“မိကျောင်းမျက်ရည်”(စ/ဆုံး)

Unicode Version

“မိကျောင်းမျက်ရည်”(စ/ဆုံး)
————————————
နယ်မြေအပိုင်စားရယ်လို့တော့ သတ်သတ်မှတ်မှတ် မရှိလှပါဘူး။ ဒါပေမယ့် အနေကြာလာတော့လဲ ကိုယ်ပိုင်ဒေသလို ဖြစ်လာတော့တာပါပဲ။
ဒီ ပသီကမာဟောက် မြစ်တစ်ကြောမှာလဲ ကိုယ့်ထက်ကြီးတဲ့အကောင်၊ ကိုယ့်ကို နိုင်မယ့်အကောင်ကလဲ မပေါ်သေးတော့ ဒီနေရာတစ်ဝိုက်မှာတော့ ကျုပ်က တစ်ဗိုလ်တစ်မင်း ပါပဲ။
ကျုပ်ထက် ဉာဏ်သာတဲ့ လူသားတွေတောင်မှ ကျုပ်လက်ချက်နဲ့ သေကြရတာ နည်းကြတာမဟုတ် ဘူး။ ဒါကြောင့်လဲ သူတို့ ကျုပ်နောက်ကို နည်းအမျိုးမျိုးနဲ့ သဲကြီး မဲကြီး လိုက်နေကြတယ်လေ။ ခုထိတော့ သူတို့ ကျုပ်ကို မိအောင်မဖမ်းနိုင်ကြသေးပါဘူး။
တလောကတောင် စက်စုဘက်က နွားတစ်ကောင်နဲ့ ဝက်တစ်ကောင် ဝင်ဆွဲလာခဲ့သေးတယ်။
သူတို့ ဘာမှ မတတ်နိုင်ကြခင်မှာ ကျုပ် သားကောင်ကို အေးအေးဆေးဆေး သယ်လာနိူင်ခဲ့တယ်။
ဪ ကျုပ်ထက် ခန္ဓာကိုယ်ကြီးမားတဲ့ နွားလိုကောင်ကို လွယ်လင့်တကူ ဖမ်းလာပုံလား။ လွယ်ပါတယ်။ ကျုပ်တို့မိကျောင်းတွေဟာ ရေကို နိုင်နင်းကျွမ်းကျင်ကြတယ်။
ကမ်းနားစပ်မှာ သစ်တုံးတစ်ခုလိုငြိမ်ပြီး ရေစုန်ရေဆန် မျောနေတာပေါ့။ ဒီအချိန်မှာ နွားတစ်ကောင် ရေစပ်ဆင်းလာရင် ရေလှိုင်းမထစေရဘဲ သူ့နား ကပ်သွားပြီး သူ့ခြေထောက်တွေကို ကျုပ်ရဲ့ သန်မာတဲ့ အမြီးနဲ့ ရိုက်ချလိုက်ရင် ရေထဲကို ဝုန်းခနဲ ပြုတ်ကျလာတာပေါ့။
အဲဒီအချိန်ကျရင် ရေထဲနစ်လာတဲ့ နွားရဲ့ အပေါ်က ကျုပ်ကိုယ်လုံးနဲ့ တက်ဖိထားလိုက်ရုံပဲ။ ကုန်းသတ္တဝါ ရေထဲရောက်လာရင် ခဏချင်း သနားစရာကောင်းလောက်အောင် အသက်ရှူကျပ်ပြီး သေသွားတာပါပဲ။
ဟင့်အင်း … သားကောင်ရရင် ချက်ချင်း စားလို့မရဘူးလေ။ ကျုပ်တို့ မိကျောင်းမျိုးဆိုတာ ချွန်ထက်တဲ့ သွားတွေရှိပေမယ့် ကိုက်ဖဲ့စားသောက်လို့ မရဘူး။ အသုံးမဝင်ပါဘူး။
သားကောင်ရလာရင် ကျောပေါ်က အလောင်းစင် ပေါ်တင်ပြီး သားရဲတွင်းကို သယ်ယူသွားရတယ်။ သားရဲတွင်းဆိုတာကတော့ လိုဏ်ခေါင်းတစ်ခုထဲမှာ ရေတစ်ဝက်၊ ကုန်းတစ်ဝက် တူးထားတဲ့ ကျင်းပေါ့လေ။
အဲ ခွေးလို၊ ဒရယ်လို ကောင်မျိုးရရင်တော့ တစ်ခါတည်း အကောင်လိုက် မျိုပစ်လိုက်တယ်။
ရလာတဲ့ သားကောင်တွေကို သားရဲတွင်းထဲမှာ ပုပ်အောင်ထားရတယ်။ ပုပ်သွားမှ ကိုက်ပြီး ဆွဲခါလိုက်တယ်။ တစ်စစီထွက်လာတဲ့ အသားတုံးတွေကို တစ်လုတ်ချင်း ကောက်မျိုရတယ်။
တချို့ သားရဲတွင်းရောက်မှ သတိပြန်ရပြီး အသက်ပြန်ရှငလို့ လွတ်သွားတာတွေလဲ ရှိသေးတယ်။
သက်ရှိသတ္တဝါတွေထဲမှာ ကြောက်စရာအကောင်းဆုံးက “လူ”ပဲ။ သူတို့က ကျုပ်တို့ထက် ဉာဏ်ရည် သာတယ်။ ဘယ်လောက် အင်အားကြီးတဲ့ သတ္တဝါဖြစ်ဖြစ် ဉာဏ်ကိုသုံးပြီး ရအောင် ဖမ်းနိုင်ကြတယ်။
ခုလဲ သူတို့ ကျုပ်ကို သိပ်လိုချင်နေကြတယ်။
လိုချင်မှာပေါ့။ ကျုပ်ကို ဖမ်းမိရင် ဒီနယ်တစ်ဝိုက်မှာ သောင်းကျန်းနေတဲ့ ပါးကွက်ဆိုတဲ့ ပါးဖြူ မိကျောင်းကြီးရဲ့ ရန်ကလဲ အေးသွားမယ်။ နောက်ပြီး ကျုပ်ရဲ့ လှပတဲ့ အရေခွံကလဲ ဈေးသိပ်ကောင်းနေလေတော့ လူတွေ သဲကြီးမဲကြီး လိုက်ကြတာလဲ မလွန်ပါဘူး။
သူတို့ ကျုပ်ကို ချောင်းတွင်း ထောင်ချောက်တွေ၊ မြစ်ပြင်ကမ်းနားမှာ ထောင်ချောက် တွေ၊ ငါးမျှားချိတ်တွေ၊ သုတ်ကိုင်းတွေ၊ ရေပေါ်မှာ “ဘဲအရှင်” စတဲ့ အစာတွေတပ်ပြီး ငါးမျှားချိတ်တွေနဲ့ မျှားကြတယ်။
ခုအချိန်ထိတော့ ကျုပ်ကို မမိကြသေးဘူး။ သူတို့ ထောင်ချောက်တွေကို ကျုပ် ကျော်လွှား ဖျက်ဆီးပစ်နိုင်ခဲ့တယ်လေ။
အခုလဲ ထော်ပိုင်းချောင်းမှာ ရေထဲဖြတ်ကူးတဲ့ ခွေးတစ်ကောင်ကို ဝါးမျိုခဲ့ပြီး ဒီးဒုတ်ကျွန်းသောင်ပြင်မှာ နေစာလှုံရင်း အေးအေးဆေးဆေး တက်အိပ် နေတယ်။
ကျုပ်လား … ကမ်းဘက်ကို ခေါင်တင်ပြီးအိပ်တာ။ ရေထဲမှာ ကြောက်ရမယ့်အကောင် ရှိမှသာ မိကျောင်းတွေဟာ ရေစပ်ဘက် ခေါင်းလှည့်ပြီးအိပ်လေ့ရှိကြတာမျိုးလေ။ ဒါပေမယ့် ရန်သူကိုတော့ အလစ်ပေးလို့မရဘူး။ သတိကတော့ အမြဲရှိထားရတယ်။
ကျုပ် မေ့ခနဲ ဖြစ်သွားတုန်းမှာ အာရုံစိတ်က နိူးကြားလာတယ်။ ကျုပ်ရေပြင်ပိုင်နက်ထဲမှာ ထူးခြားတဲ့ သတ္တဝါတစ်ကောင်ကောင် ဝင်လာနေပြီဆိုတာ ကျုပ်သိလိုက်တယ်။
ဒါကြောင့် ချက်ချင်း ခေါင်းလှည့်ပြီး ရေထဲ ထိုးဆင်းလိုက်တယ်။
ရေနက်ထဲရောက်တာနဲ့ ကျုပ်ရှိရာဘက်ဆီကို ဦးတည်ကူးခပ်လာတဲ့ သဏ္ဌာန်တစ်ခုကို လှမ်းမြင်ရတယ်။
ကျုပ် နေရာမှာငြိမ်ပြီး အခြေအနေကို စောင့်ကြည့်နေလိုက်တယ်။ မြင်ကွင်းထဲမှာ မိကျောင်းအနက်တစ်ကောင် ပေါ်လာတယ်။ သူ့ကြည့်ရတာ ကျုပ်ကို ရန်မူဖို့မဟုတ်မှန်း စိတ်ထဲက အလိုလိုသိနေတယ်။ သူ့ကို မြင်လိုက်တာနဲ့ ကျုပ်နဲ့ယှဉ်ပြိုင်အနိူင်လုဖို့ထက် စိတ်တွေ တစ်မျိုးဖြစ်သွားတယ်။
အမြဲတမ်း ကြမ်းတမ်းခက်ထန်နေတတ်တဲ့ ကျုပ်စိတ်တွေ နူးညံ့ပျော့ပျောင်းလာတယ်။ လှုပ်ရှားလာတယ်။ ရင်ထဲမှာ ကြည်နူးမိသလိုလို၊ ဝမ်းသာမိသလိုလိုနဲ့ တကယ့်ကို တစ်မျိုးကြီးဖြစ်မိတယ်။
အမြဲတမ်း အထီးကျန်ဆန်နေတဲ့ ကျုပ်ဟာ ကြမ်းတမ်းခက်ထန်တဲ့ရင်ထဲမှာ အဖော်ဆိုတာ တောင့်တနေမှန်း ကျုပ် သိလာရတယ်။
အခု ကျုပ် အထီးမကျန်တော့ဘူး။ အဖော်ရခဲ့ပြီလေ။ ဒါကို လူတွေစကားမျိုးနဲ့ ပြောရရင် အချစ်လို့ ပြောရမလား။
ဟုတ်တယ်ဆိုရင်တော့ ကျုပ် အချစ်ကို တွေ့နေရပြီ။
(၂)
အမှန်တော့ ကျုပ်ဘဝထဲကို “မိနက်” ရောက်လာခဲ့တာ အစကတော့ ပျော်စရာ၊ ကြည်နူးစရာလို့ အောက်မေ့ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့စိတ်ညစ်စရာ ဖြစ်မှန်းမသိ ဖြစ်လာရတယ်။ သူဟာ ကျုပ်အတွက် အန္တရာယ်ဆိုတာ ကျုပ် နောက်မှ သိရတော့တယ်။
မိနက်ဟာ ကျုပ်က ချစ်မှန်းသိတော့ ကျုပ်ရဲ့စကားကို လုံးဝ နားမထောင်ဘူး။ ဒါမလုပ်နဲ့ဆို လုပ်တယ်။ ဒီနေရာ မသွားနဲ့ဆို သွားတယ်။
ဒီလောက် အန္တရာယ်တွေများနေတဲ့ ကြားထဲက ကျုပ်စကားကို နားမထောင်တော့ ခဏခဏ ထောင်ချောက်ဝင်မိတယ်။
တစ်ခါက မြစ်လယ်က ငါးမျှားမှာ၊ နောက်တစ်ခါက ကမ်းစပ်က သုတ်ကိုင်းမှာ။ ကျုပ်တရကြမ်း ဝင်တိုက်ဖျက်ပစ်လို့ သူ အခုထိ အသက်ရှင်နေတာ။
ဒါလဲ မမှတ်ဘူး။ အခုချိန်ထိ စိတ်ထင်ရာ လုပ်ချင်နေဆဲပဲ။
ဒီလို မိုးဦးကျရာသီဆိုတာ မိကျောင်းတွေ အသိုက်ကိုက်ရမယ့်အချိန်၊ ဥချ သားပေါက်ရမယ့် ရာသီ မဟုတ်လား။ သူ့အတွက် ဂါးပျက်ချောင်းဖျားဘက်က ငှက်ကြီးတောင်လိုဏ်ထဲမှာ အသိုက်ကိုက်ထားပေးပြီးသား။
ချောင်းဖျားက အိုင်ထဲမှာပဲ အေးအေးဆေးဆေး ငြိမ်နေပါ။ ကျုပ် အစာရှာကျွေးပါ့မယ် ပြောလဲ နားမထောင်ဘူး။ သူ စိတ်ထင်ရာ သွားလာနေတုန်းပဲ။
အခုရာသီမှာ မိကျောင်းဖမ်းမုဆိုးတွေကလဲ ရေပြင်ပေါ် မှာ ခြေခြင်းကို လိမ်နေတာပဲ။ ကျုပ် သူ့အတွက် စိတ်ပူနေတာ။ မမြင်ရသေးတဲ့ ကျုပ် ရင်သွေးလေးတွေအတွက် ကျုပ်တွေးပြီး ရင်မအေးရပါဘူး။ဒါကြောင့် သူသွားတဲ့လာတဲ့ နေရာတွေကို နောက်နားက ထက်ကြပ်မကွာ လိုက်ပြီး စောင့်ရှောက်နေရတယ်။
တစ်နေ့တော့ ကံကြမ္မာဆိုးတစ်ခု ကြုံလာတယ်။ မိနက်နဲ့ ကျုပ်ဟာ ညဘက် မြစ်ရေပြင်အနှံ့ လျှောက်ကူးပြီး သားကောင်ရှာနေတုန်း ပသီကျွန်းဆွယ် သောင်စပ်နားမှာ ဝက်တစ်ကောင်ကို လှမ်းမြင်ရတယ်။
ရေစပ်နားမှာဆိုတော့ မိနက်က ဝမ်းသာအားရ ပြေးဆွဲမယ်လုပ်တော့ ကျုပ်ကတားတယ်။ ဒီနေရာမျိုးက လူတွေနဲ့နီးတော့ အန္တရာယ်ရှိနိုင်တယ်ပြောလဲ နားမထောင်ဘူး။ ရေစပ်နား ကပ်သွားပြီး ကမ်းစပ်ပေါ်ကဝက်ကို တအားတက်ဆွဲတယ်။
သူ့ကိုယ်ကြီး ရေထဲက ဘွားခနဲပေါ်ပြီး ကမ်းပေါ်တက်သွားတာနဲ့ ကိုင်းတောထဲက ဝဲပျံထွက်လာတဲ့ စလွတ်တွေ မြင်မကောင်းပါဘူး။ မိုးသီး မိုးပေါက်ကျလာတဲ့ အတိုင်းပါပဲ။ သူ့ကိုယ်အနှံ့ ဝင်မှန်ကုန်ကြတာပေါ့။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ကျုပ် သွေးပျက် သွားတယ်။ ဒါပေမယ့် ကျုပ်လဲ ဘာမျှ မတတ်နိုင်တော့ဘူး။ ဒီအချိန်မှာ ဝင် အကူအညီပေးရင် ကျုပ်ပါရောပြီး သားကောင်ဖြစ်သွားမှာပေါ့။
မိနက်ဟာ စလွတ်ဆူးချက်တွေ မရှုမလှနဲ့ ရေထဲပြန်ဆင်းပြေးလာတယ်။ ရေထဲရောက်တာနဲ့ တအားလူးပစ်လိုက်တယ်။ သူက လူးလေ စလွတ်ကြိုးတွေက မလွတ်နိူင်အောင် ပတ်ထားကြလေပဲ။
ဒီအချိန်ကျမှတော့ ကျုပ် မိနက်ကို ဘယ်လိုမှ မကယ်နိုင်တော့ဘူး။ မကြာခင်မှာ လူတွေလက်ချက်နဲ့ မရှုမလှ အသက်ထွက်ရတော့မယ့် သူ့အဖြစ်ကို နောက်ဆုံးတစ်ချက် ကြည့်ပြီး စိတ်မကောင်းစွာနဲ့ ကျုပ်လှည့်ထွက်ခဲ့ရတယ်။
နေရစ်ခဲ့တော့ မိနက်ရေ။
(၃)
သားသမီးဇော၊ သားမယားဇောတွေ ကပ်ပြီး ကျုပ်စိတ်တွေ အတော်တုန်လှုပ်နေတယ်။ အရာရာကို ဒေါသအလျောက် ရှောက်လုပ်ပစ်ချင်နေတယ်။ ဒါဟာ အမှားတစ်ခုဆိုတာ နောက်မှသိခဲ့ရတယ်လေ။
မိနက်ကို လူတွေမိသွားပြီးတဲ့ နောက်ပိုင်းမှာ ကျုပ် ငြိမ်ပြီး အေးအေးဆေးဆေးနေတာ မရှိတော့ဘူး။ အမြဲတမ်း သွားလာကူးခပ်နေပြီး မည်းမည်းမြင် ဝင်ကိုက်ပစ်ချင်နေတယ်။
မိနက်ကိုသတ်တဲ့၊ ကျုပ်ရင်သွေးတွေကို ဖျက်ဆီးတဲ့ လူတွေကို ပြန်ပြီး လက်စားချေချင်တယ်။ လက်တုံ့ပြန်ချင်တယ်။
ဒီရက်ထဲမှာ ကမ်းစပ်မှာရေချိုးနေတဲ့ လူတစ်ယောက်နဲ့ လှေပေါ်က လူတစ်ယောက်ကို ရန်မူပစ်ခဲ့တယ်။ ချောင်းဖြတ်ကူးတဲ့ လှေတစ်စင်းကို အတင်းဝင်မှောက်ဖို့ ကြိုးစားတာ မအောင်မြင်ဘူး။ သူတို့ ကံကောင်းသွားကြတယ်။
ဒီရက်ထဲမှာ လူတွေ၊ ကျွဲတွေ၊ နွားတွေ၊ ဝက်တွေကို ကျုပ် လက်စားချေခဲ့တာ မနည်းတော့ဘူး။ ကျုပ် ဒေါသမုန်တိုင်း ထန်နေတဲ့ အချိန်ပဲပေါ့။
ဒီလို တရကြမ်း လျှောက်လုပ်နေတာ ရန်လဲနီးတယ်။ သူတို့ရဲ့ ထောင်ချောက်တွေ၊ မိကျောင်းမုဆိုးတွေနဲ့ ရင်ဆိုင်တိုးတာ နှစ်ခါ သုံးခါ ရှိနေပြီ။
မိကျောင်းမုဆိုးတွေကလဲ ကျုပ်နောက်ကို သဲကြီးမဲကြီး လိုက်နေကြပြီ။ ကျုပ်ကလဲ သူတို့ကို လက်စား ပြန် မချေရမချင်း မအေးဘူး။
ဘာဖြစ်လို့လဲ မသိဘူး။ သူတို့လှေတွေမှာ မိနက်ရဲ့ အသွေးအသားနံ့တွေ ခုထိ ရနေတုန်းပဲ။
တစ်နေ့ညတော့ သူတို့ ညဘက် ကျားမီးအုပ်ဆောင်းနဲ့ ထွက်လာကြတုန်း ကျုပ်ကိုမြင်သွားတယ်။
ကျုပ်က ရေထဲငုပ်သွားလိုက်၊ သူတို့ မြင်သာအောင် ဖော်ပြလိုက်နဲ့ တဖြည်းဖြည်း ကမ်းနဲ့ဝေးတဲ့ ပသီမြစ်ဝဘက်ကို မျှားခေါ်လာခဲ့တယ်။
သူတို့ကလဲ ကျုပ်ကို ရလိုဇောနဲ မကြောက်မရွံ့ လိုက်လာကြတယ်။
ဝဲခွဆိုင်ထဲ ရောက်တာနဲ့ သူတို့လှေအောက်ဝင်ပြီး မှောက်ပစ်ဖို့ ကြိုးစားတယ်။ မရဘူး။
နောက်တစ်ခါ မှောက်တယ် … မမှောက်ဘူး။
ခါတိုင်း ခုလိုခင် မှောက်ရင် မှောက်လျက်သားနဲ့ ခုကျမှ ဘာဖြစ်လို့ မမှောက်ရတာလဲလို့ မကျေမနပ်နဲ့ ကြည့်လိုက်တော့ လှေရဲ့ တစ်ဘက်တစ်ချက်မှာ ဝါးပိုးဝါးတွေ တစ်ဘက် တစ်လုံး တွဲချည်ထားတော့ ဘယ်မှောက်တော့မလဲ။ တော်တော် ဉာဏ်များတဲ့ လူတွေပါပဲ။
လှေကို မှောက်ပစ်ဖို့ မရတော့ လူတွေကို အမြီးနဲ့ ရိုက်ချတယ်။ ဒါပေမယ့် မရဘူး။
သွေးရူးသွေးတန်းနဲ့ မဆင်မခြင်လုပ်နေတဲ့ ကျုပ်ကို တစ်ကြိမ်မှာ စလွတ်တစ်ချောင်း ထိပါရော။
ကျုပ် တအားလူးရုန်းလိုက်တယ်။ စလွတ်က ကျွတ်မသွားဘဲ အသားထဲ ပိုမြုပ်ပြီး ဝင်လာတယ်။ ကြိုးတွေကလဲ မလှုပ်သာအောင် ရစ်ပတ်ခြင်း ခံလိုက်ရကတည်းက ဘယ်နည်းနဲ့မှ ကျုပ် မလွတ်နိူင်တော့မှန်း နောင်တရစွာ သိလိုက်ရပြီလေ။
(၄)
ကျုပ်ကို မိသွားတော့ သူတို့ ကျုပ်ကို ချက်ချင်း သတ်မပစ်ကြသေးဘူး။ ရွာထိပ်က ပသီသောင်ပေါ်မှာ မြစ်ပြင်ဘက်ကို ခေါင်းလှည့်ပြီး တိုင်ငုတ်တွေစိုက်ပြီး မလှုပ်သာအောင် ချုပ်ထားကြတယ်။
ရပ်နီး ရပ်ဝေးက လူတွေဟာ တကူးတက လာကြည့်တယ်။ သူတို့ဟာ နေပူကျဲကျဲ၊ သဲပူပူပေါ်မှာ တင်ထားတဲ့ ကျုပ်အဖြစ်ကို ဘယ်သူကမျှ မသနားကြပါဘူး။ သူတို့ကို အမြဲဒုက္ခပေးနေတဲ့ ရန်သူ တစ်ကောင်ကို အောင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူနေကြသူချည်း ပါပဲ။
ညဘက်ရောက်တော့ လူခြေတိတ်သွားတယ်။ တိမ်တိုက်ကြားက ဖြာဆင်းလာတဲ့ လရောင်ကလေးကြောင့် တစ်နေလုံး နေပူခံထားရတဲ့ ကျုပ်ဟာ နည်းနည်းတော့ အေးမြသလို ခံစားရတယ်။
ဒီအချိန်မှာ လရောင်ဆမ်းထားတဲ့ ပသီမြစ်ရေပြင်ကို ကျုပ် လှမ်းမျှော်ကြည့်မိတယ်။
မိုးရိပ်မိုးကလေးတွေသမ်းပြီး လရောင်ဆမ်းထားတဲ့ ဒီရေပြင်ပေါ်မှာ ကျုပ် ပေါက်ဖွားကြီးပြင်းခဲ့တာပါ။ ဒီရေပြင်တစ်ဝိုက်မှာပဲ ကျုပ် လှည့်လည်ကျက်စားခဲ့တယ်။ ဒါပေမယ့် ဘာမှ မဖြစ်ခဲ့ဘူး။ ကျုပ်ဘဝထဲကို မိနက် ရောက်လာမှသာ ကျုပ်ဘဝ အခုလို ဆုံးရှံးပျက်စီးရတာပါ။
တကယ်တော့လေ အချစ်ဆိုတာ တစ်ခါ တစ်ခါတော့ ရင်ထဲမှာရှိနေတဲ့ အနီးဆုံးရန်သူပါပဲ။ ကျုပ်ဟာ အချစ်ကို ဦးစားပေးမိလို အခုလို အသက်ဆုံးရတော့မှာပါ။
ကျုပ် တစ်ချိန်က ပျော်ပါးမြူးထူးခဲ့တဲ့ ပသီမြစ်ရေပြင်ကို နောက်ဆုံး လှမ်းမျှော်ကြည့်လိုက်မိတယ်။ ဒီအချိန်မှာ ကျုပ်မျက်လုံးဆီမှာ မျက်ရည်တွေ စီးကျလာတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ မိကျောင်းတစ်ကောင်ရဲ့မျက်ရည်ကျတာ ဘယ်သူမျှ ကိုယ်ချင်းစာ သနားကြမှာ မဟုတ်ပါဘူးလေ။
ငွေတာရီမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၉၃
– ပြီး –
စာရေးသူ – အောင်ခိုင်လင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Zawgyi Version

“မိေက်ာင္းမ်က္ရည္”(စ/ဆံုး)
————————————
နယ္ေျမအပိုင္စားရယ္လို႔ေတာ့ သတ္သတ္မွတ္မွတ္ မရွိလွပါဘူး။ ဒါေပမယ့္ အေနၾကာလာေတာ့လဲ ကိုယ္ပိုင္ေဒသလို ျဖစ္လာေတာ့တာပါပဲ။
ဒီ ပသီကမာေဟာက္ ျမစ္တစ္ေၾကာမွာလဲ ကိုယ့္ထက္ႀကီးတဲ့အေကာင္၊ ကိုယ့္ကို ႏိုင္မယ့္အေကာင္ကလဲ မေပၚေသးေတာ့ ဒီေနရာတစ္ဝိုက္မွာေတာ့ က်ဳပ္က တစ္ဗိုလ္တစ္မင္း ပါပဲ။
က်ဳပ္ထက္ ဥာဏ္သာတဲ့ လူသားေတြေတာင္မွ က်ဳပ္လက္ခ်က္နဲ႔ ေသၾကရတာ နည္းၾကတာမဟုတ္ ဘူး။ ဒါေၾကာင့္လဲ သူတို႔ က်ဳပ္ေနာက္ကို နည္းအမ်ိဳးမ်ိဳးနဲ႔ သဲႀကီး မဲႀကီး လိုက္ေနၾကတယ္ေလ။ ခုထိေတာ့ သူတို႔ က်ဳပ္ကို မိေအာင္မဖမ္းႏိုင္ၾကေသးပါဘူး။
တေလာကေတာင္ စက္စုဘက္က ႏြားတစ္ေကာင္နဲ႔ ဝက္တစ္ေကာင္ ဝင္ဆြဲလာခဲ့ေသးတယ္။
သူတို႔ ဘာမွ မတတ္ႏိုင္ၾကခင္မွာ က်ဳပ္ သားေကာင္ကို ေအးေအးေဆးေဆး သယ္လာႏိူင္ခဲ့တယ္။
ဪ က်ဳပ္ထက္ ခႏၶာကိုယ္ႀကီးမားတဲ့ ႏြားလိုေကာင္ကို လြယ္လင့္တကူ ဖမ္းလာပုံလား။ လြယ္ပါတယ္။ က်ဳပ္တို႔မိေက်ာင္းေတြဟာ ေရကို ႏိုင္နင္းကြၽမ္းက်င္ၾကတယ္။
ကမ္းနားစပ္မွာ သစ္တုံးတစ္ခုလိုၿငိမ္ၿပီး ေရစုန္ေရဆန္ ေမ်ာေနတာေပါ့။ ဒီအခ်ိန္မွာ ႏြားတစ္ေကာင္ ေရစပ္ဆင္းလာရင္ ေရလႈိင္းမထေစရဘဲ သူ႔နား ကပ္သြားၿပီး သူ႔ေျခေထာက္ေတြကို က်ဳပ္ရဲ႕ သန္မာတဲ့ အၿမီးနဲ႔ ႐ိုက္ခ်လိုက္ရင္ ေရထဲကို ဝုန္းခနဲ ျပဳတ္က်လာတာေပါ့။
အဲဒီအခ်ိန္က်ရင္ ေရထဲနစ္လာတဲ့ ႏြားရဲ႕ အေပၚက က်ဳပ္ကိုယ္လုံးနဲ႔ တက္ဖိထားလိုက္႐ုံပဲ။ ကုန္းသတၱဝါ ေရထဲေရာက္လာရင္ ခဏခ်င္း သနားစရာေကာင္းေလာက္ေအာင္ အသက္ရႉက်ပ္ၿပီး ေသသြားတာပါပဲ။
ဟင့္အင္း … သားေကာင္ရရင္ ခ်က္ခ်င္း စားလို႔မရဘူးေလ။ က်ဳပ္တို႔ မိေက်ာင္းမ်ိဳးဆိုတာ ခြၽန္ထက္တဲ့ သြားေတြရွိေပမယ့္ ကိုက္ဖဲ့စားေသာက္လို႔ မရဘူး။ အသုံးမဝင္ပါဘူး။
သားေကာင္ရလာရင္ ေက်ာေပၚက အေလာင္းစင္ ေပၚတင္ၿပီး သားရဲတြင္းကို သယ္ယူသြားရတယ္။ သားရဲတြင္းဆိုတာကေတာ့ လိုဏ္ေခါင္းတစ္ခုထဲမွာ ေရတစ္ဝက္၊ ကုန္းတစ္ဝက္ တူးထားတဲ့ က်င္းေပါ့ေလ။
အဲ ေခြးလို၊ ဒရယ္လို ေကာင္မ်ိဳးရရင္ေတာ့ တစ္ခါတည္း အေကာင္လိုက္ မ်ိဳပစ္လိုက္တယ္။
ရလာတဲ့ သားေကာင္ေတြကို သားရဲတြင္းထဲမွာ ပုပ္ေအာင္ထားရတယ္။ ပုပ္သြားမွ ကိုက္ၿပီး ဆြဲခါလိုက္တယ္။ တစ္စစီထြက္လာတဲ့ အသားတုံးေတြကို တစ္လုတ္ခ်င္း ေကာက္မ်ိဳရတယ္။
တခ်ိဳ႕ သားရဲတြင္းေရာက္မွ သတိျပန္ရၿပီး အသက္ျပန္ရွငလို႔ လြတ္သြားတာေတြလဲ ရွိေသးတယ္။
သက္ရွိသတၱဝါေတြထဲမွာ ေၾကာက္စရာအေကာင္းဆုံးက “လူ”ပဲ။ သူတို႔က က်ဳပ္တို႔ထက္ ဥာဏ္ရည္ သာတယ္။ ဘယ္ေလာက္ အင္အားႀကီးတဲ့ သတၱဝါျဖစ္ျဖစ္ ဥာဏ္ကိုသုံးၿပီး ရေအာင္ ဖမ္းႏိုင္ၾကတယ္။
ခုလဲ သူတို႔ က်ဳပ္ကို သိပ္လိုခ်င္ေနၾကတယ္။
လိုခ်င္မွာေပါ့။ က်ဳပ္ကို ဖမ္းမိရင္ ဒီနယ္တစ္ဝိုက္မွာ ေသာင္းက်န္းေနတဲ့ ပါးကြက္ဆိုတဲ့ ပါးျဖဴ မိေက်ာင္းႀကီးရဲ႕ ရန္ကလဲ ေအးသြားမယ္။ ေနာက္ၿပီး က်ဳပ္ရဲ႕ လွပတဲ့ အေရခြံကလဲ ေဈးသိပ္ေကာင္းေနေလေတာ့ လူေတြ သဲႀကီးမဲႀကီး လိုက္ၾကတာလဲ မလြန္ပါဘူး။
သူတို႔ က်ဳပ္ကို ေခ်ာင္းတြင္း ေထာင္ေခ်ာက္ေတြ၊ ျမစ္ျပင္ကမ္းနားမွာ ေထာင္ေခ်ာက္ ေတြ၊ ငါးမွ်ားခ်ိတ္ေတြ၊ သုတ္ကိုင္းေတြ၊ ေရေပၚမွာ “ဘဲအရွင္” စတဲ့ အစာေတြတပ္ၿပီး ငါးမွ်ားခ်ိတ္ေတြနဲ႔ မွ်ားၾကတယ္။
ခုအခ်ိန္ထိေတာ့ က်ဳပ္ကို မမိၾကေသးဘူး။ သူတို႔ ေထာင္ေခ်ာက္ေတြကို က်ဳပ္ ေက်ာ္လႊား ဖ်က္ဆီးပစ္ႏိုင္ခဲ့တယ္ေလ။
အခုလဲ ေထာ္ပိုင္းေခ်ာင္းမွာ ေရထဲျဖတ္ကူးတဲ့ ေခြးတစ္ေကာင္ကို ဝါးမ်ိဳခဲ့ၿပီး ဒီးဒုတ္ကြၽန္းေသာင္ျပင္မွာ ေနစာလႈံရင္း ေအးေအးေဆးေဆး တက္အိပ္ ေနတယ္။
က်ဳပ္လား … ကမ္းဘက္ကို ေခါင္တင္ၿပီးအိပ္တာ။ ေရထဲမွာ ေၾကာက္ရမယ့္အေကာင္ ရွိမွသာ မိေက်ာင္းေတြဟာ ေရစပ္ဘက္ ေခါင္းလွည့္ၿပီးအိပ္ေလ့ရွိၾကတာမ်ိဳးေလ။ ဒါေပမယ့္ ရန္သူကိုေတာ့ အလစ္ေပးလို႔မရဘူး။ သတိကေတာ့ အၿမဲရွိထားရတယ္။
က်ဳပ္ ေမ့ခနဲ ျဖစ္သြားတုန္းမွာ အာ႐ုံစိတ္က ႏိူးၾကားလာတယ္။ က်ဳပ္ေရျပင္ပိုင္နက္ထဲမွာ ထူးျခားတဲ့ သတၱဝါတစ္ေကာင္ေကာင္ ဝင္လာေနၿပီဆိုတာ က်ဳပ္သိလိုက္တယ္။
ဒါေၾကာင့္ ခ်က္ခ်င္း ေခါင္းလွည့္ၿပီး ေရထဲ ထိုးဆင္းလိုက္တယ္။
ေရနက္ထဲေရာက္တာနဲ႔ က်ဳပ္ရွိရာဘက္ဆီကို ဦးတည္ကူးခပ္လာတဲ့ သဏၭာန္တစ္ခုကို လွမ္းျမင္ရတယ္။
က်ဳပ္ ေနရာမွာၿငိမ္ၿပီး အေျခအေနကို ေစာင့္ၾကည့္ေနလိုက္တယ္။ ျမင္ကြင္းထဲမွာ မိေက်ာင္းအနက္တစ္ေကာင္ ေပၚလာတယ္။ သူ႔ၾကည့္ရတာ က်ဳပ္ကို ရန္မူဖို႔မဟုတ္မွန္း စိတ္ထဲက အလိုလိုသိေနတယ္။ သူ႔ကို ျမင္လိုက္တာနဲ႔ က်ဳပ္နဲ႔ယွဥ္ၿပိဳင္အႏိူင္လုဖို႔ထက္ စိတ္ေတြ တစ္မ်ိဳးျဖစ္သြားတယ္။
အၿမဲတမ္း ၾကမ္းတမ္းခက္ထန္ေနတတ္တဲ့ က်ဳပ္စိတ္ေတြ ႏူးညံ့ေပ်ာ့ေပ်ာင္းလာတယ္။ လႈပ္ရွားလာတယ္။ ရင္ထဲမွာ ၾကည္ႏူးမိသလိုလို၊ ဝမ္းသာမိသလိုလိုနဲ႔ တကယ့္ကို တစ္မ်ိဳးႀကီးျဖစ္မိတယ္။
အၿမဲတမ္း အထီးက်န္ဆန္ေနတဲ့ က်ဳပ္ဟာ ၾကမ္းတမ္းခက္ထန္တဲ့ရင္ထဲမွာ အေဖာ္ဆိုတာ ေတာင့္တေနမွန္း က်ဳပ္ သိလာရတယ္။
အခု က်ဳပ္ အထီးမက်န္ေတာ့ဘူး။ အေဖာ္ရခဲ့ၿပီေလ။ ဒါကို လူေတြစကားမ်ိဳးနဲ႔ ေျပာရရင္ အခ်စ္လို႔ ေျပာရမလား။
ဟုတ္တယ္ဆိုရင္ေတာ့ က်ဳပ္ အခ်စ္ကို ေတြ႕ေနရၿပီ။
(၂)
အမွန္ေတာ့ က်ဳပ္ဘ၀ထဲကို “မိနက္” ေရာက္လာခဲ့တာ အစကေတာ့ ေပ်ာ္စရာ၊ ၾကည္ႏူးစရာလို႔ ေအာက္ေမ့ခဲ့ေပမယ့္ တျဖည္းျဖည္းနဲ႔စိတ္ညစ္စရာ ျဖစ္မွန္းမသိ ျဖစ္လာရတယ္။ သူဟာ က်ဳပ္အတြက္ အႏၲရာယ္ဆိုတာ က်ဳပ္ ေနာက္မွ သိရေတာ့တယ္။
မိနက္ဟာ က်ဳပ္က ခ်စ္မွန္းသိေတာ့ က်ဳပ္ရဲ႕စကားကို လုံးဝ နားမေထာင္ဘူး။ ဒါမလုပ္နဲ႔ဆို လုပ္တယ္။ ဒီေနရာ မသြားနဲ႔ဆို သြားတယ္။
ဒီေလာက္ အႏၲရာယ္ေတြမ်ားေနတဲ့ ၾကားထဲက က်ဳပ္စကားကို နားမေထာင္ေတာ့ ခဏခဏ ေထာင္ေခ်ာက္ဝင္မိတယ္။
တစ္ခါက ျမစ္လယ္က ငါးမွ်ားမွာ၊ ေနာက္တစ္ခါက ကမ္းစပ္က သုတ္ကိုင္းမွာ။ က်ဳပ္တရၾကမ္း ဝင္တိုက္ဖ်က္ပစ္လို႔ သူ အခုထိ အသက္ရွင္ေနတာ။
ဒါလဲ မမွတ္ဘူး။ အခုခ်ိန္ထိ စိတ္ထင္ရာ လုပ္ခ်င္ေနဆဲပဲ။
ဒီလို မိုးဦးက်ရာသီဆိုတာ မိေက်ာင္းေတြ အသိုက္ကိုက္ရမယ့္အခ်ိန္၊ ဥခ် သားေပါက္ရမယ့္ ရာသီ မဟုတ္လား။ သူ႔အတြက္ ဂါးပ်က္ေခ်ာင္းဖ်ားဘက္က ငွက္ႀကီးေတာင္လိုဏ္ထဲမွာ အသိုက္ကိုက္ထားေပးၿပီးသား။
ေခ်ာင္းဖ်ားက အိုင္ထဲမွာပဲ ေအးေအးေဆးေဆး ၿငိမ္ေနပါ။ က်ဳပ္ အစာရွာေကြၽးပါ့မယ္ ေျပာလဲ နားမေထာင္ဘူး။ သူ စိတ္ထင္ရာ သြားလာေနတုန္းပဲ။
အခုရာသီမွာ မိေက်ာင္းဖမ္းမုဆိုးေတြကလဲ ေရျပင္ေပၚ မွာ ေျချခင္းကို လိမ္ေနတာပဲ။ က်ဳပ္ သူ႔အတြက္ စိတ္ပူေနတာ။ မျမင္ရေသးတဲ့ က်ဳပ္ ရင္ေသြးေလးေတြအတြက္ က်ဳပ္ေတြးၿပီး ရင္မေအးရပါဘူး။ဒါေၾကာင့္ သူသြားတဲ့လာတဲ့ ေနရာေတြကို ေနာက္နားက ထက္ၾကပ္မကြာ လိုက္ၿပီး ေစာင့္ေရွာက္ေနရတယ္။
တစ္ေန႔ေတာ့ ကံၾကမၼာဆိုးတစ္ခု ႀကဳံလာတယ္။ မိနက္နဲ႔ က်ဳပ္ဟာ ညဘက္ ျမစ္ေရျပင္အႏွံ႔ ေလွ်ာက္ကူးၿပီး သားေကာင္ရွာေနတုန္း ပသီကြၽန္းဆြယ္ ေသာင္စပ္နားမွာ ဝက္တစ္ေကာင္ကို လွမ္းျမင္ရတယ္။
ေရစပ္နားမွာဆိုေတာ့ မိနက္က ဝမ္းသာအားရ ေျပးဆြဲမယ္လုပ္ေတာ့ က်ဳပ္ကတားတယ္။ ဒီေနရာမ်ိဳးက လူေတြနဲ႔နီးေတာ့ အႏၲရာယ္ရွိႏိုင္တယ္ေျပာလဲ နားမေထာင္ဘူး။ ေရစပ္နား ကပ္သြားၿပီး ကမ္းစပ္ေပၚကဝက္ကို တအားတက္ဆြဲတယ္။
သူ႔ကိုယ္ႀကီး ေရထဲက ဘြားခနဲေပၚၿပီး ကမ္းေပၚတက္သြားတာနဲ႔ ကိုင္းေတာထဲက ဝဲပ်ံထြက္လာတဲ့ စလြတ္ေတြ ျမင္မေကာင္းပါဘူး။ မိုးသီး မိုးေပါက္က်လာတဲ့ အတိုင္းပါပဲ။ သူ႔ကိုယ္အႏွံ႔ ဝင္မွန္ကုန္ၾကတာေပါ့။
ဒီျမင္ကြင္းကို ျမင္လိုက္ရေတာ့ က်ဳပ္ ေသြးပ်က္ သြားတယ္။ ဒါေပမယ့္ က်ဳပ္လဲ ဘာမွ် မတတ္ႏိုင္ေတာ့ဘူး။ ဒီအခ်ိန္မွာ ဝင္ အကူအညီေပးရင္ က်ဳပ္ပါေရာၿပီး သားေကာင္ျဖစ္သြားမွာေပါ့။
မိနက္ဟာ စလြတ္ဆူးခ်က္ေတြ မရႈမလွနဲ႔ ေရထဲျပန္ဆင္းေျပးလာတယ္။ ေရထဲေရာက္တာနဲ႔ တအားလူးပစ္လိုက္တယ္။ သူက လူးေလ စလြတ္ႀကိဳးေတြက မလြတ္ႏိူင္ေအာင္ ပတ္ထားၾကေလပဲ။
ဒီအခ်ိန္က်မွေတာ့ က်ဳပ္ မိနက္ကို ဘယ္လိုမွ မကယ္ႏိုင္ေတာ့ဘူး။ မၾကာခင္မွာ လူေတြလက္ခ်က္နဲ႔ မရႈမလွ အသက္ထြက္ရေတာ့မယ့္ သူ႔အျဖစ္ကို ေနာက္ဆုံးတစ္ခ်က္ ၾကည့္ၿပီး စိတ္မေကာင္းစြာနဲ႔ က်ဳပ္လွည့္ထြက္ခဲ့ရတယ္။
ေနရစ္ခဲ့ေတာ့ မိနက္ေရ။
(၃)
သားသမီးေဇာ၊ သားမယားေဇာေတြ ကပ္ၿပီး က်ဳပ္စိတ္ေတြ အေတာ္တုန္လႈပ္ေနတယ္။ အရာရာကို ေဒါသအေလ်ာက္ ေရွာက္လုပ္ပစ္ခ်င္ေနတယ္။ ဒါဟာ အမွားတစ္ခုဆိုတာ ေနာက္မွသိခဲ့ရတယ္ေလ။
မိနက္ကို လူေတြမိသြားၿပီးတဲ့ ေနာက္ပိုင္းမွာ က်ဳပ္ ၿငိမ္ၿပီး ေအးေအးေဆးေဆးေနတာ မရွိေတာ့ဘူး။ အၿမဲတမ္း သြားလာကူးခပ္ေနၿပီး မည္းမည္းျမင္ ဝင္ကိုက္ပစ္ခ်င္ေနတယ္။
မိနက္ကိုသတ္တဲ့၊ က်ဳပ္ရင္ေသြးေတြကို ဖ်က္ဆီးတဲ့ လူေတြကို ျပန္ၿပီး လက္စားေခ်ခ်င္တယ္။ လက္တုံ႔ျပန္ခ်င္တယ္။
ဒီရက္ထဲမွာ ကမ္းစပ္မွာေရခ်ိဳးေနတဲ့ လူတစ္ေယာက္နဲ႔ ေလွေပၚက လူတစ္ေယာက္ကို ရန္မူပစ္ခဲ့တယ္။ ေခ်ာင္းျဖတ္ကူးတဲ့ ေလွတစ္စင္းကို အတင္းဝင္ေမွာက္ဖို႔ ႀကိဳးစားတာ မေအာင္ျမင္ဘူး။ သူတို႔ ကံေကာင္းသြားၾကတယ္။
ဒီရက္ထဲမွာ လူေတြ၊ ကြၽဲေတြ၊ ႏြားေတြ၊ ဝက္ေတြကို က်ဳပ္ လက္စားေခ်ခဲ့တာ မနည္းေတာ့ဘူး။ က်ဳပ္ ေဒါသမုန္တိုင္း ထန္ေနတဲ့ အခ်ိန္ပဲေပါ့။
ဒီလို တရၾကမ္း ေလွ်ာက္လုပ္ေနတာ ရန္လဲနီးတယ္။ သူတို႔ရဲ႕ ေထာင္ေခ်ာက္ေတြ၊ မိေက်ာင္းမုဆိုးေတြနဲ႔ ရင္ဆိုင္တိုးတာ ႏွစ္ခါ သုံးခါ ရွိေနၿပီ။
မိေက်ာင္းမုဆိုးေတြကလဲ က်ဳပ္ေနာက္ကို သဲႀကီးမဲႀကီး လိုက္ေနၾကၿပီ။ က်ဳပ္ကလဲ သူတို႔ကို လက္စား ျပန္ မေခ်ရမခ်င္း မေအးဘူး။
ဘာျဖစ္လို႔လဲ မသိဘူး။ သူတို႔ေလွေတြမွာ မိနက္ရဲ႕ အေသြးအသားနံ႔ေတြ ခုထိ ရေနတုန္းပဲ။
တစ္ေန႔ညေတာ့ သူတို႔ ညဘက္ က်ားမီးအုပ္ေဆာင္းနဲ႔ ထြက္လာၾကတုန္း က်ဳပ္ကိုျမင္သြားတယ္။
က်ဳပ္က ေရထဲငုပ္သြားလိုက္၊ သူတို႔ ျမင္သာေအာင္ ေဖာ္ျပလိုက္နဲ႔ တျဖည္းျဖည္း ကမ္းနဲ႔ေဝးတဲ့ ပသီျမစ္ဝဘက္ကို မွ်ားေခၚလာခဲ့တယ္။
သူတို႔ကလဲ က်ဳပ္ကို ရလိုေဇာနဲ မေၾကာက္မ႐ြံ႕ လိုက္လာၾကတယ္။
ဝဲခြဆိုင္ထဲ ေရာက္တာနဲ႔ သူတို႔ေလွေအာက္ဝင္ၿပီး ေမွာက္ပစ္ဖို႔ ႀကိဳးစားတယ္။ မရဘူး။
ေနာက္တစ္ခါ ေမွာက္တယ္ … မေမွာက္ဘူး။
ခါတိုင္း ခုလိုခင္ ေမွာက္ရင္ ေမွာက္လ်က္သားနဲ႔ ခုက်မွ ဘာျဖစ္လို႔ မေမွာက္ရတာလဲလို႔ မေက်မနပ္နဲ႔ ၾကည့္လိုက္ေတာ့ ေလွရဲ႕ တစ္ဘက္တစ္ခ်က္မွာ ဝါးပိုးဝါးေတြ တစ္ဘက္ တစ္လုံး တြဲခ်ည္ထားေတာ့ ဘယ္ေမွာက္ေတာ့မလဲ။ ေတာ္ေတာ္ ဥာဏ္မ်ားတဲ့ လူေတြပါပဲ။
ေလွကို ေမွာက္ပစ္ဖို႔ မရေတာ့ လူေတြကို အၿမီးနဲ႔ ႐ိုက္ခ်တယ္။ ဒါေပမယ့္ မရဘူး။
ေသြး႐ူးေသြးတန္းနဲ႔ မဆင္မျခင္လုပ္ေနတဲ့ က်ဳပ္ကို တစ္ႀကိမ္မွာ စလြတ္တစ္ေခ်ာင္း ထိပါေရာ။
က်ဳပ္ တအားလူး႐ုန္းလိုက္တယ္။ စလြတ္က ကြၽတ္မသြားဘဲ အသားထဲ ပိုျမဳပ္ၿပီး ဝင္လာတယ္။ ႀကိဳးေတြကလဲ မလႈပ္သာေအာင္ ရစ္ပတ္ျခင္း ခံလိုက္ရကတည္းက ဘယ္နည္းနဲ႔မွ က်ဳပ္ မလြတ္ႏိူင္ေတာ့မွန္း ေနာင္တရစြာ သိလိုက္ရၿပီေလ။
(၄)
က်ဳပ္ကို မိသြားေတာ့ သူတို႔ က်ဳပ္ကို ခ်က္ခ်င္း သတ္မပစ္ၾကေသးဘူး။ ႐ြာထိပ္က ပသီေသာင္ေပၚမွာ ျမစ္ျပင္ဘက္ကို ေခါင္းလွည့္ၿပီး တိုင္ငုတ္ေတြစိုက္ၿပီး မလႈပ္သာေအာင္ ခ်ဳပ္ထားၾကတယ္။
ရပ္နီး ရပ္ေဝးက လူေတြဟာ တကူးတက လာၾကည့္တယ္။ သူတို႔ဟာ ေနပူက်ဲက်ဲ၊ သဲပူပူေပၚမွာ တင္ထားတဲ့ က်ဳပ္အျဖစ္ကို ဘယ္သူကမွ် မသနားၾကပါဘူး။ သူတို႔ကို အၿမဲဒုကၡေပးေနတဲ့ ရန္သူ တစ္ေကာင္ကို ေအာင္ႏိုင္ခဲ့တဲ့အတြက္ ဝမ္းသာဂုဏ္ယူေနၾကသူခ်ည္း ပါပဲ။
ညဘက္ေရာက္ေတာ့ လူေျခတိတ္သြားတယ္။ တိမ္တိုက္ၾကားက ျဖာဆင္းလာတဲ့ လေရာင္ကေလးေၾကာင့္ တစ္ေနလုံး ေနပူခံထားရတဲ့ က်ဳပ္ဟာ နည္းနည္းေတာ့ ေအးျမသလို ခံစားရတယ္။
ဒီအခ်ိန္မွာ လေရာင္ဆမ္းထားတဲ့ ပသီျမစ္ေရျပင္ကို က်ဳပ္ လွမ္းေမွ်ာ္ၾကည့္မိတယ္။
မိုးရိပ္မိုးကေလးေတြသမ္းၿပီး လေရာင္ဆမ္းထားတဲ့ ဒီေရျပင္ေပၚမွာ က်ဳပ္ ေပါက္ဖြားႀကီးျပင္းခဲ့တာပါ။ ဒီေရျပင္တစ္ဝိုက္မွာပဲ က်ဳပ္ လွည့္လည္က်က္စားခဲ့တယ္။ ဒါေပမယ့္ ဘာမွ မျဖစ္ခဲ့ဘူး။ က်ဳပ္ဘဝထဲကို မိနက္ ေရာက္လာမွသာ က်ဳပ္ဘဝ အခုလို ဆုံးရွံးပ်က္စီးရတာပါ။
တကယ္ေတာ့ေလ အခ်စ္ဆိုတာ တစ္ခါ တစ္ခါေတာ့ ရင္ထဲမွာရွိေနတဲ့ အနီးဆုံးရန္သူပါပဲ။ က်ဳပ္ဟာ အခ်စ္ကို ဦးစားေပးမိလို အခုလို အသက္ဆုံးရေတာ့မွာပါ။
က်ဳပ္ တစ္ခ်ိန္က ေပ်ာ္ပါးျမဴးထူးခဲ့တဲ့ ပသီျမစ္ေရျပင္ကို ေနာက္ဆုံး လွမ္းေမွ်ာ္ၾကည့္လိုက္မိတယ္။ ဒီအခ်ိန္မွာ က်ဳပ္မ်က္လုံးဆီမွာ မ်က္ရည္ေတြ စီးက်လာတယ္။
ရက္စက္ၾကမ္းၾကဳတ္တဲ့ မိေက်ာင္းတစ္ေကာင္ရဲ႕မ်က္ရည္က်တာ ဘယ္သူမွ် ကိုယ္ခ်င္းစာ သနားၾကမွာ မဟုတ္ပါဘူးေလ။
ေငြတာရီမဂၢဇင္း၊ ဒီဇင္ဘာလ၊ ၁၉၉၃
– ၿပီး –
စာေရးသူ – ေအာင္ခိုင္လင္း
စာစီစာ႐ိုက္ – မုဆိုး တံငါ စာေပမ်ား