှ သိလိုက်ရတာ” “ဟာကွာ – တောက် – ခွေး
ကောင်”
ထန်မန်း တက်တစ်ချက်ခေါက်ပြီး
ဆင်ကြီးကို မဖြစ်စဘူး သတ်ပစ်ချင်တဲ့
ထိအောင် ဒေါသထွက်သွားမိရဲ့။ ဒီကိစ္စ
မြို့သွားနေတဲ့ကိုထွန်းအောင်ကျော်သာ
ပြန်ရောက်လို့ သိသွားရင် သူ ဘယ်လို
ရှင်းပြမလဲ။ ထန်မန်းတို့ တဲပေါ်ရောက် တော့ အန်ဖတ်တွေ မွစာကြဲနေတဲ့ ပစ္စည်းတွေ ဖရိုဖရဲကြားမှာ ဆင်ကြီးက မှောက်ခုံကြီး ပိုးလိုးပက်လက် သတိ လက်လွတ်။ ထန်မန်းဒေါသထွက်ထွက် နဲ့ ခြေနဲ့ ကန်နှိုးတာတောင် မလှုပ်။

နောက်ဆုံးထန်မန်းတို့ပဲမွစာကြဲ၊ကျိုးပဲ့
နေတဲ့ပစ္စည်းတွေကို သိမ်းရတယ်။
ကျင်းပိုင်ကိုထွန်း ပြန်လာရင် ထန်မန်း
ဘယ်လိုရှင်းရမလဲ မသိ။ မနက်ကျရင်
တော့ အမူးပြေမှ ဒီကိစ္စကို ပြောမယ်ဟု ထန်မန်း ဒေါသပေါက်ကွဲလျက် တွေး ရင်း သူ့အိပ်ရာမှာ ထန်မန်း လှဲချလိုက် မိရဲ့။ ညဉ့်က နက်နေပြီ။ မှော်ရဲ့အအေး ဓာတ်ကလည်း စိမ့်သထက် စိမ့်လာပြီ။ နောက်ဆုံးထန်မန်းစောင်ကိုခေါင်းမူးခြုံ
လိုက်မိရဲ့။
ထန်မန်း အိပ်မပျော်ခင်လေးမှာပဲ အိပ်မက်လိုလို တကယ်လိုလို အသား
မည်းကျုတ်ကျုတ် ဗလတောင့်တောင့်
လူကြီးတစ်ယောက်နဲ့တွေ့တယ်။ သူ
တစ်ကိုယ်လုံး ထိုးကွင်းမင်ကြောင်တွေ
က နက်မှောင်လို့။ ထူးခြားတာက မြင် တွေ့ရခဲ့တဲ့ ယောင်ထုံးကြီးထုံးထားပြီး ဒေါသတကြီး မကျေမနပ်မျက်နှာနဲ့ ထန်မန်းကိုပြောတယ်။
“ငါဒီမှာ နေလာခဲ့တာ နှစ်ပေါင်း များစွာကြာပြီ။ ငါ့ကို ဘယ်သူမှ မထီမဲ့
မြင် မထီလေးစား မလုပ်ဝံ့ကြဘူး။ တစ် ချိန်က ငါတို့မင်းနေပြည်တော်ကြီး ဘုန်းမီးနေလတောက်ပခဲ့တုန်းက ငါက တပ်မတော်မှာ တပ်မှူးကြီးပဲ၊ တစ်ချက် လွှတ်သံဓားလို့ခေါ်တယ်။ ငါနဲ့အတူ

သံဓားနဲ့ ရတနာအချို့လည်း ဒီနေရာ ရှိ တယ်။ မင်းတပည့်က ရိုင်းစိုင်းတယ်။ ငါ့ကို မထီလေးစားလုပ်တဲ့အပြင် စော် ကားမော်ကား ပြောလိုပြော၊ ရိုင်းပြချင်
ရိုင်းပြ။တောက် – ဟိုတုန်းကငါ့မူလစိတ်
နဲ့ဆို မလွယ်ဘူး။ အသာစိမ်းတွေ ယူ
တယ်၊စားတယ်။ဒါကိုတော့ခွင့်လွှတ်လို့
မရဘူး။ အဘိုးနဲ့ သခင်မကြီးတို့ရဲ့စကား
ကြောင့် ငါ နောက်ပိုင်းစိတ်လျှော့ခဲ့တာ
ကြာပြီ။ ငါတို့က စည်းရှိတယ်။ ရတနာ
သုံးပါးဆည်းကပ်ရိုသေတဲ့သူကို ကူညီ
စောင့်ရှောက်ရမယ်မှန်းသိတယ်။ ငါ
ခွင့်ပြုလို့ ငါ့နယ်မြေထဲ နေရတယ်မှတ်။
ခုတော့ ကံလည်းမလုံခြုံ၊ ဘုရားမေ့
တရားမေ့ မင်းတပည့်ဆိုတဲ့ကောင်
ငါတို့တစ်ချက် လက်နဲ့ မတောက်ရဘူး။
ဒီနေရာက လွင့်စဉ်သွားမယ်။ ငါ့ဓားက
ထက်လွန်းလို့ သံဓားဆိုတဲ့ဘွဲ့ရခဲ့တာ။
တောထဲနေရင်တောစည်းကမ်း၊တောင်
စည်းကမ်းနားလည်ရတယ်။ ခုဒီကောင်
ကစော်စော်ကားကား၊ ဟိုမင်းတို့ခေါင်း
ဆောင်ကောင်လေးက ရတနာသုံးပါး
မြဲသလိုငါ့ကိုရောအဘိုးတို့ သခင်မကြီး
တို့ကိုပါ အမြဲတမ်း မေတ္တာပို့နေ ရိုသေ
လေးစားမှုမပျက်လို့ အဘိုးအမိန့်နဲ့ ကူညီနေရတာ။ ဒါပေမဲ့ အဲဒီကောင်ကို ငါ ဘာလဲဆိုတာ သိရအောင် မနက်ဖြန်

ပွဲရွက်ပြီးလာတောင်းပန်ခိုင်း၊ မဟုတ်ရင် ငါ့အလွန် မဆိုနဲ့ ဒါပဲ”
ထန်မန်း ရုတ်တရက် လန့်နိုးသွား တော့ အရုဏ်ပင် သန်းနေလေပြီ။ တဲ အတွင်းမှာ ဘယ်သူမှမရှိ။ သူခုနမြင်နေ ကြားနေရတာ အိပ်မက်လား၊ တကယ် လား စိတ်ထဲ ဝိုးတိုးဝါးတားနဲ့ ထန်မန်း
ဝါးမီးခွက်ထဲ ဆီထပ်ဖြည့်ရင်း ပြန်အိပ်
ဖို့ကြိုးစားတယ်။ အိပ်မက်ဆိုလည်းထူး တော့ ထူးဆန်းတာအမှန်ပဲ။ နောက်
ထန်မန်းကအိပ်မက်တွေဘာတွေလည်း သိပ်မယုံကြည်တတ်သလို မက်လေ့ မက်ထလည်း သိပ်မရှိပါဘူး။ မနက်မိုးလင်းလင်းချင်း ထန်မန်း ညကကိစ္စကို ဆင်ကြီးကို ရစရာမရှိ အောင် ဆူပစ်လိုက်တယ်။ ဆင်ကြီး စကားအရတော့ သူ အရက်သောက်နေ တုန်း တဲပေါက်ကနေ လွှားခနဲခုန်တက်
လာတဲ့လူကြီးတစ်ယောက်ကိုမြင်လိုက်
ရပြီး ကျန်တာတွေ သူ ဘာမှမသိဘူးလို့ တွင်တွင်ပဲ ခေါင်းတခါခါ ငြင်းတယ်။ သူ အရက်သောက်ရင် ဘယ်တုံးကမှ သတိ လွတ်အောင်မသောက်ခဲ့ပါဘူးလို့လည်း ဆင်ခြေတက်တယ်။
လှပိန်နဲ့ မိုးမင်းက ဆင်ကြီး ညက အမူးလွန်ပြီး သရဲစီးသလိုတောစီးသလို
ဖြစ်တုန်းကကန်ကျောက်ရိုက်ခွဲထားတဲ့

အိုးခွက်ပန်းကန်တွေ စိတ်ဆိုးဆိုးနဲ့ပြ
ရင်း အပြစ်တင်တော့မှ ငြိမ်ကုပ်သွား တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့
မနက် ကိုးနာရီလောက် မြို့ကနေ ကို
ထွန်းအောင်ကျော် ပြန်ရောက်လာပြီး
ညနေခင်းလေး ထောင်းပိုက်အတောင်
နှစ်ရာအကျမှာ သူတို့ မျှော်လင့်တကြီး
ကျနေတဲ့ကျင်းက ဆီထပေါက်တယ်။
ပေါက်တာမှ ပေပါကျင်း။ သူတို့အားလုံး
တင်မက ကိုထွန်းအောင်ကျော်ရဲ့ မျက်
နာကြီးကလည်းပျော်လွန်းလို့ ဝင်းထိန်
နေတာပဲ။
တယ်။
မှော်ထဲ ချက်ချင်းနာမည်ကြီးသွား
ထုံးစံအတိုင်းအနီးအနားမှော်တွေ
က ရွှေမည်းမုဆိုးတွေ၊ ရင်းနှီးတဲ့ကျင်း ပိုင်တွေ၊ ကုမ္ပဏီဝယ်လက်တွေ၊ ကျင်း ဆရာတွေ လာပြီး သတင်းမေးကြ၊ ပျော် ကြနဲ့ ခြေချင်းကို လိမ်ရော။ ကိုထွန်း
အောင်ကျော်ဆိုချက်ချင်းရောက်လာတဲ့
ရွှေမည်းကုမ္ပဏီဝယ်လက်ဆီကငွေတွေ ကိုင်ရင်း အသံတုန်တုန် လက်တုန်တုန်
နဲ့။ ထန်မန်းတို့လည်း ဆီခပ်ကြ၊ ပေပါ ရှာကြနဲ့ အလုပ်ကိုထောင်းလမောင်းထ ရှုပ်နေတာပေါ့။ ဆီကြောကလည်း ကောင်းသလားမမေးနဲ့။ ဆီကစိမ်းခံနေ တာရယ်။ သေမြေကြီး ရှင်ရွှေထီး သူတို့

စွန့်စားရကျိုးနပ်တယ်ဆိုရမယ်။ သခွတ် ပင်မှော်ဆိုတဲ့ နာမည်ချက်ချင်းဖြစ်
သွားတယ်။ ထန်မန်းလည်း ပျော်လွန်း
လို့ မနေ့ညက သူမက်ခဲ့တဲ့အိပ်မက်
ရောပွဲရောထိုးကွင်းမင်ကြောင်နဲ့လူကြီး
ရဲ့စကားကိုလည်း ဆီခပ်နေရတာနဲ့
မေ့သွားတော့တယ်။ အဲဒီညနေကနေ
ပေါက်ကျင်းကဆီခပ်တာနောက်မနက်
ထိပေပါနှစ်ဆယ်ရနေပြီ။ ဆက်ခပ်နေရ
တုန်းပဲ။ ပေါက်ဈေးနဲ့ဆို သိန်းအစိတ်
ကျော်နေပြီ။ ကိုထွန်းအောင်ကျော်
သခွတ်ပင်မှော်မှာ စွန့်စားပြီးတူးတာ။
ပထမဆုံးကျင်းနဲ့တင် ပေပါပိုင်ရှင်
သူဌေးဖြစ်သွားတာပဲ။ ထန်မန်းတို့ဆို စားသောက်စရာအဝတ်အထည်အလျှံ
ပယ်ပဲ။ ကိုထွန်းအောင်ကျော် ဝယ်ပေး
တာ။ သူလည်း ဆိုင်ကယ်နဲ့ ဒေါက်ဝှီးပဲ။
အဲဒီကျင်းကကိုထွန်းအောင်ကျော် ပေပါအလုံးငါးဆယ်ကျော်ရလိုက်တယ်။ ဆီက နှစ်ရက်တစ်ပီပါ ခပ်နေရတုန်းပဲ။ နောက်ကျင်းသစ်မတူးခင် သုံးလနီးပါး ကြာနေပြီမို့ ထန်မန်းပိုက်ဆံပိုက်ပြီး ရွာ ပြန်ဖို့ လုပ်တယ်။ တစ်ခုပဲရှိတယ်။ စိတ်

မကောင်းစရာက ဘာလဲဆိုတော့ ထန်
မန်းတို့ ပိုက်ဆံပိုက်ပြီး ရွာကို ခဏပြန် ကြတော့ ဟင်္သတာသားဖြစ်တဲ့ လှပိန် နဲ့ တစ်ရွာတည်းသားဖြစ်တဲ့ ဆင်ကြီးက
ရွာကို မလိုက်နိုင်တော့ဘူး။ သူတို့ ဆီ
ကျင်းပေါက်ပြီး ဆယ်ရက်တိတိပြည့်တဲ့
ညမှာ ဆင်ကြီး မူးမူးနဲ့ ကျောက်တစ်လုံး ဘက်ကူးရင်း ပိုး(မြွေ)ထိလို့ သေသွား ခဲ့ ကြရတာပဲ။ သူ့အတွက် လုပ်ခန့်
အပိုငွေကိုတော့ လှပိန်က ရွာပြန်သယ် သွားရဲ့။ ထန်မန်းကတော့ တောင်ပေါ်
ချင်းရခိုင်စပ်မို့ ရိုးသားသစ္စာ ရှိသူမို့
ဆီမပေါက်ခင် ညက ထူးဆန်းတဲ့အိပ်
မက်အကြောင်းကိုထွန်းအောင်ကျော်ကို
ပြောပြတယ်။
အဲဒီအိပ်မက်အကြောင်းသိတာ
သူတို့နှစ်ယောက်ပဲ။ ဆင်ကြီးအတွက်
ရည်စူးပြီးပွဲနဲ့တောင်းပန်တယ်။ထူးဆန်း
အံ့ဩစရာ ပဉ္စလက်လည်းများတယ်။
ပြီးတော့ဂမ္ဘီရလည်းဆန်လှတယ်။မယုံ
မရှိနဲ့။ သူကိုယ်တိုင်မှော်ထဲနေခဲ့တာ။

Zawgyi Version

သခြတ္ပင္ေမွာ္ႏွင့္အမဲသားဟင္း(စ/ဆံုး)
————————————————
သခြတ္ပင္ေမွာ္က ေျပာရရင္ စိန္
တစ္လုံးေမွာ္နဲ႔ ေက်ာက္တစ္လုံးေမွာ္
ၾကားမွာရွိတဲ့ေမွာ္ပါ။ နဘူးေတာင္ေမွာ္
လို႔ေခၚတဲ့ နဘူးေတာင္ေၾကာႀကီးနဲ႔
ေက်ာခ်င္းကပ္လို႔လည္း ဆိုလို႔ရတယ္။
သခြတ္ပင္ေမွာ္ကေနလူသြားေတာလမ္း
အတိုင္းတက္၊ ေတာင္ၾကားေပၚလူတစ္
ရပ္မကရွိတဲ့ အညာျမက္႐ိုင္းေတာႀကီး
ထဲ ေလွ်ာက္လို႔ မိနစ္ႏွစ္ဆယ္ေက်ာ္
ေလာက္ ေတာင္ခါးလယ္ကေန ျဖတ္
ဆင္းလိုက္ရင္ ေအာက္ဘက္ နဘူး
ေတာင္ေမွာ္ထဲေရာက္ေရာ။ေမွာ္ဆိုတာ
ကကိုယ့္ေနရာကိုယ့္ေ႐ႊမည္းရွာေဖြရာ

ေတာင္ေၾကာလွ်ိဳျပတ္ကမ္းပါးမွာရွိတဲ့ ထင္ရွားသိလြယ္ျမင္လြယ္တဲ့
သစ္ပင္၊
အရာတစ္ခုကို အမွတ္အသားျပဳ အစြဲ ျပဳ ေခၚေဝၚရင္းနဲ႔ ေမွာ္အမည္ေမွာ္ကြက္ ရယ္လို႔ ျဖစ္လာတာ။ အဲ တခ်ိဳ႕ေမွာ္ေတြ
ကေတာ့ေမွာ္လုပ္ကြက္၊က်င္းစတင္တူး
တဲ့သူ၊ ရွာေဖြတဲ့သူေတြေမွာ္အေခၚေမွာ္
လူႀကီးေတြက စုေပါင္းၿပီး အတိတ္နဲ႔
နိမိတ္နဲ႔အဓိပၸာယ္လွလွကဗ်ာဆန္ဆန္
မွည့္ၾက၊ ေခၚၾကတာလည္း ရွိရဲ႕၊ ဥပမာ
ေျပာရရင္ ေဟဝန္ေမွာ္တို႔ စိန္တစ္လုံး
တို႔ေပါ့။ မ်ားေသာအားျဖင့္ အထက္က
ေျပာခဲ့သလိုေတြ႕ကရာ၊ထင္ရွားရာအစြဲ

ျပဳအမွတ္အသားျပဳ
ေခၚေဝၚရင္းကေန
အမ်ားေခၚတဲ့ ေမွာ္နာမည္ ျဖစ္သြားၾက
တာပဲ။ အဲ – တခ်ိဳ႕ေမွာ္နာမည္ေတြကဆီး ပင္ေတြရွိလို႔ဆီးပင္ခ်ိဳင့္၊ေက်ာက္တုံးႀကီး
ရွိေနလို႔ ေက်ာက္တစ္လုံး။ ေ႐ႊမည္းကိုး
ေတာင္နဲ႔ ေပါက္က်င္းရလို႔ ကိုးေတာင္
ေမွာ္ အဲသလိုလည္း အစြဲျပဳေခၚၾကတာ
ရယ္။ သခြတ္ပင္ေမွာ္ဆိုတာကလည္း
အဲဒီေမွာ္နယ္ေျမအစနဘူးေတာင္ေၾကာ
လွည္းလမ္းအဆင္း ညာဘက္ကမ္းပါး ထိပ္မွာ လူႏွစ္ဖက္စာေလာက္ ပင္စည္ ရွိတဲ့ သခြတ္ပင္ႀကီးကေပႏွစ္ဆယ္၊ သုံး
ဆယ္မကျမင့္မားဟည္းထၿပီးေပါက္ေန တာမို႔ သခြတ္ပင္ေမွာ္ရယ္လို႔ အမည္ တြင္တာ။ သခြတ္ပင္ႀကီးကလည္းဘယ္ ေတာင္ေၾကာကလွမ္းၾကည့္ၾကည့္ ထီး ထီးႀကီးရွိေနတာကိုး။
သခြတ္ပင္ႀကီးဆိုလို႔လည္း ေပါ့ ေသးေသး မထင္နဲ႔။ သူ႔ရာဇဝင္နဲ႔သူ။ အဲဒီရာဇဝင္ေၾကာင့္ပဲဒီေနရာတစ္
ဝိုက္ ေမွာ္လုပ္ကြက္မျဖစ္ခင္ထဲက ႐ြာခံ ေတြ၊ ကိုင္းသမားေတြက နဘူးေတာင္ တို႔၊ ေက်ာက္တစ္လုံးျပန႔္ဘက္က ကိုင္း ေတြဆီလာရင္ လမ္းတိုတဲ့ သခြတ္ပင္ ႀကီးရွိရာ လွည္းလမ္းကေန မသြားဘဲ ထမင္းတစ္အိုးခ်က္ခန႔္ ပိုၾကာတဲ့တစ္ ဘက္၊ ေက်ာက္တစ္လုံးေတာင္ႀကီးကို

ပတ္ေနရတဲ့ေဟဝန္တဲတိုက္ေတြဘက္
ကေနလာၾကတာ၊ တဲတိုက္ဆိုတာက
ကိုင္းသမားေတြ၊ ေတာထဲေတာင္ထဲ
႐ိုးမထဲေရမိုးသာရာေနရာမွာစခန္းခ်ၿပီး
ကိုင္းတဲေလးငါးဆယ္လုံးခ်ၿပီးေနၾကတဲ့
တဲစုေလးေတြကို ေခၚတာပါ။ တဲတိုက္
လို႔ပဲေခၚၾကရဲ႕။ေတာထဲက သစ္ဝါးေတြနဲ႔
တိုင္ထူ၊ သက္ကယ္မိုး၊ သက္ကယ္အလုံ
ပိတ္ကာထားတဲ့ ေျခတံရွည္တဲေတြပါ။
ေရွးတုန္းက ေတာထဲမ်က္စိလည္လမ္း
မွားလာတဲ့ ေတာေကာင္ႀကီးေတြ မသူ
ေတာ္ေတြ ႐ုတ္တရက္ အႏၲရာယ္မျပဳ
ႏိုင္ေအာင္ေျခတံရွည္ေတြေဆာက္တာ။
သစ္ဝါးကလည္း လြယ္လင့္တကူကိုး။
လိုတဲ့သစ္၊ လိုတဲ့ေတာင္မွာ သြားခုတ္႐ုံ
ပဲ။ ေျခတံရွည္အျမင့္က အနည္းဆုံး
ဆယ္ေပမကဘူး။ တဲေပၚတက္တဲ့ ေလွ ကားကလည္း ခပ္မတ္မတ္ရယ္။ ၿပီးေတာ့ သဘာဝနဲ႔ရာသီဥတုေလ
မိုးဒဏ္ခံႏိုင္ဖို႔ သက္ငယ္ေတြအလုံပိတ္
ကာရံထားၾကတာ။ ျပတင္းေပါက္တို႔
ေလဝင္ေပါက္တို႔ မရွိဘူး။ ေတာင္ေပၚ
တဲတိုက္ေတြအားလုံး အဲဒီအတိုင္းပဲ။
႐ိုးမႀကီးထဲ ေနၾကရတာကိုး။ ညအိပ္
တဲေပါ့။ တခ်ိဳ႕လည္း ကိုင္းသုံးပစၥည္း ပစၥယေတြပဲထားၿပီးလွည္းနဲ႔ ႐ြာျပန္ၾက တာ။ ကိုင္းခုတ္ခ်ိန္ပဲခါခ်ိန္ၾကမွတဲတိုက္

ကို ျပန္လာၾကတယ္။ တခ်ိဳ႕တဲတိုက္ ေတြဆို႐ြာမျပန္တဲ့မုဆိုးအလုပ္ဝါသနာ
ပါတဲ့ တစ္ေယာက္ႏွစ္ေယာက္စပဲ ေန ၾကတာ မ်ားတယ္။ ႐ြာမွာလည္း တခ်ိဳ႕
လုပ္ငန္းေတြကရွိေသးတာကိုး။မိသားစု
လည္း ရွိေသးတာကိုး။ သခြတ္ပင္ေမွာ္
မွာကဟိုးနဂိုမူလထဲကတဲတိုက္မရွိဘူး။ ဘယ္သူမွလည္း ကိုင္းမလုပ္ၾကဘူး။ ေျပာၿပီးၿပီ။ ရာဇဝင္နဲ႔ပါဆို။
ထန္မန္းတို႔ ေ႐ႊမည္းစတူးေတာ့မွ အေတာင္တိမ္တိမ္နဲ႔ ဆီကေလး ဘာ ေလးထေပါက္ေတာ့အျခားေမွာ္ေတြက ေ႐ႊမည္းမုဆိုးေတြ၊ ေ႐ႊမည္းသိုက္ရွာသူ ေတြ၊ ဟိုတစ္စင္ ဒီတစ္တဲနဲ႔ က်င္း ေထာင္စင္ေတြမ်ားလာၾကတာ။ ဘယ္- လြန္ခဲ့တဲ့ႏွစ္ ထန္မန္းတို႔ ေရာက္တုန္း ကဆို ကမ္းပါးအထက္ သစ္ပင္ခ်ဳံ႐ိုင္း
ေတြ စဥ္မန္က်ည္းပင္၊ သန္းပင္ေတြ
ၾကားမွာ အဲဒီသခြတ္ပင္ႀကီးက ထီးထီး
ရယ္။ ထန္မန္းတို႔က်င္းစေဖာက္တာက
အဲဒီသခြတ္ပင္ႀကီးရဲ႕ေျမာက္ဘက္
ေက်ာက္တစ္လုံးလွ်ိဳအစပ္ကကမ္းပါးယံ
မွာပါ။
သူတို႔တဲကေန လွမ္းၾကည့္လိုက္ ရင္ သခြတ္ပင္ႀကီးက ထီးထီးႀကီး။ ဒီ ေနရာကိုထန္မန္းရဲ႕က်င္းသူေဌးကိုထြန္း နဲ႔မြန္ေၾကာ၊ ေက်ာက္တန္းလိုက္ရွာရင္း

ေနရာေလးေကာင္းလို႔တဲမထိုးခင္ထဲက သခြတ္ပင္ႀကီးအေၾကာင္း တျခားေမွာ္
နဲ႔ ႐ြာနယ္ခံအခ်ိဳ႕ ဟိုေျပာဒီေျပာနဲ႔
သတင္းၾကားၿပီးသားပါ။ အဲဒါက သခြတ္
ပင္ႀကီးရာဇဝင္နဲ႔နတ္ၾကမ္းတယ္၊ ကုန္း
ၾကမ္းတယ္။ အေစာင့္အေရွာက္ႀကီး
တယ္။ ဘာညာေပါ့ေလ။ ထန္မန္း
ကေတာ့ ခ်င္းရခိုင္စပ္တစ္ဦးပီပီ အဲဒါ
ေတြ ဘာေတြ သိပ္မယုံစား။ ထည့္
မတြက္ပါဘူး။ ထန္မန္းသိတာက ဘယ္
ေနရာမွာ ေ႐ႊမည္းသိုက္ရွိသလဲ။ ဘယ္
လွ်ိဳၾကား ကမ္းပါးေစာင္းက ေ႐ႊမည္း
ထြက္မလဲ။ ဒါပဲ။ သူသိတာက ပိုက္ဆံ ရဖို႔ပဲ။ ဆီက်င္းေပါက္ဖို႔ပဲ။ က်န္တာေတြ သူ႔ေခါင္းထဲ သိပ္မရွိဘူး။ မရွိဘူးဆိုတာ ထက္ရွိလို႔လည္းမရဘူးဆို ပိုမွန္တယ္။ ဘာျပဳလို႔လည္းဆို ဒီေလာက္ အသြားအလာခက္ခဲ၊ ပင္ပန္းဆင္းရဲ ၾကမ္းတမ္းတဲ့ ႐ိုးမထဲေရာက္ေနတာ
ပိုက္ဆံရွာဖို႔ပဲ။ အေပ်ာ္မွမဟုတ္ဘဲ။
ေမွာ္ဆိုတာ ၿမိဳ႕မွမဟုတ္ဘဲ။ သြားေရး
လာေရးက ခက္ခဲပင္ပန္းၾကမ္းတမ္း
တယ္။တစ္ခါတစ္ရံကြမ္းေလးေဆးလိပ္
ေလး ေသာက္ဖြာဖို႔ ျပတ္လို႔ ပိုက္ဆံရွိ
လ်က္သြားဝယ္ခ်င္ရင္ေတာင္ေက်ာက္
တစ္လုံးေမွာ္ထဲ သြားရတာ။ ေတာင္ ေၾကာႏွစ္ေၾကာနဲ႔ လွ်ိဳလွမ္းလမ္းႏွစ္ခု

ျဖတ္ၿပီးဆင္းမွ ရတယ္။ လက္ဖက္ရည္
ေသာက္၊ ဗီဒီယိုၾကည့္ခ်င္လည္း ညႀကီး
မင္းႀကီး ဓာတ္မီးတစ္လက္နဲ႔ အဲလို
အပင္ပန္းခံသြာမွ လက္ဖက္ရည္
ေသာက္ရတာ။ အဲဒီအခ်ိန္က ေက်ာက္
တစ္လုံးေမွာ္က ဆီေပါက္က်င္းမ်ားလို႔
က်င္းစင္ေတြနဲ႔ျပည့္ႏွက္စည္ကားေနၿပီ။
ေဈးဆိုင္၊ လက္ဖက္ရည္ဆိုင္၊ အရက္
ဆိုင္ေတြလည္း ရွိေနၿပီ။ ဗီဒီယို႐ုံတို႔
ဖုန္းတို႔လည္း ရွိေနၿပီ။ သခြတ္ပင္ကို
ဘယ္သူမွ ေျခမခ်ေသးဘူး။ ေျပာခဲ့
သလိုပဲ ျဖတ္သြားျဖတ္လာေတာင္ သိပ္
မလုပ္ၾကပါဘူးဆို။လူဆိုတာက
ေလာကသားေတြပဲ မေသခ်ာတဲ့မနက္
ျဖန္ထက္ ေသခ်ာတဲ့ ဒီေန႔ ပစၥဳပၸန္တည့္
တည့္ပဲ ၾကည့္ၾကတာေလ။ ဘယ္ေမွာ္
သစ္မွာ ဘယ္ေမွာ္သစ္မွာ ဘယ္သူ႔စမ္း
တြင္းတူးလို႔ ဘယ္သူ႔ဆီေပါက္သလဲပဲ
နားစြင့္ေနတာ။ လက္တို႔ေမးေနတာ။ ကိုယ္ပိုင္ဒုကၡခံ စြန႔္စားသူ မရွိဘူး။ အဲ- ဘယ္ေမွာ္သစ္မွာ ဘယ္သူ႔ဆီ ေပါက္သတဲ့ဆိုတဲ့ သတင္းအနံ႔ေလး မထြက္လိုက္နဲ႔ သိပ္မၾကာဘူး။ အဲဒီ ဆီေပါက္တဲ့ေနရာတစ္ဝိုက္၊ ရက္ပိုင္း အတြင္း တဲေတြ၊ က်င္းေထာင္စင္ေတြ အလွ်ိဳလွ်ိဳနဲ႔ ျပည့္လာၿပီမွတ္။ အမဲသား တုံးကို ေခြး,အမ်ား ဝိုင္းဆြဲၾကသလိုပဲ။

ေန႔ခ်င္းညခ်င္းဘတ္ထရီမီးတထိန္ထိန္၊ ကတ္ဆက္သံတညံညံ၊ က်င္းေထာင္း
သံ တတုံတုံနဲ႔ ဆူညံလာေတာ့တာပဲ။
ဒါသဘာဝပဲ။ ေမွာ္ေလာကရဲ႕စတိုင္ပဲ။
အျပစ္ေျပာလို႔မရသလို၊ ဘယ္သူမွ
လည္း ဟန႔္တားလို႔မရဘူး။ ေျပာၿပီးၿပီ။
ေ႐ႊမည္းမုဆိုးေတြပါဆို။ ဘဝကို ေႂကြ
တစ္လွည့္ၾကက္တစ္ခုန္ေန႔ခ်င္းညခ်င္း
ေပါက္က်င္းပိုင္သူေဌးျဖစ္၊ ေလာပန္
ဘဝေရာက္ေအာင္ ႐ိုးမႀကီးထဲဘယ္သူ
မမက္ရွိပါ့မလဲ။ ဘယ္သူမခ်မ္းသာခ်င္
ရွိပါ့မလဲ။ေလာဘသားေတြခ်ည္းပဲကိုး။
သူတစ္ပါးခူးၿပီးခပ္ၿပီး လက္ေဆးဇလုံ
ပါ ေသခ်ာမွ ထမင္းဝိုင္းဝင္ထိုင္ လက္
ႏႈိက္စားၾကတတ္တာမ်ိဳး။ ကိုယ္လည္း
အဲဒီအစားထဲကပဲ။ အတူတူနဲ႔ အႏူန
ဆိုေတာ့ ဘယ္သူ႔ကို မတူးရ မလာရ
အမိန႔္ထုတ္လို႔ရမွာလဲ။ ၿပီးေတာ့ေတာထဲ
ေတာင္ထဲမယ္။ ဥပေဒက မိုင္သုံးေလး
ဆယ္ေက်ာ္ အေဝးႀကီး။ ေျပာသတိ၊
သြားသတိ၊ စားသတိနဲ႔ ေနၾကရတာ
ခ်ည္း။
လက္နက္ပစၥည္းေတြဆိုတာက လက္တစ္ကမ္းမွာ အဆင့္ သင့္။ သူ႔ ရာဇဝင္၊ ကိုယ့္ရာဇဝင္ ဘယ္သူမွ အတြင္းက်က် ေသခ်ာေစ့ငု ဇာတ္ျမစ္ သိၾကတာ မဟုတ္ဘူး။ ျမန္မာႏိုင္ငံ

အထက္ေအာက္ လူစုံ အေသြးစုံ အေရာင္စုံစ႐ိုက္စုံအမူအက်င့္စုံပဲ။ ႐ိုးမ
ထဲ စြန႔္စားၿပီး ေရာက္လာၾကသူေတြဆို
ေတာ့ သာမညေတြေတာ့ မဟုတ္ဘူး။
ရာမညျပန္ေတြခ်ည္းပဲ။ စိတ္ၾကမ္း လူ
ၾကမ္း ေယာက္်ားသားေတြခ်ည္း။ က်င္း
တဲေတြဆိုတာ ႏွစ္ေတာင္သာသာ ဝါး
ၾကမ္းခင္းက ျမင့္ေပမယ့္ ဆင့္တို႔ေဒါက္
တို႔ သိပ္ခံစရာ မလိုဘူး။ ေသာက္တဲ့
အရက္ပုလင္းေတြ တဲေအာက္ တန္းစီ ထပ္ထားတာနဲ႔ေအာက္ကဆင့္ခံထားၿပီး
သားပဲ။ ဝါးၾကမ္းခင္းမက်ိဳးဘူး။ တဲတိုင္း မွာ ပုလင္းခြံေတြက အဲသေလာက္ထိ။ ဧည့္စာရင္းမရွိ၊ သန္းေခါင္စာရင္းမရွိ၊ အုပ္ခ်ဳပ္ေရးမႉးလည္းမရွိတဲ့ေနရာမ်ိဳး။ ေမွာ္က အက်ယ္ႀကီး၊ ႐ိုးမက တစ္ ျပန႔္တစ္လ်ားႀကီးကို။ ဘယ္သူကမ်က္စိ ေထာက္ေထာက္ၾကည့္ေနႏိုင္မွာလဲ၊
ကိုယ့္အသိနဲ႔ ကိုယ့္နားလည္မႈနဲ႔ ကိုယ့္
ေမွာ္လူႀကီးဆိုတဲ့ ဦးစီးေခါင္းေဆာင္
အခ်ိဳ႕စု ဖြဲ႕ခန႔္ထားတာပဲရွိတယ္။ (အဲဒီ
တုန္းကအခုလိုေမွာ္ေတြထဲမွာ အုပ္ခ်ဳပ္
ေရး႐ုံးတို႔၊ ေဆးခန္းတို႔ စသျဖင့္ စည္း
ကမ္းတက် မပြင့္လင္းေသးပါ – စကား ခ်ပ္) အေရးအေၾကာင္း သာေရးနာေရး ဆိုရင္လည္း အနီးဆုံး ႏွစ္မိုင္ခန႔္ကြာတဲ့ ေက်ာက္ပယ္တို႔ ေရခ်ိဳတို႔႐ြာက ရဟန္း

သံဃာနဲ႔ ေမွာ္လူႀကီးေတြကပဲ ေဆာင္
႐ြက္ၾကတယ္။ ဘယ္သူမဆို ေမွာ္ထဲ
ဝင္ရင္ အဲဒီ႐ြာေတြကမွ တစ္ဆင့္လာ
ၾကရတာကိုး။ မင္းလွက်င္း၊ ေက်ာက္
ပယ္၊ ေရခ်ိဳ႐ြာေတြက ႐ြာခံနယ္ခံေတြ
လည္းေ႐ႊမည္းတူးၾက၊ လွည္းလိုက္ၾက၊
ေဈးလာေရာင္းၾကနဲ႔ ေျခခ်င္းလိမ္ေန
ၾကပါရဲ႕။ မင္းဘူး၊ ပဒါန္းၿမိဳ႕ေပၚက ေမွာ္
ေဈးသည္ေတြလည္း ေမွာ္ကားနဲ႔ ေဈး
လာေရာင္းၾကပါတယ္။ ၿခံထြက္သီးႏွံက
စလို႔ အမဲသားငါး အစုံေပါ့။ ေမွာ္ထဲမွာ
အသားငါးစားခ်င္ရင္ ႐ြာေဈးသည္ေတြ
ကိုပဲေမွ်ာ္ရတယ္။ ႐ြာခံနယ္ခံေဈးသည္
ေတြက ႐ြာကေန ေမွာ္အထိ ႏွစ္မိုင္
ေနာက္သုံးေလးမိုင္မကတဲ့ေမွာ္ႀကီးအႏွံ႔ ေတာင္တက္ေတာင္ဆင္း၊ လွ်ိဳျဖတ္၊
ကမာၻေက်ာ္၊ ေျခက်င္လွည့္ေရာင္းၾက
တာ။ က်င္းတဲေတြ၊ ေထာင္းစင္ေတြ
ကလည္း တစ္ခုတည္းမဟုတ္၊ ဟိုကုန္း ထိပ္ တစ္တဲ ႏွစ္တဲ။ လွ်ိဳေအာက္ထဲ သုံးေလးတဲ။ ဟိုးကမ္းပါးေစာင္း ဒီသစ္ ပင္ေအာက္ အဲသလို ျပန႔္က်ဲေနတာ။ ေက်ာက္တစ္လုံးကေတာ့ ျပန႔္ႀကီး မို႔လို႔ တစ္ခုတည္းျဖစ္ၿပီး ေမွာ္ကႀကီး တယ္။ ေမွာ္ကားဂိတ္လည္းရွိေတာ့ ပိုစည္တယ္။ က်န္တဲ့ေမွာ္ေလးေတြက က်ိဳးတိုးက်ဲတဲရယ္။ ေဟဝန္ေမွာ္ၿပီးရင္

ေက်ာက္တစ္လုံးေမွာ္က အႀကီးဆုံးပဲ။
ေဟဝန္ေမွာ္ကေတာ့ ဒုတိယေပၚတဲ့
ေမွာ္ျဖစ္ၿပီးဆီေပါက္အားလည္းေကာင္း
ေတာ့ ပိုေမွာ္ႀကီးတယ္။ ေျပာရရင္ ထန္
မန္းတို႔က ေက်ာက္တစ္လုံးနဲ႔ နဘူး
ေတာင္ေမွာ္ၾကားကေန ဒီသခြတ္ပင္
ေမွာ္ကိုကူးလာၾကတာ။ ေနရာသစ္ေပါ့။
သခြတ္ပင္ေမွာ္က ဘယ္သူမွ မတို႔မထိ ရဲတဲ့လက္ေရွာင္ၾကတဲ့နယ္ေျမ၊ ထန္မန္းကိုဒီအႀကံသူ႔က်င္းပိုင္ရွင္ ကိုထြန္းေအာင္ေက်ာ္ကစၿပီး ေပးတာ ပါ။ ေက်ာက္တစ္လုံးအေနာက္ဘက္ ေတာင္ေစာင္းမွာ သူတို႔တူးေနတာ သုံး ေလးလရွိေနၿပီ။တစ္က်င္းမွျဖစ္ေလာက္
ေအာင္ဆီမေပါက္ဘူး။ အေတာင္လည္း
နက္တယ္။ အေတာင္တစ္ရာ သုံးေလး ဆယ္ေက်ာ္တာေတာင္ မႊန္းနံ႔ေပး။ ဆီ
ဂိတ္ေတြလည္းျဖတ္ရက္နဲ႔ ေနာက္ဆုံး
ႏွစ္ေပပါ သုံးေပပါေလာက္နဲ႔ ဂါလံက်င္း ပဲ ရေတာ့ရဲ႕။ စားရိတ္ ရႈံး၊ လူပင္ပန္းတာ
ပဲရွိရဲ႕။ရိကၡာေထာက္ေတာင္မွအႏိုင္ႏိုင္။ လူငါးေယာက္စားစရိတ္ေလာက္နဲ႔ဂါလံ က်င္းပဲရေတာ့ရဲ႕၊ စားရိတ္ရႈံး၊ လူပင္ပန္း တာရွိရဲ႕။ ရိကၡာေထာက္ေတာင္မွ အႏိုင္ ႏိုင္။ လူငါးေယာက္ စားစရိတ္၊ ေန႔စဥ္ အသုံးစရိတ္ကနည္းမွတ္လို႔။ မုံးက်င္းလို႔ ေခၚတဲ့ တစ္ေန႔တစ္ပုံးေလာက္ ဆီခပ္

လို႔ရမွ ေမွာ္မွာက စားရိတ္ပဲရတာ။ ဂါလံ ေလာက္ရတဲ့က်င္းဆိုကြမ္းဖိုး၊ေဆးလိပ္
ဖိုး၊ အရက္ဖိုးေတာင္ မကာမိဘူး။ နံ မဆြတ္ဘူး ေျပာရမယ္။ ဆီေဈးက တစ္
ဂါလံမွ တစ္ေထာင္ရယ္။ ေမွာ္ထဲမွာက
ေဆးလိပ္ကြမ္းယာကအစ ၿမိဳ႕ေပၚမွာ
စက္ သုံးဆႀကီးတယ္။ သယ္ယူစရိတ္
ကအရမ္းႀကီးတာကိုး။ၿမိဳ႕မွာတစ္ေသာင္း
ခြဲတန္ ဆန္တစ္အိတ္ကို ေမွာ္ေဈးနဲ႔ သုံး
ေသာင္းရွိတယ္။
အလုပ္ကလည္း ပင္ပန္းသလို က်င္းေထာင္းသမားတိုင္းလည္းစားႏိုင္
ၾကတယ္။ သူတို႔ေမွာ္အေခၚကေတာ့
သံတူး႐ြင္းစားတာလို႔ ရယ္ေမာ ေနာက္
ေျပာင္ၾကရဲ႕၊ က်င္းေထာင္းသမားရဲ႕က်င္း
ေထာင္းတဲ့ အလုပ္ဆိုတာကလည္း
ဉာဏ္မပါ ကာယခြန္အားနဲ႔ပဲ အခ်ိန္
တစ္ဆယ္နီးပါးရွိတဲ့တူး႐ြင္းကိုက်င္းစင္
ထိပ္ကဝိက္သီးကတစ္ဆင့္ေျမေအာက္
အေတာင္တစ္ရာေက်ာ္၊ ႏွစ္ရာထိ။
မနီလာႀကိဳးႀကီးနဲ႔ တိုင္ပင္ကိုက္၊ လက္
ဆြဲလက္ခ်ညီ ေနကုန္ေနခန္း၊ ေက်ာက္ ကမ္းပါး ေျခကန္ၿပီး ဆြဲတင္ရ၊ တူးရတာ ကိုး။ သုံးေယာက္သားတက္ညီလက္ညီ မခိုမကတ္မွ ေထာင္းခ်က္က မွန္းတာ။ ထန္မန္းက က်င္းဆရာ။ က်င္းဆရာ လည္း ေထာင္းပိုက္ကိုင္ရတာပဲ။

က်င္းအလုပ္က အရမ္းပင္ပန္းတယ္။ ဒါေပမဲ့ – ေ႐ႊမည္းလို႔ေခၚတဲ့ တြင္းထြက္
ရတနာထဲမွာ ေရနံက အျခားေ႐ႊေမွာ္၊
ေက်ာက္ေမွာ္ေတြလိုအသက္အႏၲရာယ္
သိပ္မမ်ားဘူး။ ေျမေပၚမွာတင္ လုပ္ကိုင္
ရတာ။ ထန္မန္း ေက်ာက္ေမွာ္ေတြကို
မတူးဖူးေပမဲ့ ၾကားဖူးတယ္။
သူတို႔က ေျမေအာက္ထိ လူးက်င္း ေတြထဲဆင္းၿပီး ႂကြက္မ်ားလို ဂလိုင္ ေဖာက္တူးၾကရတာ။ အခန႔္မသင့္ရင္ ကံဆိုးရင္ တြင္းၿပိဳတြင္းပိတ္ၿပီး အသက္
ဆုံးရႈံးရတယ္။ ေ႐ႊမည္းက ေျမေပၚက
အလုပ္။ အဲ ဒါေပမဲ့လည္း ကိုယ္မသိ
မျမင္ရတဲ့ ဟိုး ေျမေအာက္ထဲက ေ႐ႊ
မည္းေၾကာကို သံတူ႐ြင္းေထာင္းပိုက္ ၂
လက္မခြဲတစ္ေခ်ာင္းနဲ႔ အေတြ႕အႀကဳံနဲ႔
သမာၻနဲ႔ ကံတရားေပၚဘ၀နဲ႔ အခ်ိန္ေတြ၊
အရင္းအႏွီးေတြ ပစ္တင္ထားရတာ။
တြင္းထြက္ရတနာဆိုတာအေတြ႕အႀကဳံ
သမာၻဘယ္ေလာက္ရင့္ရင့္ ကံတရား
ကလည္းလိုတယ္။ ကံမရွိ ဉာဏ္ရွိတိုင္း မြဲဆိုတဲ့ ဆို႐ိုးအတိုင္းပဲ။ ဆီက ေပါက္ ခ်င္မွ ေပါက္တာ။ သူမ်ားဆီ ေပါက္လို႔ ေပါက္တဲ့ က်င္းနဲ႔ သုံးေလးေတာင္ အကြာ။ ကိုယ္ကတူး။ ဆီအစား ေရပဲ ေပါက္ခ်င္ ေပါက္ရဲ႕။ ေက်ာက္ခံရင္ ခံတယ္။ ကဲ- မဆန္းေပဘူးလား။ ဂမၻီရ

မဆန္ေပဘူးလား။ အဲဒါေၾကာင့္လည္း ေမွာ္လို႔ေခၚၾကတာေနမယ္။
မ်က္လွည့္
ဆန္လြန္းလို႔ေလး။ ခုလည္း ေက်ာက္
တစ္လုံးမွာ သူမ်ားေတြက လွ်ံက်င္း
ေပပါက်င္းေတြ အလွ်ိဳလွ်ိဳေပါက္ၿပီး
ကိုယ့္ေရွ႕မွာတင္ ဆြဲႀကိဳးနဲ႔ ဟမ္းမ္ခ်ိန္းနဲ႔
ဆိုင္ကယ္တေဝါေဝါ ပိုက္ဆံအထပ္
လိုက္နဲ႔ခ်မ္းသာသြားၾကေပမယ့္“လူကို
ၿပိဳင္လို႔ရေပမယ့္ ကံကို ၿပိဳင္လို႔ ရခ်င္မွ
ရမယ္”ဆိုတာ ဟုတ္မွာကြ ထန္မန္ရ”
လို႔ ညည္းရွာတယ္။ ဒါလည္းမွန္မွာပဲ။
ေျမႀကီးထဲ တူးၾကစတမ္းသာ ေ႐ႊမည္း
ေတြဒလေဟာထြက္ေနရင္က်င္းသမား
ေတြ ေ႐ႊမည္းသိုက္ရွာတဲ့မုဆိုးေတြ
အကုန္ ေလာပန္ေတြ ျဖစ္ေနၾကမွာေပါ့။
ထန္မန္းတို႔လည္း ပါမွာေပါ့။ အဲဒါနဲ႔ပဲ
ကိုထြန္းနဲ႔ထန္းမန္းတိုင္ပင္ၿပီးဘယ္သူမွ
ေျခမခ်ေသးတဲ့၊ မတူးၾကေသးတဲ့ ေဟာ
ဒီသခြတ္ပင္နားကိုေ႐ြ႕လာၾကတာ။
ထန္မန္းတို႔ သခြတ္ပင္လွ်ိဳကုန္း ဘက္ ေနရာသစ္ရွာ စမ္းတူးၾကမယ္ဆို ေတာ့ ခင္မင္ရင္းႏွီးသူေတြနဲ႔ မိတ္ေဆြ ေတြ႐ြာေဈးသည္ေတြ၊ ေရလွည္းသမား ေတြကေတာင္ တအံ့တၾသနဲ႔ ဝိုင္းတား ျမစ္ၾက၊ သတိေပးၾကေသးတယ္။ အဲဒီ ထဲမွာ ထန္မန္းတို႔နဲ႔ အေတာ္ႀကီး ရင္းႏွီး ခင္မင္ေနတဲ့ ေရခ်ိဳလိုက္ေရာင္းတဲ့

ေရခ်ိဳ႐ြာသားႀကီးတစ္ဦးျဖစ္တဲ့ ဘႀကီး
ေမြးက-
“ၾကည့္လည္းလုပ္ပါ၊ ေမာင္ထြန္းနဲ႔
ထန္းမန္ရာ၊ လူဆိုတာ ႀကီးပြားခ်င္လို႔
အၫြန႔္စားခံခ်င္လို႔ စြန႔္စားၿပီး ေတာထဲ
ေတာင္ထဲ စီးပြားလာရွာတာ။ ဘႀကီး
နားလည္ပါတယ္။ ဘႀကီးေတာင္
အသက္ရွစ္ဆယ္နီးေနတာေတာင္ ႏွစ္
မိုင္မကတဲ့ခရီးကို မနက္အေစာႀကီး
ေရခ်ိဳခပ္၊ လွည္းေပၚတင္၊ ဒီေမွာ္ထဲ
ေရာက္ေအာင္ မိသားစုစားဝတ္ေနေရး
အဆင္ေျပေအာင္ တစ္ကုန္းတက္
တစ္ကုန္းဆင္း ေရခ်ိဳလိုက္ေရာင္းေန
ရတာပဲ။ မင္းတို႔တဲကိုလည္း ဘႀကီး
ေရခ်ိဳပို႔ေပးေနတာ။
မင္းတို႔စၿပီးေရာက္လာကတည္းက
ဆိုေတာ့ ကိုယ့္ေဆြမ်ိဳးတူသားေနာင္ မယ္ေတြလို ခင္မင္လို႔ ထားတာပါ။ အဲဒီ
သခြတ္ပင္ကုန္းေပၚဘယ္သူမွ ေတာင္ ယာမရွိ ကိုင္းမလုပ္ၾကတာပဲ ၾကည့္
ေတာ့။ အဲဒီေနရာနဲ႔အပင္က နည္းနည္း
ၾကမ္းတယ္ကြယ့္။ ဘႀကီးတို႔မိဘေတြ
လက္ထက္က အဲဒီကုန္းေၾကာထိပ္မွာ
ဘုရားပ်က္ငုတ္တိုေလးရွိတယ္လို႔
ေျပာဖူးတယ္။ ဘႀကီးတို ့ အ႐ြယ္
မေရာက္ခင္က ေတာင္က်ေရေတြ
ဆင္းလို႔ကမ္းပါးၿပိဳတဲ့အထဲပါသြားတယ္

ေျပာတာပဲ။ ခုဆို ေျမႀကီးထဲ ျမဳပ္ေန
ေရာေပါ့။ သခြတ္ပင္ႀကီးကလည္း
ဘႀကီးတို႔ ငယ္ငယ္တည္းကရွိေနတာ။
ဘႀကီးတို႔လူပ်ိဳေပါက္ကေက်ာက္
ပယ္႐ြာက ဦးဘေဌးႀကီးလည္း အဲဒီ
သခြတ္ပင္ႀကီးအနား ဘာမွားမိသလဲ
မဆိုႏိုင္ဘူး။ ေတာတက္သစ္ဝါးခုတ္ရင္း
ကြၽဲခတ္လို႔ေသပါ့ေရာလား။ ခက္တာက
အဲဒီကြၽဲနက္ႀကီးက ဘယ္႐ြာကဘယ္သူ႔
ကြၽဲမွန္းလည္းမသိၾက၊ ႐ြာလို႔မရၾကဘူး
ကြယ့္။ ေနာက္ပဒါန္းက မုဆိုးညီအစ္ကို
ေတာပစ္ရင္း အဲဒီသခြတ္ပင္ႀကီးရဲ႕
အေနာက္ဘက္လွ်ိဳထဲမွာ ေတာမွားလို႔
ေသနတ္ဒဏ္ရာကိုယ္စီနဲ႔ ရင္ပြင့္ေသပါ
ေရာလား။ အဲဒါေၾကာင့္ ဒီ႐ိုးမထဲက ႐ြာ
ေတြ တဲတိုက္ေတြက သခြတ္ပင္ဆိုရင္ ေရွာင္ၾကတယ္။ မသြားလာၾကဘူး။ အျခားေက်ာက္တန္းေတြ ရွာတူးစမ္း ပါကြယ္။ ဘႀကီးကေစတနာနဲ႔တားတာ
ပါ”
“ရပါတယ္ ဘႀကီးပြား၊ ဘႀကီး ေစတနာကို ကြၽန္ေတာ္ နားလည္ပါ
တယ္။ဒါေပမဲ့ဘႀကီးေျပာသလိုခ်မ္းသာ
ႂကြယ္ဝခ်င္လို႔ မယားစြန႔္ သားစြန႔္ၿပီး
ပင္ပန္းအဆင္းရဲခံ၊ ငွက္ဖ်ားျခင္ကိုက္ခံ၊
ပုလင္းႀကီးခ်ိတ္ခံၿပီးေ႐ႊမည္းရွာေနတာ။
အဲဒီသခြတ္ပင္ႀကီးရဲ႕ရာဇဝင္လည္းကြၽန္

ေတာ္တို႔လူေျပာသူေျပာနဲ႔ၾကားပါတယ္။
ဒါေပမဲ့ကြၽန္ေတာ္တို႔တြင္းေဖာက္မွာက
သူနဲ႔အေတာ္ေဝးတဲ့ လွ်ိဳေစာင္းမွာပါ။
အဲဒီေနရာအေနအထားေလးကိုႀကိဳက္
လို႔၊ ေသရင္ေျမႀကီး ရွင္ေ႐ႊထီးပဲ ဘႀကီး
ရာ။ ကြၽန္ေတာ္လည္း ႐ြာမွရွိသမွ် ကုန္
သေလာက္ရွိေနၿပီမထူးဘူး။ စြန႔္ရမွာပဲ။ ကြၽန္ေတာ္တို႔တစ္က်င္းမွမေအာင္ေသး
ဘူး။ ေနာက္ ကြၽန္ေတာ္ ဒီနယ္ဒီပယ္မွာ ေစာင့္ေရွာက္ေနတဲ့ ပုဂၢိဳလ္ေတြ ဆိုင္ရာ ပိုင္ရာ ျမင္အပ္မျမင္အပ္ေတြကိုေမတၱာ ပို႔ေနတာပဲ။ ကိစၥမရွိပါဘူး” ဘာသာေရးသမားလည္းျဖစ္၊ လုပ္ မယ္ဆို ဆုံးျဖတ္ၿပီးရင္ ျဖစ္ေအာင္လုပ္
တတ္တဲ့ကိုထြန္းေအာင္ေက်ာ္ကဘႀကီး
ေ႐ႊပြားကိုေျပာအၿပီး သုံးရက္အၾကာမွ
ခုေျပာတဲ့ေနရာမွာ ထန္မန္းတို႔ က်င္း
ေထာင္းဖို႔ တဲ စတင္ထိုးၾကေတာ့တာပဲ။
ေက်ာက္တစ္လုံးကေန ပစၥည္းေတြ ေ႐ႊ႕
လာၿပီးသူတို႔တဲထိုးေနၾက၊ေနရာရွင္းေန
ၾကစဥ္မွာပဲ ကိုထြန္းေအာင္ေက်ာ္က
ဘာမေျပာညာမေျပာနဲ႔ဖေယာင္းတိုင္နဲ႔
အေမႊးတိုင္ထုပ္ေလးယူၿပီး သခြတ္ပင္
ႀကီးရွိတဲ့ေနရာ၊ သစ္ပင္ေတြခ်ဳံႏြယ္ေတြ
ၾကားထဲကေန တိုးဝင္ရင္ ေပ်ာက္သြား တယ္။ ထန္မန္းရဲ႕စိတ္ထဲမွာထူးဆန္းေန သလိုပဲ။ တဲတိုင္ေတြ ထူၿပီး သက္ငယ္

ပ်စ္ေတြ မိုးတဲ့အခ်ိန္က်မွ ကိုထြန္း ေအာင္ေက်ာ္ ျပန္ေရာက္လာတယ္။ ထန္မန္းအျပင္ က်င္းေထာင္း သမားေတြျဖစ္တဲ့ ဆင္ႀကီး၊ လွပိန္၊ မိုးမင္းတို႔က ဘာမွ မေမးၾကပါဘူး။
ကိုထြန္းေအာင္ေက်ာ္ကသူတို႔ရဲ႕အလုပ္
ရွင္၊ က်င္းပိုင္သူေဌးကိုး။ ထန္မန္း
ကေတာ့ အလုပ္လုပ္ရင္း ကိုထြန္း ေအာင္ေက်ာ္ရဲ႕ အမူအရာကို အရိပ္ အကဲၾကည့္ေနမိရဲ႕၊ သခြတ္ပင္ႀကီးဘက္ ကို ဘာသြားလုပ္တာလဲလို႔လည္း ေမး ခ်င္ေနမိတယ္။ မြန္းတည့္လို႔ ထမင္းစား
ၾကေတာ့ –
“ထန္မန္းအပါအဝင္ ဆင္ႀကီးတို႔
မိုးမင္းတို႔ကို ကြၽန္ေတာ္ သတိေပးထား
မယ္။ ဒီေနရာအေၾကာင္းလည္း ၾကား
ၿပီးသားပဲ။ ဒီေန႔ကစၿပီး က်င္းစေထာင္း
တဲ့အခ်ိန္၊ က်င္းေအာင္တဲ့အခ်ိန္အထိ
ဘယ္သူမွ အရင္လို ေဟးလားဝါးလား
နဲ႔နင္ပဲငဆဆဲဆိုတာေတြ႐ုန႔္ရင္းၾကမ္း
တမ္းတဲ့ ဝစီေတြ မေျပာၾကပါနဲ႔။ အဓိက
ငါေျပာခ်င္တာကေတာ့ ရိကၡာကို ငါ ခ်က္ခိုင္းတဲ့ဟင္းစားပဲခ်က္ပါ။ အထူး
သျဖင့္ ႐ြာကလာေရာင္းတဲ့အမဲသားကို လုံးဝမဝယ္ပါနဲ႔ မခ်က္ပါနဲ႔၊ စားလည္း မစားပါနဲ႔။ ဒါ သတိေပးတာ၊ တားျမစ္ တာပါ။ ဆင္ႀကီး မင္းသတိထားပါ၊ မင္း

က အဲဒါဆို အေသရရ အရွင္ရရ ႀကိဳက္
တဲ့ေကာင္၊
အဲ-ငါသတိေပးၿပီးမွစားၾက
ရင္ေတာ့ ကိုယ့္ထိုက္နဲ႔ ကိုယ့္ကံပဲ”
“ဟို.. ကြၽန္… ကြၽန္ေတာ္ ေက်ာက္ တစ္လုံးထဲမွာ စား – စားခ်င္ရင္ေကာ
ကို- ကိုထြန္း”
“အဲဒါ မင္းသေဘာပဲ ဆင္ႀကီး- ဒီမွာေနသေ႐ြ႕ က်င္းေထာင္းေနသမွ် အားလုံးမစားၾကပါနဲ႔ ငါတားျမစ္တယ္” အမဲသားႀကိဳက္ႏွစ္သက္ေသာ
ဆင္ႀကီး၊ ဘာတစ္ခြန္းမွ အဓြန႔္မတက္
ေတာ့ဘဲ ၿငိမ္သြားၿပီး အလုပ္ဆက္လုပ္
ေနေလရဲ႕။ ဟိုတုန္းကဆို ႐ြာေတြကေန
လာေရာင္းတဲ့အမဲတြဲကို တစ္ပတ္ႏွစ္
ႀကိမ္ေလာက္ ခ်က္တာပါ။ အမဲက ႐ြာ
ေတြကိုခိုးေပၚၾကသလိုေမွာ္ထဲမွာလည္း
ေဈးေကာင္းတယ္။ ကိုထြန္းေအာင္
ေက်ာ္က သူသာ အမဲသား၊ ဝက္သား
မစားေပမဲ့ အစားအေသာက္နဲ႔ပတ္
သက္လို႔ မတင္းက်ပ္၊ မခ်ဳပ္ခ်ယ္ပါဘူး။ က်င္းသမားေတြႀကိဳက္ရာစားပဲ။
ဒါေပမဲ့ ခု သခြတ္ပင္ေရာက္မွ ျဗဳန္း စားႀကီးအမဲသားမစားရ၊ မဝယ္မခ်က္ရ အမိန႔္ ထုတ္လိုက္ေတာ့ ထန္မန္းေရာ က်င္းေထာင္းသမားေတြပါ ထူးဆန္း သြားမိတာ အမွန္ပဲ။ ဒါေပမဲ့ ကိုထြန္း ေအာင္ေက်ာ္က က်င္းပိုင္သူေဌး၊ သူ႔

အမိန႔္ကို က်င္းနဲ႔ပတ္သက္သူ အလုပ္
သမားတိုင္း နာခံလိုက္နာၾကရမွာပဲ။
မစားနဲ႔ဆိုမစားနဲ႔ေပါ့။ဒါေပမဲ့အမဲသားကို
အျခားငါးႏုပ္ငါးဖြဲထက္ပိုပီးအာလူးေတြ
ႀကိဳက္ႏွစ္သက္တဲ့ ဆင္ႀကီး ေက်ာက္
တစ္လုံးေမွာ္ထဲဆင္းၿပီး စားမွာကိုေတာ့
ထန္မန္းက တင္ႀကိဳၿပီး သိေနေလရဲ႕။
လူဆိုတာ အႀကိဳက္ကို မစြန႔္လႊတ္ႏိုင္
ဘူးမဟုတ္လား။
ေနထိုင္ဖို႔က်င္းထဲနဲ႔ေထာင္စင္ေတြ
ဘာေတြေဆာက္ၿပီး သုံးရက္ေျမာက္
ေန႔မွာပဲကိုထြန္းေအာင္ေက်ာ္နဲ႔ထန္မန္း
တို႔ေ႐ြးခ်ယ္ထားတဲ့ေက်ာက္တန္းေနရာ
မွာ က်င္းစ႐ိုက္ဖို႔ စီစဥ္တယ္။ ထုံးစံ
အတိုင္းက်င္းအတြက္ပြဲကို က်င္းဆရာ ျဖစ္တဲ့ ထန္မန္းပဲ ျပင္ဆင္တယ္။ ေမွာ္ ထဲမွာ ဓေလ့တစ္ခုရွိတယ္။ အဲဒါက
က်င္းမေထာင္ခင္က်င္းစမယ့္ေန႔က်င္း
ေနရာနေဘးမွာေနရာေဒသပိုင္ဆိုင္ရာ
မျမင္အပ္တဲ့ပုဂၢိဳလ္ေတြကို က်င္း
အတြက္ ကူညီဖို႔ ပံ့ပိုးေစာင့္ေရွာက္ဖို႔
ေတာင္းပန္တိုးလွ်ိဳးၿပီး ပြဲေပးၾကတယ္။ အဲဒါက ေမွာ္တိုင္း၊ တဲတိုင္း၊ က်င္းတိုင္း
ဆိုပါေတာ့။ ပြဲအတြက္ လိုအပ္တဲ့ အုန္း
ငွက္ေပ်ာကိုေတာ့႐ြာေတြကအခိုင္လိုက္
လာေရာင္းၾကတယ္။အားလုံးသိၾကတာ
ကေတာ့ ဒီေမွာ္ေဒသကို ေစာင့္ေရွာက္

ေနတာကေတာ့နတ္ကိုးေတာင္အဘိုးနဲ႔ ေဗာင္းေတာ္ရွင္သခင္မပဲ။ ဒါကလည္း
မယုံလို႔မရဘူး။
ဒီ႐ိုးမေတာႀကီးထဲ ေရွးအစဥ္ အဆက္ထဲက ေနထိုင္လုပ္ကိုင္ စား
ေသာက္ၾကတဲ့႐ြာေတြနဲ႔ ႐ြာခံနယ္ခံေတြ
လည္း ႐ိုေသေလးစားၾကရဲ႕၊ ပြဲလည္း
မျပတ္ၾကဘူး။ ႀကဳံဖူးေတြ႕ဖူးၾကတဲ့ ႐ြာခံ
နယ္ခံေတြရဲ႕စကားအရ နတ္ကိုးေတာင္
အဘိုးက အစ္ကိုျဖစ္ၿပီး ေအးေပးမယ့္
ညီမျဖစ္တဲ့ ေဗာင္းေတာ္ရွင္သခင္မ
ကေတာ့ ထက္ျမက္တယ္လို႔ ဆိုၾကရဲ႕၊
ေရွးတုန္းက မင္းဆက္မင္းမ်ိဳးႏြယ္ေတြ
ျဖစ္ၿပီးမင္းျပစ္ဒဏ္သင့္လို႔တိမ္းပါးကြယ္
လြန္ခဲ့ၾကသူေတြလို႔ ဆိုၾကတယ္။ ဒီ
နယ္ေျမကိုပိုင္ဆိုင္ၿပီး ေစာင့္ေရွာက္ေန
ၾကတာ ႏွစ္ေတြရာခ်ီၿပီတဲ့။ ညီမျဖစ္တဲ့
ေဗာင္းေတာ္ရွင္က ထက္ျမက္သလို
စိတ္လည္းႀကီးတယ္။ သြားေလရာ
ေဆာင္ဓားႏွစ္လက္ပါၿပီး ကိုးေတာင္
ျပည့္က်ားႀကီးႏွစ္ေကာင္ အၿမဲပါတယ္
လို႔ ဆိုၾကတယ္။ ဟုတ္မဟုတ္ေတာ့
မသိေပမယ့္ ၾကားရတဲ့ဇာတ္လမ္းေလး
ကေတာ့ရင္ဆို႔ေၾကကြဲစရာပါ။ဂမၻီရဆန္
တဲ့ျဖစ္ရပ္ေတြလည္းၾကားရတာအမ်ား
ႀကီးပါပဲ။

ဘာပဲေျပာေျပာ ထန္မန္းတို႔
ကေတာ့ ရခိုင္႐ိုးမႀကီးထဲ ႀကီးျပင္းလာ ရတာဆိုေတာ့ ႐ိုးမစည္းကမ္း၊ ေတာ
စည္းကမ္း၊ ေတာင္စည္းကမ္းေတြကို ေတာ့ မထီမဲ့ျမင္ မခ်ိဳးမေဖာက္ပါဘူး။
ေရာမေရာက္ ေရာမလို က်င့္လိုက္တာ ပဲ။ လုပ္တာကလည္း စီးပြားေရး။ ေျမ ေအာက္သယံဇာတ ေ႐ႊမည္းရတနာ ရွာေဖြတဲ့အလုပ္။
က်င္းက ေထာင္းေနၿပီ။ တစ္ပတ္ အတြင္း အေပၚယံမြန္ဂိတ္ေတြ ျဖတ္ႏိုင္ ေအာင္ အားလုံးက တက္ညီလက္ညီ က်င္းေထာင္းၾကတယ္။ အေတာင္က အေတာ္က်သြားၿပီ။ပင္ပန္းေပမယ့္ဆင္
ႀကီးတို႔၊ လွပိန္တို႔တစ္ခ်က္မညည္းဘူး။
အရင္ကဆို က်င္းေထာင္းရင္ ႏႈတ္က
ဗလ႐ြတ္တ၊ ဟုတ္တာေရာမဟုတ္တာ
တဲ့ မိုးမင္းလည္း ဒီသခြတ္ပင္တူးက်င္း
ေရာ၊အယုတၱအနတၱအေလ့စိေျပာတတ္
ေရာက္မွႏႈတ္ဆိတ္ေနေလရဲ႕။ က်င္းပိုင္
ကိုထြန္း ဟန႔္ထားတာလည္းပါတာေပါ့ ေလ။ ဟိုသီခ်င္းေအာ္ဆို၊ ဒီသီခ်င္းတစ္ ပိုင္းတစ္စ ဟစ္နဲ႔။ က်င္းပိုင္ကိုထြန္း ေအာင္ေက်ာ္ကေတာ့ မနက္တိုင္း ထန္ မန္းကို မွာစရာရွိတာေတြမ်ားၿပီးမ်ား ေသာအားျဖင့္ ရိကၡာအတြက္ ေက်ာက္ တစ္လုံးေမွာ္ဘက္ သြားေနတာ မ်ား

တယ္။ ထန္မန္းလည္း ကိုထြန္းေအာင္ ေက်ာ္ကို သနားမိပါရဲ႕။ ခုတူးေနတဲ့က်င္းကလည္း ေပပါ က်င္းေလာက္ေပါက္ရင္ကိုထြန္းေအာင္
ေက်ာ္ကံမလိုက္၊ဆီမေပါက္လို႔အရႈံးေပၚ
ေနတာေတြ ေမွာ္ထဲလွည့္ၿပီး ဆြဲရလြဲရ
ေခ်းငွားရတာအဆုံး၊ ထန္မန္းက သိေန
ၾကားေနရတာကိုး။ က်င္းပိုင္တစ္
ေယာက္အေနနဲ႔ က်င္းက ဆီေပါက္
ေပါက္၊ မေပါက္ေပါက္ က်င္းေထာင္း
သမားနဲ႔ က်င္းဆရာအတြက္ ပုံမွန္
လစာက တစ္လ တစ္သိန္းခြဲ ရွင္းရမွာ။
ဒါက ေဆးလိပ္၊ ကြမ္း၊ အရက္ အစ
အေထြေထြနဲ႔စားေသာက္စားရိတ္ရိကၡာ
မပါဘူး။ လူၾကမ္း၊ စိတ္ၾကမ္း ပင္ပန္းတဲ့
ခြန္အားအလုပ္ဆိုေတာ့ လုပ္ႏိုင္ သေလာက္ စားႏိုင္တယ္။ မနက္ႀကီး
အဆာေျပ၊က်င္းေထာင္းမစခင္စားတာ တင္တစ္ေယာက္ သံဇလုံတစ္လုံး
အေပ်ာ့ပဲ။ တစ္ေယာက္ကို ႏွစ္လုံးခ်က္
ေလာက္ ႀကိတ္ၾကတာ။ ေန႔ခင္းတစ္ခါ၊
ညေနတစ္ခါ ထြက္သာၾကည့္ေတာ့။ တစ္လ ဆန္ႏွစ္အိတ္ အေပ်ာ့ေပ်ာ့ပဲ။ က်င္းပိုင္က အစားအေသာက္နဲ႔ပတ္ သက္လို႔ မတြန႔္တိုပါဘူး။ ဆင္ႀကီးတို႔ လွပိန္တို႔ဆိုတာ ဧရာဝတီတိုင္းေဒသ ႀကီး ဟသၤတ၊ ျမန္ေအာင္ဘက္က။ ဒီ

ေတာ့ စားၾကႀကိတ္ၾကတာေပါ့။ သုံးလ ဆိုတစ္သိန္းခြဲပိုက္႐ုံပဲ။
ဆီေပပါက်င္း၊ လွ်ံက်င္းမ်ား ထ ေပါက္လိုက္ရင္ အတိုင္းထက္အလြန္
ေပါ့။ ႐ြာအျပန္ မ်က္ႏွာပန္းလွတာေပါ့။
ဒါေၾကာင့္ ခုေထာင္းတဲ့က်င္းကို ေပါက္
ေစခ်င္တာ။ ဒါေပမဲ့ က်င္းကလည္း
အေတာင္တစ္ရာ ေက်ာ္လာၿပီ။ ဆီဂိတ္
ေတြလည္း ျဖတ္ပါရဲ႕။ ဒါေပမဲ့ – ကိုထြန္း
ေအာင္ေက်ာ္က ဆီဂိတ္မႀကိဳက္တာနဲ႔
ဆက္တူးခိုင္းေနတုန္း။တစ္ခုကံေကာင္း
တာကေက်ာက္မခံေသးတာပဲ။ေက်ာက္
မခံပါေစနဲ႔လို႔ ေထာင္းပိုက္ကိုင္ရင္း
ထန္မန္းဆုေတာင္းေနရတာ အေမာ။
ေက်ာက္ခံရရင္ေတာ့သြားၿပီ။ခဲေလသမွ်
သဲေရက်ပဲ။ ေက်ာက္ကို က်င္းသမား
တိုင္းလန႔္တယ္။ ေမွာ္ေလာကမွာလည္း
စာဆိုရွိတယ္ေလ။ ေရေပါက္ေက်ာက္ခံ
ေနာက္ေၾကာင္းျပန္ဆိုတဲ့စကား။ ဘာမွ
လွည့္ၾကည့္မေနနဲ႔ေတာ့။ လာရာလမ္း
ျပန္ေတာ့ပဲ။ ကံေကာင္းတာက မေန႔
ညေနေစာင္းေလာက္မွာ သဲဝါျဖတ္ၿပီး
ေက်ာက္ေၾကာေတြ႕တယ္။ ဒါေပမဲ့
သိပ္မတူလို႔ ထန္မန္းသက္မခ်မိရဲ႕။
ဒါေတာင္ေလးငါးဆယ္ဆုံေထာင္းလိုက္
ရေသးတယ္။ မနက္ကေတာ့ ကိုထြန္း
ေအာင္ေက်ာ္က-

“ထန္မန္း – ဆီနီးၿပီလား” “နီးၿပီထင္တာပဲ။ ကိုထြန္း ဆီဂိတ္ ေဝးသြားၿပီ။ဒါေပမဲ့-ထူးတာကဆုံထဲမွာ
ဆီနံ႔ပါလာတယ္ဗ်”
“ေသခ်ာတူးဗ်ာ၊ က်ဳပ္စိတ္ထဲ ဒီ
က်င္းက ေပါက္က်င္းလို႔ ထင္ေနတယ္။
ေပပါက်င္းျဖစ္ဖို႔ မ်ားတယ္။ ညတုန္း
ကလည္း အိပ္မက္ထဲမွာ ဆီးေတြ ပန္း
ထြက္ေနတာ သြားမက္တယ္။ က်ဳပ္ပဲ
စိတ္စြဲေနလို႔လား မသိဘူး။ အိပ္မက္က
ထူးတာေတာ့ အမွန္ပဲဗ်။ ဒီက်င္းေပါက္
မွ ျဖစ္မွာ။ က်ဳပ္လည္း ၿမိဳ႕ေပၚက အိမ္ခြံပဲ
က်န္ေတာ့တာ။ ရိကၡာလည္း ထန္မန္း
သိတဲ့အတိုင္းပဲ။ ျပတ္လုျပတ္ခင္ ျဖစ္
ေနၿပီ။ေမွာ္ထဲလည္းေႂကြးမ်ားေနၿပီ”
“အားမေလွ်ာ့ပါနဲ႔ – ကိုထြန္းရာ။ ေပါက္မွာပါ။ အနည္းအမ်ား တစ္ခုခုပဲ။
ကြၽန္ေတာ္လည္း ထင္ေနသလိုပဲ”
ေဂ်ာင္မေထာင္းခင္ ေက်ာက္တစ္
လုံးေမွာ္ထဲကေန အသံခ်ဲ႕စက္ျဖင့္ မွန္း
လာေနတာ ေအာ္ေနသျဖင့္ ကိုထြန္း
ေအာင္ေက်ာ္ တဲေပၚကဆင္းသြားေလ
ရဲ႕။ သူတို႔က်င္းေထာင္းၿပီး သုံးေလးဆုံ
အက်မွာ ကိုထြန္းေအာင္ေက်ာ္ အေျပး ျပန္ေရာက္လာတယ္။ ၿမိဳ႕မွာ သူ႔သား အငယ္ေကာင္ကို သုံးဘီးဆိုင္ကယ္ ဝင္ ထိုးလို႔မေကြးၿမိဳ႕ေပၚကသူ႔မိန္းမကလွမ္း

ဖုန္းဆက္တာပါ။ ခ်က္ခ်င္း မေကြးကို ျပန္ဖို႔ ကိုထြန္းေအာင္ေက်ာ္ ျပင္တယ္။
ထန္မန္းကိုလည္း မွာစရာရွိတာ မွာ တယ္။ ႏွစ္ရက္သုံးရက္ေတာ့ ၾကာမွာ ေပါ့။ ေမွာ္ထဲနဲ႔ မေကြးၿမိဳ႕ဆိုတာ ေန႔တစ္
ဝက္ခရီးပါပဲ။ ကိုထြန္းေအာင္ေက်ာ္ လွ်ိဳ
ကုန္းေပၚတက္သြားၿပီး သိပ္မၾကာခင္
မွာဆင္ႀကီးကေျပာတယ္။က်င္းေထာင္း
ေနရင္းေျပာတာပါ။ “ကိုထန္မန္း” “ဘာတုံးကြ – ဆင္ႀကီးရ”
“ေက်ာက္တစ္လုံးမွာ မေန႔ညက
အမဲေပၚတယ္ဗ်။ ကိုထြန္းၿမိဳ႕သြားတုန္း
ကြၽန္ေတာ္တို႔ စားစားၾကရေအာင္ဗ်ာ၊ ကြၽန္ေတာ္အေႂကြးယူလို႔ ရတယ္ဗ်” “ေဟ့ေကာင္ဆင္ႀကီး၊ အေရးထဲ မင္းက ငတ္ႀကီးက်ေနေသးတယ္။
ကိုထြန္းဘာမွာထားသလဲ၊ မင္းပါးစပ္ကို ပိတ္ထားစမ္း၊ရွီးထဲမွဆီကေပါက္ခါနီးမွ
ေဖာက္ေနျပန္ၿပီ။ မလုပ္နဲ႔ေဟ့ေကာင္၊
မိုးမီးေလာင္သြားမယ္”
“သူဘာသိမွာလဲဗ်ာ၊ ကြၽန္ေတာ္
တို႔ပဲ သိတဲ့ဥစၥာ၊ သူေျပာတာ အဓိပၸာယ္
မရွိပါဘူးဗ်ာ။ က်င္းတူးတာနဲ႔ အမဲသားနဲ႔
ဘာဆိုင္လည္း စားတဲ့သူလည္း ေပါက္
ေနက်တာပဲ။ ကံပါဗ်ာ၊ မဆီမဆိုင္ေတြ
ပါ”

“ဆင္ႀကီး ကိုထြန္းက က်င္းပိုင္၊ မင္းဘာသာစားခ်င္တဲ့ေနရာစား၊ ဘာမွ
ဆက္မေျပာနဲ႔ေတာ့၊ က်င္းေထာင္းမွာ သာေထာင္းစမ္းကြာ”
ထန္မန္း ပစ္ဟန႔္လိုက္မွ ဆင္ႀကီး
မေက်မနပ္ပုံစံနဲ႔ ၿငိမ္သြားရဲ႕။ ဒါေပမဲ့
အဲဒီေန႔ညေနမွာပဲ ဆင္ႀကီး ျပႆနာ
တက္ေတာ့တယ္။ ထန္မန္း ေက်ာက္
တစ္လုံးဘက္ ခဏေလးဆင္းသြားတဲ့
အခ်ိန္မွာ ျဖစ္ၾကတာပါ။ လွပိန္ မူးမူးနဲ႔
ေျပာတာက သူတို႔အရက္ေသာက္ၾက
ေတာ့ ဆင္ႀကီးက ဘယ္ကဘယ္လို
ဝွက္ထားမွန္းမသိတဲ့ အမဲသားဟင္းနဲ႔
ျမည္းတယ္တဲ့။ သူတို႔ အရက္ဝိုင္းဖြဲ႕ၾက ေတာ့ ေမွာင္ေနပါၿပီ။ ထန္မန္း တဲကို
ျပန္ေရာက္ေတာ့ ည ရွစ္နာရီ တီးေနၿပီ။
အဲဒီအခ်ိန္မွာ ဆင္ႀကီးပုံစံက မုန္ယိုေန
တဲ့ဆင္တစ္ေကာင္လိုပဲ။ တဲေပၚမွာ လည္း ေသာင္းက်န္းထားလိုက္တာ။ တဲတစ္ျပင္လုံး အိုးေတြခြက္ေတြ လွန္ ေမွာက္လို႔ေျဗာင္းဆန္ေနတာပဲ။ မိုးမင္း နဲ႔လွပိန္ေတာင္တဲေရွ႕ကြက္လပ္မွာငုတ္ တုတ္။ မမူးတမူး လွပိန္ေျပာတာက- “ေသာက္ေနရင္းကအေကာင္းႀကီး ထၿပီး ေဖာက္တာပဲ ကိုထန္မန္းရာ၊ ဆြဲ လို႔လြဲလို႔လည္း မႏိုင္ဘူး၊ ဘီလူးစီးေန သလိုပဲ၊ က်ဳပ္တို႔လည္း ေၾကာက္တာနဲ႔

တဲေရွ႕ဆင္းၿပီး ထိုင္ေနရတာ။ တဲတစ္ခု လုံးလည္း အိုးခြက္ေတြကုန္ၿပီ”
“ၾကည့္ရတာ ဒီေကာင့္ ပင္ကိုစိတ္
မဟုတ္ဘူးထင္တယ္ကိုထန္မန္း၊ေတာ
စီးတာပဲလား၊ အပမွီတာပဲလားမသိဘူး။
မ်က္ေထာင့္ႀကီးလည္း နီ၊ အံႀကိတ္၊
လက္သီးဆုပ္ၿပီး ဝုန္းဒိုင္းက်ဲေနတာပဲ။
သြားေတြေတာင္က်ိဳးပဲ့ေၾကကုန္ၿပီလား။
မသိဘူး။ ဒါ- ဒီေကာင္ ဟို အမဲသား
သြားစားလို႔ ေနမွာ သိလား” “ဘာ-အမဲသား – ဟုတ္လား”
“ဟုတ္- ဟုတ္တယ္ ကိုထန္မန္း၊ ဒီေကာင္ ဘယ္က ရလာမွန္း မသိဘူး၊
ျမည္းေတာ့မွ သိလိုက္ရတာ” “ဟာကြာ – ေတာက္ – ေခြး
ေကာင္”
ထန္မန္း တက္တစ္ခ်က္ေခါက္ၿပီး
ဆင္ႀကီးကို မျဖစ္စဘူး သတ္ပစ္ခ်င္တဲ့
ထိေအာင္ ေဒါသထြက္သြားမိရဲ႕။ ဒီကိစၥ
ၿမိဳ႕သြားေနတဲ့ကိုထြန္းေအာင္ေက်ာ္သာ
ျပန္ေရာက္လို႔ သိသြားရင္ သူ ဘယ္လို
ရွင္းျပမလဲ။ ထန္မန္းတို႔ တဲေပၚေရာက္ ေတာ့ အန္ဖတ္ေတြ မြစာႀကဲေနတဲ့ ပစၥည္းေတြ ဖ႐ိုဖရဲၾကားမွာ ဆင္ႀကီးက ေမွာက္ခုံႀကီး ပိုးလိုးပက္လက္ သတိ လက္လြတ္။ ထန္မန္းေဒါသထြက္ထြက္ နဲ႔ ေျခနဲ႔ ကန္ႏႈိးတာေတာင္ မလႈပ္။

ေနာက္ဆုံးထန္မန္းတို႔ပဲမြစာႀကဲ၊က်ိဳးပဲ့
ေနတဲ့ပစၥည္းေတြကို သိမ္းရတယ္။
က်င္းပိုင္ကိုထြန္း ျပန္လာရင္ ထန္မန္း
ဘယ္လိုရွင္းရမလဲ မသိ။ မနက္က်ရင္
ေတာ့ အမူးေျပမွ ဒီကိစၥကို ေျပာမယ္ဟု ထန္မန္း ေဒါသေပါက္ကြဲလ်က္ ေတြး ရင္း သူ႔အိပ္ရာမွာ ထန္မန္း လွဲခ်လိုက္ မိရဲ႕။ ညဥ့္က နက္ေနၿပီ။ ေမွာ္ရဲ႕အေအး ဓာတ္ကလည္း စိမ့္သထက္ စိမ့္လာၿပီ။ ေနာက္ဆုံးထန္မန္းေစာင္ကိုေခါင္းမူးၿခဳံ
လိုက္မိရဲ႕။
ထန္မန္း အိပ္မေပ်ာ္ခင္ေလးမွာပဲ အိပ္မက္လိုလို တကယ္လိုလို အသား
မည္းက်ဳတ္က်ဳတ္ ဗလေတာင့္ေတာင့္
လူႀကီးတစ္ေယာက္နဲ႔ေတြ႕တယ္။ သူ
တစ္ကိုယ္လုံး ထိုးကြင္းမင္ေၾကာင္ေတြ
က နက္ေမွာင္လို႔။ ထူးျခားတာက ျမင္ ေတြ႕ရခဲ့တဲ့ ေယာင္ထုံးႀကီးထုံးထားၿပီး ေဒါသတႀကီး မေက်မနပ္မ်က္ႏွာနဲ႔ ထန္မန္းကိုေျပာတယ္။
“ငါဒီမွာ ေနလာခဲ့တာ ႏွစ္ေပါင္း မ်ားစြာၾကာၿပီ။ ငါ့ကို ဘယ္သူမွ မထီမဲ့
ျမင္ မထီေလးစား မလုပ္ဝံ့ၾကဘူး။ တစ္ ခ်ိန္က ငါတို႔မင္းေနျပည္ေတာ္ႀကီး ဘုန္းမီးေနလေတာက္ပခဲ့တုန္းက ငါက တပ္မေတာ္မွာ တပ္မႉးႀကီးပဲ၊ တစ္ခ်က္ လႊတ္သံဓားလို႔ေခၚတယ္။ ငါနဲ႔အတူ

သံဓားနဲ႔ ရတနာအခ်ိဳ႕လည္း ဒီေနရာ ရွိ တယ္။ မင္းတပည့္က ႐ိုင္းစိုင္းတယ္။ ငါ့ကို မထီေလးစားလုပ္တဲ့အျပင္ ေစာ္ ကားေမာ္ကား ေျပာလိုေျပာ၊ ႐ိုင္းျပခ်င္
႐ိုင္းျပ။ေတာက္ – ဟိုတုန္းကငါ့မူလစိတ္
နဲ႔ဆို မလြယ္ဘူး။ အသာစိမ္းေတြ ယူ
တယ္၊စားတယ္။ဒါကိုေတာ့ခြင့္လႊတ္လို႔
မရဘူး။ အဘိုးနဲ႔ သခင္မႀကီးတို႔ရဲ႕စကား
ေၾကာင့္ ငါ ေနာက္ပိုင္းစိတ္ေလွ်ာ့ခဲ့တာ
ၾကာၿပီ။ ငါတို႔က စည္းရွိတယ္။ ရတနာ
သုံးပါးဆည္းကပ္႐ိုေသတဲ့သူကို ကူညီ
ေစာင့္ေရွာက္ရမယ္မွန္းသိတယ္။ ငါ
ခြင့္ျပဳလို႔ ငါ့နယ္ေျမထဲ ေနရတယ္မွတ္။
ခုေတာ့ ကံလည္းမလုံၿခဳံ၊ ဘုရားေမ့
တရားေမ့ မင္းတပည့္ဆိုတဲ့ေကာင္
ငါတို႔တစ္ခ်က္ လက္နဲ႔ မေတာက္ရဘူး။
ဒီေနရာက လြင့္စဥ္သြားမယ္။ ငါ့ဓားက
ထက္လြန္းလို႔ သံဓားဆိုတဲ့ဘြဲ႕ရခဲ့တာ။
ေတာထဲေနရင္ေတာစည္းကမ္း၊ေတာင္
စည္းကမ္းနားလည္ရတယ္။ ခုဒီေကာင္
ကေစာ္ေစာ္ကားကား၊ ဟိုမင္းတို႔ေခါင္း
ေဆာင္ေကာင္ေလးက ရတနာသုံးပါး
ၿမဲသလိုငါ့ကိုေရာအဘိုးတို႔ သခင္မႀကီး
တို႔ကိုပါ အၿမဲတမ္း ေမတၱာပို႔ေန ႐ိုေသ
ေလးစားမႈမပ်က္လို႔ အဘိုးအမိန႔္နဲ႔ ကူညီေနရတာ။ ဒါေပမဲ့ အဲဒီေကာင္ကို ငါ ဘာလဲဆိုတာ သိရေအာင္ မနက္ျဖန္

ပြဲ႐ြက္ၿပီးလာေတာင္းပန္ခိုင္း၊ မဟုတ္ရင္ ငါ့အလြန္ မဆိုနဲ႔ ဒါပဲ”
ထန္မန္း ႐ုတ္တရက္ လန႔္ႏိုးသြား ေတာ့ အ႐ုဏ္ပင္ သန္းေနေလၿပီ။ တဲ အတြင္းမွာ ဘယ္သူမွမရွိ။ သူခုနျမင္ေန ၾကားေနရတာ အိပ္မက္လား၊ တကယ္ လား စိတ္ထဲ ဝိုးတိုးဝါးတားနဲ႔ ထန္မန္း
ဝါးမီးခြက္ထဲ ဆီထပ္ျဖည့္ရင္း ျပန္အိပ္
ဖို႔ႀကိဳးစားတယ္။ အိပ္မက္ဆိုလည္းထူး ေတာ့ ထူးဆန္းတာအမွန္ပဲ။ ေနာက္
ထန္မန္းကအိပ္မက္ေတြဘာေတြလည္း သိပ္မယုံၾကည္တတ္သလို မက္ေလ့ မက္ထလည္း သိပ္မရွိပါဘူး။ မနက္မိုးလင္းလင္းခ်င္း ထန္မန္း ညကကိစၥကို ဆင္ႀကီးကို ရစရာမရွိ ေအာင္ ဆူပစ္လိုက္တယ္။ ဆင္ႀကီး စကားအရေတာ့ သူ အရက္ေသာက္ေန တုန္း တဲေပါက္ကေန လႊားခနဲခုန္တက္
လာတဲ့လူႀကီးတစ္ေယာက္ကိုျမင္လိုက္
ရၿပီး က်န္တာေတြ သူ ဘာမွမသိဘူးလို႔ တြင္တြင္ပဲ ေခါင္းတခါခါ ျငင္းတယ္။ သူ အရက္ေသာက္ရင္ ဘယ္တုံးကမွ သတိ လြတ္ေအာင္မေသာက္ခဲ့ပါဘူးလို႔လည္း ဆင္ေျခတက္တယ္။
လွပိန္နဲ႔ မိုးမင္းက ဆင္ႀကီး ညက အမူးလြန္ၿပီး သရဲစီးသလိုေတာစီးသလို
ျဖစ္တုန္းကကန္ေက်ာက္႐ိုက္ခြဲထားတဲ့

အိုးခြက္ပန္းကန္ေတြ စိတ္ဆိုးဆိုးနဲ႔ျပ
ရင္း အျပစ္တင္ေတာ့မွ ၿငိမ္ကုပ္သြား တယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ အဲဒီေန႔
မနက္ ကိုးနာရီေလာက္ ၿမိဳ႕ကေန ကို
ထြန္းေအာင္ေက်ာ္ ျပန္ေရာက္လာၿပီး
ညေနခင္းေလး ေထာင္းပိုက္အေတာင္
ႏွစ္ရာအက်မွာ သူတို႔ ေမွ်ာ္လင့္တႀကီး
က်ေနတဲ့က်င္းက ဆီထေပါက္တယ္။
ေပါက္တာမွ ေပပါက်င္း။ သူတို႔အားလုံး
တင္မက ကိုထြန္းေအာင္ေက်ာ္ရဲ႕ မ်က္
နာႀကီးကလည္းေပ်ာ္လြန္းလို႔ ဝင္းထိန္
ေနတာပဲ။
တယ္။
ေမွာ္ထဲ ခ်က္ခ်င္းနာမည္ႀကီးသြား
ထုံးစံအတိုင္းအနီးအနားေမွာ္ေတြ
က ေ႐ႊမည္းမုဆိုးေတြ၊ ရင္းႏွီးတဲ့က်င္း ပိုင္ေတြ၊ ကုမၸဏီဝယ္လက္ေတြ၊ က်င္း ဆရာေတြ လာၿပီး သတင္းေမးၾက၊ ေပ်ာ္ ၾကနဲ႔ ေျခခ်င္းကို လိမ္ေရာ။ ကိုထြန္း
ေအာင္ေက်ာ္ဆိုခ်က္ခ်င္းေရာက္လာတဲ့
ေ႐ႊမည္းကုမၸဏီဝယ္လက္ဆီကေငြေတြ ကိုင္ရင္း အသံတုန္တုန္ လက္တုန္တုန္
နဲ႔။ ထန္မန္းတို႔လည္း ဆီခပ္ၾက၊ ေပပါ ရွာၾကနဲ႔ အလုပ္ကိုေထာင္းလေမာင္းထ ရႈပ္ေနတာေပါ့။ ဆီေၾကာကလည္း ေကာင္းသလားမေမးနဲ႔။ ဆီကစိမ္းခံေန တာရယ္။ ေသေျမႀကီး ရွင္ေ႐ႊထီး သူတို႔

စြန႔္စားရက်ိဳးနပ္တယ္ဆိုရမယ္။ သခြတ္ ပင္ေမွာ္ဆိုတဲ့ နာမည္ခ်က္ခ်င္းျဖစ္
သြားတယ္။ ထန္မန္းလည္း ေပ်ာ္လြန္း
လို႔ မေန႔ညက သူမက္ခဲ့တဲ့အိပ္မက္
ေရာပြဲေရာထိုးကြင္းမင္ေၾကာင္နဲ႔လူႀကီး
ရဲ႕စကားကိုလည္း ဆီခပ္ေနရတာနဲ႔
ေမ့သြားေတာ့တယ္။ အဲဒီညေနကေန
ေပါက္က်င္းကဆီခပ္တာေနာက္မနက္
ထိေပပါႏွစ္ဆယ္ရေနၿပီ။ ဆက္ခပ္ေနရ
တုန္းပဲ။ ေပါက္ေဈးနဲ႔ဆို သိန္းအစိတ္
ေက်ာ္ေနၿပီ။ ကိုထြန္းေအာင္ေက်ာ္
သခြတ္ပင္ေမွာ္မွာ စြန႔္စားၿပီးတူးတာ။
ပထမဆုံးက်င္းနဲ႔တင္ ေပပါပိုင္ရွင္
သူေဌးျဖစ္သြားတာပဲ။ ထန္မန္းတို႔ဆို စားေသာက္စရာအဝတ္အထည္အလွ်ံ
ပယ္ပဲ။ ကိုထြန္းေအာင္ေက်ာ္ ဝယ္ေပး
တာ။ သူလည္း ဆိုင္ကယ္နဲ႔ ေဒါက္ဝွီးပဲ။
အဲဒီက်င္းကကိုထြန္းေအာင္ေက်ာ္ ေပပါအလုံးငါးဆယ္ေက်ာ္ရလိုက္တယ္။ ဆီက ႏွစ္ရက္တစ္ပီပါ ခပ္ေနရတုန္းပဲ။ ေနာက္က်င္းသစ္မတူးခင္ သုံးလနီးပါး ၾကာေနၿပီမို႔ ထန္မန္းပိုက္ဆံပိုက္ၿပီး ႐ြာ ျပန္ဖို႔ လုပ္တယ္။ တစ္ခုပဲရွိတယ္။ စိတ္

မေကာင္းစရာက ဘာလဲဆိုေတာ့ ထန္
မန္းတို႔ ပိုက္ဆံပိုက္ၿပီး ႐ြာကို ခဏျပန္ ၾကေတာ့ ဟသၤတာသားျဖစ္တဲ့ လွပိန္ နဲ႔ တစ္႐ြာတည္းသားျဖစ္တဲ့ ဆင္ႀကီးက
႐ြာကို မလိုက္ႏိုင္ေတာ့ဘူး။ သူတို႔ ဆီ
က်င္းေပါက္ၿပီး ဆယ္ရက္တိတိျပည့္တဲ့
ညမွာ ဆင္ႀကီး မူးမူးနဲ႔ ေက်ာက္တစ္လုံး ဘက္ကူးရင္း ပိုး(ေႁမြ)ထိလို႔ ေသသြား ခဲ့ ၾကရတာပဲ။ သူ ့အတြက္ လုပ္ခန႔္
အပိုေငြကိုေတာ့ လွပိန္က ႐ြာျပန္သယ္ သြားရဲ႕။ ထန္မန္းကေတာ့ ေတာင္ေပၚ
ခ်င္းရခိုင္စပ္မို႔ ႐ိုးသားသစၥာ ရွိသူမို႔
ဆီမေပါက္ခင္ ညက ထူးဆန္းတဲ့အိပ္
မက္အေၾကာင္းကိုထြန္းေအာင္ေက်ာ္ကို
ေျပာျပတယ္။
အဲဒီအိပ္မက္အေၾကာင္းသိတာ
သူတို႔ႏွစ္ေယာက္ပဲ။ ဆင္ႀကီးအတြက္
ရည္စူးၿပီးပြဲနဲ႔ေတာင္းပန္တယ္။ထူးဆန္း
အံ့ဩစရာ ပၪၥလက္လည္းမ်ားတယ္။
ၿပီးေတာ့ဂမၻီရလည္းဆန္လွတယ္။မယုံ
မရွိနဲ႔။ သူကိုယ္တိုင္ေမွာ္ထဲေနခဲ့တာ။