” လူဖြစ်သွားတဲ့ တစ္ဆေ ” (အခန်း ၃) (စ/ဆုံး)

Unicode Version

” လူဖြစ်သွားတဲ့ တစ္ဆေ ” (အခန်း ၃) (စ/ဆုံး)
————————————————–

ဆရာသီဟမိုးကို တွေ့ လိုက်ရ၏။
သီဟမိုးဘေးမှာ သဉ္ဇာလီ။ ချစ်ဇနီး သဉ္ဇာ
လီ။ သမီးတို့ရဲ့ ဆရာအနေနှင့် ညစာဖိတ် ကျွေး ဖူး၍ ခင်မင်ရင်းစွဲရှိသော သီဟမိုး။
သီဟမိုးနဲ့သဉ္ဇာလီတို့ ကားပေါ်မှာနမ်းရှုပ် ပြီး နှုတ်ခမ်းချင်းတေ့စုပ်နေကြ၏ ။ သဉ္ဇာလီနဲ့ သီဟမိုးတို့
ငြိနေကြပါပြီကောလား။
အောက်ပိုင်းသေ၍ အိမ်ထောင်ရေးသုခမပေး နိုင်သော နေ ထိုက်ကို သံယောဇဉ်နှင့်သာ သ ဉ္ဇာလီ ပေါင်းဖော်နေခြင်းပင်။ သူမရဲ့အချစ် တွေ၊ အာသီသဆန္ဒတွေ က သီဟမိုးကို ပေး
ဆက်နေပါရောလား။
အိမ်ထောင်ရေးဖောက်ပြန်မှုကြီးကိုလွန်ကျူးပြီးထားပုံရ၏
|| ဆက်လက်ပြီးလည်း လွန် ကျူးနေဆဲဖြစ်၏ .
သဉ္ဇာလီအပေါ်မှာ အားကိုးနေရ၍

အပြစ်ပြောလို့လည်း မဖြစ်။ ငယ်ရွယ်သေး သည့် ဇနီးသည်ရဲ့သွေးသားဆန္ဒကို နေထိုက် မှ မဖြည့်ဆည်းနိုင်တာ။
သူ ဖောက်ပြန်တာ သူ့အပြစ် သူခံ လိမ့်မည်။ ခွင့်လွှတ်ဖို့သာ နေထိုက် စဉ်းစား ထားမိ၏။ စိတ်ထဲကတော့ မကောင်း။
ဒုက္ခိတဖြစ်နေရတဲ့ ကိုယ့်ကိုယ်ကိုယ်သာ
ဒေါသဖြစ်နေမိ၏
ထိုစဉ်မှာပင်မိန်းကလေး တစ်ယောက်၊
ကားနားကိုလျှောက်လာ၏ ။ ကားထဲမှာ လူရှင်းပြီထင်
ပြီး အချစ်ပလူးနေကြသည့် သဉ္ဇာလီတို့က မသိကြ။
ကားနားကပ်လာသူကို သေချာကြည့်လိုက်တော့
သမီးလေး ယွန်းဖြစ်နေ၏။
“ဟင်…သမီးလေး၊ သူ့အမေ ဖောက်ပြန်
နေတာကို မကျေနပ်လို့ တစ်ခုခုလုပ်ဖို့ ကား
နား ကို သွားနေတာပါလား။ ခုနတင် ယွန်း
တွေ့လိုက်ပါသေး
အိပ်ခန်းထဲဝင်သွားတာ တယ်။ တိုက်ခန်း ပေါ်ကလည်း အဲ့လောက် ကြီး မြန်မြန်ဆန်ဆန် အောက်ကို ဆင်းမ သွားနိုင်။”
သမီး တစ်ခုခု လုပ်မီမှာ စိုးရိမ်ပူပန်သွား၏
။ ပူပန်ထိတ်လန့်သံဖြင့် အော်ဟစ်မိသွား၏။
“ယွန်း…..ယွန်း….ယွန်း”
ဖခင်ဖြစ်သူရဲ့အလန့်တကြားခေါ်သံ
ကြောင့် ယွန်းလည်း အခန်းထဲက ပြေးထွက်
လာ၏ ။ ဦး နေထိုက် လှီးချဲကို နောက်ပြန်
တိုးရင်း ဆိုဖာဆက်တီနား ရောက်လာ၏။
“ဘာဖြစ်တာလဲ ဖေဖေ….ဖေဖေ ဘာဖြစ်
လို့လဲ”ယွန်းအနားကို ရောက်လာပြီး ဖခင်ရဲ့လက် ကို ကိုင်ဆုပ်ထား၏ ။ ဦးနေထိုက် အံ့သြတုန် လှုပ်ပြီး ယွန်းကို သေချာမော့ကြည့်နေ၏။
သမီး ယွန်းက ဒီမှာရှိနေပါလား…ဒါဆို… တိုက်အောက်ကားဘေးမှာ ရပ်နေတဲ့ ယွန်း က… ယွန်းနဲ့ချွတ်စွပ်တူတဲ့ မိန်းကလေးပေါ့။ “ဖေဖေ …ပြတင်းပေါက်က ဘာမြင်လိုက် လို့ ဒီလောက်ကြီး အံ့သြတုန်လှုပ်သွားရ တာ
ယွန်း ပြတင်းပေါက်နား သွားမည်အလုပ်။ ဦးနေထိုက်က ယွန်းလက်ကို ဖမ်းဆွဲထား၏
“ဘာမှ မဟုတ်ဘူး….မသွားနဲ့ ….GUGU ငိုက်ပြီး အိပ်မက်ဆိုးမက်ရာက လန့်နိုးပြီး အော်ခေါ်မိတာပါ။ လာပါ..သမီး၊ ဖေဖေ့ အနားမှာ ထို်င်နေပေးပါကွယ်”
ယွန်းလည်း ဖခင်ဘေးက ဆိုဖာပေါ်မှာ
အသာထိုင်ပေးလိုက်၏
မြင်ကွင်းကို သမီးယွန်း မမြင်စေလို။
အောက်ကဦးနေထိုက် ရင်တွေ ကတုန်ကယင်ကြီး
ဖြစ်လို့နေ၏။
တိုက်ခန်း ပေါ်ကို သဉ္ဇာလီ ဘာမှမဖြစ်ခဲ့ ဟန်ဖြင့် ရောက်လာ၏ ။ ဈေးဝယ်လာသော အထုပ် တွေကိုဖြန့်ခင်းပြီး ရေခဲ့သေတ္တာထဲ
ထည့်သင့်တာတွေ ထည့်နေ၏။
ချက်ပြုတ်ပြီး ဦးနေထိုက်ကို တယူတယ ခွံ့ ကျွေး၏ ။ စီးပွားရှာရင်း ဒုက္ခိတ ယောကျာ်း
ကိုကြင်ကြင်နာနာပြုစုနေတဲ့ ဇနီး။
သွေးသားဖောက်ပြန်တာ ဆန္ဒကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။သမီး ယွန်းရဲ့ ကျောင်းစရိတ်
ကြောင့်၊ ဒါမှမဟုတ် ပိုက်ဆံရှိသားသမီးတွေလိုမျက်နှာသာပေးခံရရေးအတွက်
ခန္ဓာကိုယ်နှင့် ရင်းနှီးလဲလှယ်နေတာလည်းဖြစ်ချင်ဖြစ်မည်။
အိမ်ထောင်ဦးစီး ဇနီးသည်ကို အပြစ်ဆိုမ နေတော့။ ခွင့်လွှတ်နားလည်ခြင်းနဲ့သာ ရင်နာ သည့်ဝေဒနာကို ကြိတ်မှိတ်မြိုသိပ်ပစ်လိုက်တော့၏။
“သမီးရေ……ဖေဖေ့ကို ရေကူးကန်သွားပို့ရ ဦးမှာ…ဒီနေ့ ကျောင်းပိတ်ရတ်လေ၊ သမီး
လိုက် မယ် မဟုတ်လား”
အိမ်မှာ တစ်ယောက်ထဲ စိတ်ချောက်ချား ပြီး မနေခဲ့ချင်၍ .
“လိုက်မယ်….မေမေ”
အဝတ်အစားလဲပြီး မျက်နှာကို လိမ်းခြယ် ပြုပြင်ကာ အခန်းပြင် ထွက်လိုက်၏ ။ မေမေ က ဖေဖေ့ကို အဝတ်အစား လဲလှယ်ပေး၏ ။
ကြည့်ကောင်းအောင်ပြုပြင်ပြီးသည်နှင့်
မိသားစုလိုက် အပြင်ကို ထွက်ဖြစ်ကြ၏။
ပျက်တတ်သော ဓာတ်လှေကားက ဒီနေ့
ကျတော့ စိတ်ကောင်းဝင်ပြီး။ မေမေဖုန်း
ဆက်ထား၍ ကွန်ဒိုမှ တာဝန်ရှိသူတွေက
ဒုက္ခိတတွေစီးဖို့ ကားသီးသန့် လွှတ်ပေး
ထား၏ ။ ကားပေါ်ကို လှီးချဲပါ ထိုးတင်
ရေကူးကန်ရောက်သောအခါ ကားပေါ်ကနိုင်၏။
ဝှီးချဲကိုတွန်းပြီး ဆင်းလာဖြစ်၏ ။ ဖေဖေ ရော မေမေပါ ရေကူးကန်အသင်းဝင်တွေ။
ဖေဖေ့ကိုသာရေကူးသင်သည့်ဆရာနှင့်
ဖေးမပြီး အောက် ခြေထောက်အကြောတွေ
ပြန်လည်သန်စွမ်းလာစေရန်
လေ့ကျင့်ခန်း လုပ်စေ၏။
ရေထဲမှာသားအမိနှစ်ယောက် ပွဲကြည့်စင်တန်းပေါ် မှာ စကားထိုင်ပြောဖြစ်ကြ၏။
“သမီး ဆံပင်တွေ ညှပ်ပစ်တာ နှမြောဖို့ ကောင်းတယ်။ ဘာကြောင့် အဲ့ဒီလို လုပ်ရတာလဲ”
ယောက်က သမီး အယောင်ဆောင်နေတယ်။
“သမီးနဲ့ရုပ်တူတဲ့မိန်းကလေးတစ်
ခြောက် လှန့်နှောင့်ယှက်နေတယ်။ သူနဲ့ရုပ်
ချင်းမတူအောင် ဆံပင်တွေကို ညှပ်ပစ်တာပဲ”
“အိုး…မိုင်ဂေါ့ဒ်”
“သမီးမှာ အမြွှာမရှိပါဘူးနော်”
“ရှိခဲ့တယ်…သမီး”
“ရှင်…”
“ဟုတ်တယ်..သူ့ကိုက
မွေးပြီးပြီးချင်းနာရီပိုင်းအတွင်းမှာ သေသွားတယ်။ သမီးကို ပဲ မေမေတို့ရလိုက်တယ်။ သူသေတာ သမီး တစ်သက် ရှိသွားပြီ။ မေမေလည်း စိတ်မ ကောင်းခဲ့ရပါ ဘူး သမီးရယ်”
“သူ့ကို ဘယ်မှာ မြေမြှုပ်ခဲ့တာလဲ” “သချင်းမှာပေါ့..သူလို့ သမီးထင်နေ
ရင် မဖြစ်နိုင်ဘူးလို့ မေမေပြောရမှာပဲ။ နှစ် တွေ ကြာခဲ့ပြီလေ။ သူ ကျွတ်တမ်းဝင်သွား

လောက်ပါပြီ။ အပြစ်မဲ့တဲ့ကလေး ဆိုတော့ တခြားတစ် ယောက်ယောက်ရဲ့ ၀မ်းမှာ ပြန် ဝင်စားနေ လောက်ပါပြီ”
ယွန်း တိတ်ဆိတ် တွေဝေနေမိ၏ ။ သဉ္ဇာ
“ဒါတွေ မေ့ထားလိုက်ပါတော့….ဖြစ်နိုင် တာကိုပဲ လုပ်ကြရအောင်…သမီးခေါင်းက
ဆံပင် ကို ပြန်ပြုပြင်ရမယ်။ ဆံပင်ညှပ်ဆိုင်
ကောင်းကောင်းမှာ သပ်ရပ်ပုံကျအောင် ပြန်
ပြင်ညှပ်ရမယ်။ မေမေ ဆိုင်သိတယ်။လိုက်ပို့ပေးမယ်’
“အဲ့ဒါဆိုရင်တော့ အလဲအလှယ်လုပ်ရလိမ့်မယ် မေမေ”
“အပေးအယူ သဘောလား” “ဟုတ်တယ်”
“သမီးက ဘာလိုချင်လို့လဲ”
“မေမေ……ဆရာဦးဟမိုးနဲ့
ဖောက်ပြန်ပါနဲ့တော့၊ ဖေဖေ သိတယ်။ဖွင့်မပြောဘဲ
ကြိတ်မှိတ်ခံစားနေရတာ
သနားဖို့ ကောင်းတဲ့ ဖေဖေပါ”
“သမီး ထင်လို့ပါ”
“မေမေ မငြင်းပါနဲ့၊ သမီး သိနေပါပြီ။ မြင်
လည်း မြင်ပြီးပြီ။ နောက်ထပ် မုသာဝါဒကံ
ကို ထပ်ကျူးလွန်ဦးမလို့လား”။
“အဲ့..အဲ့ဒါ
သမီးလေးကျောင်းမှာမျက်နှာသာပေးခံရဖို့ ပါကွယ်”
“သမီး ခေါင်းဆောင်မင်းသမီး ဖြစ်ရတာ
အဲ့ဒါ ကြောင့်လား”
“သမီးအတွက်ဆို မေမေ .. ဘာပဲဖြစ်ဖြစ် လုပ်ရမှာပဲ”
“မလုပ်ရဘူး…သမီး မကြိုက်ဘူး။ ဒါ မ ကောင်းတဲ့အလုပ်။ မေမေက မကောင်းတာ လုပ်ဖို့ ရှေ့ဆောင်လမ်းပြနေတာလား”
သာလီ အံ့သြတုန်လှုပ်သွား၏ ။ ရှက်လည်း ရှက်သွား၏ ။ ဒေါသတော့ မထွက်။ စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး…
“ကောင်းပြီလေ…သမီး
မေမေ မတွဲတော့ဘူး”
မကြိုက်ရင်
“လုံးဝ အဆက်အသွယ် ဖြတ်လိုက်ပါ”
“အေးပါကွယ်”
သဉ္ဇာလီ ကိုတွေ့သည်နှင့်
သီဟမိုးမောင်းတင်ထားတဲ့ ရမ္မက်ဇောတွေ ဖြေလွှတ်ချလိုက် ၏ ။
ပါးနှစ်ဖက်၊ လည်တိုင်၊ ရင်ညွန့်တွေကိုအတင်းနမ်းရှိုက်၏ ||
နှုတ်ခမ်းတွေကိုအတင်းဖိဆုပ် ၏ ။ သဉ္ဇာလီလည်း ဆန္ဒစိတ်
မွှန်ပြီး သမီးတားထားတာကို မေ့သွား၏။

တဖြည်းဖြည်း အရှိန်ရလာတော့ သီဟမိုး က တဆင့်တက်ဖို့ ကြိုးစားနေစဉ်မှာ သဉ္ဇာ လီက လက်နှစ်ဖက်နှင့် တွန်းခံရင်း… “ကျွန်မနဲ့ ရှင် ဒီမှာတင် ရပ်တန်းကရပ်ကြရအောင်”
“ဘာ…ဘာပြောတယ် သဉ္ဇာ”
“အိမ်က သိကုန်ပြီ။ သမီးလေးက တား ထားတယ်။ ကျွန်မ ဆက် မမိုက်မဲချင်တော့ဘူး”
“ရှစ်(ထ်)….မင်းယောက်ျားမှ မင်းဆန္ဒကို မဖြည့်ပေးနိုင်တာ။ ကိုယ်က အပြည့်အ၀ ဖြည့်ပေးနိုင်တယ်။ မင်းကိုလည်း စွဲလမ်းနေ ပြီ။ ဘယ်မိန်းမမှ မယူဘူး။ ဖြစ်နိုင်မယ့် တစ်နေ့၊ မင်းကို ပဲ လက်ထပ်ယူဖို့ ကိုယ်ဆုံးဖြတ်ထားပြီးသားပါ”
“မဖြစ်နိုင်သေးခင်မှာဆင်ခြင်လိုက်ရအောင်”
“ကိုယ် မနေနိုင်ဘူး” “ကျွန်မလည်း မပေးနိုင်တော့ဘူး။ ဆက် ကျူးလွန်တာ မိသွားရင်
မိသားစုအက်ကြောင်း လေး လုံး၀ပြိုကွဲသွားလိမ့်
မယ်။ ကျွန်မ မခံစားနိုင်ဘူး”
သီဟမိုး အနေရ၊ အထိုင်ရခက်သွားပြီး ရင် တွေ ဗလောင်ဆူဝေကုန်၏ ။ အဝတ်အစားပုံ ပျက် သွားတာကို သဉ္ဇာလီ ပြန်လည်ပြုပြင် ပြီး သီဟမိုးအပါးက ခွာ၏ ။
“မင်းက လွယ်လွယ်ချစ်ပြီး လွယ်လွယ်မေ့ တတ်တဲ့ မိန်းမမျိုးပဲ”
“ရှင် ထင်ချင်သလို ထင်ပါ….ကျွန်မ သွားမယ် ”
“ရက်စက်တယ်ကွာ..”
“၀မ်းနည်းပါတယ် ခွင့်ပြုပါဦး”
လုံး၀လှည့်မကြည့်တော့။
သဉ္ဇာလီမှာအလတ်ကြီး ကျန်သေး၏ ။ နိမ့်တုံ၊ မြင့်တုံနှင့်

လမ်း လျှောက်ပုံလေးကိုက စွဲမက်စရာ။ လင် ရှိ မုဆိုးမလေး သဉ္ဇာလီရဲ့ ကျောပြင်ကို သီဟ မိုး ငေးစိုက် ကြည့်ရင်း ဟင်းခနဲ သက်ပြင်းချ လိုက်ရတော့၏။ခြောက်လှန့်လုပ်ကြံ
မေမေ အချိန်မှန် အိမ်ပြန်လာ၏ ။ ဖေဖေ ကို ပိုဂရုစိုက်ပြီး ပြုစုပေး၏ ။ ယွန်းအပေါ်မှာ လည်း မျက်နှာမညိုစေရ။ ယွန်းက လက် တော့(ပ်) လိုချင်တယ်ဆိုတာနှင့် အမြန်ဝယ် လာပေး၏ ။ မိခင် ကောင်းအဖြစ် ပြန် ကြိုးစားပေးသော မေမေ့ကို ကျေးဇူးတင်မိ၏
သို့သော် အကောင်းရှိသလို၊ တစ်ဖက်က အဆိုးကလည်း ရှိနေပြန်၏ ။ ဖုန်းထဲမှာ၊

ကွန်ပျူ တာထဲမှာ အင်တာနက် ဖွင့်ကြည့် တိုင်း ယွန်းနဲ့ရုပ်တုသည့် ငွေစင်သွန်းရဲ့ ရုပ်ပုံ တွေ ပေါ်ပေါ်လာ တတ်၏ ။ ယွန်း အိပ်မက် ဆိုးတွေလည်း ထပ်မက်ပြန်၏ ။ ကမ်းခြေအလှကို ဓာတ်ပုံရိုက်ဖို့ စတန်း(န်) ပေါ်မှာ ကင်မရာလေးကို ငြိမ်အောင် တပ် လိုက် ၏ ။ ကင်မရာထဲမှ ကြည့်လိုက်သော ဟင်….”
ယွန်းနှင့် ချွတ်စွပ်တူသော မိန်းကလေး။ အဝတ်အစားက အစ အတူတူ၊ ဆံပင်ပုံစံ လည်း အတူတူ။ ဦးထုပ်အနားဝိုင်းလေး အ
ဖြားလှန်ဆောင်းထားပုံခြင်းလည်း အတူတူ။
သွေးဆာနေသော မျက်လုံးတွေနှင့် စိုက် ကြည့်နေ၏ ။ အေးစက်စက်၊ ရက်စက်မည့် ရုပ်ရည် မျိုးနှင့်..။
ယွန်း ကင်မရာကနေ ကျော်ကြည့်လိုက်၏
ရှေ့မှာရပ်နေသူကမျက်လုံးတွေ ပွင့်ပေါက်။ လျှာနီကြီးတစ်လစ်ထွက်၊ သွားငမန်း
စွယ်ကြီး တွေလို ပြဲကျပြီး အမွှေးအမျှင်ထူ လဗျစ်နှင့် မကောင်းဆိုးဝါး ရုပ်သွင်ပေါက် သွား၏။
ယွန်း လန့်တန်ပြီး နောက်ပြန်လှည့်ပြေး၏ ။ ခြေလှမ်းတွေက အားထည့်ပြေးလေ၊ ပိုနှေး ကွေးလေပင်။ အော်လို့လည်း မရ။ ရုန်းလို့ လည်း မရ။ ကိုယ့်လက်၊ ကိုယ့်ခြေတွေကို
အမိန့်ပေးစေ ခိုင်း၍ မရ။ နောက်ကလိုက် လာသော မကောင်းဆိုးဝါးကြီးက လျှာနီကြီး
ရှည်ထွက်လာပြီး ယွန်းကို ရစ်ပတ်ထား၏ ။ ငမန်းစွယ်လို သွားကြီးတွေနှင့် ဧရာမပါးစပ် ကြီးကို ဖြဲဟပြီး ယွန်းကို ကိုက်ဝါးဖို့အ ပြင်ယွန်း လန့်နိုးသွား၏ ။ လန့်နိုးတဲ့အထိ
။ကြောက်စိတ်တွေ မပြယ်သေး။ ချွေးဇောတွေ ပျံနေမိ၏ ။ အိမ်ချင်မူးတူးစိတ် ပြေသွားရန် အောက်မှာ မျက်နှာသွားသစ်၏ ။ မှန်ထဲက ယွန်းရဲ့ ရုပ်ရည်ကိုကြည့်လိုက်တော့…
မျက်လုံးပေါက်သာရှိပြီး မျက်လုံး မရှိ။ အဲဒီ ထဲက သွေးတွေယိုစီးကျနေသည်။ မှန်ထဲက ယွန်းပုံစံက ကြောက်လန့်စရာ အတိ။ ယွန်းကြည့်ရင်း ကြည့်ရင်း ကြောက် စိတ် တွေ ငယ်ထိပ်က ဖောက်ထွက်မတတ်။ ဆတ်ခနဲ မျက်နှာလွှဲပြီး ကြည့်လိုက်တော့
ရေချိုးခန်းထဲမှာ ရေစိုစက်လက်နှင့်
မျက်ကွင်းညိုကြီးနှင့် ပြာနှမ်းနှမ်း အသား
အရောင်နှင့် ယွန်းရဲ့ ပုံတူတစ်ယောက်
ထောင့်ကပ်ရပ်ပြီး ယွန်းကို လှန်စိုက်ကြည့်နေ၏ ။
ယွန်း ထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာဖြင့်
နောက်ဆုတ်၊နောက်ဆုတ်ရင်း
အေးစက်စက်၊ ပျော့စိစိ ခန္ဓာကိုယ်ကြီးတစ်ခု
နှင့် ဝင်တိုးမိ၏ ။ ဆတ်ခနဲ လှည့်ကြည့်လိုက်၏ ။
“အမလေး…အမေရေ ကယ်ပါဦး…
ရေ ကယ်ပါဦး…အီး ဟီး ဟီး”
ခေါင်းတစောင်းကြီးနှင့် ပြာနှမ်းနေသော ယွန်းရဲ့ပုံတူ မိန်းမ။ ယွန်းကို ပွေ့ချုပ်ဖို့လုပ် နေသ ဖြင့် ယွန်း ကြောက်လန့်တကြား ဆောင့်တွန်းပြီး ရေချိုးခန်းထဲ ဝင်ပုန်းမိ၏ ။ လိုက်ကာဖြင့် ပိတ် ကွယ်လိုက်၏ ။
ကြောက်ဒူး ဆတ်ဆတ်တုန်နေမိ၏ လိုက်ကာကို ဆွဲဖွင့်လိုက်၏ ။ ခေါင်းပြန် တည့်ပြီး ယွန်း ပုံစံနှင့်မိန်းမ ဖြစ်သွား၏။
“အား……မလုပ်ပါနဲ့၊ ငါတောင်းပန်ပါ

တယ်။ ကြောက်တယ်…နင့်ကို ငါ ကြောက်
တယ်။ ထွက်သွားပါတော့”
ယွန်းရဲ့အော်သံတွေကလည်ချောင်းထဲမှာ
တစ်စိုနေ၍ အစ် အစ် အစ် အစ် သံသာထွက် ပေါ်နေ၏။
“နင်ဟာ ငါပဲ….နင့်ဘ၀ထဲမှာ ငါနေမယ်။ ငါ့ဘ၀ထဲမှာ နင်ပြန်နေ ရမယ်…နင့်ဘ၀ရဲ့ ချိုမြိန်မှုကို ငါယူမယ်။ ငါ့ဘ၀ရဲ့ ခါးသီးမှုတွေ ကို နင်ပြန်ယူရမယ်။ ငါ့ကိုကြည့် ယွန်း..ငါ့ ကို သေချာ ကြည့်စမ်း ယွန်း…ငါ့မျက်လုံး တွေကို သေချာကြည့်”
ပါးစပ်မလှုပ်ဘဲ ပြောနေသော တစ္ဆေမရဲ့ စကားတွေကို ယွန်းစိတ်ထဲက ကြားနေရ၏။ “မကြည့်ဘူး မကြည့်ဘူး…နင့်ဘ၀နဲ့ မလဲ နိုင်ဘူး… ငါ့ဘ၀လည်း မပေးနိုင်ဘူး”
“မပေးလို့မရဘူး…နင် ငါ့လက်ထဲရောက် တော့မယ်…ငါ့မျက်လုံးတွေကို သေချာကြည့်

စမ်း ယွန်း၊ ရွှေစင်ယွန်း နင် ငါ့ကို ကြည့်လိုက်”
အတင်းအကျပ်စိတ်ညိုဆွဲဆောင်သလို၊
အတင်းအကျပ် သူ့အမိန့်အတိုင်း လိုက်နာ ခိုင်း နေ ၏ ။ ယွန်းအသိထဲမှာ ဘုရား၊ တရား၊ သံဃာကို အမှတ်ရသွား၏ ။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”
“ဓမ္မံ သရဏံ ဂစ္ဆာမိ”
“သံဃံ သရဏံ ဂစ္ဆာမိ”
နှုတ်က ရွတ်ဆိုပြီး ဘုရား၊ တရား၊
သံဃာကို အာရုံပြုနေမိ၏ ။ လူကိုလုပ်ချင်
သလိုသာ လုပ်ပါစေတော့။ ရတနာသုံးပါးထံ
အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှံပူဇော် လိုက်သည်။
အသံမျိုးစုံ ဗြောင်းဆန်အောင် အော်ဟစ် သွား၏ တစ်စုံတစ်ရာသော စွမ်းအားကြီး တစ်ခုက မကောင်းတာတွေကို လောင်ကျွန်းပြီး ဆွဲထုတ် ခေါ်ငင်သွားသလို၊ ဟော်လဲ သံကြီးလို အသံမျိုးကြီး ကြားလိုက်ရပြီး ရုတ် ချည်းတိတ်ကျသွား၏။
“ရတနာသုံးပါးကို ရွတ်ဖတ်ပူဇော်ရသော
ဂုဏ်ကျေးဇူးကြောင့် မကောင်းဆိုးဝါးရဲ့ စက် ကွန်းရက်တွေ အကုန်ပြတ်ထွက်ပျောက်
ကွယ်သွား၏ ။”
“ဒေါက်ဒေါက်..ဒေါက်…ဒေါက်”
“သမီးရေ…သမီးလေး”
မေမေ့ခေါ်သံကြားလိုက်ရ၏ ။ ခြေလှမ်း
တွေ မနည်း အားထည့်လှမ်းပြီး တံခါးသွား ဖွင့် ပေးလိုက်၏ ။
“သမီး…ဘာတွေဖြစ်နေတာလဲ….ဘာဖြစ်လို့လဲ”
“သမီး……တစ္ဆေမနဲ့ အဟင့် ဟင့်….ဟီး ဟီး ဟီး ဟီး”
“မငိုပါနဲ့ သမီးရယ်၊ မကြောက်ပါနဲ့ မေမေရှိတယ်”
မိခင်ကို အားကိုးတကြီး ဖက်တွယ်ထား မိ၏ ။ ဖခင်က နောက်မှာ လှီးချဲနှင့်ထိုင် နေရာက ယွန်း အခန်းထဲကို တွန်းဝင်ပြီး လိုက်လံ စစ်ဆေးကြည့်၏။
မိခင်က ဖက်ပွေ့ပြီး ကျောကို ပွတ်သပ် နှစ်သိမ့်နေ၏။
“တိတ်တိတ် သွေးလေ ချောက်ချားရင်း ပေါက်ကရတွေ မြင်တတ်၊ ထင်တတ်ပါ တယ်။ သမီးလေး ဆံပင်သွားညှပ်ရအောင်
စိတ်ပြေလက်ပျောက်ပေါ့”
ဖေဖေက လှီးချဲတွန်းထွက်ပြီး ဘုရားစင် ပေါ်က ပရိတ်ရေ ပုလင်းယူလာပြီး လိုက်၏ ။
ပရိတ်ရေသောက်လိုက်မှယွန်းလည်းနေသာထိုင်သာ ရှိသွားတော့၏ ။ အတော်
လေး ဆိုးလာပြီ။ နောက်ဆို ပရိတ်ရေ ပုလင်း
အနားမှာဆောင်ထားမှ ဖြစ်တော့မည်။

သဉ္ဇာလီက ဆံပင်ညှပ်ဆိုင်မှာ ထိုင်စောင့် ပေး၏ ။ ယွန်းက ရုပ်ချောသူမို့ ဆံပင် ကုတ်နှင့် ဘော့ဗ်ဟဲယားစတိုင် (လ်) လေး ကို ညှပ်လိုက်၏ ။ ဆံပင်ပုံစံသစ်လေးနှင့် ယွန်းပုံစံက အလွန်ကြည့် ကောင်းသွား၏။ ကျောင်းပြန်တက်ဖြစ်သောအခါ
သူငယ်ချင်းအားလုံးရော၊ အတန်းဖော်တွေပါ ယွန်းရဲ့ဆံ ပင်ပုံစံကို ချီးကျူးထောပနာပြု ကြ၏ ။ ကောင်းမြတ်သူက-
“သိပ်လိုက်တယ် ….သိပ်မိုက်တယ် ယွန်း”
အေမီအောင်က..
“နင့်ကို ကောင်း ခိုက်သွားပြီ”
ပန်းအိစံက
“နင် ကံကောင်းပြီ၊ ယွန်း….ကောင်းက ပျို တိုင်းကြိုက်တဲ့ နှင်းဆီခိုင်။ နင် အဲ့ဒီနှင်းဆီ ပန်း ကို ပန်ခွင့်ရသွားတာ မဟာကံထူးရှင် ပဲ…ယွန်းအတွက် ဂုဏ်ယူ၀မ်းသာပါ တယ်”
သူငယ်ချင်းတွေ ကြားမှာ ယွန်း ပြန်လည် လန်းဆန်းပြုံးပျော်သွား၏ ။ ကောင်းမြတ်သူ
က ယောက်ျားလေးတွေနှင့်သွားစကား ပြောနေသည်။ ယွန်းတို့ရှိရာကို ရှင်းသန့်လှိုင်နှင့် အဖော် သူငယ် ချင်းမနှစ်ဦးတို့ ရောက်လာ ကြသည်။ “ဘာကေလဲ….
“ဒုံးပျံကေ”
“ဘဲဥခွံကွဲ စွပ်ထားတဲ့ ကေပါ ဟယ်”
“အရပ်က ရှည်၊ ဆံပင်ကတိုနဲ့ အခြောက်မ ကြီးကျနေတာပဲနော်….ခစ်ခစ်ခစ် ခစ်”
ကြံဖန်အပြစ်ပြောပြီး ဝိုင်းလှောင်နေကြ၏

“သူများလှတာကို မနာလို ဖြစ်နေသေးတယ်။
“ဟုတ်ပါ့….သူတို့ကမှ အသေအချာကြည့် ရင် နေကြာစေ့လောက်မှ ရုပ်မထွက် တဲ့ ဗရုတ် ဗရက်တွေ”
ပန်းအိစံနှင့် အေမီအောင်တို့က ပြန်ပြော ကြ၏။ ယွန်းက တော့ဆံပင်ကိုသာ လက်နှင့် သပ် တင်ပြီး အရေးမစိုက်သလို ကောင်းကင် ကို မော့ကြည့်နေလိုက်၏။
“ဂေါက်ကြောင်မနဲ့တွဲတဲ့ ကြောင်ဂေါက်မ တွေက ကြားထဲက ဝင်နာနေသေးတယ် အံ့
သြပါရဲ့”
“အေးလေ..ယွန်းနဲ့ ဇွန်းတွေ ဟား ဟား” ယွန်း ဖျဉ်းခနဲ စိတ်ကွက်သွား၏ ။
“နင်တို့ ရန်လာမစနဲ့…ငါက … အပြော ပက်စက်တယ်နော်။ ငါပြောလိုက်ရင် မျက်ရည် တောက်တောက် ကျသွားမယ်”

“စရိုက်ကြမ်းတွေကိုး….ဟင်း
ဟင်း
ကောင်းမြတ်သူနဲ့ ပြဇာတ်ထဲမှာသာ ရည်စား
ဖြစ်လို့ရ မယ်။ အပြင်မှာတော့ ကျန်ရစ်မကြီး”
“နင့်ကို ကောင်းက ပရိုပိုစ့်လုပ်ပြီးလို့လား”
“နင့်ကိုရော လုပ်ပြီးပြီလား” “လုပ်….ပြီး..ပြီ”
“…”
“မယုံရင် ကောင်းကို သွားမေး” ရှင်းသန့်လှိုင် ချက်ချင်းပင် ကောင်းကို ခေါ် ထုတ်သွား၏ ။ ပန်းခြံဘက် စီးလျှောနားမှာ ရပ်ပြီး မေးနေ၏။ ကောင်းက ယွန်းကို လှမ်း ကြည့်ပြီး ခေါင်းညိတ်ပြ၏ ။ ရှင်းသန့်လှိုင် ကြေကွဲရီဝေသွား၏ ။ ကောင်းကို ဆောင့် တွန်းပြီး လှည့်ထွက်သွား၏။
ဒီပွဲမှာ နင် ရှုံးပြန်ပြီ၊ ရှင်းသန့်လှိုင်။

စိတ်ကောင်းမှ မရှိတာကိုး။ စိတ်ကောင်း ထားမှ ချမ်းသာရ၊ စိတ်ကောင်းမထားက
ဆင်းရဲ ရ ဆိုတဲ့ ဆောင်ပုဒ်က အလကား
ရေးထားတာမှ မဟုတ်တာ။
ကျင့်သုံးလိုက်နာသူသာ လိမ္မာအောင်မြင်နိုင်တယ်လေ။
“ငါ့သမီးက ဒီဆံပင်ပုံစံနဲ့လည်း လိုက်တာ
“ဖေဖေ့ သမီးမို့လို့ပေါ့”
ဖေဖေ ပြုံးရယ်သွား၏ ။ ဖေဖေ့ရဲ့ အောက်
ပိုင်းကို နှိပ်နယ်ပေးနေမိ၏။
“ဖေဖေ ခြေထောက်တွေ ပြန်ကောင်းရင် ချောင်းသာကို တစ်ခေါက် သွားကြမယ်။ သဲ

သောင်စပ်မှာ ရေလှိုင်းတွေ ခြေထောက်ကို လာထိရိုက်တာခံပြီး လမ်းလျှောက်ကြမယ်နော် ”
“ကောင်းတာပေါ့…..ကောင်းလာစေချင်ပါ
တယ် သမီးတို့ သားအမိကို အလုပ် ကောင်း ကောင်း ပြန်လုပ်ပြီး လုပ်ကျွေးချင်ပါတယ်”
“ဖေဖေရယ်…ဖေဖေပဲ သမီးကို အမြဲဆုံးမ နေပြီးတော့ စိတ်ဓာတ်ခိုင်မာရမယ်။ ကြုံ လာသ မျှ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆို်င်ရဲ ရမယ်။ အားမလျှော့ရဘူး။ ဇွဲမလျှော့ရဘူး ဆို တာတွေလေ”
“ဒါပေါ့……ဖေဖေလည်း တရားနဲ့ ဖြေနေရ တာပဲ၊ အင်း..သမီးမှာ ရည်းစားရှိနေပြီ လား။ ရှိနေရင် ပွင့်ပွင့်လင်းလင်း ပြော၊ အပြင်မှာ ချိန်းမတွေ့နဲ့၊ အိမ်မှာပဲ လာတွေ့ပ စေ။ အပြင်မှာဆို ပေါက်ကရတွေ ဖြစ်လိမ့်မယ် ”

“ဖေဖေလည်း နားရှက်စရာတွေ သမီးကို ကြိုက်တဲ့လူတွေတော့ အများကြီးပဲ။ အဲ့ဒီထဲ မှာ ကောင်းမြတ်သူလည်း ပါတယ်။
“ဪ……သမီး
မွေးနေ့တွေတိုင်းလာတဲ့ မောင်ကောင်းပဲ။ ဒီကောင်လေး လူရည်သန့်
လေး ပါ။ သမီးအမေရော ဖေဖေပါ သမီးနဲ့ကြိတ်ပြီး
သဘောတူနေတာ။
လူကြီးလူကောင်း သားသမီးပါ။ သူ့မိဘတွေ
နဲ့လည်း ဖေဖေတို့ခင်နေကြတာပဲ။ ကျောင်း ပြီးရင် လက်ထပ်ပေးမယ်”
“ဟုတ်ကဲ့……ဖေဖေ”
“အံ့မယ်…..ငါ့သမီးလေး တယ်လိမ္မာနေပါ
သား။ ဒီ ကောင်လေးက
ပြဇာတ်သရုပ်ဆောင် … မင်းသား…သမီးနဲ့ တွဲရမှာပေါ့။
“ဟုတ်”
“ချစ်ခန်း ကြိုက်ခန်းတွေ ပါမှာပေါ့”

“ပါတာပေါ့၊ လူငယ်ကြိုက်ဝတ္ထုလေ။ ရိုမန့် ဆန်ဆန် အချစ်ဇာတ်လမ်းလေး ရိုမိယိုနဲ့ ဂျူး ယိ လက် ပုံစံမျိုးလေး ပြန်ရေးထားတာ။ ဖေ နဲ့ မေ ကျောင်းကပွဲ လာကြည့်ရင် သိလိမ့်
မယ်”ဦးနေထိုက် ခေါင်းတညိတ်ညိတ်လုပ်ကာ ပြုံးနေ၏ ။
“အဲဒီ ဇာတ်လမ်းအတိုင်းဆိုရင် မိဘတွေ ကမ္ဘာ့ရန်တွေ … မင်းသားနဲ့ မင်းသမီးကို မတူကြဘူး။ အပြင်မှာတော့သဘောတူကြမှာပါ သမီးရယ်”
“ဖေဖေကလည်း သူ့ မိဘတွေသဘောက ဘာမှန်းမှ မသိတာ။သူတို့ သဘောရှိသေး တယ် လေ”
“တူကြမှာပါ…မပူပါနဲ့၊ ဖေဖေက သမီးရှင် မို့လို့ ဖြစ်နိုင်ရင် ဖုန်းဆက်ပြီး လှမ်းမေးလိုက် ချင် တာ”

သားအဖနှစ်ယောက် ပြောဆိုနေကြစဉ်
ဖုန်းဝင်လာ၏တိုက်တိုက်ဆိုင်ဆိုင်
ကောင်းမြတ် သူရဲ့ဖခင် ဦးမြတ်မောင် ဖြစ်
နေ၏ ။ စပီကာဖွင့်ထား၍ ကြားနေရ၏။ “ကိုနေထိုက်လား” “ဟုတ်ပါတယ်….အမိန့်ရှိပါ”
“ကျွန်တော် မြတ်မောင်ပါ”
“ဪ….ဦးမြတ်မောင် .. ပြောပါခင်ဗျာပြောပါ”
“ကျွန်တော်တို့ချင်းက
ခင်မင်ရင်းနှီးပြီးသားတွေပဲ။ ဒဲ့ဒိုးပဲ ပြောတော့မယ်ဗျာ။ ကျုပ်
သား က ပူဆာလွန်းလို့ အကြိုနားဖောက်
ထားတဲ့ သဘောပေါ့”
“လုပ်ပါ….ပြောပါ”
သမီးရေးကိစ္စမို့ရှေ့မျက်နှာနောက်ထားပြီးပြောပါရစေ
“သားရေးတော့”
“စကားပလ္လင် ခံမနေပါနဲ့၊ သဘောပေါက် တယ် ပြောပါ”
“ကျုပ်သားကခင်ဗျားသမီးကို ရည်ငံနေ တယ်။ အဲဒါ ကျောင်းပြီးရင် လက်ထပ် ပေးစား မယ်ဆိုတာ မရဘူး။ဆယ်တန်း အောင်ပြီးရင် ပေးစားရမယ်။ လင်မယားနှစ် ယောက် စီးပွားရေး တစ်ဖက်ကလုပ်၊ အိမ်ထောင်သားမွေးပြီး အဝေးသင်ဆက်ဖြေ ရင်းနဲ့ ဘွဲ့ယူကြမယ်တဲ့။ အဲဒါ…ဘယ်နှယ်သဘောရသလဲဗျာ”
“ဟုတ်ကဲ့..ကျွန်တော်က
သမီးရှင်ဆိုတော့ စဉ်းစဉ်းစားစား ပြန်ဖြေပါ့မယ်။ ကို
မြတ်မောင် ရဲ့သားနဲ့ဆို သဘောတူပါတယ်
ဟဲဟဲ”
“ဟား..၀မ်းသာတယ်ဗျာ။ ကျုပ်တာဝန်
ထား မင်္ဂလာပွဲကို အခမ်းနားဆုံး စီစဉ်ပေးပါ့မယ် ”
“ဦးမြတ်မောင်ရဲ့သားလည်း ကျွန်တော်တို့ အိမ်ကို ဝင်ပါ၊ ထွက်ပါ၊ သွားလာနိုင်ပါတယ်
ဗျာ”
“အိုးဟိုးကျေးဇူးပါဗျာ၊
ကျုပ်သားကခင်ဗျားတို့အိမ်ကို ချောင်းပေါက်မတတ် လာချင်နေ တာ”
“ရပါတယ်၊ လာပါစေ…ကျုပ်နဲ့ ခင်ဗျား
လည်း ခမည်းခမက် တော်ရတော့မှာပဲဟာ”
“၀မ်းသာတယ်ဗျာ။ အလုပ်တွေ မအား သေးလို့ ခင်ဗျားစပြီး လေဖြတ်ခါစက သတင်းမေး သုံးလေးခါပဲ ရောက်ဖြစ်တယ်။
အဲ့ဒီနောက်ပိုင်း အလုပ်တွေ မအားတာနဲ့ ရောက်ဖြစ်တာ ခွင့်လွှ တ်ဗျာ…ဟုတ်လား” “ခွင့်လွှတ်ပါတယ်ဗျာ။ ဘယ်လိုမှ သဘောမထားပါဘူး”
လူကြီးချင်း အပြန်အလှန် ဝမ်းသာအားရ ပြောပြီး နှုတ်ဆက်ကာ … ဖုန်းပြောခြင်းကို

ရပ်တန့် လိုက်ကြ၏ ။
“ကဲ..သမီးယွန်း ကြားတဲ့အတိုင်းပဲ”
ယွန်း ရှက်ပြီး အိပ်ခန်းထဲကို ပြေးဝင်လာ၏။
ညနေ ကျောင်းဆင်းချိန်မှာ ကျောင်းသူ ကျောင်းသားတွေ ပြန်ကုန်ကြ၏ ။ အနုပညာ သင် တန်း အပိုချိန်ရှိ၍ ယွန်းတို့အဖွဲ့တွေ စတူဒီယိုခန်းမှာ သွားစောင့်နေကြ၏။
ယွန်းထိုင်သော ထိုင်ခုံပြတင်းပေါက်ကျယ် က လှမ်းကြည့်လိုက်ရာ ပန်းခြံထဲကို မြင်ရ၏
“ဟင်…”
ဒန်းနှစ်ခု ရှိသည့်အနက်၊ ဒီဘက်ကဒန်းက
ဘယ်သူမှ မရှိဘဲ နှင့် သူ့ဘာသာလွှဲနေ၏ ။ လေပြင်းပြင်းတိုက်လို့ လွှဲလျှင်လည်း ဒန်းနှစ်
ခုလုံး လွှဲရမှာပေါ့။အမြင်မှားသလား။
မျက်လုံးပွတ် သပ်ပြီး ပြန်ကြည့်လိုက်၏အမြင်မမှား။
သေချာပါပြီ။ ပျောက်ကွယ်သွားပြီ ထင်ခဲ့ သော တစ္ဆေမ ပြန်ရောက်လာပြီ။ ပြန်ရောက် လာကြောင်းကို ဒန်းစီးခြင်းဖြင့် သက်သေပြ နေ၏။ ယွန်း ထိတ်ခနဲဖြစ်ကာ ကြောက်လန့် သွား၏ ။ ဒီအတိုင်းဆို မှောင်ရီပျိုးချိန်မှာ အိမ်ပြန်လျှင် တစ္ဆေမလိုက်လာပြီး တစ်လမ်း လုံး နှောင့်ယှက်ဦး မည်။ အိမ်အထိ ပါလာမည်။
ယွန်း ဆတ်ခနဲ ထပြီး မတ်တပ်ရပ်လိုက်၏။
“ဘယ်သွားမလို့လဲ…ယွန်း”
အေမီအောင်က မေးလာ၏ ။ ကောင်းမြတ်သူက စာသင်ခန်းထဲမှာ ဂီတဆရာတစ် ယောက် က လာခေါ်သွား၍ မရှိ။ အနုပညာ
သင်တန်းချိန်ရောက်မှ ပြန်တွေ့ရလေမလား မသိ။ ဒီဘက်ဝင် ပေါက်ကနေ လျှောက်ထွက် လာလိုက်၏ ။ ဒီဘက်ပေါက်ကို တစ္ဆေမ မတွေ့နိုင်။
ကျောင်းဝင်ထွက်ပေါက်က (၄) ပေါက်ရှိ၏ ။ ယွန်းကျောင်းလစ်ပြီး အဖေ့ဆီ ပြေးမည် ပေါ့။ ဒီ ဘက်ပေါက်မှာ ကားတစ်စင်း ထိုး ဆိုက်၏ ။ ဆရာသီဟမိုးရဲ့ကား ဘေးမှာ မေမေပါလာ၏ ။ အနမ်း နှင့် နှုတ်ဆက်၏ ။ မေမေက ကားမောင်းထွက်သွား၏ ။ စာသင် ပြီး အပြန်တစ်နေရာရာမှာ ချိန်းတွေ့ ကြမှာ ပေါ့။
မေမေ ကတိမတည်၊ မေမေ့အပေါ် စိတ်ခု မိသွား၏ ။ သီဟမိုးက အထဲကို စာအုပ်စာ တမ်းတွေကိုင်ပြီး ဝင်လာ၏ ။ ယွန်းကိုရုတ်တရက်တွေ့၍ ခြေလှမ်းတွေ ရပ်တန့်သွား၏။
“ယွန်း….ဘယ်သွားမလို့လဲ”
ယွန် ဘာမှမပြောဘဲ အပြင်ထွက်ရန် ပြင်လိုက်၏။
“ယွန်း…မင်းအမေ ကားပျက်နေလို့ ကိုယ့် ကားကို ခဏပေးလိုက်တာ။ မိတ်ဆွေတွေ
အဖြစ် ကူညီတာ”
“နမ်းရှုပ်တာက မိတ်ဆွေတွေလား” “အဲ့ဒီကိစ္စနဲ့ မင်းမကျေနပ်ရင် ဆရာကို ကြိုက်သလို လုပ်သွားလိုက်။ မင်းကျေနပ်ပြီ ဆိုရင် ကျောင်းစည်းကမ်းအရ ဆရာက မင်း ကို စာသင်ခန်းထဲ ပြန်ပို့ရမှာပဲ” “ရပ်တန့်က ရပ်သင့်နေပါပြီး… ကာမေ သု မိစ္ဆာစာရကံကို မကြောက်ဘူးလား။ ဒီက လည်း ဆရာတစ်ယောက်၊ ဟိုကလည်း မိဘ တစ်ယောက် အနန္တော အနန္တဂိုဏ်းဝင်တွေ

အဖြစ် ခံယူထား ကြတာ။ ဆရာအဖြစ် မိဘ အဖြစ် ရှင်တို့နဲ့ ထိုက်တန်ရဲ့လား။ ကျွန်မ အဖေကို အားမနာဘူး။ ကျွန် မကိုလည်း အလေးမထားဘူး။ ရှင်တို့ဘာသာ ငရဲသွား ကြတာ အကြောင်းမဟုတ်ဘူး။ ပတ်ဝန်း ကျင်က ကျွန်မတို့ကို ဘယ်လိုထင်ကုန်မလဲ။ ဖောက်ပြန်တဲ့ မိခင်ရဲ့ သမီး။ ဖောက်ပြန်တဲ့
ဘယ်ဆရာ တစ်ယောက်ရဲ့တပည့်။ ပတ်ဝန်းကျင်မှာ မျက်နှာ ပြရမလဲ။ ဘယ် နေရာမှာ မျက်နှာပြရဲ့မလဲ။ ကျွန်မအဖေ ဒုက္ခိတကြီးကို သက်ညှာ လေးစားစိတ်မျိုး ရှင့်မှာဖြစ်ခဲ့ဖူးရဲ့လား။ ကြာကူလီစိတ်နဲ့ ရသ
မျှကြိတ်မယ်ဆိုတဲ့အောက်တန်းစားစိတ်ဓာတ်မျိုးကို ရှင်မွေးနေတာလား”
လူရှင်းသော ကော်ရစ်ဒါမှာ ယွန်း စိတ်ထဲ
ရှိသမျှ ပြောပြီး အပြတ်ဖြဲနေကြ၏ ။ သီဟမိုး ခေါင်း ငိုက်စိုက်ကျသွား၏။

“တပည့်ပြောတာ အားလုံး မှန်ပါတယ်။ ဆရာတို့ဘက်က လူကြီးဖြစ်ပြီး အမှားကြီး
မှားနေ တာပါ။ နောက် ဆရာ ဆင်ခြင်ပါ့
မယ်။ အဆက်ဖြတ်နိုင်အောင် ကြိုးစားပေး
မယ်။ အခု….ပြဇာတ် တိုက်ဖို့ ပြန်လိုက်ခဲ့ပါ။
ဒီနေ့ ယွန်းကို ဦးစားပေးတိုက်ရမယ့် အခန်း
တွေချည်းဖြစ်နေလို့ပါ”
ဆရာတစ်ယောက်ကလေချိုပြန်သွေး
နေ၍ ယွန်းလည်း အနည်းငယ် စိတ်ပြန်ပျော့
သွားကာ .. “ကျွန်မ..အင်း”
ရှင်းပြလျှင်လည်းယုံကြည်မှာမဟုတ်။
အသာ ပြန်လိုက်လာ၏ ။ နေရာမှာ ဝင်ထိုင်
ပြီး ပန်းခြံ ဘက်ကို ကြည့်တော့ ကျောပေးပြီး
ကျောင်းဝတ်စုံလေးနှင့်
ဒန်းစီးနေသောတစ္ဆေမ။ ယွန်းနဲ့တူ သည့် တစ္ဆေမ။
“အေမီနဲ့ ပန်းအိ”
“ဘာလဲ…ယွန်း” “ပြောလေ”
“ပန်းခြံထဲမှာ…ပန်းခြံထဲကြည့်လိုက်”
သူငယ်ချင်းမနှစ်ယောက် ပန်းခြံထဲကို ပြူး ပြဲပြီး လှမ်းကြည့်ကြ၏။
“ကောင်မလေး … ဒန်းစီးနေတယ်။ အဲဒါ တစ္ဆေမ..ဆံပင်ကျောပိုးအိတ်ကိုကြည့်..ငါ့ ဟာတွေ အတိုင်းပဲ”
“အေး…ဟုတ်တယ်”
“အဲ့ဒီတစ္ဆေမကို သွားဖမ်းကြမယ်”
“အေး…ဟော ဆရာဝင်လာပြီ၊ ဆရာ့ကိုပြောပြရမယ်”
“ကောင်းသော ညနေခမ်းပါ ဆရာ”
“ဒီနေ့အဖို့ကတော့…”
“ဆရာ…ခဏလေး”
“ယွန်း…..ဘာလို့လဲ”
“ပန်းခြံထဲက ဒန်းပေါ်မှာ ကျောင်းဝတ်စုံနဲ့ ထိုင်နေတဲ့ ကောင်မလေးဟာ တစ္ဆေမပါ…
ဆရာ။ ကျွန်မအယောင်ဆောင်ပြီး
ခြောက်လှန့်နေတယ်။ သူ့ကိုဝိုင်းဖမ်းပြီး
စစ်မေးရအောင်… ဆရာ”
သီဟမိုး အံ့ဩစွာဖြင့် ပြတင်းပေါက်နားကို သွားကြည့်၏။ ကျန်သော ကျောင်းသူ ကျောင်း သားတွေလည်း လိုက်ကြည့်ကြ၏။ ဒန်းစီးနေသော ကောင်မလေးတစ်ယောက် ဆံပင်ကုပ်လေး နှင့်။
“အဲဒါ တစ္ဆေမလား”
“ဟုတ်တယ်…ဆရာ”
“ကဲ..ဒါဆိုလည်း အားလုံး ဝိုင်းဖမ်းကြမယ် ”
ဆရာ၊ ယွန်း၊ ကျောင်းသူ ကျောင်းသား အားလုံး စာသင်ခန်း အပြင်ဘက် ပြေးထွက် ပြီး တစ္ဆေမကို သွားဝိုင်းကြ၏ ။ လူအုပ်စုကများနေတော့ … မကြောက်ကြ။ ပျော်ဖို့ပင် ကောင်းပေတော့ ၏။
ယွန်းက အနားကပ်ကြည့်လိုက်၏ ။
ယွန်းနှင့်တူသော တစ္ဆေမ မဟုတ်။ တခြား ကျောင်းသူ လုံးတူ ဒေါက်တူ တစ်ယောက်
ဖြစ်နေ၏။“ဒါ….တစ္ဆေမလား”
ကောင်မလေးက ပြူးပြူးပြဲပြဲလေး ပြန်ကြည့်နေ၏။
“ကျွန်မ…ကျွန်မဘာအပြစ်ရှိလို့လဲဆရာ”
“ယွန်း….သူက လူပါ…ဂီတဆရာရဲ့ တူမ လေး၊ ဂီတဆရာနဲ့ အတူ ပြန်နေကျလေ”
“ဟိုမှာ…ဂီတဆရာနဲ့ ကောင်းမြတ်သူတို့ ပြန်ရောက်လာကြပြီ”

ဂီတဆရာနဲ့ ကောင်းမြတ်သူက ဂီတ ပညာရှင်တွေနှင့် သွားရောက် ဆွေးနွေးနေ ခြင်း ပင်။ဂီတဖျော်ဖြေပွဲကြီးမှာ ဒီက
သင်တန်းကျောင်းသားတွေပါ ဩဂတ်စတာ ဝိုင်းကြီးဖွဲ့ပြီး ဗီသိုဗင်၊ မိုးစက်တို့ရဲ့ ဂန္တဝင် တေးများ တီးခတ်ကြဖို့အရေး သွားဆွေးနွေး
နေရာက ပြန်ရောက်လာခြင်းပင်။
ဂီတဆရာ ပြန်မလာသေး၍ ဒန်းစီးပြီး
စောင့်နေခြင်းပင်။ တစ္ဆေမ မဟုတ်တော့။ ယွန်းကို ဆရာရော၊ အတန်းသူ အတန်းသား တွေပါ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြ၏ ။ ရှင်းသန့်လှိုင်တို့ အဖွဲ့က ရှေ့တန်းထွက်လာ ပြီး မဲ့ပြုံးကိုယ်စီနှင့်-
“ကြောင်နေတယ်ဆိုတာ အခုမှပဲ လူတွေ ယုံသွားတော့တယ် ဟင်း ဟင်း ဟင်း
“ဂေါက်ကြောင်မက တစ္ဆေဖမ်းဦးမတဲ့ ခစ်ခစ်ခစ်”

ဆရာနှင့် ကျောင်းသား၊ ကျောင်းသူတွေ စတူဒီယိုအခန်းထဲ ပြန်ဝင်သွားကြ၏ ။ ဒန်း ပေါ်က ကောင်မလေးကို ဂီတဆရာက သူ့
ကားနှင့် ခေါ်သွား၏ ။
လှုပ်ခါကျန်ခဲ့သောဒန်းကို
ယွန်းမမှိတ်မသုန် စိုက်ကြည့်နေမိ၏ ကောင်းမြတ်သူသာ အနားရောက်လာ၏။
“ယွန်း….နင်ပြောတာ….ငါယုံတယ်”
“သွားစမ်းပါ….နင်လည်း ဝါးတားဖော်လို၊ ဖစ်ဖော်လို စကားတွေ လာပြောမနေပါနဲ့”
“ငါ့ဘက်က မခိုင်မာ….သက်သေမပြနိုင် ဘဲ မပြောဘူး ယွန်း”
“ဘာသက်သေရှိလဲ…ပြ”
“ဒီ…..လွှဲနေတဲ့ ဒန်းပဲပေါ့”
“အဲဒါ ဂီတဆရာတူမ စီးပြီး တမင်လွှဲထားခဲ့တာလေ”

“အခုထိ ဘာလို့မရပ်သေးတာလဲ၊ ဆယ် မိနစ်နီးပါး ရှိနေပြီ”
“ဟင်….”
ယွန်း လန့်ပြီး ဒန်းနှင့်ဝေးရာ ခြေသုံးလေး
လှမ်းဆုတ်လိုက်မိသည်။ ကောင်းမြတ်သူ
အားကိုးရှိနေ၍ လန့်သင့်သလောက်သာ လန့်သွား၏။
ကောင်းမြတ်သူက လွှဲနေသောဒန်းကို ဖမ်းဆုပ်ပြီး ရပ်တန့်လိုက်ရ၏။
“သမီး ပြန်ရောက်ပါပြီ ဖေဖေ”
အခန်းတံခါး စေ့ထား၍ အထဲကို အသာ ဝင်ပြီး ဖေဖေ့ကို နှုတ်ဆက်လိုက်၏ ။ မမြင် ခင် ကတည်းက နှုတ်ဆက်လိုက်ပြီး မြင် လိုက်ရသည့် မြင်းကွင်းက
“ဖေဖေ..ဘာဖြစ်တာလဲ”
ဝှီးချဲရော ဦးနေထက်ပါ လဲကျနေ၏ ။ ယွန်း ပြေးသွားပြီး ဦးနေထက်နဲ့ ဝှီးချဲကို

ပြန် ထောင် မတ်ပေးလိုက်၏ ။ ဖေဖေရော တရား စာအုပ်ကို လက်ကမလွှတ်။
“ဖေဖေ စာဖတ်ပြီး အိပ်ငိုက်၊ ပြုတ်ကျသွာ၊ တယ်။ ဟူး.. သမီး ကျောင်းက ပြန်လာပြီပဲ”
“ဟုတ်…လန့်သွားလိုက်တာ……ဖေဖေ
ရယ်၊ ဖေဖေများ တစ်ခုခုဖြစ်ပြီလားဆိုပြီး စိုးရိမ်လိုက် ရတာ နှလုံးသွေး ရပ်မတတ်ဘဲ
“သမီးအသက်အရွယ်နဲ့ အဲလောက်ကြီး မဖြစ်နိုင်ပါဘူး…သမီးရယ်၊ ဖေဖေမရှိလည်း သမီးဘ၀ကို ထူထောင်နိုင်ရမယ်လေ။ ဘာမှ ၀မ်းနည်းနေစရာ မလိုဘူး။ ကြောက်ရွံ့ ထိတ်လန့်စရာ တွေ့ကြုံရင်လည်း ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ တွန်းလှန် ကျော်ဖြတ်ပစ်ရမယ်။ ဒါမှ အာဂမိန်းမ ဖြစ်တော့မပေါ့”
“ဟုတ်ကဲ့ ဖေဖေ”
ယွန်းအကြည့်က ကြမ်းပြင်ပေါ် ရောက်

သွား၏ ။ စာအုပ်ကြားထဲ ညှပ်ထည့်ထားခဲ့ ဟန်တူ သော ဓာတ်ပုံတစ်ပုံကို သွား ကောက်ယူ ကြည့်လိုက်၏။အမြွှာညီအစ်မပုံ…မွေးကင်းစ အနှီးနဲ့ ပတ်
ထုတ်ထားသော ပုံ…တွဲလျက်ချထားတာကို ရိုက် ယူထားသော ဓာတ်ပုံ။နဲ့”
“သမီးယွန်း အဲ့ဒီပုံကို ပြန်ပေး…မကြည့်ပါ
“ဒါ…ဒါ သမီးတို့ပုံမဟုတ်လား….ဖေဖေ၊
ဘာလို့ ခုထိဖုံးကွယ်ချင်နေရတာ လဲ။ မေမေ ကတောင် ပြောပြပြီးပြီ” “ဟုတ်လား”
“ဟုတ်တယ်….ဖေဖေ၊ သမီးကို အလုံးစုံ ပြောပြသင့်ပါပြီ”
ဦးနေထိုက်က ယွန်းလက်ထဲက ဓာတ်ပုံကို
ကြေကွဲရီဝေစွာ စိုက်ကြည့်နေသည်။ အတန်ကြာမှ-
“သမီးမေမေက ဖေဖေလောက် များများ စားစား မသိရှာပါဘူး။ သမီးက သိပ်သိချင် တယ် ဆိုရင်တော့ ဖေဖေပြောပြရတော့မှာ ပေါ့။ ဒီအကြောင်းတွေ ဖုံးဖိထားရတာ က သ ဉ္ဇလီရော၊ သမီး ရော ထိတ်လန့်ကြောက်ရွံ့မှ တွေနဲ့ တစ်ဘ၀လုံး ဝမ်းနည်းကြေကွဲ ချောက်ချားချား နေသွားရမှာ စိုးလို့ပါ။ နောက်ဆုံး ကိုယ့်အိမ်ခန်းထဲမှာ တစ်ယောက် ထဲ မနေရဲတဲ့အထိ ရိပ်ခနဲမြင်ရင် ဒါပဲ…ဝုန်း နဲမြင်ရင် 310…. စိတ်စွဲပြီး လိပ်ခဲတည်းလည်းတွေ ဖြစ်ကုန်မှာ စိုးလို့ပါကွယ်”
“အကြောင်းရင်း အမှန်ကိုသိမှ ပြဿနာကို
ဖြေရှင်းလို့ရမှာပေါ့။ ဖေဖေ အောက်ပိုင်း သေသွားကတည်းက သူ သောင်းကျန်းလာတာ
အရမ်းထင်ရှားနေတယ်။ သမီးက သူ့ရဲ့
ပစ်မှတ် ဖြစ်နေတယ်။ ဒါဘာကြောင့်လဲ….ပြောပြပါ”

Zawgyi Version

” လူျဖစ္သြားတဲ့ တေစၦ ” (အခန္း ၃) (စ/ဆုံး)
————————————————–

ဆရာသီဟမိုးကို ေတြ႕ လိုက္ရ၏။
သီဟမိုးေဘးမွာ သၪၨာလီ။ ခ်စ္ဇနီး သၪၨာ
လီ။ သမီးတို႔ရဲ႕ ဆရာအေနႏွင့္ ညစာဖိတ္ ေကြၽး ဖူး၍ ခင္မင္ရင္းစြဲရွိေသာ သီဟမိုး။
သီဟမိုးနဲ႔သၪၨာလီတို႔ ကားေပၚမွာနမ္းရႈပ္ ၿပီး ႏႈတ္ခမ္းခ်င္းေတ့စုပ္ေနၾက၏ ။ သၪၨာလီနဲ႔ သီဟမိုးတို႔
ၿငိေနၾကပါၿပီေကာလား။
ေအာက္ပိုင္းေသ၍ အိမ္ေထာင္ေရးသုခမေပး ႏိုင္ေသာ ေန ထိုက္ကို သံေယာဇဥ္ႏွင့္သာ သ ၪၨာလီ ေပါင္းေဖာ္ေနျခင္းပင္။ သူမရဲ႕အခ်စ္ ေတြ၊ အာသီသဆႏၵေတြ က သီဟမိုးကို ေပး
ဆက္ေနပါေရာလား။
အိမ္ေထာင္ေရးေဖာက္ျပန္မႈႀကီးကိုလြန္က်ဴးၿပီးထားပုံရ၏
|| ဆက္လက္ၿပီးလည္း လြန္ က်ဴးေနဆဲျဖစ္၏ .
သၪၨာလီအေပၚမွာ အားကိုးေနရ၍

အျပစ္ေျပာလို႔လည္း မျဖစ္။ ငယ္႐ြယ္ေသး သည့္ ဇနီးသည္ရဲ႕ေသြးသားဆႏၵကို ေနထိုက္ မွ မျဖည့္ဆည္းႏိုင္တာ။
သူ ေဖာက္ျပန္တာ သူ႔အျပစ္ သူခံ လိမ့္မည္။ ခြင့္လႊတ္ဖို႔သာ ေနထိုက္ စဥ္းစား ထားမိ၏။ စိတ္ထဲကေတာ့ မေကာင္း။
ဒုကၡိတျဖစ္ေနရတဲ့ ကိုယ့္ကိုယ္ကိုယ္သာ
ေဒါသျဖစ္ေနမိ၏
ထိုစဥ္မွာပင္မိန္းကေလး တစ္ေယာက္၊
ကားနားကိုေလွ်ာက္လာ၏ ။ ကားထဲမွာ လူရွင္းၿပီထင္
ၿပီး အခ်စ္ပလူးေနၾကသည့္ သၪၨာလီတို႔က မသိၾက။
ကားနားကပ္လာသူကို ေသခ်ာၾကည့္လိုက္ေတာ့
သမီးေလး ယြန္းျဖစ္ေန၏။
“ဟင္…သမီးေလး၊ သူ႔အေမ ေဖာက္ျပန္
ေနတာကို မေက်နပ္လို႔ တစ္ခုခုလုပ္ဖို႔ ကား
နား ကို သြားေနတာပါလား။ ခုနတင္ ယြန္း
ေတြ႕လိုက္ပါေသး
အိပ္ခန္းထဲဝင္သြားတာ တယ္။ တိုက္ခန္း ေပၚကလည္း အဲ့ေလာက္ ႀကီး ျမန္ျမန္ဆန္ဆန္ ေအာက္ကို ဆင္းမ သြားႏိုင္။”
သမီး တစ္ခုခု လုပ္မီမွာ စိုးရိမ္ပူပန္သြား၏
။ ပူပန္ထိတ္လန႔္သံျဖင့္ ေအာ္ဟစ္မိသြား၏။
“ယြန္း…..ယြန္း….ယြန္း”
ဖခင္ျဖစ္သူရဲ႕အလန႔္တၾကားေခၚသံ
ေၾကာင့္ ယြန္းလည္း အခန္းထဲက ေျပးထြက္
လာ၏ ။ ဦး ေနထိုက္ လွီးခ်ဲကို ေနာက္ျပန္
တိုးရင္း ဆိုဖာဆက္တီနား ေရာက္လာ၏။
“ဘာျဖစ္တာလဲ ေဖေဖ….ေဖေဖ ဘာျဖစ္
လို႔လဲ”ယြန္းအနားကို ေရာက္လာၿပီး ဖခင္ရဲ႕လက္ ကို ကိုင္ဆုပ္ထား၏ ။ ဦးေနထိုက္ အံ့ၾသတုန္ လႈပ္ၿပီး ယြန္းကို ေသခ်ာေမာ့ၾကည့္ေန၏။
သမီး ယြန္းက ဒီမွာရွိေနပါလား…ဒါဆို… တိုက္ေအာက္ကားေဘးမွာ ရပ္ေနတဲ့ ယြန္း က… ယြန္းနဲ႔ခြၽတ္စြပ္တူတဲ့ မိန္းကေလးေပါ့။ “ေဖေဖ …ျပတင္းေပါက္က ဘာျမင္လိုက္ လို႔ ဒီေလာက္ႀကီး အံ့ၾသတုန္လႈပ္သြားရ တာ
ယြန္း ျပတင္းေပါက္နား သြားမည္အလုပ္။ ဦးေနထိုက္က ယြန္းလက္ကို ဖမ္းဆြဲထား၏
“ဘာမွ မဟုတ္ဘူး….မသြားနဲ႔ ….GUGU ငိုက္ၿပီး အိပ္မက္ဆိုးမက္ရာက လန႔္ႏိုးၿပီး ေအာ္ေခၚမိတာပါ။ လာပါ..သမီး၊ ေဖေဖ့ အနားမွာ ထို္င္ေနေပးပါကြယ္”
ယြန္းလည္း ဖခင္ေဘးက ဆိုဖာေပၚမွာ
အသာထိုင္ေပးလိုက္၏
ျမင္ကြင္းကို သမီးယြန္း မျမင္ေစလို။
ေအာက္ကဦးေနထိုက္ ရင္ေတြ ကတုန္ကယင္ႀကီး
ျဖစ္လို႔ေန၏။
တိုက္ခန္း ေပၚကို သၪၨာလီ ဘာမွမျဖစ္ခဲ့ ဟန္ျဖင့္ ေရာက္လာ၏ ။ ေဈးဝယ္လာေသာ အထုပ္ ေတြကိုျဖန႔္ခင္းၿပီး ေရခဲ့ေသတၱာထဲ
ထည့္သင့္တာေတြ ထည့္ေန၏။
ခ်က္ျပဳတ္ၿပီး ဦးေနထိုက္ကို တယူတယ ခြံ႕ ေကြၽး၏ ။ စီးပြားရွာရင္း ဒုကၡိတ ေယာက်ာ္း
ကိုၾကင္ၾကင္နာနာျပဳစုေနတဲ့ ဇနီး။
ေသြးသားေဖာက္ျပန္တာ ဆႏၵေၾကာင့္လည္း ျဖစ္ခ်င္ျဖစ္မည္။သမီး ယြန္းရဲ႕ ေက်ာင္းစရိတ္
ေၾကာင့္၊ ဒါမွမဟုတ္ ပိုက္ဆံရွိသားသမီးေတြလိုမ်က္ႏွာသာေပးခံရေရးအတြက္
ခႏၶာကိုယ္ႏွင့္ ရင္းႏွီးလဲလွယ္ေနတာလည္းျဖစ္ခ်င္ျဖစ္မည္။
အိမ္ေထာင္ဦးစီး ဇနီးသည္ကို အျပစ္ဆိုမ ေနေတာ့။ ခြင့္လႊတ္နားလည္ျခင္းနဲ႔သာ ရင္နာ သည့္ေဝဒနာကို ႀကိတ္မွိတ္ၿမိဳသိပ္ပစ္လိုက္ေတာ့၏။
“သမီးေရ……ေဖေဖ့ကို ေရကူးကန္သြားပို႔ရ ဦးမွာ…ဒီေန႔ ေက်ာင္းပိတ္ရတ္ေလ၊ သမီး
လိုက္ မယ္ မဟုတ္လား”
အိမ္မွာ တစ္ေယာက္ထဲ စိတ္ေခ်ာက္ခ်ား ၿပီး မေနခဲ့ခ်င္၍ .
“လိုက္မယ္….ေမေမ”
အဝတ္အစားလဲၿပီး မ်က္ႏွာကို လိမ္းျခယ္ ျပဳျပင္ကာ အခန္းျပင္ ထြက္လိုက္၏ ။ ေမေမ က ေဖေဖ့ကို အဝတ္အစား လဲလွယ္ေပး၏ ။
ၾကည့္ေကာင္းေအာင္ျပဳျပင္ၿပီးသည္ႏွင့္
မိသားစုလိုက္ အျပင္ကို ထြက္ျဖစ္ၾက၏။
ပ်က္တတ္ေသာ ဓာတ္ေလွကားက ဒီေန႔
က်ေတာ့ စိတ္ေကာင္းဝင္ၿပီး။ ေမေမဖုန္း
ဆက္ထား၍ ကြန္ဒိုမွ တာဝန္ရွိသူေတြက
ဒုကၡိတေတြစီးဖို႔ ကားသီးသန႔္ လႊတ္ေပး
ထား၏ ။ ကားေပၚကို လွီးခ်ဲပါ ထိုးတင္
ေရကူးကန္ေရာက္ေသာအခါ ကားေပၚကႏိုင္၏။
ဝွီးခ်ဲကိုတြန္းၿပီး ဆင္းလာျဖစ္၏ ။ ေဖေဖ ေရာ ေမေမပါ ေရကူးကန္အသင္းဝင္ေတြ။
ေဖေဖ့ကိုသာေရကူးသင္သည့္ဆရာႏွင့္
ေဖးမၿပီး ေအာက္ ေျခေထာက္အေၾကာေတြ
ျပန္လည္သန္စြမ္းလာေစရန္
ေလ့က်င့္ခန္း လုပ္ေစ၏။
ေရထဲမွာသားအမိႏွစ္ေယာက္ ပြဲၾကည့္စင္တန္းေပၚ မွာ စကားထိုင္ေျပာျဖစ္ၾက၏။
“သမီး ဆံပင္ေတြ ညႇပ္ပစ္တာ ႏွေျမာဖို႔ ေကာင္းတယ္။ ဘာေၾကာင့္ အဲ့ဒီလို လုပ္ရတာလဲ”
ေယာက္က သမီး အေယာင္ေဆာင္ေနတယ္။
“သမီးနဲ႔႐ုပ္တူတဲ့မိန္းကေလးတစ္
ေျခာက္ လွန႔္ေႏွာင့္ယွက္ေနတယ္။ သူနဲ႔႐ုပ္
ခ်င္းမတူေအာင္ ဆံပင္ေတြကို ညႇပ္ပစ္တာပဲ”
“အိုး…မိုင္ေဂါ့ဒ္”
“သမီးမွာ အႁမႊာမရွိပါဘူးေနာ္”
“ရွိခဲ့တယ္…သမီး”
“ရွင္…”
“ဟုတ္တယ္..သူ႔ကိုက
ေမြးၿပီးၿပီးခ်င္းနာရီပိုင္းအတြင္းမွာ ေသသြားတယ္။ သမီးကို ပဲ ေမေမတို႔ရလိုက္တယ္။ သူေသတာ သမီး တစ္သက္ ရွိသြားၿပီ။ ေမေမလည္း စိတ္မ ေကာင္းခဲ့ရပါ ဘူး သမီးရယ္”
“သူ႔ကို ဘယ္မွာ ေျမျမႇဳပ္ခဲ့တာလဲ” “သခ်င္းမွာေပါ့..သူလို႔ သမီးထင္ေန
ရင္ မျဖစ္ႏိုင္ဘူးလို႔ ေမေမေျပာရမွာပဲ။ ႏွစ္ ေတြ ၾကာခဲ့ၿပီေလ။ သူ ကြၽတ္တမ္းဝင္သြား

ေလာက္ပါၿပီ။ အျပစ္မဲ့တဲ့ကေလး ဆိုေတာ့ တျခားတစ္ ေယာက္ေယာက္ရဲ႕ ၀မ္းမွာ ျပန္ ဝင္စားေန ေလာက္ပါၿပီ”
ယြန္း တိတ္ဆိတ္ ေတြေဝေနမိ၏ ။ သၪၨာ
“ဒါေတြ ေမ့ထားလိုက္ပါေတာ့….ျဖစ္ႏိုင္ တာကိုပဲ လုပ္ၾကရေအာင္…သမီးေခါင္းက
ဆံပင္ ကို ျပန္ျပဳျပင္ရမယ္။ ဆံပင္ညႇပ္ဆိုင္
ေကာင္းေကာင္းမွာ သပ္ရပ္ပုံက်ေအာင္ ျပန္
ျပင္ညႇပ္ရမယ္။ ေမေမ ဆိုင္သိတယ္။လိုက္ပို႔ေပးမယ္’
“အဲ့ဒါဆိုရင္ေတာ့ အလဲအလွယ္လုပ္ရလိမ့္မယ္ ေမေမ”
“အေပးအယူ သေဘာလား” “ဟုတ္တယ္”
“သမီးက ဘာလိုခ်င္လို႔လဲ”
“ေမေမ……ဆရာဦးဟမိုးနဲ႔
ေဖာက္ျပန္ပါနဲ႔ေတာ့၊ ေဖေဖ သိတယ္။ဖြင့္မေျပာဘဲ
ႀကိတ္မွိတ္ခံစားေနရတာ
သနားဖို႔ ေကာင္းတဲ့ ေဖေဖပါ”
“သမီး ထင္လို႔ပါ”
“ေမေမ မျငင္းပါနဲ႔၊ သမီး သိေနပါၿပီ။ ျမင္
လည္း ျမင္ၿပီးၿပီ။ ေနာက္ထပ္ မုသာဝါဒကံ
ကို ထပ္က်ဴးလြန္ဦးမလို႔လား”။
“အဲ့..အဲ့ဒါ
သမီးေလးေက်ာင္းမွာမ်က္ႏွာသာေပးခံရဖို႔ ပါကြယ္”
“သမီး ေခါင္းေဆာင္မင္းသမီး ျဖစ္ရတာ
အဲ့ဒါ ေၾကာင့္လား”
“သမီးအတြက္ဆို ေမေမ .. ဘာပဲျဖစ္ျဖစ္ လုပ္ရမွာပဲ”
“မလုပ္ရဘူး…သမီး မႀကိဳက္ဘူး။ ဒါ မ ေကာင္းတဲ့အလုပ္။ ေမေမက မေကာင္းတာ လုပ္ဖို႔ ေရွ႕ေဆာင္လမ္းျပေနတာလား”
သာလီ အံ့ၾသတုန္လႈပ္သြား၏ ။ ရွက္လည္း ရွက္သြား၏ ။ ေဒါသေတာ့ မထြက္။ စိတ္ကို တည္ၿငိမ္ေအာင္ ျပန္ထိန္းလိုက္ၿပီး…
“ေကာင္းၿပီေလ…သမီး
ေမေမ မတြဲေတာ့ဘူး”
မႀကိဳက္ရင္
“လုံးဝ အဆက္အသြယ္ ျဖတ္လိုက္ပါ”
“ေအးပါကြယ္”
သၪၨာလီ ကိုေတြ႕သည္ႏွင့္
သီဟမိုးေမာင္းတင္ထားတဲ့ ရမၼက္ေဇာေတြ ေျဖလႊတ္ခ်လိုက္ ၏ ။
ပါးႏွစ္ဖက္၊ လည္တိုင္၊ ရင္ၫြန႔္ေတြကိုအတင္းနမ္းရႈိက္၏ ||
ႏႈတ္ခမ္းေတြကိုအတင္းဖိဆုပ္ ၏ ။ သၪၨာလီလည္း ဆႏၵစိတ္
မႊန္ၿပီး သမီးတားထားတာကို ေမ့သြား၏။

တျဖည္းျဖည္း အရွိန္ရလာေတာ့ သီဟမိုး က တဆင့္တက္ဖို႔ ႀကိဳးစားေနစဥ္မွာ သၪၨာ လီက လက္ႏွစ္ဖက္ႏွင့္ တြန္းခံရင္း… “ကြၽန္မနဲ႔ ရွင္ ဒီမွာတင္ ရပ္တန္းကရပ္ၾကရေအာင္”
“ဘာ…ဘာေျပာတယ္ သၪၨာ”
“အိမ္က သိကုန္ၿပီ။ သမီးေလးက တား ထားတယ္။ ကြၽန္မ ဆက္ မမိုက္မဲခ်င္ေတာ့ဘူး”
“ရွစ္(ထ္)….မင္းေယာက္်ားမွ မင္းဆႏၵကို မျဖည့္ေပးႏိုင္တာ။ ကိုယ္က အျပည့္အ၀ ျဖည့္ေပးႏိုင္တယ္။ မင္းကိုလည္း စြဲလမ္းေန ၿပီ။ ဘယ္မိန္းမမွ မယူဘူး။ ျဖစ္ႏိုင္မယ့္ တစ္ေန႔၊ မင္းကို ပဲ လက္ထပ္ယူဖို႔ ကိုယ္ဆုံးျဖတ္ထားၿပီးသားပါ”
“မျဖစ္ႏိုင္ေသးခင္မွာဆင္ျခင္လိုက္ရေအာင္”
“ကိုယ္ မေနႏိုင္ဘူး” “ကြၽန္မလည္း မေပးႏိုင္ေတာ့ဘူး။ ဆက္ က်ဴးလြန္တာ မိသြားရင္
မိသားစုအက္ေၾကာင္း ေလး လုံး၀ၿပိဳကြဲသြားလိမ့္
မယ္။ ကြၽန္မ မခံစားႏိုင္ဘူး”
သီဟမိုး အေနရ၊ အထိုင္ရခက္သြားၿပီး ရင္ ေတြ ဗေလာင္ဆူေဝကုန္၏ ။ အဝတ္အစားပုံ ပ်က္ သြားတာကို သၪၨာလီ ျပန္လည္ျပဳျပင္ ၿပီး သီဟမိုးအပါးက ခြာ၏ ။
“မင္းက လြယ္လြယ္ခ်စ္ၿပီး လြယ္လြယ္ေမ့ တတ္တဲ့ မိန္းမမ်ိဳးပဲ”
“ရွင္ ထင္ခ်င္သလို ထင္ပါ….ကြၽန္မ သြားမယ္ ”
“ရက္စက္တယ္ကြာ..”
“၀မ္းနည္းပါတယ္ ခြင့္ျပဳပါဦး”
လုံး၀လွည့္မၾကည့္ေတာ့။
သၪၨာလီမွာအလတ္ႀကီး က်န္ေသး၏ ။ နိမ့္တုံ၊ ျမင့္တုံႏွင့္

လမ္း ေလွ်ာက္ပုံေလးကိုက စြဲမက္စရာ။ လင္ ရွိ မုဆိုးမေလး သၪၨာလီရဲ႕ ေက်ာျပင္ကို သီဟ မိုး ေငးစိုက္ ၾကည့္ရင္း ဟင္းခနဲ သက္ျပင္းခ် လိုက္ရေတာ့၏။ေျခာက္လွန႔္လုပ္ႀကံ
ေမေမ အခ်ိန္မွန္ အိမ္ျပန္လာ၏ ။ ေဖေဖ ကို ပိုဂ႐ုစိုက္ၿပီး ျပဳစုေပး၏ ။ ယြန္းအေပၚမွာ လည္း မ်က္ႏွာမညိဳေစရ။ ယြန္းက လက္ ေတာ့(ပ္) လိုခ်င္တယ္ဆိုတာႏွင့္ အျမန္ဝယ္ လာေပး၏ ။ မိခင္ ေကာင္းအျဖစ္ ျပန္ ႀကိဳးစားေပးေသာ ေမေမ့ကို ေက်းဇူးတင္မိ၏
သို႔ေသာ္ အေကာင္းရွိသလို၊ တစ္ဖက္က အဆိုးကလည္း ရွိေနျပန္၏ ။ ဖုန္းထဲမွာ၊

ကြန္ပ်ဴ တာထဲမွာ အင္တာနက္ ဖြင့္ၾကည့္ တိုင္း ယြန္းနဲ႔႐ုပ္တုသည့္ ေငြစင္သြန္းရဲ႕ ႐ုပ္ပုံ ေတြ ေပၚေပၚလာ တတ္၏ ။ ယြန္း အိပ္မက္ ဆိုးေတြလည္း ထပ္မက္ျပန္၏ ။ ကမ္းေျခအလွကို ဓာတ္ပုံ႐ိုက္ဖို႔ စတန္း(န္) ေပၚမွာ ကင္မရာေလးကို ၿငိမ္ေအာင္ တပ္ လိုက္ ၏ ။ ကင္မရာထဲမွ ၾကည့္လိုက္ေသာ ဟင္….”
ယြန္းႏွင့္ ခြၽတ္စြပ္တူေသာ မိန္းကေလး။ အဝတ္အစားက အစ အတူတူ၊ ဆံပင္ပုံစံ လည္း အတူတူ။ ဦးထုပ္အနားဝိုင္းေလး အ
ျဖားလွန္ေဆာင္းထားပုံျခင္းလည္း အတူတူ။
ေသြးဆာေနေသာ မ်က္လုံးေတြႏွင့္ စိုက္ ၾကည့္ေန၏ ။ ေအးစက္စက္၊ ရက္စက္မည့္ ႐ုပ္ရည္ မ်ိဳးႏွင့္..။
ယြန္း ကင္မရာကေန ေက်ာ္ၾကည့္လိုက္၏
ေရွ႕မွာရပ္ေနသူကမ်က္လုံးေတြ ပြင့္ေပါက္။ လွ်ာနီႀကီးတစ္လစ္ထြက္၊ သြားငမန္း
စြယ္ႀကီး ေတြလို ၿပဲက်ၿပီး အေမႊးအမွ်င္ထူ လဗ်စ္ႏွင့္ မေကာင္းဆိုးဝါး ႐ုပ္သြင္ေပါက္ သြား၏။
ယြန္း လန႔္တန္ၿပီး ေနာက္ျပန္လွည့္ေျပး၏ ။ ေျခလွမ္းေတြက အားထည့္ေျပးေလ၊ ပိုေႏွး ေကြးေလပင္။ ေအာ္လို႔လည္း မရ။ ႐ုန္းလို႔ လည္း မရ။ ကိုယ့္လက္၊ ကိုယ့္ေျခေတြကို
အမိန႔္ေပးေစ ခိုင္း၍ မရ။ ေနာက္ကလိုက္ လာေသာ မေကာင္းဆိုးဝါးႀကီးက လွ်ာနီႀကီး
ရွည္ထြက္လာၿပီး ယြန္းကို ရစ္ပတ္ထား၏ ။ ငမန္းစြယ္လို သြားႀကီးေတြႏွင့္ ဧရာမပါးစပ္ ႀကီးကို ၿဖဲဟၿပီး ယြန္းကို ကိုက္ဝါးဖို႔အ ျပင္ယြန္း လန႔္ႏိုးသြား၏ ။ လန႔္ႏိုးတဲ့အထိ
။ေၾကာက္စိတ္ေတြ မျပယ္ေသး။ ေခြၽးေဇာေတြ ပ်ံေနမိ၏ ။ အိမ္ခ်င္မူးတူးစိတ္ ေျပသြားရန္ ေအာက္မွာ မ်က္ႏွာသြားသစ္၏ ။ မွန္ထဲက ယြန္းရဲ႕ ႐ုပ္ရည္ကိုၾကည့္လိုက္ေတာ့…
မ်က္လုံးေပါက္သာရွိၿပီး မ်က္လုံး မရွိ။ အဲဒီ ထဲက ေသြးေတြယိုစီးက်ေနသည္။ မွန္ထဲက ယြန္းပုံစံက ေၾကာက္လန႔္စရာ အတိ။ ယြန္းၾကည့္ရင္း ၾကည့္ရင္း ေၾကာက္ စိတ္ ေတြ ငယ္ထိပ္က ေဖာက္ထြက္မတတ္။ ဆတ္ခနဲ မ်က္ႏွာလႊဲၿပီး ၾကည့္လိုက္ေတာ့
ေရခ်ိဳးခန္းထဲမွာ ေရစိုစက္လက္ႏွင့္
မ်က္ကြင္းညိဳႀကီးႏွင့္ ျပာႏွမ္းႏွမ္း အသား
အေရာင္ႏွင့္ ယြန္းရဲ႕ ပုံတူတစ္ေယာက္
ေထာင့္ကပ္ရပ္ၿပီး ယြန္းကို လွန္စိုက္ၾကည့္ေန၏ ။
ယြန္း ထိတ္လန႔္တုန္လႈပ္ျခင္းႀကီးစြာျဖင့္
ေနာက္ဆုတ္၊ေနာက္ဆုတ္ရင္း
ေအးစက္စက္၊ ေပ်ာ့စိစိ ခႏၶာကိုယ္ႀကီးတစ္ခု
ႏွင့္ ဝင္တိုးမိ၏ ။ ဆတ္ခနဲ လွည့္ၾကည့္လိုက္၏ ။
“အမေလး…အေမေရ ကယ္ပါဦး…
ေရ ကယ္ပါဦး…အီး ဟီး ဟီး”
ေခါင္းတေစာင္းႀကီးႏွင့္ ျပာႏွမ္းေနေသာ ယြန္းရဲ႕ပုံတူ မိန္းမ။ ယြန္းကို ေပြ႕ခ်ဳပ္ဖို႔လုပ္ ေနသ ျဖင့္ ယြန္း ေၾကာက္လန႔္တၾကား ေဆာင့္တြန္းၿပီး ေရခ်ိဳးခန္းထဲ ဝင္ပုန္းမိ၏ ။ လိုက္ကာျဖင့္ ပိတ္ ကြယ္လိုက္၏ ။
ေၾကာက္ဒူး ဆတ္ဆတ္တုန္ေနမိ၏ လိုက္ကာကို ဆြဲဖြင့္လိုက္၏ ။ ေခါင္းျပန္ တည့္ၿပီး ယြန္း ပုံစံႏွင့္မိန္းမ ျဖစ္သြား၏။
“အား……မလုပ္ပါနဲ႔၊ ငါေတာင္းပန္ပါ

တယ္။ ေၾကာက္တယ္…နင့္ကို ငါ ေၾကာက္
တယ္။ ထြက္သြားပါေတာ့”
ယြန္းရဲ႕ေအာ္သံေတြကလည္ေခ်ာင္းထဲမွာ
တစ္စိုေန၍ အစ္ အစ္ အစ္ အစ္ သံသာထြက္ ေပၚေန၏။
“နင္ဟာ ငါပဲ….နင့္ဘ၀ထဲမွာ ငါေနမယ္။ ငါ့ဘ၀ထဲမွာ နင္ျပန္ေန ရမယ္…နင့္ဘ၀ရဲ႕ ခ်ိဳၿမိန္မႈကို ငါယူမယ္။ ငါ့ဘ၀ရဲ႕ ခါးသီးမႈေတြ ကို နင္ျပန္ယူရမယ္။ ငါ့ကိုၾကည့္ ယြန္း..ငါ့ ကို ေသခ်ာ ၾကည့္စမ္း ယြန္း…ငါ့မ်က္လုံး ေတြကို ေသခ်ာၾကည့္”
ပါးစပ္မလႈပ္ဘဲ ေျပာေနေသာ တေစၦမရဲ႕ စကားေတြကို ယြန္းစိတ္ထဲက ၾကားေနရ၏။ “မၾကည့္ဘူး မၾကည့္ဘူး…နင့္ဘ၀နဲ႔ မလဲ ႏိုင္ဘူး… ငါ့ဘ၀လည္း မေပးႏိုင္ဘူး”
“မေပးလို႔မရဘူး…နင္ ငါ့လက္ထဲေရာက္ ေတာ့မယ္…ငါ့မ်က္လုံးေတြကို ေသခ်ာၾကည့္

စမ္း ယြန္း၊ ေ႐ႊစင္ယြန္း နင္ ငါ့ကို ၾကည့္လိုက္”
အတင္းအက်ပ္စိတ္ညိဳဆြဲေဆာင္သလို၊
အတင္းအက်ပ္ သူ႔အမိန႔္အတိုင္း လိုက္နာ ခိုင္း ေန ၏ ။ ယြန္းအသိထဲမွာ ဘုရား၊ တရား၊ သံဃာကို အမွတ္ရသြား၏ ။ “ဗုဒၶံ သရဏံ ဂစာၦမိ”
“ဓမၼံ သရဏံ ဂစာၦမိ”
“သံဃံ သရဏံ ဂစာၦမိ”
ႏႈတ္က ႐ြတ္ဆိုၿပီး ဘုရား၊ တရား၊
သံဃာကို အာ႐ုံျပဳေနမိ၏ ။ လူကိုလုပ္ခ်င္
သလိုသာ လုပ္ပါေစေတာ့။ ရတနာသုံးပါးထံ
အသက္ႏွင့္ ခႏၶာကိုယ္ကို အပ္ႏွံပူေဇာ္ လိုက္သည္။
အသံမ်ိဳးစုံ ေျဗာင္းဆန္ေအာင္ ေအာ္ဟစ္ သြား၏ တစ္စုံတစ္ရာေသာ စြမ္းအားႀကီး တစ္ခုက မေကာင္းတာေတြကို ေလာင္ကြၽန္းၿပီး ဆြဲထုတ္ ေခၚငင္သြားသလို၊ ေဟာ္လဲ သံႀကီးလို အသံမ်ိဳးႀကီး ၾကားလိုက္ရၿပီး ႐ုတ္ ခ်ည္းတိတ္က်သြား၏။
“ရတနာသုံးပါးကို ႐ြတ္ဖတ္ပူေဇာ္ရေသာ
ဂုဏ္ေက်းဇူးေၾကာင့္ မေကာင္းဆိုးဝါးရဲ႕ စက္ ကြန္းရက္ေတြ အကုန္ျပတ္ထြက္ေပ်ာက္
ကြယ္သြား၏ ။”
“ေဒါက္ေဒါက္..ေဒါက္…ေဒါက္”
“သမီးေရ…သမီးေလး”
ေမေမ့ေခၚသံၾကားလိုက္ရ၏ ။ ေျခလွမ္း
ေတြ မနည္း အားထည့္လွမ္းၿပီး တံခါးသြား ဖြင့္ ေပးလိုက္၏ ။
“သမီး…ဘာေတြျဖစ္ေနတာလဲ….ဘာျဖစ္လို႔လဲ”
“သမီး……တေစၦမနဲ႔ အဟင့္ ဟင့္….ဟီး ဟီး ဟီး ဟီး”
“မငိုပါနဲ႔ သမီးရယ္၊ မေၾကာက္ပါနဲ႔ ေမေမရွိတယ္”
မိခင္ကို အားကိုးတႀကီး ဖက္တြယ္ထား မိ၏ ။ ဖခင္က ေနာက္မွာ လွီးခ်ဲႏွင့္ထိုင္ ေနရာက ယြန္း အခန္းထဲကို တြန္းဝင္ၿပီး လိုက္လံ စစ္ေဆးၾကည့္၏။
မိခင္က ဖက္ေပြ႕ၿပီး ေက်ာကို ပြတ္သပ္ ႏွစ္သိမ့္ေန၏။
“တိတ္တိတ္ ေသြးေလ ေခ်ာက္ခ်ားရင္း ေပါက္ကရေတြ ျမင္တတ္၊ ထင္တတ္ပါ တယ္။ သမီးေလး ဆံပင္သြားညႇပ္ရေအာင္
စိတ္ေျပလက္ေပ်ာက္ေပါ့”
ေဖေဖက လွီးခ်ဲတြန္းထြက္ၿပီး ဘုရားစင္ ေပၚက ပရိတ္ေရ ပုလင္းယူလာၿပီး လိုက္၏ ။
ပရိတ္ေရေသာက္လိုက္မွယြန္းလည္းေနသာထိုင္သာ ရွိသြားေတာ့၏ ။ အေတာ္
ေလး ဆိုးလာၿပီ။ ေနာက္ဆို ပရိတ္ေရ ပုလင္း
အနားမွာေဆာင္ထားမွ ျဖစ္ေတာ့မည္။

သၪၨာလီက ဆံပင္ညႇပ္ဆိုင္မွာ ထိုင္ေစာင့္ ေပး၏ ။ ယြန္းက ႐ုပ္ေခ်ာသူမို႔ ဆံပင္ ကုတ္ႏွင့္ ေဘာ့ဗ္ဟဲယားစတိုင္ (လ္) ေလး ကို ညႇပ္လိုက္၏ ။ ဆံပင္ပုံစံသစ္ေလးႏွင့္ ယြန္းပုံစံက အလြန္ၾကည့္ ေကာင္းသြား၏။ ေက်ာင္းျပန္တက္ျဖစ္ေသာအခါ
သူငယ္ခ်င္းအားလုံးေရာ၊ အတန္းေဖာ္ေတြပါ ယြန္းရဲ႕ဆံ ပင္ပုံစံကို ခ်ီးက်ဴးေထာပနာျပဳ ၾက၏ ။ ေကာင္းျမတ္သူက-
“သိပ္လိုက္တယ္ ….သိပ္မိုက္တယ္ ယြန္း”
ေအမီေအာင္က..
“နင့္ကို ေကာင္း ခိုက္သြားၿပီ”
ပန္းအိစံက
“နင္ ကံေကာင္းၿပီ၊ ယြန္း….ေကာင္းက ပ်ိဳ တိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္။ နင္ အဲ့ဒီႏွင္းဆီ ပန္း ကို ပန္ခြင့္ရသြားတာ မဟာကံထူးရွင္ ပဲ…ယြန္းအတြက္ ဂုဏ္ယူ၀မ္းသာပါ တယ္”
သူငယ္ခ်င္းေတြ ၾကားမွာ ယြန္း ျပန္လည္ လန္းဆန္းၿပဳံးေပ်ာ္သြား၏ ။ ေကာင္းျမတ္သူ
က ေယာက္်ားေလးေတြႏွင့္သြားစကား ေျပာေနသည္။ ယြန္းတို႔ရွိရာကို ရွင္းသန႔္လႈိင္ႏွင့္ အေဖာ္ သူငယ္ ခ်င္းမႏွစ္ဦးတို႔ ေရာက္လာ ၾကသည္။ “ဘာေကလဲ….
“ဒုံးပ်ံေက”
“ဘဲဥခြံကြဲ စြပ္ထားတဲ့ ေကပါ ဟယ္”
“အရပ္က ရွည္၊ ဆံပင္ကတိုနဲ႔ အေျခာက္မ ႀကီးက်ေနတာပဲေနာ္….ခစ္ခစ္ခစ္ ခစ္”
ႀကံဖန္အျပစ္ေျပာၿပီး ဝိုင္းေလွာင္ေနၾက၏

“သူမ်ားလွတာကို မနာလို ျဖစ္ေနေသးတယ္။
“ဟုတ္ပါ့….သူတို႔ကမွ အေသအခ်ာၾကည့္ ရင္ ေနၾကာေစ့ေလာက္မွ ႐ုပ္မထြက္ တဲ့ ဗ႐ုတ္ ဗရက္ေတြ”
ပန္းအိစံႏွင့္ ေအမီေအာင္တို႔က ျပန္ေျပာ ၾက၏။ ယြန္းက ေတာ့ဆံပင္ကိုသာ လက္ႏွင့္ သပ္ တင္ၿပီး အေရးမစိုက္သလို ေကာင္းကင္ ကို ေမာ့ၾကည့္ေနလိုက္၏။
“ေဂါက္ေၾကာင္မနဲ႔တြဲတဲ့ ေၾကာင္ေဂါက္မ ေတြက ၾကားထဲက ဝင္နာေနေသးတယ္ အံ့
ၾသပါရဲ႕”
“ေအးေလ..ယြန္းနဲ႔ ဇြန္းေတြ ဟား ဟား” ယြန္း ဖ်ဥ္းခနဲ စိတ္ကြက္သြား၏ ။
“နင္တို႔ ရန္လာမစနဲ႔…ငါက … အေျပာ ပက္စက္တယ္ေနာ္။ ငါေျပာလိုက္ရင္ မ်က္ရည္ ေတာက္ေတာက္ က်သြားမယ္”

“စ႐ိုက္ၾကမ္းေတြကိုး….ဟင္း
ဟင္း
ေကာင္းျမတ္သူနဲ႔ ျပဇာတ္ထဲမွာသာ ရည္စား
ျဖစ္လို႔ရ မယ္။ အျပင္မွာေတာ့ က်န္ရစ္မႀကီး”
“နင့္ကို ေကာင္းက ပ႐ိုပိုစ့္လုပ္ၿပီးလို႔လား”
“နင့္ကိုေရာ လုပ္ၿပီးၿပီလား” “လုပ္….ၿပီး..ၿပီ”
“…”
“မယုံရင္ ေကာင္းကို သြားေမး” ရွင္းသန႔္လႈိင္ ခ်က္ခ်င္းပင္ ေကာင္းကို ေခၚ ထုတ္သြား၏ ။ ပန္းၿခံဘက္ စီးေလွ်ာနားမွာ ရပ္ၿပီး ေမးေန၏။ ေကာင္းက ယြန္းကို လွမ္း ၾကည့္ၿပီး ေခါင္းညိတ္ျပ၏ ။ ရွင္းသန႔္လႈိင္ ေၾကကြဲရီေဝသြား၏ ။ ေကာင္းကို ေဆာင့္ တြန္းၿပီး လွည့္ထြက္သြား၏။
ဒီပြဲမွာ နင္ ရႈံးျပန္ၿပီ၊ ရွင္းသန႔္လႈိင္။

စိတ္ေကာင္းမွ မရွိတာကိုး။ စိတ္ေကာင္း ထားမွ ခ်မ္းသာရ၊ စိတ္ေကာင္းမထားက
ဆင္းရဲ ရ ဆိုတဲ့ ေဆာင္ပုဒ္က အလကား
ေရးထားတာမွ မဟုတ္တာ။
က်င့္သုံးလိုက္နာသူသာ လိမၼာေအာင္ျမင္ႏိုင္တယ္ေလ။
“ငါ့သမီးက ဒီဆံပင္ပုံစံနဲ႔လည္း လိုက္တာ
“ေဖေဖ့ သမီးမို႔လို႔ေပါ့”
ေဖေဖ ၿပဳံးရယ္သြား၏ ။ ေဖေဖ့ရဲ႕ ေအာက္
ပိုင္းကို ႏွိပ္နယ္ေပးေနမိ၏။
“ေဖေဖ ေျခေထာက္ေတြ ျပန္ေကာင္းရင္ ေခ်ာင္းသာကို တစ္ေခါက္ သြားၾကမယ္။ သဲ

ေသာင္စပ္မွာ ေရလႈိင္းေတြ ေျခေထာက္ကို လာထိ႐ိုက္တာခံၿပီး လမ္းေလွ်ာက္ၾကမယ္ေနာ္ ”
“ေကာင္းတာေပါ့…..ေကာင္းလာေစခ်င္ပါ
တယ္ သမီးတို႔ သားအမိကို အလုပ္ ေကာင္း ေကာင္း ျပန္လုပ္ၿပီး လုပ္ေကြၽးခ်င္ပါတယ္”
“ေဖေဖရယ္…ေဖေဖပဲ သမီးကို အၿမဲဆုံးမ ေနၿပီးေတာ့ စိတ္ဓာတ္ခိုင္မာရမယ္။ ႀကဳံ လာသ မွ် ေလာကဓံကို ႀကံ့ႀကံ့ခံ ရင္ဆို္င္ရဲ ရမယ္။ အားမေလွ်ာ့ရဘူး။ ဇြဲမေလွ်ာ့ရဘူး ဆို တာေတြေလ”
“ဒါေပါ့……ေဖေဖလည္း တရားနဲ႔ ေျဖေနရ တာပဲ၊ အင္း..သမီးမွာ ရည္းစားရွိေနၿပီ လား။ ရွိေနရင္ ပြင့္ပြင့္လင္းလင္း ေျပာ၊ အျပင္မွာ ခ်ိန္းမေတြ႕နဲ႔၊ အိမ္မွာပဲ လာေတြ႕ပ ေစ။ အျပင္မွာဆို ေပါက္ကရေတြ ျဖစ္လိမ့္မယ္ ”

“ေဖေဖလည္း နားရွက္စရာေတြ သမီးကို ႀကိဳက္တဲ့လူေတြေတာ့ အမ်ားႀကီးပဲ။ အဲ့ဒီထဲ မွာ ေကာင္းျမတ္သူလည္း ပါတယ္။
“ဪ……သမီး
ေမြးေန႔ေတြတိုင္းလာတဲ့ ေမာင္ေကာင္းပဲ။ ဒီေကာင္ေလး လူရည္သန႔္
ေလး ပါ။ သမီးအေမေရာ ေဖေဖပါ သမီးနဲ႔ႀကိတ္ၿပီး
သေဘာတူေနတာ။
လူႀကီးလူေကာင္း သားသမီးပါ။ သူ႔မိဘေတြ
နဲ႔လည္း ေဖေဖတို႔ခင္ေနၾကတာပဲ။ ေက်ာင္း ၿပီးရင္ လက္ထပ္ေပးမယ္”
“ဟုတ္ကဲ့……ေဖေဖ”
“အံ့မယ္…..ငါ့သမီးေလး တယ္လိမၼာေနပါ
သား။ ဒီ ေကာင္ေလးက
ျပဇာတ္သ႐ုပ္ေဆာင္ … မင္းသား…သမီးနဲ႔ တြဲရမွာေပါ့။
“ဟုတ္”
“ခ်စ္ခန္း ႀကိဳက္ခန္းေတြ ပါမွာေပါ့”

“ပါတာေပါ့၊ လူငယ္ႀကိဳက္ဝတၳဳေလ။ ႐ိုမန႔္ ဆန္ဆန္ အခ်စ္ဇာတ္လမ္းေလး ႐ိုမိယိုနဲ႔ ဂ်ဴး ယိ လက္ ပုံစံမ်ိဳးေလး ျပန္ေရးထားတာ။ ေဖ နဲ႔ ေမ ေက်ာင္းကပြဲ လာၾကည့္ရင္ သိလိမ့္
မယ္”ဦးေနထိုက္ ေခါင္းတညိတ္ညိတ္လုပ္ကာ ၿပဳံးေန၏ ။
“အဲဒီ ဇာတ္လမ္းအတိုင္းဆိုရင္ မိဘေတြ ကမာၻ႔ရန္ေတြ … မင္းသားနဲ႔ မင္းသမီးကို မတူၾကဘူး။ အျပင္မွာေတာ့သေဘာတူၾကမွာပါ သမီးရယ္”
“ေဖေဖကလည္း သူ႔ မိဘေတြသေဘာက ဘာမွန္းမွ မသိတာ။သူတို႔ သေဘာရွိေသး တယ္ ေလ”
“တူၾကမွာပါ…မပူပါနဲ႔၊ ေဖေဖက သမီးရွင္ မို႔လို႔ ျဖစ္ႏိုင္ရင္ ဖုန္းဆက္ၿပီး လွမ္းေမးလိုက္ ခ်င္ တာ”

သားအဖႏွစ္ေယာက္ ေျပာဆိုေနၾကစဥ္
ဖုန္းဝင္လာ၏တိုက္တိုက္ဆိုင္ဆိုင္
ေကာင္းျမတ္ သူရဲ႕ဖခင္ ဦးျမတ္ေမာင္ ျဖစ္
ေန၏ ။ စပီကာဖြင့္ထား၍ ၾကားေနရ၏။ “ကိုေနထိုက္လား” “ဟုတ္ပါတယ္….အမိန႔္ရွိပါ”
“ကြၽန္ေတာ္ ျမတ္ေမာင္ပါ”
“ဪ….ဦးျမတ္ေမာင္ .. ေျပာပါခင္ဗ်ာေျပာပါ”
“ကြၽန္ေတာ္တို႔ခ်င္းက
ခင္မင္ရင္းႏွီးၿပီးသားေတြပဲ။ ဒဲ့ဒိုးပဲ ေျပာေတာ့မယ္ဗ်ာ။ က်ဳပ္
သား က ပူဆာလြန္းလို႔ အႀကိဳနားေဖာက္
ထားတဲ့ သေဘာေပါ့”
“လုပ္ပါ….ေျပာပါ”
သမီးေရးကိစၥမို႔ေရွ႕မ်က္ႏွာေနာက္ထားၿပီးေျပာပါရေစ
“သားေရးေတာ့”
“စကားပလႅင္ ခံမေနပါနဲ႔၊ သေဘာေပါက္ တယ္ ေျပာပါ”
“က်ဳပ္သားကခင္ဗ်ားသမီးကို ရည္ငံေန တယ္။ အဲဒါ ေက်ာင္းၿပီးရင္ လက္ထပ္ ေပးစား မယ္ဆိုတာ မရဘူး။ဆယ္တန္း ေအာင္ၿပီးရင္ ေပးစားရမယ္။ လင္မယားႏွစ္ ေယာက္ စီးပြားေရး တစ္ဖက္ကလုပ္၊ အိမ္ေထာင္သားေမြးၿပီး အေဝးသင္ဆက္ေျဖ ရင္းနဲ႔ ဘြဲ႕ယူၾကမယ္တဲ့။ အဲဒါ…ဘယ္ႏွယ္သေဘာရသလဲဗ်ာ”
“ဟုတ္ကဲ့..ကြၽန္ေတာ္က
သမီးရွင္ဆိုေတာ့ စဥ္းစဥ္းစားစား ျပန္ေျဖပါ့မယ္။ ကို
ျမတ္ေမာင္ ရဲ႕သားနဲ႔ဆို သေဘာတူပါတယ္
ဟဲဟဲ”
“ဟား..၀မ္းသာတယ္ဗ်ာ။ က်ဳပ္တာဝန္
ထား မဂၤလာပြဲကို အခမ္းနားဆုံး စီစဥ္ေပးပါ့မယ္ ”
“ဦးျမတ္ေမာင္ရဲ႕သားလည္း ကြၽန္ေတာ္တို႔ အိမ္ကို ဝင္ပါ၊ ထြက္ပါ၊ သြားလာႏိုင္ပါတယ္
ဗ်ာ”
“အိုးဟိုးေက်းဇူးပါဗ်ာ၊
က်ဳပ္သားကခင္ဗ်ားတို႔အိမ္ကို ေခ်ာင္းေပါက္မတတ္ လာခ်င္ေန တာ”
“ရပါတယ္၊ လာပါေစ…က်ဳပ္နဲ႔ ခင္ဗ်ား
လည္း ခမည္းခမက္ ေတာ္ရေတာ့မွာပဲဟာ”
“၀မ္းသာတယ္ဗ်ာ။ အလုပ္ေတြ မအား ေသးလို႔ ခင္ဗ်ားစၿပီး ေလျဖတ္ခါစက သတင္းေမး သုံးေလးခါပဲ ေရာက္ျဖစ္တယ္။
အဲ့ဒီေနာက္ပိုင္း အလုပ္ေတြ မအားတာနဲ႔ ေရာက္ျဖစ္တာ ခြင့္လႊ တ္ဗ်ာ…ဟုတ္လား” “ခြင့္လႊတ္ပါတယ္ဗ်ာ။ ဘယ္လိုမွ သေဘာမထားပါဘူး”
လူႀကီးခ်င္း အျပန္အလွန္ ဝမ္းသာအားရ ေျပာၿပီး ႏႈတ္ဆက္ကာ … ဖုန္းေျပာျခင္းကို

ရပ္တန႔္ လိုက္ၾက၏ ။
“ကဲ..သမီးယြန္း ၾကားတဲ့အတိုင္းပဲ”
ယြန္း ရွက္ၿပီး အိပ္ခန္းထဲကို ေျပးဝင္လာ၏။
ညေန ေက်ာင္းဆင္းခ်ိန္မွာ ေက်ာင္းသူ ေက်ာင္းသားေတြ ျပန္ကုန္ၾက၏ ။ အႏုပညာ သင္ တန္း အပိုခ်ိန္ရွိ၍ ယြန္းတို႔အဖြဲ႕ေတြ စတူဒီယိုခန္းမွာ သြားေစာင့္ေနၾက၏။
ယြန္းထိုင္ေသာ ထိုင္ခုံျပတင္းေပါက္က်ယ္ က လွမ္းၾကည့္လိုက္ရာ ပန္းၿခံထဲကို ျမင္ရ၏
“ဟင္…”
ဒန္းႏွစ္ခု ရွိသည့္အနက္၊ ဒီဘက္ကဒန္းက
ဘယ္သူမွ မရွိဘဲ ႏွင့္ သူ႔ဘာသာလႊဲေန၏ ။ ေလျပင္းျပင္းတိုက္လို႔ လႊဲလွ်င္လည္း ဒန္းႏွစ္
ခုလုံး လႊဲရမွာေပါ့။အျမင္မွားသလား။
မ်က္လုံးပြတ္ သပ္ၿပီး ျပန္ၾကည့္လိုက္၏အျမင္မမွား။
ေသခ်ာပါၿပီ။ ေပ်ာက္ကြယ္သြားၿပီ ထင္ခဲ့ ေသာ တေစၦမ ျပန္ေရာက္လာၿပီ။ ျပန္ေရာက္ လာေၾကာင္းကို ဒန္းစီးျခင္းျဖင့္ သက္ေသျပ ေန၏။ ယြန္း ထိတ္ခနဲျဖစ္ကာ ေၾကာက္လန႔္ သြား၏ ။ ဒီအတိုင္းဆို ေမွာင္ရီပ်ိဳးခ်ိန္မွာ အိမ္ျပန္လွ်င္ တေစၦမလိုက္လာၿပီး တစ္လမ္း လုံး ေႏွာင့္ယွက္ဦး မည္။ အိမ္အထိ ပါလာမည္။
ယြန္း ဆတ္ခနဲ ထၿပီး မတ္တပ္ရပ္လိုက္၏။
“ဘယ္သြားမလို႔လဲ…ယြန္း”
ေအမီေအာင္က ေမးလာ၏ ။ ေကာင္းျမတ္သူက စာသင္ခန္းထဲမွာ ဂီတဆရာတစ္ ေယာက္ က လာေခၚသြား၍ မရွိ။ အႏုပညာ
သင္တန္းခ်ိန္ေရာက္မွ ျပန္ေတြ႕ရေလမလား မသိ။ ဒီဘက္ဝင္ ေပါက္ကေန ေလွ်ာက္ထြက္ လာလိုက္၏ ။ ဒီဘက္ေပါက္ကို တေစၦမ မေတြ႕ႏိုင္။
ေက်ာင္းဝင္ထြက္ေပါက္က (၄) ေပါက္ရွိ၏ ။ ယြန္းေက်ာင္းလစ္ၿပီး အေဖ့ဆီ ေျပးမည္ ေပါ့။ ဒီ ဘက္ေပါက္မွာ ကားတစ္စင္း ထိုး ဆိုက္၏ ။ ဆရာသီဟမိုးရဲ႕ကား ေဘးမွာ ေမေမပါလာ၏ ။ အနမ္း ႏွင့္ ႏႈတ္ဆက္၏ ။ ေမေမက ကားေမာင္းထြက္သြား၏ ။ စာသင္ ၿပီး အျပန္တစ္ေနရာရာမွာ ခ်ိန္းေတြ႕ ၾကမွာ ေပါ့။
ေမေမ ကတိမတည္၊ ေမေမ့အေပၚ စိတ္ခု မိသြား၏ ။ သီဟမိုးက အထဲကို စာအုပ္စာ တမ္းေတြကိုင္ၿပီး ဝင္လာ၏ ။ ယြန္းကို႐ုတ္တရက္ေတြ႕၍ ေျခလွမ္းေတြ ရပ္တန႔္သြား၏။
“ယြန္း….ဘယ္သြားမလို႔လဲ”
ယြန္ ဘာမွမေျပာဘဲ အျပင္ထြက္ရန္ ျပင္လိုက္၏။
“ယြန္း…မင္းအေမ ကားပ်က္ေနလို႔ ကိုယ့္ ကားကို ခဏေပးလိုက္တာ။ မိတ္ေဆြေတြ
အျဖစ္ ကူညီတာ”
“နမ္းရႈပ္တာက မိတ္ေဆြေတြလား” “အဲ့ဒီကိစၥနဲ႔ မင္းမေက်နပ္ရင္ ဆရာကို ႀကိဳက္သလို လုပ္သြားလိုက္။ မင္းေက်နပ္ၿပီ ဆိုရင္ ေက်ာင္းစည္းကမ္းအရ ဆရာက မင္း ကို စာသင္ခန္းထဲ ျပန္ပို႔ရမွာပဲ” “ရပ္တန႔္က ရပ္သင့္ေနပါၿပီး… ကာေမ သု မိစာၦစာရကံကို မေၾကာက္ဘူးလား။ ဒီက လည္း ဆရာတစ္ေယာက္၊ ဟိုကလည္း မိဘ တစ္ေယာက္ အနေႏၲာ အနႏၲဂိုဏ္းဝင္ေတြ

အျဖစ္ ခံယူထား ၾကတာ။ ဆရာအျဖစ္ မိဘ အျဖစ္ ရွင္တို႔နဲ႔ ထိုက္တန္ရဲ႕လား။ ကြၽန္မ အေဖကို အားမနာဘူး။ ကြၽန္ မကိုလည္း အေလးမထားဘူး။ ရွင္တို႔ဘာသာ ငရဲသြား ၾကတာ အေၾကာင္းမဟုတ္ဘူး။ ပတ္ဝန္း က်င္က ကြၽန္မတို႔ကို ဘယ္လိုထင္ကုန္မလဲ။ ေဖာက္ျပန္တဲ့ မိခင္ရဲ႕ သမီး။ ေဖာက္ျပန္တဲ့
ဘယ္ဆရာ တစ္ေယာက္ရဲ႕တပည့္။ ပတ္ဝန္းက်င္မွာ မ်က္ႏွာ ျပရမလဲ။ ဘယ္ ေနရာမွာ မ်က္ႏွာျပရဲ႕မလဲ။ ကြၽန္မအေဖ ဒုကၡိတႀကီးကို သက္ညႇာ ေလးစားစိတ္မ်ိဳး ရွင့္မွာျဖစ္ခဲ့ဖူးရဲ႕လား။ ၾကာကူလီစိတ္နဲ႔ ရသ
မွ်ႀကိတ္မယ္ဆိုတဲ့ေအာက္တန္းစားစိတ္ဓာတ္မ်ိဳးကို ရွင္ေမြးေနတာလား”
လူရွင္းေသာ ေကာ္ရစ္ဒါမွာ ယြန္း စိတ္ထဲ
ရွိသမွ် ေျပာၿပီး အျပတ္ၿဖဲေနၾက၏ ။ သီဟမိုး ေခါင္း ငိုက္စိုက္က်သြား၏။

“တပည့္ေျပာတာ အားလုံး မွန္ပါတယ္။ ဆရာတို႔ဘက္က လူႀကီးျဖစ္ၿပီး အမွားႀကီး
မွားေန တာပါ။ ေနာက္ ဆရာ ဆင္ျခင္ပါ့
မယ္။ အဆက္ျဖတ္ႏိုင္ေအာင္ ႀကိဳးစားေပး
မယ္။ အခု….ျပဇာတ္ တိုက္ဖို႔ ျပန္လိုက္ခဲ့ပါ။
ဒီေန႔ ယြန္းကို ဦးစားေပးတိုက္ရမယ့္ အခန္း
ေတြခ်ည္းျဖစ္ေနလို႔ပါ”
ဆရာတစ္ေယာက္ကေလခ်ိဳျပန္ေသြး
ေန၍ ယြန္းလည္း အနည္းငယ္ စိတ္ျပန္ေပ်ာ့
သြားကာ .. “ကြၽန္မ..အင္း”
ရွင္းျပလွ်င္လည္းယုံၾကည္မွာမဟုတ္။
အသာ ျပန္လိုက္လာ၏ ။ ေနရာမွာ ဝင္ထိုင္
ၿပီး ပန္းၿခံ ဘက္ကို ၾကည့္ေတာ့ ေက်ာေပးၿပီး
ေက်ာင္းဝတ္စုံေလးႏွင့္
ဒန္းစီးေနေသာတေစၦမ။ ယြန္းနဲ႔တူ သည့္ တေစၦမ။
“ေအမီနဲ႔ ပန္းအိ”
“ဘာလဲ…ယြန္း” “ေျပာေလ”
“ပန္းၿခံထဲမွာ…ပန္းၿခံထဲၾကည့္လိုက္”
သူငယ္ခ်င္းမႏွစ္ေယာက္ ပန္းၿခံထဲကို ျပဴး ၿပဲၿပီး လွမ္းၾကည့္ၾက၏။
“ေကာင္မေလး … ဒန္းစီးေနတယ္။ အဲဒါ တေစၦမ..ဆံပင္ေက်ာပိုးအိတ္ကိုၾကည့္..ငါ့ ဟာေတြ အတိုင္းပဲ”
“ေအး…ဟုတ္တယ္”
“အဲ့ဒီတေစၦမကို သြားဖမ္းၾကမယ္”
“ေအး…ေဟာ ဆရာဝင္လာၿပီ၊ ဆရာ့ကိုေျပာျပရမယ္”
“ေကာင္းေသာ ညေနခမ္းပါ ဆရာ”
“ဒီေန႔အဖို႔ကေတာ့…”
“ဆရာ…ခဏေလး”
“ယြန္း…..ဘာလို႔လဲ”
“ပန္းၿခံထဲက ဒန္းေပၚမွာ ေက်ာင္းဝတ္စုံနဲ႔ ထိုင္ေနတဲ့ ေကာင္မေလးဟာ တေစၦမပါ…
ဆရာ။ ကြၽန္မအေယာင္ေဆာင္ၿပီး
ေျခာက္လွန႔္ေနတယ္။ သူ႔ကိုဝိုင္းဖမ္းၿပီး
စစ္ေမးရေအာင္… ဆရာ”
သီဟမိုး အံ့ဩစြာျဖင့္ ျပတင္းေပါက္နားကို သြားၾကည့္၏။ က်န္ေသာ ေက်ာင္းသူ ေက်ာင္း သားေတြလည္း လိုက္ၾကည့္ၾက၏။ ဒန္းစီးေနေသာ ေကာင္မေလးတစ္ေယာက္ ဆံပင္ကုပ္ေလး ႏွင့္။
“အဲဒါ တေစၦမလား”
“ဟုတ္တယ္…ဆရာ”
“ကဲ..ဒါဆိုလည္း အားလုံး ဝိုင္းဖမ္းၾကမယ္ ”
ဆရာ၊ ယြန္း၊ ေက်ာင္းသူ ေက်ာင္းသား အားလုံး စာသင္ခန္း အျပင္ဘက္ ေျပးထြက္ ၿပီး တေစၦမကို သြားဝိုင္းၾက၏ ။ လူအုပ္စုကမ်ားေနေတာ့ … မေၾကာက္ၾက။ ေပ်ာ္ဖို႔ပင္ ေကာင္းေပေတာ့ ၏။
ယြန္းက အနားကပ္ၾကည့္လိုက္၏ ။
ယြန္းႏွင့္တူေသာ တေစၦမ မဟုတ္။ တျခား ေက်ာင္းသူ လုံးတူ ေဒါက္တူ တစ္ေယာက္
ျဖစ္ေန၏။“ဒါ….တေစၦမလား”
ေကာင္မေလးက ျပဴးျပဴးၿပဲၿပဲေလး ျပန္ၾကည့္ေန၏။
“ကြၽန္မ…ကြၽန္မဘာအျပစ္ရွိလို႔လဲဆရာ”
“ယြန္း….သူက လူပါ…ဂီတဆရာရဲ႕ တူမ ေလး၊ ဂီတဆရာနဲ႔ အတူ ျပန္ေနက်ေလ”
“ဟိုမွာ…ဂီတဆရာနဲ႔ ေကာင္းျမတ္သူတို႔ ျပန္ေရာက္လာၾကၿပီ”

ဂီတဆရာနဲ႔ ေကာင္းျမတ္သူက ဂီတ ပညာရွင္ေတြႏွင့္ သြားေရာက္ ေဆြးေႏြးေန ျခင္း ပင္။ဂီတေဖ်ာ္ေျဖပြဲႀကီးမွာ ဒီက
သင္တန္းေက်ာင္းသားေတြပါ ဩဂတ္စတာ ဝိုင္းႀကီးဖြဲ႕ၿပီး ဗီသိုဗင္၊ မိုးစက္တို႔ရဲ႕ ဂႏၲဝင္ ေတးမ်ား တီးခတ္ၾကဖို႔အေရး သြားေဆြးေႏြး
ေနရာက ျပန္ေရာက္လာျခင္းပင္။
ဂီတဆရာ ျပန္မလာေသး၍ ဒန္းစီးၿပီး
ေစာင့္ေနျခင္းပင္။ တေစၦမ မဟုတ္ေတာ့။ ယြန္းကို ဆရာေရာ၊ အတန္းသူ အတန္းသား ေတြပါ စိတ္ပ်က္လက္ပ်က္ ျဖစ္ကုန္ၾက၏ ။ ရွင္းသန႔္လႈိင္တို႔ အဖြဲ႕က ေရွ႕တန္းထြက္လာ ၿပီး မဲ့ၿပဳံးကိုယ္စီႏွင့္-
“ေၾကာင္ေနတယ္ဆိုတာ အခုမွပဲ လူေတြ ယုံသြားေတာ့တယ္ ဟင္း ဟင္း ဟင္း
“ေဂါက္ေၾကာင္မက တေစၦဖမ္းဦးမတဲ့ ခစ္ခစ္ခစ္”

ဆရာႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူေတြ စတူဒီယိုအခန္းထဲ ျပန္ဝင္သြားၾက၏ ။ ဒန္း ေပၚက ေကာင္မေလးကို ဂီတဆရာက သူ႔
ကားႏွင့္ ေခၚသြား၏ ။
လႈပ္ခါက်န္ခဲ့ေသာဒန္းကို
ယြန္းမမွိတ္မသုန္ စိုက္ၾကည့္ေနမိ၏ ေကာင္းျမတ္သူသာ အနားေရာက္လာ၏။
“ယြန္း….နင္ေျပာတာ….ငါယုံတယ္”
“သြားစမ္းပါ….နင္လည္း ဝါးတားေဖာ္လို၊ ဖစ္ေဖာ္လို စကားေတြ လာေျပာမေနပါနဲ႔”
“ငါ့ဘက္က မခိုင္မာ….သက္ေသမျပႏိုင္ ဘဲ မေျပာဘူး ယြန္း”
“ဘာသက္ေသရွိလဲ…ျပ”
“ဒီ…..လႊဲေနတဲ့ ဒန္းပဲေပါ့”
“အဲဒါ ဂီတဆရာတူမ စီးၿပီး တမင္လႊဲထားခဲ့တာေလ”

“အခုထိ ဘာလို႔မရပ္ေသးတာလဲ၊ ဆယ္ မိနစ္နီးပါး ရွိေနၿပီ”
“ဟင္….”
ယြန္း လန႔္ၿပီး ဒန္းႏွင့္ေဝးရာ ေျခသုံးေလး
လွမ္းဆုတ္လိုက္မိသည္။ ေကာင္းျမတ္သူ
အားကိုးရွိေန၍ လန႔္သင့္သေလာက္သာ လန႔္သြား၏။
ေကာင္းျမတ္သူက လႊဲေနေသာဒန္းကို ဖမ္းဆုပ္ၿပီး ရပ္တန႔္လိုက္ရ၏။
“သမီး ျပန္ေရာက္ပါၿပီ ေဖေဖ”
အခန္းတံခါး ေစ့ထား၍ အထဲကို အသာ ဝင္ၿပီး ေဖေဖ့ကို ႏႈတ္ဆက္လိုက္၏ ။ မျမင္ ခင္ ကတည္းက ႏႈတ္ဆက္လိုက္ၿပီး ျမင္ လိုက္ရသည့္ ျမင္းကြင္းက
“ေဖေဖ..ဘာျဖစ္တာလဲ”
ဝွီးခ်ဲေရာ ဦးေနထက္ပါ လဲက်ေန၏ ။ ယြန္း ေျပးသြားၿပီး ဦးေနထက္နဲ႔ ဝွီးခ်ဲကို

ျပန္ ေထာင္ မတ္ေပးလိုက္၏ ။ ေဖေဖေရာ တရား စာအုပ္ကို လက္ကမလႊတ္။
“ေဖေဖ စာဖတ္ၿပီး အိပ္ငိုက္၊ ျပဳတ္က်သြာ၊ တယ္။ ဟူး.. သမီး ေက်ာင္းက ျပန္လာၿပီပဲ”
“ဟုတ္…လန႔္သြားလိုက္တာ……ေဖေဖ
ရယ္၊ ေဖေဖမ်ား တစ္ခုခုျဖစ္ၿပီလားဆိုၿပီး စိုးရိမ္လိုက္ ရတာ ႏွလုံးေသြး ရပ္မတတ္ဘဲ
“သမီးအသက္အ႐ြယ္နဲ႔ အဲေလာက္ႀကီး မျဖစ္ႏိုင္ပါဘူး…သမီးရယ္၊ ေဖေဖမရွိလည္း သမီးဘ၀ကို ထူေထာင္ႏိုင္ရမယ္ေလ။ ဘာမွ ၀မ္းနည္းေနစရာ မလိုဘူး။ ေၾကာက္႐ြံ႕ ထိတ္လန႔္စရာ ေတြ႕ႀကဳံရင္လည္း ခိုင္မာတဲ့ စိတ္ဓာတ္နဲ႔ တြန္းလွန္ ေက်ာ္ျဖတ္ပစ္ရမယ္။ ဒါမွ အာဂမိန္းမ ျဖစ္ေတာ့မေပါ့”
“ဟုတ္ကဲ့ ေဖေဖ”
ယြန္းအၾကည့္က ၾကမ္းျပင္ေပၚ ေရာက္

သြား၏ ။ စာအုပ္ၾကားထဲ ညႇပ္ထည့္ထားခဲ့ ဟန္တူ ေသာ ဓာတ္ပုံတစ္ပုံကို သြား ေကာက္ယူ ၾကည့္လိုက္၏။အႁမႊာညီအစ္မပုံ…ေမြးကင္းစ အႏွီးနဲ႔ ပတ္
ထုတ္ထားေသာ ပုံ…တြဲလ်က္ခ်ထားတာကို ႐ိုက္ ယူထားေသာ ဓာတ္ပုံ။နဲ႔”
“သမီးယြန္း အဲ့ဒီပုံကို ျပန္ေပး…မၾကည့္ပါ
“ဒါ…ဒါ သမီးတို႔ပုံမဟုတ္လား….ေဖေဖ၊
ဘာလို႔ ခုထိဖုံးကြယ္ခ်င္ေနရတာ လဲ။ ေမေမ ကေတာင္ ေျပာျပၿပီးၿပီ” “ဟုတ္လား”
“ဟုတ္တယ္….ေဖေဖ၊ သမီးကို အလုံးစုံ ေျပာျပသင့္ပါၿပီ”
ဦးေနထိုက္က ယြန္းလက္ထဲက ဓာတ္ပုံကို
ေၾကကြဲရီေဝစြာ စိုက္ၾကည့္ေနသည္။ အတန္ၾကာမွ-
“သမီးေမေမက ေဖေဖေလာက္ မ်ားမ်ား စားစား မသိရွာပါဘူး။ သမီးက သိပ္သိခ်င္ တယ္ ဆိုရင္ေတာ့ ေဖေဖေျပာျပရေတာ့မွာ ေပါ့။ ဒီအေၾကာင္းေတြ ဖုံးဖိထားရတာ က သ ၪၨလီေရာ၊ သမီး ေရာ ထိတ္လန႔္ေၾကာက္႐ြံ႕မွ ေတြနဲ႔ တစ္ဘ၀လုံး ဝမ္းနည္းေၾကကြဲ ေခ်ာက္ခ်ားခ်ား ေနသြားရမွာ စိုးလို႔ပါ။ ေနာက္ဆုံး ကိုယ့္အိမ္ခန္းထဲမွာ တစ္ေယာက္ ထဲ မေနရဲတဲ့အထိ ရိပ္ခနဲျမင္ရင္ ဒါပဲ…ဝုန္း နဲျမင္ရင္ 310…. စိတ္စြဲၿပီး လိပ္ခဲတည္းလည္းေတြ ျဖစ္ကုန္မွာ စိုးလို႔ပါကြယ္”
“အေၾကာင္းရင္း အမွန္ကိုသိမွ ျပႆနာကို
ေျဖရွင္းလို႔ရမွာေပါ့။ ေဖေဖ ေအာက္ပိုင္း ေသသြားကတည္းက သူ ေသာင္းက်န္းလာတာ
အရမ္းထင္ရွားေနတယ္။ သမီးက သူ႔ရဲ႕
ပစ္မွတ္ ျဖစ္ေနတယ္။ ဒါဘာေၾကာင့္လဲ….ေျပာျပပါ”