” အသားဟင်းပျောက်တဲ့ကြောင်အိမ် “(စ/ဆုံး)

Unicode Version

” အသားဟင်းပျောက်တဲ့ကြောင်အိမ် “(စ/ဆုံး)
———————————————-

“အစ်ကိုရေညကချန်ထားတဲ့ငါးဟင်းတွေကြောင်စားလို့
ကုန်ပြီ.။ ဒီနေ့ဘဲဥကြော်နဲ့ပဲထမင်းထည့်ပေး လိုက်တော့မယ်”
ဇနီးဖြစ်သူခင်သူဇာစကားကြားမိသောလှမြင့်မောင်သည်
စိတ်ထဲ၌မကျေမနပ်ဖြစ်မိသော်လည်းအသစ်စက်စက်
ဇနီးချောလေးဖြစ်၍အပြစ်တင်စကားမဆိုရက်၍“သူဇာ
ကလည်း ပလတ်စတစ်အုပ်ဆောင်းနဲ့ သေသေချာချာ
မအုပ်မိ ဘူးနဲ့တူတယ်” ဟူသော စကားဖြင့် ပြစ်တင်
စကားလည်း မဟုတ်၊ သတိပေး စကားလည်း မကျ
သောလေသံပျော့ပျော့နှင့် ခွင့်လွှတ်စကားဆိုလိုက်
သည်။ ခင်သူဇာသည် ခင်ပွန်းသည်၏စကားကိုကြား
မိသောအခါ -“အုပ်ထားပါတယ် အစ်ကိုရာကြောင်
သူခိုးက အကောင်လည်း ကြီးပြီး သိပ်လျင်တဲ့အ
ကောင်ဖြစ်လို့ ထမင်းထုပ်ဆောင်းကိုလှန်ပြီးစား
သွား တာ အစ်ကိုရ ဒါကြောင့်သူဇာကကြောင်အိမ်
တစ်လုံးတော့ ဝယ်ပါလို့ အစ်ကိုကို တိုက်တွန်းနေရတာ”
ခင်သူဇာ၏ ဆင်ခြေကိုလှမြင့်မောင်လက်ခံသ
ဘောတူသည့်အလားခေါင်းညိတ်လျက်ဒီလကုန်
ရင်ဝယ်ပါမယ်သူတရာ….ကြောင်အိမ်တစ်လုံးက
လည်းအတော်အသင့်တောင်နှစ်သောင်း၊ သုံးသောင်း
လောက်တောင်းနေတာ..”
လှမြင့်မောင်သည် ဇနီးဖြစ်သူခင်သူဇာကို ရှင်းပြပြီး
ဇနီးခင်သူဇာက ဘဲဥကြော်၊ ကန်စွန်းရွက်ကြော်တို့နှင့်
ထည့်ပေးသောထမင်းချိုင့်ကိုဆွဲ၍ အလုပ်သို့ထွက်ခဲ့သည်။
လှမြင့်မောင်သည် ရန်ကုန်သားတစ်ယောက် မဟုတ်ပါ။
ရန်ကုန်နှင့်မိုင်(၈၀)နီးပါးဝေးသောဒိုက်ဦးမြို့နယ်အ
တွင်းရှိရွာတစ်ရွာမှဖြစ်သည်။ခိုက် ဦးမြို့အထက်တန်း
ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးနောက်
ရန်ကုန်မြို့ပဇွန်တောင်မြို့နယ်ရှိဦးလေးတော်သူ၏
နေအိမ်၌နေရင်းဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီတစ်
ခုတွင် ဦးလေး၏ အရှိန်အဝါအရ အလုပ်ရခဲ့ သည်။
ဦးလေးသည် အစိုးရဝန်ထမ်းအရာရှိတစ်ယောက်
ဖြစ်ခြင်းကြောင့် ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီသည်
လှမြင့်မောင်ကို အလုပ်ခန့်ထားပေး ခြင်း ဖြစ်သည်။
အသက်(၃၀)အရွယ်အထိလူပျိုကြီးအဖြစ်ပညာရေး
နှင့်လုပ်ငန်းခွင်တွင် သာ ကြိုးစားလုပ်ကိုင်ခဲ့သူလှမြင့်
မောင်သည် ပြီးပြည့်စုံသည့် အနေအထားရောက်လာ
သောအခါကြင်ရာရှာတော့သည်။ တော်ရုံတန်ရုံအိမ်
ထောင်ဖက်ကိုမရွေးလိုသောလှမြင့်မောင်သည်စိတ်
ကြိုက်အိမ်ထောင်ဖက်ကိုရွေးချယ်ရန် ဆုံးဖြတ်ခဲ့လေသည်။
မန္တလေးသို့ကုမ္ပဏီစာရင်းစစ်နှင့်သွားရောက်ခဲ့သော
လှမြင့်မောင်သည် ခင်သူဏနှင့်တွေ့သည်။ သည်လို
နှင့်ချစ်သူတွေဘဝသို့ရောက်သည်။ သူမ၏ မိဘများ
ကလှမြင့်မောင်နှင့် သဘောမတူ။ ချစ်သူသက်တမ်း
နှစ်နှစ်ခန့်ကြာ သော်လှမြင့်မောင်သည် ခင်သူဇာကို
ခိုးပြေးလေသည်။လှမြင့်မောင် အလုပ်လုပ်သည့်
ကုမ္ပဏီပိုင်ရှင်က ငွေသား (၂)သိန်း လက်ဖွဲ့သလို
လှမြင့်မောင်၏လစာကိုလည်းတိုးမြှင်ပေးခဲ့သည်။
လှမြင့်မောင်လူလွတ်ဘဝ၌ မိဘနှစ်ပါးကို ထောက်ပံ့
နေရ၍ ငွေများများစားစား မစုပ်။ အချိန်ယူ၍တစ်အိုး
တစ်အိမ် ထူထောင်ရခြင်းလည်းမဟုတ်၍ငွေများများ
စားစားမပိုင်ဆိုင်။ ဒါကြောင့်အိမ်ပိုင် အိုးပိုင်၊ အခန်းပိုင်၊
မဝယ်နိုင်။ အိမ်လခ အသင့်သာပေးရသောသာကေတ
မာန်ပြေလမ်း၌အိမ်ငှားနေရသည်။လှမြင့် မောင်တို့နေ
သောအိမ်မှာလုံးချင်းမဟုတ်။အိမ်ရှင်နှင့်တွဲနေရသော
အခန်းသာ ဖြစ်သည်။ တစ်ထပ်ပျဉ်ထောင်အိမ်လေးကို
အလယ်မှဝါးထရံကာပြီးအိမ်ရှင်က အငှားချထားခြင်း
ဖြစ်သည်။ အလယ်မှကာထား၍အပေါ်ဘက်သုံးပေ
လောက်လွတ်နေသည်။အိမ်လခသက်သာသည့်အ
တွက်နှင့်လှမြင့်မောင်ကုမ္ပဏီရုံးချုပ်နှင့် နီးသောကြောင့်
ယခုအိမ်ကိုငှားရမ်းခဲ့ခြင်းဖြစ်သည်။ခင်သူဇာမိဘများက
သမီးအဖြစ် စွန့်လွှတ်ကြောင်း ကြေညာပြီးလှမြင့်မောင်
တို့၏ အိမ်ထောင်ရေးကိုအသိအမှတ် မပြုခဲ့ပေ။လှမြင့်
မောင် တစ်ယောက်တည်းသော လစာနှင့် လင်မယား
နှစ်ယောက် စားသောက်ရုံ လောက်သာဖူလုံခြင်းကြောင့်
ခင်သူဇာအလုပ်ထွက်လုပ်ရန်လှမြင့်မောင်ကိုအကြိမ်ကြိမ်
တောင်းဆိုခဲ့သည်။အစဉ်လှမြင့်မောင်သည်ခင်သူဇာကို
အလုပ်လုပ်ခွင့် မပြုခဲ့ချေ။ ခင်သူဇာအနေနှင့် မိမိသ
ဘောဆန္ဒအရ မင်္ဂလာ ဈေးရှိဆေးဆိုင်တစ်ဆိုင်၌အ
လုပ်ဝင်လုပ်ခဲ့သည်။နဂိုကပင်ဆေးအရောင်း အဝယ်
လုပ်ငန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်၍ဆိုင်ပိုင်ရှင်
တို့က သဘောကျပြီ၊ လစာလေးသောင်းပေးခဲ့သည်။
ဒါကြောင့်လှမြင့်မောင်နှင့်အတူ ခင်သူဇာလည်းအလုပ်
ခွင်သို့ နေကုန်သွားရ၍နေအိမ်အခန်းကိုသော့ခတ်ထား
ခဲ့ရသည်။ညနေအလုပ်မှအပြန်မှသာဟင်းချက်စရာဝယ်
လာပြီး ညစာကို ချက်ပြုတ်စားကြသည်။ ထိုညစာထဲမှ
နောက်တစ်နေ့အလုပ်ခွင်၌ မနက်စာစားရန်ဟင်းလျာကို
ချန်ထားပြီ လင်မယားနှစ်ယောက်ထမင်းချိုင့်ထည့်၍
ယူခဲ့ကြသည်။ အိပ်ထောင်ထူထောင်ဖြစ်၍အိပ်ထောင်
ပရိဘောဂ၊ပန်းကန်ခွက်ယောက်မပြည့်စုံကြသဖြင့်အိပ်
စရာကုတင်ပင်မရှိ၊ ကြမ်းပေါ်၌သာအိပ်ကြသည်။အဝတ်
အစားထည့်ရန် ဗီရှိမရှိ။ သံသေတ္တာနှစ်လုံးနှင့်ထည့်ကြသည်။
အစား အသောက် သိမ်၊ဆည်၊ သိုလှောင်ရန်ကြောင်အိမ်မရှိ။
ထမင်းစားစားပွဲပေါ် ၌ပလတ်စတစ်အုပ်ဆောင်းအုပ်၍ထားရသည်။
ထိုအစားအသောက်ကို ပလတ်စတစ် ဆန်ကာအုပ်ဆောင်း
နှင့်အုပ်၍ သိမ်းဆည်းထားရာမှ ကြောင်ပြဿနာတက်ခဲ့သည်။
မည်သည့်အိမ်မှ ကြောင်မှန်း မသိသော ကြောင်ထီးကြီး
တစ်ကောင်သည် လှမြင့်မောင်တို့ ပလတ်စတစ်အုပ်
ဆောင်းနှင့်အုပ်၍ထားသောဟင်းလျာကိုညဘက်၌တိတ်
တဆိတ် ဆန်ကာ အုပ်ဆောင်းကို မ၍ လာရောက်
ခိုးစားခြင်း ဖြစ်သည်။ တစ်ကြိမ်လည်းမဟုတ်အ
ကြိမ်ကြိမ်ပင် ထိုကြောင်ကြီးမှာ အတွေ့ အကြုံ
ရင့်ကျက်သော ကြောင်ဖြစ်၍လားမသိ။ ဆန်ကာ
အုပ်ဆောင်းကို အသံ မမြည်အောင် လှန်၍ဟင်း
လျာများကို ပြောင်သလင်းခါအောင် ခိုးစားတတ်
သည်။ ယခုလည်းခင်သူဇာညကချက်ထားသော
ငါးဟင်းမှာအရိုးပင်မကျန်တော့ပဲအကုန်ခိုးစား
ခြင်းခံရလေသည်။ဒါကြောင့်ခင်သူဇာသည်လှ
မြင့်အား ကြောင်အိမ်တစ်လုံးဝယ်ပေးရန် ပူဆာ
ရခြင်း ဖြစ်သည်။“သူဇာရေ.. တံခါး မြန်မြန်ဖွင့်ပါဦး
ကြောင်အိမ်ဝယ်လာတယ် ..” ခင်သူဇာသည်တံခါး
ဖွင့်ပေးရင်း လှမြင့်မောင်နှင့်အတူ ဝယ်လာသော
ကြောင်အိမ်ကိုအိမ်ခန်းအတွင်းပိုင်းသယ်ပေးသည်။
ကြောင်အိမ်မှာထုထည် ကြီးကြီးမားမားမဟုတ်၍
သိပ်မလေးလှ။အိမ်ထောင်ပရိဘောဂဆိုင်ကြီးများ၌
ဆိုင်တင်ရောင်းသောကြောင်အိမ်များလိုမှန်တံခါးလည်း
မပါ။ တပ်ထား သည့်ဆန်ကာမှာလည်းပျော့တိပျော့
ဖတ်အဆင့်သုံးဆင့်သာရှိသောလေးပေ လောက်မြင့်
သည့်ကြောင်အိမ်လေးဖြစ်နေသည်။ခင်သူဇာကြောင်
အိမ်ကို စိတ်တိုင်းမကျသောအကြည့်နှင့်ကြည့်နေသည်
ကိုလှမြင့်မောင်မြင်ရသောအခါ“သူဇာရေ .. အခုလော
လောဆယ်တော့ ဟင်းခွက်တွေလုံခြုံရေးအတွက်ဒီ
ကြောင်အိမ်ပဲ သုံးဦး။ နောက်မှ တာမွေဘက်ကမှန်
တံခါးတို့ သံဆန်ကာအကောင်းစားတို့နဲ့ကြောင်အိမ်
ဝယ်တာပေါ့။အဲဒီလိုကြောင်အိမ် ကျတော့ လေးငါး
သောင်းလောက်ပေးရမှာ။ အခုကြောင်အိမ်ကအထမ်း
သမားတွေလာရောင်းတာ။ဒလဘက်မှာလုပ်ပြီးဈေး
ကလည်း ခုနစ်ထောင်လောက်ပဲ ပေးရတယ်”
လှမြင့်မောင်သည်ဇနီးဖြစ်သူခင်သူဇာကျေနပ်အောင်
ရှင်းပြပြီးကြောင်အိမ်ကို နေသားတကျ နေရာချထားလိုက်သည်။
“အစ်ကိုရေ..ကြောင်အိမ်ထဲမှာညကချက်ထားတဲ့ဝက်သားဟင်းတွေ၊
မရှိတော့ဘူး။ တံခါးချက်လည်း မပြုတ်ပဲနဲ့အိမ်ရှေ့ရှိ
ရေတိုင်ကီ၌ရေချိုးနေသောလှမြင့်မောင်သည်ရေစိုလုံ
ချည်နင့်အိမ်ပေါ်အပြေးတက်လာခဲ့သည်။ဇနီးသည်ပြ
သည့်ဗလာကျင်းနေသောဝက်သားပန်းကန်နှင့်ဝက်သား
ဟင်းတစ်လုံးမှမရှိတော့။ကြောင်အိမ်တံခါးမှာလည်း
သစ်သားချက်မှာ ပုံမှန်အတိုင်းသာ ရှိသည်။လက်ရာ
မပျက်ကာရံထားသောပလတ်စတစ်ဆန်ကာမှာလည်း
အကောင်းပကတိ။ လှမြင့်မောင်စဉ်းစားရအတော်
ကြပ်သွားသည်။ခြေရာလက်ရာလုံးဝမပျက်ဘဲဝက်
သား ဟင်းကတော့ ပျောက်ခဲ့ပြီ။ ထူးဆန်းလှချေသည်
တကား။လုံချည် အင်္ကျီလဲနေရင်း လှမြင့်မောင်စဉ်းစား
ခန်း ဝင်နေမိသည်။ အိမ်ထောင်သက် (၆)လကျော်ခဲ့ပြီး
ဤအိမ်ခန်းကို ငှားရမ်း နေထိုင်ခဲ့သည် မှာလည်း (၆)
လပြည့်ပေပြီ။တစ်ဖက်ခန်းရှိအိမ်ရှင်သားအကြီးကောင်
သည်အသက် (၂၀)အရွယ်ရောက်သော်လည်း မည်မည်
ရရ အလုပ်မရှိ။ တစ်ခါ တစ်ရံပန်းရန်နောက်လိုက်လုပ်
သည်။ တစ်ခါတစ်ရံ အလုပ်ကြမ်းသမား အလုပ်လုပ်၍
အုတ်သယ်၊မြေပေါက်အလုပ်လုပ်သည်။တစ်လတစ်လ
အလုပ် လုပ်သည့်ရက်က ဆယ်ရက်ပင် မပြည့်။ နေအိမ်
၌သာအနေများသည်။ သူသည်အသက်နှစ်ဆယ်အရွယ်
သာဖြစ်သော်လည်းအရက်ကိုတော့ အတော်စုံစုံမက်မက်
သောက်သည်။ နေ့စဉ်မူးနေသည်ကို တွေ့ရသည်။မူးလျှင်
လည်းအတော်သောင်းကျန်းသည်။ မိုက်မိုက်ရိုင်းရိုင်းလည်း
ပြောဆိုဆက်ဆံ ၍အဖေ၊ အမေနှင့် နှမများကသူမူးလာ
လျှင် ဝေးဝေးကရှောင်တတ်သည်။ အရပ်ထဲ၌လည်းအ
ကျင့်စာရိတ္တပျက်၍ ပစ္စည်းအလစ်သုတ်မှုများလုပ်၍ရပ်
ကွက်ရုံးသို့လည်း မကြာခဏ ရောက်တတ်သည်။ ဖခင်
ဖြစ်သူအနေနှင့် ထိုလူငယ်အမူးသမားကိစ္စကို လိုက်မရှင်း။
မိခင်ဖြစ်သူကသာ သားသမီး သံယောဇဉ်ကြောင့်ရပ်ကွက်
ရုံး၊ ရဲစခန်းအထိလိုက်ရှင်းရသည်။ လျော်ကြေးအမျိုးမျိုး
ပေးပြီး အမှုမဖြစ်အောင် ကြိုးပမ်းရသည်။တစ်ခါကလည်း
လှမြင့်မောင်ကုမ္ပဏီမှအရေးကြီးသည့် စာရွက်ဖြစ်သည့်
သွင်းကုန် စာရွက်အိမ်၌ကျန်နေ၍နေ့လယ်ဘက်အိမ်ပြန်
ခဲ့ရာ ထိုအမူး သမားက ကာရံထားသည့် ထရံကိုကျော်ပြီး
တစ်ဖက်အခန်းသို့ ကူးသွား သည် ရိပ်ခနဲ မြင်လိုက်ရသည်။
အကျယ်အကျယ်မဖြစ်လို၍လှမြင့်မောင်သည်ထိုအဖြစ်ကို
ခင်သူဇာအားပြောပြပြီးမိမိတို့ပိုင်ပစ္စည်းများကိုသံသေတ္တာ
အတွင်းထည့်၍သော့ခတ်ကာ လုံလုံခြုံခြုံ သိမ်းကြသည်။
ဒါကြောင့်လှမြင့်မောင်အနေနင့်ကြောင်အိမ်အတွင်းမှဝက်
သားဟင်း ပျောက်မှုအပေါ်တွေးကြည့်သောအခါတံခါး
ချက်ချ၍ပိတ်ထားခြင်းကြောင့်ကြောင်မစားနိုင်။တစ်ဖက်
အိမ်ရှင်သားအမူးသမားထရံကိုကျော်ဝင်လာပြီးဟင်းခိုး
ခြင်းသာဖြစ်မည်ဟု တွေးတောလိုက်သည်။ယခုငှားနေ
သောအိမ်၌ လည်း လှမြင့်မောင် ကြာကြာမနေလို။
ခြောက်လတစ်နှစ်တန်လျှင် မြို့ထဲမှ လခသင့်သော
အထက်မြင့်အခန်းတစ်ခန်းလောက်ကို ငှားနေရန်စိတ်ကူး
ထားသည်။ထိုစိတ်ကူးကြောင့် လှမြင့်မောင် ဟင်းခွက်
ခိုးစားမှုကို ပြဿနာမရှာ တော့၊ မိမိတို့ပစ္စည်းကို မိမိ
တို့သာ လုံလုံခြုံခြုံ သိမ်းရန် ဆုံးဖြတ်လိုက် သည်။သည်
နေ့တော့လှမြင့်မောင်ကုမ္ပဏီမှစောစောပြန်ခဲ့သည်။
အနော်ရထာ လမ်းမပေါ်ရှိသော့၊ သော့ခလောက်ပတ္တာ
ရောင်းသောဆိုင်မှ ပတ္တာကြီးကြီး တစ်စုံ သော့ခလောက်
တစ်လုံးဝယ်ခဲ့သည်။နေအိမ်သို့စောစောပြန်ရောက်၍
ကြောင်အိမ်ခနော်ခနဲ့တံခါးအား ပတ္တာကို ဝက်အူလှည့်
နှင့် ဆွဲ၍ တပ်ဆင် လိုက်သည်။ ဝယ်လာသော သော့
ခလောက်နှင့်တံခါးကိုသော့ခတ်ထား လိုက်သည်။
မကြာမီခင်သူဇာသည်ဟင်းချက်စရာများကိုလက်တစ်ဖက်
က ဆွဲယူ လာရင်း နေအိပ်ခန်းအတွင်း ဝင်လာသည်။
လင်တော်မောင် ကြောင်အိမ်၌ ပတ္တာရိုက်ပြီး သော့ခတ်
ထားသည်ကိုကြည့်ပြီး ပြုံးနေရင်း“အစ်ကိုကြောင်အိမ်က
သေးသေးအစ်ကိုသော့ကမီးအာမခံသေတ္တာကိုခတ်ထားတဲ့
သော့ကျနေတာပဲ။ အတော်ကြီးနေတယ်….“
“ဒါမှ သူခိုးဖွင့်လို့မရမှာပေါ့။ သူဇာကြောင်အိမ်ထဲကဟင်း
လာခိုးစားတဲ့ သူခိုးတွေ သေဖို့သာပြင် ..”
လှမြင့်မောင်သည် ခင်သူဇာကိုပြောသလိုနှင့် သူသင်္ကာ
မကင်း ဖြစ်နေ သည့် တစ်ဖက်ခန်းမှအမူးသမားကြား
အောင် ပြောလိုက်ခြင်းပင်၊လှမြင့်မောင်တို့ ဇနီးမောင်နှံ
လကုန်ရက်ဖြစ်၍ ချွေတာသည့်အနေနှင့် ဘဲဥဟင်းတစ်
ရက်၊ ပဲကုလားဟင်းတစ်ရက်ရက်စားကြသည်။ကြောင်
အိမ် သော့ခတ်ထား၍ ဟင်းရော ပဲကုလားဟင်းပါမပျောက်
မရှခဲ့။ လှမြင့်မောင် အတော် စိတ်ချမ်းသာခဲ့သည်။
ယနေ့ လခထုတ်ရက်ဖြစ်၍ လှမြင့်မောင်သည်ခင်သူဇာ
အလုပ်လုပ် သည့် မင်္ဂလာရေးဆေးဆိုင်သို့ သွားရောက်
ကြိုဆိုခေါ်ယူပြီး ပုဇွန်တောင် ရေးသို့ဝင်ခဲ့သည်။
ပုဇွန်တောင်ဈေး၏ညနေရေးခင်းသည်အလွန်စည်ကား
သည်။ သားငါးအစုံအလင်ရှိသည်။ ရေးလည်း သက်သာ
သည်။ နက်ဖြန်ခါ တနင်္ဂနွေနေ့တွင် အလုပ်ပိတ်၍လှမြင့်
မောင်သည် သူ အလွန် အင်မတန် ကြိုက်လှသည့် အုန်း
ထမင်းနှင့်အမဲနှပ်ဟင်းချက်ရန်ခင်သူဇာကိုတိုက်တွန်း
လေသည်။ ခင်သူဇာသည် အမဲနပ်ချက်ရာတွင်လက်ရာ
အလွန်ကောင်း သည်။ လခထုတ်ရက်ငွေရွှင်နေ၍လင်မ
ယားနှစ်ယောက်တည်း စားရန်ဖြစ် သော်လည်း အမဲသား
ငါးဆယ်သား ဝယ်လိုက်သည်။ ဒီနေ့ညနေစာတစ်နပ်နှင့်
နက်ဖြန်ခါ နှစ်နပ်စားရန် ဖြစ်သည်။အိမ်ပြန်ရောက်သော်
လှမြင့်မောင်သည် ဇနီးဖြစ်သူနှင့်အတူ မီးဖိုချောင် ဝင်၍
ကူညီလုပ်ကိုင်ပေးသည်။ ကြက်သွန်လှီးပေးသည်။
မီးမွှေးပေးသည်။ ဆန်ဆေးပေးသည်။ လှမြင့်မောင်ဝိုင်း
ကူလုပ်ပေး၍ ညခုနစ်နာရီခွဲ၍ ညစာ စားရန် အသင့်ဖြစ်
ဖြစ်နေသည်။ အမဲနပ်မှာ နူးရန် နည်းနည်းလိုသေးသော်
လည်းလှမြင့်မောင်အလွန်တေနေ၍ခူးခပ်စားကြသည်။
ပုဇွန်ဆိတ်လေးများ နှင့် ကြော်ထားသော ချဉ်ပေါင်ကျော်
မှာလည်း စား၍ အလွန်ကောင်းလှ သည်။
“သူဇာရေ …. အမဲနှပ်က နူးဖို့ နည်းနည်းလို သေးတယ်။
မနက်ကျရင် ပြန်နှပ်ပေးနော်၊ အခု – မနူးမနပ်နဲ့တောင်
စားလို့တော်တော်ကောင်းနေပြီခင်သူဇာသည်ခင်ပွန်း
ဖြစ်သူလှမြင့်မောင်ချီးကျူးစကားကြောင့် ပီတိဖြာ၍ပြုံးနေရှာသည်။
လင်မယားနှစ်ယောက် စားသောက်ကြပြီးနောက်အမဲ
နှပ်အိုးကို ကြောင်အိမ်အတွင်းအသေအချာထည့်ပြီး
လှမြင့်မောင်ကိုယ်တိုင်သော့ခတ် ၍သိမ်းလိုက်သည်။
ညဘက်မီးမလာ၍စောစောအိပ်ခဲ့ကြသည်။တနင်္ဂနွေ
နေ့လည်းဖြစ်၊ ဥပုသ်နေ့လည်းဖြစ်၍ လင်မယားနှစ်ယောက်
အလုပ်သွားရန် မလိုသောကြောင့် မနက် (၇)နာရီထိုး
ခါနီးမှ ထကြသည်။ ခါတိုင်းနေ့များ၌ခင်သူဇာသည်
မနက်(၅)နာရီ၌ထပြီးထမင်းချက်၊ ဟင်းခနွေး သည့်
အလုပ်ကို လုပ်ရသည်။ လှမြင့်မောင်က (၆)နာရီမှထ
လေ့ရှိသည်။ ယနေ့၌စိတ်အေးလက်အေးနှင့်အိပ်ရ၍
ခုနစ်နာရီထိုးခါနီးမှနှစ်ယောက်စလုံးအိပ်ရာ ထကြသည်။
ခင်သူဇာသည် မီးဖိုချောင်ဝင်၍ အုန်းထမင်းချက်ရန်
မီးမွှေးသည်။ လှမြင့်မောင်ကတော့ ပုဇွန်တောင်ဈေးမှ
ဝယ်လာသည့် အုန်းသီးကို ခွဲကာအုန်းခြပ်နှင့် အုန်းသီး
ခြစ်ပြီးအုန်းနို့ညှစ်လေသည်။မနေ့ကပင်တစ်ဖက်အိမ်
မှ အုန်းခြစ်ငှားထားခြင်း ကြောင့် ဒီနေ့ မနက် အလွယ်
တကူ အုန်းသီးခြစ်နိုင် ခြင်းဖြစ်သည်။
ခင်သူဇာ အုန်းထမင်းအိုးမီးဖိုပေါ်တင်ပြီးနောက်ညက
ချက်ထားသော အမဲနှပ်အိုးကို ထပ်ပြီး နှပ်ရန် ကြောင်
အိမ်သော့ဖွင့်ပြီး ထုတ်ယူလိုက်သည်။ ညကထဲကဟင်း
သိုးမှာစိုး၍အိုးအဖုံးမဖုံးဘဲ ဖွင့်ထားခြင်းကြောင့်အိုးအ
တွင်း ကို အလွယ်တကူ မြင်နိုင်သည်။ အမဲနှပ်အိုး ဆွဲ
ယူစဉ်ကပင် ဟင်းအိုးမှာ ပေါ့ရွှတ်ရွှတ်ဖြစ်နေ၍အိုးကို
ကြည့်လိုက်ရာ အိုးအတွင်း၌အမဲသားတစ်တုံးမှမရှိတော့
ပေ။ဒါကြောင့်ခင်သူဇာသည်“အစ်ကိုရေ..အမဲသားဟင်း
တွေတစ်တုံးမှ မရှိတော့ဘူး..”ဟူ၍အထိတ်တလန့်အော်
၍အိမ်သာတက်နေသော လှမြင့်မောင်ကို ပြောလိုက်သည်။
လှမြင့်သည် အိမ်သာခန်းမှ အမြန်ထွက်လာကာ “ဘယ်လို
ဖြစ်တာလဲ သူဇာ.. ကြောင်အိမ်ကို ညက အစ်ကိုကိုယ်တိုင်
သော့ခတ်တာပဲ”
“ဟုတ်ပါတယ်…. အစ်ကို – ကိုယ်တိုင်သော့ခတ်တာပဲ”
“ဟုတ်ပါတယ်အစ်ကို..ဒီနေ့မနက်ကလည်းသူမကိုယ်
တိုင်ပဲသော့ဖွင့်တာလှမြင့်မောင် အမဲနှပ်အိုးကိုလက်
တစ်ဖက်က ကိုင်ရင်း မကျေမနပ်နှင့် ကြောင်အိမ်ကို
စစ်ဆေးနေသည်။ ဆန်ခါဖောက်၍ ဟင်းခိုးစားခြင်း
လော။ မဟုတ်ပေ။ ဆန်ကာတို့မှာ အပေါက်အပြဲလုံး
ဝမရှိ။ အကောင်းပကတိသာဖြစ်သည်။ ကြောင်အိမ်
သစ်သားကိုခွာ၍ ခိုးစားခြင်းလော၊ ဒါလည်းမဟုတ်
ပေ။ ကြောင်အိမ်၌ ကာထားသော သစ်သားပြားတို့မှ
ဒဏ်ရာဒဏ်ချက်မရှိ။ သော့ခလောက်ကိုဖျက်၍ခိုး
စားခြင်းလော။သော့ခလောက်မှာလည်းအဖျက်အ
ပြုမရှိအကောင်းပကတိ၊နောက်ဆုံး၌လှမြင့်မောင်သည်
ကြောင်အိမ်ထဲမှတခြားခွက်ယောက်ပန်းကန်များကို
ထုတ်ပစ်ပြီးကြောင်အိမ်ကိုအလင်းရောင်ကောင်းစွာ
ရသည့် အိမ်ရှေ့ဖိနပ်ချွတ်သို့မရွှေ့ကာကြောင်အိမ်
အောက်ပိတ်ပျဉ်ပြားကိုစစ်ဆေး ကြည့်သည်။ အ
ပေါက်အပြဲမရှိ။ ကြောင်အိမ်ကို ပက်လက်လှန်ပြီး၊
တံခါးကို ဖွင့်ပြီး နံနက် နေရောင်ခြည်အောက်၌
အသေအချာ ကြည့်လိုက်သောအခါ လှမြင့်မောင်
လွန်စွာ ထိတ်လန့်တုန်လှုပ်ကာ ခြေဖျားလက်ဖျား
များပင် အေးစက်တုန်ခိုက်သွားပါသည်။
လှမြင့်မောင်ကိုထိတ်လန့်တုန်လှုပ်ချောက်ချားသွား
စေသည့်မြင်ကွင်း မှာတခြားမဟုတ်။ ကြောင်အိမ်
နောက်ကြော၌ ပိတ်ထားသည့်ပျဉ်ပြားတွင် ရေပေါ်
ထိုးထားသည့် အရာများကြားမှ မထင်မရှာ၊ ခပ်ရေး
ရေး ထင်ကျန်နေသော သင်္ဘောဆေးနှင့် ရေးထား
သောစာလုံးမှုန်ဝါးဝါးတို့ကို သေချာစွာ ဂရု စိုက်၍
ဖတ်ကြည့်လိုက်သောအခါ-သည်။ဦးခင်မောင်အသက်
(၅၃)နှစ် ဟူသော စာလုံးများပင် ဖြစ်နေလေတကယ်
တော့ သူတို့အသုံးပြုနေသော ကြောင်အိမ်သည်လူ
သေ ခေါင်းပျဉ်ဖြင့်စပ်၍ပြုလုပ်ထားသောကြောင်အိမ်တစ်လုံးသာဖြစ်နေပေသည်။

Zawgyi Version

” အသားဟင္းေပ်ာက္တဲ့ေၾကာင္အိမ္ “(စ/ဆုံး)
———————————————-

“အစ္ကိုေရညကခ်န္ထားတဲ့ငါးဟင္းေတြေၾကာင္စားလို႔
ကုန္ၿပီ.။ ဒီေန႔ဘဲဥေၾကာ္နဲ႔ပဲထမင္းထည့္ေပး လိုက္ေတာ့မယ္”
ဇနီးျဖစ္သူခင္သူဇာစကားၾကားမိေသာလွျမင့္ေမာင္သည္
စိတ္ထဲ၌မေက်မနပ္ျဖစ္မိေသာ္လည္းအသစ္စက္စက္
ဇနီးေခ်ာေလးျဖစ္၍အျပစ္တင္စကားမဆိုရက္၍“သူဇာ
ကလည္း ပလတ္စတစ္အုပ္ေဆာင္းနဲ႔ ေသေသခ်ာခ်ာ
မအုပ္မိ ဘူးနဲ႔တူတယ္” ဟူေသာ စကားျဖင့္ ျပစ္တင္
စကားလည္း မဟုတ္၊ သတိေပး စကားလည္း မက်
ေသာေလသံေပ်ာ့ေပ်ာ့ႏွင့္ ခြင့္လႊတ္စကားဆိုလိုက္
သည္။ ခင္သူဇာသည္ ခင္ပြန္းသည္၏စကားကိုၾကား
မိေသာအခါ -“အုပ္ထားပါတယ္ အစ္ကိုရာေၾကာင္
သူခိုးက အေကာင္လည္း ႀကီးၿပီး သိပ္လ်င္တဲ့အ
ေကာင္ျဖစ္လို႔ ထမင္းထုပ္ေဆာင္းကိုလွန္ၿပီးစား
သြား တာ အစ္ကိုရ ဒါေၾကာင့္သူဇာကေၾကာင္အိမ္
တစ္လုံးေတာ့ ဝယ္ပါလို႔ အစ္ကိုကို တိုက္တြန္းေနရတာ”
ခင္သူဇာ၏ ဆင္ေျခကိုလွျမင့္ေမာင္လက္ခံသ
ေဘာတူသည့္အလားေခါင္းညိတ္လ်က္ဒီလကုန္
ရင္ဝယ္ပါမယ္သူတရာ….ေၾကာင္အိမ္တစ္လုံးက
လည္းအေတာ္အသင့္ေတာင္ႏွစ္ေသာင္း၊ သုံးေသာင္း
ေလာက္ေတာင္းေနတာ..”
လွျမင့္ေမာင္သည္ ဇနီးျဖစ္သူခင္သူဇာကို ရွင္းျပၿပီး
ဇနီးခင္သူဇာက ဘဲဥေၾကာ္၊ ကန္စြန္း႐ြက္ေၾကာ္တို႔ႏွင့္
ထည့္ေပးေသာထမင္းခ်ိဳင့္ကိုဆြဲ၍ အလုပ္သို႔ထြက္ခဲ့သည္။
လွျမင့္ေမာင္သည္ ရန္ကုန္သားတစ္ေယာက္ မဟုတ္ပါ။
ရန္ကုန္ႏွင့္မိုင္(၈၀)နီးပါးေဝးေသာဒိုက္ဦးၿမိဳ႕နယ္အ
တြင္းရွိ႐ြာတစ္႐ြာမွျဖစ္သည္။ခိုက္ ဦးၿမိဳ႕အထက္တန္း
ေက်ာင္းမွ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ၿပီးေနာက္
ရန္ကုန္ၿမိဳ႕ပဇြန္ေတာင္ၿမိဳ႕နယ္ရွိဦးေလးေတာ္သူ၏
ေနအိမ္၌ေနရင္းေဆးဝါး ထုတ္လုပ္ေရး ကုမၸဏီတစ္
ခုတြင္ ဦးေလး၏ အရွိန္အဝါအရ အလုပ္ရခဲ့ သည္။
ဦးေလးသည္ အစိုးရဝန္ထမ္းအရာရွိတစ္ေယာက္
ျဖစ္ျခင္းေၾကာင့္ ေဆးဝါး ထုတ္လုပ္ေရး ကုမၸဏီသည္
လွျမင့္ေမာင္ကို အလုပ္ခန႔္ထားေပး ျခင္း ျဖစ္သည္။
အသက္(၃၀)အ႐ြယ္အထိလူပ်ိဳႀကီးအျဖစ္ပညာေရး
ႏွင့္လုပ္ငန္းခြင္တြင္ သာ ႀကိဳးစားလုပ္ကိုင္ခဲ့သူလွျမင့္
ေမာင္သည္ ၿပီးျပည့္စုံသည့္ အေနအထားေရာက္လာ
ေသာအခါၾကင္ရာရွာေတာ့သည္။ ေတာ္႐ုံတန္႐ုံအိမ္
ေထာင္ဖက္ကိုမေ႐ြးလိုေသာလွျမင့္ေမာင္သည္စိတ္
ႀကိဳက္အိမ္ေထာင္ဖက္ကိုေ႐ြးခ်ယ္ရန္ ဆုံးျဖတ္ခဲ့ေလသည္။
မႏၲေလးသို႔ကုမၸဏီစာရင္းစစ္ႏွင့္သြားေရာက္ခဲ့ေသာ
လွျမင့္ေမာင္သည္ ခင္သူဏႏွင့္ေတြ႕သည္။ သည္လို
ႏွင့္ခ်စ္သူေတြဘဝသို႔ေရာက္သည္။ သူမ၏ မိဘမ်ား
ကလွျမင့္ေမာင္ႏွင့္ သေဘာမတူ။ ခ်စ္သူသက္တမ္း
ႏွစ္ႏွစ္ခန႔္ၾကာ ေသာ္လွျမင့္ေမာင္သည္ ခင္သူဇာကို
ခိုးေျပးေလသည္။လွျမင့္ေမာင္ အလုပ္လုပ္သည့္
ကုမၸဏီပိုင္ရွင္က ေငြသား (၂)သိန္း လက္ဖြဲ႕သလို
လွျမင့္ေမာင္၏လစာကိုလည္းတိုးျမႇင္ေပးခဲ့သည္။
လွျမင့္ေမာင္လူလြတ္ဘဝ၌ မိဘႏွစ္ပါးကို ေထာက္ပံ့
ေနရ၍ ေငြမ်ားမ်ားစားစား မစုပ္။ အခ်ိန္ယူ၍တစ္အိုး
တစ္အိမ္ ထူေထာင္ရျခင္းလည္းမဟုတ္၍ေငြမ်ားမ်ား
စားစားမပိုင္ဆိုင္။ ဒါေၾကာင့္အိမ္ပိုင္ အိုးပိုင္၊ အခန္းပိုင္၊
မဝယ္ႏိုင္။ အိမ္လခ အသင့္သာေပးရေသာသာေကတ
မာန္ေျပလမ္း၌အိမ္ငွားေနရသည္။လွျမင့္ ေမာင္တို႔ေန
ေသာအိမ္မွာလုံးခ်င္းမဟုတ္။အိမ္ရွင္ႏွင့္တြဲေနရေသာ
အခန္းသာ ျဖစ္သည္။ တစ္ထပ္ပ်ဥ္ေထာင္အိမ္ေလးကို
အလယ္မွဝါးထရံကာၿပီးအိမ္ရွင္က အငွားခ်ထားျခင္း
ျဖစ္သည္။ အလယ္မွကာထား၍အေပၚဘက္သုံးေပ
ေလာက္လြတ္ေနသည္။အိမ္လခသက္သာသည့္အ
တြက္ႏွင့္လွျမင့္ေမာင္ကုမၸဏီ႐ုံးခ်ဳပ္ႏွင့္ နီးေသာေၾကာင့္
ယခုအိမ္ကိုငွားရမ္းခဲ့ျခင္းျဖစ္သည္။ခင္သူဇာမိဘမ်ားက
သမီးအျဖစ္ စြန႔္လႊတ္ေၾကာင္း ေၾကညာၿပီးလွျမင့္ေမာင္
တို႔၏ အိမ္ေထာင္ေရးကိုအသိအမွတ္ မျပဳခဲ့ေပ။လွျမင့္
ေမာင္ တစ္ေယာက္တည္းေသာ လစာႏွင့္ လင္မယား
ႏွစ္ေယာက္ စားေသာက္႐ုံ ေလာက္သာဖူလုံျခင္းေၾကာင့္
ခင္သူဇာအလုပ္ထြက္လုပ္ရန္လွျမင့္ေမာင္ကိုအႀကိမ္ႀကိမ္
ေတာင္းဆိုခဲ့သည္။အစဥ္လွျမင့္ေမာင္သည္ခင္သူဇာကို
အလုပ္လုပ္ခြင့္ မျပဳခဲ့ေခ်။ ခင္သူဇာအေနႏွင့္ မိမိသ
ေဘာဆႏၵအရ မဂၤလာ ေဈးရွိေဆးဆိုင္တစ္ဆိုင္၌အ
လုပ္ဝင္လုပ္ခဲ့သည္။နဂိုကပင္ေဆးအေရာင္း အဝယ္
လုပ္ငန္းကြၽမ္းက်င္သူတစ္ေယာက္ျဖစ္၍ဆိုင္ပိုင္ရွင္
တို႔က သေဘာက်ၿပီ၊ လစာေလးေသာင္းေပးခဲ့သည္။
ဒါေၾကာင့္လွျမင့္ေမာင္ႏွင့္အတူ ခင္သူဇာလည္းအလုပ္
ခြင္သို႔ ေနကုန္သြားရ၍ေနအိမ္အခန္းကိုေသာ့ခတ္ထား
ခဲ့ရသည္။ညေနအလုပ္မွအျပန္မွသာဟင္းခ်က္စရာဝယ္
လာၿပီး ညစာကို ခ်က္ျပဳတ္စားၾကသည္။ ထိုညစာထဲမွ
ေနာက္တစ္ေန႔အလုပ္ခြင္၌ မနက္စာစားရန္ဟင္းလ်ာကို
ခ်န္ထားၿပီ လင္မယားႏွစ္ေယာက္ထမင္းခ်ိဳင့္ထည့္၍
ယူခဲ့ၾကသည္။ အိပ္ေထာင္ထူေထာင္ျဖစ္၍အိပ္ေထာင္
ပရိေဘာဂ၊ပန္းကန္ခြက္ေယာက္မျပည့္စုံၾကသျဖင့္အိပ္
စရာကုတင္ပင္မရွိ၊ ၾကမ္းေပၚ၌သာအိပ္ၾကသည္။အဝတ္
အစားထည့္ရန္ ဗီရွိမရွိ။ သံေသတၱာႏွစ္လုံးႏွင့္ထည့္ၾကသည္။
အစား အေသာက္ သိမ္၊ဆည္၊ သိုေလွာင္ရန္ေၾကာင္အိမ္မရွိ။
ထမင္းစားစားပြဲေပၚ ၌ပလတ္စတစ္အုပ္ေဆာင္းအုပ္၍ထားရသည္။
ထိုအစားအေသာက္ကို ပလတ္စတစ္ ဆန္ကာအုပ္ေဆာင္း
ႏွင့္အုပ္၍ သိမ္းဆည္းထားရာမွ ေၾကာင္ျပႆနာတက္ခဲ့သည္။
မည္သည့္အိမ္မွ ေၾကာင္မွန္း မသိေသာ ေၾကာင္ထီးႀကီး
တစ္ေကာင္သည္ လွျမင့္ေမာင္တို႔ ပလတ္စတစ္အုပ္
ေဆာင္းႏွင့္အုပ္၍ထားေသာဟင္းလ်ာကိုညဘက္၌တိတ္
တဆိတ္ ဆန္ကာ အုပ္ေဆာင္းကို မ၍ လာေရာက္
ခိုးစားျခင္း ျဖစ္သည္။ တစ္ႀကိမ္လည္းမဟုတ္အ
ႀကိမ္ႀကိမ္ပင္ ထိုေၾကာင္ႀကီးမွာ အေတြ႕ အႀကဳံ
ရင့္က်က္ေသာ ေၾကာင္ျဖစ္၍လားမသိ။ ဆန္ကာ
အုပ္ေဆာင္းကို အသံ မျမည္ေအာင္ လွန္၍ဟင္း
လ်ာမ်ားကို ေျပာင္သလင္းခါေအာင္ ခိုးစားတတ္
သည္။ ယခုလည္းခင္သူဇာညကခ်က္ထားေသာ
ငါးဟင္းမွာအ႐ိုးပင္မက်န္ေတာ့ပဲအကုန္ခိုးစား
ျခင္းခံရေလသည္။ဒါေၾကာင့္ခင္သူဇာသည္လွ
ျမင့္အား ေၾကာင္အိမ္တစ္လုံးဝယ္ေပးရန္ ပူဆာ
ရျခင္း ျဖစ္သည္။“သူဇာေရ.. တံခါး ျမန္ျမန္ဖြင့္ပါဦး
ေၾကာင္အိမ္ဝယ္လာတယ္ ..” ခင္သူဇာသည္တံခါး
ဖြင့္ေပးရင္း လွျမင့္ေမာင္ႏွင့္အတူ ဝယ္လာေသာ
ေၾကာင္အိမ္ကိုအိမ္ခန္းအတြင္းပိုင္းသယ္ေပးသည္။
ေၾကာင္အိမ္မွာထုထည္ ႀကီးႀကီးမားမားမဟုတ္၍
သိပ္မေလးလွ။အိမ္ေထာင္ပရိေဘာဂဆိုင္ႀကီးမ်ား၌
ဆိုင္တင္ေရာင္းေသာေၾကာင္အိမ္မ်ားလိုမွန္တံခါးလည္း
မပါ။ တပ္ထား သည့္ဆန္ကာမွာလည္းေပ်ာ့တိေပ်ာ့
ဖတ္အဆင့္သုံးဆင့္သာရွိေသာေလးေပ ေလာက္ျမင့္
သည့္ေၾကာင္အိမ္ေလးျဖစ္ေနသည္။ခင္သူဇာေၾကာင္
အိမ္ကို စိတ္တိုင္းမက်ေသာအၾကည့္ႏွင့္ၾကည့္ေနသည္
ကိုလွျမင့္ေမာင္ျမင္ရေသာအခါ“သူဇာေရ .. အခုေလာ
ေလာဆယ္ေတာ့ ဟင္းခြက္ေတြလုံၿခဳံေရးအတြက္ဒီ
ေၾကာင္အိမ္ပဲ သုံးဦး။ ေနာက္မွ တာေမြဘက္ကမွန္
တံခါးတို႔ သံဆန္ကာအေကာင္းစားတို႔နဲ႔ေၾကာင္အိမ္
ဝယ္တာေပါ့။အဲဒီလိုေၾကာင္အိမ္ က်ေတာ့ ေလးငါး
ေသာင္းေလာက္ေပးရမွာ။ အခုေၾကာင္အိမ္ကအထမ္း
သမားေတြလာေရာင္းတာ။ဒလဘက္မွာလုပ္ၿပီးေဈး
ကလည္း ခုနစ္ေထာင္ေလာက္ပဲ ေပးရတယ္”
လွျမင့္ေမာင္သည္ဇနီးျဖစ္သူခင္သူဇာေက်နပ္ေအာင္
ရွင္းျပၿပီးေၾကာင္အိမ္ကို ေနသားတက် ေနရာခ်ထားလိုက္သည္။
“အစ္ကိုေရ..ေၾကာင္အိမ္ထဲမွာညကခ်က္ထားတဲ့ဝက္သားဟင္းေတြ၊
မရွိေတာ့ဘူး။ တံခါးခ်က္လည္း မျပဳတ္ပဲနဲ႔အိမ္ေရွ႕ရွိ
ေရတိုင္ကီ၌ေရခ်ိဳးေနေသာလွျမင့္ေမာင္သည္ေရစိုလုံ
ခ်ည္နင့္အိမ္ေပၚအေျပးတက္လာခဲ့သည္။ဇနီးသည္ျပ
သည့္ဗလာက်င္းေနေသာဝက္သားပန္းကန္ႏွင့္ဝက္သား
ဟင္းတစ္လုံးမွမရွိေတာ့။ေၾကာင္အိမ္တံခါးမွာလည္း
သစ္သားခ်က္မွာ ပုံမွန္အတိုင္းသာ ရွိသည္။လက္ရာ
မပ်က္ကာရံထားေသာပလတ္စတစ္ဆန္ကာမွာလည္း
အေကာင္းပကတိ။ လွျမင့္ေမာင္စဥ္းစားရအေတာ္
ၾကပ္သြားသည္။ေျခရာလက္ရာလုံးဝမပ်က္ဘဲဝက္
သား ဟင္းကေတာ့ ေပ်ာက္ခဲ့ၿပီ။ ထူးဆန္းလွေခ်သည္
တကား။လုံခ်ည္ အက်ႌလဲေနရင္း လွျမင့္ေမာင္စဥ္းစား
ခန္း ဝင္ေနမိသည္။ အိမ္ေထာင္သက္ (၆)လေက်ာ္ခဲ့ၿပီး
ဤအိမ္ခန္းကို ငွားရမ္း ေနထိုင္ခဲ့သည္ မွာလည္း (၆)
လျပည့္ေပၿပီ။တစ္ဖက္ခန္းရွိအိမ္ရွင္သားအႀကီးေကာင္
သည္အသက္ (၂၀)အ႐ြယ္ေရာက္ေသာ္လည္း မည္မည္
ရရ အလုပ္မရွိ။ တစ္ခါ တစ္ရံပန္းရန္ေနာက္လိုက္လုပ္
သည္။ တစ္ခါတစ္ရံ အလုပ္ၾကမ္းသမား အလုပ္လုပ္၍
အုတ္သယ္၊ေျမေပါက္အလုပ္လုပ္သည္။တစ္လတစ္လ
အလုပ္ လုပ္သည့္ရက္က ဆယ္ရက္ပင္ မျပည့္။ ေနအိမ္
၌သာအေနမ်ားသည္။ သူသည္အသက္ႏွစ္ဆယ္အ႐ြယ္
သာျဖစ္ေသာ္လည္းအရက္ကိုေတာ့ အေတာ္စုံစုံမက္မက္
ေသာက္သည္။ ေန႔စဥ္မူးေနသည္ကို ေတြ႕ရသည္။မူးလွ်င္
လည္းအေတာ္ေသာင္းက်န္းသည္။ မိုက္မိုက္႐ိုင္း႐ိုင္းလည္း
ေျပာဆိုဆက္ဆံ ၍အေဖ၊ အေမႏွင့္ ႏွမမ်ားကသူမူးလာ
လွ်င္ ေဝးေဝးကေရွာင္တတ္သည္။ အရပ္ထဲ၌လည္းအ
က်င့္စာရိတၱပ်က္၍ ပစၥည္းအလစ္သုတ္မႈမ်ားလုပ္၍ရပ္
ကြက္႐ုံးသို႔လည္း မၾကာခဏ ေရာက္တတ္သည္။ ဖခင္
ျဖစ္သူအေနႏွင့္ ထိုလူငယ္အမူးသမားကိစၥကို လိုက္မရွင္း။
မိခင္ျဖစ္သူကသာ သားသမီး သံေယာဇဥ္ေၾကာင့္ရပ္ကြက္
႐ုံး၊ ရဲစခန္းအထိလိုက္ရွင္းရသည္။ ေလ်ာ္ေၾကးအမ်ိဳးမ်ိဳး
ေပးၿပီး အမႈမျဖစ္ေအာင္ ႀကိဳးပမ္းရသည္။တစ္ခါကလည္း
လွျမင့္ေမာင္ကုမၸဏီမွအေရးႀကီးသည့္ စာ႐ြက္ျဖစ္သည့္
သြင္းကုန္ စာ႐ြက္အိမ္၌က်န္ေန၍ေန႔လယ္ဘက္အိမ္ျပန္
ခဲ့ရာ ထိုအမူး သမားက ကာရံထားသည့္ ထရံကိုေက်ာ္ၿပီး
တစ္ဖက္အခန္းသို႔ ကူးသြား သည္ ရိပ္ခနဲ ျမင္လိုက္ရသည္။
အက်ယ္အက်ယ္မျဖစ္လို၍လွျမင့္ေမာင္သည္ထိုအျဖစ္ကို
ခင္သူဇာအားေျပာျပၿပီးမိမိတို႔ပိုင္ပစၥည္းမ်ားကိုသံေသတၱာ
အတြင္းထည့္၍ေသာ့ခတ္ကာ လုံလုံၿခဳံၿခဳံ သိမ္းၾကသည္။
ဒါေၾကာင့္လွျမင့္ေမာင္အေနနင့္ေၾကာင္အိမ္အတြင္းမွဝက္
သားဟင္း ေပ်ာက္မႈအေပၚေတြးၾကည့္ေသာအခါတံခါး
ခ်က္ခ်၍ပိတ္ထားျခင္းေၾကာင့္ေၾကာင္မစားႏိုင္။တစ္ဖက္
အိမ္ရွင္သားအမူးသမားထရံကိုေက်ာ္ဝင္လာၿပီးဟင္းခိုး
ျခင္းသာျဖစ္မည္ဟု ေတြးေတာလိုက္သည္။ယခုငွားေန
ေသာအိမ္၌ လည္း လွျမင့္ေမာင္ ၾကာၾကာမေနလို။
ေျခာက္လတစ္ႏွစ္တန္လွ်င္ ၿမိဳ႕ထဲမွ လခသင့္ေသာ
အထက္ျမင့္အခန္းတစ္ခန္းေလာက္ကို ငွားေနရန္စိတ္ကူး
ထားသည္။ထိုစိတ္ကူးေၾကာင့္ လွျမင့္ေမာင္ ဟင္းခြက္
ခိုးစားမႈကို ျပႆနာမရွာ ေတာ့၊ မိမိတို႔ပစၥည္းကို မိမိ
တို႔သာ လုံလုံၿခဳံၿခဳံ သိမ္းရန္ ဆုံးျဖတ္လိုက္ သည္။သည္
ေန႔ေတာ့လွျမင့္ေမာင္ကုမၸဏီမွေစာေစာျပန္ခဲ့သည္။
အေနာ္ရထာ လမ္းမေပၚရွိေသာ့၊ ေသာ့ခေလာက္ပတၱာ
ေရာင္းေသာဆိုင္မွ ပတၱာႀကီးႀကီး တစ္စုံ ေသာ့ခေလာက္
တစ္လုံးဝယ္ခဲ့သည္။ေနအိမ္သို႔ေစာေစာျပန္ေရာက္၍
ေၾကာင္အိမ္ခေနာ္ခနဲ႔တံခါးအား ပတၱာကို ဝက္အူလွည့္
ႏွင့္ ဆြဲ၍ တပ္ဆင္ လိုက္သည္။ ဝယ္လာေသာ ေသာ့
ခေလာက္ႏွင့္တံခါးကိုေသာ့ခတ္ထား လိုက္သည္။
မၾကာမီခင္သူဇာသည္ဟင္းခ်က္စရာမ်ားကိုလက္တစ္ဖက္
က ဆြဲယူ လာရင္း ေနအိပ္ခန္းအတြင္း ဝင္လာသည္။
လင္ေတာ္ေမာင္ ေၾကာင္အိမ္၌ ပတၱာ႐ိုက္ၿပီး ေသာ့ခတ္
ထားသည္ကိုၾကည့္ၿပီး ၿပဳံးေနရင္း“အစ္ကိုေၾကာင္အိမ္က
ေသးေသးအစ္ကိုေသာ့ကမီးအာမခံေသတၱာကိုခတ္ထားတဲ့
ေသာ့က်ေနတာပဲ။ အေတာ္ႀကီးေနတယ္….“
“ဒါမွ သူခိုးဖြင့္လို႔မရမွာေပါ့။ သူဇာေၾကာင္အိမ္ထဲကဟင္း
လာခိုးစားတဲ့ သူခိုးေတြ ေသဖို႔သာျပင္ ..”
လွျမင့္ေမာင္သည္ ခင္သူဇာကိုေျပာသလိုႏွင့္ သူသကၤာ
မကင္း ျဖစ္ေန သည့္ တစ္ဖက္ခန္းမွအမူးသမားၾကား
ေအာင္ ေျပာလိုက္ျခင္းပင္၊လွျမင့္ေမာင္တို႔ ဇနီးေမာင္ႏွံ
လကုန္ရက္ျဖစ္၍ ေခြၽတာသည့္အေနႏွင့္ ဘဲဥဟင္းတစ္
ရက္၊ ပဲကုလားဟင္းတစ္ရက္ရက္စားၾကသည္။ေၾကာင္
အိမ္ ေသာ့ခတ္ထား၍ ဟင္းေရာ ပဲကုလားဟင္းပါမေပ်ာက္
မရွခဲ့။ လွျမင့္ေမာင္ အေတာ္ စိတ္ခ်မ္းသာခဲ့သည္။
ယေန႔ လခထုတ္ရက္ျဖစ္၍ လွျမင့္ေမာင္သည္ခင္သူဇာ
အလုပ္လုပ္ သည့္ မဂၤလာေရးေဆးဆိုင္သို႔ သြားေရာက္
ႀကိဳဆိုေခၚယူၿပီး ပုဇြန္ေတာင္ ေရးသို႔ဝင္ခဲ့သည္။
ပုဇြန္ေတာင္ေဈး၏ညေနေရးခင္းသည္အလြန္စည္ကား
သည္။ သားငါးအစုံအလင္ရွိသည္။ ေရးလည္း သက္သာ
သည္။ နက္ျဖန္ခါ တနဂၤေႏြေန႔တြင္ အလုပ္ပိတ္၍လွျမင့္
ေမာင္သည္ သူ အလြန္ အင္မတန္ ႀကိဳက္လွသည့္ အုန္း
ထမင္းႏွင့္အမဲႏွပ္ဟင္းခ်က္ရန္ခင္သူဇာကိုတိုက္တြန္း
ေလသည္။ ခင္သူဇာသည္ အမဲနပ္ခ်က္ရာတြင္လက္ရာ
အလြန္ေကာင္း သည္။ လခထုတ္ရက္ေငြ႐ႊင္ေန၍လင္မ
ယားႏွစ္ေယာက္တည္း စားရန္ျဖစ္ ေသာ္လည္း အမဲသား
ငါးဆယ္သား ဝယ္လိုက္သည္။ ဒီေန႔ညေနစာတစ္နပ္ႏွင့္
နက္ျဖန္ခါ ႏွစ္နပ္စားရန္ ျဖစ္သည္။အိမ္ျပန္ေရာက္ေသာ္
လွျမင့္ေမာင္သည္ ဇနီးျဖစ္သူႏွင့္အတူ မီးဖိုေခ်ာင္ ဝင္၍
ကူညီလုပ္ကိုင္ေပးသည္။ ၾကက္သြန္လွီးေပးသည္။
မီးေမႊးေပးသည္။ ဆန္ေဆးေပးသည္။ လွျမင့္ေမာင္ဝိုင္း
ကူလုပ္ေပး၍ ညခုနစ္နာရီခြဲ၍ ညစာ စားရန္ အသင့္ျဖစ္
ျဖစ္ေနသည္။ အမဲနပ္မွာ ႏူးရန္ နည္းနည္းလိုေသးေသာ္
လည္းလွျမင့္ေမာင္အလြန္ေတေန၍ခူးခပ္စားၾကသည္။
ပုဇြန္ဆိတ္ေလးမ်ား ႏွင့္ ေၾကာ္ထားေသာ ခ်ဥ္ေပါင္ေက်ာ္
မွာလည္း စား၍ အလြန္ေကာင္းလွ သည္။
“သူဇာေရ …. အမဲႏွပ္က ႏူးဖို႔ နည္းနည္းလို ေသးတယ္။
မနက္က်ရင္ ျပန္ႏွပ္ေပးေနာ္၊ အခု – မႏူးမနပ္နဲ႔ေတာင္
စားလို႔ေတာ္ေတာ္ေကာင္းေနၿပီခင္သူဇာသည္ခင္ပြန္း
ျဖစ္သူလွျမင့္ေမာင္ခ်ီးက်ဴးစကားေၾကာင့္ ပီတိျဖာ၍ၿပဳံးေနရွာသည္။
လင္မယားႏွစ္ေယာက္ စားေသာက္ၾကၿပီးေနာက္အမဲ
ႏွပ္အိုးကို ေၾကာင္အိမ္အတြင္းအေသအခ်ာထည့္ၿပီး
လွျမင့္ေမာင္ကိုယ္တိုင္ေသာ့ခတ္ ၍သိမ္းလိုက္သည္။
ညဘက္မီးမလာ၍ေစာေစာအိပ္ခဲ့ၾကသည္။တနဂၤေႏြ
ေန႔လည္းျဖစ္၊ ဥပုသ္ေန႔လည္းျဖစ္၍ လင္မယားႏွစ္ေယာက္
အလုပ္သြားရန္ မလိုေသာေၾကာင့္ မနက္ (၇)နာရီထိုး
ခါနီးမွ ထၾကသည္။ ခါတိုင္းေန႔မ်ား၌ခင္သူဇာသည္
မနက္(၅)နာရီ၌ထၿပီးထမင္းခ်က္၊ ဟင္းခေႏြး သည့္
အလုပ္ကို လုပ္ရသည္။ လွျမင့္ေမာင္က (၆)နာရီမွထ
ေလ့ရွိသည္။ ယေန႔၌စိတ္ေအးလက္ေအးႏွင့္အိပ္ရ၍
ခုနစ္နာရီထိုးခါနီးမွႏွစ္ေယာက္စလုံးအိပ္ရာ ထၾကသည္။
ခင္သူဇာသည္ မီးဖိုေခ်ာင္ဝင္၍ အုန္းထမင္းခ်က္ရန္
မီးေမႊးသည္။ လွျမင့္ေမာင္ကေတာ့ ပုဇြန္ေတာင္ေဈးမွ
ဝယ္လာသည့္ အုန္းသီးကို ခြဲကာအုန္းျခပ္ႏွင့္ အုန္းသီး
ျခစ္ၿပီးအုန္းႏို႔ညႇစ္ေလသည္။မေန႔ကပင္တစ္ဖက္အိမ္
မွ အုန္းျခစ္ငွားထားျခင္း ေၾကာင့္ ဒီေန႔ မနက္ အလြယ္
တကူ အုန္းသီးျခစ္ႏိုင္ ျခင္းျဖစ္သည္။
ခင္သူဇာ အုန္းထမင္းအိုးမီးဖိုေပၚတင္ၿပီးေနာက္ညက
ခ်က္ထားေသာ အမဲႏွပ္အိုးကို ထပ္ၿပီး ႏွပ္ရန္ ေၾကာင္
အိမ္ေသာ့ဖြင့္ၿပီး ထုတ္ယူလိုက္သည္။ ညကထဲကဟင္း
သိုးမွာစိုး၍အိုးအဖုံးမဖုံးဘဲ ဖြင့္ထားျခင္းေၾကာင့္အိုးအ
တြင္း ကို အလြယ္တကူ ျမင္ႏိုင္သည္။ အမဲႏွပ္အိုး ဆြဲ
ယူစဥ္ကပင္ ဟင္းအိုးမွာ ေပါ့႐ႊတ္႐ႊတ္ျဖစ္ေန၍အိုးကို
ၾကည့္လိုက္ရာ အိုးအတြင္း၌အမဲသားတစ္တုံးမွမရွိေတာ့
ေပ။ဒါေၾကာင့္ခင္သူဇာသည္“အစ္ကိုေရ..အမဲသားဟင္း
ေတြတစ္တုံးမွ မရွိေတာ့ဘူး..”ဟူ၍အထိတ္တလန႔္ေအာ္
၍အိမ္သာတက္ေနေသာ လွျမင့္ေမာင္ကို ေျပာလိုက္သည္။
လွျမင့္သည္ အိမ္သာခန္းမွ အျမန္ထြက္လာကာ “ဘယ္လို
ျဖစ္တာလဲ သူဇာ.. ေၾကာင္အိမ္ကို ညက အစ္ကိုကိုယ္တိုင္
ေသာ့ခတ္တာပဲ”
“ဟုတ္ပါတယ္…. အစ္ကို – ကိုယ္တိုင္ေသာ့ခတ္တာပဲ”
“ဟုတ္ပါတယ္အစ္ကို..ဒီေန႔မနက္ကလည္းသူမကိုယ္
တိုင္ပဲေသာ့ဖြင့္တာလွျမင့္ေမာင္ အမဲႏွပ္အိုးကိုလက္
တစ္ဖက္က ကိုင္ရင္း မေက်မနပ္ႏွင့္ ေၾကာင္အိမ္ကို
စစ္ေဆးေနသည္။ ဆန္ခါေဖာက္၍ ဟင္းခိုးစားျခင္း
ေလာ။ မဟုတ္ေပ။ ဆန္ကာတို႔မွာ အေပါက္အၿပဲလုံး
ဝမရွိ။ အေကာင္းပကတိသာျဖစ္သည္။ ေၾကာင္အိမ္
သစ္သားကိုခြာ၍ ခိုးစားျခင္းေလာ၊ ဒါလည္းမဟုတ္
ေပ။ ေၾကာင္အိမ္၌ ကာထားေသာ သစ္သားျပားတို႔မွ
ဒဏ္ရာဒဏ္ခ်က္မရွိ။ ေသာ့ခေလာက္ကိုဖ်က္၍ခိုး
စားျခင္းေလာ။ေသာ့ခေလာက္မွာလည္းအဖ်က္အ
ျပဳမရွိအေကာင္းပကတိ၊ေနာက္ဆုံး၌လွျမင့္ေမာင္သည္
ေၾကာင္အိမ္ထဲမွတျခားခြက္ေယာက္ပန္းကန္မ်ားကို
ထုတ္ပစ္ၿပီးေၾကာင္အိမ္ကိုအလင္းေရာင္ေကာင္းစြာ
ရသည့္ အိမ္ေရွ႕ဖိနပ္ခြၽတ္သို႔မေ႐ႊ႕ကာေၾကာင္အိမ္
ေအာက္ပိတ္ပ်ဥ္ျပားကိုစစ္ေဆး ၾကည့္သည္။ အ
ေပါက္အၿပဲမရွိ။ ေၾကာင္အိမ္ကို ပက္လက္လွန္ၿပီး၊
တံခါးကို ဖြင့္ၿပီး နံနက္ ေနေရာင္ျခည္ေအာက္၌
အေသအခ်ာ ၾကည့္လိုက္ေသာအခါ လွျမင့္ေမာင္
လြန္စြာ ထိတ္လန႔္တုန္လႈပ္ကာ ေျခဖ်ားလက္ဖ်ား
မ်ားပင္ ေအးစက္တုန္ခိုက္သြားပါသည္။
လွျမင့္ေမာင္ကိုထိတ္လန႔္တုန္လႈပ္ေခ်ာက္ခ်ားသြား
ေစသည့္ျမင္ကြင္း မွာတျခားမဟုတ္။ ေၾကာင္အိမ္
ေနာက္ေၾကာ၌ ပိတ္ထားသည့္ပ်ဥ္ျပားတြင္ ေရေပၚ
ထိုးထားသည့္ အရာမ်ားၾကားမွ မထင္မရွာ၊ ခပ္ေရး
ေရး ထင္က်န္ေနေသာ သေဘၤာေဆးႏွင့္ ေရးထား
ေသာစာလုံးမႈန္ဝါးဝါးတို႔ကို ေသခ်ာစြာ ဂ႐ု စိုက္၍
ဖတ္ၾကည့္လိုက္ေသာအခါ-သည္။ဦးခင္ေမာင္အသက္
(၅၃)ႏွစ္ ဟူေသာ စာလုံးမ်ားပင္ ျဖစ္ေနေလတကယ္
ေတာ့ သူတို႔အသုံးျပဳေနေသာ ေၾကာင္အိမ္သည္လူ
ေသ ေခါင္းပ်ဥ္ျဖင့္စပ္၍ျပဳလုပ္ထားေသာေၾကာင္အိမ္တစ္လုံးသာျဖစ္ေနေပသည္။