Unicode Version
“မြတ်စံထွန်း”နှင့်မြွေမှော်(စ/ဆုံး)
————————————
အဇ္ဇတဂ္ဂ_ယနေ့ကိုအစပြု၍ ပါနုပေတံ_အသက်ထက်ဆုံး၊ တေ_သင်တို့၏။ ဇီဝိတုံ_အသက်လည်း၊ နဝါရော ပေတံ_မချ မရိုက်
မသတ်၊။မံသ_အသားကိုလည်း၊ နဘုဉ္ဇာကော_ မစား၊ဟိသစ္စံ_မှန်၏။ တံဝစန_ထိုသစ္စာစကားမှန်သည်ရှိသော်။တေ_သင်တို့၏။မုခဒန္တာ_ကိုက်ခဲခြင်းကိုလည်းကောင်း၊ အတ္တာရ_ငါအလိုမရှိတိုင်း၊အဒေါ_အောက်သို့။ အာဂစ္ဆန္တု_လျှောကျစေကုန်သတည်း။
အသံနေအသံထား ဌာန်ကရိုင်းကျကျနဲ့ ဘကြီးခိုင်ကချပေးတယ်။ မြတ်စံထွန်းကလည်း ကြိုးစားပမ်းစားလိုက်ဆိုတယ်။ သစ္စာဆိုစကားဆန်ဆန် ဂါထာကိုသင်နေတာ တစ်ပတ်လောက်ရှိပြီ။ သုံးရက်လောက်ထဲက မြတ်စံထွန်း အလွတ်ရပြီးသား။ ဒါကြီးကိုပဲနေ့တိုင်းချချပေးနေတော့ မြတ်စံထွန်းလည်း စိတ်မရှည်လို့မေးပါလေရော။
“ရနေပါပြီဆို ဘကြီးရာ…ကျုပ်အလွတ်ပြန် ပြရမလား”
“အလွတ်ရတာငါသိတာပေါ့ကွ…ဒါပေမယ့် သစ္စာဓာတ်ကို ရင်ထဲမှာကိန်းအောင်…မင်းစောင့်ထိမ်းနိုင်အောင်မလုံလောက်သေးလို့…ဒါကိုခဏခဏဆိုခိုင်းနေရတာ”
“ဒါဆို ဒီဂါထာအတိုင်းကျုပ်က မြွေသားမစားရဘူး မြွေမသတ်ရဘူးဆိုပါတော့”
“အေး…အဲ့လိုကိုဖြစ်နေရမယ်”
“မြွေသားမစားဘဲနေလို့ရတယ်ဗျ…ကျုပ်အမေကမြွေကြောင့်သေခဲ့ရတာဆိုတော့ မြွေကိုတော့သတ်ချင်တယ်”
“မြွေကိုမင်းကသတ်ရင် မြွေကလည်းမင်းကိုသတ်နိုင်မှာပဲကွ…မင်းအမေလို မြွေနိုင်ပြီး မင်းအမေလိုပဲမြွေနဲ့မသေအောင် ငါလုပ်ပေးနိုင်တယ်”
“အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ…ဒါနဲ့ ဘယ်လိုလုပ်မှာတုန်းဗျ…သင်္ချိုင်းမှော်တုန်းကလို ထွက်ပြေးရအုံးမှာလား”
“ဟား..ဟား..မပြေးရပါဘူးကွာ မတော်လို့မြွေကိုက်ခံရတာကလွဲလို့ဘာမှမဖြစ်လောက်ပါဘူး”
“ဟာဗျာ…ဘကြီးခိုင်ကတော့လုပ်ပြန်ပြီ”
“ဟုတ်တယ်ကွ…မင်းကအခု ကတော်လေးပါးမှော်လည်းအောင်ပြီ၊ ကြောင်မှော်၊ယက္ခမှော်နဲ့ သင်္ချိုင်းမှော်တွေလည်းအောင်ထားပြီ အခုမြွေမှော်သွင်းရမယ်ကွ…ငါ့လို မှော်ကိုးပါးအောင်မှ စုန်း ကဝေပညာရပ်တွေရဲ့သဘောကို ဆက်ပြီးလေ့လာရမယ် ပြီးရင်တော့ မင်းရည်ရွယ်ချက်ကိုအကောင်အထည်ဖော်တော့”
အဲ့ဒီလိုကြားရတော့လည်း မြတ်စံထွန်းတစ်ယောက် ရန်ငြိုးတွေပြန်ပေါ်လာပြန်တယ် မှော်ကိုးပါးတောင်မြန်မြန်ပေါက်ချင်သွားပြီ။
“မြွေမှော်ဘယ်နေ့သွင်းမှာလည်း ဘကြီး”
“အခုည..”
“အိပ်ရေးပျက်ပေါင်းများပြီဗျာ…ဘာလို့မှော်တွေကနေ့ဖက်မသွင်းကြတာလဲ”
“လူသိမခံချင်လို့ပေါ့ကွာ…ရှင်းနေတာပဲ…”
“လူသိတော့ဘာဖြစ်တုန်း”
“ဟကောင်ရ… မှော်စွမ်းအားဆိုတာတော်ယုံလူမရနိုင်ဘူးကွ…စုန်းကဝေတွေက ဒါမျိုးစီရင်တဲ့အခါလာပြီးမှော်စက်တွေလုယူတတ်လို့ညဖက်လုပ်ရတာ…သင်္ချိုင်းမှော်သွင်းတော့မင်းတွေ့တယ်မဟုတ်လား….စုန်းမတစ်ကောင်နဲ့ ကဝေပျံတစ်ကောင် အဲ့ဒါမင်းကိုအပ်မယ့်မှော်တွေသူတို့လုချင်လို့ကွ…ညသန်းခေါင်လူမသိအောင်လုပ်တာတောင်လာလုကြတာ..နေ့ဖက်ဆိုတွေးကြည့်ပေါ့ကွာ…”
မြတ်စံထွန်းလည်း အခုမှသဘောပေါက်သွားတော့တယ်။ မြွေမှော်သွင်းတယ်ဆိုတာဘယ်လိုများလဲအရမ်းသိချင်နေပြီ။ဘကြီးခိုင်ကတော့ အိမ်ရှေ့ကိုငေးပြီးဆေးပြင်းလိပ်ကြီးထိုင်ဖွာနေလေရဲ့။မြတ်စံထွန်းကသိချင်တာတွေဆက်မေးတယ်။
“ကတော်လေးပါးမှော်အောင်ရင် ဘာဖြစ်လဲဗျ”
ဘကြီးခိုင်ကဆေးပြင်းလိပ်ကြီးကိုပြာချွေရင်းကနေတစ်ဖက်လှည့်လာတယ်။
“စုန်း ကဝေ ပညာသည်တို့ရဲ့အချုပ်ကတော်ကြီးလေးပါးရဲ့ဆေးတော်တွေနဲ့ မှော်သွင်းတာ မှော်အောင်ပြီဆိုရင် မတရားတဲ့ မကောင်းမှုပြုတဲ့ ဒီလိုစုန်းကဝေ အဖျက်အမှောင့်မိစ္ဆာပယောဂတွေကို နှိမ်နင်းတဲ့အခါသူတို့အကူအညီကိုယူလို့ရပြီပေါ့ကွ”
“ဒါဆိုရင် ယက္ခမှော်ကရော”
“ဒါက ကာယာသိဒ္ဓိအတွက်ကွ လက်တွေ့ပြမယ်”
ဘကြီးခိုင်လည်းပြောပြောဆိုဆိုနဲ့ အိမ်တိုင်ဘေးက ဓားမကိုယူပြီး မြတ်စံထွန်းလည်ပင်းကိုလှီးချလိုက်တယ်။ အမှတ်တမဲ့လန့်ပြီးဇာတ်ကိုပုပေးလိုက်ရော
ပြီးမှအဆင့်ပေါ်ကခုန်ချ၊ ကပြာကယာလည်ပင်းကိုလက်နဲ့ပြန်စမ်းတော့ အကောင်းကြီးဘာမှမဖြစ်ဘူး။ဘကြီးခိုင်က ထင်းစနဲ့ခေါင်းကိုကောက်ရိုက်ပြန်တယ်။ ထင်းသာပိုင်းပိုင်းကျိုးသွားတယ် ခေါင်းကဘာမှမဖြစ်ဘူး။ဘာမှမဖြစ်ပေမယ့် မြတ်စံထွန်းစိတ်တိုသွားတယ်။ဘကြီးခိုင်နောက်တစ်ချက်ရွယ်လိုက်တဲ့ဓားသွားတည့်တည့်ကို လက်ဝါးစောင်းခုပ်ချလိုက်တာ မီးတစ်ချက်ပွင့်ပြီးဓားမှာ လက်တစ်လုံးလောက်ပဲ့သွားပါလေရော။
“သွားပါပြီကွာ..ယက္ခမှော်အောင်ပြီးထဲက မင်းကိုစိတ်ကိုထိမ်းနှုတ်ကိုထိမ်းလို့ငါသတိပေးထားပါတယ်။အခုတော့ငါ့ဓားပဲ့ပြီ”
မြတ်စံထွန်းကပြုံးကျဲကျဲနဲ့
“ဟဲဟဲ…ဘကြီးကလက်တွေ့ပြတော့ ဆေးကလည်းလက်တွေ့အစွမ်းပြတာပေါ့ဗျ”
“ကောင်းရော..”
“ဒါနဲ့ ကြောင်မှော်ကရော”
“လာ…ဒီထဲဝင်လိုက်”
ဘကြီးခိုင်က မြတ်စံထွန်းကိုရာဝင်အိုးထဲဝင်ခိုင်းပါလေရော။ ပြီးတော့ အလယ်မှာပေါက်နေတဲ့ ဆန်ကောတစ်ချပ်နဲ့ ရာဝင်အိုးကိုဖုံးလိုက်တယ်။ ပြီးတော့အိမ်ထဲပြန်ဝင်သွားပြီး မီးဖိုပေါ်ကကျိုက်ကျိုက်ဆူနေတဲ့ရေနွေးအိုးကြီးမလာပြီး မြတ်စံထွန်းဝင်နေတဲ့ ရာဝင်အိုးအဖုံးဆန်ကောပေါက်ပေါ်ပစ်တင်လိုက်တယ်ဆိုရင်ပဲ…
“ဟိတ်…”
ရာဝင်အိုးကြီးထဲက “ဟိတ်”ဆိုတဲ့အသံနဲ့အတူအိုးအပြင်ကိုမြတ်စံထွန်းထွက်လာတယ်။ ဆန်ကောကနေရာတောင်မပျက်ဘူး။ အမှန်ဆို ဆန်ကောအလယ်ကအပေါက်ကကြောင်တစ်ကောင်ဝင်စာလောက်ပဲကျယ်တာ။ မြတ်စံထွန်းအဲ့ဒီ့အပေါက်ကထွက်လာလို့သူ့ကိုသူမယုံနိုင်ဖြစ်နေတယ်။
“အတော်စွမ်းသားဘကြီးရ…နော်”
“ဒါတင်ဘယ်ကမလဲ…ကြိုးလည်းတုတ်လို့မရဘူး၊မီးလည်းမလောင်ဘူး၊ရေလည်းမနစ်ဘူး ခန္တာကိုယ်ကလည်း ငှက်ပျောရွက်ပေါ်တက်အိပ်လို့ရအောင်ကိုပေါ့ပါးတယ်ကွ”
“ကြောင်မှော်အစွမ်းတော့သိရပြီဗျ…သင်္ချိုင်းမှော်ကဘာစွမ်းသလဲ”
“မင်း ပညာတွေအကုန်တတ်မြောက်လို့ သင်္ချိုင်းထဲမှာအစီအရင်လုပ်ရတဲ့အခါမျိုးဖြစ်ဖြစ်၊ သင်္ချိုင်းကတစ်ဆင့်အတိုက်ပြုထားတာတွေကိုဖြစ်ဖြစ် နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ပြီပေါ့ကွာ”
“ဘယ်ဆိုးလို့လဲဗျ…အခုမြွေမှော်ဆိုတာကရော…”
“မြွေမှော်ဆိုတာ မြွေမကိုက်ဘူးလို့သာအလွယ်မှတ်လို့ရပေမယ့် မြွေတွေအကြောင်းမင်းကိုပြောရအုံးမယ်ကွ…ပညာခန်းအရတော့ ရိုးရိုးမြွေနဲ့ တိုက်မြွေဆိုပြီးရှိတယ်။ ရိုးရိုးမြွေဖြစ်တဲ့ မြွေပွေးမြွေဟောက်အပြင်ငန်းပုပ်၊ငန်းကြားစတဲ့ငန်းလေးပါးကိုတော့ ခန္တာကိုယ်မှာဆေးတစ်မျိုးပေါက်ထားရင်နိုင်တယ်ကွ”
“ဘယ်လိုဆေးမျိုးလဲ ဘကြီး”
ဘကြီးခိုင်က ခေါင်းရင်းမှာထားတဲ့ဆေးအိုးတွေထဲက မြေနဲ့လုပ်ထားတဲ့အိုးလေးတစ်လုံးကိုယူပြီးအဖုံးဖွင့်လိုက်တယ်။
“အလွယ်မှတ်ထား…စိန်၊ဆေး၊ကန့်၊ဝက်၊ဒုတ်၊ဟင်း၊လက် တဲ့ကွ။ စိန် ရတနာကိုပြောတာနော်…ရွှေပန်းထိမ်သည်တွေဆီမှာရနိုင်တယ်။စိန်မှုံလေးတွေကိုပြောတာ။ဆေးဆိုတာက ဆေးဒန်း၊ကန့်ဆိုတာကတော့
အဂ္ဂိရတ်သမားတွေအများဆုံးသုံးတယ်ကွ….ဝက်ဆိုတာက ဇဝက်သာကိုပြောတာ တိုင်းရင်းဆေးတွေမှာပါတယ်လေ…ဒုတ်ဆိုတာကဒုတ္ထာ၊ဟင်းဆိုတာ ဟင်္သာပြဒါး၊လက်ကတော့ လက်ချားပေါ့ကွာ…ဒါကရိုးရိုးမြွေကိုအသာလေးနိုင်တယ်။ အေး…တိုက်မြွေဆိုတာက ပညာစက်အစီအရင်တွေနဲ့ဖန်တီးထားတဲ့ မြွေဆိုးကွ ဒါကိုတော့ရိုးရိုးဆေးနဲ့မရဘူး ဒီဆေးကိုသိဒ္ဓိတင်ပြီး ညာလက်ဖျံမှာထိုးထားရတယ်ကွ…အဲ့ဒါမြွေမှော်သွင်းတာပဲ”
ဘကြီးခိုင်းကရှင်းပြလိုက်၊ မြတ်စံထွန်းကသိချင်တာတွေမေးလိုက်နဲ့ မိုးကိုချုပ်ပါလေရော။ ဒီနေ့တော့ ထမင်းတွေဘာတွေမချက်ရဘူး။ မြွေကထမင်းမစားဘူးထင်ပါရဲ့။ ထုံးစံအတိုင်း ညသန်းခေါင်လောက်မှာမြစ်ဆိပ်ကိုဆင်းကြတယ်။ သဲသောင်ပြင်ပေါ်မှာပဲ ပွဲထိုးလိုက်ကြတယ်။ ဘကြီးခိုင်ကတော့ ပွဲတွေရှေ့မှာရွတ်ဖတ်နေလေရဲ့။
ခဏနေတော့ မြတ်စံထွန်းကိုပွဲရှေ့မှာထိုင်ခိုင်ပြီး ဆေးထိုးရမယ့်အချိန်ရောက်လာပြီ။
ဘကြီးခိုင်က “ဝိရူပက္ခေ ဟိမေမေတ္တံ “ကနေစပြီး
ခန္တသုတ်ပရိတ်တော်ကိုရွတ်ဖတ်ရင်း လက်ကောက်ဝတ်ကနေ မှော်စသွင်းတယ်။ ဆေးပေါက်တယ်ဆိုပါတော့။ အထက်ကပြောခဲ့တဲ့ဆေးကိုပေါက်ပေးပြီးတော့ လွယ်အိပ်ထဲက အသင့်ပါလာတဲ့ အင်းတစ်ချပ် ကိုထုတ်ပြီး လက်ဝါးပေါ်တင် ဂါထာရွတ်လိုက်တယ်ဆိုရင်ပဲ မြစ်ထဲကနေ တစ်ကိုယ်လုံးရေတွေစိုရွှဲနေတဲ့လူတစ်ယောက် ကမ်းပေါ်တက်လာတယ်။အဲ့ဒီအချိန် ကောင်းကင်မှာ တိမ်တွေဖုံးလာပြီး လရောင်မပေါ်လောက်အောင်မှောင်မိုက်သွားခဲ့တယ်။
ကမ်းခြေခပ်လှမ်းလှမ်းကနေ သူ့တို့နားကိုဖြည်းဖြည်းချင်းကပ်လာတဲ့လူက အမှောင်ထဲမှာရုပ်လုံးမပေါ်ပေမယ့် နန်းဝတ်နန်းစားနဲ့ဆိုတာတော့ သေခြာမြင်လိုက်ရတယ်။
“အဘယ် အတွက်ကြောင့် ဘောဂဝတီသိုက်တံခါးကို
ဖွင့်ရပါသနည်းအသင်လူသား”
“သိုက်တံခါးဖွင့်ခြင်းမဟုတ်ပါ… ဤမှော်ဆေးကို စီရင်အပ်နှံဖို့ရာ နဂါးတို့၏သွေးကိုအလိုရှိသော
ကြောင့် ခေါ်ဆောင်ခြင်းဖြစ်ပေတယ်.. အသင်နဂါးမင်း”
“နဂါးတို့၏သွေးကို အလွယ်တကူမရနိုင်ခြင်းအားအသင်လူသားသိရှိပါ၏လော”
“အဘယ်သို့သောကိစ္စကိုပြုလျင်ရနိုင်ပါအံ့နည်း။”
“ကျွန်ုပ်၏သားတပည့်ဖြစ်သော ကင်္ကမုခနဂါးငယ်နှင့်ပွဲရှေ့မှသင့်တပည့်ငယ်တို့သည် အရွယ်ချင်းမျှတသောကြောင့် တိုက်ခိုက်ပါ၊ တိုက်ခိုက်အောင်မြင်မှသာ ရနိုင်မည်။”
နဂါးမင်းက သူ့လက်အောက်ငယ်သားဖြစ်တဲ့ ကင်္ကမုခနဂါးကိုချက်ချင်းရှေ့တော်ရောက်ခေါ်သွင်းပြီး
မြတ်စံထွန်းနဲ့တိုက်ခိုင်းပါတော့တယ်။ ဘာလုပ်ရမှန်းမသိပေမယ့် မြတ်စံထွန်းကလည်းမြွေမှော်အောင်ဖို့ဆိုရင်ဘာမဆိုလုပ်မယ့်ပုံ။ဘကြီးခိုင်ကဒီတိုင်းကြည့်နေလိုက်တယ်။နဂါးငယ်ကလူအသွင်နဲ့မြတ်စံထွန်းကိုစ
ပြီးတိုက်ခိုက်ပါတော့တယ်။ မြတ်စံထွန်းလည်း မှိုင်းဝေနဲ့အတူ သတ်ပုတ်ကစားဖူးတော့တတ်သ၍မှတ်သ၍ပြန်တိုက်တယ်။ အဝေးကကြည့်လိုက်ရင် သူတို့လက်တွေကမြွေတစ်ကောင်နဲ့ကြောင်တစ်ကောင်တိုက်ခိုက်နေသလားထင်ရတယ်။
နဂါးငယ်ရဲ့ အလှည့်တစ်ချက်မှာ ပါးကိုမြတ်စံထွန်းကပိုင်ပိုင်နိုင်နိုင်ကုတ်ချလိုက်တယ်။ တိုက်ခိုက်စထဲက လက်သည်းတွေရှည်ထွက်နေတာကြောင့်နဂါးငယ်ရဲ့ပါးမှာဒဏ်ရာရသွားတယ်။ သူ့လက်အောက်ငယ်သားတစ်ချက်ခံလိုက်ရတော့ နဂါးကြီးမျက်နှာပျက်သွားပါလေရော။ သူ့ရဲ့တပည့်ကင်္ကမုခနဂါးကို အာခံတွင်းကလာတဲ့ မီးတောက်မီးလျှံစက်ကြိုးတွေနဲ့ ကူညီပါတော့တယ်။ ဒါကိုမြင်တဲ့ဘကြီးခိုင်ကလည်း မတရားတဲ့တိုက်ပွဲကိုဝင်ကူဖို့ နဂါးမင်းရဲ့စက်ကြိုးတွေကို ကြားကဝင်ကာပြီး ဆေးနည်းနည်းကိုလက်ဝါးမှာထည့်လို့ တွန်းထုတ်လိုက်ပါတော့တယ်။
တပည့်နှစ်ယောက်တိုက်ခိုက်နေရာက ဆရာတွေပါ
ပြဿနာဖြစ်ပြီး တစ်ဖက်နှစ်ယောက်စီ အားပြိုင်တိုက်ခိုက်ကြတော့ မြစ်ကမ်းပါးသောင်ပြင်တစ်ခုလုံးမှာဆူညံသွားပါလေရော။ တစ်ချက်တစ်ချက်ကိုလည်း အလင်းရောင်တွေဖြာပြီးထွက်လာသေးတယ်။
အဲ့ဒီအချိန် လူအသွင်နဲ့နဂါးနှစ်ကောင်က မူလအသွင်ကိုပြောင်းပြီး ပါးပြင်းကြီးတွေမိုးလို့ အဆိပ်ငွေ့တွေကိုမှုတ်ထုတ်တော့မယ့်အချိန် ကောင်းကင်ယံတစ်ခုလုံးမှာ ထိန်ထိန်လင်း သွားပြီး နတ်တစ်ပါးပေါ်လာခဲ့တယ်။
နဂါးတွေလည်း လူအသွင်နဲ့ ဒူးထောက်အရိုအသေပေးကြပြီးခေါင်းတွေမဖော်ရဲကြတော့ဘူး။အဲ့ဒီအချိန် ကောင်းကင်ယံကနတ်မင်းကြီးဟာ တကယ့်ကိုပြည့်စုံတဲ့အသံသြဇာနဲ့
“နဂါးငယ်တို့…ဒီပုဂ္ဂိုလ်သည်နောင်တစ်ချိန်၌ သာသနာပြုနိုင်သော ပါရမီထူးရှိသူမို့ ယခုအခါ သူအလိုရှိသည့် အရာကိုပရမီဖြည့်လိုက်ကြပေတော့”
ဒီလိုပြောလိုက်တော့ ဘကြီးခိုင်က ဘာမှမပြောဘဲ မြတ်စံထွန်းက လှမ်းမေးလိုက်တယ်။
“အသင် မည်သူနည်း..အဘယ်မျိုးနွယ်ဝင်ပါနည်း”
“ငါသည် စတုမဟာရာဇ်ဘုံမှ ဝိရူပက္ခမည်သော နဂါးအပေါင်းတို့၏အချုပ်နတ်မင်းကြီးပေတည်း”
ဒီလိုပြောပြီး ပြန်ပျောက်ကွယ် သွားတဲ့အခါ နဂါးမင်းက သူ့ရဲ့လက်မောင်းကအကြေးခွံကိုဆွဲနှုတ်ပြီး ထွက်လာတဲ့သွေးကို ခရုခွံဖြူဖြူကြီးထဲထည့်ပြီး ပွဲရှေ့မှာတင်ထားခဲ့တယ်။
ဘကြီးခိုင်လည်း ခရုခွံဖြူဖြူကြီးထဲက သွေးနဲ့ အထက်ကပြောခဲ့တဲ့ဆေးကိုရောပြီး မြတ်စံထွန်းရဲ့ညာလက်ဖျံမှာဆေးအပ်ပေးလိုက်ပါတော့တယ်။
လက်ဖျံက စာတမ်းနီနီလေးမှာ အလင်းရောင်တွေဖြာထွက်သွားတော့..
“ကဲ…ဒီနေ့ဒီချိန်ကစပြီး….အစွယ်ကထွက်တဲ့အဆိပ်မှန်သမျှ မင်းရဲ့ကိုယ်မှာသက်ရောက်မှုမရှိတော့ဘူးကွ…နောက်နေ့မှာ နောက်မှော်တစ်မျိုးသွင်းဖို့ ဒီညအိမ်ပြန်နားကြစို့”
ဆက်ရန်။
ဝိဇ္ဇာရှစ်သောင်းဆရာပေါင်းတို့အား
ဦးထိပ်ထား၍
မင်းဟိန်းခန့်(ဥဿာဒီပ)
Zawgyi Version
“ျမတ္စံထြန္း”ႏွင့္ေႁမြေမွာ္(စ/ဆုံး)
————————————
အဇၨတဂၢ_ယေန႔ကိုအစျပဳ၍ ပါႏုေပတံ_အသက္ထက္ဆုံး၊ ေတ_သင္တို႔၏။ ဇီဝိတုံ_အသက္လည္း၊ နဝါေရာ ေပတံ_မခ် မ႐ိုက္
မသတ္၊။မံသ_အသားကိုလည္း၊ နဘုၪၨာေကာ_ မစား၊ဟိသစၥံ_မွန္၏။ တံဝစန_ထိုသစၥာစကားမွန္သည္ရွိေသာ္။ေတ_သင္တို႔၏။မုခဒႏၲာ_ကိုက္ခဲျခင္းကိုလည္းေကာင္း၊ အတၱာရ_ငါအလိုမရွိတိုင္း၊အေဒါ_ေအာက္သို႔။ အာဂစၦႏၲဳ_ေလွ်ာက်ေစကုန္သတည္း။
အသံေနအသံထား ဌာန္က႐ိုင္းက်က်နဲ႔ ဘႀကီးခိုင္ကခ်ေပးတယ္။ ျမတ္စံထြန္းကလည္း ႀကိဳးစားပမ္းစားလိုက္ဆိုတယ္။ သစၥာဆိုစကားဆန္ဆန္ ဂါထာကိုသင္ေနတာ တစ္ပတ္ေလာက္ရွိၿပီ။ သုံးရက္ေလာက္ထဲက ျမတ္စံထြန္း အလြတ္ရၿပီးသား။ ဒါႀကီးကိုပဲေန႔တိုင္းခ်ခ်ေပးေနေတာ့ ျမတ္စံထြန္းလည္း စိတ္မရွည္လို႔ေမးပါေလေရာ။
“ရေနပါၿပီဆို ဘႀကီးရာ…က်ဳပ္အလြတ္ျပန္ ျပရမလား”
“အလြတ္ရတာငါသိတာေပါ့ကြ…ဒါေပမယ့္ သစၥာဓာတ္ကို ရင္ထဲမွာကိန္းေအာင္…မင္းေစာင့္ထိမ္းႏိုင္ေအာင္မလုံေလာက္ေသးလို႔…ဒါကိုခဏခဏဆိုခိုင္းေနရတာ”
“ဒါဆို ဒီဂါထာအတိုင္းက်ဳပ္က ေႁမြသားမစားရဘူး ေႁမြမသတ္ရဘူးဆိုပါေတာ့”
“ေအး…အဲ့လိုကိုျဖစ္ေနရမယ္”
“ေႁမြသားမစားဘဲေနလို႔ရတယ္ဗ်…က်ဳပ္အေမကေႁမြေၾကာင့္ေသခဲ့ရတာဆိုေတာ့ ေႁမြကိုေတာ့သတ္ခ်င္တယ္”
“ေႁမြကိုမင္းကသတ္ရင္ ေႁမြကလည္းမင္းကိုသတ္ႏိုင္မွာပဲကြ…မင္းအေမလို ေႁမြႏိုင္ၿပီး မင္းအေမလိုပဲေႁမြနဲ႔မေသေအာင္ ငါလုပ္ေပးႏိုင္တယ္”
“အဲ့လိုဆိုရင္ေတာ့ အေကာင္းဆုံးေပါ့ဗ်ာ…ဒါနဲ႔ ဘယ္လိုလုပ္မွာတုန္းဗ်…သခ်ႋဳင္းေမွာ္တုန္းကလို ထြက္ေျပးရအုံးမွာလား”
“ဟား..ဟား..မေျပးရပါဘူးကြာ မေတာ္လို႔ေႁမြကိုက္ခံရတာကလြဲလို႔ဘာမွမျဖစ္ေလာက္ပါဘူး”
“ဟာဗ်ာ…ဘႀကီးခိုင္ကေတာ့လုပ္ျပန္ၿပီ”
“ဟုတ္တယ္ကြ…မင္းကအခု ကေတာ္ေလးပါးေမွာ္လည္းေအာင္ၿပီ၊ ေၾကာင္ေမွာ္၊ယကၡေမွာ္နဲ႔ သခ်ႋဳင္းေမွာ္ေတြလည္းေအာင္ထားၿပီ အခုေႁမြေမွာ္သြင္းရမယ္ကြ…ငါ့လို ေမွာ္ကိုးပါးေအာင္မွ စုန္း ကေဝပညာရပ္ေတြရဲ႕သေဘာကို ဆက္ၿပီးေလ့လာရမယ္ ၿပီးရင္ေတာ့ မင္းရည္႐ြယ္ခ်က္ကိုအေကာင္အထည္ေဖာ္ေတာ့”
အဲ့ဒီလိုၾကားရေတာ့လည္း ျမတ္စံထြန္းတစ္ေယာက္ ရန္ၿငိဳးေတြျပန္ေပၚလာျပန္တယ္ ေမွာ္ကိုးပါးေတာင္ျမန္ျမန္ေပါက္ခ်င္သြားၿပီ။
“ေႁမြေမွာ္ဘယ္ေန႔သြင္းမွာလည္း ဘႀကီး”
“အခုည..”
“အိပ္ေရးပ်က္ေပါင္းမ်ားၿပီဗ်ာ…ဘာလို႔ေမွာ္ေတြကေန႔ဖက္မသြင္းၾကတာလဲ”
“လူသိမခံခ်င္လို႔ေပါ့ကြာ…ရွင္းေနတာပဲ…”
“လူသိေတာ့ဘာျဖစ္တုန္း”
“ဟေကာင္ရ… ေမွာ္စြမ္းအားဆိုတာေတာ္ယုံလူမရႏိုင္ဘူးကြ…စုန္းကေဝေတြက ဒါမ်ိဳးစီရင္တဲ့အခါလာၿပီးေမွာ္စက္ေတြလုယူတတ္လို႔ညဖက္လုပ္ရတာ…သခ်ႋဳင္းေမွာ္သြင္းေတာ့မင္းေတြ႕တယ္မဟုတ္လား….စုန္းမတစ္ေကာင္နဲ႔ ကေဝပ်ံတစ္ေကာင္ အဲ့ဒါမင္းကိုအပ္မယ့္ေမွာ္ေတြသူတို႔လုခ်င္လို႔ကြ…ညသန္းေခါင္လူမသိေအာင္လုပ္တာေတာင္လာလုၾကတာ..ေန႔ဖက္ဆိုေတြးၾကည့္ေပါ့ကြာ…”
ျမတ္စံထြန္းလည္း အခုမွသေဘာေပါက္သြားေတာ့တယ္။ ေႁမြေမွာ္သြင္းတယ္ဆိုတာဘယ္လိုမ်ားလဲအရမ္းသိခ်င္ေနၿပီ။ဘႀကီးခိုင္ကေတာ့ အိမ္ေရွ႕ကိုေငးၿပီးေဆးျပင္းလိပ္ႀကီးထိုင္ဖြာေနေလရဲ႕။ျမတ္စံထြန္းကသိခ်င္တာေတြဆက္ေမးတယ္။
“ကေတာ္ေလးပါးေမွာ္ေအာင္ရင္ ဘာျဖစ္လဲဗ်”
ဘႀကီးခိုင္ကေဆးျပင္းလိပ္ႀကီးကိုျပာေခြၽရင္းကေနတစ္ဖက္လွည့္လာတယ္။
“စုန္း ကေဝ ပညာသည္တို႔ရဲ႕အခ်ဳပ္ကေတာ္ႀကီးေလးပါးရဲ႕ေဆးေတာ္ေတြနဲ႔ ေမွာ္သြင္းတာ ေမွာ္ေအာင္ၿပီဆိုရင္ မတရားတဲ့ မေကာင္းမႈျပဳတဲ့ ဒီလိုစုန္းကေဝ အဖ်က္အေမွာင့္မိစာၦပေယာဂေတြကို ႏွိမ္နင္းတဲ့အခါသူတို႔အကူအညီကိုယူလို႔ရၿပီေပါ့ကြ”
“ဒါဆိုရင္ ယကၡေမွာ္ကေရာ”
“ဒါက ကာယာသိဒၶိအတြက္ကြ လက္ေတြ႕ျပမယ္”
ဘႀကီးခိုင္လည္းေျပာေျပာဆိုဆိုနဲ႔ အိမ္တိုင္ေဘးက ဓားမကိုယူၿပီး ျမတ္စံထြန္းလည္ပင္းကိုလွီးခ်လိုက္တယ္။ အမွတ္တမဲ့လန႔္ၿပီးဇာတ္ကိုပုေပးလိုက္ေရာ
ၿပီးမွအဆင့္ေပၚကခုန္ခ်၊ ကျပာကယာလည္ပင္းကိုလက္နဲ႔ျပန္စမ္းေတာ့ အေကာင္းႀကီးဘာမွမျဖစ္ဘူး။ဘႀကီးခိုင္က ထင္းစနဲ႔ေခါင္းကိုေကာက္႐ိုက္ျပန္တယ္။ ထင္းသာပိုင္းပိုင္းက်ိဳးသြားတယ္ ေခါင္းကဘာမွမျဖစ္ဘူး။ဘာမွမျဖစ္ေပမယ့္ ျမတ္စံထြန္းစိတ္တိုသြားတယ္။ဘႀကီးခိုင္ေနာက္တစ္ခ်က္႐ြယ္လိုက္တဲ့ဓားသြားတည့္တည့္ကို လက္ဝါးေစာင္းခုပ္ခ်လိုက္တာ မီးတစ္ခ်က္ပြင့္ၿပီးဓားမွာ လက္တစ္လုံးေလာက္ပဲ့သြားပါေလေရာ။
“သြားပါၿပီကြာ..ယကၡေမွာ္ေအာင္ၿပီးထဲက မင္းကိုစိတ္ကိုထိမ္းႏႈတ္ကိုထိမ္းလို႔ငါသတိေပးထားပါတယ္။အခုေတာ့ငါ့ဓားပဲ့ၿပီ”
ျမတ္စံထြန္းကၿပဳံးက်ဲက်ဲနဲ႔
“ဟဲဟဲ…ဘႀကီးကလက္ေတြ႕ျပေတာ့ ေဆးကလည္းလက္ေတြ႕အစြမ္းျပတာေပါ့ဗ်”
“ေကာင္းေရာ..”
“ဒါနဲ႔ ေၾကာင္ေမွာ္ကေရာ”
“လာ…ဒီထဲဝင္လိုက္”
ဘႀကီးခိုင္က ျမတ္စံထြန္းကိုရာဝင္အိုးထဲဝင္ခိုင္းပါေလေရာ။ ၿပီးေတာ့ အလယ္မွာေပါက္ေနတဲ့ ဆန္ေကာတစ္ခ်ပ္နဲ႔ ရာဝင္အိုးကိုဖုံးလိုက္တယ္။ ၿပီးေတာ့အိမ္ထဲျပန္ဝင္သြားၿပီး မီးဖိုေပၚကက်ိဳက္က်ိဳက္ဆူေနတဲ့ေရေႏြးအိုးႀကီးမလာၿပီး ျမတ္စံထြန္းဝင္ေနတဲ့ ရာဝင္အိုးအဖုံးဆန္ေကာေပါက္ေပၚပစ္တင္လိုက္တယ္ဆိုရင္ပဲ…
“ဟိတ္…”
ရာဝင္အိုးႀကီးထဲက “ဟိတ္”ဆိုတဲ့အသံနဲ႔အတူအိုးအျပင္ကိုျမတ္စံထြန္းထြက္လာတယ္။ ဆန္ေကာကေနရာေတာင္မပ်က္ဘူး။ အမွန္ဆို ဆန္ေကာအလယ္ကအေပါက္ကေၾကာင္တစ္ေကာင္ဝင္စာေလာက္ပဲက်ယ္တာ။ ျမတ္စံထြန္းအဲ့ဒီ့အေပါက္ကထြက္လာလို႔သူ႔ကိုသူမယုံႏိုင္ျဖစ္ေနတယ္။
“အေတာ္စြမ္းသားဘႀကီးရ…ေနာ္”
“ဒါတင္ဘယ္ကမလဲ…ႀကိဳးလည္းတုတ္လို႔မရဘူး၊မီးလည္းမေလာင္ဘူး၊ေရလည္းမနစ္ဘူး ခႏၲာကိုယ္ကလည္း ငွက္ေပ်ာ႐ြက္ေပၚတက္အိပ္လို႔ရေအာင္ကိုေပါ့ပါးတယ္ကြ”
“ေၾကာင္ေမွာ္အစြမ္းေတာ့သိရၿပီဗ်…သခ်ႋဳင္းေမွာ္ကဘာစြမ္းသလဲ”
“မင္း ပညာေတြအကုန္တတ္ေျမာက္လို႔ သခ်ႋဳင္းထဲမွာအစီအရင္လုပ္ရတဲ့အခါမ်ိဳးျဖစ္ျဖစ္၊ သခ်ႋဳင္းကတစ္ဆင့္အတိုက္ျပဳထားတာေတြကိုျဖစ္ျဖစ္ ႏိုင္ႏိုင္နင္းနင္းေဆာင္႐ြက္ႏိုင္ၿပီေပါ့ကြာ”
“ဘယ္ဆိုးလို႔လဲဗ်…အခုေႁမြေမွာ္ဆိုတာကေရာ…”
“ေႁမြေမွာ္ဆိုတာ ေႁမြမကိုက္ဘူးလို႔သာအလြယ္မွတ္လို႔ရေပမယ့္ ေႁမြေတြအေၾကာင္းမင္းကိုေျပာရအုံးမယ္ကြ…ပညာခန္းအရေတာ့ ႐ိုး႐ိုးေႁမြနဲ႔ တိုက္ေႁမြဆိုၿပီးရွိတယ္။ ႐ိုး႐ိုးေႁမြျဖစ္တဲ့ ေႁမြေပြးေႁမြေဟာက္အျပင္ငန္းပုပ္၊ငန္းၾကားစတဲ့ငန္းေလးပါးကိုေတာ့ ခႏၲာကိုယ္မွာေဆးတစ္မ်ိဳးေပါက္ထားရင္ႏိုင္တယ္ကြ”
“ဘယ္လိုေဆးမ်ိဳးလဲ ဘႀကီး”
ဘႀကီးခိုင္က ေခါင္းရင္းမွာထားတဲ့ေဆးအိုးေတြထဲက ေျမနဲ႔လုပ္ထားတဲ့အိုးေလးတစ္လုံးကိုယူၿပီးအဖုံးဖြင့္လိုက္တယ္။
“အလြယ္မွတ္ထား…စိန္၊ေဆး၊ကန႔္၊ဝက္၊ဒုတ္၊ဟင္း၊လက္ တဲ့ကြ။ စိန္ ရတနာကိုေျပာတာေနာ္…ေ႐ႊပန္းထိမ္သည္ေတြဆီမွာရႏိုင္တယ္။စိန္မႈံေလးေတြကိုေျပာတာ။ေဆးဆိုတာက ေဆးဒန္း၊ကန႔္ဆိုတာကေတာ့
အဂၢိရတ္သမားေတြအမ်ားဆုံးသုံးတယ္ကြ….ဝက္ဆိုတာက ဇဝက္သာကိုေျပာတာ တိုင္းရင္းေဆးေတြမွာပါတယ္ေလ…ဒုတ္ဆိုတာကဒုတၳာ၊ဟင္းဆိုတာ ဟသၤာျပဒါး၊လက္ကေတာ့ လက္ခ်ားေပါ့ကြာ…ဒါက႐ိုး႐ိုးေႁမြကိုအသာေလးႏိုင္တယ္။ ေအး…တိုက္ေႁမြဆိုတာက ပညာစက္အစီအရင္ေတြနဲ႔ဖန္တီးထားတဲ့ ေႁမြဆိုးကြ ဒါကိုေတာ့႐ိုး႐ိုးေဆးနဲ႔မရဘူး ဒီေဆးကိုသိဒၶိတင္ၿပီး ညာလက္ဖ်ံမွာထိုးထားရတယ္ကြ…အဲ့ဒါေႁမြေမွာ္သြင္းတာပဲ”
ဘႀကီးခိုင္းကရွင္းျပလိုက္၊ ျမတ္စံထြန္းကသိခ်င္တာေတြေမးလိုက္နဲ႔ မိုးကိုခ်ဳပ္ပါေလေရာ။ ဒီေန႔ေတာ့ ထမင္းေတြဘာေတြမခ်က္ရဘူး။ ေႁမြကထမင္းမစားဘူးထင္ပါရဲ႕။ ထုံးစံအတိုင္း ညသန္းေခါင္ေလာက္မွာျမစ္ဆိပ္ကိုဆင္းၾကတယ္။ သဲေသာင္ျပင္ေပၚမွာပဲ ပြဲထိုးလိုက္ၾကတယ္။ ဘႀကီးခိုင္ကေတာ့ ပြဲေတြေရွ႕မွာ႐ြတ္ဖတ္ေနေလရဲ႕။
ခဏေနေတာ့ ျမတ္စံထြန္းကိုပြဲေရွ႕မွာထိုင္ခိုင္ၿပီး ေဆးထိုးရမယ့္အခ်ိန္ေရာက္လာၿပီ။
ဘႀကီးခိုင္က “ဝိ႐ူပေကၡ ဟိေမေမတၱံ “ကေနစၿပီး
ခႏၲသုတ္ပရိတ္ေတာ္ကို႐ြတ္ဖတ္ရင္း လက္ေကာက္ဝတ္ကေန ေမွာ္စသြင္းတယ္။ ေဆးေပါက္တယ္ဆိုပါေတာ့။ အထက္ကေျပာခဲ့တဲ့ေဆးကိုေပါက္ေပးၿပီးေတာ့ လြယ္အိပ္ထဲက အသင့္ပါလာတဲ့ အင္းတစ္ခ်ပ္ ကိုထုတ္ၿပီး လက္ဝါးေပၚတင္ ဂါထာ႐ြတ္လိုက္တယ္ဆိုရင္ပဲ ျမစ္ထဲကေန တစ္ကိုယ္လုံးေရေတြစို႐ႊဲေနတဲ့လူတစ္ေယာက္ ကမ္းေပၚတက္လာတယ္။အဲ့ဒီအခ်ိန္ ေကာင္းကင္မွာ တိမ္ေတြဖုံးလာၿပီး လေရာင္မေပၚေလာက္ေအာင္ေမွာင္မိုက္သြားခဲ့တယ္။
ကမ္းေျခခပ္လွမ္းလွမ္းကေန သူ႔တို႔နားကိုျဖည္းျဖည္းခ်င္းကပ္လာတဲ့လူက အေမွာင္ထဲမွာ႐ုပ္လုံးမေပၚေပမယ့္ နန္းဝတ္နန္းစားနဲ႔ဆိုတာေတာ့ ေသျခာျမင္လိုက္ရတယ္။
“အဘယ္ အတြက္ေၾကာင့္ ေဘာဂဝတီသိုက္တံခါးကို
ဖြင့္ရပါသနည္းအသင္လူသား”
“သိုက္တံခါးဖြင့္ျခင္းမဟုတ္ပါ… ဤေမွာ္ေဆးကို စီရင္အပ္ႏွံဖို႔ရာ နဂါးတို႔၏ေသြးကိုအလိုရွိေသာ
ေၾကာင့္ ေခၚေဆာင္ျခင္းျဖစ္ေပတယ္.. အသင္နဂါးမင္း”
“နဂါးတို႔၏ေသြးကို အလြယ္တကူမရႏိုင္ျခင္းအားအသင္လူသားသိရွိပါ၏ေလာ”
“အဘယ္သို႔ေသာကိစၥကိုျပဳလ်င္ရႏိုင္ပါအံ့နည္း။”
“ကြၽႏ္ုပ္၏သားတပည့္ျဖစ္ေသာ ကကၤမုခနဂါးငယ္ႏွင့္ပြဲေရွ႕မွသင့္တပည့္ငယ္တို႔သည္ အ႐ြယ္ခ်င္းမွ်တေသာေၾကာင့္ တိုက္ခိုက္ပါ၊ တိုက္ခိုက္ေအာင္ျမင္မွသာ ရႏိုင္မည္။”
နဂါးမင္းက သူ႔လက္ေအာက္ငယ္သားျဖစ္တဲ့ ကကၤမုခနဂါးကိုခ်က္ခ်င္းေရွ႕ေတာ္ေရာက္ေခၚသြင္းၿပီး
ျမတ္စံထြန္းနဲ႔တိုက္ခိုင္းပါေတာ့တယ္။ ဘာလုပ္ရမွန္းမသိေပမယ့္ ျမတ္စံထြန္းကလည္းေႁမြေမွာ္ေအာင္ဖို႔ဆိုရင္ဘာမဆိုလုပ္မယ့္ပုံ။ဘႀကီးခိုင္ကဒီတိုင္းၾကည့္ေနလိုက္တယ္။နဂါးငယ္ကလူအသြင္နဲ႔ျမတ္စံထြန္းကိုစ
ၿပီးတိုက္ခိုက္ပါေတာ့တယ္။ ျမတ္စံထြန္းလည္း မႈိင္းေဝနဲ႔အတူ သတ္ပုတ္ကစားဖူးေတာ့တတ္သ၍မွတ္သ၍ျပန္တိုက္တယ္။ အေဝးကၾကည့္လိုက္ရင္ သူတို႔လက္ေတြကေႁမြတစ္ေကာင္နဲ႔ေၾကာင္တစ္ေကာင္တိုက္ခိုက္ေနသလားထင္ရတယ္။
နဂါးငယ္ရဲ႕ အလွည့္တစ္ခ်က္မွာ ပါးကိုျမတ္စံထြန္းကပိုင္ပိုင္ႏိုင္ႏိုင္ကုတ္ခ်လိုက္တယ္။ တိုက္ခိုက္စထဲက လက္သည္းေတြရွည္ထြက္ေနတာေၾကာင့္နဂါးငယ္ရဲ႕ပါးမွာဒဏ္ရာရသြားတယ္။ သူ႔လက္ေအာက္ငယ္သားတစ္ခ်က္ခံလိုက္ရေတာ့ နဂါးႀကီးမ်က္ႏွာပ်က္သြားပါေလေရာ။ သူ႔ရဲ႕တပည့္ကကၤမုခနဂါးကို အာခံတြင္းကလာတဲ့ မီးေတာက္မီးလွ်ံစက္ႀကိဳးေတြနဲ႔ ကူညီပါေတာ့တယ္။ ဒါကိုျမင္တဲ့ဘႀကီးခိုင္ကလည္း မတရားတဲ့တိုက္ပြဲကိုဝင္ကူဖို႔ နဂါးမင္းရဲ႕စက္ႀကိဳးေတြကို ၾကားကဝင္ကာၿပီး ေဆးနည္းနည္းကိုလက္ဝါးမွာထည့္လို႔ တြန္းထုတ္လိုက္ပါေတာ့တယ္။
တပည့္ႏွစ္ေယာက္တိုက္ခိုက္ေနရာက ဆရာေတြပါ
ျပႆနာျဖစ္ၿပီး တစ္ဖက္ႏွစ္ေယာက္စီ အားၿပိဳင္တိုက္ခိုက္ၾကေတာ့ ျမစ္ကမ္းပါးေသာင္ျပင္တစ္ခုလုံးမွာဆူညံသြားပါေလေရာ။ တစ္ခ်က္တစ္ခ်က္ကိုလည္း အလင္းေရာင္ေတြျဖာၿပီးထြက္လာေသးတယ္။
အဲ့ဒီအခ်ိန္ လူအသြင္နဲ႔နဂါးႏွစ္ေကာင္က မူလအသြင္ကိုေျပာင္းၿပီး ပါးျပင္းႀကီးေတြမိုးလို႔ အဆိပ္ေငြ႕ေတြကိုမႈတ္ထုတ္ေတာ့မယ့္အခ်ိန္ ေကာင္းကင္ယံတစ္ခုလုံးမွာ ထိန္ထိန္လင္း သြားၿပီး နတ္တစ္ပါးေပၚလာခဲ့တယ္။
နဂါးေတြလည္း လူအသြင္နဲ႔ ဒူးေထာက္အ႐ိုအေသေပးၾကၿပီးေခါင္းေတြမေဖာ္ရဲၾကေတာ့ဘူး။အဲ့ဒီအခ်ိန္ ေကာင္းကင္ယံကနတ္မင္းႀကီးဟာ တကယ့္ကိုျပည့္စုံတဲ့အသံၾသဇာနဲ႔
“နဂါးငယ္တို႔…ဒီပုဂၢိဳလ္သည္ေနာင္တစ္ခ်ိန္၌ သာသနာျပဳႏိုင္ေသာ ပါရမီထူးရွိသူမို႔ ယခုအခါ သူအလိုရွိသည့္ အရာကိုပရမီျဖည့္လိုက္ၾကေပေတာ့”
ဒီလိုေျပာလိုက္ေတာ့ ဘႀကီးခိုင္က ဘာမွမေျပာဘဲ ျမတ္စံထြန္းက လွမ္းေမးလိုက္တယ္။
“အသင္ မည္သူနည္း..အဘယ္မ်ိဳးႏြယ္ဝင္ပါနည္း”
“ငါသည္ စတုမဟာရာဇ္ဘုံမွ ဝိ႐ူပကၡမည္ေသာ နဂါးအေပါင္းတို႔၏အခ်ဳပ္နတ္မင္းႀကီးေပတည္း”
ဒီလိုေျပာၿပီး ျပန္ေပ်ာက္ကြယ္ သြားတဲ့အခါ နဂါးမင္းက သူ႔ရဲ႕လက္ေမာင္းကအေၾကးခြံကိုဆြဲႏႈတ္ၿပီး ထြက္လာတဲ့ေသြးကို ခ႐ုခြံျဖဴျဖဴႀကီးထဲထည့္ၿပီး ပြဲေရွ႕မွာတင္ထားခဲ့တယ္။
ဘႀကီးခိုင္လည္း ခ႐ုခြံျဖဴျဖဴႀကီးထဲက ေသြးနဲ႔ အထက္ကေျပာခဲ့တဲ့ေဆးကိုေရာၿပီး ျမတ္စံထြန္းရဲ႕ညာလက္ဖ်ံမွာေဆးအပ္ေပးလိုက္ပါေတာ့တယ္။
လက္ဖ်ံက စာတမ္းနီနီေလးမွာ အလင္းေရာင္ေတြျဖာထြက္သြားေတာ့..
“ကဲ…ဒီေန႔ဒီခ်ိန္ကစၿပီး….အစြယ္ကထြက္တဲ့အဆိပ္မွန္သမွ် မင္းရဲ႕ကိုယ္မွာသက္ေရာက္မႈမရွိေတာ့ဘူးကြ…ေနာက္ေန႔မွာ ေနာက္ေမွာ္တစ္မ်ိဳးသြင္းဖို႔ ဒီညအိမ္ျပန္နားၾကစို႔”
ဆက္ရန္။
ဝိဇၨာရွစ္ေသာင္းဆရာေပါင္းတို႔အား
ဦးထိပ္ထား၍
မင္းဟိန္းခန႔္(ဥႆာဒီပ)