ကြောက်မက်ဖွယ်ရန်ငြိုး (စ/ဆုံး)

Unicode Version

ကြောက်မက်ဖွယ်ရန်ငြိုး (စ/ဆုံး)
—————————————
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ထဲမှ ရွာတစ်ရွာတွင် မည်သည့်ခေတ်က လက်ရာဟူ၍ တိတိကျကျမသိရသည့် ရှေးဟောင်း သစ်သားဘုန်းကြီးကျောင်းပျက်တစ်ခုနှင့် အင်မတန် လက်ရာကောင်းလှသော အုတ်များဖြင့် တည်ဆောက်ထားသော သိမ်ဟောင်းတစ်လုံးရှိလေသည်။ ဤရွာမှ လူအများစုသည် ထိုနေရာနားသို့ အသွားအလာသိပ်မရှိပေ။ သို့သော်လည်း ဦးနက်ကြီးဟုခေါ်သည့် ဆိုးပေနေသော လူတစ်ယောက်ကမူ အားလျှင်အားချင်း အဆိုပါ သိမ်ဟောင်းပျက်ကြီးထဲသို့ဝင်ကာ အရက်သောက်လိုက်၊ အပေါင်းအသင်းများနှင့် ဖဲကစားလိုက်ဖြင့် နေတက်သည်။ ဦးနက်ကြီးမှာ တစ်ကိုယ်ရည်၊ တစ်ကာယသမားဖြစ်ပြီး သူ၏ ညီမထံတွင် မှီကပ် နေထိုင်လေသည်။
တစ်နေ့တွင် ရန်ကုန်မြို့မှ ဘွဲ့ရပညာတက်တစ်ဦးသည် ရုံးတစ်ရုံး၍း၌ အလုပ်လုပ်နေရင်း ဘုန်းကြီးဝတ်ချင်စိတ် ပေါက်လာလေသည်။ ထို့ကြောင့် သူ၏ မွေးရပ်မြေဖြစ်သော ယခု ဦးနက်ကြီးနေထိုင်သည့်ရွာသို့ ပြန်လာကာ ဘုန်းကြီးဝတ်၍ အဆိုပါ ကျောင်းပျက်ကြီးတွင် ကျောင်းထိုင်လေတော့သည်။ သည်အချိန်တွင် ဦးနက်ကြီးတို့အဖွဲ့သည် သိမ်ကျောင်းထဲတွင် အရက်သောက်၊ ဖဲရိုက်ခြင်း မပြုရတော့သဖြင့် ဘုန်းကြီးအပေါ်တွင် အငြိုးထားလေသည်။ ဘုန်းကြီးသည်လည်း သီလ၊ သမာဓိကောင်းကောင်းနှင့် တရားအလုပ်ကို မနားမနေအားထုတ်ရာ ပါရမီအခံလည်းရှိသောကြောင့် မကြာမှီပင် မနောဓာတ်ရကာ ရွာမှလူများအား ဆေးကုသပေးလေတော့သည်။ ထိုအထဲမှ အများစုမှာ မြွေအကိုက်ခံရသူများဖြစ်ကြပြီး ဘုန်းကြီး၏ ကုသပေးမှုကြောင့် အသက်ဘေးမှ လွတ်သွားသူများ အတော်များလာသည်။ ဘုန်းကြီးမှာလည်း နေ့ချင်းညချင်းပင် နမည်ကြီးလာကာ ဘုန်းကြီးကျောင်းအား ပြုပြင်ပေးမည့် အလှူရှင်များ ပေါ်ပေါက်လာလေတော့သည်။
ဤ အခြေအနေအား အသုံးချရန် ကြံစည်နေသူမှာတော့ ဦးနက်ကြီးပင်ဖြစ်သည်။ ဦးနက်ကြီးသည် ဘုန်းကြီးအား ဤရွာတွင် ဆက်လက်၍ မနေထိုင်နိုင်စေရန် ကျောင်းဆောက်ရာတွင် ဝိုင်းကူပြင်ပေးရင်း သစ်စုန်းအား ပျဉ်ခင်းတစ်ခုတွင် ထည့်သွင်းအသုံးပြုပြီး လူသေအခေါင်းမှ ပျဉ်တစ်ချပ်အား မီးဖိုဆောင်အကာတွင် ထည့်လိုက်လေသည်။ အဆိုပါကျောင်းကြီးပြင်ဆင်းပြီးသောတစ်နေ့တွင် ဘုန်းကြီးတရားထိုင်နေချိန် ကြမ်းပြင်ပေါ်တွင် ခြေနင်းသံများ ကြားရလေသည်။ ထိုအခါ ဘုန်းကြီးလည်း ယခင်ထက် တရားအလုပ်အား ပို၍ပင် ဂရုတစိုက်လုပ်လာလေတော့သည်။ သို့သော်လည်း တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ပင် ဆိုးရွားလာကာ မီးဖိုဆောင်မှ ဆွမ်းဟင်းများလည်း မကြာခဏ ပျောက်လေသည်။
ထို့နောက် ဘုန်းကြီးသည် ကျောင်းတွင် မိဘမဲ့ ကလေးများအား ခေါ်ယူမွေးထားကာ တစ်ချို့ သင်္ကန်းစည်းချင်သူများအား သင်္ကန်းစည်းပေးလေသည်။ ထိုမျှပင်မကသေး ခွေးလေ၊ ခွေးလွင့်များအားလည်း ကျောင်းတွင်မွေးထားကာ အစာကျွေးလေသည်။ ညနေဘက်တွင် ကျောင်းအတွင်းမှ ခွေးများအား စတီးဇလုံများဖြင့် အသေအချာ စည်းကမ်းတကျ ကျွေးရာ ရွာထဲရှိ ခွေးများပါ လာရောက် စားသောက်ကြလေတော့သည်။ နောက်ပိုင်းဆိုလျှင် ညနေသံချောင်းခေါက်သည်နှင့် တစ်ပြိုင်နက် ရွာထဲ ရှိရှိသမျှခွေးများအားလုံးလိုလိုပင် လာရောက်ကာစားသောက်ကြတော့သည်။ ဤသို့နှင့်ပင် ဘုန်းကြီးကျောင်းတွင် ခွေးများပေါများလှသောကြောင့် မည်သူမျှပင် ခိုးကြောင်ခိုးဝှက် မလာရဲကြပေ။ သိုသော်လည်း ကျောင်းတွင် ဆွမ်းဟင်းများမှာ ပျောက်မြဲပျောက်ဆဲပင်။ ဘုန်းကြီးကျောင်းသားများအားလည်း အမျိုးမျိုးခြောက်လှန့်လေတော့သည်။ တစ်ညတွင် ဘုန်းကြီး တရားထိုင်နေစဉ် မကောင်းသောသစ်များ အာရုံထဲတွင်ပေါ်လာသဖြင့် အားလုံးကိုလဲပြစ်လိုက်တော့သည်။ ထိုအချိန်မှစ၍ ဟင်းများပျောက်ခြင်း၊ ခြောက်လှန့်ခြင်းများ ဖြစ်ပေါ်ခြင်းမရှိတော့ချေ။
တစ်နေ့တွင် မြို့မှ ဘုန်းကြီး၏အမမှ လာရောက် လည်ပတ်ပြီးအပြန်တွင် ဦးနက်ကြီး၏ တူမအား မွေးစားရန်မြို့ပေါ်သို့ ခေါ်ဆောင်သွားလေသည်။ ဤသည်ကို ဦးနက်ကြီးသည် ဘုန်းကြီး၏အမက သူ၏တူမအား လူကုန်ကူးကာ ရောင်းစားလိုက်သည်ဟု သတင်းလွှင့်လေတော့သည်။ သို့အတွက် ဘုန်းကြီးသည် ဦးနက်ကြီး၏တူမအား ရွာသို့အလည်ပြန်လာရန် ခေါ်လိုက်ရာ ဘုန်းကြီး၏အမသည် ဦးနက်ကြီး၏တူမအား ရွှေများဆင်ပေးလိုက်လေသည်။ ထိုအခါ ဦးနက်ကြီးသည် သူ့တူမအား ဆင်ပေးလိုက်သော ရွှေများကိုယူပြီး ပေါင်ကာ ဖဲရိုက်ပြစ်လိုက်သည်။ ဘုန်းကြီးသည် ငွေစိုက်ပေး၍ ဦးနက်ကြီးအား ရွှေများပြန်သွားရွေးခိုင်းရာ ဦးနက်ကြီးသည် ကြက်တိုက်ပြစ်လိုက်ပြန်သည်။ ထိုအကြောင်းကို ဘုန်းကြီးသိသောအခါ ဦးနက်ကြီးအားခေါ်၍ ဆူလေသည်။ သို့သော်ဦးနက်ကြီးကမူ “ဘယ်တုန်းကလဲ။ ဘယ်လောက်လဲ”ဟု ပြောင်လိမ်ကာ ဘုန်းကြီးအား စော်ကားလေတော့သည်။ ထို့နေ့မှ နောက်တစ်လခန့်အကြာတွင် ဦးနက်ကြီးတစ်ယောက် အစာမစားနိုင်သော ရောဂါဖြစ်ရကာ ထိုရောဂါနှင့်ပင် သေဆုံးသွားလေတော့သည်။
ဦးနက်ကြီး သေဆုံးပြီး မကြာမှီ ဘုန်းကြီးကျောင်းထဲမှ ခွေးမတစ်ကောင်သားပေါက်ရာ အားလုံး ခုနှစ်ကောင်ပေါက်လေသည်။ သို့သော် တစ်ကောင်မှာ တစ်ကိုယ်လုံးနက်မှောင်နေလေသည်။ ထိုခွေးနက်ကလေးသည် အစာချကျွေးတိုင်း ဘုန်းကြီး၏ လက်အား ပြေးကိုက်လေ့ရှိသည်။ အခြားခွေးများ၏ အစာများအားလည်း လုစားတက်ပြီး အလွန်ဆိုးရွားသော ခွေးဖြစ်လေသည်။ တစ်နေ့တွင် ခွေးများအားအစာကျွေးချိန်တွင် ဘုန်းကြီးသည်
“ဒီထဲမှာ ဦးနက်ကြီးပါသလားဟေ့”
ဟုမေးလိုက်ရာ ခွေးနက်ကလေးမှာ ဘုန်းကြီးအားလှည့်ကြည့်လေသည်။ ထို့နောက် ဘုန်းကြီးသည် အမျိုးမျိုးစမ်းသပ်ကြည့်ရာ ခွေးနက်ကလေးသည် ဦးနက်ကြီး ဝင်စားသည်မှာ သေချာသွားသည့်အတွက် အခြားခွေးများနှင့် သပ်သပ်စီခွဲထားရာ ဘုန်းကြီးမြင်တိုင်း ဟောင်နေတော့သည်။ ခွေးဘဝရောက်ချိန်ထိပင် ရန်လိုနေသော ဦးနက်ကြီးခေါ် ခွေးနက်လေးအား ဘုန်းကြီးက လိမ်မာလာအောင် အမျိုးမျိုးသင်ပေးသော်လည်း အရာမထင်ခဲ့ပေ။
တစ်ညတွင် မိုးကြီးလေကြီး ကျရောက်လေတော့သည်။ ပတ်ဝန်းကျင်မှာလည်း ယခင့် ယခင်နေ့များနှင့်မတူ တစ်မူထူးခြားနေလေသည်။ ဤသည်ကိုရိပ်စားမိသော ဘုန်းကြီးသည် ကျောင်းဆောင်အောက်သို့ဆင်းလာရာ ကျောင်းဆောင်၏ အနောက်မြောက်ထောင့် အမှောင်ရိပ်ထဲမှ မျက်ဝန်းတစ်စုံအား ဘုန်းကြီးတွေ့လိုက်ရသည်။ ထို့နောက် အတန်ကြာစိုက်ကြည့်နေရာမှ ထိုမျက်ဝန်းအစုံသည် အနောက်မြောက်ထောင့်သို့ လှည့်၍ ထွက်ပြေးသွားလေတော့သည်။ နောက်တစ်နေ့မနက် ကျောင်းဝန်းထဲတွင် ခွေးနက်ကလေးတစ်ကောင် ထူးထူးခြားခြား ပျောက်ချင်းမလှ ပျောက်သွားလေတော့သည်။ ဘုန်းကြီးသည် အနီးအနားဝန်းကျင်းသို့ လိုက်ရှာသော်လည်း မတွေ့ရတော့ပေ။ ထိုသို့ဆိုလျှင် ဦးနက်ကြီးခေါ် ခွေးနက်ကလေး အဘယ်သို့ရောက်သွားသနည်း။ ငရဲမှ လွဲ၍ အဘယ်အရပ်ရှိနိုင်ဦးမည်နည်း…
ပြီးပါပြီ။
ဤဖြစ်ရပ်မှန်အား ပြန်လည်ပြောပြပေးခဲ့ပါသော အကိုအား ကျေးဇူးအထူးတင်ရှိပါသည်။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ…
ချစ်စွာသော

Zawgyi Version

ေၾကာက္မက္ဖြယ္ရန္ၿငိဳး (စ/ဆံုး)
—————————————
ဧရာဝတီတိုင္း၊ က်ံဳေပ်ာ္ၿမိဳ႕နယ္ထဲမွ ရြာတစ္ရြာတြင္ မည္သည့္ေခတ္က လက္ရာဟူ၍ တိတိက်က်မသိရသည့္ ေ႐ွးေဟာင္း သစ္သားဘုန္းႀကီးေက်ာင္းပ်က္တစ္ခုႏွင့္ အင္မတန္ လက္ရာေကာင္းလွေသာ အုတ္မ်ားျဖင့္ တည္ေဆာက္ထားေသာ သိမ္ေဟာင္းတစ္လံုး႐ွိေလသည္။ ဤရြာမွ လူအမ်ားစုသည္ ထိုေနရာနားသို႔ အသြားအလာသိပ္မ႐ွိေပ။ သို႔ေသာ္လည္း ဦးနက္ႀကီးဟုေခၚသည့္ ဆိုးေပေနေသာ လူတစ္ေယာက္ကမူ အားလွ်င္အားခ်င္း အဆိုပါ သိမ္ေဟာင္းပ်က္ႀကီးထဲသို႔ဝင္ကာ အရက္ေသာက္လိုက္၊ အေပါင္းအသင္းမ်ားႏွင့္ ဖဲကစားလိုက္ျဖင့္ ေနတက္သည္။ ဦးနက္ႀကီးမွာ တစ္ကိုယ္ရည္၊ တစ္ကာယသမားျဖစ္ၿပီး သူ၏ ညီမထံတြင္ မွီကပ္ ေနထိုင္ေလသည္။
တစ္ေန႔တြင္ ရန္ကုန္ၿမိဳ႕မွ ဘြဲ႔ရပညာတက္တစ္ဦးသည္ ရံုးတစ္ရံုး၍း၌ အလုပ္လုပ္ေနရင္း ဘုန္းႀကီးဝတ္ခ်င္စိတ္ ေပါက္လာေလသည္။ ထို႔ေၾကာင့္ သူ၏ ေမြးရပ္ေျမျဖစ္ေသာ ယခု ဦးနက္ႀကီးေနထိုင္သည့္ရြာသို႔ ျပန္လာကာ ဘုန္းႀကီးဝတ္၍ အဆိုပါ ေက်ာင္းပ်က္ႀကီးတြင္ ေက်ာင္းထိုင္ေလေတာ့သည္။ သည္အခ်ိန္တြင္ ဦးနက္ႀကီးတို႔အဖြဲ႔သည္ သိမ္ေက်ာင္းထဲတြင္ အရက္ေသာက္၊ ဖဲ႐ိုက္ျခင္း မျပဳရေတာ့သျဖင့္ ဘုန္းႀကီးအေပၚတြင္ အၿငိဳးထားေလသည္။ ဘုန္းႀကီးသည္လည္း သီလ၊ သမာဓိေကာင္းေကာင္းႏွင့္ တရားအလုပ္ကို မနားမေနအားထုတ္ရာ ပါရမီအခံလည္း႐ွိေသာေၾကာင့္ မၾကာမွီပင္ မေနာဓာတ္ရကာ ရြာမွလူမ်ားအား ေဆးကုသေပးေလေတာ့သည္။ ထိုအထဲမွ အမ်ားစုမွာ ေႁမြအကိုက္ခံရသူမ်ားျဖစ္ၾကၿပီး ဘုန္းႀကီး၏ ကုသေပးမႈေၾကာင့္ အသက္ေဘးမွ လြတ္သြားသူမ်ား အေတာ္မ်ားလာသည္။ ဘုန္းႀကီးမွာလည္း ေန႔ခ်င္းညခ်င္းပင္ နမည္ႀကီးလာကာ ဘုန္းႀကီးေက်ာင္းအား ျပဳျပင္ေပးမည့္ အလႉ႐ွင္မ်ား ေပၚေပါက္လာေလေတာ့သည္။
ဤ အေျခအေနအား အသံုးခ်ရန္ ၾကံစည္ေနသူမွာေတာ့ ဦးနက္ႀကီးပင္ျဖစ္သည္။ ဦးနက္ႀကီးသည္ ဘုန္းႀကီးအား ဤရြာတြင္ ဆက္လက္၍ မေနထိုင္ႏိုင္ေစရန္ ေက်ာင္းေဆာက္ရာတြင္ ဝိုင္းကူျပင္ေပးရင္း သစ္စုန္းအား ပ်ဥ္ခင္းတစ္ခုတြင္ ထည့္သြင္းအသံုးျပဳၿပီး လူေသအေခါင္းမွ ပ်ဥ္တစ္ခ်ပ္အား မီးဖိုေဆာင္အကာတြင္ ထည့္လိုက္ေလသည္။ အဆိုပါေက်ာင္းႀကီးျပင္ဆင္းၿပီးေသာတစ္ေန႔တြင္ ဘုန္းႀကီးတရားထိုင္ေနခ်ိန္ ၾကမ္းျပင္ေပၚတြင္ ေျခနင္းသံမ်ား ၾကားရေလသည္။ ထိုအခါ ဘုန္းႀကီးလည္း ယခင္ထက္ တရားအလုပ္အား ပို၍ပင္ ဂ႐ုတစိုက္လုပ္လာေလေတာ့သည္။ သို႔ေသာ္လည္း တစ္ေန႔ထက္တစ္ေန႔ ပို၍ပို၍ပင္ ဆိုးရြားလာကာ မီးဖိုေဆာင္မွ ဆြမ္းဟင္းမ်ားလည္း မၾကာခဏ ေပ်ာက္ေလသည္။
ထို႔ေနာက္ ဘုန္းႀကီးသည္ ေက်ာင္းတြင္ မိဘမဲ့ ကေလးမ်ားအား ေခၚယူေမြးထားကာ တစ္ခ်ိဳ႕ သကၤန္းစည္းခ်င္သူမ်ားအား သကၤန္းစည္းေပးေလသည္။ ထိုမွ်ပင္မကေသး ေခြးေလ၊ ေခြးလြင့္မ်ားအားလည္း ေက်ာင္းတြင္ေမြးထားကာ အစာေကြၽးေလသည္။ ညေနဘက္တြင္ ေက်ာင္းအတြင္းမွ ေခြးမ်ားအား စတီးဇလံုမ်ားျဖင့္ အေသအခ်ာ စည္းကမ္းတက် ေကြၽးရာ ရြာထဲ႐ွိ ေခြးမ်ားပါ လာေရာက္ စားေသာက္ၾကေလေတာ့သည္။ ေနာက္ပိုင္းဆိုလွ်င္ ညေနသံေခ်ာင္းေခါက္သည္ႏွင့္ တစ္ၿပိဳင္နက္ ရြာထဲ ႐ွိ႐ွိသမွ်ေခြးမ်ားအားလံုးလိုလိုပင္ လာေရာက္ကာစားေသာက္ၾကေတာ့သည္။ ဤသို႔ႏွင့္ပင္ ဘုန္းႀကီးေက်ာင္းတြင္ ေခြးမ်ားေပါမ်ားလွေသာေၾကာင့္ မည္သူမွ်ပင္ ခိုးေၾကာင္ခိုးဝွက္ မလာရဲၾကေပ။ သိုေသာ္လည္း ေက်ာင္းတြင္ ဆြမ္းဟင္းမ်ားမွာ ေပ်ာက္ျမဲေပ်ာက္ဆဲပင္။ ဘုန္းႀကီးေက်ာင္းသားမ်ားအားလည္း အမ်ိဳးမ်ိဳးေျခာက္လွန္႔ေလေတာ့သည္။ တစ္ညတြင္ ဘုန္းႀကီး တရားထိုင္ေနစဥ္ မေကာင္းေသာသစ္မ်ား အာရံုထဲတြင္ေပၚလာသျဖင့္ အားလံုးကိုလဲျပစ္လိုက္ေတာ့သည္။ ထိုအခ်ိန္မွစ၍ ဟင္းမ်ားေပ်ာက္ျခင္း၊ ေျခာက္လွန္႔ျခင္းမ်ား ျဖစ္ေပၚျခင္းမ႐ွိေတာ့ေခ်။
တစ္ေန႔တြင္ ၿမိဳ႕မွ ဘုန္းႀကီး၏အမမွ လာေရာက္ လည္ပတ္ၿပီးအျပန္တြင္ ဦးနက္ႀကီး၏ တူမအား ေမြးစားရန္ၿမိဳ႕ေပၚသို႔ ေခၚေဆာင္သြားေလသည္။ ဤသည္ကို ဦးနက္ႀကီးသည္ ဘုန္းႀကီး၏အမက သူ၏တူမအား လူကုန္ကူးကာ ေရာင္းစားလိုက္သည္ဟု သတင္းလႊင့္ေလေတာ့သည္။ သို႔အတြက္ ဘုန္းႀကီးသည္ ဦးနက္ႀကီး၏တူမအား ရြာသို႔အလည္ျပန္လာရန္ ေခၚလိုက္ရာ ဘုန္းႀကီး၏အမသည္ ဦးနက္ႀကီး၏တူမအား ေရႊမ်ားဆင္ေပးလိုက္ေလသည္။ ထိုအခါ ဦးနက္ႀကီးသည္ သူ႔တူမအား ဆင္ေပးလိုက္ေသာ ေရႊမ်ားကိုယူၿပီး ေပါင္ကာ ဖဲ႐ိုက္ျပစ္လိုက္သည္။ ဘုန္းႀကီးသည္ ေငြစိုက္ေပး၍ ဦးနက္ႀကီးအား ေရႊမ်ားျပန္သြားေရြးခိုင္းရာ ဦးနက္ႀကီးသည္ ၾကက္တိုက္ျပစ္လိုက္ျပန္သည္။ ထိုအေၾကာင္းကို ဘုန္းႀကီးသိေသာအခါ ဦးနက္ႀကီးအားေခၚ၍ ဆူေလသည္။ သို႔ေသာ္ဦးနက္ႀကီးကမူ “ဘယ္တုန္းကလဲ။ ဘယ္ေလာက္လဲ”ဟု ေျပာင္လိမ္ကာ ဘုန္းႀကီးအား ေစာ္ကားေလေတာ့သည္။ ထို႔ေန႔မွ ေနာက္တစ္လခန္႔အၾကာတြင္ ဦးနက္ႀကီးတစ္ေယာက္ အစာမစားႏိုင္ေသာ ေရာဂါျဖစ္ရကာ ထိုေရာဂါႏွင့္ပင္ ေသဆံုးသြားေလေတာ့သည္။
ဦးနက္ႀကီး ေသဆံုးၿပီး မၾကာမွီ ဘုန္းႀကီးေက်ာင္းထဲမွ ေခြးမတစ္ေကာင္သားေပါက္ရာ အားလံုး ခုႏွစ္ေကာင္ေပါက္ေလသည္။ သို႔ေသာ္ တစ္ေကာင္မွာ တစ္ကိုယ္လံုးနက္ေမွာင္ေနေလသည္။ ထိုေခြးနက္ကေလးသည္ အစာခ်ေကြၽးတိုင္း ဘုန္းႀကီး၏ လက္အား ေျပးကိုက္ေလ့႐ွိသည္။ အျခားေခြးမ်ား၏ အစာမ်ားအားလည္း လုစားတက္ၿပီး အလြန္ဆိုးရြားေသာ ေခြးျဖစ္ေလသည္။ တစ္ေန႔တြင္ ေခြးမ်ားအားအစာေကြၽးခ်ိန္တြင္ ဘုန္းႀကီးသည္
“ဒီထဲမွာ ဦးနက္ႀကီးပါသလားေဟ့”
ဟုေမးလိုက္ရာ ေခြးနက္ကေလးမွာ ဘုန္းႀကီးအားလွည့္ၾကည့္ေလသည္။ ထို႔ေနာက္ ဘုန္းႀကီးသည္ အမ်ိဳးမ်ိဳးစမ္းသပ္ၾကည့္ရာ ေခြးနက္ကေလးသည္ ဦးနက္ႀကီး ဝင္စားသည္မွာ ေသခ်ာသြားသည့္အတြက္ အျခားေခြးမ်ားႏွင့္ သပ္သပ္စီခြဲထားရာ ဘုန္းႀကီးျမင္တိုင္း ေဟာင္ေနေတာ့သည္။ ေခြးဘဝေရာက္ခ်ိန္ထိပင္ ရန္လိုေနေသာ ဦးနက္ႀကီးေခၚ ေခြးနက္ေလးအား ဘုန္းႀကီးက လိမ္မာလာေအာင္ အမ်ိဳးမ်ိဳးသင္ေပးေသာ္လည္း အရာမထင္ခဲ့ေပ။
တစ္ညတြင္ မိုးႀကီးေလႀကီး က်ေရာက္ေလေတာ့သည္။ ပတ္ဝန္းက်င္မွာလည္း ယခင့္ ယခင္ေန႔မ်ားႏွင့္မတူ တစ္မူထူးျခားေနေလသည္။ ဤသည္ကိုရိပ္စားမိေသာ ဘုန္းႀကီးသည္ ေက်ာင္းေဆာင္ေအာက္သို႔ဆင္းလာရာ ေက်ာင္းေဆာင္၏ အေနာက္ေျမာက္ေထာင့္ အေမွာင္ရိပ္ထဲမွ မ်က္ဝန္းတစ္စံုအား ဘုန္းႀကီးေတြ႔လိုက္ရသည္။ ထို႔ေနာက္ အတန္ၾကာစိုက္ၾကည့္ေနရာမွ ထိုမ်က္ဝန္းအစံုသည္ အေနာက္ေျမာက္ေထာင့္သို႔ လွည့္၍ ထြက္ေျပးသြားေလေတာ့သည္။ ေနာက္တစ္ေန႔မနက္ ေက်ာင္းဝန္းထဲတြင္ ေခြးနက္ကေလးတစ္ေကာင္ ထူးထူးျခားျခား ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားေလေတာ့သည္။ ဘုန္းႀကီးသည္ အနီးအနားဝန္းက်င္းသို႔ လိုက္႐ွာေသာ္လည္း မေတြ႔ရေတာ့ေပ။ ထိုသို႔ဆိုလွ်င္ ဦးနက္ႀကီးေခၚ ေခြးနက္ကေလး အဘယ္သို႔ေရာက္သြားသနည္း။ ငရဲမွ လြဲ၍ အဘယ္အရပ္႐ွိႏိုင္ဦးမည္နည္း…
ၿပီးပါၿပီ။
ဤျဖစ္ရပ္မွန္အား ျပန္လည္ေျပာျပေပးခဲ့ပါေသာ အကိုအား ေက်းဇူးအထူးတင္႐ွိပါသည္။ စာဖတ္သူအားလံုး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ…
ခ်စ္စြာေသာ