ကျွန်မပိုင်သည့်လမ်း(စ/ဆုံး)
Unicode Version
ကျွန်မပိုင်သည့်လမ်း(စ/ဆုံး)
———————————–
ကျွန်မတို့ပတ်ဝန်းကျင်တွင် သရဲ၊
တစ္ဆေ၊နာနာဘာဝ..အစရှိသည့် …မမြင်ရသည့်
ထူးဆန်းအံသြဖွယ်ကောင်းသော..ပရလောက
သားများကို တွေ့ဖူးမြင်ဖူးသူများလည်းရှိသလို..
မတွေ့ဖူးမမြင်ဖူးသူများလည်းရှိနေပါလိမ့်မည်။
တစ်ချို့သရဲအခြောက်ခံဖူးသူ
ူများကလည်း ပရလောကသားများ မိမိနေထိုင်
.ရာ ပတ်ဝန်းကျင် နှင့် အခြား
နေရာအနှံအပြားတွင် ..ရှိနေသည်ဆိုတာ
ယုံကြည်ကြ၏။..အချို့သော သူများက
တော့ အယုံကြည်မရှိကြပါ …ဒါက ကို
အယူနှင့်ကိုဆိုတော့ ..မည်သူကိုမဆို ဇွတ်ယုံ
ကြည်ခိုင်းလို့မရသလို…မယုံပဲ မနေပါနှင့်လို
လည်းကျွန်မပြောချင်ပါသည်။ အကြောင်းမှာမူ
‌ကျွန်မကိုယ်တိုင် လည်း
သရဲ..အခြောက်ခံရဖူးလို့ပဲ။
ဒါကြောင့် ကျွန်မကတော့
ကိုယ်မမြင်နိုင်တဲ့ သရဲ..တစ္ဆေ၊..ပရလောက
သားများ ရှိနေမယ်ဆိုတာ…ယုံကြည်ထား၏။
သို့သော်လည်း တစ်ခုပြောချင်တာက..
.ကျွန်မသည်၊
အညာသူဖြစ်၍ ..အညာမှာ တော်တော်များ
များသရဲအခြောက်ခံရဘူးသူတွေ တွေ့ဘူး
ပါတယ်။
သူတို့ကိုခြောက်တာကလည်း အမျိုးမျိုး ခြောက်ပြ
ကြပါ၏။ အကြောင်းမှာမူ…ကျွန်မပြောပြချင်တာက။
အချို့လူတွေကို ညအချိန်မတော် ပြန်လာရင်
လမ်းလည်ခေါင်မှာ …ခွေးနက်ကြီးတွေ့တာ
မျိုးတို့….သရဲတစ္ဆေများက နွားယောင်ဖန်ဆင်းပြီး
လမ်းပေါ်မှာ …မဖယ်ပေးပဲရှိတာမျိုး….ပြီးနောက်
ဆိတ်ကလေး ဟန်ဆောင်ကာ…ဆိတ်ကျောင်း
သားများကို စ ချင်..နောက် ချင်သည့် အတွက်
ကြောင့် ဆိတ်ကလေးယောင်ဖန်ဆင်းပြီး
ခြောက်တာမျိုးတို့…အစိမ်းသေသောသူများက
လည်း..ကိုယ်လူ့ဘဝက ဘယ်လိုပုံသဏ္ဍာန်နဲ့
သေခဲ့လည်း အဲသည်သေခဲ့သည့်
အတိုင်းခြောက်ပြ
တာမျုးိပေါ့ ဒါမျိုးလေးတွေလဲတွေ့ရတယ်။
ကျွန်မလည်းးသရဲ အခြောက်ခံရဖူးပါတယ်။
ကျွန်မသရဲ အခြောက်ခံရတုံးကပြောပြရမယ်
ဆိုရင်..တစ်နေ့
ကျွန်မအမေက..ပဲခင်းအစောင့်ခိုင်းလို့ တစ်နေ
ကုန် တောထဲမှာ ကိုယ်တစ်ယောက်ထဲ
သွားစောင့်တာ..ဖြစ်ချင်တော့ ကျွန်မစောင့်တဲ့
နေ့ အရင်ရက်တွေက အဖိုးတစ်ဦး
လူကြီးရောဂါ
နဲ့ ဆုံးထားတာ မကြာသေးဘူး..သူ့ယာခင်းနဲ့
ကိုယ့်ယာခင်းက..ကပ်ရက်ကို…ကျွန်မတို့ပဲခင်း
က..အပင်တွေက သိတ်အကြီးကြီးတွေ မဟုတ်
ဘူးရယ်.. ပဲလိပ်ပြာလို့ခေါ်သည့် ပဲပင်တွေလေ
လူတစ်ထိုင်စာအပင်လေးတွေရှင့်၊
အဲသည်တော့ ကိုယ်က ယာခင်းတစ်ခုလုံးကို ခြုံ
ကြည့်က တခင်းလုံးမြင်နေရတယ်လေ။
ကျွန်မလည်း ယာခင်းစောင့်ရင်း ပဲခင်းလေး
ထဲ လျှောက်ပတ်ကြည့်ရင်း မောလာတာနှင့်
ရာသီဥထု အပူရှိန်ကြောင့်
တဲထဲ ဝင်ထိုင်နေတာ…
…ထိုင်နေသည့် အချိန်မှာ ..တဲကို ကျောက်
်စလစ်ခဲလေးတွေ ဗြုန်းစားကြီး
ပစ်ပေါက်သည့်.အသံတွေ..ဖြောဖြောဆို
တဲပေါ်..ကျလာခဲ့၏။ ပထမတော့ တောသွား
တောလာတွေ စ နောက်သည်ထင်ပြီး ..ထွက်
မကြည့်ဘူး..နောက်တစ်ကြိမ် ကျောက်စလစ်ခဲ
လေးတွေ ထပ်ကြလာခဲ့ပြန်၏။သည်တစ်ခါ
တော့
ကျွန်မကို စ.နောက်တဲ့လူ သိချင်တာနဲ့တဲထဲက
အပြင်ထွက်ကြည့်မိတယ်ရှင့်။
ထွက်လည်းကြည့်ရော
“ဟင်.”ခနဲ ဖြစ်သွားတယ်။အကြောင်းမှာမူ
.တဲအပြင်မှာ ဘယ်သူမှ ရှိမနေလို့ပဲ။
ကျွန်မလည်း ကြောင်ပြီး ရပ်ကြည့်နေမိတော့
သိတ်မကြာင်ခင်မှပဲ ကျောက်စလစ်ခဲတွေ
ဘယ်ကပစ်လိုက်မှန်းမသိ..ကိုယ့်ရှေ့ ဖြောဆို
ထပ်ကြလာပြန်တယ်။ ကျွန်မ သရဲခြောက်နေ
ပြီဆိုတာ ..ရိပ်မသွားပြးီ ကိုယ်လည်း ကြောက်
လာပြီး …မလုံမလည်း ဘေးဘီတွေ
ွ လျှောက်ကြည့်နေမိတယ်။
..နောက်တော့ ကိုယ်စောင့်တဲ့
ပဲခင်း အလည်တည့်တည့်က..ချောင်းဆိုးသံ
ကြီး ရုပ်တရပ် ထွက်ပေါ်လာခဲ့တယ်။
သည်လိုထွက်
လာတော့ ဘယ်သူချောင်းဆိုးတာလည်း
သိချင်နေမိတယ်။
ကိုယ့်စောင့်တဲ့ ယာခင်းကလည်း
တစ်ခင်းလုံးမြင်နေရတော့ လူဆိုရင် မြင်ရ
တယ်။ အဘယ်ကြောင့်ဆိုသော်
ပဲပင်က သေးသေးလေးတွေ တစ်ခြား.ခင်တဲ့
လူက စ ခြင ်နောက်ခြင်ရင်တောင် မြင်နေရမှာ
သို့သော်..လူလည်းမရှိပဲ ချောင်းဆိုးသံပဲကြားနေရကာ သို့ရာတွင် အတွေးပင်မဆုံးသေး
နောက်ထပ်ချောင်းဆိုးသံ ထပ်မံ ပေါ်ထွက်
လာခဲ့တယ်။ ကျွန်မ တစ်အားကြောက်နေပြီ..
ကြောက်နေပါသည်ဆိုကာမှ
ချောင်းဆိုးသံ နောက်ထပ်တစ်ကြိမ် ထပ်ပေး
လိုက်တော့..ကျွန်မ တဲထဲ ပြေးဝင်ထိုင်ပြီး
ဘုရားစာတွေ ..ထိုင်ရွတ်နေမိတော့တယ်။
ချွေးတွေပြန်ပြီး ကြောက်ကလည်း ကြောက်
နေပြီ ဖင်မငြိမ်ဘူး ..ထ ချင်သလိုလို ထိုင ်ချင်
သလိုလို ပြေးချင်းသလိုလို…
တဲထဲ ဝင်ထိုင်လိုက် ….အပြင်ထွက်လိုက်
အိမ်ပြန်ဖို့ ခြေလှမ်းမိတော့လည်း အမေက
မနက် ယာခင်းစောင့်ခိုင်းကတည်းက အစော
ပြန်မလာရန်နှင့် နေလုံးကြီး တောင်ပေါ်မေးတင်
မှ ပြန်လာခဲ့ဆိုပြီး ပြောထားသေးတယ်။
အစောပြန်သွားရင်လည်း ဝါးခြမ်းနှင့်အရိုက်ခံ
ရဦးမည်။
ကျွန်မ အိမ်လည်းမပြန်ရဲဘူး..
ခုမှ.ဟိုစကားပုံလိုဖြစ်နေပြီ။
“ခွေးနေရာမရ.”ဆိုတာလေ အိမ်လည်း မပြန်
ရဲ ယာခင်းစောင့်ရမှာလည်း သရဲခြောက်ခံနေ
ရလို့ ဆက်မနေရဲ တစ်ယောက်ထဲကို ဗျာများ
နေတာ…
ညနေမှ ပြန်ရမှာ..မထူးပါဘူး လေ ဆိုပြီး
ညနေ..မရောက်မချင်း တဲ
ထဲမှာ ဘုရားစာရွတ်ပြီး နေခဲ့တယ်။
ဒီသရဲကကြတော့ ကျွန်မကို
အသံပေးခြောက်တာ
ရုပ်ပြမခြောက်ဘူးရယ်။ကျွန်မကတော့ သည်လို
သရဲ အခြောက်ခံဖူးတယ်ရှင့်….
တကယ်တော့..သရဲ..
တစ္ဆေဆိုတာ တကယ်ရှိပါတယ်။ယုံတာမယုံတာ
စာဖတ်သူတို့အပိုင်းပါ၊ကိုယ်ကတော့ အခြောက်
ခံရတာလေးကိုလည်း ပြောပြပြီးပြီ။
******************************
အဝေးပြေးလမ်းမများတွင် ခရီးသွား
များ မကြာခဏ အက်ဆီးဒင့် ဖြစ်ကြသည်။
ထိုအရာများဖြစ်နေရခြင်းမှာ …သရဲ တစ္ဆေများ
ရဲ့ နှောက်ယှက်မူများကြောင့် ဖြစ်နေရခြင်းဖြစ်
သည်။ အထူးသဖြင့် သေတာခြင်းတူတောင်
အစိမ်းသေ သရဲများသည်၊
ပို၍ အစွမ်းထက်ကြသည်..အစိမ်းသေ
သရဲများကို…အမဲသားကျွေးပြီး
အောက်လမ်း ဆရာမျ ားခေါ်ယူကာ
မွေးမြူကြ၏။
ကိုယ်မကျေနပ်သော သူနောက်လိုက်၍
.တာဝန်ပေးသတ်ခိုင်းပါက….သတ်ခိုင်း၍ရ
၏်။ဒုက္ခပေးချင်လည်း ဒုက္ခပေး၍ရ၏။
အောင်မြင်ရင် အမဲသားကျွေးသည်။
အမဲသား မကျွေးနိုင်တော့ရင်တော့ သူတို့ကို
ပြန်သတ်ပစ်ကြ၏။
်နှစ်အတန်ကြာ
နှစ်ချို့အစိမ်းသေ သရဲများက…တစ်ခြားအစွမ်း
မရှိသော သရဲများကို နိုင်စား၍ ရသည်။
ကျွန်မခုပြောပြမှာက မြို့နယ်တစ်ခုမှာ
အမှန်တစ်ကယ်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်လေး
တစ်ခုပါရှင့်….
~~~~~~~~~~~~~~~~~~~
( ç – ) မြို့နယ်တစ်ခု
တွင်…အရှင်ဘုရင်များလက်ထက..်ကတည်းက
ယနေ့ခေတ်အထိ …ညစဉ် သောင်းကြမ်းနေ
သော နှစ်အတန်ကြာ နှစ်ချို့ ကုလားမကြီး
က၊ လာသမျှ လူတိုင်းကို ခြောက်လန့်နေ
သည်ဟု သတင်းများထွက်ပေါ်နေသည်။
ထို ကုလားမကြီးသတင်းက
ရွာနီးခြောက်စပ် တွင် အလွန်နာမ်မည်
ကြီးနေပြီး ..ထိုကုလားမကြီးဟာ
ညစဉ်ညတိုင်း ထိုလမ်းမပေါ်ရှိနေပြီ ဆိုပါက
ကြောက်မတ်ဖွယ်ကောင်းသော..ခွေးအူသံ
ကြီးများ ပေါ်ထွက်လာတတ်သည်ဟု ပြော
ဆိုနေသံများ နားထဲတွင်..ကြက်သီး ထ ဖွယ်
ကြားနေကြရသည်။ အဆိုးဆုံးက ကုလားမ၊သရဲ
သဘက်မကြီးသည်..
ထိုလမ်းမပေါ် သွားလာ လူပ်ရှားနေချိန်
ရွာသူ ရွားသားများ ဖြတ်လာပါက ကြီးမားလွန်း
သော ခန္ဓာကိုယ်ရှိ…သဘက်မကြီးက
လမ်းမဖယ်ပေးပဲ ရပ်နေတတ်သည်။ဟုသိရ
သည်။
သည်လိုရပ်နေလျင် ဘုရားစာမျ ား ရွတ်ဖတ်ကြ
သည်။ သဘက်မကြီးက မဖယ်ပေးပါ …အချို့
စိတ်မရှည်ပဲ ညစ်ညမ်းစွာ ဆဲဆိုကြသည့်အခါ
် လမ်းဖယ်ပေးသည်ဟု..ပြောကြပါသည်။
ကုလားမကြီး ညစဉ်တိုင်း လမ်းမ
ပေါ်ဖြတ်သွားဖြတ်လာ လုပ်နေပါက..ခွေးတစ်အုပ် ဆွဲဆွဲငင်ငင် အူနေမူကြောင့် လူအများ
ကြောက်လန့်လာ၍ ဘုန်းကြီးပင့် တရားနာ
ပရိတ်ရွတ်ဖတ်ကြသည်။ သို့သော်လည်း
်ကုလားမကြီးက ကုသိုလ်ရေးရာနှင့်ယှဉ်
လျှင် အကုသိုလ်ကများနေပြီး
ကုသိုလ်က နည်းပါလွန်းတာကြောင့် မကျွတ်
နိုင်သေးကြောင်း….ဘုန်းဘုန်းတစ်ပါးအား
အိမ်မက်တွင် လာရောက်ပြောသွားခဲ့ပါသေး၏။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ထိုနောက်…သဘက်မကြီး
ပိုင်သည့် လမ်းပေါ်..လေကြောင်း ရဲတပ်ဖွဲ့
လိုင်းခန်း ဆောက်ရန် ပန်းရံ အဖွဲ့များ ရောက်
လာပြီး..ကျောက်..သဲ များပုံကာ ညပိုင်းတွင်
‌ထိုလမ်းမရှိ..ကျောက်ပုံဘေးတွင် အဖွဲ့လိုက်
အရက်သေစာ သောက်စား..မူးမူးနဲ့ ဆဲကြ
ညစ်ညမ်းမူတွေ လုပ်လို့လုပ်နှင့်သောက်စား
ခဲ့ကြရာ..နောက်နေ့တွင် ပန်းရံသမား(၃)ဦး
ဆိုင်ကယ်စီးထွက်စဉ်
ကားတိုက်မူဖြစ်၍ သေဆုံးခဲ့ကြသည်ဆို၏။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ပန်းရံသမားများသေဆုံးသည့်ကိစ္စနှင့်
ပတ်သတ်ပြီး
ပန်းရံခေါင်းဆောင်သည် ပန်းရံလုပ်သူ (၃)ဦး
သေဆုံးသွားသည်ကြောင့် အလွန်ဝမ်းနည်း
လျက်ရှိကာ စိတ်မကောင်းဖြစ်နေ၏။
ပန်းရံခေါင်းဆောင်လည်း အတွေးများနှင့်
မကြာခင် အိပ်ယာထက်ဝယ်..အိပ်ပျော်
သွားရာ
*******************
“ဆရာ ဆရာ ”
“ဟင်”
တစ်ယောက်ယောက် ငါ့ကို ခေါ်နေတာပါ
လား ဘယ်ကခေါ်နေတာလဲမသိဘူး..
ပန်းရံ ဆရာ၏ နားထဲ ခေါ်သံကြား၍
အသံရှင်ကို ရှာကြည်မိတော့…လွန်
ခဲ့သည့်တစ်ပတ်ကမှ
ကားတိုက်သေဆုံးသွားကြသော ပန်းရံအလုပ်
သမား(၃)ယောက် မျက်နှာငယ်လေးနှင့်
ပန်းရန်ဆရာအား..ခေါ်နေခြင်းဖြစ်သည်။
“ဟေ “မင်းတို့ သုံးယောက် မျက်နှာတွေလည်း
မကောင်းပါလား…ငါတို့ ဆွမ်းသွပ်တာ
အမျှမရကြဘူးလား..သာဓုမခေါ်ဘူးလား”
” ကျွန်တော်တို့ သာဓုခေါ်လို့မရဘူးဆရာ”
ကုလားမ သရဲ.သဘက်မကြီး တစ်ယောက်
ကျွန်တော်တို့ လိုင်းခန်းဆောက်နေသည့်နေရာ
ရယ် ကျောက်ပုံထားသည့်နေရာရယ်က သူ
ပိုင်သည့် လမ်းဖြစ်နေတယ်ဆရာ..ကျွန်တော်
တို့ သူပိုင်သည့်လမ်းပေါ်အရက်သောက်
မူးရူးပြီး ဆဲလို့ ကားတိုက်သေအောင်
လုပ်လိုက်တယ်၊ ပြီးတော့ ကျွန်တော်တို့ကို
သဘက်မကြီးက သူ့နားမှာ သရဲအဖြစ်နေဖို့ပါ
ခေါ်ထားတယ်၊ဆရာ၊..
ဆရာ..ကျွန်တော်တို့ကို ကူညီပါဦးဆရာ..ဆရာ
ကျွန်တော်တို့သွားတော့မယ်ဆရာ…”
“ဟင် ငါ အိမ်မက်မက်နေတာပါလား..
ငါ..အိမ်မက်က လန့်နိုးလာတော့.အိမ်မက်ထဲ
မှာ
သူတို့ပြောသွားတာ တကယ်ပဲလား..အတွေးများ
နှင့် ပင် ပြန်အိပ်မရတော့ပါ ..တွေးရင်း မိုးလင်း
သွားခဲ့တော့သည်။
……………………………………..
” အင်းအိမ်မက်ထဲက ပန်းရံအလုပ်
သမား( ၃ )ယောက်ပြောသလိုဆို ငါ..ဆေး
ဆရာအိမ်ပင့်..အကျိုးအကြောင်းပြောပြပြီး
အကူညီတောင်းမ ှရတော့မယ်။
ဆေးဆရာ ကလည်း
သိတ်ဝေးဝေး ရှာစရာမလို ကျွန်တော်တို့
လိုင်းခန်းဆောက်ခိုင်းသော …နေရာမှ ဆေး
ဆရာအား ရှာတွေ့ခဲ့သည်။”
++++++++++++++++++±±±
” ဆရာ ကြွပါဆရာ….”
“အင်း ဆေးကုဖို့ဆိုတော့ လိပ်ပြာလှသူ
တစ်ဦးရှာပေးမှ ရမယ် မောင်ရင်..ခတ်မြန်မြန်
လေးရှာပေးကွယ် သိတ်အရေးကြီးတယ်”
“ကောင်းပါပြီဆရာ..ကျွန်တော် ရအောင်ရှာ
လာခဲ့ပါမယ်ဆရာ..”
“ဆရာ လိပ်ပြာလှသူ မိန်းကလေးရလာခဲ့ပြီး
ဆရာ”
“အေး…လာလာ ဘုရားဦးတိုက်သမီး”
“ဟုတ် ..ဆရာ..”ဟုပြောပြီး
လိပ်ပြာလှ မိန်းကလေး ဘုရားဦးတိုက်ပြီး
ဆေးဆရာမှ .စတင် ဆေးကုသပါတော့တယ်။
အထက် ဘိုးမင်းခေါင်နှင့် အထက်ဆရာများ
အား တိုင်တည်ပြီး…
“.ကဲ ..လိုင်းခန်းဆောက်စဉ်
နှောက်ယှက်နေသော..သဘက်မကြီး
ခုချက်ခြင်းရှေ့မှောက် အရောက်လာခဲ့ပါ။”
အမိန့်ပေးပြီးမကြာခင်….မိန်းကလေး
ခန္ဓာကိုယ..် တုန်ရီလာပြီး..သဘက်မကြီး
က..စတင်ပြောလာခဲ့တယ်။
“ခု.ကုသနေတဲ့ ဆေးဆရာ ကျွန်မသိတယ်။
ဘုရားဒကာ အထက်လမ်းဆရာတစ်ယောက်
ဖြစ်တယ်ဆိုတာ..ဒါပေမဲ့
ပန်းရံ ( ၃ )ယောက်ကို သေအောင်
ကျွန်မလုပ်လိုက်တာပါ…ပန်းရံသမားများ
ခေါင်းမူခြင်း၊အလုပ်တွင်ကျန့်ကြာခြင်း
အဆင်မပြေဖြစ်ခြင်းအဲ့တာတွေ
အားလုံးက အစ ကျွန်မကိုယ်တိုင်
လုပ်ထားတာပါ…ခု ဆောက်နေတဲ့နေရာက
လမ်းနေရာ ပိတ်နေတယ်။
..သဲကျောက်တွေပုံတယ်။ပြီးနောက်
အရက်သေစာ သောက်စားကြ..၊.ညစ်ညမ်းတာ
တွေ ပြောဆိုကြလို့ ..လုပ်တာပါ..အဆင်
ပြေခြင်ရင်..အမဲသား (၁၀ )ပိသာကျွေးပါ။”
သဘက်မကြီး သည်လိုပြောတော့ ဆေးဆရာမှ
ပန်းရံဆရာဘက်လှည့်ကာ မေးပါတော့၏။
“ကဲ မောင်ရင်ပြောပါဦး ဟော့ဒီသဘက်မကြီး
တောင်းတာ..လက်ခံရဲ့လား..”
“(၁၀)ပိသာ များတယ် (၅)ပိသာကျွေးမယ်။လို့
ပြောပေးပါဆရာ”
“ကဲ ဒီက မောင်ရင်ပြောတာ ကြားတဲ့အတိုင်း
ပဲ (၅)ပိသာဆို ရတယ်မို့လား..”
“ကောင်းပြီ ကျေနပ်ပါတယ်” သဘက်မကြီး
လည်း ဒီလောက်နဲ့ အဆင်ပြေသွားခဲ့သည်။
ည၇နာရီကျတော့…ဆောက်လုပ်တဲ့ နေရာမှာ
လက်ပံပင်အိုကြီးတပင်ရှိ၏်။ ထိုနေရာ
သွားပြီး ငှက်ပျောဖက်ပေါ် အမဲသားများတင်
ကျွေးခဲ့ရာ..ခဏခြင်းပျောက်သွားခဲ့သည်၊
သည်လိုလုပ်တာ အားလုံး ပြီးစီးသွားတော့
လုပ်ငန်းတွေလည်း အဆင်ပြေချောမွှေ့ခဲ့၏။
ဘာအနှောက်ယှက်မှ ထပ်မဖြစ်တော့ဘူး..
သဘက်မကြီးက ဒီနယ်တစ်ဝိူက် သရဲလောက
မှာ အကြီးဆုံးဖြစ်သည်။ ဘုန်းကြီးပရိတ်ရွတ်
နှင်လဲ မရ..သာမာန်ကုသိုလ်လောက်နှင့်
မရပါ..အကုသိုလ်တွေ များလွန်းနေတာကြောင့်
မကျွတ်လွတ်နိုင်သေးပါ..သဘက်မကြီးက
သူလိုချင်သောကုသိုလ်နှင့် အချိန်…
ရောက်လာခဲ့ရင် ..ဆေးဆရာထံ လာရောက်
တောင်းခံပါ့မယ်..ပြောသွားခဲ့ပါတော့သည်။
$$$$$$$$$$$$$$$$$$$$$$$$$$
နောက်( ၃ ) လကြာပြီးတဲ့နောက်
ဆေးဆရာက ိုအခြားမြို့က မိသားတစ်စုက
ပရောဂ ကုရန်..လာခေါ်
တာနှင့် ဆေးဆရာလည်း အခြားမြို့သို့ လိုက်သွားခဲ့သည်။
ဖြစ်စဉ်မှာ. .. ပန်းစိုက်
ခြင်း ၊ စတော်ဘယ်ရီ စိုက်ခြင်းကြောင့်ကြီးပွား
ချမ်းသားလာကာ…တိုက်ဆောက်နိုင်သည့်
အခြေနေတစ်ခု ရောက်လာတော့ မနာလိုသူ
မှ အောက်လမ်းဖြင့် ဘီလူး( ၃ )ကောင်ကို
သင်္ချိုင်းမြေမှ အိမ်အတွင်းလာရောက်မြုတ်ထား
ခြင်းကြောင့်..စီးပွားတွေလည်းပျက်…နာမကျန်း
တာတွေဖြစ်လို့ဖြစ်နှင့်..ထို့်နောက်.ဘီလူး
( ၃ )ကောင်မှ ( ၁၃ )နှစ်သာရှိသေးသောမိန်း
ကလေးထံံ ဝင်ရောက်ပူးကပ်..သောင်းကြမ်းနေ
လေသည်။ သည်လိုသောင်းကြမ်းနေတော့
ဆေးဆရာ အား..ခေါ်ယူ
ကုသခိုင်းခြင်းဖြစ်သည်။..
°°°°°°°°°°°°°°°°°°°°°°°°°°°°
“ဆရာ ကြွပါရှင့် ကျွန်မတို့အိမ်မှာဖြစ်
တဲ့ ကြောက်စရာကောင်းသော..အောက်လမ်း
ပြုစားထားသူအား ဖော်ထုပ်ကုသပေးပါဆရာ
အားကိုပါတယ်။ ကုသမူ အောင်မြင်လိမ့်မယ်
လို့လည်း ကျွန်မ ယုံကြည်တယ်ဆရာ…”
“ကဲ ဆရာရောက်လာပြီပဲ ဘာမှ စိတ်မပူနဲ့
တော့..ဆရာအားလုံးအဆင်ပြေအောင်
ကုသပေးမယ်”ပြောပြီး ဘီးလူးများဝင်စီးနေ
သောမိန်းကလေးဘက်လှည့်ကာ အခြေနေ
ကြည့်ပြီး…အဘ ဘိုးမင်းခေါင်နှင့် အထက်ဆရာ
တို့အား..တိုင်တည်ပြီး…စတင်ဆေးကုသပါ
တော့၏။
“ဒီမိန်းကလေးကိုယ်ထဲ ဝင်စီးနေတဲ့ ပုဂ္ဂိုလ်တွေ
ဘာကြောင့် ဒီအိမ်မှာ လာပြီးနှောက်ယှက်
နေတာလည်း..မင်းတိုကို ဘယ်သူခိုင်းတာ
လည်းမှန်မှန်ဖြေ..ငါ့ဆရာအမိန့်”
“ဟုတ် ကျွန်တော်တို့က ဘီလူးတွေပါ
အောက်လမ်းဆရာ.သင်္ချိင်းက
ခေါ်လာပြီး ဟော့ဒီအိမ်
မှာ လာရောက်မြုတ်ထားတာပါ ပြီးတော့သူတို့
စီးပွားပျက်အောင် ..လုပ်ခိုင်းတာပါ။ကျွန်တော်
တို့လည်း ဆင်းရဲဒုက္ခရောက်နေပါတယ် ဆရာ၊
ကူညီပေးပါ…”
သည်လိုအချိန်မှာ…ဝင်ပူးခံနေရသူ မိန်း
ကလေးလည်း..မျက်စိတွေ ပြူးလာပြီး ..ကြောက်
စရာကောင်းသော အသွင်သို့ပြောင်းလဲ
ဲသွားခဲ့ပါတော့၏။
” ကောင်းပြီ မင်းတို့အတွက် ကောင်းမူ
ကုသိုလ်..ဆရာလုပ်ပေးမယ်….မင်းတို့
သာဓုခေါ်အမျှဝေကြ..”
သည်လိုပြောတော့
“ဖြောင်း…ဖြောင်း..” အားပါးတစ်ရ
လက်ခုတ်များ တီးကာ.ပျော်ရွှင်နေကြသည်။
“ဆရာ ဒီ (၁၅)ရက်အတွင်းငွေ (၇)သိန်းဝင်လိမ့်မယ့်
(၁)သိန်းကို မြို့နယ်တစ်ခုက..ကန်ကြီးမ ဘုရား
ဓမ္မာရုံဆောက်လုပ်သည့်နေရာမှာ လျှူ..ပေးပါ၊
.ကျန်( ၆)သိန်းကို ..ကန်ကြီးမဘုရားမှ သံဃာ
တော်များအား..သံဃိကရည်စူး၍..ဆွမ်း၊သင်္ဃန်း
ထီး..ဖိနပ်..ယပ်တောင် အစရှိသည်များ အလျှူ
ဒါန ပြုပေးရန်နဲ့ ဘီလူးသုံးကောင်မှ တောင်းဆိုခဲ့
ကြသည်။ သည်လို တောင်းဆိုတော့ ဆေးဆရာ
အပါအဝင်…ဝင်ပူးခံရသူ အိမ်ကမိသားစု..စု
ပေါင်းကာ ဘီလူး(၃)ကောင်နှင့်( ၃၁)ဘုံသား
အားလုံးအတွက် အကျွတ ်အလွတ်.ကုသိုလ်ဒါန
များ လုပ်ခဲ့ကြသည်။
အကျွတ်အလွတ်ပွဲ မလုပ်ခင် တစ်ညတွင်
ဆေးဆရာ၏.အိမ်ရှေ့၌. ..ခွေးများ ဆွဲငင်စွာ
အူလာပြီး….လိပ်ပြာလှ အမျိုးသမီးထံ ဝင်ရောက်
ပူးကပ်ကာ…..ဆေးဆရာ၏ နာမ်မည်ခေါ်၍
သူ့ဆီ လာခဲ့ဖို့ နူတ်မှ တစ်ဖွဖွ..ပြောနေသည်။
သည်လိုပြောတော့…ဝင်ပူးခံမိန်းကလေးအိမ်က
တစ်ဦး..ဆေးဆရာအိမ်အား ပြေးလာကာ..
“ဆေးဆရာ ရှိလား ဗျ..ဆရာကူညီပါဦး…”
“အေးရှိတယ် ဘယ်သူလဲဟေ့”
..ဆေးဆရာလည်း..ခွေးအူသံကြား၍..ထွက်
ကြည့်တာနှင့် တိုး၍.တစ်ရွာထဲနေ အောင်ဦး
မှ လာရောက်ခေါ်ဆိုခြင်းဖြစ်သည်။
ဆေးဆရာလဲ ထိုဝင်ပူးသူ.အမျိုးသမီးထံ
သွားပြီး မေးမြန်းလေသည်။
“ကဲ ဒီမိန်းကလေးကိုယ်ထဲ နှောက်ယှက်နေ
တာ ဘယ်သူလဲဟေ့ ကျူပ်နာမ်မည်ခေါ်နေတာ
ရော ဘာအတွက်ကြောင့်လဲ ဘာများ
အကူညီ လိုလို့လဲ ပြောပြပါ ကူညီနိုင်တာ
ကူညီပါမယ်။”
“ဟုတ်ကဲ့ဆရာ..ဆရာဟိုတစ်လောက
ဆရာကို ကျွန်မ တစ်ခုပြောဘူးတယ်လေ
ကျွန်မ လိုချင်တဲ့အချိန်..လိုချင်တဲ့ ကုသိုလ်
သဘောကြရင် ပြောမယ်ဆိုပြီးတော့..”
“သြော် .ကုလာမ..သရဲ သဘက်မကြီး မဟုတ်
လား..ခု ခင်ဗျားနဲ့ ထိုက်တန်တဲ့ အလျှူတွေ့ပြီး
လား..ကျူပ်ကိုပြောပါ ကူညီပါ့မယ်။”
.”ဟုတ်ကဲ့ ဆရာ အခု အလျှူဒါနပြုလုပ်မယ့်
နေရာ ကန်ကြီးမ ဘုရားမှာ အကျွတ်လွတ်
ကုသိုလ်ဒါနပြုရင်ကျွန်မ လာခဲ့ပါ့မယ်၊
ကျွန်မနာမ်မည်ခေါ်ပေးပါ”
“ကောင်းပါပြီ.ကျူပ် ခင်ဗျားရဲ့နာမ်မည်ခေါ်
ပြီး ဖိတ်လိုက်ပါ့မယ် “.ဆေးဆရာ သည်လို
ကူညီမယ်ပြောလိုက်တော့
သဘက်မကြီးလည်း…ဝင်ပူးသူ ကိုယ်ထဲမှ
ထွက်သွားခဲ့ပါတော့၏။
ထို့နောက် ကန်ုကြီးမဘုရားမှ ကုသိုလ်ပြု
အကျွတ်လွတ်ပွဲလုပ်တော့…ဘီလူး( ၃ )ကောင်
နှင့် ကုလားမ သဘက်မကြီး လေးဦး..
မိန်းကလေးထံဝင်ပူးကာ သာဓုခေါ်
..၍ ကျွတ်တန်းဝင်သွားခဲ့ပါတော့သည်။
ဒီဇာတ်လမ်းလေး ပြောပြပေးသော
ဦးလေးကို ကျေးဇးူ အထူးတင်ပါတယ်ရှင့်။
ပြီးပါပြီ…
စာရေးသူ- နှင်းဆီမေ
Zawgyi Version
———————————–
ယုံကြည်​ကြ၏။..အချို့​သော သူများက
ဒါေ​ကြာင့် ​ကျွန်​မက​တော့
.ကျွန်​မသည်​၊
ပါတယ်​။
အတိုင်း​ခြောက်​ပြ
တာမျိုး​ပေါ့ ဒါမျိုး​လေး​တွေလဲ​တွေ့ရတယ်​။
ဆိုရင်​..တစ်​​နေ့
လူကြီး​ရောဂါ
အဲသည်ေ​တာ့ ကိုယ်​က ယာခင်းတစ်​ခုလုံးကို ခြုံ
တဲထဲ ဝင်​ထိုင်​​နေတာ…
တဲ​ပေါ်..ကျလာခဲ့၏။ ပထမ​တော့ ​တောသွား
တော့
ထွက်​လည်းကြည့်​​ရော
“ဟင်​.”ခနဲ ဖြစ်​သွားတယ်။အ​ကြောင်းမှာမူ
ထပ်​ကြလာပြန်​တယ်​။ ကျွန်​မ သရဲ​ခြောက်​​နေ
ပြီဆိုတာ ..ရိပ်​မသွားပြီး ကိုယ်​လည်း ​ကြောက်
သည်​လိုထွက်
သိချင်​​နေမိတယ်​။
တယ်​။ အဘယ်​​ကြောင့်​ဆို​သော်
လိုက်​​တော့..ကျွန်​မ တဲထဲြေ​ပးဝင်​ထိုင်​ပြီး
ရဦးမည်​။
နေတာ…
ည​နေ..မ​ရောက်​မချင်း တဲ
အသံ​ပေး​ခြောက်​တာ
ရုပ်​ပြမ​ခြောက်​ဘူးရယ်​။ကျွန်​မကတော့ သည်​လို
တကယ်​​တော့..သရဲ..
******************************
အစိမ်း​သေ သရဲများသည်​၊
မွေးမြူကြ၏။
ပြန်​သတ်​ပစ်​ကြ၏။
်နှစ်​အတန်​ကြာ
နှစ်ချို့ ​အစိမ်းေ​​သ သရဲများက…တစ်​ခြားအစွမ်း
တစ်​ခုပါရှင့်​….
~~~~~~~~~~~~~~~~~~~
( ç – ) မြို့နယ်​တစ်​ခု
ထို ကုလားမကြီးသတင်းက
ကြား​နေကြရသည်​။ အဆိုးဆုံးက ကုလားမ၊သရဲ
သဘက်​မကြီးသည်..
သည်​။
ပရိတ်​ရွတ်​ဖတ်​ကြသည်​။ သို့​သော်​လည်း
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ထို​နောက်​…သဘက်​မကြီး
ဆိုင်​ကယ်စီးထွက်​စဉ်
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ပတ်​သတ်​ပြီး
သွားရာ
*******************
“ဆရာ ဆရာ ”
“ဟင်​”
ခဲ့သည့်​တစ်​ပတ်​ကမှ
ခေါ်ထားတယ်​၊ဆရာ၊..
မှာ
သွားခဲ့​တော့သည်​။
……………………………………..
ဆေးဆရာ ကလည်း
ဆရာအား ရှာ​တွေ့ခဲ့သည်​။”
++++++++++++++++++±±±
” ဆရာ ကြွပါဆရာ….”
လာခဲ့ပါမယ်​ဆရာ..”
ဆရာ”
“ဟုတ်​ ..ဆရာ..”ဟု​ပြောပြီး
အား တိုင်​တည်​ပြီး…
က..စတင်​​ပြောလာခဲ့တယ်​။
ဖြစ်​တယ်​ဆိုတာ..ဒါ​ပေမဲ့
လမ်း​နေရာ ပိတ်​​နေတယ်​။
..သဲ​ကျောက်​​တွေပုံတယ်​။ပြီး​နောက်
တောင်းတာ..လက်​ခံရဲ့လား..”
ပြော​ပေးပါဆရာ”
သဘက်​မကြီးက ဒီနယ်​တစ်​ဝိုက်​ သရဲ​လောက
မှာ အကြီးဆုံးဖြစ်​သည်​။ ဘုန်းကြီးပရိတ်​ရွတ်
$$$$$$$$$$$$$$$$$$$$$$$$$$
ပ​ရောဂ ကုရန်..​လာ​ခေါ်
 ဖြစ်​စဉ်​မှာ. .. ပန်းစိုက်
က​လေးထံ ဝင်​​ရောက်​ပူးကပ်​..​သောင်းကြမ်း​နေ
ဆေးဆရာ အား​..ခေါ်ယူ
°°°°°°°°°°°°°°°°°°°°°°°°°°°°
တော့၏။
ကူညီ​ပေးပါ…​”
ဲသွားခဲ့ပါ​တော့၏။
သာဓု​ခေါ်အမျှ​ဝေကြ..”
သည်​လို​ပြော​တော့
(၁)သိန်းကို မြို့နယ်တစ်ခု​​က..ကန်ြ​ကီးမ ဘုရား
များ လုပ်​ခဲ့ကြသည်​။
“​အေးရှိတယ်​ ဘယ်​သူလဲ​ဟေ့”
ကူညီပါမယ်​။”
ထွက်​သွားခဲ့ပါ​တော့၏။
ဦး​လေးကို ​ကျေးဇူး အထူးတင်​ပါတယ်​ရှင့်​။
ပြီးပါပြီ…
စာ​ရေးသူ- နှင်းဆီ​မေ