” အောင်မြတ်သာနှင့်ဇာတ်တူသားစားရွာသားများ”(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်ဇာတ်တူသားစားရွာသားများ”(စ/ဆုံး)
——————————————————————————-
စာရေးဆရာ -ဇေယန(ရာမည)

နွေရာသီကုန်ဆုံးလို့ မိုးရာသီအတွင်းဝင်လာခဲ့တဲ့အတွက် ဆယ့်နှစ်ရာသီပွဲစျေးလိုက်တဲ့သူတွေအနေနဲ့ မိမိတို့အရပ်ဒေသဖြစ်တဲ့ ဆတ်သေရွာကို တစ်ဖွဲဖွဲပြန်လည်ရောက်ရှိလာခဲ့ကြတယ်။

ဒီလိုအချိန်ကာလကတော့ ဆယ့်နှစ်ရာသီပွဲစျေးသမားတွေအဖို့ ဝင်ငွေအနည်းဆုံးကာလတွေဖြစ်ခဲ့သလို စားဝတ်နေရေးအခက်အခဲတွေအကြပ်တည်းဆုံးကာလလဲဖြစ်ခဲ့ကြတယ်။

ဒီနှစ်မိုးကလဲ ခါတိုင်းထက်ပိုများတာမို့ ဆတ်သေရွာမှာရှိတဲ့ရွာသားတွေအနေနဲ့ ရှိတာတွေကိုထုခွဲရောင်းချစားသောက်ကာ မိုးကုန်မယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။

“ ဖိုးခွေး…. ဟဲ့ အကောင် ဖိုးခွေး”

“ ဘာလဲ အစ်မရာ… ဒီမှာ အိပ်ကောင်းနေတုန်းရှိသေး”

“ဘာရမလဲ … ဒီနေ့ စားဖို့ဆန်လဲမရှိတော့ဘူး.. ငါလဲ မိုးလင်းထဲက ရသလောက်ကြံဖန်နေတာ အဆင်ကိုမပြေဘူး ဟင်းးး”

အညာစောင်တစ်ပတ်နွမ်းလေးကိုခြုံပြီးအိပ်နေတဲ့ဖိုးခွေးတစ်ယောက် သူ့ဘေးနားမှာတစ်တွတ်တွတ်ရွတ်နေတဲ့ အစ်မဖြစ်သူစကားကြောင့် ရှုပ်ပွနေတဲ့ဆံပင်အုံကြီးကို လက်နဲ့ထိုးဖွလိုက်ပြီး

“ ဒီလောက်မိုးတွေကောင်းနေတာ ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲ… အစ်မပြောချင်ရင် တစ်ပတ်လုံး တစ်ရက်မှမနားပဲရွာနေတဲ့ မိုးကိုပဲပြောဗျာ”

“ ဒီကောင်တော့ စကားတတ်တိုင်း လျောက်ပြောနေပြန်ပီ… နင်သာ ဆင်ခြေတွေပေးနေတာ … ခြေရင်းအိမ်က သားဖိုးဆိုရင် မနက်အစောကြီး တောကောင်ရလို့ ရွာထဲပတ်ရောင်းနေတာ ကုန်လုကုန်ခင်ဖြစ်နေပြီဟဲ့”

“ သူ့ဘာသာရောင်းတာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ… “

“ မောင်လေးတစ်ယောက်ရှိပါတယ်.. အားမကိုးရတဲ့အပြင် ငါကပဲရှာကျွေးနေရတာ ကြာလာတော့ နင့်ကိုအတော်စိတ်ကုန်လာပြီ”

အစ်မဖြစ်သူစကားကြောင့် ပြန်အိပ်မလို့လုပ်နေတဲ့ ဖိုးခွေးက ဝုန်းခနဲထထိုင်လိုက်ပြီး

“ ဘာလဲ အသားဟင်း စားချင်လို့ နားလာငြီးနေတာလား..”

“ အဲလိုတော့လဲမဟုတ်ပါဘူး… ငါကဒီတိုင်းပြောပြတာပါ”

အစ်မဖြစ်သူစကားကြောင့် ဖိုးခွေး လုံချည်ကိုပြင်ဝတ်လိုက်ပြီး အိမ်ရှေ့မှာချိတ်ထားတဲ့ ဝါးခမောက်ကိုဆောင်းကာ မိုးရေထဲထွက်သွားခဲ့တယ်။

အတန်ကြာတော့ အသားတွဲတစ်တွဲကိုလက်မှာကိုင်ကာ ပြန်ရောက်လာပြီး

“ ရော့ … စားချင်နေတဲ့ အသား စိတ်တိုင်းကျချက်စားပေတော့..”

“ နင်က ဘယ်ကပိုက်ဆံနဲ့သွားဝယ်လာတာလဲ…”

“ အစ်မက ဘာတွေစိတ်ပူနေတာလဲ… အလုပ်ရတာနဲ့ ပသားဖိုးပေးမယ်ဆိုပြီးဝယ်လာတာမို့ စိတ်သန့်သန့်နဲ့သာစား..ဟုတ်ပြီလား”

ဖိုးခွေးက မိုးရေစိုနေတဲ့ဆံပင်တွေကို လက်နဲ့ခါထုတ်လိုက်ပြီးပြန်ထွက်ဖို့အလုပ်…

“ နင်ဘယ်သွားမလို့လဲ… “

“ ခုနကလမ်းမှာ ကိုကြီးမောင်စိန်တို့နဲ့တွေ့တော့ ဟိုဘက်ရွာမှာအလုပ်ရှိတယ်ဆိုလို့ လိုက်သွားဦးမယ်… “

“ အေးအေး … မိုးလဲအရမ်းမပေးထိနဲ့ ဖျားနေဦးမယ်”

အစ်မဖြစ်သူစကားကြောင့် ဖိုးခွေးက ခြေလှမ်းကျဲကြီးတွေနဲ့ ရွာထဲဘက်ကိုထွက်သွားခဲ့တယ်။
+++++++

ဒီနှစ်က ဝါထပ်တဲ့နှစ်ဖြစ်လို့ မိုးတွေက သဲကြီးမဲကြီးရွာချနေတဲ့အတွက် မဲဇလီချောင်းအတွင်းမှာ တောင်ပေါ်ကနေ မျောလာတဲ့သစ်လုံးတွေက အဖွေးသားဖြစ်နေခဲ့တယ်။ သစ်ပိုင်ရှင်တွေအနေနဲ့ ချောင်းရိုးတစ်လျောက်မျောနေတဲ့သစ်လုံးတွေကိုပြန်ရဖို့ အလုပ်သမားတွေလိုက်ရှာရာကနေ ဖိုးခွေးတို့အလုပ်ရခဲ့တယ်။

သစ်လုံးတွေက များတာကြောင့် ပါလာတဲ့သူတွေ နေ့မနား ညမနားပဲ ကမ်းပေါ်ဆယ်တင်ခဲ့တာ သုံးရက်လောက်ကြာတော့ ချောင်းရိုးထဲမှာ သစ်လုံးတွေမရှိသလောက်ဖြစ်သွားခဲ့တယ်။

ဖိုးခွေးတို့လဲ လုပ်အားခမြိုးမြိုးမျက်မျက်ရတဲ့အပြင် အပြန်မုန့်ဖိုးတွေရလိုက်လို့ ပါလာတဲ့သူတွေအားလုံး အူမြူးနေခဲ့ကြတယ်။
++++++++++++

ဖိုးခွေးရွာကိုပြန်ရောက်တော့ အိမ်ရှေ့နားမှာ လူတွေစုပြုံတိုးဝှေ့နေတာကိုမြင်ပြီး သွားကြည့်ရာ နှီးတွေနဲ့တွဲထားတဲ့ အသားတွေကို သူ့ထက်ငါအလုအယက်ဝယ်နေကြတဲ့ ရွာသားတွေကိုမြင်လိုက်ရတယ်။ အဲဒီဘေးမှာ ပိုက်ဆံအနွမ်းလေးကိုလက်မှာကိုင်ပြီးရပ်နေတဲ့ အစ်မဖြစ်သူက ဖိုးခွေးကိုမြင်တော့

“ မောင်လေး နင်ပြန်ရောက်လာပြီလား… ငါ့ကိုအဲဒီအသားတွဲ အကြွေးရောင်းပေးစမ်းပါလို့ ပြောပေးပါဟာ..”

“ အစ်မ နင်ဘယ်လိုဖြစ်ပြီး အကြွေးတွေဘာတွေဝယ်ဖို့ပြောနေတာလဲ… အရင်ကတော့ အကြွေးယူရမှာ သေမလောက်ရှက်တယ်ဆို”

“ အရင်ကတော့ ရှက်တာပေါ့ဟ.. ဟိုနေ့က နင်ဝယ်လာပေးတဲ့ ပြောင်သားက တကယ်စားလို့ကောင်းတာ၊ ဒီနေ့လဲ ဖိုးသားတို့အဖွဲ့က ပြောင်ပေါက်တစ်ကောင်ရလာလို့ ဖျက်ပြီးရောင်းနေတာ … “

“ အေးလေ သူ့ဘာသာရောင်းပစေပေါ့… အရင်ကယူထားတဲ့အကြွေးတောင်မဆပ်ရသေးတာကို ဘာလို့အကြွေးထပ်ယူမှာလဲ”

“ လုပ်ပါ မောင်လေးရယ်… နင်အလုပ်လုပ်ခဲ့တာ ပိုက်ဆံတွေတော့ရလာမှာပေါ့ … ငါ့ကို အသားတစ်တွဲဝယ်ကျွေးစမ်းပါ”

အစ်မဖြစ်သူရဲ့ အပြုအမူအပြောအဆိုတွေက အရင်ကနဲ့မတူတာကိုသတိထားမိတဲ့ ဖိုးခွေးက အိတ်ထဲမှာပါလာတဲ့ငွေအချို့ကိုထုတ်ပေးပြီး

“ ဒီတစ်ခါစားပြီးရင် တော်ပီနော်… ငါရတဲ့ပိုက်ဆံက တစ်မိုးလုံးထိုင်စားလို့မရဘူး… ဒါကြောင့် ချွေတာမှရမယ်”

“ အေးပါ ငါ့ကိုပိုက်ဆံသာအရင်ပေးစမ်းပါ”

အစ်မဖြစ်သူက ဖိုးခွေးလက်ထဲကိုင်ထားတဲ့ ပိုက်ဆံကိုဆတ်ခနဲဆွဲလုပြီး လူတွေကြားထဲတိုးဝင်သွားခဲ့တယ်။

“ ဒီနေ့ အသားကုန်ပြီ… ဘာမှမရှိတော့ဘူး… မနက်ဖြန် ကျုပ်တို့တောတက်ပြီး ရအောင်ရှာလာခဲ့ပေးမယ်လို့ကတိပေးတယ်”

အာဘောင်အာရင်းသန်သန်နဲ့ပြောနေတဲ့ သားဖိုးအသံကြောင့် အစ်မဖြစ်သူပြန်ထွက်လာပြီး

“ ငါကိုက ကံမကောင်းတာ… အဲဒါနင်စောစောပြန်မလာလို့ “

“ ဟာ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ … အလုပ်ကနေပြန်လာတဲ့မောင်ကို ပင်ပန်းလားတစ်ခွန်းမပေးတဲ့အပြင် အပြစ်ပါလာတင်နေတယ်”

ဖိုးခွေးက အစ်မဖြစ်သူကို ဘုကြည့်ကြည့်ပြီး အသားထည့်ထားတဲ့လင်ဗန်းတွေကိုသိမ်းနေတဲ့ သားဖိုးရှိရာကိုထွက်လာခဲ့လိုက်တယ်။

“ ရော့ ဟိုနေ့က ငါယူထားတဲ့ အသားဖိုးပြန်ဆပ်တာ”

“ ရပါတယ်သူငယ်ချင်းရာ… မင်းအဆင်ပြေမှပေး”

“ ယူလိုက်ကွာ… ငါကအကြွေးရှိရင်နေတတ်တဲ့ကောင်မဟုတ်ဘူး”

ဖိုးခွေးက ပိုက်ဆံကို သားဖိုးလက်ထဲထည့်ပြီးပြန်အထွက်

“ ဖိုးခွေး မင်းပိုက်ဆံကလိုနေသေးတယ်”

“ ဟမ် ဟိုနေ့က မင်းဆီ အသားတစ်တွဲပဲယူတာလေ”

“ မဟုတ်ဘူးကွ မင်းမရှိတဲ့ရက်တွေမှာ အစ်မခိုင် ယူထားတဲ့အကြွေးတွေရှိသေးတယ်”

“ ဘာ… ငါ့အစ်မက မင်းဆီကနေ ငွေချေးထားတာလား”

“ ငွေချေးတာတော့မဟုတ်ပါဘူး … အသားဖိုးအကြွေးယူထားလို့ပါ”

သားဖိုးစကားကြောင့် ဖိုးခွေး သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ ငါဘယ်လောက်ထပ်ပေးရမလဲ”

“ တစ်ဆယ်ပဲပေးကွာ ငါလျော့ပေးလိုက်ပါမယ်”

“ရော့ ဒီမှာ ပိုက်ဆံ…နောက်တစ်ခါ ငါမရှိပဲ အကြွေးလာယူရင်မပေးလိုက်နဲ့ဦး”

ဖိုးခွေးက ပိုက်ဆံကမ်းပေးပြီး အိမ်ထဲဝင်လာတဲ့အချိန် လှေကားဘေးမှာ ငုတ်တုတ်ထိုင်ပြီး မျက်နှာမသာမယာဖြစ်နေတဲ့ အစ်မဖြစ်သူကိုမြင်လိုက်ရတယ်။

“ အစ်မ ငါဗိုက်ဆာတယ်… တစ်ခုခုဝယ်ပြီးချက်ပေးဦး”

“ ပိုက်ဆံမပေးပဲ ငါက ဘာကိုချက်ရမှာလဲ… အလကားကောင် ငါစားချင်တာကျတော့ ရအောင်မဝယ်ပေးနိုင်ဘူး”

အစ်မဖြစ်သူစကားကြောင့် ဖိုးခွေး ဒေါသထောင်းခနဲထွက်သွားပြီး

“ ငါက နင့်ကို ပိုက်ဆံမပေးပဲချက်ခိုင်းနေလို့လား… ဒီမှာပိုက်ဆံ ရော့… ငါမရှိတဲ့ သုံးရက်မှာ အတော်ပြောင်းလဲသွားတယ်နော်… သွေးရိုးသားရိုးမှဟုတ်ရဲ့လား”

“ ဘာကိုပြောင်းလဲရမှာ.. အခုနင်ဘာစားမလဲ ငါသွားဝယ်ပေးမယ်”

“ အဆင်ပြေတာဝယ်ခဲ့ ငါက ရတာအကုန်စားတတ်တယ်”

အဲဒီနေ့က အစ်မဖြစ်သူဖြစ်နေတဲ့ပုံစံကိုမြင်ပြီး ဖိုးခွေးတစ်ယောက် စိတ်ထဲမသိုးမသန့်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ နောက်နှစ်ရက်လောက်ကြာတော့ သားဖိုးတို့အဖွဲ့ပြန်ရောက်လာပြီး အသားတွေရောင်းကြပြန်ရော။ တစ်ရွာလုံးကလဲ သားဖိုးတို့လာပြီဟေ့ဆိုရင် ခဏလေးနဲ့ကုန်အောင် အားပေးခဲ့ကြတယ်။ အချို့ဆိုရင် အိမ်မှာရှိတဲ့ ပစ္စည်းတွေကိုတောင်ပေါင်နှံရောင်းချပြီး ဝယ်ယူနေတာကိုမြင်တော့ ဖိုးခွေးတစ်ယောက် ရှိတဲ့ပိုက်ဆံနဲ့ အသားတစ်တွဲဝယ်လာခဲ့လိုက်တယ်။ စိတ်ထဲမှာတော့ ဒီအသားကဘယ်လောက်များစားကောင်းလဲဆိုပြီးတွေးနေခဲ့တယ်။

နေ့လည်ရောက်တော့ အစ်မဖြစ်သူချက်ပေးတဲ့ အသားကိုစားကြည့်လိုက်ရာ လျာအကြောပေါင်းတစ်ထောင်စိမ့်သွားတဲ့အပြင် စားဖူးတဲ့အခြားအသားတွေနဲ့မတူတဲ့အရသာကိုသတိထားမိသွားခဲ့တယ်။ အဲဒီနေ့ကစပြီး သားဖိုးတို့ အမဲရပီဟေ့ဆိုရင် ဖိုးခွေးကရှေ့ဆုံးကနေဦးအောင် နေရာယူကာ ဝယ်ယူဖြစ်ခဲ့တယ်။

ဒီလိုနဲ့ တစ်လလောက်ကြာတော့ လက်ထဲရှိတဲ့ပိုက်ဆံတွေ ကုန်လာပြီး စားသောက်ဖို့အခက်အခဲဖြစ်တဲ့ အခြေအနေကိုရောက်လာခဲ့တယ်။ ဒါလဲ အသားရတယ်ဆိုတာနဲ့ အိမ်မှာရှိတဲ့ပစ္စည်းတွေကိုပေါင်နှံရောင်းချပြီးစားသောက်ခဲ့ကြတဲ့အထိကိုဆိုးရွားလာခဲ့တဲ့အပြင် စကားအပြောအဆို အမူအယာတွေကအစ ကြမ်းတမ်းလာခဲ့ကြတယ်။

သားဖိုးတို့အဖွဲ့ကလဲ အခုတစ်လော သားကောင်မရတဲ့အတွက် စျေးမရောင်းနိုင်ဖြစ်နေတာကို တစ်ရွာလုံးမကျေမနပ်ဖြစ်နေခဲ့တဲ့အပြင် အချို့ဆိုရင် အသားမရှာပေးရင်သတ်မယ်ဖြတ်မယ်ဆိုတဲ့အထိ ကြမ်းလာခဲ့တယ်။
++++++++

“ အူဝူးးးးးး….”

စွဲစွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြောင့် အိပ်နေတဲ့ ဖိုးခွေးတစ်ယောက် ငုတ်တုတ်ထထိုင်လိုက်ပြီး ဘေးမှာရှိတဲ့ ဆေးလိပ်တိုကိုယူကာ အိမ်ရှေ့ကိုထွက်လာခဲ့တယ်။

လရောင်ကမှိန်ပြပြကျနေတဲ့အတွက် လမ်းတစ်လျောက်မှာရှိတဲ့အရာဝတ္တုတွေကိုကောင်းစွာမြင်နေတဲ့အချိန် ရွာလမ်းမကြီးပေါ်မှာ မဲမဲအကောင်ကြီးတစ်ကောင် ကုန်းကုန်းကွကွနဲ့ လျောက်သွားနေတာကိုမြင်လိုက်ရတယ်။

“ ဟင်…ဘာကောင်လဲဟ… “

ဆေးလိပ်တိုကိုမီးညှိပြီး အိမ်အောက်ကိုဆင်းဖို့အလုပ် မဲမဲအကောင်ကြီးက မျက်စောင်းထိုးမှာရှိတဲ့ ဦးကျော်မြင့်တို့အိမ်ထဲကို ပြေးဝင်သွားခဲ့တယ်။ ခဏကြာတော့ အိမ်ပေါ်ကနေ ကြောက်လန့်တစ်ကြားအော်ဟစ်သံနဲ့အတူ ဦးကျော်မြင့်ရဲ့ သမီးဖြစ်သူပြေးဆင်းလာာကိုမြင်လိုက်ရတယ်။

“ အေးကြည်မ ဘာဖြစ်တာလဲ…. ဟမ်”

ဖြစ်စဉ်ကိုအစအဆုံးမြင်နေရတဲ့ ဖိုးခွေးက အိမ်ပေါ်ကနေဆင်းပြေးပြီးသွားကြည့်လိုက်ရာ မျက်ဖြူလန်ပြီး သတိလစ်နေတဲ့ ဦးကျော်မြင့်ကိုမြင်လိုက်ရတယ်။

“ ဦးကျော်မြင့် သတိထားဦးလေ… ဦးကျော်မြင့်”

ဖိုးခွေးက သတိလစ်နေတဲ့ ဦးကျော်မြင့် ပခုံးကိုလှုပ်ပြီး နှိုးနေတဲ့အချိန်

“ အဟီးအဟီး ဟက်ဟက်… နင်တို့တစ်ရွာလုံးမကြာခင်သေရတော့မယ်… “ ဆိုတဲ့အသံကြားလို့ကြည့်လိုက်ရာ အေးကြည်မက ဇက်ကြီးစောင်းပြီး သွားရည်တစ်မြားမြားကျကာ အော်ရယ်နေခဲ့တယ်။

“ လာကြပါဦး…. ဒီမှာ ဘာဖြစ်တာလဲ.. မသိ…”

အသံမဆုံးခင်မှာပဲ သတိလစ်နေတဲ့ ဦးကျော်မြင့်ရဲ့မျက်လုံးတွေရုတ်တရက်ပွင့်လာပြီး သန်မာတဲ့လက်အစုံက ဖိုးခွေးရဲ့လည်ပင်းတွေလို ပြုတ်တူတစ်ချောင်းလိုလာညှစ်တာခံလိုက်ရတယ်။

“ အစ်.. အစ်… ဦး…ကျော်မြင့်… ကျုပ်..ကျုပ် ဖိုးခွေးလေ”

အသံက လည်ချောင်းထဲကနေ ထင်သလောက်မထွက်လာတဲ့အပြင် လည်ပင်းညှစ်ထားတဲ့ ဒဏ်ကြောင့် မျက်လုံးတွေပြာဝေလာခဲ့တယ်။

“ အဟီးအဟီး အဟက်အဟက် နင်တို့ရွာက မကြာခင် သုသာန်တစ်စပြင်လိုဖြစ်တော့မယ်… ငါတို့အပေါင်းအပါတွေက နင်တို့ရဲ့သွေးစိမ်းရှင်ရှင်တွေကိုသောက်ဖို့ စောင့်နေကြပြီ… သေကြစမ်း သေကြစမ်း…”

ဖိုးခွေး နားထဲမှာ ခြောက်ကပ်ကပ် အက်ကွဲကွဲအသံက ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေတဲ့အချိန် အိမ်ပေါ်ကို လူအချို့ပြေးတက်လာတဲ့ ခြေသံတွေအပြင် ကြောက်လန့်တစ်ကြားအော်ဟစ်ငိုယိုသံအချို့ကိုကြားပြီး မျက်လုံးကအမှောင်ကျသွားခဲ့တယ်။
+++++

“ ဖိုးခွေး သတိရလာပြီလား…”

အသံကနီးလာလိုက် ဝေးသွားလိုက်ဖြစ်နေတဲ့အတွက် ရှိသမျှအားတွေကိုစုစည်းကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကိုဝန်းရံထားတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။

“ ဟင် အရီးလှသန်း… အရီးကသေသွားပြီမဟုတ်လား”

“ ငါကသေသွားတာ တစ်လလောက်ရှိပြီဆိုတာသိတယ်မဟုတ်လား… ဒါနဲ့ ဒီဘက်ကလူကိုရောသိလား…”

“ သိတယ်လေ … ကိုဘလှ မဟုတ်လား.. ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သွေးအန်ပြီးဆုံးတာလေ”

“ အဟီးအဟီး ဟက်ဟက် နင်က သိတယ်ပေါ့… ဘယ်လိုလဲ ငါတို့အသားတွေကို စားသောက်ရတာ အဆင်ပြေရဲ့လား”

ဖိုးခွေးလဲ ဘေးမှာရပ်ကြည့်နေတဲ့လူတွေရဲ့မျက်နှာကိုကြည့်လိုက်ရာ အသားတွေတစ်ဖြေးဖြေးအက်ကွဲလာပြီး အပုတ်ရေတွေတစ်တောက်တောက်ကျဆင်းလာသလို အသားတွေပဲ့ကြွေကျလာခဲ့တယ်။

တစ်သက်နဲ့ တစ်ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့မြင်ကွင်းကြောင့် ကြောက်သေးတွေပါထွက်ကျလာပြီး ထပြေးဖို့ကြိုးစားလိုက်ပေမယ့် ခြေထောက်နှစ်ဖက်က ကော်နဲ့ကပ်ထားသလို လှုပ််မရဖြစ်နေခဲ့တယ်။ အဲဒီအချိန် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့လူတွေက သူတို့အသားတွေကို အတုံးလိုက်ဖဲ့ပြီး ဖိုးခွေးပါးစပ်ထဲ အတင်းထိုးထည့်မယ့်အချိန် အလွန်တောက်ပလွန်းတဲ့ အဖြူရောင်အလင်းတန်းတစ်ခုက အရှေ့ဘက်ကနေထွက်ပေါ်လာခဲ့တယ်။

အလင်းရောင်ကစူးရှတဲ့အတွက် ဖိုးခွေးတစ်ယောက် မျက်စိကိုလက်နဲ့ကွယ်ပြီး ကြည့်လိုက်ရာ ပုတီးစိပ်ကိုလက်မှာကိုင်ထားတဲ့လူတစ်ယောက်က ဘေးမှာရှိနေတဲ့သူတွေကို စူးစိုက်ကြည့်နေခဲ့တာကိုမြင်လိုက်ရတယ်။

ရုပ်ပျက်ဆင်းပျက်နဲ့အော်ဂလီဆန်ချင်စရာကောင်းတဲ့သူတွေကတော့ အလင်းတန်းနဲ့အတူပေါ်လာတဲ့သူကိုမြင်ရော ဝူးဝူးဝါးဝါးအော်ဟစ်ပြီး ခြေဦးတည့်ရာထွက်ပြေးကြပါလေရော။ အဲဒီအချိန်ရောက်မှ ဖိုးခွေးရဲ့ခြေထောက်တွေ လှုပ်ရှားလာပြီး ထပြေးဖို့လုပ်တဲ့အချိန် ..

“ ဖိုးခွေး… သတိထားစမ်း… ငါတို့ပြောတာကြားလား” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
ဒီအသံက သူ့အစ်မအသံဆိုတာ သိတဲ့ဖိုးခွေးက အားကိုးတစ်ကြီးမျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ဘေးမှာယပ်ခပ်ပေးနေတဲ့ အစ်မဖြစ်သူကိုမြင်လိုက်ရတယ်။

“ အစ်မ ငါဘယ်လိုဖြစ်သွားတာလဲ…”

“ ဦးကျော်မြင့်တို့သားအဖ အပမှီပြီး နင့်ကိုလည်ပင်းထညှစ်တာလေ… မသေကောင်း မပျောက်ကောင်း ငါ့မောင်ရယ်”

“ အခုသူတို့ဘယ်လိုဖြစ်သွားပြီလဲ…”

“ အပမှီနေတဲ့အချိန် အိမ်ရှေ့ကို လူစိမ်းသုံးယောက်ရောက်လာပြီး တစ်ချက်ပဲဟိန်းဟောက်လိုက်တာ ဦးကျော်မြင့်တို့သားအဖ ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်၊ အဲဒီဆရာတွေက တကယ်စွမ်းတာ”

“ အစ်မပြောတဲ့ ဆရာတွေက ဝတ်ဖြူစင်ကြယ်တွေဝတ်ထားကြတာလား”

“ ဟင် နင်ကဘယ်လိုသိတာလဲ…”

“ သူတို့ဘယ်မှာလဲ ငါသွားတွေ့မှဖြစ်မယ်… “

“ နင်က ခုပဲသတိရတာလေ… ဘယ်လိုသွားမှာလဲ”

“ ပြောသာပြောစမ်းပါဗျာ…အဲဒီဆရာတွေ အခုဘယ်အိမ်မှာလဲ”

ဖိုးခွေးရဲ့စိတ်မရှည်တဲ့လေသံကြောင့် အစ်မဖြစ်သူက ကြောက်အမ်းအမ်းနဲ့

“ ဦးကျော်မြင့်တို့အိမ်မှာရှိဦးမယ်ထင်တယ်..”လို့ပြောလိုက်တော့ လှဲနေတဲ့ဖိုးခွေး ကမန်းကတမ်းထပြီး ဦးကျော်မြင့်တို့အိမ်ရှိရာဘက်ကိုထွက်သွားခဲ့တယ်။ ဟိုရောက်တော့ ပိတ်ဖြူဝတ်ထားတဲ့လူက ဦးကျော်မြင့်တို့သားအဖကို ရေတွေနဲ့ဝိုင်းထားတဲ့စည်းထဲထည့်ထားတာကိုမြင်လိုက်ရတယ်။

အဲဒီအချိန် ပိတ်ဖြူဝတ်ထားတဲ့လူက ထိုင်နေရာကနေ ထရပ်လိုက်ပြီး

“ တစ်ရွာလုံး မစားသင့်တဲ့အရာကို စားထားတဲ့အတွက် မိမိတို့ကိုယ်မှာစောင့်နေတဲ့ ကိုယ်စောင့်နတ်တွေအားလုံး သင်တို့ကိုကျိန်ဆဲပြီးထွက်သွားကြပြီ၊ ဒါကြောင့် ဘုန်းကံမရှိတဲ့သင်တို့ခန္ဓာကိုယ်ထဲကို နာနာဘာဝတွေက စိတ်ကြိုက်ဝင်ထွက်ပြီး တစ်ရွာလုံးကိုဒုက္ခပေးဖို့ကြံနေတာပဲ”လို့ပြောလိုက်တော့ လူအုပ်ထဲကနေ ဆူညံတဲ့အသံတွေထွက်လာခဲ့တယ်။

“ ပေါက်ကရတွေပြောမနေနဲ့ ကျုပ်တို့က မစားသင့်တဲ့ဘယ်အရာကိုများစားထားလို့လဲ… ဒီသားအဖ ပယောဂဝင်ပူးတာနဲ့ တစ်ရွာလုံးကိုသိမ်းကြုံးပြောစရာမလိုဘူးထင်တယ်”

“ ဟုတ်တယ် ဒါ ကျုပ်တို့ကို တမင်တကာ စော်ကားလိုက်တာပဲ”

ရွာခံလူတွေက လူစိမ်းသုံးယောက်ကို မနှစ်မြို့တဲ့အသံနဲ့ပြောတာကြားတော့ ဖိုးခွေးမနေသာတော့ပဲ

“ ဒီကဆရာတွေပြောတာဖြစ်နိုင်တယ်… ခင်ဗျားတို့စဉ်းစားကြည့်ဗျာ၊ ဒီလိုမိုးတွင်းကာလကြီးမှာ သားဖိုးတို့အနေနဲ့ နှစ်ရက် သုံးရက်တစ်ခါအမဲရဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား” လို့ထပြောတော့ သားဖိုးတို့ဘက်မှာရှိတဲ့ ရွာခံတွေနဲ့ စကားအချေအတင်ဖြစ်ခဲ့ရတယ်။

အဲဒီလိုအချေအတင်ဖြစ်တာမြင်တော့ ပိတ်ဖြူဝတ်ထားတဲ့ လူသုံးယောက်က ဆတ်ခနဲမတ်တပ်ထရပ်လိုက်ပြီး ရွာအပြင်ဘက်ကိုထွက်သွားခဲ့တယ်။ ဖိုးခွေးလဲ ထွက်သွားတဲ့ လူသုံးယောက်နောက်ကို လိုက်လာခဲ့ရာ ရွာအပြင် လယ်စောင့်တဲနားရောက်တော့ လူသုံးယောက်ရဲ့ကျောပြင်ကိုလှမ်းမြင်လိုက်ရတယ်။

ဖိုးခွေးအနောက်ကနေ လိုက်လာတာကိုသိတဲ့ လူသုံးယောက်က အရှေ့ကိုဆက်မသွားတော့ပဲရပ်လိုက်ပြီး

“ ဘာကိစ္စကြောင့် ကျုပ်တို့နောက်ကိုလိုက်လာတာလဲ”

“ ခုနက ဆရာတို့ပြောတာ သဘာဝကျတယ်… ဒါကြောင့် လိုက်လာခဲ့တာ၊ နောက်တစ်ခုသိချင်တာက ကျွန်တော်အိမ်မက်ထဲမှာတွေ့ခဲ့တဲ့ ပိတ်ဖြူဝတ်ပုဂ္ဂိုလ်က ဆရာတို့များလား”

ဖိုးခွေးစကားကိုကြားတော့ ဆံပင်ကိုသပ်တင်ပြီး စည်းထားတဲ့လူက တည်ကြည်တဲ့လေသံနဲ့
“ ကျုပ်တို့ဒီရွာကနေဖြတ်သွားတော့ နတ်ကောင်းနတ်မြတ်တွေက စိတ်ဆိုးမာန်ဆိုးနဲ့ ကျိန်ဆဲနေတာကိုမြင်လိုက်ရတယ်။ဒါကြောင့် ဘာလို့ကျိန်ဆဲနေရတာလဲဆိုတာကိုမေးကြည့်တော့မှ ရွာသားတွေအကုန်လုံး ဇာတ်တူသားကိုနှစ်ခြိုက်စွာစားသုံးနေကြတယ်ဆိုတာသိခဲ့ရတယ်”

“ ဗျာ ကျွန်တော်တို့က ဇာတ်တူသားစားတယ် ဟုတ်လားဆရာ… ဒါဆို သားဖိုးတို့ရောင်းနေတဲ့အသားတွေက လူသားတွေလား”

ဖိုးခွေးစကားကို ပိတ်ဖြူဝတ်ထားတဲ့လူက ခေါင်းဆတ်ပြပြီး ဟုတ်မှန်ကြောင်းပြောလိုက်တာနဲ့တစ်ပြိုက်နက် ရင်ဘတ်ထဲကနေပျို့တက်လာပြီး တဝေါ့ဝေါ့နဲ့ထိုးအန်ပါလေရော။ အတန်ကြာအောင် အန်ပြီးချိန်မှာတော့ တစ်ကိုယ်လုံးပျော့ခွေသွားပြီး မတ်တပ်ရပ်မရတဲ့အခြေအနေဖြစ်သွားခဲ့တယ်။

“ ရော့ ဒီဆေးလုံးကိုသောက်လိုက်ပါ..” ဆိုတဲ့အသံကြောင့် ကြည့်လိုက်ရာ ပဲနီလေးစေ့သာသာလောက်ရှိတဲ့ အနီရောင်အလုံးတစ်လုံးကိုမြင်လိုက်ရတယ်။

ဖိုးခွေးလဲ ကမ်းပေးတဲ့ဆေးကို တုန်ယင်နေတဲ့လက်နဲ့ယူလိုက်ပြီး စားလိုက်ရာ စက္ကန့်ပိုင်းအတွင်း ခန္ဓာကိုယ်တစ်ခုလုံးအားအင်တွေပြန်လည်ပြည့်ဖြိုးလာတာကိုသတိထားမိခဲ့တယ်။

“ ဘယ်လိုလဲ … နေရထိုင်ရတာ သက်သာရဲ့လား”

“ သက်သာပါတယ်ဆရာ… တစ်ကိုယ်လုံးအားတွေပြည့်လာသလိုလဲခံစားရတယ်… ဟို .. ဒါနဲ့လေ ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆရာ… အခုဆိုရင် တစ်ရွာလုံးမှာရှိတဲ့ လူတွေက လူသားကိုမှမစားရရင် ရူးသွားမယ့်ထိဖြစ်နေကြတယ်။ အချို့ဆို နောက်နှစ်ပွဲစျေးလိုက်ဖို့ဖယ်ထားတဲ့ ငွေတွေအပြင် အိမ်အသုံးအဆောင်ပစ္စည်းတွေကိုပါထုခွဲရောင်းချပြီး ဒီအသားကို စားနေကြတာ”

“ ဒီတိုင်းဆက်သွားနေရင် လာမည့်လအတွင်း တစ်ရွာလုံးကို နာနာဘာဝတွေဝင်ပူးပြီး သတ်ဖြတ်သွားကြလိမ့်မယ်။ အဲဒီဖြစ်ရပ်ကိုတားဆီးဖို့တစ်ခုထဲသော နည်းလမ်းကတော့ ရောင်းနေတဲ့သူတွေကို တားဆီးဖို့ပဲ”

“ ကျွန်တော် ကူညီမယ်ဆရာ… ဘယ်လိုလုပ်ရမယ်ဆိုတာကိုသာပြောပါ”

“ အချိန်တန်ရင်ဘာလုပ်ရမယ်ဆိုတာ ပြောပြပါမယ် … လောလောဆယ် ဟောဒီ ဆရာနှစ်ယောက်က မင်းကို သန့်ရှင်းအောင်ကူညီပေးကြလိမ့်မယ်”

ပိတ်ဖြူဝတ်လူရဲ့စကားအဆုံးမှာ ဖော်ရွေပြီး သွက်လက်တဲ့ဟန်ပေါက်တဲ့ လူနှစ်ယောက်က ဖိုးခွေးလက်ကိုဆွဲပြီး ခေါ်ထုတ်သွားခဲ့တယ်။

ရွာအပြင်လူရှင်းတဲ့နေရာကိုရောက်တော့ ဖိုးခွေးကို ဆောင့်ကြောင့်ထိုင်ခိုင်းပြီး မီးရှို့ထားတဲ့ပြာအချို့ကိုသောက်ခိုင်းခဲ့တယ်။

“ ဒီပြာတွေကို သောက်ရမှာလား ဆရာ”

“ ဟုတ်တယ် .. ဒီပြာတွေကိုသောက်မှ မင်းကိုယ်ထဲမှာ ခိုအောင်းနေတဲ့ အငွေ့အသက်တွေ အညှီအဟောက်တွေထွက်သွားမှာ… ဒါတွေက မင်းအတွက်ပဲမို့ ယုံကြည်စွာသောက်လိုက်ပါ”

ဖိုးခွေးလဲ ဆရာနှစ်ယောက်စကားကြောင့် လက်ပေါ်တင်ထားတဲ့ ပြာတွေကိုလျာနဲ့ယက်ပြီးမြိုချလိုက်ရာ မကြာခင်ဝမ်းဗိုက်အတွင်း ရစ်လာပြီး ရှိသမျှ ဒွါရအပေါက်တွေထဲကနေ အလွန်ကိုညှီဟောက်နံစော်နေတဲ့ အရည်တွေထွက်ကျလာခဲ့တယ်။

“ တောက်ရ … မင်းက ရေမန်းတစ်ခွက် အသင့်ပြင်ထား … သူသတိပြန်ရတာနဲ့ ခေါင်းကနေခြေဖျားအထိ ရေမန်းနဲ့ တောက်ချပေး”

ဖိုးခွေးနားထဲမှာ စကားပြောနေတဲ့အသံတွေက ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေခဲ့တယ်။ အချိန်ဘယ်လောက်ကြာသွားတယ်မသိဘူး သတိရလာလို့ ကြည့်လိုက်တော့ တစ်ကိုယ်လုံးနံစော်နေတဲ့ အရည်တွေပေကျံနေတာကိုသတိထားမိခဲ့တယ်။

“ သတိရလာပီလား… အခုကစပြီး မင်းကိုယ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တွေမရှိတော့ဘူး၊ လောလောဆယ် ဟိုးနားကချောင်းစပ်မှာ ရေချိုးသန့်စင်ပြီး ပြန်လာခဲ့ပါ… ဒီမှာ မင်းဝတ်ဖို့အဝတ်အစား”

ဖိုးခွေးလဲဆရာနှစ်ယောက်ကမ်းပေးတဲ့ အဝတ်အစားကို လှမ်းယူပြီး ချောင်းထဲကိုဆင်းကာ ကိုယ်လက်သန့်စင်လိုက်တယ်။ ပြီးတော့မှအဝတ်အစားလဲကာ တက်လာခဲ့လိုက်တယ်။ အပေါ်ကိုရောက်တော့ ပိတ်ဖြူဝတ်ထားတဲ့လူက

“ မင်းကိုယ်မှာရှိတဲ့အညစ်အကြေးတွေကုန်စင်သွားပြီဖြစ်လို့ … စိတ်ထဲသံသယရှင်းစွာနေလို့ရပါပြီ”

“ ဒါဆို ကျွန်တော်ဘာဆက်လုပ်ရမလဲ… ဆရာတို့ခိုင်းတဲ့အတိုင်း သေချာလုပ်မယ်လို့ကတိပေးပါတယ်”

“ ဒါဆိုရင် မင်းအနေနဲ့ ရွာထဲပြန်သွားပြီး လူသေအသားရောင်းတဲ့အဖွဲ့ကိုစောင့်ကြည့်နေပါ၊ သူတို့ရဲ့လှုပ်ရှားမှုတစ်ခုခုကိုတွေ့တာနဲ့ ကျုပ်တို့ဆီကို လာခဲ့”

ဖိုးခွေးလဲ ဝတ်ဖြူစင်ကြယ်နဲ့လူတွေပြောတဲ့အတိုင်း စောင့်ကြည့်ဖို့ရွာထဲကိုပြန်ဝင်လာခဲ့တယ်။

ဒီလိုနဲ့သုံးရက်မြောက်နေ့လဲရောက်ရော မနက်အရုဏ်မတက်ခင်အချိန် လူအချို့တီးတိုးပြောသံနဲ့အတူ ခြေသံသဲ့သဲ့ကိုကြားလိုက်ရတယ်။ ဖိုးခွေးလဲ အခြေအနေကိုအကဲခတ်ဖို့ ထရံပေါက်ကနေချောင်းကြည့်လိုက်ရာ ပေါက်တူးတွေ တူရွင်းတွေကိုကိုင်ပြီး အမှောင်ထုထဲကိုဝင်သွားတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။ မကြာခင် ဖိုးသားက ထမင်းထုပ်နဲ့ဒူးလေးကိုကိုင်ပြီး ဆင်းလာတာကိုမြင်လိုက်ရတယ်။

ဖိုးခွေးလဲ အခြေအနေထူးပီမို့ အိမ်ပေါ်ကနေချက်ချင်းဆင်းကာ ရွာအပြင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ ရွာပြင်ကိုရောက်တော့ မီးရောင်မှိန်မှိန်ထွန်းထားတဲ့ ဇရပ်ပေါ်မှာ င်္စကြန်လျောက်နေတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။

“ အခြေအနေတော့ထူးပြီဆရာ… ဟိုကောင်တွေကိုတားမှရမယ်ထင်တယ်”

ဖိုးခွေးစကားကိုကြားတော့ ဥပဓိရုပ်ကောင်းကောင်းနဲ့လူက ဇရပ်အောက်ကိုဆင်းလာပြီး

“ ဤနယ်တစ်ကြောမှာရှိတဲ့ သုသာန်တစ်စပြင်တွေကို အပိုင်စားရထားတဲ့ မဖဲဝါကို ကျုပ်အမိန့်နဲ့ဆင့်ခေါ်လိုက်တယ်။ မဆိုင်းမတွအမြန် လာရောက်စေ” လို့ပြောကာ လက်ကိုနောက်ပစ်ပြီးရပ်နေတဲ့အချိန် မဲနက်နေတဲ့ခေါင်းတလားကိုခေါင်းပေါ်ရွက်ပြီး ထဘီရင်လျားထားတဲ့ မိန်းမတစ်ယောက် ကျောပေးတဲ့အနေအထားနဲ့ပေါ်လာခဲ့တယ်။

“ အသင်က သင်္ချိုင်းတွေကိုအပိုင်စားရထားတဲ့ မဖဲဝါ ဟုတ်ပါသလား”

အာဏာသံမပါပဲ တည်ငြိမ်စွာပြောလိုက်တဲ့စကားအဆုံးမှာ ဆံပင်ဖားလျားချထားတဲ့ မိန်းမကြီးက လက်တစ်ဆစ်လောက်ရှည်လျားနေတဲ့ လက်သည်းတွေနဲ့ အခေါင်းပျဉ်ကို တစ်ဖျစ်ဖျစ်ကုတ်ရင်း ဟုတ်မှန်ကြောင်း ခေါင်းညိမ့်ပြခဲ့တယ်။

“ ကောင်းပြီ သင်က မဖဲဝါအစစ်ဆိုရင် သင့်ပိုင်တဲ့နေရာက လူသေလောင်းတွေကို ခိုးယူရောင်းချနေတဲ့ ဖြစ်စဉ်ကို ဘယ်လိုကြောင့်မသိရတာလဲ”

ဖိုးခွေးလဲ သူ့မျက်စိရှေ့မှာမြင်နေတဲ့မိန်းမဟာ သင်္ချိုင်းစောင့်မဖဲဝါဆိုတာလဲသိရော ခြေတွေလက်တွေတုန်လာပြီး

“ သူ သူ က မဖဲဝါဆိုတာလား…”

“ ဟုတ်တယ် … သူက သင်္ချိုင်းမှန်သမျှကို အပိုင်စားရထားတဲ့ ပုဂ္ဂိုလ်ပဲ.. မင်းအနေနဲ့ အခုချက်ချင်းရွာထဲကိုဝင်ပြီး အိမ်တံခါးကို အသေပိတ်ထားပါ၊ အိမ်ထဲမှာရှိတဲ့ တုတ်တွေ၊ ဓါးတွေကိုလဲ အပြင်ကိုပစ်ထုတ်ထားပါ၊ ဘာသံကြားကြား ယောင်လို့တောင် ထွက်မကြည့်မိစေနဲ့”

“ ဟုတ်ကဲ့ပါဆရာ … ကျွန်တော်အခုချက်ချင်း လုပ်ထားလိုက်ပါမယ်”

ဖိုးခွေး ကတိုက်ကရိုက် ရွာထဲဝင်သွားချိန်မှာတော့ အခေါင်းရွက်ထားတဲ့ မဖဲဝါက သင်္ချိုင်းရှိတဲ့ဘက်ကို လက်ညိုးထိုးပြီး ကြောက်မက်ဖွယ်အသံနဲ့အော်လိုက်ရာ ကျွဲတစ်ကောင်နီးပါးရှိတဲ့ ခွေးနက်က ခါးစောင်းဘေးမှာ ရုတ်တရက်ပေါ်လာခဲ့တယ်။

“ သင် အစောင့်ချထားတဲ့သူ မလာနိုင်ပုံထောက်ရင် သူတို့ဘက်မှာလဲ ပညာတတ်တဲ့သူအချို့ပါမယ်ထင်တယ်၊ ယခုကိစ္စဟာ သင်နဲ့သက်ဆိုင်တဲ့အတွက် သင်ကိုယ်တိုင် သွားရောက်ဆုံးမပေးပါ… တစ်ခုရှိတာက သင့်ကို အသက်သေတဲ့ထိ ဆုံးမဖို့ပြောတာမဟုတ်လို့ ထိတ်လန့်ရုံလောက်ပဲ လုပ်ပါ”

ပိတ်ဖြူဝတ်လူရဲ့စကားအဆုံးမှာ မဖဲဝါက ထဘီကိုစွန်တောင်စွဲကာ ခြေလှမ်းကျဲကြီးတွေနဲ့ သင်္ချိုင်းရှိရာဘက်ကိုထွက်သွားခဲ့တယ်။

“ ဆရာ ကျွန်တော်တို့က ရွာဘက်ကိုသွားရမယ်ထင်တယ်.. အခုချိန်လောက်ဆို နာနာဘာဝတွေတစ်ရွာလုံးပြည့်နေလောက်ပြီ”

“ ဟုတ်တယ် သက်ခိုင် … သူတို့က ရွာသားတွေရဲ့ကိုယ်ထဲဝင်ပူးပြီး အချင်းချင်းသွေးထွက်သံယိုဖြစ်အောင် လုပ်မှာဆိုတော့ ငါတို့အချိန်မှီမရောက်ရင် လူတွေဒုက္ခရောက်ကြတော့မယ်”

မကြာခင် ရွာဘက်ကိုထွက်သွားကြတဲ့ လူသုံးယောက်ရဲ့ခြေသံတွေက တိတ်ဆိတ်နေတဲ့ အရုဏ်တက်ချိန်အတွင်း ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။
+++++++

မီးအိမ်အလင်းရောင်မှိန်ပြပြထွက်နေတဲ့ သင်္ချိုင်းမြေတစ်နေရာမှာတော့ လူအချို့ ချွေးသံတရဲရဲနဲ့ အလုပ်ရှုပ်နေခဲ့တယ်။

“ သားဖိုး မင်းပြောတော့ ဒီအလောင်းက လွန်ခဲ့တဲ့ရင်ကပဲမြုပ်ထားတာဆို”

“ ဟုတ်ပါတယ်ဗျာ ကျုပ်ကိုယ်တိုင် အသုဘပို့ရင်း မယောင်မလည်နဲ့ကြည့်ခဲ့တာဗျ”

“ ငါတို့တူးနေတာ လူတစ်ရပ်ရှိတော့မယ် အခုထိ အခေါင်းကိုမတွေ့ရသေးဘူး”

ပေါက်တူးကိုင်ထားတဲ့ လူက သားဖိုးကို မယုံတဲ့မျက်နှာနဲ့ကြည့်ရင်း မြေကြီးကို စွပ်ခနဲမြည်အောင် တူးချလိုက်တယ်။

“ ဒုတ် ဒုတ် ဒုတ်”

တူရွင်းနဲ့ အခေါင်းထိတဲ့အသံကြောင့် အုတ်ဂူပေါ်မှာထိုင်နေတဲ့ သားဖိုးမျက်နှာ ဝင်းလက်သွားပြီး

“ မြန်မြန်ဖော်ကြပါဟ… ခဏနေ နေထွက်တော့မယ်… ဒီတစ်ခါ ရောင်းပီးရင် ရွာကနေအစဖျောက်ဖို့ အကုန်စီစဉ်ထားပြီးသားနော် သေချာလုပ်ကြ” လို့ပြောလိုက်တော့ မျက်နှာမှာ ကျောက်ပေါက်မာတွေအပြည့်ဖြစ်နေတဲ့ လူကြီးက ကွမ်းသွေးတွေကြောင့် နီရဲနေတဲ့ သွားတွေပေါ်အောင် ရယ်လိုက်ပြီး

“ အဆင်ပြေမှာပါကွာ… သိပ်လဲမလောပါနဲ့.. ကဲကဲ ဖော်လိုက်ကြတော့”

“ ဆရာကြီး အခေါင်းကအရမ်းလေးတယ်… တစ်ယောက်ယောက်လာကူပါဦး”

မြေကြီးထဲနစ်နေတဲ့အခေါင်းကိုဆွဲထုတ်နေတဲ့ လူရဲ့စကားကြောင့် သားဖိုးမနေသာတော့ပဲ ကျင်းထဲဆင်းကာ ခေ့င်းတလားကိုမလိုက်တဲ့အချိန် အထဲမှာရှိတဲ့ လူသေကောင်က ငါးရံ့တစ်ကောင်လို လူးလွန့်လာတာကိုသတိထားမိလိုက်တယ်။

“ နင့်မေကလွှား အထဲမှာ ဘာရှိနေတာလဲ … အခေါင်းက လှုပ်နေတယ် လုပ်ကြပါဦး”

သားဖိုးရဲ့ကြောက်လန့်တစ်ကြားအော်သံအဆုံးမှာ အခေါင်းပျဉ်မှာရိုက်ထားတဲ့ သံတွေ ပြုတ်ထွက်လာပြီး ဖြူဖျော့နေတဲ့လက်တစ်ဖက် တိုးထွက်လာခဲ့တယ်။

“ ဖယ်စမ်း…. အနှောက်အယှက်တော့ဝင်ပြီထင်တယ်..”

ကျောက်ပေါက်မာအပြည့်နဲ့လူက ဝါးနေတဲ့ကွမ်းကို ပျစ်ခနဲမြည်အောင်ထွေးထုတ်ပြီး လွယ်အိတ်ထဲအသင့်ပါလာတဲ့ ချည်မန်းကြိုးကို အခေါင်းပေါ်ပတ်ချလိုက်တော့မှ ငြိမ်သွားခဲ့တယ်။

သားဖိုးတို့လဲ အဲဒီတော့မှ အခေါင်းကိုမြေကြီးပေါ်ပင့်တင်ပြီး အထဲကအလောင်းကိုထုတ်ဖို့ အဖုံးကိုဖွင့်လိုက်ရာ အထဲမှာ မျက်လုံးပြူပြီး ရယ်ပြနေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ အမလေး သရဲ သရဲ…”

နဂိုထဲကကြောက်စိတ်မွှန်နေတဲ့ သားဖိုးက အခေါင်းကိုပစ်ချပြီးထွက်ပြေးဖို့အလုပ် ဖြူဖျော့နေတဲ့ လက်တစ်ဖက်က အင်္ကျီစကိုမလွှတ်တမ်းဆွဲထားပြီး ငုတ်တုတ်ထိုင်ကာ တစ်ဟက်ဟက်နဲ့ရယ်ပါလေရော။

“ ငမိုက်သားတွေ နင်တို့ကရာရာစစ ငါတပည့်ကိုချုပ်နှောင်ပြီး ငါ့ကိုစော်ကားရဲတယ်ပေါ့လေ… ဟက်ဟက် “

ပက်လက်လှန်နေတဲ့ အလောင်းကောင်ကြီးက ဆန့်ဆန့်ကြီးထရပ်လာတာမြင်တော့ အလောင်းတူးနေတဲ့သူတွေအားလုံး ငယ်သံပါအောင် အော်ပြီးထွက်ပြေးကြပါလေရော။

အဲဒီအချိန် ခြောက်ကပ်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့ မိန်းမတစ်ယောက်ရဲ့ရယ်သံက နောက်ကျောဘက်ကနေ အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။

+++++++

“ အသားစိမ်း ကျွေးပါ…. ငါတို့ကိုအသားစိမ်းကျွေးပါ”

ရွာလမ်းမတစ်လျောက်မှာတော့ နာနာဘာဝတွေရဲ့ ဝင်ရောက်ပူးကပ်ခြင်းခံထားရတဲ့ လူတွေရဲ့ အော်သံတွေက ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။

ဖိုးခွေးကတော့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း အိမ်တံခါးမကြီးကိုသေချာပိတ်ကာ အစ်မဖြစ်သူနဲ့ အိမ်ထဲမှာထိုင်နေတဲ့အချိန်

“ အဟီး အဟီး ဂစ် ဂစ် ဂစ်” ဆိုတဲ့အသံကြားလို့ကြည့်လိုက်ရာ အိမ်ထောင့်မှာထိုင်နေတဲ့အစ်မဖြစ်သူက ဇာက်ကြီးစောင်းကာ လေးဘက်ထောက်အနေအထားနဲ့ အိမ်ပေါ်ကနေ ခုန်ဆင်းဖို့လုပ်နေတာမြင်လိုက်ရတယ်။

ဖိုးခွေးလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန် ကြေးစည်တီးသံတစ်ချက်ကိုကြားလိုက်ရတယ်။ ကြေးစည်သံကြားတာနဲ့ ဝင်ပူးနေတဲ့သူတွေအားလုံး တုန်တုန်ရီရီဖြစ်လာပြီး ရွာထဲဘက်ကိုဝင်ပြေးဖို့ကြိုးစားပါလေရော။

အဲဒီအချိန် ရွာအရှေ့ဘက်ကနေ ရတနာသုတ်ကို နှုတ်တိုက်ရွတ်ဆိုပြီး ကြေးစည်တီးကာတက်လာတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။ ခြေလှမ်းတိုင်းမှာတော့ စနစ်တကျရေးဆွဲထားတဲ့ အပနှင်အင်းကို တစ်ရွက်စီချကာ ပူးကပ်နေတဲ့သူတွေကို စုစည်းစေခဲ့တယ်။ ဒီလိုနဲ့ ရွာထဲမှာရှိတဲ့ နာနာဘာဝတွေအပြင် ပူးကပ်နေတဲ့သူတွေအားလုံး ကြေးစည်သံကြားတာနဲ့ မြေကြီးပေါ်လူးလိမ့်ကာအော်ဟစ်နေခဲ့ကြတယ်။

ပိတ်ဖြူဝတ်ထားတဲ့ လူကတော့ လမ်းဘေးမှာပေါက်နေတဲ့ သပြေတစ်ခက်ကိုဆွဲနှုတ်ကာ အပနှင်အင်းကိုရေနဲ့ဖျော်ပြီး တစ်ယောက်ချင်းစီပုတ်လိုက်တော့မှ ဝင်ပူးနေတဲ့ နာနာဘာဝတွေအားလုံးထွက်ခွါသွားခဲ့တယ်။

အဲဒီအချိန် သင်္ချိိုင်းဘက်ကနေ ငယ်သံပါအောင်အော်ပြီးပြေးလာတဲ့ သားဖိုးတို့က ရွာထိပ်ကိုရောက်တာနဲ့ အမောဖေဖာက်ကာ လဲကျသတိလစ်သွားခဲ့တယ်။ ဒီတစ်ခါမှာတော့ ဖိုးခွေးက သူ့အကွက်ထဲဝင်ပြီမို့ သတိလစ်နေတဲ့ သားဖိုးတို့အဖွဲ့ကို လျော်ကြိုးတွေနဲ့တုပ်ပြီးဖမ်းထားတဲ့အချိန် တစ်ရွာလုံးမှာရှိတဲ့သူတွေအားလုံး တဝေ့ါဝေါ့နဲ့ထိုးအန်တဲ့အသံကိုကြားလိုက်ရတယ်။

“ ဒါရေမန်းနဲ့ထိလို့ အန်ထွက်ကုန်တာပဲ… တော်ပါသေးရဲ့ ဆရာတွေရောက်လာကြလို့… နောက်ဆို ဘာဆက်ဖြစ်မလဲမသိဘူး”

ဖိုးခွေးက တစ်ယောက်ထဲ တီးတိုးရေရွတ်ရင်း ဖမ်းထားတဲ့သားဖိုးတို့အဖွဲ့အရှေ့မှာရပ်လိုက်ပြီး ခြေထောက်နဲ့ကန်နှိုးကာ

“ မင်းတို့အဖွဲ့ ငါတို့ရွာအပေါ်မှာ ဘာတွေလုပ်ထားတယ်ဆိုတာ အမှန်တိုင်းပြော…. မပြောဘူးဆိုရင် မင်းတို့တစ်ဖွဲ့လုံးကို ငါကိုယ်တိုင်သတ်မှာနော်” လို့ ပေါက်တူးကိုဝင့်ကာပြောလိုက်တာကြောင့် သားဖိုးက သက်ပြင်းတစ်ချက်ချပြီး

“ လွန်ခဲ့တဲ့ ၃လလောက်က တောစပ်မှာ အမဲလိုက်ရင်း ဆတ်တစ်ကောင်ရခဲ့တယ်။ ဒါကို ရွာထဲမှာရောင်းမယ်လို့ကြေညာလိုက်တော့ အချို့လူတွေက ပိုက်ဆံတွေကြိုပေးခဲ့ကြတယ်။ ငါလဲ ရတဲ့အမဲကို ချောင်းရိုးမှာဖျက်နေတုန်း ရုတ်တရက်ရေစီးကြမ်းလာတဲ့အတွက် အမဲတွေရေနဲ့ပါသွားခဲ့တာ။ ဒါကြောင့် စိတ်ညစ်ညစ်နဲ့ ရွာကိုပြန်လာတဲ့အချိန် င်္သချိုင်းထဲမှာခွေးအတွေစားထားလို့ ကျန်နေတဲ့ လူသေပေါင်တစ်ဖက်ကိုမြင်လိုက်ရတယ်။ အဲဒါနဲ့ ငါလဲ ကြံရာမရဖြစ်ပြီး လူသေပေါင်ကို အမဲဆိုပြီး လိမ်ရောင်းခဲ့မိတာပါ၊ နောက်တော့ ငါလဲ လောဘတက်လာပြီး မကြံကောင်မစည်ရာတွေ ကြံခဲ့မိတာ တစ်ရွာလုံးကို တောင်းပန်ပါတယ်”

သားဖိုးစကားကြောင့် ရွာသားတွေအားလုံး ထိုးအန်တဲ့သူအန်၊ တောက်ခတ်တဲ့သူခတ်နဲ့ ဒေါသတွေထွက်ခဲ့ကြတယ်။ အဲဒီအချိန် ဖိုးခွေးက မပြောမဆိုနဲ့ သားဖိုးရဲ့မျက်နှာကို လည်ထွက်သွားအောင်ပြေးကန်ရင်း

“ မင်းတို့ကြောင့် တစ်ရွာလုံး ဒုက္ခရောက်ဖို့ နည်းနည်းပဲလိုတော့တယ်… ငါ့စိတ်နဲ့ငါဆို မင်းကိုသတ်ပြီးနေပြီ…”

“ ဟုတ်တယ် ဒီကောင်တွေကို ရွာထဲက မောင်းထုတ်လိုက် … မဟုတ်ဘူး ကြံရာပါတွေအားလုံးကိုသတ်ပစ်”

ရွာသားတွေရဲ့ ဒေါသတစ်ကြီး အော်ဟစ်သံတွေကြောင့် သားဖိုးတို့လူစုလဲ ကြောက်လန့်ပြီး ချွေးစေးတွေပြန်လာခဲ့တယ်။အဲဒီအချိန် ပိတ်ဖြူဝတ်ထားတဲ့ လူသုံးယောက်က အလယ်မှာဝင်ရပ်ပြီး

“ ဒေါသကို ထိန်းပြီး သင့်တော်သလို စီစဉ်ကြပါ… သင်တို့ရွာအနေနဲ့ မစားသင့်တဲ့အသားကိုစားမိခဲ့ကြတဲ့အတွက် တစ်ရွာလုံးမှာ ရှိတဲ့အိမ်တိုင်း ပဌာန်းတရားတော်ကို ခုနှစ်ရက်တိတိရွတ်ဖတ်ရလိမ့်မယ်။ ဒါမှသာ အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်၊ ရွာစောင့်နတ်တွေပြန်ရောက်လာပြီး အရင်လို စည်ကားပြီးအေးချမ်းတဲ့ ရွာတစ်ရွာဖြစ်လာမယ်” လို့ပြောပြီး ဖိုးခွေးပခုံးကိုပုတ်ကာ ရွာအပြင်ကိုပြန်ထွက်သွားခဲ့တယ်။

ဖိုးခွေးကတော့ ထွက်သွားတဲ့ ဆရာတွေအနောက်ကိုပြေးလိုက်ဖို့ကြည့်လိုက်ရာ လူသုံးယောက်က မျက်စိအောက်မှာတင် ရုတ်တရက်ပျောက်ကွယ်သွားတာကိုမြင်လိုက်ရတယ်။

ဒီကိစ္စတွေဖြစ်ပြီး သုံးလလောက်အကြာမှာတော့ မြေနုကျွန်းရွာဘက်မှာ ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုပေါ်ပေါ်လာခဲ့တယ်။ ဒါကတော့ ရေတွင်းတူးရင်းထွက်လာတဲ့ လက်ကောက်တစ်ကွင်းကို ယူဝတ်မိတဲ့သူတွေကြုံတွေ့ရတဲ့ ချောက်ချားဖွယ်ဖြစ်ရပ်အကြောင်းကိုတော့ အောင်မြတ်သာနှင့် မရဏလက်ကောက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္ဇာတ္တူသားစား႐ြာသားမ်ား”(စ/ဆုံး)
——————————————————————————-
စာေရးဆရာ -ေဇယန(ရာမည)

ေႏြရာသီကုန္ဆုံးလို႔ မိုးရာသီအတြင္းဝင္လာခဲ့တဲ့အတြက္ ဆယ့္ႏွစ္ရာသီပြဲေစ်းလိုက္တဲ့သူေတြအေနနဲ႔ မိမိတို႔အရပ္ေဒသျဖစ္တဲ့ ဆတ္ေသ႐ြာကို တစ္ဖြဲဖြဲျပန္လည္ေရာက္ရွိလာခဲ့ၾကတယ္။

ဒီလိုအခ်ိန္ကာလကေတာ့ ဆယ့္ႏွစ္ရာသီပြဲေစ်းသမားေတြအဖို႔ ဝင္ေငြအနည္းဆုံးကာလေတြျဖစ္ခဲ့သလို စားဝတ္ေနေရးအခက္အခဲေတြအၾကပ္တည္းဆုံးကာလလဲျဖစ္ခဲ့ၾကတယ္။

ဒီႏွစ္မိုးကလဲ ခါတိုင္းထက္ပိုမ်ားတာမို႔ ဆတ္ေသ႐ြာမွာရွိတဲ့႐ြာသားေတြအေနနဲ႔ ရွိတာေတြကိုထုခြဲေရာင္းခ်စားေသာက္ကာ မိုးကုန္မယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနခဲ့ၾကတယ္။

“ ဖိုးေခြး…. ဟဲ့ အေကာင္ ဖိုးေခြး”

“ ဘာလဲ အစ္မရာ… ဒီမွာ အိပ္ေကာင္းေနတုန္းရွိေသး”

“ဘာရမလဲ … ဒီေန႔ စားဖို႔ဆန္လဲမရွိေတာ့ဘူး.. ငါလဲ မိုးလင္းထဲက ရသေလာက္ႀကံဖန္ေနတာ အဆင္ကိုမေျပဘူး ဟင္းးး”

အညာေစာင္တစ္ပတ္ႏြမ္းေလးကိုၿခဳံၿပီးအိပ္ေနတဲ့ဖိုးေခြးတစ္ေယာက္ သူ႔ေဘးနားမွာတစ္တြတ္တြတ္႐ြတ္ေနတဲ့ အစ္မျဖစ္သူစကားေၾကာင့္ ရႈပ္ပြေနတဲ့ဆံပင္အုံႀကီးကို လက္နဲ႔ထိုးဖြလိုက္ၿပီး

“ ဒီေလာက္မိုးေတြေကာင္းေနတာ ကြၽန္ေတာ္ဘယ္လိုလုပ္ေပးရမလဲ… အစ္မေျပာခ်င္ရင္ တစ္ပတ္လုံး တစ္ရက္မွမနားပဲ႐ြာေနတဲ့ မိုးကိုပဲေျပာဗ်ာ”

“ ဒီေကာင္ေတာ့ စကားတတ္တိုင္း ေလ်ာက္ေျပာေနျပန္ပီ… နင္သာ ဆင္ေျခေတြေပးေနတာ … ေျခရင္းအိမ္က သားဖိုးဆိုရင္ မနက္အေစာႀကီး ေတာေကာင္ရလို႔ ႐ြာထဲပတ္ေရာင္းေနတာ ကုန္လုကုန္ခင္ျဖစ္ေနၿပီဟဲ့”

“ သူ႔ဘာသာေရာင္းတာ ကြၽန္ေတာ္နဲ႔ ဘာဆိုင္လို႔လဲ… “

“ ေမာင္ေလးတစ္ေယာက္ရွိပါတယ္.. အားမကိုးရတဲ့အျပင္ ငါကပဲရွာေကြၽးေနရတာ ၾကာလာေတာ့ နင့္ကိုအေတာ္စိတ္ကုန္လာၿပီ”

အစ္မျဖစ္သူစကားေၾကာင့္ ျပန္အိပ္မလို႔လုပ္ေနတဲ့ ဖိုးေခြးက ဝုန္းခနဲထထိုင္လိုက္ၿပီး

“ ဘာလဲ အသားဟင္း စားခ်င္လို႔ နားလာၿငီးေနတာလား..”

“ အဲလိုေတာ့လဲမဟုတ္ပါဘူး… ငါကဒီတိုင္းေျပာျပတာပါ”

အစ္မျဖစ္သူစကားေၾကာင့္ ဖိုးေခြး လုံခ်ည္ကိုျပင္ဝတ္လိုက္ၿပီး အိမ္ေရွ႕မွာခ်ိတ္ထားတဲ့ ဝါးခေမာက္ကိုေဆာင္းကာ မိုးေရထဲထြက္သြားခဲ့တယ္။

အတန္ၾကာေတာ့ အသားတြဲတစ္တြဲကိုလက္မွာကိုင္ကာ ျပန္ေရာက္လာၿပီး

“ ေရာ့ … စားခ်င္ေနတဲ့ အသား စိတ္တိုင္းက်ခ်က္စားေပေတာ့..”

“ နင္က ဘယ္ကပိုက္ဆံနဲ႔သြားဝယ္လာတာလဲ…”

“ အစ္မက ဘာေတြစိတ္ပူေနတာလဲ… အလုပ္ရတာနဲ႔ ပသားဖိုးေပးမယ္ဆိုၿပီးဝယ္လာတာမို႔ စိတ္သန္႔သန္႔နဲ႔သာစား..ဟုတ္ၿပီလား”

ဖိုးေခြးက မိုးေရစိုေနတဲ့ဆံပင္ေတြကို လက္နဲ႔ခါထုတ္လိုက္ၿပီးျပန္ထြက္ဖို႔အလုပ္…

“ နင္ဘယ္သြားမလို႔လဲ… “

“ ခုနကလမ္းမွာ ကိုႀကီးေမာင္စိန္တို႔နဲ႔ေတြ႕ေတာ့ ဟိုဘက္႐ြာမွာအလုပ္ရွိတယ္ဆိုလို႔ လိုက္သြားဦးမယ္… “

“ ေအးေအး … မိုးလဲအရမ္းမေပးထိနဲ႔ ဖ်ားေနဦးမယ္”

အစ္မျဖစ္သူစကားေၾကာင့္ ဖိုးေခြးက ေျခလွမ္းက်ဲႀကီးေတြနဲ႔ ႐ြာထဲဘက္ကိုထြက္သြားခဲ့တယ္။
+++++++

ဒီႏွစ္က ဝါထပ္တဲ့ႏွစ္ျဖစ္လို႔ မိုးေတြက သဲႀကီးမဲႀကီး႐ြာခ်ေနတဲ့အတြက္ မဲဇလီေခ်ာင္းအတြင္းမွာ ေတာင္ေပၚကေန ေမ်ာလာတဲ့သစ္လုံးေတြက အေဖြးသားျဖစ္ေနခဲ့တယ္။ သစ္ပိုင္ရွင္ေတြအေနနဲ႔ ေခ်ာင္း႐ိုးတစ္ေလ်ာက္ေမ်ာေနတဲ့သစ္လုံးေတြကိုျပန္ရဖို႔ အလုပ္သမားေတြလိုက္ရွာရာကေန ဖိုးေခြးတို႔အလုပ္ရခဲ့တယ္။

သစ္လုံးေတြက မ်ားတာေၾကာင့္ ပါလာတဲ့သူေတြ ေန႔မနား ညမနားပဲ ကမ္းေပၚဆယ္တင္ခဲ့တာ သုံးရက္ေလာက္ၾကာေတာ့ ေခ်ာင္း႐ိုးထဲမွာ သစ္လုံးေတြမရွိသေလာက္ျဖစ္သြားခဲ့တယ္။

ဖိုးေခြးတို႔လဲ လုပ္အားခၿမိဳးၿမိဳးမ်က္မ်က္ရတဲ့အျပင္ အျပန္မုန္႔ဖိုးေတြရလိုက္လို႔ ပါလာတဲ့သူေတြအားလုံး အူျမဴးေနခဲ့ၾကတယ္။
++++++++++++

ဖိုးေခြး႐ြာကိုျပန္ေရာက္ေတာ့ အိမ္ေရွ႕နားမွာ လူေတြစုၿပဳံတိုးေဝွ႔ေနတာကိုျမင္ၿပီး သြားၾကည့္ရာ ႏွီးေတြနဲ႔တြဲထားတဲ့ အသားေတြကို သူ႔ထက္ငါအလုအယက္ဝယ္ေနၾကတဲ့ ႐ြာသားေတြကိုျမင္လိုက္ရတယ္။ အဲဒီေဘးမွာ ပိုက္ဆံအႏြမ္းေလးကိုလက္မွာကိုင္ၿပီးရပ္ေနတဲ့ အစ္မျဖစ္သူက ဖိုးေခြးကိုျမင္ေတာ့

“ ေမာင္ေလး နင္ျပန္ေရာက္လာၿပီလား… ငါ့ကိုအဲဒီအသားတြဲ အေႂကြးေရာင္းေပးစမ္းပါလို႔ ေျပာေပးပါဟာ..”

“ အစ္မ နင္ဘယ္လိုျဖစ္ၿပီး အေႂကြးေတြဘာေတြဝယ္ဖို႔ေျပာေနတာလဲ… အရင္ကေတာ့ အေႂကြးယူရမွာ ေသမေလာက္ရွက္တယ္ဆို”

“ အရင္ကေတာ့ ရွက္တာေပါ့ဟ.. ဟိုေန႔က နင္ဝယ္လာေပးတဲ့ ေျပာင္သားက တကယ္စားလို႔ေကာင္းတာ၊ ဒီေန႔လဲ ဖိုးသားတို႔အဖြဲ႕က ေျပာင္ေပါက္တစ္ေကာင္ရလာလို႔ ဖ်က္ၿပီးေရာင္းေနတာ … “

“ ေအးေလ သူ႔ဘာသာေရာင္းပေစေပါ့… အရင္ကယူထားတဲ့အေႂကြးေတာင္မဆပ္ရေသးတာကို ဘာလို႔အေႂကြးထပ္ယူမွာလဲ”

“ လုပ္ပါ ေမာင္ေလးရယ္… နင္အလုပ္လုပ္ခဲ့တာ ပိုက္ဆံေတြေတာ့ရလာမွာေပါ့ … ငါ့ကို အသားတစ္တြဲဝယ္ေကြၽးစမ္းပါ”

အစ္မျဖစ္သူရဲ႕ အျပဳအမူအေျပာအဆိုေတြက အရင္ကနဲ႔မတူတာကိုသတိထားမိတဲ့ ဖိုးေခြးက အိတ္ထဲမွာပါလာတဲ့ေငြအခ်ိဳ႕ကိုထုတ္ေပးၿပီး

“ ဒီတစ္ခါစားၿပီးရင္ ေတာ္ပီေနာ္… ငါရတဲ့ပိုက္ဆံက တစ္မိုးလုံးထိုင္စားလို႔မရဘူး… ဒါေၾကာင့္ ေခြၽတာမွရမယ္”

“ ေအးပါ ငါ့ကိုပိုက္ဆံသာအရင္ေပးစမ္းပါ”

အစ္မျဖစ္သူက ဖိုးေခြးလက္ထဲကိုင္ထားတဲ့ ပိုက္ဆံကိုဆတ္ခနဲဆြဲလုၿပီး လူေတြၾကားထဲတိုးဝင္သြားခဲ့တယ္။

“ ဒီေန႔ အသားကုန္ၿပီ… ဘာမွမရွိေတာ့ဘူး… မနက္ျဖန္ က်ဳပ္တို႔ေတာတက္ၿပီး ရေအာင္ရွာလာခဲ့ေပးမယ္လို႔ကတိေပးတယ္”

အာေဘာင္အာရင္းသန္သန္နဲ႔ေျပာေနတဲ့ သားဖိုးအသံေၾကာင့္ အစ္မျဖစ္သူျပန္ထြက္လာၿပီး

“ ငါကိုက ကံမေကာင္းတာ… အဲဒါနင္ေစာေစာျပန္မလာလို႔ “

“ ဟာ ကြၽန္ေတာ္နဲ႔ဘာဆိုင္လို႔လဲ … အလုပ္ကေနျပန္လာတဲ့ေမာင္ကို ပင္ပန္းလားတစ္ခြန္းမေပးတဲ့အျပင္ အျပစ္ပါလာတင္ေနတယ္”

ဖိုးေခြးက အစ္မျဖစ္သူကို ဘုၾကည့္ၾကည့္ၿပီး အသားထည့္ထားတဲ့လင္ဗန္းေတြကိုသိမ္းေနတဲ့ သားဖိုးရွိရာကိုထြက္လာခဲ့လိုက္တယ္။

“ ေရာ့ ဟိုေန႔က ငါယူထားတဲ့ အသားဖိုးျပန္ဆပ္တာ”

“ ရပါတယ္သူငယ္ခ်င္းရာ… မင္းအဆင္ေျပမွေပး”

“ ယူလိုက္ကြာ… ငါကအေႂကြးရွိရင္ေနတတ္တဲ့ေကာင္မဟုတ္ဘူး”

ဖိုးေခြးက ပိုက္ဆံကို သားဖိုးလက္ထဲထည့္ၿပီးျပန္အထြက္

“ ဖိုးေခြး မင္းပိုက္ဆံကလိုေနေသးတယ္”

“ ဟမ္ ဟိုေန႔က မင္းဆီ အသားတစ္တြဲပဲယူတာေလ”

“ မဟုတ္ဘူးကြ မင္းမရွိတဲ့ရက္ေတြမွာ အစ္မခိုင္ ယူထားတဲ့အေႂကြးေတြရွိေသးတယ္”

“ ဘာ… ငါ့အစ္မက မင္းဆီကေန ေငြေခ်းထားတာလား”

“ ေငြေခ်းတာေတာ့မဟုတ္ပါဘူး … အသားဖိုးအေႂကြးယူထားလို႔ပါ”

သားဖိုးစကားေၾကာင့္ ဖိုးေခြး သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး

“ ငါဘယ္ေလာက္ထပ္ေပးရမလဲ”

“ တစ္ဆယ္ပဲေပးကြာ ငါေလ်ာ့ေပးလိုက္ပါမယ္”

“ေရာ့ ဒီမွာ ပိုက္ဆံ…ေနာက္တစ္ခါ ငါမရွိပဲ အေႂကြးလာယူရင္မေပးလိုက္နဲ႔ဦး”

ဖိုးေခြးက ပိုက္ဆံကမ္းေပးၿပီး အိမ္ထဲဝင္လာတဲ့အခ်ိန္ ေလွကားေဘးမွာ ငုတ္တုတ္ထိုင္ၿပီး မ်က္ႏွာမသာမယာျဖစ္ေနတဲ့ အစ္မျဖစ္သူကိုျမင္လိုက္ရတယ္။

“ အစ္မ ငါဗိုက္ဆာတယ္… တစ္ခုခုဝယ္ၿပီးခ်က္ေပးဦး”

“ ပိုက္ဆံမေပးပဲ ငါက ဘာကိုခ်က္ရမွာလဲ… အလကားေကာင္ ငါစားခ်င္တာက်ေတာ့ ရေအာင္မဝယ္ေပးႏိုင္ဘူး”

အစ္မျဖစ္သူစကားေၾကာင့္ ဖိုးေခြး ေဒါသေထာင္းခနဲထြက္သြားၿပီး

“ ငါက နင့္ကို ပိုက္ဆံမေပးပဲခ်က္ခိုင္းေနလို႔လား… ဒီမွာပိုက္ဆံ ေရာ့… ငါမရွိတဲ့ သုံးရက္မွာ အေတာ္ေျပာင္းလဲသြားတယ္ေနာ္… ေသြး႐ိုးသား႐ိုးမွဟုတ္ရဲ႕လား”

“ ဘာကိုေျပာင္းလဲရမွာ.. အခုနင္ဘာစားမလဲ ငါသြားဝယ္ေပးမယ္”

“ အဆင္ေျပတာဝယ္ခဲ့ ငါက ရတာအကုန္စားတတ္တယ္”

အဲဒီေန႔က အစ္မျဖစ္သူျဖစ္ေနတဲ့ပုံစံကိုျမင္ၿပီး ဖိုးေခြးတစ္ေယာက္ စိတ္ထဲမသိုးမသန္႔ျဖစ္ခဲ့တယ္။ ဒီလိုနဲ႔ ေနာက္ႏွစ္ရက္ေလာက္ၾကာေတာ့ သားဖိုးတို႔အဖြဲ႕ျပန္ေရာက္လာၿပီး အသားေတြေရာင္းၾကျပန္ေရာ။ တစ္႐ြာလုံးကလဲ သားဖိုးတို႔လာၿပီေဟ့ဆိုရင္ ခဏေလးနဲ႔ကုန္ေအာင္ အားေပးခဲ့ၾကတယ္။ အခ်ိဳ႕ဆိုရင္ အိမ္မွာရွိတဲ့ ပစၥည္းေတြကိုေတာင္ေပါင္ႏွံေရာင္းခ်ၿပီး ဝယ္ယူေနတာကိုျမင္ေတာ့ ဖိုးေခြးတစ္ေယာက္ ရွိတဲ့ပိုက္ဆံနဲ႔ အသားတစ္တြဲဝယ္လာခဲ့လိုက္တယ္။ စိတ္ထဲမွာေတာ့ ဒီအသားကဘယ္ေလာက္မ်ားစားေကာင္းလဲဆိုၿပီးေတြးေနခဲ့တယ္။

ေန႔လည္ေရာက္ေတာ့ အစ္မျဖစ္သူခ်က္ေပးတဲ့ အသားကိုစားၾကည့္လိုက္ရာ လ်ာအေၾကာေပါင္းတစ္ေထာင္စိမ့္သြားတဲ့အျပင္ စားဖူးတဲ့အျခားအသားေတြနဲ႔မတူတဲ့အရသာကိုသတိထားမိသြားခဲ့တယ္။ အဲဒီေန႔ကစၿပီး သားဖိုးတို႔ အမဲရပီေဟ့ဆိုရင္ ဖိုးေခြးကေရွ႕ဆုံးကေနဦးေအာင္ ေနရာယူကာ ဝယ္ယူျဖစ္ခဲ့တယ္။

ဒီလိုနဲ႔ တစ္လေလာက္ၾကာေတာ့ လက္ထဲရွိတဲ့ပိုက္ဆံေတြ ကုန္လာၿပီး စားေသာက္ဖို႔အခက္အခဲျဖစ္တဲ့ အေျခအေနကိုေရာက္လာခဲ့တယ္။ ဒါလဲ အသားရတယ္ဆိုတာနဲ႔ အိမ္မွာရွိတဲ့ပစၥည္းေတြကိုေပါင္ႏွံေရာင္းခ်ၿပီးစားေသာက္ခဲ့ၾကတဲ့အထိကိုဆိုး႐ြားလာခဲ့တဲ့အျပင္ စကားအေျပာအဆို အမူအယာေတြကအစ ၾကမ္းတမ္းလာခဲ့ၾကတယ္။

သားဖိုးတို႔အဖြဲ႕ကလဲ အခုတစ္ေလာ သားေကာင္မရတဲ့အတြက္ ေစ်းမေရာင္းႏိုင္ျဖစ္ေနတာကို တစ္႐ြာလုံးမေက်မနပ္ျဖစ္ေနခဲ့တဲ့အျပင္ အခ်ိဳ႕ဆိုရင္ အသားမရွာေပးရင္သတ္မယ္ျဖတ္မယ္ဆိုတဲ့အထိ ၾကမ္းလာခဲ့တယ္။
++++++++

“ အူဝူးးးးးး….”

စြဲစြဲငင္ငင္အူလိုက္တဲ့ ေခြးအူသံေၾကာင့္ အိပ္ေနတဲ့ ဖိုးေခြးတစ္ေယာက္ ငုတ္တုတ္ထထိုင္လိုက္ၿပီး ေဘးမွာရွိတဲ့ ေဆးလိပ္တိုကိုယူကာ အိမ္ေရွ႕ကိုထြက္လာခဲ့တယ္။

လေရာင္ကမွိန္ျပျပက်ေနတဲ့အတြက္ လမ္းတစ္ေလ်ာက္မွာရွိတဲ့အရာဝတၱဳေတြကိုေကာင္းစြာျမင္ေနတဲ့အခ်ိန္ ႐ြာလမ္းမႀကီးေပၚမွာ မဲမဲအေကာင္ႀကီးတစ္ေကာင္ ကုန္းကုန္းကြကြနဲ႔ ေလ်ာက္သြားေနတာကိုျမင္လိုက္ရတယ္။

“ ဟင္…ဘာေကာင္လဲဟ… “

ေဆးလိပ္တိုကိုမီးညႇိၿပီး အိမ္ေအာက္ကိုဆင္းဖို႔အလုပ္ မဲမဲအေကာင္ႀကီးက မ်က္ေစာင္းထိုးမွာရွိတဲ့ ဦးေက်ာ္ျမင့္တို႔အိမ္ထဲကို ေျပးဝင္သြားခဲ့တယ္။ ခဏၾကာေတာ့ အိမ္ေပၚကေန ေၾကာက္လန္႔တစ္ၾကားေအာ္ဟစ္သံနဲ႔အတူ ဦးေက်ာ္ျမင့္ရဲ႕ သမီးျဖစ္သူေျပးဆင္းလာာကိုျမင္လိုက္ရတယ္။

“ ေအးၾကည္မ ဘာျဖစ္တာလဲ…. ဟမ္”

ျဖစ္စဥ္ကိုအစအဆုံးျမင္ေနရတဲ့ ဖိုးေခြးက အိမ္ေပၚကေနဆင္းေျပးၿပီးသြားၾကည့္လိုက္ရာ မ်က္ျဖဴလန္ၿပီး သတိလစ္ေနတဲ့ ဦးေက်ာ္ျမင့္ကိုျမင္လိုက္ရတယ္။

“ ဦးေက်ာ္ျမင့္ သတိထားဦးေလ… ဦးေက်ာ္ျမင့္”

ဖိုးေခြးက သတိလစ္ေနတဲ့ ဦးေက်ာ္ျမင့္ ပခုံးကိုလႈပ္ၿပီး ႏႈိးေနတဲ့အခ်ိန္

“ အဟီးအဟီး ဟက္ဟက္… နင္တို႔တစ္႐ြာလုံးမၾကာခင္ေသရေတာ့မယ္… “ ဆိုတဲ့အသံၾကားလို႔ၾကည့္လိုက္ရာ ေအးၾကည္မက ဇက္ႀကီးေစာင္းၿပီး သြားရည္တစ္ျမားျမားက်ကာ ေအာ္ရယ္ေနခဲ့တယ္။

“ လာၾကပါဦး…. ဒီမွာ ဘာျဖစ္တာလဲ.. မသိ…”

အသံမဆုံးခင္မွာပဲ သတိလစ္ေနတဲ့ ဦးေက်ာ္ျမင့္ရဲ႕မ်က္လုံးေတြ႐ုတ္တရက္ပြင့္လာၿပီး သန္မာတဲ့လက္အစုံက ဖိုးေခြးရဲ႕လည္ပင္းေတြလို ျပဳတ္တူတစ္ေခ်ာင္းလိုလာညႇစ္တာခံလိုက္ရတယ္။

“ အစ္.. အစ္… ဦး…ေက်ာ္ျမင့္… က်ဳပ္..က်ဳပ္ ဖိုးေခြးေလ”

အသံက လည္ေခ်ာင္းထဲကေန ထင္သေလာက္မထြက္လာတဲ့အျပင္ လည္ပင္းညႇစ္ထားတဲ့ ဒဏ္ေၾကာင့္ မ်က္လုံးေတြျပာေဝလာခဲ့တယ္။

“ အဟီးအဟီး အဟက္အဟက္ နင္တို႔႐ြာက မၾကာခင္ သုသာန္တစ္စျပင္လိုျဖစ္ေတာ့မယ္… ငါတို႔အေပါင္းအပါေတြက နင္တို႔ရဲ႕ေသြးစိမ္းရွင္ရွင္ေတြကိုေသာက္ဖို႔ ေစာင့္ေနၾကၿပီ… ေသၾကစမ္း ေသၾကစမ္း…”

ဖိုးေခြး နားထဲမွာ ေျခာက္ကပ္ကပ္ အက္ကြဲကြဲအသံက ၾကားတစ္ခ်က္မၾကားတစ္ခ်က္ျဖစ္ေနတဲ့အခ်ိန္ အိမ္ေပၚကို လူအခ်ိဳ႕ေျပးတက္လာတဲ့ ေျခသံေတြအျပင္ ေၾကာက္လန္႔တစ္ၾကားေအာ္ဟစ္ငိုယိုသံအခ်ိဳ႕ကိုၾကားၿပီး မ်က္လုံးကအေမွာင္က်သြားခဲ့တယ္။
+++++

“ ဖိုးေခြး သတိရလာၿပီလား…”

အသံကနီးလာလိုက္ ေဝးသြားလိုက္ျဖစ္ေနတဲ့အတြက္ ရွိသမွ်အားေတြကိုစုစည္းကာ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူ႔ကိုဝန္းရံထားတဲ့ လူအခ်ိဳ႕ကိုျမင္လိုက္ရတယ္။

“ ဟင္ အရီးလွသန္း… အရီးကေသသြားၿပီမဟုတ္လား”

“ ငါကေသသြားတာ တစ္လေလာက္ရွိၿပီဆိုတာသိတယ္မဟုတ္လား… ဒါနဲ႔ ဒီဘက္ကလူကိုေရာသိလား…”

“ သိတယ္ေလ … ကိုဘလွ မဟုတ္လား.. ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ေသြးအန္ၿပီးဆုံးတာေလ”

“ အဟီးအဟီး ဟက္ဟက္ နင္က သိတယ္ေပါ့… ဘယ္လိုလဲ ငါတို႔အသားေတြကို စားေသာက္ရတာ အဆင္ေျပရဲ႕လား”

ဖိုးေခြးလဲ ေဘးမွာရပ္ၾကည့္ေနတဲ့လူေတြရဲ႕မ်က္ႏွာကိုၾကည့္လိုက္ရာ အသားေတြတစ္ေျဖးေျဖးအက္ကြဲလာၿပီး အပုတ္ေရေတြတစ္ေတာက္ေတာက္က်ဆင္းလာသလို အသားေတြပဲ့ေႂကြက်လာခဲ့တယ္။

တစ္သက္နဲ႔ တစ္ကိုယ္တစ္ခါမွ မျမင္ဖူးတဲ့ျမင္ကြင္းေၾကာင့္ ေၾကာက္ေသးေတြပါထြက္က်လာၿပီး ထေျပးဖို႔ႀကိဳးစားလိုက္ေပမယ့္ ေျခေထာက္ႏွစ္ဖက္က ေကာ္နဲ႔ကပ္ထားသလို လႈပ္္မရျဖစ္ေနခဲ့တယ္။ အဲဒီအခ်ိန္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့လူေတြက သူတို႔အသားေတြကို အတုံးလိုက္ဖဲ့ၿပီး ဖိုးေခြးပါးစပ္ထဲ အတင္းထိုးထည့္မယ့္အခ်ိန္ အလြန္ေတာက္ပလြန္းတဲ့ အျဖဴေရာင္အလင္းတန္းတစ္ခုက အေရွ႕ဘက္ကေနထြက္ေပၚလာခဲ့တယ္။

အလင္းေရာင္ကစူးရွတဲ့အတြက္ ဖိုးေခြးတစ္ေယာက္ မ်က္စိကိုလက္နဲ႔ကြယ္ၿပီး ၾကည့္လိုက္ရာ ပုတီးစိပ္ကိုလက္မွာကိုင္ထားတဲ့လူတစ္ေယာက္က ေဘးမွာရွိေနတဲ့သူေတြကို စူးစိုက္ၾကည့္ေနခဲ့တာကိုျမင္လိုက္ရတယ္။

႐ုပ္ပ်က္ဆင္းပ်က္နဲ႔ေအာ္ဂလီဆန္ခ်င္စရာေကာင္းတဲ့သူေတြကေတာ့ အလင္းတန္းနဲ႔အတူေပၚလာတဲ့သူကိုျမင္ေရာ ဝူးဝူးဝါးဝါးေအာ္ဟစ္ၿပီး ေျခဦးတည့္ရာထြက္ေျပးၾကပါေလေရာ။ အဲဒီအခ်ိန္ေရာက္မွ ဖိုးေခြးရဲ႕ေျခေထာက္ေတြ လႈပ္ရွားလာၿပီး ထေျပးဖို႔လုပ္တဲ့အခ်ိန္ ..

“ ဖိုးေခြး… သတိထားစမ္း… ငါတို႔ေျပာတာၾကားလား” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။
ဒီအသံက သူ႔အစ္မအသံဆိုတာ သိတဲ့ဖိုးေခြးက အားကိုးတစ္ႀကီးမ်က္လုံးဖြင့္ၾကည့္လိုက္ရာ သူ႔ေဘးမွာယပ္ခပ္ေပးေနတဲ့ အစ္မျဖစ္သူကိုျမင္လိုက္ရတယ္။

“ အစ္မ ငါဘယ္လိုျဖစ္သြားတာလဲ…”

“ ဦးေက်ာ္ျမင့္တို႔သားအဖ အပမွီၿပီး နင့္ကိုလည္ပင္းထညႇစ္တာေလ… မေသေကာင္း မေပ်ာက္ေကာင္း ငါ့ေမာင္ရယ္”

“ အခုသူတို႔ဘယ္လိုျဖစ္သြားၿပီလဲ…”

“ အပမွီေနတဲ့အခ်ိန္ အိမ္ေရွ႕ကို လူစိမ္းသုံးေယာက္ေရာက္လာၿပီး တစ္ခ်က္ပဲဟိန္းေဟာက္လိုက္တာ ဦးေက်ာ္ျမင့္တို႔သားအဖ ပုံမွန္အတိုင္းျပန္ျဖစ္သြားတယ္၊ အဲဒီဆရာေတြက တကယ္စြမ္းတာ”

“ အစ္မေျပာတဲ့ ဆရာေတြက ဝတ္ျဖဴစင္ၾကယ္ေတြဝတ္ထားၾကတာလား”

“ ဟင္ နင္ကဘယ္လိုသိတာလဲ…”

“ သူတို႔ဘယ္မွာလဲ ငါသြားေတြ႕မွျဖစ္မယ္… “

“ နင္က ခုပဲသတိရတာေလ… ဘယ္လိုသြားမွာလဲ”

“ ေျပာသာေျပာစမ္းပါဗ်ာ…အဲဒီဆရာေတြ အခုဘယ္အိမ္မွာလဲ”

ဖိုးေခြးရဲ႕စိတ္မရွည္တဲ့ေလသံေၾကာင့္ အစ္မျဖစ္သူက ေၾကာက္အမ္းအမ္းနဲ႔

“ ဦးေက်ာ္ျမင့္တို႔အိမ္မွာရွိဦးမယ္ထင္တယ္..”လို႔ေျပာလိုက္ေတာ့ လွဲေနတဲ့ဖိုးေခြး ကမန္းကတမ္းထၿပီး ဦးေက်ာ္ျမင့္တို႔အိမ္ရွိရာဘက္ကိုထြက္သြားခဲ့တယ္။ ဟိုေရာက္ေတာ့ ပိတ္ျဖဴဝတ္ထားတဲ့လူက ဦးေက်ာ္ျမင့္တို႔သားအဖကို ေရေတြနဲ႔ဝိုင္းထားတဲ့စည္းထဲထည့္ထားတာကိုျမင္လိုက္ရတယ္။

အဲဒီအခ်ိန္ ပိတ္ျဖဴဝတ္ထားတဲ့လူက ထိုင္ေနရာကေန ထရပ္လိုက္ၿပီး

“ တစ္႐ြာလုံး မစားသင့္တဲ့အရာကို စားထားတဲ့အတြက္ မိမိတို႔ကိုယ္မွာေစာင့္ေနတဲ့ ကိုယ္ေစာင့္နတ္ေတြအားလုံး သင္တို႔ကိုက်ိန္ဆဲၿပီးထြက္သြားၾကၿပီ၊ ဒါေၾကာင့္ ဘုန္းကံမရွိတဲ့သင္တို႔ခႏၶာကိုယ္ထဲကို နာနာဘာဝေတြက စိတ္ႀကိဳက္ဝင္ထြက္ၿပီး တစ္႐ြာလုံးကိုဒုကၡေပးဖို႔ႀကံေနတာပဲ”လို႔ေျပာလိုက္ေတာ့ လူအုပ္ထဲကေန ဆူညံတဲ့အသံေတြထြက္လာခဲ့တယ္။

“ ေပါက္ကရေတြေျပာမေနနဲ႔ က်ဳပ္တို႔က မစားသင့္တဲ့ဘယ္အရာကိုမ်ားစားထားလို႔လဲ… ဒီသားအဖ ပေယာဂဝင္ပူးတာနဲ႔ တစ္႐ြာလုံးကိုသိမ္းႀကဳံးေျပာစရာမလိုဘူးထင္တယ္”

“ ဟုတ္တယ္ ဒါ က်ဳပ္တို႔ကို တမင္တကာ ေစာ္ကားလိုက္တာပဲ”

႐ြာခံလူေတြက လူစိမ္းသုံးေယာက္ကို မႏွစ္ၿမိဳ႕တဲ့အသံနဲ႔ေျပာတာၾကားေတာ့ ဖိုးေခြးမေနသာေတာ့ပဲ

“ ဒီကဆရာေတြေျပာတာျဖစ္ႏိုင္တယ္… ခင္ဗ်ားတို႔စဥ္းစားၾကည့္ဗ်ာ၊ ဒီလိုမိုးတြင္းကာလႀကီးမွာ သားဖိုးတို႔အေနနဲ႔ ႏွစ္ရက္ သုံးရက္တစ္ခါအမဲရဖို႔ဆိုတာ ျဖစ္ႏိုင္ပါ့မလား” လို႔ထေျပာေတာ့ သားဖိုးတို႔ဘက္မွာရွိတဲ့ ႐ြာခံေတြနဲ႔ စကားအေခ်အတင္ျဖစ္ခဲ့ရတယ္။

အဲဒီလိုအေခ်အတင္ျဖစ္တာျမင္ေတာ့ ပိတ္ျဖဴဝတ္ထားတဲ့ လူသုံးေယာက္က ဆတ္ခနဲမတ္တပ္ထရပ္လိုက္ၿပီး ႐ြာအျပင္ဘက္ကိုထြက္သြားခဲ့တယ္။ ဖိုးေခြးလဲ ထြက္သြားတဲ့ လူသုံးေယာက္ေနာက္ကို လိုက္လာခဲ့ရာ ႐ြာအျပင္ လယ္ေစာင့္တဲနားေရာက္ေတာ့ လူသုံးေယာက္ရဲ႕ေက်ာျပင္ကိုလွမ္းျမင္လိုက္ရတယ္။

ဖိုးေခြးအေနာက္ကေန လိုက္လာတာကိုသိတဲ့ လူသုံးေယာက္က အေရွ႕ကိုဆက္မသြားေတာ့ပဲရပ္လိုက္ၿပီး

“ ဘာကိစၥေၾကာင့္ က်ဳပ္တို႔ေနာက္ကိုလိုက္လာတာလဲ”

“ ခုနက ဆရာတို႔ေျပာတာ သဘာဝက်တယ္… ဒါေၾကာင့္ လိုက္လာခဲ့တာ၊ ေနာက္တစ္ခုသိခ်င္တာက ကြၽန္ေတာ္အိမ္မက္ထဲမွာေတြ႕ခဲ့တဲ့ ပိတ္ျဖဴဝတ္ပုဂၢိဳလ္က ဆရာတို႔မ်ားလား”

ဖိုးေခြးစကားကိုၾကားေတာ့ ဆံပင္ကိုသပ္တင္ၿပီး စည္းထားတဲ့လူက တည္ၾကည္တဲ့ေလသံနဲ႔
“ က်ဳပ္တို႔ဒီ႐ြာကေနျဖတ္သြားေတာ့ နတ္ေကာင္းနတ္ျမတ္ေတြက စိတ္ဆိုးမာန္ဆိုးနဲ႔ က်ိန္ဆဲေနတာကိုျမင္လိုက္ရတယ္။ဒါေၾကာင့္ ဘာလို႔က်ိန္ဆဲေနရတာလဲဆိုတာကိုေမးၾကည့္ေတာ့မွ ႐ြာသားေတြအကုန္လုံး ဇာတ္တူသားကိုႏွစ္ၿခိဳက္စြာစားသုံးေနၾကတယ္ဆိုတာသိခဲ့ရတယ္”

“ ဗ်ာ ကြၽန္ေတာ္တို႔က ဇာတ္တူသားစားတယ္ ဟုတ္လားဆရာ… ဒါဆို သားဖိုးတို႔ေရာင္းေနတဲ့အသားေတြက လူသားေတြလား”

ဖိုးေခြးစကားကို ပိတ္ျဖဴဝတ္ထားတဲ့လူက ေခါင္းဆတ္ျပၿပီး ဟုတ္မွန္ေၾကာင္းေျပာလိုက္တာနဲ႔တစ္ၿပိဳက္နက္ ရင္ဘတ္ထဲကေနပ်ိဳ႕တက္လာၿပီး တေဝါ့ေဝါ့နဲ႔ထိုးအန္ပါေလေရာ။ အတန္ၾကာေအာင္ အန္ၿပီးခ်ိန္မွာေတာ့ တစ္ကိုယ္လုံးေပ်ာ့ေခြသြားၿပီး မတ္တပ္ရပ္မရတဲ့အေျခအေနျဖစ္သြားခဲ့တယ္။

“ ေရာ့ ဒီေဆးလုံးကိုေသာက္လိုက္ပါ..” ဆိုတဲ့အသံေၾကာင့္ ၾကည့္လိုက္ရာ ပဲနီေလးေစ့သာသာေလာက္ရွိတဲ့ အနီေရာင္အလုံးတစ္လုံးကိုျမင္လိုက္ရတယ္။

ဖိုးေခြးလဲ ကမ္းေပးတဲ့ေဆးကို တုန္ယင္ေနတဲ့လက္နဲ႔ယူလိုက္ၿပီး စားလိုက္ရာ စကၠန္႔ပိုင္းအတြင္း ခႏၶာကိုယ္တစ္ခုလုံးအားအင္ေတြျပန္လည္ျပည့္ၿဖိဳးလာတာကိုသတိထားမိခဲ့တယ္။

“ ဘယ္လိုလဲ … ေနရထိုင္ရတာ သက္သာရဲ႕လား”

“ သက္သာပါတယ္ဆရာ… တစ္ကိုယ္လုံးအားေတြျပည့္လာသလိုလဲခံစားရတယ္… ဟို .. ဒါနဲ႔ေလ ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ရမလဲဆရာ… အခုဆိုရင္ တစ္႐ြာလုံးမွာရွိတဲ့ လူေတြက လူသားကိုမွမစားရရင္ ႐ူးသြားမယ့္ထိျဖစ္ေနၾကတယ္။ အခ်ိဳ႕ဆို ေနာက္ႏွစ္ပြဲေစ်းလိုက္ဖို႔ဖယ္ထားတဲ့ ေငြေတြအျပင္ အိမ္အသုံးအေဆာင္ပစၥည္းေတြကိုပါထုခြဲေရာင္းခ်ၿပီး ဒီအသားကို စားေနၾကတာ”

“ ဒီတိုင္းဆက္သြားေနရင္ လာမည့္လအတြင္း တစ္႐ြာလုံးကို နာနာဘာဝေတြဝင္ပူးၿပီး သတ္ျဖတ္သြားၾကလိမ့္မယ္။ အဲဒီျဖစ္ရပ္ကိုတားဆီးဖို႔တစ္ခုထဲေသာ နည္းလမ္းကေတာ့ ေရာင္းေနတဲ့သူေတြကို တားဆီးဖို႔ပဲ”

“ ကြၽန္ေတာ္ ကူညီမယ္ဆရာ… ဘယ္လိုလုပ္ရမယ္ဆိုတာကိုသာေျပာပါ”

“ အခ်ိန္တန္ရင္ဘာလုပ္ရမယ္ဆိုတာ ေျပာျပပါမယ္ … ေလာေလာဆယ္ ေဟာဒီ ဆရာႏွစ္ေယာက္က မင္းကို သန္႔ရွင္းေအာင္ကူညီေပးၾကလိမ့္မယ္”

ပိတ္ျဖဴဝတ္လူရဲ႕စကားအဆုံးမွာ ေဖာ္ေ႐ြၿပီး သြက္လက္တဲ့ဟန္ေပါက္တဲ့ လူႏွစ္ေယာက္က ဖိုးေခြးလက္ကိုဆြဲၿပီး ေခၚထုတ္သြားခဲ့တယ္။

႐ြာအျပင္လူရွင္းတဲ့ေနရာကိုေရာက္ေတာ့ ဖိုးေခြးကို ေဆာင့္ေၾကာင့္ထိုင္ခိုင္းၿပီး မီးရႈိ႕ထားတဲ့ျပာအခ်ိဳ႕ကိုေသာက္ခိုင္းခဲ့တယ္။

“ ဒီျပာေတြကို ေသာက္ရမွာလား ဆရာ”

“ ဟုတ္တယ္ .. ဒီျပာေတြကိုေသာက္မွ မင္းကိုယ္ထဲမွာ ခိုေအာင္းေနတဲ့ အေငြ႕အသက္ေတြ အညႇီအေဟာက္ေတြထြက္သြားမွာ… ဒါေတြက မင္းအတြက္ပဲမို႔ ယုံၾကည္စြာေသာက္လိုက္ပါ”

ဖိုးေခြးလဲ ဆရာႏွစ္ေယာက္စကားေၾကာင့္ လက္ေပၚတင္ထားတဲ့ ျပာေတြကိုလ်ာနဲ႔ယက္ၿပီးၿမိဳခ်လိုက္ရာ မၾကာခင္ဝမ္းဗိုက္အတြင္း ရစ္လာၿပီး ရွိသမွ် ဒြါရအေပါက္ေတြထဲကေန အလြန္ကိုညႇီေဟာက္နံေစာ္ေနတဲ့ အရည္ေတြထြက္က်လာခဲ့တယ္။

“ ေတာက္ရ … မင္းက ေရမန္းတစ္ခြက္ အသင့္ျပင္ထား … သူသတိျပန္ရတာနဲ႔ ေခါင္းကေနေျခဖ်ားအထိ ေရမန္းနဲ႔ ေတာက္ခ်ေပး”

ဖိုးေခြးနားထဲမွာ စကားေျပာေနတဲ့အသံေတြက ၾကားတစ္ခ်က္မၾကားတစ္ခ်က္ျဖစ္ေနခဲ့တယ္။ အခ်ိန္ဘယ္ေလာက္ၾကာသြားတယ္မသိဘူး သတိရလာလို႔ ၾကည့္လိုက္ေတာ့ တစ္ကိုယ္လုံးနံေစာ္ေနတဲ့ အရည္ေတြေပက်ံေနတာကိုသတိထားမိခဲ့တယ္။

“ သတိရလာပီလား… အခုကစၿပီး မင္းကိုယ္ထဲမွာ မေကာင္းတဲ့ အေငြ႕အသက္ေတြမရွိေတာ့ဘူး၊ ေလာေလာဆယ္ ဟိုးနားကေခ်ာင္းစပ္မွာ ေရခ်ိဳးသန္႔စင္ၿပီး ျပန္လာခဲ့ပါ… ဒီမွာ မင္းဝတ္ဖို႔အဝတ္အစား”

ဖိုးေခြးလဲဆရာႏွစ္ေယာက္ကမ္းေပးတဲ့ အဝတ္အစားကို လွမ္းယူၿပီး ေခ်ာင္းထဲကိုဆင္းကာ ကိုယ္လက္သန္႔စင္လိုက္တယ္။ ၿပီးေတာ့မွအဝတ္အစားလဲကာ တက္လာခဲ့လိုက္တယ္။ အေပၚကိုေရာက္ေတာ့ ပိတ္ျဖဴဝတ္ထားတဲ့လူက

“ မင္းကိုယ္မွာရွိတဲ့အညစ္အေၾကးေတြကုန္စင္သြားၿပီျဖစ္လို႔ … စိတ္ထဲသံသယရွင္းစြာေနလို႔ရပါၿပီ”

“ ဒါဆို ကြၽန္ေတာ္ဘာဆက္လုပ္ရမလဲ… ဆရာတို႔ခိုင္းတဲ့အတိုင္း ေသခ်ာလုပ္မယ္လို႔ကတိေပးပါတယ္”

“ ဒါဆိုရင္ မင္းအေနနဲ႔ ႐ြာထဲျပန္သြားၿပီး လူေသအသားေရာင္းတဲ့အဖြဲ႕ကိုေစာင့္ၾကည့္ေနပါ၊ သူတို႔ရဲ႕လႈပ္ရွားမႈတစ္ခုခုကိုေတြ႕တာနဲ႔ က်ဳပ္တို႔ဆီကို လာခဲ့”

ဖိုးေခြးလဲ ဝတ္ျဖဴစင္ၾကယ္နဲ႔လူေတြေျပာတဲ့အတိုင္း ေစာင့္ၾကည့္ဖို႔႐ြာထဲကိုျပန္ဝင္လာခဲ့တယ္။

ဒီလိုနဲ႔သုံးရက္ေျမာက္ေန႔လဲေရာက္ေရာ မနက္အ႐ုဏ္မတက္ခင္အခ်ိန္ လူအခ်ိဳ႕တီးတိုးေျပာသံနဲ႔အတူ ေျခသံသဲ့သဲ့ကိုၾကားလိုက္ရတယ္။ ဖိုးေခြးလဲ အေျခအေနကိုအကဲခတ္ဖို႔ ထရံေပါက္ကေနေခ်ာင္းၾကည့္လိုက္ရာ ေပါက္တူးေတြ တူ႐ြင္းေတြကိုကိုင္ၿပီး အေမွာင္ထုထဲကိုဝင္သြားတဲ့ လူအခ်ိဳ႕ကိုျမင္လိုက္ရတယ္။ မၾကာခင္ ဖိုးသားက ထမင္းထုပ္နဲ႔ဒူးေလးကိုကိုင္ၿပီး ဆင္းလာတာကိုျမင္လိုက္ရတယ္။

ဖိုးေခြးလဲ အေျခအေနထူးပီမို႔ အိမ္ေပၚကေနခ်က္ခ်င္းဆင္းကာ ႐ြာအျပင္ဘက္ကိုထြက္လာခဲ့လိုက္တယ္။ ႐ြာျပင္ကိုေရာက္ေတာ့ မီးေရာင္မွိန္မွိန္ထြန္းထားတဲ့ ဇရပ္ေပၚမွာ စၤၾကန္ေလ်ာက္ေနတဲ့လူသုံးေယာက္ကိုျမင္လိုက္ရတယ္။

“ အေျခအေနေတာ့ထူးၿပီဆရာ… ဟိုေကာင္ေတြကိုတားမွရမယ္ထင္တယ္”

ဖိုးေခြးစကားကိုၾကားေတာ့ ဥပဓိ႐ုပ္ေကာင္းေကာင္းနဲ႔လူက ဇရပ္ေအာက္ကိုဆင္းလာၿပီး

“ ဤနယ္တစ္ေၾကာမွာရွိတဲ့ သုသာန္တစ္စျပင္ေတြကို အပိုင္စားရထားတဲ့ မဖဲဝါကို က်ဳပ္အမိန္႔နဲ႔ဆင့္ေခၚလိုက္တယ္။ မဆိုင္းမတြအျမန္ လာေရာက္ေစ” လို႔ေျပာကာ လက္ကိုေနာက္ပစ္ၿပီးရပ္ေနတဲ့အခ်ိန္ မဲနက္ေနတဲ့ေခါင္းတလားကိုေခါင္းေပၚ႐ြက္ၿပီး ထဘီရင္လ်ားထားတဲ့ မိန္းမတစ္ေယာက္ ေက်ာေပးတဲ့အေနအထားနဲ႔ေပၚလာခဲ့တယ္။

“ အသင္က သခ်ႋဳင္းေတြကိုအပိုင္စားရထားတဲ့ မဖဲဝါ ဟုတ္ပါသလား”

အာဏာသံမပါပဲ တည္ၿငိမ္စြာေျပာလိုက္တဲ့စကားအဆုံးမွာ ဆံပင္ဖားလ်ားခ်ထားတဲ့ မိန္းမႀကီးက လက္တစ္ဆစ္ေလာက္ရွည္လ်ားေနတဲ့ လက္သည္းေတြနဲ႔ အေခါင္းပ်ဥ္ကို တစ္ဖ်စ္ဖ်စ္ကုတ္ရင္း ဟုတ္မွန္ေၾကာင္း ေခါင္းညိမ့္ျပခဲ့တယ္။

“ ေကာင္းၿပီ သင္က မဖဲဝါအစစ္ဆိုရင္ သင့္ပိုင္တဲ့ေနရာက လူေသေလာင္းေတြကို ခိုးယူေရာင္းခ်ေနတဲ့ ျဖစ္စဥ္ကို ဘယ္လိုေၾကာင့္မသိရတာလဲ”

ဖိုးေခြးလဲ သူ႔မ်က္စိေရွ႕မွာျမင္ေနတဲ့မိန္းမဟာ သခ်ႋဳင္းေစာင့္မဖဲဝါဆိုတာလဲသိေရာ ေျခေတြလက္ေတြတုန္လာၿပီး

“ သူ သူ က မဖဲဝါဆိုတာလား…”

“ ဟုတ္တယ္ … သူက သခ်ႋဳင္းမွန္သမွ်ကို အပိုင္စားရထားတဲ့ ပုဂၢိဳလ္ပဲ.. မင္းအေနနဲ႔ အခုခ်က္ခ်င္း႐ြာထဲကိုဝင္ၿပီး အိမ္တံခါးကို အေသပိတ္ထားပါ၊ အိမ္ထဲမွာရွိတဲ့ တုတ္ေတြ၊ ဓါးေတြကိုလဲ အျပင္ကိုပစ္ထုတ္ထားပါ၊ ဘာသံၾကားၾကား ေယာင္လို႔ေတာင္ ထြက္မၾကည့္မိေစနဲ႔”

“ ဟုတ္ကဲ့ပါဆရာ … ကြၽန္ေတာ္အခုခ်က္ခ်င္း လုပ္ထားလိုက္ပါမယ္”

ဖိုးေခြး ကတိုက္က႐ိုက္ ႐ြာထဲဝင္သြားခ်ိန္မွာေတာ့ အေခါင္း႐ြက္ထားတဲ့ မဖဲဝါက သခ်ႋဳင္းရွိတဲ့ဘက္ကို လက္ညိဳးထိုးၿပီး ေၾကာက္မက္ဖြယ္အသံနဲ႔ေအာ္လိုက္ရာ ကြၽဲတစ္ေကာင္နီးပါးရွိတဲ့ ေခြးနက္က ခါးေစာင္းေဘးမွာ ႐ုတ္တရက္ေပၚလာခဲ့တယ္။

“ သင္ အေစာင့္ခ်ထားတဲ့သူ မလာႏိုင္ပုံေထာက္ရင္ သူတို႔ဘက္မွာလဲ ပညာတတ္တဲ့သူအခ်ိဳ႕ပါမယ္ထင္တယ္၊ ယခုကိစၥဟာ သင္နဲ႔သက္ဆိုင္တဲ့အတြက္ သင္ကိုယ္တိုင္ သြားေရာက္ဆုံးမေပးပါ… တစ္ခုရွိတာက သင့္ကို အသက္ေသတဲ့ထိ ဆုံးမဖို႔ေျပာတာမဟုတ္လို႔ ထိတ္လန္႔႐ုံေလာက္ပဲ လုပ္ပါ”

ပိတ္ျဖဴဝတ္လူရဲ႕စကားအဆုံးမွာ မဖဲဝါက ထဘီကိုစြန္ေတာင္စြဲကာ ေျခလွမ္းက်ဲႀကီးေတြနဲ႔ သခ်ႋဳင္းရွိရာဘက္ကိုထြက္သြားခဲ့တယ္။

“ ဆရာ ကြၽန္ေတာ္တို႔က ႐ြာဘက္ကိုသြားရမယ္ထင္တယ္.. အခုခ်ိန္ေလာက္ဆို နာနာဘာဝေတြတစ္႐ြာလုံးျပည့္ေနေလာက္ၿပီ”

“ ဟုတ္တယ္ သက္ခိုင္ … သူတို႔က ႐ြာသားေတြရဲ႕ကိုယ္ထဲဝင္ပူးၿပီး အခ်င္းခ်င္းေသြးထြက္သံယိုျဖစ္ေအာင္ လုပ္မွာဆိုေတာ့ ငါတို႔အခ်ိန္မွီမေရာက္ရင္ လူေတြဒုကၡေရာက္ၾကေတာ့မယ္”

မၾကာခင္ ႐ြာဘက္ကိုထြက္သြားၾကတဲ့ လူသုံးေယာက္ရဲ႕ေျခသံေတြက တိတ္ဆိတ္ေနတဲ့ အ႐ုဏ္တက္ခ်ိန္အတြင္း က်ယ္ေလာင္စြာထြက္ေပၚလာခဲ့တယ္။
+++++++

မီးအိမ္အလင္းေရာင္မွိန္ျပျပထြက္ေနတဲ့ သခ်ႋဳင္းေျမတစ္ေနရာမွာေတာ့ လူအခ်ိဳ႕ ေခြၽးသံတရဲရဲနဲ႔ အလုပ္ရႈပ္ေနခဲ့တယ္။

“ သားဖိုး မင္းေျပာေတာ့ ဒီအေလာင္းက လြန္ခဲ့တဲ့ရင္ကပဲျမဳပ္ထားတာဆို”

“ ဟုတ္ပါတယ္ဗ်ာ က်ဳပ္ကိုယ္တိုင္ အသုဘပို႔ရင္း မေယာင္မလည္နဲ႔ၾကည့္ခဲ့တာဗ်”

“ ငါတို႔တူးေနတာ လူတစ္ရပ္ရွိေတာ့မယ္ အခုထိ အေခါင္းကိုမေတြ႕ရေသးဘူး”

ေပါက္တူးကိုင္ထားတဲ့ လူက သားဖိုးကို မယုံတဲ့မ်က္ႏွာနဲ႔ၾကည့္ရင္း ေျမႀကီးကို စြပ္ခနဲျမည္ေအာင္ တူးခ်လိုက္တယ္။

“ ဒုတ္ ဒုတ္ ဒုတ္”

တူ႐ြင္းနဲ႔ အေခါင္းထိတဲ့အသံေၾကာင့္ အုတ္ဂူေပၚမွာထိုင္ေနတဲ့ သားဖိုးမ်က္ႏွာ ဝင္းလက္သြားၿပီး

“ ျမန္ျမန္ေဖာ္ၾကပါဟ… ခဏေန ေနထြက္ေတာ့မယ္… ဒီတစ္ခါ ေရာင္းပီးရင္ ႐ြာကေနအစေဖ်ာက္ဖို႔ အကုန္စီစဥ္ထားၿပီးသားေနာ္ ေသခ်ာလုပ္ၾက” လို႔ေျပာလိုက္ေတာ့ မ်က္ႏွာမွာ ေက်ာက္ေပါက္မာေတြအျပည့္ျဖစ္ေနတဲ့ လူႀကီးက ကြမ္းေသြးေတြေၾကာင့္ နီရဲေနတဲ့ သြားေတြေပၚေအာင္ ရယ္လိုက္ၿပီး

“ အဆင္ေျပမွာပါကြာ… သိပ္လဲမေလာပါနဲ႔.. ကဲကဲ ေဖာ္လိုက္ၾကေတာ့”

“ ဆရာႀကီး အေခါင္းကအရမ္းေလးတယ္… တစ္ေယာက္ေယာက္လာကူပါဦး”

ေျမႀကီးထဲနစ္ေနတဲ့အေခါင္းကိုဆြဲထုတ္ေနတဲ့ လူရဲ႕စကားေၾကာင့္ သားဖိုးမေနသာေတာ့ပဲ က်င္းထဲဆင္းကာ ေခ့င္းတလားကိုမလိုက္တဲ့အခ်ိန္ အထဲမွာရွိတဲ့ လူေသေကာင္က ငါးရံ႕တစ္ေကာင္လို လူးလြန္႔လာတာကိုသတိထားမိလိုက္တယ္။

“ နင့္ေမကလႊား အထဲမွာ ဘာရွိေနတာလဲ … အေခါင္းက လႈပ္ေနတယ္ လုပ္ၾကပါဦး”

သားဖိုးရဲ႕ေၾကာက္လန္႔တစ္ၾကားေအာ္သံအဆုံးမွာ အေခါင္းပ်ဥ္မွာ႐ိုက္ထားတဲ့ သံေတြ ျပဳတ္ထြက္လာၿပီး ျဖဴေဖ်ာ့ေနတဲ့လက္တစ္ဖက္ တိုးထြက္လာခဲ့တယ္။

“ ဖယ္စမ္း…. အေႏွာက္အယွက္ေတာ့ဝင္ၿပီထင္တယ္..”

ေက်ာက္ေပါက္မာအျပည့္နဲ႔လူက ဝါးေနတဲ့ကြမ္းကို ပ်စ္ခနဲျမည္ေအာင္ေထြးထုတ္ၿပီး လြယ္အိတ္ထဲအသင့္ပါလာတဲ့ ခ်ည္မန္းႀကိဳးကို အေခါင္းေပၚပတ္ခ်လိုက္ေတာ့မွ ၿငိမ္သြားခဲ့တယ္။

သားဖိုးတို႔လဲ အဲဒီေတာ့မွ အေခါင္းကိုေျမႀကီးေပၚပင့္တင္ၿပီး အထဲကအေလာင္းကိုထုတ္ဖို႔ အဖုံးကိုဖြင့္လိုက္ရာ အထဲမွာ မ်က္လုံးျပဴၿပီး ရယ္ျပေနတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ အမေလး သရဲ သရဲ…”

နဂိုထဲကေၾကာက္စိတ္မႊန္ေနတဲ့ သားဖိုးက အေခါင္းကိုပစ္ခ်ၿပီးထြက္ေျပးဖို႔အလုပ္ ျဖဴေဖ်ာ့ေနတဲ့ လက္တစ္ဖက္က အက်ႌစကိုမလႊတ္တမ္းဆြဲထားၿပီး ငုတ္တုတ္ထိုင္ကာ တစ္ဟက္ဟက္နဲ႔ရယ္ပါေလေရာ။

“ ငမိုက္သားေတြ နင္တို႔ကရာရာစစ ငါတပည့္ကိုခ်ဳပ္ေႏွာင္ၿပီး ငါ့ကိုေစာ္ကားရဲတယ္ေပါ့ေလ… ဟက္ဟက္ “

ပက္လက္လွန္ေနတဲ့ အေလာင္းေကာင္ႀကီးက ဆန္႔ဆန္႔ႀကီးထရပ္လာတာျမင္ေတာ့ အေလာင္းတူးေနတဲ့သူေတြအားလုံး ငယ္သံပါေအာင္ ေအာ္ၿပီးထြက္ေျပးၾကပါေလေရာ။

အဲဒီအခ်ိန္ ေျခာက္ကပ္ၿပီးေၾကာက္မက္ဖြယ္ေကာင္းတဲ့ မိန္းမတစ္ေယာက္ရဲ႕ရယ္သံက ေနာက္ေက်ာဘက္ကေန အဆက္မျပတ္ထြက္ေပၚလာခဲ့တယ္။

+++++++

“ အသားစိမ္း ေကြၽးပါ…. ငါတို႔ကိုအသားစိမ္းေကြၽးပါ”

႐ြာလမ္းမတစ္ေလ်ာက္မွာေတာ့ နာနာဘာဝေတြရဲ႕ ဝင္ေရာက္ပူးကပ္ျခင္းခံထားရတဲ့ လူေတြရဲ႕ ေအာ္သံေတြက က်ယ္ေလာင္စြာထြက္ေပၚလာခဲ့တယ္။

ဖိုးေခြးကေတာ့ ႀကိဳတင္စီစဥ္ထားတဲ့အတိုင္း အိမ္တံခါးမႀကီးကိုေသခ်ာပိတ္ကာ အစ္မျဖစ္သူနဲ႔ အိမ္ထဲမွာထိုင္ေနတဲ့အခ်ိန္

“ အဟီး အဟီး ဂစ္ ဂစ္ ဂစ္” ဆိုတဲ့အသံၾကားလို႔ၾကည့္လိုက္ရာ အိမ္ေထာင့္မွာထိုင္ေနတဲ့အစ္မျဖစ္သူက ဇာက္ႀကီးေစာင္းကာ ေလးဘက္ေထာက္အေနအထားနဲ႔ အိမ္ေပၚကေန ခုန္ဆင္းဖို႔လုပ္ေနတာျမင္လိုက္ရတယ္။

ဖိုးေခြးလဲ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိျဖစ္ေနတဲ့အခ်ိန္ ေၾကးစည္တီးသံတစ္ခ်က္ကိုၾကားလိုက္ရတယ္။ ေၾကးစည္သံၾကားတာနဲ႔ ဝင္ပူးေနတဲ့သူေတြအားလုံး တုန္တုန္ရီရီျဖစ္လာၿပီး ႐ြာထဲဘက္ကိုဝင္ေျပးဖို႔ႀကိဳးစားပါေလေရာ။

အဲဒီအခ်ိန္ ႐ြာအေရွ႕ဘက္ကေန ရတနာသုတ္ကို ႏႈတ္တိုက္႐ြတ္ဆိုၿပီး ေၾကးစည္တီးကာတက္လာတဲ့ လူသုံးေယာက္ကိုျမင္လိုက္ရတယ္။ ေျခလွမ္းတိုင္းမွာေတာ့ စနစ္တက်ေရးဆြဲထားတဲ့ အပႏွင္အင္းကို တစ္႐ြက္စီခ်ကာ ပူးကပ္ေနတဲ့သူေတြကို စုစည္းေစခဲ့တယ္။ ဒီလိုနဲ႔ ႐ြာထဲမွာရွိတဲ့ နာနာဘာဝေတြအျပင္ ပူးကပ္ေနတဲ့သူေတြအားလုံး ေၾကးစည္သံၾကားတာနဲ႔ ေျမႀကီးေပၚလူးလိမ့္ကာေအာ္ဟစ္ေနခဲ့ၾကတယ္။

ပိတ္ျဖဴဝတ္ထားတဲ့ လူကေတာ့ လမ္းေဘးမွာေပါက္ေနတဲ့ သေျပတစ္ခက္ကိုဆြဲႏႈတ္ကာ အပႏွင္အင္းကိုေရနဲ႔ေဖ်ာ္ၿပီး တစ္ေယာက္ခ်င္းစီပုတ္လိုက္ေတာ့မွ ဝင္ပူးေနတဲ့ နာနာဘာဝေတြအားလုံးထြက္ခြါသြားခဲ့တယ္။

အဲဒီအခ်ိန္ သခ်ႋိုင္းဘက္ကေန ငယ္သံပါေအာင္ေအာ္ၿပီးေျပးလာတဲ့ သားဖိုးတို႔က ႐ြာထိပ္ကိုေရာက္တာနဲ႔ အေမာေဖဖာက္ကာ လဲက်သတိလစ္သြားခဲ့တယ္။ ဒီတစ္ခါမွာေတာ့ ဖိုးေခြးက သူ႔အကြက္ထဲဝင္ၿပီမို႔ သတိလစ္ေနတဲ့ သားဖိုးတို႔အဖြဲ႕ကို ေလ်ာ္ႀကိဳးေတြနဲ႔တုပ္ၿပီးဖမ္းထားတဲ့အခ်ိန္ တစ္႐ြာလုံးမွာရွိတဲ့သူေတြအားလုံး တေဝ့ါေဝါ့နဲ႔ထိုးအန္တဲ့အသံကိုၾကားလိုက္ရတယ္။

“ ဒါေရမန္းနဲ႔ထိလို႔ အန္ထြက္ကုန္တာပဲ… ေတာ္ပါေသးရဲ႕ ဆရာေတြေရာက္လာၾကလို႔… ေနာက္ဆို ဘာဆက္ျဖစ္မလဲမသိဘူး”

ဖိုးေခြးက တစ္ေယာက္ထဲ တီးတိုးေရ႐ြတ္ရင္း ဖမ္းထားတဲ့သားဖိုးတို႔အဖြဲ႕အေရွ႕မွာရပ္လိုက္ၿပီး ေျခေထာက္နဲ႔ကန္ႏႈိးကာ

“ မင္းတို႔အဖြဲ႕ ငါတို႔႐ြာအေပၚမွာ ဘာေတြလုပ္ထားတယ္ဆိုတာ အမွန္တိုင္းေျပာ…. မေျပာဘူးဆိုရင္ မင္းတို႔တစ္ဖြဲ႕လုံးကို ငါကိုယ္တိုင္သတ္မွာေနာ္” လို႔ ေပါက္တူးကိုဝင့္ကာေျပာလိုက္တာေၾကာင့္ သားဖိုးက သက္ျပင္းတစ္ခ်က္ခ်ၿပီး

“ လြန္ခဲ့တဲ့ ၃လေလာက္က ေတာစပ္မွာ အမဲလိုက္ရင္း ဆတ္တစ္ေကာင္ရခဲ့တယ္။ ဒါကို ႐ြာထဲမွာေရာင္းမယ္လို႔ေၾကညာလိုက္ေတာ့ အခ်ိဳ႕လူေတြက ပိုက္ဆံေတြႀကိဳေပးခဲ့ၾကတယ္။ ငါလဲ ရတဲ့အမဲကို ေခ်ာင္း႐ိုးမွာဖ်က္ေနတုန္း ႐ုတ္တရက္ေရစီးၾကမ္းလာတဲ့အတြက္ အမဲေတြေရနဲ႔ပါသြားခဲ့တာ။ ဒါေၾကာင့္ စိတ္ညစ္ညစ္နဲ႔ ႐ြာကိုျပန္လာတဲ့အခ်ိန္ သၤခ်ိဳင္းထဲမွာေခြးအေတြစားထားလို႔ က်န္ေနတဲ့ လူေသေပါင္တစ္ဖက္ကိုျမင္လိုက္ရတယ္။ အဲဒါနဲ႔ ငါလဲ ႀကံရာမရျဖစ္ၿပီး လူေသေပါင္ကို အမဲဆိုၿပီး လိမ္ေရာင္းခဲ့မိတာပါ၊ ေနာက္ေတာ့ ငါလဲ ေလာဘတက္လာၿပီး မႀကံေကာင္မစည္ရာေတြ ႀကံခဲ့မိတာ တစ္႐ြာလုံးကို ေတာင္းပန္ပါတယ္”

သားဖိုးစကားေၾကာင့္ ႐ြာသားေတြအားလုံး ထိုးအန္တဲ့သူအန္၊ ေတာက္ခတ္တဲ့သူခတ္နဲ႔ ေဒါသေတြထြက္ခဲ့ၾကတယ္။ အဲဒီအခ်ိန္ ဖိုးေခြးက မေျပာမဆိုနဲ႔ သားဖိုးရဲ႕မ်က္ႏွာကို လည္ထြက္သြားေအာင္ေျပးကန္ရင္း

“ မင္းတို႔ေၾကာင့္ တစ္႐ြာလုံး ဒုကၡေရာက္ဖို႔ နည္းနည္းပဲလိုေတာ့တယ္… ငါ့စိတ္နဲ႔ငါဆို မင္းကိုသတ္ၿပီးေနၿပီ…”

“ ဟုတ္တယ္ ဒီေကာင္ေတြကို ႐ြာထဲက ေမာင္းထုတ္လိုက္ … မဟုတ္ဘူး ႀကံရာပါေတြအားလုံးကိုသတ္ပစ္”

႐ြာသားေတြရဲ႕ ေဒါသတစ္ႀကီး ေအာ္ဟစ္သံေတြေၾကာင့္ သားဖိုးတို႔လူစုလဲ ေၾကာက္လန္႔ၿပီး ေခြၽးေစးေတြျပန္လာခဲ့တယ္။အဲဒီအခ်ိန္ ပိတ္ျဖဴဝတ္ထားတဲ့ လူသုံးေယာက္က အလယ္မွာဝင္ရပ္ၿပီး

“ ေဒါသကို ထိန္းၿပီး သင့္ေတာ္သလို စီစဥ္ၾကပါ… သင္တို႔႐ြာအေနနဲ႔ မစားသင့္တဲ့အသားကိုစားမိခဲ့ၾကတဲ့အတြက္ တစ္႐ြာလုံးမွာ ရွိတဲ့အိမ္တိုင္း ပဌာန္းတရားေတာ္ကို ခုႏွစ္ရက္တိတိ႐ြတ္ဖတ္ရလိမ့္မယ္။ ဒါမွသာ အိမ္ေစာင့္နတ္၊ ကိုယ္ေစာင့္နတ္၊ ႐ြာေစာင့္နတ္ေတြျပန္ေရာက္လာၿပီး အရင္လို စည္ကားၿပီးေအးခ်မ္းတဲ့ ႐ြာတစ္႐ြာျဖစ္လာမယ္” လို႔ေျပာၿပီး ဖိုးေခြးပခုံးကိုပုတ္ကာ ႐ြာအျပင္ကိုျပန္ထြက္သြားခဲ့တယ္။

ဖိုးေခြးကေတာ့ ထြက္သြားတဲ့ ဆရာေတြအေနာက္ကိုေျပးလိုက္ဖို႔ၾကည့္လိုက္ရာ လူသုံးေယာက္က မ်က္စိေအာက္မွာတင္ ႐ုတ္တရက္ေပ်ာက္ကြယ္သြားတာကိုျမင္လိုက္ရတယ္။

ဒီကိစၥေတြျဖစ္ၿပီး သုံးလေလာက္အၾကာမွာေတာ့ ေျမႏုကြၽန္း႐ြာဘက္မွာ ထူးဆန္းၿပီးေၾကာက္မက္ဖြယ္ေကာင္းတဲ့ အရာတစ္ခုေပၚေပၚလာခဲ့တယ္။ ဒါကေတာ့ ေရတြင္းတူးရင္းထြက္လာတဲ့ လက္ေကာက္တစ္ကြင္းကို ယူဝတ္မိတဲ့သူေတြႀကဳံေတြ႕ရတဲ့ ေခ်ာက္ခ်ားဖြယ္ျဖစ္ရပ္အေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္ မရဏလက္ေကာက္ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)