ဣတ္ထိယ စည်း

ဣတ္ထိယ စည်း(စ/ဆုံး)
~~~~~~~~~~~~~

ဒီနေ့ ရွာဦးကျောင်းက ဆရာတော်ဘုရားကြီးရဲ့ သက်တော်ရှစ်ဆယ်
ပြည့်မွေးနေ့အလှူတော် ကျင်းပတဲ့နေ့ဗျ။ ကျောင်းဝန်းထဲမှာ မဏ္ဍပ်
ကြီးဟီးနေအောင် ထိုးလို့…ချက်ကြ/ ပြုတ်ကြ…ဝက်သားဟင်း…ငါး
သလောက်ပေါင်း…ငါးပိကြော်…ပဲဟင်းနဲ့ ထမင်းတွေ ကျွေးကြတာ
ပေါ့ဗျာ။

ကျုပ်တို့ဆတ်သေကုန်း တစ်ရွာလုံးသာမကဘူး…အနီးနားကရွာတွေပါ မီးခိုးတိတ်…ဗိုက်ခွေးနမ်းတဲ့ နေ့ဆိုလည်း မမှားဘူးဗျို့။ ဒီလိုနေ့အခါသယမျိုးမှာ တစ်ရွာလုံး ယာထဲ…ကိုင်းထဲဘယ်သူမှ မဆင်းကြဘူး။
ကျောင်းမှာပဲပျော်ပျော်ပါးပါး ဝိုင်းလုပ်…ဝိုင်းစားနဲ့ နေကြတဲ့နေ့ပေါ့ဗျာ။

အခုက နေမွန်းတည့်ပီရှိတော့…မဏ္ဍပ်ထဲမှာတစ်မနက်လုံး လူအများဖူးမျှော်ခံနေတဲ့ဆရာတော်ကြီးလည်း ကျက်သရေတော်ထဲမှာ အနားယူလို့နေပီဗျ။ ထမင်းကျွေးတဲ့ မဏ္ဍပ်ထဲမှာ ဦးဇင်းအချို့နဲ့ကိုရင်တွေပဲ
ကျန်နေခဲ့တာ…ဒီတော့ ကျုပ်တို့ ရွာသူရွာသားတွေလည်း ပိုလို့ လွတ်
လွတ်လွတ် လပ်လပ်ပျော်နိုင်တာပေါ့ဗျာ။

အဘနဲ့ အမေကတော့ တခြားသူတွေနဲ့ မဏ္ဍပ်ထဲမှာ လာသမျှလူ
အပေါင်းကို ကြိုဆိုဧည့်ခံနေကြတယ်။ ကျုပ်ကတော့ ထင်းခွဲတဲ့နေ
ရာမှာ တာဝန်ယူနေရတာဗျို့။ ကိုရွှေထီးတို့…ကိုလူပျော်တို့…ကို
ကြီး ကျားမနိုင်ဘအေးတို့လည်း မဏ္ဍပ်ထဲမှာ လိုအပ်တာတွေ လုပ်
ကိုင်ပေးနေကြတယ်ဗျ။

” သာအောင် !! ထမင်းသွားမစားသေးဘူးလားကွ ”

အသံကြားလို့ ကြည့်လို့တော့…ကျုပ်တို့ရွာက ရွာလူကြီးဘထွေးဖိုးဘ
ဖြစ်နေတာဗျို့။ လည်ကတုံး တိုက်ပုံ…ချိတ်ပုဆိုးနဲ့ အပြတ်ကိုသားနား
တောက်ပြောင်လို့နေတာဗျ။ကျုပ်လည်း ဘထွေးဖိုးဘကိုပြန်ပြောလိုက်
တယ်။

” ဟုတ်ကဲ့ ဘထွေး !! ဒါလေးကုန်အောင်တော့ ပေါက်လိုက်ဦးမယ်
…ထမင်းက နေကုန်ကျွေးမှာဆိုတော့…ထင်းပြတ်သွားမှာစိုးလို့ဗျ ”

ကျုပ် အဲလိုပြောလိုက်တော့…ဘထွေးဖိုးဘက သဘောကျသလိုပြုံး
လိုက်ပီး… ခေါင်းကြီးတဆတ်ဆတ်ညိမ့်လို့ ပြန်ပြောတာဗျ။

” မင်းကတော့…တကယ့်ကောင်ပဲ သာအောင်ရာ… ဆရာတော့်မွေး
နေ့မှာ… ကုသိုလ်ယူတာတောင် အပင်ပန်းဆုံးနေရာ…ဘယ်သူမှ
မလုပ်ချင် မကိုင်ချင်တဲ့ နေရာမှာမှ ကုသိုလ်ယူရတယ်လို့ ”

” ရပါတယ် ဘထွေးရာ…သူများတွေထက်ကုသိုလ်ပိုရတာပေါ့ ”

” အေးအေး !! အဲဒါကုန်ရင်တော့…ထမင်းစားဖို့လုပ်တော့…ငါ လည်း မဏ္ဍပ်ထဲပြန်သွားလိုက်ဦးမယ