တစ်ပွဲတိုး ခင်သုန်(စ/ဆုံး)

Unicode Version

တစ်ပွဲတိုး ခင်သုန်(စ/ဆုံး)
——————————-
” ဟဲ့…မိနွယ် ကြားပြီးပြီလား…”
” ဘာကို ကြားရမှာတုန်း တင်တင်မြရဲ့ …အရင်းမရှိ့ အဖျားမရှိ့ ဟယ်…”
” ရွာစွန်က အိမ်မှာ သုံးလောင်းပြိုင် သေနေလို့တဲ့တော့် …”

ဒီသတင်းက တစ်ယောက်စကား တစ်ယောက်ကြားဖြင့်တောမီးလောင်သလိုချက်ချင်းပင် ပျံ့နှံ့သွားတယ် ။ ရွာသူရွာသားတွေ ရွာစွန်ရှိ့အိမ်အနီးက လမ်းတွေပေါ်မှာ အုတ်အော်သောင်းတင် ရောက်လာကြတယ် ။ ဟုတ်တယ်…အိမ်ြံခံတံခါးဝန်းရဲ့ မလှမ်းမကမ်းမှာ အလောင်းသုံးလောင်းရှိ့နေတယ် ။ အိမ်ရှင် ထွန်းထွန်းဦး …သူမိန်းမ ခင်စိန်…ပြီးတော့ နှနှစ်အရွယ် သူတို့ သားလေး … ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တစ်ရွာလုံး အံ့သြထိတ်လန့်ကုန်ကြတယ် ။ သူတို့ရွာမှာတစ်ကြိမ်တစ်ခါမှ မဖြစ်ဘူးတဲ့ အဖြစ်အပျက်ရယ်လေ ။ မျက်မြင်တွေ့သူများ ပြောစကားများအရ အိမ်ရှင်မိသားစုမှာ အပြင်မှ ပြန်လာပြီး ခြံတံခါးတွန်းဖွင့် ဝင်လိုက်စဉ်မှာပင် ရှေ့ဆုံးက ဝင်လာသော ထွန်းထွန်းဦး ရုတ်တရက်ဆိုသလို ခွေခနဲ လဲကြသွားတယ် ။ ထွန်းထွန်းဦး လဲကြသွားတာမြင်တော့ နောက်ကလိုက်လာတဲ့ မိန်းမဖြစ်သူက နှနှစ်အရွယ် သားလေးကို အောက်ချပြီး ပြေးအလာ သူလဲပဲ ထွန်းထွန်းဦးနဲ့ မလှမ်းမကမ်းမှာ ခေါက်ခနဲ့ လဲကြသေဆုံးသွားပြန်တယ် ။ ပြီးတော့ သူမိခင်ဆီသို့ တောက်ဆက် တောက်ဆက်နဲ့ လိုက်လာတဲ့ ကလေးမှာလဲ သူ့မိခင်ဆီ မရောက်ပဲ ခြံပေါက်ဝမှပင် ခွေခနဲ လဲကြသွားပြန်တယ် ။ အဖြစ်အပျက်က မျက်စိတစ်မှိတ် လျှပ်တစ်ပြတ် အတွင်းမှာပင် ရုတ်ချည်းဖြစ်သွားတာကြောင့် မင်သက်ငေးကြည့်နေရုံမှလွဲပြီး ဘာမှမတတ်နိုင်ခဲ့ကြဘူး ။ အဖြစ်အပျက်မှာ နေ့လည်ခင်းအချိန် ဖြစ်ပွားခဲ့တာကြောင့် အနီးဝန်းကျင်အိမ်များမှ လူတစ်ချို့ ်မြင်လိုက်ကြတယ် ။ ဒီသတင်းကို ကြားတော့ ရွာလယ်က ဆေးဆရာလဲ ဟုတ်…အထက်လမ်းဆရာလဲ ဖြစ်တဲ့ ဦးပွား တစ်ယောက် ရောက်ရှိ့လာပါတော့တယ် ။ ပြီးတော့ အဖြစ်အပျက်ကို စုံးစမ်းမေးမြန်းတယ် ။ အဲ့ဒီနောက်…

” ဟေ့…ခြံထဲကို ဘယ်သူမှ မဝင်ကြနဲ့အုံး ။ဒါသွေးရိုးသားရိုး ဖြစ်တာ မဟုတ်ဘူး ။ ခြံထဲဝင်သွားရင် ထပ်သေအုံးမလား မပြောတတ်ဘူး ။ အောက်လမ်း အစီအစဉ်မျိုးနဲ့ အသေကိုတိုက်ထားတာပဲ ။ ဘယ်သူကများ ဘယ်လိုအငြိုးအတေးနဲ့ တိုက်ထားတာလဲ မသိဘူး ။ သေသူ မိသားစုနဲ့ အတော်ကို ရန်းငြိုးရန်စ ကြီးမားခဲ့ပုံရတယ် ။ ဦးပွား ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စဉ်းစားတွေးတောရင်း သူ့မျက်စိထဲ မြင်လာသူက မိန်းမတစ်ဦး…သူမကား ခင်သုန်ပေတည်း ။ ဦးပွား ခင်သုန်ကိုပြေးမြင်လိုက်ပြီးနောက် လွန်ခဲ့သော လေးနှစ်တာ အတိတ်ကာဆီမှ ခင်သုန်ရဲ့ ဘဝဇာတ်လမ်းလေးကို ပြန်ပြေးသတိရမိလေတော့သည် ။

ခင်သုန်တစ်ယောက် သူ့သမီးလေး ရက်လည်တဲ့ညမှာပဲ ရွာက တိတ်တဆိတ် ပျောက်သွားတယ် ။ သူ …ဘယ်ကိုသွားလဲ ဘယ်သူမှ မသိဘူး ။ တစ်အိမ်ထဲနေ မိခင်ဖြစ်သူဒေါ်အေး တောင်မသိလိုက်ဘူး ။ ပျောက်သွားတယ် ဆိုပေမယ့် ထွက်သွားတယ်ဆို ပိုမှန်လိမ့်မယ် ။ ခင်သုန် ရွာက ထွက်ခွာချင်လောက်အောင်လဲ အကြောင်းရှိ့နေတယ် ။ တစ်ရွာလုံးလဲ သိတယ် ။ အဲ့ဒီအကြောင်းက သူတို့ အိမ်ထောင်ရေး ကိစွပဲ ။ ခင်သုန်က ရွာမှာ အချောအလှ စာရင်းဝင် ။ မိစုံဖစုံမရှိ့လို့ ရွာကွမ်းတောင်ကိုင် မဖြစ်ရပေမယ့် ရွာထဲက ကာလသားတွေရော …ရွာနီးချုပ်စပ်က ကာလသားတွေရော ခင်သုန်အနီးမှာ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေကြတယ် ။ ဒီအထဲမှာမှ တစ်ရွာထဲနေ မြေပိုင်ရှင်သား အရက်သမား ဖဲသမားဖြစ်သူ ထွန်းထွန်းဦးက ရှေ့ဆုံးကဖြစ်တယ် ။ သူက ခင်သုန်ကို အသေရရ အရှင်ရရ ပိုးပန်းနေသူ ။ တစ်နေ့တော့ ခင်သုန်တစ်ယောက် တစ်ဖတ်ရွာက ပြန်အလာ ထွန်းထွန်းဦးရဲ့ အနိုင်ကျင့် စော်ကားတာခံခဲ့ရတယ် ။ ဒါနဲ့ပဲ သူတို့ရွာရဲ့ ဓလေ့ထုံးစံအရ အပျိုပြန်မဖြစ်တော့မယ့် အတူတူ မချစ်သော်လည်း အောက်ကာနမ်း မနမ်းသော်လည်း ပင့်သက်ရှုခဲ့ရတယ် ။ ခင်သုန်…ထွန်းထွန်းဦးကို ယောကျာင်္တော်ခဲ့ရတယ် ။ တစ်ရွာလုံးကလဲ ခင်သုန်အတွက် ခံပြင်းနေခဲ့ပြီး ထွန်းထွန်းဦးကို လူယုတ်မာတစ်ယောက်လို့ ပုတ်ခတ်ပြောဆိုခဲ့တယ် ။ ဒီအကြောင်းကိစွတွေကြောင့် ထွန်းထွန်းဦးက ခင်သုန်ကို အမျက်သိုခဲ့တယ် ။ ထွန်းထွန်းဦးက ခင်သုန်အပျိုဘဝမှာ အရှုးအမူးဖြစ်ခဲ့ပေမယ့် အိမ်ထောင်ကြပြီးနောက်တော့ အချိုးပြောင်းသွားတယ် ။ ခင်သုန်ကို လိုသုံးလို သဘောထားခဲ့တယ် ။ စိတ်မထင်ရင် မထင်သလို သွေးထွတ်သံယိုထိ ရိုက်ပုတ်နှိပ့်စက်တတ်လာတယ် ။ ဒီလိုဖြစ်နေတဲ့ ကြားထဲ ချီးကျူးစရာ လေးစားစရာကောင်းသည့်က ခင်သုန်ရယ် ။ သူမယောကျာၤ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ မိန်းမဝတ္တရားတွေ ကျေပွန်အောင် ပြုမူနေထိုင်ခဲ့တယ် ။ သူမက ဒီလိုသည့်ခံလေ ထွန်းထွန်းဦးက ရောင့်တတ်လာလေပဲ ။ခင်သုန် အိမ်ထောင်ရေး ကံမကောင်းလှ ။ လင်ဆိုးမယား တဖားဖား ဖြစ်ခဲ့တယ် ။ အစပိုင်းတုန်းက ထွန်းထွန်းဦး ပြောင်းလဲလာမလားရယ်လို့ မျော်လင့်မိသေးတယ် ။ ဒါပေမယ့် ထွန်းထွန်းဦးက ထွန်းထွန်းဦးလေ …လူမိုက်က လူမိုက်ပါပဲ ။ ဘာမှာကွဲပြားမသွားဘူး ။ ခင်သုန် ထွန်းထွန်းဦးအပေါ် ဘာမှာ
မျော်လင့်ချက်မရှိ့တော့ဘူး ။ သူမယောကျာင်္နဲ့ ပတ်သက်ပြီး ဘာမှ ခံစားမနေတော့ဘူး ။ သူမရဲ့ အသည်းနှလုံးတွေ ကျောက်စိုင် ကျောက်ခဲ လိုမာကျောနေလေပြီ ။ ခင်သုန်အတွက်တော့ အိမ်ထောင်ကြပြီးနောက် ငရဲခံနေရတဲ့ နေ့ရက်တွေလိုပါပဲ ။ ဒူးနဲ့မျက်ရည်ကို နေ့စဉ်သုတ်ခဲ့ရတယ် ။ ဒီလိုနဲ့ အိမ်ထောင်ကြပြီး နှနှစ်လောက်အကြာမှာ ခင်သုန်ရဲ့ ဘဝအမောတွေကို ပြေပျောက်စေမယ့် အိမ်ဆည်းလဲ့လေး မွေးဖွားလာခဲ့တယ် ။ ခင်သုန် မျော်လင့်ရပြန်ပြီ ။ သမီးလေးရဲ့ မျက်နှာနဲ့ ယောကျာင်္ဖြစ်သူ ထွန်းထွန်းဦး ပြောင်းလဲ လာလေမလားရယ်လို့။ သို့သော် ဘာမှပြောင်းလဲမသွားဘူး လူမိုက်က လူမိုက်ပါပဲ ။ ထူးပြီးပြောင်းလဲမသွားဘူး ။ မပြောင်းလဲတဲ့ အပြင် ပိုတောင်ဆိုးလာပါကောလား ။ ထွန်းထွန်းဦး နောက်မယားငယ် ယူထားတယ်တဲ့ ။ ဒီသတင်းက အစပိုင်းမှာ တိုးတိုး ။ တိုးတိုးကနေ ကျယ်ကျယ်ဖြစ်လာတယ် ။ ပြီးတော့ အိမ်ပေါ်ခေါ်တင်ထားတဲ့အထိ တိတိလင်းလင်း ဖြစ်သွားတယ် ။ ခင်သုန်ကတော့ သူ့ယောကျာင်္နဲ့ ပတ်သကိပြီး ထူးပြီးခံစားမနေရဘူး ။ ဒါပေမယ့် တစ်အိမ်ထဲမှာပဲ ယောကျာင်္တစ်ယောက်ကို မိန်းမနှစ်ယောက် ပေါင်းရမယ်ဆိုတာပဲ ရှက်စိတ်ဝင်ခဲ့တယ် ။ ဒါကြောင့် ကွာပေးဖို့တောင်းဆိုတယ် ။သူ့ယောကျာင်္က ကွာမပေးဘူး ။ မယားငယ်ကို အိမ်ခေါ်တင်တဲ့နေ့မှာပဲ မယားကြီးဖြစ်တဲ့ ခင်သုန်တို့ သားအမိကို အိမ်ကြီးရဲ့နောက်ဘက်က တဲအိမ်လေးမှာ ထားလေတယ် ။ မယားငယ်ဖြစ်သူကိုတော့ အိမ်ကြီးအရှင်သခင်ဖြစ် ထားရှိ့တယ် ။ မယားငယ် ခင်စိန်ဟာ မယားကြီးဖြစ်ခဲ့ပြီး မယားကြီး ခင်သုန်ကတော့ မယားကျွန်ဘဝ ရောက်ခဲ့လေတယ် ။ မယားငယ်ရောက်လာတဲ့ အချိန်ကစပြီး တစ်အိမ်လုံးရှိ့ အိမ်မူ့ကိစွ ခြံကိစွတွေကို ခင်သုန်ပဲ လုပ်ကိုင်ခဲ့ရတယ် ။ ဒါ့အပြင် မယားငယ်ရဲ့ ခိုင်းစေမူတွေကိုလည်း ကျိုးနွံ့စွာလုပ်ပေးခဲ့ရတယ် ။ ယောကျာင်္ဖြစ်သူရဲ့ မထင်ရင် မထင်သလို နှိပ့်စက်ညှင်းပန်းမူ့တွေကိုလည်း နေ့စဉ်နှင့်အမျှ ရင်စည်းခံခဲ့ရှာတယ် ။ ဒါပေမယ့် ခင်သုန်အတွက်တော့ သမီးလေးရဲ့ မျက်နှာကြောင့် အတတ်နိုင်ဆုံး အောက်ကျို့သည့်ခံနေခဲ့တယ် ။ အလုပ်တွေ ဘယ်လောက်လုပ်ရလုပ်ရ မောပန်းရမှန်းတောင် မသိခဲ့ဘူး ။ သမီးလေးဟာ သူ့မရဲ့ ကမ္ဘာဖြစ်ခဲ့နေတာကို ။ သူမယောကျာၤ ထွန်းထွန်းဦးကတော့ သမီးလေးကို ရှိ့တယ်လို့တောင် မထင်ဘူး ။ ခင်သုန်ပေါ်မှထားတဲ့ အငြိုးတွေကြောင့် ပဲလား ။ဒါမှမဟုတ် သူ့မယားငယ် မကြိုက်မှာစိုးလို့ပဲလား မသိဘူး ။ သမီးလေး မွေးဖွားလာကတည်းက တစ်ခါတောင် မချီမပိုးဖူးဘူး ။ ကလေး လဲကြသွားလို့ အော်ဟစ်ငိုနေပါစေ ကိုယ်နဲ့မသက်ဆိုင်သလို လျစ်လျူရှု့ ရှောင်ထွက်သွားတယ်ကောလား ။ ခင်သုန်တစ်ယောက် ယောကျာင်္ဖြစ်သူ ထွန်းထွန်းဦးကို နားကြည်းမိတယ် ။ အမျက်သိုခဲ့မိတယ် ။

” ခင်သုန်တစ်ယောက် သိပ်ဝဋ်ကြီးတာပဲ ” ဟုတစ်ရွာလုံးက သနားဂရုဏသက် စုတ်သက်ရတဲ့ အထိရယ်…”

ဒီလိုနဲ့တစ်နေ့ ခင်သုန်ကမ္ဘာလေးပျက်မည့် နေ့ကို ဆိုက်ဆိုက်မြိုုက်မြိုက် ရောက်လာတယ် ။ အဲ့ဒီနေ့က ခင်သုန်တစ်ယောက် လုပ်စရာရှိ့သည့် အလုပ်များ လုပ်နေခဲ့တယ် ။ နှနှစ်အရွယ် သူ့သမီးလေးက တဲအိမ်ရှေ့မြေကွက်လပ်မှာ ကစားနေလေတယ် ။ ခနအကြာ သမီးလေးရဲ့ အော်ဟစ်လိုက်သံနှင့် အတူ လှေကားမှ တစ်စုံတစ်ရာ ပြုတ်ကြလာသံကို တဲရှေ့ အိမ်မကြီးမှ ကြားလိုက်ရ၍ စိုးရိမ်သောက နဲ့ ကသောကမြော ပြေးသွားလေတယ် ။ နှနှစ်အရွယ် သူ့သမီးလေးမှာ လှေကားခြေရင်းတွင် ခွေခွေလေး လဲနေလို့ရယ်…ပြီးတော့ ခေါင်းမှာ သွေးတွေကလဲ ဖြာလို့ …ခင်သုန်တစ်ယောက် အရှုးမီးဝိုင်းဖြစ်ရပြီ ။ သမီးလေးကို ပွေ့ဖက်ထားရင်း အိမ်ပေါ်ထပ်သို့ ကြည့်လိုက်မိတယ် ။ ယောကျာင်္ဖြစ်သူ ထွန်းထွန်းဦးနဲ့ မယားငယ်ခင်ရွှေတို့ အောက်သို့ ငုံကြည့်နေတာကို တွေ့လိုက်ရတယ် ။

” နင်…နင်တို့ …ငါ့…ငါ့သမီးလေးကို…”
ခင်သုန် စကားမဆက်နိုင်ဘဲ အသားတွေ တဆက်ဆက်တုန်သည့်အထိ ဒေါသတွေ ဖြစ်ခဲ့တယ် ။ ပြီးတော့ မျက်လုံးမီးတောက်မတတ် စိုက်ကြည့်လိုက်ပြီး သမီးဖြစ်သူကို ပွေ့ချီလိုက်ကာ ရွာလယ်က ဆေးဆရာ ဦးပွားအိမ်သို့ အမောတကော ပြေးသွားလေတော့တယ် ။ ဒါပေမယ့် အလာကောင်းပေမယ့် အခါနောင်းခဲ့ပြီ ။

” ကလေးက အသက်မရှိ့တော့ဘူး သမီးရယ် ” ဟုဆေးဆရာ ဦးပွားဆိုလိုက်တယ် ။ ခင်သုန် ကမ္ဘာလေး ပြိုကွဲသွားချေပြီ ။ သမီးလေး မရှိ့တဲ့ဘဝ ခင်သုန်အဖို့ ဘဝမှာနေလဲပဲ ဘာမှ အဓိပ္ပာမရှိ့တော့။

” သမီးရေ.…သမီးနောက်ကို …အမေလိုက်ခဲ့မယ် သိလား ” ဟု အရှုးတစ်ယောက်လို ခင်သုန် တတွက်တွက်ပြောနေလေတယ် ။

” သမီးရယ် သတိလေးထားပါအုံး ။ တရားနဲ့ဖြေပါ သမီးရယ် …ဝဋ်ကြွေးရှိ့လို့ ခံနေရတယ်လို့ သဘောထား ဖြေသိပ့်ပါ သမီးရယ် ” ဟုဦးပွားက တရားချလေသည် ။

ဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက် သူ့သမီးလေး ရက်လည်ညမှာပဲ ရွာကတိတ်တဆိတ် ပျောက်သွားတယ် ။ပြီးနောက် ( ၄ ) နှစ်ခန့်ကြာသော် ခင်သုန်တစ်ယောက် မမျော်လင့်ပဲ ရွာပြန်လာခဲ့တယ် ။ လေးနှစ်အတွင်း ခင်သုန်အသွင် အတော်ပင် ပြောင်းလဲသွားခဲ့တယ် ။ တည်ငြိမ်ရင့်ကျက်တဲ့ အသွင် …ကိုယ့်ကိုယ်ကို ယုံကြည်မူ့ ရှိ့နေတဲ့ ဟန်ပန်မျိုးရယ်…ခင်သုန် ရွာပြန်လာပေမယ့် သူ့ယောကျာင်္အိမ်သို့ မပြန်ဘူး…သူ့မိခင်အိမ်မှာပဲ နေလေတယ် ။ လေးနှစ်ခန့်ကြာပြီးနောက် လင်မယားခန်း ပြတ်ဆဲပြီးလို့ ခံယူထားတယ် ။ ထွန်းထွန်ဦးကလဲ သူ့လိုပဲခံယူထားပုံရတယ် လာမတွေ့ဘူး။ ဒီလိုအနေအထားမျိုးကို ခင်သုန်ကြိုက်တယ် ။ ထွန်းထွန်းဦးတို့မိသားစု ပြီးတော့သူ့ ဆွေးမျိုးသားချင်းတွေနဲ့ မဆုံမိအောင် အတတ်နိုင်ဆုံး ရှောင်နေခဲ့တယ် ။ မလွဲမရှောင်သာတဲ့ အခြေအနေမျိုးမှ ခေါ်ပြောနူတ်ဆက်ရုံ ပြုခဲ့တယ် ။ ရွာကသူတွေတော့ ခင်သုန်တစ်ယောက် ဝဋ်ကြွေးတွေကျေပြီးဆိုပြီး ဝမ်းသာနေလေတယ် ။ ဒီလိုနဲ့ ခင်သုန်ပြန်ရောက်ပြီး သုံးလခန့်အကြာ သူတို့ရွာမှာ တစ်ခါမှမဖြစ်ဘူးတဲ့ အံ့သြထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်ကြီး ပေါ်ပေါက်လာလေတယ် ။ ဆေးဆရာကြီး ဦးပွား နောက်ကြောင်းပြန် စဉ်းစားနေရင်း ခုလိုအသေလုပ်ရထိ ရန်ငြိုးထားမယ်ဆို့ရင် ခင်သုန်ပဲရှိ့တယ်လို့ ထစ်ထစ်ချ ယူဆနေလေတယ် ။ ဒီလိုစဉ်းစားမိတဲ့ ဆေးဆရာ ဦးပွား…ခင်သုန်ရဲ့ အရိပ်အချည် သိရအောင်လို့ ခင်သုန်အိမ်သို့ အကဲခတ်ရင်း လျှောက်လာခဲ့တယ် ။ တွေ့ပါပြီကော…ခင်သုန်ရယ်လေ အိမ်ပြတင်းပေါက်မှာ ရပ်နေရင်း… သူ့ယောကျာင်္ထွန်းထွန်းဦးအိမ်ရှိ့ရာသို့ ကျေနပ်အားရဟန်နဲ့ စိုက်ကြည့်နေသည်ကို တွေ့လိုက်တယ် ။ ခင်သုန်တစ်ယောက် ထွန်းထွန်းဦးအိမ်ရှိ့ရာသို့ ကြည့်နေရာမှ သူမကို တစ်ယောက်ယောက်စိုက်ကြည့်နေသည်ဆိုတဲ့ အသိကြောင့် လှည့်ကြည့်လိုက်တယ် ။ ဆေးဆရာ ဦးပွားကို တွေ့လိုက်၍ သူမလဲ မျက်တောင်မခတ်တမ်း ပြန်ကြည့်နေလေတယ် ။ အသံတိတ် အကြည့်ချင်းပြိုင်နေကြပါကော ။ ဦးစွာအကြည့်လွဲသွားသူ ကခင်သုန်ရယ် ။ ထုတ်မပြောပေမယ့် နှစ်ယောက်သား နားလည်မိကြတယ် ။ ခင်သုန် ရှုံးသွားချေပြီ ။ ထိုစဉ်…

” သမီး…ဆရာ အိမ်ပေါ်တတ်လာခဲ့ရမလား ” ဟုဆရာပွားမေးလိုက်တယ် ။

” ဟုတ်ကဲ့ ရှင် …တတ်ခဲ့ပါဆရာ ” ဟုရိုသေလေးစားသမူ့နဲ့ ဖိတ်ခေါ်လိုက်တယ် ။

” ဆရာမေးစရာလေး သိချင်တာလေးရှိ့တယ် သမီး … အမှန်အတိုင်းဖြေမလား ”

ခင်သုန် သက်ပြင်းချလိုက်တယ် ။ ပြီးနောက် ” ဆရာဘာမေးမလဲဆိုတာ သမီးသိပါတယ် ။ ဆရာအတွေးမမှားပါဘူး ။ ဟုတ်ပါတယ်…ထွန်းထွန်းဦးတိူ့ အိမ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်က သမီးလုပ်ထားတာပါ ဆရာ ။ ဒီလူယုတ်မာကို သမီးနာကြည်းတယ် ။ အမျက်သို့မိခဲ့တယ် ။ သမီးတို့ သားအမိပေါ်မှာ ပြုမူခဲ့တာတွေကို မေ့မရဘူး ။ ဒါကြောင့် လက်စားချေခဲ့တာပါ ။

” သြော်…ဒုက္ခ ဒုက္ခ…သမီးအနေနဲ့ဘယ်လိုခံစား ရမလဲ…ဆရာကိုယ်ချင်းစာပါတယ် ။ ဒါပေမယ့် သမီးရယ် …သမီးက ခုလိုပြုမူတော့ မဆိုင်တဲ့ အသက်တွေ ဆုံးရှုံးပြီကောလား ။ ဒီအတွက် သမီးအပြစ်ကြွေးတွေ ခံစားရမယ်ဆိုတာကော သမီးသိရဲ့လား” ဟုဂရုဏဒေါသ စကားဆိုလိုက်တယ် ။

” အပြစ်ကြွေးတွေ ခံရမယ်ဆိုလဲ သမီးရဲရဲကြီး ခံပါမယ်။ ဒီလူယုတ်မာကို လက်စားချေခွင့်ရတာပဲ သမီးကျေနပ်ပါပြီ ။ ဘယ်လိုအပြစ်ကြွေးမျိုးမဆို သမီးကျေကျေနပ်နပ် ခံယူဖို့ အသင့်ပါ” ဟုပြောတယ် …

ဆရာပွား သက်ပြင်းချလိုက်တယ် ။ ပြီးနောက်…” ဒါနဲ့ သမီး…သမီး ဒီအောက်လမ်းပညာကို ဘယ်လိုတတ်လာတာလဲ ။ သမီးကိုကြည့်ရတာ အောက်လမ်းပညာသည် စစ်စစ်မဟုတ်မှန်း ဆရာအကဲခတ်မိတယ် …”

” ဟုတ်ပါတယ် …ဆရာ…သမီးက တစ်ပွဲတိုး အောက်လမ်းပါ …”

” အင်း… ဟုတ်ပြီ သမီး .ခုလိုပြုလုပ်ဖို့ ဘယ်နှသက် ခွင့်တောင်းခဲ့လဲ ”

” ငါးသက်ပါ ဆရာကြီး …”

” မိုက်လိုက်ပါ့ သမီးရယ်..” ဟုရေရွတ်လိုက်တယ် ။ပြီး …ဆရာကို ခနလေးစောင့်နေ သမီး …ဆရာပြန်လာခဲ့မယ် ” ဟုဆိုလိုက်ကာ အခင်းဖြစ်ပွားရာ အိမ်သို့ ပြန်သွားခဲ့ပြန်တယ် ။ ဘယ်သူမှ ခြံထဲမဝင်ရဲလို့ အလောင်းတွေက အမြင်မတော်စရာရယ် ။

ဆရာပွား ပြန်ရောက်တယ် ဆိုရင်ပဲ” ဆရာ ဘယ်သွားနေတာလဲ …” ဟုရွာလူကြီးက မေးမြန်းလိုက်တယ် ။ အဲ့ဒါအသာထား ရွာလူကြီးရေ …ခုဖြစ်နေတာက တစ်ပွဲတိုး အောက်လမ်းသည်မရဲ့ အစီအစဉ် စက်တွေပဲ ။ အသက် ငါးသက်ပြည့်မှ ခြံဝန်းထဲ ဝင်နိုင်မယ် ။ တစ်ပွဲတိုး အောက်လမ်းက ထွန်းထွန်းဦးတို့ မိသားစုနဲ့ သူ့ဆွေမျိုးတွေထဲက နှစ်ယောက်ကို အသေကိုတိုက်ထားတာ ဗျ ။

” ဟင်…ဟာ…ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ ဆရာကြီး…”

ဆရာပွား စဉ်းစားလိုက်တယ် ။ ပြီးနောက် … “ကဲ…ဟေ့…တစ်ယောက်ယောက် ကြက်အရှင် သုံးကောင်လောက် အမြန်ရှာယူခဲ့ချေ ” သို့ကလို ပြောနေစဉ်အတွင်း ရွာခွေးတစ်ကောင်မှာ လူတွေကြားထဲမှ တိုးဝင်ပြီး ခြံဝန်းအတွင်းသို့ ရုတ်တရက် ဝင်ရောက်သွားတယ် ။ ချက်ချင်းမှ ချက်ချင်းဆိုသလိုပဲ ဗျာ…ခြံဝန်းအပေါက်ဝမှပင် “ကိန်ခနဲ ” တစ်ချက်သာ အော်နိုင်ပြီး ခွေခနဲ လဲကြသေဆုံးသွားတယ် ။ ခြံဝန်းတံခါးနီးရှိ့ လူတစ်ချို့မှာလဲ ကြောက်လန့်တကြား နောက်သို့ ရှဲသွားကြတယ် ။ ခဏကြာသော် ကြက်သွားရှာသူတွေ ပြန်ရောက်လာကြတယ် ။

” ဟုတ်ပြီ…ကဲဟေ့ တစ်ယောက်ယောက် ဒီကြက်ကိုအပေါ်မြှောက်ပြီး ခြံဝန်းထဲကို ဦးတည်လွှတ်လိုက်ချေ…”

ဆရာပွား စကားဆုံးသည်နှင့် ကြက်ကိုခြံထဲသို့ ဦးတည် မြှောက်လွှတ်လိုက်တယ် ။ ခနအတွင်းမှပင် ခြံဝန်းထဲ ရောက်ပြီး မြေပေါ်မကြမီအချိန်…တစ်စုံတစ်ယောက်က ရိုက်ပုတ်လိုက်သလို ဖတ်ခနဲ ပြုတ်ကြသေဆုံ့းသွားတယ် ။

” ဟုတ်ပြီ…နောက်တစ်ကောင်ကို ထပ်လွှတ်ကြည့် “ဟု ဆိုပြန်ရာ ရှေ့နည်းတူ လွှတ်လိုက်ပြန်တယ် ။ ဒီကြက်လဲ သေအုံးမှာပဲလို့ အားလုံး ထင်လိုက်ကြတယ် ။ သို့သော် ခြံထဲရောက်ရှိ့သွားသော ကြက်မှာ ဘာမှမဖြစ်ပဲ အစာလိုက်ကောက် နေလေသည်ကို တွေ့လိုက်တော့ အံ့သြသွားကြသည် ။

ထိုစဉ် ဆရာပွားက ” ခုချိန်ကစပြီး ဘယ်သူမဆို ခြံထဲဝင်နိုင်ပါပြီ ။ တစ်ပွဲတိုး အောက်လမ်းရဲ့ စက်တွေလဲပျက်သွားပါပြီ ။ တစ်ပွဲတိုး အောက်လမ်းက ငါးသက်သေအောင်ပဲ တိုက်ထားတာ ။ ထွန်းထွန်းဦးတို့ မိသားစု သုံးဦးအပါအဝင် ခွေးတစ်ကောင်…ကြက်တစ်ကောင် အသက်နဲ့ဆို ငါးသက်ပြည့်ပါပြီ ။ဒါမို့ နောက်ဆုံးလွှတ်လိုက်တဲ့ ကြက်မသေတော့တာပေါ့ ။ ခုချိန်ကစပြီး ဝင်ချင်တဲ့သူ ဝင်နိုင်ပါပြီ ” ဟု ပြောလိုက်တယ် ။ ဒါပေမယ့် ဘယ်သူမှချက်ချင်းမဝင်ရဲကြဘူး ။ ဟုတ်တယ်လေ …အောက်လမ်းစက် မပြတ်သေးဘဲ ဝင်မိချေက အချောင်သေရမည့်ကိန်းရယ် ။ ရွာသူရွာသားတွေရဲ့ အခက်အခဲကို ဆရာပွား နားလည်ပါတယ် ။ ဒါကြောင့် ” ကဲ…ကျုပ်ကရှေ့ဆုံးက ဝင်မယ် ။ အနောက်က လိုက်ဝင်ချေ ” ဟုဆိုကာ ရှေ့ဆုံး က ဦးဆောင်ဝင်ခဲ့တယ် ။ ဒါတောင် အနားက ကပ်လိုက်မလာပဲ ခပ်လှမ်းလှမ်းကနေပဲ လိုက်လာဝံ့တယ် ။ ခြံထဲရောက်ပြီးချိန်ထိ ဘာမှထူးခြားမူ့မရှိ့သောကြောင့် ရွာသူရွာသားများ စိတ်ချလက်ချဖြစ်ကာ အလောင်းကိစွနှင့် အလုပ်ရှုပ်သွားတော့သည် ။ ဆေးဆရာ ဦးပွားကလဲ ပြသာနာကို ဖြေ ရှင်းပေးပြီးနောက် ခင်သုန်အိမ်သို့ ထွက်လာခဲ့လေသည် ။ခင်သုန်က ဆရာပွား လာမည်မှန်းသိတာကြောင့် အိမ်ပေါက်ဝမှ ဆီးကြိုလေတယ် ။

” သမီး ခင်သုန်…သမီး ဒီပညာကို ဘယ်က တတ်လာတာလဲ ။ ဆရာကို ပြောစမ်း …” ဟုဆရာပွား မေးလိုက်တယ်။

” ကျွန်မရဲ့ သမီးလေးမရှိ့တော့တဲ့ နောက်ပိုင်းမှာ လူလောကထဲ ဆက်လက် မနေချင်တော့ဘူး ။ ကိုယ့်ကိုယ်ကို သတ်သေဖို့ထိ စဉ်းစားခဲ့တယ် ။ ဒါပေမယ့် သမီးလေးကို သူတို့လှေကားက တွန်းချတယ်လို့ပဲ စိတ်စွဲနေမိလေတော့ သတ်သေဖို့ အစီအစဉ်ကို လက်လျှော့လိုက်ပြီး သူတို့ကို လက်စားပြန်ချေမယ်လို့ ဆးုံဖြတ်ခဲ့တယ် ။ အဲ့ဒီနောက် သမီးရွာက ထွက်လာခဲ့တယ် ။ ရွာကထွတ်လာပြီး ခြေဦးတည့်ရာ လျောက်သွားနေရင်း တောင်ခြေရွာလေး တစ်ရွာကို ရောက်ရှိ့သွားတယ် ။ ခရီးပန်းလာတဲ့ဒဏ် အစာအဟာရပြတ်လပ်မူ့ ဒဏ်တွေကြောင့် သမီးအားပြတ်ပြီး မေ့မျောသွားခဲ့တယ် ။ သမီးပြန်သတိရလာတော့ အဘွားအိုတစ်ဦးက ကယ်ဆယ်ထားတယ်ဆိုတာ သိလိုက်ရတယ် ။ သမီးလဲ သွားစရာမရှိ့တာနဲ့ အဘွားအိမ်မှာ လအတော်ကြာအောင် နေထိုင်ခဲ့တယ် ။ အဲ့ဒီမှာပဲ အဘွားနဲ့ အနေကြာရင်း သံယောဇဉ်တွေ ဖြစ်မိကြတယ် ။ နောက်တော့ သူအကြောင်း ကိုယ့်အကြောင်းလေးတွေ ရင်ဖွင့်ရာကနေ အဘွားက အောက်လမ်းပညာသည် ဆိုတာ သိလိုက်ရတယ် ။ ဒီလိုသိလိုက်ရတာဟာ ထွန်းထွန်းဦးတို့အတွက် ကံဆိုးဖို့ ဖြစ်သွားခဲ့တယ် ။ အဘွားကို အောက်လမ်းပညာရပ်တွေသင်ပေးဖို့ သမီးတောင်းဆိုခဲ့တယ် ။ အဘွားကလဲ သင်ပေးခဲ့တယ် ။ ဒါပေမယ် အောက်လမ်းပညာထဲက တစ်ပွဲတိုး အောက်လမ်းပညာရပ်ကိုပဲ သင်ခွင့်ပြုခဲ့တယ် ။ ဒီပညာက တစ်ကြိမ်တစ်ခါပဲ အသုံးပြုရတယ် ။ တစ်ကြိမ်အသုံးပြုပြီးတာနဲ့ အောက်လမ်းပညာတွေ သူကိုယ်က ထွက်သွားတယ် ။ ဒီပညာကို မတတ်တဲ့ ရိုးရိုးလူ တစ်ယောက်ပြန်ဖြစ်သွားတယ် ။ ကောင်းတာက ဒီတစ်ပွဲတိုး အောက်လမ်းပညာကို ကမ္မဇိဒ္ဓ တန်ခိုးကြီးတဲ့ နတ်တွေက စောင့်ရှောက်ကူညီပေးကြတယ် ။ ဒါကြောင့် တော်ရုံဆရာတစ်ယောက်အနေနဲ့ ကြားဝင် ဖြတ်ဆီးဖို့ မဖြစ်နိုင်ဘူး ” ဟုရှည်လျှားစွာ ရှင်းပြလေသည် ။

ဆရာကြီး ဦးပွား…ခင်သုန်မျက်နှာကို ကြည့်လိုက်တယ် ။ ခင်သုန် မျက်နှာ တည်ငြိမ်နေတယ် ။
တစ်ပွဲတိုးအောက်လမ်းပညာနဲ့ လူအသက်တွေကို သေတဲ့အထိ သူ့ရဲ့ရက်စက်တဲ့ လက်စားချေမူ့ကို ဘယ်ပုဒ်မ ဥပဒေနဲ့မှ အရေးယူလို့ မရပေမယ့် …သံသရာထဲက ဘဝတစ်ခုခုမှာတော့ မဖြစ်မနေပေးဆပ်ရမယ်ဆိုတာ သိနေတဲ့မျက်နှာ …ဒီလိုအပြစ်ကြွေး ဆပ်ရမယ့်အချိန်ကျရောက်လာရင်လည်း ရဲရဲဝံ့ဝံ့ ခံယူလိုက်မယ်ဆိုတဲ့ မျက်နှာ မျိုးဆိုတာ ဆရာကြီး ဦးပွား သတိပြုမိတယ် ။

” ပြီးခဲ့တာတွေ ပြီးပါစေတော့ သမီးရယ်…အခုအချိန်ကစပြီး ရတနာသုံးပါးကို ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ပူဇော်ပါ ။ ကံငါးပါးကို လုံအောင်ထိန်းပါ ။ ကဲ…ဆရာကြီး ပြန်မယ်…သမီး …”

ခင်သုန် ဆရာကြီးကို ပုဆစ်ဒူးတုပ်ပြီး ထိခြင်းငါးပါးနဲ့ ကန်တော့တယ် ။ ဆရာကြီး စကားကိုလည်း မြေဝယ်မကြ နားထောင်ပါမယ်လို့လည်း ကတိပြုတယ် ။ ဆရာကြီး ဦးပွား ပြန်သွားချိန်မှာတော့ ခင်သုန်မျက်လုံးအိမ်က မျက်ရည်တွေ တပေါက်ပေါက်ကြလာတယ် ။ ဒီငိုကြွေးခြင်းဟာ ကလဲ့စားချေလိုက်ရတဲ့အတွက် ဝမ်းသာလွန်းလို့ ငိုကြွေးခြင်းလား …ဒါမှမဟုတ် သံသရာ ခရီးရှည်ကြီးကို မျှော်တေးွရင်း ကြောက်လှန့်လို့ ငိုကြွေးခြင်းလား သူစိတ်ထဲ နှလုံးသားထဲမှာ ဘယ်လိုခံစားရမူ့မျိုးနဲ့ ငိုတဲ့ငိုကြွေးခြင်း ဖြစ်မလဲ …ခင်သုန်က လွဲပြီး ဘယ်သူမှ သိနိုင်မည်မဟုတ်ပါဘူး…

ဆုံကြအုံးမယ်ကွယ်

ထွဋ်ခေါင် ( အိမ်မဲ )

Zawgyi Version

တစ္ပြဲတိုး ခင္သုန္(စ/ဆုံး)
——————————-
” ဟဲ့…မိႏြယ္ ၾကားၿပီးၿပီလား…”
” ဘာကို ၾကားရမွာတုန္း တင္တင္ျမရဲ႕ …အရင္းမရွိ႕ အဖ်ားမရွိ႕ ဟယ္…”
” ႐ြာစြန္က အိမ္မွာ သုံးေလာင္းၿပိဳင္ ေသေနလို႔တဲ့ေတာ့္ …”

ဒီသတင္းက တစ္ေယာက္စကား တစ္ေယာက္ၾကားျဖင့္ေတာမီးေလာင္သလိုခ်က္ခ်င္းပင္ ပ်ံ႕ႏွံ႔သြားတယ္ ။ ႐ြာသူ႐ြာသားေတြ ႐ြာစြန္ရွိ႕အိမ္အနီးက လမ္းေတြေပၚမွာ အုတ္ေအာ္ေသာင္းတင္ ေရာက္လာၾကတယ္ ။ ဟုတ္တယ္…အိမ္ျံခံတံခါးဝန္းရဲ႕ မလွမ္းမကမ္းမွာ အေလာင္းသုံးေလာင္းရွိ႕ေနတယ္ ။ အိမ္ရွင္ ထြန္းထြန္းဦး …သူမိန္းမ ခင္စိန္…ၿပီးေတာ့ ႏွႏွစ္အ႐ြယ္ သူတို႔ သားေလး … ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး တစ္႐ြာလုံး အံ့ၾသထိတ္လန႔္ကုန္ၾကတယ္ ။ သူတို႔႐ြာမွာတစ္ႀကိမ္တစ္ခါမွ မျဖစ္ဘူးတဲ့ အျဖစ္အပ်က္ရယ္ေလ ။ မ်က္ျမင္ေတြ႕သူမ်ား ေျပာစကားမ်ားအရ အိမ္ရွင္မိသားစုမွာ အျပင္မွ ျပန္လာၿပီး ၿခံတံခါးတြန္းဖြင့္ ဝင္လိုက္စဥ္မွာပင္ ေရွ႕ဆုံးက ဝင္လာေသာ ထြန္းထြန္းဦး ႐ုတ္တရက္ဆိုသလို ေခြခနဲ လဲၾကသြားတယ္ ။ ထြန္းထြန္းဦး လဲၾကသြားတာျမင္ေတာ့ ေနာက္ကလိုက္လာတဲ့ မိန္းမျဖစ္သူက ႏွႏွစ္အ႐ြယ္ သားေလးကို ေအာက္ခ်ၿပီး ေျပးအလာ သူလဲပဲ ထြန္းထြန္းဦးနဲ႔ မလွမ္းမကမ္းမွာ ေခါက္ခနဲ႔ လဲၾကေသဆုံးသြားျပန္တယ္ ။ ၿပီးေတာ့ သူမိခင္ဆီသို႔ ေတာက္ဆက္ ေတာက္ဆက္နဲ႔ လိုက္လာတဲ့ ကေလးမွာလဲ သူ႔မိခင္ဆီ မေရာက္ပဲ ၿခံေပါက္ဝမွပင္ ေခြခနဲ လဲၾကသြားျပန္တယ္ ။ အျဖစ္အပ်က္က မ်က္စိတစ္မွိတ္ လွ်ပ္တစ္ျပတ္ အတြင္းမွာပင္ ႐ုတ္ခ်ည္းျဖစ္သြားတာေၾကာင့္ မင္သက္ေငးၾကည့္ေန႐ုံမွလြဲၿပီး ဘာမွမတတ္ႏိုင္ခဲ့ၾကဘူး ။ အျဖစ္အပ်က္မွာ ေန႔လည္ခင္းအခ်ိန္ ျဖစ္ပြားခဲ့တာေၾကာင့္ အနီးဝန္းက်င္အိမ္မ်ားမွ လူတစ္ခ်ိဳ႕ ္ျမင္လိုက္ၾကတယ္ ။ ဒီသတင္းကို ၾကားေတာ့ ႐ြာလယ္က ေဆးဆရာလဲ ဟုတ္…အထက္လမ္းဆရာလဲ ျဖစ္တဲ့ ဦးပြား တစ္ေယာက္ ေရာက္ရွိ႕လာပါေတာ့တယ္ ။ ၿပီးေတာ့ အျဖစ္အပ်က္ကို စုံးစမ္းေမးျမန္းတယ္ ။ အဲ့ဒီေနာက္…

” ေဟ့…ၿခံထဲကို ဘယ္သူမွ မဝင္ၾကနဲ႔အုံး ။ဒါေသြး႐ိုးသား႐ိုး ျဖစ္တာ မဟုတ္ဘူး ။ ၿခံထဲဝင္သြားရင္ ထပ္ေသအုံးမလား မေျပာတတ္ဘူး ။ ေအာက္လမ္း အစီအစဥ္မ်ိဳးနဲ႔ အေသကိုတိုက္ထားတာပဲ ။ ဘယ္သူကမ်ား ဘယ္လိုအၿငိဳးအေတးနဲ႔ တိုက္ထားတာလဲ မသိဘူး ။ ေသသူ မိသားစုနဲ႔ အေတာ္ကို ရန္းၿငိဳးရန္စ ႀကီးမားခဲ့ပုံရတယ္ ။ ဦးပြား ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး စဥ္းစားေတြးေတာရင္း သူ႔မ်က္စိထဲ ျမင္လာသူက မိန္းမတစ္ဦး…သူမကား ခင္သုန္ေပတည္း ။ ဦးပြား ခင္သုန္ကိုေျပးျမင္လိုက္ၿပီးေနာက္ လြန္ခဲ့ေသာ ေလးႏွစ္တာ အတိတ္ကာဆီမွ ခင္သုန္ရဲ႕ ဘဝဇာတ္လမ္းေလးကို ျပန္ေျပးသတိရမိေလေတာ့သည္ ။

ခင္သုန္တစ္ေယာက္ သူ႔သမီးေလး ရက္လည္တဲ့ညမွာပဲ ႐ြာက တိတ္တဆိတ္ ေပ်ာက္သြားတယ္ ။ သူ …ဘယ္ကိုသြားလဲ ဘယ္သူမွ မသိဘူး ။ တစ္အိမ္ထဲေန မိခင္ျဖစ္သူေဒၚေအး ေတာင္မသိလိုက္ဘူး ။ ေပ်ာက္သြားတယ္ ဆိုေပမယ့္ ထြက္သြားတယ္ဆို ပိုမွန္လိမ့္မယ္ ။ ခင္သုန္ ႐ြာက ထြက္ခြာခ်င္ေလာက္ေအာင္လဲ အေၾကာင္းရွိ႕ေနတယ္ ။ တစ္႐ြာလုံးလဲ သိတယ္ ။ အဲ့ဒီအေၾကာင္းက သူတို႔ အိမ္ေထာင္ေရး ကိစြပဲ ။ ခင္သုန္က ႐ြာမွာ အေခ်ာအလွ စာရင္းဝင္ ။ မိစုံဖစုံမရွိ႕လို႔ ႐ြာကြမ္းေတာင္ကိုင္ မျဖစ္ရေပမယ့္ ႐ြာထဲက ကာလသားေတြေရာ …႐ြာနီးခ်ဳပ္စပ္က ကာလသားေတြေရာ ခင္သုန္အနီးမွာ ဝိုင္းႀကီးပတ္ပတ္ ဒူေဝေဝ ျဖစ္ေနၾကတယ္ ။ ဒီအထဲမွာမွ တစ္႐ြာထဲေန ေျမပိုင္ရွင္သား အရက္သမား ဖဲသမားျဖစ္သူ ထြန္းထြန္းဦးက ေရွ႕ဆုံးကျဖစ္တယ္ ။ သူက ခင္သုန္ကို အေသရရ အရွင္ရရ ပိုးပန္းေနသူ ။ တစ္ေန႔ေတာ့ ခင္သုန္တစ္ေယာက္ တစ္ဖတ္႐ြာက ျပန္အလာ ထြန္းထြန္းဦးရဲ႕ အႏိုင္က်င့္ ေစာ္ကားတာခံခဲ့ရတယ္ ။ ဒါနဲ႔ပဲ သူတို႔႐ြာရဲ႕ ဓေလ့ထုံးစံအရ အပ်ိဳျပန္မျဖစ္ေတာ့မယ့္ အတူတူ မခ်စ္ေသာ္လည္း ေအာက္ကာနမ္း မနမ္းေသာ္လည္း ပင့္သက္ရႈခဲ့ရတယ္ ။ ခင္သုန္…ထြန္းထြန္းဦးကို ေယာက်ာေတၤာ္ခဲ့ရတယ္ ။ တစ္႐ြာလုံးကလဲ ခင္သုန္အတြက္ ခံျပင္းေနခဲ့ၿပီး ထြန္းထြန္းဦးကို လူယုတ္မာတစ္ေယာက္လို႔ ပုတ္ခတ္ေျပာဆိုခဲ့တယ္ ။ ဒီအေၾကာင္းကိစြေတြေၾကာင့္ ထြန္းထြန္းဦးက ခင္သုန္ကို အမ်က္သိုခဲ့တယ္ ။ ထြန္းထြန္းဦးက ခင္သုန္အပ်ိဳဘဝမွာ အရႈးအမူးျဖစ္ခဲ့ေပမယ့္ အိမ္ေထာင္ၾကၿပီးေနာက္ေတာ့ အခ်ိဳးေျပာင္းသြားတယ္ ။ ခင္သုန္ကို လိုသုံးလို သေဘာထားခဲ့တယ္ ။ စိတ္မထင္ရင္ မထင္သလို ေသြးထြတ္သံယိုထိ ႐ိုက္ပုတ္ႏွိပ့္စက္တတ္လာတယ္ ။ ဒီလိုျဖစ္ေနတဲ့ ၾကားထဲ ခ်ီးက်ဴးစရာ ေလးစားစရာေကာင္းသည့္က ခင္သုန္ရယ္ ။ သူမေယာက်ာၤ ဘယ္ေလာက္ပဲ ဆိုးသြမ္းေနပါေစ မိန္းမဝတၱရားေတြ ေက်ပြန္ေအာင္ ျပဳမူေနထိုင္ခဲ့တယ္ ။ သူမက ဒီလိုသည့္ခံေလ ထြန္းထြန္းဦးက ေရာင့္တတ္လာေလပဲ ။ခင္သုန္ အိမ္ေထာင္ေရး ကံမေကာင္းလွ ။ လင္ဆိုးမယား တဖားဖား ျဖစ္ခဲ့တယ္ ။ အစပိုင္းတုန္းက ထြန္းထြန္းဦး ေျပာင္းလဲလာမလားရယ္လို႔ ေမ်ာ္လင့္မိေသးတယ္ ။ ဒါေပမယ့္ ထြန္းထြန္းဦးက ထြန္းထြန္းဦးေလ …လူမိုက္က လူမိုက္ပါပဲ ။ ဘာမွာကြဲျပားမသြားဘူး ။ ခင္သုန္ ထြန္းထြန္းဦးအေပၚ ဘာမွာ
ေမ်ာ္လင့္ခ်က္မရွိ႕ေတာ့ဘူး ။ သူမေယာက်ာနၤဲ့ ပတ္သက္ၿပီး ဘာမွ ခံစားမေနေတာ့ဘူး ။ သူမရဲ႕ အသည္းႏွလုံးေတြ ေက်ာက္စိုင္ ေက်ာက္ခဲ လိုမာေက်ာေနေလၿပီ ။ ခင္သုန္အတြက္ေတာ့ အိမ္ေထာင္ၾကၿပီးေနာက္ ငရဲခံေနရတဲ့ ေန႔ရက္ေတြလိုပါပဲ ။ ဒူးနဲ႔မ်က္ရည္ကို ေန႔စဥ္သုတ္ခဲ့ရတယ္ ။ ဒီလိုနဲ႔ အိမ္ေထာင္ၾကၿပီး ႏွႏွစ္ေလာက္အၾကာမွာ ခင္သုန္ရဲ႕ ဘဝအေမာေတြကို ေျပေပ်ာက္ေစမယ့္ အိမ္ဆည္းလဲ့ေလး ေမြးဖြားလာခဲ့တယ္ ။ ခင္သုန္ ေမ်ာ္လင့္ရျပန္ၿပီ ။ သမီးေလးရဲ႕ မ်က္ႏွာနဲ႔ ေယာက်ာျဖၤစ္သူ ထြန္းထြန္းဦး ေျပာင္းလဲ လာေလမလားရယ္လို႔။ သို႔ေသာ္ ဘာမွေျပာင္းလဲမသြားဘူး လူမိုက္က လူမိုက္ပါပဲ ။ ထူးၿပီးေျပာင္းလဲမသြားဘူး ။ မေျပာင္းလဲတဲ့ အျပင္ ပိုေတာင္ဆိုးလာပါေကာလား ။ ထြန္းထြန္းဦး ေနာက္မယားငယ္ ယူထားတယ္တဲ့ ။ ဒီသတင္းက အစပိုင္းမွာ တိုးတိုး ။ တိုးတိုးကေန က်ယ္က်ယ္ျဖစ္လာတယ္ ။ ၿပီးေတာ့ အိမ္ေပၚေခၚတင္ထားတဲ့အထိ တိတိလင္းလင္း ျဖစ္သြားတယ္ ။ ခင္သုန္ကေတာ့ သူ႔ေယာက်ာနၤဲ့ ပတ္သကိၿပီး ထူးၿပီးခံစားမေနရဘူး ။ ဒါေပမယ့္ တစ္အိမ္ထဲမွာပဲ ေယာက်ာတၤစ္ေယာက္ကို မိန္းမႏွစ္ေယာက္ ေပါင္းရမယ္ဆိုတာပဲ ရွက္စိတ္ဝင္ခဲ့တယ္ ။ ဒါေၾကာင့္ ကြာေပးဖို႔ေတာင္းဆိုတယ္ ။သူ႔ေယာက်ာကၤ ကြာမေပးဘူး ။ မယားငယ္ကို အိမ္ေခၚတင္တဲ့ေန႔မွာပဲ မယားႀကီးျဖစ္တဲ့ ခင္သုန္တို႔ သားအမိကို အိမ္ႀကီးရဲ႕ေနာက္ဘက္က တဲအိမ္ေလးမွာ ထားေလတယ္ ။ မယားငယ္ျဖစ္သူကိုေတာ့ အိမ္ႀကီးအရွင္သခင္ျဖစ္ ထားရွိ႕တယ္ ။ မယားငယ္ ခင္စိန္ဟာ မယားႀကီးျဖစ္ခဲ့ၿပီး မယားႀကီး ခင္သုန္ကေတာ့ မယားကြၽန္ဘဝ ေရာက္ခဲ့ေလတယ္ ။ မယားငယ္ေရာက္လာတဲ့ အခ်ိန္ကစၿပီး တစ္အိမ္လုံးရွိ႕ အိမ္မူ႔ကိစြ ၿခံကိစြေတြကို ခင္သုန္ပဲ လုပ္ကိုင္ခဲ့ရတယ္ ။ ဒါ့အျပင္ မယားငယ္ရဲ႕ ခိုင္းေစမူေတြကိုလည္း က်ိဳးႏြံ႕စြာလုပ္ေပးခဲ့ရတယ္ ။ ေယာက်ာျဖၤစ္သူရဲ႕ မထင္ရင္ မထင္သလို ႏွိပ့္စက္ညႇင္းပန္းမူ႔ေတြကိုလည္း ေန႔စဥ္ႏွင့္အမွ် ရင္စည္းခံခဲ့ရွာတယ္ ။ ဒါေပမယ့္ ခင္သုန္အတြက္ေတာ့ သမီးေလးရဲ႕ မ်က္ႏွာေၾကာင့္ အတတ္ႏိုင္ဆုံး ေအာက္က်ိဳ႕သည့္ခံေနခဲ့တယ္ ။ အလုပ္ေတြ ဘယ္ေလာက္လုပ္ရလုပ္ရ ေမာပန္းရမွန္းေတာင္ မသိခဲ့ဘူး ။ သမီးေလးဟာ သူ႔မရဲ႕ ကမာၻျဖစ္ခဲ့ေနတာကို ။ သူမေယာက်ာၤ ထြန္းထြန္းဦးကေတာ့ သမီးေလးကို ရွိ႕တယ္လို႔ေတာင္ မထင္ဘူး ။ ခင္သုန္ေပၚမွထားတဲ့ အၿငိဳးေတြေၾကာင့္ ပဲလား ။ဒါမွမဟုတ္ သူ႔မယားငယ္ မႀကိဳက္မွာစိုးလို႔ပဲလား မသိဘူး ။ သမီးေလး ေမြးဖြားလာကတည္းက တစ္ခါေတာင္ မခ်ီမပိုးဖူးဘူး ။ ကေလး လဲၾကသြားလို႔ ေအာ္ဟစ္ငိုေနပါေစ ကိုယ္နဲ႔မသက္ဆိုင္သလို လ်စ္လ်ဴရႈ႕ ေရွာင္ထြက္သြားတယ္ေကာလား ။ ခင္သုန္တစ္ေယာက္ ေယာက်ာျဖၤစ္သူ ထြန္းထြန္းဦးကို နားၾကည္းမိတယ္ ။ အမ်က္သိုခဲ့မိတယ္ ။

” ခင္သုန္တစ္ေယာက္ သိပ္ဝဋ္ႀကီးတာပဲ ” ဟုတစ္႐ြာလုံးက သနားဂ႐ုဏသက္ စုတ္သက္ရတဲ့ အထိရယ္…”

ဒီလိုနဲ႔တစ္ေန႔ ခင္သုန္ကမာၻေလးပ်က္မည့္ ေန႔ကို ဆိုက္ဆိုက္ၿမိဳုက္ၿမိဳက္ ေရာက္လာတယ္ ။ အဲ့ဒီေန႔က ခင္သုန္တစ္ေယာက္ လုပ္စရာရွိ႕သည့္ အလုပ္မ်ား လုပ္ေနခဲ့တယ္ ။ ႏွႏွစ္အ႐ြယ္ သူ႔သမီးေလးက တဲအိမ္ေရွ႕ေျမကြက္လပ္မွာ ကစားေနေလတယ္ ။ ခနအၾကာ သမီးေလးရဲ႕ ေအာ္ဟစ္လိုက္သံႏွင့္ အတူ ေလွကားမွ တစ္စုံတစ္ရာ ျပဳတ္ၾကလာသံကို တဲေရွ႕ အိမ္မႀကီးမွ ၾကားလိုက္ရ၍ စိုးရိမ္ေသာက နဲ႔ ကေသာကေျမာ ေျပးသြားေလတယ္ ။ ႏွႏွစ္အ႐ြယ္ သူ႔သမီးေလးမွာ ေလွကားေျခရင္းတြင္ ေခြေခြေလး လဲေနလို႔ရယ္…ၿပီးေတာ့ ေခါင္းမွာ ေသြးေတြကလဲ ျဖာလို႔ …ခင္သုန္တစ္ေယာက္ အရႈးမီးဝိုင္းျဖစ္ရၿပီ ။ သမီးေလးကို ေပြ႕ဖက္ထားရင္း အိမ္ေပၚထပ္သို႔ ၾကည့္လိုက္မိတယ္ ။ ေယာက်ာျဖၤစ္သူ ထြန္းထြန္းဦးနဲ႔ မယားငယ္ခင္ေ႐ႊတို႔ ေအာက္သို႔ ငုံၾကည့္ေနတာကို ေတြ႕လိုက္ရတယ္ ။

” နင္…နင္တို႔ …ငါ့…ငါ့သမီးေလးကို…”
ခင္သုန္ စကားမဆက္ႏိုင္ဘဲ အသားေတြ တဆက္ဆက္တုန္သည့္အထိ ေဒါသေတြ ျဖစ္ခဲ့တယ္ ။ ၿပီးေတာ့ မ်က္လုံးမီးေတာက္မတတ္ စိုက္ၾကည့္လိုက္ၿပီး သမီးျဖစ္သူကို ေပြ႕ခ်ီလိုက္ကာ ႐ြာလယ္က ေဆးဆရာ ဦးပြားအိမ္သို႔ အေမာတေကာ ေျပးသြားေလေတာ့တယ္ ။ ဒါေပမယ့္ အလာေကာင္းေပမယ့္ အခါေနာင္းခဲ့ၿပီ ။

” ကေလးက အသက္မရွိ႕ေတာ့ဘူး သမီးရယ္ ” ဟုေဆးဆရာ ဦးပြားဆိုလိုက္တယ္ ။ ခင္သုန္ ကမာၻေလး ၿပိဳကြဲသြားေခ်ၿပီ ။ သမီးေလး မရွိ႕တဲ့ဘဝ ခင္သုန္အဖို႔ ဘဝမွာေနလဲပဲ ဘာမွ အဓိပၸာမရွိ႕ေတာ့။

” သမီးေရ.…သမီးေနာက္ကို …အေမလိုက္ခဲ့မယ္ သိလား ” ဟု အရႈးတစ္ေယာက္လို ခင္သုန္ တတြက္တြက္ေျပာေနေလတယ္ ။

” သမီးရယ္ သတိေလးထားပါအုံး ။ တရားနဲ႔ေျဖပါ သမီးရယ္ …ဝဋ္ေႂကြးရွိ႕လို႔ ခံေနရတယ္လို႔ သေဘာထား ေျဖသိပ့္ပါ သမီးရယ္ ” ဟုဦးပြားက တရားခ်ေလသည္ ။

ဒီျဖစ္ရပ္ျဖစ္ပြားၿပီးေနာက္ သူ႔သမီးေလး ရက္လည္ညမွာပဲ ႐ြာကတိတ္တဆိတ္ ေပ်ာက္သြားတယ္ ။ၿပီးေနာက္ ( ၄ ) ႏွစ္ခန႔္ၾကာေသာ္ ခင္သုန္တစ္ေယာက္ မေမ်ာ္လင့္ပဲ ႐ြာျပန္လာခဲ့တယ္ ။ ေလးႏွစ္အတြင္း ခင္သုန္အသြင္ အေတာ္ပင္ ေျပာင္းလဲသြားခဲ့တယ္ ။ တည္ၿငိမ္ရင့္က်က္တဲ့ အသြင္ …ကိုယ့္ကိုယ္ကို ယုံၾကည္မူ႔ ရွိ႕ေနတဲ့ ဟန္ပန္မ်ိဳးရယ္…ခင္သုန္ ႐ြာျပန္လာေပမယ့္ သူ႔ေယာက်ာအႋမ္သို႔ မျပန္ဘူး…သူ႔မိခင္အိမ္မွာပဲ ေနေလတယ္ ။ ေလးႏွစ္ခန႔္ၾကာၿပီးေနာက္ လင္မယားခန္း ျပတ္ဆဲၿပီးလို႔ ခံယူထားတယ္ ။ ထြန္းထြန္ဦးကလဲ သူ႔လိုပဲခံယူထားပုံရတယ္ လာမေတြ႕ဘူး။ ဒီလိုအေနအထားမ်ိဳးကို ခင္သုန္ႀကိဳက္တယ္ ။ ထြန္းထြန္းဦးတို႔မိသားစု ၿပီးေတာ့သူ႔ ေဆြးမ်ိဳးသားခ်င္းေတြနဲ႔ မဆုံမိေအာင္ အတတ္ႏိုင္ဆုံး ေရွာင္ေနခဲ့တယ္ ။ မလြဲမေရွာင္သာတဲ့ အေျခအေနမ်ိဳးမွ ေခၚေျပာႏူတ္ဆက္႐ုံ ျပဳခဲ့တယ္ ။ ႐ြာကသူေတြေတာ့ ခင္သုန္တစ္ေယာက္ ဝဋ္ေႂကြးေတြေက်ၿပီးဆိုၿပီး ဝမ္းသာေနေလတယ္ ။ ဒီလိုနဲ႔ ခင္သုန္ျပန္ေရာက္ၿပီး သုံးလခန႔္အၾကာ သူတို႔႐ြာမွာ တစ္ခါမွမျဖစ္ဘူးတဲ့ အံ့ၾသထိတ္လန႔္ဖြယ္ရာ အျဖစ္အပ်က္ႀကီး ေပၚေပါက္လာေလတယ္ ။ ေဆးဆရာႀကီး ဦးပြား ေနာက္ေၾကာင္းျပန္ စဥ္းစားေနရင္း ခုလိုအေသလုပ္ရထိ ရန္ၿငိဳးထားမယ္ဆို႔ရင္ ခင္သုန္ပဲရွိ႕တယ္လို႔ ထစ္ထစ္ခ် ယူဆေနေလတယ္ ။ ဒီလိုစဥ္းစားမိတဲ့ ေဆးဆရာ ဦးပြား…ခင္သုန္ရဲ႕ အရိပ္အခ်ည္ သိရေအာင္လို႔ ခင္သုန္အိမ္သို႔ အကဲခတ္ရင္း ေလွ်ာက္လာခဲ့တယ္ ။ ေတြ႕ပါၿပီေကာ…ခင္သုန္ရယ္ေလ အိမ္ျပတင္းေပါက္မွာ ရပ္ေနရင္း… သူ႔ေယာက်ာထၤြန္းထြန္းဦးအိမ္ရွိ႕ရာသို႔ ေက်နပ္အားရဟန္နဲ႔ စိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္တယ္ ။ ခင္သုန္တစ္ေယာက္ ထြန္းထြန္းဦးအိမ္ရွိ႕ရာသို႔ ၾကည့္ေနရာမွ သူမကို တစ္ေယာက္ေယာက္စိုက္ၾကည့္ေနသည္ဆိုတဲ့ အသိေၾကာင့္ လွည့္ၾကည့္လိုက္တယ္ ။ ေဆးဆရာ ဦးပြားကို ေတြ႕လိုက္၍ သူမလဲ မ်က္ေတာင္မခတ္တမ္း ျပန္ၾကည့္ေနေလတယ္ ။ အသံတိတ္ အၾကည့္ခ်င္းၿပိဳင္ေနၾကပါေကာ ။ ဦးစြာအၾကည့္လြဲသြားသူ ကခင္သုန္ရယ္ ။ ထုတ္မေျပာေပမယ့္ ႏွစ္ေယာက္သား နားလည္မိၾကတယ္ ။ ခင္သုန္ ရႈံးသြားေခ်ၿပီ ။ ထိုစဥ္…

” သမီး…ဆရာ အိမ္ေပၚတတ္လာခဲ့ရမလား ” ဟုဆရာပြားေမးလိုက္တယ္ ။

” ဟုတ္ကဲ့ ရွင္ …တတ္ခဲ့ပါဆရာ ” ဟု႐ိုေသေလးစားသမူ႔နဲ႔ ဖိတ္ေခၚလိုက္တယ္ ။

” ဆရာေမးစရာေလး သိခ်င္တာေလးရွိ႕တယ္ သမီး … အမွန္အတိုင္းေျဖမလား ”

ခင္သုန္ သက္ျပင္းခ်လိုက္တယ္ ။ ၿပီးေနာက္ ” ဆရာဘာေမးမလဲဆိုတာ သမီးသိပါတယ္ ။ ဆရာအေတြးမမွားပါဘူး ။ ဟုတ္ပါတယ္…ထြန္းထြန္းဦးတိူ႔ အိမ္မွာ ျဖစ္ေပၚခဲ့တဲ့ အျဖစ္အပ်က္က သမီးလုပ္ထားတာပါ ဆရာ ။ ဒီလူယုတ္မာကို သမီးနာၾကည္းတယ္ ။ အမ်က္သို႔မိခဲ့တယ္ ။ သမီးတို႔ သားအမိေပၚမွာ ျပဳမူခဲ့တာေတြကို ေမ့မရဘူး ။ ဒါေၾကာင့္ လက္စားေခ်ခဲ့တာပါ ။

” ေၾသာ္…ဒုကၡ ဒုကၡ…သမီးအေနနဲ႔ဘယ္လိုခံစား ရမလဲ…ဆရာကိုယ္ခ်င္းစာပါတယ္ ။ ဒါေပမယ့္ သမီးရယ္ …သမီးက ခုလိုျပဳမူေတာ့ မဆိုင္တဲ့ အသက္ေတြ ဆုံးရႈံးၿပီေကာလား ။ ဒီအတြက္ သမီးအျပစ္ေႂကြးေတြ ခံစားရမယ္ဆိုတာေကာ သမီးသိရဲ႕လား” ဟုဂ႐ုဏေဒါသ စကားဆိုလိုက္တယ္ ။

” အျပစ္ေႂကြးေတြ ခံရမယ္ဆိုလဲ သမီးရဲရဲႀကီး ခံပါမယ္။ ဒီလူယုတ္မာကို လက္စားေခ်ခြင့္ရတာပဲ သမီးေက်နပ္ပါၿပီ ။ ဘယ္လိုအျပစ္ေႂကြးမ်ိဳးမဆို သမီးေက်ေက်နပ္နပ္ ခံယူဖို႔ အသင့္ပါ” ဟုေျပာတယ္ …

ဆရာပြား သက္ျပင္းခ်လိုက္တယ္ ။ ၿပီးေနာက္…” ဒါနဲ႔ သမီး…သမီး ဒီေအာက္လမ္းပညာကို ဘယ္လိုတတ္လာတာလဲ ။ သမီးကိုၾကည့္ရတာ ေအာက္လမ္းပညာသည္ စစ္စစ္မဟုတ္မွန္း ဆရာအကဲခတ္မိတယ္ …”

” ဟုတ္ပါတယ္ …ဆရာ…သမီးက တစ္ပြဲတိုး ေအာက္လမ္းပါ …”

” အင္း… ဟုတ္ၿပီ သမီး .ခုလိုျပဳလုပ္ဖို႔ ဘယ္ႏွသက္ ခြင့္ေတာင္းခဲ့လဲ ”

” ငါးသက္ပါ ဆရာႀကီး …”

” မိုက္လိုက္ပါ့ သမီးရယ္..” ဟုေရ႐ြတ္လိုက္တယ္ ။ၿပီး …ဆရာကို ခနေလးေစာင့္ေန သမီး …ဆရာျပန္လာခဲ့မယ္ ” ဟုဆိုလိုက္ကာ အခင္းျဖစ္ပြားရာ အိမ္သို႔ ျပန္သြားခဲ့ျပန္တယ္ ။ ဘယ္သူမွ ၿခံထဲမဝင္ရဲလို႔ အေလာင္းေတြက အျမင္မေတာ္စရာရယ္ ။

ဆရာပြား ျပန္ေရာက္တယ္ ဆိုရင္ပဲ” ဆရာ ဘယ္သြားေနတာလဲ …” ဟု႐ြာလူႀကီးက ေမးျမန္းလိုက္တယ္ ။ အဲ့ဒါအသာထား ႐ြာလူႀကီးေရ …ခုျဖစ္ေနတာက တစ္ပြဲတိုး ေအာက္လမ္းသည္မရဲ႕ အစီအစဥ္ စက္ေတြပဲ ။ အသက္ ငါးသက္ျပည့္မွ ၿခံဝန္းထဲ ဝင္ႏိုင္မယ္ ။ တစ္ပြဲတိုး ေအာက္လမ္းက ထြန္းထြန္းဦးတို႔ မိသားစုနဲ႔ သူ႔ေဆြမ်ိဳးေတြထဲက ႏွစ္ေယာက္ကို အေသကိုတိုက္ထားတာ ဗ် ။

” ဟင္…ဟာ…ဒါဆိုရင္ ဘယ္လိုလုပ္ၾကမလဲ ဆရာႀကီး…”

ဆရာပြား စဥ္းစားလိုက္တယ္ ။ ၿပီးေနာက္ … “ကဲ…ေဟ့…တစ္ေယာက္ေယာက္ ၾကက္အရွင္ သုံးေကာင္ေလာက္ အျမန္ရွာယူခဲ့ေခ် ” သို႔ကလို ေျပာေနစဥ္အတြင္း ႐ြာေခြးတစ္ေကာင္မွာ လူေတြၾကားထဲမွ တိုးဝင္ၿပီး ၿခံဝန္းအတြင္းသို႔ ႐ုတ္တရက္ ဝင္ေရာက္သြားတယ္ ။ ခ်က္ခ်င္းမွ ခ်က္ခ်င္းဆိုသလိုပဲ ဗ်ာ…ၿခံဝန္းအေပါက္ဝမွပင္ “ကိန္ခနဲ ” တစ္ခ်က္သာ ေအာ္ႏိုင္ၿပီး ေခြခနဲ လဲၾကေသဆုံးသြားတယ္ ။ ၿခံဝန္းတံခါးနီးရွိ႕ လူတစ္ခ်ိဳ႕မွာလဲ ေၾကာက္လန႔္တၾကား ေနာက္သို႔ ရွဲသြားၾကတယ္ ။ ခဏၾကာေသာ္ ၾကက္သြားရွာသူေတြ ျပန္ေရာက္လာၾကတယ္ ။

” ဟုတ္ၿပီ…ကဲေဟ့ တစ္ေယာက္ေယာက္ ဒီၾကက္ကိုအေပၚေျမႇာက္ၿပီး ၿခံဝန္းထဲကို ဦးတည္လႊတ္လိုက္ေခ်…”

ဆရာပြား စကားဆုံးသည္ႏွင့္ ၾကက္ကိုၿခံထဲသို႔ ဦးတည္ ေျမႇာက္လႊတ္လိုက္တယ္ ။ ခနအတြင္းမွပင္ ၿခံဝန္းထဲ ေရာက္ၿပီး ေျမေပၚမၾကမီအခ်ိန္…တစ္စုံတစ္ေယာက္က ႐ိုက္ပုတ္လိုက္သလို ဖတ္ခနဲ ျပဳတ္ၾကေသဆုံ႔းသြားတယ္ ။

” ဟုတ္ၿပီ…ေနာက္တစ္ေကာင္ကို ထပ္လႊတ္ၾကည့္ “ဟု ဆိုျပန္ရာ ေရွ႕နည္းတူ လႊတ္လိုက္ျပန္တယ္ ။ ဒီၾကက္လဲ ေသအုံးမွာပဲလို႔ အားလုံး ထင္လိုက္ၾကတယ္ ။ သို႔ေသာ္ ၿခံထဲေရာက္ရွိ႕သြားေသာ ၾကက္မွာ ဘာမွမျဖစ္ပဲ အစာလိုက္ေကာက္ ေနေလသည္ကို ေတြ႕လိုက္ေတာ့ အံ့ၾသသြားၾကသည္ ။

ထိုစဥ္ ဆရာပြားက ” ခုခ်ိန္ကစၿပီး ဘယ္သူမဆို ၿခံထဲဝင္ႏိုင္ပါၿပီ ။ တစ္ပြဲတိုး ေအာက္လမ္းရဲ႕ စက္ေတြလဲပ်က္သြားပါၿပီ ။ တစ္ပြဲတိုး ေအာက္လမ္းက ငါးသက္ေသေအာင္ပဲ တိုက္ထားတာ ။ ထြန္းထြန္းဦးတို႔ မိသားစု သုံးဦးအပါအဝင္ ေခြးတစ္ေကာင္…ၾကက္တစ္ေကာင္ အသက္နဲ႔ဆို ငါးသက္ျပည့္ပါၿပီ ။ဒါမို႔ ေနာက္ဆုံးလႊတ္လိုက္တဲ့ ၾကက္မေသေတာ့တာေပါ့ ။ ခုခ်ိန္ကစၿပီး ဝင္ခ်င္တဲ့သူ ဝင္ႏိုင္ပါၿပီ ” ဟု ေျပာလိုက္တယ္ ။ ဒါေပမယ့္ ဘယ္သူမွခ်က္ခ်င္းမဝင္ရဲၾကဘူး ။ ဟုတ္တယ္ေလ …ေအာက္လမ္းစက္ မျပတ္ေသးဘဲ ဝင္မိေခ်က အေခ်ာင္ေသရမည့္ကိန္းရယ္ ။ ႐ြာသူ႐ြာသားေတြရဲ႕ အခက္အခဲကို ဆရာပြား နားလည္ပါတယ္ ။ ဒါေၾကာင့္ ” ကဲ…က်ဳပ္ကေရွ႕ဆုံးက ဝင္မယ္ ။ အေနာက္က လိုက္ဝင္ေခ် ” ဟုဆိုကာ ေရွ႕ဆုံး က ဦးေဆာင္ဝင္ခဲ့တယ္ ။ ဒါေတာင္ အနားက ကပ္လိုက္မလာပဲ ခပ္လွမ္းလွမ္းကေနပဲ လိုက္လာဝံ့တယ္ ။ ၿခံထဲေရာက္ၿပီးခ်ိန္ထိ ဘာမွထူးျခားမူ႔မရွိ႕ေသာေၾကာင့္ ႐ြာသူ႐ြာသားမ်ား စိတ္ခ်လက္ခ်ျဖစ္ကာ အေလာင္းကိစြႏွင့္ အလုပ္ရႈပ္သြားေတာ့သည္ ။ ေဆးဆရာ ဦးပြားကလဲ ျပသာနာကို ေျဖ ရွင္းေပးၿပီးေနာက္ ခင္သုန္အိမ္သို႔ ထြက္လာခဲ့ေလသည္ ။ခင္သုန္က ဆရာပြား လာမည္မွန္းသိတာေၾကာင့္ အိမ္ေပါက္ဝမွ ဆီးႀကိဳေလတယ္ ။

” သမီး ခင္သုန္…သမီး ဒီပညာကို ဘယ္က တတ္လာတာလဲ ။ ဆရာကို ေျပာစမ္း …” ဟုဆရာပြား ေမးလိုက္တယ္။

” ကြၽန္မရဲ႕ သမီးေလးမရွိ႕ေတာ့တဲ့ ေနာက္ပိုင္းမွာ လူေလာကထဲ ဆက္လက္ မေနခ်င္ေတာ့ဘူး ။ ကိုယ့္ကိုယ္ကို သတ္ေသဖို႔ထိ စဥ္းစားခဲ့တယ္ ။ ဒါေပမယ့္ သမီးေလးကို သူတို႔ေလွကားက တြန္းခ်တယ္လို႔ပဲ စိတ္စြဲေနမိေလေတာ့ သတ္ေသဖို႔ အစီအစဥ္ကို လက္ေလွ်ာ့လိုက္ၿပီး သူတို႔ကို လက္စားျပန္ေခ်မယ္လို႔ ဆးုံျဖတ္ခဲ့တယ္ ။ အဲ့ဒီေနာက္ သမီး႐ြာက ထြက္လာခဲ့တယ္ ။ ႐ြာကထြတ္လာၿပီး ေျခဦးတည့္ရာ ေလ်ာက္သြားေနရင္း ေတာင္ေျခ႐ြာေလး တစ္႐ြာကို ေရာက္ရွိ႕သြားတယ္ ။ ခရီးပန္းလာတဲ့ဒဏ္ အစာအဟာရျပတ္လပ္မူ႔ ဒဏ္ေတြေၾကာင့္ သမီးအားျပတ္ၿပီး ေမ့ေမ်ာသြားခဲ့တယ္ ။ သမီးျပန္သတိရလာေတာ့ အဘြားအိုတစ္ဦးက ကယ္ဆယ္ထားတယ္ဆိုတာ သိလိုက္ရတယ္ ။ သမီးလဲ သြားစရာမရွိ႕တာနဲ႔ အဘြားအိမ္မွာ လအေတာ္ၾကာေအာင္ ေနထိုင္ခဲ့တယ္ ။ အဲ့ဒီမွာပဲ အဘြားနဲ႔ အေနၾကာရင္း သံေယာဇဥ္ေတြ ျဖစ္မိၾကတယ္ ။ ေနာက္ေတာ့ သူအေၾကာင္း ကိုယ့္အေၾကာင္းေလးေတြ ရင္ဖြင့္ရာကေန အဘြားက ေအာက္လမ္းပညာသည္ ဆိုတာ သိလိုက္ရတယ္ ။ ဒီလိုသိလိုက္ရတာဟာ ထြန္းထြန္းဦးတို႔အတြက္ ကံဆိုးဖို႔ ျဖစ္သြားခဲ့တယ္ ။ အဘြားကို ေအာက္လမ္းပညာရပ္ေတြသင္ေပးဖို႔ သမီးေတာင္းဆိုခဲ့တယ္ ။ အဘြားကလဲ သင္ေပးခဲ့တယ္ ။ ဒါေပမယ္ ေအာက္လမ္းပညာထဲက တစ္ပြဲတိုး ေအာက္လမ္းပညာရပ္ကိုပဲ သင္ခြင့္ျပဳခဲ့တယ္ ။ ဒီပညာက တစ္ႀကိမ္တစ္ခါပဲ အသုံးျပဳရတယ္ ။ တစ္ႀကိမ္အသုံးျပဳၿပီးတာနဲ႔ ေအာက္လမ္းပညာေတြ သူကိုယ္က ထြက္သြားတယ္ ။ ဒီပညာကို မတတ္တဲ့ ႐ိုး႐ိုးလူ တစ္ေယာက္ျပန္ျဖစ္သြားတယ္ ။ ေကာင္းတာက ဒီတစ္ပြဲတိုး ေအာက္လမ္းပညာကို ကမၼဇိဒၶ တန္ခိုးႀကီးတဲ့ နတ္ေတြက ေစာင့္ေရွာက္ကူညီေပးၾကတယ္ ။ ဒါေၾကာင့္ ေတာ္႐ုံဆရာတစ္ေယာက္အေနနဲ႔ ၾကားဝင္ ျဖတ္ဆီးဖို႔ မျဖစ္ႏိုင္ဘူး ” ဟုရွည္လွ်ားစြာ ရွင္းျပေလသည္ ။

ဆရာႀကီး ဦးပြား…ခင္သုန္မ်က္ႏွာကို ၾကည့္လိုက္တယ္ ။ ခင္သုန္ မ်က္ႏွာ တည္ၿငိမ္ေနတယ္ ။
တစ္ပြဲတိုးေအာက္လမ္းပညာနဲ႔ လူအသက္ေတြကို ေသတဲ့အထိ သူ႔ရဲ႕ရက္စက္တဲ့ လက္စားေခ်မူ႔ကို ဘယ္ပုဒ္မ ဥပေဒနဲ႔မွ အေရးယူလို႔ မရေပမယ့္ …သံသရာထဲက ဘဝတစ္ခုခုမွာေတာ့ မျဖစ္မေနေပးဆပ္ရမယ္ဆိုတာ သိေနတဲ့မ်က္ႏွာ …ဒီလိုအျပစ္ေႂကြး ဆပ္ရမယ့္အခ်ိန္က်ေရာက္လာရင္လည္း ရဲရဲဝံ့ဝံ့ ခံယူလိုက္မယ္ဆိုတဲ့ မ်က္ႏွာ မ်ိဳးဆိုတာ ဆရာႀကီး ဦးပြား သတိျပဳမိတယ္ ။

” ၿပီးခဲ့တာေတြ ၿပီးပါေစေတာ့ သမီးရယ္…အခုအခ်ိန္ကစၿပီး ရတနာသုံးပါးကို ကိုးကြယ္အားထားရာဟူ၍ ဆည္းကပ္ပူေဇာ္ပါ ။ ကံငါးပါးကို လုံေအာင္ထိန္းပါ ။ ကဲ…ဆရာႀကီး ျပန္မယ္…သမီး …”

ခင္သုန္ ဆရာႀကီးကို ပုဆစ္ဒူးတုပ္ၿပီး ထိျခင္းငါးပါးနဲ႔ ကန္ေတာ့တယ္ ။ ဆရာႀကီး စကားကိုလည္း ေျမဝယ္မၾက နားေထာင္ပါမယ္လို႔လည္း ကတိျပဳတယ္ ။ ဆရာႀကီး ဦးပြား ျပန္သြားခ်ိန္မွာေတာ့ ခင္သုန္မ်က္လုံးအိမ္က မ်က္ရည္ေတြ တေပါက္ေပါက္ၾကလာတယ္ ။ ဒီငိုေႂကြးျခင္းဟာ ကလဲ့စားေခ်လိုက္ရတဲ့အတြက္ ဝမ္းသာလြန္းလို႔ ငိုေႂကြးျခင္းလား …ဒါမွမဟုတ္ သံသရာ ခရီးရွည္ႀကီးကို ေမွ်ာ္ေတးြရင္း ေၾကာက္လွန႔္လို႔ ငိုေႂကြးျခင္းလား သူစိတ္ထဲ ႏွလုံးသားထဲမွာ ဘယ္လိုခံစားရမူ႔မ်ိဳးနဲ႔ ငိုတဲ့ငိုေႂကြးျခင္း ျဖစ္မလဲ …ခင္သုန္က လြဲၿပီး ဘယ္သူမွ သိႏိုင္မည္မဟုတ္ပါဘူး…

ဆုံၾကအုံးမယ္ကြယ္

ထြဋ္ေခါင္ ( အိမ္မဲ )