“ကိုယ်ပြုသည့်ကံကိုယ့်ထံပြန်”(စ/ဆုံး)

Unicode Version

“ကိုယ်ပြုသည့်ကံကိုယ့်ထံပြန်”(စ/ဆုံး)
———————————————-
မုတ်ဆိတ်မွှေး ဆံပင်မွှေးများ ဖွေးဖွေးဖြူလျက်ရှိသော လူကြီးတစ်ယောက် ကိုကြီးကျော်သီချင်းသံကို အော်ဟစ်င်္သီဆိုကာ ကခုန်လျက် နေမထိတောအတွင်းသို့ ဝင်ရောက်လာသည်။ ထိုလူကြီး၏ပုံစံမှာ ဖျင်ကြမ်းတိုက်ပုံရင်ကွဲအင်္ကျီနှင့် ပုဆိုးအကွက်ကြဲကြဲကို ဒူးအထိဝတ်ဆင်ထားကာ ညစ်ထေးထေး လွယ်အိတ်ကြီးတစ်လုံးကိုလွယ်လျက် ပခုံးထက်တွင်လည်း တောင်ဝှေးတစ်ချောင်းကို ထမ်းပိုးထားလျက်ရှိလေသည်။

ကျေးငှက်သာရကာမျိုးစုံတို့၏ အော်မြည်သံနှင့်အပြိုင်ပင် ထိုလူကြီး၏ သီချင်းသံမှာလည်း နေမထိတောအတွင်းဝယ် မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လျှက်ရှိနေပေတော့သည်။နေမထိတောမှာ နာမည်နှင့် လိုက်ဖက်အောင်ပင် သစ်ပင်ကြီးများက နေရောင်ပင်မထိနိုင်လောက်အောင် အံ့ဆိုင်းလျက် သားရဲတိရိစ္ဆာန်မျိုးစုံလည်း ပေါများလှပေသည်။ ထိုလူကြီးမှာ သီချင်းဆိုရင်း ကရင်း ခုန်ရင်းဖြင့် တောတွင်းတစ်နေရာ အရောက်မှာတော့

”အားး အမလေးး ကျွတ် ကျွတ် နာလိုက်တာ ”

”ဟင် လူတစ်ယောက် ညည်းညူနေတဲ့အသံပါလား ဘယ်သူဘာများဖြစ်လို့ပါလိမ့် ”

နာကျင်စွာ ညည်းညူသံကြောင့် ဟိုဟိုဒီဒီလိုက်ကြည့်မိလိုက်တော့ ချုံတစ်ခုနောက်ကွယ်မှာ လဲကျနေသည့်လူတစ်ဦး။ ထိုသူမှာ သူ၏ခြေထောက်တစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ နာကျင်စွာ ညည်းညူလျက်ရှိသည်။ ထိုသူ၏ ခြေထောက်မှာတော့ ဒဏ်ရာကြီးတစ်ခုက သွေးများအိုင်ထွန်းနေလျက် မြင်မကောင်းအောင်ပင် ရှိနေပေသည်။

”အလို လူတစ်ယောက် ဒုက္ခရောက်နေပါလား ဘာများဖြစ်တာပါလိမ့် ”

”ဟေ့ သူငယ် ဘယ်လိုများဖြစ်ရတာတုန်းကွယ် မင်းဒဏ်ရာအဘကိုပြစမ်း ”

”ကျုပ် ကျုပ်ကိုကယ်ပါ အဘ။ ကျုပ် ကျုပ် ခြေထောက်ငုတ်စူး စူး ”

ထိုသူမှာ သွေးထွက်လွန်သောအရှိန်ဖြင့် အားနည်းနေရာမှ ကူညီမည့်သူရောက်လာ၍ စိတ်လျော့လိုက်လေသည်လားမသိ ပြောနေရင်းဖြင့်ပင် သတိလစ်ကာ လဲကျသွားလေတော့သည်။

”ဟေ့ ဟေ့သူငယ် သတိထားပါဦး ဟေ့ သတိထားဦးလေကွာ အော် ဒုက္ခပါပဲ ”

အဘိုးကြီးမှာ ထိုသတိလစ်သွားသောသူ၏ရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်ရင်း သူ၏လွယ်အိတ်ထဲမှ အသင့်ပါလာသော ပုဝါတစ်ထည်ကိုထုတ်ယူကာ ထိုသူ၏ခြေထောက်ကိုပတ်ချည်လိုက်သည်။ ထို့နောက်အနီးနားရှိ စမ်းချောင်းတစ်ခုမှရေကို အသင့်ပါလာသော ဗူးခွံတစ်ခုဖြင့် ခပ်ယူခဲ့ကာ ထိုသတိလစ်သွားသော သူရှေ့အရောက် ထိုသူ၏ ခြေထောက်မှ သွေးစေးများကို ရေအနည်းငယ်ဖြင့် ဆေးကြောပစ်လိုက်လေသည်။

ထို့နောက် တင်ပလ္လင်ခွေကာ ထိုင်ချလိုက်ရင်း မျက်စိစုံမှိတ်၍ လက်အုပ်ချီကာ ပါးစပ်မှ တိုင်တည်ရွတ်ဆိုလေတော့သည်။

”တောစောင့်နတ် တောင်စောင့်နတ်အပေါင်းနှင့် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်အပေါင်းတို့ ခင်ဗျား ။ ကျွနု်ပ်အား ဤလူသားကို ဆေးကုသခွင့်ပေးစေလိုပါသည်။ သက်သာပျောက်ကင်းစေရန် ကူညီစောင်မတော်မူကြပါခင်ဗျားး ”

ထိုအဘိုးကြီးမှာ တိုင်တည်ရေရွတ်အပြီး လွယ်အိပ်ထဲမှ ဆေးမြစ်လိုလိုအရာတစ်ခုကို ထုတ်ယူကာ ရေအနည်းငယ်ဖြင့် အနားမှ ကျောက်တုံးတစ်ခုပေါ်သို့တင်ကာ သွေးလေတော့သည်။ ထို့နောက်သွေးထားသော ဆေးရည်များကို သတိလစ်နေသော ထိုသူ၏ ပါးစပ်ကိုဖြဲကာ အနည်းငယ်ခွံ့လိုက်ပြီးနောက် ကျန်ဆေးရည်များကိုလည်း ဒဏ်ရာပေါ်သို့ လိမ်းကျံပေးလိုက်လေတော့သည်။

နာရီဝက်မျှအကြာမှာတော့
” အင်းးဟင်းးဟင်းး ”
”ကျွတ် ကျွတ် ”
ညည်းညူသံနှင့်အတူ လူးလွန့်ရင်းဖြင့် ထိုသူသတိရလာလေတော့သည်။

” ကဲဟေ့ သူငယ် မင်းသတိရလာပြီလား ငါ့မလည်း မင်းထိုင်စောင့်ပေးနေရတာ အတော်ကို ညောင်းနေပဟေ့။ ကဲ မတ်တပ်ထရပ်ကြည့်ပါဦးကွာ ”

”ဟာ အဘိုးကြီး ခင်ဗျား ရူးနေတာလား ကျုပ်ခြေထောက်က မနက်ကမှ ဒဏ်ရာရထားတာဗျ။ ဘယ်နှယ့်လုပ် လမ်းလျှောက်နိုင်မှာတုန်း ”

”ကဲပါ သူငယ်ရယ် အဘပြောတဲ့အတိုင်းသာလုပ်ပါ။ မတ်တပ်ထရပ်ပြီး လမ်းသာလျှောက်ကြည့်စမ်းပါဟ”

ပြောပြောဆိုဆိုဖြင့် လက်မောင်းမှထူကာ အတင်းထရပ်ခိုင်းနေသော မုတ်ဆိတ်ဖြူအဘိုးကြီးကြောင့် ထိုသူမှာ မယုံမရဲဖြင့်ထရပ်ကာ လမ်းအလျောက်မှာတော့

”ဟာ ထူးဆန်းလိုက်တာ ငါ့ခြေထောက် နာတာကျင်တာ တစ်စက်ကလေးမှ မရှိတော့ပါလား ဒီ ဒီမှာ အဘိုးကြီး ခင် ခင်ဗျားကဘာလဲ မှော်ဆရာကြီးလား ”

” ဟားးဟားး ကျုပ်ကဘာမှော်ဆရာမှ မဟုတ်ပါဘူးကွ ဒီမယ်သူငယ်လေးရဲ့ မင်းမြဲမြဲမှတ်ထားကွယ့် ကောင်းမှု့မြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်းတဲ့ ကိုယ်ပြုသမျှက ကိုယ့်အရိပ်ပဲကွယ့် ဟားးဟားး ဟားး ကဲ ဘယ်လိုလဲဟေ့ မင်းလည်းလမ်းလျှောက်နိုင်ပြီဆိုတော့ ကျုပ်သွားပဟေ့ ဟားးဟားးဟားး ”

မုတ်ဆိတ်ဖြူအဘိုးကြီးမှာ ပြောရင်းဖြင့် တဟားဟား ရယ်မောလျက် တောလမ်းအတိုင်း ဆက်၍ထွက်ခွာသွားလေတော့သည်။

မုတ်ဆိတ်ဖြူအဘိုးကြီးမှာ တဟားဟားရယ်မောလျက် တောလမ်းအတိုင်းထွက်ခွာလာရင်းမှပင်

”ကွီ ကွီး ကွိ ကွိ ဂါးး ”

”ဟင် တိရိစ္ဆာန်တစ်ကောင် နာကျင်လို့အော်နေတဲ့အသံပဲ ”

အသံကြားရာသို့ရှာဖွေကာကြည့်လိုက်မိပြန်တော့ ဝံပေါက်လေးတစ်ကောင်။ မည်သို့ဖြစ်သည်မသိ။ မုဆိုးထောင်ချောက်တစ်ခုတွင် ခြေထောက်တစ်ဖက်ညပ်မိနေလေသည်။ ဝံပေါက်ကလေး ရုန်းလေ ခြေထောက်ထဲသို့ သံညှပ်ကပိုနစ်ဝင်လေဖြစ်လေနေရာ ဝံပေါက်လေးမှာ အကြောက်အကန်ဖြင့်ပင် နာကျင်စွာရုန်းကန်နေလေတော့သည်။

”အော် ငါ့နှယ့် ဘယ်နှယ်ဖြစ်ရပါလိမ့်။ တစ်နေ့ထဲမှာကို ခြေထောက်ဒဏ်ရာရနေတဲ့ ဒုက္ခသည်နှစ်ဦး တပြိုင်ထဲတွေ့နေရပါလား ”

ဝံပေါက်လေးမှာသူ့နားသို့ လူကပ်လာသဖြင့် ကြောက်ရွံစွာဖြင့် ဒေါသတကြီး ရန်မူမည့်ဟန်အော်ဟစ်လေတော့သည်။ မုတ်ဆိတ်ဖြူအဘိုးကြီးမှာ ဝံပေါက်လေးမျက်နှာကို တည့်တည့်စိုက်ကြည့်ရင်း တဖြည်းဖြည်းအနားသို့ကပ်သွားလေသည်။

”ငြိမ်ငြိမ်နေ ငါ့သားကြီး အဘကမင်းကို ကူညီမလို့ပါကွဲ့ ငါ့သားကြီးက လိမ္မာတယ် ငြိမ်ငြိမ်နေ ဟုတ်ပြီလား ”

မုတ်ဆိတ်ဖြူအဘိုးကြီး စကားကိုကြားလိုက်ရသော ဝံပေါက်ကလေးမှာနားလည်သည့်အလား ရန်လိုစွာဖြင့် အော်ဟစ်နေရာမှ ငြိမ်သက်သွားလေတော့သည်။အဘကြီးကလည်း ဝံပေါက်လေးခြေထောက်မှ ညှပ်ကို ဂရုတစိုက်ဖြင့် အသာအယာဖြုတ်ပေးပြီး ဒဏ်ရာကိုဆေးထည့်ပေးလေတော့သည်။

”ကဲ ဒဏ်ရာလည်းဆေးထည့်ပြီးပြီဆိုတော့ သွားပေဦးတော့ ငါ့သားကြီး။ လူတွေနဲ့ဝေးရာကို ရှောင်ပြီးနေပါကွယ်။ ကဲ ကဲ သွား သွား ဘေးကင်းပါစေ ငါ့သားကြီးရေ ”

ဝံပေါက်ကလေးမှာ မုတ်ဆိတ်ဖြူအဘိုးကြီးအား ကျေးဇူးတင်သော မျက်လုံးများဖြင့် တစ်ချက်စိုက်ကြည့်ရင်း တောအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။

×××………×××………×××……×××………

နောက်သုံးလခန့်မျှ အကြာ-
သုံးတောင်ရွာတစ်ရွာလုံး ပျော်ရွှင်ကြည်နူးနေကြလေသည်။ အကြောင်းမှာ ဘမုတ်ဆိတ်ဟုသူတို့ခေါ်ကြသည့် မုတ်ဆိတ်ဖြူဖြူအဘိုးကြီး ဦးဆောင်၍ မတည်ကာ အလှူခံထားသောငွေကြေးများဖြင့် ရွာဦးစေတီကို ပြန်လည်ပြုပြင်မွန်းမံကာ ထီးတော်တင် ဌာပနာပိတ်ပွဲကို နောင်နှစ်ရက်ခန့်တွင် ကျင်းပပြုလုပ်မည် ဖြစ်သောကြောင့်ပင်။

င်္ထီးတော်တင် ဌာပနာပိတ်ပွဲအတွက် သဒ္ဒါတရားများဖြင့် ပီတိဖြာဝေကာ ဝမ်းမြောက်မဆုံး တပြုံးပြုံးနှင့် တစ်ရွာလုံးရှိ လူတိုင်းရင်မှာလည်း ပီတိဖြာလျက်ပင်။ ဘမုတ်ဆိတ်တစ်ယောက်ကတော့ဖြင့် ထီးတော်တင်ပွဲအတွက် လိုအပ်မည့် ပစ္စည်းများကို ဝယ်ယူရန် ယနေ့မနက်စောစောကပင် မြို့သို့ထွက်ခွာသွားခဲ့ချေပြီမလား။

ဘမုတ်ဆိတ်တစ်ယောက် နေမထိတောထဲမှဖြတ်ကာ မြို့သို့အသွားတစ်နေရာအရောက် –

”ဟေ့ အဘိုးကြီး ရပ်လိုက်စမ်း ”

အသံနှင့်အတူ လူတစ်ယောက် ဌက်ကြီးတောင်ဓါးတစ်ချောင်းကို ကိုင်ဆောင်လျက် အပင်တစ်ပင်နောက်မှ ခုန်ထွက်လာလေသည်။

” ဟင် မင်း မင်းကိုး မင်းအဘကို မမှတ်မိဘူးလား သူငယ်ရဲ့ မင်း ဟိုတခါတောတွင်းမှာ ငုတ်ဆူးလို့သွေးထွက်လွန်ပြီး သတိလစ်သွားတုန်းက အဘကယ်ခဲ့ဖူးတယ်လေကွဲ့ ”

” တိတ်စမ်း ကျုပ်ကို ဘာမှ လာပြောမနေနဲ့ မလှုပ်နဲ့နော် အဘိုးကြီး မသေချင်ရင် ခင်ဗျား လွယ်အိတ် ကျုပ်ကိုပေးစမ်း ”

” မ မလုပ်ပါနဲ့ မောင်ရင်ရယ် ဒါငွေတွေက ဘုရားထီးတင်ပွဲအတွက် ရည်စူးပြီး လှူထားကြတဲ့ငွေတွေပါကွယ် ”

”တိတ်စမ်း အဘိုးကြီး ခင်ဗျား ကျုပ်ကို ဘာမှ ရွှေပြည်အေးတရားလာဟောနေစရာမလိုဘူး မြန်မြန်ပေးစမ်း ခင်ဗျားလွယ်အိတ် တောက် လုပ်လိုက်ရသေတော့မယ် ဒီအဘိုးကြီး ”

” မ မလုပ်ပါနဲ့မောင်ရင်ရယ် ဒါဘုရားငွေတွေမို့ပါကွယ် ”

”ဟာ ဒီလောက်တောင်ဖြစ်တဲ့ အဘိုးကြီး သေစမ်းကွာ ”

”အမလေးး ဘုရား ဘုရား ”

ဘမုတ်ဆိတ်မှာ လွယ်အိတ်ကိုကျစ်ကျစ်ပါအောင်ပိုက်ကာ ဘုရားကိုအာရုံပြုလျက် မျက်စိစုံမှိတ်ထားလိုက်လေတော့သည်။
ထိုသူမှာဌက်ကြီးတောင်ဓါးကို ကိုင်မြှောက်ရင်း ဘမုတ်ဆိတ်ကို ခုတ်ချလိုက်စဉ်မှာတော့

”ခွီးး ခွီးး ဂါးးး ”
”အားး အမလေးး သေပါပြီဗျာ အားး ”

တောအတွင်းမှ ဝံကြီးတစ်ကောင် လျင်မြန်သော အရှိန်ဖြင့်ထွက်လာပြီး ထိုသူ၏မျက်နှာကို လက်သည်းများဖြင့်ကုတ်ခြစ်လိုက်လေတော့သည်။ အော်ဟစ်လိုက်သံများကြောင့် ဘမုတ်ဆိတ်
မျက်စိဖွင့်ကာအကြည့်မှာတော့ ဝံလက်သည်းချက်ဖြင့် မျက်စိတစ်လုံးပေါက်ထွက်ကာ မျက်နှာတပြင်လုံးလည်း သွေးများမြင်မကောင်းအောင် စီးကျနေသော ထိုသူအားတွေ့လိုက်ရလေတော့သည်။

ဘမုတ်ဆိတ်မှာ သူ့ကိုကူညီလိုက်သောဝံကြီးအား သေချာကြည့်မိတော့

” ဟင် ခြေထောက်မှာ ဒဏ်ရာ အမာရွတ်ကြီးနဲ့ပါလား ဒါ ဒါ ဟိုတခါ ဒီလူနဲ့တစ်ရက်ထဲမှာ ငါကူညီခဲ့တဲ့ ဝံပေါက်လေးပဲ ”
ဝံကြီးမှာလည်း ဘမုတ်ဆိတ်အား တစ်ချက်စိုက်ကြည့်ရင်း တောအတွင်းသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

တောတွင်းသို့ ထင်းခွေရန် အမဲလိုက်ရန်ရောက်နေကြသော ရွာသားတစ်ချို့မှာလည်း ဆူဆူညံညံအသံများကြောင့် ဘမုတ်ဆိတ်တို့ရှိလာသို့ရောက်လာပြီး အကြောင်းစုံသိလိုက်စဉ်မှာတော့ ဒေါသတကြီးဖြင့် ထိုဌက်ကြီးတောင်ဓါးဖြင့်သူအား ရိုက်မည် ပုတ်မည် တကဲကဲဖြစ်နေလေရာ ဘမုတ်ဆိတ်ကပင် ကြားထဲမှ မေတ္တာရပ်ခံတားမြစ်ထားရလေသည်။

” မလုပ်ကြပါနဲ့ ငါ့သားတို့။ သူလည်း သူ့အကုသိုလ်အကျိုးတရားကို ပြန်လည်ခံစားနေရပြီပဲ။ ကိုယ်ဘက်က အလွန်မဖြစ်စေကြပါနဲ့ကွယ။် ဒီမှာ သားတို့ရဲ့ အဘပြောမယ် ။ ကောင်းမှု့မြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်းတဲ့ ကိုယ်ပြုသမျှက ကိုယ့်အရိပ်ပဲကွယ့် အဲ့ဒါကို မြဲမြဲမှတ်ထားကြ ကြားလား။ ကဲ ကဲ ကျုပ်လည်းသွားလိုက်ဦးမယ် အိမ်းး အနိစ္စ ဒုက္ခ အနတ္တပါလား ”

ပြောပြောဆိုဆိုဖြင့် တရွေ့ရွေ့ထွက်ခွာသွားသော ဘမုတ်ဆိတ်၏ ကျောပြင်ကိုကြည့်ရင်း ရွာသားများ၏ ရင်တွင်းမှာတော့ ကိုယ်ပြုသမျှဟာ ကိုယ့်အရိပ်သာဖြစ်သည်ဟူသော ဘမုတ်ဆိတ်၏ စကားသံမှာပဲ့တင်ထပ်လျက်သာ ကျန်ခဲ့ပါလေတော့သည်။ အော် ကောင်းမှုကိုချစ်မြတ်နိုး၍ ကောင်းအောင်ကြိုးစားကြရဦးမည်ပါတကားး …… ။

ချစ်ခြင်းများစွာဖြင့်
အမ်နိုင်း (oasis)

Zawgyi Version

“ကိုယ္ျပဳသည့္ကံကိုယ့္ထံျပန္”(စ/ဆုံး)
———————————————-
မုတ္ဆိတ္ေမႊး ဆံပင္ေမႊးမ်ား ေဖြးေဖြးျဖဴလ်က္ရွိေသာ လူႀကီးတစ္ေယာက္ ကိုႀကီးေက်ာ္သီခ်င္းသံကို ေအာ္ဟစ္သႌဆိုကာ ကခုန္လ်က္ ေနမထိေတာအတြင္းသို႔ ဝင္ေရာက္လာသည္။ ထိုလူႀကီး၏ပုံစံမွာ ဖ်င္ၾကမ္းတိုက္ပုံရင္ကြဲအက်ႌႏွင့္ ပုဆိုးအကြက္ႀကဲႀကဲကို ဒူးအထိဝတ္ဆင္ထားကာ ညစ္ေထးေထး လြယ္အိတ္ႀကီးတစ္လုံးကိုလြယ္လ်က္ ပခုံးထက္တြင္လည္း ေတာင္ေဝွးတစ္ေခ်ာင္းကို ထမ္းပိုးထားလ်က္ရွိေလသည္။

ေက်းငွက္သာရကာမ်ိဳးစုံတို႔၏ ေအာ္ျမည္သံႏွင့္အၿပိဳင္ပင္ ထိုလူႀကီး၏ သီခ်င္းသံမွာလည္း ေနမထိေတာအတြင္းဝယ္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထြက္ေပၚလွ်က္ရွိေနေပေတာ့သည္။ေနမထိေတာမွာ နာမည္ႏွင့္ လိုက္ဖက္ေအာင္ပင္ သစ္ပင္ႀကီးမ်ားက ေနေရာင္ပင္မထိႏိုင္ေလာက္ေအာင္ အံ့ဆိုင္းလ်က္ သားရဲတိရိစာၦန္မ်ိဳးစုံလည္း ေပါမ်ားလွေပသည္။ ထိုလူႀကီးမွာ သီခ်င္းဆိုရင္း ကရင္း ခုန္ရင္းျဖင့္ ေတာတြင္းတစ္ေနရာ အေရာက္မွာေတာ့

”အားး အမေလးး ကြၽတ္ ကြၽတ္ နာလိုက္တာ ”

”ဟင္ လူတစ္ေယာက္ ညည္းညဴေနတဲ့အသံပါလား ဘယ္သူဘာမ်ားျဖစ္လို႔ပါလိမ့္ ”

နာက်င္စြာ ညည္းညဴသံေၾကာင့္ ဟိုဟိုဒီဒီလိုက္ၾကည့္မိလိုက္ေတာ့ ခ်ဳံတစ္ခုေနာက္ကြယ္မွာ လဲက်ေနသည့္လူတစ္ဦး။ ထိုသူမွာ သူ၏ေျခေထာက္တစ္ဖက္ကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ကာ နာက်င္စြာ ညည္းညဴလ်က္ရွိသည္။ ထိုသူ၏ ေျခေထာက္မွာေတာ့ ဒဏ္ရာႀကီးတစ္ခုက ေသြးမ်ားအိုင္ထြန္းေနလ်က္ ျမင္မေကာင္းေအာင္ပင္ ရွိေနေပသည္။

”အလို လူတစ္ေယာက္ ဒုကၡေရာက္ေနပါလား ဘာမ်ားျဖစ္တာပါလိမ့္ ”

”ေဟ့ သူငယ္ ဘယ္လိုမ်ားျဖစ္ရတာတုန္းကြယ္ မင္းဒဏ္ရာအဘကိုျပစမ္း ”

”က်ဳပ္ က်ဳပ္ကိုကယ္ပါ အဘ။ က်ဳပ္ က်ဳပ္ ေျခေထာက္ငုတ္စူး စူး ”

ထိုသူမွာ ေသြးထြက္လြန္ေသာအရွိန္ျဖင့္ အားနည္းေနရာမွ ကူညီမည့္သူေရာက္လာ၍ စိတ္ေလ်ာ့လိုက္ေလသည္လားမသိ ေျပာေနရင္းျဖင့္ပင္ သတိလစ္ကာ လဲက်သြားေလေတာ့သည္။

”ေဟ့ ေဟ့သူငယ္ သတိထားပါဦး ေဟ့ သတိထားဦးေလကြာ ေအာ္ ဒုကၡပါပဲ ”

အဘိုးႀကီးမွာ ထိုသတိလစ္သြားေသာသူ၏ေရွ႕တြင္ ငုတ္တုတ္ထိုင္ခ်လိုက္ရင္း သူ၏လြယ္အိတ္ထဲမွ အသင့္ပါလာေသာ ပုဝါတစ္ထည္ကိုထုတ္ယူကာ ထိုသူ၏ေျခေထာက္ကိုပတ္ခ်ည္လိုက္သည္။ ထို႔ေနာက္အနီးနားရွိ စမ္းေခ်ာင္းတစ္ခုမွေရကို အသင့္ပါလာေသာ ဗူးခြံတစ္ခုျဖင့္ ခပ္ယူခဲ့ကာ ထိုသတိလစ္သြားေသာ သူေရွ႕အေရာက္ ထိုသူ၏ ေျခေထာက္မွ ေသြးေစးမ်ားကို ေရအနည္းငယ္ျဖင့္ ေဆးေၾကာပစ္လိုက္ေလသည္။

ထို႔ေနာက္ တင္ပလႅင္ေခြကာ ထိုင္ခ်လိုက္ရင္း မ်က္စိစုံမွိတ္၍ လက္အုပ္ခ်ီကာ ပါးစပ္မွ တိုင္တည္႐ြတ္ဆိုေလေတာ့သည္။

”ေတာေစာင့္နတ္ ေတာင္ေစာင့္နတ္အေပါင္းႏွင့္ သမၼာေဒဝ နတ္ေကာင္းနတ္ျမတ္အေပါင္းတို႔ ခင္ဗ်ား ။ ကြၽႏု္ပ္အား ဤလူသားကို ေဆးကုသခြင့္ေပးေစလိုပါသည္။ သက္သာေပ်ာက္ကင္းေစရန္ ကူညီေစာင္မေတာ္မူၾကပါခင္ဗ်ားး ”

ထိုအဘိုးႀကီးမွာ တိုင္တည္ေရ႐ြတ္အၿပီး လြယ္အိပ္ထဲမွ ေဆးျမစ္လိုလိုအရာတစ္ခုကို ထုတ္ယူကာ ေရအနည္းငယ္ျဖင့္ အနားမွ ေက်ာက္တုံးတစ္ခုေပၚသို႔တင္ကာ ေသြးေလေတာ့သည္။ ထို႔ေနာက္ေသြးထားေသာ ေဆးရည္မ်ားကို သတိလစ္ေနေသာ ထိုသူ၏ ပါးစပ္ကိုၿဖဲကာ အနည္းငယ္ခြံ႕လိုက္ၿပီးေနာက္ က်န္ေဆးရည္မ်ားကိုလည္း ဒဏ္ရာေပၚသို႔ လိမ္းက်ံေပးလိုက္ေလေတာ့သည္။

နာရီဝက္မွ်အၾကာမွာေတာ့
” အင္းးဟင္းးဟင္းး ”
”ကြၽတ္ ကြၽတ္ ”
ညည္းညဴသံႏွင့္အတူ လူးလြန႔္ရင္းျဖင့္ ထိုသူသတိရလာေလေတာ့သည္။

” ကဲေဟ့ သူငယ္ မင္းသတိရလာၿပီလား ငါ့မလည္း မင္းထိုင္ေစာင့္ေပးေနရတာ အေတာ္ကို ေညာင္းေနပေဟ့။ ကဲ မတ္တပ္ထရပ္ၾကည့္ပါဦးကြာ ”

”ဟာ အဘိုးႀကီး ခင္ဗ်ား ႐ူးေနတာလား က်ဳပ္ေျခေထာက္က မနက္ကမွ ဒဏ္ရာရထားတာဗ်။ ဘယ္ႏွယ့္လုပ္ လမ္းေလွ်ာက္ႏိုင္မွာတုန္း ”

”ကဲပါ သူငယ္ရယ္ အဘေျပာတဲ့အတိုင္းသာလုပ္ပါ။ မတ္တပ္ထရပ္ၿပီး လမ္းသာေလွ်ာက္ၾကည့္စမ္းပါဟ”

ေျပာေျပာဆိုဆိုျဖင့္ လက္ေမာင္းမွထူကာ အတင္းထရပ္ခိုင္းေနေသာ မုတ္ဆိတ္ျဖဴအဘိုးႀကီးေၾကာင့္ ထိုသူမွာ မယုံမရဲျဖင့္ထရပ္ကာ လမ္းအေလ်ာက္မွာေတာ့

”ဟာ ထူးဆန္းလိုက္တာ ငါ့ေျခေထာက္ နာတာက်င္တာ တစ္စက္ကေလးမွ မရွိေတာ့ပါလား ဒီ ဒီမွာ အဘိုးႀကီး ခင္ ခင္ဗ်ားကဘာလဲ ေမွာ္ဆရာႀကီးလား ”

” ဟားးဟားး က်ဳပ္ကဘာေမွာ္ဆရာမွ မဟုတ္ပါဘူးကြ ဒီမယ္သူငယ္ေလးရဲ႕ မင္းၿမဲၿမဲမွတ္ထားကြယ့္ ေကာင္းမႈ႕ျမတ္ႏိုး ေကာင္းေအာင္ႀကိဳး၍ ေကာင္းက်ိဳးကိုယ္၌ တည္ေစမင္းတဲ့ ကိုယ္ျပဳသမွ်က ကိုယ့္အရိပ္ပဲကြယ့္ ဟားးဟားး ဟားး ကဲ ဘယ္လိုလဲေဟ့ မင္းလည္းလမ္းေလွ်ာက္ႏိုင္ၿပီဆိုေတာ့ က်ဳပ္သြားပေဟ့ ဟားးဟားးဟားး ”

မုတ္ဆိတ္ျဖဴအဘိုးႀကီးမွာ ေျပာရင္းျဖင့္ တဟားဟား ရယ္ေမာလ်က္ ေတာလမ္းအတိုင္း ဆက္၍ထြက္ခြာသြားေလေတာ့သည္။

မုတ္ဆိတ္ျဖဴအဘိုးႀကီးမွာ တဟားဟားရယ္ေမာလ်က္ ေတာလမ္းအတိုင္းထြက္ခြာလာရင္းမွပင္

”ကြီ ကြီး ကြိ ကြိ ဂါးး ”

”ဟင္ တိရိစာၦန္တစ္ေကာင္ နာက်င္လို႔ေအာ္ေနတဲ့အသံပဲ ”

အသံၾကားရာသို႔ရွာေဖြကာၾကည့္လိုက္မိျပန္ေတာ့ ဝံေပါက္ေလးတစ္ေကာင္။ မည္သို႔ျဖစ္သည္မသိ။ မုဆိုးေထာင္ေခ်ာက္တစ္ခုတြင္ ေျခေထာက္တစ္ဖက္ညပ္မိေနေလသည္။ ဝံေပါက္ကေလး ႐ုန္းေလ ေျခေထာက္ထဲသို႔ သံညႇပ္ကပိုနစ္ဝင္ေလျဖစ္ေလေနရာ ဝံေပါက္ေလးမွာ အေၾကာက္အကန္ျဖင့္ပင္ နာက်င္စြာ႐ုန္းကန္ေနေလေတာ့သည္။

”ေအာ္ ငါ့ႏွယ့္ ဘယ္ႏွယ္ျဖစ္ရပါလိမ့္။ တစ္ေန႔ထဲမွာကို ေျခေထာက္ဒဏ္ရာရေနတဲ့ ဒုကၡသည္ႏွစ္ဦး တၿပိဳင္ထဲေတြ႕ေနရပါလား ”

ဝံေပါက္ေလးမွာသူ႔နားသို႔ လူကပ္လာသျဖင့္ ေၾကာက္႐ြံစြာျဖင့္ ေဒါသတႀကီး ရန္မူမည့္ဟန္ေအာ္ဟစ္ေလေတာ့သည္။ မုတ္ဆိတ္ျဖဴအဘိုးႀကီးမွာ ဝံေပါက္ေလးမ်က္ႏွာကို တည့္တည့္စိုက္ၾကည့္ရင္း တျဖည္းျဖည္းအနားသို႔ကပ္သြားေလသည္။

”ၿငိမ္ၿငိမ္ေန ငါ့သားႀကီး အဘကမင္းကို ကူညီမလို႔ပါကြဲ႕ ငါ့သားႀကီးက လိမၼာတယ္ ၿငိမ္ၿငိမ္ေန ဟုတ္ၿပီလား ”

မုတ္ဆိတ္ျဖဴအဘိုးႀကီး စကားကိုၾကားလိုက္ရေသာ ဝံေပါက္ကေလးမွာနားလည္သည့္အလား ရန္လိုစြာျဖင့္ ေအာ္ဟစ္ေနရာမွ ၿငိမ္သက္သြားေလေတာ့သည္။အဘႀကီးကလည္း ဝံေပါက္ေလးေျခေထာက္မွ ညႇပ္ကို ဂ႐ုတစိုက္ျဖင့္ အသာအယာျဖဳတ္ေပးၿပီး ဒဏ္ရာကိုေဆးထည့္ေပးေလေတာ့သည္။

”ကဲ ဒဏ္ရာလည္းေဆးထည့္ၿပီးၿပီဆိုေတာ့ သြားေပဦးေတာ့ ငါ့သားႀကီး။ လူေတြနဲ႔ေဝးရာကို ေရွာင္ၿပီးေနပါကြယ္။ ကဲ ကဲ သြား သြား ေဘးကင္းပါေစ ငါ့သားႀကီးေရ ”

ဝံေပါက္ကေလးမွာ မုတ္ဆိတ္ျဖဴအဘိုးႀကီးအား ေက်းဇူးတင္ေသာ မ်က္လုံးမ်ားျဖင့္ တစ္ခ်က္စိုက္ၾကည့္ရင္း ေတာအတြင္းသို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြားေလေတာ့သည္။

×××………×××………×××……×××………

ေနာက္သုံးလခန႔္မွ် အၾကာ-
သုံးေတာင္႐ြာတစ္႐ြာလုံး ေပ်ာ္႐ႊင္ၾကည္ႏူးေနၾကေလသည္။ အေၾကာင္းမွာ ဘမုတ္ဆိတ္ဟုသူတို႔ေခၚၾကသည့္ မုတ္ဆိတ္ျဖဴျဖဴအဘိုးႀကီး ဦးေဆာင္၍ မတည္ကာ အလႉခံထားေသာေငြေၾကးမ်ားျဖင့္ ႐ြာဦးေစတီကို ျပန္လည္ျပဳျပင္မြန္းမံကာ ထီးေတာ္တင္ ဌာပနာပိတ္ပြဲကို ေနာင္ႏွစ္ရက္ခန႔္တြင္ က်င္းပျပဳလုပ္မည္ ျဖစ္ေသာေၾကာင့္ပင္။

ထႌးေတာ္တင္ ဌာပနာပိတ္ပြဲအတြက္ သဒၵါတရားမ်ားျဖင့္ ပီတိျဖာေဝကာ ဝမ္းေျမာက္မဆုံး တၿပဳံးၿပဳံးႏွင့္ တစ္႐ြာလုံးရွိ လူတိုင္းရင္မွာလည္း ပီတိျဖာလ်က္ပင္။ ဘမုတ္ဆိတ္တစ္ေယာက္ကေတာ့ျဖင့္ ထီးေတာ္တင္ပြဲအတြက္ လိုအပ္မည့္ ပစၥည္းမ်ားကို ဝယ္ယူရန္ ယေန႔မနက္ေစာေစာကပင္ ၿမိဳ႕သို႔ထြက္ခြာသြားခဲ့ေခ်ၿပီမလား။

ဘမုတ္ဆိတ္တစ္ေယာက္ ေနမထိေတာထဲမွျဖတ္ကာ ၿမိဳ႕သို႔အသြားတစ္ေနရာအေရာက္ –

”ေဟ့ အဘိုးႀကီး ရပ္လိုက္စမ္း ”

အသံႏွင့္အတူ လူတစ္ေယာက္ ဌက္ႀကီးေတာင္ဓါးတစ္ေခ်ာင္းကို ကိုင္ေဆာင္လ်က္ အပင္တစ္ပင္ေနာက္မွ ခုန္ထြက္လာေလသည္။

” ဟင္ မင္း မင္းကိုး မင္းအဘကို မမွတ္မိဘူးလား သူငယ္ရဲ႕ မင္း ဟိုတခါေတာတြင္းမွာ ငုတ္ဆူးလို႔ေသြးထြက္လြန္ၿပီး သတိလစ္သြားတုန္းက အဘကယ္ခဲ့ဖူးတယ္ေလကြဲ႕ ”

” တိတ္စမ္း က်ဳပ္ကို ဘာမွ လာေျပာမေနနဲ႔ မလႈပ္နဲ႔ေနာ္ အဘိုးႀကီး မေသခ်င္ရင္ ခင္ဗ်ား လြယ္အိတ္ က်ဳပ္ကိုေပးစမ္း ”

” မ မလုပ္ပါနဲ႔ ေမာင္ရင္ရယ္ ဒါေငြေတြက ဘုရားထီးတင္ပြဲအတြက္ ရည္စူးၿပီး လႉထားၾကတဲ့ေငြေတြပါကြယ္ ”

”တိတ္စမ္း အဘိုးႀကီး ခင္ဗ်ား က်ဳပ္ကို ဘာမွ ေ႐ႊျပည္ေအးတရားလာေဟာေနစရာမလိုဘူး ျမန္ျမန္ေပးစမ္း ခင္ဗ်ားလြယ္အိတ္ ေတာက္ လုပ္လိုက္ရေသေတာ့မယ္ ဒီအဘိုးႀကီး ”

” မ မလုပ္ပါနဲ႔ေမာင္ရင္ရယ္ ဒါဘုရားေငြေတြမို႔ပါကြယ္ ”

”ဟာ ဒီေလာက္ေတာင္ျဖစ္တဲ့ အဘိုးႀကီး ေသစမ္းကြာ ”

”အမေလးး ဘုရား ဘုရား ”

ဘမုတ္ဆိတ္မွာ လြယ္အိတ္ကိုက်စ္က်စ္ပါေအာင္ပိုက္ကာ ဘုရားကိုအာ႐ုံျပဳလ်က္ မ်က္စိစုံမွိတ္ထားလိုက္ေလေတာ့သည္။
ထိုသူမွာဌက္ႀကီးေတာင္ဓါးကို ကိုင္ေျမႇာက္ရင္း ဘမုတ္ဆိတ္ကို ခုတ္ခ်လိုက္စဥ္မွာေတာ့

”ခြီးး ခြီးး ဂါးးး ”
”အားး အမေလးး ေသပါၿပီဗ်ာ အားး ”

ေတာအတြင္းမွ ဝံႀကီးတစ္ေကာင္ လ်င္ျမန္ေသာ အရွိန္ျဖင့္ထြက္လာၿပီး ထိုသူ၏မ်က္ႏွာကို လက္သည္းမ်ားျဖင့္ကုတ္ျခစ္လိုက္ေလေတာ့သည္။ ေအာ္ဟစ္လိုက္သံမ်ားေၾကာင့္ ဘမုတ္ဆိတ္
မ်က္စိဖြင့္ကာအၾကည့္မွာေတာ့ ဝံလက္သည္းခ်က္ျဖင့္ မ်က္စိတစ္လုံးေပါက္ထြက္ကာ မ်က္ႏွာတျပင္လုံးလည္း ေသြးမ်ားျမင္မေကာင္းေအာင္ စီးက်ေနေသာ ထိုသူအားေတြ႕လိုက္ရေလေတာ့သည္။

ဘမုတ္ဆိတ္မွာ သူ႔ကိုကူညီလိုက္ေသာဝံႀကီးအား ေသခ်ာၾကည့္မိေတာ့

” ဟင္ ေျခေထာက္မွာ ဒဏ္ရာ အမာ႐ြတ္ႀကီးနဲ႔ပါလား ဒါ ဒါ ဟိုတခါ ဒီလူနဲ႔တစ္ရက္ထဲမွာ ငါကူညီခဲ့တဲ့ ဝံေပါက္ေလးပဲ ”
ဝံႀကီးမွာလည္း ဘမုတ္ဆိတ္အား တစ္ခ်က္စိုက္ၾကည့္ရင္း ေတာအတြင္းသို႔ ျပန္လည္ဝင္ေရာက္ ေပ်ာက္ကြယ္သြားေလေတာ့သည္။

ေတာတြင္းသို႔ ထင္းေခြရန္ အမဲလိုက္ရန္ေရာက္ေနၾကေသာ ႐ြာသားတစ္ခ်ိဳ႕မွာလည္း ဆူဆူညံညံအသံမ်ားေၾကာင့္ ဘမုတ္ဆိတ္တို႔ရွိလာသို႔ေရာက္လာၿပီး အေၾကာင္းစုံသိလိုက္စဥ္မွာေတာ့ ေဒါသတႀကီးျဖင့္ ထိုဌက္ႀကီးေတာင္ဓါးျဖင့္သူအား ႐ိုက္မည္ ပုတ္မည္ တကဲကဲျဖစ္ေနေလရာ ဘမုတ္ဆိတ္ကပင္ ၾကားထဲမွ ေမတၱာရပ္ခံတားျမစ္ထားရေလသည္။

” မလုပ္ၾကပါနဲ႔ ငါ့သားတို႔။ သူလည္း သူ႔အကုသိုလ္အက်ိဳးတရားကို ျပန္လည္ခံစားေနရၿပီပဲ။ ကိုယ္ဘက္က အလြန္မျဖစ္ေစၾကပါနဲ႔ကြယ။္ ဒီမွာ သားတို႔ရဲ႕ အဘေျပာမယ္ ။ ေကာင္းမႈ႕ျမတ္ႏိုး ေကာင္းေအာင္ႀကိဳး၍ ေကာင္းက်ိဳးကိုယ္၌ တည္ေစမင္းတဲ့ ကိုယ္ျပဳသမွ်က ကိုယ့္အရိပ္ပဲကြယ့္ အဲ့ဒါကို ၿမဲၿမဲမွတ္ထားၾက ၾကားလား။ ကဲ ကဲ က်ဳပ္လည္းသြားလိုက္ဦးမယ္ အိမ္းး အနိစၥ ဒုကၡ အနတၱပါလား ”

ေျပာေျပာဆိုဆိုျဖင့္ တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားေသာ ဘမုတ္ဆိတ္၏ ေက်ာျပင္ကိုၾကည့္ရင္း ႐ြာသားမ်ား၏ ရင္တြင္းမွာေတာ့ ကိုယ္ျပဳသမွ်ဟာ ကိုယ့္အရိပ္သာျဖစ္သည္ဟူေသာ ဘမုတ္ဆိတ္၏ စကားသံမွာပဲ့တင္ထပ္လ်က္သာ က်န္ခဲ့ပါေလေတာ့သည္။ ေအာ္ ေကာင္းမႈကိုခ်စ္ျမတ္ႏိုး၍ ေကာင္းေအာင္ႀကိဳးစားၾကရဦးမည္ပါတကားး …… ။

ခ်စ္ျခင္းမ်ားစြာျဖင့္
အမ္ႏိုင္း (oasis)