ဘဝခြားမှ ဖခင်မေတ္တာ

ဘဝခြားမှ ဖခင်မေတ္တာ(စ/ဆုံး)
—————————————–

ရာသီတွေ အလီလီပြောင်းလဲခဲ့ပေမယ့် နေ
ခြည့်ရင်ထဲက နာကြည်းချက်နဲ့ အမုန်းတရား
တွေကတော့ ပြောင်းလဲသွားမည် မဟုတ်ပါလား။
ဘာလိုလိုနှင့်နေခြည့်သားလေး
တောင် လေးနှစ်ပြည့်တော့မည်။ သားလေး ကို လသားအရွယ်ထဲကပင် အဘွားဖြစ်သူနှင့် ထားခဲ့ကာ နေခြည် ထိုင်းတွင်အလုပ်သွား လုပ်ခဲ့ရသည်။ သားငယ်လေးကို မခွဲချင်ပေ မယ့်လည်း သားလေးရဲ့နောင်ရေးအတွက်
သူမ ပိုက်ဆံကြိုးစားရှာဖွေ စုဆောင်းရမည်မဟုတ်ပါလား။

သားလေးကို ထားပြီးထွက်သွားရပေမယ့် သူမ နေ့တိုင်း ငိုနေခဲ့ရသည်။ နို့ချိုတွေ တက် လာတိုင်း သူမ ကျိတ်ငိုခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ပါ။ မိခင်နို့မစို့ရဘဲ ကြီးပြင်းလာ ရသော ကလေးမို့ သားလေးအား ပို၍ သနားပိုခဲ့ရသည်။ သားလေး မွေးနေ့အမီ ပြန်ရန် ကြိုးစားနေရသည်လေ။ သားလေး နာမည်က ‘ရဲရင့်သွေး’တဲ။ လှတယ်မဟုတ် လား။ လူ့လောက အလယ်မှာ ရဲရဲရင့်ရင့် ရပ်တည်နိုင်အောင်ပေါ့။
သားလေးနဲ့ ညတိုင်း ဖုန်းပြောဖြစ်သည် လေ။ သားလေးက အရွယ်နဲ့မလိုက်အောင် စကားလည်း အရမ်းတတ်တာ။ မိခင်နဲ့ အတူ မနေရရှာပေမဲ့ မိခင်အား မစိမ်းဘဲ ခွဲတတ် သေးသည်လေ။
“ဟယ်လို သားသားရေ၊ မေမေပါ မေမေ့ကို

လွမ်းနေတာလား၊ မေမေ့သားလေးက” “သားသားက မေမေ့ကို အရမ်းလွမ်းနေ တာ မေမေ သားသားဆီ ဘယ်တော့ ပြန်လာ မှာလဲဟင်။ မေမေ့ကို သားသားက တွေ့ချင်
နေတာ’
အရွယ်နဲ့မလိုက် စကားတတ်လွန်းသော သားလေးကြောင့် နေခြည့် ရှိုက်ခနဲ ဖြစ်သွား သည်။ မိခင်မေတ္တာ လိုချင်နေသော ကလေး မဟုတ်ပါလား။ ဒီအရွယ်ဆိုတာ မိခင် ရင်ခွင် ထဲ တီတီတာတာ ချွဲနွဲ့နေရမယ့် အရွယ်လေး မဟုတ်လား။
‘မေမေ ပြန်လာမှာပေါ့ သားသားရဲ့။ သား သားလေး မွေးနေ့ မတိုင်မီ မေမေ အမီ ပြန်လာမယ်နော်။ သားလေးက အဘွား စကားကို နားထောင်နော်။ အိမ်ပြင်လည်း ထွက်မဆော့နဲ့နော်’
“သားသားကလိမ္မာပါတယ် မေမေရဲ့။ ခြံထဲ

မှာပဲ ဆော့တာ၊ မေမေ မြန်မြန်ပြန်လာပါ နော် ဘွားဘွားက သားသားကို ဆူတယ်” “ဘွားဘွားက မေ့သားကို ဘာလို့ဆူရတာ လဲ၊ သားက ဘွားဘွား မကြိုက်တာ လုပ်လို့
လား’ “အမယ်လေးအေ။ ဒီ သားအမိနှစ်ယောက်
ငါ့ကို ပြဿနာရှာနေတယ်။ ညည်းသားကို
ဆူလဲမဆူ၊ရိုက်လဲမရိုက်ရဲပါဘူးတော်။
တစ်ခါ စိတ်ကောက်တိုင်း တစ်ခါ အရုပ်နဲ့
ချော့ရလွန်းလို့ပါ”“ခစ် ခစ် ခစ် မေမေရော နေကောင်းရဲ့
လား”“ကောင်းပါတယ်သမီးရယ်။သမီး
ဘယ်တော့ ပြန်လာမလဲ ဘာမှ ဝယ်မလာခဲ့နဲ့ ဦးနော်။ လျှောက်ဝယ်လာမှာ စိုးလို့”
“ဟုတ်ကဲ့ပါ မေမေရဲ့၊ မဝယ်ပါဘူး။ သား လေးရော အပြင်တွေ ထွက်ပြီး ဆော့သေးလား’
“တစ်နေကုန် ခြံထဲမှာပဲ နေတာပါအေ။ တစ်ယောက်တည်း .. အရုပ်တွေနဲ့ ဆော့ နေကျ။ သမီးလည်း နေကောင်းအောင်နေပြန်လာခါနီးမှ နေမကောင်း ဖြစ်နေဦးမယ်”
“ဟုတ်ကဲ့ပါ မေမေ။ အဲဒီလိုဆို သမီး ဖုန်းချ
လိုက်တော့မယ်နော်။ မနက်အလုပ် စောစော
ဆင်းရမှာမို့’‘အေး သမီး အေးအေး။ ငါ့သမီးလေး ကျန်းမာချမ်းသာပါစေကွယ်။ အစစအရာရာ လည်း အဆင်ပြေချောမွေ့နေရပါစေ” “ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ မေမေ မေမေ သမီးဖုန်း ချပြီနော်”
အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံး လာခဲ့ရာ သူမ ပြန်ရမည့် ရက်တောင် ရောက်လာခဲ့လေပြီ။ မနက် အလုပ်ရောက် တော့ အလုပ်ကြိုးစားသော နေခြည့်အား

အလုပ်ရှင် သူဌေးမှ ခေါ်၍ လစာအပြင် ဘောနပ်စ်ပါထုတ်ပေးလိုက်သည်။
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများကလည်း သားလေးအတွက် လက်ဆောင်တွေ ထည့်
ပေးလိုက်သည်။ “သားသားရေ၊ သားလေး ရဲရင့်
မေမေ ပြန်လာပြီ။ မေမေ သားလေးရောဟင် ခေါ်
လည်း မရပါလား” “ရှိပါတယ်တော်။ ခဏနားပါ။ အမေ ခေါ် ပေးမယ်။ မြေးလေးရေ မြေးလေး မေမေ
ပြန်လာပြီ။ လာခဲ့တော့ နောက်မှဆော့။ ညည်းသားက နောက်ဖေးမှာ ဆော့နေတာပါ
အေ လာပြီ” “ဟာ… မေမေ ပြန်လာပြီ မေမေသားသား နဲ့ အတူတူနေမှာ မို့လားဟင် ပြန်မသွားပါနဲ့ တော့နော်”
နေခြည် သားလေးအား ဖက်ထားလိုက်မိ တော့သည်။ မိခင်မေတ္တာ ဘယ်လောက်များ
လိုနေရှာမလဲ။ “မေမေ ပြန်မသွားတော့ပါဘူး။
သားလေး ရဲ့ မေ့သားလေးနဲ့ တူတူနေဖို့ အပြီး ပြန်လာ တာ ဒီမှာကြည့်စမ်း သားလေးအတွက် အရုပ်
တွေ” “ယေး အဲဒါမှ သားသားမေမေကွ။ အရုပ် တွေ အများကြီးပဲ အဲဒါကြောင့် မေမေ့ကို ချစ် တာ အာဘွား”
လေထဲမှာပဲ ရနေကျ ဖြစ်တဲ့ သားလေးရဲ့ အနမ်းကို မထင်မှတ်ဘဲ တကယ်ရလိုက်ရ
သောကြောင့် အတိုင်းမသိ ပျော်ရွှင်ခဲ့ရသည်။
“အဲဒီလောက် အများကြီး ဘာလို့ဝယ်လာ
တာလဲ သမီးရယ် မဝယ်ခဲ့ပါနဲ့ ဆိုတာကို”
“သူငယ်ချင်းတွေက သားလေးအတွက်
ဝယ်ထည့်ပေးလိုက်တာပါ မေမေ။ ဝယ်လာ တာ မဟုတ်ပါဘူး”

ခဏ
“ကဲ သမီးလည်း ခရီးပန်းလာတယ်။ နားပြီး ရေချိုးလိုက် ပြီးရင် အိပ်ရာထဲ ခဏ
ဝင်နားနေလေ” “ဟုတ်ကဲ့ပါ မေမေ။ သားသားရော အိပ်မ
လား လာလေ” “သားသား အိပ်ဘူး။ မေမေ ဝယ်လာတဲ့ အရုပ် သွားကြွားဦးမယ် တာ့တာ’
ဟင် သားမှာ သူငယ်ချင်းရှိတယ်။ အပြင် လည်း မထွက်ဘဲ ဘယ်က သူငယ်ချင်းလဲ။ အိမ်နီးနားချင်း ကလေးပဲ နေမှာပါလေ” နေခြည် ခရီးပန်းလာသော အရှိန်ဖြင့် မည်
မျှပင် အိပ်ပျော်သွားသည် မသိ မေမေ
မှပင် နှိုးသွားတော့သည်။
လာနှိုး သမီး နေခြည် ထ ထတော့။ ညစာ စားချိန် တောင်ရောက်ပြီ။ ထမင်းစားပြီးမှ ပြန်အိပ် ချင်အိပ် ဟုတ်ပြီလား”

“မစားတော့ဘူး မေမေ၊ ဗိုက်သိပ်မဆာလို့ ပြန်အိပ်တော့မယ်နော်”
အမှန်တကယ်ကတော့ ညစာ မစားဘဲ
အိပ်ရင် မနက် ဗိုက်အောင့်တတ်သော နေခြ ည့်အကြောင်းကိုသိ၍ မေမေ့အား စနောက် ခြင်းပင်။ ဘယ်လောက်အသက် ကြီးနေပါစေ မိဘမေတ္တာရိပ်အောက်
ကလေးပဲ မဟုတ်ပါလား။ ရောက်သွားရင်
“ကလေးလို လုပ်မနေနဲ့ ထတော့၊ ငါ့မြေး တောင် အဲဒီလောက်မဆိုးဘူးအေ ထ ထ” မေမေပြောပြောဆိုဆိုနှင့် ထွက်သွားတော့ နေခြည်ရယ်ရင်း နောက်ကနေ လိုက်ထွက်ခဲ့ သည်။ သားလေးကြည့်တော့ နေခြည်ပါလာ
သော အရုပ်များဖြင့် ဆော့နေသည်။
ထမင်းစားသောက်ပြီး သားလေးဆော့တာ
ထိုင်ကြည့်ရင်း အတိတ်ကို ပြန်စဉ်းစားမိ ပြန်သည်။

လွန်ခဲ့သော ငါးနှစ်ကျော်က
“နေခြည် နင့်ကိုငါ ချစ်တယ်ဟာ။ နင်ငါ့ကို
ပြန်ချစ်ရမယ်” “ဟဲ့ အောင်အောင် နင်ရူးနေလား။ ငါ့မှာ
ချစ်သူရှိတာ နင်လည်း အသိ” “မလိုချင်ဘူးဟာ။
အဲဒီကောင်ကို အဆက်ဖြတ်ရမယ် နင့်ကိုငါ အရမ်းချစ်တာ
ပါဟာ။ ငါ့ကိုပဲ ပြန်ချစ်ရမယ်”
“တော်ပြီဟာ ငါ့ရှေ့ကဖယ်။ ငါနောက်ကျ
နေပြီ” ထွက်သွားသော နေခြည့်ကို အောင်အောင်

လှမ်းကြည့်ရင်း…
‘နင်ငါ့ပဲ လက်ထပ်ရမယ် နေခြည်။ နင့် ကောင်ကို အဆက်ဖြတ်လိုက်တော့ ဟား…
ဟား…’
ဒီငမူးတစ်ကောင်နဲ့ အတော်ပင် စိတ်ညစ် နေရပြီလေ။ နေ့တိုင်းပင် တစ်နေ့တစ်မျိုး မရိုးရလေအောင် လာနှောင့်ယှက်နေတော့ အရမ်းပင် မုန်းနေမိသည်။
“နေခြည် ငါပြောထားတဲ့ဟာ အဖြေပြန်
ပေးလေဟာ’
“အောင်အောင် နင်မူးနေလည်း အေးဆေး နေ။ ငါ့ကို ပြဿနာ လာမရှာနဲ့ ဖယ် ငါ့ ရှေ့က
ချစ်”
“မဖယ်ဘူး၊ နင့်ကို ငါချစ်တယ်ဟာ ငါ့ပြန်
“ဟဲ့ ငါ့မှာ သူရိန်ရှိနေတယ်လေဟာ။ ငါ သူ့

ကိုပဲ ချစ်တာ”
“တောက်၊ မချစ်ရဘူး။ အဲဒီကောင်မှ အဲဒီ ကောင် ဖြစ်နေရအောင် အဲဒီကောင်က ငါ့ ထက် ဘာတွေ သာနေလို့လဲပြော”
ဟား၊ သာတာပေါ့ဟယ်၊ နင့်ထက်
အဆတစ်ရာမက သာတယ်။ သူက နင့်လို အချိန်ပြည့် သောက်စားမူးရူးနေတာ မဟုတ်
ဘူး။ အလုပ်နဲ့အကိုင်နဲ့ လူတိုင်းလည်း ချစ်
ကြတဲ့သူ လူကြီးမှန်းလည်း သိတတ်တယ်။
နင့်လိုမဟုတ်ဘူး’
“နင်ပြန်မချစ်ရင် ငါ့ကိုယ်ငါ သတ်သေမှာ နေခြည်’
“သေပေါ့ဟာ နင့်ဘာသာ ရူးပြီးသတ်သေ တာ ငါကတားမယ် ထင်နေလို့လား” “အေး နင်မတားမှန်း သိတယ် ဒါပေမဲ့ ငါ ချစ်တဲ့ နင့်ကိုဟိုကောင်လည်း မရစေရဘူး။ သူ့ပါ ငါသတ်မှာ။ ပြီး နင့်ကို ငါနဲ့အတူခေါ်

သွားမှာ ငါချစ်တဲ့ နင့်ကို ဘယ်သူမှ မရစေရ ဘူး’
“နင်ရူးနေလား။ နင်သူရိန့်ကို ဘာမှ မလုပ် ရဘူးနော်”
‘အဲဒါဆို နင်ငါ့ကို လက်ထပ်လေ၊ နင်သာ ငါ့ကို လက်ထပ်မယ်ဆို အဲဒီကောင်ကို ဘာမှ လုပ်စရာ မလိုဘူး”
“အေး နင့်ကိုငါ လက်ထပ်မယ်။ သူရိန့်ကို ဘာမှမလုပ်ပါဘူးလို့ ကတိပေး ငါ့ကို”
‘ပေးတယ်ဟာ ပေးတယ်’
မြို့နယ်ခန်းမကြီးထဲတွင်တော့ အောင်နိုင်
သူအပြုံးနဲ့ ရယ်မော ပျော်ရွှင်နေတဲ့
သတို့သားနှင့် နာကြည်းစွာ မျက်ရည်မိုးများ
ပြိုမကျအောင် ထိန်းထားတဲ့ သတို့သမီးတို့
နှစ်ဦး။ သူရိန်တော့ နေခြည့်ကို နာကြည်းနေ
မည်ပေ။

အောင်အောင်
တစ်ယောက် မိန်းမရ
ပြီးသည်နှင့် ဆိုင်ကယ်ကယ်ရီ ဆွဲတဲ့အလုပ် လေး လုပ်သည်။ နေခြည့်အားလည်း အရမ်း ချစ်သဖြင့် နေခြည်ဘက်မှလည်း ဇနီးမယား တာဝန်ကျေပွန်စွာ ဆက်ဆံခဲ့သည်။ လူတစ်
ယောက်ရဲ့ ဗီဇကဘယ်တော့မှ
ဖျောက်ဖျက်၍ မရဘူးဆိုသည်မှာ အမှန်ပင်။
အောင်အောင် ခွေးမြီးကောက် ကျည်ထောက်
စွပ်ဆိုသည့် စကားပုံအတိုင်းပင် သောက်စား
မူးယစ်လာပြန်သည်လေ။
မူးလာတိုင်း နေခြည့်အား ရိုက်နှက်
နှိပ်စက်ခဲ့သည်။ အခုဆို မူးယစ်ဆေးတွေပါ
သုံးလာခဲ့လေသည်။ အချိန်တွေကြာလာ
သည်နှင့် အမျှ နေခြည် ကိုယ်ဝန်ရလာ
တော့သည်။
“အောင်အောင် ငါ့မှာ ကိုယ်ဝနရှိနေပြီဟ။ နင်ကလေးအဖေ ဖြစ်တော့မယ်ဟ သိလား”

“ဘာ၊ ကိုယ်ဝန် ဟုတ်လား ငါက အဖေ
ဟုတ်လား။
ဟားဟား
ငါက နာမည်ခံ
ကလေးအဖေ နေမှာပေါ့ဟာ။ နင် ခွေး
ဇာတ်ခင်းရတဲ့ ကလေးနေမှာပေါ့”
“အောင်အောင် … နင်အရမ်းလွန်နေပြီနော်။
ငါ့သိက္ခာကို မစော်ကားနဲ့၊ နင်မူးနေရင် အိပ်
တော့ဟာ။ မနက်မှ ပြောမယ်”
“ဘာမနက် ပြောစရာမလိုဘူး။ နင်က မိန်းမယုတ် ဟိုကောင်နဲ့ရတဲ့ ကလေးမဟုတ်
လား ဒီကလေးက’
“နင်ဆက်မပြောနဲ့တော့
အောင်အောင်။
နင့်ကို အဲဒီလောက်ထိ ယုတ်မာရိုင်းစိုင်းမယ်
လို့ ငါမထင်ခဲ့ဘူး”
“ဟာ အားနေ ငိုနေတာချည်းပဲ။ အကုသိုလ် ကို များတယ်။ အမေ့အိမ်သွားတာပဲ ကောင်း တယ်’
နေခြည် ဒူးနဲ့မျက်ရည် သုတ်နေရတဲ့ ဘဝ

ရောက်နေပြီ။ ရိုင်းစိုင်းမှန်းသိပေမယ့် အဲဒီ လောက် ယုတ်မာမယ်တော့ မထင်ထားမိ။ အောင်အောင် ဆင်းသွားသည်တောင် တစ် လ ပြည့်တော့မယ်။ ခုထိ ဖုန်းလေးတောင်
တစ်ချက် မဆက်ပေ။ သူ့အမေကလဲ မြှောက်
ထိုးပင့်ကော် လုပ်ပြီး ခေါ်ထားလေသည်။ အမှန်ဆို လင်မယား စိတ်ဆိုး၍ စကားများ ခဏပေါ့ ချော့မော့ပြီး ပြန်လွှတ်သင့်သည် မဟုတ်လား။
“ဟဲ့ နေခြည် ထွက်ခဲ့စမ်းပါဦး။ ဟဲ့’
“ဪ… အမေပါလား၊ လာထိုင်လေ အောင်အောင်ရော”
“ငါလာတာ ထိုင်ဖို့ မဟုတ်ဘူး။ ညည်းနဲ့ စာရင်း ရှင်းစရာရှိလို့ မိန်းမပျက်မ’
နေခြည် မိမိသိက္ခာကို လာစော်ကားနေ သဖြင့် အသားများပင် တဆတ်ဆတ် တုန်
လာသည်။

“နေစမ်းပါဦး။ အန်တီ နေခြည်က ဘာတွေ လုပ်နေလို့ ဘာတွေ လာပြောနေတာလဲ” “ငါ့သားဘဝကို ဖျက်ဆီးတဲ့ ကောင်မ။ နင့် ကို ငါ သတ်ပစ်မယ်”
“အန်တီ အရမ်းတရားလွန်လာပြီနော် အန် တီ ့သား ဘဝကို ဖျက်ရအောင် အန်တီ ့ သားက ဘယ်လောက်များ တော်တတ်ခဲ့လို့ လဲ၊ အစထဲက မူးရူးသောက်စားနေတာ မဟုတ်လား”
“နင်ကများ ငါ့သားကို ပြောရဲတယ် ကဲ
ဟယ်’
“ဖြန်း…”
“ကိုယ့်အမေအရွယ်မို့ ကြည့်နေတာ။ အန် တီ တရားလွန်မလာနဲ့နော်။ ထွက်သွားတော့၊ အိမ်ပေါ်ကနေ ထွက်သွား”
“နင်ကများ ငါ့အမေကို မောင်းထုတ်

ရအောင် ငါ့ဘဝကို ဖျက်ဆီးတဲ့ မိန်းမယုတ်
ကများ ကဲဟာ “ဖြန်း ဖြန်း”
ဘယ်အချိန်ထဲက ရောက်လာမှန်း မသိ
သော အောင်အောင်ကပါ လာရိုက်
သောကြောင့် ပို၍ပင် ဒေါသထွက်ခဲ့သည်။
“နေစမ်းပါဦး။ နင့်ဘဝကို ဖျက်ဆီးတယ်
ပြောရအောင် နင်က ဘယ်လောက်တောင်
တန်ဖိုးရှိခဲ့လို့လဲ။ ရည်းစား ရှိပါတယ်ဆိုတဲ့
ငါ့ဘဝကို ဓားထောက်ပြီး အတင်းလက်ထပ်
ခိုင်းခဲ့တာ ဘယ်သူလဲ။ နင်ကသာငါ့ရဲ့
သာယာနေတဲ့ ဘဝကိုဖျက်ဆီးပစ်ခဲ့တာ’
‘ငါ့ရှေ့မှာတောင် … ငါ့သားကို ဒီလေသံနဲ့
ပြန်ပြောနေရင် ငါ့ကွယ်ရာမှာ ဘယ်လောက် ထိတောင် ဆိုးနေမလဲဟင်။ လာ သား။ အဲဒီ လို မိန်းမယုတ်နဲ့ မနေနဲ့တော့”
နေခြည် ဝဋ်ကြွေးတွေ ကုန်သွားပြီသာ သတ်မှတ်လိုက်တော့သည်။ မိမိ၏ မာနနှင့် သိက္ခာကို စော်ကားသွားသောကြောင့် စိတ်နာမိတယ်။ ခလုတ်ထိမှ အမိတဆိုတဲ့
စကားပုံအတိုင်း မိခင်အိမ်သို့သာ ပြန်
တက်နေရတော့သည်။

‘မေမေ သားသားအိပ်ချင်ပြီ၊ သားသားကို
ချော့သိပ်’ သားသား လာပြောမှ အသိ ပြန်ဝင်လာ

“ဪ သားသား လာ။ မေမေသီချင်းဆို
သိပ်မယ်’ သားလေးအား ချော့သိပ်ရင်း နေခြည် ပြန်
အိပ်ပျော်သွားသည်။ မနက် မိုးလင်းတော့
သားသားအနားတွင် မရှိတော့။ နေခြည်
အိပ်ရာက ထကာ မျက်နှာသစ်မနက်စာ စား
လိုက်တော့သည်။
“သားလေးရေ သားသား လာပါဦး။ ဘာ လုပ်နေတာလဲ”
“လာပြီ မေမေ သားသားလာပြီ”
သားလေး
ဘာလုပ်နေတာလဲ။
တစ်ယောက်တည်း နောက်ဖေးမှာ’
“သားသားဖေဖေနဲ့ တူတူပုန်းတမ်း ဆော့
နေတာလေ’
“ဘာပြောတယ်၊ သားသား
သားဖေဖေ
ဟုတ်လား ဘယ်မှာလဲ။ မေမေ့ကိုပြ’
‘ဖေဖေကရှိတော့ဘူး မေမေရဲ့။ သွားပြီ သားသားနဲ့ နေ့တိုင်း တူတူဆော့ပေးတာ’
ဘာပြောတယ် … ဖေဖေနဲ့၊ ဆော့နေတာ
ဟုတ်လား”
“ဟုတ်တယ်လေ မေမေရဲ့။ ဖေဖေနဲ့ နေ့
တိုင်း တူတူဆော့တာ’
‘မေမေရေ မေမေ’
“ဘာလဲအေ။ ညည်းတို့ သားအမိနှစ်

ယောက်ကတော့ တွေ့တာနဲ့ ရန်ဖြစ်နေတာ ချည်းပဲ။ အလုပ်ကို ကောင်းကောင်း မလုပ်ရ
ဘူးအေ’ ‘မေမေ အိမ်ကို အောင်အောင်တို့ လာသေး
လား”
‘မလာပါဘူး သမီးရဲ့ သူ့အမေကတော့ တစ်ခါလာသွားသေးတယ် … သူ့မြေးလေးနဲ့ တွေ့ချင်လို့တဲ့’
“မတွေ့ရပါဘူး။ လာလည်း မလာခိုင်းပါနဲ့။ သားလေးက ခုပြောနေတယ် နေ့တိုင်း သူ့ အဖေနဲ့ အတူတူ ဆော့နေတာတဲ့’
“ဟင် မလာပါဘူး သမီးရဲ့၊ မြေးလေးက သူ့
ဟာသူပဲ ခြံထဲမှာ ဆော့နေတာ’
‘သားလေး မေမေ့ကို မှန်မှန်ပြော၊ သားခြံ
ထဲဘယ်သူနဲ့ ဆော့နေတာလဲ”
“ဖေဖေနဲ့လေ၊ ဖေဖေက သားသားကို အရမ်းချစ်တာ’
“ရဲရင့် မေမေ့ကို မလိမ်နဲ့ မေမေ စိတ်တို လာပြီနော် နောက်ခြံထဲ ဆင်းမဆော့ရတော့
ဘူး’

အောင်အောင်ကလည်း မလာဘူးဆိုတာ
သားသားကလည်း
ကျိန်းသေနေသည်။
ဖေဖေနဲ့ အတူတူ ဆော့တယ်ချည်းပဲ ပြောနေ တော့ နေခြည်စဉ်းစားရ ကျပ်နေတော့သည်။ သားသားမွေးနေ့ ရောက်ဖို့ကလည်း တစ် ပတ်ပဲ လိုတော့သည်ဆိုတော့ အမှားမခံနိုင်
ပေ။

“မေမေ့ကို ချစ်တော့ဘူး။ မေမေက သား
သားကို ဆူတယ် အဟင့်ဟင့်’
ငိုယိုပြီး ထွက်သွားသော .. သားငယ်အား ကြည့်ပြီး နေခြည် သက်ပြင်းချလိုက်မိသည်။
“သမီးရယ် ဒီအရွယ်ကလေးကို အဲဒီလို ဆက်ဆံလို့ မရဘူးလေ။ ချော့မော့ပြီး ပြောပြ

မှ နားလည်မှာပေါ့ကွယ်။ ဒီလိုပုံမျိုးဆို ကလေးစိတ်ထဲ ဒဏ်ရာရသွားမှာပေါ့ သမီး
ရယ်”
သားလေးရဲ့ အမုန်းကိုတော့ နေခြည် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဤသို့ စဉ်းစားရုံ မျှပင် အသည်းထဲမှာ တဆစ်ဆစ် နာကျင် လာခဲ့ရသည် မဟုတ်ပါလား။
“ဟုတ်ကဲ့ပါမေမေ။ သမီးလည်း စိတ်ပူ သွားလို့ပါ။ သားလေးက သူ့အဖေနဲ့ နေ့တိုင်း ဆော့တယ်ချည်းပဲ ပြောနေတော့ စိတ်မထိန်း နိုင်ဖြစ်သွားတာပါ။ နောက်သားလေးကို မဆူ
မိအောင် ထိန်းပါ့မယ်”
နေ့လည် ထမင်းစားသောက်ပြီး အိမ်ပေါ် တွင် ရဲရင့်လေးအား မတွေ့၍ နေခြည်ခြံ
နောက်ဖေးဘက် ထွက်လာခဲ့သည်။
တစ်ယောက်တည်း စကားတွေ ပြောပြီး ဆော့နေသော ရဲရင့်လေးကို … မြင်တော့

နေခြည် ချက်ချင်းပင် သားလေးအား လှမ်း ခေါ်လိုက်သည်။
“သားလေး ဘယ်သူနဲ့ စကားပြောနေတာ လဲဟင်”
“မေမေက သားသားကို ဆူမှာလားဟင်’ ‘မေမေ မဆူပါဘူး။ သားလေးရယ် မေမေ့ ကို ပြောပြနော် ဘယ်သူနဲ့ စကားပြောနေတာ
“ဖေဖေနဲ့ စကားပြောနေတာ မေမေရဲ့။ ဖေဖေကလေ သားသားကို အရမ်းချစ်တာ။ ဟိုတစ်ခါ သားသား သစ်ပင်ပေါ်က ပြုတ်ကျ တော့လည်း ဖေဖေပဲ သားသားကို မနာ
အောင်ဖမ်းပေးတာ။
ဖေဖေက သနားပါ
တယ် မေမေရယ်”
“သားဖေဖေ ဟုတ်လား သူ့နာမည်ကရော
ဘယ်လိုခေါ်လဲ … သားသားသိလား ခုရော
ဘယ်မှာလဲ”

“ဖေဖေ့နာမည်က
အောင်အောင်တဲ့။
မေမေ ရောက်တော့လည်း ဖေဖေက ပြန်
ထွက်သွားပြီ။ မေမေ့စကား နားထောင်ဖို့
လည်း သားသားကိုပြောတယ်”
ရဲရင့်ရဲ့ ပြောစကားကြောင့် နေခြည် သား သားကို အိမ်ပေါ်သို့ ပြန်ခေါ်ပြီး ဒေါ်သူဇာ အား လှမ်းခေါ်လိုက်တော့သည်။
‘မေမေရေ မေမေ’
“ဘာတုန်းအေ၊ ညည်းတို့ကလည်း အမြဲ အလန့်တကြားနဲ့။ သားအမိ နှစ်ယောက် ရန်ဖြစ်ပြန်ပြီလား”
‘မေမေ အောင်အောင့် အမေအိမ်ကို လာ သူ့
သေးတယ်လို့ မေမေ ပြောတယ်နော် သူ့ လိပ်စာ ပေးထားခဲ့လားဟင်”
“လိပ်စာတော့ မပေးခဲ့ဘူး သမီးရဲ့၊ ဖုန်း နံပါတ်တော့ ပေးခဲ့တယ် ဘာဖြစ်လို့လဲ သမီး ယူမလို့လား’

“ဟုတ်မေမေ
သမီးအောင်အောင်နဲ့
ပတ်သက်ပြီး မေးစရာရှိလို့ပါ”
မိခင်ဆီက ဖုန်းနံပါတ် ရတာနှင့် နေခြည်
ဖုန်းခေါ်လိုက်သည်။
“ဟယ်လို” တစ်ဖ်က
ဖြေသံကြားသည်နှင့်
တစ်ပြိုင်နက် နေခြည် ဖုန်းပြန်ချလိုက်
မိသည်။ တစ်ချိန်က မိမိရဲ့ မာနနှင့်သိက္ခာကို
စော်ကားခဲ့သည် မဟုတ်ပါလား။ ခုချိန်ထိ
စကားပြောရန် အဆင်သင့် မဖြစ်သေးပေ။
နေခြည် ပြန်မခေါ်မီကပင် တစ်ဖက်မှ ဖုန်း
ပြန်ခေါ်သောကြောင့်
နေခြည်ကိုင်လိုက်
မိသည်။

“ဟယ်လို … နေခြည်
မဟုတ်လားဟင်။
နေခြည်သမီး အန်တီ ့ကို အခုချိန်ထိ စိတ်နာ
နေမယ်ဆိုတာ အန်တီသိပါတယ်’
“ဟုတ် ခုနေခြည့် စိတ်ထဲမှာ ဘာမှမရှိ

တော့ပါဘူး ။ အန်တီ ့ကို … အောင်အောင်နဲ့ ပတ်သက်ပြီး မေးစရာရှိလို့ပါ”
“အောင်အောင့်အကြောင်း သမီး မသိသေး ဘူးလား။ အောင်အောင် ဆုံးတာ သုံးနှစ် တောင် ပြည့်တော့မယ်လေ .. ဘာဖြစ်လို့လဲ
သမီး’
“ရှင်… သုံးနှစ်တောင် ရှိတော့မယ် ဟုတ်လား၊ အန်တီက အခု ဘယ်မှာလဲ ဟင်… အိမ်လာပေးလို့ ရမလား အောင်
အောင့်ကိစ္စ ပြောစရာတွေရှိလို့ပါ

“အေး… သမီး၊ အန်တီ လာခဲ့မယ် စိတ်ချ
ထိုနေ့တစ်နေ့လုံး သားလေးကိုပဲ နေခြည် စောင့်ကြည့်နေတော့သည်။ ရဲရင့်သွေးလေး တစ်ယောက် ခြံထဲတွင် ပျော်ရွှင်စွာ ဆော့ နေသည်။ တစ်ခါတရံ တစ်စုံတစ်ယောက်နှင့် အပြန်အလှန် ပြောနေတတ်သည်ကို

လည်း တွေ့ရတတ်သည်။ သားလေးရဲ့ မွေးနေ့ကလည်း နောက်နှစ် ရက်ဆို ရောက်ပြီဖြစ်တဲ့ အတွက် ဒီကြားထဲ
အမှားအယွင်း ဖြစ်သွားမည်ကို စိုးရိမ်နေ
မိသည်။ အောင်အောင်လည်း ဆုံးသွားပြီ
ဖြစ်ကြောင်း အတည်ပြုပြီးဖြစ်တာကြောင့်
သားလေးနှင့် အမြဲဆော့နေသူ ဆိုသည်မှာ
တကယ် အောင်အောင်ပဲလား၊ နေခြည် မ
တွေးတတ်တော့။ . ထိုညက နေခြည့်ကို
အောင်အောင်က
ပေးသည်။

အိပ်မက်တစ်ခု
လာ ‘နေခြည် ကိုယ် တောင်းပန်ပါတယ်။ အားလုံးက ကိုယ့်အမှားတွေပါကွာ။ ကိုယ် မူး ရူးပြီး သူများစကားတွေ နားယောင်မိလို့ ဖြစ် သွားတာပါ။ နေခြည့် ကိုယ့်အပေါ် ဇနီးတစ် ယောက်ရဲ့ တာဝန် ကျေခဲ့ပါတယ်။ သားလေး ကို စိတ်မချလို့ သားလေးအနားကနေ စိတ်ချ သွားပါပြီ။ သားလေးရဲ့ မွေးနေ့မှာ ကိုယ့်ကို
အမျှဝေပေးပါ။ ကိုယ် ဒီဘဝကနေ သွားရ တော့မယ်။ သားလေးကို စိတ်ချမယ်နော်။ ကိုယ့်အမှားတွေအတွက်လည်း တောင်းပန်ခဲ့ ပါတယ် နေခြည်’

ထိုအိပ်မက်ကြောင့် နေခြည် လန့်နိုးလာခဲ့ သည်။ ပြတင်းတံခါးများ ပိတ်ထားလျက်နှင့် နေခြည့်အား လေတစ်ချက် တိုက်ခတ်သွား သည်မှာ တိုက်ဆိုင်မှုတစ်ခုလေလား။ နေခြ ည့်အား အတန်တန်တောင်းပန်စကား ပြော ပြီး အမျှဝေပေးရန် ပြောသွားသော အောင် အောင့်အား ကရုဏာ သက်မိသည်။ တစ်ချိန် က ဘယ်လောက်ပင် နာကြည်းစေခဲ့ပါမူ သားလေးရဲ့ အဖေပင် မဟုတ်ပါလား။
နောက်တစ်နေ့ နေ့လယ်ပိုင်း အောင် အောင့်အမေ အိမ်ရောက်လာခဲ့သည်။ အောင် မကျွတ်မလွတ်သေးသည့်
အောင်

အကြောင်း၊ သားလေးအနား ရှိနေသည့် အကြောင်း … ပြောပြတော့ … အောင်အောင့် အဖြစ်အား သနား၍ ငိုနေတော့သည်။ သူ လည်း မိခင်တစ်ယောက် မဟုတ်ပါလား။
မနက်ဖြန်သားလေး မွေးနေ့အတွက် လိုအပ်
သည်များ ပြုလုပ်ပြီး အောင်အောင့်အား
ရေစက်ချ အမျှဝေရင်း
တစ်နေကုန် အချိန်ကုန်ဆုံးခဲ့ကြသည်။
“လွန်ခဲ့သော သုံးနှစ်ခန့်က ၉၆ ပါးရောဂါ ဖြင့် ကွယ်လွန်သွားပြီ ဖြစ်သော အောင် အောင်အား အမျှ ပေးဝေအပ်ပါတယ်။ ကြား ရာအရပ်က လာရောက် သာဓုခေါ်ပါ။ အောင်
အောင်နှင့်တကွ သုံးဆယ့်တစ်ဘုံရှိ မကျွတ် လွတ်သေးသူများ အားလုံးအမျှ ပေးဝေအပ် ပါတယ်။
အားလုံး ကြားကြားသမျှ အမျှ အမျှ မျှ ယူ တော်မူကြပါ ကုန်သော်၊ သာဓု သာဓု သာဓု’

အားလုံး ကြားကြားသမျှ အမျှ အမျှ မျှ ယူ
တော်မူကြပါ ကုန်သော်၊ သာဓု သာဓု သာဓု
အားလုံး ကြားကြားသမျှ အမျှ အမျှ မျှ ယူ
တော်မူကြပါ ကုန်သော်၊ သာဓု သာဓု သာဓု’
ရေစက်ချ အမျှပေးပြီးသည်နှင့်
တစ်ပြိုင်နက် သားလေးရဲရင့်က ထငိုလေ
တော့သည်။
“ဖေဖေ ဘယ်သွားမလို့လဲ။ သားသားနဲ့ မ ဆော့တော့ဘူးလား။ ဒီနေ့ သားသားမွေးနေ့ လေ။ သားသားနဲ့ အတူတူ နေပေးမယ်ဆို အ ဟီးဟီး။ မေမေ ဖေဖေ့ကို မသွားခိုင်းပါနဲ့နော် ပြန်ခေါ်ပေးပါ”
“သားရယ်၊ ဖေဖေက သားသားနားမှာ အ
မြဲရှိနေမှာပါ။ သားလေးက စာကြိုးစားပြီး လိမ်လိမ်မာမာ နေရင် သားသားဆီ ဖေဖေက ပြန်လာမှာပေါ့”
‘မေမေ တကယ် ပြောတာနော်”

“တကယ်ပေါ့ သားလေးရယ်၊ မငိုနဲ့တော့နော်”
နေခြည် သားကိုသာ မငိုရန် ပြောနေမိ
သော်လည်း သူကိုယ်တိုင်ပင် မျက်ရည်မကျမိ
အောင် ထိန်းနေရသည်။
နေခြည်တို့ သားအမိကို ကြည့်ပြီး အလှူလာ ဧည့်သည်
များပင် စိတ်မကောင်း ဖြစ်မိကြတော့သည်။
နောက်ဘဝများ ရှိခဲ့ရင် မိစုံဖစုံနဲ့ အတူတူ
နေရပြီး ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေနဲ့
သားလေးရေ။

သက်တန့်နွေ