ဥစ္စာစောင့်မြွေ

 

ဥစ္စာစောင့်မြွေ (စ-ဆုံး)

 

”” မြွေကြီး—–မြွေ—-မြွေ——””’

 

”””အဖွားရေ—–အဖွား—-အဖွား””’

 

အိမ်ဘေးမှမြေးကလေးအလန့်တကြားအော်သံကြောင့်အိမ်နောက်ဖေးဘက်မှအဖွားယုအပြေးအလွှားထွက်လာသည်။

 

””’ဟဲ့ဘာဖြစ်တာလဲ—–ဝါဝါရယ်လန့်လိုက်တာ””’

 

””ဟိုမှာ—-ဟိုမှာ—-မြွေကြီ””

 

အဖွားကဝါဝါပြသောနေရာသို့ကြည့်လိုက်ရာသူတို့အိမ်ဘေးကသစ်ပင်ကြီးအောက်တွင်

 

ကြီးမားသောမြွေကြီးတစ်ကောင်သည်ပါးပျဉ်းထောင်ကာသူတို့မြေးအဖွားအားစိုက်ကြည့်နေသယောင်

 

တွေ့ရသောအခါအသဲများအေးကာလန့်သွားလေသည်။ဒီမြွေကိုသူလဲခြံထဲမကြာခဏမြင်မိသည်။

 

သို့ပေမဲ့အဖွားယုတို့မြေးအဖွားကတော့မြွေမြင်တိုင်းကြောက်ကြလေသည်။

 

””ဟဲ့ဟဲ့လာအထဲဝင်နေ—–သူ့ဘာသာထွက်သွားလိမ့်မယ်—ငါလဲမြွေတော့ကြောက်သား

——–အသင်မြွေသင့်ကိုလဲအန္တရယ်မပေးဘူး—-ငါတို့ကိုလဲအန္တရယ်မပြုပါနဲ့——လွတ်ရာကိုသွားပါ—–””’

 

အဖွားယုကမြွေကိုကြည့်၍ပြောလိုက်ရာမြွေကြီးသည်နားလည်သည့်အလားပါးပျဉ်းထောင်ထားသည်ကိုချကာ

 

ထွက်သွားလေသည်အဖွားယုကနေ့စဉ်ပရိတ်ကြီး( ၁၁ ) သုတ်အားအစဉ်အမြဲရွတ်နေသောကြောင့်ဟုထင်ပါသည်။

 

အဖွားယုကငါးပါးသီလအားငယ်စဉ်ကထဲကပင်လုံအောင်စောင့်ထိန်းကာသီလမြဲသူဖြစ်သည်။

 

အဖွားယုသည်မုဆိုးမတစ်ဦးဖြစ်ကာသားကလေးတစ်ယောက်ထဲရှိသည်ထိုသားသည်

 

အိမ်ထောင်ကျကာအစိုးရဝန်ထမ်းဖြစ်သဖြင့်နယ်တွင်တာဝန်ကျလေသည်ထိုအခါမိန်းမဖြစ်သူကလဲ

 

အတူလိုက်သွား၍အဖွားယုနှင့်အဖော်ရအောင်သူတို့သမီးကလေးအားအဖွားယုနှင့်အတူထားခဲ့လေသည်။

 

အဖွားယုသည်လူမချမ်းသာပေမဲ့စိတ်ဓတ်တော့ချမ်းသာသူဖြစ်သည့်အတွက်

 

အိမ်ဘေးကသစ်ပင်ကြီးပေါ်တွင်စာကလေးအိမ်ကလေးများအမြောက်အများဝယ်ကာချိတ်ဆွဲပေးထားသည်။

 

မနက်မိုးလင်းသည်နှင့်အဖွားယုခြံထဲကဌက်ကလေးများဆူညံစွာအော်သံများကိုကြားနေရသည်။

 

ထိုဌက်ကလေးများစားရန်အဖွားယုကစပါးတွဲများဝယ်ကာချိတ်ဆွဲပေးထားသည့်အပြင်

 

သစ်ပင်ခြေရင်းတွင်အမှိုက်များလှည်းပြီးအင်တုံးကလေးများဖြင့်ရေထည့်ကာဌက်ကလေးများ

 

သောက်ရန်ချထားပေးထားသည်ထို့အပြင်လေးပေလောက်မြင့်သောသစ်သားစင်ကလေးရိုက်ကာ

 

ထမင်းပိုဟင်းပိုများဆန်ကွဲများကိုတင်၍ဌက်များအားနေ့စဉ်ဒါနပြုလုပ်လေ့ရှိသည်။

 

ထို့ကြောင့်အဖွားယုခြံကွက်ထဲတွင်အစာလာစားသောဌက်မျိုးစုံဖြင့်စည်ကား၍နေလေသည်။

 

အဖွားယုရဲ့ဌက်တွေအပေါ်ထားသောစေတနာအားဌက်တွေကလဲအဖွားယုအားကျေးဇူးတုန့်ပြန်တတ်သည်။

 

ကျီးသာလျှင်ဧည့်သည်လာလေ့ရှိသည်ဟုအများကယူဆထားသည့်အတိုင်းအဖွားယုအိမ်ကျီးသာလျှင်

 

ဧည့်သည်လာမည့်အရပ်ဘက်လှည့်၍အသံပေးတတ်သည်အဖွားယုသည်ဘယ်လိုမှတ်သားထားသည်တော့မသိပါ

 

ကျီးသာသည်နှင့်ဘယ်အရပ်ကဧည့်သည်ဘယ်နှစ်ယောက်လာမည်ဟုကြိုတင်သိနေတတ်သည်။

 

မိုးဦးကာလများတွင်ခြံထဲကဌက်တွေကြည့်ရင်းဒီနှစ်တော့မိုးကောင်းမယ်မကောင်းဘူးဟုလည်းကြိုတင်ဟောကိန်းထုတ်တတ်ပြန်သည်။

 

တခါတရံဌက်အော်သံကိုနားထောင်းရင်းဒီနေ့တော့သတင်းဆိုးကြားရမည်ဟုဆိုပြန်ကာ

 

အဖွားယုပြောသည့်အတိုင်းအမျိုုူ းများအသိများထဲကနာရေးသတင်းကြားရတတ်လေသည်။

 

တခါတလေတွင်လည်းသစ်ပင်ပေါ်ကစာဗူးတောင်းဌက်အသိုက်ဆောက်နေသည်ကိုစိတ်ဝင်တစားထိုင်ကြည့်နေတတ်ပြန်သည်။

 

အဖွားယုခြံထဲအလည်လာသောဌက်မျိူ းစုံရှိသည့်အနက်ရှားပါးဌက်အမျိူ းအစားများပင်တွေ့ရတတ်လေသည်။

 

တနေ့တွင့်အိမ်ဘေးသစ်ပင်မှဌက်များဆူညံစွာအော်လိုက်အိမ်ရှေ့တွင်ပျံဝဲနေလိုက်ဖြင့်

 

အန္တရယ်တခုခုအားတွေ့နေသည့်အလားအသိပေးသလိုယောက်ယက်ခတ်နေသည်။

 

ဌက်တွေရဲ့ထူးဆန်းမှု့ကြောင့်အဖွားယုမြေးကလေးဝါဝါကအပြင်ထွက်၍ကြည့်ရာအိမ်ဘေးကသစ်ပင်ကြီးပေါ်သို့

 

ကြီးမားသောမြွေကြီးတကောင်တက်နေသည်ကိုမြင်ရလေသည်ထို့ကြောင့်ဌက်ကလေးများက

 

အဖွားယုအားအသိပေးနေခြင်းအကူအညီတောင်းနေခြင်းဖြစ်ပုံရလေသည်။

 

ဝါဝါသည်ထိုမြွေကြီးအားမြင်သည်နှင့်ကြောက်လန့်စွာအော်လေသည်။

 

””အဖွားယုရေ—-အဖွားရေ—-မြွေ—မြွေ—-””’

 

အဖွားယုရောက်လာသောအခါထိုမြွေကြီးသည်သစ်ပင်ခွကြားအသိုက်ထဲမှဌက်ပေါက်စကလေး

 

များကိုစားလိုက်လေသည်ထိုအခါဌက်ကလေးများရဲ့အော်သံသည်ဆူညံစွာပို၍ကျယ်လာလေသည်။

 

ဌက်ကလေးများကသစ်ပင်ပေါ်ပျံဝဲကာအလန့်တကြားအော်ဟစ်နေသံကအဖွားယုရင်ကိုထိခိုက်သွားစေသည်။

 

ဒါနဲ့အဖွားယုကဘေးခြံကကောင်ကလေးအားမြွေကိုခြောက်လှန့်မောင်းထုတ်ရန်ခေါ်ခိုင်းလိုက်သည်။

 

ထိုကောင်ကလေးရောက်လာတော့မြွေအားလေးခွနှင့်လှမ်းပြစ်ကာမောင်းထုတ်လိုက်ရသည်။

 

””’အဖွားယု—-ကျွန်တော်ဒီမြွေကိုသတ်လိုက်ရမလား—-ဒီမြွေကသူ့အတွက်အစာကဒီမှာရှိနေတော့—-နောက်လဲလာစားနေမှာပဲ——-ဒီအနီးအနားတဝှိက်မှာတော့——-မြွေတွင်းရှိမယ်ထင်တယ်အဖွားရဲ့—–””’

 

အိမ်ဘေးကကောင်ကလေးပြောသောစကားကိုစိတ်ကောင်းရှိသောအဖွားယုကလက်မခံပါ

 

”””သားရယ်မသတ်ပါနဲ့ကွယ်—–အဖွားမေတ္တာပို့ကြည့်ပါအုံးမယ်——””’

 

ထိုညကအဖွားယုထူးဆန်းသောအိမ်မက်ကိုမက်နေသည်အိမ်မက်ထဲတွင်

 

နေ့လယ်ကသစ်ပင်ပေါ်ကဌက်ပေါက်စလေးတွေစားသွားသောမြွေကြီးသည်

 

အဖွားယုခြံထဲတွင်ခွေနေရာအဖွားယုကအပြင်သို့မောင်းထုတ်ရန်ပြင်လိုက်သည်နှင့်

 

ထိုမြွေသည်မိန်းမတစ်ယောက်အသွင်ပြောင်းသွားကာရှေးခေတ်အဝတ်အစားများစားထားကာကြွယ်ဝပုံရလေသည်။

 

ကိုယ်ခန္တာတွင်လဲရွှေများအပြည့်ဝတ်ဆင်ထားကာခက်ထန်သောမျက်နှာပုံစံရှိကာအဖွားယုအားပြောလိုက်သည်။

 

””’နေ့ခင်းကကျွန်မကိုမသတ်ခိုင်းတာကျေးဇးူတင်တယ်—–ဒါပေမဲ့ခါးမှာတော့လေးခွနဲ့ပြစ်လို့ဒဏ်ရာရသွားတယ်—-””

 

”””အဲဒါဆိုခြံထဲကိုနောက်ထပ်လာမနှောက်ယှက်ပါနဲ့—–ငါကဌက်ကလေးတွေကို—-အစာကြွေးပြီးကုသိုလ်ယူနေတာပါ””’

 

”” မနှောက်ယှက်ချင်ပါဘူး—–ဒါပေမဲ့အခြေအနေအရဖြစ်သွားတာပါ—–အမှန်တော့ဒီနေရာဟာကျွန်မနေရာပါ—ကျွန်မဒီမှာနေတာကြာပြီလေ””

 

””’ဘယ်လိုပဲဖြစ်ဖြစ်ပါ—-နောက်ကိုတော့ငါ့ဌက်ကလေးတွေမနှောက်ယှက်ပါနဲ့တော့—-ငါကငယ်စဉ်ကတည်းကမည်သူ့အသက်မျှမသတ်ခဲ့ဘူးပါဘူး——””’

 

အဖွားယုစကားဆုံးတာနဲ့ထိုမိန်းမသည်နဲ့မူလမြွေပုံစံပြောင်းကာအဖွားယုခြံနောက်ထဲသို့ဝင်သွားလေသည်။

 

နောက်ရက်တွင်ထိုမြွေကိုခြံထဲတွင်ရန်ဖန်ရန်ခါတွေ့ရပေမဲ့ဌက်များအားမစားတော့ပေ

 

ဆောင်းကာလတခုတွင်တော့အဖွားယုသည်အကြီးအကျယ်နေမကောင်းဖြစ်လေသည်။

 

အဖွားယုကအိပ်ယာထဲလဲနေပေမဲ့သ့ူ့မြေးမကလေးဝါဝါအားဌက်ကလေးများကိုမပြတ်အစာကြွေးစေသည်။

 

ဌက်တွေကလဲအဖွားယုနေမကောင်းသည်ကိုသိနေကြသည့်အလားအဖွားယုအိပ်ယာဘေးပြတင်းပေါက်တွင်

 

လာလာနားကြကာအသံပေးလိုက်တံခါးဘောင်တန်းအားနုတ်သီးဖြင့်ခေါက်လိုက်လုပ်ကာအဖွားယုကိုလာကြည့်ကြသည်။

 

ဒီလိုနဲ့အဖွားယုရောဂါမသက်သာ၍ဆေးရုံသို့တင်လိုက်ကြလေသည်။

 

ဆေးရုံပေါ်တွင်အဖွားယုသည်သေငယ်ဇောနှင့်မျောသွားလေသည် ။

 

ထိုအခါအဖွားယုစိတ်သည်အိမ်ကိုပြန်ရောက်သွားလေသည်။

 

အဖွားယုခြံထဲကိုဝင်လိုက်တော့အဖွားယုအိမ်သည်အရင်အိမ်ပုံစံမဟုတ်ပဲ

 

ရှေးခေတ်ခြေတံရှည်အိမ်ကြီးတစ်လုံးဖြစ်နေသည်အိမ်ကြီးသည်သစ်သားကျွန်းတိုင်လုံးကြီးများဖြင့်ဆောက်ထားကာ

 

ကြီးမားခန့်ထည်နေသည်အဖွားယုကတအံ့တသြဖြင့်အိမ်ထဲဝင်လိုက်သောအခါ

 

အိမ်ထဲတွင်ထူးဆန်းစွာအဖွားယုတခါကမြင်ခဲ့သောမြွေမှမိန်းမဖြစ်သွားသောမိန်းမနှင့်သူ့ယောက်င်္ကျားဟု

 

ထင်ရသောလူတစ်ယောက်တို့အကြီးအကျယ်ရန်ဖြစ်နေသည်အဖွားယုကြားရသလောက်

 

မြွေမိန်းမယောင်္ကျားသည်နောက်မီးလင်း၍စကားများနေခြင်းဖြစ်သည်။

 

စကားများရင်းဖြင့်မြွေမိန်းမအားသ့ူ့ယောင်္ကျားကလည်ပင်းညစ်ကာသတ်ပစ်လိုက်လေသည်။

 

သတ်ပြီးတာနဲ့အလောင်းအားခြံနောက်ဘက်တွင်တွင်းတူးကာကမန်းကတန်းမြေမြုပ်ပြစ်လိုက်သည်။

 

ထိုမိန်းမကိုယ်တွင်ဝတ်ထားသောရွှေများအားဒီအတိုင်းပင်မြုပ်လိုက်သည်ကိုအဖွားယုမြင်နေရသည်။

 

အဖွားယုကရုပ်ရှင်ကြည့်နေရသလိုဆက်ကြည့်နေရင်းမြွေမိန်းမမြုပ်ထားသောနေရာမှ

 

ကြီးမားသောမြွေကြီးတစ်ကောင်တိုးထွက်လာကာအိမ်ကြီးပေါ်တက်၍

 

သူ့ကိုသတ်သောယောင်္ကျားနှင့်မယားငယ်အားပေါက်သတ်ပြစ်လိုက်သည်။

 

အဖွားယုကြည့်နေစဉ်ထိုမြွေမကမိန်းမတစ်ယောက်ပုံစံဖြစ်သွားကာသူ့ဘက်သို့လှည့်လာကာအဖွားယုအား

 

””’ကဲပြန်တော့—–အဖွားအလူ ပြုရအုံးမှာအချိန်မရှိဘူး””

 

ထိုသို့ပြောလိုက်၍အဖွားယုလဲသတိရကာဆေးရုံကုတင်ပေါ်သို့ပြန်ရောက်သွားရာ

 

သူ့ခြေရင်းတွင်ပါးပျဉ်းထောင်နေသောမြွေကြီးအားမြင်လိုက်ရကာလန့်၍အော်လိုက်မိသည်။

 

”””မြွေကြီး—–မြွေကြီး””’

 

အဖွားယုအော်သံကြောင့်လူနာစောင့်များဝမ်းသာအားရအော်လိုက်ကြသည်။

 

”””အဖွားယုသတိရလာပြီဟေ့—–အဖွားမသေဘူး””’

 

နောက်ရက်တွင်တော့အဖွားယုထူထူထောင်ထောင်ဖြစ်လာသည်နောက်တစ်ပတ်လောက်နေရင်တော့

 

ဆေးရုံကဆင်းခွင့်ရမည်ဖြစ်သည်ဆေးရုံကမဆင်းခင်ညတွင်အဖွားယုဆန်းကျယ်သောအိမ်မက်မက်ပြန်သည်။

 

အိမ်မက်ထဲတွင်အဖွားယုခြံထဲကမြွေကြီးသည်ဆေးရုံခန်းထဲသိုဝင်လာရာအဖွားယုက

 

””မြွေ—မြွေ—မြွေဝင်လာတယ်”””’

 

ဟုအော်ကာအလန့်တကြားထထိုင်မိလေသည်ထိုမြွေကြီးသည်အဖွားယုကုတင်နားရောက်တော့

 

မိန်းမပုံစံဖြစ်သွားကာအဖွားယုအားအကူအညီတောင်းသည့်ဟန့်ဖြင့်ပြောလိုက်သည်။

 

””’ကျွန်မမြွေအဖြစ်ကအသတ်ခံလိုက်ရပြီ—–အဖွားဆေးရုံကဆင်းတဲ့အခါကျမအတွက်အလူလုပ်ပြီးအမျှဝေပေးပါ—-ဒါမှကျွန်မဒီဘဝကကျွတ်ရမှာ—–””

 

”””အဖွားမှာကလဲပိုက်စံသိပ်မရှိတော့အဆင်ပြေသလိုလေးလုပ်ပေးပါ့မယ်””’

 

””’ငွေအတွက်တော့မပူနဲ့အဖွားအိမ်ပြန်ရောက်တဲ့အခါအဖွားအိမ်နောက်ခြံထဲကမရမ်းပင်ဘေး———

 

တထောင်လောက်နေရာကိုတူးကြည့်ပါအဲဒီမှာကျွန်မအလောင်းကကျန်ခဲ့တဲ့ရွှေတွေရှိပါတယ်——ကျွန်မကအဲဒီပစ္စည်းတွေစွဲလမ်းစိတ်ကြောင့်မြွေဖြစ်ပြီး—-

 

ကိုယ့်ပစ္စည်းကိုယ်စောင့်နေခဲ့ရတဲ့ဥစ္စာစောင့်မြွေပါ——

-နှစ်ပေါင်းလဲကြာခဲ့ပါပြီ———

 

-အရင်လူတွေနဲ့တုန်းကစိတ်ဓတ်မကောင်းလို့—–ကျွန်မပစ္စည်းတွေပေးလို့မရဘူးလေ—–အခုအဖွားကဘဝဟောင်းကကျွန်မအမတော်ခဲ့ဘူးလို့ကူညီပေးပါ——”””

 

”””အေးပါကွယ်—-ငါကူညီပါ့မယ်”””

 

အဖွားယုအိမ်မက်ကလန့်နိုးတော့သူ့မြေးကလေးဝါဝါအားနိုးကာသိချင်တာကိုမေးလိုက်သည်။

 

””ဝါဝါ—အဖွားဆေးရုံတက်နေတုန်းခြံထဲကမြွေကြီးများဘာဖြစ်သွားလဲ””

 

”””ဟုတ်တယ်အဖွား—-အဖွားဆေးရုံတက်ပြီးနောက်နေ့မှာပဲဟိုဘက်ခြံကကောင်လေးက——အဲမြွေတွေ့လို့သူ့သူငယ်ချင်းတွေနဲ့သတ်လိုက်ကြတယ်——-အဖွားစိတ်မကောင်းမှာစိုးလို့မပြောတာ——–”””

 

အဖွားယုလဲစိတ်မကောင်းဖြစ်ရုံကလွဲပြီးမတတ်နိုင်ပါသေခြင်းတရားကိုမိမိတောင်လက်မတင်ကလေးလွတ်ခဲ့ရသည်ပဲ

 

ဘယ်သူမှရှောင်လွဲ၍မလွတ်နိုင်သည့်တစ်နေ့နေ့မှာမလွဲမသွေရင်ဆိုင်ကြရမှာမဟုတ်ပါလား

 

အဖွားယုဆေးရုံကဆင်းတော့မြွေကြီးပြောပြသောခြံနောက်ကမရမ်းပင်နားသို့တူးကြည့်ရာ

 

ရှေးခတ်လက်ဝတ်လက်စားတစုံစာရ၍အဖွားယုအလွန်လူချင်နေသောလမ်းခင်းသည့်အလူ လုပ်သည်

 

ဘုန်းကြီးကျောင်းစာသင်တိုက်ကြီးတခုတွင်ဆွမ်းပဒေသာပင်စိုက်ထူကာဘုန်းကြီးများအားနေ့ဆွမ်းဆပ်ကပ်ကာ

 

မြွေကြီးအားရည်စူး၍အလူ လုပ်ကာအမျှဝေပေးလေသည်

အဖွားယုမျက်လုံးထဲရေစက်ချနေရင်း

 

ရေစက်ခွက်ထဲပြုံးနေသောမြွေမပုံကိုမြင်နေမိလေသည်ကောင်းရာမွန်ရာဘဝရောက်ဘို့ရောက်ရန်

 

အဖွားယုကပြုသမျှကုသိုလ်များအားအသိပေးကာအထပ်ထပ်ဆုတောင်းပေးနေမိသည်။

 

ထိုအလူ လုပ်ပြီးသည့်ညတွင်အဖွားယုအားမြွေမကကျေးဇူးတင်ကြောင်းပြောကာနှုတ်ဆက်သွားသည်။

 

နောက်တလလောက်မှာတော့အဖွားယုတစ်ယောက်နေမကောင်းဖြစ်ပြန်လေသည်။

 

သားနှင့်ဆွေမျိုူးးများကဆေးရုံတင်မည်ကိုလက်မခံပေသူမနေရတော့ဘူးလို့ဆိုသည်

 

အဖွားယုကအိပ်ယာထဲ၌ပင်တရားရှုှမှတ်ပွားများနေသည်။

 

အဖွားယုဆုံးမည့်မနက်ကအဖွားယုစိုက်ထားသောခြံထဲကပန်းတွေဝေနေအောင်ပွင့်ကာမွှေးပျံ့နေသည်

 

အဖွားယုသည်ပြတင်းပေါက်မှအပြင်သို့ကြည့်ကာပြုံးနေသည်အလွန်ကျေနပ်ပျော်ရွှင်နေပုံလဲရသည်။

 

ခြံထဲကဌက်တွေရဲ့အော်သံကလဲထူးခြားစွာဆူညံ၍နေသည်အားလုံးကတော့အဖွားယုကိုကြည့်ရသည်မှာ

 

အလွန်စိတ်ချမ်းသာစရာကောင်းသောခရီးတခုကိုထွက်ရမည့်အလားပျော်ရွှင်နေပုံရသည်ဟုထင်ပါသည်။

 

အဖွားယုကပြုံးနေရင်နှင့်ပင်နေ့လည်လောက်တွင်တော့အမှန်တကယ်ငြင်သာစွာကွယ်လွန်သွားလေသည်။

 

အဖွားယုဆုံသွားပေမဲ့အဖွားယုအလောင်းသည်အေးစက်တောင့်တင်းခြင်းမရှိပဲပျော့ပျောင်းနေကာ

 

ခပ်ပြုံးပြုံးနဲ့အိပ်နေသကဲ့သို့ရှိလေသည်အဖွားယုဆုံးပြီးနောက်

 

ထူးထူးခြားခြားအဖွားယုခြံထဲကဌက်တွေလဲတိတ်ဆိတ်ငြိမ်သက်နေကြသည်။

 

အဖွားယုဆုံးတာကျေကွဲဝမ်းနည်းနေကြလိမ့်မည်ဟုထင်ပါသည်။

 

ပြီး

 

D Moe Moe