သမ္ဗုဒ္ဓေအစွမ်းနဲ့ထူးဆန်းသောမိန်းကလေး(စ/ဆုံး)

Unicode Version

သမ္ဗုဒ္ဓေအစွမ်းနဲ့ထူးဆန်းသောမိန်းကလေး(စ/ဆုံး)
———————————————————-
ထိုပုဂ္ဂိုလ်ကြီးအား
သူ၏မိတ်ဆွေတစ်ဦးက
တစ်ဆင့်ပြောပြပုံကို
ရေးသားထားခြင်းဖြစ်သည်။
ကျွန်တော်ဒီရန်ကုန်ကို
မလာခင်ကလေးက
ကျွန်တော်တို့မြို့မှာ
မိန်းမတစ်ယောက်ကို
ငွေ၅၀နဲ့ငှားပြီးရိုက်ဖို့
လူတစ်ယောက်က
စကားလာပြောတယ်။
ရိုက်ရမယ့်မိန်းမကတော့
ကျွန်တော်တို့နှင့်လဲမသိပါ
မိန်းကလေးကလည်း မိန်းမလယ်
ဆတ်ဆတ်ကြဲ နှုတ်ကြမ်း
အားကြမ်းထဲကပဲ။
ဒါကြောင့်လည်း
မုန်းပြီးရိုက်ခိုင်းဟန်တူပါရဲ့
ကျွန်တော်တို့ရိုက်ရမယ့်လူက
လူသုံးယောက်ခင်ဗျ။
မိန်းမတစ်ယောက်ကို
ယောက်ျားသုံးယောက်က
ရိုက်ရမယ်ဆိုတော့
ဘာမှခက်ခဲတဲ့
အလုပ်မဟုတ်တဲ့အတွက်
ကျွန်တော်တို့လည်း
သဘောတူလက်ခံပြီး
စရန်ငွေယူလိုက်တာပေါ့ဆရာရယ်။
ဒါထက်ပြောရဦးမယ်
ဒီမိန်းမက
ပစ္စည်းကလေးနည်းနည်းရှိပြီး
ဈေးမှာလည်း
ဆိုင်ထွက်တာဆိုတော့
ညနေတိုင်းသူဈေးကပြန်နေကျ။
အဲ့သလိုညနေနေဝင်ရီတစ်ရော
လူကောင်မမှတ်မိတမိအချိန်
ဈေးကအပြန်မှာ
ကျွန်တော်တို့ကလမ်းကနေ
အလစ်ချောင်းရိုက်ပြေးရမှာဆိုတော့
သိပ်လွယ်တာပေါ့ဆရာ။
ဒါနဲ့ကျွန်
တော်တို့လည်းရိုက်ဖို့ချောင်းတာ
သုံးရက္တိတိပဲ။
ဒါပေမဲ့
လစ်ကိုမလစ်ဘူးဆရာရေ့
ထူးဆန်းတာက
အခါတိုင်း
တစ်ယောက်တည်း
ပြန်လာနေကျမိန်းမ
ကျွန်တော်တို့စောင့်တဲ့နေ့တွေမှာ
အဖော်ယောက်ျားကြီးနှစ်ယောက်
ရှေ့ကတစ်ယောက်
နောက်ကတစ်ယောက်
စကားတပြောပြောနဲ့ချည်းပြန်လာတာ။
အင်း
ဒို့အကြံရိပ်မိလေရော့သလားဆိုပြီး
သုံးရက်တိတိဆက်စောင့်တယ်။
သုံးရက်လုံးဘဲအဖော်နဲ့ချည်း
တွေ့တွေ့နေရတော့
ကျွန်တော်တို့လည်း
လန့်လာတာပေါ့ဆရာ။
ကိုင်း ကျုပ်တော့
ခင်ဗျားတို့ အလုပ်ထဲ မပါတော့ဘူး။
ကျုပ်ဝေစုလည်းမယူတော့ဘူးဆိုပြီး
အေးအေးပဲနေလိုက်တယ်။
တစ်နေ့တော့
စိတ်မလုံတာနဲ့
ဒီမိန်းဆီသွားပြီး
စကားထောက်ကြည့်မိတယ်။
ခင်ဗျား ညနေအချိန်မတော်ကြီးမှာ တစ်ယောက်တည်း
ဈေးကပြန်ပြန်လာရတာ
မကြောက်ဖူးလားဗျာ လို့ မေးတော့
သူကလဲ နှုတ်ကကြမ်းကြမ်းနဲ့
အောင်မယ် ဘာလို့ကြောက်ရမှာလဲဟဲ့
နင်ကများ ငါ့ကိုဘာဘာညာညာ
လုပ်မယ်များ ကြံချင်သေးလို့လား ဆိုပြီး
ကတ်ကတ်လန် ထပွက်ပါလေရောဗျာ။
အင်း
မကြောက်တဲ့ မိန်းမကလား ဗျာ
ယောက်ျားအဖော် နှစ်ယောက်
ခေါ်ခေါ်ပြီး ပြန်လာရတယ်လို့
ကျွန်တော်ကစကား
အန်ထုတ်လိုက်တာကိုး။
ဘယ်ကယောက်ျား
အဖော်ခေါ်ရမှာတုန်း
သေခြင်းဆိုးရဲ့
မဟုတ်တစ်ရုတ်တွေ
နင်လာပြောနေပြန်ပြီ
ဘယ်မသိဆုန်းဗျ
ခင်ဗျားပါးစပ်ကတိုးတိုး တိုးတိုးနဲ့
စကားပြောပြီးလာတာ ကျုပ်မျက်စိနဲ့
အမြင်သားပဲဟာ။
ဟဲ့ သေခြင်းဆိုး
အဲ့ဒါစကားပြောတာ မဟုတ်ဘူးဟဲ့။
ငါ*သမ္ဗုဒ္ဓေ*ရွတ်ပြီးလာတာ။
သွားတိုင်း ငါရွတ်နေကျပဲလို့
ပြန်ပြောတယ် ဆရာရဲ့။
သမ္ဗဒ္ဓေဂါထာများ
ဘယ်လောက်စွမ်း သလဲဆိုတာ
အဲ့ဒါပဲ ကြည့်ပေတော့
ယောက်ျားကြီးရှေ့ကတစ်ယောက်
နောက်ကတစ်ယောက်
အစောင့်ရှောက် လိုက်ပါနေတာ
ကျွန်တော်တို့ကိုယ်တိုင်
အထင်အရှား မျက်စိနဲ့အမြင်သားပဲဟာ။
သမ္ဗဒ္ဓေဂါထာကို ရွတ်ဖတ်သွား၍၏
ကာယကံရှင်က မသိသော်လည်း
ရန်သူများမျက်စိ၌
မိန်းမသားတစ်ယောက်ထဲ
သွားနေပါလျက်
အစောင့် အဖော် ယောက်ျားကြီးများ
ပါလာသည်ဟု ထင်ရပုံ
ကိုယ်တွေ့ဖြစ်ရပ်မှာ ဤမျှသာဖြစ်ပါသည်။
သမ္ဗဒ္ဓေရွတ်ဖတ်ခြင်းအားဖြင့်
အန္တရာယ်ကင်းရုံမျှမက
စိတ်ချမ်းသာရာ ရမှု
လောကီကြီးပွားမှုများလည်း
ဖြစ်ပေါ်စေနိုင်ပါသည်။
(ဓမ္မာစရိယဦးဌေးလှိုင်၏
ရတနာသုံးပါးကျေးဇူးစာအုပ်
စာမျက်နှာ၇၀မှကူးယူပူဇော်တင်ပြပါသည်)
မေတ္တာဖြင့် Ashin Thu Mingala
Jan -2-2021-at-8-13am

Zawgyi Version

သမၺဳေဒၶအစြမ္းနဲ႔ထူးဆန္းေသာမိန္းကေလး(စ/ဆံုး)
———————————————————-
ထိုပုဂၢိဳလ္ႀကီးအား
သူ၏မိတ္ေဆြတစ္ဦးက
တစ္ဆင့္ေျပာျပပုံကို
ေရးသားထားျခင္းျဖစ္သည္။
ကြၽန္ေတာ္ဒီရန္ကုန္ကို
မလာခင္ကေလးက
ကြၽန္ေတာ္တို႔ၿမိဳ႕မွာ
မိန္းမတစ္ေယာက္ကို
ေငြ၅၀နဲ႔ငွားၿပီး႐ိုက္ဖို႔
လူတစ္ေယာက္က
စကားလာေျပာတယ္။
႐ိုက္ရမယ့္မိန္းမကေတာ့
ကြၽန္ေတာ္တို႔ႏွင့္လဲမသိပါ
မိန္းကေလးကလည္း မိန္းမလယ္
ဆတ္ဆတ္ႀကဲ ႏႈတ္ၾကမ္း
အားၾကမ္းထဲကပဲ။
ဒါေၾကာင့္လည္း
မုန္းၿပီး႐ိုက္ခိုင္းဟန္တူပါရဲ႕
ကြၽန္ေတာ္တို႔႐ိုက္ရမယ့္လူက
လူသုံးေယာက္ခင္ဗ်။
မိန္းမတစ္ေယာက္ကို
ေယာက္်ားသုံးေယာက္က
႐ိုက္ရမယ္ဆိုေတာ့
ဘာမွခက္ခဲတဲ့
အလုပ္မဟုတ္တဲ့အတြက္
ကြၽန္ေတာ္တို႔လည္း
သေဘာတူလက္ခံၿပီး
စရန္ေငြယူလိုက္တာေပါ့ဆရာရယ္။
ဒါထက္ေျပာရဦးမယ္
ဒီမိန္းမက
ပစၥည္းကေလးနည္းနည္းရွိၿပီး
ေစ်းမွာလည္း
ဆိုင္ထြက္တာဆိုေတာ့
ညေနတိုင္းသူေစ်းကျပန္ေနက်။
အဲ့သလိုညေနေနဝင္ရီတစ္ေရာ
လူေကာင္မမွတ္မိတမိအခ်ိန္
ေစ်းကအျပန္မွာ
ကြၽန္ေတာ္တို႔ကလမ္းကေန
အလစ္ေခ်ာင္း႐ိုက္ေျပးရမွာဆိုေတာ့
သိပ္လြယ္တာေပါ့ဆရာ။
ဒါနဲ႔ကြၽန္
ေတာ္တို႔လည္း႐ိုက္ဖို႔ေခ်ာင္းတာ
သုံးရကၱိတိပဲ။
ဒါေပမဲ့
လစ္ကိုမလစ္ဘူးဆရာေရ႕
ထူးဆန္းတာက
အခါတိုင္း
တစ္ေယာက္တည္း
ျပန္လာေနက်မိန္းမ
ကြၽန္ေတာ္တို႔ေစာင့္တဲ့ေန႔ေတြမွာ
အေဖာ္ေယာက္်ားႀကီးႏွစ္ေယာက္
ေရွ႕ကတစ္ေယာက္
ေနာက္ကတစ္ေယာက္
စကားတေျပာေျပာနဲ႔ခ်ည္းျပန္လာတာ။
အင္း
ဒို႔အႀကံရိပ္မိေလေရာ့သလားဆိုၿပီး
သုံးရက္တိတိဆက္ေစာင့္တယ္။
သုံးရက္လုံးဘဲအေဖာ္နဲ႔ခ်ည္း
ေတြ႕ေတြ႕ေနရေတာ့
ကြၽန္ေတာ္တို႔လည္း
လန္႔လာတာေပါ့ဆရာ။
ကိုင္း က်ဳပ္ေတာ့
ခင္ဗ်ားတို႔ အလုပ္ထဲ မပါေတာ့ဘူး။
က်ဳပ္ေဝစုလည္းမယူေတာ့ဘူးဆိုၿပီး
ေအးေအးပဲေနလိုက္တယ္။
တစ္ေန႔ေတာ့
စိတ္မလုံတာနဲ႔
ဒီမိန္းဆီသြားၿပီး
စကားေထာက္ၾကည့္မိတယ္။
ခင္ဗ်ား ညေနအခ်ိန္မေတာ္ႀကီးမွာ တစ္ေယာက္တည္း
ေစ်းကျပန္ျပန္လာရတာ
မေၾကာက္ဖူးလားဗ်ာ လို႔ ေမးေတာ့
သူကလဲ ႏႈတ္ကၾကမ္းၾကမ္းနဲ႔
ေအာင္မယ္ ဘာလို႔ေၾကာက္ရမွာလဲဟဲ့
နင္ကမ်ား ငါ့ကိုဘာဘာညာညာ
လုပ္မယ္မ်ား ႀကံခ်င္ေသးလို႔လား ဆိုၿပီး
ကတ္ကတ္လန္ ထပြက္ပါေလေရာဗ်ာ။
အင္း
မေၾကာက္တဲ့ မိန္းမကလား ဗ်ာ
ေယာက္်ားအေဖာ္ ႏွစ္ေယာက္
ေခၚေခၚၿပီး ျပန္လာရတယ္လို႔
ကြၽန္ေတာ္ကစကား
အန္ထုတ္လိုက္တာကိုး။
ဘယ္ကေယာက္်ား
အေဖာ္ေခၚရမွာတုန္း
ေသျခင္းဆိုးရဲ႕
မဟုတ္တစ္႐ုတ္ေတြ
နင္လာေျပာေနျပန္ၿပီ
ဘယ္မသိဆုန္းဗ်
ခင္ဗ်ားပါးစပ္ကတိုးတိုး တိုးတိုးနဲ႔
စကားေျပာၿပီးလာတာ က်ဳပ္မ်က္စိနဲ႔
အျမင္သားပဲဟာ။
ဟဲ့ ေသျခင္းဆိုး
အဲ့ဒါစကားေျပာတာ မဟုတ္ဘူးဟဲ့။
ငါ*သမၺဳေဒၶ*႐ြတ္ၿပီးလာတာ။
သြားတိုင္း ငါ႐ြတ္ေနက်ပဲလို႔
ျပန္ေျပာတယ္ ဆရာရဲ႕။
သမၺေဒၶဂါထာမ်ား
ဘယ္ေလာက္စြမ္း သလဲဆိုတာ
အဲ့ဒါပဲ ၾကည့္ေပေတာ့
ေယာက္်ားႀကီးေရွ႕ကတစ္ေယာက္
ေနာက္ကတစ္ေယာက္
အေစာင့္ေရွာက္ လိုက္ပါေနတာ
ကြၽန္ေတာ္တို႔ကိုယ္တိုင္
အထင္အရွား မ်က္စိနဲ႔အျမင္သားပဲဟာ။
သမၺေဒၶဂါထာကို ႐ြတ္ဖတ္သြား၍၏
ကာယကံရွင္က မသိေသာ္လည္း
ရန္သူမ်ားမ်က္စိ၌
မိန္းမသားတစ္ေယာက္ထဲ
သြားေနပါလ်က္
အေစာင့္ အေဖာ္ ေယာက္်ားႀကီးမ်ား
ပါလာသည္ဟု ထင္ရပုံ
ကိုယ္ေတြ႕ျဖစ္ရပ္မွာ ဤမွ်သာျဖစ္ပါသည္။
သမၺေဒၶ႐ြတ္ဖတ္ျခင္းအားျဖင့္
အႏၲရာယ္ကင္း႐ုံမွ်မက
စိတ္ခ်မ္းသာရာ ရမႈ
ေလာကီႀကီးပြားမႈမ်ားလည္း
ျဖစ္ေပၚေစႏိုင္ပါသည္။
(ဓမၼာစရိယဦးေဌးလႈိင္၏
ရတနာသုံးပါးေက်းဇူးစာအုပ္
စာမ်က္ႏွာ၇၀မွကူးယူပူေဇာ္တင္ျပပါသည္)
ေမတၱာျဖင့္ Ashin Thu Mingala
Jan -2-2021-at-8-13am