“ထဘီခြုံလင်းတကြီး”(စ/ဆုံး)
Unicode Version
“ထဘီခြုံလင်းတကြီး”(စ/ဆုံး)
———————————–
ဆရာတပည့်နှစ်ယောက် တတိုင်ပင်ရွာမှထွက်လာပြီး ခရီးနှင်လာခဲ့ကြသည်။ဗိုက်ဆာလျှင် တွေ့ရာဆိုင်တွင် ထမင်းဝင်စားပြီး ကုန်ကျစရိတ်မှန်သမျှ ဘ ဘိုးသူတော်က ပိန်ရှုံ့နေသောအိတ်ထဲမှ နှိက်ယူကာရှင်းသည်။ငွေတွေဘယ်ကလာသလဲဟုမောင်ရေခဲ မေးချင်သော်လည်း မမေးရဲခဲ့ပေ။ခရီးနားချိန်တိုင်း ရွာထဲသို့ဝင်မအိပ်ချေ။ရွာပြင်ဇရပ်တွင်သာ ဝင်နားသည်။မိမိ၏ နေရပ်ကား ဘယ်ရပ်ဘယ်ဆီတွက်ကျန်ခဲ့သည်ကိုလည်း မောင်ရေခဲမသိတော့ပေ။
“အဘဆရာ ကျွန်တော်တို့ဘယ်အရပ်ရောက်နေပြီလဲ….”
“အင်း…. ပြောရရင် ရှမ်းပြည်နယ်ထဲကမထွက်ရသေးပေမဲ့ ငါ့တပည့်ရဲ့နေရပ်နဲ့တော့
အလွန်ဝေးနေပြီ….ဘာလဲ အိမ်လွမ်းနေပြီလား…..”
“မဟုတ်ပါဘူးဆရာ….ဘယ်ဆီဘယ်ဝယ်သွားရမှာလဲသိချင်လို့ပါ…”
“ဒီလိုဘဲပေါ့ငါ့တပည့်ရ အရပ်ဌာနေအတိတကျမရှိဘူးကွဲ့….အထက်ကပေးတဲ့အမိန့်အတိုင်း လိုက်ပြီးသတ္တဝါတွေကူညီရမှာ”
“ဟုတ်ဆရာ…”
“အင်း…သာဓုကွဲ့ငါ့တပည့်ကြီး….ပြောရင်းဆိုရင်းနဲ့ ဒီညဒီမှာနားရလိမ့်မယ်ကွဲ့….ငါ့တပည့်ကြီးအလုပ် လုပ်ရတော့မယ်….”
“ဒီမှာရွာမရှိဘူးလေဆရာ…”
“ဟုတ်တယ် ငါ့တပည့် ရွာမရှိလို့်မကောင်းတဲ့အတတ်တွေ ဒီနေရာမှာစိုးမိုးနေပြီ….အမြန်မနိုင်နင်းရင် မကောင်းဆိုးဝါးတွေ အားကြီးနေပြီ…….လာ ဒီတောမှာဘုရားတစ်ဆူရှိတယ် အဲဒီမှာနားရင်း မကောင်းသူပယ်ကောင်းသူကယ်ရမယ်…”
“ဟုတ် ဆရာ…”
ဘိုးသူတော်ဦးသီလက တောကြီးထဲသို့ ဦးဆောင်ဝင်သွား၏။အတော်ကြာဝင်သွားပြီး ဘုရားဆည်းလည်းသံများ သာယာနာပျော်ဖွယ် ကြားရ၏။တောင်ထိပ်လေးတွင် ရွှေရောင်ဝင်းနေသော ကိုးတောင်ပြည့်စေတီလေးတစ်ဆူအားတွေ့ရသည်။
“ရောက်ပြီငါ့တပည့်ကြီး ဒီဘုရားကိုသာမန်လူတွေမဖူးနိုင်ဘူးကွဲ့…ဘုရားရဲ့ဘွဲ့တော်က နတ်ဝှက်ဘုရားတဲ့ လူလေးနဲ့ပဌာန်းဆက်ရှိလို့ ဖူးမြော်ရတာ ….”
“သပ္ပါယ်လိုက်တာအဘရယ်…ဒီဘုရားကိုဘယ်သူတွေကိုးကွယ်သလဲ အနီးနားလူတွေလည်းမရှိဘူး….ဒါပေမဲ့ ဘုရားမှာပူဇောထားတဲ့ ဆွမ်း၊ပန်း၊ရေချမ်းတွေ ဝေဆာနေတာဘဲ…”
“နတ်ဝှက်ဘုရားဆိုတော့…နတ်တွေဘဲလာပူဇော်တာပေါ့ငါ့တပည့်ရ….”
မောင်ရေခဲကား ရွှေရောင်တဝင်းဝင်းနဲ့နတ်ဝှက်စေတီအား အကြိမ်ကြိမ်ဦးချမိနေသည်။အဘဘိုးသူတော်ကား သင့်ရာနေရာတွင် အကျမနထိုင်ကာ ပုတီးထိုင်စိပ်နေသည်။မောင်ရေခဲကား ဘေးပတ်ဝန်းကျင်ကိုလေ့လာအကဲခတ်ပြီး စတင်တရားထိုင်နေသည်။
ညအမှောင်ထုကတစတစကြီးစိုးလာပြီး
ငှက်ကလေးများ၏အော်သံပင်မကြားရ
တော့ချေ။ညပိုးကောင်တို့၏ အော်သံများနဲ့
လေတိုက်တိုင်းအသံမြည်သော ဘုရားဆ
ည်းလည်းသံတို့မှအပ ပတ်ဝန်းကျင်၌
တိတ်ဆိတ်အေးချမ်းနေ၏။တိတ်ဆိတ်ငြိမ်
သက်သောအရပ်ဖြစ်သဖြင့် တရားသမား
တို့အထူးမွေ့လျော်၏။
“တောက်……ငါ့နယ်မြေမှာ ပိုင်စိုးပိုင်နင်း
ဘုရားတရားလာအားထုတ်နေပါလား
အသက်၃ချောင်း အပိုပါလို့ထင်တယ်”
တိတ်ဆိတ်သောညတွင် ထိုအသံသည်
အမှောင်ကိုခွင်းလျက်ကျယ်လောင်စွာ
ပေါ်ထွက်လာ၏။ထိုအသံကြားသဖြင့်
မောင်ရေခဲလည်းတရားဖြုတ်လိုက်ပြီး
“တယ်…ရာရာစစ…ဘယ်သူလဲကွ ငါ့
ဆရာတရားမှတ်နေတာကို လာနှောင့်ယှက်
ရဲတာ…”
ထိုသို့ပြောလိုက်သည်နဲ့ပင်ယံထက်မှ လင်း
တကြီးတစ်ကောင်နဲ့ ကျီးကန်းသုံးကောင်တို့
မြေပေါ်သို့သက်ဆင်းလာ၏။မြေပြင်ပေါ်ရော
က်သော် အားလုံးလူသားမိန်းမ ဖြစ်သွားကြ
၏။
“ဟား…ဟား…ဟား….ဒီမှာသူငယ် ဒီနေ
ရာမှာဘယ်သူမှ ဘုရားတရားလုပ်ခွင့်မရှိ
ဘူး အသက်အပိုမပါရင်အမြန်ဆုံး မင်းရဲ့
ဆရာကိုခေါ်ပြီး ထွက်သွားလိုက်စမ်း…”
“ကျွန်ုပ်တို့ဒီနေရာကိုလာတာ ပြန်ထွက်
သွားဖို့မဟုတ်ဘူးအဖွားကြီး….ခင်ဗျားတို့
လိုပညာသည်တွေရဲ့မာန်စွယ်ကို ချိူးဖို့လာ
တာ….”
“ခစ်…ခစ်…ခစ်….”
မောင်ရေခဲ ပြောသောစကားသံကိုကြားပြီး
မိန်းမ ကြီးနဲ့အတူပါလာသော မိန်းမငယ်
သုံးယောက်က မောင်ရေခဲကို ပမာမခန့်
ပုံစံဖြင့်တခစ်ခစ်ရယ်လေ၏။
“ဟဲ့..ဟဲ့….လေကအလာသားပါလား
သူငယ်ရဲ့ ဧကန္တငါ့ရဲ့အစွမ်းအစတွေ
မသိသေးလို့ထင်တယ်…ကဲ မယ်မိုး၊မ
ယ်ဆိုး၊မယ်နန်း…ည ည်းတို့တွေဒီကောင်
ကိုပညာပြလိုက်စမ်း….”
ထိုသို့အမိန့်ရသည်နဲ့ မိန်းမ ကြီး၏ဘေးရှိ
မိန်းမ ငယ်သုံးယောက်သည် ထဘီကိုဆွဲ
ခြုံလိုက်သော် ကျီးကန်းသုံးကောင်ပြန်ဖြစ်
သွား၏။
“အာ့….အာ့….အာ့….”
“အာ့…အာ့….အာ့…”
လေပေါ်တွက်ပျံဝဲပြီး ကျီးအာသံပြု၏။
“အဲဒီလူသားနှစ်ယောက်ကို သတ်လိုက်စမ်း”
မိန်းမကြီးကအမိန့်ပေးလိုက်သော် ကျီးက
န်းသုံးကောင်သည် မောင်ရေခဲတို့ထံသို့
သုတ်ချီဆင်းလာ၏။
မောင်ရေခဲ လည်း ကျီးကန်းမတွေ ဆရာ
သခင်ကိုအနှောင့်ယှက် ပြုမည် စိုးသော
ကြောင့် ဂုဏ်တော်ကိုပွားများကာ သံကွန်
ချာအင်းကိုလေထဲတွင် အမြန်ဆွဲလိုက်၏။
ပြီးသော် အရှိန်နဲ့ဆင်းသက်လာသော
ကျီးကန်းမသုံးကောင်ဆီသို့ ပစ်လိုက်၏။
“ဝုန်း…ဖောင်း….ဖောင်း…ဖောင်း….”
အငိုက်မိသွားသော ကျီးကန်းမသုံးကောင်
ကားသံကွန်ချာအင်းနဲ့တွေ့ပြီး မြေပေါ်သို့
မရှုမလှ ပြုတ်ကျကုန်၏။
“အား….အေမ့…”
“ဆရာ…ကယ်ပါဦး….”
“အား…..”
မြေပေါ်တွင်လူးလှိမ့်ကာ ပါးစပ်မှလည်း
သွေးစတဲ့ပွက်ခနဲထွက်လာ၏။ထိုအဖြစ်ကို
မြင်သော အဖွားကြီးကား ဒေါသထောင်း
ထောင်းထလျက် ထဘီအမဲကြီးကို ဆွဲခြုံလို
က်၏။စုန်းမျိုးတို့ကား နတ်ကဝေမြောက်စုန်း
၊အိမ့်တလိမ့်စုန်း၊မောက်လုံးစုန်း၊မောက်ပြား
စုန်း၊ခြေစုန်း၊ခေါင်းစုန်း၊ကိုယ်စုန်း ဟူ၍ ရှိရာ
ယခုအဖွားကြီးကား အိမ့်တလိမ့်စုန်းအမျိုး
အစားဖြစ်သောကြောင့် မြောက်ဘက်မယ်
တော်၊ဥရုနတ်၊ဇော်ဂနီနတ်တို့ကို စေခိုင်း
နိုင်သည့် အစွမ်းထက်လှသောစုန်းမျိုး
ဖြစ်၏။
“ဖလပ်…ဖလပ်…ဖလပ်….”
လင်းတကြီးသည် သစ်ပင်ထက်သို့တက်ပြီး
မောင်ရေခဲ အားတိုက်ခိုက်၏။ပါးစပ်မှ
အနီရောင်စက်ကို မောင်ရေခဲထံ မှုတ်ထုတ်
၏။မောင်ရေခဲလည်း အကာအကွယ် အင်းဖြင့်
ကာထားသောကြောင့် တစ်စုံတစ်ရာ ထိခို
က်ခြင်းမရှိ။
“ဝုန်း….”
“ဖောင်း…ဖောင်း….ဖောင်း….”
လင်းတကြီး၏စက်နဲ့ မောင်ရေခဲ၏ အကာ
အကွယ်အင်းတို့တွေ့ထိပြီး တဖောင်းဖောင်း
ပေါက်ကွဲကုန်၏။ဘေးရှိသစ်ပင်ငယ် တို့က
အတုန်းအရုန်းလဲကကုန်သည်။
သူ့စက်ကိုမောင်ရေခဲက ခံနိုင်သောကြောင့်
သူ၏အစွမ်းအထက်ဆုံး အစိမ်းရင့်ရောင်
စက်နဲ့မောင်ရေခဲထံမှုတ်ထုတ်လိုက်၏။
မောင်ရေခဲ လည်းတန်ပြန်အင်းကို အမြန်
ဆွဲလိုက်၏။အင်းအသက်ဝင်သွားသော်
လင်းတကြီးထံသို့ ပစ်လိုက်၏။
“ဝုန်း….ဖောင်း…ဖောင်း…ဖောင်း….”
လင်းတကြီး၏အားပြင်းသောစက်နဲ့
တန်ပြန်အင်းတို့တွေ့သောအခါ အသံကျယ်
ကြီးဖြင့် တအုန်းအုန်းမြည်လေ၏။မောင်ရေ
ခဲမှာအနောက်သို့လှန်ကျသွားသကဲ့သို့
အပင်ပေါ်ရှိလင်းတကြီးမှာလည်း မြေပေါ်
သို့ပြုတ်ကျလာ၏။မြေပြင်ပေါ်သို့ရောက်သေ
ာ်လူသားမိန်းမကြီးပြန်ဖြစ်သွားပြီး တန်ပြန်
အင်း၏အစွမ်းကြောင့် သွေးပွက်ပွက်အန်
ကာသေဆုံးသွားတော့သည်။လင်းတကြီး၏
တပည့်ဖြစ်သော ကျီးကန်းမသုံးယောက်
လည်းမိမိတို့၏ ဆရာသခင်သေဆုံးသွား
သဖြင့် မိမိကိုမိမိပြန်၍အဆုံးစီရင်သွားကြ၏။
ထိုသူတို့ပတ်ပတ်လည်တွင် ငရဲမီးတောက်
ထွက်ပေါ်လာပြီးမီးလောင်ပြာကျသွားတော့
သည်။မောင်ရေခဲလည်း စက်အရှိန်ကြောင့်
အထိနာသွားပြီး သတိလစ်သွားတော့သည်။
“ငါ့တပည့်ကြီး….ထတော့…ထထ….ခရီး
ဆက်ချိန်ရောက်ပြီ…”
ဟူသောအဘဆရာ၏ အသုံကြားမှထကြ
ည့်သော် မိုးလင်းနေပြီဖြစ်၏။
“အဘ…ကျွန်တော်ဘာဖြစ်သွားတာလ
ည်း……ဟိုလင်းတကြီးနဲ့ကျီးကန်းမတွေ
ရော”
“ဟားဟားဟား… ငါ့တပည့်ုကြီးရယ် ..
သူတို့တွေကသူတို့နဲ့ဆိုင်တဲ့နေရာကို
သွားရပြီကွ.. ငါ့တပည့်ကြီးက လင်းတမ
ကြီးရဲ့စက်အရှိန်ကြောင့် သတိလစ်သွားတာ…”
“အဘ…သူကဘာလို့အရမ်းစွမ်းနေရတာ
လဲ…”
“စွမ်းဆိုသူက အစွမ်းထက်တဲ့ပညာသ
ည်အမျိူးအစားထဲမှာပါတဲ့သူကိုးကွ
သူ့သက်တမ်းဘယ်လောက်ရှိပြီထက်လဲ”
“(၇၀)လောက်ရှိပြီထင်တယ်ဆရာ”
“မှားတယ် ငါ့တပည့်ရ…သူ့သက်တမ်း
နှစ်ရာကျော်သွားပြီကွ…လိုရာဖန်ဆင်းနိုင်
တဲ့အဆင့်တောင်ရောက်နေပြီ…ငါ့တပည့်
ကြီးသူ့ကိုနိုင်တာ တော်ရုံနဲ့မရဘူးကွ
အခြားအင်းနဲ့ကာရင် သူ့ကိုနိုင်မှာမဟုတ်
ဘူး…ဒါပေသိ ကာ့တပည့်ကြီးက ဖြတ်ထိုး
ဉာဏ်ကောင်းတော့ တန်ပြန်အင်းနဲ့ပစ်လို
က်လို့သူ့စက် သူပြန်ထိပြီး ဆုံးသွားတာကွ…..”
“ဟုတ်ဆရာ…”
မောင်ရေခဲ ကားဆရာပြောသမျှနားထောင်
ပြီးကိုယ်လပ်သန့်စင်ရန် ချောင်းငယ်အနား
သို့သွားလေ၏။ရင်ဘတ်တွင်ကား အောင့်
သက်သက်နာကျင်နေသေးသည်။
“ခရီးဆက်ကြမယ် ငါ့တပည့်ကြီးရေ…”
ဆရာ့ခေါ်သံကြောင့် ချောင်းငယ်မှတက်
လာပြီး နှစ်ယောက်သား ခရီးဆက်ကြတော့
သည်။
(တစ်စုံတစ်ရာ အမှားရှိခဲ့ပါက စာရေးသူ၏
လေ့လာမှုအားနည်းချက်ကြောင့်သာဖြစ်
သည်။စာဖတ်ပရိတ်သတ်များ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေ)
#ပြီး
Zawgyi Version
———————————–
“ဟုတ်ဆရာ…”
“ဟုတ် ဆရာ…”
တိတ်ဆိတ်အေးချမ်းနေ၏။တိတ်ဆိတ်ငြိမ်
တို့အထူးမွေ့လျော်၏။
ပေါ်ထွက်လာ၏။ထိုအသံကြားသဖြင့်
ရဲတာ…”
၏။
လိုပညာသည်တွေရဲ့မာန်စွယ်ကို ချိုးဖို့လာ
တာ….”
“ခစ်…ခစ်…ခစ်….”
ကိုပညာပြလိုက်စမ်း….”
သွား၏။
“အာ့….အာ့….အာ့….”
“အာ့…အာ့….အာ့…”
သုတ်ချီဆင်းလာ၏။
မရှုမလှ ပြုတ်ကျကုန်၏။
“အား….အေမ့…”
“ဆရာ…ကယ်ပါဦး….”
“အား…..”
ဖြစ်၏။
“ဖလပ်…ဖလပ်…ဖလပ်….”
က်ခြင်းမရှိ။
“ဝုန်း….”
“ဖောင်း…ဖောင်း….ဖောင်း….”
ဆွဲလိုက်၏။အင်းအသက်ဝင်သွားသော်
ကာသေဆုံးသွားတော့သည်။လင်းတကြီး၏
ဆက်ချိန်ရောက်ပြီ…”
ရော”
လဲ…”
ည်အမျိုးအစားထဲမှာပါတဲ့သူကိုးကွ
ဥာဏ်ကောင်းတော့ တန်ပြန်အင်းနဲ့ပစ်လို
“ဟုတ်ဆရာ…”
သို့သွားလေ၏။ရင်ဘတ်တွင်ကား အောင့်
သည်။
#ပြီး