“ သက်ရှိ ပန်းချီကား ”(စ-ဆုံး)

Unicode Version

“ သက်ရှိ ပန်းချီကား ”
ဇာတ်လမ်း / စာရေးသူ – “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ – ဆုံး )
“ ဒီလူကို ဘယ်သူအရင်စတွေ့တာလဲ
နောက်ပြီး ဒီအခန်းထဲကို ဘယ်သူအရင်ရောက်ပြီး
ဒီအဖြစ်အပျက်ကို သိသွားတာလဲဆိုတာလေး
တစ်စိတ်လောက်ပြောပြပေးပါ ”
ဒုရဲမှူ း ‘ ထွန်းသစ် ’ မှ ရန်ကုန်မြို့လည်ရှိ
အလွန်ခမ်းနားသော တိုက်ကြီးတစ်ခု၏
ဒုတိယထပ် အခန်းငယ်တစ်ခုအတွင်းမှ
သေဆုံးနေသော သူနှင့် ပတ်သတ်သည့်
အမှုအတွက် မေးမြန်းသင့်သည့် သူများအား
စစ်ဆေးမေးမြန်းနေခြင်းဖြစ်သည် ။
လူသေဆုံးပုံမှာ လွန်စွာ ထူးဆန်းလှသည်
အခန်းမှာ အလုံပိတ်အခန်းဖြစ်ပြီး ပိုင်ရှင်မှအပ
အခြားသူများ လူဝင်လူထွက်ပြုရန် မဖြစ်နိုင်ချေ ။
ဝင်ပေါက်တစ်ခုတည်းသာရှိပြီး ထိုတံခါးကို
ဖွင့်ပြီးမှသာ အခန်းထဲသို့ဝင်နိုင်ပေသည် ။
တိုက်ကြီး၏ လုံခြုံရေးမှာလည်း
လူအစောင့်များအပြင် security camera
များတပ်ဆင်ထားသဖြင့် အဆင့်မှီလှသည် ။
ဒုရဲမှူ း ‘ ထွန်းသစ် ’ လည်း တိုက်ကြီး၏
လျှောက်လမ်းများနှင့် သေဆုံးသူ
အခန်းတစ်လျှောက်လူသွားလမ်းများ ၏ camera
Record များကို စစ်ဆေးနေလေသည် ။
ထူးခြားမှုတစ်စုံတစ်ရာမျှမမြင် ။
သေဆုံးသူ၏ ဘေးခန်းတွင်နေထိုင်သူများအပြင်
တိုက်တစ်ခုလုံးတွင် တာဝန်ကျ လုံခြုံရေးများအား
စစ်ဆေးမေးမြန်းရာတွင်လည်း မည်သူမျှ
ရေရေရာရာ မသိကြ မဖြေနိုင်ကြပေ ။
ထို့အပြင် သေဆုံးသူနှင့်ပတ်သက်၍
အမည် ‘ ဦး ဝင်းကြိုင် ’ ၊
အသက် ၄၀ ကျော်ခန့်ရှိပြီး ၊ အလုပ်အကိုင် မှာ
ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးမှ
ပွဲစားတစ်ဦးဖြစ်ပြီး ၊ ဝါသနာမှာ
ရှေးဟောင်းပစ္စည်းများ စုဆောင်းခြင်းဖြစ်သည် ။
ထိုသူမှာ သူစုဆောင်းထားသည့်ပစ္စည်းများကိုလည်း
အခြားသူများနှင့် လေလံပွဲများတွင်
ဈေးမြှင့်ကာ ရောင်းချနေသူ တစ်ဦးလည်းဖြစ်သည် ။
လူသေမှု ဖြစ်စဉ်မှာ ကွယ်လွန်သူ ‘ ဦး ဝင်းကြိုင် ’ ၏
မှာကြားချက်အရ နေ့စဉ် အခန်းဝန်ဆောင်မှုနှင့်
မနက်စာ လာပို့ပေးနေသည့် အမျိုးသမီးလေး
တစ်ဦးရှိသည် ၊ ထို အမျိုးသမီးလေးမှာ
ပုံမှန်အတိုင်း ‘ ဦး ဝင်းကြိုင် ’ ၏အခန်းတံခါးကို
ခေါက်ကြည့်ရာ အထဲမှ တစ်စုံတစ်ရာ ပြန်မပြောသဖြင့်
တံခါးကိုတွန်းကြည့်ရာ တံခါးမှာ ဖွင့်သားဖြစ်နေသည်ကို
မြင်ရသဖြင့် အခန်းတွင်းသို့ဝင်လိုက်ရာ
အခန်းမီးမှာ မှိတ်ထားလေသည် ၊
တံခါးဖွင့်ထားရာမှ ဝင်လာသည့် အလင်းရောင်ကြောင့်
အခန်းအဝတည့်တည့်ရှိ ထိုင်ခုံတစ်ခုတွင်
‘ ဦး ဝင်းကြိုင် ’ မှာ တံခါးဝဘက်အား
ကျောပေးထိုင်နေလျှက် ရှေ့မှ ပန်းချီကားတစ်ချပ်ကို
ငြိမ်သပ်စွာ ထိုင်ကြည့်နေသည်ကို မြင်လိုက်ရသည် ။
မနက်စာလာပို့သည့် အမျိုးသမီးငယ်လည်း
‘ ဦး ဝင်းကြိုင် ’ ကို မနက်စာရောက်ပြီဖြစ်ကြောင်း
ပြောရာ ‘ ဦး ဝင်းကြိုင် ’ မှ မည်သည့်တုန့်ပြန်မှုမျှ
ပြန်မပြုသည့်အတွက် ‘ ဦး ဝင်းကြိုင် ’ ၏
ပုခုံးကို အသာထိလိုက်ရင်း ခေါ်ကြည့်လိုက်ရာ
ထိုင်နေသည့် ‘ ဦး ဝင်းကြိုင် ’ မှာ ချက်ချင်း
ဘယ်ဘက်သို့ ဇက်ကျိုးကျသွားပြီး
မျက်နာကြီးမှာ ညာဘက်သို့ လှည့်လျက်ဖြစ်သွားလေသည် ။
သူမျက်နာလှည့်လာသည့်ဘက်မှာ
မနက်စာလာပို့သည့် မိန်းမငယ်လေးရှိရာ ဘက်ဖြစ်နေသဖြင့်
မိန်းကလေးမှာ ‘ ဦး ဝင်းကြိုင် ’ ၏
ရုပ်ပျက်ဆင်းပျက်မျက်နာကြီးအား
မြင်လိုက်ပြီးနောက် ငယ်သံပါအောင်အော်ရင်း
ထွက်ပြေးသွားခြင်းဖြစ်သည် ။
မိန်းကလေးမြင်လိုက်ရသည်မှာ
‘ ဦး ဝင်းကြိုင် ’ သည် မျက်လုံးကြီးနှစ်လုံးအလွန်အမင်း
ပြူးထွက်နေလျှက် ပါးစပ်ကြီးများ ပြဲနေပြီး
လျှာတစ်လစ်ကြီးဖြင့် ကြောက်လန့်ဖွယ်ရာ
တစ်စုံတစ်ခုအား မြင်ရ၍ အကြောက်လွန်ပြီး
နှလုံးရပ်ကာ သေဆုံးနေခြင်းဖြစ်သည် ။
အလောင်းအား ခွဲစိတ်စစ်ဆေးရာတွင်လည်း
သေဆုံးချိန်မှာ ည သန်းခေါင်ချိန်ဖြစ်သည်ကို
သိရသဖြင့် မနက်စာလာပို့သည့်
မိန်းကလေးအား သံသယဝင်နိုင်စရာမရှိ ။
ရက်အတန်ကြာသော် ….
` လူသေဆုံးမှုဖြင့် ချိတ်ပိတ်ထားသည့်
အခန်းတွင်းသို့ ဒုရဲမှူ း ‘ ထွန်းသစ် ’ ပြန်ရောက်လာခဲ့သည် ၊
သူကိုယ်တိုင် တာဝန်ယူထားရသည့် အမှူဖြစ်၍
ထိုအမှူ၏ ဖြစ်ရပ်အမှန်ကို ဖော်ထုတ်ရန်
ရေကုန်ခမ်းကုန် ကြိုးစားရမည်မဟုတ်လား ။
အခန်းငယ်လေးမှာ ခြောက်သွေ့နေပြီး
သေဆုံးသူ ထိုင်ခဲ့သည့် ထိုင်ခုံအလွတ်လေးနှင့်
ထိုထိုင်ခုံရှေ့ရှိ ပန်းချီကားတစ်ချပ်ကိုသာ
ဒုရဲမှူး ‘ ထွန်းသစ် ’ အာရုံစိုက်နေမိသည် ။
အထူးသဖြင့် ပန်းချီကား… ။
ပန်းချီကားမှာ နှစ်ပေါင်းအလွန်ကြာမြင့်သည့်ဟန်
ရှိပြီး ရှေးဟောင်းလက်ရာတစ်ခုဖြစ်သည် ၊
ထိုပန်းချီကားသည် အင်္ဂလိပ်ခေတ် မြန်မာပြည်
တစ်နေရာရာရှိ ကလေးငယ်တစ်ဦး၏
ဆင်းရဲမွဲတေကာ ဘဝပျက်၍ ဒုက္ခတစ်ခုခု
ရောက်နေသဖြင့်ဝမ်းနည်းကာ ငိုကြွေးနေဟန်ကို
ပီပီပြင်ပြင် ရေးခြယ်ထားသည် ။
ပန်းချီကားအတွင်းရှိ ကလေးငယ်မှာ
မိန်းကလေးဖြစ်ပြီး အသက်အားဖြင့် ဆယ့်သုံးနှစ်ခန့်သာ
ရှိလောက်သည် ၊ ဆံပင်များမှာ ရှုပ်ထွေးနေပြီး ၊
အပေါက်များ ၊ အပ်ချည်ဖြင့် ဖာထားသည့် ချုပ်ရိုးရာများစွာနှင့်
ပြည့်နှက်နေသော အညိုရောင် အဝတ်အစားကို
ဝတ်ဆင်ထားသည် ။ ကလေးမ၏ မျက်နာတွင်လည်း
သဲများ ၊ ဖုန်များဖြင့် ပေရေနေလျှက်
မျက်ဝန်းအစုံမှ မျက်ရည်များ ပြိုကျနေလေသည် ၊
ထူးခြားချက်မှာ ကလေးမ၏ လက်နှစ်ဖက်မှာ
သူမ၏ အကျီ ၤ အောက်ဘက် အစွန်စများကို
တင်းတင်းဆုပ် ကိုင်ထားလျှက် နှုတ်ခမ်းမျာကို
တင်းထားပုံမှာ တစ်စုံတစ်ရာအား နာကျင်ခံစားရသဖြင့်
မျက်ရည်များကျနေသည့်ကြား ၊ ဝမ်းနည်းသည့်ကြားမှ
အံကိုတင်းထား ၊ စိတ်ကို မလျှော့ပဲ ဒေါသများ နှင့်
နာကျည်းမှုအချို့ ရောထွေးနေပုံဖြစ်သည် ။
မည်သို့ပင်ဆိုစေကာမူ
ပန်းချီဆရာ၏ လက်ရာမှာ အသက်ဝင်လှသည် ။
ထိုခေတ်ထိုကာလမှ ကလေးငယ်တစ်ဦး၏
ခံစားချက်မျိုးစုံဖြစ်နေသည့် ပုံရိပ်အား ကျွမ်းကျင်လှသည့်
ပန်းချီ စုတ်ချက်များဖြင့် ပုံဖော်ထားသည်မှာ
အနုပညာ မြောက်လှသဖြင့် ဒုရဲမှူ း ‘ ထွန်းသစ် ’ ပင်
ရင်ထဲတွင် ဝမ်းနည်းလာသလိုလို ၊
သနားလာသလိုလို ခံစားမိလိုက်ရပေသည် ။
သို့သော် ပန်းချီဆရာ၏ အမည်နှင့်
ပန်းချီကားတွင်းမှ ကလေးငယ်တို့မှာ
ဘယ်သူဘယ်ဝါမှန်း မသိရှိခဲ့ရ ။
တရားခံဟူ၍ သံသယဖြစ်စရာ
တစ်စုံတစပ်ဦးမျှပင်မရှိသော ဤလူသေမှုတွင်
စိတ်ဝင်စားစရာအကောင်းဆုံးမှာ
ထူးထူးခြားခြား အသက်ဝင်နေသည့်
ထိုပန်းချီကားမှာ တစ်ခုတည်းသော
အမှုအတွက်လမ်းစုဖြစ်သည်ဟု ဒုရဲမှူး ယူဆမိလေသည် ။
ထို့ကြောင့် သဲလွန်စရလိုရငြား
ထိုပန်းချီကား ၏ ရာဇဝင်နှင့် သမိုင်းအကြောင်းများ
စစ်ဆေးရန် ပန်းချီကားကို
ကားထဲသို့ထည့်ကာ သူနေထိုင်သော
လိုင်းခန်းသို့ယူဆောင်လာခဲ့ရန်
သူ၏ ကားထဲသို့ထည့်လိုက်သည် ။
လူသေမှုအကြောင်းစိတ်ဝင်စားနေကြသည့်
တိုက်ခန်းမှ လူများက တိုက်ခန်းအောက်ဘက်တွင်
တစ်ရုန်းရုန်းဖြင့် ဒုရဲမှူး ‘ ထွန်းသစ် ’ မှ ပန်းချီကားအား
သေဆုံးသူအခန်းမှ သယ်သွားခြင်းကို
အမျိုးမျိုး ထင်ကြေးပေးနေရစ်ခဲ့သည် ။
ဒုရဲမှူးး ‘ ထွန်းသစ် ’ တစ်ယောက်
သူနေထိုင်ရာ လိုင်းခန်းအတွင်းသို့ ရောက်ရှိပြီးနောက်
ကားအတွင်းမှ ပန်းချီကားအား သူ၏
အခန်းအတွင်းသယ်ဆောင်လာပြီး
အခန်းတစ်နေရာတွင် ခေတ္တ ထောင်ထားလိုက်သည် ။
ထို့နောက် ကိုယ်လက်သန့်စင်ရန်နှင့်
လန်းဆန်းသွားစေရန် ရေမိုးချိုးလေတော့သည် ။
ဒုရဲမှူးး ‘ ထွန်းသစ် ’ ရေချိုးနေချိန်တွင် ရေချိုးခန်းအပြင်မှ
ကလေးတစ်ဦး၏ ငိုသံကို
သဲသဲကွဲကွဲကြားလိုက်ရလေတော့သည် ။
သူနေထိုင်ရာ လိုင်းခန်းမှာ လူပျိုဆောင်ဖြစ်၍
မည်သည့် ကလေးမျှ မရှိသည်မှာသေချာလှသည် ။
အဘယ်ကြောင့်ကလေးငိုသံကြားရသနည်း ။
ဒုရဲမှူး ‘ ထွန်းသစ် ’ လည်း ရေကို
ကမန်းကတန်းချိုးပြီးနောက်
အခန်းတွင်းသို့ချက်ချင်းပြေးသွားပြီး
ငိုသံကြားရသည့်နေရာကိုလိုက်ရှာရင်း
သူ၏မျက်လုံးများသည် အမှတ်မထင်
နံရံကိုမှီကာထောင်ထားသည့် ပန်းချီကားအား
မြင်လိုက်ရင်း ကြောင်သွားပြီး ခေတ္တမျှ
စိုက်ကြည့်နေမိလေသည် ၊
ပန်းချီကားအတွင်းမှ ကလေးငယ် ငိုသံပေလော ။
ထိုအချိန်တွင် ထူခြားစွာ ထိုင်းမှိုင်းသည့်
ရနံ့တစ်ခုကိုရလိုက်လေသည် ၊ သွေးညှီနံ့ လော
ဟောင်းနွမ်းနေသည့် ပန်းချီကားမှ ဆေးနံ့များလေလော
သေချာမသိနိုင်ချေ ။
စဉ်းစားနေသည့် အတွးများအား ရပ်တန့်လိုက်ရင်း
ဒုရဲမှူး ‘ ထွန်းသစ် ’ အိပ်ယာထက်တွင် ကျောခင်းလိုက်ရင်း
နိုးတစ်ဝက် ၊ အိပ်တစ်ဝက် ဖြစ်နေလေသည် ။
ထိုအချိန်တွင် သူရောက်ရှိနေသည့်နေရာမှာ
သူ၏ လိုင်းခန်းမဟုတ်ပဲ မြို့ကြီးတစ်မြို့ဖြစ်နေလေသည် ၊
ထိုမြို့ကြီးအတွင်း လူအများဟိုဟိုဒီဒီ ပြေးလွှားနေကြသည်
မည်သည့်နေရာမှ ပစ်ခတ်နေမှန်းမသိသည့် သေနတ်သံများ
ဗုံးသံများမှာ နားကွဲလုမတက် ကြားနေရလေသည် ။
ဒုရဲမှူး ‘ ထွန်းသစ် ’ လည်း လူအများကြား အသက်လုကာ
ပြေးရင်းလွှားရင်း တစ်နေရာအရောက်တွင်
မီးလောင်နေသည့် အိမ်ကြီးတစ်အိမ်ရှေ့ရှိ
ဗုံးဒဏ်ကြောင့် သေဆုံးသွားကြဟန်ရှိသည့်
လူသေအလောင်းများကိုကြည့်ကာ
ငိုနေသည့် ကလေးငယ်တစ်ဦးကို
မြင်လိုက်ရသည့် ကလေးငယ်မှာ
ဆင်းရဲသည့် မိသားစုမှ ကလေးဖြစ်ပုံရပြီး
မိသားစုများ မျက်စိရှေ့တွင် သေဆုံးသွားကြသဖြင့်
ငိုကြွေးနေပုံရသည် ၊ ထိုမြင်ကွင်းကြောင့်
ဒုရဲမှူး ‘ ထွန်းသစ် ’ လည်း ဝမ်းနည်းသွားပြီး
ကလေးအနားသို့ပြေးသွားလိုက်ချိန်
ထိုကလေးမအနားရောက်လုလုတွင်
ပတ်ဝန်းကျင်တစ်ခုလုံးရှိ လူများ ၊ အသံများ
ပျောက်ကွယ်သွားပြီး အမှောင်ထု ဟင်းလင်းပြင်ကြီး
တစ်ခုထဲတွင် ကလေးမလေးနှင့် ဒုရဲမှူး ‘ ထွန်းသစ် ’
နှစ်ဦးတည်း ရှိနေကြလေသည် ၊
ဒုရဲမှူး ‘ ထွန်းသစ် ’ လည်း ရုတ်တရက်ဖြစ်စဉ်ကြောင့်
ကြောင်သွားပြီးနောက် ကြောက်စိတ်လည်းဝင်လာလေသည် ။
ထိုအချိန်မှာပင် မျက်စိရှေ့မှ ကျောပေးထားသည့်
ကလေးမလေးမှာ ဒုရဲမှူး ‘ ထွန်းသစ် ’ ဘက်သို့ လှည့်လိုက်ပြီး
ကောက်ကျစ်စွာ ပြုံးနေသည့် မျက်နာထားဖြင့်
တစ်ချက်ကြည့်လိုက်သည် ။
မည်သည်ကြောင့်နည်း … ။
ကလေးမလေး၏ မျက်နာကို မြင်လိုက်ရသော
ဒုရဲမှူး ‘ ထွန်းသစ် ’ မှာ လွန်စွာ ကြောက်ရွံ့ တုန်လှုပ်သွားလေသည် ။
ထိုကလေးမလေးမှာ ပန်းချီကားထဲမှ
ကလေးမလေး ဖြစ်နေေသောကြောင့်ပင် ။
ထိုစဉ် မျက်စိရှေ့ရှိ ကလေးမမှာ
ဒုရဲမှူး ‘ ထွန်းသစ် ’ ရှိရာသို့ပြေးလာပြီးနောက်
ရယ်မောလျက် ဒုရဲမှူး ‘ ထွန်းသစ် ’ ၏
လည်ပင်းကို ညှစ်လေတော့သည် ။
လည်ပင်းညှစ်နေသူ
ကလေးမ ၏လက်မှာ
ကလေးပင်ဖြစ်လင့်ကစား
ဗလကြီးသော လူတစ်ဦး၏
လက်ထက်ပင် ပို၍ သန်မာလေသည် ။
တစ်ချိန်တည်းဆိုသလိုပင်
ဒုရဲမှူး ‘ ထွန်းသစ် ’ မျက်လုံးများပြာဝေလာလျှက်
လျှာမှာ လည်ပင်းအစ်လွန်း၍
အပြင်သို့ပင် ထွက်လာလေသည် ။
မည်သို့ပင် ရုန်းကန်ရုန်းကန်
ကလေးငယ်မှာ အပြုံးမပျက်ပေ ။
စင်စစ်မိစ္ဆာပင် ။
ထိုအချိန်တွင် မြေပြင်ပေါ်ပစ်လှဲကျနေသည့်
ဒုရဲမှူး ‘ ထွန်းသစ် ’ အပေါ်တွင် ခွထိုင်ကာ
လည်ပင်းညှစ်နေသည့် ကလေးမမှာ သူ၏
လက်အနေထားကို ပြောင်းလိုက်ဟန်ဖြင့်
ဒုရဲမှူး ‘ ထွန်းသစ် ’ ၏ လည်ပင်းအောက်ပိုင်းကို
ညှစ်လေတော့သည် ၊ အသေသတ်ရန်ရည်ရွယ်ထားပုံရှိသည် ။
ဒုရဲမှူး ‘ ထွန်းသစ် ’ မှာ မျက်ရည်များ ဝေလာပြီး
ပါးစပ်မှ အမြှုပ်များပင်စီလာလေတော့သည် ။
ထိုစဉ် “ အား………….. ”
ဟူသော အသံနက်ကြီးဖြင့် ဒုရဲမှူး ‘ ထွန်းသစ် ’ အား
လည်ပင်းညှစ်နေသည့် ကလေးမ လွင့်ဝင်ပျောက်ကွယ်
သွားလေသည် ။
“ အဟွတ်..အဟွတ် ”
ရုန်းကန်နေရာမှ မျက်စိနှစ်လုံးပွင့်လာလေသည် ။
အိပ်ယာမှ နိုးနိုးချင်းတွင် ဒုရဲမှူး ‘ ထွန်းသစ် ’
ကြောက်လန့်နေလေသည် ၊ လည်ပင်းမှာလည်း
အမှန်တကယ် ညှစ်ခံရသလို ခံစားနေရပြီး
အသက်ရှူပင် သိပ်မဝချင်တော့ ၊ အမှတ်မထင်
သူ၏ လည်ပင်းကို ပြန်စမ်းမိရာ လည်ပင်းတွင်
မကြာမှီက ဆရာတော်ဘုရားတစ်ဦး
ပေးခဲ့သည့် အန္တရယ်ကင်း ပရိတ်ကြိုးအား
စမ်းပြီးလေသည် ၊ ထို့နောက် ဖြစ်စဉ်အစုံအလင်အား
ရိပ်စားမိလျက်ကုတင်ခြေရင်း နံရံတွင်
ထောင်ထားသည့် ပန်းချီကားအားမရဲတရဲ
လှမ်းကြည့်နေမိကာ မျက်မှောင်ကြုတ်ထားလျှက်
အလွန်အမင်း စိတ်လှုပ်ရှားသည့်ဟန်ဖြင့်
စကားတစ်ခွန်း ရေရွတ်လိုက်မိသည် ။
“ ဒီပန်းချီကားက လူသတ်တရားခံပဲ ၊
လူတွေရဲ့ သနားတတ်တဲ့စိတ်ကို အသုံးချပြီး
လူတွေကို သတ်နိုင်တဲ့ သက်မဲ့ပစ္စည်းတစ်ခုပဲ ….
မဟုတ်ဘူး.. ဒါ..ဒါ ….. သက်ရှိပန်းချီကား ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
‘ မလှမေ ’ မှာ လူလတ်ပိုင်းအရွယ်ရှိပြီး
လက်ရှိ သူမ လုပ်ကိုင်နေသည့် ကုမ္ပဏီမှ
တာဝန်ကြီးသည့် အပိုင်းများအား
တာဝန်ယူထားရသူတစ်ယောက်ပင် ။
အိမ်ထောင်ကျပြီးသည်မှာ
များစွာ မကြာလှသော်လည်း ၊ အမျိုးသား၏
ဝင်ငွေတစ်ခုတည်းကို အားကိုးပြီး
အိမ်တွင်းပုန်းလုပ်နေရသည်ကို
မနှစ်မြို့သူ ပီပီ မိမိတတ်ကျွမ်းသော
ပညာအရည်အချင်းဖြင့် မြို့ပြမှ
နာမည်ကြီး ဆောက်လုပ်ရေး
ကုမ္ပဏီကြီး တစ်ခု ၏ ရာထူးကြီးပိုင်း တွင်
ဝင်ရောက်လုပ်ကိုင်နေခြင်းဖြစ်သည် ။
လုပ်ငန်းကျွမ်းကျင်မှုအပိုင်း ၊
တာဝန်ယူမှုအပိုင်း ၊ စနစ်ကျမှု ၊
စီမံမှု စသည်တို့တွင် ‘ မလှမေ ’ သည်
အပြစ်ပြောစရာမရှိလောက်အောင်
တော်လှသဖြင့် သူ၏
ကုမ္ပဏီ သူဌေးအပါအဝင်
လူကြီးများက ‘ မလှမေ ’ ကိုသာ
အားကိုး၍ မျက်နာလွှွဲထားကြရသည် ။
တစ်နေ့တွင် ‘ မလှမေ ’ တို့
ကုမ္ပဏီမှ မြို့၏တစ်နေရာရှိ တိုက်မြင့် ကွန်ဒို
တစ်ခုအတွင်းပိုင်းအား
တာဝန်ယူ ပြင်ဆင်ထားသည့်
လုပ်ငန်းတစ်ခုပြီးစးီသွားသဖြင့်
‘ မလှမေ ’ သွားရောက်စစ်ဆေးဖို့ရာ
တာဝန်ကျလာလေသည် ။
တစ်နေကုန် စာရင်းဇယားများဖြင့်
အလုပ်ရှူပ်နေ၍ သူ့အား တာဝန်ပေးသည့်
အလုပ်ကို ညနေစောင်းမှ လုပ်ရန်
‘ မလှမေ ’ အစီအစဉ် ဆွဲထားလေသည် ။
ဤသို့ဖြင့် မကြာမီအချိန်တွင်
ညနေစောင်းသို့ရောက်ခဲ့လေသည် ။
‘ မလှမေ ’ လည်း သူမ၏
ကားကလေးဖြင့် လုပ်ငန်းခွင်ရှိရာသို့
မောင်းထွက်လာခဲ့သည် ။
လုပ်ငန်းခွင် စစ်ဆေးရမည့်
နေရာသို့ရောက်သောအခါ
‘ မလှမေ ’ သူ စစ်ဆေးရမည့်
တိုက်ကြီး အား အကဲခတ်လိုက်လေသည် ။
တိုက်ကြီးမှာ အပြင်ပန်းအမြင်အရ
သစ်လွင်
လျက်ရှိသော်လည်း အတွင်းပိုင်းတွင်
လွန်စွာ ရှေးဆန်သည့် ရနံ့များ
လှိုင်နေပြီး တိုက်ထဲဝင်လိုက်သည်နှင့်
လူရောစိတ်ပါ ထိုင်းမှိုင်းသွားသလို
ခံစားလိုက်ရသည် ။
တိုက်အတွင်းမှ သူမအလာကို
စောင့်မျှော်နေရင်း လုပ်လက်စ
လုပ်ငန်းများကို အချောသပ်နေကြသည့်
အလုပ်သမားများ အလုပ်သမားခေါင်းများနှင့်
ရုံးမှ အကြီးအကဲများက ‘ မလှမေ ’ အား
ကြိုဆိုကြရင်း လုပ်ငန်းခွင်ကို နှံ့စပ်ရန်
လိုက်လံပြသလေသည် ။
‘ မလှမေ ’ လည်း
အလုပ်ကို စိတ်ဝင်တစား
လိုက်လံ ကြည့်ရှုရင်း လုပ်ငန်းခွင်မှ
ပြီးစီးသွားသည့် နေရာများ၏လိုအပ်ချက်များ ၊
ပြန်ပြင်ရမည့် နေရာများ ၊
စနစ်မကျမှုများ ၊ အရည်အသွေးမမှီသည့်
နေရာများအား စစ်ဆေးနေရင်း
အချိန်ကုန်မှန်းမသိကုန်လာခဲ့လေသည် ။
အလုပ်သိမ်း ရုံးဆင်းချိန်ကို
ရောက်သည်ကို သူမသတိထားမိသည်နှင့်
လုပ်ငန်းခွင်မှ အလုပ်သမားများ တာဝန်ခံများ
အားလုံးကို အလုပ်ဆင်းစေရန်ပြောဆိုပြီး
ထို တိုက်ကြီးတစ်ခုတွင် သူမတစ်ကိုယ်တည်း
အလုပ်များကို အပြီးသတ်ရန်ကြိုးစားနေလေသည် ။
ယခင်ကတည်းက အလုပ်လောဘရှိသည်က
တစ်ကြောင်း ၊ ဒီနေ့ကိစ္စ ဒီနေ့ အပြီး လုပ်တတ်သည်က
တစ်ကြောင်းကြောင့် ‘ မလှမေ ’ တစ်ယောက်
ညမိုးချုပ်လာချိန်တိုင်အောင်ပင် အိမ်မပြန်ဖြစ်သေး ။
တိုက်ကြီး ၏ လှေခါးထစ်များမှ
တဆင့် တိုက်၏ အထပ်များ တစ်ထပ်ပြီး
တစ်ထပ် လိုက်၍ စစ်ဆေးနေလေသည် ။
တိုက်ခန်းတွင် နေထိုင်ကြသူအချို့ပင်
သူတို့၏ အလုပ်များမှ တဖွဲဖွဲ ပြန်ရောက်လာကြလေပြီ ။
‘ မလှမေ ’ လည်း လုပ်ငန်းများအား
တစ်နေရာပြီးတစ်နေရာ စေ့စပ်အောင် စစ်ဆေးပြီးနောက်
နောက်ဆုံး မြေညီထပ်နှင့် များစွာ မကွာလှသည့်
ပထမထပ်နှင့် ဒုတိယထပ်သာ စစ်ဆေးရန်ကျန်လေတော့သည် ။
ဒုတိယထပ်သို့အရောက်တွင် တိုက်ခန်း လှေကားမီးမှာ
မတပ်ဆင်ရသေးသဖြင့် မှောင်မဲနေလေသည် ။
‘ မလှမေ ’ လည်း သတိကြီးစွာထားရင်း လှေကားကို
ဖုန်း ဓါတ်မီးဖြင့် ထိုးကာ တစ်ထစ်ချင်းဆင်းလာခဲ့သည် ။
သူဆင်းလာသည့် လှေကားအဆုံး ….
မလှမေ ဒုတိယထပ်အရောက်တွင်
သူနှင့်မျက်နှာချင်းဆိူင်ရှိ ဓာတ်လှေကား
တံခါးပွင့်လာသည် ထိတ်လန့်ခြောက်ချားစရာကောင်းသည်မှာ
ပွင့်လာသောတံခါးနောက်တွင်
မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေချေ ။
တစ်ဆက်တည်းဆိုသလို ဓါတ်လှေကား တံခါး
ပွင့်လာပြီးနောက် သူမရောက်နေသည့် လှေကားမီးမှာ
လျှပ်စီးလက် သည့်နယ် မှိတ်တုပ်မှိတ်တုပ် ဖြစ်နေလေသည် ။
ထို့နောက် ချက်ချင်း ပြန်၍ မှောင်မဲသွားလေသည် ။
မီးပြန်မှိတ်သွားသည့်အချိန်တွင် သူမလက်ထဲရှိ
ဖုန်းမီးမှာလည်း ထူးဆန်းစွာ မှိတ်သွားလေသည် ။
ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲလို့ …..
လူမပါပဲ တံခါးပွင့်နေသည့်
ဓါတ်လှေကားနှင့် သူမ နှစ်ယောက်တည်း
မကြောက်တက်သူဖြစ်လင့်ကစား
တစ်ကိုယ်တည်းမို့ ခြောက်ခြားမိလေသည် ။
တစ်ချိန်တည်းဆိုသလိုပင် ….
“ တီ………..တီ……..တီ……. ”
သူမဖုန်းမှ Ringtone အသံထွက်လာလေသည် ၊
ရုတ်တရက်ဖြစ်လာသောကြောင့် ‘ မလှမေ ’
လန့်သွားပြီး
တစ်ကိုယ်လုံး နတ်ပူးသလို တုန်သွားမိလေသည် ။
ဖုန်းကြည့်လိုက်သောအခါ
အမျိုးသားဆီမှ ဖုန်းဖြစ်နေလေသည် ။
‘ မလှမေ ’ဖုန်းကို ကိုင်လိုက်ရင်း
“ ဟဲလို မောင် ”
တစ်ဖက်မှလည်း
“ အေး ဟဲလို မေ
မေ မပြန်လာသေးလို့ စိတ်ပူလို့
လှမ်းဆက်လိုက်တာ အလုပ်ရှုပ်နေတုန်းလား မေ
မောင်လာကြိုရမလား ”
“ ဟုတ်တယ်မောင်ရေ
အခုထိအလုပ်က မပြီးသေးဘူး
သိပ်မကြာတော့ဘူး မောင်
နောက်နာရီဝက်ဆိုရင် ပြီးပါပြီ
မောင် မလာနဲ့ ထမင်းစားထားနှင့်တော့
မေ့ကို စောင့်မနေနဲ့ ”
“ မဟုတ်တာမေရာ
တူတူစားကြတာပေါ့ မောင်လည်း
မဆာသေးဘူး မေ့ကိုစောင့်နေမယ် ”
“ ဟုတ်ပြီ မောင်
ဒါပဲနော် ခဏနေ တွေ့မယ် Bye ”
( အီး..ဟီး..ဟီး…. )
ဖုန်းချရန် ‘ မလှမေ ’ ပြင်နေစဉ်
ဖုန်းထဲမှ သူမ၏ အမျိုးသားအသံမဟုတ်သည့်
ကလေးမတစ်ဦး ငိုသံကို လေသံသဖွယ်
ကြားလိုက်ရသည် ။
‘ မလှမေ ’ လည်း ခေတ္တမျှ ုငြိမ်သက်မိရင်း
သေချာနားထောင်မိသည် …
သို့ပေမယ့် တစ်ဖက်မှလူ ဖုန်းချသွားသည့်တိုင်
ဖုန်းထဲမှ ထိုစကားကိုပင်
လေသံဖြင့် ထပ်ခါထပ်ခါ ပြောနေပြန်သည် ။
ဖုန်းလိုင်းပူးနေတာဖြစ်မယ်ဟု
စိတ်တင်းကာ ‘ မလှမေ ’ ဖုန်းကို ချလိုက်လေသည် ။
ထိုအချိန်တွင် ဆန်းကြယ်စွာ
ဖုန်းမလာမီ
ှီအတန်ကြာက သူ့ဘာသာသူ
ပိတ်သွားသည့် ဖုန်းဓါတ်မီးမှ ‘ မလှမေ ’
မဖွင့်ပါပဲ ပြန်လင်းလာလေသည် ။
‘ မလှမေ ’ကြောက်ကြောက်ဖြင့်
မှောင်နေသည့် ပတ်ဝန်းကျင်နှင့်
လူသွားစင်္ကြန်တစ်လျှောက်ကို
ဟိုဟိုဒီဒီ မီးဖြင့် လိုက်ထိုးကြည့်နေမိသည် ။
မည်သည့် လှုပ်ရှားမှုမှ မတွေ့ရချေ ။
ဒုတိယထပ်မှ
အလုပ်ကို အဆုံးသတ်ရင်း
ပထမထပ်သို့ ဆင်းရန်ပြင်နေစဉ်
သူမ နောက်ကျောရှိ အခန်းမှ
အသံတစ်ခု ကြားလိုက်ရသည်
“ ဒေါက် .. ဒေါက် ”
“ ဒေါက် .. ဒေါက် ”
အခန်းတွင်းမှ တံခါးခေါက်သံဖြစ်သည် ။
အခန်းတံခါးအား ဖုန်းမီးဖြင့်ကြည့်လိုက်ရာ
တံခါးမှာ အပြင်မှ သော့ခတ်ထားပုံရှိသည် ။
အခန်းတွင်း လူကျန်ခဲ့သည်ကို သတိမပြုမိပဲ
တစ်စုံတစ်ယောက်က တံခါးအား သော့ခတ်သွားသည်
အထင်ဖြင့် အခန်းထဲမှ တံခါးခေါက်နေသူအား
စိတ်ပူသွားလေသည် ။
‘ မလှမေ ’ ထို အခန်းနားကပ်လျှက်
အသံပြုလိုက်သည် ။
“ လူရှိလား… ”
ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက်
အခန်းတွင်းမှ …
“ ဒေါက်..ဒေါက် ”
ဟု တံခါးပြန်ခေါက်သံကြားလိုက်ရလေသည် ။
တစ်ပြိင်တည်းဆိုသလိုပင် ‘ မလှမေ ’ လည်း
အခန်းတွင်းမှကျန်ရစ်သူအား ကယ်ရန်အတွက်
တိုက်ကြီး၏ မြေနီထပ်သို့ ပြေးဆင်းလိုက်ရင်း
မြေနီထပ်အရောက်တွင် တိုက်အဝတွင်စောင့်နေသာ
လုံခြုံရေး လေးဦးအားတွေ့ပြီး အကျိုးအကြောင်းပြော
လိုက်ရာ လုံခြုံရေးများက …
“ အစ်မလေး ကျွန်တော်ပြောတာနားထောင်
အဲ့ဒီအခန်းက လူမနေတာကြာလှပြီ …
အရင်ပိုင်ရှင် မရှိတော့ကတည်းက
နောက်ဝယ်မယ့်သူမရှိတာနဲ့ သော့ခတ်ထားတာ
အခုချိန်ထိပဲ ”
‘ မလှမေ ’ မှာ လုံခြုံရေးများ၏
စကားကို လက်မခံပဲ ..
“ မဟုတ်ဘူးနော် အဲ့ဒီ
ဒုတိယထပ်ကြီးက မှောင်မဲနေတာ မီးလဲမရဘူး
နောက်ပြီး အဲ့အခန်းက တံခါးခေါက်ပြီး
အကူအညီတောင်းနေတာ ၊ ကျွန်မကိုယ်တိုင်
နားနဲ့ကြားရုံတင်မကဘူး သေချာအောင်မေးပြီးမှ
ရှင်တို့ကို လာအကူအညီတောင်းတာ ”
ထိုစကားကို လုံခြုံရေးများထဲမှ
တစ်ဦးက …
“ ဟင်.. ဒုတိယထပ်က မီးမပျက်ပါဘူး
ဟိုမှာကြည့်ပါလား လင်းထိန်နေတာပဲ ၊
အစ်မ ကျွန်တော်တို့ကို နောက်နေတာလား ”
‘ မလှမေ ’ လည်း လုံခြုံလေးကောင်လေး၏
ပြောစကားကြောင့် တိုက်ကြီး၏ ဒုတိယထပ်အား
အောက်မှ လှမ်းကြည့်လိုက်ရာ မီးများထိန်ထိန်လင်းနေသည်ကို
တွေ့လိုက်ရသဖြင့် ဇဝေဇဝါဖြစ်သွားလေသည် ၊
သိုကသော် သူအရူးဟု အထင်မခံနိုင် ၊
သော့ပိတ်ထားသော အခန်းထဲမှ တံခါးခေါက်နေသည်မှာ
အခန်းထဲရှိ တစ်စုံတစ်ယောက် အခန်းပြင်ထွက်လိုကြောင်း ၊
အကူအညီလိုနေကြာင်း သေချာလှသောကြောင့် …
“ ဟယ်…ဟုတ်ပ ခုန က မှောင်မဲနေတာပါ ၊
ဘာပဲဖြစ်ဖြစ် ဟို အခန်းထဲကလူတော့
အကူအညီလိုနေမှာ သေချာတယ် ၊ လာခဲ့ကြပါ
ကျွန်မပြောတာယုံပါ … ”
လုံခြုံရေးများသည်လည်း ‘ မလှမေ ’ အား
စိတ်ကျေနပ်စေရန်
အင်တင်တင်ဖြင့် မလိုက်ချင်လိုက်ချင်လုပ်ကာ
နောက်ဆုံး လိုက်သွားခဲ့ကြသည် ။
ဒုတိယထပ်သို့ရောက်သောအခါ
ဦးစွာ မီးထိန်ထိန်လင်းနေသည်ကို ‘ မလှမေ ’
တအံ့တသြမြင်လိုက်ရသည် ။
ဒုတိယထပ်ရှိ အပြင်မှ တံခါးသော့ခတ်ထားသည့်
အခန်းရှေ့အရောက်တွင် ‘ မလှမေ ’ က…
“ ဒီအခန်းပါပဲရှင် ကျွန်မ မလိမ်ဘူး
မယုံရင် ဖွင့်ကြည့် .. ”
မယုံသကာၤအကြည့်များဖြင့်
လုံခြုံရေးများမှာ ‘ မလှမေ ’ အား
ကြည့်လျှက် သော့တစ်ချောင်းကိုထုတ်ကာ
တံခါးသော့အားဖွင့်လိုက်လေသည် ။
“ ချောက်.. ”
တံခါးမှာ လွယ်လင့်တကူ ပွင့်လာပြီးနောက်
အခန်းမှာ ပတ်ထားတာကြာဟန်ရှိသဖြင့်
ဆိုးရွားသည့် အဟောင်းနံ့များ ဖုန်နံ့များ လှိုင်ခနဲ
ထွက်လာလေသည် ။ ထိုအချိန်တွင် လုံခြုံရေး
တစ်ဦးမှ အခန်းမီးအား ဖွင်လိုက်လေသောအခါ
အခန်းတစ်ခုလုံး လင်းထိန်သွားလေသည် ။
‘ မလှမေ ’ နှင့် လုံခြုံရေးများ အခန်းအတွင်းသို့
ပြေးဝင်သွားပြီး တံခါးပေါက်များကိုစစ်ရာ
မည်သည့် တံခါးပေါက်မျှမရှိပဲ ဝင်ပေါက်တစ်ပေါက်တည်းသာ
ရှိကြောင်း သိလိုက်ရသည့် ထို့အတူ အခန်းတွင်း
သက်ရှိတစ်စုံတစ်ရာမျှ မရှိပဲ နံရံတွင်ချိတ်ထားသည့်
ပန်းချီကားတစ်ချပ်သာ ရှိနေလေသည် ။
ထိုပန်းချီကား၏ ပုံမှာ
စစ်အတွင်းမှ ငိုနေသည့် ကလေးမလေးတစ်ဦးပုံကို
အနုပညာမြောက်အောင် ရေးချယ်ထားခြင်းဖြစ်ပြီး
ထိုပန်းချီအားမြင်လိုက်သည်နှင့် ‘ မလှမေ ’ ရင်ထဲတွင်
စိတ်မကောင်းသလိုလို ၊ ကြောက်လန့်သလိုလို
ခံစားလိုက်ရသည် ။
ထိုစဉ် လုံခြုံရေးများက
“ ကဲ ကဲ ဒီမယ် အစ်မ
ကျွန်တော်တို့ကို သက်သက် စနောက်နေတာလား
ဘယ်မလဲ အစ်မပြောတဲ့သူ … ဘာမှလည်းမမြင်ဘူး
ဒီအခန်းက ပိတ်ထားတာကြာလှပြီ ….
လူတော့ရှိမှာမဟုတ်ဘူး သရဲပဲရှိလိမ့်မယ် .. ”
ဆိုပြီး ရွဲ့စောင်းကာ ပြောသွားကြရင်း
‘ မလှမေ ’ နှင့်အတူ အခန်းပြင်ထွက်ကာ
အခန်းတံခါးကို ပြန်ပိတ်ကာ သော့ခတ်ကြလေသည် ။
‘ မလှမေ ’ ၏ နားထဲတွင် လုံခြုံရေးတစ်ဦး
ပြောသည့် “ လူတော့ရှိမှာမဟုတ်ဘူး သရဲပဲရှိလိမ့်မယ် ”
ဟူသော စကားကိုသာ တွင်တွင်ပြန်ကြားရင်း
ကြက်သီးများထနေမိ ကာ အိမ်သို့ပင် အမြန်ပြန်လာဖြစ်ခဲ့သည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မကြာမီတွင် ထို ပိတ်ထားသည့် အခန်းအား
လပေးစနစ်ဖြင့် မြန်မာပြည်ရှိ တရုတ်လူမျိုးတစ်ဦး
ငှားရမ်းနေထိုင်လေသည် ။
ထိုသူမှာ ဓါတ်ပုံဝါသနာအိုးကြီးဖြစ်ပြီး
မြန်မာပြည်အနှံ့ ခရီးထွက်ကာ ဓါတ်ပုံရိုက်ကူးနေသူဖြစ်သည်။
ယခုအခန်းအား ငှားပြီးနောက်
သူ စိတ်ကြိုက် တစ်မြို့လုံး ပတ်ကာ
ဓါတ်ပုံရိုက်ရန် ရည်ရွယ်ထားသူဖြစ်သည် ။
များသောအားဖြင့် ငှားရမ်းထားသည့်
အခန်းအား အိပ်ချိန်မှသာ ပြန်လာလေ့ရှိသည် ။
တစ်ညတွင် သာမန်ထက်
လမင်းကြီးက ပြည့်ဝလွန်းနေသည်ကို
ထို တရုတ်ကြီး မြင်ကာ သဘောတွေ့ပြီး
ကောင်းကင်ကြီးအား ဓါတ်ပုံရိုက်ထားဖြစ်သည် ။
ထို့နောက် ရိုက်ထားသည့် ပုံများအား
ကင်မရာမှတစ်ဆင့် တစ်ပုံစီ ပြန်ကြည့်ရင်း
စိတ်ကြိုက်ရွေးနေမိသည် ။
နံဘေးရှိ ဝီစကီတစ်ခွက်အား အရသာခံ
သောက်ရင်း ဓါတ်ပုံများကြည့်နေစဉ်
သူ၏နာခေါင်းထဲတွင် ရနံ့တစ်မျိုးရလိုက်လေသည် ၊
သွေးညှီနံ့သဖွယ် အဟောင်းပစ္စည်း နံ့သဖွယ်
ရောထွေး
ျလျက်ရှိရာ အနံ့ရရာ နေရာကို
ဟိုဟို ဒီဒီ လိုက်ကြည့်မိရာ နံရံထက်မှ
လွန်စွာ အနုပညာမြောက်လှသည့်
ကလေးငယ်တစ်ဦးငိုနေဟန် ပန်းချီကားသို့
အမှတ်တမဲ့ ကြည့်လိုက်မိသည် ။
သူထိုအခန်းအား ငှားဖြစ်ပုံမှာလည်း
ဓါတ်ပုံဆရာပီပီ ပန်းချီကား၏ အသက်ဝင်မှုကို
နှစ်ခြိုက်သဖြင့် ငှားဖြစ်ခဲ့ခြင်းဖြစ်သည် ။
ထိုအချိန်မှာပင် တရုတ်ကြီး
ကြည့်နေသည့် ပန်းချီကားမှာ
လရောင်ထိုးနေသည့်နယ် အလင်းရောင်
ကျလာလေသည် ၊ တရုတ်ကြီးသည်လည်း
အလင်းဝင်ပေါက်မရှိပဲ ပန်းချီကားပေါ် လရိပ်
ကျနေသည့်အဖြစ်အား အံ့သြကြီးပြီးနောက်
သူ၏လက်စွဲတော် ကင်မရာအား ကိုင်ပြီး
ပန်းချီကားကို တစ်ဖြတ်ဖြတ်ရိုက်လေတော့သည် ။
ပထမတစ်ချက်ရိုက်ပြီး
ဒုတိယအကြိမ် ရိုက်ရန် ကင်မရာထဲမှ ပန်းချီကားသို့
အကြည့်တွင် ပန်းချီကားထဲမှ ကောင်မလေး
ပျောက်ချင်းမလှပျောက်နေပြီးနောက်
ပန်းချီကား၏ ဘေးဘက် အပြင်တွင်
လူတစ်ယောက်ကဲ့သို့ရပ်နေသည်ကို
မြင်လိုက်ရသည် ။
တရုတ်ကြီးလည်း အနည်းငယ်
တုန်တက်ကာ လန့်သွားပြီး
ကင်မရာနှင့် မျက်စိကို ခွာလိုက်မိသည် ။
မူးနေသည်အထင်ဖြင့် မျက်စိကို
လက်ဖြင့် ပွတ်ကာ ပန်းချီကားအား
သေချာပြန်ကြည့်လိုက်သောအခါ
ပန်းချီကားတွင် ကလေးမလေး ရှိနေပြန်သည် ။
ထို့ကြောင့် တရုတ်ကြီးလည်း
ကင်မရာကိုပြန်ကိုက်လိုက်ပြီး
ပန်းချီကားကို ပြန်ချိန်လိုက်ရာ
ပန်းချီကားထဲမှ ကလေးမလေးမှာ
အပြင်ကိုရောက်နေပြီးနောက်
မီးရဲရဲတောက်နေသည့် မျက်လုံးများဖြင့်
သူ့အား အစိမ်းလိုက်
စားမည့်ဟန် ဝါးမည့်ဟန်ဖြင့် ကြည့်နေသည်ကို
ကြက်သီးထဖွယ်မြင်လိုက်ရသည် ။
လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည့်
မြင်ကွင်းကြောင့် တရုတ်ကြီးသည်လည်း
ချက်ချင်း ကင်မရာကိုကိုင်ကာ
နောက်လှည့်မကြည့်တော့ပဲ အခန်းတံခါးကိုဖွင့်
အော်ဟစ်အကူအညီတောင်းရင်း
သက်ရှိပန်းချီကား၏
တစ်ညတာပြီးဆုံးသွားခဲ့လေသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တရုတ်ကြီးနောက်တွင် ထိုအခန်းအား
ရှေးဟောင်းပစ္စည်းစုဆောင်းသည့် အခန်းအဖြစ်
လုပ်ရန်အတွက် ရှေးဟောင်းပစ္စည်း ဝါသနာရှင်
‘ ဦး ဝင်းကြိုင် ’ ရောက်လာပြန်သည် ။
‘ ဦး ဝင်းကြိုင် ’ မှာ တစ်ကိုယ်တည်းနေတတ်သူပီပီ
သမိုင်းစာအုပ်များဖတ်ရင်း ထိုအခန်းတွင်း
ရှေးဟောင်းပစ္စည်းများ၏ သမိုင်းကို လေ့လာဖြစ်သည် ။
နံနက်အစောဆုံးပိုင်းတွင် ‘ ဦး ဝင်းကြိုင် ’
ထိုအခန်းသို့ရောက်နေတတ်ပြီး
အခန်းဝန်ဆောင်မှုအတွက် နံနက်စာလာပို့ပေးသည့်
ကောင်မလေးတစ်ဦးကို
နံနက်တိုင်း နံနက်စာ လာပို့ပေးရန်
လပေးစနစ်ဖြင့် ငှားထားလေသည် ။
ညအချိန်တွင် မူ မြို့ထဲရှိ သူနေထိုင်ရာ အိမ်သို့
ပြန်ကာ အိပ်လေ့ရှိသည် ။
‘ ဦး ဝင်းကြိုင် ’ ဝယ်ယူထားသည့်အခန်း
ယခင် တရုတ်ကြီး ငှားခဲ့သည့် အခန်း မှာ
‘ ဦး ဝင်းကြိုင် ’ အတွက် ပစ္စည်းလှောင်သည့်နေရာ
အလုပ်လုပ်သည့်နေရာဟုဆိုရပေမည် ။
တစ်ညတွင် ‘ ဦး ဝင်းကြိုင် ’
ရှေးဟောင်းပစ္စည်း ပေစာတစ်ခု၏
ဆိုလိုရင်းအား နားလည်စေရန်ကြိုးစားရင်း
အချိန်ကုန်မှန်းမသိ ကုန်သွားကာ
ညနက်ခဲ့လေသည် ။
တစ်ကိုယ်တည်းသမားမို့
အလုပ်ခန်းတွင် အိပ်လျှင်လည်း
ပြသနာမရှိချေ ။
ထို့ကြောင့် ဒီညဖို့ ‘ ဦး ဝင်းကြိုင် ’
ယခုအခန်းလေးထဲတွင် အိပ်စက်ရန်ကြိုးစားမိလေသည် ။
ထိုသို့စိတ်ကူနေချိန်တွင်
အခန်းတွင်းမှ ငိုသံကြားလိုက်ရသည် ။
မိန်းကလေးတစ်ဦး၏
ငိုသံပင် ၊ အသက်ငယ်မည့်ပုံရှိသည် ။
ထူးခြားသည့် ငိုသံ ရှိုက်သံများကြောင့်
‘ ဦး ဝင်းကြိုင် ’ လည်း ဟိုဟိုဒီဒီ
လိုက်ရှာနေမိသည် ၊ ထိုစဉ် ‘ ဦး ဝင်းကြိုင် ’
တစ်စုံတစ်ရာအား သတိထားမိလိုက်သည် ၊
အခန်းနံရံတွင်ချိတ်ထားသည့် ပန်းချီကားတွင်းမှ
ကလေးမလေး ငိုနေသည့်ပုံပင်မဟုတ်လော ။
စူးစမ်းတတ်သူပီပီ
ထိုပန်းချီကားအား သူကထိုင်ခုံရှေ့တွင်
ထားလျက် အကျအန စိတ်ကြိုက်
ထိုင်ကြည့်နေမိသည် ။
ထိုစဉ် မျက်စိရှေ့ရှိ ပန်းချီကားမှ
ငိုသံကို သဲသဲကွဲကွဲကြားလိုက်ရလေသည် ။
‘ ဦး ဝင်းကြိုင် ’ ရုတ်တရက် လန့်သွားပြီး
ပန်းချီကားအား စိုက်ကြည့်နေချိတွင်
ပန်းချီကားတွင်းမှကလေးမလေး မျက်ရည်ကျနေသည့်
နေရာမှ မျက်ရည်သဖွယ်ရေစက်များ တစ်စက်ပြီးတစ်စက်
ကျလာလေသည် ။ မျက်စိရှေ့မှ ထူးခြားသည့်
ဖြစ်စဉ်များကြောင့် ကြောင်တောင်တောင်ဖြစ်ကာ
‘ ဦး ဝင်းကြိုင် ’ တစ်ယောက်
မျက်လုံးများပြူ းလျှက် ပန်းချီကားကိုသာ
ထိတ်လန့်တကြား စိုက်ကြည့်နေမိသည် ။
တစ်ချိန်တည်းမှာပင်
ပန်းချီကားထဲမှ ငိုနေသည့်
ကလေးမလေး၏မျက်နာမှာ ချက်ချင်း
ပြုံးရွှင်သွားပြီးနောက် ရယ်မောရင်း
သူ၏ အကျီ ၤအစွန်းနှစ်ဖတ်အား
ဆုပ်ကိုင်ထားသည့် လက်များမှာ
ပန်းချီကားထဲမှ ထွက်လာပြီးနောက်
‘ ဦး ဝင်းကြိုင် ’ ၏ လည်ပင်းကို
အားကုန်ညှစ်လေတော့သည် …. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
သာယာလှပသည့် နံနက်ခင်းအား
အသုဘ တစ်ခုဖြင့် အစချီခဲ့ရသည် …. ။
“ အား…………….. ”
‘ ဦး ဝင်းကြိုင် ’ ၏
အခန်းသို့ နံနက်စာလာပို့သည့်
ကောင်မလေး၏ ငယ်သံပါအောင်အော်သည့်အသံပင် ။
ထိုအသံကြောင့် လူအများနိုးထလာကြပြီး
‘ ဦး ဝင်းကြိုင် ’ သေဆုံးကြောင်းသိကာ
ရဲစခန်းအားဖုန်းဆက်ထားကြလေသည် ။
မကြာမှီတွင် (…) အပိုင် (…) ဌာနမှ
အမှုစစ် ဒုရဲမှူ းတစ်ဦးရောက်လာပြီး
ဖြစ်ကြောင်းကုန်စင် စစ်ဆေးမေးမြန်းပြီးနောက်
သေဆုံးသူအား ရင်ခွဲစစ်ဆေးရန်
မှူခင်းဆရာဝန်ထံပိုက်လိုက်ကြသည် ။
ရက်အတန်အကြာတွင်ထို ဒုရဲမှူ းလေး
အခင်းဖြစ်ပွားခဲ့သည့် အခန်းအတွင်းရောက်လာပြီးနောက်
အခန်းတွင်းမှ သေဆုံးသူ ၏ မျက်နာချင်းဆိုင်တွင်
ရှိနေခဲ့သည့် ပန်းချီကားတစ်ချပ်အား
သေချာကြည့်ရှု စစ်ဆေးနေလေသည် ။
ထိုပန်းချီကားတွင်
ကလေးမလေးတစ်ဦးမှာ ငိုနေပြီး တစ်စုံတစ်ရာကို
နာကျည်းချက်ဖြင့် အံကျိတ်ကာ လက်နှစ်ဖက်မှာလည်း
အင်္ကျီၤ၏ အစွန်းနှစ်ခုအား တင်းတင်းဆုတ်ကိုင်ထားသည့်
ပုံဖြစ်သည် ။
ဤကဲ့သို့ လွန်စွာ လက်ရာမြောက်လှသော
ရှေးဟောင်း ပန်းချီကားတစ်ချပ်အား
ဒုရဲမှူ းလေးမှာ သူ၏ကားကလေးဖြင့်
သယ်ဆောင်သွားလေတော့သည် ။
ဒုရဲမှူးလေး ပန်းချီကားကို ယူသွားပြီးနောက်
ဘာဆက်ဖြစ်မလဲ ဆိုတာတော့…… ။
#END
{ ယခုရေးသားခဲ့သော ဖြစ်ရပ်မှန်
ဇာတ်လမ်းလေး ကို ရေးသားခွင့်ပြုခဲ့တဲ့
မိတ်ဆွေတစ်ဦး “ T.M.M.H ” ကို
ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ ။
အထက်ပါ ဇာတ်လမ်းလေးထဲမှာ
စာရေးသူကိုယ်တိုင်
ခံစားပြီးရေးသားထားပါတယ် ၊
ဝါသနာအရ ရေးသားတာဖြစ်တဲ့အတွက်ကြောင့်
အမှားအယွင်းများ ရှိခဲ့ရင်လည်း ခွင့်လွတ်နားလည်ပေးကြပါ ၊
ဝေဖန်မှုတွေကိုလည်း အမြဲ ကြိုဆိုလျှက်ပါ ခင်ဗျာ ….. ။ }
~ မိုးစွေ ~
စာပြီးချိန် –

Zawgyi Version

“ သက္ရွိ ပန္းခ်ီကား ”
ဇာတ္လမ္း / စာေရးသူ – “ မိုးေစြ ” ( ျဖစ္ရပ္မွန္ )
( စ – ဆံုး )
“ ဒီလူကို ဘယ္သူအရင္စေတြ႕တာလဲ
ေနာက္ျပီး ဒီအခန္းထဲကို ဘယ္သူအရင္ေရာက္ျပီး
ဒီအျဖစ္အပ်က္ကို သိသြားတာလဲဆိုတာေလး
တစ္စိတ္ေလာက္ေျပာျပေပးပါ ”
ဒုရဲမွဴ း ‘ ထြန္းသစ္ ’ မွ ရန္ကုန္ျမိဳ႕လည္ရွိ
အလြန္ခမ္းနားေသာ တိုက္ၾကီးတစ္ခု၏
ဒုတိယထပ္ အခန္းငယ္တစ္ခုအတြင္းမွ
ေသဆံုးေနေသာ သူႏွင့္ ပတ္သတ္သည့္
အမႈအတြက္ ေမးျမန္းသင့္သည့္ သူမ်ားအား
စစ္ေဆးေမးျမန္းေနျခင္းျဖစ္သည္ ။
လူေသဆံုးပံုမွာ လြန္စြာ ထူးဆန္းလွသည္
အခန္းမွာ အလံုပိတ္အခန္းျဖစ္ျပီး ပိုင္ရွင္မွအပ
အျခားသူမ်ား လူ၀င္လူထြက္ျပဳရန္ မျဖစ္ႏိုင္ေခ် ။
၀င္ေပါက္တစ္ခုတည္းသာရွိျပီး ထိုတံခါးကို
ဖြင့္ျပီးမွသာ အခန္းထဲသို႕၀င္ႏိုင္ေပသည္ ။
တိုက္ၾကီး၏ လံုျခံဳေရးမွာလည္း
လူအေစာင့္မ်ားအျပင္ security camera
မ်ားတပ္ဆင္ထားသျဖင့္ အဆင့္မွီလွသည္ ။
ဒုရဲမွဴ း ‘ ထြန္းသစ္ ’ လည္း တိုက္ၾကီး၏
ေလွ်ာက္လမ္းမ်ားႏွင့္ ေသဆံုးသူ
အခန္းတစ္ေလွ်ာက္လူသြားလမ္းမ်ား ၏ camera
Record မ်ားကို စစ္ေဆးေနေလသည္ ။
ထူးျခားမႈတစ္စံုတစ္ရာမွ်မျမင္ ။
ေသဆံုးသူ၏ ေဘးခန္းတြင္ေနထိုင္သူမ်ားအျပင္
တိုက္တစ္ခုလံုးတြင္ တာ၀န္က် လံုျခံဳေရးမ်ားအား
စစ္ေဆးေမးျမနး္ရာတြင္လည္း မည္သူမွ်
ေရေရရာရာ မသိၾက မေျဖႏိုင္ၾကေပ ။
ထို႕အျပင္ ေသဆံုးသူႏွင့္ပတ္သက္၍
အမည္ ‘ ဦး ၀င္းၾကိဳင္ ’ ၊
အသက္ ၄၀ ေက်ာ္ခန္႕ရွိျပီး ၊ အလုပ္အကိုင္ မွာ
ေရွးေဟာင္းပစၥည္း ေရာင္း၀ယ္ေရးမွ
ပြဲစားတစ္ဦးျဖစ္ျပီး ၊ ၀ါသနာမွာ
ေရွးေဟာင္းပစၥည္းမ်ား စုေဆာင္းျခင္းျဖစ္သည္ ။
ထိုသူမွာ သူစုေဆာင္းထားသည့္ပစၥည္းမ်ားကိုလည္း
အျခားသူမ်ားႏွင့္ ေလလံပြဲမ်ားတြင္
ေစ်းျမွင့္ကာ ေရာင္းခ်ေနသူ တစ္ဦးလည္းျဖစ္သည္ ။
လူေသမွဳ ျဖစ္စဥ္မွာ ကြယ္လြန္သူ ‘ ဦး ၀င္းၾကိဳင္ ’ ၏
မွာၾကားခ်က္အရ ေန႕စဥ္ အခန္း၀န္ေဆာင္မႈႏွင့္
မနက္စာ လာပို႕ေပးေနသည့္ အမ်ိဳးသမီးေလး
တစ္ဦးရွိသည္ ၊ ထို အမ်ိဳးသမီးေလးမွာ
ပံုမွန္အတိုင္း ‘ ဦး ၀င္းၾကိဳင္ ’ ၏အခန္းတံခါးကို
ေခါက္ၾကည့္ရာ အထဲမွ တစ္စံုတစ္ရာ ျပန္မေျပာသျဖင့္
တံခါးကိုတြန္းၾကည့္ရာ တံခါးမွာ ဖြင့္သားျဖစ္ေနသည္ကို
ျမင္ရသျဖင့္ အခန္းတြင္းသို႕၀င္လိုက္ရာ
အခန္းမီးမွာ မွိတ္ထားေလသည္ ၊
တံခါးဖြင္႔ထားရာမွ ၀င္လာသည့္ အလင္းေရာင္ေၾကာင့္
အခန္းအ၀တည့္တည့္ရွိ ထိုင္ခံုတစ္ခုတြင္
‘ ဦး ၀င္းၾကိဳင္ ’ မွာ တံခါး၀ဘက္အား
ေက်ာေပးထိုင္ေနလွ်က္ ေရွ႕မွ ပန္းခ်ီကားတစ္ခ်ပ္ကို
ျငိမ္သပ္စြာ ထိုင္ၾကည့္ေနသည္ကို ျမင္လိုက္ရသည္ ။
မနက္စာလာပို႕သည့္ အမ်ိဳးသမီးငယ္လည္း
‘ ဦး ၀င္းၾကိဳင္ ’ ကို မနက္စာေရာက္ျပီျဖစ္ေၾကာင္း
ေျပာရာ ‘ ဦး ၀င္းၾကိဳင္ ’ မွ မည္သည့္တုန္႕ျပန္မႈမွ်
ျပန္မျပဳသည့္အတြက္ ‘ ဦး ၀င္းၾကိဳင္ ’ ၏
ပုခံုးကို အသာထိလိုက္ရင္း ေခၚၾကည့္လိုက္ရာ
ထိုင္ေနသည့္ ‘ ဦး ၀င္းၾကိဳင္ ’ မွာ ခ်က္ခ်င္း
ဘယ္ဘက္သို႕ ဇက္က်ိဳးက်သြားျပီး
မ်က္နာၾကီးမွာ ညာဘက္သို႕ လွည့္လ်က္ျဖစ္သြားေလသည္ ။
သူမ်က္နာလွည့္လာသည့္ဘက္မွာ
မနက္စာလာပို႕သည့္ မိန္းမငယ္ေလးရွိရာ ဘက္ျဖစ္ေနသျဖင့္
မိန္းကေလးမွာ ‘ ဦး ၀င္းၾကိဳင္ ’ ၏
ရုပ္ပ်က္ဆင္းပ်က္မ်က္နာၾကီးအား
ျမင္လိုက္ျပီးေနာက္ ငယ္သံပါေအာင္ေအာ္ရင္း
ထြက္ေျပးသြားျခင္းျဖစ္သည္ ။
မိန္းကေလးျမင္လိုက္ရသည္မွာ
‘ ဦး ၀င္းၾကိဳင္ ’ သည္ မ်က္လံုးၾကီးႏွစ္လံုးအလြန္အမင္း
ျပဴးထြက္ေနလွ်က္ ပါးစပ္ၾကီးမ်ား ျပဲေနျပီး
လွ်ာတစ္လစ္ၾကီးျဖင့္ ေၾကာက္လန္႕ဖြယ္ရာ
တစ္စံုတစ္ခုအား ျမင္ရ၍ အေၾကာက္လြန္ျပီး
ႏွလံုးရပ္ကာ ေသဆံုးေနျခင္းျဖစ္သည္ ။
အေလာင္းအား ခြဲစိတ္စစ္ေဆးရာတြင္လည္း
ေသဆံုးခ်ိန္မွာ ည သန္းေခါင္ခ်ိန္ျဖစ္သည္ကို
သိရသျဖင့္ မနက္စာလာပို႕သည့္
မိန္းကေလးအား သံသယ၀င္ႏိုင္စရာမရွိ ။
ရက္အတန္ၾကာေသာ္ ….
` လူေသဆံုးမႈျဖင့္ ခ်ိတ္ပိတ္ထားသည့္
အခန္းတြင္းသို႕ ဒုရဲမွဴ း ‘ ထြန္းသစ္ ’ ျပန္ေရာက္လာခဲ့သည္ ၊
သူကိုယ္တိုင္ တာ၀န္ယူထားရသည့္ အမွဴျဖစ္၍
ထိုအမွဴ၏ ျဖစ္ရပ္အမွန္ကို ေဖာ္ထုတ္ရန္
ေရကုန္ခမ္းကုန္ ၾကိဳးစားရမည္မဟုတ္လား ။
အခန္းငယ္ေလးမွာ ေျခာက္ေသြ႕ေနျပီး
ေသဆံုးသူ ထိုင္ခဲ့သည့္ ထိုင္ခံုအလြတ္ေလးႏွင့္
ထိုထိုင္ခံုေရွ႔ရွိ ပန္းခ်ီကားတစ္ခ်ပ္ကိုသာ
ဒုရဲမွဴး ‘ ထြန္းသစ္ ’ အာရံုစိုက္ေနမိသည္ ။
အထူးသျဖင့္ ပန္းခ်ီကား… ။
ပန္းခ်ီကားမွာ ႏွစ္ေပါင္းအလြန္ၾကာျမင့္သည့္ဟန္
ရွိျပီး ေရွးေဟာင္းလက္ရာတစ္ခုျဖစ္သည္ ၊
ထိုပန္းခ်ီကားသည္ အဂၤလိပ္ေခတ္ ျမန္မာျပည္
တစ္ေနရာရာရွိ ကေလးငယ္တစ္ဦး၏
ဆင္းရဲမြဲေတကာ ဘ၀ပ်က္၍ ဒုကၡတစ္ခုခု
ေရာက္ေနသျဖင့္၀မ္းနည္းကာ ငိုေၾကြးေနဟန္ကို
ပီပီျပင္ျပင္ ေရးျခယ္ထားသည္ ။
ပန္းခ်ီကားအတြင္းရွိ ကေလးငယ္မွာ
မိန္းကေလးျဖစ္ျပီး အသက္အားျဖင့္ ဆယ့္သံုးႏွစ္ခန္႕သာ
ရွိေလာက္သည္ ၊ ဆံပင္မ်ားမွာ ရွဳပ္ေထြးေနျပီး ၊
အေပါက္မ်ား ၊ အပ္ခ်ည္ျဖင့္ ဖာထားသည့္ ခ်ဳပ္ရိုးရာမ်ားစြာႏွင့္
ျပည့္ႏွက္ေနေသာ အညိဳေရာင္ အ၀တ္အစားကို
၀တ္ဆင္ထားသည္ ။ ကေလးမ၏ မ်က္နာတြင္လည္း
သဲမ်ား ၊ ဖုန္မ်ားျဖင့္ ေပေရေနလွ်က္
မ်က္၀န္းအစံုမွ မ်က္ရည္မ်ား ျပိဳက်ေနေလသည္ ၊
ထူးျခားခ်က္မွာ ကေလးမ၏ လက္ႏွစ္ဖက္မွာ
သူမ၏ အက်ီ ၤ ေအာက္ဘက္ အစြန္စမ်ားကို
တင္းတင္းဆုပ္ ကိုင္ထားလွ်က္ ႏႈတ္ခမ္းမ်ာကို
တင္းထားပံုမွာ တစ္စံုတစ္ရာအား နာက်င္ခံစားရသျဖင့္
မ်က္ရည္မ်ားက်ေနသည့္ၾကား ၊ ၀မ္းနည္းသည့္ၾကားမွ
အံကိုတင္းထား ၊ စိတ္ကို မေလွ်ာ့ပဲ ေဒါသမ်ား ႏွင့္
နာက်ည္းမႈအခ်ိဳ႕ ေရာေထြးေနပံုျဖစ္သည္ ။
မည္သို႕ပင္ဆိုေစကာမူ
ပန္းခ်ီဆရာ၏ လက္ရာမွာ အသက္၀င္လွသည္ ။
ထိုေခတ္ထိုကာလမွ ကေလးငယ္တစ္ဦး၏
ခံစားခ်က္မ်ိဳးစံုျဖစ္ေနသည့္ ပံုရိပ္အား ကၽြမ္းက်င္လွသည့္
ပန္းခ်ီ စုတ္ခ်က္မ်ားျဖင့္ ပံုေဖာ္ထားသည္မွာ
အနုပညာ ေျမာက္လွသျဖင့္ ဒုရဲမွဴ း ‘ ထြန္းသစ္ ’ ပင္
ရင္ထဲတြင္ ၀မ္းနည္းလာသလိုလို ၊
သနားလာသလိုလို ခံစားမိလိုက္ရေပသည္ ။
သို႕ေသာ္ ပန္းခ်ီဆရာ၏ အမည္ႏွင့္
ပန္းခ်ီကားတြင္းမွ ကေလးငယ္တို႕မွာ
ဘယ္သူဘယ္၀ါမွန္း မသိရွိခဲ့ရ ။
တရားခံဟူ၍ သံသယျဖစ္စရာ
တစ္စံုတစပ္ဦးမ်ွပင္မရွိေသာ ဤလူေသမႈတြင္
စိတ္ဝင္စားစရာအေကာင္းဆံုးမွာ
ထူးထူးျခားျခား အသက္ဝင္ေနသည့္
ထိုပန္းခ်ီကားမွာ တစ္ခုတည္းေသာ
အမႈအတြက္လမ္းစုျဖစ္သည္ဟု ဒုရဲမွဴး ယူဆမိေလသည္ ။
ထို႔ေၾကာင့္ သဲလြန္စရလိုရျငား
ထိုပန္းခ်ီကား ၏ ရာဇ၀င္ႏွင့္ သမိုင္းအေၾကာင္းမ်ား
စစ္ေဆးရန္ ပန္းခ်ီကားကို
ကားထဲသုိ႔ထည့္ကာ သူေနထိုင္ေသာ
လိုင္းခန္းသို႔ယူေဆာင္လာခဲ႔ရန္
သူ၏ ကားထဲသို႕ထည့္လိုက္သည္ ။
လူေသမႈအေၾကာင္းစိတ္၀င္စားေနၾကသည့္
တိုက္ခန္းမွ လူမ်ားက တိုက္ခန္းေအာက္ဘက္တြင္
တစ္ရုန္းရုန္းျဖင့္ ဒုရဲမွဴး ‘ ထြန္းသစ္ ’ မွ ပန္းခ်ီကားအား
ေသဆံုးသူအခန္းမွ သယ္သြားျခင္းကို
အမ်ိဳးမ်ိဳး ထင္ေၾကးေပးေနရစ္ခဲ့သည္ ။
ဒုရဲမွဴးး ‘ ထြန္းသစ္ ’ တစ္ေယာက္
သူေနထိုင္ရာ လိုင္းခန္းအတြင္းသို႕ ေရာက္ရွိျပီးေနာက္
ကားအတြင္းမွ ပန္းခ်ီကားအား သူ၏
အခန္းအတြင္းသယ္ေဆာင္လာျပီး
အခန္းတစ္ေနရာတြင္ ေခတၱ ေထာင္ထားလိုက္သည္ ။
ထို႕ေနာက္ ကိုယ္လက္သန္႕စင္ရန္ႏွင့္
လန္းဆန္းသြားေစရန္ ေရမိုးခ်ိဳးေလေတာ့သည္ ။
ဒုရဲမွဴးး ‘ ထြန္းသစ္ ’ ေရခ်ိဳးေနခ်ိန္တြင္ ေရခ်ိဳးခန္းအျပင္မွ
ကေလးတစ္ဦး၏ ငိုသံကို
သဲသဲကြဲကြဲၾကားလိုက္ရေလေတာ့သည္ ။
သူေနထိုင္ရာ လိုင္းခန္းမွာ လူပ်ိဳေဆာင္ျဖစ္၍
မည္သည့္ ကေလးမွ် မရွိသည္မွာေသခ်ာလွသည္ ။
အဘယ္ေၾကာင့္ကေလးငိုသံၾကားရသနည္း ။
ဒုရဲမွဴး ‘ ထြန္းသစ္ ’ လည္း ေရကို
ကမန္းကတန္းခ်ိဳးျပီးေနာက္
အခန္းတြင္းသို႕ခ်က္ခ်င္းေျပးသြားျပီး
ငိုသံၾကားရသည့္ေနရာကိုလိုက္ရွာရင္း
သူ၏မ်က္လံုးမ်ားသည္ အမွတ္မထင္
နံရံကိုမွီကာေထာင္ထားသည့္ ပန္းခ်ီကားအား
ျမင္လိုက္ရင္း ေၾကာင္သြားျပီး ေခတၱမွ်
စိုက္ၾကည့္ေနမိေလသည္ ၊
ပန္းခ်ီကားအတြင္းမွ ကေလးငယ္ ငိုသံေပေလာ ။
ထိုအခ်ိန္တြင္ ထူျခားစြာ ထိုင္းမႈိုင္းသည့္
ရနံ႕တစ္ခုကိုရလိုက္ေလသည္ ၊ ေသြးညွီနံ႕ ေလာ
ေဟာင္းႏြမ္းေနသည့္ ပန္းခ်ီကားမွ ေဆးနံ႕မ်ားေလေလာ
ေသခ်ာမသိႏိုင္ေခ် ။
စဥ္းစားေနသည့္ အတြးမ်ားအား ရပ္တန္႕လိုက္ရင္း
ဒုရဲမွဴး ‘ ထြန္းသစ္ ’ အိပ္ယာထက္တြင္ ေက်ာခင္းလိုက္ရင္း
နိုးတစ္၀က္ ၊ အိပ္တစ္၀က္ ျဖစ္ေနေလသည္ ။
ထိုအခ်ိန္တြင္ သူေရာက္ရွိေနသည့္ေနရာမွာ
သူ၏ လိုင္းခန္းမဟုတ္ပဲ ျမိဳ႕ၾကီးတစ္ျမိဳ႕ျဖစ္ေနေလသည္ ၊
ထိုျမိဳ႕ၾကီးအတြင္း လူအမ်ားဟိုဟိုဒီဒီ ေျပးလႊားေနၾကသည္
မည္သည့္ေနရာမွ ပစ္ခတ္ေနမွန္းမသိသည့္ ေသနတ္သံမ်ား
ဗံုးသံမ်ားမွာ နားကြဲလုမတက္ ၾကားေနရေလသည္ ။
ဒုရဲမွဴး ‘ ထြန္းသစ္ ’ လည္း လူအမ်ားၾကား အသက္လုကာ
ေျပးရင္းလႊားရင္း တစ္ေနရာအေရာက္တြင္
မီးေလာင္ေနသည့္ အိမ္ၾကီးတစ္အိမ္ေရွ႔ရွိ
ဗံုးဒဏ္ေၾကာင့္ ေသဆံုးသြားၾကဟန္ရွိသည့္
လူေသအေလာင္းမ်ားကိုၾကည့္ကာ
ငိုေနသည့္ ကေလးငယ္တစ္ဦးကို
ျမင္လိုက္ရသည့္ ကေလးငယ္မွာ
ဆင္းရဲသည့္ မိသားစုမွ ကေလးျဖစ္ပံုရျပီး
မိသားစုမ်ား မ်က္စိေရွ႕တြင္ ေသဆံုးသြားၾကသျဖင့္
ငိုေၾကြးေနပံုရသည္ ၊ ထိုျမင္ကြင္းေၾကာင့္
ဒုရဲမွဴး ‘ ထြန္းသစ္ ’ လည္း ၀မ္းနည္းသြားျပီး
ကေလးအနားသို႕ေျပးသြားလိုက္ခ်ိန္
ထိုကေလးမအနားေရာက္လုလုတြင္
ပတ္၀န္းက်င္တစ္ခုလံုးရွိ လူမ်ား ၊ အသံမ်ား
ေပ်ာက္ကြယ္သြားျပီး အေမွာင္ထု ဟင္းလင္းျပင္ၾကီး
တစ္ခုထဲတြင္ ကေလးမေလးႏွင့္ ဒုရဲမွဴး ‘ ထြန္းသစ္ ’
ႏွစ္ဦးတည္း ရွိေနၾကေလသည္ ၊
ဒုရဲမွဴး ‘ ထြန္းသစ္ ’ လည္း ရုတ္တရက္ျဖစ္စဥ္ေၾကာင့္
ေၾကာင္သြားျပီးေနာက္ ေၾကာက္စိတ္လည္း၀င္လာေလသည္ ။
ထိုအခ်ိန္မွာပင္ မ်က္စိေရွ႔မွ ေက်ာေပးထားသည့္
ကေလးမေလးမွာ ဒုရဲမွဴး ‘ ထြန္းသစ္ ’ ဘက္သို႕ လွည့္လိုက္ျပီး
ေကာက္က်စ္စြာ ျပံဳးေနသည့္ မ်က္နာထားျဖင့္
တစ္ခ်က္ၾကည့္လိုက္သည္ ။
မည္သည္ေၾကာင့္နည္း … ။
ကေလးမေလး၏ မ်က္နာကို ျမင္လိုက္ရေသာ
ဒုရဲမွဴး ‘ ထြန္းသစ္ ’ မွာ လြန္စြာ ေၾကာက္ရြံ႕ တုန္လွဳပ္သြားေလသည္ ။
ထိုကေလးမေလးမွာ ပန္းခ်ီကားထဲမွ
ကေလးမေလး ျဖစ္ေနေေသာေၾကာင့္ပင္ ။
ထိုစဥ္ မ်က္စိေရွ႔ရွိ ကေလးမမွာ
ဒုရဲမွဴး ‘ ထြန္းသစ္ ’ ရွိရာသို႕ေျပးလာျပီးေနာက္
ရယ္ေမာလ်က္ ဒုရဲမွဴး ‘ ထြန္းသစ္ ’ ၏
လည္ပင္းကို ညွစ္ေလေတာ့သည္ ။
လည္ပင္းညွစ္ေနသူ
ကေလးမ ၏လက္မွာ
ကေလးပင္ျဖစ္လင့္ကစား
ဗလၾကီးေသာ လူတစ္ဦး၏
လက္ထက္ပင္ ပို၍ သန္မာေလသည္ ။
တစ္ခ်ိန္တည္းဆိုသလိုပင္
ဒုရဲမွဴး ‘ ထြန္းသစ္ ’ မ်က္လံုးမ်ားျပာေ၀လာလွ်က္
လွ်ာမွာ လည္ပင္းအစ္လြန္း၍
အျပင္သို႕ပင္ ထြက္လာေလသည္ ။
မည္သို႕ပင္ ရုန္းကန္ရုန္းကန္
ကေလးငယ္မွာ အျပံဳးမပ်က္ေပ ။
စင္စစ္မိစာၦပင္ ။
ထိုအခ်ိန္တြင္ ေျမျပင္ေပၚပစ္လွဲက်ေနသည့္
ဒုရဲမွဴး ‘ ထြန္းသစ္ ’ အေပၚတြင္ ခြထိုင္ကာ
လည္ပင္းညွစ္ေနသည့္ ကေလးမမွာ သူ၏
လက္အေနထားကို ေျပာင္းလိုက္ဟန္ျဖင့္
ဒုရဲမွဴး ‘ ထြန္းသစ္ ’ ၏ လည္ပင္းေအာက္ပိုင္းကို
ညွစ္ေလေတာ့သည္ ၊ အေသသတ္ရန္ရည္ရြယ္ထားပံုရွိသည္ ။
ဒုရဲမွဴး ‘ ထြန္းသစ္ ’ မွာ မ်က္ရည္မ်ား ေ၀လာျပီး
ပါးစပ္မွ အျမွဳပ္မ်ားပင္စီလာေလေတာ့သည္ ။
ထိုစဥ္ “ အား………….. ”
ဟူေသာ အသံနက္ၾကီးျဖင့္ ဒုရဲမွဴး ‘ ထြန္းသစ္ ’ အား
လည္ပင္းညွစ္ေနသည့္ ကေလးမ လြင့္၀င္ေပ်ာက္ကြယ္
သြားေလသည္ ။
“ အဟြတ္..အဟြတ္ ”
ရုန္းကန္ေနရာမွ မ်က္စိႏွစ္လံုးပြင့္လာေလသည္ ။
အိပ္ယာမွ နိုးနိုးခ်င္းတြင္ ဒုရဲမွဴး ‘ ထြန္းသစ္ ’
ေၾကာက္လန္႕ေနေလသည္ ၊ လည္ပင္းမွာလည္း
အမွန္တကယ္ ညွစ္ခံရသလို ခံစားေနရျပီး
အသက္ရွဴပင္ သိပ္မ၀ခ်င္ေတာ့ ၊ အမွတ္မထင္
သူ၏ လည္ပင္းကို ျပန္စမ္းမိရာ လည္ပင္းတြင္
မၾကာမွီက ဆရာေတာ္ဘုရားတစ္ဦး
ေပးခဲ့သည့္ အႏၱရယ္ကင္း ပရိတ္ၾကိဳးအား
စမ္းျပီးေလသည္ ၊ ထို႕ေနာက္ ျဖစ္စဥ္အစံုအလင္အား
ရိပ္စားမိလ်က္ကုတင္ေျခရင္း နံရံတြင္
ေထာင္ထားသည့္ ပန္းခ်ီကားအားမရဲတရဲ
လွမ္းၾကည့္ေနမိကာ မ်က္ေမွာင္ၾကဳတ္ထားလွ်က္
အလြန္အမင္း စိတ္လွဳပ္ရွားသည့္ဟန္ျဖင့္
စကားတစ္ခြန္း ေရရြတ္လိုက္မိသည္ ။
“ ဒီပန္းခ်ီကားက လူသတ္တရားခံပဲ ၊
လူေတြရဲ႕ သနားတတ္တဲ့စိတ္ကို အသံုးခ်ျပီး
လူေတြကို သတ္ႏိုင္တဲ့ သက္မဲ႔ပစၥည္းတစ္ခုပဲ ….
မဟုတ္ဘူး.. ဒါ..ဒါ ….. သက္ရွိပန္းခ်ီကား ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
‘ မလွေမ ’ မွာ လူလတ္ပိုင္းအရြယ္ရွိျပီး
လက္ရွိ သူမ လုပ္ကိုင္ေနသည့္ ကုမၸဏီမွ
တာ၀န္ၾကီးသည့္ အပိုင္းမ်ားအား
တာ၀န္ယူထားရသူတစ္ေယာက္ပင္ ။
အိမ္ေထာင္က်ျပီးသည္မွာ
မ်ားစြာ မၾကာလွေသာ္လည္း ၊ အမ်ိဳးသား၏
၀င္ေငြတစ္ခုတည္းကို အားကိုးျပီး
အိမ္တြင္းပုန္းလုပ္ေနရသည္ကို
မႏွစ္ျမိဳ႕သူ ပီပီ မိမိတတ္ကၽြမ္းေသာ
ပညာအရည္အခ်င္းျဖင့္ ျမိဳ႕ျပမွ
နာမည္ၾကီး ေဆာက္လုပ္ေရး
ကုမၸဏီၾကီး တစ္ခု ၏ ရာထူးၾကီးပိုင္း တြင္
၀င္ေရာက္လုပ္ကိုင္ေနျခင္းျဖစ္သည္ ။
လုပ္ငန္းကၽြမ္းက်င္မႈအပိုင္း ၊
တာ၀န္ယူမႈအပိုင္း ၊ စနစ္က်မႈ ၊
စီမံမႈ စသည္တို႕တြင္ ‘ မလွေမ ’ သည္
အျပစ္ေျပာစရာမရွိေလာက္ေအာင္
ေတာ္လွသျဖင့္ သူ၏
ကုမၸဏီ သူေဌးအပါအ၀င္
လူၾကီးမ်ားက ‘ မလွေမ ’ ကိုသာ
အားကိုး၍ မ်က္နာလႊြဲထားၾကရသည္ ။
တစ္ေန႕တြင္ ‘ မလွေမ ’ တို႕
ကုမၸဏီမွ ျမိဳ႕၏တစ္ေနရာရွိ တိုက္ျမင့္ ကြန္ဒို
တစ္ခုအတြင္းပိုင္းအား
တာ၀န္ယူ ျပင္ဆင္ထားသည့္
လုပ္ငန္းတစ္ခုျပီးစးီသြားသျဖင့္
‘ မလွေမ ’ သြားေရာက္စစ္ေဆးဖို႕ရာ
တာ၀န္က်လာေလသည္ ။
တစ္ေနကုန္ စာရင္းဇယားမ်ားျဖင့္
အလုပ္ရွဴပ္ေန၍ သူ႕အား တာ၀န္ေပးသည့္
အလုပ္ကို ညေနေစာင္းမွ လုပ္ရန္
‘ မလွေမ ’ အစီအစဥ္ ဆြဲထားေလသည္ ။
ဤသို႕ျဖင့္ မၾကာမီအခ်ိန္တြင္
ညေနေစာင္းသို႕ေရာက္ခဲ့ေလသည္ ။
‘ မလွေမ ’ လည္း သူမ၏
ကားကေလးျဖင့္ လုပ္ငန္းခြင္ရွိရာသို႕
ေမာင္းထြက္လာခဲ့သည္ ။
လုပ္ငန္းခြင္ စစ္ေဆးရမည့္
ေနရာသို႕ေရာက္ေသာအခါ
‘ မလွေမ ’ သူ စစ္ေဆးရမည့္
တိုက္ၾကီး အား အကဲခတ္လိုက္ေလသည္ ။
တိုက္ၾကီးမွာ အျပင္ပန္းအျမင္အရ
သစ္လြင္
လ်က္္ရွိေသာ္လည္း အတြင္းပိုင္းတြင္
လြန္စြာ ေရွးဆန္သည့္ ရနံ႕မ်ား
လွိဳင္ေနျပီး တိုက္ထဲ၀င္လိုက္သည္ႏွင့္
လူေရာစိတ္ပါ ထိုင္းမွိုင္းသြားသလို
ခံစားလိုက္ရသည္ ။
တိုက္အတြင္းမွ သူမအလာကို
ေစာင့္ေမွ်ာ္ေနရင္း လုပ္လက္စ
လုပ္ငန္းမ်ားကို အေခ်ာသပ္ေနၾကသည့္
အလုပ္သမားမ်ား အလုပ္သမားေခါင္းမ်ားႏွင့္
ရံုးမွ အၾကီးအကဲမ်ားက ‘ မလွေမ ’ အား
ၾကိဳဆိုၾကရင္း လုပ္ငနး္ခြင္ကို ႏွံ႕စပ္ရန္
လိုက္လံျပသေလသည္ ။
‘ မလွေမ ’ လည္း
အလုပ္ကို စိတ္၀င္တစား
လိုက္လံ ၾကည့္ရွဳရင္း လုပ္ငန္းခြင္မွ
ျပီးစီးသြားသည့္ ေနရာမ်ား၏လိုအပ္ခ်က္မ်ား ၊
ျပန္ျပင္ရမည့္ ေနရာမ်ား ၊
စနစ္မက်မႈမ်ား ၊ အရည္အေသြးမမွီသည့္
ေနရာမ်ားအား စစ္ေဆးေနရင္း
အခ်ိန္ကုန္မွန္းမသိကုန္လာခဲ့ေလသည္ ။
အလုပ္သိမ္း ရံုးဆင္းခ်ိန္ကို
ေရာက္သည္ကို သူမသတိထားမိသည္ႏွင့္
လုပ္ငန္းခြင္မွ အလုပ္သမားမ်ား တာ၀န္ခံမ်ား
အားလံုးကို အလုပ္ဆင္းေစရန္ေျပာဆိုျပီး
ထို တိုက္ၾကီးတစ္ခုတြင္ သူမတစ္ကိုယ္တည္း
အလုပ္မ်ားကို အျပီးသတ္ရန္ၾကိဳးစားေနေလသည္ ။
ယခင္ကတည္းက အလုပ္ေလာဘရွိသည္က
တစ္ေၾကာင္း ၊ ဒီေန႕ကိစၥ ဒီေန႕ အျပီး လုပ္တတ္သည္က
တစ္ေၾကာင္းေၾကာင့္ ‘ မလွေမ ’ တစ္ေယာက္
ညမိုးခ်ဳပ္လာခ်ိန္တိုင္ေအာင္ပင္ အိမ္မျပန္ျဖစ္ေသး ။
တိုက္ၾကီး ၏ ေလွခါးထစ္မ်ားမွ
တဆင့္ တိုက္၏ အထပ္မ်ား တစ္ထပ္ျပီး
တစ္ထပ္ လိုက္၍ စစ္ေဆးေနေလသည္ ။
တိုက္ခန္းတြင္ ေနထိုင္ၾကသူအခ်ိဳ႕ပင္
သူတို႕၏ အလုပ္မ်ားမွ တဖြဲဖြဲ ျပန္ေရာက္လာၾကေလျပီ ။
‘ မလွေမ ’ လည္း လုပ္ငန္းမ်ားအား
တစ္ေနရာျပီးတစ္ေနရာ ေစ့စပ္ေအာင္ စစ္ေဆးျပီးေနာက္
ေနာက္ဆံုး ေျမညီထပ္ႏွင့္ မ်ားစြာ မကြာလွသည့္
ပထမထပ္ႏွင့္ ဒုတိယထပ္သာ စစ္ေဆးရန္က်န္ေလေတာ့သည္ ။
ဒုတိယထပ္သို႕အေရာက္တြင္ တိုက္ခန္း ေလွကားမီးမွာ
မတပ္ဆင္ရေသးသျဖင့္ ေမွာင္မဲေနေလသည္ ။
‘ မလွေမ ’ လည္း သတိၾကီးစြာထားရင္း ေလွကားကို
ဖုန္း ဓါတ္မီးျဖင့္ ထိုးကာ တစ္ထစ္ခ်င္းဆင္းလာခဲ့သည္ ။
သူဆင္းလာသည့္ ေလွကားအဆံုး ….
မလွေမ ဒုတိယထပ္အေရာက္တြင္
သူႏွင့္မ်က္ႏွာခ်င္းဆိူင္ရွိ ဓာတ္ေလွကား
တံခါးပြင့္လာသည္ ထိတ္လန္႔ေျခာက္ခ်ားစရာေကာင္းသည္မွာ
ပြင့္လာေသာတံခါးေနာက္တြင္
မည္သူတစ္ဦးတစ္ေယာက္မ်ွ ရွိမေနေခ် ။
တစ္ဆက္တည္းဆိုသလို ဓါတ္ေလွကား တံခါး
ပြင့္လာျပီးေနာက္ သူမေရာက္ေနသည့္ ေလွကားမီးမွာ
လွ်ပ္စီးလက္ သည့္နယ္ မွိတ္တုပ္မွိတ္တုပ္ ျဖစ္ေနေလသည္ ။
ထို႕ေနာက္ ခ်က္ခ်င္း ျပန္၍ ေမွာင္မဲသြားေလသည္ ။
မီးျပန္မွိတ္သြားသည့္အခ်ိန္တြင္ သူမလက္ထဲရွိ
ဖုန္းမီးမွာလည္း ထူးဆန္းစြာ မွိတ္သြားေလသည္ ။
ပတ္၀န္းက်င္တစ္ခုလံုးေမွာင္မဲလို႕ …..
လူမပါပဲ တံခါးပြင့္ေနသည့္
ဓါတ္ေလွကားႏွင့္ သူမ ႏွစ္ေယာက္တည္း
မေၾကာက္တက္သူျဖစ္လင့္ကစား
တစ္ကိုယ္တည္းမို႕ ေျခာက္ျခားမိေလသည္ ။
တစ္ခ်ိန္တည္းဆိုသလိုပင္ ….
“ တီ………..တီ……..တီ……. ”
သူမဖုန္းမွ Ringtone အသံထြက္လာေလသည္ ၊
ရုတ္တရက္ျဖစ္လာေသာေၾကာင့္ ‘ မလွေမ ’
လန္႕သြားျပီး
တစ္ကိုယ္လံုး နတ္ပူးသလို တုန္သြားမိေလသည္ ။
ဖုန္းၾကည့္လိုက္ေသာအခါ
အမ်ိဳးသားဆီမွ ဖုန္းျဖစ္ေနေလသည္ ။
‘ မလွေမ ’ဖုန္းကို ကိုင္လိုက္ရင္း
“ ဟဲလို ေမာင္ ”
တစ္ဖက္မွလည္း
“ ေအး ဟဲလို ေမ
ေမ မျပန္လာေသးလို႕ စိတ္ပူလို႕
လွမ္းဆက္လိုက္တာ အလုပ္ရွဳပ္ေနတုန္းလား ေမ
ေမာင္လာၾကိဳရမလား ”
“ ဟုတ္တယ္ေမာင္ေရ
အခုထိအလုပ္က မျပီးေသးဘူး
သိပ္မၾကာေတာ့ဘူး ေမာင္
ေနာက္နာရီ၀က္ဆိုရင္ ျပီးပါျပီ
ေမာင္ မလာနဲ႕ ထမင္းစားထားႏွင့္ေတာ့
ေမ့ကို ေစာင့္မေနနဲ႕ ”
“ မဟုတ္တာေမရာ
တူတူစားၾကတာေပါ့ ေမာင္လည္း
မဆာေသးဘူး ေမ့ကိုေစာင့္ေနမယ္ ”
“ ဟုတ္ျပီ ေမာင္
ဒါပဲေနာ္ ခဏေန ေတြ႕မယ္ Bye ”
( အီး..ဟီး..ဟီး…. )
ဖုန္းခ်ရန္ ‘ မလွေမ ’ ျပင္ေနစဥ္
ဖုန္းထဲမွ သူမ၏ အမ်ိဳးသားအသံမဟုတ္သည့္
ကေလးမတစ္ဦး ငိုသံကို ေလသံသဖြယ္
ၾကားလိုက္ရသည္ ။
‘ မလွေမ ’ လည္း ေခတၱမွ် ုျငိမ္သက္မိရင္း
ေသခ်ာနားေထာင္မိသည္ …
သို႕ေပမယ့္ တစ္ဖက္မွလူ ဖုန္းခ်သြားသည့္တိုင္
ဖုန္းထဲမွ ထိုစကားကိုပင္
ေလသံျဖင့္ ထပ္ခါထပ္ခါ ေျပာေနျပန္သည္ ။
ဖုန္းလိုင္းပူးေနတာျဖစ္မယ္ဟု
စိတ္တင္းကာ ‘ မလွေမ ’ ဖုန္းကို ခ်လိုက္ေလသည္ ။
ထိုအခ်ိန္တြင္ ဆန္းၾကယ္စြာ
ဖုန္းမလာမီ
ွီအတန္ၾကာက သူ႕ဘာသာသူ
ပိတ္သြားသည့္ ဖုန္းဓါတ္မီးမွ ‘ မလွေမ ’
မဖြင့္ပါပဲ ျပန္လင္းလာေလသည္ ။
‘ မလွေမ ’ေၾကာက္ေၾကာက္ျဖင့္
ေမွာင္ေနသည့္ ပတ္၀န္းက်င္ႏွင့္
လူသြားစၾကၤန္တစ္ေလွ်ာက္ကို
ဟိုဟိုဒီဒီ မီးျဖင့္ လိုက္ထိုးၾကည့္ေနမိသည္ ။
မည္သည့္ လွုပ္ရွားမႈမွ မေတြ႕ရေခ် ။
ဒုတိယထပ္မွ
အလုပ္ကို အဆံုးသတ္ရင္း
ပထမထပ္သို႕ ဆင္းရန္ျပင္ေနစဥ္
သူမ ေနာက္ေက်ာရွိ အခန္းမွ
အသံတစ္ခု ၾကားလိုက္ရသည္
“ ေဒါက္ .. ေဒါက္ ”
“ ေဒါက္ .. ေဒါက္ ”
အခန္းတြင္းမွ တံခါးေခါက္သံျဖစ္သည္ ။
အခန္းတံခါးအား ဖုန္းမီးျဖင့္ၾကည့္လိုက္ရာ
တံခါးမွာ အျပင္မွ ေသာ့ခတ္ထားပံုရွိသည္ ။
အခန္းတြင္း လူက်န္ခဲ့သည္ကို သတိမျပဳမိပဲ
တစ္စံုတစ္ေယာက္က တံခါးအား ေသာ့ခတ္သြားသည္
အထင္ျဖင့္ အခန္းထဲမွ တံခါးေခါက္ေနသူအား
စိတ္ပူသြားေလသည္ ။
‘ မလွေမ ’ ထို အခန္းနားကပ္လွ်က္
အသံျပဳလိုက္သည္ ။
“ လူရွိလား… ”
ေခတၱမွ်တိတ္ဆိတ္သြားျပီးေနာက္
အခန္းတြင္းမွ …
“ ေဒါက္..ေဒါက္ ”
ဟု တံခါးျပန္ေခါက္သံၾကားလိုက္ရေလသည္ ။
တစ္ျပိင္တည္းဆိုသလိုပင္ ‘ မလွေမ ’ လည္း
အခန္းတြင္းမွက်န္ရစ္သူအား ကယ္ရန္အတြက္
တိုက္ၾကီး၏ ေျမနီထပ္သို႕ ေျပးဆင္းလိုက္ရင္း
ေျမနီထပ္အေရာက္တြင္ တိုက္အ၀တြင္ေစာင့္ေနသာ
လံုျခံဳေရး ေလးဦးအားေတြ႕ျပီး အက်ိဳးအေၾကာင္းေျပာ
လိုက္ရာ လံုျခံဳေရးမ်ားက …
“ အစ္မေလး ကၽြန္ေတာ္ေျပာတာနားေထာင္
အဲ့ဒီအခန္းက လူမေနတာၾကာလွျပီ …
အရင္ပိုင္ရွင္ မရွိေတာ့ကတည္းက
ေနာက္၀ယ္မယ့္သူမရွိတာနဲ႕ ေသာ့ခတ္ထားတာ
အခုခ်ိန္ထိပဲ ”
‘ မလွေမ ’ မွာ လံုျခံဳေရးမ်ား၏
စကားကို လက္မခံပဲ ..
“ မဟုတ္ဘူးေနာ္ အဲ့ဒီ
ဒုတိယထပ္ၾကီးက ေမွာင္မဲေနတာ မီးလဲမရဘူး
ေနာက္ျပီး အဲ့အခန္းက တံခါးေခါက္ျပီး
အကူအညီေတာင္းေနတာ ၊ ကၽြန္မကိုယ္တိုင္
နားနဲ့ၾကားရံုတင္မကဘူး ေသခ်ာေအာင္ေမးျပီးမွ
ရွင္တို႕ကို လာအကူအညီေတာင္းတာ ”
ထိုစကားကို လံုျခံဳေရးမ်ားထဲမွ
တစ္ဦးက …
“ ဟင္.. ဒုတိယထပ္က မီးမပ်က္ပါဘူး
ဟိုမွာၾကည့္ပါလား လင္းထိန္ေနတာပဲ ၊
အစ္မ ကၽြန္ေတာ္တို႕ကို ေနာက္ေနတာလား ”
‘ မလွေမ ’ လည္း လံုျခံဳေလးေကာင္ေလး၏
ေျပာစကားေၾကာင့္ တိုက္ၾကီး၏ ဒုတိယထပ္အား
ေအာက္မွ လွမ္းၾကည့္လိုက္ရာ မီးမ်ားထိန္ထိန္လင္းေနသည္ကို
ေတြ႕လိုက္ရသျဖင့္ ဇေ၀ဇ၀ါျဖစ္သြားေလသည္ ၊
သိုကေသာ္ သူအရူးဟု အထင္မခံႏိုင္ ၊
ေသာ့ပိတ္ထားေသာ အခန္းထဲမွ တံခါးေခါက္ေနသည္မွာ
အခန္းထဲရွိ တစ္စံုတစ္ေယာက္ အခန္းျပင္ထြက္လိုေၾကာင္း ၊
အကူအညီလိုေနၾကာင္း ေသခ်ာလွေသာေၾကာင့္ …
“ ဟယ္…ဟုတ္ပ ခုန က ေမွာင္မဲေနတာပါ ၊
ဘာပဲျဖစ္ျဖစ္ ဟို အခန္းထဲကလူေတာ့
အကူအညီလိုေနမွာ ေသခ်ာတယ္ ၊ လာခဲ့ၾကပါ
ကၽြန္မေျပာတာယံုပါ … ”
လံုျခံဳေရးမ်ားသည္လည္း ‘ မလွေမ ’ အား
စိတ္ေက်နပ္ေစရန္
အင္တင္တင္ျဖင့္ မလိုက္ခ်င္လိုက္ခ်င္လုပ္ကာ
ေနာက္ဆံုး လိုက္သြားခဲ့ၾကသည္ ။
ဒုတိယထပ္သို႕ေရာက္ေသာအခါ
ဦးစြာ မီးထိန္ထိန္လင္းေနသည္ကို ‘ မလွေမ ’
တအံ့တၾသျမင္လိုက္ရသည္ ။
ဒုတိယထပ္ရွိ အျပင္မွ တံခါးေသာ့ခတ္ထားသည့္
အခန္းေရွ႕အေရာက္တြင္ ‘ မလွေမ ’ က…
“ ဒီအခန္းပါပဲရွင္ ကၽြန္မ မလိမ္ဘူး
မယံုရင္ ဖြင့္ၾကည့္ .. ”
မယံုသကာၤအၾကည့္မ်ားျဖင့္
လံုျခံဳေရးမ်ားမွာ ‘ မလွေမ ’ အား
ၾကည့္လွ်က္ ေသာ့တစ္ေခ်ာင္းကိုထုတ္ကာ
တံခါးေသာ့အားဖြင့္လိုက္ေလသည္ ။
“ ေခ်ာက္.. ”
တံခါးမွာ လြယ္လင့္တကူ ပြင့္လာျပီးေနာက္
အခန္းမွာ ပတ္ထားတာၾကာဟန္ရွိသျဖင့္
ဆိုးရြားသည့္ အေဟာင္းနံ႔မ်ား ဖုန္နံ႕မ်ား လွိဳင္ခနဲ
ထြက္လာေလသည္ ။ ထိုအခ်ိန္တြင္ လံုျခံဳေရး
တစ္ဦးမွ အခန္းမီးအား ဖြင္လိုက္ေလေသာအခါ
အခန္းတစ္ခုလံုး လင္းထိန္သြားေလသည္ ။
‘ မလွေမ ’ ႏွင့္ လံုျခံဳေရးမ်ား အခန္းအတြင္းသို႕
ေျပး၀င္သြားျပီး တံခါးေပါက္မ်ားကိုစစ္ရာ
မည္သည့္ တံခါးေပါက္မွ်မရွိပဲ ၀င္ေပါက္တစ္ေပါက္တည္းသာ
ရွိေၾကာင္း သိလိုက္ရသည့္ ထို႕အတူ အခန္းတြင္း
သက္ရွိတစ္စံုတစ္ရာမွ် မရွိပဲ နံရံတြင္ခ်ိတ္ထားသည့္
ပန္းခ်ီကားတစ္ခ်ပ္သာ ရွိေနေလသည္ ။
ထိုပန္းခ်ီကား၏ ပံုမွာ
စစ္အတြင္းမွ ငိုေနသည့္ ကေလးမေလးတစ္ဦးပံုကို
အနုပညာေျမာက္ေအာင္ ေရးခ်ယ္ထားျခင္းျဖစ္ျပီး
ထိုပန္းခ်ိီအားျမင္လိုက္သည္ႏွင့္ ‘ မလွေမ ’ ရင္ထဲတြင္
စိတ္မေကာင္းသလိုလို ၊ ေၾကာက္လန္႕သလိုလို
ခံစားလိုက္ရသည္ ။
ထိုစဥ္ လံုျခံဳေရးမ်ားက
“ ကဲ ကဲ ဒီမယ္ အစ္မ
ကၽြန္ေတာ္တို႕ကို သက္သက္ စေနာက္ေနတာလား
ဘယ္မလဲ အစ္မေျပာတဲ့သူ … ဘာမွလည္းမျမင္ဘူး
ဒီအခန္းက ပိတ္ထားတာၾကာလွျပီ ….
လူေတာ့ရွိမွာမဟုတ္ဘူး သရဲပဲရွိလိမ့္မယ္ .. ”
ဆိုျပီး ရြဲ႕ေစာင္းကာ ေျပာသြားၾကရင္း
‘ မလွေမ ’ ႏွင့္အတူ အခန္းျပင္ထြက္ကာ
အခန္းတံခါးကို ျပန္ပိတ္ကာ ေသာ့ခတ္ၾကေလသည္ ။
‘ မလွေမ ’ ၏ နားထဲတြင္ လံုျခံဳေရးတစ္ဦး
ေျပာသည့္ “ လူေတာ့ရွိမွာမဟုတ္ဘူး သရဲပဲရွိလိမ့္မယ္ ”
ဟူေသာ စကားကိုသာ တြင္တြင္ျပန္ၾကားရင္း
ၾကက္သီးမ်ားထေနမိ ကာ အိမ္သို႕ပင္ အျမန္ျပန္လာျဖစ္ခဲ့သည္ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မၾကာမီတြင္ ထို ပိတ္ထားသည့္ အခန္းအား
လေပးစနစ္ျဖင့္ ျမန္မာျပည္ရွိ တရုတ္လူမ်ိဳးတစ္ဦး
ငွားရမ္းေနထိုင္ေလသည္ ။
ထိုသူမွာ ဓါတ္ပံု၀ါသနာအိုးၾကီးျဖစ္ျပီး
ျမန္မာျပည္အႏွံ႕ ခရီးထြက္ကာ ဓါတ္ပံုရိုက္ကူးေနသူျဖစ္သည္။
ယခုအခန္းအား ငွားျပီးေနာက္
သူ စိတ္ၾကိဳက္ တစ္ျမိဳ႕လံုး ပတ္ကာ
ဓါတ္ပံုရိုက္ရန္ ရည္ရြယ္ထားသူျဖစ္သည္ ။
မ်ားေသာအားျဖင့္ ငွားရမ္းထားသည့္
အခန္းအား အိပ္ခ်ိန္မွသာ ျပန္လာေလ့ရွိသည္ ။
တစ္ညတြင္ သာမန္ထက္
လမင္းၾကီးက ျပည့္၀လြန္းေနသည္ကို
ထို တရုတ္ၾကီး ျမင္ကာ သေဘာေတြ႕ျပီး
ေကာင္းကင္ၾကီးအား ဓါတ္ပံုရိုက္ထားျဖစ္သည္ ။
ထို႔ေနာက္ ရိုက္ထားသည့္ ပံုမ်ားအား
ကင္မရာမွတစ္ဆင့္ တစ္ပံုစီ ျပန္ၾကည့္ရင္း
စိတ္ၾကိဳက္ေရြးေနမိသည္ ။
နံေဘးရွိ ၀ီစကီတစ္ခြက္အား အရသာခံ
ေသာက္ရင္း ဓါတ္ပံုမ်ားၾကည့္ေနစဥ္
သူ၏နာေခါင္းထဲတြင္ ရနံ႕တစ္မ်ိဳးရလိုက္ေလသည္ ၊
ေသြးညွီနံ႕သဖြယ္ အေဟာင္းပစၥည္း နံ႕သဖြယ္
ေရာေထြး
်လ်က္္ရွိရာ အနံ႕ရရာ ေနရာကို
ဟိုဟို ဒီဒီ လိုက္ၾကည့္မိရာ နံရံထက္မွ
လြန္စြာ အနုပညာေျမာက္လွသည့္
ကေလးငယ္တစ္ဦးငိုေနဟန္ ပန္းခ်ီကားသို႕
အမွတ္တမဲ့ ၾကည့္လိုက္မိသည္ ။
သူထိုအခန္းအား ငွားျဖစ္ပံုမွာလည္း
ဓါတ္ပံုဆရာပီပီ ပန္းခ်ီကား၏ အသက္၀င္မႈကို
ႏွစ္ျခိဳက္သျဖင့္္ ငွားျဖစ္ခဲ့ျခင္းျဖစ္သည္ ။
ထိုအခ်ိန္မွာပင္ တရုတ္ၾကီး
ၾကည့္ေနသည့္ ပန္းခ်ီကားမွာ
လေရာင္ထိုးေနသည့္နယ္ အလင္းေရာင္
က်လာေလသည္ ၊ တရုတ္ၾကီးသည္လည္း
အလင္း၀င္ေပါက္မရွိပဲ ပန္းခ်ီကားေပၚ လရိပ္
က်ေနသည့္အျဖစ္အား အံ့ၾသၾကီးျပီးေနာက္
သူ၏လက္စြဲေတာ္ ကင္မရာအား ကိုင္ျပီး
ပန္းခ်ီကားကို တစ္ျဖတ္ျဖတ္ရိုက္ေလေတာ့သည္ ။
ပထမတစ္ခ်က္ရိုက္ျပီး
ဒုတိယအၾကိမ္ ရိုက္ရန္ ကင္မရာထဲမွ ပန္းခ်ီကားသို႕
အၾကည့္တြင္ ပန္းခ်ီကားထဲမွ ေကာင္မေလး
ေပ်ာက္ခ်င္းမလွေပ်ာက္ေနျပီးေနာက္
ပန္းခ်ီကား၏ ေဘးဘက္ အျပင္တြင္
လူတစ္ေယာက္ကဲ့သို႕ရပ္ေနသည္ကို
ျမင္လိုက္ရသည္ ။
တရုတ္ၾကီးလည္း အနည္းငယ္
တုန္တက္ကာ လန္႕သြားျပီး
ကင္မရာႏွင့္ မ်က္စိကို ခြာလိုက္မိသည္ ။
မူးေနသည္အထင္ျဖင့္ မ်က္စိကို
လက္ျဖင့္ ပြတ္ကာ ပန္းခ်ီကားအား
ေသခ်ာျပန္ၾကည့္လိုက္ေသာအခါ
ပန္းခ်ီကားတြင္ ကေလးမေလး ရွိေနျပန္သည္ ။
ထို႕ေၾကာင့္ တရုတ္ၾကီးလည္း
ကင္မရာကိုျပန္ကိုက္လိုက္ျပီး
ပန္းခ်ီကားကို ျပန္ခ်ိန္လိုက္ရာ
ပန္းခ်ီကားထဲမွ ကေလးမေလးမွာ
အျပင္ကိုေရာက္ေနျပီးေနာက္
မီးရဲရဲေတာက္ေနသည့္ မ်က္လံုးမ်ားျဖင့္
သူ႕အား အစိမ္းလိုက္
စားမည့္ဟန္ ၀ါးမည့္ဟန္ျဖင့္ ၾကည့္ေနသည္ကို
ၾကက္သီးထဖြယ္ျမင္လိုက္ရသည္ ။
လြန္စြာ ေၾကာက္မက္ဖြယ္ေကာင္းသည့္
ျမင္ကြင္းေၾကာင့္ တရုတ္ၾကီးသည္လည္း
ခ်က္ခ်င္း ကင္မရာကိုကိုင္ကာ
ေနာက္လွည့္မၾကည့္ေတာ့ပဲ အခန္းတံခါးကိုဖြင့္
ေအာ္ဟစ္အကူအညီေတာင္းရင္း
သက္ရွိပန္းခ်ီကား၏
တစ္ညတာျပီးဆံုးသြားခဲ့ေလသည္ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တရုတ္ၾကီးေနာက္တြင္ ထိုအခန္းအား
ေရွးေဟာင္းပစၥည္းစုေဆာင္းသည့္ အခန္းအျဖစ္
လုပ္ရန္အတြက္ ေရွးေဟာင္းပစၥည္း ၀ါသနာရွင္
‘ ဦး ၀င္းၾကိဳင္ ’ ေရာက္လာျပန္သည္ ။
‘ ဦး ၀င္းၾကိဳင္ ’ မွာ တစ္ကိုယ္တည္းေနတတ္သူပီပီ
သမိုင္းစာအုပ္မ်ားဖတ္ရင္း ထိုအခန္းတြင္း
ေရွးေဟာင္းပစၥည္းမ်ား၏ သမိုင္းကို ေလ့လာျဖစ္သည္ ။
နံနက္အေစာဆံုးပိုင္းတြင္ ‘ ဦး ၀င္းၾကိဳင္ ’
ထိုအခန္းသို႕ေရာက္ေနတတ္ျပီး
အခန္း၀န္ေဆာင္မႈအတြက္ နံနက္စာလာပို႕ေပးသည့္
ေကာင္မေလးတစ္ဦးကို
နံနက္တိုင္း နံနက္စာ လာပို႕ေပးရန္
လေပးစနစ္ျဖင့္ ငွားထားေလသည္ ။
ညအခ်ိန္တြင္ မူ ျမိဳ႕ထဲရွိ သူေနထိုင္ရာ အိမ္သို႕
ျပန္ကာ အိပ္ေလ့ရွိသည္ ။
‘ ဦး ၀င္းၾကိဳင္ ’ ၀ယ္ယူထားသည့္အခန္း
ယခင္ တရုတ္ၾကီး ငွားခဲ့သည့္ အခန္း မွာ
‘ ဦး ၀င္းၾကိဳင္ ’ အတြက္ ပစၥည္းေလွာင္သည့္ေနရာ
အလုပ္လုပ္သည့္ေနရာဟုဆိုရေပမည္ ။
တစ္ညတြင္ ‘ ဦး ၀င္းၾကိဳင္ ’
ေရွးေဟာင္းပစၥည္း ေပစာတစ္ခု၏
ဆိုလိုရင္းအား နားလည္ေစရန္ၾကိဳးစားရင္း
အခ်ိန္ကုန္မွန္းမသိ ကုန္သြားကာ
ညနက္ခဲ့ေလသည္ ။
တစ္ကိုယ္တည္းသမားမို႕
အလုပ္ခန္းတြင္ အိပ္လွ်င္လည္း
ျပသနာမရွိေခ် ။
ထို႕ေၾကာင့္ ဒီညဖို႕ ‘ ဦး ၀င္းၾကိဳင္ ’
ယခုအခန္းေလးထဲတြင္ အိပ္စက္ရန္ၾကိဳးစားမိေလသည္ ။
ထိုသို႕စိတ္ကူေနခ်ိန္တြင္
အခန္းတြင္းမွ ငိုသံၾကားလိုက္ရသည္ ။
မိန္းကေလးတစ္ဦး၏
ငိုသံပင္ ၊ အသက္ငယ္မည့္ပံုရွိသည္ ။
ထူးျခားသည့္ ငိုသံ ရွိဳက္သံမ်ားေၾကာင့္
‘ ဦး ၀င္းၾကိဳင္ ’ လည္း ဟိုဟိုဒီဒီ
လိုက္ရွာေနမိသည္ ၊ ထိုစဥ္ ‘ ဦး ၀င္းၾကိဳင္ ’
တစ္စံုတစ္ရာအား သတိထားမိလိုက္သည္ ၊
အခန္းနံရံတြင္ခ်ိတ္ထားသည့္ ပန္းခ်ီကားတြင္းမွ
ကေလးမေလး ငိုေနသည့္ပံုပင္မဟုတ္ေလာ ။
စူးစမ္းတတ္သူပီပီ
ထိုပန္းခ်ီကားအား သူကထိုင္ခံုေရွ႕တြင္
ထားလ်က္ အက်အန စိတ္ၾကိဳက္
ထိုင္ၾကည့္ေနမိသည္ ။
ထိုစဥ္ မ်က္စိေရွ႔ရွိ ပန္းခ်ီကားမွ
ငိုသံကို သဲသဲကြဲကြဲၾကားလိုက္ရေလသည္ ။
‘ ဦး ၀င္းၾကိဳင္ ’ ရုတ္တရက္ လန္႕သြားျပီး
ပန္းခ်ီကားအား စိုက္ၾကည့္ေနခ်ိတြင္
ပန္းခ်ီကားတြင္းမွကေလးမေလး မ်က္ရည္က်ေနသည့္
ေနရာမွ မ်က္ရည္သဖြယ္ေရစက္မ်ား တစ္စက္ျပီးတစ္စက္
က်လာေလသည္ ။ မ်က္စိေရွ႕မွ ထူးျခားသည့္
ျဖစ္စဥ္မ်ားေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္ကာ
‘ ဦး ၀င္းၾကိဳင္ ’ တစ္ေယာက္
မ်က္လံုးမ်ားျပဴ းလွ်က္ ပန္းခ်ီကားကိုသာ
ထိတ္လန္႕တၾကား စိုက္ၾကည့္ေနမိသည္ ။
တစ္ခ်ိန္တည္းမွာပင္
ပန္းခ်ီကားထဲမွ ငိုေနသည့္
ကေလးမေလး၏မ်က္နာမွာ ခ်က္ခ်င္း
ျပံဳးရႊင္သြားျပီးေနာက္ ရယ္ေမာရင္း
သူ၏ အက်ီ ၤအစြန္းႏွစ္ဖတ္အား
ဆုပ္ကိုင္ထားသည့္ လက္မ်ားမွာ
ပန္းခ်ီကားထဲမွ ထြက္လာျပီးေနာက္
‘ ဦး ၀င္းၾကိဳင္ ’ ၏ လည္ပင္းကို
အားကုန္ညွစ္ေလေတာ့သည္ …. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
သာယာလွပသည့္ နံနက္ခင္းအား
အသုဘ တစ္ခုျဖင့္ အစခ်ီခဲ့ရသည္ …. ။
“ အား…………….. ”
‘ ဦး ၀င္းၾကိဳင္ ’ ၏
အခန္းသို႕ နံနက္စာလာပို႕သည့္
ေကာင္မေလး၏ ငယ္သံပါေအာင္ေအာ္သည့္အသံပင္ ။
ထိုအသံေၾကာင့္ လူအမ်ားနိုးထလာၾကျပီး
‘ ဦး ၀င္းၾကိဳင္ ’ ေသဆံုးေၾကာင္းသိကာ
ရဲစခန္းအားဖုန္းဆက္ထားၾကေလသည္ ။
မၾကာမွီတြင္ (…) အပိုင္ (…) ဌာနမွ
အမႈစစ္ ဒုရဲမွဴ းတစ္ဦးေရာက္လာျပီး
ျဖစ္ေၾကာင္းကုန္စင္ စစ္ေဆးေမးျမန္းျပီးေနာက္
ေသဆံုးသူအား ရင္ခြဲစစ္ေဆးရန္
မွဴခင္းဆရာ၀န္ထံပိုက္လိုက္ၾကသည္ ။
ရက္အတန္အၾကာတြင္ထို ဒုရဲမွဴ းေလး
အခင္းျဖစ္ပြားခဲ့သည့္ အခန္းအတြင္းေရာက္လာျပီးေနာက္
အခန္းတြင္းမွ ေသဆံုးသူ ၏ မ်က္နာခ်င္းဆိုင္တြင္
ရွိေနခဲ့သည့္ ပန္းခ်ီကားတစ္ခ်ပ္အား
ေသခ်ာၾကည့္ရွဳ စစ္ေဆးေနေလသည္ ။
ထိုပန္းခ်ီကားတြင္
ကေလးမေလးတစ္ဦးမွာ ငိုေနျပီး တစ္စံုတစ္ရာကို
နာက်ည္းခ်က္ျဖင့္ အံက်ိတ္ကာ လက္ႏွစ္ဖက္မွာလည္း
အက်ၤီၤ၏ အစြန္းႏွစ္ခုအား တင္းတင္းဆုတ္ကိုင္ထားသည့္
ပံုျဖစ္သည္ ။
ဤကဲ့သို႕ လြန္စြာ လက္ရာေျမာက္လွေသာ
ေရွးေဟာင္း ပန္းခ်ီကားတစ္ခ်ပ္အား
ဒုရဲမွဴ းေလးမွာ သူ၏ကားကေလးျဖင့္
သယ္ေဆာင္သြားေလေတာ့သည္ ။
ဒုရဲမွဴးေလး ပန္းခ်ီကားကို ယူသြားျပီးေနာက္
ဘာဆက္ျဖစ္မလဲ ဆိုတာေတာ့…… ။
#END
{ ယခုေရးသားခဲ့ေသာ ျဖစ္ရပ္မွန္
ဇာတ္လမ္းေလး ကို ေရးသားခြင့္ျပဳခဲ့တဲ့
မိတ္ေဆြတစ္ဦး “ T.M.M.H ” ကို
ေက်းဇူးအထူးတင္ရွိပါတယ္ ခင္ဗ်ာ ။
အထက္ပါ ဇာတ္လမ္းေလးထဲမွာ
စာေရးသူကိုယ္တိုင္
ခံစားျပီးေရးသားထားပါတယ္ ၊
၀ါသနာအရ ေရးသားတာျဖစ္တဲ့အတြက္ေၾကာင့္
အမွားအယြင္းမ်ား ရွိခဲ့ရင္လည္း ခြင့္လြတ္နားလည္ေပးၾကပါ ၊
ေ၀ဖန္မႈေတြကိုလည္း အျမဲ ၾကိဳဆိုလွ်က္ပါ ခင္ဗ်ာ ….. ။ }
~ မိုးေစြ ~
စာျပီးခ်ိန္ –