“ကန်တော်ကဝေမ”(စ/ဆုံး)
————————————-
ဆရာကြီး ဦးမင်းအောင်ရဲ့ကဝေတိုက်ပွဲတွေ
က ဆက်နေတာဗျ။ တာတေတောင် ရွာပြန်
မရောက်တာ အတော်ကြာနေပြီ။ ဆရာကြီး
ဆီ ရောက်တော့မှပဲ လောကကြီးမှာ မှော်ပ
ညာဆိုတာ တကယ်ရှိမှန်း သိလာတာဗျ။ ပြီး
တော့ အလင်းမှော်ပညာသည်နှင့် အမှောင်
မှော်ပညာသည်တွေအကြောင်းကိုလည်း သိ
လာတာဗျို့။လူတွေ ပြောပြောနေတဲ့ အထက်
လမ်းနဲ့ အောက်လမ်းဆိုတာ ကိုယ်တွေ့ကြုံ
တော့မှပဲ တာတေ ယုံတော့တာဗျ။
တာတေတို့ မြင်ဖူးတဲ့ အထက်လမ်းပညာ
ဆိုတာက သတ်သတ်လွတ်ကလေးစား သီ
လကလေး ဆောက်တည်၊ ပုတီးကြီးတစ်ကုံး
တဂျောက်ဂျောက် စိပ်နေတဲ့သူတွေကိုးဗျ။
သူတို့တွေက စုန်းပြုစားတာတို့၊ ပယောဂ
ကပ်တာတို့ကို မေတ္တာစကား ပြောဆိုပြီး
ပညာစွန့်ခိုင်း၊ ရေတစ်ခွက်လောက်တိုက်
ပြီး သစ္စာဆိုခိုင်းကြတာ။
ဆရာကြီး ဦးမင်းအောင်တို့လို ကဝေတွေ သ
တင်းနားစွင့်၊ တိတိကျကျ ကြားပြီဆိုရင် မိမိရ
ရလိုက်ပြီး သူသေ ကိုယ်သေ တိုက်ကြ၊ ခိုက်
ကြ၊ လက်စအပြီးတုံးပစ်ကြတဲ့ တကယ့် အ
လင်းမှော်ပညာရှင်ကြီးမျိုးကို တာတေ အခုမှ
တွေ့ဖူး ကြုံဖူးတာဗျ။
ဒီတော့မှလည်း အမှောင်တိုက်၊ အမိုက်တိုက်
ထဲမှာ အသက်ရာနဲ့ချီပြီး ရှည်ကြတဲ့ အောက်
လမ်း မှော်ပညာသည်ကြီးတွေကို တာတေ
တွေ့ဖူး ကြုံဖူးတာပါ။ အခုမှပဲ ဒီလူ့လောက
ကြီးမှာ အင်မတန်ကြောက်စရာကောင်းတဲ့
အောက်လမ်းမှော်ပညာဆိုတာ တကယ်ရှိနေ
တာပါလားလို့ တာတေ သိလာတာဗျ။
အခုလည်း ကြည့်လေ။
ကျုပ်ရယ်၊ ဆရာနွံဖရယ် ဆရာကြီးရဲ့ဗဟန်း
က ခြံဝင်းကြီးထဲက ကံကော်ပင်ကြီးနှစ်ပင်
အောက်က အုတ်ထိုင်ခုံကလေးမှာ ထိုင်နေ
ကြတာဗျ။ လေကလေးတဖြူးဖြူးနဲ့ ဆရာ တ
ပည့်နှစ်ယောက် စကားပြောနေကြတာပေါ့ဗျာ
“ဆရာနွံ ဆေးကြိတ်တောင်မှာ ဂူအောင်းက
ဝေကြီးကို နှိမ်နင်းတုန်းက ကျားကြီး တစ်
ကောင်လို ဖန်ဆင်းလိုက်တာ ဘယ်လိုပညာ
မျိုးလဲဆရာ”
“တာတေ အဲဒါ မှော်ပညာတွေထဲက ရုပ်
ပြောင်းရုပ်လွဲအတတ်လို့ ခေါ်တယ်ကွ”
“ဆရာနွံဖ အဲဒီပညာတွေ တတ်ထားတာ
ကြာပြီလားဗျ”
“အင်း မင်းတို့ရွာ မရောက်ခင်ကတည်းက
တတ်ပြီးသားပါကွာ”
“ဒါဆိုရင် သစ်စုန်းပင်လိုက်တုန်းက ဆရာနွံ
ဖ မဖဲဝါကို သာသာကလေးနိုင်တာပေါ့ ဟုတ်
လား”
“နိုင်ပါတယ် မောင်တာတေ”
“ဟင် ဒါဆိုရင် ဆရာနွံဖ အဲဒီတုန်းက ဘာ
ဖြစ်လို့ ထွက်ပြေးတာတုံး”
“ဟာ မောင်တာတေကလည်း အထက်
လမ်းမှော်ပညာရှင်ဆိုတာ ကိုယ်နိုင်တိုင်း
အနိုင်မယူရဘူးကွ၊သစ်စုန်းပင်ဆိုတာ မ
ဖဲဝါတို့ပိုင်နက်မှာ ပေါက်တာလေ။ ကျုပ်က
အဲဒီသစ်စုန်းပင်ကို ဝင်လုယူတာမဟုတ်
လား၊ ရအောင်ယူပြီး လွတ်အောင်ပြေးရ
တာပေါ့ မောင်တာတေရဲ့၊ အဲဒီလိုမဟုတ်
ဘဲ ကျုပ်တတ်ထားတဲ့ ပညာတွေနဲ့ မဖဲဝါ
ကို ဒုက္ခပေးလိုက်ရင် ကျုပ်က လက်နက်
အားကိုးနဲ့ မတရားအနိုင်ကျင့်တဲ့ ဓါးမြဖြစ်
သွားမှာပေါ့”
(တာတေနဲ့ ဆရာနွံဖတို့ သစ်စုန်းပင်လိုက်
တာကို ဖတ်ချင်ရင်တော့ ‘ကိုယ်တွေ့မဖဲဝါ’
မှာဖတ်ရှုနိုင်ပါတယ်)
“သြော် ဒီလိုလား ”
ကျုပ်က ဒီတော့မှ နားလည်တာဗျ။ အင်း
ပြောရရင်တော့ ကျုပ်မသိတာက ခပ်များ
များရယ်ဗျို့။ ကျုပ်နဲ့ ဆရာနွံဖ စကားပြော
နေတုန်းမှာပဲ ခြံတံခါးတွန်းဖွင့်ပြီး ဆရာ
ကြီး ဝင်လာတယ်ဗျ။
“ဟာ ဆရာကြီးတောင် ပြန်လာမှကိုး”
ဆရာနွံဖက ဆရာကြီး လက်ထဲက အိတ်ကို
ပျာပျာသလဲ ထပြီး ယူတယ်ဗျ။ ကျုပ်က
တော့ဆရာကြီးလက်ထဲက ထီးကောက်ကြီး
ကို ဆီးယူတယ်။
“အေးကွ နွံဖရ၊ နေသိပ်မပူခင်ဘဲ စောစော
ပြန်ခဲ့ရတယ်”
“ဆရာကြီး အပြင်သွားတာ ကျတော်ဖြင့်
သိတောင် မသိလိုက်ဘူးဗျ။ မောင်အေး
ပြောမှသိတာ”
“အေး ဟုတ်တယ်၊ မင်းနဲ့ မောင်တာတေ
တို့ အိပ်ကောင်းနေတာနဲ့ ကျုပ်မပြောတော့
တာ။ ဒီလိုကွ နွံဖရဲ့၊ ဗားကရာတိုက်က ဆ
ရာတော်က ကျုပ်ကို ခေါ်ခိုင်းလို့ လိုက်သွား
ရတာ”
“သြော် ဒီလိုလား ဆရာ”
“အေးကွ၊ ဗားကရာတောရတောကွာ။ စမ်း
ချောင်းက ကျောင်းတိုက်ကြီးပေါ့။ အဲဒါ
ရောက်တော့ အညာက ဘုန်းကြီးတစ်ပါး
ရောက်နေတာတွေ့တယ်၊ အဲဒီဘုန်းကြီးရဲ့
ဘွဲ့က ဦးဥာဏတဲ့ကွ၊ သူတို့မြို့မှာ ရေကန်
ကြီးတစ်ကန် ရှိတယ်တဲ့၊ အဲဒီကန်ကြီးကို
ကန်တော်လို့ ခေါ်တယ်ဆိုပဲ။ အဲဒီဘုန်းကြီး
ရဲ့ ကျောင်းက ကန်တောင်ဘက်မှာ ရှိတာ
တဲ့။ သူ့ကျောင်းကိုတော့ မြို့သူမြို့သားတွေ
က ကန်တော်ကျောင်းလို့ ခေါ်ကြတယ်တဲ့။
သူကျောင်းကြီးက ကျောင်းဝင်းကလည်း အ
ကျယ်ကြီးဆိုပဲ။ ကျောင်းဝင်းထဲမှာ သရက်၊
မရမ်း၊ မာလာကာ၊ သြဇာ၊ သစ်တို၊ သစ်ပင်
စုံလို့ဆိုပဲ။ ဒကာ ဒကာမတွေကလည်း အမြဲ
မပြတ် သွားလာ ဝင်ထွက်နေကြတာတဲ့။ အ
ခုနောက်ပိုင်းတော့ မြို့ထဲကလူတွေဟာ ကန်
တော်ဘက်ကိုရော ဘုန်းကြီးရဲ့ ကန်တော်
ကျောင်းဘက်ကိုရော အလာအသွား သိပ်မ
လုပ်ကြဘူးတဲ့ကွ”
“ဟင် ဘာဖြစ်လို့လဲ ဆရာ”
“အေး ဒီလိုကွ နွံဖရဲ့၊ အဲဒီကန်တော်ထဲမှာ
ကန်တော်ကဝေမဆိုတာ ရောက်လာတယ်
ဆိုပဲ”
“ဗျာ ကန်တော်ကဝေမ ဟုတ်လား ဆရာ
ကြီး”
“အေး ဟုတ်တယ် နွံဖ၊ ဒီကဝေမ ရောက်
လာတာ၊ သိပ်မကြာသေးဘူးတဲ့ကွ၊ တစ်ခါ
တလေဆိုရင် လူတော်တော်များများကို မြင်
ဖူးတာဆိုပဲ။ အခုကြွလာတဲ့ ဘုန်းကြီးဦးဥာ
ဏ ဆိုတာ မကြာ မကြာ မြင်ရတယ်ဆိုပဲ။
တစ်ခါတလေကျတော့ ဝံပုလွေလိုလို ခွေး
အလိုလို အကောင်ကြီးတစ်ကောင် ကန်
ထဲကို ခုန်ချသွားတာ တွေ့တဲ့လူက တွေ့
သတဲ့။ တစ်ခါတလေကျတော့လည်း ချော
ချောလှလှ မိန်းကလေးတစ်ယောက်ပုံစံနဲ့
ကဝေမက မြို့ထဲလျှောက်သွားနေတယ်
ဆိုပဲ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့
ညသန်းခေါင်လောက်ကြီးမှာ ဆံပင်ဖား
လျားကြီးချပြီး ထဘီပေါင်လယ်လောက်နဲ့
မြို့ထဲမှာ ပြေးသွားတာ တွေ့သတဲ့။
တစ်ချို့လူတွေက လူတွေက လိုက်ကြည့်
ကြတယ်ဆိုပဲ။ အဲဒီဆံပင်ဖားလျားကြီးက
ကန်ထဲကိုခုန်ချသွားတာ တွေ့တဲ့လူတွေ
က အရိပ်အခြေ စောင့်ကြည့်နေတုန်းမှာ
ကန်လယ်မှာ ‘ဝုန်း’ကနဲ မြည်သွားပြီး မိ
ချောင်းကြီးတစ်ကောင် ပေါ်လာတယ်တဲ့
ကွ၊ လူတွေလည်း စွတ်ပြေးကြတာပေါ့။
အခုတော့ အဲဒီသတင်းတွေ သူတို့ တစ်မြို့
လုံး ပျံ့နေပြီ။ လူတွေဆိုတာ ကျီးလန့်စာ
စား ဖြစ်နေကြတယ်ဆိုပဲ။ မိန်းမချောချော
တွေ့လည်း ဒါ ကန်တော်ကဝေမများလား။
ရုပ်ဆိုးဆိုးမိန်းမကြီးတွေ့လည်း ဒါ ကန်
တော်ကဝေမလား။ နောက်ဆုံး ကုန်ကုန်
ပြောမယ်ကွာ။ ခွေးကြီးကြီးတစ်ကောင်တွေ့
ရင်တောင် ဒါ ကန်တော်ကဝေမလားလို့ တ
ထိတ်ထိတ် တလန့်လန့် ဖြစ်နေကြသတဲ့
ဟေ့။ အဲဒီကန်တော်ဘက်တော့ လူတွေ
ခြေဦးတောင် မလှည့်ကြတော့ဆိုပဲ။ ကန်
တော်တစ်ဝိုက်မှာ တိတ်ဆိတ်ခြောက်ကပ်
နေတာတဲ့ဟေ့။ ဦးဥာဏကျောင်းကိုလည်း
လူတွေ အဝင်အထွက် မရှိကြတော့ဘူးတဲ့”
“ဟာ တော်တော်ကို ဆိုးပါလား ဆရာ”
“အေး အဲဒါ ငါ စဉ်းစားနေတာ နွံဖရဲ့၊ ဒီ
ကဝေမဟာ ဘယ်ကရောက်လာတာလဲ၊
ပြီးတော့ ဒီမြို့မှာ ဘာလာလုပ်တာလဲ
ဆိုတာပေါ့ကွာ”
“ပညာအဆင့်တော့ တော်တော်မြင့်ပုံပဲ ဆ
ရာကြီးရဲ့၊ ရေပေါ်တောင် လမ်းလျှောက်နိုင်
တယ်ဆိုပဲ”
ကျုပ်လည်း ကျုပ်တွေးမိတာကလေးကို
ဝင်ပြောလိုက်တာပေါ့ဗျာ။
“မောင်တာတေရဲ့၊ ကဝေတော်တော်များ
များဟာ ပညာအမြင့်စခန်းရောက်လာရင်
ရေပေါ်မှာ လျှောက်နိုင်ကြတယ်ကွဲ့”
“ဟာ ဟုတ်လား ဆရာကြီး”
“ကျုပ်စိတ်ထင် ပြောရရင်တော့ ဒီကဝေမ
ဟာ ဒီမြို့မှာ ကြာကြာတော့နေမယ် မထင်
ဘူးကွဲ့၊ ကိစ္စတစ်ခုခု ရှိလို့သာ လာနေတာ
ဖြစ်မယ်၊ အဲဒီကိစ္စက ဘာများဖြစ်နိုင်မလဲ
ဆိုတာ ကျုပ်တွေးနေတာ”
ဆရာကြီးရော ဆရာနွံဖပါ ငြိမ်သွားကြတယ်
ဗျ။ ဆရာကြီးက ကျုပ်နဲ့ ဆရာနွံဖ ထိုင်နေတဲ့
အုတ်ခုံကလေးနဲ့ မျက်နှာချင်းဆိုင်က အုတ်
ခုံကလေးမှာ ထိုင်နေတယ်။ တော်တော်က
လေးကြာအောင်ကို ငြိမ်နေတာဗျို့။
“ဟာ ကျုပ်တွေးမိပြီ နွံဖရေ၊ ကျုပ် တွေးမိပြီ”
ဆရာနွံဖရော ကျုပ်ရော ဆရာကြီးကို ငေး
ကြည့်နေကြတာဗျို့။ ကျုပ်တို့နှစ်ယောက်
စလုံး ဆရာကြီး ဘာများပြောမှာလဲဆိုတာ
စောင့်နေကြတာဗျ။ ကျုပ်ကတော့ လွှတ်ကို
သိချင်နေတာဗျို့။
“ကျုပ်တွေးတာသာ မှန်လို့ကတော့ ကန်
တော်ကဝေမဟာ သက်တမ်းသုံးရာလောက်
တော့ အနည်းဆုံးပဲကွဲ့”
“ဟင် ဟုတ်လား ဆရာကြီး”
“အဲဒီကန်အောက်မှာ ကျောက် မိကျောင်း
ရုပ် ရှိလိမ့်မယ်။ ဒီကဝေမက သူ့အသက်ကို
အဲဒီကျောက်မိချောင်းထဲမှာ ထားတာ ဖြစ်
လိမ့်မယ်။ ဒီကျောက်မိချောင်းက အနှစ်
တစ်ရာမှာ တစ်ခါ အသက်ဝင်တာကွဲ့။ အဲ
ဒီအချိန်မှာ အပျိုစင်တစ်ယောက်ကို ရေစ
တေးရတယ်”
“ဗျာ ရေစတေးတယ်ဆိုတာ ဘာလဲ ဆ
ရာကြီး”
ကျုပ်က ဆရာကြီးရဲ့စကားကို နားမလည်
လို့ မေးလိုက်တယ်ဗျ။
“ရေစတေးတယ်ဆိုတာ အရှင်လတ်လတ်
ရေထဲချပြီး သတ်တာပေါ့ကွဲ့”
“ဟင် ဟုတ်လား”
“အေး အဲဒါလည်း တနင်္ဂနွေသမီး အပျိုစင်
ကို စတေးရတာကွဲ့၊ အဲဒီအချိန်မှာ မှော်နဲ့စီ
ရင်ထားတဲ့ ကျောက်မိချောင်းက အသက်
ဝင်လာပြီး တနင်္ဂနွေသားသမီးရဲ့ဝိညာဉ်ကို
စုပ်ယူသွားရောကွ။ လူကောင်က နည်းနည်း
မှ စားတာ မဟုတ်ဘူး၊ ရေထဲမှာ အလောင်း
က ဒီအတိုင်းပေါ်လာတာ၊ အဲဒီလို တစ်ခါလုပ်
တိုင်း အဲဒီကဝေမက အနှစ်တစ်ရာ အသက်
ထပ်ရှည်သွားရောဟေ့”
“ဟာ ဆရာကြီး ဒါတွေကို သိတယ်နော်”
လို့ ကျုပ်က ပြောတော့ ဆရာကြီးက ခေါင်း
ညိတ်ပြီး…
“ကျုပ် လန်ဒန်မှာနေတုန်းက ကျုပ်ကို အ
ထက်လမ်းမှော်ပညာတွေ ထပ်သင်ပေးတဲ့
မစ္စတာ ကမ်ဘယ်လာ ဆိုတဲ့ လူမည်းကြီး
တစ်ယောက် ပြောပြဖူးတယ်ကွ၊ မစ္စတာ
ကမ်ဘယ်လာကိုယ်တိုင်ကြုံတဲ့ဖူးတဲ့ လူဖြူ
ကဝေမတစ်ယောက်ဆိုရင် တောင်ကြားက
ရေကန်ကြီး တစ်ခုထဲမှာ ကျောက်မိချောင်း
တစ်ကောင် ဖန်ဆင်းပြီး သူ့အသက်ကို အဲ
ဒီမှာ ထားတာဆိုပဲ။ သူ့ကို ဘယ်သူသတ်လို့
မှ မသေဘူးတဲ့ဟေ့။ အသက်လည်း ငါးရာ
လောက်ရှိပြီတဲ့ကွ”
“ဒါဆိုရင် ဒီကန်တော်ကဝေမကို လွယ်လွယ်
နဲ့ လုပ်လို့ရပါ့မလား ဆရာ”
“အင်း နည်းလမ်းတော့ ရှာရမှာပေါ့ နွံဖရယ်၊ အသက်ဝှက်နိုင်တဲ့ အဆင့်ဆိုတာ နည်းနည်း
နောနော ပညာတော့ မဟုတ်ဘူးကွဲ့၊ ကျုပ်
တစ်ခု စီရင်ရမှာပေါ့လေ”
“ဘာများလဲ ဆရာကြီးရဲ့”
ကျုပ်ကလည်း သိချင်မိပြီဆိုရင် လွှတ်သိချင်
တဲ့ကောင်ဗျ။
“မောင်တာတေ ရေမုဆိုးကြီးတွေ မိချောင်း
ဖမ်းတဲ့အခါ သုံးတဲ့သနွပ်ဆိုတာ ကြားဖူးလား”
“ဟာ ကြားဖူးရုံတင် ဘယ်ကမလဲ ဆရာကြီး
ရဲ့၊ ကျုပ် သေသေချာချာကို ကိုင်ဖူးတာဗျ။
ကျုပ်ပင်လယ်ဘက်ကို လိုက်သွားဖူးတယ်။
အဲဒီမှာ ဦးမိုးလို့ခေါ်တဲ့ ရေမုဆိုးကြီးအိမ်မှာ
တွေ့ခဲ့တာဗျ။ မိချောင်းထိုးတဲ့ သနွပ်ဆိုလို့
ကျုပ် သေသေချာချာ ကိုင်ကြည့်ခဲ့တာ”
“ဟုတ်ပြီ မောင်တာတေရေ၊ အဲဒီသနွပ်ကို
ကျုပ်တို့ လုပ်ကြရလိမ့်မယ်၊ ရိုးရိုးသံနဲ့
တော့ လုပ်လို့မရဘူးကွဲ့၊ ငွေနဲ့ လုပ်ရမှာ။
ငွေတောင် ရိုးရိုးငွေ မဟုတ်ဘူးကွ၊ ဘုရား
အမြဲ ဆွမ်းတော်၊ ရေတော်၊ ပန်းတော်ကပ်
တဲ့ ငွေလင်ဗန်းတို့ ငွေရေဖလားတို့၊ ငွေ
ညောင်ရေအိုးတို့ကို အရည်ကျိုပြီး သနွပ်
လှံသွားလုပ်ရမှာ”
“ဟာ လွယ်ပါ့မလား ဆရာ”
ဆရာနွံဖက ဝင်ပြီး မေးတယ်ဗျ
“လွယ်ပါတယ် နွံဖရဲ့၊ ကျုပ်မှာ အဲဒီပစ္စည်း
တွေ စုထားတာ အများကြီး ရှိတယ်ကွဲ့။
ပန်းပဲဆရာနဲ့ ပန်းထိမ်ဆရာပေါင်းပြီး လုပ်
ခိုင်းရမှာ”
XXXX
တစ်ပတ်လောက်ကြာတော့ ဆရာကြီး လုပ်
ခိုင်းထားတဲ့ သနွပ်ရပြီဗျို့။ အောင်မာ တော်
တော်တော့ လေးသားဗျ။ သနွပ်ထိပ်က လှံ
သွားကလည်း ချွန်မြနေတာဗျို့။
အရိုးနောက်မှာ ကွင်းတစ်ခု ပါတယ်ဗျ။ အဲ
ဒီမှာ ကြိုးတပ်ရမှာလေ။ မိချောင်းကို ထိုးပြီး
ရင် အဲဒီကြိုးကနေ သနွပ်ကို ပြန်ဆွဲယူရတာ
ဗျ။ ငွေသနွပ်ကို ဆရာကြီးက သေသေချာ
ချာ စီရင်တယ်ဗျ။ မန္ထန်တွေ ရွတ်တယ်။
သက်ဆိုင်ရာ အစောင့်အရှောက်တွေကို
အပ်တယ်။ ကျုပ်တို့သုံးယောက် အဲဒီမြို့
ကို ရောက်တော့ ကန်တော်ကို လိုက်ပို့
မယ့် မြင်းလှည်းတောင် ခေါ်လို့မရလို့ မြင်း
လှည်းတော်တော် ရှာယူရတယ်ဗျ။ နောက်
တော့ အသက်ကြီးကြီး မြင်းလှည်းသမား
တစ်ယောက်က သူလိုက်မယ့်လို့ ပြောသ
ဗျ။ ဒါနဲ့ တာတေတို့၊ ကန်တော်ကျောင်းက
ဘုန်းကြီးဥာဏဆီကို ရောက်ခဲ့ကြတယ်။
ဘုန်းကြီးဥာဏက သက်တော်ငါးဆယ်
ကျော်ကျော်ပဲ ရှိသေးတာပါ။ ကျုပ်တို့ကို
တွေ့တော့ ဘုန်းကြီးက လွှတ်ဝမ်းသာ
သွားတာဗျို့။
“ဟာ ဒကာကြီးတို့ ရောက်လာပြီလား၊ လာ
ကြ၊ လာကြ၊ ဘုန်းကြီးက ဒကာကြီးတို့ကို
မျှော်နေတာဗျ”
ကျုပ်တို့လည်း ဘုန်းကြီးကို ဝတ်ပြုပြီး
ပြောင်လက်နေတဲ့ ကြမ်းပြင်မှာပဲ ထိုင်
လိုက်ကြတယ်။ ဆရာကြီးပြောတဲ့အတိုင်း
ပါပဲဗျာ။ ဘုန်းကြီးကျောင်းဝင်းက အတော်
ကို ကျယ်တာဗျ။အထဲမှာလည်း သီးပင်စား
ပင်တွေနဲ့ ကျောင်းဝင်းကြီးတစ်ခုလုံး စိမ်း
စိုအေးမြနေတာပါဗျာ။
“ဒီကျောင်းမှာက သံဃာခုနှစ်ပါးနဲ့ ကိုရင်
ဆယ်ပါး ရှိတယ် ဒကာကြီးရဲ့၊ ကျောင်းသား
ကလေး ငါးယောက်လည်း ရှိတယ်။ သံဃာ
တစ်ချို့နဲ့ ကိုရင်တွေက ဟိုအနောက်ဘက်
က ကျောင်းကြီးမှာ သီတင်းသုံးတယ်။ ဘုန်း
ကြီးနဲ့ သံဃာသုံးပါးပဲ ဒီကျောင်းမှာ သီတင်း
သုံးတာ။ ဒကာကြီးတို့က ဟောဒီကျောင်းကြီး
အပေါ်ထပ်မှာ လွတ်လွတ်လပ်လပ် တည်းခို
နေထိုင်ကြ။ စားဖို့ သောက်ဖို့ အားလုံးပြည့်စုံ
ပါတယ်။ဒကာကြီးတို့ ဆောင်ရွက်မယ့်ကိစ္စကို
သာ အေးအေးဆေးဆေး လုပ်ကြပေတော့”
“မှန်ပါ့ဘုရား၊ အခုရက်မှာ ဘာထူးခြား
သေးတုံးဘုရား”
လို့ ဆရာကြီးက ဘုန်းကြီးဦးဥာဏကို
လျှောက်တယ်ဗျ
“ဟာ ထူးပါပြီလား ဒကာကြီးရာ၊ ဒီကဝေမ
က မိန်းမချောပုံစံပြောင်းပြီး မြို့ထဲမှာ သွား
လာနေဆိုပဲဗျ။ ပြီးတော့ ကလေးမလေးတွေ
ကို တွေ့ရင် ရောနှောပြောဆိုပြီး ဘာနေ့သ
မီးလဲ၊ နာမည်ဘယ်လိုခေါ်လဲနဲ့ မေးဆိုပဲဗျ”
“ဟာ ”
ကျုပ်ပါးစပ်က အသံထွက်သွားတယ်ဗျို့။
ဘုန်းကြီးကတောင် တာတေကို လှမ်း
ကြည့်သဗျ။
“မှန်ပါ့ဘုရား၊ ဒီကဝေမဟာ ကိစ္စတစ်ခုကို
ဆောင်ရွက်ဖို့ ဒီကန်တော်ကို ရောက်နေ
တာပါဘုရား။ အရှင်ဘုရားဆီက ကြားရတဲ့ သတင်းအရဆိုရင်တော့ သူ့ကိစ္စဆောင်ရွက်
ဖို့ သိပ်မကြာတော့ဘူး ထင်တယ်ဘုရား။
သြော် ဒါထက် ဒီကန်တော်လို့ခေါ်တဲ့ ကန်
ကြီးဟာ ဘယ်တုန်းကတည်းက ရှိတာလဲ
ဘုရား”
“ဟာ ဒကာကြီးနှယ် ဒီမြို့က မြို့ဟောင်း
လေ။ အင်းဝခေတ်လောက်ကတည်းက
တည်တဲ့မြို့ဗျ။ ရှေးဘုရင်တွေလက်ထက်
တော်က မြို့စားကြီးတွေ ခန့်အပ်ပြီး အုပ်
ချုပ်တဲ့မြို့ဗျ။ ဒီရေကန်ကြီးက မြို့မတည်
ခင်ကတည်းက ရှိတဲ့သဘာဝကန်ကြီး ဒ
ကာကြီးရဲ့။တောင်ကျရေ အမြဲဝင်နေတာ၊
စမ်းပေါက်တွေနဲ့ ဆက်နေတာလို့ ပြောကြ
တယ်။ ဘယ်တော့မှ ရေမခန်းဘူးဗျ။ ပြီး
တော့ မိုးဘယ်လောက်ကြီးကြီး ရေလျှံ
တယ် ဆိုတာလည်း မရှိဘူးဗျ။ အင်မတန်
ထူးတဲ့ ကန်ကြီးဗျ။ ဒါကြောင့်လည်း ရှေး
ဘုရင်တွေ လက်ထက်တော်ကတည်းက
ဒီကန်ကို ကန်တော်လို့ ခေါ်ကြတာပေါ့”
“သြော် ဒါဆိုရင် ဒီကန်ရဲ့သက်တမ်းက
ကြာပြီပဲ။ ဒါထက် ဒီမြို့မှာ ဒီကန်တော်ကို
ရေတွေ ဘာတွေ ငုပ်ဖူးတဲ့သူ ရှိသလား
ဘုရား”
“ဟာ ဒကာကြီးနှယ် ဘယ်မှာလာပြီး ရေ
ငုပ်ရဲပါ့မလဲဗျာ၊ ဒီကန်ထဲမှာ ဥစ္စာစောင့်
သိုက် ရှိသလို မိချောင်းကြီး ရှိသလိုကို
ယုံနေကြတာဗျ။ ရေဆင်းကူးဝံ့သူတောင်
မရှိဘူး ဒကာကြီးရဲ့”
“အရှင်ဘုရားမိန့်တဲ့အထဲမှာ မိချောင်းဆို
တာ ပါသွားသလားဘုရား”
“ဟုတ်တယ် ဒကာကြီးရေ၊ ဒီလို ဒီလို တစ်
ခါက ဒီမြို့မှာ ခပ်ပေပေ ခပ်ရွတ်ရွတ် လူ
တစ်ယောက်ရှိတယ်။ သူက မြင်းလှည်းသ
မားဗျ။ ပြီးတော့ ဒီလူက အောက်ပြည်က
ပြောင်းလာတာဗျ။ သူပြောတော့ ပင်လယ်
မှာနေခဲ့တာ ရေငုပ်သိပ်ကျွမ်းတယ်ဆိုပဲဗျ။
ဒါနဲ့ တစ်နေ့တော့ မြင်းလှည်းဂိတ်မှာ အ
လောင်းအစား လုပ်ကြသတဲ့ဗျို့။ ဒီလူက
ရေအောက်မှာ ငါးမိနစ် ငုပ်နိုင်တယ်ဆိုပဲ။
အဲဒါကို ကျန်တဲ့လူတွေက မယုံဘူးဗျ။
ဒါနဲ့ အလောင်းအစား လုပ်ကြတာပေါ့ဗျာ။
ဟောဒီ ကျောင်းရှေ့မှာ မြင်းလှည်းတွေ
မှ တန်းစီးပြီး ရပ်ထားတာဗျို့။ လူတွေမှ
လိုက်လာပြီး ကြည့်ကြတာ မနည်းဘူးဗျ
အဲဒီလူက အင်္ကျီချွတ်ပြီး ခါးတောင်းက
လေး မြှောက်အောင်ကြိုက်၊ ရေထဲ ဝုန်း
ကနဲ ခုန်ချ၊ ကုန်းပေါ်က လူတွေက နာ
ရီမှတ်ပေါ့ဗျာ”
“ဟာ သူနိုင်ရောလားဘုရား”
ဆရာနွံဖက ဝင်ပြီး မေးတယ်ဗျ။ ဘုန်းကြီး
ဦးဥာဏက ပြုံးပြုံးကြီးလုပ်ပြီး ပြောတယ်ဗျ။
“ဘယ်လာနိုင်မတုံး ဒကာကြီးရာ၊ ရေထဲ
ဆင်းရုံရှိသေးတယ်ဗျ။ ရေအောက်မှာ ဝုန်း
ဝုန်း ဝုန်း ဝုန်းနဲ့ကြားတာဗျ။ ခဏနေတော့
ဒီလူ မောကြီးပန်းကြီးနဲ့ ကုန်းပေါ်ကို ရေ
ကူးပြီး တက်လာတာ လူဆိုတာမောပြီး
ဟောဟဲ လိုက်နေတာဗျို့။
‘ဘာတုံးဘာတွေ့လို့တုံးလို့ ဝိုင်းမေးတော့
‘မိချောင်းကြီး၊ မိချောင်းကြီးလို့ နှစ်ခွန်း
အော်ပြီး သတိလစ်သွားလိုက်တာ ပြန်ကို
လည်မလာတော့ဘူးဗျို့”
“ဟာ သေရောလားဘုရား”
“သေပါရောလား ဒကာရဲ့”
“ဟင် ကုန်းပေါ်ကလူတွေကရော အဲဒီမိ
ချောင်းကို တွေ့လိုက်ရသလား ဘုရား”
“ဘယ်သူမှ မတွေ့ပါဘူးဗျာ၊ အဲဒီက
တည်းက ကန်ထဲမှာ မိချောင်းရှိတယ်ဆို
တဲ့ သတင်းက ကျော်ထွက်သွားပြီး ရေစပ်
ကိုတောင် မဆင်းဝံ့ကြတော့ဘူးဗျို့”
ဆရာကြီးပြောတာ ဟုတ်လိုက်တာလို့ ကျုပ်
စိတ်ထဲမှာ တွေးနေမိတာဗျို့။ ဘုန်းကြီးဦးဥာ
ဏရဲ့ ကျောင်းကြီးအပေါ်ထပ်ကနေ ကြည့်
လိုက်လို့ရှိရင် ကန်တော်တစ်ခုလုံးကို အပေါ်
စီးကကို မြင်နေရတာဗျို့။ အဲဒီညက ကျုပ်နဲ့
ဆရာနွံဖနဲ့ တစ်ယောက်တစ်လဲ မအိပ်ဘဲကို
ထိုင်ကြည့်တာဗျို့။
ဆရာကြီးကတော့ ဘုရားခန်းမှာ တစ်ညလုံး
တရားထိုင် ပုတီးစိပ်ပဲ လုပ်နေတာဗျ။ လက
သာတော့ ရေကန်ကြီး တစ်ခုလုံးကို မြင်နေ
ရတာဗျ။ ညသန်းခေါင်ကျော်တော့ ကျုပ်အ
လှည့်ဗျ။ ဆရာနွံဖက ခဏအိပ်တယ်။
ကျုပ်က ကျောင်းမီးတွေ အကုန်ပိတ်ထားပြီး
မှောင်ထဲမှာ ခုံတစ်လုံးနဲ့ထိုင်ပြီး ရေကန်ကြီး
ကို စောင့်ကြည့်နေတာဗျ။ ဟ ဘာတုံးဟ။
ကျုပ်ကြည့်နေတုန်းမှာ ကန်လယ်မှာ ရေပွက်
ကြီးတစ်ခု ထသွားတယ်ဗျို့။
ကျုပ်လည်း မျက်တောင်မခတ်ဘဲကို ကြည့်
နေတာဗျ။ ဟော ရေပွက်ကြီးတွေ တစ်ခုပြီး
တစ်ခု ထလာတာဗျို့။ ဟာ ရေဂယက်တွေ
အလယ်က ခပ်ဖြူဖြူကြီးဗျ။ ဘာလဲ မသိဘူး။
ဟင် လူရိပ်ဗျ။ ဒါ လူပဲ။ ဟင် ကဝေမထင်
တယ်။ ခပ်ဖြူဖြူကြီး ကျုပ် ဆရာနွံဖကို က
ပျာကယာ နှိုးလိုက်တယ်။
“ဆရာနွံဖ ထ ထ၊ ဟိုမှာ ဟိုမှာ”
“ဟင် ဘာတုံးကွ တာတေရ”
“ဖြူဖြူကြီးဗျ။ ကန်လယ်မှာ ရေထဲက ပေါ်
လာတာ ထင်တယ်”
“ဘယ်မှာတုံး”
ဆရာနွံဖ အိပ်ရာကနေ လူးလဲထတယ်ဗျ
ကျုပ်ကြည့်နေတဲ့ ပြတင်းပေါက်နားကို
လာတယ်။
“ဟာ ဟုတ်သားပဲကွာ၊ ဟင် ရေပေါ်မှာ လမ်း
လျှောက်နေတာကွ ၊ ဒါကန်တော်ကဝေမပေါ့
တာတေ သွား သွား၊ ဘုရားခန်းမှာ ဆရာကြီး
ကို သွားပြော”
ကျုပ်လည်း ဘုရားခန်းကို တန်းသွားပြီး ဆ
ရာကြီးကို ပြောပြလိုက်တယ်။ ဆရာကြီး
လည်း ချက်ချင်းကို ထလိုက်လာတာဗျို့။
“ဟင် ဟုတ်တာပေါ့ကွာ။အဲဒါ ကန်တော်က
ဝေမပေါ့ကွာ။ ကြည့်စမ်း ရေပေါ်မှာ အေး
အေးဆေးဆေး လမ်းလျှောက်နေတာဟေ့၊
အရှေ့အနောက်ကို အဆုံးလျှောက်နေတာ
ကွ။ ဒီနေ့ ဘယ်နှရက်တုံး နွံဖ”
“ဒီနေ့ ၁၃ ရက်လေ ဆရာ၊ သန်ဘက်ခါဆို
လပြည့်ပြီလေ။တန်ဆောင်မုန်းလပြည့်ပေါ့
ဆရာ”
“သြော် ဒါကြောင့် လှုပ်ရှားနေတာကိုး။သန်
ဘက်ခါ တန်ဆောင်မုန်းလပြည့်ဆိုတော့
သူ့အစီအရင်ကြီးကို သန်ဘက်ခါလုပ်မှာ
သေချာပြီကွဲ့၊ မနက်ဖြန်မှာ ကျုပ်တို့ လုပ်
စရာတွေ အပြီးလုပ်ထားရမယ်။ သန်ဘက်
ခါ ညသန်းခေါင်ချိန် လမွန်းတည့်တာနဲ့ အ
လုပ်စကြရလိမ့်မယ်။ ကဝေမတော့ အခု
လောက်ဆိုရင် တနင်္ဂနွေသမီး အပျိုစင်ကို
ရှာထားပြီးလောက်ပြီ နွံဖရဲ့၊ ကဲ အိပ်ချင်
ရင် အိပ်ကြတော့ အိပ်ကြတော့ ”
ဆရာကြီးလည်း အိပ်ရာဝင်သွားပြီး ကျုပ်နဲ့
ဆရာနွံဖလည်း အိပ်ကြပြီဗျို့။ နောက်တစ်
နေ့ ခုနှစ်နာရီလောက်မှာ ကျုပ် အိပ်ရာက
နိုးလာတယ်။ ကိုရင်လေးတစ်ပါးက ကျုပ်
ကို လာခေါ်တယ်။ ဘုန်းကြီးဦးဥာဏက…
“ကဲ ဒကာလေး နာမည်က မောင်တာတေ
ဆို”
“မှန်ပါ့ဘုရား တာတေပါ”
“အေး မောင်တာတေရဲ့ ဆရာကြီးများက
တော့ ကိစ္စရှိလို့ ဆိုပြီး မြို့ထဲကို သွားတယ်
ဒကာ လာ ဒီမှာ မနက်အစောစား စားလိုက်
ဦး”
ကျုပ်က ဘုန်းကြီးပြတဲ့ဝိုင်းကို ဝင်ထိုင်လိုက်
တယ်။ ထမင်းတွေရော ဟင်းတွေပါ စုံပါ့ဗျာ။
အချိုပွဲကလည်း မုန့်သုံးလေးမျိုးဗျ။
“ကဲ စား မောင်တာတေ၊ ဆရာကြီးတို့က
တော့ စောစောပဲ စားသွားကြပြီကွဲ့”
ကျုပ်လည်း ဆာဆာနဲ့ တစ်ဝစားလိုက်မိ
တယ်ဗျ။ ကျုပ်စားသောက်ပြီးရုံ ရှိပါသေး
တယ်။ ဆရာကြီးနဲ့ ဆရာနွံဖ ပြန်ရောက်
လာကြတယ်ဗျ။
“ဟာ မောင်တာတေတောင် နိုးပြီကိုး။
ဘယ့်နှယ်လဲကွ၊ အိပ်ရေးဝရဲ့လား”
“ဟုတ်ကဲ့၊ ဝပါတယ် ဆရာကြီး”
ကျုပ်တို့သုံးယောက် ဘုန်းကြီးကို ရှိခိုးပြီး
ကျောင်းကြီးပေါ်ကို တက်ခဲ့ကြတယ်။ အ
ပေါ်ထပ်ကို ရောက်တော့မှ…
“ဆရာ နွံဖကို မြို့ထဲသွားတာလား”
လို့ ကျုပ်က ဆရာနွံဖကို မေးလိုက်တယ်။
ဆရာနွံဖက ကျုပ်ကို ကြည့်ပြီး …
“အေး မြို့ထဲဆိုပါတော့ကွာ၊ ဒါပေမဲ့ သွား
တာက မြို့ဦးကို သွားတာကွ၊ ဒီမြို့ရဲ့သက်
ဆိုင်ရာ နတ်ကြီးတွေကို အကျိုးအကြောင်း
ပြောပြရတာ။ မနက်ဖြန်မှာ ဒီကဝေမကို
ရှင်းပစ်မယ့်အကြောင်း အကြောင်းကြား
တာပေါ့ကွာ”
“သြော် အဲဒီလို လုပ်ရတာလား”
“တောထဲ တောင်ထဲတော့ မလိုဘူးပေါ့ကွာ
ဒီလိုမြို့ကြီး ပြကြီးတွေကြတော့ မြို့စောင့်
နတ်ကို အကြောင်းကြားရတယ်ကွ”
“ကျုပ်ဖြင့် မနက်ဖြန်ညကို မြန်မြန်ရောက်
ချင်နေပါပြီဗျာ”
“အေး ဒီနေ့ပြီးရင် မနက်ဖြမ်ရောက်မှာပဲ
ပေါ့ကွာ တာတေရာ၊ သြော် ဒါနဲ့ မောင်
တာတေက အညာကဆိုတော့ ရေတွေ
ဘာတွေ ကျွမ်းကျင်ရဲ့လား”
“ဟာ ဆရာနွံဖ၊ တာတေက အညာသား
ပေမယ့် ပင်လယ်မှာလည်း နေခဲ့ဖူးတာဗျ။
ရေကူးလည်း ကျွမ်းတယ်ဗျ။ ရေအောက်
မှာပုစွန် စမ်းနေကြလေ ဆရာနွံဖရဲ့”
“ဒါဆို နေရာကျတာပေါ့ကွာ၊ မနက်ဖြန်
ညမှာ မောင်တာတေ ရေထဲဆင်းရမှာကွ၊
ဟိုဟာကြီးလေကွာ။ ဆရာကြီး လုပ်လာ
တဲ့ ငွေသနွပ်ကြီးနဲ့ မင်းအလုပ်လုပ်ရလိမ့်
မယ်”
“ဟင် ဟုတ်လား ဆရာနွံဖ၊ အို တွေ့ကြ
သေးတာပေါ့ဗျာ။ တာတေက အဲဒီလိုပွဲမျိုး
ကို သိပ်တွေ့ချင်နေတာဗျ”
ကျုပ်နဲ့ ဆရာနွံဖ ပြောနေတာကို ဆရာကြီး
က ကြားသွားပြီး…
“မောင်တာတေရဲ့ သတ္တိကိုတော့ ဆရာကြီး
ယုံပြီးသားပါကွယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့
တော်တော်ကို သတိထားရမယ်ကွဲ့ မောင်
တာတေရဲ့”
“ဟုတ်ကဲ့ပါ ဆရာကြီး”
“ကဲ နွံဖ မောင်တာတေကို အခုနတ်ကြီးလေး
ပါးအင်းတိုက်ထား၊ ညရောက်ရင် ကဝေသိုက်
ဖျက်အင်းတော်ကြီး တိုက်လိုက်။ မောင်တာ
တေလည်း ဒီနေ့တစ်နေ့လုံး ပုတီးစိပ်နေကွဲ့
ကြားလား ”
“ဟုတ်ကဲ့ပါ ဆရာကြီး”
ဆရာကြီးရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်
ရတာ တော်တော်ကို ဂရုတစိုက်လုပ်ရမယ့်ပုံ
ပဲ၊ တာတေလည်း သေသေချာချာ လုပ်ရမယ်
ထင်တယ်ဗျို့။
တာတေ နတ်ကြီးလေးပါးအင်းသောက်ပြီး
တစ်နေကုန် ပုတီးစိပ်နေတယ်ဗျ။ ဆရာကြီး
နဲ့ ဆရာနွံဖလည်း ထမင်းစားချိန်က လွဲရင်
ဘုရားခန်းက မထွက်ဘဲ ပုတီးစိပ်နေကြ
တယ်။ ညရောက်တော့ တာတေ့ကို အင်း
တစ်ချပ်တိုက်တယ်။
လူခြေ တိတ်ချိန်ရောက်တော့ တာတေ
ကျောင်းကြီးပေါ်ကနေပြီး ကန်ထဲကို ကြည့်
တယ်။ ဒီည လပိုသာတယ်ဗျို့။ ကန်ကြီး
တစ်ခုလုံး လင်းနေတော့တာဗျ။ ညသန်း
ခေါင်ကျော်တော့ မနေ့ကလိုပဲဗျို့။
ကန်လယ်မှာ လှိုင်းဂယက်တွေထလာပြီး
ဖြူဖြူကြီး ပေါ်လာတယ်။ ပြီးတော့ ရေပေါ်
မှာ လမ်းလျှောက်ပြီး သွားလာနေလေရဲ့။
တာတေလည်း တံခါးအကွယ်ကနေ သေ
သေချာချာ ကြည့်တယ်။ ဆရာနွံဖကတော့
ပုတီးစိပ်နေတော့ ခေါ်မပြတော့ပါဘူး။
ဟာ တာတေ ကြည့်နေတုန်းမှာ အဲဒီဖြူဖြူ
ကြီးက အလင်းရောင်တွေထွက်လာတယ်
ဗျို့။ အဲဒီအလင်းတန်းတွေက ကန်ကြီးတစ်
ခုလုံးကို ဖြာထွက်ပြီး မိုးလိုက်သလိုပဲဗျ။ ဒါ
ကဝေစက်ပဲ ထင်တယ်လို့ တာတေ တွေးမိ
တယ်ဗျ။ ဘာပဲဖြစ်ဖြစ် မနက်ကျရင်တော့
ဆရာကြီးကို ဒီအကြောင်းပြန်ပြောရတော့
မှာပဲ။ ကဝေမ ဘာလုပ်တယ်ဆိုတာ ဆရာ
ကြီးမှ သိမှမို့လား။
တာတေ မအိပ်ဘဲကို စောင့်ကြည့်နေတာ
ဗျို့။ ဟော သုံးနာရီလောက်အထိ ကဝေမ
က သူ့စက်တွေကို ကန်ပေါ်မှာ ဖြန့်နေတာ
ဗျ။ နောက်မှ ပျောက်သွားတာ။
မနက်ရောက်တော့ ညက တာတေ တွေ့ခဲ့
တာကို ဆရာကြီးနဲ့ ဆရာနွံဖကို ပြောပြ
တော့ ဆရာကြီးက ခေါင်းတညိတ်ညိတ်
လုပ်ပြီး စဉ်းစားတယ်ဗျ
“အင်း ဒါဆိုရင် ဒီညတော့ သေချာပြီဟေ့၊
နွံဖရေ အဆင်သင့်သာ ပြင်ကြပေတော့”
“ဟုတ်ကဲ့ ဆရာ၊ အဆင်သင့်ဖြစ်ပါပြီ”
“မောင်တာတေကတော့ မင်းရဲ့သတ္တိကို အ
စွမ်းကုန်အောင် ပြရမယ့် ညပဲကွဲ့၊ မင်းနဲ့
မင်းဆရာနွံဖက ကန်ထဲကို ဆင်းကြရလိမ့်
မယ်၊ နှစ်တစ်ရာပြည့်တဲ့ညမှာ အသက်ဝင်
လာမယ့် ကျောက်မိချောင်းကြီးကို မင်းတို့
ဆရာတပည့်က ဆင်းပြီး ကိစ္စတုံးကြပေ
တော့။ ကျုပ်ကတော့ ကန်တော်ကဝေမ
ခေါ်လာမယ့် ကလေးမလေးကို လမ်းက
နေ ဖြတ်ပြီး တားမယ်။ ပြီးရင် ကန်တော်
ကဝေမနဲ့ ပညာချင်းပြိုင်ကြရမှာပေါ့ကွယ်။
သတိတော့ထား နွံဖရေ၊ ကျောက်မိချောင်း
က ဝိညာဉ်စားမယ့်အချိန်မှာ မစားရရင် ဒေါ
သပုန်ထတော့မှာကွဲ့။ မင်းတို့နှစ်ယောက်
တစ်ချက်မှ သတိမလစ်စေနဲ့ဟေ့”
“စိတ်ချပါ ဆရာကြီး”
လို့ ကျုပ်က ပြောလိုက်တယ်ဗျ။ စောင့်နေ
လို့ ကြာတာလားတော့ မသိဘူးဗျို့။ အဲဒီ
နေ့က တော်တော်နဲ့ကို မိုးမချုပ်ဘူးလို့
ကျုပ်က ထင်နေတာ။
ဒါပေမဲ့ သဘာဝတရားကတော့ ပုံမှန်ပါပဲ
ဗျာ။ ခါတိုင်းလို နေဝင်သွားပြီးတဲ့နောက်မှာ
ခါတိုင်းလိုပဲ မိုးချုပ်သွားတာပါပဲ။ ကျုပ်တို့
ဆရာတပည့်သုံးယောက် ညစာတောင်မ
စားကြဘူးဗျို့။ ဗိုက်ထဲမှာ အစာတွေရှိနေ
ရင် လှုပ်ရရှားရမှာ ခက်မစိုးလို့ပေါ့ဗျာ။
ကျုပ်တို့ကန်ရိပ်ကို နင်းမိတော့ ညဆယ်နာ
ရီလောက်ရှိပြီဗျ။ ဆရာတပည့်တွေ အင်းဝ
ခေတ်ကတည်းက ရှိနေခဲ့တဲ့ သဘာဝရေ
ကန်ကြီးကို ငေးကြည့်နေကြတာဗျို့။ ကန်
တစ်ဖက်က ဖြတ်ပြီး တိုက်လာတဲ့ လေ
အေးကလေးက ကျုပ်တို့ကို စိမ့်ကနဲ ဖြစ်
သွားစေတယ်ဗျ။ ဒါက ကျုပ်ထင်တာနော်
ဆရာကြီးကတော့ အတွေ့အကြုံတွေ
များနေပြီဆိုတာ ချက်ချင်းကို ပြောတာဗျ။
“သတိထားတော့ဟေ့၊ ဒီလေအေးက
သာမန်မဟုတ်ဘူးကွ။ အအေးဓါတ်က
များလွန်းနေတယ်”
ဟုတ်ပါ့ဗျာ၊ ဆရာကြီးစကား ဆုံးရုံရှိသေး
တယ်၊ ကန်ရေပြင်တွေကယက်ထလာရော
ဗျို့။ ပထမတော့ ဂယက်က ခပ်သေးသေး
ပဲဗျ။ ကြည့်ရင်း ကြည့်ရင်းနဲ့ ဂယက်တွေ
ကြီးကြီးလာတာ။
“ဖျန်း”
ဟာ ဘာကြီးတုံးဟ၊ မည်းမည်းကြီးပါလား။
ကန်လယ်မှာ ရေဂယက်ကြီး ထပြီး ပေါ်လာ
တာဗျ။ ရေကို ဖျန်းကနဲ ရိုက်ချလိုက်တာ။
“နွံဖ ကျောက်မိချောင်းတော့ အသက်ဝင်နေ
ပြီကွ၊ ဝိညာဉ်ကို စုပ်ယူဖို့ တောင့်တနေပြီ။
ဒါဟာ နှစ်တစ်ရာပြည့်တဲ့ အချိန်ပဲကွ။ သန်း
ခေါင်မကျော်မချင်း မင်းတို့ မဆင်းနဲ့၊ သန်း
ခေါင်ကျော်လို့မှ သူတောင့်တတဲ့ဝိညာဉ် မ
စုပ်ယူရရင် ဒီကောင် အားအင်ချိနဲ့လာလိမ့်
မယ်၊ အဲဒီအချိန်ဟာ မင်းတို့အတွက် အချိန်
ကောင်းပဲကွ”
“ဟုတ်ကဲ့ပါ ဆရာ”
ဆရာနွံဖက ဆရာကြီးကို ရိုရိုသေသေ
ပြောတယ်ဗျ။ ပြီးတော့ သူလွယ်ထားတဲ့
ဆေးလွယ်အိတ်ကို ဖြုတ်ယူပြီး ဆရာကြီး
ကို အပ်လိုက်တယ်။ ပြီးတော့ ကျုပ်ဘက်
ကို လှည့်ပြီး…
“ရော့ တာတေ မင်းကိုင်ရမယ့် ငွေသနွပ်
အပေါ်ကပတ်ထားတဲ့စက္ကူတွေ ခွာလိုက်
တော့ ”
ကျုပ်လည်း ဆရာနွံဖပေးတဲ့ ငွေသနွပ်ကို
ရိုရိုသေသေ လှမ်းယူလိုက်တယ်။ ပြီးတော့
အပေါ်ကနေ လူမမြင်အောင် ပတ်ထားတဲ့
စက္ကူတွေကို ခွာလိုက်တယ်။
လရောင်အောက်မှာ ဝင်းလက်နေတဲ့ ငွေ
သနွပ်ကြီး ပေါ်လာတယ်။ ဆရာကြီးကိုယ်
တိုင် သေသေချာချာ စီရင်ထားတဲ့ ငွေသ
နွပ်ဗျာ။ ကျုပ်က သနွပ်ကို လက်ထဲမှာ ဆ
ကြည့်လိုက်တယ်။ အပေါ်က အင်္ကျီတွေ
ကို ကျုပ်ရော ဆရာနွံဖပါ ချွတ်ပစ်လိုက်
ကြတယ်။
ပုဆိုးတွေကို ခါးတောင်းမြှောက်အောင် ကျိုက်လိုက်ကြတယ်။ ကျုပ်က သနွပ်
ကြိုးကို ကျုပ်ခါးမှာ ချည်လိုက်တယ်။
လက်ထဲက သနွပ်လွတ်ကျသွားရင် ပြန်
ဆွဲယူလို့ရအောင်ပေါ့ဗျာ။
“ဟော ရေထဲက ဖြူဖြူကြီး တက်လာပြီ
ဆရာကြီး”
“အေး ဟုတ်တယ် နွံဖ၊ အဲဒါ ကန်တော်
ကဝေမပဲကွ၊ စိတ်ချ၊ ဒီကောင်မကြီးကို
ကျုပ်တာဝန်သာထား”
“ဟော ကဝေမက ရေပေါ်မှာ ပြေးနေပြီဗျို့”
“အသာငြိမ်နေ မောင်တာတေ၊ ဒီကဝေမ
ရဲ့နောက်ကို ကျုပ်လိုက်သွားမယ်”
ပြောပြောဆိုဆို ဆရာကြီးက ကန်တော်က
ဝေမ ထွက်သွားတဲ့ဘက်ကို ဆေးလွယ်
အိတ်တစ်လုံး လွယ်ပြီး လိုက်ပြီးသွားလေ
ရဲ့။ ကျုပ်နဲ့ ဆရာနွံဖပဲ ကျန်နေတာဗျို့။
မကြာခင်မှာပဲ လ,မွန်းတည့်ပြီဗျ။
“ဝုန်း”
ဟာ ရေထဲက လှိုင်းလုံးကြီး ထသွားတာဗျို့
ဟာ မိချောင်းကြီးပါလား။ နည်းတဲ့အကောင်
ကြီးမှ မဟုတ်တာ။ ခေါင်းတိုကြီးဗျ။ ခေါင်းက
ကို တင်းတောင်းလောက် ရှိမလားပဲဗျ။ ဆ
ရာနွံဖက ပါးစပ်က မန္တန်တွေ ရွတ်နေပြီဗျို့။
သန်းခေါင်ကျော်အောင် စောင့်နေပုံပဲဗျ။
“ဝုန်း၊ ဖျန်း”
အလို ရေထဲကနေ ခေါင်းကြီး ထိုးထွက်လာ
ပြီး အမြီးမည်းမည်းကြီးနဲ့ ရေကို ဖျန်းကနဲ
ရိုက်ပြီး ပြန်ငုပ်သွားတာဗျို့။ ဆရာနွံဖက
လကို တစ်ချက်မော့ကြည့်တယ်ဗျ။
“ဝုန်း”
ဟော ပေါ်လာပြန်ပြီဗျို့။ ဟုတ်တယ်
ဗျို့။သန်းခေါင်ကျော်သွားလို့ထင်တယ်။
လှုပ်ရှားတာ စောစောကလောက် မကြမ်း
တော့ဘူးဗျ။ တာတေတော့ လက်ထဲက
ငွေသနွပ်ကြီးကိုသာ ကျစ်ကျစ်ပါအောင်
ဆုပ်ထားမိတယ်ဗျ။
“တာတေ အချိန်ကျပြီ၊ ငါ အရင်သွားမယ်
ငါနဲ့ ဒီကောင်နဲ့ သေသေချာချာ ခွဲနော်၊ ငါ
က အဖြူ၊ ဟိုကောင်က အမည်း၊ မမှားစေ
နဲ့ ကြားလား”
ဆရာနွံဖ ဘာကိုပြောပါလိမ့်လို့ ကျုပ်စဉ်း
စားနေတုန်းမှာပဲ။
“ဝုန်း”
ဆရာနွံဖ ရေထဲကို ခုန်ချသွားတယ်ဗျ။
“ဝုန်း၊ ဖျန်း”
ဟာ ရေထဲက လှိုင်းလုံးကြီးထပြီး ခေါင်းကြီး
ပေါ်လာပြီ။ ရေကို အမြီးကြီးနဲ့ ရိုက်လိုက်
တယ်ဗျ။ ဟင် ဒါ မိချောင်းဖြူကြီးပါလား။
သြော် ဒီလိုကိုး။ ဒီတော့မှ တာတေ ဆိုတဲ့
ကောင်က သဘောပေါက်သွားတာဗျို့။
ဆရာနွံဖက ရုပ်ပြောင်းရုပ်လွဲ မှော်ပညာ
နဲ့ မိချောင်းဖြူကြီးအသွင်ယူပြီး တိုက်ခိုက်
မှာကိုး။ ကဲ ကျုပ်အလှည့်ပေါ့ဗျာ။ ကျုပ်
ငွေသနွပ်ကို လက်ထဲမှာ တင်းတင်းဆုပ်
ပြီး ရေထဲကို ခုန်ချလိုက်ပြီဗျို့။
“တာတေတဲ့ဟေ့”
“ဝုန်း”
ရေထဲ ရောက်ရောက်ချင်းတော့ တာတေ
ဘာကိုမှ မမြင်ရဘူးဗျို့။ ခဏကလေးပဲ။
လရောင်ကြောင့်လား။ တာတေ သောက်
ထားတဲ့ အင်းတွေရဲ့ အစွမ်းလားတော့ မ
သိဘူးဗျ။ ရေအောက်ကို တာတေ မြင်နေ
ရတယ်ဗျ။ ဟာ လှိုင်းလုံးကြီးတွေ တာတေ့
ကို ပြေးဆောင့်ပြီဗျို့။
ကျုပ်ဖြင့် နောက်ကို တစ်လံလောက်တောင်
လွင့်ထွက်သွားတာဗျ။ ဟာ မိချောင်းကြီးနှစ်
ကောင် လုံးထွေးနေတာဗျို့။ တစ်ကောင်က
အမည်းကြီးဗျို့။ တစ်ကောင်က ဖြူဖြူကြီး
ဗျ။ အမည်းကြီးက ကျောက်မိချောင်းကြီး
ပေါ့ဗျာ။ အဖြူကြီးက ကျုပ်ဆရာနွံဖပေါ့။
“ဝုန်း၊ ဝုန်း၊ ဝုန်း”
ဟာ တိုက်ပွဲကတော့ တော်တော်ကို ပြင်း
ထန်နေပြီဗျို့။ ကျုပ်လည်း ငွေသနွပ်ကို
သေသေချာချာကိုင်ပြီး အနားတိုးသွား
လိုက်တယ်ဗျ။
“ဝုန်း၊ ဖျန်း၊ အား”
ဝုန်းဆိုတာက မိချောင်းကြီးနှစ်ကောင် လူး
လိုက်တဲ့အသံဗျ။ ဖျန်းဆိုတာက အမည်း
ကောင်ကြီးရဲ့ အမြီးနဲ့ ကျုပ်ကို ရိုက်မိတာ
ဗျို့။ အားဆိုတာက ရေထဲမှာ ကျုပ်လန့်
အော်လိုက်တာ မြောက်တက် သွားတာ
လေ။ ဒီတော့ ကျုပ်အော်လိုက်တဲ့ အသံ
ကြီးက လေထဲမှာ လွင့်ထွက်သွားတာပေါ့
ဗျာ။ ကျုပ်ရေထဲကို ပြန်အကျမှာ ရေထဲကို
ချက်ချင်းငုပ်ပြီး မိချောင်းကြီးတွေကို နွံထဲ
မှာ နှစ်ကောင်သား လုံးနေတာဗျို့။
အမည်းကောင်ကြီးက အပေါ်ရောက်လိုက်၊
အဖြူကြီးက အပေါ်ရောက်လာလိုက်နဲ့။ကျုပ်
အသက်ကို နာနာအောင့်ပြီး အနားကို ကပ်
လာခဲ့တာပေါ့ဗျာ။ စောစောက ရေပေါ်ကို
မြောက်အတက်မှာ ကျုပ်က အသက်ကို
တစ်ဝကြီး ရှူလာတာဗျို့
ဟော အမည်းကြီးက အပေါ်ကနေပြီး အ
ဖြူကောင်ကြီးကို ဖိကိုက်နေတာဗျ။ တွေ့
ကြသေးတာပေါ့ဗျာ။ ငါ့ဆရာနွံဖကို ကိုက်
တဲ့အကောင်၊ ကျုပ်ဆရာ ခံနေရတာတွေ့
တော့ ကျုပ်သွေးတွေ ချက်ချင်းဆူပွက်
သွားပြီး ငွေသနွပ်ကို လက်နဲ့စုံကိုင်ပြီး မိ
ချောင်းမည်းကြီးရဲ့ လက်ပြင်ကနေ အား
ကို စိုက်ထည့်လိုက်တာဗျို့။
“ကဲကွာ ကဲ သေပေတော့”
အသားထဲကို စိုက်ဝင်သွားတဲ့ သနွပ်ပင်
ကြီးကို ကျုပ်အားနဲ့ထပ်ဖိပြီး သွင်းလိုက်
တာဗျို့
“ဝုန်း”
မိချောင်းကြီး ချက်ချင်းကို ထွန့်ထွန့်လူး
သွားတာဗျို့။ မိချောင်းဖြူကြီးက ချက်ချင်း
ရုန်းထွက်ပြီး အမည်းကောင်ကြီးကို ကိုက်
တော့တာပဲဗျ။ အမည်းကောင်ကြီးက ကန်
ထဲမှာ လှည့်ပတ်ပြေးတာပေါ့ဗျာ။
ကျုပ်လည်း ထပ်ပြီး အသက်မအောင့်နိုင်
တော့တာနဲ့ ရေပေါ်ကို ပေါ်ခဲ့ရတာပေါ့ဗျာ
ဒါပေမဲ့ သနွပ်ကြိုးက ကျုပ်ခါးမှာ ချည်ထား
တာဆိုတော့ ကျုပ်က ရေပေါ်ပြီး အသက်
ရှုလိုက်၊ အောက်ကမိချောင်းကြီးက ဆွဲ
တော့ ရေထဲပြန်ပြုတ်လိုက် ဖြစ်နေရောဗျို့။
မိချောင်းမည်းကြီးက ကန်ကို ပတ်ပြီး ကူး
ပြေးနေသေးတာဗျ။ ခဏကြာတော့မှ ငြိမ်
သွားတယ်။
မိချောင်းဖြူကြီးကလည်း တောက်လျှောက်
ကို လိုက်ကိုက်နေတာဗျို့။ ဟော ငြိမ်သွား
ပြီ၊ ငြိမ်သွားပြီ။
ဟာ မိချောင်းကြီးက ကျောက်ရုပ်ကြီး ဖြစ်
သွားပြီဗျို့။ ကျုပ်ရဲ့ငွေသနွပ်ကြီးလည်း
ကျွတ်ထွက်သွားပြီဗျ။ ကျုပ်က ကြိုးကနေ
ကိုင်ပြီး ငွေသနွပ်ကို ပြန်ဆွဲယူထားလိုက်
တယ်။ ကျုပ်လက်ထဲကို သနွပ်ပြန်ရောက်
ပြီ။ ဟာ ကွဲသွားပြီဗျို့။
ကျောက်မိချောင်းကြီးက အက်ကြောင်းကြီး
တွေ ပေါ်လာပြီး ကွဲထွက်သွားပြီဗျို့။ ဟင်
မိချောင်းဖြူကြီး ချက်ချင်း ရေပေါ်ကို ထိုး
တက်သွားပြီဗျ။ ကျုပ်လည်း ရေပေါ်ကို
ပေါ်ပြီး ကန်စပ်ကို ကူးရတာပေါ့ဗျာ။
ကန်စပ်ကို တက်လိုက်တော့ သစ်ပင်တစ်
ပင်တစ်ပင်ကို မှီပြီး ထိုက်နေဆဲ ဆရာနွံဖ
ကို တွေ့လိုက်ရတယ်။ တော်ပါသေးရဲ့ဗျာ
“တာတေရေ မင်းရဲ့သတ္တိကတော့
ပြိုင်စံရှားပါပဲကွာ”
လို့ ဆရာနွံဖက ဆီးပြီးပြောတယ်ဗျ။
“ကဲ တာတေ မင်းခါးမှာ ချည်ထားတဲ့ သ
နွပ်ကြိုး ဖြုတ်လိုက်ကွ။ ဆရာကြီးနောက်
ကို လိုက်ကြဦးစို့ရဲ့”
ကျုပ်လည်း ခါးက သနွပ်ကြိုးကို ဖြုတ်တယ်
သနွပ်ကိုတော့ လက်က ကိုင်လာတယ်ဗျ။
လိုကာမယ်ကာပေါ့ဗျာ။ ဆရာ တပည့်နှစ်
ယောက်လုံးကတော့ ရေအရွှဲသားနဲ့ပေါ့ဗျာ။
ဟော တွေ့ပြီဗျို့။ ကန်ရဲ့အရှေ့ဘက်မှာ
ကဝေမကြီးနဲ့ ဆရာကြီးနဲ့ အပြင်းအထန်
ကို တိုက်နေကြတာဗျို့။
“ဟဲ့အကောင် ဆရာစုတ်၊ နင့်လူတွေ ငါ့ရဲ့
မိချောင်းကို ကိစ္စတုံးလိုက်ကြပြီမို့လား။
အေး နင့်ကိုငါ ကိစ္စတုံးပြီသာ မှတ်တော့
ဆရာစုတ်”
“ငါက နင့်အသက်ကို နင့်ကိုယ်ထဲဝင်လာ
အောင် တမင်စောင့်နေတာဟေ့ ကဝေမရဲ့
ဒါမှ နင့်ကို ငါ ကိစ္စတုံးလို့ရမှာ”
“သြော် ဒီလိုလား၊ ရော့ ဟောဒီကဝေစက်
က ငါ့ကိုယ်ပိုင်စက်ဟေ့၊ ရော့”
ကဝေမကြီးက မျက်လုံးကရော၊ ပါးစပ်က
ပါ တဝင်းဝင်းနဲ့ စက်တွေ ထုတ်လွှတ်လိုက်
တာဗျို့။ ဆရာကြီးက လက်ဝါးကို ဖြန့်ကာ
လိုက်ပြီး ပြန်တွန်းပေးလိုက်တော့ ကဝေ
မကြီးရဲ့ စက်တွေက ရှေ့ဆက်မတိုးနိုင်ဘဲ
ကဝေမကြီးပါ ဖင်ထိုင်ရက်လဲကျသွားရော
ဗျို့။ ကဝေမကြီးကား လဲနေရာကနေ ပြန်
ထမယ်အလုပ်မှာ ဆရာကြီးက ရှေ့ကိုပြေး
ဝင်သွားပြီး သူ့လက်ထဲက ဆေးတောင့်နဲ့
တအား ပေါက်ချလိုက်တယ်ဗျို့။
“ဝုန်း ဝုန်း”
ဟာ မီးတောက်ကြီးပါ ထသွားတာဗျို့။ က
ဝေမကြီးလည်း မီးတောက်ထဲမှာ လှိမ့်နေ
ရောဗျာ။
“အဲဒါ မီးမှော်လို့ခေါ်တယ် ကဝေမရေ၊
နင်က ရေထဲက လာတဲ့ ပညာသည်ဆို
တော့ နင့်ကို မီးမှော်နဲ့ တိုက်လိုက်တာ
လေ။ မီးများ၊ မီးနိုင်၊ ရေများ ရေနိုင်တဲ့။
ကဲ နင်ရအောင် ငြိမ်းပေတော့”
ကဝေမကြီးက လက်ကြီးတွေ ကွေး
ကောက်ပြီး ပါးစပ်ကြီးဟပြီး ရေတွေ
မှုတ်ထုတ်တယ်ဗျ။ ဒါပေမဲ့ သူ့ပါးစပ်
က ထွက်လာတဲ့ ရေက မီးတောက်ကြီး
ကို လုံးဝငြှိမ်းနိုင်တော့ဘူးဗျို့။မီးတောက်
ကြီးက ကြီးသတဲ့ကြီးလာပြီး။
“အား”
ကဝေမကြီး အသံနက်ကြီးနဲ့ အော်လိုက်
တာ အနီးနားက ကျီးကန်းတွေတောင်
လန့်ပျံကုန်ကြတာဗျို့။
“အား အား အား အား အား”
ကျီးပျိုတဲ့ အသံတွေက ပတ်ဝန်းကျင်တစ်
ခုလုံး ဆူညံသွားတော့တာဗျာ။
“ဟင် ဟိုမှာ မိန်းကလေးတစ်ယောက် လဲ
နေပါလား ဆရာနွံဖ”
“ဟေ ဟုတ်သားပဲကွ၊ အသာကြည့်နေ
တာတေ”
နောက်ဆုံးတော့ မီးတောက်ကြီးက ကန်
တော်ကဝေမကြီးကို ပြာဖြစ်အောင် လောင်
မြိုက်သွားတော့တာပေါ့ဗျာ။
“ဟင် ဟိုကလေးမလေး ထလာပြီဗျ”
ကျုပ်ကြည့်နေတုန်းမှာ လဲနေတဲ့ မိန်းက
လေးက သတိရပြီး ငုတ်တုတ်ကလေး ထ
ထိုင်တယ်ဗျ။ပြီးတော့ ဟိုကြည့် သည်ကြည့်
လုပ်နေတယ်။
“နွံဖနဲ့ မောင်တာတေ လာကြကွဲ့၊ ဒီကလေး
မကို ကျောင်းကိုခေါ်ခဲ့၊ ဘုန်းကြီးဦးဥာဏဆီ
အပ်လိုက်ကြ”
ကျုပ်တို့ ကျောင်းပြန်ရောက်တော့ ဘုန်းကြီး
ဦးဥာဏနဲ့ ဦးပဉ္ဇင်းတွေက ကျုပ်တို့ကို ဆီး
ကြိုနေကြတာဗျ။ သူတို့တွေ ကန်ထဲက
တိုက်ပွဲကို လရောင်အောက်မှာ မြင်နေရ
တာဆိုပဲ။ ဆရာကြီးရဲ့တိုက်ပွဲကိုတော့ မ
မြင်ရပေမယ့် ပြောဆိုကြိမ်းဝါးသံတွေကို
အတိုင်းသား ကြားနေကြတယ်တဲ့ဗျ။
နောက်တစ်နေ့ရောက်တော့ ကဝေမကြီး
စက်လွှတ်ပြီး ခေါ်လိုက်တဲ့ ကလေးမက
လေးကို သူ့အိမ် ပြန်ပို့ပေးကြတယ်။
ကန်တော်ကဝေမကြီး မရှိတော့တဲ့
အကြောင်းကိုတော့ ဘုန်းကြီးဦးဥာဏ
က ပြောပြလေရဲ့။
ကျုပ်တို့ ဆရာတပည့်တွေကတော့
ရန်ကုန်ကို ပြန်ခဲ့ကြတာပေါ့ဗျာ။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ တာတေ့အားလေးစားလျက်
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
ကဝေဆယ့်နှစ်ကြိုးစာအုပ်မှ ကောက်နုတ်တင်ပြ
ထားပါသည်။
#တာတေ#crd