ခြောက်ကြိုးကဝေ(စ/ဆုံး)

Unicode Version

ခြောက်ကြိုးကဝေ(စ/ဆုံး)
———————————
ယဉ်ကျေးသိမ်မွေ့သော လက်တို့
သည်တစ်ခါတစ်ရံဓားကိုင်ရသည့်အခါ
ရင်တွင်း၌မခံစားဘူးသောခံစားချက်တို့
ဖြစ်ပေါ်လာရသည်။ ဓားသည် မိမိရင်
တွင်းမှ အာဃာတနှင့် ဖြစ်ပေါ်နေသော
ဒုက္ခတို့ကို ချေမှုန်းလိုက်နိုင်သည်ဟု
ယူဆထား၏။ ပုတီးကိုင်သောလက်၊
ရေစက်ချသောလက်အစုံတို့ သည် ယခု
အခါ ငွေဓားမြှောင်ပြောင်ဝင်းဝင်းကို
အမှောင်ထင်းထင်းမှာကိုင်ရင်းပြဿနာ ရှာခဲ့သူကို ပြဿနာပြန်ရှာရန် တွေးနေ

မိသူကဥက္ကာလွင်။
အချိန်က ညနေ (၆)နာရီခွဲခန့် ဖြစ်
ပြီးလူစည်ကားရာရန်ကုန်မြို့လယ်ကား
လမ်းဘေး ပလက်ဖောင်းတွင်ထိုင်ရင်း ခေါင်းငိုက်စိုက်ဒူးတိုက်၍ တစ်စုံတစ်ရာ ကို ရှာနေမိ၏။ ကလေးတွေက စသည်၊
အရူးဆိုလားအပေါဆိုလား။ လူကြီးတွေ
က ငေးမောစပ်စုရင်း မျိုးစုံဝေဖန်သည်။ ရှိစေတော့။ ဒါက မိမိအလုပ် မိမိမလုပ် ဘဲ သူများကိစ္စ ဝင်ပါတတ်သော မြန်မာ တို့၏ ဂုဏ်ယူဖွယ်အကျင့်ပင်။ ဥက္ကာ

လွင်သည် ကောင်းကင်ကို တစ်ချက် မော့ကြည့်ပြီး အသံတစ်ချက် ဟစ်
လိုက်၏။
“ဟေး…”
ရုတ်တရက်အရပ်ရှစ်မျက်နှာမှလာ
သော ကျီးကန်းများ ဝိုင်းလာကြ၏။
သူ့ရှေ့တွင် တဖျပ်ဖျပ် အတောင်ခတ်
လျက်ထိုးတော့ဆိတ်တော့မည့်ဟန်။ သူ
တစ်ခုခု ပြောသည်နှင့် ကျီးကန်းတွေက
အန္တရာယ်ပေးမလိုဟန်။ လူတွေ သူ့ကို
ကြည့်နေသည်။
“လာကြလေကွာ-လာကြ –
ဟိုင်း”
ကျီးကန်းထောင်နှင့်ချီမည်ဟုထင်
ရသည်။ သူ့ကိုဝိုင်းထိုးဆိတ်ရန်လာကြ
သည်။ လက်ထဲမှ ငွေဓားဖြင့် တွေ့ရာ
ကျီးကန်းကို ခုတ်သတ်လေတော့၏။
လူတွေက သူ့ဘက်မှ ဝိုင်း၍ ကျီးကန်း
များကိုမောင်းထုတ်ကြသော်လည်းကျီး
ကန်းများမှာ မဖြုချေ။ ဥက္ကာလွင်သည်
မည်းမည်းမြင်ရာကိုဓားဖြင့်ဝှေ့ယမ်းရာမှ
မောလာသဖြင့်ကတ္တရာလမ်းပေါ်ထိုင်ချ
လိုက်ပြီး ကျီးကန်းများကို ကြည့်လိုက်

လေသည်။ သူထိုကဲ့သို့ပြုမူလိုက်သည်
နှင့်တစ်ပြိုင်နက် ကျီးကန်းများသည်
ရန်သူကိုတိုက်ခိုက်သုတ်သင်ရန်ဗျူဟာ
ပြောင်းလိုက်သည့်အလား။ ကောင်းကင်
သို့ ပျံတက်ကာ တစ်စုတည်း သွား၍ စု
ပေါင်းကြ၏။ ပြီးသော် ကောင်းကင်မှ
မည်းမည်းလုံးကြီးပမာ ကျီးကန်းများ
ဝေါခနဲ ထိုးသုတ်ရန် ဆင်းလာကြသော
အခါ…
“ဟာ”
“ဟင်-အမယ်လေး”
ပတ်ဝန်းကျင်မှ လူများ အံ့ဩကုန် ကြ၏။ နတ်ဆိုးတစ်ကောင်အလားထင်
မှတ်မှားကြသည်။ ထိုအခိုက်..
“တိတ် – ရပ်လိုက်စမ်း”
အသက် (၅ဝ)ကျော် အမျိုးသား
ကြီးတစ်ဦးသည် ထိုကျီးကန်းများရှေ့မှ
ညာလက်ဖြင့်ကာ၍ ဟန့်တားလိုက်ရာ
ကျီးကန်းများ “ဝုန်း”ခနဲ တပ်ပျက်ပြီး
ထွက်ပြေးသွားကြကုန်၏။ ထိုပုဂ္ဂိုလ်၏
ပုံသဏ္ဌာန်မှာကြက်သွေးရောင်ပုဆိုးနှင့်
ကျောက်စိမ်းရောင်ကော်လံအင်္ကျီကို
ဝတ်ဆင်ကာ ဟန်းဘတ်အိတ်တစ်လုံး

ကိုလွယ်လျက် စစ်ဦးထုပ်ပုံစံ အနက်
ရောင်ဦးထုပ်တစ်လုံးကိုဆောင်ထား၏။
သူ၏မျက်လုံးများသည် ကြည်လင်စူးရှ
ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး
ကွမ်းယာကိုငုံလျက်ဥက္ကာလွင်ကိုအကဲ
ခတ်လေ၏။ ဥက္ကာလွင်သည် မြေပြင်၌
ငုတ်တုတ်ထိုင်နေရာမှ အနှီပုဂ္ဂိုလ်ကို
မြင်သောအခါ…
“ဟင် – ဆရာစိုး”
ဟု ရေရွတ်ကာ ပြေးဖက်လေ၏။ ဆရာစိုးဆိုသူကား အများသိပြီးဖြစ်
သည်။ ဂမ္ဘီရဆရာကြီး ဦးခင်စိုးဆိုသူပင်
ဖြစ်လေတော့သည်။ ဥက္ကာလွင်သည်
ကလေးတစ်ယောက်ပမာ ငိုယိုလျက်…
“ကျွန်-ကျွန်တော့်မိန်းမဆုံးသွားပြီ
ဆရာစိုး – သူများလုပ်တာအပင်းသွင်းခံ
လိုက်ရတာပါ”
ဟု ပြောရှာလေ၏။ ဆရာကြီး ဦးခင်စိုး (ခေါ်) ဆရာစိုးသည် ဥက္ကာလွင် ကို နှစ်သိမ့်ပြီး လူသူကင်းရှင်းရာသို့ တက္ကစီဖြင့် ခေါ်မည်ပြုရာ ဥက္ကာလွင်က မိမိတွင်ကားပါကြောင်းပြောပြီးထိုကား

ဖြင့် ခြောက်ထပ်ကြီးဘုရားသို့ သွားကြ လေသည်။
“မင်း- ဒီလောက် ဒုက္ခရောက်နေ
တာငါ့ကိုမဆက်သွယ်ဘူးလား”
ဆရာစိုးက ကားပေါ်တွင် မေးရာ
ဥက္ကာလွင်က ..
“ဘယ်နေပါ့မလဲ – ဆရာစိုးရယ်။
ဆက်သွယ်တာပေါ့။ ဒါပေမဲ့ – အခု ကျွန်
တော့်ကို ဒုက္ခပေးနေတာက တော်
တော်မြင့်တဲ့ပညာသည်မျိုးထင်ပါတယ်။
ကျွန်တော်ဖြင့် တစ်သက်နဲ့တစ်ကိုယ်
ယဉ်ယဉ်ကျေးကျေး သိမ်မွေ့စွာနှင့် နေ လာခဲ့တော့ အခုလိုကိစ္စလည်း ကြုံရော ဘာမျှကိုမလုပ်တတ်တော့ဘူး” ဟု ပြောရာ ဆရာစိုးက ဝင်၍… “အေးကွာ – ငါလည်း ရှမ်းပြည် ဘက်သွားပြီး ရိပ်သာတစ်ခု သွားဖွင့်နေ တာနဲ့မင်းဆီမလာဖြစ်တာ။တောင်းပန်
ပါတယ်ကွာ”
ဟုပြောလေသည်။ သို့နှင့်ပင်ဆရာ တပည့်တို့သည်ခြောက်ထပ်ကြီး ဘုရား
သို့ ရောက်သောအခါ ရေသန့်တစ်ဘူး
ဝယ်၍အမောပြေသောက်ကြပြီး လေ

အေးသောနေရာတွင် ထိုင်ကာ စကား ပြောကြလေတော့သည်။
“ကဲ-ပြော-ဥက္ကာရေ၊ ငါ မင်းကို
အစွမ်းကုန်ကူညီမယ်။ အခုချိန်ကစပြီး ဘာမျှ အားမငယ်နဲ့။ ဟုတ်ပြီလား…” ဥက္ကာလွင်သည် ဆရာစိုးကို ကန် တော့ပြီး စတင်ပြောတော့၏။
“ကျွန်တော်စကားပြောလို့မရဘူး။
ဆရာစိုး ကျွန်တော် စကားပြောရင် ကျီး
ကန်းရိုင်းတွေ လာကြတယ်။ အိမ်တံခါး
ပိတ်ထားရင် အိမ်ပတ်လည်မှာ ဝိုင်းပြီး
တအားအား အော်နေကြတယ်။ အခု
ဆရာစိုးရဲ့အစွမ်းကြောင့် အနားမှာပြော
နေနိုင်တာနေမှာ။ ကျွန်တော့်ကို ပညာ
သည်တစ်ယောက် လုပ်သွားတာ။ သူ့
နာမည်က မစန္ဒာတဲ့”
လွန်ခဲ့သော တစ်လခန့်က မစန္ဒာ ခင်ဟူသောအသက်(၄၀)ကျော်အမျိုး သမီး ခပ်ချောချောတစ်ဦးသည် ဥက္ကာ လွင်နှင့် သူ့ဇနီး သီတာအေးတို့အိမ်၌

ကူဖောင်လောင်ဖက် လုပ်ကိုင်ပေးရန်
ပွဲစားကြီးဘရွှေ၏အကူအညီဖြင့်ရောက်
လာ၏။ ထိုအမျိုးသမီးသည် သူတစ်ပါး
အိမ်၌ အိမ်စေလုပ်ရန် လာသည်ဟု ဆို
ခြင်းကို ပထမပိုင်း၌ ဥက္ကာလွင်နှင့် ဇနီး
အဖို့ မယုံရဲ။ သူရုပ်ရည်၊ သူ့ သွင်ပြင်က
လှပ တင့်တယ်နေပေသည်။ သို့သော်
အမြဲဆိုသလိုပင် မျက်လွှာချလျက်၊
စကားပြောတော့လည်း အေးစက်စက်
ပင်။ ဘာပဲပြောပြော ခရီးအမြဲထွက်ရ
သော ဥက္ကာလွင်က သူ့ကို လက်ခံထား
လိုက်သည်။
“ခင်ဗျား ဘယ်က လာသလဲ –
မစန္ဒာခင်”
“ကျွန်မက ဟင်္သာတဘက်ကပါ။
ဧရာဝတီတိုင်းသူ ဆိုပါတော့ရှင်”
“ေဩာ် – အေးဗျာ၊ ကျွန်တော်တို့
လင်မယားကတော့ မကြာခဏ ခရီး
ထွက်ရတယ်။ မြဝတီနယ်စပ်ကိုလေ။
ကူးသန်းရောင်းဝယ်ရေး ကုန်သည်ဆို
ပါတော့။ အဲဒီလို ခရီးသွားချိန်မှာအိမ်က
ဂိုဒေါင်အလုပ်သမားတချို့ကိုထိန်းသိမ်း ပေးဖို့လူယုံလိုနေတာပါပဲ။ ခင်ဗျား သစ္စာ

ရှိမယ်ဆို ကျွန်တော်တို့က ကြည့်ရှုမှာ
ပါ”
“ဟုတ်ကဲ့- ကျွန်မ ကြိုးစားပါ့မယ်”
သည်လိုနှင့် အပေးအယူတည့်ပြီး
အလုပ်စလုပ်ဖြစ်သည်။ သိပ်မကြာခင်
မှာပင်သူမအကြောင်းသိလာရသည်က
ထူးခြားသည်။ ပထမအချက်အနေဖြင့်
သူမသည် ဘုရားမရှိခိုး၊ ဘာသာခြား
လည်း မဟုတ်၊ သူ လုပ်လေ့ရှိသည်က
ဆေးလိပ်ဖွာလျက် ဗလာစာအုပ်နှင့်
ဘောလ်ပင်ကိုင်ကာ နှစ်လုံးထီ တွက်
နေတတ်သည်။ တစ်ခါတစ်ရံတော့
လည်း သူ နှစ်လုံးတွက်သော စာအုပ်ကို
အမှတ်တမဲ့ကြည့်မိ တော့ အက္ခရာ
မဟုတ် ဘာမဟုတ် သင်္ကေတလိုလို၊
အင်းကွက်လိုလို ပုံစံများ တွေ့ရသည်။
ဘာပဲဖြစ်ဖြစ် အိမ်လုံခြုံရန် အဖော်
ကောင်းရလျှင် ပြီးရောဟု သဘောထား
လိုက်သည်။ ဥက္ကာလွင်က အသက်
(၂၈)ပေမယ့် ဘာသာတရား လွန်စွာ
ကိုင်းရှိုင်းကာ အောက်လက်ငယ်သား
အပေါ်လည်းပေးကမ်းစွန့်ကြဲအမြဲပြု၏။
ရုပ်ရည်ကလည်း ချောမောသည်ဆို

တော့ လူချစ်လူခင်ပေါတာက အမှန်။
ဆရာကြီးဦးခင်စိုးနှင့်တရားပွဲတစ်ပွဲတွင်
တွေ့ ပြီး ခင်မင် ရင်းနှီးခဲ့ရာက ဆရာ
တပည့်လို ဖြစ်ခဲ့သည်မှာ (၅) နှစ်မျှ ကြာ
ချေပြီ။
ဆရာစိုး၏ လမ်းညွှန်မှုအတိုင်း
ရံဖန်ရံခါဥပုသ်သီလဆောက်တည်ကာ
အိမ်ရှိ ဘုရားကျောင်းဆောင်၌လည်း
ငှက်ပျောငါးဖီး၊ အုန်းတစ်လုံးဖြင့် သာ-
သနာကန်တော့ပွဲ တစ်လ (၂)ကြိမ်မျှ
လှူသည်။ မစန္ဒာခင် ရောက်ချိန်တွင်
ဆရာစိုးလာလေ့မရှိတော့ဘဲနယ်ထွက်
သွားပြီ ဖြစ်၏။ မစန္ဒာခင်သည် ရံဖန်ရံခါ
မျက်လုံးများက ဥက္ကာလွင်ကို ကြာပစ်
သလိုလိုစကားများဖြင့်ထိကပါးရိကပါး
ပြောတတ်သေး၏။ တစ်ခါတော့ ဥက္ကာ
လွင် စိတ်လိုလက်ရ ရှိခိုက် စန္ဒာခင်ကို
မေးသည်။
“မစန္ဒာ- ခင်ဗျား ရွာမှာရှိတဲ့
ယောက်ျားက ဘာအလုပ် လုပ်သလဲ။ ကလေးကောရှိသလား”
“အို – ပေါက်ပေါက်ရှာရှာရှင်၊
ကျွန်မကအပျိုကြီးလေ”

“ေဩာ်- ဟုတ်လား။ တောင်းပန်
တယ်ဗျာ – မသိလို့ပါ။ ဒါနဲ့ တစ်သက်လုံး
အပျိုကြီး လုပ်မယ်ပေါ့ ဟုတ်လား-
ဟား-ဟား”
“အင်း- ဒီလိုပါပဲ။ ကိုဥက္ကာလို
ယောက်ျားမျိုးတွေ့ရင်တော့ – ဟင်း-
ဟင်း- ဘာပြောကောင်းမလဲ။ ပုံပေးပြီး
သားပဲပေါ့” “ဗျာ…”
ထိုစကားကြောင့်စက်ချုပ်နေသော သီတာအေး ထလာပြီး ချောင်းဟန့်
သည်။
“ကို သူ့ကို သိပ်မရောပါနဲ့။ ကို
သဘောကောင်းတာ သူ့လိုအဆင့်နဲ့ မသင့်ဘူးထင်တယ်”
ထိုစကားကို ကြားသော် မစန္ဒာခင်
သည်ထူးဆန်းသောအကြည့်ဖြင့်ကွယ် ရာမှစူးစူးဝါးဝါး ကြည့်နေသည်ကိုဥက္ကာ လွင် မြင်လိုက်ရသည်။ ထိုအကြည့်
အကြောင်း နောင်တွင် သိရသည့်အခါ
နောင်တရကြလေ၏။ တစ်နေ့တော့
ဇနီးမောင်နှံနှစ်ဦး ခရီးမှ ပြန်လာခိုက်
ဘုရားကျောင်းဆောင်ပေါ်ရှိ သာသနာ

ပွဲ၌ လှူထားသော ငွေငါးထောင်တန်
တစ်ရွက်ပျောက်ဆုံးသဖြင့်အိမ်ရှိလူမှန်
သမျှ ခေါ်မေးကြသည်။ အလုပ်သမား
များကလည်း၎င်းတို့အိမ်ထဲဝင်လေ့မရှိ
ကြောင်း၊ ဂိုဒေါင်၌သာနေကြောင်း ပြော
ကြ၏။ ထိုအခါ သီတာအေးသည် စန္ဒာ
ခင်ကို မေးတော့သည်။
“မစန္ဒာ-ရှင်ယူမိလား။ ငွေကတန် ဖိုးမရှိပေမဲ့ ဘုရားလှူထားတာဆိုတော့
သိမှဖြစ်မှာမို့လို့ မေးရတာ”
“အို – ကျွန်မ မယူပါဘူး။ ငှက်ပျော သီးကြားမှာ လိပ်ပြီးထိုးထားတာဆို
တော့လေတိုက်လွင့်ကျသလား။ ကြွက် ပဲဆွဲသလားရှိမှာပေါ့”
“ဟ – ဒါဆို အရင်က ဘာလို့မဖြစ် လဲ။ နှစ်ပေါင်းများစွာ ကြာနေပြီ။ ဒါမျိုး
မဖြစ်ဖူးပါဘူး”
ဥက္ကာလွင်ဒေါသသံဖြင့်ပြောလိုက် ၏။အဖြေကိုသိနေကြသည်။ သို့သော်-
လက်ပူးလက်ကြပ် မမိသေးသဖြင့်
မပြောတော့ဘဲ ငံ့လင့်နေလိုက်လေ၏။
ထိုကိစ္စဖြစ်ပြီးနောက်တစ်နေ့တွင်
သာသနာပွဲ၌ လှူထားသော အုန်းနှင့်

ငှက်ပျောများသည် မည်းလျက်ပုပ်သွား
လေတော့သည်။ထူးဆန်းပေစွ။စိမ်းရာမှ
မှည့်ပင်မမှည့်သေးဘဲ မည်းပြီးပုပ်သွား
သည်ကိုလင်မယားနှစ်ယောက်အံ့အား သင့်ကာမိမိတို့အဖို့တစ်ခုခုကြံနေသည်
ကို သိလိုက်ရလေ၏။
သည်လိုနှင့် နောက်တစ်ကြိမ် နှစ် ကြိမ်ခရီးထွက်ပြီး ပြန်လာတော့လည်း
လှူဒါန်းထားသော ငွေက ပျောက်မြဲ
ပျောက်သည်။ နောက်ဆုံးတွင် ဥက္ကာ
လွင် လည်း အားနာမနေတော့ဘဲ လူစုံ
ခေါ်ကာ ရှင်းရတော့၏။
“ကဲ-အားလုံးကို ပြောမယ်။ ကျွန် တော် ဒီပြဿနာကို အဖြေရှာတဲ့နေရာ မှာ မစွပ်စွဲချင်ဘူး။ ဒါကြောင့် – ဘုရား၊ တရားနည်းနဲ့ပဲ အဖြေရှာမယ်။ ဟော ဒီမှာ အမွှေးတိုင် (၆)တိုင်ကို အိမ်ရှေ့ မြေကြီးပေါ်က သဲပြင်ပေါ်မှာထိုးမယ်။ ပြီးရင် အဓိဋ္ဌာန်မယ်။ အမွှေးတိုင်တစ် တိုင်စီမှာ နာမည်ကိုယ်စီရှိမယ်။ ခင် ဗျားတို့နာမည်တွေ။ တကယ်လို့ပိုက်ဆံ

ခိုးတဲ့သူဆိုရင် သူ့နာမည်နဲ့ အမွှေးတိုင်
ဟာထွန်းပြီးမကြာခင်လဲရမယ်။ မခိုးတဲ့
သူဆိုရင် မလဲဘဲ ပြာကျကုန်စင်ရမယ်။
သဘောတူကြလား…။
ဥက္ကာလွင်၏အဆုံးအဖြတ်ကိုအား
လုံးဝိုင်းပြီး သဘောတူသည်။ စန္ဒာခင်
ကတော့ ခပ်ဆိတ်ဆိတ်ပင်နေသည်။
အမွှေးတိုင်(၆)တိုင်ကိုထွန်းလိုက်သည်
နှင့် တစ်ပြိုင်တည်း မကြာမီမှာပင် စန္ဒာ
ခင်ဟုသတ်မှတ်ထားသောအမွှေးတိုင်
မှာ လေမတိုက်ပါဘဲ လဲကျသွားတော့
၏။
“ဟာ-ဟင်”
အားလုံးအံ့အားသင့်ကုန်၏။အခြား အမွှေးတိုင်များမှာ (၅)မိနစ်အကြာ ထိ လောင်ကျွမ်းသွားကြသည်။ ဤတွင် စန္ဒာခင်သည် ရုတ်တရက်ဆိုသလိုပင်
ဝုန်းဒိုင်းထကြဲတော့၏။
“အို – ဒါမဖြစ်နိုင်တာပဲ။ ကျွန်မ ဒီ ငွေကို မယူဘူး။ ဒီအမွှေးတိုင်လောက်နဲ့ ကျွန်မကို သိက္ခာမချပါနဲ့”
ထို သို့ပြောရာ သီတာအေး
ကလည်းဒေါသထွက်ပြီး..

“ဒီမှာ- ရှင် နှစ်လုံးထီထိုးစရာမရှိ
လို့ဘုရားပိုက်ဆံတွေ ခိုးနေတာရှင်းနေ
တာပဲ။ ဘာမှ ရှင်းပြစရာမလိုဘူး။ အိမ်
ပေါ်က ဆင်းဖို့လုပ်ပါ”
ဟု ပြောရာ ကျန်သော အလုပ်
သမားများကလည်း ဝိုင်း၍ ဆဲဆို
ထောက်ခံကြ၏။ သူမကြောင့် အားလုံး
စိတ်ရှုပ်ရသည် မဟုတ်လော။ စန္ဒာခင်
သည် နှုတ်ခမ်းပေါက်သည်အထိ အံ ကြိတ်၍သီတာအေးကိုစူးစူးဝါးဝါးကြည့်
ကာတစ်ခွန်းပဲပြော၏။ “ဟင်..”
ထိုသို့ ပြောပြီး အိမ်ဝတွင် ဖနောင့်
ပေါက်ကာ သူမ၏ အဝတ်ထုပ်ကို ဝင်
ယူပြီးထွက်သွားလေတော့သည်။ဥက္ကာ
လွင်နှင့် သီတာအေးမှာ ဘာပြန်ပြောရ
မှန်းမသိဘဲ အံ့ဩစွာဖြင့် ကျန်ခဲ့လေ
တော့သည်။ သို့သော် – အားလုံးသည်
မိမိတို့ကို ကျိန်စာတိုက်သွားခြင်းကို သိ
လိုက်ရ၏။
ထိုသို့ ရက်များကြာပြီးနောက် သီ
တာအေးသည်အိပ်မက်ဆိုးများမြင်မက်
လာလေ၏။ သရဲ၊ သဘက်များ၊ သင်္ချိုင်း

များစသဖြင့်နိမိတ်ဆိုးများပင်။ နဂိုနှလုံး ရောဂါရှိသူဖြစ်ရာ ပို၍ချူချာလာသည်
တွင် ဥက္ကာလွင်လည်းအိမ်ကို ပရိတ်ရေ
များဖျန်းခြင်း၊ ပရိတ်ရွတ်ခြင်းကို ပြုရ
တော့၏။ သို့သော်- သူကိုယ်တိုင်လည်း
အဆင်မပြေဖြစ်လာ၏။ အိမ်နီးနားဝန်း
ကျင်တွင် တောကျီးကန်းများသည်
ဘယ်က ဘယ်လိုရောက်လာမှန်းမသိ
စောင့်နေသလိုရှိကြသည်။ သီတာအေး
သည် အတိတ်နိမိတ်ဆိုးများကြောင့်
မစားနိုင် မသောက်နိုင် ဖြစ်ကာ ပိန်လှီ ဖျော့တောလာ၏။ ဖြူဖပ်ဖြူရော်ဖြင့် နှလုံးမကောင်းမသန့်တော့ချေ။ တစ်ညတော့ လင်မယားနှစ်
ယောက်အိပ်နေရင်း သီတာအေးသည်
အပေါ့သွားရန်အဖော်အဖြစ်လိုက်ပေးဖို့
ဥက္ကာလွင်ကိုနှိုး၏။ ဥက္ကာလွင်ကလည်း
ပင်ပန်းစွာ အိပ်နေပြီမို့ မနိုးချေ။ ထိုအခါ
တစ်ယောက်တည်း အောက်ထပ်သို့
လှေကားမှ ဆင်းခဲ့ရာ လှေကားခြေရင်း
တွင် အစိမ်းရောင် ဝတ်စုံဝမ်းဆက်ဖြင့်
မိန်းမတစ်ယောက် ရပ်နေ၏။ “ဒိန်း”ခနဲ
ရင်တွေတုန်လာ ပြီး…

“နင် – နင် – ဘယ်သူလဲ” ဟုခပ်ဖွဖွမေးလိုက်သည်တွင်မျက်
နှာလှည့်လာချိန်မတော့…
“အမယ်လေး”
ဟု အော်ကာ လှေကားမှ အောက် သို့ ဒလိမ့်ကောက်ကွေး ပြုတ်ကျသွား လေသည်။ သူမမြင်လိုက်ရတာကလွန် စွာမှ ကျက်သရေ ကင်းမဲ့သော သရဲ
သဘက်လိုမိန်းမမျက်နှာကြီးပင်တည်း။
ဥက္ကာလွင်သည် အော်သံကြောင့် လန့်
နိုးပြီးဆင်းလာရာ သီတာအေးအဖြစ်ကို
တွေ့ သဖြင့် ဆေးရုံသို့ ဖုန်း ဆက်၏။
သို့သော်-ဆေးရုံကားရောက်လာချိန်
တွင် အသက်မရှိတော့ပါချေ။ နှလုံး
ဆောင့်တက်၍ကွယ်လွန်သွားပြီတည်း။
ဥက္ကာလွင်သည်ချုံးပွဲချငိုလျက်တရားခံ
ကို သိနေသည်။
“ဒါ – ဟို မိန်းမယုတ် လက်ချက်ပဲ။ သူငါတို့ကိုကျိန်စာတိုက်ထားတာ”
မိမိဘာသာ ကြုံးဝါးရင်း ငွေဓား မြှောင်ဆောင်ကာတွေ့ရာနေရာ၌သတ်
ရန် ကြံ၏။ ပိုဆိုးလာသည်က သူတို့ အိမ်ကြီးသည် နေဝင်သည်နှင့် ခွေးများ

အူကာ အပုပ်နံ့ တထောင်းထောင်း
ထလျက် ကျက်သရေကင်းမဲ့လာခြင်း
ဖြစ်သည်။ သာသနာပွဲလည်း မလှူဖြစ်
တော့။ ထို့ထက် ဆိုးသည်က ဥက္ကာလွင်
လမ်းပေါ်ထွက်သည်နှင့် ကျီးကန်းများ
အုပ်စုဖွဲ့ကာ လိုက်လာ၏။ တစ်စုံတစ်
ယောက်နှင့် စကားပြောပြီဆိုလျှင် ကျီး
ကန်းများ ဝိုင်း၍ထိုးဆိတ်တော့သည်။
သည်တော့သူရှေ့ဆက်ဘာလုပ်ရမည်
နည်း။
ဆရာစိုးသည် ဥက္ကာလွင်၏ အဖြစ် ကို နားထောင်ပြီးသောအခါ ကောက်
ချက်ချ၏။
“ဒါ – အောက်လမ်းနဲ့အလုပ်ခံရတာ ပဲ။ ဘာကောင်က လုပ်သလဲဆိုတာ ငါ ခေါ်စစ်မှ ရမယ်။ လောလောဆယ် ငါ ထင်တာတော့ မင်းကို ကျီးကန်းဝိုင်း အောင် အပင်းသွင်းသွားတာပဲဖြစ်မယ်။ ကျီးကန်းတို့၊ လင်းနို့တို့ဆိုတာ အောက် လမ်းပညာသည်တွေ အသုံးချလေ့ရှိတဲ့

သတ္တဝါတွေပဲ။ အထူးသဖြင့် ကျီးကန်း ဟာ လူ့သဘာဝကို နားလည်တယ်။
သူတို့ထဲက တစ်ကောင်ကို ထိတာနဲ့
ကျန်နေတဲ့ကောင်တွေဝိုင်းလာတာကိုပဲ
ကြည့်။ တိရစ္ဆာန်ဖြစ်ပေမယ့် ခိုးတတ်
သေးတယ်။ နိမိတ်ဆိုးရော၊ နိမိတ်
ကောင်းရော ယူလာတတ်ကြတယ်။
ဂမ္ဘီရဆန်တဲ့ သတင်းတွေပေါ့ကွာ”
ဆရာစိုး၏ မှတ်ချက်ကို ဥက္ကာ
လွင်က ပြန်၍…
“ဒါဆို ဘာဆက်လုပ်ကြမလဲ –
ဆရာစိုး။ ဒီမိန်းမကိုရှာပြီး သတ်မလား”
ဟု ပြောရာ ဆရာစိုးက လက်
ကာပြပြီး …
“မင်းကလည်း မလောပါနဲ့။ ဒီကိစ္စ
လွယ်မယ်မထင်ဘူး။ မင်းတို့အိမ်မှာ
နေခဲ့တဲ့ ပညာသည်ဟာ မင်းတို့အိမ်
ဝန်းကျင်မှာပဲ အောက်လမ်းစက်တွေ
ဆင်ခဲ့မှာပဲ။ အဲဒါကို အရင်ရှာပြီး ငါတို့
ချေဖျက်မှရမယ်။ ဒီလိုမှမဟုတ်ရင် ဆိုး
ရွားသွားလိမ့်မယ်”
ဟူ၍ရှင်းပြပြီးလက်ဆွဲကာဘုရားမှ
ပြန်ခဲ့ကြလေ၏။

(မှတ်ချက် – အောက်လမ်း”စက်”
ဆိုသည်မှာ စက်ပစ္စည်းကို ပြောခြင်း
မဟုတ်ပါ။မကောင်းသောအောက်လမ်း ပညာအစီအရင်ကို ဆိုလိုပါသည်။)
ဆီချက်များစားကြသည်။ ပြီးသော်
လမ်းတွင် ညစာအဖြစ် ကြေးအိုး
ဥက္ကာလွင်သည် ကားကို ကိုယ်တိုင်
မောင်း၍ ဆရာစိုးကို တင်ဆောင်ကာ
အိမ်သို့ ပြန်ခဲ့တော့၏။
ခြံဝသို့ ရောက်သည်တွင် ထူးဆန်း
သည်က ဆရာစိုး ကားပေါ်မှ ဆင်းလိုက်
လျှင်ပင် ကျီးကန်းများ ထပျံသွား၏။
အပုပ်နံ့တွေရှင်းကုန်၏။ အူတတ်သော
ခွေးများ ရှာမရတော့ချေ။ ကျေးဇူးကြီး ပေစွ။ ဆရာကြီး ဦးခင်စိုးကား မနော
စိတ္တုပ္ပဂိုဏ်းမှ အန္တိမှဆရာတစ်ဦးဖြစ် သလို ဝိပဿနာ ကျင့်ကြံလျက်လည်း
ရှိသောအလယ်အလတ်လမ်းစဉ်လိုက်
ပုဂ္ဂိုလ်တစ်မျိုးပင် ဖြစ်၏။ တစ်ဖက်စွန်း
ရောက်တတ်သောပုဂ္ဂိုလ်မျိုးမဟုတ်ဘဲ
မေတ္တာကို အဓိက လက်ကိုင်ပြု၍ ဂမ္ဘီရ
နယ်ပယ်မှ ပြဿနာပေါင်းများစွာကို
ရှင်းနိုင်ခဲ့သူ ဖြစ်သည်။ ယခုလည်း ဤ

ပြဿနာတွင် ဆရာစိုးမည်သို့မည်ပုံရှင်း
မည်ကို စိတ်ဝင်စားဖွယ် သိရမည်က
တော့ အမှန်ပင် ဖြစ်လေသည်။ ဆရာစိုး
နှင့် ဥက္ကာ လွင်သည် ခြံထဲသို့ ဝင်ခဲ့ပြီး
နောက် ဆရာစိုးက ပတ်ဝန်းကျင်ကို
အကဲခတ်သည်။အိမ်ထဲသို့ရောက်သော်
အပုပ်နံ့စူးစူးတစ်မျိုးကိုရသဖြင့် ဆရာစိုး
♡.
“အင်း-တိတိကျကျပြောရရင် ဒီ
ကိစ္စက တော်တော်လက်လွန်နေပြီကွ။
ထင်သလောက် မလွယ်လှဘူး။ မင်းတို့
တစ်အိမ်လုံးကို သင်္ချိုင်းကုန်သာသာ
မြေညံ့ဖြစ်သွားအောင် အောက်လမ်း
ပညာတွေနဲ့ စီရင်ခဲ့တာပဲ”
ဟုပြောရာဥက္ကာလွင်လည်းအံ့အား
သင့်လျက် တွေးနေမိ၏။
“ဒါဆို-ဘာဆက်လုပ်ရမလဲဆရာ
“ဘာဆက်လုပ်ရမလဲဆိုတော့မင်း
ကိုပဲ စစ်ရတော့မှာပဲ။ ပယောဂ ကုထုံး
နည်းအတိုင်းပေါ့ကွာ။ ပြီးတော့မှ အဖြေ ရှာမယ်။ ငါခန့်မှန်းချက်အရဆိုရင် မင်းတို့ကို ပညာနှင့် လုပ်သွားတဲ့ အမျိုး

သမီးဟာ ထူးခြားတယ်ကွ။ ကဲ- ကြာ ပါတယ်ကွာ။ဘုရားကျောင်းဆောင်ရှေ့
မှာအခုပဲပွဲပြင်ပေတော့”
သို့နှင့်ပင် ဆရာစိုး၏အမိန့်အတိုင်း
ကန်တော့ပွဲ နှစ်ပွဲ ပြင်သည်။ တစ်ပွဲက ဝိဇ္ဇာဓိုရ် ပုဂ္ဂိုလ်များအတွက် ဖြစ်ပြီး တစ်
ပွဲရတနာသုံးပါးပွဲ ဖြစ်သည်။
ဆရာစိုးသည် ဘုရားကျောင်း
ဆောင်ရှေ့ထိုင်ကာ ဥက္ကာလွင်ကိုခြေနှစ်
ဖက်ဆင်းစေပြီး နှုတ်မှ မန္တန်များကို တီး
တိုးရွတ်ဖတ်လေသည်။ ပြီးသော်ကျယ်
လောင်စွာဖြင့်…
“ဟိတ် – အောက်လမ်းအတိုက်
ရှိလျှင်ကပ်ထား။ ညှာမယ်မထင်နဲ့၊ အမှန်
သိစေရမယ်”
ဟုပြောရာ ဥက္ကာလွင်၏ ဘယ်ခြေ
ညာခြေဖဝါးနှစ်ဖက်တို့သည် သူ့ အလို
အလျောက် ပူးကပ်သွားတော့သည်။
ဥက္ကာလွင်လည်း ကြောင်ငေး အံ့အား
သင့်နေသည်။ထိုစဉ်မှာပင်အိမ်ပတ်ဝန်း
ကျင်၌ တောက်တဲ့၊ အိမ်မြှောင်စုတ်ထိုး
သံများ ကြားရသည်။ ဥက္ကာလွင်ထံမှ အနံ့တစ်မျိုးရ၏။ ထို အနံ့ကားလွန်စွာမှ

ညီစို့စို့ဖြစ်နေပြီး အော့အန်ချင်စဖွယ်
ကောင်းလှပေ၏။ထိုမှတစ်ဆင့်မှိုင်းကိုင်
စက္ကူနံ့ တစ်မျိုးရပြန်၏။ ထိုအနံ့နှစ်ခု
သည်စူးစူးဝါးဝါးနှံလာပြီးနောက်ဆရာစိုး
က ဥက္ကာလွင်အား ရေစင်တစ်ခွက်ဖြင့်
မျက်စဉ်းခပ်လေသည်။ ဥက္ကာလွင်မှာ
မည်သို့မျှ မခံစားရသဖြင့် ကြောင်
ကြည့်နေ၏။ ဆရာစိုးသည် တစ်စုံတစ်
ယောက်နှင့်တွေ့ဆုံကာကြိတ်မနိုင်ခဲမရ
စကားပြောနေသယောင် မျက်လုံးအစုံ
ကိုမှိတ်ကာ အံကိုကြိတ်ထားသည်။
အတန်ကြာမှ ဥက္ကာလွင်ကို အနားယူ
စေပြီး သူသည်လည်း အမောဖြေပါ
တော့သည်။
“ဘာထူးခြားလဲ – ဆရာစိုး။ အရင်
ကလို ဆရာစိုး အဆင်မပြေဘူးလား”
ဥက္ကာလွင်၏စကားကို ဆရာစိုးက
ခေါင်းညိတ်ရင်းပြန်ဖြေ၏။
“အင်း-ငါစမ်းရသလောက်ဆိုမင်း
တို့ကို လုပ်သွားတာ ခြောက်ကြိုးကဝေ မျိုးကွ။ နိမ့်ပါတယ်။ သူ့လောက်ကို ငါ ခေါ်ဆုံးမလို့ရတယ်။ ဒါပေမဲ့ – သူတစ် ယောက်တည်း မဟုတ်ဘူးကွ။ သူ့မှာ

ကိုးကွယ်တဲ့အောက်လမ်းဆရာအကြီး စားရှိသေးတယ်။အခုကိစ္စမှာအဲဒီဆရာ
က ဝင်ကူပေးနေတယ်။ ပြီးတော့ – အဲဒီ
ဆရာမှာလည်းထူးခြားတဲ့ပစ္စည်းတစ်ခုခု
ရှိပုံရတယ်။ ငါ အခု စမ်းသပ်ခေါ်တော့
မလာဘူး။ ငါ့ မနောနဲ့ပဲ တွေ့လို့ ပြော
လိုက်ရတယ်”
“ဒါ- ဒါဆို ဆရာစိုး ဘယ်လိုလုပ်
ချင်လဲ”
“ငါတို့ လိုက်သွားမယ်ကွာ။ ဒီ
အဖြစ်ကထူးခြားတယ်ကွ။ငါတို့အထက်
ဂိုဏ်း၊ ဆရာတွေရဲ့စမ်းသပ်ပုံ စမ်းသပ်
ကွက်ကို မင်း ဗဟုသုတရအောင် ရှင်းပြ
မယ်။ ပယောဂစမ်းတဲ့အခါ အနံ့နဲ့စမ်း
တာမျိုး။ ခြေထောက် မ.စမ်းခြင်း၊ စက်
သိမ်းစမ်းခြင်း၊ စက်လှည့်စမ်းခြင်း၊ စက်
ဆွဲစမ်းခြင်း၊ စက်ထောက်စမ်းခြင်းဆိုပြီး
အမျိုးမျိုးရှိတယ်။ အခုမင်းကို စမ်းတော့
အနံ့နဲ့ စမ်းတာပေါ့ကွာ။ အနံ့နဲ့တဲ့။
အပေါ်မူတည်ပြီးတော့ ဘာကပြုစား
တယ်ဆိုတာ သက်သေယူရတယ် ဆို
ပါတော့”
“အနံ့နဲ့ ဘယ်လိုခွဲလည်းဆိုတာ

ဗဟုသုတရအောင် ပြောပြပါလား။ ဆရာစိုး အချိန်ရရင်ပေါ့”
ဥက္ကာလွင်က မေးရာ ဆရာစိုးက
ပြုံးပြီး ကွမ်းထုတ် ဝါးလိုက်သေး၏။
“ဒီလိုကွ – အနံ့အလိုက် ခွဲရရင်
တော့…
ပုပ်စော်နံ- သရဲစွဲ
ညှီစော်နံ – ရွာသူ၊ စုန်း၊ ကဝေ

စိမ်းရွှေရွှေနံ – အစိမ်း နနွင်းနံ့- မီးနေသည်အစိမ်း
ရေမွှေးနံ့ – နတ်တိုက်
မိုင်းကိုင်စက္ကူနံ့ – ဆရာတိုက်
(အောက်လမ်း)
နံ့သာဖြူနံ့ – အဖဘက်ရိုးရာ
ကရမက်နံ့ – အမိဘက်ရိုးရာ
တောင်နံကတိုးနံ့မွှေး၍အပုပ်နံ့နံ
လျှင် – တောင်အောက်သရဲ
စကားဝါ၊ စကားဖြူ၊ စကားစိမ်းနံ့ –
မြင်းဖြူရှင်နတ်
ရေမွှေးနှင့်အရက်စော်နံလျှင် – မင်း
ကလေးနှင့်ကိုကြီးကျော်နတ်
စောင့်
ပန်းနံ့မွှေး၍ အစိမ်းစော်နံ- ဥစ္စာ

မစင်၊ ကျင်ငယ်နံ့ နံလျှင် – ချေးစား
စုန်း
ကောက်ညှင်း၊ လက်ဖက် – ဦးရှင်
ကြီး
ထန်းလျက်နဲ့ – (တစ်ခုစီ နံပြားက
အပင်း)
ပေါင်ဒါ၊ သနပ်ခါးနံ့ – အင်းတိုက်
အင်္ဂတေနံ့ – ဘုရားတိုက်
အိုးမီးသင်းနံ့ – အင်းတိုက်
ရွှံ့ပုပ်နံ့ – မြေဖုတ်ဘီလူး အဝတ်မီးလောင်နံ့ နံ၊ လူနာ
အဝတ်စနံ့ – နတ်စင်တိုက်
ဆိုပြီးတော့ အများကြီးပေါ့ကွာ။ အခု မင်းကို စစ်တဲ့အခါ မူလပထမ ညီ
စော်နံတယ်။ နောက် မှိုင်းကိုင်စက္ကူနံ့ နံ တယ်။ ဒါကြောင့် ထူးခြားသွားတယ်။
တစ်ဦးတည်းလုပ်တာမဟုတ်ဘူး။ပညာ
သည်နှင့် ခပ်မြင့်မြင့်ပညာရှင် ပါနေ
တယ်။ ငါက တစ်ယောက်ကို လုပ်ရင်
ပညာရှင်က ကျန်နေမှာပဲ။ သူ ဘယ်မှာ ဆိုတာ သိရုံနဲ့ ငါ ဒီကနေ ခေါ်ရှင်းလင်း လို့ရတယ်။ ဒါပေမဲ့ ထူးခြားချက်တစ် ခုခုရှိနေတယ်လို့ငါ့အာရုံမှာသိနေတယ်။

ဒါကြောင့် ငါလိုက်သွား မယ်လို့ ပြောရ
တာပဲ”
ဟု ရှည်လျားစွာ ရှင်းပြရာ ဥက္ကာ လွင်လည်း သဘောပေါက်လာလေ၏။ “ဒါဆို – ဒီအိမ်က အောက်လမ်း စက်တွေကို ဘယ်လိုရှင်းမလဲ”
“ဒါအတွက် မပူပါနဲ့။ ငါတို့ ခရီး ထွက်ချိန်မှာ ခပ်ကြမ်းကြမ်းထိုင်ဖို့မနက် ဖြန် ငါ့မိတ်ဆွေကြီး ဟာနုမာန် နန်ဒူးကို ပင့်လိုက်မယ်။ သူက ပိုကျွမ်းတယ်ကွ”
နံနက်မိုးလင်းသည်နှင့်နန်ဒူး(Nan
Duu) ဆိုသော အိန္ဒိယဟိန္ဒူစတန်ဒီ
ကုလားဘုန်းကြီး ကြွလာလေသည်။
ဆရာစိုး၏ အကြံမှာ ဟင်္သာတဘက် သို့ ချက်ချင်းလိုက်သွားချင်သဖြင့် ဤ အိမ်မှကိစ္စများကိုတခြားလူနှင့်လွဲခဲ့ခြင်း
ဖြစ်၏။ နန်ဒူးဆိုသူသည် တက္ကစီပေါ်မှ ဆင်းလာသည်နှင့်ဟိန္ဒူတို့ထုံးစံအတိုင်း လက်အုပ်ချီကာ ဆရာစိုး၏ခြေဖမိုး ကိုင်၍ အရိုအသေပေး၏။ သူသည်ဟန်

နုမာန်ဘုရားကျောင်းမှ ဘုန်းကြီးဖြစ် သည်။ ဆရာစိုးသည်နန်ဒူးကိုမိတ်ဆက်
ပေးလေ၏။
“နန်ဒူး – ဒါက ကျွန်တော့် တပည့် ပါ။ ဒီကိစ္စမှာ အောက်လမ်းနဲ့ အလုပ်
ခံခဲ့ရသူပေါ့”
“တွေ့ရတာ ဝမ်းသာပါတယ်။ ဒါနဲ့
ပညာသည်က အပင်ရော သွင်းသေး
လား”
နန်ဒူး၏ အမေးကို ဆရာစိုးက
ခေါင်းညိတ်၍…
“သူ စကားပြောတဲ့အခါတော့ ကျီး
ကန်းတွေ လာတတ်တယ်။ နန်ဒူးပဲ
ကြည့်ရှင်းပါ။ အပင်းသွင်းခံရတာတော့
မဆန်းပါဘူး။ အိမ်မှာထမင်းဟင်းချက်- တဲ့ အစေခံက လုပ်သွားတာပဲ။ သူ့ဇနီး
ကတော့ဆုံးသွားပါပြီ။ပညာသည်လက်
ချက်နဲ့ပေါ့”
ဟု ရှင်းပြရာ နန်ဒူးသည် ပြုံး၍ မစိုး ရိမ်ပါနဲ့ဟုပြောပြီး ကုလားဘုရားပွဲ ပြင် ၏။ ဖီးကြမ်းငှက်ပျော၊ အုန်းသီးအခွံ ကျွတ်၊ အမွှေးတိုင်ကို လင်ဗန်းပေါ်တင် ကာဆီမီးနှင့်အမွှေးနံ့သာများပူဇော်၏။

ဟာနုမာန်ဘုရား၏ ပန်းချီကားချပ်ကို
ချိတ်ထားပြီး ကတ်ဆက်ဖြင့် ကုလား
ဘုရား တီးလုံးဖွင့်ထား၏။ သူ၏ နှုတ်မှ
လည်း..
“အရှင်ဟာနူမာန်သည် ရာဝဏကို
အောင်စေရန် အရှင်ရာမအတွက်
ဆောင်ကြဉ်းပေးခဲ့သည်။ ရန်သူပေါင်း
များစွာကို တိုက်ခိုက်ချေမှုန်းခဲ့သည်။
အရှင်ကြွပါ။ ဤဂေဟာရှိနတ်ဆိုးများကို
ချေမှုန်းပါ။ အရှင့်ကို လေးစားစွာ ပင့်ပါ
တယ်။ရင်ထဲ၊ နှလုံးသားထဲမှလှိုက်လှဲစွာ
ရှိခိုးဂါရဝ ပြုပါတယ်”
ဟူသောအိန္ဒိယဘာသာစကားဖြင့် ရွတ်ဖတ်လေ၏။ ပြီးသော် လင်ဗန်းထဲမှ
စန္ဒကူးပြာဖြင့် ဥက္ကာလွင်၏ နဖူးကို တို့
ပေးသည်။ သံပုရာသီးစိပ်တစ်စိပ်ကိုပါး
စပ်ထဲ ခွံ့ပေးပြီး အုန်းသီးကို ခွဲလေ
တော့၏။ ဥက္ကာလွင်က နန်ဒူးအား စပ်စု
မေးမြန်းသည်။
“ကျုပ်ကကုလားလည်းမဟုတ်ဘဲ
ဘာလို့ နဖူးမှာ အစက်တို့ရတာလဲ ဗျ။
ရှင်းပြပါဦး။ လမ်းသွားရင် ရယ်စရာ ဖြစ်
နေဦးမယ်”

ထိုအခါ နန်ဒူးက ပြုံး၍… “ဒီအစက်ကသာမန်အစက်မဟုတ်
ဘူး။ SAN SKRIT ဘာသာအားဖြင့် ဒါကို ဗိန္ဓုလို့ခေါ်တယ်။ ဒါက အာကာသ
ထဲက စွမ်းရည်သတ္တိအမျိုးမျိုးနှင့် ဆက်
စပ်ပတ်သက်တယ်။ သင်္ကေတအားလုံး
ထဲမှာ တန်ခိုးအကြီးဆုံးလို့ သတ်မှတ်
ကြတယ် ဥက္ကာလွင်။ ရန်သူကို အောင်
နိုင်ဖို့ဆိုတာ မိမိမှာ စွမ်းရည်တွေ ရှိနေမှ
ဖြစ်မယ်။ ယုံကြည်ချက်ထားပါ။ သဒ္ဓါ
ဆိုတဲ့ ယုံကြည်ချက် အားကောင်းမှ
အမြင်ရှင်းမှာ”
ဟူ၍ရှင်းပြလေသည်။ ဆရာစိုးက
နန်ဒူးအား …
“ကဲ- လုပ်စရာရှိတာ ဆက်လုပ်ပါ
ဆရာနန်ဒူး။ ကျွန်တော်တို့ ခရီးသွားဦး
မယ်။ အခုကိစ္စအတွက် ကျေးဇူးအများ
ကြီးတင်ပါတယ်”
ဟု နှုတ်ဆက်ပြီး ဥက္ကာလွင်နှင့် အတူ ဟင်္သာတသို့ ထွက်ခဲ့လေတော့
၏။
ဟင်္သာတသည်မဝေးလှသောခရီး
ဖြစ်ရာ ပွဲစားကြီးဘရွှေ၏ လမ်းညွှန်မှု

ဖြင့် မစန္ဒာခင် နေထိုင်ရာ ရွာသို့ ရောက် တော့ သည်။ ထိုရွာ၏ အမည်မှာ
( – – – – – – – – ) ဖြစ်ပြီး တစ်ရွာလုံး
နတ်ကိုးကွယ်ကြသည်။ နတ်စားမျိုးနွယ်
စုများရှိသောရွာဟု ဆိုက မမှားချေ။
စကားပြောလျှင်အနည်းငယ်တော့ဝဲ၏။
ဆရာစိုးနှင့် ဥက္ကာလွင်သည် မစန္ဒာခင် ရှိရာ ခြံသို့ ဆိုက်ဆိုက် မြိုက်မြိုက်ကြီး စုံစမ်းရောက်ရှိလေတော့သည်။
“ဪ- ဘယ်သူများလည်း မှတ် တယ်။ ကိုဥက္ကာပါလား။ ရှင် – ဒီလာပုံ ထောက်တော့ ကျွန်မကို သတိရလို့ လိုက်လာတယ်ထင်ပါ”
ဆရာစိုးသည်ခနဲ့တဲ့တဲ့စကားပြော
သော အိမ်ပေါက်ဝမှ ရုပ်ရှင်မင်းသမီး ခင်သန်းနုမျက်နှာပေါက်မျိုးဖြင့်ရှိသော အနှီအမျိုးသမီးကို အကဲခတ်လိုက် သည်။ ဥက္ကာလွင်က ဒေါသစိတ်ကို မနည်းဖုံးဖိရင်း အပြုံးလေးဖြင့် ပြန်ဖြေ
၏။

“အင်း – ထားပါတော့လေ၊လမ်းကြုံ ဝင်လာတယ်ဆိုမမှားပါဘူး။ နေကောင်း
ရဲ့လား။ ကျုပ် အိမ်ကထွက်သွားပေမယ့်
ခင်မင်ရင်းစွဲရှိလို့ လာတာပါ”
“ေဩာ် -ဟုတ်လား။ ဒါဆိုလည်း အိမ်ထဲကြွပါဦးရှင်။ ညနေစောင်းပြီ
ဆိုတော့ တစ်ခါတည်း ညစား စားသွား ကြပေါ့-မဟုတ်ဘူးလား။ဟင်း – ဟင်း-
ဟင်း”
သို့နှင့်ပင် ဆရာစိုးတို့သည်အိမ်ထဲ
ဝင်၍အမောဖြေကြလေ၏။ ပျဉ်ထောင်
သွပ်မိုးအိမ်ခြံကျယ်လေးထဲတွင်သူမတစ်
ယောက်တည်း နေထိုင်ပုံရ၏။ အစ
ကတည်းက အပျိုကြီးမှန်း သိထားပြီမို့
မထူးဆန်းပါချေ။ လက်ဖက်ရည်ကြမ်း
နှင့် လက်ဖက်သုပ်များ ချပေးသည်။
ဆရာတပည့်နှစ်ယောက်စလုံး မစား
သောက်ပါချေ။ ဥက္ကာလွင်က စန္ဒာခင်
အား..
“မစန္ဒာခင်ရေ-ကျုပ်တို့ ညစာ
မစားတော့ပါဘူး။ နေပါစေတော့” ဟုပြောရာမစန္ဒာခင်ကမီးဖိုချောင်
မှ အပြေးထွက်လာပြီး…

“အို-မဟုတ်တာပဲရှင်။ အားနာနေ
တယ် ထင်ပါ့။ ဒါနဲ့ – ဒီက အဘ နာမည်
က ဘယ်လိုများ ခေါ်ပါ့။ သမီးက အဘ တို့အတွက် ဧည့်ဝတ်ကျေပါရစေနော်-
အဘ”
ဟု ဆရာစိုးကို ပြောသည်။ ဆရာ
စိုးက ပြုံး၍ ..
“ဧည့်ဝတ်ကျေချင်တယ်ဆို ဒီမှာပဲ
ထိုင်ပြီး လက်ဖက်အတူတူစားပါကွယ်။
အဘတို့က ခရီးပန်းလို့ မစားနိုင်ပါဘူး”
ဟုပြောရာစန္ဒာခင်လည်းဆရာစိုး
ရှေ့၌ ခေါင်းညိတ်၍ ဝင်ထိုင်သည်။ ထို
သို့ရှိစဉ် ဆရာစိုးသည် ရေနွေးအိုးငှဲ့၍ သူမကိုပေးလေ၏။
“သောက်ပါ”
“နေပါစေ – အဘ၊ မသောက်
တော့ပါဘူး။ အဘတို့ပဲ ဝဝလင်လင်
သောက်ပါ”
“သောက်မလား၊ မသောက်ဘူး
လားပြော”
လဲ”
“မသောက်ဘူး-နင်က ဘာမို့လို့
“ဝုန်း”

မစန္ဒာခင်သည် မျက်လုံးများပြူး၍ ထူးဆန်းသောအသံနက်ကြီးဖြင့် အော်
ဟစ်ပြီး ဝုန်းခနဲ မတ်တတ်ထရပ်၏။
သို့သော် မရပ်နိုင်ဘဲ ဖင်ထိုင်လျက်
လဲကျသွားလေသည်။ ဆရာစိုးသည်
စန္ဒာခင်အား လွယ်အိတ်ထဲမှ အထက်
လမ်း ဆရာများ ကိုင်လေ့ရှိသော တစ်
ထွာခန့်ရှည်သည့် လှံကဲ့သို့ ချွန်သော သန်လျက် ပုံစံ “စက်”ဖြင့် စန္ဒာခင်၏ လည်မျိုကို ထောက်လိုက်လေ၏။
“နင် – ဘယ်နှကြိုးတတ်လဲ – ငါ သိတယ်။ နာမယ်နော် – ငြိမ်ငြိမ်နေ
လိုက်”
“တောက် – ဆရာစုတ်”
စန္ဒာခင်သည် ဆရာစိုးအား ဆဲဆို
မြည်တမ်းပြီး တစ်ဖက်သို့ မျက်နှာ
လှည့်ကွယ်၏။ ဆရာစိုးကပါးစပ်ချက်ချ
လိုက်သည်တွင် မျက်လုံးနီရဲရဲကြီးများ
ဖြင့် ပြန်ကြည့်သည်။
“နင့်အစွမ်းက ခြောက်ကြိုးပဲရှိ
တယ် ကဝေမ။ ဒီလောက်လေးနဲ့ အာခံ
ရဲတယ်ဆိုတော့ နင့် ဆရာဘယ်မှာလဲ။

ငါ့ကို ပြောပေတော့။ နင့်မှာ အားကိုးရှိ တယ်ဆိုတာငါသိတယ်”
“မပြောဘူး- သတ်ချင် သတ်”
အတော် လက်ပေါက် ကတ်
အကြောတင်းသော ကဝေမပါတကား။
ဥက္ကာလွင်သည် အိမ်တံခါးများ ထပိတ်
လိုက်ပြီး ဆရာစိုးအတွက် အမွှေးတိုင်
တစ်ထုပ်ဖောက်ကာ ဘုရားကို ပူဇော်
လေသည်။ ထိုအိမ်၌ ဘုရားကျောင်း
ဆောင်မရှိခြင်းကြောင့်ဖြစ်ပါသည်။စန္ဒာ
ခင်သည် ဆရာစိုးအား ကျားမ တစ်
ကောင် ကဲ့ သို့ လေးဖက်ထောက်၍
တဟင်းဟင်းတုန်လျက်ကြည့်နေသည်။
ဆရာစိုးက ထိုင်ရာမှမထဘဲ ဝိဇ္ဇာတို့
စကားဖြင့် ရွတ်ဖတ်ပြီးနောက် …
“ဟိတ် – ဆင်ပြောင်နင်းသလို ကြမ်းမှာ ပြားပြားဝပ်စမ်း”
“အား- အမယ်လေး”
စန္ဒာခင်သည် ဆရာစိုး ရွတ်လိုက်
သည်နှင့်တစ်ပြိုင်နက်ကြမ်းပြင်တွင်နား
ရင်းကပ်သွားပြီး ဆင်တစ်ကောင် နင်း
လိုက်သည်ကို ခံရသကဲ့သို့ မချိမဆန့်
အော်လေတော့သည်။

“မမှတ်သေးရင် နောက်ထပ်ကျော ကို ဆူးကြာပွတ်နဲ့ ရိုက်စမ်း”
“အမယ်လေး – တော်ပါပြီ၊ နာလှ ချည်ရဲ့။ ကြောက်ပါပြီ- ဆရာရယ်”
“နင့်ပညာတွေ ငါ့ကို ပေးစမ်း။ အခု လှူစမ်း။ ခုနစ်ရက်သားသမီးတွေကို လုပ်ထားသမျှ အခု ပြန်သိမ်းစမ်း” ထိုစကားဆုံးသည်နှင့် စန္ဒာခင်
သည် သူမကိုယ်သူမ လက်ဖြင့် တဖတ်
ဖတ် တစ်ကိုယ်လုံးကိုရိုက်ကာ တံတွေး
တထွီထွထွေးလေ၏။ နာရီဝက်မျှ ထိုသို့
ပြုလုပ်ပြီးသော် ဆရာစိုးအား ဦးချကန်
တော့လိုက်တော့သည်။
“သမီးအမှားတွေကို ခွင့်လွှတ်ပေး
ပါ- ဆရာကြီးရှင့်။ သမီးဟာ ဆရာမှားခဲ့
လို့ အခုလိုဘဝဖြစ်ရတာပါ။ သမီးဆရာ ရှိတဲ့နေရာ ညွှန်ပါ့မယ်”
(မှတ်ချက် – အမှန်တကယ်တော့
ဆရာကြီးဦးခင်စိုးက စန္ဒာခင်ကို ချွတ်
ရာတွင် ပညာပိုင်းဆိုင်ရာအရ ယခုဖော်
ပြထားသည်ထက် ရှည်လျားပါသည်။
မဂ္ဂဇင်းစာမျက်နှာအရ အကျဉ်းချုံ့ရေး

သားထားချက်ကို နားလည်ပေးစေလို ပါသည်။)
ရွာပြင်သင်္ချိုင်းရှိရှေးဟောင်းစေတီ
ပျက်တစ်ဆူကို ခပ်လှမ်းလှမ်းမှ မြင်နေ
ရ၏။ စေတီသည် ဂူကြီးတစ်ဂူထဲ ဘူး
ဘုရားသဖွယ် တည်တာခြင်း ဖြစ်သော်
လည်း ထီးတော်မရှိ။ တန်ဆောင်းနှင့်
ခိုနားများ ပြိုကျပျက်စီးနေလေပြီ။
အချိန်က ဝေလီဝေလင်းအချိန်မို့ ပတ်
ဝန်းကျင်မှ ကျေးငှက်တွေ အစာရှာရန်
ဆူညံနေကြသည်။ ဆရာစိုးနှင့် ဥက္ကာ
လွင်သည် လွယ်အိတ်ကိုယ်စီဖြင့် ဘူး
ဘုရားပျက်အနီးသို့ ချည်းကပ်ခဲ့ကြ
သည်။ ညကတော့ ရွာသူကြီး အိမ်၌ပင်
အိပ်ကာ မစန္ဒာခင်ကိုတော့ ရွာမှ ထွက်
ခွာခွင့်ပြုလိုက်ကြသည်။ ကဝေအသေး
စားမို့ချွတ်ရလွယ်သည်မှန်သော်လည်း
ယခုရင်ဆိုင်ရမည့်ပုဂ္ဂိုလ်ကတော့ပညာ
မြင့်သည်ဟု ဆရာစိုးကပြော၏။ “ဆရာစိုး ကျွန်တော်တို့ ဒီအတိုင်း
ဝင်လို့ဖြစ်ပါ့မလား”

“ငါတစ်ယောက်လုံး ရှိတာကို မင်း ကြောက်နေသေးလား။ ဝင်မှာသာဝင်” လိုဏ်ဂူထဲဝင်လိုက်သည်နှင့်လင်း နို့များတဖျပ်ဖျပ်ပျံသွားသံကိုကြားလိုက်
ရ၏။ ဂူသည် နှစ်တော်တော်ကြာပြီဖြစ်
သဖြင့် လူနေရန် မသင့်တော်သော် လည်း စန္ဒာခင်၏ ဆရာသည် ဤအထဲ
မှာရှိသည်ဆိုသဖြင့်အရောက်လာရခြင်း
ပင်တည်း။ တစ်ဂူလုံးကို လှည့်ပတ်ရှာရ
သော်လည်း ဘာတစ်ခုမျှ မတွေ့သဖြင့်
စိတ်ပျက်သွားကြသည်။ ဆရာစိုးက
“မကောင်းဆိုးဝါးတွေဟာ ညအခါမှ
ထွက်တတ်တယ်။ ငါတို့ဒီမှာပဲစောင့်ပြီး
ညဘက်ထွက်လာမှ ဖမ်းကြတာပေါ့”
ဟူ၍ပြောကာ တစ်နေကုန်စောင့်
ရန်နေရာယူကြ၏။ နေ့လယ်စာကိုတော့
ရွာထဲသို့ပြန်ဝင်ပြီး သူကြီးအိမ်မှပင်
အကူအညီယူစားကြပြီး ညနေစောင်း
တော့ သင်္ချိုင်းသို့ ပြန်လာကြသည်။ သို့နှင့်ပင် ည (၁၀)နာရီခန့်အထိ အမှောင်ထဲ ခြင်ကိုက်ခံ၍စောင့်နေကြ ၏။ ဆရာစိုးကား ဇွဲကောင်းသည်။ ဒါ ကြောင့်လည်း ခရီးပေါက်မြောက်ခဲ့သူ ဖြစ်နေခြင်းပင်တည်း။ (၁၀)နာရီကျော် တွင်မတော့ ခွေးများ ဆွဲဆွဲငင်ငင်အူသံ

ကို ကြားလိုက်ရလေ၏။ ထို့အတူ
သင်္ချိုင်းကုန်းထဲမှ ကိုင်းကိုင်းသဏ္ဌာန်
လူတစ်ယောက် လျှောက်လာပြီး
တဖြည်းဖြည်းလရောင်ကြောင့်ထင်ရှား
လာသောအခါ ဆံပင်ဖားလျားချထား
သော ယောက်ျားကြီးတစ်ယောက်ကို
တွေ့ရတော့သည်။ လွယ်အိတ်ကြီးတစ်
လုံးကိုလွယ်ကာတောင်ဝှေးတစ်ချောင်း
ဖြင့် ဘုရားဂူသို့ရောက်လာတော့သည်။
ဆရာစိုးနှင့် ဥက္ကာလွင်သည် ဂူထဲမှ
အမှောင်ရိပ်ခိုပြီးချောင်းနေ၏။ အနှီ
ပုဂ္ဂိုလ်သည် ဂူထဲသို့ဝင်ခါနီး တစ်စုံ
တစ်ရာကို ရိပ်မိသွားဟန်ဖြင့်…
“ငါ့ဂူထဲကို ဘယ်သူဝင်သလဲ၊ အခု
ထွက်ခဲ့စမ်း”
ဟု ပြောရာ ဆရာစိုး ငြိမ်နေလိုက် သည်။ ထိုအခါ အောက်လမ်းကဝေကြီး သည် သူ၏ လွယ်အိတ်ထဲမှ အရုပ်ငယ်
လေးတစ်ရုပ်ကိုထုတ်၍ မန္တန်ဖြင့် မန်း
မှုတ်လိုက်သည်။ ထိုအရုပ်သည်မြေကြီး ပေါ်ကျပြီး မီးခိုးလုံးများ ဝုန်းခနဲထကာ ရုတ်တရက်ဆိုသလိုပင် လူမည်းကြီး တစ်ကောင်အဖြစ်သို့ပြောင်းသွားတော့
သည်။ “ဟာ”

ဥက္ကာလွင်အံ့အားသင့်သွားသည်။
ရုပ်ရှင်များထဲ၌ ကြည့်ဖူးသည်နှင့် ပင်
တူနေသေးသဖြင့် မိမိမျက်လုံးကို မိမိ
မယုံနိုင်အောင် ဖြစ်နေလေ၏။ ထို လူ့
ဘီလူးကြီးသည် တဒုန်းဒုန်း ခြေသံ
ပြင်းဖြင့် ဂူထဲဝင်လာရာ ဆရာစိုးသည်
လွယ်အိတ်ထဲမှ အင်းပြားတစ်ပြားကို
လုံးချေပြီး ပစ်ပေါက်လိုက်လေသည်။
ထိုအခါဝုန်းခနဲပျောက်သွားတော့သည်။
ထို့နောက် ကဝေကြီးသည် လွန်စွာမှ
ဒေါသထွက်သွားပြီး အခြားအကောင်
ပလောင်များကို တစ်ခုပြီးတစ်ခု ပညာ
ဖြင့် ဂူထဲသွင်းလေသည်။ ဆရာစိုးက
ဥက္ကာလွင်အား တီးတိုးဖြင့်…
“မင်း ဂူထဲက မထွက်နဲ့ဦး။ ငါကိုယ် တိုင် သူ့ကို အရှင်ဖမ်းပြီးမှ သူရဲ့အဓိက ပါဝါကိုရအောင် ယူရမယ်”
ဟူ၍ ပြောပြီး လာသမျှ အကောင်
မှန်သမျှပညာဖြင့်ပြန်တိုက်ခိုက်လေ၏။ ကဝေကြီးလည်း ခြေကုန်လက်ပန်းကျ ပြီးအုတ်ဂူတစ်ခုပေါ်သွားထိုင်သည်တွင် ဆရာစိုးကထွက်လေတော့သည်။
“ဘယ့်နှယ်လဲ- ကဝေကြီးရဲ့၊ အရှုံး
ပေးပြီလား။ဒီနည်းကဘုရားရှင်ကအာဠ
ဝက ဘီလူးကို ချွတ်တဲ့နည်းနဲ့ တူတူပဲ။

အခု မင်းအလှည် ပြီးရင်တော့ ငါ့
အလှည့်ပေါ့”
ဆရာစိုးသည် ပြောပြောဆိုဆိုဖြင့်
လွယ်အိတ်ထဲမှ
ချည်မန်းကွင်းတစ်
ကွင်းကို ထုတ်ကာ လှမ်းပစ်လိုက်တော့
သည်။ ထိုချည်မန်းကွင်းသည် ကဝေ၏
လည်ပင်း၌ စွပ်သွားပြီး မီးတောက်မီးခိုး
များထလျက်ရှိ၏။
“အမယ်လေး-ပူတယ် – ပူတယ်”
ကဝေကြီးသည် မရရအောင် ဆွဲ
ချွတ်ပြီးဝူးဝူးဝါးဝါးအော်ကာမြေပြင်တွင်
လူးလှိမ့်နေ၏။ အတန်ကြာသော် ငြိမ် သက်သွားပြီး ဆရာစိုးကို လှမ်းပြော၏။
“ခင်ဗျား ကျုပ်ကို သတ်လို့မရဘူး။ ကျုပ်အသက်က စန္ဒာခင်ကို ပေးထား
တယ်။ အဲဒီ မြေအိုးကို ခွဲမှရမှာ။ ကျုပ်
အစီအရင်နဲ့ ကျုပ်အသက်ကိုမြေအိုးထဲ
ထည့်ပြီးတခြားမှာဝှက်ထားတဲ့အတွက်
ခင်ဗျား နှိပ်စက်ချင်တိုင်း နှိပ်စက် ကျုပ်
မသေဘူး”
ထိုစကားကြောင့်ဥက္ကာလွင်လည်း မျက်လုံးပြူးသွားပြီး ဆရာစိုး၏ မျက်နှာ ကို အကဲခတ်လိုက်၏။ ဆရာစိုးသည် မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး မြေပြင် ပေါ်လူးလှိမ့်နေသည့် ကဝေကြီးအား…

“မင်း ပြောတော့လည်း မင်းစကား ပေါ့ကွာ။ ခုနစ်ရက်သားသမီးကိုလိုက်လံ
ဒုက္ခပေးနေတဲ့ မိစ္ဆာတွေကို ချေမှုန်းဖို့
ငါမွေးဖွားလာတာပဲ။ မသေသေအောင်
သတ်ပြမယ်။ ကြည့်ကြတာတော့ တစ်
ဘဝစံတို့ သွားရာလမ်းကို သွားဖို့သာ
ပြင်”
ဟု ပြောပြီး လွယ်အိတ်ထဲမှ အင်း ချပ်တစ်ချပ်နှိုက်ကာလက်ဖဝါးပေါ်တင်
မန်းမှုတ်၍ အနှီကဝေ၏ နဖူးပေါ်တင်
လိုက်လေတော့သည်။
“အား-မ-မလုပ်ပါနဲ့-ဘ-ဘ”
ရုတ်တရက်ဆိုသလိုပင်ကဝေကြီး
သည် တဖြည်းဖြည်း တွန့်လာပြီး “ဝုန်း ခနဲ” မီးလုံးကြီးတောက်ကာ မီးခိုးများ အဖြစ် ပြောင်းလဲသွားပြီး ကြည့်လိုက်
ချိန်တွင်မတော့ လူသေအရိုးစု တစ်ခု
သာကုန်ခဲ့လေသည်။ ဥက္ကာလွင်လည်း
အံ့အားသင့် သွားပြီး ဆရာစိုးကို နား
မလည်နိုင်ဖြစ်သွား၏။
“ဆရာစိုး သူ သေပြီလား။ သူ အသက်ကဒီမှာမရှိဘူးဆို”
“ဟား- ဟား- ဟား-မင်း
ကလည်းကွာ။ ကဝေဆိုတာ ဉာဏ်များ
တယ် ကွ။ ပေါက်ကရလေးဆယ် လျှောက်ပြောတာ။ အောက်လမ်းမိစ္ဆာ
တွေကို ငါတို့လို ဘုရား၊ တရား၊ သံဃာ
အစွမ်းယူထားတဲ့ အထက်ဂိုဏ်းဆရာ
တွေ က မနိုင်ဘူးဆိုတာ မရှိဘူးကွ။ ဒီ
လိုမှမနိုင်ရင်လောကကြီးကမိစ္ဆာဓာတ်
တွေ နဲ့ အမှောင်စီးသွားမယ်။ စန္ဒာခင်
လည်း အခုလောက်ဆို သေရှာပြီ။ ဘာ
ကြောင့်လည်းဆိုတော့ သူတို့က သစ္စာ
ခံထားတာကွ။ဒီပညာတွေပျောက်ကွယ်
တာနဲ့ သူတို့ ကံကုန်ကြပြီပဲ။ အကုသိုလ်
ကံကုန်ရင် ကုသိုလ်ကံရှိမှ ဖြစ်မှာ။ ကု –
သို လ်ကံ မရှိတဲ့ သူတွေအဖို့ နေဖို့
အချိန်တစ်စက္ကန့်စာတောင်ရှိမှာမဟုတ်
ပါဘူးကွာ။ ဟား- ဟား- ဟား- ဟား”
ဆရာစိုးနှင့် ဥက္ကာလွင်သည်
အထက်ပါအတိုင်း ရယ်မောပြောဆိုပြီး
သင်္ချိုင်းမြေမှ အေးဆေးစွာ ထွက်ခွာခဲ့
လေ၏။ အောက်လမ်းကဝေကြီး
တကယ် သေ၊ မသေကိုမူ မည်သူ တပ်
အပ်ပြောနိုင်ပါအံ့နည်း။

Zawgyi Version

ေျခာက္ႀကိဳးကေဝ(စ/ဆုံး)
———————————
ယဥ္ေက်းသိမ္ေမြ႕ေသာ လက္တို႔
သည္တစ္ခါတစ္ရံဓားကိုင္ရသည့္အခါ
ရင္တြင္း၌မခံစားဘူးေသာခံစားခ်က္တို႔
ျဖစ္ေပၚလာရသည္။ ဓားသည္ မိမိရင္
တြင္းမွ အာဃာတႏွင့္ ျဖစ္ေပၚေနေသာ
ဒုကၡတို႔ကို ေခ်မႈန္းလိုက္ႏိုင္သည္ဟု
ယူဆထား၏။ ပုတီးကိုင္ေသာလက္၊
ေရစက္ခ်ေသာလက္အစုံတို႔ သည္ ယခု
အခါ ေငြဓားေျမႇာင္ေျပာင္ဝင္းဝင္းကို
အေမွာင္ထင္းထင္းမွာကိုင္ရင္းျပႆနာ ရွာခဲ့သူကို ျပႆနာျပန္ရွာရန္ ေတြးေန

မိသူကဥကၠာလြင္။
အခ်ိန္က ညေန (၆)နာရီခြဲခန႔္ ျဖစ္
ၿပီးလူစည္ကားရာရန္ကုန္ၿမိဳ႕လယ္ကား
လမ္းေဘး ပလက္ေဖာင္းတြင္ထိုင္ရင္း ေခါင္းငိုက္စိုက္ဒူးတိုက္၍ တစ္စုံတစ္ရာ ကို ရွာေနမိ၏။ ကေလးေတြက စသည္၊
အ႐ူးဆိုလားအေပါဆိုလား။ လူႀကီးေတြ
က ေငးေမာစပ္စုရင္း မ်ိဳးစုံေဝဖန္သည္။ ရွိေစေတာ့။ ဒါက မိမိအလုပ္ မိမိမလုပ္ ဘဲ သူမ်ားကိစၥ ဝင္ပါတတ္ေသာ ျမန္မာ တို႔၏ ဂုဏ္ယူဖြယ္အက်င့္ပင္။ ဥကၠာ

လြင္သည္ ေကာင္းကင္ကို တစ္ခ်က္ ေမာ့ၾကည့္ၿပီး အသံတစ္ခ်က္ ဟစ္
လိုက္၏။
“ေဟး…”
႐ုတ္တရက္အရပ္ရွစ္မ်က္ႏွာမွလာ
ေသာ က်ီးကန္းမ်ား ဝိုင္းလာၾက၏။
သူ႔ေရွ႕တြင္ တဖ်ပ္ဖ်ပ္ အေတာင္ခတ္
လ်က္ထိုးေတာ့ဆိတ္ေတာ့မည့္ဟန္။ သူ
တစ္ခုခု ေျပာသည္ႏွင့္ က်ီးကန္းေတြက
အႏၲရာယ္ေပးမလိုဟန္။ လူေတြ သူ႔ကို
ၾကည့္ေနသည္။
“လာၾကေလကြာ-လာၾက –
ဟိုင္း”
က်ီးကန္းေထာင္ႏွင့္ခ်ီမည္ဟုထင္
ရသည္။ သူ႔ကိုဝိုင္းထိုးဆိတ္ရန္လာၾက
သည္။ လက္ထဲမွ ေငြဓားျဖင့္ ေတြ႕ရာ
က်ီးကန္းကို ခုတ္သတ္ေလေတာ့၏။
လူေတြက သူ႔ဘက္မွ ဝိုင္း၍ က်ီးကန္း
မ်ားကိုေမာင္းထုတ္ၾကေသာ္လည္းက်ီး
ကန္းမ်ားမွာ မျဖဳေခ်။ ဥကၠာလြင္သည္
မည္းမည္းျမင္ရာကိုဓားျဖင့္ေဝွ႔ယမ္းရာမွ
ေမာလာသျဖင့္ကတၱရာလမ္းေပၚထိုင္ခ်
လိုက္ၿပီး က်ီးကန္းမ်ားကို ၾကည့္လိုက္

ေလသည္။ သူထိုကဲ့သို႔ျပဳမူလိုက္သည္
ႏွင့္တစ္ၿပိဳင္နက္ က်ီးကန္းမ်ားသည္
ရန္သူကိုတိုက္ခိုက္သုတ္သင္ရန္ဗ်ဴဟာ
ေျပာင္းလိုက္သည့္အလား။ ေကာင္းကင္
သို႔ ပ်ံတက္ကာ တစ္စုတည္း သြား၍ စု
ေပါင္းၾက၏။ ၿပီးေသာ္ ေကာင္းကင္မွ
မည္းမည္းလုံးႀကီးပမာ က်ီးကန္းမ်ား
ေဝါခနဲ ထိုးသုတ္ရန္ ဆင္းလာၾကေသာ
အခါ…
“ဟာ”
“ဟင္-အမယ္ေလး”
ပတ္ဝန္းက်င္မွ လူမ်ား အံ့ဩကုန္ ၾက၏။ နတ္ဆိုးတစ္ေကာင္အလားထင္
မွတ္မွားၾကသည္။ ထိုအခိုက္..
“တိတ္ – ရပ္လိုက္စမ္း”
အသက္ (၅ဝ)ေက်ာ္ အမ်ိဳးသား
ႀကီးတစ္ဦးသည္ ထိုက်ီးကန္းမ်ားေရွ႕မွ
ညာလက္ျဖင့္ကာ၍ ဟန႔္တားလိုက္ရာ
က်ီးကန္းမ်ား “ဝုန္း”ခနဲ တပ္ပ်က္ၿပီး
ထြက္ေျပးသြားၾကကုန္၏။ ထိုပုဂၢိဳလ္၏
ပုံသဏၭာန္မွာၾကက္ေသြးေရာင္ပုဆိုးႏွင့္
ေက်ာက္စိမ္းေရာင္ေကာ္လံအက်ႌကို
ဝတ္ဆင္ကာ ဟန္းဘတ္အိတ္တစ္လုံး

ကိုလြယ္လ်က္ စစ္ဦးထုပ္ပုံစံ အနက္
ေရာင္ဦးထုပ္တစ္လုံးကိုေဆာင္ထား၏။
သူ၏မ်က္လုံးမ်ားသည္ ၾကည္လင္စူးရွ
ကာ ႏႈတ္ခမ္းကို တင္းတင္းေစ့ထားၿပီး
ကြမ္းယာကိုငုံလ်က္ဥကၠာလြင္ကိုအကဲ
ခတ္ေလ၏။ ဥကၠာလြင္သည္ ေျမျပင္၌
ငုတ္တုတ္ထိုင္ေနရာမွ အႏွီပုဂၢိဳလ္ကို
ျမင္ေသာအခါ…
“ဟင္ – ဆရာစိုး”
ဟု ေရ႐ြတ္ကာ ေျပးဖက္ေလ၏။ ဆရာစိုးဆိုသူကား အမ်ားသိၿပီးျဖစ္
သည္။ ဂမၻီရဆရာႀကီး ဦးခင္စိုးဆိုသူပင္
ျဖစ္ေလေတာ့သည္။ ဥကၠာလြင္သည္
ကေလးတစ္ေယာက္ပမာ ငိုယိုလ်က္…
“ကြၽန္-ကြၽန္ေတာ့္မိန္းမဆုံးသြားၿပီ
ဆရာစိုး – သူမ်ားလုပ္တာအပင္းသြင္းခံ
လိုက္ရတာပါ”
ဟု ေျပာရွာေလ၏။ ဆရာႀကီး ဦးခင္စိုး (ေခၚ) ဆရာစိုးသည္ ဥကၠာလြင္ ကို ႏွစ္သိမ့္ၿပီး လူသူကင္းရွင္းရာသို႔ တကၠစီျဖင့္ ေခၚမည္ျပဳရာ ဥကၠာလြင္က မိမိတြင္ကားပါေၾကာင္းေျပာၿပီးထိုကား

ျဖင့္ ေျခာက္ထပ္ႀကီးဘုရားသို႔ သြားၾက ေလသည္။
“မင္း- ဒီေလာက္ ဒုကၡေရာက္ေန
တာငါ့ကိုမဆက္သြယ္ဘူးလား”
ဆရာစိုးက ကားေပၚတြင္ ေမးရာ
ဥကၠာလြင္က ..
“ဘယ္ေနပါ့မလဲ – ဆရာစိုးရယ္။
ဆက္သြယ္တာေပါ့။ ဒါေပမဲ့ – အခု ကြၽန္
ေတာ့္ကို ဒုကၡေပးေနတာက ေတာ္
ေတာ္ျမင့္တဲ့ပညာသည္မ်ိဳးထင္ပါတယ္။
ကြၽန္ေတာ္ျဖင့္ တစ္သက္နဲ႔တစ္ကိုယ္
ယဥ္ယဥ္ေက်းေက်း သိမ္ေမြ႕စြာႏွင့္ ေန လာခဲ့ေတာ့ အခုလိုကိစၥလည္း ႀကဳံေရာ ဘာမွ်ကိုမလုပ္တတ္ေတာ့ဘူး” ဟု ေျပာရာ ဆရာစိုးက ဝင္၍… “ေအးကြာ – ငါလည္း ရွမ္းျပည္ ဘက္သြားၿပီး ရိပ္သာတစ္ခု သြားဖြင့္ေန တာနဲ႔မင္းဆီမလာျဖစ္တာ။ေတာင္းပန္
ပါတယ္ကြာ”
ဟုေျပာေလသည္။ သို႔ႏွင့္ပင္ဆရာ တပည့္တို႔သည္ေျခာက္ထပ္ႀကီး ဘုရား
သို႔ ေရာက္ေသာအခါ ေရသန႔္တစ္ဘူး
ဝယ္၍အေမာေျပေသာက္ၾကၿပီး ေလ

ေအးေသာေနရာတြင္ ထိုင္ကာ စကား ေျပာၾကေလေတာ့သည္။
“ကဲ-ေျပာ-ဥကၠာေရ၊ ငါ မင္းကို
အစြမ္းကုန္ကူညီမယ္။ အခုခ်ိန္ကစၿပီး ဘာမွ် အားမငယ္နဲ႔။ ဟုတ္ၿပီလား…” ဥကၠာလြင္သည္ ဆရာစိုးကို ကန္ ေတာ့ၿပီး စတင္ေျပာေတာ့၏။
“ကြၽန္ေတာ္စကားေျပာလို႔မရဘူး။
ဆရာစိုး ကြၽန္ေတာ္ စကားေျပာရင္ က်ီး
ကန္း႐ိုင္းေတြ လာၾကတယ္။ အိမ္တံခါး
ပိတ္ထားရင္ အိမ္ပတ္လည္မွာ ဝိုင္းၿပီး
တအားအား ေအာ္ေနၾကတယ္။ အခု
ဆရာစိုးရဲ႕အစြမ္းေၾကာင့္ အနားမွာေျပာ
ေနႏိုင္တာေနမွာ။ ကြၽန္ေတာ့္ကို ပညာ
သည္တစ္ေယာက္ လုပ္သြားတာ။ သူ႔
နာမည္က မစႏၵာတဲ့”
လြန္ခဲ့ေသာ တစ္လခန႔္က မစႏၵာ ခင္ဟူေသာအသက္(၄၀)ေက်ာ္အမ်ိဳး သမီး ခပ္ေခ်ာေခ်ာတစ္ဦးသည္ ဥကၠာ လြင္ႏွင့္ သူ႔ဇနီး သီတာေအးတို႔အိမ္၌

ကူေဖာင္ေလာင္ဖက္ လုပ္ကိုင္ေပးရန္
ပြဲစားႀကီးဘေ႐ႊ၏အကူအညီျဖင့္ေရာက္
လာ၏။ ထိုအမ်ိဳးသမီးသည္ သူတစ္ပါး
အိမ္၌ အိမ္ေစလုပ္ရန္ လာသည္ဟု ဆို
ျခင္းကို ပထမပိုင္း၌ ဥကၠာလြင္ႏွင့္ ဇနီး
အဖို႔ မယုံရဲ။ သူ႐ုပ္ရည္၊ သူ႔ သြင္ျပင္က
လွပ တင့္တယ္ေနေပသည္။ သို႔ေသာ္
အၿမဲဆိုသလိုပင္ မ်က္လႊာခ်လ်က္၊
စကားေျပာေတာ့လည္း ေအးစက္စက္
ပင္။ ဘာပဲေျပာေျပာ ခရီးအၿမဲထြက္ရ
ေသာ ဥကၠာလြင္က သူ႔ကို လက္ခံထား
လိုက္သည္။
“ခင္ဗ်ား ဘယ္က လာသလဲ –
မစႏၵာခင္”
“ကြၽန္မက ဟသၤာတဘက္ကပါ။
ဧရာဝတီတိုင္းသူ ဆိုပါေတာ့ရွင္”
“ေဩာ္ – ေအးဗ်ာ၊ ကြၽန္ေတာ္တို႔
လင္မယားကေတာ့ မၾကာခဏ ခရီး
ထြက္ရတယ္။ ျမဝတီနယ္စပ္ကိုေလ။
ကူးသန္းေရာင္းဝယ္ေရး ကုန္သည္ဆို
ပါေတာ့။ အဲဒီလို ခရီးသြားခ်ိန္မွာအိမ္က
ဂိုေဒါင္အလုပ္သမားတခ်ိဳ႕ကိုထိန္းသိမ္း ေပးဖို႔လူယုံလိုေနတာပါပဲ။ ခင္ဗ်ား သစၥာ

ရွိမယ္ဆို ကြၽန္ေတာ္တို႔က ၾကည့္ရႈမွာ
ပါ”
“ဟုတ္ကဲ့- ကြၽန္မ ႀကိဳးစားပါ့မယ္”
သည္လိုႏွင့္ အေပးအယူတည့္ၿပီး
အလုပ္စလုပ္ျဖစ္သည္။ သိပ္မၾကာခင္
မွာပင္သူမအေၾကာင္းသိလာရသည္က
ထူးျခားသည္။ ပထမအခ်က္အေနျဖင့္
သူမသည္ ဘုရားမရွိခိုး၊ ဘာသာျခား
လည္း မဟုတ္၊ သူ လုပ္ေလ့ရွိသည္က
ေဆးလိပ္ဖြာလ်က္ ဗလာစာအုပ္ႏွင့္
ေဘာလ္ပင္ကိုင္ကာ ႏွစ္လုံးထီ တြက္
ေနတတ္သည္။ တစ္ခါတစ္ရံေတာ့
လည္း သူ ႏွစ္လုံးတြက္ေသာ စာအုပ္ကို
အမွတ္တမဲ့ၾကည့္မိ ေတာ့ အကၡရာ
မဟုတ္ ဘာမဟုတ္ သေကၤတလိုလို၊
အင္းကြက္လိုလို ပုံစံမ်ား ေတြ႕ရသည္။
ဘာပဲျဖစ္ျဖစ္ အိမ္လုံၿခဳံရန္ အေဖာ္
ေကာင္းရလွ်င္ ၿပီးေရာဟု သေဘာထား
လိုက္သည္။ ဥကၠာလြင္က အသက္
(၂၈)ေပမယ့္ ဘာသာတရား လြန္စြာ
ကိုင္းရႈိင္းကာ ေအာက္လက္ငယ္သား
အေပၚလည္းေပးကမ္းစြန႔္ႀကဲအၿမဲျပဳ၏။
႐ုပ္ရည္ကလည္း ေခ်ာေမာသည္ဆို

ေတာ့ လူခ်စ္လူခင္ေပါတာက အမွန္။
ဆရာႀကီးဦးခင္စိုးႏွင့္တရားပြဲတစ္ပြဲတြင္
ေတြ႕ ၿပီး ခင္မင္ ရင္းႏွီးခဲ့ရာက ဆရာ
တပည့္လို ျဖစ္ခဲ့သည္မွာ (၅) ႏွစ္မွ် ၾကာ
ေခ်ၿပီ။
ဆရာစိုး၏ လမ္းၫႊန္မႈအတိုင္း
ရံဖန္ရံခါဥပုသ္သီလေဆာက္တည္ကာ
အိမ္ရွိ ဘုရားေက်ာင္းေဆာင္၌လည္း
ငွက္ေပ်ာငါးဖီး၊ အုန္းတစ္လုံးျဖင့္ သာ-
သနာကန္ေတာ့ပြဲ တစ္လ (၂)ႀကိမ္မွ်
လႉသည္။ မစႏၵာခင္ ေရာက္ခ်ိန္တြင္
ဆရာစိုးလာေလ့မရွိေတာ့ဘဲနယ္ထြက္
သြားၿပီ ျဖစ္၏။ မစႏၵာခင္သည္ ရံဖန္ရံခါ
မ်က္လုံးမ်ားက ဥကၠာလြင္ကို ၾကာပစ္
သလိုလိုစကားမ်ားျဖင့္ထိကပါးရိကပါး
ေျပာတတ္ေသး၏။ တစ္ခါေတာ့ ဥကၠာ
လြင္ စိတ္လိုလက္ရ ရွိခိုက္ စႏၵာခင္ကို
ေမးသည္။
“မစႏၵာ- ခင္ဗ်ား ႐ြာမွာရွိတဲ့
ေယာက္်ားက ဘာအလုပ္ လုပ္သလဲ။ ကေလးေကာရွိသလား”
“အို – ေပါက္ေပါက္ရွာရွာရွင္၊
ကြၽန္မကအပ်ိဳႀကီးေလ”

“ေဩာ္- ဟုတ္လား။ ေတာင္းပန္
တယ္ဗ်ာ – မသိလို႔ပါ။ ဒါနဲ႔ တစ္သက္လုံး
အပ်ိဳႀကီး လုပ္မယ္ေပါ့ ဟုတ္လား-
ဟား-ဟား”
“အင္း- ဒီလိုပါပဲ။ ကိုဥကၠာလို
ေယာက္်ားမ်ိဳးေတြ႕ရင္ေတာ့ – ဟင္း-
ဟင္း- ဘာေျပာေကာင္းမလဲ။ ပုံေပးၿပီး
သားပဲေပါ့” “ဗ်ာ…”
ထိုစကားေၾကာင့္စက္ခ်ဳပ္ေနေသာ သီတာေအး ထလာၿပီး ေခ်ာင္းဟန႔္
သည္။
“ကို သူ႔ကို သိပ္မေရာပါနဲ႔။ ကို
သေဘာေကာင္းတာ သူ႔လိုအဆင့္နဲ႔ မသင့္ဘူးထင္တယ္”
ထိုစကားကို ၾကားေသာ္ မစႏၵာခင္
သည္ထူးဆန္းေသာအၾကည့္ျဖင့္ကြယ္ ရာမွစူးစူးဝါးဝါး ၾကည့္ေနသည္ကိုဥကၠာ လြင္ ျမင္လိုက္ရသည္။ ထိုအၾကည့္
အေၾကာင္း ေနာင္တြင္ သိရသည့္အခါ
ေနာင္တရၾကေလ၏။ တစ္ေန႔ေတာ့
ဇနီးေမာင္ႏွံႏွစ္ဦး ခရီးမွ ျပန္လာခိုက္
ဘုရားေက်ာင္းေဆာင္ေပၚရွိ သာသနာ

ပြဲ၌ လႉထားေသာ ေငြငါးေထာင္တန္
တစ္႐ြက္ေပ်ာက္ဆုံးသျဖင့္အိမ္ရွိလူမွန္
သမွ် ေခၚေမးၾကသည္။ အလုပ္သမား
မ်ားကလည္း၎တို႔အိမ္ထဲဝင္ေလ့မရွိ
ေၾကာင္း၊ ဂိုေဒါင္၌သာေနေၾကာင္း ေျပာ
ၾက၏။ ထိုအခါ သီတာေအးသည္ စႏၵာ
ခင္ကို ေမးေတာ့သည္။
“မစႏၵာ-ရွင္ယူမိလား။ ေငြကတန္ ဖိုးမရွိေပမဲ့ ဘုရားလႉထားတာဆိုေတာ့
သိမွျဖစ္မွာမို႔လို႔ ေမးရတာ”
“အို – ကြၽန္မ မယူပါဘူး။ ငွက္ေပ်ာ သီးၾကားမွာ လိပ္ၿပီးထိုးထားတာဆို
ေတာ့ေလတိုက္လြင့္က်သလား။ ႂကြက္ ပဲဆြဲသလားရွိမွာေပါ့”
“ဟ – ဒါဆို အရင္က ဘာလို႔မျဖစ္ လဲ။ ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီ။ ဒါမ်ိဳး
မျဖစ္ဖူးပါဘူး”
ဥကၠာလြင္ေဒါသသံျဖင့္ေျပာလိုက္ ၏။အေျဖကိုသိေနၾကသည္။ သို႔ေသာ္-
လက္ပူးလက္ၾကပ္ မမိေသးသျဖင့္
မေျပာေတာ့ဘဲ ငံ့လင့္ေနလိုက္ေလ၏။
ထိုကိစၥျဖစ္ၿပီးေနာက္တစ္ေန႔တြင္
သာသနာပြဲ၌ လႉထားေသာ အုန္းႏွင့္

ငွက္ေပ်ာမ်ားသည္ မည္းလ်က္ပုပ္သြား
ေလေတာ့သည္။ထူးဆန္းေပစြ။စိမ္းရာမွ
မွည့္ပင္မမွည့္ေသးဘဲ မည္းၿပီးပုပ္သြား
သည္ကိုလင္မယားႏွစ္ေယာက္အံ့အား သင့္ကာမိမိတို႔အဖို႔တစ္ခုခုႀကံေနသည္
ကို သိလိုက္ရေလ၏။
သည္လိုႏွင့္ ေနာက္တစ္ႀကိမ္ ႏွစ္ ႀကိမ္ခရီးထြက္ၿပီး ျပန္လာေတာ့လည္း
လႉဒါန္းထားေသာ ေငြက ေပ်ာက္ၿမဲ
ေပ်ာက္သည္။ ေနာက္ဆုံးတြင္ ဥကၠာ
လြင္ လည္း အားနာမေနေတာ့ဘဲ လူစုံ
ေခၚကာ ရွင္းရေတာ့၏။
“ကဲ-အားလုံးကို ေျပာမယ္။ ကြၽန္ ေတာ္ ဒီျပႆနာကို အေျဖရွာတဲ့ေနရာ မွာ မစြပ္စြဲခ်င္ဘူး။ ဒါေၾကာင့္ – ဘုရား၊ တရားနည္းနဲ႔ပဲ အေျဖရွာမယ္။ ေဟာ ဒီမွာ အေမႊးတိုင္ (၆)တိုင္ကို အိမ္ေရွ႕ ေျမႀကီးေပၚက သဲျပင္ေပၚမွာထိုးမယ္။ ၿပီးရင္ အဓိ႒ာန္မယ္။ အေမႊးတိုင္တစ္ တိုင္စီမွာ နာမည္ကိုယ္စီရွိမယ္။ ခင္ ဗ်ားတို႔နာမည္ေတြ။ တကယ္လို႔ပိုက္ဆံ

ခိုးတဲ့သူဆိုရင္ သူ႔နာမည္နဲ႔ အေမႊးတိုင္
ဟာထြန္းၿပီးမၾကာခင္လဲရမယ္။ မခိုးတဲ့
သူဆိုရင္ မလဲဘဲ ျပာက်ကုန္စင္ရမယ္။
သေဘာတူၾကလား…။
ဥကၠာလြင္၏အဆုံးအျဖတ္ကိုအား
လုံးဝိုင္းၿပီး သေဘာတူသည္။ စႏၵာခင္
ကေတာ့ ခပ္ဆိတ္ဆိတ္ပင္ေနသည္။
အေမႊးတိုင္(၆)တိုင္ကိုထြန္းလိုက္သည္
ႏွင့္ တစ္ၿပိဳင္တည္း မၾကာမီမွာပင္ စႏၵာ
ခင္ဟုသတ္မွတ္ထားေသာအေမႊးတိုင္
မွာ ေလမတိုက္ပါဘဲ လဲက်သြားေတာ့
၏။
“ဟာ-ဟင္”
အားလုံးအံ့အားသင့္ကုန္၏။အျခား အေမႊးတိုင္မ်ားမွာ (၅)မိနစ္အၾကာ ထိ ေလာင္ကြၽမ္းသြားၾကသည္။ ဤတြင္ စႏၵာခင္သည္ ႐ုတ္တရက္ဆိုသလိုပင္
ဝုန္းဒိုင္းထႀကဲေတာ့၏။
“အို – ဒါမျဖစ္ႏိုင္တာပဲ။ ကြၽန္မ ဒီ ေငြကို မယူဘူး။ ဒီအေမႊးတိုင္ေလာက္နဲ႔ ကြၽန္မကို သိကၡာမခ်ပါနဲ႔”
ထို သို႔ေျပာရာ သီတာေအး
ကလည္းေဒါသထြက္ၿပီး..

“ဒီမွာ- ရွင္ ႏွစ္လုံးထီထိုးစရာမရွိ
လို႔ဘုရားပိုက္ဆံေတြ ခိုးေနတာရွင္းေန
တာပဲ။ ဘာမွ ရွင္းျပစရာမလိုဘူး။ အိမ္
ေပၚက ဆင္းဖို႔လုပ္ပါ”
ဟု ေျပာရာ က်န္ေသာ အလုပ္
သမားမ်ားကလည္း ဝိုင္း၍ ဆဲဆို
ေထာက္ခံၾက၏။ သူမေၾကာင့္ အားလုံး
စိတ္ရႈပ္ရသည္ မဟုတ္ေလာ။ စႏၵာခင္
သည္ ႏႈတ္ခမ္းေပါက္သည္အထိ အံ ႀကိတ္၍သီတာေအးကိုစူးစူးဝါးဝါးၾကည့္
ကာတစ္ခြန္းပဲေျပာ၏။ “ဟင္..”
ထိုသို႔ ေျပာၿပီး အိမ္ဝတြင္ ဖေနာင့္
ေပါက္ကာ သူမ၏ အဝတ္ထုပ္ကို ဝင္
ယူၿပီးထြက္သြားေလေတာ့သည္။ဥကၠာ
လြင္ႏွင့္ သီတာေအးမွာ ဘာျပန္ေျပာရ
မွန္းမသိဘဲ အံ့ဩစြာျဖင့္ က်န္ခဲ့ေလ
ေတာ့သည္။ သို႔ေသာ္ – အားလုံးသည္
မိမိတို႔ကို က်ိန္စာတိုက္သြားျခင္းကို သိ
လိုက္ရ၏။
ထိုသို႔ ရက္မ်ားၾကာၿပီးေနာက္ သီ
တာေအးသည္အိပ္မက္ဆိုးမ်ားျမင္မက္
လာေလ၏။ သရဲ၊ သဘက္မ်ား၊ သခ်ႋဳင္း

မ်ားစသျဖင့္နိမိတ္ဆိုးမ်ားပင္။ နဂိုႏွလုံး ေရာဂါရွိသူျဖစ္ရာ ပို၍ခ်ဴခ်ာလာသည္
တြင္ ဥကၠာလြင္လည္းအိမ္ကို ပရိတ္ေရ
မ်ားဖ်န္းျခင္း၊ ပရိတ္႐ြတ္ျခင္းကို ျပဳရ
ေတာ့၏။ သို႔ေသာ္- သူကိုယ္တိုင္လည္း
အဆင္မေျပျဖစ္လာ၏။ အိမ္နီးနားဝန္း
က်င္တြင္ ေတာက်ီးကန္းမ်ားသည္
ဘယ္က ဘယ္လိုေရာက္လာမွန္းမသိ
ေစာင့္ေနသလိုရွိၾကသည္။ သီတာေအး
သည္ အတိတ္နိမိတ္ဆိုးမ်ားေၾကာင့္
မစားႏိုင္ မေသာက္ႏိုင္ ျဖစ္ကာ ပိန္လွီ ေဖ်ာ့ေတာလာ၏။ ျဖဴဖပ္ျဖဴေရာ္ျဖင့္ ႏွလုံးမေကာင္းမသန႔္ေတာ့ေခ်။ တစ္ညေတာ့ လင္မယားႏွစ္
ေယာက္အိပ္ေနရင္း သီတာေအးသည္
အေပါ့သြားရန္အေဖာ္အျဖစ္လိုက္ေပးဖို႔
ဥကၠာလြင္ကိုႏႈိး၏။ ဥကၠာလြင္ကလည္း
ပင္ပန္းစြာ အိပ္ေနၿပီမို႔ မႏိုးေခ်။ ထိုအခါ
တစ္ေယာက္တည္း ေအာက္ထပ္သို႔
ေလွကားမွ ဆင္းခဲ့ရာ ေလွကားေျခရင္း
တြင္ အစိမ္းေရာင္ ဝတ္စုံဝမ္းဆက္ျဖင့္
မိန္းမတစ္ေယာက္ ရပ္ေန၏။ “ဒိန္း”ခနဲ
ရင္ေတြတုန္လာ ၿပီး…

“နင္ – နင္ – ဘယ္သူလဲ” ဟုခပ္ဖြဖြေမးလိုက္သည္တြင္မ်က္
ႏွာလွည့္လာခ်ိန္မေတာ့…
“အမယ္ေလး”
ဟု ေအာ္ကာ ေလွကားမွ ေအာက္ သို႔ ဒလိမ့္ေကာက္ေကြး ျပဳတ္က်သြား ေလသည္။ သူမျမင္လိုက္ရတာကလြန္ စြာမွ က်က္သေရ ကင္းမဲ့ေသာ သရဲ
သဘက္လိုမိန္းမမ်က္ႏွာႀကီးပင္တည္း။
ဥကၠာလြင္သည္ ေအာ္သံေၾကာင့္ လန႔္
ႏိုးၿပီးဆင္းလာရာ သီတာေအးအျဖစ္ကို
ေတြ႕ သျဖင့္ ေဆး႐ုံသို႔ ဖုန္း ဆက္၏။
သို႔ေသာ္-ေဆး႐ုံကားေရာက္လာခ်ိန္
တြင္ အသက္မရွိေတာ့ပါေခ်။ ႏွလုံး
ေဆာင့္တက္၍ကြယ္လြန္သြားၿပီတည္း။
ဥကၠာလြင္သည္ခ်ဳံးပြဲခ်ငိုလ်က္တရားခံ
ကို သိေနသည္။
“ဒါ – ဟို မိန္းမယုတ္ လက္ခ်က္ပဲ။ သူငါတို႔ကိုက်ိန္စာတိုက္ထားတာ”
မိမိဘာသာ ႀကဳံးဝါးရင္း ေငြဓား ေျမႇာင္ေဆာင္ကာေတြ႕ရာေနရာ၌သတ္
ရန္ ႀကံ၏။ ပိုဆိုးလာသည္က သူတို႔ အိမ္ႀကီးသည္ ေနဝင္သည္ႏွင့္ ေခြးမ်ား

အူကာ အပုပ္နံ႔ တေထာင္းေထာင္း
ထလ်က္ က်က္သေရကင္းမဲ့လာျခင္း
ျဖစ္သည္။ သာသနာပြဲလည္း မလႉျဖစ္
ေတာ့။ ထို႔ထက္ ဆိုးသည္က ဥကၠာလြင္
လမ္းေပၚထြက္သည္ႏွင့္ က်ီးကန္းမ်ား
အုပ္စုဖြဲ႕ကာ လိုက္လာ၏။ တစ္စုံတစ္
ေယာက္ႏွင့္ စကားေျပာၿပီဆိုလွ်င္ က်ီး
ကန္းမ်ား ဝိုင္း၍ထိုးဆိတ္ေတာ့သည္။
သည္ေတာ့သူေရွ႕ဆက္ဘာလုပ္ရမည္
နည္း။
ဆရာစိုးသည္ ဥကၠာလြင္၏ အျဖစ္ ကို နားေထာင္ၿပီးေသာအခါ ေကာက္
ခ်က္ခ်၏။
“ဒါ – ေအာက္လမ္းနဲ႔အလုပ္ခံရတာ ပဲ။ ဘာေကာင္က လုပ္သလဲဆိုတာ ငါ ေခၚစစ္မွ ရမယ္။ ေလာေလာဆယ္ ငါ ထင္တာေတာ့ မင္းကို က်ီးကန္းဝိုင္း ေအာင္ အပင္းသြင္းသြားတာပဲျဖစ္မယ္။ က်ီးကန္းတို႔၊ လင္းႏို႔တို႔ဆိုတာ ေအာက္ လမ္းပညာသည္ေတြ အသုံးခ်ေလ့ရွိတဲ့

သတၱဝါေတြပဲ။ အထူးသျဖင့္ က်ီးကန္း ဟာ လူ႔သဘာဝကို နားလည္တယ္။
သူတို႔ထဲက တစ္ေကာင္ကို ထိတာနဲ႔
က်န္ေနတဲ့ေကာင္ေတြဝိုင္းလာတာကိုပဲ
ၾကည့္။ တိရစာၦန္ျဖစ္ေပမယ့္ ခိုးတတ္
ေသးတယ္။ နိမိတ္ဆိုးေရာ၊ နိမိတ္
ေကာင္းေရာ ယူလာတတ္ၾကတယ္။
ဂမၻီရဆန္တဲ့ သတင္းေတြေပါ့ကြာ”
ဆရာစိုး၏ မွတ္ခ်က္ကို ဥကၠာ
လြင္က ျပန္၍…
“ဒါဆို ဘာဆက္လုပ္ၾကမလဲ –
ဆရာစိုး။ ဒီမိန္းမကိုရွာၿပီး သတ္မလား”
ဟု ေျပာရာ ဆရာစိုးက လက္
ကာျပၿပီး …
“မင္းကလည္း မေလာပါနဲ႔။ ဒီကိစၥ
လြယ္မယ္မထင္ဘူး။ မင္းတို႔အိမ္မွာ
ေနခဲ့တဲ့ ပညာသည္ဟာ မင္းတို႔အိမ္
ဝန္းက်င္မွာပဲ ေအာက္လမ္းစက္ေတြ
ဆင္ခဲ့မွာပဲ။ အဲဒါကို အရင္ရွာၿပီး ငါတို႔
ေခ်ဖ်က္မွရမယ္။ ဒီလိုမွမဟုတ္ရင္ ဆိုး
႐ြားသြားလိမ့္မယ္”
ဟူ၍ရွင္းျပၿပီးလက္ဆြဲကာဘုရားမွ
ျပန္ခဲ့ၾကေလ၏။

(မွတ္ခ်က္ – ေအာက္လမ္း”စက္”
ဆိုသည္မွာ စက္ပစၥည္းကို ေျပာျခင္း
မဟုတ္ပါ။မေကာင္းေသာေအာက္လမ္း ပညာအစီအရင္ကို ဆိုလိုပါသည္။)
ဆီခ်က္မ်ားစားၾကသည္။ ၿပီးေသာ္
လမ္းတြင္ ညစာအျဖစ္ ေၾကးအိုး
ဥကၠာလြင္သည္ ကားကို ကိုယ္တိုင္
ေမာင္း၍ ဆရာစိုးကို တင္ေဆာင္ကာ
အိမ္သို႔ ျပန္ခဲ့ေတာ့၏။
ၿခံဝသို႔ ေရာက္သည္တြင္ ထူးဆန္း
သည္က ဆရာစိုး ကားေပၚမွ ဆင္းလိုက္
လွ်င္ပင္ က်ီးကန္းမ်ား ထပ်ံသြား၏။
အပုပ္နံ႔ေတြရွင္းကုန္၏။ အူတတ္ေသာ
ေခြးမ်ား ရွာမရေတာ့ေခ်။ ေက်းဇူးႀကီး ေပစြ။ ဆရာႀကီး ဦးခင္စိုးကား မေနာ
စိတၱဳပၸဂိုဏ္းမွ အႏၲိမွဆရာတစ္ဦးျဖစ္ သလို ဝိပႆနာ က်င့္ႀကံလ်က္လည္း
ရွိေသာအလယ္အလတ္လမ္းစဥ္လိုက္
ပုဂၢိဳလ္တစ္မ်ိဳးပင္ ျဖစ္၏။ တစ္ဖက္စြန္း
ေရာက္တတ္ေသာပုဂၢိဳလ္မ်ိဳးမဟုတ္ဘဲ
ေမတၱာကို အဓိက လက္ကိုင္ျပဳ၍ ဂမၻီရ
နယ္ပယ္မွ ျပႆနာေပါင္းမ်ားစြာကို
ရွင္းႏိုင္ခဲ့သူ ျဖစ္သည္။ ယခုလည္း ဤ

ျပႆနာတြင္ ဆရာစိုးမည္သို႔မည္ပုံရွင္း
မည္ကို စိတ္ဝင္စားဖြယ္ သိရမည္က
ေတာ့ အမွန္ပင္ ျဖစ္ေလသည္။ ဆရာစိုး
ႏွင့္ ဥကၠာ လြင္သည္ ၿခံထဲသို႔ ဝင္ခဲ့ၿပီး
ေနာက္ ဆရာစိုးက ပတ္ဝန္းက်င္ကို
အကဲခတ္သည္။အိမ္ထဲသို႔ေရာက္ေသာ္
အပုပ္နံ႔စူးစူးတစ္မ်ိဳးကိုရသျဖင့္ ဆရာစိုး
♡.
“အင္း-တိတိက်က်ေျပာရရင္ ဒီ
ကိစၥက ေတာ္ေတာ္လက္လြန္ေနၿပီကြ။
ထင္သေလာက္ မလြယ္လွဘူး။ မင္းတို႔
တစ္အိမ္လုံးကို သခ်ႋဳင္းကုန္သာသာ
ေျမညံ့ျဖစ္သြားေအာင္ ေအာက္လမ္း
ပညာေတြနဲ႔ စီရင္ခဲ့တာပဲ”
ဟုေျပာရာဥကၠာလြင္လည္းအံ့အား
သင့္လ်က္ ေတြးေနမိ၏။
“ဒါဆို-ဘာဆက္လုပ္ရမလဲဆရာ
“ဘာဆက္လုပ္ရမလဲဆိုေတာ့မင္း
ကိုပဲ စစ္ရေတာ့မွာပဲ။ ပေယာဂ ကုထုံး
နည္းအတိုင္းေပါ့ကြာ။ ၿပီးေတာ့မွ အေျဖ ရွာမယ္။ ငါခန႔္မွန္းခ်က္အရဆိုရင္ မင္းတို႔ကို ပညာႏွင့္ လုပ္သြားတဲ့ အမ်ိဳး

သမီးဟာ ထူးျခားတယ္ကြ။ ကဲ- ၾကာ ပါတယ္ကြာ။ဘုရားေက်ာင္းေဆာင္ေရွ႕
မွာအခုပဲပြဲျပင္ေပေတာ့”
သို႔ႏွင့္ပင္ ဆရာစိုး၏အမိန႔္အတိုင္း
ကန္ေတာ့ပြဲ ႏွစ္ပြဲ ျပင္သည္။ တစ္ပြဲက ဝိဇၨာဓိုရ္ ပုဂၢိဳလ္မ်ားအတြက္ ျဖစ္ၿပီး တစ္
ပြဲရတနာသုံးပါးပြဲ ျဖစ္သည္။
ဆရာစိုးသည္ ဘုရားေက်ာင္း
ေဆာင္ေရွ႕ထိုင္ကာ ဥကၠာလြင္ကိုေျခႏွစ္
ဖက္ဆင္းေစၿပီး ႏႈတ္မွ မႏၲန္မ်ားကို တီး
တိုး႐ြတ္ဖတ္ေလသည္။ ၿပီးေသာ္က်ယ္
ေလာင္စြာျဖင့္…
“ဟိတ္ – ေအာက္လမ္းအတိုက္
ရွိလွ်င္ကပ္ထား။ ညႇာမယ္မထင္နဲ႔၊ အမွန္
သိေစရမယ္”
ဟုေျပာရာ ဥကၠာလြင္၏ ဘယ္ေျခ
ညာေျခဖဝါးႏွစ္ဖက္တို႔သည္ သူ႔ အလို
အေလ်ာက္ ပူးကပ္သြားေတာ့သည္။
ဥကၠာလြင္လည္း ေၾကာင္ေငး အံ့အား
သင့္ေနသည္။ထိုစဥ္မွာပင္အိမ္ပတ္ဝန္း
က်င္၌ ေတာက္တဲ့၊ အိမ္ေျမႇာင္စုတ္ထိုး
သံမ်ား ၾကားရသည္။ ဥကၠာလြင္ထံမွ အနံ႔တစ္မ်ိဳးရ၏။ ထို အနံ႔ကားလြန္စြာမွ

ညီစို႔စို႔ျဖစ္ေနၿပီး ေအာ့အန္ခ်င္စဖြယ္
ေကာင္းလွေပ၏။ထိုမွတစ္ဆင့္မႈိင္းကိုင္
စကၠဴနံ႔ တစ္မ်ိဳးရျပန္၏။ ထိုအနံ႔ႏွစ္ခု
သည္စူးစူးဝါးဝါးႏွံလာၿပီးေနာက္ဆရာစိုး
က ဥကၠာလြင္အား ေရစင္တစ္ခြက္ျဖင့္
မ်က္စဥ္းခပ္ေလသည္။ ဥကၠာလြင္မွာ
မည္သို႔မွ် မခံစားရသျဖင့္ ေၾကာင္
ၾကည့္ေန၏။ ဆရာစိုးသည္ တစ္စုံတစ္
ေယာက္ႏွင့္ေတြ႕ဆုံကာႀကိတ္မႏိုင္ခဲမရ
စကားေျပာေနသေယာင္ မ်က္လုံးအစုံ
ကိုမွိတ္ကာ အံကိုႀကိတ္ထားသည္။
အတန္ၾကာမွ ဥကၠာလြင္ကို အနားယူ
ေစၿပီး သူသည္လည္း အေမာေျဖပါ
ေတာ့သည္။
“ဘာထူးျခားလဲ – ဆရာစိုး။ အရင္
ကလို ဆရာစိုး အဆင္မေျပဘူးလား”
ဥကၠာလြင္၏စကားကို ဆရာစိုးက
ေခါင္းညိတ္ရင္းျပန္ေျဖ၏။
“အင္း-ငါစမ္းရသေလာက္ဆိုမင္း
တို႔ကို လုပ္သြားတာ ေျခာက္ႀကိဳးကေဝ မ်ိဳးကြ။ နိမ့္ပါတယ္။ သူ႔ေလာက္ကို ငါ ေခၚဆုံးမလို႔ရတယ္။ ဒါေပမဲ့ – သူတစ္ ေယာက္တည္း မဟုတ္ဘူးကြ။ သူ႔မွာ

ကိုးကြယ္တဲ့ေအာက္လမ္းဆရာအႀကီး စားရွိေသးတယ္။အခုကိစၥမွာအဲဒီဆရာ
က ဝင္ကူေပးေနတယ္။ ၿပီးေတာ့ – အဲဒီ
ဆရာမွာလည္းထူးျခားတဲ့ပစၥည္းတစ္ခုခု
ရွိပုံရတယ္။ ငါ အခု စမ္းသပ္ေခၚေတာ့
မလာဘူး။ ငါ့ မေနာနဲ႔ပဲ ေတြ႕လို႔ ေျပာ
လိုက္ရတယ္”
“ဒါ- ဒါဆို ဆရာစိုး ဘယ္လိုလုပ္
ခ်င္လဲ”
“ငါတို႔ လိုက္သြားမယ္ကြာ။ ဒီ
အျဖစ္ကထူးျခားတယ္ကြ။ငါတို႔အထက္
ဂိုဏ္း၊ ဆရာေတြရဲ႕စမ္းသပ္ပုံ စမ္းသပ္
ကြက္ကို မင္း ဗဟုသုတရေအာင္ ရွင္းျပ
မယ္။ ပေယာဂစမ္းတဲ့အခါ အနံ႔နဲ႔စမ္း
တာမ်ိဳး။ ေျခေထာက္ မ.စမ္းျခင္း၊ စက္
သိမ္းစမ္းျခင္း၊ စက္လွည့္စမ္းျခင္း၊ စက္
ဆြဲစမ္းျခင္း၊ စက္ေထာက္စမ္းျခင္းဆိုၿပီး
အမ်ိဳးမ်ိဳးရွိတယ္။ အခုမင္းကို စမ္းေတာ့
အနံ႔နဲ႔ စမ္းတာေပါ့ကြာ။ အနံ႔နဲ႔တဲ့။
အေပၚမူတည္ၿပီးေတာ့ ဘာကျပဳစား
တယ္ဆိုတာ သက္ေသယူရတယ္ ဆို
ပါေတာ့”
“အနံ႔နဲ႔ ဘယ္လိုခြဲလည္းဆိုတာ

ဗဟုသုတရေအာင္ ေျပာျပပါလား။ ဆရာစိုး အခ်ိန္ရရင္ေပါ့”
ဥကၠာလြင္က ေမးရာ ဆရာစိုးက
ၿပဳံးၿပီး ကြမ္းထုတ္ ဝါးလိုက္ေသး၏။
“ဒီလိုကြ – အနံ႔အလိုက္ ခြဲရရင္
ေတာ့…
ပုပ္ေစာ္နံ- သရဲစြဲ
ညႇီေစာ္နံ – ႐ြာသူ၊ စုန္း၊ ကေဝ

စိမ္းေ႐ႊေ႐ႊနံ – အစိမ္း နႏြင္းနံ႔- မီးေနသည္အစိမ္း
ေရေမႊးနံ႔ – နတ္တိုက္
မိုင္းကိုင္စကၠဴနံ႔ – ဆရာတိုက္
(ေအာက္လမ္း)
နံ႔သာျဖဴနံ႔ – အဖဘက္႐ိုးရာ
ကရမက္နံ႔ – အမိဘက္႐ိုးရာ
ေတာင္နံကတိုးနံ႔ေမႊး၍အပုပ္နံ႔နံ
လွ်င္ – ေတာင္ေအာက္သရဲ
စကားဝါ၊ စကားျဖဴ၊ စကားစိမ္းနံ႔ –
ျမင္းျဖဴရွင္နတ္
ေရေမႊးႏွင့္အရက္ေစာ္နံလွ်င္ – မင္း
ကေလးႏွင့္ကိုႀကီးေက်ာ္နတ္
ေစာင့္
ပန္းနံ႔ေမႊး၍ အစိမ္းေစာ္နံ- ဥစၥာ

မစင္၊ က်င္ငယ္နံ႔ နံလွ်င္ – ေခ်းစား
စုန္း
ေကာက္ညႇင္း၊ လက္ဖက္ – ဦးရွင္
ႀကီး
ထန္းလ်က္နဲ႔ – (တစ္ခုစီ နံျပားက
အပင္း)
ေပါင္ဒါ၊ သနပ္ခါးနံ႔ – အင္းတိုက္
အဂၤေတနံ႔ – ဘုရားတိုက္
အိုးမီးသင္းနံ႔ – အင္းတိုက္
႐ႊံ႕ပုပ္နံ႔ – ေျမဖုတ္ဘီလူး အဝတ္မီးေလာင္နံ႔ နံ၊ လူနာ
အဝတ္စနံ႔ – နတ္စင္တိုက္
ဆိုၿပီးေတာ့ အမ်ားႀကီးေပါ့ကြာ။ အခု မင္းကို စစ္တဲ့အခါ မူလပထမ ညီ
ေစာ္နံတယ္။ ေနာက္ မႈိင္းကိုင္စကၠဴနံ႔ နံ တယ္။ ဒါေၾကာင့္ ထူးျခားသြားတယ္။
တစ္ဦးတည္းလုပ္တာမဟုတ္ဘူး။ပညာ
သည္ႏွင့္ ခပ္ျမင့္ျမင့္ပညာရွင္ ပါေန
တယ္။ ငါက တစ္ေယာက္ကို လုပ္ရင္
ပညာရွင္က က်န္ေနမွာပဲ။ သူ ဘယ္မွာ ဆိုတာ သိ႐ုံနဲ႔ ငါ ဒီကေန ေခၚရွင္းလင္း လို႔ရတယ္။ ဒါေပမဲ့ ထူးျခားခ်က္တစ္ ခုခုရွိေနတယ္လို႔ငါ့အာ႐ုံမွာသိေနတယ္။

ဒါေၾကာင့္ ငါလိုက္သြား မယ္လို႔ ေျပာရ
တာပဲ”
ဟု ရွည္လ်ားစြာ ရွင္းျပရာ ဥကၠာ လြင္လည္း သေဘာေပါက္လာေလ၏။ “ဒါဆို – ဒီအိမ္က ေအာက္လမ္း စက္ေတြကို ဘယ္လိုရွင္းမလဲ”
“ဒါအတြက္ မပူပါနဲ႔။ ငါတို႔ ခရီး ထြက္ခ်ိန္မွာ ခပ္ၾကမ္းၾကမ္းထိုင္ဖို႔မနက္ ျဖန္ ငါ့မိတ္ေဆြႀကီး ဟာႏုမာန္ နန္ဒူးကို ပင့္လိုက္မယ္။ သူက ပိုကြၽမ္းတယ္ကြ”
နံနက္မိုးလင္းသည္ႏွင့္နန္ဒူး(Nan
Duu) ဆိုေသာ အိႏၵိယဟိႏၵဴစတန္ဒီ
ကုလားဘုန္းႀကီး ႂကြလာေလသည္။
ဆရာစိုး၏ အႀကံမွာ ဟသၤာတဘက္ သို႔ ခ်က္ခ်င္းလိုက္သြားခ်င္သျဖင့္ ဤ အိမ္မွကိစၥမ်ားကိုတျခားလူႏွင့္လြဲခဲ့ျခင္း
ျဖစ္၏။ နန္ဒူးဆိုသူသည္ တကၠစီေပၚမွ ဆင္းလာသည္ႏွင့္ဟိႏၵဴတို႔ထုံးစံအတိုင္း လက္အုပ္ခ်ီကာ ဆရာစိုး၏ေျခဖမိုး ကိုင္၍ အ႐ိုအေသေပး၏။ သူသည္ဟန္

ႏုမာန္ဘုရားေက်ာင္းမွ ဘုန္းႀကီးျဖစ္ သည္။ ဆရာစိုးသည္နန္ဒူးကိုမိတ္ဆက္
ေပးေလ၏။
“နန္ဒူး – ဒါက ကြၽန္ေတာ့္ တပည့္ ပါ။ ဒီကိစၥမွာ ေအာက္လမ္းနဲ႔ အလုပ္
ခံခဲ့ရသူေပါ့”
“ေတြ႕ရတာ ဝမ္းသာပါတယ္။ ဒါနဲ႔
ပညာသည္က အပင္ေရာ သြင္းေသး
လား”
နန္ဒူး၏ အေမးကို ဆရာစိုးက
ေခါင္းညိတ္၍…
“သူ စကားေျပာတဲ့အခါေတာ့ က်ီး
ကန္းေတြ လာတတ္တယ္။ နန္ဒူးပဲ
ၾကည့္ရွင္းပါ။ အပင္းသြင္းခံရတာေတာ့
မဆန္းပါဘူး။ အိမ္မွာထမင္းဟင္းခ်က္- တဲ့ အေစခံက လုပ္သြားတာပဲ။ သူ႔ဇနီး
ကေတာ့ဆုံးသြားပါၿပီ။ပညာသည္လက္
ခ်က္နဲ႔ေပါ့”
ဟု ရွင္းျပရာ နန္ဒူးသည္ ၿပဳံး၍ မစိုး ရိမ္ပါနဲ႔ဟုေျပာၿပီး ကုလားဘုရားပြဲ ျပင္ ၏။ ဖီးၾကမ္းငွက္ေပ်ာ၊ အုန္းသီးအခြံ ကြၽတ္၊ အေမႊးတိုင္ကို လင္ဗန္းေပၚတင္ ကာဆီမီးႏွင့္အေမႊးနံ႔သာမ်ားပူေဇာ္၏။

ဟာႏုမာန္ဘုရား၏ ပန္းခ်ီကားခ်ပ္ကို
ခ်ိတ္ထားၿပီး ကတ္ဆက္ျဖင့္ ကုလား
ဘုရား တီးလုံးဖြင့္ထား၏။ သူ၏ ႏႈတ္မွ
လည္း..
“အရွင္ဟာႏူမာန္သည္ ရာဝဏကို
ေအာင္ေစရန္ အရွင္ရာမအတြက္
ေဆာင္ၾကဥ္းေပးခဲ့သည္။ ရန္သူေပါင္း
မ်ားစြာကို တိုက္ခိုက္ေခ်မႈန္းခဲ့သည္။
အရွင္ႂကြပါ။ ဤေဂဟာရွိနတ္ဆိုးမ်ားကို
ေခ်မႈန္းပါ။ အရွင့္ကို ေလးစားစြာ ပင့္ပါ
တယ္။ရင္ထဲ၊ ႏွလုံးသားထဲမွလႈိက္လွဲစြာ
ရွိခိုးဂါရဝ ျပဳပါတယ္”
ဟူေသာအိႏၵိယဘာသာစကားျဖင့္ ႐ြတ္ဖတ္ေလ၏။ ၿပီးေသာ္ လင္ဗန္းထဲမွ
စႏၵကူးျပာျဖင့္ ဥကၠာလြင္၏ နဖူးကို တို႔
ေပးသည္။ သံပုရာသီးစိပ္တစ္စိပ္ကိုပါး
စပ္ထဲ ခြံ႕ေပးၿပီး အုန္းသီးကို ခြဲေလ
ေတာ့၏။ ဥကၠာလြင္က နန္ဒူးအား စပ္စု
ေမးျမန္းသည္။
“က်ဳပ္ကကုလားလည္းမဟုတ္ဘဲ
ဘာလို႔ နဖူးမွာ အစက္တို႔ရတာလဲ ဗ်။
ရွင္းျပပါဦး။ လမ္းသြားရင္ ရယ္စရာ ျဖစ္
ေနဦးမယ္”

ထိုအခါ နန္ဒူးက ၿပဳံး၍… “ဒီအစက္ကသာမန္အစက္မဟုတ္
ဘူး။ SAN SKRIT ဘာသာအားျဖင့္ ဒါကို ဗိႏၶဳလို႔ေခၚတယ္။ ဒါက အာကာသ
ထဲက စြမ္းရည္သတၱိအမ်ိဳးမ်ိဳးႏွင့္ ဆက္
စပ္ပတ္သက္တယ္။ သေကၤတအားလုံး
ထဲမွာ တန္ခိုးအႀကီးဆုံးလို႔ သတ္မွတ္
ၾကတယ္ ဥကၠာလြင္။ ရန္သူကို ေအာင္
ႏိုင္ဖို႔ဆိုတာ မိမိမွာ စြမ္းရည္ေတြ ရွိေနမွ
ျဖစ္မယ္။ ယုံၾကည္ခ်က္ထားပါ။ သဒၶါ
ဆိုတဲ့ ယုံၾကည္ခ်က္ အားေကာင္းမွ
အျမင္ရွင္းမွာ”
ဟူ၍ရွင္းျပေလသည္။ ဆရာစိုးက
နန္ဒူးအား …
“ကဲ- လုပ္စရာရွိတာ ဆက္လုပ္ပါ
ဆရာနန္ဒူး။ ကြၽန္ေတာ္တို႔ ခရီးသြားဦး
မယ္။ အခုကိစၥအတြက္ ေက်းဇူးအမ်ား
ႀကီးတင္ပါတယ္”
ဟု ႏႈတ္ဆက္ၿပီး ဥကၠာလြင္ႏွင့္ အတူ ဟသၤာတသို႔ ထြက္ခဲ့ေလေတာ့
၏။
ဟသၤာတသည္မေဝးလွေသာခရီး
ျဖစ္ရာ ပြဲစားႀကီးဘေ႐ႊ၏ လမ္းၫႊန္မႈ

ျဖင့္ မစႏၵာခင္ ေနထိုင္ရာ ႐ြာသို႔ ေရာက္ ေတာ့ သည္။ ထို႐ြာ၏ အမည္မွာ
( – – – – – – – – ) ျဖစ္ၿပီး တစ္႐ြာလုံး
နတ္ကိုးကြယ္ၾကသည္။ နတ္စားမ်ိဳးႏြယ္
စုမ်ားရွိေသာ႐ြာဟု ဆိုက မမွားေခ်။
စကားေျပာလွ်င္အနည္းငယ္ေတာ့ဝဲ၏။
ဆရာစိုးႏွင့္ ဥကၠာလြင္သည္ မစႏၵာခင္ ရွိရာ ၿခံသို႔ ဆိုက္ဆိုက္ ၿမိဳက္ၿမိဳက္ႀကီး စုံစမ္းေရာက္ရွိေလေတာ့သည္။
“ဪ- ဘယ္သူမ်ားလည္း မွတ္ တယ္။ ကိုဥကၠာပါလား။ ရွင္ – ဒီလာပုံ ေထာက္ေတာ့ ကြၽန္မကို သတိရလို႔ လိုက္လာတယ္ထင္ပါ”
ဆရာစိုးသည္ခနဲ႔တဲ့တဲ့စကားေျပာ
ေသာ အိမ္ေပါက္ဝမွ ႐ုပ္ရွင္မင္းသမီး ခင္သန္းႏုမ်က္ႏွာေပါက္မ်ိဳးျဖင့္ရွိေသာ အႏွီအမ်ိဳးသမီးကို အကဲခတ္လိုက္ သည္။ ဥကၠာလြင္က ေဒါသစိတ္ကို မနည္းဖုံးဖိရင္း အၿပဳံးေလးျဖင့္ ျပန္ေျဖ
၏။

“အင္း – ထားပါေတာ့ေလ၊လမ္းႀကဳံ ဝင္လာတယ္ဆိုမမွားပါဘူး။ ေနေကာင္း
ရဲ႕လား။ က်ဳပ္ အိမ္ကထြက္သြားေပမယ့္
ခင္မင္ရင္းစြဲရွိလို႔ လာတာပါ”
“ေဩာ္ -ဟုတ္လား။ ဒါဆိုလည္း အိမ္ထဲႂကြပါဦးရွင္။ ညေနေစာင္းၿပီ
ဆိုေတာ့ တစ္ခါတည္း ညစား စားသြား ၾကေပါ့-မဟုတ္ဘူးလား။ဟင္း – ဟင္း-
ဟင္း”
သို႔ႏွင့္ပင္ ဆရာစိုးတို႔သည္အိမ္ထဲ
ဝင္၍အေမာေျဖၾကေလ၏။ ပ်ဥ္ေထာင္
သြပ္မိုးအိမ္ၿခံက်ယ္ေလးထဲတြင္သူမတစ္
ေယာက္တည္း ေနထိုင္ပုံရ၏။ အစ
ကတည္းက အပ်ိဳႀကီးမွန္း သိထားၿပီမို႔
မထူးဆန္းပါေခ်။ လက္ဖက္ရည္ၾကမ္း
ႏွင့္ လက္ဖက္သုပ္မ်ား ခ်ေပးသည္။
ဆရာတပည့္ႏွစ္ေယာက္စလုံး မစား
ေသာက္ပါေခ်။ ဥကၠာလြင္က စႏၵာခင္
အား..
“မစႏၵာခင္ေရ-က်ဳပ္တို႔ ညစာ
မစားေတာ့ပါဘူး။ ေနပါေစေတာ့” ဟုေျပာရာမစႏၵာခင္ကမီးဖိုေခ်ာင္
မွ အေျပးထြက္လာၿပီး…

“အို-မဟုတ္တာပဲရွင္။ အားနာေန
တယ္ ထင္ပါ့။ ဒါနဲ႔ – ဒီက အဘ နာမည္
က ဘယ္လိုမ်ား ေခၚပါ့။ သမီးက အဘ တို႔အတြက္ ဧည့္ဝတ္ေက်ပါရေစေနာ္-
အဘ”
ဟု ဆရာစိုးကို ေျပာသည္။ ဆရာ
စိုးက ၿပဳံး၍ ..
“ဧည့္ဝတ္ေက်ခ်င္တယ္ဆို ဒီမွာပဲ
ထိုင္ၿပီး လက္ဖက္အတူတူစားပါကြယ္။
အဘတို႔က ခရီးပန္းလို႔ မစားႏိုင္ပါဘူး”
ဟုေျပာရာစႏၵာခင္လည္းဆရာစိုး
ေရွ႕၌ ေခါင္းညိတ္၍ ဝင္ထိုင္သည္။ ထို
သို႔ရွိစဥ္ ဆရာစိုးသည္ ေရေႏြးအိုးငွဲ႔၍ သူမကိုေပးေလ၏။
“ေသာက္ပါ”
“ေနပါေစ – အဘ၊ မေသာက္
ေတာ့ပါဘူး။ အဘတို႔ပဲ ဝဝလင္လင္
ေသာက္ပါ”
“ေသာက္မလား၊ မေသာက္ဘူး
လားေျပာ”
လဲ”
“မေသာက္ဘူး-နင္က ဘာမို႔လို႔
“ဝုန္း”

မစႏၵာခင္သည္ မ်က္လုံးမ်ားျပဴး၍ ထူးဆန္းေသာအသံနက္ႀကီးျဖင့္ ေအာ္
ဟစ္ၿပီး ဝုန္းခနဲ မတ္တတ္ထရပ္၏။
သို႔ေသာ္ မရပ္ႏိုင္ဘဲ ဖင္ထိုင္လ်က္
လဲက်သြားေလသည္။ ဆရာစိုးသည္
စႏၵာခင္အား လြယ္အိတ္ထဲမွ အထက္
လမ္း ဆရာမ်ား ကိုင္ေလ့ရွိေသာ တစ္
ထြာခန႔္ရွည္သည့္ လွံကဲ့သို႔ ခြၽန္ေသာ သန္လ်က္ ပုံစံ “စက္”ျဖင့္ စႏၵာခင္၏ လည္မ်ိဳကို ေထာက္လိုက္ေလ၏။
“နင္ – ဘယ္ႏွႀကိဳးတတ္လဲ – ငါ သိတယ္။ နာမယ္ေနာ္ – ၿငိမ္ၿငိမ္ေန
လိုက္”
“ေတာက္ – ဆရာစုတ္”
စႏၵာခင္သည္ ဆရာစိုးအား ဆဲဆို
ျမည္တမ္းၿပီး တစ္ဖက္သို႔ မ်က္ႏွာ
လွည့္ကြယ္၏။ ဆရာစိုးကပါးစပ္ခ်က္ခ်
လိုက္သည္တြင္ မ်က္လုံးနီရဲရဲႀကီးမ်ား
ျဖင့္ ျပန္ၾကည့္သည္။
“နင့္အစြမ္းက ေျခာက္ႀကိဳးပဲရွိ
တယ္ ကေဝမ။ ဒီေလာက္ေလးနဲ႔ အာခံ
ရဲတယ္ဆိုေတာ့ နင့္ ဆရာဘယ္မွာလဲ။

ငါ့ကို ေျပာေပေတာ့။ နင့္မွာ အားကိုးရွိ တယ္ဆိုတာငါသိတယ္”
“မေျပာဘူး- သတ္ခ်င္ သတ္”
အေတာ္ လက္ေပါက္ ကတ္
အေၾကာတင္းေသာ ကေဝမပါတကား။
ဥကၠာလြင္သည္ အိမ္တံခါးမ်ား ထပိတ္
လိုက္ၿပီး ဆရာစိုးအတြက္ အေမႊးတိုင္
တစ္ထုပ္ေဖာက္ကာ ဘုရားကို ပူေဇာ္
ေလသည္။ ထိုအိမ္၌ ဘုရားေက်ာင္း
ေဆာင္မရွိျခင္းေၾကာင့္ျဖစ္ပါသည္။စႏၵာ
ခင္သည္ ဆရာစိုးအား က်ားမ တစ္
ေကာင္ ကဲ့ သို႔ ေလးဖက္ေထာက္၍
တဟင္းဟင္းတုန္လ်က္ၾကည့္ေနသည္။
ဆရာစိုးက ထိုင္ရာမွမထဘဲ ဝိဇၨာတို႔
စကားျဖင့္ ႐ြတ္ဖတ္ၿပီးေနာက္ …
“ဟိတ္ – ဆင္ေျပာင္နင္းသလို ၾကမ္းမွာ ျပားျပားဝပ္စမ္း”
“အား- အမယ္ေလး”
စႏၵာခင္သည္ ဆရာစိုး ႐ြတ္လိုက္
သည္ႏွင့္တစ္ၿပိဳင္နက္ၾကမ္းျပင္တြင္နား
ရင္းကပ္သြားၿပီး ဆင္တစ္ေကာင္ နင္း
လိုက္သည္ကို ခံရသကဲ့သို႔ မခ်ိမဆန႔္
ေအာ္ေလေတာ့သည္။

“မမွတ္ေသးရင္ ေနာက္ထပ္ေက်ာ ကို ဆူးၾကာပြတ္နဲ႔ ႐ိုက္စမ္း”
“အမယ္ေလး – ေတာ္ပါၿပီ၊ နာလွ ခ်ည္ရဲ႕။ ေၾကာက္ပါၿပီ- ဆရာရယ္”
“နင့္ပညာေတြ ငါ့ကို ေပးစမ္း။ အခု လႉစမ္း။ ခုနစ္ရက္သားသမီးေတြကို လုပ္ထားသမွ် အခု ျပန္သိမ္းစမ္း” ထိုစကားဆုံးသည္ႏွင့္ စႏၵာခင္
သည္ သူမကိုယ္သူမ လက္ျဖင့္ တဖတ္
ဖတ္ တစ္ကိုယ္လုံးကို႐ိုက္ကာ တံေတြး
တထြီထြေထြးေလ၏။ နာရီဝက္မွ် ထိုသို႔
ျပဳလုပ္ၿပီးေသာ္ ဆရာစိုးအား ဦးခ်ကန္
ေတာ့လိုက္ေတာ့သည္။
“သမီးအမွားေတြကို ခြင့္လႊတ္ေပး
ပါ- ဆရာႀကီးရွင့္။ သမီးဟာ ဆရာမွားခဲ့
လို႔ အခုလိုဘဝျဖစ္ရတာပါ။ သမီးဆရာ ရွိတဲ့ေနရာ ၫႊန္ပါ့မယ္”
(မွတ္ခ်က္ – အမွန္တကယ္ေတာ့
ဆရာႀကီးဦးခင္စိုးက စႏၵာခင္ကို ခြၽတ္
ရာတြင္ ပညာပိုင္းဆိုင္ရာအရ ယခုေဖာ္
ျပထားသည္ထက္ ရွည္လ်ားပါသည္။
မဂၢဇင္းစာမ်က္ႏွာအရ အက်ဥ္းခ်ဳံ႕ေရး

သားထားခ်က္ကို နားလည္ေပးေစလို ပါသည္။)
႐ြာျပင္သခ်ႋဳင္းရွိေရွးေဟာင္းေစတီ
ပ်က္တစ္ဆူကို ခပ္လွမ္းလွမ္းမွ ျမင္ေန
ရ၏။ ေစတီသည္ ဂူႀကီးတစ္ဂူထဲ ဘူး
ဘုရားသဖြယ္ တည္တာျခင္း ျဖစ္ေသာ္
လည္း ထီးေတာ္မရွိ။ တန္ေဆာင္းႏွင့္
ခိုနားမ်ား ၿပိဳက်ပ်က္စီးေနေလၿပီ။
အခ်ိန္က ေဝလီေဝလင္းအခ်ိန္မို႔ ပတ္
ဝန္းက်င္မွ ေက်းငွက္ေတြ အစာရွာရန္
ဆူညံေနၾကသည္။ ဆရာစိုးႏွင့္ ဥကၠာ
လြင္သည္ လြယ္အိတ္ကိုယ္စီျဖင့္ ဘူး
ဘုရားပ်က္အနီးသို႔ ခ်ည္းကပ္ခဲ့ၾက
သည္။ ညကေတာ့ ႐ြာသူႀကီး အိမ္၌ပင္
အိပ္ကာ မစႏၵာခင္ကိုေတာ့ ႐ြာမွ ထြက္
ခြာခြင့္ျပဳလိုက္ၾကသည္။ ကေဝအေသး
စားမို႔ခြၽတ္ရလြယ္သည္မွန္ေသာ္လည္း
ယခုရင္ဆိုင္ရမည့္ပုဂၢိဳလ္ကေတာ့ပညာ
ျမင့္သည္ဟု ဆရာစိုးကေျပာ၏။ “ဆရာစိုး ကြၽန္ေတာ္တို႔ ဒီအတိုင္း
ဝင္လို႔ျဖစ္ပါ့မလား”

“ငါတစ္ေယာက္လုံး ရွိတာကို မင္း ေၾကာက္ေနေသးလား။ ဝင္မွာသာဝင္” လိုဏ္ဂူထဲဝင္လိုက္သည္ႏွင့္လင္း ႏို႔မ်ားတဖ်ပ္ဖ်ပ္ပ်ံသြားသံကိုၾကားလိုက္
ရ၏။ ဂူသည္ ႏွစ္ေတာ္ေတာ္ၾကာၿပီျဖစ္
သျဖင့္ လူေနရန္ မသင့္ေတာ္ေသာ္ လည္း စႏၵာခင္၏ ဆရာသည္ ဤအထဲ
မွာရွိသည္ဆိုသျဖင့္အေရာက္လာရျခင္း
ပင္တည္း။ တစ္ဂူလုံးကို လွည့္ပတ္ရွာရ
ေသာ္လည္း ဘာတစ္ခုမွ် မေတြ႕သျဖင့္
စိတ္ပ်က္သြားၾကသည္။ ဆရာစိုးက
“မေကာင္းဆိုးဝါးေတြဟာ ညအခါမွ
ထြက္တတ္တယ္။ ငါတို႔ဒီမွာပဲေစာင့္ၿပီး
ညဘက္ထြက္လာမွ ဖမ္းၾကတာေပါ့”
ဟူ၍ေျပာကာ တစ္ေနကုန္ေစာင့္
ရန္ေနရာယူၾက၏။ ေန႔လယ္စာကိုေတာ့
႐ြာထဲသို႔ျပန္ဝင္ၿပီး သူႀကီးအိမ္မွပင္
အကူအညီယူစားၾကၿပီး ညေနေစာင္း
ေတာ့ သခ်ႋဳင္းသို႔ ျပန္လာၾကသည္။ သို႔ႏွင့္ပင္ ည (၁၀)နာရီခန႔္အထိ အေမွာင္ထဲ ျခင္ကိုက္ခံ၍ေစာင့္ေနၾက ၏။ ဆရာစိုးကား ဇြဲေကာင္းသည္။ ဒါ ေၾကာင့္လည္း ခရီးေပါက္ေျမာက္ခဲ့သူ ျဖစ္ေနျခင္းပင္တည္း။ (၁၀)နာရီေက်ာ္ တြင္မေတာ့ ေခြးမ်ား ဆြဲဆြဲငင္ငင္အူသံ

ကို ၾကားလိုက္ရေလ၏။ ထို႔အတူ
သခ်ႋဳင္းကုန္းထဲမွ ကိုင္းကိုင္းသဏၭာန္
လူတစ္ေယာက္ ေလွ်ာက္လာၿပီး
တျဖည္းျဖည္းလေရာင္ေၾကာင့္ထင္ရွား
လာေသာအခါ ဆံပင္ဖားလ်ားခ်ထား
ေသာ ေယာက္်ားႀကီးတစ္ေယာက္ကို
ေတြ႕ရေတာ့သည္။ လြယ္အိတ္ႀကီးတစ္
လုံးကိုလြယ္ကာေတာင္ေဝွးတစ္ေခ်ာင္း
ျဖင့္ ဘုရားဂူသို႔ေရာက္လာေတာ့သည္။
ဆရာစိုးႏွင့္ ဥကၠာလြင္သည္ ဂူထဲမွ
အေမွာင္ရိပ္ခိုၿပီးေခ်ာင္းေန၏။ အႏွီ
ပုဂၢိဳလ္သည္ ဂူထဲသို႔ဝင္ခါနီး တစ္စုံ
တစ္ရာကို ရိပ္မိသြားဟန္ျဖင့္…
“ငါ့ဂူထဲကို ဘယ္သူဝင္သလဲ၊ အခု
ထြက္ခဲ့စမ္း”
ဟု ေျပာရာ ဆရာစိုး ၿငိမ္ေနလိုက္ သည္။ ထိုအခါ ေအာက္လမ္းကေဝႀကီး သည္ သူ၏ လြယ္အိတ္ထဲမွ အ႐ုပ္ငယ္
ေလးတစ္႐ုပ္ကိုထုတ္၍ မႏၲန္ျဖင့္ မန္း
မႈတ္လိုက္သည္။ ထိုအ႐ုပ္သည္ေျမႀကီး ေပၚက်ၿပီး မီးခိုးလုံးမ်ား ဝုန္းခနဲထကာ ႐ုတ္တရက္ဆိုသလိုပင္ လူမည္းႀကီး တစ္ေကာင္အျဖစ္သို႔ေျပာင္းသြားေတာ့
သည္။ “ဟာ”

ဥကၠာလြင္အံ့အားသင့္သြားသည္။
႐ုပ္ရွင္မ်ားထဲ၌ ၾကည့္ဖူးသည္ႏွင့္ ပင္
တူေနေသးသျဖင့္ မိမိမ်က္လုံးကို မိမိ
မယုံႏိုင္ေအာင္ ျဖစ္ေနေလ၏။ ထို လူ႔
ဘီလူးႀကီးသည္ တဒုန္းဒုန္း ေျခသံ
ျပင္းျဖင့္ ဂူထဲဝင္လာရာ ဆရာစိုးသည္
လြယ္အိတ္ထဲမွ အင္းျပားတစ္ျပားကို
လုံးေခ်ၿပီး ပစ္ေပါက္လိုက္ေလသည္။
ထိုအခါဝုန္းခနဲေပ်ာက္သြားေတာ့သည္။
ထို႔ေနာက္ ကေဝႀကီးသည္ လြန္စြာမွ
ေဒါသထြက္သြားၿပီး အျခားအေကာင္
ပေလာင္မ်ားကို တစ္ခုၿပီးတစ္ခု ပညာ
ျဖင့္ ဂူထဲသြင္းေလသည္။ ဆရာစိုးက
ဥကၠာလြင္အား တီးတိုးျဖင့္…
“မင္း ဂူထဲက မထြက္နဲ႔ဦး။ ငါကိုယ္ တိုင္ သူ႔ကို အရွင္ဖမ္းၿပီးမွ သူရဲ႕အဓိက ပါဝါကိုရေအာင္ ယူရမယ္”
ဟူ၍ ေျပာၿပီး လာသမွ် အေကာင္
မွန္သမွ်ပညာျဖင့္ျပန္တိုက္ခိုက္ေလ၏။ ကေဝႀကီးလည္း ေျခကုန္လက္ပန္းက် ၿပီးအုတ္ဂူတစ္ခုေပၚသြားထိုင္သည္တြင္ ဆရာစိုးကထြက္ေလေတာ့သည္။
“ဘယ့္ႏွယ္လဲ- ကေဝႀကီးရဲ႕၊ အရႈံး
ေပးၿပီလား။ဒီနည္းကဘုရားရွင္ကအာဠ
ဝက ဘီလူးကို ခြၽတ္တဲ့နည္းနဲ႔ တူတူပဲ။

အခု မင္းအလွည္ ၿပီးရင္ေတာ့ ငါ့
အလွည့္ေပါ့”
ဆရာစိုးသည္ ေျပာေျပာဆိုဆိုျဖင့္
လြယ္အိတ္ထဲမွ
ခ်ည္မန္းကြင္းတစ္
ကြင္းကို ထုတ္ကာ လွမ္းပစ္လိုက္ေတာ့
သည္။ ထိုခ်ည္မန္းကြင္းသည္ ကေဝ၏
လည္ပင္း၌ စြပ္သြားၿပီး မီးေတာက္မီးခိုး
မ်ားထလ်က္ရွိ၏။
“အမယ္ေလး-ပူတယ္ – ပူတယ္”
ကေဝႀကီးသည္ မရရေအာင္ ဆြဲ
ခြၽတ္ၿပီးဝူးဝူးဝါးဝါးေအာ္ကာေျမျပင္တြင္
လူးလွိမ့္ေန၏။ အတန္ၾကာေသာ္ ၿငိမ္ သက္သြားၿပီး ဆရာစိုးကို လွမ္းေျပာ၏။
“ခင္ဗ်ား က်ဳပ္ကို သတ္လို႔မရဘူး။ က်ဳပ္အသက္က စႏၵာခင္ကို ေပးထား
တယ္။ အဲဒီ ေျမအိုးကို ခြဲမွရမွာ။ က်ဳပ္
အစီအရင္နဲ႔ က်ဳပ္အသက္ကိုေျမအိုးထဲ
ထည့္ၿပီးတျခားမွာဝွက္ထားတဲ့အတြက္
ခင္ဗ်ား ႏွိပ္စက္ခ်င္တိုင္း ႏွိပ္စက္ က်ဳပ္
မေသဘူး”
ထိုစကားေၾကာင့္ဥကၠာလြင္လည္း မ်က္လုံးျပဴးသြားၿပီး ဆရာစိုး၏ မ်က္ႏွာ ကို အကဲခတ္လိုက္၏။ ဆရာစိုးသည္ မ်က္စိတစ္ဖက္ မွိတ္ျပလိုက္ၿပီး ေျမျပင္ ေပၚလူးလွိမ့္ေနသည့္ ကေဝႀကီးအား…

“မင္း ေျပာေတာ့လည္း မင္းစကား ေပါ့ကြာ။ ခုနစ္ရက္သားသမီးကိုလိုက္လံ
ဒုကၡေပးေနတဲ့ မိစာၦေတြကို ေခ်မႈန္းဖို႔
ငါေမြးဖြားလာတာပဲ။ မေသေသေအာင္
သတ္ျပမယ္။ ၾကည့္ၾကတာေတာ့ တစ္
ဘဝစံတို႔ သြားရာလမ္းကို သြားဖို႔သာ
ျပင္”
ဟု ေျပာၿပီး လြယ္အိတ္ထဲမွ အင္း ခ်ပ္တစ္ခ်ပ္ႏႈိက္ကာလက္ဖဝါးေပၚတင္
မန္းမႈတ္၍ အႏွီကေဝ၏ နဖူးေပၚတင္
လိုက္ေလေတာ့သည္။
“အား-မ-မလုပ္ပါနဲ႔-ဘ-ဘ”
႐ုတ္တရက္ဆိုသလိုပင္ကေဝႀကီး
သည္ တျဖည္းျဖည္း တြန႔္လာၿပီး “ဝုန္း ခနဲ” မီးလုံးႀကီးေတာက္ကာ မီးခိုးမ်ား အျဖစ္ ေျပာင္းလဲသြားၿပီး ၾကည့္လိုက္
ခ်ိန္တြင္မေတာ့ လူေသအ႐ိုးစု တစ္ခု
သာကုန္ခဲ့ေလသည္။ ဥကၠာလြင္လည္း
အံ့အားသင့္ သြားၿပီး ဆရာစိုးကို နား
မလည္ႏိုင္ျဖစ္သြား၏။
“ဆရာစိုး သူ ေသၿပီလား။ သူ အသက္ကဒီမွာမရွိဘူးဆို”
“ဟား- ဟား- ဟား-မင္း
ကလည္းကြာ။ ကေဝဆိုတာ ဉာဏ္မ်ား
တယ္ ကြ။ ေပါက္ကရေလးဆယ္ ေလွ်ာက္ေျပာတာ။ ေအာက္လမ္းမိစာၦ
ေတြကို ငါတို႔လို ဘုရား၊ တရား၊ သံဃာ
အစြမ္းယူထားတဲ့ အထက္ဂိုဏ္းဆရာ
ေတြ က မႏိုင္ဘူးဆိုတာ မရွိဘူးကြ။ ဒီ
လိုမွမႏိုင္ရင္ေလာကႀကီးကမိစာၦဓာတ္
ေတြ နဲ႔ အေမွာင္စီးသြားမယ္။ စႏၵာခင္
လည္း အခုေလာက္ဆို ေသရွာၿပီ။ ဘာ
ေၾကာင့္လည္းဆိုေတာ့ သူတို႔က သစၥာ
ခံထားတာကြ။ဒီပညာေတြေပ်ာက္ကြယ္
တာနဲ႔ သူတို႔ ကံကုန္ၾကၿပီပဲ။ အကုသိုလ္
ကံကုန္ရင္ ကုသိုလ္ကံရွိမွ ျဖစ္မွာ။ ကု –
သို လ္ကံ မရွိတဲ့ သူေတြအဖို႔ ေနဖို႔
အခ်ိန္တစ္စကၠန႔္စာေတာင္ရွိမွာမဟုတ္
ပါဘူးကြာ။ ဟား- ဟား- ဟား- ဟား”
ဆရာစိုးႏွင့္ ဥကၠာလြင္သည္
အထက္ပါအတိုင္း ရယ္ေမာေျပာဆိုၿပီး
သခ်ႋဳင္းေျမမွ ေအးေဆးစြာ ထြက္ခြာခဲ့
ေလ၏။ ေအာက္လမ္းကေဝႀကီး
တကယ္ ေသ၊ မေသကိုမူ မည္သူ တပ္
အပ္ေျပာႏိုင္ပါအံ့နည္း။