လူမိုက်တို့သွားရာလမ်း(စ/ဆုံး)

Unicode Version

လူမိုက်တို့သွားရာလမ်း(စ/ဆုံး)
————————————–
ဦးဖိုးဝေ နှင့် သူရိယသည် ကြာကန်ရွာမှ ပြန်လည် ထွက်ခွာလာရာ နေမွန်းတည့်အချိန်တွင် ကြေးနန်းလမ်းဆင်းဟု ဒီနယ်သားများ ခေါ်သော နေရာသို့ရောက်လာကြသည် ၊ ကြေးနန်းလမ်းဆင်းသည် တောင်ကြားလမ်းလေးကို ခေါ်ဆိုချင်းဖြစ်သည်၊ တောင်ကမ်းပါးယံတွင် နွယ်ပင်များ ပေါက်ရောက်နေကာ ‌လမ်း၏ အကျယ်သည် လှည်းတစီးသွားရုံမျှဖြစ်သည် ။ယခု ထိုတောင်ကြားလမ်းလေးထဲ သို့ ဦးဖိုးဝေ နှင့် သူရိယ လမ်းလျှောက်နေကြသည် ၊ ထိုအချိန် နွားအော်သံများ ဆူညံစွာ ထွက်ပေါ်လာသည် ၊ လှည်း တစီးသာ သွားလို့ရပြီး တောင်ကံပါးယံတို့က မက်စောက် လွန်းလှသည့် တောင်ကြားလမ်းထဲဝယ် ၊ ဦးဖိုးဝေတို့ တောင်ကြားလမ်း အလယ်သို့ ရောက်ရှိ‌နေပြီဖြစ်၏။ ထိုအချိန် နွားအော်သံများ ပဲ့တင်နေလေရာ သူရိယသည် ဦးဖိုး‌ဝေကိုကြည့်လိုက်ပြီး
“အဘ ကျနော်တို့ကို အကောက်ကြံ ကြပြီထင်တယ် ”
“လူမိုက်‌တွေက လူမိုက်အလုပ် လုပ်ကြမှာပေါ့ကွယ် ”
“ဟုတ်ပါတယ် အဘ လူမိုက်တွေနောင်တ ရဖို့ ဆိုတာ လမ်းမမြင်ပါဘူး”
ဦးဖိုးဝေ နှင့် သူရိယ စကားပြောနေစဉ် သူတို့၏ အရှေ့ နှင့် အနောက်မှ နွားရိုင်း များ ပြေးဝင်လာကြသည် ထိုအခါ ဦးဖိုးဝေနှင့် သူရိယသည် လမ်းတဖက် တချက်ကို လှည့်လိုက်ပြီး သူတို့ဆီပြေးဝင်လာသော နွားများကို စူးဆိုက်ကြည့် လိုက်ရာ တောင်ကြားလမ်း အနောက်ဘက် အရှေ့ဆုံးမှ ပြေးလာသော နွားများသည် ရုတ်ချည် ရပ်တန့်သွားပြီး သူရိယကို စူးဆိုက်ကြည့်‌နေ၍ ငြိမ်သွားသလို တောင်ကြားလမ်း အ‌ရှေ့ဘက်မှ ပြေးလာသော နွားများသည်လမ်း ဦးဖိုးဝေကို တွေ့သော အခါ ရုတ်ချည် ရပ်တန့်လိုက်ပြီး ငြိမ်နေလေသည် ထို့နောက် အနောက်ကို တဖြည်းဖြည်း ပြန်ဆုတ်ကာ လှည့်၍ ပြန်ပြေးကုန်ကြပါ‌လေတော့သည်။
▪️အခန်း-၂
နွားများ မရှိတော့၍ ဦးဖိုးဝေ နှင့် သူရိယ တောင်ကြားလမ်းလေး အတိုင်း လမ်းလျှောက်နေကြသည် ထိုလမ်း အလယ်တွင်တော့ နွားများနင်းခံ ထားရ၍ တအင်းအင်း နှင့် ညည်းညူပြီး လဲနေသော လူ နှစ်ယောက်ကို တွေ့ရသည် ၊ဦးဖိုးဝေနှင့် သူရိယ ထိုလဲနေသော လူများ အနားရောက်သောအခါ
“ကျုပ် ကျုပ်တို့ကို ကယ်ပါဦး ကျုပ်တို့ အရိုးတွေ ကျိူးကုန်ပြီ ထင်ပါတယ်ဗျာ ”
သူရိယသည် ထိုသူများကို သေချာကြည့်လိုက်သည် ဦးစံတင်၏ တပည်များဖြစ်နေ‌သည်ကို မှတ်မိသော အခါ ဦးဖိုးဝေကို ကြည့်လိုက်ပြီး
“အဘ ဒီလူတွေက ဦးစံတင်ရဲ့ တပည်တွေ ”
“အင်း ငါတို့ရဲ့ ရန်သူဆိုလို့ သူတယောက်ပဲ ရှိတာကို ”
“ကျနော် တို့ ဒီလူတွေကို ဘယ်လို လုပ်မလဲ အဘ ”
“သစ်ပင် ရိပ်ကို ရွှေ့ပေးထားကြတာပေါ့ နွားလှည်း တစီး‌တလေ လာရင်တော့ သူတို့ကံကောင်းမယ်ထင်ပါတယ် မလာခဲ့ရင်တော့ သူတို့ထိုက်နဲ့သူတို့ကံပဲပေါ့ ”
ဦးဖိုးဝေ၏ စကား‌ကြားရသော အခါ သူရိယည် ဦးဖိုးဝေအားကြည့်နေ‌လေ၏ ၊ သူရိယ ကြည့်သည့် အဓိပ္ပါယ်ကို သတိထားမိသော ဦးဖိုးဝေသည်
“လူလေး တို့များ မြတ်စွာဘုရားရှင်ရဲ့ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်ထေရ် ‌တောင် ဝဋ်‌ကြွေးရှိရင် ရှောင်လွှဲလို့ မရပေဘူး ဒီလူမိုက်တွေရဲ့ ဝဋ်‌ကြွေးကိုလည်း အဘတို့ မမြင်နိုင်ဘူ း အဲ့တော့ လှည်းလာခဲ့ရင် သူတို့ရဲ့ ကံပဲ အဘတို့ တင်ပေးလိုက်ကြတာပေါ့ ”
ဦးဖိုးဝေသည် နွားများ အနင်းခံ အဝှေ့ခံထားရသော ဦးစံတင်၏ တပည်လေးယောက်အား ကြည့်၍ စကားဆိုနေလေသည် ၊ ထိုလေးယောက်ထဲမှ အနာတရ အနည်းဆုံးသော သူသည် ဦးဖိုးဝေအားညှိုးငယ်သော မျက်နှာထားနှင့် ကြည့်ကာ
“ကျုပ်တို့ နောင်တရပါပြီ ကျုပ်တို့ကိုကယ်ပါ ဆရာကြီး စံတင် ဘယ်မှာ ရှိတယ်ဆိုတာ ပြောပြပါမယ် ”
“ငါတို့က မင်းတို့ ဆရာကြီးဘယ်မှာရှိတယ်ဆိုတာ မသိချင်ပါဘူး မင်းတို့ကံကောင်းရင် လှည်းလာမပေါ့ ဒါနဲ့ မင်းတို့ ဘယ်က နွားတွေကို မောင်းလာတာလဲ ”
“ဟို ဟို မီးပူရွာ စားကျတ်က နွားတွေပါ”
“နွားတွေကတော့ သူ့စားကျတ်သူ ပြန်ရောက်မယ်ထင်ပါတယ် လေ ”
“ကျုပ်တို့ကို ကယ်ပါ ပြစ်မထားပါနဲ့ ”
ဦးဖိုးဝေသည် မျက်နှာ လွှဲ၍ နေလေရာ သူရိယပင် ဦးဖိုးဝေအားနားမလည်နိုင်ဖြစ်နေရသည် ၊ ထိုစဉ် တောင်းကြားလမ်းထဲမှ နွားခလောက်သံပေါ်လာလေသည်၊ ထိုနွားခလောက်သံကို ကြားသောအခါ သူရိယသည် အသံလာရာ ဆီသို့ လမ်းလျှောက်သွား‌‌လေ‌တော့သည် ၊ မကြာသော အချိန်တွင် လှည်းတစီး နှင့် လှည်းရဲ့ နောက်တွင် သူရယ လမ်းလျှောက်လာသည် သူရိယသည် လှည်းသမားအား စကားများပြောနေသည် လှည်း‌သမားသည် ခေါင်းကို တွင်တွင် ညိတ်ပြီးသာ ဖြေကြားနေ‌လေသည် ၊မကြာသော အချိန်တွင် ဦးဖိုး‌‌ဝေတို့ အနားသို့ လှည်းရောက်လာသောအခါ သူရိယမှ ဦးဖိုးဝေအား
“အဘ ဒီက လှည်သမားက မီးပူရွာကတဲ့ အဲ့တာ ဒီလူလေးယောက်ကို ခေါ်သွားခိုင်းရမလား ”
“ဒီလူမိုက်တွေက ဘယ်ကလည်း မေးစမ်းပါဦးလူလေးရဲ့ ”
“ဟုတ်ကဲ့ အဘ ကျနော်မေးလိုက်ပါမယ် ”
သူရိယသည် လဲသူလဲ သစ်ပင်ကို မှီသူ မှီနေကြသော လူလေးယောက်အား သေချာကြည့်ကာ
“ခင်ဗျား တို့က ဘယ်ရွာကလဲ ”
“ကျုပ်တို့က ဒီနယ်ကမဟုတ်ပါဘူး တခြားနယ်ကပါ ”
“အဲ့တာဆို ကျုပ်က ဘယ်လို လုပ်ပေးရမှာလဲ ”
“ကျုပ်တို့ ဆရာကြီးနေတဲ့ နေရာကို သိပါတယ် အဲ့ကို ပို့ပေးလို့ရမလား ”
“ဘယ်လောက်ဝေးလဲ ”
“တ‌ရက်လောက်သွားရင် ရပါတယ် အခု ချိန်သွားမယ် ဆို မနက်မိုးလင်းရောက်နိုင်ပါတယ် ”
စကားပြောနိုင်သော ဦးစံတင် တပည်မှ သူရိယအား ထိုသို့ ပြောနေသည်ကို ဘေးမှ ‌နေ၍ သူတိ့အားကြည့်နေသော ဦးဖိုး‌ဝေသည်၊
“ငါတို့ လိုက်ပို့ရင် မင်းဆရာကြီးက ငါတို့ကို‌တွေ့ရင်ပြေးမှာပေါ့ ”
“မပြေး နိုင်ပါဘူး ဆရာကြီးက အဲ့ဒီမှ သူကို ရန်ပြုဖို့ခက်ခဲအောင် လုပ်ထားတယ် ”
“အော် မင်းတို့က အခု ထိ မင်းတို့ဆရာကြီးကို အထင်ကြီးနေတုန်းကိုကွ ကဲ ထားပါ လှည်းသမားကို ပြောကြည့် ပေါ့”
ဒဏ်ရာ ရနေကြသော ဦးစံတင် တပည်များထဲမှ ဒဏ်ရာ မများသော သူသည် လှည်း သမားဘက်လှည့်ကာ
“လှည်းသမား ငါတို့ကို လိုက်ပို့ပေးစမ်း မင်းအတွက် ငွေ မနည်းစေရဘူး ဟိုရောက်ရင် ပေးမယ် ”
လှည်းသမားသည် တချက်ပြုံးလိုက်ပြီး သူ၏ နွားများကို ကြိမ်နှင့် တို့ကာ
“ဟဲ့ နွားသွားစမ်း အလကား အချိန် ဖင့်တယ် ”
လှည်းသမားသည် သူ၏ လှည်းကို စတင် မောင်းလိုက်ချိန် သူရိယသည် လှည်းသမားအနား သွားလိုက်ပြီး
“ဦးလေးရယ် ဒီလူတွေက အပြောမတက် အဆို မတက်တွေ မို့ပါ လူ့အသက် ကယ် ကောင်းပါတယ် ဗျာ”
“ငါ့တူ မင်းကောက်တွေကိုလည်း ကြည့်ဦးလေ လူတွေက သေကာနီးနေတဲ့ ပုံနဲ့ ငါ့ကို များ ငွေနဲ့ ပေးခိုင်းရင် ရမဲ့သူထင်နေတာ”
“ဇိဝိတဒါန လို့ သဘောထားပါ ဦးလေးရာ သူတို့ မိုက်ပြစ် သူတို့ ခံရပါ လိမ့်မယ် ”
ထိုအခါမှ လှည်းသမားသည် သက်ပျင်းရှည် တချက်ကို ချလိုက်ပြီး
“ဦးလေး မင်းကို လေးစားလို့ ပို့ပေးမယ် ဒါနဲ့ ဒီလူတွေနဲ့ ငါ့တူ ဘယ်လို ပတ်သက်တာလဲ ”
“,ဘာမှ မပတ်သက်ပါဘူးဗျာ ဒီလူတွေက ကျနော့် နဲ့ ဟော့ဟိုက ကျနော့်ရဲ့ အဘကို ‌ဟိုတောင်ကြားလမ်းထဲ သွားနေတုန်း နွားရိုင်းတွေ မောင်းသွင်းတဲ့သူတွေပါ”
“ငါ့တူတို့ကို ရန်ပြုတဲ့ သူတွေပဲ ”
“အခုတော့ သူတို့ အကုသိုလ် နဲ့ သူ‌တိူ့ မသေရုံ တမယ် ဒဏ်ရာတွေနဲ့ပေါ့ ဒါပေမဲ့ ကျနော် ဝမ်းမသာနိုင်ပါဘူးဗျာ ”
“အေးကွာ မင်းရဲ့ စေတနာကို တန်ဖိုးထားလို့ ပို့ပေးမယ် ကဲ အဲ့လူတွေကို တင်ကြတာပေါ့ ”
သူရိယ နှင့် လှည်းသမားသည် ဒဏ်ရာ များရနေကြသော ဦးစံတင်၏ တပည်များအား လှည်းပေါ်တင်ပေးလိုက်ကြသည် ထိုနောက် လှည်းသမားသည် ဦးစံတင် တပည် ပြောသော လမ်းသို့ လှည်းကို မောင်းလိုက်သည် ၊ လှည်း၏ နောက်တွင် တော့ ဦးဖိုးဝေ နှင့် သူရိယ လမ်းလျှောက်၍ လိုက်သွားကြပါလေတော့သည်။
▪️အခန်း-၃
အင်မတန် ကျယ်ဝန်းသော ခြံကြီး တခြံတွင် ဖြစ်သည်၊ ထိုဦးခြံကြီးသည် ကျယ်ဝန်းပြီး နှစ်ရှည်သီးပင်စားပင်များ စိုက်ထားပြီး လှည်းတစီးဝင်လို့ရသည့် လှည်းလမ်းလေးသာ အလယ်တွင် ရှိသည် ထိုလှည်းလမ်းလေးအတိုင်း ဆက်သွားပါက ရေနံချေးများဝနေသော ပျဉ်ထောင်ပျဉ်ခင်း အိမ်ကြီးတလုံးရှိသည် ၊ ထိုအိမ်ကြီးသည် ဦးစံတင်၏ အိမ်ကြီးဖြစ်၏ ၊ အိမ်ကြီးသည် ရေနံချေးများ ဝ၍ မဲနက်နေသလို အိမ်းဘေးတွင် ရှိသည့် ကြီးမားလှသော အပင်ကြီးများ၏ အရိပ်ကြောင့် နေ့ခင်း ဖြစ်လင့်ကစား မှောင်ရိပ့်ကျနေလေသည် ၊ အိမ် ပတ်လည်‌တွင်‌တော့ ဦးစံတင်၏ တပည်များ တုတ်၊ဓား ၊လှံတံ များကိုင်ပြီး စောင့်နေသလို ခြံကြီးအဝင်တွင်လည်း သူ၏ တပည်များ အတော်များ များ စောင့်ကြပ်နေကြသည် ၊ ထိုခြံဝအနားသိူ့ လှည်းတစီးဆိုက်ရောက်လာ‌လေသည် ထိုလှည်းသည် သူရိယ အကူညီတောင်းထားသော ဦးစံတင်၏ ဒဏ်ရာ ရနေသည့် တပည့်များကို တင်သော လှည်းဖြစ်သည် ၊ ခြံဝ တွင် စောင့်နေသော လူများသည် လှည်းကို မြင်သော အခါ ကိုင်ထားသော ဓားများ လှံများကို လှည်းသမားအား ချိန် ရွယ် လိုက်ပြီး
“ဟေ့ ဘယ်သူလဲ ”
“ငါ ငါ တို့ပါ ကွ ငါ သိန်းမြိုင်ပါ ”
“ဟေ့ သိန်းမြိုင် ဘယ်လို ဖြစ်တာလဲ မင်းကို ဆရာကြီးက ဟိုလူတွေကို ရှင်ဖို့တာ‌ဝန်ပေးထားတာ မဟုတ်လား ”
“အဲ့ဒီလူတွေက နောက်မှာ အခု ငါတို့က ‌ေသေတော့မယ် ငါတို့ အကုန်လုံး ဒဏ်ရာတွေ ကြည့်ပဲ ငါ့ခြောက်ထောက်ဆို ကျိုးတောင်ကျိုးနေပြီ ဒီကိုလာကြည့် ကျန်တဲ့ကောင်တွေ ရဲ့ ပုံစံတွေကို ကော ”
သိန်းမြိုင်ဆိုသူသည် ခြံဝတွင် ရှိသော ဦးစံတင်၏ တပည် သူ၏ အသိမိတ်ဆွေများကို ပြောလိုက်ရာ ထိုလူများလှည်းပေါ်လာကြည့်ပြီး
“ဟေ့ကောင် ဆရာကြီးကို ချက်ချင်းသွားပြော သိန်းမြိုင်တို့ အဖွဲ့ ဒဏ်ရာတွေရထားတယ် လို့ ”
သိန်းမြိုင်သည် ဦးစံတင်အား သွားပြောခိုင်းသော သူအား ကြည့်ကာ
“လှဝင်း ငါတို့ကို တခါတည်း ဝင်ခွင့်ပေးပြီး ဆေးကုပေးတော့လေကွာ ”
“ဆရာကြီးက ဘယ်သူလာလာ ဝင်ခွင့် မပေးနဲ့ဆိုလို့လေ ”
“ငါက သူတပည်ပါကွ သူအကျိုးတွေကို မိုက်မိုက်ကန်းကန်း လုပ်ပေးတဲ့သူတွေပါ ကွာ “,
“သိန်းမြိုင် အမှန်တိုင်းပြောမယ်ကွာ ဆရာကြီးက ငါတို့ကို ဒဏ်ရာ ကြီးကြီးမားမား ရထားတဲ့ သူတွေကို ငါတို့ဂိုဏ်းက ထုတ်ပြစ်လိုက်ပြီတဲ့ကွ ”
“ဘာ မင်းဘာပြောတယ် ”
သိန်းမြိုင်သည် အထိတ်တလန့် ခြံဝမှ လှဝင်းအား ပြောလေသည် ၊ သိန်းမြိုင်နည်းတူ ဒဏ်ရာ ဗလပွနှင့် အခြေအနေ ဆိုးနေသော လူများသည် အံဩထိတ်လန့်ကာ နောင်တရနေသည့် မျက်နှာများ ဖြစ်ကုန်ကြသည်၊ ထိုစဉ် လှဝင်း မှ ဦးစံတင်ကို သွားပြောခိုင်းသော သူသည် ပြန်လည်ရောက်ရှိလာသည် ထိုလူသည် လှဝင်းကို ကြည့်ကာ
“ကိုလှဝင်း ဆရာကြီးက ပြောတယ် လမ်းလျှောက်နိုင်သူသာ ခြံထဲ အဝင်ခံပါတဲ့ ကျန်တဲ့ သူတွေကို ဂိုဏ်းက ထုတ်ပစ်လိုက်ပြီ တဲ့ ”
“အေးအေး ”
လှဝင်းသည် အံဩသည့် မျက်နှာ မရှိပါ သူသည် ဦးစံတင်ကို သဘောမကျ ပေမဲ့ သို့ပေမဲ့ သူ၏ မိသားစုအား ဒုက္ခပေးမည် ဆိုးသော ကြောင့် အလုပ်ဝင်လုပ်နေရသူဖြစ်သည် ၊ ယခု ဒဏ်ရာ ရနေ‌သူများသည် ဦးစံတင်၏ အကျိုးကို စိတ်ရောကိုယ်ပါ ပြုလုပ်ပေးသည် ဖြစ်ကြသည် ၊ သိန်းမြိုင်သည် ဦးစံတင်မှ တာဝန်မဲ့ စကားဆိုလေရာ မယုံနိုင်ဟန်ဖြစ် လှဝင်းကို ကြည့်ကာ
“လှဝင်း ပြန်မေးခိုင်းပါဦး ကွာ ဟုတ်ကော ဟုတ်လို့လားလို့ ငါ ငါတို့က ဆရာကြီး အကျိုးအတွက် ဆို အသက်တောင် မငဲ့ ပဲ လုပ်တဲ့ကောင်တွေပါကွာ ”
“မင်းတို့က သူ့အကျိုးအတွက် လုပ်တာလေ အခု သူရဲ့ အကျိုးကို မင်းတို့ မထမ်း နိုင်တော့ သူက ဘယ် အလိုရှိတော့ မှာလဲ ငါလည်း စိတ်မကောင်းပါဘူးကွာ တနေ့ငါလည်း မင်းတို့ဘဝ ရောက်မဲ့သူပါပဲကွာ ”
“အင်း ကို့ရဲ့ မိသားစုအတွက် ကာကွယ် ဖို့ မိုက်ပေးတဲ့သူလည်း ရှိသေးတာကို ”
ဦးစံတင်၏ တပည် လှဝင်း၏ စကားဆုံသည်နှင့် လှည်းနောက်မှ ဦးဖိုးဝေ၏ အသံပေါ်လာသည်၊ ထိုအခါ ခြံဝ မှ ဦးစံတင် တပည်များသည် တုတ် ၊ဓား ၊လှံတံများကို ကမန်းကတန်း ချိန်ရွယ် လိုက်ပြီး
“ဟေ့ ခင် ခင်ဗျားက ဦးဖိုးဝေဆိုတဲ့ လူကြီးလား ”
“အေးလေကွာ မင်းတို့ဆရာ ကြီးကို သွားပြောလိုက်စမ်းကွာ ငါလာတယ်လို့ ”
“ပြော စရာမလိုဘူး ကျုပ်တို့ ဆရာကြီးက ခင်ဗျားကို လာရင် အသေသတ်ခိုင်းထားတယ်။ ဟေ့ကောင်တွေ ဘာငေးနေတာလဲ ချကြလေ ”
တချို့သူများသည် အားကြိုးမာန်တက် ဦးဖိုးဝေ နှင့် သူရိယအား တိုက်ခိုက် ရန် ပြင်ဆင်နေကြပေမဲ့ လှဝင်း အပါအဝင် တချိုသူများသည် ရန်လိုသော သူများ၏ အနောက်သို့ ဝင် သွားကြသည် ၊ ဦးစံတင်၏ အကျိုးကို လိုလားသော လူမိုက်များသည် တုတ်ဓားများ ဖြစ် လှည်း နောက်ရှိ ဦးဖိုးဝေ တို့အနားသွား‌နေကြချိန် သူရိယသည် လှည်း သမားအား အမြန် ပြန်လှည့်စေ၍ မလှမ်း မကမ်း တွင် စောင့်နေခိုင်းလိုက်သည် ။
ထို့နောက် သူရိယသည် အရိပ်ပမာ လျင်မြန်စွာ လှုပ်ရှားသွားပြီး သူတို့အား ရန်ပြုသူများ၏ လက်ထဲမှာ ဓားများ တုတ်များ လှံတံများ မြေပြင်သို့ ပြုတ်ကျကုန်တော့သည် ၊ ဦးဖိုးဝေသည် လက်နောက်ပြစ်ပြီး ကွမ်းကို ဝါးကာ မတ်တတ်ရပ်လို့ ရန်ပြုသည့် ဦးစံတင်တပည်များအား ပြုံး၍ကြည့်နေလေသည် ၊ ထိုအခါ ရန်ပြုတိုက်ခိုက်သည့် ဦးစံတင် တပည့်များသည် ဦးဖိုးဝေအား မယုံကြည်ဟန်ကြည့်နေစဉ် ဦးဖိုးဝေအနားသို့ သူရိယသည် အရိပ်တခုပမာ လျင်မြန်စွာ ပြန်ရောက်လာပြီး မတ်တတ်ရပ်နေ၏ ၊
“ဟာ လူတွေ မဟုတ်ဘူး သ သရဲတွေ ဆရာကြီး ဆီ ပြေးကြဟေ့ ဆရာကြီး ဆီပြေးကြ ”
“ဟုတ်တယ် ဟေ့ ပြေးကြ”
ရန်ပြုတိုက်ခိုက်ကြသူများသည် ခြံကြီးထဲသို့ ဝင်ပြေးကုန်ုတော့သည် ၊ ဦးဖိုးဝေတို့အား ရန်ပြုချင်မရှိသည်ြ လှဝင်းအမည်ရသော ဦးစံတင် တပည် နှင့် ကျန်သူများသည် ဦးဖိုးဝေရှေ့တွင် ဒူးထောက်လက်အုပ်ချီလိုက်ပြီး
“ဆရာကြီး ကျုပ်တို့က မတက်သာလို့ သူရဲ့ လက်အောက်မှာ နေ နေရတာပါ တခြားသူတွေ ဒုက္ခရောက်အောင် ကျုပ်တို့ မလုပ်ဘူးပါဘူး ဦးစံတင်က လုပ်ခိုင်းရင်တောင် ကျုပ်တို့ အကြောင်းမျိုးမျိုးပြပြီး ရှောင်ဖယ် ခဲ့ပါတယ် ကျုပ်တို့ကို ခွှင့်လွှတ်ပါ ”
“အင်း မင်းတို့ရဲ့ မိသားစုတွေ ဒုက္ခ မဖြစ်စေရဘူးလို့ ငါတာဝန်ယူတယ် အခုတော့ မင်းတို့ရဲ့ လက်နက်တွေကို ထားခဲ့ ပြီး ဟို နားက လှည်ပေါ်က လူတွေကို ဆေးကုဖို့ခေါ်သွားကြတော့ လူမိုက်တွေကတော့ မကြာခင် လူမိုက်တို့ သွားရလမ်းကို သွားရတော့မယ် မင်းတို့ တွေရဲ့ မိသားစုတွေဆီပြန် ဘယ်တော့မှ မကောင်းတာတွေ မလုပ်ကြတော့နဲ့ကြားလား”
“ကျေး ကျေးဇူးကြီးလှပါတယ် ဆရာကြီး ကျုပ်တို့ မိသားစုတွေ ဘာမှ မဖြစ်ပါဘူးနော် ”
“ဒီနေ့ စံတင်ရဲ့ နိဂုန်း ပဲ ”
“ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ်တို့ ကောင်းကောင်းမွန်မွန်နေပါမယ် ”
မိသားစုများကို အနာတရ ဖြစ်မှာ မလိုလားသော ကြောင့် ဦးစံတင်၏ တပည်များဖြစ်လာသူများသည် ၊ ဦးဖိုးဝေကို ဦးချ နုတ်ဆက်ပြီး ဒဏ်ရာ ရထားသော လူများတင်ထားသော လှည်းအနားကို သွားလိုက်ကြပါ‌‌တော့သည် ၊ ဦးဖိုးဝေ နှင့် သူရိယသည် ဦးစံတင် တပည်များ ဖွင့်ထားလိုက်သည့် တံခါးပေါက်မှ ခြံ အလယ်တွင်ရှိသော ဦးစံတင်အိမ်ကြီးဆီ ခြေလှမ်းပြင်လိုက်ကြပါလေတော့သည် ။
▪️အခန်း-၄
ဦးစံတင်သည် ကိုဇော်အား ငေါက်ငမ်းနေလေသည် ၊ အကြောင်းသည်က သမီးဖြစ်သူနှင့် ပေးစားထား‌ပေမဲ့ သမက်ဖြစ် ကိုဇော်မှာ သူအတွက် ဘာမှ အားမကိုးရ၍ ဖြစ်သည် ၊
“အလကားကောင် နေတိုင်း စားလိုက်အိပ်လိုက်နဲ့ ဘာမှ အားမကိုးရဘူး မင်းကို ငါ့သမီးနဲ့ ပေးစားမိတာ ငါမှားတယ် အခု မင်းပထွေး ဖိုးဝေ လာနေပြီ အခု မင်းဘာလုပ်ပေးနိုင်လဲ ပြော ”
“ဆရာကြီးတောင် ဘာမှ မတက်နိုင်တာ ကျုပ်က ဘယ်လိုလုပ်တက်နိုင်မှာလဲ ဗျ”
“တောက် ဒီခွေးမသားက ငါတောင် ပြန်ပြော နေပါလား ကဲ ဟယ် ကဲဟယ် ”
ဦးစံတင်သည် ကိုဇော်အား ဘေး‌တွင် ရှိသော တောင်ဝှေးနှင့် ကျောပြင်အား ရိုက်လေတော့သည် ၊ ကို‌ဇော်မှာ အော်ညည်းချင်းမရှိ အံကြိတ်၍ သာ ပေတေခံနေလေသည် ၊ ထိုအခါ ဦးစံတင်သည်
“တောက် အရည်ကလည်း နွားလိုပဲ ထူတဲ့ကောင် အလကားကောင် ငါရိုက်ရတာ ငါ့လက်ပဲ နာတယ် ”
“အဖေ ‌ပြောမနေစမ်းပါနဲ့ သမီးပြောပါတယ် ဒီကောင်က အလကားကောင်ပါဆို ”
“အေး ငါက လက်ဦးတပည်တွေမို့ အားကိုးရမလားအောင့်မေ့ အလကား ဆန်ကုန်‌မြေလေးကောင် အလကား တိရိစ္ဆာန်မသား ”
ကိုဇော်သည် အံကို ကြိတ်လို့သာ နေလေသည် ၊ ကျောကို အရိုက်ခံရ၍ နာသည်ထက် သူ၏ မိခင်ကို စော်ကားသော စကားများသည်သာ အသဲနှလုံးထဲထိ နာကျင်နေစေသည် ၊ထိုအချိန် ခြံဝ မှ ပြေးလာသော ဦးစံတင်တပည်များသည် အော်ဟစ်ပြီး ရောက်လာကြလေသည်
“ဆရာကြီး ဟို ဟိုလူတွေက လူမဟုတ်ဘူး ကျုပ် တို့ မ မနိုင်ဘူး ဆရာကြီး ”
“တောက် အလကားကောင်တွေ ‌”
ဦးစံတင်သည် ခြေကို တချက်စောင့် လိုက်ရာ ခြံဝ မှ ပြေးလာသော သူ၏ တပည်များ ပါးစပ်မှ သွေးများအံထွက်ကာ မြေပြင်ပေါ်သို့ လဲကျသေဆုံးကုန်ကြသည် ၊ ထို‌့နောက် ဦးစံတင်သည် သူ၏ အိမ်ရှေ့တွင် စုရုံးနေကြသော တပည်များအား စူးရဲစွာကြည့်ကာ
“ဟေ့ကောင်တွေ မင်းတို့ ဒီက ငတုံးတွေကို ကြည့်ထားကြ လက်နက်ချပြီး ပြန်ပြေးလာရင် မင်းတို့ကောင်တွေ လည်းသူတို့နောက် လိုက်သွားကြရမယ် ငါရဲ့ စံတင်ဂိုဏ်းက လူသားတွေ အကျိုးပြုဖို ‌တည်ထောင်းထားတာ အခု ငါ့ရဲ့ ဂိုဏ်းကို မင်းတို့တွေ ကာကွယ်ကြ ကြားလား အခု သွားပြီး ဖိုးဝေဆိုတဲ့ ကောင်ကိုသတ်ကြ ပြန်ပြေးလာတဲ့ ကောင်ကို ဒီကောင်တွေနောက်ကို ပို့ပြစ်မယ် ”
ဦးစံတင်သည် တပည်များကို သူ၏ ရှေ့မလှမ်းမကမ်းတွင် ပါးစပ်ထဲ မှ သွေးများ တပွက်ပွက် အမ်ပြီးသေဆုံးနေသော သူ့တပည်များကို ပြပြီး စကားဆိုလိုက်ရာ အသက်ရှင်ကျန်သော တပည်များအားလုံး ကြောက်လန့်နေကြသည် ၊ သူတို့၏ ဘဝသည်က ရှေ့တိုးလည်း သေနောက်ဆုတ်လည်းသေကြရမည်ဘဝ များဖြစ်နေကြသည် ၊ သနား ကြင်နာမှုမရှိ ယုတ်မာရိုင်းစိုင်းစွာ အကြောက်တရားနှင့် အုပ်ချုပ်သော ဦးစံ‌တင်အား သူ၏တပည်များမှ တုံနေအောင်ကြောက်ကြသည်၊ ဦးစံတင်သည် သူ၏ ဂိုဏ်ဌာန ချုပ်ကို သူပိုင်ဆိုင်သည့် ယခုခြံကျယ် ကြီးထဲတွင် တပည်တပန်းများစွာ နှင့် အထိုင်ချထားသည်၊ ကြာကန်ရွာ နှင့် တခြား ရွာများကို အနိုင်ကျင့် ဗိုလ်ကျပြီး သူ၏ အာဏာကို တည်စေသည် ၊ မိုက်ကမ်းသော လူမိုက်များကို တပည်အဖြစ်မွေးသလို မိသားစုများ၏ အသက်ကို ခြိမ်းခြောက်၍ တပည်များစုဆောင်းထားသည် ၊ ယခု ကြာကန်ရွာတွင်တော့ သူ၏ အာဏာမရှိတော့‌ပေ ၊ ကြာကန် ရွာသူ ရွာသားများ းသည် ဦးဖိုးဝေ၏ အကူအညီနှင့် သူ၏ ပညာများ တိုးမပေါက်‌နိုင်အောင် ကာကွယ်ထားပြီးဖြစ်သည် ၊ ဦးဖိုးဝေသည် ကြာကန်ရွာတွင် သူအား ဒုက္ခပေးရုံ သာမက ယခု သူ၏ နေရာသို့ ရောက်လာပြီဖြစ်ရာ ဆိူးထိတ်မှု့တော့ဖြစ်နေလေသည် ၊ ဦးစံတင်သည် ဦးဖိုးဝေအကြောင်း‌တွေးကာ ဒေါသ အင်မတန်ထွက်လာပြီး ဘာမဆိုင် ညာမဆိုင် သူရဲ့ ဘေးတွင်ရှိသော ကိုဇော်ကို သာ တောင်ဝှေးနှင့် ရိုက်နေပါလေ‌တော့သည် ။
▪️အခန်း
ဦးဖိုးဝေ နှင့် သူရိယ ခြံကြီးအလယ်ရှိ လှည်းလမ်းအတိုင်း ဦးစံတင်၏ အိမ်သို့ လမ်းလျှောက်သွားနေသည် ၊ ခြံကြီးသည် ကျယ်ဝန်းသည်အတွက် အိမ်ကြီးသို့ရောက်အောင် အတော် လမ်းလျှောက်‌နေရသည် မကြာသောအချိန်တွင် ဦးစံတင်၏ တပည်လူမိုက်များသည် လက်နက် များကို ကိုင်ကာ သူတို့အနားသိူ့ တဟုန်ထိုး ပြေးလာကြသည် ၊ ထိုအခါ ဦးဖိုးဝေ သည် သူရိယကိုကြည့်ကာ
“လူလေး ဒီတခါ အဘ ပညာလေး နည်းနည်းပြပါရစေကွာနော် ”
“ဟုတ်အဘ ”
ဦးဖိုးဝေသည် သူတို့ဆီပြေးဝင်လာသော လူအုပ်ကြီး သူတို့ နှင့် မလှမ်း မကမ်းသို့ရောက်ချိန် အနားတွင် ရှိသော မြေစာခဲများကို လက်နှစ်ဖက်နှင့် ကုတ်လိုက်ကာ
“ဟဲ့ လူမိုက်တွေ မင်းတို့ ရဲ့ လက်နက်ကိုင်ထားတဲ့လက်တွေ သတိထားဟေ့ ”
ဦးဖိုးဝေသည် ထိုသို့ကျယ်လောင်စွာပြောလိုက်ပြီး မြေခဲလေးများကို ပစ်လွှတ်လိုက်ရာ ဦးဖိုးဝေ ပစ်လွှတ်လိုက်သော မြေခဲများသည် လူမိုက်များ၏ မြင်ကွင်းတွင် နှစ်ဖက် အသွားပါသော သံလျက် များအဖြစ်ပြောင်းသွာလေတော့သည် ၊ ရှေ့ဆုံးမှ လူမိုက်များသည် လန့်ဖျက်ကာ ငုံရှောင်လိုက်ချိန်။ အရှိန်နှင့် ပြေးလာသော နောက်က လူများ မှ တွန်းတိုက်မိ၍ အလဲလဲအကွဲကွဲ ဖြစ်ကုန်ကြသလို ၊ သူတို့၏ လက်မှ ကိုင်ထားသော ဓားများ လှံများသည် အချင်းချင်း ထိခိုက်ကုန်ရာ တိချို့ အသက်ပင် ကင်းမဲ့ ကြကုန်တော့သည် ၊ ထိုအချင်း အရာကိုမြင်းသော ဦးဖိုးဝေသည်
“ဟဲ့ လူမိုင်တွေ မင်းတို့ကို ငါ သတ်တာ မဟုတ်ဘူးနော် မင်းတို့ရဲ့ ဒေါသကြောင့် ဖြစ်တာ ကဲ ထပ်မိုက်ဦးမယ် ဆိုရင်တော့ မင်းတို့ရဲ့ ငယ်ထိပ် နေရာကို သာ မော့ ကြည့်ပေတော့”
လူမိုက်များသည် လဲကျနေရာမှ အသက် မသေသော သူများသည် အပေါသို့မော့ကြည့်လိုက်ရာ ဝင်းလက်နေသော သံလျက်များသည် ဖြည်းညှင်းစွာ လည် နေရင်း သူ့၏ ခေါင်းများပေါ်တွင် ရပ်တည်နေလေသည် ၊ ထိုအခါ လူမိုက်များသည် ကြောက်ရွံ့တုံလှုပ်ကာ
“ကျုပ်တို့ကို မသတ်ပါနဲ့ ကျုပ်တို့”
လူမိုက်များ၏ စကားမဆုံးခင် သူတို့၏ ပါးစပ်များမှ သွေးများအံကျလာကာ လဲကျသေဆုံးသွာလေသည် ၊ ထိုအခါ ဦးဖိုးဝေသည် သူရိယကိုကြည့်ကာ
“ကဲ လူလေး သူရိယ ကြည့်ထား သူ့အတွက် မကာကွယ်ပေးနိုင်ရင် သူ့အတွက် ဘယ်လောက် အနစ်နာခံပြီး အသက်ပေး ကာကွယ်ပေးတဲ့ သူမဆို ကြက်ကလေး ငှက်ကလေးလို သတ်တက်တဲ့ အတ္တသမားတွေ ရဲ့ လုပ်ရပ်ကိုပေါ့ ”
“ဟုတ်တယ်အဘ ဒီထဲက လူတွေက သူ့အတွက် အသတ်အသေခံပြီးတိုက်တာပါ လုံးဝ မနိုင်တော့မှ အရှုံးပေးတာကို ဒီလို လုပ်တာကတော့ ရက်စက်လွန်းပါတယ်ဗျာ ”
“လူလေးရေ ရက်စက် တယ်ဆိုတာ သူတို့အတွက်တော့ ထင်းမင်းစား ရေသောက်ပေပေါ့ ”
ဦးဖိုးဝေ နှင့် သူရိယသည် ဦးစံတင်၏ တပည်များ၏ အလောင်းများကို ကျော်ဖြတ်ကာ သွားလိုက်၏ ထိုအချိန် သူတို့ ကျော်သွားသော အလောင်းများဘက်မှာ ကျားအော်သံကြားလာရ၍ ၊ ဦးဖိုးဝေနှင့် သူရိယသည် ‌နောက်သို့ ပြန်လှည့်ပြ‌ီးကြည့်လိုက်ရာ ကြီးမားလှသော ကျားကြီးသည် သေဆုံးနေပြီဖြစ်သော ဦးစံတင် တပည်များ၏ အလောင်းများထဲမှ အ‌လောင်းတလောင်းကို ဂုတ်က ကိုက်ဆွဲပြီး ဦးခေါင်းယမ်းခါနေသည် ၊ ထို့နောက် ကျားကြီး၏ နောက်မှ ပိုးသား အင်္ကျီဝတ် ပုဂ္ဂိုလ်တယောက် ပေါ်လာသည် ထိုပဂ္ဂိုလိသည် ဦးဖိုးဝေအား မျက်ထောင့် နီကြီးဖြစ်ကြည့်နေလေရာ ဦးဖိုးမှ ခေါင်းကို ညိတ်၍
“အော် သင်တို့ နတ်စိမ်းတွေ ဆိုသည်မှာလဲ စုန်းကဝေ ပညာသည် တွေခိုင်းရင် လူဆိုး လူကောင်း နားမလည် ဒုက္ခပေးရတာပဲလား ဟဲ့ ”
“သင်က ဘယ်သူလဲ ငါ့ကိုမခန့်လေးစား စကားတွေ ဆိုနေတာ ”
“ဟဲ့ နတ်စိမ်း သင်ရဲ့ ကျားကိုခေါ်ပြီ သင့်ရဲ့ ဘုံကိုပြန်တော့ ”
“ငါကို ဆရာကြီးစံတင်က နင့်ကို သတ်ဖို့ခိုင်းတာတယ် ဟဲ့ ”
“တယ်လည်း ခက်တဲ့ နတ်စိမ်းပဲ ကဲ သင်ရဲ့ မိုက်ပြစ်သင် ခံ‌ပေ‌တော့”
ဦးဖိုးဝေသည် ထိုမျှသာ ပြောပြီး သူ၏ လက်နှင့် နတ်စိမ်း ဘက်သို့ ဝှေ့ယမ်းလိုက်ရာ ဦးစံတင်၏ တပည်အလောင်းကို ကိုက်ချီထားသော ကျားကြီးသည် အလောင်းကို ပြစ်ချကာ နတ်စိမ်းအနားသွား ပြီး နတ်စိမ်း၏ လည်ဂုတ်ကို ခဲကာ တချက် ခုန်လိုက်ရာ ဦးဖိုးဝေတို့ မြင်ကွင်းမှ ပျောက်ကွယ် သွားပါလေ‌တော့သည် ။
▪️အခန်း-၅
ဦးစံတင်သည် ဒေါသ အလွန်ထွက် နေသည် ၊ အရှုံးပေးသော သူ၏ တပည်များကိုလည်း သူကိုယ်တိုင် သတ်ပစ်လိုက်ရာ သူ၏နောက်လိုက်များ တယောက်မှ မရှိတော့ပေ သူ၏ ဘေးတွေတော့ သမီးဖြစ်သူ မြကြည်နှင့် သမက်ဖြစ်သူ ကိုဇော်သာ ရှိနေလေသည် ၊ ထို့နောက် ဦးစံတင်သည် အနားတွင် ရှိသော သူ၏ တောင်ဝှေးကို ယူကာ မြေပြင်တွင် တချက်စောင့် လိုက်ပြီး
“ကဲ ငါ‌မွေးထားတဲ့ အကောင်တွေ မင်းတို့ အတွက် ငါအလုပ်ပေးမယ် အခု ချက်ချင်းငါရှေ့ရောက်စမ်း ”
ဦးစံတင်စကားဆုံးသည် နှင့် အိမ်ကြီးထဲမှ အမဲအရိပ်များ ထွက်လာသလို ခြံကြီးထဲရှိ သစ်ပင်ကြီးများထဲ မှာ အမဲ ရိပ်များ ထွက်လာကာ ဦးစံတင် ပတ်လည် တွင် ဝေ့ဝဲ၍နေ‌သည် အမဲ ရိပ်များသည် အတော်ပင် များပြားလာပြီး ဝဲပျံနေလေသည် ၊ ဦးစံတင်သည် ထိုအမဲ အရိပ်များကို ပြုံး ပြီးကြည့်လိုက်ကာ
“ကဲ မင်းတို့တွေ ငါအိမ်ဆီကို လာနေတဲ့ နှစ်ယောက်ကို တိုက်ခိုက်ကြစမ်း အသေ သတ်နိုင်ရင် မင်းတို့ အတွက် လူ အယောက်တရာ ကျွေးမယ် မယ် ဟေ့ ”
ဦးစံတင် စကားဆုံးသော အခါ အမဲရိပ်များထံမှ ဝမ်းသာအားရ အော်ရယ် သံကြီးများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ဖြန့်၍ သွားနေပါသည် တချို့ အမဲ အရိပ်များသည် ဦးစံတင် နှင့် မလှမ်း မကမ်းတွင် သေနေသော အလောင်းများထဲ သို့ ဝင်သွားကြသည် ၊ ထိုအခါ အလောင်းများသည် ဒယီးဒယိုင် နှင့် မတ်တတ် ရပ်လိုက်ပြီ သူတို့ အနား တွင် ရှိသော လက်နက်များကို ယူကာ ဦးဖိုးဝေ နှင့် သူရိယအား တိုက်ခိုက်ရန် ထွက်သွားကြပါလေတော့သည် ။
▪️အခန်း-၆
ဦးဖိုးဝေ နှင့် သူရိယ သည် ခြံကြီး အလယ် တွင် ရှိသော အိမ်ကြီး နှင့် နီးသထက် နီးလာသည် ၊ ထိုအချိန် သူတို့သွားသော လမ်း ရှေ့တွင် ပါးစပ်တွင် သွေးများ ရဲနေကာ ဒယိမ်း ဒယိုင် နှင့် လက်နက်များကိုင်ကာ လမ်းလျှောက်လာသော အလောင်းကောင်များကို တွေ့ ရသည် ထိုအခါ ဦးဖိုးဝေသည် တချက်ပြုံးလိုက်ကာ
“အော် စံတင် စံတင် ဒင်းက ပညာစုံတက်နေတာကို ကဲလူ‌လေး သူရိယရေ ဒီဖုတ်ကောင်တွေကို မင်း ဘယ်လိုလုပ်မှလဲ ”
” လွယ်ပါတယ် အဘရာ ”
သူရိယသည် နဖူးတွင် လက်သီးဆုပ်ကို တည်လျက်
“ဒီခြံထဲ မှာ ရှိသော အစိမ်း သရဲ ဖုတ်ပြိတ္တာ နာနာ ဘဝ များ အခုချက်ချင်းငါ့ ခြေ ဒူးထောက် လက်နောက်ပြန် ရောက်စေ”
သူရိယ၏ စကားဆုံးသည် နှင့် လမ်းလျှောက်နေသော လူသေ အလောင်းများသည် ဦးဖိုးဝေ နှင့် သူရိယ ၏ အရှေ့တွင် စုပြုံက ဒူးထောက် ထိုင်လာကြပြီး လက်ကို နောက်သို့ ပြစ်ထားကြလေသည် ၊ ထို့နောက် သူရိယ သည် ဖုတ်ဝင်နေသော အလောင်ကောင်များကို စူးရဲ စွာကြည့်လိုက်ပြီး
“ကဲ ဘယ်သူ ငါတို့ကို ရန်ပြုဝံ့လဲ လက်ရှိ မကောင်းတဲ့ ဘဝကနေ ဒီထက်ဆိုးတဲ့ ဘဝ ရောက်ချင်တဲ့သူရှိရင် ပြောစမ်း”
သူရိယသည် မာထန်သော လေသံဖြစ်ပြောရာ ဖုတ်ဝင် နေသော အလောင်းများထဲမှ ရှေ့ဆုံးတွင် ရှိသော အလောင်းသည်း အသံမထွက်မှီ ပါးစပ်ကို အားယူ ဖွင့်လိုက်ပြီး အံကို သုံး‌လေးချင်မျှ အရင် ကြိတ်လိုက်ကာ
“ငါ ငါတို့ကို စံတင်က ခိုင်းစားနေတာ ငါတို့လဲ ဒီလို ဘဝ မှာ မနေချင်ဘူး အခုချိန်ထိ ငါတို ရဲ့ မိသားစုတွေ ဆီ မပြန်ရဘူး သူတို့အမျှတန်း ပေးနေချိန် နတ်တွေက ငါတို့ကို လာပြောပေမဲ့ ငါတို့ သာဓုခေါ်လို့မရဘူး ”
“အေး ငါ မင်းတို့ကို ဒီကလွတ်အောင် လုပ်ပေးလို့ရတယ် မင်းတို့ ကတိတခုတော့ပေးရမယ် ‘
ဖုတ်ဝင် အလောင်း၏ လေးပင်သော စကားသံ အဆုံးတွင် ဦးဖိုးဝေမှ ဖုတ်ဝင် နေသော အလောင်းများကို ကြည့်ပြီးပြောလိုက်၏ ၊ထိုအခါ ဖုတ်ဝင် နေသော အလောင်းကောင်များသည် သူတို့၏
ဦး‌ခေါင်းများကို တဆက်ဆက် ညိတ်လိုက်ကြပြီး ဦးဖိုးဝေ ပြောသည့် စကားကို လက်ခံကြောင်းပြနေလေသည် ၊ ထိုအခါ ဦးဖိုးဝေသည် လက်အုပ်ကို ချီလိုက်ကာ
” ဘုရား ဂုဏ်တော် ၊တရား ဂုဏ်တော၊ သံဃာ ဂုဏ်တော် တို့ကြိ ဦးထိပ်ပန်ဆင်၍ ဘုရားတပည်တော် ဖိုးဝေ အပယ်ဘုံသားများကို အမိန့်ပေးပါ‌ေ‌တာ့မည်ဘုရား ၊ ဘုရားတပည်တော်သည် သမထတရားများ ၊ ရေကသိုဏ်း မီးကသိုဏ်း လေကသိုဏ်း နှင့် လောကီအတက်များကို ကောင်းမွန်စွာ တက်မြောက်သည့် နေ့မှ စပြီး သူများပစ္စည်းကို ခိုးယူချင်းက မပြုခဲ့ပါ ဤမှန်ကန်သော သစ္စာတရားကြောင့် စံတင်ဆိုသည့် လူ့မိစ္ဆာ ချုပ်ထားသော ပရလောကသားများ၏ အနှောင်အဖွဲ့ ပြေပါစေသတည်း”
ဦးဖိုးဝေ၏ သစွာ စကားဆုံးသော အခါ သူတို့၏ မလှမ်းမကမ်းတွင် ရှိသော သရက်ပင်ကြီး ၏ ပင်စီမှ လူအရိုးများ တဖြည်းဖြည်း ထွက်လာပြီး မြေကြီးပေါ်သိူ့ ကျလာကာ မီးလောက်ကျွမ်းသွားပြနောက် ပြာမှုန့်များအဖြစ်ပြောင်းသွားလေသည် ၊ ထိုနည်းတူ ပရလောကသားများကို ချုပ်ထားသော နေရာများမှ အရိုးများ။ဆံပင်များသည် သူ့အလိုလို ထွက်ပေါ်လာပြီး မီးလောင်ကျွမ်းကုန်‌တော့သည် ၊ ထိုအခါမှ ဖုတ်ဝင်နေသော အလောင်းများသည် ရုပ်သေးရုပ်များကြိုးပြတ်သည့်အလား မြေပြင်ပေါ်သို့ လဲကျငြိမ်သက်သွားကြကုန်ပြီး အရိပ်မဲများသည်လည်း ခြံဝင်းအပြင်သို့ ဝမ်းမြောက်ဝမ်းသာ ရယ်‌မော၍ ပြေးထွက်သွားကုန်ကြပါလေတော့သည် ။
▪️အခန်း-၇
သူရှုံးပြီဆိုသည်ကို သိသော ဦးစံတင်သည် သူ၏သမီးလက်ကို ဆွဲ ၍ ခြေ‌စောင့်ပြီး မြေလျှိုးရန် ကြံစည်နေစဉ် သူ၏ ဘေးတွင် ရှိသော ကိုဇော်သည် သူ၏ခါးတွင် အသင့်ဆောင်ထားသော ဓားမြှောင်ကို ထုတ်ကာ ဦးစံတင်၏ လည်ပင်းကို ထုတ်ချင်းပေါက် ထိုးလိုက်ပါလေတော့သည် ၊ ဦးစံတင်သည် သူ၏ လည်ပင်းမှ ပန်းထွက်နေသော သွေးများကို လက်နှင့် ဖိပြီး ကိုဇော်အား မျက်လုံးပြူး၍ ကြည့်နေသလို ဦးစံတင် လက်ဆွဲထားသော သူ၏ သမီးမြကြည်သည်လည်း ဦးစံတင်ကိုကြောင်ငေးစွာ ကြည့်နေလေသည် ၊ ထို‌့‌နောက် ကိုဇော်သည် ဦးစံတင်ကိုင်နေကျ တောင်ဝှေးကို ယူလိုက်သည် ၊ မတ်တ်ရပ်လျက် သွေးများပန်းထွက်နေသော ဦးဆန်တင်၏ ခါးကို ခြေဖြစ်ကန်လိုက်ပြီး လဲကျသွားသော ဦးစံတင်အား ရယ်မောပြီး နာနာကြီးကြီးကြည့်ကာ
“ပြောဦးလေ ခွေးမသားကြီး မင်းကများ ငါ့အမေကို တိရစ္ဆာန် ဟုတ်လား မင်းကြောင့် ငါညီမလေးသဲဖြူ ကို ငါတို့ကိုယ် တိုင် ရိုက်လို့ သေရာတာ မင်းက ဒီလောက မှ မရှိသင့် တဲ့ ခွေးမျိုးပဲ သေစမ်း အဝိစီမှာနေပေတော့ ”
“ဟဲ့ ငဇော် နင်က ငါ့အဖေ ကိုသတ် ”
“ခွေးမ နင်လည်း မိစ္ဆာမပဲ ဘာမှနားမလည်တဲ့ လူတွေကို ဒုက္ခပေးနေတာ နင်လည်းပါတယ် နင့်ကို ချစ်မိလို့ ငါလည်း လူမိုက်ဖြစ်ရတယ် လူမိုက်တို့ရဲ့ သွားရာ လမ်းက ကဲဟာ ကဲဟာ”
ကိုဇော်သည် မြကြည်၏ ဦးခေါင်း နောက်စေ့ကို တောင်ဝှေးနဲ့ အားကုန်လွှဲရိုက်လေရာ အသံပင်မထွက် နိုင်ပဲ လဲ ကျသွားလေတော့သည်
“ခွေးမ နင်က ငါ့ကို ရိုက်ဖို့ တောင်ဝှေးယူပေးနေကြ အခု အဲ့တောင်ဝှေးနဲ့ နင်ကို သတ်ပြီလေ သေစမ်း ခွေးမ ”
ကိုဇော်သည် သေဆုံးနေသော ဦးစံတင်အလောင်းလည်ပင်း မှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး စောင့်ကြောင့် ထိုင်ကာ နေလေသည် ၊ မကြာလှသောအချိန်တွင် ဦးဖိုးဝေ နှင့် သူရိယသည် ကိုဇော် နှင့် မလှမ်းမကမ်းသို့ ရောက်လာ ကာ ဦးဖိုးဝေမှာ သေဆုံးနေသော ဦးစံတင်တို့သားအဖကို ကြည့်ကာ
“အော် လူမိုက်တွေရဲ့ခေါင်းဆောင် လူသားတွေကို မကောင်းတဲ့ ပညာတွေသုံးပြီး အကိုးကွယ်ခံချင် ပြီးတော့ တပည်တွေ‌အပေါ် မလျော် ဩဇာသုံးပြီး အာဏာကို ယစ်မူးနေတဲ့ သူတယောက်ရဲ့ နိဂုန်းက အမြဲ ဒီလိုပဲဖြစ်မှာပဲ လူလေး”
“အင်း အနီးဆုံးလူက ပြန်သတ်မယ် လို သူထင်‌ပုံမပေါ်ဘူးအဘ ”
ဦးဖိုးဝေ နှင့် သူရိယ စကားပြောနေစဉ် ကိုဇော်သည် သူ့လက်ထဲမှ ကိုင်ထားသော ဓားကို သူ၏ လည်ပင်းပေါ်တင်လိုက်ပြီး
“ဆရာကြီး တရွာလုံးကို တောင်းပန်ပါတယ်လို့ပြောပေးပါ ဒီလူကြီးက ကျုပ်တို့ရွာတင်မကဘူး ကျုပ်တို့လို တောကျတဲ့ ရွာတွေ မှာ သူရဲ့ အစွယ်အပွားတွေ နဲ့ ဒုက္ခပေးထားတုန်းပါ အဲ့တာတွေကိုရှင်းပေးပြီး မိစ္ဆာ အငွေ့အသက်တွေ ကင်းအောင်လုပ်ပေးပါဆရာကြီး ကိုလင်း နဲ့ အမေ့ကို ကျနော် တောင်းပန်ပါတယ်လို့ပြောပေးပါ ကိုလင်းကို သေချာမှာပေးပါဆရာကြီး အမေ့ကို ကျုပ်အစားပိုပြီးစောင့်ရှောက်ပါလို့ ကျုပ်က လူမိုက်တို့သွားရမဲ့လမ်းကို သွားပြီ အားလုံးကို နုတ်ဆက်ခဲ့ပါတယ် ”
“ဟေ့ ဟေ့ ကိုဇော် အဲ့လို့ လုပ်စရာ မလို”
ဦးဖိုးဝေ နှင့် သူရိယ ကိုဇော်အား အလျှင့်အမြန် တားရန်ကြိုးစားပေမဲ ဦးစံတင်၏ သွေးများပေကျံနေသော ဓားပေါ်တွင် ကိုဇော်၏ သွေးများက ထပ်မန် စီးဆင်းသွားပါလေတော့သည်။
▪️အခန်း-၈
ဦးဖိုးဝေ သည် ကိုဇော်အလောင်းမှ ပွင့်နေသော မျက်လုံး တစုံကို လက်နှင့် သပ်ကာ ပိတ်စေလိုက်ပြီး သူရိယ ဘက်လှည့်ကာ
“လူလေးရေ အဘတို့ ကိုဇော်ပြောတဲ့ မိစ္ဆာ အငွေ့အသက်တွေကို ဒီနယ်မှာ ကင်းစင်အောင် ပြုလုပ်ပေးလိုက်ကြတာပေါ့ကွယ် ”
ဦးဖိုးဝေ နှင့် သူရိယလည်း အိမ်ကြီးရှေ့ မြေကွက်လပ်တွင် သေဆုံးနေသော ဦစံတင်၊ မြကြည် နှင့် ကိုဇော်တို့၏ အလောင်းများကို ကျောခိုင်းကာ ဦးစံတင်၏ ခြံကျယ်ကြီးဆီမှာ ထွက်လိုက်ပါလေတော့သည် ။
▪️ဦးဖိုးဝေ နှင့် လူမိုက်တို့ သွားရာလမ်း သည်က ဤမျှသာ မကြာမီ ဦးဖိုးဝေ နှင့် မိစ္ဆာကင်းချိန် အမည်ရသော ဝတ္ထုဇတ်လမ်းလေးကို တင်ဆက်ပေးပါမည် ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အား‌‌ပေးသွားကြပါဦး ၊ 🙏🙏🙏
📝မောင်တင်ဆန်း

Zawgyi Version

လူမိုက္တို႔သြားရာလမ္း(စ/ဆုံး)
————————————–
ဦးဖိုးေဝ ႏွင့္ သူရိယသည္ ၾကာကန္႐ြာမွ ျပန္လည္ ထြက္ခြာလာရာ ေနမြန္းတည့္အခ်ိန္တြင္ ေၾကးနန္းလမ္းဆင္းဟု ဒီနယ္သားမ်ား ေခၚေသာ ေနရာသို႔ေရာက္လာၾကသည္ ၊ ေၾကးနန္းလမ္းဆင္းသည္ ေတာင္ၾကားလမ္းေလးကို ေခၚဆိုခ်င္းျဖစ္သည္၊ ေတာင္ကမ္းပါးယံတြင္ ႏြယ္ပင္မ်ား ေပါက္ေရာက္ေနကာ ‌လမ္း၏ အက်ယ္သည္ လွည္းတစီးသြား႐ုံမွ်ျဖစ္သည္ ။ယခု ထိုေတာင္ၾကားလမ္းေလးထဲ သို႔ ဦးဖိုးေဝ ႏွင့္ သူရိယ လမ္းေလွ်ာက္ေနၾကသည္ ၊ ထိုအခ်ိန္ ႏြားေအာ္သံမ်ား ဆူညံစြာ ထြက္ေပၚလာသည္ ၊ လွည္း တစီးသာ သြားလို႔ရၿပီး ေတာင္ကံပါးယံတို႔က မက္ေစာက္ လြန္းလွသည့္ ေတာင္ၾကားလမ္းထဲဝယ္ ၊ ဦးဖိုးေဝတို႔ ေတာင္ၾကားလမ္း အလယ္သို႔ ေရာက္ရွိ‌ေနၿပီျဖစ္၏။ ထိုအခ်ိန္ ႏြားေအာ္သံမ်ား ပဲ့တင္ေနေလရာ သူရိယသည္ ဦးဖိုး‌ေဝကိုၾကည့္လိုက္ၿပီး
“အဘ က်ေနာ္တို႔ကို အေကာက္ႀကံ ၾကၿပီထင္တယ္ ”
“လူမိုက္‌ေတြက လူမိုက္အလုပ္ လုပ္ၾကမွာေပါ့ကြယ္ ”
“ဟုတ္ပါတယ္ အဘ လူမိုက္ေတြေနာင္တ ရဖို႔ ဆိုတာ လမ္းမျမင္ပါဘူး”
ဦးဖိုးေဝ ႏွင့္ သူရိယ စကားေျပာေနစဥ္ သူတို႔၏ အေရွ႕ ႏွင့္ အေနာက္မွ ႏြား႐ိုင္း မ်ား ေျပးဝင္လာၾကသည္ ထိုအခါ ဦးဖိုးေဝႏွင့္ သူရိယသည္ လမ္းတဖက္ တခ်က္ကို လွည့္လိုက္ၿပီး သူတို႔ဆီေျပးဝင္လာေသာ ႏြားမ်ားကို စူးဆိုက္ၾကည့္ လိုက္ရာ ေတာင္ၾကားလမ္း အေနာက္ဘက္ အေရွ႕ဆုံးမွ ေျပးလာေသာ ႏြားမ်ားသည္ ႐ုတ္ခ်ည္ ရပ္တန႔္သြားၿပီး သူရိယကို စူးဆိုက္ၾကည့္‌ေန၍ ၿငိမ္သြားသလို ေတာင္ၾကားလမ္း အ‌ေရွ႕ဘက္မွ ေျပးလာေသာ ႏြားမ်ားသည္လမ္း ဦးဖိုးေဝကို ေတြ႕ေသာ အခါ ႐ုတ္ခ်ည္ ရပ္တန႔္လိုက္ၿပီး ၿငိမ္ေနေလသည္ ထို႔ေနာက္ အေနာက္ကို တျဖည္းျဖည္း ျပန္ဆုတ္ကာ လွည့္၍ ျပန္ေျပးကုန္ၾကပါ‌ေလေတာ့သည္။
▪️အခန္း-၂
ႏြားမ်ား မရွိေတာ့၍ ဦးဖိုးေဝ ႏွင့္ သူရိယ ေတာင္ၾကားလမ္းေလး အတိုင္း လမ္းေလွ်ာက္ေနၾကသည္ ထိုလမ္း အလယ္တြင္ေတာ့ ႏြားမ်ားနင္းခံ ထားရ၍ တအင္းအင္း ႏွင့္ ညည္းညဴၿပီး လဲေနေသာ လူ ႏွစ္ေယာက္ကို ေတြ႕ရသည္ ၊ဦးဖိုးေဝႏွင့္ သူရိယ ထိုလဲေနေသာ လူမ်ား အနားေရာက္ေသာအခါ
“က်ဳပ္ က်ဳပ္တို႔ကို ကယ္ပါဦး က်ဳပ္တို႔ အ႐ိုးေတြ က်ိဴးကုန္ၿပီ ထင္ပါတယ္ဗ်ာ ”
သူရိယသည္ ထိုသူမ်ားကို ေသခ်ာၾကည့္လိုက္သည္ ဦးစံတင္၏ တပည္မ်ားျဖစ္ေန‌သည္ကို မွတ္မိေသာ အခါ ဦးဖိုးေဝကို ၾကည့္လိုက္ၿပီး
“အဘ ဒီလူေတြက ဦးစံတင္ရဲ႕ တပည္ေတြ ”
“အင္း ငါတို႔ရဲ႕ ရန္သူဆိုလို႔ သူတေယာက္ပဲ ရွိတာကို ”
“က်ေနာ္ တို႔ ဒီလူေတြကို ဘယ္လို လုပ္မလဲ အဘ ”
“သစ္ပင္ ရိပ္ကို ေ႐ႊ႕ေပးထားၾကတာေပါ့ ႏြားလွည္း တစီး‌တေလ လာရင္ေတာ့ သူတို႔ကံေကာင္းမယ္ထင္ပါတယ္ မလာခဲ့ရင္ေတာ့ သူတို႔ထိုက္နဲ႔သူတို႔ကံပဲေပါ့ ”
ဦးဖိုးေဝ၏ စကား‌ၾကားရေသာ အခါ သူရိယည္ ဦးဖိုးေဝအားၾကည့္ေန‌ေလ၏ ၊ သူရိယ ၾကည့္သည့္ အဓိပၸါယ္ကို သတိထားမိေသာ ဦးဖိုးေဝသည္
“လူေလး တို႔မ်ား ျမတ္စြာဘုရားရွင္ရဲ႕ လက္ဝဲေတာ္ရံ အရွင္မဟာေမာဂၢလာန္ေထရ္ ‌ေတာင္ ဝဋ္‌ေႂကြးရွိရင္ ေရွာင္လႊဲလို႔ မရေပဘူး ဒီလူမိုက္ေတြရဲ႕ ဝဋ္‌ေႂကြးကိုလည္း အဘတို႔ မျမင္ႏိုင္ဘူ း အဲ့ေတာ့ လွည္းလာခဲ့ရင္ သူတို႔ရဲ႕ ကံပဲ အဘတို႔ တင္ေပးလိုက္ၾကတာေပါ့ ”
ဦးဖိုးေဝသည္ ႏြားမ်ား အနင္းခံ အေဝွ႔ခံထားရေသာ ဦးစံတင္၏ တပည္ေလးေယာက္အား ၾကည့္၍ စကားဆိုေနေလသည္ ၊ ထိုေလးေယာက္ထဲမွ အနာတရ အနည္းဆုံးေသာ သူသည္ ဦးဖိုးေဝအားညႇိဳးငယ္ေသာ မ်က္ႏွာထားႏွင့္ ၾကည့္ကာ
“က်ဳပ္တို႔ ေနာင္တရပါၿပီ က်ဳပ္တို႔ကိုကယ္ပါ ဆရာႀကီး စံတင္ ဘယ္မွာ ရွိတယ္ဆိုတာ ေျပာျပပါမယ္ ”
“ငါတို႔က မင္းတို႔ ဆရာႀကီးဘယ္မွာရွိတယ္ဆိုတာ မသိခ်င္ပါဘူး မင္းတို႔ကံေကာင္းရင္ လွည္းလာမေပါ့ ဒါနဲ႔ မင္းတို႔ ဘယ္က ႏြားေတြကို ေမာင္းလာတာလဲ ”
“ဟို ဟို မီးပူ႐ြာ စားက်တ္က ႏြားေတြပါ”
“ႏြားေတြကေတာ့ သူ႔စားက်တ္သူ ျပန္ေရာက္မယ္ထင္ပါတယ္ ေလ ”
“က်ဳပ္တို႔ကို ကယ္ပါ ျပစ္မထားပါနဲ႔ ”
ဦးဖိုးေဝသည္ မ်က္ႏွာ လႊဲ၍ ေနေလရာ သူရိယပင္ ဦးဖိုးေဝအားနားမလည္ႏိုင္ျဖစ္ေနရသည္ ၊ ထိုစဥ္ ေတာင္းၾကားလမ္းထဲမွ ႏြားခေလာက္သံေပၚလာေလသည္၊ ထိုႏြားခေလာက္သံကို ၾကားေသာအခါ သူရိယသည္ အသံလာရာ ဆီသို႔ လမ္းေလွ်ာက္သြား‌‌ေလ‌ေတာ့သည္ ၊ မၾကာေသာ အခ်ိန္တြင္ လွည္းတစီး ႏွင့္ လွည္းရဲ႕ ေနာက္တြင္ သူရယ လမ္းေလွ်ာက္လာသည္ သူရိယသည္ လွည္းသမားအား စကားမ်ားေျပာေနသည္ လွည္း‌သမားသည္ ေခါင္းကို တြင္တြင္ ညိတ္ၿပီးသာ ေျဖၾကားေန‌ေလသည္ ၊မၾကာေသာ အခ်ိန္တြင္ ဦးဖိုး‌‌ေဝတို႔ အနားသို႔ လွည္းေရာက္လာေသာအခါ သူရိယမွ ဦးဖိုးေဝအား
“အဘ ဒီက လွည္သမားက မီးပူ႐ြာကတဲ့ အဲ့တာ ဒီလူေလးေယာက္ကို ေခၚသြားခိုင္းရမလား ”
“ဒီလူမိုက္ေတြက ဘယ္ကလည္း ေမးစမ္းပါဦးလူေလးရဲ႕ ”
“ဟုတ္ကဲ့ အဘ က်ေနာ္ေမးလိုက္ပါမယ္ ”
သူရိယသည္ လဲသူလဲ သစ္ပင္ကို မွီသူ မွီေနၾကေသာ လူေလးေယာက္အား ေသခ်ာၾကည့္ကာ
“ခင္ဗ်ား တို႔က ဘယ္႐ြာကလဲ ”
“က်ဳပ္တို႔က ဒီနယ္ကမဟုတ္ပါဘူး တျခားနယ္ကပါ ”
“အဲ့တာဆို က်ဳပ္က ဘယ္လို လုပ္ေပးရမွာလဲ ”
“က်ဳပ္တို႔ ဆရာႀကီးေနတဲ့ ေနရာကို သိပါတယ္ အဲ့ကို ပို႔ေပးလို႔ရမလား ”
“ဘယ္ေလာက္ေဝးလဲ ”
“တ‌ရက္ေလာက္သြားရင္ ရပါတယ္ အခု ခ်ိန္သြားမယ္ ဆို မနက္မိုးလင္းေရာက္ႏိုင္ပါတယ္ ”
စကားေျပာႏိုင္ေသာ ဦးစံတင္ တပည္မွ သူရိယအား ထိုသို႔ ေျပာေနသည္ကို ေဘးမွ ‌ေန၍ သူတိ့အားၾကည့္ေနေသာ ဦးဖိုး‌ေဝသည္၊
“ငါတို႔ လိုက္ပို႔ရင္ မင္းဆရာႀကီးက ငါတို႔ကို‌ေတြ႕ရင္ေျပးမွာေပါ့ ”
“မေျပး ႏိုင္ပါဘူး ဆရာႀကီးက အဲ့ဒီမွ သူကို ရန္ျပဳဖို႔ခက္ခဲေအာင္ လုပ္ထားတယ္ ”
“ေအာ္ မင္းတို႔က အခု ထိ မင္းတို႔ဆရာႀကီးကို အထင္ႀကီးေနတုန္းကိုကြ ကဲ ထားပါ လွည္းသမားကို ေျပာၾကည့္ ေပါ့”
ဒဏ္ရာ ရေနၾကေသာ ဦးစံတင္ တပည္မ်ားထဲမွ ဒဏ္ရာ မမ်ားေသာ သူသည္ လွည္း သမားဘက္လွည့္ကာ
“လွည္းသမား ငါတို႔ကို လိုက္ပို႔ေပးစမ္း မင္းအတြက္ ေငြ မနည္းေစရဘူး ဟိုေရာက္ရင္ ေပးမယ္ ”
လွည္းသမားသည္ တခ်က္ၿပဳံးလိုက္ၿပီး သူ၏ ႏြားမ်ားကို ႀကိမ္ႏွင့္ တို႔ကာ
“ဟဲ့ ႏြားသြားစမ္း အလကား အခ်ိန္ ဖင့္တယ္ ”
လွည္းသမားသည္ သူ၏ လွည္းကို စတင္ ေမာင္းလိုက္ခ်ိန္ သူရိယသည္ လွည္းသမားအနား သြားလိုက္ၿပီး
“ဦးေလးရယ္ ဒီလူေတြက အေျပာမတက္ အဆို မတက္ေတြ မို႔ပါ လူ႔အသက္ ကယ္ ေကာင္းပါတယ္ ဗ်ာ”
“ငါ့တူ မင္းေကာက္ေတြကိုလည္း ၾကည့္ဦးေလ လူေတြက ေသကာနီးေနတဲ့ ပုံနဲ႔ ငါ့ကို မ်ား ေငြနဲ႔ ေပးခိုင္းရင္ ရမဲ့သူထင္ေနတာ”
“ဇိဝိတဒါန လို႔ သေဘာထားပါ ဦးေလးရာ သူတို႔ မိုက္ျပစ္ သူတို႔ ခံရပါ လိမ့္မယ္ ”
ထိုအခါမွ လွည္းသမားသည္ သက္ပ်င္းရွည္ တခ်က္ကို ခ်လိုက္ၿပီး
“ဦးေလး မင္းကို ေလးစားလို႔ ပို႔ေပးမယ္ ဒါနဲ႔ ဒီလူေတြနဲ႔ ငါ့တူ ဘယ္လို ပတ္သက္တာလဲ ”
“,ဘာမွ မပတ္သက္ပါဘူးဗ်ာ ဒီလူေတြက က်ေနာ့္ နဲ႔ ေဟာ့ဟိုက က်ေနာ့္ရဲ႕ အဘကို ‌ဟိုေတာင္ၾကားလမ္းထဲ သြားေနတုန္း ႏြား႐ိုင္းေတြ ေမာင္းသြင္းတဲ့သူေတြပါ”
“ငါ့တူတို႔ကို ရန္ျပဳတဲ့ သူေတြပဲ ”
“အခုေတာ့ သူတို႔ အကုသိုလ္ နဲ႔ သူ‌တိူ႔ မေသ႐ုံ တမယ္ ဒဏ္ရာေတြနဲ႔ေပါ့ ဒါေပမဲ့ က်ေနာ္ ဝမ္းမသာႏိုင္ပါဘူးဗ်ာ ”
“ေအးကြာ မင္းရဲ႕ ေစတနာကို တန္ဖိုးထားလို႔ ပို႔ေပးမယ္ ကဲ အဲ့လူေတြကို တင္ၾကတာေပါ့ ”
သူရိယ ႏွင့္ လွည္းသမားသည္ ဒဏ္ရာ မ်ားရေနၾကေသာ ဦးစံတင္၏ တပည္မ်ားအား လွည္းေပၚတင္ေပးလိုက္ၾကသည္ ထိုေနာက္ လွည္းသမားသည္ ဦးစံတင္ တပည္ ေျပာေသာ လမ္းသို႔ လွည္းကို ေမာင္းလိုက္သည္ ၊ လွည္း၏ ေနာက္တြင္ ေတာ့ ဦးဖိုးေဝ ႏွင့္ သူရိယ လမ္းေလွ်ာက္၍ လိုက္သြားၾကပါေလေတာ့သည္။
▪️အခန္း-၃
အင္မတန္ က်ယ္ဝန္းေသာ ၿခံႀကီး တၿခံတြင္ ျဖစ္သည္၊ ထိုဦးၿခံႀကီးသည္ က်ယ္ဝန္းၿပီး ႏွစ္ရွည္သီးပင္စားပင္မ်ား စိုက္ထားၿပီး လွည္းတစီးဝင္လို႔ရသည့္ လွည္းလမ္းေလးသာ အလယ္တြင္ ရွိသည္ ထိုလွည္းလမ္းေလးအတိုင္း ဆက္သြားပါက ေရနံေခ်းမ်ားဝေနေသာ ပ်ဥ္ေထာင္ပ်ဥ္ခင္း အိမ္ႀကီးတလုံးရွိသည္ ၊ ထိုအိမ္ႀကီးသည္ ဦးစံတင္၏ အိမ္ႀကီးျဖစ္၏ ၊ အိမ္ႀကီးသည္ ေရနံေခ်းမ်ား ဝ၍ မဲနက္ေနသလို အိမ္းေဘးတြင္ ရွိသည့္ ႀကီးမားလွေသာ အပင္ႀကီးမ်ား၏ အရိပ္ေၾကာင့္ ေန႔ခင္း ျဖစ္လင့္ကစား ေမွာင္ရိပ့္က်ေနေလသည္ ၊ အိမ္ ပတ္လည္‌တြင္‌ေတာ့ ဦးစံတင္၏ တပည္မ်ား တုတ္၊ဓား ၊လွံတံ မ်ားကိုင္ၿပီး ေစာင့္ေနသလို ၿခံႀကီးအဝင္တြင္လည္း သူ၏ တပည္မ်ား အေတာ္မ်ား မ်ား ေစာင့္ၾကပ္ေနၾကသည္ ၊ ထိုၿခံဝအနားသိူ႔ လွည္းတစီးဆိုက္ေရာက္လာ‌ေလသည္ ထိုလွည္းသည္ သူရိယ အကူညီေတာင္းထားေသာ ဦးစံတင္၏ ဒဏ္ရာ ရေနသည့္ တပည့္မ်ားကို တင္ေသာ လွည္းျဖစ္သည္ ၊ ၿခံဝ တြင္ ေစာင့္ေနေသာ လူမ်ားသည္ လွည္းကို ျမင္ေသာ အခါ ကိုင္ထားေသာ ဓားမ်ား လွံမ်ားကို လွည္းသမားအား ခ်ိန္ ႐ြယ္ လိုက္ၿပီး
“ေဟ့ ဘယ္သူလဲ ”
“ငါ ငါ တို႔ပါ ကြ ငါ သိန္းၿမိဳင္ပါ ”
“ေဟ့ သိန္းၿမိဳင္ ဘယ္လို ျဖစ္တာလဲ မင္းကို ဆရာႀကီးက ဟိုလူေတြကို ရွင္ဖို႔တာ‌ဝန္ေပးထားတာ မဟုတ္လား ”
“အဲ့ဒီလူေတြက ေနာက္မွာ အခု ငါတို႔က ‌ေေသေတာ့မယ္ ငါတို႔ အကုန္လုံး ဒဏ္ရာေတြ ၾကည့္ပဲ ငါ့ေျခာက္ေထာက္ဆို က်ိဳးေတာင္က်ိဳးေနၿပီ ဒီကိုလာၾကည့္ က်န္တဲ့ေကာင္ေတြ ရဲ႕ ပုံစံေတြကို ေကာ ”
သိန္းၿမိဳင္ဆိုသူသည္ ၿခံဝတြင္ ရွိေသာ ဦးစံတင္၏ တပည္ သူ၏ အသိမိတ္ေဆြမ်ားကို ေျပာလိုက္ရာ ထိုလူမ်ားလွည္းေပၚလာၾကည့္ၿပီး
“ေဟ့ေကာင္ ဆရာႀကီးကို ခ်က္ခ်င္းသြားေျပာ သိန္းၿမိဳင္တို႔ အဖြဲ႕ ဒဏ္ရာေတြရထားတယ္ လို႔ ”
သိန္းၿမိဳင္သည္ ဦးစံတင္အား သြားေျပာခိုင္းေသာ သူအား ၾကည့္ကာ
“လွဝင္း ငါတို႔ကို တခါတည္း ဝင္ခြင့္ေပးၿပီး ေဆးကုေပးေတာ့ေလကြာ ”
“ဆရာႀကီးက ဘယ္သူလာလာ ဝင္ခြင့္ မေပးနဲ႔ဆိုလို႔ေလ ”
“ငါက သူတပည္ပါကြ သူအက်ိဳးေတြကို မိုက္မိုက္ကန္းကန္း လုပ္ေပးတဲ့သူေတြပါ ကြာ “,
“သိန္းၿမိဳင္ အမွန္တိုင္းေျပာမယ္ကြာ ဆရာႀကီးက ငါတို႔ကို ဒဏ္ရာ ႀကီးႀကီးမားမား ရထားတဲ့ သူေတြကို ငါတို႔ဂိုဏ္းက ထုတ္ျပစ္လိုက္ၿပီတဲ့ကြ ”
“ဘာ မင္းဘာေျပာတယ္ ”
သိန္းၿမိဳင္သည္ အထိတ္တလန႔္ ၿခံဝမွ လွဝင္းအား ေျပာေလသည္ ၊ သိန္းၿမိဳင္နည္းတူ ဒဏ္ရာ ဗလပြႏွင့္ အေျခအေန ဆိုးေနေသာ လူမ်ားသည္ အံဩထိတ္လန႔္ကာ ေနာင္တရေနသည့္ မ်က္ႏွာမ်ား ျဖစ္ကုန္ၾကသည္၊ ထိုစဥ္ လွဝင္း မွ ဦးစံတင္ကို သြားေျပာခိုင္းေသာ သူသည္ ျပန္လည္ေရာက္ရွိလာသည္ ထိုလူသည္ လွဝင္းကို ၾကည့္ကာ
“ကိုလွဝင္း ဆရာႀကီးက ေျပာတယ္ လမ္းေလွ်ာက္ႏိုင္သူသာ ၿခံထဲ အဝင္ခံပါတဲ့ က်န္တဲ့ သူေတြကို ဂိုဏ္းက ထုတ္ပစ္လိုက္ၿပီ တဲ့ ”
“ေအးေအး ”
လွဝင္းသည္ အံဩသည့္ မ်က္ႏွာ မရွိပါ သူသည္ ဦးစံတင္ကို သေဘာမက် ေပမဲ့ သို႔ေပမဲ့ သူ၏ မိသားစုအား ဒုကၡေပးမည္ ဆိုးေသာ ေၾကာင့္ အလုပ္ဝင္လုပ္ေနရသူျဖစ္သည္ ၊ ယခု ဒဏ္ရာ ရေန‌သူမ်ားသည္ ဦးစံတင္၏ အက်ိဳးကို စိတ္ေရာကိုယ္ပါ ျပဳလုပ္ေပးသည္ ျဖစ္ၾကသည္ ၊ သိန္းၿမိဳင္သည္ ဦးစံတင္မွ တာဝန္မဲ့ စကားဆိုေလရာ မယုံႏိုင္ဟန္ျဖစ္ လွဝင္းကို ၾကည့္ကာ
“လွဝင္း ျပန္ေမးခိုင္းပါဦး ကြာ ဟုတ္ေကာ ဟုတ္လို႔လားလို႔ ငါ ငါတို႔က ဆရာႀကီး အက်ိဳးအတြက္ ဆို အသက္ေတာင္ မငဲ့ ပဲ လုပ္တဲ့ေကာင္ေတြပါကြာ ”
“မင္းတို႔က သူ႔အက်ိဳးအတြက္ လုပ္တာေလ အခု သူရဲ႕ အက်ိဳးကို မင္းတို႔ မထမ္း ႏိုင္ေတာ့ သူက ဘယ္ အလိုရွိေတာ့ မွာလဲ ငါလည္း စိတ္မေကာင္းပါဘူးကြာ တေန႔ငါလည္း မင္းတို႔ဘဝ ေရာက္မဲ့သူပါပဲကြာ ”
“အင္း ကို႔ရဲ႕ မိသားစုအတြက္ ကာကြယ္ ဖို႔ မိုက္ေပးတဲ့သူလည္း ရွိေသးတာကို ”
ဦးစံတင္၏ တပည္ လွဝင္း၏ စကားဆုံသည္ႏွင့္ လွည္းေနာက္မွ ဦးဖိုးေဝ၏ အသံေပၚလာသည္၊ ထိုအခါ ၿခံဝ မွ ဦးစံတင္ တပည္မ်ားသည္ တုတ္ ၊ဓား ၊လွံတံမ်ားကို ကမန္းကတန္း ခ်ိန္႐ြယ္ လိုက္ၿပီး
“ေဟ့ ခင္ ခင္ဗ်ားက ဦးဖိုးေဝဆိုတဲ့ လူႀကီးလား ”
“ေအးေလကြာ မင္းတို႔ဆရာ ႀကီးကို သြားေျပာလိုက္စမ္းကြာ ငါလာတယ္လို႔ ”
“ေျပာ စရာမလိုဘူး က်ဳပ္တို႔ ဆရာႀကီးက ခင္ဗ်ားကို လာရင္ အေသသတ္ခိုင္းထားတယ္။ ေဟ့ေကာင္ေတြ ဘာေငးေနတာလဲ ခ်ၾကေလ ”
တခ်ိဳ႕သူမ်ားသည္ အားႀကိဳးမာန္တက္ ဦးဖိုးေဝ ႏွင့္ သူရိယအား တိုက္ခိုက္ ရန္ ျပင္ဆင္ေနၾကေပမဲ့ လွဝင္း အပါအဝင္ တခ်ိဳသူမ်ားသည္ ရန္လိုေသာ သူမ်ား၏ အေနာက္သို႔ ဝင္ သြားၾကသည္ ၊ ဦးစံတင္၏ အက်ိဳးကို လိုလားေသာ လူမိုက္မ်ားသည္ တုတ္ဓားမ်ား ျဖစ္ လွည္း ေနာက္ရွိ ဦးဖိုးေဝ တို႔အနားသြား‌ေနၾကခ်ိန္ သူရိယသည္ လွည္း သမားအား အျမန္ ျပန္လွည့္ေစ၍ မလွမ္း မကမ္း တြင္ ေစာင့္ေနခိုင္းလိုက္သည္ ။
ထို႔ေနာက္ သူရိယသည္ အရိပ္ပမာ လ်င္ျမန္စြာ လႈပ္ရွားသြားၿပီး သူတို႔အား ရန္ျပဳသူမ်ား၏ လက္ထဲမွာ ဓားမ်ား တုတ္မ်ား လွံတံမ်ား ေျမျပင္သို႔ ျပဳတ္က်ကုန္ေတာ့သည္ ၊ ဦးဖိုးေဝသည္ လက္ေနာက္ျပစ္ၿပီး ကြမ္းကို ဝါးကာ မတ္တတ္ရပ္လို႔ ရန္ျပဳသည့္ ဦးစံတင္တပည္မ်ားအား ၿပဳံး၍ၾကည့္ေနေလသည္ ၊ ထိုအခါ ရန္ျပဳတိုက္ခိုက္သည့္ ဦးစံတင္ တပည့္မ်ားသည္ ဦးဖိုးေဝအား မယုံၾကည္ဟန္ၾကည့္ေနစဥ္ ဦးဖိုးေဝအနားသို႔ သူရိယသည္ အရိပ္တခုပမာ လ်င္ျမန္စြာ ျပန္ေရာက္လာၿပီး မတ္တတ္ရပ္ေန၏ ၊
“ဟာ လူေတြ မဟုတ္ဘူး သ သရဲေတြ ဆရာႀကီး ဆီ ေျပးၾကေဟ့ ဆရာႀကီး ဆီေျပးၾက ”
“ဟုတ္တယ္ ေဟ့ ေျပးၾက”
ရန္ျပဳတိုက္ခိုက္ၾကသူမ်ားသည္ ၿခံႀကီးထဲသို႔ ဝင္ေျပးကုႏ္ုေတာ့သည္ ၊ ဦးဖိုးေဝတို႔အား ရန္ျပဳခ်င္မရွိသည္ျ လွဝင္းအမည္ရေသာ ဦးစံတင္ တပည္ ႏွင့္ က်န္သူမ်ားသည္ ဦးဖိုးေဝေရွ႕တြင္ ဒူးေထာက္လက္အုပ္ခ်ီလိုက္ၿပီး
“ဆရာႀကီး က်ဳပ္တို႔က မတက္သာလို႔ သူရဲ႕ လက္ေအာက္မွာ ေန ေနရတာပါ တျခားသူေတြ ဒုကၡေရာက္ေအာင္ က်ဳပ္တို႔ မလုပ္ဘူးပါဘူး ဦးစံတင္က လုပ္ခိုင္းရင္ေတာင္ က်ဳပ္တို႔ အေၾကာင္းမ်ိဳးမ်ိဳးျပၿပီး ေရွာင္ဖယ္ ခဲ့ပါတယ္ က်ဳပ္တို႔ကို ခႊင့္လႊတ္ပါ ”
“အင္း မင္းတို႔ရဲ႕ မိသားစုေတြ ဒုကၡ မျဖစ္ေစရဘူးလို႔ ငါတာဝန္ယူတယ္ အခုေတာ့ မင္းတို႔ရဲ႕ လက္နက္ေတြကို ထားခဲ့ ၿပီး ဟို နားက လွည္ေပၚက လူေတြကို ေဆးကုဖို႔ေခၚသြားၾကေတာ့ လူမိုက္ေတြကေတာ့ မၾကာခင္ လူမိုက္တို႔ သြားရလမ္းကို သြားရေတာ့မယ္ မင္းတို႔ ေတြရဲ႕ မိသားစုေတြဆီျပန္ ဘယ္ေတာ့မွ မေကာင္းတာေတြ မလုပ္ၾကေတာ့နဲ႔ၾကားလား”
“ေက်း ေက်းဇူးႀကီးလွပါတယ္ ဆရာႀကီး က်ဳပ္တို႔ မိသားစုေတြ ဘာမွ မျဖစ္ပါဘူးေနာ္ ”
“ဒီေန႔ စံတင္ရဲ႕ နိဂုန္း ပဲ ”
“ဟုတ္ကဲ့ပါ ဆရာႀကီး က်ဳပ္တို႔ ေကာင္းေကာင္းမြန္မြန္ေနပါမယ္ ”
မိသားစုမ်ားကို အနာတရ ျဖစ္မွာ မလိုလားေသာ ေၾကာင့္ ဦးစံတင္၏ တပည္မ်ားျဖစ္လာသူမ်ားသည္ ၊ ဦးဖိုးေဝကို ဦးခ် ႏုတ္ဆက္ၿပီး ဒဏ္ရာ ရထားေသာ လူမ်ားတင္ထားေသာ လွည္းအနားကို သြားလိုက္ၾကပါ‌‌ေတာ့သည္ ၊ ဦးဖိုးေဝ ႏွင့္ သူရိယသည္ ဦးစံတင္ တပည္မ်ား ဖြင့္ထားလိုက္သည့္ တံခါးေပါက္မွ ၿခံ အလယ္တြင္ရွိေသာ ဦးစံတင္အိမ္ႀကီးဆီ ေျခလွမ္းျပင္လိုက္ၾကပါေလေတာ့သည္ ။
▪️အခန္း-၄
ဦးစံတင္သည္ ကိုေဇာ္အား ေငါက္ငမ္းေနေလသည္ ၊ အေၾကာင္းသည္က သမီးျဖစ္သူႏွင့္ ေပးစားထား‌ေပမဲ့ သမက္ျဖစ္ ကိုေဇာ္မွာ သူအတြက္ ဘာမွ အားမကိုးရ၍ ျဖစ္သည္ ၊
“အလကားေကာင္ ေနတိုင္း စားလိုက္အိပ္လိုက္နဲ႔ ဘာမွ အားမကိုးရဘူး မင္းကို ငါ့သမီးနဲ႔ ေပးစားမိတာ ငါမွားတယ္ အခု မင္းပေထြး ဖိုးေဝ လာေနၿပီ အခု မင္းဘာလုပ္ေပးႏိုင္လဲ ေျပာ ”
“ဆရာႀကီးေတာင္ ဘာမွ မတက္ႏိုင္တာ က်ဳပ္က ဘယ္လိုလုပ္တက္ႏိုင္မွာလဲ ဗ်”
“ေတာက္ ဒီေခြးမသားက ငါေတာင္ ျပန္ေျပာ ေနပါလား ကဲ ဟယ္ ကဲဟယ္ ”
ဦးစံတင္သည္ ကိုေဇာ္အား ေဘး‌တြင္ ရွိေသာ ေတာင္ေဝွးႏွင့္ ေက်ာျပင္အား ႐ိုက္ေလေတာ့သည္ ၊ ကို‌ေဇာ္မွာ ေအာ္ညည္းခ်င္းမရွိ အံႀကိတ္၍ သာ ေပေတခံေနေလသည္ ၊ ထိုအခါ ဦးစံတင္သည္
“ေတာက္ အရည္ကလည္း ႏြားလိုပဲ ထူတဲ့ေကာင္ အလကားေကာင္ ငါ႐ိုက္ရတာ ငါ့လက္ပဲ နာတယ္ ”
“အေဖ ‌ေျပာမေနစမ္းပါနဲ႔ သမီးေျပာပါတယ္ ဒီေကာင္က အလကားေကာင္ပါဆို ”
“ေအး ငါက လက္ဦးတပည္ေတြမို႔ အားကိုးရမလားေအာင့္ေမ့ အလကား ဆန္ကုန္‌ေျမေလးေကာင္ အလကား တိရိစာၦန္မသား ”
ကိုေဇာ္သည္ အံကို ႀကိတ္လို႔သာ ေနေလသည္ ၊ ေက်ာကို အ႐ိုက္ခံရ၍ နာသည္ထက္ သူ၏ မိခင္ကို ေစာ္ကားေသာ စကားမ်ားသည္သာ အသဲႏွလုံးထဲထိ နာက်င္ေနေစသည္ ၊ထိုအခ်ိန္ ၿခံဝ မွ ေျပးလာေသာ ဦးစံတင္တပည္မ်ားသည္ ေအာ္ဟစ္ၿပီး ေရာက္လာၾကေလသည္
“ဆရာႀကီး ဟို ဟိုလူေတြက လူမဟုတ္ဘူး က်ဳပ္ တို႔ မ မႏိုင္ဘူး ဆရာႀကီး ”
“ေတာက္ အလကားေကာင္ေတြ ‌”
ဦးစံတင္သည္ ေျခကို တခ်က္ေစာင့္ လိုက္ရာ ၿခံဝ မွ ေျပးလာေသာ သူ၏ တပည္မ်ား ပါးစပ္မွ ေသြးမ်ားအံထြက္ကာ ေျမျပင္ေပၚသို႔ လဲက်ေသဆုံးကုန္ၾကသည္ ၊ ထို‌့ေနာက္ ဦးစံတင္သည္ သူ၏ အိမ္ေရွ႕တြင္ စု႐ုံးေနၾကေသာ တပည္မ်ားအား စူးရဲစြာၾကည့္ကာ
“ေဟ့ေကာင္ေတြ မင္းတို႔ ဒီက ငတုံးေတြကို ၾကည့္ထားၾက လက္နက္ခ်ၿပီး ျပန္ေျပးလာရင္ မင္းတို႔ေကာင္ေတြ လည္းသူတို႔ေနာက္ လိုက္သြားၾကရမယ္ ငါရဲ႕ စံတင္ဂိုဏ္းက လူသားေတြ အက်ိဳးျပဳဖို ‌တည္ေထာင္းထားတာ အခု ငါ့ရဲ႕ ဂိုဏ္းကို မင္းတို႔ေတြ ကာကြယ္ၾက ၾကားလား အခု သြားၿပီး ဖိုးေဝဆိုတဲ့ ေကာင္ကိုသတ္ၾက ျပန္ေျပးလာတဲ့ ေကာင္ကို ဒီေကာင္ေတြေနာက္ကို ပို႔ျပစ္မယ္ ”
ဦးစံတင္သည္ တပည္မ်ားကို သူ၏ ေရွ႕မလွမ္းမကမ္းတြင္ ပါးစပ္ထဲ မွ ေသြးမ်ား တပြက္ပြက္ အမ္ၿပီးေသဆုံးေနေသာ သူ႔တပည္မ်ားကို ျပၿပီး စကားဆိုလိုက္ရာ အသက္ရွင္က်န္ေသာ တပည္မ်ားအားလုံး ေၾကာက္လန႔္ေနၾကသည္ ၊ သူတို႔၏ ဘဝသည္က ေရွ႕တိုးလည္း ေသေနာက္ဆုတ္လည္းေသၾကရမည္ဘဝ မ်ားျဖစ္ေနၾကသည္ ၊ သနား ၾကင္နာမႈမရွိ ယုတ္မာ႐ိုင္းစိုင္းစြာ အေၾကာက္တရားႏွင့္ အုပ္ခ်ဳပ္ေသာ ဦးစံ‌တင္အား သူ၏တပည္မ်ားမွ တုံေနေအာင္ေၾကာက္ၾကသည္၊ ဦးစံတင္သည္ သူ၏ ဂိုဏ္ဌာန ခ်ဳပ္ကို သူပိုင္ဆိုင္သည့္ ယခုၿခံက်ယ္ ႀကီးထဲတြင္ တပည္တပန္းမ်ားစြာ ႏွင့္ အထိုင္ခ်ထားသည္၊ ၾကာကန္႐ြာ ႏွင့္ တျခား ႐ြာမ်ားကို အႏိုင္က်င့္ ဗိုလ္က်ၿပီး သူ၏ အာဏာကို တည္ေစသည္ ၊ မိုက္ကမ္းေသာ လူမိုက္မ်ားကို တပည္အျဖစ္ေမြးသလို မိသားစုမ်ား၏ အသက္ကို ၿခိမ္းေျခာက္၍ တပည္မ်ားစုေဆာင္းထားသည္ ၊ ယခု ၾကာကန္႐ြာတြင္ေတာ့ သူ၏ အာဏာမရွိေတာ့‌ေပ ၊ ၾကာကန္ ႐ြာသူ ႐ြာသားမ်ား းသည္ ဦးဖိုးေဝ၏ အကူအညီႏွင့္ သူ၏ ပညာမ်ား တိုးမေပါက္‌ႏိုင္ေအာင္ ကာကြယ္ထားၿပီးျဖစ္သည္ ၊ ဦးဖိုးေဝသည္ ၾကာကန္႐ြာတြင္ သူအား ဒုကၡေပး႐ုံ သာမက ယခု သူ၏ ေနရာသို႔ ေရာက္လာၿပီျဖစ္ရာ ဆိူးထိတ္မႈ႕ေတာ့ျဖစ္ေနေလသည္ ၊ ဦးစံတင္သည္ ဦးဖိုးေဝအေၾကာင္း‌ေတြးကာ ေဒါသ အင္မတန္ထြက္လာၿပီး ဘာမဆိုင္ ညာမဆိုင္ သူရဲ႕ ေဘးတြင္ရွိေသာ ကိုေဇာ္ကို သာ ေတာင္ေဝွးႏွင့္ ႐ိုက္ေနပါေလ‌ေတာ့သည္ ။
▪️အခန္း
ဦးဖိုးေဝ ႏွင့္ သူရိယ ၿခံႀကီးအလယ္ရွိ လွည္းလမ္းအတိုင္း ဦးစံတင္၏ အိမ္သို႔ လမ္းေလွ်ာက္သြားေနသည္ ၊ ၿခံႀကီးသည္ က်ယ္ဝန္းသည္အတြက္ အိမ္ႀကီးသို႔ေရာက္ေအာင္ အေတာ္ လမ္းေလွ်ာက္‌ေနရသည္ မၾကာေသာအခ်ိန္တြင္ ဦးစံတင္၏ တပည္လူမိုက္မ်ားသည္ လက္နက္ မ်ားကို ကိုင္ကာ သူတို႔အနားသိူ႔ တဟုန္ထိုး ေျပးလာၾကသည္ ၊ ထိုအခါ ဦးဖိုးေဝ သည္ သူရိယကိုၾကည့္ကာ
“လူေလး ဒီတခါ အဘ ပညာေလး နည္းနည္းျပပါရေစကြာေနာ္ ”
“ဟုတ္အဘ ”
ဦးဖိုးေဝသည္ သူတို႔ဆီေျပးဝင္လာေသာ လူအုပ္ႀကီး သူတို႔ ႏွင့္ မလွမ္း မကမ္းသို႔ေရာက္ခ်ိန္ အနားတြင္ ရွိေသာ ေျမစာခဲမ်ားကို လက္ႏွစ္ဖက္ႏွင့္ ကုတ္လိုက္ကာ
“ဟဲ့ လူမိုက္ေတြ မင္းတို႔ ရဲ႕ လက္နက္ကိုင္ထားတဲ့လက္ေတြ သတိထားေဟ့ ”
ဦးဖိုးေဝသည္ ထိုသို႔က်ယ္ေလာင္စြာေျပာလိုက္ၿပီး ေျမခဲေလးမ်ားကို ပစ္လႊတ္လိုက္ရာ ဦးဖိုးေဝ ပစ္လႊတ္လိုက္ေသာ ေျမခဲမ်ားသည္ လူမိုက္မ်ား၏ ျမင္ကြင္းတြင္ ႏွစ္ဖက္ အသြားပါေသာ သံလ်က္ မ်ားအျဖစ္ေျပာင္းသြာေလေတာ့သည္ ၊ ေရွ႕ဆုံးမွ လူမိုက္မ်ားသည္ လန႔္ဖ်က္ကာ ငုံေရွာင္လိုက္ခ်ိန္။ အရွိန္ႏွင့္ ေျပးလာေသာ ေနာက္က လူမ်ား မွ တြန္းတိုက္မိ၍ အလဲလဲအကြဲကြဲ ျဖစ္ကုန္ၾကသလို ၊ သူတို႔၏ လက္မွ ကိုင္ထားေသာ ဓားမ်ား လွံမ်ားသည္ အခ်င္းခ်င္း ထိခိုက္ကုန္ရာ တိခ်ိဳ႕ အသက္ပင္ ကင္းမဲ့ ၾကကုန္ေတာ့သည္ ၊ ထိုအခ်င္း အရာကိုျမင္းေသာ ဦးဖိုးေဝသည္
“ဟဲ့ လူမိုင္ေတြ မင္းတို႔ကို ငါ သတ္တာ မဟုတ္ဘူးေနာ္ မင္းတို႔ရဲ႕ ေဒါသေၾကာင့္ ျဖစ္တာ ကဲ ထပ္မိုက္ဦးမယ္ ဆိုရင္ေတာ့ မင္းတို႔ရဲ႕ ငယ္ထိပ္ ေနရာကို သာ ေမာ့ ၾကည့္ေပေတာ့”
လူမိုက္မ်ားသည္ လဲက်ေနရာမွ အသက္ မေသေသာ သူမ်ားသည္ အေပါသို႔ေမာ့ၾကည့္လိုက္ရာ ဝင္းလက္ေနေသာ သံလ်က္မ်ားသည္ ျဖည္းညႇင္းစြာ လည္ ေနရင္း သူ႔၏ ေခါင္းမ်ားေပၚတြင္ ရပ္တည္ေနေလသည္ ၊ ထိုအခါ လူမိုက္မ်ားသည္ ေၾကာက္႐ြံ႕တုံလႈပ္ကာ
“က်ဳပ္တို႔ကို မသတ္ပါနဲ႔ က်ဳပ္တို႔”
လူမိုက္မ်ား၏ စကားမဆုံးခင္ သူတို႔၏ ပါးစပ္မ်ားမွ ေသြးမ်ားအံက်လာကာ လဲက်ေသဆုံးသြာေလသည္ ၊ ထိုအခါ ဦးဖိုးေဝသည္ သူရိယကိုၾကည့္ကာ
“ကဲ လူေလး သူရိယ ၾကည့္ထား သူ႔အတြက္ မကာကြယ္ေပးႏိုင္ရင္ သူ႔အတြက္ ဘယ္ေလာက္ အနစ္နာခံၿပီး အသက္ေပး ကာကြယ္ေပးတဲ့ သူမဆို ၾကက္ကေလး ငွက္ကေလးလို သတ္တက္တဲ့ အတၱသမားေတြ ရဲ႕ လုပ္ရပ္ကိုေပါ့ ”
“ဟုတ္တယ္အဘ ဒီထဲက လူေတြက သူ႔အတြက္ အသတ္အေသခံၿပီးတိုက္တာပါ လုံးဝ မႏိုင္ေတာ့မွ အရႈံးေပးတာကို ဒီလို လုပ္တာကေတာ့ ရက္စက္လြန္းပါတယ္ဗ်ာ ”
“လူေလးေရ ရက္စက္ တယ္ဆိုတာ သူတို႔အတြက္ေတာ့ ထင္းမင္းစား ေရေသာက္ေပေပါ့ ”
ဦးဖိုးေဝ ႏွင့္ သူရိယသည္ ဦးစံတင္၏ တပည္မ်ား၏ အေလာင္းမ်ားကို ေက်ာ္ျဖတ္ကာ သြားလိုက္၏ ထိုအခ်ိန္ သူတို႔ ေက်ာ္သြားေသာ အေလာင္းမ်ားဘက္မွာ က်ားေအာ္သံၾကားလာရ၍ ၊ ဦးဖိုးေဝႏွင့္ သူရိယသည္ ‌ေနာက္သို႔ ျပန္လွည့္ျပ‌ီးၾကည့္လိုက္ရာ ႀကီးမားလွေသာ က်ားႀကီးသည္ ေသဆုံးေနၿပီျဖစ္ေသာ ဦးစံတင္ တပည္မ်ား၏ အေလာင္းမ်ားထဲမွ အ‌ေလာင္းတေလာင္းကို ဂုတ္က ကိုက္ဆြဲၿပီး ဦးေခါင္းယမ္းခါေနသည္ ၊ ထို႔ေနာက္ က်ားႀကီး၏ ေနာက္မွ ပိုးသား အက်ႌဝတ္ ပုဂၢိဳလ္တေယာက္ ေပၚလာသည္ ထိုပဂၢိဳလိသည္ ဦးဖိုးေဝအား မ်က္ေထာင့္ နီႀကီးျဖစ္ၾကည့္ေနေလရာ ဦးဖိုးမွ ေခါင္းကို ညိတ္၍
“ေအာ္ သင္တို႔ နတ္စိမ္းေတြ ဆိုသည္မွာလဲ စုန္းကေဝ ပညာသည္ ေတြခိုင္းရင္ လူဆိုး လူေကာင္း နားမလည္ ဒုကၡေပးရတာပဲလား ဟဲ့ ”
“သင္က ဘယ္သူလဲ ငါ့ကိုမခန႔္ေလးစား စကားေတြ ဆိုေနတာ ”
“ဟဲ့ နတ္စိမ္း သင္ရဲ႕ က်ားကိုေခၚၿပီ သင့္ရဲ႕ ဘုံကိုျပန္ေတာ့ ”
“ငါကို ဆရာႀကီးစံတင္က နင့္ကို သတ္ဖို႔ခိုင္းတာတယ္ ဟဲ့ ”
“တယ္လည္း ခက္တဲ့ နတ္စိမ္းပဲ ကဲ သင္ရဲ႕ မိုက္ျပစ္သင္ ခံ‌ေပ‌ေတာ့”
ဦးဖိုးေဝသည္ ထိုမွ်သာ ေျပာၿပီး သူ၏ လက္ႏွင့္ နတ္စိမ္း ဘက္သို႔ ေဝွ႔ယမ္းလိုက္ရာ ဦးစံတင္၏ တပည္အေလာင္းကို ကိုက္ခ်ီထားေသာ က်ားႀကီးသည္ အေလာင္းကို ျပစ္ခ်ကာ နတ္စိမ္းအနားသြား ၿပီး နတ္စိမ္း၏ လည္ဂုတ္ကို ခဲကာ တခ်က္ ခုန္လိုက္ရာ ဦးဖိုးေဝတို႔ ျမင္ကြင္းမွ ေပ်ာက္ကြယ္ သြားပါေလ‌ေတာ့သည္ ။
▪️အခန္း-၅
ဦးစံတင္သည္ ေဒါသ အလြန္ထြက္ ေနသည္ ၊ အရႈံးေပးေသာ သူ၏ တပည္မ်ားကိုလည္း သူကိုယ္တိုင္ သတ္ပစ္လိုက္ရာ သူ၏ေနာက္လိုက္မ်ား တေယာက္မွ မရွိေတာ့ေပ သူ၏ ေဘးေတြေတာ့ သမီးျဖစ္သူ ျမၾကည္ႏွင့္ သမက္ျဖစ္သူ ကိုေဇာ္သာ ရွိေနေလသည္ ၊ ထို႔ေနာက္ ဦးစံတင္သည္ အနားတြင္ ရွိေသာ သူ၏ ေတာင္ေဝွးကို ယူကာ ေျမျပင္တြင္ တခ်က္ေစာင့္ လိုက္ၿပီး
“ကဲ ငါ‌ေမြးထားတဲ့ အေကာင္ေတြ မင္းတို႔ အတြက္ ငါအလုပ္ေပးမယ္ အခု ခ်က္ခ်င္းငါေရွ႕ေရာက္စမ္း ”
ဦးစံတင္စကားဆုံးသည္ ႏွင့္ အိမ္ႀကီးထဲမွ အမဲအရိပ္မ်ား ထြက္လာသလို ၿခံႀကီးထဲရွိ သစ္ပင္ႀကီးမ်ားထဲ မွာ အမဲ ရိပ္မ်ား ထြက္လာကာ ဦးစံတင္ ပတ္လည္ တြင္ ေဝ့ဝဲ၍ေန‌သည္ အမဲ ရိပ္မ်ားသည္ အေတာ္ပင္ မ်ားျပားလာၿပီး ဝဲပ်ံေနေလသည္ ၊ ဦးစံတင္သည္ ထိုအမဲ အရိပ္မ်ားကို ၿပဳံး ၿပီးၾကည့္လိုက္ကာ
“ကဲ မင္းတို႔ေတြ ငါအိမ္ဆီကို လာေနတဲ့ ႏွစ္ေယာက္ကို တိုက္ခိုက္ၾကစမ္း အေသ သတ္ႏိုင္ရင္ မင္းတို႔ အတြက္ လူ အေယာက္တရာ ေကြၽးမယ္ မယ္ ေဟ့ ”
ဦးစံတင္ စကားဆုံးေသာ အခါ အမဲရိပ္မ်ားထံမွ ဝမ္းသာအားရ ေအာ္ရယ္ သံႀကီးမ်ား ထြက္ေပၚလာၿပီး ပတ္ဝန္းက်င္သို႔ ျဖန႔္၍ သြားေနပါသည္ တခ်ိဳ႕ အမဲ အရိပ္မ်ားသည္ ဦးစံတင္ ႏွင့္ မလွမ္း မကမ္းတြင္ ေသေနေသာ အေလာင္းမ်ားထဲ သို႔ ဝင္သြားၾကသည္ ၊ ထိုအခါ အေလာင္းမ်ားသည္ ဒယီးဒယိုင္ ႏွင့္ မတ္တတ္ ရပ္လိုက္ၿပီ သူတို႔ အနား တြင္ ရွိေသာ လက္နက္မ်ားကို ယူကာ ဦးဖိုးေဝ ႏွင့္ သူရိယအား တိုက္ခိုက္ရန္ ထြက္သြားၾကပါေလေတာ့သည္ ။
▪️အခန္း-၆
ဦးဖိုးေဝ ႏွင့္ သူရိယ သည္ ၿခံႀကီး အလယ္ တြင္ ရွိေသာ အိမ္ႀကီး ႏွင့္ နီးသထက္ နီးလာသည္ ၊ ထိုအခ်ိန္ သူတို႔သြားေသာ လမ္း ေရွ႕တြင္ ပါးစပ္တြင္ ေသြးမ်ား ရဲေနကာ ဒယိမ္း ဒယိုင္ ႏွင့္ လက္နက္မ်ားကိုင္ကာ လမ္းေလွ်ာက္လာေသာ အေလာင္းေကာင္မ်ားကို ေတြ႕ ရသည္ ထိုအခါ ဦးဖိုးေဝသည္ တခ်က္ၿပဳံးလိုက္ကာ
“ေအာ္ စံတင္ စံတင္ ဒင္းက ပညာစုံတက္ေနတာကို ကဲလူ‌ေလး သူရိယေရ ဒီဖုတ္ေကာင္ေတြကို မင္း ဘယ္လိုလုပ္မွလဲ ”
” လြယ္ပါတယ္ အဘရာ ”
သူရိယသည္ နဖူးတြင္ လက္သီးဆုပ္ကို တည္လ်က္
“ဒီၿခံထဲ မွာ ရွိေသာ အစိမ္း သရဲ ဖုတ္ၿပိတၱာ နာနာ ဘဝ မ်ား အခုခ်က္ခ်င္းငါ့ ေျခ ဒူးေထာက္ လက္ေနာက္ျပန္ ေရာက္ေစ”
သူရိယ၏ စကားဆုံးသည္ ႏွင့္ လမ္းေလွ်ာက္ေနေသာ လူေသ အေလာင္းမ်ားသည္ ဦးဖိုးေဝ ႏွင့္ သူရိယ ၏ အေရွ႕တြင္ စုၿပဳံက ဒူးေထာက္ ထိုင္လာၾကၿပီး လက္ကို ေနာက္သို႔ ျပစ္ထားၾကေလသည္ ၊ ထို႔ေနာက္ သူရိယ သည္ ဖုတ္ဝင္ေနေသာ အေလာင္ေကာင္မ်ားကို စူးရဲ စြာၾကည့္လိုက္ၿပီး
“ကဲ ဘယ္သူ ငါတို႔ကို ရန္ျပဳဝံ့လဲ လက္ရွိ မေကာင္းတဲ့ ဘဝကေန ဒီထက္ဆိုးတဲ့ ဘဝ ေရာက္ခ်င္တဲ့သူရွိရင္ ေျပာစမ္း”
သူရိယသည္ မာထန္ေသာ ေလသံျဖစ္ေျပာရာ ဖုတ္ဝင္ ေနေသာ အေလာင္းမ်ားထဲမွ ေရွ႕ဆုံးတြင္ ရွိေသာ အေလာင္းသည္း အသံမထြက္မွီ ပါးစပ္ကို အားယူ ဖြင့္လိုက္ၿပီး အံကို သုံး‌ေလးခ်င္မွ် အရင္ ႀကိတ္လိုက္ကာ
“ငါ ငါတို႔ကို စံတင္က ခိုင္းစားေနတာ ငါတို႔လဲ ဒီလို ဘဝ မွာ မေနခ်င္ဘူး အခုခ်ိန္ထိ ငါတို ရဲ႕ မိသားစုေတြ ဆီ မျပန္ရဘူး သူတို႔အမွ်တန္း ေပးေနခ်ိန္ နတ္ေတြက ငါတို႔ကို လာေျပာေပမဲ့ ငါတို႔ သာဓုေခၚလို႔မရဘူး ”
“ေအး ငါ မင္းတို႔ကို ဒီကလြတ္ေအာင္ လုပ္ေပးလို႔ရတယ္ မင္းတို႔ ကတိတခုေတာ့ေပးရမယ္ ‘
ဖုတ္ဝင္ အေလာင္း၏ ေလးပင္ေသာ စကားသံ အဆုံးတြင္ ဦးဖိုးေဝမွ ဖုတ္ဝင္ ေနေသာ အေလာင္းမ်ားကို ၾကည့္ၿပီးေျပာလိုက္၏ ၊ထိုအခါ ဖုတ္ဝင္ ေနေသာ အေလာင္းေကာင္မ်ားသည္ သူတို႔၏
ဦး‌ေခါင္းမ်ားကို တဆက္ဆက္ ညိတ္လိုက္ၾကၿပီး ဦးဖိုးေဝ ေျပာသည့္ စကားကို လက္ခံေၾကာင္းျပေနေလသည္ ၊ ထိုအခါ ဦးဖိုးေဝသည္ လက္အုပ္ကို ခ်ီလိုက္ကာ
” ဘုရား ဂုဏ္ေတာ္ ၊တရား ဂုဏ္ေတာ၊ သံဃာ ဂုဏ္ေတာ္ တို႔ႀကိ ဦးထိပ္ပန္ဆင္၍ ဘုရားတပည္ေတာ္ ဖိုးေဝ အပယ္ဘုံသားမ်ားကို အမိန႔္ေပးပါ‌ေ‌တာ့မည္ဘုရား ၊ ဘုရားတပည္ေတာ္သည္ သမထတရားမ်ား ၊ ေရကသိုဏ္း မီးကသိုဏ္း ေလကသိုဏ္း ႏွင့္ ေလာကီအတက္မ်ားကို ေကာင္းမြန္စြာ တက္ေျမာက္သည့္ ေန႔မွ စၿပီး သူမ်ားပစၥည္းကို ခိုးယူခ်င္းက မျပဳခဲ့ပါ ဤမွန္ကန္ေသာ သစၥာတရားေၾကာင့္ စံတင္ဆိုသည့္ လူ႔မိစာၦ ခ်ဳပ္ထားေသာ ပရေလာကသားမ်ား၏ အေႏွာင္အဖြဲ႕ ေျပပါေစသတည္း”
ဦးဖိုးေဝ၏ သစြာ စကားဆုံးေသာ အခါ သူတို႔၏ မလွမ္းမကမ္းတြင္ ရွိေသာ သရက္ပင္ႀကီး ၏ ပင္စီမွ လူအ႐ိုးမ်ား တျဖည္းျဖည္း ထြက္လာၿပီး ေျမႀကီးေပၚသိူ႔ က်လာကာ မီးေလာက္ကြၽမ္းသြားျပေနာက္ ျပာမႈန႔္မ်ားအျဖစ္ေျပာင္းသြားေလသည္ ၊ ထိုနည္းတူ ပရေလာကသားမ်ားကို ခ်ဳပ္ထားေသာ ေနရာမ်ားမွ အ႐ိုးမ်ား။ဆံပင္မ်ားသည္ သူ႔အလိုလို ထြက္ေပၚလာၿပီး မီးေလာင္ကြၽမ္းကုန္‌ေတာ့သည္ ၊ ထိုအခါမွ ဖုတ္ဝင္ေနေသာ အေလာင္းမ်ားသည္ ႐ုပ္ေသး႐ုပ္မ်ားႀကိဳးျပတ္သည့္အလား ေျမျပင္ေပၚသို႔ လဲက်ၿငိမ္သက္သြားၾကကုန္ၿပီး အရိပ္မဲမ်ားသည္လည္း ၿခံဝင္းအျပင္သို႔ ဝမ္းေျမာက္ဝမ္းသာ ရယ္‌ေမာ၍ ေျပးထြက္သြားကုန္ၾကပါေလေတာ့သည္ ။
▪️အခန္း-၇
သူရႈံးၿပီဆိုသည္ကို သိေသာ ဦးစံတင္သည္ သူ၏သမီးလက္ကို ဆြဲ ၍ ေျခ‌ေစာင့္ၿပီး ေျမလွ်ိဳးရန္ ႀကံစည္ေနစဥ္ သူ၏ ေဘးတြင္ ရွိေသာ ကိုေဇာ္သည္ သူ၏ခါးတြင္ အသင့္ေဆာင္ထားေသာ ဓားေျမႇာင္ကို ထုတ္ကာ ဦးစံတင္၏ လည္ပင္းကို ထုတ္ခ်င္းေပါက္ ထိုးလိုက္ပါေလေတာ့သည္ ၊ ဦးစံတင္သည္ သူ၏ လည္ပင္းမွ ပန္းထြက္ေနေသာ ေသြးမ်ားကို လက္ႏွင့္ ဖိၿပီး ကိုေဇာ္အား မ်က္လုံးျပဴး၍ ၾကည့္ေနသလို ဦးစံတင္ လက္ဆြဲထားေသာ သူ၏ သမီးျမၾကည္သည္လည္း ဦးစံတင္ကိုေၾကာင္ေငးစြာ ၾကည့္ေနေလသည္ ၊ ထို‌့‌ေနာက္ ကိုေဇာ္သည္ ဦးစံတင္ကိုင္ေနက် ေတာင္ေဝွးကို ယူလိုက္သည္ ၊ မတ္တ္ရပ္လ်က္ ေသြးမ်ားပန္းထြက္ေနေသာ ဦးဆန္တင္၏ ခါးကို ေျချဖစ္ကန္လိုက္ၿပီး လဲက်သြားေသာ ဦးစံတင္အား ရယ္ေမာၿပီး နာနာႀကီးႀကီးၾကည့္ကာ
“ေျပာဦးေလ ေခြးမသားႀကီး မင္းကမ်ား ငါ့အေမကို တိရစာၦန္ ဟုတ္လား မင္းေၾကာင့္ ငါညီမေလးသဲျဖဴ ကို ငါတို႔ကိုယ္ တိုင္ ႐ိုက္လို႔ ေသရာတာ မင္းက ဒီေလာက မွ မရွိသင့္ တဲ့ ေခြးမ်ိဳးပဲ ေသစမ္း အဝိစီမွာေနေပေတာ့ ”
“ဟဲ့ ငေဇာ္ နင္က ငါ့အေဖ ကိုသတ္ ”
“ေခြးမ နင္လည္း မိစာၦမပဲ ဘာမွနားမလည္တဲ့ လူေတြကို ဒုကၡေပးေနတာ နင္လည္းပါတယ္ နင့္ကို ခ်စ္မိလို႔ ငါလည္း လူမိုက္ျဖစ္ရတယ္ လူမိုက္တို႔ရဲ႕ သြားရာ လမ္းက ကဲဟာ ကဲဟာ”
ကိုေဇာ္သည္ ျမၾကည္၏ ဦးေခါင္း ေနာက္ေစ့ကို ေတာင္ေဝွးနဲ႔ အားကုန္လႊဲ႐ိုက္ေလရာ အသံပင္မထြက္ ႏိုင္ပဲ လဲ က်သြားေလေတာ့သည္
“ေခြးမ နင္က ငါ့ကို ႐ိုက္ဖို႔ ေတာင္ေဝွးယူေပးေနၾက အခု အဲ့ေတာင္ေဝွးနဲ႔ နင္ကို သတ္ၿပီေလ ေသစမ္း ေခြးမ ”
ကိုေဇာ္သည္ ေသဆုံးေနေသာ ဦးစံတင္အေလာင္းလည္ပင္း မွ ဓားေျမႇာင္ကို ဆြဲထုတ္လိုက္ၿပီး ေစာင့္ေၾကာင့္ ထိုင္ကာ ေနေလသည္ ၊ မၾကာလွေသာအခ်ိန္တြင္ ဦးဖိုးေဝ ႏွင့္ သူရိယသည္ ကိုေဇာ္ ႏွင့္ မလွမ္းမကမ္းသို႔ ေရာက္လာ ကာ ဦးဖိုးေဝမွာ ေသဆုံးေနေသာ ဦးစံတင္တို႔သားအဖကို ၾကည့္ကာ
“ေအာ္ လူမိုက္ေတြရဲ႕ေခါင္းေဆာင္ လူသားေတြကို မေကာင္းတဲ့ ပညာေတြသုံးၿပီး အကိုးကြယ္ခံခ်င္ ၿပီးေတာ့ တပည္ေတြ‌အေပၚ မေလ်ာ္ ဩဇာသုံးၿပီး အာဏာကို ယစ္မူးေနတဲ့ သူတေယာက္ရဲ႕ နိဂုန္းက အၿမဲ ဒီလိုပဲျဖစ္မွာပဲ လူေလး”
“အင္း အနီးဆုံးလူက ျပန္သတ္မယ္ လို သူထင္‌ပုံမေပၚဘူးအဘ ”
ဦးဖိုးေဝ ႏွင့္ သူရိယ စကားေျပာေနစဥ္ ကိုေဇာ္သည္ သူ႔လက္ထဲမွ ကိုင္ထားေသာ ဓားကို သူ၏ လည္ပင္းေပၚတင္လိုက္ၿပီး
“ဆရာႀကီး တ႐ြာလုံးကို ေတာင္းပန္ပါတယ္လို႔ေျပာေပးပါ ဒီလူႀကီးက က်ဳပ္တို႔႐ြာတင္မကဘူး က်ဳပ္တို႔လို ေတာက်တဲ့ ႐ြာေတြ မွာ သူရဲ႕ အစြယ္အပြားေတြ နဲ႔ ဒုကၡေပးထားတုန္းပါ အဲ့တာေတြကိုရွင္းေပးၿပီး မိစာၦ အေငြ႕အသက္ေတြ ကင္းေအာင္လုပ္ေပးပါဆရာႀကီး ကိုလင္း နဲ႔ အေမ့ကို က်ေနာ္ ေတာင္းပန္ပါတယ္လို႔ေျပာေပးပါ ကိုလင္းကို ေသခ်ာမွာေပးပါဆရာႀကီး အေမ့ကို က်ဳပ္အစားပိုၿပီးေစာင့္ေရွာက္ပါလို႔ က်ဳပ္က လူမိုက္တို႔သြားရမဲ့လမ္းကို သြားၿပီ အားလုံးကို ႏုတ္ဆက္ခဲ့ပါတယ္ ”
“ေဟ့ ေဟ့ ကိုေဇာ္ အဲ့လို႔ လုပ္စရာ မလို”
ဦးဖိုးေဝ ႏွင့္ သူရိယ ကိုေဇာ္အား အလွ်င့္အျမန္ တားရန္ႀကိဳးစားေပမဲ ဦးစံတင္၏ ေသြးမ်ားေပက်ံေနေသာ ဓားေပၚတြင္ ကိုေဇာ္၏ ေသြးမ်ားက ထပ္မန္ စီးဆင္းသြားပါေလေတာ့သည္။
▪️အခန္း-၈
ဦးဖိုးေဝ သည္ ကိုေဇာ္အေလာင္းမွ ပြင့္ေနေသာ မ်က္လုံး တစုံကို လက္ႏွင့္ သပ္ကာ ပိတ္ေစလိုက္ၿပီး သူရိယ ဘက္လွည့္ကာ
“လူေလးေရ အဘတို႔ ကိုေဇာ္ေျပာတဲ့ မိစာၦ အေငြ႕အသက္ေတြကို ဒီနယ္မွာ ကင္းစင္ေအာင္ ျပဳလုပ္ေပးလိုက္ၾကတာေပါ့ကြယ္ ”
ဦးဖိုးေဝ ႏွင့္ သူရိယလည္း အိမ္ႀကီးေရွ႕ ေျမကြက္လပ္တြင္ ေသဆုံးေနေသာ ဦစံတင္၊ ျမၾကည္ ႏွင့္ ကိုေဇာ္တို႔၏ အေလာင္းမ်ားကို ေက်ာခိုင္းကာ ဦးစံတင္၏ ၿခံက်ယ္ႀကီးဆီမွာ ထြက္လိုက္ပါေလေတာ့သည္ ။
▪️ဦးဖိုးေဝ ႏွင့္ လူမိုက္တို႔ သြားရာလမ္း သည္က ဤမွ်သာ မၾကာမီ ဦးဖိုးေဝ ႏွင့္ မိစာၦကင္းခ်ိန္ အမည္ရေသာ ဝတၳဳဇတ္လမ္းေလးကို တင္ဆက္ေပးပါမည္ ။
🙏🙏🙏အပန္းမႀကီးဘူးဆိုရင္ ကြၽန္ေတာ့္ရဲ႕ Page ေလးကို Follow ႏွိပ္ၿပီး အား‌‌ေပးသြားၾကပါဦး ၊ 🙏🙏🙏
📝ေမာင္တင္ဆန္း