“ဂမုန်းနတ်သျှင်”(စ/ဆုံး)

Unicode Version

“ဂမုန်းနတ်သျှင်”(စ/ဆုံး)
——————————
ပူလိုက်သည့်နေ.
မီးပင်လယ်ထဲ ရောက်နေသည် ထင်ရ၏။ ခိုနားစရာ သစ်ပင်ကြီးကြီး မားမားမရှိ၊ လက်မောင်းခန့်၊ ခြေကျင်းဝတ်ခန့် သစ်ငုတ်တိုများသာ တွေ့ရ ၏။ ပြင်းလှသောနွေကြောင့်မြေသားမှာကျစ်လျစ်မာကျောသိပ်သည်းလွန်း လှ၏။ သူတိုးဝှေ့ခုတ်ထွင် ရှင်းလင်းလာခဲ့သော လူသွားလမ်းလေးအတိုင်း မိုးသီးရှေ့သို့ တစ်လှမ်းချင်းတက်ခဲ့သည်။
အပူရှိန်ကြောင့်ကြွပ်ရွနေသည့်ဝါးခမောက်ငယ်ကမီးထတောက်မည် ထင်ခဲ့သည်။ နဖူးမှ စီးကျလာသော ချွေးပေါက်တို့က မျက်စိထဲ ဝင်လာ၍ ခုတ်ထွင်ခြင်းကို ခေတ္တရပ်ပြီး၊ ဝတ်ထားသော ပုဆိုးတိုတိုကိုဖြေ၊ ခါးပုံစနှင့် မျက်နှာကိုသုတ်ပြီး ဆက်တိုးရမည့် ရှေ့ခရီးကိုကြည့်မိလိုက်သည်။
တိုးဝှေ့လာခဲ့သော ချုံနွယ်ပိတ်ပေါင်းတို့ရှေ့တွင် ကြခတ်ဝါးရုံများ ရှိနေ သည်။ ရွက်သစ်တို့မဝေနိုင်သော ကြခတ်ဝါးရုံတို့က ဝါးကန့်လန့်ကာကြီး

အလား၊ ကြခတ်ဝါးကန့်လန့်ကာ၏ အခြေသို့ ရောက်ရှိရေးသည် မိုးသီး၏
အဓိကပန်းတိုင်။
ကျောကွဲ၊ရင်ပွင့်မတတ်ပူနေသောနေကိုအန်တုသည့်အနေနှင့်ခါးတွင် ချိတ်ဆွဲထားသော စစ်ရေဘူးထဲမှ ရေကို အာသာပြေတစ်ကျိုက် မျိုချလိုက် သည်။ ဓားမနှင့်သံတူးရွင်းကို အသုံးပြု၍ ဝါးမြစ်တို့ကို တူးဖော်ရဦးမည်။ သဘာဝပန်းပုဆရာကထုလုပ်ပေးထားသောကျားရုပ်၊ ခြင်္သေ့ရုပ်၊ ဘီလူးရုပ်၊
ရသေ့ရုပ်၊နတ်ရုပ်သဏ္ဌာန်ဖြစ်ပေါ်နေသောအဆစ်ပိတ်ကြခတ်တောင်ဝှေး များကို မြို့ကြီးများက သဘောတွေ့နှစ်ခြိုက်ကြသည်။ လူသားပန်းပုဆရာအရှုံးပေးရသောသဘာဝလက်ဆောင်အဆစ်ပိတ်တောင်ဝှေးပုံသဏ္ဌာန်အမျိုးမျိုးတို့ကိုအခြောက်ခံ၊ ကျပ်ခိုးတင်အရောင်ခြယ် ပေးလိုက်လျှင် မြို့ကြီးသားများအတွက်ဂုဏ်ယူလက်ဆောင်ပေး၍ တန်ဖိုး
ကြီးပေးဝယ်သောပစ္စည်းဖြစ်သွားပေပြီ။
ဤမှရသော ဝင်ငွေဖြင့်သာ သားအစ်မနှစ်ယောက်၏ ဝမ်းရေးကို ဖြည့်တင်းရမည်။ အရင်က အဖေနှင့် နှစ်ယောက်အတူ တောတိုးနေကျ၊ အဖေကလည်းသူလိုတောတက်သမား။သို့သော်အဖေကကြခတ်မြစ်ရုပ်ကို မတူး။ ကြိမ်မြစ်ကိုသာတူးသည်။ ကြိမ်လုံးကြိမ်ဖုတွင် ပေါ်ပေါက်နေသော ဖြစ်တည်နေသော ရသေ့ရုပ်ယောင်၊ ဇော်ဂျီရုပ်ယောင်၊ တိရစ္ဆာန်ရုပ်ယောင် တို့ကို တူးဖော်ရောင်းချ စားသောက်ရာမှ မိုးသီးက ကြိမ်မြစ်ကြိမ်ဖုများ တွင် ဤသို့ဤနှယ် ရုပ်ယောင်များ ဖြစ်နေလျှင် မာကျောကျစ်လျစ်သော၊ ကြခတ်ဝါးတို့တွင်ရောမရှိနိုင်၊ မဖြစ်နိုင်ပေဘူးလားဟု တွေးမိရာမှ သူက ကြခတ်မြစ်တူး၊ အဖေ က ကြိမ်မြစ်ဖု တူးခဲ့ကြခြင်း ဖြစ်သည်။ သူက ကြိမ်မြစ်ရော၊ ကြခတ်မြစ်ပါတူးသည့် လိုင်းစုံသမား၊ အဖေက တစ်လမ်းသမား။
ကောင်းကင်ယံတွင် ကြက်မတစ်ဝပ်ပင်တိမ်မရှိ။
အနောက်ဘက်ငုပ်လျှိုး သွားသည့် နေလုံးကြီး မရှိတော့သော်လည်း အပူရှိန်တို့ကကျန်နေဆဲ။

ရရှိ တူးဖော်ထားသော ကြိမ်လုံးဖု၊ ကြခတ်ဖုတို့ကို စုစည်းကာ ပခုံးပေါ် ထမ်းတင်လိုက်သည်။ဓားမကိုခါးကြားထိုး၍သံတူးရွင်းကိုလက်တစ်ဖက်မှ
ကိုင်ပြီး အပြန်ခရီး စတင်တော့သည်။
စိတ်က အိမ်တွင် ကျန်ရစ်ခဲ့သောအဖေ့ထံရောက်နေသည်။ အခုတစ်လောအဖေနေသိပ်မကောင်း။ ဘဝကိုကြမ်းတမ်းစွာ အံတု၍ အသက်မွေးခဲ့သောအဖေ၊အသက်ထောက်လာ၍ထင့်။
ကျန်းမာရေးချူချာ လာသည်။ တစ်ခါတစ်ရံ အမောဖောက်လာတတ်သည်။ အိမ်နီးချင်းများနှင့် အဖေ့ကိုအပ်ထားခဲ့ပြီး သူကတောဝင်လာခဲ့ခြင်းဖြစ်သည်။
မှောင်စပြုလာပြီ။ တောဆိုသည်က အမှောင်မြန်သည်။ ရှေ့တစ်ကွေ့
တွင် ချောင်းကောကြီးနှင့်။
ချောင်းကောကြီးအစပ်တွင် ကြီးမားလှသော ထိန်ပင်ကြီးတစ်ပင် ရှိ သည်။ ဤသည်မှာ မိုးသီးတောတိုးခဲ့ရသော ဘဝတစ်လျှောက်မမှားနိုင် သောသဘာဝအမှတ်အသား။ ထိန်ပင်ကြီး၏အရှေ့ဘက်အတိုင်းနှစ်မိုင်ခန့် ဆက်လျှောက်လျှင် သူနေထိုင်ရာလှေလှော်အင်းရွာသို့ ရောက်မည်။ အိမ်ရောက်မှပင်ပန်းသမျှအတိုးချအိပ်လိုက်မည်ဟုအားခဲလိုက်သည်။
မနက်ဖြန်ဆိုလျှင် တပေါင်းလပြည့်ကျော်တစ်ရက်။ သူ အသက်သုံးဆယ် ပြည့်ပြီပဲ။
တောနှင့်ရွာ။ ရွာနှင့်တော။ တစ်ခါတစ်ရံလှည်းကူးဈေးထဲဈေးရောင်း၊ ဈေးဝယ် – သည်လိုနှင့် အသက်ပင်မငယ်တော့ပါလားဟု အတွေးက ဝင် လာသည်။
အတွေးနှင့် မျောလာရင်းမှ မိုးသီး တုန့်ခနဲ ရပ်လိုက်မိသည်။ တပေါင်းလပြည့်နေ့ဖြစ်၍ကြည်လင်သောလရောင်ကြောင့် ဝန်းကျင်
ကို ပြတ်ပြတ်သားသား မြင်တွေ့နေရသည်။ သူ အမြန်ရောက်ရေး ဦးတည် ထားသောထိန်ပင်ကြီးရှိသည့် ချောတောကြီးသို့ မရောက်နိုင်သေး။

ပတ်ဝန်းကျင်အနေအထားကို ယခုမှ သတိပြုမိသည်။
သေချာသည်။ သူ မျက်စိလည်နေပြီ။ မည်သည့်အချိန် မည်သည့် နေရာကစ၍မျက်စိလည်ခဲ့မှန်း မသိတော့။
ယခုသူရောက်နေသည့်နေရာကစောစောကသူလျှောက်လာခဲ့သော ဖုန်းဆိုးမြေကျစ်မဟုတ်တော့။ သစ်ကြီးဝါးကြီးနှင့်၊ စိမ့်နှင့်မြိုင်နှင့် အေးစိမ့် နေသည့် နေရာသစ်တစ်ခု။
သေသေချာချာ၊ ကြည့်လေမမှတ်မိလေ။
အပ်ကျလျှင်ပင် ပြန်ရှာနိုင်သည့်တောသား-လမ်းလယ်တွင် လမ်း ပျောက်နေပြီ။
သေချာသည်က ဤနေရာသည် သူ အပြန်လမ်း၊ လှေလှော်အင်း ရွာဘက်တော့မဟုတ်။
ဝါးချောင်း၊ ထန်းတောကြီး၊ ဇောင်းတူ၊ စိန်တောင်တိုက်ကြီး၊ ဥက္ကံ၊ သာယာဝတီ၊ မင်းလှ၊ စိန်ကန့်လန့်ဘက်လား။ မသိ။
တစ်ခုခုတော့မှားနေပြီ။ ဘာမှားနေသည်လည်းမသိ။
လရောင်အောက်တွင် လေအရှိန်ကြောင့် သူ့ရှေ့ရှိ သစ်ကြီး၊ ဝါးကြီးတို့ လေယိမ်းတိုင်းဘယ်ယိမ်းညာနွဲ့ဆယ်ပြန်နွဲ့နေသည်မှာအသည်းငယ်သူများ
အတွက်သွေးပျက်ည။
စင်စစ် -မိုးသီး တစ်ယောက် စုံကန္တာမြိုင်ကြီးတွင် တစ်ယောက်တည်း ဖော်မပါ တစ်ကိုယ်တော်ည။
ပခုံးထက်မှ ကြိမ်နှင့်ကြခတ်မြစ်ထမ်းကို အသာချ။ ညာလက်ဖြင့် သံတူးရွင်းကိုင်၊ ဘယ်လက်ကနောက်ကျောတွင်လုံချည်နှင့်ညှပ်ထားသော ခါးကြားမှ ဓားမကို ကိုင်၍ဝန်းကျင်ကို သတိပြုကြည့်လိုက်သည်။
တဝေါဝေါလေတိုးသံ၊ သစ်ကိုင်းချင်း ပွတ်တိုက်သံ၊ လေငြိမ်သွားလျှင် ပုစဉ်းရင်ကွဲတို့ အော်သံမှတစ်ပါး။
“ဘယ်လိုလဲ…ငါမျက်စိလည်တာတော့သေချာနေပြီ။လမ်းမြင်ရအောင် ရှေ့တောအုပ်ထဲက သစ်ပင်ပေါ်တက်ကြည့်မယ်”

မိုးသီးချက်ချင်းပင်ရှေ့မှတောင်သရက်ပင်ကြီးခြေရင်းတွင် သံတူးရွင်း
ကိုထောင်၊ ခါးတွင်ဓားမကိုထိုး၍ဖက်တက်လိုက်ပြီး အမြင့်ဆုံးကိုင်းထက်မှ ဝန်းကျင်၏ ရှေ့နောက်ဝဲယာကို ကြည့်မိတော့သည်။ လပြည့်လရောင်က အထင်းသား။
သေချာသွားပြီ။
သူ ယခု ရောက်နေသည့် နေရာသည် သူ့အတွက် ရေမြေသစ်။ မိမိ အတွက်စိမ်းနေသောနေရာတွင်မြေပြင်ထက်လက်ရှိသစ်ပင်ပေါ်အိပ်စက်
ခြင်းက ပိုကောင်းသည်ဟု ယူဆကာ တောင်သရက်ကိုင်းကြီးအား ကျောမှီ ထားလိုက်သည်။
“ဟင် … ဘာလဲ”
လူကသာ သစ်ကိုင်းကို ကျောမှီထားသည်။ မျက်စိအစုံက အနားမယူ အား။ ဝန်းကျင်တစ်ခွင်လရောင်နှင့်အသေအချာကြည့်သည်။ ဝန်းကျင်တစ်ခိုလှည့်လည်ကြည်နူးနေသောမျက်စိအစုံအားတစ်နေရာ
တွင် တုန့်ခနဲ ရပ်သွားသည်။
မှိတ်တုတ်မှိတ်တုတ်မီးရောင်တစ်ခုကို“သူ”မြင်မိသယောင်။
သေသေချာချာ ပြန်ကြည့်လိုက်သည်။ သေချာသည်၊ မီးရောင်တစ်ခု။ မီးရှိလျှင်လူရှိမည်။ အကျိုးအကြောင်းပြော၊ အကူအညီတောင်းလျှင်ကျော တစ်နေရာနှင့် စားစရာတစ်ခုတော့ ရနိုင်မည်။ အနည်းဆုံး စကားပြောဖော် တော့ရမည်။
သစ်ပင်ထက်မှဆင်း၊ထုံးစံအတိုင်းကြခတ်မြစ်စည်းနှင့်ကြိမ်မြစ်စည်းကို ထမ်း၊ စောစောက သူမြင်ခဲ့ရသည့် မီးရောင်လက်လက်ဆီမှန်း တက်လာ
ခဲ့သည်။
တောကပို၍သိပ်သည်းထူထပ်လာသည်။
ရှေ့တွင်တောင်ကုန်းဆင်ခြေလျှောတစ်ခု။ ဆင်ခြေလျှော၏အဆုံးတွင် စမ်းချောင်းငယ်တစ်ခုစီးနေသံကိုတလွင်လွင် ကြားလိုက်မိသည်။

ရေက ခြေကျင်းဝတ်ခန့်သာရှိ၍ ကြည်လင်အေးမြနေသည်။ ပခုံး ရေကိုအဝသောက်၊မျက်နှာကိုအားပါးတရဆေးကြော
ထက်မှအဝတ်ကိုချ၊ပစ်လိုက်သည်။

ရေတစ်ဝသောက် မျက်နှာသစ်ပြီးမှ ရှေ့ဆက်ရမည့် ခရီးကို ကြည့်မိ
စမ်းချောင်းလေး၏ တစ်ဖက်ရှိ မြေသားတို့က ပြန်တက်သွားပြီး တောင်ကုန်းတောင်ကမူလေးတစ်ခုအဖြစ်ရှိနေသည်။တောင်ကုန်းပေါ်တက် ရန် တောင်ကုန်းပေါ်မှ ဆင်းရန်လူသွားလမ်းလေးကိုတွေ့ရသည်။ ထိုတဲငယ်မှ မီးရောင်က လင်းလက်အရောင်ထွက်နေခြင်း ဖြစ်သည်။ မိုးသီး စဉ်းစားမနေတော့ –
ခါးကြားမှ ဓားမကို ညာလက်တွင်ကိုင် ဘယ်လက်က သံတူးရွင်းကို ကိုင်၍စမ်းချောင်းလေးကိုဖြတ်၊တောင်တက်လမ်းအတိုင်းသတိကြီးစွာထား ၍တက်လာခဲ့သည်။ တဲရှင်၏သဘောထားကိုမသိရသေး။ လူချင်းမတွေ့ရ သေး၍လည်း သူကြိမ်စည်းကို ထားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ တဲတွင် ခွေးများ ရှိခဲ့သော် အထမ်းတစ်ဖက်နှင့်ဆိုလျှင် မလွယ်၍ထားရစ်ခဲ့ခြင်းဖြစ်သည်။
သတိဆို ပိုသည်မရှိဆိုထားသည်မဟုတ်ပါလော။
တောင်တက်လမ်းတစ်ဝက်ခန့် အရောက်တွင် အသေအချာကြည့်၊
ရပ်လိုက်ပြီးမှ –
“တဲရှင်တို့ … တဲရှင်တို့ – ကျွန်တော် မျက်စိလည်လာတဲ့ လူကောင်း တစ်ယောက်ပါ။ခွေးတွေရှိရင်လည်းထိန်းထားပေးပါ”
နှုတ်မှသာအော်ဟစ်အကူအညီတောင်းသည်သာမဟုတ်။မျက်စိအစုံ
ကလည်း အလစ်မပေးရဲ။
တဲရှေ့မြေကွက်နှင့် သူရပ်နေသည့် လမ်းကလေးကြားတွင် သူ မမြင် ဖူးသောဂမုန်းပင် အမြောက်အမြားကိုတွေ့ရသည်။
ဖခင်ကြီး ပြောပြထား၍ ဂမုန်းပင်နှင့်အမည်များကို သူသိသော်လည်း ယခုတွေ့နေရသောဂမုန်းပင်များကိုမူ သူမသိ မတွေ့ဘူး။

ဂမုန်းပင်၊ ဂမုန်းပွင့်၊ ဂမုန်းပန်းတို့မှ ရနံ့များက လေပြေတွင် မွှေးထုံပျံ့ သင်းလျက်။
သူ လျှပ်တစ်ပြက် အကဲခတ်၍ မဆုံးမီ၊ မီးအိမ်ကိုင်ထားသော အဘိုး ကြီးတစ်ဦး တဲဝတွင် ပေါ်လာသည်။
“တဲထဲကို ဝင်လာနိုင်ပါတယ်။ ငါ့ မြေး- ဝင်လာခဲ့ပါ”
ဂမုန်းပင်များ ကြားရှိ လူသွားလမ်းလေးအတိုင်း မိုးသီးလျှောက်လှမ်း ဝင်သွားလိုက်သည်။
တဲလေးက တကယ့်သပ်သပ်ရပ်ရပ်။
တဲအတွင်းတွင်မကျယ်ဝန်းသော်လည်းအခန်းဖွဲ့စည်းပုံနေရာချပုံတို့က ပြောစရာမရှိ။ သူကိုလာခေါ်သော အဘိုးကြီးမှာလည်း အသက်အရွယ် ကြီးရင့်ပုံရသော်လည်းလူရွယ်တစ်ယောက်နှယ်သန်မာနေပုံရသည်။ ပုံစံက သျှောင်တစ်စောင်းထုံးထားသော ပင်နီတိုက်ပုံနွမ်းတစ်ထည်ကို အောက်ခံ
အင်္ကျီမပါဘဲလက်မောင်းကိုနှစ်ရစ်ခန့်ခေါက်၊ကြယ်သီးပြည့်တပ်၍ဝတ်ထား
သည်။
အဘိုးကြီး၏ ဆံပင်၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွေးတို့မှာ ဗျိုင်းတောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေပြီး မုတ်ဆိတ်ဖြူတို့ကရင်ဘတ်အထိ ကော့ကျနေသည်။ မဟာနဖူးနှင့် လိုက်ဖက်သော မျက်ခုံးမွေးဖြူဖြူ ထူထူအောက်မှ နက်မှောင် တောက်ပသော်လည်း ကြည်လင်နေသည့် မျက်လုံးအစုံ၏ အကြည့်က မိုးသီး၏ တစ်ကိုယ်လုံးကို ဖောက်ထွင်း ကြည့်လိုက်သည့် အလား ခံစားလိုက်ရသည်။
အဘိုးကြီးကမိုးသီးအားစေ့စေ့စပ်စပ်ကြည့်ကာတည်ငြိမ်၍ဩဇာရှိလှ
သောအသံဖြင့် –
လိမ့်”
“ထိုင်ပါ… မောင် – ထိုင်ပါ၊ ဘယ်ပုံဘယ်နည်းနဲ့များ မျက်စိလည်လာပါ
အဘိုးကြီးကမေးရင်းမှမြေကရားအိုးထဲမှရေနွေးကြမ်းများကိုအကြမ်း ပန်းကန်တွင်ထည့်၊ မိုးသီးရှေ့တိုးပေးပြီးမေးလိုက်သည်။

မိုးသီးကလည်း အဖေတစ်ခုသားတစ်ခုဘဝနှင့် ကြိမ်လုံး (မြစ်)နှင့် ဝါး မြစ်များတူးဖော်စားသောက်ပုံ၊ယနေ့ညမှဤသို့မျက်စိလည်နေစဉ်တဲတွင်းမှ မီးရောင်လက်လက်မြင်တွေ့၍အရဲစွန့်လာခဲ့ရကြောင်းပြောပြဖြစ်သည်။
သူ့ရှင်းပြချက်အဆုံးတွင် အဘိုးကြီးက-
“အင်း…လူတွေ..လူတွေသမုဒ္ဒရာဝမ်းတစ်ထွာအတွက်ဆင်မကြောက် ကျားမကြောက် လုပ်ကိုင် စားသောက်ကြရတာပဲ။ မောင်ရင်လေးလည်း ဆာလှရောပေါ့။ ဘာမှမပူနဲ့နော်။ ဒီတစ်ညအိပ်ပြီးမနက်ကျလမ်းပြလိုက်ပြ ပါ့မယ်ကွယ်။ သမီးရေ… မောင်ရင်လေးကို ထမင်းကျွေးလိုက်ပါဦးကွယ်” အဘိုးအိုက တဲတွင်း ထရံတစ်ချပ်သာ ခြားထားသော အခန်းတွင်းသို့ တစ်ဆက်တည်း အသံပြုလိုက်သည်။
တဲအတွင်း အဘိုးကြီးတစ်ယောက်သာ ရှိနေသည်ဟု ထင်ခဲ့ခြင်းမှာ မှားယွင်းကြောင်း မိုးသီးသိလိုက်ရသည်။
“ဟုတ်ကဲ့… အဘ”
အခန်းတွင်းမှ ညင်သာလှသော ခြေသံနှင့်အတူ မိန်းမချောကလေး တစ်ဦးထွက်လာသည်။
ဘဝကြမ်း၊ အလုပ်ကြမ်း၊ ပင်ပန်းသောခရီးကြမ်းလျှောက်ခဲ့ရ၍မိန်းမလှ
လေးများ၏အလှကိုဂဃနဏမမြင်ဘူးသော်လည်း၎င်းတို့အားလုံး၏အလှ
က ဤမိန်းမပျိုနှင့်စာလျှင် အကျည်းတန် အရုပ်ဆိုးများ ဖြစ်ကုန်ကြမည်ဟု မိုးသီးထင်သည်။
အသက်နှစ်ဆယ်ခန့်ရှိ၍ခန္ဓာကိုယ်နှင့်လိုက်ဖက်သည့်အရပ်အမောင်း ခြေမျက်စိထိ ကျနေသည့် ဆံကေသာ၊ နက်မှောင်သည့်မျက်ခုံး၊ နီရဲသော နှုတ်ခမ်း၊ သမင်မငယ်၏မျက်စိအစုံနှင့်မိန်းမပျိုလေးတစ်ဦး။
အချောအလှ၊ အနုအယဉ်ကိုစာမဖွဲ့တတ်သောမိုးသီး။ လှသည်။ ချော သည်။ ယဉ်ကျေးသိမ်မွေ့သည် ဆိုခြင်းထက် ဘာမှ မပြောတတ်။
မိုးသီး စိတ်ဝင်စားသည်ကမိန်းမပျိုလေး၏ အချောအလှ၊ အနုအယဉ် ထက် ဝတ်စားဆင်ယင်မှု။ မိန်းမပျိုလေး ဝတ်စားဆင်ယင်မှုက သူတို့ရွာနှင့် လှည်းကူးမြို့ပေါ်က မိန်းမပျိုလေးများနှယ်မဟုတ်။

အငြိမ့်၊ ဇာတ်စသည်တို့တွင်း – နတ်ကတော်ယိမ်းလား၊ နတ်သမီးယိမ်း လားမသိ။ ဝတ်ဆင်ထားပုံအတိုင်း။
အဖြူရောင်အင်္ကျီလက်ရှည် မထူမပါးတွင် ကတောင်ကဲ့သို့ အကော့ အပျံများနှင့် ထမီကလည်းထိုင်မသိမ်းထမီကဲ့သို့ တဲကြမ်းပေါ်တွင်ပုံကျနေ
သည်။
အလွယ်ဆုံးပမာပြရပါလျှင် ရာဇဝင်ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင် ရှေးနန်းတွင်းသူတစ်ဦးအလား။

မိန်းမပျိုလေးကဧည့်သည် (မိုးသီး) ထမင်းစားရန် ပြင်ဆင်နေသည်။ မိုးသီး စိတ်ရှုပ်လာသည်။
ကမ္ဘာလောကကြီးဘာတွေဖြစ်နေသနည်း။
ဤနေရာတစ်ဝိုက် မဆိုထားနှင့်ပဲခူးရိုးမအတွင်း၌ လမ်းပြလုပ်စားခဲ့
သောမိုးသီး။
ယနေ့မှမကြုံစဘူးမျက်စိလည်သည့်။
ထူးဆန်းသော မြေးအဘိုး။ ချောမောလှပသည့် မိန်းမပျို။ လူသူမနီးတောကြီးတွင်းမှ တဲတစ်လုံး။
မြောက်မြားစွာသော ဂမုန်းပင်များ။
အတွေးလွန်နေသည့်မိုးသီး။ တွေးနေရင်းမှမျက်စိအစုံကတဲခေါင်းရင်း ဘုရားခန်း ရောက်သွားသည်။ ဘုရားခန်းတွင် ကြည်ညိုဖွယ် ရုပ်ပွားတော် တစ်ဆူ။ ပန်းရေ ဆီမီးတို့မပြတ်။ ရုပ်ပွားတော်မဏိတော်မှ ရောင်ခြည် ခြောက်သွယ်ကကွန့်မြူးနေသည်။ သူ့အားဤတဲသို့လာစေရန်ဤရောင်ခြည် တော်များကလမ်းညွန်ခဲ့ခြင်းဖြစ်ကြောင်း တွေးတောမိ၍ရိုသေလေးမြတ်စွာ ဦးသုံးကြိမ်ချ ရှိခိုးပူဇော်လိုက်မိသည်။
ကွယ်”
“သာဓု…သာဓု…သာဓု-လူကလေး”
“သမီးရေ … ရှင်နှောင်း သမီးအစ်ကိုအတွက် အာဟာရလုပ်လေ
“ဟုတ်ကဲ့… အဘ အသင့်ဖြစ်နေပါပြီ။ အစ်ကိုကြီး – ထမင်းသုံးဆောင် ဖို့ ကြွပါရှင်”
နတ်မိမယ်လေး၏ ကရဝိက်သံကြောင့် မိုးသီးသတိပြန်ဝင်လာသည်။ ဆာလွန်း၍ ဣန္ဒြေပင် မဆည်နိုင်တော့။ အသားဟင်း မဟုတ်မှန်းသိသော် လည်း နူးညံ့ပျော့ပျောင်းသောဟင်းလျာတို့က ခံတွင်းကို မြိန်စေသည်။

“အစ်ကိုကြီး … အားမနာနဲ့နော်။ အဝသာသုံးဆောင်ပါရှင်” နတ်မိမယ်လေး၏အလှရသကို ခံစားရင်း ထမင်းမြိန်နေသောမိုးသီး။ တဲပြင်သို့ထွက်လိုက်၊ကောင်းကင်သို့မော့ကြည့်လိုက်၊ ပြန်ဝင်လာလိုက်
နှင့် ဂနာမငြိမ်သော အဘိုးကို သတိပြုမိသည်။
ထမင်းစားပြီး၍ ထိုင်ကာ၊ နတ်မိမယ်လေးနှင့် စကားပြောရန် ဟန်ပြင် နေခိုက် အဘိုးတဲတွင်းပြန်ဝင်လာပြန်သည်။
လရောင်ဆမ်း၍ပွင့်လန်းနေသောဂမုန်းပန်းတို့၏ရနံ့ကရင်ကိုအေးမြ
လန်းဆန်းသွားစေသည်က အမှန်။
အတန်ကြာတိတ်ဆိတ်သွားမှုကိုမိုးသီးကစတင်အသံပြုလိုက်သည်။ “ဒီက…နှမလေးတို့ခြံထဲမှာဂမုန်းပင်တွေအများကြီးပဲနော်။ နောက်ပြီး နာမည်မကြားဘူး။ မမြင်ဘူးတဲ့ဂမုန်းတွေကပိုများတယ်နော်” “ဪ … လူကလေးလည်း ဂမုန်းပင်တွေ စိတ်ဝင်စားသလားကွယ့်၊ အဘဆီမှာတော့ ဂမုန်းပိုစုံသပေါ့၊ တန်ဖိုးကြီးမားသိဒ္ဓိနဲ့ပြည့်စုံတဲ့ ဂမုန်းပင် ဆိုတာတွေ့ခဲ့ရပါသော်ကော-လူလေးရယ်”
နတ်မိမယ်လေး၏စကားသံကိုစောင့်ဆိုင်းနေစဉ်အဘိုးကကြားဖြတ် ဝင်ပြောလာ၍မိုးသီးနားထောင်နေပြီး အလိုက်သင့်ပင် –
“ကျွန်တော်ကတော့ သစ်ပင်ဆိုတာ မြေကြီးပေါ်မှာစိုက်ရင် ရှင်တယ် ဆိုတာလောက်ပဲသိပါတယ်။ အဘ – ထူးဆန်းတဲ့ဂမုန်းနဲ့ပတ်သက်တဲ့ဗဟု သုတဖြစ်စရာများရှိရင်ပြောပြစေချင်ပါတယ်အဘ”
အဘိုးက … ရေနွေးကြမ်းတစ်ခွက်မော့လိုက်ပြီးမှ –
“သက်ကြီးစကား သက်ငယ်ကြားဆိုသလိုပေါ့ လူလေးရယ်။ ခုနစ်ရက်
သားသမီးတွေဟာမိမိနဲ့လိုက်ဖက်တဲ့ရတနာတွေကိုဝတ်ဆင်ရတယ်ကွယ့်။ ဒါကိုဓာတ်ကျတယ်လို့ခေါ်တယ်။ မိမိနဲ့ မတည့်တဲ့ ရတနာ ဝတ်ဆင်တဲ့အခါ ခိုက်တတ်သကွယ့်။ ခိုက်တယ်ဆိုတာ ဆုတ်ယုတ်လျောကျ၊ ပျက်စီးတာ ပေါ့ကွယ့်”

“ထို့အတူ ဂမုန်းပင်ဆိုတာကလည်း လူလေး ပြောသလို ဖြစ်ကတတ်
ဆန်းနေရာမရွေးစိုက်လို့ရတဲ့အပင်မျိုးမဟုတ်ဘူး။လူလေးသေသေချာချာ မှတ်ထားနော်။ ဂမုန်းစိုက်မယ့် တနင်္ဂနွေ သား၊သမီးများဟာ ပုလဲရတနာကို ခံပြီး တနင်္လာဂမုန်းပင်ကို စိုက်ရသကွယ့်။ တနင်္လာသားသမီးများလည်း အတူတူပဲပေါ့။ အင်္ဂါသားသမီးအတွက်ဆိုရင် သန္တာရတနာခံပြီး အင်္ဂါနံဂမုန်း ကိုစိုက်။ ဗုဒ္ဓဟူးသားသမီးဆိုရင် မြရတနာခံပြီး ဗုဒ္ဓဟူးနံဂမုန်းကိုစိုက်။ ကြာသာပတေး သားသမီးများကတော့ ဥဿဖရား ဒါမှမဟုတ် ကြောင် ကျောက်ခံပြီး ကြာသပတေးနံ ဂမုန်းကိုစိုက်၊ သောကြာသားသမီးဆိုရင် စိန်ရတနာခံပြီး သောကြာနံဂမုန်းကိုစိုက်။ စနေသားသမီးများကတော့ နီလာရတနာခံပြီး စနေနံဂမုန်းပင်တွေစိုက်ရသကွယ့်”
“အဲသလို … ခုနစ်ရက်သားသမီးများ ခုနစ်နေ့မှာ ရတနာ ခုနစ်သွယ် ဂမုန်းချယ်ဆိုသလိုရွေးချယ်စိုက်ပျိုးပါမှဘေးအန္တရာယ်ကင်း၊ ကျန်းမာရေး ကောင်း၊ငွေကြေးပြည့်စုံ၊အကြံအစည်တွေအောင်မြင်တတ်တယ်လို့ပညာ ရှိများမိန့်ဆိုခဲ့သကွယ့်။ တို့နိုင်ငံမှာတော့ ပုပ္ပားဒေသဟာ ဂမုန်းပင်စုံလင်တဲ့ နေရာကြီးပေါ့။ မိမိလေ့လာလိုက်စားတဲ့ ဂန္ဓာရီပညာရပ်များမှာလည်း ထိုက်သင့်ရာ ဂမုန်းကို အသုံးပြုကြရသကွယ့်”
“ကနေ့အဘိုးတော့ လူလေးဟာ မရည်ရွယ်ဘဲ အဘိုးတို့ဆီကို ရောက်လာသူဆိုတော့ လူလေးနဲ့ ထိုက်တန်တဲ့ ဂမုန်းပင်တော့ အဘက လက်ဆောင်ပေးရမှာပေါ့။ အဲဒါကတော့ သိပ်ရှားပါးပြီး ကာယသိဒ္ဓိ၊ ပီယ သိဒ္ဓိပြီးစေတဲ့ “ကညာဂမုန်း”ပဲကွယ့်။ လူလေးဉာဏ်ရှိသလို အသုံးပြုပါ။ အောင်မြင်ကြီးပွားရစေမယ်ကွယ့်။ အဲ-လူကလေးကလည်းဒီတစ်ညတော့ အဘိုးတို့ကို တစ်ခု ပြန်ကူညီစေချင်သကွယ့်၊ ဒါကလည်း လူလေး ကူညီမှ ဖြစ်မယ့် ကိစ္စမို့ပါ။ ကနေ့ညမှာ လူလေးရဲ့နက္ခတ်ဟာ စန်းယှဉ်ပြီး အထွတ် အထိပ်ရောက်၊ စန်းရောလဂ်ပါ တက်နေတဲ့အမြင့်ဆုံးအချိန်အခါပဲ”
ထမင်းလည်း စားပြီးပြီ။ မိုးလုံလေလုံ တစ်ညသာအိပ်စက် အနားယူ မည့်နေရာလည်းရှိ၊နတ်မိမယ်လေး၏အလှကွန်ယက်တွင်မိန်းမောနေသည် ကတစ်ကြောင်းတို့ကြောင့်မျက်နှာလိုမျက်နှာရဖြစ်နေချင်သောမိုးသီး- “ပြောပါအဘိုး.. ကျွန်တော် ဘယ်လိုကူညီပေးစေချင်ပါသလဲ”

သူ့စကားအဆုံးတွင်အဘိုးကခေါင်းရင်းခန်းရှိမြတ်ဗုဒ္ဓရုပ်ပွားတော်မြတ်
အားဦးသုံးကြိမ်ချလိုက်ပြီး မြတ်ဗုဒ္ဓရုပ်ပွားတော်၏ရှေ့ဘက်မှလက်မခန့်သာ
ရှိသောပုလင်းငယ်လေးတစ်လုံးကိုယူလိုက်ပြီးမိုးသီးလက်ထဲသို့ထည့်ပေး
ကာ –
“ဒီ – ခြံဝိုင်းထဲလိုက်ပက်ပေးရမှာလား အဘိုး”
“မဟုတ်သေးဘူး … လူလေးရဲ့ ၊ ဒီတဲရဲ့နောက်က မြင်းဇောင်းထဲမှာ အဘိုးတို့မြင်းငညိုရှိတယ်။ ငညိုကိုတက်ခွပြီး ပုလင်းထဲကရေကို တစ်စက် ချင်းချပေးပါ။ပုလင်းထဲကရေကုန်သွားရင်လူလေးတာဝန်ပြီးပြီပေါ့။မြင်းရော
စီးတတ်သလားကွယ့်” “စီးတတ်ပါတယ်…အဘိုး”
“အေးလေ… အတိုင်းထက်အလွန်ပေါ့”
“လာ…လူလေး မြင်းဇောင်းထဲက ငညို့ဆီသွားရအောင်” အဘိုးနောက်မှမိုးသီးထလိုက်သွားသည်။
တဲဝရောက်မှ ခြင်္သေ့လည်ပြန်လှည့်ကြည့်မိသည်။
နတ်မိမယ်လေးက သူ့ကိုကြည့်၍ ရယ်ရွှင်ပြုံးတုံ့၊ မပြုံးတုံ့။ တဲနောက် မြင်းဇောင်းထဲတွင် အားကောင်းမောင်းသန် ဒေါက်မြင့်မြင်းကြီး တစ် ကောင်။
အဘိုးက စုတ်တစ်ချက်သတ်၍ မိုးသီးကို ငညိုကျောပေါ်တက်စေ သည်။ ဇက်ကြိုး၊ ပါးချပ်ကြိုးများဝတ်ဆင်ကာ မိုးသီး၏ လက်ထဲထည့်ပေး ပြီး…
“မြင်းနဲ့ဆိုတော့ မြန်တာပေါ့ လူလေးရယ်၊ အဘိုးပြောတာကို မမေ့နဲ့ ပုလင်းထဲက ရေကို တစ်စက်ချင်းသာ ချသွားနော်။ ရေကုန်သွားရင် ငညို ပြန်လှည့်လာလိမ့်မယ်”
“ကိုင်း … သွားပေတော့ လူလေးရေ၊ အောင်မြင်ပါစေကွယ်” အဘိုးကငညိုတင်ပါးကိုတစ်ချက်ပုတ်ပေးလိုက်သည်။မြင်းဇက်ကြိုးကို ထိန်းရင်းမှ မိုးသီးတစ်ယောက် ငညို သယ်ဆောင်ရာသို့ ပါသွားတော့ သည်။

အစတွင် ငညိုက အသားကျလေးဖက်သွားရာမှ တစ်စတစ်စ ဒုန်းစိုင်း ပြေးတော့သည်။ရိပ်ခနဲကျန်ခဲ့သောတော၊တောင်၊သစ်ပင်တို့ကဝေး၍ဝေး၍
ကျန်ခဲ့သည်။
စီးစက တခွပ်ခွပ် ခွာသံများကို ကြားရသော်လည်း တစ်စစခွာသံတို့က ပျောက်ကွယ်သွားသည်။
ငညိုခြေထောက်နှင့်မြေကြီးထိမှ ထိပါလေစဟု မိုးသီးထင်မိသည်။ လူရောမြင်းပါတစ်စတစ်စမြင့်တက်လာသည်။ သည်တော့မှမိုးသီးငုံ့ကြည့်
မိသည်။
အကယ်ပင်ငညိုခြေထောက်သည်မြေကြီးနှင့်မထိတော့။လူရောမြင်းပါ
ကောင်းကင်တိမ်လွှာကြားတွင် ရောက်နေသည်။
မိုးသီးတစ်ချက်အောက်သို့ ငုံ့ကြည့်လိုက်သည်။
ချောင်းငယ်များ တောနှင့်တောင်များသည် လရောင်အောက်တွင် မွဲ ခြောက်စွာ ကျန်ရစ်ခဲ့သည်။ ခြောက်သွေ့သော လွင်ပြင်များကို တွေ့ရမှ လက်တွင်းရှိ ပုလင်းငယ်၏ အဖုံးကိုဖွင့် ရေကိုတစ်စက်ချင်းချ၊ လက်စနှင့် အဝကို ပြန်ပိတ်၊ ရေစက်တစ်စက်မျှ ပြန်ပိတ်။ ကြောက်ရွံ့အားငယ်စိတ်လုံးဝမရှိ။
လိုတရမင်းသားတစ်ပါးနှယ် မြင်းငညိုနှင့် ဝေဟင်ထဲဝဲပျံလျက်။ သည်လိုပုံနှင့်သာ ပုလင်းထဲက ရေစက်ကို တစ်စက်ချင်းချနေပါက
တော်တော်နှင့် ပြီးမည်မဟုတ်။
မြန်မြန်ကုန်ပါမှမြန်မြန်ရောက်၊နတ်မိမယ်လေး၏မျက်နှာကိုအကြာကြီး ကြည့် စကားတွေ တစ်ဝကြီးပြောချင်လာမိသည်။ အချစ်နတ်ဘုရားမလေးရှင်နှောင်း၏မျက်နှာကိုအမြန်ဆုံးမြင်တွေ့ချင်လာမိသည်။

ထို့ကြောင့် ပုလင်းလေးထဲရှိ ရေများကို တရဟော သွန်ချလိုက်တော့
နှစ်ကြိမ် သုံးကြိမ်ခန့် သွန်ချလိုက်ပြီး ပုလင်းထဲ ကြည့်လိုက်သည်။

ပုလင်းထဲတွင် ရေတစ်စက်မှ မရှိတော့။
စောစောက ကြည်လင်နေသော ကောင်းကင်ပြာကြီးက မိုးမည်းတို့ တရိပ်ရိပ် တက်လာသည်။ အပူဒဏ်ထက် အအေးဓာတ်က လွှမ်းခြုံလာသည်။
ငညိုက မည်းမှောင်နေသော မိုးတိမ်လိပ်များပေါ်မှ ဖြတ်ကျော်နေ
တစ်စထက်တစ်စ နိမ့်ဆင်းလာသော မိုးသီးနှင့်ငညိုကိုပင် မိုးရေစက် တို့စွတ်စိုလာသည်။
စောစောကခြောက်သွေ့နေသောနေရာတိုင်းတွင်မိုးကန့်လန့်ကာတို့က
နေရာအနှံ့ လွှမ်းခြုံထားသည်။
ရေခမ်းခြောက်နေသော အင်းအိုင်ချောင်းမြောင်းတို့တွင် ရေတို့ တရဟော စီးဆင်းနေသည်။ မျက်စိကျိန်းမတတ် ဝင်းလက်သည့်လျှပ်စီး၊ နားပွင့်မတတ်ပစ်ချသည့်မိုးကြိုးသံ၊တဝေါဝေါတဝုန်းဝုန်းနှင့် သည်းထန်လ
ဇွန်းသည့်မိုးနှင့်လေနှင့်မုန်တိုင်းနှင့်ကြားမှ မိုးသီးနှင့်ငညိုတို့တဲဝသို့ပြန်လည်
ရောက်ရှိလာကြပြီ။
တဲဝတွင် ခက်ထန်သော မျက်နှာနှင့်အဘိုးက စောင့်ကြိုနေသည်။ နတ်မိမယ်လေးရှင်နှောင်း၏ ပဝင်းသော မျက်နှာ၊ ငွေလ ရွှင်ပျပျက ပြိုတော့မည့်မိုး အဘိုးက စကားတစ်ခွန်းမှ မပြောတော့ဘဲ ငညို့ကိုဆွဲ၍ မြင်းဇောင်းဆီသို့ ထွက်သွားသည်။ ရှင်နှောင်းကလည်း တဲထဲ ပြန်ဝင်သွား သည်။
မိုးသီး… ဘာလုပ်ရတော့မှန်းမသိ။
အဘိုး…နောက်လိုက်ရမည်လား။ နတ်မိမယ်လေးနောက်လိုက်ရမည် လားမသိ။ ဝေခွဲမရ။
ထိုစဉ်အဘိုးပြန်ရောက်လာပြီး သူ့မျက်နှာအား မကြည့်တော့ပဲ။

“လူလေး….အဘိုး စကား နားမထောင်ပဲကိုး” ဟု ပြောသည်။ “အို..ပြီးတာတွေပြီးသွားပါပြီ။ ပြန်ဖျက်လို့မှမရတော့ပဲလေ။ အဘိုးနဲ့ မြေးလေးတို့တော့ ဒဏ်ပေးခံရတော့မယ်၊ ရှင်နှောင်း .. သမီး လူလေးကို အိပ်ရာခင်းပေးလိုက်ပါ။လူလေး…အိပ်ပါစေတော့ကွယ်။အဘိုး..ခဏနေရင်
ပြန်လာမယ်”
အဘိုးက ပြောပြောဆိုဆို ကုန်းဆင်းလမ်းအတိုင်း အောက်ဘက်ဆီ ဆင်းသွားသည်။
“အစ်ကို့ကြောင့် … ရှင်နှောင်းတို့ အပြစ်ပေးခံရတော့မယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ အစ်ကိုရယ်၊ ကံတရားပေါ့၊ ကံစီမံရာခံကြရတာပါပဲလေ”
အိပ်ရာခင်းပေးနေသော နတ်မိမယ်လေးကတတွတ်တွတ်။
“ဘယ်သူတွေက ရှင်နှောင်းတို့ကို အပြစ်ပေးမှာလဲ … အစ်ကိုကြောင့် ဆိုရင် အစ်ကို ခံပါ့မယ်။ ရှင်နှောင်းတို့မခံစေရပါဘူး”
“အစ်ကို … ဘာမှ မသိပါဘူး။ အစ်ကို့မှာလည်း အပြစ်မရှိပါဘူးလေ။ ဘယ်သူမပြုမိမိမှုပါ။ ကံတရားကိုလှည့်စားလို့မရပါဘူးလေ” နတ်မိမယ်လေးက စကားပြောပြီးအထ မိုးသီးက ရုတ်တရက် စိတ်ကို မထိန်းနိုင်တော့ပဲရှင်နှောင်း၏လက်တစ်ဖက်ကိုဆွဲလှည့်ကာသွယ်လျသော
ခါးလေးကိုဖက်လိုက်ပြီးနူးညံ့လှသည့် ပါးမို့မို့လေးအားအနမ်းမိုးရွာချလိုက်
တော့သည်။
မျက်စိထဲ မီးဝင်းဝင်းတောက်ကာ ဝုန်းခနဲ အသံကြီးကြီး ကြားလိုက် ရပြီးမိုးသီးဘာမှမသိတော့။
မိုးရေစက်များကြောင့် မိုးသီး ပြန်သတိရလာသည်။ လဲနေရာမှအထ သူ့လက်ထဲတွင်အဘိုးပေးမည်ဆိုသောကညာဂမုန်းတစ်ပင် ဆုပ်ကိုင်ထား
ကြောင်း သတိထားမိသည်။
တဲကလေး မြင်းကြီးငညို အဘိုးနှင့် ရှင်နှောင်းတို့ မည်သူမျှမရှိ။ မရှိ
တပေါင်းလပြည့်ကျော် (၁)ရက်နေ့ မိုးကားသဲသဲမဲမဲ။ နေရာတိုင်းတွင် ရေတို့ဖွေးလျက်။
သူသည် ဆန်းကြယ်လှသော ဂမ္ဘီရအိပ်မက်ကို မြင်မက်ခဲ့သည်လား။ ဖြစ်ရပ်မှန်လေလား။
သူ့လက်ထဲမှ ကညာဂမုန်းပင်ကမူ စိမ်းလန်းလျက်။
→ ကျော်မင်းညွန့် (လှည်းကူး)

Zawgyi Version

“ဂမုန္းနတ္သွ်င္”(စ/ဆုံး)
——————————
ပူလိုက္သည့္ေန.
မီးပင္လယ္ထဲ ေရာက္ေနသည္ ထင္ရ၏။ ခိုနားစရာ သစ္ပင္ႀကီးႀကီး မားမားမရွိ၊ လက္ေမာင္းခန႔္၊ ေျခက်င္းဝတ္ခန႔္ သစ္ငုတ္တိုမ်ားသာ ေတြ႕ရ ၏။ ျပင္းလွေသာေႏြေၾကာင့္ေျမသားမွာက်စ္လ်စ္မာေက်ာသိပ္သည္းလြန္း လွ၏။ သူတိုးေဝွ႔ခုတ္ထြင္ ရွင္းလင္းလာခဲ့ေသာ လူသြားလမ္းေလးအတိုင္း မိုးသီးေရွ႕သို႔ တစ္လွမ္းခ်င္းတက္ခဲ့သည္။
အပူရွိန္ေၾကာင့္ႂကြပ္႐ြေနသည့္ဝါးခေမာက္ငယ္ကမီးထေတာက္မည္ ထင္ခဲ့သည္။ နဖူးမွ စီးက်လာေသာ ေခြၽးေပါက္တို႔က မ်က္စိထဲ ဝင္လာ၍ ခုတ္ထြင္ျခင္းကို ေခတၱရပ္ၿပီး၊ ဝတ္ထားေသာ ပုဆိုးတိုတိုကိုေျဖ၊ ခါးပုံစႏွင့္ မ်က္ႏွာကိုသုတ္ၿပီး ဆက္တိုးရမည့္ ေရွ႕ခရီးကိုၾကည့္မိလိုက္သည္။
တိုးေဝွ႔လာခဲ့ေသာ ခ်ဳံႏြယ္ပိတ္ေပါင္းတို႔ေရွ႕တြင္ ၾကခတ္ဝါး႐ုံမ်ား ရွိေန သည္။ ႐ြက္သစ္တို႔မေဝႏိုင္ေသာ ၾကခတ္ဝါး႐ုံတို႔က ဝါးကန႔္လန႔္ကာႀကီး

အလား၊ ၾကခတ္ဝါးကန႔္လန႔္ကာ၏ အေျခသို႔ ေရာက္ရွိေရးသည္ မိုးသီး၏
အဓိကပန္းတိုင္။
ေက်ာကြဲ၊ရင္ပြင့္မတတ္ပူေနေသာေနကိုအန္တုသည့္အေနႏွင့္ခါးတြင္ ခ်ိတ္ဆြဲထားေသာ စစ္ေရဘူးထဲမွ ေရကို အာသာေျပတစ္က်ိဳက္ မ်ိဳခ်လိုက္ သည္။ ဓားမႏွင့္သံတူး႐ြင္းကို အသုံးျပဳ၍ ဝါးျမစ္တို႔ကို တူးေဖာ္ရဦးမည္။ သဘာဝပန္းပုဆရာကထုလုပ္ေပးထားေသာက်ား႐ုပ္၊ ျခေသၤ့႐ုပ္၊ ဘီလူး႐ုပ္၊
ရေသ့႐ုပ္၊နတ္႐ုပ္သဏၭာန္ျဖစ္ေပၚေနေသာအဆစ္ပိတ္ၾကခတ္ေတာင္ေဝွး မ်ားကို ၿမိဳ႕ႀကီးမ်ားက သေဘာေတြ႕ႏွစ္ၿခိဳက္ၾကသည္။ လူသားပန္းပုဆရာအရႈံးေပးရေသာသဘာဝလက္ေဆာင္အဆစ္ပိတ္ေတာင္ေဝွးပုံသဏၭာန္အမ်ိဳးမ်ိဳးတို႔ကိုအေျခာက္ခံ၊ က်ပ္ခိုးတင္အေရာင္ျခယ္ ေပးလိုက္လွ်င္ ၿမိဳ႕ႀကီးသားမ်ားအတြက္ဂုဏ္ယူလက္ေဆာင္ေပး၍ တန္ဖိုး
ႀကီးေပးဝယ္ေသာပစၥည္းျဖစ္သြားေပၿပီ။
ဤမွရေသာ ဝင္ေငြျဖင့္သာ သားအစ္မႏွစ္ေယာက္၏ ဝမ္းေရးကို ျဖည့္တင္းရမည္။ အရင္က အေဖႏွင့္ ႏွစ္ေယာက္အတူ ေတာတိုးေနက်၊ အေဖကလည္းသူလိုေတာတက္သမား။သို႔ေသာ္အေဖကၾကခတ္ျမစ္႐ုပ္ကို မတူး။ ႀကိမ္ျမစ္ကိုသာတူးသည္။ ႀကိမ္လုံးႀကိမ္ဖုတြင္ ေပၚေပါက္ေနေသာ ျဖစ္တည္ေနေသာ ရေသ့႐ုပ္ေယာင္၊ ေဇာ္ဂ်ီ႐ုပ္ေယာင္၊ တိရစာၦန္႐ုပ္ေယာင္ တို႔ကို တူးေဖာ္ေရာင္းခ် စားေသာက္ရာမွ မိုးသီးက ႀကိမ္ျမစ္ႀကိမ္ဖုမ်ား တြင္ ဤသို႔ဤႏွယ္ ႐ုပ္ေယာင္မ်ား ျဖစ္ေနလွ်င္ မာေက်ာက်စ္လ်စ္ေသာ၊ ၾကခတ္ဝါးတို႔တြင္ေရာမရွိႏိုင္၊ မျဖစ္ႏိုင္ေပဘူးလားဟု ေတြးမိရာမွ သူက ၾကခတ္ျမစ္တူး၊ အေဖ က ႀကိမ္ျမစ္ဖု တူးခဲ့ၾကျခင္း ျဖစ္သည္။ သူက ႀကိမ္ျမစ္ေရာ၊ ၾကခတ္ျမစ္ပါတူးသည့္ လိုင္းစုံသမား၊ အေဖက တစ္လမ္းသမား။
ေကာင္းကင္ယံတြင္ ၾကက္မတစ္ဝပ္ပင္တိမ္မရွိ။
အေနာက္ဘက္ငုပ္လွ်ိဳး သြားသည့္ ေနလုံးႀကီး မရွိေတာ့ေသာ္လည္း အပူရွိန္တို႔ကက်န္ေနဆဲ။

ရရွိ တူးေဖာ္ထားေသာ ႀကိမ္လုံးဖု၊ ၾကခတ္ဖုတို႔ကို စုစည္းကာ ပခုံးေပၚ ထမ္းတင္လိုက္သည္။ဓားမကိုခါးၾကားထိုး၍သံတူး႐ြင္းကိုလက္တစ္ဖက္မွ
ကိုင္ၿပီး အျပန္ခရီး စတင္ေတာ့သည္။
စိတ္က အိမ္တြင္ က်န္ရစ္ခဲ့ေသာအေဖ့ထံေရာက္ေနသည္။ အခုတစ္ေလာအေဖေနသိပ္မေကာင္း။ ဘဝကိုၾကမ္းတမ္းစြာ အံတု၍ အသက္ေမြးခဲ့ေသာအေဖ၊အသက္ေထာက္လာ၍ထင့္။
က်န္းမာေရးခ်ဴခ်ာ လာသည္။ တစ္ခါတစ္ရံ အေမာေဖာက္လာတတ္သည္။ အိမ္နီးခ်င္းမ်ားႏွင့္ အေဖ့ကိုအပ္ထားခဲ့ၿပီး သူကေတာဝင္လာခဲ့ျခင္းျဖစ္သည္။
ေမွာင္စျပဳလာၿပီ။ ေတာဆိုသည္က အေမွာင္ျမန္သည္။ ေရွ႕တစ္ေကြ႕
တြင္ ေခ်ာင္းေကာႀကီးႏွင့္။
ေခ်ာင္းေကာႀကီးအစပ္တြင္ ႀကီးမားလွေသာ ထိန္ပင္ႀကီးတစ္ပင္ ရွိ သည္။ ဤသည္မွာ မိုးသီးေတာတိုးခဲ့ရေသာ ဘဝတစ္ေလွ်ာက္မမွားႏိုင္ ေသာသဘာဝအမွတ္အသား။ ထိန္ပင္ႀကီး၏အေရွ႕ဘက္အတိုင္းႏွစ္မိုင္ခန႔္ ဆက္ေလွ်ာက္လွ်င္ သူေနထိုင္ရာေလွေလွာ္အင္း႐ြာသို႔ ေရာက္မည္။ အိမ္ေရာက္မွပင္ပန္းသမွ်အတိုးခ်အိပ္လိုက္မည္ဟုအားခဲလိုက္သည္။
မနက္ျဖန္ဆိုလွ်င္ တေပါင္းလျပည့္ေက်ာ္တစ္ရက္။ သူ အသက္သုံးဆယ္ ျပည့္ၿပီပဲ။
ေတာႏွင့္႐ြာ။ ႐ြာႏွင့္ေတာ။ တစ္ခါတစ္ရံလွည္းကူးေဈးထဲေဈးေရာင္း၊ ေဈးဝယ္ – သည္လိုႏွင့္ အသက္ပင္မငယ္ေတာ့ပါလားဟု အေတြးက ဝင္ လာသည္။
အေတြးႏွင့္ ေမ်ာလာရင္းမွ မိုးသီး တုန႔္ခနဲ ရပ္လိုက္မိသည္။ တေပါင္းလျပည့္ေန႔ျဖစ္၍ၾကည္လင္ေသာလေရာင္ေၾကာင့္ ဝန္းက်င္
ကို ျပတ္ျပတ္သားသား ျမင္ေတြ႕ေနရသည္။ သူ အျမန္ေရာက္ေရး ဦးတည္ ထားေသာထိန္ပင္ႀကီးရွိသည့္ ေခ်ာေတာႀကီးသို႔ မေရာက္ႏိုင္ေသး။

ပတ္ဝန္းက်င္အေနအထားကို ယခုမွ သတိျပဳမိသည္။
ေသခ်ာသည္။ သူ မ်က္စိလည္ေနၿပီ။ မည္သည့္အခ်ိန္ မည္သည့္ ေနရာကစ၍မ်က္စိလည္ခဲ့မွန္း မသိေတာ့။
ယခုသူေရာက္ေနသည့္ေနရာကေစာေစာကသူေလွ်ာက္လာခဲ့ေသာ ဖုန္းဆိုးေျမက်စ္မဟုတ္ေတာ့။ သစ္ႀကီးဝါးႀကီးႏွင့္၊ စိမ့္ႏွင့္ၿမိဳင္ႏွင့္ ေအးစိမ့္ ေနသည့္ ေနရာသစ္တစ္ခု။
ေသေသခ်ာခ်ာ၊ ၾကည့္ေလမမွတ္မိေလ။
အပ္က်လွ်င္ပင္ ျပန္ရွာႏိုင္သည့္ေတာသား-လမ္းလယ္တြင္ လမ္း ေပ်ာက္ေနၿပီ။
ေသခ်ာသည္က ဤေနရာသည္ သူ အျပန္လမ္း၊ ေလွေလွာ္အင္း ႐ြာဘက္ေတာ့မဟုတ္။
ဝါးေခ်ာင္း၊ ထန္းေတာႀကီး၊ ေဇာင္းတူ၊ စိန္ေတာင္တိုက္ႀကီး၊ ဥကၠံ၊ သာယာဝတီ၊ မင္းလွ၊ စိန္ကန႔္လန႔္ဘက္လား။ မသိ။
တစ္ခုခုေတာ့မွားေနၿပီ။ ဘာမွားေနသည္လည္းမသိ။
လေရာင္ေအာက္တြင္ ေလအရွိန္ေၾကာင့္ သူ႔ေရွ႕ရွိ သစ္ႀကီး၊ ဝါးႀကီးတို႔ ေလယိမ္းတိုင္းဘယ္ယိမ္းညာႏြဲ႕ဆယ္ျပန္ႏြဲ႕ေနသည္မွာအသည္းငယ္သူမ်ား
အတြက္ေသြးပ်က္ည။
စင္စစ္ -မိုးသီး တစ္ေယာက္ စုံကႏၲာၿမိဳင္ႀကီးတြင္ တစ္ေယာက္တည္း ေဖာ္မပါ တစ္ကိုယ္ေတာ္ည။
ပခုံးထက္မွ ႀကိမ္ႏွင့္ၾကခတ္ျမစ္ထမ္းကို အသာခ်။ ညာလက္ျဖင့္ သံတူး႐ြင္းကိုင္၊ ဘယ္လက္ကေနာက္ေက်ာတြင္လုံခ်ည္ႏွင့္ညႇပ္ထားေသာ ခါးၾကားမွ ဓားမကို ကိုင္၍ဝန္းက်င္ကို သတိျပဳၾကည့္လိုက္သည္။
တေဝါေဝါေလတိုးသံ၊ သစ္ကိုင္းခ်င္း ပြတ္တိုက္သံ၊ ေလၿငိမ္သြားလွ်င္ ပုစဥ္းရင္ကြဲတို႔ ေအာ္သံမွတစ္ပါး။
“ဘယ္လိုလဲ…ငါမ်က္စိလည္တာေတာ့ေသခ်ာေနၿပီ။လမ္းျမင္ရေအာင္ ေရွ႕ေတာအုပ္ထဲက သစ္ပင္ေပၚတက္ၾကည့္မယ္”

မိုးသီးခ်က္ခ်င္းပင္ေရွ႕မွေတာင္သရက္ပင္ႀကီးေျခရင္းတြင္ သံတူး႐ြင္း
ကိုေထာင္၊ ခါးတြင္ဓားမကိုထိုး၍ဖက္တက္လိုက္ၿပီး အျမင့္ဆုံးကိုင္းထက္မွ ဝန္းက်င္၏ ေရွ႕ေနာက္ဝဲယာကို ၾကည့္မိေတာ့သည္။ လျပည့္လေရာင္က အထင္းသား။
ေသခ်ာသြားၿပီ။
သူ ယခု ေရာက္ေနသည့္ ေနရာသည္ သူ႔အတြက္ ေရေျမသစ္။ မိမိ အတြက္စိမ္းေနေသာေနရာတြင္ေျမျပင္ထက္လက္ရွိသစ္ပင္ေပၚအိပ္စက္
ျခင္းက ပိုေကာင္းသည္ဟု ယူဆကာ ေတာင္သရက္ကိုင္းႀကီးအား ေက်ာမွီ ထားလိုက္သည္။
“ဟင္ … ဘာလဲ”
လူကသာ သစ္ကိုင္းကို ေက်ာမွီထားသည္။ မ်က္စိအစုံက အနားမယူ အား။ ဝန္းက်င္တစ္ခြင္လေရာင္ႏွင့္အေသအခ်ာၾကည့္သည္။ ဝန္းက်င္တစ္ခိုလွည့္လည္ၾကည္ႏူးေနေသာမ်က္စိအစုံအားတစ္ေနရာ
တြင္ တုန႔္ခနဲ ရပ္သြားသည္။
မွိတ္တုတ္မွိတ္တုတ္မီးေရာင္တစ္ခုကို“သူ”ျမင္မိသေယာင္။
ေသေသခ်ာခ်ာ ျပန္ၾကည့္လိုက္သည္။ ေသခ်ာသည္၊ မီးေရာင္တစ္ခု။ မီးရွိလွ်င္လူရွိမည္။ အက်ိဳးအေၾကာင္းေျပာ၊ အကူအညီေတာင္းလွ်င္ေက်ာ တစ္ေနရာႏွင့္ စားစရာတစ္ခုေတာ့ ရႏိုင္မည္။ အနည္းဆုံး စကားေျပာေဖာ္ ေတာ့ရမည္။
သစ္ပင္ထက္မွဆင္း၊ထုံးစံအတိုင္းၾကခတ္ျမစ္စည္းႏွင့္ႀကိမ္ျမစ္စည္းကို ထမ္း၊ ေစာေစာက သူျမင္ခဲ့ရသည့္ မီးေရာင္လက္လက္ဆီမွန္း တက္လာ
ခဲ့သည္။
ေတာကပို၍သိပ္သည္းထူထပ္လာသည္။
ေရွ႕တြင္ေတာင္ကုန္းဆင္ေျခေလွ်ာတစ္ခု။ ဆင္ေျခေလွ်ာ၏အဆုံးတြင္ စမ္းေခ်ာင္းငယ္တစ္ခုစီးေနသံကိုတလြင္လြင္ ၾကားလိုက္မိသည္။

ေရက ေျခက်င္းဝတ္ခန႔္သာရွိ၍ ၾကည္လင္ေအးျမေနသည္။ ပခုံး ေရကိုအဝေသာက္၊မ်က္ႏွာကိုအားပါးတရေဆးေၾကာ
ထက္မွအဝတ္ကိုခ်၊ပစ္လိုက္သည္။

ေရတစ္ဝေသာက္ မ်က္ႏွာသစ္ၿပီးမွ ေရွ႕ဆက္ရမည့္ ခရီးကို ၾကည့္မိ
စမ္းေခ်ာင္းေလး၏ တစ္ဖက္ရွိ ေျမသားတို႔က ျပန္တက္သြားၿပီး ေတာင္ကုန္းေတာင္ကမူေလးတစ္ခုအျဖစ္ရွိေနသည္။ေတာင္ကုန္းေပၚတက္ ရန္ ေတာင္ကုန္းေပၚမွ ဆင္းရန္လူသြားလမ္းေလးကိုေတြ႕ရသည္။ ထိုတဲငယ္မွ မီးေရာင္က လင္းလက္အေရာင္ထြက္ေနျခင္း ျဖစ္သည္။ မိုးသီး စဥ္းစားမေနေတာ့ –
ခါးၾကားမွ ဓားမကို ညာလက္တြင္ကိုင္ ဘယ္လက္က သံတူး႐ြင္းကို ကိုင္၍စမ္းေခ်ာင္းေလးကိုျဖတ္၊ေတာင္တက္လမ္းအတိုင္းသတိႀကီးစြာထား ၍တက္လာခဲ့သည္။ တဲရွင္၏သေဘာထားကိုမသိရေသး။ လူခ်င္းမေတြ႕ရ ေသး၍လည္း သူႀကိမ္စည္းကို ထားခဲ့ျခင္း ျဖစ္သည္။
အကယ္၍ တဲတြင္ ေခြးမ်ား ရွိခဲ့ေသာ္ အထမ္းတစ္ဖက္ႏွင့္ဆိုလွ်င္ မလြယ္၍ထားရစ္ခဲ့ျခင္းျဖစ္သည္။
သတိဆို ပိုသည္မရွိဆိုထားသည္မဟုတ္ပါေလာ။
ေတာင္တက္လမ္းတစ္ဝက္ခန႔္ အေရာက္တြင္ အေသအခ်ာၾကည့္၊
ရပ္လိုက္ၿပီးမွ –
“တဲရွင္တို႔ … တဲရွင္တို႔ – ကြၽန္ေတာ္ မ်က္စိလည္လာတဲ့ လူေကာင္း တစ္ေယာက္ပါ။ေခြးေတြရွိရင္လည္းထိန္းထားေပးပါ”
ႏႈတ္မွသာေအာ္ဟစ္အကူအညီေတာင္းသည္သာမဟုတ္။မ်က္စိအစုံ
ကလည္း အလစ္မေပးရဲ။
တဲေရွ႕ေျမကြက္ႏွင့္ သူရပ္ေနသည့္ လမ္းကေလးၾကားတြင္ သူ မျမင္ ဖူးေသာဂမုန္းပင္ အေျမာက္အျမားကိုေတြ႕ရသည္။
ဖခင္ႀကီး ေျပာျပထား၍ ဂမုန္းပင္ႏွင့္အမည္မ်ားကို သူသိေသာ္လည္း ယခုေတြ႕ေနရေသာဂမုန္းပင္မ်ားကိုမူ သူမသိ မေတြ႕ဘူး။

ဂမုန္းပင္၊ ဂမုန္းပြင့္၊ ဂမုန္းပန္းတို႔မွ ရနံ႔မ်ားက ေလေျပတြင္ ေမႊးထုံပ်ံ႕ သင္းလ်က္။
သူ လွ်ပ္တစ္ျပက္ အကဲခတ္၍ မဆုံးမီ၊ မီးအိမ္ကိုင္ထားေသာ အဘိုး ႀကီးတစ္ဦး တဲဝတြင္ ေပၚလာသည္။
“တဲထဲကို ဝင္လာႏိုင္ပါတယ္။ ငါ့ ေျမး- ဝင္လာခဲ့ပါ”
ဂမုန္းပင္မ်ား ၾကားရွိ လူသြားလမ္းေလးအတိုင္း မိုးသီးေလွ်ာက္လွမ္း ဝင္သြားလိုက္သည္။
တဲေလးက တကယ့္သပ္သပ္ရပ္ရပ္။
တဲအတြင္းတြင္မက်ယ္ဝန္းေသာ္လည္းအခန္းဖြဲ႕စည္းပုံေနရာခ်ပုံတို႔က ေျပာစရာမရွိ။ သူကိုလာေခၚေသာ အဘိုးႀကီးမွာလည္း အသက္အ႐ြယ္ ႀကီးရင့္ပုံရေသာ္လည္းလူ႐ြယ္တစ္ေယာက္ႏွယ္သန္မာေနပုံရသည္။ ပုံစံက ေသွ်ာင္တစ္ေစာင္းထုံးထားေသာ ပင္နီတိုက္ပုံႏြမ္းတစ္ထည္ကို ေအာက္ခံ
အက်ႌမပါဘဲလက္ေမာင္းကိုႏွစ္ရစ္ခန႔္ေခါက္၊ၾကယ္သီးျပည့္တပ္၍ဝတ္ထား
သည္။
အဘိုးႀကီး၏ ဆံပင္၊ မုတ္ဆိတ္၊ ႏႈတ္ခမ္းေမြးတို႔မွာ ဗ်ိဳင္းေတာင္ကဲ့သို႔ ဆြတ္ဆြတ္ျဖဴေနၿပီး မုတ္ဆိတ္ျဖဴတို႔ကရင္ဘတ္အထိ ေကာ့က်ေနသည္။ မဟာနဖူးႏွင့္ လိုက္ဖက္ေသာ မ်က္ခုံးေမြးျဖဴျဖဴ ထူထူေအာက္မွ နက္ေမွာင္ ေတာက္ပေသာ္လည္း ၾကည္လင္ေနသည့္ မ်က္လုံးအစုံ၏ အၾကည့္က မိုးသီး၏ တစ္ကိုယ္လုံးကို ေဖာက္ထြင္း ၾကည့္လိုက္သည့္ အလား ခံစားလိုက္ရသည္။
အဘိုးႀကီးကမိုးသီးအားေစ့ေစ့စပ္စပ္ၾကည့္ကာတည္ၿငိမ္၍ဩဇာရွိလွ
ေသာအသံျဖင့္ –
လိမ့္”
“ထိုင္ပါ… ေမာင္ – ထိုင္ပါ၊ ဘယ္ပုံဘယ္နည္းနဲ႔မ်ား မ်က္စိလည္လာပါ
အဘိုးႀကီးကေမးရင္းမွေျမကရားအိုးထဲမွေရေႏြးၾကမ္းမ်ားကိုအၾကမ္း ပန္းကန္တြင္ထည့္၊ မိုးသီးေရွ႕တိုးေပးၿပီးေမးလိုက္သည္။

မိုးသီးကလည္း အေဖတစ္ခုသားတစ္ခုဘဝႏွင့္ ႀကိမ္လုံး (ျမစ္)ႏွင့္ ဝါး ျမစ္မ်ားတူးေဖာ္စားေသာက္ပုံ၊ယေန႔ညမွဤသို႔မ်က္စိလည္ေနစဥ္တဲတြင္းမွ မီးေရာင္လက္လက္ျမင္ေတြ႕၍အရဲစြန႔္လာခဲ့ရေၾကာင္းေျပာျပျဖစ္သည္။
သူ႔ရွင္းျပခ်က္အဆုံးတြင္ အဘိုးႀကီးက-
“အင္း…လူေတြ..လူေတြသမုဒၵရာဝမ္းတစ္ထြာအတြက္ဆင္မေၾကာက္ က်ားမေၾကာက္ လုပ္ကိုင္ စားေသာက္ၾကရတာပဲ။ ေမာင္ရင္ေလးလည္း ဆာလွေရာေပါ့။ ဘာမွမပူနဲ႔ေနာ္။ ဒီတစ္ညအိပ္ၿပီးမနက္က်လမ္းျပလိုက္ျပ ပါ့မယ္ကြယ္။ သမီးေရ… ေမာင္ရင္ေလးကို ထမင္းေကြၽးလိုက္ပါဦးကြယ္” အဘိုးအိုက တဲတြင္း ထရံတစ္ခ်ပ္သာ ျခားထားေသာ အခန္းတြင္းသို႔ တစ္ဆက္တည္း အသံျပဳလိုက္သည္။
တဲအတြင္း အဘိုးႀကီးတစ္ေယာက္သာ ရွိေနသည္ဟု ထင္ခဲ့ျခင္းမွာ မွားယြင္းေၾကာင္း မိုးသီးသိလိုက္ရသည္။
“ဟုတ္ကဲ့… အဘ”
အခန္းတြင္းမွ ညင္သာလွေသာ ေျခသံႏွင့္အတူ မိန္းမေခ်ာကေလး တစ္ဦးထြက္လာသည္။
ဘဝၾကမ္း၊ အလုပ္ၾကမ္း၊ ပင္ပန္းေသာခရီးၾကမ္းေလွ်ာက္ခဲ့ရ၍မိန္းမလွ
ေလးမ်ား၏အလွကိုဂဃနဏမျမင္ဘူးေသာ္လည္း၎တို႔အားလုံး၏အလွ
က ဤမိန္းမပ်ိဳႏွင့္စာလွ်င္ အက်ည္းတန္ အ႐ုပ္ဆိုးမ်ား ျဖစ္ကုန္ၾကမည္ဟု မိုးသီးထင္သည္။
အသက္ႏွစ္ဆယ္ခန႔္ရွိ၍ခႏၶာကိုယ္ႏွင့္လိုက္ဖက္သည့္အရပ္အေမာင္း ေျခမ်က္စိထိ က်ေနသည့္ ဆံေကသာ၊ နက္ေမွာင္သည့္မ်က္ခုံး၊ နီရဲေသာ ႏႈတ္ခမ္း၊ သမင္မငယ္၏မ်က္စိအစုံႏွင့္မိန္းမပ်ိဳေလးတစ္ဦး။
အေခ်ာအလွ၊ အႏုအယဥ္ကိုစာမဖြဲ႕တတ္ေသာမိုးသီး။ လွသည္။ ေခ်ာ သည္။ ယဥ္ေက်းသိမ္ေမြ႕သည္ ဆိုျခင္းထက္ ဘာမွ မေျပာတတ္။
မိုးသီး စိတ္ဝင္စားသည္ကမိန္းမပ်ိဳေလး၏ အေခ်ာအလွ၊ အႏုအယဥ္ ထက္ ဝတ္စားဆင္ယင္မႈ။ မိန္းမပ်ိဳေလး ဝတ္စားဆင္ယင္မႈက သူတို႔႐ြာႏွင့္ လွည္းကူးၿမိဳ႕ေပၚက မိန္းမပ်ိဳေလးမ်ားႏွယ္မဟုတ္။

အၿငိမ့္၊ ဇာတ္စသည္တို႔တြင္း – နတ္ကေတာ္ယိမ္းလား၊ နတ္သမီးယိမ္း လားမသိ။ ဝတ္ဆင္ထားပုံအတိုင္း။
အျဖဴေရာင္အက်ႌလက္ရွည္ မထူမပါးတြင္ ကေတာင္ကဲ့သို႔ အေကာ့ အပ်ံမ်ားႏွင့္ ထမီကလည္းထိုင္မသိမ္းထမီကဲ့သို႔ တဲၾကမ္းေပၚတြင္ပုံက်ေန
သည္။
အလြယ္ဆုံးပမာျပရပါလွ်င္ ရာဇဝင္႐ုပ္ရွင္ဇာတ္ကားမွ သ႐ုပ္ေဆာင္ ေရွးနန္းတြင္းသူတစ္ဦးအလား။

မိန္းမပ်ိဳေလးကဧည့္သည္ (မိုးသီး) ထမင္းစားရန္ ျပင္ဆင္ေနသည္။ မိုးသီး စိတ္ရႈပ္လာသည္။
ကမာၻေလာကႀကီးဘာေတြျဖစ္ေနသနည္း။
ဤေနရာတစ္ဝိုက္ မဆိုထားႏွင့္ပဲခူး႐ိုးမအတြင္း၌ လမ္းျပလုပ္စားခဲ့
ေသာမိုးသီး။
ယေန႔မွမႀကဳံစဘူးမ်က္စိလည္သည့္။
ထူးဆန္းေသာ ေျမးအဘိုး။ ေခ်ာေမာလွပသည့္ မိန္းမပ်ိဳ။ လူသူမနီးေတာႀကီးတြင္းမွ တဲတစ္လုံး။
ေျမာက္ျမားစြာေသာ ဂမုန္းပင္မ်ား။
အေတြးလြန္ေနသည့္မိုးသီး။ ေတြးေနရင္းမွမ်က္စိအစုံကတဲေခါင္းရင္း ဘုရားခန္း ေရာက္သြားသည္။ ဘုရားခန္းတြင္ ၾကည္ညိဳဖြယ္ ႐ုပ္ပြားေတာ္ တစ္ဆူ။ ပန္းေရ ဆီမီးတို႔မျပတ္။ ႐ုပ္ပြားေတာ္မဏိေတာ္မွ ေရာင္ျခည္ ေျခာက္သြယ္ကကြန႔္ျမဴးေနသည္။ သူ႔အားဤတဲသို႔လာေစရန္ဤေရာင္ျခည္ ေတာ္မ်ားကလမ္းၫြန္ခဲ့ျခင္းျဖစ္ေၾကာင္း ေတြးေတာမိ၍႐ိုေသေလးျမတ္စြာ ဦးသုံးႀကိမ္ခ် ရွိခိုးပူေဇာ္လိုက္မိသည္။
ကြယ္”
“သာဓု…သာဓု…သာဓု-လူကေလး”
“သမီးေရ … ရွင္ေႏွာင္း သမီးအစ္ကိုအတြက္ အာဟာရလုပ္ေလ
“ဟုတ္ကဲ့… အဘ အသင့္ျဖစ္ေနပါၿပီ။ အစ္ကိုႀကီး – ထမင္းသုံးေဆာင္ ဖို႔ ႂကြပါရွင္”
နတ္မိမယ္ေလး၏ ကရဝိက္သံေၾကာင့္ မိုးသီးသတိျပန္ဝင္လာသည္။ ဆာလြန္း၍ ဣေျႏၵပင္ မဆည္ႏိုင္ေတာ့။ အသားဟင္း မဟုတ္မွန္းသိေသာ္ လည္း ႏူးညံ့ေပ်ာ့ေပ်ာင္းေသာဟင္းလ်ာတို႔က ခံတြင္းကို ၿမိန္ေစသည္။

“အစ္ကိုႀကီး … အားမနာနဲ႔ေနာ္။ အဝသာသုံးေဆာင္ပါရွင္” နတ္မိမယ္ေလး၏အလွရသကို ခံစားရင္း ထမင္းၿမိန္ေနေသာမိုးသီး။ တဲျပင္သို႔ထြက္လိုက္၊ေကာင္းကင္သို႔ေမာ့ၾကည့္လိုက္၊ ျပန္ဝင္လာလိုက္
ႏွင့္ ဂနာမၿငိမ္ေသာ အဘိုးကို သတိျပဳမိသည္။
ထမင္းစားၿပီး၍ ထိုင္ကာ၊ နတ္မိမယ္ေလးႏွင့္ စကားေျပာရန္ ဟန္ျပင္ ေနခိုက္ အဘိုးတဲတြင္းျပန္ဝင္လာျပန္သည္။
လေရာင္ဆမ္း၍ပြင့္လန္းေနေသာဂမုန္းပန္းတို႔၏ရနံ႔ကရင္ကိုေအးျမ
လန္းဆန္းသြားေစသည္က အမွန္။
အတန္ၾကာတိတ္ဆိတ္သြားမႈကိုမိုးသီးကစတင္အသံျပဳလိုက္သည္။ “ဒီက…ႏွမေလးတို႔ၿခံထဲမွာဂမုန္းပင္ေတြအမ်ားႀကီးပဲေနာ္။ ေနာက္ၿပီး နာမည္မၾကားဘူး။ မျမင္ဘူးတဲ့ဂမုန္းေတြကပိုမ်ားတယ္ေနာ္” “ဪ … လူကေလးလည္း ဂမုန္းပင္ေတြ စိတ္ဝင္စားသလားကြယ့္၊ အဘဆီမွာေတာ့ ဂမုန္းပိုစုံသေပါ့၊ တန္ဖိုးႀကီးမားသိဒၶိနဲ႔ျပည့္စုံတဲ့ ဂမုန္းပင္ ဆိုတာေတြ႕ခဲ့ရပါေသာ္ေကာ-လူေလးရယ္”
နတ္မိမယ္ေလး၏စကားသံကိုေစာင့္ဆိုင္းေနစဥ္အဘိုးကၾကားျဖတ္ ဝင္ေျပာလာ၍မိုးသီးနားေထာင္ေနၿပီး အလိုက္သင့္ပင္ –
“ကြၽန္ေတာ္ကေတာ့ သစ္ပင္ဆိုတာ ေျမႀကီးေပၚမွာစိုက္ရင္ ရွင္တယ္ ဆိုတာေလာက္ပဲသိပါတယ္။ အဘ – ထူးဆန္းတဲ့ဂမုန္းနဲ႔ပတ္သက္တဲ့ဗဟု သုတျဖစ္စရာမ်ားရွိရင္ေျပာျပေစခ်င္ပါတယ္အဘ”
အဘိုးက … ေရေႏြးၾကမ္းတစ္ခြက္ေမာ့လိုက္ၿပီးမွ –
“သက္ႀကီးစကား သက္ငယ္ၾကားဆိုသလိုေပါ့ လူေလးရယ္။ ခုနစ္ရက္
သားသမီးေတြဟာမိမိနဲ႔လိုက္ဖက္တဲ့ရတနာေတြကိုဝတ္ဆင္ရတယ္ကြယ့္။ ဒါကိုဓာတ္က်တယ္လို႔ေခၚတယ္။ မိမိနဲ႔ မတည့္တဲ့ ရတနာ ဝတ္ဆင္တဲ့အခါ ခိုက္တတ္သကြယ့္။ ခိုက္တယ္ဆိုတာ ဆုတ္ယုတ္ေလ်ာက်၊ ပ်က္စီးတာ ေပါ့ကြယ့္”

“ထို႔အတူ ဂမုန္းပင္ဆိုတာကလည္း လူေလး ေျပာသလို ျဖစ္ကတတ္
ဆန္းေနရာမေ႐ြးစိုက္လို႔ရတဲ့အပင္မ်ိဳးမဟုတ္ဘူး။လူေလးေသေသခ်ာခ်ာ မွတ္ထားေနာ္။ ဂမုန္းစိုက္မယ့္ တနဂၤေႏြ သား၊သမီးမ်ားဟာ ပုလဲရတနာကို ခံၿပီး တနလၤာဂမုန္းပင္ကို စိုက္ရသကြယ့္။ တနလၤာသားသမီးမ်ားလည္း အတူတူပဲေပါ့။ အဂၤါသားသမီးအတြက္ဆိုရင္ သႏၲာရတနာခံၿပီး အဂၤါနံဂမုန္း ကိုစိုက္။ ဗုဒၶဟူးသားသမီးဆိုရင္ ျမရတနာခံၿပီး ဗုဒၶဟူးနံဂမုန္းကိုစိုက္။ ၾကာသာပေတး သားသမီးမ်ားကေတာ့ ဥႆဖရား ဒါမွမဟုတ္ ေၾကာင္ ေက်ာက္ခံၿပီး ၾကာသပေတးနံ ဂမုန္းကိုစိုက္၊ ေသာၾကာသားသမီးဆိုရင္ စိန္ရတနာခံၿပီး ေသာၾကာနံဂမုန္းကိုစိုက္။ စေနသားသမီးမ်ားကေတာ့ နီလာရတနာခံၿပီး စေနနံဂမုန္းပင္ေတြစိုက္ရသကြယ့္”
“အဲသလို … ခုနစ္ရက္သားသမီးမ်ား ခုနစ္ေန႔မွာ ရတနာ ခုနစ္သြယ္ ဂမုန္းခ်ယ္ဆိုသလိုေ႐ြးခ်ယ္စိုက္ပ်ိဳးပါမွေဘးအႏၲရာယ္ကင္း၊ က်န္းမာေရး ေကာင္း၊ေငြေၾကးျပည့္စုံ၊အႀကံအစည္ေတြေအာင္ျမင္တတ္တယ္လို႔ပညာ ရွိမ်ားမိန႔္ဆိုခဲ့သကြယ့္။ တို႔ႏိုင္ငံမွာေတာ့ ပုပၸားေဒသဟာ ဂမုန္းပင္စုံလင္တဲ့ ေနရာႀကီးေပါ့။ မိမိေလ့လာလိုက္စားတဲ့ ဂႏၶာရီပညာရပ္မ်ားမွာလည္း ထိုက္သင့္ရာ ဂမုန္းကို အသုံးျပဳၾကရသကြယ့္”
“ကေန႔အဘိုးေတာ့ လူေလးဟာ မရည္႐ြယ္ဘဲ အဘိုးတို႔ဆီကို ေရာက္လာသူဆိုေတာ့ လူေလးနဲ႔ ထိုက္တန္တဲ့ ဂမုန္းပင္ေတာ့ အဘက လက္ေဆာင္ေပးရမွာေပါ့။ အဲဒါကေတာ့ သိပ္ရွားပါးၿပီး ကာယသိဒၶိ၊ ပီယ သိဒၶိၿပီးေစတဲ့ “ကညာဂမုန္း”ပဲကြယ့္။ လူေလးဉာဏ္ရွိသလို အသုံးျပဳပါ။ ေအာင္ျမင္ႀကီးပြားရေစမယ္ကြယ့္။ အဲ-လူကေလးကလည္းဒီတစ္ညေတာ့ အဘိုးတို႔ကို တစ္ခု ျပန္ကူညီေစခ်င္သကြယ့္၊ ဒါကလည္း လူေလး ကူညီမွ ျဖစ္မယ့္ ကိစၥမို႔ပါ။ ကေန႔ညမွာ လူေလးရဲ႕နကၡတ္ဟာ စန္းယွဥ္ၿပီး အထြတ္ အထိပ္ေရာက္၊ စန္းေရာလဂ္ပါ တက္ေနတဲ့အျမင့္ဆုံးအခ်ိန္အခါပဲ”
ထမင္းလည္း စားၿပီးၿပီ။ မိုးလုံေလလုံ တစ္ညသာအိပ္စက္ အနားယူ မည့္ေနရာလည္းရွိ၊နတ္မိမယ္ေလး၏အလွကြန္ယက္တြင္မိန္းေမာေနသည္ ကတစ္ေၾကာင္းတို႔ေၾကာင့္မ်က္ႏွာလိုမ်က္ႏွာရျဖစ္ေနခ်င္ေသာမိုးသီး- “ေျပာပါအဘိုး.. ကြၽန္ေတာ္ ဘယ္လိုကူညီေပးေစခ်င္ပါသလဲ”

သူ႔စကားအဆုံးတြင္အဘိုးကေခါင္းရင္းခန္းရွိျမတ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္
အားဦးသုံးႀကိမ္ခ်လိုက္ၿပီး ျမတ္ဗုဒၶ႐ုပ္ပြားေတာ္၏ေရွ႕ဘက္မွလက္မခန႔္သာ
ရွိေသာပုလင္းငယ္ေလးတစ္လုံးကိုယူလိုက္ၿပီးမိုးသီးလက္ထဲသို႔ထည့္ေပး
ကာ –
“ဒီ – ၿခံဝိုင္းထဲလိုက္ပက္ေပးရမွာလား အဘိုး”
“မဟုတ္ေသးဘူး … လူေလးရဲ႕ ၊ ဒီတဲရဲ႕ေနာက္က ျမင္းေဇာင္းထဲမွာ အဘိုးတို႔ျမင္းငညိဳရွိတယ္။ ငညိဳကိုတက္ခြၿပီး ပုလင္းထဲကေရကို တစ္စက္ ခ်င္းခ်ေပးပါ။ပုလင္းထဲကေရကုန္သြားရင္လူေလးတာဝန္ၿပီးၿပီေပါ့။ျမင္းေရာ
စီးတတ္သလားကြယ့္” “စီးတတ္ပါတယ္…အဘိုး”
“ေအးေလ… အတိုင္းထက္အလြန္ေပါ့”
“လာ…လူေလး ျမင္းေဇာင္းထဲက ငညိဳ႕ဆီသြားရေအာင္” အဘိုးေနာက္မွမိုးသီးထလိုက္သြားသည္။
တဲဝေရာက္မွ ျခေသၤ့လည္ျပန္လွည့္ၾကည့္မိသည္။
နတ္မိမယ္ေလးက သူ႔ကိုၾကည့္၍ ရယ္႐ႊင္ၿပဳံးတုံ႔၊ မၿပဳံးတုံ႔။ တဲေနာက္ ျမင္းေဇာင္းထဲတြင္ အားေကာင္းေမာင္းသန္ ေဒါက္ျမင့္ျမင္းႀကီး တစ္ ေကာင္။
အဘိုးက စုတ္တစ္ခ်က္သတ္၍ မိုးသီးကို ငညိဳေက်ာေပၚတက္ေစ သည္။ ဇက္ႀကိဳး၊ ပါးခ်ပ္ႀကိဳးမ်ားဝတ္ဆင္ကာ မိုးသီး၏ လက္ထဲထည့္ေပး ၿပီး…
“ျမင္းနဲ႔ဆိုေတာ့ ျမန္တာေပါ့ လူေလးရယ္၊ အဘိုးေျပာတာကို မေမ့နဲ႔ ပုလင္းထဲက ေရကို တစ္စက္ခ်င္းသာ ခ်သြားေနာ္။ ေရကုန္သြားရင္ ငညိဳ ျပန္လွည့္လာလိမ့္မယ္”
“ကိုင္း … သြားေပေတာ့ လူေလးေရ၊ ေအာင္ျမင္ပါေစကြယ္” အဘိုးကငညိဳတင္ပါးကိုတစ္ခ်က္ပုတ္ေပးလိုက္သည္။ျမင္းဇက္ႀကိဳးကို ထိန္းရင္းမွ မိုးသီးတစ္ေယာက္ ငညိဳ သယ္ေဆာင္ရာသို႔ ပါသြားေတာ့ သည္။

အစတြင္ ငညိဳက အသားက်ေလးဖက္သြားရာမွ တစ္စတစ္စ ဒုန္းစိုင္း ေျပးေတာ့သည္။ရိပ္ခနဲက်န္ခဲ့ေသာေတာ၊ေတာင္၊သစ္ပင္တို႔ကေဝး၍ေဝး၍
က်န္ခဲ့သည္။
စီးစက တခြပ္ခြပ္ ခြာသံမ်ားကို ၾကားရေသာ္လည္း တစ္စစခြာသံတို႔က ေပ်ာက္ကြယ္သြားသည္။
ငညိဳေျခေထာက္ႏွင့္ေျမႀကီးထိမွ ထိပါေလစဟု မိုးသီးထင္မိသည္။ လူေရာျမင္းပါတစ္စတစ္စျမင့္တက္လာသည္။ သည္ေတာ့မွမိုးသီးငုံ႔ၾကည့္
မိသည္။
အကယ္ပင္ငညိဳေျခေထာက္သည္ေျမႀကီးႏွင့္မထိေတာ့။လူေရာျမင္းပါ
ေကာင္းကင္တိမ္လႊာၾကားတြင္ ေရာက္ေနသည္။
မိုးသီးတစ္ခ်က္ေအာက္သို႔ ငုံ႔ၾကည့္လိုက္သည္။
ေခ်ာင္းငယ္မ်ား ေတာႏွင့္ေတာင္မ်ားသည္ လေရာင္ေအာက္တြင္ မြဲ ေျခာက္စြာ က်န္ရစ္ခဲ့သည္။ ေျခာက္ေသြ႕ေသာ လြင္ျပင္မ်ားကို ေတြ႕ရမွ လက္တြင္းရွိ ပုလင္းငယ္၏ အဖုံးကိုဖြင့္ ေရကိုတစ္စက္ခ်င္းခ်၊ လက္စႏွင့္ အဝကို ျပန္ပိတ္၊ ေရစက္တစ္စက္မွ် ျပန္ပိတ္။ ေၾကာက္႐ြံ႕အားငယ္စိတ္လုံးဝမရွိ။
လိုတရမင္းသားတစ္ပါးႏွယ္ ျမင္းငညိဳႏွင့္ ေဝဟင္ထဲဝဲပ်ံလ်က္။ သည္လိုပုံႏွင့္သာ ပုလင္းထဲက ေရစက္ကို တစ္စက္ခ်င္းခ်ေနပါက
ေတာ္ေတာ္ႏွင့္ ၿပီးမည္မဟုတ္။
ျမန္ျမန္ကုန္ပါမွျမန္ျမန္ေရာက္၊နတ္မိမယ္ေလး၏မ်က္ႏွာကိုအၾကာႀကီး ၾကည့္ စကားေတြ တစ္ဝႀကီးေျပာခ်င္လာမိသည္။ အခ်စ္နတ္ဘုရားမေလးရွင္ေႏွာင္း၏မ်က္ႏွာကိုအျမန္ဆုံးျမင္ေတြ႕ခ်င္လာမိသည္။

ထို႔ေၾကာင့္ ပုလင္းေလးထဲရွိ ေရမ်ားကို တရေဟာ သြန္ခ်လိုက္ေတာ့
ႏွစ္ႀကိမ္ သုံးႀကိမ္ခန႔္ သြန္ခ်လိုက္ၿပီး ပုလင္းထဲ ၾကည့္လိုက္သည္။

ပုလင္းထဲတြင္ ေရတစ္စက္မွ မရွိေတာ့။
ေစာေစာက ၾကည္လင္ေနေသာ ေကာင္းကင္ျပာႀကီးက မိုးမည္းတို႔ တရိပ္ရိပ္ တက္လာသည္။ အပူဒဏ္ထက္ အေအးဓာတ္က လႊမ္းၿခဳံလာသည္။
ငညိဳက မည္းေမွာင္ေနေသာ မိုးတိမ္လိပ္မ်ားေပၚမွ ျဖတ္ေက်ာ္ေန
တစ္စထက္တစ္စ နိမ့္ဆင္းလာေသာ မိုးသီးႏွင့္ငညိဳကိုပင္ မိုးေရစက္ တို႔စြတ္စိုလာသည္။
ေစာေစာကေျခာက္ေသြ႕ေနေသာေနရာတိုင္းတြင္မိုးကန႔္လန႔္ကာတို႔က
ေနရာအႏွံ႔ လႊမ္းၿခဳံထားသည္။
ေရခမ္းေျခာက္ေနေသာ အင္းအိုင္ေခ်ာင္းေျမာင္းတို႔တြင္ ေရတို႔ တရေဟာ စီးဆင္းေနသည္။ မ်က္စိက်ိန္းမတတ္ ဝင္းလက္သည့္လွ်ပ္စီး၊ နားပြင့္မတတ္ပစ္ခ်သည့္မိုးႀကိဳးသံ၊တေဝါေဝါတဝုန္းဝုန္းႏွင့္ သည္းထန္လ
ဇြန္းသည့္မိုးႏွင့္ေလႏွင့္မုန္တိုင္းႏွင့္ၾကားမွ မိုးသီးႏွင့္ငညိဳတို႔တဲဝသို႔ျပန္လည္
ေရာက္ရွိလာၾကၿပီ။
တဲဝတြင္ ခက္ထန္ေသာ မ်က္ႏွာႏွင့္အဘိုးက ေစာင့္ႀကိဳေနသည္။ နတ္မိမယ္ေလးရွင္ေႏွာင္း၏ ပဝင္းေသာ မ်က္ႏွာ၊ ေငြလ ႐ႊင္ပ်ပ်က ၿပိဳေတာ့မည့္မိုး အဘိုးက စကားတစ္ခြန္းမွ မေျပာေတာ့ဘဲ ငညိဳ႕ကိုဆြဲ၍ ျမင္းေဇာင္းဆီသို႔ ထြက္သြားသည္။ ရွင္ေႏွာင္းကလည္း တဲထဲ ျပန္ဝင္သြား သည္။
မိုးသီး… ဘာလုပ္ရေတာ့မွန္းမသိ။
အဘိုး…ေနာက္လိုက္ရမည္လား။ နတ္မိမယ္ေလးေနာက္လိုက္ရမည္ လားမသိ။ ေဝခြဲမရ။
ထိုစဥ္အဘိုးျပန္ေရာက္လာၿပီး သူ႔မ်က္ႏွာအား မၾကည့္ေတာ့ပဲ။

“လူေလး….အဘိုး စကား နားမေထာင္ပဲကိုး” ဟု ေျပာသည္။ “အို..ၿပီးတာေတြၿပီးသြားပါၿပီ။ ျပန္ဖ်က္လို႔မွမရေတာ့ပဲေလ။ အဘိုးနဲ႔ ေျမးေလးတို႔ေတာ့ ဒဏ္ေပးခံရေတာ့မယ္၊ ရွင္ေႏွာင္း .. သမီး လူေလးကို အိပ္ရာခင္းေပးလိုက္ပါ။လူေလး…အိပ္ပါေစေတာ့ကြယ္။အဘိုး..ခဏေနရင္
ျပန္လာမယ္”
အဘိုးက ေျပာေျပာဆိုဆို ကုန္းဆင္းလမ္းအတိုင္း ေအာက္ဘက္ဆီ ဆင္းသြားသည္။
“အစ္ကို႔ေၾကာင့္ … ရွင္ေႏွာင္းတို႔ အျပစ္ေပးခံရေတာ့မယ္။ ဒါေပမဲ့ ဘယ္တတ္ႏိုင္မလဲ အစ္ကိုရယ္၊ ကံတရားေပါ့၊ ကံစီမံရာခံၾကရတာပါပဲေလ”
အိပ္ရာခင္းေပးေနေသာ နတ္မိမယ္ေလးကတတြတ္တြတ္။
“ဘယ္သူေတြက ရွင္ေႏွာင္းတို႔ကို အျပစ္ေပးမွာလဲ … အစ္ကိုေၾကာင့္ ဆိုရင္ အစ္ကို ခံပါ့မယ္။ ရွင္ေႏွာင္းတို႔မခံေစရပါဘူး”
“အစ္ကို … ဘာမွ မသိပါဘူး။ အစ္ကို႔မွာလည္း အျပစ္မရွိပါဘူးေလ။ ဘယ္သူမျပဳမိမိမႈပါ။ ကံတရားကိုလွည့္စားလို႔မရပါဘူးေလ” နတ္မိမယ္ေလးက စကားေျပာၿပီးအထ မိုးသီးက ႐ုတ္တရက္ စိတ္ကို မထိန္းႏိုင္ေတာ့ပဲရွင္ေႏွာင္း၏လက္တစ္ဖက္ကိုဆြဲလွည့္ကာသြယ္လ်ေသာ
ခါးေလးကိုဖက္လိုက္ၿပီးႏူးညံ့လွသည့္ ပါးမို႔မို႔ေလးအားအနမ္းမိုး႐ြာခ်လိုက္
ေတာ့သည္။
မ်က္စိထဲ မီးဝင္းဝင္းေတာက္ကာ ဝုန္းခနဲ အသံႀကီးႀကီး ၾကားလိုက္ ရၿပီးမိုးသီးဘာမွမသိေတာ့။
မိုးေရစက္မ်ားေၾကာင့္ မိုးသီး ျပန္သတိရလာသည္။ လဲေနရာမွအထ သူ႔လက္ထဲတြင္အဘိုးေပးမည္ဆိုေသာကညာဂမုန္းတစ္ပင္ ဆုပ္ကိုင္ထား
ေၾကာင္း သတိထားမိသည္။
တဲကေလး ျမင္းႀကီးငညိဳ အဘိုးႏွင့္ ရွင္ေႏွာင္းတို႔ မည္သူမွ်မရွိ။ မရွိ
တေပါင္းလျပည့္ေက်ာ္ (၁)ရက္ေန႔ မိုးကားသဲသဲမဲမဲ။ ေနရာတိုင္းတြင္ ေရတို႔ေဖြးလ်က္။
သူသည္ ဆန္းၾကယ္လွေသာ ဂမၻီရအိပ္မက္ကို ျမင္မက္ခဲ့သည္လား။ ျဖစ္ရပ္မွန္ေလလား။
သူ႔လက္ထဲမွ ကညာဂမုန္းပင္ကမူ စိမ္းလန္းလ်က္။
→ ေက်ာ္မင္းၫြန႔္ (လွည္းကူး)