ရင်ဝယ်ထားသားလည်းမဟုတ်
+++++++++++++++++
“ဟောဒီကပြောင်းဖူးပြုတ်”
“အစ္မျကီးတို့ယူျကဦးမလား”
“ပြောင်းဖူးပြုတ်ပူပူလေး”
“စျေးသည်လာပါဦး”
“လာပြီလာပြီ”
မခင်မေလည်းစျေးဝယ်က
ခေါ်လိုက်သည်မို့ပြုံးရွှင်စွာ
စျေးဝယ်အနီးသို့ရောက်လာသည်။
“အန်တီပြောင်းဖူးတစ်ဖူး
ဘယ်လောက်လဲရှင့်”
“တစ်ဖူးကို၂၀၀ပါ သမီး
သမီးဘယ်နှဖူးယူမလဲ”
“တစ်ဖူး၂၀၀ဆိုရင်၁၀၀၀ဖိုးပေးပါ”
“သမီးကစျေးဦးဖောက်ကို
၁၀၀၀ဖိုးဝယ်တယ်ဆိုတော့
အန်တီကပြောင်းဖူးအတိုလေး
တစ်ဖူးအပိုထည့်ပေးလိုက်တယ်နော်
သမီး…”
“ဟုတ်ကဲ့ ကျေးဇူးပါအန်တီ
ခဏလေးသမီးပင့်ပေးမယ်
တောင်းကအလေးကြီးဆိုတော့
အန်တီလေးနေမှာစိုးလို့”
“ကျေးဇူးပါပဲကွယ်
အန်တီသွားဦးမယ်နော်သမီး”
“ဟုတ်ကဲ့အန်တီ”
မခင်မေလည်းပြောင်းဖူးတောင်းကို
ခေါင်းပေါ်ရွက်ပြီးလှည့်ရောင်းနေ
တော့သည်။
တစ်ကောင်ကြွက်တစ်မျက်နှာ
မခင်မေ၏ဘဝ
မိဘများကိုလည်းအပျိုပေါက်စ
အရွယ်ကတည်းကဆုံးရှုံးခဲ့ရလေ
သည်။
အားကိုးအားထားရဖို့
အိမ်ထောင်ပြုပြန်တော့လည်း
ခင်ပွန်သည်းမှာရောဂါဖြင့်
ငယ်ငယ်ရွယ်ရွယ်ဆုံးပါးသွား
ခဲ့သည်။
လင်မရှိမုဆိုးမဘဝဖြင့်
ဘဝ၏လောကဓံကိုအံတုရင်း
ရှေ့ဆက်ခဲ့လေသည်။
မခင်မေအားအရပ်ထဲမှအမျိုးသားများက
ပိုးပန်းကြပေမယ့်လည်း
ဆုံးပါးသွားပြီဖြစ်သည့်
ခင်ပွန်းသည်မှလွဲ၍ မည်သည့်ယောက်ျားကိုမှ မခင်မေ
မချစ်မနှစ်သက်ခဲ့ပေ။
ထို့ကြောင့်နောက်အိမ်ထောင်
မပြုပါပဲစျေးသည်ဘဝဖြင့်ဘဝကို
ရုန်းကန်ရှာဖွေခဲ့လေသည်။
ယခုလည်းအရပ်တကာလှည့်ပြီး
ပြောင်းဖူးတောင်းတစ်တောင်းဖြင့်
တစ်လမ်းဝင်တစ်လမ်းထွက်
ဝမ်းစာကိုရှာဖွေနေရလေသည်။
“ပြောင်းဖူးပြုတ်ယူကြဦးမလား
အစ္ကိုျကီးတို့အစ္မျကီးတို့
ပြောင်းဖူးလေးတွေချိုတယ်နော်
ယူကြဦးမလား.”
“အူဝဲ အုဝဲ အူဝဲ”
“ဟောတော့် ကလေးငိုသံပါလား”
လူပြတ်သည့်လမ်းကြားထဲသို့
အရောက်ကလေးငိုသံအား
မခင်မေကြားလိုက်ရသည်။
“အူဝဲ အူဝဲ”
“ဘယ်နားကအသံထွက်နေပါလိမ့်”
မခင်မေလည်းဟိုဟိုသည်သည်
လိုက်လံရှာဖွေလိုက်သည်။
“ဟင်…မွေးခါစကလေးလေးပါလား
ဘယ်သူလာပြီးစွန့်ပစ်သွားပါလိမ့်နော်”
မခင်မေလည်းလမ်းဘေးခြုံနံဘေး
မှကလေးငယ်အားကောက်ယူပြီး
ပွေ့ချီလိုက်သည်။
“ဟယ်…ကလေးလေးက
ချစ်စရာလေးပါလား။
“ယောက်ျားလေးလား
မိန်းကလေးလားမသိဘူး။
မှန်းစမ်း”
“ဟယ်…ယောက်ျားလေးပါလား
ဘယ်လိုမအေမျိုးလဲမသိဘူး
ဒီလောက်ချစ်ဖို့ကောင်းတဲ့
ကလေးကိုလာပြီးပစ်ရတယ်လို့
လူစိတ်ကိုမရှိကြဘူး။
ဘာပဲဖြစ်ဖြစ်ငါနဲ့ထိုက်လို့ငါရတာပဲ
ဒီကလေးကိုငါရအောင်မွေးမယ်
ဟုတ်ပြီဒီကလေးကို ငါမွေးစားရမယ်”
မခင်မေလည်းကလေးငယ်အား
ပွေ့ချီကာစျေးမရောင်းတော့ပဲ
အိမ်သို့ပြန်လာခဲ့သည်။
==============
“မခင်မေ…ဘယ်ကကလေးခေါ်လာတာတုန်း”
အိမ်နီးချင်းဖြစ်သူမသက်ထားက
မေးလိုက်ခြင်းဖြစ်သည်။
“ငါဒီနေ့စျေးရောင်းသွားရင်
ထီပေါက်လာလို့အေ့”
“ဘာထီပေါက်တာတုန်းမခင်မေရဲ့”
“ငါဒီကလေးကိုကောက်ရလာလို့
ပြောတာအေ့၊ငါကလေးသိပ်ချစ်
တတ်တာနင်လည်းသိသားနဲ့ဒါကြောင့်
ငါဒီကလေးကိုမွေးစားဖို့ခေါ်လာတာ
သက်ထားရဲ့။
“ဖြစ်ပါ့မလား မခင်မေရယ်
အစ်မကစျေးရောင်းရတာက
တစ်ဖက်နဲ့မလား၊ဘယ်လိုလုပ်
ဒီကလေးကိုကြည့်နိုင်မှာလဲ”
“ဒါများမခက်ပါဘူး သက်ထားရယ်
ငါစျေးရောင်းထွက်ရင်ဒီကလေးကိုပါ
တစ်ခါတည်းခေါ်သွားမှာပေါ့ဟ”
“မခင်မေဖြစ်ရင်လည်း
ပြီးတာပါပဲရှင်…
ကျွန်မကမခင်မေကိုမကြည့်ရက်လို့
ပြောရတာပါ”
“ငါနားလည်ပါတယ်သက်ထားရယ်
ငါနဲ့ဒီကလေးကရေစက်ပါလို့
ဆုံခွင့်ရတာဟ၊ဒါကြောင့်ငါဒီကလေးကို
မွေးစားဖို့ဆုံးဖြတ်ပြီးခေါ်လာတာပဲ။
ဘာပဲဖြစ်ဖြစ်ငါဘယ်လောက်ပဲ
ပင်ပန်းပင်ပန်းဒီကလေးကို
သေချာကြည့်ရှုစောင့်ရှောက်မှာပါ”
“အင်း…မခင်မေတော့
နေရင်းထိုင်ရင်းအပူလုံးတိုးပြီ
ထင်ပါရဲ့ရှင်”
“ဒါကအပူလုံးမဟုတ်ပါဘူးအေ
ငါ့ကိုအေးမြစေမယ့်ရေပေါက်လေး
ပါဟဲ့”
မသက်ထားလည်း
မခင်မေကိုကြည့်ပြီးပြုံးသာနေမိ
တော့သည်။
==============
ကလေးကိုကောက်ရပြီးသည့်
နေ့မှစ၍မခင်မေတစ်ယောက်
စျေးရောင်းသည့်
အခါကလေးကိုပုဆိုးဖြင့်စလွယ်
သိုင်းကာအမြဲခေါ်ဆောင်သွားခဲ့သည်။
ကလေးငယ်အားတိုက်ရန်
နို့မထွက်ပြန်တော့ကလေးအတွက်
နို့ဗူးပြေးဝယ်ရပြန်သည်။
တစ်ခါတလေပြောင်းဖူပြုတ်နေရင်း
ကလေးငိုသဖြင့်ကလေးအိပ်အောင်
ပုခက်ပြေးလွှဲရပြန်သည်။
ညစျေး၌ထိုင်ရောင်းနေရင်း
ကလေးအိပ်အောင်စျေးရောင်းရင်း
ချော့မြူသိပ်ပေးရပြန်သည်။
ယခုလိုဒုက္ခများအား မခင်မေ
တစ်ယောက်ဒုက္ခဟုမမြင်
ပင်ပန်းသည်ဟုမညည်းပဲ
အပြုံးမပျက်စွာချစ်ခဲ့လေသည်။
ဤသို့ဖြင့် မခင်မေမွေးစားထား
သည့်ကလေးလည်းလူတစ်လုံး
သူတစ်လုံးဖြစ်လာခဲ့သည်။
“သားရေ ကျော်ကျော်”
“ဗျာ…အမေ
သားကိုဘာခိုင်းစရာရှိလို့လဲအမေ”
“ဟိုဘက်လမ်းကအန်တီဖြူမေ
ကိုသိတယ်မလားသား”
“ဟုတ်သိတယ်လေ အမေရဲ့”
“အန်တီဖြူမေကို
ပြောင်းဖူးပြုတ်လေးသွားပို့
ပေးစမ်းပါသားရယ်။
သူကမနေ့ကတည်းကမှာထားလို့
အမေလည်းမအားသေးလို့
သားကိုသွားပို့ခိုင်းတာ”
“ဟုတ်သားသွားပို့ပေးမယ်အမေ”
“အေးအေး အမေ့သားက
လိမ္မာပါတယ်ကွယ်”
ကျော်ကျော်လည်းပြောင်းဖူးထုပ်ကို
ဆွဲကာဒေါ်ဖြူမေအိမ်အားထွက်
လာခဲ့သည်။
“လေးဖြူမေ လေးဖြူမေ”
“သြော် သားကျော်ကျော်ပါလား
လာလာအိမ်ထဲလာ”
“အမေကပြောင်းဖူးပြုတ်
ပို့ခိုင္းလိုက္လို့ လာပို့တာဗ်”
“အေးအေး ကျေးဇူးပါပဲကွယ်”
“ဟုတ်ဒါဆိုသားပြန်ပြီနော်”
“အေးအေး ဂရုစိုက်ပြန်ဦး”
“ဟုတ်”
ကျော်ကျော်လည်းပြောင်းဖူး
ပို့ပြီးအိမ်သို့ပြန်လာခဲ့သည်။
==============
“အမေသားဗိုက်ဆာပြီ
ဘာချက်လဲ”
“ငါးခြောက်လေးချက်ထားတယ်သားရဲ့”
“သားမှငါးခြောက်မကြိုက်တာကို
အမေကလည်း”
“သားငါးခြောက်မကြိုက်ရင်
အမေကြက်ဥကြော်ပေးမယ်လေ
ခဏလေးစောင့်”
“ပြီးရော”
ကျော်ကျော်လည်းနှုတ်ခမ်းစူပြီး
ထိုင်စောင့်နေတော့သည်။
ဒေါ်ခင်မေလည်းမီးဖိုထဲဝင်ကာ
ကြက်ဥတစ်လုံးအားအပြေးအလွှား
ကြော်ရတော့သည်။
“ရပါပြီသားရေ ဟောဒီမှာ
ကြက်ဥကြော်ပူပူနွေးနွေးလေး”
“ဟေးစားမယ်”
ကျော်ကျော်လည်းဆာနေသဖြင့်
ထမင်းတစ်ပန်းကန်တစ်ချပ်လုံး
ခေတ္တခဏအတွင်းမှာပင်ကုန်ဆုံး
သွားလေသည်။
“သားညကြအမေနဲ့လိုက်ဦးမှာလား”
“လိုက်မှာပေါ့အမေရ
အမေနဲ့စျေးရောင်းရင်းစာကျက်လို့
ရတာပဲဟာ”
“ငါ့သားလေးကစာကြိုးစားမှန်း
အမေသိတာပေါ့ ဒါကြောင့်
ငါ့သားလေးစာကျက်ရင်းစားဖို့
မုန့်တွေတောင်အမေကဝယ်ထား
သေးတယ်”
“ဒါကြောင့်အမေ့ကို
ကျွန်တော်ကသိပ်ချစ်ရတာ”
“သွားလူလည်လေး
မအေကိုဒီလိုအပြောတွေနဲ့
ကပ်ချွဲနေတာ”
“ဟီးဟီး”
ညနေစောင်းတော့ပြောင်းဖူးပြုတ်
ရောင်းရန်အတွက်သားအမိနှစ်ယောက်
အိမ်မှထွက်လာခဲ့သည်။
သားအမိနှစ်ယောက်
ရုပ်ရှင်ရုံရှေ့တွင် ထိုင်ပြီး
ပြောင်းဖူးပြုတ်ရောင်းနေလေသည်။
“ပြောင်းဖူးပြုတ်ချိုချိုလေး”
“အမေ့အသံကတိုးလိုက်တာ
နေနေ သားအော်ပြမယ်”
“ဟောဒီကပြောင်းဖူးပြုတ်
ပူပူလေးဗျို့ ”
“ဟား ဟား ဟား
အမယ်လေးသားရယ် အသံသေး
အသံညှောင်နဲ့အားကုန်နေလိုက်တာ
ငါ့သားလေးမောနေပါ့မယ်”
“မမောပါဘူးအမေရဲ့
ဒီလိုအော်ရောင်းပေးမှအမေမမောမှာပေါ့
“လိမ္မာလိုက်တာငါ့သားလေးက”
“အန်တီပြောင်းဖူးတစ်ဖူးလောက်”
“စျေးဝယ်လာတယ် သား”
“အစ်မကြီးတစ်ဖူးတည်းလားဗျ။
ကျွန်တော်တို့ရောင်းတဲ့ပြောင်းဖူးပြုတ်က
သူများပြောင်းဖူးတွေထက်ပိုပြီး
ချိုတယ်နော်”
“အမယ်လေး ကောင်လေးက
စကားတတ်လိုက်တာရှင်
ဒါအန်တီ့သားလား”
“ဟုတ်ပါ့ဟုတ်ပါ့”
“မင်းအညွှန်းကောင်းလို့
အစ်မကပြောင်းဖူး၂ဖူးယူပါ့မယ်ရှင်”
“ကျေးဇူးပါဗျ”
“ငါ့သားလေးကအပြောလည်းကောင်း
စျေးလည်းကူရောင်းတတ်သားပဲ”
“အမေ့သားလေဗျာ
ဒီလောက်တော့ရှိမှာပေါ့”
ဒေါ်ခင်မေလည်းသားဖြစ်သူအား
ကြည့်ပြီးပီတိဖြစ်နေတော့သည်။
==============
တဖြည်းဖြည်းနှင့်ကျော်ကျော်
တစ်ယောက်ဆယ်တန်းသို့ပင်
ရောက်လာခဲ့သည်။
ကျောင်းမှအပေါင်းအသင်းများ
ကောင်းမှုကြောင့်ဆေးလိပ်ပင်
သောက်တတ်လာခဲ့သည်။
မိခင်ဖြစ်သူဒေါ်ခင်မေအားလာရောက်
တိုင်တန်းကြသဖြင့် သားဖြစ်သူ
ကျော်ကျော်အားဆိုဆုံးမရလေသည်။
မိခင်ရှေ့တွင်တော့ဘာမှ
မလုပ်တတ်သည့်အမူအရာဖြင့်
နေထိုင်ပြီးကျောင်းရောက်သည်နှင့်
ခွေးမြှီးကောက်ကျည်တောင့်စွပ်
ဖြစ်တော့သည်။
ဒီထက်ပိုဆိုးသည်ကကျောင်းစာ
ဘက်ကိုစိတ်မဝင်စားပါပဲ
အချစ်ရေးကိုသာဦးစားပေးခဲ့လေသည်။
အတန်းဖော်ဖြစ်သူ ယုယုနှင့်
သမီးရည်းစားဖြစ်ခဲ့လေသည်။
တစ်နေ့တွင်ဒေါ်ခင်မေ
တစ်ယောက်သားဖြစ်သူတက်သည့်
ကျောင်းရှေ့သို့စျေးရောင်းရန်
ရောက်လာလေသည်။
“ပြောင်းဖူးပြုတ်ပူပူလေး
သားတို့ငမီးတို့ ပြောင်းဖူးပြုတ်
ချိုချိုလေးတွေရမယ်နော်
အားပေးကြပါဦး”
“ကိုကျော် ဟိုရှေ့မှာပြောင်းဖူးပြုတ်
ရောင်းနေသံကြားတယ် ချစ်စားချင်တယ်
ကိုကျော်”
“ချစ်စားချင်ရင်သွားရအောင်လေ”
ကျော်ကျော်နဲ့ယုယုလည်း
ကျောင်းရှေ့သို့ထွက်လာခဲ့ကြသည်။
“ဟင်…အမေပါလား
ဘယ်လိုလုပ်ရပါ့မလဲ။
ငါ့အမေသာပြောင်းဖူးရောင်းတဲ့
သူမှန်းသိသွားရင် ယုငါ့ကို
အထင်သေးပြီးချစ်ပါတော့မလား
မဖြစ်ဘူးမဖြစ်ဘူး
ငါတစ်ခုခုကြံမှပဲ”
“ဟင်…သားနံဘေးမှာ
ကောင်မလေးတစ်ယောက်ပါလား
ငါ့သားချစ်သူရည်းစားတွေများ
ထားနေရော့လား။
ဒါမှမဟုတ်ခင်မင်တဲ့သူငယ်ချင်းများလား
သားရဲ့မျက်လုံးတွေကိုကြည့်ရတာတော့
သာမာန်သူငယ်ချင်းတော့
ဟုတ်ဟန်မတူဘူး။
ငါ့သားတော့ပညာရေးဘက်ကို
အာရုံစိုက်နိုင်ပါ့မလားမသိပါဘူး”
“အန်တီပြောင်းဖူးတစ်ဖူး
ဘယ်လောက်လဲရှင်”
ယုယု၏စကားကြောင့်
ဒေါ်ခင်မေတွေးလက်စအတွေးများ
လွင့်ပျံသွားရသည်။
“သြော် အေး တစ်ဖူး၂၀၀ပါသမီး”
“ဒါဆိုရင်သမီးကို၂ဖူးပေးပါအန်တီ”
“အေးအေး သမီးလေး”
“ယုလာသွားမယ် ပြောင်းဖူးစားမနေနဲ့တော့
ကျောင်းတက်တော့မယ်”
“နေပါဦးကိုကျော်ရဲ့ ခဏလေးပါ”
“မရဘူးကွာ လာသွားမယ်
ဒီလမ်းဘေးကပြောင်းဖူးပြုတ်တွေ
စားရင်ယုကျန်းမာရေးထိခိုက်
မှာပေါ့ မစားပါနဲ့ယုရယ်”
“ကိုကျော်ပဲစောနက
စားချင်ရင်ဝယ်မယ်ဆို
အခုမှဘယ်လိုဖြစ်ရတာလဲ”
“မသိဘူးကွာ လာဝယ်စားမနေနဲ့
လမ်းဘေးစာတွေ အလကားနေရင်း
ရောဂါရနေပါ့မယ်”
“ဟင်…ပြောရက်လိုက်တာသားရယ်”
ဒေါ်ခင်မေရင်ထဲမှာစကားလုံး
များတစ်ဆို့သွားရလေသည်။
“ကိုကျော်ကလည်းအဲ့လိုမပြောပါနဲ့
အန်တီ့ကိုအားနာစရာကြီး”
“ရပါတယ်သမီးရယ် ကိစ္စမရှိပါဘူး
သားလေးကိုဗွေမယူပါဘူးကွယ်”
“ခင်ဗျားကျုပ်ကိုသားလို့ မခေါ်ပါနဲ့
ကျုပ်မကြိုက်ဘူး”
“ဟင်”
“ကိုကျော်ပြောလေကဲလေပါလား
အန်တီရယ်ယုတောင်းပန်ပါတယ်နော်
ကိုကျော်ကအပြောမတတ်လို့ပါ”
“ရ ရပါတယ်သမီးရယ်
အန်တီဘာမှမဖြစ်ပါဘူး”
ဒေါ်ခင်မေမျက်ဝန်းမှ
မျက်ရည်များဝဲတက်လာခဲ့သည်။
မိမိအားစိတ်ဆိုးမာန်ဆိုးဖြင့်
ကြည့်သွားသည့်သားဖြစ်သူအား
ကြည့်ပြီးဒေါ်ခင်မေ
ငိုချင်းချနေတော့သည်။
ဒေါ်ခင်မေလည်းစျေးရောင်း
ချင်သည့်စိတ်မရှိတော့သဖြင့်
အိမ်သို့ပြန်လာခဲ့သည်။
“မခင်မေ အစောကြီးပြန်လာတာလား
ဘာလဲနေမကောင်းလို့လား”
“မဟုတ်ပါဘူးသက်ထားရယ်
ငါ့ရင်ထဲမကောင်းလွန်းလို့ပါအေ”
“အီးဟီးဟီး ဟီးဟီး”
“ဘာဖြစ်လို့လဲ မခင်မေရဲ့
ကျွန်မကိုပြောမှပေါ့ ငိုနေလို့
ပြီးမှာမှမဟုတ်တာ”
“ဒီလိုပါ သက်ထားရယ်……”
ဒေါ်ခင်မေလည်းဖြစ်ပျက်
သမျှအကြောင်းစုံအားရှင်းပြ
လိုက်လေသည်။
“တောက်…တော်တော်မိုက်ရိုင်း
တဲ့အကောင်မိဘကိုများ
စော်စော်ကားကားပြောလွှတ်လိုက်တယ်
ကျွေးမွေးပြုစုခဲ့တဲ့မျက်နှာကိုမှ
မထောက်ပြောရက်ဆိုရက်လိုက်တာ
နေပါစေဦးပြန်လာရင်
ဒင်းကိုပြောဆိုပစ်ဦးမယ်”
“မပြောပါနဲ့ သက်ထားရယ်
တော်ကြာသားလေးကငါ့ကို
စိတ်နာနေပါဦးမယ်”
“အိုမပြောလို့ရမလား
အခုဟာကမိုက်မိုက်ရိုင်းရိုင်းကြီး
ပြောဆိုလွှတ်လိုက်တာ။
မွေးကျေးဇူးမရှိပေမယ့်
ကျွေးထားတဲ့ကျေးဇူးလေးတော့
ထောက်ဦးမှပေါ့ မခင်မေရယ်”
“အရင်ကသားလေးက
ဒီလောက်ထိမဆိုးပါဘူး။
အခုမှဘယ်လိုစိတ်ရိုင်းတွေဝင်သွားသလဲ
မသိပါဘူး သက်ထားရယ်”
“လူပျိုပေါက်အရွယ်လေ မခင်မေရဲ့
အပေါင်းအသင်းကြောင့်သူ့စာရိတ္တ
တွေပျက်ပြားလာတာ။
သူပေါင်းတဲ့ဟာတွေကကောင်းမှ
မကောင်းကြပဲကိုးသူပျက်စီးမှာပေါ့ရှင်
ပ်က္စီးတာထက္မိဘကို
ကျေးဇူးကန်းတာတော့ နည်းနည်းလေးမှ
သဘောမကျဘူးမခင်မေ
နေပါစေပြန်လာမှတွေ့မယ် ဒင်းနဲ့”
ဒေါ်သက်ထားလည်း
မခင်မေဘက်မှမခံမရက်နိုင်
ဖြစ်နေရသည်။
==============
မနက်ကျောင်းဆင်းတော့
ကျော်ကျော်ကျောင်းမှပြန်လာခဲ့သည်။
ကျောင်းမှပြန်ရောက်ကတည်းက
မိခင်ဖြစ်သူဒေါ်ခင်မေအား
စကားမပြောပဲရှောင်နေလေသည်။
ထိုအချိန် ဒေါ်သက်ထားရောက်လာ
တော့သည်။
“ကျော်ကျော် နင်ဘာအချိုးချိုးလိုက်တာလဲ
မအေကိုနင်ဘာအချိုးချိုးလိုက်
တာလဲ”
“ဘာအချိုးချိုးလို့လဲဗျ
ခင်ဗျားနဲ့ဘာဆိုင်လို့လဲ”
“ဟဲ့ဆိုင်တယ်ဟဲ့ ဆိုင်တယ်
မခင်မေကနင်ရောက်မလာခင်
ကတည်းကငါ့အစ်မအရင်း
တစ်ယောက်လိုချစ်ခင်လာခဲ့တဲ့
သူပဲဟဲ့။
ဘယ့်နှယ့်တော် ကိုယ့်ကိုကျွေးမွေးပြုစု
ခဲ့တဲ့မအေကိုလူလည်ခေါင်မှာ
အရှက်ခွဲရတယ်လို့
အံ့ပါရဲ့တော်အံ့ပါရဲ့”
“မပြောပါနဲ့ သက်ထားရယ်”
“ပြောရမယ် ဒီကောင့်ကို
ပြောရမယ်”
“ဒီမယ်အန်တီသက်ထား
ကျုပ်မှာလည်းကျုပ်အကြောင်းနဲ့
ကျုပ်မလို့အမေ့ကိုဒီလို
ပြောလိုက်ရတာဗျ။
ခင်ဗျားဘာမှနားမလည်ပဲဝင်မပြောပါနဲ့”
“နေပါဦး နင့်အကြောင်းက
ဘာမို့လို့ မအေကိုဒီလောက်
စော်ကားမော်ကားပြောလွှတ်လိုက်ရ
တာလဲ”
“ကျုပ်ချစ်သူယုယုက
ကျုပ်အမေဟာပြောင်းဖူးရောင်းတဲ့
လမ်းဘေးစျေးသည်မှန်း
သိသွားရင်ကျုပ်ကိုမချစ်တော့မှာ
ဆိုးလို့သူ့ရှေ့မှာလိမ်လိုက်ရတာ
အဲ့ဒါခင်ဗျားနားလည်လား”
“ဟင်”
“ဟား ဟား ဟား ဟား
ကောင်းလိုက်တဲ့ဆင်ခြေ
ကောင်းလိုက်တဲ့အကြောင်းပြချက်
မိန်းမတစ်ယောက်အတွက်နဲ့များ
ကိုယ့်မအေကိုမအေလို့
အသိမခံနိုင်ဘူးဆိုပါလား။
ရယ်တောင်ရယ်ချင်သေးရဲ့
ကျော်ကျော်ရယ် နင်ဘယ်ကလာသလဲ
နင်ကိုယ်တိုင်သိပါတယ်
နင်ကမခင်မေရဲ့သားအရင်း
မဟုတ်မှန်းတစ်ရပ်ကွက်လုံးလည်းအသိ
နင်လည်းအသိပဲမလား
ပြောစမ်းပါဦးကျော်ကျော်ရဲ့”
“ကျုပ်ကမွေးစားသားမှန်း
အားလုံးသိတာမှန်တယ်
ကျုပ်ကလမ်းဘေးကကောက်ရတဲ့
ကလေးတစ်ယောက်မှန်းလူတိုင်း
သိတယ်။
အဲဒါပေမယ့်ကျုပ်ချစ်သူယုမှ
မသိသေးတာသူသိသွားရင်
ကျုပ်ကိုအထင်သေးသွားမှာပေါ့ဗျ။
ကျုပ်ချစ်သူကကျုပ်ကိုအထင်သေးပြီး
ထားသွားမှာမလိုလားဘူး
အန်တီသက်ထား”
“နင့်ချစ်သူကနင့်ကိုအထင်သေးမှာ
စိုးလို့ဟုတ္လား။
အခုနင်လုပ်လိုက်တဲ့လုပ်ရက်ကရော
နင့်ချစ်သူကအထင်ကြီးမတဲ့လား
ပြောစမ်းပါဦးကျော်ကျော်ရဲ့
အာဂအချစ်သတ္တိခဲကြီးရဲ့”
“တော်ဗျာ ခင်ဗျားကျုပ်တို့
သားအမိကြားဝင်မပါနဲ့
ခင်ဗျားထွက်သွားဗျာ”
“သွားမှာပါသွားမှာပါ
ငါကကျေးဇူးကန်းတဲ့သူကို
ကျေးဇူးတရားအကြောင်း
လာပြောပြတာ။
မင်းလည်းပညာတတ်ပဲ ဒါတွေကို
မင်းနားလည်မှာပါ
ကဲမခင်မေကျွန်မပြောချင်တာလည်း
ပြောပြီးပြီဆိုတော့ ကျွန်မသွားမယ်”
“အေး အေး”
ဒေါ်ခင်မေလည်းသားဖြစ်သူကို
ကြည့်ပြီးမျက်ရည်များကျဆင်း
လာခဲ့သည်။
===============
“ကိုကျော် ယုတို့လမ်းခွဲရအောင်”
“ဘာ…ဘာပြောတယ်
လမ်းခွဲရအောင်ဟုတ်လား
ဘာဖြစ်လို့လမ်းခွဲရမှာလဲယုရဲ့
ကိုနားမလည်ဘူး။
ကိုယ့်မှာဘာအပြစ်ရှိလို့လဲ”
“ရှိတာပေါ့ သိပ်ရှိတာပေါ့
ကိုယ့်ကိုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့
မိခင်ကိုယုရှေ့မှာ စော်ကားမော်ကား
ပြောဆိုလိုက်တာ ကိုကျော်မှာ
အပြစ်ရှိတာပေါ့”
“ဟင်…ယု ယုကို
ဒီအကြောင်းတွေဘယ်သူလာပြော
တာလဲ”
“ဘယ်သူကပဲလာပြောပြောပါ
ကိုကျော်မှာအပြစ်ရှိတာအမှန်ပဲ
မဟုတ်လား။
ယုလေကိုကျော်ကိုအထင်ကြီးထား
သမျှအလကားပဲ”
“ကိုကျော်ဟာကျေးဇူးတရားကို
မေ့တတ်တဲ့လူမှန်းအခုယုသိသွားပြီ
ယုအထင်ကြီးတာဂုဏ်တွေငွေတွေ
ရွှေတွေမဟုတ်ဘူး ကိုကျော်ရဲ့။
“ကိုယ်ကျင့်တရားကိုပဲ
ယုကတန်ဖိုးထားဆုံးဖြတ်တာ
ကိုကျော်မှာယုသိထားတဲ့
ကိုယ်ကျင့်တရားလည်းမရှိသလို
မိဘအပေါ်ကျေးဇူးကန်းတဲ့
လူတစ်ယောက်ဖြစ်လို့
ပြီးတော့ယုကိုသဘောထားသေးသိမ်တဲ့
မိန်းကလေးတစ်ယောက်လို
ကိုကျော်တွေးထင်နေလို့
ယုလမ်းခွဲလိုက်တာ”
“ဘာဆိုင်လို့လဲယုရဲ့
အဓိကကယုနဲ့ကိုယ်နဲ့ချစ်နေဖို့ပဲ
မဟုတ်လား”
“ကိုကျော်ကိုကျွေးမွေးထားတဲ့
မွေးစားမိခင်ကိုတောင်ဒီလို
လုပ်ရက်မှတော့ ယုလိုသူစိမ်း
တစ်ယောက်အပေါ်ဆို
ကိုကျော်ဘယ်လောက်လုပ်ရက်မလဲ
ဆိုတာယုမတွေးရဲဘူး။
ဒါကြောင့်ယုတို့ဇာတ်လမ်းကို
ဒီမှာပဲအဆုံးသတ်လိုက်ကြတာပေါ့
ယုသွားပြီ”
“ယု ယု ယု”
ကျော်ကျော်လည်းမြေပြင်ပေါ်
ခြေပစ်လက်ပစ်ထိုင်ချကာ
မှိုင်တွေနေတော့သည်။
================
“အေမ”
“အမေသားကိုစကားလေးတောင်
မပြောချင်တော့ဘူးလား ဟင်အမေ”
“သားမှားပါတယ် သားတောင်းပန်ပါတယ်အမေ
ယုလည်းသားကိုအထင်သေးပြီး
ထားသွားပြီဗျ။
အမေ့အပေါ်ကိုရိုင်းစိုင်းမိလို့
သားကိုခွင့်လွှတ်ပါအမေရယ်
နော်သားကိုခွင့်လွှတ်ပါအမေ”
“အမေသားကိုအမြဲခွင့်လွှတ်ပြီးသားပါ
သားကိုအမေအပြစ်မမြင်ပါဘူးသား။
သားအမှားကိုသားသိရင်ပဲ
အမေကျေနပ်လှပါပြီသားရယ်။
အမေလေသားဆီကဘာမှမမျှော်
လင့်ပါဘူးသားရယ်
သားဆီကချစ်ချင်းမေတ္တာကိုပဲ
အမေကလိုချင်တာပါ
အမေလေသားကိုသိပ်ချစ်တာပဲ
ရယ်ဝင်ထားသားလည်းမဟုတ်ပေမယ့်
အမေ့အတွက်တော့သားလေးဟာ
အမေ့ရင်မှာပိုက်ထားတဲ့သားအရင်း
လေးပါပဲသားရယ်……”
“သားမှားပါပြီအမေရဲ့
အီးဟီးဟီး”
ကျော်ကျော်လည်းမိခင်ဖြစ်သူအား
နောင်တတရားတို့နဲ့အတူ
ပွေ့ဖက်ပြီးငိုကျွေးနေမိတော့သည်။
ပြီးပါပြီ။ ။
စာဖတ်သူအားလုံးရွှင်လန်းကြပါစေ
ဘေးကင်းကြပါစေလို့ ဆုတောင်းရင်း
အစဉ်အမြဲကြိုးစားလျက်
#အောင်ဓူဝံ
ရင္ဝယ္ထားသားလည္းမဟုတ္
+++++++++++++++++
“ေဟာဒီကေျပာင္းဖူးျပဳတ္”
“အစၼ်ကီးတို႔ယူ်ကဦးမလား”
“ေျပာင္းဖူးျပဳတ္ပူပူေလး”
“ေစ်းသည္လာပါဦး”
“လာၿပီလာၿပီ”
မခင္ေမလည္းေစ်းဝယ္က
ေခၚလိုက္သည္မို႔ၿပဳံး႐ႊင္စြာ
ေစ်းဝယ္အနီးသို႔ေရာက္လာသည္။
“အန္တီေျပာင္းဖူးတစ္ဖူး
ဘယ္ေလာက္လဲရွင့္”
“တစ္ဖူးကို၂၀၀ပါ သမီး
သမီးဘယ္ႏွဖူးယူမလဲ”
“တစ္ဖူး၂၀၀ဆိုရင္၁၀၀၀ဖိုးေပးပါ”
“သမီးကေစ်းဦးေဖာက္ကို
၁၀၀၀ဖိုးဝယ္တယ္ဆိုေတာ့
အန္တီကေျပာင္းဖူးအတိုေလး
တစ္ဖူးအပိုထည့္ေပးလိုက္တယ္ေနာ္
သမီး…”
“ဟုတ္ကဲ့ ေက်းဇူးပါအန္တီ
ခဏေလးသမီးပင့္ေပးမယ္
ေတာင္းကအေလးႀကီးဆိုေတာ့
အန္တီေလးေနမွာစိုးလို႔”
“ေက်းဇူးပါပဲကြယ္
အန္တီသြားဦးမယ္ေနာ္သမီး”
“ဟုတ္ကဲ့အန္တီ”
မခင္ေမလည္းေျပာင္းဖူးေတာင္းကို
ေခါင္းေပၚ႐ြက္ၿပီးလွည့္ေရာင္းေန
ေတာ့သည္။
တစ္ေကာင္ႂကြက္တစ္မ်က္ႏွာ
မခင္ေမ၏ဘဝ
မိဘမ်ားကိုလည္းအပ်ိဳေပါက္စ
အ႐ြယ္ကတည္းကဆုံးရႈံးခဲ့ရေလ
သည္။
အားကိုးအားထားရဖို႔
အိမ္ေထာင္ျပဳျပန္ေတာ့လည္း
ခင္ပြန္သည္းမွာေရာဂါျဖင့္
ငယ္ငယ္႐ြယ္႐ြယ္ဆုံးပါးသြား
ခဲ့သည္။
လင္မရွိမုဆိုးမဘဝျဖင့္
ဘဝ၏ေလာကဓံကိုအံတုရင္း
ေရွ႕ဆက္ခဲ့ေလသည္။
မခင္ေမအားအရပ္ထဲမွအမ်ိဳးသားမ်ားက
ပိုးပန္းၾကေပမယ့္လည္း
ဆုံးပါးသြားၿပီျဖစ္သည့္
ခင္ပြန္းသည္မွလြဲ၍ မည္သည့္ေယာက္်ားကိုမွ မခင္ေမ
မခ်စ္မႏွစ္သက္ခဲ့ေပ။
ထို႔ေၾကာင့္ေနာက္အိမ္ေထာင္
မျပဳပါပဲေစ်းသည္ဘဝျဖင့္ဘဝကို
႐ုန္းကန္ရွာေဖြခဲ့ေလသည္။
ယခုလည္းအရပ္တကာလွည့္ၿပီး
ေျပာင္းဖူးေတာင္းတစ္ေတာင္းျဖင့္
တစ္လမ္းဝင္တစ္လမ္းထြက္
ဝမ္းစာကိုရွာေဖြေနရေလသည္။
“ေျပာင္းဖူးျပဳတ္ယူၾကဦးမလား
အစၠိဳ်ကီးတို႔အစၼ်ကီးတို႔
ေျပာင္းဖူးေလးေတြခ်ိဳတယ္ေနာ္
ယူၾကဦးမလား.”
“အူဝဲ အုဝဲ အူဝဲ”
“ေဟာေတာ့္ ကေလးငိုသံပါလား”
လူျပတ္သည့္လမ္းၾကားထဲသို႔
အေရာက္ကေလးငိုသံအား
မခင္ေမၾကားလိုက္ရသည္။
“အူဝဲ အူဝဲ”
“ဘယ္နားကအသံထြက္ေနပါလိမ့္”
မခင္ေမလည္းဟိုဟိုသည္သည္
လိုက္လံရွာေဖြလိုက္သည္။
“ဟင္…ေမြးခါစကေလးေလးပါလား
ဘယ္သူလာၿပီးစြန္႔ပစ္သြားပါလိမ့္ေနာ္”
မခင္ေမလည္းလမ္းေဘးၿခဳံနံေဘး
မွကေလးငယ္အားေကာက္ယူၿပီး
ေပြ႕ခ်ီလိုက္သည္။
“ဟယ္…ကေလးေလးက
ခ်စ္စရာေလးပါလား။
“ေယာက္်ားေလးလား
မိန္းကေလးလားမသိဘူး။
မွန္းစမ္း”
“ဟယ္…ေယာက္်ားေလးပါလား
ဘယ္လိုမေအမ်ိဳးလဲမသိဘူး
ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့
ကေလးကိုလာၿပီးပစ္ရတယ္လို႔
လူစိတ္ကိုမရွိၾကဘူး။
ဘာပဲျဖစ္ျဖစ္ငါနဲ႔ထိုက္လို႔ငါရတာပဲ
ဒီကေလးကိုငါရေအာင္ေမြးမယ္
ဟုတ္ၿပီဒီကေလးကို ငါေမြးစားရမယ္”
မခင္ေမလည္းကေလးငယ္အား
ေပြ႕ခ်ီကာေစ်းမေရာင္းေတာ့ပဲ
အိမ္သို႔ျပန္လာခဲ့သည္။
==============
“မခင္ေမ…ဘယ္ကကေလးေခၚလာတာတုန္း”
အိမ္နီးခ်င္းျဖစ္သူမသက္ထားက
ေမးလိုက္ျခင္းျဖစ္သည္။
“ငါဒီေန႔ေစ်းေရာင္းသြားရင္
ထီေပါက္လာလို႔ေအ့”
“ဘာထီေပါက္တာတုန္းမခင္ေမရဲ႕”
“ငါဒီကေလးကိုေကာက္ရလာလို႔
ေျပာတာေအ့၊ငါကေလးသိပ္ခ်စ္
တတ္တာနင္လည္းသိသားနဲ႔ဒါေၾကာင့္
ငါဒီကေလးကိုေမြးစားဖို႔ေခၚလာတာ
သက္ထားရဲ႕။
“ျဖစ္ပါ့မလား မခင္ေမရယ္
အစ္မကေစ်းေရာင္းရတာက
တစ္ဖက္နဲ႔မလား၊ဘယ္လိုလုပ္
ဒီကေလးကိုၾကည့္ႏိုင္မွာလဲ”
“ဒါမ်ားမခက္ပါဘူး သက္ထားရယ္
ငါေစ်းေရာင္းထြက္ရင္ဒီကေလးကိုပါ
တစ္ခါတည္းေခၚသြားမွာေပါ့ဟ”
“မခင္ေမျဖစ္ရင္လည္း
ၿပီးတာပါပဲရွင္…
ကြၽန္မကမခင္ေမကိုမၾကည့္ရက္လို႔
ေျပာရတာပါ”
“ငါနားလည္ပါတယ္သက္ထားရယ္
ငါနဲ႔ဒီကေလးကေရစက္ပါလို႔
ဆုံခြင့္ရတာဟ၊ဒါေၾကာင့္ငါဒီကေလးကို
ေမြးစားဖို႔ဆုံးျဖတ္ၿပီးေခၚလာတာပဲ။
ဘာပဲျဖစ္ျဖစ္ငါဘယ္ေလာက္ပဲ
ပင္ပန္းပင္ပန္းဒီကေလးကို
ေသခ်ာၾကည့္ရႈေစာင့္ေရွာက္မွာပါ”
“အင္း…မခင္ေမေတာ့
ေနရင္းထိုင္ရင္းအပူလုံးတိုးၿပီ
ထင္ပါရဲ႕ရွင္”
“ဒါကအပူလုံးမဟုတ္ပါဘူးေအ
ငါ့ကိုေအးျမေစမယ့္ေရေပါက္ေလး
ပါဟဲ့”
မသက္ထားလည္း
မခင္ေမကိုၾကည့္ၿပီးၿပဳံးသာေနမိ
ေတာ့သည္။
==============
ကေလးကိုေကာက္ရၿပီးသည့္
ေန႔မွစ၍မခင္ေမတစ္ေယာက္
ေစ်းေရာင္းသည့္
အခါကေလးကိုပုဆိုးျဖင့္စလြယ္
သိုင္းကာအၿမဲေခၚေဆာင္သြားခဲ့သည္။
ကေလးငယ္အားတိုက္ရန္
ႏို႔မထြက္ျပန္ေတာ့ကေလးအတြက္
ႏို႔ဗူးေျပးဝယ္ရျပန္သည္။
တစ္ခါတေလေျပာင္းဖူျပဳတ္ေနရင္း
ကေလးငိုသျဖင့္ကေလးအိပ္ေအာင္
ပုခက္ေျပးလႊဲရျပန္သည္။
ညေစ်း၌ထိုင္ေရာင္းေနရင္း
ကေလးအိပ္ေအာင္ေစ်းေရာင္းရင္း
ေခ်ာ့ျမဴသိပ္ေပးရျပန္သည္။
ယခုလိုဒုကၡမ်ားအား မခင္ေမ
တစ္ေယာက္ဒုကၡဟုမျမင္
ပင္ပန္းသည္ဟုမညည္းပဲ
အၿပဳံးမပ်က္စြာခ်စ္ခဲ့ေလသည္။
ဤသို႔ျဖင့္ မခင္ေမေမြးစားထား
သည့္ကေလးလည္းလူတစ္လုံး
သူတစ္လုံးျဖစ္လာခဲ့သည္။
“သားေရ ေက်ာ္ေက်ာ္”
“ဗ်ာ…အေမ
သားကိုဘာခိုင္းစရာရွိလို႔လဲအေမ”
“ဟိုဘက္လမ္းကအန္တီျဖဴေမ
ကိုသိတယ္မလားသား”
“ဟုတ္သိတယ္ေလ အေမရဲ႕”
“အန္တီျဖဴေမကို
ေျပာင္းဖူးျပဳတ္ေလးသြားပို႔
ေပးစမ္းပါသားရယ္။
သူကမေန႔ကတည္းကမွာထားလို႔
အေမလည္းမအားေသးလို႔
သားကိုသြားပို႔ခိုင္းတာ”
“ဟုတ္သားသြားပို႔ေပးမယ္အေမ”
“ေအးေအး အေမ့သားက
လိမၼာပါတယ္ကြယ္”
ေက်ာ္ေက်ာ္လည္းေျပာင္းဖူးထုပ္ကို
ဆြဲကာေဒၚျဖဴေမအိမ္အားထြက္
လာခဲ့သည္။
“ေလးျဖဴေမ ေလးျဖဴေမ”
“ေၾသာ္ သားေက်ာ္ေက်ာ္ပါလား
လာလာအိမ္ထဲလာ”
“အေမကေျပာင္းဖူးျပဳတ္
ပို႔ခိုင္းလိုကႅိဳ့ လာပို႔တာဗ္”
“ေအးေအး ေက်းဇူးပါပဲကြယ္”
“ဟုတ္ဒါဆိုသားျပန္ၿပီေနာ္”
“ေအးေအး ဂ႐ုစိုက္ျပန္ဦး”
“ဟုတ္”
ေက်ာ္ေက်ာ္လည္းေျပာင္းဖူး
ပို႔ၿပီးအိမ္သို႔ျပန္လာခဲ့သည္။
==============
“အေမသားဗိုက္ဆာၿပီ
ဘာခ်က္လဲ”
“ငါးေျခာက္ေလးခ်က္ထားတယ္သားရဲ႕”
“သားမွငါးေျခာက္မႀကိဳက္တာကို
အေမကလည္း”
“သားငါးေျခာက္မႀကိဳက္ရင္
အေမၾကက္ဥေၾကာ္ေပးမယ္ေလ
ခဏေလးေစာင့္”
“ၿပီးေရာ”
ေက်ာ္ေက်ာ္လည္းႏႈတ္ခမ္းစူၿပီး
ထိုင္ေစာင့္ေနေတာ့သည္။
ေဒၚခင္ေမလည္းမီးဖိုထဲဝင္ကာ
ၾကက္ဥတစ္လုံးအားအေျပးအလႊား
ေၾကာ္ရေတာ့သည္။
“ရပါၿပီသားေရ ေဟာဒီမွာ
ၾကက္ဥေၾကာ္ပူပူေႏြးေႏြးေလး”
“ေဟးစားမယ္”
ေက်ာ္ေက်ာ္လည္းဆာေနသျဖင့္
ထမင္းတစ္ပန္းကန္တစ္ခ်ပ္လုံး
ေခတၱခဏအတြင္းမွာပင္ကုန္ဆုံး
သြားေလသည္။
“သားညၾကအေမနဲ႔လိုက္ဦးမွာလား”
“လိုက္မွာေပါ့အေမရ
အေမနဲ႔ေစ်းေရာင္းရင္းစာက်က္လို႔
ရတာပဲဟာ”
“ငါ့သားေလးကစာႀကိဳးစားမွန္း
အေမသိတာေပါ့ ဒါေၾကာင့္
ငါ့သားေလးစာက်က္ရင္းစားဖို႔
မုန္႔ေတြေတာင္အေမကဝယ္ထား
ေသးတယ္”
“ဒါေၾကာင့္အေမ့ကို
ကြၽန္ေတာ္ကသိပ္ခ်စ္ရတာ”
“သြားလူလည္ေလး
မေအကိုဒီလိုအေျပာေတြနဲ႔
ကပ္ခြၽဲေနတာ”
“ဟီးဟီး”
ညေနေစာင္းေတာ့ေျပာင္းဖူးျပဳတ္
ေရာင္းရန္အတြက္သားအမိႏွစ္ေယာက္
အိမ္မွထြက္လာခဲ့သည္။
သားအမိႏွစ္ေယာက္
႐ုပ္ရွင္႐ုံေရွ႕တြင္ ထိုင္ၿပီး
ေျပာင္းဖူးျပဳတ္ေရာင္းေနေလသည္။
“ေျပာင္းဖူးျပဳတ္ခ်ိဳခ်ိဳေလး”
“အေမ့အသံကတိုးလိုက္တာ
ေနေန သားေအာ္ျပမယ္”
“ေဟာဒီကေျပာင္းဖူးျပဳတ္
ပူပူေလးဗ်ိဳ႕ ”
“ဟား ဟား ဟား
အမယ္ေလးသားရယ္ အသံေသး
အသံေညႇာင္နဲ႔အားကုန္ေနလိုက္တာ
ငါ့သားေလးေမာေနပါ့မယ္”
“မေမာပါဘူးအေမရဲ႕
ဒီလိုေအာ္ေရာင္းေပးမွအေမမေမာမွာေပါ့
“လိမၼာလိုက္တာငါ့သားေလးက”
“အန္တီေျပာင္းဖူးတစ္ဖူးေလာက္”
“ေစ်းဝယ္လာတယ္ သား”
“အစ္မႀကီးတစ္ဖူးတည္းလားဗ်။
ကြၽန္ေတာ္တို႔ေရာင္းတဲ့ေျပာင္းဖူးျပဳတ္က
သူမ်ားေျပာင္းဖူးေတြထက္ပိုၿပီး
ခ်ိဳတယ္ေနာ္”
“အမယ္ေလး ေကာင္ေလးက
စကားတတ္လိုက္တာရွင္
ဒါအန္တီ့သားလား”
“ဟုတ္ပါ့ဟုတ္ပါ့”
“မင္းအၫႊန္းေကာင္းလို႔
အစ္မကေျပာင္းဖူး၂ဖူးယူပါ့မယ္ရွင္”
“ေက်းဇူးပါဗ်”
“ငါ့သားေလးကအေျပာလည္းေကာင္း
ေစ်းလည္းကူေရာင္းတတ္သားပဲ”
“အေမ့သားေလဗ်ာ
ဒီေလာက္ေတာ့ရွိမွာေပါ့”
ေဒၚခင္ေမလည္းသားျဖစ္သူအား
ၾကည့္ၿပီးပီတိျဖစ္ေနေတာ့သည္။
==============
တျဖည္းျဖည္းႏွင့္ေက်ာ္ေက်ာ္
တစ္ေယာက္ဆယ္တန္းသို႔ပင္
ေရာက္လာခဲ့သည္။
ေက်ာင္းမွအေပါင္းအသင္းမ်ား
ေကာင္းမႈေၾကာင့္ေဆးလိပ္ပင္
ေသာက္တတ္လာခဲ့သည္။
မိခင္ျဖစ္သူေဒၚခင္ေမအားလာေရာက္
တိုင္တန္းၾကသျဖင့္ သားျဖစ္သူ
ေက်ာ္ေက်ာ္အားဆိုဆုံးမရေလသည္။
မိခင္ေရွ႕တြင္ေတာ့ဘာမွ
မလုပ္တတ္သည့္အမူအရာျဖင့္
ေနထိုင္ၿပီးေက်ာင္းေရာက္သည္ႏွင့္
ေခြးျမႇီးေကာက္က်ည္ေတာင့္စြပ္
ျဖစ္ေတာ့သည္။
ဒီထက္ပိုဆိုးသည္ကေက်ာင္းစာ
ဘက္ကိုစိတ္မဝင္စားပါပဲ
အခ်စ္ေရးကိုသာဦးစားေပးခဲ့ေလသည္။
အတန္းေဖာ္ျဖစ္သူ ယုယုႏွင့္
သမီးရည္းစားျဖစ္ခဲ့ေလသည္။
တစ္ေန႔တြင္ေဒၚခင္ေမ
တစ္ေယာက္သားျဖစ္သူတက္သည့္
ေက်ာင္းေရွ႕သို႔ေစ်းေရာင္းရန္
ေရာက္လာေလသည္။
“ေျပာင္းဖူးျပဳတ္ပူပူေလး
သားတို႔ငမီးတို႔ ေျပာင္းဖူးျပဳတ္
ခ်ိဳခ်ိဳေလးေတြရမယ္ေနာ္
အားေပးၾကပါဦး”
“ကိုေက်ာ္ ဟိုေရွ႕မွာေျပာင္းဖူးျပဳတ္
ေရာင္းေနသံၾကားတယ္ ခ်စ္စားခ်င္တယ္
ကိုေက်ာ္”
“ခ်စ္စားခ်င္ရင္သြားရေအာင္ေလ”
ေက်ာ္ေက်ာ္နဲ႔ယုယုလည္း
ေက်ာင္းေရွ႕သို႔ထြက္လာခဲ့ၾကသည္။
“ဟင္…အေမပါလား
ဘယ္လိုလုပ္ရပါ့မလဲ။
ငါ့အေမသာေျပာင္းဖူးေရာင္းတဲ့
သူမွန္းသိသြားရင္ ယုငါ့ကို
အထင္ေသးၿပီးခ်စ္ပါေတာ့မလား
မျဖစ္ဘူးမျဖစ္ဘူး
ငါတစ္ခုခုႀကံမွပဲ”
“ဟင္…သားနံေဘးမွာ
ေကာင္မေလးတစ္ေယာက္ပါလား
ငါ့သားခ်စ္သူရည္းစားေတြမ်ား
ထားေနေရာ့လား။
ဒါမွမဟုတ္ခင္မင္တဲ့သူငယ္ခ်င္းမ်ားလား
သားရဲ႕မ်က္လုံးေတြကိုၾကည့္ရတာေတာ့
သာမာန္သူငယ္ခ်င္းေတာ့
ဟုတ္ဟန္မတူဘူး။
ငါ့သားေတာ့ပညာေရးဘက္ကို
အာ႐ုံစိုက္ႏိုင္ပါ့မလားမသိပါဘူး”
“အန္တီေျပာင္းဖူးတစ္ဖူး
ဘယ္ေလာက္လဲရွင္”
ယုယု၏စကားေၾကာင့္
ေဒၚခင္ေမေတြးလက္စအေတြးမ်ား
လြင့္ပ်ံသြားရသည္။
“ေၾသာ္ ေအး တစ္ဖူး၂၀၀ပါသမီး”
“ဒါဆိုရင္သမီးကို၂ဖူးေပးပါအန္တီ”
“ေအးေအး သမီးေလး”
“ယုလာသြားမယ္ ေျပာင္းဖူးစားမေနနဲ႔ေတာ့
ေက်ာင္းတက္ေတာ့မယ္”
“ေနပါဦးကိုေက်ာ္ရဲ႕ ခဏေလးပါ”
“မရဘူးကြာ လာသြားမယ္
ဒီလမ္းေဘးကေျပာင္းဖူးျပဳတ္ေတြ
စားရင္ယုက်န္းမာေရးထိခိုက္
မွာေပါ့ မစားပါနဲ႔ယုရယ္”
“ကိုေက်ာ္ပဲေစာနက
စားခ်င္ရင္ဝယ္မယ္ဆို
အခုမွဘယ္လိုျဖစ္ရတာလဲ”
“မသိဘူးကြာ လာဝယ္စားမေနနဲ႔
လမ္းေဘးစာေတြ အလကားေနရင္း
ေရာဂါရေနပါ့မယ္”
“ဟင္…ေျပာရက္လိုက္တာသားရယ္”
ေဒၚခင္ေမရင္ထဲမွာစကားလုံး
မ်ားတစ္ဆို႔သြားရေလသည္။
“ကိုေက်ာ္ကလည္းအဲ့လိုမေျပာပါနဲ႔
အန္တီ့ကိုအားနာစရာႀကီး”
“ရပါတယ္သမီးရယ္ ကိစၥမရွိပါဘူး
သားေလးကိုေဗြမယူပါဘူးကြယ္”
“ခင္ဗ်ားက်ဳပ္ကိုသားလို႔ မေခၚပါနဲ႔
က်ဳပ္မႀကိဳက္ဘူး”
“ဟင္”
“ကိုေက်ာ္ေျပာေလကဲေလပါလား
အန္တီရယ္ယုေတာင္းပန္ပါတယ္ေနာ္
ကိုေက်ာ္ကအေျပာမတတ္လို႔ပါ”
“ရ ရပါတယ္သမီးရယ္
အန္တီဘာမွမျဖစ္ပါဘူး”
ေဒၚခင္ေမမ်က္ဝန္းမွ
မ်က္ရည္မ်ားဝဲတက္လာခဲ့သည္။
မိမိအားစိတ္ဆိုးမာန္ဆိုးျဖင့္
ၾကည့္သြားသည့္သားျဖစ္သူအား
ၾကည့္ၿပီးေဒၚခင္ေမ
ငိုခ်င္းခ်ေနေတာ့သည္။
ေဒၚခင္ေမလည္းေစ်းေရာင္း
ခ်င္သည့္စိတ္မရွိေတာ့သျဖင့္
အိမ္သို႔ျပန္လာခဲ့သည္။
“မခင္ေမ အေစာႀကီးျပန္လာတာလား
ဘာလဲေနမေကာင္းလို႔လား”
“မဟုတ္ပါဘူးသက္ထားရယ္
ငါ့ရင္ထဲမေကာင္းလြန္းလို႔ပါေအ”
“အီးဟီးဟီး ဟီးဟီး”
“ဘာျဖစ္လို႔လဲ မခင္ေမရဲ႕
ကြၽန္မကိုေျပာမွေပါ့ ငိုေနလို႔
ၿပီးမွာမွမဟုတ္တာ”
“ဒီလိုပါ သက္ထားရယ္……”
ေဒၚခင္ေမလည္းျဖစ္ပ်က္
သမွ်အေၾကာင္းစုံအားရွင္းျပ
လိုက္ေလသည္။
“ေတာက္…ေတာ္ေတာ္မိုက္႐ိုင္း
တဲ့အေကာင္မိဘကိုမ်ား
ေစာ္ေစာ္ကားကားေျပာလႊတ္လိုက္တယ္
ေကြၽးေမြးျပဳစုခဲ့တဲ့မ်က္ႏွာကိုမွ
မေထာက္ေျပာရက္ဆိုရက္လိုက္တာ
ေနပါေစဦးျပန္လာရင္
ဒင္းကိုေျပာဆိုပစ္ဦးမယ္”
“မေျပာပါနဲ႔ သက္ထားရယ္
ေတာ္ၾကာသားေလးကငါ့ကို
စိတ္နာေနပါဦးမယ္”
“အိုမေျပာလို႔ရမလား
အခုဟာကမိုက္မိုက္႐ိုင္း႐ိုင္းႀကီး
ေျပာဆိုလႊတ္လိုက္တာ။
ေမြးေက်းဇူးမရွိေပမယ့္
ေကြၽးထားတဲ့ေက်းဇူးေလးေတာ့
ေထာက္ဦးမွေပါ့ မခင္ေမရယ္”
“အရင္ကသားေလးက
ဒီေလာက္ထိမဆိုးပါဘူး။
အခုမွဘယ္လိုစိတ္႐ိုင္းေတြဝင္သြားသလဲ
မသိပါဘူး သက္ထားရယ္”
“လူပ်ိဳေပါက္အ႐ြယ္ေလ မခင္ေမရဲ႕
အေပါင္းအသင္းေၾကာင့္သူ႔စာရိတၱ
ေတြပ်က္ျပားလာတာ။
သူေပါင္းတဲ့ဟာေတြကေကာင္းမွ
မေကာင္းၾကပဲကိုးသူပ်က္စီးမွာေပါ့ရွင္
ပ္ကၥီးတာထကၼိဘကို
ေက်းဇူးကန္းတာေတာ့ နည္းနည္းေလးမွ
သေဘာမက်ဘူးမခင္ေမ
ေနပါေစျပန္လာမွေတြ႕မယ္ ဒင္းနဲ႔”
ေဒၚသက္ထားလည္း
မခင္ေမဘက္မွမခံမရက္ႏိုင္
ျဖစ္ေနရသည္။
==============
မနက္ေက်ာင္းဆင္းေတာ့
ေက်ာ္ေက်ာ္ေက်ာင္းမွျပန္လာခဲ့သည္။
ေက်ာင္းမွျပန္ေရာက္ကတည္းက
မိခင္ျဖစ္သူေဒၚခင္ေမအား
စကားမေျပာပဲေရွာင္ေနေလသည္။
ထိုအခ်ိန္ ေဒၚသက္ထားေရာက္လာ
ေတာ့သည္။
“ေက်ာ္ေက်ာ္ နင္ဘာအခ်ိဳးခ်ိဳးလိုက္တာလဲ
မေအကိုနင္ဘာအခ်ိဳးခ်ိဳးလိုက္
တာလဲ”
“ဘာအခ်ိဳးခ်ိဳးလို႔လဲဗ်
ခင္ဗ်ားနဲ႔ဘာဆိုင္လို႔လဲ”
“ဟဲ့ဆိုင္တယ္ဟဲ့ ဆိုင္တယ္
မခင္ေမကနင္ေရာက္မလာခင္
ကတည္းကငါ့အစ္မအရင္း
တစ္ေယာက္လိုခ်စ္ခင္လာခဲ့တဲ့
သူပဲဟဲ့။
ဘယ့္ႏွယ့္ေတာ္ ကိုယ့္ကိုေကြၽးေမြးျပဳစု
ခဲ့တဲ့မေအကိုလူလည္ေခါင္မွာ
အရွက္ခြဲရတယ္လို႔
အံ့ပါရဲ႕ေတာ္အံ့ပါရဲ႕”
“မေျပာပါနဲ႔ သက္ထားရယ္”
“ေျပာရမယ္ ဒီေကာင့္ကို
ေျပာရမယ္”
“ဒီမယ္အန္တီသက္ထား
က်ဳပ္မွာလည္းက်ဳပ္အေၾကာင္းနဲ႔
က်ဳပ္မလို႔အေမ့ကိုဒီလို
ေျပာလိုက္ရတာဗ်။
ခင္ဗ်ားဘာမွနားမလည္ပဲဝင္မေျပာပါနဲ႔”
“ေနပါဦး နင့္အေၾကာင္းက
ဘာမို႔လို႔ မေအကိုဒီေလာက္
ေစာ္ကားေမာ္ကားေျပာလႊတ္လိုက္ရ
တာလဲ”
“က်ဳပ္ခ်စ္သူယုယုက
က်ဳပ္အေမဟာေျပာင္းဖူးေရာင္းတဲ့
လမ္းေဘးေစ်းသည္မွန္း
သိသြားရင္က်ဳပ္ကိုမခ်စ္ေတာ့မွာ
ဆိုးလို႔သူ႔ေရွ႕မွာလိမ္လိုက္ရတာ
အဲ့ဒါခင္ဗ်ားနားလည္လား”
“ဟင္”
“ဟား ဟား ဟား ဟား
ေကာင္းလိုက္တဲ့ဆင္ေျခ
ေကာင္းလိုက္တဲ့အေၾကာင္းျပခ်က္
မိန္းမတစ္ေယာက္အတြက္နဲ႔မ်ား
ကိုယ့္မေအကိုမေအလို႔
အသိမခံႏိုင္ဘူးဆိုပါလား။
ရယ္ေတာင္ရယ္ခ်င္ေသးရဲ႕
ေက်ာ္ေက်ာ္ရယ္ နင္ဘယ္ကလာသလဲ
နင္ကိုယ္တိုင္သိပါတယ္
နင္ကမခင္ေမရဲ႕သားအရင္း
မဟုတ္မွန္းတစ္ရပ္ကြက္လုံးလည္းအသိ
နင္လည္းအသိပဲမလား
ေျပာစမ္းပါဦးေက်ာ္ေက်ာ္ရဲ႕”
“က်ဳပ္ကေမြးစားသားမွန္း
အားလုံးသိတာမွန္တယ္
က်ဳပ္ကလမ္းေဘးကေကာက္ရတဲ့
ကေလးတစ္ေယာက္မွန္းလူတိုင္း
သိတယ္။
အဲဒါေပမယ့္က်ဳပ္ခ်စ္သူယုမွ
မသိေသးတာသူသိသြားရင္
က်ဳပ္ကိုအထင္ေသးသြားမွာေပါ့ဗ်။
က်ဳပ္ခ်စ္သူကက်ဳပ္ကိုအထင္ေသးၿပီး
ထားသြားမွာမလိုလားဘူး
အန္တီသက္ထား”
“နင့္ခ်စ္သူကနင့္ကိုအထင္ေသးမွာ
စိုးလို႔ဟုတႅား။
အခုနင္လုပ္လိုက္တဲ့လုပ္ရက္ကေရာ
နင့္ခ်စ္သူကအထင္ႀကီးမတဲ့လား
ေျပာစမ္းပါဦးေက်ာ္ေက်ာ္ရဲ႕
အာဂအခ်စ္သတၱိခဲႀကီးရဲ႕”
“ေတာ္ဗ်ာ ခင္ဗ်ားက်ဳပ္တို႔
သားအမိၾကားဝင္မပါနဲ႔
ခင္ဗ်ားထြက္သြားဗ်ာ”
“သြားမွာပါသြားမွာပါ
ငါကေက်းဇူးကန္းတဲ့သူကို
ေက်းဇူးတရားအေၾကာင္း
လာေျပာျပတာ။
မင္းလည္းပညာတတ္ပဲ ဒါေတြကို
မင္းနားလည္မွာပါ
ကဲမခင္ေမကြၽန္မေျပာခ်င္တာလည္း
ေျပာၿပီးၿပီဆိုေတာ့ ကြၽန္မသြားမယ္”
“ေအး ေအး”
ေဒၚခင္ေမလည္းသားျဖစ္သူကို
ၾကည့္ၿပီးမ်က္ရည္မ်ားက်ဆင္း
လာခဲ့သည္။
===============
“ကိုေက်ာ္ ယုတို႔လမ္းခြဲရေအာင္”
“ဘာ…ဘာေျပာတယ္
လမ္းခြဲရေအာင္ဟုတ္လား
ဘာျဖစ္လို႔လမ္းခြဲရမွာလဲယုရဲ႕
ကိုနားမလည္ဘူး။
ကိုယ့္မွာဘာအျပစ္ရွိလို႔လဲ”
“ရွိတာေပါ့ သိပ္ရွိတာေပါ့
ကိုယ့္ကိုေကြၽးေမြးေစာင့္ေရွာက္ခဲ့တဲ့
မိခင္ကိုယုေရွ႕မွာ ေစာ္ကားေမာ္ကား
ေျပာဆိုလိုက္တာ ကိုေက်ာ္မွာ
အျပစ္ရွိတာေပါ့”
“ဟင္…ယု ယုကို
ဒီအေၾကာင္းေတြဘယ္သူလာေျပာ
တာလဲ”
“ဘယ္သူကပဲလာေျပာေျပာပါ
ကိုေက်ာ္မွာအျပစ္ရွိတာအမွန္ပဲ
မဟုတ္လား။
ယုေလကိုေက်ာ္ကိုအထင္ႀကီးထား
သမွ်အလကားပဲ”
“ကိုေက်ာ္ဟာေက်းဇူးတရားကို
ေမ့တတ္တဲ့လူမွန္းအခုယုသိသြားၿပီ
ယုအထင္ႀကီးတာဂုဏ္ေတြေငြေတြ
ေ႐ႊေတြမဟုတ္ဘူး ကိုေက်ာ္ရဲ႕။
“ကိုယ္က်င့္တရားကိုပဲ
ယုကတန္ဖိုးထားဆုံးျဖတ္တာ
ကိုေက်ာ္မွာယုသိထားတဲ့
ကိုယ္က်င့္တရားလည္းမရွိသလို
မိဘအေပၚေက်းဇူးကန္းတဲ့
လူတစ္ေယာက္ျဖစ္လို႔
ၿပီးေတာ့ယုကိုသေဘာထားေသးသိမ္တဲ့
မိန္းကေလးတစ္ေယာက္လို
ကိုေက်ာ္ေတြးထင္ေနလို႔
ယုလမ္းခြဲလိုက္တာ”
“ဘာဆိုင္လို႔လဲယုရဲ႕
အဓိကကယုနဲ႔ကိုယ္နဲ႔ခ်စ္ေနဖို႔ပဲ
မဟုတ္လား”
“ကိုေက်ာ္ကိုေကြၽးေမြးထားတဲ့
ေမြးစားမိခင္ကိုေတာင္ဒီလို
လုပ္ရက္မွေတာ့ ယုလိုသူစိမ္း
တစ္ေယာက္အေပၚဆို
ကိုေက်ာ္ဘယ္ေလာက္လုပ္ရက္မလဲ
ဆိုတာယုမေတြးရဲဘူး။
ဒါေၾကာင့္ယုတို႔ဇာတ္လမ္းကို
ဒီမွာပဲအဆုံးသတ္လိုက္ၾကတာေပါ့
ယုသြားၿပီ”
“ယု ယု ယု”
ေက်ာ္ေက်ာ္လည္းေျမျပင္ေပၚ
ေျခပစ္လက္ပစ္ထိုင္ခ်ကာ
မႈိင္ေတြေနေတာ့သည္။
================
“ေအမ”
“အေမသားကိုစကားေလးေတာင္
မေျပာခ်င္ေတာ့ဘူးလား ဟင္အေမ”
“သားမွားပါတယ္ သားေတာင္းပန္ပါတယ္အေမ
ယုလည္းသားကိုအထင္ေသးၿပီး
ထားသြားၿပီဗ်။
အေမ့အေပၚကို႐ိုင္းစိုင္းမိလို႔
သားကိုခြင့္လႊတ္ပါအေမရယ္
ေနာ္သားကိုခြင့္လႊတ္ပါအေမ”
“အေမသားကိုအၿမဲခြင့္လႊတ္ၿပီးသားပါ
သားကိုအေမအျပစ္မျမင္ပါဘူးသား။
သားအမွားကိုသားသိရင္ပဲ
အေမေက်နပ္လွပါၿပီသားရယ္။
အေမေလသားဆီကဘာမွမေမွ်ာ္
လင့္ပါဘူးသားရယ္
သားဆီကခ်စ္ခ်င္းေမတၱာကိုပဲ
အေမကလိုခ်င္တာပါ
အေမေလသားကိုသိပ္ခ်စ္တာပဲ
ရယ္ဝင္ထားသားလည္းမဟုတ္ေပမယ့္
အေမ့အတြက္ေတာ့သားေလးဟာ
အေမ့ရင္မွာပိုက္ထားတဲ့သားအရင္း
ေလးပါပဲသားရယ္……”
“သားမွားပါၿပီအေမရဲ႕
အီးဟီးဟီး”
ေက်ာ္ေက်ာ္လည္းမိခင္ျဖစ္သူအား
ေနာင္တတရားတို႔နဲ႔အတူ
ေပြ႕ဖက္ၿပီးငိုေကြၽးေနမိေတာ့သည္။
ၿပီးပါၿပီ။ ။
စာဖတ္သူအားလုံး႐ႊင္လန္းၾကပါေစ
ေဘးကင္းၾကပါေစလို႔ ဆုေတာင္းရင္း
အစဥ္အၿမဲႀကိဳးစားလ်က္
#ေအာင္ဓူဝံ