ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး)

သူရိုက်လိုက်သည့်အရှိန်ကြောင့်ချုံပုတ်ကြီးတစ်ခုလုံးလှုပ်ခါသွားကာချုံပ်အတွင်မှဒေါသတကြီးအော်မြည်လိုက်သောမြွေသံများကိုအမှတ်မထင်ကြားလိုက်ရသည်။
ဟိုက်မမျှော်လင့်ဘဲမုတ်ဆိတ်ပျားဆွဲတယ်ဆိုတာဒါမျိုးထင်ပါရဲ့ကိုင်းအလုပ်စမှတော်ရော့မယ်
ကနဦးနှစ်ခွတုတ်ဖြင့်ချုံပုတ်အတွင်းထိုးဖယ်လိုက်ရာလက်ကောက်ဝတ်ခန့်မြွေဟောက်တစ်ကောင်ကပါးပျဉ်းထောင်ရင်းလျှောခနဲထွက်လာခဲ့သည်။
အံ့ထူးကလျင်သည်ဆိုရမည်။ထိုမြွေ၏ဇက်ပိုင်းကိုလက်တဖက်မှမှိန်းဖြင့်ဖျတ်ခနဲထိုးစိုက်ပြီးဖြစ်နေသည်။
အလေ့အကျင့်နှင့်အတွေ့အကြုံကသူ့ကိုအထောက်အကူပြုပြီးဖြစ်နေသည်။
ဝုန်း
ဗျန်းဗျန်း
ရွှီရွှီ
နာကျင်လွန်းလှသောကြောင့်မြွေဟောက်ကြီးကအမြီးဖြင့်တွန့်လိမ့်ရိုက်ပုတ်ရာချုံု ပုတ်မှာတဗျန်းဗျန်းလှုပ်ခါလျက်ရှိနေလေ၏။
ယင်းအခိုက်မှာပင်နောက်ထပ်လုံးတူရွယ်တူမြွေတစ်ကောင်ကရှဲခနဲချုံပုတ်အတွင်းမှထပ်မံတိုးထွက်လာလျက်အံ့ထူးကိုသွက်လက်စွာပေါက်တော့သည်။
သို့သော်အံ့ထူးကခြေလှမ်းအဆုတ်အတက်၊ကိုယ်ကိုယို့၍ရှောင်တိမ်းပြီးနောက်၊မြွေကြီးမောလာပုံရသည်တွင်အံ့ထူးကလက်ထဲမှဖိညှပ်သောတုတ်ဖြင့်ချက်ကောင်းဖြစ်သည့်မြွေကြီးဇက်ကိုလှမ်းဖိထားလိုက်သည်။
ထို့နောက်မြေပြင်မှခဲတစ်လုံးကိုကောက်ယူကာမလှုပ်နိုင်အောင်မိနေသည့်မြွေနှစ်ကောင်ဦးခေါင်းကိုထုခြေရိုက်သတ်လက်စသတ်လိုက်တော့သည်။
သေနေပြီဖြစ်သောမြွေနှစ်ကောင်ကိုပခြုပ်အတွင်းထည့်နေစဉ်ချုံပုတ်အတွင်းလှမ်းကြည့်မိကာသဘောအကျကြီးကျသွားရသည်။
သြအဟဲဟဲဟဲ
အဘယ်ကြောင့်ဆိုသောချုံပုတ်အတွင်း၌မြွေဥအချို့ကိုတွေ့လိုက်ရသောကြောင့်ဖြစ်ပေသည်။
ထို့ကြောင့်မြွေဥများကိုပါပခြုပ်ထဲကောက်ထည့်လျက်လေကလေးတချွန်ချွန်ရိုးမတောကြီးအတွင်းခြေလှမ်းသွက်သွက်နှင့်ထွက်ခွာလာခဲ့သည်။
ရိုးမတောကြီးမှထွက်ခွာလာပြီးနောက်အတန်လှမ်းလှမ်းသို့ရောက်သောအခါမည်သို့ဖြစ်စေမသိအောင်ပင်ရိုးမတောကြီးအတွင်းမှဆူသံညံသံအော်သံဟစ်သံငိုယိုသံတို့ထွက်ပေါ်လာရုံမျှမကသစ်ပင်ကြီးငယ်တို့မှာလည်းလေတိုက်ခတ်ခြင်းမရှိမှာဘဲလျက်တဝုန်းဝုန်းတဗြုန်းဗြုန်းလှုပ်ယမ်းယိမ်းခါနေသည်ကိုအံသြစဖွယ်တွေ့မြင်ရသည်။
ဟိုက်ထူးထူးစန်းစန်းပါလား၊လေမတိုက်ပဲသစ်ပင်တွေလှုပ်ယမ်းနေလို့၊တောထဲကဆူညံသံတွေ၊အော်ဟစ်သံတွေမြည်ဟည်းနေတာ၊ဧကန္တနာနာဘဝဆိုတာတွေများလားမသိပါဘူး။ဘာပဲဖြစ်ဖြစ်မြွေသားချက်ချိန်အမီအိမ်ပြန်မှ
ပြောပြောဆိုဆိုတောအုပ်ကိုကျောခိုင်းကာအံထူးတစ်ယောက်ရွာဘက်သို့ခြေလှမ်းများကိုရွေ့လျားစေလိုက်သည်။
ထိုခဏ၌တောအုပ်ကြီးမှာတိတ်ဆိတ်လျက်အပ်ကျသံကိုပင်ကြားရမတတ်ဖြစ်သွားပြန်ေြာင်းအံ့ထူးသတိပြုလိုက်မိ၏။
တောချောက်တာလား၊ဘာလား၊ဘာပဲဖြစ်ဖြစ်၊အံ့ထူးတို့ကကြောက်လိမ့်မယ်မထင်နဲ့ဟေ့၊ဘာကိုမှမမှုဘူးဟမှတ်ထားသည်သို့ဆိုကာအံ့ထူးကပခြုပ်ကိုကျကျနနပြင်ဆင်လွယ်ပိုးပြီးနောက်ခြေလှမ်းမှန်မှန်နဲ့သူ့ရွာဘက်ကိုလျှောက်ခဲ့တော့သည်။အင်းမောမောနဲ့ဘကြီးဖိုးသာရဲ့ထန်းတဲဝင်ပြီးထန်းရည်တအိုးလောက်တော့မှသောက်ဦးမှ
သူ့အတွေးတွင်အရသာရှိလှသောမြွေသားမွှေးမွှေးကိုတရစ်ဝဲဝဲမြင်ယောင်နေမိသည်သာ။ရိုးမတောရိပ်တောင်ရိပ်နှင့်လွန်စွာနီးလှသောသပြေပင်ရွာကလေး၏ညသည်မှောင်မည်းလျက်ပကတိတိတ်ဆိတ်လွန်းလှပေ၏
အုဝုဝူး
အူး
တစ်ခါတရံရွာအတွင်းရှိခွေးများ၏အူသံများသာကြားရပေလိမ့်မည်။
သို့ရာတွင်ပကတိတိတ်ဆိတ်အိပ်မောကျနေသောရွာကလေးမှာသန်းခေါင်ကျော်အချိန်ခန့်၌တစ်ရွာလုံးကိုလှုပ်နှိုးလိုက်သည့်အလားဆူညံသံများလွှမ်းမိုးသွားတော့သည်
ရှဲရှဲရှဲ
ဖလပ်ဖလပ်
ရွှီးရွှီးရွှီး
ဝုတ်ဝုတ်အူး
အုအူး
ဝုန်း
ဗျန်း
သစ်ရွက်ခြောက်များကိုလေဝှေ့သည့်အသံမျိုးငှက်ပျောဖက်နှင့်အပင်တို့ရိုက်သလိုအသံမျိုးနှင့်ခွေးများ၏အူသံဟောင်သံတို့ကရွာလုံးအနှံ့ကွမ်းတယာညက်ခန့်မျှဆူညံနေပြီးနောက်မှသာပြန်လည်တိတ်ဆိတ်သွားတော့သည်။
တဖန်ရွာအတွင်းရှိသစ်ပင်ကြီးငယ်များလေမတိုးပါဘဲလျက်တဝုန်းဝုန်းလှုပ်ခတ်ဆူညံနေပြန်လေသည်။
ထိုကိစ္စသည်လည်းအတန်ကြာမှပင်ငြိမ်သက်ကာရွာကလေးမှာမူလအတိုင်းပြန်လည်တိတ်ဆိတ်သွားခဲ့ပေသည်။
အိပ်မပျော်သေးသူအချို့နှင့်လန့်နှိုးသူအချို့တို့ကအိမ်နီးနားချင်းတစ်အိမ်နှင်တစ်အိမ်ယင်းကိစ္စကိုအော်ဟစ်ပြောဆိုနေကြ၏။
ထိုအသံများဆက်လက်ထွက်ပေါ်လာမည်လောဟုလည်းစိုးရိမ်စိတ်နှင့်ရွာသားအချို့ကစောင့်စားနေကြသည်။
သို့ရာတွင်မည်သည့်အသံဗလံမျှထွက်ပေါ်လာခြင်းမရှိတော့ဘဲထမင်းတစ်အိုးကျက်ခန့်အကြာ၌လင်းကြက်တွန်ကျူးသံထွက်ပေါ်လာခဲ့သည်။
အောက်အီးအီးအွတ်
အွတ်အွတ်
များမကြာမီရွာဦးကျောင်းမှအုန်းမောက်ခေါက်သံမရှေးမနှောင်းထွက်ပေါ်လာပြန်သည်။
ထို့နောက်အရှေ့ဆီမှရောင်နီများသန်းလာချိန်တွင်ဆရာတော်ဘုရားသည်ရွာအတွင်းသို့ကြွလာခဲ့လျက်ရွာသူကြီးဦးထိန်ခြံဝင်းအတွင်းသို့ဝင်လိုက်သည်။
အိုးဆရာတော်ဘုရားကိုး၊ကြွပါဘုရား၊ဟဲ့မယ်ကျင်ဖျာခင်းပါဟယ်၊ခြေသုတ်ပုဆိုးချဟ၊အရုဏ်ဆွမ်းအတွက်ပြင်ကြဟာ
မိသားစုအားလုံးမမျှော်လင့်သည်ကြောင့်ပျာပျာသလဲဖြစ်သွားကြရာဆရာတော်ဘုရားကဘုရားစင်ရှေ့၌နေရာတကျထိုင်မိစဉ်လက်ကာပြကာ
နေနေဒကာ၊ဒကာမတို့ဘုန်းကြီးသွားနာနေတာကြောင့်စောစောကတင်ကပ္ပိယကြီးကျိုပေးထားတဲ့ယာဂုဘုဉ်းပေးလာခဲ့င်္ပြီး၊ခုလာတာကသူကြီးနဲ့ပြောစရာကိစ္စလေးရှိနေလို့လေဟုဆို၏။မှန်ပါ့၊မိန့်တော်မူပါဘုရား
သူကြီးဦးထိန်နှင့်ဇနီး၊မိသားစုများအားလုံးဆရာတော်မိန့်ကြားလာမည့်စကားကိုငံ့လင့်နေကြသည်။
ခပ်စောစောကရွာအတွင်းထွက်ပေါ်လာသည့်အမျိုးအမည်မသိရသောအသံဗလံများနှင့်ဆရာတော်ဘုရားထူးထူးစန်းစန်းကြွလာမှုကဆက်စပ်နေလိမ့်မည်ဟုတွေးမိကြသောကြောင့်ဖြစ်သည်။
ဆရာတော်ဘုရားကသူကြီးငှဲ့၍ကပ်လာသောရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်ပြီးမှအောက်ပါအတိုင်းစကားစ၏။
အိမ်းတယ်လည်းခက်သကွယ်၊လောကကြီးမှာမသိမလိမ္မာသူ၊မိုက်မဲသူရှိတဲ့အရပ်ဒေသဟာတယ်ပြီးအန္တရာယ်ကြီးသကိုးကွယ့်
မှန်ပါ့၊တပည့်တော်နားမရှင်းကြောင်းပါဘုရား
ဒီလိုကွယ့်၊လွန်ခဲ့တဲ့တစ်နာရီကျော်ကျော်နှစ်နာရီနီးပါးမှာရွာအတွင်းထူးထူးစန်းစန်းဖြစ်ပေါ်သွားမှုဟာလူဆိုးလူသွမ်းတစ်ယောက်နဲ့ပတ်သက်ဆက်စပ်နေတယ်လို့ပြောတာကွယ့်
သြဒီလိုလား၊တပည့်တော်နဲ့တကွရွာသားတွေလည်းတစ်ခါမှမကြုံဖူးတဲ့ထူးဆန်းမှုကြောင့်အံ့သြပြီးတယောက်နဲ့တစ်ယောက်ကျွက်စိကျွက်စိပြောနေကြတာဘုရား
အေးအေးနားထောင်၊ပြောရမယ်ဆိုရင်ဒီအဖြစ်ရဲ့လက်သည်တရားခံဟာဒကာငြိမ်းသာနဲ့ဒကာအေးမယ်တို့ရဲ့သားလူဆိုးအံ့ထူးပေပေါ့ကွယ်
ဟာ
ဟင်
အို
အလို
မိသားစုများအားလုံးဆရာတော်မိန့်ကြားမှုကြောင့်တအံတသြဖြစ်ကာအာမေဍိတ်သံများကိုယ်စီထွက်သွားကြသည်။
အတန်ကြာမှဆရာတော်ဘုရားကဆက်လက်မိန့်ပြန်လေ၏။
ညဦးကကျုပ်ဘုရားဝတ်ပြုတရားထိုင်ပြီးလို့ကျိန်းမယ်ကြံစဉ်မှာလူရိပ်နှစ်ခုတံခါးဝကပေါ်လာပြီးကျုပ်ကိုရှိခိုးကန်တော့ကြတယ်
မိသားစုအားလုံးကစိတ်ဝင်တစားတိတ်ဆိတ်စွာနားထောင်နေကြသည်။
ဆရာတော်ဘုရားကရေနွေးကြမ်းတစ်ကျိုက်မော့သောက်ပြီးမှပြောပြန်သည်။
အဲပြောရရင်ဒီလူရိပ်နှစ်ခုဟာကမ္မဇိတ္တိရှိတဲ့နာနာဘာဝတစ်မျိုးပေပေါ့
သြ
သူကြီးဦးထိန်စိတ်ဝင်စားသွားကာတအံတသြရေရွတ်လိုက်သည်။
သူတို့ဟာဇနီးမောင်နှံဖြစ်ကြောင်း၊သူတို့ဟာတောအုပ်ကိုတတ်နိုင်သမျှစောင့်ရှောက်နေတဲ့မြွေနဂါးမျိုးနွယ်ဖြစ်ပြီး၊သူ့တို့ဇနီးမောင်နံ့ှသာမက၊သူ့တို့ရဲ့သားသမီးလောင်းတွေဖြစ်တဲ့ဥတွေကိုလည်းလူသားတစ်ယောက်ကသတ်ဖြတ်စားသောက်လိုက်ကြောင်းငိုယိုပြီးလျှောက်ထားပြောကြားရှာကြတယ်ကွယ့်
အာ
အလို
အိုး
အီး
မိသားစုအားလုံးကြားရတဲ့စကားကြောင့်ကြောက်လန့်လျက်ရေရွတ်လိုက်ကြ၏။
ဆရာတော်ဘုရားကခေတ္တနားနေပြီးမှက္ကုန္ဒြေမပျက်ဆက်ပြောပြန်သည်။
အဲဒီသတ်ဖြတ်သူဟာဘယ်သူဘယ်ဝါဖြစ်နိင်တယ်ဆိုတာအားလုံးခန့်မှန်းမိကြပြီးဖြစ်မှာပါ။သူဟာမြွေသားသာမကဥတွေကိုပါချက်ပြုတ်စားသောက်တယ်တဲ့လေ
သက်ပြင်းချသံများပြိုင်တူလိုလိုထွက်လာကြသည်။နောက်ပြီး၊သူတို့ဆက်လက်လျှောက်ထားတာက၊ကျုပ်အနေနဲ့သူတို့ကျွတ်လွတ်အောင်မေတ္တာပို့သအမျှပေးဝေဖို့နဲ့မကြာခင်ဒီရွာဟာကပ်ဆိုးကြီးတခုကျရောက်တော့မှာဖြစ်တဲ့အကြောင်းလာရောက်သတိပေးလျှောက်ထားရခြင်းဖြစ်ကြောင်းပြောပြရှာတယ်လေ
တယ်ထူးဆန်းပြီး၊တကယ့်ကိုမယုံနိင်စရာပါဘဲဘုရား
ဒကာထိန်ရေဒါကြောင့်ပြောတာပေါ့၊လူဆိုးလူမိုက်တစ်ဦးကြောင့်လူအများမှာဘေးရန်အန္တရာယ်ကျရောက်နိုင်တယ်ဆိုတာ
မှန်ပါ့ဘုရား
အဲဆက်ပြောရရင်၊ဒီဝိညာဉ်တွေကသူ့တို့အနေနဲ့အာဃာတမပြုလိုတော့သော်လည်းဒီရိုးမကြီးထဲမှာသူ့တို့ကိုအုပ်ချုပ်တဲ့မြွေညှို့ရှင်ဆိုတဲ့မြွေဘုရင်မတစ်ဦးရှိသေးတယ်ဆိုပဲ
အိုး
အမလေး
ဘုရားဘုရား
အားလုံးအလန့်တကြားရွံကြောက်ရေရွတ်လိုက်မိကြရှာသည်။
အဲဒီမြွေညှို့ရှင်မြွေဘုရင်မကတော့ခွင့်လွတ်မှာမဟုတ်တဲ့အတွက်မကြာမီအဲ့ဒီလူသားနဲ့တကွတစ်ရွာလုံးကိုဒုက္ခပေးမှာအမှန်ပါပဲ၊ဒါကြောင့်ကျုပ်အနေနဲ့ရွာအပေါ်မှာတတ်နိုင်သမျှကာကွယ်နိုင်အောင်အခုလိုလာရောက်လျှောက်ထားရကြောင်းပြောဆိုပြီးပြန်လည်ထွက်ခွာသွားကြသကွယ့်
တယ်ထူးကိုး၊ကြားရတာတပည့်တော်တို့ဖြင့်မယုံနိုင်အောင်ပါဘဲဘုရား၊ဒီအံ့ထူးဆိုတဲ့လူငယ်ဟာမိဘတွေယဉ်ကျေးသိမ့်မွေ့လှပေမယ့်၊ကမ်းကုန်အောင်ဆိုးလှပေသကိုးသူကြီးဦးထိန်မှတ်ချက်ချမှုကိုဆရာတော်နှင့်တကွမိသားစုများအားလုံးကဟုတ်မှန်ကြောင်းတစ်ပြိုင်နက်လိုလိုခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
ထိုခဏတွင်သူကြီးသမီးကျေးဥသည်လူဆိုးလူသွမ်းအံ့ထူးကိုမှရွေးကြိုက်မိရှာသည့်သူမသူငယ်ချင်းနှင်းမြကြည်မျက်နှာကိုဖျက်ခနဲမြင်ယောင်လိုက်မိရှာသည်။
ဆရာတော်ဘုရားကအိမ်းဆိုရရင်ခပ်စောစောသန်းခေါင်ကျော်ကျော်ကထူးထူးဆန်းဆန်းဖြစ်သွားတဲ့ကိစ္စဟာတန်တော့မြွေညှို့ရှင်ဆိုတဲ့မြွေဘုရင်မလက်ချက်သာဖြစ်ရမယ်လို့တွက်နိင်ပေတယ်လေ
သူကြီးဦးထိန်ကခေါင်းညိတ်ပြီး၊မှန်ပါ့သေချာနေပါပြီဒီတော့ရွာအတွက်စိုးရိမ်စရာဖြစ်နေပြီပေါ့နော်၊ဆရာတော်ဘုရားအနေနဲ့တတ်နိုင်သမျှကယ်မတော်မူပါဘုရားဟုစိုးရိမ်တကြီးလျှောက်ထားလိုက်သည်။
အိမ်းအိမ်းသိပ်လည်းစိတ်မပူကြပါနဲ့ကျုပ်လည်းမြွေညှို့ရှင်မြွေဘုရင်မကိုအထူးမေတ္တာပို့ပြီးအန္တရာယ်မပြုဖို့မေတ္တာရပ်ခံပါ့မယ်လေ

ကျေးဇူးကြီးလှကြောင်းပါဘုရား
သို့ပေမဲ့ဒကာသူကြီးအနေနဲ့တောသူတောင်သားတွေတောထဲတောင်ထဲမလွဲသာလို့သွားရရင်အဖော်ပေါင်းနဲ့သွားကြဖို့တောစောင့်နတ်၊တောင်စောင့်နတ်နဲ့အစောင့်အရှောက်တွေကိုမေတ္တာပို့သပြီးမှသွားကြဖို့ပြောပေးပါ
မှန်ပါ့ဘုရားတပည့်တော်အားလုံးကိုသတိပေးပြောကြားပါ့မယ်ဘုရား
ဆရာတော်ကခေါင်းညိတ်ရင်းမျက်မှောင်ကျုံ့လိုက်သည်။ပြီးမှဆက်လက်ပြောကြားပြန်သည်မှာကိုင်း ကိုင်းဒကာသူကြီးရေကနဦးကမပြောဘူးလို့နေတာအခုတော့ဆက်ပြီးပြောပြပေးဦးမယ်အံထူးဆိုတဲ့သူငယ်ရဲ့ဘဝဇာတ်ကြောင်းတစ်စိတ်တစ်ပိုင်းပေါ့
သြအံ့ထူးဘဝအကြောင်းတဲ့ကြားပါရစေဘုရား
မှန်ပါ့တပည့်တော်တို့လည်းသိချင်လှပါတယ်ဘုရား
သူကြီးသာမကသူကြီးကတော်ကပါသိလိုဇောဖြင့်အမောတကောလျှောက်ထားလိုက်သည်။
သားသမီးများကလည်းစိတ်ဝင်တစားနားစွင့်နေမိကြ၏
အဟမ်းအဟမ်း
ဆရာတော်ကချောင်းတစ်ချက်ဟန့်လိုက်ပြီးလျှင်အောက်ပါအတိုင်းစိတ်ဝင်စားဖွယ်ပြောပြလေတော့သည်။
ဆရာတော်ဦးကေသရမှာဆေးဝါးပညာဝါသနာပါသည့်အလျောက်ပရဆေးအတော်များများကိုကိုယ်တိုင်ဖော်စပ်ကာရွာသူရွာသားဒကာဒကာမများပေးလေ့ရှိ၏
ယနေ့နံနက်ခင်းတွင်လေနာရောဂါအတွက်ဆေးဖော်ရန်မင်းသားကြီးဂမုန်းတစ်မျိုးလိုအပ်နေသဖြင့်တူရွင်းငယ်တစ်ချောင်းယူကာရိုးမတောကြီးအတွင်းတစ်ကိုယ်တည်းလှမ်းကြွခဲ့တော့သည်။ရိုးမတောအုပ်ကြီးအတွင်း၌ကျေးငှက်သာရကာမျိုးစုံ၊အဆင်းစုံ၊အသွေးစုံရှိကြသည့်တောပန်းတောင်ပန်းတို့ကသဘာဝအလျောက်ဖူးပွင့်နေကြသည်မှာမျက်စိပသာဒဖြစ်စရာအတိပင်။
ရှဉ့်ငယ်မျောက်ငယ်နှင့်ယုန်ကလေးအချို့ကဆရာတော်ဦးကေသရကိုအထူးအဆန်းအဖြစ်သစ်ရွက်သစ်ခက်များကြားမှပြူးကြည့်ကာလှစ်ခနဲကြောက်လန့်တကြားပြေးထွက်သွားလေ့ရှိသဖြင့်က္ကန္ဒြေကြီးလှသောဆရာတော်မှာပြုံးမိရ၏။
တောင်ကုန်းတစ်ခုအလွန်စွေးစွေးနီးလှသောမြေနေရာသို့ဆရာတော်မျက်လုံးများရောက်သွားသည်တွင်မျက်ခုံးများပင့်လိုက်မိ၏။
အင်းကြည့်စမ်းကြည့်စမ်းရှားပါးလွန်းတဲ့ဇော်ဂျီဂမုန်းတွေကိုးသို့ပေမဲ့အခုနေအခါငါ့အတွက်မလိုအပ်ပါဘူးလေတကယ်လိုအပ်တာကမင်းသားကြီးဂမုန်းပေပဲ
ယင်းသို့ရေရွတ်ရင်းတောနက်ကြီးအတွင်းတစ်စတစ်စဆက်လက်တိုးဝင်ခဲ့သည်။
ကျိကျိကျလိ
ဖပ်ဖလပ်
ရောင်စုံငှက်ငယ်အချို့ကလမ်းပြသည့်အလားဆရာတော်အရှေ့မှမကြာခဏဖြတ်ပျံပြေးနေကြပေသည်။
အတန်ကြာသောအခါကွေ့ကောက်စီးဆင်းနေသည့်စမ်းချောင်းလေးတစ်ခုအနီးရောက်သောအခါခေတ္တနားသည်။
တယ်လှတဲ့စမ်းချောင်းလေးရေတွေကလည်းကြည်လင်သန့်စင်လို့ရေအောက်ကငါးကလေးတွေကူးခတ်သွားလာနေတာတောင်အတိုင်းသားတေ့ွနေရတယ်အင်းသဘာဝအလှအပတွေဟာတယ်လည်းဆန်းကြယ်လှပါကလား
ကွိကွိကွိ
ခွီးခစ်
ယင်းသို့ရေရွတ်နေခိုက်ကလေးကိုရင်ခွင်ပိုက်ထားသောမျောက်မကြီးတစ်ကောင်ကအပင်ပေါ်မှနွယ်ကြိုးနှင့်ခုန်ဆင်းလာကာစမ်းချောင်းအစပ်၌ကလေးငယ်ကိုရေတိုက်နေပေသည်။အင်းမိခင်မေတ္တာပေပဲရေဆာတဲ့သူ့သားကိုရေတိုက်နေရှာလေရဲ့
မျောက်သားအမိမှာကနဦးတွင်ဆရာတော်ကိုမြင်မိဟန်မတူဘဲရေဝမှပင်ဟိုသည်ကြည့်ရင်းဆရာတော်ကိုအမှတ်မထင်မြင်သွားသည်။
ထိုအခါကျမှရန်သူအထင်ဖြင့်ကြောက်လန့်လျက်တကွိကွိတခွီးခွီးအော်ဟစ်ကာအနီးရှိအမြင့်ဆုံးသစ်ပင်ကြီးတစ်ပင်ပေါ်တက်ပြေးရာဆရာတော်မှာပြုံးမိရပြန်သည်။
ထို့နောက်မှစမ်းချောင်းလေးကကျောခိုင်းကာဂမုန်းရှာပုံတော်ခရီးဆက်ရပြန်သည်။
ဤသို့ဖြင့်ရေညှိစိမ်းများထူထပ်စွာဖြစ်ပေါ်နေသည့်ကျောက်ဂူကြီးတစ်ခုအနီးရောက်လာသောအခါသံလျက်ကဲ့သို့ချွန်ထက်လှသောအရွက်မျာရှိရာအပင်တမျိုးအနီးတွင်တစ်တောင်ခန့်မြင့်မြင့်အပင်တပင်ကိုတွေ့လိုက်ရသည့်အတွက်ဆရာတော်ဦးကေသရမျက်လုံးများဝိုင်းစက်သွားခဲ့၏။
အိုးတွေ့ပြီတွေ့ပြီငါလိုချင်တဲ့မင်းသားကြီးဂမုန်းပေပဲ
ဂမုန်းပင်ရှိရာသို့်ဆရာတော်ကဇောဖြင့်တိုးကပ်ရန်ဟန်ပြင်လိုက်စဉ်အနီးရှိကျောက်ဂူအပေါက်ဝမှချောင်းဟန့်သံရုတ်တရက်ထွက်ပေါ်လာသည်ကြောင့်ခြေလှမ်းများတန့်သွားကာလည်ပြန်ကြည့်လိုက်မိသည်။
တွေ့မြင်ရသည်ကကိုယ်အထက်ပိုင်းဗလာဟင်းလင်းအောက်ပိုင်းအရှက်လုံရုံမျှအဝတ်ဖြူလွှမ်းထားပြီးဆံပင်နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေး၊ပါးသိုင်းမွှေးတို့ကမျက်နှာတစ်ခုလုံးဖုံးအုပ်ထားသကဲ့သို့ရှိသောအသားမည်းမည်းထောင်ထောင်မောင်းမောင်းလူတစ်ယောက်ပင်တည်း။ထိုလူပုဂ္ဂိုလ်ကပင်အံအားသင့်နေသောဆရာတော်ကိုလက်အုပ်ချီကာ
အရှင်ဘုရားကိုတပည့်တော်သိပါတယ်၊အရှင်ဘုရားဟာရိုးမအောက်ဘက်သပြေပင်ကြီးရှိတဲ့ရွာကမဟုတ်လားဘုရား
ဟင်သင်ကကျုပ်ကိုသိသကိုး
ဆရာတော်မှာမြန်မာစကားပီပီသသပြောနေသောထိုပုဂ္ဂိုလ်ကိုပိုမိုအံသြမိကာပြန်လည်ပြောကြားလိုက်ခြင်းဖြစ်သည်။
တပည့်တော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော်ကမြန်မာပြည်အနှံ့သွားလာနေထိုင်ခဲ့တော့မြန်မာစကားပြောတတ်ကြောင်းပါဘုရား၊ပြီးတော့ရဟန်းသံဃာအနေနဲ့အပင်တစ်ပင်ကိုခူးရန်မသင့်တာမို့အရှင်ဘုရားအလိုရှိတဲ့ဂမုန်းကိုတပည့်တော်ခူးပေးပါရစေပြောပြောဆိုဆိုထိုပုဂ္ဂိုလ်ကရုတ်တရက်လျှောက်လာကာဆရာတော်ဘေးမှကျော်တက်လျက်မင်းသားကြီးဂမုန်းပင်ကိုသူ့လက်နဲ့အသာအယာဆွဲနှုတ်ပြီးဆရာတော်အားဆက်ကပ်လိုက်၏။သာဓုသာဓုသာဓုအသင်ကမည်သူပေလဲဆရာတော်ကသာဓုခေါ်ရင်းတစ်ဆက်တည်းဆိုသလိုသူသိချင်လှသဖြင့်မေးမြန်းလိုက်၏။
ထိုပုဂ္ဂိုလ်ကရိုးကျိုးစွာလက်အုပ်ချီဦးညွှတ်ပြီးနောက်အရှင်ဘုရားကိုပြောစရာအကျိုးအကြောင်းအနည်းရှိတာကြောင့်ကျောက်ဂူအတွင်းခေတ္တသီတင်းသုံးရန်ကြွတော်မူပါဘုရားဟုဆို၏
ထို့ကြောင့်ဆရာတော်ကသဘောတူကြောင်းဆတ်ခနဲခေါင်းညိတ်လိုက်သည်။
သို့ဖြင့်ထိုပုဂ္ဂိုလ်ကဦးဆောင်ကာဆရာတော်လည်းကျောက်ဂူကြီးအတွင်းလိုက်ပါကြွမြန်းခဲ့သည်။
အတွင်းဘက်ရောက်သည်တွင်ဆရာတော်မှာမယုံနိုင်အောင်အံ့သြခြင်းဖြစ်ရတော့သည်။အကြောင်းသော်ကားအပြင်ဘက်မှကြည့်လျှင်အတွင်း၌မှောင်ပိန်းမည်ထင်ရသောကျောက်ဂူမှာအတွင်းဘက်၌ထူးထူးခြားခြားလင်းလင်းထိန်ထိန်ရှိနေခြင်းကြောင့်ပင်တည်း။
အရှင်ဟောဒီကျောက်သလွန်တော်ပေါ်ကြွတော်မူပါဘုရားကျောက်ဂူထဲမှာအလင်းရောင်ကိုတိုးထွက်နေတာကတခြားမဟုတ်ပါဘူးဒီကျောက်ဂူကြီးဟာကျောက်သလင်းဂူကြီးဖြစ်နေလို့ပါအပြင်မှာမိုးဒဏ်လေဒဏ်ရာသီဥတုဒဏ်ကြောင့်ရေညှိတွေအဆမတန်တက်နေပေမဲ့အတွင်းဘက်မှာတော့ကျောက်သလင်းအရောင်တွေပြန်ဟပ်ပြီးလင်းထိန်နေတာပါဘုရား
သြသြ
ဆရာတော်ကထိုမျှသာရေရွတ်ကာအလင်းရောင်ဖြင့်မြင်ရသောကျောက်ဂူအတွင်းမှကျောက်ထွက်၊ကျောက်ရေကန်ငယ်နှင့်သဘာဝအလျောက်ဖြစ်ပေါ်နေသည့်မိမိထိုင်နေရာကျောက်သလွန်အပြင်ကျောက်ဂူအထက်မှတွဲရွဲကျနေသည့်ကျောက်စိုင်၊ကျောက်ချွန်း၊ကျောက်ပန်းဆွဲများကိုတလှည့်စီသုံးသပ်ကြည့်ရှုနေခဲ့သည်။
ပြီးမှသတိရကာစကားစသည်။နို့သင်က
တပည့်တော်ဟာဒီတောဒီတောင်ထဲမှာတစ်ကိုယ်တည်းယောဂအကျင့်ကျင့်နေတဲ့ဆာဒူတစ်ဦးပါဘုရား
သြသြဆာဒူးပုဂ္ဂိုလ်ကြီးပေကိုးသင်တို့ရဲ့ယောဂကျင့်စဉ်အကြောင်းကျုပ်အနေနဲ့အနည်းအကျဉ်းတော့သိရှိဖူးပါတယ်
မှန်ပါတယ်စိတ်အာရုံကိုစုစည်းခြင်းကျင့်စဉ်လို့ဆိုရမှာပါ
ထိုခဏကျောက်ဂူဝမှတိုးဝင်လာသောလူအရိပ်တစ်ခုကြောင့်ဆရာတော်ကမသိမသာမျက်စိကိုဝေ့ဝဲကြည့်ရှုလိုက်မိသည်။တွေ့ရသည်ကအဖြူရောင်ဝတ်စုံနှင့်လွန်စွာချောမောလှပသောမိန်းမပျိုတစ်ဦးဖြစ်နေကြောင်းပင်။
ဆာဒူးကြီးကဟိန္ဒူဘာသာစကားနှင့်ပြောလိုက်သောအခါလှပချောမောသောမိန်းမပျိုကဦးခေါင်းညိတ်လျက်ခပ်လှမ်းလှမ်းရှိကျောက်သားပြင်တွင်ခပ်ရို့ရို့ထိုင်ကာဆရာတော်အားလက်အုပ်ချီဝတ်ပြု၏။သူကဟောဒီကျောက်ဂူကြီးနှင့်တော်တော်ဝေးဝေးဟိမဝန္တာတောင်ခြေရွာကလေတစ်ရွာကပါဘုရား
သြော်အင်း
တပည့်တော်အတွက်လိုအပ်တဲ့အစားအစာတွေတစ်ခါတစ်ရံလာပို့တာပါ
ဆရာတော်ကမည်သို့မျှမဆိုဦးခေါင်းသာဆတ်ခနဲညိတ်လိုက်၏။
ထို့နောက်မိန်းမပျိုသည်ဆာဒူးပုဂ္ဂိုလ်ကြီးအားလက်အုပ်ချီကာအတန်ကြာမျှဟိန္ဒူစကားနှင့်ပြောဆိုပြီးလျှင်ဆရာတော်ဦးကေသရအားရှိခိုးပြီးနောက်ကျောက်ဂူအတွင်းမှတရွေ့ရွေ့ထွက်ခွာသွားတော့၏။မိန်းမပျိုပျောက်ကွယ်သွားသည်တွင်ဆာဒူးပုဂ္ဂိုလ်ကြီးကနေရာမှထကာကျောက်ထွတ်တခုပေါ်တွင်ရှိသောကြေးဖလားကိုယူလိုက်သည်။
ပြီးကျောက်ပန်းဆွဲတစ်နေရာမှစည်းဝါးကိုက်တစ်စက်ချင်းကျလျက်ရှိသည့်ကျောက်စက်ရေတို့ကိုအတန်ကြာမျှခံယူပြီးလျှင်ဆရာတော်ထံဆက်ကပ်၏။
သောက်လိုက်ပါဘုရားဟိုးအမြင့်ကျောက်တောင်ထက်ကနေဒီကျောက်ဂူကြီးအတွင်းဘက်တစ်ခွင်ဝေ့ဝဲစီးဆင်းလာတဲ့ကျောက်စက်ရေပါဘုရားတချို့ကတော့အသက်ရှည်ဆေးအာယုဝဍဏာရည်လို့ဆိုကြပါတယ်။ထိုက်သူမှသောက်လို့ရတာပါ။အမြဲထွက်လေ့မရှိပါဘူးတစ်နည်းအားဖြင့်ဒီရေဟာရောဂါဘယလည်းကင်းကြောင်းပါဘုရား
သြော်ဒီလိုကိုး
ဆရာတော်ကဆာဒူးကြီးကပ်ထားသည့်ကျောက်စက်ရေကိုခပ်ဖြည်းဖြည်းသောက်လိုက်တော့သည်။ယင်းသို့သောက်ချလိုက်စဉ်မည်သည့်အအေးနှင့်မျှမတူသည့်အေးခြင်းတစ်မျိုးလည်ချောင်းတလျှောက်ဖြစ်ပေါ်သွားသည်ကိုသတိပြုခံစားမိလိုက်သည်။
သို့ရာတွင်ချက်ချင်းလိုလိုဝမ်းဗိုက်အတွင်းရှိကလီစာများအေးရာမှတဖြည်းဖြည်းပူလာသဖြင့်မခံမရပ်နိုင်အောင်ဖြစ်လာသည်။ဆရာတော်မှာဝမ်းဗိုက်အတွင်းပူလောင်မှုကြောင့်မျက်နှာရှုံ့မဲ့နေရာဆာဒူးပုဂ္ဂိုလ်ကမူတူရူထိုင်နေရာမှရရသာကြည့်နေလေ၏။
ယင်းခဏ၌မည်သို့ဖြစ်သည်မသိအောင်ပင်ဝမ်းဗိုက်အတွင်းမှအပူဓာတ်များရုတ်ချည်းပျောက်လျက်တစ်ကိုယ်လုံးအင်အားများတိုးပွားလာသည့်အလားမှတ်ထင်ရကာဦးခေါင်းတစ်ခုလုံးလည်းအထူးကြည်လင်မှုဖြစ်လာသည်ကိုထူးခြားစွာခံစားရသည်။
အိမ်းတော်တော်ထူးစန်းတဲ့ကျောက်စက်ရေပေပဲ
မှန်ပါတယ်ဒီရေဟာကျောက်တောင်နဲ့ကျောက်ဂူတစ်ခွင်ဝေ့ဝိုက်ပတ်ပြီးစီးဆင်းလာတာမို့သံဓာတ်၊ကျောက်သွေးနဲ့၊ပထဝီဓာတ်တွေရောနှောပါဝင်လာတဲ့ဆေးဖြစ်သွားတာပါဘုရားသာဓုသာဓုသာဓုနို့သင့်အနေနဲ့ဘာများပြောစရာရှိသေးလဲ၊အခုလိုဧည့်ဝတ်ပြုတာကိုကျုပ်ကျေးဇူးတင်သာဓုခေါ်ပါတယ်ဖြစ်နိုင်ရင်သင်သိပြီးဖြစ်တဲ့ကျုပ်နေထိုင်ရာရွာကျောင်းကိုတစ်ကြိမ်တခါလာလည်လှည့်ပါလား
မှန်ပါ့ကြုံကြိုက်ရင်တော့ရောက်လာမှာပါအခုအရှင်ဘုရားကိုပြောစရာစကားရှိနေပါသေးတယ်အလိုဒါဖြင့်ပြောပါလေ
ဤတွင်ဆာဒူးပုဂ္ဂိုလ်ကြီးကအောက်ပိုင်းအတိုင်းမဆိုင်းမတွပြောပြလေတော့၏။ဒီလိုဒီလိုပါဘုရားလွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ခန့်ကိုလိုနီခေတ်အခါသမယ၊အိန္ဒိယပြည်မိုက်ဆိုးနယ်ဘုရားကျောင်းရဲ့နတ်ရုပ်ကအဖိုးတန်ပတ္တမြားကြီးတစ်လုံးကိုငါးယောက်အုပ်စုဖြစ်တဲ့လူယုတ်မာဒုစရိုက်သမားတစ်စုတို့ကခိုးယူသွားကြပါတယ်ဘုရား
ဆရာတော်မှာမဆီမဆိုင်ပြောလာသောပုံပြင်လိုလိုဆာဒူးကြီးစကားကြောင့်မင်သက်လျက်တုံဏှိဘာဝေဖြစ်ကာဆိတ်ငြိမ်လျက်ရှိသည်။
ကျောက်ဂူအတွင်းခေတ္တတိတ်ဆိတ်သွားကာကျောက်ပန်းဆွဲမှကျောက်စက်ရေတဖျောက်ဖျောက်ကျသံသာထွက်ပေါ်လျက်ရှိသည်။
ပြီးမှဆာဒူးကြီးကစကားဆက်ပြန်သည်။အဲဒီဘုရားကျောင်းမှာအစောင့်အရှောက်အဖြစ်အာမက်ဆိုသူလူရွယ်တစ်ဦးနဲ့မြွေဖြူအဖိုးအမဇနီးမောင်နှံရှိကြတယ်
ဟေမြွေဖြူအဖိုအမဟုတ်လား
မှန်ပါ့ဒီမြွေဟာနတ်မြွေအမျိုးအစားမိ့ုကမ္မဇိဒ္ဓိရှိပြီးလူယောင်တောင်ဆောင်တတ်ကြောင်းလူအများကသိရှိမှတ်သားကြပါတယ်
စိတ်ဝင်စားစရာပါပဲဆက်ပါဦးလေ
အဲဒီဒုစရိုက်သမားတွေရောက်လာချိန်မှာမြွေမကအစာရှာသွားနေခိုက်ပေါ့လူဆိုးတွေဟာရန်ပြုဖို့ကြိုးစားတဲ့မြွေဖြူအဖိုကိုပါအပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ပြီးမှနတ်ရုပ်ကပတ္တမြားကြီးကိုထုတ်ယူထွက်ခွာသွားကြတယ်၊အဲဒီကိစ္စကိုအစောင့်တာဝန်ကျတဲ့အာမက်ကလည်းတခြားအလုပ်တစ်ခုလုပ်နေလို့မမြင်မတွေ့လိုက်ဘူးလေ
အင်းစိတ်မကောင်းစရာပါပဲဒါနဲ့မြွေဖြူမပြန်ရောက်လာတော့
ဆာဒူးကြီးကခေါင်းညိတ်ကာဆက်ပြောပြန်သည်။ဒီနောက်မြွေဖြူမပြန်လာတော့သူ့ချစ်လင်ရဲ့အဖြစ်ဆိုးကိုမချိတင်ကဲမြင်ရပြီးနတ်ရုပ်ထုကပတ္တမြားကြီးပျောက်ဆုံးသွားတာကိုလည်းသိလိုက်ရတယ်လေ
အင်းအင်း
ဒီမှာပြောစရာတစ်ခုကသူတို့ဟာလူယောင်ဆောင်နိုင်တဲ့နတ်မြွေတစ်မျိုးဖြစ်တဲ့အပြင်မြွေတစ်ကောင်ရဲ့မျက်လုံးအစုံမှာသူ့ကိုသတ်ဖြတ်သူရဲ့ပုံရိပ်ဟာဓာတ်ပုံရိုက်ထားသလိုမျိုးထင်ထင်ကြီးပေါ်နေလေ့ရှိတာပါပဲဘုရား
ဟာဒီလိုလား
ဒီတော့မြွေမကသေဆုံးနေတဲ့သူ့ချစ်လင်မြွေဖိုမျက်လုံးကိုကြည့်ရာကဒုစရိုက်သမားငါးယောက်ရဲ့မျက်နှာသွင်ပြင်နဲ့ပုံရိပ်တွေကိုသိရှိလိုက်တော့တယ်ဆိုရမှာပါ
တယ်လည်းထူးပါလားဟေ
ပြောရမယ်ဆိုရင်နောက်မှသိရတာကဒီပတ္တမြားကြီးကိုခိုးယူသွားတဲ့အဖွဲ့ခေါင်းဆောင်ဟာကျားကြီးဆိုတဲ့လူဆိုးနဲ့မြန်မာနှစ်ယောက်အိန္ဒိယတိုင်းသားနှစ်ယောက်ပါဘုရား
တော်တော်ဆိုးကြတဲ့လူတွေပါလား
ဘုရားကျောင်းရုပ်ထုကပစ္စည်းကိုတောင်ခိုးယူကြတယ်ဆိုတော့ပြောရရင်အာမက်ကလည်းသူ့တာဝန်ပေါ့လျော့လို့ပတ္တမြားပါသွားတာဆိုပြီးသက်ဆိုင်ရာလူကြီးတွေထံမှာခွင့်တောင်းလို့သတင်းအရတောလမ်းကနေမြန်မာပြည်ဘက်ထွက်လာခဲ့တယ်
တော်တော်စွန့်စားပေတာပဲ
မြွေဖြူမကလည်းပတ္တမြားကြီးရဖို့နဲ့သူ့ချစ်လင်အတွက်ကလဲ့စားချေဖို့မြန်မာပြည်ဘက်ထွက်ခွာပျောက်ကွယ်သွားခဲ့တယ်
ကြားရတာစိတ်ဝင်စားဖို့ကောင်းသလိုစိတ်မကောင်းဖြစ်စရာလို့ဆိုနိုင်ပါတယ်လေ
မှန်ပါ့ဘုရား
ထို့နောက်ဆာဒးူကြီးကဆက်ပြောမည်ပြုစဉ်လေပွေတစ်ချက်ကကျောက်ဂူအတွင်းတိုးဝင်လာပြီးနောက်ချက်ချင်းလိုလိုပြန်လည်တိတ်ဆိတ်သွားခဲ့သည်။တိုတိုပြောရမယ်ဆိုရင်နှစ်ပေါင်းများစွာမြန်မာပြည်အနှံ့အဲဒီလူဆိုးတွေကိုရှာဖွေရင်းအာမက်ကအိန္ဒိယလူမျိုးဒုစရိုက်သမားနှစ်ယောက်ကိုသုတ်သင်သတ်ဖြတ်နိုင်သလိုမြွေဖြူမကလည်းကျန်လူဆိုးနှစ်ယောက်ကိုသတ်ဖြတ်ပြီး၊အပြီးသတ်ကျမှလူဆိုးခေါင်းဆောင်ကျားကြီးဆိုသူကိုသတ်ဖြတ်လိုက်တယ်ဘုရား
အိုးသတ်ကြဖြတ်ကြတယ်မကောင်းလှပါလားဟရို့
ကျားကြီးနဲ့လူဆိုးတသိုက်သေဆုံးသွားကြပြီဖြစ်ပေမယ့်ပတ္တမြားကြီးကိုတော့ပြန်မရသေပါဘူးနောက်ဆုံးမှာအိန္ဒိပြည်ဂူဂျရတ်ပြည်နယ်ကသူဌေးတစ်ဦးဆီရောက်နေကြောင်းသိရှိရမှအာမက်ကိုယ်တိုင်တိတ်ဆိတ်တဲ့ညတညမှာဘယ်သူမှမသိအောင်သူဌေးအိမ်ထဲကပတ္တမြားကြီးကိုဝင်ခိုး၊နောက်မူလနေရာဖြစ်တဲ့မိုက်ဆိုးပြည်နယ်ဘုရားကျောင်းရုပ်တုမှာပြန်လည်တပ်ဆင်နိုင်ခဲ့ကြပါတယ်ဘုရား
တယ်ဟုတ်သကွယ်သူ့ပစ္စည်းမူလနေရာပြန်ရောက်သွားတာကောင်းပေတာပေါ့ဝမ်းသာစရာပေပေပါ့ဒီတော့အာမက်ဆိုတာက
အာမက်ဆိုတာတခြားလူမဟုတ်ပါဘူးတပည့်တော်ပါဘုရား
ဟေ
ကျောက်ဂူအတွင်း၌ဆရာတော်ဘုရား၏အံသြစွာရေရွတ်လိုက်သံကအနည်းငယ်ဟိန်းထွက်သွားသည်။
တပည့်တော်ဟာပတ္တမြားကြီးကိုမူလဘုရားကျောင်းရုပ်တုမှာပြန်လည်တပ်ဆင်ထားရှိပြီးတာနဲ့အရှုပ်ထွေးများလှတဲ့ဘဝကိုစိတ်ကုန်ပြီးတောတောင်ထဲမှာအခုလိုတစ်ကိုယ်တည်းကျင့်ကြံခဲ့တာနှစ်ပေါင်းများလှပါပြီဘုရား
အင်းအင်းဒီလိုကိုးအဖြစ်အပျက်တွေကပြောပြလို့မယုံနိုင်အောင်တယ်လည်းဆန်းကြယ်လှပေသကိုး
နှစ်ဦးသားအတွေးကိုယ်စီနှင့်အတန်ကြာမျှတိတ်ဆိတ်ငြိမ်သက်သွားကြသည်။ပြီးမှဆရာတော်ကတစ်စုံတစ်ရာသတိရဟန်ဖြင့်ခပ်လောလောမေးလိုက်သည်။
ဒါထက်မြွေဖြူမဆိုတာကရောဘယ်ရောက်သွားသလဲအခုရှိနေသေးသလားဆရာတော်ကိုမေးခွန်းကိုဆာဒူးကြီးကမဖြေသေးပဲအဓိပ္ပာယ်ဖော်ရန်ခက်ခဲသောအပြုံးတစ်ခုကိုပြုံးလိုက်လေသည်။အခုရှိကြောင်းပါဘုရား
အလိုရှိသေးတယ်ဟုတ်လားဒါဆိုသူကဘယ်မှာလဲ
သူ့ကိုစောစောကတင်အရှင်မြတ်ဘုရားမြင်လိုက်ပြီဖြစ်ပါတယ်
ဘာဘာဘယ်လိုတအံ့တသြဖြစ်သွားသောဆရာတော်ကိုကြည့်ကာဆာဒူးကြီးကက္ကုန္ဒြေရရဖြေသည်။
ခပ်စောစောကကျောက်ဂူအတွင်းဝင်လာတဲ့အမျိုးသမီးဟာမြွေဖြူမပါပဲဘုရား
ဟိုက်ဗုဒ္ဓေါ
ဆရာတော်မှာအံ့သြခြင်းမကအံ့သြရပြန်ကာအထိတ်တလန့်ရေရွတ်မိလိုက်သည်။
အမှန်ပါပဲဘုရားသူ့ဟာမြွေဖြူမပါတစ်နည်းအားဖြင့်ဒီတောဒီတောင်အတွင်းကမြွေသတ္တဝါအပေါင်းတို့ရဲ့အရှင်သခင်မြွေညှို့ရှင်လို့တချို့ကဆိုကြပါတယ်
သြမြွေညှို့ရှင်တဲ့လား
မှန်ပါသတ္တဝါဖြစ်ဖြစ်လူဖြစ်ဖြစ်သူကသာညှို့ထားမယ်ဆိုရင်ဘယ်လိုမှမလှုပ်နိုင်တော့ပါဘူးတယ်လည်းဆန်းပေသကိုးတကယ့်ကိုမယုံနိုင်စရာပါလား
ပြီးမှဆာဒူးပုဂ္ဂိုလ်ကြီးကအကျိုးအကြောင်းအစုံအလင်ကိုတပည့်တော်ပြောပြပြီးပါပြီဘာကြောင့်ဒီအကြောင်းတွေပြောပြနေတယ်ဆိုတာနောက်တော့အရှင်ဘုရားသဘောပေါက်လာမာပါဘုရား
ပြောပါလေကျုပ်နဲ့ဘယ်လိုများပတ်သတ်နေလို့ပါလိမ့်
တစ်နည်းအားဖြင့်အရှင်ဘုရားနဲ့တိုက်ရိုက်မဟုတ်ပေမယ့်သွယ်ဝိုက်စပ်ဆိုင်နေတာကအရှင်ဘုရားရဲ့ရွာအတွင်းကလည်းပင်မှာအမှတ်အနက်ကြီးရှိတဲ့ပုဂ္ဂိုလ်ပါဘုရား
အိုအလို
ထိုစကားကြောင့်ဆရာတော်မှာငယ်စဉ်ကပင်လည်ပင်း၌အမဲကွက်ကြီးပါလာသောအံ့ထူးမျက်နှာကိုမြင်ယောင်မိကာအထိတ်တလန့်ဖြစ်သွားရတော့သည်။ပြီးမှဆရာတော်ဘုရား…သူသူအဲဒီအမှတ်နဲ့လူကဘာဖြစ်လို့လဲဆက်ပြောပါဦးဟုဒရောသောပါးမေးလိုက်သည်တွင်ဆာဒူးကြီးကခေါင်းညိတ်ပြ၏။ပြီးမှသူက
တပည့်တော်တို့ယောဂကျင့်စဉ်တန်ခိုးနဲ့သိရတာကအဲဒီလူဟာဒီဘဝကမိုက်ဆိုးပြည်နယ်ဘုရားကျောင်းရုပ်တုကပတ္တမြားကိုခိုးယူမြွေဖြူမရဲ့ခင်ပွန်းကိုရက်ရက်စက်စက်သတ်ဖြတ်သွားသူလူဆိုးခေါင်းဆောင်ကျားကြီးဆိုတာပါပဲ
ဟိုက်ဒီလိုကိုးဒါအတတ်ပြောနိုင်ပါ့မလားလေ
သေချာပါတယ်ဘုရားဘာကြောင့်လဲဆိုရင်ကျားကြီးဘဝမှာမြွေဖြူမကကျားကြီးလည်ပင်းကိုပေါက်ပြီးမလွတ်စတမ်းခဲထားခဲ့ရာမှာလည်ပင်းတလျှောက်အဆိပ်တွေကွက်မည်းပြီးသေဆုံးသွားတာကျွန်ုပ်ကိုယ်တိုင်တွေ့မြင်ခဲ့ရတာပါ
ဆရာတော်ဘုရားမှာတိတိကျကျပြောလာသောဆာဒူးကြီးစကားကြောင့်မည်သို့မျှပြန်လည်ပြောဆိုနိုင်ခြင်းမရှိဘဲသက်ပြင်ရှိုက်လျက်တံတွေးကိုသာဂလုခနဲမျိုချလိုက်မိသည်။ပြီးမှတစ်စုံတစ်ရာတွေးမိကာစိုးရိမ်စိတ်နဲ့မေးလိုက်ပြန်သည်။
ဒီအကြောင်းကိုမြွေဖြူမအဲမြွေညှို့ရှင်ကသိလားအဲ့ဒါပြောစမ်းပါအုန်း
သိပါတယ်ဘုရားသူကလည်းသူ့အစွမ်းနဲ့သူသိပြီးဖြစ်လို့အခွင့်ကြုံတာနဲ့ထပ်မံကလဲစားချေဖို့ကြံစည်မှာပါ
ထိုစကားကြောင့်ဆရာတော်ဦးကေသရမှာအကြီးအကျယ်ထိတ်လန့်သွားရသည်။ပြီးမှ
ဒီကိစ္စအတွက်ရန်ငြိုးရန်စတွေမထားဘဲအေးအေးချမ်းချမ်းနေရင်မကောင်းပေဘူးလားဟင်
ဆာဒူးပုဂ္ဂိုလ်ကြီးကတပည့်တော်ဟာအခုခါသူတော်ကောင်းကျင့်စဉ်ကိုကျင့်ကြံနေတဲ့ဆာဒူးပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့်ဒီအကြောင်းတွေဆိုတာစိတ်အမှတ်မှာအနည်းငယ်မျှမရှိတော့ပါဘူးဘုရားသာဓုသာဓုသာဓုတကယ့်ကိုဝမ်းသာစရာစကားပေပဲ
အဲသို့ပေမဲ့မြွေဖြူမကတော့သူ့ယောကျ်ားမြွေအသေရှေ့မှာကျိန်စာတိုက်ခဲ့တယ်ဘုရား
အိုကျိန်စာဟုတ်လားဘယ်လိုပါလိမ့်
ဒီလူဆိုးလူမိုက်ငါးဦးနောက်ဘဝရောက်ရင်လည်းနောက်ဘဝထိလိုက်လံလက်စားချေသတ်ဖြတ်ရပါ၏ဆိုတဲ့ကျိန်စာပါဘုရား
အိုအလိုအလိုတယ်လည်းအာဃာတတရားကြီးမားလှတဲ့မြွေဖြူမပါလားကွယ်ရို့
ဆရာတော်ကအံ့သြခြင်းတစ်ဝက်စိတ်မကောင်းခြင်းတစ်ဝက်ဖြင့်အထက်ပါအတိုင်းကတုန်ကယင်ရေရွတ်လိုက်မိရှာသည်။
တပည့်ကိုယ်တော်မြွေဖြူမကိုအခါအားလျော်စွာဒီကိစ္စအတွက်မေ့လိုက်ဖို့ဆုံးမပါတယ်ဘုရား၊သို့ပေမယ့်အဲ့ဒီလူဆိုးကျားကြီးဝင်စားတဲ့လူရွယ်ဟာမြွေဖြူမအုပ်ချုပ်တဲ့ရိုးမအတွင်းကမြွေသတ္တဝါမျိုးနွယ်တွေကိုနိစ္စဓူဝမဆိုင်းမတွရက်ရက်စက်စက်သတ်ဖြတ်နေတာကြောင့်ဆာဒူးကြီးကစကားတစ်ဝက်တစ်ပျက်နဲ့ရပ်တန့်လိုက်၏။ထို့ကြောင့်လည်းကျောက်ဂူအတွင်းဝယ်တိတ်ဆိတ်ခြင်းမကပြန်လည်တိတ်ဆိတ်သွားပြန်တော့သည်။
ဆရာတော်က
သင်ပြောတာတွေမှန်ပါတယ်လေ၊သို့သော်ကျုပ်အနေနဲ့တစ်ခုမေတ္တာရပ်ခံတဲ့အကြောင်းမြွေဖြူမအင်း ဟိုဒင်းမြွေညှို့ရှင်ကိုပြောပေးပါ
ဆာဒူးကြီးကခေါင်းညိတ်သည်။ရန်ရန်ချင်းမတုံ့နှင်းပါနဲ့လို့ရန်ရန်ချင်းတုံ့နှင်းလို့မဆုံးနိင်တဲ့သံသရာမှာသူတစ်ပြန်ကိုယ်တစ်ပြန်အဖန်တလဲလဲဒုက္ခဆိုးတွေကြုံတွေ့ရတဲ့သာဓကအကြောင်းအရာတွေကျုပ်တို့ဗုဒ္ဓဘာသာကျမ်းဂန်တွေမှရေးသားထားတာအများြုကီးပဲ
ဆာဒူးကြီးကငြိမ်သက်စွာသာနားထောင်လျက်ရှိသည်။ဒါကြောင့်ကျုပ်ရွာကလည်ပင်းမှာအမှတ်ကြီးသူငယ်ကိုရန်မတုံ့ဘဲခွင့်လွှတ်ပေးဖို့မေတ္တာရပ်ခံတဲ့အကြောင်း
မှန်ပါ့တပည့်တော်ပြောလိုက်ပါ့မယ်ဘုရား
ထို့နောက်ဆရာတော်ဦးကေသရအားဆာဒူးကြီးကိုယ်တိုင်လမ်းပြပေးကာရွာလမ်းကိုလှမ်းမြင်သည်အထိလိုက်လံပို့ဆောင်ရှာလေ၏။
စကားအဆုံးတွင်ဆရာတော်ကသူကြီးဦးထိန်ဆက်ကပ်သောရေနွေးကြမ်းကိုအားပါးတရသောက်ချလိုက်တော့သည်။သူကြီးဦးထိန်အပါအဝင်မိသားစုများမှာဆရာတော်ဘုရားပြောပြမှုအဆုံးမယုံနိုင်အောင်အံ့အားသင့်မင်သက်လျက်ငြိမ်သက်စွာရှိနေကြပေသည်။
ပြီးမှဆရာတော်ကကိုင်းအဲဒါပဲလေလောကကြီးမှာမယုံနိုင်ဖွယ်အကြောင်းအရာတွေဒုနဲ့ဒေးဆိုသလိုရှိကြပေတာမဟုတ်လား
မှန်ပါ့ဘုရား
လူဝင်စားတို့၊အငြိုးအတေးတို့၊ကျိန်စာတို့ဆိုတာကလည်းတစ်ချိန်သောအခါကာလတွေကရှိခဲ့တာမို့ခက်တော့ခက်သား
ဆရာတော်ကတဆက်တည်းပြောပြန်သည်။နောက်ပြီးဆာဒူးကြီးပြောပြခဲ့သမျှဟာတိကျသလိုမောင်အံ့ထူးရဲ့လည်ပင်းမှာဟိုဘဝကမြွေအဆိပ်သင့်အမှတ်မည်းကြီးရှိနေတယ်ဆိုတာကိုလည်းလက်ခံရမလိုဖြစ်နေတယ်လေ
မှန်ပါ့ဘုရား
အိမ်းဘုန်းကြီးပြောချင်တာကဒီလူရွယ်တစ်ဦးကြောင့်တစ်ရွာလုံးဒုက္ခရောက်မဲ့အရေးကိုဘယ်လိုတားဆီးကြမလဲဆိုတာပဲကွယ့်
မှန်လှပါ့တယ်ဘုရား၊မှန်ပါ့
ခက်တာကမောင်အံ့ထူးဟာရိုးမတောမှာနေစဉ်မြွေမုဆိုးသွားလုပ်သလိုမကြာခင်ရက်ကလဲမြွေအဖိုအမကိုသတ်ရုံမျှမကဥုတွေကိုယူချက်စားတယ်ဆိုတော့ကမ်းကုန်အောင်ဆိုးနေပြီးပဲကွယ့်အတန်ကြာမျှစကားပြတ်သွားကာဆရာတော်ဘုရားက
ကဲကဲဒီအကြောင်းနဲ့ပတ်သတ်ပြီးအံ့ထူးရဲ့မိဘတွေဖြစ်တဲ့ဒကာငြိမ်းသာနဲ့ဒကာမအေးမယ်ကိုပြောပြ
မှန်ပါ့ဘုရား
ပြီးတော့အခုတလောရိုးမတောထဲကိစ္စရှိလို့သွားကြရင်တစ်ယောက်ထဲမသွားဘဲအဖော်အပေါင်းနဲ့သွားကြပေစေဟုတ်လားဒကာထိန်
မှန်ပါ့တပည့်တော်အမိန့်ထုတ်ပြောကြားလိုက်ပါမယ်ဘုရား
အိမ်းအိမ်းမောင်အံ့ထူးကတော့နားထောင်မှာမဟုတ်ဘူး။ဒီတော့သတ္တဝါတစ်ခုကံတစ်ခုလို့သာသဘောထားရတော့မှာပေါ့လေဟုမိန့်ကြားကာဆရာတော်မှာပြန်လည်ကြွမြန်းသွားတော့၏။
နောက်တစ်နေ့၌သပြေပင်ရွာအတွင်း၌ဟိုတစ်စုသည်တစ်စုကျွက်စီကျွက်စီဖြစ်နေကြတော့သည်။အကြောင်းသော်ကားဆရာတော်မိန့်ကြားခဲ့သည့်အကြောင်းများကိုသူကြီးမိသားစုကတစ်ရွာလုံးသိအောင်ပြောကြားလိုက်ခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့်တချို့ကကြောက်လန့်ချောက်ချားနေကြသကဲ့သို့တချို့ကလည်းအယုံအကြည်မရှိဖြစ်နေကြသည်။
သို့ပါသော်အကျင့်သိက္ခာကောင်း၍တည်ကြည်သောရွာဦးကျောင်းဆရာတော်မိန့်ကြားမှုဖြစ်သောကြောင့်ရွာသူရွာသားအားလုံးအလေးအနက်ထားကြပေသည်။
အထူးသဖြင့်ကိုငြိမ်းသာနှင့်မအေးမယ်တို့အိမ်တွင်မိသားစုသုံးဦးဆူဆူညံညံစကားပြောနေကြသည်။ဒီမှာသားလေးငါ့သားရဲ့ဇရိုက်လက္ခဏာကြမ်းပုံအရဆိုရင်အရင်ဘဝကကျားကြီးဆိုတဲ့လူဆိုးခေါင်းဆောင်ဝင်စားတာဖြစ်နိုင်တယ်
အိုအမေကလည်းဗျာအရင်ဘဝနဲ့အခုဘဝဘာဆိုင်လို့လဲဗျာ
ဤတွင်ကိုငြိမ်းသာကဒါဖြင့်အဖေအမေတို့ဟာယဉ်းကျေးသိမ့်မွေ့သူတွေဖြစ်ပေမယ့်သားကဘာဖြစ်လို့အခုလိုထန်းရည်မူးသူ့များအသက်တွေကိုမညှာမတာသတ်လူတကာနဲ့ရန်ဖြစ်နေတာဘယ်လိုကြောင့်လဲ၊နောက်ပြီးဒီကိစ္စပြောဆိုတာကအဖေအမေတိုကြည်ညိုကိုးကွယ်နေတဲ့ရွာဦးကျောင်းဆရာတော်ကိုယ်တိုင်ကွယ့်
ဟာဗျာအဖေနဲ့အမေပြောနေတာဘာအဓိပ္ပာယ်မှမရှိဘူးမြွေဖြူရှင်လားမြွေညှိူ့ရှင်လားအဲဒါတွေဂရုစိုက်စရာမလိုဘူးဗျာဟိုးညကရွာတွေမှာအသံဗလံတွေထွက်ပေါ်လာတာလည်းရွာထဲကိုတောတိရစ္ဆာန်တစ်ချို့ရောက်ရှိပြီးလန့်ဖျပ်ပြေးတာဖြစ်ပါ့လိမ့်မယ်
ဒေါ်အေးမယ်ကမျက်ရည်စမ်းစမ်းနှင့်သားဖြစ်သူပခုံးကိုကိုင်ကာ
ဘာပဲဖြစ်ဖြစ်သားရယ်အဖေနဲ့အမေကိုသနားရင်ရိုးမတောထဲကိုမသွားပါနဲ့တော့နော်ဟုငိုသံပါကြီးနှင့်ပြောရှာ၏။ဖခင်ကိုငြိမ်းသာကလည်းဟုတ်ပါတယ်သားရယ်မကြာခင်ရွာမှာမြွေညှို့ရှင်ဒေါသကြောင့်ကပ်ဆိုးကြီးကျရောက်နိုင်တာမို့တောတောင်တက်သူတွေတောင်တစ်ယောက်ထဲမသွားကြဖို့သူကြီးကိုယ်တိုင်သတိပေးထားတာပဲဥစ္စာဒါကြောင့်ရိုးမထဲကိုအခုရက်ပိုင်းအတွင်းမှာငါ့သားမသွားပါနဲ့ကွာ
ဟာခက်လိုက်တာဗျာ
အံ့ထူးကစိတ်ရှုပ်ရှုပ်နဲ့အထက်ပါအတိုင်းရေရွတ်ကာဆံပင်များကိုဖွလန်ကျဲအောင်လက်နှစ်ဖက်နှင့်ကုတ်ဆွဲဖွလိုက်လေ၏။ပြီးမှစိတ်ဆိုးမာန်ဆိုးလေသံဖြင့်ကောင်းပြီဗျာ၊ကောင်းပြီ၊ကောင်းပြီအခုတလောရိုးမထဲကိုမသွားတော့ဘူးကဲပြောလို့ဝကြရင်ကျွန်တော်ထွန်းမောင်တို့အိမ်ဘက်သွားဦးမယ်
ပြောပြောဆိုဆိုထွက်ခွာသွားသောသားကိုကြည့်ကာကိုငြိမ်းသာနှင့်မအေးမယ်တို့ခမျာရင်မအေးနိုင်အောင်ဖြစ်ကျန်ခဲ့ကြသည်။မိန်းမရယ်အခုလိုကတိပေးခဲ့တာပဲတော်လှတယ်ဆိုရမှာပေါ့လေရှင့်သားကဟုတ်ပါ့ကတိကောတည်ပါ့မလားရှင်ရယ်
သြသူ့ပခြုပ်မှိန်းနဲ့မြွေညှပ်တွေကိုယူမသွားတာကြည့်ရင်ကတိတည်လောက်ပါတယ်မိန်းမရဲ့ယောကျာ်းရေလင်ဆိုးမယားတဖားဖားသားဆိုးမအေတပေပေဆိုတဲ့စကားပုံဟာကျုပ်အတွက်များလားဆိုပြီးတစ်ခါတစ်ခါတွေးမိနေတာအမှန်ပဲရှင်
စိတ်မကောင်းမဖြစ်ပါနဲ့မိန်းမရယ်တစ်နေ့ကျရင်တို့သားလေးလိမ္မာလာမှာပါကွယ်
ချစ်လင်၏အားပေးနှစ်သိမ့်မှုကြောင့်မအေးမယ်မှာမျက်လုံးအိမ်၌ယီးလေးခိုနေသောမျက်ရည်စများကိုအင်္ကျီစဖြင့်ပင်သုတ်ပြီးနောက်ချက်ချင်းလိုပင်ဘုရားစင်ရှေ့သွားကာကျုံကျုံထိုင်လျက်လက်အုပ်ချီလိုက်သည်။
ထို့နောက်အောက်ပါအတိုင်းဆုတောင်းမှုပြုနေပေတော့သည်။
အရှင်ဘုရားတပည့်တော်တပည့်တို့မတို့ဇနီးမောင်နှံတွင်အသက်နှင်ထပ်တူချစ်ရသောဤသားလေးတစ်ယောက်သာရှိပါသည်။ဤသားငယ်အားဘေးအန္တရာယ်များမှလွတ်ကင်းအောင်ကယ်တင်စောင့်ရှောက်တော်မူပါဘုရားချစ်ဇနီး၏ဆုတောင်းသံကိုကြားနေရသည့်ကိုငြိမ်းသာရင်ထဲနင့်ခနဲနေအောင်ခံစားလိုက်မိရ၏။အကယ်၍သာတစ်ဦးတည်းသောသားလေးမောင်အံ့ထူးသည်လိမ္မာရေးခြားရှိသူဖြစ်ခဲ့သော်ဆိုသောစိတ်ကူးကကိုငြိမ်းသာာရင်ထဲထာဝရဖြစ်ပေါ်နေသောစိတ်ကူးတစ်ခုပင်တည်း။
ကိုငြိမ်းသာကဲ့သို့ပင်မိခင်ဖြစ်သူမအေးမယ်ကလည်းထိုစိတ်ကူးကိုမကြာခဏစောင့်နေသူဖြစ်သည်။မိန်းမသားဖြစ်သည်ကြောင့်သားဆိုးဒဏ်ကိုပိုခံရလိမ့်မည်ဟုကိုငြိမ်းသာကစာနာစစိတ်နှင့်တွေးမိသည်။
မိဘများမိမိအတွက်ဤသို့ဤပုံစိုးရိမ်သောကရောက်နေကြခိုက်ထွန်းမောင်တို့အိမ်ခြံဝင်းဘက်ထွက်လာခဲ့သောအံ့ထူးမှာရွာတောင်ဘက်စည်းရိုးအနီးတွင်မမျှော်လင့်ဘဲဟင်းရွက်ခူးနေသူနှင့်ကြုံကြိုက်လေသည်။
ဟယ်အံ့ထူး
အမ်…ခင်နှင်းကြည်…နင်…နင်
ဟင်းချိုခပ်ဖို့ဟင်းရွက်နဲ့တို့စရာလာခူးနေတာလေ၊နင်အခုဘယ်လဲ
ထွန်းမောင်တို့အိမ်ဘက်သွားမလို့
ပြောပြောဆိုဆိုဘာမပြောညာမပြောနှင့်အံထူးကခင်နှင်းကြည်အနီးတိုးကပ်သွားကာပခုံးလေးဖက်လျက်ပါးကွက်ကြားနဲ့ပါးပြင်နုနုကိုရွှတ်ခနဲနမ်းလိုက်တော့သည်။
အိုး…အမေ
နဂိုလှသောခင်နှင်းကြည်မျက်နှာလေးမှာအံ့ထူး၏သရမ်းမှုကြောင့်ရှက်သွေးဖြင့်ပန်းနုရောင်သန်းသွားသည်။သို့သော်သူ့မျက်နှာပေါ်တွင်စိတ်ဆိုးဟန်အမူအရာလုံးဝမရှိပကတိပြုံးချိုကာမျက်လုံးရွဲကြီးများကအရောင်တောက်ပဝင်းလက်လျက်ရှိသည်။
ငါနင့်ကိုချစ်တယ်ဟာငါကလွဲရင်နင်ဘယ်သူ့ကိုမှမချစ်ရဘူးနော်ခင်နှင်းကြည်
ခင်နှင်းကြည်မမူဝံ့ပေ။ထို့ကြောင့်ရှက်စနိုးအမူအရာလေးနှင့်ဆတ်ခနဲခေါင်းညိတ်ပြလိုက်ရတော့သည်။
ပြီးမှသူကမပွင့်တပွင့်ပြောသည်။အံ့ထူးရယ်နင်ဟာလေတကယ့်လူဆိုးမှလူဆိုးပါပဲဟွန်းချစ်တာတောင်ခပ်ဆိုးဆိုးချစ်တဲ့လူဟုဆိုကာချစ်မျက်စောင်းပါတခါတည်းထိုးလိုက်သည်။အံ့ထူးကသူ့ဆင်စွယ်လက်ချောင်းကလေးများကိုဆုပ်ကိုင်ထားရင်းပြောသည်။
အေးဟာနင်ပြောမယ်ဆိုလည်းပြောစရာပါပဲခင်နှင်းကြည်၊ငါကဟန်မဆောင်တတ်ဘူးချစ်ရင်ချစ်တယ်၊မုန်းရင်မုန်းတယ်ပေါ့
ခင်နှင်းကြည်ကဟုတ်ပါပြီနင်နဲ့ငါချစ်သူရည်စားတွေဖြစ်ကြပြီနော်
ဟုတ်တယ်လေအဲ့ဒါဘာဖြစ်သလဲ
ချစ်သူရည်စားတွေဖြစ်လာကြရင်တစ်ယောက်စကားတစ်ယောက်နားထောင်ရတယ်အံ့ထူးရ
အံမာလတ်စသတ်တော့နင်ကငါ့ကိုဆရာလုပ်ချင်တာပေါ့လေဟုတ်လားဟားဟားဟား
ခစ်…ခစ်…ခစ်…
နှစ်ဦးသားကြည်ကြည်နူးနူးရယ်မောသံများကလေထဲမှတဆင့်လယ်ကွင်းတလျှောက်ပျံ့နှံ့သွားသည်။
ပြီးမှခင်နှင်းကြည်မျက်နှာလေးတည်သွားကာ
အံ့ထူးနင့်အကြောင်းတွေရွာထဲမှာပြောနေကြတာကြားမိသလားဟင်ဟုမေးလိုက်သည်။
လာပြန်ပြီဟိုလူဝင်စားဆိုတဲ့ကိစ္စမလား၊နောက်ပြီးမြွေညှို့ရှင်ဆိုတာ
ဟုတ်တယ်၊ဟုတ်တယ်၊အဲဒီကိစ္စ
အလကားပါဟာယုံတမ်းပုံပြင်လိုပါ၊ဂရုစိုက်စရာမလိုပါဘူး
အိုဒီလိုမဟုတ်သေးဘူးလေ၊ရွာဦးကျောင်းဆရာတော်ကိုယ်တိုင်ပြောတာဆိုတော့အံ့ထုူးစိတ်ရှုပ်သွားပုံရကာဦးခေါင်းကိုဘယ်ညာရမ်းခါရင်းပြောသည်။တော်ပြီဟာအဲဒီအကြောင်းရပ်လိုက်တော့လာမယ့်ဝါဆိုလပြည့်နေ့ကျရင်နင်နဲ့ငါဝါဆိုပန်းခူးပြီးရွာဦးစေတီမှာအတူဖူးကြရအောင်
တကယ်နော်
စိတ်ချစိတ်ချ
ထိုခဏ၌နွားစာထမ်းလာသောဦးရွှေမှုံတစ်ယောက်စည်းရိုးအတိုင်းလျှောက်လာသည်ကိုတွေ့မြင်ရဖြင့်အံ့ထူးကခင်နှင်း်ကြည်ကိုအမြန်နှုတ်ဆက်ကာထွန်းမောင်တို့အိမ်ဝိုင်းဘက်သို့ထွက်ခွာခဲ့တော့သည်။
အံ့ထူးနှင့်ပတ်သတ်၍မြွေညျို့ရှင်၏ကျိန်စာကိုကြောက်လန့်နေကြသည့်ရွာသူရွာသားအပေါင်းတို့မှာနိစ္စဓူဝကျီးလန့်စာစားဖြစ်ကာလွန်စွာစိုးရိမ်သောကရောက်နေကြရရှာသည်။
လယ်ကိစ္စယာကိစ္စမျာဆောင်ရွက်သော်လည်းကောင်း၊ဟင်းသီးဟင်းရွတ်ခူးရာတွင်လည်းကောင်း၊အဖော်အပေါင်းများနှင့်သာလျှင်စုစုဝေးဝေးလုပ်ကိုင်ကြသည်။
အထူးသဖြင့်သစ်ခုတ်၊ဝါးခုတ်၊ထင်းရှာမည့်သူများကားရိုးမအတွင်းသို့မသွားရဲတော့သဖြင့်ရပ်တန့်ထားလိုက်ကြရသည်။
ညအိပ်လျှင်ပင်ယမန်နေ့ညကဲ့သို့ကြောက်မက်ဖွယ်အသံဆိုးများထွက်ပေါ်လာလေမလားဟူသောစိုးရိမ်စိတ်ဖြင့်အိပ်မပျော်နိုင်အောင်သောကရောက်နေကြရသည်။
တချို့ရွာသားများကဤသို့ဤပုံကြောက်ရွံထိတ်လန့်စွာနေကြရခြင်း၏အဓိကတရားခံဖြစ်သောအံ့ထူးကိုကျိန်ဆဲကြသည်။မေတ္တာပို့ကြသည်။
သို့ရာတွင်အံ့ထူးကမူသူ့သူငယ်ချင်းသာဖောင်တို့အိမ်နံဘေးခြံဝင်းအတွင်းရှိတွင်းတစ်တွင်းသို့ဝင်သွားသောမြွေတစ်ကောင်ကိုမရမကရှာဖွေယူဆောင်ကာဟင်းချက်ပြီးနောက်ထန်းရည်နှင့်မြည်းပြီးလျှင်သူ့အခန်း၌တခေါခေါဟောက်လျက်အိပ်မောကျနေလေပြီ။
အိပ်မပျော်နိုင်ပဲရင်တမမနှင့်စိတ်သောကရောက်နေရှာသူများမှာဖခင်ကိုငြိမ်းသာနှင့်မိခင်မအေးမယ်တို့သာဖြစ်ပါလေ၏။
ကိုငြိမ်းသာရေကျွန်မတော့သားလေးရောတရွာလုံးကိုရောဘေးရန်ကင်းရှင်းစေဖို့်ဘုရားရှိခိုးဆုတောင်းမေတ္တာပို့သပြီး၊မြွေညှို့ရှင်ကိုလည်းတောင်ပန်သမှုပြုပြီးပြီရှင်လည်းမအိပ်ခင်ဘုရားရှိခိုးမေတ္တာပို့ပါအုန်းနော်
သြော်အေးပါကွာ၊ငါ့မိန်းမကိုသနားလှတယ်ကွာသားတစ်ယောက်ရပါတယ်ဒီသားတစ်ယောက်အတွက်အမြဲလိုလိုတို့မိဘနှစ်ပါးမှာစိတ်ဒုက္ခရောက်နေကြရတယ်၊သူဘယ်လောက်ဆိုးဆိုးတောင်းဆိုးပလုံးဆိုးသာစွန့်ပစ်ရိုးထုံးစံရှိတယ်ဆိုတဲ့စကားပုံလိုတို့ဘယ်ဖြတ်နိုင်မှာတုန်းလေ
ခေါ…ခေါ…ခလော
ခရော…ခေါ
မိဘနှစ်ပါးစကားပြောနေခိုက်ခြေရင်းဖက်အခန်းမှအံ့ထူး၏ဟောက်သံကကျယ်လောင်စွာပေါ်ထွက်လာပြန်သည်။
ကိုငြိမ်းသာ
ဟောဘာတုန်းမိန်းမရဲ့
အခုဟာကတော်တော်ခက်နေပြီရှင့်
ဘာဘာခက်တာလဲကွ
အရင့်အရင်ကသားလေးဆိုးတာရမ်းတာလောက်သာရွာကလူတွေအပြစ်တင်ကြတာလေအခုတော့ဖြင့်တစ်ရွာလုံးဟာသားလေးကြောင့်အန္တရာယ်ကိန်းနဲ့ကြုံနေရတယ်ဆိုတော့
မအေးမယ်ကစကားတဝက်တပျက်နှင့်ရပ်တန့်ထားလိုက်ရာကိုငြိမ်းသာကစဉ်းစဉ်းစားစားဖြင့်ခေါင်းညိတ်လျက်အေး…ငါ့မိန်းမပြောတာဟုတ်တယ်ဒီလိုဖြစ်လာတော့သားလေးနဲ့တို့မိသားစုအပေါ်ရွာသူရွာသားတွေကမေတ္တာထားနိုင်ကြပါတော့မလားလို့တွေးစရာပါပဲ
ထိုအခါမအေးမယ်ကဒါကလည်းရှင်တို့ကျုပ်တို့မျက်နှာကြောင့်သာပေါ့တော်ရယ်၊နို့မို့ဖြင့်တစ်ရွာလုံးကသားလေးကိုအမှုန့်ချေချင်နေကြတာ
အေးကွဒါနဲ့ပြောရဦးမယ်
ဘာများလဲကိုငြိမ်းသာရဲ့
ဟိုဟိုဒင်းလေ…ဟိုဒင်း
သြော်အရေးထဲဘာများလဲပြောစမ်းပါဦးတော့်
အိုကွာဟိုကလေးမဘယ်သူ…အဲခင်နှင်းကြည်…ဟုတ်တယ်ခင်နှင်းကြည်၊ဒီကလေးမကတော့ရုပ်ရည်လေးကလည်းချောမော၊သားလေးအပေါ်အဆိုးမမြင်နိုင်သူတစ်ဦးလို့ငါအကဲခတ်မိတာပဲဘယ့်နှယ်လဲ
မအေးမယ်ကမျက်နှာမချိုမချဉ်ဖြစ်သွားသည်။ပြီးမှဟုတ်တယ်ကိုငြိမ်းသာ၊တော်တို့ကျုပ်တို့လဲငယ်ရာကကြီးလာသူတွေပဲခင်နှင်းကြည်ရဲ့အမူအရာနဲ့အကြည့်တွေကိုအကဲခတ်မိသလောက်သားကလေးအပေါ်မှာသူ့မေတ္တာအလေးသာပုံရတယ်လို့တွက်နိုင်တယ်လေ
အေးဟုတ်ပြီထားလိုက်ပါ၊ဒါဆိုရင်တို့သားကရောဘယ်လို
အိုသူလည်းလူငယ်သဘာဝအရိပ်အကဲအမူအရာနဲ့အပြောအဆိုတွေကိုအကဲခတ်မိမှာပါရှင့်
ခေတ္တမျှစကားပြတ်သွားလျက်လင်မယားနှစ်ယောက်အတွေးကိုယ်စီတွေးကာငြိမ်သက်တိတ်ဆိတ်သွားကြ၏။ပြီးမှကိုငြိမ်းသာက
မိန်းမရေတကယ်လို့သာတို့သာလေးမောင်အံ့ထူးနဲ့ခင်နှင်းကြည်တို့မေတ္တာမျှကြမယ်ဆိုရင်ခင်နှင်းကြည်မိဘတွေဖြစ်တဲ့တင်ဖေနဲ့မလှတို့ကသဘောတူနိုင်ကြပါ့မလား၊သမီးရှင်အနေနဲ့မင်းတွေးကြည့်စ့မ်းပါလား
ယင်းစကားကြောင့်မအေးမယ်မှာတဒင်္ဂမျှမိန့်မောသလိုတွေးတွေးငေးငေးဖြစ်သွားသည်။ထို့နောက်မှရှင်တွေးသလိုကျုပ်လည်းမကြာမကြာတွေးမိပါတယ်။သမီးချောလေးပိုင်ရှင်မိဘတွေအနေနဲ့တော့တစ်ရွာလုံးကလူဆိုးလို့သတ်မှတ်ထားသူတစ်ယောက်နဲ့ဘယ်မှာသဘောတူနိင်မှာလဲရှင်
ကိုငြိမ်းသာကမည်သို့မျှမဆိုတော့၊ဦးခေါင်းတညိတ်ညိတ်သာလုပ်နေသည်။ပြီးမှချစ်ဇနီး၏မေးဖျားလေးကိုကိုင်လိုက်ပြီးလျှင်
အင်းငါ့မိန်းမကအင်မတန်ချောတာတစ်ရွာလုံးကသိတယ်၊အခုအသက်လေးဆယ်နီးပါးသာရှိသေးတာ၊ငယ်သေးတာပဲ၊ဒါပေမဲ့စိတ်သောကတွေကြောင့်အခုဆိုရင်ပါးရိုးနားရိုးတွေခွက်လို့အဘွားအိုတစ်ယောက်လိုဖြစ်နေရှာရတာငါစိတ်မကောင်းဘူးကွာ၊ကိုင်း…ကိုင်းသက်ကြီးခေါင်းချကြက်တွန်သံတောင်ထွက်ပေါ်လာပြီအိပ်တော့နော်အိပ်ကြမှ
အိပ်ယာဝင်လျက်အတွေးကိုယ်စီနှင့်မျက်စိများကိုမှိတ်ထားမိကြတော့သည်။
ရိုးမအတွင်းသို့မည်သည့်ရွားသားမှမသွားကြသလိုအံ့ထူးကိုယ်တိုင်မိဘနှစ်ပါးကိုကတိပေးထားသဖြင့်ရိုးမကိုမေ့ထားလိုက်သည်မှာရက်အတန်ကြာချေပြီ။
သို့ပါသော်…မြွေသားကိုကြိုက်နှစ်သက်လွန်းလှသည့်အံ့ထူးမှာအခက်ကြုံလျက်ရွာအတွင်းနှင့်ကွင်းပြင်ကွင်းစပ်ရှိမြွေများကိုသာဖမ်းယူနေရတော့သည်။
ကြာသော်ပျင်းလာသည်နှင့်သူငယ်ချင်းသာဖောင်၊ထွန်းမောင်တို့နှင့်အတူကြက်ဝိုင်းသို့ရောက်ရှိကြပြန်သည်။ယခင်အနိုင်ရသွားသောတိမ်နီနှင့်နောက်ထပ်ထွန်းမောင်ရွာတစ်ရွာကရှာလာခဲ့သည့်တစ်ချက်ကောင်းတို့ခွပ်ပွဲဖြစ်သည်။
ဖျန်း…ဖပ်…ဖလပ်
ဖတ်…ဖလပ်
ဟေး…ဝေး
တိမ်နီကွ
တစ်ချက်ကောင်းကွ
ကြက်နှစ်ကောင်ခွပ်သံ၊အားပေးသံ၊အော်သံဟစ်သံများကကွင်းအတွင်းဆူညံနေတော့သည်။ပထမပိုင်းတွင်ဗိုလ်တကာဗိုလ်ဖြစ်သောတိမ်နီကခပ်စွာစွာမနားတမ်းခွပ်သည်ကြောင့်တစ်ချက်ကောင်းမှာအလူးအလဲခံနေရကာမကြာမကြာနောက်ကျွမ်းကျသွားခဲ့ရပေ၏။သို့သော်တစ်ချက်ကောင်းဟူသောနာမည်ပီသစွာပွဲသိမ်းခါနီး၌တိမ်နီ၏ခွပ်ချက်ကိုအနည်းငယ်ရှောင်တိမ်ကာအရှိန်လွန်သွားသောတိမ်နီဦးခေါင်းပိုင်းကိုမနားတမ်းခွပ်ချလိုက်သည်။ဟေး…တစ်ချက်ကောင်းကွ
ပြန်ချတိမ်နီပြန်ချ
ဝေးဟေး
သို့သော်တိမ်နီမှာမျက်လုံးအစုံကိုထိချက်ပြင်းသဖြင့်သွေးများစီးကျလာလျက်မြေပြင်သို့လဲကျသွားရှာတော့သည်။
ပွဲကပြီးသွားပေပြီ။ဤတွင်စကားစသည်ကသာဖောင်ဖြစ်သည်။
ဘယ့်နှယ်လဲဟေ့နက်ကျော်မြင်ပြီမဟုတ်လား၊အခုမင်တို့တိမ်နီဘာတတ်နိုင်သေးလဲဟင်…အဟားဟားဟား
နက်ကျော်ကအံကြိတ်လျက်လျှာမရှည်နဲ့သာဖောင်ရော့မင်းတို့လောင်းကြေးဟုဆိုကာပိုက်ဆံများကိုပစ်ပေါက်ပေးလိုက်သည်။အံ့ထူးကသရော်သလိုမထီတရီမျက်နှာထားနှင့်လှမ်းကြည့်နေသည်။ဘန့်ဘွေးကုန်းရွာသားစံအေးကမျက်နှာရှုံမဲ့လျက်…
ဟေ့ကောင်တွေလေမကျယ်နဲ့နောက်တစ်ခါတိမ်နီထက်စွမ်းတဲ့ကောင်ကိုရှာလာခဲ့မယ်၊အဲဒီခါကျတော့သပြေပင်ရွာသားတွေနှုတ်ဆိတ်မနေနဲ့
သာဖောင်က
အဲဒီလိုအစွမ်းထက်တဲ့ကြက်ကိုရှာမရရင်ကောကွာ
ဟား…ဟား…ဟား…
အဲဒီတော့လူချင်းထွက်ကြတာပေါ့ကွာ
ယင်းသို့ပြောလိုက်သူမှာနက်ကျော်ပင်ဖြစ်ပါလေ၏။ဤတွင်မှုန်တေတေကြည့်နေသည့်အံ့ထူးကဘာကွဟေ့ကောင်နက်ကျော်၊မင်းကလူပါးဝစကားပြောတာလား၊အေးလူလူချင်းဆိုရင်အခုတွေ့လို့လည်းရတယ်ကွကဲ
ခွပ်
အင့်
ဟေ့ကောင်တွေချကြ
ရိုက်ကွာ
သို့ဖြင်ကွင်းကြီးထဲ၌ဝရုန်းသုန်းကားဖြစ်ကာထိုးကြိတ်ရိုက်နှက်ကြခြင်းဖြင့်လဲသူလဲ၊ကွဲသူကွဲဘဝင်္ဂညံမျှဆူညံနေတော့သည်။
လယ်လုပ်နေကြသောနှစ်ဖက်လယ်သမားများကတွေ့ရှိသဖြင့်အော်ဟစ်ကြသည်တွင်ဘန့်ဘွေးကုန်းရွာသူကြီးနှင့်သပြေပင်ရွာသူကြီးတို့ကိုယ်တိုင်ရောက်ရှိတားမြစ်မှရန်ပွဲပြီးဆုံးခြင်းသို့ရောက်လေတော့၏။
စာရင်းချုပ်လိုက်သောအခါဘန့်ဘွေးကုန်းရွာသားသုံးဦးခေါင်းကွဲ၊လက်ကျိုးဖြစ်သွားကြသလိုသပြေပင်ရွာသားအချို့လည်းထိပ်ပေါက်နဖူးကွဲ၊ဒူးပြဲဖြစ်ကုန်ကြသည်။အထူးသဖြင့်လူအေးတစ်ယောက်ဖြစ်သည့်ထွန်းမောင်ခမျာထိုးကြိတ်ခံရမှုကြောင့်ဇက်မလှည့်နိုင်အောင်ခံစားရရှာသည်။လူဆိုးလူမိုက်မို့ပေလောမသိအံ့ထူးမှာသာမာန်ပေါက်ပြဲဒဏ်ရာလောက်သာရရှိသည်။ထိုရန်ပွဲနှင့်ပတ်သတ်၍ကြက်ဝိုင်း၌ပါဝင်သောလူငယ်များကိုသူကြီးကိုယ်တိုင်ကြိမ်ဖြင့်ဆယ်ငါးချက်စီရိုက်ကာအပြစ်ပေးသည်။
အံ့ထူးကိုမူငါးချက်ပိုရိုက်ပြီးနောက်ထိပ်တုံးခတ်ထားလိုက်သည်။ပြီးလူရွယ်အားလုံးကိုသူကြီးကပြောသည်။
မင်းတို့နှယ်ကွာဘာသာဘာဝဝါသနာပါလို့ကြက်တိုက်တာအပြစ်မပြောလိုပါဘူး၊အခုတော့ကျော်မကောင်းကြားမကောင်းရန်ဖြစ်ကြတယ်လို့၊ဟေ့ဒီမှာတကယ်တော့ဘန့်ဘွေးကုန်းနဲ့သပြေရွာဟာသာရေးနာရေးကအစနှစ်ရွာ့တစ်ရွာဖြစ်ပြီးသူ့ကိစ္စရှိကူညီ၊ကိုယ့်ကိစ္စရှိလည်းကူညီ၊ဒီလိုရင်နှီးကြတာမင်းတို့အသိပါ။အခုလိုရန်ကြွေးရန်စဖြစ်အောင်လုပ်တာကောင်းသလား
အားလုံးကသူကြီးဦးထိန်ပြောသည်မှာမှန်လှသောကြောင့်မျက်နှာအောက်ချလျက်ြငြိမ်ငြိမ်သက်သက်နားထောင်နေကြသည်။
ပြီးလျှင်သူကြီးကထိပ်တုံးခတ်လျက်ခေါင်းငိုက်စိုက်ကြနေသောအံ့ထူးအားဒေါသဖြင့်ကြည့်ကာ
ဟေ့ကောင်အံ့ထူး
အံ့ထူးကမထူး၊ဦးခေါင်းမော့၍သာသူကြီးကိုခခပ်တည်တည်ကြည့်နေလိုက်သည်။
ရိုးမထဲမသွားရတဲ့အတွက်အခုဆိုရင်ရွာထဲမှာအိမ်ဆောက်မယ့်သူတွေသစ်ခုတ်ဝါးခုတ်ဖို့အခက်အခဲဖြစ်နေရသလို၊မျှစ်ချိုးမယ့်လူတွေလည်းတောမတက်ရဲကြဘူး၊အဲဒီတရားခံကဘယ်သူလဲမင်းပဲကွ၊ဒါတောင်မင်းကဆိုးမိုက်ပေတေမှုကိုရပ်တန်းကမရပ်ပိုလို့တောင်ဆိုးလာတယ်ဆိုတော့မင်းကလူလားတိရစ္ဆာန်လား၊စဉ်းစားစမ်းတိရစ္ဆာန်တောင်သွန်သင်ရင်တတ်သေးတယ်၊လိမ္မာသေးတယ်ကွသိလား၊ဟင်းရိုးသားလှတဲ့မင်းမိဘတွေကြောင့်သာမင်းချမ်းသာနေတာ၊နို့မို့ဖြင့်ငါကမြို့ပေါ်ဂါတ်ကိုအကြောင်းကြားပြီးဖမ်းခိုင်းလိုက်ပြီသိလား
အံ့ထူးမျက်နှာအမူအရာမပျက်၊ခပ်အေးအေးပင်ဝိုင်းဝန်းကြည့်ရှုနေသူရွာသူရွာသားများထဲမှအံ့ထူးအတွက်စိတ်မကောင်းဖြစ်ကာမျက်ရည်ကျနေသူနှစ်ဦးရှိသည်ဟုဆိုရပေမည်။
မိခင်မအေးမယ်နှင့်မိန်းမချောလေးခင်နှင်းကြည်တို့သာဖြစ်ပါလေတော့၏။
အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီးနောက်တလခန့်အကြာ၌ဖြစ်သည်။
ခင်နှင်းကြည်
ဘာများလဲခင်ပြုံး
အံ့ထူးနဲ့ငါရွာလမ်းမှာတွေ့ကြတယ်၊အဲဒါပြောစရာရှိလို့နင့်ကိုခြံစည်းရိုးနားအခုလာခဲ့ပါလို့မှာလိုက်တယ်ဟ
ဟင်ဟုတ်လား
ခင်နှင်းကြည်မျက်လုံးရွဲကြီးများတောက်သွားကာမျက်နှာလေးကရှက်ရွံအံသြမှုဖြင့််တစ်မျိုးတစ်ဖုံလှပသွားသည်။ပြီးမှသူမကသူငယ်ချင်းခဏနေဦးနော်၊ငါအေမေကိုဟင်းရွက်သွားခူးမယ့်အကြောင်းသွားပြောလိုက်ဦးမယ်
အေးပါဟယ်
ခဏအကြာတွင်ခင်နှင်းကြည်တစ်ယောက်ဇကာခုံးကလေးနှင့်ဆင်းလာသဖြင့်
ခင်ပြုံးနှင့်နှစ်ယောက်သားရွာစည်းရိုးဘက်သို့လျှောက်လာခဲ့ကြသည်။
စိတ်ဇောကြောင့်ပေလောမသိ။ခင်နှင်းကြည်ခြေလှမ်းတွေမြန်လွန်းလှသဖြင့်ခင်ပြုံးကသတိပေးရသည်။ဟေ့ကောင်မဖြည်းဖြည်းလျှောက်စမ်းပါ။အနောက်ကျားလိုက်တဲ့အတိုင်းလျှောက်နေရင်သူများတွေရိပ်မိကုန်မှာနော်
သြော်အေးခစ်ခစ်ခစ်
ထိုအခါကျမှသူမအဖြစ်ကိုသတိရကာခင်နှင်းကြည်တစ်ယောက်ရယ်မောမိတော့သည်။
မကြာမီသူ့တို့စည်းရိုးဆီရောက်လာကြကာနဘူးချုံတစ်ခုဘေး၌ရပ်စောင့်နေသောအံ့ထူးကိုတွေ့လိုက်ကြရသည်။
ထိုအခါခင်ပြုံးနဘေးသို့ရှောင်ထွက်သွားကာရှုပ်ထွေးစွားပေါက်ရောက်နေသောအပင်၊အနွယ်များမှဟင်းရွက်အချို့ကိုခူးဟန်ဆောင်နေလိုက်သည်။
ကဲတွေ့ချင်လို့ဆိုဘာတွေပြောမလို့လဲအံ့ထူးရဲ့
မခို့တရို့အကြည့်ဖြင့်ကြည့်ကာပြောလိုက်သောခင်နှင်းကြည်ကြောင့်အံ့ထူးကမရိုးမရွဖြစ်သွားပုံဖြင့်သူ့လက်ကိုလှမ်းဆွဲလိုက်သည်။
ဟိုးဆရာဟိုမှာ
ခင်နှင်းကြည်ကအနီးအနား၌ဟင်းရွက်ခးူနေသောခင်ပြုံးကိုလက်ညိုးထိုးပြကာပြုံးဖြဲဖြဲနှင့်သတိပေးလိုက်ရ၏။
အံ့ထးူကကိုယ်ရှိန်သတ်သွားကာနင်နဲ့ငါအကြောင်းဘယ်သူတွေသိသေးလဲ
အဖေနဲ့အမေတို့နောက်ပြီးညီအကိုမောင်နှမတွေပါသိသွားကြပြီလေ
ဟင်ဘယ်လိုကြောင့်သိတာလဲ
ခင်နှင်းကြည်ကချစ်မျက်စောင်းထိုးလိုက်သည်။ပြီးမှ
မသိဘဲခံနိုင်မလားဟိုတလောကကြက်ဝိုင်းရန်ပွဲကြောင့်နင်ကြိမ်ဒဏ်ခံရပြီးထိပ်တုံးခတ်ခံနေရတဲ့အချိန်မှာဟန်မဆောင်နိုင်ဘဲမျက်ရည်တတွေတွေကျနေတော့ငါ့အဖြစ်ကိုအဖေနဲ့အမေတို့ရိပ်မိသွားကြတာပေါ့
ဒီတော့
သူ့တို့ကမေးကြတယ်၊အံ့ထူးနဲ့ချစ်ကြိုက်နေသလားတဲ့
ဟုတ်လားနင်ကဘယ်လိုပြန်ပြောလိုက်သလဲ
အံ့ထူးကစိတ်ဝင်တစားမေးလိုက်သည်။ခင်နှင်းကြည်ကအံ့ထူးမျက်နှာကိုစေ့စေ့ကြည့်ပြီး
ဟုတ်ပါတယ်အံ့ထူးနဲ့သမီးမေတ္တာရှိနေကြပါတယ်၊သမီးသူကလွဲရင်ဘယ်သူမှမချစ်နိုင်ဘူးလို့
အိုခင်နှင်းကြည်ရယ်
သည်အပြောကအံ့ထူးအသည်းနှစ်လုံးတို့ကိုဆုပ်ကိုင်လိုက်သလိုမျိုးမို့အံ့ထူးကစိတ်မထိန်းနိုင်တော့ဘဲခင်နှင်းကြည်ကိုယ်လုံးလေးကိုကြင်နာစွာပွေ့ဖက်လိုက်ရှာသည်။
အိုးလွှတ်ဦးဟတစ်ယောက်ယောက်တွေ့သွားမှဖြင့်ငါဆက်ပြောမှာကိုနားထောင်ဦး
ပြောပါဗျာပြောပါ
ခင်နှင်းကြည်ကိုလွှတ်ပေးလိုက်ပြီးမချိုမချဉ်မျက်နှာထားနှင့်အံ့ထူးကပြောလိုက်သည်။
အဲသည်လိုပြောလိုက်တော့အမေကမိုက်လှချည်လားသမီးရယ်၊တစ်ရွာလုံးကအော့နေတဲ့လူတစ်ယောက်ကိုချစ်ကြိုက်ရတယ်လိ့ုပြောပြီးမျက်ရည်ကျနေတယ်
နင့်အဖေကရော
ခင်နှင်းကြည်ကပြောသင့်မပြောသင့်အတန်ကြာမှငေးငေးငိုင်ငိုင်လေးဖြစ်ကာစဉ်းစားနေသည်။ပြီးမှ
အဖေကတော့ရပ်တန်းကရပ်နောက်မဆုတ်ရင်ရိုက်မယ်သတ်မယ်လို့ကျိန်းတာပေါ့၊ဒါပေမယ့်အဖေတို့အမေတို့ပြောတာအမှန်ပဲမလား
အံ့ထုူးကဦးခေါင်းကိုအောက်သို့ငိုက်ပြီးဟုတ်ပါတယ်သူတို့ပြောတာမှန်ပါတယ်ငါကလည်းဒီရွာမှာကမ်းကုန်းအောင်ဆိုးတာမဟုတ်လား၊ဘာပဲဖြစ်ဖြစ်လေချစ်တာဟာချစ်တာပဲပေါ့
ထိုစကားကြောင့်အကြံတစ်ခုရသလိုခင်နှင်းကြည်မျက်လုံးရွဲံရွဲကြီးများအရောင်တစ်ချက်လက်သွားသည်။
ဒါဒါဖြင့်ဒီလိုလုပ်ပါလားအံ့ထူး
ဘယ်လိုလုပ်ရမှာလဲ
လွယ်ပါတယ်ဟာဒီအချိန်ဒီအခါကစပြီးနင်လိမ်လိမ်မာမာနေလိုက်၊မိဘအလုပ်တွေဝိုင်းကူလုပ်ပြီးတော့
ကြက်တိုက်၊ဖဲရိုက်၊ထန်းရည်သောက်တာတွေမြွေရှာတာတွေမလုပ်နဲ့တော့
ပြီးတော့ရော
စပ်ဖြဲဖြဲပြောနေသောအံ့ထူးကိုခင်နှင်းကြည်ကမချင့်မရဲဖြစ်ကာလက်သီးဆုပ်နုနုကလေးများဖြင့်ရင်အုပ်ကိုထုနှက်တော့သည်။
အဟားဟားဟား
သွားဒီကအကောင်းပြောတာ
အားနာတယ်ဟ
ခစ်ခစ်ခစ်
ခင်နှင်းကြည်လက်ကလေးများကိုဖမ်းကိုင်ကာကြည်နူးစွာရယ်မောလိုက်ကြသည့်ချစ်သူနှစ်ဦးအသံသာကြောင့်ဟင်းရွက်ခူးဟန်ဆောင်နေရရှာသည့်ခင်ပြုံးပင်လှည့်ကြည့်မိသေးလေ၏။အတန်ကြာသောအခါခင်နှင်းကြည်ကက္ကုန္ဒြေဆည်ကာအတည်အပေါက်ပြောသည်။နင့်နဲ့ငါအတူတကွပေါင်းရအောင်အဆိုးတွေပစ်ပြီးလိမ်လိမ်မာမာနေပါလား။ပြီးတော့လယ်ယာကိုင်းကျွန်းအလုပ်တွေလုပ်နိုင်အောင်ကြိုးစားပါအံ့ထူး
ဟငါမှလယ်မလုပ်တတ်တာနင့်အဖေအမေကအစတစ်ရွာလုံးလယ်ယာလုပ်ငန်းလုပ်ကိုင်ကြတာလေ၊သင်ယူရင်မခက်ပါဘူးဟာ
အင်းငါကလည်းအဖေလယ်ထဲသွားရင်တခါမှလိုက်တာမဟုတ်ဘူး၊တစ်ခုတော့ရှိတယ်
ဘာများလဲဟင်
သြော်သူငယ်ချင်းတွေဖြစ်တဲ့သာဖောင်တို့ထွန်းမောင်တို့နဲ့အတူလယ်ထဲလိုက်ပြီးအပျော်လုပ်တာတော့ရှိတယ်ခင်နှင်းကြည်
သူ့တို့တွေတောင်လယ်ယာလုပ်ငန်းလုပ်တတ်ရင်နင်လည်းတတ်ရမှာပေါ့၊သင်ယူပေါ့ဟာနော်…အင်းအခုမှငါကိုသြဇာပေးမယ့်ဆရာမနဲ့လာတွေ့ရပါလေတယ်ဟဲဟဲဟဲ
ခင်နှင်းကြည်ကမချင့်မရဲဖြင့်
မဟုတ်ဘူး၊သြဇာပေးတာမဟုတ်ရပါဘူးနင့်နဲ့ငါအတူနေကြရင်တစ်အိုးတစ်အိမ်ထူထောင်ပြီးလုပ်ကိုင်စားသောက်နေထိုင်နိုင်အောင်ပြောတာပါ
မှန်ပါတယ်၊ငါပြောချင်တာရှေ့နှစ်စပါးပေါ်ချိန်ကျရင်နင့်ကိုလက်ထပ်မယ်၊နင့်မိဘတွေသဘောမတူရင်လည်းမရရတဲ့နည်းနဲ့နင့်ကိုခိုးမယ်လို့
အို
ပြောပြောဆိုဆိုထွက်သွားသောအံ့ထူးကိုကြည့်ကာခင်နှင်းကြည်တစ်ယောက်ကျောက်ရုပ်တစ်ရုပ်ပမာကျန်ခဲ့ရှာသည်။
သာဖောင်ရေဟေ့သာဖောင်
ဟေ့အံ့ထူးပါလား
လာကွာ၊ငါ့နဲ့လိုက်ခဲ့ပါ
ဘယ်ကိုလဲ
ရှူးတိုးတိုးရိုးမထဲကို
ဟာမင်းကွာတစ်ရွာလုံးဘယ်သူမှမသွားကြတာ၊မသွားပါနဲ့လား
အိုကွာရွာထဲမှာမြွေရှာရတာမရှိသလောက်ရှားသွားပြီ၊ဒါကြောင့်ပါ
ဤတွင်သာဖောင်က
တားမရလည်းသွားတော့ကွာ၊ငါတော့မလိုက်နိုင်ဘူး၊ဘာကြောင့်လဲဆိုရင်အဖေ့ခြေထောက်ငုတ်ဆူးလို့ဖျားနေတယ်၊အဲ့ဒါငါအခုလယ်ထဲဆင်းရမှာမို့ပါ
ထို့ကြောင့်အံ့ထူးမပြောသာတော့ကဲဒါဆိုမင်းရဲ့မှိန်း၊မြွေညှပ်တုတ်နဲ့ပခြုပ်ငါ့ကိုပေးလိုက်ကွာ အေးအေးယူသွား
သို့ဖြင့်သာဖောင်ပစ္စည်းများကိုယူဆောင်ကာအံ့ထူးတစ်ယောက်ရိုးမြကြီးဆီသို့ရှေးရှုထွက်ခွာခဲ့တော့သည်။
အင်းငါဒီလိုရိုးမထဲသွားတာသာသိခဲ့ရင်အဖေနဲ့အမေတို့အရမ်းကိုစိတ်ပူရှာမှာပဲဟုလည်းတွေးနေမိသည်။
ထို့နောက်လွန်စွာလှပသည်နှင့်အမျှသူ့အပေါ်ချစ်ရှာလွန်းသည့်ချစ်သူခင်နှင်းကြည်၏မျက်နှာလေးလည်းပေါ်လာကာတီးတိုးရေရွတ်မိသည်။
ခင်နှင်းကြည်လေးရယ်၊မင်းကိုငါသိပ်ချစ်တာမှန်ပေမဲ့ငါ့ရဲ့အကျင့်တွေကိုတော့မစွန့်နိင်ဘူးလေ၊ပြီးငါကလည်းလယ်ယာလုပ်ငန်းမှမလုပ်တတ်တာ၊ဒီတော့တို့နှစ်ယောက်နီးဖို့အရေးဟာအိုနောင်ခါလာနောင်ခါဈေးပေါ့၊ဖြစ်သလိုရင်ဆိုင်ရမှာပဲ
အတွေးစုံတွေးရင်းလယ်ကွင်းများကိုဖြတ်သည်။ကန်သင်းရိုးတွေပေါ်ကျော်သည်။
လယ်ကွင်းတစ်ခုကိုအဖြတ်သူ့ခြေသံကြောင့်ထင်သည်။ကန်သင်းရိုးတွင်းတစ်ခုအတွင်းမှအတန်အသင့်ကြီးသောမြွေတစ်ကောင်တိုးထွက်လာကာလျင်မြန်စွာကြောက်လန့်ထွက်ပြေးသည်ကိုတွေ့လိုက်ရသည်။ဟာလိုက်မှ
ကနဦးတွင်ထိုပြေးလွှားသွားသောမြွေနောက်သို့လိုက်ရန်ခြေလှမ်းပြင်လိုက်သေးသည်။သို့သော်ရိုးမဆီသွားချင်စိတ်ကြောင့်ထိုမြွေကိုလက်လွတ်ရန်ဆုံးဖြတ်လိုက်သည်။
ဟားဟားဟားမင်းကံကောင်းတယ်မှတ်ဟေ့၊ဒီတစ်ခါရှိပါစေ၊နောက်တစ်ခါတွေ့လို့ကတော့မလွယ်ဘူးသာမှတ်လိုက်
သူကအဝေးရောက်သွားသည့်မြွေကိုကြည့်ကာကြုံဝါးလိုက်သည်။
ထိုအချိန်၌ကောင်းကင်ယံတွင်တိမ်ညိုတို့အုပ်ဆိုင်းလာကာမိုးဖွဲ့ကလေးမျာရွာသွန်းလာ၏။ကောင်းတယ်၊ဒါဆိုဒီကောင်တွေတွင်းတွေထဲဝင်ပုန်းတော့မှာဒီတော့အလွယ်တကူဖမ်းနိုင်တာပေါ့
အံ့ထူးကရာသီဥတုကိုသဘောကျသွားကာအထက်ပါအတိုင်းရေရွတ်ရင်းသူ့ခြေလှမ်းတွေကိုရိုးမဆီသို့ရှေးရှုလိုက်သည်။ဂျိန်းဂျလိန်း
ထိုခဏမိုးကြိုးတစ်ချက်ပစ်လိုက်ရာကျယ်လောင်စွာမြည်ဟိန်းသွားခဲ့သည်။
အံ့ထူးကသူ့အကြိုက်ရာသီဥတုမို့ရိုးမဆီသို့သာခြေကုန်သုတ်နေရာမကြာမီရိုးမတောင်ခြေတောစပ်ကိုလှမ်းမြင်ရသောနေရာသို့ရောက်ရှိလာခဲ့သည်။
သို့အတွက်ထမ်းပိုးလာသည့်လက်စွဲတော်များဖြစ်သောမှိန်းနဲ့မြွေညှပ်တုတ်ကိုလက်တစ်ဖက်တစ်ချက်စီတွင်ခွဲ၍အဆင်သင့်ကိုင်ဆောင်ထားလိုက်သည်။
ယင်းအခိုက်မှာပင်ခုန်လွားပြေးလာသောဖားကြီးတစ်ကောင်နောက်သို့အရှိန်ပြင်းစွာပြေးလာသည့်လက်ကောက်ဝတ်ခန့်မြွေကြီးတစ်ကောင်ကသူ့ရှေ့တွင်ကံအားလျော်စွာရောက်လာခဲ့သည်။
ဟိုက်ရေကန်အသင့်ကြာအသင့်ဆိုတာဒါမျိုးထင်ပါရဲ့၊ငါ့ဘုန်းကံကြောင့်မနေနိုင်ဘဲဒီကောင်ကြီးအလိုလိုထွက်လာရတာ
ရှူးရွှီး
မြွေကြီးမှာရန်သူဖြစ်သောအံ့ထူးကိုတွေ့လိုက်သည်နှင့်အစာဖြစ်သည့်ဖားကြီးနောက်သို့မလိုက်တော့ဘဲပါးပျဉ်ထောင်ကာအံ့ထူးကိုဘယ်ညာယိမ်းလျက်ပေါက်ချနေတော့၏။
မြွေအကြောင်းကောင်းကောင်းသိကာမြွေသဘောသဘာဝကိုကောင်းကောင်းနောကျေနေသည့်အံ့ထူးကမြွေကြီးပေါက်ချက်များကိုလွတ်ရုံမျှသာရှောင်တိမ်းကာကစားသကဲ့သို့ပြုမူနေသည်။
အတန်ကြာမှအံ့ထူးကကဲကိုယ့်လူမောနေပြီလားကွ၊ဒီတော့မင်းပြီးရင်ငါ့အလှည့်ပေါ့ကွာဟုတ်လားဟုဆိုကာမြွေညှပ်တုတ်ဖြင့်ရှေ့တလှမ်းတိုးလိုက်၏။
ထို့နောက်လှုပ်ရှားမှုနှေးကွေးနေပြီဖြစ်သည့်မြွေကြီး၏ပါးပျဉ်ကိုမှိန်းဖြင်အားပါးတရရိုက်ထည့်လိုက်သည်။
ဝှီး
ဖတ်
ကဲမှတ်ပြီလား
အံ့ထူးကမြေပေါ်ပြန်အကျဦးခေါင်းကြေမွကာအမြီးပိုင်းမျှသာလှုပ်နိုင်တော့သည့်မြွေကြီးကိုအမြီးမှကိုင်ကာသူ့ပခြုပ်အတွင်းသို့ထည့်လိုက်သည်။
ဝေါဘရော
ဖလပ်ဖလပ်
ဟိုက်
ထိုအချိန်၌ထူးထူးဆန်းဆန်းဆိုသကဲ့သို့ပင်တောအုပ်ကြီးအတွင်း၌သစ်ပင်ကြီးငယ်တို့၏ဆူညံစွာလှုပ်ခတ်သံနှင့်အတူတစ်ဦးတစ်ယောက်၏ငိုညည်းသံအလားအသံဆိုးကြီးတစ်ခုကလည်းဆူညံစွာတပြိုက်နက်လိုလိုထွက်ပေါ်လာခဲ့သည်။
သို့သော်ကြောက်စိတ်ဆို၍အလျဉ်းမရှိသောအံ့ထူးကမထီတရီပြုံးကာလှမ်းပြောလိုက်သေးသည်။ဘာလဲမြွေညှို့ရှင်ဆိုတာလား၊ငါ့ကိုခြောက်မနေနဲ့လှန့်မနေနဲ့၊သတ္တိရှိရင်ထွက်ခဲ့ဟေ့
ယင်းအပြောကြောင့်ပင်လောမသိ။သစ်ရွက်များပိုမိုလှုပ်ခတ်လာကာအသံဗလံတို့ကလည်းပိုမို၍မြည်ဟည်းလာ၏။တောက်
သို့စေကာမူငိုညည်းသံကြီးအပြီးမကျေမနပ်တောက်ခေါက်သံကြီးသာကျယ်လောင်စွာထပ်မံထွက်ပေါ်လာခဲ့ပေသည်။
အံ့ထူးကပခြုပ်ကိုပခုံးချိတ်၊မှိန်းကိုလက်ထဲတွင်ဝင့်လျက်မှ
နင်ကလည်းမြွေညှို့ရှင်တဲ့၊ငါကလည်းရိုးမရာဇာလို့ဆိုရလောက်တဲ့မြွေမုဆိုး၊သတ္တိရှိရှိရင်ဆိုင်လို့ကတော့ဘယ်သူဖြစ်သွားမလဲဆိုတာသဲကွဲသွားမယ်ဟင်းဟုဆိုလိုက်သည်။
အတန်ကြာကြာရပ်တန့်လျက်ရိုးမအတွင်းအကဲခတ်ကြည့်ရှုနေပြီးအသံမျာငြိမ်သက်သွားမှအံ့ထူးကအောင်ပွဲရစစ်သူကြီးတစ်ဦး၏ခြေလှမ်းမျိုးဖြင့်ရွာဘက်သို့ပြန်လာခဲ့တော့သည်။
ကိုထိန်ရေ
ဟေဘာတုန်းမိန်းမရေ
ဒီနေ့ရှင့်မွေးနေ့လေ၊ဒါကြောင့်ထမင်းဟင်းတွေအများကြီးချက်နေတာရှင့်
ဟေဟုတ်လား၊မင်းမှတ်ထားပေလို့၊ငါတော့သတိတောင်မထားမိဘူး
ဒီမှာဆွမ်းအုပ်ပြင်ပြီးပြီ၊ရှင့်သမီးတစ်ယောက်ပါကျောင်းကိုခေါ်သွားပါလား
နေနေဆွမ်းအုပ်သာယူလာခဲ့၊ငါ့တစ်ယောက်တည်းဆရာတော်ကိုသွားကပ်လိုက်ပါမယ်
ဒါဖြင့်လည်းပြီးရော
ချက်ချင်းလိုပင်သူကြီးကတော်ကဆွမ်းအုပ်လာရာသူကြီးဦးထိန်ကတဘက်ကိုဦးခေါင်းပေါ်၌ပြင်ပေါင်းကာအိမ်ဝိုင်းအတွင်းမှထွက်လာခဲ့သည်။
ဝုတ်ဝုတ်
ထိုခဏတွင်အိမ်မွေးခွေးလိမ္မာကြီးရန်လုံကတွေ့သွားကာဦးထိန်နောက်သို့ပြေးလိုက်လေ၏။ဘယ်လဲဗျသူကြီး
ဒီနေ့ကျုပ်မွေးနေ့လေ၊ဒါကြောင့်ကျောင်းကိုဆွမ်းသွားကပ်မလို့ဟေ့
သြော်သြော်
လမ်းတလျှောက်တွင်တွေ့ရသည့်ရွာသူရွာသားအပေါင်းကိုသူကြီးဦးထိန်ကနှုတ်ဆက်ပြောဆိုလျက်ရွာလမ်းမှတစ်ဆင့်ကျောင်းရှိရာသပြေပင်လမ်းခွဲလေးရှိရာသို့လာခဲ့သည်။
ရွာဦးဘုန်းကြီးကျောင်းမှာရိုးမတောကြီးကိုနောက်ခံပြု၍တည်ဆောက်ထားခြင်းဖြစ်ရာကျောင်းအနောက်ဘက်၌စိမ်းစိမ်းစိုစိုညို့ညို့မှိုင်းမှိုင်းတောအုပ်ကြီးကရှိနေ၏။
အီအီ
ကျောင်းနှင့်နီးလာလေ၊အားကောင်းမောင်းသန်ဖြစ်သောခွေးကြီးရန်လုံမှာဂဏှာမငြိမ်ဘဲတအီအီညည်းညူမှုဖြစ်လာသည်ကိုဦးထိန်တွေ့ရသည်။
ဟကောင်ကြီးဘာဖြစ်ရတာတုန်းရန်လုံ၊မင်းအဖြစ်ကထူးခြားလှပါဘိ၊ကြည့်စမ်း၊အမြီးကကုတ်၊အိုဖင်တောင်သီပြီးဒရွတ်ဆွဲနေပေါ့၊ဘာဖြစ်ရတာတုန်းဟ
အီးအီဝု
သူ့ခွေးကြီး၏ထူးဆန်းမှုကိုအံ့သြ၍ပြောနေစဉ်မှာပင်အစဉ်အမြဲသတ္တိကောင်းလှသည့်ခွေးကြီးရန်လုံသည်ကြောက်လန့်လှစွာအီခနဲတစ်ချက်မျှညည်းသံပြုပြီးနောက်ရွာဘက်သို့ပြန်လှည့်လျက်ဒရောသောပါးထွက်ခွာပြေးသွားရှာလေ၏။
တယ်ဒီခွေးနှယ်ဘယ့်နှယ်
ဦးထိန်ကထွက်ပြေးသွားသောရန်လုံကိုမျက်စိတစုံးကြည့်နေပြီးမှကျောင်းဘက်သို့ခြေလှမ်းပြန်လှည့်ကာဆက်လျှောက်ခဲ့သည်။
အင်းရန်လုံကိုကြည့်ရတာထူးတော့ထူးတယ်၊တစ်ခုခုတော့တစ်ခုခုပဲ၊ဒီလိုနံနက်ခင်းမှာသူကြောက်စရာဘာများရှိလို့ပါလိမ့်
တစ်ကိုယ်တည်းရေရွတ်ရင်းကျောင်းဝိုင်းနှင့်မလှမ်းမကမ်းရောက်လာသည်တွင်အပေါ်ပိုင်းဗလာကျင်း၍အောက်ပိုင်းတွင်လန်ကွတ်တီလိုလို၊ဆာရီလိုလိုသာပတ်ထားကာဆံပင်ရှည်၊မုတ်ဆိတ်၊ပါးသိုင်းမွှေးရှည်တို့ဖြင့်ခပ်ထွားထွားအသားမည်းမည်းလူကြီးတစ်ဦးကျောင်းဝင်းထဲမှထွက်ခွာသွားသည်ကိုအမှတ်မထင်တွေ့လိုက်ရသည်။
ဟင်ဆရာတော်ပြောဖူးတဲ့ဆာဒူးကြီးဆိုတာများလား
ဟမ်းဂယားဂါး
ဝေါင်းဝေါင်း
ယင်းအခိုက်တောအုပ်အတွင်းမှလည်ချောင်းသံနှင့်တကွဟိန်းသံကြီးထွက်လာကာကျားကြီးတစ်ကောင်ကထွက်ပေါ်လာပြီးလျှင်ထူးဆန်းလှစွာပင်ဆာဒူးကြီးအနီး၌အိမ်မွေးတိရစ္ဆာန်တစ်ကောင်အလား၊သခင်ကိုစောင့်ရှောက်သကဲ့သို့ရိုးကျိုးစွာလိုက်ပါနေလေ၏။
အံမယ်လေးဟ၊ဗုဒ္ဓေါတွေ့လိုက်ရသည့်မြင်ကွင်းကြောင့်ထိတ်လန့်အံသြကာလက်ထဲမှဆွမ်းအုပ်ပင်လွတ်ကျမတတ်ဖြစ်သွားရသည်။
ဆာဒူးပုဂ္ဂိုလ်ကြီးနှင့်ကျားကြီးတီု့တောအစပ်၌ပျောက်ကွယ်သွားမှပင်သူကြီးဦးထိန်မှာအသက်ဝဝရှုနိုင်ရှာလျက်ညည်းတွားရေရွတ်မိသည်။
အင်းငါ့တစ်သက်ကျားဆိုတာမျိုးကိုဒီတစ်ခါသာမျက်စိနဲ့တပ်အပ်တွေ့ဖးူတော့တယ်၊သဘာဝအသိနဲ့ဒီကျားကြီးရဲ့အနံ့အသက်ရလို့ငါ့ခွေးကြီးရန်လုံထွက်ပြေးတာအခုမှသဘောပေါက်မိတော့တယ်
ထိုနောက်မှဆက်လျှောက်ပြီးကျောင်းဝင်းအတွင်းဝင်ခဲ့တော့သည်။
သြဒကာထိန်ပေကိုးလာလာ
ဆရာတော်ဝရန်တာတွင်ရပ်နေရာမှသူကြီးကိုနှုတ်ဆက်လှမ်းခေါ်သည်။သို့ရာတွင်ဆရာတော်မျက်လုံးများကသူကြီးမျက်နှာကိုအကဲခတ်သလိုအနေအထားဖြစ်သည်။
ဆွမ်းအုပ်ကပ်လှူခြင်းအမှုပြီးသောအခါဆရာတော်ကစကားစသည်။
ဘယ့်နှယ်ဒကာထိန်၊ကြားလိုက်တွေ့လိုက်သေးလား
တွေ့တွေ့ကြောင်းပါ၊ဆာဒူးကြီးရော၊ကျားဟိန်းသံနဲ့ကျားကြီးကိုပါတွေ့လိုက်ရပါတယ်ဘုရားဟုအကြောက်မပြေသေးဘဲတုန်တုန်ရီရီပြောလိုက်ရှာသည်။
အိမ်းဆာဒူးကြီးကပြောပြပါတယ်၊သူသွားလေရာလိုက်လံစောင့်ရှောက်လေ့ရှိတဲ့ကောင်ကြီးပါတဲ့
တပည့်တော်ဖြင့်ခပ်လှမ်းလှမ်းကလှမ်းမြင်လိုက်ရတာဖြစ်ပေမယ့်ကြောက်လွန်းအားကြီးလို့ဆွမ်းအုပ်တောင်လွတ်ကျမလိုဖြစ်သွားရတယ်ဘုရားဟုအမှန်အတိုင်းပြောလိုက်ရာဆရာတော်ဘုရားမှာပြုံးရယ်နေရှာပေသည်။
ပြီးမှမျက်နှာတည်သွားကာဒကာထိန်ရေဒကာရောက်လာတာအတော်ပဲလို့ဆိုရပေမယ်ဟုဆို၏။ဘယ်လိုကိစ္စများရှိလို့ပါလဲ၊မိန့်တော်မူပါဘုရား
အိမ်းတခြားဟုတ်ရိုးလားကွယ်၊ဟိုပြဿနာကောင်၊ဒုစရိုက်သမားအံ့ထူးအကြောင်းလေ
ဟင်အံ့ထူး
အံ့ထူးဆိုသည်နှင့်သူကြီးပင်အံ့အားသင့်သွားကာသံယောင်လိုက်၍ရေရွတ်လိုက်မိသည်။
ဟိုကွယ်၊ဟိုဒင်းအခုနဆာဒူးကြီးရောက်လာတဲ့ကိစ္စဟာအဲဒီကိစ္စပဲ
ဆရာတော်က
ဒီလိုဒီလိုဒကာထိန်ရေရှင်းရှင်းပြောရရင်၊ငါမေတ္တာရပ်ခံခဲ့လို့ရိုသေမှုနဲ့ကျိန်စာအနေအထားဆိုင်းငံ့ခဲ့ပေမယ့်အံ့ထူးရဲ့ယုတ်မာမှုကြောင့်မြွေဘုရင်မလို့ဆိုရမယ့်မြွေညှို့ရှင်ဟာအင်မတန်စိတ်ဆိုးနေပြီဆိုတဲ့အကြောင်းရယ်၊မကြာမီအံ့ထူးနေထိုင်တဲ့တို့သပြေပင်ရွာကလေးဟာမြွေညှို့ရှင်ရဲ့ကျျိန်စာသင့်တော့မယ့်အကြောင်းဆာဒူးကြီးကလာပြောတာဆိုပါတော့
အိုဒီလိုကိုး
ကြားရသည့်စကားကြောင့်သူကြီးဦးထိန်မှာထိတ်လန့်သည်နှင့်အမျှချောက်ချားသွားရရှာပေသည်။ထို့နောက်ဆရာတော်ကအံ့ထူးတစ်ယောက်ရိုးမတောအစပ်၌မြွေတစ်ကောင်ကိုမနေ့ကသတ်ဖြတ်ယူငင်သွားသဖြင့်မြွေညှို့ရှင်အလွန့်အလွန်ဒေါသထွက်နေကြောင်းအမှန်စင်စစ်မည်သည့်မြွေသတ္တဝါမျှယခုတလောရိုးမအတွင်းမှမထွက်ခွာကြရန်ထုတ်ပြန်ထားသည့်အမိန့်ကိုထိုမြွေကြီးကဖောက်ဖျက်ထွက်ခြင်းကြောင့်၊စည်းပေါက်ကာထိုမြွေကြီးမှာအံ့ထူးလက်ချက်မိသွားရကြောင်းတို့ကိုစုံလင်စွာပြောပြလိုက်တော့သည်။
အင်းဒီအတိုင်းဆိုရင်ဒုက္ခတော့များကြတော့မယ်ထင်ပါရဲ့ကွယ်၊ကျုပ်တောင်ဘာလုပ်ရမှန်းမသိတော့ဘူး။ဆရာတော်ကိုယ်တိုင်ညည်းညူးနေသဖြင့်သူကြီးလည်းစိတ်ရှုပ်အားငယ်ကာဝတ်ပြုပြီးနောက်ရွာဆီသို့ပြန်ခဲ့တော့သည်။
ဆာဒူးကြီးသတိပေးသကဲ့သို့ပင်မြွေညှို့ရှင်၏ကျိန်စာသည်ထိုညကသပြေပင်ရွာကလေးအပေါ်ဒုတ်ဒုတ်ထိကျရောက်လေတော့၏။
အကြောင်းသော်ကားသန်းခေါင်အချိန်ကျော်သည်နှင့်လေပြင်းများတိုက်ခတ်လာကာရွာလမ်းတလျှောက်တောသတ္တဝါများဖြတ်ပြေးသံ၊အသံနက်ကြီးများနဲ့အော်သံ၊ညည်းညူသံ၊ငှက်ဆိုးထိုးသံစသည်ဖြင့်အသံဗလံပေါင်းစုံမှာကမ္ဘာပျက်သည့်အလားဆူညံစွာထွက်ပေါ်လာရာထမင်းတစ်အိုးကျက်မျှကြာသည်ဟုဆိုရပေမည်။
ထို့နောက်တွင်အသံပေါင်းစုံမှာတစ်စုံတစ်ဦးကအချက်ပေးသည့်အလားတိခနဲရပ်တန့်သွားတော့ရာကြောက်လန့်လွန်း၍တံခါးပိတ်ကာကုတ်နေကြရရှာသည့်ရွာသူရွာသားအပေါင်းမှာထိုအခါကျမှအသက်ဝဝရှုနိင်ကြပေသည်။
နံနက်မိုးလင်းသောအခါညကသတ္တဝါပေါင်းစုံပြေးလွှားသည်ထင်ရသော်လည်းလမ်းသည်လည်းကောင်း၊သစ်ပင်တို့သည်လည်းကောင်းပကတိကောင်းမွန်နေသည်ကိုထူးဆန်းစွာတွေ့ရှိကြရရာမယုံနိုင်အောင်ဖြစ်ကြရသည်။
ဟအသံကတယ်ကြောက်စရာကောင်းတဲ့သတ္တဝါအုပ်ကြီးအသံဟ၊ဒါပေမယ့်ခြေရာတွေလည်းမတွေ့၊ဘာမှလည်းမပျက်စီးဆိုတော့ဟုတ်ကောဟုတ်ပါ့မလားကွာ
တောခြောက်တာများလား
တောခြောက်တာမဟုတ်ဘူး၊ဒါကရွာဆိုတော့ရွာခြောက်တာဖြစ်မယ်
ထူးပါ့ကွာမကြုံဖူးပါဘူး
ဤသို့ဖြင့်စပ်မိစပ်ရာတစ်ယောက်တစ်ယောက်ဆူညံစွာပြောဆိုနေကြသည်မှာတစ်ရွာလုံးအနှံ့ဆိုသကဲ့သို့ဖြစ်နေတော့သည်။
ပို၍ဆိုးသည်မှာထိုညမှစ၍နောက်ထပ်တစ်ပတ်ခန့်အတွင်းရွာအတွင်း၌မြွေကိုက်ခံရ၍သေဆုံးသူခုနစ်ဦးရှိပြီးလျှင်အချို့လူများကလည်းမြွေများကိုနေရာအနှံ့တွေ့မြင်ရခြင်းကြောင့်အထိတ်တလန့်ဖြစ်ကာလယ်ယာလုပ်ငန်းများပင်ရပ်တန့်လျက်အိမ်ထဲမှအိမ်ပြင်မထွက်ဝံ့အောင်ဖြစ်ရရှာခြင်းပင်တည်း။
မြွေကိုက်ခံရ၍သေဆုံးသူရွာသူရွာသားခုနှစ်ဦးတွင်အံ့ထူးအဖေကိုငြိမ်းသာတစ်ယောက်လည်းအပါအဝင်ဖြစ်ရာပူပူနွေးနွးမုဆိုးမမအေးမယ်ခမျာငိုယို၍မဆုံးနိုင်အောင်ဖြစ်နေရရှာသည်။
ဖြစ်မှဖြစ်ရလေကိုငြိမ်းသာရယ်ပြောသာပြောရတယ်ရှင်ကတော့ဝဋ်ကျွတ်သွားပြီကျွန်မမှာသာရှင်အမွေပေးခဲ့တဲ့သားဆိုးနဲ့ဘယ်လောက်ထိနေသွားရဦးမမလဲပြောစမ်းပါဦးကိုငြိမ်းသာရဲ့အီးဟီးဟီး
မြွေကိုက်ခံရ၍သေဆုံးသူများ၏အသုဘကိုလိုက်ပို့ရဲသူများမရှိဘဲရွာအတွင်းမှသတ္တိကောင်းသူလူငယ်လေးငါးယောက်နှင့်သာသင်္ချိုင်းသို့ပို့ဆောင်မြှုပ်သင်္ဂြိုဟ်ကြရသည်။မည်သို့ဖြစ်သည်မသိအောင်ပင်အံ့ထူးသည်ရွာ၌ကပ်ဆိုးကြီးကျရောက်နေစဉ်ရက်များအတွင်းဦးဖိုးသာထန်းရည်တဲ၌ပင်သောက်ပြီးရင်းသောက်၊မူးပြီးရင်းမူးကာအိမ်ပင်မပြန်ပါချေ။
မိမိ၏ဖခင်မြွေကိုက်သေဆုံးပြီဟူသောသတင်းကြားသည့်အခါမှသာတောက်တစ်ချက်ပြင်းပြင်းခေါက်ပြီးနောက်တွေ့ကြသေးတာပေါ့မြွေညှို့ရှင်ဟုကြိမ်းဝါးကာအသုဘလိုက်ပို့သည်။
ရွာဦးကျောင်းဆရာတော်ဘုရားကြီးကထိုရက်များအတွင်းပရိတ်ရွတ်သည်။မေတ္တာပို့သည်။အထူးအားဖြင့်မြွေညှို့ရှင်ကိုမေတ္တာပို့သည်။မေတ္တာရပ်ခံသည်။
သို့မို့ကြောင့်ပင်လောမသိ။တပတ်ခန့်ကြာမြင့်၍လူခုနှစ်ဦးမြွေကိုက်သေဆုံးကြရပြီးနောက်ပိုင်းအန္တရာယ်ဟူ၍ကင်းရှင်းသွားကာသပြေကုန်းရွာကလေးမှာယခင်အတိုင်းသာသာယာယာစိုစိုပြေပြေရှိနေတော့သည်။အချို့သောရွာသူရွာသားများနှင့်သေဆုံးကြရသူတို့၏မိသားစုများမှာယင်းဖြစ်ရပ်သည်အံ့ထူးကြောင့်ဟုဆိုလျက်လုံးဝအခေါ်အပြောမလုပ်တော့ချေ။
ထို့ကြောင့်ပင်မအေးမယ်ခမျာလင်ဆုံးပါးရသည့်ဒုက္ခ၊သားဆိုးဒုက္ခတို့ဖြင့်တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ရရှာသည်။မိဘများထိန်းကွပ်တားဆီးထားသောကြောင့်ခင်နှင်းကြည်ခမျာလည်းအိမ်ပြင်ထွက်ခွင့်မရသဖြင့်အံ့ထူးနှင့်မတွေ့ရတော့ချေ။ရွာသူရွာသားအပေါင်းမှာရက်အတန်ကြာကြာထိတ်လန့်ကြောက်ရွံ့လျက်လယ်ယာလုပ်ငန်းများကိုပစ်ထားသေး၏။
ထို့နောက်မှတစ်ယောက်စနှစ်ယောက်စဖြင့်စတင်လုပ်ဆောင်ရာမှအများသူငါလည်းယခင်အတိုင်းရဲရဲဝံ့ဝံ့လုပ်နိင်လာကြသည်။သို့သော်ရိုးမသခင်ဟုခေါ်သည့်မြွေညှို့ရှင်အကြောင်းတွေးမိကာကြောက်ရွံထိတ်လန့်စိုးရိမ်နေကြဆဲပင်တည်း။
အန္တရာယ်ဟူ၍စိုးစဉ်းမျှမရှိဘဲအေးအေးချမ်းချမ်းရှိနေသည်မှာရက်အတန်ကြာပေပြီ။
သို့မို့ကြောင့်ပင်ရွာထဲတွင်လည်းကောင်း၊လယ်ထဲတွင်လည်းကောင်းရဲရဲဝံ့ဝံ့သွားလာလုပ်ကိုင်သဖြင့်သပြေကုန်းရွာကလေးမှာပုံမှန်လှုပ်ရှားမှုများဖြင့်ဝေစည်နေသည်ဟုဆိုရပေမည်။လူသဘာဝအတိုင်းပင်အချိန်အနည်းငယ်ကြာလာသည်နှင့်အမျှယခင်ကြုံခဲ့ရသည့်မြွေညှို့ရှင်၏ကျိန်စာဘေးဆိုးကိုမေ့မတတ်ဖြစ်သွားသည်။
သို့ရာတွင်မုန်တိုင်းမကျမှီလေပြေကြောင့်လှိုင်းလေငြိမ်သက်နေခြင်းဖြစ်ကြောင်းသပြေကုန်းရွာသူရွာသားတို့အနည်းငယ်မျှရိပ်စားနိုင်ခြင်းမရှိကြပါချေ။
နေသာသောနေ့လေးတစ်နေ့တွင်ခင်နှင်းကြည်ကခင်ပြုံးနဲ့အတူရွာခရိုးနားတွင်ပင်ဟင်းရွက်တို့စရာခူးမည့်အကြောင်းခွင့်ပန်သဖြင့်မိဘများကလိုက်လျောကာခွင့်ပြုလိုက်သည်။
သွားပါစေကိုတင်ဖေရယ်ရွာထိပ်တင်ပဲဥစ္စာ
အင်းဟိုကောင်နဲ့မတွေ့စေချင်လို့သာချုပ်ချယ်ထားရတာငါ့သမီးလေးသနားပါတယ်သွားသွားသိပ်လည်းမကြာကြနဲ့နော်
ဟုတ်ကဲ့အဖေ
သို့ဖြင့်ခင်နှင်းကြည်မှာဝမ်းသာလျက်ခင်ပြုံးနှင့်ဇကာခုံးကိုယ်စီကိုင်ရင်းဇောင်းမှလွှတ်လိုက်သည့်မြင်းပမာခပ်သွက်သွက်ခြေလှမ်းများနှင့်ထွက်လာခဲ့ကြသည်။
ထို့ကြောင့်ရွာထိပ်ခရိုးသို့အလျင်အမြန်ရောက်ရှိခဲ့ကြကာဟင်းရွက်တို့စရာတို့ကိုခူးရင်းခင်နှင်းကြည်ကရိုးမတောကြီးဘက်နှင့်ထန်းတောရှိရာသို့လှမ်းကြည့်ရင်း
ခင်ပြုံးရယ်နင်ဟိုရက်တွေကသူနဲ့တွေ့သေးလား
ဟင့်အင်းမတွေ့မိဘူးခင်နှင်းကြည်ငါသူ့ကိုသိပ်တွေ့ချင်တာပဲသူငယ်ချင်းရာကြုံကြိုက်ရင်တွေ့ရမှာပေါ့ဟယ်တစ်ရွာတည်းနေကြတာဟာသိပ်ပြီးအတင့်မရဲနဲ့နင့်အဖေနဲ့အမေကလိုက်ချောင်းရင်ချောင်းမှာနော်
အေး…ဟုတ်တယ်
သည်တော့မှခင်နှင်းကြည်လည်းအသိတရားပြန်လည်ဝင်လာကာအံ့ထူးကိုမျှော်နေခြင်းအားစိတ်လျှော့လျက်ဟင်းရွက်တို့စရာတို့ကိုသာအာရုံစိုက်စိတ်ပါလက်ပါခူးနေလိုက်တော့သည်။ခင်ပြုံးကြည်လည်းသူမကဲ့သို့ပင်ဟင်းရွက်တို့စရာတို့ကိုသာသီချင်းကလေးတညည်းညည်းနဲ့ခူးဆွတ်လျက်ရှိနေလေ၏။
မလှမ်းမကမ်းတွင်ခူးနေကြရာမှအချိန်အနည်းငယ်ကြာသောအခါဟင်းရွက်လိုက်ရှာရင်းတစ်ဦးနဲ့တစ်ဦးဝါးတစ်ရိုက်ခန့်အကွာအဝေးသို့ရောက်သွားကြသည်။သူ့တို့ကြားမှာနဘဲချုံကလေးရှိနေသဖြင့်ရုတ်တရက်မမြင်နိုင်ပေ။သူငယ်ချင်းခင်နှင်းကြည်ရယ်၊ဒီလိုလူမျိုးကိုကြိုက်မိရင်ဒီလိုသောကဒုက္ခတွေခံစားရမယ်ဆိုတာငါအစောကတည်ကပြောခဲ့ဖူးပါတယ်၊အေးလေနင့်အပြစ်လည်းမဟုတ်ပါဘူး၊ဖူးစာဆိုတာကခက်သားလားဟုတ်တယ်မဟုတ်လားခင်ပြုံးကအသံစာစာနဲ့လှမ်းပြောသည်။ခင်နှင်းကြည်အသံတိတ်နေသည်။
ဘာလဲငါပြောတာစိတ်ဆိုးတာလားတွေးနေတာလား၊စိတ်မကောင်းဖြစ်သွားတာလားခင်နှင်းကြည်
သို့သော်ခင်နှင်းကြည်ဘက်ကအသံထပ်မံတိတ်ဆိတ်နေဆဲ။ပြောလေဟာခင်နှင်းကြည်ဘာလဲနင်ငိုနေတာလား
ပြောပြောဆိုဆိုခင်ပြုံးကနေရာမှထွက်လျက်ခင်နှင်းကြည်ထံကြည့်လိုက်သည်။ထိုအခါတွေ့ရသည့်မြင်ကွင်းကြောင့်အထိတ်တလန့်ဖြစ်ကာအသံကုန်ဟဟစ်အော်လိုက်မိတော့သည်။အီး…အမေ့…မြွေ…မြွေဖြူကြီးတော့ပါးပျဉ်းကြီးခွက်ပြီးခင်နှင်းကြည်ကိုမလှုပ်နိုင်အောင်ညို့နေတယ်ဤသို့အသံကုန်ဟစ်အော်ကာခင်ပြုံးတစ်ယောက်ခရိုးဘေးမှရွာလမ်းအတိုင်းပြေးဝင်ကာတရစပ်အသံပြာအောင်ဟစ်အော်သွားသည်။လာကြပါဦး၊လုပ်ကြပါဦးခင်နှင်းကြည်ကိုမြွေကြီးညှို့နေလို့
ကယ်ကြပါကယ်ကြပါ
ထဘီစွန်တောင်ဆွဲကာအရူးတစ်ယောက်ပမာမရပ်မနားဟစ်အော်နေသည်ကြောင့်ကြားရသူရွာသားများကတွေ့ကရာတုတ်ဓားများကိုဆွဲကိုင်ကာခင်ပြုံးလက်ညိုးထိုးပြရာရွာခရိုးဆီသို့ပြေးသွားကြသည်။
ဟာ
ဟင်
အို
အလို
ခင်ပြုံးအော်ဟစ်သကဲ့သို့ပင်ပေါင်လုံးခန့်ရှည်လျားသည့်ဖြူဆွတ်နေသောမြွေကြီးတစ်ကောင်သည်ပါးပျဉ်ထောင်လျက်ကျောက်ရုပ်တစ်ရုပ်အလားငြိမ်သက်စွာရပ်တန့်နေသည့်ခင်နှင်းကြည်နှင့်နှစ်လံသာသာခန့်အနေအထားကိုကြောက်ခမန်းလိလိတွေ့မြင်လိုက်ကြရသည်။လုပ်ကြပါဦးခင်နင်းကြည်ကိုပေါက်တော့မယ်
လုပ်ကြပါခင်နှင်းကြည်သေပါလိမ့်မယ်
စိုးရိမ်စိတ်နှင့်အသည်းအသန်အော်ဟစ်နေသူများကြားမှသူကြီးဦးထိန်အသံကထွက်လာသည်။ဟေ့…ဘယ်သူမှဘာမှမလုပ်ကြနဲ့နော်၊ဒါရိုးရိုးမြွေမဟုတ်နိုင်ဘူး၊မြွေညှို့ရှင်ဆိုတာဖြစ်နိုင်တယ်၊အားလုံးဒုက္ခများသွားလိမ့်မယ်
ထို့ကြောင့်ထိုးခုတ်ရန်၊ရိုက်ရန်ဟန်ပြင်သူအားလုံးရပ်တန့်သွားကြသည်။မြွေဖြူကြီးကမူ၎င်းတို့ပြောသည်ကိုကြားဟန်မတူ။တောက်ပြောင်စူးရှသည်နှင့်အမျှဝင်းဝင်းလက်လက်ဖြစ်နေသော၎င်း၏မျက်လုံးအစုံဖြင့်လျှာကလေးပြူတစ်ပြူတစ်လုပ်ကာခင်နှင်းကြည်ကိုသာညှို့သကဲသို့ပြုမူနေဆဲ။သွားဟေ့အမြန်သွားကြစမ်းဆရာတော်ဘုရားကိုအမြန်ဆုံးဒီရောက်အောင်ချီပိုးပြီးပင့်ခဲ့ကြမြန်မြန်နော်
ဟုတ်ဟုတ်ကဲ့
ဟုတ်ကဲ့သူကြီး
ရွာသားလူရွယ်အချို့မလှမ်းမကမ်းရွာဦးကျောင်းရှိရာဒုန်းစိုင်းပြေးသွားကြသည်။
မြွေဖြူကြီးကခပ်လှမ်းလှမ်းမှဝိုင်းအုံ့ကြည့်ရှုနေသည့်လူအုပ်ကြီးကိုပါးပျဉ်းယိမ်းလျက်တစ်ချက်ကြည့်ရှုလိုက်သည်။ထို့နောက်ထန်းတောရှိရာဘက်သို့မျက်နှာမူလိုက်သည်။ခင်နှင်းကြည်မှာမူမတ်တတ်ရပ်အနေအထားမလှုပ်မယှက်ရှိနေဆဲ။မြွေကြီးလှုပ်လာတယ်ခင်နှင်းကြည်ကိုပေါက်တော့မယ်ရှင့်
ပေါက်မာမဟုတ်ဘူး၊မျိုမလို့နဲ့တူတယ်
လုပ်လုပ်ကြပါဦး
အသံများတစ်ယောက်တစ်ပေါက်ဆူလာခိုက်မြွေဖြူကြီးမှာဂဏှာမငြိမ်ဖြစ်လာကာပါးပျဉ်းကြီးဟိုသည်ယမ်းခါလျက်ရှိသည်။ယင်းအခိုက်ထန်းတောရှိရာဘက်မှဟစ်အော်လိုက်သောအသံများနဲ့အတူလူတစ်ယောက်လျှင်မြန်စွာပြေးလွှားလာခြင်းကိုအားလုံးတွေ့မြင်လိုက်ကြရသည်။
ဟာအဲ့ဒါအံ့ထူးမဟုတ်လား
အစစ်ပေါ့ဒီကောင်မှဒီကောင်
အိုဒါဆိုရင်မြွေညှို့ရှင်နဲ့တွေ့ကြပြီပေါ့
ပွဲကြီးပွဲကောင်းဟေ့
ဤသို့ထင်ရာမြင်ရာပြောနေကြခိုက်ငှက်ကြီးတောင်ဓားကိုင်ဆောင်လာသောအံ့ထူးကလူအုပ်နှင့်နီးမှန်းမသိနီးလာခဲ့သည်။မြွေဖြူကြီးမှာထိုခဏ၌ခင်နှင်းကြည်ကိုမေ့လိုက်ဟန်ဖြင့်ပြေးလာသူအံ့ထူးရှိရာမျက်နှာမူကာလျှာကလေးများထုတ်သွင်းနေသည်။ယခုအခါမြွေဖြူကြီး၏မျက်လုံးအစုံကပိုမိုလင်းလက်တောက်ပလာသည်ထင်ရသည်။
တောက်ငါ့အဖေကိုသေအောင်သတ်တဲ့အပြင်ငါ့ချစ်သူကိုပါသေရွာပို့ဖို့ကြိုးစားတဲ့မြွေဖြူ၊မြွေညှို့ရှင်ဆိုတဲ့မြွေစုတ်အခုတွေ့ကြပြီပေါ့ကွာ
မြွေကြီးနှင့်ဝါးတစ်ရိုက်ခန့်အကွာအဝေးရောက်လာသည့်အံ့ထူးကအံကြိတ်ကြုံးဝါးရင်းဓားကိုဝင့်လိုက်သည်။
ရှူးရွှီး
မြွေဖြူကြီးကသူ့ကိုယ်လုံးကိုလျင်မြန်စွာရွေ့လျားလျက်အံ့ထူးကိုရင်ဆိုင်ရန်အနေအထားသို့ပြောင်းလိုက်သည်။
ဟိုက်
အို
ကြည့်နေသူများထိတ်လန့်ကာဝရုန်းသုန်းကားဖြစ်ကုန်ကြသည်။
သူကြီးဦးထိနကလူအုပ်အတွင်းမှအနည်းငယ်တိုးထွက်ကာအံ့ထူးကိုဟန့်တားသည်။
ဟေ့ကောင်အံ့ထူး၊နောက်ဆုတ်မြွေကြီးကိုရန်မမူနဲ့နို့မို့ဖြင့်ခင်နှင်းကြည်သေရလိမ့်မယ်ကွသိလား
အိုဗျာခင်နှင်းကြည်မြွေညှို့ခံရတဲ့သတင်းကြားကြားချင်းကျွန်တော်ပြေးလာခဲ့တာဒီမြွေကိုယှဉ်ပြိုင်လို့သေချင်သေပေ့စေ၊ကျွန်တော်ချစ်သူခင်နှင်းကြည်နဲ့အတူအသေခံလိုက်မယ်
ပြောပြောဆိုဆိုသူကပြေးဝင်ရန်ဓားကိုဝင့်လိုက်စဉ်၊မယုံနိုင်ဖွယ်လျင်မြန်လှသောအဟုန်ဖြင့်မြွေကြီးခန္တာကိုယ်ဆန့်ကာပေါက်ချလိုက်တော့သည်။
ဝှီး
ဘုတ်
ထို့ကြောင့်လူအုပ်ဆီမှထိတ်လန့်တကြားအော်ဟစ်သံများဆူဆူညံသွားတော့သည်။
တချို့ကကြောက်လွန်း၍မျက်စိများပင်မှိတ်လိုက်ကြသည်။
သို့ရာတွင်မြွေနှင့်ပတ်သက်လာလျှင်အတွေ့အကြုံရင့်ကျက်လှသောအံ့ထူူးကနောက်ကျွမ်းတစ်ချက်ပစ်၍ခုန်ထွက်ပြီးနောက်လက်ထဲမှဓားနှင့်ဝှေ့ယမ်းပိုင်းလိုက်သည်။
ဝှစ်ရွပ်
မြွေဖြူကလည်းဓားနှင့်မဝှေ့ယမ်းမှီအချိန်ကလေးတွင်ခန္တာကိုယ်ကိုနဂိုတိုင်ပြန်မတ်လိုက်၏။ထို့ကြောင့်ပင်လျှင်အံ့ထူး၏ဓားချက်များမှာလေကိုသာခုတ်ပိုင်းလိုက်နိုင်သည်ဟုဆိုနိုင်ပေ၏။ဤသို့ဖြင့်မြွေကြီးကပေါက်၏။အံ့ထူးကလွတ်ရုံမျှရှောင်၏။အံ့ထူးကတရပ်စပ်ဝင်ရောက်ခုတ်ပိုင်း၏။မြွေကြီးကခန္တာကိုယ်နဲ့မလိုက်အောင်သွက်လက်စွာရွေ့လျားရှောင်တိမ်း၏။မြွေကြီးကဘေးတိုက်ပေါက်သည်။အံ့ထူူးကကိုယ်ကိုယို့၍ရှောင်သည်။အံ့ထူးကမိုက်မိုက်ကန်းကန်းအတင်းဝင်ပိုင်းသည်။မြွေကြီးကအမြီးကိုထောက်ကာခုန်ထွက်သွားသည်။မြွေဖြူကြီးနှင့်အံ့ထူးတို့၏အသက်လုတိုက်ခိုက်ပွဲမှာကြောက်ခမန်းလိလိရှိနေရာကြည့်နေသူအပေါင်းမှာဟင်ခနဲဟာခနဲဟယ်ခနဲဖြင့်တသောသောရေရွတ်လျက်ရှိနေကြသည်။အံ့ထူးနှင့်မြွေဖြူကြီးတို့မှာခေတ္တရပ်တန့်ကြကာတစ်ယောက်အလစ်ကိုတစ်ဦးကိုချောင်းမြောင်းနေကြပေသည်။သို့ရှိစဉ်မည်သို့မျှမမျှော်လင့်နိုင်သည့်ဖြစ်စဉ်တစ်ခုကပေါ်ပေါက်လာခဲ့သည်။ယင်းသည်ကားလူအုပ်အတွင်းမှအရွယ်နှင့််မလိုက်သွက်လက်စွာတိုးဝှေ့ထွက်ပေါ်လာသောအဝါရောင်သင်္ကန်းနှင့်ဆရာတော်ဘုရားသည်ဒေါသာကြီးနေသောမြွေဖြူကြီးနှင့်အံ့ထူးတို့ကြားသို့ဝင်ရောက်ရပ်တန့်နေလိုက်သည်။
ပြီးနှုတ်ကလည်းအံ့ထူးမင်းရဲ့လက်ထဲကဓားကိုလွှတ်ချပြီးအနောက်ဘက်ကိုဆုတ်လိုက်စမ်းကွယ်ငါပြောနေတယ်
ထူးထွေသည့်အဖြစ်ဆန်းကြောင့်ပေလော၊ဆရာတော်ဘုရားကိုကြောက်လန့်ခြင်း၊ရိုသေခြင်းကြောင့်လောမသိ။အံ့ထူးလက်မှဓားလွှတ်ကျသွားကာအနောက်ဘက်သို့ခြေလေးငါးလှမ်းမျှဆုတ်သွားခဲ့၏။ဆရာတော်နှင့်အနီးဆုံးတွင်ပါးပျဉ်းထောင်ထားသောမြွေဖြူကြီးရှိနေပေသည်။သူကြီးဦးထိန်နှင့်တကွကြည့်နေသူအားလုံးမှာဆရာတော်အတွက်စိုးရိမ်ခြင်းကြီးစွာဖြစ်လျက်ရင်တဖိုဖိုနှင့်ဖြစ်နေကြရှာသည်။
မြွေဖြူကြီးကဒေါသမပြေဟန်ဖြင့်ပါးပျဉ်းကြီးကိုဘယ်ညာယိမ်းကာသူ့အရှေ့မှဆရာတော်အားစူးရှသောမျက်လုံးအစုံဖြင့်စိုက်ကြည့်နေသည်။ဆရာတော်ကတည်ငြိမ်စွာရပ်တန့်ရင်းလူတစ်စုံတစ်ယောက်ကိုပြောသကဲ့သို့ပြောဆိုလိုက်သည်။
အသင်မြွေညှို့ရှင်၊သတ္တဝါအချင်းချင်းရန်တုံ့နှင်းခြင်းဟာသံသရာရှည်ရုံသာရှိပါတယ်၊ကျုပ်ပို့သတဲ့မေတ္တာအဖို့ကိုသင်ရမှာပါ၊သင့်ရဲ့ရန်ငြိုးရန်စရှိသူတစ်ယောက်ကြောင့်မဆိုင်တဲ့လူခုနှစ်ယောက်လည်းသေပြီးပါပြီ၊ဒီတော့အခုဖြစ်ပေါ်နေတဲ့ဒေါသကိုလျော့ပါ၊အဲဒီဒေါသတွေကိုရုတ်သိမ်းပြီးချမ်းသာစွာနေတဲ့အရပ်ကိုပြန်ပါလို့ဘုန်းကြီးမေတ္တာခံပါတယ်၊ဟုတ်လား
လေးလေးမှန်မှန်ပီပီသသနှင့်မကြောက်မရွံ့သာမန်တရားစကားပြောသကဲ့သို့ဆရာတော်ဘုရား၏မေတ္တာရပ်ခံပြောဆိုမှုအဆုံးတွင်မြွေဖြူကြီးမှာအတန်ကြာမျှပါးပျဉ်းကြီးထောင်လျက်ရှိနေ၏။ပြီးလျှင်တဖြည်းဖြည်းပါးပျဉ်းမြေပြင်ကျသွားကာဆရာတော်ဘုရားအားဦးခိုက်သည့်အလားငြိမ်သက်လျက်ရှိနေ၏။
အိမ်းအိမ်းသာဓုကွယ်သာဓုသာဓု၊မြွေညှို့ရှင်ကျန်းမာပါစေချမ်းသာပါစေအန္တရာယ်ကင်း၍အေးချမ်းပါစေဒေါသအာဃာတတွေကင်းစင်ပြီးကောင်းရာသုဂတိရောက်နိုင်ပါစေ
ဆရာတော်ကသာဓုခေါ်ကာတည်တည်ငြိမ်ငြိမ်နှင့်ဆုပေး၏။
ဆုပေးအပြီးတွင်မြွေဖြူကြီးပြန်လည်လှုပ်ရှားခေါင်းထောင်လာကာဆရာတော်၏အနောက်ဘက်ဝေးရာနေရာတွင်ရပ်နေသောအံ့ထူးအားတစ်ချက်မျှကြည့်လိုက်သည်။
ပြီးလျှင်၎င်း၏ကိုယ်ခန္တာကိုရိုးမတောဘက်သို့ဦးလှည့်ကာတရွေ့ရွေ့နှင့်ရွေ့လျားလိုက်၏။ခရိုးတစ်နေရာ၌စိတ်ညှို့ခံထားရသည့်ခင်နှင်းကြည်သည်လည်းကောင်း၊လယ်ကွင်းအတွင်း၌ဆရာတော်သည်လည်းကောင်း၊အတန်ဝေးဝေးတွင်အံ့ထူးသည်လည်းကောင်းကျောက်သားရုပ်ထုများအလားမလှုပ်ယှက်ရှိနေကြသည်။
ဟိုက်
အို
အလို
ဟာ
ဟင်
လူအားလုံးကြည့်နေစဉ်မှာပင်ခပ်ပျပျမျှသာမြင်ရသောနေရာအရောက်၌မြွေဖြူကြီးပျောက်ကွယ်သွားကာဆာရီဝတ်ရုံထားသည့်မိန်းမပျိုတစ်ယောက်သည်လေအဟုန်ကိုခွင်းလျက်ရိုးမတောအုပ်အတွင်းပြေးလွှားဝင်ရောက်သွားသည့်အနေအထားကြောင့်အံ့အားသင့်ကာရေရွတ်လျက်ရှိကြပေသည်။
အားလုံးသောအမှုများပြီးဆုံး၍ခင်နှင်းကြည်ကိုကျောင်းသို့ပွေ့ချီလာကာဆရာတော်ကိုယ်တိုင်ရေမန်းတိုက်၍ပရိတ်ကြိုးချည်လိုက်သညိတွင်ခင်နှင်းကြည်တစ်ယောက်ပုံမှန်အတိုင်းသတိရလာခဲ့သည်။အံ့ထူးလည်းထိုအခါကျမှပင်သက်ပြင်းတချက်ချကာရွာသားလူစုနဲ့အတူမိခင်ကြီးရှိရာ၎င်း၏နေအိမ်သို့ပြန်ခဲ့လေတော့၏။
အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီးနောက်တစ်နှစ်ခန့်ကြာပြီဖြစ်သည့်တိုင်ထူဆန်းလှသည့်နှင့်အမျှကြောက်မက်ဖွယ်ကောင်းလှသောမြွေညှို့ရှင်အကြောင်းနှင့်တကွရွာမှလူဆိုးလူမိုက်ဟုခေါ်ဆိုရမည့်မြွေမုဆိုးအံ့ထူးတို့အကြောင်းကိုသပြေပင်ရွာသားအချို့ပြောမဆုံးနိုင်အောင်ရှိကြသည်။
ထို့ပြင်ယင်းလူဆိုးတွေအံ့ထူးနှင့်ရွာ၏ကွမ်းတောင်ကိုင်အချောအလှခင်နှင်းကြည်တို့၏ဖူးစာရေးကိုလည်းစောင့်ကြည့်အကဲခတ်လျက်ရှိကြသည်။
ကနဦး၌အံ့ထူးမှာခင်နှင်းကြည်ကိုပေးထားသည့်ကတိအတိုင်းလယ်ယာလုပ်ငန်းတတ်မြောက်ရန်သူငယ်ချင်းများနှင့်အတူနွားများထွန်ခြင်း၊ထယ်ခြင်းအလုပ်များကိုတစိုက်မတ်မတ်လုပ်လျက်ရှိသည်။သို့အတွက်ခင်နှင်းကြည်မှာဝမ်းမြောက်ဝမ်သာရှိရသလိုမိဘများကလည်းယခင်ကလောက်တင်းတင်းကျပ်ကျပ်မချုပ်ချယ်သဖြင့်အဆင်ပြေသည်ဆိုရပေမည်။ဆရာတော်ဘုရား၏ကျေးဇူးကြောင့်မြွေညှို့ရှင်၏အန္တရာယ်ကျိန်စာလည်းမရှိတော့ပြီဖြစ်ရာသပြေပင်ရွာသားတို့မှာလယ်ယာလုပ်ငန်းကောင်းမွန်စွာလုပ်ကိုင်နိုင်ကြသည်ဖြစ်သောကြောင့်စီးပွားရေးအဆင်ပြေကြသည်သာဖြစ်သည်။
သို့မို့ကြောင့်ရွာထဲတွင်အလှူအတန်းများပြုလုပ်လေ့ရှိရာသပြေပင်ရွာကလေးမှာယခင်ထက်ပင်ပိုမို၍သာသာယာယာရှိနေတော့၏။
မအေးမယ်မှာချစ်လင်သေဆုံးသွားသဖြင့်ပူဆွေးခြင်းဖြစ်ရသော်လည်းယခုအခါသားကလေးမှာအသိတရားရလျက်တသတ်တာမလုပ်ဖးူသောလယ်ယာလုပ်ငန်းကိုသူငယ်ချင်းများနှင့်အတူတတ်အောင်သင်ယူလုပ်ကိုင်နေခြင်းကိုမြင်တွေ့ရသည့်အတွက်ဖော်မပြနိုင်အောင်ဝမ်းသာပိတိဖြစ်မိရပေသည်။သို့အတွက်ယခင်ကစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရသောကြောင့်အဘွားအိုပုံရှိနေသောမအေးမယ်မှာယခုအခါစိတ်အေးချမ်းသာရှိခြင်းနှင့်အတူနဂိုပုံအတိုင်းကျော့ရှင်းလှပပြေပြစ်တင့်တယ်မှုရှိလာသည်ဆိုနိုင်၏။
ထို့ကြောင့်ပင်ထင်ရ၏။မုဆိုးဖိုများသာမကအချို့လူပျိုသိုးကြီးများပင်မအေးမယ်ကိုရိုးတိုးရိပ်တိတ်အမူအရာ၊အပြောအဆိုတို့ဖြင့်ချဉ်းကပ်ကြသည်အထိဖြစ်လာသည်။
သို့သော်သားဖြစ်သူအံ့ထူးအကြောင်းကိုအတွင်းသိအဆင်းသိဖြစ်ရာအံ့ထးူကိုရွံကြောက်သဖြင့်မည်သူမျှတိတိလင်းလင်းမစရဲကြပါချေ။
ခက်သည်ကထိုလူစုများကြားတွင်သူငယ်ချင်းခင်တင့်မှတစ်ဆင့်ရဲရဲဝံံ့ဝံ့မေတ္တာစကားပြောကြားလိုက်သူကားကိုလှခင်ဖြစ်လျက်၊ကိုလှခင်၏ဇနီးမကျေးဥမှာမြွေညှို့ရှင်ကျိန်စာအန္တရာယ်ကြောင့်မြွေကိုက်သေဆုံးသွားသူခုနှစ်ယောက်တွင်တစ်ဦးအပါအဝင်ဖြစ်ပေသည်။ထို့ကြောင့်လည်းမုဆိုးဖိုကိုလှခင်မှာမိမိနှင့်ဘဝတူဟုမအေးမယ်သတ်မှတ်သည်။
ပြီးကိုလှခင်မှာယောကျ်ားပီသသောကိုယ်ခန္တာအချိုးအစားရှိရုံမျှမက၊စိတ်သဘောကောင်းပြီလျှင်လယ်မြေအတော်များများနှင့်နွားဆယ်ကောင်ခန့်ပိုင်ဆိုင်သည့်အရည်အချင်းတွေရှိ၏။ရုပ်ရည်ကလည်းပြေပြစ်ပြန်သည်။သို့အတွက်သူငယ်ချင်းဖြစ်သူခင်တင့်ကကိုလှခင်အကြောင်းနှင့်စပ်လျဉ်း၍အောင်သွယ်စကားပြောလာသောအခါအတန်အသင့်စိတ်ဝင်စားခြင်းဖြစ်ရသည်ဟုဆိုရပေမည်။စိတ်လှုပ်ရှားမိသည်။
ဤသို့ဖြင့်လိမ္မာသောသားလေးနှင်ချွေးမချောလေးခင်နှင်းကြည်တို့ကိုမင်္ဂလာဆောင်နှင်ပေးရေး၊ထို့နောက်မိမိနှင့်မုဆိုးဖိုကိုလှခင်တို့တဖြည်းဖြည်းနီးစပ်ရေးစသည့်အတွေးများဖြင့်တစ်နေ့တစ်ခြားလှပစိုပြေမှုရှိလာသောမအေးမယ်မှာမကြာမီကံဆိုးလှစွာအပူသောကဖြစ်ရရှာပြန်တော့သည်။ယင်းသည်ကားလယ်တောမှအပြန်အအေးမိ၍ခုနှစ်ရက်ခန့်အပြင်းဖျားရှာသောအံ့ထူးမှာမည်သို့ဖြစ်သည်မသိအောင်ပင်နေကောင်းသော်လည်းလယ်ထဲသို့မဆင်းတော့ပေ။ဘာကြောင့်လဲသားရယ်ဟင်ပြောစမ်းပါဦး
ဟာအမေကလည်းပင်ပန်းလှတယ်ဗျာ၊ဒီလောက်ပင်ပန်းလှတဲ့အလုပ်ကိုကျွန်တော်ဆက်မလုပ်နိုင်တော့ဘူး
အိုးဒီရွာမှာဒီလုပ်ငန်းပဲရှိတာမဟုတ်လား၊နောက်ပြီးသားရဲ့သူငယ်ချင်းတွေနဲ့မင်းအဖေရော၊ရွာသူရွာသားအားလုံးရောဒီလုပ်ငန်းနဲ့သာအသက်မွေးဝမ်းကျောင်းပြုကြတာပဲကွယ်
ဟာဗျာဒီလုပ်ငန်းနဲ့သားနဲ့မဖြစ်ပါဘူး၊ဝါသနာလည်းမပါဘူး
ရှူးရှူးရှဲရှဲဒေါသနဲ့ပြောနေသောသားဖြစ်သူကိုကြည့်ကာမအေးမယ်ခမျာဘာပြောရမှန်းမသိအောင်ဖြစ်သွားရသည်။ဒီမှာသားခင်နှင်းကြည်လေးကိုသားမချစ်ဘူးလားကွယ်
သူ့ကိုချစ်တာချစ်တာပဲလယ်ယာလုပ်ငန်းနဲ့ဘာဆိုင်လို့လဲ
ဘုဆတ်ဆတ်မချေမငံပြောနေသောသားငယ်၏ပခုံးကိုညင်သာစွာပုတ်ကာ
ဒီမှာသားရဲ့အိမ်ထောင်တစ်ခုထူထောင်ပြီဆိုလျှင်စားဝတ်နေရေးအတွက်အလုပ်အကိုင်ဆိုတာလိုတယ်လေ၊ဒါကြောင့်လယ်ယာလုပ်ငန်းလုပ်တတ်အောင်ကြိုးစားပါလို့အမေတိုက်တွန်းတာပါကွယ်
အိုဗျာဒီလောက်ပင်ပန်းတဲ့လယ်ယာလုပ်ငန်းတော့မလုပ်နိုင်ပါဘူး
ဒါဖြင့်သားလေးဘာအလုပ်လုပ်မလဲ
လွယ်ပါတယ်ရိုးမတောထဲဝင်ပြီးမြွေမုဆိုးလုပ်ကျွေးမှာပေါ့
အလို
မိခင်ကြီးမအေးမယ်မှာမမျှော်လင့်စွာကြားလိုက်ရသည့်စကားကြောင့်လွန်ခဲ့သောတစ်နှစ်ကျော်ကျော်ခန့်ကတစ်ရွာလုံးလိုလိုအထိတ်တလန့်နှင့်အသည်းအသန်ဖြစ်စဉ်အကြောင်းမြွေညှို့ရှင်ကျိန်စာနှင့်မြွေကိုက်၍သေဆုံးသွားရရှာသူခင်ပွန်းသည်ကိုငြိမ်းသာတို့ကိုပြန်လည်မြင်ယောင်မိကာအထိတ်တလန့်ရေရွတ်လိုက်မိသည်။
မြွေမုဆိုး၊မြွေမုဆိုးဟုတ်လား၊ဒီမှာသားရယ်ကံသီလို့မြွေညှို့ရှင်ကြောင့်မသေဘဲကျန်ရစ်ခဲ့ရှာတဲ့သားရဲ့ချစ်သူခင်နှင်းကြည်လေးဟာမြွေဆိုတဲ့အသံကိုတောင်ကြားချင်ပါ့မလား၊သားသေသေချာချာစဉ်းစားကြည့်ပါကွယ်
အံ့ထူးကထိုင်ရာမှထသည်။ပြီးလျှင်ဒီမှာအမေ၊ကျွန်တော်ကျွမ်းကျင်တဲ့အလုပ်နဲ့ရှာကျွေးတာကိုမှမစားနိုင်ရင်ခင်နှင်းကြည်သောဘာသောနားမလည်ဘူး၊ကျွန်တော်နဲ့မပေါင်းရုံရှိတော့တာပေါ့
အိုးသားရယ်၊ဘယ်လိုပြောလိုက်တာပါလိမ့်
အံ့ထူးကပြန်မပြောတော့၊အိမ်ပေါ်မှခြေသံပြင်းပြင်းနဲ့ဆင်းလာခဲ့သည်။သူ့ခြေလှမ်းတွေကဘကြီးဖိုးသာထန်းတဲဆီသို့အလိုလိုဦးတည်ပြီးသားဖြစ်နေတော့၏။
ထို့နေ့မှစကာလိမ္မာလာပြီဟုမှတ်ယူထားခဲ့သည့်မောင်အံ့ထူးတစ်ယောက်ခွေးမြီးကောက်ကျည်တောက်စွပ်တော့၏။သူငယ်ချင်းများထံမှပခြုပ်နှင့်မှိန်း၊ခွတို့ကိုယူကာရိုးမသို့တက်သွားတတ်သည်။ပြန်လာလျှင်လည်းထန်းတဲမှာသာအချိန်ကုန်တတ်လျက်မိခင်ကြီးနေအိမ်သို့ပြန်ချင်သည့်အခါမှပြန်သည်။
အံ့ထူးလုပ်ရပ်များကြောင့်ပူဆွေးသောကရောက်ရသူနှစ်ဦးမှာသားအပေါ်ဖော်မပြနိုင်အောင်ချစ်ရှာလွန်းသည့်မိခင်ကြီးမအေးမယ်နှင့်အံ့ထူးကိုမျှော်လင့်အားကိုးစွာစောင့်စားနေသူခင်နှင်းကြည်တို့သာဖြစ်ပေသည်။
ပြီးသူကြီးဦထိန်နှင့်တစ်ရွာလုံးကလည်းအံ့ထူးတယောက်ရိုးမအတွင်းဝင်လျက်မြွေမုဆိုးပြုလုပ်နေပြီဟူသည့်သတင်းကြောင့်၊မြွေညှို့ရှင်၏တစ်ကျော့ပြန်ကျိန်စာကျရောက်မည့်အရေးကိုရင်လေးခြင်းကြီးစွာဖြစ်နေကြရရှာပေတော့သည်။
အေ့ဝေါ့ထွီကောင်းလိုက်တဲ့ထန်းရည်ကွာ၊တောတောင်ထဲမှာမိုးမိပြီးချမ်းစိမ့်နေတာဖိုးသာထန်းတဲကထန်းရည်တန်ခိုးကြောင့်အခုတော့အချမ်းတွေပျောက်ကုန်ပြီဖိုးထောင်ရေ့အဟေ့ဟေ့
ဟုတ်ပါ့ဦးဖိုးသာထန်းရည်ကတော့တို့နယ်တစ်ဝိုက်မှာတကယ့်ဒိတ်လို့ဆိုနိုင်တယ်အံ့ထူးရ
မိုးဖွဲဖွဲမှာတစ်ကိုယ်လုံးရွဲရွဲစိုကာလက်ထဲတွင်တုတ်ရှည်၊မှိန်း၊ပလိုင်း၊ခွတို့ကိုကိုယ်စီကိုင်ဆောင်ထားကြလျက်သိုင်းကွက်နင်းလာသောသူတို့နှစ်ဦးကိုတူရူမှလာနေသောနွားနှစ်ကောင်ကလန့်ဖျပ်ပြီးလမ်းပေါ်ကနေပြေးဆင်းရှောင်သွားကြသည်။
ဟားဟားဟားဟားကြည့်စမ်း၊ကြည့်စမ်းဖိုးထောင်တို့နွားတွေကတို့ကိုကြောက်လန့်ပြီးရှောင်သွားကြတယ်။ဒီလိုဆိုငါနာမည်ကိုရွာကလူတွေပေးထားတဲ့လူမုန်းဆိုတာသာမကအခုနွားမုန်းလို့တောင်ပြောရမလိုဖြစ်နေတယ်ဟားဟားဟား
အေးပေါ့ဟုတ်ဟုတ်တယ်၊လူမုန်း၊နွားမုန်း၊မြွေမုန်း၊တိရစ္ဆာန်မုန်းပေါ့ကွာဟဲဟဲဟဲဟဲ
ဟုတ်တယ်ဟုတ်တယ်၊သိပ်ဟူတ်အရမ်းဟုတ်ဟားဟားဟားဟား
ဟဲဟဲဟဲဟဲ
အမူးသမားနှစ်ဦးကချိုင့်ခွက်ရွံ့ဗွက်များထနေသောရွာလမ်းဆီသို့ဒယီးဒယိုင်နှင့်ရယ်မောကာလျှောက်နေကြသည်။
တောက်ဆိုးတာကဒီနေ့မှာရိုးမထဲအကြီးအကျယ်ရွာတာမို့တို့လိုချင်တဲ့မြွေတစ်ကောင်မှမရခဲ့တဲ့ကိစ္စပဲကွဖိုးထောင်
ဟုတ်တယ်အံ့ထူး၊ဘယ်တုန်းကမှမြွေမရရင်မပြန်တဲ့တို့နှစ်ယောက်ဒီနေမုဆိုးသိက္ခာကျဆိုတာဖြစ်ရပြီလေ
ဒီတိုင်းဆိုဒီနေ့ထမင်းစားလို့မြိန်မှာမဟုတ်ဘူးဖိုးထောင်၊မင်းသိတဲ့အတိုင်းငါကမြွေသားမပါရင်ထမင်းစားလို့မြိန်တာမှမဟုတ်တာ
သိပါတယ်ကွာသိပါတယ်ဝေါ့
လေနှင့်မိုးကအတန်အသင့်လျော့ပါးသွားကာသူ့တို့နှစ်ယောက်ရွာထိပ်နှင့်နီးသည်ထက်နီးလာကြသည်။ယင်းအခိုက်မှာပင်မြွေမုဆိုးကျော်အံ့ထူးကရှေ့ဝါးတစ်ရိုက်ခန့်အကွာအဝေးကိုလှမ်းကြည့်ရာမှသူ့မျက်လုံးအရောင်တွေတောက်ပဝင်းလက်သွားသည်။
ပြီးလျှင်ဖိုးထောင်ကိုတွန်းလိုက်လျက်အရေးတကြီးပြောလိုက်သည်။
ဟိတ်ကောင်တိတ်တိတ်နေ၊အဲဒီနေရာမှာရပ်နေလိုက်စမ်းကွာ
ဟေ
ဖိုးထောင်ကဘာမှန်းမသိဘဲရပ်လိုက်စဉ်တွင်အံ့ထူးကဘယ်လက်ထဲမှမှိန်းကိုညာဘက်သို့ပြောင်းကိုင်ပြီးအရှေ့ဆီသို့ခြေလှမ်းကျဲဖြင့်ကမူးရှူးထိုးသွားနေသည်။
ထို့နောက်ခြေလှမ်းနှစ်ဆယ်နီးပါးအရောက်လမ်းအလယ်ရွှံအိုင်အနီးမှာအသာရပ်ရင်းရေနောက်နေသည့်ရေအိုင်အတွင်းအကဲခတ်ကြည့်နေသည်။
အဖော်ဖြစ်သူဖိုးထောင်လည်းမလှမ်းမကမ်းမှရပ်နေရင်းအံ့ထူးအခြေအနေကိုမမှိတ်မသုန်လှမ်းကြည့်နေသည်။မကြာပါအံ့ထူးလက်ထဲကမှိန်းကိုရေအိုင်ထဲပစ်လွတ်ထိုးလိုက်သည်။
ရွှစ်
ပလုတ်ဗွမ်းဘရမ်း
ဟဲဟဲဟဲဟဲ
အတန်အသင့်ကြီးမားသောမြွေဟောက်ကြီးတစ်ကောင်ကမှိန်းထိုးမိကာတွန့်လိမ်ကောက်ကွေးပြီးပါလာရာအံ့ထူးကသဘောအကျကြီးကျပြီးရယ်မောလိုက်သည်။
လာခဲ့တော့ဟေ့ဖိုးထောင်၊အမဲကောင်ရပြီ၊နတ်မတယ်ဆိုရမှာပေါ့ကွာ၊အဟေးဟေးဟေး
ငါမထင်ခဲ့ဘူး၊မင်းတကယ်တော်တယ်ကွာအံ့ထူး
ဖိုးထောင်ကသည်တော့မှဝမ်းသာအားရပြေးလာရင်းချီးကျူးလိုက်သည်။
နာကျင်မှုကြောင့်မှိန်း၏အရိုးတံကိုလိမ်ယှက်နေသည့်မြွေကြီးကိုကြည့်ကာအံ့ထူးက
ဘာရမလဲကွာမင်းနဲ့စကားပြောလာရင်းငါကအဝေးကိုလှမ်းကြည့်လိုက်တော့ဒီအကောင်ကြီးကရွှံဗွက်အိုင်ထဲကိုအလျင်အမြန်တိုးဝင်သွားတာတွေ့လိုက်ရတာကလား
မျက်စိလျင်ပါ့အံ့ထူးရာ
ဒီလိုကွ၊အမှန်ကဒီမြွေဟောက်ကြိးဟာတစ်ဖက်ကွင်းကိုဖြတ်ဆင်းမလို့လမ်းပေါ်တက်လာတာမင်းတို့ငါတို့ပြောလာတဲ့စကားသံနှင့်ခြေသံကြောင့်လွတ်ပုံမပေါ်တာနဲ့အနီးမှာရှိတဲ့ရွှံဗွက်အိုင်ထဲအလျင်အမြန်ဆင်းပုန်းတာပေါ့ကွာ
သူ့တို့ကတွန့်လိမ်နေသောမြွေကိုတုတ်နှင့်ရိုက်ဖြုတ်ယူပြီးပလိုင်းထဲထည့်လိုက်ကြသည်။အိုကေမှာစိုပြေသွားပြီဖိုးထောင်
အေးဟုတ်တယ်၊ဝမ်းသာတယ်ကွာ၊ဒီညနေငါ့သူငယ်ချင်းအံ့ထူးထမင်းမြိန်ပြီပေါ့ဟဲဟဲ
ဒါပေါ့၊ဒါပေမယ့်မြွေကိုင်ရင်အမေကတဗျစ်တောက်တောက်ပြောတာကြားရဦးမှာသေချာတယ်လေ
အေးပေါ့ကွာ၊မင်းအဖေမြွေကိုက်သေရတာကိုမမေ့သေးတော့မင်းအမေကြောက်ရှာမှာပေါ့။မင်းကိုကြုံကြိုက်လို့ပြောရဦးမယ်၊အခုင်မြွေမုဆိုးလုပ်နေတာဟာအဖေ့အတွက်ကလဲ့စားဖြစ်သလိုငါကိုယ်နှိုက်ကလည်းမြွေသားကိုတကယ်ကြိုက်လို့ကွသိလား
သိပြီးသားပါကွ
ဒါပေမယ့်အမေကတော့တစ်နေ့နေ့မှာမြွေတွေကငြှိုးပြီးငါ့ကိုဒဏ်ခတ်ကြလိမ့်မယ်လို့အမြဲလိုလိုပူညံပူညံပြောနေလေ့ရှိတယ်ကွ၊ဘာပဲဖြစ်ဖြစ်ဒီညအိမ်မှာငါနဲ့အတူထမင်းလာစားပါလားဖိုးထောင်
စားကွာ၊ဒီနေ့ငါသိပ်ပြီးနေမကောင်းချင်လို့ပါ
ပြီးသူငယ်ချင်းနှစ်ယောက်လမ်းအတိုင်းရွာထဲကိုလျှောက်လာခဲ့ကြသည်။
ဟေ့အေးမယ်၊ဘာတွေချက်နေသတုန်းဟဲ့
အိုးခင်တင့်ပါလား၊လာလေဘာရယ်မဟုတ်ပါဘူး။ပဒတ်စာဟင်းချိုအိုးလေးတည်နေတာပါအေ
ဟင်းကရော
ပဲရေပွလေ၊ငပိရေဖျော်နဲ့စားမှာ
ဒါနဲ့သားတော်မောင်ရော
ထုံးစံအတိုင်းရိုးမတောထဲမြွေဖမ်းသွားပြီလေဟယ်
အင်းအံ့ထူးတစ်ယောက်နဲ့တော့ညည်းဖြင့်ခက်ရချည်းသေးအေးမယ်ရယ်
ဒေါ်ခင်တင့်စကားကြောင့်ဒေါ်အေးမယ်ရင်ဝမှာအပူလုံးကြီးဖြစ်ပေါ်လာကာဒိန်းခနဲဆောင့်သွားရသည်။ပြီးမှမီးဖိုမှာထင်းတွေပြင်ထိုးရင်းသက်ပြင်းတစ်ချက်ချကာ
ဘယ်တတ်နိုင်မှာလဲခင်တင့်ရာငါ့မှာသားလေးတစ်ယောက်သာရှိတော့ဖတဆိုးသားလေးမို့ဖြစ်လာသမျှဒုက္ခကိုကြံကြံခံရမှပေါ့လေ
အင်းကိုယ်ချင်းစာပါတယ်အေ၊ဒါပေမဲ့ညည်းရဲ့သားကတစ်ရွာလုံးမှာတစ်ယောက်လို့စာဖွဲ့ရလို့ဆိုးကိုဆိုးလွန်းလှပါတယ်။ဒါကြောင့်လည်းရွာသူရွာသားတွေကသူ့နာမည်ရင်းအံ့ထူးကိုမခေါ်တော့ဘဲနောက်ကွယ်မှာလူမုန်းလို့ခေါ်တာသာကြည့်တော့လေ
ထိုအခိုက်ဟင်းချိုအေးဝေကျသဖြင့်ဒေါ်အေးမယ်စလောင်းဖုံးကိုကပျာကယာဖွင့်လိုက်ရသည်။ဒေါ်ခင်တင့်ဆက်ပြောသည်။
ညည်းကအသက်လေးဆယ်နားနီးနေပေမယ့်ရုပ်ရောကိုယ်လုံးကိုယ်ပေါက်ရောပြောစရာမရှိအောင်ပြေပြစ်တာမို့ကြိုက်ကြတဲ့ကာလသားတွေအပုံ၊ဒါပေမယ့်သားလေးကိုငဲ့ညာပြီးလက်ကမ်းလာသူတွေကိုခေါင်းခါတာတစ်ရွာလုံးအသိပါအေးပါခင်တင့်ရာ၊အံ့ထူးရဲ့အဖေကိုငြိမ်းသာမြွေကိုက်လို့ဆုံးသွားပြီးနောက်ပိုင်းမှာငါ့မေတ္တာကိုကမ်းလှမ်းတဲ့သူတွေဟာတစ်ပုံတပင်ပါ။ဒါပေမယ့်ငါသားလေးရဲ့ရှေ့ရေးကိုတွေးပြီးအဲ့ဒီကိစ္စမစဉ်းစားခဲ့ပါဘူး
ဒါပေမဲ့ညည်းရဲ့သားတော်မောင်ကမအေအနစ်နာခံတာကိုထည့်မတွက်ဘဲရွာထဲမှာဟိုလူနဲ့ရန်ဖြစ်၊ဒီလူနဲ့ရန်ဖြစ်၊ထန်းရည်မူး၊ဖဲရိုက်၊ဆိုးချင်တိုင်းဆိုးနေတာကလားအေ
ပြောမနေပါနဲ့တော့ခင်တင့်ရယ်၊သူ့အကြောင်းရွာသားအားလုံးသိပြီးကြတာပဲဥစ္စာ၊ငါလည်းဘယ်တော့များမှဒီဝဋ်ကကျွတ်ပါ့မလဲမသိပါဘူး
ဒေါ်အေးမယ်ခမျာသားအကြောင်းပြောရင်းအလိုလိုမျက်ရည်တွေစီးကျလာကာလက်ဖမိုးနှင့်မျက်ရည်စများကိုသုတ်လိုက်ရသည်။
ဒီအကြောင်းတွေမပြောချင်ပါဘူးအေ၊ကံအကြောင်းလို့သာသဘောထားရတော့မှာပေါ့။ဒါပေမယ့်ကိုလှခင်ကိုတော့ညည်းအနေနဲ့မဖြစ်မနေထည့်တွက်သင့်တယ်အေးမယ်
ဒေါ်အေးမယ်ကမည်သို့မျှမဆို။သက်ပြင်းတစ်ချက်ကိုသာခပ်လေးလေးချလိုက်သည်။သို့သော်ကိုလှခင်ဆိုသည့်နာမည်ကြောင့်သူ့မျက်လုံးတွေမှာဝင်းလက်တောက်ပသွားသည်ကိုဒေါ်ခင်တင့်သတိပြုလိုက်မိသည်။
အမှန်စင်စစ်သူ့ထံချဉ်းကပ်ရန်ကြိုးစားလာသမျှယောကျ်ာမှန်သမျှကိုခေါင်းခါခဲ့သည့်ဒေါ်အေးမယ်ခမျာလယ်မြေအတော်များများနှင့်နွားဆယ်ကောင်ခန့်ပိုင်ဆိုင်ထားသည့်မုဆိုးဖိုကိုလှခင်၏မေတ္တာကမ်းလှမ်းမှုကိုမငြင်းဝံ့အောင်ဖြစ်နေရသည်ဆိုရပေမည်။
ကိုလှခင်ကသူ့ထက်အသက်သုံးနှစ်ခန့်ငယ်ကာယောကျ်ားပီပီသသရှိသူတစ်ဦးဖြစ်သလိုသားလေးအံ့ထူးနှင့်ပတ်သတ်သမျှကိစ္စဝိစ္စမှန်သမျှသည်းခံပါမည်ဟုကတိပြုထားသူလည်းဖြစ်သည်။ဒီမှာအေးမယ်၊ကိုလှခင်မှာသူ့မိန်းမကျေးဥဆုံးသွားတော့ကလေးသားမြေးမကျန်ခဲ့တာဟာလည်းညည်းအတွက်ကံကောင်းတယ်ဆိုရမှာပဲ။သူလည်းအကြောင်းသိမို့ညည်းကိုချစ်တဲ့စိတ်နဲ့အံ့ထူးသည်းညည်းကိုခံရှာမှာပါအေ။ဒီတော့ကိုလှခင်နဲ့သာ
ဒေါ်အေးမယ်ကထင်းမီးများကိုလျှော့ကာဟင်းချိုအိုးစလောင်းကိုပြန်ဖုံးလိုက်သည်။ပြီးမှကျုပ်လည်းစဉ်စားပါသော်ကော၊ဒါပေမယ့်သားလေးအံ့ထူးနဲ့တိုင်ပင်မှဖြစ်မယ်ထင်တယ်အေဟွန်းသားတော်မောင်ကသဘောတူပါလိမ့်မယ်အားကြီး
ဒါဖြင့်ဒါဖြင့်
ညည်းနှယ်ရွာလူကြီးနဲ့ကာလသမီးခေါင်ဆောင်မချစ်ပိုတို့ကိုတိုင်ပင်ပြီးတော့သာစီစဉ်သင့်တယ်လို့ငါထင်တယ်ကောင်မ
ဟူး
ဒေါ်အေးမယ်ဘာပြောရမှန်းမသိသဖြင့်သက်ပြင်းတစ်ချက်သာခပ်လေးလေးချလိုက်မိရှာသည်။ထိုနောက်ဒေါ်ခင်တင့်က
ကဲပါ၊ညည်းအစားငါကပဲရွာလူကြီးနဲ့မချစ်ပိုတို့ကိုအကြောင်းကြားရုံမကကိုလှခင်ကိုပါအသိပေးလိုက်ပါ့မယ်ဘယ်နှယ့်လဲ
ဒေါ်အေးမယ်မှာပြောစရာစကားရှာမရသည့်အဆုံးစက်ရုပ်တစ်ရုပ်အလားဦးခေါင်းကိုဆတ်ခနဲညိတ်လိုက်မိပေတော့သည်။
ဒီနေ့တစ်ရွာလုံးကအခြေအနေကိုအကဲခတ်နားစွင့်နေကြသည်ဆိုကမမှားပါပေ။
အကြောင်းမှာနေ့လည်ခင်းးကရွာလူကြီးများအားလက်ဖက်၊ရေနွေးကြမ်းတို့ဖြင့်တိုးတိုးတိတ်တိတ်ကျင်းပပြီးစီးသွားသောကိုလှခင်နှင့်ဒေါ်အေးမယ်တို့လက်ထပ်ပွဲကလေးအလွန်ညနေပိုင်း၌ရိုးမထဲမှပြန်လာမည်ဖြစ်သောအံ့ထူးခေါ်လူမုန်း၏အနေအထားကိုရွာသူရွာသားများအားလုံးစောင့်ကြည့်အကဲခတ်ကြခြင်းပင်တည်း။
ထင်သည့်အတိုင်းပင်ဖြစ်သည်ဟုဆိုရချေတော့မည်သာတည်း။
အဘယ်ကြောင့်ဆိုသော်အံ့ထူးသည်ဦးဖိုးသာထန်းတဲ၌ထန်းရည်နှစ်မြူမျှသောက်အပြိးပေါက်ချလာသောဖိုးထောင်၏သတင်းပေးမှုကြောင့်မိခင်ဒေါ်အေးမယ်၏တစ်ပင်ထူမှုသတင်းကိုအမှတ်မထင်ရရှိလိုက်တော့သည်။
တောက်တွေ့ကြသေးတာပေါ့ကွာ၊အံ့ထူးတဲ့အရွယ်လွန်မှအိမ်ထောင်သားမွေးလုပ်ချင်တဲ့လင်မယားနှစ်ယောက်စလုံးကိုသတ်ပစ်မယ်ကွ
ပြောပြောဆိုဆိုထန်းရည်မြူအိုးကိုရိုက်ခွဲကာမြွေများထည့်ထားသည့်ပလိုင်းကိုဆွဲ၊နှစ်ခွတုတ်၊မှိန်းတို့ကိုယူကာအံ့ထူးတစ်ယောက်သိုင်းကွက်နင်းရင်းရွာထဲသို့ဝင်လာခဲ့သည်။
ဟင်းသေကာနီးကျမှလင်ယူရတယ်လို့၊သားသိက္ခာကျအောင်လုပ်တဲ့မိန်းမကြီး၊အမေမပီသဘူး၊တွေ့ကြပြီပေါ့လေ
ကြိမ်းမောင်းလျက်ကစုန်ဆိုင်းချလာသောအံ့ထူးအနေအထားကိုကြိုတင်သတင်းပေးသူတွေကသတင်းပေးကြသောကြောင့်ညားခါစပူပူနွေးနွးကိုလှခင်နှင့်မအေးမယ်တို့အသစ်စက်စက်ဇနီးမောင်နှံမှာကမန်းကတန်းနေအိမ်မှထွက်လျက်လုံခြုံရာတခြားတစ်အိမ်တွင်ကသောကမျောပြေးရှောင်ပုန်းအောင်းနေကြရသည်။မကြာမီပင်ဒေါသပြင်းထန်ခြင်းအဟုန်နှင့်အံ့ထူးတစ်ယောက်အိမ်ရှေ့ရောက်လာသည်။
ဗျို့လင်ဆာမကြီး၊ခင်ဗျားအခုထွက်ခဲ့စမ်းဗျာ။ဟိုမုဆိုးဖိုဆိုတဲ့ကောင်ကြီးလည်းထွက်ခဲ့၊ခင်ဗျားတို့နှစ်ယောက်စလုံးကိုဟောဒီမြွေထိုးတဲ့မှိန်းနဲ့သတ်ပစ်မယ်သိလား။အံထူးတဲ့အသက်နဲ့လူလုပ်တာမဟုတ်ဘူး၊အရှက်နဲ့လူလုပ်တဲ့ကောင်
ရင့်ရင့်သီးသီးအကြိမ်ကြိမ်ရေရွတ်လျက်ခေါ်ထုတ်သော်လည်းအိမ်အတွင်း၌တိတ်ဆိတ်ြင်မ်သက်နေသောကြောင့်အံ့ထူးကတောက်တစ်ချက်ပြင်းပြင်းထန်ထန်ခေါက်ကာလှေကားမှတစ်ဆင့်အိမ်ပေါ်ကိုခုန်တက်လိုက်သည်။
နောက်မှိန်းကိုထိုးရန်အသင့်အနေအထားနှင့်အိမ်အတွင်းဝင်ရောက်ကာနေရာအနှံ့ရှာတော့သည်။သို့သော်လူသူဟူ၍တစ်စုံတစ်ယောက်မျှတွေ့မြင်ရခြင်းမရှိပါပေ။
ပြေးကြပြီကိုး၊ဒီတော့သိရောပေါ့ကွာသည်တွင်မူးလည်းမူးဒေါသလည်းထွက်နေသောအံ့ထူးမှာလူစိတ်ပျောက်လျက်မထင်မှတ်သောအပြုအမူများကိုပြုတော့သည်။
ယင်းမှာဓနိမိုးမီးဖိုချောင်ကိုဖြိုချကာမီးရှို့တော့သည်။
မီးမီးမီးဗျို့
မီးမီးမီးဟေ့
ဟေ့အံ့ထူး၊မလုပ်နဲ့၊မလုပ်နဲ့ကွ
ဟာဒီကောင်မိုက်ရိုင်းတာကတစ်ရွာလုံးလောင်ကုန်တော့မှာပဲ
ဒီကောင်ကိုဖမ်းကွာ
ဟုတ်တယ်ရအောင်ဖမ်း
ဤသို့ဖြင့်ရွာလူကြီးဦးထိန်အမိန့်ဖြင့်အားကောင်းမောင်းသန်ရွာသားများပြေးလွားလာကာတချို့ကအရှိန်ရစမီးကိုတတ်နိင်သမျှငြိမ်းသတ်ကြသကဲ့သို့တချို့ရွာသားများကလည်းအိမ်ထဲမှဒယီးဒယိုင်ထွက်လာသောအံ့ထူးအားအလစ်စောင့်၍ဖမ်းဆီးလိုက်ကြသည်။
ငါ့ကိုဘယ်ကောင်တွေဖမ်းချုပ်တာလဲလွှတ်၊လွှတ်ကြစမ်း၊လွတ်ရင်တော့မလွယ်ဘူးနော်အားလုံးကိုသတ်ပစ်မယ်ဟေ့
သို့သော်ရွာသားများကလုံးဝမမှုဘဲအံ့ထူးကိုမလှုပ်နိုင်အောင်အသင့်ယူလာကြသောကြိုးများနှင့်တုပ်နှောင်လိုက်ကြသည်။ပြီးသူကြီးဦးထိန်ရှိရာသို့ဒရွတ်တိုက်ဆွဲခေါ်လာခဲ့ကြသည်။ဟင်းတော်တော်မိုက်လုံးကြီးတဲ့ကောင်၊မင်းကြောင့်တရွာလုံးမီးလောင်တိုက်အသွင်းခံရမယ့်ကိန်းတွေသိလား
ဒေါသစိတ်နှင့်စိတ်မထိန်းနိုင်တော့သောသူကြီးဦးထိန်ကလက်ထဲမှခပ်တုတ်တုတ်ကြိမ်ရိုင်းတုတ်ဖြင့်မနားတမ်းရိုက်နှက်တော့သည်။
ဖျန်းဖျန်း
အားအီး
ကဲကွာ
ဖျန်း

သည်အချိန်မှာပင်ထဘီစွန်တောင်ဆွဲကာဒေါ်အေးမယ်ခုန်ပေါက်ရောက်လာလျက်သူကြီးကိုဝင်ဖက်လိုက်၏။တော်တော်ပါတော့သူကြီးရယ်၊ကျွန်မတောင်းပန်ပါတယ်၊သားလေးကိုမရိုက်ပါနဲ့တော့။သူ့အစားဟောဒီအမိုက်မအေးမယ်ကိုသာရိုက်ပါတော့နော်အဟင့်ဟင့်ဟင့်
မိခင်ဖြစ်သူဒေါ်အေးမယ်ကိုသနားလှသောကြောင့်သူကြီးဦးထိန်ကအရိုက်ရပ်လိုက်သည်။အေးမယ်၊နင့်ကြောင့်သာပေါ့၊နို့မို့ဖြင့်မိမှန်းဖမှန်းမသိ၊ရိုင်းချင်တိုင်းရိုင်း၊ဆိုးချင်တိုင်းဆိုးလှတဲ့နင့်သားကိုမသေမချင်းရိုက်သတ်တယ်သိလားဟင်း
သူကြီးဘာတွေပြောနေမှန်းမအေးမယ်မကြားပါ။မသိပါ။ကြိမ်လုံးဒဏ်အမူဒဏ်တွေနဲ့မေ့မြောမတတ်ဖြစ်နေသောသားလေးအံ့ထူူးကိုပွေ့ဖက်ရင်းသာငိုရှိုက်နေရှာသည်။
ဖြစ်ရလေသားလေးရယ်၊အမေ့ကြောင့်ငါသားလေးဒီလိုဖြစ်ရတာပါကွယ်။အီးအဟင့်ဟင့်
ကံကောင်းသည်မှာရွာသားများတက်ညီလက်ညီငြိမ်းသတ်မှုကြောင့်မီးလောင်မှုမှာမီးဖိုဆောင်တစ်ဆောင်လုံးလောင်ရုံမှလွဲ၍အိမ်မကြီးသို့လည်းကောင်းအခြားနေအိမ်များသို့လည်းကောင်းလောင်မြိုက်ခြင်းမလျဉ်းမရှိပါပေ။
ထိုအခါကျမှပင်တစ်ရွာလုံးစိတ်အေးကာသက်ပြင်းချနိုင်ကြပေတော့၏။
တော်ပါပြီကွာ၊ရပါပြီသူငယ်ချင်းတို့၊တဲကလေးကငါတစ်ယောက်နေသာရုံထက်ပိုပြီးကျယ်ဝန်းပါတယ်။ပြီးတော့သပ်သပ်ရပ်ရပ်လည်းရှိတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။
ဖိုးထောင်ကရပါတယ်ကွာ၊တို့အားလုံးသူငယ်ချင်းတွေမဟုတ်လား၊အရေးရှိတော့လည်းဝိုင်းကူညီရတာပေါ့၊ဟေ့အံ့ထူးမင်းရဲ့တဲကလေးကအသစ်မို့ထင်ပါရဲ့ဝါးနံ့နဲ့တောင်တန်းနံ့ကလေးသင်းလှပါဘိ
ဟဲဟဲဟဲမင်းဆိုတဲ့ကောင်ကတော့ကွာ၊ထန်းရည်သောက်ချိန်ကျပြီဆိုတာကိုလှည့်ပတ်ပြီးပြောနေတယ်။ကဲကဲထန်းရည်တွေအသင့်ရှိပါတယ်။မနက်ကငါကိုယ်တိုင်ချက်ထားတဲ့မြွေသားဟင်းနဲ့မြည်းကြစို့ဟေ့
ကောင်းပေါ့ကွာ
ထို့နောက်အံ့ထူးနဲ့သူငယ်ချင်းတစ်စုထန်းရည်ဝိုင်းဖွဲ့ကြတော့သည်။အတန်မူးလာသောအခါသာအေးကပြောသည်။ဟေ့ကောင်အံ့ထးူ၊ငါတစ်ခုသတိပေးချင်တာကသူကြီးအမိန့်ထုတ်ထားသလိုရွာထဲကိုမဝင်နဲ့တော့၊ပြီးမင်းအမေကိုလည်းသနားပါကွားနော်
ထွန်းမောင်ကလည်း
ဟုတ်တယ်အံ့ထူး၊မင်းကအိမ်ကိုမီးရှို့တာသိပ်လွန်သွားတယ်။မင်းအိမ်ကိုသာလောင်ရင်လေကပြင်းတော့တခြားအိမ်တွေပါကူးပြီးတစ်ရွာလုံးလောင်မှာကွ၊ဒါကြောင့်အင်မတန်သဘောကောင်းတဲ့သူကြီးဦးထိန်စိတ်ဆိုးပြီးအခုလိုရွာပြင်ထွက်နေဖို့အမိန့်ထုတ်တာပေါ့ကွာ
တောက်
အံ့ထူးကထိုအခါကျမှသတိရကာတင်ပါးမှသူ့အရှိုးရာတွေကိုလက်နှင့်ပြန်စမ်းမိသည်။
ဖိုးထောင်ကလည်း
ဟုတ်တယ်အံ့ထူး၊သာအေးနှင့်ထွန်းမောင်တို့သတိပေးသလိုရွာထဲဝင်ဖို့မစဉ်းစားနဲ့၊လိုချင်တာရှိရင်တို့ကိုပြောကွာ၊ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်ဒီတစ်ခါအမိန့်အတိုင်းမင်းမလိုက်နာရင်မင်းအမေမျက်နှာကိုမထောက်ထားတော့ဘဲြမ်ု့ကရဲကင်းကိုသွားလို့ပုလိပ်အရာရှိကိုသူကိုယ်တိုင်သွားပြောမယ်လို့သူကြီးကပြောထားတာကြောင့်ပါကွာနော်
အဟွန်းလုပ်ကြပါဦးပေါ့ကွာ၊တစ်နေ့မှာအံ့ထူးဘာကောင်ဆိုတာသိကြရမှာပါ။အဲဒီကျမှတစ်ရွာလုံးခွေးပြေးဝက်ပြေးပြေးကြရမယ်မှတ်ထား၊အဟား
ပြောပြောဆိုဆိုအံ့ထူးကအံကြိတ်ပြီးထန်းရည်အိုးကိုကောက်မော့လိုက်သည်။
အံ့ထူးစကားကြောင့်အားလုံးမျက်လုံးပြူးသွားကြသည်။
ထို့နောက်မှထွန်းမောင်က
အံ့ထူးနောက်ထပ်ရွာသူရွာသားတွေဒုက္ခရောက်အာင်ဘာတစ်ခုမှမကြံပါနဲ့၊မလုပ်ပါနဲ့ကွာ
ဘာဒါဖြင့်ငါကဘာလုပ်ရမှာလဲကွ
သာအေးကလည်းထန်းရည်တစ်ကျိုက်ကျိုက်လိုက်ပြီးပြောသည်။
ဖွီး ဘာမှမလုပ်ပါနဲ့ဟောဒီတဲမှာအေးအေးဆေးဆေးနေ၊မင်းလုပ်နေကျနေ့စဉ်ရိုးမထဲကိုမြွေသွားရှာတို့သွားရောင်းပေးမယ်၊ပြီးမင်းနဲ့အတူချက်စားကြမယ်၊မကောင်းဘူးလား
ဟားဟားဟားသားအေးပြောတာကောင်းလိုက်တာ၊မင်းအမေကိစ္စမေ့ထားလိုက်၊တို့တွေနေ့တိုင်းမင်းတဲကိုလာမယ်၊ချက်မယ်၊သောက်မယ်၊စားမယ်ကွာပျော်စရာကြီးဟီးဟီးဟီး
အတန်အသင့်မူးနေသော်လည်းကောင်းမွန်လှသောဖိုးထောင်စကားကြောင့်အံ့ထူးကခေါင်းညိတ်ထောက်ခံလိုက်သည်။
ပြီးသူငယ်ချင်းတစ်စုဆက်လက်၍သောက်စားပျော်ပါးကြသည်။
အထက်ပါဖြစ်စဉ်များဖြစ်ပြီးခဲ့သည်မှာခြောက်လကျော်ကျော်ပင်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဒေါ်အေးမယ်ခမျာရွာပြင်ထုတ်ခြင်းခံရသည့်သားကလေးအတွက်စိတ်ဆင်းရဲရသကဲ့သို့မိမိအပေါ်ချစ်မြတ်နိုးကာအရာရာအလိုလိုက်ရှာသည့်လင်သားကိုလှခင်အပေါ်လည်းအလွန့်အလွန်အားနာနေမိပေတော့သည်။မအေးမယ်ရယ်၊အံ့ထူးအတွက်စိတ်မပူပါနဲ့၊ငါလည်းမင်းနဲ့ပတ်သတ်ပြီးသားအရင်းတစ်ယောက်လိုသဘောထားပါတယ်။ရွာပြင်ထွက်နေရတာလည်းသူကြီးစိတ်ဆိုးတုန်းမို့ပါ။မောင်အံ့ထူးလိမ္မာလာရင်ပြန်နေခွင့်ပြုဖို့သူကြီးကိုကျုပ်ကိုယ်တိုင်သွားပြီးအသနားခံပေးပါ့မယ်မိန်းမရယ်နော်
ရှင့်ကိုယုံပါတယ်ကိုလှခင်ရယ်၊နို့ပေမယ့်ရွာပြင်ကတဲမှာသားလေးတစ်ယောက်နေထိုင်လို့မှကောင်းရဲ့လားလို့ကျွန်မအမြဲလိုလိုစိတ်ပူနေရတာရှင်
သြော်ဒီတော့လည်းသူ့သူငယ်ချင်းတစ်ယောက်ယောက်ကလာပြီးအကြောင်းကြားမှာပေါ့ကွာ၊မင်းအနေနဲ့စိတ်ရှိရင်သူကြိုက်တတ်တဲ့ကောင်းနိုးရာရာအစားအသောက်အဝတ်အထည်တွေသွားပေးပေါ့ဟုတ်လား၊အိုကွာငွေစကြေးစပါယူသွားလိုက်ကွာ
ကျေးဇူးကြီးလှပါတယ်ရှင်
ထိုကြောင့်ပင်လည်းဒေါ်အေးမယ်တစ်ယောက်သားလေးနေထိုင်ရာရွာပြင်တဲဆီသို့အစားအသောက်အဝတ်အထည်တို့ကိုမကြာမကြာသွားပို့တတ်သည်။
သို့စေကာမူရိုးမထဲကအချိန်ကုန်မှပြန်လာလေ့ရှိသောသားကြောင့်သားအမိနှစ်ဦးတစ်ခါမျှလူချင်းဆုံသည်မရှိပေ။
စမ်းကလေးကျေးရွာတစ်ရွာလုံးမအေးမယ်တို့်သားအမိအဖြစ်တွေကိုစိတ်မကောင်ဖြစ်ကြရုံမျှ၍မည်သို့မျှမတတ်နိုင်ကြက်ပေ။
ဒေါ်အေးမယ်ခမျာသားလေးလိုအပ်မည့်ပစ္စည်းပစ္စယတို့ကိုတွေးမိကာတဲကလေးဆီသွားလျက်အံ့ထူးအိပ်ရာအနီးတွင်သွားရောက်ပို့ဆောင်ချထားပေးလေ့ရှိသည်။
ထိုမျှသာမကပါဆေးဝါးမှအစငွေစကြေးစများကိုလည်းအံ့ထုူးခေါင်းအုံးအောက်မှာချထားပေးလေ့ရှိသည်။မအေးမယ်ရယ်သူလိုတာမှန်သမျှသွားပို့တာကျုပ်ခွင့်ပြုထားသားပဲ၊ဒါပေမယ့်ညရေးညတာအခါတွေမှာမြွေပါးကင်းပါးနဲ့မို့မသွားစေချင်ဘူးကွာ
အိုကိုလှခင်ကလည်းစိုးရိမ်စရာမရှိပါဘူး၊သူပြန်ရောက်သလား၊အိပ်ပျော်နေပြီလားဆိုတာကျုပ်တဲနားသွားပြီးအကဲခတ်တာပါရှင်ရယ်
ညရေးညတာသွာရင်ကျုပ်ကိုခေါ်ပါမအေးမယ်ရယ်ဟုတ်လား
အို…တော်ကလည်းတော်ကြာဟိုကမအိပ်သေးဘဲရှင့်ကိုတွေ့သွားမှဖြင့်အို…အို…မလိုက်ပါနဲ့ကိုလှခင်ရယ်၊ဘာမှစိတ်မချစရာမရှိပါဘူးရှင်
မအေးမယ်ပြောသည်ကလည်းမှန်နေသဖြင့်ကိုလှခင်မှာမပြောသာတော့ဘဲချစ်ဇနီးအားစိတ်မကောင်းစွာသာကြည့်နေမိရှာပေသည်။
ထို့ကြောင့်လည်းဒေါ်အေးမယ်မှာတစ်ခါတစ်ရံအချိန်မှာပင်ရွာပြင်ရှိသူ့သားလေးတဲရှိရာသွားလေ့ရှိသည်ဟုဆိုရပေမည်။
အမြဲလိုလိုပင်ညအချိန်ဒေါ်အေးမယ်သွားကြည့်သည့်အခါများတွင်ထန်းရည်မူးကာမြွေသားဟင်းနှင့်ထမင်းစားသောက်ပြီးဖြစ်သည့်အံ့ထူးတစ်ယောက်တခေါခေါဟောက်သံထွက်ရင်းအိပ်လျက်ချည်းသာကြုံရသည်သာ။
အင်း…ငါ့သားလေးကျန်းမာပါစေ၊ဘေးရန်ကင်းပါစေ
အထက်ပါအတိုင်းတီးတိုးမေတ္တာပို့သပြီးမှဒေါ်အေးမယ်တစ်ယောက်အိမ်ဆီသို့ပြန်လာလေ့ရှိသည်။သို့သော်ယင်းအပြုအမူများကိုအံ့ထူးတစ်ယောက်ကဖြင့်လုံးဝမသိရှိပါပေ။
တောက်….တောက်
တောက်…တောက်…တောက်
ရွာဦးကျောင်းမှအုန်းမောင်းခေါက်သံကြောင့်အံ့ထူးအိပ်ယာမှနိုးလာသောအခါအရှေ့ဘက်အရပ်ဆီမှရောင်နီတို့ပျို့အန်လာပြီဖြစ်သည်။
အင်း…မကိုက်စဖူးဦးခေါင်းတခုလုံးအုံကိုက်နေလိုက်တာအရမ်းပဲ၊သြ…သတိရပြီ၊အမေထားတဲ့လျက်ဆားနဲ့ငန်းဆေးဖျော်သောက်မှ
ပြောပြောဆိုဆိုအံ့ထူးကခေါင်းရင်းဖက်ရှိဆေးပုလင်းများကိုဖွင့်ဖောက်ကာရေအိုးမှရေတစ်ခွက်ခပ်ရောဖျော်သောက်လိုက်သည်
နောက်…အိပ်ရာထဲပြန်လှဲလိုက်သည်တွင်ခေတ္တအကြာ၌ခေါင်းကိုက်ရောဂါအတန်အသင့်သက်သာသွားခဲ့သည်။ဟူး…တော်ပါသေးရဲ့၊လိုရမယ်ရအမေလာလာပြီးပို့ပေးသွားပေလို့သာပေါ့
သူ့ကတီးတိုးရေရွတ်ရင်းမိမိအပေါ်လွန်စွာချစ်ရှာသည့်မိခင်ကြီးကိုသတိရကာမှန်းဆကြည့်နေမိသည်။သို့သော်ချက်ချင်းပင်ဒေါသများဆူပွက်လာရပြန်သည်။
တော်စမ်းပါ…ဒီမိန်းမကြီးဟာသားဖြစ်တဲ့ငါ့ထက်နောက်တော်ရတဲ့လင်ကိုပိုချစ်မှာပါ။သူ့အကြောင်းမတွေးတာကောင်းပါတယ်၊ဟင်း…
ချက်ချင်းလိုလိုအမေအကြောင်းစဉ်းစားခန်းကိုဖြတ်ကာအိပ်ရာမှထ၊မီးခွက်ထွန်းပြီးတောဆင်းအဝတ်အစားတွေကိုဝတ်သည်။ပြီးနှစ်ခွတုတ်ရှည်၊မှိန်းဓားမြှောင်တို့နေသားတကျပြင်ဆင်ပြီးညကအကျန်ထမင်းကြမ်းခဲနှင့်မြွေသားအိုးကပ်ဟင်းကိုအလူးအလဲစားလိုက်သည်။ရေတခွက်ဆင့်သောက်ပြီးမှဓားမြောင်ကိုခါးကြားမှထိုး၊ပလိုင်းကိုလွယ်၊မှိန်းနှစ်ခွတုတ်တို့်ကိုကိုင်ပြီးမီးခွက်ကိုလေမှုတ်ငြိမ်းကာတဲအတွင်းမှထွက်လိုက်သည်။လမ်းအိုင်းထွက်လာခဲ့လျက်အဝေးဆီမျှော်ကြည့်လိုက်သောအခါအလင်းရောင်မပီတပီတွင်ရိုးမတောင်တန်းကြီးမှာမြွေကြီးတကောင်အိပ်စက်နေသည့်ပမာခပ်မှိုင်းမှိင်းမြင်တွေ့ရသည်။
ကျေးငှက်သာရကာအချို့ကကျီကျီကျာကျာအော်မြည်ပျံသန်းရင်းနံနက်ခင်းကိုကြိုဆိုနေကြပေသည်။
အဖော်ပါရင်တော့ကောင်းသား၊ဖိုးထောင်ဆိုတဲ့ကောင်ကလည်းသူ့မိဘရဲ့လယ်ယာလုပ်ငန်းဝင်ကူနေရတော့တစ်ခါတလေမှလိုက်လာနိင်ရှာတာကလား
အံ့ထူးတယောက်တကိုယ်တည်းတီးတိုးရေရွတ်ရင်းခြေလှမ်းမှန်မှန်နဲ့လျှောက်လာခဲ့သည်။ခပ်လှမ်းလှမ်းရှိရွာဦးကျောင်းမှဆရာတော်ဘုရားရှိခိုးဝတ်တက်သံကိုခပ်သဲ့သဲ့မျှကြားနေရသည်။
ကြည့်စမ်း…ရွာဦးကြောင်းဆရာတော်ဆီငါမရောက်တာတောင်အတော်ကြာနေပြီပဲ
တွေးနေဆဲမှာပင်ခြေတဖက်ရွံ့အိုင်ထဲကျသွားသောကြောင့်အတွေးစများပျက်ပြယ်သွားရသည်။ဆက်လက်လျှောက်ရင်းဘာကြောင့်ရယ်မသိအဖေ့အကြောင်းနှင့်အမေအကြောင်းတွေကသူ့ဦးခေါင်းထဲအစီအရီပေါ်လာပြန်သည်။
အဖေသာရှီနေရင်ငါ့အနေနဲ့ရွာပြင်မှာတယောက်ထဲနေရမှာမဟုတ်ဘူးဟုလည်းသူစဉ်းစားမိပြန်သေးသည်။ပြီးမှသူကအို…ဒါတွေတွေးမနေတော့ပါဘူး၊အရေးကြီးတာကဒီနေ့ရိုးမထဲမှာမြွေကြိးကြီးတကောင်ရဖို့ပဲ၊ဒါမှငှက်ပျောချောင်းရွာကမှာထားတဲ့ကိုထွားကြီးဆီဈေးဈေးကောင်းကောင်းနဲ့သွားရောင်းရမယ်ဟုရေရွတ်လိုက်ပြန်သည်။
တဖြည်းဖြည်းချင်းခြေလှမ်းသွက်သွက်လျှောက်လာခဲ့သည်။အံ့ထူးတယောက်အလင်းရောင်များပွင့်လင်းစပြုလာချိန်တွင်ရိုးမအဖျားဆီရောက်လာခဲ့ပြီဖြစ်သည်။ဝရော…ဝေါ…
ယင်းအခိုက်မှာပင်ချုံတစ်ချုံအတွင်းမှာအစာချောင်းနေဟန်ရှိသည့်တောကြောင်ကြီးတကောင်ကအံ့ထူးခြေသံကြောင့်လန့်ဖျပ်ကာကိုင်းတောကြီးထဲဒရောသောပါးပြေးလွားတိုးဝင်သွားခဲ့သည်။ထိုအဖြစ်ကြောင့်ပြုံးမိရင်းအံ့ထူးကအသံထွက်ရေရွတ်လိုက်ဖြစ်သေးသည်။ဟားဟားဟားငါကတခြားမုဆိုးတွေလိုမျိုးမဟုတ်ဘူးကွ၊မြွေကလွဲရင်ဘာသတ္တဝါကိုမှဂရုမစိုက်ဘူး၊လိုလည်းမလိုချင်ဘူးကြည့်စမ်းဒါကိုမသိဘဲသေပြေးရှင်ပြေးပြေးလိုက်တာများအဟဲ…ဟဲ..ဟဲ
သူကချုံပုတ်တွေကိုတောလှန့်သလိုလက်ထဲမှနှစ်ခွတုတ်နှင့်တရှဲရှဲရုက်ရင်းရိုးမတောကြိးအတွင်းသို့တိုးဝင်လာခဲ့တော့သည်။ဤသို့လျှောက်ရင်းစူးရှထက်မြတ်လှသောသူ့မျက်လုံးအစုံကသစ်ပင်ကြီးငယ်တို့၏အထက်အောက်နေရာများသို့လည်းကောင်း၊တောင်ကုန်းတောင်ပို့နှင့်မြွေတွင်းမျာားရှိရာသို့လည်းကောင်းမလွတ်စတမ်းကြည့်ရှုသွားခဲ့သည်သာဖြစ်၏။အံ့ထူးမျက်လုံးတွေကလျင်သလိုမြွေခဲ့သညနှင့်လှုပ်ရှားရန်အသင့်ဖြစ်ဖို့ဝဲလက်တွင်နှစ်ခွတုတ်၊ယာလက်တွင်မှိန်းတို့ကိုအသင့်ကိုင်ထားပြီးအနေအထား။
သို့သော်ခြုံကြိုချုံကြား၊သစ်ပင်ကြိုသစ်ပင်ကြားတောင်ပို့မြွေတွင်းတို့အနှံ့တစ်နာရီနီးပါးလှည့်လည်ရှာဖွေသော်လည်းသူ့လိုချင်သည့်မြွေအရိပ်အယောင်ဆို၍စိုးစဉ်းမျှမတွေ့ရ။
ထို့ကြောင့်တောနက်ရာသို့တဖြည်းဖြည်းတိုးဝင်ခဲ့ရပြန်သည်။မြွေရဖို့ဆိုရင်အံ့ထူးတယောက်စိတ်ရှည်သည်။ဇွဲကောင်းသည်ဟုဖိုးထောင်ချီးကျူးဖူးသည်ကိုပြန်လည်အမှတ်ရကာတစ်ကိုယ်တည်းပြုံးလိုက်မိသည်။ဂျိန်း…ဒိန်း
ဂျိန်း…ဂျလိန်း
ထိုအခိုက်လွန်စွာကြည်လင်လှသည့်မိုးကောင်းကင်မှမိုးချုန်းသံများထွက်ပေါ်လာ၏။
ကြည့်စမ်း…ကြည်လင်နေတဲ့ရာသီဥတုဟာချက်ချင်းလိုလိုမိုးသားတွေအ့ုံဆိုင်းညို့မှိင်းပြီးမိုးတွေခြိမ်းရုံမကလျှပ်စီးပါလက်လာပါလား
အံ့ထူးကမိုးသားများကိုမော့ကြည့်ရင်းခံတွင်းချဉ်လာသည်နှင့်သစ်ပင်ကြီးတပင်အောက်ဝင်ကာဆေးပေါ့လိပ်ကိုမီးညှိရှိုက်ဖွာရင်းရာသီဥတုအခြေအနေကိုစောင့်ကြည့်နေမိသည်။ဝေါ…ဝေါ…ဒရော
မကြာမီမိုးသံလေသံများနှင့်အတူပြင်းထန်စွာလေတိုက်လာသဖြင့်ရိုးမတောကြီးအတွင်းမှသစ်ပင်သစ်ခက်သစ်ရွက်တို့ယိမ်းထိုးလှုပ်ခတ်နေသည်မှာတစ္ဆေသရဲကောင်မြူးတူးနေသည်နှင့်တူသည်ဟုအံ့ထူးမှတ်ယူလိုက်မိ၏။
ချက်ချင်းလိုပင်ဆေးပေါ့လိပ်ကိုမီးငြိမ်းကာမီးခြစ်ကိုအိတ်အတွင်းသို့ထည့်သိုပြီးသစ်ပင်ကြီးမှသုတ်ခြေတင်ထွက်ခဲ့သည်။
ဗျော…ဝရော
ဝရူး
ကစ်…ကစ်
တောသတ္တဝါပေါင်းစုံတို့မှာလေပြင်းတိုက်ခတ်မှုကြောင့်ကြောက်လန့်လျက်ခြေဦးတည့်ရာပြေးလွှားနေကြရာအံ့ထူးမှာမတိုက်မိအောင်ရှောင်ရှားသွားနေရသည်။
သို့သော်လေပြင်းသည်မယုံနိင်ဖွယ်ရုတ်ခြည်းတိခနဲရပ်တန့်သွားခဲ့၏။သို့သော်မိုးသားများကမူတောအုပ်ကြီးတစ်ခုလုံးမှောင်ပိန်းလုမတတ်အ့ုံဆိုင်းညိုမှိုင်းနေဆဲ။
ဟ…ဘယ်လိုတွေဖြစ်နေတာလဲ၊ဒီနေ့မှရာသီဥတုကထူးဆန်းလိုက်တာ
ဝေါင်း…ဂယား
သူသွားနေရာတောလမ်း၏ညာဘက်ချုံကွယ်မှတောကောင်ကြီးတကောင်မြည်ဟိန်းမှုကြောင့်ကြက်သီးထသည်အထိလန့်သွားကာအံ့ထူးတယောက်ထိုနေရာမှခြေကုန်သုတ်ပြေးခဲ့ရသည်။
ဝရူး…ဝရူး
ဝးူ….
အရေးထဲမှာပင်တစုံတရာလန့်ဖျပ်လျက်ပြေးလာကြသောတောဝက်သားအမိကသူ့ရှေ့ကိုက်အနည်းငယ်အကွာမှအသည်းအသန်ဖြတ်ပြေးကြပြန်ရာအံ့ထူးခမျာရင်ထိတ်လျက်ခြေလှမ်းများရပ်တန့်လိုက်ရ၏။
ဟူး…ဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံဖူးပါလားဟရို့
ယင်းအခိုက်ရိုးမတောနက်ကြီးအတွင်းတစ်နေရာမှလူတစ်ယောက်ရီမောသကဲ့သို့သောဟားတိုက်ရယ်မောသံကြီးကိုအတိုင်းသားကြားလိုက်ရပြန်၏။ထိုရယ်မောသံကြီးအဆုံးလေပွေတစ်ခုကအံ့ထူးကိုယ်တစ်ဝိုက်ရစ်ပတ်တိုက်ခတ်ပြန်သည်တွင်အမှိက်သရိုက်နှင့်သစ်ရွက်ကြွေတို့ကပါဝေ့ဝဲလျက်ရှိနေလေ၏။ပြီး…အတန်ကြာမှလေပွေကရုတ်တရက်ရပ်တန့်သွားတော့သည်။
ဧကန္တဒါဟာ…ဝါရင့်မုဆိုးကျော်ကြီးတွေပြောခဲ့ဖူးတဲ့တောမှောက်တောခြောက်တာမျိုးနဲ့တူတယ်၊ဟုတ်ပါတယ်၊ဒီတိုင်းဖြင့်ဒုက္ခပါပဲ
ကြောက်လန့်ခြင်းပြင်းစွာဖြစ်နေသောအံ့ထူးတစ်ယောက်ထိုနေရာမှာဆက်လက်ရပ်မနေရဲတော့ဘဲပြေးထွက်ခဲ့ပြန်လေ၏။
အံ့ထူးတကိုယ်လုံးကြောက်လန့်ခြင်း၊မောပန်းခြင်းတို့ရောပြွမ်းလျက်ချွေးစီးများပြန်နေပေသည်။ဟော…ဟော…ဟောဟဲ
မောမောပန်းပန်းကြောက်ကြောက်လန့်လန့်နှင့်ပြေးနေသောအံ့ထူးခမျာသူ့တစ်သက်မတွေ့ကြုံခဲ့ဖူးသည့်အတွေ့အကြုံကြောင့်ဦးခေါင်းတစ်ခုလုံးပွင့်ထွက်သွားမတတ်ဆူဝေနေခဲ့သည်။
အတန်ကြာမှရှေ့တွင်ခပ်မြင့်မြင့်ကျောက်တောင်တစ်ခုကိုတွေ့ရသောကြောင့်ခြေလှမ်းများကိုထိုနေရာသို့ဦးတည်လိုက်မိပေတော့၏။အံ့ထူးတစ်ယောက်ကျောက်တောင်ကြီးနှင့်မလှမ်းမကမ်းအရောက်ရာသီဥတုကဆိုးရွားလာပြန်ကာလေရာမိုးရောတဖျော့ဖျောတဝေါဝေါတသဲသဲတဟဲဟဲဖြစ်လာရုံမျှမကမိုးခြိန်းသံ၊လျှပ်စီးလက်သံများကလည်းတစ်ပြိုင်နက်တည်းထစ်ချုန်းမြည်ဟိန်းလာပြန်သည်။
ထို့ကြောင့်ပင်ရီုးမတောကြီးအတွင်းမှောင်ပိန်းစိုရွှဲလျက်ကမ္ဘာပျက်သည့်အလားဆူညံနေလေ၏
အထူးသဖြင့်တိရစ္ဆာန်ကြီးငယ်များကြောက်လန့်တကြားပြေးလွှားသံ၊သစ်ပင်ငယ်နှင့်သစ်ကိုင်းတို့တဖျောင်းဖျောင်းတဝုန်းဝုန်းပြိုလဲကျိုးကျသံများကငလျင်တော်လဲသည့်အလားပင်။ကံအားလျော်စွာကျောက်တောင်ခြေရင်းသို့ရောက်ရှိခဲ့သော်လည်းအံ့ထူးတစ်ကိုယ်လုံးမှာရွှဲရွှဲစိုလျက်လေတိုက်ခတ်မှုကြောင့်ချမ်းအေးခြင်းဒဏ်ကိုခံစားနေရသည်။
မဖြစ်ဘူး၊မိုးလေကွယ်ရာကိုရှာမှ၊အို…ဟိုမှာကျောက်ကလပ်ကြီးပါလား
အံ့ထူးရေရွတ်သကဲ့သို့ပင်မြင့်မားသောကျောက်တောင်အထက်၌နံရံမှထိုးထွက်နေသည့်ကြီးကြီးမားမားကျောက်ချပ်ကြီးအားထီးတစ်ချောင်းပမာဖြန့်ကျက်လျက်ရှိကြောင်းအမှတ်မထင်တွေ့ရှိလိုက်ရသဖြင့်ပြောမပြတတ်အောင်ဝမ်းသာခြင်းဖြစ်ရသည်။
အဆင်ပြေသည်ဟုဆိုရမည်မှာထိုနေရာအရောက်တက်နိုင်မည့်လှေကားထစ်သဖွယ်ကျောက်တုံးငယ်များကိုလည်းမထင်မှတ်စွာတွေ့ရခြင်းပင်တည်း။
ထို့ကြောင့်သဲချင်တိုင်းသဲ၊ပြင်းချင်တိုင်းပြင်းလျက်ရှိသည့်လေမိုးတို့ကိုမမှုပဲထိုကျောက်တုံးများမှကုတ်ကပ်ကာအထက်ပိုင်းကျောက်ချပ်ကြိးဆီသို့တရွေ့ရွေ့တိုးတက်ခဲ့သည်။
ယင်းသို့တက်ခဲ့ရင်းအောက်ဖက်သို့အမှတ်မထင်လှမ်းကြည့်လိုက်သောအခါသစ်ပင်ကြီးငယ်များမှာဟိုသည်ဘယ်ညာယိမ်းကာကြောက်ခမန်းလိလိလှုပ်ခတ်နေသကဲ့သို့တောသတ္တဝါကြီးငယ်တို့မှာလည်းအန္တရာယ်လွတ်ရာ၊ဘေးလွတ်ရာသို့သူ့ထက်ငါတိုးဝှေ့ပြေးလွှားနေကြသည်ကိုရင်ထိတ်ဖွယ်အသည်းထိတ်ဖွယ်တွေ့မြင်နေရပေသည်။
ကြည့်စမ်း…တော်ပါသေးရဲ့၊ကံသီလို့သာအချိန်မီဆိုသလိုဒီကျောက်တောင်ကြီးပေါ်ငါရောက်လာတာ၊နို့မို့ဆိုလို့ကတော့အောက်ဘက်မှာတောကောင်သားကောင်တွေနဲ့တိုက်မိပြီးသေလောက်ပြီအံ့ထူးကခိုက်ခိုက်တုန်အောင်ချမ်းလျက်မှထိုသို့ရေရွတ်ရင်းကျောက်တုံးများကိုနင်းကာဆက်တက်ခဲ့၏။
ကျောက်တောင်ကြီးမှာကြိးကြီးမားမားထူးထူးခြားခြားအမိုးသဖွယ်ချွန်ထက်နေသည့်ကျောက်ချပ်ကြီးအောက်အရောက်တွင်မှအံ့ထူးခမျာအသက်ကိုဝလင်အောင်ရှူရှိုက်မိရတော့သသည်။အမလေး…ဒီတခါဖြင့်သေကံမရောက်သက်မပျောက်ဆိုသလိုကံအားလျော်စွာရန်အန္တရာယ်တွေကင်းဝေးရာကျောက်တောင်အထက်ကိုရောက်လာရပြီဆိုပေမယ့်…ဟူးကျောက်ချပ်ကြိးအောက်ဘက်တွင်
ကျောက်မှုန့်၊သစ်ရွက်ခြောက်အချို့မှလွဲ၍ပကတိရှင်းလင်းကာခြောက်သွေ့လျက်ရှိပေသည်။ဟာ…ဟိုမှာဘာပါလိမ့်
အံ့ထူးကလေအကွယ်ကျောက်တန်းကျောက်စွန်းနေရာကိုလှမ်းကြည့်လိုက်သည်တွင်များပြားလှသောသစ်ကိုင်းခြောက်များနှင့်အတူအနီးတွင်ကျောက်တုံးအချို့ကိုတွေ့ရသဖြင့်အတိုင်းမသိအံ့သြသွားရသည်။
အဘယ်ကြောင့်ဆိုသော်ထိုအရာများသည်ယခင်သည်နေရာကိုရောက်ခဲ့ဖးူသည့်မုဆိုးအချိုံ၏လိုရမယ်ရကြိုတင်စုဆောင်းထားခဲ့သည့်မီးဖိုနေရာဖြစ်ကြောင်းအံ့ထူးသဘောပေါက်လိုက်မိသောကြောင့်ပင်တည်း။
မီးဖိုပါလားအတော်ပဲ၊အတော်ပဲ၊အဲဒီနေရာကလေကွယ်တယ်၊အချမ်းဒဏ်ကိုအမြန်ကာကွယ်မှဖြစ်မယ်
ပြောပြောဆိုဆိုအံ့ထူးကအိတ်ကပ်ထဲမှမီးခြစ်ကိုစမ်းကာထိုနေရာသို့သွားသည်။
ထို့နောက်ထင်းတုံးများကိုဆွဲယူကာအတန်ကြာသည်အထိမီးစွဲရန်အားထုတ်ရရှာ၏။
အပြင်၌လေနှင့်မိုးတို့ကအပြင်းအထန်သည်းထန်နေသည်မှန်သော်လည်းမီးဖိုနေရာမှာကျောက်စွန်းကွယ်နေသဖြင့်အကြိမ်ကြိမ်ကြိုးစားမီးမွှေးသည်တွင်တစ်နာရီနီးပါးခန့်အကြာ၌မီးပုံတစ်ပုံဖြစ်လာခဲ့လေ၏။
အင်း…အခုမှနွေးတော့တယ်၊ကြည့်ရတာလေနှင့်မိုးကရပ်မှာမဟုတ်ဘူး၊ဒီတော့အန္တရာယ်ကင်းတဲ့ဒီနေရာမှာတင်ရာသီဥတုကောင်းတဲ့အထိစတည်းချမှ
ဤသို့ဖြင့်ဦးစွားဝတ်ထားသောစိုရွှဲသည့်အဝတ်အစားများကိုချွတ်ကာမီးကင်ရသည်။လွန်စွာချမ်းအေးလှသည့်အခါသမယဖြစ်၍မီးဖို၏အနွေးဓာတ်မှာလွန်စွာအဆင်ပြေလှကြောင်းအံ့ထူးသဘောပေါက်မိသည်။ပြီး…သေကံမရောက်သောမိမိ၏ကံကြမ္မာကိုလည်းတွေးတောကာဝမ်းသာမိသည်။
အင်း…ငါ့ရဲ့အဖြစ်ဆိုးကိုအမေဖြင့်သိမှာမဟုတ်ပါဘူး။သူကသူ့ယောကျ်ားနဲ့ပျော်နေမှာ။အို…ဒါတွေမတွေးတာကောင်းပါတယ်လေ
အတွေးစကိုဖြတ်လျက်မီးရှို့ရန်ထင်းများထပ်ထည့်ပြန်သည်။ရိုးမကြီးသည်ကားအမှောင်ကမ္ဓလာအတိဥတုဆိုးကြောင့်အသံဗလံပေါင်းစုံမြည်ဟိန်းလျက်ရှိသည်။
ကြာသောအခါပင်ပန်းမှု၊ချမ်းစီးမှု၊စိုးရိမ်သောကနှင့်ဆာလောင်မှုတို့ပြွမ်းတီးနေသည့်အံ့ထူးမှာကျောက်နံ့ရံကြီးကိုမှီကာအိပ်ပျော်သွားပေတော့၏။
အံ့ထူးတစ်ယောက်မည်မျှကြာအောင်အိပ်ပျော်သွားသည်မသိ။သူနိုးလာသောအခါလေနှင့်မိုးတို့ကယခင်အတိုင်းသဲသဲမဲမဲဝှေ့ယမ်းတိုက်ခတ်နေဆဲ။
သို့သော်သူ့ရှေ့ရှိထင်းပုံမှာမီးတစ်စက်မျှမရှိ၊ထင်းတုံးများပြာကျလျက်ရှိသည်ကိုတွေ့မြင်ရသည်။ကြည့်စမ်းမောမောနဲ့ငါအိပ်ပျော်နေလိုက်တာတော်တော့်ကိုကြာပုံရတယ်။မီးဖိုမှာမီးလုံးဝမရှိတော့ဘူး၊ချမ်းလာပြီ၊ဒီတော့မီးထပ်မွှေးဦးမှအံ့ထူးကမီးဖို၌မီးပြန်မွှေးနေစဉ်မှာပင်လေပြင်းအရှိန်နှင့်ကျောက်တိုင်ကိုလာရိုက်ခတ်ကြသည့်အရာဝတ္ထုများကိုလှမ်းကြည့်လိုက်သည်။
ဟိုက်…ငှက်၊ငှက်တွေပါလား၊သူတို့ကမိုးလေလွတ်ရာကိုပျံအပြေးမှာလေပြင်းတိုက်ခတ်လိုက်လို့လွင့်ပြီးကျောက်တောင်နဲ့ရိုက်မိတာဖြစ်မယ်။အတော်ပဲဆာလောင်မွတ်သိပ်လှတဲ့ဗိုက်အတွက်သူတို့ကိုမီးကင်ပြီးဖြေဖျောက်ရမယ်
နတ်ဖန်သည်ဟုပင်ဆိုရမည်လောမသိ၊ငှက်သေကလေးများကအံ့ထူးအတွက်အစားအသောက်ဖြစ်လာရသည်။သို့ဖြင့်ငှက်ကင်စားလိုက်၊မီးလှုံလိုက်၊အိပ်စက်လိုက်ဖြင့်ကျောက်ချပ်ကြီးပေါ်၌အံ့ထူးသံသရာလည်နေသည်မှာရက်ပေါင်းပငအတန်ကြာသွားခဲ့ပြီဖြစ်၏။သို့သော်ရာသီဥတုကဆိုးရွားနေဆဲသာ။
သို့နှင့အလျှံပယ်ရှိနေသောထင်းများပင်ကုန်လုလုဖြစ်နေချိန်၌ရာသီဥတုမှာမိုးရွာသည်မှန်သော်လည်းလေကတိခနဲရပ်တန့်သွားခဲ့ရာသည့်အတွက်အံ့ထူးမှာအလွန့်အလွန်အံသြဝမ်းသာဖြစ်ရရှာလေသည်။ဟ…ကြည့်စမ်းလေကလုံးဝမတိုက်တော့သလိုမိုးလည်းအတန်အသင့်လျော့ပါးသွားပြီပဲ။ဒါဆိုအောက်ဘက်ဆင်းပြီးအိမ်ပြန်နိုင်တော့မယ်
ဝူး…ကျီ
အူး…ကျီ…ကျလိ
အတွေးမဆုံးမီမှာပင်အောက်ဘက်အဝေးတစ်နေရာမှဆင်အော်သံကြားလိုက်ရသောကြောင့်အံ့ထူးကကျောက်စွန်းတခုအကွယ်သို့သွားကာအောက်ဘက်သို့လှမ်းကြည့်လိုက်သည်။ရာသီဥတုကကောင်းသွားသဖြင့်ရိုးမတောကြီးမြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရသည်။ရက်ပေါင်းအတော်ကြာကြာခိုလှုံနေရသောကြောင့်အစာငတ်နေသောသတ္တဝါများမှာလေတိုက်ခတ်မှုမရှိသည့်အတွက်ပုန်းအောင်နေရာမှအသီးသီးထွက်ကာအစာရှာဖွေလျက်ရှိကြသည်ကိုတွေ့မြင်ရသည်။ရေစီးအလွန်သန်သည့်ကွေ့ကွေ့ကောက်ကောက်စီးဆင်းလျက်ရှိသောငွေရောင်ချောင်းကလေးကိုလည်းမြွေကြီးတစ်ကောင်လွန့်လူးနေသည့်ပမာတွေ့နေရသေးသည်။
ချောက်ကမ်းပါးတစ်နေရာတွင်ဆင်သားမိနှစ်ကောင်ရေဆင်းပြင်းလှသောချောင်းကိုဖြတ်ကူးရန်ကြိုးစားနေသည်ကိုလှမ်းတွေ့လိုက်ရသဖြင့်အံ့ထူးကစိတ်ဝင်တစားမမှိတ်မသုန်ကြည့်နေမိသည်။
ချောင်းထဲသို့ဆင်မကြီးကဦးစွာဆင်းကာသားကလေးကိုကာထားပေးလျက်တွဲခေါ်သည်။သို့သော်သားမိနှစ်ဦးကမ်းကခွာ၍မကြာမီရေစီးအားကြောင့်ဆင်ကလေးမှာရေလုံးဖြင့်ရိုက်ခတ်မိပြီးရေစီးထဲမျောပါသွားခဲ့သည်။
ဟာ…ဆင်ကလေးသေတော့မှာပဲ
အံ့ထူးစိုးရိမ်စိတ်ဖြင့်ရေရွတ်လိုက်စဉ်ဆင်မကြီးကရေစီးအတွင်းလျင်မြန်စွာမျောပါသွားသည့်သားကလေးအတွက်အထူးသောကရောက်လျက်စူးစူးဝါးဝါးအော်ဟစ်ပြီးနေုာက်ကမ်းပေါ်ပြန်တက်လာ၏။ပြီး…တစ်စုံတစ်ရာစဉ်းစားမိဟန်နှင့်ဆင်ကလေးမျောပါသွားရာချောင်းရိုးအတိုင်းကုန်းပေါ်မှကဆုန်စိုင်း၍ပြေးလိုက်တော့၏။
ကျီ…အူး
ဝူး…ကျီ…ကျလီ
ကုန်းပေါ်ကပြေးနေသောမိခင်ဆင်မကြီးကဟစ်အော်ခေါ်သကဲ့သို့ရေစီး၌လွင့်ပါနေသည့်ဆင်ကလေးကလည်းမိခင်ကြီးအားကယ်ပါရန်အသံပြန်ပြုနေ၏
ယင်းအခိုက်မှာပင်ဆင်ကလေးရှိရာကိုကျော်၍ပြေးသွားသောဆင်းမကြီးသည်ချောင်းကမ်းပါးစပ်၌ပေါ်လုပေါ်ခင်ဖြစ်နေသည့်ကျောက်တုံးဆီခြေကိုစမ်း၍လှမ်းလိုက်သည်။ထို့နောက်အထက်မှရေစီးမျောပါလာသောဆင်ကလေးအားသတိပေးသလိုမျိုးတစ်ချက်မျှအသံပြုပြီးလျှင်သူမ၏နှာမောင်းဖြင့်ရေစီးသိ့ုလှမ်းတားလိုက်သည်။
ဆင်းကလေးကလည်းအလိုက်သင့်ပင်မမိတမိအနေအထားမှ၎င်း၏နှာမောင်းဖြင့်လှမ်းချိတ်လိုက်၏။ထို့ကြောင့်ဆင်သားအမိနှာမောင်းချင်းချိတ်မိရာဆင်းကလေးမှာအခိုက်အတန့်၌ရေစီးတွင်မျောပါခြင်းမဖြစ်တော့ပါချေ။အကယ်၍သာကျောက်တုံးကလိမ့်သွားခဲံသော်သားမိနှစ်ယောက်စလုံးရေစီး၌မျောပါးကာသေဆုံးမည်သာတည်း။
ပြီးလျှင်ဆင်းမကြီးကနောက်ဘက်ကမ်းပါးသို့တဖြည်းဖြည်းပြန်ဆုတ်ရင်းဆင်သားကလေးကိုဆွဲခေါ်လာခဲ့သည်။ဆင်ကလေးမှာကနဦးတွင်မောပန်းမှုကြောင့်ဆွဲခေါ်ရာမပါနိင်တော့ဘဲမူလဆင်မကြီးနင်းခဲ့သောကျောက်တုံးကိုနှာမောင်းဖြင့်ဆွဲဖက်လျက်နားနေရရှာသည်။ထို့နောက်မိခင်ဆင်မကြီး၏အကူအညီဖြင့်ကမ်းသို့တရွေ့ရွေ့ရောက်ရှိလာကာသေဘေးမှလွတ်မြောက်ခြင်းသင်္ကေတအနေနဲ့သားမိနှစ်ဦးစလုံးရိုးမတစ်ခွင်ဟိန်းသည်အထိဝမ်းမြောက်ဝမ်းသာသံပြိုင်အော်ဟစ်လိုက်ကြသည်။
ကျ ကျလီ
ဝူးကျီ
ပြီးမှနှစ်ကောင်သားတောအုပ်အတွင်းသို့ပြေးလွှားတိုးဝင်သွားကြတော့သည်။
အဖြစ်သနစ်အစုံကိုအစအဆုံးကြည့်နေသောအံ့ထူးမှာသတ္တဝါပင်ဖြစ်လင့်ကစားမယုံနိုင်ဖွယ်မိခင်မေတ္တာကြောင့်မိမိ၏မိခင်ကိုဖျက်ခနဲသတိရလိုက်မိသည်။
အင်းကြည့်စမ်း၊တိရစ္ဆာန်တွေတောင်သူတို့သားသမီးကိုသေဘေးနဲ့ရင်ဆိုင်ရဲတဲ့အထိချစ်တယ်ဆိုတာငါ့အမေ…ငါ့အမေဟာငါ့…ငါ့ကိုသိပ်ချစ်မှာအသေအချာပါပဲ။
ကြည့်လေဒါကြောင့်လည်းငါမရှိတဲ့အခိုက်မှာငါ့တဲကိုအစားကောင်းအသောက်ကောင်းငွေကြေးကအစအမေလာလာပို့နေတာပေါ့။တကယ်တော့အမေဟာငါ့ကိုသိပ်ချစ်သလိုသိပ်ပြီးသံယောဇဉ်ရှိပါတယ်လေ။ငါ…ငါကသာလူအားလုံးလက်မခံနိုင်အောင်မိုက်လုံးကြီးတာကိုး
ဆင်သားမိမေတ္တာကြီးပုံကိုမျက်မြင်တွေ့လိုက်ရသည့်အံ့ထုူးမှာမိခင်ကြီးအကြောင်းနှင့်တကွမိမိ၏ဆိုးပုံမိုက်ပုံရိုင်းပုံရမ်းကားပုံများကိုတွေးတောမိကာစိတ်မကောင်းကြီးစွာဖြစ်လျက်မှသံဝေဂရရှိမိတော့သည်။
ခွင့်လွှတ်ပါအမေအခုချိန်ကစပြိးသားလူလိမ္မာဖြစ်အောင်ပြုပြင်နေထိုင်ပါတော့မယ်။ရိုးမကြီးထဲကအပြန်ရွာရောက်ရင်အမေ့ကိုဦးချကန်တော့ပြီးမိဘတွေကိုရိုရိုသေသေလုပ်ကျွေးသမှုပြုပါတော့မယ်
ဤသို့တီးတိုးရေရွတ်ရင်းမိခင်မျက်နှာကိုမြင်ယောင်မိကာလက်အုပ်ချီမိုးရှိခိုးလိုက်သည်။
အံ့ထူးကမီးပုံဆီလှမ်းကြည့်လိုက်သည်။မီးပုံတွင်မီးကတောက်လောင်နေဆဲ။သို့ရာတွင်စားစရာငှက်သေကောင်ဆို၍တစ်ကောင်တစ်မြီးမှမရှိတော့။
စားစရာလည်းမရှိတော့ဘူး၊ဗိုက်ထဲကလည်းဆာလိုက်တာ
သူညည်းတွားလိုက်စဉ်မှာပင်မိုးကလည်းရုတ်တရက်တိတ်သွားတော့သည်။
အိုးမိုးတိတ်သွားပြီ။လေရောမိုးရောမရှိတော့ဘူး၊ဒီဒီလိုဆိုကျောက်တောင်အောက်ဖက်ပြန်ဆင်းပြီးလေကြောင့်ကြွေနေဆဲသစ်သီးတွေကိုကောက်အားရပါးရစားရမယ်။ဟုတ်ပြီဟုတ်ပြီအံ့ထူးကဝမ်းမြောက်ဝမ်းသာဟစ်အော်လျက်သူ့ပစ္စည်းများရှိရာမီးပုံအနီးသို့လျှောက်လာသည်။ထို့နောက်ပလိုင်းကိုပြန်လွယ်၊ဓားမြောင်ကိုခါးထိုးနှစ်ခွတုတ်နှင့်မှိန်းကိုကိုင်လိုက်သည်။ပြီးမှအောက်ဘက်သို့ဆင်းရန်ကျောက်လှေကားသဏ္ဍာန်ကျောက်တုံးလေးများဆီလျှောက်လာခဲ့၏။
မကြာမီမှာပင်အံ့ထူးမှာရေစိုနေဆဲရှိသေးသောကျောက်တုံးငယ်များကိုဂရုတစိုက်တွယ်ဖက်နင်းပြိးကျောက်တောင်အောက်ဖက်သို့တရွေ့ရွေ့ကြိုးစားပမ်းစားဆင်းခဲ့လေတော့သည်။ခေါခေါ
ခေါခလော
အံ့ထူးတစ်ယောက်ယခုအခါအထူးပင်အိပ်မောကျလျက်ရှိနေချေပြီ။အဘယ်ကြောင့်ဆိုသော်အံ့ထူးမှာကျောက်တောင်ပေါ်မှဆင်းလျင်ဆင်းချင်းဆာလောင်မွတ်သိပ်မှုကြောင့်တစ်နေရာရှိသစ်ပင်ကြီးတပင်အောက်၌ကြွေကျနေသည့်ဝါဝင်းမှည့်ရွှမ်းနေသည့်နှင့်အမျှချိုအီသောအရသာနှင့်ပြည့်စုံစွာသောအသီးများကိုအငမ်းမရဝလင်အောင်စားသောက်ပြီးမကြာမီယင်းသစ်ပင်ကြီးအောက်တွင်အိပ်ပျော်သွားခဲ့ခြင်းဖြစ်ပေတော့သည်။
ထို့သို့အိပ်ပျော်သွားခိုက်အိပ်မက်ဆိုးများမက်လေရာရိုးမတောကြီးအတွင်းရှိတစ္ဆေသရဲအကောင်ပလောင်အကြီးအလတ်အသေးအရွယ်အစားမျိုးစုံတို့သည်အံ့ထူးရှိရာသို့အရပ်ရပ်မှပြေးဝင်လာကြကာလက်ထဲ၌အသင့်ကိုင်ထားသောမြွေအမျိုးစုံတို့ကိုအိပ်ပျော်နေသည့်အံ့ထူးအပေါ်သို့ပစ်ချကြတော့၏။
ရွှီရွှီ
ရွှစ်
ရွှီး
အား
ထောင်သောင်းမကများပြားလှသောမြွေများကအံ့ထူးကိုရစ်ပတ်ယှက်လိမ်ကိုက်ခဲ့ကြရာနာကျင်လွန်းလှစွာကြောက်ရွံထိတ်လန့်လျက်အားကုန်အော်ဟစ်လိုက်မိတော့သည်။
သားသားလေးငါ့သားလေး
ယင်းအချိန်မှာပင်တောအုပ်အတွင်းတစ်နေရာမှမိမိ၏မိခင်ကြီးဒေါ်အေးမယ်၏အော်ခေါ်သံထွက်ပေါ်လာသည်ကိုနားနှင့ဆတ်ဆတ်ကြားယောင်မိသောကြောင့်အံ့ထူးလည်းအိပ်ပျော်ရာမှရုတ်တရက်နိုးလာတော့သည်။
သူ့တစ်ကိုယ်လုံးမှာကြောက်မက်ဖွယ်အိပ်မက်ဆိုးကြောင့်ချွေးစီးများပြန်လျက်ရှိနေချေသည်။ဟူးအိပ်မက်ကလည်းတကယ်ကိုတုန်လှုပ်ချောက်ချားစရာပါလား။ကြည့်စမ်းအသီးတွေစားအပြီးမှအိပ်ပျော်သွားတာဆိုတော့အဆိပ်တတ်တာထင်ပါရဲ့
ထို့နောက်နေရာမှချက်ချင်းထကာရိုးမတောကြီးမှထွက်၍အိမ်သို့ပြန်ရန်စိတ်ကူးလိုက်သည်။ထိုနေရာမှထွက်ခွာလာခဲ့စဉ်ရိုးမတောကြီးမှာရာသီဥတုပကတိသာယာသွားသဖြင့်ကျေးငှက်သာရကာများမြူးတူးပျော်ပါးနေသည်သာမကတောသတ္တဝါငယ်အချို့မှာလည်းဘာသာဘာဝအော်ဟစ်လျက်ပြေးလွှားနေကြသည်ကိုတွေ့မြင်လိုက်ရသည်။
ဒီလိုဆိုတော့လည်းတောသဘာဝကတကယ့်ကိုကြည်နူးစရာကောင်းလှပါလား။ဘာပဲဖြစ်ဖြစ်လမ်းရှာပြီးဒီရိုးမတောကြီးထဲကထွက်မှ
ဤသို့ဖြင့်လျှောက်လာခဲ့ရာလေပြင်းဒဏ်ကြောင့်အချို့နေရာများမှာသစ်ပင်သစ်ကိုင်းများလဲပြိုပိတ်ဆို့နေသကဲ့သို့အချို့နေရာများ၌လည်းချိုင့်ခွက်များတွင်မိုးရေတို့အပြည့်ရှိနေသဖြင့်ခက်ခက်ခဲခဲရှောင်ကွင်းသွားနေရသည်။
သို့ဖြင့်ကျောက်တုံးကြီးအချို့နှင့်သစ်ကိုင်းသစ်ရွက်တို့ရှုပ်ထွေးနေသည့်နေရာတစ်ခုသို့ရောက်သောအခါမထင်မှတ်စွာအံ့ထူးဝမ်းသာသွားရပေသည်။
ရွှီးရွှစ်
ရွှီရွှီ
အဘယ်ကြောင့်ဆိုသော်ထိုနေရာအနီးအနားမှမြွေတွန်သံအချို့ကိုပီပီသသကြားလိုက်ရခင်းကြောင့်ဖြစ်ပါပေ၏။
ထို့ကြောင့်နှစ်ခွတုတ်နှင့်မှိန်းကိုအသင့်ကိုင်ကာသတိနှင့်ကျောက်တုံးကြီးတစ်တုံးအကွယ်တွင်လှစ်ခနဲဝင်ရောက်ပုန်းအောင်းလိုက်၏။
၎င်း၏စိတ်ထဲ၌လည်းဟုတ်ပြီဟုတ်ပြီ၊အဆင်သင့်ချင်တော့အိမ်အပြန်မှာငါကြိုက်တဲ့မြွေသားလည်းရမယ်ထင်တယ်၊တယ်ကံကောင်းပါလားအံ့ထူးရာဟူ၍…
ကျောက်တုံးကြီးနောက်ကွယ်မှာအံ့ထူးချောင်းမြောင်းကြည့်ရှုနေစဉ်မှာပင်ခြေသလုံးနီးပါးခန့်ရှိဧရာမမြွေဟောက်ကြီးတစ်ကောင်သည်တစ်ကောင်နှင့်တစ်ကောင်ဖြတ်ကျော်ပွတ်သပ်ဆော့ကစားကာမလှမ်းမကမ်းစိုစွတ်ရာမြေနေရာဆီသို့ကျောက်တုံးတစ်တုံးအနီးမှခပ်သွက်သွက်ထွက်သွားကြသည်ကိုတွေ့လိုက်ရပေသည်။
ဟာနှစ်ကောင်တောင်တယ်ကြီးပါလား၊ငှက်ပျောချောင်းရွာကကိုထွားကြီးမှာထားတာဒီလိုမြွေမျိုးပေါ့၊နှစ်ကောင်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်မရရအောင်ဖမ်းမှ
သူကပြောပြောဆိုဆိုပုန်းအောင်နေသောကျောက်တုံးနောက်ကွယ်မှမှိန်းကိုအသင့်ကိုင်ရင်းခြေလှမ်းခပ်ဖွဖွနင်းကာထွက်လာခဲ့တော့သည်။
ခြေတစ်လှမ်း
ခြေတစ်လှမ်း
ခြေသုံးလှမ်းမှလေးလှမ်းခန့်အရောက်သစ်ရွက်များကိုနင်းလိုက်ရာတွင်မြေကျွံကာသူ့တစ်ကိုယ်လုံးမြေတွင်းပေါက်တစ်ပေါက်အတွင်းသို့အကာအကွယ်မရှိလေဟာနယ်မှထိုးကျသွားတော့၏။ယင်းသို့ကျသွားရာတွင်၎င်းလက်ထဲ၌ကိုင်ဆောင်ထားသောနှစ်ခွတုတ်နှင့်မှိန်းတို့သည်လည်းလွတ်သွားခဲ့သည်ဟုဆိုရပေမည်။
သည်နောက်၌ကားရေညှိများဖြင့်ချောနေသောမြေတွင်းပေါက်ကြီးအတွင်းသို့အံ့ထူးတကိုယ်လုံးကျရောက်သွားကာမကြာမြင့်မီတွင်ခန္တာကိုယ်ကစိုစွတ်သောမြေပြင်နှင့်အရှိန်ပြင်းစွာထိတွေ့လိုက်မိပေတော့သည်။
အားအီး
ရွှံဗွက်ဆန်ဆန်ပျော့အိသောမြေပြင်နှင့်ထိတွေ့မှုကြောင့်အကြီးအကျယ်ဒဏ်ရာမရသော်လည်းကျသွားသည့်အရှိန်ကြောင့်အံ့ထူးခမျာတကိုယ်လုံးအောင့်လျက်နာကျင်သွားရသည်။ပြီးမှသူရောက်နေရာကိုချက်ချင်းအကဲခတ်လိုက်သည်။
ဟာအလို
ထိုအခါ၎င်းနှင့်တစ်လံခန့်အကွာရှိမြက်ပင်နှင့်သစ်ရွက်တို့စုပုံထားသောအပေါ်တွင်များပြားလှသောအဖြူရောင်ဥကြီးများကိုတွေ့လိုက်ရသဖြင့်အလွန်အမင်းအံ့သြသွားရပေ၏။
အိုဒါဒါမြွေဥတွေပါလား၊ကြည့်စမ်းအလုံးပေါင်နှစ်ဆယ်ကျော်ကျော်ရှိတယ်။တချို့အလုံးတွေကပေါက်ကာနီးပြီ၊လှုပ်တောင်လှုပ်နေပါလား
သူကရေရွတ်ပြီးရောက်ရှိသောအနေအထားကိုဆန်းစစ်လိုက်၏။
ထိုအခါသူကလူသုံးလေးရပ်ခန့်နီးပါးရှိမြွေတွင်းတစ်ခုအတွင်းရောက်ရှိနေကြောင်းသိရကာလွတ်မြောက်ရန်အတွက်အပေါ်တက်ရန်ကြိုးစားရမည်ဖြစ်ကြောင်းသဘောပေါက်မိလေတော့သည်။
အိုအပေါ်သို့တက်ရအောင်ကလည်းနံရံအားလုံးမှာရေညှိတွေကတစ်ပုံတစ်ပင်၊မြွေဥတွေကလည်းပေါက်တော့မယ်။အခုနအပေါ်မှာငါတွေ့လိုက်ရတဲ့မြွေကြိးနှစ်ကောင်ဟာဒီမြွေဥတွေပိုင်ရှင်ဖြစ်လိမ့်မယ်ထင်ပါရဲ့။ဒါဆိုရင်မကြာခင်အစာသွားရှာတဲ့ဒီမြွေကြီးနှစ်ကောင်ပြန်လာရင်ငါတော့ဒုက္ခ၊ဘယလိုလုပ်ရပါ့မလဲ
ကြောက်လန့်လွန်းသောကြောင့်အရူးတစ်ယောက်လိုမြည်တမ်းလျက်မှသူ့တစ်ကိုယ်လုံးချွေးတို့ဖြင့်ရွဲနစ်လာရသည်။
သူနံရံကိုကုတ်ဖဲ့ကာအပေါ်တက်ရန်အကြိမ်ကြိမ်ကြိုးစားပါသေးသည်။သို့သော်ရေညှိတို့ဖြင့်ပြည့်နှက်နေသည့်တွင်းနံရံမှအကြိမ်တိုင်းပြုတ်ကျသည်သာဖြစ်ရာမျက်ရည်များကျသည်အထိအားလျော့မိတော့သည်။
အံမလေးဘယ်လိုလုပ်ရပါ့မြွေဥတွေကလည်းပေါက်တော့မယ်၊အတွင်းကတိုးနေလို့လှုပ်တုတ်လှုပ်တုတ်နဲ့။ပြီးအစာရှာသွားတဲ့မြွေဖိုနဲ့အမကလည်းပြန်လာတော့မယ်။ဒီတခါဖြင့်မချိမဆန့်သေပါပြီ။အိုအမေအမေအမေရေကယ်ကြပါဦးဗျာ။အီးအဟီးဟီး
ကြံရာမရသည့်အဆုံးဟစ်အော်ငိုကြွေးရင်းအထက်တစ်နေရာဆီကြည့်လိုက်သောအခါလူနှစ်ရပ်နီးပါးအကွာခန့်၌တွင်းပေါက်ကြီးတစ်ပေါက်ကိုတွေ့မြင်လိုက်ရပြန်သည်။
ဟာဧကန္တအဲဒီတွင်းပေါက်ဟာအခုနမြွေကြီးနှစ်ကောင်ထွက်ခွာသွားတဲ့ဂယ်ပေါက်ဖြစ်လိမ့်မယ်။မြွေကြီးတွေပြန်လာရင်အဲဒီဂယ်ပေါက်ကနေပြန်လာမှာငါဘယ်လိုလုပ်ရပါ့။အီးဟီးအမေရေကယ်ပါဦးဗျ
ကြံရာမရသည့်အဆုံးကြောက်လန့်လျက်ငိုယိုထပ်မံအော်ဟစ်ရင်းအံ့ထူးကမြွေဥများဆီမျက်စိရောက်သွားပြန်သည်။အံမာလေးဗျာတချို့မြွေဥတွေကပေါကပြီးဥကိုတိုးထွက်လာနေပြီဗျ။ဒုက္ခပါပဲ
အံ့ထူးအနေနဲ့မြွေမုဆိုးလုပ်ခဲ့စဉ်ကာလတလျှောက်လုံးနှစ်ခွတုတ်မှိန်းတို့ဖြင့်သာအနိုင်ယူခဲ့ခြင်းဖြစ်ရာယခုကဲ့သို့လက်ဗလာဖြစ်နေသာအနေအထားတွင်အဆိပ်ပြင်းသောမြွေများကိုအနိုင်ယူဖို့မလွယ်ကြောင်းသူသတိပြုမိလိုက်ရာအသည်းတုန်အူတုန်ဖြစ်ရပေတော့သည်။မြွေပေါက်ကလေးအချို့ကဆယ်ပေပတ်လည်နီးပါးကျင်းအတွင်းဟိုမှသည်မှသွားစပြုနေကြပြီဖြစ်ရာအံ့ထူးမှာမနည်းရှောင်ရှားနေရှာသည်။
ရွှီရွှီ
ရှူးရွှစ်
ဟိုက်အိုး
ထိုထက်ဆိုးသည်မှာအထက်ဘက်ဂယ်ပေါက်တွင်းကြီးဆီမှမြွေတွန်သံများကြားလိုက်ရရာအစာရှာထွက်ခွာသွားသောမြွေအဖိုနှင့်အမတို့ပြန်လာကြပြီဖြစ်ကြောင်းတွက်ဆမိလိုက်သဖြင့်အံ့ထူးခမျာခေါင်းနပန်းများကြီးသွားရသည်အထိထိတ်လန့်တုန်လှုပ်ခြင်းဖြစ်မိရပေတော့၏။ယင်းသို့ရှိစဉ်အထက်ဘက်တွင်းဝဆီမှအော်ခေါ်သံတစ်သံထွက်ပေါ်လာသည်ဟုထင်လိုက်မိသည်။သားသားရေလူလေး
ဟင်ဒါဒါအမေ့အသံပါလား၊ငါငါသေကာနီးလို့ထင်မိထင်ရာကြားမိကြားရာတွေကြားနေရတာထင်ပါရဲ့
မြွေတွန်သံများကလည်းပိုမိုပီပြင်လာသကဲ့သို့မြွေဥများကလည်းတဖောက်ဖောက်ပေါက်ကာမြွေကလေးများလူးလွန့်သွားလာနေသည်မှာရှုပ်ထွေးနေသောကြိုးလုံးပမာရှိနေချေတော့၏။ငါတော့မုချသေမှာအမှန်ပါပဲ
အားလျှော့ခြင်းဖြင့်အံ့ထူးကရေရွတ်လိုက်စဉ်မှာပင်ကျင်းကြီး၏အပေါ်ဘက်မှအရိပ်တခုကြောင့်မှောင်ကာသွားသဖြင့်မော့ကြည့်လိုက်မိသည်။
သားသားလေးလူလေး
အမေအမေ
မိမိ၏မိခင်ကြီးအသံဖြစ်ကြောင်းတိတိကျကျသိလိုက်ရုံမျှမကကျင်းနှုတ်ခမ်းမှအရိပ်သဏ္ဍာန်မှာဆံပင်ဖားလျားနှင့်ဖြစ်သော်လည်းမိခင်ကြီးဖြစ်မှနိးတအံ့တသြသိလိုက်ရသဖြင့်အံ့ထူးကအငမ်းမရခေါ်လိုက်မိခြင်းဖြစ်သည်။ရော့လာပြီ၊ဒါကိုဆွဲပြီးတက်ခဲ့လူလေးရော့
ဖပ်ဖလပ်
ဟိုက်
အထက်မှအသံနှင့်အတူတုတ်ခိုင်ရှည်လျားသောနွယ်ကြိုးကြီးတစ်ချောင်းမထင်မှတ်စွာကျာလာခဲ့ရာအံ့ထူးမှာချက်ချင်းပင်ဝမ်းသာလုံးဆို့ကာအတွေးစများကိုဖြတ်တောက်လိုက်လေ၏။ပြီးလျှင်လှုပ်ရမ်းနေသောယင်းနွယ်ကြိုးကြီးအာခိုတွဲလျက်ရေညှိတို့ထူတက်နေသည့်နံရံကိုခြေကန်ကာအားစိုက်တက်လိုက်သည်။
လူနှစ်ရပ်ခန့်တက်မိသည်တွင်သူ၏ဆန့်ကျင်ဘက်ဂယ်ပေါက်ဆီမှထိုးထွက်လာသောဧရာမမြွေနှစ်ကောင်ကအံ့ထူးအားဒေါသဖြင့်အရှိန်ပြင်းစွာတစ်ပြိုက်နက်ခုန်လွှားပေါက်လိုက်ကြသည်။
ရွှစ်
ဝှစ်

သို့သော်အံ့ထူးကကြောက်အားလန့်အားဖြင့်အပေါ်ဘက်သို့အငမ်းမရလုတက်လိုက်သောကြောင့်မြွေကြီးနှစ်ကောင်တိုက်ခိုက်မှုမှလက်တစ်လုံးခြားလွတ်မြောက်သွားရသည်။
မြွေကြီးနှစ်ကောင်မှာလည်းလေထဲမှတစ်ဆင့်နံရံနှင့်ထိမှန်ကာ၎င်းတို့၏သားသမီးများရှိရာမြွေပေါက်ကလေးများဆီအရှိန်ပြင်းစွာကျရောက်သွားကြလေ၏။
ဘုတ်
ရွှီရွှစ်
ရွှီးရွှီး
သို့သော်ဒါသပြင်းထန်လှသည့်မြွေကြီးနှစ်ကောင်ကအောက်သို့ကျသွားသော်လည်းချက်ခချင်းလိုပင်လေထဲခုန်တက်ကာအံ့ထူးရှိရာသို့ခုန်ပျံတိုက်ခိုက်ကြပြန်သေးသည်။
ကံကောင်းသည်မှာထိုအချိန်တွင်အံ့ထူးမှာမြွေကြီးနှစ်ကောင်လိုက်မမှီလောက်သည့်ကျင်းနှုတ်ခမ်းနှင့်နီးသောနေရာသို့ရောက်ရှိနေပြီဖြစ်သည်။
ကြောက်အားလန့်အားနှင့်ကမူးရူးထိုးနွယ်ကြိုးကိုဆွဲတက်လာခဲ့သောကြောင့်အံ့ထူးတစယောက်မကြာမီကျင်းနှုတ်ခမ်းမှတစ်ဆင့်မြေပြင်ပေါ်ရောက်ရှိခဲ့ပေပြီ။
ဟူးတော်ပါသေးရဲ့၊အမေအမေရောမသိဘူး၊ဒီနေရာကအမြန်ဆုံးပြေးမှ
သူကသစ်ရွက်များကိုရှောင်ကာမြေမာကိုသာသတိထားနင်းပြီးနောက်ထိုနေရာမှပြေးထွက်ခဲ့၏။
သားလူလေးလာလာ၊လိုက်ခဲ့
ဟင်
သူလှမ်းကြည့်လိုက်သောအခါခပ်ပျပျလှမ်းမြင်နေရသောနေရာတွင်မိခင်ကြီးဒေါ်အေးမယ်ကလက်ပြလျက်လှမ်းအော်နေသည်ကိုတွေ့လိုက်ရ၏။
ဟုတ်ဟုတ်ကဲ့၊လာပြီအမေ၊လာပြီ
သို့နှင့်အရှေ့ဘက်မှမိခင်ကြီးလျှောက်သွားနေသကဲ့သို့အံ့ထူးကပြေးလိုက်၏။သို့ရာတွင်မည်သို့ဖြစ်သည်မသိအောင်ပင်ပြေးလွှားသူကလျှောက်သွားသူကိုမမီနိုင်အောင်ဖြစ်နေရသည်။လာမြန်မြန်ပြေး၊အမေနောက်ကလိုက်ခဲ့
ဟုတ်ကဲ့အမေ
မိခင်ကြီးကလျှောက်၊အံ့ထူးကပြေးလိုက်နှင့်အချိန်တော်တော်ကြာကြာတွင်အံ့ထူးနောက်မှခြေသံပေါင်းများစွာနှင့်အော်ဟစ်သံများကြောက်ခမန်းလိလိထွက်ပေါ်လာပြန်လေသည်။ဖျပ်ဖျပ်
ဖျပ်ဖလတ်
အူးဝေး
ဝူးဝါး
အံ့ထူးလည်းပြန်လှည့်ကြည့်လိုက်မိသည်တွင်အံမလေးဗျာဟုအသံကုန်အော်မိကာမိခင်ကြီးသွားရာဆီသို့ခြေကုန်သုတ်မိပေတော့သည်။
အကြောင်းသော်ကားရိုးမအတွင်း၌ရှိနေသည်ဟုယူဆရသောနာနာဘာဝ၊တစ္ဆေသရဲပေါင်းစုံတို့သည်အရွယ်အစားအမျိုးမျိုးပုံစံအမျိုးမျိုးအသံအမျိုးစုံတို့ဖြင့်အံ့ထူးနောက်သို့လိုက်နေကြသောကြောင့်ပင်တည်း။
လာသားလေး၊မြန်မြန်မြန်မြန်လာ
အရှေ့မှဆံပင်ဖားလျားနှင့်လျင်မြန်စွာသွားနေသောမိခင်ကြီးနောက်သို့အံ့ထူးကလည်းအလျင်အမြန်ဆုံးပြေးလိုက်ရာမကြာမီအနောက်ဘက်မှတစ္ဆေကောင်သရဲကောင်နာနာဘာဝတို့မီလုမီခင်မှာပင်အံ့ထူးမှာရိုးမတောစပ်တစ်နေရာတောင်ကုန်းမှတစ်ဆင့်အောက်ဘက်သို့အရှိန်ပြင်းစွာဒလိမ့်ခေါက်ကွေးလျှောကျသွားရှာပေတော့၏။
တစ်ကိုယ်လုံးပွန်းပဲ့ရာများနှင့်နာကျင်ကိုက်ခဲလှသော်လည်းအံ့ထူးမှာလဲနေရာမှအလျင်အမြန်ထလိုက်ရသည်။
အူးဝူး
ဝါးအီး
ဟူးအီး
အချိန်မှာနေဝင်ရိုးရီဖြစ်နေလျက်ရိုးမတောကြီးအစပ်မှများပြားလှစွာသောတစ္ဆေသရဲနာနာဘာဝဖုတ်ကောင်စသည်တို့ကအံ့ထူးတစ်ယောက်ရိုးမတောအတွင်းမှလွတ်မြောက်သွားခြင်းအားမကျေမနပ်ဟန်ဖြင့်စုရုံးကာအသံလေးအသံကြောင်အသံဆိုးကြီးများနှင့်ဟစ်အော်လျက်ခြေကားယား၊လက်ကားယား၊ကြောက်မက်ဖွယ်အနေဖြင့်ခုန်ပေါက်နေကြသည်ကိုအသည်းယားစဖွယ်တွေ့မြင်လိုက်ရပေသည်။
ဟာနာနာဘာဝတွေမနည်းမနောပါလား၊ဒါဒါထက်၊ငါ့ငါ့အမေကရောအမေ့ကိုမတွေ့ရတော့ပါလား၊ဘာပဲဖြစ်ဖြစ်ရွာလမ်းကိုတွေ့နေရပြီ၊အဲဒိကိုပြေးမှ
အံ့ထူးကအထက်ပါအတိုင်းရေရွတ်ပြီးသူ့ရွာရှိရာလမ်းဆီသို့အပြေးနှင့်ပြန်ခဲ့သည်။နောက်ဘက်သို့လှည့်ကြည့်သောအခါမည်သည့်တစ္ဆေသရဲမျှတွေ့မြင်ရခြင်းမရှိပါပေ။
အင်းဧကန္တသူ့တို့ပိုင်ဆိုင်ရာနယ်နိမိတ်ကိုကျော်ပြီးမလိုက်ရဘူးထင်တယ်။နို့မို့ဖြင့်ငါမလွယ်ဘူး၊ဟူးဘာပဲဖြစ်ဖြစ်အချိနမီအမေလာကယ်လို့သာငါအသက်ရှင်တာပါလား
ပြေးရင်းလွှားရင်းအံ့ထူးစိတ်ထဲမှဖြစ်စဉ်တွေကိုတွေးလာခဲ့မိသည်။သို့သော်ဤမျှလောက်ကြမ်းတမ်းခက်ခဲလှသောတောအုပ်အတွင်းအမေမည်သည့်နည်းနှင့်သိရှိ၍လိုက်လာခဲ့နိုင်သနည်းဟူ၍လည်းတွေးလိုက်မိသည်။
နောင်ဝေဝေ
နောင်ဝေဝေ
မည်မျှကြာအောင်ပြေးလာမိသည်မသိ၊ကြေးစည်သံသဲ့သဲ့ကြားမှပင်ရွာဦးကျောင်းနှင့်နီးလာကြောင်းအံ့ထူးသတိထားမိသည်။
ကျောင်းနဲ့တောင်နီးလာပါပကော။ငါကြုံခဲ့ရတဲ့ဖြစ်စဉ်တွေဟာမယုံနိုင်စရာချည်းပါလား။
ကြောက်စိတ်ကလည်းငါ့မှာကြီးစိုး၊ဆာလောင်မှုပင်ပန်းမှုတွေကလည်းပြည့်နှက်နေတာမို့ဆရာတော်ရဲ့ကျောင်းကိုသွားတာကောင်းမယ်ထင်တယ်။
အတွေးအဆုံးမှာသူ့ခြေလှမ်းတွေကရွာဦးကျောင်းဆီသို့တည်နေတော့သည်။
မောမောပန်းပန်းနှင့်ကျောင်းပေါ်သို့အံ့ထူးလှမ်းတက်လိုက်သောအခါဘုရားဝတ်ပြု၊မေတ္တာပို့အမျှပေဝေပြီးသည့်ဆရာတော်ဘုရားကဘုရားခန်းမှလှည့်ကြည့်ကာခေါင်းညိတ်လျက်အိမ်းမင်းရောက်လာပြီကိုးအံ့ထူး၊မင်းကြုံခဲ့ရတဲ့ဖြစ်စဉ်တွေကိုဘုန်းကြီးအားလုံးနီးပါးသိပြီးနေပါပြီလေဟုဆိုရာအံ့ထူးမှာအံသြလွန်းသဖြင့်မျက်လုံးမျက်ဆံပြူးသွားရတော့သည်။ဘုရားတပည့်တော်ကြုံခဲ့တာမှန်သမျှအရှင်ဘုရားသိနေတယ်ဟုတ်လားဘုရားဘယ်သူပြောလို့သိတာပါလဲဘုရား
ဆရာတော်ကအံ့ထူးကိုဂရုဏာသပ်စွာကြည့်ရင်းတည်ကြည်သောအသံနှင့်မိန့်သည်။ဘယ်သူရှိရဦးမလဲ၊မင်းရဲ့မိခင်ကြီးဒေါ်အေးမယ်ပေါ့ကွယ်
ဟင်အမေ၊အမေဟုတ်လား၊မဖြစ်နိုင်တာအရှင်ဘုရား
အံ့ထူးကခေါင်းခါရင်းပြောသည်။သို့သော်သူ့စိတ်ထဲတွင်ရိုးမအတွင်းအန္တရာယ်များကြားမှသူ့ကိုဆွဲခေါ်ထုတ်ခဲ့သောမိခင်ကြီးအကြောင်းတွေးမိကာစိတ်ထဲမှဒွိဟကလည်းတစ်ပြိုင်နက်ဖြစ်ပေါ်လာသည်။
ဒီကိုတပည့်တော်အမေရောက်လာပါသလားဘုရား
အေးကွယ်စောစောကဘုရားဝတ်မပြုခင်ငါစင်္ကြံလျှောက်နေတုန်းအဖြစ်သနစ်တွေကိုသူဝင်လျှောက်သွားတယ်
ဟင်ဟုတ်လား၊ဒီဒီလိုဆိုအမေအိမ်ကိုပြန်သွားပြီပေါ့နော်ဆရာတော်ဘုရား
သူအိမ်မပြန်ဘူးကွယ့်၊ဒါပေမဲ့တစ်နေရာမှာရှိပါတယ်လေ
ဒါဒါဖြင့်အမေ့ဆီတပည့်တော်
စကားတစ်ဝက်နှင့်ရပ်သွားသောအံ့ထူးဆန္ဒကိုဆရာတော်ကရိပ်မိဟန်ဖြင့်ခေါင်းညိတ်လိုက်သည်။ပြီးအသင့်ရှိနေသောကျားမီးအိမ်တစ်လုံးကိုထွန်းညှိကာအံ့ထူးအားဆွဲစေလျက်တောင်ဝှေးယူပြီးဆရာတော်ကကျောင်းမှထွက်ကြွလေရာအံ့ထူးလည်းအံသြစိတ်နှင့်လိုက်ပါခဲ့ရ၏။
အမှောင်လမ်းတွင်ကျားမီးအိမ်အလင်းရောင်ဖြင့်နှစ်ဦးသားလျှောက်ခဲ့ကြရာနာရီဝက်နီးပါးလျှောက်မိပြီးတစ်နေရာသို့ရောက်ရှိသည်တွင်အံ့ထူးကအထိတ်တလန့်ရေရွတ်လိုက်မိ၏။ဟင်ဒါဒါသင်္ချိုင်းကုန်းပါလားဘုရား
ဆရာတော်ဘုရာကမည်သို့မှမဆိုလွန်စွာတည်ကြည်သောမျက်နှာထားနှင့်ဟုတ်မှန်ကြောင်းခေါင်းညိတ်လိုက်၏။တပည့်တော်ကအမေ့ဆီကိုသွားချင်တာဘုရား၊ဒီဒီသင်္ချိုင်းကိုမဟုတ်ကြောင်းပါ
သို့သော်ဆရာတော်ကပြနလည်ပြောကြားခြင်းအလျဉ်းမရှိဘဲအံ့ထူးကိုကျော်ကာမြေပုံများယိုင်နဲ့နဲ့မှတ်တိုင်များနှင့်သင်္ချိုင်းအတွင်းသို့ရဲဝံ့စွာတိုးဝင်သွားတော့သဖြင့်အံ့ထူးလည်းစိတ်ရှုပ်ထွေးစွာထပ်ချက်လိုက်ရပြန်သည်။
ခြေလှမ်းငါးဆယ်နီးပါးခန့်လျှောက်မိကြသောအခါမြေစာအသစ်နှင့်ခပ်မို့မို့မြေပုံတစ်ခုအနီးတွင်ဆရာတော်ကရပ်တန့်လိုက်ကာလက်ညှိုးညွှန်ပြရင်းကဲအဲ့ဒါမင်းတွေ့ချင်နေတဲ့မင်းရဲ့မိခင်ဒေါ်အေးမယ်ရဲ့မြေပုံပါပဲအံ့ထူးဟုတုံးတိတိပြောချလိုက်တော့သည်။
ဗျာဒါအမေ့မြေပုံ၊အမေသေပြီဟုတ်လားမဖြစ်နိုင်တာဆရာတော်ဘုရား၊လွန်ခဲ့တဲ့အချိန်အနည်းငယ်အတွင်းမှာရိုးမထဲကနေတပည့်တော်ကိုကယ်တင်ခဲ့သေးတဲ့ဥစ္စာ
မြေပုံမို့မို့ကိုမယုံနိင်စွာကြည့်ကာကြားရသည့်စကားကြောင့်ရူးသွပ်လုနီးနီးဖြစ်နေသည့်အံ့ထူးကဦးခေါင်းကိုဘယ်ညာယမ်းခါရင်းဗလုံးဗထွေးပြောနေလေရာဆရာတော်ဘုရားက
မင်းတကယ်တွေ့ပြီးမင်းကိုအန္တရာယ်တောထဲကလွတ်မြောက်အောင်ကယ်တင်ခဲ့တာဟာတကယ်တော့မင်းအပေါ်မှာသံယောဇဉ်အလွန့်အလွန်ကြီးပြီးစိတ်ထဲစွဲလမ်းစွာသေဆုံးသွားခဲ့ပြီဖြစ်တဲ့မင်းမိခင်ရဲ့ဝိညာဉ်ပေပေါ့ကွယ်ဟုဆိုလေ၏။
ဟင်ဒါဒါဆိုရင်တပည့်တော်အမေဟာ
အေးမင်းရုးိမထဲမှာပျောက်သွားတာဆယ်ရက်နီးပါးရှိနေပြီ၊မင်းမရောက်လာလို့နေ့ရောညပါမင်းနေတဲ့တဲကလေးကိုလာလာကြည့်တဲ့ဒေါ်အေးမယ်ဟာတစ်ညမှာတော့ပိုးထိပြီးအိပ်ရာထဲလဲရှာတော့တယ်
အလိုပိုးထိတာ
ဘုန်းကြီးကိုယ်တိုင်သွားပြီးမြွေဆိပ်ထုတ်ကုသပေမဲ့ပြင်းထန်လှတဲ့မြွေဆိပ်ကြောင့်တစ်ညသာခံလို့သေဆုံးသွားခဲ့ရှာတယ်။မသေခင်မှာတော့မင်းကိုတွေ့ချင်တဲ့အကြောင်းတောထဲမှာဒုက္ခရောက်နေရှာမယ့်သားကလေးကိုကယ်တင်ချင်တဲ့အကြောင်းတွေတတွတ်တွတ်နဲ့မနားတမ်းပြောသွားခဲ့တယ်ဆိုပါတော့လေ
ဖြစ်ရလေအမေရယ်သားဆိုးကြောင့်အမေ့မှာဒီလိုအဖြစ်ဆိုးမျိုးကြုံရတာပါဗျာ။ဒီလောက်ဆိုးတဲ့သားကိုတောင်အမေကအန္တရာယ်တောထဲကရအောင်ကယ်ခဲ့သေးတယ်နော်။ဖြစ်ရလေအမေရာအီး…ဟီးဟီး
အံ့ထူးကကျားမီးအုပ်ဆောင်းကိုချကာမြေပုံပေါ်သို့လှဲလျက်လူးလိမ့်ငိုကြွေးနေတော့သည်။ဆရာတော်ကကျားမီးအုပ်ဆောင်းကိုလှမ်းယူရင်းအံ့ထူးအဖြစ်ကိုပကတိမတုန်မလှုပ်တည်ငြိမ်စွာသာရပ်ကြည့်နေပေသည်။အချိန်အတန်ကြာပြီးမှဆရာတော်က
အနှိုင်းမဲ့မေတ္တာဆိုတာမင်းသိပြီလားအံ့ထူး။လောကကြိးမှာမိဘတိုင်းဟာသားသမီးတွေအပေါ်ဘယ်လိုမှတုနှိုင်းမမီတဲ့အချစ်မျိုးနဲ့ချစ်ကြတာကလား။ကြည့်စမ်း၊မင်းလောက်ဆိုးရွားမိုက်ရိုင်းလှတဲ့သားဆိုးကိုတောင်မိခင်ဖြစ်သူဟာချစ်တဲ့ဇောနဲ့အသေမဖြောင့်နိုင်ရှာဘဲတမလွန်ဘဝကနေဝိညာဉ်ကောင်ဘဝမှာတောင်မရရအောင်လာရောက်ကယ်တင်တာကိုကြည့်ပြီးဒီနေ့ကစလို့တုနှိုင်းမမီတဲ့မင်းမိခင်ကြီးမေတ္တာကိုဦးခိုက်တဲ့အနေနဲ့လူကောင်းဖြစ်အောင်ကြိုးစားပေတော့ကွယ်
ဆရာတော်၏အဆုံးအမကတိတ်ဆိတ်သောသင်္ချိုင်းတစ်ခွင်လွင့်မျောသွားခဲ့လေ၏။
ထိုအချိန်ထိအံ့ထူးမှာမိခင်ကြီးမြေပုံမှမခွာနိုင်သေးဘဲဦးခေါင်းငိုက်စိုက်ကျလျက်တသိမ့်သိမ့်ငိုရှိုက်နေရှာသည်။
အိမ်းငါ့အထင်ပြောရရင်သတ္တဝါတွေအပေါ်မှာသနားညှာတာမှုကင်း၊မြွေသတ္တဝါတွေကိုအမြဲလိုလိုသတ်ဖြတ်ရုံမကကိုယ့်ရဲ့မွေးသမိခင်အပေါ်မှာတောင်ရိုင်းစိုင်းစော်ကားတဲ့မင်းကိုရိုးမတောကြီးအတွင်းကဝိညာဉ်ကောင်တွေနဲ့မြွေသတ္တဝါတွေကဒီတစ်ကြိမ်မှာသေမင်းရဲ့ခွင့်ပြုချက်အရမင်းကိုဇီဝိန်ခြွေပြီးတမလွန်ကိုပို့ဖို့တိတိကျကျသတ်မှတ်ပေးပြီးကြပြီလေခေတ္တမျှငြိမ်သက်တိတ်ဆိတ်သွား၏။ပြီးမှဆရာတော်၏အသံပြနလည်ထွက်ပေါ်လာပြန်သည်။
သို့ပေမဲ့သားအပေါ်စွဲလမ်းတွယ်တာလွန်းတဲ့မိခင်ကြီးရဲ့ဝိညာဉ်ဟာမမျှော်လင့်ဘဲမင်းဆီရောက်လာပြီးအန္တရာယ်တောထဲကကယ်တင်ခဲ့ရာမှာသေမင်းကလိုက်လျော့လိုက်ပုံရတယ်လို့ငါထင်မိတာပဲလေ
ဆရာတော်၏မိန့်ကြားမှုအဆုံးတွင်အံ့ထူးကခေါင်းမော့လာကာတစ်စုံတစ်ရာကိုလေးလေးနက်နက်လျှောက်ထားလိုက်၏။
မှန်မှန်ပါ့တပည်တော်ရဲ့မိုက်ပြစ်တွေ၊မိုက်ကြွေ့းတွေကြေစေဖို့သာသနာဘောင်ကိုဝင်ခွင့်ပြုတော်မူပါဘုရားအတန်ကြာငြိမ်သက်စွာရပ်တန့်နေပြီးမှဆရာတော်ကဦးခေါင်းကိုညင်သာစွာညိတ်လိုက်လေတော့၏။
မမျှော်လင့်စွာသောအံ့ထူးအကြောင်းကြားရသူအပေါင်းမှာအံ့အားသင့်ကြရသည်။
အချို့ကလည်းသပြေပင်ရွာကလေးမှာလူဆိုးအံ့ထူးဘဝပြောင်းသွားပြီဖြစ်သောကြောင့်မြွေညှို့ရှင်၏ကျိန်စာမှအပြီးအပိုင်လွတ်ကင်းကာပူစရာမလိုတော့ဟုဆိုကြသည်။
အံ့ထူးကိုချစ်သူခင်နှင်းကြည်ကလေးမှာအံ့ထူးဖြစ်ရပ်ကိုကြားသိရသည်တွင်ရုတ်တရက်နှလုံးသွေးရပ်မတတ်ကြေကွဲမှုဖြစ်ရကာပြီးမှမပေါင်းရသော်လည်းချစ်သူဘဝလူဆိုးဖြစ်ရခြင်းထက်စာလျှင်သူတော်ကောင်းရဟန်းဖြစ်ရခြင်းကမွန်မြတ်လှကြောင်းတွေးမိပြန်ကာတတ်နိုင်သမျှဆွေးစိတ်ကိုဖြေလိုက်ရသည်။
ဤသို့ဖြင့်တစ်နေ့တွင်ရွာသူကြီးဦးထိန်၏နေအိမ်အလှူသို့ကြွရောက်လာသည့်ဆရာတော်ဘုရားကစကားစပ်သဖြင့်ဒကာဒကာမတို့ကိုအောက်ပါအတိုင်းပြောပြလေ၏။
ဒီလိုကွယ့်၊လူတွေဟာသာမန်အတွေးနဲ့ဆိူရင်တစ်ဦးနဲ့တစ်ဦးအတူတူပဲလို့ယေဘုယျမှတ်ယူကြလိမ့်မယ်။သိုပေမဲ့လူချင်းသာတူတာဘုန်းတို့ကံတို့ဉာဏ်တို့ဝီရိယတို့ကတော့တူနိုင်ကြတာမဟုတ်ပေဘူးဆိုတာမှတ်ထားကြကွယ့်
ဒကာဒကာမများကငြိမ်သက်စွာနားထောင်နေရာဆရာတော်ကဆက်လက်မိန့်သည်။
ဒီစကားတွေကိုအစချီပြီးပြောနေရတာကတခြားကြောင့်မဟုတ်ဘူး၊အခုဘုန်းကြီးရဲ့ကျောင်းမှာရဟန်းဝတ်နေတဲ့လူအမည်အံ့ထူး၊ရဟန်းဘွဲ့ဦးအာသဘရဲ့အကျိုးအကြောင်းလေးတွေဒကာဒကာမတွေသိကြစေချင်လို့ဆိုပါတော့
မှန်ပါ့၊မိန့်တော်မူပါဘုရား
ဒကာထိန်ရေဒီလိုကွယ့်၊မြွေညှို့ရှင်ဟာသူ့တန်ခိုးနဲ့သူရှိတာသင်တို့ကျုပ်တို့အားလုံးသိကြပြီမဟုတ်လား၊မြွေညှို့ရှင်ဟာကျိန်စာဆိုခဲ့တဲ့အတိုင်းနောက်ဘဝဖြစ်တဲ့အထိလူဆိုးကျားကြီးတဖြစ်လဲမောင်အံ့ထူးကိုမသေသေအောင်သတ်ဖို့ကြိုးစားခဲ့တယ်
မှန်ပါ့ဘုရား
အဲ….သို့ပေမဲ့ခက်နေတာကအခုဘုန်းကြီးပြောတဲ့ကံ၊ကုသိုလ်ကံ၊တစ်နည်းဆိုရင်ဘုန်းကံပေပေါ့လေ၊အဲ့ဒီဘုန်းကံကမြင့်နေတဲ့အတွက်မြွေညှို့ရှင်ဟာသူ့ကျိန်စာအတိုင်းမောင်အံ့ထူးတဖြစ်လည်းဦးအာသဘကိုကလဲ့စားချေမသတ်ဖြတ်နိုင်ခဲ့ပေဘူး၊ဒီတော့
လူအားလုံးကတိတ်ဆိတ်စွာနားထောင်နေကြသည်။ဆရာတော်ကပရိတ်သတ်ကိုဝေ့ဝဲကြည့်ပြီးဆက်ပြောသည်။ဒီတော့မြွေညှို့ရှင်ဟာပင်ရင်းကိုခုတ်လို့မရတဲ့အဆုံးအကိုင်းအခက်အလက်တွေကိုခုတ်ဖို့ကြံစည်တော့တာပေါ့၊ဒီမှာတင်သူ့အဖေကိုငြိမ်းသာ၊သူ့အမေမအေးမယ်အပြင်ရွာသူရွာသားခြောက်ယောက်ပါအဆစ်ပါသွားရပေတာပေါ့ကွယ်
အိုးဒီလိုကိုး
ထိုအခါကျမှပင်သူကြီးဦးထိန်နှင့်တကွလူအားလုံးသဘောပေါက်ကြရလေ၏။နောက်ထပ်ပြောရမယ်ဆိုရင်ဟိုကလေးမဘယ်သူ
ခင်နှင်းကြည်ပါဘုရား
အဲဟုတ်ပြီ၊အဲ့မိန်းကလေနဲ့မောင်အံ့ထူးတို့ချစ်ကြိုက်နေကြတာကိုလည်းသူ့တန်ခိုးနဲ့သူသိနေလို့အဲဒီနေ့ကမိန်းကလေးကိုညှို့ပြီးမောင်အံ့ထူးရောက်လာအောင်လုပ်တာလေ
သြဒီလိုကိုး
တကယ်သာမြွေညှို့ရှင်တခါထဲသတ်ချင်တယ်ဆိုရင်ခင်နှင်းကြည်သာမကဟိုကလေးမနောက်တစ်ယောက်ဘယ်သူ
မခင်ပြုံးပါဘုရား
အေးအေးအဲဒီခင်ပြုံးဆိုတဲ့ကလေးမပါတုံးခနဲလဲသေအောင်ပေါက်ချပြီးသားပေါ့ကွယ်
မှန့်ပါ့ဘုရား
ဆရာတော်ဘုရားမိန့်ကြားမှပင်ရွာသူရွာသားအပေါင်းတို့မှာပြီးခဲ့သောကာလကဖြစ်စဉ်ကိုသဘောပေါက်သိမြင်ခွင့်ရရှိကြတော့သည်။
သြော်တစ်ခုရှိသေးသကွယ့်
ဘာများပါလိမ့်ဘုရား
မောင်အံ့ထူးရဟန်းဝတ်ပြီးလို့တစ်ပတ်ခန့်အကြာတစ်ညမှာမြွေညှို့ရှင်ကဘုန်းကြီးကိုအိပ်မက်ပေးတယ်
မှန်ပါ့ဘုရား
အရှင်ဘုရားကိုအားကိုးအားထားပြုကြတဲ့ရွာသူရွာသားတွေအပေါ်မှာကျိန်စာ၊ကလဲ့စား၊ဒေါသစိတ်နဲ့သူပြုမူမိတဲ့အပြစ်တွေကိုခွင့်လွှတ်ဖို့နဲ့သူဟာအခုမိုးလင်းတာနဲ့အထက်အမိန့်အရအခြားနယ်ပယ်တစ်ခုကိုပြောင်းရွှေ့သွားရတော့မယ်အကြောင်းဝန်ချနှုတ်ဆတ်အသိပေးတာဆိုပါတော့
ဤတွင်သူကြီးဦးထိန်က
အရှင်ဘုရား၊ဒါဆိုရင်ဒီရိုးမကြီးအတွင်းမှာမြွေညှို့ရှင်မရှိတော့ဘုူးပေါ့ဟုတ်လား
ဟုဒရောသောပါးမေး၏။
ထိုအခါဆရာတော်ဘုရားက
သိထားဖို့ကသူတို့ကနတ်မြွေတစ်မျိုးမို့ကမ္မဇိတ္တိရှိတဲ့အတွက်အခြားနယ်ပယ်ဒေသကိုပြောင်းရွှေ့တယ်ဆိုသော်လည်းလာချင်ရင်မဆိုင်းဘဲတစ်ခဏအတွင်းရောက်နိုင်ပေသကွယ့်ဟုဆိုလိုက်သဖြင့်သူကြီးဦးထိန်လည်းဇက်ပုလျက်ငြိမ်သွားရှာ၏။
ဆရာတော်ကျောင်းသို့ပြန်ကြွခါနီးတွင်မိန့်ကြားသည်ကအောက်ပါအတိုင်းဖြစ်၏။
အေးလေ၊သူ့ကိုယ်မလို၊ကိုယ့်သူမလို၊အမုန်းတွေပွား၊ရန်ငြိုးထား၊တန်ပြန်ကလဲ့စားနဲ့သူနိုင်ငါနိုင်၊ဗုံလုံတစ်လှည့်ငါးပျံတစ်လှည့်သံသရာလည်တတ်ပုံကိုသဘောပေါက်ကြပြီးနောင်ပေါက်ဖွားလာမယ့်ကလေးသူငယ်တွေကိုအခုဒကာဒကာမတို့ရှေ့မှာဖြစ်ပွားခဲ့တဲ့မောင်အံ့ထူးနဲ့မြွေညှို့ရှင်တို့ရဲ့အဖြစ်အပျက်လိုမဆိုးကြ၊မမိုက်ကြရအောင်သာဓကအနေနဲ့သင်ခန်းစာပေးရင်းပြောပြကြကွယ်ရို့
သာဓုသာဓုသာဓုပါဘုရား
ဆရာတော်အားလိုက်လံပို့ဆောင်ရင်းသူကြီးဦးထိန်တွေးလာမိသည်။
အမှန်စင်စစ်မြွေညှို့ရှင်နှင့်မောင်အံ့ထူးတို့အကြောင်းသည်သပြေပင်ရွာကလေး၏မယုံနိုင်ဖွယ်ဒဏ္ဍာရီတစ်ခုအဖြစ်ထာဝရရှိနေမည်ဟူ၍။

Leave a Reply

Your email address will not be published. Required fields are marked *