” သင်္ချိုင်းဟောင်းက လက်ကျန်သရဲကြီး ”စ/ဆုံး)

Unicode Version

” သင်္ချိုင်းဟောင်းက လက်ကျန်သရဲကြီး ”စ/ဆုံး)
————————————————————————

မြို့ကွက်သစ်ချဲ့သည့်အတွက် မြေကွက်များ
ရိုက်ပေးပြီး မဲနှိုက်ရာ ကိုတင်လှနှင့်မမြဝင်းတို့
ဇနီးမောင်နှံက မြို့စွန်ကပ်၍ ဖောက်ထားသော
လမ်းဘေးတွင် မြေကွက်တစ်နေရာ ရရှိလိုက်
သည်။ သူတို့၏ ရှေ့မျက်နှာစာမှာ လက်ရှိမြို့
ရှိပြီး သူတို့နောက်မှာအိမ်မဆောက်ရသေးသော
အကွက်သစ်များ ရှိသည်။

လမ်းမတန်းဘေး ရသူများက ဝမ်းသာနေကြ
သလို အတွင်းဘက် ကျသူများကလည်း
နောင်စည်လာရင် နားအေးပါးအေးနေရသည်ဟု
ဖြေသိမ့်စကား ဆိုကြသည်။ ရပ်ကွက်သစ်မှာ
အိမ်ခြေငါးရာနီးပါးရှိသည်။ မြေကွက်လပ်ကျန်ပင်
ရှိသေးသည်။ ကိုတင်လှတို့က သူတို့ရသော
ခြံကို ဝါးခြမ်းပြားကပ်များဖြင့် စည်းရိုးကာလိုက်သည်။

အင်ကညင်တောသစ်များဖြင့် သုံးပင်
ပတ်လည် အိမ်လေးတစ်လုံး လက်သမား
ငှား၍ဆောက်လိုက်သည်။သူတို့ပြောင်းလာပြီး
ဆယ့်လေးငါးရက်အတွင်း အိမ်လုံးလေးပေါ်
လာသည်။ အိမ်ပေါ်တက်၍ မရသေး၊ယခင်
နေခဲ့သော အိမ်ဟောင်းမှ သယ်လာသော
ပန်းပင်မျိူးစုံတို့က ပန်းအိုးများအတွင်းမှာ
လန်းဆန်းစွာ ရှိနေသည်။ ယခုအကွက်သစ်က
မြို့တွင်းနေရာအနှံ့မှာ နေထိုင်ကြသော ကျူး
ကျော်မှုများကို ဖယ်ခိုင်းပြီး နေရာအသစ်မှာ
အကွက်ရိုက်၍ မဲနှိုက်ကာ မြေကွက်ချပေးခြင်း
ဖြစ်သည်။

သူတို့ရပ်ကွက်လေးကို အောင်သုခရပ်ကွက်ဟု
အမည်ပေးထားသည်။ ပြောင်းရွှေ့လာသူ တစ်ဝက်ခန့်
က ပျံကျအလုပ်သမားဖြစ်၍ အဆောက်အဦးကောင်းများ
မဆောက်ကြသေးဘဲ နေ၍ရရုံသာ ဆောက်လုပ်နေ
ထိုင်ကြသဖြင့် မြို့သစ်ရပ်ကွက်လေးမှာ မီးဘေး
ဒုက္ခသည်များ နေသော နေရာလိုလိုဖြင့် မတင့်တယ်
ရှိနေသည်။ မြေကွက်ချမပေးခင် သက်ဆိုင်ရာက
ရေရရှိရေး မီးရရှိရေး လုပ်ပေးထားသဖြင့် ညဘက်
မီးရှိသည်။ အဝီစိတွင်းကြီး တူးပေးထားသဖြင့်
ရေအတွက် မပူရ။ ကိုတင်လှတို့ အနီးဝန်းကျင်
အိမ်အလုံးတစ်ရာနီးပါးကတော့ ရုပ်လုံးပေါ်လာ
ပြီး ဖြစ်သည်။

တစ်ခုတော့ သတင်းကြားသည်။ သူတို့မြေနေရာများ
က မသန့်ဟု သိထားသည်။ မြို့မ မီးသင်္ဂြု ိဟ်စက်နှင့်
သင်္ချိုင်းအသစ် မရှိခင်က ဤနေရာက သင်္ချိုင်းအ
ဟောင်းဟု သိရသည်။ သင်္ချိုင်းဟောင်းကို သင်္ချိုင်း
သစ်နေရာသို့ ပြောင်းရွေ့ခဲ့သည်မှာ သုံးနှစ်ခန့်
ရှိပြီဟု သိရသည်။ ယခု အသုံးမပြုတော့သည်
သင်္ချိုင်းအဟောင်းနေရာမှာ သစ်ပင်များ၊ မြက်များ
ရှင်းလင်းပြီး မြို့ကွက် ရိုက်ပေးခြင်းဖြစ်သည်။

ပြောင်းရွှေ့လာသူအချို့က ညညလမ်းပေါ်မှာ
လူလိုလို အခိုးအငွေ့လိုလို လျှောက်သွားနေသည်
ကို မြင်ကြရသည်လည်း ပြောကြသည်။ ညည့်နက်
ပြီဆိုလျှင် ပြောင်းရွေ့လာသူတို့မှာ ပါလာသော
ခွေးများ၏ အူသံကိုလည်း ညစဉ်လိုလို ကြားကြ
ရသည်။ ကိုတင်လှတို့ မိသားစုက လေးယောက်
တစ်ဗိုက်ဖြစ်သည်။

သူတို့မိသားစုမှာ ငါးနှစ်အရွယ် မိန်းကလေး
တစ်ယောက်၊သုံးနှစ်အရွယ် သားလေးတစ်ယောက်
ယခုမမြဝင်း ဗိုက်ထဲမှာ နှစ်လကလေးကို
လွယ်ထားရသည်။ သူတို့အိမ်လေးကို သွပ်မိုးပြီး
ပျဉ်ခင်းထားသည်။ ဝါးထရံကာရန် ဆိုင်မှာ
မှာထားသည်။ အပ်ထည်များ၍ သူတို့အလှည့်
မရောက်သေး၊ သို့ကြောင့် အိမ်လုံးပေါ်လာသော်
လည်း ထရံမကာရသေးသဖြင့် အိမ်ပေါ်မတက်
ရသေးပေ။ကိုတင်လှ၏ ယောက္ခမများက
မြိ့ထဲရပ်ကွက်တစ်ခုမှာနေထိုင်ကြသည်။
ကလေးနှစ်ယောက်က အဘွားအိမ် သွားလိုက်၊
အိမ်လာလိုက်နှင့် ကူးချည်သန်းချည်
လုပ်နေကြသည်။

“မိန်းမရေ…နောက်နှစ်ရက်လောက်ဆို အိမ်တက်လို့
ရရင် ကောင်းမှာပဲ”

“ဘာဖြစ်လို့လဲ …နေ့ကောင်းလို့လား”

“ဟုတ်တယ် …လာမယ့်အင်္ဂါနေ့ နေ့ကောင်းတယ်
အိမ်သစ်တက်လို့လည်းကောင်းတယ်…ထရံမရသေး
လည်း တက်နေလိုက်ကြတာပေါ့ ”

ညနေထမင်းစားပြီသည်နှင့် တစ်ဖက်ရပ်တဲလေး
အတွင်း ကိုတင်လှ ကျောဆန့်နေသည်။ အိမ်ကို
ဆောက်ပေးသော ဘကြီးထွန်းတို့ ဆရာတပည့်လည်း
ထမင်းစားပြီး ပြန်သွားပြီဖြစ်သည်။ အချိန်က
ခြောက်နာရီခွဲခန့်ရှိပြီး မှောင်စပျိုးနေပြီ၊ ထိုအချိန်
ကိုတင်လှသူငယ်ချင်း ကိုအောင်ဖြိုး ခြံထဲဝင်လာသည်။

“မြဝင်း…နင့်ယောင်္ကျားငပျင်း ဘယ်သွားလဲ”

“ရှိတယ် …တဲရုံထဲမှာ”

“ဟေ့လူ…ခြံထဲဝင်လာပြီး၊ကျုပ်ကို ရှိ မရှိ
ဘာလို့ မေးတာလဲ”

“မင်း…မရှိတော့ မင်းမိန်းမနဲ့ စကားပြောရ
တာပေါ့ …ဒါကြောင့် သေချာအောင် မေးရတာ”

“ကဲ…ကျုပ် ရှိတယ် ဘာပြောမလို့လဲ”

“မင်း…ရှိမှတော့၊ ငါနောက်မှပဲ လာတော့မယ်”

“မင်းတို့နှစ်ယောက်ကို သားနဲ့သမီး ချောင်းခိုင်းထားမယ်”

“ဟေ့ကောင်…တင်လှ၊ မင်းလျှောက်ပြောနေလို့
မင်းမိန်းမ ငါ့ကို ပြစ်မှားနေဦးမယ်”

“အံမယ် ကိုအောင်ဖြိုးက အသလွတ် အသားယူနေ
ကျမက ကလေးဗိုက်ကြီးနေတုန်း ကိုအောင်ဖြိုး
အိမ်လာမှာ စိုးရိမ်နေတာ”

“ငါလာတာ …ဘာဖြစ်လို့လဲ”

“ကိုအောင်ဖြိုးလို မျက်လုံးပြူးပြူး သွားခေါခေါလေး မွေးလာမှာစိုးလို့ ”

“ငါ့ရုပ်က …မလှလို့လား”

“သရဲနဲ့ တူနေလားလို့ ”

“နင်ကသာ သရဲနှင့် တူနေ၊ မလှညွန့်က ငါ့မရရင်
သတ်သေမယ်ချည်း လုပ်နေလို့ မနည်းတောင်းပန်
ထားရတယ်”

“အဲဒီ…မလှညွန့်ကို ကိုအောင်ဖြိုးမှ မကြိုက်ရင်
ဒီတစ်သက် လင်ရမှာ မဟုတ်တော့ဘူး”

“နင်ကလည်း မလှညွန့်ကို မကောင်းပြောလိုက်တာ”

“မိန်းမရေ…ဒီကောင်ကြီးနဲ့ မလှညွန့်ယူလို့ကတော့
မွေးလာမယ့်ကလေးတွေ တော်တော်လှမှာပဲ”

“ဘာလဲ ဟေ့ကောင် …သရဲလေးတွေလို့
ပြောချင်တာလား”

“ငါ ဘာမှ မပြောသေးပါဘူး အောင်ဖြိုးရာ”

“ဒါနဲ့ ကိုအောင်ဖြိုးတို့ လမ်းဘက်မှာ ညည
သရဲခြောက်တယ်ဆို”

“အေးဟ ညခုနှစ်နာရီကျော် ရှစ်နာရီဝန်းကျင်က
စလို့ လမ်းပေါ်မှာ ကစားနေတဲ့ ကလေးတွေ
သရဲအခြောက်ခံရတယ်လို့ ပြောနေကြတာပဲ”

“ကိုအောင်ဖြိုးရော…မတွေ့ဘူးလား”

“ငါတော့ မတွေ့သေးဘူး …ခေါင်းရင်းခြံက
မပြုံးကတော့ သူတစ်ခါမှ မမြင်ဘူးတဲ့ လူကြီး
တစ်ယောက် မျက်နှာဖြူရော်ရော်ကြီးနဲ့ သူ့ဘေးက
ဖြတ်သွားတာ တွေ့လိုက်တယ်လို့ ပြောတယ်
အေးသိန်းရဲ့သမီးလေးလည်း ကစားနေရင်း
နောက်က ဆောင့်တွန်းလိုက်ကာ ရှေ့ကို
မှောက်ရက်ပစ်လဲသွားတယ်။ သူလှည့်ကြည့်တော့
ဘယ်သူမှ မရှိဘူးလို့ ပြောတယ်။ အဲဒီကလေးမလေး
အကြောက်လွန်ပြီး အိပ်ရာပေါ်က မထနိုင်သေးဘူးတဲ့”

“ဒီမြေက အရင်က သင်္ချိုင်းဟောင်းမဟုတ်ဘူး
သင်္ချိုင်းရွှေ့လိုက်ပေမဲ့ မလိုက်သွားဘဲ နေခဲ့တဲ့
ဝိညာဉ်တွေ ရှိနေသေးလားမှ မသိဘဲ”

“တင်လှရေ…တင်လှ၊ မင်းတို့ အိမ်ကို အောင်ဖြိုး
လာသေးလား”

“ရှိတယ် ဦးလေးထွန်းရေ”

“အောင်ဖြိုး …လာဦး၊ အရေးကြီးတယ်၊ ငါ
မင်းကို လိုက်ရှာနေတာ”

ကိုတင်လှက ကိုအောင်ဖြိုးနှင့်အတူ အိမ်ခြံဝသို့
ထွက်ခဲ့သည်။

“ဦးလေးထွန်း …ဘာကိစ္စလဲ”

“အေးသိန်း သမီးလေး …ဆုံးသွားပြီ၊စောစောကလည်း
လမ်းပေါ်မှာ ကစားနေတဲ့ ကလေးတွေ သရဲတွေ့လို့
ဆိုပြီး လန့်ကြသေးတယ်”

“ကလေးတွေ မှောင်ရင် ထွက်မကစားနဲ့လေ။
လူကြီးတွေက မပြောကြဘူးလား”

အေးသိန်းက အောင်ဖြိုးနှင့် ညီအစ်ကို တစ်ဝမ်းကွဲ
တော်သည်။ ဦးလေးထွန်းနှင့်ပါသွားသလို တင်လှ
ကလည်း အိမ်ထဲပြန်ဝင်ခဲ့သည်။

“ဘာကိစ္စတဲ့လဲ ”

“အောင်ဖြိုးတူမ …ဆုံးသွားလို့တဲ့”

“ကိုအေးသိန်း သမီးအလတ်မလေး ဆုံးသွားပြီ
ဟုတ်လား”

“အေး ဟုတ်တယ်၊ မင်းသားနဲ့ သမီးကိုလည်း
ညနေစောင်းကတည်းက အိမ်ပြင်မထွက်စေနဲ့ ”

“သူတို့အုပ်စုကို သရဲခြောက်ထားလို့ မှောင်တာနဲ့
အိမ်ထဲ ရောက်နေပြီ”

“ဟင် သူတို့ ဘယ်လို အခြောက်ခံလိုက်ရတာလဲ
ကိုယ်လည်း မသိပါလား”

“အရေးလည်းမကြီး စကားလည်း
မစပ်မိလို့ မပြောဖြစ်တာ၊ မနေ့ညနေ ခြောက်နာရီ
လောက် ဟိုဘက်တစ်အိမ်ကျော်က အေးအေးတို့
မောင်နှမတွေနဲ့ တုပ်ဆီးတိုးတမ်းကစားနေတုန်း
ခဲသေးသေးလေးတွေနဲ့ အပေါက်ခံလိုက်ရတယ်
သူတို့အားလုံး သရဲခြောက်တယ်ဆိုပြီး အိမ်ပြန်
ပြေးလာကြတယ်”

“အေး နောက်ဆို မှောင်တဲ့အထိ မကစားစေနဲ့
အပြင်လည်း မထွက်စေနဲ့ အခု လူသေတဲ့အထိ
ဖြစ်လာပြီ”

ထို့နောက်ပိုင်း လူသေမှုမဖြစ်တော့ဘဲ ညဘက်
ရောက်လျှင် အချို့အိမ်များတွင် ထမင်းများ၊
ဟင်းများ ခိုးစားခံရသည်ဆိုသော သတင်း
ထွက်လာသည်။

” ညက ဝက်သားဟင်းကျန်လို့ ငရုတ်ဆုံနဲ့ဖိပြီး
ထားတာ မနက်လည်းရောက်ရော စားမယ့်လူ
မရှိဘဲ …ဟင်းတွေ အိုးထဲမှာ မရှိတော့ဘူး”

“ကျမတို့အိမ်မှာလည်း ညနေပိုင်း ကြက်သားသုံး
ဆယ်သား ချက်ထားတယ်…ညစာစားပြီးပြီဆို
တော့ မနက်စာအတွက် အပြီးမချက်ဘဲ တစ်ရေခမ်း
လုံးချက်ချက်ပြီး ဖုံးဖိထားတယ်။ မနက်လည်း
ရောက်ရော အိုးတခြား အဖုံးတခြား အိုးထဲမှာ
အရိုးတစ်ချောင်းတောင် ကျန်မနေခဲ့ဘူး”

“ဒေါ်အေးကြည်တို့ အိမ်ကတော့ ဆန်အိုးထဲမှာ
ငါးရံ့ခြောက်တစ်ပြားထည့်ထားတာ မနက်မီးဖုတ်
မလို့ ယူတော့ မရှိတော့ဘူးတဲ့”

ထိုကဲ့သို့ ရပ်ကွက်အသစ်မှာ ဟင်းပျောက်သည့်
သတင်းများ ခပ်စိပ်စိပ် ကြားလာရသည်။
အင်္ဂါနေ့ရောက်တော့ မနက်ကိုးနာရီခန့် အိမ်သစ်
ပေါ် ပြောင်းရွှေ့တက်ကြသည်။ အိမ်က သုံးပတ်
လည် ခန်းဖွင့်ကိုးပေဖြစ်၍ မိသားစုလေးယောက်
ချောင်ချောင်လည်လည် နေရသည်။ မီးဖိုခန်းအတွက်
အဖီဆွဲထားသည်။ ကလေးများက အဘွားတို့အိမ်
ကဲ့သို့ အိမ်ကြီးအိမ်ကောင်း မဟုတ်ပေမဲ့
အိမ်သစ်လေးပေါ်မှာ ပျော်ရွှင်နေကြသည်။

ကိုတင်လှတို့ မျက်နှာစာကျသော လမ်းဘေး
တစ်လျှောက် အိမ်အတော်များများ ရုပ်လုံးပေါ်
လာကြသည်။ လမ်းက မြေသားလမ်းအဆင့်ပဲ
ရှိသေးသည်။ လမ်းမကောင်းလည်း အဓိကမဟုတ်။
အရေးကြီးတာက ရပ်ကွက်အတွင်း သောင်းကျန်
နေသည့် သရဲများ အကုန်အစင် ထွက်သွားရန်
အရေးကြီးသည်။

သရဲသတင်းက သူတို့ရပ်ကွက်ရှိ လူများကို
ကျီးလန့်စာစားသလို ဖြစ်စေသည်။
ရက်တစ်ပတ်ကျော်သည်အထိ သရဲသတင်း
ပျောက်နေသည်။ ကလေးများလည်း လမ်းပေါ်
ပြန်ရောက်လာကြသည်။ ကလေးအချို့ ပြေး
လွှားကစားကြသည်။ မှောင်လာသည်အထိ
အဆော့မပျက်ကြ…လူကြီးများ အိမ်ထဲခေါ်သွင်း
သော်လည်း ပေကပ်ကပ် လုပ်နေကြသည်။

တစ်ရက် ကလေးအချို့ ညခွန်နာရီခန့် လမ်းမီးရောင်
အောက်မှာ ပြေးလွှားဆော့ကစားနေစဉ် ကလေး
တစ်ယောက် ဆောင့်တွန်းခြင်း ခံရပြီး မှောက်ခုံ
ပစ်လဲသွားသည်။ ထိုကလေးလည်း ဒဏ်ရာ
အနာတရ ပြင်းပြင်းထန်ထန် မဖြစ်ပေမဲ့ တဖြည်းဖြည်း
အကြောက်လွန်ကာ အသားအရေ ဖြူဖပ်ဖြူရော်
သေဆုံးသွားတော့သည်။ ဒုတိယမြောက်ကလေး
သေဆုံးပြီး တစ်ပတ်မကြာ နေဝင်ရီတရော
အပြင်က စျေးဝယ်ပြီး ပြန်လာသော ကလေး
တစ်ယောက် ကြောက်စရာကောင်းသော
သရဲကြီးတွေ့လိုက်သည်ဆိုပြီး တစ်ညလုံး
လန့်ဖြတ်အော်ဟစ်ကာ အကြောက်လွန်ပြီး
သေဆုံးရပြန်သည်။

သို့ဖြင့် ဤရပ်ကွက်သို့ ပြောင်းရွှေ့ရောက်ရှိကြပြီး
လေးလကျော်အတွင်းမှာပင်ကလေးသုံးယောက်
သေဆုံးသွားရသည်။ရပ်ကွက်က လူများ စိုးရိမ်
ထိတ်လန့်ကုန်သဖြင့် ရပ်ကွက်နှစ်ဘက်မှာ ဘုန်း
ကြီးများပင့်ပြီး ပရိတ်ရွတ်ကြသည်။ ကိုတင်လှ
တို့ ခြံထဲမှာလည်း ညရောက်လျှင် လူလိုလို မီးခို
သဏ္ဌာန်လိုလို မကြာခဏတွေ့ရသည်ဟု
ကိုတင်လှက မမြဝင်းကို ပြောသလို မမြဝင်း
ကလည်း သူလည်း တွေ့သည်ဟု ပြောသည်။

ရပ်ကွက်တွင်းမှာ ပရိတ်ရွတ်တော့ မမြဝင်းက
ပရိတ်အိုးနှင့် အပ်ချည်လုံး ရေသန့်ဗူးယူသွားသည်။
ကိုတင်လှက ကိစ္စတစ်ခုနှင့် အပြင်သွားရသဖြင့်
ပရိတ်တရား မနာဖြစ်ခဲ့။ ပရိတ်တရားပွဲပြီးတော့
မမြဝင်းက ပရိတ်ရေများကို ခြံအနှံ့လိုက်ကျဲပက်
စေသည်။ အပ်ချည်လုံးကို ယူပြီး ပရိတ်ချည်အဖြစ်
ရည်မှန်း၍ အိမ်ကို သုံးပတ် ပတ်ချည်နေသည်။
ထိုအချိန် ကိုတင်လှ အပြင်က ပြန်ရောက်လာသည်။

“မင်း …ဘာတွေလျှောက်လုပ်နေတာလဲ”

“သရဲ…ခြံထဲ မဝင်နိုင်အောင် ပရိတ်ရေတွေ
ခြံထဲကျဲပက်ထားတယ်။ အိမ်ထဲမဝင်နိုင်အောင်
ပရိတ်ချည်နဲ့ အိမ်ကိုပတ်ချည်ထားမလို့ ”

“ပရိတ်ချည်ကို ကျော်လိုက် ခွလိုက်နဲ့ ငရဲကြီးနေပါ့မယ်”

“ပရိတ်ကြိုးကို ခေါင်းလွတ်တဲ့နေရာက ပတ်မှာပေါ့၊
တော်က ဝိုင်းမလုပ်ဘဲ လေကန်နေတယ်၊ ရော့
အပ်ချည်လုံးယူပြီး ရှင့်ခေါင်းလွတ်တဲ့နေရာက
သုံးပတ် ပတ်လိုက်”

“အင်း…စပ်စုမိတာနဲ့ အလုပ်စလုပ်ရတော့တာပဲ”

ကိုတင်လှက ပြောလည်းပြော အပ်ချည်ကြိုးဖြင့်
သူ့အရပ်အထက်က အိမ်ကိုသုံးပတ် ပတ်ထားလိုက်သည်။

“ကဲ…ပြီးပြီ၊ ဘာလုပ်ရဦးမှာလဲ”

“ရပြီ …ပေး …ပိုတဲ့အပ်ချည်လုံး ဘုရားစင်ပေါ်မှာ
တင်ထားရမယ် ”

ထိုကဲ့သို့ အိမ်ကို အပ်ချည်နှင့် ပတ်ပြီးသည့်နေ့မှစပြီး
ကိုတင်လှတို့မှာ ထူးဆန်းမှုတွေ စတင်ကြုံတွေ့လာရသည်။

ဝုန်း…ဝုန်း…ဝုန်း…

“အမေ …အမေ …ဘာ …ဘာဖြစ်တာလဲ”

“ငလျင်လှုပ်တာများလား”

အချိန်က ညခုနှစ်နာရီခန့်ရှိပြီ။

“ငလျင်လှုပ်တာ မဟုတ်ဘူး။ အိမ်ကို တစ်ယောက်
ယောက် ဆွဲကိုင်လှုပ်နေတာ”

ဝုန်း…ဝုန်း…

“အမေ …အဖေ…သရဲ …သရဲ ”

သွက်သွက်ခါအောင် လှုပ်ရမ်းနေရာမှ
ရပ်သွားသည်။

“ဘယ်လိုဖြစ်တာလဲ ပရိတ်ကြိုးနဲ့ အိမ်ကို ပတ်ထား
ကာမှ သရဲက အိမ်ကို လာလှုပ်နေတယ်”

“အိမ်ထဲ ဝင်ချင်တာ ဝင်မရလို့ ဖြစ်မှာပေါ့”

“အင်း…သရဲကတော့ စမ်းနေပြီ”

သရဲခြောက်ခံရသဖြင့် ထမင်းစားမည်ဟုဆိုကာ
ပြင်ဆင်နေသော မမြဝင်းလည်း မီးဖိုထဲ ပြန်မဝင်ရဲ
သဖြင့် ထိုင်ပြီး စကားပြောနေသည်။ ရှစ်နာရီခန့်
အရောက်…

“မဝင်း ထမင်းဆာတယ်ကွာ ထမင်းသွားခူးတော့”

ကလေးနှစ်ယောက်က ညနေငါးနာရီခွဲခန့်ကတည်းက
ညစာ စားပြီကြပြီ။

“ရှင်လည်း မီးဖိုထဲကို လိုက်ခဲ့”

“သမီး လိုက်ခဲ့မယ်”

“ခူးခပ်ပြီးရင် ကိုယ်လာသယ်မယ် ခေါ်လိုက်”

မမြဝင်းတို့ သားသမီး မီးဖိုထဲ ဝင်သွားသည်။
ပန်းကန်များကို ဆေးထားပြီးသော်လည်း ထပ်မံ
ဆေးလိုက်ကာ ထမင်းခူးရန် အိုးဖွင့်လိုက်စဉ်…

“ဟင် …ထမင်းတွေ မရှိတော့ဘူး”

ပါးစပ်ကပြောပြီး ဟင်းအိုးကို ဖွင့်ကြည့်လိုက်သည်။

“ဟယ်တော့ ဟင်းတွေလည်း မရှိတော့ဘူး”

“ကိုတင်လှ လာပါဦး၊ ဟင်းတွေ ထမင်းတွေမရှိတော့ဘူး”

ကိုတင်လှ မီးဖိုထဲ ဝင်လာသည်။

“စောစောက ထမင်းစားမယ်ဆိုပြီး ပန်းကန်ထဲ
ခူးခပ်ထည့်လိုက်သေးတယ်”

“ပန်းကန်ပဲ ဆေးရသေးတယ် မခူးခပ်ထည့်ရသေးဘူး”

“အေးကွာ ထမင်းရော ဟင်းရော မရှိတော့ဘူး
ဆိုတော့ စောစောက အိမ်ကိုင်လှုပ်နေတဲ့ သရဲစား
သွားတာ ဖြစ်မယ်”

“ပြန်ချက်ရမလား”

“ချက်မနေနဲ့တော့ ဟင်းချက်စရာလည်း မရှိတော့ဘူး
မို့လား ဒီညစာ စားမနေတော့ဘူး”

“ကြက်ဥသုံးလုံး ရှိသေးတယ် ကြော်စားလို့ရတယ်”

“နေ…နေ …ကြက်ဥကြော်နေတုန်း သရဲဝင်လုစားရင်
မလွယ်ဘူး”

ပန်းကန်များ ပြန်စီထပ်ပြီး အပြင်သို့ ထွက်လာကြသည်။
ထိုညစာ မစားဖြစ်တော့ဘဲ ရှစ်နာရီခွဲပြီးသည်နှင့်
အိပ်ရာထဲ ဝင်လိုက်ကြတော့သည်။

XxXXX

ရပ်ကွက်အတွင်းမှာ ပရိတ်ရွတ်လိုက်သဖြင့် ရပ်ကွက်
အတွင်းလှည့်ပတ်ခြောက်နေသော သရဲခြောက်လှန့်ခြင်း
မရှိတော့။ အိမ်များ ထမင်းဟင်းလည်း ပျောက်ရှခြင်း
ပြောဆိုကြသံ မကြားကြရတော့။ ရပ်ကွက်အတွင်း
အေးဆေးတည်ငြိမ်သွားပေမဲ့ ကိုတင်လှတို့အိမ်က
ဆန့်ကျင်ဘက်ဖြစ်နေသည်။ ကိုတင်လှတို့အိမ်မှာ
ထမင်းဟင်းကတော့ ပျောက်မြဲဖြစ်သည်။

ပိုဆိုးသည်က ထမင်းကျက်၊ ဟင်းကျက်ပူပူလောင်
လောင်စားပါမှ။ ဟင်းချက်ပြီး အိုးထဲမှာ ထားလို့က
တော့ လူလစ်သည်နှင့် ဟင်းစားစရာ လုံးဝမကျန်
တော့ခြင်းပင်။ သို့ကြောင့် ထမင်းဟင်း ခိုးယူစား
သောက်သော သရဲက ခပ်ဝေးဝေးမှာ ရှိမနေဘဲ၊
ခြံအတွင်း သို့မဟုတ် အိမ်အနီးနားမှာ ခိုကပ်နေ
သော သရဲဖြစ်မည်ဟု ထင်ကြေးပေးကြသည်။

ထမင်းဟင်းအကျက်ကို စောင့်စားနေပုံရသည်။
ထိုအဖြစ်ကိုမသိခင်က၊ မကြာခဏ ဟင်းနှင့်
မစားရဘဲ ထမင်းမဝတဝနှင့် ငါးပိရည်တို့စရာ
နှင့်သာ ပြီးကြရသည်။ နောက်ပိုင်းတော့ ဟင်းကို
မနက်ညစာ မချက်တော့ဘဲ တစ်ခါစားသာ ချက်
ပြီး ကျက်သည်နှင့် ခူးခပ်စားလိုက်ကြသည်။
ဟင်းပို၍ ကြောင်အိမ်ထဲထည့်၍ သော့ခတ်
ထားလျှင်ပင် မနက်ဆို ရှိမနေတော့ပေ။

“သရဲကတော့ ဟင်းအိုးကို စောင့်စားနေတဲ့ပုံပဲ၊
ဒီသရဲအဝေးထွက်မသွားအောင် ဘယ်လိုလုပ်
ရမလဲ၊ မသိတော့ဘူး”

ကိုတင်လှ၏ အကြံပေးချက်နှင့် ဟင်းကို အသား
ဟင်း မချက်တော့ဘဲ ဟင်းသီးဟင်းရွက်ကို
ဦးစားပေးပြီး ချက်စားကြသည်။ သို့ဖြင့် ဟင်း
စောင့်စားသော သရဲလည်း ကိုတင်လှတို့ အိမ်မှ
ထမင်းဟင်း မစားရသည်မှာ တစ်လနီးပါး ရှိလာပြီ။

သည်အိမ်မှာ မစားရ၍ အခြားအိမ်များသို့ လှည့်ပတ်
သွားလာစားသောက်နေပြီ ထင်လိုက်သည်။ တစ်ရက်
ဘုန်းကြီးကျောင်း ဆွမ်းချိုင့်အလှည့်ကျသည်။ဝက်
သားဟင်းချက်ပြီး လှူမည်ဟု စိတ်ပိုင်းဖြတ်ကာ
မမြဝင်း မနက်စျေးသွားပြီး ဝက်သားတစ်ပိဿာ
ဝယ်ခဲ့သည်။

ထိုဝက်သားများကို အနေတော်ခုတ်ထစ်ပြီး
ချက်ထားသည်။ ညနေလေးနာရီခန့်မှာ
နူး၍ကျက်သွားပြီ။ ညနေငါးနာရီနောက်ပိုင်း
ဘုန်းကြီးကျောင်းသားလေးများ၊ ဆွမ်းချိုင့်
လာယူပေလိမ့်မည်။ မီးဖိုပေါ်မှ မချသေးဘဲ
ဟင်းအိုးကို တည်ထားသည်။ ကျောင်းသား
လေးများ ဆွမ်းချိုင့်လာယူမှ မီးဖိုပေါ်မှချကာ
လှယ်ထည့်ပေးမည့်ဟု စိတ်ပိုင်းဖြတ်ထားသည်။

ယခု ငါးနာရီပင်ထိုးတော့မည်။ ကျောင်းသား
လေးများ ရောက်မလာ၊ မမြဝင်းလည်း ဟင်း
အိုးကို မီးထိုးလိုက်၊ ရေထိုးလိုက်၊ ကျောင်း
သားမျှော်လိုက်နှင့် အလုပ်ရှုပ်နေသည်။
ငါးနာရီခွဲကျော်၍ ခြောက်နာရီပင် ထိုးပြီ။
အမှောင်ရိပ် သန်းလာပြီ။ ကျောင်းသား
လေးများ ရောက်မလာသေး။

“ဝုန်း ”

“ဟင်…အဝင်း…မီးဖိုထဲမှာ ပြုတ်ကျတာလဲ
မသိဘူး သွားကြည့်လိုက်ဦး”

“ဟင်းအိုးများလား”

စိုးရိမ်ထိတ်လန့်စွာနှင့် မီးဖိုထဲ ပြေးဝင်ကြည့်သည်။

“ဟင် သွားပါပြီ”

မီးဖိုပေါ်က ဟင်းအိုးတစ်ခြမ်းစောင်းကျပြီး အဖုံး
ပွင့်နေသည်။ အိုးထဲမှာ ဝက်သားဟင်းဖတ်များ
မရှိတော့။ ဟင်းရည်များက ကြမ်းပြင်မှာ ပြန့်ကျဲ
နေသည်။

“ဟာ…နဲတဲ့ခြေထောက်ကြီး မဟုတ်ဘူး”

“အမယ်လေး …သရဲ…သရဲ …ဝင်စားတာ
သူ့ခြေထောက်ရဲ့ ခြေဖဝါးက တစ်ပေလောက်ရှိတယ်”

ဟင်းရည်များ ဖိတ်ကျထားသော ကြမ်းပြင်ပေါ်
နင်းထားရာ ခြေရာများကို အတိုင်းသား မြင်နေရသည်။

“ခြေရာတွေက အပြင်ကိုထွက်သွားတာလည်း
မဟုတ်ဘူး၊ ဟင်းအိုးပတ်ပတ်လည်မှာပဲ တွေ့ရတယ်”

“ဒီလောက်အပူကြီး နှိုက်စားထားတာ သူ့ပါးစပ်တွေ
အပူမလောင်ကုန်ဘူးလား”

“ကျောင်းသားလေးတွေကလည်း ဒီနေ့မှ
နောက်ကျရတယ်လို့ ဆွမ်းချိုင့်လာယူရင်
ဘယ်လိုလုပ်ရတော့မလဲ”

“မတတ်နိုင်ဘူး ကန်တော့ဆွမ်းပဲလုပ်ရတော့မယ်၊
အမှန်အတိုင်း ပြောပြလိုက်ရုံပဲ ရှိတော့တယ်”

“သရဲကတော့ ဟင်းမြင်တာနဲ့ ခိုးစားတော့တာပဲ”

ဟင်းအိုး သရဲစားသွားပြီး ဆယ့်ငါးမိနစ်ခန့်ကြာမှ
ကျောင်းသားလေးများ ရောက်လာသည်။

“မင်းတို့ …ဘာလို့ နောက်ကျနေတာလဲ”

“ဘုန်းကြီးက ကျောင်းခြံထဲ မြက်ရှင်းခိုင်းနေလို့
မြက်ခုတ်ပြီးတော့ ရေချိုးနေတာနဲ့ နောက်ကျသွားတာ”

“လာ …အိမ်ပေါ်ကို တက်ခဲ့”

“မြင်လား…ဒါဝက်သားဟင်းအိုး ဆွမ်းလှူမလို့
ချက်ထားတာ သရဲဝင်စားသွားလို့ ကုန်သွားပြီ”

“ဒီ…ဒီခြေရာကြီးတွေက သရဲခြေရာကြီးတွေလား”

“ဟုတ်တယ် …အဲဒီသရဲ စောစောကမှ ဝက်သားဟင်း
ဝင်စားသွားတာ၊ ဟင်းရေတွေပေါ် လျှောက်နင်းထား
လို့ ခြေရာတွေ ထင်ပြီး ကျန်ခဲ့တာ”

“ဒကာ တင်လှတို့အိမ်မှာ ဝက်သားချက်ထားတာ
သရဲဝင်စားသွားလို့ ဆွမ်းဟင်းမလှူလိုက်ရတဲ့အ
ကြောင်း ဘုန်းကြီးကို လျှောက်လိုက်ဦး”

“သရဲက တော်တော်ကြီးတယ်နော် ဦးတို့မြင်လိုက်လား”

“မမြင်ဘူးကွ၊ ဒီလောက်အကောင်ကြီးကို မြင်လိုက်
ရရင် တို့အားလုံး အသက်ရှိတော့မှ မဟုတ်ဘူး”

“ချိုင့်ပေးလေ ဒီအိမ်မှာ မနေရဲဘူး ပြန်တော့မယ်”

ကျောင်းသားလေးနှစ်ယောက် ချိုင့်ဆွဲပြီး ခပ်သုတ်သုတ်
ပြန်သွားသည်။ ကျောင်းသားလေးများက ဒီအိမ်မှာ
မနေရဲဟု ပြောကြပေမဲ့ ကိုတင်လှတို့ မိသားစုကတော့
ဒီအိမ်က ဘယ်မှ မသွားနိုင်ကြ။ သရဲ၏ ခြေရာကြီး
ကိုမြင်ပြီး အရွယ်အစားကို မှန်းဆပြီး ကြောက်လန့်
နေကြသည်။

“အင်း …သရဲကတော့ အချိန်ပြည့် စောင့်ကြည့်နေပုံပဲ၊
ဒီရှေ့ကို အသီးအနှံနဲ့ အရွက်ပဲချက်၊ အရည်တစ်လှည့်
အကြော်တစ်လှည့် ချက်ပေါ့ကွာ”

“တော့်ကလေးတွေက စားနိုင်လို့လား”

“သူတို့ ဒီအိမ်က ဟင်းမစားနိုင်ရင် မင်းအမေအိမ်
ကို သွားပို့ ထားလိုက်”

“သမီးတော့ မသွားဘူး”

“သား…သွားမယ်။ ဘွားဘွားတို့အိမ်က ဟင်းကောင်း
ကောင်း အမြဲချက်တယ်”

“ငတ်ကြီးကျတဲ့ကောင်…နင့်ဟာနင်သွား…ငါ
မလိုက်ပို့ဘူး”

“မမ မပို့ရင်နေ၊ သား…သွားတတ်တယ်”

“နင်သွားရင် လူဆိုးတွေ ဖမ်းသွားမှာပေါ့”

“ဖေဖေကြီး …လိုက်ပို့”

“အေးပါ…ဖေကြီးအားတဲ့နေ့ လိုက်ပို့မယ်”

သို့ဖြင့် ဝက်သားဟင်းပျောက်ပြီး သုံးရက်
အတွင်း နောက်ထပ်ထူးခြားမရှိဘဲ ရှိနေရာမှ
တစ်မနက် …

“မေမေ …သားကို သရဲကြီးက ဗိုက်ဖောက်
စားမယ်တဲ့”

” ဘယ်မှာပြောတာလဲ…ဘယ်တုန်းကလဲ”

“ညက အိပ်ပျော်နေရင်း …သားကိုနှိုးပြောတာ”

“သား စိတ်စွဲပြီး သရဲအကြောင်း အိပ်မက်မက်တာပါ”

သားပြောစကားကို မိခင်ဖြစ်သူ မမြဝင်းရော
ကိုတင်လှတို့ကပါ အမှတ်တမဲ့ ထားလိုက်သည်။
နောက်တစ်ည မိုးလင်းတော့ သမီးကြီးအော်သံ
ကြားလိုက်သည်။

“မေမေ …ဖေဖေ …မောင်လေး နှိုးလို့ မရတော့ဘူး”

“ဘာ…ဘာပြောတယ်”

အိပ်ရာထဲမှာ လင်မယားနှစ်ယောက်လုံးထပြီး
သမီးကြီးတို့ မောင်နှမအိပ်ရာသို့ သွားကြည့်ကြသည်။

“သား…သား…ကိုတင်လှ သားကို လာကြည့်ပါဦး၊
တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေပြီ၊ သား
သား…ဟီး …ဟီး…”

ကိုတင်လှ သားငယ်ကို ကိုင်ကြည့်လိုက်သည်။

“သား…အသက်…မ…မရှိတော့ဘူး”

မမြဝင်းမှာ ဗိုက်ကြီးတကားကားနှင့် အရူးတစ်ပိုင်းနှယ်
အော်ဟစ်ငိုကြေးနေသည်။ သားငယ်၏ဗိုက်က
အထဲမှာ ဘာမှမရှိသလို ချပ်ဝင်နေသည်။

“မနေ့ညက သူ့ဗိုက်ကို ဖောက်စားမယ်ဆိုတာ
တကယ်စားသွားပြီလားမသိဘူး ဗိုက်ထဲမှာ
ဘာမှမရှိတော့ဘူး”

အနီးနားက လူများလည်း ရောက်လာကြသည်။
မမြဝင်းက ငိုလိုက် ပြောလိုက် သတိမေ့သွားလိုက်
ဖြစ်နေသည်။ကလေးသတင်းကြား၍ မမြဝင်းမိဘများ
ရောက်လာကြသည်။ ကလေးကို နေ့ခင်းပိုင်း
သင်္ဂြိုဟ်ပြီးတဲ့အထိ တစ်နေ့လုံးနီးပါး ငိုကြွေး
နေသည်။ မမြဝင်း၏ မိဘများက အကြီးမလေးကို
သူတို့ခေါ်ထားမည်ဆိုကာ အိမ်သို့ ပို့ထားလိုက်
သည်။ ညဘက်စောင့်အိပ်ရန် ကိုတင်လှ၏
ယောက္ခမနှစ်ယောက်က အိမ်မပြန်ကြ။

မမြဝင်းလည်း တငိုငို တရီရီ ရှိနေရာက
သုံးရက်ခန့်ကြာတော့ ပုံမှန်ပြန်ဖြစ်သွားသည်။
ဗိုက်ထဲက ကလေးလည်းရှစ်လအတွင်း
ရောက်နေပြီဖြစ်သည်။ ရှေ့လဆို
မွေးရဖွားရတော့မည်။ ကလေးမွေးရင် ဆေးရုံမှာ
မွေးရန်နှင့် အထူးဂရုစိုက်ရန် မိဘများက
မမြဝင်းနှင့် ကိုတင်လှအား စိုးရိမ်တကြီး
မှာကြားနေသည်။

အိမ်ကို လူငှားနှင့်ထားပြီး မြို့ထဲလာပြောင်းနေရန်
ခေါ်ကြသည်။ ကိုတင်လှရော၊ မမြဝင်းပါ အိမ်နှင့်
ခြံကို သံယောဇဉ်ဖြစ်နေသည့်အတွက် ပြောင်းရွှေ့
နေထိုင်ရန် စိတ်မကူး။

သို့ဖြင့် အလတ်ကောင်လေး နာရေးရက်လည်ဆွမ်းကပ်ပြီး
တော့ မမြဝင်းမိဘများ ပြန်သွားကြသည်။ မမြဝင်း၏
မောင်က အိမ်သုံးလေးည စောင့်ပေးမည်ဟုဆိုကာ
နေခဲ့သည်။ ညဘက်ရပ်ကွက်ထဲမှ အောင်ဖြိုးတို့
သူငယ်ချင်းတစ်စု လာအိပ်ပေးကြသည်။ သရဲက
အိမ်မှာ လူတွေများနေစဉ် ဆွမ်းကပ်ရန် ချက်ပြုတ်
သော အစားအသောက်ဟင်းများကို ယူစားခြင်းမရှိ။

နာရေးကိစ္စလည်း ပြီးသွားပြီ။သရဲလည်း ဘယ်
ရောက်သွားသည်မသိ၊ ထူးခြားမှု မရှိဘဲ ငြိမ်သက်
နေသည်။ ရပ်ကွက်အတွင်းမှာ သတင်းထူးများ
မကြားရသည်မှာ ကြာခဲ့ပြီ။ ကလေးများကိုလည်း
လမ်းပေါ်ထွက်ပြီး မကစားရန် တားမြစ်ထားသည်။

နေ့စဉ်ပုံမှန်အချိန်တို့ ကုန်ဆုံးနေသည်။ မမြဝင်း၏
ကိုယ်ဝန်လည်း ရှစ်လခွဲကျော်ခဲ့ပြီ။ မကြာခင် မွေး
ဖွားရတော့မည်။ ကလေးကို ဆေးရုံတက်၍ မွေးဖွားရန်
ဆေးရုံမှာ ဗိုက်အပ်ထားသည်။ ဆေးရုံကလည်း
ရှေ့လထဲမှာ မွေးမည်ဟု ပြောလိုက်သည်။
သို့ကြောင့် မွေးဖွားလာမည့်ကလေးကို ဂရုစိုက်
နေကြသည်။ မကြာခင်ရက်အတွင်း မမြဝင်း
ဗိုက်နာလာသည်။

ဆိုက်ကားတစ်စီးနှင့် ဆေးရုံသို့ သွားကြသည်။
ဆေးရုံရောက်ပြီး မနက်တစ်နာရီခန့်မှာ ယောင်္ကျား
လေးကို မွေးဖွာခဲ့သည်။ ကလေးရော လူကြီးပါ
ကျန်းမာသည်။ ကိုတင်လှနှင့် မမြဝင်းတို့ ပျော်
ရွှင်နေကြသည်။ သားယောက်ျားလေးဆုံးပါး
သွားပြီးနောက် ထပ်အစားတစ်ယောက်
ရခဲ့သည်မဟုတ်ပါလား။

သူတို့ကလေးကို ကြည့်မဝ ရှုမဝဖြစ်နေသည်။
ဆေးရုံမှာ သုံးရက်နေပြီး ပြန်လာခဲ့ကြသည်။

ကလေးကို အသိမိတ်ဆွေ ဆွေမျိုးသားချင်းများ
လာကြည့်ကြသည်။ ကလေးက ချစ်စရာလေး လာကြည့်သူတိုင်းက၊ မမြဝင်းနှင့်တူသည်၊
ကိုတင်လှနှင့်တူသည်ဟု အမျိုးစုံဝေဖန်နေကြသည်။
မမြဝင်းကတော့ ပြောချင်ရာပြောကြပါစေ ကလေး
ကို နို့တိုက်ရင်း ပြုံးပြနေသည်။ တစ်ည မမြဝင်း
ကလေးကို နို့တိုက်ပြီး အိပ်ပျော်သွားသည်။
ထိုအချိန်မှာ အနီးသို့ အမွေးအမှင်ထူထူနှင့်
မျက်လုံးနှစ်လုံးနီရဲသော သရဲလိုလို အကောင်ကြီး
အနီးသို့ ရောက်လာပြီး နို့တိုက်နေသော ကလေးကို
မမြဝင်းလက်မှ အတင်းဆွဲလုပြီး ထွက်သွားသည်။

“ပေး…ပေး…ငါ့ကလေး …ပေး”

သရဲက နောက်လှည့်မကြည့် ထွက်သွားသည်။

“အမယ်လေး…ကလေးကို သရဲလုသွားလို့
ကယ်ကြဦး”

အသံကုန် အော်ဟစ်လိုက်သည်။

“ဟဲ့ …ဟဲ့ …မမြဝင်း …မမြဝင်း ”

“ဟင်…ဟင် …ကျမကလေး မရှိတော့ဘူး၊
သရဲလုသွားပြီ”

“မင်းရဲ့ ဘေးမှာ ရှိနေတယ်လေ…မင်းအိပ်ပျော်
သွားလို့ ကလေးနို့ပိပြီး အသက်ရှုကြပ်မှာစိုးတာနဲ့
ဒီဘက် နည်းနည်း ရွှေ့ထားလိုက်တာ”

“က…ကလေး ဘာမှမဖြစ်ဘူးနော်”

“ဘာမှမဖြစ်ပါဘူး ဘာဖြစ်လို့လဲ”

“ဒါ …ဒါဆို အိပ်မက်မက်နေတာပဲဖြစ်မယ်”

မမြဝင်းက သူမက်ခဲ့သော အိပ်မက်ကို
ပြောပြလိုက်သည်။ မမြဝင်းအမေလည်း အိမ်မှာ
လာစောင့်ပေးသည့်အတွက် အဖော်ရသည်။

“စိတ်စွဲလို့ မက်တာပါ…စိတ်ထဲထားမနေပါနဲ့။
ကလေးလည်း ဘာမှမဖြစ်ပါဘူး”

” အင်း…အိပ်မက်မို့ တော်သေးတယ်၊ တကယ်သာ
ဖြစ်လို့ကတော့ သမီးသေမှာပဲ”

“အို…မဟုတ်တာတွေ…ဘာမှမဖြစ်ပါဘူး
ကဲ…ပြန်အိပ်လိုက်ဦး”

ထိတ်လန့်စရာကောင်းသော အိပ်မက်ကို မက်
ပြီးနောက် ထူးခြားမှု မရှိတော့ဘဲ တစ်ရက်ပြီးတစ်ရက်
ကုန်သွားသည်။ မမြဝင်း၏ မိခင်လည်း လာမအိပ်
တော့။ ကလေးက ဆယ့်ငါးရက်သား ဖြစ်လာသည်။
မျက်လုံးလေးဖွင့်ပြီး မိခင်ကို သိလာသည်။
မှတ်မှတ်ရရ ကလေးတစ်လပြည့်သည့်နေ့
ညသန်းခေါင်အချိန်မှာ အိမ်ကလေး သိမ့်ခနဲ
တစ်ချက်လှုပ်သွားသည့်အတွက် မမြဝင်းရော
ကိုတင်လှပါ အိပ်ရာက နိုးသွားသည်။

ငါးတိုင်အား မီးလုံးလေးသာ ထွန်းထားသဖြင့်
အိမ်တွင်းမှာ မှုန်မှုန်ပြပြ အလင်းရောင်လေးသာ
ရှိသည်။ လင်မယားနှစ်ယောက်လုံး ကြက်သေ သေပြီး
အံ့အားသင့်ကာ မလှုပ်မယှက် ရှိနေမိသည်။
သူတို့နှစ်ယောက်ကြားက အိပ်ပျော်နေသော
ကလေးကို ဆတ်ခနဲ ဆွဲယူပြီး သူ့ပါးစပ်ကြီးနဲ့
အားရပါးရ ဝါးစားနေတော့သည်။

သူ၏ ကိုယ်လုံးကြီးကလည်း အမွေးအမှင်များဖြင့်
မည်းနက်နေသည်။ မျက်လုံးကြီးနှစ်လုံးကလည်း
ရေနွေးခန်းပန်းကန်နှယ်ပြူးထွက်ကာ ရဲရဲနီနေသည်။
ပါးစပ်ကြီးအတွင်းက အစွယ်ကြီးနှစ်ခုကလည်း
ပြူးထွက်နေသည်။ သရဲကြီး ကလေးကို ကောက်စား
လိုက်သည်ကို တွေ့ပေမဲ့ အာစေးထညိ့ထား
သည့်နှယ် ပါးစပ်များက အသံထွက်မလာ
တစ်ကိုယ်လုံးမှာ သွေးမလျှောက်တော့သလို
လှုပ်မရ၊ အကြောများ သေသွားသလို ဖြစ်သွားသည်။

ငုတ်တုတ်မေ့သည့်အတိုင်း လင်မယားနှစ်ယောက်
လုံး သရဲ လုပ်သမျှ ငြိမ်ကြည့်နေမိသည်။ကလေး
ပါးစပ်ထဲ ရောက်သွားပြီးမှ မမြဝင်း၏ အသံထွက်
လာသည်။

“က…က…လေး…သ…သရဲ…စားသွားပြီး
ဟီး…ဟီး……ဟီး”

“ကယ်ကြပါဦး က…ကလေး သ သရဲ စားသွားပြီး”

မမြဝင်းအော်သံအဆုံး ကလေးစားနေသော
သရဲ ရုတ်တရက် ပျောက်ကွယ်သွားသည်။
မမြဝင်းလည်း မျက်ဖြူဆိုက်ပြီး ထိုင်ရာမှ
ပစ်လဲကျသွားသည်။ ထိုအခါ ကိုတင်လှလည်း
ခြေလက်တို့ အကြောသေသလို လှုပ်မရဖြစ်ရာက
အသိပြန်ကပ်သွားပြီး လှုပ်ရှား၍ ရလာကာ မမြဝင်းကို
ပြေးထူလိုက်သည်။

“အဝင်း…အဝင်း၊ သတိထား…သတိထား”

“ဟီး…ဟီး…ကလေး …ကလေးမရှိတော့ဘူး။
ဟီး …ဟီး …ဟီး…ရှင်…ရှင် …ရက်စက်တယ် ကလေးကို
သရဲဆီက ဝင်မလုဘူး ထိုင် ထိုင်ကြည့်နေတယ်”

“ကိုယ်က ဘာကြောင့်မသိဘူး လှုပ်မရဘူး၊ သရဲကပဲ
လုပ်တာလား အကြောက်လွန်ပြီး ထိုင်ရက် သတိမေ့
သွားတာလား မသိဘူး လှုပ်လို့မရဘူး အခုမှ လှုပ်လို့
ရတယ်”

“ဟီး…ဟီး ဘယ်လိုလုပ်မလဲ ကျုပ်ကလေးသရဲစား
သွားပြီ၊ ဟီး ဟီး ရှင် အခု သရဲကို သွားရှာခဲ့”

“သရဲက ကစားစားပြီး ပျောက်သွားတာ ကိုယ်
ဘယ်လို တတ်နိုင်တော့မလဲ ကိုယ်တို့ ကံ
အတော်ဆိုးပါတယ်”

“လာကြပါဦး အရပ်ကတို့ရဲ့၊ ကျမကလေးမရှိတော့ဘူး၊
သရဲစားသွားပြီတော့ ဟီး…ဟီး…ဟီး…”

မမြဝင်းလည်း အော်ဟစ်ငိုယိုလျက်၊သတိလစ်
သွားလိုက်နှင့် ဖြစ်နေသည်။ အိမ်နီးနားချင်းများ
ကလည်း ဓါတ်မီးများကိုင်၍ ရောက်လာကြသည်။
အချိန်က ညဆယ့်တစ်နာရီပင် မထိုးသေး။
လူအတော်များများလည်း မအိပ်ကြသေး။

“သရဲက တော်တော်လေး သောင်းကျန်းနေပြီ၊
နှစ်လသုံးလအတွင်း ဒီအိမ်က ကလေးနှစ်ောက်
ကို သတ်ပစ်လိုက်ပြီ”

“ဒီတစ်ခါတော့ အလောင်းတောင် မမြင်လိုက်ရဘူး”

“ကလေးကို ပါးစပ်ထဲ ဆွဲသွင်းပြီး စားနေတာ
မြင်ရတယ် ကျနော် ဘာမှ လှုပ်လို့မရဘူး။
သူ့အမေလည်း လှုပ်လို့မရဘူး။ သူစားပြီးသွားမှ
လှုပ်လို့ရတယ်”

“အင်း…မင်းတို့နဲ့ ဒီသရဲ ကံဝဋ်ကြွေး ရှိပုံရတယ်။
အိမ်နီးနားနေပြီး စောင့်စားနေတာလား မသိဘူး”

ကလေးမွေးပြီး တစ်လသာရှိသေး၍ သွေးနုသားနု
မိခင်ကဲ့သို့ သွေးတက်ရောဂါ ခံစားနေရတော့သည်။
ပြောလိုက် ငိုလိုက် တက်လိုက်နှင့် ဖြစ်နေ၍
အိမ်နီးနားချင်း မိန်းမများက တတ်နိုင်သမျှ
ပြုစုနေကြသည်။ နောက်ပိုင်း မမြဝင်းလည်း
ညဘက်ကောင်းကောင်းမအိပ်၊ ခဏခဏ
လန့်ပြီး ငိုသည်၊ ရယ်ချင်လည်း ရယ်သည်။

တစ်ခါ တစ်ခါ အဝေးသို့ ငေးကြည့်ပြီး စကား
မပြောဘဲ ထိုင်နေသည်။ အစားစာချိန်လည်း
ကောင်းကောင်းမစားတော့၊ ကိုတင်လှချက်
ပြုတ်ပြီး ကျွေးမှစားသည်။ နှလုံးသွေးပျက်ပြီး
ယဉ်ယဉ်လေး ရူးနေသည်။ ဆရာမျိုးစုံနှင့်
ကုပေမဲ့ ထူးမခြား၊ မီးယပ်သွေးပျက်ဝေဒနာ
ကြောင့် နှလုံးကို ထိခိုက်ပြီး ရောဂါခံစားနေရတာဟု
ပြောကြသည်။ ကလေးသေဆုံးသွားပြီး တစ်လကျော်
လာသည်၊ မမြဝင်း၏ရောဂါမသက်သာ၊ အကြမ်းကြီး
မဟုတ်သော်လည်း နုနုလေးရူးနေသည်။ တစ်ရက်
သူတို့ရပ်ကွက်အတွင်းမှ ဦးသန်းမောင်ဆိုသူ
ကိုတင်လှတို့အိမ်သို့ ရောက်လာသည်။

“မောင်တင်လှနဲ့တွေ့တာ အတော်ပဲ၊ ဦးအသိ
တစ်ယောက်နဲ့ တွေ့လို့ သတင်းပေးလိုက်တယ်
သူ့အိမ်မှာ နယ်က ဆရာကြီးတစ်ယောက်
ရောက်နေတယ်၊မောင်တင်လှ ပင့်ချင်ရင်
ဦးနဲ့ လိုက်ခဲ့ လိုက်ပို့ပေးမယ်”

“ကျနော်…မမြဝင်းအမေကို အိမ်လာစောင့်ပေးဖို့
သွားခေါ်ပြီး မနက်စောစော လာခဲ့မယ်။ကျေးဇူးပဲ
ဦးလေးသန်း”

နောက်နေ့ ရောက်တော့ ဦးသန်းမောင်၏ ကူညီမှုနှင့်
အသက်(၇၀)နီးပါး ဆရာကြီးတစ်ယောက် ကိုတင်လှ
အိမ်သို့ ပါလာသည်။ ဆရာကြီးက အထက်လမ်း
ပညာ လိုက်စားနေသည်ဟု သိရသည်။

“ဆရာကြီး အကူအညီပေးမယ် ဘာမှမစိုးရိမ်နဲ့ ”

အိမ်ပေါ်တက်လာလာချင်း ပြောလိုက်၍ ကိုတင်လှ
အားတက်သွားသည်။

“အင်း…မောင်တင်လှတို့ အိမ်က မြေမသန့်တဲ့
နေရာမှာ ဆောက်ထားမိတာကိုး၊ ပြီးတော့
ဝိညာဉ်အချုပ်အနှောင်ခံနေရတာကလည်း
ပိုပြီးဆိုးဖို့ ဖြစ်သွားတာကလား၊ ကဲ…ကဲ
အနာသိမှတော့ ဆေးရှိပြီပေါ့ …ဘာမှမစိုးရိမ်နဲ့၊
ဆရာကြီး အားလုံးဖြေရှင်းပေးမယ်၊ ဆရာကြီး
အတွက် ဘုရားပွဲတစ်ပွဲ ပြင်ပေး အုန်းသီး
ငှက်ပျောသီး သုံးဖီးနဲ့ ပွဲတစ်ပွဲ ဖြစ်ရမယ်”

ကိုတင်လှလည်း ယောက်ဖဖြစ်သူအား
အုန်းသီး ငှက်ပျောသီးဝယ်ခိုင်းလိုက်သည်။
မကြာခင် စက်ဘီးနှင့် ပြန်ရောက်လာသဖြင့်
ဆရာကြီး ခိုင်းသည့်အတိုင်း ပွဲပြင်ပေးလိုက်သည်။

“ဆရာကြီး ဒီတစ်ညလုံး အဓိဋ္ဌာန်ပုတီးစိပ်မယ်၊
ဘာမှမစိုးရိမ်ကြနဲ့ ၊ မနက်ရောက်ရင် ဒီကိစ္စတွေ
ပြီးပြီလို့ မှတ်လိုက်”

“အားကိုးပါတယ် ဆရာကြီး”

ဆရာကြီးက လွယ်အိတ်ထဲမှ ပုလင်းသေးတစ်လုံး
ထုတ်ယူလိုက်သည်။ ရေတစ်ခွက်တောင်းပြီး ရေ
ခွက်ထဲ ဆေးအနည်းငယ်ထည့်၍ သမအောင်မွှေ
ပေးကာ မမြဝင်းကို တိုက်လိုက်သည်။

“ဘယ်လောက်ကြောက်စရာတွေ့လို့ သည်းခြေ
ပျက်အောင်ဖြစ်နေပါစေ…ဒီဆေး သုံးခွက်သောက်
ပြီးတာနဲ့ ပျောက်စေရမယ်”

မမြဝင်းလည်း ငြင်းဆိုခြင်း မရှိဘဲ သောက်လိုက်သည်။
ဆရာကြီး ရောက်လာမှ မမြဝင်း အနေအခြေက
အကောင်းဘက်သို့ ယိမ်းလာသည်ကို တွေ့ကြရသည်။
အငိုအရယ် နည်းသွားသည်။ စကားပြောချင်ရာ
ပြောနေခြင်းလည်း မရှိတော့။ ဆရာကြီးလုပ်သမျှ
ငေးငိုင်ပြီး လိုက်ကြည့်နေသည်။

ဆရာကြီး ရောက်သည့်အချိန်က မနက်ဆယ့်တစ်
နာရီရှိပြီ။ ဆရာကြီးအတွက် အိမ်မှာ အဆင်သင့်
မရှိ၍ မနက်စာကို ထမင်းဆိုင်မှာပင် သက်သက်
လွတ် ပြင်ဆင်ခိုင်းပြီး ကျွေးမွေးခဲ့ရသည်။ ဥပုသ်
သီလ ဝင်နေသဖြင့် ညစာ မစားဟု သိရသည်။
ဆရာကြီး အဓိဋ္ဌာန်ဝင်နိုင်အောင်ဆရာကြီးခိုင်း
သည့်အတိုင်း လုပ်ပေးခဲ့သည်။

ဆရာကြီးကလည်း ဘုရားစင်ရှေ့မှာ တရားစထိုင်သည်။
ညနေ ခြောက်နာရီမှာ တရားထိုင်ခြင်းဖြုတ်ပြီး အပေါ့
အပါး သွားသည်။ မမြဝင်းအား ဒုတိယအကြိမ်မြောက်
ဆေးတိုက်ပြီး ခုနှစ်နာရီမှ အဓိဋ္ဌာန်ပြန်ထိုင်သည်။
ညဘက် ဆရာကြီး အဓိဋ္ဌာန်ဝင်နေစဉ်၊ ဖယောင်းတိုင်
မီး အဆက်အပြတ် ထွန်းပေးရန် မှာကြားထားသည်။

“ညဆယ့်တစ်နာရီအထိ တစ်တိုင်ပြီးတစ်တိုင်
ထွန်းပေး၊ နောက်ပိုင်းမီးထွန်းစရာမလိုဘူး။
မောင်တင်လှ အိပ်လို့ရပြီ၊ ဆရာကြီးကတော့
ဖယောင်းတိုင် မီးငြိမ်းပြီးနောက်ပိုင်း အလုပ်
စခန်းဖြုတ်ပြီး တရေးတမောအိပ်မယ်
စောင့်မနေကြနဲ့ ”

“ဟုတ်ကဲ့ ဆရာကြီး”

ထိုသို့ မှာကြားပြီး ဆရာကြီး အဓိဋ္ဌာန်ပြန်ဝင်သည်။
ကိုတင်လှလည်း ဖယောင်းတိုင် စောင့်ထွန်းပေးပြီး
ဆယ့်တစ်နာရီနောက်ပိုင်း အိပ်ပျော်သွားသည်။
ဆရာကြီးလည်း ဘယ်အချိန် အဓိဋ္ဌာန်ဖြုတ်ပြီး
ဘယ်အချိန် အိပ်သည်မသိ၊ မနက်ခုနှစ်နာရီ
ကိုတင်လှနိုးတော့ ဆရာကြီး ဖယောင်းတိုင်
မီးပူဇော်ပြီး ဘုရားရှိခိုးနေသည်ကို တွေ့ရသည်။

ရှစ်နာရီခန့်ရောက်မှ ဘုရားရှိခိုး၍ ပြီးသည်။
ဆရာကြီးအား …မနက်စာ ရေနွေးကြမ်း၊ ဘိန်းမုန့်၊
ကောက်ညှင်းပေါင်း ၊ မြန်မာမုန့်မျိုးစုံဖြင့် ဧည့်ခံ
ကျွေးမွေးသည်။ ဆရာကြီးက ဘိန်းမုန့်နှင့်
ကောက်ညှင်းပေါင်းကို နှစ်ခြိုက်စွာ စားသည်။
ရေနွေးကြမ်း သောက်ပြီး မမြဝင်းအား တတိယ
အကြိမ်မြောက် ဆေးတစ်ခွက် တိုက်သည်။
ထိုဆေးတိုက်ပြီးသည်နှင့် မမြဝင်း၏ မျက်လုံး
များက သာမန်လူ၏ မျက်လုံးများလို ကြည်
ကြည်လင်လင် တည်တည်ငြိမ်ငြိမ် ရှိလာသည်။
အားလုံးက မမြဝင်းကို ကြည့်ပြီး ဝမ်းသာနေကြသည်။

“မမြဝင်း နေကောင်းလား”

“ဟုတ်ကဲ့ ”

တစ်ခွန်းမေး တစ်ခွန်ပြန်ဖြေလာသဖြင့် အားလုံး
ဝမ်းသာနေကြသည်။ ဆရာကြီးအား နေ့လယ်စာ
သက်သက်လွတ်နှင့် ကျွေးမွေးဧည့်ခံပြီးသည်နှင့်
ထူးဆန်းသော စကားဆိုလာသည်။

“မောင်တင်လှတို့အိမ်ကို ပရိတ်ကြိုးတွေ
ပတ်ထားတယ် မဟုတ်လား”

“ဟုတ်ကဲ့ လမ်းထဲမှာ ပရိတ်နာပြီး ပရိတ်ကြိုးနဲ့ အိမ်ကို ပတ်ထားပါတယ်”

“အေးကွဲ့ …နာနာဘာဝဝိညာဉ်က ဘယ်မှာမရှိဘူး။
ဒီအိမ်အဝန်းအဝိုင်းထဲမှာပဲရှိတယ်၊ ခြံထဲမှာ မဟုတ်ဘူး။
ဒီပရိတ်ကြိုး ပတ်ထားတဲ့ အဝန်းအဝိုင်းထဲမှာပဲ ရှိတယ်”

“ဗျာ…ဒီအိမ်ထဲမှာ ဟုတ်လား ဆရာကြီး”

“အင်း…ဒီလိုပဲ ပြောရတော့မှာပေါ့၊ မင်းတို့က
အိမ်ကို ပရိတ်ကြိုးနဲ့ ပတ်ချည်ထားလိုက်တော့
ဝိညာဉ်သရဲလည်း ဘယ်မှမသွားလာလို့ မရတော့ဘဲ
ဒီအိမ်ထဲက အစားအသောက်တွေ ယူစားတာ၊
နောက်ပိုင်း အစားအသောက်မစားရလို့ မောင်
တင်လှတို့ရဲ့ ကလေးတွေကို သတ်ဖြတ်စား
သောက်ပစ်တာ၊ ကြာရင် လူကြီးတွေကိုပါ
အန္တရာယ်ပြုလိမ့်မယ်၊ သူ…ဒီအိမ်ထဲက
ထွက်ချင်နေတယ်၊ သူထွက်လို့ရအောင် လမ်း
ဖွင့်ပေးပါလို့ ပြောနေတယ်။ ဒါကြောင့် မောင်
တင်လှက ပရိတ်ချည်ကို ဖြတ်ပြီး သူသွားဖို့
လမ်းဖွင့်ပေးလိုက်”

ဆရာကြီး ပြောသည့်အတိုင်း ကိုတင်လှလည်း
အိမ်ကို ပတ်ချည်ထားသော ပရိတ်ချည်ကြိုးများကို
ဖြုတ်ပစ်လိုက်သည်။

ဝုန်း …ဝုန်း …ဝုန်း…

အကောင်အထည် မမြင်ရဘဲ၊ ကျယ်လောင်သော
ခြေသံကြီးကို အားလုံးကြားလိုက်ရသည်။

“အမယ်လေး သရဲကြီး အိမ်အောက်ကို ထွက်ပြေးပြီ”

ဘယ်သူမှ မမြင်ရသော်လည်း မမြဝင်းက သရဲကို
မြင်လိုက်သည့်အတွက် ထအော်လေသည်။

“ကဲ…သမီး လာ…ရှေ့ကို ဒီရေမန်းကို
သောက်လိုက်၊ အားလုံး စိတ်ထဲ ရှင်းရှင်း
လင်းလင်း ဖြစ်သွားလိမ့်မယ်”

မမြဝင်းလည်း ဆရာကြီးရှေ့သို့သွားကာ
ရေမန်းတစ်ခွက်ကို ယူသောက်လိုက်သည်။

“ကဲ…ဝိညာဉ်သရဲလည်း ထွက်သွားပြီ။ အခု
အိမ်အဝန်းအဝိုင်းထဲမှာ မြေမသန့်ဘူးဆိုတာလည်း
အသေအချာပဲ။ ဒီအိမ်ရဲ့ကြမ်းပြင်အောက်ဝင်ပြီး
မြေကြီးကို တူးရလိမ့်မယ်”

“ဟုတ်ကဲ့ ဆရာကြီး၊ ကျနော်တို့ လုပ်ပါ့မယ်”

မြေပြင်မှ အိမ်ကြမ်းပြင်အထိ ရင်စို့ခန့် အမြင့်
ရှိသည့် အတွက် အိမ်အောက်သို့ ခေါင်းငုံ့၍
ဝင်ကြရသည်။ ဆရာကြီးက အိမ်ပေါ်မှနေ၍
ညွှန်ကြားပြောဆိုနေသည်။ ကိုတင်လှကို
ကူညီပေးမည့် ကိုအောင်ဖြိုး အပါအဝင်
ပေါက်တူး သံတူးရွင်း ဂေါ်ပြားအပြည့်အစုံနှင့်
လူငါးယောက်တို့ အသင့်ရှိနေကြသည်။

“ဟောဒီအောက်တည့်တည့်မှာ ဝိညာဉ်သရဲ
ခိုနားတဲ့ နေရာပဲ၊ အဲဒီနေရာ တစ်လံပတ်ပတ်
လည် မြေတူးကြည့်ကြ”

လေးပေခန့် အနက်ရောက်အောင် တူးလိုက်ရာ
အင်္ဂတေ အုတ်သရွက်စီထားသော နေရာကို
တွေ့သဖြင့် သံတူးရွင်းနှင့် ကလပ်ပြီး ဖယ်ထုတ်ရာ
အထဲမှာ လူတစ်ယောက် မြှုပ်ထားသောဂူတစ်လုံး
ကို တွေ့လိုက်ကြသည်။ သင်္ချိုင်းဟောင်းရွှေ့စဉ်က
မြှုပ်ထားသော အလောင်းများ ဂူများ ဖြိုဖျက်ပြီး
မီးရှို့ခဲ့ပေမဲ့ မြေကြီးထဲ လေးပေခန့် အထိတော့
တူးဖော်ကြပုံမရ။

ယခု အလောင်းကို မြေနက်နက်မှာ အဓိပ္ပါယ်ရှိရှိ
မြှုပ်နှံသင်္ဂြ ိုဟ်ခြင်းဖြစ်သည်။ ဝိညာဉ်ကို ထိုနေရာ
မှာ ချည်နှောင်ကျိန်စာတိုက်ထား၍ မကျွတ်မလွတ်
ရှိနေပုံရသည်။ သူ့အပေါ်တည့်တည့်မှာ အိမ်ဆောက်
မိ၍ ဝိညာဉ်သရဲက အနှောင့်အယှက်ပေးနေခြင်း
ဖြစ်ပုံရသည်။ ထို့ပြင် သူနေထိုင်ရာ ဂူအထက်
ဝန်းကျင်မှာ ပရိတ်ကြိုးကို စည်းဝိုင်းသဖွယ်
ရစ်ပတ်လိုက်သည့်အတွက် အပြင်ထွက်ပြီး
ရှာဖွေစားသောက်၍ မရခြင်းကြောင့် ကိုတင်လှတို့
မိသားစုကို နှောင့်ယှက်စားသောက်ခြင်းဖြစ်ပေသည်။

“ကဲ…စိတ်သန့်သွားအောင် ဂူလုပ်ထားတဲ့
အုတ်အင်္ဂတေတွေ အကုန်လုံး ဖယ်ရှားပစ်လိုက်ကြ”

အင်္ဂတေအုတ်များ ဖယ်ရှားပြီး မြေပြန်ဖို့လိုက်ကြသည်။

“ကဲ…အဲဒီအရိုးစုကို သင်္ချိုင်းကို သယ်သွားပြီး
မီးရှို့ပစ်လိုက်၊ နောက်ကို ဒီရပ်ကွက်ထဲ လှည့်
ပတ်သောင်းကျန်းနေတဲ့ သရဲလည်း မသောင်း
ကျန်းတော့ဘူး၊ သူ့ဝိညာဉ်က အဝေးကို ထွက်သွားပြီ

ဆရာကြီးလည်း ဒီတစ်ည ဒီမှာ တရားထိုင်ပေးပြီး
မနက်ဖြန် ပြန်တော့မယ်မောင်တင်လှရဲ့ ဇနီးလည်း
မကြာခင် ပြန်ကျန်းမာလာလိမ့်မယ် ”

“ဆရာကြီး ဒီအိမ်ကို ရွေ့ပြီးပြန်ဆောက်ရမလား၊
ဒီအတိုင်း နေလို့ရပြီလား မသိလို့ ရှင်းပြပေးပါဦး”

“အေး…ဘာမှ မစိုးရိမ်နဲ့တော့၊ သူ ဒီမှာ ခိုနား
စရာ မရှိတော့သလို ဆရာကြီးကလည်း မေတ္တာနဲ့
အဝေးကို သွားခိုင်းလိုက်ပြီ၊ စိတ်ချ လက်ချသာ
နေကြပေတော့၊ ဆရာကြီး ရေမန်းပေးခဲ့မယ်၊
အဲဒီရေမန်းကို ထိတ်လန့်စရာ တစ်ခုခုကို
မြင်ရင်သောက်၊ ဘာမှမဖြစ်ရင် သောက်စရာ
မလိုဘူး၊ အမြင့်မှာ ရေမန်းပုလင်းကိုထား၊
သရဲကြီးလည်း ကျိန်စာရှိနေလို့ သွားချင်ရာ
မသွားဘဲ နေရတာ ဆရာကြီးက မေတ္တာနဲ့
အားလုံးကို ရှင်းပေးလိုက်ပြီးပြီ၊ ဒီရှေ့လျှောက်
စိတ်ချလက်ချသာ နေထိုင်ကြပေတော့”

သို့ဖြင့် ဆရာကြီးလည်း တစ်ညလုံး
အဓိဋ္ဌာန်ဝင် ပုတီးစိပ်ပေးကာ မနက်မိုးလင်း၍
အစာပြေ စားသောက်ပြီးသည်နှင့် ဦးသန်းမောင်
နှင့်အတူ ကိုတင်လှလည်း ဆရာကြီးအား
လိုက်ပို့ပေးခဲ့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

Zawgyi Version

” သခ်ႋဳင္းေဟာင္းက လက္က်န္သရဲႀကီး ”စ/ဆုံး)
————————————————————————

ၿမိဳ႕ကြက္သစ္ခ်ဲ႕သည့္အတြက္ ေျမကြက္မ်ား
႐ိုက္ေပးၿပီး မဲႏႈိက္ရာ ကိုတင္လွႏွင့္မျမဝင္းတို႔
ဇနီးေမာင္ႏွံက ၿမိဳ႕စြန္ကပ္၍ ေဖာက္ထားေသာ
လမ္းေဘးတြင္ ေျမကြက္တစ္ေနရာ ရရွိလိုက္
သည္။ သူတို႔၏ ေရွ႕မ်က္ႏွာစာမွာ လက္ရွိၿမိဳ႕
ရွိၿပီး သူတို႔ေနာက္မွာအိမ္မေဆာက္ရေသးေသာ
အကြက္သစ္မ်ား ရွိသည္။

လမ္းမတန္းေဘး ရသူမ်ားက ဝမ္းသာေနၾက
သလို အတြင္းဘက္ က်သူမ်ားကလည္း
ေနာင္စည္လာရင္ နားေအးပါးေအးေနရသည္ဟု
ေျဖသိမ့္စကား ဆိုၾကသည္။ ရပ္ကြက္သစ္မွာ
အိမ္ေျခငါးရာနီးပါးရွိသည္။ ေျမကြက္လပ္က်န္ပင္
ရွိေသးသည္။ ကိုတင္လွတို႔က သူတို႔ရေသာ
ၿခံကို ဝါးျခမ္းျပားကပ္မ်ားျဖင့္ စည္း႐ိုးကာလိုက္သည္။

အင္ကညင္ေတာသစ္မ်ားျဖင့္ သုံးပင္
ပတ္လည္ အိမ္ေလးတစ္လုံး လက္သမား
ငွား၍ေဆာက္လိုက္သည္။သူတို႔ေျပာင္းလာၿပီး
ဆယ့္ေလးငါးရက္အတြင္း အိမ္လုံးေလးေပၚ
လာသည္။ အိမ္ေပၚတက္၍ မရေသး၊ယခင္
ေနခဲ့ေသာ အိမ္ေဟာင္းမွ သယ္လာေသာ
ပန္းပင္မ်ိဴးစုံတို႔က ပန္းအိုးမ်ားအတြင္းမွာ
လန္းဆန္းစြာ ရွိေနသည္။ ယခုအကြက္သစ္က
ၿမိဳ႕တြင္းေနရာအႏွံ႔မွာ ေနထိုင္ၾကေသာ က်ဴး
ေက်ာ္မႈမ်ားကို ဖယ္ခိုင္းၿပီး ေနရာအသစ္မွာ
အကြက္႐ိုက္၍ မဲႏႈိက္ကာ ေျမကြက္ခ်ေပးျခင္း
ျဖစ္သည္။

သူတို႔ရပ္ကြက္ေလးကို ေအာင္သုခရပ္ကြက္ဟု
အမည္ေပးထားသည္။ ေျပာင္းေ႐ႊ႕လာသူ တစ္ဝက္ခန္႔
က ပ်ံက်အလုပ္သမားျဖစ္၍ အေဆာက္အဦးေကာင္းမ်ား
မေဆာက္ၾကေသးဘဲ ေန၍ရ႐ုံသာ ေဆာက္လုပ္ေန
ထိုင္ၾကသျဖင့္ ၿမိဳ႕သစ္ရပ္ကြက္ေလးမွာ မီးေဘး
ဒုကၡသည္မ်ား ေနေသာ ေနရာလိုလိုျဖင့္ မတင့္တယ္
ရွိေနသည္။ ေျမကြက္ခ်မေပးခင္ သက္ဆိုင္ရာက
ေရရရွိေရး မီးရရွိေရး လုပ္ေပးထားသျဖင့္ ညဘက္
မီးရွိသည္။ အဝီစိတြင္းႀကီး တူးေပးထားသျဖင့္
ေရအတြက္ မပူရ။ ကိုတင္လွတို႔ အနီးဝန္းက်င္
အိမ္အလုံးတစ္ရာနီးပါးကေတာ့ ႐ုပ္လုံးေပၚလာ
ၿပီး ျဖစ္သည္။

တစ္ခုေတာ့ သတင္းၾကားသည္။ သူတို႔ေျမေနရာမ်ား
က မသန္႔ဟု သိထားသည္။ ၿမိဳ႕မ မီးသျဂၤု ိဟ္စက္ႏွင့္
သခ်ႋဳင္းအသစ္ မရွိခင္က ဤေနရာက သခ်ႋဳင္းအ
ေဟာင္းဟု သိရသည္။ သခ်ႋဳင္းေဟာင္းကို သခ်ႋဳင္း
သစ္ေနရာသို႔ ေျပာင္းေ႐ြ႕ခဲ့သည္မွာ သုံးႏွစ္ခန္႔
ရွိၿပီဟု သိရသည္။ ယခု အသုံးမျပဳေတာ့သည္
သခ်ႋဳင္းအေဟာင္းေနရာမွာ သစ္ပင္မ်ား၊ ျမက္မ်ား
ရွင္းလင္းၿပီး ၿမိဳ႕ကြက္ ႐ိုက္ေပးျခင္းျဖစ္သည္။

ေျပာင္းေ႐ႊ႕လာသူအခ်ိဳ႕က ညညလမ္းေပၚမွာ
လူလိုလို အခိုးအေငြ႕လိုလို ေလွ်ာက္သြားေနသည္
ကို ျမင္ၾကရသည္လည္း ေျပာၾကသည္။ ညည့္နက္
ၿပီဆိုလွ်င္ ေျပာင္းေ႐ြ႕လာသူတို႔မွာ ပါလာေသာ
ေခြးမ်ား၏ အူသံကိုလည္း ညစဥ္လိုလို ၾကားၾက
ရသည္။ ကိုတင္လွတို႔ မိသားစုက ေလးေယာက္
တစ္ဗိုက္ျဖစ္သည္။

သူတို႔မိသားစုမွာ ငါးႏွစ္အ႐ြယ္ မိန္းကေလး
တစ္ေယာက္၊သုံးႏွစ္အ႐ြယ္ သားေလးတစ္ေယာက္
ယခုမျမဝင္း ဗိုက္ထဲမွာ ႏွစ္လကေလးကို
လြယ္ထားရသည္။ သူတို႔အိမ္ေလးကို သြပ္မိုးၿပီး
ပ်ဥ္ခင္းထားသည္။ ဝါးထရံကာရန္ ဆိုင္မွာ
မွာထားသည္။ အပ္ထည္မ်ား၍ သူတို႔အလွည့္
မေရာက္ေသး၊ သို႔ေၾကာင့္ အိမ္လုံးေပၚလာေသာ္
လည္း ထရံမကာရေသးသျဖင့္ အိမ္ေပၚမတက္
ရေသးေပ။ကိုတင္လွ၏ ေယာကၡမမ်ားက
ၿမိ့ထဲရပ္ကြက္တစ္ခုမွာေနထိုင္ၾကသည္။
ကေလးႏွစ္ေယာက္က အဘြားအိမ္ သြားလိုက္၊
အိမ္လာလိုက္ႏွင့္ ကူးခ်ည္သန္းခ်ည္
လုပ္ေနၾကသည္။

“မိန္းမေရ…ေနာက္ႏွစ္ရက္ေလာက္ဆို အိမ္တက္လို႔
ရရင္ ေကာင္းမွာပဲ”

“ဘာျဖစ္လို႔လဲ …ေန႔ေကာင္းလို႔လား”

“ဟုတ္တယ္ …လာမယ့္အဂၤါေန႔ ေန႔ေကာင္းတယ္
အိမ္သစ္တက္လို႔လည္းေကာင္းတယ္…ထရံမရေသး
လည္း တက္ေနလိုက္ၾကတာေပါ့ ”

ညေနထမင္းစားၿပီသည္ႏွင့္ တစ္ဖက္ရပ္တဲေလး
အတြင္း ကိုတင္လွ ေက်ာဆန္႔ေနသည္။ အိမ္ကို
ေဆာက္ေပးေသာ ဘႀကီးထြန္းတို႔ ဆရာတပည့္လည္း
ထမင္းစားၿပီး ျပန္သြားၿပီျဖစ္သည္။ အခ်ိန္က
ေျခာက္နာရီခြဲခန္႔ရွိၿပီး ေမွာင္စပ်ိဳးေနၿပီ၊ ထိုအခ်ိန္
ကိုတင္လွသူငယ္ခ်င္း ကိုေအာင္ၿဖိဳး ၿခံထဲဝင္လာသည္။

“ျမဝင္း…နင့္ေယာက်ၤားငပ်င္း ဘယ္သြားလဲ”

“ရွိတယ္ …တဲ႐ုံထဲမွာ”

“ေဟ့လူ…ၿခံထဲဝင္လာၿပီး၊က်ဳပ္ကို ရွိ မရွိ
ဘာလို႔ ေမးတာလဲ”

“မင္း…မရွိေတာ့ မင္းမိန္းမနဲ႔ စကားေျပာရ
တာေပါ့ …ဒါေၾကာင့္ ေသခ်ာေအာင္ ေမးရတာ”

“ကဲ…က်ဳပ္ ရွိတယ္ ဘာေျပာမလို႔လဲ”

“မင္း…ရွိမွေတာ့၊ ငါေနာက္မွပဲ လာေတာ့မယ္”

“မင္းတို႔ႏွစ္ေယာက္ကို သားနဲ႔သမီး ေခ်ာင္းခိုင္းထားမယ္”

“ေဟ့ေကာင္…တင္လွ၊ မင္းေလွ်ာက္ေျပာေနလို႔
မင္းမိန္းမ ငါ့ကို ျပစ္မွားေနဦးမယ္”

“အံမယ္ ကိုေအာင္ၿဖိဳးက အသလြတ္ အသားယူေန
က်မက ကေလးဗိုက္ႀကီးေနတုန္း ကိုေအာင္ၿဖိဳး
အိမ္လာမွာ စိုးရိမ္ေနတာ”

“ငါလာတာ …ဘာျဖစ္လို႔လဲ”

“ကိုေအာင္ၿဖိဳးလို မ်က္လုံးျပဴးျပဴး သြားေခါေခါေလး ေမြးလာမွာစိုးလို႔ ”

“ငါ့႐ုပ္က …မလွလို႔လား”

“သရဲနဲ႔ တူေနလားလို႔ ”

“နင္ကသာ သရဲႏွင့္ တူေန၊ မလွၫြန္႔က ငါ့မရရင္
သတ္ေသမယ္ခ်ည္း လုပ္ေနလို႔ မနည္းေတာင္းပန္
ထားရတယ္”

“အဲဒီ…မလွၫြန္႔ကို ကိုေအာင္ၿဖိဳးမွ မႀကိဳက္ရင္
ဒီတစ္သက္ လင္ရမွာ မဟုတ္ေတာ့ဘူး”

“နင္ကလည္း မလွၫြန္႔ကို မေကာင္းေျပာလိုက္တာ”

“မိန္းမေရ…ဒီေကာင္ႀကီးနဲ႔ မလွၫြန္႔ယူလို႔ကေတာ့
ေမြးလာမယ့္ကေလးေတြ ေတာ္ေတာ္လွမွာပဲ”

“ဘာလဲ ေဟ့ေကာင္ …သရဲေလးေတြလို႔
ေျပာခ်င္တာလား”

“ငါ ဘာမွ မေျပာေသးပါဘူး ေအာင္ၿဖိဳးရာ”

“ဒါနဲ႔ ကိုေအာင္ၿဖိဳးတို႔ လမ္းဘက္မွာ ညည
သရဲေျခာက္တယ္ဆို”

“ေအးဟ ညခုႏွစ္နာရီေက်ာ္ ရွစ္နာရီဝန္းက်င္က
စလို႔ လမ္းေပၚမွာ ကစားေနတဲ့ ကေလးေတြ
သရဲအေျခာက္ခံရတယ္လို႔ ေျပာေနၾကတာပဲ”

“ကိုေအာင္ၿဖိဳးေရာ…မေတြ႕ဘူးလား”

“ငါေတာ့ မေတြ႕ေသးဘူး …ေခါင္းရင္းၿခံက
မၿပဳံးကေတာ့ သူတစ္ခါမွ မျမင္ဘူးတဲ့ လူႀကီး
တစ္ေယာက္ မ်က္ႏွာျဖဴေရာ္ေရာ္ႀကီးနဲ႔ သူ႔ေဘးက
ျဖတ္သြားတာ ေတြ႕လိုက္တယ္လို႔ ေျပာတယ္
ေအးသိန္းရဲ႕သမီးေလးလည္း ကစားေနရင္း
ေနာက္က ေဆာင့္တြန္းလိုက္ကာ ေရွ႕ကို
ေမွာက္ရက္ပစ္လဲသြားတယ္။ သူလွည့္ၾကည့္ေတာ့
ဘယ္သူမွ မရွိဘူးလို႔ ေျပာတယ္။ အဲဒီကေလးမေလး
အေၾကာက္လြန္ၿပီး အိပ္ရာေပၚက မထႏိုင္ေသးဘူးတဲ့”

“ဒီေျမက အရင္က သခ်ႋဳင္းေဟာင္းမဟုတ္ဘူး
သခ်ႋဳင္းေ႐ႊ႕လိုက္ေပမဲ့ မလိုက္သြားဘဲ ေနခဲ့တဲ့
ဝိညာဥ္ေတြ ရွိေနေသးလားမွ မသိဘဲ”

“တင္လွေရ…တင္လွ၊ မင္းတို႔ အိမ္ကို ေအာင္ၿဖိဳး
လာေသးလား”

“ရွိတယ္ ဦးေလးထြန္းေရ”

“ေအာင္ၿဖိဳး …လာဦး၊ အေရးႀကီးတယ္၊ ငါ
မင္းကို လိုက္ရွာေနတာ”

ကိုတင္လွက ကိုေအာင္ၿဖိဳးႏွင့္အတူ အိမ္ၿခံဝသို႔
ထြက္ခဲ့သည္။

“ဦးေလးထြန္း …ဘာကိစၥလဲ”

“ေအးသိန္း သမီးေလး …ဆုံးသြားၿပီ၊ေစာေစာကလည္း
လမ္းေပၚမွာ ကစားေနတဲ့ ကေလးေတြ သရဲေတြ႕လို႔
ဆိုၿပီး လန္႔ၾကေသးတယ္”

“ကေလးေတြ ေမွာင္ရင္ ထြက္မကစားနဲ႔ေလ။
လူႀကီးေတြက မေျပာၾကဘူးလား”

ေအးသိန္းက ေအာင္ၿဖိဳးႏွင့္ ညီအစ္ကို တစ္ဝမ္းကြဲ
ေတာ္သည္။ ဦးေလးထြန္းႏွင့္ပါသြားသလို တင္လွ
ကလည္း အိမ္ထဲျပန္ဝင္ခဲ့သည္။

“ဘာကိစၥတဲ့လဲ ”

“ေအာင္ၿဖိဳးတူမ …ဆုံးသြားလို႔တဲ့”

“ကိုေအးသိန္း သမီးအလတ္မေလး ဆုံးသြားၿပီ
ဟုတ္လား”

“ေအး ဟုတ္တယ္၊ မင္းသားနဲ႔ သမီးကိုလည္း
ညေနေစာင္းကတည္းက အိမ္ျပင္မထြက္ေစနဲ႔ ”

“သူတို႔အုပ္စုကို သရဲေျခာက္ထားလို႔ ေမွာင္တာနဲ႔
အိမ္ထဲ ေရာက္ေနၿပီ”

“ဟင္ သူတို႔ ဘယ္လို အေျခာက္ခံလိုက္ရတာလဲ
ကိုယ္လည္း မသိပါလား”

“အေရးလည္းမႀကီး စကားလည္း
မစပ္မိလို႔ မေျပာျဖစ္တာ၊ မေန႔ညေန ေျခာက္နာရီ
ေလာက္ ဟိုဘက္တစ္အိမ္ေက်ာ္က ေအးေအးတို႔
ေမာင္ႏွမေတြနဲ႔ တုပ္ဆီးတိုးတမ္းကစားေနတုန္း
ခဲေသးေသးေလးေတြနဲ႔ အေပါက္ခံလိုက္ရတယ္
သူတို႔အားလုံး သရဲေျခာက္တယ္ဆိုၿပီး အိမ္ျပန္
ေျပးလာၾကတယ္”

“ေအး ေနာက္ဆို ေမွာင္တဲ့အထိ မကစားေစနဲ႔
အျပင္လည္း မထြက္ေစနဲ႔ အခု လူေသတဲ့အထိ
ျဖစ္လာၿပီ”

ထို႔ေနာက္ပိုင္း လူေသမႈမျဖစ္ေတာ့ဘဲ ညဘက္
ေရာက္လွ်င္ အခ်ိဳ႕အိမ္မ်ားတြင္ ထမင္းမ်ား၊
ဟင္းမ်ား ခိုးစားခံရသည္ဆိုေသာ သတင္း
ထြက္လာသည္။

” ညက ဝက္သားဟင္းက်န္လို႔ င႐ုတ္ဆုံနဲ႔ဖိၿပီး
ထားတာ မနက္လည္းေရာက္ေရာ စားမယ့္လူ
မရွိဘဲ …ဟင္းေတြ အိုးထဲမွာ မရွိေတာ့ဘူး”

“က်မတို႔အိမ္မွာလည္း ညေနပိုင္း ၾကက္သားသုံး
ဆယ္သား ခ်က္ထားတယ္…ညစာစားၿပီးၿပီဆို
ေတာ့ မနက္စာအတြက္ အၿပီးမခ်က္ဘဲ တစ္ေရခမ္း
လုံးခ်က္ခ်က္ၿပီး ဖုံးဖိထားတယ္။ မနက္လည္း
ေရာက္ေရာ အိုးတျခား အဖုံးတျခား အိုးထဲမွာ
အ႐ိုးတစ္ေခ်ာင္းေတာင္ က်န္မေနခဲ့ဘူး”

“ေဒၚေအးၾကည္တို႔ အိမ္ကေတာ့ ဆန္အိုးထဲမွာ
ငါးရံ႕ေျခာက္တစ္ျပားထည့္ထားတာ မနက္မီးဖုတ္
မလို႔ ယူေတာ့ မရွိေတာ့ဘူးတဲ့”

ထိုကဲ့သို႔ ရပ္ကြက္အသစ္မွာ ဟင္းေပ်ာက္သည့္
သတင္းမ်ား ခပ္စိပ္စိပ္ ၾကားလာရသည္။
အဂၤါေန႔ေရာက္ေတာ့ မနက္ကိုးနာရီခန္႔ အိမ္သစ္
ေပၚ ေျပာင္းေ႐ႊ႕တက္ၾကသည္။ အိမ္က သုံးပတ္
လည္ ခန္းဖြင့္ကိုးေပျဖစ္၍ မိသားစုေလးေယာက္
ေခ်ာင္ေခ်ာင္လည္လည္ ေနရသည္။ မီးဖိုခန္းအတြက္
အဖီဆြဲထားသည္။ ကေလးမ်ားက အဘြားတို႔အိမ္
ကဲ့သို႔ အိမ္ႀကီးအိမ္ေကာင္း မဟုတ္ေပမဲ့
အိမ္သစ္ေလးေပၚမွာ ေပ်ာ္႐ႊင္ေနၾကသည္။

ကိုတင္လွတို႔ မ်က္ႏွာစာက်ေသာ လမ္းေဘး
တစ္ေလွ်ာက္ အိမ္အေတာ္မ်ားမ်ား ႐ုပ္လုံးေပၚ
လာၾကသည္။ လမ္းက ေျမသားလမ္းအဆင့္ပဲ
ရွိေသးသည္။ လမ္းမေကာင္းလည္း အဓိကမဟုတ္။
အေရးႀကီးတာက ရပ္ကြက္အတြင္း ေသာင္းက်န္
ေနသည့္ သရဲမ်ား အကုန္အစင္ ထြက္သြားရန္
အေရးႀကီးသည္။

သရဲသတင္းက သူတို႔ရပ္ကြက္ရွိ လူမ်ားကို
က်ီးလန္႔စာစားသလို ျဖစ္ေစသည္။
ရက္တစ္ပတ္ေက်ာ္သည္အထိ သရဲသတင္း
ေပ်ာက္ေနသည္။ ကေလးမ်ားလည္း လမ္းေပၚ
ျပန္ေရာက္လာၾကသည္။ ကေလးအခ်ိဳ႕ ေျပး
လႊားကစားၾကသည္။ ေမွာင္လာသည္အထိ
အေဆာ့မပ်က္ၾက…လူႀကီးမ်ား အိမ္ထဲေခၚသြင္း
ေသာ္လည္း ေပကပ္ကပ္ လုပ္ေနၾကသည္။

တစ္ရက္ ကေလးအခ်ိဳ႕ ညခြန္နာရီခန္႔ လမ္းမီးေရာင္
ေအာက္မွာ ေျပးလႊားေဆာ့ကစားေနစဥ္ ကေလး
တစ္ေယာက္ ေဆာင့္တြန္းျခင္း ခံရၿပီး ေမွာက္ခုံ
ပစ္လဲသြားသည္။ ထိုကေလးလည္း ဒဏ္ရာ
အနာတရ ျပင္းျပင္းထန္ထန္ မျဖစ္ေပမဲ့ တျဖည္းျဖည္း
အေၾကာက္လြန္ကာ အသားအေရ ျဖဴဖပ္ျဖဴေရာ္
ေသဆုံးသြားေတာ့သည္။ ဒုတိယေျမာက္ကေလး
ေသဆုံးၿပီး တစ္ပတ္မၾကာ ေနဝင္ရီတေရာ
အျပင္က ေစ်းဝယ္ၿပီး ျပန္လာေသာ ကေလး
တစ္ေယာက္ ေၾကာက္စရာေကာင္းေသာ
သရဲႀကီးေတြ႕လိုက္သည္ဆိုၿပီး တစ္ညလုံး
လန္႔ျဖတ္ေအာ္ဟစ္ကာ အေၾကာက္လြန္ၿပီး
ေသဆုံးရျပန္သည္။

သို႔ျဖင့္ ဤရပ္ကြက္သို႔ ေျပာင္းေ႐ႊ႕ေရာက္ရွိၾကၿပီး
ေလးလေက်ာ္အတြင္းမွာပင္ကေလးသုံးေယာက္
ေသဆုံးသြားရသည္။ရပ္ကြက္က လူမ်ား စိုးရိမ္
ထိတ္လန္႔ကုန္သျဖင့္ ရပ္ကြက္ႏွစ္ဘက္မွာ ဘုန္း
ႀကီးမ်ားပင့္ၿပီး ပရိတ္႐ြတ္ၾကသည္။ ကိုတင္လွ
တို႔ ၿခံထဲမွာလည္း ညေရာက္လွ်င္ လူလိုလို မီးခို
သဏၭာန္လိုလို မၾကာခဏေတြ႕ရသည္ဟု
ကိုတင္လွက မျမဝင္းကို ေျပာသလို မျမဝင္း
ကလည္း သူလည္း ေတြ႕သည္ဟု ေျပာသည္။

ရပ္ကြက္တြင္းမွာ ပရိတ္႐ြတ္ေတာ့ မျမဝင္းက
ပရိတ္အိုးႏွင့္ အပ္ခ်ည္လုံး ေရသန္႔ဗူးယူသြားသည္။
ကိုတင္လွက ကိစၥတစ္ခုႏွင့္ အျပင္သြားရသျဖင့္
ပရိတ္တရား မနာျဖစ္ခဲ့။ ပရိတ္တရားပြဲၿပီးေတာ့
မျမဝင္းက ပရိတ္ေရမ်ားကို ၿခံအႏွံ႔လိုက္က်ဲပက္
ေစသည္။ အပ္ခ်ည္လုံးကို ယူၿပီး ပရိတ္ခ်ည္အျဖစ္
ရည္မွန္း၍ အိမ္ကို သုံးပတ္ ပတ္ခ်ည္ေနသည္။
ထိုအခ်ိန္ ကိုတင္လွ အျပင္က ျပန္ေရာက္လာသည္။

“မင္း …ဘာေတြေလွ်ာက္လုပ္ေနတာလဲ”

“သရဲ…ၿခံထဲ မဝင္ႏိုင္ေအာင္ ပရိတ္ေရေတြ
ၿခံထဲက်ဲပက္ထားတယ္။ အိမ္ထဲမဝင္ႏိုင္ေအာင္
ပရိတ္ခ်ည္နဲ႔ အိမ္ကိုပတ္ခ်ည္ထားမလို႔ ”

“ပရိတ္ခ်ည္ကို ေက်ာ္လိုက္ ခြလိုက္နဲ႔ ငရဲႀကီးေနပါ့မယ္”

“ပရိတ္ႀကိဳးကို ေခါင္းလြတ္တဲ့ေနရာက ပတ္မွာေပါ့၊
ေတာ္က ဝိုင္းမလုပ္ဘဲ ေလကန္ေနတယ္၊ ေရာ့
အပ္ခ်ည္လုံးယူၿပီး ရွင့္ေခါင္းလြတ္တဲ့ေနရာက
သုံးပတ္ ပတ္လိုက္”

“အင္း…စပ္စုမိတာနဲ႔ အလုပ္စလုပ္ရေတာ့တာပဲ”

ကိုတင္လွက ေျပာလည္းေျပာ အပ္ခ်ည္ႀကိဳးျဖင့္
သူ႔အရပ္အထက္က အိမ္ကိုသုံးပတ္ ပတ္ထားလိုက္သည္။

“ကဲ…ၿပီးၿပီ၊ ဘာလုပ္ရဦးမွာလဲ”

“ရၿပီ …ေပး …ပိုတဲ့အပ္ခ်ည္လုံး ဘုရားစင္ေပၚမွာ
တင္ထားရမယ္ ”

ထိုကဲ့သို႔ အိမ္ကို အပ္ခ်ည္ႏွင့္ ပတ္ၿပီးသည့္ေန႔မွစၿပီး
ကိုတင္လွတို႔မွာ ထူးဆန္းမႈေတြ စတင္ႀကဳံေတြ႕လာရသည္။

ဝုန္း…ဝုန္း…ဝုန္း…

“အေမ …အေမ …ဘာ …ဘာျဖစ္တာလဲ”

“ငလ်င္လႈပ္တာမ်ားလား”

အခ်ိန္က ညခုႏွစ္နာရီခန္႔ရွိၿပီ။

“ငလ်င္လႈပ္တာ မဟုတ္ဘူး။ အိမ္ကို တစ္ေယာက္
ေယာက္ ဆြဲကိုင္လႈပ္ေနတာ”

ဝုန္း…ဝုန္း…

“အေမ …အေဖ…သရဲ …သရဲ ”

သြက္သြက္ခါေအာင္ လႈပ္ရမ္းေနရာမွ
ရပ္သြားသည္။

“ဘယ္လိုျဖစ္တာလဲ ပရိတ္ႀကိဳးနဲ႔ အိမ္ကို ပတ္ထား
ကာမွ သရဲက အိမ္ကို လာလႈပ္ေနတယ္”

“အိမ္ထဲ ဝင္ခ်င္တာ ဝင္မရလို႔ ျဖစ္မွာေပါ့”

“အင္း…သရဲကေတာ့ စမ္းေနၿပီ”

သရဲေျခာက္ခံရသျဖင့္ ထမင္းစားမည္ဟုဆိုကာ
ျပင္ဆင္ေနေသာ မျမဝင္းလည္း မီးဖိုထဲ ျပန္မဝင္ရဲ
သျဖင့္ ထိုင္ၿပီး စကားေျပာေနသည္။ ရွစ္နာရီခန္႔
အေရာက္…

“မဝင္း ထမင္းဆာတယ္ကြာ ထမင္းသြားခူးေတာ့”

ကေလးႏွစ္ေယာက္က ညေနငါးနာရီခြဲခန္႔ကတည္းက
ညစာ စားၿပီၾကၿပီ။

“ရွင္လည္း မီးဖိုထဲကို လိုက္ခဲ့”

“သမီး လိုက္ခဲ့မယ္”

“ခူးခပ္ၿပီးရင္ ကိုယ္လာသယ္မယ္ ေခၚလိုက္”

မျမဝင္းတို႔ သားသမီး မီးဖိုထဲ ဝင္သြားသည္။
ပန္းကန္မ်ားကို ေဆးထားၿပီးေသာ္လည္း ထပ္မံ
ေဆးလိုက္ကာ ထမင္းခူးရန္ အိုးဖြင့္လိုက္စဥ္…

“ဟင္ …ထမင္းေတြ မရွိေတာ့ဘူး”

ပါးစပ္ကေျပာၿပီး ဟင္းအိုးကို ဖြင့္ၾကည့္လိုက္သည္။

“ဟယ္ေတာ့ ဟင္းေတြလည္း မရွိေတာ့ဘူး”

“ကိုတင္လွ လာပါဦး၊ ဟင္းေတြ ထမင္းေတြမရွိေတာ့ဘူး”

ကိုတင္လွ မီးဖိုထဲ ဝင္လာသည္။

“ေစာေစာက ထမင္းစားမယ္ဆိုၿပီး ပန္းကန္ထဲ
ခူးခပ္ထည့္လိုက္ေသးတယ္”

“ပန္းကန္ပဲ ေဆးရေသးတယ္ မခူးခပ္ထည့္ရေသးဘူး”

“ေအးကြာ ထမင္းေရာ ဟင္းေရာ မရွိေတာ့ဘူး
ဆိုေတာ့ ေစာေစာက အိမ္ကိုင္လႈပ္ေနတဲ့ သရဲစား
သြားတာ ျဖစ္မယ္”

“ျပန္ခ်က္ရမလား”

“ခ်က္မေနနဲ႔ေတာ့ ဟင္းခ်က္စရာလည္း မရွိေတာ့ဘူး
မို႔လား ဒီညစာ စားမေနေတာ့ဘူး”

“ၾကက္ဥသုံးလုံး ရွိေသးတယ္ ေၾကာ္စားလို႔ရတယ္”

“ေန…ေန …ၾကက္ဥေၾကာ္ေနတုန္း သရဲဝင္လုစားရင္
မလြယ္ဘူး”

ပန္းကန္မ်ား ျပန္စီထပ္ၿပီး အျပင္သို႔ ထြက္လာၾကသည္။
ထိုညစာ မစားျဖစ္ေတာ့ဘဲ ရွစ္နာရီခြဲၿပီးသည္ႏွင့္
အိပ္ရာထဲ ဝင္လိုက္ၾကေတာ့သည္။

XxXXX

ရပ္ကြက္အတြင္းမွာ ပရိတ္႐ြတ္လိုက္သျဖင့္ ရပ္ကြက္
အတြင္းလွည့္ပတ္ေျခာက္ေနေသာ သရဲေျခာက္လွန္႔ျခင္း
မရွိေတာ့။ အိမ္မ်ား ထမင္းဟင္းလည္း ေပ်ာက္ရွျခင္း
ေျပာဆိုၾကသံ မၾကားၾကရေတာ့။ ရပ္ကြက္အတြင္း
ေအးေဆးတည္ၿငိမ္သြားေပမဲ့ ကိုတင္လွတို႔အိမ္က
ဆန္႔က်င္ဘက္ျဖစ္ေနသည္။ ကိုတင္လွတို႔အိမ္မွာ
ထမင္းဟင္းကေတာ့ ေပ်ာက္ၿမဲျဖစ္သည္။

ပိုဆိုးသည္က ထမင္းက်က္၊ ဟင္းက်က္ပူပူေလာင္
ေလာင္စားပါမွ။ ဟင္းခ်က္ၿပီး အိုးထဲမွာ ထားလို႔က
ေတာ့ လူလစ္သည္ႏွင့္ ဟင္းစားစရာ လုံးဝမက်န္
ေတာ့ျခင္းပင္။ သို႔ေၾကာင့္ ထမင္းဟင္း ခိုးယူစား
ေသာက္ေသာ သရဲက ခပ္ေဝးေဝးမွာ ရွိမေနဘဲ၊
ၿခံအတြင္း သို႔မဟုတ္ အိမ္အနီးနားမွာ ခိုကပ္ေန
ေသာ သရဲျဖစ္မည္ဟု ထင္ေၾကးေပးၾကသည္။

ထမင္းဟင္းအက်က္ကို ေစာင့္စားေနပုံရသည္။
ထိုအျဖစ္ကိုမသိခင္က၊ မၾကာခဏ ဟင္းႏွင့္
မစားရဘဲ ထမင္းမဝတဝႏွင့္ ငါးပိရည္တို႔စရာ
ႏွင့္သာ ၿပီးၾကရသည္။ ေနာက္ပိုင္းေတာ့ ဟင္းကို
မနက္ညစာ မခ်က္ေတာ့ဘဲ တစ္ခါစားသာ ခ်က္
ၿပီး က်က္သည္ႏွင့္ ခူးခပ္စားလိုက္ၾကသည္။
ဟင္းပို၍ ေၾကာင္အိမ္ထဲထည့္၍ ေသာ့ခတ္
ထားလွ်င္ပင္ မနက္ဆို ရွိမေနေတာ့ေပ။

“သရဲကေတာ့ ဟင္းအိုးကို ေစာင့္စားေနတဲ့ပုံပဲ၊
ဒီသရဲအေဝးထြက္မသြားေအာင္ ဘယ္လိုလုပ္
ရမလဲ၊ မသိေတာ့ဘူး”

ကိုတင္လွ၏ အႀကံေပးခ်က္ႏွင့္ ဟင္းကို အသား
ဟင္း မခ်က္ေတာ့ဘဲ ဟင္းသီးဟင္း႐ြက္ကို
ဦးစားေပးၿပီး ခ်က္စားၾကသည္။ သို႔ျဖင့္ ဟင္း
ေစာင့္စားေသာ သရဲလည္း ကိုတင္လွတို႔ အိမ္မွ
ထမင္းဟင္း မစားရသည္မွာ တစ္လနီးပါး ရွိလာၿပီ။

သည္အိမ္မွာ မစားရ၍ အျခားအိမ္မ်ားသို႔ လွည့္ပတ္
သြားလာစားေသာက္ေနၿပီ ထင္လိုက္သည္။ တစ္ရက္
ဘုန္းႀကီးေက်ာင္း ဆြမ္းခ်ိဳင့္အလွည့္က်သည္။ဝက္
သားဟင္းခ်က္ၿပီး လႉမည္ဟု စိတ္ပိုင္းျဖတ္ကာ
မျမဝင္း မနက္ေစ်းသြားၿပီး ဝက္သားတစ္ပိႆာ
ဝယ္ခဲ့သည္။

ထိုဝက္သားမ်ားကို အေနေတာ္ခုတ္ထစ္ၿပီး
ခ်က္ထားသည္။ ညေနေလးနာရီခန္႔မွာ
ႏူး၍က်က္သြားၿပီ။ ညေနငါးနာရီေနာက္ပိုင္း
ဘုန္းႀကီးေက်ာင္းသားေလးမ်ား၊ ဆြမ္းခ်ိဳင့္
လာယူေပလိမ့္မည္။ မီးဖိုေပၚမွ မခ်ေသးဘဲ
ဟင္းအိုးကို တည္ထားသည္။ ေက်ာင္းသား
ေလးမ်ား ဆြမ္းခ်ိဳင့္လာယူမွ မီးဖိုေပၚမွခ်ကာ
လွယ္ထည့္ေပးမည့္ဟု စိတ္ပိုင္းျဖတ္ထားသည္။

ယခု ငါးနာရီပင္ထိုးေတာ့မည္။ ေက်ာင္းသား
ေလးမ်ား ေရာက္မလာ၊ မျမဝင္းလည္း ဟင္း
အိုးကို မီးထိုးလိုက္၊ ေရထိုးလိုက္၊ ေက်ာင္း
သားေမွ်ာ္လိုက္ႏွင့္ အလုပ္ရႈပ္ေနသည္။
ငါးနာရီခြဲေက်ာ္၍ ေျခာက္နာရီပင္ ထိုးၿပီ။
အေမွာင္ရိပ္ သန္းလာၿပီ။ ေက်ာင္းသား
ေလးမ်ား ေရာက္မလာေသး။

“ဝုန္း ”

“ဟင္…အဝင္း…မီးဖိုထဲမွာ ျပဳတ္က်တာလဲ
မသိဘူး သြားၾကည့္လိုက္ဦး”

“ဟင္းအိုးမ်ားလား”

စိုးရိမ္ထိတ္လန္႔စြာႏွင့္ မီးဖိုထဲ ေျပးဝင္ၾကည့္သည္။

“ဟင္ သြားပါၿပီ”

မီးဖိုေပၚက ဟင္းအိုးတစ္ျခမ္းေစာင္းက်ၿပီး အဖုံး
ပြင့္ေနသည္။ အိုးထဲမွာ ဝက္သားဟင္းဖတ္မ်ား
မရွိေတာ့။ ဟင္းရည္မ်ားက ၾကမ္းျပင္မွာ ျပန္႔က်ဲ
ေနသည္။

“ဟာ…နဲတဲ့ေျခေထာက္ႀကီး မဟုတ္ဘူး”

“အမယ္ေလး …သရဲ…သရဲ …ဝင္စားတာ
သူ႔ေျခေထာက္ရဲ႕ ေျခဖဝါးက တစ္ေပေလာက္ရွိတယ္”

ဟင္းရည္မ်ား ဖိတ္က်ထားေသာ ၾကမ္းျပင္ေပၚ
နင္းထားရာ ေျခရာမ်ားကို အတိုင္းသား ျမင္ေနရသည္။

“ေျခရာေတြက အျပင္ကိုထြက္သြားတာလည္း
မဟုတ္ဘူး၊ ဟင္းအိုးပတ္ပတ္လည္မွာပဲ ေတြ႕ရတယ္”

“ဒီေလာက္အပူႀကီး ႏႈိက္စားထားတာ သူ႔ပါးစပ္ေတြ
အပူမေလာင္ကုန္ဘူးလား”

“ေက်ာင္းသားေလးေတြကလည္း ဒီေန႔မွ
ေနာက္က်ရတယ္လို႔ ဆြမ္းခ်ိဳင့္လာယူရင္
ဘယ္လိုလုပ္ရေတာ့မလဲ”

“မတတ္ႏိုင္ဘူး ကန္ေတာ့ဆြမ္းပဲလုပ္ရေတာ့မယ္၊
အမွန္အတိုင္း ေျပာျပလိုက္႐ုံပဲ ရွိေတာ့တယ္”

“သရဲကေတာ့ ဟင္းျမင္တာနဲ႔ ခိုးစားေတာ့တာပဲ”

ဟင္းအိုး သရဲစားသြားၿပီး ဆယ့္ငါးမိနစ္ခန္႔ၾကာမွ
ေက်ာင္းသားေလးမ်ား ေရာက္လာသည္။

“မင္းတို႔ …ဘာလို႔ ေနာက္က်ေနတာလဲ”

“ဘုန္းႀကီးက ေက်ာင္းၿခံထဲ ျမက္ရွင္းခိုင္းေနလို႔
ျမက္ခုတ္ၿပီးေတာ့ ေရခ်ိဳးေနတာနဲ႔ ေနာက္က်သြားတာ”

“လာ …အိမ္ေပၚကို တက္ခဲ့”

“ျမင္လား…ဒါဝက္သားဟင္းအိုး ဆြမ္းလႉမလို႔
ခ်က္ထားတာ သရဲဝင္စားသြားလို႔ ကုန္သြားၿပီ”

“ဒီ…ဒီေျခရာႀကီးေတြက သရဲေျခရာႀကီးေတြလား”

“ဟုတ္တယ္ …အဲဒီသရဲ ေစာေစာကမွ ဝက္သားဟင္း
ဝင္စားသြားတာ၊ ဟင္းေရေတြေပၚ ေလွ်ာက္နင္းထား
လို႔ ေျခရာေတြ ထင္ၿပီး က်န္ခဲ့တာ”

“ဒကာ တင္လွတို႔အိမ္မွာ ဝက္သားခ်က္ထားတာ
သရဲဝင္စားသြားလို႔ ဆြမ္းဟင္းမလႉလိုက္ရတဲ့အ
ေၾကာင္း ဘုန္းႀကီးကို ေလွ်ာက္လိုက္ဦး”

“သရဲက ေတာ္ေတာ္ႀကီးတယ္ေနာ္ ဦးတို႔ျမင္လိုက္လား”

“မျမင္ဘူးကြ၊ ဒီေလာက္အေကာင္ႀကီးကို ျမင္လိုက္
ရရင္ တို႔အားလုံး အသက္ရွိေတာ့မွ မဟုတ္ဘူး”

“ခ်ိဳင့္ေပးေလ ဒီအိမ္မွာ မေနရဲဘူး ျပန္ေတာ့မယ္”

ေက်ာင္းသားေလးႏွစ္ေယာက္ ခ်ိဳင့္ဆြဲၿပီး ခပ္သုတ္သုတ္
ျပန္သြားသည္။ ေက်ာင္းသားေလးမ်ားက ဒီအိမ္မွာ
မေနရဲဟု ေျပာၾကေပမဲ့ ကိုတင္လွတို႔ မိသားစုကေတာ့
ဒီအိမ္က ဘယ္မွ မသြားႏိုင္ၾက။ သရဲ၏ ေျခရာႀကီး
ကိုျမင္ၿပီး အ႐ြယ္အစားကို မွန္းဆၿပီး ေၾကာက္လန္႔
ေနၾကသည္။

“အင္း …သရဲကေတာ့ အခ်ိန္ျပည့္ ေစာင့္ၾကည့္ေနပုံပဲ၊
ဒီေရွ႕ကို အသီးအႏွံနဲ႔ အ႐ြက္ပဲခ်က္၊ အရည္တစ္လွည့္
အေၾကာ္တစ္လွည့္ ခ်က္ေပါ့ကြာ”

“ေတာ့္ကေလးေတြက စားႏိုင္လို႔လား”

“သူတို႔ ဒီအိမ္က ဟင္းမစားႏိုင္ရင္ မင္းအေမအိမ္
ကို သြားပို႔ ထားလိုက္”

“သမီးေတာ့ မသြားဘူး”

“သား…သြားမယ္။ ဘြားဘြားတို႔အိမ္က ဟင္းေကာင္း
ေကာင္း အၿမဲခ်က္တယ္”

“ငတ္ႀကီးက်တဲ့ေကာင္…နင့္ဟာနင္သြား…ငါ
မလိုက္ပို႔ဘူး”

“မမ မပို႔ရင္ေန၊ သား…သြားတတ္တယ္”

“နင္သြားရင္ လူဆိုးေတြ ဖမ္းသြားမွာေပါ့”

“ေဖေဖႀကီး …လိုက္ပို႔”

“ေအးပါ…ေဖႀကီးအားတဲ့ေန႔ လိုက္ပို႔မယ္”

သို႔ျဖင့္ ဝက္သားဟင္းေပ်ာက္ၿပီး သုံးရက္
အတြင္း ေနာက္ထပ္ထူးျခားမရွိဘဲ ရွိေနရာမွ
တစ္မနက္ …

“ေမေမ …သားကို သရဲႀကီးက ဗိုက္ေဖာက္
စားမယ္တဲ့”

” ဘယ္မွာေျပာတာလဲ…ဘယ္တုန္းကလဲ”

“ညက အိပ္ေပ်ာ္ေနရင္း …သားကိုႏႈိးေျပာတာ”

“သား စိတ္စြဲၿပီး သရဲအေၾကာင္း အိပ္မက္မက္တာပါ”

သားေျပာစကားကို မိခင္ျဖစ္သူ မျမဝင္းေရာ
ကိုတင္လွတို႔ကပါ အမွတ္တမဲ့ ထားလိုက္သည္။
ေနာက္တစ္ည မိုးလင္းေတာ့ သမီးႀကီးေအာ္သံ
ၾကားလိုက္သည္။

“ေမေမ …ေဖေဖ …ေမာင္ေလး ႏႈိးလို႔ မရေတာ့ဘူး”

“ဘာ…ဘာေျပာတယ္”

အိပ္ရာထဲမွာ လင္မယားႏွစ္ေယာက္လုံးထၿပီး
သမီးႀကီးတို႔ ေမာင္ႏွမအိပ္ရာသို႔ သြားၾကည့္ၾကသည္။

“သား…သား…ကိုတင္လွ သားကို လာၾကည့္ပါဦး၊
တစ္ကိုယ္လုံး ေအးစက္ေတာင့္တင္းေနၿပီ၊ သား
သား…ဟီး …ဟီး…”

ကိုတင္လွ သားငယ္ကို ကိုင္ၾကည့္လိုက္သည္။

“သား…အသက္…မ…မရွိေတာ့ဘူး”

မျမဝင္းမွာ ဗိုက္ႀကီးတကားကားႏွင့္ အ႐ူးတစ္ပိုင္းႏွယ္
ေအာ္ဟစ္ငိုေၾကးေနသည္။ သားငယ္၏ဗိုက္က
အထဲမွာ ဘာမွမရွိသလို ခ်ပ္ဝင္ေနသည္။

“မေန႔ညက သူ႔ဗိုက္ကို ေဖာက္စားမယ္ဆိုတာ
တကယ္စားသြားၿပီလားမသိဘူး ဗိုက္ထဲမွာ
ဘာမွမရွိေတာ့ဘူး”

အနီးနားက လူမ်ားလည္း ေရာက္လာၾကသည္။
မျမဝင္းက ငိုလိုက္ ေျပာလိုက္ သတိေမ့သြားလိုက္
ျဖစ္ေနသည္။ကေလးသတင္းၾကား၍ မျမဝင္းမိဘမ်ား
ေရာက္လာၾကသည္။ ကေလးကို ေန႔ခင္းပိုင္း
သၿဂႋဳဟ္ၿပီးတဲ့အထိ တစ္ေန႔လုံးနီးပါး ငိုေႂကြး
ေနသည္။ မျမဝင္း၏ မိဘမ်ားက အႀကီးမေလးကို
သူတို႔ေခၚထားမည္ဆိုကာ အိမ္သို႔ ပို႔ထားလိုက္
သည္။ ညဘက္ေစာင့္အိပ္ရန္ ကိုတင္လွ၏
ေယာကၡမႏွစ္ေယာက္က အိမ္မျပန္ၾက။

မျမဝင္းလည္း တငိုငို တရီရီ ရွိေနရာက
သုံးရက္ခန္႔ၾကာေတာ့ ပုံမွန္ျပန္ျဖစ္သြားသည္။
ဗိုက္ထဲက ကေလးလည္းရွစ္လအတြင္း
ေရာက္ေနၿပီျဖစ္သည္။ ေရွ႕လဆို
ေမြးရဖြားရေတာ့မည္။ ကေလးေမြးရင္ ေဆး႐ုံမွာ
ေမြးရန္ႏွင့္ အထူးဂ႐ုစိုက္ရန္ မိဘမ်ားက
မျမဝင္းႏွင့္ ကိုတင္လွအား စိုးရိမ္တႀကီး
မွာၾကားေနသည္။

အိမ္ကို လူငွားႏွင့္ထားၿပီး ၿမိဳ႕ထဲလာေျပာင္းေနရန္
ေခၚၾကသည္။ ကိုတင္လွေရာ၊ မျမဝင္းပါ အိမ္ႏွင့္
ၿခံကို သံေယာဇဥ္ျဖစ္ေနသည့္အတြက္ ေျပာင္းေ႐ႊ႕
ေနထိုင္ရန္ စိတ္မကူး။

သို႔ျဖင့္ အလတ္ေကာင္ေလး နာေရးရက္လည္ဆြမ္းကပ္ၿပီး
ေတာ့ မျမဝင္းမိဘမ်ား ျပန္သြားၾကသည္။ မျမဝင္း၏
ေမာင္က အိမ္သုံးေလးည ေစာင့္ေပးမည္ဟုဆိုကာ
ေနခဲ့သည္။ ညဘက္ရပ္ကြက္ထဲမွ ေအာင္ၿဖိဳးတို႔
သူငယ္ခ်င္းတစ္စု လာအိပ္ေပးၾကသည္။ သရဲက
အိမ္မွာ လူေတြမ်ားေနစဥ္ ဆြမ္းကပ္ရန္ ခ်က္ျပဳတ္
ေသာ အစားအေသာက္ဟင္းမ်ားကို ယူစားျခင္းမရွိ။

နာေရးကိစၥလည္း ၿပီးသြားၿပီ။သရဲလည္း ဘယ္
ေရာက္သြားသည္မသိ၊ ထူးျခားမႈ မရွိဘဲ ၿငိမ္သက္
ေနသည္။ ရပ္ကြက္အတြင္းမွာ သတင္းထူးမ်ား
မၾကားရသည္မွာ ၾကာခဲ့ၿပီ။ ကေလးမ်ားကိုလည္း
လမ္းေပၚထြက္ၿပီး မကစားရန္ တားျမစ္ထားသည္။

ေန႔စဥ္ပုံမွန္အခ်ိန္တို႔ ကုန္ဆုံးေနသည္။ မျမဝင္း၏
ကိုယ္ဝန္လည္း ရွစ္လခြဲေက်ာ္ခဲ့ၿပီ။ မၾကာခင္ ေမြး
ဖြားရေတာ့မည္။ ကေလးကို ေဆး႐ုံတက္၍ ေမြးဖြားရန္
ေဆး႐ုံမွာ ဗိုက္အပ္ထားသည္။ ေဆး႐ုံကလည္း
ေရွ႕လထဲမွာ ေမြးမည္ဟု ေျပာလိုက္သည္။
သို႔ေၾကာင့္ ေမြးဖြားလာမည့္ကေလးကို ဂ႐ုစိုက္
ေနၾကသည္။ မၾကာခင္ရက္အတြင္း မျမဝင္း
ဗိုက္နာလာသည္။

ဆိုက္ကားတစ္စီးႏွင့္ ေဆး႐ုံသို႔ သြားၾကသည္။
ေဆး႐ုံေရာက္ၿပီး မနက္တစ္နာရီခန္႔မွာ ေယာက်ၤား
ေလးကို ေမြးဖြာခဲ့သည္။ ကေလးေရာ လူႀကီးပါ
က်န္းမာသည္။ ကိုတင္လွႏွင့္ မျမဝင္းတို႔ ေပ်ာ္
႐ႊင္ေနၾကသည္။ သားေယာက္်ားေလးဆုံးပါး
သြားၿပီးေနာက္ ထပ္အစားတစ္ေယာက္
ရခဲ့သည္မဟုတ္ပါလား။

သူတို႔ကေလးကို ၾကည့္မဝ ရႈမဝျဖစ္ေနသည္။
ေဆး႐ုံမွာ သုံးရက္ေနၿပီး ျပန္လာခဲ့ၾကသည္။

ကေလးကို အသိမိတ္ေဆြ ေဆြမ်ိဳးသားခ်င္းမ်ား
လာၾကည့္ၾကသည္။ ကေလးက ခ်စ္စရာေလး လာၾကည့္သူတိုင္းက၊ မျမဝင္းႏွင့္တူသည္၊
ကိုတင္လွႏွင့္တူသည္ဟု အမ်ိဳးစုံေဝဖန္ေနၾကသည္။
မျမဝင္းကေတာ့ ေျပာခ်င္ရာေျပာၾကပါေစ ကေလး
ကို ႏို႔တိုက္ရင္း ၿပဳံးျပေနသည္။ တစ္ည မျမဝင္း
ကေလးကို ႏို႔တိုက္ၿပီး အိပ္ေပ်ာ္သြားသည္။
ထိုအခ်ိန္မွာ အနီးသို႔ အေမြးအမွင္ထူထူႏွင့္
မ်က္လုံးႏွစ္လုံးနီရဲေသာ သရဲလိုလို အေကာင္ႀကီး
အနီးသို႔ ေရာက္လာၿပီး ႏို႔တိုက္ေနေသာ ကေလးကို
မျမဝင္းလက္မွ အတင္းဆြဲလုၿပီး ထြက္သြားသည္။

“ေပး…ေပး…ငါ့ကေလး …ေပး”

သရဲက ေနာက္လွည့္မၾကည့္ ထြက္သြားသည္။

“အမယ္ေလး…ကေလးကို သရဲလုသြားလို႔
ကယ္ၾကဦး”

အသံကုန္ ေအာ္ဟစ္လိုက္သည္။

“ဟဲ့ …ဟဲ့ …မျမဝင္း …မျမဝင္း ”

“ဟင္…ဟင္ …က်မကေလး မရွိေတာ့ဘူး၊
သရဲလုသြားၿပီ”

“မင္းရဲ႕ ေဘးမွာ ရွိေနတယ္ေလ…မင္းအိပ္ေပ်ာ္
သြားလို႔ ကေလးႏို႔ပိၿပီး အသက္ရႈၾကပ္မွာစိုးတာနဲ႔
ဒီဘက္ နည္းနည္း ေ႐ႊ႕ထားလိုက္တာ”

“က…ကေလး ဘာမွမျဖစ္ဘူးေနာ္”

“ဘာမွမျဖစ္ပါဘူး ဘာျဖစ္လို႔လဲ”

“ဒါ …ဒါဆို အိပ္မက္မက္ေနတာပဲျဖစ္မယ္”

မျမဝင္းက သူမက္ခဲ့ေသာ အိပ္မက္ကို
ေျပာျပလိုက္သည္။ မျမဝင္းအေမလည္း အိမ္မွာ
လာေစာင့္ေပးသည့္အတြက္ အေဖာ္ရသည္။

“စိတ္စြဲလို႔ မက္တာပါ…စိတ္ထဲထားမေနပါနဲ႔။
ကေလးလည္း ဘာမွမျဖစ္ပါဘူး”

” အင္း…အိပ္မက္မို႔ ေတာ္ေသးတယ္၊ တကယ္သာ
ျဖစ္လို႔ကေတာ့ သမီးေသမွာပဲ”

“အို…မဟုတ္တာေတြ…ဘာမွမျဖစ္ပါဘူး
ကဲ…ျပန္အိပ္လိုက္ဦး”

ထိတ္လန္႔စရာေကာင္းေသာ အိပ္မက္ကို မက္
ၿပီးေနာက္ ထူးျခားမႈ မရွိေတာ့ဘဲ တစ္ရက္ၿပီးတစ္ရက္
ကုန္သြားသည္။ မျမဝင္း၏ မိခင္လည္း လာမအိပ္
ေတာ့။ ကေလးက ဆယ့္ငါးရက္သား ျဖစ္လာသည္။
မ်က္လုံးေလးဖြင့္ၿပီး မိခင္ကို သိလာသည္။
မွတ္မွတ္ရရ ကေလးတစ္လျပည့္သည့္ေန႔
ညသန္းေခါင္အခ်ိန္မွာ အိမ္ကေလး သိမ့္ခနဲ
တစ္ခ်က္လႈပ္သြားသည့္အတြက္ မျမဝင္းေရာ
ကိုတင္လွပါ အိပ္ရာက ႏိုးသြားသည္။

ငါးတိုင္အား မီးလုံးေလးသာ ထြန္းထားသျဖင့္
အိမ္တြင္းမွာ မႈန္မႈန္ျပျပ အလင္းေရာင္ေလးသာ
ရွိသည္။ လင္မယားႏွစ္ေယာက္လုံး ၾကက္ေသ ေသၿပီး
အံ့အားသင့္ကာ မလႈပ္မယွက္ ရွိေနမိသည္။
သူတို႔ႏွစ္ေယာက္ၾကားက အိပ္ေပ်ာ္ေနေသာ
ကေလးကို ဆတ္ခနဲ ဆြဲယူၿပီး သူ႔ပါးစပ္ႀကီးနဲ႔
အားရပါးရ ဝါးစားေနေတာ့သည္။

သူ၏ ကိုယ္လုံးႀကီးကလည္း အေမြးအမွင္မ်ားျဖင့္
မည္းနက္ေနသည္။ မ်က္လုံးႀကီးႏွစ္လုံးကလည္း
ေရေႏြးခန္းပန္းကန္ႏွယ္ျပဴးထြက္ကာ ရဲရဲနီေနသည္။
ပါးစပ္ႀကီးအတြင္းက အစြယ္ႀကီးႏွစ္ခုကလည္း
ျပဴးထြက္ေနသည္။ သရဲႀကီး ကေလးကို ေကာက္စား
လိုက္သည္ကို ေတြ႕ေပမဲ့ အာေစးထညိ့ထား
သည့္ႏွယ္ ပါးစပ္မ်ားက အသံထြက္မလာ
တစ္ကိုယ္လုံးမွာ ေသြးမေလွ်ာက္ေတာ့သလို
လႈပ္မရ၊ အေၾကာမ်ား ေသသြားသလို ျဖစ္သြားသည္။

ငုတ္တုတ္ေမ့သည့္အတိုင္း လင္မယားႏွစ္ေယာက္
လုံး သရဲ လုပ္သမွ် ၿငိမ္ၾကည့္ေနမိသည္။ကေလး
ပါးစပ္ထဲ ေရာက္သြားၿပီးမွ မျမဝင္း၏ အသံထြက္
လာသည္။

“က…က…ေလး…သ…သရဲ…စားသြားၿပီး
ဟီး…ဟီး……ဟီး”

“ကယ္ၾကပါဦး က…ကေလး သ သရဲ စားသြားၿပီး”

မျမဝင္းေအာ္သံအဆုံး ကေလးစားေနေသာ
သရဲ ႐ုတ္တရက္ ေပ်ာက္ကြယ္သြားသည္။
မျမဝင္းလည္း မ်က္ျဖဴဆိုက္ၿပီး ထိုင္ရာမွ
ပစ္လဲက်သြားသည္။ ထိုအခါ ကိုတင္လွလည္း
ေျခလက္တို႔ အေၾကာေသသလို လႈပ္မရျဖစ္ရာက
အသိျပန္ကပ္သြားၿပီး လႈပ္ရွား၍ ရလာကာ မျမဝင္းကို
ေျပးထူလိုက္သည္။

“အဝင္း…အဝင္း၊ သတိထား…သတိထား”

“ဟီး…ဟီး…ကေလး …ကေလးမရွိေတာ့ဘူး။
ဟီး …ဟီး …ဟီး…ရွင္…ရွင္ …ရက္စက္တယ္ ကေလးကို
သရဲဆီက ဝင္မလုဘူး ထိုင္ ထိုင္ၾကည့္ေနတယ္”

“ကိုယ္က ဘာေၾကာင့္မသိဘူး လႈပ္မရဘူး၊ သရဲကပဲ
လုပ္တာလား အေၾကာက္လြန္ၿပီး ထိုင္ရက္ သတိေမ့
သြားတာလား မသိဘူး လႈပ္လို႔မရဘူး အခုမွ လႈပ္လို႔
ရတယ္”

“ဟီး…ဟီး ဘယ္လိုလုပ္မလဲ က်ဳပ္ကေလးသရဲစား
သြားၿပီ၊ ဟီး ဟီး ရွင္ အခု သရဲကို သြားရွာခဲ့”

“သရဲက ကစားစားၿပီး ေပ်ာက္သြားတာ ကိုယ္
ဘယ္လို တတ္ႏိုင္ေတာ့မလဲ ကိုယ္တို႔ ကံ
အေတာ္ဆိုးပါတယ္”

“လာၾကပါဦး အရပ္ကတို႔ရဲ႕၊ က်မကေလးမရွိေတာ့ဘူး၊
သရဲစားသြားၿပီေတာ့ ဟီး…ဟီး…ဟီး…”

မျမဝင္းလည္း ေအာ္ဟစ္ငိုယိုလ်က္၊သတိလစ္
သြားလိုက္ႏွင့္ ျဖစ္ေနသည္။ အိမ္နီးနားခ်င္းမ်ား
ကလည္း ဓါတ္မီးမ်ားကိုင္၍ ေရာက္လာၾကသည္။
အခ်ိန္က ညဆယ့္တစ္နာရီပင္ မထိုးေသး။
လူအေတာ္မ်ားမ်ားလည္း မအိပ္ၾကေသး။

“သရဲက ေတာ္ေတာ္ေလး ေသာင္းက်န္းေနၿပီ၊
ႏွစ္လသုံးလအတြင္း ဒီအိမ္က ကေလးႏွစ္ောက္
ကို သတ္ပစ္လိုက္ၿပီ”

“ဒီတစ္ခါေတာ့ အေလာင္းေတာင္ မျမင္လိုက္ရဘူး”

“ကေလးကို ပါးစပ္ထဲ ဆြဲသြင္းၿပီး စားေနတာ
ျမင္ရတယ္ က်ေနာ္ ဘာမွ လႈပ္လို႔မရဘူး။
သူ႔အေမလည္း လႈပ္လို႔မရဘူး။ သူစားၿပီးသြားမွ
လႈပ္လို႔ရတယ္”

“အင္း…မင္းတို႔နဲ႔ ဒီသရဲ ကံဝဋ္ေႂကြး ရွိပုံရတယ္။
အိမ္နီးနားေနၿပီး ေစာင့္စားေနတာလား မသိဘူး”

ကေလးေမြးၿပီး တစ္လသာရွိေသး၍ ေသြးႏုသားႏု
မိခင္ကဲ့သို႔ ေသြးတက္ေရာဂါ ခံစားေနရေတာ့သည္။
ေျပာလိုက္ ငိုလိုက္ တက္လိုက္ႏွင့္ ျဖစ္ေန၍
အိမ္နီးနားခ်င္း မိန္းမမ်ားက တတ္ႏိုင္သမွ်
ျပဳစုေနၾကသည္။ ေနာက္ပိုင္း မျမဝင္းလည္း
ညဘက္ေကာင္းေကာင္းမအိပ္၊ ခဏခဏ
လန္႔ၿပီး ငိုသည္၊ ရယ္ခ်င္လည္း ရယ္သည္။

တစ္ခါ တစ္ခါ အေဝးသို႔ ေငးၾကည့္ၿပီး စကား
မေျပာဘဲ ထိုင္ေနသည္။ အစားစာခ်ိန္လည္း
ေကာင္းေကာင္းမစားေတာ့၊ ကိုတင္လွခ်က္
ျပဳတ္ၿပီး ေကြၽးမွစားသည္။ ႏွလုံးေသြးပ်က္ၿပီး
ယဥ္ယဥ္ေလး ႐ူးေနသည္။ ဆရာမ်ိဳးစုံႏွင့္
ကုေပမဲ့ ထူးမျခား၊ မီးယပ္ေသြးပ်က္ေဝဒနာ
ေၾကာင့္ ႏွလုံးကို ထိခိုက္ၿပီး ေရာဂါခံစားေနရတာဟု
ေျပာၾကသည္။ ကေလးေသဆုံးသြားၿပီး တစ္လေက်ာ္
လာသည္၊ မျမဝင္း၏ေရာဂါမသက္သာ၊ အၾကမ္းႀကီး
မဟုတ္ေသာ္လည္း ႏုႏုေလး႐ူးေနသည္။ တစ္ရက္
သူတို႔ရပ္ကြက္အတြင္းမွ ဦးသန္းေမာင္ဆိုသူ
ကိုတင္လွတို႔အိမ္သို႔ ေရာက္လာသည္။

“ေမာင္တင္လွနဲ႔ေတြ႕တာ အေတာ္ပဲ၊ ဦးအသိ
တစ္ေယာက္နဲ႔ ေတြ႕လို႔ သတင္းေပးလိုက္တယ္
သူ႔အိမ္မွာ နယ္က ဆရာႀကီးတစ္ေယာက္
ေရာက္ေနတယ္၊ေမာင္တင္လွ ပင့္ခ်င္ရင္
ဦးနဲ႔ လိုက္ခဲ့ လိုက္ပို႔ေပးမယ္”

“က်ေနာ္…မျမဝင္းအေမကို အိမ္လာေစာင့္ေပးဖို႔
သြားေခၚၿပီး မနက္ေစာေစာ လာခဲ့မယ္။ေက်းဇူးပဲ
ဦးေလးသန္း”

ေနာက္ေန႔ ေရာက္ေတာ့ ဦးသန္းေမာင္၏ ကူညီမႈႏွင့္
အသက္(၇၀)နီးပါး ဆရာႀကီးတစ္ေယာက္ ကိုတင္လွ
အိမ္သို႔ ပါလာသည္။ ဆရာႀကီးက အထက္လမ္း
ပညာ လိုက္စားေနသည္ဟု သိရသည္။

“ဆရာႀကီး အကူအညီေပးမယ္ ဘာမွမစိုးရိမ္နဲ႔ ”

အိမ္ေပၚတက္လာလာခ်င္း ေျပာလိုက္၍ ကိုတင္လွ
အားတက္သြားသည္။

“အင္း…ေမာင္တင္လွတို႔ အိမ္က ေျမမသန္႔တဲ့
ေနရာမွာ ေဆာက္ထားမိတာကိုး၊ ၿပီးေတာ့
ဝိညာဥ္အခ်ဳပ္အေႏွာင္ခံေနရတာကလည္း
ပိုၿပီးဆိုးဖို႔ ျဖစ္သြားတာကလား၊ ကဲ…ကဲ
အနာသိမွေတာ့ ေဆးရွိၿပီေပါ့ …ဘာမွမစိုးရိမ္နဲ႔၊
ဆရာႀကီး အားလုံးေျဖရွင္းေပးမယ္၊ ဆရာႀကီး
အတြက္ ဘုရားပြဲတစ္ပြဲ ျပင္ေပး အုန္းသီး
ငွက္ေပ်ာသီး သုံးဖီးနဲ႔ ပြဲတစ္ပြဲ ျဖစ္ရမယ္”

ကိုတင္လွလည္း ေယာက္ဖျဖစ္သူအား
အုန္းသီး ငွက္ေပ်ာသီးဝယ္ခိုင္းလိုက္သည္။
မၾကာခင္ စက္ဘီးႏွင့္ ျပန္ေရာက္လာသျဖင့္
ဆရာႀကီး ခိုင္းသည့္အတိုင္း ပြဲျပင္ေပးလိုက္သည္။

“ဆရာႀကီး ဒီတစ္ညလုံး အဓိ႒ာန္ပုတီးစိပ္မယ္၊
ဘာမွမစိုးရိမ္ၾကနဲ႔ ၊ မနက္ေရာက္ရင္ ဒီကိစၥေတြ
ၿပီးၿပီလို႔ မွတ္လိုက္”

“အားကိုးပါတယ္ ဆရာႀကီး”

ဆရာႀကီးက လြယ္အိတ္ထဲမွ ပုလင္းေသးတစ္လုံး
ထုတ္ယူလိုက္သည္။ ေရတစ္ခြက္ေတာင္းၿပီး ေရ
ခြက္ထဲ ေဆးအနည္းငယ္ထည့္၍ သမေအာင္ေမႊ
ေပးကာ မျမဝင္းကို တိုက္လိုက္သည္။

“ဘယ္ေလာက္ေၾကာက္စရာေတြ႕လို႔ သည္းေျခ
ပ်က္ေအာင္ျဖစ္ေနပါေစ…ဒီေဆး သုံးခြက္ေသာက္
ၿပီးတာနဲ႔ ေပ်ာက္ေစရမယ္”

မျမဝင္းလည္း ျငင္းဆိုျခင္း မရွိဘဲ ေသာက္လိုက္သည္။
ဆရာႀကီး ေရာက္လာမွ မျမဝင္း အေနအေျခက
အေကာင္းဘက္သို႔ ယိမ္းလာသည္ကို ေတြ႕ၾကရသည္။
အငိုအရယ္ နည္းသြားသည္။ စကားေျပာခ်င္ရာ
ေျပာေနျခင္းလည္း မရွိေတာ့။ ဆရာႀကီးလုပ္သမွ်
ေငးငိုင္ၿပီး လိုက္ၾကည့္ေနသည္။

ဆရာႀကီး ေရာက္သည့္အခ်ိန္က မနက္ဆယ့္တစ္
နာရီရွိၿပီ။ ဆရာႀကီးအတြက္ အိမ္မွာ အဆင္သင့္
မရွိ၍ မနက္စာကို ထမင္းဆိုင္မွာပင္ သက္သက္
လြတ္ ျပင္ဆင္ခိုင္းၿပီး ေကြၽးေမြးခဲ့ရသည္။ ဥပုသ္
သီလ ဝင္ေနသျဖင့္ ညစာ မစားဟု သိရသည္။
ဆရာႀကီး အဓိ႒ာန္ဝင္ႏိုင္ေအာင္ဆရာႀကီးခိုင္း
သည့္အတိုင္း လုပ္ေပးခဲ့သည္။

ဆရာႀကီးကလည္း ဘုရားစင္ေရွ႕မွာ တရားစထိုင္သည္။
ညေန ေျခာက္နာရီမွာ တရားထိုင္ျခင္းျဖဳတ္ၿပီး အေပါ့
အပါး သြားသည္။ မျမဝင္းအား ဒုတိယအႀကိမ္ေျမာက္
ေဆးတိုက္ၿပီး ခုႏွစ္နာရီမွ အဓိ႒ာန္ျပန္ထိုင္သည္။
ညဘက္ ဆရာႀကီး အဓိ႒ာန္ဝင္ေနစဥ္၊ ဖေယာင္းတိုင္
မီး အဆက္အျပတ္ ထြန္းေပးရန္ မွာၾကားထားသည္။

“ညဆယ့္တစ္နာရီအထိ တစ္တိုင္ၿပီးတစ္တိုင္
ထြန္းေပး၊ ေနာက္ပိုင္းမီးထြန္းစရာမလိုဘူး။
ေမာင္တင္လွ အိပ္လို႔ရၿပီ၊ ဆရာႀကီးကေတာ့
ဖေယာင္းတိုင္ မီးၿငိမ္းၿပီးေနာက္ပိုင္း အလုပ္
စခန္းျဖဳတ္ၿပီး တေရးတေမာအိပ္မယ္
ေစာင့္မေနၾကနဲ႔ ”

“ဟုတ္ကဲ့ ဆရာႀကီး”

ထိုသို႔ မွာၾကားၿပီး ဆရာႀကီး အဓိ႒ာန္ျပန္ဝင္သည္။
ကိုတင္လွလည္း ဖေယာင္းတိုင္ ေစာင့္ထြန္းေပးၿပီး
ဆယ့္တစ္နာရီေနာက္ပိုင္း အိပ္ေပ်ာ္သြားသည္။
ဆရာႀကီးလည္း ဘယ္အခ်ိန္ အဓိ႒ာန္ျဖဳတ္ၿပီး
ဘယ္အခ်ိန္ အိပ္သည္မသိ၊ မနက္ခုႏွစ္နာရီ
ကိုတင္လွႏိုးေတာ့ ဆရာႀကီး ဖေယာင္းတိုင္
မီးပူေဇာ္ၿပီး ဘုရားရွိခိုးေနသည္ကို ေတြ႕ရသည္။

ရွစ္နာရီခန္႔ေရာက္မွ ဘုရားရွိခိုး၍ ၿပီးသည္။
ဆရာႀကီးအား …မနက္စာ ေရေႏြးၾကမ္း၊ ဘိန္းမုန္႔၊
ေကာက္ညႇင္းေပါင္း ၊ ျမန္မာမုန္႔မ်ိဳးစုံျဖင့္ ဧည့္ခံ
ေကြၽးေမြးသည္။ ဆရာႀကီးက ဘိန္းမုန္႔ႏွင့္
ေကာက္ညႇင္းေပါင္းကို ႏွစ္ၿခိဳက္စြာ စားသည္။
ေရေႏြးၾကမ္း ေသာက္ၿပီး မျမဝင္းအား တတိယ
အႀကိမ္ေျမာက္ ေဆးတစ္ခြက္ တိုက္သည္။
ထိုေဆးတိုက္ၿပီးသည္ႏွင့္ မျမဝင္း၏ မ်က္လုံး
မ်ားက သာမန္လူ၏ မ်က္လုံးမ်ားလို ၾကည္
ၾကည္လင္လင္ တည္တည္ၿငိမ္ၿငိမ္ ရွိလာသည္။
အားလုံးက မျမဝင္းကို ၾကည့္ၿပီး ဝမ္းသာေနၾကသည္။

“မျမဝင္း ေနေကာင္းလား”

“ဟုတ္ကဲ့ ”

တစ္ခြန္းေမး တစ္ခြန္ျပန္ေျဖလာသျဖင့္ အားလုံး
ဝမ္းသာေနၾကသည္။ ဆရာႀကီးအား ေန႔လယ္စာ
သက္သက္လြတ္ႏွင့္ ေကြၽးေမြးဧည့္ခံၿပီးသည္ႏွင့္
ထူးဆန္းေသာ စကားဆိုလာသည္။

“ေမာင္တင္လွတို႔အိမ္ကို ပရိတ္ႀကိဳးေတြ
ပတ္ထားတယ္ မဟုတ္လား”

“ဟုတ္ကဲ့ လမ္းထဲမွာ ပရိတ္နာၿပီး ပရိတ္ႀကိဳးနဲ႔ အိမ္ကို ပတ္ထားပါတယ္”

“ေအးကြဲ႕ …နာနာဘာဝဝိညာဥ္က ဘယ္မွာမရွိဘူး။
ဒီအိမ္အဝန္းအဝိုင္းထဲမွာပဲရွိတယ္၊ ၿခံထဲမွာ မဟုတ္ဘူး။
ဒီပရိတ္ႀကိဳး ပတ္ထားတဲ့ အဝန္းအဝိုင္းထဲမွာပဲ ရွိတယ္”

“ဗ်ာ…ဒီအိမ္ထဲမွာ ဟုတ္လား ဆရာႀကီး”

“အင္း…ဒီလိုပဲ ေျပာရေတာ့မွာေပါ့၊ မင္းတို႔က
အိမ္ကို ပရိတ္ႀကိဳးနဲ႔ ပတ္ခ်ည္ထားလိုက္ေတာ့
ဝိညာဥ္သရဲလည္း ဘယ္မွမသြားလာလို႔ မရေတာ့ဘဲ
ဒီအိမ္ထဲက အစားအေသာက္ေတြ ယူစားတာ၊
ေနာက္ပိုင္း အစားအေသာက္မစားရလို႔ ေမာင္
တင္လွတို႔ရဲ႕ ကေလးေတြကို သတ္ျဖတ္စား
ေသာက္ပစ္တာ၊ ၾကာရင္ လူႀကီးေတြကိုပါ
အႏၲရာယ္ျပဳလိမ့္မယ္၊ သူ…ဒီအိမ္ထဲက
ထြက္ခ်င္ေနတယ္၊ သူထြက္လို႔ရေအာင္ လမ္း
ဖြင့္ေပးပါလို႔ ေျပာေနတယ္။ ဒါေၾကာင့္ ေမာင္
တင္လွက ပရိတ္ခ်ည္ကို ျဖတ္ၿပီး သူသြားဖို႔
လမ္းဖြင့္ေပးလိုက္”

ဆရာႀကီး ေျပာသည့္အတိုင္း ကိုတင္လွလည္း
အိမ္ကို ပတ္ခ်ည္ထားေသာ ပရိတ္ခ်ည္ႀကိဳးမ်ားကို
ျဖဳတ္ပစ္လိုက္သည္။

ဝုန္း …ဝုန္း …ဝုန္း…

အေကာင္အထည္ မျမင္ရဘဲ၊ က်ယ္ေလာင္ေသာ
ေျခသံႀကီးကို အားလုံးၾကားလိုက္ရသည္။

“အမယ္ေလး သရဲႀကီး အိမ္ေအာက္ကို ထြက္ေျပးၿပီ”

ဘယ္သူမွ မျမင္ရေသာ္လည္း မျမဝင္းက သရဲကို
ျမင္လိုက္သည့္အတြက္ ထေအာ္ေလသည္။

“ကဲ…သမီး လာ…ေရွ႕ကို ဒီေရမန္းကို
ေသာက္လိုက္၊ အားလုံး စိတ္ထဲ ရွင္းရွင္း
လင္းလင္း ျဖစ္သြားလိမ့္မယ္”

မျမဝင္းလည္း ဆရာႀကီးေရွ႕သို႔သြားကာ
ေရမန္းတစ္ခြက္ကို ယူေသာက္လိုက္သည္။

“ကဲ…ဝိညာဥ္သရဲလည္း ထြက္သြားၿပီ။ အခု
အိမ္အဝန္းအဝိုင္းထဲမွာ ေျမမသန္႔ဘူးဆိုတာလည္း
အေသအခ်ာပဲ။ ဒီအိမ္ရဲ႕ၾကမ္းျပင္ေအာက္ဝင္ၿပီး
ေျမႀကီးကို တူးရလိမ့္မယ္”

“ဟုတ္ကဲ့ ဆရာႀကီး၊ က်ေနာ္တို႔ လုပ္ပါ့မယ္”

ေျမျပင္မွ အိမ္ၾကမ္းျပင္အထိ ရင္စို႔ခန္႔ အျမင့္
ရွိသည့္ အတြက္ အိမ္ေအာက္သို႔ ေခါင္းငုံ႔၍
ဝင္ၾကရသည္။ ဆရာႀကီးက အိမ္ေပၚမွေန၍
ၫႊန္ၾကားေျပာဆိုေနသည္။ ကိုတင္လွကို
ကူညီေပးမည့္ ကိုေအာင္ၿဖိဳး အပါအဝင္
ေပါက္တူး သံတူး႐ြင္း ေဂၚျပားအျပည့္အစုံႏွင့္
လူငါးေယာက္တို႔ အသင့္ရွိေနၾကသည္။

“ေဟာဒီေအာက္တည့္တည့္မွာ ဝိညာဥ္သရဲ
ခိုနားတဲ့ ေနရာပဲ၊ အဲဒီေနရာ တစ္လံပတ္ပတ္
လည္ ေျမတူးၾကည့္ၾက”

ေလးေပခန္႔ အနက္ေရာက္ေအာင္ တူးလိုက္ရာ
အဂၤေတ အုတ္သ႐ြက္စီထားေသာ ေနရာကို
ေတြ႕သျဖင့္ သံတူး႐ြင္းႏွင့္ ကလပ္ၿပီး ဖယ္ထုတ္ရာ
အထဲမွာ လူတစ္ေယာက္ ျမႇဳပ္ထားေသာဂူတစ္လုံး
ကို ေတြ႕လိုက္ၾကသည္။ သခ်ႋဳင္းေဟာင္းေ႐ႊ႕စဥ္က
ျမႇဳပ္ထားေသာ အေလာင္းမ်ား ဂူမ်ား ၿဖိဳဖ်က္ၿပီး
မီးရႈိ႕ခဲ့ေပမဲ့ ေျမႀကီးထဲ ေလးေပခန္႔ အထိေတာ့
တူးေဖာ္ၾကပုံမရ။

ယခု အေလာင္းကို ေျမနက္နက္မွာ အဓိပၸါယ္ရွိရွိ
ျမႇဳပ္ႏွံသျဂၤ ိုဟ္ျခင္းျဖစ္သည္။ ဝိညာဥ္ကို ထိုေနရာ
မွာ ခ်ည္ေႏွာင္က်ိန္စာတိုက္ထား၍ မကြၽတ္မလြတ္
ရွိေနပုံရသည္။ သူ႔အေပၚတည့္တည့္မွာ အိမ္ေဆာက္
မိ၍ ဝိညာဥ္သရဲက အေႏွာင့္အယွက္ေပးေနျခင္း
ျဖစ္ပုံရသည္။ ထို႔ျပင္ သူေနထိုင္ရာ ဂူအထက္
ဝန္းက်င္မွာ ပရိတ္ႀကိဳးကို စည္းဝိုင္းသဖြယ္
ရစ္ပတ္လိုက္သည့္အတြက္ အျပင္ထြက္ၿပီး
ရွာေဖြစားေသာက္၍ မရျခင္းေၾကာင့္ ကိုတင္လွတို႔
မိသားစုကို ေႏွာင့္ယွက္စားေသာက္ျခင္းျဖစ္ေပသည္။

“ကဲ…စိတ္သန္႔သြားေအာင္ ဂူလုပ္ထားတဲ့
အုတ္အဂၤေတေတြ အကုန္လုံး ဖယ္ရွားပစ္လိုက္ၾက”

အဂၤေတအုတ္မ်ား ဖယ္ရွားၿပီး ေျမျပန္ဖို႔လိုက္ၾကသည္။

“ကဲ…အဲဒီအ႐ိုးစုကို သခ်ႋဳင္းကို သယ္သြားၿပီး
မီးရႈိ႕ပစ္လိုက္၊ ေနာက္ကို ဒီရပ္ကြက္ထဲ လွည့္
ပတ္ေသာင္းက်န္းေနတဲ့ သရဲလည္း မေသာင္း
က်န္းေတာ့ဘူး၊ သူ႔ဝိညာဥ္က အေဝးကို ထြက္သြားၿပီ

ဆရာႀကီးလည္း ဒီတစ္ည ဒီမွာ တရားထိုင္ေပးၿပီး
မနက္ျဖန္ ျပန္ေတာ့မယ္ေမာင္တင္လွရဲ႕ ဇနီးလည္း
မၾကာခင္ ျပန္က်န္းမာလာလိမ့္မယ္ ”

“ဆရာႀကီး ဒီအိမ္ကို ေ႐ြ႕ၿပီးျပန္ေဆာက္ရမလား၊
ဒီအတိုင္း ေနလို႔ရၿပီလား မသိလို႔ ရွင္းျပေပးပါဦး”

“ေအး…ဘာမွ မစိုးရိမ္နဲ႔ေတာ့၊ သူ ဒီမွာ ခိုနား
စရာ မရွိေတာ့သလို ဆရာႀကီးကလည္း ေမတၱာနဲ႔
အေဝးကို သြားခိုင္းလိုက္ၿပီ၊ စိတ္ခ် လက္ခ်သာ
ေနၾကေပေတာ့၊ ဆရာႀကီး ေရမန္းေပးခဲ့မယ္၊
အဲဒီေရမန္းကို ထိတ္လန္႔စရာ တစ္ခုခုကို
ျမင္ရင္ေသာက္၊ ဘာမွမျဖစ္ရင္ ေသာက္စရာ
မလိုဘူး၊ အျမင့္မွာ ေရမန္းပုလင္းကိုထား၊
သရဲႀကီးလည္း က်ိန္စာရွိေနလို႔ သြားခ်င္ရာ
မသြားဘဲ ေနရတာ ဆရာႀကီးက ေမတၱာနဲ႔
အားလုံးကို ရွင္းေပးလိုက္ၿပီးၿပီ၊ ဒီေရွ႕ေလွ်ာက္
စိတ္ခ်လက္ခ်သာ ေနထိုင္ၾကေပေတာ့”

သို႔ျဖင့္ ဆရာႀကီးလည္း တစ္ညလုံး
အဓိ႒ာန္ဝင္ ပုတီးစိပ္ေပးကာ မနက္မိုးလင္း၍
အစာေျပ စားေသာက္ၿပီးသည္ႏွင့္ ဦးသန္းေမာင္
ႏွင့္အတူ ကိုတင္လွလည္း ဆရာႀကီးအား
လိုက္ပို႔ေပးခဲ့သည္။

ၿပီးပါၿပီ

မူရင္းေရးသူ ဆရာ ဧကန္မင္း