ဘွားမယ်စိန်နှင့်ဝဋ်ကြွေးဆပ်သူ(စ/ဆုံး)

Unicode Version

ဘွားမယ်စိန်နှင့်ဝဋ်ကြွေးဆပ်သူ(စ/ဆုံး)
————————————————
“မမဝင်း…ဘယ်သွားမလို့လဲဗျ…”
ဒေါ်ဝင်းနှင့်သူကြီးဦးနောင်ချိုတို့
ရွာလမ်းမ၌တွေ့ကြသည်။
“ဟော…သူကြီးတို့ပါလား…
ဘယ်မှမသွားပါဘူးတော်…မနက်ဖြန်
မုန့်ဆီကြော်လေး အမေတို့ကိုကြော်ကျွေးချင်တာနဲ့
ကောက်ညှင်းဆန်သွားထောင်းလာတာ…”
“ကောင်းပါ့ဗျာ…ဒါနဲ့အိမ်မှာဘွားရှိတယ်မလား”
“ရှိပါ့တော်…ဘာလဲ…
သူကြီးတို့က ကျုပ်အိမ်ဆီကိုသွားမလို့လား”
“ဟုတ်ပဗျာ…ဒီမှာလေ ကျုပ်ဧည့်သည်က
ဘွားနဲ့တွေ့ချင်တယ်ဆိုလို့ လိုက်ပို့ပေးတာပါ…”
“ဟယ်…ဒါဆိုရင်အမေတို့တော့
ခရီးထွက်ရဦးမယ်ထင်တယ်…
ကျုပ်မုန့်ဆီကြော်မယ့်ကိစ္စကတော့
နောက်ရွေ့ရပြန်ဦးမယ်”
ဟုဒေါ်ဝင်းကပြောတော့သူကြီးဦးနောင်ချိုမှ…
“ခရီးမသွားရပါဘူးဗျာ…အဲ့အတွက်စိတ်မပူပါနဲ့
ကျုပ်ဧည့်သည်ကဘွားနဲ့တွေ့ဖူးချင်တယ်ဆိုလို့
လာတွေ့ယုံတင်ပါမမဝင်းရဲ့”
“သြော်…တော်ပါသေးရဲ့တော်”
ဟုပြော၍ဒေါ်ဝင်းရယ်လေသည်။
အိမ်သို့ရောက်လာကြတော့…
“အမေ…ဟောသည်မှာသူကြီးနဲ့
အတူတူဧည့်သည်လည်းပါလာတယ်တော့်…”
“ဟုတ်လား…ဒါဖြင့်လည်းဝင်လာကြလေ…”
ဘွားမယ်စိန်ကကွပ်ပျစ်ခင်းပေါ်၌ထိုင်နေသည်။
ထိုင်နေသည်ဆိုသော်လည်းလက်၌ပုတီးကိုင်၍
စိပ်နေခြင်းဖြစ်၏။
သူကြီးဦးနောင်ချိုနှင့်အတူပါလာသောဧည့်သည်တို့က
ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြသည်။
ဒေါ်ဝင်းကတော့ ကောက်ညှင်းဆန်ထောင်းထားသော
ဗန်းအားမီးဖိုထဲသို့အရင်သွားထား၏။
ပြီးလေမှအကြမ်းရည်အိုးကိုရေနွေးထပ်ဖြည့်ပေးပြီး
ပြန်ရောက်လာခဲ့လေသည်။
“ဘွား…ဒါကျုပ်ဧည့်သည်…
သဲချောင်းရွာကသူကြီးခင်ဗျ…
နာမည်ကတော့ဦးဘတူတဲ့…”
“သြော်…အေးကွယ်…
တွေ့ရတာဝမ်းသာပါတယ်…
ဘွားဆီကိုလာတာဆိုတော့
ဘာအကြောင်းကိစ္စများရှိနေလို့လဲ…”
ဟုမေးသောအခါသဲချောင်းရွာသူကြီးဦးဘတူမှ…
“အကြောင်းကိစ္စရယ်လို့မရှိပါဘူးခင်ဗျာ…
ကျုပ်နဲ့သူကြီးဦးနောင်ချိုတို့ မြို့မှာဆုံလို့စကားစပ်မိရာကနေ
ဘွားရဲ့အကြောင်းတွေသိခဲ့ရပါတယ်…
ဘွားအကြောင်းကြားတော့တွေ့ချင်စိတ်တွေကတဖွားဖွားပေါ်လာခဲ့တာမလို့ကျုပ်လည်းရွာကိုပြန်သေးဘဲ
ဒီရွာကိုလိုက်လာခဲ့တာပါ”
“သြော်…အေးပါကွယ်…”
“ဘွားကိုမြင်တော့ကျုပ်တို့ရဲ့ အမေညိုကိုတောင်
သတိရမိပါသေးတယ်ဗျာ…”
“အမေညိုဆိုတာဘယ်သူများလဲ…
မောင်ရင့်ရဲ့အမေလားကွဲ့”
“မဟုတ်ပါဘူးဗျာ…
အမေညိုဆိုတာကျုပ်နဲ့ကဆွေမျိုးနီးစပ်တော်တဲ့သူပါ…
ကျုပ်တို့သဲချောင်းတစ်ရွာလုံးကို
ဝဋ်ကြွေးဆပ်သွားရသူပေါ့ဗျာ”
“ဝဋ်ကြွေးဆပ်သွားရတဲ့သူ…ဟုတ်လား
မောင်ရင့်စကားကထူးဆန်းလှပါလားကွဲ့”
” အမေညိုအကြောင်းကိုဘွားကိုပြောပြရင်တော့
အကြောင်းစုံသိရမှာပါခင်ဗျာ…
ဒါကလည်းဘွားသိချင်မှပါ…”
“အင်း…စိတ်တော့ဝင်စားမိသားကွဲ့…
ကဲပါ…မောင်ရင်ပြောပြမယ်ဆိုရင်တော့
နားထောင်ချင်တာပေါ့ကွယ်…”
“ဟုတ်ကဲ့…ဘွားကနားထောင်မယ်ဆိုရင်တော့
ကျုပ်ပြောအားရှိတာပေါ့…”
ဟုသူကြီးဦးဘတူကဘွားမယ်စိန်ကိုပြောလိုက်သည်။
ပြီးနောက်…အမေညိုဆိုသူ၏အကြောင်းနှင့်
သဲချောင်းရွာ၏အကြောင်းအား ဆက်၍ပြောပြတော့၏။
**************************************
ရွာအမည်က သဲချောင်းရွာဟုခေါ်သည်။
သဲချောင်းလေးက ရွာနံဘေး၌စီးဆင်းနေပြီး
ယာခင်းများဖြင့်စိမ်းစိမ်းစိုနေသော
သာယာလှသည့်ရွာကလေးပင်ဖြစ်၏။
ရွာ၏အနောက်ဖက်၌ဘုရားနီဟုခေါ်သော
ဘုရားပျက်ကြီးကလည်းခြုံနွယ်ပိတ်ပေါင်းများ
ထူထပ်စွာဖြင့်တည်ရှိလေသည်။
ထိုသို့အေးချမ်းသာယာလှသောရွာကလေး၌…
“အမယ်လေး…ကယ်ကြပါဦး…ကျုပ်သားအပူတွေကြီးပြီး
ခေါ်လို့မရတော့ဘူး…အီးးးဟီးးးးဟီးးးးးးး…”
ဟုသောအော်ဟစ်ငိုယိုသံသည်
ညသန်းခေါင်အချိန်၌ထွက်ပေါ်လာခဲ့လေသည်။
ထိုနည်းတူစွာ…
“အမေရေ…ကျွန်မသားလေးကိုကယ်ပါဦးတော့်…
အီးးးးဟီးးးးးးဟီးးးးးးးးးး”
ဟူသောအော်သံကတူညီစွာထပ်မံထွက်ပေါ်လာလေတော့
ရွာသူ၊ရွာသားတို့မှာ လန့်၍နိုးလာခဲ့ကြသည်။
ရွာသူရွာသားတို့နိုးလာကြစဉ် ငိုယိုသံများဖြင့်
ဆေးဆရာကြီး၏အိမ်သို့အပြေးအလွှားသွားသံများကိုပါ
ကွားလိုကျကွရ၏။
ထိုသို့ရွာလန့်သဖြင့်…
သဲချောင်းရွာသူကြီးဦးဘတူမှာလည်း
ဆေးဆရာကြီးဦးဖိုးထူးအိမ်ဆီသို့လူအုပ်ဖြင့်
ရောက်လာခဲ့တော့သည်။
“ဘာဖြစ်ကြတာလဲဟေ့…
ဘယ်အိမ်ကဘယ်သူဘာဖြစ်တာလဲ…”
ဟုမေးလေရာ…ရွာသားတစ်ဦးမှ…
“သူကြီး…ကလေးနှစ်ယောက်ဖျားပြီးခေါ်မရဖြစ်နေလို့ဗျ…”
“ဟေ…ဘယ်သူ့ကလေးတွေလဲကွ…”
“မပုတင်သားနဲ့ မတင်လှသားသူကြီး”
“ဟ…ဒီကလေးတွေကတစ်ရွယ်ထဲလည်းဖြစ်…
ကစားဖော်တွေလည်းဖြစ်နေကြတာမလား…
ဘယ်လိုများဖြစ်ကြတာလဲကွ”
“မသိဘူးသူကြီး…အခုတော့ဆေးရာကြီးကြည့်ပေးနေတယ်…
ကလေးတွေကြည့်ရတာ တစ်ခုခုလန့်နေကြပုံပဲဗျ”
ရွာသားစကားကိုဘေးမှလည်းထောက်ခံကြသည်။
သူကြီးဦးဘတူကလည်းသူ၏မုတ်ဆိတ်မွှေးများကိုလက်ဖြင့်
သပ်ရင်းစဉ်းစားနေပုံရ၏။
စဉ်းစားပြီးလေမှ…
“တစ်ခုခုတော့တစ်ခုခုပဲကွ…
အဲ့တစ်ခုခုကိုစဉ်းစားရရင်……”
ဟုဆိုကာ သူကြီးဦးဘတင်ကဆက်၍
မပြောဘဲရပ်ထားလေသည်။
ရွာသားတွေကလည်းသူကြီးဦးဘတူပြောမည့်စကားကို
သိချင်နေကြသည်။
သို့သော် သူကြီးဦးဘတူက ပညာရှိဂိုက်ကြီးဖမ်းကာ
စဉ်းစားခန်းဝင်နေသည်ကိုစိတ်မရှည်သော
ရွာသားတစ်ယောက်မှ…
“သူကြီးပြောချင်တာက ဒီကလေးနှစ်ယောက်
သာမာန်ဖျားနာတာမဟုတ်ဘဲ…
ပယောဂတစ်ခုခုကြောင့်လို့
ပြောချင်တာမဟုတ်လားဗျ”
ဟုပြောလိုက်တော့ သူကြီးဦးဘတူကမကျေမနပ်ဟန်ဖြင့်…
“နေပါဦးကွာ…အခြေအနေကြည့်ပါရစေဦး…”
ဟုဖြေသောအခါထိုရွာသားကပဲ…
“ဒီအချိန်ကြီး ဒီလိုထဖြစ်တာကတော့မရိုးဘူးဗျ…
ကြည့်ရတာကျုပ်တော့…
အမေညိုလက်ချက်ပဲလို့ ထင်တယ်ဗျ”
ဟုပြောသောအခါ…
“ဟဲ့ကောင် ဝက်တိုး…စကားဆိုတာစဉ်းစားပြီးမှ
ပြောရတယ်ကွ…
စိတ်ထင်တိုင်းပြောနေရင်မှားကုန်တော့မှာပေါ့”
ဟု…သူကြီးဦးဘတူကငေါက်လိုက်လေတော့
ဝက်တိုးဆိုသည့်ရွာသားက မကျေမနပ်ဟန်ဖြင့်
ပါးစပ်ကိုပွစိပွစိလုပ်၍ ခပ်တိုးတိုးပြောနေလေသည်။
ထိုစဉ်ဆေးဆရာကြီးကသူကြီးဆီသို့ရောက်လာပြီး…
“သူကြီးလည်းရောက်နေပြီပဲဗျ…”
“ဘာထူးသလဲဗျ…ကလေးတွေဖျားတာသာမာန်ပဲလား”
“အဲ့သည်လိုထင်ရပေမယ့်…မဟုတ်ဘူးဗျ…
ကလေးတွေကြည့်ရတာတစ်ခုခုကိုလန့်နေပုံရတယ်…”
“ဟင်…ဟုတ်လား”
ဆေးဆရာကြီး၏စကားကြောင့်သူကြီးဦးဘတူတင်မက
နံဘေးရှိရွာသူ၊ရွာသားများပါ အံ့သြကုန်ကြသည်။
“ဟုတ်တယ်သူကြီး…သူကြီးကိုယ်တိုင်ဝင်ကြည့်လိုက်ပါ…
အဲ့တာမှကျုပ်ပြောတာဟုတ်မဟုတ်သိရမှာ…”
ဆေးဆရာကြီးကပြောတော့
သူကြီးဦးဘတူခေါင်းညိတ်လိုက်သည်။
ပြီးနောက်ဆေးဆရာကြီး၏အိမ်ထဲသို့ဝင်ကာကြည့်တော့
ကလေးနှစ်ယောက်ကကြမ်းပေါ်၌
ပက်လက်အနေအထားရှိနေပြီး ကလေးတွေ၏
မိဘများကလည်းနံဘေး၌သောက
ကိုယ်စီဖြင့်ရှိကြလေသည်။
သူကြီးဝင်လာတာကိုမြင်တော့သူတို့မျက်လုံးများက
သူကြီးကိုအားကိုးတကြီးလှမ်း၍ကြည့်ကြ၏။
“အားးးး…နာတယ်….နာတယ်….မရိုက်ပါနဲ့
ကြောက်ပါပြီဗျ…”
“အမေ…အား…နာတယ်…နာတယ်….
အီးးးးဟီးးးးးဟီးးးး…”
ကလေးတွေကသတိပြန်ရလာတော့
ကြောက်အားလန့်အားဖြင့်အော်ဟစ်ငိုယိုနေကြသည်။
ကလေးတွေကိုကြည့်ရင်းမိဘတွေမှာလည်း
ခြေမကိုင်မိ၊လက်မကိုင်မိဖြင့်မည်သို့လုပ်ပေးရမည်မသိဘဲ
ကူကယ်ရာမဲ့သူများအလား….မျက်ရည်များဖြင့်
ဗျာများနေကြရရှာသည်။
သူကြီးဦးဘတူလည်းသက်ပြင်းကြီးသာချ၍…
“ကျုပ်တို့ဒီကလေးတွေကိုဘယ်လိုလုပ်ပေးရမလဲဗျာ…
ဘယ်လိုလုပ်ပေးမှသူတို့သက်သာမှာလဲ…”
ဟုဆေးဆရာကြီးကိုမေးလေတော့
ဆေးဆရာကြီးကလည်းသက်ပြင်းကြီးချ၍…
“ထုံးစံအတိုင်းပဲပေါ့ဗျာ…အမေညိုဆီကိုသွားရမှာပေါ့”
“ဟာဗျာ…ဒီကိစ္စတွေကမပြီးတော့ဘူးလား”
သူကြီးကအလိုမကျစွာဖြင့်ပြောသည်။
အမေညိုဆိုတာက စမ်းချောင်းရွာ၏အပယ်ခံလိုဖြစ်နေသူပင်။
အမေညိုကိုစုန်းမ…ကဝေမဟု စမ်းချောင်းတစ်ရွာလုံးက
သမုတ်ကြ၏။
အမေညိုကလည်းသူတို့ထင်ရင်ထင်စရာပင်…
အရပ်ကရှည်ရှည်…အသားအရေက
ချောက်ကပ်ကပ်မဲပြာပြာ…မျက်နှာကလည်း
အမြဲတန်းလိုလိုရုပ်တည်ကြီးဖြင့်နေတတ်လေသည်။
ထိုမျှမကသေး အမေညို၏
ဆံပင်တွေကတစ်ခေါင်းလုံးဖြူကာဖွေးလို့နေ၏။
ထိုသို့အသွင်ရှိသောအမေညိုသည် သားနှစ်ယောက်ရှိပါသော်လည်းအရက်သမားဘိန်းစားများဖြစ်၍
လောကကြီးမှစောစီးစွာထွက်ခွာသွားကုန်ကြ၏။
အမေညိုတစ်ယောက်သာကျန်ရှိခဲ့ပြီး ရွာထဲ၌
သက်ကယ်မိုး…ထရံကာအိမ်အိုလေး၌နေထိုင်လေသည်။
မရှိခိုးနိုး…မလှစုန်းယိုးဟုဆိုသည့်အတိုင်း
တစ်ရွာလုံးကအမေညိုကိုအခေါ်အပြော
အဆက်ဆံမလုပ်ကြပေ။
ရွာ၌အသက်ကြီးသူဖြစ်သော်ငြားလည်း
အမေညိုကိုဆိုလျှင်ဝေးဝေးရှောင်ကာနေကြ၏။
“တို့အမေပြောဖူးတယ်…
အမေညိုကစုန်းမတဲ့အေ့…
သူ့ယောကျာ်းကဆိုရင်အရမ်းဆိုးတာတဲ့နော်..
အဲ့သည်သူ့ယောကျာ်းကို
သူကိုယ်တိုင် မသာကြီးသွေးအန်သေပါစေလို့
ကျိန်စဲလိုက်တာ…
တကယ်လည်းသူ့ယောကျာ်းက
သွေးအန်ပြီးသေသွားတာဆိုပဲ…”
“ဟယ်ဟုတ်လား”
“ဟုတ်တယ်…ဟုတ်တယ်…
ငါ့အမေလည်းပြောဖူးတယ်…
အမေညိုကစုန်းမှ ရိုးရိုးစုန်းမဟုတ်ဖူးတဲ့နော်…
ဆယ်နှစ်ကြိုးပိုင်တဲ့ ဆယ့်နှစ်ကြိုးကဝေတဲ့”
“အမယ်လေး…ကြောက်စရာကြီးပါလား”
“ဟုတ်တယ်…အဲ့သည်လိုစုန်းမျိုးကလေ
လူရဲ့အသွေးအသားတွေကိုစားတတ်သတဲ့…”
“အဲ့သည်လိုသာဆိုရင်တော့ ဒီအဘွားကြီးနဲ့
ခပ်ဝေးဝေးနေမှဖြစ်မယ်အေ့…
မဟုတ်ရင်တို့တွေကိုတစ်ခုခုလုပ်လိုက်မှဖြင့်အေ…”
ဟူသောအမျိုးသမီးတို့၏စကားများကြောင့်
အမေညိုအပေါ်တစ်ရွာလုံးကပို၍ကြောက်လာကြသည်။
ကြောက်လာသည့်အပြင်အမေညိုကို
အခေါ်အပြောအဆက်ဆံပင်မလုပ်ကြ။
သို့ပေမယ့် အမေညိုနဲ့ရွာသူကြီးဦးဘတူတို့က
ဆွေမျိုးနည်းစပ်တော်သေးသည်မလို့
အမေညိုအပေါ်မှာတော့ အမှားမလုပ်ရဲကြပေ။
အမေညိုကိုယ်တိုင်ကလည်း မာနရှိ၏။
အခေါ်အပြောမလုပ်သူများကို သူကိုယ်တိုင်က
အဖက်ပင်မလုပ်ခဲ့။
ဒါ့ကြောင့်လည်းရွာသူအမျိုးသမီး
တို့ပြောသောသတင်းစကားကိုအမှန်ဟု
အားလုံးကလက်ခံထားကြလေသည်။
ရွာ၌နာမကျန်းဖြစ်သူရှိလျှင်အမေညို၏ခြံဝိုင်းအပြင်၌
ခေါစာများကပစ်ပြီးသားဖြစ်၏။
ထိုသို့လူကြီးမှကလေးပေါက်စနအဆုံး သရိုးသရီတအီအီဖြစ်သည်နှင့် အမေညိုအိမ်ရှေ့သို့ပြေးကာ
ခေါစာပစ်ကြသည်မှာရွာ၏ထုံးစံလိုပင်ဖြစ်နေခဲ့သည်။
ယခု ကလေးနှစ်ယောက်၏အဖြစ်ကိုလည်း
အမေညိုလက်ချက်ဟုထင်ကာ …
“အချိန်မရှိဘူးဟေ့…ခေါစာသွားပစ်ကြ…”
ဟုပြော၍ အမေညိုအိမ်ရှေ့ကိုခေါစာသွားပစ်ကြသည်။
သို့သော်လည်းကလေးတွေက မသက်သာဘဲ
တငိုငိုတရီရီဖြစ်နေကြပြန်တော့အမေတွေကငို…
အဖေတွေကဒေါသထွက်ဖြစ်နေကြရ၏။
“ဒီအဘွားကြီးကိုသွားသတ်မယ်…
ဒါမှ ငါတို့ကလေးတွေသက်သာမှာ…”
“အို…မလုပ်ကြပါနဲ့ရှင်…
တော်တို့အဲ့သည်လိုလုပ်တော့ပိုဆိုးကုန်မှာပေါ့…”
“ဟုတ်ပါတယ်ကွာ…စိတ်လေးတွေလျော့ကြပါဦး…”
ဒေါသထွက်နေသောယောကျာ်းသားများကို
ဝိုင်းဝန်းတားဆီးကြရပြန်သည်။
သူကြီးဦးဘတူကတော့အတော်လေး
စဥျးစားရခကျနေ၏။
ပြီးလေမှ…
“မင်းတို့အသာနေကြစမ်း..
ဟုတ်သလား…မဟုတ်သလား
ငါကိုယ်တိုင် အမေညိုဆီကိုသွားမေးကြည့်မယ်…
ဒီလိုဆိုရင်မင်းတို့ကျေနပ်သလား”
“ရတယ်ဗျာ…သူကြီးကိုယ်တိုင်သွားမေးမယ်ဆိုရင်
ကျုပ်တို့ဘာမှမလုပ်ဘူး…
ဒါပေမယ့် အဲ့ဘွားတော်ကြီးလက်ချက်ဆိုတာသေချာရင်
ကျုပ်ကိုယ်တိုင်လာသတ်မှာနော်…”
“အေးပါကွာ…အေးပါ”
သူကြီးဦးဘတူလည်းကြံရာမရသည့်အဆုံး
အမေညိုအိမ်ဆီကိုလာခဲ့လေသည်။
ရွာသားတွေနဲ့အမေညိုကို ပြသာဒ်နာတက်မည်ဆိုး၍သာ
သူကြီးဦးဘတူ ထိုသို့ ဆုံးဖြတ်ခဲ့ရသော်လည်း
သူကြီးဦးဘတူကိုယ်တိုင်အမေညိုကိုကြောက်ရှာ၏။
အမေညိုက သူကြီးဦးဘတူကို ရှိသည်ဟူ၍ပင်မထင်…
စကားပင်လေးငါးခွန်းပြည့်အောင်မပြောဖူးပေ။
ယခုတော့သူကြီး ဦးဘတူအမေညိုအိမ်သို့ရောက်လာခဲ့သည်။
မှောင်မည်းနေသောပတ်ဝန်းကျင်ကို ဒီအတိုင်းလျှောက်လာခဲ့ပြီး အမေညို၏ခြံဝိုင်းရှေ့ဆီကိုရောက်တော့…
“အမေညို….အမေညိုအိပ်နေတာလား…
ကျုပ်ပါ သူကြီးဘတူပါအမေညိုရဲ့…
ခဏလောက်ထပါဦး”
ဟုအသံပြုကာအော်ခေါ်လိုက်သည်။
သူကြီးဦးဘတူနောက်သို့ရွာသူ၊ရွာသားတချို့က
လိုက်လာကြပြီး မလှမ်းမကမ်းမှကြည့်နေကြလေသည်။
တဲအိမ်လေးအတွင်းမှဖယောင်းတိုင်တစ်တိုင်ကိုကိုင်၍
အမေညိုထွက်လာခဲ့၏။
ခါးလေးကုန်းပြီးမသွက်လက်သောခြေလှမ်းများဖြင့်
အမေညိုထွက်လာခဲ့ကာ ခြံတံခါးအနီးရောက်တော့…
“ဘာကိစ္စရှိလို့လဲသူကြီး”
ဟုမေးရင်းခြံတံခါးကိုဖွင့်ပေးလိုက်သည်။
“ဟို…ဟိုလေအမေညို”
သူကြီးဦးဘတူပြောဖို့မရဲဖြစ်နေခဲ့သည်။
“ရွာထဲဘာဖြစ်ပြန်တာလဲဘတူရဲ့…”
ဟုအမေညိုကထပ်မေးလေတော့…
“ကျုပ်ကိုတော့တမျိုးမထင်ပါနဲ့အမေညို…
ရွာထဲမှာကလေးနှစ်ယောက်လန့်ပြီးငိုယိုနေကြတယ်…
မိဘတွေကလည်းဘာလုပ်လို့ဘာကိုင်ရမလဲကို
မသိဖြစ်နေကြရှာတယ်…အဲ့တာ…”
“သိပြီ…သိပြီ…ငါ့လက်ချက်လို့ပဲပြောနေကြပြန်တာလား…”
“အဲ့တာထက်ပိုဆိုးတယ်အမေညို…
အခုကအမေညိုအသက်အန္တရာယ်ကိုပါ
ထိခိုက်လာနိုင်တယ်…အဲ့တာကြောင့်
ကျုပ်ကိုယ်တိုင်လာပြောရတာပါ…”
“ရပါတယ်…ငါကိုယ်ကဝဋ်ကြွေးတွေ
ဆပ်နေရတာပါလေ…
တစ်ခုတော့ပြောမယ်ဘတူ…
ဒီကလေးတွေကိုငါဘာမှမလုပ်ဖူး…
သင်းတို့ဘယ်သွားပြီးဘာတွေမှားလာကြတယ်မသိဘူး…
ဒီတော့ငါလိုက်ကြည့်ပေးမယ်…
ပြီးမှသင်းတို့ငါ့ကိုသတ်ချင်လည်းသတ်ကြပါစေတော့
ဒီဝဋ်တွေမြန်မြန်ကျေတော့အေးတာပါပဲဟယ်…”
အမေညိုစကားကိုဦးဘတူခေါင်းညိတ်လိုက်သည်။
သို့သော်စိတ်မကောင်းစွာဖြင့်သက်ပြင်းချလိုက်သေး၏။
“ကဲ…ရှေ့ကသွားဘတူ…ငါလိုက်ခဲ့မယ်”
သူကြီးဦးဘတူကရှေ့မှသွားသည်။
အမေညိုကဖယောင်းတိုင်ကမီးမှုတ်ထားခဲ့ပြီး
သူကြီးဦးဘတူအနောက်မှ ခါးလေးတကုန်းကုန်းဖြင့်
လိုက်လာခဲ့ရှာ၏။
လှမ်းကြည့်နေကြသောရွာသူ၊ရွာသားများကလည်း
အမေညိုလိုက်လာတာကြောင့်အံ့သြနေကြလေသည်။
“အမေညိုကိုယ်တိုင်လိုက်လာတာဟေ့”
ဟုရွာသားတစ်ယောက်က ကျန်လူများကို
လှမ်းအော်ကာပြောလေသည်။
သူကြီးဦးဘတူကလည်းဆေးဆရာကြီးအိမ်သို့
အမေညိုကိုခေါ်လာခဲ့သည်။
အမေညိုလာတာမြင်တော့တချို့ကနေရာရွေ့သွားကြသလို
မလိုမုန်းတီးအကြည့်များဖြင့်ကြည့်နေကြ၏။
“အမေညို…ကျုပ်တွဲပေးမယ်…”
“ရတယ်…ရတယ်…ကိုယ့်ဘာသာပဲတက်ပါ့မယ်”
လှေကားထစ်လေးကိုအမေညိုတက်ဖို့အားယူနေရ၍
သူကြီးဦးဘတူကတွဲပေးဖို့ပြင်တော့အမေညိုကလက်မခံဘဲ
ငြင်းဆန်လိုက်ပြီး သူကိုယ်တိုင်အားပြု၍တက်ရှာသည်။
“ကလေးတွေဘယ်မှာလဲ”
“ဟိုမှာအမေညို…”
အမေညိုရောက်လာတော့ကလေးမိဘတွေက
ဘေးဖယ်ပေးကြသည်။
ဆေးဆရာကြီးနဲ့သူကြီးဦးဘတူတို့ကလည်းအမေညိုကို
ရပ်၍ကြည့်နေကြ၏။
အမေညိုက ကြမ်းပေါ်၌လှဲနေသော
ကလေးနှစ်ယောက်နံဘေးကိုထိုင်လိုက်သည်။
ကလေးတွေက ကယောင်ကတမ်းအော်ဟစ်နေကြ၏။
အမေညိုက ကလေးတွေ၏နဖူးကိုသူ့လက်တစ်ဖက်စီ
တင်ကာစမ်းသည်။
ကလေးတွေကိုလည်း သေချာစိုက်ကြည့်ပြီးလေမှ…
“ဘတူ…ငါ့ကိုရေတစ်ခွက်ပေး”
ဟုတောင်းလိုက်၏။
သူကြီးဦးဘတူကိုယ်တိုင်ရေတစ်ခွက်ခပ်ပေးလိုက်တော့
အမေညိုကရေခွက်ကိုနှုတ်ခမ်းနားသို့ကပ်၍
တတွတ်တွတ်ရွှတ်ဆိုနေခဲ့သည်။
အသံပင်မကြားရ၍ဘာတွေရွတ်နေသလဲဆိုတာ
သူကြီးဦးဘတူတို့ပင်မသိကြပေ။
ပြီးလေမှ အမေညိုကရေခွက်ထဲမှရေများကို
ကလေးနှစ်ယောက်၏ပါးစပ်များကိုလက်ဖြင့်ဟလိုက်ပြီးမှ
တိုက်လေသည်။
ရေတိုက်လို့ပြီးသောအခါ ကလေးတွေ၏ခေါင်းကိုလက်ဖြင့်
ပွတ်သပ်ပေးပြန်၏။
အမေညိုလုပ်သမျှကိုအားလုံးကကြည့်နေကြသည်။
အမေညိုရောက်လာမှကလေးတွေငြိမ်သွားသည်ဟုလည်း
ပြောဆိုနေကြ၏။
အမှန်ပင်…အမေညိုရေတိုက်လိုက်မှကလေးတွေ
အော်ဟစ်သံများတိတ်ဆိတ်သွား၏။
အဲ့သည်နောက်အမေညိုကြမ်းပေါ်မှထလိုက်သည်။
“ကဲ…ဘတူ မနက်ရောက်မှကလေးတွေကို
ဘယ်သွားပြီးဘာလုပ်ထားသလဲမေး…
တောင်းပန်သင့်ရင်သွားတောင်ပန်…
ငါတော့ဒါပဲပြောတတ်တယ်…ငါပြန်ပြီဟဲ့”
ဟုပြောကာ အိမ်ပေါ်မှဆင်း၍နောက်သို့လှည့်ပင်
မကြည့်ဘဲထွက်သွားတော့လေသည်။
“အမေညိုပြောတာကြားကြတယ်…
မနက်မှကိုယ့်သားသမီးကိုယ်မေးကြတော့”
သူကြီးဦးဘတူလည်း ကလေးမိဘများကို
ပြောလိုက်လေသည်။
နောက်တစ်နေ့ရောက်တော့…
“ဟဲ့…ကလေးတွေက ဘုရားနီဘက်သွားဆော့ကြတာတဲ့…
အဲ့မှာဆော့ရင်းကနေ ဘုရားနီထဲဝင်ဖို့ပြင်နေတဲ့မြွေကို
ခဲတွေတုတ်တွေနဲ့ပေါက်ခဲ့ကြသတဲ့…”
“ဟယ်…ဘုရားနီကသိုက်စောင့်တွေရှိတယ်ဆို…
မြွေကောဟုတ်ရဲ့လားသိုက်စောင့်တွေများ
ဖြစ်နေမလားမသိဘူးနော်…”
“အတော်လက်ကမြင်းတဲ့ကလေးတွေလေ…
ခုတော့သူတို့မိဘတွေလည်းဘုရားနီမှာပွဲထိုးပြီး
သွားတောင်းပန်နေကြတယ်…”
“အေးနော်…ဒါထက်လေ ညက ကိစ္စကို
အမေညိုစိတ်များဆိုးသွားသလားမသိဘူးနော်…
သူတို့က အမေညိုကိုသတ်ပစ်မယ်တောင်လုပ်နေကြတာ”
“အမေညိုကိုယ်တိုင်လိုက်လာတာရှာတယ်လေ…
ပြီးတော့အမေညိုကသူတစ်ယောက်ထဲနေတာ
ဒီရွာကဘယ်သူနဲ့စကားပြောဖူးလို့လဲ…
မနေ့ညကလည်းကလေးတွေဖြစ်နေတာကြောင့်
အမေညိုလိုက်လာတာလေ…ညည်းမတွေ့ဖူးလား
အမေညိုကရေတွေကိုမန်းတိုက်လိုက်တော့မှ
ဟိုကလေးတွေသက်သာသွားတာလေဟယ်…”
“ဟုတ်ပနော်…”
အမေညိုအကြောင်းများပြောရင်း
အမေညိုအပေါ်၌အမြင်ကြည်လာကြသည်။
“သူကြီး…”
“ဟေ…”
“ကျုပ်တို့အမေညိုကိုတောင်းပန်ချင်တယ်ဗျာ”
“ဘာလို့လဲကွ”
“ဟာဗျာ…ဟိုနေ့က ကျုပ်သားအတွက်သွေးဆူနေတုန်း
အမေညိုကိုသတ်ပစ်မယ်လို့ပြောမိတယ်လေ…
တကယ်တော့အမေညိုကြောင့်ကလေးတွေ
သက်သာသွားတာဗျ…
ဒါကြောင့်အမေညိုကိုကျုပ်တို့သွားတောင်းပန်ချင်လို့
သူကြီးလိုက်ခဲ့ပေးပါဗျာ”
“အေးလေ…မင်းတို့စိတ်တွေပြောင်းလဲလာတော့လည်း
ငါဝမ်းသာပါတယ်ကွာ…လိုက်ခဲ့ပေးရမှာပေါ့”
သူကြီးကလည်းကျေကျေနပ်နပ်ကြီးဖြင့်ပြုံး၍ပြောသည်။
ကလေးနှစ်ယောက်၏မိဘများကလည်းအမေညိုကို
ကန်တော့ဖို့ဆန်များ၊ဆီများကိုတောင်းဖြင့်ထည့်၍
အမေညိုအိမ်ကိုသွားကြ၏။
အမေညိုအိမ်ရှေ့ရောက်တော့…
“အမေညို…အမေညိုရှိလား…
ကျုပ်တို့ဝင်လာမယ်နော်အမေညို…”
ဝိုင်းတံခါးကဟထားသည်မလို့
သူကြီးဦးဘတူကအသံပြု၍ဝင်လာခဲ့သည်။
“အမေညို…အမေညို ကျုပ်ပါဘတူပါအမေညိုရဲ့”
ဟုအော်သော်လည်းပြန်ထူးသံကိုမကြားရပေ။
ထိုသို့ဖြင့်တဲအိမ်လေးထဲကိုကြည့်တော့…
“ဟာ…အမေညို…”
သူကြီးဦးဘတူ လန့်သွားသည်။
အမေညိုကတဲအိမိလေးအတွင်းမြေပေါ်၌
ကွေးကွေးလေးလဲကျနေခြင်းပင်။
သူကြီးဦးဘတူအမေညိုအနီးသို့ပြေးကာသွားရင်း
ပွေ့ထူလေတော့ အမေညိုခန္ဓာကိုယ်ကအေးစက်၍နေခဲ့၏။
“အမေညို ဆုံးပြီ”
အမေညိုဆုံးပြီဆိုသောသတင်းကြောင့်
သဲချောင်းတစ်ရွာလုံးမပျော်နိုင်ခဲ့။
အမေညိုဆုံးလေမှ အမေညိုအပေါ်အထင်လွဲမှားနေမှုများကို
သိရှိခဲ့သည်။
အထင်လွဲမှားခဲ့ကြတာကအမှန်ဆိုတာကို
အမေညိုအိမ်အတွင်းရှိ ဘုရားပန်းများဖြင့်ဝေဆာနေသော
ဘုရားစင်ကြီးကသက်သေပင်ဖြစ်လို့နေခဲ့သည်။
သူကြီးဦးဘတူပြောပြသောအမေညိုအကြောင်းများကိုနားထောင်ပြီး ဘွားမယ်စိန်တို့မှာစိတ်မကောင်းဖြစ်ကြရသည်။
ဘွားမယ်စိန်မှ…
“အင်းပေါ့လေ သူ့ခမျာလည်း
ဝဋ်ကြွေးတွေကျေသွားရှာတာပေါ့…”
ဟုသာပြောလေသည်။
“ဟုတ်ပါတယ်ဗျာ…အမေညိုဝဋ်ကြွေးတွေကျေသွားတာပါ…
သူ့ဘဝတစ်လျှောက်လုံးယောကျာ်းကအရက်သမား…
သားတွေကအရက်သမား…ဒီလူတွေကိုပေးဆပ်ခဲ့တာတောင်
ဝဋ်ကြွေးကမကျေပဲ…
တစ်ရွာလုံးရဲ့အထင်အမြင်လွဲမှားတာကိုပါခံရရှာပါသေးတယ်”
ဟုသူကြီးဦးဘတူကပြောတော့ဘွားမယ်စိန်က
ခေါင်းလေးတညိတ်ညိတ်ဖြင့်နားထောင်နေပြီး…
“မောင်ရင်တို့ရွာကဘုရားနီမှာသိုက်ရှိတယ်ဆိုရင်
သိုက်တူးမယ့်ဆရာတွေလာလိမ့်မယ်…
သတိတော့ထားကြပေါ့ကွယ်…”
“ဟုတ်ကဲ့”
“ဘုရားဟောင်းကိုပြန်ပြင်လိုက်တာတော့အကောင်းဆုံးပေါ့…
ဒါမှမသူတော်တွေရန်က ကင်းဝေးကြရမှာ”
ဟု…ဘွားမယ်စိန်ကပြောလိုက်သည်။
ပြီးနောက်သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်ရင်းမည်သည့်စကားမှဆက်မပြောတော့ဘဲ
အမေညိုအကြောင်းများတွေးရင်းငြိမ်နေခဲ့တော့၏။
သူကြီးဦးဘတူ…သူကြီးဦးနောင်ချိုနှင့်ဒေါ်ဝင်းတို့သာ
စကားဆက်ပြောနေကြရသည်။
အချိန်အတော်ကြာစကားပြောပြီးလေမှ
သူကြီးဦးဘတူတို့လည်းဘွားမယ်စိန်ကို
နှုတ်ဆက်၍ပြန်သွားကြတော့၏။
သူကြီးတို့ပြန်သွားကြတော့ဒေါ်ဝင်းလည်း
ရွာထဲကိုထွက်သွားလေသည်။
ဘွားမယ်စိန်တစ်ဦးထဲကွပ်ပျစ်ခင်း၌ကျန်နေရစ်ခဲ့ပြီး…
“ဝဋ်ကြွေးတွေဒီဘဝဒီမျှနဲ့ကျေခဲ့ပြီး…
နောက်ဘဝမှာအေးချမ်းပါစေ…”
ဟုဘွားမယ်စိန် နှုတ်မှရေရွတ်နေခဲ့၏။
ထိုသို့ဖြင့်ဘွားမယ်စိန်နှင့်ဝဋ်ကြွေးဆပ်သူ
စာမူလေးပြီးဆုံးသွားပါသည်။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

ဘြားမယ္စိန္ႏွင့္ဝဋ္ေႂကြးဆပ္သူ(စ/ဆံုး)
————————————————
“မမဝင္း…ဘယ္သြားမလို႔လဲဗ်…”
ေဒၚဝင္းႏွင့္သူႀကီးဦးေနာင္ခ်ိဳတို႔
႐ြာလမ္းမ၌ေတြ႕ၾကသည္။
“ေဟာ…သူႀကီးတို႔ပါလား…
ဘယ္မွမသြားပါဘူးေတာ္…မနက္ျဖန္
မုန္႔ဆီေၾကာ္ေလး အေမတို႔ကိုေၾကာ္ေကြၽးခ်င္တာနဲ႔
ေကာက္ညႇင္းဆန္သြားေထာင္းလာတာ…”
“ေကာင္းပါ့ဗ်ာ…ဒါနဲ႔အိမ္မွာဘြားရွိတယ္မလား”
“ရွိပါ့ေတာ္…ဘာလဲ…
သူႀကီးတို႔က က်ဳပ္အိမ္ဆီကို​သြားမလို႔လား”
“ဟုတ္ပဗ်ာ…ဒီမွာေလ က်ဳပ္ဧည့္သည္က
ဘြားနဲ႔ေတြ႕ခ်င္တယ္ဆိုလို႔ လိုက္ပို႔ေပးတာပါ…”
“ဟယ္…ဒါဆိုရင္အေမတို႔ေတာ့
ခရီးထြက္ရဦးမယ္ထင္တယ္…
က်ဳပ္မုန္႔ဆီေၾကာ္မယ့္ကိစၥကေတာ့
ေနာက္ေ႐ြ႕ရျပန္ဦးမယ္”
ဟုေဒၚဝင္းကေျပာေတာ့သူႀကီးဦးေနာင္ခ်ိဳမွ…
“ခရီးမသြားရပါဘူးဗ်ာ…အဲ့အတြက္စိတ္မပူပါနဲ႔
က်ဳပ္ဧည့္သည္ကဘြားနဲ႔ေတြ႕ဖူးခ်င္တယ္ဆိုလို႔
လာေတြ႕ယုံတင္ပါမမဝင္းရဲ႕”
“ေၾသာ္…ေတာ္ပါေသးရဲ႕ေတာ္”
ဟုေျပာ၍ေဒၚဝင္းရယ္ေလသည္။
အိမ္သို႔ေရာက္လာၾကေတာ့…
“အေမ…ေဟာသည္မွာသူႀကီးနဲ႔
အတူတူဧည့္သည္လည္းပါလာတယ္ေတာ့္…”
“ဟုတ္လား…ဒါျဖင့္လည္းဝင္လာၾကေလ…”
ဘြားမယ္စိန္ကကြပ္ပ်စ္ခင္းေပၚ၌ထိုင္ေနသည္။
ထိုင္ေနသည္ဆိုေသာ္လည္းလက္၌ပုတီးကိုင္၍
စိပ္ေနျခင္းျဖစ္၏။
သူႀကီးဦးေနာင္ခ်ိဳႏွင့္အတူပါလာေသာဧည့္သည္တို႔က
ကြပ္ပ်စ္ခင္း၌ဝင္ထိုင္ၾကသည္။
ေဒၚဝင္းကေတာ့ ေကာက္ညႇင္းဆန္ေထာင္းထားေသာ
ဗန္းအားမီးဖိုထဲသို႔​အရင္သြားထား၏။
ၿပီးေလမွအၾကမ္းရည္အိုးကိုေရေႏြးထပ္ျဖည့္ေပးၿပီး
ျပန္ေရာက္လာခဲ့ေလသည္။
“ဘြား…ဒါက်ဳပ္ဧည့္သည္…
သဲေခ်ာင္း႐ြာကသူႀကီးခင္ဗ်…
နာမည္ကေတာ့ဦးဘတူတဲ့…”
“ေၾသာ္…ေအးကြယ္…
ေတြ႕ရတာဝမ္းသာပါတယ္…
ဘြားဆီကိုလာတာဆိုေတာ့
ဘာအေၾကာင္းကိစၥမ်ားရွိေနလို႔လဲ…”
ဟုေမးေသာအခါသဲေခ်ာင္း႐ြာသူႀကီးဦးဘတူမွ…
“အေၾကာင္းကိစၥရယ္လို႔မရွိပါဘူးခင္ဗ်ာ…
က်ဳပ္နဲ႔သူႀကီးဦးေနာင္ခ်ိဳတို႔ ၿမိဳ႕မွာဆုံလို႔စကားစပ္မိရာကေန
ဘြားရဲ႕အေၾကာင္းေတြသိခဲ့ရပါတယ္…
ဘြားအေၾကာင္းၾကားေတာ့ေတြ႕ခ်င္စိတ္ေတြကတဖြားဖြားေပၚလာခဲ့တာမလို႔က်ဳပ္လည္း႐ြာကိုျပန္ေသးဘဲ
ဒီ႐ြာကိုလိုက္လာခဲ့တာပါ”
“ေၾသာ္…ေအးပါကြယ္…”
“ဘြားကိုျမင္ေတာ့က်ဳပ္တို႔ရဲ႕ အေမညိဳကိုေတာင္
သတိရမိပါေသးတယ္ဗ်ာ…”
“အေမညိဳဆိုတာဘယ္သူမ်ားလဲ…
ေမာင္ရင့္ရဲ႕အေမလားကြဲ႕”
“မဟုတ္ပါဘူးဗ်ာ…
အေမညိဳဆိုတာက်ဳပ္နဲ႔ကေဆြမ်ိဳးနီးစပ္ေတာ္တဲ့သူပါ…
က်ဳပ္တို႔သဲေခ်ာင္းတစ္႐ြာလုံးကို
ဝဋ္ေႂကြးဆပ္သြားရသူေပါ့ဗ်ာ”
“ဝဋ္ေႂကြးဆပ္သြားရတဲ့သူ…ဟုတ္လား
ေမာင္ရင့္စကားကထူးဆန္းလွပါလားကြဲ႕”
” အေမညိဳအေၾကာင္းကိုဘြားကိုေျပာျပရင္ေတာ့
အေၾကာင္းစုံသိရမွာပါခင္ဗ်ာ…
ဒါကလည္းဘြားသိခ်င္မွပါ…”
“အင္း…စိတ္ေတာ့ဝင္စားမိသားကြဲ႕…
ကဲပါ…ေမာင္ရင္ေျပာျပမယ္ဆိုရင္ေတာ့
နားေထာင္ခ်င္တာေပါ့ကြယ္…”
“ဟုတ္ကဲ့…ဘြားကနားေထာင္မယ္ဆိုရင္ေတာ့
က်ဳပ္ေျပာအားရွိတာေပါ့…”
ဟုသူႀကီးဦးဘတူကဘြားမယ္စိန္ကိုေျပာလိုက္သည္။
ၿပီးေနာက္…အေမညိဳဆိုသူ၏အေၾကာင္းႏွင့္
သဲေခ်ာင္း႐ြာ၏အေၾကာင္းအား ဆက္၍ေျပာျပေတာ့၏။
**************************************
႐ြာအမည္က သဲေခ်ာင္း႐ြာဟုေခၚသည္။
သဲေခ်ာင္းေလးက ႐ြာနံေဘး၌စီးဆင္းေနၿပီး
ယာခင္းမ်ားျဖင့္စိမ္းစိမ္းစိုေနေသာ
သာယာလွသည့္႐ြာကေလးပင္ျဖစ္၏။
႐ြာ၏အေနာက္ဖက္၌ဘုရားနီဟုေခၚေသာ
ဘုရားပ်က္ႀကီးကလည္းၿခဳံႏြယ္ပိတ္ေပါင္းမ်ား
ထူထပ္စြာျဖင့္တည္ရွိေလသည္။
ထိုသို႔ေအးခ်မ္းသာယာလွေသာ႐ြာကေလး၌…
“အမယ္ေလး…ကယ္ၾကပါဦး…က်ဳပ္သားအပူေတြႀကီးၿပီး
ေခၚလို႔မရေတာ့ဘူး…အီးးးဟီးးးးဟီးးးးးးး…”
ဟုေသာေအာ္ဟစ္ငိုယိုသံသည္
ညသန္းေခါင္အခ်ိန္၌ထြက္ေပၚလာခဲ့ေလသည္။
ထိုနည္းတူစြာ…
“အေမေရ…ကြၽန္မသားေလးကိုကယ္ပါဦးေတာ့္…
အီးးးးဟီးးးးးးဟီးးးးးးးးးး”
ဟူေသာေအာ္သံကတူညီစြာထပ္မံထြက္ေပၚလာေလေတာ့
႐ြာသူ၊႐ြာသားတို႔မွာ လန္႔၍ႏိုးလာခဲ့ၾကသည္။
႐ြာသူ႐ြာသားတို႔ႏိုးလာၾကစဥ္ ငိုယိုသံမ်ားျဖင့္
ေဆးဆရာႀကီး၏အိမ္သို႔အေျပးအလႊားသြားသံမ်ားကိုပါ
ကြားလိုက်ကြရ၏။
ထိုသို႔႐ြာလန္႔သျဖင့္…
သဲေခ်ာင္း႐ြာသူႀကီးဦးဘတူမွာလည္း
ေဆးဆရာႀကီးဦးဖိုးထူးအိမ္ဆီသို႔လူအုပ္ျဖင့္
ေရာက္လာခဲ့ေတာ့သည္။
“ဘာျဖစ္ၾကတာလဲေဟ့…
ဘယ္အိမ္ကဘယ္သူဘာျဖစ္တာလဲ…”
ဟုေမးေလရာ…႐ြာသားတစ္ဦးမွ…
“သူႀကီး…ကေလးႏွစ္ေယာက္ဖ်ားၿပီးေခၚမရျဖစ္ေနလို႔ဗ်…”
“ေဟ…ဘယ္သူ႔ကေလးေတြလဲကြ…”
“မပုတင္သားနဲ႔ မတင္လွသားသူႀကီး”
“ဟ…ဒီကေလးေတြကတစ္႐ြယ္ထဲလည္းျဖစ္…
ကစားေဖာ္ေတြလည္းျဖစ္ေနၾကတာမလား…
ဘယ္လိုမ်ားျဖစ္ၾကတာလဲကြ”
“မသိဘူးသူႀကီး…အခုေတာ့ေဆးရာႀကီးၾကည့္ေပးေနတယ္…
ကေလးေတြၾကည့္ရတာ တစ္ခုခုလန္႔ေနၾကပုံပဲဗ်”
႐ြာသားစကားကိုေဘးမွလည္းေထာက္ခံၾကသည္။
သူႀကီးဦးဘတူကလည္းသူ၏မုတ္ဆိတ္ေမႊးမ်ားကိုလက္ျဖင့္
သပ္ရင္းစဥ္းစားေနပုံရ၏။
စဥ္းစားၿပီးေလမွ…
“တစ္ခုခုေတာ့တစ္ခုခုပဲကြ…
အဲ့တစ္ခုခုကိုစဥ္းစားရရင္……”
ဟုဆိုကာ သူႀကီးဦးဘတင္ကဆက္၍
မေျပာဘဲရပ္ထားေလသည္။
႐ြာသားေတြကလည္းသူႀကီးဦးဘတူေျပာမည့္စကားကို
သိခ်င္ေနၾကသည္။
သို႔ေသာ္ သူႀကီးဦးဘတူက ပညာရွိဂိုက္ႀကီးဖမ္းကာ
စဥ္းစားခန္းဝင္ေနသည္ကိုစိတ္မရွည္ေသာ
႐ြာသားတစ္ေယာက္မွ…
“သူႀကီးေျပာခ်င္တာက ဒီကေလးႏွစ္ေယာက္
သာမာန္ဖ်ားနာတာမဟုတ္ဘဲ…
ပေယာဂတစ္ခုခုေၾကာင့္လို႔
ေျပာခ်င္တာမဟုတ္လားဗ်”
ဟုေျပာလိုက္ေတာ့ သူႀကီးဦးဘတူကမေက်မနပ္ဟန္ျဖင့္…
“ေနပါဦးကြာ…အေျခအေနၾကည့္ပါရေစဦး…”
ဟုေျဖေသာအခါထို႐ြာသားကပဲ…
“ဒီအခ်ိန္ႀကီး ဒီလိုထျဖစ္တာကေတာ့မ႐ိုးဘူးဗ်…
ၾကည့္ရတာက်ဳပ္ေတာ့…
အေမညိဳလက္ခ်က္ပဲလို႔ ထင္တယ္ဗ်”
ဟုေျပာေသာအခါ…
“ဟဲ့ေကာင္ ဝက္တိုး…စကားဆိုတာစဥ္းစားၿပီးမွ
ေျပာရတယ္ကြ…
စိတ္ထင္တိုင္းေျပာေနရင္မွားကုန္ေတာ့မွာေပါ့”
ဟု…သူႀကီးဦးဘတူကေငါက္လိုက္ေလေတာ့
ဝက္တိုးဆိုသည့္႐ြာသားက မေက်မနပ္ဟန္ျဖင့္
ပါးစပ္ကိုပြစိပြစိလုပ္၍ ခပ္တိုးတိုးေျပာေနေလသည္။
ထိုစဥ္ေဆးဆရာႀကီးကသူႀကီးဆီသို႔ေရာက္လာၿပီး…
“သူႀကီးလည္းေရာက္ေနၿပီပဲဗ်…”
“ဘာထူးသလဲဗ်…ကေလးေတြဖ်ားတာသာမာန္ပဲလား”
“အဲ့သည္လိုထင္ရေပမယ့္…မဟုတ္ဘူးဗ်…
ကေလးေတြၾကည့္ရတာတစ္ခုခုကိုလန္႔ေနပုံရတယ္…”
“ဟင္…ဟုတ္လား”
ေဆးဆရာႀကီး၏စကားေၾကာင့္သူႀကီးဦးဘတူတင္မက
နံေဘးရွိ႐ြာသူ၊႐ြာသားမ်ားပါ အံ့ၾသကုန္ၾကသည္။
“ဟုတ္တယ္သူႀကီး…သူႀကီးကိုယ္တိုင္ဝင္ၾကည့္လိုက္ပါ…
အဲ့တာမွက်ဳပ္ေျပာတာဟုတ္မဟုတ္သိရမွာ…”
ေဆးဆရာႀကီးက​ေျပာေတာ့
သူႀကီးဦးဘတူေခါင္းညိတ္လိုက္သည္။
ၿပီးေနာက္ေဆးဆရာႀကီး၏အိမ္ထဲသို႔ဝင္ကာၾကည့္ေတာ့
ကေလးႏွစ္ေယာက္ကၾကမ္းေပၚ၌
ပက္လက္အေနအထားရွိေနၿပီး ကေလးေတြ၏
မိဘမ်ားကလည္းနံေဘး၌ေသာက
ကိုယ္စီျဖင့္ရွိၾကေလသည္။
သူႀကီးဝင္လာတာကိုျမင္ေတာ့သူတို႔မ်က္လုံးမ်ားက
သူႀကီးကိုအားကိုးတႀကီးလွမ္း၍ၾကည့္ၾက၏။
“အားးးး…နာတယ္….နာတယ္….မ႐ိုက္ပါနဲ႔
ေၾကာက္ပါၿပီဗ်…”
“အေမ…အား…နာတယ္…နာတယ္….
အီးးးးဟီးးးးးဟီးးးး…”
ကေလးေတြကသတိျပန္ရလာေတာ့
ေၾကာက္အားလန္႔အားျဖင့္ေအာ္ဟစ္ငိုယိုေနၾကသည္။
ကေလးေတြကိုၾကည့္ရင္းမိဘေတြမွာလည္း
ေျခမကိုင္မိ၊လက္မကိုင္မိျဖင့္မည္သို႔လုပ္ေပးရမည္မသိဘဲ
ကူကယ္ရာမဲ့သူမ်ားအလား….မ်က္ရည္မ်ားျဖင့္
ဗ်ာမ်ားေနၾကရရွာသည္။
သူႀကီးဦးဘတူလည္းသက္ျပင္းႀကီးသာခ်၍…
“က်ဳပ္တို႔ဒီကေလးေတြကိုဘယ္လိုလုပ္ေပးရမလဲဗ်ာ…
ဘယ္လိုလုပ္ေပးမွသူတို႔သက္သာမွာလဲ…”
ဟုေဆးဆရာႀကီးကိုေမးေလေတာ့
ေဆးဆရာႀကီးကလည္းသက္ျပင္းႀကီးခ်၍…
“ထုံးစံအတိုင္းပဲေပါ့ဗ်ာ…အေမညိဳဆီကိုသြားရမွာေပါ့”
“ဟာဗ်ာ…ဒီကိစၥေတြကမၿပီးေတာ့ဘူးလား”
သူႀကီးကအလိုမက်စြာျဖင့္ေျပာသည္။
အေမညိဳဆိုတာက စမ္းေခ်ာင္း႐ြာ၏အပယ္ခံလိုျဖစ္ေနသူပင္။
အေမညိဳကိုစုန္းမ…ကေဝမဟု စမ္းေခ်ာင္းတစ္႐ြာလုံးက
သမုတ္ၾက၏။
အေမညိဳကလည္းသူတို႔ထင္ရင္ထင္စရာပင္…
အရပ္ကရွည္ရွည္…အသားအေရက
ေခ်ာက္ကပ္ကပ္မဲျပာျပာ…မ်က္ႏွာကလည္း
အၿမဲတန္းလိုလို႐ုပ္တည္ႀကီးျဖင့္ေနတတ္ေလသည္။
ထိုမွ်မကေသး အေမညိဳ၏
ဆံပင္ေတြကတစ္ေခါင္းလုံးျဖဴကာေဖြးလို႔ေန၏။
ထိုသို႔အသြင္ရွိေသာအေမညိဳသည္ သားႏွစ္​ေယာက္ရွိပါေသာ္လည္းအရက္သမားဘိန္းစားမ်ားျဖစ္၍
ေလာကႀကီးမွေစာစီးစြာထြက္ခြာသြားကုန္ၾက၏။
အေမညိဳတစ္ေယာက္သာက်န္ရွိခဲ့ၿပီး ႐ြာထဲ၌
သက္ကယ္မိုး…ထရံကာအိမ္အိုေလး၌ေနထိုင္ေလသည္။
မရွိခိုးႏိုး…မလွစုန္းယိုးဟုဆိုသည့္အတိုင္း
တစ္႐ြာလုံးကအေမညိဳကိုအေခၚအေျပာ
အဆက္ဆံမလုပ္ၾကေပ။
႐ြာ၌အသက္ႀကီးသူျဖစ္ေသာ္ျငားလည္း
အေမညိဳကိုဆိုလွ်င္ေဝးေဝးေရွာင္ကာေနၾက၏။
“တို႔အေမေျပာဖူးတယ္…
အေမညိဳကစုန္းမတဲ့ေအ့…
သူ႔ေယာက်ာ္းကဆိုရင္အရမ္းဆိုးတာတဲ့ေနာ္..
အဲ့သည္သူ႔ေယာက်ာ္းကို
သူကိုယ္တိုင္ မသာႀကီးေသြးအန္ေသပါေစလို႔
က်ိန္စဲလိုက္တာ…
တကယ္လည္းသူ႔ေယာက်ာ္းက
ေသြးအန္ၿပီးေသသြားတာဆိုပဲ…”
“ဟယ္ဟုတ္လား”
“ဟုတ္တယ္…ဟုတ္တယ္…
ငါ့အေမလည္းေျပာဖူးတယ္…
အေမညိဳကစုန္းမွ ႐ိုး႐ိုးစုန္းမဟုတ္ဖူးတဲ့ေနာ္…
ဆယ္ႏွစ္ႀကိဳးပိုင္တဲ့ ဆယ့္ႏွစ္ႀကိဳးကေဝတဲ့”
“အမယ္ေလး…ေၾကာက္စရာႀကီးပါလား”
“ဟုတ္တယ္…အဲ့သည္လိုစုန္းမ်ိဳးကေလ
လူရဲ႕အေသြးအသားေတြကိုစားတတ္သတဲ့…”
“အဲ့သည္လိုသာဆိုရင္ေတာ့ ဒီအဘြားႀကီးနဲ႔
ခပ္ေဝးေဝးေနမွျဖစ္မယ္ေအ့…
မဟုတ္ရင္တို႔ေတြကိုတစ္ခုခုလုပ္လိုက္မွျဖင့္ေအ…”
ဟူေသာအမ်ိဳးသမီးတို႔၏စကားမ်ားေၾကာင့္
အေမညိဳအေပၚတစ္႐ြာလုံးကပို၍ေၾကာက္လာၾကသည္။
ေၾကာက္လာသည့္အျပင္အေမညိဳကို
အေခၚအေျပာအဆက္ဆံပင္မလုပ္ၾက။
သို႔ေပမယ့္ အေမညိဳနဲ႔႐ြာသူႀကီးဦးဘတူတို႔က
ေဆြမ်ိဳးနည္းစပ္ေတာ္ေသးသည္မလို႔
အေမညိဳအေပၚမွာေတာ့ အမွားမလုပ္ရဲၾကေပ။
အေမညိဳကိုယ္တိုင္ကလည္း မာနရွိ၏။
အေခၚအေျပာမလုပ္သူမ်ားကို သူကိုယ္တိုင္က
အဖက္ပင္မလုပ္ခဲ့။
ဒါ့ေၾကာင့္လည္း႐ြာသူအမ်ိဳးသမီး
တို႔ေျပာေသာသတင္းစကားကိုအမွန္ဟု
အားလုံးကလက္ခံထားၾကေလသည္။
႐ြာ၌နာမက်န္း​ျဖစ္သူရွိလွ်င္အေမညိဳ၏ၿခံဝိုင္းအျပင္၌
ေခါစာမ်ားကပစ္ၿပီးသားျဖစ္၏။
ထိုသို႔လူႀကီးမွကေလးေပါက္စနအဆုံး သ႐ိုးသရီတအီအီျဖစ္သည္ႏွင့္ အေမညိဳအိမ္ေရွ႕သို႔ေျပးကာ
ေခါစာပစ္ၾကသည္မွာ႐ြာ၏ထုံးစံလိုပင္ျဖစ္ေနခဲ့သည္။
ယခု ကေလးႏွစ္​ေယာက္၏အျဖစ္ကိုလည္း
အေမညိဳလက္ခ်က္ဟုထင္ကာ …
“အခ်ိန္မရွိဘူးေဟ့…ေခါစာသြားပစ္ၾက…”
ဟုေျပာ၍ အေမညိဳအိမ္ေရွ႕ကိုေခါစာသြားပစ္ၾကသည္။
သို႔ေသာ္လည္းကေလးေတြက မသက္သာဘဲ
တငိုငိုတရီရီျဖစ္ေနၾကျပန္ေတာ့အေမေတြကငို…
အေဖေတြကေဒါသထြက္ျဖစ္ေနၾကရ၏။
“ဒီအဘြားႀကီးကိုသြားသတ္မယ္…
ဒါမွ ငါတို႔ကေလးေတြသက္သာမွာ…”
“အို…မလုပ္ၾကပါနဲ႔ရွင္…
ေတာ္တို႔အဲ့သည္လိုလုပ္ေတာ့ပိုဆိုးကုန္မွာေပါ့…”
“ဟုတ္ပါတယ္ကြာ…စိတ္ေလးေတြေလ်ာ့ၾကပါဦး…”
ေဒါသထြက္ေနေသာေယာက်ာ္းသားမ်ားကို
ဝိုင္းဝန္းတားဆီးၾကရျပန္သည္။
သူႀကီးဦးဘတူကေတာ့အေတာ္ေလး
စဥ်းစားရခက်ေန၏။
ၿပီးေလမွ…
“မင္းတို႔အသာေနၾကစမ္း..
ဟုတ္သလား…မဟုတ္သလား
ငါကိုယ္တိုင္ အေမညိဳဆီကိုသြားေမးၾကည့္မယ္…
ဒီလိုဆိုရင္မင္းတို႔ေက်နပ္သလား”
“ရတယ္ဗ်ာ…သူႀကီးကိုယ္တိုင္သြားေမးမယ္ဆိုရင္
က်ဳပ္တို႔ဘာမွမလုပ္ဘူး…
ဒါေပမယ့္ အဲ့ဘြားေတာ္ႀကီးလက္ခ်က္ဆိုတာေသခ်ာရင္
က်ဳပ္ကိုယ္တိုင္လာသတ္မွာေနာ္…”
“ေအးပါကြာ…ေအးပါ”
သူႀကီးဦးဘတူလည္းႀကံရာမရသည့္အဆုံး
အေမညိဳအိမ္ဆီကိုလာခဲ့ေလသည္။
႐ြာသားေတြနဲ႔အေမညိဳကို ျပသာဒ္နာတက္မည္ဆိုး၍သာ
သူႀကီးဦးဘတူ ထိုသို႔ ဆုံးျဖတ္ခဲ့ရေသာ္လည္း
သူႀကီးဦးဘတူကိုယ္တိုင္အေမညိဳကိုေၾကာက္ရွာ၏။
အေမညိဳက သူႀကီးဦးဘတူကို ရွိသည္ဟူ၍ပင္မထင္…
စကားပင္ေလးငါးခြန္းျပည့္ေအာင္မေျပာဖူးေပ။
ယခုေတာ့သူႀကီး ဦးဘတူအေမညိဳအိမ္သို႔ေရာက္လာခဲ့သည္။
ေမွာင္မည္းေနေသာပတ္ဝန္းက်င္ကို ဒီအတိုင္းေလွ်ာ​က္လာခဲ့ၿပီး အေမညိဳ၏ၿခံဝိုင္းေရွ႕ဆီကိုေရာက္ေတာ့…
“အေမညိဳ….အေမညိဳအိပ္ေနတာလား…
က်ဳပ္ပါ သူႀကီးဘတူပါအေမညိဳရဲ႕…
ခဏေလာက္ထပါဦး”
ဟုအသံျပဳကာေအာ္ေခၚလိုက္သည္။
သူႀကီးဦးဘတူေနာက္သို႔႐ြာသူ၊႐ြာသားတခ်ိဳ႕က
လိုက္လာၾကၿပီး မလွမ္းမကမ္းမွၾကည့္ေနၾကေလသည္။
တဲအိမ္ေလးအတြင္းမွဖေယာင္းတိုင္တစ္တိုင္ကိုကိုင္၍
အေမညိဳထြက္လာခဲ့၏။
ခါးေလးကုန္းၿပီးမသြက္လက္ေသာ​ေျခလွမ္းမ်ားျဖင့္
အေမညိဳထြက္လာခဲ့ကာ ၿခံတံခါးအနီးေရာက္ေတာ့…
“ဘာကိစၥရွိလို႔လဲသူႀကီး”
ဟုေမးရင္းၿခံတံခါးကိုဖြင့္ေပးလိုက္သည္။
“ဟို…ဟိုေလအေမညိဳ”
သူႀကီးဦးဘတူေျပာဖို႔မရဲျဖစ္ေနခဲ့သည္။
“႐ြာထဲဘာျဖစ္ျပန္တာလဲဘတူရဲ႕…”
ဟုအေမညိဳကထပ္ေမးေလေတာ့…
“က်ဳပ္ကိုေတာ့တမ်ိဳးမထင္ပါနဲ႔အေမညိဳ…
႐ြာထဲမွာကေလးႏွစ္ေယာက္လန္႔ၿပီးငိုယိုေနၾကတယ္…
မိဘေတြကလည္းဘာလုပ္လို႔ဘာကိုင္ရမလဲကို
မသိျဖစ္​ေနၾကရွာတယ္…အဲ့တာ…”
“သိၿပီ…သိၿပီ…ငါ့လက္ခ်က္လို႔ပဲေျပာေနၾကျပန္တာလား…”
“အဲ့တာထက္ပိုဆိုးတယ္အေမညိဳ…
အခုကအေမညိဳအသက္အႏၲရာယ္ကိုပါ
ထိခိုက္လာႏိုင္တယ္…အဲ့တာေၾကာင့္
က်ဳပ္ကိုယ္တိုင္လာေျပာရတာပါ…”
“ရပါတယ္…ငါကိုယ္ကဝဋ္ေႂကြးေတြ
ဆပ္ေနရတာပါေလ…
တစ္ခုေတာ့ေျပာမယ္ဘတူ…
ဒီကေလးေတြကိုငါဘာမွမလုပ္ဖူး…
သင္းတို႔ဘယ္သြားၿပီးဘာေတြမွားလာၾကတယ္မသိဘူး…
ဒီေတာ့ငါလိုက္ၾကည့္ေပးမယ္…
ၿပီးမွသင္းတို႔ငါ့ကိုသတ္ခ်င္လည္းသတ္ၾကပါေစေတာ့
ဒီဝဋ္ေတြျမန္ျမန္ေက်ေတာ့ေအးတာပါပဲဟယ္…”
အေမညိဳစကားကိုဦးဘတူေခါင္းညိတ္လိုက္သည္။
သို႔ေသာ္စိတ္မေကာင္းစြာျဖင့္သက္ျပင္းခ်လိုက္ေသး၏။
“ကဲ…ေရွ႕ကသြားဘတူ…ငါလိုက္ခဲ့မယ္”
သူႀကီးဦးဘတူကေရွ႕မွသြားသည္။
အေမညိဳကဖေယာင္းတိုင္ကမီးမႈတ္ထားခဲ့ၿပီး
သူႀကီးဦးဘတူအေနာက္မွ ခါးေလးတကုန္းကုန္းျဖင့္
လိုက္လာခဲ့ရွာ၏။
လွမ္းၾကည့္ေနၾကေသာ႐ြာသူ၊႐ြာသားမ်ားကလည္း
အေမညိဳလိုက္လာတာေၾကာင့္အံ့ၾသေနၾကေလသည္။
“အေမညိဳကိုယ္တိုင္လိုက္လာတာေဟ့”
ဟု႐ြာသားတစ္ေယာက္က က်န္လူမ်ားကို
လွမ္းေအာ္ကာေျပာေလသည္။
သူႀကီးဦးဘတူကလည္းေဆးဆရာႀကီးအိမ္သို႔
အေမညိဳကိုေခၚလာခဲ့သည္။
အေမညိဳလာတာျမင္ေတာ့တခ်ိဳ႕ကေနရာေ႐ြ႕သြားၾကသလို
မလိုမုန္းတီးအၾကည့္မ်ားျဖင့္ၾကည့္ေနၾက၏။
“အေမညိဳ…က်ဳပ္တြဲေပးမယ္…”
“ရတယ္…ရတယ္…ကိုယ့္ဘာသာပဲတက္ပါ့မယ္”
ေလွကားထစ္ေလးကိုအေမညိဳတက္ဖို႔အားယူေနရ၍
သူႀကီးဦးဘတူကတြဲေပးဖို႔ျပင္ေတာ့အေမညိဳကလက္မခံဘဲ
ျငင္းဆန္လိုက္ၿပီး သူကိုယ္တိုင္အားျပဳ၍တက္ရွာသည္။
“ကေလးေတြဘယ္မွာလဲ”
“ဟိုမွာအေမညိဳ…”
အေမညိဳေရာက္လာေတာ့ကေလးမိဘေတြက
ေဘးဖယ္ေပးၾကသည္။
ေဆးဆရာႀကီးနဲ႔သူႀကီးဦးဘတူတို႔ကလည္းအေမညိဳကို
ရပ္၍ၾကည့္​ေနၾက၏။
အေမညိဳက ၾကမ္းေပၚ၌လွဲေနေသာ
ကေလးႏွစ္ေယာက္နံေဘးကိုထိုင္လိုက္သည္။
ကေလးေတြက ကေယာင္ကတမ္းေအာ္ဟစ္ေနၾက၏။
အေမညိဳက ကေလးေတြ၏နဖူးကိုသူ႔လက္တစ္ဖက္စီ
တင္ကာစမ္းသည္။
ကေလးေတြကိုလည္း ေသခ်ာစိုက္ၾကည့္ၿပီးေလမွ…
“ဘတူ…ငါ့ကိုေရတစ္ခြက္ေပး”
ဟုေတာင္းလိုက္၏။
သူႀကီးဦးဘတူကိုယ္တိုင္ေရတစ္ခြက္ခပ္ေပးလိုက္ေတာ့
အေမညိဳကေရခြက္ကိုႏႈတ္ခမ္းနားသို႔ကပ္၍
တတြတ္တြတ္႐ႊတ္ဆိုေနခဲ့သည္။
အသံပင္မၾကားရ၍ဘာေတြ႐ြတ္ေနသလဲဆိုတာ
သူႀကီးဦးဘတူတို႔ပင္မသိၾကေပ။
ၿပီးေလမွ အေမညိဳကေရခြက္ထဲမွေရမ်ားကို
ကေလးႏွစ္ေယာက္၏ပါးစပ္မ်ားကိုလက္ျဖင့္ဟလိုက္ၿပီးမွ
တိုက္ေလသည္။
ေရတိုက္လို႔ၿပီးေသာအခါ ကေလးေတြ၏ေခါင္းကိုလက္ျဖင့္
ပြတ္သပ္ေပးျပန္၏။
အေမညိဳလုပ္သမွ်ကိုအားလုံးကၾကည့္ေနၾကသည္။
အေမညိဳေရာက္လာမွကေလးေတြၿငိမ္သြားသည္ဟုလည္း
ေျပာဆိုေနၾက၏။
အမွန္ပင္…အေမညိဳေရတိုက္လိုက္မွကေလးေတြ
ေအာ္ဟစ္သံမ်ားတိတ္ဆိတ္သြား၏။
အဲ့သည္ေနာက္အေမညိဳၾကမ္းေပၚမွထလိုက္သည္။
“ကဲ…ဘတူ မနက္ေရာက္မွကေလးေတြကို
ဘယ္သြားၿပီးဘာလုပ္ထားသလဲေမး…
ေတာင္းပန္သင့္ရင္သြားေတာင္ပန္…
ငါေတာ့ဒါပဲေျပာတတ္တယ္…ငါျပန္ၿပီဟဲ့”
ဟုေျပာကာ အိမ္ေပၚမွဆင္း၍ေနာက္သို႔လွည့္ပင္
မၾကည့္ဘဲထြက္သြားေတာ့ေလသည္။
“အေမညိဳေျပာတာၾကားၾကတယ္…
မနက္မွကိုယ့္သားသမီးကိုယ္ေမးၾကေတာ့”
သူႀကီးဦးဘတူလည္း ကေလးမိဘမ်ားကို
ေျပာလိုက္ေလသည္။
ေနာက္တစ္ေန႔ေရာက္ေတာ့…
“ဟဲ့…ကေလးေတြက ဘုရားနီဘက္သြားေဆာ့ၾကတာတဲ့…
အဲ့မွာေဆာ့ရင္းကေန ဘုရားနီထဲဝင္ဖို႔ျပင္ေနတဲ့ေႁမြကို
ခဲေတြတုတ္ေတြနဲ႔ေပါက္ခဲ့ၾကသတဲ့…”
“ဟယ္…ဘုရားနီကသိုက္ေစာင့္ေတြရွိတယ္ဆို…
ေႁမြေကာဟုတ္ရဲ႕လားသိုက္ေစာင့္ေတြမ်ား
ျဖစ္ေနမလားမသိဘူးေနာ္…”
“အေတာ္လက္ကျမင္းတဲ့ကေလးေတြေလ…
ခုေတာ့သူတို႔မိဘေတြလည္းဘုရားနီမွာပြဲထိုးၿပီး
သြားေတာင္းပန္ေနၾကတယ္…”
“ေအးေနာ္…ဒါထက္ေလ ညက ကိစၥကို
အေမညိဳစိတ္မ်ားဆိုးသြားသလားမသိဘူးေနာ္…
သူတို႔က အေမညိဳကိုသတ္ပစ္မယ္ေတာင္လုပ္ေနၾကတာ”
“အေမညိဳကိုယ္တိုင္လိုက္လာတာရွာတယ္ေလ…
ၿပီးေတာ့အေမညိဳကသူတစ္ေယာက္ထဲေနတာ
ဒီ႐ြာကဘယ္သူနဲ႔စကားေျပာဖူးလို႔လဲ…
မေန႔ညကလည္းကေလးေတြျဖစ္ေနတာေၾကာင့္
အေမညိဳလိုက္လာတာေလ…ညည္းမေတြ႕ဖူးလား
အေမညိဳကေရေတြကိုမန္းတိုက္လိုက္ေတာ့မွ
ဟိုကေလးေတြသက္သာသြားတာေလဟယ္…”
“ဟုတ္ပေနာ္…”
အေမညိဳအ​ေၾကာင္းမ်ားေျပာရင္း
အေမညိဳအေပၚ၌အျမင္ၾကည္လာၾကသည္။
“သူႀကီး…”
“ေဟ…”
“က်ဳပ္တို႔အေမညိဳကိုေတာင္းပန္ခ်င္တယ္ဗ်ာ”
“ဘာလို႔လဲကြ”
“ဟာဗ်ာ…ဟိုေန႔က က်ဳပ္သားအတြက္ေသြးဆူေနတုန္း
အေမညိဳကိုသတ္ပစ္မယ္လို႔ေျပာမိတယ္ေလ…
တကယ္ေတာ့အေမညိဳေၾကာင့္ကေလးေတြ
သက္သာသြားတာဗ်…
ဒါေၾကာင့္အေမညိဳကိုက်ဳပ္တို႔သြားေတာင္းပန္ခ်င္လို႔
သူႀကီးလိုက္ခဲ့ေပးပါဗ်ာ”
“ေအးေလ…မင္းတို႔စိတ္ေတြေျပာင္းလဲလာေတာ့လည္း
ငါဝမ္းသာပါတယ္ကြာ…လိုက္ခဲ့ေပးရမွာေပါ့”
သူႀကီးကလည္းေက်ေက်နပ္နပ္ႀကီးျဖင့္ၿပဳံး၍ေျပာသည္။
ကေလးႏွစ္ေယာက္၏မိဘမ်ားကလည္းအေမညိဳကို
ကန္ေတာ့ဖို႔ဆန္မ်ား၊ဆီမ်ားကိုေတာင္းျဖင့္ထည့္၍
အေမညိဳအိမ္ကိုသြားၾက၏။
အေမညိဳအိမ္ေရွ႕ေရာက္ေတာ့…
“အေမညိဳ…အေမညိဳရွိလား…
က်ဳပ္တို႔ဝင္လာမယ္ေနာ္အေမညိဳ…”
ဝိုင္းတံခါးကဟထားသည္မလို႔
သူႀကီးဦးဘတူကအသံျပဳ၍ဝင္လာခဲ့သည္။
“အေမညိဳ…အေမညိဳ က်ဳပ္ပါဘတူပါအေမညိဳရဲ႕”
ဟုေအာ္ေသာ္လည္းျပန္ထူးသံကိုမၾကားရေပ။
ထိုသို႔ျဖင့္တဲအိမ္ေလးထဲကိုၾကည့္ေတာ့…
“ဟာ…အေမညိဳ…”
သူႀကီးဦးဘတူ လန္႔သြားသည္။
အေမညိဳကတဲအိမိေလးအတြင္းေျမေပၚ၌
ေကြးေကြးေလးလဲက်ေနျခင္းပင္။
သူႀကီးဦးဘတူအေမညိဳအနီးသို႔ေျပးကာသြားရင္း
ေပြ႕ထူေလေတာ့ အေမညိဳခႏၶာကိုယ္ကေအးစက္၍ေနခဲ့၏။
“အေမညိဳ ဆုံးၿပီ”
အေမညိဳဆုံးၿပီဆိုေသာသတင္းေၾကာင့္
သဲေခ်ာင္းတစ္႐ြာလုံးမေပ်ာ္ႏိုင္ခဲ့။
အေမညိဳဆုံးေလမွ အေမညိဳအေပၚအထင္လြဲမွားေနမႈမ်ားကို
သိရွိခဲ့သည္။
အထင္လြဲမွားခဲ့ၾကတာကအမွန္ဆိုတာကို
အေမညိဳအိမ္အတြင္းရွိ ဘုရားပန္းမ်ားျဖင့္ေဝဆာေနေသာ
ဘုရားစင္ႀကီးကသက္ေသပင္ျဖစ္လို႔ေနခဲ့သည္။
သူႀကီးဦးဘတူေျပာျပေသာအေမညိဳအေၾကာင္းမ်ားကိုနားေထာင္ၿပီး ဘြားမယ္စိန္တို႔မွာစိတ္မေကာင္းျဖစ္ၾကရသည္။
ဘြားမယ္စိန္မွ…
“အင္းေပါ့ေလ သူ႔ခမ်ာလည္း
ဝဋ္ေႂကြးေတြေက်သြားရွာတာေပါ့…”
ဟုသာေျပာေလသည္။
“ဟုတ္ပါတယ္ဗ်ာ…အေမညိဳဝဋ္ေႂကြးေတြေက်သြားတာ​ပါ…
သူ႔ဘဝတစ္ေလွ်ာက္လုံးေယာက်ာ္းကအရက္သမား…
သားေတြကအရက္သမား…ဒီလူေတြကိုေပးဆပ္ခဲ့တာေတာင္
ဝဋ္ေႂကြးကမေက်ပဲ…
တစ္႐ြာလုံးရဲ႕အထင္အျမင္လြဲမွားတာကိုပါခံရရွာပါေသးတယ္”
ဟုသူႀကီးဦးဘတူကေျပာေတာ့ဘြားမယ္စိန္က
ေခါင္းေလးတညိတ္ညိတ္ျဖင့္နားေထာင္ေနၿပီး…
“ေမာင္ရင္တို႔႐ြာကဘုရားနီမွာသိုက္ရွိတယ္ဆိုရင္
သိုက္တူးမယ့္ဆရာေတြလာလိမ့္မယ္…
သတိေတာ့ထားၾကေပါ့ကြယ္…”
“ဟုတ္ကဲ့”
“ဘုရားေဟာင္းကိုျပန္ျပင္လိုက္တာေတာ့အေကာင္းဆုံးေပါ့…
ဒါမွမသူေတာ္ေတြရန္က ကင္းေဝးၾကရမွာ”
ဟု…ဘြားမယ္စိန္ကေျပာလိုက္သည္။
ၿပီးေနာက္သူ၏ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကို
ဖြာရႈိက္ရင္းမည္သည့္စကားမွဆက္မေျပာေတာ့ဘဲ
အေမညိဳအေၾကာင္းမ်ားေတြးရင္းၿငိမ္ေနခဲ့ေတာ့၏။
သူႀကီးဦးဘတူ…သူႀကီးဦးေနာင္ခ်ိဳႏွင့္ေဒၚဝင္းတို႔သာ
စကားဆက္ေျပာေနၾက​ရသည္။
အခ်ိန္အေတာ္ၾကာစကားေျပာၿပီးေလမွ
သူႀကီးဦးဘတူတို႔လည္းဘြားမယ္စိန္ကို
ႏႈတ္ဆက္၍ျပန္သြားၾကေတာ့၏။
သူႀကီးတို႔ျပန္သြားၾကေတာ့ေဒၚဝင္းလည္း
႐ြာထဲကိုထြက္သြားေလသည္။
ဘြားမယ္စိန္တစ္ဦးထဲကြပ္ပ်စ္ခင္း၌က်န္ေနရစ္ခဲ့ၿပီး…
“ဝဋ္ေႂကြးေတြဒီဘဝဒီမွ်နဲ႔ေက်ခဲ့ၿပီး…
ေနာက္ဘဝမွာေအးခ်မ္းပါေစ…”
ဟုဘြားမယ္စိန္ ႏႈတ္မွေရ႐ြတ္ေနခဲ့၏။
ထိုသို႔ျဖင့္ဘြားမယ္စိန္ႏွင့္ဝဋ္ေႂကြးဆပ္သူ
စာမူေလးၿပီးဆုံးသြားပါသည္။
ယဥ္မင္း(ကန္႔ဘလူ)