“ပြိတ္တာဖြစ်သွားသောကပ္ပိယကြီး”(စ-ဆုံး)

Unicode Version

“ပြိတ္တာဖြစ်သွားသောကပ္ပိယကြီး”(စ-ဆုံး)
————————————————
သူများပြောပြတဲ့ဖြစ်ရပ်မှန်ပါ

လူတို့သည်ကောင်းမှု့ပြုရာ၌တခါတလေမကောင်းမှု့သည်ရောပြွန်းပါတတ်လေသည်။
လူတယောက်ရဲ့မွေးရာပါဗီဇသည်ဖျောက်နိုင်ခဲလှသည် ။
မကောင်းမှု့ကိုပြုထားသူသည်သေခါနီးစိတ်စွဲလမ်းပါကဖြစ်တတ်သော

သဘောကိုပြထားသောအကြောင်းအရာဖြစ်သည် ။

ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေလ့ူ့စရိုက်သည်ပါလာစမြဲ ။

လူတကိုယ်စရိုက်တမျိုးဆိုကြသလိုလူတယောက်တွင်အကျင့်တမျိုးတော့ရှိနေတတ်သည်။

%%%%%%%%%%%%%%%%%

နယ်မြို့လေးတမြို့ရှိစာသင်တိုက်လေးတတိုက်၌အတော်သြဇာညောင်းသော

ကပ္ပိယကြီးဦးသောင်းရှိလေသည် ။

သူသည်ဘုန်းကြီးကျောင်းနှင့်ဘုရားအတွက်လိုလေသေးမရှိ

တာဝန်ကျေပွန်သည်ထက်ပိုလွန်း၍နာမည်ကောင်းရထားသူဖြစ်သည် ။

ကျောင်းတိုက်အတွင်းရှိကိုရင်ကျောင်းသားများမှစ၍ ဦးပဉ္စင်းကြီးငယ်လတ်တို့ပါမကျန်

စိတ်ကျေနပ်မှု့ရှိစေတာကြောင့် တကယ့်ကိုတော်ပါပေတယ်လို့ချီးမွှန်းခံထားရသူဖြစ်သည် ။
ထို့ကြောင့်လဲကပ္ပိယကြီးကကျောင်းမှာသူမရှိလျှင်မဖြစ်ဘူးလို့စိတ်ကြီးဝင်နေသည် ။

ထိုကျောင်းတိုက်သို့အလူလာလုပ်သူများတခြားကိစ္စအကြောင်းရှိ၍ရောက်လာသူများက

ကပ္ပိယကြီးအားဖားကြရသည်။သူမပါလျှင်ပွဲမစည်ဟုသတ်မှတ်ထားလေသည်။

ကပ္ပိယဦးသောင်းသည်အခြားအခြားသောကိစ္စကြီးငယ်တို့၌အပြစ်ပြောစရာမရှိအောင်တော်ပါပေသည် ။

လူတကိုယ်အကျင့်တမျိုးဆိုသည့်အတိုင်းအစားအသောက်နှင့်ပတ်သတ်လာလျှင်ကား

ရသတဏှာ၏စေခိုင်းချက်ကြောင့်မမျှမတကိစ္စလေးများရှိတတ်သည်ကိုစာသင်တိုက်တခုလုံးသိကြသည် ။

သူကြိုက်သောအသီးအနှံများချိုချဉ်ဖန်ခါးမုန့်မျိုးစုံ

ူစသည့်အဆီအဆိမ့်အချိုခဲဖွယ်မုန့်မျိုးဆိုပါက

သူ့အတွက်ဖယ်ထားဖွက်ထားတတ်သည် ။

ဟင်းဆိုရင်လဲသူစားချင်တဲ့ဟင်းအားသိမ်းထားလေသည် ။
အစားအသောက်ကိုခုံမင်သောသူ့အကျင့်သည်မဖျောက်နိုင်သောကြောင့်

ခိုးဖွက်ရသည့်အကျင့်သည်သူ့မှာစွဲနေလေသည် ။

့် သံဃာတော်တို့အတွက်ရည်စူးလူထားသည်ကိုစားဦးစားဖျားယူထားခြင်းသည်

မလုပ်သင့်မလုပ်ထိုက်သောအမှားကြီးပင်ဖြစ်ပေသည် ။

ပညာရှိသတိဖြစ်ခဲဆိုသလိုပင်ဘုန်းကြီးတရားများအမြဲကြားနေရပါသော်ငြား

ငရဲတို့အကုသိုလ်တို့ကိုသူမေ့နေသည်သူ့စိတ်ထင်ရာကိုအမြဲလုပ်သည်။

ကျောင်းမှသံဃာတော်များကသိပါသော်လည်းကျောင်းအတွက်အားကိုးရသောကြောင့်

မသိချင်ယောင်ဆောင်နေကြလေသည် ။

 

ထိုအကြောင်းကိုသိသောကျောင်းသားကိုရင်ငယ်တို့ကစားချင်ပါကသု့အားချော့မော့ပေါင်းရသည် ။

နင်းနှိပ်ပေးရသည်ဝတ်ကြီးဝတ်ငယ်ပြုစုပေးမှသူဝှက်ထားသောမုန့်များကို

သူသဒ္ဒါရှိသူအားဝေမျှကျွေးမွေးတတ်လေသည် ။

မနက်ဖန်ဘာဖြစ်မယ်ဆိုတာကိုဘယ်သူမှမသိသည့်အလျှောက်ကျမ်းမာရေးကောင်းသည်ဟု

ယူဆရသောတက်ကြွသွက်လက်နေသောကပ္ပိယကြီးသည်စားသောက်ဖွယ်ရာများဖွက်ရင်း
တနေ့မှာတော့ကပ္ပိယကြီးတယောက်လေသင်ဓုန်းဖြတ်ကာရုတ်တရက်သေဆုံးသွားလေသည်။

သူ့အတွက်ကြိုတင်ပြင်ဆင်မှု့မရှိသောသေခြင်းတရားကလက်ဦးသွားသောကြောင့်

သေမင်းနောက်သို့စောစီးစွာလိုက်သွားရလေသည် ။

သူ့ဝှက်ထားသောမုန့်များကိုစွဲလန်းပြီးသေဟန်တူတာကြောင့်မကျွတ်မလွတ်ဖြစ်လေသည် ။

သူသေပြီးသည့်နောက်တွင်ဘုန်းကြီးကျောင်းတွင်သရဲခြောက်သည်ဟုနံမည်ထွက်လာသည်။

ကပ္ပယကြီးအားသူနေသောအဆောင်တွင်ရိုးတိုးရိပ်တိတ်မြင်ကြရလေသည် ။
မီးဖိုဆောင်တွင်လဲမကြာခဏတွေ့ရသည်ဟုကျောင်းသားများပြောစကားအရ

သူမကျွတ်သည်မှာသေချာနေလေပြီလက်တို့ပြောရင်းအားလုံးသိလာကြသည် ။

ညဘက်မီးဖိုဆောင်မှအိုးသံခွက်သံများကြားကြရလေသည်။

ဟင်းကျန်များပေါင်း၍တည်ထားသောဟင်းပေါင်းအိုးထဲကဟင်းများလဲပျောက်ပျေက်သွားသည်။

ညဘက်တွင်ကျောင်းသားများနှင့်ကိုရင်လေးများအပြင်မထွက်ရဲပေသွားပါကလဲအဖော်နှင့်သွားကြလေသည်။

တညတွင်အပေါ့ထသွားသောကျောင်းသားများ ကပ္ပိယကြီးနေသောအဆောင်ရှေ့မှဖြတ်သွားရာ

မည်းနက်နေသောအဆင်းနှင့့််မဲမဲအကောင်ကြီးအားကပ္ပိယကြီးအဆောင်နားတွင်တွေ့ရလေသည် ။

ထိုအကောင်ကြီး၏လက်ကြီးသည်အလွန်ရှည်လျားကာလက်သဲများသည်

ဓားကောက်ကဲ့သို့ရှည်ပြီးကွေးထက်နေလေသည်ထို့်မဲမဲကောင်ကြီးကိုမြင်ရာကျောင်းသားများက

”””’လာကြပါအုံး—–ဘာကောင်ကြီးလဲမသိဘူး—–””’
ဟုကြောက်လန့်၍အော်ကာပြေးကြလေသည် ။

ကျောင်းတိုက်အတွင်းကဘုန်းကြီးများလဲလန့်၍နိုးကုန်ြလေသည်။

နောက်ညတွင်လဲကိုရင်လေးများအပေါ့စွန်သွားရာထိုမဲမဲကောင်းကြီးကိုမြင်ရာ

””မဲမဲအကောင်ကြီး——-မဲမဲအကောင်ကြီး—-””’
ဟုအော်ပြီးပြေးကြပြန်သည်။

ထိုသို့သူအဆောင်နားတွင်အမျိုးမျိုးခြောက်နေသည်ကိုကျောင်းတိုက်တတိုက်လုံးခံကြရလေသည်။

သူနေထိုင်ခဲ့ရာဇရပ်အနီးဖြတ်သွားဖြတ်လာသူများကိုကိုယ်ယောင်ပြခြောက်လှန့်နေတော့

ဒီသတင်းဟာတိုးတိုးသဖန်းပိုးလက်တို့ပြသပြောဆိုနေတာကြောင့်အားလုံးသိရှိသွားလေသည် ။

တညမှာတော့ဆရာတော်ကြီးကိုယ်တိုင်ကပ္ပိယကြီးကိုမြင်လိုက်ရသည်။

မည်းနက်နေသောကိုယ်မှအသားများကိုသူ့ရဲ့မည်းနက်နေသောဓားကောက်လိုကွေးထက်နေသော

လက်သဲများနှင့်ကုတ်ဖဲ့စားသောက်နေတာတွေ့တော့ ဆရာတော်ကြီးဟာအတော်စိတ်မကောင်းဖြစ်သွားသည်။

သံဃာတော်များအတွက်အမွန်အမြတ်ထားကာရည်စူးလုလာသည်ကို

ကဲ့ယူထားခြင်းကြောင့်ခံစားရသောပြိတ္တာဘဝသည်အလွန်ကြောက်မက်ဖွယ်ကောင်းလေစွလို့သံဝေဂရမိလေသည် ။

နောက်ရက်မှာတော့ကပ္ပိယကြီးဦးသောင်းအတွက်ရည်စူးကာကုသိုလ်ကောင်းမှု့များ

လုပ်ပေးပြီးတရားနာရေစက်ချအမျှပေးလိုက်သည် ။

အဲဒီထဲကကပ္ပိယကြီးဦးသောင်းကိုမမြင်ရတော့ပါ
ပြီး

*******D Moe Moe

Zawgyi Version

————————————————



ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေလူ့စရိုက်သည်ပါလာစမြဲ ။


%%%%%%%%%%%%%%%%%























 
















မည်းနက်နေသောအဆင်းနှင့်မဲမဲအကောင်ကြီးအားကပ္ပိယကြီးအဆောင်နားတွင်တွေ့ရလေသည် ။




ကျောင်းတိုက်အတွင်းကဘုန်းကြီးများလဲလန့်၍နိုးကုန်လြေသည်။













ပြီး

*******D Moe Moe