“သရဲဝှက်ခံရသူ”(စ/ဆုံး)

Unicode Version

“သရဲဝှက်ခံရသူ”(စ/ဆုံး)
——————————
“အမေ…”
“ဟေ…ငါ့သား…ပြောလေ…”
မြေပဲတောင့်များခွဲနေသော ဒေါ်အုန်းကြည်ကို
နွားများဆွဲကာခြံဝိုင်းထဲဝင်လာသော
သားဖြစ်သူ ဖိုးမောင်က …
“ကျုပ်…ငပြုံးတို့နဲ့ တောလိုက်သွားဦးမယ်”
“ဟဲ့…နင်ကတောကိုဘာလိုက်လုပ်မလို့တုန်း…”
“အမေကလည်းဗျာ…ကျုပ်လည်းတောတက်တဲ့
အတွေ့အကြုံလိုချင်လို့ပါ…ဟော…လိုက်ဖူးသွားတော့
လုပ်တတ်သွားရင် ကျုပ်တို့ဝင်ငွေလေးလည်း
ပိုရတာပေါ့ဗျ…”

“ငါ့သားရယ်…အခုလည်းလယ်တောအလုပ်နဲ့
အမေတို့စားဖို့သောက်ဖို့လုံလောက်နေတာပဲလေ…
ဘာလို့များ ဒီတောတက်တဲ့အလုပ်ကို
လုပ်ချင်နေရတာတုန်း…”
“အမေမသိပါဘူးဗျာ…
လယ်အလုပ်က
ကျုပ်တို့စားဖို့ရတာတော့မှန်ပါတယ်…
ဒါပေမယ့် ကျုပ်ရည်းစားမြခင်အဖေက
နောက်နှစ်ကျရင်သူ့သမီးကိုလာတောင်းစေချင်ပြီဗျ…
တောင်းဖို့ငွေကလည်းကျုပ်ကစုရဦးမှာလေအမေရဲ့…
ဒါကြောင့်မို့ကျုပ်…ငပြုံးတို့နဲ့
တောထဲလိုက်ပြီးသစ်ခုတ်ချင်တယ်ဗျာ…”

“အင်း…အေးလေ…
ငါ့သားသဘောပါပဲ…
အမေကတော့ စိတ်မကောင်းဘူးသားရယ်…
ငါ့သားလေးပင်ပန်းတော့မှာပဲ…”

“မပင်ပန်းပါဘူးအမေရယ်…
ကျုပ်ကြိုးစားမှာပါ…”
ဒေါ်အုန်းကြည်လည်းသားဖြစ်သူဖိုးမောင်အတွက်
စိတ်မကောင်းဖြစ်နေခဲ့ရှာသည်။
ယောကျာ်းဖြစ်သူဆုံးပါးသွားချိန်၌
ဆွေမျိုးများကအဖက်မလုပ်ကြ၍
သူတို့သားအမိနှစ်ယောက်မှာနွားတစ်ရှဉ်းနဲ့
လယ်တစ်ကွက်ကို
ကိုယ်တိုင်စိုက်ပျိုးလုပ်ကိုင်ကြရင်း
ဝမ်းရေးအတွက်ဖြေရှင်းခဲ့ကြရသည်။

ဒေါ်အုန်းကြည်ယောက်ျား ဦးညိုရဲ့ဆွေမျိုးများက
ငွေကြေးအင်အားတောင့်တင်းကြ၏။
ဦးညိုရှိစဉ်ကခေါ်ကြပြောကြသော်လည်း…
ဦးညိုဆုံးပါးသွားချိန်၌ ချေးကြ…ငှားကြမည်ကို
စိုးရိမ်သောကြောင့် ဒေါ်အုန်းကြည်တို့သားအမိကို
အဖက်မလုပ်ကြပေ။

“ကိုဖိုးမောင်…”
“ပြောလေမြ”
“တော်တကယ်ပဲတောလိုက်တော့မလို့လား…”
“ဟုတ်တယ်လေ မြရဲ့…
ဒါမှ မြအဖေပြောသလို

ကျုပ်ကမြကိုတင်တောင်းနိုင်မှာပေါ့လို့…”
“တင်တောင်းမယ့်ကိစ္စကို
ကျုပ်မမက်ပါဘူးကိုဖိုးမောင်ရယ်…
တော်ကလယ်အလုပ်ပဲလုပ်ဖူးတာလေ…
တောထဲ သစ်ခုတ်လိုက်ရင်တော်အဆင်ပြေပါ့မလား”
“မြရယ်…ကျုပ်ကတောသားပါမြရဲ့…
မလုပ်တတ်လည်းသင်ရင်းနဲ့တတ်သွားမှာပါ…
မြစိတ်မပူနဲ့နော်…”

“အင်းပါ…ကျုပ်စိတ်ပူအောင်တော့မလုပ်ပါနဲ့နော်…
အစစအရာရာဂရုစိုက်ပါ ကိုဖိုးမောင်ရယ်…”
“စိတ်ချပါမြ…ကျုပ်ဂရုစိုက်ပါ့မယ်…”
မြခင်ကလည်းဖိုးမောင်ကိုတောတက်မည့်ကိစ္စ
စိတ်မချဖြစ်နေသည်။
သို့သော်အတွေ့အကြုံရှိသော ငပြုံးတို့အဖွဲ့နဲ့အတူ
လိုက်မည်ဖြစ်တာကြောင့် လိုက်ဖို့ခွင့်ပြုရှာသည်။
ငပြုံးတို့နဲ့ဖိုးမောင်တောတက်သွား၏။

“ဖိုးမောင်…တစ်ခုခုဆိုငါ့ကိုအရင်ပြောနော်…
ဒီတောက အမှားလုပ်လို့မရဘူးဆိုတာသေချာမှတ်ထား
ငါ့ကောင်…”
“အေးပါ ငပြုံးရာငါ့ကိုစိတ်ချစမ်းပါ…”
တောထဲသို့ရောက်ပြီး နှစ်ရက်လောက်ထိက
ဖိုးမောင်အဆင်ပြေသေးသည်။
သုံးရက်မြောက်နေ့ည၌
ဖိုးမောင်တစ်ယောက်တောထဲတွင်
ပျောက်ဆုံး၍သွားလေသည်။

ငပြုံးတို့အဖွဲ့ကလည်းဖိုးမောင်ကို
တောနင်း၍ရှာဖွေကြသည်။
တစ်ရွာထဲချင်းသားတွေမို့ ဖိုးမောင်ကို
နှစ်ရက်မျှထိတောထဲတွင်လိုက်ရှာခဲ့ကြသည်။
သို့သော် ဖိုးမောင်ကအစအနပင်ပျောက်၍နေခဲ့၏။
ဖိုးမောင်ကိုမတွေ့သည့်အဆုံး၌
ရွာသို့ပြန်၍အကျိုးအကြောင်း
ပြောပြသောအခါ ဒေါ်အုန်းကြည်ဆိုလျှင်

အတော်လေးထိတ်လန့်သွားပြီး
ကြားကြားချင်း နေရမှာပင်
သတိလစ်၍လဲကျသွားရှာသည်။
သတိပြန်ရလာတော့…

“အမယ်လေး…ငါ့သားလေးဖိုးမောင်…
လူလေးရယ်…အမေကဒါ့ကြောင့်တားတာပေါ့
ငါ့သားရဲ့…အီးးးဟီးးးးဟီးးးးဟီးးးးးးးးးးးးးးး”
ဟုအော်ကာငိုတော့သည်။

ဖိုးမောင်၏ချစ်သူမြခင်ကလည်း…
“ကျုပ်ကြောင့်ဖြစ်ရတာ…အရီးရဲ့…
ကိုဖိုးမောင်အခုလိုဖြစ်ရတာကျုပ်ကြောင့်ပါတော်…”
“ဖြန်း…ဖြန်း…ဖြန်း…”
“ဟဲ့…မြခင်မလုပ်နဲ့လေ”
မြခင်ကငိုရင်းသူ့ပါးတွေကိုသူ့လက်ဖြင့်
တဖြန်းဖြန်းမြည်အောင်ရိုက်လေသည်။

နံဘေးရှိမိန်းမကြီးများကမြခင်ကို ဆွဲထိန်းထားကြရသည်။
ဒေါ်အုန်းကြည်နဲ့မြခင်တို့မှာ
ရင်ထဲ၌ဖိုးမောင်အတွက်အပူကိုယ်စီဖြင့်
ငိုကြွေးလို့မဆုံးကြတော့ပေ။
ထိုသို့ဖြင့် ဖိုးမောင်တစ်ယောက်တောထဲ၌
သေသွားပြီဟုသာ အားလုံးကထင်ကြေးပေးကြတော့၏။
“တောက နက်တယ်ဟဲ့…
သားကောင်ကြီးတွေကလည်းပေါပါဘိနဲ့…
ဒီကလေးအခုဆို အသက်မရှိလောက်တော့ဘူး”
“ဟုတ်တယ်…ကြီးတော်ပြောတာမှန်တယ်တော်…
အင်း…မအုန်းကြည်လည်းသူ့မှာဒီသားလေးပဲရှိရှာတာ…
သူ့အတွက်တော့စိတ်မကောင်းပါဘူးတော်…”
“ဟုတ်ပါ့အေ…”

ရွာသူမိန်းမကြီးများက ဒေါ်အုန်းကြည်ကို
သနားနေကြရှာသည်။
ဒေါ်အုန်းကြည်ကတော့…
“ငါ့သားမသေနိုင်ပါဘူး…

ငါ့သားအလောင်းတောင်သူတို့ရှာမတွေ့တာကို
ငါ့သားသေတယ်လို့ငါလုံးဝမယုံဘူး…”
ဒေါ်အုန်းကြည်က ဖိုးမောင်သေသည်ဟု

လုံးဝလက်မခံပေ။
ဒါကြောင့်ဖိုးမောင်အတွက် ဘုန်းကြီးပင့်ကာ
အမျှအတန်းပေးဝေမည့်ကိစ္စကိုလုံးဝလုပ်မပေးခဲ့။
ရွာသူကြီးကတော်ဒေါ်သန်းမှ…

“အစ်မအုန်းကြည်…တော်ဒီလိုကြီး
တစ်ယူသန်နေလို့မကောင်းဘူး အစ်မရဲ့…
သူ့အတွက်ကုသိုလ်ကောင်းမှုလေး…
အမျှအတန်းလေးပေးဝေမှပေါ့အစ်မရယ်…”

“မိသန်း…ငါ့သားလေးက မသေသေးဘူး…
ငါ့သားမသေသေးဘူးဟဲ့…မိသန်းရဲ့”
“အစ်မအုန်းကြည်ရယ်…”

ဒေါ်အုန်းကြည်ကိုကြည့်၍သူကြီးကတော်မှာ
စိတ်မကောင်း၍မည်သည့်စကားမှဆက်မပြောနိုင်ရှာ။
သူကြီးဦးမျိုးသစ်က…
“မအုန်းကြည်…ခင်ဗျားလည်း
ဘုရားတရားရိုသေတဲ့သူပဲဗျာ…

သေသွားသူအတွက် ကျန်ခဲ့တဲ့သူက
ပိုပြီးမဖြေနိုင်မဆည်နိုင်ဖြစ်တာကိုတော့ကျုပ်သိပါတယ်..
ဒါပေမယ့်ဖိုးမောင်အတွက်တော့
အမျှအတန်းလေး ပေးဝေစေချင်တယ်ဗျာ”
ဟု…နားချပါသော်လည်း
ဒေါ်အုန်းကြည်ကမည်သည့်စကားမှ
မပြောဘဲငူငူကြီးထိုင်နေခဲ့သည်။

သူကြီးကတော်ဒေါ်သန်းမှ…
“အစ်မအုန်းကြည် တော်ကဘာလုပ်ချင်တာလဲ…
ကျုပ်တို့ဘက်ကဘာလုပ်ပေးရမလဲဆိုတာ
ပြောပါအစ်မရယ်…မဟုတ်ရင်တော်ပါတစ်ခုခုဖြစ်
သွားမှာကျုပ်တို့ကစိုးရိမ်လို့ပါ…”
ဟုပြောသောအခါ ဒေါ်အုန်းကြည်က
သူကြီးကတော်ကိုကြည့်၍…
“သောင်ထွန်းရွာကဘွားမယ်စိန်ဆီကို

ငါသွားချင်တယ်အေ…
မိသန်းညည်းလိုက်ခဲ့ပေးပါ…”
“ဘယ်လိုကြောင့်ဘွားမယ်စိန်ဆီကို
သွားချင်ရတာလဲအစ်မရယ်…”
“ငါ့စိတ်ထဲမှာငါ့သားမသေသေဘူးမိသန်းရဲ့…
ပြီးတော့ငါ့စိတ်တွေကလည်းသောင်ထွန်းရွာက
ဘွားမယ်စိန်ဆီကိုသွားချင်နေတယ်…
ညည်းလိုက်ခဲ့ပေးပါအေ…”

သူကြီးကတော်က ဒေါ်အုန်းကြည်ကိုမငြင်းရက်ပေ။
ဒါကြောင့်လည်း…
“အစ်မသဘောပဲတော်…
ကျုပ်လိုက်ခဲ့ပေးပါ့မယ်…”
ဟုပြောလိုက်လေသည်။
“ဟဲ့…ကြက်တွေ…ဒီအပင်ပဲလာလာယက်နေ…
ငါ….တယ်ထု့ပစ်လိုက်ရ”
ခြံဝိုင်းထဲရှိမာလကာပင်များအောက်ခြေရှိမြေကို
ယက်နေသော ကြက်များကိုဒေါ်ဝင်းက

အော်ဟစ်၍မောင်းထုတ်နေ၏။
ကြက်များက ဒေါ်ဝင်းအသံကိုမမှုယောင်ဖြင့်
မြေကိုအယက်မပျက်ခဲ့။
“ကဲဟယ်….”
ဒေါ်ဝင်းစိတ်တိုပြီးမြေခဲတစ်လုံးကောက်၍
ထုလေတော့မှကြက်များလန့်၍
ခြံထဲမှထွက်ပြေးကြတော့သည်။
“မိဝင်း…ဘာတွေဖြစ်နေတာတုန်း”

ဘုန်းကြီးကျောင်းမှပြန်လာသောဘွားမယ်စိန်သည်
ခြံဝိုင်းထဲရောက်တော့ဒေါ်ဝင်းအသံကိုကြား၍
မေးလိုက်ခြင်းဖြစ်၏။
“သြော်…အမေတောင်ဘုန်းကြီးကျောင်းက
ပြန်လာပြီပဲ…”
“အေး…ပြန်လာပြီလေ…
ညည်းကဘာတွေဖြစ်နေတာလဲမိဝင်း…”
“ဘာမှမဖြစ်ပါဘူးတော်…

ဟိုကြက်နီမသားအမိတွေလေ…
ခြံထဲမြေတွေလာယက်နေလို့မောင်းထုတ်နေရတာ
အမေ့ရဲ့…”
“ညည်းမောင်းတာကပါးစပ်နဲ့ပဲ
မောင်းတာမဟုတ်ပါဘူးအေ…
ခဲနဲ့ထု့နေတာငါမြင်လိုက်ပါတယ်ဟဲ့…”
“အမေကလည်း…ဒီကြက်တွေက
အသံနဲ့တောင်လူကိုမကြောက်နေတာအမေရဲ့…”
“ဘာပဲဖြစ်ဖြစ်အေ…သတ္တဝါပဲအေ့…
ကြက်ပဲယက်မှာပေါ့…နေပါစေအေ…”
ဘွားမယ်စိန်ကိုဒေါ်ဝင်းပြန်ကာမပြောတော့ဘဲ
ဘွားမယ်စိန်လက်ထဲမှဆွမ်းချိုင့်ကိုယူ၍…
“အမေ…ရေသောက်မလား…
ကျုပ်ရေခပ်ပေးမယ်…”
“အေး…အေး…ခပ်ခဲ့”
ဘွားမယ်စိန်ကကွပ်ပျစ်သို့သွားတော့သည်။
ဒေါ်ဝင်းကတော့ဆွမ်းချိုင့်ကိုမီးဖိုထဲသွားထားပြီး
ဘွားမယ်စိန်အတွက်သောက်ရေပြေးခပ်ပေး၏။

“ဘွားမယ်စိန်ရှိလားတော်…”
“ရှိတယ်လေ…ဘယ်သူတွေတုန်း”
ဒေါ်ဝင်းပေးသောရေခွက်ကို
ဘွားမယ်စိန်မော့သောက်နေတုန်း

ခြံအပြင်မှခေါ်သံကြောင့်ဒေါ်ဝင်းကထူးလိုက်သည်။
ဝိုင်းထဲဝင်လာသူများကိုမြင်တော့…
“အမေ…ရွာသစ်ကသူကြီးကတော်

ဒေါ်သန်းတော့”
ဟု…ဘွားမယ်စိန်ကိုပြောပြလေသည်။
“လာကြ…လာကြ…ထိုင် ဒီမှာ…”
ဘွားမယ်စိန်ကလည်းဒေါ်သန်းတို့ကို ကွပ်ပျစ်ပေါ်
ဝင်ထိုင်စေသည်။
“ကျုပ်ကိုမှတ်မိသားပဲတော့…”
ဒေါ်သန်းက ဒေါ်ဝင်းကိုပြုံးကာပြောလိုက်သည်။
“မှတ်မိတာပေါ့သူကြီးကတော်ရယ်…

ထိုင်ကြပါဦး…ကျုပ်အကြမ်းအိုးဖြည့်ထားတယ်…
လက်ဖက်လေးခဏပြေးသုပ်လိုက်ဦးမယ်”
“ရတယ်…အစ်မ မသုပ်ပါနဲ့တော့”
“ခဏလေးတင်ပါ သူကြီးကတော်ရယ်…

ထိုင်ကြဦးနော်…”
ဒေါ်ဝင်းကမီးဖိုထဲသို့ဝင်သွားသည်။
ဘွားမယ်စိန်က သူကြီးကတော်ဒေါ်သန်းနဲ့အတူ
လိုက်ပါလာသောအမျိုးသမီးနှစ်ယောက်ကိုကြည့်၍…

“ရွာသစ်ကသူကြီးကတော်က
ဒီကိုဘာအကြောင်းများရှိလို့ရောက်လာရတာတုန်း”
ဟုမေးလိုက်၏။

“အကြောင်းလေးရှိလို့ရောက်လာတာပါဘွား…
ဟောသည်ကလူတွေက
ကျုပ်တို့ရွာက မအုန်းကြည်နဲ့မညွှန့်လို့ခေါ်ပါတယ်…
ဒီမအုန်းကြည်ကဘွားဆီလာချင်တယ်ဆိုလို့

ကျုပ်တို့လိုက်လာကြတာပါ…”
ဘွားမယ်စိန်ကသူကြီးကတော်ဒေါ်သန်းစကားကို
ခေါင်းညိတ်ပြလိုက်ပြီး ဒေါ်အုန်းကြည်ကိုကြည့်၏။
ဒေါ်အုန်းကြည်၏မျက်လုံးအိမ်ထဲ၌ မျက်ရည်များက

ရစ်သိုင်းလို့နေသည်ကိုမြင်တော့…
“ဘာတွေများပူလောင်နေရတာတုန်း…
ပြောစမ်းပါဦးအေ့”
ဟု…မေးသောအခါ ဒေါ်အုန်းကြည်မှာ
ဟန်ပင်မဆောင်နိုင်တော့ မျက်ရည်များဒလောဟောကျ၍
ချုံးပွဲချငိုကြွေးတော့၏။
ဒေါ်အုန်းကြည်ငိုသံကြောင့်လက်ဖက်သုပ်နေသော
ဒေါ်ဝင်းပင်မီးဖိုထဲမှထွက်ကြည့်လေသည်။
သူကြီးကတော်ဒေါ်သန်းနဲ့ဒေါ်ညွှန့်တို့ကပဲ
ဒေါ်အုန်းကြည်ကိုနှစ်သိမ့်၍ပေးကြသည်။
“ကဲ…ငိုနေလို့ထူးလာမယ်ဆိုရင်ငိုသာငိုအေ…
ဒီလိုငိုနေလို့မထူးဘူးဆိုရင်တော့
ညည်းဘာဖြစ်သလဲငါ့ကိုပြော အုန်းကြည်”
ဘွားမယ်စိန်စကားကြောင့်
ဒေါ်အုန်းကြည်ဆက်၍မငိုနိုင်တော့ဘဲ
ပါးအထက်ရှိမျက်ရည်များကိုလက်ဖြင့်
သုတ်ဖယ်လိုက်လေသည်။

ခဏမျှကြာတော့…
“ကျုပ်သားလေးကိုသေပြီလို့ အားလုံးက
ပြောနေကြတယ်ဘွားရဲ့…
ကျုပ်စိတ်ထဲမှာ
ကျုပ်သားမသေဘူးဆိုတာကို
ကျုပ်ယုံကြည်နေတယ်တော့်…”
ဟုပြောလေတော့သူကြီးကတော်ဒေါ်သန်းမှ…
“ဒီလိုပါဘွားရယ်…

မအုန်းကြည်သား ဖိုးမောင်ကတစ်ယောက်
တလောကတောတက်
သစ်ခုတ်တဲ့အဖွဲ့နဲ့တောထဲလိုက်သွားပါတယ်…
ဒီကလေးက လယ်အလုပ်လောက်ပဲလုပ်တတ်တာပါ…
အခုသူတောထဲလိုက်သွားပြီးရက်မကြာသေးခင်ပဲ
တောထဲမှာအစအနရှာလို့မရအောင်
ပျောက်သွားခဲ့ပါတယ်တော်…
အားလုံးကတော့သေပြီလို့သတ်မှတ်ထားကြပေမယ့်

မအုန်းကြည်ကတော့သူ့သားမသေသေဘူးဆိုပြီး
အတော်လေးယုံကြည်နေခဲ့ရှာတယ်ဘွားရဲ့…
အဲ့တာနဲ့ မအုန်းကြည်ကဘွားဆီကိုသွားချင်တယ်…
လိုက်ပို့ပေးပါဆိုလို့ကျုပ်တို့လိုက်လာခဲ့ရတာပါ…”
ဟုပြောလေတော့ဘွားမယ်စိန်က ဒေါ်အုန်းကြည်ကို
သနားသွား၏။
ဒေါ်အုန်းကြည်ကိုကြည့်၍…
“အေးလေ…မိခင်တစ်ယောက်သောကဆိုတာ

မိခင်တွေအချင်းချင်းပဲသိနိုင်တာပါအေ…
ကဲ…ညည်းသားဖိုးမောင်ရဲ့အသက်နဲ့မွေးရက်ကို
ငါ့ပြောစမ်းအုန်းကြည်…”
ဟုပြောလေတော့ ဒေါ်အုန်းကြည်ကပြာပြာသလဲ
ပြောလိုက်၏။

“ကဲ…ကြာသပတေးသားကြီးဖိုးမောင်……”
ဟုဘွားမယ်စိန်ကနှုတ်မှပြောရင်း
မျက်စိကိုမှိတ်၍ တိုးတိုးလေးပါးစပ်ကိုလှုပ်ကာ
နေလေသည်။
သူကြီးကတော်ဒေါ်သန်းတို့ဒေါ်အုန်းကြည်တို့မှာ
ဘွားမယ်စိန်ကိုမျက်တောင်မခတ်တမ်းကြည့်နေကြ၏။
ထိုစဉ်လက်ဖက်သုပ်ပန်းကန်ကြီးကိုင်၍

ဒေါ်ဝင်းကသူတို့အနီးသို့ရောက်လာခဲ့သည်။
အခြေအနေကိုကြည့်၍သူသည်လည်း
တိတ်တိတ်လေးရပ်ကြည့်နေခဲ့ရှာ၏။
ခဏကြာတော့ဘွားမယ်စိန်မျက်စိပြန်ဖွင့်လာပြီး…

“အုန်းကြည်…ညည်းသားက
ညည်းထင်ထားသလိုပါပဲ…မသေပါဘူးအေ့…”
ဟုပြောလိုက်သောအခါ ဒေါ်အုန်းကြည်မှာ
ဝမ်းသာလွန်း၍စကားပင်မပြောနိုင်။
သူကြီးကတော်ဒေါ်သန်းတို့မှာလည်းအံ့သြနေကြ၏။
“ဟုတ်တယ်အုန်းကြည်…ညည်းသားက
တောထဲလိုက်သွားပြီး…ညဘက်အပေါ့သွားတာကို
ခွင့်မတောင်းဘဲ တွေ့ရာစွန့်ခဲ့တယ်လေ…
သူ့ကိုအပြစ်ပေးတဲ့အနေနဲ့သူအပေါ့စွန့်ခဲ့တဲ့အပင်က

သရဲကသူ့ကိုလူတွေမမြင်အောင်ဝှက်ထားတာအေ့”
“ရှင်…”
“ဟင်…”
အားလုံးအံ့သြသင့်ကုန်ကြသည်။

ဒေါ်အုန်းကြည်မှ…
“ဒါဆိုကျုပ်တို့ဘာလုပ်ပေးရမလဲဘွား…
ကျုပ်သားလေးကိုပြန်တွေ့အောင်
ဘာလုပ်ရမလဲပြောပေးပါတော်…”
ဟု…ပြော၏။
“အေး…အခုဒီကလေးအမှားအတွက်
ဒီကလေးကိုခွင့်လွှတ်ပေးဖို့
တောထဲကသရဲကို ဘွားမေတ္တာရပ်ခံပေးထားမယ်…
ညည်းတို့လုပ်ရမှာက တောထဲပြန်ဝင်ရှာမယ့်လူတွေကို
ဒီကြာသပတေးသား ဖိုးမောင်ရဲ့အမှားကိုခွင့်လွှတ်ပေးဖို့
ထမင်းတစ်ထုပ်ဟင်းတစ်ထုပ်ပုံပေးပြီးတောင်းပန်ခိုင်း…
ဒါဆိုညည်းသားကိုသူခွင့်လွှတ်ပေးလိမ့်မယ်…”

“ဟုတ်…ဟုတ်ကဲ့ဘွား…
ဒီလိုလုပ်ပေးရင်ကျုပ်သားလေးကိုတွေ့ပြီပေါ့နော်…”
“ညည်းသားကသူတို့စခန်းချခဲ့တဲ့နေရာမှာပဲရှိတယ်…
တခြားကိုမရှာနဲ့အဲ့သည်အနားမှာပဲရှာခိုင်းလိုက်…”
“ဟုတ်…ဟုတ်ကဲ့…”
ဒေါ်အုန်းကြည်ကအတော်လေးဝမ်းသာနေသည်။
“ကဲ…ညည်းတို့အချိန်ဆွဲမနေကြနဲ့…
ရွာပြန်ပြီးလုပ်သင့်တာကိုလုပ်ကြတော့…”

ဟုဘွားမယ်စိန် ကပြောလေတော့
သူတို့သုံးယောက်လည်း ကွပ်ပျစ်ပေါ်မှဆင်း၍…
“ဒါဆိုကျုပ်တို့ပြန်ဦးမယ်ဘွား…
ကျုပ်သားလေးကိုရှာတွေ့တာနဲ့
ဘွားဆီကိုအရင်ဆုံးလာခဲ့ပါ့မယ်…”

“အေး…အေး…အေး…”
သူကြီးကတော်ဒေါ်သန်းနဲ့ဒေါ်အုန်းကြည်တို့လည်း
ရွာသစ်ရွာကိုပြန်သွားကြတော့သည်။
ရွာသစ်ရွာကိုရောက်တော့…
“မအုန်းကြည်…တော်စိတ်ချသိလား…
ကျုပ်ယောက်ျားကိုပြောပြီး
ငပြုံးတို့အဖွဲ့ကိုတောထဲထပ်သွားရှာခိုင်းပေးမယ်…

သူတို့တောထဲဝင်ရင်လည်းဘွားမယ်စိန်ပြောသလို
လုပ်ခိုင်းပေးမယ်…တော်ဘာမှစိတ်မပူနဲ့တော့…”
ဟုပြောသောအခုဒေါ်အုန်းကြည်မှာ
သူကြီးကတော်ဒေါ်သန်းကို…

“ကျေးဇူးတင်ပါတယ် မိသန်းရယ်…”
“ရပါတယ်အစ်မရယ်…ပြောစရာလူတွေလားတော်…”
ထိုသို့ဖြင့်သူကြီးကတော်ဒေါ်သန်းက သူကြီးဦးမျိုးသစ်ကို

အကြောင်းစုံပြောပြပြီးနောက်
ငပြုံးတို့အဖွဲ့ကိုတောထဲသို့ပြန်လွှတ်စေသည်။
ငပြုံးတို့ကလည်းသူငယ်ချင်းဖိုးမောင်အတွက်
ထပ်မံတောထဲဝင်သွားကြလေသည်။

ငပြုံးတို့တောထဲဝင်ပြီးနှစ်ရက်မျှကြာတော့
ရွာကိုပြန်ရောက်လာကြသည်။
ဒေါ်အုန်းကြည် ခမျာသားဖြစ်သူ
ဖိုးမောင်ပြန်မှပါလာလေမလား
အတွေးဖြင့် စိုးရိမ်စွာကြည့်နေမိစဉ်
ဖိုးမောင်ကိုမြင်လေတော့ ဒေါ်အုန်းကြည်မှာ
ဝမ်းသာအားရပြေးကာဖက်၍…
“သား….အမယ်လေး…ကံကြီးပေလို့ပေါ့ငါ့သားရယ်”
ဟုပြောရင်းငိုရှာသည်။
ဖိုးမောင်ကလည်း ဒေါ်အုန်းကြည်ကိုဖက်၍
ငိုရှာလေတော့အနီးရှိသူကြီးကတော်နဲ့သူကြီးတို့လူစုမှာလည်းသူတို့သားအမိအတွက်ဝမ်းသာမျက်ရည်များကျဆင်း၍နေကြသည်။

ဒေါ်အုန်းကြည် အိမ်၌လည်းလူများကဝိုင်းအုံနေကြ၏။
ထိုသူတို့က ဖိုးမောင်မည်သို့ပျောက်ဆုံးသွားခဲ့ပြီး
ဘယ်လိုပြန်တွေ့ခဲ့သလဲဆိုတာသိချင်နေကြသည်။
ဖိုးမောင်၏ချစ်သူမြခင်ကလည်း ဖိုးမောင်၏အနီး၌
ပြုံးပြုံးကြီးထိုင်နေခဲ့၏။
“ကျုပ်အဲ့သည်ညတုန်းက
ငပြုံးတို့ကလည်းအိပ်နေတာနဲ့
အပေါ့ထသွားခဲ့တယ်…

လူကလည်းအိပ်ချင်နေတာကြောင့်
ဘာမှခွင့်မတောင်းမိလိုက်ဘူးဗျာ…
အဲ့သည်အပေါ့သွားမိတဲ့ ညမှာပဲကျုပ်အိပ်နေတုန်း
ယောကျာ်းကြီးတစ်ယောက်က ကျုပ်ကိုပုတ်နှိုးတယ်ဗျ…
ကျုပ်လည်းနိုးလာတော့သူက
လာမင်း…ငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတော့တာပဲ…

သူခေါ်တော့ကျုပ်စိတ်ကငြင်းနေပေမယ့်
ကျုပ်ခန္ဓာကိုယ်ကသူခိုင်းတဲ့အတိုင်းလုပ်နေတာ…
သူထိုင်ခိုင်းတဲ့အပင်အောက်ရောက်တော့
ကျုပ်ထိုင်ချလိုက်ရတယ်…
ပြီးတော့အဲ့သည်လူကလည်း ချက်ချင်းကြီး
ပျောက်သွားခဲ့တာဗျ…”
“ဖိုးမောင်…အဲ့သည်လူကမင်းကို

ဘယ်ခေါ်သွားတာလဲဟ…”
“ကျုပ်အပေါ့စွန့်ခဲ့တဲ့အပင်အောက်ကိုဗျ”
“ဟေ…ဒါဆိုမင်းကိုငပြုံးတို့လိုက်ရှာတာဘာလို့မတွေ့တာလဲ”
“ကျုပ်ကသူတို့ကိုမြင်တယ်…

သူတို့ကသာကျုပ်ကိုမမြင်ဘဲအော်ခေါ်ပြီးရှာနေကြတာ…
ကျုပ်ကိုယ်ကြီးကလည်းထိုင်နေရာကထမရဘူးဗျ…
ကျုပ်အသံလည်းသူတို့ကမကြားကြတော့

ကျုပ်လည်းအတော်လေးခြောက်ခြားနေခဲ့ရတာ…”
ဖိုးမောင်ပြောပြသည်များကိုကြားတော့
တချို့ကအံ့သြနေကြသည်။
တချို့က ဖိုးမောင်အစားကြောက်၍နေကြ၏။
“ဒါဆိုမင်းကို ငပြုံးတို့ကဘယ်လိုရှာတွေ့ခဲ့တာလဲကွ”
“ထူးတော့ထူးဆန်းတယ်ဗျ…

ကျုပ်ကိုထိုင်ခိုင်းပြီးပျောက်သွားတဲ့လူကြီးက
ငပြုံးတို့မရောက်လာသေးခင် ပြန်ပေါ်လာပြီးတော့
ကောင်လေးမင်းသွားလို့ရပြီဆိုပြီးလာပြောသွားတယ်…
သူလည်းပြောပြီးပြန်ထွက်သွားတုန်းငပြုံးတို့က
ကျုပ်ကိုရှာတွေ့သွားကြတာပဲဗျ…”
“ထူးဆန်းလိုက်တာ…”

“ဟုတ်ပါ့…ဖိုးမောင်အဖြစ်ကကြောက်စရာလည်း
ကောင်းတယ်တော်”
“ငါ့သားရေ…ဒါသောင်ထွန်းရွာက
ဘွားမယ်စိန်ကျေးဇူးကြောင့်ငါ့သားရဲ့…
ဘွားမယ်စိန်သာမပြောပြရင်အမေတို့သိကြမှာ
တောင်မဟုတ်ဘူး…အမေတို့သောင်ထွန်းရွာကိုသွားပြီး
ဘွားမယ်စိန်ကိုကန်တော့ကြရအောင်ငါ့သားရယ်…”
“ဟုတ်ကဲ့အမေ”

ထိုသို့ဖြင့်ဒေါ်အုန်းကြည်က ဖိုးမောင်ကိုခေါ်၍
ဘွားမယ်စိန်ထံသွားကန်တော့်ကြသည်။
“ကျုပ်အခုလိုရွာပြန်လာနိုင်တာ
ဘွားရဲ့ကျေးဇူးကြောင့်လို့အမေကပြောတယ်ဗျ…
ကျုပ်ကိုအခုလိုကူညီပေးလို့ကျေးဇူးတင်ပါတယ်ဘွား”
ဟုဆိုကာဖိုးမောင်က ကန်တော့လေသည်။
ဘွားမယ်စိန်ကလည်း
ဒေါ်အုန်းကြည်ကိုကြည့်၍ပြုံးနေမိ၏။
ဒေါ်အုန်းကြည်ခမျာလည်း

သားဖြစ်သူဖိုးမောင်အတွက်ဝမ်းသာနေရှာသည်။
“ကျုပ်ကလေ ကျုပ်သားလေးကို
အခုလိုထပ်ဖြစ်မှာဆိုးလို့တောမတက်ခိုင်းတော့ဘူးဘွားရဲ့..
ဒီကလေးကိုသူ့မင်္ဂလာဆောင်တင်တောင်းဖို့
နွားနဲ့လယ်ကိုရောင်းပေးမယ်ဆိုတော့
သူ့ကောင်မလေးအဖေက တင်တောင်းတာထက်
နှစ်ဖက်အသိုင်းအဝိုင်းရှေ့ မင်္ဂလာဆောင်ပေးတာတင်
ကျေနပ်ပါပြီလို့ပြောရှာတော့ သူလည်းဝန်ပေါ့သွားပါပြီတော်”
ဟု…ဒေါ်အုန်းကြည်ကဝမ်းသာအားရပြောလေတော့

ဘွားမယ်စိန်ကခေါင်းတစ်ချက်ညိတ်၍…
“ကောင်းတာပေါ့အေ…
ငွေတွေပကာသနတွေထက်
ချစ်ခြင်းမေတ္တာစစ်မှန်ဖို့ကအဓိက ကျတယ်လေ…
ကောင်းပါတယ်…ကောင်းပါတယ်…”
ဟု…ပြန်၍ပြောလေသည်။

ဖိုးမောင်တစ်ယောက်တောထဲ၌ သရဲဝှက်ခံရသည်ဆိုသော
သတင်းမှာလည်းသောင်ထွန်းရွာနဲ့ရွာသစ်ရွာတင်မက
ဘေးရွာများသို့ပါပျံ့နှံ့၍သွားတော့၏။
ထိုသို့ဖြင့်ပြီးပါပြီ။

ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

“သရဲဝွက္ခံရသူ”(စ/ဆုံး)
——————————
“အေမ…”
“ေဟ…ငါ့သား…ေျပာေလ…”
ေျမပဲေတာင့္မ်ားခြဲေနေသာ ေဒၚအုန္းၾကည္ကို
ႏြားမ်ားဆြဲကာၿခံဝိုင္းထဲဝင္လာေသာ
သားျဖစ္သူ ဖိုးေမာင္က …
“က်ဳပ္…ငၿပဳံးတို႔နဲ႔ ေတာလိုက္သြားဦးမယ္”
“ဟဲ့…နင္ကေတာကိုဘာလိုက္လုပ္မလို႔တုန္း…”
“အေမကလည္းဗ်ာ…က်ဳပ္လည္းေတာတက္တဲ့
အေတြ႕အႀကဳံလိုခ်င္လို႔ပါ…ေဟာ…လိုက္ဖူးသြားေတာ့
လုပ္တတ္သြားရင္ က်ဳပ္တို႔ဝင္ေငြေလးလည္း
ပိုရတာေပါ့ဗ်…”

“ငါ့သားရယ္…အခုလည္းလယ္ေတာအလုပ္နဲ႔
အေမတို႔စားဖို႔ေသာက္ဖို႔လုံေလာက္ေနတာပဲေလ…
ဘာလို႔မ်ား ဒီေတာတက္တဲ့အလုပ္ကို
လုပ္ခ်င္ေနရတာတုန္း…”
“အေမမသိပါဘူးဗ်ာ…
လယ္အလုပ္က
က်ဳပ္တို႔စားဖို႔ရတာေတာ့မွန္ပါတယ္…
ဒါေပမယ့္ က်ဳပ္ရည္းစားျမခင္အေဖက
ေနာက္ႏွစ္က်ရင္သူ႔သမီးကိုလာေတာင္းေစခ်င္ၿပီဗ်…
ေတာင္းဖို႔ေငြကလည္းက်ဳပ္ကစုရဦးမွာေလအေမရဲ႕…
ဒါေၾကာင့္မို႔က်ဳပ္…ငၿပဳံးတို႔နဲ႔
ေတာထဲလိုက္ၿပီးသစ္ခုတ္ခ်င္တယ္ဗ်ာ…”

“အင္း…ေအးေလ…
ငါ့သားသေဘာပါပဲ…
အေမကေတာ့ စိတ္မေကာင္းဘူးသားရယ္…
ငါ့သားေလးပင္ပန္းေတာ့မွာပဲ…”

“မပင္ပန္းပါဘူးအေမရယ္…
က်ဳပ္ႀကိဳးစားမွာပါ…”
ေဒၚအုန္းၾကည္လည္းသားျဖစ္သူဖိုးေမာင္အတြက္
စိတ္မေကာင္းျဖစ္ေနခဲ့ရွာသည္။
ေယာက်ာ္းျဖစ္သူဆုံးပါးသြားခ်ိန္၌
ေဆြမ်ိဳးမ်ားကအဖက္မလုပ္ၾက၍
သူတို႔သားအမိႏွစ္ေယာက္မွာႏြားတစ္ရွဥ္းနဲ႔
လယ္တစ္ကြက္ကို
ကိုယ္တိုင္စိုက္ပ်ိဳးလုပ္ကိုင္ၾကရင္း
ဝမ္းေရးအတြက္ေျဖရွင္းခဲ့ၾကရသည္။

ေဒၚအုန္းၾကည္ေယာက္်ား ဦးညိဳရဲ႕ေဆြမ်ိဳးမ်ားက
ေငြေၾကးအင္အားေတာင့္တင္းၾက၏။
ဦးညိဳရွိစဥ္ကေခၚၾကေျပာၾကေသာ္လည္း…
ဦးညိဳဆုံးပါးသြားခ်ိန္၌ ေခ်းၾက…ငွားၾကမည္ကို
စိုးရိမ္ေသာေၾကာင့္ ေဒၚအုန္းၾကည္တို႔သားအမိကို
အဖက္မလုပ္ၾကေပ။

“ကိုဖိုးေမာင္…”
“ေျပာေလျမ”
“ေတာ္တကယ္ပဲေတာလိုက္ေတာ့မလို႔လား…”
“ဟုတ္တယ္ေလ ျမရဲ႕…
ဒါမွ ျမအေဖေျပာသလို

က်ဳပ္ကျမကိုတင္ေတာင္းႏိုင္မွာေပါ့လို႔…”
“တင္ေတာင္းမယ့္ကိစၥကို
က်ဳပ္မမက္ပါဘူးကိုဖိုးေမာင္ရယ္…
ေတာ္ကလယ္အလုပ္ပဲလုပ္ဖူးတာေလ…
ေတာထဲ သစ္ခုတ္လိုက္ရင္ေတာ္အဆင္ေျပပါ့မလား”
“ျမရယ္…က်ဳပ္ကေတာသားပါျမရဲ႕…
မလုပ္တတ္လည္းသင္ရင္းနဲ႔တတ္သြားမွာပါ…
ျမစိတ္မပူနဲ႔ေနာ္…”

“အင္းပါ…က်ဳပ္စိတ္ပူေအာင္ေတာ့မလုပ္ပါနဲ႔ေနာ္…
အစစအရာရာဂ႐ုစိုက္ပါ ကိုဖိုးေမာင္ရယ္…”
“စိတ္ခ်ပါျမ…က်ဳပ္ဂ႐ုစိုက္ပါ့မယ္…”
ျမခင္ကလည္းဖိုးေမာင္ကိုေတာတက္မည့္ကိစၥ
စိတ္မခ်ျဖစ္ေနသည္။
သို႔ေသာ္အေတြ႕အႀကဳံရွိေသာ ငၿပဳံးတို႔အဖြဲ႕နဲ႔အတူ
လိုက္မည္ျဖစ္တာေၾကာင့္ လိုက္ဖို႔ခြင့္ျပဳရွာသည္။
ငၿပဳံးတို႔နဲ႔ဖိုးေမာင္ေတာတက္သြား၏။

“ဖိုးေမာင္…တစ္ခုခုဆိုငါ့ကိုအရင္ေျပာေနာ္…
ဒီေတာက အမွားလုပ္လို႔မရဘူးဆိုတာေသခ်ာမွတ္ထား
ငါ့ေကာင္…”
“ေအးပါ ငၿပဳံးရာငါ့ကိုစိတ္ခ်စမ္းပါ…”
ေတာထဲသို႔ေရာက္ၿပီး ႏွစ္ရက္ေလာက္ထိက
ဖိုးေမာင္အဆင္ေျပေသးသည္။
သုံးရက္ေျမာက္ေန႔ည၌
ဖိုးေမာင္တစ္ေယာက္ေတာထဲတြင္
ေပ်ာက္ဆုံး၍သြားေလသည္။

ငၿပဳံးတို႔အဖြဲ႕ကလည္းဖိုးေမာင္ကို
ေတာနင္း၍ရွာေဖြၾကသည္။
တစ္႐ြာထဲခ်င္းသားေတြမို႔ ဖိုးေမာင္ကို
ႏွစ္ရက္မွ်ထိေတာထဲတြင္လိုက္ရွာခဲ့ၾကသည္။
သို႔ေသာ္ ဖိုးေမာင္ကအစအနပင္ေပ်ာက္၍ေနခဲ့၏။
ဖိုးေမာင္ကိုမေတြ႕သည့္အဆုံး၌
႐ြာသို႔ျပန္၍အက်ိဳးအေၾကာင္း
ေျပာျပေသာအခါ ေဒၚအုန္းၾကည္ဆိုလွ်င္

အေတာ္ေလးထိတ္လန႔္သြားၿပီး
ၾကားၾကားခ်င္း ေနရမွာပင္
သတိလစ္၍လဲက်သြားရွာသည္။
သတိျပန္ရလာေတာ့…

“အမယ္ေလး…ငါ့သားေလးဖိုးေမာင္…
လူေလးရယ္…အေမကဒါ့ေၾကာင့္တားတာေပါ့
ငါ့သားရဲ႕…အီးးးဟီးးးးဟီးးးးဟီးးးးးးးးးးးးးးး”
ဟုေအာ္ကာငိုေတာ့သည္။

ဖိုးေမာင္၏ခ်စ္သူျမခင္ကလည္း…
“က်ဳပ္ေၾကာင့္ျဖစ္ရတာ…အရီးရဲ႕…
ကိုဖိုးေမာင္အခုလိုျဖစ္ရတာက်ဳပ္ေၾကာင့္ပါေတာ္…”
“ျဖန္း…ျဖန္း…ျဖန္း…”
“ဟဲ့…ျမခင္မလုပ္နဲ႔ေလ”
ျမခင္ကငိုရင္းသူ႔ပါးေတြကိုသူ႔လက္ျဖင့္
တျဖန္းျဖန္းျမည္ေအာင္႐ိုက္ေလသည္။

နံေဘးရွိမိန္းမႀကီးမ်ားကျမခင္ကို ဆြဲထိန္းထားၾကရသည္။
ေဒၚအုန္းၾကည္နဲ႔ျမခင္တို႔မွာ
ရင္ထဲ၌ဖိုးေမာင္အတြက္အပူကိုယ္စီျဖင့္
ငိုေႂကြးလို႔မဆုံးၾကေတာ့ေပ။
ထိုသို႔ျဖင့္ ဖိုးေမာင္တစ္ေယာက္ေတာထဲ၌
ေသသြားၿပီဟုသာ အားလုံးကထင္ေၾကးေပးၾကေတာ့၏။
“ေတာက နက္တယ္ဟဲ့…
သားေကာင္ႀကီးေတြကလည္းေပါပါဘိနဲ႔…
ဒီကေလးအခုဆို အသက္မရွိေလာက္ေတာ့ဘူး”
“ဟုတ္တယ္…ႀကီးေတာ္ေျပာတာမွန္တယ္ေတာ္…
အင္း…မအုန္းၾကည္လည္းသူ႔မွာဒီသားေလးပဲရွိရွာတာ…
သူ႔အတြက္ေတာ့စိတ္မေကာင္းပါဘူးေတာ္…”
“ဟုတ္ပါ့ေအ…”

႐ြာသူမိန္းမႀကီးမ်ားက ေဒၚအုန္းၾကည္ကို
သနားေနၾကရွာသည္။
ေဒၚအုန္းၾကည္ကေတာ့…
“ငါ့သားမေသႏိုင္ပါဘူး…

ငါ့သားအေလာင္းေတာင္သူတို႔ရွာမေတြ႕တာကို
ငါ့သားေသတယ္လို႔ငါလုံးဝမယုံဘူး…”
ေဒၚအုန္းၾကည္က ဖိုးေမာင္ေသသည္ဟု

လုံးဝလက္မခံေပ။
ဒါေၾကာင့္ဖိုးေမာင္အတြက္ ဘုန္းႀကီးပင့္ကာ
အမွ်အတန္းေပးေဝမည့္ကိစၥကိုလုံးဝလုပ္မေပးခဲ့။
႐ြာသူႀကီးကေတာ္ေဒၚသန္းမွ…

“အစ္မအုန္းၾကည္…ေတာ္ဒီလိုႀကီး
တစ္ယူသန္ေနလို႔မေကာင္းဘူး အစ္မရဲ႕…
သူ႔အတြက္ကုသိုလ္ေကာင္းမႈေလး…
အမွ်အတန္းေလးေပးေဝမွေပါ့အစ္မရယ္…”

“မိသန္း…ငါ့သားေလးက မေသေသးဘူး…
ငါ့သားမေသေသးဘူးဟဲ့…မိသန္းရဲ႕”
“အစ္မအုန္းၾကည္ရယ္…”

ေဒၚအုန္းၾကည္ကိုၾကည့္၍သူႀကီးကေတာ္မွာ
စိတ္မေကာင္း၍မည္သည့္စကားမွဆက္မေျပာႏိုင္ရွာ။
သူႀကီးဦးမ်ိဳးသစ္က…
“မအုန္းၾကည္…ခင္ဗ်ားလည္း
ဘုရားတရား႐ိုေသတဲ့သူပဲဗ်ာ…

ေသသြားသူအတြက္ က်န္ခဲ့တဲ့သူက
ပိုၿပီးမေျဖႏိုင္မဆည္ႏိုင္ျဖစ္တာကိုေတာ့က်ဳပ္သိပါတယ္..
ဒါေပမယ့္ဖိုးေမာင္အတြက္ေတာ့
အမွ်အတန္းေလး ေပးေဝေစခ်င္တယ္ဗ်ာ”
ဟု…နားခ်ပါေသာ္လည္း
ေဒၚအုန္းၾကည္ကမည္သည့္စကားမွ
မေျပာဘဲငူငူႀကီးထိုင္ေနခဲ့သည္။

သူႀကီးကေတာ္ေဒၚသန္းမွ…
“အစ္မအုန္းၾကည္ ေတာ္ကဘာလုပ္ခ်င္တာလဲ…
က်ဳပ္တို႔ဘက္ကဘာလုပ္ေပးရမလဲဆိုတာ
ေျပာပါအစ္မရယ္…မဟုတ္ရင္ေတာ္ပါတစ္ခုခုျဖစ္
သြားမွာက်ဳပ္တို႔ကစိုးရိမ္လို႔ပါ…”
ဟုေျပာေသာအခါ ေဒၚအုန္းၾကည္က
သူႀကီးကေတာ္ကိုၾကည့္၍…
“ေသာင္ထြန္း႐ြာကဘြားမယ္စိန္ဆီကို

ငါသြားခ်င္တယ္ေအ…
မိသန္းညည္းလိုက္ခဲ့ေပးပါ…”
“ဘယ္လိုေၾကာင့္ဘြားမယ္စိန္ဆီကို
သြားခ်င္ရတာလဲအစ္မရယ္…”
“ငါ့စိတ္ထဲမွာငါ့သားမေသေသဘူးမိသန္းရဲ႕…
ၿပီးေတာ့ငါ့စိတ္ေတြကလည္းေသာင္ထြန္း႐ြာက
ဘြားမယ္စိန္ဆီကိုသြားခ်င္ေနတယ္…
ညည္းလိုက္ခဲ့ေပးပါေအ…”

သူႀကီးကေတာ္က ေဒၚအုန္းၾကည္ကိုမျငင္းရက္ေပ။
ဒါေၾကာင့္လည္း…
“အစ္မသေဘာပဲေတာ္…
က်ဳပ္လိုက္ခဲ့ေပးပါ့မယ္…”
ဟုေျပာလိုက္ေလသည္။
“ဟဲ့…ၾကက္ေတြ…ဒီအပင္ပဲလာလာယက္ေန…
ငါ….တယ္ထု႔ပစ္လိုက္ရ”
ၿခံဝိုင္းထဲရွိမာလကာပင္မ်ားေအာက္ေျခရွိေျမကို
ယက္ေနေသာ ၾကက္မ်ားကိုေဒၚဝင္းက

ေအာ္ဟစ္၍ေမာင္းထုတ္ေန၏။
ၾကက္မ်ားက ေဒၚဝင္းအသံကိုမမႈေယာင္ျဖင့္
ေျမကိုအယက္မပ်က္ခဲ့။
“ကဲဟယ္….”
ေဒၚဝင္းစိတ္တိုၿပီးေျမခဲတစ္လုံးေကာက္၍
ထုေလေတာ့မွၾကက္မ်ားလန႔္၍
ၿခံထဲမွထြက္ေျပးၾကေတာ့သည္။
“မိဝင္း…ဘာေတြျဖစ္ေနတာတုန္း”

ဘုန္းႀကီးေက်ာင္းမွျပန္လာေသာဘြားမယ္စိန္သည္
ၿခံဝိုင္းထဲေရာက္ေတာ့ေဒၚဝင္းအသံကိုၾကား၍
ေမးလိုက္ျခင္းျဖစ္၏။
“ေၾသာ္…အေမေတာင္ဘုန္းႀကီးေက်ာင္းက
ျပန္လာၿပီပဲ…”
“ေအး…ျပန္လာၿပီေလ…
ညည္းကဘာေတြျဖစ္ေနတာလဲမိဝင္း…”
“ဘာမွမျဖစ္ပါဘူးေတာ္…

ဟိုၾကက္နီမသားအမိေတြေလ…
ၿခံထဲေျမေတြလာယက္ေနလို႔ေမာင္းထုတ္ေနရတာ
အေမ့ရဲ႕…”
“ညည္းေမာင္းတာကပါးစပ္နဲ႔ပဲ
ေမာင္းတာမဟုတ္ပါဘူးေအ…
ခဲနဲ႔ထု႔ေနတာငါျမင္လိုက္ပါတယ္ဟဲ့…”
“အေမကလည္း…ဒီၾကက္ေတြက
အသံနဲ႔ေတာင္လူကိုမေၾကာက္ေနတာအေမရဲ႕…”
“ဘာပဲျဖစ္ျဖစ္ေအ…သတၱဝါပဲေအ့…
ၾကက္ပဲယက္မွာေပါ့…ေနပါေစေအ…”
ဘြားမယ္စိန္ကိုေဒၚဝင္းျပန္ကာမေျပာေတာ့ဘဲ
ဘြားမယ္စိန္လက္ထဲမွဆြမ္းခ်ိဳင့္ကိုယူ၍…
“အေမ…ေရေသာက္မလား…
က်ဳပ္ေရခပ္ေပးမယ္…”
“ေအး…ေအး…ခပ္ခဲ့”
ဘြားမယ္စိန္ကကြပ္ပ်စ္သို႔သြားေတာ့သည္။
ေဒၚဝင္းကေတာ့ဆြမ္းခ်ိဳင့္ကိုမီးဖိုထဲသြားထားၿပီး
ဘြားမယ္စိန္အတြက္ေသာက္ေရေျပးခပ္ေပး၏။

“ဘြားမယ္စိန္ရွိလားေတာ္…”
“ရွိတယ္ေလ…ဘယ္သူေတြတုန္း”
ေဒၚဝင္းေပးေသာေရခြက္ကို
ဘြားမယ္စိန္ေမာ့ေသာက္ေနတုန္း

ၿခံအျပင္မွေခၚသံေၾကာင့္ေဒၚဝင္းကထူးလိုက္သည္။
ဝိုင္းထဲဝင္လာသူမ်ားကိုျမင္ေတာ့…
“အေမ…႐ြာသစ္ကသူႀကီးကေတာ္

ေဒၚသန္းေတာ့”
ဟု…ဘြားမယ္စိန္ကိုေျပာျပေလသည္။
“လာၾက…လာၾက…ထိုင္ ဒီမွာ…”
ဘြားမယ္စိန္ကလည္းေဒၚသန္းတို႔ကို ကြပ္ပ်စ္ေပၚ
ဝင္ထိုင္ေစသည္။
“က်ဳပ္ကိုမွတ္မိသားပဲေတာ့…”
ေဒၚသန္းက ေဒၚဝင္းကိုၿပဳံးကာေျပာလိုက္သည္။
“မွတ္မိတာေပါ့သူႀကီးကေတာ္ရယ္…

ထိုင္ၾကပါဦး…က်ဳပ္အၾကမ္းအိုးျဖည့္ထားတယ္…
လက္ဖက္ေလးခဏေျပးသုပ္လိုက္ဦးမယ္”
“ရတယ္…အစ္မ မသုပ္ပါနဲ႔ေတာ့”
“ခဏေလးတင္ပါ သူႀကီးကေတာ္ရယ္…

ထိုင္ၾကဦးေနာ္…”
ေဒၚဝင္းကမီးဖိုထဲသို႔ဝင္သြားသည္။
ဘြားမယ္စိန္က သူႀကီးကေတာ္ေဒၚသန္းနဲ႔အတူ
လိုက္ပါလာေသာအမ်ိဳးသမီးႏွစ္ေယာက္ကိုၾကည့္၍…

“႐ြာသစ္ကသူႀကီးကေတာ္က
ဒီကိုဘာအေၾကာင္းမ်ားရွိလို႔ေရာက္လာရတာတုန္း”
ဟုေမးလိုက္၏။

“အေၾကာင္းေလးရွိလို႔ေရာက္လာတာပါဘြား…
ေဟာသည္ကလူေတြက
က်ဳပ္တို႔႐ြာက မအုန္းၾကည္နဲ႔မၫႊန႔္လို႔ေခၚပါတယ္…
ဒီမအုန္းၾကည္ကဘြားဆီလာခ်င္တယ္ဆိုလို႔

က်ဳပ္တို႔လိုက္လာၾကတာပါ…”
ဘြားမယ္စိန္ကသူႀကီးကေတာ္ေဒၚသန္းစကားကို
ေခါင္းညိတ္ျပလိုက္ၿပီး ေဒၚအုန္းၾကည္ကိုၾကည့္၏။
ေဒၚအုန္းၾကည္၏မ်က္လုံးအိမ္ထဲ၌ မ်က္ရည္မ်ားက

ရစ္သိုင္းလို႔ေနသည္ကိုျမင္ေတာ့…
“ဘာေတြမ်ားပူေလာင္ေနရတာတုန္း…
ေျပာစမ္းပါဦးေအ့”
ဟု…ေမးေသာအခါ ေဒၚအုန္းၾကည္မွာ
ဟန္ပင္မေဆာင္ႏိုင္ေတာ့ မ်က္ရည္မ်ားဒေလာေဟာက်၍
ခ်ဳံးပြဲခ်ငိုေႂကြးေတာ့၏။
ေဒၚအုန္းၾကည္ငိုသံေၾကာင့္လက္ဖက္သုပ္ေနေသာ
ေဒၚဝင္းပင္မီးဖိုထဲမွထြက္ၾကည့္ေလသည္။
သူႀကီးကေတာ္ေဒၚသန္းနဲ႔ေဒၚၫႊန႔္တို႔ကပဲ
ေဒၚအုန္းၾကည္ကိုႏွစ္သိမ့္၍ေပးၾကသည္။
“ကဲ…ငိုေနလို႔ထူးလာမယ္ဆိုရင္ငိုသာငိုေအ…
ဒီလိုငိုေနလို႔မထူးဘူးဆိုရင္ေတာ့
ညည္းဘာျဖစ္သလဲငါ့ကိုေျပာ အုန္းၾကည္”
ဘြားမယ္စိန္စကားေၾကာင့္
ေဒၚအုန္းၾကည္ဆက္၍မငိုႏိုင္ေတာ့ဘဲ
ပါးအထက္ရွိမ်က္ရည္မ်ားကိုလက္ျဖင့္
သုတ္ဖယ္လိုက္ေလသည္။

ခဏမွ်ၾကာေတာ့…
“က်ဳပ္သားေလးကိုေသၿပီလို႔ အားလုံးက
ေျပာေနၾကတယ္ဘြားရဲ႕…
က်ဳပ္စိတ္ထဲမွာ
က်ဳပ္သားမေသဘူးဆိုတာကို
က်ဳပ္ယုံၾကည္ေနတယ္ေတာ့္…”
ဟုေျပာေလေတာ့သူႀကီးကေတာ္ေဒၚသန္းမွ…
“ဒီလိုပါဘြားရယ္…

မအုန္းၾကည္သား ဖိုးေမာင္ကတစ္ေယာက္
တေလာကေတာတက္
သစ္ခုတ္တဲ့အဖြဲ႕နဲ႔ေတာထဲလိုက္သြားပါတယ္…
ဒီကေလးက လယ္အလုပ္ေလာက္ပဲလုပ္တတ္တာပါ…
အခုသူေတာထဲလိုက္သြားၿပီးရက္မၾကာေသးခင္ပဲ
ေတာထဲမွာအစအနရွာလို႔မရေအာင္
ေပ်ာက္သြားခဲ့ပါတယ္ေတာ္…
အားလုံးကေတာ့ေသၿပီလို႔သတ္မွတ္ထားၾကေပမယ့္

မအုန္းၾကည္ကေတာ့သူ႔သားမေသေသဘူးဆိုၿပီး
အေတာ္ေလးယုံၾကည္ေနခဲ့ရွာတယ္ဘြားရဲ႕…
အဲ့တာနဲ႔ မအုန္းၾကည္ကဘြားဆီကိုသြားခ်င္တယ္…
လိုက္ပို႔ေပးပါဆိုလို႔က်ဳပ္တို႔လိုက္လာခဲ့ရတာပါ…”
ဟုေျပာေလေတာ့ဘြားမယ္စိန္က ေဒၚအုန္းၾကည္ကို
သနားသြား၏။
ေဒၚအုန္းၾကည္ကိုၾကည့္၍…
“ေအးေလ…မိခင္တစ္ေယာက္ေသာကဆိုတာ

မိခင္ေတြအခ်င္းခ်င္းပဲသိႏိုင္တာပါေအ…
ကဲ…ညည္းသားဖိုးေမာင္ရဲ႕အသက္နဲ႔ေမြးရက္ကို
ငါ့ေျပာစမ္းအုန္းၾကည္…”
ဟုေျပာေလေတာ့ ေဒၚအုန္းၾကည္ကျပာျပာသလဲ
ေျပာလိုက္၏။

“ကဲ…ၾကာသပေတးသားႀကီးဖိုးေမာင္……”
ဟုဘြားမယ္စိန္ကႏႈတ္မွေျပာရင္း
မ်က္စိကိုမွိတ္၍ တိုးတိုးေလးပါးစပ္ကိုလႈပ္ကာ
ေနေလသည္။
သူႀကီးကေတာ္ေဒၚသန္းတို႔ေဒၚအုန္းၾကည္တို႔မွာ
ဘြားမယ္စိန္ကိုမ်က္ေတာင္မခတ္တမ္းၾကည့္ေနၾက၏။
ထိုစဥ္လက္ဖက္သုပ္ပန္းကန္ႀကီးကိုင္၍

ေဒၚဝင္းကသူတို႔အနီးသို႔ေရာက္လာခဲ့သည္။
အေျခအေနကိုၾကည့္၍သူသည္လည္း
တိတ္တိတ္ေလးရပ္ၾကည့္ေနခဲ့ရွာ၏။
ခဏၾကာေတာ့ဘြားမယ္စိန္မ်က္စိျပန္ဖြင့္လာၿပီး…

“အုန္းၾကည္…ညည္းသားက
ညည္းထင္ထားသလိုပါပဲ…မေသပါဘူးေအ့…”
ဟုေျပာလိုက္ေသာအခါ ေဒၚအုန္းၾကည္မွာ
ဝမ္းသာလြန္း၍စကားပင္မေျပာႏိုင္။
သူႀကီးကေတာ္ေဒၚသန္းတို႔မွာလည္းအံ့ၾသေနၾက၏။
“ဟုတ္တယ္အုန္းၾကည္…ညည္းသားက
ေတာထဲလိုက္သြားၿပီး…ညဘက္အေပါ့သြားတာကို
ခြင့္မေတာင္းဘဲ ေတြ႕ရာစြန႔္ခဲ့တယ္ေလ…
သူ႔ကိုအျပစ္ေပးတဲ့အေနနဲ႔သူအေပါ့စြန႔္ခဲ့တဲ့အပင္က

သရဲကသူ႔ကိုလူေတြမျမင္ေအာင္ဝွက္ထားတာေအ့”
“ရွင္…”
“ဟင္…”
အားလုံးအံ့ၾသသင့္ကုန္ၾကသည္။

ေဒၚအုန္းၾကည္မွ…
“ဒါဆိုက်ဳပ္တို႔ဘာလုပ္ေပးရမလဲဘြား…
က်ဳပ္သားေလးကိုျပန္ေတြ႕ေအာင္
ဘာလုပ္ရမလဲေျပာေပးပါေတာ္…”
ဟု…ေျပာ၏။
“ေအး…အခုဒီကေလးအမွားအတြက္
ဒီကေလးကိုခြင့္လႊတ္ေပးဖို႔
ေတာထဲကသရဲကို ဘြားေမတၱာရပ္ခံေပးထားမယ္…
ညည္းတို႔လုပ္ရမွာက ေတာထဲျပန္ဝင္ရွာမယ့္လူေတြကို
ဒီၾကာသပေတးသား ဖိုးေမာင္ရဲ႕အမွားကိုခြင့္လႊတ္ေပးဖို႔
ထမင္းတစ္ထုပ္ဟင္းတစ္ထုပ္ပုံေပးၿပီးေတာင္းပန္ခိုင္း…
ဒါဆိုညည္းသားကိုသူခြင့္လႊတ္ေပးလိမ့္မယ္…”

“ဟုတ္…ဟုတ္ကဲ့ဘြား…
ဒီလိုလုပ္ေပးရင္က်ဳပ္သားေလးကိုေတြ႕ၿပီေပါ့ေနာ္…”
“ညည္းသားကသူတို႔စခန္းခ်ခဲ့တဲ့ေနရာမွာပဲရွိတယ္…
တျခားကိုမရွာနဲ႔အဲ့သည္အနားမွာပဲရွာခိုင္းလိုက္…”
“ဟုတ္…ဟုတ္ကဲ့…”
ေဒၚအုန္းၾကည္ကအေတာ္ေလးဝမ္းသာေနသည္။
“ကဲ…ညည္းတို႔အခ်ိန္ဆြဲမေနၾကနဲ႔…
႐ြာျပန္ၿပီးလုပ္သင့္တာကိုလုပ္ၾကေတာ့…”

ဟုဘြားမယ္စိန္ ကေျပာေလေတာ့
သူတို႔သုံးေယာက္လည္း ကြပ္ပ်စ္ေပၚမွဆင္း၍…
“ဒါဆိုက်ဳပ္တို႔ျပန္ဦးမယ္ဘြား…
က်ဳပ္သားေလးကိုရွာေတြ႕တာနဲ႔
ဘြားဆီကိုအရင္ဆုံးလာခဲ့ပါ့မယ္…”

“ေအး…ေအး…ေအး…”
သူႀကီးကေတာ္ေဒၚသန္းနဲ႔ေဒၚအုန္းၾကည္တို႔လည္း
႐ြာသစ္႐ြာကိုျပန္သြားၾကေတာ့သည္။
႐ြာသစ္႐ြာကိုေရာက္ေတာ့…
“မအုန္းၾကည္…ေတာ္စိတ္ခ်သိလား…
က်ဳပ္ေယာက္်ားကိုေျပာၿပီး
ငၿပဳံးတို႔အဖြဲ႕ကိုေတာထဲထပ္သြားရွာခိုင္းေပးမယ္…

သူတို႔ေတာထဲဝင္ရင္လည္းဘြားမယ္စိန္ေျပာသလို
လုပ္ခိုင္းေပးမယ္…ေတာ္ဘာမွစိတ္မပူနဲ႔ေတာ့…”
ဟုေျပာေသာအခုေဒၚအုန္းၾကည္မွာ
သူႀကီးကေတာ္ေဒၚသန္းကို…

“ေက်းဇူးတင္ပါတယ္ မိသန္းရယ္…”
“ရပါတယ္အစ္မရယ္…ေျပာစရာလူေတြလားေတာ္…”
ထိုသို႔ျဖင့္သူႀကီးကေတာ္ေဒၚသန္းက သူႀကီးဦးမ်ိဳးသစ္ကို

အေၾကာင္းစုံေျပာျပၿပီးေနာက္
ငၿပဳံးတို႔အဖြဲ႕ကိုေတာထဲသို႔ျပန္လႊတ္ေစသည္။
ငၿပဳံးတို႔ကလည္းသူငယ္ခ်င္းဖိုးေမာင္အတြက္
ထပ္မံေတာထဲဝင္သြားၾကေလသည္။

ငၿပဳံးတို႔ေတာထဲဝင္ၿပီးႏွစ္ရက္မွ်ၾကာေတာ့
႐ြာကိုျပန္ေရာက္လာၾကသည္။
ေဒၚအုန္းၾကည္ ခမ်ာသားျဖစ္သူ
ဖိုးေမာင္ျပန္မွပါလာေလမလား
အေတြးျဖင့္ စိုးရိမ္စြာၾကည့္ေနမိစဥ္
ဖိုးေမာင္ကိုျမင္ေလေတာ့ ေဒၚအုန္းၾကည္မွာ
ဝမ္းသာအားရေျပးကာဖက္၍…
“သား….အမယ္ေလး…ကံႀကီးေပလို႔ေပါ့ငါ့သားရယ္”
ဟုေျပာရင္းငိုရွာသည္။
ဖိုးေမာင္ကလည္း ေဒၚအုန္းၾကည္ကိုဖက္၍
ငိုရွာေလေတာ့အနီးရွိသူႀကီးကေတာ္နဲ႔သူႀကီးတို႔လူစုမွာလည္းသူတို႔သားအမိအတြက္ဝမ္းသာမ်က္ရည္မ်ားက်ဆင္း၍ေနၾကသည္။

ေဒၚအုန္းၾကည္ အိမ္၌လည္းလူမ်ားကဝိုင္းအုံေနၾက၏။
ထိုသူတို႔က ဖိုးေမာင္မည္သို႔ေပ်ာက္ဆုံးသြားခဲ့ၿပီး
ဘယ္လိုျပန္ေတြ႕ခဲ့သလဲဆိုတာသိခ်င္ေနၾကသည္။
ဖိုးေမာင္၏ခ်စ္သူျမခင္ကလည္း ဖိုးေမာင္၏အနီး၌
ၿပဳံးၿပဳံးႀကီးထိုင္ေနခဲ့၏။
“က်ဳပ္အဲ့သည္ညတုန္းက
ငၿပဳံးတို႔ကလည္းအိပ္ေနတာနဲ႔
အေပါ့ထသြားခဲ့တယ္…

လူကလည္းအိပ္ခ်င္ေနတာေၾကာင့္
ဘာမွခြင့္မေတာင္းမိလိုက္ဘူးဗ်ာ…
အဲ့သည္အေပါ့သြားမိတဲ့ ညမွာပဲက်ဳပ္အိပ္ေနတုန္း
ေယာက်ာ္းႀကီးတစ္ေယာက္က က်ဳပ္ကိုပုတ္ႏႈိးတယ္ဗ်…
က်ဳပ္လည္းႏိုးလာေတာ့သူက
လာမင္း…ငါနဲ႔လိုက္ခဲ့ဆိုၿပီးေခၚသြားေတာ့တာပဲ…

သူေခၚေတာ့က်ဳပ္စိတ္ကျငင္းေနေပမယ့္
က်ဳပ္ခႏၶာကိုယ္ကသူခိုင္းတဲ့အတိုင္းလုပ္ေနတာ…
သူထိုင္ခိုင္းတဲ့အပင္ေအာက္ေရာက္ေတာ့
က်ဳပ္ထိုင္ခ်လိုက္ရတယ္…
ၿပီးေတာ့အဲ့သည္လူကလည္း ခ်က္ခ်င္းႀကီး
ေပ်ာက္သြားခဲ့တာဗ်…”
“ဖိုးေမာင္…အဲ့သည္လူကမင္းကို

ဘယ္ေခၚသြားတာလဲဟ…”
“က်ဳပ္အေပါ့စြန႔္ခဲ့တဲ့အပင္ေအာက္ကိုဗ်”
“ေဟ…ဒါဆိုမင္းကိုငၿပဳံးတို႔လိုက္ရွာတာဘာလို႔မေတြ႕တာလဲ”
“က်ဳပ္ကသူတို႔ကိုျမင္တယ္…

သူတို႔ကသာက်ဳပ္ကိုမျမင္ဘဲေအာ္ေခၚၿပီးရွာေနၾကတာ…
က်ဳပ္ကိုယ္ႀကီးကလည္းထိုင္ေနရာကထမရဘူးဗ်…
က်ဳပ္အသံလည္းသူတို႔ကမၾကားၾကေတာ့

က်ဳပ္လည္းအေတာ္ေလးေျခာက္ျခားေနခဲ့ရတာ…”
ဖိုးေမာင္ေျပာျပသည္မ်ားကိုၾကားေတာ့
တခ်ိဳ႕ကအံ့ၾသေနၾကသည္။
တခ်ိဳ႕က ဖိုးေမာင္အစားေၾကာက္၍ေနၾက၏။
“ဒါဆိုမင္းကို ငၿပဳံးတို႔ကဘယ္လိုရွာေတြ႕ခဲ့တာလဲကြ”
“ထူးေတာ့ထူးဆန္းတယ္ဗ်…

က်ဳပ္ကိုထိုင္ခိုင္းၿပီးေပ်ာက္သြားတဲ့လူႀကီးက
ငၿပဳံးတို႔မေရာက္လာေသးခင္ ျပန္ေပၚလာၿပီးေတာ့
ေကာင္ေလးမင္းသြားလို႔ရၿပီဆိုၿပီးလာေျပာသြားတယ္…
သူလည္းေျပာၿပီးျပန္ထြက္သြားတုန္းငၿပဳံးတို႔က
က်ဳပ္ကိုရွာေတြ႕သြားၾကတာပဲဗ်…”
“ထူးဆန္းလိုက္တာ…”

“ဟုတ္ပါ့…ဖိုးေမာင္အျဖစ္ကေၾကာက္စရာလည္း
ေကာင္းတယ္ေတာ္”
“ငါ့သားေရ…ဒါေသာင္ထြန္း႐ြာက
ဘြားမယ္စိန္ေက်းဇူးေၾကာင့္ငါ့သားရဲ႕…
ဘြားမယ္စိန္သာမေျပာျပရင္အေမတို႔သိၾကမွာ
ေတာင္မဟုတ္ဘူး…အေမတို႔ေသာင္ထြန္း႐ြာကိုသြားၿပီး
ဘြားမယ္စိန္ကိုကန္ေတာ့ၾကရေအာင္ငါ့သားရယ္…”
“ဟုတ္ကဲ့အေမ”

ထိုသို႔ျဖင့္ေဒၚအုန္းၾကည္က ဖိုးေမာင္ကိုေခၚ၍
ဘြားမယ္စိန္ထံသြားကန္ေတာ့္ၾကသည္။
“က်ဳပ္အခုလို႐ြာျပန္လာႏိုင္တာ
ဘြားရဲ႕ေက်းဇူးေၾကာင့္လို႔အေမကေျပာတယ္ဗ်…
က်ဳပ္ကိုအခုလိုကူညီေပးလို႔ေက်းဇူးတင္ပါတယ္ဘြား”
ဟုဆိုကာဖိုးေမာင္က ကန္ေတာ့ေလသည္။
ဘြားမယ္စိန္ကလည္း
ေဒၚအုန္းၾကည္ကိုၾကည့္၍ၿပဳံးေနမိ၏။
ေဒၚအုန္းၾကည္ခမ်ာလည္း

သားျဖစ္သူဖိုးေမာင္အတြက္ဝမ္းသာေနရွာသည္။
“က်ဳပ္ကေလ က်ဳပ္သားေလးကို
အခုလိုထပ္ျဖစ္မွာဆိုးလို႔ေတာမတက္ခိုင္းေတာ့ဘူးဘြားရဲ႕..
ဒီကေလးကိုသူ႔မဂၤလာေဆာင္တင္ေတာင္းဖို႔
ႏြားနဲ႔လယ္ကိုေရာင္းေပးမယ္ဆိုေတာ့
သူ႔ေကာင္မေလးအေဖက တင္ေတာင္းတာထက္
ႏွစ္ဖက္အသိုင္းအဝိုင္းေရွ႕ မဂၤလာေဆာင္ေပးတာတင္
ေက်နပ္ပါၿပီလို႔ေျပာရွာေတာ့ သူလည္းဝန္ေပါ့သြားပါၿပီေတာ္”
ဟု…ေဒၚအုန္းၾကည္ကဝမ္းသာအားရေျပာေလေတာ့

ဘြားမယ္စိန္ကေခါင္းတစ္ခ်က္ညိတ္၍…
“ေကာင္းတာေပါ့ေအ…
ေငြေတြပကာသနေတြထက္
ခ်စ္ျခင္းေမတၱာစစ္မွန္ဖို႔ကအဓိက က်တယ္ေလ…
ေကာင္းပါတယ္…ေကာင္းပါတယ္…”
ဟု…ျပန္၍ေျပာေလသည္။

ဖိုးေမာင္တစ္ေယာက္ေတာထဲ၌ သရဲဝွက္ခံရသည္ဆိုေသာ
သတင္းမွာလည္းေသာင္ထြန္း႐ြာနဲ႔႐ြာသစ္႐ြာတင္မက
ေဘး႐ြာမ်ားသို႔ပါပ်ံ႕ႏွံ႔၍သြားေတာ့၏။
ထိုသို႔ျဖင့္ၿပီးပါၿပီ။

ယဥ္မင္း(ကန႔္ဘလူ)