အလယ်အင်းရွာကဘီလူးလေးမွေးဖွားသူ

( ဒိုးညီနောင်နဲ့ ဂမ္ဘီရဆန်းကြယ်ဖြစ်ရပ်များ)
အလယ်အင်းရွာက ဘီလူးလေး မွေးဖွားသူ

အလယ်အင်းရွာရဲ့ မနက်ခင်းအစောပိုင်း အချိန်တစ်ခု…။

ရွာလည်ပိုင်းမှာနေတဲ့ ကိုလှထွေးရဲ့ မိန်းမ မတင်မေရယ်က အိမ်ရှေ့ဆီမှာ ဆောင့်ကြောင့်ထိုင်ရင်း အံတကြိတ်ကြိတ်နဲ့ တစ်စုံတစ်ရာကို အလေးအနက်တွေးတောနေလေတယ်။

တကယ်တော့ မတင်မေတွေးနေမိတာက ညက အိပ်မက်အကြောင်းရယ်။ သူ အိပ်မက်မက်ပုံက…။

ညသန်းခေါင်ယံအချိန်…။

ရွာအပြင်က ဇရပ်ထဲမှာ သူနဲ့အတူ သွေးသံတရဲရဲနဲ့ သေနေတဲ့ လူသေအလောင်းကြီးရှိနေပြီး သူက လူသေရဲ့ ဗိုက်ကိုဖွင့်လို့ အထဲက ကလီစာတွေကို မြိန်ရေယှက်ရေနဲ့ အစိမ်းလိုက် စားသောက်နေရတယ်ဆိုပြီး မက်တာရယ်။

အိပ်မက်က တကယ်တမ်းတွေးကြည့်မယ်ဆိုရင် ကြက်သီးတဖြန်းဖြန်းထပြီး ထိတ်လန့်စရာ ကောင်းနေတာ။

ဒါပေမယ့် မတင်မေစိတ်ထဲတော့ ထူးထူးဆန်းဆန်းကိုပဲ အဲ့ဒီ့အထဲကလို သွေးစိမ်းရှင်ရှင်နဲ့အသားကို စားသောက်ချင်တဲ့ အာသီသစိတ်တွေ ပြင်းပြနေရတယ်။

” ဟင်း…ငါဘာတွေ တွေးနေမိပါလိမ့်…”

မတင်မေ ခေါင်းကို ကုတ်ပြီး ရေရွတ်မိချိန် သူ့အရှေ့ဆီကို အစာကောက်ရင်း ရောက်လာတဲ့ ကြက်ဖကြီးတစ်ကောင်။

” ဒင်း…ဟုတ်ပြီ။ အာသာပြေအောင် ဒင်းကို ငါစားရမယ်…”

အာသီသစိတ်ပြင်းပြလာတာမို့ မတင်မေ ချက်ချင်းကိုပဲ လေးခွတစ်လက်ကိုင်စွဲလို့ ကြက်ဖကြီးကို လိုက်ပစ်တော့တာ။

ကြက်ဖကြီးက သူရဲ့အသက်အန္တရာယ်ကြောင့် အော်၊ မတင်မေက မရမကလိုက်ပစ်နဲ့ သူတို့ခြံထဲမှာ ဆးညံပွက်လောကိုရိုက်ရောပဲ။

ကြက်ဖကြီးက အလန့်တကြား ပြေးရင်း အိမ်ဝိုင်းချင်းကပ်လျက်က အရီးကောင်းတို့အိမ်ဝိုင်းထဲကို ရောက်သွားတယ်။

” တောက်…ဒီလောက်တောင်ဖြစ်လှတာ ရော့ဟယ်…”

ဒီတစ်ကြိမ် ဒေါသထွက်ပြီး ပစ်လိုက်တဲ့ လေးခွပစ်ချက်က ကြက်ဖကြီးရဲ့ လည်ပင်းကိုကွက်တိ ထိမှန်တော့တာပဲ။

မတင်မေ ၀မ်းသာအားရဖြစ်သွားပြီး အရီးကောင်းတို့ ဝိုင်းထဲကို ပြေး၀င်လို့ ကြက်ဖကြီးကို ကောက်ယူလိုက်တယ်။ အဲ့ဒီ့အခိုက်…

” ဟဲ့…တင်မေ ညည်းကွယ် မနက်စောစောကြီးကို ဘယ်လိုတွေဖြစ်လို့ သူများအသတ်ကို သတ်နေရတာူတုန်း…”

အရင်ကတည်းက မတင်မေကို မိခင်လိုတမျိုး၊ အစ်မလိုတစ်ဖွယ် စောင့်ရှောက်ပေးတတ်တဲ့ အရီးကောင်းရဲ့စကား။

” အိုတော်…ကိုယ့်ကြက်ဖ ကိုယ်သတ်တာပဲ တော်က ဘာလို့ အချောင် လာပြောနေရတာတုန်း။ တကတည်းတော် အားအားယားယား…”

အရီးကောင်းကို ဒေါသမျက်၀န်းတွေနဲ့ ကြည့်လို့ ဘောက်ဆတ်ဆတ် ပြောလာတဲ့ မတင်မေ။

ထင်မှတ်မထားတာမို့ အရီးကောင်းခမျာ ရုတ်တရက်ကြီး ဘာပြန်ပြောရမယ်မှန်းတောင် မသိဘူးဖြစ်သွားတယ်။

မတင်မေကတော့ ပြောပြီးတာနဲ့ ကြက်ဖကြီးကို ခြေကကိုင်ဆွဲလို့ အရီးကောင်းခြံဝိုင်းထဲကနေ ခြေလှမ်းကြဲကြီးတွေနဲ့ ထွက်သွားတော့တာ။

” ဟဲ့…ဒီကောင်မလေး အရင်ဒီလို မဟုတ်ပါဘူး။ ခုမှ ဘယ်လိုဖြစ်သွားရတာပါလိမ့်…”

အံ့အားတသင့်နဲ့ ကျန်ရစ်ခဲ့ရင်း ရေရွတ်လိုက်တဲ့ အရီးကောင်းရဲ့ စကားကိုတော့ မတင်မေတစ်ယောက် ကြားမယ်မထင်။

* * * * * *

” မနက်စောစောစီးစီး တော်တော် ဒုက္ခပေးတဲ့အကောင်၊ နင့်ကို ဟော့ဒီ့လို ဟော့ဒီ့လို…”

မီးဖိုထဲမှာ မတင်မေတစ်ယောက် ဒေါသတကြီးနဲ့ မသေမရှင်ဖြစ်နေတဲ့ ကြက်ဖကြီးကို လည်လိမ်ပြီး ထပ်သတ်နေတာ။

သူ့လက်ထဲမှာ ကြက်ဖကြီးက ရုန်းရင်းကန်ရင်း ဆန့်ငင်ဆန့်ငင်ဖြစ်လို့။

” ဟင်း…တော်တော်အသက်ပြင်းတဲ့ကောင်…တောက်…နင်နဲ့ငါ တွေ့ကြသေးတာပေါ့…”

မတင်မေ ဒီလောက်လုပ်တာတောင် မသေမရှင်ဖြစ်နေသေးတဲ့ ကြက်ဖကြီးကို အံကြိတ်ကြုံးဝါးပြီးနောက် ရုတ်တရက်လည်မျိုဆီကို ကိုက်ချလိုက်တော့တယ်။

ဒီတစ်ကြိမ်တော့ ကြက်ဖကြီးမှာ မချိမဆန့် ရုန်းကန်ရင်း ငြိမ်ကျသွားရပြီ။

” အား…အရသာရှိလိုက်တာ…”

ကြက်ဖကြီးဆီက လည်ချောင်းသွေးတွေက ပါးစပ်ထဲစိမ့်၀င်တာကို အရသာခံမျိုချရင်း မတင်မေ စိတ်ကျေနပ်သွားရသလိုပဲ။

ဒါပေမယ့် အသားစားချင်စိတ်က သူ့မှာ ရှိနေသေးတော့ ကြက်ဖအသေကြီးကို ရေနွေးဖျော၊ အမွေးနှုတ်လိုက်တယ်။

ပြီးတော့ ရင်ခွဲပြီး ခုတ်ထစ်၊ တုံးတစ်ဖို့ပြင်ချိန် ဗိုက်ထဲက ကလီစာတချို့ကို မြင်တော့ ဒီအတိုင်းစားချင်စိတ်ပေါက်လာတာနဲ့ အနည်းငယ်ယူစားမိလိုက်သေးတာရယ်။

ညနေပိုင်း ကိုလှထွေး မီးသွေးဖုတ်ရာကနေ ပြန်လာချိန်ကျတော့ မတင်မေ ချက်ထားတဲ့ ကြက်သားဟင်းနံ့က တစ်အိမ်လုံးကို မွှေးနေတော့တာကလား။

ကြက်ဖကြီးကိုတော့ မတင်မေက ခွေးဆွဲလို့ သေတယ်ဆိုပြီး ကိုလှထွေးကို ပြောလိုက်တာရယ်။

* * * * *

” ဘယ်လို…တင်မေ့ဆီမှာ ကိုယ်၀န်ရှိနေပြီ…ဟုတ်လား…”

ကိုလှထွေး အံ့သြစိတ်နဲ့ မယုံကြည်နိုင်သေးဘဲ ထပ်မေးမိတာ။

မတင်မေက ရှက်ပြုံးပြုံးရင်း ခေါင်းကို ညိတ်ပြတော့ ကိုလှထွေး အတော့်ကိုပဲ၀မ်းသာသွားရတယ်။

” ငါ…ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ဘူး။ ၀မ်းသာလိုက်တယ်ဟာ…”

ကိုလှထွေးရဲ့ စကားကြောင့် မတင်မေ ကျေနပ်ပြုံး ပြုံးနေမိတော့တာ။

လအနည်းငယ်ကြာလို့ မတင်မေရဲ့ ကိုယ်၀န်ရင့်မာလာတဲ့အချိန်ကျတော့…။

” မိန်းမ…ငါ မနေ့က တောထဲယူသွားဖို့ ၀ယ်ထားတဲ့ အမဲခြောက်တွေရော…”

” မသိဘူးလေတော်…တော် ပဲသိမ်းတာမလား…တကတည်း ကျုပ်ကို လာစွပ်စွဲနေတယ်…”

မတင်မေရဲ့ အဖြေစကားက ဘောက်ဆတ်ဆတ်။ ကိုလှထွေးတောင် အံ့သြမိရတယ်။ ယခင် သူ့မိန်းမက ယခုလို စကားပြော အထအန’မကောက်တတ်။ ယခုမူကား ဘာဖြစ်ဖြစ် ဒေါသကြီးလာတတ်ပြီး ဆတ်ဆတ်ထိမခံ ဖြစ်လာသလိုပဲ။

” အေးကွာ…ခွေးတွေဘာတွေများ ၀င်ဆွဲသလားမသိဘူး။ အိမ်ကို ဂရုတစိုက် ကြည့်ထားဦး မိန်းမရေ…”

ကိုယ်၀န်ရှိန်ကြောင့် သွေးသားပြောင်းလဲတာဖြစ်မယ်လို့ ကိုလှထွေး ဖြေသိမ့်တွေး တွေးမိတော့တာပါ။

အဲ့ဒီ့နေ့က ကိုလှထွေး အလုပ်ဆီကို ပြန်သာထွက်ခဲ့ရတယ်။ စိတ်တို့က အလိုလို လေးလံထိုင်းမှိုင်းလို့။

” ငါ ဘာဖြစ်နေတာလဲ မသိဘူး…”

ကိုယ့်ကိုကို သုံးသပ်ကြည့်ပေမယ့် အဖြေက ရှိမလာ။ တွေးတောရင်း ခြေလှမ်းတွေကပါ လေးလံလာရတယ်။

” တော်ပြီကွာ…နေရတာ တစ်မျိုးကြီးပဲ။ အိမ်ကိုပဲ ပြန်တော့မယ်။ မနက်မှပဲ အလုပ်ကိုသွားတော့မယ်…”

ကိုလှထွေးရဲ့ ခြေလှမ်းတွေက လာရာလမ်းဆီကို။ ခရီးသိပ်မလှမ်းသေးတာမို့ ခဏအတွင်းမှာပဲ အိမ်ဆီကို ပြန်ရောက်ရဲ့။

” ဟင်…”

အသံမပေးမိဘဲ အိမ်ထဲ၀င်မိတဲ့ ကိုလှထွေးဆီက အာမေဋိတ်။ သူတွေ့ရဲ့ မြင်ကွင်းက အံ့သြဖွယ်ရာ။

သူ့မိန်းမ မတင်မေရယ်လေ။ ပျောက်သွားပြီဆိုတဲ့ အမဲသားခြောက်ထုပ်ကို အရှေ့ချပြီး အစိမ်းလိုက် မြိန်ရေယှက်ရေ စားသောက်နေလို့။

ကိုလှထွေး ဘာလုပ်ရယ်မသိဘူး။ မတင်မေကို ကြောင်အမ်းအမ်းနဲ့ ငေးကြည့်နေမိတော့တာ။

” အဟမျး…ဟမျး…”

အချိန်အတော်ကြာတော့ ကိုလှထွေး ချောင်းဟန့်သံ ပေးမိတယ်။

မတင်မေတစ်ယောက် တုန်လှုပ်သွားတယ်။ ပြီးတော့ အမဲသားထုပ်ကို ကမန်းကတန်းဖွက်လိုက်ပြီး…။

” အဲ…ကို…ကိုလှထွေး…”

ကိုလှထွေးက ပြန်မဖြေဘူး။ အိမ်ပေါ်ကိုသာ တက်လာခဲ့တယ်။

” တော်…အလုပ်ကို မသွားဘူးလား…”

” အင်း…”

မတင်မေက ဟန်မပျက်မေးပေမယ့် ကိုလှထွေးကတော့ သိသိသာသာဟန်အမူအယာပျက်ယွင်းလို့။

” ကဲပါ…တော်ပင်ပန်းလာလို့ဖြစ်မှာပါ။ နားနားနေနေ နေပေါ့…”

မတင်မေက ဒီလောက်ပဲ ပြောပြီး အိမ်အောက်ကို ဆင်းသွားခဲ့တယ်။

ကိုလှထွေးမှာတော့ မယားဖြစ်သူရဲ့ ကျောပြင်ကို ကြည့်ရင်း တောင်တောင်အီအီ အဖြေမရှိတဲ့ အတွေးတွေနဲ့…။

* * * * * *

အချိန်ကာလ အနည်းငယ်ကြာချိန်မှာ မတင်မေရဲ့ ဗိုက်က သိသိသာသာပူလာခဲ့ပြီ။

” တင်မေတို့များနော်…အေးမောင်ရဲ့ နာရေးတုန်းက ထမင်းစားတာများဆိုတာ ၀က်သားတွေချည်း ကြုံးစားလို့ နာရေးရှင်ကတောင် ငြိုငြင်လာရရဲ့…”

” ဟုတ်ပါ့တော်…တကတည်း ပြော မပြောချင်ဘူး။ ကျုပ်တို့ဆို သူနဲ့ တစ်ဝိုင်းထဲထိုင်မိတာတောင် မျက်နှာတွေပူလွန်းလို့…”

မတင်မေ နဂိုကထက် အစားအသောက်ကြမ်းတမ်းလာတယ်ဆိုတာကိုလည်း လူသိများလာလေတယ်။ နို့ပေမယ့် စားသာစားတာ လူကတော့ တဖြေးဖြေးပိန်လာတာများ အရိုးပေါ်အရေတင်လေးနဲ့။

ကဲ့ရဲ့ပြောဆိုသူတို့ ပါးစပ်ပေါက်မှာ မတင်မေတစ်ယောက် ရစရာမရှိလောက်အောင်ပဲ။

” သူက ကိုယ်၀န်ကြီးနဲ့ဆိုတော့ သန္ဓေသားအတွက် အာဟာရလိုလို့ စားတာဖြစ်မှာပေါ့…”

” အေးလေ…သူ့ယောက်ျားလှထွေးကလည်း မီးသွေးသမားဆိုတော့ မီးသွေးမပေါ်သေးရင် သူစားချင်တာဘယ်လို ၀ယ်ကျွေးနိုင်ပါ့မလဲ…”

” စားတာတော့ စားတာပေါ့၊ အခုက စားသလောက် ၀မလာဘဲ ပိန်လိမ်လာတာရယ်။ သေချာတာကတော့ ဒီကောင်မကို ဖုတ်၀င်နေတာပဲ ဖြစ်မယ်…”

တဖြေးဖြေးနဲ့ တင်မေဖုတ်၀င်နေတယ်ဆိုတဲ့ ရွာထဲမှာ သတင်းကြီးလာတယ်။

ဘယ်လိုပင်ပြောကြပါစေ ကိုလှထွေးကတော့ သူ့မိန်းမကို အမဲခြောက်ကိစ္စနဲ့ သင်္ကာမကင်းဖြစ်ခဲ့မိပေမယ့် အပြစ်တော့ မမြင်သာခဲ့ဘူး။

” တင်မေ…မင်းစားတာသောက်တာနဲ့ ပက်သက်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်လွန်းလို့ ရွာထဲမှာ ပြောဆိုကုန်ကြပြီ။ နည်းနည်းပါးပါးတော့ သတိထားပါဦး မိန်းမရယ်…”

ကိုလှထွေး နားမခံသာတော့လို့ မတင်မေကို သတိပေးတဲ့အနေနဲ့ ပြောမိတာ။ တင်မေကတော့…။

” အိုတော်…ရာရာစစ၊ ကျုပ် ပါးစပ်နဲ့ ကျုပ်စားတာတော်။ သူတို့ပါးစပ် အငှါးတပ်ပြီး စားတာမဟုတ်ဘူး။ ပြောချင်သပဆို ပြောကြစမ်းပါစေ။ ဗိုက်ကြီးသည်ပဲ စားမှာပေါ့။ ကျုပ်လိုဗိုက်ကြီးသည်စားတာ အလှူမှာစားရင် အလှူရှင်အတွက် ပိုလို့တောင် ဒါနမြောက်သေးတယ်…”

မတင်မေရဲ့ တုန့်ပြန်စကားကြောင့် ကိုလှထွေးခမျာ ဘာမှမပြောသာ။ သက်ပြင်းကို ခိုးချမိရင်း ခေါင်းကိုသာ ခါရမ်းမိတော့တာရယ်။

* * * * * *

အလယ်အင်းရွာအဖျားက လူချမ်းသာ ကိုသာစိန်တို့မိသားစု အလှူ…။

ငွေကြေးတတ်နိုင်သူတွေမို့ ၀က်သားနီချက်နဲ့ ပဲဟင်း၊ ငါးခြောက်ကြော်နဲ့ ဧည့်ခံကျွေးမွေးတော့ စည်ကားတာမှ ခြိမ့်ခြိမ့်သဲပဲ။

မတင်မေကတော့ ထုံးစံအတိုင်း အလှူကို ရောက်နေပြီး ဆံပင်ကြီးဖားလျားချလို့ ထမင်းဝိုင်းတစ်ခုဆီမှာ သူတစ်ယောက်ထဲ အသားဟင်းတွေနဲ့ ထမင်းကို မြိန်ရေယှက်ရေစားသောက်နေတယ်။

” ညီလေး ဟိုမိန်းမတွေ့လား။ သူ့ဗိုက်ထဲက ကလေးက လူမဟုတ်ဘူး။ ဘီလူးလေးကွ…”

” ဟုတ်တယ်ကွ၊ ခါဒကယက္ခပဲ။ အစားသိပ်ကျူးတယ်။ အခု သူ့အမေရဲ့စိတ်သဏ္ဍာန်ကို လွှမ်းမိုးပြီး စားသောက်နေတာ။ ဒါကြောင့် အဲ့ဒီ့မိန်းမ ပိန်နေတာပေါ့…”

အလှူမဏ္ဍာပ်ရဲ့ ထောင့်တစ်နေရာဆီမှာ ရပ်နေကြတဲ့ အမွှာညီအကိုနှစ်ယောက်ဆီက သူတို့ချင်းပြောနေကြတဲ့ စကားသံတွေ။

သူတို့ပြောနေကြတာတွေကို နံဘေးဆီက အရီးကောင်းက အမှတ်မထင်ကြားမိလေတော့…။

” ဟဲ့…သားတို့ သူတစ်ပါး ကိုယ်၀န်ကြီးနဲ့ကို မဦးမချွတ်မပြောကောင်းဘူး။ နေစမ်းပါဦး သားတို့က ဘယ်ကလဲ၊ ဘယ်သူ့သားတွေလဲ ဘွားလေးကို ပြောချေစမ်း…”

အမွှာညီအကို နှစ်ယောက်က အရီးကောင်းကို မသိပေမယ့် ယဉ်ယဉ်ကျေးကျေးနဲ့ အရိုးခံအတိုင်းပဲ…။

” ကျုပ်တို့က ဥက္ကံရွာက ဦးဘတင့်နဲ့ ဒေါ်မယ်ဆုံတို့ရဲ့ သားတွေပါ…”

” ဟင်…ဒါဆို…ဒိုးညီနောင်ဆိုတာ သားတို့ပေါ့…”

အရီးကောင်းရဲ့ အမေးကို အမွှာနှစ်ယောက်က ခေါင်းညိတ်ပြကြတယ်။ အရီးကောင်း ပါးစပ်အဟောင်းသားဖြစ်သွားရရဲ့။

ဒိုးညီနောင်ဆိုတဲ့ ဒီကလေးတွေက လူထူးဆန်းလေးတွေလို့ သူတို့နယ်တကြောမှာ နာမည်ကြီးနေတာရယ်။

” ကျုပ်တို့ လိမ်ပြောတာမဟုတ်ဘူး ဘွားလေးရ။ အဲ့ဒီ့မိန်းမကြီး ဗိုက်ထဲက ကလေးက အစားသိပ်ကျူးတဲ့ ဘီလူးဆိုတာ ကျုပ်တို့မြင်နေရတာ…”

” ဟုတ်တယ်…ဘွားလေးရဲ့။ သူ့အမေစားသမျှကို အဲ့ဒီဘီလူးက ပြန်ပြီးစားသောက်နေတာ…”

” ခါဒကယက္ခ၊ အစားသိပ်ကျူးတဲ့ဘီလူးပဲ။ သူ့အာသီသ’ကြောင့် သူ့အမေက အခုလို ရုပ်ပျက်ဆင်းပျက် အစားမက်သလိုဖြစ်နေရတာပေါ့။ တကယ်လို့ သူသာမွေးဖွားလာခဲ့ပြီဆိုရင်တော့ ဘွားလေးတို့ ရွာလုံးကျွတ်အောင် သူစားလိမ့်မယ်…”

အရီးကောင်း အံသြမိသွားရတယ်။

” ကဲပါ…အဘွားလေး မြင်သာအောင် သားတို့ပြမယ်…”

စိတ်မြန်တဲ့ ဒိုးငယ်က ပြောပြောဆိုဆိုကိုပဲ အရီးကောင်းရဲ့မျက်နှာအရှေ့ဆီမှာ လက်ကို ၀’သဏ္ဍာန်ကွင်းပြီး ဂါထာတစ်ပုဒ်ရွတ်လို့ ဝှေ့ရမ်းလိုက်တယ်။

” အလိုလေးတော်…”

အရီးကောင်း အတော့်ကို လန့်ဖျပ်သွားရတယ်။ တင်မေရဲ့ အပေါ်မှာ ကျွဲတစ်ကောင်စာလောက်ရှိမယ့် အရိပ်မည်းမည်းကြီးက အုပ်မိုးထားပြီး တင်မေစားသမျှက အဲ့ဒီ့အရိပ်မည်းကြီးရဲ့ ပါးစပ်ထဲကို ရောက်နေတာ။

” အင်း…သားတို့ ပြောသလိုသာဆိုတော့ တစ်ရွာလုံး ဒုက္ခတွေဖြစ်ကုန်တော့မှာပဲ။ ဒါကို ဘယ်လိုလုပ်ကြရပါ့မလဲ…”

အရီးကောင်းက သားသမီးလိုခင်မင်နေတဲ့ တင်မေတို့အတွက် စိုးရိမ်တကြီးအပြော။ အမွှာနှစ်ယောက်ထဲက အကြီးကောင်လေးက…။

” အခုနေတော့ ဘာမှ လုပ်လို့မရဘူး။ လုပ်ရင် အမေဖြစ်သူကို ထိခိုက်နိုင်တယ် ဘွားလေးရဲ့။ စိတ်တော့ သိပ်မပူပါနဲ့။ သူ မီးဖွားတဲ့ရက်ကျမှ သားတို့ လာခဲ့မယ်…”

” သားတို့က တင်မေ့ဗိုက်ထဲက ဘီလူးလေးကို နှိမ်နင်းနိုင်တယ်ပေါ့…ဟုတ်လား…”

” ဟုတ်တယ် ဘွားရဲ့။ သားတို့ လုပ်ပေးနိုင်တယ်…”

ဒိုးငယ်က ပြောတာ။ ဒိုးကြီးက ဒိုးငယ်ကို လက်လှမ်းတို့ပြီး…။

” ဟာ…ညီလေး။ ဖြစ်ပါ့မလား။ ဘာလို့ ကတိပေးလိုက်တာလဲ။ ငါတို့ တစ်ခါမှ ကြုံဖူးတာလည်းမဟုတ်ဘဲနဲ့။ ပြီးတော့ ဘဘုန်းတို့သိရင်လည်း ခွင့်ပြုမှာ မဟုတ်ဘူး…”

” အို…အကိုကလည်း ငါတို့က
ကောင်းတာ လုပ်မှာကို။ ဘဘုန်းနဲ့ ဘဘကပ္ပိယကြီးက ဆူမှာ စိုးရင် အသိမပေးပဲ လုပ်မှာပေါ့။ မဖြစ်စရာတော့ မရှိပါဘူးကွာ။ ငါတို့က သာမန်ညောင်းကျမှ မဟုတ်တာ။ ကျမ်းဂန်တွေကိုလည်း အတော်လေ့လာထားပြီးပြီ။ ငါတို့ရဲ့ လုပ်ရင်ဖြစ်မှာပါ…”

ဒိုးကြီး ဘာမှ မပြောတော့ဘူး။ ဒိုးငယ်ကပဲ…။

” ဘာမှစိတ်မပူပါနဲ့ ဘွားလေးရယ်။ သူမွေးတဲ့နေ့ကျရင် ကျုပ်တို့ လာခဲ့မှာပါ…”

ဒိုးငယ်က ပိုင်ပိုင်နိုင်နိုင်ပဲ ပြောချလိုက်တာ။

အရီးကောင်းကတော့ ဒိုးငယ်ရဲ့ စကားကို နားထောင်ရင်း တင်မေ့ကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းကိုသာ ညိတ်မိလိုက်တယ်။

အလယ်အင်းကနေ ပြန်လာခဲ့ချိန်မှာတော့ ဒိုးညီနောင်တို့ဟာ ဘီလူးကို နှိမ်နင်းဖို့ အင်းတွေ၊ မန္တာန်တွေကို ကြိုတင်စီစဉ်ကြပါတော့တယ်။

* * * * * *

တစ်လလောက်ပဲ ကြာမယ်။

တစ်နေ့မှာတော့ မတင်မေတစ်ယောက် ဗိုက်နာပြီး မီးဖွားဖို့ဖြစ်လာရော။

မနက်ကတည်းက နာလိုက်တဲ့ဗိုက်ကြောင့် မတင်မေဟာ ဒေါသတကြီးနဲ့ကို မြင်မြင်သမျှကို ပတ်ရမ်းနေတော့တာ။ ပြီးတော့ မီးဖွားကာနီးကို အမဲသားစားချင်လို့ဆိုပြီး ကိုလှထွေးဆီက အတင်း တောင်းနေသေးတာ။

သူတို့နယ်မှာ အမဲသားက ပေါ်တုန်းပေါ်ခိုက်ပဲရတာဆိုတော့ ကိုလှထွေးခမျာ ၀ယ်မကျွေးတတ်ဘူး။ ဒီတော့ မတင်မေက ဒေါသတကြီး ကလော်တုတ်တာများ ဘေးပတ်၀န်းကျင်က မကြားဝံ့မနာသာ။

” တင်မေရယ်…မီးဖွားလုဆဲဆဲ ဘာလို့ငါ့ကို ဆဲဆိုနေရတာလဲဟာ။ ငါလည်း နင်ဖြစ်ချင်တာကို လုပ်ပေးနေတာပဲလေ…”

” အိုတော်…ဆဲမှာပဲ။ မဆဲစေချင်ရင် ကျုပ်စားချင်တာ တော် ရအောင် လုပ်ပေး…”

” အမဲသားက ရမှ မရတာ တင်မေရာ ။ ငါ ကျေးတောကုန်းက အမဲဒိုင်အထိတောင် ရောက်ပြီးပြီ။ ဒီနေ့ နွား၀ယ်မရလို့ အမဲမပေါ်ဖြစ်ဘူးတဲ့ဟ…”

” မသိဘူးတော်…ကျုပ်စားချင်တာမရရင် တော့့်အသားကို စားမှာ…”

” ဟာ…”

ကိုလှထွေး အတော့်ကို ထိတ်လန့်သွားရတာ။ မတင်မေပြောပုံက မျက်ထောင့်နီနီ၊ သွားရည်တမြားမြားနဲ့ တကယ့်ကို စားသောက်မယ့် ပုံကြီးလေ။

အဲ့ဒီနေ့ ကိုလှထွေးခမျာ တစ်နေကုန်ကိုပဲ မတင်မေနဲ့ လွတ်အောင် ရှောင်တိမ်းနေရတော့တာရယ်။

ညနေစောင်းလာတော့ မတင်မေ ဗိုက်က တအားနာလာတော့တာမို့ ရွာကလက်သည်ကိုခေါ်ပြီး မွေးဖို့လုပ်ရတော့တာ။

ဒါပေမယ့်လည်း ကလေးသာဆမွးတော့မယ် မတင်မေ ပါးစပ်က ကိုလှထွေးကို သူစားချင်တာမစားရလို့ ကြိမ်းဝါးတဲ့အသံကတော့ စဲမသွားခဲ့ဘူး။

* * * * * *

” အဘွားလေးရေ…အဘွားလေး…”

ဝိုင်းထဲကို ၀င်လာရင်း ဒိုးလေးက အော်တာ။ အရီးကောင်းတစ်ယောက် ထွက်ကြည့်လာတော့ ဒိုးညီနောင်တို့ကို မြင်တော့ အံ့သြလို့ပေါ့။

” ဒိုးကြီးနဲ့ ဒိုးငယ်…သားတို့ မှောင်တောင်မှောင်နေပြီ ဘယ်ကဘယ်လို…”

တကယ်တော့ မတင်မေမွေးမယ့်ရက်ကျ ဒိုးကြီးနဲ့ ဒိုးငယ်တို့ လာခဲ့မယ်ပြောတာကို အရီးကောင်းက မေ့နေတာရယ်။

” ကျုပ်တို့လာတာ အလှူတုန်းက ကိစ္စကြောင့်လေ အဘွားလေးရဲ့။ ဒီမှာ ကျုပ်တို့ အဘလည်းပါတယ်…”

” ဟုတ်ပြီ…ဟုတ်ပြီ…ဘွားလေး မေ့တာမေ့တာ။ ကဲ…လာကြ…လာကြ…”

အရီးကောင်းက ဒိုးညီနောင်တို့အားလုံးကို အိမ်ပေါ်ခေါ်ပြီး နေရာထိုင်ခင်းပေးတယ်။

ဦးဘတင့်ခမျာတော့ အခုထိ ဘာကြောင့် အလယ်အင်းရွာဆီကို သားတွေက လိုက်ပို့ခိုင်းတယ်ဆိုတာ မသိသေးဘူး။

” အဘွားလေး…ကျုပ်တို့ ဘုရား၀တ်ပြုဦးမယ်။ ဟိုဘက်အိမ်က ကာယကံရှင်ရောက်လာရင် အကျိုးအကြောင်း အရင်ပြောပြထားပေးပါ…”

ဒိုးကြီးက ပြောတာ။ ပြီးတော့ ညီအကိုနှစ်ယောက် အရီးကောင်းအိမ်က ဘုရားကျောင်းဆောင်ဆီမှာ ဆီမီးနဲ့ ရေချမ်းတွေကပ်လှူလို့ သူတို့မှာပါလာတဲ့ အမွှေးနံ့သာတိုင်တွေ ပူဇော်ပြီး ၀တ်ပြုကြတော့တာရယ်။

အချိန်က တဖြေးဖြေးမှောင်မိုက်လာခဲ့ပြီ။

” အရီးကောင်း…အရီးကောင်း…ဪ ဧည့်သည်တွေ ရောက်နေတာပဲ…”

အိမ်ရှေ့ဆီက တကြော်ကြော်ခေါ်ရင်း ခေါင်းကုတ်ဖင်ကုတ်နဲ့ ရောက်လာတဲ့ ကိုလှထွေး။

အရီးကောင်းလည်း ပြာပြာသလဲပဲ ကိုလှထွေးကို ဆင်းခေါ်လိုက်ပြီး အကျိုးအကြောင်းပြောပြတော့တာရယ်။

အရီးကောင်းရဲ့ စကားတွေကြောင့် ကိုလှထွေးတစ်ယောက် မယုံကြည်နိုင်စရာ မျက်၀န်းတွေနဲ့…။

” အရီး…ဖြစ်နိုင်ပါ့မလားဗျာ…”

ကိုလှထွေးရဲ့ စကားတောင်မဆုံးသေးဘူး။ သူ့ အိမ်ဘက်ဆီက…။
.
” အမလေး…ကယ်ကြပါဦး။ ဘီ…ဘီလူးလေး။ တင်မေ ဘီလူးလေးမွေးလာလို့…”

အော်သံကြောင့် ကိုလှထွေး သူ့အိမ်ကို အသည်းအသန်ပြေးမိတော့တယ်။

အိမ်ထဲရောက်တော့ လက်သည်ကြီးထွန်းထားတဲ့ အောက်လင်းဓာတ်မီးအရောင်နဲ့ မီးနေခန်းအတွင်းမှာ မြင်လိုက်ရတဲ့ မြင်ကွင်းက…။

သွေးအလိမ်းလိမ်းပေကျံနေတဲ့ မွေးကင်းစကလေးငယ်ဟာ ဆန့်ဆန့်ကြီးဖြစ်နေတဲ့ တင်မေရဲ့ နံဘေးမှာ ငုတ်တုတ်ထိုင်ရင်း သူ့အချင်းကိုသူ ပြန်စားနေတာရယ်။

ဘီလူးကလေးက ကိုလှထွေးကိုမြင်တော့ သူ့ပါးစပ်ကို ဟပြီးမာန်ဖီတော့တာ။

ကြောက်မင်ဖွယ်ရာပါပဲ၊ ပါးစပ်က သာမန်ထက် အဆမတန်ကြီးနေသလို အထဲမှာ အစွယ်တွေပေါက်နေတာကလည်း အာခေါင်အထိပဲ။

ချက်ချင်းပဲ ကိုလှထွေးအိမ်ဆီကို လူတွေ စုပြုံပြီးရောက်လာကြတယ်။ လူတွေကိုမြင်တော့ ဘီလူးကလေးက မာန်ဖီပြီး ထခုန်တာ လူတစ်ရပ်ကျော်ကျော်ပဲ။

” အကိုလှထွေးနဲ့ အားကောင်းမောင်းသန် ယောက်ျားသုံးယောက်လောက်နေခဲ့ပြီး ကျန်တဲ့သူတွေ ဝေးရာဆီသွားနေပေးကြပါ…”

ဒိုးကြီးက မေတ္တာရပ်ခံစကားပြောတာ။ အတော်များများက အထိတ်တလန့်ဖြစ်ပြီး အိမ်ပြင်ထွက်ကြတယ်။ ဦးဘတင့်၊ ကိုလှထွေးနဲ့ အားကောင်းမောင်းသန်ယောက်ျား တချို့ပဲ ကျန်ရစ်တော့တယ်။

” အကို…မင်းဆီက စမ’ အချုပ်အင်းကို ထုတ်တော့…”

ဒိုးငယ်က စိတ်ထက်သူပီပီ အဆောတလျင် ပြောတာ…။

ဒိုးကြီးက ချက်ချင်းပဲ သူ့လွယ်အိတ်ထဲက သိမ်၀င်သပိတ်ကွဲဆီမှာ ရေးဆွဲထားတဲ့ နှိုးထားပြီးသား အချုပ်အင်းကို ထုတ်လိုက်ပြီး ခုန်ဆွမာန်ဖီနေတဲ့ ဘီလူးလေးကို ဦးတည်ပြီး ရစ်ချည်လိုက်တယ်။

” အီး…”

” ဒုႏ္​း…”

ခုန်ဆွနေတဲ့ ဘီလူးလေးကို တစ်စုံတစ်ခုက ချုပ်နှောင်လိုက်သလိုဖြစ်ပြီး မချိုမဆန့်အော်ဟစ်ရင်း ကြမ်းပြင်ဆီကို ပြုတ်ကျလာတာ။

” သူ့ကို ချုပ်ထားတုန်း အမေဖြစ်သူကို အမြန်ဆွဲထုတ်ကြချေ…”

ကိုလှထွေးအပါအ၀င် အားကောင်းမောင်းသန်ယောက်ျားတို့ သတိလစ်နေတဲ့ မတင်မေကို အမြန်ဆွဲထုတ်ကြတယ်။ မတင်မေအပြင်ကိုရောက်တာနဲ့ ဒိုးညီနောင်က အခန်းကို စည်းချလိုက်ပြီး…။

” အားလုံးပဲ အရီးကောင်းတို့ ခြံဘက်ကို သွားနေပေးကြပါ…”

လူအားလုံး ကိုလှထွေး ခြံထဲကနေ ထွက်သွားကုန်ကြပြီ။

” ကဲ…အကို၊ မင်း သူ့ကို ချုပ်မြဲအတိုင်း ချုပ်ပေးထား။ ငါ သူ့ကို နှင်ထုတ်ဖို့ အင်းရိုက်လိုက်တာနဲ့ မင်းက အချုပ်အင်းကို ဖြည်လိုက်တော့…”

ဒိုးငယ်ကပြောပြီးတာနဲ့ သူ့ရဲ့ ဘယ်ဘက်လက်ဖဝါးမှာ တစ်ခုသေဒေဝါအင်းကို ရေးဆွဲအင်းအသက်သွင်းပြီး အချုပ်ခံထားရတဲ့ ခါဒကယက္ခ( ဝါ ) ကလေးငယ်ရဲ့ နဖူးဆီကို လှမ်းရိုက်လိုက်တော့တာ။ ဒိုးငယ်ရိုက်တာနဲ့ ဒိုးကြီးက အချုပ်အင်းကို ဖြေလိုက်တာနဲ့က တစ်ချိန်ထဲပဲ။

” ဝုန်း…”

ကျယ်လောင်တဲ့အသံနဲ့အတူ တစ်အိမ်လုံး သိမ့်သိမ့်တုန်သွားခဲ့တာ။ ကလေးငယ်ဟာ ပျော့ခွေကျသွားပြီး အရိပ်မည်းကြီးတစ်ခုက အခန်းထဲမှာ ပေါ်လာတယ်။

အဲ့ဒီ့အခါမှာတော့ ဒိုးငယ်ကော ဒိုးကြီးပါ ဂေါတမယက္ခမန္တာန်ကို အာဏာစက်ပြင်းပြင်းနဲ့ ရွတ်တော့တာရယ်။ မန္တာန်ကို စရွတ်လိုက်တာနဲ့ပဲ ဒိုးညီနောင်တို့ရဲ့ အနောက်မှာ သံလျက်ကိုင် ရွှေရောင်ယက္ခကြီးက ပေါ်လာခဲ့တယ်။

” အား…အရှင် သံလျက်နဲ့ မခုတ်ပါနဲ့…ကျွန်ုပ် ကြောက်…ကြောက်ပါပြီ…”

မည်းမည်းအရိပ်ကြီးက ရွှေရောင်ယက္ခကြီးကိုမြင်တော့ ဒူးတွေညွတ်ခွေကျသွားပြီး ထိတ်လန့်တကြားအော်တော့တာ။

” ခါဒကယက္ခ…သင်နဲ့ လူ့ဘုံက ဘာမှမသက်ဆိုင်ဘူး။ သင့်ဋ္ဌာနေကို ကောင်းကောင်းမွန်မွန်နဲ့ သင်ပြန်နေပါ…”

” နေ…နေပါမယ်…”

ဒိုးငယ်နဲ့ ခါဒကယက္ခတို့ ပြောနေကြတဲ့စကား။ ဒိုးကြီးက…။

” ကောင်းပြီလေ…သင့်ကတိကို သင်တည်မယ်လို့ ယုံကြည်မိတာမို့ ကျုပ်တို့ညီနောင် သင့်ကို လွှတ်ပေးလိုက်မယ်…”

ဒိုးညီနောင်က ဂေါတမယက္ခမန္တာန်တော်ကို ပြန်ဖြည်လိုက်တယ်။ အဲ့ဒီ့ခဏမှာပဲ အရိပ်မည်းကြီးက အခန်းထရံကို ဖောက်ထွက်လို့ ထွက်ပြေးသွားခဲ့တော့တာရယ်…။

ဒီ့နောက်ပိုင်းမှာတော့ ဒိုးညီနောင်ဟာ အခြားပယောဂတွေ ၀င်လာကြမှာစိုးတဲ့အတွက် ကလေးငယ်အလောင်းကို လေးပိုင်းပိုင်းပြီး အချုပ်အနှောင်အစီအမံနဲ့ နေရာခွဲပြီး မြှုပ်နှံစေခဲ့တယ်။

သတိလစ်နေတဲ့ မတင်မေကိုလည်း အင်းစက္ကူတစ်ရွက်ကို ပြာချရေဖျော်ပြီး တိုက်ကျွေးစေခဲ့တယ်။ အဲ့ဒါကို သောက်ပြီးချိန်မှာတော့ မတင်မေရဲ့ ကိုယ်တွင်းက နံစော်ပြီး မည်းပုတ်နေတဲ့ အညစ်အကြေးအရည်တွေ ကျလာတော့တာ။

ဒီပြဿနာကို ဖြေရှင်းပြီး ကျောင်းကို ပြန်ရောက်ချိန်မှာတော့ ဒိုးညီနောင်တို့ဟာ ဘဘုန်းနဲ့ ကပ္ပိယကြီးတို့ဆီမှာ ခွင့်မတောင်းဘဲ လုပ်ဆောင်ခဲ့မှုအတွက် အပြစ်ပေးခံကြရတော့တယ်။

ညီနောင်နှစ်ယောက် အပြစ်ခံနေသခိုက်မှာပဲ ကျောင်းဆီကို မုတ်ဆိတ်ဖြူဖြူနဲ့ လူကြီးတစ်ယောက်ရောက်လာခဲ့တယ်။

ဒီမုတ်ဆိတ်ဖြူကြီးနဲ့ ပက်သက်တဲ့ အကြောင်းအရာကိုတော့ ဒိုးညီနောင်နဲ့ “ပါရမီဖြည့်ခရီးကြမ်း” စာမူတွင် ဆက်လက်ဖတ်ရှုကြပါကုန်…။

ပြီးပါပြီ။

နောင်ရိုး( ဆေးတပ်)

( ဒိုးညီေနာင္နဲ႔ ဂမၻီရဆန္းၾကယ္ျဖစ္ရပ္မ်ား)
အလယ္အင္း႐ြာက ဘီလူးေလး ေမြးဖြားသူ

အလယ္အင္း႐ြာရဲ႕ မနက္ခင္းအေစာပိုင္း အခ်ိန္တစ္ခု…။

႐ြာလည္ပိုင္းမွာေနတဲ့ ကိုလွေထြးရဲ႕ မိန္းမ မတင္ေမရယ္က အိမ္ေရွ႕ဆီမွာ ေဆာင့္ေၾကာင့္ထိုင္ရင္း အံတႀကိတ္ႀကိတ္နဲ႔ တစ္စုံတစ္ရာကို အေလးအနက္ေတြးေတာေနေလတယ္။

တကယ္ေတာ့ မတင္ေမေတြးေနမိတာက ညက အိပ္မက္အေၾကာင္းရယ္။ သူ အိပ္မက္မက္ပုံက…။

ညသန္းေခါင္ယံအခ်ိန္…။

႐ြာအျပင္က ဇရပ္ထဲမွာ သူနဲ႔အတူ ေသြးသံတရဲရဲနဲ႔ ေသေနတဲ့ လူေသအေလာင္းႀကီးရွိေနၿပီး သူက လူေသရဲ႕ ဗိုက္ကိုဖြင့္လို႔ အထဲက ကလီစာေတြကို ၿမိန္ေရယွက္ေရနဲ႔ အစိမ္းလိုက္ စားေသာက္ေနရတယ္ဆိုၿပီး မက္တာရယ္။

အိပ္မက္က တကယ္တမ္းေတြးၾကည့္မယ္ဆိုရင္ ၾကက္သီးတျဖန္းျဖန္းထၿပီး ထိတ္လန္႔စရာ ေကာင္းေနတာ။

ဒါေပမယ့္ မတင္ေမစိတ္ထဲေတာ့ ထူးထူးဆန္းဆန္းကိုပဲ အဲ့ဒီ့အထဲကလို ေသြးစိမ္းရွင္ရွင္နဲ႔အသားကို စားေသာက္ခ်င္တဲ့ အာသီသစိတ္ေတြ ျပင္းျပေနရတယ္။

” ဟင္း…ငါဘာေတြ ေတြးေနမိပါလိမ့္…”

မတင္ေမ ေခါင္းကို ကုတ္ၿပီး ေရ႐ြတ္မိခ်ိန္ သူ႔အေရွ႕ဆီကို အစာေကာက္ရင္း ေရာက္လာတဲ့ ၾကက္ဖႀကီးတစ္ေကာင္။

” ဒင္း…ဟုတ္ၿပီ။ အာသာေျပေအာင္ ဒင္းကို ငါစားရမယ္…”

အာသီသစိတ္ျပင္းျပလာတာမို႔ မတင္ေမ ခ်က္ခ်င္းကိုပဲ ေလးခြတစ္လက္ကိုင္စြဲလို႔ ၾကက္ဖႀကီးကို လိုက္ပစ္ေတာ့တာ။

ၾကက္ဖႀကီးက သူရဲ႕အသက္အႏၲရာယ္ေၾကာင့္ ေအာ္၊ မတင္ေမက မရမကလိုက္ပစ္နဲ႔ သူတို႔ၿခံထဲမွာ ဆးညံပြက္ေလာကို႐ိုက္ေရာပဲ။

ၾကက္ဖႀကီးက အလန္႔တၾကား ေျပးရင္း အိမ္ဝိုင္းခ်င္းကပ္လ်က္က အရီးေကာင္းတို႔အိမ္ဝိုင္းထဲကို ေရာက္သြားတယ္။

” ေတာက္…ဒီေလာက္ေတာင္ျဖစ္လွတာ ေရာ့ဟယ္…”

ဒီတစ္ႀကိမ္ ေဒါသထြက္ၿပီး ပစ္လိုက္တဲ့ ေလးခြပစ္ခ်က္က ၾကက္ဖႀကီးရဲ႕ လည္ပင္းကိုကြက္တိ ထိမွန္ေတာ့တာပဲ။

မတင္ေမ ၀မ္းသာအားရျဖစ္သြားၿပီး အရီးေကာင္းတို႔ ဝိုင္းထဲကို ေျပး၀င္လို႔ ၾကက္ဖႀကီးကို ေကာက္ယူလိုက္တယ္။ အဲ့ဒီ့အခိုက္…

” ဟဲ့…တင္ေမ ညည္းကြယ္ မနက္ေစာေစာႀကီးကို ဘယ္လိုေတြျဖစ္လို႔ သူမ်ားအသတ္ကို သတ္ေနရတာူတုန္း…”

အရင္ကတည္းက မတင္ေမကို မိခင္လိုတမ်ိဳး၊ အစ္မလိုတစ္ဖြယ္ ေစာင့္ေရွာက္ေပးတတ္တဲ့ အရီးေကာင္းရဲ႕စကား။

” အိုေတာ္…ကိုယ့္ၾကက္ဖ ကိုယ္သတ္တာပဲ ေတာ္က ဘာလို႔ အေခ်ာင္ လာေျပာေနရတာတုန္း။ တကတည္းေတာ္ အားအားယားယား…”

အရီးေကာင္းကို ေဒါသမ်က္၀န္းေတြနဲ႔ ၾကည့္လို႔ ေဘာက္ဆတ္ဆတ္ ေျပာလာတဲ့ မတင္ေမ။

ထင္မွတ္မထားတာမို႔ အရီးေကာင္းခမ်ာ ႐ုတ္တရက္ႀကီး ဘာျပန္ေျပာရမယ္မွန္းေတာင္ မသိဘူးျဖစ္သြားတယ္။

မတင္ေမကေတာ့ ေျပာၿပီးတာနဲ႔ ၾကက္ဖႀကီးကို ေျခကကိုင္ဆြဲလို႔ အရီးေကာင္းၿခံဝိုင္းထဲကေန ေျခလွမ္းႀကဲႀကီးေတြနဲ႔ ထြက္သြားေတာ့တာ။

” ဟဲ့…ဒီေကာင္မေလး အရင္ဒီလို မဟုတ္ပါဘူး။ ခုမွ ဘယ္လိုျဖစ္သြားရတာပါလိမ့္…”

အံ့အားတသင့္နဲ႔ က်န္ရစ္ခဲ့ရင္း ေရ႐ြတ္လိုက္တဲ့ အရီးေကာင္းရဲ႕ စကားကိုေတာ့ မတင္ေမတစ္ေယာက္ ၾကားမယ္မထင္။

* * * * * *

” မနက္ေစာေစာစီးစီး ေတာ္ေတာ္ ဒုကၡေပးတဲ့အေကာင္၊ နင့္ကို ေဟာ့ဒီ့လို ေဟာ့ဒီ့လို…”

မီးဖိုထဲမွာ မတင္ေမတစ္ေယာက္ ေဒါသတႀကီးနဲ႔ မေသမရွင္ျဖစ္ေနတဲ့ ၾကက္ဖႀကီးကို လည္လိမ္ၿပီး ထပ္သတ္ေနတာ။

သူ႔လက္ထဲမွာ ၾကက္ဖႀကီးက ႐ုန္းရင္းကန္ရင္း ဆန္႔ငင္ဆန္႔ငင္ျဖစ္လို႔။

” ဟင္း…ေတာ္ေတာ္အသက္ျပင္းတဲ့ေကာင္…ေတာက္…နင္နဲ႔ငါ ေတြ႕ၾကေသးတာေပါ့…”

မတင္ေမ ဒီေလာက္လုပ္တာေတာင္ မေသမရွင္ျဖစ္ေနေသးတဲ့ ၾကက္ဖႀကီးကို အံႀကိတ္ႀကဳံးဝါးၿပီးေနာက္ ႐ုတ္တရက္လည္မ်ိဳဆီကို ကိုက္ခ်လိုက္ေတာ့တယ္။

ဒီတစ္ႀကိမ္ေတာ့ ၾကက္ဖႀကီးမွာ မခ်ိမဆန္႔ ႐ုန္းကန္ရင္း ၿငိမ္က်သြားရၿပီ။

” အား…အရသာရွိလိုက္တာ…”

ၾကက္ဖႀကီးဆီက လည္ေခ်ာင္းေသြးေတြက ပါးစပ္ထဲစိမ့္၀င္တာကို အရသာခံမ်ိဳခ်ရင္း မတင္ေမ စိတ္ေက်နပ္သြားရသလိုပဲ။

ဒါေပမယ့္ အသားစားခ်င္စိတ္က သူ႔မွာ ရွိေနေသးေတာ့ ၾကက္ဖအေသႀကီးကို ေရေႏြးေဖ်ာ၊ အေမြးႏႈတ္လိုက္တယ္။

ၿပီးေတာ့ ရင္ခြဲၿပီး ခုတ္ထစ္၊ တုံးတစ္ဖို႔ျပင္ခ်ိန္ ဗိုက္ထဲက ကလီစာတခ်ိဳ႕ကို ျမင္ေတာ့ ဒီအတိုင္းစားခ်င္စိတ္ေပါက္လာတာနဲ႔ အနည္းငယ္ယူစားမိလိုက္ေသးတာရယ္။

ညေနပိုင္း ကိုလွေထြး မီးေသြးဖုတ္ရာကေန ျပန္လာခ်ိန္က်ေတာ့ မတင္ေမ ခ်က္ထားတဲ့ ၾကက္သားဟင္းနံ႔က တစ္အိမ္လုံးကို ေမႊးေနေတာ့တာကလား။

ၾကက္ဖႀကီးကိုေတာ့ မတင္ေမက ေခြးဆြဲလို႔ ေသတယ္ဆိုၿပီး ကိုလွေထြးကို ေျပာလိုက္တာရယ္။

* * * * *

” ဘယ္လို…တင္ေမ့ဆီမွာ ကိုယ္၀န္ရွိေနၿပီ…ဟုတ္လား…”

ကိုလွေထြး အံ့ၾသစိတ္နဲ႔ မယုံၾကည္ႏိုင္ေသးဘဲ ထပ္ေမးမိတာ။

မတင္ေမက ရွက္ၿပဳံးၿပဳံးရင္း ေခါင္းကို ညိတ္ျပေတာ့ ကိုလွေထြး အေတာ့္ကိုပဲ၀မ္းသာသြားရတယ္။

” ငါ…ဘယ္လိုေျပာရမယ္မွန္းေတာင္ မသိေတာ့ဘူး။ ၀မ္းသာလိုက္တယ္ဟာ…”

ကိုလွေထြးရဲ႕ စကားေၾကာင့္ မတင္ေမ ေက်နပ္ၿပဳံး ၿပဳံးေနမိေတာ့တာ။

လအနည္းငယ္ၾကာလို႔ မတင္ေမရဲ႕ ကိုယ္၀န္ရင့္မာလာတဲ့အခ်ိန္က်ေတာ့…။

” မိန္းမ…ငါ မေန႔က ေတာထဲယူသြားဖို႔ ၀ယ္ထားတဲ့ အမဲေျခာက္ေတြေရာ…”

” မသိဘူးေလေတာ္…ေတာ္ ပဲသိမ္းတာမလား…တကတည္း က်ဳပ္ကို လာစြပ္စြဲေနတယ္…”

မတင္ေမရဲ႕ အေျဖစကားက ေဘာက္ဆတ္ဆတ္။ ကိုလွေထြးေတာင္ အံ့ၾသမိရတယ္။ ယခင္ သူ႔မိန္းမက ယခုလို စကားေျပာ အထအန’မေကာက္တတ္။ ယခုမူကား ဘာျဖစ္ျဖစ္ ေဒါသႀကီးလာတတ္ၿပီး ဆတ္ဆတ္ထိမခံ ျဖစ္လာသလိုပဲ။

” ေအးကြာ…ေခြးေတြဘာေတြမ်ား ၀င္ဆြဲသလားမသိဘူး။ အိမ္ကို ဂ႐ုတစိုက္ ၾကည့္ထားဦး မိန္းမေရ…”

ကိုယ္၀န္ရွိန္ေၾကာင့္ ေသြးသားေျပာင္းလဲတာျဖစ္မယ္လို႔ ကိုလွေထြး ေျဖသိမ့္ေတြး ေတြးမိေတာ့တာပါ။

အဲ့ဒီ့ေန႔က ကိုလွေထြး အလုပ္ဆီကို ျပန္သာထြက္ခဲ့ရတယ္။ စိတ္တို႔က အလိုလို ေလးလံထိုင္းမႈိင္းလို႔။

” ငါ ဘာျဖစ္ေနတာလဲ မသိဘူး…”

ကိုယ့္ကိုကို သုံးသပ္ၾကည့္ေပမယ့္ အေျဖက ရွိမလာ။ ေတြးေတာရင္း ေျခလွမ္းေတြကပါ ေလးလံလာရတယ္။

” ေတာ္ၿပီကြာ…ေနရတာ တစ္မ်ိဳးႀကီးပဲ။ အိမ္ကိုပဲ ျပန္ေတာ့မယ္။ မနက္မွပဲ အလုပ္ကိုသြားေတာ့မယ္…”

ကိုလွေထြးရဲ႕ ေျခလွမ္းေတြက လာရာလမ္းဆီကို။ ခရီးသိပ္မလွမ္းေသးတာမို႔ ခဏအတြင္းမွာပဲ အိမ္ဆီကို ျပန္ေရာက္ရဲ႕။

” ဟင္…”

အသံမေပးမိဘဲ အိမ္ထဲ၀င္မိတဲ့ ကိုလွေထြးဆီက အာေမဋိတ္။ သူေတြ႕ရဲ႕ ျမင္ကြင္းက အံ့ၾသဖြယ္ရာ။

သူ႔မိန္းမ မတင္ေမရယ္ေလ။ ေပ်ာက္သြားၿပီဆိုတဲ့ အမဲသားေျခာက္ထုပ္ကို အေရွ႕ခ်ၿပီး အစိမ္းလိုက္ ၿမိန္ေရယွက္ေရ စားေသာက္ေနလို႔။

ကိုလွေထြး ဘာလုပ္ရယ္မသိဘူး။ မတင္ေမကို ေၾကာင္အမ္းအမ္းနဲ႔ ေငးၾကည့္ေနမိေတာ့တာ။

” အဟမ်း…ဟမ်း…”

အခ်ိန္အေတာ္ၾကာေတာ့ ကိုလွေထြး ေခ်ာင္းဟန္႔သံ ေပးမိတယ္။

မတင္ေမတစ္ေယာက္ တုန္လႈပ္သြားတယ္။ ၿပီးေတာ့ အမဲသားထုပ္ကို ကမန္းကတန္းဖြက္လိုက္ၿပီး…။

” အဲ…ကို…ကိုလွေထြး…”

ကိုလွေထြးက ျပန္မေျဖဘူး။ အိမ္ေပၚကိုသာ တက္လာခဲ့တယ္။

” ေတာ္…အလုပ္ကို မသြားဘူးလား…”

” အင္း…”

မတင္ေမက ဟန္မပ်က္ေမးေပမယ့္ ကိုလွေထြးကေတာ့ သိသိသာသာဟန္အမူအယာပ်က္ယြင္းလို႔။

” ကဲပါ…ေတာ္ပင္ပန္းလာလို႔ျဖစ္မွာပါ။ နားနားေနေန ေနေပါ့…”

မတင္ေမက ဒီေလာက္ပဲ ေျပာၿပီး အိမ္ေအာက္ကို ဆင္းသြားခဲ့တယ္။

ကိုလွေထြးမွာေတာ့ မယားျဖစ္သူရဲ႕ ေက်ာျပင္ကို ၾကည့္ရင္း ေတာင္ေတာင္အီအီ အေျဖမရွိတဲ့ အေတြးေတြနဲ႔…။

* * * * * *

အခ်ိန္ကာလ အနည္းငယ္ၾကာခ်ိန္မွာ မတင္ေမရဲ႕ ဗိုက္က သိသိသာသာပူလာခဲ့ၿပီ။

” တင္ေမတို႔မ်ားေနာ္…ေအးေမာင္ရဲ႕ နာေရးတုန္းက ထမင္းစားတာမ်ားဆိုတာ ၀က္သားေတြခ်ည္း ႀကဳံးစားလို႔ နာေရးရွင္ကေတာင္ ၿငိဳျငင္လာရရဲ႕…”

” ဟုတ္ပါ့ေတာ္…တကတည္း ေျပာ မေျပာခ်င္ဘူး။ က်ဳပ္တို႔ဆို သူနဲ႔ တစ္ဝိုင္းထဲထိုင္မိတာေတာင္ မ်က္ႏွာေတြပူလြန္းလို႔…”

မတင္ေမ နဂိုကထက္ အစားအေသာက္ၾကမ္းတမ္းလာတယ္ဆိုတာကိုလည္း လူသိမ်ားလာေလတယ္။ ႏို႔ေပမယ့္ စားသာစားတာ လူကေတာ့ တေျဖးေျဖးပိန္လာတာမ်ား အ႐ိုးေပၚအေရတင္ေလးနဲ႔။

ကဲ့ရဲ႕ေျပာဆိုသူတို႔ ပါးစပ္ေပါက္မွာ မတင္ေမတစ္ေယာက္ ရစရာမရွိေလာက္ေအာင္ပဲ။

” သူက ကိုယ္၀န္ႀကီးနဲ႔ဆိုေတာ့ သေႏၶသားအတြက္ အာဟာရလိုလို႔ စားတာျဖစ္မွာေပါ့…”

” ေအးေလ…သူ႔ေယာက္်ားလွေထြးကလည္း မီးေသြးသမားဆိုေတာ့ မီးေသြးမေပၚေသးရင္ သူစားခ်င္တာဘယ္လို ၀ယ္ေကြၽးႏိုင္ပါ့မလဲ…”

” စားတာေတာ့ စားတာေပါ့၊ အခုက စားသေလာက္ ၀မလာဘဲ ပိန္လိမ္လာတာရယ္။ ေသခ်ာတာကေတာ့ ဒီေကာင္မကို ဖုတ္၀င္ေနတာပဲ ျဖစ္မယ္…”

တေျဖးေျဖးနဲ႔ တင္ေမဖုတ္၀င္ေနတယ္ဆိုတဲ့ ႐ြာထဲမွာ သတင္းႀကီးလာတယ္။

ဘယ္လိုပင္ေျပာၾကပါေစ ကိုလွေထြးကေတာ့ သူ႔မိန္းမကို အမဲေျခာက္ကိစၥနဲ႔ သကၤာမကင္းျဖစ္ခဲ့မိေပမယ့္ အျပစ္ေတာ့ မျမင္သာခဲ့ဘူး။

” တင္ေမ…မင္းစားတာေသာက္တာနဲ႔ ပက္သက္ၿပီး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္လြန္းလို႔ ႐ြာထဲမွာ ေျပာဆိုကုန္ၾကၿပီ။ နည္းနည္းပါးပါးေတာ့ သတိထားပါဦး မိန္းမရယ္…”

ကိုလွေထြး နားမခံသာေတာ့လို႔ မတင္ေမကို သတိေပးတဲ့အေနနဲ႔ ေျပာမိတာ။ တင္ေမကေတာ့…။

” အိုေတာ္…ရာရာစစ၊ က်ဳပ္ ပါးစပ္နဲ႔ က်ဳပ္စားတာေတာ္။ သူတို႔ပါးစပ္ အငွါးတပ္ၿပီး စားတာမဟုတ္ဘူး။ ေျပာခ်င္သပဆို ေျပာၾကစမ္းပါေစ။ ဗိုက္ႀကီးသည္ပဲ စားမွာေပါ့။ က်ဳပ္လိုဗိုက္ႀကီးသည္စားတာ အလႉမွာစားရင္ အလႉရွင္အတြက္ ပိုလို႔ေတာင္ ဒါနေျမာက္ေသးတယ္…”

မတင္ေမရဲ႕ တုန္႔ျပန္စကားေၾကာင့္ ကိုလွေထြးခမ်ာ ဘာမွမေျပာသာ။ သက္ျပင္းကို ခိုးခ်မိရင္း ေခါင္းကိုသာ ခါရမ္းမိေတာ့တာရယ္။

* * * * * *

အလယ္အင္း႐ြာအဖ်ားက လူခ်မ္းသာ ကိုသာစိန္တို႔မိသားစု အလႉ…။

ေငြေၾကးတတ္ႏိုင္သူေတြမို႔ ၀က္သားနီခ်က္နဲ႔ ပဲဟင္း၊ ငါးေျခာက္ေၾကာ္နဲ႔ ဧည့္ခံေကြၽးေမြးေတာ့ စည္ကားတာမွ ၿခိမ့္ၿခိမ့္သဲပဲ။

မတင္ေမကေတာ့ ထုံးစံအတိုင္း အလႉကို ေရာက္ေနၿပီး ဆံပင္ႀကီးဖားလ်ားခ်လို႔ ထမင္းဝိုင္းတစ္ခုဆီမွာ သူတစ္ေယာက္ထဲ အသားဟင္းေတြနဲ႔ ထမင္းကို ၿမိန္ေရယွက္ေရစားေသာက္ေနတယ္။

” ညီေလး ဟိုမိန္းမေတြ႕လား။ သူ႔ဗိုက္ထဲက ကေလးက လူမဟုတ္ဘူး။ ဘီလူးေလးကြ…”

” ဟုတ္တယ္ကြ၊ ခါဒကယကၡပဲ။ အစားသိပ္က်ဴးတယ္။ အခု သူ႔အေမရဲ႕စိတ္သ႑ာန္ကို လႊမ္းမိုးၿပီး စားေသာက္ေနတာ။ ဒါေၾကာင့္ အဲ့ဒီ့မိန္းမ ပိန္ေနတာေပါ့…”

အလႉမ႑ာပ္ရဲ႕ ေထာင့္တစ္ေနရာဆီမွာ ရပ္ေနၾကတဲ့ အမႊာညီအကိုႏွစ္ေယာက္ဆီက သူတို႔ခ်င္းေျပာေနၾကတဲ့ စကားသံေတြ။

သူတို႔ေျပာေနၾကတာေတြကို နံေဘးဆီက အရီးေကာင္းက အမွတ္မထင္ၾကားမိေလေတာ့…။

” ဟဲ့…သားတို႔ သူတစ္ပါး ကိုယ္၀န္ႀကီးနဲ႔ကို မဦးမခြၽတ္မေျပာေကာင္းဘူး။ ေနစမ္းပါဦး သားတို႔က ဘယ္ကလဲ၊ ဘယ္သူ႔သားေတြလဲ ဘြားေလးကို ေျပာေခ်စမ္း…”

အမႊာညီအကို ႏွစ္ေယာက္က အရီးေကာင္းကို မသိေပမယ့္ ယဥ္ယဥ္ေက်းေက်းနဲ႔ အ႐ိုးခံအတိုင္းပဲ…။

” က်ဳပ္တို႔က ဥကၠံ႐ြာက ဦးဘတင့္နဲ႔ ေဒၚမယ္ဆုံတို႔ရဲ႕ သားေတြပါ…”

” ဟင္…ဒါဆို…ဒိုးညီေနာင္ဆိုတာ သားတို႔ေပါ့…”

အရီးေကာင္းရဲ႕ အေမးကို အမႊာႏွစ္ေယာက္က ေခါင္းညိတ္ျပၾကတယ္။ အရီးေကာင္း ပါးစပ္အေဟာင္းသားျဖစ္သြားရရဲ႕။

ဒိုးညီေနာင္ဆိုတဲ့ ဒီကေလးေတြက လူထူးဆန္းေလးေတြလို႔ သူတို႔နယ္တေၾကာမွာ နာမည္ႀကီးေနတာရယ္။

” က်ဳပ္တို႔ လိမ္ေျပာတာမဟုတ္ဘူး ဘြားေလးရ။ အဲ့ဒီ့မိန္းမႀကီး ဗိုက္ထဲက ကေလးက အစားသိပ္က်ဴးတဲ့ ဘီလူးဆိုတာ က်ဳပ္တို႔ျမင္ေနရတာ…”

” ဟုတ္တယ္…ဘြားေလးရဲ႕။ သူ႔အေမစားသမွ်ကို အဲ့ဒီဘီလူးက ျပန္ၿပီးစားေသာက္ေနတာ…”

” ခါဒကယကၡ၊ အစားသိပ္က်ဴးတဲ့ဘီလူးပဲ။ သူ႔အာသီသ’ေၾကာင့္ သူ႔အေမက အခုလို ႐ုပ္ပ်က္ဆင္းပ်က္ အစားမက္သလိုျဖစ္ေနရတာေပါ့။ တကယ္လို႔ သူသာေမြးဖြားလာခဲ့ၿပီဆိုရင္ေတာ့ ဘြားေလးတို႔ ႐ြာလုံးကြၽတ္ေအာင္ သူစားလိမ့္မယ္…”

အရီးေကာင္း အံၾသမိသြားရတယ္။

” ကဲပါ…အဘြားေလး ျမင္သာေအာင္ သားတို႔ျပမယ္…”

စိတ္ျမန္တဲ့ ဒိုးငယ္က ေျပာေျပာဆိုဆိုကိုပဲ အရီးေကာင္းရဲ႕မ်က္ႏွာအေရွ႕ဆီမွာ လက္ကို ၀’သ႑ာန္ကြင္းၿပီး ဂါထာတစ္ပုဒ္႐ြတ္လို႔ ေဝွ႔ရမ္းလိုက္တယ္။

” အလိုေလးေတာ္…”

အရီးေကာင္း အေတာ့္ကို လန္႔ဖ်ပ္သြားရတယ္။ တင္ေမရဲ႕ အေပၚမွာ ကြၽဲတစ္ေကာင္စာေလာက္ရွိမယ့္ အရိပ္မည္းမည္းႀကီးက အုပ္မိုးထားၿပီး တင္ေမစားသမွ်က အဲ့ဒီ့အရိပ္မည္းႀကီးရဲ႕ ပါးစပ္ထဲကို ေရာက္ေနတာ။

” အင္း…သားတို႔ ေျပာသလိုသာဆိုေတာ့ တစ္႐ြာလုံး ဒုကၡေတြျဖစ္ကုန္ေတာ့မွာပဲ။ ဒါကို ဘယ္လိုလုပ္ၾကရပါ့မလဲ…”

အရီးေကာင္းက သားသမီးလိုခင္မင္ေနတဲ့ တင္ေမတို႔အတြက္ စိုးရိမ္တႀကီးအေျပာ။ အမႊာႏွစ္ေယာက္ထဲက အႀကီးေကာင္ေလးက…။

” အခုေနေတာ့ ဘာမွ လုပ္လို႔မရဘူး။ လုပ္ရင္ အေမျဖစ္သူကို ထိခိုက္ႏိုင္တယ္ ဘြားေလးရဲ႕။ စိတ္ေတာ့ သိပ္မပူပါနဲ႔။ သူ မီးဖြားတဲ့ရက္က်မွ သားတို႔ လာခဲ့မယ္…”

” သားတို႔က တင္ေမ့ဗိုက္ထဲက ဘီလူးေလးကို ႏွိမ္နင္းႏိုင္တယ္ေပါ့…ဟုတ္လား…”

” ဟုတ္တယ္ ဘြားရဲ႕။ သားတို႔ လုပ္ေပးႏိုင္တယ္…”

ဒိုးငယ္က ေျပာတာ။ ဒိုးႀကီးက ဒိုးငယ္ကို လက္လွမ္းတို႔ၿပီး…။

” ဟာ…ညီေလး။ ျဖစ္ပါ့မလား။ ဘာလို႔ ကတိေပးလိုက္တာလဲ။ ငါတို႔ တစ္ခါမွ ႀကဳံဖူးတာလည္းမဟုတ္ဘဲနဲ႔။ ၿပီးေတာ့ ဘဘုန္းတို႔သိရင္လည္း ခြင့္ျပဳမွာ မဟုတ္ဘူး…”

” အို…အကိုကလည္း ငါတို႔က
ေကာင္းတာ လုပ္မွာကို။ ဘဘုန္းနဲ႔ ဘဘကပၸိယႀကီးက ဆူမွာ စိုးရင္ အသိမေပးပဲ လုပ္မွာေပါ့။ မျဖစ္စရာေတာ့ မရွိပါဘူးကြာ။ ငါတို႔က သာမန္ေညာင္းက်မွ မဟုတ္တာ။ က်မ္းဂန္ေတြကိုလည္း အေတာ္ေလ့လာထားၿပီးၿပီ။ ငါတို႔ရဲ႕ လုပ္ရင္ျဖစ္မွာပါ…”

ဒိုးႀကီး ဘာမွ မေျပာေတာ့ဘူး။ ဒိုးငယ္ကပဲ…။

” ဘာမွစိတ္မပူပါနဲ႔ ဘြားေလးရယ္။ သူေမြးတဲ့ေန႔က်ရင္ က်ဳပ္တို႔ လာခဲ့မွာပါ…”

ဒိုးငယ္က ပိုင္ပိုင္ႏိုင္ႏိုင္ပဲ ေျပာခ်လိုက္တာ။

အရီးေကာင္းကေတာ့ ဒိုးငယ္ရဲ႕ စကားကို နားေထာင္ရင္း တင္ေမ့ကို တစ္ခ်က္လွမ္းၾကည့္ၿပီး ေခါင္းကိုသာ ညိတ္မိလိုက္တယ္။

အလယ္အင္းကေန ျပန္လာခဲ့ခ်ိန္မွာေတာ့ ဒိုးညီေနာင္တို႔ဟာ ဘီလူးကို ႏွိမ္နင္းဖို႔ အင္းေတြ၊ မႏၲာန္ေတြကို ႀကိဳတင္စီစဥ္ၾကပါေတာ့တယ္။

* * * * * *

တစ္လေလာက္ပဲ ၾကာမယ္။

တစ္ေန႔မွာေတာ့ မတင္ေမတစ္ေယာက္ ဗိုက္နာၿပီး မီးဖြားဖို႔ျဖစ္လာေရာ။

မနက္ကတည္းက နာလိုက္တဲ့ဗိုက္ေၾကာင့္ မတင္ေမဟာ ေဒါသတႀကီးနဲ႔ကို ျမင္ျမင္သမွ်ကို ပတ္ရမ္းေနေတာ့တာ။ ၿပီးေတာ့ မီးဖြားကာနီးကို အမဲသားစားခ်င္လို႔ဆိုၿပီး ကိုလွေထြးဆီက အတင္း ေတာင္းေနေသးတာ။

သူတို႔နယ္မွာ အမဲသားက ေပၚတုန္းေပၚခိုက္ပဲရတာဆိုေတာ့ ကိုလွေထြးခမ်ာ ၀ယ္မေကြၽးတတ္ဘူး။ ဒီေတာ့ မတင္ေမက ေဒါသတႀကီး ကေလာ္တုတ္တာမ်ား ေဘးပတ္၀န္းက်င္က မၾကားဝံ့မနာသာ။

” တင္ေမရယ္…မီးဖြားလုဆဲဆဲ ဘာလို႔ငါ့ကို ဆဲဆိုေနရတာလဲဟာ။ ငါလည္း နင္ျဖစ္ခ်င္တာကို လုပ္ေပးေနတာပဲေလ…”

” အိုေတာ္…ဆဲမွာပဲ။ မဆဲေစခ်င္ရင္ က်ဳပ္စားခ်င္တာ ေတာ္ ရေအာင္ လုပ္ေပး…”

” အမဲသားက ရမွ မရတာ တင္ေမရာ ။ ငါ ေက်းေတာကုန္းက အမဲဒိုင္အထိေတာင္ ေရာက္ၿပီးၿပီ။ ဒီေန႔ ႏြား၀ယ္မရလို႔ အမဲမေပၚျဖစ္ဘူးတဲ့ဟ…”

” မသိဘူးေတာ္…က်ဳပ္စားခ်င္တာမရရင္ ေတာ့့္အသားကို စားမွာ…”

” ဟာ…”

ကိုလွေထြး အေတာ့္ကို ထိတ္လန္႔သြားရတာ။ မတင္ေမေျပာပုံက မ်က္ေထာင့္နီနီ၊ သြားရည္တျမားျမားနဲ႔ တကယ့္ကို စားေသာက္မယ့္ ပုံႀကီးေလ။

အဲ့ဒီေန႔ ကိုလွေထြးခမ်ာ တစ္ေနကုန္ကိုပဲ မတင္ေမနဲ႔ လြတ္ေအာင္ ေရွာင္တိမ္းေနရေတာ့တာရယ္။

ညေနေစာင္းလာေတာ့ မတင္ေမ ဗိုက္က တအားနာလာေတာ့တာမို႔ ႐ြာကလက္သည္ကိုေခၚၿပီး ေမြးဖို႔လုပ္ရေတာ့တာ။

ဒါေပမယ့္လည္း ကေလးသာဆမြးေတာ့မယ္ မတင္ေမ ပါးစပ္က ကိုလွေထြးကို သူစားခ်င္တာမစားရလို႔ ႀကိမ္းဝါးတဲ့အသံကေတာ့ စဲမသြားခဲ့ဘူး။

* * * * * *

” အဘြားေလးေရ…အဘြားေလး…”

ဝိုင္းထဲကို ၀င္လာရင္း ဒိုးေလးက ေအာ္တာ။ အရီးေကာင္းတစ္ေယာက္ ထြက္ၾကည့္လာေတာ့ ဒိုးညီေနာင္တို႔ကို ျမင္ေတာ့ အံ့ၾသလို႔ေပါ့။

” ဒိုးႀကီးနဲ႔ ဒိုးငယ္…သားတို႔ ေမွာင္ေတာင္ေမွာင္ေနၿပီ ဘယ္ကဘယ္လို…”

တကယ္ေတာ့ မတင္ေမေမြးမယ့္ရက္က် ဒိုးႀကီးနဲ႔ ဒိုးငယ္တို႔ လာခဲ့မယ္ေျပာတာကို အရီးေကာင္းက ေမ့ေနတာရယ္။

” က်ဳပ္တို႔လာတာ အလႉတုန္းက ကိစၥေၾကာင့္ေလ အဘြားေလးရဲ႕။ ဒီမွာ က်ဳပ္တို႔ အဘလည္းပါတယ္…”

” ဟုတ္ၿပီ…ဟုတ္ၿပီ…ဘြားေလး ေမ့တာေမ့တာ။ ကဲ…လာၾက…လာၾက…”

အရီးေကာင္းက ဒိုးညီေနာင္တို႔အားလုံးကို အိမ္ေပၚေခၚၿပီး ေနရာထိုင္ခင္းေပးတယ္။

ဦးဘတင့္ခမ်ာေတာ့ အခုထိ ဘာေၾကာင့္ အလယ္အင္း႐ြာဆီကို သားေတြက လိုက္ပို႔ခိုင္းတယ္ဆိုတာ မသိေသးဘူး။

” အဘြားေလး…က်ဳပ္တို႔ ဘုရား၀တ္ျပဳဦးမယ္။ ဟိုဘက္အိမ္က ကာယကံရွင္ေရာက္လာရင္ အက်ိဳးအေၾကာင္း အရင္ေျပာျပထားေပးပါ…”

ဒိုးႀကီးက ေျပာတာ။ ၿပီးေတာ့ ညီအကိုႏွစ္ေယာက္ အရီးေကာင္းအိမ္က ဘုရားေက်ာင္းေဆာင္ဆီမွာ ဆီမီးနဲ႔ ေရခ်မ္းေတြကပ္လႉလို႔ သူတို႔မွာပါလာတဲ့ အေမႊးနံ႔သာတိုင္ေတြ ပူေဇာ္ၿပီး ၀တ္ျပဳၾကေတာ့တာရယ္။

အခ်ိန္က တေျဖးေျဖးေမွာင္မိုက္လာခဲ့ၿပီ။

” အရီးေကာင္း…အရီးေကာင္း…ဪ ဧည့္သည္ေတြ ေရာက္ေနတာပဲ…”

အိမ္ေရွ႕ဆီက တေၾကာ္ေၾကာ္ေခၚရင္း ေခါင္းကုတ္ဖင္ကုတ္နဲ႔ ေရာက္လာတဲ့ ကိုလွေထြး။

အရီးေကာင္းလည္း ျပာျပာသလဲပဲ ကိုလွေထြးကို ဆင္းေခၚလိုက္ၿပီး အက်ိဳးအေၾကာင္းေျပာျပေတာ့တာရယ္။

အရီးေကာင္းရဲ႕ စကားေတြေၾကာင့္ ကိုလွေထြးတစ္ေယာက္ မယုံၾကည္ႏိုင္စရာ မ်က္၀န္းေတြနဲ႔…။

” အရီး…ျဖစ္ႏိုင္ပါ့မလားဗ်ာ…”

ကိုလွေထြးရဲ႕ စကားေတာင္မဆုံးေသးဘူး။ သူ႔ အိမ္ဘက္ဆီက…။
.
” အမေလး…ကယ္ၾကပါဦး။ ဘီ…ဘီလူးေလး။ တင္ေမ ဘီလူးေလးေမြးလာလို႔…”

ေအာ္သံေၾကာင့္ ကိုလွေထြး သူ႔အိမ္ကို အသည္းအသန္ေျပးမိေတာ့တယ္။

အိမ္ထဲေရာက္ေတာ့ လက္သည္ႀကီးထြန္းထားတဲ့ ေအာက္လင္းဓာတ္မီးအေရာင္နဲ႔ မီးေနခန္းအတြင္းမွာ ျမင္လိုက္ရတဲ့ ျမင္ကြင္းက…။

ေသြးအလိမ္းလိမ္းေပက်ံေနတဲ့ ေမြးကင္းစကေလးငယ္ဟာ ဆန္႔ဆန္႔ႀကီးျဖစ္ေနတဲ့ တင္ေမရဲ႕ နံေဘးမွာ ငုတ္တုတ္ထိုင္ရင္း သူ႔အခ်င္းကိုသူ ျပန္စားေနတာရယ္။

ဘီလူးကေလးက ကိုလွေထြးကိုျမင္ေတာ့ သူ႔ပါးစပ္ကို ဟၿပီးမာန္ဖီေတာ့တာ။

ေၾကာက္မင္ဖြယ္ရာပါပဲ၊ ပါးစပ္က သာမန္ထက္ အဆမတန္ႀကီးေနသလို အထဲမွာ အစြယ္ေတြေပါက္ေနတာကလည္း အာေခါင္အထိပဲ။

ခ်က္ခ်င္းပဲ ကိုလွေထြးအိမ္ဆီကို လူေတြ စုၿပဳံၿပီးေရာက္လာၾကတယ္။ လူေတြကိုျမင္ေတာ့ ဘီလူးကေလးက မာန္ဖီၿပီး ထခုန္တာ လူတစ္ရပ္ေက်ာ္ေက်ာ္ပဲ။

” အကိုလွေထြးနဲ႔ အားေကာင္းေမာင္းသန္ ေယာက္်ားသုံးေယာက္ေလာက္ေနခဲ့ၿပီး က်န္တဲ့သူေတြ ေဝးရာဆီသြားေနေပးၾကပါ…”

ဒိုးႀကီးက ေမတၱာရပ္ခံစကားေျပာတာ။ အေတာ္မ်ားမ်ားက အထိတ္တလန္႔ျဖစ္ၿပီး အိမ္ျပင္ထြက္ၾကတယ္။ ဦးဘတင့္၊ ကိုလွေထြးနဲ႔ အားေကာင္းေမာင္းသန္ေယာက္်ား တခ်ိဳ႕ပဲ က်န္ရစ္ေတာ့တယ္။

” အကို…မင္းဆီက စမ’ အခ်ဳပ္အင္းကို ထုတ္ေတာ့…”

ဒိုးငယ္က စိတ္ထက္သူပီပီ အေဆာတလ်င္ ေျပာတာ…။

ဒိုးႀကီးက ခ်က္ခ်င္းပဲ သူ႔လြယ္အိတ္ထဲက သိမ္၀င္သပိတ္ကြဲဆီမွာ ေရးဆြဲထားတဲ့ ႏႈိးထားၿပီးသား အခ်ဳပ္အင္းကို ထုတ္လိုက္ၿပီး ခုန္ဆြမာန္ဖီေနတဲ့ ဘီလူးေလးကို ဦးတည္ၿပီး ရစ္ခ်ည္လိုက္တယ္။

” အီး…”

” ဒုႏ္​း…”

ခုန္ဆြေနတဲ့ ဘီလူးေလးကို တစ္စုံတစ္ခုက ခ်ဳပ္ေႏွာင္လိုက္သလိုျဖစ္ၿပီး မခ်ိဳမဆန္႔ေအာ္ဟစ္ရင္း ၾကမ္းျပင္ဆီကို ျပဳတ္က်လာတာ။

” သူ႔ကို ခ်ဳပ္ထားတုန္း အေမျဖစ္သူကို အျမန္ဆြဲထုတ္ၾကေခ်…”

ကိုလွေထြးအပါအ၀င္ အားေကာင္းေမာင္းသန္ေယာက္်ားတို႔ သတိလစ္ေနတဲ့ မတင္ေမကို အျမန္ဆြဲထုတ္ၾကတယ္။ မတင္ေမအျပင္ကိုေရာက္တာနဲ႔ ဒိုးညီေနာင္က အခန္းကို စည္းခ်လိုက္ၿပီး…။

” အားလုံးပဲ အရီးေကာင္းတို႔ ၿခံဘက္ကို သြားေနေပးၾကပါ…”

လူအားလုံး ကိုလွေထြး ၿခံထဲကေန ထြက္သြားကုန္ၾကၿပီ။

” ကဲ…အကို၊ မင္း သူ႔ကို ခ်ဳပ္ၿမဲအတိုင္း ခ်ဳပ္ေပးထား။ ငါ သူ႔ကို ႏွင္ထုတ္ဖို႔ အင္း႐ိုက္လိုက္တာနဲ႔ မင္းက အခ်ဳပ္အင္းကို ျဖည္လိုက္ေတာ့…”

ဒိုးငယ္ကေျပာၿပီးတာနဲ႔ သူ႔ရဲ႕ ဘယ္ဘက္လက္ဖဝါးမွာ တစ္ခုေသေဒဝါအင္းကို ေရးဆြဲအင္းအသက္သြင္းၿပီး အခ်ဳပ္ခံထားရတဲ့ ခါဒကယကၡ( ဝါ ) ကေလးငယ္ရဲ႕ နဖူးဆီကို လွမ္း႐ိုက္လိုက္ေတာ့တာ။ ဒိုးငယ္႐ိုက္တာနဲ႔ ဒိုးႀကီးက အခ်ဳပ္အင္းကို ေျဖလိုက္တာနဲ႔က တစ္ခ်ိန္ထဲပဲ။

” ဝုန္း…”

က်ယ္ေလာင္တဲ့အသံနဲ႔အတူ တစ္အိမ္လုံး သိမ့္သိမ့္တုန္သြားခဲ့တာ။ ကေလးငယ္ဟာ ေပ်ာ့ေခြက်သြားၿပီး အရိပ္မည္းႀကီးတစ္ခုက အခန္းထဲမွာ ေပၚလာတယ္။

အဲ့ဒီ့အခါမွာေတာ့ ဒိုးငယ္ေကာ ဒိုးႀကီးပါ ေဂါတမယကၡမႏၲာန္ကို အာဏာစက္ျပင္းျပင္းနဲ႔ ႐ြတ္ေတာ့တာရယ္။ မႏၲာန္ကို စ႐ြတ္လိုက္တာနဲ႔ပဲ ဒိုးညီေနာင္တို႔ရဲ႕ အေနာက္မွာ သံလ်က္ကိုင္ ေ႐ႊေရာင္ယကၡႀကီးက ေပၚလာခဲ့တယ္။

” အား…အရွင္ သံလ်က္နဲ႔ မခုတ္ပါနဲ႔…ကြၽႏ္ုပ္ ေၾကာက္…ေၾကာက္ပါၿပီ…”

မည္းမည္းအရိပ္ႀကီးက ေ႐ႊေရာင္ယကၡႀကီးကိုျမင္ေတာ့ ဒူးေတြၫြတ္ေခြက်သြားၿပီး ထိတ္လန္႔တၾကားေအာ္ေတာ့တာ။

” ခါဒကယကၡ…သင္နဲ႔ လူ႔ဘုံက ဘာမွမသက္ဆိုင္ဘူး။ သင့္႒ာေနကို ေကာင္းေကာင္းမြန္မြန္နဲ႔ သင္ျပန္ေနပါ…”

” ေန…ေနပါမယ္…”

ဒိုးငယ္နဲ႔ ခါဒကယကၡတို႔ ေျပာေနၾကတဲ့စကား။ ဒိုးႀကီးက…။

” ေကာင္းၿပီေလ…သင့္ကတိကို သင္တည္မယ္လို႔ ယုံၾကည္မိတာမို႔ က်ဳပ္တို႔ညီေနာင္ သင့္ကို လႊတ္ေပးလိုက္မယ္…”

ဒိုးညီေနာင္က ေဂါတမယကၡမႏၲာန္ေတာ္ကို ျပန္ျဖည္လိုက္တယ္။ အဲ့ဒီ့ခဏမွာပဲ အရိပ္မည္းႀကီးက အခန္းထရံကို ေဖာက္ထြက္လို႔ ထြက္ေျပးသြားခဲ့ေတာ့တာရယ္…။

ဒီ့ေနာက္ပိုင္းမွာေတာ့ ဒိုးညီေနာင္ဟာ အျခားပေယာဂေတြ ၀င္လာၾကမွာစိုးတဲ့အတြက္ ကေလးငယ္အေလာင္းကို ေလးပိုင္းပိုင္းၿပီး အခ်ဳပ္အေႏွာင္အစီအမံနဲ႔ ေနရာခြဲၿပီး ျမႇဳပ္ႏွံေစခဲ့တယ္။

သတိလစ္ေနတဲ့ မတင္ေမကိုလည္း အင္းစကၠဴတစ္႐ြက္ကို ျပာခ်ေရေဖ်ာ္ၿပီး တိုက္ေကြၽးေစခဲ့တယ္။ အဲ့ဒါကို ေသာက္ၿပီးခ်ိန္မွာေတာ့ မတင္ေမရဲ႕ ကိုယ္တြင္းက နံေစာ္ၿပီး မည္းပုတ္ေနတဲ့ အညစ္အေၾကးအရည္ေတြ က်လာေတာ့တာ။

ဒီျပႆနာကို ေျဖရွင္းၿပီး ေက်ာင္းကို ျပန္ေရာက္ခ်ိန္မွာေတာ့ ဒိုးညီေနာင္တို႔ဟာ ဘဘုန္းနဲ႔ ကပၸိယႀကီးတို႔ဆီမွာ ခြင့္မေတာင္းဘဲ လုပ္ေဆာင္ခဲ့မႈအတြက္ အျပစ္ေပးခံၾကရေတာ့တယ္။

ညီေနာင္ႏွစ္ေယာက္ အျပစ္ခံေနသခိုက္မွာပဲ ေက်ာင္းဆီကို မုတ္ဆိတ္ျဖဴျဖဴနဲ႔ လူႀကီးတစ္ေယာက္ေရာက္လာခဲ့တယ္။

ဒီမုတ္ဆိတ္ျဖဴႀကီးနဲ႔ ပက္သက္တဲ့ အေၾကာင္းအရာကိုေတာ့ ဒိုးညီေနာင္နဲ႔ “ပါရမီျဖည့္ခရီးၾကမ္း” စာမူတြင္ ဆက္လက္ဖတ္ရႈၾကပါကုန္…။

ၿပီးပါၿပီ။

ေနာင္႐ိုး( ေဆးတပ္)