” မြွေသားဟင်းရောင်းစားသူ “(စ/ဆုံး)

Unicode Version

” မြွေသားဟင်းရောင်းစားသူ “(စ/ဆုံး)
————————————–

ဂဠုန်ကြီးကိုဘယ်မြွေကိုက်ရမှာလဲတဲ့။
မြွေမှန်သမျှကိုဂဠုန်ကြီးစားတာ မြွေတောင်
အရုပ်ရေးပြရမလိုဖြစ်နေတာတဲ့။ဒါလည်း ဟုတ်တာပဲ။
ကိုဂဠုန်ကြီးက မြွေမှန်ရင် ဘာပြုမှမထားဘူး။
မြွေသားစားချင်သူမှန်သမျှလည်း ကိုဂဠုန်ကြီး
အသက်ရှည်ပါစေဆုတောင်းကြတာကလား။
ဂဠုန်ကြီး အသက်ရည်မှ မြွေသားဟင်းစပါယ်
ရှယ်ကို စားကြရမှာကိုး။ ခုတော့ – ဂဠုန်ကို မြွေကိုက်လိုက်ပြီ။
ဟောဒီမြို့ပေါမှာဂဠုန်ကြီးတွင်းအောင်းသားရှယ်ချက်ဆိုင်ဆိုရင်တွင်း
အောင်းသားကြိုက်တဲ့လူ၊ စားတဲ့လူ အကုန်သိတယ်။
တွင်းအောင်းသားဆိုတာ လူကြားကောင်းအောင်ပြောတာ။
အမှန်ကမြွေသားဟင်းရှယ်ချက်ဆိုင်။
မြွေနဲ့ အကျိုးပေးသလားမပြောနဲ့။ ဟိုတုန်းက
ကိုဂဠုန်ကြီးက ချောက် ချီးချောက်ချက်ထမင်း
ကြော်ဆိုင်လေးဖွင့်ပြီး ဝမ်းစာရှာတာရယ်။
ဈေးရှေ့နယ်ကားဂိတ်က တာပေါ်လင်အဝါ
မိုးကြီးနဲ့ရောင်းတဲ့ ထမင်းကြော်ဆိုင်လေးပေါ့။
မနက်စောစော ဂိတ်ထိုးတဲ့ကားသမား။
ဆိုင်ကယ်ကယ်ရီသမားနှင့် ဈေးသည်လေးတွေ
အဆာပြေဖြစ်၊ မနက်စာသဘောမျိုးဖြစ်ဖြစ်ဝယ်စားကြတဲ့ဆိုင်။
နောက်ပိုင်းမှာ ဂဠုန်ကြီးကကြွက်ကြော်နှင့်ကြွက်
သားဟင်းလေးစီစဉ် ရောင်းရော။ ကြွက်ကြော်
နှင့်ကြွက်သားလူကြိုက်များပါရောဗျာ။ ဒီလိုနဲ့
ဂဠုန်ကြီးကြွက်သားဟင်းဆိုတာ နာမည်ရလာတယ်။
ဆီပြန် ချက်စားရတယ်၊ မနက်(၈)နာရီကျော်ရင်လာမစားနှင့်။
ကြွက်ကြော်နှင့်ကြွက်သားဆီပြန် ကုန်ပြီ။
ကြွက်ကိုလယ်ထဲယာထဲကွင်းထဲမှာကိုယ်တိုင်
ရှာတာဆိုတော့အရင်းငွေမစိုက်ရဘူးပေါ့ဗျာ။
ကနဦးကတော့ ဟိုး – ရွာတွေက ကြွက်ထိုးသမားတွေ
လာပို့တဲ့ကြွက် သေအရေဆုပ်ဝယ်ရတာပေါ့။
နောင်တော့-မနက်(၁၀)နာရီဆိုင်သိမ်းပြီးရင်
အိမ်ပြန်နား။ ညနေစောင်းရင် ကြွက်ရှာထွက်။
သူကြွက်ထိုးသွားရင် အများအားဖြင့် ညဘက်
သွားတာများတယ်။ ကြွက်ကြီး၊ မြေကြွက်
လယ်ကြွက်က ညမှ အစာရှာထွက်တာကိုး။ သူများတွေက
ကြွက်တွင်းရှာပြီး စူးထိုးတယ်။
ကိုဂဠုန်ကြီး ဒီနည်းကို မသုံးဘူး။ ဝါးရွတ်ကိုင်း
ပျော့ပျော့ကို လေထဲမှာ အသံမြည်အောင် မြန်မြန်ယမ်းလိုက်တာ။
“ရွှီ-ရွှီ-ကျို-ကျွီ” —”
လေတိုးသံနှင့် ငါးရွတ်ကိုင်းပျော့ လေထဲ
ယမ်းသံဟာ ကြွက်တွေအော် တဲ့အသံအတိုင်းပဲ။
ဒီမှာ ဖားမီးရွက်ကို မြေကြီးပေါ်ထောင်ထားတာ။
မြေကြွက်အစစ်တွေက သူတို့နဲ့ မျိုးတူကြွက်ကြီးတွေ
အော်တယ်မှတ် ပြီးအသံကြားရာကို ထွက်လာကြရော။
အဲဒါ မီးရောင်ရှေ့မှာဟိုရှာကြည့်လုပ်နေတုန်းား
တံပြက်စည်းရိုးခန့် တုတ်တဲ့ကြိမ်လုံးကြီးနဲ့
မြေကြွက်၊လယ်ကြွက်ရဲ့ဦးခေါင်းကိုရိုက်ချ ကြွက်ဟာ
တစ်ပတ်ကျွမ်းပစ်ပြီး အကြောဆွဲလို့သေရော။
အဲဒီလိုနဲ့ မြေကြွက်၊ လယ်ကြွက်၊ ယာကြွက်
တစ်နေ့ကို နှစ်ပိဿာ သုံးပိဿာရတာ၊ ထောတာပေါ့၊
ပြီး–ကိုဂဠုန်ကြီးကဟင်းချက်ထမင်းချက်ကောင်းတယ်။
ဆားများအချိုအပေါ့ နိုင်တယ်။ ခွေးတောက်ရွက်နှင့်
ကြက်ခေါင်းဟင်းချိုဆိုရင် သူ့ဆိုင် အရောင်းကောင်းဆုံးပဲ။
ပြောရရင် မြွေမကြောက်၊ သရဲမကြောက်၊ ကြွက်ထိုး
ကြွက်ရှာကောင်း တော့ အရင်းငွေ မစိုက်ရဘူးလေ။
လုပ်အားပဲ စိုက်ရတာ။ကြော်ရောင်း၊ ချက်ချောင်း၊
ကင်ရောင်းတော့ ငွေအသားတင် ရနေတာပေါ့၊
ငွေတော့ အတော်စုတဲ့လူပဲဗျာ။ ၀၀ဖိုင့်ဖိုင့်ကြီး။
ဝပေမယ့် သွက်လက် ဖျတ်လတ်တယ်။
တစ်လကိုတစ်ခါရွှေတစ်မတ်သားဝယ်ရတယ်။
“ကိုဂဠုန်ကြီး – ဘာလို့ လတိုင်း ရွှေဝယ်စုတာတုံး”
မဖြေဘူး။ ရယ်နေတာပဲ။ ဒါနဲ့ – ခင်ရွှေက ပြောရော။
“အိုစာမင်းစာ စုတာပေါ့- ဟုတ်လား
“ကြည့်ရတာ ဘုရားတည်မလို့နဲ့တူပါရဲ့ကွာ”
“ဟ – ကိုသိန်းရ။ ဘုရားတည်ဖို့ ငွေစုတဲ့လူက
ညဘက်ကြွက်ထိုးပြီးစုမှာလားရ
“အေးဟ – ဒီကောင် ပေးလို့လည်းမရပါဘူးကွာ”
အမှန်က သူမိန်းမယူဖို့ ငွေစုနေတာကြာပြီ။
သူ ကြိတ်ပိုးနေတဲ့ မိန်းကလေးတစ်ဦး ရှိတယ်။
နာမည်ကမကျည်းဆန်တဲ့။ ညိုညိုတုတ်တုတ်တောင့်တောင့်ကလေး။
ကောင်မလေးက သူကို မကြိုက်ပါဘူးဗျာ။ သို့သော် …။
မကျည်းဆန်ရဲ့အမေမုဆိုးမကြီးကကိုဂဠုန်ကြီးကို သဘောကျတယ်။
ဂဠုန်စီးပွားရှာကောင်းတယ်။ အပေါင်းအသင်းဆန့်တယ်။
အရက်ကို နည်းနည်းပါးပါး အပင်ပန်းဖြေပဲ သောက်တယ်လေ။
ငွေကို ကျစ်ကျစ်ပါအောင် စုတာလည်း
မကျည်းဆန်အမေဒေါ်ကြေးနီ ကသိတယ်။
သူတောင်ငွေလိုရင် ဂဠုန်ဆီကချေးယူသုံးတာ
မျိုးရှိတယ်ကိုး။ ဂဠုန် သူ့သမီးကိုကြိုက်နေမှန်း
ဒေါ်ကြေးနီ သိတာပေါ့ဗျာ။ ဒါကြောင့် တင်းပါးရိပ်ခြည်ပြောရတာပေါ့။
“မောင်ဂဠုန် – မိန်းမယူဖို့ အစီအစဉ်ရှိလား”
“စဉ်းစားတုန်းပါဗျာ – အမေကြေးရာ”
“ကျည်းဆန်ကလည်းကိုဂဠုန်ကြီးက အလုပ်ကြိုးစားတယ် – အမေရဲ့။
ငါ့ကိုပြောသတဲ့”
“ဟုတ်လား – အဟီ။ ကြိုးစားရတာပေါ့ .
အမေကြေ၊ရာ – အဟီး” “မိန်းမတစ်ယောက်ယူရင်
ငွေထုပ်ရွှေထုပ်ပါဖို့အရေးကြီးတယ် သိလား”
“ကျုပ် စုနေပါတယ်ဗျ။ ရွှေတစ်ကျပ်သားရနေပါပြီ”
မောင်ဂဠုန်”
– ကြိုးစားစု။ နင့်ညီမကျည်းဆန်လည်းစောင့်ရှောက်နော်
“စိတ်ချပါဗျ – အဟီး။ ကျုပ် – ကျုပ်ကလည်း
ကျည်းဆန်ကို – အဲ – အဲ ကျုပ်နှမလေးလို ခင် – ခင်တာဗျ
-ငါ့ကိုငွေနှစ်ရာပေးခဲ့စမ်းဟဲ့။
ဒီညနေတွဲလုံးလေးကောင်းလို့တဲ့ – ငါ့တူကြီးရဲ့”
အဲလိုပေါ့ဗျာ။
ကျည်းဆန်နဲ့စပ်လျဉ်းပြီးကိုဂဠုန်ကသူအပဒေကြေးနီကိုပိုင်တယ်။
ချဲထိုးဖို့ ချေးရင် ပေးတယ်။
တစ်ညကိုဂဠုန် ကြွက်ထိုးသွားတယ်။
ထုံးစံအတိုင်း ဝါးရွတ်ကိုင်းဖျားကို လေထဲမှာ
ယမ်းလိုက်တော့ ကြွက်အော်သံ မြည်ရော၊
တစ်ခါတလေဝါးသုတ်ကိုင်းနဲ့အသံပေးလို့ကြွက်မလာရင်ပါးစပ်ကနေ
နှုတ်ခမ်းကိုစုစုပ်ပြီး ကြွက်သံအတုလုပ်တယ်။
ဒါလည်း သူ ကျွမ်းကျင်တယ်။ “ကျွိကျွိကျွိကျွိ”
“ဟော-မီးရောင်အောက်ကို ဝင်လာဟ”
ဒီမှာ ကြိမ်တုတ်နဲ့ လှမ်းရိုက်မလို့လုပ်တုန်းမှာ
မြွေဟောက်ကြီးတစ် ကောင်က ကြွက်ကိုဝင်ပေါက်လိုက်တာတဲ့။
ကြွက်နှယ် ကျွီခနဲအော်ပြီး လွင့်ခုန်လို့
အကြောဆွဲနေပါရော၊ “ဟင်း – မြွေဟောက်ကြီး”
မြွေဟောက်ကြောင့် ကျန်တဲ့ကြွက်တွေပါပြေးပြီ။
မြွေဟောက်ကြီးက လက်ဖျံလုံးလောက်ရှိပြီး
ဦးခေါင်းလုံးချောကြီးနဲ့ ကြွက်သေကိုလှမ်းဆွဲပြီး နောက်ကိုအချို့၊
“ငါ့အစာကို လုချင်တဲ့မြွေ … သေဟာ…ကိုင်း”
“ချောင်း”
”ဦး – ဖူး “ကိုင်းဟာ”
ကြိမ်တုတ်နဲ့ မြွေဟောက်ရဲ့ ဦးခေါင်းကိုလေးငါးခြောက်
ချက်ငိုက်လိုက် တာ။ မြွေဟောက်ဦးခေါင်းကြေမွပြီးသေရော။
အပ်မယ်-ခေါင်းကြေနေတာတောင် ကိုယ်လုံးက
လွန့်နေတုန်း။ ကိုယ်လုံးနဲ့အမြီးကိုပါ ထပ်ရိုက်လိုက်မှ
ငြိမ်သွားရာ။ မြွေသားငယ်ငယ်ကသူစားဖူးတယ်။
ချိုတယ်။ အသားများတယ်။ ဟန် ကျပြီ။
နှစ်ပိဿာခန့်ရှိမယ့် တစ်လံကျော်ဒဟောက်ကြီးကို
ကြိုးနဲ့ချည်ပြီး အိပ်ကို ယူလာခဲ့လိုက်တယ်။
အိမ်ရောက်တော့မြွေဆိပ်ရှိမည့်ဦးခေါင်းကို
ဖြတ်ပြီးဖောက်ထိုးဆွဲထားလိုက်တယ်။
ပြီး – မီးမွှေး၊ ရေနွေးအိုးကြို။ ငရုတ်သီး ကြက်သွန်ဖြူ၊
ကြက်သွန်နီ၊ ချင်း၊ မဆလာရောထောင်းလိုက်တယ်။
ရေနွေးအိုးဆူရော၊ခေါင်းဖြတ်ကန့်လန့်ချထားတဲ့မြွေကိုရေနွေးဖျော၊
အရေခွံကိုဆွဲချ။ တစ်ခါအသားနူးအောင်ထပ်ပြုတ်၊
ကျက်တာနဲ့အသားကို တုံးတစ်ပြီး နှင်လိုက်တယ်။
ငါးရှဉ့်မီးအုံးနွှင်ရသလိုပဲ၊ အမြှောင်းလိုက်ရတယ်။ အသားကို ဖွေးနေတာပဲ။
နွှင်ပြီးသားအချို့ကို ငရုတ်သီးစုံသပ်ပြီး ကြော်။
ကျန်တဲ့အတုံးအချို့ကို ဝက်သားတုံးသလို တုံးပြီးချက်၊
မိုးလင်းလို့ ထမင်းကြော်ဆိုင်ဖွင့်ရော၊
ဒီနေ့ -သားရပြီလို့ ကြော်ငြာလိုက်တာရယ်။
သူတစ်ပွဲ၊ ငါတစ်ပွဲနှင့် မြွေသားဟင်းတွေ ကုန်တာပဲ။
“ကိုဂဠုန်ကြီး”
“ဘယ်နှယ်တုံးဟေ့ – မြွေသား ကောင်းရဲ့လား … ငါ့လူရ
“ရှယ်ပဲဗျာ။ နောက်နေ့ရရင် ရန်ထားပါဦးဗျ”
ဒီလိုနဲ့မြွေသားကို စားသုံးသူ ကြိုက်မှန်းသိရောမြွေ
ရှာတဲ့သူတွေထံမှာ ရတော့တယ်။ လင်းမြွေ၊ မြွေပွေး၊
မြွေဟောက် ရရာငယ်ရတယ်။ ဈေး တယ် ကြီးပဲကိုး။
အန ခု-ကိုဂဠုန်ရဲ့ မြွေသားဟင်းနှင့် ကြွက်သားဟင်းကို
မြို့ခံစားသုံးသူ တင်မကဘူး။ တရုတ်စီးပွားရေးသမားတွေ
ရန်ကုန်က နယ်ကလာသူတွေပါ
လှိုက်လှိုက်လှဲလှဲအားပေးစားသုံးလိုက်ကြတာ။
လေးလအတွင်း ကိုဂဠုန် ကိုယ်ပိုင်ဆိုင်ခန်းနဲ့
ဖြစ်သွားပြီး လူငှားနှစ် ယောက်ပါခေါ်ထားရတဲ့အထိ
တိုးတက်ခဲ့ပါရာ။ “ဂဠုန်ကြီးရှယ်စားသောက်ဆိုင်”ဆို
လူတိုင်းသိ ဖြစ်သွားပြီ။ အခု-မြွေမျိုးစုံကိုကိုယ်တိုင်ရှာတယ်။
ခွတုတ်နဲ့ သံညှပ်ပါရင် မြွေပွေး၊ မြွေဟောက်၊ လင်းမြွေ ရတာပဲ၊ ကျွမ်း
ကျင်ဖို့နဲ့ လျင်ဖို့တော့ အရေးကြီးတာပေါ့။
မြွေကိုတွေ့ရင် ခွထောက်နဲ့ လည်ပင်းကိုဖိ၊
မြွေဟောက်ကို အမြီးက ကိုင်ပြီး ပခြုပ်ထဲထည့်၊ အရှင်ရရော။
မြွေပွေးကိုကိုင်ရင် အရမ်းသတိထားရတယ်။
မြွေဟောက်ဆို ရှေ့က နောက်က ကိုင်လို့ရတယ်။
မြွေပွေးကျတော့ သူ့ကိုထိရင် နောက်ပြန်ပစ်တာ။
ပစ်ပြီး ကိုက်ပြီးပဲ။ မြွေပွေးကို သံညှပ်နဲ့ လည်ကုပ်ကို
မလွတ်တမ်းမိမှ။ ဒါတောင် – အကောင် ကြီးလို့ရန်းရင် အတော်ကြမ်းတယ်။
မြွေပွေးကို ညှပ်နဲ့ လည်ကုပ်မိထားရင် မြွေဟောက်
လိုအမြီးကကိုင်ပြီး ပခြုပ်ထဲ ထည့်လို့မရဘူး။
မြွေပွေးတွပ်ရင် မြန်တယ်။
မြွေပွေးကိုက်မိရင် သူ့ရဲ့အဆိပ်က သွေးပြန်ကြောကနေ
ကိုယ်တွင်း သွေးကြောကို ချက်ရင်းပျံ့နှံ့သွားတာ။
အကိုက်ခံရတဲ့နေရာ ယောင်ယမ်း နာကျင်ပြီးအစွယ်နေရာကနေ သားနံရည်ထွက်တာ။
ပြီးရင် – ပျို့အန်မယ်။ ကြည့်လို့မရအောင် မူးဝေနေမယ်။
လက်ကြောပူး လက်ဖျား
ခြေဖျားတွေရေခဲရိုက်ထားသလိုအေးစက်ပြီး
နောက်ဆုံးလုံးဝသတိလစ်မေ့မြောသွားပြီးအချိန်မီဆေးမကုနိုင်ရင်၊ အဆိပ်
ပြေဆေးမထိုးနိုင်ရင် အသက်ပါဆုံးရော။
မြွေဟောက် …။
မြွေဟောက်ကိုက်ခံရရင်လည်း မြွေပွေးကိုက်ခံရသလိုပဲ ခေါင်းပေါ်
မိုးကြိုးပစ်ချခံရသလို မျက်လုံးက မီးပွင့်သွားရော။
သူမြွေဆိပ်ကတော့ တစ်မျိုး။
မြွေဆိပ်က ကိုက်ခံရတာနဲ့ အာရုံကြောတွေရှိရာကို ပျံ့နှံ့သွားတာရယ်၊
ချက်ချင်းအသက်ရှူကျပ်လာမယ်။
ခေါင်းငိုက်ဇက်ကျိုးကျလာမယ်။
ဦးနှောက်အာရုံကြောကိုထိသွားတာမို့။
ပြီး – ကမ္ဘာကြီး ပတ်ချာလည်နေသလို မူးဝေပြီးနောက်
ခြေတွေ၊ လက် တွေ မလှုပ်ရှားနိုင်ပဲ အကြောတွေ သေသလိုဖြစ်ရာ။
ဆေးမိလို့ ပြန်ကောင်းသည့်တိုင် အကြောတွေ
မသန်တော့လို့ စားသောက်ရာမှ အလွန်ခက်ခဲတယ်။
လမ်းလျှောက်ရလည်း ခက်တယ်။ အဆိပ်ရှိတဲ့မြွေဟောက်အမျိုးအစားထဲမှာ –
မြွေဟောက်၊ငန်းစောင်း၊ ငန်းဝါ၊ ငန်းပုပ်တို့ပပြီး
အဆိပ်ပြင်းတဲ့မြွေပွေး အုပ်စုထဲမှာ မြွေပွေး၊
ဂျပ်မြွေနဲ့ ပင်လယ်မြွေတို့ပါဝင်ကြတယ်။
လင်းမြွေက အဆိပ်မရှိဘူး။ သို့သော် လင်းမြွေက
ပြေးတာမြန်တယ်။ ချုံပေါ်လည်းပြေနိုင်တာပဲ။
လင်းမြွေကိုမြင်ရင်အမြန်ပြေ၊လိုက်ပြီး အမြီးက
ကိုင်၊ လေထဲမှာ မွှေ့ယမ်းလိုက်။ အရိုးအဆစ်တွေ
ပြုတ်ပြီး သေတာပဲ။ လင်းမြွေသားက ချိုတယ်။
ဒါကြောင့် – မြွေသားကြိုက်သူတွေအတွက်မြွေရှာ
ရတာအသက်နှင့်ရင်း ရတယ်။ အခန့်မသင့်ရင် မြွေရှာရင်းသေရတဲ့ဘဝ။
တစ်ခါတလေ မြွေကိုက်လို့ ကွင်းထဲ၊ တောထဲ သေနေတာ ဘယ်သူမှမသိ။
ဒါကြောင့် – မြွေသားဟင်းတစ်ပန်းကန် နှစ်ထောင်၊
သုံးထောင်ယူရတာ ပါ။ မြွေမျိုးစုံကို တရုတ်
ပရဆေးနဲ့ စိမ်ထားတဲ့အရက်တစ်ပက်ကို အခု တစ်
ထောင်ကျော် ရောင်းမှ ကိုက်တယ်လေ။
တိုတိုပြောရရင် ကိုဂဠုန်ကြီး မြွေသားချက်၊
မြွေသားကြော်၊ မြွေသား စွပ်ပြုတ်ဟင်းချိုနဲ့
နာမည်ကျော်ပြီး၊ စီးပွားတက်နေပြီဗျာ။
မြွေပွေးသားကကင်ဆာရောဂါသက်သာပျောက်ကင်းတယ်လို့ ဟိုလူ
ဒီလူပြောကြတော့ မြွေပွေးသားဟင်းက
ရေးကောင်းပိုရပါရော။ မြွေပွေးအရှင်တစ်ပိဿာကို
ဟိုတုန်းက သုံးထောင်ပေးရတယ်။ အခု ငါးထောင်လည်းဟုတ်၊
တစ်သောင်းလည်း ဟုတ်ပဲ။ တရုတ်ပြည်ဘက်ကို
ရောင်းနေတော့ဈေးကြီးတာပေါ့။
ကိုယ်တိုင်ဖမ်းပြီး အသေချက် အရှင်ချက်
လက်တွေ့လုပ်ပေးတယ်။ မြွေပွေးသေတ္တာ၊
မြွေဟောက်သေတ္တာ၊ လင်းမြွေ စသည်ရှိတယ်။ အထဲက
ကြိုက်တဲ့မြွေကို လက်ညှိုးထိုးပြ။ ပြရင် – မြွေပွေး၊
မြွေဟောက်ကို လက်ဝါး လောက်ပတ္တာတံခါးလေးဖွင့်၊ လက်ကိုင်ရှည်
ပြီးဆွဲထုတ်။
ညှပ်နဲ့မြွေရဲ့လည်ပင်းကိုညှပ်
စဉ်းတီတုံးပေါ်တင်၊ဓားရှည်ကြီးနဲ့ဖက်နေရာကနေခုတ်ချ။ မြွေကိုယ်လုံး
ကိုပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲထည့်။ အရေခွံ ရေနွေးဖျော။
စားချင်တဲ့သူကို ပေးမယ်။
“ပြုတ်ကြော်လား”
“အတုံးဟင်းလား”
“ပေါင်းပေးရမလား”
“စွပ်ပြုတ်ဟင်းချို”
ကြိုက်တာပြော။ ကိုဂဠုန် ချက်ချင်းလုပ်ပေးနိုင်တယ်။
လတ်လတ်ဆတ် ဆတ် မြွေသားမှ အမျိုးမျိုး
ရောင်းပေးနေတော့။ နယ်က မြွေသားကြိုက်သူ၊
မြို့ခံမြေသားကြိုက်သူ။ တရုတ်၊ ရှမ်း၊ မြန်မာတွေနဲ့ သူ့ဆိုင် စည်ကားပါ့ဗျာ။
အခု – စားပွဲထိုးနှစ်ယောက်။ အချက်အပြုတ်အကူနှစ်ယောက်။
ကဲ – တစ်နေ့ဝင်ငွေနည်းရော့လား။
ခုတော့ – စားသုံးသူတွေကရော၊ သူ့အလုပ်သမား
တွေကပါ ကိုရီးယား ကားထဲကလေသံအတိုင်း သူကို ….။
“သူဌေး”လို့ နောက်ပြောင်ခေါ်ကြပြီ။
အခု – သူ့ကို သူဌေးလို့ခေါ်ရင် သွား(၃၂)ချောင်း
ပေါ်အောင်ပြုံးပြီး တရုတ်ပေါက်ဖော်ကြီးလေသံနှင့်-
“ဘာစားမီလဲ – ဆရာကီး”တဲ့။ ပြန်ပြောပါပြီ ခင်ဗျား။
ကိုဂဠုန်ကြီးက မိန်းမလည်း အရမ်းလိုချင်တယ်။
ပြီး – ပေဒင်လည်း ဝါသနာပါတယ်။ မိန်းမရွယ်တွေက သူ့ကိုမယူရဲဘူး။
ညတိုင်း၊ နေ့တိုင်း ကြွက်နဲ့ မြွေရှာသတ်နေ၊
အကုသိုလ်ကောင်ကြီးလို့ သတ်မှတ်ပြီး ရှောင်တယ်လေ။
ဟုတ်လည်း ဟုတ်တာပဲဗျာ။
သူ့အိမ်ပေါ်မှာ မြွေမျိုးစုံ၊ ပခြုပ်တွေရှိနေတယ်။
မြွေဆိုးတွေရဲ့ “ရွှီး-ပြီး-ရွှီ” စတဲ့မှုတ်သံ၊ တွန်သံ၊ မာန်ဖီသံတွေ နေ့စဉ်
နေ့နေ့ညည ကြားနေရတာဥစ္စာ၊
ဒီလိုမြွေဆိုးပေါင်းစုံ၊ အသံပေါင်းစုံ၊
အညှီနံ့ပေါင်းစုံနဲ့နေတဲ့ လူကြမ်းလို
ဘယ်မိန်းမက လင်တော်ဝံ့မှာတုံး။
သို့သော်- ကိုဂဠုန် တွက်ထားတာက သူမှာ အိမ်နှင့်ခြံ ရှိတယ်။
ရွှေနဲ့ငွေ ရှိတယ်။ သူ အရွယ်ကောင်း၊ မအိုသေးဘူး။
ဒါကြောင့် – သူကိုကြိုက်တဲ့မိန်းမ ရှိရမယ်။
သို့သော်- သူကမကျည်းဆန်ကို ပိုသဘောကျတယ်။
မကျည်းဆန်အမေကို သူကပိုင်ပြီးသားလေ။
သို့သော်-မကျည်းဆန်က သူလာတာမြင်ရင်
နောက်ဖေးသို့ ဝင်သွား ရော။ အိမ်ပြင်ကိုရှောင်သွားရော။
ရင်ထဲမှာ ခံစားနေရတာ အဲဒါပဲ။
ဒါကြောင့် – ဗေဒင်ပညာမှာ နာမည်ရှိတဲ့
ဆရာကြီးဦးကြိုင်စိုးထံမှာ ဗေဒင်လာကြည့်တာ။
“နာမည် – ဘယ်လိုခေါ်တုံးကွယ့်”
“ကိုဂဠုန်လို့ ခေါ်ပါတယ် – ဆရာကြီး” “ဒီနာမည်က မွေးနာမည်ပဲလား”
“မဟုတ်ပါဘူး ခင်ဗျ။ နာမည်အရင်းက”မောင်တက်ခိုင်း
ပါခင်ဗျ “စနေသားပဲ။ မွေးသက္ကရာဇ်ကရော”
“…..ပါ ဆရာကြီး”
“အင်း – အင်း”
ဗေဒင်ဆရာကြီးဦးစိုးကကျောက်သင်ပုန်းမှာ
မဟာဘုတ်တိုင်ထူတယ်။ ပြီး – အောင်လံထူ
စစ်သူကြီးပွဲ နေရာချတယ်။ ပြီး – အသက်ကို ရှစ်နှင့်စားပြီး တိုင်ထူပြီးနောက် –
“မင်းက လူချမ်းသာဖြစ်နေပြီပဲကွယ်”
“အဟံ-ဟံ-အဲ-အဲ-ဟုတ် – ဟုတ်ပါတယ် ခင်ဗျ” “ဒီနှစ်ထဲမှာ မြွေဆိုး သတိထား”
“ဗျာ – ဘယ်လိုဖြစ်လို့ပါလဲ ဟင် – ဆရာကြီး”
“မြွေအန္တရာယ်ပေးလိမ့်မယ် … ကြားလား” “ဟုတ် – ဟုတ်”
“အလုပ်က ဘာလုပ်တုံး”
“အဲ-အဲ-ဟို-ထ- ထမင်းဆိုင် ဖွင့်ပါတယ် ခင်ဗျ”
“ဒီနှစ် မြွေရှောင်ရမယ်။ မြွေမသတ်ရဘူ။ မြွေတွေ့ရင်
မေတ္တာပို့ရမယ်။ နွားနို့တိုက်ရမယ်။ အဲဒါဆိုမင်းကံကောင်းပြီ”
“ဆရာကြီး – ဟို – ဟို – အိမ်ထောင်ရေးအခြေအနေလေး
– သိ-သိ” “အင်း – အင်း – အိမ်ထောင်ရေးကဓမ္မာ၊
သောက အင်းဝရာကဆိုတော့ ကြာသပတေး
သားသမီးကိုရှောင်။ ဗုဒ္ဓဟူးသမီးတွေ့ရင်
ခုတွေ့ ယူ၊ ညတွေ့ ညယူ – အချိန်မဆိုင်းနဲ့”
“ဘာလို့ပါလဲ… ဆရာကြီး၊”
“စနေနဲ့ဗုဒ္ဓဟူးကမိတ်ဆက်လေကွာ။စနေသားနဲ့ ဗုဒ္ဓဟူးသမီးညားရင်
ရူးတောင် ထမင်းမငတ်ဘူးကွ … မှတ်ထား”
ကိုဂဠုန်ကြီးခေါ်(ကိုတက်ဝိုင်း) ဆရာကြီးထံက
ပြန်လာပြီး – မကျည်းတန်အမေဒေါ်ကြေးနီကို မေးရော၊
“အမေကြေး”
“ဘာတုံး – ဂဠုန်”
“ဟိုလေ – ဟို-မကျည်းဆန်က ဘာ – –
“ဘာလုပ်မလို့တုံး”
– ဘာနေ့သမီးလဲ ဟင်”
“အဲ – အဲ – သိ – သိချင်လို့ပါခင်ဗျာ။ ဒါ – အမေကြေးစားဖို့ခေါက်ဆွဲထုပ်
ပါ ခင်ဗျား – အဟဲ – ဟဲ”
ခေါက်ဆွဲထုပ်မြင်တော့ အဖွားကြီးပြုံးသွားရော
“မိကျည်းက ဗုဒ္ဓဟူးသမီး”
“ဗျာ … အဟုတ်လားဟင် … ဟင်လို့”
“ဟုတ်တယ် – သင်းနာမည်အရင်းက“မလှစိန်”တဲ့။
သူငယ်ချင်းတွေ နောက်ပြောင်ခေါ်ရင်းက ကျည်းဆန်ဖြစ်သွားတာဟဲ့”
“အို – ဟုတ်လား။ ဗုဒ္ဓဟူးသမီး – စနေနဲ့ ဗုဒ္ဓဟူး၊ ဟန်ကျပြီဟေ့။ ေဩာ်
အမေကြေး – ကျွန်တော် ပြန်ဦးမယ်နော်-နော်”
“ပြန်တော့မလားဟဲ့- ငါ့တူကြီးရဲ့ “ဟုတ် … ဟုတ်”
“ဒီနေ့“အပူး”ကောင်းတယ်ဟဲ့။ငါ့ကိုငွေတစ်ထောင်လောက်ချေးခဲ့ပါ
ဦး-မောင်ဂဠုန်ကြီးရယ်”
ဒီလိုအပူးကောင်းတယ်၊တွဲလုံးကရှေ့တန်း၊ နောက်ပိတ်ကငါး အလယ်
ထိုင်တနင်္လာနဲ့။ ဟိုတွက်ဒီတွက်ချဲထိုး။တစ်သက်
လုံးမပေါက်။ပိုက်ဆံချေး ဗြုန်းနေတဲ့ ယောက္ခမကို
မနှစ်မြို့ပါသော်လည်း သူ့သမီးမျက်နှာကြောင့်
ငွေ တစ်ထောင်ကို ပြုံးပြုံးကြီး ပေ၊ခဲ့လိုက်ရင်း
ဂဠုန် ပြန်လာခဲ့လိုက်တယ်။ သူ အရမ်းပျော်နေတယ်လေ။
သူကရနေသားကျည်းဆန်လေးက ဗုဒ္ဓဟူးသမီး။
စနေနဲ့ဗုဒ္ဓဟူးညားရင် ရူးတာတောင် ထမင်းမငတ်တဲ့။
အဟီး -ငါကောင်းစားတော့မယ်ဟေ့ – အဟတ်။
ဖြစ်ချင်တော့ – ဆိတ်မွေးတဲ့ ကိုမြမောင်ရဲ့သမီး
မြွေကိုက်ခံရလို့ သေပါ ရော။ အသုဘရက်လည်ပြီး
နောက်နေ့မှာ ကိုမြမောင်ကြီး ကိုဂဠုန်ရှိရာကို ရောက်လာတယ်။
“ကိုပြပောင် – ကျုပ် – ဘာကူညီရမလဲ-ပြော”
“ငါ့သမီးကိုက်တဲ့မြွေကို သတ်ပေးပါ – ဂဠုန်”
“ဗျာ-မြွေကရှိသေးလို့လား-ကိုမြမောင်”
“ရှိတယ်-မြွေဟောက်ကွ။ မြွေဟောက်ခေါင်းဖြူကြီး
“မြွေဟောက်ခေါင်းဖြူ”
“ဟုတ်တယ် – ငါ့သမီးကိုကိုက်တာ ဒီမြွေပဲ။
ခင်ရှိန်ရဲ့ ဇီးနဲ့ဝက်မကြီး ပေါက်သတ်တာလည်း
ဒီမြွေပဲ။ မခင်လှတို့အိမ်ကကြက်တွေ ဆွဲတာလည်း သူပဲ။
ဘဲမွေးတဲ့တရုတ်အရှိန်ရဲ့ဘဲတွေဝင်ဝင်ဆွဲတာလား-ဒီမြွေပဲ။ သင်းကိုဖမ်းမိရင်
ဖမ်းလို့မမိဘူး။ ငါ့သမီး – အိမ်သာက အဆင်းမှာ
ကိုက်လိုက်တာ။ ဒီမှာ ဂဠုန် အဲဒီမြွေဟောက်ရဲ့
အသားကိုငါစားချင်တယ်။မင်းဖမ်းပေးပါကွာ၊ ငွေတစ်
သောင်းငါမင်းကို သိ၊သန့်ဆုရပါ့မယ် – သိလား”
“ကောင်းပြီလေ – ကျုပ်ဆိုင်သိမ်းပြီးရင် လာခဲ့မယ်”
နေ့ခင်းဆိုင်သိမ်းပြီးမြွေကြပ်နှင့် သံညှပ်ကိုယူလို့
မြွေဟောက်ခေါင်းဖြူ သောင်းကျန်းတဲ့ ကြက်ခြံနဲ့
ဘဲခြံရှိရာကို လာခဲ့လိုက်တယ်၊ ဟိုဟိုဒီဒီ အသံ
စွင့်လိုက်ပြီး နေရာကောင်းကောင်းလေးကြည့်ပြီးရော။
ကြွက်ပေါက်အရှင်နှစ်ကောင်နှစ်ကောင်ကို
ကြိုးနဲ့ခါး ချည်ပြီး လွတ်ပေးထားလိုက်တာ။
ကြွက်ကလေးတွေရဲ့အော်သံကြားရော သင်း –
မြွေတွင်းထဲကနေပြေး ထွက်လာတာ။ ပြီး –
ပြေးလွှားကြောက်လန့်နေတဲ့ ကြွက်ကို ပေါက်သတ်လို့ မျိုနေတဲ့အချိန်။
အဲဒီမှ ကိုဂဠုန်က သံညှပ်နဲ့ လည်ပင်းညှပ်လိုက်တာ။
နည်းတဲ့လား။ တစ်လံးကျော်ကြီး၊
လူကြီးလက်ဖျံလုံးခန်ရှိတယ်။
မရှိဘူးဆိုဒီကောင်ကြီး သုံးပိဿာအောက်ထစ်ပဲ။ သံညှပ်ကိုလိမ်ပတ်
နေလို့ မနည်းလုပ်ပြီးပခြုပ်ထဲ ထည့်ခဲ့ရတယ်။
ကောင်ခေါင်းဖြူကြီးကိုလှောင်အိမ်သေတ္တာထဲထည့်ပြထားတော့
မြွေသားစားတဲ့လူတွေ ကြည့်လိုက်ကြတာ
အံ့အံ့ဩဩပဲဗျာ။ မြွေရဲ့ဦးခေါင်းပေါ်မှာ
ကျပ်ပြားဝိုင်းခန့်အဖြူကွက်ပါနေတာပဲကို။လှောင်
အိမ်ထဲမှာပါးပျဉ်းကထောင်ထောင်နဲ့ဒေါသတွေဖြစ်နေတာ။လူကိုကိုက်တဲ့
မြွေမို့အချို့က မစားရဲကြဘူး။ မကပ်ရဲကြဘူး။
မကြာပါဘူးဗျာ။
သမီ၊ မြွေကိုက်ခံရလို့ မြွေဟောက်ခေါင်းဖြူကြီးကို
နာကြည်းနေတဲ့ ကိုမြမောင်ကြီး အရက်မူးမူးနဲ့ ဆိုင်ထဲကို ရောက်လာတယ်၊
“အေ့ – ဟေ့ – ဂေ့ – ဂဠုန်ကြီး- ဂဠုန်ကြီး” “ဗျာ- ကိုမြကြီး – ကျုပ်ဒီမှာပါဗျာ”
“မင်း… မင်း … ငါ့သမီးကိုကိုက်တဲ့ မြွေဟောက်ခေါင်းဖြူကြီး မိမိလာပြီဆို”
“ဟုတ်တယ် – ဟောဟို- လှောင်အိမ်ထဲမှာဗျ –
ကြည့်” ကိုမြမောင်ကြီး မြွေလှောင်သေတ္တာမှာ ရပ်လိုက်ရော။
“ပြီး”
“အမ်မာ-ငါရိုးမသားပြေက ငါ့ကိုများ- တယ်”
မြွေဟောက်ခေါင်းဖြူက ကိုမြမောင်ကြီးကိုမြင်တော့ “ချီး”လို အော်ပြီး
ပါးပျဉ်းထောင်ပါရောဗျာ။
“ဂဠုန်” “ဗျာ”
“သင်းပဲကွ – သင်းပဲ။ ငါ့သမီးကို ကိုက်သတ်တာ၊ဟား- ဟား- ဟား-
ား- ဒီနေ့-ငါ ကလဲ့စားချေရတော့မှာပေါ့ကွာ။
ဂဠုန်ရေ-ရော့ – ငါ့ကတိ အတိုင်းမြွေဖမ်းခငွေတစ်သောင်း။
အဲဒီမြွေဟောက်ကိုသတ်ပြီး ပြုတ်ကြော်
လေးလုပ်ပေး။ ငါ-ဒီမှာ-ဟောဒီအရက်ပုလင်းနဲ့
တစ်နေကုန်သောက်မယ် ဟေ့။ မြွေသားဟင်းအတွက်ကျသင့်ငွေ ပြီးရင်ရှင်းမယ်”
“ကိုပြာင်ကြီး”
“အေ့ဝေ့ – ပြော – ဂဠုန်”
“မြွေသားက ပြုတ်ကြော်စားမလား၊ စွပ်ပြုတ်ရော
သောက်ဦးမှာလား” “သိပ်ကြိုက်ပေါ့ကွာ။
အကုန်လုပ်ပေး – အေ့လေ့ “အဲဒါဆို-တစ်သောင်းလောက်ကျမှာနော်”
“ကျ – ကျကွာ။ မင်းက တယ်ငွေစကား ပြောချင်
တဲ့စီးပွားရေးသမားပဲ။ သေသွားတဲ့ငါ့သမီးအတွက်
အငြိုးနဲ့စားမှာ။ အကုန်ချက် – ကျသလောက် ပေးမယ်ဟေ့-ဟေ့-ထွီ”
ကိုဂဠုန် ပျော်နေတာပေါ့။
သူက စီးပွားရေးသမားလေ။
ငွေပိုရအောင် မြွေတွေကို မြွေသမားတွေထံက
ဈေးကြီးပေးမဝယ်ပဲ ကိုယ်တိုင် တောတွေ၊
ချုံတွေ၊ ပြောင်းတွေ၊ ကွင်းတွေထဲ အပင်ပန်းခံ သက်စွန့်ဆံဖျားရှာခဲ့တာလေ၊
သပိတ်ဝင်၊ အိတ်ဝင်ရနေတဲ့ငွေ
အခု – ရွှေရည်း(၁၅)ကျပ်သားကျော် စုပြီးပြီ။
ငွေသားအသားတင် ဆယ်သိန်းရှိတယ်။
တစ်နေ့ဝင်ငွေက လေးငါးသောင်း ဝင်နေတာရယ်။
သူဌေးလေးကနေ သူဌေးကြီးဖြစ်မှကျည်းဆန်သူ့အပေါ်ညွတ်မှာကိုး။
ဒါနဲ့မှကျည်းဆန်ကိုမရရင်
အဲ့အချောအလှတွေကိုတစ်နေ့တစ်ယောက်
အိမ်ပေါ်ခေါ်အိပ်လိုက်မှာပေါ့။
အရေးကြီးတာ ငွေရဖို့ပဲ။
ငွေရဖို့ကတော့ ဘယ်သူ အားမနာနိုင်ပေါင်
“ကိုမြမောင်ကြီး – ခဏစောင့်”
“မြန်မြန်လုပ်နော် – ဂဠုန်
“ဆယ်မိနစ်ပဲကြာမယ် – ကိုမြမောင်ကြီးရေ”
“ဂဠုန် – ငါ့သမီးကိုကိုက်တဲ့ မြွေဟောက်ခေါင်းဖြူနော်”
”ကြည့်နေပါဗျာ – မမှားရစေပါဘူး။ စိတ်ချစမ်းပါ
– ကိုမြမောင်ကြီးရ” သည့်နောက်- မြွေဟောက်
ခေါင်းဖြူကြီးထည့်ထားတဲ့သေတ္တာအဖုံးကို
ဖွင့်လိုက်ရာ။
“ပြီး-ပြီး
“ရီး
“အပ်ဟ – ငါရိုးမမြွေက ငါကိုများ။ စိတ်ချ –
မြန်မြန်သေစေရမယ်” ကိုဂဠုန် ဆဲရေးတိုင်းထွာရင်း
သံညှပ်နဲ့ မြွေရဲ့လည်ပင်းညှပ်ဖို့ဟာ မြွေဟောက်က
ပါးပျဉ်းထောင်နေလိုညှပ်မရဘူးဖြစ်နေ။
“ဂဠုန် – အေ့ – ဂ – ငါသတ်-ပး–ပလား”
“ရတယ် – ကိုမြမောင်ကြီး။ ဒီမြွေကို မပြောနဲ့ –
နဂါးတောင် ရှိရင် ကျုပ် က ဖမ်းချင်တာ – ကဲဟာ – ကဲဟာ”
တုတ်တစ်ချောင်းနဲ့မြွေရဲ့ခေါင်းကိုရိုက်ရတော့မှမြွေဟောက်ကပါးပျဉ်း
ကိုရပြီးခေါင်းပို့နေတုန်း။
လေးပေခန့်ရှည်တဲ့ သံညှပ်နဲ့ မြွေလည်ပင်းကို ညှပ်လိုက်ရော၊
မြွေဟောက်ကြီးကနာလွန်းလို့ထုတ်လိုက်တယ်။
ရိုးကိုလိမ်ပတ်နေတုန်း အသာဆွဲ
“ကိုမြမောင်ကြီး – ကြည့်ထားဗျ။ ဒါ- ခင်ဗျားသမီး
ကိုကိုက်တဲ့မြွေ ”အလှည့်ရှိတော့ သပေါ့ကွာ – ၊
ဟား-ဟား-ဟား- ဟား” ကိုဂဠုန်ကြီးက သံညှပ်ရိုးပတ်
နေတဲ့မြွေဟောက်ကြီးကိုစားသုံးသူများ မြင်အောင်မြှောက်ပြလိုက်သေးတယ်ဗျ။
“စားသုံးသူ မိတ်ဆွေများ ခင်ဗျာ – ဟောဒီမြွေဟောက်
ခေါင်းကြီးဟာ လူကို သေအောင်ကိုက်ခဲ့တဲ့
မြွေဟောက်ခေါင်းဖြူကြီးပါပဲ ခင်ဗျာ။ ဒီရှားပါး
မြွေကိုကျပ်ကိုယ်တိုင်လက်ရဖမ်းပြီးဟင်းသုံးမျိုးချက်ပြမှာပါ။
ဒီမြွေသားကို အားရပါးရစားမည့်သူကတော့
ဟောဟိုမှာ- ထိုင်နေတဲ့ ဦးပြမောင်ကြီးပါပဲခင်ဗျာ”
ဆိုင်ထဲမှာ စားနေတဲ့လူတွေက အသည်းယားဖို့ကောင်းတဲ့ တွန့်လိမ်
လူးလွန့်ကြီးနဲ့မြွေဆိုးကြီးကိုသံညှပ်နဲ့ညှပ်ပြေ
ာပြီးဂုဏ်ယူဝံ့ကြွားနေတဲ့ ဆိုင်ရှင် ကိုဂဠုန်ကြီးကို
ကြည့်ပြီး အသည်းယားသူ သားကြ။ အားရကျေနပ် ချီးကျူးသူက ချီးကျူး၊
မြွေဖမ်းတင်မကဘူး။ ဟင်းချက်လည်းရှယ်ပဲ။
ဆီ၊နားမှာ ချက်ရောင်းရင် ကမ္ဘာကျော်မှာ ဘာညာနဲ့ ဝိုင်းပင့်ကြလေ
ဒီမှာပဲ – ကိုဂဠုန်ကြီးက မြွေဟောက်ခေါင်းဖြူကြီးရဲ့ဦးခေါင်းကို စဉ်းတီ
တုံးပေါ်တင်လိုက်တယ်။
မြွေဟောက်ကစဉ်းတီတုံးပေါ်ကမြေသတွေလို့ ရန်းတွန့်နေချိန်။
ကိုဂဠုန်ကြီးကငါးရှဉ့်ခေါင်းဦးချွန်ဓားနဲ့
ာ၊
“ဒုန်း….”
လုံပြူးယင်းကို ခုတ်ချလိုက်
တစ်ချက်တည်းပါပဲဗျာ။မြွေဟောက်ခေါင်းဖက်ကနေပြတ်ပြီးအောက်
ခံသမံတလင်းပေါ်ကို ပြုတ်ကျသွားတာ့တယ်။
သံညှပ်ကို ပတ်ထားတဲ့ မြွေဟောက်ကိုယ်လုံးက
နာကျင်လွန်းလို့ ရုန်း လွန့်နေတာကိုဓားချပြီးလက်နှစ်ဖက်နှင့် ဖြေနေတုန်း –
“အား
“ဟ-ဟ- ဘာဖြစ်တာလဲဟ”
“အမလေး – အား – အား – လုပ်-လုပ်-ကြ-ပါ”
“ဝုန်း” “ဝရော”
ကိုဂဠုန်ကြီး ဝုန်းခနဲ ပစ်လဲကျလို့ အော်ဟစ်ရင်း
လူးလိမ့်နေတာမြင်လို့ အလုပ်သမားတွေနဲ့
ကိုမြမောင်ကြီးတို့ စားသုံးသူတွေ ပြေးလာကြည့်လိုက်ရော။
ကိုဂဠုန်ကြီးရဲ့ဖိနပ်မပါတဲ့ ခြေမကိုခေါင်းပြတ်
ကျသွားတဲ့မြွေဟောက် ဖြူကြီးရဲ့ဦးခေါင်းက
ခဲထားတာကိုမြင်ရပြီး အားလုံး လန့်ဖျပ်အော်ဟစ်ကြ၊
အလုပ်သမားတစ်ဦးကဓားနဲ့ ခြေမကိုခဲကိုက်
ထားတဲ့မြွေဆိုးရဲ့ဦးခေါင်း ကို ရိုက်ရပြီး ဓားနှင့် နုပ်နုပ်ပါအောင်
စဉ်းကောပစ်လိုက်တယ်။ ကိုဂဠုန်ကြီးက အသက်ရှူကျပ်ဒနေပြီ။
ခြေရော လက်ရောအေးစက်ပြီး လှုပ်လို့မရတော့ဘူး။
မျက်စိလည်း ဘာမှမမြင်ရတော့ပဲ ခေါင်းက
ကမ္ဘာကြီး ပတ်ချာလည်ဖြစ်ပြီးညည်းနေပြီ။
မြွေဟောက်ရဲ့အဆိပ်က အာရုံကြောထိ ပြန့်သွားပြီလေ။
“ကား ပြန်ပြန်ခေါ်ကြပါဟ။ ဆေးရုံကို ပို့မှဖြစ်မယ်ဟေ့”
“ကားရပ်ပျို့- ပွေ့ခေါ်ခဲ့တော့”
အလုပ်သမားတွေ ကိုဂဠုန်ကြီး ဝိုင်းပွေ့လိုက်ကြတယ်။
သို့သော် ကိုဂဠုန် ကြီး ဇက်ကျိုးကျသွားပါပြီ။
ခုတော့ – မြွေဆိုးတွေကိုမကြောက်မရွံ့ဖမ်းခဲ့တဲ့မြွေသမားကြီး၊
မြွေသားဟင်းကိုစားသုံးသူလျှာစွဲအောင်အမျိုးမျိုးချက်ပြုတ်ရောင်းချ
နာမည်ကျော်ခဲ့တဲ့ဟင်းချက်သမား၊ ဆိုင်ပိုင်ရှင်ကြီး
တစ်လတစ်ခါရွှေဒင်္ဂါးငယ်စုပြီးတစ်ဖက်သက်ချစ်နေရတဲ့မကျည်းဆန်
ကို ထိုက်ထိုက်တန်တန် တင်တောင်းလက်ထပ်ဖို့
အားကြိုးမာန်တက် သူဌေးလေးဘွဲ့ခံ ကြိုးစားနေသူကြီး၊
ဇက်ကျိုးကျပြီး ပါးစပ်ထဲက အမြှုပ်တစီစီတွေနဲ့
သားရေတွေ စီးကျ အသက်ပျောက်သွားခဲ့ပါပြီလေ။

Zawgyi  Version

” ေႁမြသားဟင္းေရာင္းစားသူ “(စ/ဆုံး)
————————————–

ဂဠဳန္ႀကီးကိုဘယ္ေႁမြကိုက္ရမွာလဲတဲ့။
ေႁမြမွန္သမွ်ကိုဂဠဳန္ႀကီးစားတာ ေႁမြေတာင္
အ႐ုပ္ေရးျပရမလိုျဖစ္ေနတာတဲ့။ဒါလည္း ဟုတ္တာပဲ။
ကိုဂဠဳန္ႀကီးက ေႁမြမွန္ရင္ ဘာျပဳမွမထားဘူး။
ေႁမြသားစားခ်င္သူမွန္သမွ်လည္း ကိုဂဠဳန္ႀကီး
အသက္ရွည္ပါေစဆုေတာင္းၾကတာကလား။
ဂဠဳန္ႀကီး အသက္ရည္မွ ေႁမြသားဟင္းစပါယ္
ရွယ္ကို စားၾကရမွာကိုး။ ခုေတာ့ – ဂဠဳန္ကို ေႁမြကိုက္လိုက္ၿပီ။
ေဟာဒီၿမိဳ႕ေပါမွာဂဠဳန္ႀကီးတြင္းေအာင္းသားရွယ္ခ်က္ဆိုင္ဆိုရင္တြင္း
ေအာင္းသားႀကိဳက္တဲ့လူ၊ စားတဲ့လူ အကုန္သိတယ္။
တြင္းေအာင္းသားဆိုတာ လူၾကားေကာင္းေအာင္ေျပာတာ။
အမွန္ကေႁမြသားဟင္းရွယ္ခ်က္ဆိုင္။
ေႁမြနဲ႔ အက်ိဳးေပးသလားမေျပာနဲ႔။ ဟိုတုန္းက
ကိုဂဠဳန္ႀကီးက ေခ်ာက္ ခ်ီးေခ်ာက္ခ်က္ထမင္း
ေၾကာ္ဆိုင္ေလးဖြင့္ၿပီး ဝမ္းစာရွာတာရယ္။
ေဈးေရွ႕နယ္ကားဂိတ္က တာေပၚလင္အဝါ
မိုးႀကီးနဲ႔ေရာင္းတဲ့ ထမင္းေၾကာ္ဆိုင္ေလးေပါ့။
မနက္ေစာေစာ ဂိတ္ထိုးတဲ့ကားသမား။
ဆိုင္ကယ္ကယ္ရီသမားႏွင့္ ေဈးသည္ေလးေတြ
အဆာေျပျဖစ္၊ မနက္စာသေဘာမ်ိဳးျဖစ္ျဖစ္ဝယ္စားၾကတဲ့ဆိုင္။
ေနာက္ပိုင္းမွာ ဂဠဳန္ႀကီးကႂကြက္ေၾကာ္ႏွင့္ႂကြက္
သားဟင္းေလးစီစဥ္ ေရာင္းေရာ။ ႂကြက္ေၾကာ္
ႏွင့္ႂကြက္သားလူႀကိဳက္မ်ားပါေရာဗ်ာ။ ဒီလိုနဲ႔
ဂဠဳန္ႀကီးႂကြက္သားဟင္းဆိုတာ နာမည္ရလာတယ္။
ဆီျပန္ ခ်က္စားရတယ္၊ မနက္(၈)နာရီေက်ာ္ရင္လာမစားႏွင့္။
ႂကြက္ေၾကာ္ႏွင့္ႂကြက္သားဆီျပန္ ကုန္ၿပီ။
ႂကြက္ကိုလယ္ထဲယာထဲကြင္းထဲမွာကိုယ္တိုင္
ရွာတာဆိုေတာ့အရင္းေငြမစိုက္ရဘူးေပါ့ဗ်ာ။
ကနဦးကေတာ့ ဟိုး – ႐ြာေတြက ႂကြက္ထိုးသမားေတြ
လာပို႔တဲ့ႂကြက္ ေသအေရဆုပ္ဝယ္ရတာေပါ့။
ေနာင္ေတာ့-မနက္(၁၀)နာရီဆိုင္သိမ္းၿပီးရင္
အိမ္ျပန္နား။ ညေနေစာင္းရင္ ႂကြက္ရွာထြက္။
သူႂကြက္ထိုးသြားရင္ အမ်ားအားျဖင့္ ညဘက္
သြားတာမ်ားတယ္။ ႂကြက္ႀကီး၊ ေျမႂကြက္
လယ္ႂကြက္က ညမွ အစာရွာထြက္တာကိုး။ သူမ်ားေတြက
ႂကြက္တြင္းရွာၿပီး စူးထိုးတယ္။
ကိုဂဠဳန္ႀကီး ဒီနည္းကို မသုံးဘူး။ ဝါး႐ြတ္ကိုင္း
ေပ်ာ့ေပ်ာ့ကို ေလထဲမွာ အသံျမည္ေအာင္ ျမန္ျမန္ယမ္းလိုက္တာ။
“႐ႊီ-႐ႊီ-က်ိဳ-ကြၽီ” —”
ေလတိုးသံႏွင့္ ငါး႐ြတ္ကိုင္းေပ်ာ့ ေလထဲ
ယမ္းသံဟာ ႂကြက္ေတြေအာ္ တဲ့အသံအတိုင္းပဲ။
ဒီမွာ ဖားမီး႐ြက္ကို ေျမႀကီးေပၚေထာင္ထားတာ။
ေျမႂကြက္အစစ္ေတြက သူတို႔နဲ႔ မ်ိဳးတူႂကြက္ႀကီးေတြ
ေအာ္တယ္မွတ္ ၿပီးအသံၾကားရာကို ထြက္လာၾကေရာ။
အဲဒါ မီးေရာင္ေရွ႕မွာဟိုရွာၾကည့္လုပ္ေနတုန္းား
တံျပက္စည္း႐ိုးခန႔္ တုတ္တဲ့ႀကိမ္လုံးႀကီးနဲ႔
ေျမႂကြက္၊လယ္ႂကြက္ရဲ႕ဦးေခါင္းကို႐ိုက္ခ် ႂကြက္ဟာ
တစ္ပတ္ကြၽမ္းပစ္ၿပီး အေၾကာဆြဲလို႔ေသေရာ။
အဲဒီလိုနဲ႔ ေျမႂကြက္၊ လယ္ႂကြက္၊ ယာႂကြက္
တစ္ေန႔ကို ႏွစ္ပိႆာ သုံးပိႆာရတာ၊ ေထာတာေပါ့၊
ၿပီး–ကိုဂဠဳန္ႀကီးကဟင္းခ်က္ထမင္းခ်က္ေကာင္းတယ္။
ဆားမ်ားအခ်ိဳအေပါ့ ႏိုင္တယ္။ ေခြးေတာက္႐ြက္ႏွင့္
ၾကက္ေခါင္းဟင္းခ်ိဳဆိုရင္ သူ႔ဆိုင္ အေရာင္းေကာင္းဆုံးပဲ။
ေျပာရရင္ ေႁမြမေၾကာက္၊ သရဲမေၾကာက္၊ ႂကြက္ထိုး
ႂကြက္ရွာေကာင္း ေတာ့ အရင္းေငြ မစိုက္ရဘူးေလ။
လုပ္အားပဲ စိုက္ရတာ။ေၾကာ္ေရာင္း၊ ခ်က္ေခ်ာင္း၊
ကင္ေရာင္းေတာ့ ေငြအသားတင္ ရေနတာေပါ့၊
ေငြေတာ့ အေတာ္စုတဲ့လူပဲဗ်ာ။ ၀၀ဖိုင့္ဖိုင့္ႀကီး။
ဝေပမယ့္ သြက္လက္ ဖ်တ္လတ္တယ္။
တစ္လကိုတစ္ခါေ႐ႊတစ္မတ္သားဝယ္ရတယ္။
“ကိုဂဠဳန္ႀကီး – ဘာလို႔ လတိုင္း ေ႐ႊဝယ္စုတာတုံး”
မေျဖဘူး။ ရယ္ေနတာပဲ။ ဒါနဲ႔ – ခင္ေ႐ႊက ေျပာေရာ။
“အိုစာမင္းစာ စုတာေပါ့- ဟုတ္လား
“ၾကည့္ရတာ ဘုရားတည္မလို႔နဲ႔တူပါရဲ႕ကြာ”
“ဟ – ကိုသိန္းရ။ ဘုရားတည္ဖို႔ ေငြစုတဲ့လူက
ညဘက္ႂကြက္ထိုးၿပီးစုမွာလားရ
“ေအးဟ – ဒီေကာင္ ေပးလို႔လည္းမရပါဘူးကြာ”
အမွန္က သူမိန္းမယူဖို႔ ေငြစုေနတာၾကာၿပီ။
သူ ႀကိတ္ပိုးေနတဲ့ မိန္းကေလးတစ္ဦး ရွိတယ္။
နာမည္ကမက်ည္းဆန္တဲ့။ ညိဳညိဳတုတ္တုတ္ေတာင့္ေတာင့္ကေလး။
ေကာင္မေလးက သူကို မႀကိဳက္ပါဘူးဗ်ာ။ သို႔ေသာ္ …။
မက်ည္းဆန္ရဲ႕အေမမုဆိုးမႀကီးကကိုဂဠဳန္ႀကီးကို သေဘာက်တယ္။
ဂဠဳန္စီးပြားရွာေကာင္းတယ္။ အေပါင္းအသင္းဆန႔္တယ္။
အရက္ကို နည္းနည္းပါးပါး အပင္ပန္းေျဖပဲ ေသာက္တယ္ေလ။
ေငြကို က်စ္က်စ္ပါေအာင္ စုတာလည္း
မက်ည္းဆန္အေမေဒၚေၾကးနီ ကသိတယ္။
သူေတာင္ေငြလိုရင္ ဂဠဳန္ဆီကေခ်းယူသုံးတာ
မ်ိဳးရွိတယ္ကိုး။ ဂဠဳန္ သူ႔သမီးကိုႀကိဳက္ေနမွန္း
ေဒၚေၾကးနီ သိတာေပါ့ဗ်ာ။ ဒါေၾကာင့္ တင္းပါးရိပ္ျခည္ေျပာရတာေပါ့။
“ေမာင္ဂဠဳန္ – မိန္းမယူဖို႔ အစီအစဥ္ရွိလား”
“စဥ္းစားတုန္းပါဗ်ာ – အေမေၾကးရာ”
“က်ည္းဆန္ကလည္းကိုဂဠဳန္ႀကီးက အလုပ္ႀကိဳးစားတယ္ – အေမရဲ႕။
ငါ့ကိုေျပာသတဲ့”
“ဟုတ္လား – အဟီ။ ႀကိဳးစားရတာေပါ့ .
အေမေၾက၊ရာ – အဟီး” “မိန္းမတစ္ေယာက္ယူရင္
ေငြထုပ္ေ႐ႊထုပ္ပါဖို႔အေရးႀကီးတယ္ သိလား”
“က်ဳပ္ စုေနပါတယ္ဗ်။ ေ႐ႊတစ္က်ပ္သားရေနပါၿပီ”
ေမာင္ဂဠဳန္”
– ႀကိဳးစားစု။ နင့္ညီမက်ည္းဆန္လည္းေစာင့္ေရွာက္ေနာ္
“စိတ္ခ်ပါဗ် – အဟီး။ က်ဳပ္ – က်ဳပ္ကလည္း
က်ည္းဆန္ကို – အဲ – အဲ က်ဳပ္ႏွမေလးလို ခင္ – ခင္တာဗ်
-ငါ့ကိုေငြႏွစ္ရာေပးခဲ့စမ္းဟဲ့။
ဒီညေနတြဲလုံးေလးေကာင္းလို႔တဲ့ – ငါ့တူႀကီးရဲ႕”
အဲလိုေပါ့ဗ်ာ။
က်ည္းဆန္နဲ႔စပ္လ်ဥ္းၿပီးကိုဂဠဳန္ကသူအပေဒေၾကးနီကိုပိုင္တယ္။
ခ်ဲထိုးဖို႔ ေခ်းရင္ ေပးတယ္။
တစ္ညကိုဂဠဳန္ ႂကြက္ထိုးသြားတယ္။
ထုံးစံအတိုင္း ဝါး႐ြတ္ကိုင္းဖ်ားကို ေလထဲမွာ
ယမ္းလိုက္ေတာ့ ႂကြက္ေအာ္သံ ျမည္ေရာ၊
တစ္ခါတေလဝါးသုတ္ကိုင္းနဲ႔အသံေပးလို႔ႂကြက္မလာရင္ပါးစပ္ကေန
ႏႈတ္ခမ္းကိုစုစုပ္ၿပီး ႂကြက္သံအတုလုပ္တယ္။
ဒါလည္း သူ ကြၽမ္းက်င္တယ္။ “ကြၽိကြၽိကြၽိကြၽိ”
“ေဟာ-မီးေရာင္ေအာက္ကို ဝင္လာဟ”
ဒီမွာ ႀကိမ္တုတ္နဲ႔ လွမ္း႐ိုက္မလို႔လုပ္တုန္းမွာ
ေႁမြေဟာက္ႀကီးတစ္ ေကာင္က ႂကြက္ကိုဝင္ေပါက္လိုက္တာတဲ့။
ႂကြက္ႏွယ္ ကြၽီခနဲေအာ္ၿပီး လြင့္ခုန္လို႔
အေၾကာဆြဲေနပါေရာ၊ “ဟင္း – ေႁမြေဟာက္ႀကီး”
ေႁမြေဟာက္ေၾကာင့္ က်န္တဲ့ႂကြက္ေတြပါေျပးၿပီ။
ေႁမြေဟာက္ႀကီးက လက္ဖ်ံလုံးေလာက္ရွိၿပီး
ဦးေခါင္းလုံးေခ်ာႀကီးနဲ႔ ႂကြက္ေသကိုလွမ္းဆြဲၿပီး ေနာက္ကိုအခ်ိဳ႕၊
“ငါ့အစာကို လုခ်င္တဲ့ေႁမြ … ေသဟာ…ကိုင္း”
“ေခ်ာင္း”
”ဦး – ဖူး “ကိုင္းဟာ”
ႀကိမ္တုတ္နဲ႔ ေႁမြေဟာက္ရဲ႕ ဦးေခါင္းကိုေလးငါးေျခာက္
ခ်က္ငိုက္လိုက္ တာ။ ေႁမြေဟာက္ဦးေခါင္းေၾကမြၿပီးေသေရာ။
အပ္မယ္-ေခါင္းေၾကေနတာေတာင္ ကိုယ္လုံးက
လြန႔္ေနတုန္း။ ကိုယ္လုံးနဲ႔အၿမီးကိုပါ ထပ္႐ိုက္လိုက္မွ
ၿငိမ္သြားရာ။ ေႁမြသားငယ္ငယ္ကသူစားဖူးတယ္။
ခ်ိဳတယ္။ အသားမ်ားတယ္။ ဟန္ က်ၿပီ။
ႏွစ္ပိႆာခန႔္ရွိမယ့္ တစ္လံေက်ာ္ဒေဟာက္ႀကီးကို
ႀကိဳးနဲ႔ခ်ည္ၿပီး အိပ္ကို ယူလာခဲ့လိုက္တယ္။
အိမ္ေရာက္ေတာ့ေႁမြဆိပ္ရွိမည့္ဦးေခါင္းကို
ျဖတ္ၿပီးေဖာက္ထိုးဆြဲထားလိုက္တယ္။
ၿပီး – မီးေမႊး၊ ေရေႏြးအိုးႀကိဳ။ င႐ုတ္သီး ၾကက္သြန္ျဖဴ၊
ၾကက္သြန္နီ၊ ခ်င္း၊ မဆလာေရာေထာင္းလိုက္တယ္။
ေရေႏြးအိုးဆူေရာ၊ေခါင္းျဖတ္ကန႔္လန႔္ခ်ထားတဲ့ေႁမြကိုေရေႏြးေဖ်ာ၊
အေရခြံကိုဆြဲခ်။ တစ္ခါအသားႏူးေအာင္ထပ္ျပဳတ္၊
က်က္တာနဲ႔အသားကို တုံးတစ္ၿပီး ႏွင္လိုက္တယ္။
ငါးရွဥ့္မီးအုံးႏႊင္ရသလိုပဲ၊ အေျမႇာင္းလိုက္ရတယ္။ အသားကို ေဖြးေနတာပဲ။
ႏႊင္ၿပီးသားအခ်ိဳ႕ကို င႐ုတ္သီးစုံသပ္ၿပီး ေၾကာ္။
က်န္တဲ့အတုံးအခ်ိဳ႕ကို ဝက္သားတုံးသလို တုံးၿပီးခ်က္၊
မိုးလင္းလို႔ ထမင္းေၾကာ္ဆိုင္ဖြင့္ေရာ၊
ဒီေန႔ -သားရၿပီလို႔ ေၾကာ္ျငာလိုက္တာရယ္။
သူတစ္ပြဲ၊ ငါတစ္ပြဲႏွင့္ ေႁမြသားဟင္းေတြ ကုန္တာပဲ။
“ကိုဂဠဳန္ႀကီး”
“ဘယ္ႏွယ္တုံးေဟ့ – ေႁမြသား ေကာင္းရဲ႕လား … ငါ့လူရ
“ရွယ္ပဲဗ်ာ။ ေနာက္ေန႔ရရင္ ရန္ထားပါဦးဗ်”
ဒီလိုနဲ႔ေႁမြသားကို စားသုံးသူ ႀကိဳက္မွန္းသိေရာေႁမြ
ရွာတဲ့သူေတြထံမွာ ရေတာ့တယ္။ လင္းေႁမြ၊ ေႁမြေပြး၊
ေႁမြေဟာက္ ရရာငယ္ရတယ္။ ေဈး တယ္ ႀကီးပဲကိုး။
အန ခု-ကိုဂဠဳန္ရဲ႕ ေႁမြသားဟင္းႏွင့္ ႂကြက္သားဟင္းကို
ၿမိဳ႕ခံစားသုံးသူ တင္မကဘူး။ တ႐ုတ္စီးပြားေရးသမားေတြ
ရန္ကုန္က နယ္ကလာသူေတြပါ
လႈိက္လႈိက္လွဲလွဲအားေပးစားသုံးလိုက္ၾကတာ။
ေလးလအတြင္း ကိုဂဠဳန္ ကိုယ္ပိုင္ဆိုင္ခန္းနဲ႔
ျဖစ္သြားၿပီး လူငွားႏွစ္ ေယာက္ပါေခၚထားရတဲ့အထိ
တိုးတက္ခဲ့ပါရာ။ “ဂဠဳန္ႀကီးရွယ္စားေသာက္ဆိုင္”ဆို
လူတိုင္းသိ ျဖစ္သြားၿပီ။ အခု-ေႁမြမ်ိဳးစုံကိုကိုယ္တိုင္ရွာတယ္။
ခြတုတ္နဲ႔ သံညႇပ္ပါရင္ ေႁမြေပြး၊ ေႁမြေဟာက္၊ လင္းေႁမြ ရတာပဲ၊ ကြၽမ္း
က်င္ဖို႔နဲ႔ လ်င္ဖို႔ေတာ့ အေရးႀကီးတာေပါ့။
ေႁမြကိုေတြ႕ရင္ ခြေထာက္နဲ႔ လည္ပင္းကိုဖိ၊
ေႁမြေဟာက္ကို အၿမီးက ကိုင္ၿပီး ပျခဳပ္ထဲထည့္၊ အရွင္ရေရာ။
ေႁမြေပြးကိုကိုင္ရင္ အရမ္းသတိထားရတယ္။
ေႁမြေဟာက္ဆို ေရွ႕က ေနာက္က ကိုင္လို႔ရတယ္။
ေႁမြေပြးက်ေတာ့ သူ႔ကိုထိရင္ ေနာက္ျပန္ပစ္တာ။
ပစ္ၿပီး ကိုက္ၿပီးပဲ။ ေႁမြေပြးကို သံညႇပ္နဲ႔ လည္ကုပ္ကို
မလြတ္တမ္းမိမွ။ ဒါေတာင္ – အေကာင္ ႀကီးလို႔ရန္းရင္ အေတာ္ၾကမ္းတယ္။
ေႁမြေပြးကို ညႇပ္နဲ႔ လည္ကုပ္မိထားရင္ ေႁမြေဟာက္
လိုအၿမီးကကိုင္ၿပီး ပျခဳပ္ထဲ ထည့္လို႔မရဘူး။
ေႁမြေပြးတြပ္ရင္ ျမန္တယ္။
ေႁမြေပြးကိုက္မိရင္ သူ႔ရဲ႕အဆိပ္က ေသြးျပန္ေၾကာကေန
ကိုယ္တြင္း ေသြးေၾကာကို ခ်က္ရင္းပ်ံ႕ႏွံ႔သြားတာ။
အကိုက္ခံရတဲ့ေနရာ ေယာင္ယမ္း နာက်င္ၿပီးအစြယ္ေနရာကေန သားနံရည္ထြက္တာ။
ၿပီးရင္ – ပ်ိဳ႕အန္မယ္။ ၾကည့္လို႔မရေအာင္ မူးေဝေနမယ္။
လက္ေၾကာပူး လက္ဖ်ား
ေျခဖ်ားေတြေရခဲ႐ိုက္ထားသလိုေအးစက္ၿပီး
ေနာက္ဆုံးလုံးဝသတိလစ္ေမ့ေျမာသြားၿပီးအခ်ိန္မီေဆးမကုႏိုင္ရင္၊ အဆိပ္
ေျပေဆးမထိုးႏိုင္ရင္ အသက္ပါဆုံးေရာ။
ေႁမြေဟာက္ …။
ေႁမြေဟာက္ကိုက္ခံရရင္လည္း ေႁမြေပြးကိုက္ခံရသလိုပဲ ေခါင္းေပၚ
မိုးႀကိဳးပစ္ခ်ခံရသလို မ်က္လုံးက မီးပြင့္သြားေရာ။
သူေႁမြဆိပ္ကေတာ့ တစ္မ်ိဳး။
ေႁမြဆိပ္က ကိုက္ခံရတာနဲ႔ အာ႐ုံေၾကာေတြရွိရာကို ပ်ံ႕ႏွံ႔သြားတာရယ္၊
ခ်က္ခ်င္းအသက္ရႉက်ပ္လာမယ္။
ေခါင္းငိုက္ဇက္က်ိဳးက်လာမယ္။
ဦးေႏွာက္အာ႐ုံေၾကာကိုထိသြားတာမို႔။
ၿပီး – ကမာၻႀကီး ပတ္ခ်ာလည္ေနသလို မူးေဝၿပီးေနာက္
ေျခေတြ၊ လက္ ေတြ မလႈပ္ရွားႏိုင္ပဲ အေၾကာေတြ ေသသလိုျဖစ္ရာ။
ေဆးမိလို႔ ျပန္ေကာင္းသည့္တိုင္ အေၾကာေတြ
မသန္ေတာ့လို႔ စားေသာက္ရာမွ အလြန္ခက္ခဲတယ္။
လမ္းေလွ်ာက္ရလည္း ခက္တယ္။ အဆိပ္ရွိတဲ့ေႁမြေဟာက္အမ်ိဳးအစားထဲမွာ –
ေႁမြေဟာက္၊ငန္းေစာင္း၊ ငန္းဝါ၊ ငန္းပုပ္တို႔ပၿပီး
အဆိပ္ျပင္းတဲ့ေႁမြေပြး အုပ္စုထဲမွာ ေႁမြေပြး၊
ဂ်ပ္ေႁမြနဲ႔ ပင္လယ္ေႁမြတို႔ပါဝင္ၾကတယ္။
လင္းေႁမြက အဆိပ္မရွိဘူး။ သို႔ေသာ္ လင္းေႁမြက
ေျပးတာျမန္တယ္။ ခ်ဳံေပၚလည္းေျပႏိုင္တာပဲ။
လင္းေႁမြကိုျမင္ရင္အျမန္ေျပ၊လိုက္ၿပီး အၿမီးက
ကိုင္၊ ေလထဲမွာ ေမႊ႕ယမ္းလိုက္။ အ႐ိုးအဆစ္ေတြ
ျပဳတ္ၿပီး ေသတာပဲ။ လင္းေႁမြသားက ခ်ိဳတယ္။
ဒါေၾကာင့္ – ေႁမြသားႀကိဳက္သူေတြအတြက္ေႁမြရွာ
ရတာအသက္ႏွင့္ရင္း ရတယ္။ အခန႔္မသင့္ရင္ ေႁမြရွာရင္းေသရတဲ့ဘဝ။
တစ္ခါတေလ ေႁမြကိုက္လို႔ ကြင္းထဲ၊ ေတာထဲ ေသေနတာ ဘယ္သူမွမသိ။
ဒါေၾကာင့္ – ေႁမြသားဟင္းတစ္ပန္းကန္ ႏွစ္ေထာင္၊
သုံးေထာင္ယူရတာ ပါ။ ေႁမြမ်ိဳးစုံကို တ႐ုတ္
ပရေဆးနဲ႔ စိမ္ထားတဲ့အရက္တစ္ပက္ကို အခု တစ္
ေထာင္ေက်ာ္ ေရာင္းမွ ကိုက္တယ္ေလ။
တိုတိုေျပာရရင္ ကိုဂဠဳန္ႀကီး ေႁမြသားခ်က္၊
ေႁမြသားေၾကာ္၊ ေႁမြသား စြပ္ျပဳတ္ဟင္းခ်ိဳနဲ႔
နာမည္ေက်ာ္ၿပီး၊ စီးပြားတက္ေနၿပီဗ်ာ။
ေႁမြေပြးသားကကင္ဆာေရာဂါသက္သာေပ်ာက္ကင္းတယ္လို႔ ဟိုလူ
ဒီလူေျပာၾကေတာ့ ေႁမြေပြးသားဟင္းက
ေရးေကာင္းပိုရပါေရာ။ ေႁမြေပြးအရွင္တစ္ပိႆာကို
ဟိုတုန္းက သုံးေထာင္ေပးရတယ္။ အခု ငါးေထာင္လည္းဟုတ္၊
တစ္ေသာင္းလည္း ဟုတ္ပဲ။ တ႐ုတ္ျပည္ဘက္ကို
ေရာင္းေနေတာ့ေဈးႀကီးတာေပါ့။
ကိုယ္တိုင္ဖမ္းၿပီး အေသခ်က္ အရွင္ခ်က္
လက္ေတြ႕လုပ္ေပးတယ္။ ေႁမြေပြးေသတၱာ၊
ေႁမြေဟာက္ေသတၱာ၊ လင္းေႁမြ စသည္ရွိတယ္။ အထဲက
ႀကိဳက္တဲ့ေႁမြကို လက္ညႇိဳးထိုးျပ။ ျပရင္ – ေႁမြေပြး၊
ေႁမြေဟာက္ကို လက္ဝါး ေလာက္ပတၱာတံခါးေလးဖြင့္၊ လက္ကိုင္ရွည္
ၿပီးဆြဲထုတ္။
ညႇပ္နဲ႔ေႁမြရဲ႕လည္ပင္းကိုညႇပ္
စဥ္းတီတုံးေပၚတင္၊ဓားရွည္ႀကီးနဲ႔ဖက္ေနရာကေနခုတ္ခ်။ ေႁမြကိုယ္လုံး
ကိုပြက္ပြက္ဆူေနတဲ့ ေရေႏြးအိုးထဲထည့္။ အေရခြံ ေရေႏြးေဖ်ာ။
စားခ်င္တဲ့သူကို ေပးမယ္။
“ျပဳတ္ေၾကာ္လား”
“အတုံးဟင္းလား”
“ေပါင္းေပးရမလား”
“စြပ္ျပဳတ္ဟင္းခ်ိဳ”
ႀကိဳက္တာေျပာ။ ကိုဂဠဳန္ ခ်က္ခ်င္းလုပ္ေပးႏိုင္တယ္။
လတ္လတ္ဆတ္ ဆတ္ ေႁမြသားမွ အမ်ိဳးမ်ိဳး
ေရာင္းေပးေနေတာ့။ နယ္က ေႁမြသားႀကိဳက္သူ၊
ၿမိဳ႕ခံေျမသားႀကိဳက္သူ။ တ႐ုတ္၊ ရွမ္း၊ ျမန္မာေတြနဲ႔ သူ႔ဆိုင္ စည္ကားပါ့ဗ်ာ။
အခု – စားပြဲထိုးႏွစ္ေယာက္။ အခ်က္အျပဳတ္အကူႏွစ္ေယာက္။
ကဲ – တစ္ေန႔ဝင္ေငြနည္းေရာ့လား။
ခုေတာ့ – စားသုံးသူေတြကေရာ၊ သူ႔အလုပ္သမား
ေတြကပါ ကိုရီးယား ကားထဲကေလသံအတိုင္း သူကို ….။
“သူေဌး”လို႔ ေနာက္ေျပာင္ေခၚၾကၿပီ။
အခု – သူ႔ကို သူေဌးလို႔ေခၚရင္ သြား(၃၂)ေခ်ာင္း
ေပၚေအာင္ၿပဳံးၿပီး တ႐ုတ္ေပါက္ေဖာ္ႀကီးေလသံႏွင့္-
“ဘာစားမီလဲ – ဆရာကီး”တဲ့။ ျပန္ေျပာပါၿပီ ခင္ဗ်ား။
ကိုဂဠဳန္ႀကီးက မိန္းမလည္း အရမ္းလိုခ်င္တယ္။
ၿပီး – ေပဒင္လည္း ဝါသနာပါတယ္။ မိန္းမ႐ြယ္ေတြက သူ႔ကိုမယူရဲဘူး။
ညတိုင္း၊ ေန႔တိုင္း ႂကြက္နဲ႔ ေႁမြရွာသတ္ေန၊
အကုသိုလ္ေကာင္ႀကီးလို႔ သတ္မွတ္ၿပီး ေရွာင္တယ္ေလ။
ဟုတ္လည္း ဟုတ္တာပဲဗ်ာ။
သူ႔အိမ္ေပၚမွာ ေႁမြမ်ိဳးစုံ၊ ပျခဳပ္ေတြရွိေနတယ္။
ေႁမြဆိုးေတြရဲ႕ “႐ႊီး-ၿပီး-႐ႊီ” စတဲ့မႈတ္သံ၊ တြန္သံ၊ မာန္ဖီသံေတြ ေန႔စဥ္
ေန႔ေန႔ညည ၾကားေနရတာဥစၥာ၊
ဒီလိုေႁမြဆိုးေပါင္းစုံ၊ အသံေပါင္းစုံ၊
အညႇီနံ႔ေပါင္းစုံနဲ႔ေနတဲ့ လူၾကမ္းလို
ဘယ္မိန္းမက လင္ေတာ္ဝံ့မွာတုံး။
သို႔ေသာ္- ကိုဂဠဳန္ တြက္ထားတာက သူမွာ အိမ္ႏွင့္ၿခံ ရွိတယ္။
ေ႐ႊနဲ႔ေငြ ရွိတယ္။ သူ အ႐ြယ္ေကာင္း၊ မအိုေသးဘူး။
ဒါေၾကာင့္ – သူကိုႀကိဳက္တဲ့မိန္းမ ရွိရမယ္။
သို႔ေသာ္- သူကမက်ည္းဆန္ကို ပိုသေဘာက်တယ္။
မက်ည္းဆန္အေမကို သူကပိုင္ၿပီးသားေလ။
သို႔ေသာ္-မက်ည္းဆန္က သူလာတာျမင္ရင္
ေနာက္ေဖးသို႔ ဝင္သြား ေရာ။ အိမ္ျပင္ကိုေရွာင္သြားေရာ။
ရင္ထဲမွာ ခံစားေနရတာ အဲဒါပဲ။
ဒါေၾကာင့္ – ေဗဒင္ပညာမွာ နာမည္ရွိတဲ့
ဆရာႀကီးဦးႀကိဳင္စိုးထံမွာ ေဗဒင္လာၾကည့္တာ။
“နာမည္ – ဘယ္လိုေခၚတုံးကြယ့္”
“ကိုဂဠဳန္လို႔ ေခၚပါတယ္ – ဆရာႀကီး” “ဒီနာမည္က ေမြးနာမည္ပဲလား”
“မဟုတ္ပါဘူး ခင္ဗ်။ နာမည္အရင္းက”ေမာင္တက္ခိုင္း
ပါခင္ဗ် “စေနသားပဲ။ ေမြးသကၠရာဇ္ကေရာ”
“…..ပါ ဆရာႀကီး”
“အင္း – အင္း”
ေဗဒင္ဆရာႀကီးဦးစိုးကေက်ာက္သင္ပုန္းမွာ
မဟာဘုတ္တိုင္ထူတယ္။ ၿပီး – ေအာင္လံထူ
စစ္သူႀကီးပြဲ ေနရာခ်တယ္။ ၿပီး – အသက္ကို ရွစ္ႏွင့္စားၿပီး တိုင္ထူၿပီးေနာက္ –
“မင္းက လူခ်မ္းသာျဖစ္ေနၿပီပဲကြယ္”
“အဟံ-ဟံ-အဲ-အဲ-ဟုတ္ – ဟုတ္ပါတယ္ ခင္ဗ်” “ဒီႏွစ္ထဲမွာ ေႁမြဆိုး သတိထား”
“ဗ်ာ – ဘယ္လိုျဖစ္လို႔ပါလဲ ဟင္ – ဆရာႀကီး”
“ေႁမြအႏၲရာယ္ေပးလိမ့္မယ္ … ၾကားလား” “ဟုတ္ – ဟုတ္”
“အလုပ္က ဘာလုပ္တုံး”
“အဲ-အဲ-ဟို-ထ- ထမင္းဆိုင္ ဖြင့္ပါတယ္ ခင္ဗ်”
“ဒီႏွစ္ ေႁမြေရွာင္ရမယ္။ ေႁမြမသတ္ရဘူ။ ေႁမြေတြ႕ရင္
ေမတၱာပို႔ရမယ္။ ႏြားႏို႔တိုက္ရမယ္။ အဲဒါဆိုမင္းကံေကာင္းၿပီ”
“ဆရာႀကီး – ဟို – ဟို – အိမ္ေထာင္ေရးအေျခအေနေလး
– သိ-သိ” “အင္း – အင္း – အိမ္ေထာင္ေရးကဓမၼာ၊
ေသာက အင္းဝရာကဆိုေတာ့ ၾကာသပေတး
သားသမီးကိုေရွာင္။ ဗုဒၶဟူးသမီးေတြ႕ရင္
ခုေတြ႕ ယူ၊ ညေတြ႕ ညယူ – အခ်ိန္မဆိုင္းနဲ႔”
“ဘာလို႔ပါလဲ… ဆရာႀကီး၊”
“စေနနဲ႔ဗုဒၶဟူးကမိတ္ဆက္ေလကြာ။စေနသားနဲ႔ ဗုဒၶဟူးသမီးညားရင္
႐ူးေတာင္ ထမင္းမငတ္ဘူးကြ … မွတ္ထား”
ကိုဂဠဳန္ႀကီးေခၚ(ကိုတက္ဝိုင္း) ဆရာႀကီးထံက
ျပန္လာၿပီး – မက်ည္းတန္အေမေဒၚေၾကးနီကို ေမးေရာ၊
“အေမေၾကး”
“ဘာတုံး – ဂဠဳန္”
“ဟိုေလ – ဟို-မက်ည္းဆန္က ဘာ – –
“ဘာလုပ္မလို႔တုံး”
– ဘာေန႔သမီးလဲ ဟင္”
“အဲ – အဲ – သိ – သိခ်င္လို႔ပါခင္ဗ်ာ။ ဒါ – အေမေၾကးစားဖို႔ေခါက္ဆြဲထုပ္
ပါ ခင္ဗ်ား – အဟဲ – ဟဲ”
ေခါက္ဆြဲထုပ္ျမင္ေတာ့ အဖြားႀကီးၿပဳံးသြားေရာ
“မိက်ည္းက ဗုဒၶဟူးသမီး”
“ဗ်ာ … အဟုတ္လားဟင္ … ဟင္လို႔”
“ဟုတ္တယ္ – သင္းနာမည္အရင္းက“မလွစိန္”တဲ့။
သူငယ္ခ်င္းေတြ ေနာက္ေျပာင္ေခၚရင္းက က်ည္းဆန္ျဖစ္သြားတာဟဲ့”
“အို – ဟုတ္လား။ ဗုဒၶဟူးသမီး – စေနနဲ႔ ဗုဒၶဟူး၊ ဟန္က်ၿပီေဟ့။ ေဩာ္
အေမေၾကး – ကြၽန္ေတာ္ ျပန္ဦးမယ္ေနာ္-ေနာ္”
“ျပန္ေတာ့မလားဟဲ့- ငါ့တူႀကီးရဲ႕ “ဟုတ္ … ဟုတ္”
“ဒီေန႔“အပူး”ေကာင္းတယ္ဟဲ့။ငါ့ကိုေငြတစ္ေထာင္ေလာက္ေခ်းခဲ့ပါ
ဦး-ေမာင္ဂဠဳန္ႀကီးရယ္”
ဒီလိုအပူးေကာင္းတယ္၊တြဲလုံးကေရွ႕တန္း၊ ေနာက္ပိတ္ကငါး အလယ္
ထိုင္တနလၤာနဲ႔။ ဟိုတြက္ဒီတြက္ခ်ဲထိုး။တစ္သက္
လုံးမေပါက္။ပိုက္ဆံေခ်း ျဗဳန္းေနတဲ့ ေယာကၡမကို
မႏွစ္ၿမိဳ႕ပါေသာ္လည္း သူ႔သမီးမ်က္ႏွာေၾကာင့္
ေငြ တစ္ေထာင္ကို ၿပဳံးၿပဳံးႀကီး ေပ၊ခဲ့လိုက္ရင္း
ဂဠဳန္ ျပန္လာခဲ့လိုက္တယ္။ သူ အရမ္းေပ်ာ္ေနတယ္ေလ။
သူကရေနသားက်ည္းဆန္ေလးက ဗုဒၶဟူးသမီး။
စေနနဲ႔ဗုဒၶဟူးညားရင္ ႐ူးတာေတာင္ ထမင္းမငတ္တဲ့။
အဟီး -ငါေကာင္းစားေတာ့မယ္ေဟ့ – အဟတ္။
ျဖစ္ခ်င္ေတာ့ – ဆိတ္ေမြးတဲ့ ကိုျမေမာင္ရဲ႕သမီး
ေႁမြကိုက္ခံရလို႔ ေသပါ ေရာ။ အသုဘရက္လည္ၿပီး
ေနာက္ေန႔မွာ ကိုျမေမာင္ႀကီး ကိုဂဠဳန္ရွိရာကို ေရာက္လာတယ္။
“ကိုျပေပာင္ – က်ဳပ္ – ဘာကူညီရမလဲ-ေျပာ”
“ငါ့သမီးကိုက္တဲ့ေႁမြကို သတ္ေပးပါ – ဂဠဳန္”
“ဗ်ာ-ေႁမြကရွိေသးလို႔လား-ကိုျမေမာင္”
“ရွိတယ္-ေႁမြေဟာက္ကြ။ ေႁမြေဟာက္ေခါင္းျဖဴႀကီး
“ေႁမြေဟာက္ေခါင္းျဖဴ”
“ဟုတ္တယ္ – ငါ့သမီးကိုကိုက္တာ ဒီေႁမြပဲ။
ခင္ရွိန္ရဲ႕ ဇီးနဲ႔ဝက္မႀကီး ေပါက္သတ္တာလည္း
ဒီေႁမြပဲ။ မခင္လွတို႔အိမ္ကၾကက္ေတြ ဆြဲတာလည္း သူပဲ။
ဘဲေမြးတဲ့တ႐ုတ္အရွိန္ရဲ႕ဘဲေတြဝင္ဝင္ဆြဲတာလား-ဒီေႁမြပဲ။ သင္းကိုဖမ္းမိရင္
ဖမ္းလို႔မမိဘူး။ ငါ့သမီး – အိမ္သာက အဆင္းမွာ
ကိုက္လိုက္တာ။ ဒီမွာ ဂဠဳန္ အဲဒီေႁမြေဟာက္ရဲ႕
အသားကိုငါစားခ်င္တယ္။မင္းဖမ္းေပးပါကြာ၊ ေငြတစ္
ေသာင္းငါမင္းကို သိ၊သန႔္ဆုရပါ့မယ္ – သိလား”
“ေကာင္းၿပီေလ – က်ဳပ္ဆိုင္သိမ္းၿပီးရင္ လာခဲ့မယ္”
ေန႔ခင္းဆိုင္သိမ္းၿပီးေႁမြၾကပ္ႏွင့္ သံညႇပ္ကိုယူလို႔
ေႁမြေဟာက္ေခါင္းျဖဴ ေသာင္းက်န္းတဲ့ ၾကက္ၿခံနဲ႔
ဘဲၿခံရွိရာကို လာခဲ့လိုက္တယ္၊ ဟိုဟိုဒီဒီ အသံ
စြင့္လိုက္ၿပီး ေနရာေကာင္းေကာင္းေလးၾကည့္ၿပီးေရာ။
ႂကြက္ေပါက္အရွင္ႏွစ္ေကာင္ႏွစ္ေကာင္ကို
ႀကိဳးနဲ႔ခါး ခ်ည္ၿပီး လြတ္ေပးထားလိုက္တာ။
ႂကြက္ကေလးေတြရဲ႕ေအာ္သံၾကားေရာ သင္း –
ေႁမြတြင္းထဲကေနေျပး ထြက္လာတာ။ ၿပီး –
ေျပးလႊားေၾကာက္လန႔္ေနတဲ့ ႂကြက္ကို ေပါက္သတ္လို႔ မ်ိဳေနတဲ့အခ်ိန္။
အဲဒီမွ ကိုဂဠဳန္က သံညႇပ္နဲ႔ လည္ပင္းညႇပ္လိုက္တာ။
နည္းတဲ့လား။ တစ္လံးေက်ာ္ႀကီး၊
လူႀကီးလက္ဖ်ံလုံးခန္ရွိတယ္။
မရွိဘူးဆိုဒီေကာင္ႀကီး သုံးပိႆာေအာက္ထစ္ပဲ။ သံညႇပ္ကိုလိမ္ပတ္
ေနလို႔ မနည္းလုပ္ၿပီးပျခဳပ္ထဲ ထည့္ခဲ့ရတယ္။
ေကာင္ေခါင္းျဖဴႀကီးကိုေလွာင္အိမ္ေသတၱာထဲထည့္ျပထားေတာ့
ေႁမြသားစားတဲ့လူေတြ ၾကည့္လိုက္ၾကတာ
အံ့အံ့ဩဩပဲဗ်ာ။ ေႁမြရဲ႕ဦးေခါင္းေပၚမွာ
က်ပ္ျပားဝိုင္းခန႔္အျဖဴကြက္ပါေနတာပဲကို။ေလွာင္
အိမ္ထဲမွာပါးပ်ဥ္းကေထာင္ေထာင္နဲ႔ေဒါသေတြျဖစ္ေနတာ။လူကိုကိုက္တဲ့
ေႁမြမို႔အခ်ိဳ႕က မစားရဲၾကဘူး။ မကပ္ရဲၾကဘူး။
မၾကာပါဘူးဗ်ာ။
သမီ၊ ေႁမြကိုက္ခံရလို႔ ေႁမြေဟာက္ေခါင္းျဖဴႀကီးကို
နာၾကည္းေနတဲ့ ကိုျမေမာင္ႀကီး အရက္မူးမူးနဲ႔ ဆိုင္ထဲကို ေရာက္လာတယ္၊
“ေအ့ – ေဟ့ – ေဂ့ – ဂဠဳန္ႀကီး- ဂဠဳန္ႀကီး” “ဗ်ာ- ကိုျမႀကီး – က်ဳပ္ဒီမွာပါဗ်ာ”
“မင္း… မင္း … ငါ့သမီးကိုကိုက္တဲ့ ေႁမြေဟာက္ေခါင္းျဖဴႀကီး မိမိလာၿပီဆို”
“ဟုတ္တယ္ – ေဟာဟို- ေလွာင္အိမ္ထဲမွာဗ် –
ၾကည့္” ကိုျမေမာင္ႀကီး ေႁမြေလွာင္ေသတၱာမွာ ရပ္လိုက္ေရာ။
“ၿပီး”
“အမ္မာ-ငါ႐ိုးမသားေျပက ငါ့ကိုမ်ား- တယ္”
ေႁမြေဟာက္ေခါင္းျဖဴက ကိုျမေမာင္ႀကီးကိုျမင္ေတာ့ “ခ်ီး”လို ေအာ္ၿပီး
ပါးပ်ဥ္းေထာင္ပါေရာဗ်ာ။
“ဂဠဳန္” “ဗ်ာ”
“သင္းပဲကြ – သင္းပဲ။ ငါ့သမီးကို ကိုက္သတ္တာ၊ဟား- ဟား- ဟား-
ား- ဒီေန႔-ငါ ကလဲ့စားေခ်ရေတာ့မွာေပါ့ကြာ။
ဂဠဳန္ေရ-ေရာ့ – ငါ့ကတိ အတိုင္းေႁမြဖမ္းခေငြတစ္ေသာင္း။
အဲဒီေႁမြေဟာက္ကိုသတ္ၿပီး ျပဳတ္ေၾကာ္
ေလးလုပ္ေပး။ ငါ-ဒီမွာ-ေဟာဒီအရက္ပုလင္းနဲ႔
တစ္ေနကုန္ေသာက္မယ္ ေဟ့။ ေႁမြသားဟင္းအတြက္က်သင့္ေငြ ၿပီးရင္ရွင္းမယ္”
“ကိုျပာင္ႀကီး”
“ေအ့ေဝ့ – ေျပာ – ဂဠဳန္”
“ေႁမြသားက ျပဳတ္ေၾကာ္စားမလား၊ စြပ္ျပဳတ္ေရာ
ေသာက္ဦးမွာလား” “သိပ္ႀကိဳက္ေပါ့ကြာ။
အကုန္လုပ္ေပး – ေအ့ေလ့ “အဲဒါဆို-တစ္ေသာင္းေလာက္က်မွာေနာ္”
“က် – က်ကြာ။ မင္းက တယ္ေငြစကား ေျပာခ်င္
တဲ့စီးပြားေရးသမားပဲ။ ေသသြားတဲ့ငါ့သမီးအတြက္
အၿငိဳးနဲ႔စားမွာ။ အကုန္ခ်က္ – က်သေလာက္ ေပးမယ္ေဟ့-ေဟ့-ထြီ”
ကိုဂဠဳန္ ေပ်ာ္ေနတာေပါ့။
သူက စီးပြားေရးသမားေလ။
ေငြပိုရေအာင္ ေႁမြေတြကို ေႁမြသမားေတြထံက
ေဈးႀကီးေပးမဝယ္ပဲ ကိုယ္တိုင္ ေတာေတြ၊
ခ်ဳံေတြ၊ ေျပာင္းေတြ၊ ကြင္းေတြထဲ အပင္ပန္းခံ သက္စြန႔္ဆံဖ်ားရွာခဲ့တာေလ၊
သပိတ္ဝင္၊ အိတ္ဝင္ရေနတဲ့ေငြ
အခု – ေ႐ႊရည္း(၁၅)က်ပ္သားေက်ာ္ စုၿပီးၿပီ။
ေငြသားအသားတင္ ဆယ္သိန္းရွိတယ္။
တစ္ေန႔ဝင္ေငြက ေလးငါးေသာင္း ဝင္ေနတာရယ္။
သူေဌးေလးကေန သူေဌးႀကီးျဖစ္မွက်ည္းဆန္သူ႔အေပၚၫြတ္မွာကိုး။
ဒါနဲ႔မွက်ည္းဆန္ကိုမရရင္
အဲ့အေခ်ာအလွေတြကိုတစ္ေန႔တစ္ေယာက္
အိမ္ေပၚေခၚအိပ္လိုက္မွာေပါ့။
အေရးႀကီးတာ ေငြရဖို႔ပဲ။
ေငြရဖို႔ကေတာ့ ဘယ္သူ အားမနာႏိုင္ေပါင္
“ကိုျမေမာင္ႀကီး – ခဏေစာင့္”
“ျမန္ျမန္လုပ္ေနာ္ – ဂဠဳန္
“ဆယ္မိနစ္ပဲၾကာမယ္ – ကိုျမေမာင္ႀကီးေရ”
“ဂဠဳန္ – ငါ့သမီးကိုကိုက္တဲ့ ေႁမြေဟာက္ေခါင္းျဖဴေနာ္”
”ၾကည့္ေနပါဗ်ာ – မမွားရေစပါဘူး။ စိတ္ခ်စမ္းပါ
– ကိုျမေမာင္ႀကီးရ” သည့္ေနာက္- ေႁမြေဟာက္
ေခါင္းျဖဴႀကီးထည့္ထားတဲ့ေသတၱာအဖုံးကို
ဖြင့္လိုက္ရာ။
“ၿပီး-ၿပီး
“ရီး
“အပ္ဟ – ငါ႐ိုးမေႁမြက ငါကိုမ်ား။ စိတ္ခ် –
ျမန္ျမန္ေသေစရမယ္” ကိုဂဠဳန္ ဆဲေရးတိုင္းထြာရင္း
သံညႇပ္နဲ႔ ေႁမြရဲ႕လည္ပင္းညႇပ္ဖို႔ဟာ ေႁမြေဟာက္က
ပါးပ်ဥ္းေထာင္ေနလိုညႇပ္မရဘူးျဖစ္ေန။
“ဂဠဳန္ – ေအ့ – ဂ – ငါသတ္-ပး–ပလား”
“ရတယ္ – ကိုျမေမာင္ႀကီး။ ဒီေႁမြကို မေျပာနဲ႔ –
နဂါးေတာင္ ရွိရင္ က်ဳပ္ က ဖမ္းခ်င္တာ – ကဲဟာ – ကဲဟာ”
တုတ္တစ္ေခ်ာင္းနဲ႔ေႁမြရဲ႕ေခါင္းကို႐ိုက္ရေတာ့မွေႁမြေဟာက္ကပါးပ်ဥ္း
ကိုရၿပီးေခါင္းပို႔ေနတုန္း။
ေလးေပခန႔္ရွည္တဲ့ သံညႇပ္နဲ႔ ေႁမြလည္ပင္းကို ညႇပ္လိုက္ေရာ၊
ေႁမြေဟာက္ႀကီးကနာလြန္းလို႔ထုတ္လိုက္တယ္။
႐ိုးကိုလိမ္ပတ္ေနတုန္း အသာဆြဲ
“ကိုျမေမာင္ႀကီး – ၾကည့္ထားဗ်။ ဒါ- ခင္ဗ်ားသမီး
ကိုကိုက္တဲ့ေႁမြ ”အလွည့္ရွိေတာ့ သေပါ့ကြာ – ၊
ဟား-ဟား-ဟား- ဟား” ကိုဂဠဳန္ႀကီးက သံညႇပ္႐ိုးပတ္
ေနတဲ့ေႁမြေဟာက္ႀကီးကိုစားသုံးသူမ်ား ျမင္ေအာင္ေျမႇာက္ျပလိုက္ေသးတယ္ဗ်။
“စားသုံးသူ မိတ္ေဆြမ်ား ခင္ဗ်ာ – ေဟာဒီေႁမြေဟာက္
ေခါင္းႀကီးဟာ လူကို ေသေအာင္ကိုက္ခဲ့တဲ့
ေႁမြေဟာက္ေခါင္းျဖဴႀကီးပါပဲ ခင္ဗ်ာ။ ဒီရွားပါး
ေႁမြကိုက်ပ္ကိုယ္တိုင္လက္ရဖမ္းၿပီးဟင္းသုံးမ်ိဳးခ်က္ျပမွာပါ။
ဒီေႁမြသားကို အားရပါးရစားမည့္သူကေတာ့
ေဟာဟိုမွာ- ထိုင္ေနတဲ့ ဦးျပေမာင္ႀကီးပါပဲခင္ဗ်ာ”
ဆိုင္ထဲမွာ စားေနတဲ့လူေတြက အသည္းယားဖို႔ေကာင္းတဲ့ တြန႔္လိမ္
လူးလြန႔္ႀကီးနဲ႔ေႁမြဆိုးႀကီးကိုသံညႇပ္နဲ႔ညႇပ္ေျပ
ာၿပီးဂုဏ္ယူဝံ့ႂကြားေနတဲ့ ဆိုင္ရွင္ ကိုဂဠဳန္ႀကီးကို
ၾကည့္ၿပီး အသည္းယားသူ သားၾက။ အားရေက်နပ္ ခ်ီးက်ဴးသူက ခ်ီးက်ဴး၊
ေႁမြဖမ္းတင္မကဘူး။ ဟင္းခ်က္လည္းရွယ္ပဲ။
ဆီ၊နားမွာ ခ်က္ေရာင္းရင္ ကမာၻေက်ာ္မွာ ဘာညာနဲ႔ ဝိုင္းပင့္ၾကေလ
ဒီမွာပဲ – ကိုဂဠဳန္ႀကီးက ေႁမြေဟာက္ေခါင္းျဖဴႀကီးရဲ႕ဦးေခါင္းကို စဥ္းတီ
တုံးေပၚတင္လိုက္တယ္။
ေႁမြေဟာက္ကစဥ္းတီတုံးေပၚကေျမသေတြလို႔ ရန္းတြန႔္ေနခ်ိန္။
ကိုဂဠဳန္ႀကီးကငါးရွဥ့္ေခါင္းဦးခြၽန္ဓားနဲ႔
ာ၊
“ဒုန္း….”
လုံျပဴးယင္းကို ခုတ္ခ်လိုက္
တစ္ခ်က္တည္းပါပဲဗ်ာ။ေႁမြေဟာက္ေခါင္းဖက္ကေနျပတ္ၿပီးေအာက္
ခံသမံတလင္းေပၚကို ျပဳတ္က်သြားတာ့တယ္။
သံညႇပ္ကို ပတ္ထားတဲ့ ေႁမြေဟာက္ကိုယ္လုံးက
နာက်င္လြန္းလို႔ ႐ုန္း လြန႔္ေနတာကိုဓားခ်ၿပီးလက္ႏွစ္ဖက္ႏွင့္ ေျဖေနတုန္း –
“အား
“ဟ-ဟ- ဘာျဖစ္တာလဲဟ”
“အမေလး – အား – အား – လုပ္-လုပ္-ၾက-ပါ”
“ဝုန္း” “ဝေရာ”
ကိုဂဠဳန္ႀကီး ဝုန္းခနဲ ပစ္လဲက်လို႔ ေအာ္ဟစ္ရင္း
လူးလိမ့္ေနတာျမင္လို႔ အလုပ္သမားေတြနဲ႔
ကိုျမေမာင္ႀကီးတို႔ စားသုံးသူေတြ ေျပးလာၾကည့္လိုက္ေရာ။
ကိုဂဠဳန္ႀကီးရဲ႕ဖိနပ္မပါတဲ့ ေျခမကိုေခါင္းျပတ္
က်သြားတဲ့ေႁမြေဟာက္ ျဖဴႀကီးရဲ႕ဦးေခါင္းက
ခဲထားတာကိုျမင္ရၿပီး အားလုံး လန႔္ဖ်ပ္ေအာ္ဟစ္ၾက၊
အလုပ္သမားတစ္ဦးကဓားနဲ႔ ေျခမကိုခဲကိုက္
ထားတဲ့ေႁမြဆိုးရဲ႕ဦးေခါင္း ကို ႐ိုက္ရၿပီး ဓားႏွင့္ ႏုပ္ႏုပ္ပါေအာင္
စဥ္းေကာပစ္လိုက္တယ္။ ကိုဂဠဳန္ႀကီးက အသက္ရႉက်ပ္ဒေနၿပီ။
ေျခေရာ လက္ေရာေအးစက္ၿပီး လႈပ္လို႔မရေတာ့ဘူး။
မ်က္စိလည္း ဘာမွမျမင္ရေတာ့ပဲ ေခါင္းက
ကမာၻႀကီး ပတ္ခ်ာလည္ျဖစ္ၿပီးညည္းေနၿပီ။
ေႁမြေဟာက္ရဲ႕အဆိပ္က အာ႐ုံေၾကာထိ ျပန႔္သြားၿပီေလ။
“ကား ျပန္ျပန္ေခၚၾကပါဟ။ ေဆး႐ုံကို ပို႔မွျဖစ္မယ္ေဟ့”
“ကားရပ္ပ်ိဳ႕- ေပြ႕ေခၚခဲ့ေတာ့”
အလုပ္သမားေတြ ကိုဂဠဳန္ႀကီး ဝိုင္းေပြ႕လိုက္ၾကတယ္။
သို႔ေသာ္ ကိုဂဠဳန္ ႀကီး ဇက္က်ိဳးက်သြားပါၿပီ။
ခုေတာ့ – ေႁမြဆိုးေတြကိုမေၾကာက္မ႐ြံ႕ဖမ္းခဲ့တဲ့ေႁမြသမားႀကီး၊
ေႁမြသားဟင္းကိုစားသုံးသူလွ်ာစြဲေအာင္အမ်ိဳးမ်ိဳးခ်က္ျပဳတ္ေရာင္းခ်
နာမည္ေက်ာ္ခဲ့တဲ့ဟင္းခ်က္သမား၊ ဆိုင္ပိုင္ရွင္ႀကီး
တစ္လတစ္ခါေ႐ႊဒဂၤါးငယ္စုၿပီးတစ္ဖက္သက္ခ်စ္ေနရတဲ့မက်ည္းဆန္
ကို ထိုက္ထိုက္တန္တန္ တင္ေတာင္းလက္ထပ္ဖို႔
အားႀကိဳးမာန္တက္ သူေဌးေလးဘြဲ႕ခံ ႀကိဳးစားေနသူႀကီး၊
ဇက္က်ိဳးက်ၿပီး ပါးစပ္ထဲက အျမႇဳပ္တစီစီေတြနဲ႔
သားေရေတြ စီးက် အသက္ေပ်ာက္သြားခဲ့ပါၿပီေလ။