ခါးကုန်းစုန်းမကြီးနှင့်တိုက်မြွေ(စ/ဆုံး)

Unicode Version

ခါးကုန်းစုန်းမကြီးနှင့်တိုက်မြွေ(စ/ဆုံး)
———————————————-
ကိုဖိုးအောင်တစ်ယောက်လယ်ထဲမှာစိုက်ပျိုးထားတဲ့ ကောက်ပင်တွေကစပါး နှံတွေ ဖူးစထွက်စဆိုတော့လယ်ရေမခန်းခြောက်ရအောင်လို့ လယ်ကန်သင်းတွေ ကရေထုတ်ရေသွင်းတဲ့အပေါက်တွေကိုလိုက်လံပိတ်ရင်းနှင့်တစ်မနက်စာကုန်သွား ခဲ့ရတာကြောင့် စိုက်ပျိုးထားတဲ့ လယ်ကန်သင်းတွေက ချဉ်ပေါင်ရွက်၊ ပဲသီး၊ ရုံးပတီ သီးတို့ကို အိမ်မှာ ချက်စားသုံးရန်အတွက် ခူးဆွတ်ယူလို့ ခေါင်းပေါင်းတဲ့ ပုဆိုးနှင့် ထုပ်ပြီးတော့လယ်ကွင်းရှိရာက နွားနှစ်ကောင်ဆွဲပြီးတော့အိမ်ကိုပြန်လာခဲ့သည်။ “အိမ်ရောက်တော့ ကိုဖိုးအောင် နွားတင်းကုပ်ထဲ နွားနစ်ကောင်ကို ကြိုးချည် ထားလိုက်ပြီးတော့အိမ်အောက်ထပ်ကကွပ်ပျစ်ပေါ်ကရေနွေးအိုးမှရေနွေးတစ်ခွက်
ငုံ့သောက်လိုက်ပြီးကွပ်ပျစ်ပေါ်ကိုထိုင်း ဝိုင်လိုက်ပြီးယပ်တောင်နှင့်အေးအောင်ယပ်ခတ်
နေစဉ်မှာ…
မိန်းမဖြစ်သူ မလှရွှေဟာ အောက်ထပ် မီးဖိုချောင်းထဲက ထွက်လာခဲ့ပြီးတော့ ကိုဖိုးအောင်လယ်မှာ ကောက်ပင်တွေအဖူးထွက်စဆိုတော့ကာ “လယ်ရေတွေတော့ကောက်ပင်တွေရေမငတ်ရအောင်လယ်ရေတော့လှောင်
ထားခဲ့တယ် မဟုတ်လား”
“မလှရွှေရေ-လယ်ရေအတွက်တော့ဘာမှမပူနဲ့ကွာစိတ်သာချ၊လယ်ရေထွက်
တွေအလွယ်တကူ ရေမထွက်နိုင်အောင်ကို သေချာပိတ်ထားခဲ့တယ်” “ကောင်းပါပြီတော်- ဒီအချိန်စပါးဗူးစမှာလယ်ရေရှိမှစပါးနှံအောင်မှာ၊ေဩာ်- ဒါနဲ့ ကိုဖိုးအောင်ရေ-တော်ကလည်း လယ်ထဲက မောပြန်လာတော့ ပြောမှသိရမှာ ဆိုတော့ပြောရဦးမယ်တော်ရေ၊မနေ့ကတော်နွားကျောင်းနေတဲ့ နွားနှစ်ကောင်ဟာ ကျုပ်တို့ လယ်နီးချင်းဖြစ်တဲ့ ကိုဘဦးရဲ့ လယ်ထဲက ကောက်ပင်အဖူးထွက်စ အပင် တွေကိုဝင်ရောက်စားသွားကြတာ။ ဆယ့်ငါးပေပတ်လည်လောက် ဝင်ရောက်စား
သွားကြတာကြောင့်စပါးနှံထွက်စကောက်ပင်တွေငုတ်တိုတွေဖြစ်ကျန်ခဲ့တာကြောင့်

ဟောဒိမှာတော်ရေ-တိုင်စာလာပို့ထားတယ်။ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကကျပ်တို့ သည်ညလာရောက်ကြဖို့အတွက် ဆင့်ခေါ်တဲ့စာပို့ထားတယ်။
“အေး- ဟုတ်ပါရဲ့မိန်းမရာ၊မနေ့ကလယ်စပ်မှာ နွားတွေကိုခဏလွှတ်ထားပြီး တော့တို့ရဲ့လယ်ကတဲမှာထမင်းစားပြီးတော့ ခါးညောင်းဆန့်လိုက်တာကအိပ်ပျော်
သွားတာအိပ်ရာကနိုးလို့နွားတွေကိုထကြည့်လိုက်တော့တို့ရဲ့လယ်နီးချင်းကိုဘဦးရဲ့
လယ်ထဲမှာ သွားစားနေကြတာကို တွေ့ရတော့ သွားမောင်းလာခဲ့ရတယ်။ ပျက်စီး တာလည်းတွေ့ခဲ့ရတယ်။အဲတာကြောင့် ကိုဘဦးကိုတောင်းပန်ခဲ့ပါတယ်၊ သူ့မိန်းမ ကတော့ကွာ-ပါးစပ်က ပွစိပွစိပြောသွားနေသေးတယ်”
“ကိုဖိုးအောင်နွားတွေကကိုဘဦးတို့ စပါးစိုက်ထားတဲ့လယ်ကွက်ထဲဝင်ရောက်
စားသောက်ခဲ့ကြတာတွေကြောင့်ကျေးရွာလူကြီးများကခေါ်ယူပြီးတော့နှစ်ဦးနှစ်ဖက် ညှိနှိုင်၊ပေး၍အလျော်ပေးဖို့ဆုံးဖြတ်လိုက်ပြီးတစ်ရွာတည်းနေထိုင်လာခဲ့ကြသူတွေ ဟာအလျော်ပေ၊ရတာတွေက များတယ်ဆိုပြီးတော့ တစ်ယောက်နှင့်တစ်ယောက် မခေါ်ကြတော့။
ကိုဖိုးအောင်တို့ လယ်ထဲက စပါးအထွက်ကောင်းတဲ့ နှစ်ဖြစ်တာကြောင့်ပင် လယ်ကွက်ချင်းကပ်နေတဲ့ ကိုဘဦးတို့နှင့် စီးပွားပြိုင်တွေ ဖြစ်လာကြ၏။ မိန်းမတွေ ချင်းကလည်း ဂုဏ်တုဂုဏ်ပြိုင် မာနတွေပြိုင်နေကြသည်။

သဖန်းပင်ဆိပ်ရွာမှာတော့ ဒေါ်အုန်း ဆိုတဲ့အဘွားကြီးဟာ စုန်းမကြီးလို့ ရွာမှာ နာမည်ကြီးပေမယ့်ဘယ်သူကမှတိတိကျကျမစွပ်စွဲရဲကြပေ။ဒေါ်အုန်းရဲ့တူမဖြစ်သူ
ကိုဘဦးဇနီးမအိတို့ဟာလယ်ထဲက ကောက်ပင်တွေနွားစားခဲ့တာတွေ၊အလျော်ရခဲ့ ပမယ့် မိန်းမချင်းတွေက တစ်ယောက်နှင့်တစ်ယောက် မသင့်မြတ်ကြတာကစလို့ ကိုဘဦးရဲ့မိန်းမ မအိက သူ့ရဲ့အဒေါ်ဖြစ်သူဒေါ်အုံးဆိုတဲ့စုန်းမကြီးနှင့်ပေါင်းပြီးတော့ ကလဲ့စားချေမယ်ဆိုတဲ့ စိတ်တွေ မွေးကာဖြင့် အဒေါ်ဖြစ်သူ ဒေါ်အုန်းကို အကျိုး အကြောင်းပြောပြကာဝမ်းစာစပါးတစ် ဆယ့်ငါးသောင်းပေးပြီးတော့ကိုဖိုးအောင်ရဲ့
မိန်းမမလှရွှေကိုတစ်ခုခုဖြစ်သွားစေဖို့အတွက်အဒေါ်ဖြစ်သူ ဒေါ်အုန်းကိုပြုစားခိုင်း
တော့သည်။

တစ်နေ့တော့ဒေါ်အုန်းလှဟာတူမဖြစ်သူကဝမ်းစာစပါးပေးထားသလိုတောင် ယာထဲကထွက်တဲ့အသီးအနှံတွေပါကြာမကြာပေးတာကြောင့်အသက်အရွယ်ကြီး
လာခဲ့ရပေမယ့် ငါ့ရဲ့ပညာတွေဟာ မပျက်စီးသေးဘူးဆိုတာ ပြရသေးတာပေါ့။
မကြာမီ ရက်ပိုင်းအတွင်းမှာတော့ ကိုဖိုးအောင်တို့ရဲ့ခိုင်းနွားကြီးတစ်ကောင် ရုတ်တရက်သေဆုံးသွားတော့သည်။ ကိုဖိုးအောင်၊ မလှရွှေတို့မှာတော့ မိုးကျလို့ လယ်ကွက်တွေမှာထွန်ခါနီးမှ နွားတစ်ကောင်ကသေဆုံးသွားခဲ့ရတာကြောင့်လယ် လုပ်ငန်းခွင်မှာ ကသိကအောက်တွေ့ဖြစ်နေရတော့သည်။
ကိုဖိုးအောင်တစ်ယောက်လယ်ထွန်ဖို့ရာကိုနွားငှားထွန်နေရတာကြောင့်ကိုယ် လိုတဲ့ရက်တွေ၊ရွာမှာ နွားငှားမရတာကြောင့်စိတ်တွေဆင်းရဲနေရသလိုလယ်တွေ က ထွန်ယက်ချိန်ဆိုတော့ ခိုင်းနွားရောင်းချတဲ့သူရှားသည်။

နေ့တစ်နေ့မှာတော့ကိုဖိုးအောင်မိန်းမဖြစ်သူမလှရွှေတစ်ယောက်အကြောင်းမဲ့ ဖြင့်ငိုဟာရယ်ဟာနှင့်ကြောင်တောင်ဖြစ်နေတာကြောင့်ပယောဂအတော်များစုံစမ်း
ခေါ်ယူကုသနေရသည်။
ရှားဖြူကုန်းရွာက ပယောဂဆရာကြီ၊ ဦးစိန်ဘန်းကတော့ ဘယ်သူက ပြုစား ထားတယ်ဆိုတာကို ဆရာတစ်ယောက်အနေနဲ့ သိပေမယ့် တစ်ရွာတည်း နေထိုင် ကြသူတွေဟာတစ်ယောက်နှင့်တစ်ယောက် မမှန်းကြရအောင် ဘယ်သူ့ကိုမှ ဖွင့် မပြောဘဲ မလှရွှေ ငိုဟာရယ် ဟာတွေ ပြုစားခံထားရတာကိုပဲ ပျောက်အောင်ကုသ ပေးနေတာတွေဖြစ်တာကြောင့် စုန်၊ကဝေမကြီး၊ ဒေါ်အုန်းဟာ သူ့ကိုယ်သူ အထင် ကြီးပြီးတော့နေသလိုစုန်းအတတ်ကဝေဆယ့်နှစ်ကြိုးအတတ်ပညာတွေကိုလက်
ဆင့်ကမ်းပေးခဲ့ဖို့စဉ်းစားမိတာတွေကြောင့်တူမအရင်းဖြစ်သူ မအိကိုခေါ်၍ညတိုင်း
စုန်းအတတ်ကဝေဆယ့်နှစ်ကြိုးအတတ်ပညာသင်ပေးကာမိုးမှောင်ကျတဲ့ညတွေမှာ တောက်စားကြလို့လပြည့်လကွယ်ညတွေမှာအိမ်အတွင်းထဲမှာ စုန်းမီးတောက်စား သလို ကောင်းကင်မှာ မီးလုံးကြီးများနှင့် အဒေါ်နှင့် တူမတို့ တောက်စားတာတွေက ကောင်းကင်ထက်ဆီမှာတောက်စားကြသည်။
တူမဖြစ်သူ မလှရွှေကတော့အဒေါ်သင်ပေးတဲ့ စုန်းကဝေအတတ်ကို ကောင်း စွာတတ်မြောက်လာတာတွေကြောင့် အသက်လေးဆယ်ကျော်သာ ရှိသေးတော့ မာန်မာနတွေ သိပ်တက်နေပြီး အဒေါ်ဖြစ်သူ စုန်းမကြီးဒေါ်အုံးမှလွဲကာ ဘယ်သူ့မှ မကြောက်တော့ဘဲ နေသည်။
စုန်းမကြီး ဒေါ်အုံးကလည်း ယခင်က မိမိတစ်ယောက်တည်းသာ စုန်းအတတ် တွေနဲ့ တောက်စားနေလာခဲ့ပြီးယခုတူမအရင်းဖြစ်သူမအိပါသင်ပေးတတ်မြောက်
လာတာတွေကြောင့်နှစ်ယောက်အတူတူဖြင့် သဖန်းပင်ဆိပ်ရဲ့ရွာထိပ်ဆီကလက်ပံ
ပင်တောအုပ်ရဲ့ကောင်းကင်ထက်ဆီမှာမီးလုံးကြီးနှစ်လုံးတို့ဟာဖြင့်လကွယ်ညတိုင်း သန်းခေါင်ကျော်အချိန်တို့မှာ စုန်းအတတ်ကဝေအတတ်များဖြင့် ကောင်းကင်ထက် တွင်အတော်ကြီးကိုမြင့်မားအောင်တောက်စားကြပြီးပျော်နေကြလျက်ကြီးမားလှတဲ့
မီးလုံးကြီးနှစ်လုံးတို့ လကွယ်ညတွေမှာ တောက်စားနေတာတွေကို ဒေါ်အုန်းနှင့် မအိတို့ စုန်းတောက်တာတွေကို ဘယ်သူမှ မသိဘူးလို့ သူတို့ကထင်ကြသည်။

တောဓလေ့ဆိုတော့လယ်ထဲ၊ချောင်းထဲတွေမှာညအခါငါးထောင်ဖားထောင် သူတွေက စုန်းကဝေ တောက်စားတဲ့ မီးလုံးကြီးနှစ်လုံးတို့ကို တွေ့မြင်ကြရသည်။ ဘယ်သူတွေ တောက်စားကြတယ်။ ဘယ်သူ စုန်းကဝေ တတ်တယ် ဆိုတာတော့ တိတိကျကျမသိကြဖြစ်နေကြသည်လို့ဆိုပါတော့။ သဖန်းပင်ဆိပ်ရွာမှာတော့စုန်း ကဝေတတ်တဲ့သူရှိနေတယ်ဆိုတာ သိနေကြသည်။
ငိုဟာ ရယ်ဟာနှင့် ဖြစ်ဖြစ်နေရတဲ့ မလှရွှေဟာ ပယောဂဆရာနှင့် ကုသထား တာကြောင့် အတော်လေး သက်သာနေတာကြောင့် နံနက်စောစောအိမ်ပေါ်က ကျပ်ခိုးစင်ပေါ်မှာတင်ထားတဲ့ရေးသွားတဲ့နှီးခံတောင်းရေးသွားဝယ်ဖို့ရာတင်ထား တဲ့ ဈေးသွားစဉ် တောင်းကို အပေါ်က မ,ယူချလိုက်ရာ ပုဆိုးစုတ် ခေါင်းခုခွေပြီး ခံတောင်းထဲထည့်ထားတာပုဆိုးစုတ်ခေါင်းခုခွေပေါ်မှာ မြွေပွေးကြီးကလက်မောင်း လောက် တုတ်တုတ်။ အကွက် အကွက်ကြီးများဖြင့် ခွေလျက်။ မလှရွှေ တွေ့လိုက် ရတာကြောင့် ဟယ် -အောင်မလေး မြွေကြီးအော်ကာ လန့်ဖျပ်ပြီးတော့ အိမ်ပေါ်မှ အိမ်အောက်ကိုဆင်းပြေးလာခဲ့ပြီးကိုဖိုးအောင်-ကိုဖိုးအောင်ရေလာပါဦးမြွေကြီး-
မြွေကြီးကျုပ် ကြောက်လို့ပါ၊
ကိုဖိုးအောင်နွားစာစဉ်းနေရာကအလန့်တကြားမိန်းမဖြစ်သူမလှရွှေအော်ဟစ်
အိမ်ပေါ်က ဆင်းပြေးလာတာကြောင့်လက်ထဲက ဓားမကို ကိုင်ပြီး မလှရွှေ ဘာတုံး မလှရွှေ အထိတ်တလန့်နဲ့။ ဘာဖြစ်တာတုံး- ပြေးပြီးအိမ်ပေါ်က ဆင်းပြေးလာတဲ့ မလှရွှေကို ရေးကြီးသုတ်ပျာမေးလိုက်သည်။
မလှရွှေက ရင်ဘတ်ကို လက်နှင့်ဖိရင်း ဆံပင်ဖားလျား လက်ကားရားနှင့် ယောက်ျားမေးနေတဲ့နေရာဆီပြေးလာခဲ့ပြီးတော့ကျုပ်ဈေးသွားမလို့ကျပ်ခိုးစင်ပေါ် မှာတင်ထားတဲ့ရေးခံတောင်၊အောက်ကိုမချလိုက်တော့ဈေးခန်တောင်းထဲကပုဆိုး
စုတ်ခေါင်းခုပေါ်မှာမြွေပွေးကြီး ခွေနေတယ်။ကျပ်ကြောက်လို့ပြေးလာတာဟုပြော
သည်။
“ကိုဖိုးအောင် – မလှရွှေပြောတာကို နားထောင်ပြီးတော့အိမ်ပေါ်ကို တက်လာ ခဲ့ပြီးတော့ချေ။သွားတဲ့ခံတောင်းထဲကြည့်လိုက်တော့၊ ဟယ်… ကိုဖိုးအောင်အံ့ဩစွာ တွေ့လိုက်တဲ့ အရာကတော့ ဆန်းကြယ်လှစွာ နှစ်ထပ်အိမ်ပေါ်က ရေးသွားတဲ့

စံတောင်းက အမြင့်လူတစ်ရပ်တောင်ကျော်သေးတဲ့ ထပ်ခိုးစင်မှာ တင်ထားတဲ့ ဈေးသွားခံတောင်းထဲမြွေပွေးကြီးကခွေနေတယ်ဆိုတော့တစ်သက်တစ်ခါ မကြုံစဖူး
ကြုံတွေ့လိုက်ရတော့ အံ့ဩထိတ်လန့်တာတွေရှိပေမယ့်မြွေပွေးကိုအရှင်ရအောင် ဖမ်းထားမယ်ဆိုတဲ့ စိတ်ဓာတ်အတွေးဖြင့် အဝတ်လျှော်ဖွပ်ရာမှာ သုံးတဲ့ ဖလား
ကြီးကိုယူပြီးတော့ခံတောင်းမှောက်ပြီးတော့မြွေပွေးကိုဒန်ဖလားထဲထည့်ထားကာ အပေါ်ကဆန်ကောအုပ်ထားပြီးဆန်ကောကိုအပေါ်ကကျောက်တုံးနှင့်ဖိထားလိုက်
သည်။
ကိုဖိုးအောင်ကမလှရွှေရယ်မင်းကံသီပေလို့ပေါ့ကွာ၊မြွေပွေးကိုက်ပြီဟေ့ဆိုရင် တော့ဆေးမမီတာများတယ်မိန်းမရ။ငါ့အတွေးတော့ဒါဟာပညာသည်တွေရဲ့တိုက်
မြွေဆိုတာကြိမ်းသေပဲကွ။ ငါတို့ကုနေကျ ပယောဂဆရာကိုပြကြည့်ရအောင်။လင် မယားနှစ်ယောက်တိုင်ပင်ပြီးတော့ပယောဂဆရာကိုစိန်ဘန်းကိုပြကြည့်ကြတော့
သည်။
ပယောဂဆရာကိုစိန်ဘန်းက စုန်းမကဝေမတို့ကိုပင် နိုင်အောင်ကုထားနိုင်ဆို တော့သူ့ပယောဂအတတ်ပညာများဖြင့်အထက်ဆေးများ၊အင်းစာရွက်များ။မြွေပွေး
အုပ်ထားပြီးတော့ ဂါထာများမန်းမှုတ်ကာ တိုက်မြွေတိုက်ထားတဲ့ စုန်းမကဝေမကို
ခေါ်ယူပြီးမလှရွှေကိုသွင်းခေါ်ယူတာကိုမလာရောက်ဘဲအာခံနေပြီးတော့မထီမဲ့မြင် မသိသလိုဟန်ဆောင်နေတာတွေကြောင့်မတတ်သာတဲ့အဆုံးမှာတော့မြွေပွေးကို ဇလားထဲ မှာ ဆေးအင်းများနှင့်အတူ မီးရှို့လိုက်ပြီး မြွေပွေးတိုက်မြွေပြာကို အင်းစာ ရွက်ထုပ်ထားလိုက်တာကြောင့်…
သဖန်းဆိပ်ရွာကစုန်၊ကဝေမကြီးဖြစ်သူဒေါ်အုန်းဟာပယောဂဆရာဆေးဆရာ ကိုမနိုင်တော့ဘဲနှင့်အိပ်ရာထဲနေရအောင်ခံစားနေရသည့်ဒဏ်ပြန်ခံစားနေရတယ်
လို့ ဆိုပါတော့၊
ဆေးဆရာကိုစိန်ဘန်းက ကိုဖိုးအောင်တို့
လင်မယားတင်မကတော့ဘဲ သူ့
အသက် ရန်ရှာတော့မှာ သိနေတာကြောင့် မြွေပွေးနဲ့ပြာမှုန့်တွေကို ဂါထာစုတ်ပြီး မန်းမှုတ်ပြီးတော့သူ့လုပ်တဲ့ဒဏ်သူပြန်ခံရအောင်ဒဏ်ပြန်အောင်အင်းမီးထွန်းလိုက်
ချိန်မှာတော့…

သဖန်းပင်ဆိပ်ရွာကကဝေမစုန်းမကြီးဟာခါးကုန်းသွားပြီးတော့စုန်းမ၊ကဝေမ ကြီးဖြစ်တဲ့ ဒေါ်အုန်း ခေါင်းက ဆံပင်တွေဟာ တစ်ပင်မှမရှိတော့ဘဲအားလုံး ဆံပင် တွေကျွတ်ကျကုန်သည်။ ခေါင်းဟာပြောင်နေသလိုခါးကျိုးသွားသလိုနဲ့ဖြစ်နေတာ
ကြောင့်လမ်းလျှောက်နိုင်ဖို့ပင်တုတ်တစ်ချောင်းထောက်လျှောက်နေရသည်။ အဒေါ်ဖြစ်သူဒေါ်အုန်းရဲ့ခံစားနေရတာတွေကိုမကြည့်ရက်တဲ့တူမအရင်းဖြစ်သူ
မအိက စုန်းကဝေအတတ်တွေကို တန်ပြန်လုပ်ကိုင်ထားရပါ့မလား ဆိုပြီးတော့ မကျေနပ်လို့ နောက်ထပ် မကြေပွဲနွဲ့မယ်ဆိုပြီး ကဝေအတတ် စုန်းအတတ်တွေနှင့် မြွေပွေးတိုက်မြွေ ဖန်ဆင်းထားလိုက်ပြန်သည်။
ကိုဖိုးအောင်မိန်းမမလှရွှေအိမ်နောက်ဖေးမှာရှိတဲ့အိမ်သာကိုလက်နှင့်ဆွဲတက် လိုက်တဲ့အချိန်မှာတော့ မလှရွှေရဲ့ညာဘက်လက်ခွကို မြွေဟောက်ကြီးက ပါးပျဉ်း ထောင်ပြီးကိုက်တာကိုလန့်ဖျပ်ပြီးအောင်မယ်လေး-အား-အားလာကြပါဦး- လာ ကြပါဦး၊ ကျယ်လောင်စွာ အလန့်တကြားအော်လိုက်တာကို လာပါဦး- မြွေကြီး ကိုက်လို့ လာကြပါဦး၊ ကိုဖိုးအောင်ရေလာပါဦး- မြွေကြီး- မြွေကြီးကိုက်လို့ ကိုက်
လို့၊
မလှရွှေအိမ်သာဆီကအလန့်တကြားအော်ဟစ်လိုက်တဲ့အသံကိုကိုဖိုးအောင်
အိမ်အပေါ်ထပ်မှာ ရေနွေးကြမ်းသောက်နေရာက စူးစူ၊ဝါးဝါ၊ မလှရွှေ အော်ဟစ်ခေါ် သံ ကြားလိုက်တာကြောင့် ကိုဖိုးအောင် အိမ်အပေါ်ထပ်က အပြေးဆင်းပြီး အော်သံ ကြားတဲ့ နေရာဆီကို ကိုဖိုးအောင် ကြည့်လိုက်တော့ မလှရွှေလဲကျနေကာ ပွေ့ထူ မ,မယ်ပြုလုပ်ရင်းအိမ်သာထဲကြည့်လိုက်တော့မြွေဟောက်ကြီး ပါးပျဉ်းကြီးထောင် လို့ အိမ်သာရဲ့နောက်ဘက်ကို မြွေကြီးက ဆင်းသွာ၊သည်။
ကိုဖိုးအောင် မလှရွှေကို ပွေ့ချီပြီးတော့ နွားလှည်းနှင့် တင်ပြီးတော့ စလင်းမြို့ ဆေးရုံကိုတင်ပြီးတော့ ဆေးကုသခံယူရတော့သည်။

နောက်အရက်နှစ်ဆယ်လောက်ဆေးရုံတက်မြွေကိုက်ခံရတာကုသပြီးမလှရွှေ
မြွေဆိပ်ကင်းစင်၍ ဆေးရုံက ဆင်းရတာကြောင့်အသက်မသေတဲ့ မလှရွှေအတွက်

ကိုဖိုးအောင် ဝမ်းသာနေရသည်။ အသက်မသေလို့ ဆေးရုံမှ ဆင်းခဲ့ရသော်လည်း အိမ်မှာဆယ်ရက်လောက်အကြာမှာတော့မလှရွှေတစ်ယောက်စိတ်တွေဖောက်ပြီး ငိုလိုက်ရယ်လိုက်နှင့်စိတ်တွေဖောက်ပြီးတော့စိတ်တွေမူမမှန်တော့ဘဲတစ်ယောက် တည်း စကားတွေပြောပြောပြီး အော်ငိုလိုက် အော်ရီလိုက်ဖြင့် ဖြစ်နေပြန်တဲ့အချိန် တွေကများလာခဲ့ပြီးတော့တစ်နေ့တော့ မလှရွှေနဲ့ရောဂါကထူးဆန်းမှုတွေနှင့်အတူ ပါးစပ်ထဲက အမြှုပ်တွေထွက်ကာ စန့်စန့်ကြီးနှင့် လူးလိမ့်နေပြီ၊ အတက်ရောဂါဖြင့် ကိုဖိုးအောင် မိန်းမ မလှရွှေတစ်ယောက်သေဆုံးသွားတော့သည်။
သဖန်းပင်ဆိပ်ရွာမှာတော့ မလှရွှေဟာ ရိုးရိုးရောဂါနှင့်သေဆုံးတာ မဟုတ်ဘဲ နှင့် စုန်းကဝေပြုစားပြီး တိုက်မြွေနှင့် တိုက်လို့ သေဆုံးသွားရတာလို့ ရွာသူ ရွာသား တွေကယုံကြည်ပြောနေကြသည်။ ကိုဖိုးအောင်ကတော့စုန်းမ၊ကဝေမတို့ပြုစားလို့ မလှရွှေ သေဆုံးတာလို့ ယုံကြည်နေမိသော်လည်း လက်တုန့် ပြန်ဖို့ရာ ခက်ခဲနေရ သည်။
ကိုဖိုးအောင်တစ်ယောက်မိန်းမဖြစ်သူ မလှရွှေသေဆုံးရတာရင်ထဲယူကျုံးမရ ဖြစ်ရသလို ကျေနပ်မှုတွေ မရှိတာကြောင့် ပယောဂဆရာကိုစိန်ဘန်းနှင့်တိုင်ပင်ပြီး တော့ ခုနစ်ရက်မလည်ခင် မလှရွှေကို မြေမြုပ်ထားတဲ့ မြေပုံရှိရာကို ညသန်းခေါင် ကျော်အချိန်တွင်ဆေးနှင့်အင်းများတန်ပြန်ပြုလုပ်ဖို့အတွက်ရွာကလူတွေဘယ်သူမှ မသိတဲ့အချိန် ဘယ်သူမှမမြင်နိုင်တဲ့အချိန်ဖြစ်တဲ့ သင်္ချိုင်းကုန်းရှိရာကို ပယောဂ ဆရာကိုစိန်ဘန်းနှင့် ကိုဖိုးအောင်တို့ မှောင်မှောင်မည်းမည်းထဲမှာပင် ရွာရဲ့မြောက် ဘက်က လယ်ကွင်းထဲက ရိုးပြတ်ငုတ်တိုတွေကို နင်းလာခဲ့ကြသည်၊ လယ်ကွက် တွေကိုတစ်ကွက်ပြီ၊တစ်ကွက် ကျော်ဖြတ်ပြီး အမှောင်ထုထဲမှာ နှစ်ယောက်သား လူသူလုံးဝကိုမသိစေချင်တာကြောင့် ညသန်းခေါင်ကျော် မှောင်နှင့် မည်းမည်းကို လာခဲ့ကြခြင်းဖြစ်သည်။ ရွာနှင့် သင်္ချိုင်းကုန်းက အတော်လေး ဝေးကွာတာကြောင့် လျှောက်လာခဲ့ရသလို သင်္ချိုင်းကုန်းကလက်ပံပင်ကြီးတွေ ညောင်ပင်ကြီးတွေနှင့် အုံ့ဆိုင်းနေသလိုလကွယ်နေ့ညတွေဆိုတော့ကြယ်ရောင်ကလွဲရင်ဘာရောင်မှမရှိ တာကြောင့် ပယောဂဆရာ ကိုစိန်ဘန်းနှင့် ကိုဖိုးအောင်တို့နှစ်ယောက်သာ။ မည်။ မှောင်နေတဲ့ လက်ပံပင်ကြီးတွေအောက်ကြီးမားလှတဲ့ ညောင်ပင်ကြီးတွေအောက်

ကိုနှစ်ယောက်သား လျှောက်လာခဲ့ရင်း ဂူတွေကထုံးဖွေးဖွေးအမှတ်အသားလူတွေ နားကဖြတ်လျှောက်ခဲ့ပြီးတော့ မြေစာပုံမြေစာခဲအသစ်ဖြစ်တဲ့သေဆုံးသူမလှရွှေရဲ့ မြေစာပုံနားကို နစ်ယောက်သားထိုင်လိုက်ကြတော့သည်။
ပယောဂဆရာကိုစိန်ဘန်းကအမှောင်ထဲမှာပဲဂါထာတွေကိုတစ်ပုဒ်ပြီးတစ်ပုဒ် ရွတ်ဆိုရင်းနှင့်မြေကြီးကိုဖနောင့်နှင့်ပေါက်ပေါက်ပြီးတော့ဂါထာတွေကိုရွတ်ဆိုနေ ချိန်မှာတော့ ကိုဖိုးအောင်မှာတော့ ဒုက္ခပဲ၊ လုပ်ကိုင်မိတာတော့ မှားပြီထင်တယ်။ သည်လောက်မှောင်နေတဲ့အချိန်ကြီးထဲမှာ တစ္ဆေသရဲ သို့မဟုတ် သေဆုံးသွားတဲ့ မလှရွှေများပေါ်လာဘယ်လိုလုပ်ရပါ့မလဲအတွေးများဖြင့်ရပ်နေမိသည်။ မတ်တတ် ရပ်လျက်ဖြင့် ဂါထာမန်းမှုတ်နေတဲ့ ပယောဂဆေးဆရာ အနားက အတွေးများဖြင့် ကိုဖိုးအောင်တစ်ယောက် မကြောက်လှသော်လည်း မှောင်မည်းနေတဲ့ မြေပုံနားမှာ ဟိုကြည့် သည်ကြည့်နှင့်ကြက်သီးများပင်ထမိတော့သည်။
ပယောဂဆရာ ကိုစိန်ဘန်းဟာ သူ ဂါထာတွေ မန်းမှုတ်ပြီးတော့ မလှရွှေမြှုပ် ထားတဲ့မြေပုံကိုမြေကြီးခဲတွေ ဖယ်ရှားလိုက်ပြီးတော့သူလွယ်အိတ်ထဲကဆေးစီရင်
ထားတဲ့ဖယောင်းတိုင်ဆယ်တိုင်ကိုထုတ်ယူလိုက်ပြီးမြေပုံပေါ်မှာခေါင်းရင်းကနေပြီး
ခြေရင်းအထိ တစ်တိုင်ချင်း မီးထွန်းထားလိုက်လေသည်။ကိုစိန်ဘန်းဂါထာကို မန်း မှုတ်လိုက်ပြီးပါလာတဲ့အဝတ်တစ်ခုထဲကို မြေပုံက မြေကြီးတွေကို လက်တစ်ဆုပ် ဆုပ်ယူလိုက်အိတ်ထဲထည့်ယူလိုက်ပြီး..
“ကျုပ်တို့ဘာအနှောင့်အယှက်မှမရှိဘူးဗျ။ကျုပ်တို့ဆောင်ရွက်နေတဲ့လုပ်ငန်း
တွေ အောင်မြင်ပြီ။ ဒါပေမဲ့ သည်သင်္ချိုင်းမှာ သေလို့ မြှုပ်ထားတဲ့ မြေပုံခုနစ်ပုံတွေ့ အောင်ရှာပြီးတော့မြေကြီးခုနစ်ဆုပ်ကိုယူရဦးမယ်။ကဲ- ကိုဖိုးအောင်၊ကျုပ်တို့အကြံ အစည်တွေ အောင်တော့မယ်”
မှောင်မည်းနေတဲ့ သင်္ချိုင်းကုန်းကြီးထဲမှာ ပယောဂဆရာကိုစိန်ဘန်းနှင့် ကိုဖိုး အောင်တို့ကြယ်ရောင်တွေကိုအားပြုကာမြေပုံတစ်ပုံပြီးတစ်ပုံလိုက်ရှာရင်းတွေ့တဲ့ မြေပုံကမြေကြီးတစ်ဆုပ်ကိုယူပြီးတော့အိတ်ထဲထည့်ယူကာမြေပုံရှာနေကြသည်။
ချုံပုတ်မည်းမည်းထဲမှာဖြန်းဖြန်းဖြန်းဟု ချုံပုတ်တွေတိုးသံကြားလိုက်ရတော့ကိုဖိုး
အောင်လက်ကဆွဲထားတဲ့မြေကြီးအိတ်ကိုင်ထားရင်းကြောက်စိတ်များပင်ဖြစ်လာ မိတာကြောင့်ဟိုကြည့် သည်ကြည့်နှင့် ဖြစ်နေဆဲမှာ…

“ဘာမှမကြောက်ပါနဲ့ ကိုဖိုးအောင်ရာ၊ ခု-မြည်သွားတဲ့အသံတွေက မြေကြွက် တွေဗျ၊ ကျုပ်တို့လာတာတွေလို့ သူတို့က ဒရောသောပါး ပြေးကြတဲ့အသံပါဗျာ” ညောင်ပင်ကြီးပေါ်ကလင်းပွဲတွေကတဟုန်းဟုန်း ဖြန်းဖြန်းပျံသန်းကြသလို
လက်ပံပင်အမြင့်ကြီးတွေပေါ်ကဇီးကွက်တွေကမြည်သလိုငှက်ဆိုးတွေကဂစ်-ဂိ-
ဂ်-ကျယ်လောင်အသံတွေကိုကြားနေရသည်။ မှောင်မည်းနေတဲ့ကုက္ကိုပင် ညောင် ပင်လက်ပံပင်ကြီးတွေနှစ်ယောက်သားကျောခိုင်းပြီးတော့ သင်္ချိုင်းကုန်းထဲကထွက်
လာခဲ့ကြတော့သည်။
မလဲ”
“ဆရာကိုစိန်ဘန်းရေ ကျုပ်တို့ ယူလာတဲ့မြေပုံက မြေကြီးတွေကို ဘယ်ထား
ကိုဖိုးအောင်က မေးလိုက်သည်၊ ကိုစိန်ဘန်းက..
“ကိုဖိုးအောင် အခုကျုပ်တို့နှစ်ယောက် ယူလာတဲ့ လူသေထားတဲ့မြေပုံက မြေကြီးတွေကို ရွာတော်ရှင်ကို ကျုပ်တို့ ခု သွားပြရမယ်၊ ရွာတော်ရှင်ကို တိုင်တည် ကန်တော့ရမယ်၊ အဲဒီတော့ ကိုဖိုးအောင်ရေ ရွာဦးက ရွာဦးက ရွာတော်ရှင် နန်းကို သွားကြမယ်”
ပယောဂဆရာကိုစိန်ဘန်းနင့်ကိုဖိုးအောင်တို့ယူဆောင်လာတဲ့လူသေမြေပုံက မြေကြီးများကို အင်းနှင့် ဂါထာများစီမံပြီးယူဆောင်လာတဲ့ သင်္ချိုင်းမြေကြီးတွေကို ညတွင်းချင်းပင်ပြန်ပို့ထားလိုက်ကြရသည်။
k
မလှရွှေ သေဆုံးပြီးတစ်လလောက် အကြာမှာတော့ သဖန်းပင်ဆိပ်ရွာမှာ နာမည်ကြီးနေတဲ့ဒေါ်အုန်းတစ်ယောက်သည် သူအမြဲခိုင်းစားနေတဲ့သရဲနစ်ကောင် က ဒေါ်အုန်းကအစာမကျွေးတော့တာကြောင့် ညညသန်းခေါင်အချိန်လောက်တွင် ဒေါ်အုန်းရဲ့လည်ပင်းကို လာညှစ်ကြသည်။ ဒေါ်အုန်း၏ အော်သံတို့က တောရွာတို့ရဲ့ ကိုယ့်ဝင်း ကိုယ့်ခြံကျယ်မှာပင် တစ်ခါ တစ်ခါ ညညမှာ မကြာမကြာဆိုသလိုအိမ်နီး ရင်းခြံတွေမှာ နေထိုင်ကြတဲ့ သူတွေက ကြားကြရသည်။

သဖန်းဆိပ်ရွာမှာဒေါ်အုန်းက သူ့ယောက်ျားသေဆုံးသွားပြီးကတည်းက သူ့ခြံ
အကျယ်ကြီးထဲကခြံထွက်သီးနှံများရောင်းချစားသောက်နေထိုင်လာခဲ့ပြီ။စုန်းမကြီး ဟုအထင်ခံနေရကာ၊ရွာသားတွေကဒေါ်အုန်းနှင့်ဆက်သွယ်မှုမရှိကြ၊ သူကလည်း သူ့ဆွေမျိုးကလွဲ ရင်အခေါ်အပြောမရှိ၊
ညည ဒေါ်အုန်း သူ မွေးထားတဲ့ သရဲက လည်ပင်းကို လာလာညှစ်တာ
ကြောင့်..
“ကြောက်ပါပြီ။ ငါ့ကို နင်တို့ နှစ်ယောက် ငါ့ လည်ပင်းကို မညှစ်ကြနဲ့။ သရဲတွေ ငါနင်တို့ကို ကျွေးမယ်”
ဆိုတဲ့ အော်ပြောသံတို့ကို မကြာမကြာကြားကြရတယ်လို့ ဆိုသည်။
“ဒေါ်အုန်းတစ်ယောက်ပယောဂဆရာကတန်ပြန်ခံစားရအောင်လုပ်ထားလိုက်
တာတွေကို ဒေါ်အုန်းက သူမွေးထားတဲ့ သရဲတွေက သူ့ကိုညညလည်ပင်းလာညှစ် ကြအောင်တူမဖြစ်သူမအိကသာစေခိုင်းထားတယ်၊တစ်လွဲထင်မှတ်ပြီးတော့တူမ
ဖြစ်သူကို စုန်းအတတ်၊ ကဝေအတတ်ကို အတတ်သင်ပေးထားတဲ့ တူမ ဖြစ်နေပေ မယ့်သူ့ကိုကျေးဇူးမသိတတ်ဘဲငါ့ကိုကာပြန်ငါ့အသက်ရန်ရှာပါရမလားထင်ယောင်
မှားပြီးတော့အမုန်းကြီးမုန်းကာတူမဖြစ်တဲ့ မအိအလာကိုစောင့်တော့သည်။
ညတစ်ည လကွယ်ညရဲ့ သန်းခေါင်ယံ ကောင်းကင်မှာ ဒေါ်အုန်းနှင့်တူမမအိတို့ ဟာတစ်ယောက်နှင့်တစ်ယောက်အထင်လွဲပြီးတော့ ရွာနှင့်လှမ်းတဲ့ တောအုပ်ကြီး
တစ်ခုရဲ့ကောင်းကင်ယံအမြင့်ကိုမီးလုံးကြီးများနှင့်ပညာပြိုင်ကြပြီးတော့မကြာမီတဲ့ ရက်ပိုင်းအတွင်းမှာမအိတစ်ယောက်အဒေါ်ဖြစ်သူရဲ့စုန်းကဝေမကြီးလက်ချက်ဖြင့် သွေးများအန်ကာမအိတစ်ယောက်သေဆုံးသွားရတော့သည်။
နောက်နှစ်လလောက်အကြာမှာလည်း စုန်းကဝေ ဆယ့်နှစ်ကြိုးတတ်တဲ့ စုန်း ကဝေမကြီး ဒေါ်အုန်းတစ်ယောက် သူ့တူမနှင့် ပြိုင်စဉ်က ဒဏ်ရာရခဲ့သလိုတန်ပြန် ခံရတဲ့ဝေဒနာနဲ့ထပ်မံသေဆုံးသွားရတော့သည်ဟုပြောစမှတ်ပြုကြသည်။
မေတ္တာခြုံလို့လုံပါစေ…
မကွေးရာဇာ

Zawgyi Version

ခါးကုန္းစုန္းမၾကီးႏွင့္တိုက္ေမျြ(စ/ဆံုး)
———————————————-
ကိုဖိုးေအာင္တစ္ေယာက္လယ္ထဲမွာစိုက္ပ်ိဳးထားတဲ့ ေကာက္ပင္ေတြကစပါး ႏွံေတြ ဖူးစထြက္စဆိုေတာ့လယ္ေရမခန္းေျခာက္ရေအာင္လို႔ လယ္ကန္သင္းေတြ ကေရထုတ္ေရသြင္းတဲ့အေပါက္ေတြကိုလိုက္လံပိတ္ရင္းႏွင့္တစ္မနက္စာကုန္သြား ခဲ့ရတာေၾကာင့္ စိုက္ပ်ိဳးထားတဲ့ လယ္ကန္သင္းေတြက ခ်ဥ္ေပါင္႐ြက္၊ ပဲသီး၊ ႐ုံးပတီ သီးတို႔ကို အိမ္မွာ ခ်က္စားသုံးရန္အတြက္ ခူးဆြတ္ယူလို႔ ေခါင္းေပါင္းတဲ့ ပုဆိုးႏွင့္ ထုပ္ၿပီးေတာ့လယ္ကြင္းရွိရာက ႏြားႏွစ္ေကာင္ဆြဲၿပီးေတာ့အိမ္ကိုျပန္လာခဲ့သည္။ “အိမ္ေရာက္ေတာ့ ကိုဖိုးေအာင္ ႏြားတင္းကုပ္ထဲ ႏြားနစ္ေကာင္ကို ႀကိဳးခ်ည္ ထားလိုက္ၿပီးေတာ့အိမ္ေအာက္ထပ္ကကြပ္ပ်စ္ေပၚကေရေႏြးအိုးမွေရေႏြးတစ္ခြက္
ငုံ႔ေသာက္လိုက္ၿပီးကြပ္ပ်စ္ေပၚကိုထိုင္း ဝိုင္လိုက္ၿပီးယပ္ေတာင္ႏွင့္ေအးေအာင္ယပ္ခတ္
ေနစဥ္မွာ…
မိန္းမျဖစ္သူ မလွေ႐ႊဟာ ေအာက္ထပ္ မီးဖိုေခ်ာင္းထဲက ထြက္လာခဲ့ၿပီးေတာ့ ကိုဖိုးေအာင္လယ္မွာ ေကာက္ပင္ေတြအဖူးထြက္စဆိုေတာ့ကာ “လယ္ေရေတြေတာ့ေကာက္ပင္ေတြေရမငတ္ရေအာင္လယ္ေရေတာ့ေလွာင္
ထားခဲ့တယ္ မဟုတ္လား”
“မလွေ႐ႊေရ-လယ္ေရအတြက္ေတာ့ဘာမွမပူနဲ႔ကြာစိတ္သာခ်၊လယ္ေရထြက္
ေတြအလြယ္တကူ ေရမထြက္ႏိုင္ေအာင္ကို ေသခ်ာပိတ္ထားခဲ့တယ္” “ေကာင္းပါၿပီေတာ္- ဒီအခ်ိန္စပါးဗူးစမွာလယ္ေရရွိမွစပါးႏွံေအာင္မွာ၊ေဩာ္- ဒါနဲ႔ ကိုဖိုးေအာင္ေရ-ေတာ္ကလည္း လယ္ထဲက ေမာျပန္လာေတာ့ ေျပာမွသိရမွာ ဆိုေတာ့ေျပာရဦးမယ္ေတာ္ေရ၊မေန႔ကေတာ္ႏြားေက်ာင္းေနတဲ့ ႏြားႏွစ္ေကာင္ဟာ က်ဳပ္တို႔ လယ္နီးခ်င္းျဖစ္တဲ့ ကိုဘဦးရဲ႕ လယ္ထဲက ေကာက္ပင္အဖူးထြက္စ အပင္ ေတြကိုဝင္ေရာက္စားသြားၾကတာ။ ဆယ့္ငါးေပပတ္လည္ေလာက္ ဝင္ေရာက္စား
သြားၾကတာေၾကာင့္စပါးႏွံထြက္စေကာက္ပင္ေတြငုတ္တိုေတြျဖစ္က်န္ခဲ့တာေၾကာင့္

ေဟာဒိမွာေတာ္ေရ-တိုင္စာလာပို႔ထားတယ္။ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးကက်ပ္တို႔ သည္ညလာေရာက္ၾကဖို႔အတြက္ ဆင့္ေခၚတဲ့စာပို႔ထားတယ္။
“ေအး- ဟုတ္ပါရဲ႕မိန္းမရာ၊မေန႔ကလယ္စပ္မွာ ႏြားေတြကိုခဏလႊတ္ထားၿပီး ေတာ့တို႔ရဲ႕လယ္ကတဲမွာထမင္းစားၿပီးေတာ့ ခါးေညာင္းဆန႔္လိုက္တာကအိပ္ေပ်ာ္
သြားတာအိပ္ရာကႏိုးလို႔ႏြားေတြကိုထၾကည့္လိုက္ေတာ့တို႔ရဲ႕လယ္နီးခ်င္းကိုဘဦးရဲ႕
လယ္ထဲမွာ သြားစားေနၾကတာကို ေတြ႕ရေတာ့ သြားေမာင္းလာခဲ့ရတယ္။ ပ်က္စီး တာလည္းေတြ႕ခဲ့ရတယ္။အဲတာေၾကာင့္ ကိုဘဦးကိုေတာင္းပန္ခဲ့ပါတယ္၊ သူ႔မိန္းမ ကေတာ့ကြာ-ပါးစပ္က ပြစိပြစိေျပာသြားေနေသးတယ္”
“ကိုဖိုးေအာင္ႏြားေတြကကိုဘဦးတို႔ စပါးစိုက္ထားတဲ့လယ္ကြက္ထဲဝင္ေရာက္
စားေသာက္ခဲ့ၾကတာေတြေၾကာင့္ေက်း႐ြာလူႀကီးမ်ားကေခၚယူၿပီးေတာ့ႏွစ္ဦးႏွစ္ဖက္ ညႇိႏႈိင္၊ေပး၍အေလ်ာ္ေပးဖို႔ဆုံးျဖတ္လိုက္ၿပီးတစ္႐ြာတည္းေနထိုင္လာခဲ့ၾကသူေတြ ဟာအေလ်ာ္ေပ၊ရတာေတြက မ်ားတယ္ဆိုၿပီးေတာ့ တစ္ေယာက္ႏွင့္တစ္ေယာက္ မေခၚၾကေတာ့။
ကိုဖိုးေအာင္တို႔ လယ္ထဲက စပါးအထြက္ေကာင္းတဲ့ ႏွစ္ျဖစ္တာေၾကာင့္ပင္ လယ္ကြက္ခ်င္းကပ္ေနတဲ့ ကိုဘဦးတို႔ႏွင့္ စီးပြားၿပိဳင္ေတြ ျဖစ္လာၾက၏။ မိန္းမေတြ ခ်င္းကလည္း ဂုဏ္တုဂုဏ္ၿပိဳင္ မာနေတြၿပိဳင္ေနၾကသည္။

သဖန္းပင္ဆိပ္႐ြာမွာေတာ့ ေဒၚအုန္း ဆိုတဲ့အဘြားႀကီးဟာ စုန္းမႀကီးလို႔ ႐ြာမွာ နာမည္ႀကီးေပမယ့္ဘယ္သူကမွတိတိက်က်မစြပ္စြဲရဲၾကေပ။ေဒၚအုန္းရဲ႕တူမျဖစ္သူ
ကိုဘဦးဇနီးမအိတို႔ဟာလယ္ထဲက ေကာက္ပင္ေတြႏြားစားခဲ့တာေတြ၊အေလ်ာ္ရခဲ့ ပမယ့္ မိန္းမခ်င္းေတြက တစ္ေယာက္ႏွင့္တစ္ေယာက္ မသင့္ျမတ္ၾကတာကစလို႔ ကိုဘဦးရဲ႕မိန္းမ မအိက သူ႔ရဲ႕အေဒၚျဖစ္သူေဒၚအုံးဆိုတဲ့စုန္းမႀကီးႏွင့္ေပါင္းၿပီးေတာ့ ကလဲ့စားေခ်မယ္ဆိုတဲ့ စိတ္ေတြ ေမြးကာျဖင့္ အေဒၚျဖစ္သူ ေဒၚအုန္းကို အက်ိဳး အေၾကာင္းေျပာျပကာဝမ္းစာစပါးတစ္ ဆယ့္ငါးေသာင္းေပးၿပီးေတာ့ကိုဖိုးေအာင္ရဲ႕
မိန္းမမလွေ႐ႊကိုတစ္ခုခုျဖစ္သြားေစဖို႔အတြက္အေဒၚျဖစ္သူ ေဒၚအုန္းကိုျပဳစားခိုင္း
ေတာ့သည္။

တစ္ေန႔ေတာ့ေဒၚအုန္းလွဟာတူမျဖစ္သူကဝမ္းစာစပါးေပးထားသလိုေတာင္ ယာထဲကထြက္တဲ့အသီးအႏွံေတြပါၾကာမၾကာေပးတာေၾကာင့္အသက္အ႐ြယ္ႀကီး
လာခဲ့ရေပမယ့္ ငါ့ရဲ႕ပညာေတြဟာ မပ်က္စီးေသးဘူးဆိုတာ ျပရေသးတာေပါ့။
မၾကာမီ ရက္ပိုင္းအတြင္းမွာေတာ့ ကိုဖိုးေအာင္တို႔ရဲ႕ခိုင္းႏြားႀကီးတစ္ေကာင္ ႐ုတ္တရက္ေသဆုံးသြားေတာ့သည္။ ကိုဖိုးေအာင္၊ မလွေ႐ႊတို႔မွာေတာ့ မိုးက်လို႔ လယ္ကြက္ေတြမွာထြန္ခါနီးမွ ႏြားတစ္ေကာင္ကေသဆုံးသြားခဲ့ရတာေၾကာင့္လယ္ လုပ္ငန္းခြင္မွာ ကသိကေအာက္ေတြ႕ျဖစ္ေနရေတာ့သည္။
ကိုဖိုးေအာင္တစ္ေယာက္လယ္ထြန္ဖို႔ရာကိုႏြားငွားထြန္ေနရတာေၾကာင့္ကိုယ္ လိုတဲ့ရက္ေတြ၊႐ြာမွာ ႏြားငွားမရတာေၾကာင့္စိတ္ေတြဆင္းရဲေနရသလိုလယ္ေတြ က ထြန္ယက္ခ်ိန္ဆိုေတာ့ ခိုင္းႏြားေရာင္းခ်တဲ့သူရွားသည္။

ေန႔တစ္ေန႔မွာေတာ့ကိုဖိုးေအာင္မိန္းမျဖစ္သူမလွေ႐ႊတစ္ေယာက္အေၾကာင္းမဲ့ ျဖင့္ငိုဟာရယ္ဟာႏွင့္ေၾကာင္ေတာင္ျဖစ္ေနတာေၾကာင့္ပေယာဂအေတာ္မ်ားစုံစမ္း
ေခၚယူကုသေနရသည္။
ရွားျဖဴကုန္း႐ြာက ပေယာဂဆရာႀကီ၊ ဦးစိန္ဘန္းကေတာ့ ဘယ္သူက ျပဳစား ထားတယ္ဆိုတာကို ဆရာတစ္ေယာက္အေနနဲ႔ သိေပမယ့္ တစ္႐ြာတည္း ေနထိုင္ ၾကသူေတြဟာတစ္ေယာက္ႏွင့္တစ္ေယာက္ မမွန္းၾကရေအာင္ ဘယ္သူ႔ကိုမွ ဖြင့္ မေျပာဘဲ မလွေ႐ႊ ငိုဟာရယ္ ဟာေတြ ျပဳစားခံထားရတာကိုပဲ ေပ်ာက္ေအာင္ကုသ ေပးေနတာေတြျဖစ္တာေၾကာင့္ စုန္၊ကေဝမႀကီး၊ ေဒၚအုန္းဟာ သူ႔ကိုယ္သူ အထင္ ႀကီးၿပီးေတာ့ေနသလိုစုန္းအတတ္ကေဝဆယ့္ႏွစ္ႀကိဳးအတတ္ပညာေတြကိုလက္
ဆင့္ကမ္းေပးခဲ့ဖို႔စဥ္းစားမိတာေတြေၾကာင့္တူမအရင္းျဖစ္သူ မအိကိုေခၚ၍ညတိုင္း
စုန္းအတတ္ကေဝဆယ့္ႏွစ္ႀကိဳးအတတ္ပညာသင္ေပးကာမိုးေမွာင္က်တဲ့ညေတြမွာ ေတာက္စားၾကလို႔လျပည့္လကြယ္ညေတြမွာအိမ္အတြင္းထဲမွာ စုန္းမီးေတာက္စား သလို ေကာင္းကင္မွာ မီးလုံးႀကီးမ်ားႏွင့္ အေဒၚႏွင့္ တူမတို႔ ေတာက္စားတာေတြက ေကာင္းကင္ထက္ဆီမွာေတာက္စားၾကသည္။
တူမျဖစ္သူ မလွေ႐ႊကေတာ့အေဒၚသင္ေပးတဲ့ စုန္းကေဝအတတ္ကို ေကာင္း စြာတတ္ေျမာက္လာတာေတြေၾကာင့္ အသက္ေလးဆယ္ေက်ာ္သာ ရွိေသးေတာ့ မာန္မာနေတြ သိပ္တက္ေနၿပီး အေဒၚျဖစ္သူ စုန္းမႀကီးေဒၚအုံးမွလြဲကာ ဘယ္သူ႔မွ မေၾကာက္ေတာ့ဘဲ ေနသည္။
စုန္းမႀကီး ေဒၚအုံးကလည္း ယခင္က မိမိတစ္ေယာက္တည္းသာ စုန္းအတတ္ ေတြနဲ႔ ေတာက္စားေနလာခဲ့ၿပီးယခုတူမအရင္းျဖစ္သူမအိပါသင္ေပးတတ္ေျမာက္
လာတာေတြေၾကာင့္ႏွစ္ေယာက္အတူတူျဖင့္ သဖန္းပင္ဆိပ္ရဲ႕႐ြာထိပ္ဆီကလက္ပံ
ပင္ေတာအုပ္ရဲ႕ေကာင္းကင္ထက္ဆီမွာမီးလုံးႀကီးႏွစ္လုံးတို႔ဟာျဖင့္လကြယ္ညတိုင္း သန္းေခါင္ေက်ာ္အခ်ိန္တို႔မွာ စုန္းအတတ္ကေဝအတတ္မ်ားျဖင့္ ေကာင္းကင္ထက္ တြင္အေတာ္ႀကီးကိုျမင့္မားေအာင္ေတာက္စားၾကၿပီးေပ်ာ္ေနၾကလ်က္ႀကီးမားလွတဲ့
မီးလုံးႀကီးႏွစ္လုံးတို႔ လကြယ္ညေတြမွာ ေတာက္စားေနတာေတြကို ေဒၚအုန္းႏွင့္ မအိတို႔ စုန္းေတာက္တာေတြကို ဘယ္သူမွ မသိဘူးလို႔ သူတို႔ကထင္ၾကသည္။

ေတာဓေလ့ဆိုေတာ့လယ္ထဲ၊ေခ်ာင္းထဲေတြမွာညအခါငါးေထာင္ဖားေထာင္ သူေတြက စုန္းကေဝ ေတာက္စားတဲ့ မီးလုံးႀကီးႏွစ္လုံးတို႔ကို ေတြ႕ျမင္ၾကရသည္။ ဘယ္သူေတြ ေတာက္စားၾကတယ္။ ဘယ္သူ စုန္းကေဝ တတ္တယ္ ဆိုတာေတာ့ တိတိက်က်မသိၾကျဖစ္ေနၾကသည္လို႔ဆိုပါေတာ့။ သဖန္းပင္ဆိပ္႐ြာမွာေတာ့စုန္း ကေဝတတ္တဲ့သူရွိေနတယ္ဆိုတာ သိေနၾကသည္။
ငိုဟာ ရယ္ဟာႏွင့္ ျဖစ္ျဖစ္ေနရတဲ့ မလွေ႐ႊဟာ ပေယာဂဆရာႏွင့္ ကုသထား တာေၾကာင့္ အေတာ္ေလး သက္သာေနတာေၾကာင့္ နံနက္ေစာေစာအိမ္ေပၚက က်ပ္ခိုးစင္ေပၚမွာတင္ထားတဲ့ေရးသြားတဲ့ႏွီးခံေတာင္းေရးသြားဝယ္ဖို႔ရာတင္ထား တဲ့ ေဈးသြားစဥ္ ေတာင္းကို အေပၚက မ,ယူခ်လိုက္ရာ ပုဆိုးစုတ္ ေခါင္းခုေခြၿပီး ခံေတာင္းထဲထည့္ထားတာပုဆိုးစုတ္ေခါင္းခုေခြေပၚမွာ ေႁမြေပြးႀကီးကလက္ေမာင္း ေလာက္ တုတ္တုတ္။ အကြက္ အကြက္ႀကီးမ်ားျဖင့္ ေခြလ်က္။ မလွေ႐ႊ ေတြ႕လိုက္ ရတာေၾကာင့္ ဟယ္ -ေအာင္မေလး ေႁမြႀကီးေအာ္ကာ လန႔္ဖ်ပ္ၿပီးေတာ့ အိမ္ေပၚမွ အိမ္ေအာက္ကိုဆင္းေျပးလာခဲ့ၿပီးကိုဖိုးေအာင္-ကိုဖိုးေအာင္ေရလာပါဦးေႁမြႀကီး-
ေႁမြႀကီးက်ဳပ္ ေၾကာက္လို႔ပါ၊
ကိုဖိုးေအာင္ႏြားစာစဥ္းေနရာကအလန႔္တၾကားမိန္းမျဖစ္သူမလွေ႐ႊေအာ္ဟစ္
အိမ္ေပၚက ဆင္းေျပးလာတာေၾကာင့္လက္ထဲက ဓားမကို ကိုင္ၿပီး မလွေ႐ႊ ဘာတုံး မလွေ႐ႊ အထိတ္တလန႔္နဲ႔။ ဘာျဖစ္တာတုံး- ေျပးၿပီးအိမ္ေပၚက ဆင္းေျပးလာတဲ့ မလွေ႐ႊကို ေရးႀကီးသုတ္ပ်ာေမးလိုက္သည္။
မလွေ႐ႊက ရင္ဘတ္ကို လက္ႏွင့္ဖိရင္း ဆံပင္ဖားလ်ား လက္ကားရားႏွင့္ ေယာက္်ားေမးေနတဲ့ေနရာဆီေျပးလာခဲ့ၿပီးေတာ့က်ဳပ္ေဈးသြားမလို႔က်ပ္ခိုးစင္ေပၚ မွာတင္ထားတဲ့ေရးခံေတာင္၊ေအာက္ကိုမခ်လိုက္ေတာ့ေဈးခန္ေတာင္းထဲကပုဆိုး
စုတ္ေခါင္းခုေပၚမွာေႁမြေပြးႀကီး ေခြေနတယ္။က်ပ္ေၾကာက္လို႔ေျပးလာတာဟုေျပာ
သည္။
“ကိုဖိုးေအာင္ – မလွေ႐ႊေျပာတာကို နားေထာင္ၿပီးေတာ့အိမ္ေပၚကို တက္လာ ခဲ့ၿပီးေတာ့ေခ်။သြားတဲ့ခံေတာင္းထဲၾကည့္လိုက္ေတာ့၊ ဟယ္… ကိုဖိုးေအာင္အံ့ဩစြာ ေတြ႕လိုက္တဲ့ အရာကေတာ့ ဆန္းၾကယ္လွစြာ ႏွစ္ထပ္အိမ္ေပၚက ေရးသြားတဲ့

စံေတာင္းက အျမင့္လူတစ္ရပ္ေတာင္ေက်ာ္ေသးတဲ့ ထပ္ခိုးစင္မွာ တင္ထားတဲ့ ေဈးသြားခံေတာင္းထဲေႁမြေပြးႀကီးကေခြေနတယ္ဆိုေတာ့တစ္သက္တစ္ခါ မႀကဳံစဖူး
ႀကဳံေတြ႕လိုက္ရေတာ့ အံ့ဩထိတ္လန႔္တာေတြရွိေပမယ့္ေႁမြေပြးကိုအရွင္ရေအာင္ ဖမ္းထားမယ္ဆိုတဲ့ စိတ္ဓာတ္အေတြးျဖင့္ အဝတ္ေလွ်ာ္ဖြပ္ရာမွာ သုံးတဲ့ ဖလား
ႀကီးကိုယူၿပီးေတာ့ခံေတာင္းေမွာက္ၿပီးေတာ့ေႁမြေပြးကိုဒန္ဖလားထဲထည့္ထားကာ အေပၚကဆန္ေကာအုပ္ထားၿပီးဆန္ေကာကိုအေပၚကေက်ာက္တုံးႏွင့္ဖိထားလိုက္
သည္။
ကိုဖိုးေအာင္ကမလွေ႐ႊရယ္မင္းကံသီေပလို႔ေပါ့ကြာ၊ေႁမြေပြးကိုက္ၿပီေဟ့ဆိုရင္ ေတာ့ေဆးမမီတာမ်ားတယ္မိန္းမရ။ငါ့အေတြးေတာ့ဒါဟာပညာသည္ေတြရဲ႕တိုက္
ေႁမြဆိုတာႀကိမ္းေသပဲကြ။ ငါတို႔ကုေနက် ပေယာဂဆရာကိုျပၾကည့္ရေအာင္။လင္ မယားႏွစ္ေယာက္တိုင္ပင္ၿပီးေတာ့ပေယာဂဆရာကိုစိန္ဘန္းကိုျပၾကည့္ၾကေတာ့
သည္။
ပေယာဂဆရာကိုစိန္ဘန္းက စုန္းမကေဝမတို႔ကိုပင္ ႏိုင္ေအာင္ကုထားႏိုင္ဆို ေတာ့သူ႔ပေယာဂအတတ္ပညာမ်ားျဖင့္အထက္ေဆးမ်ား၊အင္းစာ႐ြက္မ်ား။ေႁမြေပြး
အုပ္ထားၿပီးေတာ့ ဂါထာမ်ားမန္းမႈတ္ကာ တိုက္ေႁမြတိုက္ထားတဲ့ စုန္းမကေဝမကို
ေခၚယူၿပီးမလွေ႐ႊကိုသြင္းေခၚယူတာကိုမလာေရာက္ဘဲအာခံေနၿပီးေတာ့မထီမဲ့ျမင္ မသိသလိုဟန္ေဆာင္ေနတာေတြေၾကာင့္မတတ္သာတဲ့အဆုံးမွာေတာ့ေႁမြေပြးကို ဇလားထဲ မွာ ေဆးအင္းမ်ားႏွင့္အတူ မီးရႈိ႕လိုက္ၿပီး ေႁမြေပြးတိုက္ေႁမြျပာကို အင္းစာ ႐ြက္ထုပ္ထားလိုက္တာေၾကာင့္…
သဖန္းဆိပ္႐ြာကစုန္၊ကေဝမႀကီးျဖစ္သူေဒၚအုန္းဟာပေယာဂဆရာေဆးဆရာ ကိုမႏိုင္ေတာ့ဘဲႏွင့္အိပ္ရာထဲေနရေအာင္ခံစားေနရသည့္ဒဏ္ျပန္ခံစားေနရတယ္
လို႔ ဆိုပါေတာ့၊
ေဆးဆရာကိုစိန္ဘန္းက ကိုဖိုးေအာင္တို႔
လင္မယားတင္မကေတာ့ဘဲ သူ႔
အသက္ ရန္ရွာေတာ့မွာ သိေနတာေၾကာင့္ ေႁမြေပြးနဲ႔ျပာမႈန႔္ေတြကို ဂါထာစုတ္ၿပီး မန္းမႈတ္ၿပီးေတာ့သူ႔လုပ္တဲ့ဒဏ္သူျပန္ခံရေအာင္ဒဏ္ျပန္ေအာင္အင္းမီးထြန္းလိုက္
ခ်ိန္မွာေတာ့…

သဖန္းပင္ဆိပ္႐ြာကကေဝမစုန္းမႀကီးဟာခါးကုန္းသြားၿပီးေတာ့စုန္းမ၊ကေဝမ ႀကီးျဖစ္တဲ့ ေဒၚအုန္း ေခါင္းက ဆံပင္ေတြဟာ တစ္ပင္မွမရွိေတာ့ဘဲအားလုံး ဆံပင္ ေတြကြၽတ္က်ကုန္သည္။ ေခါင္းဟာေျပာင္ေနသလိုခါးက်ိဳးသြားသလိုနဲ႔ျဖစ္ေနတာ
ေၾကာင့္လမ္းေလွ်ာက္ႏိုင္ဖို႔ပင္တုတ္တစ္ေခ်ာင္းေထာက္ေလွ်ာက္ေနရသည္။ အေဒၚျဖစ္သူေဒၚအုန္းရဲ႕ခံစားေနရတာေတြကိုမၾကည့္ရက္တဲ့တူမအရင္းျဖစ္သူ
မအိက စုန္းကေဝအတတ္ေတြကို တန္ျပန္လုပ္ကိုင္ထားရပါ့မလား ဆိုၿပီးေတာ့ မေက်နပ္လို႔ ေနာက္ထပ္ မေၾကပြဲႏြဲ႕မယ္ဆိုၿပီး ကေဝအတတ္ စုန္းအတတ္ေတြႏွင့္ ေႁမြေပြးတိုက္ေႁမြ ဖန္ဆင္းထားလိုက္ျပန္သည္။
ကိုဖိုးေအာင္မိန္းမမလွေ႐ႊအိမ္ေနာက္ေဖးမွာရွိတဲ့အိမ္သာကိုလက္ႏွင့္ဆြဲတက္ လိုက္တဲ့အခ်ိန္မွာေတာ့ မလွေ႐ႊရဲ႕ညာဘက္လက္ခြကို ေႁမြေဟာက္ႀကီးက ပါးပ်ဥ္း ေထာင္ၿပီးကိုက္တာကိုလန႔္ဖ်ပ္ၿပီးေအာင္မယ္ေလး-အား-အားလာၾကပါဦး- လာ ၾကပါဦး၊ က်ယ္ေလာင္စြာ အလန႔္တၾကားေအာ္လိုက္တာကို လာပါဦး- ေႁမြႀကီး ကိုက္လို႔ လာၾကပါဦး၊ ကိုဖိုးေအာင္ေရလာပါဦး- ေႁမြႀကီး- ေႁမြႀကီးကိုက္လို႔ ကိုက္
လို႔၊
မလွေ႐ႊအိမ္သာဆီကအလန႔္တၾကားေအာ္ဟစ္လိုက္တဲ့အသံကိုကိုဖိုးေအာင္
အိမ္အေပၚထပ္မွာ ေရေႏြးၾကမ္းေသာက္ေနရာက စူးစူ၊ဝါးဝါ၊ မလွေ႐ႊ ေအာ္ဟစ္ေခၚ သံ ၾကားလိုက္တာေၾကာင့္ ကိုဖိုးေအာင္ အိမ္အေပၚထပ္က အေျပးဆင္းၿပီး ေအာ္သံ ၾကားတဲ့ ေနရာဆီကို ကိုဖိုးေအာင္ ၾကည့္လိုက္ေတာ့ မလွေ႐ႊလဲက်ေနကာ ေပြ႕ထူ မ,မယ္ျပဳလုပ္ရင္းအိမ္သာထဲၾကည့္လိုက္ေတာ့ေႁမြေဟာက္ႀကီး ပါးပ်ဥ္းႀကီးေထာင္ လို႔ အိမ္သာရဲ႕ေနာက္ဘက္ကို ေႁမြႀကီးက ဆင္းသြာ၊သည္။
ကိုဖိုးေအာင္ မလွေ႐ႊကို ေပြ႕ခ်ီၿပီးေတာ့ ႏြားလွည္းႏွင့္ တင္ၿပီးေတာ့ စလင္းၿမိဳ႕ ေဆး႐ုံကိုတင္ၿပီးေတာ့ ေဆးကုသခံယူရေတာ့သည္။

ေနာက္အရက္ႏွစ္ဆယ္ေလာက္ေဆး႐ုံတက္ေႁမြကိုက္ခံရတာကုသၿပီးမလွေ႐ႊ
ေႁမြဆိပ္ကင္းစင္၍ ေဆး႐ုံက ဆင္းရတာေၾကာင့္အသက္မေသတဲ့ မလွေ႐ႊအတြက္

ကိုဖိုးေအာင္ ဝမ္းသာေနရသည္။ အသက္မေသလို႔ ေဆး႐ုံမွ ဆင္းခဲ့ရေသာ္လည္း အိမ္မွာဆယ္ရက္ေလာက္အၾကာမွာေတာ့မလွေ႐ႊတစ္ေယာက္စိတ္ေတြေဖာက္ၿပီး ငိုလိုက္ရယ္လိုက္ႏွင့္စိတ္ေတြေဖာက္ၿပီးေတာ့စိတ္ေတြမူမမွန္ေတာ့ဘဲတစ္ေယာက္ တည္း စကားေတြေျပာေျပာၿပီး ေအာ္ငိုလိုက္ ေအာ္ရီလိုက္ျဖင့္ ျဖစ္ေနျပန္တဲ့အခ်ိန္ ေတြကမ်ားလာခဲ့ၿပီးေတာ့တစ္ေန႔ေတာ့ မလွေ႐ႊနဲ႔ေရာဂါကထူးဆန္းမႈေတြႏွင့္အတူ ပါးစပ္ထဲက အျမႇဳပ္ေတြထြက္ကာ စန႔္စန႔္ႀကီးႏွင့္ လူးလိမ့္ေနၿပီ၊ အတက္ေရာဂါျဖင့္ ကိုဖိုးေအာင္ မိန္းမ မလွေ႐ႊတစ္ေယာက္ေသဆုံးသြားေတာ့သည္။
သဖန္းပင္ဆိပ္႐ြာမွာေတာ့ မလွေ႐ႊဟာ ႐ိုး႐ိုးေရာဂါႏွင့္ေသဆုံးတာ မဟုတ္ဘဲ ႏွင့္ စုန္းကေဝျပဳစားၿပီး တိုက္ေႁမြႏွင့္ တိုက္လို႔ ေသဆုံးသြားရတာလို႔ ႐ြာသူ ႐ြာသား ေတြကယုံၾကည္ေျပာေနၾကသည္။ ကိုဖိုးေအာင္ကေတာ့စုန္းမ၊ကေဝမတို႔ျပဳစားလို႔ မလွေ႐ႊ ေသဆုံးတာလို႔ ယုံၾကည္ေနမိေသာ္လည္း လက္တုန႔္ ျပန္ဖို႔ရာ ခက္ခဲေနရ သည္။
ကိုဖိုးေအာင္တစ္ေယာက္မိန္းမျဖစ္သူ မလွေ႐ႊေသဆုံးရတာရင္ထဲယူက်ဳံးမရ ျဖစ္ရသလို ေက်နပ္မႈေတြ မရွိတာေၾကာင့္ ပေယာဂဆရာကိုစိန္ဘန္းႏွင့္တိုင္ပင္ၿပီး ေတာ့ ခုနစ္ရက္မလည္ခင္ မလွေ႐ႊကို ေျမျမဳပ္ထားတဲ့ ေျမပုံရွိရာကို ညသန္းေခါင္ ေက်ာ္အခ်ိန္တြင္ေဆးႏွင့္အင္းမ်ားတန္ျပန္ျပဳလုပ္ဖို႔အတြက္႐ြာကလူေတြဘယ္သူမွ မသိတဲ့အခ်ိန္ ဘယ္သူမွမျမင္ႏိုင္တဲ့အခ်ိန္ျဖစ္တဲ့ သခ်ႋဳင္းကုန္းရွိရာကို ပေယာဂ ဆရာကိုစိန္ဘန္းႏွင့္ ကိုဖိုးေအာင္တို႔ ေမွာင္ေမွာင္မည္းမည္းထဲမွာပင္ ႐ြာရဲ႕ေျမာက္ ဘက္က လယ္ကြင္းထဲက ႐ိုးျပတ္ငုတ္တိုေတြကို နင္းလာခဲ့ၾကသည္၊ လယ္ကြက္ ေတြကိုတစ္ကြက္ၿပီ၊တစ္ကြက္ ေက်ာ္ျဖတ္ၿပီး အေမွာင္ထုထဲမွာ ႏွစ္ေယာက္သား လူသူလုံးဝကိုမသိေစခ်င္တာေၾကာင့္ ညသန္းေခါင္ေက်ာ္ ေမွာင္ႏွင့္ မည္းမည္းကို လာခဲ့ၾကျခင္းျဖစ္သည္။ ႐ြာႏွင့္ သခ်ႋဳင္းကုန္းက အေတာ္ေလး ေဝးကြာတာေၾကာင့္ ေလွ်ာက္လာခဲ့ရသလို သခ်ႋဳင္းကုန္းကလက္ပံပင္ႀကီးေတြ ေညာင္ပင္ႀကီးေတြႏွင့္ အုံ႔ဆိုင္းေနသလိုလကြယ္ေန႔ညေတြဆိုေတာ့ၾကယ္ေရာင္ကလြဲရင္ဘာေရာင္မွမရွိ တာေၾကာင့္ ပေယာဂဆရာ ကိုစိန္ဘန္းႏွင့္ ကိုဖိုးေအာင္တို႔ႏွစ္ေယာက္သာ။ မည္။ ေမွာင္ေနတဲ့ လက္ပံပင္ႀကီးေတြေအာက္ႀကီးမားလွတဲ့ ေညာင္ပင္ႀကီးေတြေအာက္

ကိုႏွစ္ေယာက္သား ေလွ်ာက္လာခဲ့ရင္း ဂူေတြကထုံးေဖြးေဖြးအမွတ္အသားလူေတြ နားကျဖတ္ေလွ်ာက္ခဲ့ၿပီးေတာ့ ေျမစာပုံေျမစာခဲအသစ္ျဖစ္တဲ့ေသဆုံးသူမလွေ႐ႊရဲ႕ ေျမစာပုံနားကို နစ္ေယာက္သားထိုင္လိုက္ၾကေတာ့သည္။
ပေယာဂဆရာကိုစိန္ဘန္းကအေမွာင္ထဲမွာပဲဂါထာေတြကိုတစ္ပုဒ္ၿပီးတစ္ပုဒ္ ႐ြတ္ဆိုရင္းႏွင့္ေျမႀကီးကိုဖေနာင့္ႏွင့္ေပါက္ေပါက္ၿပီးေတာ့ဂါထာေတြကို႐ြတ္ဆိုေန ခ်ိန္မွာေတာ့ ကိုဖိုးေအာင္မွာေတာ့ ဒုကၡပဲ၊ လုပ္ကိုင္မိတာေတာ့ မွားၿပီထင္တယ္။ သည္ေလာက္ေမွာင္ေနတဲ့အခ်ိန္ႀကီးထဲမွာ တေစၦသရဲ သို႔မဟုတ္ ေသဆုံးသြားတဲ့ မလွေ႐ႊမ်ားေပၚလာဘယ္လိုလုပ္ရပါ့မလဲအေတြးမ်ားျဖင့္ရပ္ေနမိသည္။ မတ္တတ္ ရပ္လ်က္ျဖင့္ ဂါထာမန္းမႈတ္ေနတဲ့ ပေယာဂေဆးဆရာ အနားက အေတြးမ်ားျဖင့္ ကိုဖိုးေအာင္တစ္ေယာက္ မေၾကာက္လွေသာ္လည္း ေမွာင္မည္းေနတဲ့ ေျမပုံနားမွာ ဟိုၾကည့္ သည္ၾကည့္ႏွင့္ၾကက္သီးမ်ားပင္ထမိေတာ့သည္။
ပေယာဂဆရာ ကိုစိန္ဘန္းဟာ သူ ဂါထာေတြ မန္းမႈတ္ၿပီးေတာ့ မလွေ႐ႊျမႇဳပ္ ထားတဲ့ေျမပုံကိုေျမႀကီးခဲေတြ ဖယ္ရွားလိုက္ၿပီးေတာ့သူလြယ္အိတ္ထဲကေဆးစီရင္
ထားတဲ့ဖေယာင္းတိုင္ဆယ္တိုင္ကိုထုတ္ယူလိုက္ၿပီးေျမပုံေပၚမွာေခါင္းရင္းကေနၿပီး
ေျခရင္းအထိ တစ္တိုင္ခ်င္း မီးထြန္းထားလိုက္ေလသည္။ကိုစိန္ဘန္းဂါထာကို မန္း မႈတ္လိုက္ၿပီးပါလာတဲ့အဝတ္တစ္ခုထဲကို ေျမပုံက ေျမႀကီးေတြကို လက္တစ္ဆုပ္ ဆုပ္ယူလိုက္အိတ္ထဲထည့္ယူလိုက္ၿပီး..
“က်ဳပ္တို႔ဘာအေႏွာင့္အယွက္မွမရွိဘူးဗ်။က်ဳပ္တို႔ေဆာင္႐ြက္ေနတဲ့လုပ္ငန္း
ေတြ ေအာင္ျမင္ၿပီ။ ဒါေပမဲ့ သည္သခ်ႋဳင္းမွာ ေသလို႔ ျမႇဳပ္ထားတဲ့ ေျမပုံခုနစ္ပုံေတြ႕ ေအာင္ရွာၿပီးေတာ့ေျမႀကီးခုနစ္ဆုပ္ကိုယူရဦးမယ္။ကဲ- ကိုဖိုးေအာင္၊က်ဳပ္တို႔အႀကံ အစည္ေတြ ေအာင္ေတာ့မယ္”
ေမွာင္မည္းေနတဲ့ သခ်ႋဳင္းကုန္းႀကီးထဲမွာ ပေယာဂဆရာကိုစိန္ဘန္းႏွင့္ ကိုဖိုး ေအာင္တို႔ၾကယ္ေရာင္ေတြကိုအားျပဳကာေျမပုံတစ္ပုံၿပီးတစ္ပုံလိုက္ရွာရင္းေတြ႕တဲ့ ေျမပုံကေျမႀကီးတစ္ဆုပ္ကိုယူၿပီးေတာ့အိတ္ထဲထည့္ယူကာေျမပုံရွာေနၾကသည္။
ခ်ဳံပုတ္မည္းမည္းထဲမွာျဖန္းျဖန္းျဖန္းဟု ခ်ဳံပုတ္ေတြတိုးသံၾကားလိုက္ရေတာ့ကိုဖိုး
ေအာင္လက္ကဆြဲထားတဲ့ေျမႀကီးအိတ္ကိုင္ထားရင္းေၾကာက္စိတ္မ်ားပင္ျဖစ္လာ မိတာေၾကာင့္ဟိုၾကည့္ သည္ၾကည့္ႏွင့္ ျဖစ္ေနဆဲမွာ…

“ဘာမွမေၾကာက္ပါနဲ႔ ကိုဖိုးေအာင္ရာ၊ ခု-ျမည္သြားတဲ့အသံေတြက ေျမႂကြက္ ေတြဗ်၊ က်ဳပ္တို႔လာတာေတြလို႔ သူတို႔က ဒေရာေသာပါး ေျပးၾကတဲ့အသံပါဗ်ာ” ေညာင္ပင္ႀကီးေပၚကလင္းပြဲေတြကတဟုန္းဟုန္း ျဖန္းျဖန္းပ်ံသန္းၾကသလို
လက္ပံပင္အျမင့္ႀကီးေတြေပၚကဇီးကြက္ေတြကျမည္သလိုငွက္ဆိုးေတြကဂစ္-ဂိ-
ဂ္-က်ယ္ေလာင္အသံေတြကိုၾကားေနရသည္။ ေမွာင္မည္းေနတဲ့ကုကၠိဳပင္ ေညာင္ ပင္လက္ပံပင္ႀကီးေတြႏွစ္ေယာက္သားေက်ာခိုင္းၿပီးေတာ့ သခ်ႋဳင္းကုန္းထဲကထြက္
လာခဲ့ၾကေတာ့သည္။
မလဲ”
“ဆရာကိုစိန္ဘန္းေရ က်ဳပ္တို႔ ယူလာတဲ့ေျမပုံက ေျမႀကီးေတြကို ဘယ္ထား
ကိုဖိုးေအာင္က ေမးလိုက္သည္၊ ကိုစိန္ဘန္းက..
“ကိုဖိုးေအာင္ အခုက်ဳပ္တို႔ႏွစ္ေယာက္ ယူလာတဲ့ လူေသထားတဲ့ေျမပုံက ေျမႀကီးေတြကို ႐ြာေတာ္ရွင္ကို က်ဳပ္တို႔ ခု သြားျပရမယ္၊ ႐ြာေတာ္ရွင္ကို တိုင္တည္ ကန္ေတာ့ရမယ္၊ အဲဒီေတာ့ ကိုဖိုးေအာင္ေရ ႐ြာဦးက ႐ြာဦးက ႐ြာေတာ္ရွင္ နန္းကို သြားၾကမယ္”
ပေယာဂဆရာကိုစိန္ဘန္းနင့္ကိုဖိုးေအာင္တို႔ယူေဆာင္လာတဲ့လူေသေျမပုံက ေျမႀကီးမ်ားကို အင္းႏွင့္ ဂါထာမ်ားစီမံၿပီးယူေဆာင္လာတဲ့ သခ်ႋဳင္းေျမႀကီးေတြကို ညတြင္းခ်င္းပင္ျပန္ပို႔ထားလိုက္ၾကရသည္။
k
မလွေ႐ႊ ေသဆုံးၿပီးတစ္လေလာက္ အၾကာမွာေတာ့ သဖန္းပင္ဆိပ္႐ြာမွာ နာမည္ႀကီးေနတဲ့ေဒၚအုန္းတစ္ေယာက္သည္ သူအၿမဲခိုင္းစားေနတဲ့သရဲနစ္ေကာင္ က ေဒၚအုန္းကအစာမေကြၽးေတာ့တာေၾကာင့္ ညညသန္းေခါင္အခ်ိန္ေလာက္တြင္ ေဒၚအုန္းရဲ႕လည္ပင္းကို လာညႇစ္ၾကသည္။ ေဒၚအုန္း၏ ေအာ္သံတို႔က ေတာ႐ြာတို႔ရဲ႕ ကိုယ့္ဝင္း ကိုယ့္ၿခံက်ယ္မွာပင္ တစ္ခါ တစ္ခါ ညညမွာ မၾကာမၾကာဆိုသလိုအိမ္နီး ရင္းၿခံေတြမွာ ေနထိုင္ၾကတဲ့ သူေတြက ၾကားၾကရသည္။

သဖန္းဆိပ္႐ြာမွာေဒၚအုန္းက သူ႔ေယာက္်ားေသဆုံးသြားၿပီးကတည္းက သူ႔ၿခံ
အက်ယ္ႀကီးထဲကၿခံထြက္သီးႏွံမ်ားေရာင္းခ်စားေသာက္ေနထိုင္လာခဲ့ၿပီ။စုန္းမႀကီး ဟုအထင္ခံေနရကာ၊႐ြာသားေတြကေဒၚအုန္းႏွင့္ဆက္သြယ္မႈမရွိၾက၊ သူကလည္း သူ႔ေဆြမ်ိဳးကလြဲ ရင္အေခၚအေျပာမရွိ၊
ညည ေဒၚအုန္း သူ ေမြးထားတဲ့ သရဲက လည္ပင္းကို လာလာညႇစ္တာ
ေၾကာင့္..
“ေၾကာက္ပါၿပီ။ ငါ့ကို နင္တို႔ ႏွစ္ေယာက္ ငါ့ လည္ပင္းကို မညႇစ္ၾကနဲ႔။ သရဲေတြ ငါနင္တို႔ကို ေကြၽးမယ္”
ဆိုတဲ့ ေအာ္ေျပာသံတို႔ကို မၾကာမၾကာၾကားၾကရတယ္လို႔ ဆိုသည္။
“ေဒၚအုန္းတစ္ေယာက္ပေယာဂဆရာကတန္ျပန္ခံစားရေအာင္လုပ္ထားလိုက္
တာေတြကို ေဒၚအုန္းက သူေမြးထားတဲ့ သရဲေတြက သူ႔ကိုညညလည္ပင္းလာညႇစ္ ၾကေအာင္တူမျဖစ္သူမအိကသာေစခိုင္းထားတယ္၊တစ္လြဲထင္မွတ္ၿပီးေတာ့တူမ
ျဖစ္သူကို စုန္းအတတ္၊ ကေဝအတတ္ကို အတတ္သင္ေပးထားတဲ့ တူမ ျဖစ္ေနေပ မယ့္သူ႔ကိုေက်းဇူးမသိတတ္ဘဲငါ့ကိုကာျပန္ငါ့အသက္ရန္ရွာပါရမလားထင္ေယာင္
မွားၿပီးေတာ့အမုန္းႀကီးမုန္းကာတူမျဖစ္တဲ့ မအိအလာကိုေစာင့္ေတာ့သည္။
ညတစ္ည လကြယ္ညရဲ႕ သန္းေခါင္ယံ ေကာင္းကင္မွာ ေဒၚအုန္းႏွင့္တူမမအိတို႔ ဟာတစ္ေယာက္ႏွင့္တစ္ေယာက္အထင္လြဲၿပီးေတာ့ ႐ြာႏွင့္လွမ္းတဲ့ ေတာအုပ္ႀကီး
တစ္ခုရဲ႕ေကာင္းကင္ယံအျမင့္ကိုမီးလုံးႀကီးမ်ားႏွင့္ပညာၿပိဳင္ၾကၿပီးေတာ့မၾကာမီတဲ့ ရက္ပိုင္းအတြင္းမွာမအိတစ္ေယာက္အေဒၚျဖစ္သူရဲ႕စုန္းကေဝမႀကီးလက္ခ်က္ျဖင့္ ေသြးမ်ားအန္ကာမအိတစ္ေယာက္ေသဆုံးသြားရေတာ့သည္။
ေနာက္ႏွစ္လေလာက္အၾကာမွာလည္း စုန္းကေဝ ဆယ့္ႏွစ္ႀကိဳးတတ္တဲ့ စုန္း ကေဝမႀကီး ေဒၚအုန္းတစ္ေယာက္ သူ႔တူမႏွင့္ ၿပိဳင္စဥ္က ဒဏ္ရာရခဲ့သလိုတန္ျပန္ ခံရတဲ့ေဝဒနာနဲ႔ထပ္မံေသဆုံးသြားရေတာ့သည္ဟုေျပာစမွတ္ျပဳၾကသည္။
ေမတၱာၿခဳံလို႔လုံပါေစ…
မေကြးရာဇာ