ဖဲသမားကိုသတ်တဲ့သရဲ(စ/ဆုံး)

Unicode Version

ဖဲသမားကိုသတ်တဲ့သရဲ(စ/ဆုံး)
————————————–
“ဟေ့ကောင် ပိုင်ဇေ ဒီနေ့ဟိုဘက်ရွာကနာရေးမှာ
ဖဲဝိုင်းရှိတယ် ငါညဖဲသွားရိုက်မလို့
မင်းလိုက်ဦးမလား”

“လိုက်ခဲ့မယ် ဖိုးစိန် ဒါပေမယ့် ငါ့လက်ထဲ
ငွေသိပ်မကျန်တော့ဘူးကွ”

“မင်းကလည်းဖဲတောင်သွားမရိုက်ရသေးဘူး
ပါးစပ်ကြီးကပြောပြီ ဖဲနိုင်ရင်ပိုက်ဆံတွေ
အများကြီးရမှာပေါ့ကွ”

“ဒါနဲ့ မင်းဘယ်အချိန်သွားမှာလည်း
သွားရမယ့်ရွာကလည်း သင်္ချိုင်းကိုဖြတ်ပြီး
သွားရမှာကွ”

“မင်းကလည်းယောကျ်ားမဟုတ်တဲ့
အတိုင်းပဲ
ညနေ၆နာရီလောက်သွားမှာ
ငါလာခေါ်လှည့်မယ်လေ”

“အေးအေး ငါစောင့်နေမယ် ဒါပဲ
ငါလုပ်စရာတွေရှိသေးတယ် ပြန်ပြီ ဖိုးစိန်”

ပိုင်ဇေလည်းဖိုးစိန်အားနှုတ်ဆက်ပြီး
ပြန်လာခဲ့သည်။
ပိုင်ဇေနှင့်ဖိုးစိန်ကငယ်သူငယ်ချင်းများဖြစ်ကြပြီး
ဖဲဂျိုးများလည်းဖြစ်ကြသည်။

ရပ်ထဲရွာတွင်သာမကရွာနီးချင်းက
ဖဲဝိုင်းများကိုလည်းအနံ့ခံကာလိုက်လံရှာဖွေပြီး
ဖဲကစားတတ်ကြသည်။

ထို့ကြောင့် မိဘများက သူတို့၂ယောက်အား
ဆိုဆုံးမကြသည်။
မည်သို့ပင်ဆုံးမပါစေ ပြောမနိုင်ဆိုမနိုင်၍
မိဘများကလက်လျှော့ကာလွှတ်ထားကြ
ရသည်။

ထို့ကြောင့် သူတို့၂ယောက်အားရွာထဲမှ
အပျိုများကစိတ်မဝင်စားစိတ်မကူးရဲကြ
ပေ.

သူတို့၂ယောက်ကလည်း ဖဲမှဖဲ ဖဲရိုက်နေရရင်
ဘာမှသိကြသည့်လူများမဟုတ်ပေ။

ဖဲအားထမင်းမေ့ဟင်းမေ့ရိုက်ကြလေ
သည်။
သူတို့လုပ်သမျှအလုပ်မှရလာသည့်ငွေများက
လည်းဖဲရိုက်၍ကုန်သွားကြသည်မှာများသည်။

================

“ပိုင်ဇေ ပိုင်ဇေ ”

“သြော် ဖိုးစိန် နေဦးငါလာပြီ”

“ထမင်းစားပြီးပြီလားကွ”

“စားပြီးပြီလေ ဘာဖြစ်လို့လည်း”

“ဖဲရိုက်တဲ့အခါ မင်းဗိုက်ဆာပြီးအိမ်ပြန်နေရမှာစိုးလို့ပေါ့ကွ”

“စားပြီးပါပြီ လာသွားကြရအောင်
တော်ကြာအဖေပြန်လာတာနဲ့မိရင်
ငါအသုပ်ခံနေရဦးမယ် လာ”

ပိုင်ဇေနှင့်ဖိုးစိန်လည်း တစ်ဖက်ရွာနာရေးရှိရာသို့ထွက်လာခဲ့ကြသည်။

“ပိုင်ဇေ ငါမင်းကိုတစ်ခုပြောရဦးမယ်”

“အေးပြောလေ ဘာများလဲ”.

“ဒီလိုကွ မင်းလည်းကြားဖူးမှာပါ
ပရလောကသားတွေကို အကူအညီတောင်းပြီး
ဖဲသွားရိုက်ရင်နိုင်တယ်ဆိုတာလေ”.

“အေး ငါကြားဖူးသားပဲ ဘာဖြစ်လဲ”

“အေး အခုငါရွာသင်္ချိုင်းထဲက ပရလောကသား
တစ်ယောက်ကိုခေါ်ပြီးအကူအညီ
တောင်းမလို့ကွ”

“ဟာ…ဘာတွေလျှောက်လုပ်မလို့လည်း
ဖိုးစိန် တော်ကြာဒုက္ခတွေဖြစ်နေပါဦးမယ်”

“မဖြစ်ပါဘူးကွာ မင်းကလည်း
မင်းကြောက်တတ်ရင်အသာနေ ငါလုပ်ပြမယ်
ကြည့်နေ”

ဤသို့ဖြင့် ရွာသင်္ချိုင်းထဲရောက်လာခဲ့ကြသည်။

အုတ်ဂူများမြေပုံများ ယိုင်နဲ့နဲ့ ဇရပ်ကြီးကလည်း
ကြက်သီးထဖွယ်မြင်နေရလေသည်။
ခပ်လှမ်းလှမ်းကမြေပုံတချို့ ဆိုလျှင်
လူအရိုးခေါင်းများ ဒူးရိုးများ လက်ဖျံရိုးများက
ဟိုတစ်ချောင်းသည်တစ်ချောင်းပျံ့ကျဲ
နေလေသည်။

ထိုအရာတွေကိုမြင်ပြီးပိုင်ဇေက
ကြက်သီးမွှေးညှင်းများထလာခဲ့လေသည်။

ရွာသင်္ချိုင်းကတစ်ဖက်ရွာသို့သွားလျှင်
မဖြစ်မနေဖြတ်ပြီးသွားနေကြဆိုပေမယ့်
အခုလိုညဘက်မျိုးတော့မသွားခဲ့ဖူးပေ။

ပိုပြီးကြောက်ဖို့ကောင်းသည်က ဖိုးစိန်က
ပရလောကသားအားခေါ်ယူမည်ဆိုခြင်း
ကြောင့်ဖြစ်လေသည်။

“ဒီသင်္ချိုင်းအတွင်းမှာရှိကြတဲ့ မမြင်အပ်မမြင်ရသည့်ပရလောကသားများအား
အကူအညီတောင်းလိုပါသည်
ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့
တစ်ဖက်ရွာကနာရေးကိုသွားပြီး
ဖဲသွားရိုက်ကြမှာပါ
ဒါကြောင့်ဒီသင်္ချိုင်းတွင်းက ကျွန်တော်တို့
သူငယ်ချင်းနှစ်ယောက်အားဖဲနိုင်အောင်
ကူညီပေးမယ့်ပရလောကသား
တစ်ယောက်အား
ဖိတ်ခေါ်ပါတယ် အကယ်၍ကျွန်တော်တို့ကို
ဖဲနိုင်အောင်ကူညီပေးပါက
အရက်နှင့်ကြက်ကြော်အား ကူညီပေးတဲ့ ပရလောကသားအားပြန်ပြီးကျွေးမွေးပေး
သွားမှာပါခင်ဗျား ကူညီနိုင်မယ့်ပရလောကသားရှိရင်မြေပုံအား
၃ချက်ရိုက်ပြပါ”

ဖိုးစိန်၏အသံကသင်္ချိုင်းတစ်ခုလုံး
ကျယ်လောင်စွာထွက်ပေါ်နေသည်။
ပိုင်ဇေလည်းမျက်လုံးများကဂဏှာမငြိမ်
ဖြစ်ပြီးဟိုကြည်ဒီကြည့်ဖြင့်
ကြောက်နေလေသည်။

ဖိုးစိန်၏စကားသံဆုံးသည်နှင့်

“ဘုတ် ဘုတ် ဘုတ်”

“ဟင်…”

“ဟာ…ကူညီမယ့်ကောင်တော့ရောက်နေပြီ
ထင်တယ်”

ဖိုးစိန်ကစိတ်ထဲမှပြောကာဝမ်းသာသွား
လေသည်။

“ကဲ အခုကူညီမယ့်သူကို ကျွန်တော်ကတိပေးပါတယ် ဒီကနေ့ကစပြီး
နောက်၃ရက်တိတိဖဲရိုက်တိုင်းနိုင်အောင်
လုပ်ပေးပါ အရက်နဲ့ကြက်ကြော်ကို
၃ရက်ပြည့်တာနဲ့ ချက်ချင်းကျွေးပါ့မယ်လို့
ကတိခံပါတယ်ဗျာ ကျွန်တော့်တောင်းဆိုချက်ကိုလက်ခံရက်
နောက်ထပ်မြေပုံကို၂ချက်ပုတ်ပြပါ”

“ဘုတ် ဘုတ်”

သင်္ချိုင်းထဲကသရဲကလည်း ဖိုးစိန်ကြားအောင်
မြေပုံအားခပ်ပြင်းပြင်း၂ချက်ပုတ်ပြလေသည်။

ပိုင်ဇေကတော့အသံသာကြားပြီး
မမြင်ရသည့်သရဲအားဖင်တုန်အောင်
ကြောက်နေလေသည်။

“ကျွန်တော့်တောင်းဆိုချက်ကိုလက်ခံပြီဆိုတော့
ကျွန်တော်တို့ကိုခွင့်ပြုပါဦး”

“ပိုင်ဇေ လာသွားမယ်”

“ဟေ့ကောင် ဖိုးစိန်မင်းဟာက
ဖြစ်ပါ့မလား တော်ကြာငါတို့ကို တစ်ခုခု
လုပ်လိုက်မှဖြင့်”

“မလုပ်ပါဘူးကွာ မင်းကလည်းစိုးရိမ်တတ်လိုက်တာလွန်
ရော”

“ငါကမလိုလားတဲ့ပြဿနာတွေဖြစ်မှာ
စိုးလို့ပြောတာပါကွ”

“အေးပါ ငါနားလည်ပါတယ်”

ဤသို့ဖြင့် တစ်ဖက်ရွာမှနာရေးအိမ်သို့
ရောက်လာကြလေသည်။
သူတို့ရောက်တော့ဖဲဝိုင်းကလူစည်နေပြီ
ဖြစ်သည်။

“ဟာ…ပိုင်ဇေနဲ့ ဖိုးစိန်ပါလားကွ
လာကြကွာလာကြ ငါတို့က မင်းတို့၂ယောက်ကို
မျှော်နေတာ အရင်တစ်ခါက မင်းတို့ဆီကနေ
ဖဲနိုင်ထားတော့ မကျေပွဲလာနွှဲကြတယ်ပေါ့ဟုတ်လား”

“ဟဲဟဲ ဖိုးစိန်လေကွာ မကျေပွဲနွှဲကိုနွှဲရမယ်လေဒါကြောင့် ဒီကိုလာခဲ့ကြ
တာ”

“ကဲ ထိုးထား ထိုးထားနော် စတော့မယ်”

“ပိုင်ဇေ လာ”

ပိုင်ဇေနဲ့ဖိုးစိန်လည်း နေရာယူလိုက်ပြီး
ပါလာသည့်ငွေအနည်းငယ်အားရှေ့သို့
ချထားလိုက်သည်။

လူစုံသည်နှင့်ဖဲအားစဝေလိုက်သည်။

“ရော့ကွာ လာထား”

“ကဲကွာ လက်ကီးချပ်လေးတွေလာထား”

ဖဲဝိုင်းစလိုက်သည်နှင့်ပိုင်ဇေတို့ သူငယ်ချင်း
၂ယောက်ကသိသိသာသာအနိုင်ရနေလေသည်။

ဒါကိုသိနေသော ပိုင်ဇေနှင့်ဖိုးစိန်က
တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး
ပြုံးနေကြလေသည်။

တစ်လှည့်ပြီးတစ်လှည့်ရိုက်လာခဲ့သည့်
ဖဲကစားပွဲတွင် ဖိုးစိန်နှင့်ပိုင်ဇေတို့ကပဲ
အမြဲနိုင်နေလေသည်။

ဖဲနိုင်သည့်ပိုက်ဆံတွေဆိုလျှင် ထည့်စရာအိတ်မရှိသဖြင့် ပိုင်ဇေ၏ပုဆိုးအား
ချွတ်ကာပုဆိုးထဲထည့်ထားရလေသည်။

ပိုင်ဇေကလည်းဘောင်းဘီတိုဖြင့် ထိုင်ကာ
ဖဲဝိုင်းအားဆက်ကစားနေလိုက်သည်။

ရိုက်သမျှပွဲတိုင်းနိုင်နေသည့်ပိုင်ဇေတို့
သူငယ်ချင်း၂ယောက်အားတခြားဖဲကစားသမားများကအမြင်မကြည်ကြတော့ပေ။

ရှုံးမဲမဲနေကြတော့သည်။

“ဒီနေ့ဘယ်လိုဖြစ်နေပါလိမ့်ကွာ
စကတည်းကရှုံးနေတော့တာပဲ”

“ဒါအတုံ့ အလှည့်လို့ခေါ်တယ်ဗျ
လောင်းကစားတစ်ခုမှာအနိုင်နဲ့အရှုံး
နှစ်ခုပဲရှိတယ်ကိုယ့်လူ ဟား ဟား ဟား”

“ပြောထားနှင့်ဦးပေါ့ ဖိုးစိန်ရာ”

ပထမညဖဲဝိုင်းအား၁၂နာရီမထိုးခင်
ဖိုးစိန်နှင့်ပိုင်ဇေတို့ရွာပြန်လာခဲ့ကြသည်။

လက်ထဲမှာလည်းပုဆိုးနှင့်ထုပ်ထားသည့်
ပိုက်ဆံတွေကလည်းမနည်းမနောပင်

“ဖိုးစိန် မင်းအကူအညီတောင်းတဲ့သရဲက
ငါတို့ကိုဖဲနိုင်အောင်လုပ်ပေးပါ့ပဲကွ”

“နိုင်ရမယ်လေ မင်းသူငယ်ချင်းဖိုးစိန်ပါကွ
ဟား ဟား ဟား မနက်ဖြန်ကြမှ ဒီငွေတွေကို
မင်းနဲ့ငါခွဲပြီးယူကြမယ်”

“အေးပါကွာ အေးပါ ”

ရွာသင်္ချိုင်းအနားမှဖြတ်ကျော်လာခဲ့ကြ
သည်။

ဖိုးစိန်ကသင်္ချိုင်းနားသို့ရောက်တော့

“ကျွန်တော်တို့ကိုဖဲနိုင်အောင်လုပ်ပေးလို့
ကျေးဇူးပါကိုရွှေသရဲရေ နောက်မှကျေးဇူး
ဆပ်မယ်ဗျာ ဟဲဟဲ”

သင်္ချိုင်းဘက်သို့လှည့်ပြီးအော်ပြောလိုက်သည့်အသံကညဉ့်နက်သန်းခေါင်ဆို
တော့ကျယ်လောင်စွာ
ကြားနေရလေသည်။

“ဟား ဟား ဟား ဖိုးစိန်မင်းကတော့
တကယ်မလွယ်တဲ့ကောင်ပဲ သိလား”

“လာပြန်ကြအောင် မင်းကိုငါလိုက်ပို့ပေးမယ်”

ဖိုးစိန်ကပိုင်ဇေအားအိမ်အထိလိုက်ပို့ပေး
ပြီးမှပြန်သွားလေသည်။

ပိုင်ဇေလည်းအိမ်ထဲသို့ ခိုးပြီးဝင်လာခဲ့သည်။
မိဘများမကြားအောင်ခြေသံအားခပ်ဖွဖွ
နင်းကာလျှောက်လာခဲ့သည်။

“ဒါကဘယ်အချိန်ရှိပြီလဲ ပိုင်ဇေ”

“ခင် ခင်ဗျာ”

အိမ်ထဲအရောက် မေးလိုက်သည့်အသံကြောင့်
ပိုင်ဇေလန့်သွားလေသည်။

“သြော် အမေ ဟီးဟီး”

“ဟီးဟီး လုပ်မနေနဲ့ နာရီကိုကြည့်စမ်းဘယ်အချိန်ရှိပြီလဲ
မင်းဖအေနိုးလို့သိသွားရင်
နင်သေပြီမှတ်”

“အမေကလည်း အခုမှ၁နာရီထိုးမလို့ပဲ
ရှိပါသေးတယ်ဗျာ့ ဟဲ ဟဲ”

“လက်ထဲကပုဆိုးထဲမှာဘာတွေလဲ”

“သြော် ဒါလားဘာမှမဟုတ်ပါဘူးအမေရဲ့
ဟိုကောင် ဖိုးစိန်ရဲ့ အဝတ်အစားတွေပေါ့ဗျာ
သူမသယ်ချင်တာနဲ့ သားကိုခဏပေးလိုက်တာ”

“ငါသိပ်မပြောချင်ဘူး ပိုင်ဇေ သွားတက်အိပ်တော့”

“ဟုတ်အမေ”

ပိုင်ဇေလည်းလက်ထဲမှပုဆိုးထုပ်အား
အိမ်ခန်းထဲရောက်မှဖွက်ထားလိုက်ရ
သည်။

===================

“ရော့ ဒါကမင်းအတွက် ဒါကငါ့အတွက်
ငါကတော့နည်းနည်းပိုယူလိုက်တယ်ကွာ
ဘာလို့လည်းဆိုတော့ ငါကသင်္ချိုင်းထဲထိဝင်ပြီးသရဲဆီမှာ
အကူအညီတောင်းရသေးတယ်လေ ဒါကြောင့်ပါ”

“ငါနားလည်ပါတယ်ကွာ သူငယ်ချင်း
အချင်းချင်းတွေပဲ ရပါတယ် ခေါင်းထဲမထားပါဘူး”

“ညသွားဖို့ရှိသေးတယ်နော် ညနေကြရင်
အဆင်သင့်လုပ်ထား”

“အေးပါ မင်းသာလာခေါ်လှည့်
ငါစောင့်နေမယ် ဒါပေမယ့် ငါ့အဖေ
မသိအောင်တော့ခေါ်နော်
ငါ့အဖေသိရင် လက်သီးစာမိနေမှာ”

“အေးပါ ငါသိပါတယ်ကွ လာကွာ
ပိုက်ဆံလေးထောတုန်း အရက်ဆိုင်မှာ
ဇိမ်သွားခံကြမယ်”

“အေး အဲ့ဒါကောင်းတယ်”

ပိုင်ဇေနှင့်ဖိုးစိန်တို့ လက်ထဲတွင်ငွေရွှင်နေသဖြင့်
အရက်ဆိုင်တွင်အမြည်းကောင်းကောင်းမှာကာ
သောက်စားနေကြလေသည်။

================

ညနေစောင်းတော့ ထုံးစံအတိုင်း ဖိုးစိန်က
ပိုင်ဇေအားလာခေါ်လေသည်။

“ပိုင်ဇေ ”

“ဟေး လာပြီ ”

“မင်းဘိုးတော်ကြီးရှိလား”

“ရှိတယ် နောက်ဖေးမှာနွားစာစင်းနေလေရဲ့”

“လာသွားကြစို့ ”

“ဒီနေ့ သင်္ချိုင်းထဲဝင်ဦးမှာလား”

“ဝင်ရမှာပေါ့ ဖဲနိုင်အောင်လို့ သေချာထပ်ပြောရမယ်လေ ”

“သြော် အေးပါ”

ဖိုးစိန်နှင့်ပိုင်ဇေတို့ ရွာသင်္ချိုင်းထဲသို့ရောက်လာ
ကြလေသည်။

“ဒီသင်္ချိုင်းထဲတွင်နေထိုင်ပြီး ကျွန်တော်တို့နဲ့
ကတိတည်ထားတဲ့ ပရလောကသားအား
ထပ်မံ၍အကူအညီတောင်းပါတယ်ခင်ဗျား
ဒီကနေ့ ကျွန်တော်တို့သူငယ်ချင်း၂ယောက်

ဖဲရိုက်သွားကြတော့မှာဖြစ်တဲ့အတွက်
ဒီကနေ့မှာလည်းဖဲနိုင်အောင်ကူညီပေးပါခင်ဗျာ
မနက်ဖြန်၃ရက်ပြည့်တဲ့ညမှာ အရက်နဲ့ကြက်ကြော်အားကျွေးပါ့မယ်လို့
ကတိထပ်မံပေးပါတယ်ခင်ဗျာ

ကျွန်တော်တို့အားထပ်မံကူညီမယ်ဆိုရင်
ကျွန်တော့်ကိုမြေစာခဲလေးများနဲ့ ၃ချက်ထုပေးပါ”

ဖိုးစိန်၏စကားသံဆုံးသွားသည်နှင့်

“ဘုတ် ဘုတ် ဘုတ်”

“ဟာ…”

ဖိုးစိန်၏နံဘေးတွင်ကပ်ပြီးရပ်နေသော
ပိုင်ဇေလည်းအကောင်အထည်မမြင်ပါပဲ
မြေစာခဲလေးများလွင့်ပျံလာပြီး
ဖိုးစိန်အားထိမှန်သွားသည်ကိုမြင်လိုက်ရသည့်
အတွက်အံ့သြမဆုံးနိုင်ဖြစ်နေသည်။

သင်္ချိုင်းထဲကသရဲက ဒီနေ့လည်းဖဲနိုင်အောင်
ကူညီမယ်မှန်းသိသဖြင့် ဖိုးစိန်ကပြုံးပြုံးကြီး
ဖြစ်နေလေသည်။

ဖိုးစိန်နှင့်ပိုင်ဇေတို့ သင်္ချိုင်းထဲမှထွက်လာကြပြီး
တစ်ဖက်ရွာကနာရေးအိမ်သို့ရောက်လာခဲ့ကြသည်။

===============

“ဟား…ဖိုးစိန္တို့ပါလားလာကြ
မင်းတို့ကိုမျှော်နေကြတာ”

“ခင်ဗျားကိုမလာတော့ဘူးထင်နေတာ
မနေ့ကရှုံးထားတာဆိုတော့လေ”

“ဖိုးစိန်ရာမင်းကငါ့ကိုလာလာချင်း
ငေါ့နေပါလားကွ ဒီမယ်ဖိုးစိန် မနေ့က
ရှုံးသွားတဲ့ငွေလောက်ကတော့ ငါ့အတွက်
ပါပါ့ပဲရှိတယ်ငါ့ကောင်
ဒီကနေ့ စောင့်ကြည့်လိုက်ပါဦးကွ
ဘယ်သူကနိုင်မလည်းဆိုတာ”

“အိုကေဗျာ စကြတာပေါ့”

အပြန်အလှန်ပြောဆိုချေပပြီးသည်နှင့်
ဖဲဝိုင်းအားစတင်လိုက်ကြသည်။
ပိုင်ဇေနှင့်ဖိုးစိန်တို့က ကပ်လျက်ထိုင်နေကြ
လေသည်။

“ကဲ လာထား ”

“လာစမ်း အပွင့်ကောင်းလေး”

“ဟီး ဟီး”

ပိုင်ဇေမျက်နှာကပြုံးပြုံးကြီးဖြစ်နေလေသည်။
တခြားဖဲကစားသူတွေရဲ့ မျက်နှာမှာတော့
ချွေးသီးချွေးပေါက်များဖြင့်အကြံခက်နေသည့်
ပုံစံမျိုးဖြစ်နေလေသည်။

“ကဲ…ဖဲချပ်တွေချတော့လေ ဘယ်လိုလဲ
မျက်နှာပန်းမလှကြပါလား လောင်းကစားပဲ
အရှုံးနဲ့အနိုင်တစ်ခုပဲရှိမှာပေါ့ဗျ”

“ရော့ ကွာ”

“လာထား လာထား ”

“ဟာ…”

ပွဲစစချင်းဖိုးစိန်နှင့်ပိုင်ဇေတို့က နိုင်လိုက်ကြသည်။
ပထမပွဲတစ်ပွဲတည်းမှာပင်ငွေအတော်များများ
ရလိုက်ကြသည်။

ထို့နောက်တစ်ပွဲပြီးတစ်ပွဲကစားလာကြ
ရင်း
အချိန်တို့ကုန်မှန်းမသိကုန်လာခဲ့သည်။

ပွဲစကတည်းကဖိုးစိန်နှင့်ပိုင်ဇေတို့ကသာ
သိသိသာသာအနိုင်ရခဲ့လေသည်။
တခြားဖဲကစားများကတော့ တစ်ပွဲတလေသာ
အနိုင်ရလိုက်ကြသည်။

“ကဲ ကစားကြဦးမှာလား ဘယ်လိုလည်းဗျ”

“တော်ပြီကွာ ပါသမျှလည်းကုန်ပြီ
အိမ်ပဲပြန်တာကောင်းမယ်”

“ခင်ဗျားငွေလိုရင်နည်းနည်းပါးပါး
ကျုပ်ဆီကယူပါ့လားဗျ ကျုပ်အတိုးမယူပါဘူး
ဘယ့်နှယ့်လည်း”

“တော်ပါပြီကွာ ကြာရင်ငါ့မိန်းမနဲ့သတ်ရလိမ့်မယ်”

“ဒါဖြင့်ရင်လည်းကောင်းပါပြီဗျာ ပြန်ပါပြန်ပါ”

ဖဲဝိုင်းအားအဆုံးသတ်ပြီး ဖိုးစိန်နှင့်ပိုင်ဇေတို့
အိမ်ပြန်လာခဲ့ကြလေသည်။

ရွာသင်္ချိုင်းနားသို့ရောက်တော့ ဖိုးစိန်က
သင်္ချိုင်းထဲကသရဲအားစကားလှမ်းပြော
လေသည်။

“ကျွန်တော်တို့ကိုအခုလိုဖဲနိုင်အောင်
ကူညီပေးလို့ ကျေးဇူးတင်ပါတယ်
မနက်ဖြန်ခင်ဗျားအတွက်
အရက်နဲ့ကြက်ကြော်
လာကျွေးပါ့မယ်ဗျာ သွားပြီဗျို့ သွားပြီ”

“ဘုတ်”

“ဘုတ်”

“ဟင်…”

“ဟာ…ငါပြောတာကိုကြားပြီးမြေစာခဲနဲ့
လှမ်းပစ်ပြီးစနေတာဖြစ်မယ်”

ဖိုးစိန်နှင့်ပိုင်ဇေအား သင်္ချိုင်းအတွင်းမှ
သရဲကမြေစာခဲလေးများဖြင့်နောက်
ကျောအား
ထုကာအသိပေးလိုက်ခြင်းဖြစ်သည်။

ဖိုးစိန်နှင့်ပိုင်ဇေလည်းရွာထဲဝင်ကာ
ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ကြသည်။

================

နောက်တစ်နေ့ရောက်တော့
ဖဲရိုက်ရန်ဖိုးစိန်ကပိုင်ဇေအားလာခေါ်
လေသည်။

ဒီနေ့ ဖိုးစိန် လာသည့်အချိန်မှာ၇နာရီပင်
ထိုးတော့မည်ဖြစ်သည်။

“ဟေ့ကောင် ပိုင်ဇေလာသွားကြစို့ ”

“ဖိုးစိန် မင်းကလည်း နောက်ကျလိုက်တာကွာ ၇နာရီတောင်ထိုးတော့မယ်ကွ
ဒီကနေ့ မင်းသင်္ချိုင်းထဲကသရဲကို
အရက်နဲ့ကြက်ကြော်ကျွေးရမယ့်နေ့နော်
ဖိုးစိန်မင်းသရဲအတွက်အဲ့ဒါတွေစီစဉ်
ခဲ့သေးလား”

“ဘာမှမလုပ်ခဲ့ဘူးကွ ”

“ဟာ မင်းစကားကိုအလွယ်မပြောနဲ့ဖိုးစိန်
ပရလောကသားတွေကပေးပြီးသား
ကတိကိုတည်မှကြိုက်ကြတာကွ”

“ပိုင်ဇေ ဒီမှာမင်းကိုငါပြောမယ်
ငါတို့ဖဲနိုင်တယ်ဆိုတာ ငါတို့ဟာငါ့တို့
ခေါင်းအခြောက်ခံငွေအကုန်ခံပြီးရိုက်ကြ
တာလေ ကံကောင်းလို့ငါတို့ဖဲနိုင်တယ်ကွာ
မင်းပြောသလိုပရလောကသားက
ကူညီတယ်ဆိုလည်းတစ်ပွဲတစ်လေပေါ့ကွ
ငါတိုဉာဏ်စွမ်းထုတ်နိုင်မှုကြောင့်
ဒီလိုဖြစ်လာတာပါကွ
အဲ့ဒါတွေခေါင်းထဲသိပ်မထားပါနဲ့ကွာ
လာပါသွားကြမယ်”

“အေးအေး”

ဖိုးစိန်၏နမော်နမဲ့နိုင်မှုကြောင့် ပိုင်ဇေစိတ်ထဲ
ဘဝင်မကျဖြစ်သွားရလေသည်။
နာနာဘာဝလောကတွင်ကတိပေးပြီးပါက
ထိုကတိတစ်ခုကအရေးကြီးသည်ဟု
ပိုင်ဇေကြားဖူးမှတ်ဖူးလေသည်။

ဖိုးစိန်၏ပေါ့ပေါ့ဆဆလုပ်ရက်ကြောင့်
ပိုင်ဇေစိတ်တွေလေးလံနေခဲ့သည်။

===============

တဖြည်းဖြည်းနှင့်ရွာသင်္ချိုင်းသို့ရောက်လာခဲ့ကြ
လေသည်။
သင်္ချိုင်းထဲရောက်လေပိုင်ဇေစိတ်ထဲတစ်ခုခုကို
စိုးထိတ်နေမိလေသည်။

သင်္ချိုင်း၏တစ်နေရာအရောက် မည်းမည်းအရိပ်ကြီးတစ်ခုက ပိုင်ဇေနှင့်ဖိုးစိန်တို့
အရှေ့တည့်တည့်မှပိတ်ရပ်နေလေသည်။

“ဟာ…”

“ဟင်.”

ဖိုးစိန်နှင့်ပိုင်ဇေတို့၂ဦးသားအံ့သြထိတ်
လန့်သွားကြလေသည်။

တစ်ခါမှထိုကဲ့သို့ အသွင်သဏ္ဍာန်မျိုး သူတို့ဘဝတွင်မမြင်ဖူးခဲ့ကြပေ။

ရုတ်တရက်မြင်လိုက်ရသည့်အခိုက်တွင်
တော့
ရင်တွေတဒိတ်ဒိတ်ခုန်ကာကြောက်နေရလေသည်။

တဖြည်းဖြည်းနှင့်မည်းမည်းအရာကြီးက
ကြောက်စရာကောင်းသောအသွင်ပုံစံသို့
ပြောင်းလဲရောက်ရှိလာလေသည်။

ဆံပင်မွှေးများကခေါင်းပေါ်တွင်
အနည်းမျှပေါက်ရောက်နေပြီး
နားရွက်ကြီး၂ဖက်က အလှူယပ်တောင်ကြီး
တစ်ချောင်းစာခန့်ရှိလေသည်။

တစ်ထွာခန့်ရှိသော ပါးစပ်ပြဲပြဲကြီးအတွင်းမှ
လျာကြီးကအပြင်သို့တွဲလျောင်းကျနေ
လေသည်။

အစွယ်ကြီးတွေဆိုသည်မှာလူ၏လက်
သန်းခန့်ရှိကြပေမည်။
ပါးစပ်အတွင်းမှသွားရေများက စီးကျနေလေသည်။

ဖိုးစိန်နှင့်ပိုင်ဇေတို့ သရဲကြီးအားကြည့်ပြီး
ကြက်သေသေနေမိလေသည်။
သူတို့အကူအညီတောင်းခဲ့သောသရဲကြီးက
အရက်နှင့်ကြက်ကြော်ကျွေးရမည့်နေ့မှ
သူ့ရဲ့ ပုံသဏ္ဍာန်အစစ်အမှန်အားပြသလိုက်
ခြင်းဖြစ်လေသည်။

“ငါ့အတွက်အရက်နဲ့ကြက်ကြော်ပါလာခဲ့လား”

“ဗျာ”

“ဖိုး ဖိုးစိန် ဘယ်လိုလုပ်မလဲ”

သင်္ချိုင်းထဲကသရဲကြီးကသူတို့၂ဦးအား
အရက်နဲ့ကြက်ကြော်အားမေးနေပြီဖြစ်
သည်။
ဖိုးစိန်လည်းတုန်တုန်ယင်ယင်ဖြစ်နေလေသည်။

ပိုင်ဇေကိုကြည့်လိုက်တော့လည်း
ကိုယ်ခန္ဓာတစ်ခုလုံးတုန်ယင်နေလေ
သည်။
ဖိုးစိန်လည်းသရဲကြီး၏အမေးအား
စိတ်ကိုချုပ်ထိန်းကာဖြေလိုက်တော့သည်။

“ဟို ဟိုလေ အရက်နဲ့ကြက်ကြော်က
အခုပါမလာခဲ့သေးဘူးဗျ ”

“ဘာပြောတယ်”

“ဟို ဟို ဟိုဘက်ရွာကိုသွားပြီး အခုမှသွားဝယ်ပေးမလို့ လုပ်နေတာပါဗျာ”

သရဲကြီးကအသံအက်ကွဲကွဲကြီးဖြင့်
အော်လိုက်သည့်အတွက်ဖိုးစိန်ခင်ဗျာ
အမြန်အဆန်ဖြေလိုက်ရလေသည်။

ပိုင်ဇေကတော့ဖိုးစိန်ကိုကြည့်လိုက်
သင်္ချိုင်းထဲကသရဲကြီးအားကြည့်
လိုက်ဖြင့်
ကြောက်လန့်နေလေသည်။

“ငါမယုံဘူးကွ မင်းတို့ငါ့ကို အကူအညီတောင်းခဲ့တုန်းကလည်း ဒီအချိန်ပဲ
ငါ့ကိုအရက်နဲ့ကြက်ကြော်ကျွေးရမယ့်
အချိန်ကလည်းဒီအချိန်ပဲ
မင်းတို့က ငါ့ကိုပေးတဲ့ကတိမတည်မှတော့
ငါလည်းလုပ်သင့်တာလုပ်ရတာပေါ့ကွာ
ဟား ဟား ဟား ”

သရဲကြီးက ရုတ်တရက်ဖိုးစိန်၏လည်ပင်းအား
သူ၏ကြီးမားလှသောလက်ကြီးဖြင့်
မကာသတ်တော့မည့်ဟန်ပြင်နေလေ
သည်။

ဖိုးစိန်၏ခြေထောက်က မြေပြင်နှင့်တစ်တောင်ခန့်ကွာအောင်
မြှောက်တက်နေလေသည်။

သန်မာလှသောလက်ကြီးဖြင့်လည်ပင်အား
ချုပ်ထားခံရသဖြင့် ဖိုးစိန်တစ်ယောက်
အသက်ရှူလို့မရအောင်မွန်းကြပ်နေလေသည်။

နောက်ဆုံးရှိသမျှအားဖြင့်ရုန်းကန်ကြည့်သည်
လုံးဝမရပေ၊ထို့ကြောင့် ရှိသည့်အားလေးဖြင့်
ပိုင်ဇေအားပြေးရန်ပြောလိုက်သည်။

“ပိုင်ဇေ ပြေး ပြေးတော့”

ကြောင်ပြီးရပ်ကြည့်နေသည့်ပိုင်ဇေလည်း
ဖိုးစိန်အားမည်သို့ ကူညီရမှန်းမသိ
သူကူညီလို့လည်းရမည့်ပုံမပေါ်ပေ။

ထို့ကြောင့် ဖိုးစိန်၏အော်ဟစ်အသိပေးသံကြားမှ
သတိဝင်လာကာသင်္ချိုင်းအတွင်းမှ
ထွက်ပြေးလာခဲ့တော့သည်။

နောက်ကိုလှည့်ကြည့်တော့ သရဲကြီး၏လက်ထဲတွင်ဖိုးစိန်မှာမြေပြင်
နှင့်လွတ်ကာတန်းလန်းကြီးဖြစ်နေလေ
သည်။

ပိုင်ဇေလည်းဖနောင့်နှင့်တင်ပါးတစ်သားတည်း
ကျအောင်ရွာထဲပြေးဝင်လာခဲ့လေသည်။

ရွာကိုရောက်တော့ ဖိုးစိန်၏မိခင်ဖခင်တို့အား
အသိပေးအကြောင်းကြားလိုက်သည်။
ထို့နောက်ရွာလူကြီးထံသို့ပြေးကာအကူအညီ
တောင်းရပြန်သည်။

ရွာလူကြီးလည်းသိသိခြင်းရွာမှကာလသားများနှင့်
ရွာသင်္ချိုင်းထဲသို့တဖန်ပြန်လာခဲ့ကြသည်။

===============

သင်္ချိုင်းထဲသို့ရွာသားများမီးတုတ်များ
ကိုင်ဆွဲကာ
ရောက်လာခဲ့ကြသည်။
သင်္ချိုင်းကြီးတစ်ခုလုံးအပ်ကျသံပင်ကြား
ရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေသည်။

“ပိုင်ဇေ ဖိုးစိန်ကိုထားခဲ့တဲ့နေရာက
ဘယ်နားမှာလဲ”

“ဟိုးအရှေ့နားလေးမှာပါ သူကြီး”

ပိုင်ဇေလည်းရွာသားများအား ဖိုးစိန်ရှိသည့်
နေရာအားလိုက်ပြလိုက်သည်။

“ဟင်…”

“ဟာ…”

“ဖိုးစိန် သူငယ်ချင်း သူငယ်ချင်း
ဟေ့ကောင်ငါ့ကိုထားခဲ့ပြီလားဟ
ဖိုးစိန် အီး ဟီး ဟီး”

မြေပေါ်တွင်ပုံပျက်ပန်းပျက်သေဆုံးနေ
သော
ဖိုးစိန်အလောင်းမှာမျက်နှာက
နောက်ကျောဘက်သို့ရောက်နေပြီး ဝမ်းဗိုက်ကပွင့်ထွက်နေပြီးအူတွေအလိပ်လိပ်ထွက်
ကျကာသေဆုံးနေလေသည်။

ပိုင်ဇေလည်းသူငယ်ချင်းဖြစ်သူ၏
အလောင်းအား
မြင်ကာဝမ်းနည်းရလေသည်။

“ဖြစ်မှဖြစ်ရလေဖိုးစိန်ရာ ငါ့ကို
အသက်ဘေးကလွတ်အောင်ထွက်
ပြေးခိုင်းခဲ့
တယ်နော် မင်းကွာ ငါဘယ်လိုဖြေရမလဲ
ဖိုးစိန်ရာ”

“သား ဖိုးစိန် လူကလေးဖြစ်မှဖြစ်ရလေကွာ
အဖေအတန်တန်ပြောတဲ့ကြားက
အခုဖြစ်ပြီပေါ့ကွ”

ဖိုးစိန်၏ဖခင်လည်းသားဖြစ်သူ၏
အလောင်းအား
ကြည့်ကာရင်ထုမနာဖြစ်ပြီး
ငိုနေလေသည်။

“ဖိုးစိန်အလောင်းကဘယ်လိုမှရွာပြန်
သယ်လို့
မဖြစ်ဘူးရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ
ဖိုးစိန်အမေလည်းသူ့သားအလောင်းကို
မြင်ရင်ယူကျုံးမရဖြစ်နေဦးမှာ
ဒီတော့တစ်ခါတည်းမြေမြှုပ်ပစ်လိုက်တာ
ကောင်းမယ်”

သူကြီးကထိုသို့ပြောလိုက်လေသည်။

“သူကြီးသဘောပါပဲဗျာ ကျုပ်သားရဲ့
အဖြစ်ကိုကဆိုးလွန်းပါတယ် သူကြီးရာ”

“ဘယ်တတ်နိုင်မလဲဗျာ သူ့ရဲ့ကံတရားကိုက
အခုလိုဖြစ်ရမယ့်ကံပါလာခဲ့ပြီကိုးဗျာ
ကဲ ကဲ အလောင်းကိုမြေချဖို့လုပ်ကြစို့”

“ဟုတ်ကဲ့ သူကြီး”

ဖိုးစိန်အလောင်းအားညတွင်းချင်းပင်
သင်္ချိုင်းထဲမှာမြေမြှုပ်လိုက်ကြလေသည်။

“နောက်တစ်ခါ ကိုယ့်ဘက်ကကတိမတည်
နိုင်ပဲနဲ့ ပရလောကသားတွေကို သွားမစမ်းမိစေနဲ့ပိုင်ဇေ သူတို့က ကတိတစ်လုံးကို
တစ်စက်ကလေးမှအထိအခိုက်ခံတာ
မဟုတ်ဘူး အခုပဲကြည့် လူတစ်ယောက်ရဲ့
အသက်နေရင်းထိုင်ရင်းသေခဲ့ရပြီ
မဟုတ်လား”

“ဟုတ်ကဲ့ သူကြီးကျွန်တော်နားလည်ပါပြီ
သင်ခန်းစာလည်းရခဲ့ပါပြီ”

ပိုင်ဇေ၏ဘဝတွင်ယခုအဖြစ်အပျက်က
ဘယ်တော့မှမေ့နိုင်တော့မည်မဟုတ်ပေ
ဘာမဟုတ်တဲ့အရာလေးတစ်ခုကြောင့်
သရဲသတ်တာခံလိုက်ရသည့်ဖိုးစိန်
အတွက်
စိတ်မကောင်းဖြစ်ခဲ့ရတော့သည်။

ဖိုးစိန်ရဲ့ အဖြစ်အပျက်ကလူတိုင်းပါးစပ်ဖျားမှာ
ပြောစမှတ်လည်းတွင်ခဲ့ရလေသည်။

ကိုယ်မတည်နိုင်တဲ့ကတိကို
ပရလောကသားများအားသွားမပေးမိပါ
စေနဲ့
ဖိုးစိန်၏အဖြစ်အားနမူနာယူနိုင်ကြပါစေ။

လက်မလေးတွေနှိပ်ပြီးအားပေးခဲ့ပါ

ပြီးပါပြီ

Zawgyi Version

ဖဲသမားကိုသတ္တဲ့သရဲ(စ/ဆုံး)
————————————–
“ေဟ့ေကာင္ ပိုင္ေဇ ဒီေန႔ဟိုဘက္႐ြာကနာေရးမွာ
ဖဲဝိုင္းရွိတယ္ ငါညဖဲသြား႐ိုက္မလို႔
မင္းလိုက္ဦးမလား”

“လိုက္ခဲ့မယ္ ဖိုးစိန္ ဒါေပမယ့္ ငါ့လက္ထဲ
ေငြသိပ္မက်န္ေတာ့ဘူးကြ”

“မင္းကလည္းဖဲေတာင္သြားမ႐ိုက္ရေသးဘူး
ပါးစပ္ႀကီးကေျပာၿပီ ဖဲႏိုင္ရင္ပိုက္ဆံေတြ
အမ်ားႀကီးရမွာေပါ့ကြ”

“ဒါနဲ႔ မင္းဘယ္အခ်ိန္သြားမွာလည္း
သြားရမယ့္႐ြာကလည္း သခ်ႋဳင္းကိုျဖတ္ၿပီး
သြားရမွာကြ”

“မင္းကလည္းေယာက်္ားမဟုတ္တဲ့
အတိုင္းပဲ
ညေန၆နာရီေလာက္သြားမွာ
ငါလာေခၚလွည့္မယ္ေလ”

“ေအးေအး ငါေစာင့္ေနမယ္ ဒါပဲ
ငါလုပ္စရာေတြရွိေသးတယ္ ျပန္ၿပီ ဖိုးစိန္”

ပိုင္ေဇလည္းဖိုးစိန္အားႏႈတ္ဆက္ၿပီး
ျပန္လာခဲ့သည္။
ပိုင္ေဇႏွင့္ဖိုးစိန္ကငယ္သူငယ္ခ်င္းမ်ားျဖစ္ၾကၿပီး
ဖဲဂ်ိဳးမ်ားလည္းျဖစ္ၾကသည္။

ရပ္ထဲ႐ြာတြင္သာမက႐ြာနီးခ်င္းက
ဖဲဝိုင္းမ်ားကိုလည္းအနံ႔ခံကာလိုက္လံရွာေဖြၿပီး
ဖဲကစားတတ္ၾကသည္။

ထို႔ေၾကာင့္ မိဘမ်ားက သူတို႔၂ေယာက္အား
ဆိုဆုံးမၾကသည္။
မည္သို႔ပင္ဆုံးမပါေစ ေျပာမႏိုင္ဆိုမႏိုင္၍
မိဘမ်ားကလက္ေလွ်ာ့ကာလႊတ္ထားၾက
ရသည္။

ထို႔ေၾကာင့္ သူတို႔၂ေယာက္အား႐ြာထဲမွ
အပ်ိဳမ်ားကစိတ္မဝင္စားစိတ္မကူးရဲၾက
ေပ.

သူတို႔၂ေယာက္ကလည္း ဖဲမွဖဲ ဖဲ႐ိုက္ေနရရင္
ဘာမွသိၾကသည့္လူမ်ားမဟုတ္ေပ။

ဖဲအားထမင္းေမ့ဟင္းေမ့႐ိုက္ၾကေလ
သည္။
သူတို႔လုပ္သမွ်အလုပ္မွရလာသည့္ေငြမ်ားက
လည္းဖဲ႐ိုက္၍ကုန္သြားၾကသည္မွာမ်ားသည္။

================

“ပိုင္ေဇ ပိုင္ေဇ ”

“ေၾသာ္ ဖိုးစိန္ ေနဦးငါလာၿပီ”

“ထမင္းစားၿပီးၿပီလားကြ”

“စားၿပီးၿပီေလ ဘာျဖစ္လို႔လည္း”

“ဖဲ႐ိုက္တဲ့အခါ မင္းဗိုက္ဆာၿပီးအိမ္ျပန္ေနရမွာစိုးလို႔ေပါ့ကြ”

“စားၿပီးပါၿပီ လာသြားၾကရေအာင္
ေတာ္ၾကာအေဖျပန္လာတာနဲ႔မိရင္
ငါအသုပ္ခံေနရဦးမယ္ လာ”

ပိုင္ေဇႏွင့္ဖိုးစိန္လည္း တစ္ဖက္႐ြာနာေရးရွိရာသို႔ထြက္လာခဲ့ၾကသည္။

“ပိုင္ေဇ ငါမင္းကိုတစ္ခုေျပာရဦးမယ္”

“ေအးေျပာေလ ဘာမ်ားလဲ”.

“ဒီလိုကြ မင္းလည္းၾကားဖူးမွာပါ
ပရေလာကသားေတြကို အကူအညီေတာင္းၿပီး
ဖဲသြား႐ိုက္ရင္ႏိုင္တယ္ဆိုတာေလ”.

“ေအး ငါၾကားဖူးသားပဲ ဘာျဖစ္လဲ”

“ေအး အခုငါ႐ြာသခ်ႋဳင္းထဲက ပရေလာကသား
တစ္ေယာက္ကိုေခၚၿပီးအကူအညီ
ေတာင္းမလို႔ကြ”

“ဟာ…ဘာေတြေလွ်ာက္လုပ္မလို႔လည္း
ဖိုးစိန္ ေတာ္ၾကာဒုကၡေတြျဖစ္ေနပါဦးမယ္”

“မျဖစ္ပါဘူးကြာ မင္းကလည္း
မင္းေၾကာက္တတ္ရင္အသာေန ငါလုပ္ျပမယ္
ၾကည့္ေန”

ဤသို႔ျဖင့္ ႐ြာသခ်ႋဳင္းထဲေရာက္လာခဲ့ၾကသည္။

အုတ္ဂူမ်ားေျမပုံမ်ား ယိုင္နဲ႔နဲ႔ ဇရပ္ႀကီးကလည္း
ၾကက္သီးထဖြယ္ျမင္ေနရေလသည္။
ခပ္လွမ္းလွမ္းကေျမပုံတခ်ိဳ႕ ဆိုလွ်င္
လူအ႐ိုးေခါင္းမ်ား ဒူး႐ိုးမ်ား လက္ဖ်ံ႐ိုးမ်ားက
ဟိုတစ္ေခ်ာင္းသည္တစ္ေခ်ာင္းပ်ံ႕က်ဲ
ေနေလသည္။

ထိုအရာေတြကိုျမင္ၿပီးပိုင္ေဇက
ၾကက္သီးေမႊးညႇင္းမ်ားထလာခဲ့ေလသည္။

႐ြာသခ်ႋဳင္းကတစ္ဖက္႐ြာသို႔သြားလွ်င္
မျဖစ္မေနျဖတ္ၿပီးသြားေနၾကဆိုေပမယ့္
အခုလိုညဘက္မ်ိဳးေတာ့မသြားခဲ့ဖူးေပ။

ပိုၿပီးေၾကာက္ဖို႔ေကာင္းသည္က ဖိုးစိန္က
ပရေလာကသားအားေခၚယူမည္ဆိုျခင္း
ေၾကာင့္ျဖစ္ေလသည္။

“ဒီသခ်ႋဳင္းအတြင္းမွာရွိၾကတဲ့ မျမင္အပ္မျမင္ရသည့္ပရေလာကသားမ်ားအား
အကူအညီေတာင္းလိုပါသည္
ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္သူငယ္ခ်င္းတို႔
တစ္ဖက္႐ြာကနာေရးကိုသြားၿပီး
ဖဲသြား႐ိုက္ၾကမွာပါ
ဒါေၾကာင့္ဒီသခ်ႋဳင္းတြင္းက ကြၽန္ေတာ္တို႔
သူငယ္ခ်င္းႏွစ္ေယာက္အားဖဲႏိုင္ေအာင္
ကူညီေပးမယ့္ပရေလာကသား
တစ္ေယာက္အား
ဖိတ္ေခၚပါတယ္ အကယ္၍ကြၽန္ေတာ္တို႔ကို
ဖဲႏိုင္ေအာင္ကူညီေပးပါက
အရက္ႏွင့္ၾကက္ေၾကာ္အား ကူညီေပးတဲ့ ပရေလာကသားအားျပန္ၿပီးေကြၽးေမြးေပး
သြားမွာပါခင္ဗ်ား ကူညီႏိုင္မယ့္ပရေလာကသားရွိရင္ေျမပုံအား
၃ခ်က္႐ိုက္ျပပါ”

ဖိုးစိန္၏အသံကသခ်ႋဳင္းတစ္ခုလုံး
က်ယ္ေလာင္စြာထြက္ေပၚေနသည္။
ပိုင္ေဇလည္းမ်က္လုံးမ်ားကဂဏွာမၿငိမ္
ျဖစ္ၿပီးဟိုၾကည္ဒီၾကည့္ျဖင့္
ေၾကာက္ေနေလသည္။

ဖိုးစိန္၏စကားသံဆုံးသည္ႏွင့္

“ဘုတ္ ဘုတ္ ဘုတ္”

“ဟင္…”

“ဟာ…ကူညီမယ့္ေကာင္ေတာ့ေရာက္ေနၿပီ
ထင္တယ္”

ဖိုးစိန္ကစိတ္ထဲမွေျပာကာဝမ္းသာသြား
ေလသည္။

“ကဲ အခုကူညီမယ့္သူကို ကြၽန္ေတာ္ကတိေပးပါတယ္ ဒီကေန႔ကစၿပီး
ေနာက္၃ရက္တိတိဖဲ႐ိုက္တိုင္းႏိုင္ေအာင္
လုပ္ေပးပါ အရက္နဲ႔ၾကက္ေၾကာ္ကို
၃ရက္ျပည့္တာနဲ႔ ခ်က္ခ်င္းေကြၽးပါ့မယ္လို႔
ကတိခံပါတယ္ဗ်ာ ကြၽန္ေတာ့္ေတာင္းဆိုခ်က္ကိုလက္ခံရက္
ေနာက္ထပ္ေျမပုံကို၂ခ်က္ပုတ္ျပပါ”

“ဘုတ္ ဘုတ္”

သခ်ႋဳင္းထဲကသရဲကလည္း ဖိုးစိန္ၾကားေအာင္
ေျမပုံအားခပ္ျပင္းျပင္း၂ခ်က္ပုတ္ျပေလသည္။

ပိုင္ေဇကေတာ့အသံသာၾကားၿပီး
မျမင္ရသည့္သရဲအားဖင္တုန္ေအာင္
ေၾကာက္ေနေလသည္။

“ကြၽန္ေတာ့္ေတာင္းဆိုခ်က္ကိုလက္ခံၿပီဆိုေတာ့
ကြၽန္ေတာ္တို႔ကိုခြင့္ျပဳပါဦး”

“ပိုင္ေဇ လာသြားမယ္”

“ေဟ့ေကာင္ ဖိုးစိန္မင္းဟာက
ျဖစ္ပါ့မလား ေတာ္ၾကာငါတို႔ကို တစ္ခုခု
လုပ္လိုက္မွျဖင့္”

“မလုပ္ပါဘူးကြာ မင္းကလည္းစိုးရိမ္တတ္လိုက္တာလြန္
ေရာ”

“ငါကမလိုလားတဲ့ျပႆနာေတြျဖစ္မွာ
စိုးလို႔ေျပာတာပါကြ”

“ေအးပါ ငါနားလည္ပါတယ္”

ဤသို႔ျဖင့္ တစ္ဖက္႐ြာမွနာေရးအိမ္သို႔
ေရာက္လာၾကေလသည္။
သူတို႔ေရာက္ေတာ့ဖဲဝိုင္းကလူစည္ေနၿပီ
ျဖစ္သည္။

“ဟာ…ပိုင္ေဇနဲ႔ ဖိုးစိန္ပါလားကြ
လာၾကကြာလာၾက ငါတို႔က မင္းတို႔၂ေယာက္ကို
ေမွ်ာ္ေနတာ အရင္တစ္ခါက မင္းတို႔ဆီကေန
ဖဲႏိုင္ထားေတာ့ မေက်ပြဲလာႏႊဲၾကတယ္ေပါ့ဟုတ္လား”

“ဟဲဟဲ ဖိုးစိန္ေလကြာ မေက်ပြဲႏႊဲကိုႏႊဲရမယ္ေလဒါေၾကာင့္ ဒီကိုလာခဲ့ၾက
တာ”

“ကဲ ထိုးထား ထိုးထားေနာ္ စေတာ့မယ္”

“ပိုင္ေဇ လာ”

ပိုင္ေဇနဲ႔ဖိုးစိန္လည္း ေနရာယူလိုက္ၿပီး
ပါလာသည့္ေငြအနည္းငယ္အားေရွ႕သို႔
ခ်ထားလိုက္သည္။

လူစုံသည္ႏွင့္ဖဲအားစေဝလိုက္သည္။

“ေရာ့ကြာ လာထား”

“ကဲကြာ လက္ကီးခ်ပ္ေလးေတြလာထား”

ဖဲဝိုင္းစလိုက္သည္ႏွင့္ပိုင္ေဇတို႔ သူငယ္ခ်င္း
၂ေယာက္ကသိသိသာသာအႏိုင္ရေနေလသည္။

ဒါကိုသိေနေသာ ပိုင္ေဇႏွင့္ဖိုးစိန္က
တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး
ၿပဳံးေနၾကေလသည္။

တစ္လွည့္ၿပီးတစ္လွည့္႐ိုက္လာခဲ့သည့္
ဖဲကစားပြဲတြင္ ဖိုးစိန္ႏွင့္ပိုင္ေဇတို႔ကပဲ
အၿမဲႏိုင္ေနေလသည္။

ဖဲႏိုင္သည့္ပိုက္ဆံေတြဆိုလွ်င္ ထည့္စရာအိတ္မရွိသျဖင့္ ပိုင္ေဇ၏ပုဆိုးအား
ခြၽတ္ကာပုဆိုးထဲထည့္ထားရေလသည္။

ပိုင္ေဇကလည္းေဘာင္းဘီတိုျဖင့္ ထိုင္ကာ
ဖဲဝိုင္းအားဆက္ကစားေနလိုက္သည္။

႐ိုက္သမွ်ပြဲတိုင္းႏိုင္ေနသည့္ပိုင္ေဇတို႔
သူငယ္ခ်င္း၂ေယာက္အားတျခားဖဲကစားသမားမ်ားကအျမင္မၾကည္ၾကေတာ့ေပ။

ရႈံးမဲမဲေနၾကေတာ့သည္။

“ဒီေန႔ဘယ္လိုျဖစ္ေနပါလိမ့္ကြာ
စကတည္းကရႈံးေနေတာ့တာပဲ”

“ဒါအတုံ႔ အလွည့္လို႔ေခၚတယ္ဗ်
ေလာင္းကစားတစ္ခုမွာအႏိုင္နဲ႔အရႈံး
ႏွစ္ခုပဲရွိတယ္ကိုယ့္လူ ဟား ဟား ဟား”

“ေျပာထားႏွင့္ဦးေပါ့ ဖိုးစိန္ရာ”

ပထမညဖဲဝိုင္းအား၁၂နာရီမထိုးခင္
ဖိုးစိန္ႏွင့္ပိုင္ေဇတို႔႐ြာျပန္လာခဲ့ၾကသည္။

လက္ထဲမွာလည္းပုဆိုးႏွင့္ထုပ္ထားသည့္
ပိုက္ဆံေတြကလည္းမနည္းမေနာပင္

“ဖိုးစိန္ မင္းအကူအညီေတာင္းတဲ့သရဲက
ငါတို႔ကိုဖဲႏိုင္ေအာင္လုပ္ေပးပါ့ပဲကြ”

“ႏိုင္ရမယ္ေလ မင္းသူငယ္ခ်င္းဖိုးစိန္ပါကြ
ဟား ဟား ဟား မနက္ျဖန္ၾကမွ ဒီေငြေတြကို
မင္းနဲ႔ငါခြဲၿပီးယူၾကမယ္”

“ေအးပါကြာ ေအးပါ ”

႐ြာသခ်ႋဳင္းအနားမွျဖတ္ေက်ာ္လာခဲ့ၾက
သည္။

ဖိုးစိန္ကသခ်ႋဳင္းနားသို႔ေရာက္ေတာ့

“ကြၽန္ေတာ္တို႔ကိုဖဲႏိုင္ေအာင္လုပ္ေပးလို႔
ေက်းဇူးပါကိုေ႐ႊသရဲေရ ေနာက္မွေက်းဇူး
ဆပ္မယ္ဗ်ာ ဟဲဟဲ”

သခ်ႋဳင္းဘက္သို႔လွည့္ၿပီးေအာ္ေျပာလိုက္သည့္အသံကညဥ့္နက္သန္းေခါင္ဆို
ေတာ့က်ယ္ေလာင္စြာ
ၾကားေနရေလသည္။

“ဟား ဟား ဟား ဖိုးစိန္မင္းကေတာ့
တကယ္မလြယ္တဲ့ေကာင္ပဲ သိလား”

“လာျပန္ၾကေအာင္ မင္းကိုငါလိုက္ပို႔ေပးမယ္”

ဖိုးစိန္ကပိုင္ေဇအားအိမ္အထိလိုက္ပို႔ေပး
ၿပီးမွျပန္သြားေလသည္။

ပိုင္ေဇလည္းအိမ္ထဲသို႔ ခိုးၿပီးဝင္လာခဲ့သည္။
မိဘမ်ားမၾကားေအာင္ေျခသံအားခပ္ဖြဖြ
နင္းကာေလွ်ာက္လာခဲ့သည္။

“ဒါကဘယ္အခ်ိန္ရွိၿပီလဲ ပိုင္ေဇ”

“ခင္ ခင္ဗ်ာ”

အိမ္ထဲအေရာက္ ေမးလိုက္သည့္အသံေၾကာင့္
ပိုင္ေဇလန႔္သြားေလသည္။

“ေၾသာ္ အေမ ဟီးဟီး”

“ဟီးဟီး လုပ္မေနနဲ႔ နာရီကိုၾကည့္စမ္းဘယ္အခ်ိန္ရွိၿပီလဲ
မင္းဖေအႏိုးလို႔သိသြားရင္
နင္ေသၿပီမွတ္”

“အေမကလည္း အခုမွ၁နာရီထိုးမလို႔ပဲ
ရွိပါေသးတယ္ဗ်ာ့ ဟဲ ဟဲ”

“လက္ထဲကပုဆိုးထဲမွာဘာေတြလဲ”

“ေၾသာ္ ဒါလားဘာမွမဟုတ္ပါဘူးအေမရဲ႕
ဟိုေကာင္ ဖိုးစိန္ရဲ႕ အဝတ္အစားေတြေပါ့ဗ်ာ
သူမသယ္ခ်င္တာနဲ႔ သားကိုခဏေပးလိုက္တာ”

“ငါသိပ္မေျပာခ်င္ဘူး ပိုင္ေဇ သြားတက္အိပ္ေတာ့”

“ဟုတ္အေမ”

ပိုင္ေဇလည္းလက္ထဲမွပုဆိုးထုပ္အား
အိမ္ခန္းထဲေရာက္မွဖြက္ထားလိုက္ရ
သည္။

===================

“ေရာ့ ဒါကမင္းအတြက္ ဒါကငါ့အတြက္
ငါကေတာ့နည္းနည္းပိုယူလိုက္တယ္ကြာ
ဘာလို႔လည္းဆိုေတာ့ ငါကသခ်ႋဳင္းထဲထိဝင္ၿပီးသရဲဆီမွာ
အကူအညီေတာင္းရေသးတယ္ေလ ဒါေၾကာင့္ပါ”

“ငါနားလည္ပါတယ္ကြာ သူငယ္ခ်င္း
အခ်င္းခ်င္းေတြပဲ ရပါတယ္ ေခါင္းထဲမထားပါဘူး”

“ညသြားဖို႔ရွိေသးတယ္ေနာ္ ညေနၾကရင္
အဆင္သင့္လုပ္ထား”

“ေအးပါ မင္းသာလာေခၚလွည့္
ငါေစာင့္ေနမယ္ ဒါေပမယ့္ ငါ့အေဖ
မသိေအာင္ေတာ့ေခၚေနာ္
ငါ့အေဖသိရင္ လက္သီးစာမိေနမွာ”

“ေအးပါ ငါသိပါတယ္ကြ လာကြာ
ပိုက္ဆံေလးေထာတုန္း အရက္ဆိုင္မွာ
ဇိမ္သြားခံၾကမယ္”

“ေအး အဲ့ဒါေကာင္းတယ္”

ပိုင္ေဇႏွင့္ဖိုးစိန္တို႔ လက္ထဲတြင္ေငြ႐ႊင္ေနသျဖင့္
အရက္ဆိုင္တြင္အျမည္းေကာင္းေကာင္းမွာကာ
ေသာက္စားေနၾကေလသည္။

================

ညေနေစာင္းေတာ့ ထုံးစံအတိုင္း ဖိုးစိန္က
ပိုင္ေဇအားလာေခၚေလသည္။

“ပိုင္ေဇ ”

“ေဟး လာၿပီ ”

“မင္းဘိုးေတာ္ႀကီးရွိလား”

“ရွိတယ္ ေနာက္ေဖးမွာႏြားစာစင္းေနေလရဲ႕”

“လာသြားၾကစို႔ ”

“ဒီေန႔ သခ်ႋဳင္းထဲဝင္ဦးမွာလား”

“ဝင္ရမွာေပါ့ ဖဲႏိုင္ေအာင္လို႔ ေသခ်ာထပ္ေျပာရမယ္ေလ ”

“ေၾသာ္ ေအးပါ”

ဖိုးစိန္ႏွင့္ပိုင္ေဇတို႔ ႐ြာသခ်ႋဳင္းထဲသို႔ေရာက္လာ
ၾကေလသည္။

“ဒီသခ်ႋဳင္းထဲတြင္ေနထိုင္ၿပီး ကြၽန္ေတာ္တို႔နဲ႔
ကတိတည္ထားတဲ့ ပရေလာကသားအား
ထပ္မံ၍အကူအညီေတာင္းပါတယ္ခင္ဗ်ား
ဒီကေန႔ ကြၽန္ေတာ္တို႔သူငယ္ခ်င္း၂ေယာက္

ဖဲ႐ိုက္သြားၾကေတာ့မွာျဖစ္တဲ့အတြက္
ဒီကေန႔မွာလည္းဖဲႏိုင္ေအာင္ကူညီေပးပါခင္ဗ်ာ
မနက္ျဖန္၃ရက္ျပည့္တဲ့ညမွာ အရက္နဲ႔ၾကက္ေၾကာ္အားေကြၽးပါ့မယ္လို႔
ကတိထပ္မံေပးပါတယ္ခင္ဗ်ာ

ကြၽန္ေတာ္တို႔အားထပ္မံကူညီမယ္ဆိုရင္
ကြၽန္ေတာ့္ကိုေျမစာခဲေလးမ်ားနဲ႔ ၃ခ်က္ထုေပးပါ”

ဖိုးစိန္၏စကားသံဆုံးသြားသည္ႏွင့္

“ဘုတ္ ဘုတ္ ဘုတ္”

“ဟာ…”

ဖိုးစိန္၏နံေဘးတြင္ကပ္ၿပီးရပ္ေနေသာ
ပိုင္ေဇလည္းအေကာင္အထည္မျမင္ပါပဲ
ေျမစာခဲေလးမ်ားလြင့္ပ်ံလာၿပီး
ဖိုးစိန္အားထိမွန္သြားသည္ကိုျမင္လိုက္ရသည့္
အတြက္အံ့ၾသမဆုံးႏိုင္ျဖစ္ေနသည္။

သခ်ႋဳင္းထဲကသရဲက ဒီေန႔လည္းဖဲႏိုင္ေအာင္
ကူညီမယ္မွန္းသိသျဖင့္ ဖိုးစိန္ကၿပဳံးၿပဳံးႀကီး
ျဖစ္ေနေလသည္။

ဖိုးစိန္ႏွင့္ပိုင္ေဇတို႔ သခ်ႋဳင္းထဲမွထြက္လာၾကၿပီး
တစ္ဖက္႐ြာကနာေရးအိမ္သို႔ေရာက္လာခဲ့ၾကသည္။

===============

“ဟား…ဖိုးစိႏၲိဳ့ပါလားလာၾက
မင္းတို႔ကိုေမွ်ာ္ေနၾကတာ”

“ခင္ဗ်ားကိုမလာေတာ့ဘူးထင္ေနတာ
မေန႔ကရႈံးထားတာဆိုေတာ့ေလ”

“ဖိုးစိန္ရာမင္းကငါ့ကိုလာလာခ်င္း
ေငါ့ေနပါလားကြ ဒီမယ္ဖိုးစိန္ မေန႔က
ရႈံးသြားတဲ့ေငြေလာက္ကေတာ့ ငါ့အတြက္
ပါပါ့ပဲရွိတယ္ငါ့ေကာင္
ဒီကေန႔ ေစာင့္ၾကည့္လိုက္ပါဦးကြ
ဘယ္သူကႏိုင္မလည္းဆိုတာ”

“အိုေကဗ်ာ စၾကတာေပါ့”

အျပန္အလွန္ေျပာဆိုေခ်ပၿပီးသည္ႏွင့္
ဖဲဝိုင္းအားစတင္လိုက္ၾကသည္။
ပိုင္ေဇႏွင့္ဖိုးစိန္တို႔က ကပ္လ်က္ထိုင္ေနၾက
ေလသည္။

“ကဲ လာထား ”

“လာစမ္း အပြင့္ေကာင္းေလး”

“ဟီး ဟီး”

ပိုင္ေဇမ်က္ႏွာကၿပဳံးၿပဳံးႀကီးျဖစ္ေနေလသည္။
တျခားဖဲကစားသူေတြရဲ႕ မ်က္ႏွာမွာေတာ့
ေခြၽးသီးေခြၽးေပါက္မ်ားျဖင့္အႀကံခက္ေနသည့္
ပုံစံမ်ိဳးျဖစ္ေနေလသည္။

“ကဲ…ဖဲခ်ပ္ေတြခ်ေတာ့ေလ ဘယ္လိုလဲ
မ်က္ႏွာပန္းမလွၾကပါလား ေလာင္းကစားပဲ
အရႈံးနဲ႔အႏိုင္တစ္ခုပဲရွိမွာေပါ့ဗ်”

“ေရာ့ ကြာ”

“လာထား လာထား ”

“ဟာ…”

ပြဲစစခ်င္းဖိုးစိန္ႏွင့္ပိုင္ေဇတို႔က ႏိုင္လိုက္ၾကသည္။
ပထမပြဲတစ္ပြဲတည္းမွာပင္ေငြအေတာ္မ်ားမ်ား
ရလိုက္ၾကသည္။

ထို႔ေနာက္တစ္ပြဲၿပီးတစ္ပြဲကစားလာၾက
ရင္း
အခ်ိန္တို႔ကုန္မွန္းမသိကုန္လာခဲ့သည္။

ပြဲစကတည္းကဖိုးစိန္ႏွင့္ပိုင္ေဇတို႔ကသာ
သိသိသာသာအႏိုင္ရခဲ့ေလသည္။
တျခားဖဲကစားမ်ားကေတာ့ တစ္ပြဲတေလသာ
အႏိုင္ရလိုက္ၾကသည္။

“ကဲ ကစားၾကဦးမွာလား ဘယ္လိုလည္းဗ်”

“ေတာ္ၿပီကြာ ပါသမွ်လည္းကုန္ၿပီ
အိမ္ပဲျပန္တာေကာင္းမယ္”

“ခင္ဗ်ားေငြလိုရင္နည္းနည္းပါးပါး
က်ဳပ္ဆီကယူပါ့လားဗ် က်ဳပ္အတိုးမယူပါဘူး
ဘယ့္ႏွယ့္လည္း”

“ေတာ္ပါၿပီကြာ ၾကာရင္ငါ့မိန္းမနဲ႔သတ္ရလိမ့္မယ္”

“ဒါျဖင့္ရင္လည္းေကာင္းပါၿပီဗ်ာ ျပန္ပါျပန္ပါ”

ဖဲဝိုင္းအားအဆုံးသတ္ၿပီး ဖိုးစိန္ႏွင့္ပိုင္ေဇတို႔
အိမ္ျပန္လာခဲ့ၾကေလသည္။

႐ြာသခ်ႋဳင္းနားသို႔ေရာက္ေတာ့ ဖိုးစိန္က
သခ်ႋဳင္းထဲကသရဲအားစကားလွမ္းေျပာ
ေလသည္။

“ကြၽန္ေတာ္တို႔ကိုအခုလိုဖဲႏိုင္ေအာင္
ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္
မနက္ျဖန္ခင္ဗ်ားအတြက္
အရက္နဲ႔ၾကက္ေၾကာ္
လာေကြၽးပါ့မယ္ဗ်ာ သြားၿပီဗ်ိဳ႕ သြားၿပီ”

“ဘုတ္”

“ဘုတ္”

“ဟင္…”

“ဟာ…ငါေျပာတာကိုၾကားၿပီးေျမစာခဲနဲ႔
လွမ္းပစ္ၿပီးစေနတာျဖစ္မယ္”

ဖိုးစိန္ႏွင့္ပိုင္ေဇအား သခ်ႋဳင္းအတြင္းမွ
သရဲကေျမစာခဲေလးမ်ားျဖင့္ေနာက္
ေက်ာအား
ထုကာအသိေပးလိုက္ျခင္းျဖစ္သည္။

ဖိုးစိန္ႏွင့္ပိုင္ေဇလည္း႐ြာထဲဝင္ကာ
ကိုယ့္အိမ္ကိုယ္ျပန္လာခဲ့ၾကသည္။

================

ေနာက္တစ္ေန႔ေရာက္ေတာ့
ဖဲ႐ိုက္ရန္ဖိုးစိန္ကပိုင္ေဇအားလာေခၚ
ေလသည္။

ဒီေန႔ ဖိုးစိန္ လာသည့္အခ်ိန္မွာ၇နာရီပင္
ထိုးေတာ့မည္ျဖစ္သည္။

“ေဟ့ေကာင္ ပိုင္ေဇလာသြားၾကစို႔ ”

“ဖိုးစိန္ မင္းကလည္း ေနာက္က်လိုက္တာကြာ ၇နာရီေတာင္ထိုးေတာ့မယ္ကြ
ဒီကေန႔ မင္းသခ်ႋဳင္းထဲကသရဲကို
အရက္နဲ႔ၾကက္ေၾကာ္ေကြၽးရမယ့္ေန႔ေနာ္
ဖိုးစိန္မင္းသရဲအတြက္အဲ့ဒါေတြစီစဥ္
ခဲ့ေသးလား”

“ဘာမွမလုပ္ခဲ့ဘူးကြ ”

“ဟာ မင္းစကားကိုအလြယ္မေျပာနဲ႔ဖိုးစိန္
ပရေလာကသားေတြကေပးၿပီးသား
ကတိကိုတည္မွႀကိဳက္ၾကတာကြ”

“ပိုင္ေဇ ဒီမွာမင္းကိုငါေျပာမယ္
ငါတို႔ဖဲႏိုင္တယ္ဆိုတာ ငါတို႔ဟာငါ့တို႔
ေခါင္းအေျခာက္ခံေငြအကုန္ခံၿပီး႐ိုက္ၾက
တာေလ ကံေကာင္းလို႔ငါတို႔ဖဲႏိုင္တယ္ကြာ
မင္းေျပာသလိုပရေလာကသားက
ကူညီတယ္ဆိုလည္းတစ္ပြဲတစ္ေလေပါ့ကြ
ငါတိုဉာဏ္စြမ္းထုတ္ႏိုင္မႈေၾကာင့္
ဒီလိုျဖစ္လာတာပါကြ
အဲ့ဒါေတြေခါင္းထဲသိပ္မထားပါနဲ႔ကြာ
လာပါသြားၾကမယ္”

“ေအးေအး”

ဖိုးစိန္၏နေမာ္နမဲ့ႏိုင္မႈေၾကာင့္ ပိုင္ေဇစိတ္ထဲ
ဘဝင္မက်ျဖစ္သြားရေလသည္။
နာနာဘာဝေလာကတြင္ကတိေပးၿပီးပါက
ထိုကတိတစ္ခုကအေရးႀကီးသည္ဟု
ပိုင္ေဇၾကားဖူးမွတ္ဖူးေလသည္။

ဖိုးစိန္၏ေပါ့ေပါ့ဆဆလုပ္ရက္ေၾကာင့္
ပိုင္ေဇစိတ္ေတြေလးလံေနခဲ့သည္။

===============

တျဖည္းျဖည္းႏွင့္႐ြာသခ်ႋဳင္းသို႔ေရာက္လာခဲ့ၾက
ေလသည္။
သခ်ႋဳင္းထဲေရာက္ေလပိုင္ေဇစိတ္ထဲတစ္ခုခုကို
စိုးထိတ္ေနမိေလသည္။

သခ်ႋဳင္း၏တစ္ေနရာအေရာက္ မည္းမည္းအရိပ္ႀကီးတစ္ခုက ပိုင္ေဇႏွင့္ဖိုးစိန္တို႔
အေရွ႕တည့္တည့္မွပိတ္ရပ္ေနေလသည္။

“ဟာ…”

“ဟင္.”

ဖိုးစိန္ႏွင့္ပိုင္ေဇတို႔၂ဦးသားအံ့ၾသထိတ္
လန႔္သြားၾကေလသည္။

တစ္ခါမွထိုကဲ့သို႔ အသြင္သ႑ာန္မ်ိဳး သူတို႔ဘဝတြင္မျမင္ဖူးခဲ့ၾကေပ။

႐ုတ္တရက္ျမင္လိုက္ရသည့္အခိုက္တြင္
ေတာ့
ရင္ေတြတဒိတ္ဒိတ္ခုန္ကာေၾကာက္ေနရေလသည္။

တျဖည္းျဖည္းႏွင့္မည္းမည္းအရာႀကီးက
ေၾကာက္စရာေကာင္းေသာအသြင္ပုံစံသို႔
ေျပာင္းလဲေရာက္ရွိလာေလသည္။

ဆံပင္ေမႊးမ်ားကေခါင္းေပၚတြင္
အနည္းမွ်ေပါက္ေရာက္ေနၿပီး
နား႐ြက္ႀကီး၂ဖက္က အလႉယပ္ေတာင္ႀကီး
တစ္ေခ်ာင္းစာခန႔္ရွိေလသည္။

တစ္ထြာခန႔္ရွိေသာ ပါးစပ္ၿပဲၿပဲႀကီးအတြင္းမွ
လ်ာႀကီးကအျပင္သို႔တြဲေလ်ာင္းက်ေန
ေလသည္။

အစြယ္ႀကီးေတြဆိုသည္မွာလူ၏လက္
သန္းခန႔္ရွိၾကေပမည္။
ပါးစပ္အတြင္းမွသြားေရမ်ားက စီးက်ေနေလသည္။

ဖိုးစိန္ႏွင့္ပိုင္ေဇတို႔ သရဲႀကီးအားၾကည့္ၿပီး
ၾကက္ေသေသေနမိေလသည္။
သူတို႔အကူအညီေတာင္းခဲ့ေသာသရဲႀကီးက
အရက္ႏွင့္ၾကက္ေၾကာ္ေကြၽးရမည့္ေန႔မွ
သူ႔ရဲ႕ ပုံသ႑ာန္အစစ္အမွန္အားျပသလိုက္
ျခင္းျဖစ္ေလသည္။

“ငါ့အတြက္အရက္နဲ႔ၾကက္ေၾကာ္ပါလာခဲ့လား”

“ဗ်ာ”

“ဖိုး ဖိုးစိန္ ဘယ္လိုလုပ္မလဲ”

သခ်ႋဳင္းထဲကသရဲႀကီးကသူတို႔၂ဦးအား
အရက္နဲ႔ၾကက္ေၾကာ္အားေမးေနၿပီျဖစ္
သည္။
ဖိုးစိန္လည္းတုန္တုန္ယင္ယင္ျဖစ္ေနေလသည္။

ပိုင္ေဇကိုၾကည့္လိုက္ေတာ့လည္း
ကိုယ္ခႏၶာတစ္ခုလုံးတုန္ယင္ေနေလ
သည္။
ဖိုးစိန္လည္းသရဲႀကီး၏အေမးအား
စိတ္ကိုခ်ဳပ္ထိန္းကာေျဖလိုက္ေတာ့သည္။

“ဟို ဟိုေလ အရက္နဲ႔ၾကက္ေၾကာ္က
အခုပါမလာခဲ့ေသးဘူးဗ် ”

“ဘာေျပာတယ္”

“ဟို ဟို ဟိုဘက္႐ြာကိုသြားၿပီး အခုမွသြားဝယ္ေပးမလို႔ လုပ္ေနတာပါဗ်ာ”

သရဲႀကီးကအသံအက္ကြဲကြဲႀကီးျဖင့္
ေအာ္လိုက္သည့္အတြက္ဖိုးစိန္ခင္ဗ်ာ
အျမန္အဆန္ေျဖလိုက္ရေလသည္။

ပိုင္ေဇကေတာ့ဖိုးစိန္ကိုၾကည့္လိုက္
သခ်ႋဳင္းထဲကသရဲႀကီးအားၾကည့္
လိုက္ျဖင့္
ေၾကာက္လန႔္ေနေလသည္။

“ငါမယုံဘူးကြ မင္းတို႔ငါ့ကို အကူအညီေတာင္းခဲ့တုန္းကလည္း ဒီအခ်ိန္ပဲ
ငါ့ကိုအရက္နဲ႔ၾကက္ေၾကာ္ေကြၽးရမယ့္
အခ်ိန္ကလည္းဒီအခ်ိန္ပဲ
မင္းတို႔က ငါ့ကိုေပးတဲ့ကတိမတည္မွေတာ့
ငါလည္းလုပ္သင့္တာလုပ္ရတာေပါ့ကြာ
ဟား ဟား ဟား ”

သရဲႀကီးက ႐ုတ္တရက္ဖိုးစိန္၏လည္ပင္းအား
သူ၏ႀကီးမားလွေသာလက္ႀကီးျဖင့္
မကာသတ္ေတာ့မည့္ဟန္ျပင္ေနေလ
သည္။

ဖိုးစိန္၏ေျခေထာက္က ေျမျပင္ႏွင့္တစ္ေတာင္ခန႔္ကြာေအာင္
ေျမႇာက္တက္ေနေလသည္။

သန္မာလွေသာလက္ႀကီးျဖင့္လည္ပင္အား
ခ်ဳပ္ထားခံရသျဖင့္ ဖိုးစိန္တစ္ေယာက္
အသက္ရႉလို႔မရေအာင္မြန္းၾကပ္ေနေလသည္။

ေနာက္ဆုံးရွိသမွ်အားျဖင့္႐ုန္းကန္ၾကည့္သည္
လုံးဝမရေပ၊ထို႔ေၾကာင့္ ရွိသည့္အားေလးျဖင့္
ပိုင္ေဇအားေျပးရန္ေျပာလိုက္သည္။

“ပိုင္ေဇ ေျပး ေျပးေတာ့”

ေၾကာင္ၿပီးရပ္ၾကည့္ေနသည့္ပိုင္ေဇလည္း
ဖိုးစိန္အားမည္သို႔ ကူညီရမွန္းမသိ
သူကူညီလို႔လည္းရမည့္ပုံမေပၚေပ။

ထို႔ေၾကာင့္ ဖိုးစိန္၏ေအာ္ဟစ္အသိေပးသံၾကားမွ
သတိဝင္လာကာသခ်ႋဳင္းအတြင္းမွ
ထြက္ေျပးလာခဲ့ေတာ့သည္။

ေနာက္ကိုလွည့္ၾကည့္ေတာ့ သရဲႀကီး၏လက္ထဲတြင္ဖိုးစိန္မွာေျမျပင္
ႏွင့္လြတ္ကာတန္းလန္းႀကီးျဖစ္ေနေလ
သည္။

ပိုင္ေဇလည္းဖေနာင့္ႏွင့္တင္ပါးတစ္သားတည္း
က်ေအာင္႐ြာထဲေျပးဝင္လာခဲ့ေလသည္။

႐ြာကိုေရာက္ေတာ့ ဖိုးစိန္၏မိခင္ဖခင္တို႔အား
အသိေပးအေၾကာင္းၾကားလိုက္သည္။
ထို႔ေနာက္႐ြာလူႀကီးထံသို႔ေျပးကာအကူအညီ
ေတာင္းရျပန္သည္။

႐ြာလူႀကီးလည္းသိသိျခင္း႐ြာမွကာလသားမ်ားႏွင့္
႐ြာသခ်ႋဳင္းထဲသို႔တဖန္ျပန္လာခဲ့ၾကသည္။

===============

သခ်ႋဳင္းထဲသို႔႐ြာသားမ်ားမီးတုတ္မ်ား
ကိုင္ဆြဲကာ
ေရာက္လာခဲ့ၾကသည္။
သခ်ႋဳင္းႀကီးတစ္ခုလုံးအပ္က်သံပင္ၾကား
ရေလာက္ေအာင္တိတ္ဆိတ္ၿငိမ္သက္ေနသည္။

“ပိုင္ေဇ ဖိုးစိန္ကိုထားခဲ့တဲ့ေနရာက
ဘယ္နားမွာလဲ”

“ဟိုးအေရွ႕နားေလးမွာပါ သူႀကီး”

ပိုင္ေဇလည္း႐ြာသားမ်ားအား ဖိုးစိန္ရွိသည့္
ေနရာအားလိုက္ျပလိုက္သည္။

“ဟင္…”

“ဟာ…”

“ဖိုးစိန္ သူငယ္ခ်င္း သူငယ္ခ်င္း
ေဟ့ေကာင္ငါ့ကိုထားခဲ့ၿပီလားဟ
ဖိုးစိန္ အီး ဟီး ဟီး”

ေျမေပၚတြင္ပုံပ်က္ပန္းပ်က္ေသဆုံးေန
ေသာ
ဖိုးစိန္အေလာင္းမွာမ်က္ႏွာက
ေနာက္ေက်ာဘက္သို႔ေရာက္ေနၿပီး ဝမ္းဗိုက္ကပြင့္ထြက္ေနၿပီးအူေတြအလိပ္လိပ္ထြက္
က်ကာေသဆုံးေနေလသည္။

ပိုင္ေဇလည္းသူငယ္ခ်င္းျဖစ္သူ၏
အေလာင္းအား
ျမင္ကာဝမ္းနည္းရေလသည္။

“ျဖစ္မွျဖစ္ရေလဖိုးစိန္ရာ ငါ့ကို
အသက္ေဘးကလြတ္ေအာင္ထြက္
ေျပးခိုင္းခဲ့
တယ္ေနာ္ မင္းကြာ ငါဘယ္လိုေျဖရမလဲ
ဖိုးစိန္ရာ”

“သား ဖိုးစိန္ လူကေလးျဖစ္မွျဖစ္ရေလကြာ
အေဖအတန္တန္ေျပာတဲ့ၾကားက
အခုျဖစ္ၿပီေပါ့ကြ”

ဖိုးစိန္၏ဖခင္လည္းသားျဖစ္သူ၏
အေလာင္းအား
ၾကည့္ကာရင္ထုမနာျဖစ္ၿပီး
ငိုေနေလသည္။

“ဖိုးစိန္အေလာင္းကဘယ္လိုမွ႐ြာျပန္
သယ္လို႔
မျဖစ္ဘူး႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနၿပီ
ဖိုးစိန္အေမလည္းသူ႔သားအေလာင္းကို
ျမင္ရင္ယူက်ဳံးမရျဖစ္ေနဦးမွာ
ဒီေတာ့တစ္ခါတည္းေျမျမႇဳပ္ပစ္လိုက္တာ
ေကာင္းမယ္”

သူႀကီးကထိုသို႔ေျပာလိုက္ေလသည္။

“သူႀကီးသေဘာပါပဲဗ်ာ က်ဳပ္သားရဲ႕
အျဖစ္ကိုကဆိုးလြန္းပါတယ္ သူႀကီးရာ”

“ဘယ္တတ္ႏိုင္မလဲဗ်ာ သူ႔ရဲ႕ကံတရားကိုက
အခုလိုျဖစ္ရမယ့္ကံပါလာခဲ့ၿပီကိုးဗ်ာ
ကဲ ကဲ အေလာင္းကိုေျမခ်ဖို႔လုပ္ၾကစို႔”

“ဟုတ္ကဲ့ သူႀကီး”

ဖိုးစိန္အေလာင္းအားညတြင္းခ်င္းပင္
သခ်ႋဳင္းထဲမွာေျမျမႇဳပ္လိုက္ၾကေလသည္။

“ေနာက္တစ္ခါ ကိုယ့္ဘက္ကကတိမတည္
ႏိုင္ပဲနဲ႔ ပရေလာကသားေတြကို သြားမစမ္းမိေစနဲ႔ပိုင္ေဇ သူတို႔က ကတိတစ္လုံးကို
တစ္စက္ကေလးမွအထိအခိုက္ခံတာ
မဟုတ္ဘူး အခုပဲၾကည့္ လူတစ္ေယာက္ရဲ႕
အသက္ေနရင္းထိုင္ရင္းေသခဲ့ရၿပီ
မဟုတ္လား”

“ဟုတ္ကဲ့ သူႀကီးကြၽန္ေတာ္နားလည္ပါၿပီ
သင္ခန္းစာလည္းရခဲ့ပါၿပီ”

ပိုင္ေဇ၏ဘဝတြင္ယခုအျဖစ္အပ်က္က
ဘယ္ေတာ့မွေမ့ႏိုင္ေတာ့မည္မဟုတ္ေပ
ဘာမဟုတ္တဲ့အရာေလးတစ္ခုေၾကာင့္
သရဲသတ္တာခံလိုက္ရသည့္ဖိုးစိန္
အတြက္
စိတ္မေကာင္းျဖစ္ခဲ့ရေတာ့သည္။

ဖိုးစိန္ရဲ႕ အျဖစ္အပ်က္ကလူတိုင္းပါးစပ္ဖ်ားမွာ
ေျပာစမွတ္လည္းတြင္ခဲ့ရေလသည္။

ကိုယ္မတည္ႏိုင္တဲ့ကတိကို
ပရေလာကသားမ်ားအားသြားမေပးမိပါ
ေစနဲ႔
ဖိုးစိန္၏အျဖစ္အားနမူနာယူႏိုင္ၾကပါေစ။

လက္မေလးေတြႏွိပ္ၿပီးအားေပးခဲ့ပါ

ၿပီးပါၿပီ