“ဘီလူးခြောက်မွေးသောရွာ”(စ/ဆုံး)

Unicode Version

“ဘီလူးခြောက်မွေးသောရွာ”(စ/ဆုံး)
——————————————-
ရှားတောရွာတစ်ရွာလုံး မီးရောင်မှိန်မှိန်ကလေးများကြားတွင် တစ်စုံတစ်ရာ ကို နားစွင့်နေကြသည်။ ရွာတောင်ပိုင်းက ဒေါ်အာစာ ကလေးမွေးရန် ဗိုက်နာ နေသည်ကို တစ်ရွာလုံးသိနေကြသည်။ ဒေါ်အာစာတို့နေသော ရွာကလေးသည် ကရင်လူမျိုးအများစု နေထိုင်ကြသည့် ကရင်ရွာကလေးဖြစ်ကာ စည်းလုံးချစ်ခင် ကြသည် တစ်ရွာလုံးဆွေမျိုးစပ်၍ ရသလို ဆွေမျိုးလည်းမကင်းကြသဖြင့် တစ်ဦးနှင့် တစ်ဦး ရိုင်းပင်းကူညီကြသည် သာရေးနာရေး လူမှု့ရေးတွင် မိသားစုသဖွယ် ကူညီကြသည်က သူတို့ရွာကလေး၏ ချစ်စရာဓလေ့ပင်ဖြစ်ပါတော့သည်။
ယခုလည်း ဒေါ်အာစာကလေးမွေးမည်ဆို၍ ရွာထဲက အတွေ့အကြုံရှိသူ များနှင့် ရွာ၏လက်သယ် ဒေါ်အဲဖောတို့ ဒေါ်အာစာအိမ်သို့ ရောက်နေကြပြီ ဒေါ်အာစာယောင်္ကျားဦးရောဘတ်လည်း ကလေးမွေးသည်နှင့် ဧည့်ခံကျွေးမွေးရန်
ပြင်ဆင်နေ၏။
ရွာသားအချို့လည်း လုပ်စရာရှိသည်များ ဝိုင်း၍ကူညီပေးနေကြ၏။ အမှန်တော့ ဒေါ်အာစာယောင်္ကျားအတွက် သူ့ မိန်းမကလေးမွေးခြင်းသည် သူ့အတွက် အတွေ့အကြုံရှိပြီးသားဖြစ်ကာ သူတို့လင်မယားတွင် သားသမီးလေးဦး ထွန်းကားပြီးဖြစ်သဖြင့် ဘာလုပ်လို့ဘာကိုင်ရမည်ကို သူကောင်းစွာသိနေပြီ ဖြစ်ကာ အခက်အခဲမရှိလှပါ။
ယခု ဒေါ်အာစာမွေးမည့်ကလေးသည် သူတို့လင်မယားအတွက် ငါးယောက်မြောက် သားသမီးပင်ဖြစ်သည်။ ဒေါ်အာစာ ယခုတစ်ခေါက် ကလေးမွေးခြင်းသည် ခါတိုင်းနှင့်မတူဟု သူသတိထားမိ၏။ သူ့မိန်းမဗိုက်သည် ခါတိုင်းဗိုက်တွေလို သိပ်မပူဟု သူထင်၏။ သေးသေးလုံးလုံးကလေးဖြစ်နေသော ဗိုက်အား သူ့စိတ်ထဲ ထူးဆန်းနေသည်ဟုတော့ထင်မိသား အသေအချာတော့
မသိပေ။
သူ့မိန်းမကိုယ်ဝန်စရှိထဲက သူ့ အိပ်မက်တွေမကောင်းပေ သူ့ အိပ်မက်ထဲ တွင် သူသည် ရွာသင်္ချိုင်းကုန်းထဲ မကြာခဏရောက်ရောက်နေ၏။ သေပြီးသော ဆွေမျိုးတချို့နှင့်လည်း သင်္ချိုင်းကုန်းထဲတွင် တွေ့နေရကာ အသက်ရှင်တုန်းပုံစံ

အတိုင်း သူနှင့်စကားပြောနေရသည်ဟု သူမက်နေ၏။ သူသင်္ချိုင်းထဲ ရောက်သွား သည့်အချိန်ကလဲ အမြဲတမ်း ညဘက်ကြီးဖြစ်နေကာ ပတ်ဝန်းကျင်သည် မှောင်မဲ နေ၏။ သူအိမ်ပြန်သည့်လမ်းလဲ မှောင်မဲနေကာ သူ့ အိမ်သည် မီးရောင်မမြင်ရပဲ မှောင်မဲလျက်ရှိသည်ကို မကြာခဏမြင်မက်နေ၏။ သူမက်သမျှ အိပ်မက်မှန်သမျှ ညဘက်အလင်းရောင်မရှိ မှောင်မှောင်မဲမဲတွင်သာ မက်နေသဖြင့် သူ့ကိုယ်သူ နေရောင်မရှိသည့် တိုင်းပြည်ထဲ မကြာခဏရောက်နေသလို ထင်မိ၏။ မနက် မိုးလင်းအလင်းရောင်ကို မြင်ရပါမှ အိပ်မက်မှန်း သတိထားမိကာ မှောင်ပဲ မှောင်နိုင်လွန်းသည့်အိပ်မက်ဟု စိတ်ထဲဘဝင်မကျဖြစ်နေမိ၏။ ထိုအိပ်မက် အကြောင်းအား ဒေါ်အာစာအား ပြောပြလိုက်ရာ

အိုရှင်ကလည်း ယောင်္ကျားတန်မဲ့ အယူသီးမနေစမ်းပါနဲ ရှင်

အိပ်မက်ဆိုတော့ သွေးလေခြောက်ခြားလို့ မက်တယ်လို့ ကြားဖူးတာပဲ ကျုပ်ကတော့ အလုပ်လုပ်နေရတာ ပင်ပန်းလို့လားမသိဘူး အိပ်လိုက်တာနဲ့ တုံးကနဲပဲ မိုးလင်းမှတစ်ရေးနိုးတော့တယ်”
ဦးရောဘတ် ဒေါ်အာစာ စကားကြောင့် ဘာမှဆက်မပြောတော့ပေမဲ့ ဒေါ်အာစာ ကိုယ်ဝန်ရှိကတည်းက ထူးဆန်းနေသည်ဟုတော့ ထင်၏။ အရင် ကလေးမွေး တုန်းက သွေးတောင်းသည့် အစားအစာများသည် အဆန်းတကြယ်မရှိလှ အချဉ် စားချင်တာတို့ အခါးစားချင်တာတို့ ဆန်ကိုဝါးစားချင်တာတို့ စသည်ဖြင့် ချဉ်ခြင်းတပ်ပေမဲ့ ဒီတစ်ခါ ကိုယ်ဝန်စရှိကတည်းက သားစိမ်းငါးစိမ်းများ စားချင်သည်ဟုဆိုကာ မပြတ်ဝယ်ပေးရ၏။ တစ်ခါတစ်ရံ ရွာထဲဟင်းစား မပေါ်သည့်အခါ အခြားရွာ သွားရှာရ၏။ ဒါတောင် အလျှင်မမှီသဖြင့် အိမ်မှာ မွေးထားသော တိရိစ္ဆာန်များလဲ အလွတ်မပေး သတ်စားလိုက်တာ တစ်ကောင် မှပင်မကျန်အောင် ကုန်သွားပြီဖြစ်သည်။
ထိုအသားငါးများချက်ပြုတ်ရာတွင်လည်း ကျက်အောင်ပင် မစောင့်ပဲ မကျက်တကျက် ယူ၍စားနေသဖြင့် ဦးရောဘတ်စိတ်ထဲ သူ့မိန်းမ ဘီလူးများ ဝင်စီးနေသလား အပများမှီနေသလား ဘာလားညာလား ထင်မိနေပေမဲ့ ကိုယ်ဝန် သည်ဆိုတော့ ချဉ်ခြင်းတပ်တာဖြစ်မှာပါဟု ဖြေတွေးတွေးနေရပေမဲ့ ဘဝင်တော့

မကျလှပေ။ ဦးရောဘတ် ဟိုတွေးဒီတွေးတွေးနေရင်း သူ့မိန်းမဒေါ်အာစာ ကလေးမွေးသံ မကြားရဟု စိတ်ပူနေမိ၏။ ပူမဲ့သာပူနေသည် ဒေါ်အာဆာ အကြောင်း သူအသိဆုံးပင်။ ဒီနေရာမှာ သူ့မိန်းမဒေါ်အာစာအကြောင်း နည်းနည်းတော့ ပြောပြရန်လိုလာပြီ ဟုထင်၏။ သူ့မိန်းမသည် တခြားမိန်းမများ ကလေးမွေးသလို အော်ဟစ်၍မနေ ကလေးလေးယောက်သာမွေးခဲ့သည်။ တစ်ခါမှ အော်ဟစ်နေသံမကြားရ အနည်းငယ်မျှ ညီးနေရုံမှတစ်ပါး ဆူညံစွာ မအော်တတ်ပေ အလွန်သတ္တိရှိသည်ဟု ပြောရမည်ပင် ကိုယ်ဝန်တကားကားနှင့် လည်းနားမနေ အလုပ်လုပ်လျက်ရှိသည် အလုပ်လုပ်သည့်အခါလည်း ယောင်္ကျား များနှင့်တန်းတူ ရင်ပေါင်တန်းကာလုပ်နိုင်သည် ဘယ်အရာကိုမှ အကြောက် အလန့်သိပ်မရှိ၍ ရွာကလူအများစုက သူမအား ဒေါ်အာစာဆိုသော နာမည်ဖျောက်၍ ဒေါ်အာဇာနည်ဟု နောက်ပြောင်ခေါ်တတ် ၏။ ဦးရောဘတ် အတွေးမည်မျှလွန်သွားသည်မသိ ရွာထဲက လက်သည်ဒေါ်အဲဖာ ကို ကူညီမည့် သူများ အိမ်ပေါ်က ဆင်းလာကြသည်ကို တွေ့လိုက်ရ၏။ သူတို့မျက်နှာသည် မကောင်းကြပါ ဦးရောဘတ်က ပျာပျာသလဲမေးလိုက်၏။
“ဒေါ်အာစာ မွေးပြီလားဗျ”
သူ့အမေးကို ရွာသူအမျိုးသမီးများက ခေါင်းငြိမ်ကာပြကြသည်။ အရင်လို ဝမ်းသာ အားရ စကားမဆိုကြသောကြောင့် ဦးရောဘတ် ရင်ထိတ်သွား၏။ တစ်ခုခု ဖြစ်ပြီဆိုတာ မပြောပဲသိလိုက်၏။ ကလေးငိုသံလည်း မကြားလိုက်ရသဖြင့် သူ့မိန်းမများ တစ်ခုခုဖြစ်ပြီလားဆိုသည့် စိုးရိမ်စိတ်က ပူထူ၍သွားကာ အငမ်းမရမေးလိုက်ပြန်သည်။ “ဘာလို့ ကလေးငိုသံမကြားရတာလဲ အာစာဘာဖြစ်လို့လဲ”

အာစာကောကျမ်းမာရဲ့လား
သူ့အမေးကို ရွာထဲကအမျိုးသမီးများက အိမ်ပေါ်သို့မေးငေါ့ပြကာ ခြံဝိုင်းထဲက ခပ်သွက်သွက်ထွက်သွားကြသည်။ ဦးရောဘတ် အိမ်ပေါ်သို့ အပြေးအလွှား တက်သွားကာ ဒေါ်အာစာမီးနေခန်းထဲ ဝင်၍ကြည့်ရာ ဒေါ်အာစာသည် အိပ်နေရင်း မျက်လုံးများက သူ့နဘေးကအရာကိုကြည့်၍ ကြောင်စီစီဖြစ်၍ နေ၏။

“အာစာ မင်းဘာမှမဖြစ်ဘူးမဟုတ်လားကလေးကော ငါစိတ်ပူလို သေတော့မယ်”
ဦးရောဘတ်အမေးကို ဒေါ်အာစာကပြန်မဖြေပဲ သူ့နဘေးကအရာအား မေးဆတ် ပြလိုက်သည်။ ဦးရောဘတ်ကြည့်လိုက်တော့ အနှီးဟောင်းကလေးပေါ်တွင် တင်ထားသောမဲမဲခြောက်ခြာက်နှင့် လက်တစ်ဝါးစာမရှိတရှိ လူရိုးစုကလေး လိုလို လူခြောက်ကလေးအား တွေ့လိုက်ရသည့်အခါ မျက်မှောင်ကျုံ့သွား၏။ သူသဘော ပေါက်သွား၏။ သူ့ မိန်းမ လူခြောက်ကလေးမွေးသည်ဟု ထင်သဖြင့် အနားက လက်သည် ဒေါ်အဲဖောအား မေးလိုက်သည်။
“ဒေါ်အဲဖော ဒါလူခြောက်ကလေးမဟုတ်လား”
သူ့အမေးကို ဒေါ်အဲဖော ကမျက်နှာပျက်စွာ ဖြေလိုက်သည်။
“လူခြောက်မဟုတ်ဘူး

ဘီလူးခြောက်ကလေးပဲ”
ဒေါ်အဲဖောစကားကြောင့် ဦးရောဘတ်မျက်လုံးပြူးသွား၏။ လူခြောက် ကလေး အား လက်ပေါ်တင်၍ အသေအချာကြည့်လိုက်မိရာ မျက်နှာသည် လူမျက်နှာနှင့်မတူပဲ ဘီလူးတစ်ကောင်၏မျက်နှာလို မျက်လုံးပြူးပြူးကလေး နှင့်ဖြစ်ကာ ပါးစပ်တွင် အစွယ်နှစ်ချောင်း အထင်အရှားပါနေသည်ကို အံ့ဩဖွယ်တွေ့ လိုက်ရ၍ ဘီလူးကလေးဆိုတာ သေချာသွား၏။ဦးရောဘတ်ရွာထဲနှင့် အခြားရွာများမှ လူခြောက်ကလေးမွေးတာ မြင်ဘူး၏။ သေသေချာချာ သွားကြည့်ဘူး၏။ ထိုသာမန် လူခြောက်နှင့် ဘီလူးခြောက်သည် ကွဲပြားနေသည်မှာ အမှန်ပင်ဖြစ်သည်။ ဘီလူးခြောက်ကို တစ်ခါမှမမြင်ဘူး အခုမှသာမြင်ဖူးသဖြင့် အံ့ဩမကုန်နိုင်အောင်ဖြစ်နေ၏။ သူ့လက်ထဲက ဘီလူးခြောက်အား အောက်သို့ပြန်ချကာ လက်သည်ဒေါ်အဲဖော အား စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“ဒေါ်အဲဖော ကျုပ်တစ်သက်မှာ ဘီလူးခြောက်ဆိုတာ အခုမှ မြင်ဘူးတော့တယ်ဗျာ — ခင်ဗျားက အတွေ့အကြုံရှိတော့ ဘာဆက်လုပ်ရမလဲ ပြောပါအုံးဗျ”“ကျွန်မလဲ မွေးဖွားပေးလာတဲ့ သက်တမ်းတစ်လျှောက် လူခြောက်ပဲ

မြင်ဖူးတာ

ဘီလူးခြောက်ကို အခုမှမြင်ဘူးတာ။ ဒါပေမဲ့ ကျွန်မ အဖွားလက်ထက်မှာတော့ တစ်ခါကြုံဖူးတယ်ပြောတယ် အဲဒီဘီလူးခြောက်
ဒေါ်အဲဖောက စကားကို ဆက်မပြောပဲ ပြောသင့်မပြောသင့် စဉ်းစားနေဟန်ရှိ၏။ ထိုအခါစိတ်မရှည်သော ဦးရောဘတ်ကလဲလို့”“ပြောမယ့်သာပြောစမ်းပါဗျာ
ဘာတွေဆက်ဖြစ်ပြီး ဘာလုပ်ရမ“ အဲဒီဘီလူးခြောက်က ရွာထဲကလူတွေကို သတ်စားသတဲ့ အစကတော့ မသိပေမဲ့ နောက်တော့ သိလို့သတ်ပစ်လိုက်ရတယ်။ ဒါကြောင့် ဒီဘီလူးခြောက် ဟာရွာကိုအန္တရာယ်ပေးနိုင်တယ် သတ်ပစ်တာကောင်းမယ်လို့ထင်တယ်”
“ဒါဆိုလဲ တစ်ခါထဲ သတ်ပစ်လိုက်မယ်လေ — အချိန်ဆွဲမနေနဲ့တော့” ဦးရောဘတ်က ပြောပြောဆိုဆို အိမ်ရှေ့ခန်းထရံတွင် ထိုးထားသော ငှက်ကြီး တောင်ဓားအား ပြေးဆွဲယူလိုက်သည်။ ထို့နောက် စိတ်မြန်လက်မြန်ရှိသူမို့ ဘီလူးခြောက်ကလေးခေါင်းအား ခုတ်ရန်ရွယ်လိုက်ရာ ဒေါ်အာစာက ဟန့်ထားလိုက်၏။


“မလုပ်ပါနဲ့ အုံး ရှင်ကလဲ စိတ်မြန်လက်မြန်ချက်ကလွန်ရော ကျွန်မတောင် သေချာမကြည့်ရသေးဘူး ကျွန်မကြားဖူးတာကတော့ ဘီလူးအစိုကလေး မွေးမှ လူစားတယ်ကြားဖူးတာပဲ အခုဟာက ဘီလူးခြောက်ဆိုတော့ ဘာမှတော့ မလုပ်နိုင်လောက်ဘူးထင်တယ် — ဒီလိုထူးထူးဆန်းဆန်းရလာတာကို ခဏလောက်တော့ စောင့်ကြည့်ချင်တယ်။ တစ်ပတ်တန်သည် နှစ်ပတ်တန် သည်ပေါ့ — အကြောင်းထူးလာရင်တော့ သတ်သင့်သတ်ရမှာပေါ့”
ဦးရောဘတ်လဲ ဒေါ်အာစာစကားကြောင့် စိတ်လျှော့ထားလိုက်သည်။
နံနက်ခင်းအလင်းရောင်းနှင့်အတူ အထူးတလည် စိတ်ဝင်စားဆုံးသတင်းကတော့ “ဟဲ့ နင်ကြားပြီးပြီလား ညက ဒေါ်အာစာ ဘီလူးခြောက်ကလေး မွေးသတဲ့”

“အေးဟဲ့ ဒါကြောင့် ညက ကလေးငိုသံမကြားရတာဘဲနေမှာ”
“ဒါဟာ မကောင်းဘူး ဘီလူးဆိုတာ လူတွေစားတယ် ကြားဖူးတယ် ငါတို့ ရွာတော့ ဒုက္ခရောက်တော့မှာပဲ”
“ဦးရောဘတ်က ညတွင်းချင်း သတ်မယ်တကဲကဲလုပ်နေတာ ဒေါ်အာစာ
တားထားလို့တဲ့ ”
“အေးလေ
သတ်သင့်သတ်ရမှာပေါ”
“ဟယ် ငါတို့ သွားကြည့်ရအောင် လူခြောက်ပဲမြင်ဖူးတာ ဘီလူးခြောက် တစ်ခါမှ မတွေ့ဖူးဘူး”
အဲဒီသတင်းသည် အတော်ပင်ပျံ့နှံကာ ခရီးရောက်သည်ဟုဆိုရမည်ပင် လူအများအား လှုပ်လှုပ်ရှားရှားဖြစ်သွားစေသော ကိစ္စဖြစ်၍သွားသည်။ ဒေါ်အာစာ၏ အိမ်တွင် လူစုလူဝေးကြီးဖြစ်ကာ ဘီလူးခြောက်အား လာကြည့်ကြ သည်မှာ မစဲပေ အနီးပတ်ဝန်းကျင်ရွာများမှ ကြားကြသည့် လူများပင် ပါလိုက် သေးသည်။ ရွာထဲက တတ်သိနားလည်သော လူကြီးများကတော့ ရွာကို ဒုက္ခပေးမည်ကို အလွန်စိုးရိမ်လျက်ရှိနေသည်။ ဒါဟာ ရွာအတွက် ကြမ္မာဆိုးများ ကျရောက်လာမလားလို့တွေးကာ စိတ်ပူနေကြ၏။ နတ်ဆရာမေး၊ ဘုန်းကြီးမေးနှင့် အလုပ်များနေကြ၏။
အများစုကတော့ မကောင်းဘူးလို့ ယူဆကြသည်။ ဘီလူးမွေးတာ မပြောနဲ့ ဘီလူးနက္ခတ်နဲ့မွေးသည့်သူတွေတောင် အိမ်ထောင်ပြုပါက အိမ်ထောင်ဘက်က လူနက္ခတ်ဖြစ်နေပါက အိမ်ထောင်ဘက် သေဆုံးတတ်သည်ဟု အယူအဆရှိကြ သည်။ ထို့ကြောင့် ဘီလူးနက္ခတ်နှင့် မွေးသောသူကိုယူရန် ဇာတာတွက်ချက်ပြီးမှ ယူတတ်ကြသည်။ ထို့ကြောင့် ဒီဘီလူး ခြောက်ကလေးအား ကြာကြာမထား သင့်ဟု အားလုံးက တိုက်တွန်းကြ၏။ ဘီလူးခြောက်မွေးကတည်းက ညဘက် များဆို ရွာထဲမှခွေးတွေ အူနေလိုက်တာ ခြောက်ခြားစရာကောင်းနေသလို၊ ငှက်ဆိုးထိုးသံများလဲ မကြာမကြာကြားနေရ၏။ ရွာထဲက လူအများစုကတော့ မကြာခင်တွင် အန္တရာယ်များ ကျရောက်တော့မလားဟု စိတ်တထင့်ထင့် ရှိလှသည်မို့ ဒေါ်အာစာနှင့် ရင်းနှီးသူများက ဝိုင်း၍သတိပေးကြ၏။

“အာစာရေ ဒီဘီလူးခြောက်ကလေးကို ဒီအတိုင်းထားဖို့တော့ မသင့် တော့ဘူး ထင်တယ်နော် — နားလည်သူတွေနဲ့ သေချာမေးမြန်းပြီး တစ်ခုခုတော့ လုပ်မှဖြစ်မယ်။ ”
သို့ပေမဲ့ ခေါင်းမာသောဒေါ်အာစာက အများပြောသောစကားများကို လစ်လျူရှ တစ်ပတ်ပြည့်သည့်ညမှာတော့ ဒေါ်အာစာ အလွန်သွေးပျက်ဖွယ် အဖြစ်အား မျက်ဝါးထင်ထင်မြင်လိုက်ရသည်။
၍နေရင်း
ဘီလူးခြောက်ကလေးမွေးပြီး တစ်ပတ်ပြည့်သည့်နေ့တွင် ဒေါ်အာစာ သွေးလေကာ နို့ညာသားကလေး ဂျီကျနေတာသိပ်ရင်း စောစောစီးစီး အိပ်ပျော် သွား၏။ ဘီလူးခြောက်ကလေးကိုတော့ ဒေါ်အာစာနံဘေးတွင် ထား၏။ ကျန်ကလေးများက ဘေးခန်းတွင်အိပ်ကြကာ ဦးရောဘတ်က အိမ်ရှေ့ခန်းတွင် တစ်ယောက်တည်းအိပ်၏။ တောဆိုတော့ ညဘက်တွင် မီးမရှိ။ မြို့တွေလို မစည်ကား။ အပြင်ထွက်တဲ့လူတွေသိပ်မရှိကြ။ မြွေပါးကင်းပါးရန်ကလဲ ကြောက်ရသေးသည် မဟုတ်လား တော်ရုံကိစ္စမရှိဘဲ အပြင်မထွက်ကြ။ ညမှောင်သည်နှင့် ရွာထဲ တိတ်ဆိတ်သွားကာ တစ်နေကုန် လယ်ယာလုပ်ငန်းခွင်ထဲ အလုပ်လုပ်၍ ပင်ပန်းသမျှ အတိုးချ၍ အိပ်ကြတော့သည်။ ဒေါ်အာစာအိပ်နေရင်း ထိတ်လန့်ဖွယ် အိပ်မက်ဆိုးကို မက်နေ၏။ အိပ်မက်ထဲတွင် ဒေါ်အာစာဘေးနားတွင် ထားသော ဘီလူးခြောက်လေးသည် အသက်ဝင်လာကာ ခုန်ထလိုက်သည်။ ထိုအခါ ဘီလူးတစ်ကောင်ဖြစ်၍ သွားကာ အလွန်ကြောက်စရာ ကောင်းသည့် ပုံစံအား မြင်လိုက်ရ၍ ဒေါ်အာစာအလွန်ထိတ်လန့်သွားမိ၏။ ဘီလူးကလေး၏ မျက်နှာသည် မျက်လုံးပြူးပြူး၊ ပါးစပ်ပြဲပြဲ နဖူးမောက်မောက် နှာယောင် ကောက်ကောက်ဖြင့် ပါးစပ်တွင်ပါသော အစွယ်ဖွေးဖွေးက ပို၍ ရုပ်ဆိုးအကျည်း တန်စေ၏။ မျက်လုံးများကလဲ ရဲရဲတောက်နေကာ ဒေါ်အာစာကြားဖူးသည့် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးဆိုတာမျိုးဖြစ်မည်ဟု ထင်မိ၏။ ထိုဘီလူးလေး က ဒေါ်အာစာအား ကြည်လိုက်ရာ ဒေါ်အာစာအသဲများ အေးကနဲဖြစ်သွား၏။

ဒီလောက်တောင် ကြောက်လန့်စရာ ဘီလူးကလေးအား မိမိမွေးခဲ့သည်ဆိုတာ ယုံနိုင်စရာမရှိပေ။ ဒေါ်အာစာ သူမမွေးသည့် ဘီလူးခြောက်အား ကြည့်မိစဉ်က အခြောက်မို့လို့လားမသိ ကြောက်စရာကောင်းလှသည် မထင်မိပေမဲ့ အခုလို ဘီလူးပုံအစစ်အား မြင်လိုက်ရသည့်အခါ မကြောက်တတ်သော ဒေါ်အာစာ ကိုယ်တိုင်ပင် မကြောက်စဖူးကြောက်နေမိ၏။ သူမစိတ်ခြောက်ခြား နေတုန်း ဘီလူးကလေးဆီမှ အသံထွက်လာ၏။ “ကျုပ်ဗိုက်ဆာတယ်”
ဘီလူးကလေး၏ ကွဲရှရှအက်တက်တက် အသံကြီးကြောင့် ဒေါ်အာစာတကိုယ် လုံး တုန်သွားပြန်ကာ ထစ်ထစ်ငေါ့ငေါ့ ဖြင့် ပြန်ဖြေလိုက်သည်။
“အမေ အမေ
— ဘာစား ချင်တာလဲ”
မီးဖိုးချောင်ထဲ မှာ စားစရာသွားယူပေးရမလား
ဒေါ်အာစာ အမေးကို ဘီလူးလေးက ဒေါသသံဖြင့် ပြန်ဖြေလိုက်သည်။
“ကျုပ်က လူသားစားချင်တာ — လူအသဲအမြစ် ဝမ်းတွင်းသား ကလီစာ တွေ စားချင်နေတာ ခင်ဗျားရှာမကျွေးလဲရတယ်။ ခင်ဗျားတို့ တစ်အိမ်သားလုံး အရင်စားပြီးမှ တစ်ရွာလုံးကို ကျုပ်စားမယ် — ကျုပ်ကို အရင်ဆုံးမသတ်ခိုင်းတဲ့ အတွက် ခင်ဗျားကိုတော့ အရင်မစားသေးဘူး ခင်ဗျားက ကျုပ်အမေ ဖြစ်နေတာကို ”

ဘီလူးလေးက ကြောက်လန့်ဖွယ် ခြိမ်းခြောက်ကာ ဒေါ်အာစာအခန်း ထဲက ထွက်၍ သွား၏။ ဘီလူးထွက်သွားသော ခြေသံသည် အတော်ပင်ပြင်းကာ ဘီလူးခြေလှမ်းတိုင်း အိမ်ပင်သိမ့်ခနဲတုန်သွား၏။
“ဒုန်း ဒုန်း ဒုန်း”
ဒေါ်အာစာဘဝမှာ အလွန်ထိတ်လန့် စွာ ဘုရာသခင်အား တလိုက်မိ၏။ “ဘုရားသခင်ကယ်တော်မူပါ”
ထို့နောက် ဒေါ်အာစာသည် ဘီလူးကလေးဘယ်ထွက်သွားသလဲ လိုက်ကြည့် မည်ဟုဆိုကာ ထရင်း အိပ်ခန်းထဲကထွက်လိုက်ရာ တစ်အိမ်လုံးမှောင်မဲနေ၏။ သူမမျက်လုံးထဲ ဘာမှမမြင်ရသဖြင့် ဦးရောဘတ်အား အော်ခေါ်လိုက်၏။

ကိုရောဘတ်”
“ကိုရောဘတ် ဒေါ်အာစာက တကြော်ကြော်ခေါ်ရင်း အိပ်မက်ဆိုးက လန့်နိုးသွားလေသည်။ ထိုအခါ အပြင်တွင် မှောင်မဲနေတာကြောင့် သူမခေါင်းအုံးဘေးမှ ဓါတ်မီးအား စမ်းကာအရင်ဆုံးသူမနဘေးတွင်ထားသော ဘီလူးခြောက်ကလေးအား ဓါတ်မီးဖြင့် ထိုးကြည့်လိုက်၏။ ထိုအခါ မယုံနိုင်ဖွယ်အဖြစ်အား မြင်တွေ့လိုက် ရသည်။ ဘီလူးခြောက်ကလေးသည် သူမထားသည့်နေရာတွင် မရှိတော့ပေ။ ဒေါ်အာစာ ရင်တွေအရမ်းခုန်၍သွားကာ ဦးရောဘတ်အားပြောမည်ဟု ဆိုပြီး အိမ်ရှေ့ခန်းသို့ ထွက်၍လာ၏။ အိမ်ရှေ့ခန်းတွင်အိပ်သောဦးရောဘတ်အား ဓါတ်မီးနှင့် ထိုးကြည့်လိုက်သည့်အခါ ဒေါ်အာစာတစ်ယောက် သွေးပျက်သဖွယ် မြင်ကွင်းအား မျက်ဝါးထင်ထင် မြင်လိုက်ရ၏။ ဦးရောဘတ်ကိုယ်ပေါ်တွင် ဘီလူးကလေးသည် တက်ခွထားကာ ချက်ကိုဖောက်၍ တစ်စုံတစ်ရာအား စားသောက်ထားပုံရကာ ပါးစပ်တွင် သွေးများပေနေသည်။ ဦးရောဘတ်ကတော့ မျက်လုံးကြီး အပေါ်သို့လန်နေကာ မလှုပ်မယှက်ဖြစ်နေပုံအရတော့ အသက် မရှိလောက်ဟု ထင်မိ၏။ ဘီလူးကဘေးသည် သွေးပေနေသော ပါးစပ်ဖြင့် ဒေါ်အာစာအား လှည့်ကြည့်သည်ကို တွေ့လိုက်ရသဖြင့် ဒေါ်အာစာ ငယ်သံ ပါအောင် ကုန်းအော်လိုက်၏။
“လာကြပါအုံး လာကြပါအုံး ဒီမှာ လူသတ်နေပါတယ်—–ဦးရောဘတ်ကို သတ်နေပါတယ်”
ဒေါ်အာစာလဲ အော်ရင်းမေ့လဲသွား၏။ ရွာထဲကလူတွေလဲ ဒေါ်အာစောအော် သံကြောင့် ထိတ်လန့်တကြားဖြင့် မိမိတို့အိမ်မှာရှိသော ရရာလက်နက်များ စွဲကိုင်ကာ ဓါတ်မီးတစ်ဝင်းဝင်းနှင့် ဒေါ်အာစာ အိမ်သို့ ပြေးလားကြကုန်၏။
“ဒေါ်အာစာ
—-
• သတိရပြီလား ”
ဒေါ်အာစာ သတိရလာတော့ တစ်အိမ်လုံး ဘတ်ထရီမီးချောင်းများ ထိန်လင်း နေကာ ရွာကလူများလဲ အတော်စုံနေပြီဖြစ်သည်။ ဒေါ်အာစာသတိရသည်နှင့် ဦးရောဘတ်အား သတိရသွားကာ

 

“ကိုရောဘတ် —– ကိုရောဘတ် ရော”
ဒေါ်အာစာမေးသည်ကို ရွာသားများက ဘယ်သူမှပြန်မဖြေကြ ဒေါ်အာစာက ငေါက်ခနဲထထိုင်ကာ ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ သူမဘေးမလှမ်းမကမ်း တွင် ဗိုက်ပေါက်နေသော ဦးရောဘတ်အလောင်းအား တွေ့လိုက်ရသဖြင့် ယူကြုံး မရ အပူလုံးကြွစွာ အော်ငိုလိုက်၏။
—–
ကျွန်မ
“အမလေး ကိုရောဘတ် ရှင်သေရတာကျွန်မကြောင့် ပရောဂကြောင့်သေရတာ ကျွန်မသာရှင့်စကားနားထောင်ပြီး မကောင်းဆိုးဝါး ဘီလူးခြောက်ကို မွေးကတည်းကသတ်လိုက်ရင် ဒီလိုအဖြစ်ဆိုးကြုံရမှာ မဟုတ် ပါဘူးတော်”
ရွာသားများလည်း အခုမှဇာတ်ရည်လည်သွားကြ၍ တစ်ယောက်တစ်ပေါက် မေးကြ၏။
“ဟာ ဒါဆို ဦးရောဘတ်ကိုသတ်တာ ဘီလူးခြောက်ပေါ့”
“ကိုယ့်အဖေတောင် ကိုယ်ပြန်သတ်တဲ့ မကောင်းဆိုးဝါးပဲ ရှေ့ဆက် ထားရင် အားလုံးဒုက္ခရောက်တော့မပေါ့”
“အခုအမြန်သာသတ်ပစ်လိုက်ပါဗျာ”
“ဘီလူးဆိုမှတော့ စိုစိုခြောက်ခြောက်သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ” ရွာသားများက စုံညီစွာ တစ်ယောက်တစ်ပေါက်ပြောနေသံများက ဒေါ်အာစာ အတွက် ပို၍ခံပြင်းသွားစေသည်။ ဒေါ်အာစာက ဦးရောဘတ် အလောင်းအား ဖက်၍ငိုနေရာမှ ရုတ်တရက်ထလိုက်ကာ ထဘီကိုတိုတိုပြင်ဝတ်၍ သူမအခန်းထဲ ဝင်သွား၏။ ခဏအကြာ သူမှပြန်ထွက်လာတော့ လက်ထဲတွင် ဘီလူးခြောက်လေး ပါလာ၏။ ဘီလူးခြောက်ပါးစပ်တွင် သွေးစသွေးနများ တွေ့နေရ၏။ အားလုံးက ဒေါ်အာစာ ဘာလုပ်မလဲ စိတ်ဝင်စားစွာ ကြည့်နေကြ၏။ ဒေါ်အာစာကြည့်ရ သည်မှာ စက်ရုပ်တစ်ရုပ်လို လှုပ်ရှားနေကာ နောက်ဖေးက သစ်သားပြားတစ်ပြား သွားယူလိုက်၍ အိမ်လယ်တွင် သစ်သားပြားပေါ်၌ ဘီလူးခြောက်အား တင်လိုက်၏။ ထို့နောက် ထရံမှာထိုးထားသောဓါးမအား ဆွဲယူလိုက်ကာ ဘီလူး ခြောက်အား အားပါးတရခုတ်လိုက်၏။ ဒေါ်အာစာ ကြည့်ရသည်မှာ သွေးအေးအေးနှင့် ငါးခြောက်ထိုင်ခုတ်နေသည့်နှယ် ဘီလူးခြောက်အား သုံးပိုင်းခုတ်လိုက်ရာ ခေါင်းတခြားကိုယ်တခြား သုံးပိုင်းပြတ်သွား၏။ ဒေါ်အာစာဒေါသများက အားပြင်း စေသည်မို့ တစ်ချက်ခုတ်လိုက်တိုင်း သစ်သားပြားထဲ နစ်ဝင်သွားသောဓါးအား မနဲပြန်ဆွဲထုတ်ရ၏။ ရွာသားများက ဘီလူးခြောက်အပိုင်းများအား မီးရှို့ပစ်ရန် ပြောသော်လည်း ဒေါ်အာစာက လက်မခံ “ဒီမကောင်းဆိုးဝါးက ကျွန်မတို့ မိသားစုနဲ့တကွ တရွာလုံးဒုက္ခပေးဖို့ရောက်လာတာလေ အခုအိမ်မှာ ဦးရောဘတ် လဲမရှိတော့ဘူး ဒီတော့ သူ့ကို တစ်သတ်လုံး ဒီခြံထဲမှာ အစောင့်အဖြစ် ထားရမယ်”
ရွာသားများဝိုင်းတားပေမဲ့ ဒေါ်အာစာကခေါင်းမာစွာပဲ ရွာထဲက နတ်ဆရာနှင့် အစီအရင်များလုပ်ကာ သူမအိမ်ခြံဝင်း တစ်ထောင့်စီတွင် ဘီလူးခြောက်တစ်ပိုင်းဆီ မြုပ်လိုက်လေသည်။ ရွာထဲက လူအများလည်း ဦးရောဘတ်နာရေးအား ဝိုင်းဝန်းကူညီလုပ်ပေးကာ နောက်တစ်နေ့တွင် အလောင်းအား အားချင်း မီးသင်္ဂြိုလ်ပစ်လိုက်ရသည်။ ဒေါ်အာစာကတော့ သူမယောက်ျားသေတာ သူမကြောင့် ဟုဆိုကာ နောင်တရလျက်ရှိနေသည်။ ဦးရောဘတ်နာရေးကိုတော့ ကရင်ထုံးစံ အတိုင်း ပြုလုပ်ကြ၏။ နောက်ပိုင်မှာတော့ ဒေါ်အာစာတို့ မိသာစုသည် ရွာထဲမှာ သိပ်မနေတော့ ရွာ့ပြင်ကလယ်ထဲတွင် တဲထိုးကာ သွားနေကြသည်။ အိမ်ကို ရွာထဲကိုအကြောင်းကိစ္စရှိမှသာပြန်လာကြ၏။ ဒီလိုနဲ့ အချိန်တွေ ပြောင်း၍ နှစ်တွေ ကြာလာသည့်အခါ အာစာက ရွာထဲကသူမအိမ်အား ရောင်းပစ်လိုက်သည်။ နောက်ဝယ်လိုက်သူများ ပြောစကားအရ လပြည့်လကွယ် ညများတွင် ခြံထဲ၌ ဘီးလူးတစ်ကောင်အား တွေ့ကြရသည်ဆို၏။

Zawgyi Version

“ဘီလူးေျခာက္ေမြးေသာ႐ြာ”(စ/ဆုံး)
——————————————-
ရွားေတာ႐ြာတစ္႐ြာလုံး မီးေရာင္မွိန္မွိန္ကေလးမ်ားၾကားတြင္ တစ္စုံတစ္ရာ ကို နားစြင့္ေနၾကသည္။ ႐ြာေတာင္ပိုင္းက ေဒၚအာစာ ကေလးေမြးရန္ ဗိုက္နာ ေနသည္ကို တစ္႐ြာလုံးသိေနၾကသည္။ ေဒၚအာစာတို႔ေနေသာ ႐ြာကေလးသည္ ကရင္လူမ်ိဳးအမ်ားစု ေနထိုင္ၾကသည့္ ကရင္႐ြာကေလးျဖစ္ကာ စည္းလုံးခ်စ္ခင္ ၾကသည္ တစ္႐ြာလုံးေဆြမ်ိဳးစပ္၍ ရသလို ေဆြမ်ိဳးလည္းမကင္းၾကသျဖင့္ တစ္ဦးႏွင့္ တစ္ဦး ႐ိုင္းပင္းကူညီၾကသည္ သာေရးနာေရး လူမႈ႕ေရးတြင္ မိသားစုသဖြယ္ ကူညီၾကသည္က သူတို႔႐ြာကေလး၏ ခ်စ္စရာဓေလ့ပင္ျဖစ္ပါေတာ့သည္။
ယခုလည္း ေဒၚအာစာကေလးေမြးမည္ဆို၍ ႐ြာထဲက အေတြ႕အႀကဳံရွိသူ မ်ားႏွင့္ ႐ြာ၏လက္သယ္ ေဒၚအဲေဖာတို႔ ေဒၚအာစာအိမ္သို႔ ေရာက္ေနၾကၿပီ ေဒၚအာစာေယာက်ၤားဦးေရာဘတ္လည္း ကေလးေမြးသည္ႏွင့္ ဧည့္ခံေကြၽးေမြးရန္
ျပင္ဆင္ေန၏။
႐ြာသားအခ်ိဳ႕လည္း လုပ္စရာရွိသည္မ်ား ဝိုင္း၍ကူညီေပးေနၾက၏။ အမွန္ေတာ့ ေဒၚအာစာေယာက်ၤားအတြက္ သူ႔ မိန္းမကေလးေမြးျခင္းသည္ သူ႔အတြက္ အေတြ႕အႀကဳံရွိၿပီးသားျဖစ္ကာ သူတို႔လင္မယားတြင္ သားသမီးေလးဦး ထြန္းကားၿပီးျဖစ္သျဖင့္ ဘာလုပ္လို႔ဘာကိုင္ရမည္ကို သူေကာင္းစြာသိေနၿပီ ျဖစ္ကာ အခက္အခဲမရွိလွပါ။
ယခု ေဒၚအာစာေမြးမည့္ကေလးသည္ သူတို႔လင္မယားအတြက္ ငါးေယာက္ေျမာက္ သားသမီးပင္ျဖစ္သည္။ ေဒၚအာစာ ယခုတစ္ေခါက္ ကေလးေမြးျခင္းသည္ ခါတိုင္းႏွင့္မတူဟု သူသတိထားမိ၏။ သူ႔မိန္းမဗိုက္သည္ ခါတိုင္းဗိုက္ေတြလို သိပ္မပူဟု သူထင္၏။ ေသးေသးလုံးလုံးကေလးျဖစ္ေနေသာ ဗိုက္အား သူ႔စိတ္ထဲ ထူးဆန္းေနသည္ဟုေတာ့ထင္မိသား အေသအခ်ာေတာ့
မသိေပ။
သူ႔မိန္းမကိုယ္ဝန္စရွိထဲက သူ႔ အိပ္မက္ေတြမေကာင္းေပ သူ႔ အိပ္မက္ထဲ တြင္ သူသည္ ႐ြာသခ်ႋဳင္းကုန္းထဲ မၾကာခဏေရာက္ေရာက္ေန၏။ ေသၿပီးေသာ ေဆြမ်ိဳးတခ်ိဳ႕ႏွင့္လည္း သခ်ႋဳင္းကုန္းထဲတြင္ ေတြ႕ေနရကာ အသက္ရွင္တုန္းပုံစံ

အတိုင္း သူႏွင့္စကားေျပာေနရသည္ဟု သူမက္ေန၏။ သူသခ်ႋဳင္းထဲ ေရာက္သြား သည့္အခ်ိန္ကလဲ အၿမဲတမ္း ညဘက္ႀကီးျဖစ္ေနကာ ပတ္ဝန္းက်င္သည္ ေမွာင္မဲ ေန၏။ သူအိမ္ျပန္သည့္လမ္းလဲ ေမွာင္မဲေနကာ သူ႔ အိမ္သည္ မီးေရာင္မျမင္ရပဲ ေမွာင္မဲလ်က္ရွိသည္ကို မၾကာခဏျမင္မက္ေန၏။ သူမက္သမွ် အိပ္မက္မွန္သမွ် ညဘက္အလင္းေရာင္မရွိ ေမွာင္ေမွာင္မဲမဲတြင္သာ မက္ေနသျဖင့္ သူ႔ကိုယ္သူ ေနေရာင္မရွိသည့္ တိုင္းျပည္ထဲ မၾကာခဏေရာက္ေနသလို ထင္မိ၏။ မနက္ မိုးလင္းအလင္းေရာင္ကို ျမင္ရပါမွ အိပ္မက္မွန္း သတိထားမိကာ ေမွာင္ပဲ ေမွာင္ႏိုင္လြန္းသည့္အိပ္မက္ဟု စိတ္ထဲဘဝင္မက်ျဖစ္ေနမိ၏။ ထိုအိပ္မက္ အေၾကာင္းအား ေဒၚအာစာအား ေျပာျပလိုက္ရာ

အိုရွင္ကလည္း ေယာက်ၤားတန္မဲ့ အယူသီးမေနစမ္းပါနဲ ရွင္

အိပ္မက္ဆိုေတာ့ ေသြးေလေျခာက္ျခားလို႔ မက္တယ္လို႔ ၾကားဖူးတာပဲ က်ဳပ္ကေတာ့ အလုပ္လုပ္ေနရတာ ပင္ပန္းလို႔လားမသိဘူး အိပ္လိုက္တာနဲ႔ တုံးကနဲပဲ မိုးလင္းမွတစ္ေရးႏိုးေတာ့တယ္”
ဦးေရာဘတ္ ေဒၚအာစာ စကားေၾကာင့္ ဘာမွဆက္မေျပာေတာ့ေပမဲ့ ေဒၚအာစာ ကိုယ္ဝန္ရွိကတည္းက ထူးဆန္းေနသည္ဟုေတာ့ ထင္၏။ အရင္ ကေလးေမြး တုန္းက ေသြးေတာင္းသည့္ အစားအစာမ်ားသည္ အဆန္းတၾကယ္မရွိလွ အခ်ဥ္ စားခ်င္တာတို႔ အခါးစားခ်င္တာတို႔ ဆန္ကိုဝါးစားခ်င္တာတို႔ စသည္ျဖင့္ ခ်ဥ္ျခင္းတပ္ေပမဲ့ ဒီတစ္ခါ ကိုယ္ဝန္စရွိကတည္းက သားစိမ္းငါးစိမ္းမ်ား စားခ်င္သည္ဟုဆိုကာ မျပတ္ဝယ္ေပးရ၏။ တစ္ခါတစ္ရံ ႐ြာထဲဟင္းစား မေပၚသည့္အခါ အျခား႐ြာ သြားရွာရ၏။ ဒါေတာင္ အလွ်င္မမွီသျဖင့္ အိမ္မွာ ေမြးထားေသာ တိရိစာၦန္မ်ားလဲ အလြတ္မေပး သတ္စားလိုက္တာ တစ္ေကာင္ မွပင္မက်န္ေအာင္ ကုန္သြားၿပီျဖစ္သည္။
ထိုအသားငါးမ်ားခ်က္ျပဳတ္ရာတြင္လည္း က်က္ေအာင္ပင္ မေစာင့္ပဲ မက်က္တက်က္ ယူ၍စားေနသျဖင့္ ဦးေရာဘတ္စိတ္ထဲ သူ႔မိန္းမ ဘီလူးမ်ား ဝင္စီးေနသလား အပမ်ားမွီေနသလား ဘာလားညာလား ထင္မိေနေပမဲ့ ကိုယ္ဝန္ သည္ဆိုေတာ့ ခ်ဥ္ျခင္းတပ္တာျဖစ္မွာပါဟု ေျဖေတြးေတြးေနရေပမဲ့ ဘဝင္ေတာ့

မက်လွေပ။ ဦးေရာဘတ္ ဟိုေတြးဒီေတြးေတြးေနရင္း သူ႔မိန္းမေဒၚအာစာ ကေလးေမြးသံ မၾကားရဟု စိတ္ပူေနမိ၏။ ပူမဲ့သာပူေနသည္ ေဒၚအာဆာ အေၾကာင္း သူအသိဆုံးပင္။ ဒီေနရာမွာ သူ႔မိန္းမေဒၚအာစာအေၾကာင္း နည္းနည္းေတာ့ ေျပာျပရန္လိုလာၿပီ ဟုထင္၏။ သူ႔မိန္းမသည္ တျခားမိန္းမမ်ား ကေလးေမြးသလို ေအာ္ဟစ္၍မေန ကေလးေလးေယာက္သာေမြးခဲ့သည္။ တစ္ခါမွ ေအာ္ဟစ္ေနသံမၾကားရ အနည္းငယ္မွ် ညီးေန႐ုံမွတစ္ပါး ဆူညံစြာ မေအာ္တတ္ေပ အလြန္သတၱိရွိသည္ဟု ေျပာရမည္ပင္ ကိုယ္ဝန္တကားကားႏွင့္ လည္းနားမေန အလုပ္လုပ္လ်က္ရွိသည္ အလုပ္လုပ္သည့္အခါလည္း ေယာက်ၤား မ်ားႏွင့္တန္းတူ ရင္ေပါင္တန္းကာလုပ္ႏိုင္သည္ ဘယ္အရာကိုမွ အေၾကာက္ အလန္႔သိပ္မရွိ၍ ႐ြာကလူအမ်ားစုက သူမအား ေဒၚအာစာဆိုေသာ နာမည္ေဖ်ာက္၍ ေဒၚအာဇာနည္ဟု ေနာက္ေျပာင္ေခၚတတ္ ၏။ ဦးေရာဘတ္ အေတြးမည္မွ်လြန္သြားသည္မသိ ႐ြာထဲက လက္သည္ေဒၚအဲဖာ ကို ကူညီမည့္ သူမ်ား အိမ္ေပၚက ဆင္းလာၾကသည္ကို ေတြ႕လိုက္ရ၏။ သူတို႔မ်က္ႏွာသည္ မေကာင္းၾကပါ ဦးေရာဘတ္က ပ်ာပ်ာသလဲေမးလိုက္၏။
“ေဒၚအာစာ ေမြးၿပီလားဗ်”
သူ႔အေမးကို ႐ြာသူအမ်ိဳးသမီးမ်ားက ေခါင္းၿငိမ္ကာျပၾကသည္။ အရင္လို ဝမ္းသာ အားရ စကားမဆိုၾကေသာေၾကာင့္ ဦးေရာဘတ္ ရင္ထိတ္သြား၏။ တစ္ခုခု ျဖစ္ၿပီဆိုတာ မေျပာပဲသိလိုက္၏။ ကေလးငိုသံလည္း မၾကားလိုက္ရသျဖင့္ သူ႔မိန္းမမ်ား တစ္ခုခုျဖစ္ၿပီလားဆိုသည့္ စိုးရိမ္စိတ္က ပူထူ၍သြားကာ အငမ္းမရေမးလိုက္ျပန္သည္။ “ဘာလို႔ ကေလးငိုသံမၾကားရတာလဲ အာစာဘာျဖစ္လို႔လဲ”

အာစာေကာက်မ္းမာရဲ႕လား
သူ႔အေမးကို ႐ြာထဲကအမ်ိဳးသမီးမ်ားက အိမ္ေပၚသို႔ေမးေငါ့ျပကာ ၿခံဝိုင္းထဲက ခပ္သြက္သြက္ထြက္သြားၾကသည္။ ဦးေရာဘတ္ အိမ္ေပၚသို႔ အေျပးအလႊား တက္သြားကာ ေဒၚအာစာမီးေနခန္းထဲ ဝင္၍ၾကည့္ရာ ေဒၚအာစာသည္ အိပ္ေနရင္း မ်က္လုံးမ်ားက သူ႔နေဘးကအရာကိုၾကည့္၍ ေၾကာင္စီစီျဖစ္၍ ေန၏။

“အာစာ မင္းဘာမွမျဖစ္ဘူးမဟုတ္လားကေလးေကာ ငါစိတ္ပူလို ေသေတာ့မယ္”
ဦးေရာဘတ္အေမးကို ေဒၚအာစာကျပန္မေျဖပဲ သူ႔နေဘးကအရာအား ေမးဆတ္ ျပလိုက္သည္။ ဦးေရာဘတ္ၾကည့္လိုက္ေတာ့ အႏွီးေဟာင္းကေလးေပၚတြင္ တင္ထားေသာမဲမဲေျခာက္ျခာက္ႏွင့္ လက္တစ္ဝါးစာမရွိတရွိ လူ႐ိုးစုကေလး လိုလို လူေျခာက္ကေလးအား ေတြ႕လိုက္ရသည့္အခါ မ်က္ေမွာင္က်ဳံ႕သြား၏။ သူသေဘာ ေပါက္သြား၏။ သူ႔ မိန္းမ လူေျခာက္ကေလးေမြးသည္ဟု ထင္သျဖင့္ အနားက လက္သည္ ေဒၚအဲေဖာအား ေမးလိုက္သည္။
“ေဒၚအဲေဖာ ဒါလူေျခာက္ကေလးမဟုတ္လား”
သူ႔အေမးကို ေဒၚအဲေဖာ ကမ်က္ႏွာပ်က္စြာ ေျဖလိုက္သည္။
“လူေျခာက္မဟုတ္ဘူး

ဘီလူးေျခာက္ကေလးပဲ”
ေဒၚအဲေဖာစကားေၾကာင့္ ဦးေရာဘတ္မ်က္လုံးျပဴးသြား၏။ လူေျခာက္ ကေလး အား လက္ေပၚတင္၍ အေသအခ်ာၾကည့္လိုက္မိရာ မ်က္ႏွာသည္ လူမ်က္ႏွာႏွင့္မတူပဲ ဘီလူးတစ္ေကာင္၏မ်က္ႏွာလို မ်က္လုံးျပဴးျပဴးကေလး ႏွင့္ျဖစ္ကာ ပါးစပ္တြင္ အစြယ္ႏွစ္ေခ်ာင္း အထင္အရွားပါေနသည္ကို အံ့ဩဖြယ္ေတြ႕ လိုက္ရ၍ ဘီလူးကေလးဆိုတာ ေသခ်ာသြား၏။ဦးေရာဘတ္႐ြာထဲႏွင့္ အျခား႐ြာမ်ားမွ လူေျခာက္ကေလးေမြးတာ ျမင္ဘူး၏။ ေသေသခ်ာခ်ာ သြားၾကည့္ဘူး၏။ ထိုသာမန္ လူေျခာက္ႏွင့္ ဘီလူးေျခာက္သည္ ကြဲျပားေနသည္မွာ အမွန္ပင္ျဖစ္သည္။ ဘီလူးေျခာက္ကို တစ္ခါမွမျမင္ဘူး အခုမွသာျမင္ဖူးသျဖင့္ အံ့ဩမကုန္ႏိုင္ေအာင္ျဖစ္ေန၏။ သူ႔လက္ထဲက ဘီလူးေျခာက္အား ေအာက္သို႔ျပန္ခ်ကာ လက္သည္ေဒၚအဲေဖာ အား စိတ္လႈပ္ရွားစြာ ေမးလိုက္၏။
“ေဒၚအဲေဖာ က်ဳပ္တစ္သက္မွာ ဘီလူးေျခာက္ဆိုတာ အခုမွ ျမင္ဘူးေတာ့တယ္ဗ်ာ — ခင္ဗ်ားက အေတြ႕အႀကဳံရွိေတာ့ ဘာဆက္လုပ္ရမလဲ ေျပာပါအုံးဗ်”“ကြၽန္မလဲ ေမြးဖြားေပးလာတဲ့ သက္တမ္းတစ္ေလွ်ာက္ လူေျခာက္ပဲ

ျမင္ဖူးတာ

ဘီလူးေျခာက္ကို အခုမွျမင္ဘူးတာ။ ဒါေပမဲ့ ကြၽန္မ အဖြားလက္ထက္မွာေတာ့ တစ္ခါႀကဳံဖူးတယ္ေျပာတယ္ အဲဒီဘီလူးေျခာက္
ေဒၚအဲေဖာက စကားကို ဆက္မေျပာပဲ ေျပာသင့္မေျပာသင့္ စဥ္းစားေနဟန္ရွိ၏။ ထိုအခါစိတ္မရွည္ေသာ ဦးေရာဘတ္ကလဲလို႔”“ေျပာမယ့္သာေျပာစမ္းပါဗ်ာ
ဘာေတြဆက္ျဖစ္ၿပီး ဘာလုပ္ရမ“ အဲဒီဘီလူးေျခာက္က ႐ြာထဲကလူေတြကို သတ္စားသတဲ့ အစကေတာ့ မသိေပမဲ့ ေနာက္ေတာ့ သိလို႔သတ္ပစ္လိုက္ရတယ္။ ဒါေၾကာင့္ ဒီဘီလူးေျခာက္ ဟာ႐ြာကိုအႏၲရာယ္ေပးႏိုင္တယ္ သတ္ပစ္တာေကာင္းမယ္လို႔ထင္တယ္”
“ဒါဆိုလဲ တစ္ခါထဲ သတ္ပစ္လိုက္မယ္ေလ — အခ်ိန္ဆြဲမေနနဲ႔ေတာ့” ဦးေရာဘတ္က ေျပာေျပာဆိုဆို အိမ္ေရွ႕ခန္းထရံတြင္ ထိုးထားေသာ ငွက္ႀကီး ေတာင္ဓားအား ေျပးဆြဲယူလိုက္သည္။ ထို႔ေနာက္ စိတ္ျမန္လက္ျမန္ရွိသူမို႔ ဘီလူးေျခာက္ကေလးေခါင္းအား ခုတ္ရန္႐ြယ္လိုက္ရာ ေဒၚအာစာက ဟန႔္ထားလိုက္၏။


“မလုပ္ပါနဲ႔ အုံး ရွင္ကလဲ စိတ္ျမန္လက္ျမန္ခ်က္ကလြန္ေရာ ကြၽန္မေတာင္ ေသခ်ာမၾကည့္ရေသးဘူး ကြၽန္မၾကားဖူးတာကေတာ့ ဘီလူးအစိုကေလး ေမြးမွ လူစားတယ္ၾကားဖူးတာပဲ အခုဟာက ဘီလူးေျခာက္ဆိုေတာ့ ဘာမွေတာ့ မလုပ္ႏိုင္ေလာက္ဘူးထင္တယ္ — ဒီလိုထူးထူးဆန္းဆန္းရလာတာကို ခဏေလာက္ေတာ့ ေစာင့္ၾကည့္ခ်င္တယ္။ တစ္ပတ္တန္သည္ ႏွစ္ပတ္တန္ သည္ေပါ့ — အေၾကာင္းထူးလာရင္ေတာ့ သတ္သင့္သတ္ရမွာေပါ့”
ဦးေရာဘတ္လဲ ေဒၚအာစာစကားေၾကာင့္ စိတ္ေလွ်ာ့ထားလိုက္သည္။
နံနက္ခင္းအလင္းေရာင္းႏွင့္အတူ အထူးတလည္ စိတ္ဝင္စားဆုံးသတင္းကေတာ့ “ဟဲ့ နင္ၾကားၿပီးၿပီလား ညက ေဒၚအာစာ ဘီလူးေျခာက္ကေလး ေမြးသတဲ့”

“ေအးဟဲ့ ဒါေၾကာင့္ ညက ကေလးငိုသံမၾကားရတာဘဲေနမွာ”
“ဒါဟာ မေကာင္းဘူး ဘီလူးဆိုတာ လူေတြစားတယ္ ၾကားဖူးတယ္ ငါတို႔ ႐ြာေတာ့ ဒုကၡေရာက္ေတာ့မွာပဲ”
“ဦးေရာဘတ္က ညတြင္းခ်င္း သတ္မယ္တကဲကဲလုပ္ေနတာ ေဒၚအာစာ
တားထားလို႔တဲ့ ”
“ေအးေလ
သတ္သင့္သတ္ရမွာေပါ”
“ဟယ္ ငါတို႔ သြားၾကည့္ရေအာင္ လူေျခာက္ပဲျမင္ဖူးတာ ဘီလူးေျခာက္ တစ္ခါမွ မေတြ႕ဖူးဘူး”
အဲဒီသတင္းသည္ အေတာ္ပင္ပ်ံ႕ႏွံကာ ခရီးေရာက္သည္ဟုဆိုရမည္ပင္ လူအမ်ားအား လႈပ္လႈပ္ရွားရွားျဖစ္သြားေစေသာ ကိစၥျဖစ္၍သြားသည္။ ေဒၚအာစာ၏ အိမ္တြင္ လူစုလူေဝးႀကီးျဖစ္ကာ ဘီလူးေျခာက္အား လာၾကည့္ၾက သည္မွာ မစဲေပ အနီးပတ္ဝန္းက်င္႐ြာမ်ားမွ ၾကားၾကသည့္ လူမ်ားပင္ ပါလိုက္ ေသးသည္။ ႐ြာထဲက တတ္သိနားလည္ေသာ လူႀကီးမ်ားကေတာ့ ႐ြာကို ဒုကၡေပးမည္ကို အလြန္စိုးရိမ္လ်က္ရွိေနသည္။ ဒါဟာ ႐ြာအတြက္ ၾကမၼာဆိုးမ်ား က်ေရာက္လာမလားလို႔ေတြးကာ စိတ္ပူေနၾက၏။ နတ္ဆရာေမး၊ ဘုန္းႀကီးေမးႏွင့္ အလုပ္မ်ားေနၾက၏။
အမ်ားစုကေတာ့ မေကာင္းဘူးလို႔ ယူဆၾကသည္။ ဘီလူးေမြးတာ မေျပာနဲ႔ ဘီလူးနကၡတ္နဲ႔ေမြးသည့္သူေတြေတာင္ အိမ္ေထာင္ျပဳပါက အိမ္ေထာင္ဘက္က လူနကၡတ္ျဖစ္ေနပါက အိမ္ေထာင္ဘက္ ေသဆုံးတတ္သည္ဟု အယူအဆရွိၾက သည္။ ထို႔ေၾကာင့္ ဘီလူးနကၡတ္ႏွင့္ ေမြးေသာသူကိုယူရန္ ဇာတာတြက္ခ်က္ၿပီးမွ ယူတတ္ၾကသည္။ ထို႔ေၾကာင့္ ဒီဘီလူး ေျခာက္ကေလးအား ၾကာၾကာမထား သင့္ဟု အားလုံးက တိုက္တြန္းၾက၏။ ဘီလူးေျခာက္ေမြးကတည္းက ညဘက္ မ်ားဆို ႐ြာထဲမွေခြးေတြ အူေနလိုက္တာ ေျခာက္ျခားစရာေကာင္းေနသလို၊ ငွက္ဆိုးထိုးသံမ်ားလဲ မၾကာမၾကာၾကားေနရ၏။ ႐ြာထဲက လူအမ်ားစုကေတာ့ မၾကာခင္တြင္ အႏၲရာယ္မ်ား က်ေရာက္ေတာ့မလားဟု စိတ္တထင့္ထင့္ ရွိလွသည္မို႔ ေဒၚအာစာႏွင့္ ရင္းႏွီးသူမ်ားက ဝိုင္း၍သတိေပးၾက၏။

“အာစာေရ ဒီဘီလူးေျခာက္ကေလးကို ဒီအတိုင္းထားဖို႔ေတာ့ မသင့္ ေတာ့ဘူး ထင္တယ္ေနာ္ — နားလည္သူေတြနဲ႔ ေသခ်ာေမးျမန္းၿပီး တစ္ခုခုေတာ့ လုပ္မွျဖစ္မယ္။ ”
သို႔ေပမဲ့ ေခါင္းမာေသာေဒၚအာစာက အမ်ားေျပာေသာစကားမ်ားကို လစ္လ်ဴရွ တစ္ပတ္ျပည့္သည့္ညမွာေတာ့ ေဒၚအာစာ အလြန္ေသြးပ်က္ဖြယ္ အျဖစ္အား မ်က္ဝါးထင္ထင္ျမင္လိုက္ရသည္။
၍ေနရင္း
ဘီလူးေျခာက္ကေလးေမြးၿပီး တစ္ပတ္ျပည့္သည့္ေန႔တြင္ ေဒၚအာစာ ေသြးေလကာ ႏို႔ညာသားကေလး ဂ်ီက်ေနတာသိပ္ရင္း ေစာေစာစီးစီး အိပ္ေပ်ာ္ သြား၏။ ဘီလူးေျခာက္ကေလးကိုေတာ့ ေဒၚအာစာနံေဘးတြင္ ထား၏။ က်န္ကေလးမ်ားက ေဘးခန္းတြင္အိပ္ၾကကာ ဦးေရာဘတ္က အိမ္ေရွ႕ခန္းတြင္ တစ္ေယာက္တည္းအိပ္၏။ ေတာဆိုေတာ့ ညဘက္တြင္ မီးမရွိ။ ၿမိဳ႕ေတြလို မစည္ကား။ အျပင္ထြက္တဲ့လူေတြသိပ္မရွိၾက။ ေႁမြပါးကင္းပါးရန္ကလဲ ေၾကာက္ရေသးသည္ မဟုတ္လား ေတာ္႐ုံကိစၥမရွိဘဲ အျပင္မထြက္ၾက။ ညေမွာင္သည္ႏွင့္ ႐ြာထဲ တိတ္ဆိတ္သြားကာ တစ္ေနကုန္ လယ္ယာလုပ္ငန္းခြင္ထဲ အလုပ္လုပ္၍ ပင္ပန္းသမွ် အတိုးခ်၍ အိပ္ၾကေတာ့သည္။ ေဒၚအာစာအိပ္ေနရင္း ထိတ္လန႔္ဖြယ္ အိပ္မက္ဆိုးကို မက္ေန၏။ အိပ္မက္ထဲတြင္ ေဒၚအာစာေဘးနားတြင္ ထားေသာ ဘီလူးေျခာက္ေလးသည္ အသက္ဝင္လာကာ ခုန္ထလိုက္သည္။ ထိုအခါ ဘီလူးတစ္ေကာင္ျဖစ္၍ သြားကာ အလြန္ေၾကာက္စရာ ေကာင္းသည့္ ပုံစံအား ျမင္လိုက္ရ၍ ေဒၚအာစာအလြန္ထိတ္လန္႔သြားမိ၏။ ဘီလူးကေလး၏ မ်က္ႏွာသည္ မ်က္လုံးျပဴးျပဴး၊ ပါးစပ္ၿပဲၿပဲ နဖူးေမာက္ေမာက္ ႏွာေယာင္ ေကာက္ေကာက္ျဖင့္ ပါးစပ္တြင္ပါေသာ အစြယ္ေဖြးေဖြးက ပို၍ ႐ုပ္ဆိုးအက်ည္း တန္ေစ၏။ မ်က္လုံးမ်ားကလဲ ရဲရဲေတာက္ေနကာ ေဒၚအာစာၾကားဖူးသည့္ မီးဝင္းဝင္းေတာက္ေနသည့္ မ်က္လုံးဆိုတာမ်ိဳးျဖစ္မည္ဟု ထင္မိ၏။ ထိုဘီလူးေလး က ေဒၚအာစာအား ၾကည္လိုက္ရာ ေဒၚအာစာအသဲမ်ား ေအးကနဲျဖစ္သြား၏။

ဒီေလာက္ေတာင္ ေၾကာက္လန႔္စရာ ဘီလူးကေလးအား မိမိေမြးခဲ့သည္ဆိုတာ ယုံႏိုင္စရာမရွိေပ။ ေဒၚအာစာ သူမေမြးသည့္ ဘီလူးေျခာက္အား ၾကည့္မိစဥ္က အေျခာက္မို႔လို႔လားမသိ ေၾကာက္စရာေကာင္းလွသည္ မထင္မိေပမဲ့ အခုလို ဘီလူးပုံအစစ္အား ျမင္လိုက္ရသည့္အခါ မေၾကာက္တတ္ေသာ ေဒၚအာစာ ကိုယ္တိုင္ပင္ မေၾကာက္စဖူးေၾကာက္ေနမိ၏။ သူမစိတ္ေျခာက္ျခား ေနတုန္း ဘီလူးကေလးဆီမွ အသံထြက္လာ၏။ “က်ဳပ္ဗိုက္ဆာတယ္”
ဘီလူးကေလး၏ ကြဲရွရွအက္တက္တက္ အသံႀကီးေၾကာင့္ ေဒၚအာစာတကိုယ္ လုံး တုန္သြားျပန္ကာ ထစ္ထစ္ေငါ့ေငါ့ ျဖင့္ ျပန္ေျဖလိုက္သည္။
“အေမ အေမ
— ဘာစား ခ်င္တာလဲ”
မီးဖိုးေခ်ာင္ထဲ မွာ စားစရာသြားယူေပးရမလား
ေဒၚအာစာ အေမးကို ဘီလူးေလးက ေဒါသသံျဖင့္ ျပန္ေျဖလိုက္သည္။
“က်ဳပ္က လူသားစားခ်င္တာ — လူအသဲအျမစ္ ဝမ္းတြင္းသား ကလီစာ ေတြ စားခ်င္ေနတာ ခင္ဗ်ားရွာမေကြၽးလဲရတယ္။ ခင္ဗ်ားတို႔ တစ္အိမ္သားလုံး အရင္စားၿပီးမွ တစ္႐ြာလုံးကို က်ဳပ္စားမယ္ — က်ဳပ္ကို အရင္ဆုံးမသတ္ခိုင္းတဲ့ အတြက္ ခင္ဗ်ားကိုေတာ့ အရင္မစားေသးဘူး ခင္ဗ်ားက က်ဳပ္အေမ ျဖစ္ေနတာကို ”

ဘီလူးေလးက ေၾကာက္လန႔္ဖြယ္ ၿခိမ္းေျခာက္ကာ ေဒၚအာစာအခန္း ထဲက ထြက္၍ သြား၏။ ဘီလူးထြက္သြားေသာ ေျခသံသည္ အေတာ္ပင္ျပင္းကာ ဘီလူးေျခလွမ္းတိုင္း အိမ္ပင္သိမ့္ခနဲတုန္သြား၏။
“ဒုန္း ဒုန္း ဒုန္း”
ေဒၚအာစာဘဝမွာ အလြန္ထိတ္လန႔္ စြာ ဘုရာသခင္အား တလိုက္မိ၏။ “ဘုရားသခင္ကယ္ေတာ္မူပါ”
ထို႔ေနာက္ ေဒၚအာစာသည္ ဘီလူးကေလးဘယ္ထြက္သြားသလဲ လိုက္ၾကည့္ မည္ဟုဆိုကာ ထရင္း အိပ္ခန္းထဲကထြက္လိုက္ရာ တစ္အိမ္လုံးေမွာင္မဲေန၏။ သူမမ်က္လုံးထဲ ဘာမွမျမင္ရသျဖင့္ ဦးေရာဘတ္အား ေအာ္ေခၚလိုက္၏။

ကိုေရာဘတ္”
“ကိုေရာဘတ္ ေဒၚအာစာက တေၾကာ္ေၾကာ္ေခၚရင္း အိပ္မက္ဆိုးက လန႔္ႏိုးသြားေလသည္။ ထိုအခါ အျပင္တြင္ ေမွာင္မဲေနတာေၾကာင့္ သူမေခါင္းအုံးေဘးမွ ဓါတ္မီးအား စမ္းကာအရင္ဆုံးသူမနေဘးတြင္ထားေသာ ဘီလူးေျခာက္ကေလးအား ဓါတ္မီးျဖင့္ ထိုးၾကည့္လိုက္၏။ ထိုအခါ မယုံႏိုင္ဖြယ္အျဖစ္အား ျမင္ေတြ႕လိုက္ ရသည္။ ဘီလူးေျခာက္ကေလးသည္ သူမထားသည့္ေနရာတြင္ မရွိေတာ့ေပ။ ေဒၚအာစာ ရင္ေတြအရမ္းခုန္၍သြားကာ ဦးေရာဘတ္အားေျပာမည္ဟု ဆိုၿပီး အိမ္ေရွ႕ခန္းသို႔ ထြက္၍လာ၏။ အိမ္ေရွ႕ခန္းတြင္အိပ္ေသာဦးေရာဘတ္အား ဓါတ္မီးႏွင့္ ထိုးၾကည့္လိုက္သည့္အခါ ေဒၚအာစာတစ္ေယာက္ ေသြးပ်က္သဖြယ္ ျမင္ကြင္းအား မ်က္ဝါးထင္ထင္ ျမင္လိုက္ရ၏။ ဦးေရာဘတ္ကိုယ္ေပၚတြင္ ဘီလူးကေလးသည္ တက္ခြထားကာ ခ်က္ကိုေဖာက္၍ တစ္စုံတစ္ရာအား စားေသာက္ထားပုံရကာ ပါးစပ္တြင္ ေသြးမ်ားေပေနသည္။ ဦးေရာဘတ္ကေတာ့ မ်က္လုံးႀကီး အေပၚသို႔လန္ေနကာ မလႈပ္မယွက္ျဖစ္ေနပုံအရေတာ့ အသက္ မရွိေလာက္ဟု ထင္မိ၏။ ဘီလူးကေဘးသည္ ေသြးေပေနေသာ ပါးစပ္ျဖင့္ ေဒၚအာစာအား လွည့္ၾကည့္သည္ကို ေတြ႕လိုက္ရသျဖင့္ ေဒၚအာစာ ငယ္သံ ပါေအာင္ ကုန္းေအာ္လိုက္၏။
“လာၾကပါအုံး လာၾကပါအုံး ဒီမွာ လူသတ္ေနပါတယ္—–ဦးေရာဘတ္ကို သတ္ေနပါတယ္”
ေဒၚအာစာလဲ ေအာ္ရင္းေမ့လဲသြား၏။ ႐ြာထဲကလူေတြလဲ ေဒၚအာေစာေအာ္ သံေၾကာင့္ ထိတ္လန႔္တၾကားျဖင့္ မိမိတို႔အိမ္မွာရွိေသာ ရရာလက္နက္မ်ား စြဲကိုင္ကာ ဓါတ္မီးတစ္ဝင္းဝင္းႏွင့္ ေဒၚအာစာ အိမ္သို႔ ေျပးလားၾကကုန္၏။
“ေဒၚအာစာ
—-
• သတိရၿပီလား ”
ေဒၚအာစာ သတိရလာေတာ့ တစ္အိမ္လုံး ဘတ္ထရီမီးေခ်ာင္းမ်ား ထိန္လင္း ေနကာ ႐ြာကလူမ်ားလဲ အေတာ္စုံေနၿပီျဖစ္သည္။ ေဒၚအာစာသတိရသည္ႏွင့္ ဦးေရာဘတ္အား သတိရသြားကာ

 

“ကိုေရာဘတ္ —– ကိုေရာဘတ္ ေရာ”
ေဒၚအာစာေမးသည္ကို ႐ြာသားမ်ားက ဘယ္သူမွျပန္မေျဖၾက ေဒၚအာစာက ေငါက္ခနဲထထိုင္ကာ ပတ္ဝန္းက်င္အား ၾကည့္လိုက္ရာ သူမေဘးမလွမ္းမကမ္း တြင္ ဗိုက္ေပါက္ေနေသာ ဦးေရာဘတ္အေလာင္းအား ေတြ႕လိုက္ရသျဖင့္ ယူႀကဳံး မရ အပူလုံးႂကြစြာ ေအာ္ငိုလိုက္၏။
—–
ကြၽန္မ
“အမေလး ကိုေရာဘတ္ ရွင္ေသရတာကြၽန္မေၾကာင့္ ပေရာဂေၾကာင့္ေသရတာ ကြၽန္မသာရွင့္စကားနားေထာင္ၿပီး မေကာင္းဆိုးဝါး ဘီလူးေျခာက္ကို ေမြးကတည္းကသတ္လိုက္ရင္ ဒီလိုအျဖစ္ဆိုးႀကဳံရမွာ မဟုတ္ ပါဘူးေတာ္”
႐ြာသားမ်ားလည္း အခုမွဇာတ္ရည္လည္သြားၾက၍ တစ္ေယာက္တစ္ေပါက္ ေမးၾက၏။
“ဟာ ဒါဆို ဦးေရာဘတ္ကိုသတ္တာ ဘီလူးေျခာက္ေပါ့”
“ကိုယ့္အေဖေတာင္ ကိုယ္ျပန္သတ္တဲ့ မေကာင္းဆိုးဝါးပဲ ေရွ႕ဆက္ ထားရင္ အားလုံးဒုကၡေရာက္ေတာ့မေပါ့”
“အခုအျမန္သာသတ္ပစ္လိုက္ပါဗ်ာ”
“ဘီလူးဆိုမွေတာ့ စိုစိုေျခာက္ေျခာက္သတ္ပစ္လိုက္တာ အေကာင္းဆုံးပဲ” ႐ြာသားမ်ားက စုံညီစြာ တစ္ေယာက္တစ္ေပါက္ေျပာေနသံမ်ားက ေဒၚအာစာ အတြက္ ပို၍ခံျပင္းသြားေစသည္။ ေဒၚအာစာက ဦးေရာဘတ္ အေလာင္းအား ဖက္၍ငိုေနရာမွ ႐ုတ္တရက္ထလိုက္ကာ ထဘီကိုတိုတိုျပင္ဝတ္၍ သူမအခန္းထဲ ဝင္သြား၏။ ခဏအၾကာ သူမွျပန္ထြက္လာေတာ့ လက္ထဲတြင္ ဘီလူးေျခာက္ေလး ပါလာ၏။ ဘီလူးေျခာက္ပါးစပ္တြင္ ေသြးစေသြးနမ်ား ေတြ႕ေနရ၏။ အားလုံးက ေဒၚအာစာ ဘာလုပ္မလဲ စိတ္ဝင္စားစြာ ၾကည့္ေနၾက၏။ ေဒၚအာစာၾကည့္ရ သည္မွာ စက္႐ုပ္တစ္႐ုပ္လို လႈပ္ရွားေနကာ ေနာက္ေဖးက သစ္သားျပားတစ္ျပား သြားယူလိုက္၍ အိမ္လယ္တြင္ သစ္သားျပားေပၚ၌ ဘီလူးေျခာက္အား တင္လိုက္၏။ ထို႔ေနာက္ ထရံမွာထိုးထားေသာဓါးမအား ဆြဲယူလိုက္ကာ ဘီလူး ေျခာက္အား အားပါးတရခုတ္လိုက္၏။ ေဒၚအာစာ ၾကည့္ရသည္မွာ ေသြးေအးေအးႏွင့္ ငါးေျခာက္ထိုင္ခုတ္ေနသည့္ႏွယ္ ဘီလူးေျခာက္အား သုံးပိုင္းခုတ္လိုက္ရာ ေခါင္းတျခားကိုယ္တျခား သုံးပိုင္းျပတ္သြား၏။ ေဒၚအာစာေဒါသမ်ားက အားျပင္း ေစသည္မို႔ တစ္ခ်က္ခုတ္လိုက္တိုင္း သစ္သားျပားထဲ နစ္ဝင္သြားေသာဓါးအား မနဲျပန္ဆြဲထုတ္ရ၏။ ႐ြာသားမ်ားက ဘီလူးေျခာက္အပိုင္းမ်ားအား မီးရႈိ႕ပစ္ရန္ ေျပာေသာ္လည္း ေဒၚအာစာက လက္မခံ “ဒီမေကာင္းဆိုးဝါးက ကြၽန္မတို႔ မိသားစုနဲ႔တကြ တ႐ြာလုံးဒုကၡေပးဖို႔ေရာက္လာတာေလ အခုအိမ္မွာ ဦးေရာဘတ္ လဲမရွိေတာ့ဘူး ဒီေတာ့ သူ႔ကို တစ္သတ္လုံး ဒီၿခံထဲမွာ အေစာင့္အျဖစ္ ထားရမယ္”
႐ြာသားမ်ားဝိုင္းတားေပမဲ့ ေဒၚအာစာကေခါင္းမာစြာပဲ ႐ြာထဲက နတ္ဆရာႏွင့္ အစီအရင္မ်ားလုပ္ကာ သူမအိမ္ၿခံဝင္း တစ္ေထာင့္စီတြင္ ဘီလူးေျခာက္တစ္ပိုင္းဆီ ျမဳပ္လိုက္ေလသည္။ ႐ြာထဲက လူအမ်ားလည္း ဦးေရာဘတ္နာေရးအား ဝိုင္းဝန္းကူညီလုပ္ေပးကာ ေနာက္တစ္ေန႔တြင္ အေလာင္းအား အားခ်င္း မီးသၿဂႋဳလ္ပစ္လိုက္ရသည္။ ေဒၚအာစာကေတာ့ သူမေယာက္်ားေသတာ သူမေၾကာင့္ ဟုဆိုကာ ေနာင္တရလ်က္ရွိေနသည္။ ဦးေရာဘတ္နာေရးကိုေတာ့ ကရင္ထုံးစံ အတိုင္း ျပဳလုပ္ၾက၏။ ေနာက္ပိုင္မွာေတာ့ ေဒၚအာစာတို႔ မိသာစုသည္ ႐ြာထဲမွာ သိပ္မေနေတာ့ ႐ြာ့ျပင္ကလယ္ထဲတြင္ တဲထိုးကာ သြားေနၾကသည္။ အိမ္ကို ႐ြာထဲကိုအေၾကာင္းကိစၥရွိမွသာျပန္လာၾက၏။ ဒီလိုနဲ႔ အခ်ိန္ေတြ ေျပာင္း၍ ႏွစ္ေတြ ၾကာလာသည့္အခါ အာစာက ႐ြာထဲကသူမအိမ္အား ေရာင္းပစ္လိုက္သည္။ ေနာက္ဝယ္လိုက္သူမ်ား ေျပာစကားအရ လျပည့္လကြယ္ ညမ်ားတြင္ ၿခံထဲ၌ ဘီးလူးတစ္ေကာင္အား ေတြ႕ၾကရသည္ဆို၏။