” လူဖြစ်သွားတဲ့ တစ္ဆေ ” (ဇာတ်သိမ်းပိုင်း) (စ/ဆုံး)

Unicode Version

” လူဖြစ်သွားတဲ့ တစ္ဆေ ” (ဇာတ်သိမ်းပိုင်း) (စ/ဆုံး)
————————————————–
မေမေ အကြီးအကျယ် နောင်တရသွား၏ ကားမှောက်စဉ် က သမီးယွန်းကို သုံးလေး ကိုယ်ခွဲနဲ့ တွေ့လိုက်ရတဲ့အဖြစ်ကိုတော့ တအံ့ တသြ ပြန်ပြောပြဖြစ်နေသေး၏ ။
ယွန်းအိပ်ခန်းထဲပြန်နားတော့
လက်ချောင်းလေးတွေခေါက်နေစဉ်
လက်ချောင်းထိပ်မှ ဆစ်ခနဲ ဆစ်ခနဲ အပ်
ထိပ်နဲ့ ထိုးသလို ခံစားလိုက်ရ၏ ။ ကြက်သီး ကလည်း ဖျင်းခနဲ၊ ခေါင်းနဘမ်း လည်း ကြီး
ထွက်သွား၏ ။ အနံ့တစ်မျိုး ရနေ၏ ။
ကလေးငယ်တွေ သုံးသော ပေါင်ဒါနဲ့၊
ကလေးဆေး ဝါးနံ့တွေ သိသိသာသာကြီး ရှူရှိုက်ရနေ၏။
အခန်းပတ်လည် ဝေ့ဝိုက်ရှာကြည့်မိသည်။
ရင်တွေ တဒိန်းဒိန်း ခုန်ခါထွက်နေပြီ။
“နင်..နင် ရောက်လာပြန်ပြီလား”
“ဖြန်း…”
“အင့်”
ကျောကုန်းကို လက်ဝါးနှင့် ဖြတ်ရိုက်ခံ
လိုက်ရ၏ ။ “အင့်” ခနဲ အောင့်ပြီး ယွန်း ရှေ့
ငိုက်စိုက် ကျသွား၏ ။ ယွန်းလည်း ဖခင်ပေး
ထားသော ပရိတ်ရေပုလင်းကို ဘီရိုပေါ်က လှမ်းယူပြီး အခန်းအနှံ့ လိုက်တောက် ပစ်လိုက်၏။
{{{ရီး ဟီး အီး))) ဆိုသော မြည်သံလိုလို၊ သံလိုလို အသံကြီးပေးပြီး အခိုးငွေ့သဏ္ဍာ န် အရိုးစုကြီး လေထဲ ပျောက်ကွယ်သွား တော့၏ ။ “ဘုရား တရား သံဃာ” ကို အာရုံပြု ဦးခိုက် ညွှတ်တွားပြီး ကန်တော့ လိုက်မိ၏ ။
ငွေစင်သွန်း မကျွတ်။ ရွှေစင်ယွန်းကို အပြတ်ချွတ်ဖို့ စောင့်တိုက်နေဆဲ။ ယွန်းဘက် မှာ ဘုရား၊ တရား၊ သဃာ ရတနာသုံးပါးရှိ သည်လေ။ ဒေါသထွက်သွားတဲ့အချိန်မှာသာ
ဘုရား၊ တရား၊ သံဃာ ကိုမေ့သွားမိတတ်၏
ငွေစင်သွန်း တစ္ဆေထွက်သွားတော့ ကျန် နေသော ပရိတ်ရေပုလင်းကို အမှုမဲ့ အမှတ်မဲ့ ခုတင်အောက်ထဲကိုသွားထားမိလိုက်လေသည်။
“လာပါ ချစ်ရယ်၊ ချစ်ရဲ့မေမေကိုလည်း သတင်းမေးပြီးပြီ။ ကျောင်းက ကျောင်းသူ၊
ကျောင်းသားတွေကိုမိတ်ဆွေအနေနဲ့ပြောထားတာပါ။ ချစ်မေမေကို အတော်များ များ သတင်း မေးသွားတာပဲကြည့်…ဆရာသီ ဟကိုလည်း အားလုံး သတင်းသွားမေးနေပြီ။ ချစ်က သွားမမေးလို့ ကောင်းမလား။ ဘာ ကြောင့်လဲ ဘာလဲနဲ့ မေးငေါ့လာကြမယ်ကောင်းမြတ်သူ ခေါ်လာ၍ ယွန်းလိုက်လာ ရ၏ ။ သီဟမိုး မှာ ဆေးရုံက ဆင်းခွင့်မရ သေး။ အာရုံကြော ခါးဆစ်ရိုးထဲ ညှပ်တာ ကို ခွဲထုတ်လျှင် အောက်ပိုင်း ပြန်ကောင်းလာ နိုင်နိုးနှင့် ဆေးရုံ ပေါ်မှာဆက်၍ နေ၏ ။ သီ
ဟမိုးရဲ့အမေသာငွေထုပ်ပိုက်ပြီး
ရောက်လာ၏။
တခြားသူတွေက မေးပြီး ပြန်သွားကြပြီ။ ကောင်းမြတ်သူနှင့် ယွန်းတို့ရောက်လာ
သောအခါ … ယွန်းကိုကြည့်ပြီး
သီဟမိုး
မျက်ရည်ကျကာ နောင်တရကြောင်း ပြော၏
“ကိုယ့်မိုက်ပြစ်နဲ့ ကိုယ်ခံရတာ ပါ….ယွန်း ရယ်။ ယွန်း ဘာတွေဖြစ်နေတယ်ဆိုတာ ဆရာ ကိုယ်တွေ့ကြုံလို့ နားလည်သွားပြီ။ ယွန်းနဲ့ ပုံတူတစ္ဆေမကို လေးငါးကိုယ်ခွဲတောင် တွေ့လိုက်ရ တာ။ ယွန်းအမှတ်နဲ့ တိုက်မိမှာစိုးလို့ လမ်းဘေးဆွဲချလိုက်တာ။ အရှိန်ပြင်းတော့ ခုလိုတွေ ဖြစ်ကုန်ရ တော့
တာပဲ”
“ယွန်းကမှ ဆရာတို့ထက် ပိုလေးစရာ ကောင်းနေသေးတယ်။ ယွန်းက ဆရာတို့ ထက် လေးနက်ပြီး ရင့်ကျက်တယ်။ သီလလုံ တယ်။ အဲဒီ သီလကို ဆရာကန်တော့ပါ
တယ်။”
“မလုပ်ပါနဲ့ ဆရာ၊ မသင့်တော်ပါဘူး”
ဆရာနှင့် စကားလက်ဆုံကြပြီး ပြန်ထွက် လာလိုက်ကြ၏ ။
အရေးပေါ်တွန်းလှည်းတွန်းလာရာ ကောင်းက ကူတွန်းပေး၏ ။ အရှိန်မထိန်း နိုင်၍ ဘေးနှင့် ပွတ်ဆွဲသလိုဖြစ်သောအခါ ကောင်းက အတင်းဝင် ထိုးခံလိုက်ရာ လူနာ မိန်းမရဲ့ထမိန် လန်သွား လေ၏
||ဗိုက်ကြီးသည် အရှက်ပေါ်မှာစိုး၍ ကောင်းက ဖုံးဖိပေးလေရာ ထမိန်နှင့် လက်တွေ ထိ
ကိုင် မိသွား၏။
ကိုယ်ဝန်သည်က သွေးလေချောက်ချားပြီး
ထထိုင်ကာ “ကောင်း” ကို အတင်းဆွဲဖက်၍ “ကောင်း” က လျှောထိုးအထွက်မှာ ကိုယ်ဝန်
သည်ရဲ ထမိန်ပေါ်ကို မျက်နှာအပ်မိသွား
ပြန်သည်။
ရှေးခေတ်က လူကြီးသူမတွေ ပြောဆိုဖူး ကြ၏ ။ မသာခေါင်းထမ်းတာ၊ ထမိန်နဲ့ မျက်နှာအပ် တာ၊ ထမီထုပ် ထမ်းတာ၊
မီးနေသည်ခန်းဝင်တာ၊ ယောကျာ်းတွေ
အတွက် ဘုန်းကံ လုံးလုံးနိမ့် စေ၏ ။
မီးနေသည် အိမ်အောက်ဝင်တာ။ သွန်းတဲ့
သွေးတွေ ပက်စင်ခံရတာ ဓမ္မဘာသွေးတွေ
ပေကျံစွန်းထင်တာလည်းအလွန်တရာဘုန်းကံနိမ့်စေ၏။

“ကောင်း” ဘုန်းကံနိမ့်သွားတာ ဘယ်သူမှ မသိ။ ပရလောကသားတွေထဲက စွမ်းအား ကြီး သူတွေက သိကြ၏ ။ အဲ့ဒီလူကို သူတို့ပြ ချင်တာ ပြ၊ ပြုချင်တာ၊ ပြု၊ ပူးချင်သလို ပူးကပ်လို့ရကြ၏။
“ကောင်း” ဆတ်ခနဲ ဆတ်ခနဲ တွန့်တွန့်
သွားပြီး မျက်လုံးတွေ မျက်ဖြူလန်သလို ဖြစ်
ကာ မျက်လုံးတည်၊ မျက်နှာသေကြီးနှင့် ဖြစ်
သွား၏။ “ယွန်း…”
“ဘာလဲ မောင်း
“ယွန်း ပြန်နှင့်”
ချစ်လို့ပင် မခေါ်တော့ “ယွန်း ” တဲ့
မောင့်ကို ကြည့်ရတာ မရိုးတော့။ ယွန်း အနားက မခွာတော့။ တစ်ခုခုတော့ တစ်ခုခု ပင်။ မောင်က ဆရာ့အခန်းကို ပြန်သွား၏ ။ အခန်းထဲဝင်သွားတော့ ဆရာ့ကို စပါယ်ရှယ်နပ်(စ်) နှစ်ဦး က ဝှီးချဲပေါ် တင်နေ၏ ။ ဆ ရာ့အမေက ဆရာဝန်ကြီးနှင့် သွားတွေ့နေ၏
“ဆရာ့ကို ငါတို့ တွန်းသွားပေးမယ်”
“ကျွန်မတို့ နပ်(စ်) တွေ လုပ်ပါ့မယ်” “ရတယ်…..ငါလုပ်မယ်”
“အဲဒါဆိုလည်း အားနာရတာ ပေါ့။ အပေါ် ဆုံးထပ် ဝရန်တာမှာနော်…စိုက် ခင်းနဲ့ ပန်းခြံ ရှိတယ်။ လေတဟူးဟူးနဲ့ လေ
ကောင်း၊ လေသန့်ရှူလို့ ရတယ်။ အပေါ်ထပ်
တက်တဲ့ စက်လှေ ကားနေရာကို သိတယ်
နော် ”
“သိတယ်”
“ကောင်း” က သီဟမိုးကို တွန်းလှည်းပေါ်
တင်ပြီး အခန်းပြင်ထွက်၏ ။ ကော်ရစ်ဒါ
အတိုင်း တွန်းသွား၏ ။ ယွန်းက ဘေးက
လိုက်ရင်း မောင့်မျက်နှာသေကြီးကို

အကဲခတ်နေ၏ ။ ဆရာက တော့ မိန်းမော ၁ မှိန်းနေ၏ ။
စက်လှေကားထဲဝင်တော့-
“မောင်….မောင် ဘာဖြစ်နေတာလဲ” “ဘာမှ မဖြစ်ပါဘူး..ချစ်လေး”
ခေါ်သံမှန်လာ၍ ယုံကြည်စိတ် ပြန်ဖြစ် ပေါ်လာ၏။
သူ့ဆရာကို တော်တော် ချစ်ရှာသားပဲဟု
ထင်မိ၏ ။ မေမေနဲ့သာ ပတ်သက်မှုမရှိလျှင် ယွန်း လည်း ဆရာ့ကို လေးစားချစ်ခင်မိမှာ အမှန်ပင်။ ခုတော့ စိတ်ထဲမှာ ခုနေ၏ ။ အပေါ်ဆုံးထပ်ရောက်သောအခါ မောင် က ဆရာ့ကို တစ်ဖက်စွန်းဆီ တွန်းသွား၏ ။ (၁၂) ထပ်အမြင့်ရှိသော အနားစွန်းမှာ မောင် ရပ်တန့်လိုက်၏ ။ ဒီနေရာက ပြင်ဆင်နေဆဲ နေရာ။ ဝရန်တာ မရှိ။ တွန်းချလိုက်လျှင် တိုက်အောက်ကို ပြုတ်ကျပြီး မရှုမလှသေဆုံးသွားနိုင်၏။
ဖုန်းမြည်သံပေါ်လာ၍ ဖေဖေဖြစ်နေ၏ ။
“သမီးလေး…အိမ်ကို
အမြန်ပြန်လာပါဦး။
သမီးမေမေ စိတ်ဖောက်သလို ဖြစ်နေလို့”
“ဟင်…..ဪ..ဟုတ်…ဟုတ်ကဲ့”
ယွန်း ပြန်ရတော့မည်။
“မောင်….အရေးကြီးလို့ အိမ်က ဖုန်းဆက် ခေါ်တယ်။ ယွန်း နေလို့ မရတော့ဘူး” “သွားလေ….မောင်နေခဲ့မယ်”
ယွန်းလည်း တစ်ချိုးထဲ ဓာတ်လှေကားဆီ
သုတ်သုတ်ပြေးသွားရတော့၏ ။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ တစ်ခုခုတော့ တစ်ခုခုပဲ။ မရိုး တာတော့ အမှန်။ ငွေစင်သွန်းရဲ့ စက်တန်ခိုးနဲ့ ထိန်း ချုပ် မှုတွေလား။ ပူပန်းစိတ်တွေ တရိပ်ရိပ်နှင့် ယွန်း စက်လှေကားကျယ်ထဲ ဝင်ရပ်လိုက်၏။
အိမ် ရောက်သောအခါ မေမေ ပြန်ကောင်း နေ၏ ။ ဖေဖေနှင့် ဧည့်ခန်းမှာထိုင်ပြီး G အေးအေး ဆေးဆေး စကားပြောနေပြီ။
သို့သော်ငြား မေမေပုံစံက အမူးသမား သိပ်ပြေသေးဟန် မတူ။ ကျန်တာတွေကို
စိတ်မဝင်
သူမရောဂါကိုသာ
စိတ်ဝင်စားပြီး ရောဂါပျောက်အောင် လုပ်
ချင်ပုံသာပေါက်နေ၏။
“သမီး….မေမေ ဘာမှ မဖြစ်ပါဘူး။
ဖြစ်လို့လဲ”
ဦးနေထိုက်က မျက်နှာရိပ် မျက်နှာကဲပြပြီးတော့ တား၏ ။ ယွန်းသဘောပေါက် ပြီး
ဆက်မမေးတော့။ မိခင်ကိုတွဲပြီး အိပ်ရာထဲ ကို လိုက်ပို့ကာ တစ်ရေးသိပ်လိုက်၏ ။ ဖခင်
ဖြစ်သူနှင့် ဧည့်ခန်းမှာ ပြန်တွေ့စဉ်
“သမီးမေမေ
စိတ်ဖောက်ပြန်သလိုတွေဖြစ်ပြီး ကယောင်ကတမ်းတွေ လျှောက်ပြော တယ်လို့ ထင်နေတာ။ သူ အိပ်မက်မက်တယ် တဲ့။ အိပ်မက်ဆိုးမို့ ပူးစူးဝါးဝါး အော်ဟစ် ပြီး လန့်နိုး လာရတာ တဲ့။ အိပ်မက်ထဲမှာ ကောင်းမြတ်သူက သီဟမိုးကို လှီးချဲတွန်း ပေးနေတယ်။ ပုဂ္ဂလိက ဆေးရုံအပေါ်ဆုံး ထပ် ဝရန်တာမှာ ဝရန်တာအသစ်က ပြန် ပြုပြင်နေတုန်း ရှိသေးတယ်။ အဲဒီ မှာ ရပ်နေ ကြတယ်။ ယွန်းက နှစ်ယောက်၊ တစ် ယောက်က ကောင်းမြတ်သူတို့ကို တွန်းချ လိုက်တာ ငယ်သံပါအောင် … အော်ရင်း အောက်ပြုတ်ကျ သေကုန်ကြတယ်။ ယွန်း နှစ်ယောက် လုံးထွေးသတ် ပုတ်ကြတာ သ ဉ္ဇာလီက ဝင်ဆွဲရင်း အဲ့ဒီနှစ်ယောက်ရော သဉ္ဇာလီပါ အောက်ကို လိမ့်ကျသွား ရော။ အဲဒီ မှာလန့်ပြီး အော်ဟစ်လိုက်မိတာတဲ့။”
“ဖေ…ဖေဖေ…ဒီအိပ်မက်က မရိုးဘူး။ အခု “ကောင်း” နဲ့ ဆရာတို့ အိပ်မက်ထဲက အတိုင်း အန္တရာယ်ရှိတဲ့နေရာမှာ ရပ်နေကြ တယ်။ သမီး ဖုန်းဆက်လိုက်ဦးမယ်”
ကောင်းမြတ်သူ၏ ဖုန်းကို ချက်ချင်းဆက်
လိုက်၏။
“ဟယ်…..လို”
ပြန်ထူးသံက “ကောင်း ” မဟုတ်။ မိန်းမ
တစ်ယောက် အသံ။
“ကောင်းမြတ်သူ ရှိလား”
“ရှိတယ်…အခု ပြောနေတယ်”
“ရှင် ဘယ်သူလဲ”
“………..8&:”
“ဟင် ….နင်…..နင်”
“ကောင်းမြတ်သူကို ငါ ဝင်စီးထားတယ်။ သီဟမိုးလည်း မှိုင်းမိထားတယ်။ ယောက် လုံး ငါသတ်ပစ်လို့ရတယ်။” “မသတ်နဲ့..နင်လုပ်ချင်တိုင်း လုပ်လို့မရ ဘူးနော်။ တစ္ဆေက လူသတ်လို့မရဘူး”
“ဟား ဟား ား ဟား နင်မသိတာတွေ အများကြီး ရှိသေးတယ် ရွှေစင်ယွန်း။ လိုရင်း ပဲ ပြောမယ်။ နင်နဲ့ငါ နေရာလဲဖို့ ငါရှိတဲ့ နေရာကို နင် အမြန်ဆုံးလာခဲ့။ အမေ ကိုယ်ဝန်သွေးသွန်းခဲ့တဲ့ ဂုံးတံတား လှိုဏ် ပေါက်ထဲကို ညမှောင်တာနဲ့ လာခဲ့။ အဲဒီ လိုမှ မလာဘူးဆိုရင် ဒီနှစ်ယောက်လုံး ကို ငါ
တွန်းချပစ်မယ်။
အခုညနေ ငါးနာရီခွဲနေပြီ”
မှောင်တော့မယ်။
“နင်…..နင်….အေး…..ကောင်းပြီ၊ ငါ လာခဲ့
မယ် နင် စောင့်နေ…”
ရယ်သံမျိုးစုံနှင့် ဖုန်းပိတ်သွား၏ ။ ယွန်း

စိတ်ထဲက ကြိတ်ကြံမိ၏။ ယွန်းကိုလဲလှယ်ဖို့ သူ့ ထောင်ချောက်ထဲ ဖိတ်ခေါ်ခြင်းပင်။ ယွန်း က သူ့ဆန္ဒကို လိုက်လျောမလို့နဲ့ .. သူ့ကို အနီးကပ် ပရိတ် ရေဖြင့် ပက်ပြီး ဆုံးမ ပစ်လိုက်မည်။ ဒီလိုအတွေးအကြံနှင့် လက်ခံ လိုက်ခြင်း ဖြစ်သည်။
ဖခင်လည်း စပီကာဖွင့်ပြောနေ၍ အားလုံး
ကြားသိပြီးလေပြီ။ အိပ်ခန်းထဲက ပရိတ် ရေ
ပုလင်း ပြေးယူလိုက်၏ ။ စလင်း ဘတ်အိတ်
ကြီးထဲ ပရိတ်ရေကို ထည့်လိုက်၏ ။ ဦးနေ ထိုက်က
“သမီး မသွားရဘူး”
“သွားမှ ဖြစ်မှာ ဖေ၊ ဖေဖေ…ကောင်းသေသွား လိမ့်မယ်… ဆရာသီဟလည်း သေမှာ”
“သမီးသွားရင် သမီးရဲ့ လိပ်ပြာကိုနုတ်ပြီး သူ့လိပ်ပြာအစားသွင်းလိုက်လိမ့်မယ်။ သမီး သေသွားလိမ့်မယ်။ သမီးတစ္ဆေဖြစ်သွားလိမ့်မယ်”
“မဖြစ်နိုင်ပါဘူး ဖေဖေ…ပရိတ်ရေ ပုလင်း ပါတယ်။ အစွမ်းထက်တဲ့ ပရိတ်ရေလေ။ အဲ ဒါနဲ့ အနီးကပ်ပက်လိုက်ရင် သူ့အစွမ်းတွေ ရော၊ စက်ကြိုးတွေရော .. မှိုင်းတိုက်ထား တာတွေပါ အကုန် လွင့်ပျောက်ကုန်လိမ့်မယ် လို့ သမီးထင်တယ်”
“ဖြစ်နိုင်ရင် မသွားပါနဲ့……ဖေဖေ စိုးရိမ်
တယ် သမီး”
“ဖေဖေ ပရိတ်ရေကို မယုံဘူးလား” “ယုံပါတယ်။ ဒါပေမယ့်”
“သွားမှာပဲ ဖေဖေ၊ မှောင်တော့မယ်” “သွားပြီ…မေမေ့ကို သေချာဂရုစိုက်ပါ
ယွန်း … အော်ပြောခဲ့ပြီး ဓာတ်လှေကား ဘယ်ဘက်က တက်လိုက်၏ ။ ဒီထဲက သရဲမ လည်း ကြောက်မနေတော့။ ပရိတ်ရေနဲ့ ပက်ပစ်မှာပေါ့။ စိတ်စောကာ ဇောကပ်နေပြီ။ ညာဘက်က ပျက် နေသောဓာတ်လှေကားမှာ
အောက်မှာ ရှိနေဆဲ။
ကွန်ဒိုအောက်ရောက်သည်နှင့် ခြေလှမ်း
တွေကို သုတ်သုတ်သွက်သွက် လျှောက်၏။
ဦးနေထိုက် ဆောက်တည်ရာ မရ။ သမီး နောက်ကိုလိုက်ဖို့ အမြန်ဆုံး ပြင်၏ ။ သမီး အခန်း က နံရံမှာကပ်ထားသော သွေးစား တမ်း ဓာတ်ပုံကို မြင်မှ သဘောပေါက် သွား၏ ။ သဉ္ဇာလီ သွေးသွန်းခဲ့သည့် နေရာ ပဲ။ နေထိုက်ကိုယ်တိုင် သွားကယ်တင်ခဲ့ရ သည့် နေရာ။ သဉ္ဇာလီ မိုးရေရွံ့ဗွက်နဲ့ ချော်လဲ ပြီး အမာထည်တစ်ခုခုကို သွားဆောင့်မိခဲ့ သည့်နေရာ။
သမီး ထွက်သွားပြီး မိနစ်နှစ်ဆယ်အကြာ မှာ ဦးနေထိုက် ထွက်လိုက်လာရ၏ ။ သဉ္ဇာ လီက အပြင်သွားမယ်လုပ်နေ၍ သော့ခတ်ထားခဲ့ရသည်။
သဉ္ဇာလီရဲ့စိတ်တွေက သိပ်ပြီး မူမမှန်သေး။
ပျက်နေတဲ့ စက်လှေကားက အဆင်သင့် စောင့်နေသလိုပင်။ စက်လှေကားထဲကို ခပ် သွက် သွက် ဝင်လိုက်၏ ။ ဝှီးချဲနှင့် စက်လှေကားထဲရောက်မှ ခလုတ်နှိပ်လိုက်၏ ၊ တံခါးစေ့ပိတ်သွားလေ ပြီ။
တကယ်အတိုက်နဲ့ဖလှယ်အခိုက်
ယွန်း ပြေးလိုက်၊ နားလိုက်ဖြင့် ဥမင်လှိုဏ် ပေါက်ကို ရောက်လာခဲ့၏ ။
(တစ်ဦးတည်းသော ချစ်ညီမလေးပေမယ့်
ဘဝချင်း ခြားခဲ့ပြီ)
တစ္ဆေဘဝနဲ့ တောက်လျှောက် နှောင့်ယှက် နှိပ်စက်နေကာ အသက်ကို အတင်း တောင်း နေ ၏။
{{{မေမေ စိတ်မမှန်တော့တာလဲ၊ ဒင်းကြောင့်….)))
ယွန်း … အယောင်ဆောင်ပြီး လိုက်လံ ရှုပ်ထွေးအောင် လုပ်ဆောင်၍ ယွန်းမှာ လိုက် လိုက် ရှင်းနေရ၏။
အခု ကောင်းမြတ်သူကိုပါ လုပ်ကြံဖို့ တာစူ G&E….
ဆရာ သီဟမိုးကိုလည်း သုတ်သင်တော့မည်။
ဒင်းကောင်းခဲ့တာ ဘာရှိလဲ။ [{(တောင်းလိုက်တော့လည်း အသက်)))
သူ့ရဲ့ ပရလောကထဲ ဒုက္ခတောထဲကို အစ်မ ရောက်အောင် အတင်းပို့ဆောင်နေ၏။ ဒါ……ညီအစ်မတွေရဲ့ ချစ်ခင်ကြင်နာမှု လား၊ မြတ်နိုး နွေးထွေးမှုလား။
သွားစမ်းပါ။ (((စိမ်းကား ရက်စက်ခြင်း) သွေးဆာ ကြမ်းကြုတ်ခြင်း၊ မိစ္ဆာပီပီ ရိုင်း
ယုတ်လုပ်ကြံခြင်း တွေနဲ့ ပြည့်နှက်နေတဲ့
တစ္ဆေမ။
နင်….ငါ့ညီမ မဟုတ်ဘူး။
ပရလောကထဲက တစ္ဆေမ။
သက်ညှာခွင့် တစ်စက်မှ မပေးတဲ့ တစ္ဆေ
ငါလာပြီ…လာပြီ။
ဥမင်ထဲ အမှောင်ကျနေ၍ ကြောက်စိတ်မ ပေါ်အောင် ဒေါသစိတ်ကို အတင်းမွေးမြူ လာရ ၍ ဘုရား၊ သံဃာအား ကြည်ညိုရွှတ် ဖတ်သရဇာယ်ဖို့ မေ့လျော့နေ၏။
သွေးစာတမ်းပေါ်သောနေရာကို လှမ်း
အော်လိုက်၏။
“ငွေစင်သွန်း တစ္ဆေမထွက်ခဲ့၊ လာ…အခု
ထွက်ခဲ့…နင်နဲ့
ငါအပြတ်စာရင်းရှင်းမယ်
ထွက် လာခဲ့လေ…နင်သတ္တိမရှိတော့ဘူး လား။ ထမိန်ခြုံထဲက လက်ဝါးပြမနေနဲ့ ငါ

တစ်ယောက်ထဲ လာပြီ”
ထိုစဉ် ထင်းခနဲ ဒိန်းခနဲ ဖြစ်သွား၏ သွေး
စားတမ်းနေရာမှာ
“တစ္ဆေမ သွန်း။”
ရုတ်တရက်ပေါ်လာသူက
သူ့လက်နှစ်ဖက်ကို ဆန့်တန်းကာ ထား၏ လက်ချောင်းက လက်သည်းတွေ အရှည် ကြီး တွေ။ လမ်းမီးရောင်ပျပျဖြင့် လှမ်းမြင် ရ၍ ကြောက်စိတ်တွန့်ခနဲ ပေါ်သွား၏ ။ ဒေါသစိတ်တွေကို တွေးပစ်လိုက်၏ ။ “နင်ကို ငါသတ်မယ် မိစ္ဆာမ”
ဟီး ဟီး ဟီး ဟီး”
တုန့်ပြန်ရယ်သံကြီးကိုက ကျောချမ်းချင် စရာ။ ဒေါသကိုဆင့်ကဲ မွေးဖွားလိုက်၏။
“တစ္ဆေစုတ်မ နင်သေရမယ်”
“ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး” ကို အာရုံမပြုနိုင်မေ့လျော့နေ၏။

ဟင်း ဟင်း ဟင်း ဟင်း”
လှောင်ရယ်နေပြန်၏ ။ စလင်းဘတ်အိတ် ထဲမှ ပရိတ်ရေဘူးကိုထုတ်၊ အဖုံးဖွင့် ပြီး- “ရော့….အဲဒါ နင့်အတွက်”
ပရိတ်ရေတွေ ထိထိမိမိ ပက်ဝင်သွား၏။
“ဟီး ဟီး ဟီး ဟီး”
မတုန်လှုပ်။
တစ္ဆေမသွန်းတော့။
ဘုရားစင်၊ ဘီရို စားပွဲအမြင့်ပေါ်မှာ တင်ထား
မှ စွမ်းသော ပရိတ်ရေပုလင်းကို ခုတင် အောက်မှာ သွားထားမိ၍ အာနိသင်အစွမ်း တွေ ပျောက်ကွယ်ကုန်ပြီ။တစ္ဆေမသွန်း ဘာမှဖြစ်မသွား။
သွန်း ပါးစပ်မလှုပ်ဘဲ ပြောလိုက်သော
အသံအက်ဩဩကြီး
ကြားလိုက် ရ သည်မှာ-
ကိုယွန်း နားထဲ
“နင့်ပညာ ဒါပဲလား၊ ဒီနေ့ ဒီအချိန် နင်အဆုံးသတ်ပြီ…”
“ငါ့ကို ကြည့်စမ်း ယွန်း”
“ငါ့ကို ကြည့်စမ်း ယွန်း”
“ငါ့ကို ကြည့်စမ်း ယွန်း”
စိတ်ညိုသလို ပြောလိုက်၍ ယွန်းလည်း စေ့စေ့စပ်စပ် တုန့်ပြန်ကြည့်လိုက်၏ ။ သွန်း ရဲ့ မျက်လုံးထဲက အရောင်တချို့ပေါ်မှာ ယွန်း အာရုံ မျောနှစ်သွားလေပြီ။
ယွန်းရဲ့ခန္ဓာကိုယ်ကို လေထဲ ဆောင့်ဆွဲ လိုက်သလို၊ သွန်းရဲ့နာမ်ခန္ဓာပါးပါးလေးထဲ ဖောက် ဝင်သွား၏ ။ပြိုင်းလက်သော … ပေါက်ကွဲအလင်းရောင် တွေ လျှပ်လက်သလို ထွက်ပြီးသည့်ခဏ။ ယွန်းရဲ့ ခန္ဓာကိုယ်ထဲကို သွန်းရောက်သွား၏
ယွန်းကတော့ ခန္ဓာကိုယ် အပြင်ဘက်မှာ ပါးပါးလျလျ ရပ်ကျန်ခဲ့သော သွန်းရဲ့နာမ်

ခန္ဓာထဲ ရောက်ရှိသွား၏။
(၁၆) နှစ်လုံးလုံး စောင့်နေခဲ့ရသည့် သွန်းရဲ့ ဆန္ဒတွေ ပြည့်ဝသွားပါပြီ။
သွန်းခန္ဓာထဲ ရောက်သွားသည့် ယွန်းကို အမှောင်လောကသား မိစ္ဆာတွေက ဆွဲခေါ် သွားကြ၏ ။ တန်ခိုးစွမ်းအားတွေ ပြောင်းလဲ လှယ်မှုအပေါ်မှာ အသုံးချလိုက်ရ၍ ကုန်ဆုံး
သွားပြီး အစွမ်းမရှိသော တစ္ဆေနာမ်ခန္ဓာနှင့် ယွန်းမှာ အားကြီးသော ပရလောကသားတို့
ပြုသမျှ နုရသော အခြေအနေမျိုး ဖြစ်သွားခဲ့လေပြီ။
ယွန်းခန္ဓာကိုယ်ထဲ ရောက်နေသည့် သွန်း ကတော့ ခြေလှမ်းတွေ တစ်လှမ်းချင်း စမ်း လျှောက်ရင်း လူ့လောကထဲကို မယုံမရဲလေး လျှောက်ဝင်သွားလေသည်။
{{{ ငါ လူ့ဘဝထဲကိုရောက်တာ အိပ်မက် များ ဖြစ်နေသလား။ မဟုတ်ပါဘူး။ တကယ်
ပါ. ဒီနေ့ကစပြီး ငါဟာ သွန်းမဟုတ်တော့ ဘူး။ ယွန်းနေရာမှာ အစားထိုးပြီးနေရမှာမို့ ယွန်းဖြစ်သွား ပြီ]]]
ဆိုသည့်အတွေးဖြင့် ခြေလှမ်းတွေ ဆက်
လျှောက်၊ ဆက်လျှောက်ရင်း ယုံကြည်မှုတွေ ခိုင်မာသွားလေတော့၏။
ကွန်ဒို ကို ပြန်ရောက်လာတော့ ရဲတွေ၊
ဆေးရုံးကားတွေဝိုင်းအုံကြည့်နေသော
တိုက်ခန်း နေသူတွေ။ ပုလိပ်စည်းတားကြိုး
တွေနှင့် ရှုပ်ယှက်ခတ်နေ၏။
“ဘာဖြစ်လို့လဲ အန်တီ”
“အိုး မိုင်ဂေါ့…”
“ဪ….အန်တီဝဿန်”
“ယွန်း…..ယွန်း…ယွန်း
ဖေဖေလေ…
အမြဲတမ်း ပျက်နေတဲ့ စက်လှေကားက ဆင်း
သွား တာ စက်လှေကားကြိုး ပျက်ကျပြီး အဲဒီ အထဲမှာ သမီးအဖေ ပါသွားတယ်”
“ဟုတ်လား” “အေး..သူသေပြီ”
“ဪ”
“ဟင်..သမီးကို ကြည့်ရတာ တစ်မျိုးကြီး
“ဘာဖြစ်လို့လဲ”
“ဖအေတစ်ယောက်လုံး အသေဆိုးနဲ့ သေ ရတာ ဘာမှ မဖြစ်သလို၊ ခံစားရသလိုနဲ့” ယွန်း လှလှပပလေး ပြုံးပြလိုက်၏ ။ တစ္ဆေမဘဝက တက်ခဲ့သော ရိုးရိုးလှေကား ကပင် တက် လာလိုက်၏ ။ မောလိုက်တာ ညောင်းလိုက်တာ အလွန်ပါပဲနော်။ ကမ္မဇီဒ္ဓိ
အစွမ်းမှ မရှိတော့ တာ။ အပေါ်ရောက်တော့ မိခင်ကြီးကို သော့ဖွင့်ဖို့ ဘေးအခန်းတွေနှင့်
တိုင်ပင်ကြရ၏။
ရဲတစ်ဦးက လာဖွင့်ပေး၍ အဆင်ပြေ သွား၏။ အခန်းထဲက ထွက်လာသော မေမေ မှာ စက်ကြိုးတွေဖြတ်ထားလိုက်ပြီမို့လူကောင်း ပကတိ ပြန်ဖြစ်သွားပြီ။ ခေါင်း
ကိုက်တာ ဘာရောဂါမှ မဖြစ်တော့။ ခေါင်း
ကိုထိခိုက်မိသည့်အပိုင်းမှာလည်း
သက်သာသွားလေပြီ။

ယွန်း အားရဝမ်းသာအော်ခေါ်ပြီး ပြေးဖက် ပစ်လိုက်၏။
“သမီး……..သမီးလေး”
မေမေက ပြန်ဖက်ထား၏ ။ ဘေးအခန်း တွေက ဂရုဏာသက်ပြီး မျက်ရည်ကြ၏။ ဖေဖေ ဆုံးသွားတဲ့ သတင်းကို မေမေကြား တော့ ကျူကျူပါအောင် ငိုကြွေး၏ ။ ငိုပါ လေ။ မျက်ရည်ခန်းရင် ပူဆွေးသောကတွေ လည်း ဂွမ်းသွားမှာပါ။

“ယွန်း” ခန္ဓာကိုယ်နဲ့ ကျွန်မ “သွန်း” ဟာ ကောင်းမြတ်သူနဲ့ ဆက်ပြီး ချစ်ကြပါတယ်။ ကျောင်းကပွဲအတွက် ပြဇာတ် ဆက်တိုက်ခဲ့ တယ်။ ဆရာသီဟမိုးက လှီးချဲနဲ့ လာ
သင်ပေးတယ်။ သူကို လုပ်ကြံတာ ကျွန်မမှန်း သူတကယ်သိရင် လည်ပင်းများ ထညှစ်မလားပဲ။
ဒါပေမယ့် သူ မထနိုင်တော့ပါဘူး။ ဒုက္ခိတ
ဖြစ်နေပြီလေ။ မေမေကလည်း သူ့အလုပ်သူ
ပြန်လုပ်နေပါပြီ။ အရာရာဟာ နေသားတကျဖြစ်နေပါပြီ။
ကျောင်းကပွဲ ဖျော်ဖြေရမယ့်နေ့ကိုလည်းရောက်လာခဲ့ပါပြီ။
တယ်။ သီဟမိုးက ဇာတ်စင်ပေါ်မှာပဲဦးစီး ကွပ်ကဲနေတယ်။ သူတို့ချင်း သူစိမ်း ပြင်ပြင် တွေ ဖြစ်သွားကြပြီ။ မဆက်ဆံကြတော့ဘူး။ ဆက်ဆံလို့မှ မရတော့တာပဲလေ။
“ကောင်း” က သူ့အခန်းထဲမှာ ကျွန်မက ကျွန်မအခန်းထဲမှာ။ ကျောင်းက စတူဒီယိုရဲ့ မိတ် ကပ်လိမ်းခြယ်ခန်း .. ကိုယ်စီထဲမှာ အလှပြင်နေကြတယ်။
မကြာခင် ပြဇာတ်ထွက်တော့မှာ။
သွန်းဖြစ်သွားတဲ့ ယွန်းရေ…
တစ္ဆေနဲ့ မြင်တွေ့ပတ်သက်ဖူးသူ မှန်သမျှ သက်ဆိုး မရှည်ကြဘူး။ နင်နဲ့ငါ ပြောင်းလဲသွားပြီဆိုတာ ဟောဒီဓားဒဏ်ရာ အမာရွတ်လေးကို ပလတ်စတာ ခွာကြည့်လိုက်မယ် တွေ့လား။
အနာကျက်တာလည်း မရှိ။အမာရွတ်လည်း မရှိ။
ပကတိ လှပတဲ့ လက်ကလေး ပြန်ဖြစ်သွားပြီလေ။
နင်နဲ့ငါရဲ့ ပြောင်းလဲမှုကို ဘယ်သူမှ မသိလိုက်ကြဘူးလေ။
သိချင်သူတွေသိဖို့လိုအပ်တာက…
တစ္ဆေကို မြင်တွေ့ပြီးတဲ့လူတိုင်းဟာ အသက်ရှည်ဖို့ အခွင့်အရေးနည်းသွားပြီး
အသက်ရှင် ရက်တွေလည်း သိပ်ကို
တိုတောင်းပါတယ်။ အားလုံးမဟုတ်ပေမယ့်
အများစုကတော့ တစ္ဆေနဲ့ပတ် သက်ထိတွေ့
ဆက်ဆံမိခဲ့ရင် သေခြင်းနဲ့ထွေခင်းကစား
သလို၊ သေမင်းလက်ထဲ ရောက်သွားရတာ
ချည့်ပဲ။နင့်နေရာမှာ ငါ။
ငါနေရာမှာ နင်ဖြစ်သွားပြီ။ ဘယ်သူမှမသိ
လို့ နင် ဇွတ်ငြင်းချင်လည်း အလကားပဲ။ နောက်ထပ် (၁၆) နှစ်ကြာတဲ့အခါကျရင်
ငါ့နေရာကို နင် ပြန်လဲယူခွင့်ရှိတယ်။
တစ္ဆေဘဝတုန်းက ငါ့လို အစွမ်းသတ္တိတွေ
ရအောင်နင်သင်ယူလိုက်ဦးပေါ့။
အဲဒီ လိုနဲ့ (၁၆) နှစ်ကြာတိုင်း ကြာတိုင်း
နင်နဲ့ငါဟာ သူတစ်ပြန် ကိုယ်တစ်လှည့် လဲလှယ်နေထိုင်သွားကြမယ်လေ။
ဒါမှ သာတူညီမျှ အမြွှာညီအစ်မ ပီသတော့
မှာပေါ့။ဒီကြားထဲမှာ ယွန်းဆိုတဲ့ ရုပ်ခန္ဓာကြီး သက်တမ်းမကုန်သေးသရွေ့ နင်နဲ့ငါ တွေ့
ကြဦး မှာပေါ့။
စေတန်
***

Zawgyi Version

” လူျဖစ္သြားတဲ့ တေစၦ ” (ဇာတ္သိမ္းပိုင္း) (စ/ဆုံး)
————————————————–
ေမေမ အႀကီးအက်ယ္ ေနာင္တရသြား၏ ကားေမွာက္စဥ္ က သမီးယြန္းကို သုံးေလး ကိုယ္ခြဲနဲ႔ ေတြ႕လိုက္ရတဲ့အျဖစ္ကိုေတာ့ တအံ့ တၾသ ျပန္ေျပာျပျဖစ္ေနေသး၏ ။
ယြန္းအိပ္ခန္းထဲျပန္နားေတာ့
လက္ေခ်ာင္းေလးေတြေခါက္ေနစဥ္
လက္ေခ်ာင္းထိပ္မွ ဆစ္ခနဲ ဆစ္ခနဲ အပ္
ထိပ္နဲ႔ ထိုးသလို ခံစားလိုက္ရ၏ ။ ၾကက္သီး ကလည္း ဖ်င္းခနဲ၊ ေခါင္းနဘမ္း လည္း ႀကီး
ထြက္သြား၏ ။ အနံ႔တစ္မ်ိဳး ရေန၏ ။
ကေလးငယ္ေတြ သုံးေသာ ေပါင္ဒါနဲ႔၊
ကေလးေဆး ဝါးနံ႔ေတြ သိသိသာသာႀကီး ရႉရႈိက္ရေန၏။
အခန္းပတ္လည္ ေဝ့ဝိုက္ရွာၾကည့္မိသည္။
ရင္ေတြ တဒိန္းဒိန္း ခုန္ခါထြက္ေနၿပီ။
“နင္..နင္ ေရာက္လာျပန္ၿပီလား”
“ျဖန္း…”
“အင့္”
ေက်ာကုန္းကို လက္ဝါးႏွင့္ ျဖတ္႐ိုက္ခံ
လိုက္ရ၏ ။ “အင့္” ခနဲ ေအာင့္ၿပီး ယြန္း ေရွ႕
ငိုက္စိုက္ က်သြား၏ ။ ယြန္းလည္း ဖခင္ေပး
ထားေသာ ပရိတ္ေရပုလင္းကို ဘီ႐ိုေပၚက လွမ္းယူၿပီး အခန္းအႏွံ႔ လိုက္ေတာက္ ပစ္လိုက္၏။
{{{ရီး ဟီး အီး))) ဆိုေသာ ျမည္သံလိုလို၊ သံလိုလို အသံႀကီးေပးၿပီး အခိုးေငြ႕သ႑ာ န္ အ႐ိုးစုႀကီး ေလထဲ ေပ်ာက္ကြယ္သြား ေတာ့၏ ။ “ဘုရား တရား သံဃာ” ကို အာ႐ုံျပဳ ဦးခိုက္ ၫႊတ္တြားၿပီး ကန္ေတာ့ လိုက္မိ၏ ။
ေငြစင္သြန္း မကြၽတ္။ ေ႐ႊစင္ယြန္းကို အျပတ္ခြၽတ္ဖို႔ ေစာင့္တိုက္ေနဆဲ။ ယြန္းဘက္ မွာ ဘုရား၊ တရား၊ သဃာ ရတနာသုံးပါးရွိ သည္ေလ။ ေဒါသထြက္သြားတဲ့အခ်ိန္မွာသာ
ဘုရား၊ တရား၊ သံဃာ ကိုေမ့သြားမိတတ္၏
ေငြစင္သြန္း တေစၦထြက္သြားေတာ့ က်န္ ေနေသာ ပရိတ္ေရပုလင္းကို အမႈမဲ့ အမွတ္မဲ့ ခုတင္ေအာက္ထဲကိုသြားထားမိလိုက္ေလသည္။
“လာပါ ခ်စ္ရယ္၊ ခ်စ္ရဲ႕ေမေမကိုလည္း သတင္းေမးၿပီးၿပီ။ ေက်ာင္းက ေက်ာင္းသူ၊
ေက်ာင္းသားေတြကိုမိတ္ေဆြအေနနဲ႔ေျပာထားတာပါ။ ခ်စ္ေမေမကို အေတာ္မ်ား မ်ား သတင္း ေမးသြားတာပဲၾကည့္…ဆရာသီ ဟကိုလည္း အားလုံး သတင္းသြားေမးေနၿပီ။ ခ်စ္က သြားမေမးလို႔ ေကာင္းမလား။ ဘာ ေၾကာင့္လဲ ဘာလဲနဲ႔ ေမးေငါ့လာၾကမယ္ေကာင္းျမတ္သူ ေခၚလာ၍ ယြန္းလိုက္လာ ရ၏ ။ သီဟမိုး မွာ ေဆး႐ုံက ဆင္းခြင့္မရ ေသး။ အာ႐ုံေၾကာ ခါးဆစ္႐ိုးထဲ ညႇပ္တာ ကို ခြဲထုတ္လွ်င္ ေအာက္ပိုင္း ျပန္ေကာင္းလာ ႏိုင္ႏိုးႏွင့္ ေဆး႐ုံ ေပၚမွာဆက္၍ ေန၏ ။ သီ
ဟမိုးရဲ႕အေမသာေငြထုပ္ပိုက္ၿပီး
ေရာက္လာ၏။
တျခားသူေတြက ေမးၿပီး ျပန္သြားၾကၿပီ။ ေကာင္းျမတ္သူႏွင့္ ယြန္းတို႔ေရာက္လာ
ေသာအခါ … ယြန္းကိုၾကည့္ၿပီး
သီဟမိုး
မ်က္ရည္က်ကာ ေနာင္တရေၾကာင္း ေျပာ၏
“ကိုယ့္မိုက္ျပစ္နဲ႔ ကိုယ္ခံရတာ ပါ….ယြန္း ရယ္။ ယြန္း ဘာေတြျဖစ္ေနတယ္ဆိုတာ ဆရာ ကိုယ္ေတြ႕ႀကဳံလို႔ နားလည္သြားၿပီ။ ယြန္းနဲ႔ ပုံတူတေစၦမကို ေလးငါးကိုယ္ခြဲေတာင္ ေတြ႕လိုက္ရ တာ။ ယြန္းအမွတ္နဲ႔ တိုက္မိမွာစိုးလို႔ လမ္းေဘးဆြဲခ်လိုက္တာ။ အရွိန္ျပင္းေတာ့ ခုလိုေတြ ျဖစ္ကုန္ရ ေတာ့
တာပဲ”
“ယြန္းကမွ ဆရာတို႔ထက္ ပိုေလးစရာ ေကာင္းေနေသးတယ္။ ယြန္းက ဆရာတို႔ ထက္ ေလးနက္ၿပီး ရင့္က်က္တယ္။ သီလလုံ တယ္။ အဲဒီ သီလကို ဆရာကန္ေတာ့ပါ
တယ္။”
“မလုပ္ပါနဲ႔ ဆရာ၊ မသင့္ေတာ္ပါဘူး”
ဆရာႏွင့္ စကားလက္ဆုံၾကၿပီး ျပန္ထြက္ လာလိုက္ၾက၏ ။
အေရးေပၚတြန္းလွည္းတြန္းလာရာ ေကာင္းက ကူတြန္းေပး၏ ။ အရွိန္မထိန္း ႏိုင္၍ ေဘးႏွင့္ ပြတ္ဆြဲသလိုျဖစ္ေသာအခါ ေကာင္းက အတင္းဝင္ ထိုးခံလိုက္ရာ လူနာ မိန္းမရဲ႕ထမိန္ လန္သြား ေလ၏
||ဗိုက္ႀကီးသည္ အရွက္ေပၚမွာစိုး၍ ေကာင္းက ဖုံးဖိေပးေလရာ ထမိန္ႏွင့္ လက္ေတြ ထိ
ကိုင္ မိသြား၏။
ကိုယ္ဝန္သည္က ေသြးေလေခ်ာက္ခ်ားၿပီး
ထထိုင္ကာ “ေကာင္း” ကို အတင္းဆြဲဖက္၍ “ေကာင္း” က ေလွ်ာထိုးအထြက္မွာ ကိုယ္ဝန္
သည္ရဲ ထမိန္ေပၚကို မ်က္ႏွာအပ္မိသြား
ျပန္သည္။
ေရွးေခတ္က လူႀကီးသူမေတြ ေျပာဆိုဖူး ၾက၏ ။ မသာေခါင္းထမ္းတာ၊ ထမိန္နဲ႔ မ်က္ႏွာအပ္ တာ၊ ထမီထုပ္ ထမ္းတာ၊
မီးေနသည္ခန္းဝင္တာ၊ ေယာက်ာ္းေတြ
အတြက္ ဘုန္းကံ လုံးလုံးနိမ့္ ေစ၏ ။
မီးေနသည္ အိမ္ေအာက္ဝင္တာ။ သြန္းတဲ့
ေသြးေတြ ပက္စင္ခံရတာ ဓမၼဘာေသြးေတြ
ေပက်ံစြန္းထင္တာလည္းအလြန္တရာဘုန္းကံနိမ့္ေစ၏။

“ေကာင္း” ဘုန္းကံနိမ့္သြားတာ ဘယ္သူမွ မသိ။ ပရေလာကသားေတြထဲက စြမ္းအား ႀကီး သူေတြက သိၾက၏ ။ အဲ့ဒီလူကို သူတို႔ျပ ခ်င္တာ ျပ၊ ျပဳခ်င္တာ၊ ျပဳ၊ ပူးခ်င္သလို ပူးကပ္လို႔ရၾက၏။
“ေကာင္း” ဆတ္ခနဲ ဆတ္ခနဲ တြန႔္တြန႔္
သြားၿပီး မ်က္လုံးေတြ မ်က္ျဖဴလန္သလို ျဖစ္
ကာ မ်က္လုံးတည္၊ မ်က္ႏွာေသႀကီးႏွင့္ ျဖစ္
သြား၏။ “ယြန္း…”
“ဘာလဲ ေမာင္း
“ယြန္း ျပန္ႏွင့္”
ခ်စ္လို႔ပင္ မေခၚေတာ့ “ယြန္း ” တဲ့
ေမာင့္ကို ၾကည့္ရတာ မ႐ိုးေတာ့။ ယြန္း အနားက မခြာေတာ့။ တစ္ခုခုေတာ့ တစ္ခုခု ပင္။ ေမာင္က ဆရာ့အခန္းကို ျပန္သြား၏ ။ အခန္းထဲဝင္သြားေတာ့ ဆရာ့ကို စပါယ္ရွယ္နပ္(စ္) ႏွစ္ဦး က ဝွီးခ်ဲေပၚ တင္ေန၏ ။ ဆ ရာ့အေမက ဆရာဝန္ႀကီးႏွင့္ သြားေတြ႕ေန၏
“ဆရာ့ကို ငါတို႔ တြန္းသြားေပးမယ္”
“ကြၽန္မတို႔ နပ္(စ္) ေတြ လုပ္ပါ့မယ္” “ရတယ္…..ငါလုပ္မယ္”
“အဲဒါဆိုလည္း အားနာရတာ ေပါ့။ အေပၚ ဆုံးထပ္ ဝရန္တာမွာေနာ္…စိုက္ ခင္းနဲ႔ ပန္းၿခံ ရွိတယ္။ ေလတဟူးဟူးနဲ႔ ေလ
ေကာင္း၊ ေလသန႔္ရႉလို႔ ရတယ္။ အေပၚထပ္
တက္တဲ့ စက္ေလွ ကားေနရာကို သိတယ္
ေနာ္ ”
“သိတယ္”
“ေကာင္း” က သီဟမိုးကို တြန္းလွည္းေပၚ
တင္ၿပီး အခန္းျပင္ထြက္၏ ။ ေကာ္ရစ္ဒါ
အတိုင္း တြန္းသြား၏ ။ ယြန္းက ေဘးက
လိုက္ရင္း ေမာင့္မ်က္ႏွာေသႀကီးကို

အကဲခတ္ေန၏ ။ ဆရာက ေတာ့ မိန္းေမာ ၁ မွိန္းေန၏ ။
စက္ေလွကားထဲဝင္ေတာ့-
“ေမာင္….ေမာင္ ဘာျဖစ္ေနတာလဲ” “ဘာမွ မျဖစ္ပါဘူး..ခ်စ္ေလး”
ေခၚသံမွန္လာ၍ ယုံၾကည္စိတ္ ျပန္ျဖစ္ ေပၚလာ၏။
သူ႔ဆရာကို ေတာ္ေတာ္ ခ်စ္ရွာသားပဲဟု
ထင္မိ၏ ။ ေမေမနဲ႔သာ ပတ္သက္မႈမရွိလွ်င္ ယြန္း လည္း ဆရာ့ကို ေလးစားခ်စ္ခင္မိမွာ အမွန္ပင္။ ခုေတာ့ စိတ္ထဲမွာ ခုေန၏ ။ အေပၚဆုံးထပ္ေရာက္ေသာအခါ ေမာင္ က ဆရာ့ကို တစ္ဖက္စြန္းဆီ တြန္းသြား၏ ။ (၁၂) ထပ္အျမင့္ရွိေသာ အနားစြန္းမွာ ေမာင္ ရပ္တန႔္လိုက္၏ ။ ဒီေနရာက ျပင္ဆင္ေနဆဲ ေနရာ။ ဝရန္တာ မရွိ။ တြန္းခ်လိုက္လွ်င္ တိုက္ေအာက္ကို ျပဳတ္က်ၿပီး မရႈမလွေသဆုံးသြားႏိုင္၏။
ဖုန္းျမည္သံေပၚလာ၍ ေဖေဖျဖစ္ေန၏ ။
“သမီးေလး…အိမ္ကို
အျမန္ျပန္လာပါဦး။
သမီးေမေမ စိတ္ေဖာက္သလို ျဖစ္ေနလို႔”
“ဟင္…..ဪ..ဟုတ္…ဟုတ္ကဲ့”
ယြန္း ျပန္ရေတာ့မည္။
“ေမာင္….အေရးႀကီးလို႔ အိမ္က ဖုန္းဆက္ ေခၚတယ္။ ယြန္း ေနလို႔ မရေတာ့ဘူး” “သြားေလ….ေမာင္ေနခဲ့မယ္”
ယြန္းလည္း တစ္ခ်ိဳးထဲ ဓာတ္ေလွကားဆီ
သုတ္သုတ္ေျပးသြားရေတာ့၏ ။ ဘာေတြ ျဖစ္ကုန္ၿပီလဲ။ တစ္ခုခုေတာ့ တစ္ခုခုပဲ။ မ႐ိုး တာေတာ့ အမွန္။ ေငြစင္သြန္းရဲ႕ စက္တန္ခိုးနဲ႔ ထိန္း ခ်ဳပ္ မႈေတြလား။ ပူပန္းစိတ္ေတြ တရိပ္ရိပ္ႏွင့္ ယြန္း စက္ေလွကားက်ယ္ထဲ ဝင္ရပ္လိုက္၏။
အိမ္ ေရာက္ေသာအခါ ေမေမ ျပန္ေကာင္း ေန၏ ။ ေဖေဖႏွင့္ ဧည့္ခန္းမွာထိုင္ၿပီး G ေအးေအး ေဆးေဆး စကားေျပာေနၿပီ။
သို႔ေသာ္ျငား ေမေမပုံစံက အမူးသမား သိပ္ေျပေသးဟန္ မတူ။ က်န္တာေတြကို
စိတ္မဝင္
သူမေရာဂါကိုသာ
စိတ္ဝင္စားၿပီး ေရာဂါေပ်ာက္ေအာင္ လုပ္
ခ်င္ပုံသာေပါက္ေန၏။
“သမီး….ေမေမ ဘာမွ မျဖစ္ပါဘူး။
ျဖစ္လို႔လဲ”
ဦးေနထိုက္က မ်က္ႏွာရိပ္ မ်က္ႏွာကဲျပၿပီးေတာ့ တား၏ ။ ယြန္းသေဘာေပါက္ ၿပီး
ဆက္မေမးေတာ့။ မိခင္ကိုတြဲၿပီး အိပ္ရာထဲ ကို လိုက္ပို႔ကာ တစ္ေရးသိပ္လိုက္၏ ။ ဖခင္
ျဖစ္သူႏွင့္ ဧည့္ခန္းမွာ ျပန္ေတြ႕စဥ္
“သမီးေမေမ
စိတ္ေဖာက္ျပန္သလိုေတြျဖစ္ၿပီး ကေယာင္ကတမ္းေတြ ေလွ်ာက္ေျပာ တယ္လို႔ ထင္ေနတာ။ သူ အိပ္မက္မက္တယ္ တဲ့။ အိပ္မက္ဆိုးမို႔ ပူးစူးဝါးဝါး ေအာ္ဟစ္ ၿပီး လန႔္ႏိုး လာရတာ တဲ့။ အိပ္မက္ထဲမွာ ေကာင္းျမတ္သူက သီဟမိုးကို လွီးခ်ဲတြန္း ေပးေနတယ္။ ပုဂၢလိက ေဆး႐ုံအေပၚဆုံး ထပ္ ဝရန္တာမွာ ဝရန္တာအသစ္က ျပန္ ျပဳျပင္ေနတုန္း ရွိေသးတယ္။ အဲဒီ မွာ ရပ္ေန ၾကတယ္။ ယြန္းက ႏွစ္ေယာက္၊ တစ္ ေယာက္က ေကာင္းျမတ္သူတို႔ကို တြန္းခ် လိုက္တာ ငယ္သံပါေအာင္ … ေအာ္ရင္း ေအာက္ျပဳတ္က် ေသကုန္ၾကတယ္။ ယြန္း ႏွစ္ေယာက္ လုံးေထြးသတ္ ပုတ္ၾကတာ သ ၪၨာလီက ဝင္ဆြဲရင္း အဲ့ဒီႏွစ္ေယာက္ေရာ သၪၨာလီပါ ေအာက္ကို လိမ့္က်သြား ေရာ။ အဲဒီ မွာလန႔္ၿပီး ေအာ္ဟစ္လိုက္မိတာတဲ့။”
“ေဖ…ေဖေဖ…ဒီအိပ္မက္က မ႐ိုးဘူး။ အခု “ေကာင္း” နဲ႔ ဆရာတို႔ အိပ္မက္ထဲက အတိုင္း အႏၲရာယ္ရွိတဲ့ေနရာမွာ ရပ္ေနၾက တယ္။ သမီး ဖုန္းဆက္လိုက္ဦးမယ္”
ေကာင္းျမတ္သူ၏ ဖုန္းကို ခ်က္ခ်င္းဆက္
လိုက္၏။
“ဟယ္…..လို”
ျပန္ထူးသံက “ေကာင္း ” မဟုတ္။ မိန္းမ
တစ္ေယာက္ အသံ။
“ေကာင္းျမတ္သူ ရွိလား”
“ရွိတယ္…အခု ေျပာေနတယ္”
“ရွင္ ဘယ္သူလဲ”
“………..8&:”
“ဟင္ ….နင္…..နင္”
“ေကာင္းျမတ္သူကို ငါ ဝင္စီးထားတယ္။ သီဟမိုးလည္း မႈိင္းမိထားတယ္။ ေယာက္ လုံး ငါသတ္ပစ္လို႔ရတယ္။” “မသတ္နဲ႔..နင္လုပ္ခ်င္တိုင္း လုပ္လို႔မရ ဘူးေနာ္။ တေစၦက လူသတ္လို႔မရဘူး”
“ဟား ဟား ား ဟား နင္မသိတာေတြ အမ်ားႀကီး ရွိေသးတယ္ ေ႐ႊစင္ယြန္း။ လိုရင္း ပဲ ေျပာမယ္။ နင္နဲ႔ငါ ေနရာလဲဖို႔ ငါရွိတဲ့ ေနရာကို နင္ အျမန္ဆုံးလာခဲ့။ အေမ ကိုယ္ဝန္ေသြးသြန္းခဲ့တဲ့ ဂုံးတံတား လႈိဏ္ ေပါက္ထဲကို ညေမွာင္တာနဲ႔ လာခဲ့။ အဲဒီ လိုမွ မလာဘူးဆိုရင္ ဒီႏွစ္ေယာက္လုံး ကို ငါ
တြန္းခ်ပစ္မယ္။
အခုညေန ငါးနာရီခြဲေနၿပီ”
ေမွာင္ေတာ့မယ္။
“နင္…..နင္….ေအး…..ေကာင္းၿပီ၊ ငါ လာခဲ့
မယ္ နင္ ေစာင့္ေန…”
ရယ္သံမ်ိဳးစုံႏွင့္ ဖုန္းပိတ္သြား၏ ။ ယြန္း

စိတ္ထဲက ႀကိတ္ႀကံမိ၏။ ယြန္းကိုလဲလွယ္ဖို႔ သူ႔ ေထာင္ေခ်ာက္ထဲ ဖိတ္ေခၚျခင္းပင္။ ယြန္း က သူ႔ဆႏၵကို လိုက္ေလ်ာမလို႔နဲ႔ .. သူ႔ကို အနီးကပ္ ပရိတ္ ေရျဖင့္ ပက္ၿပီး ဆုံးမ ပစ္လိုက္မည္။ ဒီလိုအေတြးအႀကံႏွင့္ လက္ခံ လိုက္ျခင္း ျဖစ္သည္။
ဖခင္လည္း စပီကာဖြင့္ေျပာေန၍ အားလုံး
ၾကားသိၿပီးေလၿပီ။ အိပ္ခန္းထဲက ပရိတ္ ေရ
ပုလင္း ေျပးယူလိုက္၏ ။ စလင္း ဘတ္အိတ္
ႀကီးထဲ ပရိတ္ေရကို ထည့္လိုက္၏ ။ ဦးေန ထိုက္က
“သမီး မသြားရဘူး”
“သြားမွ ျဖစ္မွာ ေဖ၊ ေဖေဖ…ေကာင္းေသသြား လိမ့္မယ္… ဆရာသီဟလည္း ေသမွာ”
“သမီးသြားရင္ သမီးရဲ႕ လိပ္ျပာကိုႏုတ္ၿပီး သူ႔လိပ္ျပာအစားသြင္းလိုက္လိမ့္မယ္။ သမီး ေသသြားလိမ့္မယ္။ သမီးတေစၦျဖစ္သြားလိမ့္မယ္”
“မျဖစ္ႏိုင္ပါဘူး ေဖေဖ…ပရိတ္ေရ ပုလင္း ပါတယ္။ အစြမ္းထက္တဲ့ ပရိတ္ေရေလ။ အဲ ဒါနဲ႔ အနီးကပ္ပက္လိုက္ရင္ သူ႔အစြမ္းေတြ ေရာ၊ စက္ႀကိဳးေတြေရာ .. မႈိင္းတိုက္ထား တာေတြပါ အကုန္ လြင့္ေပ်ာက္ကုန္လိမ့္မယ္ လို႔ သမီးထင္တယ္”
“ျဖစ္ႏိုင္ရင္ မသြားပါနဲ႔……ေဖေဖ စိုးရိမ္
တယ္ သမီး”
“ေဖေဖ ပရိတ္ေရကို မယုံဘူးလား” “ယုံပါတယ္။ ဒါေပမယ့္”
“သြားမွာပဲ ေဖေဖ၊ ေမွာင္ေတာ့မယ္” “သြားၿပီ…ေမေမ့ကို ေသခ်ာဂ႐ုစိုက္ပါ
ယြန္း … ေအာ္ေျပာခဲ့ၿပီး ဓာတ္ေလွကား ဘယ္ဘက္က တက္လိုက္၏ ။ ဒီထဲက သရဲမ လည္း ေၾကာက္မေနေတာ့။ ပရိတ္ေရနဲ႔ ပက္ပစ္မွာေပါ့။ စိတ္ေစာကာ ေဇာကပ္ေနၿပီ။ ညာဘက္က ပ်က္ ေနေသာဓာတ္ေလွကားမွာ
ေအာက္မွာ ရွိေနဆဲ။
ကြန္ဒိုေအာက္ေရာက္သည္ႏွင့္ ေျခလွမ္း
ေတြကို သုတ္သုတ္သြက္သြက္ ေလွ်ာက္၏။
ဦးေနထိုက္ ေဆာက္တည္ရာ မရ။ သမီး ေနာက္ကိုလိုက္ဖို႔ အျမန္ဆုံး ျပင္၏ ။ သမီး အခန္း က နံရံမွာကပ္ထားေသာ ေသြးစား တမ္း ဓာတ္ပုံကို ျမင္မွ သေဘာေပါက္ သြား၏ ။ သၪၨာလီ ေသြးသြန္းခဲ့သည့္ ေနရာ ပဲ။ ေနထိုက္ကိုယ္တိုင္ သြားကယ္တင္ခဲ့ရ သည့္ ေနရာ။ သၪၨာလီ မိုးေရ႐ြံ႕ဗြက္နဲ႔ ေခ်ာ္လဲ ၿပီး အမာထည္တစ္ခုခုကို သြားေဆာင့္မိခဲ့ သည့္ေနရာ။
သမီး ထြက္သြားၿပီး မိနစ္ႏွစ္ဆယ္အၾကာ မွာ ဦးေနထိုက္ ထြက္လိုက္လာရ၏ ။ သၪၨာ လီက အျပင္သြားမယ္လုပ္ေန၍ ေသာ့ခတ္ထားခဲ့ရသည္။
သၪၨာလီရဲ႕စိတ္ေတြက သိပ္ၿပီး မူမမွန္ေသး။
ပ်က္ေနတဲ့ စက္ေလွကားက အဆင္သင့္ ေစာင့္ေနသလိုပင္။ စက္ေလွကားထဲကို ခပ္ သြက္ သြက္ ဝင္လိုက္၏ ။ ဝွီးခ်ဲႏွင့္ စက္ေလွကားထဲေရာက္မွ ခလုတ္ႏွိပ္လိုက္၏ ၊ တံခါးေစ့ပိတ္သြားေလ ၿပီ။
တကယ္အတိုက္နဲ႔ဖလွယ္အခိုက္
ယြန္း ေျပးလိုက္၊ နားလိုက္ျဖင့္ ဥမင္လႈိဏ္ ေပါက္ကို ေရာက္လာခဲ့၏ ။
(တစ္ဦးတည္းေသာ ခ်စ္ညီမေလးေပမယ့္
ဘဝခ်င္း ျခားခဲ့ၿပီ)
တေစၦဘဝနဲ႔ ေတာက္ေလွ်ာက္ ေႏွာင့္ယွက္ ႏွိပ္စက္ေနကာ အသက္ကို အတင္း ေတာင္း ေန ၏။
{{{ေမေမ စိတ္မမွန္ေတာ့တာလဲ၊ ဒင္းေၾကာင့္….)))
ယြန္း … အေယာင္ေဆာင္ၿပီး လိုက္လံ ရႈပ္ေထြးေအာင္ လုပ္ေဆာင္၍ ယြန္းမွာ လိုက္ လိုက္ ရွင္းေနရ၏။
အခု ေကာင္းျမတ္သူကိုပါ လုပ္ႀကံဖို႔ တာစူ G&E….
ဆရာ သီဟမိုးကိုလည္း သုတ္သင္ေတာ့မည္။
ဒင္းေကာင္းခဲ့တာ ဘာရွိလဲ။ [{(ေတာင္းလိုက္ေတာ့လည္း အသက္)))
သူ႔ရဲ႕ ပရေလာကထဲ ဒုကၡေတာထဲကို အစ္မ ေရာက္ေအာင္ အတင္းပို႔ေဆာင္ေန၏။ ဒါ……ညီအစ္မေတြရဲ႕ ခ်စ္ခင္ၾကင္နာမႈ လား၊ ျမတ္ႏိုး ေႏြးေထြးမႈလား။
သြားစမ္းပါ။ (((စိမ္းကား ရက္စက္ျခင္း) ေသြးဆာ ၾကမ္းၾကဳတ္ျခင္း၊ မိစာၦပီပီ ႐ိုင္း
ယုတ္လုပ္ႀကံျခင္း ေတြနဲ႔ ျပည့္ႏွက္ေနတဲ့
တေစၦမ။
နင္….ငါ့ညီမ မဟုတ္ဘူး။
ပရေလာကထဲက တေစၦမ။
သက္ညႇာခြင့္ တစ္စက္မွ မေပးတဲ့ တေစၦ
ငါလာၿပီ…လာၿပီ။
ဥမင္ထဲ အေမွာင္က်ေန၍ ေၾကာက္စိတ္မ ေပၚေအာင္ ေဒါသစိတ္ကို အတင္းေမြးျမဴ လာရ ၍ ဘုရား၊ သံဃာအား ၾကည္ညိဳ႐ႊတ္ ဖတ္သရဇာယ္ဖို႔ ေမ့ေလ်ာ့ေန၏။
ေသြးစာတမ္းေပၚေသာေနရာကို လွမ္း
ေအာ္လိုက္၏။
“ေငြစင္သြန္း တေစၦမထြက္ခဲ့၊ လာ…အခု
ထြက္ခဲ့…နင္နဲ႔
ငါအျပတ္စာရင္းရွင္းမယ္
ထြက္ လာခဲ့ေလ…နင္သတၱိမရွိေတာ့ဘူး လား။ ထမိန္ၿခဳံထဲက လက္ဝါးျပမေနနဲ႔ ငါ

တစ္ေယာက္ထဲ လာၿပီ”
ထိုစဥ္ ထင္းခနဲ ဒိန္းခနဲ ျဖစ္သြား၏ ေသြး
စားတမ္းေနရာမွာ
“တေစၦမ သြန္း။”
႐ုတ္တရက္ေပၚလာသူက
သူ႔လက္ႏွစ္ဖက္ကို ဆန႔္တန္းကာ ထား၏ လက္ေခ်ာင္းက လက္သည္းေတြ အရွည္ ႀကီး ေတြ။ လမ္းမီးေရာင္ပ်ပ်ျဖင့္ လွမ္းျမင္ ရ၍ ေၾကာက္စိတ္တြန႔္ခနဲ ေပၚသြား၏ ။ ေဒါသစိတ္ေတြကို ေတြးပစ္လိုက္၏ ။ “နင္ကို ငါသတ္မယ္ မိစာၦမ”
ဟီး ဟီး ဟီး ဟီး”
တုန႔္ျပန္ရယ္သံႀကီးကိုက ေက်ာခ်မ္းခ်င္ စရာ။ ေဒါသကိုဆင့္ကဲ ေမြးဖြားလိုက္၏။
“တေစၦစုတ္မ နင္ေသရမယ္”
“ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး” ကို အာ႐ုံမျပဳႏိုင္ေမ့ေလ်ာ့ေန၏။

ဟင္း ဟင္း ဟင္း ဟင္း”
ေလွာင္ရယ္ေနျပန္၏ ။ စလင္းဘတ္အိတ္ ထဲမွ ပရိတ္ေရဘူးကိုထုတ္၊ အဖုံးဖြင့္ ၿပီး- “ေရာ့….အဲဒါ နင့္အတြက္”
ပရိတ္ေရေတြ ထိထိမိမိ ပက္ဝင္သြား၏။
“ဟီး ဟီး ဟီး ဟီး”
မတုန္လႈပ္။
တေစၦမသြန္းေတာ့။
ဘုရားစင္၊ ဘီ႐ို စားပြဲအျမင့္ေပၚမွာ တင္ထား
မွ စြမ္းေသာ ပရိတ္ေရပုလင္းကို ခုတင္ ေအာက္မွာ သြားထားမိ၍ အာနိသင္အစြမ္း ေတြ ေပ်ာက္ကြယ္ကုန္ၿပီ။တေစၦမသြန္း ဘာမွျဖစ္မသြား။
သြန္း ပါးစပ္မလႈပ္ဘဲ ေျပာလိုက္ေသာ
အသံအက္ဩဩႀကီး
ၾကားလိုက္ ရ သည္မွာ-
ကိုယြန္း နားထဲ
“နင့္ပညာ ဒါပဲလား၊ ဒီေန႔ ဒီအခ်ိန္ နင္အဆုံးသတ္ၿပီ…”
“ငါ့ကို ၾကည့္စမ္း ယြန္း”
“ငါ့ကို ၾကည့္စမ္း ယြန္း”
“ငါ့ကို ၾကည့္စမ္း ယြန္း”
စိတ္ညိဳသလို ေျပာလိုက္၍ ယြန္းလည္း ေစ့ေစ့စပ္စပ္ တုန႔္ျပန္ၾကည့္လိုက္၏ ။ သြန္း ရဲ႕ မ်က္လုံးထဲက အေရာင္တခ်ိဳ႕ေပၚမွာ ယြန္း အာ႐ုံ ေမ်ာႏွစ္သြားေလၿပီ။
ယြန္းရဲ႕ခႏၶာကိုယ္ကို ေလထဲ ေဆာင့္ဆြဲ လိုက္သလို၊ သြန္းရဲ႕နာမ္ခႏၶာပါးပါးေလးထဲ ေဖာက္ ဝင္သြား၏ ။ၿပိဳင္းလက္ေသာ … ေပါက္ကြဲအလင္းေရာင္ ေတြ လွ်ပ္လက္သလို ထြက္ၿပီးသည့္ခဏ။ ယြန္းရဲ႕ ခႏၶာကိုယ္ထဲကို သြန္းေရာက္သြား၏
ယြန္းကေတာ့ ခႏၶာကိုယ္ အျပင္ဘက္မွာ ပါးပါးလ်လ် ရပ္က်န္ခဲ့ေသာ သြန္းရဲ႕နာမ္

ခႏၶာထဲ ေရာက္ရွိသြား၏။
(၁၆) ႏွစ္လုံးလုံး ေစာင့္ေနခဲ့ရသည့္ သြန္းရဲ႕ ဆႏၵေတြ ျပည့္ဝသြားပါၿပီ။
သြန္းခႏၶာထဲ ေရာက္သြားသည့္ ယြန္းကို အေမွာင္ေလာကသား မိစာၦေတြက ဆြဲေခၚ သြားၾက၏ ။ တန္ခိုးစြမ္းအားေတြ ေျပာင္းလဲ လွယ္မႈအေပၚမွာ အသုံးခ်လိုက္ရ၍ ကုန္ဆုံး
သြားၿပီး အစြမ္းမရွိေသာ တေစၦနာမ္ခႏၶာႏွင့္ ယြန္းမွာ အားႀကီးေသာ ပရေလာကသားတို႔
ျပဳသမွ် ႏုရေသာ အေျခအေနမ်ိဳး ျဖစ္သြားခဲ့ေလၿပီ။
ယြန္းခႏၶာကိုယ္ထဲ ေရာက္ေနသည့္ သြန္း ကေတာ့ ေျခလွမ္းေတြ တစ္လွမ္းခ်င္း စမ္း ေလွ်ာက္ရင္း လူ႔ေလာကထဲကို မယုံမရဲေလး ေလွ်ာက္ဝင္သြားေလသည္။
{{{ ငါ လူ႔ဘဝထဲကိုေရာက္တာ အိပ္မက္ မ်ား ျဖစ္ေနသလား။ မဟုတ္ပါဘူး။ တကယ္
ပါ. ဒီေန႔ကစၿပီး ငါဟာ သြန္းမဟုတ္ေတာ့ ဘူး။ ယြန္းေနရာမွာ အစားထိုးၿပီးေနရမွာမို႔ ယြန္းျဖစ္သြား ၿပီ]]]
ဆိုသည့္အေတြးျဖင့္ ေျခလွမ္းေတြ ဆက္
ေလွ်ာက္၊ ဆက္ေလွ်ာက္ရင္း ယုံၾကည္မႈေတြ ခိုင္မာသြားေလေတာ့၏။
ကြန္ဒို ကို ျပန္ေရာက္လာေတာ့ ရဲေတြ၊
ေဆး႐ုံးကားေတြဝိုင္းအုံၾကည့္ေနေသာ
တိုက္ခန္း ေနသူေတြ။ ပုလိပ္စည္းတားႀကိဳး
ေတြႏွင့္ ရႈပ္ယွက္ခတ္ေန၏။
“ဘာျဖစ္လို႔လဲ အန္တီ”
“အိုး မိုင္ေဂါ့…”
“ဪ….အန္တီဝႆန္”
“ယြန္း…..ယြန္း…ယြန္း
ေဖေဖေလ…
အၿမဲတမ္း ပ်က္ေနတဲ့ စက္ေလွကားက ဆင္း
သြား တာ စက္ေလွကားႀကိဳး ပ်က္က်ၿပီး အဲဒီ အထဲမွာ သမီးအေဖ ပါသြားတယ္”
“ဟုတ္လား” “ေအး..သူေသၿပီ”
“ဪ”
“ဟင္..သမီးကို ၾကည့္ရတာ တစ္မ်ိဳးႀကီး
“ဘာျဖစ္လို႔လဲ”
“ဖေအတစ္ေယာက္လုံး အေသဆိုးနဲ႔ ေသ ရတာ ဘာမွ မျဖစ္သလို၊ ခံစားရသလိုနဲ႔” ယြန္း လွလွပပေလး ၿပဳံးျပလိုက္၏ ။ တေစၦမဘဝက တက္ခဲ့ေသာ ႐ိုး႐ိုးေလွကား ကပင္ တက္ လာလိုက္၏ ။ ေမာလိုက္တာ ေညာင္းလိုက္တာ အလြန္ပါပဲေနာ္။ ကမၼဇီဒၶိ
အစြမ္းမွ မရွိေတာ့ တာ။ အေပၚေရာက္ေတာ့ မိခင္ႀကီးကို ေသာ့ဖြင့္ဖို႔ ေဘးအခန္းေတြႏွင့္
တိုင္ပင္ၾကရ၏။
ရဲတစ္ဦးက လာဖြင့္ေပး၍ အဆင္ေျပ သြား၏။ အခန္းထဲက ထြက္လာေသာ ေမေမ မွာ စက္ႀကိဳးေတြျဖတ္ထားလိုက္ၿပီမို႔လူေကာင္း ပကတိ ျပန္ျဖစ္သြားၿပီ။ ေခါင္း
ကိုက္တာ ဘာေရာဂါမွ မျဖစ္ေတာ့။ ေခါင္း
ကိုထိခိုက္မိသည့္အပိုင္းမွာလည္း
သက္သာသြားေလၿပီ။

ယြန္း အားရဝမ္းသာေအာ္ေခၚၿပီး ေျပးဖက္ ပစ္လိုက္၏။
“သမီး……..သမီးေလး”
ေမေမက ျပန္ဖက္ထား၏ ။ ေဘးအခန္း ေတြက ဂ႐ုဏာသက္ၿပီး မ်က္ရည္ၾက၏။ ေဖေဖ ဆုံးသြားတဲ့ သတင္းကို ေမေမၾကား ေတာ့ က်ဴက်ဴပါေအာင္ ငိုေႂကြး၏ ။ ငိုပါ ေလ။ မ်က္ရည္ခန္းရင္ ပူေဆြးေသာကေတြ လည္း ဂြမ္းသြားမွာပါ။

“ယြန္း” ခႏၶာကိုယ္နဲ႔ ကြၽန္မ “သြန္း” ဟာ ေကာင္းျမတ္သူနဲ႔ ဆက္ၿပီး ခ်စ္ၾကပါတယ္။ ေက်ာင္းကပြဲအတြက္ ျပဇာတ္ ဆက္တိုက္ခဲ့ တယ္။ ဆရာသီဟမိုးက လွီးခ်ဲနဲ႔ လာ
သင္ေပးတယ္။ သူကို လုပ္ႀကံတာ ကြၽန္မမွန္း သူတကယ္သိရင္ လည္ပင္းမ်ား ထညႇစ္မလားပဲ။
ဒါေပမယ့္ သူ မထႏိုင္ေတာ့ပါဘူး။ ဒုကၡိတ
ျဖစ္ေနၿပီေလ။ ေမေမကလည္း သူ႔အလုပ္သူ
ျပန္လုပ္ေနပါၿပီ။ အရာရာဟာ ေနသားတက်ျဖစ္ေနပါၿပီ။
ေက်ာင္းကပြဲ ေဖ်ာ္ေျဖရမယ့္ေန႔ကိုလည္းေရာက္လာခဲ့ပါၿပီ။
တယ္။ သီဟမိုးက ဇာတ္စင္ေပၚမွာပဲဦးစီး ကြပ္ကဲေနတယ္။ သူတို႔ခ်င္း သူစိမ္း ျပင္ျပင္ ေတြ ျဖစ္သြားၾကၿပီ။ မဆက္ဆံၾကေတာ့ဘူး။ ဆက္ဆံလို႔မွ မရေတာ့တာပဲေလ။
“ေကာင္း” က သူ႔အခန္းထဲမွာ ကြၽန္မက ကြၽန္မအခန္းထဲမွာ။ ေက်ာင္းက စတူဒီယိုရဲ႕ မိတ္ ကပ္လိမ္းျခယ္ခန္း .. ကိုယ္စီထဲမွာ အလွျပင္ေနၾကတယ္။
မၾကာခင္ ျပဇာတ္ထြက္ေတာ့မွာ။
သြန္းျဖစ္သြားတဲ့ ယြန္းေရ…
တေစၦနဲ႔ ျမင္ေတြ႕ပတ္သက္ဖူးသူ မွန္သမွ် သက္ဆိုး မရွည္ၾကဘူး။ နင္နဲ႔ငါ ေျပာင္းလဲသြားၿပီဆိုတာ ေဟာဒီဓားဒဏ္ရာ အမာ႐ြတ္ေလးကို ပလတ္စတာ ခြာၾကည့္လိုက္မယ္ ေတြ႕လား။
အနာက်က္တာလည္း မရွိ။အမာ႐ြတ္လည္း မရွိ။
ပကတိ လွပတဲ့ လက္ကေလး ျပန္ျဖစ္သြားၿပီေလ။
နင္နဲ႔ငါရဲ႕ ေျပာင္းလဲမႈကို ဘယ္သူမွ မသိလိုက္ၾကဘူးေလ။
သိခ်င္သူေတြသိဖို႔လိုအပ္တာက…
တေစၦကို ျမင္ေတြ႕ၿပီးတဲ့လူတိုင္းဟာ အသက္ရွည္ဖို႔ အခြင့္အေရးနည္းသြားၿပီး
အသက္ရွင္ ရက္ေတြလည္း သိပ္ကို
တိုေတာင္းပါတယ္။ အားလုံးမဟုတ္ေပမယ့္
အမ်ားစုကေတာ့ တေစၦနဲ႔ပတ္ သက္ထိေတြ႕
ဆက္ဆံမိခဲ့ရင္ ေသျခင္းနဲ႔ေထြခင္းကစား
သလို၊ ေသမင္းလက္ထဲ ေရာက္သြားရတာ
ခ်ည့္ပဲ။နင့္ေနရာမွာ ငါ။
ငါေနရာမွာ နင္ျဖစ္သြားၿပီ။ ဘယ္သူမွမသိ
လို႔ နင္ ဇြတ္ျငင္းခ်င္လည္း အလကားပဲ။ ေနာက္ထပ္ (၁၆) ႏွစ္ၾကာတဲ့အခါက်ရင္
ငါ့ေနရာကို နင္ ျပန္လဲယူခြင့္ရွိတယ္။
တေစၦဘဝတုန္းက ငါ့လို အစြမ္းသတၱိေတြ
ရေအာင္နင္သင္ယူလိုက္ဦးေပါ့။
အဲဒီ လိုနဲ႔ (၁၆) ႏွစ္ၾကာတိုင္း ၾကာတိုင္း
နင္နဲ႔ငါဟာ သူတစ္ျပန္ ကိုယ္တစ္လွည့္ လဲလွယ္ေနထိုင္သြားၾကမယ္ေလ။
ဒါမွ သာတူညီမွ် အႁမႊာညီအစ္မ ပီသေတာ့
မွာေပါ့။ဒီၾကားထဲမွာ ယြန္းဆိုတဲ့ ႐ုပ္ခႏၶာႀကီး သက္တမ္းမကုန္ေသးသေ႐ြ႕ နင္နဲ႔ငါ ေတြ႕
ၾကဦး မွာေပါ့။
ေစတန္
***