မောင်ရေခဲ နှင့် ဘုရားပျက်မှဖြစ်ရပ်ဆန်း(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် ဘုရားပျက်မှဖြစ်ရပ်ဆန်း(စ/ဆုံး)
————————————
” ဒုတ်….ဒုတ်…ဒုတ်…ဒုတ်ဒုတ်ဒုတ်…..”
” အောက်အီးအီးအွတ်…အောက်အီးအီးအွတ်….”
၎င်းကားမနက်အာရုဏ်ဦး၏နိုးဆော်သံဖြစ်သောအသံဖြစ်သည်။ ရွာဦးကျောင်းရှိ တုံးမောင်းခေါက်သံဖြေးဖြေးမှန်မှန်ကို မနက်တိုင်းကြားကြရမြဲဖြစ်သည်။ တုံးမောင်းခေါက်သံကြားသည်နှင့် လင်းကြက်တို့ကလည်း ဟိုမှသည်မှ တွန်ကြူးနေကြ၏။ ထိုတုံးမောင်းခေါက်သံနှင့် လင်းကြက်တွန်သံတို့ကြားလျှင် ရွာအတွင်းရှိ အိမ်ရှင်မတို့သည် အိပ်ယာမှထလာပြီး ဆွမ်းချက်ရန်ပြင်ဆင်ကြတော့သည်။ ဟိုအိမ်သည်အိမ်မှ အိုးခွက်ပန်းကန်သံတို့သည်ကား မနက်ခင်းအလှကိုပို၍ပြည့်စုံစေသကဲ့သို့ပင်။
” ဒင်း….ဒင်း….ဆွမ်းဆော်ဗျို့….”
မနက်ခုနှစ်နာရီထိုးသည်နှင့် ရွာဦးကျောင်းမှဖိုးသူတော်လေး၏ ကြေစည်သံနှင့်အတူ ညီညာစွာစီတန်း၍လာနေသော သံဃာတော်အရှင်သူမြတ်အပေါင်းတို့ကိုတွေ့ရသည်။
” အူး…ဝူး…ဝူး…ဝူး….”
ထိုအရှင်သူမြတ်တို့၏အနောက်ပါး၌ကား ကြေးစည်သံကိုကြား၍ လိုက်အော်နေသောခွေးတစ်စု။
အရှေ့ဘက်တောင်တန်း၏ထိပ်မှ နေဝန်းကြီးသည် ငွားစွင့်စွာထွက်ပြူလာရင်း တစ်နေ့တာ သူ၏တာဝန်ကိုထမ်းဆောင်ရန်အသင့်ဖြစ်နေသည်။ ထိုနည်းတူကျေးရွာအတွင်းမှလူသူတို့သည်လည်း လုပ်ငန်းဆောင်တာများ လုပ်ကိုင်ရန်အတွက် ပြင်ဆင်နေကြသည်။
” သားကြီးရေ…ထမင်းထုပ်မေ့ခဲ့မယ်နော်…ရေဗူးကောအပါယူခဲ့ဦးကွဲ့…”
” ဟုတ်ဟုတ်မေကြီး…”
ဤကားမလုံးရွှေတို့မိသားစု၏ လယ်တောထဲသွားရန်ပြင်ဆင်နေပုံ။ မလုံးရွှေတို့သားအမိသားအဖသုံးယောက်ကား အလွန်လိုက်ဖက်ညီလှသည်။ အလုပ္မ်ားကို တစ်ယောက်တစ်လက် ကူညီဖေးမလုပ်ကိုင်ကြသော အားကျဖွယ်မိသားစုဖြစ်သည်။
ထိုမိသားစု၏လုပ်ငန်းဆောင်တာတည်ရှိရာနေရာသည်ကား ရွာတောင်ဘက်တောထဲ၌ဖြစ်သည်။ တခြားသူတို့၏စိုက်ခင်းများလည်း ထိုမှာဘက်၌ရှိကြကုန်၏။
မလုံးရွှေတို့မိသားစုက လယ်တောထဲရောက်သည်နှင့် လယ်ယာအထွက်တိုးရန် ထုပ်လာသည့်ထမင်းအနည်းငယ်ကိုယူပြီး လယ်စောင့်နတ်ကို အရင်ဆုံးပူဇော်ပသပြီးမှ လုပ်ငန်းဆောင်တာများ လုပ်ကိုင်ကြ၏။
နေ့လည်ထမင်းစားချိန်၌ထမင်းစားနားကြချိန် မလုံးရွှေနှင့်ကိုရင်မောင်တို့က ခြေတံရှည်တဲလေးပေါ်၌တရေးတမောအိပ်ကြ၏။ သားဖြစ်သူ သီဟကား ကေလးပီပီ လောက်လေးဂွကိုင်ကာ တောထဲရှိငှက်ကလေးများကို လိုက်လံပစ်ခတ်သည်။
သီဟကတောထဲသို့သွားရင်း သူတစ်ခါမှမရောက်ဖူးသောနေရာသို့ရောက်သွားသည်။ ထိုနေရာ၏ ကုန်းမို့မို့ထက်တွင်ကား ချုံနွယ်အထပ်ထပ်တက်နေသော အုတ်ပုံတစ်ပုံ။
” ဟင်…ဒီနေရာမှာ အုတ်ကိုဘယ်သူလာပုံထားတာလဲ…”
သူစဉ်းစားရင်း ထိုအုတ်ပုံပတ်ပတ်လည်ကိုပတ်ကြည့်ရာ
” ဒုတ်…”
” အာ့…”
ခြေထောက်ကတစ်ခုခုကိုတိုက်မိပြီး မှောက်လဲကျသွားသည်။
” အား…ကျွတ်…ကျွတ်…နာလိုက္တာ…ဘာကြီးလဲငါခလုတ်တိုက်မိတာ…”
ဆိုပြီး သူခလုတ်တိုက်မိသောအရာအား ကြည့်လိုက်ရာ မြေပေါ်သို့အနည်းငယ်မျှသာပေါ်နေသော အင်္ဂတေတစ်ခု။
” ဘာလဲဟ…ငါတူးကြည့်ဦးမယ်…”
ဆိုပြီး ဘေးမှတုတ်တချောင်းကိုယူကာ တူးကြည့်လိုက်၏။ မိုးရွာထားသောကြောင့်မြေမှာ ပျော့နေပြီးအလွယ်တကူပင်တူး၍ရနေသည်။ အချိန်အတော်ကြာတူးပြီးသော် ထိုအရာသည်မြေထဲမှအနည်းငယ်ပေါ်လာ၏။
” ဟာ…ခြင်္သေ့ရုပ်တုကြီးပါလား…သူကဘာလို့မြေထဲဝင်သွားတာလဲ…”
သီဟကမြေထဲရှိနေသော ခြင်္သေ့ရုပ်တုအားကြည့်ပြီး ဉာဏ်မှီသလောက်စဉ်းစားနေ၏။
” ဖေကြီးတို့ကိုသွားပြောပြဦးမှဘဲ…ဒီမှာခြင်္သေ့ကြီးကို မြေမြိုနေတယ်…”
ကေလးပီပီမဟုတ္က ဟုတ်ကပြောပြီး တောထဲမှအပြေးကလေးထွက်လာခဲ့သည်။
” မေကြီး…ဖေကြီးရေ…”
သူပြန်ရောက်နေချိန်၌မိဘနှစ်ပါးက အလုပ်လုပ်နေပေပြီ။
” ဟော…သားကြီး ဘယ်တွေသွားနေတာလဲကွဲ့…အဝေးကြီးသွားမဆော့ရဘူးလေ…”
” သား…ဟိးုဖက်တောထဲမှာငှက်သွားပစ်တာဖေကြီးရဲ့…”
” ဘယ်မှာလဲ…ငှက်တွေမိခဲ့ရဲ့လား…”
” တစ်ကောင်မှမမိဘူးဖေကြီး…ဒါပေမဲ့ သားကမြေမြိုနေတဲ့ ခြင်္သေ့ရုပ်တုကြီးတစ်ကောင်ကိုတွေ့ခဲ့တယ်ဖေကြီးရ…”
” ဟမ်…မင်းဟာကအဆန်းပါလားကွ…ဘယ်ခြင်္သေ့ကြီးကိုမြေမြိုမှာတုံးကွငါ့သားရ…”
” တကယ်ပါဆိုဖေကြီးရ…”
” အင်းထားတော့…ဒါနဲ့အဲဒါကြီးကိုမင်းကခြင်္သေ့ကြီးမှန်း ဘယ္လိုသိတာ…”
” ဒါလေးများဖေကြီးရာ…သားတို့ရွာဘုန်းကြီးကျောင်းကဘုရားမှာ ခြင်္သေ့ရုပ်ကြီးရှိနေတာဘဲ…ခုသားတွေ့တဲ့အရုပ်ကြီးကလည်း အဲဒါကြီးနဲ့တူလို့ပေါ့ဗျ….ပြီးတော့လေ အဲဒီခြင်္သေ့ကြီးအနားမှာ ချုံတွေတက်နေတဲ့ အုတ်ပုံကြီးတစ်ပုံလည်းရှိသေးတယ်ဖေကြီးရ…”
” ဟမ်….”
သားဖြစ်သူစကားကြောင့် ကိုရင်မောင်တို့လင်မယားတစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြသည်။
” ဘယ္လိုသား…အုတ်ပုံကြီးတစ်ပုံဟုတ်လား…”
” ဟုတ်တယ်မေကြီးရ…”
” သားလျှောက်ပြောနေတာလား…”
” မဟုတ်ဘူးမေကြီးရ… သားအတည်ပြောနေတာ…ဒီမှာကြည့်သားလက်မှာမြေကြီးတွေပေနေတာတွေ့လား…အဲဒါသားကမြေထဲကနေခြင်္သေ့ကြီးကိုထုတ်ပေးမို့လုပ်တာလေ…”
သားဖြစ်သူကိုကြည့်သော်လည်း ဟုတ်မှန်သောစကားကိုဆိုနေသည့်ပုံစံဖြစ်နေသဖြင့် ကိုရင်မောင်သည် မိန်းမဖြစ်သူအား
” မလုံးရွှေရေ…တို့သားပြောပုံအရဆို…တစ်ခုခုတော့တစ်ခုခုဘဲဗျ…”
” ဪ…တော်ကလည်း ကလေးပြောတာကိုလျှောက်ယုံနေတာလား…”
” ယုံတာမယုံတာ အသာထား…သားပြောတာဟုတ်မဟုတ်ငါသွားကြည့်ချင်တယ်ကွ…လာသား…အဲဒီခြင်္သေ့ကြီးရှိတဲ့နေရာ ဖေကြီးကိုလိုက်ပို့…”
” ဟုတ်ဖေကြီး…”
ကိုရင်မောင်က သားငယ်၏လက်ကိုဆွဲကာ ထိုနေရာသို့လိုက်ခဲ့၏။ မလုံးရွှေလည်း အနောက်မှလိုက်လာခဲ့၏။ သားဖြစ်သူပြောသည့်နေရာကိုရောက်သော် ထိုနေရာကြီးသည် ရှေးဟောင်းစေတီပျက်တစ်ဆူဖြစ်မှန်းသိလိုက်ရသည်။ သို့ကြောင့် အုတ်ပုံသာသာစေတီပျက်လေးအား ရှိခိုးဦးချပြီး ရွာသို့ပြန်လာခဲ့ကြသည်။
ရွာထဲတွင်ကိုရင်မောင်တို့မိသားစု တောထဲမှဘုရားကိုတွေ့သည့်အကြောင်းကား
တစ်ရွာလုံးပြန့်သွား၏။
” ကိုရင်မောင်တို့မလုံးရွှေတို့ တောထဲမယ်ဘုရားတွေ့လို့တဲ့ဟေ့…လာကြတို့တွေ ဟုတ်မဟုတ်သွားကြည့်ကြရအောင်…”
” အေး…တို့တွေသွားဖူးကြမယ်ဟေ့…”
” ငါတော့အဲဒီဘုရားမှာ သုံးလုံးထီပေါက်ဖို့ဆုသွားတောင်းဦးမှဘဲ..”
ရွာသားများတစ်စုပြီးတစ်စု ထိုဘုရားပျက်ရှိရာသို့လာခဲ့ကြ၏။ အချို့လူကြီးသူမတို့မှာ ဆွမ်း၊ပန်း၊ရေချမ်းတို့ကိုပါ ယူလာပြီး စေတီပျက်အား လာရောက်ပူဇော်ကြ၏။ ထိုနေ့၌ တောထဲရှိစေတီပျက်အား လာကြသည်မှာ ရွာထဲရှိလူများသာမက ရွာနီးနားကလူပါ လာဖူးကြသဖြင့် ပွဲရှိနေသကဲ့သို့ပင်စည်ကားသွားတော့၏။ ထိုသတင်းသည် ရွာဦးဆရာတော်၏ နားသို့ရောက်လာခဲ့သည်။
” တောထဲမှာ ဘုရားစေတီတွေ့တယ်ဟုတ်လား…ဒါကောင်းတဲ့ကိစ္စဘဲကွဲ့…ဒီစေတီကို ပြန်လည်မွမ်းမံကြစို့လေ…ဒကာကြီးတို့ဘယ်လိုသဘောရလဲကွဲ့ ….”
” ရှင်ဘုရားကောင်းသလိုသာ စီစဉ်ပါဘုရား..တပည့်တော်တို့ရွာသူရွာသားတွေလည်း တတ်နိုင်တဲ့လူအားငွေအားနှင့် အစွမ်းကုန်ကူညီမယ်ဘုရား….”
” အိမ်း…သာဓုကွယ်… သာဓု…သာဓု…”
ဤသို့ဖြင့် ရွာဦးဆရာတော်ကဦးဆောင်ပြီး ရွာသားရွာသားတို့က လူအားငွေအားဖြင့်ကူညီရန်အသင့်ရှိနေကြ၏။ မရှိသေးသည်မှာကား ပန်းရံဆရာ။ ဘုရားကိုပြန်လည်မွမ်းမံသည့်နေရာကား ပန်းရံဆရာသည်အရေးပါသော အပိုင်းမှပါဝင်လေရာ ရွာထဲ၌လည်း ဘုရားတည်တတ်သည့် ပန်းရံဆရာကမရှိ။ သို့ကြောင့် ဆရာတော်ဘုရားကပင် လူလွှတ်ပြီး ပန်းရံဆရာရှာပုံတော်ဖွင့်ရသည်။
ဤသို့ဖြင့် ပန်းရံဆရာရှာပုံတော်ဖွင့်ကြရာ သုံးရက်မြောက်နေ့၌ အခြားရွာတစ်ရွာမှ ပန်းရံဆရာအဖွဲ့ကိုတွေ့ပြီး ရွာသို့ခေါ်လာခဲ့ကြသည်။
” တပည့်တော်တို့က ဒီဘုရားကိုပြန်လည်မွမ်းမံပေးပါ့မယ်ဘုရား…ဒါပေမဲ့ လက်ခတော့တပည့်တော်တို့တောင်းသလောက်ပေးမှဘဲ အလုပ်ကိုလက်ခံပါ့မယ်ဘုရား…”
” အိမ်းကွယ်…ဒကာကြီးတို့တောင်းသလောက်ပေးပါ့မယ်…ဘုရားကိုဘဲပြီးမြောက်အောင် ပြန်လည်မွမ်းမံပေးကြပါကွဲ့…”
ဆိုပြီးဆရာတော်က ပန်းရံဆရာအဖွဲ့တောင်းသော လက်သမားခကိုပေးပြီးအလုပ်အပ်လေသည်။ သို့သော် ပန်းရံအဖွဲ့သည် ဘုရားကိုပြန်လည်မွမ်းမံရာ၌ ပြီးလျှင်ပြီးရောစိတ်ထားကာ ဘုရားအင်္ဂါရပ်နှင့်မညီဘဲ ပြီးစလွယ်လုပ်ကြ၏။ လက်သမားခကားမဆမတန်တောင်း၏။ သို့ကြောင့်ဘုရားစောင့်သည် ထိုလက်သမားအဖွဲ့ကိုအလိုမကျဘဲရှိနေလေသည်။ ဘုရားကိုပြန်လည်မွမ်းမံပြီးနောက်ဆုံးည၌ ရုပ်လုံးပေါ်နေပြီဖြစ်သောဘုရားစေတီသည် အင်္ဂတေများပြန်လည်ကွာကျပြီး မွမ်းမံထားသမျှလည်း အကုန်ပြိုကျပျက်စီးလေသည်။
ထိုနေရာမှအိပ်ပြီးအလုပ်လုပ်နေသောပန်းရံအဖွဲ့သားတို့လည်း အမျိုးမျိုးသောအခြောက်အလှန့်တို့ခံရပြီး ဘုရားပျက်ကိုသည်အတိုင်းထားပစ်ခဲ့ကာ ထိုရွာမှထွက်ပြေးကြရလေသည်။ ဤပထမအကြိမ်တွင်ကားရွာသားတို့၏အလှူမှာ အထမမြောက်ခဲ့ချေ။ ထိုဘုရားပျက်အား ပြန်လည်မွမ်းမံရမည်ဟူသော ရွာသူရွာသားတို့၏စိတ်ဓာတ်ကားကျမသွားခဲ့ချေ။ ဒုတိယအကြိမ် စုပေါင်းပြီး အလှူငွေများထပ်မံထည့်ကာ စေတီကိုပြန်လည်မွမ်းမံပေးမည့် ပန်းရံဆရာအဖွဲ့ကို ထပ်မံရှာကြပြန်သည်။
များမကြာမှီမှာပင် တခြားပန်းရံဆရာအဖွဲ့ကိုထပ်မံခေါ်ယူကြပြန်သည်။ ထိုပန်းရံအဖွဲ့သမားတို့သည်ကား ပထမပန်းရံအဖွဲ့သားလောက် ငွေကြေးမတောင်းသဖြင့် ဆရာတော်ကအလုပ်အပ်လိုက်၏။ ပန်းရံအဖွဲ့သားတို့သည် ရွာတောင်ဘက်ရှိ စေတီပျက်အနီး ယာယီဆောက်ထားသော တဲလေး၌နေပြီး ဘုရားကိုပြန်လည်မွမ်းမံကြ၏။
နေ့အခါတွင်ရွာသူရွာသားတို့ကလာပြီး ပန်းရံအဖွဲ့သားများအား ကူညီလုပ်ကိုင်ပေးကြ၏။ ထိုပန်းရံအဖွဲ့၏ခေါင်းဆောင်ကား ဦးသာမောင်ဟုအမည်ရ၏။ ဦးသာမောင်သည် ပန်းရံဆရာဆိုသော်လည်း ပန်းရံဆရာနှင့်မတူ အထက်ပုဂ္ဂိုလ်ယောင်ယောင် အောက်ပုဂ္ဂိုလ်ယောင်ယောင်ဖြင့် ခန့်မှန်းရခက်သောလူကြီးဖြစ်သည်။ တစ်နေ့၌ဦးသာမောင်သည် အုန်း၊ငှက်ပျောအသစ်ဝယ်ခိုင်းကာ ပွဲအသစ်လဲရမည်ဆိုသည်။
ထိုညကားလပြည့်ညဖြစ်သဖြင့် လမင်းကြီးသည် ရွှန်းရွှန်းဝေလျက်ရှိ၏။ ဦးသာမောင်သည် အုန်းပွဲ၊ငှက်ပျောပွဲပြင်ဆင်ပြီး ပတ်ပတ်လည်ကိုပရိတ်ချည်ကြိုးကို ချည်ထားလိုက်သည်။ ပြီးသော်မန္တာန်များရွတ်ဆိုပြီး ဘုရားသိုက်ကိုစတင်တူးဖောတော့သည်။
” ဖျော….ဖေရာ…ဝေါ…”
” ဂျိန်း….”
ထိုစဉ်လေကြီးမိုးကြီးသည် မထင်မှတ်ဘဲရွာသွန်းလေရာ ပွဲပေးထားသောဆီမီးများ ငြိမ်းကုန်၏။ လျှပ်စီးများလည်းတဖြတ်ဖြတ်လက်ကာ ကောင်းကင်တစ်ခွင်လုံးလင်းလနဲ၊လက်ခနဲဖြစ်သွား၏။ မိုးချုန်းသံတို့ကလည်း ကမ္ဘာမြေပြင်တစ်ခုလုံးတုန်ဟီးသွားသကဲ့သို့ပင်။
” သွားပါပြီကွာ…ဒီညကျမှမိုးကဘယ်လိုဖြစ်တာလဲ…ဟေ့ကောင်အောက်သန်း…ဆက္တူးထား…တူးတာမရပ်လိုက်နဲ့…ငါတို့ရဲ့ဆရာသာမောင် မန္တာရွတ်နေသေးသ၍ငါတို့ဘေးကင်းတယ်ကွ…”
ဆိုပြီး ဆိုးပေကပြောလေရာ မြေကိုတူးနေသောအောင်သန်းလည်း ပေါက်ပြားကိုသေချာပြန်ကိုင်ပြီးဆက်တူးနေ၏။
” ဝုန်း….”
” ဖေရာ…ဖေရာ…”
” ဟာ…စေတီပြိုကျလာပြီသတိထားကြ…”
ရုတ်တရက်ပြန်လည်မွမ်းမံထားသောစေတီကြီးသည် ဝေါခနဲပြိုကျလာလေရာ စေတီရင်ပြင်၌ ထိုင်ပြီးမန္တာန်ရွတ်နေသော ဦးသာမောင်သည်လန့်ပြီး ရုတ်တရက်ထပြေးလေ၏။
” ဝုန်း….”
” ဂျိန်း….”
ထိုစဉ်ကောင်းကင်သည် ဖျတ်ခနဲလက်သွားပြီး လျှပ်စီးမိုးကြိုးသည် ဦးသာမောင်အပေါ်သို့တည့်တည့်ကျသွားတော့သည်။
” အား…..”
” ဟာ…ဆရာသာမောင်ကိုမိုးကြိုးပစ်ပြီ…”
ဦးသာမောင်၏ အားခနဲ အော်သံနှင့်အတူတပည့်ဖြစ်သူတို့ပေါက်ပြားကိုလွှင့်ပစ်လိုက်ပြီး ဆောက်တည်ရာမရ ကြောက်လန့်တကြားအော်ဟစ်သံတို့ကား တောကြီးထဲဟိန်းညံသွားတော့သည်။
ရွာသူရွာသားတို့သည်ညကဘုရားတွင် ဖြစ်ပျက်သွားသော ကိစ္စကိုတစ်ယောက်မှသိလေဟန်မတူပေ။ သူတို့သည်ပန်းရံသမားတို့အားကူညီရန် တက်ညီလက်ညီဖြင့် ဘုရားသို့လာခဲ့ကြသည်။ ဘုရားသို့ရောက်ချိန်တွက်ကား ပြန့်ကျဲနေသော အုန်းသီး၊ငှက်ပျောသီးတို့နှင့်အတူ မီးလောင်ကျွမ်းထားသော လူတစ်ယောက်ပုံစံကိုတွေ့လိုက်ရသည်။
” အမေလး…ဘာကြီးလဲ…”
” ဗုဒ္ဓေါ! ညကဒီမှာဘာဖြစ်သွားတာလဲ…”
” ဗျို့…ဦးသာမောင်တို့ရေ….”
” တစ်ဝက်ထိပြီးနေတဲ့စေတီလည်း ပြန်ပြိုကျကုန်ပြီ…”
တစ်ယောက်တစ်ပေါက် ပြောဆိုရင်း တချို့ကပန်းရံဆရာဦးသာမောင်တို့အဖွဲ့ကို လိုက်ရှာကြ၏။ သို့သော်မည်သူမျှမတွေ့ကြတော့ချေ။ ထိုအကြောင်းကိုဆရာတော်ဘုရားကကြားသိရသော်
” အိမ်း…ဒီစေတီဟာ…ပဋ္ဌာန်းဆက်ပါတဲ့လူမှ ပြန်လည်မွမ်းမံလို့ရတဲ့စေတီဘဲ…ခုလာခဲ့ကြတဲ့ပန်းရံဆရာတွေဟာ စေတီကိုမွမ်းမံချင်စိတ်မရှိဘဲ…လောဘတွေဖုံးလွမ်းနေလို့ ဒီလိုတွေကြုံတွေ့ရတာဖြစ်မယ်…စေတီကိုဒီတိုင်းထားပြီး ပဋ္ဌာန်းဆက်ပါတဲ့လူကိုစောင့်ကြရုံရှိတာပေါ့ကွယ်…”
” တင်ပါ့ဘုရား…စေတီနားကမီးသွေးခဲကြီးကိုရောဘယ်လိုလုပ်ကြမလဲဘုရား….”
” အဲဒါကလောဘသားကောင်ရဲ့ ရုပ်ကြွင်းခန္ဓာဘဲ…သူ့ကိုမြေမြုပ်သဂြိုလ်ပေးလိုက်ကြကွယ်…”
ဤသို့ဖြင့်စေတီပျက်လေးကိုပြန်လည်မွမ်းမံခြင်းမပြုတော့ဘဲ မူလအတိုင်းသာပြန်ထားလိုက်ကြသည်။ တစ်နှစ်ဟူသောအချိန်ကာလသည်ကား အရာရာကို ပြောင်းလဲသွားခဲ့စေပြီ။ ရွာသူရွာသားတို့လည်း တောထဲရှိ စေတီပျက်လေးသို့ ခြေဦးပင်မလှည့်တော့ချေ။
မောင်ရေခဲသည် အထက္က အမိန့်အရ ခရီးထွက်ရတော့မည်ဖြစ်သောကြောင့် တပည့်ဖြစ်သူကို လိုအပ်သည်များ ပြင်ဆင်ခိုင်းသည်။ မိဘနှစ်ပါးကတရားစခန်းဝင်နေကြသဖြင့် အိမ္ကို ဘေးရှိအိမ်နီးနားချင်းတို့ထံအပ်ကာ ကြည့်ရှုစောင့်ရှောက်ပေးရန်မှာကြားပြီး အောက်ပြည်သို့စုန်ဆင်းလာခဲ့သည်။ ထင်ပေါ်ကားဆရာဖြစ်သူနောက်မှတကောက်ကောက်လိုက်လာခဲ့သည်။
ခရီးခုနှစ်ရက်မြောက်နေ့၌ အလိုရှိရာအရပ်သို့ရောက်လာခဲ့သည်။ မောင်ရေခဲက ရွာထဲသို့မဝင်ဘဲ စေတီပျက်ရှိရာသို့ ဝင်လာခဲ့သည်။
” ရွာထဲမဝင်ဘူးလားဆရာ….”
” မဝင်တော့ဘူးထင်ပေါ်…ငါတို့လုပ်စရာရှိတာလုပ်ကြ…ရွာကလူတွေငါတို့ဆီ ရောက်လာကြလိမ့်မယ်…”
” ဟုတ်..ဆရာ…”
” ထင်ပေါ်…ဘုရားနားတက်နေတဲ့ နွယ်ပင်တွေကို အကုန်ရှင်းထားနော်…ငါဒီဘက်တောင့်မှာ တရားမှတ်လိုက်ဦးမယ်….”
” ဟုတ္စိတ္ခ်ဆရာ….ကျွန်တော်အကုန်လုပ်ထားလိုက်မယ်…”
မောင်ရေခဲက ထင်ပေါ်ကိုမှာပြီး သူ့မွေးနံဖြစ်သော ရာဟုထောင်တွင်တရားထိုင်နေလိုက်သည်။ တရားထိုင်ပြီးတစ်နာရီခန့်အကြာတွင် သူ့အာရုံထဲသို့လူတစ်ယောက် ယောက်လာခဲ့သည်။ ထိုလူမှာမျက်နှာကို ဖုံးအုပ်ထားပြီး မောင်ရေခဲဘေးသို့ဝင်ထိုင်ကာ ဘုရားဝတ်ပြု၏။
” သင်ကဘယ်သူလဲ…”
” ကျွန်ုပ်ကဘုရားစောင့်ပုဂ္ဂိုလ်ပါ…”
” သင်ဘာပြောစရာရှိလို့လဲဘုရားစောင့်ကြီး…”
” ကျွန်ုပ်သင့်ရဲ့စရဏအားကိုကြည်ညိုလွန်းလို့ လာခဲ့တာပါ…ပြီးတော့ပြောစရာလည်းရှိလို့…”
” ဟုတ်ပါပြီ…သင်ပြောလိုတာပြောစေ…”
” သင်ကဒီဘုရားကိုပြန်လည်မွမ်းမံဖို့လာခဲ့တာလား…”
” အင်းလေ..ဘာဖြစ်လို့လဲ …”
” ဒီဘုရားကို သင်မတိုင်ခင်က ပန်းရံဆရာတွေ မွမ်းမံဖို့လာခဲ့ကြသေးတယ်…သူတို့ဟာ ဘုရားကိုမွမ်းမံဖို့ထက် ဘုရားရဲ့ဋ္ဌာပနာပစ္စည်းကိုယူဖို့ စိတ်အားထက်သန်ခဲ့ကြတယ်…ဒါကြောင့် ကျွနု်ပ်ဟာ ထိုလူတွေကိုခြောက်လှန့်မောင်းနှင်ခဲ့ရတယ်…”
” သင်လည်းသင့်တာဝန်အရလုပ်တာဘဲ…အပြစ်မဖြစ်ပါဘူးလေ…”
” အပြစ်တော့မဖြစ်ပါဘူး…ဒါပေမဲ့ဒီဘုရားကိုလှူချင်တဲ့ကျုပ်ရဲ့ဆန္ဒမပြည့်ခဲ့ဘူးလေ…သူတို့ကလောဘသားကောင်တွေဆိုတော့ ကျုပ်ပိုင်တဲ့ပစ္စည်းကိုသူတို့လက်ထဲမအပ်ရဲ့ဘူး…”
” သင်ပိုင်တဲ့ပစ္စည်းဟုတ်လား…ဒီဘုရားကိုသင်လှူခဲ့တာလား….”
” မဟုတ္ဘူး…ဒီဘုရားကအများကောင်းမှူပါ…ကျုပ်ကဒီဘုရားမှာစောင့်ရတဲ့သူပါ…ကျုပ်မှာဒီဘုရားကိုလှူရမဲ့ပစ္စည်းရှိတယ်…”
” ဪ…ကျုပ်နားလည်ပါပြီ…ဒီဘုရားကိုသင်ကဘာလို့စောင့်ရှောက်ရတာလဲ…”
” ကျုပ်ရဲ့မိုက်ပြစ်တွေကြောင့်ပါ…ဒီဘုရားကိုတည်ပြီး ဋ္ဌာပနာတွေထည့်တဲ့အခါ ကျုပ်က ကျုပ်ပစ္စည်းကိုဋ္ဌာပနာထဲထည့်ဖို့ ယူလာခဲ့တယ်လေ…ဒါပေမဲ့ ဘုရားနားရောက်တော့ ကျုပ်ပစ္စည်းကိုနှမြောစိတ်ပေါ်လာပြီး မလှူဖြစ်ခဲ့ဘူး…ဒီတော့ပစ္စည်းတွေဒီတိုင်းပြန်ယူလာရင် ကျုပ်အိမ်သူသက်ထားရဲ့ အပြောကလွတ်မှာမဟုတ်လို့ စိတ်ချရတဲ့နေရာမှာတူးပြီးမြုပ်ထားခဲ့တယ်…ဒါနဲ့အဲဒီညမှာဘဲကျုပ်ဟာ သွေးတိုးရောဂါထပြီး သေလွန်သွားခဲ့တယ်လေ…”
” ဪ…ကိုယ့်ရဲ့နှမြောတွန့်တိုစိတ်ကြောင့်ဒုက္ခရောက်ခဲ့တာကိုး…”
” ဟုတ်ပါတယ်…အဲဒီစိတ်ကြောင့်ဘဲ ကျုပ်ဟာသေလွန်ပြီး ဘုရားမှာအစောင့်လာဖြစ်တယ်…ကျုပ်ကဘုရားမှာလှူမဲ့ပစ္စည်းကိုပစ်မှားမိလို့ ကံထိုက်ပြီး အစွယ်ငေါငေါနဲ့ဘီလူးကြီးဖြစ်နေရတယ်လေ…”
” ဟုတ်ပါပြီ…ဒီတော့အဲဒီပစ္စည်းတွေကိုသင်က ဘယ်လိုလုပ်ချင်လဲ…”
” အဲဒီပစ္စည်းကိုပြန်လည်တူးဖော်ပြီး စေတီမှာ ဋ္ဌာပနာထည့်ပေးပါ…အဲဒီပစ္စည်းကဒီရာဟုထောင့်ရဲ့ သစ်ပင်အောက်မှာပါ…”
” ဟုတ်ပါပြီ…သင့်ဆန္ဒအတိုင်းဖြစ်စေရမယ်..သင်လည်းစေတီကိုပြန်လည်မွမ်းမံတဲ့အခါလိုအပ်တာတွေကူညီပေးပေါ့…”
” ဟုတ်ကဲ့ပါ…”
ဆိုပြီး လူအသွင်ဖန်ဆင်းထားသောဘုရားစောင့်ကြီးသည် မောင်ရေခဲ၏အာရုံထဲမှ ဝေဝါးပျောက်ကွယ်သွားတော့သည်။ ဘုရားစောင့်ကြီးသည် လူအသွင်ဖန်ဆင်းထားသော်လည်း အစွယ်ကိုမူဖျောက်မရသောကြောင့် မျက်နှာကိုအဝတ်စပတ်ပြီး လာခြင်းဖြစ်၏။ မောင်ရေခဲလည်း တရားကိုဖြုတ်လိုက်ပြီး အရပ်ရှစ်မျက်နှာတစ်ခွင်စောင့်ရှောက်ကြသော ပုဂ္ဂိုလ်များကို အမျှအတမ်းပေးဝေလိုက်သည်။
ကျော်မင်းသည်တောထဲသို့ထင်းခွေလာရင်း စေတီပျက်သို့ရောက်လာခဲ့သည်။
သူ့စိတ်ထဲတွင်ကား မိုးကြိုးပစ်၍သေ သွားသောပန်းရံဆရာကို ခပ်ကြောက်ကြောက်ဖြစ်နေ၏။
” ဟာကြာ…ဒီနေ့မှငါကဘာကစ္စဘုရားပျက်နား ရောက်နေရတာလဲ…ဒီဘုရားပျက်ကြီးက အခြောက်အလှန့်ကြမ်းတယ်ပြောတယ်…မဖြစ်ဘူးအမြန်လှည့်ထွက်မှ..”
ဆိုပြီး လှည့်ပြန်မည်အလုပ် စေတီ၏အနောက်မှ ထွက်လာသော မောင်ထင်ပေါ်ကိုတွေ့ပြီး
” ငါမပြောဘူးလား…သရဲရှိပါတယ်ဆို…ဒီခြေထောက်ကငါ့ကိုသစ္စာဖောက်တာဘဲ…”
ဆိုပြီးတစ်ယောက်ထဲတုန်တုန်ရီရီပြောကာ ပြေးရန်ပြင်လိုက်၏။
” အမေလး..ကြောက်ပါပြီ…ကျွန်တော်မျိုးကိုလွတ်ပေးပါ…မဆွဲထားလိုက်ပါနဲ့…ကြောက်ပါပြီ…”
ဆိုပြီး လက်အုပ်ချီပြီး မျက်လုံးကိုမှိတ်ထားကာ တစ်ယောက်ထဲပြောဆိုနေ၏။ မောင်ရေခဲတို့လည်း အသံကြားသဖြင့် စေတီ၏ခပ်လှမ်းလှမ်းနေရာ၌ လူတစ်ယောက်သည် သစ်ကိုင်းကြီးကို ရှိခိုးနေသည်ကိုတွေ့လိုက်ရ၏။ သို့ကြောင့် ထိုနေရာသို့လာခဲ့ပြီး
” ဒီကအစ္ကို ဘာလို့စေတီကိုဦးမချဘဲ…သစ်ကိုင်းကိုဦးချနေရတာလဲဗျ…”
” အမလေးလေး…သရဲကငါ့ကိုစကားလာပြောတယ်…”
မောင်ရေခဲ ကထိုလူကိုကြည့်ပြီးရီချင်သွား၏။
” ဘယ်မှာလဲသရဲက…မျက်လုံးကိုဖွင့်ပြီးကြည့်ပါဦးဗျ…”
ဟုဆိုခါမွ ထိုလူသည် မျက်လုံးကိုတစ်ဖက်ခြင်းစီဖွင့်ပြီး
” ဟင်…သ…သရဲ…မဟုတ္ဘူးလား…”
” ဘယ်ကလာသရဲဖြစ်ရမှာ…အစ်ကို့အင်္ကျီကိုဆွဲထားတာသရဲမဟုတ်ဘူးလေ…အစ်ကို့အင်္ကျီကသစ်ကိုင်းနဲ့ချိတ်နေတာလေ…”
” ဗ်ာ…ဪ…ဟဲဟဲ…ကျုပ်ကသရဲဆွဲတယ်လို့ထင်သွားလို့…”
ဆိုပြီးရှက်ကိုးရှက်ကန်းဖြင့် သစ်ကိုင်းတွင်ချိတ်နေသော အင်္ကျီစအားဖြုတ်လိုက်သည်။ ပြီးမှ
” ဒီကညီလေးကဘယ်သူလဲ ဒီရွာမှာတစ်ခါမှမမြင်ဖူးဘူး…”
” ကျုပ်က ရှမ်းပြည်ကဗျ…ဒီကိုဘုရားတည်ဖို့လာခဲ့တာ…”
” ဟင်…ဘုရားတည်ဖို့ဟုတ်လား…ဒီဘုရားစေတီကိုပြောတာလား…”
” အင်းလေ…”
” ဒါဆိုဆရာတော်မိန့်တာမှန်နေပြီထင်တယ်…နေဦးရွာပြန်ပြီးဆရာတော်ကိုသွားလျှောက်ဦးမယ်…”
ဆိုပြီး မောင်ရေခဲကိုတောင်နုတ်မဆက်ဘဲ အလောတကြီးထပြန်သွား၏။
ကျော်မင်းသည် တောထဲတွင်ပိတ်ဖြူစင်ကြယ်ဝတ်ထားသော လူငယ်ရောက်နေကြောင်းကိုဆရာတော်အား လျှောက်တင်လိုက်၏။
” ဟေ…ဟုတ်လားဒကာကျော်မင်း…ဒါဆိုစေတီကြီးကို ပြန်လည်မွမ်းမံမဲ့ ပဋ္ဌာန်းဆက်ရောက်နေပြီပေါ့…လာကွယ်..ရွာသူရွာသားတွေပါစုပြီး ဘုရားတည်ရာမှာ သွားကူညီပေးကြစို့…”
” တင့်ပါဘုရား…”
ထိုနေ့၌ဆရာတော်ဦးဆောင်ပြီး ရွာသူရွာသားများသည် လိုအပ်သည်များယူငင်ပြီး စေတီပျက်ရှိရာသို့လာခဲ့ကြ၏။
” ဆရာ…ရွာသူရွာသားတွေ ရောက်လာကြပြီထင်တယ်…”
” ဟုတ်တယ်ထင်ပေါ်…သူတို့လည်းဒီစေတီကိုမွမ်းမံဖို့ စိတ်အားထက်သန်ကြတယ်လေ…ခုတော့သူတို့ရဲ့ဆန္ဒတွေပြည့်ဆတာ့မယ်…”
ခဏအကြာ၌ဆရာတော်ဘုရားဦးဆောင်သောအဖွဲ့သည် စေတီပျက်သို့ရောက်ရှိလာခဲ့သည်။ ထိုအထဲမှကျော်မင်းဆိုသူက မောင်ရေခဲတို့ကိုညွှန်လိုက်ပြီး
” ဟောမှာဆရာတော်ဘုရား…တပည့်တော်ပြောတဲ့လူက..”
” အိမ်းကွယ်..လာကြလာကြ…”
ဆရာတော်လည်းစေတီရင်ပြင်ပေါ်သို့တက်လာပြီး စေတီကိုဦးချ၏။ မောင်ရေခဲတို့်လည်း ဆရာတော်ကိုဝတ်ဖြည့်ပြီး
” တပည့်တော်တို့ကို စေတီကြီးပြန်လည်မွမ်းမံရန် ခွင့်ပြုပေးတော်မူပါဘုရား….”
” ခွင့်ပြုပါတယ်ဒကာလေးတို့…ဥူးဇင်း တိုလည်းဒီစေတီကြီးပြန်လည်မွမ်းမံရမဲ့နေ့ကိုစောင့်နေတာကွဲ့…”
” တင့်ပါဘုရား…ဒါဆိုဒီနေ့ဘဲ လိုအပ်တာတွေဝယ်ပြီး စေတီကြီးကိုစတင်မွမ်းမံကြစို့ဘုရား…”
ဆိုပြီး မောင်ရေခဲကထင်ပေါ်အား လွယ်အိတ်ထဲမှ ငွေစက္ကူများကိုထုတ်ခိုင်းပြီး အုန်းသီးငှက်ပျောသီးများနှင့်လိုအပ်သည်များကို ရွာသားများအား သွားဝယ်ခိုင်းလိုက်သည်။
ထို့နောက်မောင်ရေခဲကိုယ်တိုင်ကပင် ဘယ်အရပ်မှလာသောပန်းရံဆရာမှန်းမသိသော ပန်းရံဆရာအဖွဲ့ကိုခေါ်လိုက်သည်။
လိုအပ်သောပစ္စည်းများရသည်နှင့် ဆရာတော်နှင့်မောင်ရေခဲတို့က လိုအပ်သောပွဲများကိုပြင်ဆင်ပြီးပွဲဆက်လိုက်သည်။
အားလုံးပြီးစီးသော် ပန်းရံဆရာတို့က စေတီကြီးအားစတင်မွမ်းမံလိုက်တော့သည်။ ရွာသူရွာသားတို့ကား စေတီရင်ပြင်အဝင်ပေါက်ရှိ မြေမြုပ်နေသောခြင်္သေ့ကြီးနှစ်ကောင်ကို ပြန်ဖော်လိုက်ကြသည်။ ဤသို့ဖြင့် သုံးရက်မြောက်သောနေ့၌ စေတီကြီးမှာရုပ်လုံးပေါ်လာပြီး ဋ္ဌာပနာထည့်သွင်းဖို့ရန်သာကျန်တော့သည်။ အလုပ်ကိုကြိုးစားပန်းစားလုပ်နေကြသော်လည်း ပန်းရံဆရာအဖွဲ့မှာ ချွေးတစက်မျှပင်မထွက်ကြချေ။
” ကဲ..နောက်လာမည့်လပြည့်နေ့မှာထီးတော်တင်၊ဋ္ဌာပနာပိတ်ပွဲကျင်းပကြမယ်…”
ဆရာတော်ကထိုသို့မိန့်လိုက်ရာ ရွာသူရွာသားများက ပြုံးပျော်လျက်ရှိကြကုန်၏။ ဤသို့ဖြင့် အများကစောင့်မမျှော်နေကြသော လပြည့်နေ့သို့ရောက်လာခဲ့၏။ ဘုရားထီးတော်ကိုလည်း အများကောင်းမှုဖြင့်ဝယ်ထားပြီးဖြစ်၏။ ပန်းရံဆရာအဖွဲ့ထဲမှတစ်ယောက်က
” ကဲ..ဋ္ဌာပနာပိတ်တော့မယ်…လှူဒါန်းချက်တဲ့ပစ္စည်းတွေများရှိရင် ဒီဖလားထဲထည့်ပြီး ပါဝင်လှူဒါန်းနိုင်ပါတယ်…”
” လှူမှာပေါ့…”
” တို့လည်းလှူမယ်ဟေ့…”
ဆိုပြီးရွာသူရွာသားများက မိမိတို့၏ နားကပ်၊လက်စွပ်၊ဆွဲကြိုး၊လက်ကောက်တို့ကို သဒ္ဒါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းကြ၏။ ထိုစဉ်မောင်ရေခဲဘုရားစောင့်ကြီး၏ပစ္စည်းကိုသတိရသွားပြီး
” ကဲ…ကိုကျော်မင်းရေ…ရာဟုထောင့်မှာရှိတဲ့သစ်ပင်ကြီးကိုတွေ့လား…”
” ဟုတ်…တွေ့တယ်ဆရာလေး…”
” အင်း..အဲဒါဆို ပေါက်ပြားယူပြီး သစ်ပင်ရဲ့အောက်ကိုတူးကြည့် ရတနာဗူးကိုတွေ့ရလိမ့်မယ်…အဲဒါကိုယူခဲ့ချေ…”
” ဟုတ်ကဲ့..”
ကျော်မင်းလည်း အဖော်တစ်ယောက်နှင့်အတူ မောင်ရေခဲပြောသည့်နေရာသို့တူးကြည့်လိုက်ရာ အနီရောင်ဗူးဖြင့်ထည့်ထားသော ရတနာဗူးကိုတွေ့လိုက်ရသည်။
” ကဲ…ဘုရားစောင့်ကြီးရေ…သင်ပိုင်ဆိုင်တဲ့ရတနာပစ္စည်းကို ဋ္ဌာပနာထဲထည့်ဝင်လှူဒါန်းပေးလိုက်ပြီနော်…သင့်ဘဝပိုပြီးကောင်းမွန်ပါစေ…တရားနာရေစက်ချတဲ့အခါမှာလည်း သင်သာဓုခေါ်နိုင်ပါစေဗျာ…”
ဆိုပြီးဋ္ဌာပနာထဲထည့်သွင်းပိတ်လိုက်တော့သည်။ ရွှေမိုးငွေမိုးများရွာသွန်းစေပြီး ထီးတော်ကိုလည်းတင်လိုက်တော့သည်။ အားလုံးပြီးစီးသွားသော် ဆရာတော်ကပင်တရားရေအေးတိုက်ကျွေးပြီး အလှူရှင်အသီးသီးတို့၏ ကောင်းမှုများကို အကြောင်းပြုကာ ရေစက်သွန်းချအမျှဝေလေတော့သည်။ သာဓုခေါ်သံတို့သည်ကား တောတောင်ထဲဖောက်ခွင်းကာ သောသောညံသွားတော့သည်။ ဘုရားစောင့်ကြီးသည်လည်း မိမိ၏ကောင်းမှုအဖို့ ပီတိဖြစ်ကာ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လေတော့သည်။
ထီးတင်ပွဲပြီးသည့် နောက်နေ့တွင်ကား မောင်ရေခဲတို့သည် ဆရာတော်နှင့်ရွာသူရွာသားတို့ကိုနုတ်ဆက်ပြီး ထိုရွာလေးမှ ထွက်ခွာသွားလေတော့သည်။…..။
(ဖြစ်ရပ်မှန်ကို အတွေးနှင့်ပေါင်းစပ်ပြီး ပြန်လည်ရေးသားထားပါသည်။ ဖြစ်ရပ်မှန်ကို ပြောပြပေးပါသော ပိုင်ပိုင်အားအထူးကျေးဇူးတင်ပါသည်။ အားပေးဖတ်ရှုသူ အပေါင်း ဘေးဘယာကင်းကွာပြီး ချမ်းသာမှုအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေသောဝ်)
# ပြီး
# ခွန်း

Zawgyi Version

ေမာင္ေရခဲ ႏွင့္ ဘုရားပ်က္မွျဖစ္ရပ္ဆန္း(စ/ဆံုး)
————————————
” ဒုတ္….ဒုတ္…ဒုတ္…ဒုတ္ဒုတ္ဒုတ္…..”
” ေအာက္အီးအီးအြတ္…ေအာက္အီးအီးအြတ္….”
၎ကားမနက္အာ႐ုဏ္ဦး၏ႏိုးေဆာ္သံျဖစ္ေသာအသံျဖစ္သည္။ ႐ြာဦးေက်ာင္းရွိ တုံးေမာင္းေခါက္သံေျဖးေျဖးမွန္မွန္ကို မနက္တိုင္းၾကားၾကရၿမဲျဖစ္သည္။ တုံးေမာင္းေခါက္သံၾကားသည္ႏွင့္ လင္းၾကက္တို႔ကလည္း ဟိုမွသည္မွ တြန္ၾကဴးေနၾက၏။ ထိုတုံးေမာင္းေခါက္သံႏွင့္ လင္းၾကက္တြန္သံတို႔ၾကားလွ်င္ ႐ြာအတြင္းရွိ အိမ္ရွင္မတို႔သည္ အိပ္ယာမွထလာၿပီး ဆြမ္းခ်က္ရန္ျပင္ဆင္ၾကေတာ့သည္။ ဟိုအိမ္သည္အိမ္မွ အိုးခြက္ပန္းကန္သံတို႔သည္ကား မနက္ခင္းအလွကိုပို၍ျပည့္စုံေစသကဲ့သို႔ပင္။
” ဒင္း….ဒင္း….ဆြမ္းေဆာ္ဗ်ိဳ႕….”
မနက္ခုႏွစ္နာရီထိုးသည္ႏွင့္ ႐ြာဦးေက်ာင္းမွဖိုးသူေတာ္ေလး၏ ေၾကစည္သံႏွင့္အတူ ညီညာစြာစီတန္း၍လာေနေသာ သံဃာေတာ္အရွင္သူျမတ္အေပါင္းတို႔ကိုေတြ႕ရသည္။
” အူး…ဝူး…ဝူး…ဝူး….”
ထိုအရွင္သူျမတ္တို႔၏အေနာက္ပါး၌ကား ေၾကးစည္သံကိုၾကား၍ လိုက္ေအာ္ေနေသာေခြးတစ္စု။
အေရွ႕ဘက္ေတာင္တန္း၏ထိပ္မွ ေနဝန္းႀကီးသည္ ငြားစြင့္စြာထြက္ျပဴလာရင္း တစ္ေန႔တာ သူ၏တာဝန္ကိုထမ္းေဆာင္ရန္အသင့္ျဖစ္ေနသည္။ ထိုနည္းတူေက်း႐ြာအတြင္းမွလူသူတို႔သည္လည္း လုပ္ငန္းေဆာင္တာမ်ား လုပ္ကိုင္ရန္အတြက္ ျပင္ဆင္ေနၾကသည္။
” သားႀကီးေရ…ထမင္းထုပ္ေမ့ခဲ့မယ္ေနာ္…ေရဗူးေကာအပါယူခဲ့ဦးကြဲ႕…”
” ဟုတ္ဟုတ္ေမႀကီး…”
ဤကားမလုံးေ႐ႊတို႔မိသားစု၏ လယ္ေတာထဲသြားရန္ျပင္ဆင္ေနပုံ။ မလုံးေ႐ႊတို႔သားအမိသားအဖသုံးေယာက္ကား အလြန္လိုက္ဖက္ညီလွသည္။ အလုပၼ္ားကို တစ္ေယာက္တစ္လက္ ကူညီေဖးမလုပ္ကိုင္ၾကေသာ အားက်ဖြယ္မိသားစုျဖစ္သည္။
ထိုမိသားစု၏လုပ္ငန္းေဆာင္တာတည္ရွိရာေနရာသည္ကား ႐ြာေတာင္ဘက္ေတာထဲ၌ျဖစ္သည္။ တျခားသူတို႔၏စိုက္ခင္းမ်ားလည္း ထိုမွာဘက္၌ရွိၾကကုန္၏။
မလုံးေ႐ႊတို႔မိသားစုက လယ္ေတာထဲေရာက္သည္ႏွင့္ လယ္ယာအထြက္တိုးရန္ ထုပ္လာသည့္ထမင္းအနည္းငယ္ကိုယူၿပီး လယ္ေစာင့္နတ္ကို အရင္ဆုံးပူေဇာ္ပသၿပီးမွ လုပ္ငန္းေဆာင္တာမ်ား လုပ္ကိုင္ၾက၏။
ေန႔လည္ထမင္းစားခ်ိန္၌ထမင္းစားနားၾကခ်ိန္ မလုံးေ႐ႊႏွင့္ကိုရင္ေမာင္တို႔က ေျခတံရွည္တဲေလးေပၚ၌တေရးတေမာအိပ္ၾက၏။ သားျဖစ္သူ သီဟကား ေကလးပီပီ ေလာက္ေလးဂြကိုင္ကာ ေတာထဲရွိငွက္ကေလးမ်ားကို လိုက္လံပစ္ခတ္သည္။
သီဟကေတာထဲသို႔သြားရင္း သူတစ္ခါမွမေရာက္ဖူးေသာေနရာသို႔ေရာက္သြားသည္။ ထိုေနရာ၏ ကုန္းမို႔မို႔ထက္တြင္ကား ခ်ဳံႏြယ္အထပ္ထပ္တက္ေနေသာ အုတ္ပုံတစ္ပုံ။
” ဟင္…ဒီေနရာမွာ အုတ္ကိုဘယ္သူလာပုံထားတာလဲ…”
သူစဥ္းစားရင္း ထိုအုတ္ပုံပတ္ပတ္လည္ကိုပတ္ၾကည့္ရာ
” ဒုတ္…”
” အာ့…”
ေျခေထာက္ကတစ္ခုခုကိုတိုက္မိၿပီး ေမွာက္လဲက်သြားသည္။
” အား…ကြၽတ္…ကြၽတ္…နာလိုကၱာ…ဘာႀကီးလဲငါခလုတ္တိုက္မိတာ…”
ဆိုၿပီး သူခလုတ္တိုက္မိေသာအရာအား ၾကည့္လိုက္ရာ ေျမေပၚသို႔အနည္းငယ္မွ်သာေပၚေနေသာ အဂၤေတတစ္ခု။
” ဘာလဲဟ…ငါတူးၾကည့္ဦးမယ္…”
ဆိုၿပီး ေဘးမွတုတ္တေခ်ာင္းကိုယူကာ တူးၾကည့္လိုက္၏။ မိုး႐ြာထားေသာေၾကာင့္ေျမမွာ ေပ်ာ့ေနၿပီးအလြယ္တကူပင္တူး၍ရေနသည္။ အခ်ိန္အေတာ္ၾကာတူးၿပီးေသာ္ ထိုအရာသည္ေျမထဲမွအနည္းငယ္ေပၚလာ၏။
” ဟာ…ျခေသၤ့႐ုပ္တုႀကီးပါလား…သူကဘာလို႔ေျမထဲဝင္သြားတာလဲ…”
သီဟကေျမထဲရွိေနေသာ ျခေသၤ့႐ုပ္တုအားၾကည့္ၿပီး ဉာဏ္မွီသေလာက္စဥ္းစားေန၏။
” ေဖႀကီးတို႔ကိုသြားေျပာျပဦးမွဘဲ…ဒီမွာျခေသၤ့ႀကီးကို ေျမၿမိဳေနတယ္…”
ေကလးပီပီမဟုတၠ ဟုတ္ကေျပာၿပီး ေတာထဲမွအေျပးကေလးထြက္လာခဲ့သည္။
” ေမႀကီး…ေဖႀကီးေရ…”
သူျပန္ေရာက္ေနခ်ိန္၌မိဘႏွစ္ပါးက အလုပ္လုပ္ေနေပၿပီ။
” ေဟာ…သားႀကီး ဘယ္ေတြသြားေနတာလဲကြဲ႕…အေဝးႀကီးသြားမေဆာ့ရဘူးေလ…”
” သား…ဟိးုဖက္ေတာထဲမွာငွက္သြားပစ္တာေဖႀကီးရဲ႕…”
” ဘယ္မွာလဲ…ငွက္ေတြမိခဲ့ရဲ႕လား…”
” တစ္ေကာင္မွမမိဘူးေဖႀကီး…ဒါေပမဲ့ သားကေျမၿမိဳေနတဲ့ ျခေသၤ့႐ုပ္တုႀကီးတစ္ေကာင္ကိုေတြ႕ခဲ့တယ္ေဖႀကီးရ…”
” ဟမ္…မင္းဟာကအဆန္းပါလားကြ…ဘယ္ျခေသၤ့ႀကီးကိုေျမၿမိဳမွာတုံးကြငါ့သားရ…”
” တကယ္ပါဆိုေဖႀကီးရ…”
” အင္းထားေတာ့…ဒါနဲ႔အဲဒါႀကီးကိုမင္းကျခေသၤ့ႀကီးမွန္း ဘယႅိဳသိတာ…”
” ဒါေလးမ်ားေဖႀကီးရာ…သားတို႔႐ြာဘုန္းႀကီးေက်ာင္းကဘုရားမွာ ျခေသၤ့႐ုပ္ႀကီးရွိေနတာဘဲ…ခုသားေတြ႕တဲ့အ႐ုပ္ႀကီးကလည္း အဲဒါႀကီးနဲ႔တူလို႔ေပါ့ဗ်….ၿပီးေတာ့ေလ အဲဒီျခေသၤ့ႀကီးအနားမွာ ခ်ဳံေတြတက္ေနတဲ့ အုတ္ပုံႀကီးတစ္ပုံလည္းရွိေသးတယ္ေဖႀကီးရ…”
” ဟမ္….”
သားျဖစ္သူစကားေၾကာင့္ ကိုရင္ေမာင္တို႔လင္မယားတစ္ေယာက္ကိုတစ္ေယာက္ၾကည့္မိလိုက္ၾကသည္။
” ဘယႅိဳသား…အုတ္ပုံႀကီးတစ္ပုံဟုတ္လား…”
” ဟုတ္တယ္ေမႀကီးရ…”
” သားေလွ်ာက္ေျပာေနတာလား…”
” မဟုတ္ဘူးေမႀကီးရ… သားအတည္ေျပာေနတာ…ဒီမွာၾကည့္သားလက္မွာေျမႀကီးေတြေပေနတာေတြ႕လား…အဲဒါသားကေျမထဲကေနျခေသၤ့ႀကီးကိုထုတ္ေပးမို႔လုပ္တာေလ…”
သားျဖစ္သူကိုၾကည့္ေသာ္လည္း ဟုတ္မွန္ေသာစကားကိုဆိုေနသည့္ပုံစံျဖစ္ေနသျဖင့္ ကိုရင္ေမာင္သည္ မိန္းမျဖစ္သူအား
” မလုံးေ႐ႊေရ…တို႔သားေျပာပုံအရဆို…တစ္ခုခုေတာ့တစ္ခုခုဘဲဗ်…”
” ဪ…ေတာ္ကလည္း ကေလးေျပာတာကိုေလွ်ာက္ယုံေနတာလား…”
” ယုံတာမယုံတာ အသာထား…သားေျပာတာဟုတ္မဟုတ္ငါသြားၾကည့္ခ်င္တယ္ကြ…လာသား…အဲဒီျခေသၤ့ႀကီးရွိတဲ့ေနရာ ေဖႀကီးကိုလိုက္ပို႔…”
” ဟုတ္ေဖႀကီး…”
ကိုရင္ေမာင္က သားငယ္၏လက္ကိုဆြဲကာ ထိုေနရာသို႔လိုက္ခဲ့၏။ မလုံးေ႐ႊလည္း အေနာက္မွလိုက္လာခဲ့၏။ သားျဖစ္သူေျပာသည့္ေနရာကိုေရာက္ေသာ္ ထိုေနရာႀကီးသည္ ေရွးေဟာင္းေစတီပ်က္တစ္ဆူျဖစ္မွန္းသိလိုက္ရသည္။ သို႔ေၾကာင့္ အုတ္ပုံသာသာေစတီပ်က္ေလးအား ရွိခိုးဦးခ်ၿပီး ႐ြာသို႔ျပန္လာခဲ့ၾကသည္။
႐ြာထဲတြင္ကိုရင္ေမာင္တို႔မိသားစု ေတာထဲမွဘုရားကိုေတြ႕သည့္အေၾကာင္းကား
တစ္႐ြာလုံးျပန႔္သြား၏။
” ကိုရင္ေမာင္တို႔မလုံးေ႐ႊတို႔ ေတာထဲမယ္ဘုရားေတြ႕လို႔တဲ့ေဟ့…လာၾကတို႔ေတြ ဟုတ္မဟုတ္သြားၾကည့္ၾကရေအာင္…”
” ေအး…တို႔ေတြသြားဖူးၾကမယ္ေဟ့…”
” ငါေတာ့အဲဒီဘုရားမွာ သုံးလုံးထီေပါက္ဖို႔ဆုသြားေတာင္းဦးမွဘဲ..”
႐ြာသားမ်ားတစ္စုၿပီးတစ္စု ထိုဘုရားပ်က္ရွိရာသို႔လာခဲ့ၾက၏။ အခ်ိဳ႕လူႀကီးသူမတို႔မွာ ဆြမ္း၊ပန္း၊ေရခ်မ္းတို႔ကိုပါ ယူလာၿပီး ေစတီပ်က္အား လာေရာက္ပူေဇာ္ၾက၏။ ထိုေန႔၌ ေတာထဲရွိေစတီပ်က္အား လာၾကသည္မွာ ႐ြာထဲရွိလူမ်ားသာမက ႐ြာနီးနားကလူပါ လာဖူးၾကသျဖင့္ ပြဲရွိေနသကဲ့သို႔ပင္စည္ကားသြားေတာ့၏။ ထိုသတင္းသည္ ႐ြာဦးဆရာေတာ္၏ နားသို႔ေရာက္လာခဲ့သည္။
” ေတာထဲမွာ ဘုရားေစတီေတြ႕တယ္ဟုတ္လား…ဒါေကာင္းတဲ့ကိစၥဘဲကြဲ႕…ဒီေစတီကို ျပန္လည္မြမ္းမံၾကစို႔ေလ…ဒကာႀကီးတို႔ဘယ္လိုသေဘာရလဲကြဲ႕ ….”
” ရွင္ဘုရားေကာင္းသလိုသာ စီစဥ္ပါဘုရား..တပည့္ေတာ္တို႔႐ြာသူ႐ြာသားေတြလည္း တတ္ႏိုင္တဲ့လူအားေငြအားႏွင့္ အစြမ္းကုန္ကူညီမယ္ဘုရား….”
” အိမ္း…သာဓုကြယ္… သာဓု…သာဓု…”
ဤသို႔ျဖင့္ ႐ြာဦးဆရာေတာ္ကဦးေဆာင္ၿပီး ႐ြာသား႐ြာသားတို႔က လူအားေငြအားျဖင့္ကူညီရန္အသင့္ရွိေနၾက၏။ မရွိေသးသည္မွာကား ပန္းရံဆရာ။ ဘုရားကိုျပန္လည္မြမ္းမံသည့္ေနရာကား ပန္းရံဆရာသည္အေရးပါေသာ အပိုင္းမွပါဝင္ေလရာ ႐ြာထဲ၌လည္း ဘုရားတည္တတ္သည့္ ပန္းရံဆရာကမရွိ။ သို႔ေၾကာင့္ ဆရာေတာ္ဘုရားကပင္ လူလႊတ္ၿပီး ပန္းရံဆရာရွာပုံေတာ္ဖြင့္ရသည္။
ဤသို႔ျဖင့္ ပန္းရံဆရာရွာပုံေတာ္ဖြင့္ၾကရာ သုံးရက္ေျမာက္ေန႔၌ အျခား႐ြာတစ္႐ြာမွ ပန္းရံဆရာအဖြဲ႕ကိုေတြ႕ၿပီး ႐ြာသို႔ေခၚလာခဲ့ၾကသည္။
” တပည့္ေတာ္တို႔က ဒီဘုရားကိုျပန္လည္မြမ္းမံေပးပါ့မယ္ဘုရား…ဒါေပမဲ့ လက္ခေတာ့တပည့္ေတာ္တို႔ေတာင္းသေလာက္ေပးမွဘဲ အလုပ္ကိုလက္ခံပါ့မယ္ဘုရား…”
” အိမ္းကြယ္…ဒကာႀကီးတို႔ေတာင္းသေလာက္ေပးပါ့မယ္…ဘုရားကိုဘဲၿပီးေျမာက္ေအာင္ ျပန္လည္မြမ္းမံေပးၾကပါကြဲ႕…”
ဆိုၿပီးဆရာေတာ္က ပန္းရံဆရာအဖြဲ႕ေတာင္းေသာ လက္သမားခကိုေပးၿပီးအလုပ္အပ္ေလသည္။ သို႔ေသာ္ ပန္းရံအဖြဲ႕သည္ ဘုရားကိုျပန္လည္မြမ္းမံရာ၌ ၿပီးလွ်င္ၿပီးေရာစိတ္ထားကာ ဘုရားအဂၤါရပ္ႏွင့္မညီဘဲ ၿပီးစလြယ္လုပ္ၾက၏။ လက္သမားခကားမဆမတန္ေတာင္း၏။ သို႔ေၾကာင့္ဘုရားေစာင့္သည္ ထိုလက္သမားအဖြဲ႕ကိုအလိုမက်ဘဲရွိေနေလသည္။ ဘုရားကိုျပန္လည္မြမ္းမံၿပီးေနာက္ဆုံးည၌ ႐ုပ္လုံးေပၚေနၿပီျဖစ္ေသာဘုရားေစတီသည္ အဂၤေတမ်ားျပန္လည္ကြာက်ၿပီး မြမ္းမံထားသမွ်လည္း အကုန္ၿပိဳက်ပ်က္စီးေလသည္။
ထိုေနရာမွအိပ္ၿပီးအလုပ္လုပ္ေနေသာပန္းရံအဖြဲ႕သားတို႔လည္း အမ်ိဳးမ်ိဳးေသာအေျခာက္အလွန႔္တို႔ခံရၿပီး ဘုရားပ်က္ကိုသည္အတိုင္းထားပစ္ခဲ့ကာ ထို႐ြာမွထြက္ေျပးၾကရေလသည္။ ဤပထမအႀကိမ္တြင္ကား႐ြာသားတို႔၏အလႉမွာ အထမေျမာက္ခဲ့ေခ်။ ထိုဘုရားပ်က္အား ျပန္လည္မြမ္းမံရမည္ဟူေသာ ႐ြာသူ႐ြာသားတို႔၏စိတ္ဓာတ္ကားက်မသြားခဲ့ေခ်။ ဒုတိယအႀကိမ္ စုေပါင္းၿပီး အလႉေငြမ်ားထပ္မံထည့္ကာ ေစတီကိုျပန္လည္မြမ္းမံေပးမည့္ ပန္းရံဆရာအဖြဲ႕ကို ထပ္မံရွာၾကျပန္သည္။
မ်ားမၾကာမွီမွာပင္ တျခားပန္းရံဆရာအဖြဲ႕ကိုထပ္မံေခၚယူၾကျပန္သည္။ ထိုပန္းရံအဖြဲ႕သမားတို႔သည္ကား ပထမပန္းရံအဖြဲ႕သားေလာက္ ေငြေၾကးမေတာင္းသျဖင့္ ဆရာေတာ္ကအလုပ္အပ္လိုက္၏။ ပန္းရံအဖြဲ႕သားတို႔သည္ ႐ြာေတာင္ဘက္ရွိ ေစတီပ်က္အနီး ယာယီေဆာက္ထားေသာ တဲေလး၌ေနၿပီး ဘုရားကိုျပန္လည္မြမ္းမံၾက၏။
ေန႔အခါတြင္႐ြာသူ႐ြာသားတို႔ကလာၿပီး ပန္းရံအဖြဲ႕သားမ်ားအား ကူညီလုပ္ကိုင္ေပးၾက၏။ ထိုပန္းရံအဖြဲ႕၏ေခါင္းေဆာင္ကား ဦးသာေမာင္ဟုအမည္ရ၏။ ဦးသာေမာင္သည္ ပန္းရံဆရာဆိုေသာ္လည္း ပန္းရံဆရာႏွင့္မတူ အထက္ပုဂၢိဳလ္ေယာင္ေယာင္ ေအာက္ပုဂၢိဳလ္ေယာင္ေယာင္ျဖင့္ ခန႔္မွန္းရခက္ေသာလူႀကီးျဖစ္သည္။ တစ္ေန႔၌ဦးသာေမာင္သည္ အုန္း၊ငွက္ေပ်ာအသစ္ဝယ္ခိုင္းကာ ပြဲအသစ္လဲရမည္ဆိုသည္။
ထိုညကားလျပည့္ညျဖစ္သျဖင့္ လမင္းႀကီးသည္ ႐ႊန္း႐ႊန္းေဝလ်က္ရွိ၏။ ဦးသာေမာင္သည္ အုန္းပြဲ၊ငွက္ေပ်ာပြဲျပင္ဆင္ၿပီး ပတ္ပတ္လည္ကိုပရိတ္ခ်ည္ႀကိဳးကို ခ်ည္ထားလိုက္သည္။ ၿပီးေသာ္မႏၲာန္မ်ား႐ြတ္ဆိုၿပီး ဘုရားသိုက္ကိုစတင္တူးေဖာေတာ့သည္။
” ေဖ်ာ….ေဖရာ…ေဝါ…”
” ဂ်ိန္း….”
ထိုစဥ္ေလႀကီးမိုးႀကီးသည္ မထင္မွတ္ဘဲ႐ြာသြန္းေလရာ ပြဲေပးထားေသာဆီမီးမ်ား ၿငိမ္းကုန္၏။ လွ်ပ္စီးမ်ားလည္းတျဖတ္ျဖတ္လက္ကာ ေကာင္းကင္တစ္ခြင္လုံးလင္းလနဲ၊လက္ခနဲျဖစ္သြား၏။ မိုးခ်ဳန္းသံတို႔ကလည္း ကမာၻေျမျပင္တစ္ခုလုံးတုန္ဟီးသြားသကဲ့သို႔ပင္။
” သြားပါၿပီကြာ…ဒီညက်မွမိုးကဘယ္လိုျဖစ္တာလဲ…ေဟ့ေကာင္ေအာက္သန္း…ဆကၱဴးထား…တူးတာမရပ္လိုက္နဲ႔…ငါတို႔ရဲ႕ဆရာသာေမာင္ မႏၲာ႐ြတ္ေနေသးသ၍ငါတို႔ေဘးကင္းတယ္ကြ…”
ဆိုၿပီး ဆိုးေပကေျပာေလရာ ေျမကိုတူးေနေသာေအာင္သန္းလည္း ေပါက္ျပားကိုေသခ်ာျပန္ကိုင္ၿပီးဆက္တူးေန၏။
” ဝုန္း….”
” ေဖရာ…ေဖရာ…”
” ဟာ…ေစတီၿပိဳက်လာၿပီသတိထားၾက…”
႐ုတ္တရက္ျပန္လည္မြမ္းမံထားေသာေစတီႀကီးသည္ ေဝါခနဲၿပိဳက်လာေလရာ ေစတီရင္ျပင္၌ ထိုင္ၿပီးမႏၲာန္႐ြတ္ေနေသာ ဦးသာေမာင္သည္လန႔္ၿပီး ႐ုတ္တရက္ထေျပးေလ၏။
” ဝုန္း….”
” ဂ်ိန္း….”
ထိုစဥ္ေကာင္းကင္သည္ ဖ်တ္ခနဲလက္သြားၿပီး လွ်ပ္စီးမိုးႀကိဳးသည္ ဦးသာေမာင္အေပၚသို႔တည့္တည့္က်သြားေတာ့သည္။
” အား…..”
” ဟာ…ဆရာသာေမာင္ကိုမိုးႀကိဳးပစ္ၿပီ…”
ဦးသာေမာင္၏ အားခနဲ ေအာ္သံႏွင့္အတူတပည့္ျဖစ္သူတို႔ေပါက္ျပားကိုလႊင့္ပစ္လိုက္ၿပီး ေဆာက္တည္ရာမရ ေၾကာက္လန႔္တၾကားေအာ္ဟစ္သံတို႔ကား ေတာႀကီးထဲဟိန္းညံသြားေတာ့သည္။
႐ြာသူ႐ြာသားတို႔သည္ညကဘုရားတြင္ ျဖစ္ပ်က္သြားေသာ ကိစၥကိုတစ္ေယာက္မွသိေလဟန္မတူေပ။ သူတို႔သည္ပန္းရံသမားတို႔အားကူညီရန္ တက္ညီလက္ညီျဖင့္ ဘုရားသို႔လာခဲ့ၾကသည္။ ဘုရားသို႔ေရာက္ခ်ိန္တြက္ကား ျပန႔္က်ဲေနေသာ အုန္းသီး၊ငွက္ေပ်ာသီးတို႔ႏွင့္အတူ မီးေလာင္ကြၽမ္းထားေသာ လူတစ္ေယာက္ပုံစံကိုေတြ႕လိုက္ရသည္။
” အေမလး…ဘာႀကီးလဲ…”
” ဗုေဒၶါ! ညကဒီမွာဘာျဖစ္သြားတာလဲ…”
” ဗ်ိဳ႕…ဦးသာေမာင္တို႔ေရ….”
” တစ္ဝက္ထိၿပီးေနတဲ့ေစတီလည္း ျပန္ၿပိဳက်ကုန္ၿပီ…”
တစ္ေယာက္တစ္ေပါက္ ေျပာဆိုရင္း တခ်ိဳ႕ကပန္းရံဆရာဦးသာေမာင္တို႔အဖြဲ႕ကို လိုက္ရွာၾက၏။ သို႔ေသာ္မည္သူမွ်မေတြ႕ၾကေတာ့ေခ်။ ထိုအေၾကာင္းကိုဆရာေတာ္ဘုရားကၾကားသိရေသာ္
” အိမ္း…ဒီေစတီဟာ…ပ႒ာန္းဆက္ပါတဲ့လူမွ ျပန္လည္မြမ္းမံလို႔ရတဲ့ေစတီဘဲ…ခုလာခဲ့ၾကတဲ့ပန္းရံဆရာေတြဟာ ေစတီကိုမြမ္းမံခ်င္စိတ္မရွိဘဲ…ေလာဘေတြဖုံးလြမ္းေနလို႔ ဒီလိုေတြႀကဳံေတြ႕ရတာျဖစ္မယ္…ေစတီကိုဒီတိုင္းထားၿပီး ပ႒ာန္းဆက္ပါတဲ့လူကိုေစာင့္ၾက႐ုံရွိတာေပါ့ကြယ္…”
” တင္ပါ့ဘုရား…ေစတီနားကမီးေသြးခဲႀကီးကိုေရာဘယ္လိုလုပ္ၾကမလဲဘုရား….”
” အဲဒါကေလာဘသားေကာင္ရဲ႕ ႐ုပ္ႂကြင္းခႏၶာဘဲ…သူ႔ကိုေျမျမဳပ္သၿဂိဳလ္ေပးလိုက္ၾကကြယ္…”
ဤသို႔ျဖင့္ေစတီပ်က္ေလးကိုျပန္လည္မြမ္းမံျခင္းမျပဳေတာ့ဘဲ မူလအတိုင္းသာျပန္ထားလိုက္ၾကသည္။ တစ္ႏွစ္ဟူေသာအခ်ိန္ကာလသည္ကား အရာရာကို ေျပာင္းလဲသြားခဲ့ေစၿပီ။ ႐ြာသူ႐ြာသားတို႔လည္း ေတာထဲရွိ ေစတီပ်က္ေလးသို႔ ေျခဦးပင္မလွည့္ေတာ့ေခ်။
ေမာင္ေရခဲသည္ အထကၠ အမိန႔္အရ ခရီးထြက္ရေတာ့မည္ျဖစ္ေသာေၾကာင့္ တပည့္ျဖစ္သူကို လိုအပ္သည္မ်ား ျပင္ဆင္ခိုင္းသည္။ မိဘႏွစ္ပါးကတရားစခန္းဝင္ေနၾကသျဖင့္ အိမၠိဳ ေဘးရွိအိမ္နီးနားခ်င္းတို႔ထံအပ္ကာ ၾကည့္ရႈေစာင့္ေရွာက္ေပးရန္မွာၾကားၿပီး ေအာက္ျပည္သို႔စုန္ဆင္းလာခဲ့သည္။ ထင္ေပၚကားဆရာျဖစ္သူေနာက္မွတေကာက္ေကာက္လိုက္လာခဲ့သည္။
ခရီးခုႏွစ္ရက္ေျမာက္ေန႔၌ အလိုရွိရာအရပ္သို႔ေရာက္လာခဲ့သည္။ ေမာင္ေရခဲက ႐ြာထဲသို႔မဝင္ဘဲ ေစတီပ်က္ရွိရာသို႔ ဝင္လာခဲ့သည္။
” ႐ြာထဲမဝင္ဘူးလားဆရာ….”
” မဝင္ေတာ့ဘူးထင္ေပၚ…ငါတို႔လုပ္စရာရွိတာလုပ္ၾက…႐ြာကလူေတြငါတို႔ဆီ ေရာက္လာၾကလိမ့္မယ္…”
” ဟုတ္..ဆရာ…”
” ထင္ေပၚ…ဘုရားနားတက္ေနတဲ့ ႏြယ္ပင္ေတြကို အကုန္ရွင္းထားေနာ္…ငါဒီဘက္ေတာင့္မွာ တရားမွတ္လိုက္ဦးမယ္….”
” ဟုတၥိတၡ္ဆရာ….ကြၽန္ေတာ္အကုန္လုပ္ထားလိုက္မယ္…”
ေမာင္ေရခဲက ထင္ေပၚကိုမွာၿပီး သူ႔ေမြးနံျဖစ္ေသာ ရာဟုေထာင္တြင္တရားထိုင္ေနလိုက္သည္။ တရားထိုင္ၿပီးတစ္နာရီခန႔္အၾကာတြင္ သူ႔အာ႐ုံထဲသို႔လူတစ္ေယာက္ ေယာက္လာခဲ့သည္။ ထိုလူမွာမ်က္ႏွာကို ဖုံးအုပ္ထားၿပီး ေမာင္ေရခဲေဘးသို႔ဝင္ထိုင္ကာ ဘုရားဝတ္ျပဳ၏။
” သင္ကဘယ္သူလဲ…”
” ကြၽႏ္ုပ္ကဘုရားေစာင့္ပုဂၢိဳလ္ပါ…”
” သင္ဘာေျပာစရာရွိလို႔လဲဘုရားေစာင့္ႀကီး…”
” ကြၽႏ္ုပ္သင့္ရဲ႕စရဏအားကိုၾကည္ညိဳလြန္းလို႔ လာခဲ့တာပါ…ၿပီးေတာ့ေျပာစရာလည္းရွိလို႔…”
” ဟုတ္ပါၿပီ…သင္ေျပာလိုတာေျပာေစ…”
” သင္ကဒီဘုရားကိုျပန္လည္မြမ္းမံဖို႔လာခဲ့တာလား…”
” အင္းေလ..ဘာျဖစ္လို႔လဲ …”
” ဒီဘုရားကို သင္မတိုင္ခင္က ပန္းရံဆရာေတြ မြမ္းမံဖို႔လာခဲ့ၾကေသးတယ္…သူတို႔ဟာ ဘုရားကိုမြမ္းမံဖို႔ထက္ ဘုရားရဲ႕႒ာပနာပစၥည္းကိုယူဖို႔ စိတ္အားထက္သန္ခဲ့ၾကတယ္…ဒါေၾကာင့္ ကြၽႏု္ပ္ဟာ ထိုလူေတြကိုေျခာက္လွန႔္ေမာင္းႏွင္ခဲ့ရတယ္…”
” သင္လည္းသင့္တာဝန္အရလုပ္တာဘဲ…အျပစ္မျဖစ္ပါဘူးေလ…”
” အျပစ္ေတာ့မျဖစ္ပါဘူး…ဒါေပမဲ့ဒီဘုရားကိုလႉခ်င္တဲ့က်ဳပ္ရဲ႕ဆႏၵမျပည့္ခဲ့ဘူးေလ…သူတို႔ကေလာဘသားေကာင္ေတြဆိုေတာ့ က်ဳပ္ပိုင္တဲ့ပစၥည္းကိုသူတို႔လက္ထဲမအပ္ရဲ႕ဘူး…”
” သင္ပိုင္တဲ့ပစၥည္းဟုတ္လား…ဒီဘုရားကိုသင္လႉခဲ့တာလား….”
” မဟုတၻဴး…ဒီဘုရားကအမ်ားေကာင္းမႉပါ…က်ဳပ္ကဒီဘုရားမွာေစာင့္ရတဲ့သူပါ…က်ဳပ္မွာဒီဘုရားကိုလႉရမဲ့ပစၥည္းရွိတယ္…”
” ဪ…က်ဳပ္နားလည္ပါၿပီ…ဒီဘုရားကိုသင္ကဘာလို႔ေစာင့္ေရွာက္ရတာလဲ…”
” က်ဳပ္ရဲ႕မိုက္ျပစ္ေတြေၾကာင့္ပါ…ဒီဘုရားကိုတည္ၿပီး ႒ာပနာေတြထည့္တဲ့အခါ က်ဳပ္က က်ဳပ္ပစၥည္းကို႒ာပနာထဲထည့္ဖို႔ ယူလာခဲ့တယ္ေလ…ဒါေပမဲ့ ဘုရားနားေရာက္ေတာ့ က်ဳပ္ပစၥည္းကိုႏွေျမာစိတ္ေပၚလာၿပီး မလႉျဖစ္ခဲ့ဘူး…ဒီေတာ့ပစၥည္းေတြဒီတိုင္းျပန္ယူလာရင္ က်ဳပ္အိမ္သူသက္ထားရဲ႕ အေျပာကလြတ္မွာမဟုတ္လို႔ စိတ္ခ်ရတဲ့ေနရာမွာတူးၿပီးျမဳပ္ထားခဲ့တယ္…ဒါနဲ႔အဲဒီညမွာဘဲက်ဳပ္ဟာ ေသြးတိုးေရာဂါထၿပီး ေသလြန္သြားခဲ့တယ္ေလ…”
” ဪ…ကိုယ့္ရဲ႕ႏွေျမာတြန႔္တိုစိတ္ေၾကာင့္ဒုကၡေရာက္ခဲ့တာကိုး…”
” ဟုတ္ပါတယ္…အဲဒီစိတ္ေၾကာင့္ဘဲ က်ဳပ္ဟာေသလြန္ၿပီး ဘုရားမွာအေစာင့္လာျဖစ္တယ္…က်ဳပ္ကဘုရားမွာလႉမဲ့ပစၥည္းကိုပစ္မွားမိလို႔ ကံထိုက္ၿပီး အစြယ္ေငါေငါနဲ႔ဘီလူးႀကီးျဖစ္ေနရတယ္ေလ…”
” ဟုတ္ပါၿပီ…ဒီေတာ့အဲဒီပစၥည္းေတြကိုသင္က ဘယ္လိုလုပ္ခ်င္လဲ…”
” အဲဒီပစၥည္းကိုျပန္လည္တူးေဖာ္ၿပီး ေစတီမွာ ႒ာပနာထည့္ေပးပါ…အဲဒီပစၥည္းကဒီရာဟုေထာင့္ရဲ႕ သစ္ပင္ေအာက္မွာပါ…”
” ဟုတ္ပါၿပီ…သင့္ဆႏၵအတိုင္းျဖစ္ေစရမယ္..သင္လည္းေစတီကိုျပန္လည္မြမ္းမံတဲ့အခါလိုအပ္တာေတြကူညီေပးေပါ့…”
” ဟုတ္ကဲ့ပါ…”
ဆိုၿပီး လူအသြင္ဖန္ဆင္းထားေသာဘုရားေစာင့္ႀကီးသည္ ေမာင္ေရခဲ၏အာ႐ုံထဲမွ ေဝဝါးေပ်ာက္ကြယ္သြားေတာ့သည္။ ဘုရားေစာင့္ႀကီးသည္ လူအသြင္ဖန္ဆင္းထားေသာ္လည္း အစြယ္ကိုမူေဖ်ာက္မရေသာေၾကာင့္ မ်က္ႏွာကိုအဝတ္စပတ္ၿပီး လာျခင္းျဖစ္၏။ ေမာင္ေရခဲလည္း တရားကိုျဖဳတ္လိုက္ၿပီး အရပ္ရွစ္မ်က္ႏွာတစ္ခြင္ေစာင့္ေရွာက္ၾကေသာ ပုဂၢိဳလ္မ်ားကို အမွ်အတမ္းေပးေဝလိုက္သည္။
ေက်ာ္မင္းသည္ေတာထဲသို႔ထင္းေခြလာရင္း ေစတီပ်က္သို႔ေရာက္လာခဲ့သည္။
သူ႔စိတ္ထဲတြင္ကား မိုးႀကိဳးပစ္၍ေသ သြားေသာပန္းရံဆရာကို ခပ္ေၾကာက္ေၾကာက္ျဖစ္ေန၏။
” ဟာၾကာ…ဒီေန႔မွငါကဘာကစၥဘုရားပ်က္နား ေရာက္ေနရတာလဲ…ဒီဘုရားပ်က္ႀကီးက အေျခာက္အလွန႔္ၾကမ္းတယ္ေျပာတယ္…မျဖစ္ဘူးအျမန္လွည့္ထြက္မွ..”
ဆိုၿပီး လွည့္ျပန္မည္အလုပ္ ေစတီ၏အေနာက္မွ ထြက္လာေသာ ေမာင္ထင္ေပၚကိုေတြ႕ၿပီး
” ငါမေျပာဘူးလား…သရဲရွိပါတယ္ဆို…ဒီေျခေထာက္ကငါ့ကိုသစၥာေဖာက္တာဘဲ…”
ဆိုၿပီးတစ္ေယာက္ထဲတုန္တုန္ရီရီေျပာကာ ေျပးရန္ျပင္လိုက္၏။
” အေမလး..ေၾကာက္ပါၿပီ…ကြၽန္ေတာ္မ်ိဳးကိုလြတ္ေပးပါ…မဆြဲထားလိုက္ပါနဲ႔…ေၾကာက္ပါၿပီ…”
ဆိုၿပီး လက္အုပ္ခ်ီၿပီး မ်က္လုံးကိုမွိတ္ထားကာ တစ္ေယာက္ထဲေျပာဆိုေန၏။ ေမာင္ေရခဲတို႔လည္း အသံၾကားသျဖင့္ ေစတီ၏ခပ္လွမ္းလွမ္းေနရာ၌ လူတစ္ေယာက္သည္ သစ္ကိုင္းႀကီးကို ရွိခိုးေနသည္ကိုေတြ႕လိုက္ရ၏။ သို႔ေၾကာင့္ ထိုေနရာသို႔လာခဲ့ၿပီး
” ဒီကအစၠိဳ ဘာလို႔ေစတီကိုဦးမခ်ဘဲ…သစ္ကိုင္းကိုဦးခ်ေနရတာလဲဗ်…”
” အမေလးေလး…သရဲကငါ့ကိုစကားလာေျပာတယ္…”
ေမာင္ေရခဲ ကထိုလူကိုၾကည့္ၿပီးရီခ်င္သြား၏။
” ဘယ္မွာလဲသရဲက…မ်က္လုံးကိုဖြင့္ၿပီးၾကည့္ပါဦးဗ်…”
ဟုဆိုခါမြ ထိုလူသည္ မ်က္လုံးကိုတစ္ဖက္ျခင္းစီဖြင့္ၿပီး
” ဟင္…သ…သရဲ…မဟုတၻဴးလား…”
” ဘယ္ကလာသရဲျဖစ္ရမွာ…အစ္ကို႔အက်ႌကိုဆြဲထားတာသရဲမဟုတ္ဘူးေလ…အစ္ကို႔အက်ႌကသစ္ကိုင္းနဲ႔ခ်ိတ္ေနတာေလ…”
” ဗ္ာ…ဪ…ဟဲဟဲ…က်ဳပ္ကသရဲဆြဲတယ္လို႔ထင္သြားလို႔…”
ဆိုၿပီးရွက္ကိုးရွက္ကန္းျဖင့္ သစ္ကိုင္းတြင္ခ်ိတ္ေနေသာ အက်ႌစအားျဖဳတ္လိုက္သည္။ ၿပီးမွ
” ဒီကညီေလးကဘယ္သူလဲ ဒီ႐ြာမွာတစ္ခါမွမျမင္ဖူးဘူး…”
” က်ဳပ္က ရွမ္းျပည္ကဗ်…ဒီကိုဘုရားတည္ဖို႔လာခဲ့တာ…”
” ဟင္…ဘုရားတည္ဖို႔ဟုတ္လား…ဒီဘုရားေစတီကိုေျပာတာလား…”
” အင္းေလ…”
” ဒါဆိုဆရာေတာ္မိန႔္တာမွန္ေနၿပီထင္တယ္…ေနဦး႐ြာျပန္ၿပီးဆရာေတာ္ကိုသြားေလွ်ာက္ဦးမယ္…”
ဆိုၿပီး ေမာင္ေရခဲကိုေတာင္ႏုတ္မဆက္ဘဲ အေလာတႀကီးထျပန္သြား၏။
ေက်ာ္မင္းသည္ ေတာထဲတြင္ပိတ္ျဖဴစင္ၾကယ္ဝတ္ထားေသာ လူငယ္ေရာက္ေနေၾကာင္းကိုဆရာေတာ္အား ေလွ်ာက္တင္လိုက္၏။
” ေဟ…ဟုတ္လားဒကာေက်ာ္မင္း…ဒါဆိုေစတီႀကီးကို ျပန္လည္မြမ္းမံမဲ့ ပ႒ာန္းဆက္ေရာက္ေနၿပီေပါ့…လာကြယ္..႐ြာသူ႐ြာသားေတြပါစုၿပီး ဘုရားတည္ရာမွာ သြားကူညီေပးၾကစို႔…”
” တင့္ပါဘုရား…”
ထိုေန႔၌ဆရာေတာ္ဦးေဆာင္ၿပီး ႐ြာသူ႐ြာသားမ်ားသည္ လိုအပ္သည္မ်ားယူငင္ၿပီး ေစတီပ်က္ရွိရာသို႔လာခဲ့ၾက၏။
” ဆရာ…႐ြာသူ႐ြာသားေတြ ေရာက္လာၾကၿပီထင္တယ္…”
” ဟုတ္တယ္ထင္ေပၚ…သူတို႔လည္းဒီေစတီကိုမြမ္းမံဖို႔ စိတ္အားထက္သန္ၾကတယ္ေလ…ခုေတာ့သူတို႔ရဲ႕ဆႏၵေတြျပည့္ဆတာ့မယ္…”
ခဏအၾကာ၌ဆရာေတာ္ဘုရားဦးေဆာင္ေသာအဖြဲ႕သည္ ေစတီပ်က္သို႔ေရာက္ရွိလာခဲ့သည္။ ထိုအထဲမွေက်ာ္မင္းဆိုသူက ေမာင္ေရခဲတို႔ကိုၫႊန္လိုက္ၿပီး
” ေဟာမွာဆရာေတာ္ဘုရား…တပည့္ေတာ္ေျပာတဲ့လူက..”
” အိမ္းကြယ္..လာၾကလာၾက…”
ဆရာေတာ္လည္းေစတီရင္ျပင္ေပၚသို႔တက္လာၿပီး ေစတီကိုဦးခ်၏။ ေမာင္ေရခဲတို႔္လည္း ဆရာေတာ္ကိုဝတ္ျဖည့္ၿပီး
” တပည့္ေတာ္တို႔ကို ေစတီႀကီးျပန္လည္မြမ္းမံရန္ ခြင့္ျပဳေပးေတာ္မူပါဘုရား….”
” ခြင့္ျပဳပါတယ္ဒကာေလးတို႔…ဥဴးဇင္း တိုလည္းဒီေစတီႀကီးျပန္လည္မြမ္းမံရမဲ့ေန႔ကိုေစာင့္ေနတာကြဲ႕…”
” တင့္ပါဘုရား…ဒါဆိုဒီေန႔ဘဲ လိုအပ္တာေတြဝယ္ၿပီး ေစတီႀကီးကိုစတင္မြမ္းမံၾကစို႔ဘုရား…”
ဆိုၿပီး ေမာင္ေရခဲကထင္ေပၚအား လြယ္အိတ္ထဲမွ ေငြစကၠဴမ်ားကိုထုတ္ခိုင္းၿပီး အုန္းသီးငွက္ေပ်ာသီးမ်ားႏွင့္လိုအပ္သည္မ်ားကို ႐ြာသားမ်ားအား သြားဝယ္ခိုင္းလိုက္သည္။
ထို႔ေနာက္ေမာင္ေရခဲကိုယ္တိုင္ကပင္ ဘယ္အရပ္မွလာေသာပန္းရံဆရာမွန္းမသိေသာ ပန္းရံဆရာအဖြဲ႕ကိုေခၚလိုက္သည္။
လိုအပ္ေသာပစၥည္းမ်ားရသည္ႏွင့္ ဆရာေတာ္ႏွင့္ေမာင္ေရခဲတို႔က လိုအပ္ေသာပြဲမ်ားကိုျပင္ဆင္ၿပီးပြဲဆက္လိုက္သည္။
အားလုံးၿပီးစီးေသာ္ ပန္းရံဆရာတို႔က ေစတီႀကီးအားစတင္မြမ္းမံလိုက္ေတာ့သည္။ ႐ြာသူ႐ြာသားတို႔ကား ေစတီရင္ျပင္အဝင္ေပါက္ရွိ ေျမျမဳပ္ေနေသာျခေသၤ့ႀကီးႏွစ္ေကာင္ကို ျပန္ေဖာ္လိုက္ၾကသည္။ ဤသို႔ျဖင့္ သုံးရက္ေျမာက္ေသာေန႔၌ ေစတီႀကီးမွာ႐ုပ္လုံးေပၚလာၿပီး ႒ာပနာထည့္သြင္းဖို႔ရန္သာက်န္ေတာ့သည္။ အလုပ္ကိုႀကိဳးစားပန္းစားလုပ္ေနၾကေသာ္လည္း ပန္းရံဆရာအဖြဲ႕မွာ ေခြၽးတစက္မွ်ပင္မထြက္ၾကေခ်။
” ကဲ..ေနာက္လာမည့္လျပည့္ေန႔မွာထီးေတာ္တင္၊႒ာပနာပိတ္ပြဲက်င္းပၾကမယ္…”
ဆရာေတာ္ကထိုသို႔မိန႔္လိုက္ရာ ႐ြာသူ႐ြာသားမ်ားက ၿပဳံးေပ်ာ္လ်က္ရွိၾကကုန္၏။ ဤသို႔ျဖင့္ အမ်ားကေစာင့္မေမွ်ာ္ေနၾကေသာ လျပည့္ေန႔သို႔ေရာက္လာခဲ့၏။ ဘုရားထီးေတာ္ကိုလည္း အမ်ားေကာင္းမႈျဖင့္ဝယ္ထားၿပီးျဖစ္၏။ ပန္းရံဆရာအဖြဲ႕ထဲမွတစ္ေယာက္က
” ကဲ..႒ာပနာပိတ္ေတာ့မယ္…လႉဒါန္းခ်က္တဲ့ပစၥည္းေတြမ်ားရွိရင္ ဒီဖလားထဲထည့္ၿပီး ပါဝင္လႉဒါန္းႏိုင္ပါတယ္…”
” လႉမွာေပါ့…”
” တို႔လည္းလႉမယ္ေဟ့…”
ဆိုၿပီး႐ြာသူ႐ြာသားမ်ားက မိမိတို႔၏ နားကပ္၊လက္စြပ္၊ဆြဲႀကိဳး၊လက္ေကာက္တို႔ကို သဒၵါတရားထက္သန္စြာျဖင့္ ပါဝင္လႉဒါန္းၾက၏။ ထိုစဥ္ေမာင္ေရခဲဘုရားေစာင့္ႀကီး၏ပစၥည္းကိုသတိရသြားၿပီး
” ကဲ…ကိုေက်ာ္မင္းေရ…ရာဟုေထာင့္မွာရွိတဲ့သစ္ပင္ႀကီးကိုေတြ႕လား…”
” ဟုတ္…ေတြ႕တယ္ဆရာေလး…”
” အင္း..အဲဒါဆို ေပါက္ျပားယူၿပီး သစ္ပင္ရဲ႕ေအာက္ကိုတူးၾကည့္ ရတနာဗူးကိုေတြ႕ရလိမ့္မယ္…အဲဒါကိုယူခဲ့ေခ်…”
” ဟုတ္ကဲ့..”
ေက်ာ္မင္းလည္း အေဖာ္တစ္ေယာက္ႏွင့္အတူ ေမာင္ေရခဲေျပာသည့္ေနရာသို႔တူးၾကည့္လိုက္ရာ အနီေရာင္ဗူးျဖင့္ထည့္ထားေသာ ရတနာဗူးကိုေတြ႕လိုက္ရသည္။
” ကဲ…ဘုရားေစာင့္ႀကီးေရ…သင္ပိုင္ဆိုင္တဲ့ရတနာပစၥည္းကို ႒ာပနာထဲထည့္ဝင္လႉဒါန္းေပးလိုက္ၿပီေနာ္…သင့္ဘဝပိုၿပီးေကာင္းမြန္ပါေစ…တရားနာေရစက္ခ်တဲ့အခါမွာလည္း သင္သာဓုေခၚႏိုင္ပါေစဗ်ာ…”
ဆိုၿပီး႒ာပနာထဲထည့္သြင္းပိတ္လိုက္ေတာ့သည္။ ေ႐ႊမိုးေငြမိုးမ်ား႐ြာသြန္းေစၿပီး ထီးေတာ္ကိုလည္းတင္လိုက္ေတာ့သည္။ အားလုံးၿပီးစီးသြားေသာ္ ဆရာေတာ္ကပင္တရားေရေအးတိုက္ေကြၽးၿပီး အလႉရွင္အသီးသီးတို႔၏ ေကာင္းမႈမ်ားကို အေၾကာင္းျပဳကာ ေရစက္သြန္းခ်အမွ်ေဝေလေတာ့သည္။ သာဓုေခၚသံတို႔သည္ကား ေတာေတာင္ထဲေဖာက္ခြင္းကာ ေသာေသာညံသြားေတာ့သည္။ ဘုရားေစာင့္ႀကီးသည္လည္း မိမိ၏ေကာင္းမႈအဖို႔ ပီတိျဖစ္ကာ ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚေလေတာ့သည္။
ထီးတင္ပြဲၿပီးသည့္ ေနာက္ေန႔တြင္ကား ေမာင္ေရခဲတို႔သည္ ဆရာေတာ္ႏွင့္႐ြာသူ႐ြာသားတို႔ကိုႏုတ္ဆက္ၿပီး ထို႐ြာေလးမွ ထြက္ခြာသြားေလေတာ့သည္။…..။
(ျဖစ္ရပ္မွန္ကို အေတြးႏွင့္ေပါင္းစပ္ၿပီး ျပန္လည္ေရးသားထားပါသည္။ ျဖစ္ရပ္မွန္ကို ေျပာျပေပးပါေသာ ပိုင္ပိုင္အားအထူးေက်းဇူးတင္ပါသည္။ အားေပးဖတ္ရႈသူ အေပါင္း ေဘးဘယာကင္းကြာၿပီး ခ်မ္းသာမႈအေပါင္းႏွင့္ ျပည့္စုံႏိုင္ၾကပါေစေသာဝ္)
# ၿပီး
# ခြန္း